Category: ဗဟုတုသ

  • ကေလးရွိေသာ မိဘတိုင္းအတြက္။ သင့္ကေလး အၾကမ္းဖက္ခံရမႈမွ ကင္းေဝးေစရန္ သိထားသင့္တဲ့ အႀကံေပးခ်က္ (၇)ခ်က္။

    (Zawgyi)

    သင့္ကေလး အၾကမ္းဖက္ခံရမႈမွ ကင္းေဝးေစရန္ သိထားသင့္တဲ့ အႀကံေပးခ်က္ (၇)ခ်က္

    ကြၽန္ေတာ္တို႔ရဲ႕ပတ္ဝန္းက်င္မွာ ေန႔စဥ္ျမင္ေနၾကားေနရတဲ့ သတင္းေတြကေန ကေလးေတြနဲ႔ပတ္သတ္ၿပီး အၾကမ္းဖက္ခံရမႈေတြ တေန႔တျခားမ်ားျပားလာေၾကာင္း ေတြ႕ရပါတယ္။

    လူယုတ္မာမ်ားနဲ႔၊ တဏွာ႐ူး လိင္မုဆိုးေတြဟာ ခြန္အားနည္းၿပီး ခုခံႏိုင္စြမ္းမရွိတဲ့ ကေလးေတြကို ပိုမိုပစ္မွတ္ထားလာေနတာေၾကာင့္ မိမိတို႔ရဲ႕ရင္ေသြးငယ္ေတြကို လူယုတ္မာေတြရဲ႕ရန္က ဘယ္လိုကာကြယ္ရမလဲဆိုတာ သင္ထားေပးဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြကို လူစိမ္းေတြနဲ႔ေတြ႕တဲ့အခါ ဘယ္လိုျပဳမူ ကာကြယ္သင့္ေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ သင့္ကေလးရဲ႕ အမည္ကိုမေဖာ္ျပသင့္။

    သင့္ကေလးရဲ႕ ကိုယ္ပိုင္ပစၥည္းေတြ ေက်ာင္းလြယ္အိတ္နဲ႔၊ ထမင္းဗူးေတြမွာ သူတို႔ရဲ႕နာမည္ကို ေရးသားျခင္းအား ေရွာင္ရွားသင့္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အႏၲရာယ္ေပးမယ့္သူဟာ သင့္ကေလးရဲ႕ ကိုယ္ပိုင္အခ်က္အလက္ေတြကို ရရွိသြားလွ်င္ ကေလးေတြအတြက္ ပိုမိုအႏၲရာယ္ႀကီးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးရဲ႕နာမည္အစား သင့္ရဲ႕ဖုန္းနံပါတ္ကိုေရးထားျခင္းဟာ သူတို႔အတြက္ ပိုမိုကာကြယ္ႏိုင္သလို တကယ္လို႔ ပစၥည္းေပ်ာက္သြားတာပဲျဖစ္ျဖစ္ အခိုးခံရတာပဲျဖစ္ျဖစ္ ျပန္လည္ရရွိဖို႔ အခြင့္အလမ္း ပိုရွိပါတယ္။

    ၂။ မိသားစု လွ်ိဳ႕ဝွက္စကားကို တီထြင္ထားပါ။

    သူစိမ္းတစ္ေယာက္က သင့္ကေလးကို “သားအေမ ေခၚခိုင္းလိုက္လို႔၊ အန္တီနဲ႔လိုက္ခဲ့ပါ” စသျဖင့္ မေကာင္းတဲ့အႀကံအစည္နဲ႔ ေခၚခဲ့ရင္ ကေလးကို လိုက္မသြားရန္ ႀကိဳတင္သင္ၾကားထားသင့္ၿပီး မိသားစုအတြင္းသာသိတဲ့ လွ်ိဳ႕ဝွက္စကားတစ္ခုခုကို ဖန္တီးထားျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ အကယ္၍ တစ္စုံတစ္ေယာက္က လာေခၚတဲ့အခါ မိမိတို႔ရဲ႕မိသားစု လႈိ႕ဝွက္စကားကို ထိုသူအား အရင္ေမးရန္ ကေလးကို သင္ၾကားထားရပါမယ္။

    ၃။ က်ယ္ေလာင္စြာေအာ္ဟစ္ေစျခင္း

    အကယ္၍ တစ္စုံတစ္ေယာက္က သင့္ကေလးကို အတင္းေခၚတဲ့အခါ “သူ႔ကိုသားမသိဘူး၊ သားကိုလာဖမ္းေနတယ္” စသျဖင့္ က်ယ္ေလာင္စြာ ေအာ္ဟစ္ရန္ ကေလးကို သင္ၾကားထားေပးပါ။ ကေလးငယ္ေတြဟာ အႏၲရာယ္နဲ႔ ႀကဳံေတြ႕လာရတဲ့အခ်ိန္မွာ ေအာ္ဖို႔ကို ေၾကာက္ေနတတ္ၾကၿပီး ႐ုန္းကန္ျခင္း၊ ကိုက္ျခင္းတို႔ကိုသာ ျပဳလုပ္တတ္တာေၾကာင့္ ေအာ္ဟစ္ျခင္းက ပိုၿပီးလူေတြကို သိေစေၾကာင္း သင္ေပးထားရပါမယ္။

    ၄။ သူစိမ္းနဲ႔ ဓါတ္ေလွကား အတူစီးျခင္းကို ေရွာင္က်ဥ္ခိုင္းပါ

    တကယ္လို႔ မိဘေတြမပါပဲ ကေလးတစ္ေယာက္တည္း ဓါတ္ေလွကားစီးပါက သူစိမ္းနဲ႔ ႏွစ္ေယာက္တည္း ဓါတ္ေလွကားအတူမစီးေစရန္ သင္ထားေပးပါ။ ယခုေခတ္မွာ တရားမဝင္ မူးယစ္ေဆးေတြနဲ႔ စိတ္ကိုထိုင္းမႈိင္းေစတဲ့ေဆးေတြ ေပါမ်ားေနတာေၾကာင့္ ဓါတ္ေလွကားလို ဆိတ္ကြယ္တဲ့အရပ္မွာ သင့္ကေလးအတြက္ အႏၲရာယ္အရမ္းမ်ားပါတယ္။

    ၅။ လူစိမ္းေတြ အိမ္လာတဲ့အခါ မိဘေတြ မရွိေၾကာင္းကို မသိေစပါနဲ႔

    ကေလးကို အိမ္မွာတစ္ေယာက္တည္း ထားခဲ့တဲ့ အခ်ိန္ေတြမွာ သူစိမ္းေတြလာရင္ တံခါးမဖြင့္ေပးသင့္ေၾကာင္း။အေရးႀကီး ကိစၥဆိုပါက မိဘဒါမွမဟုတ္ အိမ္နီးခ်င္းကို အရင္ဖုန္းဆက္သင့္ေၾကာင္း ကေလးကို မွာၾကားထားသင့္ပါတယ္။ မိဘေတြျပန္မလာႏိုင္တဲ့ တစ္ေနရာရာသို႔ ခရီးထြက္ေနပါက သူစိမ္းေတြကို မသိေစရန္ အေရးႀကီးေၾကာင္း ကေလးကို သင္ၾကားထားေပးပါ။

    ၆။ ကားနဲ႔ ဆန႔္က်င္ဖက္ အရပ္သို႔ ေျပးခိုင္းပါ

    ကေလးေတြကို လူစိမ္းေတြနဲ႔ ကားအတူ မစီးသင့္သလို သူတို႔ေခၚတဲ့အခါ မလိုက္ဖို႔ မိဘတိုင္း သင္ေပးထားဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ မိဘမပါပဲ လမ္းေလ်ာက္တဲ့အခါမွာ လမ္ေဘးကေန ေလ်ာက္ခိုင္းၿပီး ကေလးေနာက္ကေန ကားကျဖည္းျဖည္းခ်င္း လိုက္လာတာပဲျဖစ္ျဖစ္ ကားျပတင္းေပါက္ကေန ကေလးကို ေခၚတာပဲျဖစ္ျဖစ္ ႀကဳံလာတာနဲ႔ ကားေခါင္းနဲ႔ဆန႔္က်င္ဖက္ကို အျမန္ေျပးသင့္ေၾကာင္း သင္ေပးထားရပါမယ္။ ဒါမွသာ အျခားသူေတြကို အကူအညီေတာင္းဖို႔ အခြင့္အေရးရမွာ ျဖစ္ပါတယ္။

    ၇။ သူစိမ္းေတြနဲ႔ စကားအၾကာႀကီးမေျပာသင့္ပဲ ခပ္ခြာခြာ ေနေစျခင္း

    သင့္ကေလးကို သူစိမ္းေတြနဲ႔ စကားလက္ခံေျပာဖို႔ ကေလးေတြမွာ တာဝန္မရွိေၾကာင္းကို သင္ထားေပးပါ။ အကယ္၍ စကားေျပာပါက ၅စကၠန္ ၇စကၠန႔္ေလာက္ၾကာတာနဲ႔ ထိုလူစိမ္းနဲ႔ ၇ေပ ၈ ေပအကြာထိ ေနာက္ဆုတ္ၿပီး ရပ္ေနဖို႔ သင္ထားေပး႐ုံသာမက အေလ့အက်င့္ျဖစ္ေစရန္ ေလ့က်င့္ေပးထားသင့္ပါတယ္။ တကယ္လို႔လူစိမ္းက အနားကပ္ဖို႔ ႀကိဳးစားလာတာနဲ႔ ေနာက္ကိုဆုတ္ခိုင္းပါ။ အကပ္မခံေစပါနဲ႔။

    Credit-Original Poster

    (Unicode)

    သင့်ကလေး အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရန် သိထားသင့်တဲ့ အကြံပေးချက် (၈)ချက်

    ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်နေကြားနေရတဲ့ သတင်းတွေကနေ ကလေးတွေနဲ့ပတ်သတ်ပြီး အကြမ်းဖက်ခံရမှုတွေ တနေ့တခြားများပြားလာကြောင်း တွေ့ရပါတယ်။

    လူယုတ်မာများနဲ့၊ တဏှာရူး လိင်မုဆိုးတွေဟာ ခွန်အားနည်းပြီး ခုခံနိုင်စွမ်းမရှိတဲ့ ကလေးတွေကို ပိုမိုပစ်မှတ်ထားလာနေတာကြောင့် မိမိတို့ရဲ့ရင်သွေးငယ်တွေကို လူယုတ်မာတွေရဲ့ရန်က ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ထားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို လူစိမ်းတွေနဲ့တွေ့တဲ့အခါ ဘယ်လိုပြုမူ ကာကွယ်သင့်ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ သင့်ကလေးရဲ့ အမည်ကိုမဖော်ပြသင့်။

    သင့်ကလေးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ကျောင်းလွယ်အိတ်နဲ့၊ ထမင်းဗူးတွေမှာ သူတို့ရဲ့နာမည်ကို ရေးသားခြင်းအား ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အန္တရာယ်ပေးမယ့်သူဟာ သင့်ကလေးရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ရရှိသွားလျှင် ကလေးတွေအတွက် ပိုမိုအန္တရာယ်ကြီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးရဲ့နာမည်အစား သင့်ရဲ့ဖုန်းနံပါတ်ကိုရေးထားခြင်းဟာ သူတို့အတွက် ပိုမိုကာကွယ်နိုင်သလို တကယ်လို့ ပစ္စည်းပျောက်သွားတာပဲဖြစ်ဖြစ် အခိုးခံရတာပဲဖြစ်ဖြစ် ပြန်လည်ရရှိဖို့ အခွင့်အလမ်း ပိုရှိပါတယ်။

    ၂။ မိသားစု လျှို့ဝှက်စကားကို တီထွင်ထားပါ။

    သူစိမ်းတစ်ယောက်က သင့်ကလေးကို “သားအမေ ခေါ်ခိုင်းလိုက်လို့၊ အန်တီနဲ့လိုက်ခဲ့ပါ” စသဖြင့် မကောင်းတဲ့အကြံအစည်နဲ့ ခေါ်ခဲ့ရင် ကလေးကို လိုက်မသွားရန် ကြိုတင်သင်ကြားထားသင့်ပြီး မိသားစုအတွင်းသာသိတဲ့ လျှို့ဝှက်စကားတစ်ခုခုကို ဖန်တီးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က လာခေါ်တဲ့အခါ မိမိတို့ရဲ့မိသားစု လှို့ဝှက်စကားကို ထိုသူအား အရင်မေးရန် ကလေးကို သင်ကြားထားရပါမယ်။

