Category: ဗဟုတုသ

  • ပန္းပြင့္ေစေသာ ကိုယ္တိုင္လုပ္ လွ်ိဳ႕ဝွက္ေဆးနည္း

    (Zawgyi)

    ပန္းပင္မ်ားကို ဖူးပြင့္ေစေသာ လွ်ိဳ႕ဝွက္ေဆးနည္း (ဥယ်ာဥ္မွဴးမ်ားရဲ႕ လက္စြဲေဆးပါ)

    စီးပြားျဖစ္ပဲ စိုက္စိုက္၊ အလွပဲ စိုက္စိုက္၊ ဘာေၾကာင့္ပဲ စိုက္စိုက္၊ စိုက္ထားတဲ့ ပန္းပင္ေလးေတြ လွပေဝဆာစြာ ဖူးပြင့္ေစတဲ့ ေဆနည္းကို ေဖာ္ျပလိုက္ပါတယ္။

    ပါဝင္ပစၥည္းမ်ား –

    (၁) ၾကက္ဥ – ၁ လုံး၊

    (၂) ေရ တစ္လီတာ – ၁ ဗူး၊

    (၃) ဗိုက္တာမင္ ဘီဝမ္းေဆးခဲ – ၅ လုံး၊

    (၄) ဟင္းခတ္ အခ်ိဳမႈန႔္လၻက္စားဇြန္း – ၁ ဇြန္းစာ

    ျပဳလုပ္ပုံ –

    တစ္လီတာ ေရသန႔္ဗူးတြင္းသို႔ ၾကက္ဥတစ္လုံးေဖာက္၍ အႏွစ္ေရာအကာပါ ထည့္ပါ။ ဟင္းခတ္အခ်ိဳမႈန႔္ လၻက္စားဇြန္းတစ္ဇြန္းစာ ေရာထည့္ပါ။ ဗိုက္တာမင္ဘီဝမ္း ေဆးခဲ ၅ခဲကို အမႈန႔္ႀကိတ္ၿပီးေရာထည့္ပါ။ အဖုံးျပန္ပိတ္၍ ပါဝင္ေသာအရာမ်ား ေပ်ာ္ဝင္ႏွံ႔စပ္သြားေစရန္ ဗူးကို နာနာလႈပ္ေပးပါ။အသင့္ အသုံးျပဳႏိုင္ေတာ့မည့္ ၾကက္ဥစပ္ေဆး ရပါၿပီ ခင္ဗ်ာ။

    အသုံးျပဳပုံ –

    ေရတစ္ဂါလံလွ်င္ ေဆးရည္ (ထမင္းစားဇြန္း ၂ ဇြန္းစာ ) ေရာစပ္၍ တစ္လလွ်င္တစ္ႀကိမ္ မည္သည့္အပင္မဆို တစ္ပင္လုံးအႏွံ႔ ျဖန္းေပးလို႔ရပါတယ္ ခင္ဗ်ာ။

    ေဆးရည္သိမ္းဆည္းပုံ –

    ေရသန႔္ဗူးထဲတြင္သာ ထား၍ ဗူးအဖုံးကို ေလလုံေအာင္ပိတ္ၿပီး ေနေရာင္တိုက္႐ိုက္ မထိေတြ႕ႏိုင္ေသာ ေအးျမေျခာက္ေသြ႕ေသာ ေနရာတြင္ ထား၍ သိမ္းဆည္းႏိုင္ပါတယ္။ သိမ္းဆည္းထားသည့္ရက္ မည္မွ်ၾကာပါေစ အသုံးျပဳႏိုင္ေသာ အစြမ္းထက္ ေပ်ာ္ရည္စပ္ေဆး တစ္လက္ပါပဲ ခင္ဗ်ာ။

    မွတ္ခ်က္။ အထက္ပါ ေဆးစပ္နည္းအရ အဖူးပြင့္ သိပ္ေကာင္းေပမယ့္ အနံ႔ျပင္းလြန္းပါတယ္။ ေရအစား M-150 အခ်ိဳေရထည့္ရင္ အနံ႔သက္သာပါတယ္။

    Credit- SSS Forest Agri Services Ltd, (Life & Orchid) ms, Thein Naing Htut

    (Unicode)

    ပန်းပင်များကို ဖူးပွင့်စေသော လျှို့ဝှက်ဆေးနည်း (ဥယျာဉ်မှူးများရဲ့ လက်စွဲဆေးပါ)

    စီးပွားဖြစ်ပဲ စိုက်စိုက်၊ အလှပဲ စိုက်စိုက်၊ ဘာကြောင့်ပဲ စိုက်စိုက်၊ စိုက်ထားတဲ့ ပန်းပင်လေးတွေ လှပဝေဆာစွာ ဖူးပွင့်စေတဲ့ ဆေနည်းကို ဖော်ပြလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ –

    (၁) ကြက်ဥ – ၁ လုံး၊

    (၂) ရေ တစ်လီတာ – ၁ ဗူး၊

    (၃) ဗိုက်တာမင် ဘီဝမ်းဆေးခဲ – ၅ လုံး၊

    (၄) ဟင်းခတ် အချိုမှုန့်လ္ဘက်စားဇွန်း – ၁ ဇွန်းစာ

    ပြုလုပ်ပုံ –

    တစ်လီတာ ရေသန့်ဗူးတွင်းသို့ ကြက်ဥတစ်လုံးဖောက်၍ အနှစ်ရောအကာပါ ထည့်ပါ။ ဟင်းခတ်အချိုမှုန့် လ္ဘက်စားဇွန်းတစ်ဇွန်းစာ ရောထည့်ပါ။ ဗိုက်တာမင်ဘီဝမ်း ဆေးခဲ ၅ခဲကို အမှုန့်ကြိတ်ပြီးရောထည့်ပါ။ အဖုံးပြန်ပိတ်၍ ပါဝင်သောအရာများ ပျော်ဝင်နှံ့စပ်သွားစေရန် ဗူးကို နာနာလှုပ်ပေးပါ။အသင့် အသုံးပြုနိုင်တော့မည့် ကြက်ဥစပ်ဆေး ရပါပြီ ခင်ဗျာ။

    အသုံးပြုပုံ –

    ရေတစ်ဂါလံလျှင် ဆေးရည် (ထမင်းစားဇွန်း ၂ ဇွန်းစာ ) ရောစပ်၍ တစ်လလျှင်တစ်ကြိမ် မည်သည့်အပင်မဆို တစ်ပင်လုံးအနှံ့ ဖြန်းပေးလို့ရပါတယ် ခင်ဗျာ။

    ဆေးရည်သိမ်းဆည်းပုံ –

    ရေသန့်ဗူးထဲတွင်သာ ထား၍ ဗူးအဖုံးကို လေလုံအောင်ပိတ်ပြီး နေရောင်တိုက်ရိုက် မထိတွေ့နိုင်သော အေးမြခြောက်သွေ့သော နေရာတွင် ထား၍ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားသည့်ရက် မည်မျှကြာပါစေ အသုံးပြုနိုင်သော အစွမ်းထက် ပျော်ရည်စပ်ဆေး တစ်လက်ပါပဲ ခင်ဗျာ။

    မှတ်ချက်။ အထက်ပါ ဆေးစပ်နည်းအရ အဖူးပွင့် သိပ်ကောင်းပေမယ့် အနံ့ပြင်းလွန်းပါတယ်။ ရေအစား M-150 အချိုရေထည့်ရင် အနံ့သက်သာပါတယ်။

    Credit- SSS Forest Agri Services Ltd, (Life & Orchid) ms, Thein Naing Htut

  • သန႔္သန႔္ရွင္းရွင္းနဲ႔ အဝစားလို႔ ရတဲ့ ကိုယ္တိုင္လုပ္ ပုစြန္ခ်ဥ္ႏွင့္ ငါးေလးခ်ဥ္ ျပဳလုပ္နည္း

    (Zawgyi)

    သန႔္သန႔္ရွင္းရွင္းနဲ႔ အဝစားလို႔ ရတဲ့ ကိုယ္တိုင္လုပ္ ပုစြန္ခ်ဥ္ႏွင့္ ငါးေလးခ်ဥ္ ျပဳလုပ္နည္း

    အိမ္မွာ ေမေမလုပ္တဲ့နည္းကို မ်ေဝလိုက္ပါတယ္။ ပုစြန္ေသးေသး ၂၀ သားကို ေခါင္းျဖဳတ္ၿပီး ေရစင္ေအာင္ေဆးပါ။ ဇကာနဲ႔ေရ ခဏစစ္ထားၿပီး ဆားကို ခါတိုင္းဟင္းခ်က္တာထက္ နဲနဲပိုထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ။ နာရီဝက္ေလာက္ ေရစစ္ထားၿပီး ထမင္းပူပူနဲ႔ ဆားနယ္ထားတဲ့ပုစြန္ကို ေရာနယ္ေပးပါ။

    နယ္ၿပီးရင္ ေျခာက္ေသြ႕သန႔္ရွင္းတဲ့ အေနေတာ္ ဖန္ပုလင္းထဲကို ဖိသိပ္ၿပီးထည့္ပါ။ ပုလင္းျပည့္ေအာင္ အေပၚကေန ဝါး႐ြက္ ငွက္ေပ်ာ႐ြက္ဖိထည့္ၿပီး ေလလုံေအာင္အဖုံးဖုံးကာ တစ္ည ထားလိုက္ပါ။

    ေနာက္တေန႔အဖုံးဖြင့္ၿပီး ပန္ကန္ျပားေပၚေမွာက္ထားေပးပါ။ ပုစြန္ခ်ဥ္ပုလင္းမွ ထြက္က်လာေသာ အရည္မ်ားကို ေန႔တိုင္းသြန္ပစ္ေပးပါ။ အဲဒီအတိုင္း ၂ ရက္ ၃ ရက္ထားၿပီးရင္ ပုစြန္ခ်ဥ္ ရပါၿပီ။ ခ်ဥ္ၿပီးမွ ေရခဲသတၱာထဲထည့္ပါ။

    ငါးခ်ဥ္ကို အိမ္မွာေတာ့ ငါးခုံးမနဲ႔လုပ္ၿပီး ေရစစ္ရင္ အေပၚကေန အေလးတခုခုနဲ႔ ဖိထားရပါတယ္။က်န္တာေတာ့ ဒီနည္းအတိုင္းပဲ လုပ္ပါတယ္။ ပုစြန္ခ်ဥ္သုပ္ကို ၾကက္သြန္နီ၊ ဆီ၊ င႐ုတ္သီးအက်က္မႈန႔္၊ ရွမ္းနံနံ၊ စပါးလင္နဲ႔ ေရာၿပီးသုပ္စားပါတယ္။

    Credit-မြန္မ လက္ရာ စားစရာ

    (Unicode)

    သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ ရတဲ့ ကိုယ်တိုင်လုပ် ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း

    အိမ်မှာ မေမေလုပ်တဲ့နည်းကို မျဝေလိုက်ပါတယ်။ ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။ နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

    နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

    နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။ အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။

    ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

    Credit-မွန်မ လက်ရာ စားစရာ

  • ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥနဲ႔ စီပီ ၾကက္ဥတို႔ အေၾကာင္း

    (Zawgyi)

    ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥနဲ႔ စီပီ ၾကက္ဥတို႔ အေၾကာင္း

    ေတာၾကက္ဥ မျမင္ဖူးသူေတြအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥ၊ CP ၾကက္ဥ ယွဥ္ျပထားတာပါ။ေရာင္းရန္မဟုတ္ပါ… ေနာက္အလွ်င္းသင့္လွ်င္ ေရၾကက္ဥ၊ ေရဘဲဥ၊ ဒင္က်ီးဥႏွင့္ ဟသၤာဥမ်ား ရွာေဖြတင္ျပေပးပါမည္။

    ေတာၾကက္ဥ

    ေတာၾကက္ဥ…….ေတာစပ္တြင္ ေတြ႕ရေလ့ရွိသည္။ အပင္ခပ္လတ္လတ္၊ ကိုင္းၿခဳံ၊ ဆူးၿခဳံမ်ားရွိအသိုက္မ်ားတြင္ ေတြ႕ရသည္။ တစ္လုံးမွစ၍ အမ်ားဆုံး ၅လုံးခန႔္အထိသာ ေတြ႕ရတတ္သည္။ ရွားပါး၍ ေဆးဖက္ဝင္သည္ဟု ဆိုၾက၍ တ႐ုတ္သမားေတာ္မ်ား အဝယ္မ်ားသည္။ ယခင္ကေပါမ်ားေသာ္လည္း လက္ရွိ၌ ရွားပါးေနၿပီျဖစ္သည္။ တစ္လုံးလွ်င္ ၂၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈး ရွိသည္။ေတာၾကက္ဥကို ဆန္အရက္ျဖင့္ ေဖ်ာ္ေသာက္ပါက အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးကိုင္ျခင္း၊ ကိုယ္ဝန္ဆိပ္တက္ျခင္းမ်ား သက္သာေပ်ာက္ကင္းေစသည္။ တ႐ုတ္႐ိုးရာ အားတိုးေဆးမ်ားတြင္ ထည့္သြင္းေဖာ္စပ္ၾကသည္။