    ၃။ ကျယ်လောင်စွာအော်ဟစ်စေခြင်း

    အကယ်၍ တစ်စုံတစ်ယောက်က သင့်ကလေးကို အတင်းခေါ်တဲ့အခါ “သူ့ကိုသားမသိဘူး၊ သားကိုလာဖမ်းနေတယ်” စသဖြင့် ကျယ်လောင်စွာ အော်ဟစ်ရန် ကလေးကို သင်ကြားထားပေးပါ။ ကလေးငယ်တွေဟာ အန္တရာယ်နဲ့ ကြုံတွေ့လာရတဲ့အချိန်မှာ အော်ဖို့ကို ကြောက်နေတတ်ကြပြီး ရုန်းကန်ခြင်း၊ ကိုက်ခြင်းတို့ကိုသာ ပြုလုပ်တတ်တာကြောင့် အော်ဟစ်ခြင်းက ပိုပြီးလူတွေကို သိစေကြောင်း သင်ပေးထားရပါမယ်။

    ၄။ သူစိမ်းနဲ့ ဓါတ်လှေကား အတူစီးခြင်းကို ရှောင်ကျဉ်ခိုင်းပါ

    တကယ်လို့ မိဘတွေမပါပဲ ကလေးတစ်ယောက်တည်း ဓါတ်လှေကားစီးပါက သူစိမ်းနဲ့ နှစ်ယောက်တည်း ဓါတ်လှေကားအတူမစီးစေရန် သင်ထားပေးပါ။ ယခုခေတ်မှာ တရားမဝင် မူးယစ်ဆေးတွေနဲ့ စိတ်ကိုထိုင်းမှိုင်းစေတဲ့ဆေးတွေ ပေါများနေတာကြောင့် ဓါတ်လှေကားလို ဆိတ်ကွယ်တဲ့အရပ်မှာ သင့်ကလေးအတွက် အန္တရာယ်အရမ်းများပါတယ်။

    ၅။ လူစိမ်းတွေ အိမ်လာတဲ့အခါ မိဘတွေ မရှိကြောင်းကို မသိစေပါနဲ့

    ကလေးကို အိမ်မှာတစ်ယောက်တည်း ထားခဲ့တဲ့ အချိန်တွေမှာ သူစိမ်းတွေလာရင် တံခါးမဖွင့်ပေးသင့်ကြောင်း။အရေးကြီး ကိစ္စဆိုပါက မိဘဒါမှမဟုတ် အိမ်နီးချင်းကို အရင်ဖုန်းဆက်သင့်ကြောင်း ကလေးကို မှာကြားထားသင့်ပါတယ်။ မိဘတွေပြန်မလာနိုင်တဲ့ တစ်နေရာရာသို့ ခရီးထွက်နေပါက သူစိမ်းတွေကို မသိစေရန် အရေးကြီးကြောင်း ကလေးကို သင်ကြားထားပေးပါ။

    ၆။ ကားနဲ့ ဆန့်ကျင်ဖက် အရပ်သို့ ပြေးခိုင်းပါ

    ကလေးတွေကို လူစိမ်းတွေနဲ့ ကားအတူ မစီးသင့်သလို သူတို့ခေါ်တဲ့အခါ မလိုက်ဖို့ မိဘတိုင်း သင်ပေးထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘမပါပဲ လမ်းလျောက်တဲ့အခါမှာ လမ်ဘေးကနေ လျောက်ခိုင်းပြီး ကလေးနောက်ကနေ ကားကဖြည်းဖြည်းချင်း လိုက်လာတာပဲဖြစ်ဖြစ် ကားပြတင်းပေါက်ကနေ ကလေးကို ခေါ်တာပဲဖြစ်ဖြစ် ကြုံလာတာနဲ့ ကားခေါင်းနဲ့ဆန့်ကျင်ဖက်ကို အမြန်ပြေးသင့်ကြောင်း သင်ပေးထားရပါမယ်။ ဒါမှသာ အခြားသူတွေကို အကူအညီတောင်းဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။

    ၇။ သူစိမ်းတွေနဲ့ စကားအကြာကြီးမပြောသင့်ပဲ ခပ်ခွာခွာ နေစေခြင်း

    သင့်ကလေးကို သူစိမ်းတွေနဲ့ စကားလက်ခံပြောဖို့ ကလေးတွေမှာ တာဝန်မရှိကြောင်းကို သင်ထားပေးပါ။ အကယ်၍ စကားပြောပါက ၅စက္ကန် ၇စက္ကန့်လောက်ကြာတာနဲ့ ထိုလူစိမ်းနဲ့ ၇ပေ ၈ ပေအကွာထိ နောက်ဆုတ်ပြီး ရပ်နေဖို့ သင်ထားပေးရုံသာမက အလေ့အကျင့်ဖြစ်စေရန် လေ့ကျင့်ပေးထားသင့်ပါတယ်။ တကယ်လို့လူစိမ်းက အနားကပ်ဖို့ ကြိုးစားလာတာနဲ့ နောက်ကိုဆုတ်ခိုင်းပါ။ အကပ်မခံစေပါနဲ့။

    Credit-Original Poster

  • ေဒးဗစ္ဘက္ခမ္းေက်ာင္းအပါအဝင္ ထိုင္းႏိုင္ငံက ထင္ရွားတဲ့ ဘုန္းႀကီးေက်ာင္းမ်ား

    (Zawgyi)

    ေဒးဗစ္ဘက္ခမ္းေက်ာင္းအပါအဝင္ ထိုင္းႏိုင္ငံက ထင္ရွားတဲ့ ဘုန္းႀကီးေက်ာင္းမ်ား

    ထိုင္းႏိုင္ငံဟာ ဗုဒၶဘာသာႏိုင္ငံျဖစ္တာနဲ႔အညီ ထင္ရွားတဲ့ ဗုဒၶဘာသာေက်ာင္းေတာ္ႀကီးေတြလည္း အမ်ားႀကီး ရွိပါတယ္။ အဲဒီထဲကမွ ထင္ရွားတဲ့ ေနရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) Wat Phra Dhammakaya , Pathum Thani

    ဒီေက်ာင္းေတာ္ႀကီးကေတာ့ ထိုင္းႏိုင္ငံေျမာက္ပိုင္းက Khlong Luang မွာ တည္ရွိၿပီး ထိုင္းႏိုင္ငံရဲ႕အႀကီးဆုံး ေက်ာင္းေတာ္ႀကီးတေက်ာင္းပါ။ ဒီေက်ာင္းေတာ္ႀကီးကေတာ့ ေရွး႐ိုးစြဲလက္ရာေတြကိုသာ ဦးစားေပး တည္ေဆာက္တတ္တဲ့ ထိုင္းႏိုင္ငံမွာ ထူးထူးျခားျခား ေခတ္သစ္ ဗိသုကာပညာေတြနဲ႔ တည္ေဆာက္ထားပါတယ္။ ေနာက္ၿပီး ဒီေက်ာင္းေတာ္ႀကီးဟာ တရား ရိပ္သာတခုလည္း ျဖစ္ပါတယ္။

    ဗုဒၶ႐ုပ္ပြားေတာ္ေပါင္း ၃၀၀၀၀၀ ကို ပူေဇာ္ထားရွိၿပီး ရဟန္းေပါင္း ၁ ေထာင္ေက်ာ္က တပါးေက်ာင္းေတြမွာ အသီးသီး သီတင္းသုံးၾကပါတယ္။ မ်ားျပားတဲ့ ေယာဂီရဟန္းေတြ အတြက္ ႀကီးမားတဲ့ ဓမၼာ႐ုံႀကီးကို တည္ေဆာက္ထားပါေသးတယ္။ တရားရိပ္သာျဖစ္တာေၾကာင့္ တျခား ထိုင္းႏိုင္ငံက ဘုန္းႀကီးေက်ာင္းေတြလို မဟုတ္ဘဲ အၿမဲလိုလို တိတ္ဆိတ္ေနတတ္ပါတယ္။

    (၂) Wat Samphran , Nakon Pathom

    ၁၉၈၅ ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ Wat Samphran လို႔ေခၚတဲ့ ဒီနဂါး႐ုံဘုရားဟာ ဘန္ေကာက္ၿမိဳ႕နဲ႔ ၄၀ကီလိုမီတာ အကြာမွာ ရွိပါတယ္။ ျမင့္မားတဲ့ ပန္းေရာင္ စက္ဝိုင္းပုံစံ အေဆာက္အဦတခုလုံးကို နဂါးႀကီးတေကာင္က ပတ္ေခြပတ္ထားပါတယ္။ နဂါးအတြင္းပိုင္း ကိုယ္ထည္ကေတာ့ အေပၚတက္ဖို႔ ေလွကားထစ္ေတြပါ။

    ဒီအေဆာက္အဦကို ဘယ္သူက ဒီဇိုင္းဆြဲခဲ့တယ္ဆိုတာ မသိရေပမယ့္ နဂါးနဲ႔ ပတ္သက္တဲ့ ပုံျပင္ေပါင္းကေတာ့ ၁၇ ပုဒ္ေလာက္ ရွိပါတယ္။ ဒီေက်ာင္းေတာ္ရဲ႕ အျပင္ဘက္မွာဆိုရင္ ေ႐ႊေရာင္ဝင္းတဲ့ ေစတီေတာ္ႀကီးတဆူအျပင္ အတြင္းပိုင္းမွာေတာ့ ေျမာက္ျမားလွတဲ့ ဆင္းတုေတာ္ေတြကို ထုလုပ္ ကိုးကြယ္ထားပါတယ္။

    (၃) Wat Pa Phu Kon , Udon Thani

    ထိုင္းႏိုင္ငံ ေျမာက္ဖက္စြန္းပိုင္းမွာရွိတဲ့ Wat Pa Phu Kon ကေတာ့ တိတ္ဆိတ္ေအးခ်မ္းတဲ့ ေတာေတာင္ေတြထဲမွာ တည္ရွိပါတယ္။ ေဒသခံေတြကေတာ့ Wat Phu Phu လို႔လည္း ေခၚတတ္ပါေသးတယ္။ ေက်ာင္းအေဆာက္အဦပုံစံကလည္း လွပခန႔္ညားသလို အတြင္းပိုင္းမွာဆိုရင္ေတာ့ စက်င္ေက်ာက္နဲ႔ထုလုပ္ထားတဲ့ ေလ်ာင္းေတာ္မူဗုဒၶ႐ုပ္ပြားေတာ္ကိုလည္း ၾကည္ညိဳစဖြယ္ ဖူးေျမႇာ္ႏိုင္ပါေသးတယ္။

    ဒီေက်ာင္းေတာ္ႀကီးကိုေတာ့ ထိုင္းဘတ္ေငြ သန္းေပါင္း ၃၂၀ေက်ာ္ အကုန္အက်ခံ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ၂၀၁၀ နဲ႔ ၂၀၁၃ ခုႏွစ္အတြင္းမွာ တည္ေဆာက္ခဲ့ပါတယ္။ ဒီေက်ာင္းေတာ္ႀကီးရဲ႕ က်န္က်ေငြအားလုံးကိုေတာ့ ၂၀၁၆ ခုႏွစ္က ကြယ္လြန္သြားခဲ့တဲ့ ထိုင္းဘုရင္ Bhumibol Adulyadej က လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ဗိမာန္ေတာ္ႀကီးရဲ႕ ေကာင္းမြန္လွပတဲ့ဒီဇိုင္းျဖစ္တဲ့အျပင္ ထိုင္းဘုရင္ကိုယ္တိုင္ လႉဒါန္းခဲ့တဲ့ ေက်ာင္းျဖစ္တာေၾကာင့္လည္း ထင္ရွားပါတယ္။

    (၄) Wat Pariwat , Bangkok

    ဒီေက်ာင္းေတာ္ႀကီးကေတာ့ အံ့အားသင့္စရာပါ။ ဘာလို႔လဲ ဆိုေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းသားျဖစ္သလို အဂၤလန္ေဘာလုံး လက္ေ႐ြးစင္လည္းျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းပုံေတြကိုပါ ေက်ာင္းအတြင္းမွာ ထည့္သြင္းထုလုပ္ထားတဲ့ အတြက္ေၾကာင့္ပါ။ ေဒသခံေတြနဲ႔ ခရီးသြားဧည့္သည္ေတြကေတာ့ ဒီေက်ာင္းကို ေဒးဗစ္ဘက္ခမ္းေက်ာင္းလို႔ပဲ ေခၚၾကပါတယ္။

    ဒီေက်ာင္းကိုတည္ေဆာက္ခဲ့တဲ့ ဘုန္းေတာ္ႀကီးကလည္း ေဒးဗစ္ဘက္ခမ္း ပရိသတ္ျဖစ္တဲ့အတြက္ ဒီေက်ာင္းေတာ္ကို ေဆာက္လုပ္ေတာ့ ေဒးဗစ္ဘက္ခမ္းပုံေတြ ထည့္သြင္းေဆာက္လုပ္ခဲ့တာ ျဖစ္ပါတယ္။

    (၅) Wat Yannawa , Bangkok

    Wat Yannawa ကိုေတာ့ ေဖာင္ေတာ္ဦးပုံစံ တည္ေဆာက္ထားတာျဖစ္ၿပီး ဘုရားဖူးခရီးသြား ဧည့္သည္ေတြဟာ ေဖာ္ေတာ္ဦးထဲမွာ လည္ပတ္ၿပီး ဘုရားဖူးႏိုင္ပါတယ္။ Chao Phraya ျမစ္တဖက္ကမ္းမွာ တည္ရွိၿပီး Loy Krathong လို႔ေခၚတဲ့ မီးထြန္းပြဲကာလ ေရာက္ၿပီးဆိုရင္ေတာ့ ေဒသခံေတြဟာ ဘုရားဖူးဖို႔ ေလွငယ္ကေလးေတြနဲ႔ လာေရာက္ေလ့ ရွိၾကပါတယ္။