    အိမ္ၾကက္ဥ

    အိမ္ၾကက္ဥ……သဘာဝအတိုင္း လႊတ္ေက်ာင္း ေမြးျမဴထားသည့္ ၾကက္မမ်ားမွ ဥေသာ အေကာင္ေပါက္မည့္ဥ ျဖစ္သည္။ မဒမ္းမ်ားမွ ဥေသာေလဥသည္ တန္ဖိုးမရွိ ေဆးဖက္မဝင္ပါ။ အိမ္ၾကက္ဥသည္ ေထြေထြထူးထူး ေျပာစရာမရွိေအာင္ ျမန္မာ တို႔ႏွင့္ရင္းႏွီးၿပီးသားပင္ ျဖစ္သည္။ အိမ္ၾကက္ဥတြင္ စစ္တေကာင္းၾကက္ဥ၊ ေညာင္ကန္ၾကက္၊ တိုက္ၾကက္ဥႏွင့္ တိန္ညင္ၾကက္ဥဟူ၍ အမ်ိဳးအစားကြဲျပားသည္။ တစ္လုံးလွ်င္ ၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈးရွိသည္။ အရက္နာက်သူေတြအတြက္ အိမ္ၾကက္ဥ ႏွင့္ သံပုရာသီး ေဖ်ာ္ေသာက္ျခင္း၊ အမ်ိဳးသားမ်ားအတြက္ အိမ္ၾကက္ဥ၊ ဖီးၾကမ္းႏွင့္ ပ်ားရည္ေခါက္စားျခင္း စသည္တို႔ျဖင့္ လက္ရွိ၌ အသုံးျပဳၾကသည္။

    စီပီၾကက္ဥ

    ေမြးျမဴေရးၾကက္ဥ အေၾကာင္းကေတာ့ မေျပာေတာ့ပါဘူး။

    Credit-Zwe Pyae

    (Unicode)

    ကွဲကွဲပြားပြား မသိသူများအတွက် တောကြက်ဥ၊ အိမ်ကြက်ဥနဲ့ စီပီ ကြက်ဥတို့ အကြောင်း

    တောကြက်ဥ မမြင်ဖူးသူတွေအတွက် တောကြက်ဥ၊ အိမ်ကြက်ဥ၊ CP ကြက်ဥ ယှဉ်ပြထားတာပါ။ရောင်းရန်မဟုတ်ပါ… နောက်အလျှင်းသင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥနှင့် ဟင်္သာဥများ ရှာဖွေတင်ပြပေးပါမည်။

    တောကြက်ဥ…….တောစပ်တွင် တွေ့ရလေ့ရှိသည်။ အပင်ခပ်လတ်လတ်၊ ကိုင်းခြုံ၊ ဆူးခြုံများရှိအသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍ အများဆုံး ၅လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ ဆေးဖက်ဝင်သည်ဟု ဆိုကြ၍ တရုတ်သမားတော်များ အဝယ်များသည်။ ယခင်ကပေါများသော်လည်း လက်ရှိ၌ ရှားပါးနေပြီဖြစ်သည်။ တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေး ရှိသည်။တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းများ သက်သာပျောက်ကင်းစေသည်။ တရုတ်ရိုးရာ အားတိုးဆေးများတွင် ထည့်သွင်းဖော်စပ်ကြသည်။

    အိမ်ကြက်ဥ……သဘာဝအတိုင်း လွှတ်ကျောင်း မွေးမြူထားသည့် ကြက်မများမှ ဥသော အကောင်ပေါက်မည့်ဥ ဖြစ်သည်။ မဒမ်းများမှ ဥသောလေဥသည် တန်ဖိုးမရှိ ဆေးဖက်မဝင်ပါ။ အိမ်ကြက်ဥသည် ထွေထွေထူးထူး ပြောစရာမရှိအောင် မြန်မာ တို့နှင့်ရင်းနှီးပြီးသားပင် ဖြစ်သည်။ အိမ်ကြက်ဥတွင် စစ်တကောင်းကြက်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥနှင့် တိန်ညင်ကြက်ဥ ဟူ၍ အမျိုးအစားကွဲပြားသည်။ တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိသည်။ အရက်နာကျသူတွေအတွက် အိမ်ကြက်ဥ နှင့် သံပုရာသီး ဖျော်သောက်ခြင်း၊ အမျိုးသားများအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည်ခေါက်စားခြင်း စသည်တို့ဖြင့် လက်ရှိ၌ အသုံးပြုကြသည်။

    မွေးမြူရေးကြက်ဥ အကြောင်းကတော့ မပြောတော့ပါဘူး။

    Credit-Zwe Pyae

  • ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

    (Zawgyi)

    ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

    ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေဖာ့ေရျမႇဳပ္တုံးေလးေတြက ေဆးေၾကာတဲ့ေနရာမွာတင္မကပဲ အဖက္ဖက္ကေန အသုံးဝင္ေနတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲကမွ လူတိုင္းအတြက္အသုံးဝင္ေစမယ့္ နည္းလမ္းေကာင္း (၄) မ်ိဳးကို ေ႐ြးခ်ယ္ၿပီးေဖာ္ျပေပးလိုက္ပါတယ္။

    ျပတင္းေပါက္မွန္ကိုသန႔္စင္ဖို႔

    ပန္းကန္ေဆးတဲ့ေရျမႇဳပ္ႏွစ္ခုကိုယူၿပီး အစိမ္းဖတ္ထဲကို ပုံမွာျပထားတဲ့အတိုင္း ဓားနဲ႔ထိုးလိုက္ပါ။ ၿပီးရင္ေတာ့ ညႇပ္မွာတစ္ဖက္စီစြပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ျပတင္းေပါက္မွန္ၾကားေတြထိ သန႔္စင္လို႔ရတာကို ေတြ႕ရမွာပါ။

    ပန္ကာကိုသန႔္စင္ဖို႔

    ပန္ကာကို သန႔္စင္တဲ့အခါမွာ ၾကားေတြထဲထိသန႔္စင္ဖို႔ ခက္ပါတယ္။ ဒါေၾကာင့္ ေရျမႇဳပ္တုံးကိုယူၿပီး ပုံမွာျပထားတဲ့အတိုင္း ေဖာ့ဘက္ကိုဓားနဲ႔လွီးေပးပါ။ ၿပီးရင္ေတာ့ လက္နဲ႔ယူၿပီး ပန္ကန္ၾကားထဲထိသန႔္စင္လို႔ ရသြားပါၿပီ။

    ထိုင္ခုံေအာက္မွာခံဖို႔

    ထိုင္ခုံေတြကိုဆြဲလိုက္ရင္ ၾကမ္းျပင္ေတြ၊ ေကာေဇာေတြက ပြန္းသြားတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ ထိုင္ခုံေျခေထာက္မွာ ေဖာ့ျပားေတြကို ညႇပ္ၿပီး ေကာ္နဲ႔ကပ္ထားမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ေ႐ႊ႕ေ႐ႊ႕ ပြန္းတာ၊ ၿပဲတာေတြျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

    လက္သည္းဖ်က္ေဆးအျဖစ္ သုံးဖို႔

    ပန္းကန္ေဆးတဲ့ ေဖာ့ကိုယူၿပီး အလိပ္ေလးျဖစ္ေအာင္ လိပ္လိုက္ပါ။ ၿပီးရင္ေတာ့ ပုလင္းတစ္ခုထဲထည့္ၿပီး လက္သည္းဖ်က္ေဆး အရည္ေတြကို ထည့္ေပးပါ။ လက္သည္းဖ်က္ေဆးေတြကို ေဖာ့ကစုပ္ယူထားတာ ျဖစ္တဲ့အတြက္ လက္သည္းကို ေဖာ့ၾကားထဲထည့္ၿပီး လက္ကိုလွည့္လိုက္တာနဲ႔ လက္သည္းနီေတြပ်က္သြားမွာပါ။

    Credit-MyFood Myanmar

    (Unicode)

    ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ရေမြုပ်ရဲ့အသုံးဝင်ပုံ (၄) မျိုး

    ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ဖော့ရေမြှုပ်တုံးလေးတွေက ဆေးကြောတဲ့နေရာမှာတင်မကပဲ အဖက်ဖက်ကနေ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းကောင်း (၄) မျိုးကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

    ပြတင်းပေါက်မှန်ကိုသန့်စင်ဖို့

    ပန်းကန်ဆေးတဲ့ရေမြှုပ်နှစ်ခုကိုယူပြီး အစိမ်းဖတ်ထဲကို ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့ထိုးလိုက်ပါ။ ပြီးရင်တော့ ညှပ်မှာတစ်ဖက်စီစွပ်လိုက်ပါ။ ဒါဆိုရင်တော့ ပြတင်းပေါက်မှန်ကြားတွေထိ သန့်စင်လို့ရတာကို တွေ့ရမှာပါ။

    ပန်ကာကိုသန့်စင်ဖို့

    ပန်ကာကို သန့်စင်တဲ့အခါမှာ ကြားတွေထဲထိသန့်စင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရေမြှုပ်တုံးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ဖော့ဘက်ကိုဓားနဲ့လှီးပေးပါ။ ပြီးရင်တော့ လက်နဲ့ယူပြီး ပန်ကန်ကြားထဲထိသန့်စင်လို့ ရသွားပါပြီ။

    ထိုင်ခုံအောက်မှာခံဖို့

    ထိုင်ခုံတွေကိုဆွဲလိုက်ရင် ကြမ်းပြင်တွေ၊ ကောဇောတွေက ပွန်းသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ထိုင်ခုံခြေထောက်မှာ ဖော့ပြားတွေကို ညှပ်ပြီး ကော်နဲ့ကပ်ထားမယ်ဆိုရင်တော့ ဘယ်လောက်ရွှေ့ရွှေ့ ပွန်းတာ၊ ပြဲတာတွေဖြစ်မှာ မဟုတ်တော့ပါဘူး။

    လက်သည်းဖျက်ဆေးအဖြစ် သုံးဖို့

    ပန်းကန်ဆေးတဲ့ ဖော့ကိုယူပြီး အလိပ်လေးဖြစ်အောင် လိပ်လိုက်ပါ။ ပြီးရင်တော့ ပုလင်းတစ်ခုထဲထည့်ပြီး လက်သည်းဖျက်ဆေး အရည်တွေကို ထည့်ပေးပါ။ လက်သည်းဖျက်ဆေးတွေကို ဖော့ကစုပ်ယူထားတာ ဖြစ်တဲ့အတွက် လက်သည်းကို ဖော့ကြားထဲထည့်ပြီး လက်ကိုလှည့်လိုက်တာနဲ့ လက်သည်းနီတွေပျက်သွားမှာပါ။

    Credit-MyFood Myanmar

  • ေငြေခ်းျခင္းႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္

    (Zawgyi)

    ေငြေခ်းျခင္းႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္

    ၂၀၁၉ ခုႏွစ္ ေမလ ၇ ရက္ေန႔မွာ ေလာင္းကစား ဥပေဒကို အသစ္ ျပဌာန္းလိုက္တာ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။အဆိုပါ ဥပေဒမွာ စိတ္ဝင္စားစရာအခ်က္ေတြ အမ်ားႀကီး ပါလာပါတယ္။

    နံပါတ္ (၁) အခ်က္ကေတာ့

    ပုဒ္မ ၄(က) ႏွင့္ ၆(က) မွာ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ႊာအုပ္စု အုပ္ခ်ဳပ္ေရးမႈးက ေလာင္းကစားေနသူ (သို႔မဟုတ္) ေလာင္းကစားအိမ္ကို ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ ရွိသည္ ဆိုသည့္အခ်က္ ျဖစ္ပါတယ္။ ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားေနသူမ်ား အေနျဖင့္ ယခင္ကဆိုလ်င္ ရပ္ကြက္ထဲ ႐ြာထဲ ရဲလာမွသာ သတိထားရမည့္ အေနအထား မဟုတ္ေတာ့ဘဲ မိမိတို႔ရဲ႕ အုပ္ခ်ဳပ္ေရးမႈးကပင္ ဖမ္းဆီးခြင့္ ရွိေနၿပီဆိုတာ သတိျပဳရေတာ့မွာ ျဖစ္ပါတယ္။ ေလာင္းကစားမႈ႕အတြက္ ေနရာ က်ဥ္းေျမာင္းသြားပီဆိုတာ သတိျပဳေစလိုပါတယ္။