    ဘုရင္ Rama III ဟာ အတိတ္တုန္းဆီက သူ႔ျပည္သားေတြအတြက္ ရတနာေတြကို သေဘၤာနဲ႔ ယူေဆာင္ေပးခဲ့တယ္ဆိုတဲ့ အျဖစ္အပ်က္ကို လူေတြ အမွတ္ရေနေစဖို႔အတြက္ ဒီေက်ာင္းေတာ္ကို ေဆာက္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

    Ref : Thailand.tripcanvas

    Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    ဒေးဗစ်ဘက်ခမ်းကျောင်းအပါအဝင် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ဘုန်းကြီးကျောင်းများ

    ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာနဲ့အညီ ထင်ရှားတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) Wat Phra Dhammakaya , Pathum Thani

    ဒီကျောင်းတော်ကြီးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းက Khlong Luang မှာ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့အကြီးဆုံး ကျောင်းတော်ကြီးတကျောင်းပါ။ ဒီကျောင်းတော်ကြီးကတော့ ရှေးရိုးစွဲလက်ရာတွေကိုသာ ဦးစားပေး တည်ဆောက်တတ်တဲ့ ထိုင်းနိုင်ငံမှာ ထူးထူးခြားခြား ခေတ်သစ် ဗိသုကာပညာတွေနဲ့ တည်ဆောက်ထားပါတယ်။ နောက်ပြီး ဒီကျောင်းတော်ကြီးဟာ တရား ရိပ်သာတခုလည်း ဖြစ်ပါတယ်။

    ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၃၀၀၀၀၀ ကို ပူဇော်ထားရှိပြီး ရဟန်းပေါင်း ၁ ထောင်ကျော်က တပါးကျောင်းတွေမှာ အသီးသီး သီတင်းသုံးကြပါတယ်။ များပြားတဲ့ ယောဂီရဟန်းတွေ အတွက် ကြီးမားတဲ့ ဓမ္မာရုံကြီးကို တည်ဆောက်ထားပါသေးတယ်။ တရားရိပ်သာဖြစ်တာကြောင့် တခြား ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတွေလို မဟုတ်ဘဲ အမြဲလိုလို တိတ်ဆိတ်နေတတ်ပါတယ်။

    (၂) Wat Samphran , Nakon Pathom

    ၁၉၈၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Wat Samphran လို့ခေါ်တဲ့ ဒီနဂါးရုံဘုရားဟာ ဘန်ကောက်မြို့နဲ့ ၄၀ကီလိုမီတာ အကွာမှာ ရှိပါတယ်။ မြင့်မားတဲ့ ပန်းရောင် စက်ဝိုင်းပုံစံ အဆောက်အဦတခုလုံးကို နဂါးကြီးတကောင်က ပတ်ခွေပတ်ထားပါတယ်။ နဂါးအတွင်းပိုင်း ကိုယ်ထည်ကတော့ အပေါ်တက်ဖို့ လှေကားထစ်တွေပါ။

    ဒီအဆောက်အဦကို ဘယ်သူက ဒီဇိုင်းဆွဲခဲ့တယ်ဆိုတာ မသိရပေမယ့် နဂါးနဲ့ ပတ်သက်တဲ့ ပုံပြင်ပေါင်းကတော့ ၁၇ ပုဒ်လောက် ရှိပါတယ်။ ဒီကျောင်းတော်ရဲ့ အပြင်ဘက်မှာဆိုရင် ရွှေရောင်ဝင်းတဲ့ စေတီတော်ကြီးတဆူအပြင် အတွင်းပိုင်းမှာတော့ မြောက်မြားလှတဲ့ ဆင်းတုတော်တွေကို ထုလုပ် ကိုးကွယ်ထားပါတယ်။

    (၃) Wat Pa Phu Kon , Udon Thani

    ထိုင်းနိုင်ငံ မြောက်ဖက်စွန်းပိုင်းမှာရှိတဲ့ Wat Pa Phu Kon ကတော့ တိတ်ဆိတ်အေးချမ်းတဲ့ တောတောင်တွေထဲမှာ တည်ရှိပါတယ်။ ဒေသခံတွေကတော့ Wat Phu Phu လို့လည်း ခေါ်တတ်ပါသေးတယ်။ ကျောင်းအဆောက်အဦပုံစံကလည်း လှပခန့်ညားသလို အတွင်းပိုင်းမှာဆိုရင်တော့ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကိုလည်း ကြည်ညိုစဖွယ် ဖူးမြှော်နိုင်ပါသေးတယ်။

    ဒီကျောင်းတော်ကြီးကိုတော့ ထိုင်းဘတ်ငွေ သန်းပေါင်း ၃၂၀ကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ ကျန်ကျငွေအားလုံးကိုတော့ ၂၀၁၆ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ထိုင်းဘုရင် Bhumibol Adulyadej က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဗိမာန်တော်ကြီးရဲ့ ကောင်းမွန်လှပတဲ့ဒီဇိုင်းဖြစ်တဲ့အပြင် ထိုင်းဘုရင်ကိုယ်တိုင် လှူဒါန်းခဲ့တဲ့ ကျောင်းဖြစ်တာကြောင့်လည်း ထင်ရှားပါတယ်။

    (၄) Wat Pariwat , Bangkok

    ဒီကျောင်းတော်ကြီးကတော့ အံ့အားသင့်စရာပါ။ ဘာလို့လဲ ဆိုတော့ မန်ချက်စတာယူနိုက်တက် အသင်းသားဖြစ်သလို အင်္ဂလန်ဘောလုံး လက်ရွေးစင်လည်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းပုံတွေကိုပါ ကျောင်းအတွင်းမှာ ထည့်သွင်းထုလုပ်ထားတဲ့ အတွက်ကြောင့်ပါ။ ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေကတော့ ဒီကျောင်းကို ဒေးဗစ်ဘက်ခမ်းကျောင်းလို့ပဲ ခေါ်ကြပါတယ်။

    ဒီကျောင်းကိုတည်ဆောက်ခဲ့တဲ့ ဘုန်းတော်ကြီးကလည်း ဒေးဗစ်ဘက်ခမ်း ပရိသတ်ဖြစ်တဲ့အတွက် ဒီကျောင်းတော်ကို ဆောက်လုပ်တော့ ဒေးဗစ်ဘက်ခမ်းပုံတွေ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    (၅) Wat Yannawa , Bangkok

    Wat Yannawa ကိုတော့ ဖောင်တော်ဦးပုံစံ တည်ဆောက်ထားတာဖြစ်ပြီး ဘုရားဖူးခရီးသွား ဧည့်သည်တွေဟာ ဖော်တော်ဦးထဲမှာ လည်ပတ်ပြီး ဘုရားဖူးနိုင်ပါတယ်။ Chao Phraya မြစ်တဖက်ကမ်းမှာ တည်ရှိပြီး Loy Krathong လို့ခေါ်တဲ့ မီးထွန်းပွဲကာလ ရောက်ပြီးဆိုရင်တော့ ဒေသခံတွေဟာ ဘုရားဖူးဖို့ လှေငယ်ကလေးတွေနဲ့ လာရောက်လေ့ ရှိကြပါတယ်။

    ဘုရင် Rama III ဟာ အတိတ်တုန်းဆီက သူ့ပြည်သားတွေအတွက် ရတနာတွေကို သင်္ဘောနဲ့ ယူဆောင်ပေးခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ကို လူတွေ အမှတ်ရနေစေဖို့အတွက် ဒီကျောင်းတော်ကို ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    Ref : Thailand.tripcanvas

    Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy – Burmese Edition

  • ယာဥ္ေမာင္းလိုင္စင္ေျဖဆိုရန္အတြက္ Online Booking လုပ္နည္း

    (Zawgyi)

    ယာဥ္ေမာင္းလိုင္စင္ေျဖဆိုရန္အတြက္ Online Booking ဘယ္လိုလုပ္မလဲ

    ရန္ကုန္တိုင္းေဒသႀကီးအတြင္း လိုင္စင္ေျဖဆိုမည့္သူမ်ား အေနျဖင့္ အခ်ိန္ကုန္၊ လူပင္ပန္းစရာ မလိုေတာ့ဘဲ Online Booking System ျဖင့္ မိမိေျဖဆိုရမည့္ ေနရာ၊ ေန႔ရက္၊ အခ်ိန္မ်ားကို Online မွတစ္ဆင့္ ႀကိဳတင္ booking ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါသည္။

    Onlin Booking မ်ားကို www.rtad.gov.mm တြင္ ဝင္ေရာက္ ျပဳလုပ္ႏိုင္ပါသည္။ Online Booking ရယူရန္အတြက္ ဝန္ေဆာင္ခမွာ အခမဲ့ ျဖစ္ပါသည္။ Online Appointment Application Form တြင္ ေ႐ြးခ်ယ္ျဖည့္စြက္ရန္ လိုအပ္သည္မ်ားမွာ

    (၁) လာေရာက္ေျဖဆိုမည့္႐ုံးအမည္၊

    (၂) ရယူလိုသည့္ လိုင္စင္အမ်ိဳးအစား၊

    (၃) လာေရာက္ေျဖဆိုမည့္ေန႔၊

    (၄) လာေရာက္ေျဖဆိုမည့္အခ်ိန္၊

    (၅) လက္ရွိလိုင္စင္အမွတ္၊

    (၆) လက္ရွိလိုင္စင္ ထုတ္ေပးထားသည့္႐ုံး ျဖစ္ပါသည္။

    Online Booking ေလွ်ာက္ထားမႈတြင္ အဆင္မေျပမႈမ်ားႏွင့္ သိရွိလိုသည္မ်ားရွိပါက ရန္ကုန္႐ုံး ဖုန္း – ၀၉-၇၈၁၄၂၅၄၀၃၊ ၀၉-၉၇၄၈၈၅၈၉၆၊ ၀၉-၂၅၄၅၁၃၀၄၂ မ်ားကို ဆက္သြယ္ ေမးျမန္းႏိုင္ပါသည္။ဝန္ေဆာင္မႈရယူရန္အတြက္ အေျခခံလိုအပ္ခ်က္မ်ားကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါသည္။

    “ခ” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္

    (၁) အသက္(၁၈)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။

    (၂) ရန္ကုန္တိုင္းမွ ထုတ္ေပးထားသည့္ “သ” ယာဥ္ေမာင္းလိုင္စင္(သို႔မဟုတ္) “က” ယာဥ္ေမာင္းလိုင္စင္သက္တမ္း (၃) လျပည့္ၿပီး သက္တမ္းရွိလိုင္စင္ ျဖစ္ရမည္။

    (၃) ဦးစီးဌာနမွ ဖြင့္လွစ္သည့္ ယာဥ္စည္းကမ္း/လမ္းစည္းကမ္း ပညာေပးသင္တန္း တက္ေရာက္ၿပီးသူ (သို႔မဟုတ္) ဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ယာဥ္ေမာင္း သင္တန္းေက်ာင္း မွ တက္ေရာက္ၿပီးသည့္ သင္တန္းဆင္းလက္မွတ္ပါရွိရမည္။

    “ဃ” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္

    (၁) အသက္(၂၁)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။

    (၂) ျပည္ေထာင္စု ျမန္မာႏိုင္ငံသား (သို႔မဟုတ္) ဧည့္ႏိုင္ငံသား (သို႔မဟုတ္) ႏိုင္ငံသား ျပဳခြင့္ရသူမ်ား ျဖစ္ရမည္။

    (၃) ရန္ကုန္တိုင္းမွထုတ္ေပးထားသည့္ “ခ” ယာဥ္ေမာင္းလိုင္စင္ သက္တမ္း(၃)ႏွစ္ ျပည့္ၿပီး သက္တမ္းရွိလိုင္စင္ျဖစ္ရမည္။

    (၄) အျခားတိုင္းေဒသႀကီး/ျပည္နယ္/ခ႐ိုင္႐ုံးမ်ား၏ “ခ” ယာဥ္ေမာင္းလိုင္စင္ျဖစ္ပါက ရန္ကုန္တိုင္း႐ုံးမ်ားတြင္ နယ္ဝင္ေဆာင္႐ြက္ၿပီး ရန္ကုန္တိုင္း လိုင္စင္ေျပာင္းလဲရရွိၿပီး ျဖစ္ရမည္။

    “င” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္

    (၁) အသက္(၂၃)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။

    (၂) ျပည္ေထာင္စု ျမန္မာႏိုင္ငံသား (သို႔မဟုတ္) ဧည့္ႏိုင္ငံသား (သို႔မဟုတ္) ႏိုင္ငံသား ျပဳခြင့္ရသူမ်ား ျဖစ္ရမည္။