    နံပါတ္ (၂) အခ်က္ကေတာ့

    အဆိုပါဥပေဒရဲ႕ ပုဒ္မ(၂၅)မွာ ေလာင္းကစားမႈ႕ မွ သိမ္းဆည္းရမိေငြနဲ႔ ဖမ္းမိသည့္ ေလာင္းကစားပစၥည္း ေရာင္းရေငြအနက္မွ သတင္းေပးသူကို ၁၀% နဲ႔ ဖမ္းဆီး ရာတြင္ပါဝင္သူကို ၂၀% ဆုခ်ီးျမင့္မည္ဆိုသည့္ အခ်က္ျဖစ္ပါတယ္။ ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားဝိုင္းရွိေၾကာင္း သတင္းေပးလိုက္ယုံျဖင့္ သတင္းေပးသူသည္ အဆိုပါ ေလာင္းကစားဝိုင္းအမႈ႕ႏွင့္ ဆက္စပ္ေသာ ေငြႏွင့္ ပစၥည္းကို ျပည္သူ႔ဘ႑ာအျဖစ္ အမိန႔္ခ်မွတ္သည့္အခါတြင္ ေလာင္းကစား ေငြႏွင့္ ပစၥည္းေရာင္းရေငြအနက္မွ ၁၀%ကို ဆုေငြအျဖစ္ ရရွိမွာ ျဖစ္ပါတယ္။ ဒီေတာ့ ဥပမာအေနျဖင့္ ေလာင္းကစားေငြနဲ႔ ေလာင္းကစားသည့္ ပစၥည္းရဲ႕ တန္ဖိုးသည္ သိန္း ၁၀၀ဆိုပါက သတင္းေပးသူအေနျဖင့္ ၁၀သိန္း ရရွိမွာျဖစ္ပါတယ္။ယေန႔ေခတ္ အေနအထားအရ လူတိုင္း လက္ကိုင္ဖုန္းမ်ား ကိုင္ႏိုင္သည္ျဖစ္၍ သတင္းေပးသူအေနျဖင့္ လူကိုယ္တိုင္ ရဲစခန္းသို႔ သြားေရာက္ရန္ မလိုပဲ ဖုန္းျဖင့္ ဆက္သြယ္ သတင္းေပးႏိုင္သည္ျဖစ္၍ ေလာင္းကစားျပဳလုပ္မည့္သူမ်ား အေနျဖင့္ အခ်ိန္မေ႐ြး ဖမ္းဆီးခံရႏိုင္သည္ကို သတိျပဳရန္လို ပါလိမ့္မည္။

    (ေလာင္းကစားပုဒ္မ ၇ (ခ) (၁) တြင္သတင္း ေပးသူကို လ်ိဳ႕ဝွက္ထားရန္ ျပဌာန္းထားသည္ျဖစ္၍ သတင္းေပးသူ အား အလြယ္တကူ မသိရွိႏိုင္ပါ) ထို႔ျပင္ ဖမ္းဆီးရာတြင္ပါဝင္သူကို ၂၀% ဆု ခ်ီး ျမင့္မည္ဟု ျပဌာန္းထားသည့္အတြက္ ဖမ္းဆီးရာတြင္ ပါဝင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးမႈးမ်ာ၊ အသိသက္ေသမ်ားသည္လည္း ယခင္ကဲ့သို႔ အခမဲ့ လူမုန္းခံဘဝမွ ဆုေငြရရွိလာေပေတာ့မည္။ ၂၀ % ျဖစ္၍ သိန္း ၁၀၀တန္ေလာင္းကစားမႈ႕ကို ဖမ္းႏိုင္လ်င္ ၂၀% ကို ခြဲေဝရွိေတာ့မည္ ျဖစ္သည့္အတြက္ ယခင္ကလို မျမင္ခ်င္ေယာင္ေဆာင္ေတာ့မည္ မဟုတ္သည္ကို ေလာင္းကစားသူမ်ား အေနျဖင့္ သိရွိထားရန္လိုပါသည္။

    နံပါတ္ (၃) အခ်က္ကေတာ့

    ယေန႔တင္ျပသည့္ ပိုစ့္၏ ေခါင္းစဥ္ပါ အေၾကာင္းအရာျဖစ္ပါသည္။ ေလာင္းကစားဥပေဒပုဒ္မ (၁၄) တြင္ “မည္သူမ် ေလာင္းကစားရန္ ေငြေခ်းျခင္း သို႔မဟုတ္ ေငြေၾကးေထာက္ပံ့ျခင္း မျပဳလုပ္ရ” ဆိုသည့္အခ်က္ႏွင့္ ေလာင္းကစားဥပေဒပုဒ္မ (၂၀) (က) တြင္ ” ပုဒ္မ ၁၄ ပါ ျပဌာန္းခ်က္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈ႕ထင္ရွားစီရင္ျခင္းခံရလ်င္ ထိုသူကို အနည္းဆုံး ၁ ႏွစ္မွ ၃ ႏွစ္ထိေထာင္ဒဏ္ ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္ ၁ သိန္းမွ အမ်ားဆုံး က်ပ္ ၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္သည္။ ျပစ္မႈ႕ ႏွင့္ အက်ဳံးဝင္ေသာေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္း ျခင္းခံရမည္ ” ဟု ျပဌာန္းထားပါသည္။

    ထို႔ေၾကာင့္ ေငြရွင္အေနျဖင့္ ေငြေခ်းမည္ဆိုပါက ေငြလာေခ်းသူသည္ မည္သည့္အတြက္ ေငြေခ်းျခင္း ျဖစ္သည္ကိုတိတိက်က် စုံစမ္းရမည္ ျဖစ္သည္။ သမာအာဇီဝလုပ္ငန္း လုပ္ကိုင္ရန္ အတြက္မဟုတ္ဘဲ ေလာင္းကစားျပဳလုပ္ရန္အတြက္ ေငြေခ်းသည္ကို ေငြရွင္အေနျဖင့္ သိသိလ်က္ႏွင့္ ေခ်းငွားမိပါက ပုဒ္မ ၁၄ကို က်ဴးလြန္ရာေရာက္ပါသည္။အက်ိဳးဆက္အေနျဖင့္ ပုဒ္မ ၁၄ ကို က်ဴးလြန္သည့္အတြက္ ပုဒ္မ ၂၀ အရ ေငြေခ်းငွားေပးသူ ေငြရွင္သည္ ေထာင္ ဒဏ္ ၁ ႏွစ္မွ ၃ ႏွစ္ထိအျပင္ ေငြဒဏ္ ၁ သိန္းမွ ၅ သိန္း ထိ ခ်မွတ္ခံရႏိုင္ပါသည္။ ကိုယ့္ရႈးကိုယ္ပတ္ ဆိုသည့္အတိုင္း ျဖစ္သြားပါမည္။

    ကိုယ့္ေငြနဲ႔ ကိုယ္ ေထာင္နန္းစံ ရႏိုင္သည္ကို ေငြေခ်းငွားမည့္ ေငြရွင္မ်ား သတိႀကီးစြာထားရန္လိုပါသည္။ ထို႔ျပင္ အဆိုပါပုဒ္မ ၂၀ တြင္ ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းသြားမည္ျဖစ္သျဖင့္ ျပန္ရႏိုင္ရန္ မရွိေတာ့သည္ကိုလည္း ထပ္မံသိထားသင့္ပါသည္။ သို႔ျဖစ္ပါ၍ အတိုးရသည္ကို မမက္ေမာဘဲ ေလာင္းကစားဥပေဒသစ္ကို သတိျပဳရန္ လိုပါေၾကာင္း အသိေပး သတိေပးတင္ျပလိုက္ပါသည္။

    Credit-စာခ်ဳပ္ေရွ႕ေန ( U Aung Zay Ya)

    Via-SearchMyanmar

    (Unicode)

    ငွေချေးခြင်းနှင့် သတိပြုရတော့မည့် ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေအသစ်

    ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာ လောင်းကစား ဥပဒေကို အသစ် ပြဌာန်းလိုက်တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။အဆိုပါ ဥပဒေမှာ စိတ်ဝင်စားစရာအချက်တွေ အများကြီး ပါလာပါတယ်။

    နံပါတ် (၁) အချက်ကတော့

    ပုဒ်မ ၄(က) နှင့် ၆(က) မှာ ရပ်ကွက်(သို့မဟုတ်) ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှုးက လောင်းကစားနေသူ (သို့မဟုတ်) လောင်းကစားအိမ်ကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည် ဆိုသည့်အချက် ဖြစ်ပါတယ်။ ဒီအချက်အရဆိုလျင် လောင်းကစားနေသူများ အနေဖြင့် ယခင်ကဆိုလျင် ရပ်ကွက်ထဲ ရွာထဲ ရဲလာမှသာ သတိထားရမည့် အနေအထား မဟုတ်တော့ဘဲ မိမိတို့ရဲ့ အုပ်ချုပ်ရေးမှုးကပင် ဖမ်းဆီးခွင့် ရှိနေပြီဆိုတာ သတိပြုရတော့မှာ ဖြစ်ပါတယ်။ လောင်းကစားမှု့အတွက် နေရာ ကျဉ်းမြောင်းသွားပီဆိုတာ သတိပြုစေလိုပါတယ်။

    နံပါတ် (၂) အချက်ကတော့

    အဆိုပါဥပဒေရဲ့ ပုဒ်မ(၂၅)မှာ လောင်းကစားမှု့ မှ သိမ်းဆည်းရမိငွေနဲ့ ဖမ်းမိသည့် လောင်းကစားပစ္စည်း ရောင်းရငွေအနက်မှ သတင်းပေးသူကို ၁၀% နဲ့ ဖမ်းဆီး ရာတွင်ပါဝင်သူကို ၂၀% ဆုချီးမြင့်မည်ဆိုသည့် အချက်ဖြစ်ပါတယ်။ ဒီအချက်အရဆိုလျင် လောင်းကစားဝိုင်းရှိကြောင်း သတင်းပေးလိုက်ယုံဖြင့် သတင်းပေးသူသည် အဆိုပါ လောင်းကစားဝိုင်းအမှု့နှင့် ဆက်စပ်သော ငွေနှင့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် အမိန့်ချမှတ်သည့်အခါတွင် လောင်းကစား ငွေနှင့် ပစ္စည်းရောင်းရငွေအနက်မှ ၁၀%ကို ဆုငွေအဖြစ် ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ ဥပမာအနေဖြင့် လောင်းကစားငွေနဲ့ လောင်းကစားသည့် ပစ္စည်းရဲ့ တန်ဖိုးသည် သိန်း ၁၀၀ဆိုပါက သတင်းပေးသူအနေဖြင့် ၁၀သိန်း ရရှိမှာဖြစ်ပါတယ်။ယနေ့ခေတ် အနေအထားအရ လူတိုင်း လက်ကိုင်ဖုန်းများ ကိုင်နိုင်သည်ဖြစ်၍ သတင်းပေးသူအနေဖြင့် လူကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ရန် မလိုပဲ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးနိုင်သည်ဖြစ်၍ လောင်းကစားပြုလုပ်မည့်သူများ အနေဖြင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ကို သတိပြုရန်လို ပါလိမ့်မည်။

    (လောင်းကစားပုဒ်မ ၇ (ခ) (၁) တွင်သတင်း ပေးသူကို လျို့ဝှက်ထားရန် ပြဌာန်းထားသည်ဖြစ်၍ သတင်းပေးသူ အား အလွယ်တကူ မသိရှိနိုင်ပါ) ထို့ပြင် ဖမ်းဆီးရာတွင်ပါဝင်သူကို ၂၀% ဆု ချီး မြင့်မည်ဟု ပြဌာန်းထားသည့်အတွက် ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုးမျာ၊ အသိသက်သေများသည်လည်း ယခင်ကဲ့သို့ အခမဲ့ လူမုန်းခံဘဝမှ ဆုငွေရရှိလာပေတော့မည်။ ၂၀ % ဖြစ်၍ သိန်း ၁၀၀တန်လောင်းကစားမှု့ကို ဖမ်းနိုင်လျင် ၂၀% ကို ခွဲဝေရှိတော့မည် ဖြစ်သည့်အတွက် ယခင်ကလို မမြင်ချင်ယောင်ဆောင်တော့မည် မဟုတ်သည်ကို လောင်းကစားသူများ အနေဖြင့် သိရှိထားရန်လိုပါသည်။

    နံပါတ် (၃) အချက်ကတော့

    ယနေ့တင်ပြသည့် ပိုစ့်၏ ခေါင်းစဉ်ပါ အကြောင်းအရာဖြစ်ပါသည်။ လောင်းကစားဥပဒေပုဒ်မ (၁၄) တွင် “မည်သူမျ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း မပြုလုပ်ရ” ဆိုသည့်အချက်နှင့် လောင်းကစားဥပဒေပုဒ်မ (၂၀) (က) တွင် ” ပုဒ်မ ၁၄ ပါ ပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှု့ထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ ၃ နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁ သိန်းမှ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။ ပြစ်မှု့ နှင့် အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမည် ” ဟု ပြဌာန်းထားပါသည်။

    ထို့ကြောင့် ငွေရှင်အနေဖြင့် ငွေချေးမည်ဆိုပါက ငွေလာချေးသူသည် မည်သည့်အတွက် ငွေချေးခြင်း ဖြစ်သည်ကိုတိတိကျကျ စုံစမ်းရမည် ဖြစ်သည်။ သမာအာဇီဝလုပ်ငန်း လုပ်ကိုင်ရန် အတွက်မဟုတ်ဘဲ လောင်းကစားပြုလုပ်ရန်အတွက် ငွေချေးသည်ကို ငွေရှင်အနေဖြင့် သိသိလျက်နှင့် ချေးငှားမိပါက ပုဒ်မ ၁၄ကို ကျူးလွန်ရာရောက်ပါသည်။အကျိုးဆက်အနေဖြင့် ပုဒ်မ ၁၄ ကို ကျူးလွန်သည့်အတွက် ပုဒ်မ ၂၀ အရ ငွေချေးငှားပေးသူ ငွေရှင်သည် ထောင် ဒဏ် ၁ နှစ်မှ ၃ နှစ်ထိအပြင် ငွေဒဏ် ၁ သိန်းမှ ၅ သိန်း ထိ ချမှတ်ခံရနိုင်ပါသည်။ ကိုယ့်ရှုးကိုယ်ပတ် ဆိုသည့်အတိုင်း ဖြစ်သွားပါမည်။

    ကိုယ့်ငွေနဲ့ ကိုယ် ထောင်နန်းစံရနိုင်သည်ကို ငွေချေးငှားမည့် ငွေရှင်များ သတိကြီးစွာထားရန်လိုပါသည်။ ထို့ပြင် အဆိုပါပုဒ်မ ၂၀ တွင် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သဖြင့် ပြန်ရနိုင်ရန် မရှိတော့သည်ကိုလည်း ထပ်မံသိထားသင့်ပါသည်။ သို့ဖြစ်ပါ၍ အတိုးရသည်ကို မမက်မောဘဲ လောင်းကစားဥပဒေသစ်ကို သတိပြုရန် လိုပါကြောင်း အသိပေး သတိပေးတင်ပြလိုက်ပါသည်။

    Credit-စာချုပ်ရှေ့နေ ( U Aung Zay Ya)

    Via-SearchMyanmar

  • ျခင္ေဆးေခြမလို၊ အင္မတန္ အစြမ္းထက္တဲ့ ျခင္မလာေအာင္ ကာကြယ္တဲ့ အိမ္တြင္း ေဆးနည္း

    (Zawgyi)

    ျခင္ေဆးေခြမလို၊ အင္မတန္ အစြမ္းထက္တဲ့ ျခင္မလာေအာင္ ကာကြယ္တဲ့ အိမ္တြင္း ေဆးနည္း

    မဂၤလာပါ…ျခင္မလာေအာင္ ျခင္ကာကြယ္တဲ့ ေဆးနည္းကေလးေပးပါမယ္။

    စပါးလင္အ႐ြက္

    ေလးညႇင္းပြင့္

    သံပုရာသီး တို႔ကို ေရျမဳတ္ေအာင္ထည့္ၿပီး ေရတဝက္ေရာက္ေအာင္ ျပဳတ္ေပးပါ။(အဖုံးအုပ္ၿပီးျပဳတ္ပါ)

    စပါးလင္အ႐ြက္ဖားဖားတစ္ပင္၊ ေလးညႇင္းပြင့္ဆယ္ပြင့္၊ သံပုရာသီး၃လုံးႏႈန္းသည္ ေရ(ေရသန႔္ဗူးတဗူးခြဲ)ထည့္ျပဳတ္ၿပီးအရည္တစ္လီတာနီးနီးအက်န္ (ေရသန႔္ဗူးတဗူး မျပည့္တျပည့္) ေရတဝက္က်န္က ပိုေကာင္းပါသည္။

    ျပဳတ္ၿပီးအဖတ္ေတြကို ျခင္ေတြေပါက္ႏိုင္တဲ့ ေရဝပ္ေနတတ္ေသာ၊ ေနရာေမွာင္ေနတတ္ေသာေနရာေတြကို ထားလိုက္ပါ။ျပဳတ္ၿပီးအရည္မ်ားကို ျခင္ေဆးေရအျဖစ္ ေရျဖန္းဗူးတြင္ ထည့္ျဖန္းပါ။ တပတ္ေလာက္ေတာ့ အထားခံပါသည္။ ေရရွည္အထားခံနည္း မသိပါ။ ျပဳတ္ၿပီးလွ်င္ ေအးသြားပါက အရည္ႏွင့္အဖတ္မ်ားကို သီးျခားျဖစ္ေအာင္ထားေပးပါ။ေတာေရွာက္ခါးသီးႏွင့္ လုပ္ပါက အနံ႔ပိုေကာင္းပါသည္။ မိမိအိမ္ပတ္ဝန္းက်င္ႏွင့္ အိမ္အျပင္ဖက္တြင္ ေရေျမာင္းႏွင့္အမႈိက္မ်ားကို ရွင္းလင္းေပးပါ။ မိမိ၏ လက္မ်ားႏွင့္တကြ တကိုယ္ေရသန႔္ရွင္းေရးကို အထူးဂ႐ုစိုက္ၾကပါ။

    ျခင္ကိုက္မခံပါႏွင့္။ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလးသူငယ္မ်ား ေန႔မွာအိပ္အိပ္၊ ညမွာအိပ္အိပ္ ျခင္ေထာင္ႏွင့္အိပ္ပါ။ ႏွာေစးေခ်ာင္းဆိုး မျဖစ္ေအာင္ စပါးလင္ႏွင့္ ဂ်င္းျပဳတ္ေရမ်ား ေသာက္ေပးပါ။ (ထန္းလ်က္/သၾကား/ပ်ားရည္)တို႔ႏွင့္တြဲေသာက္ႏိုင္ပါသည္။

    ကြၽန္ေတာ္လက္ေတြ႕လုပ္ၾကည့္ၿပီး ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ထိုင္ေနရင္း လက္နဲ႔ဆုတ္ပက္လိုက္သလို ျခင္အုံခဲေနေသာ ျခင္ေတြ ကြၽန္ေတာ့္အိမ္မွာ မျဖစ္ေတာ့ပါ။

    (တစ္ခါမွ ခ်ီးမြန္းခန္း မဖြင့္တဲ့ေမေမကေတာင္ တယ္ဟုတ္ပါလားတဲ့)

    Credit-ေလးေလးဂ်စ္တူး

    (Unicode)

    ခြင်ဆေးခွေမလို၊ အင်မတန် အစွမ်းထက်တဲ့ ခြင်မလာအောင် ကာကွယ်တဲ့ အိမ်တွင်း ဆေးနည်း

    မင်္ဂလာပါ…ခြင်မလာအောင် ခြင်ကာကွယ်တဲ့ ဆေးနည်းကလေးပေးပါမယ်။

    စပါးလင်အရွက်

    လေးညှင်းပွင့်

    သံပုရာသီး တို့ကို ရေမြုတ်အောင်ထည့်ပြီး ရေတဝက်ရောက်အောင် ပြုတ်ပေးပါ။(အဖုံးအုပ်ပြီးပြုတ်ပါ)

    စပါးလင်အရွက်ဖားဖားတစ်ပင်၊ လေးညှင်းပွင့်ဆယ်ပွင့်၊ သံပုရာသီး၃လုံးနှုန်းသည် ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီးအရည်တစ်လီတာနီးနီးအကျန် (ရေသန့်ဗူးတဗူး မပြည့်တပြည့်) ရေတဝက်ကျန်က ပိုကောင်းပါသည်။

    ပြုတ်ပြီးအဖတ်တွေကို ခြင်တွေပေါက်နိုင်တဲ့ ရေဝပ်နေတတ်သော၊ နေရာမှောင်နေတတ်သောနေရာတွေကို ထားလိုက်ပါ။ပြုတ်ပြီးအရည်များကို ခြင်ဆေးရေအဖြစ် ရေဖြန်းဗူးတွင် ထည့်ဖြန်းပါ။ တပတ်လောက်တော့ အထားခံပါသည်။ ရေရှည်အထားခံနည်း မသိပါ။ ပြုတ်ပြီးလျှင် အေးသွားပါက အရည်နှင့်အဖတ်များကို သီးခြားဖြစ်အောင်ထားပေးပါ။တောရှောက်ခါးသီးနှင့် လုပ်ပါက အနံ့ပိုကောင်းပါသည်။ မိမိအိမ်ပတ်ဝန်းကျင်နှင့် အိမ်အပြင်ဖက်တွင် ရေမြောင်းနှင့်အမှိုက်များကို ရှင်းလင်းပေးပါ။ မိမိ၏ လက်များနှင့်တကွ တကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ကြပါ။

    ခြင်ကိုက်မခံပါနှင့်။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ နေ့မှာအိပ်အိပ်၊ ညမှာအိပ်အိပ် ခြင်ထောင်နှင့်အိပ်ပါ။ နှာစေးချောင်းဆိုး မဖြစ်အောင် စပါးလင်နှင့် ဂျင်းပြုတ်ရေများ သောက်ပေးပါ။ (ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည်။

    ကျွန်တော်လက်တွေ့လုပ်ကြည့်ပြီး ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထိုင်နေရင်း လက်နဲ့ဆုတ်ပက်လိုက်သလို ခြင်အုံခဲနေသော ခြင်တွေ ကျွန်တော့်အိမ်မှာ မဖြစ်တော့ပါ။

    (တစ်ခါမှ ချီးမွန်းခန်း မဖွင့်တဲ့မေမေကတောင် တယ်ဟုတ်ပါလားတဲ့)

    Credit-လေးလေးဂျစ်တူး

  • အီကုတ္ႏွင့္ ဆူးပုတ္ဟင္း သိၾကားမင္း မေနႏိုင္ ဆြမ္းအုပ္ကိုင္လို႔ဆင္း

    (Zawgyi)

    “အီကုတ္ႏွင့္ ဆူးပုတ္ဟင္း သိၾကားမင္း မေနႏိုင္ ဆြမ္းအုပ္ကိုင္လို႔ဆင္း” အဆိုရွိသည့္ ေတာင္႐ိုးဓႏုစာခ်ိဳးအတိုင္း တစ္ႏွစ္တစ္ခါမွ်သာေပၚေသာ အီကုတ္ႏွင့္ ဆူးပုတ္ခ်က္မွာ လြန္စြာအရသာရွိေလသည္။

    ႏို႔ထက္ အရသာထူးကဲလွေသာ အီကုတ္ဟင္းမွာ မစားဖူးသူတို႔အတြက္ ပါးစပ္မရဲ ျဖစ္ေနၾကမည္ မွန္ေသာ္လည္း၊ တစ္ႀကိမ္တစ္ခါမွ် စားဖူးလွ်င္ အီကုတ္ျမင္သည့္အခါတိုင္း ေတာင့္တေနေပလိမ့္မည္။ ယခုအခ်ိန္ ရွမ္းျပည္၊ ဟဲဟိုးေဈး၌ အီကုတ္မ်ားကို ဝယ္ယူႏိုင္ၿပီျဖစ္ရာ အီကုတ္ျဖစ္စဥ္အေၾကာင္း၊ မည္ကဲ့သို႔တူးေဖာ္ရရွိပုံ၊ အီကုတ္ဟင္း ခ်က္နည္းမ်ားကို ဗဟုသုတအလို႔ငွာ မွ်ေဝလိုက္ရေပသည္။

    ႏြားေခ်းပိုး (အီကုတ္) ျဖစ္စဥ္

    မိတ္လိုက္ၿပီးေသာ ႏြားေခ်းပိုးမႀကီးသည္ ကြၽဲႏြားမ်ား စြန႔္ထားေသာ ႏြားေခ်းပုံအနီး ေျမတြင္းတူးၿပီး ႏြားေခ်းပိုးဥမ်ား ဥခ်သည္။ ဟဲဟိုးေဒသတြင္ စိုက္ပ်ိဳးေရးအတြက္ ေျမၾသဇာအျဖစ္ စုပုံထားေသာ ကြၽဲ၊ ႏြား ႏြားေခ်းပုံမ်ားတြင္ အီကုတ္မ်ားကို ပိုမိုေတြ႕ရေလ့ရွိသည္။ ႏြားေခ်းပိုးမႀကီးသည္ ဥခ်ၿပီးေသာအခါ တူးဝင္ခဲ့ေသာ လမ္းေၾကာင္းအတိုင္း ႏြားေခ်းအစိုမ်ားယူဝင္၍ ဥမ်ားကို ႏြားေခ်းနဲ႔ေရာလုံးၿပီး အေပါက္ကို အေသပိတ္ခဲ့သည္။