    (၃) ရန္ကုန္တိုင္းမွ ထုတ္ေပးထားသည့္ “ဃ” ယာဥ္ေမာင္းလိုင္စင္သက္တမ္း (၂)ႏွစ္ ျပည့္ၿပီးသူ (သို႔မဟုတ္) တစ္ဆက္တည္း “ခ” ယာဥ္ေမာင္းလိုင္စင္(၅)ႏွစ္ျပည့္ၿပီးသူ (သို႔မဟုတ္)
    “ခ” ယာဥ္ေမာင္းလိုင္စင္သက္တမ္းႏွင့္ ”ဃ” ယာဥ္ေမာင္းလိုင္စင္သက္တမ္း စုစုေပါင္း တစ္ဆက္တည္း (၅)ႏွစ္ျပည့္ၿပီးသူ၊ သက္တမ္းရွိ ယာဥ္ေမာင္းလိုင္စင္မ်ား ျဖစ္ရမည္။

    (၄) အျခားတိုင္းေဒသႀကီး/ ျပည္နယ္/ ခ႐ိုင္႐ုံးမ်ား၏ “ခ” ယာဥ္ေမာင္းလိုင္စင္ (သို႔) “ဃ” ယာဥ္ေမာင္းလိုင္စင္ ျဖစ္ပါက ရန္ကုန္တိုင္းအတြင္းရွိ ႐ုံးမ်ားတြင္ နယ္ဝင္ေဆာင္႐ြက္ၿပီး ရန္ကုန္တိုင္းလိုင္စင္ ေျပာင္းလဲရရွိၿပီး ျဖစ္ရမည္။

    ယာဥ္ေမာင္းစစ္ေဆးခမွာ လိုင္စင္အသစ္အားလုံးအတြက္ စစ္ေဆးခ တစ္ႀကိမ္လွ်င္ ၂၀၀၀ က်ပ္ျဖစ္ပါသည္။

    ယာဥ္ငွားရမ္းခမွာ

    (၁) “ခ”၊ “ဃ” တစ္ႀကိမ္အတြက္ ၅၀၀၀ က်ပ္

    (၂) “င” တစ္ႀကိမ္အတြက္ ၁၀၀၀၀ က်ပ္

    (၃) Simulator တစ္ႀကိမ္အတြက္ ၅၀၀၀ က်ပ္

    လိုင္စင္ေျဖဆိုသူမ်ားအေနျဖင့္ လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားမွာ

    “ခ” လိုင္စင္ေျဖဆိုသူမ်ားအတြက္

    (၁) သင္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)

    (၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)

    (၃) ယာဥ္ေမာင္းသင္တန္းတက္ေရာက္ၿပီးသည့္ သင္တန္းဆင္းလက္မွတ္ (မူရင္း/မိတၱဴ)

    (၄) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္ (သို႔) လက္ခံရရွိသည့္ mail အေထာက္အထား (phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။

    “ဃ” လိုင္စင္ေျဖဆိုသူမ်ားအတြက္

    (၁) “ခ”ယာဥ္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)

    (၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)

    (၃) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္ (သို႔) လက္ခံရရွိသည့္ mail အေထာက္အထား (Phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။

    “င ” လိုင္စင္ေျဖဆိုသူမ်ားအတြက္

    (၁) “ခ”(သို႔)”ဃ”ယာဥ္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)

    (၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)

    (၃) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္(သို႔) လက္ခံရရွိသည့္ mail အေထာက္အထား(phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။

    Myanmar National Portal

    Credit-yangondirectory

    (Unicode)

    ယာဉ်မောင်းလိုင်စင်ဖြေဆိုရန်အတွက် Online Booking ဘယ်လိုလုပ်မလဲ

    ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်ဖြေဆိုမည့်သူများ အနေဖြင့် အချိန်ကုန်၊ လူပင်ပန်းစရာ မလိုတော့ဘဲ Online Booking System ဖြင့် မိမိဖြေဆိုရမည့် နေရာ၊ နေ့ရက်၊ အချိန်များကို Online မှတစ်ဆင့် ကြိုတင် booking ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

    Onlin Booking များကို www.rtad.gov.mm တွင် ဝင်ရောက် ပြုလုပ်နိုင်ပါသည်။ Online Booking ရယူရန်အတွက် ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။ Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန် လိုအပ်သည်များမှာ

    (၁) လာရောက်ဖြေဆိုမည့်ရုံးအမည်၊

    (၂) ရယူလိုသည့် လိုင်စင်အမျိုးအစား၊

    (၃) လာရောက်ဖြေဆိုမည့်နေ့၊

    (၄) လာရောက်ဖြေဆိုမည့်အချိန်၊

    (၅) လက်ရှိလိုင်စင်အမှတ်၊

    (၆) လက်ရှိလိုင်စင် ထုတ်ပေးထားသည့်ရုံး ဖြစ်ပါသည်။

    Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ရန်ကုန်ရုံး ဖုန်း – ၀၉-၇၈၁၄၂၅၄၀၃၊ ၀၉-၉၇၄၈၈၅၈၉၆၊ ၀၉-၂၅၄၅၁၃၀၄၂ များကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။ဝန်ဆောင်မှုရယူရန်အတွက် အခြေခံလိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

    “ခ” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်

    (၁) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

    (၂) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) “က” ယာဉ်မောင်းလိုင်စင်သက်တမ်း (၃) လပြည့်ပြီး သက်တမ်းရှိလိုင်စင် ဖြစ်ရမည်။

    (၃) ဦးစီးဌာနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့မဟုတ်) ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ယာဉ်မောင်း သင်တန်းကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

    “ဃ” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်

    (၁) အသက်(၂၁)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

    (၂) ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်ရမည်။

    (၃) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ” ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

    (၄) အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ “ခ” ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိပြီး ဖြစ်ရမည်။

    “င” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်

    (၁) အသက်(၂၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

    (၂) ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်ရမည်။

    (၃) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း (၂)နှစ် ပြည့်ပြီးသူ (သို့မဟုတ်) တစ်ဆက်တည်း “ခ” ယာဉ်မောင်းလိုင်စင်(၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်)
    “ခ” ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် ”ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်များ ဖြစ်ရမည်။

    (၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “ခ” ယာဉ်မောင်းလိုင်စင် (သို့) “ဃ” ယာဉ်မောင်းလိုင်စင် ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင် ပြောင်းလဲရရှိပြီး ဖြစ်ရမည်။

    ယာဉ်မောင်းစစ်ဆေးခမှာ လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်ဖြစ်ပါသည်။

    ယာဉ်ငှားရမ်းခမှာ

    (၁) “ခ”၊ “ဃ” တစ်ကြိမ်အတွက် ၅၀၀၀ ကျပ်

    (၂) “င” တစ်ကြိမ်အတွက် ၁၀၀၀၀ ကျပ်

    (၃) Simulator တစ်ကြိမ်အတွက် ၅၀၀၀ ကျပ်

    လိုင်စင်ဖြေဆိုသူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများမှာ

    “ခ” လိုင်စင်ဖြေဆိုသူများအတွက်

    (၁) သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

    (၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

    (၃) ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)

    (၄) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။

    “ဃ” လိုင်စင်ဖြေဆိုသူများအတွက်

    (၁) “ခ”ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

    (၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

    (၃) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။

    “င ” လိုင်စင်ဖြေဆိုသူများအတွက်

    (၁) “ခ”(သို့)”ဃ”ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

    (၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

    (၃) QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိသည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။

    Myanmar National Portal

    Credit-yangondirectory

  • တျခားႏိုင္ငံသို႔ေရာက္ေနသည့္ ျမန္မာတို႔ရဲအဖိုးတန္ရတနာမ်ား

    (Zawgyi)

    တျခားႏိုင္ငံသို႔ေရာက္ေနသည့္ ျမန္မာတို႔ရဲအဖိုးတန္ရတနာမ်ား

    ၁။ ဗႏၶဳလ သံခ်ပ္ အက်ႌ

    ယခု လန္ဒန္ၿမိဳ႕ ျပတိုက္တြင္ရွိသည္။ ထိုသံခ်ပ္ကာအက်ႌမွာ ျမန္မာႏိုင္ငံတြင္ လုပ္ထားျခင္းမဟုတ္။သကၠရာဇ္ ၁၀၀၀ ခန႔္က အင္ဒိုပါးရွားျပည္မ်ား၌ ျပဳ႕လုပ္သုံးစြဲေလ့ရွိေသာ အက်ႌမ်ိဳးျဖစ္ၿပီး အေရာင္တင္ သတၱဳျပားမ်ားႏွင့္ ဂြန္းထိုးခ်ည္ထိုး အထည္အမ်ိဳးမ်ားႏွင့္ ခိုင္ခန႔္စြာ ခ်ဳပ္လုပ္ထားသည္။အရပ္ ၅ ေပ ၈ လက္မ အျမင့္အ႐ြယ္ရွိသည္။

    ၂။ ျမန္မာတို႔ရဲ႕ ပတၱျမားငေမာက္

    ၃။ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ

    စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ

    အမ်ိဳးအစား – စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ။ အခ်ိန္ကာလ – ၁၉ ရာစု ေနာက္ဆုံးႏွစ္အစိတ္ ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ ။ ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပိုးထည္ ၊ ေ႐ႊစင္ေ႐ႊျပား ၊ စီးကြင့္ေဘာ္ၾကယ္၊ ဥေရာပျဖစ္ေခါင္းေပါက္ပါ ၾကယ္သီး စသျဖင့္ အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IS.256 to B-1960။

    ခုျမင္ေနရတဲ့ ဝတ္စုံပိုင္ရွင္ နာမည္ကို အေသအခ်ာ မသိရပါ။ ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ျပတိုက္ မွာျပထားပါတယ္။ သီေပါမင္း ( ၁၈၇၈- ၁၈၈၅ ) ရဲ႕အမႈထမ္း စစ္သူႀကီးဝတ္စုံလို႔ေျပာပါတယ္။ သီေပါမင္းလက္ထက္ ဘယ္သူ စစ္သူႀကီးဆိုတာ အေျဖရွာၾကည့္လို႔ရေသာ္လည္းဘဲ သူ႔ဝတ္စုံပါလို႔ အေသအခ်ာ မေျပာရဲပါ။ ဒါေပမယ့္ သီေပါမင္းလက္ထက္ စစ္ဘက္ဆိုင္ရာ အရာရွိဝတ္စုံျဖစ္တယ္ဆိုရင္ ေလာေလာဆယ္လုံေလာက္ပါၿပီ။

    ၄။ မိဖုရားဝတ္႐ုံ

    အမ်ိဳးအစား – မိဖုရားဝတ္႐ုံ။ အခ်ိန္ကာလ – ၁၈၆၀ ဝန္းက်င္။ ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ။ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပုဇြန္ဆီေရာင္၊ အစိမ္းေရာင္ ၊ ေ႐ႊ ၊ ေငြ ၊ စီးကြင့္၊ေဘာ္ၾကယ္၊ နန္းႀကိဳး စတာေတြကို အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ ေ႐ႊခ်ည္၊ ေငြခ်ည္ထိုး ဝတ္႐ုံ။

    လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.45 to C, E, F-1912

    ျပတိုက္မႉးေတြရဲ႕အဆိုအရ မင္းတုန္းမင္း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ႔ရဲ႕မိဖုရားေတြထဲက တစ္ပါးအတြက္ ရည္႐ြယ္ၿပီး ဒီ ဝတ္႐ုံေတာ္ကို ခ်ဳပ္လုပ္ေစခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒီေတာ့ ေျပာစရာေပၚလာျပန္တယ္။ ဘယ္မိဖုရားလဲ။ ေ႐ႊတိုက္ေတာ္စာရင္း ( Official Records ) အရ မင္းတုန္းမင္းမွာ တရားဝင္အမည္ေပါက္ မိဖုရား ၆၀ ရွိပါတယ္။ အမည္မေပါက္တဲ့ သာမန္ ေဆာင္ရမိဖုရား၊ ကိုယ္လုပ္ေတာ္ဆိုတာေတြလည္း ရွိပါေသးတယ္။ တင္းက်ပ္တဲ့ သက္ဦးဆံပိုင္ စည္းကမ္းေတြနဲ႔ ထိမ္းခ်ဳပ္ထားတဲ့ ကုန္းေဘာင္ နန္းတြင္းမွာ ခစားသူေတြေရာ၊ ဝတ္စားဆင္ယင္ထားတဲ့ ဝတ္႐ုံ ကြဲပါတယ္။ ဝတ္႐ုံမွာ အလွဆင္ထားတဲ့ အရာတစ္ခုျခင္းဆီမွာ သီးျခားအဓိပၸါယ္ေဖာ္ေဆာင္တာရွိသလို ရာထူးအဆင့္တန္းကိုပါ ေဖာ္ျပတယ္။ ( သက္ဦးဆံပိုင္ ဘုရင္စနစ္ ဆိုတဲ့အတိုင္း ဘုရင္မထင္ရင္ မထင္သလို ဝတ္ထားတဲ့ဝတ္႐ုံ၊ ရာထူးနဲ႔ ေနာက္ဆုံး အသက္ပါ အခ်ိန္မေ႐ြးဆုံးပါးရေလ့ရွိတယ္) ကိုလိုနီေခတ္ဦးပိုင္း ျမန္မာႏိုင္ငံမွာ အမူ႔ထမ္းခဲ့တဲ့ အရာရွိတစ္ဦးမွ ဒီမိဖုရားဝတ္စုံကို ဝယ္ယူခဲ့တာပါ။ သမိုင္းဆရာ၊ ရာဇဝင္ဆရာ အေတာ္မ်ားမ်ားက ကုန္းေဘာင္ရာဇဝင္အေၾကာင္း ေရးထားတာေတြ အမ်ားႀကီးရွိေနၿပီမို႔ အက်ယ္မေရးေတာ့ပါ။ ျမန္မာဘုရင္ရဲ႕ နန္းတြင္း ပစၥည္းနဲ႔ ရတနာေတြ ဘယ္လိုေပ်ာက္ကုန္တယ္ဆိုတာကိုေတာ့ သမိုင္းဆရာ၊ ရာဇဝင္ဆရာေတြ သတိမထားမိဘူး ထင္ပါတယ္။ ဒါေပသိ ႐ုရွားလူမ်ိဳး ပါဠိနဲ႔ သကၠတပညာရွင္ အိုင္ဗင္ ပဗလိုဗစ္ မိဖ္နယယ့္ (Ivan Pavlovich Minaev 1940- 1890 ) ရဲ႕ ေန႔စဥ္ေရး မွတ္တမ္းအရ သီေပါမင္း မႏၲေလးကေန ပါေတာ္မူၿပီးေနာက္ ၅၇ ရက္ေျမာက္ေန႔မွာ ဘုရင့္နဲ႔ မိဖုရားအသုံးေဆာင္အပါဝင္ “နန္းတြင္းပစၥည္း” ေလလံပြဲတစ္ခုကို စေလဒင္ ဦးေဆာင္ၿပီးလုပ္ခဲ့ပါေၾကာင္း။

    ၅။ နန္းတြင္းသုံးေၾကးေမာင္းတူရိယာ

    ဗစ္တိုးရိးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္။

    ၆။ ရတနာသိယၤဓား

    ဓါး ပုံစံ – ငွက္ႀကီးေတာင္။ ဓါးအမ်ိဳးအစား – နန္းဓါး ဓါး႐ိုး မင္း႐ိုး ဓါးအိမ္ ဇာတ္ေတာ္ဖြဲ႕သ႐ုပ္ပါ ပါဝင္။ သံ – သံ ၇ပါး။ လက္ရာ – ကုန္းေဘာင္ေခတ္ေႏွာင္း။ ၿပီးစီးသည့္ႏွစ္ – မသိ။ တည္ရွိသည့္ေနရာ – လန္ဒန္ ၿမိဳ႕ေတာ္ ဟားဘတ္စ္ ျပတိုက္ အဂၤလန္။

    ၇။ ေ႐ႊေပလႊာ

    အေလာင္းမင္းတရားႀကီးဦးေအာင္ေဇယ်မွ ေဂ်ာ့စ္ဘုရင္ ၂ ထံ ေပးပို႔ေသာ ခ်စ္ၾကည္ေရးေ႐ႊေပလႊာႏွင့္ ျမေစတီေက်ာက္စာတို႔အား ယူနက္စကို ကမာၻ႔မွတ္တမ္းအေမြအနစ္အျဖစ္ ယခုႏွစ္ပိုင္းတြင္သတ္မွတ္ခဲ့သည္။

    ၉။ ကင္းဝန္မင္းႀကီး ဦးေကာင္း၏ဝတ္႐ုံ

    အမ်ိဳးအစား – ကင္းဝန္မင္းႀကီးဦးေကာင္း၏ ဝတ္႐ုံ။ အခ်ိန္ကာလ – ၁၉ ရာစု ေနာက္ဆုံးႏွစ္အစိတ္။ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – ႏိုင္ငံျခားျဖစ္ ဖဲသား၊ ပိုးထည္ ၊ ေ႐ႊစင္ေ႐ႊျပား ၊ ျခည္သားဖြတ္ၿမီးထိုး စသျဖင့္ အသုံးျပဳ၍ စီရင္ခ်ဳပ္ထားေသာ ဝန္ႀကီးဝတ္႐ုံ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.43 to D-1912

    ၉။ ပတၱျမားေခါင္းဘီး

    အမ်ိဳးအစား – ပတၱျမား ေခါင္းဘီး။ အခ်ိန္ကာလ – ၁၈ ရာစုရဲ႕ ေနာက္ဆုံး ၂၅ ႏွစ္ (၁၇၇၅-၁၈၀၀)။ ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – သစ္သား ေပၚ ေ႐ႊကပ္၊ ပတၱျမား ႏွင့္ ျမ ကို ေ႐ႊေပၚမွာ ျမဳပ္ၿပီး အလွဆင္။ အ႐ြယ္အစား – အရွည္ ၈.၂ စင္တီမီတာ ၊ ေဘးတိုက္အက်ယ္ ၅.၁ စင္တီမီတာ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္။ ျပတိုက္ပစၥည္း အမွတ္ – IS.2-1902။

    ၁၀။ နဂါး လက္ေကာက္ႏွင့္ လည္ဆြဲ

    အမ်ိဳးအစား – လက္ေကာက္၊ လည္ဆြဲ အပါ ရတနာ တစ္ဆင္စာ။ အခ်ိန္ကာလ – ၁၉ ရာစု (၁၈၅၀)။ေတြ႕ရွိရာေနရာ – မႏၲေလး။ ျမန္မာ ျပဳလုပ္ပုံနည္းပညာ – က်စ္ဆံျမႇီးက်စ္ ထားသလိုမ်ိဳး ေ႐ႊႀကိဳး ဖြတ္ျမႇီးထိုး မွာ ပတၱျမား ျဖင့္ပုံေဖာ္အလွဆင္။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – M.39-1939

    ၁၁။ ၁၈၅၄ ခုႏွစ္က ပန္းခ်ီကား

    အမ်ိဳးအစား – ၁၈၅၄ ခုႏွစ္ကပန္းခ်ီကား။ အခ်ိန္ကာလ – ၁၉ ရာစု။ ေတြ႕ရွိရာေနရာ – ကာလကတၱား။ ျပဳလုပ္ပုံနည္းပညာ – ေရေဆးပန္းခ်ီ။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား အယ္ဘာတ္ျပတိုက္ လန္ဒန္။ ျပတိုက္ပစၥည္းအမွတ္ – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950

    ၁၈၅၂ ခုႏွစ္က အဂၤလိပ္ ျမန္မာ ဒုတိယအႀကိမ္ စစ္ျဖစ္ၿပီး ျမန္မာႏိုင္ငံ ေအာက္ပိုင္းႏွင့္ ရခိုင္ကိုပါ အဂၤလိပ္တို႔က သိမ္းယူလိုက္ၾကပါတယ္။ ၁၈၅၄ ကုန္ခါနီးမွာ ျမန္မာဘုရင္ မင္းတုန္းမင္း ( ၁၈၅၃ – ၁၈၇၈ ) အေရွ႕နန္းမေတာ္ ဘုရားဝန္မင္းႀကီး ဦးေဆာင္တဲ့ အဖြဲ႕ကို အိႏၵိယဘုရင္ခံခ်ဳပ္ေလာ့ဒလဟိုစီ နဲ႔ ေတြ႕ဖို႔ရာ ကာလကတၱားကို သြားပါတယ္။ ဆာအာသာဖယ္ရာက ဒီခရီးစဥ္မွာ စကားျပန္အျဖစ္နဲ႔ လိုက္ခဲ့တာပါ။ ဆာအာသာဖယ္ရာရဲ႕ တူမက ျပတိုက္ကို လႉဒါန္းခဲ့တာပါ။ အတူပါလာတဲ့ နန္းတြင္းပန္းခ်ီ ပညာရွင္က မွတ္တမ္းတင္ေရးဆြဲထားတဲ့ ဒီပန္းခ်ီကား သုံးခ်ပ္လုံးမွာ ျမန္မာသံအမတ္မ်ားရဲ႕ ခမ္းနားထည္ဝါမူေတြကို ေလ့လာခြင့္ရခဲ့ပါတယ္ ။

    ၁၂။ ၁၉ ရာစု လည္ဆြဲ ဘယက္

    အမ်ိဳးအစား – လည္ဆြဲဘယက္။ အခ်ိန္ကာလ – ၁၉ ရာစု။ ေတြ႕ရွိရာေနရာ – မႏၲေလးျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – ေ႐ႊ ခ်ည္ႀကိဳးငယ္မ်ားတြင္ ပုလဲလုံးငယ္ကေလးမ်ား သီကုံး၍အလွဆင္။လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – 03165(IS)

    ပုလဲလုံးငယ္ေလးေတြကို ေ႐ႊခ်ည္ႀကိဳးေတြႏွင့္ ေသခ်ာသီၿပီး အလွဆင္ထားတဲ့ ဒီလည္ဆြဲဘယက္ ဟာ လူတစ္ကိုယ္အတြက္ တစ္ဆင္စာ ေျခခ်င္း၊ လက္စြတ္၊ နားေတာင္း ၊ လည္ဆြဲ စတာေတြထဲက တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ဒီလို လူတစ္ကိုယ္အတြက္ တစ္ဆင္စာျပည့္ ဝတ္စားဆင္ယဥ္မႈဟာ မ်ိဳး႐ိုး အဆင့္တန္းျမင့္ ျမန္မာအမ်ိဳးသမီး တစ္ဦးအတြက္ေတာ့ မရွိမျဖစ္ပါ။

    ၁၃။ လည္တုန္

    အမ်ိဳးအစား – လည္ဆြဲဘယက္ ( လည္တုန္ )။ အခ်ိန္ကာလ – ၁၉ ရာစုႏွစ္ ႏွစ္လယ္။ ေတြ႕ရွိရာေနရာ – တနသၤာရီ ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – ေ႐ႊခ်ည္ နဂထာကို နီက်င္က်င္အေရာင္ဆင္း ရရွိေအာင္ မဂ်ီးသီး(မန္က်ည္းသီ:) ႏွင့္ ေ႐ႊကို ေရေႏြးထဲ ထည့္ျပဳပ္တယ္။ ဒါမွမဟုတ္ ဆာလဖာ ကိုမီးရႈိ႕ၿပီး ေ႐ႊအေရာင္ရင့္လာ ေအာင္မႈိင္းတိုက္ တယ္။ လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – 123-1852

    ၁၉ ရာစုအလယ္ပိုင္းမွာ ျမန္မာအမ်ိဳးသမီးေတြ သိပ္ဝတ္တဲ့ လည္ဆြဲပါ။ နီက်င္က်င္အေရာင္ရွိၿပီး လည္မွာဆြဲထားရင္ တလႈပ္လႈပ္ႏွင့္ မို႔ “လည္တုန္” လို႔ေခၚတယ္။ အေျပာက္အမြန္းေကာင္းေကာင္း၊ ဆြဲသီး အေတာ္မ်ားမ်ား (၂၃ ခု) ၊ ကုန္းေဘာင္မင္းဆက္ (၁၇၅၂-၁၈၈၅) အမွတ္လကၡဏာ ေဒါင္းတံဆိပ္ တို႔ႏွင့္ အလွဆင္ထားတာမို႔ ဝတ္ဆင္သူဟာ အင္မတန္ အဆင့္တန္းျမင့္တဲ့ အသိုင္းဝိုင္းကျဖစ္မွာပါ။