    ေျမတြင္းထဲတြင္ မိခင္ျဖစ္သူ ႏြားေခ်းပိုးမႀကီးက ႏြားေခ်းအစို အုံထားေသာဥမ်ားကို တြန္းလွည့္ေသာအခါ ေျမစမ်ား တျဖည္းျဖည္းကပ္ပါလာၿပီး အလုံးႀကီးလာသည္။ အ႐ြယ္ေရာက္ သားေလာင္းဥမွာ လက္သီးဆုပ္ခန႔္ရွိသည္။ ႏြားေခ်းပိုးမ်ားမွာ ဥ၊ ခ်ထုံ၊ ခ်စင္၊ ဆင္၊ ပိုးေကာင္ႀကီး စသည့္ ႀကီးထြားမႈ ျဖစ္စဥ္ (၅) ရပ္ရွိၿပီး၊ ( ခ်ထုံ၊ ခ်စင္၊ ဆင္ ) အဆင့္ကို အီကုတ္ဟုေခၚၾကသည္။

    အီကုတ္ႏွင့္ လြန္စြာလိုက္ဖက္ေသာ ဟင္း႐ြက္ျဖစ္သည့္ ဆူးပုတ္႐ြက္ႏုမ်ား ထြက္ခ်ိန္သည္ အီကုတ္အေကာင္ေလးမ်ား ”ခ်ထုံ(အျဖဴေရာင္)” အဆင့္မွ ”ခ်စင္(အဝါေရာင္)” အဆင့္သို႔ ႀကီးထြားဖြံ႕ၿဖိဳးခ်ိန္ ျဖစ္သည္။

    ႏြားေခ်းပိုး ပိုးေကာင္ႀကီးပုံစံ႐ုပ္ဖုံးအဆင့္ကို ”ဆင္” ဟုေခၚၿပီး ႏုနယ္ေသာ အေတာင္ပံမ်ား ပါရွိသည္။ ရက္ေပါင္း ၁၀ ရက္ခန႔္မွ် ၾကာလွ်င္ ႏြားေခ်းလုံးကိုခြဲထြက္၍ အမဲေရာင္ ”ပိုးေကာင္ႀကီး” အဆင့္သို႔ေရာက္သည္။

    မိခင္ ႏြားေခ်းပိုးမႀကီးသည္ ေျမတြင္းထဲ၌ ႏွစ္လခြဲသုံးလမွ် ဥမ်ားကို လွည့္ေပး၍ ႏြားေခ်းလုံးမွ ”ပိုးေကာင္ႀကီး” ထြက္သည့္ အခ်ိန္တြင္မွ တာဝန္ၿပီးဆုံးသည္။

    အီကုတ္ တူးေဖာ္ရရွိပုံ-

    ” တေပါင္း၊ တန္ခူး အီကုတ္တူး ကဆုန္၊ နယုန္ အီကုတ္ကုန္ ”

    အီကုတ္မ်ားကို ေျခာက္ေသြ႕ရာသီ၊ တေပါင္းလႏွင့္ တန္ခူးလ ေရာက္ေသာအခါ အာလူး၊ ၾကက္သြန္စိုက္ရန္ စုပုံထားခဲ့ေသာ ႏြားေခ်းပုံအေဟာင္း ေနရာမ်ားတြင္ တူးယူရသည္။ ႏြားေခ်းပုံကို ေသခ်ာစြာ လွည္းက်င္းၿပီးလွ်င္ ”အဆက္” (အေသပိတ္ထားေသာ တြင္းေပါက္)ကို ရွာရသည္။ အေသပိတ္ထားေသာ ”အဆက္” ႏြားေခ်းစက်န္လွ်င္ အညိဳေရာင္ ခပ္ဝိုင္းဝိုင္းပုံစံျဖင့္ ”အဆက္”မွန္း သိသာေလသည္။ ႏြားေခ်းမေရာေသာ ”အဆက္”မွာ သာမန္ေျမသားႏွင့္ တစ္ထပ္ထဲျဖစ္၍ ေျမအေရာင္ႏွင့္ ၁ေပခြဲနီးပါး တူေလသည္။

    အီကုတ္တြင္းမ်ားမွာ ေျမသားမာေသာ ေနရာမ်ားတြင္ တြင္းတိမ္ၿပီး၊ ေျမသားပြေသာ ေနရာတြင္ တြင္းနက္သည္။ ”အဆက္” ေပါက္၍ တြင္းထဲတြင္ မိခင္ႏြားေခ်းပိုးမႀကီးအား ဖယ္ထုတ္၍ ႏြားေခ်းလုံးမ်ားကို ယူရသည္။ အီကုတ္တစ္တြင္းလွ်င္ အီကုတ္လုံး ၆လုံးမွ ၂၀လုံးထိ ရွိတတ္သည္။ အီကုတ္လုံးမ်ား အကုန္မယူခင္ တစ္လုံးကိုခြဲ၍ ”ခ်စင္၊ ဆင္” အဆင့္ေရာက္ၿပီလား ၾကည့္ရသည္။ ”ခ်ထုံ (အျဖဴေရာင္)” အဆင့္သာ ရွိေသးေသာ္ ေျမအသာျပန္ဖို႔၍ ရက္သတၱပတ္ ၇ရက္ၾကာမွ ျပန္လည္တူးေဖာ္ရသည္။

    ဓႏု႐ိုးရာ အီကုတ္ဟင္း ခ်က္နည္း-

    ပါဝင္ပစၥည္းမ်ား- အီကုတ္ ၅ ေကာင္၊ ဆူးပုတ္ ၂ စည္း၊ ၾကက္သြန္ျဖဴ ၁၁ မႊာ၊ ဂ်င္းစိမ္း အနည္းငယ္၊ ကုလားေအာ္သီး ၁၅ ေတာင့္၊ ဆား ၁ ဇြန္း (စားပြဲတင္ဇြန္း)၊ ၾကက္သားမႈန႔္ ၁ ဇြန္း (စားပြဲတင္ဇြန္း)၊ မဆလာ အနည္းငယ္။

    ေရွးဦးစြာ အီကုတ္မ်ားကို ေရစင္ေအာင္ေဆး၍ ထက္ပိုင္း ပိုင္းထားၿပီး မီးေအးေအးျဖင့္ ေၾကာ္ပါ။ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ျငဳပ္သီးမ်ားကို ေၾကညႇက္စြာ ေထာင္းၿပီးလွ်င္ ဆူးပုတ္ျဖင့္အတူ အိုးထဲထည့္ပါ။ ၿပီးေနာက္ ဆားမဆလာမ်ား ထည့္ပါ။ ေရအနည္းငယ္ထည့္၍ အဖုံးအုပ္ထားပါ။ ဆူးပုတ္မ်ား ႏူးလွ်င္ သုံးေဆာင္ႏိုင္ပါၿပီ။ အီကုတ္ရဲ႕ ခ်ိဳဆမ့္တဲ့ အရသာနဲ႔ ဟင္းရဲ႕အစပ္ ေပါင္းလိုက္တဲ့အခါ အရသာရွိတဲ့ အီကုတ္ဟင္းကို ရွိပါၿပီ ခင္ဗ်ာ။

    Credit-အဲေက်ာ္

    (Unicode)

    “အီကုတ်နှင့် ဆူးပုတ်ဟင်း သိကြားမင်း မနေနိုင် ဆွမ်းအုပ်ကိုင်လို့ဆင်း” အဆိုရှိသည့် တောင်ရိုးဓနုစာချိုးအတိုင်း တစ်နှစ်တစ်ခါမျှသာပေါ်သော အီကုတ်နှင့် ဆူးပုတ်ချက်မှာ လွန်စွာအရသာရှိလေသည်။

    နို့ထက် အရသာထူးကဲလှသော အီကုတ်ဟင်းမှာ မစားဖူးသူတို့အတွက် ပါးစပ်မရဲ ဖြစ်နေကြမည် မှန်သော်လည်း၊ တစ်ကြိမ်တစ်ခါမျှ စားဖူးလျှင် အီကုတ်မြင်သည့်အခါတိုင်း တောင့်တနေပေလိမ့်မည်။ ယခုအချိန် ရှမ်းပြည်၊ ဟဲဟိုးဈေး၌ အီကုတ်များကို ဝယ်ယူနိုင်ပြီဖြစ်ရာ အီကုတ်ဖြစ်စဉ်အကြောင်း၊ မည်ကဲ့သို့တူးဖော်ရရှိပုံ၊ အီကုတ်ဟင်း ချက်နည်းများကို ဗဟုသုတအလို့ငှာ မျှဝေလိုက်ရပေသည်။

    နွားချေးပိုး (အီကုတ်) ဖြစ်စဉ်

    မိတ်လိုက်ပြီးသော နွားချေးပိုးမကြီးသည် ကျွဲနွားများ စွန့်ထားသော နွားချေးပုံအနီး မြေတွင်းတူးပြီး နွားချေးပိုးဥများ ဥချသည်။ ဟဲဟိုးဒေသတွင် စိုက်ပျိုးရေးအတွက် မြေသြဇာအဖြစ် စုပုံထားသော ကျွဲ၊ နွား နွားချေးပုံများတွင် အီကုတ်များကို ပိုမိုတွေ့ရလေ့ရှိသည်။ နွားချေးပိုးမကြီးသည် ဥချပြီးသောအခါ တူးဝင်ခဲ့သော လမ်းကြောင်းအတိုင်း နွားချေးအစိုများယူဝင်၍ ဥများကို နွားချေးနဲ့ရောလုံးပြီး အပေါက်ကို အသေပိတ်ခဲ့သည်။

    မြေတွင်းထဲတွင် မိခင်ဖြစ်သူ နွားချေးပိုးမကြီးက နွားချေးအစို အုံထားသောဥများကို တွန်းလှည့်သောအခါ မြေစများ တဖြည်းဖြည်းကပ်ပါလာပြီး အလုံးကြီးလာသည်။ အရွယ်ရောက် သားလောင်းဥမှာ လက်သီးဆုပ်ခန့်ရှိသည်။ နွားချေးပိုးများမှာ ဥ၊ ချထုံ၊ ချစင်၊ ဆင်၊ ပိုးကောင်ကြီး စသည့် ကြီးထွားမှု ဖြစ်စဉ် (၅) ရပ်ရှိပြီး၊ ( ချထုံ၊ ချစင်၊ ဆင် ) အဆင့်ကို အီကုတ်ဟုခေါ်ကြသည်။

    အီကုတ်နှင့် လွန်စွာလိုက်ဖက်သော ဟင်းရွက်ဖြစ်သည့် ဆူးပုတ်ရွက်နုများ ထွက်ချိန်သည် အီကုတ်အကောင်လေးများ ”ချထုံ(အဖြူရောင်)” အဆင့်မှ ”ချစင်(အဝါရောင်)” အဆင့်သို့ ကြီးထွားဖွံ့ဖြိုးချိန် ဖြစ်သည်။

    နွားချေးပိုး ပိုးကောင်ကြီးပုံစံရုပ်ဖုံးအဆင့်ကို ”ဆင်” ဟုခေါ်ပြီး နုနယ်သော အတောင်ပံများ ပါရှိသည်။ ရက်ပေါင်း ၁၀ ရက်ခန့်မျှ ကြာလျှင် နွားချေးလုံးကိုခွဲထွက်၍ အမဲရောင် ”ပိုးကောင်ကြီး” အဆင့်သို့ရောက်သည်။

    မိခင် နွားချေးပိုးမကြီးသည် မြေတွင်းထဲ၌ နှစ်လခွဲသုံးလမျှ ဥများကို လှည့်ပေး၍ နွားချေးလုံးမှ ”ပိုးကောင်ကြီး” ထွက်သည့် အချိန်တွင်မှ တာဝန်ပြီးဆုံးသည်။

    အီကုတ် တူးဖော်ရရှိပုံ-

    ” တပေါင်း၊ တန်ခူး အီကုတ်တူး ကဆုန်၊ နယုန် အီကုတ်ကုန် ”

    အီကုတ်များကို ခြောက်သွေ့ရာသီ၊ တပေါင်းလနှင့် တန်ခူးလ ရောက်သောအခါ အာလူး၊ ကြက်သွန်စိုက်ရန် စုပုံထားခဲ့သော နွားချေးပုံအဟောင်း နေရာများတွင် တူးယူရသည်။ နွားချေးပုံကို သေချာစွာ လှည်းကျင်းပြီးလျှင် ”အဆက်” (အသေပိတ်ထားသော တွင်းပေါက်)ကို ရှာရသည်။ အသေပိတ်ထားသော ”အဆက်” နွားချေးစကျန်လျှင် အညိုရောင် ခပ်ဝိုင်းဝိုင်းပုံစံဖြင့် ”အဆက်”မှန်း သိသာလေသည်။ နွားချေးမရောသော ”အဆက်”မှာ သာမန်မြေသားနှင့် တစ်ထပ်ထဲဖြစ်၍ မြေအရောင်နှင့် ၁ပေခွဲနီးပါး တူလေသည်။

    အီကုတ်တွင်းများမှာ မြေသားမာသော နေရာများတွင် တွင်းတိမ်ပြီး၊ မြေသားပွသော နေရာတွင် တွင်းနက်သည်။ ”အဆက်” ပေါက်၍ တွင်းထဲတွင် မိခင်နွားချေးပိုးမကြီးအား ဖယ်ထုတ်၍ နွားချေးလုံးများကို ယူရသည်။ အီကုတ်တစ်တွင်းလျှင် အီကုတ်လုံး ၆လုံးမှ ၂၀လုံးထိ ရှိတတ်သည်။ အီကုတ်လုံးများ အကုန်မယူခင် တစ်လုံးကိုခွဲ၍ ”ချစင်၊ ဆင်” အဆင့်ရောက်ပြီလား ကြည့်ရသည်။ ”ချထုံ (အဖြူရောင်)” အဆင့်သာ ရှိသေးသော် မြေအသာပြန်ဖို့၍ ရက်သတ္တပတ် ၇ရက်ကြာမှ ပြန်လည်တူးဖော်ရသည်။

    ဓနုရိုးရာ အီကုတ်ဟင်း ချက်နည်း-

    ပါဝင်ပစ္စည်းများ- အီကုတ် ၅ ကောင်၊ ဆူးပုတ် ၂ စည်း၊ ကြက်သွန်ဖြူ ၁၁ မွှာ၊ ဂျင်းစိမ်း အနည်းငယ်၊ ကုလားအော်သီး ၁၅ တောင့်၊ ဆား ၁ ဇွန်း (စားပွဲတင်ဇွန်း)၊ ကြက်သားမှုန့် ၁ ဇွန်း (စားပွဲတင်ဇွန်း)၊ မဆလာ အနည်းငယ်။

    ရှေးဦးစွာ အီကုတ်များကို ရေစင်အောင်ဆေး၍ ထက်ပိုင်း ပိုင်းထားပြီး မီးအေးအေးဖြင့် ကြော်ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငြုပ်သီးများကို ကြေညှက်စွာ ထောင်းပြီးလျှင် ဆူးပုတ်ဖြင့်အတူ အိုးထဲထည့်ပါ။ ပြီးနောက် ဆားမဆလာများ ထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ ဆူးပုတ်များ နူးလျှင် သုံးဆောင်နိုင်ပါပြီ။ အီကုတ်ရဲ့ ချိုဆမ့်တဲ့ အရသာနဲ့ ဟင်းရဲ့အစပ် ပေါင်းလိုက်တဲ့အခါ အရသာရှိတဲ့ အီကုတ်ဟင်းကို ရှိပါပြီ ခင်ဗျာ။

    Credit-အဲကျော်

  • သင့္ရဲ႕ ဝိုင္ဖိုင္ကို ေႏွးေအာင္ လုပ္ေနတဲ့ အိမ္တြင္းပစၥည္းမ်ား

    (Zawgyi)

    သင့္ရဲ႕ ဝိုင္ဖိုင္ကို ေႏွးေအာင္ လုပ္ေနတဲ့ အိမ္တြင္းပစၥည္းမ်ား

    နည္းပညာေတြ အဆင့္ျမင့္လာတာနဲ႔ အမွ် အိမ္တိုင္းနီးပါးမွာ ဝိုင္ဖိုင္ေတြ တပ္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ ကြန္နက္ရွင္ မေကာင္းလို႔ စိတ္ညစ္ရတဲ့သူေတြလည္း အမ်ားႀကီး ရွိေနမွာပါ။ တျခားအိမ္ေတြမွာ ကြန္နက္ရွင္ေကာင္းရက္နဲ႔ သင့္အိမ္မွာ တခုခု ျဖစ္ေနတယ္ဆိုရင္ အခုေဖာ္ျပတဲ့ အခ်က္ေတြနဲ႔ ကိုက္ညီေနလို႔ ျဖစ္ပါလိမ့္မယ္။

    (၁) ပရိေဘာဂမ်ား

    ဝိုင္ဖိုင္စက္ကို သတၱဳမ်က္ႏွာျပင္ပါတဲ့ ခုံေပၚတင္ျခင္းေၾကာင့္ ဝိုင္ဖိုင္ေႏွးတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။သတၱဳဟာ လွ်ပ္ကူးပစၥည္းျဖစ္တာေၾကာင့္ လွ်ပ္စစ္စြမ္းအားေတြကို စုပ္ယူလိုက္တာမ်ိဳးေတြ ရွိပါတယ္။အိမ္တြင္း ပရိေဘာဂ ပစၥည္းေတြက လွ်ပ္စစ္လႈိင္းေတြရဲ႕ သြားလာမႈကိုအတားအဆီး ျဖစ္ေစႏိုင္ပါတယ္။ သင့္ဝိုင္ဖိုင္ကို ျမန္ေစခ်င္တယ္ဆိုရင္ သတၱဳပစၥည္းေတြရဲ႕ ေဝးရာမွာ ထားဖို႔ အႀကံျပဳခ်င္ပါတယ္။

    (၂) မွန္

    မွန္ဟာ Router က ထုတ္လႊတ္လိုက္တဲ့ အခ်က္ျပလႈိင္းေတြကို ေရာင္ျပန္ေစပါတယ္။ မွန္ဟာအကာအကြယ္တခုလို ျဖစ္ေနၿပီး ထုတ္လႊတ္လိုက္တဲ့ လႈိင္းေတြကို ထပ္ခါတလဲလဲ ျပန္လည္ေနေစတာေၾကာင့္ ကြန္နက္ရွင္ မေကာင္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မွန္နဲ႔ ေဝးေဝးမွာ ထားပါ။

    (၃) ေရခဲေသတၱာ

    ေရခဲေသတၱာနဲ႔ အဝတ္ေလွ်ာ္စက္ေတြဟာ ေရကို အသုံးျပဳၿပီး လည္ပတ္ရတဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။အဲဒါဟာ ဝိုင္ဖိုင္စက္ရဲ႕ အလုပ္လုပ္မႈကို ထိခိုက္ေစပါတယ္။ ေရဟာ ဝိုင္ဖိုင္စက္က ထုတ္တဲ့ စြမ္းအားအခ်ိဳ႕ကို ထိန္းသိမ္းထားတာေၾကာင့္ အင္တာနက္ ကြန္နက္ရွင္ကို ေႏွးေကြးေစပါတယ္။

    (၄) ဘယ္လိုထားသင့္သလဲ

    ဝိုင္ဖိုင္လိုင္းေကာင္းဖို႔ အတြက္ဆိုရင္ ဝိုင္ဖိုင္စက္ကို နည္းစနစ္တက်ထားဖို႔ လိုအပ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲတဲ့ ပစၥည္းေတြရဲ႕ ေဝးရာမွာ ထားပါ။ Routerကို အၿမဲ Update ျပဳလုပ္ပါ။ အားေကာင္းတဲ့ လွ်ိဳ႕ဝွက္နံပါတ္ကို အသုံးျပဳပါ။

    Ref. brightside

    Credit-ေရဗန္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    သင့်ရဲ့ ဝိုင်ဖိုင်ကို နှေးအောင် လုပ်နေတဲ့ အိမ်တွင်းပစ္စည်းများ

    နည်းပညာတွေ အဆင့်မြင့်လာတာနဲ့ အမျှ အိမ်တိုင်းနီးပါးမှာ ဝိုင်ဖိုင်တွေ တပ်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်နက်ရှင် မကောင်းလို့ စိတ်ညစ်ရတဲ့သူတွေလည်း အများကြီး ရှိနေမှာပါ။ တခြားအိမ်တွေမှာ ကွန်နက်ရှင်ကောင်းရက်နဲ့ သင့်အိမ်မှာ တခုခု ဖြစ်နေတယ်ဆိုရင် အခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေလို့ ဖြစ်ပါလိမ့်မယ်။

    (၁) ပရိဘောဂများ

    ဝိုင်ဖိုင်စက်ကို သတ္တုမျက်နှာပြင်ပါတဲ့ ခုံပေါ်တင်ခြင်းကြောင့် ဝိုင်ဖိုင်နှေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။သတ္တုဟာ လျှပ်ကူးပစ္စည်းဖြစ်တာကြောင့် လျှပ်စစ်စွမ်းအားတွေကို စုပ်ယူလိုက်တာမျိုးတွေ ရှိပါတယ်။အိမ်တွင်း ပရိဘောဂ ပစ္စည်းတွေက လျှပ်စစ်လှိုင်းတွေရဲ့ သွားလာမှုကို အတားအဆီး ဖြစ်စေနိုင်ပါတယ်။ သင့်ဝိုင်ဖိုင်ကို မြန်စေချင်တယ်ဆိုရင် သတ္တုပစ္စည်းတွေရဲ့ ဝေးရာမှာ ထားဖို့ အကြံပြုချင်ပါတယ်။

    (၂) မှန်

    မှန်ဟာ Router က ထုတ်လွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေကို ရောင်ပြန်စေပါတယ်။ မှန်ဟာအကာအကွယ်တခုလို ဖြစ်နေပြီး ထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်နေစေတာကြောင့် ကွန်နက်ရှင် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မှန်နဲ့ ဝေးဝေးမှာ ထားပါ။

    (၃) ရေခဲသေတ္တာ

    ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေဟာ ရေကို အသုံးပြုပြီး လည်ပတ်ရတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။အဲဒါဟာ ဝိုင်ဖိုင်စက်ရဲ့ အလုပ်လုပ်မှုကို ထိခိုက်စေပါတယ်။ ရေဟာ ဝိုင်ဖိုင်စက်က ထုတ်တဲ့ စွမ်းအားအချို့ကို ထိန်းသိမ်းထားတာကြောင့် အင်တာနက် ကွန်နက်ရှင်ကို နှေးကွေးစေပါတယ်။

    (၄) ဘယ်လိုထားသင့်သလဲ

    ဝိုင်ဖိုင်လိုင်းကောင်းဖို့ အတွက်ဆိုရင် ဝိုင်ဖိုင်စက်ကို နည်းစနစ်တကျထားဖို့ လိုအပ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲတဲ့ ပစ္စည်းတွေရဲ့ ဝေးရာမှာ ထားပါ။ Routerကို အမြဲ Update ပြုလုပ်ပါ။အားကောင်းတဲ့ လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။

    Ref. brightside

    Credit-ရေဗန်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • မီတာခက်သင့္ေငြကို တြက္ခ်က္ေပးမယ့္ Automatic Calculator

    (Zawgyi)

    မီတာခက်သင့္ေငြကို တြက္ခ်က္ေပးမယ့္ Automatic Calculator

    အသစ္ေျပာင္းလဲလိုက္တဲ့ မီတာခႏႈန္းထားမ်ားကို ေအာက္ကလင့္ခ္မွာ မိမိကိုယ္တိုင္ လြယ္ကူလ်င္ျမန္စြာနဲ႔ ဝင္ေရာက္ တြက္ခ်က္ႏိုင္ပါၿပီ။

    https://yesc.org.mm/meter-calculator

    အိမ္သုံးမီတာႏွင့္ အိမ္သုံးမဟုတ္ေသာ မီတာ (စီးပြားေရး/စက္မႈ လုပ္ငန္းသုံး) ၂မ်ိဳး ေ႐ြးခ်ယ္ၿပီး မိမိက်သင့္တဲ့ မီတာယူနစ္ကို ထည့္ကာ တြက္ခ်က္ႏိုင္မွာ ျဖစ္ပါတယ္။

    အဆိုပါ လွ်ပ္စစ္ဓာတ္အားခ က်သင့္ေငြကို အလိုအေလ်ာက္ တြက္ခ်က္ႏိုင္မည့္ Automatic Calculation အား လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက ယေန႔ ထုတ္ျပန္လိုက္တာပါ။

    လာမယ့္ ဇူလိုင္လ (၁)ရက္ေန႔မွ စတင္ကာ လွ်ပ္စစ္ဓာတ္အားခ ႏႈန္းထားမ်ားကို တိုးျမႇင့္ ေကာက္ခံသြားေတာ့မွာ ျဖစ္ပါတယ္။

    အိမ္သုံးမီတာေတြရဲ႕ ယခင္ႏႈန္းထားနဲ႔ ယခုႏႈန္းထားကို ႏႈိင္းယွဥ္တြက္ခ်က္လိုတယ္ဆိုရင္ http://bit.ly/2Xxxiw9 မွာ ဝင္ေရာက္ တြက္ခ်က္ႏိုင္ပါတယ္။