    ၁၃။ ရခိုင့္အေျမာက္လက္နတ္ႀကီး

    အေျမႇာက္ေပၚတြင္ ေရးထိုးထားသည့္စာအရ (၁၁၄၆)ခု ျပာသိုလျပည့္ေက်ာ္ရံေန စေနေန႔ည ၄ ခ်ပ္တီးေက်ာ္တရာရိတြင္ ဓညဝတီသိပ္ရ) ဟု ေရးထိုးထားတယ္။ ရခိုင္မဂၢဇင္း (ဓညဝတီေခတ္ သမိုင္းစာအုပ္မွာ ) ၁၁၄၆ ခု ျပာသိုလျပည္ေက်ာ္ ၇ ရက္ေန႔ စေနေန႔က ရခိုင္ျပည္သည္ ဗမာဘုရင္ မိစာၦေမာင္ဝိုင္းလက္ေအာက္ က်ေရာက္ေသာေန႔ ျဖစ္သည္။ ယင္းအခ်ိန္တြင္ ရခိုင္ဘုရင္ မဟာ သမၼတရာဇာက သူ၏ ခ်စ္ျမတ္ႏိူးလွေသာ မိဖုရားျမသႏၲာႏွင့္အတူ သားေတာ္ သမီးေတာ္ ရဲေဘာ္မႈးမတ္မ်ားကို ေခၚယူၿပီး တိုက္ေလွအစင္း၄၀ ျဖင့္ (ကမ္းသာယာ )ကြၽန္းသာယာ)ဘက္သို႔ တိမ္းေရွာင္ခဲ့ရသည္။ အေျမႇာက္ရဲ႕ ရာဇဝင္က ရခိုင္ ဘိုးဖီးလက္ထက္က အေျမႇာက္ျဖစ္တယ္။ ဒီအေျမႇာက္ကို ေပၚတူကီႏိူင္ငံက ပိုင္တယ္ လို႔ေျပာၾကတယ္။ အေျမႇာက္မွာ ေရးထားတဲ့ စာက ရခိုင္လို ေရးထားတဲ့စာ။ ေနာက္ဆုံးေတာ့ ရခိုင္ဘုရင္မင္းမ်ား ပိုင္ဆိုင္ခဲ့သည့္ အေျမႇာက္ဟု ၿဗိတိသွ်သမိုင္းသုေတသီမ်ားက အတည္ျပဳ ေျပာၾကားလာတယ္။ အဂၤလိပ္က ျမန္မာႏိူင္ငံကိုသိမ္းပိုက္ၿပီးေနာက္ ဘိုးေတာ္ေမာင္ဝိုင္း ရခိုင္က ယူေဆာင္လာေသာ အေျမႇာက္ႀကီးမ်ားကို ယူေဆာင္လာၿပီး ျမန္မာကို ၿဗိတိသွ်တို႔ နယ္ခ်ဲ႕ၿပီးေနာက္ ၿဗိတိသွ်အင္ပါယာျဖစ္ေသာ စေကာ့တလန္ ( အီဒင္ဘာ) ရဲ႕ (Calton Hill – 1887) မွာ ယေန႔ထိတိုင္ ထားရွိေနဆဲလို႔ သိရသည္…။

    ၁၄။ ဟသၤာ႐ုပ္ကြမ္းအုပ္

    ယခင္က ဗစ္တိုးရိးယားနဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ၿမိဳ႕မွာ ရွိခဲ့ၿပီး ယခု ျမန္မာႏိုင္ငံကို ျပန္လႉထားတယ္လို႔ သိရပါတယ္။

    ၁၅။ မႏၲေလးနန္းသုံးယပ္ေတာင္

    အမ်ိဳးအစား – ယပ္ေတာင္။ အခ်ိန္ကာလ – ၁၈၈၀။ေတြ႕ရွိရာေနရာ – မႏၲေလးၿမိဳ႕၊ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ – သစ္သားေခ်ာင္းငယ္ေလးမ်ားကိုအသုံးျပဳၿပီး ယပ္ေတာင္ပုံ အရင္ေဖာ္ယူသည္။ ၿပီးေနာက္ အသင့္အေနေတာ္ ပိုးထည္စကပ္သည္။ ပိုးထည္စေပၚတြင္ ႐ိုးရာၾကက္ဥအကာ ေရာထားသည့္ ေရေဆး၊ ေ႐ႊႏွင့္ ေငြေရာင္ မ်ားကိုအသုံးျပဳၿပီး ေရးဆြဲထားျခင္း ျဖစ္သည္။ လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႔ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္ ျပတိုက္။ ပစၥည္း အမွတ္ – IM.292-1921

    ၁၆။ ေ႐ႊေခါင္းေဆာင္း ( သရဖူ )

    အမ်ိဳးအစား – ေ႐ႊေခါင္းေဆာင္း။ အခ်ိန္ကာလ – ဘုရင္မႀကီး ရွင္ေစာပု (၁၄၅၃-၁၄၆၀)အသုံးျပဳခဲ့သည္ဟု ယူဆရသည္။ ေတြ႕ရွိရာေနရာ -(၁၈၅၅)ေ႐ႊတိဂုံဘုရား၊ ျမန္မာ။ ျပဳလုပ္ပုံနည္းပညာ -ေ႐ႊသားျဖင့္ျပဳလုပ္ထားၿပီး ရတနာ စီျခယ္ထားေသာ ေခါင္းေဆာင္း။ လက္ရွိတည္ေနရာ – လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ ျပတိုက္

    စကားခ်ပ္။ ။ ရွင္ေစာပုဘုရင္မႀကီး အသုံးျပဳခဲ့သည္ဟုဆိုေသာ ေ႐ႊေခါင္းေဆာင္းတစ္ခုကို လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ႀကီးတြင္ ယေန႔တိုင္ ျပသထားေလသည္။

    Credit-Ko knowledge

    (Unicode)

    တခြားနိုင်ငံသို့ရောက်နေသည့် မြန်မာတို့ရဲအဖိုးတန်ရတနာများ

    ၁။ ဗန္ဓုလ သံချပ် အင်္ကျီ

    ယခု လန်ဒန်မြို့ ပြတိုက်တွင်ရှိသည်။ ထိုသံချပ်ကာအင်္ကျီမှာ မြန်မာနိုင်ငံတွင် လုပ်ထားခြင်းမဟုတ်။သက္ကရာဇ် ၁၀၀၀ ခန့်က အင်ဒိုပါးရှားပြည်များ၌ ပြု့လုပ်သုံးစွဲလေ့ရှိသော အင်္ကျီမျိုးဖြစ်ပြီး အရောင်တင် သတ္တုပြားများနှင့် ဂွန်းထိုးချည်ထိုး အထည်အမျိုးများနှင့် ခိုင်ခန့်စွာ ချုပ်လုပ်ထားသည်။အရပ် ၅ ပေ ၈ လက်မ အမြင့်အရွယ်ရှိသည်။

    ၂။ မြန်မာတို့ရဲ့ ပတ္တမြားငမောက်

    ၃။ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ

    အမျိုးအစား – စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ် တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ။ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IS.256 to B-1960။

    ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကို အသေအချာ မသိရပါ။ ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။ သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။ သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ်ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။

    ၄။ မိဖုရားဝတ်ရုံ

    အမျိုးအစား – မိဖုရားဝတ်ရုံ။ အချိန်ကာလ – ၁၈၆၀ ဝန်းကျင်။ တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ။ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။

    လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.45 to C, E, F-1912

    ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား၊ ကိုယ်လုပ်တော်ဆိုတာတွေလည်း ရှိပါသေးတယ်။ တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။ ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာတစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ဝတ်ရုံ၊ ရာထူးနဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်) ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်း ရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။ မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေ ဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူး ထင်ပါတယ်။ ဒါပေသိ ရုရှားလူမျိုး ပါဠိနဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် “နန်းတွင်းပစ္စည်း” လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။

    ၅။ နန်းတွင်းသုံးကြေးမောင်းတူရိယာ

    ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။

    ၆။ ရတနာသိင်္ယဓား

    ဓါး ပုံစံ – ငှက်ကြီးတောင်။ ဓါးအမျိုးအစား – နန်းဓါး ဓါးရိုး မင်းရိုး ဓါးအိမ် ဇာတ်တော်ဖွဲ့သရုပ်ပါ ပါဝင်။ သံ – သံ ၇ပါး။ လက်ရာ – ကုန်းဘောင်ခေတ်နှောင်း။ ပြီးစီးသည့်နှစ် – မသိ။ တည်ရှိသည့်နေရာ – လန်ဒန် မြို့တော် ဟားဘတ်စ် ပြတိုက် အင်္ဂလန်။

    ၇။ ရွှေပေလွှာ

    အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှ ဂျော့စ်ဘုရင် ၂ ထံ ပေးပို့သော ချစ်ကြည်ရေးရွှေပေလွှာနှင့် မြစေတီကျောက်စာတို့အား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနစ်အဖြစ် ယခုနှစ်ပိုင်းတွင်သတ်မှတ်ခဲ့သည်။

    ၉။ ကင်းဝန်မင်းကြီး ဦးကောင်း၏ဝတ်ရုံ

    အမျိုးအစား – ကင်းဝန်မင်းကြီးဦးကောင်း၏ ဝတ်ရုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.43 to D-1912

    ၉။ ပတ္တမြားခေါင်းဘီး

    အမျိုးအစား – ပတ္တမြား ခေါင်းဘီး။ အချိန်ကာလ – ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ် (၁၇၇၅-၁၈၀၀)။ တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။ အရွယ်အစား – အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။ ပြတိုက်ပစ္စည်း အမှတ် – IS.2-1902။

    ၁၀။ နဂါး လက်ကောက်နှင့် လည်ဆွဲ

    အမျိုးအစား – လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ။ အချိန်ကာလ – ၁၉ ရာစု (၁၈၅၀)။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – M.39-1939

    ၁၁။ ၁၈၅၄ ခုနှစ်က ပန်းချီကား

    အမျိုးအစား – ၁၈၅၄ ခုနှစ်ကပန်းချီကား။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – ကာလကတ္တား။ ပြုလုပ်ပုံနည်းပညာ – ရေဆေးပန်းချီ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား အယ်ဘာတ်ပြတိုက် လန်ဒန်။ ပြတိုက်ပစ္စည်းအမှတ် – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950

    ၁၈၅၂ ခုနှစ်က အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရခိုင်ကိုပါ အင်္ဂလိပ်တို့က သိမ်းယူလိုက်ကြပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း ( ၁၈၅၃ – ၁၈၇၈ ) အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ အဖွဲ့ကို အိန္ဒိယဘုရင်ခံချုပ်လော့ဒလဟိုစီ နဲ့ တွေ့ဖို့ရာ ကာလကတ္တားကို သွားပါတယ်။ ဆာအာသာဖယ်ရာက ဒီခရီးစဉ်မှာ စကားပြန်အဖြစ်နဲ့ လိုက်ခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်းပန်းချီ ပညာရှင်က မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီပန်းချီကား သုံးချပ်လုံးမှာ မြန်မာသံအမတ်များရဲ့ ခမ်းနားထည်ဝါမူတွေကို လေ့လာခွင့်ရခဲ့ပါတယ် ။

    ၁၂။ ၁၉ ရာစု လည်ဆွဲ ဘယက်

    အမျိုးအစား – လည်ဆွဲဘယက်။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – မန္တလေးမြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 03165(IS)

    ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။

    ၁၃။ လည်တုန်

    အမျိုးအစား – လည်ဆွဲဘယက် ( လည်တုန် )။ အချိန်ကာလ – ၁၉ ရာစုနှစ် နှစ်လယ်။ တွေ့ရှိရာနေရာ – တနင်္သာရီ မြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေချည် နဂထာကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့်ပြုပ်တယ်။ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။ လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 123-1852

    ၁၉ ရာစုအလယ်ပိုင်းမှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲပါ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ “လည်တုန်” လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။

    ၁၃။ ရခိုင့်အမြောက်လက်နတ်ကြီး

    အမြှောက်ပေါ်တွင် ရေးထိုးထားသည့်စာအရ (၁၁၄၆)ခု ပြာသိုလပြည့်ကျော်ရံနေ စနေနေ့ည ၄ ချပ်တီးကျော်တရာရိတွင် ဓညဝတီသိပ်ရ) ဟု ရေးထိုးထားတယ်။ ရခိုင်မဂ္ဂဇင်း (ဓညဝတီခေတ် သမိုင်းစာအုပ်မှာ ) ၁၁၄၆ ခု ပြာသိုလပြည်ကျော် ၇ ရက်နေ့ စနေနေ့က ရခိုင်ပြည်သည် ဗမာဘုရင် မိစ္ဆာမောင်ဝိုင်းလက်အောက် ကျရောက်သောနေ့ ဖြစ်သည်။ ယင်းအချိန်တွင် ရခိုင်ဘုရင် မဟာ သမ္မတရာဇာက သူ၏ ချစ်မြတ်နိူးလှသော မိဖုရားမြသန္တာနှင့်အတူ သားတော် သမီးတော် ရဲဘော်မှုးမတ်များကို ခေါ်ယူပြီး တိုက်လှေအစင်း၄၀ ဖြင့် (ကမ်းသာယာ )ကျွန်းသာယာ)ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ အမြှောက်ရဲ့ ရာဇဝင်က ရခိုင် ဘိုးဖီးလက်ထက်က အမြှောက်ဖြစ်တယ်။ ဒီအမြှောက်ကို ပေါ်တူကီနိူင်ငံက ပိုင်တယ် လို့ပြောကြတယ်။ အမြှောက်မှာ ရေးထားတဲ့ စာက ရခိုင်လို ရေးထားတဲ့စာ။ နောက်ဆုံးတော့ ရခိုင်ဘုရင်မင်းများ ပိုင်ဆိုင်ခဲ့သည့် အမြှောက်ဟု ဗြိတိသျှသမိုင်းသုတေသီများက အတည်ပြု ပြောကြားလာတယ်။ အင်္ဂလိပ်က မြန်မာနိူင်ငံကိုသိမ်းပိုက်ပြီးနောက် ဘိုးတော်မောင်ဝိုင်း ရခိုင်က ယူဆောင်လာသော အမြှောက်ကြီးများကို ယူဆောင်လာပြီး မြန်မာကို ဗြိတိသျှတို့ နယ်ချဲ့ပြီးနောက် ဗြိတိသျှအင်ပါယာဖြစ်သော စကော့တလန် ( အီဒင်ဘာ) ရဲ့ (Calton Hill – 1887) မှာ ယနေ့ထိတိုင် ထားရှိနေဆဲလို့ သိရသည်…။

    ၁၄။ ဟင်္သာရုပ်ကွမ်းအုပ်

    ယခင်က ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်မြို့မှာ ရှိခဲ့ပြီး ယခု မြန်မာနိုင်ငံကို ပြန်လှူထားတယ်လို့ သိရပါတယ်။

    ၁၅။ မန္တလေးနန်းသုံးယပ်တောင်

    အမျိုးအစား – ယပ်တောင်။ အချိန်ကာလ – ၁၈၈၀။တွေ့ရှိရာနေရာ – မန္တလေးမြို့၊မြန်မာ။ ပြုလုပ်ပုံနည်းပညာ – သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံ အရင်ဖော်ယူသည်။ ပြီးနောက် အသင့်အနေတော် ပိုးထည်စကပ်သည်။ ပိုးထည်စပေါ်တွင် ရိုးရာကြက်ဥအကာ ရောထားသည့် ရေဆေး၊ ရွှေနှင့် ငွေရောင် များကိုအသုံးပြုပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.292-1921

    ၁၆။ ရွှေခေါင်းဆောင်း ( သရဖူ )

    အမျိုးအစား – ရွှေခေါင်းဆောင်း။ အချိန်ကာလ – ဘုရင်မကြီး ရှင်စောပု (၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။ တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား၊ မြန်မာ။ ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း။ လက်ရှိတည်နေရာ – လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက် ပြတိုက်

    စကားချပ်။ ။ ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

    Credit-Ko knowledge

  • ေရႊတြင္းမ်ားရိွရာ စဥ့္ကူးႏွင့္ သပိတ္က်င္းမွာ ေရႊေတြဘယ္လိုတူးေဖာ္ၾကသလဲ

    (Zawgyi)

    ေ႐ႊတြင္းမ်ားရွိရာ စဥ့္ကူး၊ သပိတ္က်င္းက ျပန္ခဲ့တယ္

    မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ စဥ့္ကူး၊ သပိတ္က်င္းၿမိဳ႕နယ္မ်ားတြင္ ေက်ာက္ေ႐ႊတူးေဖာ္ျခင္း လုပ္ကိုင္ေနသည့္ ေ႐ႊတြင္းမ်ားသို႔ ၂၀၁၉ ေဖေဖာ္ဝါရီ ဒုတိယပတ္အတြင္း သြားေရာက္ေလ့လာခဲ့သည္မ်ားကို ေဖာ္ျပအပ္ပါသည္။

    ေ႐ႊကို ဘယ္လို တူးေဖာ္ၾကသလဲ

    ေ႐ႊတူးေဖာ္ရာတြင္ ျမစ္၊ ေခ်ာင္းမ်ားမွ ေရစီးေၾကာင္းျဖင့္ပါလာကာ အနည္ထိုင္ေနသည့္ ကမ္းပါးမ်ား၊ ေျမသားမ်ားကို ေရအားျဖင့္ ၿဖိဳခ်တူးေဖာ္သည့္ နည္းလမ္း (ဝါ)အနည္က် ေ႐ႊတူးေဖာ္ေရး (ဝါ) ျဗဳန္းေ႐ႊတူးေဖာ္ေရးႏွင့္ ေျမႀကီးေအာက္ နက္ရႈိင္းေသာေနရာတြင္ အျခားေသာ သတၱဳမ်ားႏွင့္ ေရာေႏွာကာ အုံႏွင့္က်င္းႏွင့္ တည္ရွိေနသည့္ေ႐ႊကို လိုဏ္ဂူမ်ား၊ က်င္းမ်ား၊ အင္းမ်ားေဖာက္၍ တူးေဖာ္ေသာ နည္းလမ္း (ဝါ) ေက်ာက္ေ႐ႊ တူးေဖာ္ျခင္းဟူ၍ ႏွစ္ပိုင္းခြဲျခားႏိုင္သည္။

    ေက်ာက္ေ႐ႊတူးေဖာ္ရန္အတြက္ ေ႐ႊလုပ္ကြက္ရွိေသာ ေနရာအား အစိုးရထံ လုပ္ကြက္ေလွ်ာက္ယူၿပီး က်သင့္အခြန္ ေပးသြင္းရသည္။ လုပ္ကြက္ႀကီး ရွိေသာေနရာတြင္ လုပ္ကြက္ငယ္မ်ားအား ကန္ထ႐ိုက္သေဘာ ျပန္လည္ခြဲသြင္းေပးသည္။ လုပ္ကြက္ငယ္ပိုင္ရွင္အေနျဖင့္ ေ႐ႊတူးေဖာ္ရန္ ကုန္က်စရိတ္ကို မိမိဘာသာ စိုက္ဝင္သုံးစြဲၿပီး ေ႐ႊရၿပီဆိုပါက အဆိုပါေ႐ႊအား သုံးပုံပုံကာ တစ္ပုံအား ကုမၸဏီႀကီးထံသို႔ ျပန္လည္ေပးသြင္းရေသာ စနစ္ျဖင့္ တူးေဖာ္ လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။ ေက်ာက္ေ႐ႊအထြက္မ်ားေသာ ေဒသမ်ားမွာ ရမည္းသင္း မိုးထိမိုးမိေဒသ၊ သပိတ္က်ဥ္းေဒသ၊ ေကာလင္းေဒသတို႔ျဖစ္ၾကၿပီး ျဗဳန္းေ႐ႊမွာ ခ်င္းတြင္းျမစ္၊ ဧရာဝတီျမစ္ေၾကာတစ္ေလွ်ာက္ တူးေဖာ္ၾကျခင္း ျဖစ္သည္။

    ေက်ာက္ေ႐ႊကိုဘယ္လိုရွာၾကသလဲ

    ေျမႀကီးေအာက္ မည္သည့္ေနရာတြင္ ေ႐ႊေၾကာရွိမလဲဆိုသည္ကို ေ႐ႊတူးေဖာ္ေရးသမားမ်ားအေနျဖင့္မည္သို႔မည္ပုံ ရွာေဖြၾကပါသလဲဆိုသည္မွာ သာမန္လူတစ္ဦးအေနျဖင့္ အေတာ္စဥ္းစားရခက္ေသာ ကိစၥျဖစ္သည္။ အေၾကာင္းသိလွ်င္ လြယ္ပါသည္။ သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ေဒသရွိ ေ႐ႊေၾကာရွိေသာေနရာတြင္ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား (ဝါ) ေက်ာက္မဲ၊ သလင္းပြ၊ သလင္းက်စ္မ်ား ေပါမ်ားစြာေတြ႕ရေသာေၾကာင့္ ေ႐ႊသမားမ်ားသည္ ေက်ာက္ဖေယာင္း မည္သည့္ေနရာတြင္ ေပါမ်ားစြာ ေတြ႕ရသလဲဆိုသည္ကို မူလပထမ လိုက္ရွာေလ့ရွိၾကသည္။

    မိုင္းခြဲရန္ ျပင္ဆင္ေနသည့္ ေ႐ႊလုပ္သားမ်ားအား ေတြ႕ရစဥ္

    ေက်ာက္ဖေယာင္းဟု အမည္ေပးထားသည့္အတိုင္း အဆိုပါ ေက်ာက္ဖေယာင္းသည္ ျပင္ပဖေယာင္းသားကဲ့သို႔ လြန္စြာႏူးညံ့ၿပီး အဆီဓာတ္ရွိသည္။ ေျမေအာက္ထဲရွိ ေက်ာက္သားထုမ်ား၊ ျပတ္ေ႐ြ႕ေၾကာမ်ား အခ်င္းခ်င္းပြတ္တိုက္ရာတြင္ ေက်ာက္ဖေယာင္းသည္ ေခ်ာဆီကဲ့သို႔ ေက်ာက္သားထုမ်ားၾကား ပြတ္တိုက္မႈ ေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေပးသည့္ ေက်ာက္သားအပြတစ္မ်ိဳးျဖစ္ၿပီး လက္ျဖင့္ဖဲ့ေခ်၍ ရသည္အထိ ႏူးညံ့လွသည္။ ေက်ာက္ဖေယာင္းၿပီးလွ်င္ ေတြ႕ရမည္မွာ ေက်ာက္ကုလားဟု ေခၚဆိုၾကသည့္ အမည္းေရာင္ ေက်ာက္အမာတစ္မ်ိဳးျဖစ္ၿပီး မာေက်ာမႈ လြန္စြာျမင့္မားလွသည္။ ေ႐ႊတြင္းတူးေဖာ္ရာတြင္ အဆိုပါ ေက်ာက္ကုလားကို ယမ္းျဖင့္ ေဖာက္ခြဲရၿပီး ယမ္းေဖာက္ရန္အတြက္ အဆိုပါ ေက်ာက္ကုလား ေက်ာက္သားထုထဲသို႔ သုံးေပ – ေလးေပခန႔္ရွိ အေပါက္မ်ားကို ဂန္းျဖင့္ ေဖာက္ရသည္။ တစ္ခါတစ္ရံတြင္ ဂေဟေဆာ္သည့္အလား မီးပြင့္မ်ား ျဖာထြက္သည္အထိ မာေက်ာလွေသာ ေက်ာက္အမ်ိဳးအစား တစ္ခုျဖစ္သည္။ ေက်ာက္ဖေယာင္းႏွင့္ ေက်ာက္ကုလားကို ေျမေအာက္တြင္ မ်ားမ်ားေတြ႕ေလ ေ႐ႊသမားတို႔ အိပ္မက္မ်ား ပိုမိုလွပေလျဖစ္သည္။ ေက်ာက္ကုလားၿပီးေနာက္ ေတြ႕ရ မည္မွာ သလင္းပြဟုေခၚဆိုသည့္ ေက်ာက္အျဖဴတစ္မ်ိဳးျဖစ္သည္။ ၾကည္လင္ေသာ အဆင္းရွိၿပီး သိပ္သည္းဆနည္းပါးေသာေၾကာင့္ အလြယ္တကူ ေခ်မြႏိုင္သည္။ သလင္းပြေက်ာက္မ်ားကို ေတြ႕ရွိေသာ္လည္း ျဗဳန္းဟုေခၚဆိုသည့္ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားသို႔ မေရာက္ေသးပါ။ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားကို အုံႏွင့္က်င္းႏွင့္ ေတြ႕ရွိသည္အထိ ေျမေအာက္တြင္ ဆက္လက္တူးေဖာ္ရဦးမည္ျဖစ္သည္။

    ေျမအာက္မွာ ေ႐ႊဘယ္လိုရွာၾကသလဲ

    ေက်ာက္ေ႐ႊ တူးေဖာ္ရာတြင္ ပထမဦးစြာ ေအာက္ဆီဒိုက္ဇုန္ (ဝါ) ေ႐ႊထုတ္ရန္ လြယ္ေသာအပိုင္းသို႔ေရာက္ရန္ ေျမႀကီးေအာက္သို႔ တည့္တည့္တူးေဖာ္ရသည္။ တခ်ိဳ႕ေသာ ဝါရင့္ေ႐ႊတူးေဖာ္ေရးသမားမ်ားကမူ ေဘးတေစာင္း ခပ္ေျပေျပ တူးေဖာ္ၾကသည္။

    ေျမႀကီးေအာက္ ေပတစ္ရာ၊ ႏွစ္ရာ အနက္သို႔ေရာက္ေအာင္ ေက်ာက္သားထုမ်ားကို ထိုးေဖာက္ၿပီးေအာက္သို႔ နက္သထက္နက္ေအာင္ ဆင္းႏိုင္မွ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား စသည့္ ေ႐ႊသတၱဳအနားတြင္ ေတြ႕ရေသာ ေက်ာက္မ်ားကို ေတြ႕ရွိရမည္ျဖစ္သည္။ က်င္းတူးရာတြင္ အဓိကႀကဳံရေသာ အခက္အခဲမွာ ေျမေအာက္ေရစိမ့္ထြက္ေသာ ျပႆနာျဖစ္သည္။ ထိုအခ်ိန္တြင္ မည္မွ်အနက္အထိ တူးမည္။ မည္သည့္ဘက္သို႔ ဆက္ေဖာက္မည္ဆိုသည္ကို ဆုံးျဖတ္ေပးေသာလူမွာ အင္းဆရာျဖစ္သည္။