    YESC

    Via-Yangon Directory

    မီတာခက်သင့္ေငြကို တြက္ခ်က္ေပးမယ့္ Automatic Calculator

    အသစ္ေျပာင္းလဲလိုက္တဲ့ မီတာခႏႈန္းထားမ်ားကို ေအာက္ကလင့္ခ္မွာ မိမိကိုယ္တိုင္ လြယ္ကူလ်င္ျမန္စြာနဲ႔ ဝင္ေရာက္ တြက္ခ်က္ႏိုင္ပါၿပီ။

    https://yesc.org.mm/meter-calculator

    အိမ္သုံးမီတာႏွင့္ အိမ္သုံးမဟုတ္ေသာ မီတာ (စီးပြားေရး/စက္မႈ လုပ္ငန္းသုံး) ၂မ်ိဳး ေ႐ြးခ်ယ္ၿပီး မိမိက်သင့္တဲ့ မီတာယူနစ္ကို ထည့္ကာ တြက္ခ်က္ႏိုင္မွာ ျဖစ္ပါတယ္။

    အဆိုပါ လွ်ပ္စစ္ဓာတ္အားခ က်သင့္ေငြကို အလိုအေလ်ာက္ တြက္ခ်က္ႏိုင္မည့္ Automatic Calculation အား လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက ယေန႔ ထုတ္ျပန္လိုက္တာပါ။

    လာမယ့္ ဇူလိုင္လ (၁)ရက္ေန႔မွ စတင္ကာ လွ်ပ္စစ္ဓာတ္အားခ ႏႈန္းထားမ်ားကို တိုးျမႇင့္ ေကာက္ခံသြားေတာ့မွာ ျဖစ္ပါတယ္။

    အိမ္သုံးမီတာေတြရဲ႕ ယခင္ႏႈန္းထားနဲ႔ ယခုႏႈန္းထားကို ႏႈိင္းယွဥ္တြက္ခ်က္လိုတယ္ဆိုရင္ http://bit.ly/2Xxxiw9 မွာ ဝင္ေရာက္ တြက္ခ်က္ႏိုင္ပါတယ္။

    YESC

    (Unicode)

    မီတာခကျသင့်ငွေကို တွက်ချက်ပေးမယ့် Automatic Calculator

    အသစ်ပြောင်းလဲလိုက်တဲ့ မီတာခနှုန်းထားများကို အောက်ကလင့်ခ်မှာ မိမိကိုယ်တိုင် လွယ်ကူလျင်မြန်စွာနဲ့ ဝင်ရောက် တွက်ချက်နိုင်ပါပြီ။

    https://yesc.org.mm/meter-calculator

    အိမ်သုံးမီတာနှင့် အိမ်သုံးမဟုတ်သော မီတာ (စီးပွားရေး/စက်မှု လုပ်ငန်းသုံး) ၂မျိုး ရွေးချယ်ပြီး မိမိကျသင့်တဲ့ မီတာယူနစ်ကို ထည့်ကာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

    အဆိုပါ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေကို အလိုအလျောက် တွက်ချက်နိုင်မည့် Automatic Calculation အား လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ယနေ့ ထုတ်ပြန်လိုက်တာပါ။

    လာမယ့် ဇူလိုင်လ (၁)ရက်နေ့မှ စတင်ကာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို တိုးမြှင့် ကောက်ခံသွားတော့မှာ ဖြစ်ပါတယ်။

    အိမ်သုံးမီတာတွေရဲ့ ယခင်နှုန်းထားနဲ့ ယခုနှုန်းထားကို နှိုင်းယှဉ်တွက်ချက်လိုတယ်ဆိုရင် http://bit.ly/2Xxxiw9 မှာ ဝင်ရောက် တွက်ချက်နိုင်ပါတယ်။

    YESC

  • အဲကြန္းလည္းဖြင့္ခ်င္တယ္ မီတာခလည္း သက္သာခ်င္သူမ်ားအတြက္

    (Zawgyi)

    အဲကြန္းလည္းဖြင့္ခ်င္တယ္ မီတာခလည္း သက္သာခ်င္သူမ်ားအတြက္

    အဲကြန္း ရီမုကေန အပူခ်ိန္ကို အနိမ့္ဆုံးျဖစ္တဲ့၁၆ သို႔မဟုတ္ ၁၈ဒီဂရီေလာက္ ထားလိုက္ရင္ ၂၅ဒီဂရီမွာ ထားတာထက္ ပိုေအးတဲ့ေလေတြ ထြက္လာမယ္၊ အခန္းလည္း ျမန္ျမန္ပိုေအးမယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။ အမွန္က လုံးဝမဟုတ္ပါဘူး။ အဲကြန္းက ထြက္လာတဲ့ေလဟာ ကိုယ္ထားထားတဲ့ အပူခ်ိန္နဲ႔မဆိုင္ဘဲ တစ္သမတ္တည္းပါ။ ဒါဟာအဲကြန္းတစ္ခု ဘယ္လိုအလုပ္လုပ္လဲ မသိလို႔ ျဖစ္ပါတယ္။ လူအမ်ားနားလည္ေအာင္ Technical Terms ေတြကို ေရွာင္ၿပီးအလြယ္ပဲ ေျပာလိုက္ပါေတာ့မယ္။ ဒီေခတ္မွာ အသုံးအမ်ားဆုံးျဖစ္တဲ့ Split Type Air Conditioner ေတြမွာ Indoor Unit နဲ႔ Outdoor Unitရယ္ႏွစ္ပိုင္း ပါဝင္ပါတယ္။

    အဓိက Indoor Unitမွာ Evaporatorနဲ႔ Outdoor Unitမွာ Compressorနဲ႔ Condenser ေတြပါဝင္ပါတယ္။Evaporatorဟာ ေလထုထဲက ေရေငြ႕ေတြကို ဖယ္ရွားဖို႔ျဖစ္ၿပီး Compressor ႏွင့္ Condenser ေတြက ေလထဲက အပူေတြကို ဖယ္ရွားၿပီး ေလကိုေအးျမသြားေအာင္ လုပ္ေပးဖို႔ ျဖစ္ပါတယ္။ အဲကြန္းရဲ႕ Indoor Unit ဟာ အခန္းတြင္းက
    ေလကို စုပ္ယူလိုက္ပါတယ္။ အဲဒီေလထဲမွာ ပါလာတဲ့ ေရေငြ႕ေတြကိုEvaporator လို႔ေခၚတဲ့ ကိရိယာနဲ႔ ဖယ္ရွားၿပီး အဲကြန္းက ေရေတြ တေတာက္ေတာက္က်တာဟာ အဲဒီလို ဖယ္ရွားခံရတဲ့ အခန္းတြင္း ေလထုထဲက ေရေငြ႕ေတြပါပဲ) ေျခာက္ေသြ႕သြားတဲ့ ေလကို Compressorနဲ႔ Condenser ေတြကို ျဖတ္သန္ေစၿပီး ေအးျမေျခာက္ေသြ႕တဲ့ ေလကို ျပန္မႈတ္သြင္းလိုက္ပါတယ္။

    ဥပမာ- အျပင္မွာ ၃၅ဒီဂရီ ရွိေနခ်ိန္ အခန္းတြင္းမွာ အဲကြန္းကို ၂၅ဒီဂရီ ဆက္တင္လုပ္ထားမယ္ဆိုရင္၂၅ဒီဂရီကို မေရာက္မခ်င္း အဲကြန္းဟာ အခန္းတြင္းမွာရွိတဲ့ ေလထုကို စုပ္ယူလိုက္၊ ေလထဲက ေရေငြ႕နဲ႔အပူကို ဖယ္ရွားၿပီး ေအးျမတဲ့ ေလကို အခန္းတြင္းကို ျပန္မႈတ္သြင္းလိုက္နဲ႔ အခန္းတြင္းက အပူခ်ိန္ကို တျဖည္းျဖည္း က်ဆင္းလာေစၿပီး ေအးျမလာေစပါတယ္။ ဒီနည္းနဲ႔ အခန္းတြင္း အပူခ်ိန္ က်ဆင္းလာတာဟာ သုံးစြဲသူ သတ္မွတ္ထားတဲ့ အပူခ်ိန္ကို ေရာက္ၿပီဆိုတာကို အဲကြန္းရဲ႕အာ႐ုံခံစနစ္က သိလိုက္တာနဲ႔ အဲကြန္းကို ခဏေလာက္ရပ္ထားလိုက္ပါတယ္။

    စက္ရပ္တာ ၾကာလာလို႔ အခန္းတြင္းအပူခ်ိန္က၂၅ဒီဂရီထက္ ျပန္ျမင့္တက္လာမွ အဲကြန္းက အလုပ္ျပန္လုပ္ပါတယ္။ ဒီေတာ့ အျပင္က ၃၅ဒီဂရီ အပူခ်ိန္မ်ိဳးကို ကိုယ့္အိမ္တြင္းမွာ မခံစားႏိုင္လို႔ ေအးျမလာေအာင္၂၅ဒီဂရီပဲထားသူနဲ႔ ၁၆ဒီဂရီထားသူ ဓာတ္အားသုံးစြဲမႈခ်င္း လုံးဝမတူေတာ့ပါဘူး။

    အခန္းတြင္း အပူခ်ိန္ကို ၁၆ဒီဂရီ၊ ၁၈ဒီဂရီ အထိ ခ်ဖို႔ဟာ အဲကြန္းတစ္လုံးအတြက္ ခက္ခဲပါတယ္။ အဆင္ေျပသည့္တိုင္ေအာင္ ၁၆ဒီဂရီ မေရာက္မခ်င္း အဲကြန္းဟာ မနားတမ္း အလုပ္လုပ္ရတဲ့အတြက္ မီတာအရမ္းစားသလို စက္အေပၚမွာလည္း ဝန္ပိေစၿပီး သုံးစြဲႏိုင္တဲ့ သက္တမ္းတိုေတာင္းေစ (ပ်က္လြယ္ျခင္းကိုဆိုလို) ပါတယ္။

    ၿပီးေတာ့ ကိုယ့္အခန္းတြင္းမွာ ၁၆တို႔ ၁၈ဒီဂရီတို႔ ျဖစ္ေနဖို႔ တကယ္ေရာ လိုအပ္ရဲ႕လားလို႔ ျပန္သုံးသပ္သင့္ပါတယ္။ လူ႔အေရျပားဟာ အပူခ်ိန္၂၅ဒီဂရီေလာက္အထိ သက္ေသာင့္သက္သာရွိရွိ ေနႏိုင္တာမို႔ အဲကြန္းကို ၂၅ဒီဂရီမွာ ဆက္တင္လုပ္ထားျခင္းဟာ ကိုယ့္အိမ္ခန္းထဲ ေရခဲတိုက္ ဖန္တီးထားျခင္းထက္ မီတာခကို မ်ားစြာသက္သာေစသလို…

    ျပင္ပအပူခ်ိန္နဲ႔ မ်ားစြာကြာတဲ့ အခန္းတြင္း အပူခ်ိန္မွာ အသားက်သြားၿပီျဖစ္တဲ့ ေရခဲတိုက္သမားမ်ားထက္ ျပင္ပအပူခ်ိန္ကို ပိုၿပီးခံႏိုင္ရည္ရွိတဲ့အျပင္ အတြင္းအျပင္ အပူအေအး ကြာျခားလြန္းလို႔ အခန္းျပင္ထြက္တာနဲ႔ ေလပူမိၿပီး ေရွာ့ခ္ျဖစ္ႏိုင္တဲ့ အႏၲရာယ္ကေနလည္း အတိုင္းအတာတစ္ခုအထိ ကင္းေဝးေစႏိုင္ပါတယ္။

    ေလတိုက္ႏႈန္းဟာလည္း Feels-like Temperature ကို သက္ေရာက္တာေၾကာင့္ ပန္ကာလည္ပတ္ႏႈန္း မ်ားရင္ ပိုေအးတယ္ထင္ၿပီး တစ္ဆုံးတင္ထားၾကတာ မ်ားၾကပါတယ္။ ပန္ကာလည္ႏႈန္း ျမင့္ေလ မီတာစားႏႈန္း ျမင့္ေလမို႔ စဖြင့္ဖြင့္ခ်င္း Fan Speedကို တင္ခ်င္တင္ၿပီး ေအးလာတာနဲ႔ အနိမ့္ဆုံးမွာ ျပန္ခ်ထားျခင္းဟာလည္း က်န္းမာေရးအတြက္ေရာ မီတာခသက္သာေရးအတြက္ေရာ အေထာက္အကူ ျဖစ္ေစပါတယ္။

    ခ်မ္းသာတဲ့ ဥေရာပႏိုင္ငံေတြ၊ ေျမာက္အေမရိကႏိုင္ငံေတြ၊ အာရွက ဂ်ပန္တို႔ ကိုရီးယားတို႔ဟာ အလြန္ေအးတဲ့ႏိုင္ငံေတြျဖစ္လို႔ သူတို႔ႏိုင္ငံသားေတြဟာ အပူကို အရမ္းေၾကာက္ပါတယ္။ ဒါေပမဲ့ သူတို႔ဆီက ဘတ္စ္ကားေတြ၊ ေလယာဥ္ပ်ံေတြ၊႐ုံးေတြ၊ ေက်ာင္းေတြမွာ ေႏြရာသီမွာေတာင္ အဲကြန္းကို အပူခ်ိန္ ၂၅ဒီဂရီ ေလာက္မွာပဲ ခ်ိန္ထား လုပ္ထားပါတယ္။

    ႐ုံးခန္းေတြ အိမ္ေတြမွာလည္း အဲကြန္းကို ၁၆ ဒီဂရီအထိ အနိမ့္ဆုံးထားၿပီး ေတာင္ႀကီး၊ ကေလာ ရာသီဥတုမ်ိဳးကို ဖန္တီးထားၾကပါတယ္။ အေမရိကားေရာက္ သူငယ္ခ်င္းတစ္ေယာက္က လွမ္းေျပာပါတယ္။ သူတို႔ဆီမွာက ပူလို႔ ေအးလို႔ဆိုၿပီး ေတာ္တန္႐ုံ အဲကြန္းကို မသုံးၾကဘဲ မီတာခကို ေခြၽတာၾကတယ္တဲ့။

    ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြကို အရာရာ နတ္ဘုံနတ္နန္းလို႔ ထင္ေနေပမဲ့ တကယ္က မဟုတ္ပါဘူး။ သူတို႔မွာလည္း သူတို႔ရတဲ့လခနဲ႔ လူေနမႈစရိတ္ ႀကီးျမင့္ျခင္းဒဏ္ကို ခံႏိုင္ေအာင္ စစ္စစ္စီစီ ေခြၽေခြၽတာတာ သုံးၾကရတာပါ။ အမွန္က လူ႔အေရျပားဟာ ၂၀ နဲ႔ ၂၅ဒီဂရီစင္တီဂရိတ္ၾကားက အပူခ်ိန္မွာ ေနလို႔ထိုင္လို႔ အေကာင္းဆုံးပါ။

    ဒီေတာ့ အဲကြန္းကို ဖြင့္တဲ့အခါမွာ၂၅ဒီဂရီမွာ အပူခ်ိန္ကို ထိန္းညႇိထားလိုက္ျခင္းဟာ မီတာခ အရမ္းသက္သာသြားသလိုက်န္းမာေရးကိုလည္း မထိခိုက္ေစေတာ့ပါဘူး။ အဲကြန္းကို ေတာက္ေလွ်ာက္သုံးၿပီး မီတာခကို ဒီထက္ ေလွ်ာ့ခ်ခ်င္ေသးတယ္ဆိုရင္လည္း ရပါေသးတယ္။

    ဒီေနရာမွာ အဲကြန္းရဲ႕ လုပ္ေဆာင္ခ်က္ႏွစ္ခုထဲမွာ Compressorနဲ႔ Condenser ေတြဟာ ေလရဲ႕ ပကတိအပူခ်ိန္ကို ဖယ္ရွားၿပီး ေအးျမေအာင္လုပ္ေပးသလို Evaporator က ေလထုထဲက ေရေငြ႕ကိုဖယ္ရွားၿပီး အခန္းထဲက အပူေတြကို ဖယ္ေပးတာပါ။ အခုေခတ္ အဲကြန္းေတြမွာ Cool Mode သာမက Dry Modeဆိုတာပါ ပါပါတယ္။ Cool Modeမွာ Evaporator Compressor နဲ႔ Condenser ေတြအားလုံးအလုပ္လုပ္ၿပီး အခန္းတြင္းက ေလကိုေအးျမေစပါတယ္။Dry Mode မွာေတာ့ ေလထုထဲက ေရေငြ႕ကို ဖယ္ရွားေပးဖို႔Evaporatorသာ အလုပ္လုပ္တဲ့အတြက္ ဓာတ္အားသုံးစြဲမႈ ပိုနည္းပါတယ္။

    ဒီေတာ့ အခုလို အပူခ်ိန္ သိပ္မျမင့္လွေသာ္လည္း ပူအိုက္စြတ္စိုထိုင္းမႈိင္းတဲ့ မိုးရာသီမွာ အဲကြန္းကို Cool Mode နဲ႔မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီေလာက္မွာထားၿပီး Fan Speed ကိုလည္း ေလွ်ာ့ၿပီး သုံးမယ္ဆိုရင္ အခန္းတြင္း ေရေငြ႕ပါဝင္ႏႈန္းကို ေလွ်ာ့ခ်ေပးတဲ့အတြက္ အခန္းတြင္းမွာ မႈိမတက္ျခင္း၊ ေရာဂါပိုးမႊားေတြ မေပါက္ပြါးႏိုင္ျခင္း၊ ေရေငြ႕နည္းၿပီး ေျခာက္ေသြ႕သြားတဲ့ ေလဟာ လူ႔အေရျပားက ေခြၽးေတြကို အလြယ္တကူ အေငြ႕ျပန္ေစလို႔ ေအးျမမႈကို Cool Mode နဲ႔အေအးခံထားသည့္အလား ခံစားရေစျခင္း၊ ၂၅ ဒီဂရီလည္းျဖစ္ျပန္ Dry Mode လည္းျဖစ္ျပန္လို႔ မီတာခ သက္သာျခင္း စတဲ့အက်ိဳးေတြကို ခံစားရမွာျဖစ္ေၾကာင္း လက္ေတြ႕ ႏႈိင္းယွဥ္ စမ္းသပ္ႏိုင္ေစဖို႔ စိုးလွ်ပ္စစ္မွ မွ်ေဝလိုက္ရပါတယ္။

    အဲယားကြန္းကို 16မွာ ထားတာရင္လဲ ဒီေလပဲ 30 မွာထားလဲ ဒီေလပဲ ထြက္ပါတယ္ေနာ္.အလုပ္လုပ္ခ်ိန္ ပိုၾကာသြားလို ႔ပိုေအးတာပါ. အျခားေသာ လွ်ပ္စစ္ပစၥည္းေတြကိုလည္း အထာသိၿပီးသတိထားအသုံးျပဳရင္ လွ်ပ္စစ္ကို ေခြၽတာႏိုင္ပါလိမ့္မယ္။

    အေသအခ်ာ ရွင္းျပေပးတဲ့ မူရင္းေရးသားသူ ကိုေ႐ႊယုကို ေက်းဇူးတင္ပါတယ္။

    Credit Ko Shwe Yu

    Credit SOE Electronic

    (Unicode)

    အဲကွန်းလည်းဖွင့်ချင်တယ် မီတာခလည်း သက်သာချင်သူများအတွက်

    အဲကွန်း ရီမုကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့၁၆ သို့မဟုတ် ၁၈ဒီဂရီလောက် ထားလိုက်ရင်၂၅ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့လေတွေ ထွက်လာမယ်၊ အခန်းလည်း မြန်မြန်ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။ အမှန်က လုံးဝမဟုတ်ပါဘူး။ အဲကွန်းက ထွက်လာတဲ့လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့မဆိုင်ဘဲ တစ်သမတ်တည်းပါ။ ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။ လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီးအလွယ်ပဲ ပြောလိုက်ပါတော့မယ်။ ဒီခေတ်မှာ အသုံးအများဆုံးဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unitရယ်နှစ်ပိုင်း ပါဝင်ပါတယ်။

    အဓိက Indoor Unitမှာ Evaporatorနဲ့ Outdoor Unitမှာ Compressorနဲ့ Condenser တွေပါဝင်ပါတယ်။Evaporatorဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ဖြစ်ပြီး Compressor နှင့် Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကိုအေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက
    လေကို စုပ်ယူလိုက်ပါတယ်။ အဲဒီလေထဲမှာပါလာတဲ့ ရေငွေ့တွေကိုEvaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက်ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressorနဲ့ Condenser တွေကို ဖြတ်သန်စေပြီး အေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။

    ဥပမာ- အပြင်မှာ ၃၅ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ဒီဂရီ ဆက်တင်လုပ်ထားမယ်ဆိုရင်၂၅ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။ ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီဆိုတာကို အဲကွန်းရဲ့အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက်ရပ်ထားလိုက်ပါတယ်။

    စက်ရပ်တာ ကြာလာလို့ အခန်းတွင်းအပူချိန်က၂၅ဒီဂရီထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ်ပြန်လုပ်ပါတယ်။ ဒီတော့ အပြင်က ၃၅ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင်၂၅ဒီဂရီပဲထားသူနဲ့ ၁၆ဒီဂရီထားသူ ဓာတ်အားသုံးစွဲမှုချင်း လုံးဝမတူတော့ပါဘူး။

    အခန်းတွင်း အပူချိန်ကို ၁၆ဒီဂရီ၊ ၁၈ဒီဂရီ အထိ ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။ အဆင်ပြေသည့်တိုင်အောင် ၁၆ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်းတိုတောင်းစေ (ပျက်လွယ်ခြင်းကိုဆိုလို) ပါတယ်။

    ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆တို့ ၁၈ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ ပြန်သုံးသပ်သင့်ပါတယ်။ လူ့အရေပြားဟာ အပူချိန်၂၅ဒီဂရီလောက်အထိ က်သောင့်သက်သာရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာသက်သာစေသလို…

    ပြင်ပအပူချိန်နဲ့ များစွာကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပအပူချိန်ကို ပိုပြီးခံနိုင်ရည်ရှိတဲ့အပြင် အတွင်းအပြင် အပူအအေး ကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ်ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာတစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။

    လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ်ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speedကို တင်ချင်တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခသက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။

    ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိကနိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့နိုင်ငံတွေဖြစ်လို့ သူတို့နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ရုံးတွေ၊ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ဒီဂရီ လောက်မှာပဲ ချိန်ထား လုပ်ထားပါတယ်။

    ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး၊ ကလော ရာသီဥတုမျိုးကို ဖန်တီးထားကြပါတယ်။ အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို ချွေတာကြတယ်တဲ့။

    ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့ ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ရတဲ့လခနဲ့ လူနေမှုစရိတ် ကြီးမြင့်ခြင်းဒဏ်ကို ခံနိုင်အောင် စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။ အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ဒီဂရီစင်တီဂရိတ်ကြားက အပူချိန်မှာ နေလို့ထိုင်လို့ အကောင်းဆုံးပါ။

    ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ၂၅ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလိုကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။ အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို ဒီထက် လျှော့ချချင်သေးတယ်ဆိုရင်လည်း ရပါသေးတယ်။

    ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက်နှစ်ခုထဲမှာ Compressorနဲ့ Condenser တွေဟာ လေရဲ့ ပကတိအပူချိန်ကို ဖယ်ရှားပြီး အေးမြအောင်လုပ်ပေးသလို Evaporator က လေထုထဲက ရေငွေ့ကိုဖယ်ရှားပြီး အခန်းထဲက အပူတွေကို ဖယ်ပေးတာပါ။ အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက Dry Modeဆိုတာပါ ပါပါတယ်။ Cool Modeမှာ Evaporator Compressor နဲ့ Condenser တွေအားလုံးအလုပ်လုပ်ပြီး အခန်းတွင်းက လေကိုအေးမြစေပါတယ်။Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporatorသာ အလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။

    ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို Cool Mode နဲ့မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ်ဆိုရင် အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက် အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ မပေါက်ပွါးနိုင်ခြင်း၊ ရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့ လေဟာ လူ့အရေပြားက ချွေးတွေကို အလွယ်တကူ အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့အအေးခံထားသည့်အလား ခံစားရစေခြင်း၊ ၂၅ ဒီဂရီလည်းဖြစ်ပြန် Dry Mode လည်းဖြစ်ပြန်လို့ မီတာခ သက်သာခြင်း စတဲ့အကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့ စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်။

    အဲယားကွန်းကို16မှာထားတာရင်လဲဒီလေပဲ 30 မှာထားလဲဒီလေပဲထွက်ပါတယ်နော်. အလုပ်လုပ်ချိန်ပိုကြာသွားလို့ပိုအေးတာပါ.အခြားသောလျှပ်စစ်ပစ္စည်းတွေကိုလည်းအထာသိပြီးသတိထားအသုံးပြုရင်လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်။

    အသေအချာ ရှင်းပြပေးတဲ့ မူရင်းရေးသားသူ ကိုရွှေယုကို ကျေးဇူးတင်ပါတယ်။

    Credit Ko Shwe Yu

    Credit SOE Electronic