    ေ႐ႊတြင္းတစ္ခု၏ အရႈံးအျမတ္သည္ အင္းဆရာ၏ အေတြ႕အႀကဳံ၊ ပညာေပၚမူတည္ေနပါသည္။ထို႔ေၾကာင့္ ေ႐ႊေမွာ္ေဒသတြင္ လုပ္ခလစာအမ်ားဆုံး၊ ေကာ္မရွင္ အမ်ားဆုံးရေသာသူသည္ အင္းဆရာျဖစ္ၿပီး နာမည္ေက်ာ္ အင္းဆရာမ်ားအား ေဘာလုံးသမားမ်ားကဲ့သို႔ ေ႐ႊတြင္းပိုင္ရွင္မ်ားက လစာအၿပိဳင္အဆိုင္ ေပးေခၚၾက၊ စာခ်ဳပ္ ခ်ဳပ္ထားၾကသည္။ အင္းဆရာက မည္သည့္အနက္သို႔ ေရာက္ေအာင္ ေဒါင္လိုက္တူးမည္။ မည္သည့္ေနရာတြင္ ရပ္မည္ဆိုလွ်င္ ထိုေနရာတြင္ ရပ္ထားရသည္။ထို႔ေနာက္ ေ႐ႊက်င္း၏ ေအာက္ေျခ၊ ေရွ႕၊ ေနာက္၊ ေတာင္၊ ေျမာက္ ေလးဘက္ေလးတန္သို႔ မိုင္းခြဲကာ အင္းဆရာက စမ္းသပ္သည္။ မိုင္းခြဲရာက ထြက္ရွိလာေသာ ေက်ာက္သားထု၊ ပါဝင္ေက်ာက္သား အမ်ိဳးအစားအေပၚ အေျခခံၿပီး အေရွ႕ဘက္သို႔ ေဖာက္မည္။ အေနာက္ဘက္သို႔ ေဖာက္မည္ဟု အင္းဆရာက ဆုံးျဖတ္ခ်က္ခ်ေပးျခင္း ျဖစ္သည္။ အင္းဆရာ ဆုံးျဖတ္ခ်က္မွန္ေသာေၾကာင့္ ေအာင္ျမင္သြားေသာ ေ႐ႊတြင္း အမ်ားအျပားရွိသကဲ့သို႔ အင္းဆရာ ဆုံးျဖတ္ခ်က္မွားေသာေၾကာင့္ ဆုံးရႈံးသြားေသာ ေ႐ႊတြင္းမ်ားမွာလည္း ေ႐ႊေလာကတြင္ ဒုႏွင့္ေဒးသာျဖစ္သည္။ ထို႔အတူပင္ ေ႐ႊလုပ္သားမ်ား၏ အသက္သည္လည္း အင္းဆရာေပၚမူတည္သည္။ အင္း၏ ႀကံ့ခိုင္ေရး၊ လုံၿခဳံေရး၊ ေက်ာက္သားမ်ား၊ ေျမေအက္ေရမ်ား၏ အေျခအေနကို အင္းဆရာက စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ကာ လုံၿခဳံေရးအစီအမံမ်ား ေဆာင္႐ြက္ေပးရသည့္အတြက္ မည္သူ႔ကိုမွ် လူမထင္ၾကေသာ ေ႐ႊလုပ္သားမ်ားသည္ အင္းဆရာကိုမူ ေၾကာက္႐ြံ႕ေလးစားၾကေပသည္။

    ေက်ာက္သားမ်ားကို စမ္းသပ္ေနသည့္ အင္းဆရာတစ္ဦးအား ေတြ႕ရစဥ္

    အင္းဆရာက မည္သည့္ဘက္သို႔ ဆက္လက္တူးေဖာ္ရမည္ဆိုသည္ကို အမွတ္အသားေပးၿပီးေနာက္တြင္မူ ဂန္းအဖြဲ႕အလွည့္ ေရာက္ပါသည္။ ေက်ာက္သားမ်ားကို ယမ္းျဖင့္ေဖာက္ခြဲရန္အတြက္ အဆိုပါ ေက်ာက္သားထုမ်ားကို အေပါက္ေဖာက္ေပးရသည့္ လုပ္ငန္းကို ဂန္းလုပ္ငန္းဟု ေခၚဆိုၿပီး ေ႐ႊတြင္းလုပ္သားမ်ားအနက္ ေရာဂါအျဖစ္မ်ားဆုံး၊ ေသေက်မႈအမ်ားဆုံး လုပ္ငန္းလည္းျဖစ္သည္။ေက်ာက္သားမ်ားအား ဂန္းျဖင့္ေဖာက္ရာတြင္ ေက်ာက္မႈန္မ်ား ထြက္ၾကသည္။ ေက်ာက္မႈန္အမ်ိဳးအစားမ်ား အနက္ခဲမွ ထြက္ေသာ အမႈန္အမႊားမ်ားသည္ အႏၲရာယ္အေပးဆုံး အမႈန္တစ္ခုျဖစ္သည္။

    သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ ေ႐ႊေတာနယ္ေျမတြင္ ခဲမႈန္ေၾကာင့္ ေသသြားၾကေသာ ဂန္းသမားအေရအတြက္ ဒုႏွင့္ေဒးျဖစ္သည္။ သပိတ္က်င္းနယ္ရွိ မီးလမ္းဆိုေသာ ေ႐ႊလုပ္ကြက္တစ္ခုသည္ ခဲဆိပ္သင့္ေသာ ေနရာတြင္ အလြန္နာမည္ႀကီးခဲ့ေသာ ေနရာတစ္ခုျဖစ္သည္။ အဆိုပါ လုပ္ကြက္သို႔ ဂန္းသြားေဖာက္ေသာ ေ႐ႊလုပ္သားမ်ား တစ္ႏွစ္အတြင္း ဦးေရ ၆၀ ခန႔္ ခဲဆိပ္သင့္ ေသသြားမွ အားလုံးေၾကာက္႐ြံ႕ကုန္ၾကၿပီး အေတာ္မ်ားမ်ားက ဆက္မလုပ္ၾကေတာ့ေပ။ ေနာက္ဆုံး ဂန္းပိုက္အစား ေရအားသုံးေသာ နည္းလမ္းကို ေျပာင္းလုပ္ၾကမွ ေရာဂါရမႈ နည္းသြားေတာ့သည္။ အျခားေသာ ေ႐ႊလုပ္ကြက္မ်ားတြင္မူ ထိုေနရာေလာက္ ခဲဆိပ္မရွိသည့္အတြက္ ခ်က္ခ်င္း ေရာဂါလကၡဏာ မျပ။ သို႔ေသာ္ ဂန္းသမားမ်ားသည္ ယခင္တုန္းက နည္းပညာႏွင့္ က်န္းမာေရးဗဟုသုတ နည္းပါးသည့္အတြက္ အသက္ရွည္ရွည္ေနရတာ နည္းသည္ဟု ေ႐ႊလုပ္သားမ်ားက ေျပာျပၾကသည္။ ယခုေတာ့ က်န္းမာေရးအသိပညာလည္း ရွိလာသည့္အျပင္ အကာအကြယ္ေပးသည့္ ဝတ္စုံမ်ားလည္း ဝတ္ဆင္လာၾကသည္ ကိုေတြ႕ရသည္။

    ဂန္းသမားမ်ား အေပါက္ေဖာက္ၿပီးလွ်င္မူ မိုင္းဆင္သူမ်ား အလွည့္ျဖစ္သည္။ ေက်ာက္ထုမ်ားၾကား ဂန္းသမားမ်ား ေဖာက္ေပးထားသည့္ အေပါက္မ်ားတြင္ မိုင္းတံမ်ား ထည့္သြင္းသည္ကို စနစ္တက် လုပ္ၾကရသည္။ ထို႔ေနာက္ ကုမၸဏီတာဝန္ရွိသူမ်ားအား မည္သည့္အခ်ိန္တြင္ မိုင္းခြဲမည္ဆိုသည္ကိုအေၾကာင္းၾကား ရသည္။ ထိုအခါမွ ကုမၸဏီက ၎တို႔လုပ္ ကြက္အတြင္းရွိ တျခားေသာ ေ႐ႊအင္းသမားမ်ားအား အသိေပးၾကသည္။

    မိုင္းခြဲၿပီးေနာက္ ထြက္လာေသာ ေက်ာက္စမ်ားကို အိတ္ျဖင့္ထုပ္ပိုးကာ ေ႐ႊတြင္းေပၚသို႔ ထေရာ္လီမ်ား၊ ဝင့္ (ေ႐ႊတြင္းအေပၚႏွင့္ ေအာက္သို႔ ကုန္သယ္ေပးသည့္ဝန္ခ်ီႀကိဳး) မ်ားျဖင့္ ျပန္သယ္ရသည္။ ထိုထြက္လာေသာ ေက်ာက္စမ်ားကို ဓာတ္ခြဲခန္းသို႔ပို႔ၿပီး ေ႐ႊႏွင့္ အျခားသတၱဳပါဝင္ႏႈန္းကို အကဲျဖတ္ၿပီးေအာက္ဘက္သို႔ ဆက္တူးမည္။ ေဘးဘက္သို႔ ဆက္တူးမည္ဆိုသည္ကို ဆုံးျဖတ္ၾကျခင္းျဖစ္သည္။

    ေ႐ႊတြင္းမ်ားတြင္ ထိခိုက္ဒဏ္ရာရမႈ၊ ေသေက်ပ်က္စီးမႈ ျဖစ္ေပၚေစေသာ အဓိက အရာသုံးခုရွိသည္။ေျမေအာက္ေရစိမ့္ထြက္ကာ ေရလုံးေပါက္ျခင္း၊ က်င္းႀကံ့ခိုင္မႈအားနည္းကာ က်င္းၿပိဳ၊ ေျမၿပိဳျခင္းႏွင့္ ဝင့္ျပတ္ျခင္း တို႔ျဖစ္သည္။ ေ႐ႊတူးေဖာ္သည့္ ေဒသမ်ားတြင္ ထိခိုက္ဒဏ္ရာရျခင္း၊ လူအေသအေပ်ာက္ရွိျခင္း စသည့္ကိစၥရပ္မ်ားမွာ ထူးေသာ္လည္း မဆန္းေတာ့သည့္ သမား႐ိုးက် ကိစၥရပ္ပမာ အသားက်ေနသည္ကို ေတြ႕ျမင္ရသည္။

    သပိတ္က်င္း၊ စဥ့္ကူးစသည့္ ေ႐ႊလုပ္ကြက္မ်ားတြင္ ေ႐ႊတူးေဖာ္ၾကသည့္ပုံစံမွာ ကုမၸဏီႀကီးမ်ားကႏိုင္ငံေတာ္သို႔ လုပ္ကြက္ေလွ်ာက္ၿပီး အခြန္ေပးသြင္းၾကသည္။ အဆိုပါ က်လာသည့္ လုပ္ကြက္ဧရိယာအတြင္း ၎တို႔ မလုပ္လိုသည့္ (သို႔မဟုတ္) ၎တို႔ ေ႐ႊတြင္း မေဖာက္ေသာေနရာမ်ားကို ကုမၸဏီငယ္မ်ား၊ လုပ္ငန္းရွင္မ်ားထံသို႔ ျပန္ခြဲေပးၾကသည္။ ယင္း Sub Conbtract ျပန္ယူေသာ လုပ္ငန္းရွင္မ်ားက မိမိအစီအစဥ္ျဖင့္မိမိ ေ႐ႊတြင္းေဖာက္ရသည္။ ေျမေပၚတြင္သာ မည္သည့္ေနရာ၊ မည္သည့္လုပ္ကြက္တြင္ လုပ္ဟု သတ္မွတ္ေပးထားျခင္းျဖစ္ေသာ္လည္း ေျမေအာက္တြင္မူ မိမိစိတ္ႀကိဳက္ေနရာသို႔ တူးေဖာ္ႏိုင္ေပသည္။ တူးေဖာ္ခြင့္သက္တမ္းမွာ တစ္ႀကိမ္လွ်င္ တစ္ႏွစ္ျဖစ္သည့္အတြက္ ေ႐ႊတြင္းမ်ားသည္ ၂၄ နာရီ အဆိုင္းမ်ားခြဲ၍ တူးေဖာ္ၾကရသည္။

    ေ႐ႊပါဝင္ေသာ ေက်ာက္သားမ်ားကို အစုလိုက္အၿပဳံလိုက္ ေတြ႕ရွိရၿပီဆိုလွ်င္ အလြယ္တကူအားျဖင့္တြင္းေအာင္သည္ (ဝါ) ျဗဳန္းေတြ႕ၿပီဟု သုံးႏႈန္းၾကသည္။ ေ႐ႊတြင္းပိုင္ရွင္ႏွင့္ အင္းဆရာ သက္ျပင္းခ်ႏိုင္ေသာ အခ်ိန္အခါလည္းျဖစ္သည္။ အဆိုပါ ျဗဳန္းအိတ္မ်ားသည္ ေ႐ႊတြင္းတစ္ခု၏ အသက္ေသြးေၾကာလည္း ျဖစ္သည္။ ေ႐ႊတြင္းလုပ္သားမ်ား၏ အလုပ္အာမခံခ်က္ တစ္ခုျဖစ္သည္။ျဗဳန္းမေတြ႕မခ်င္း ေ႐ႊတြင္းတစ္ခုသည္ ဝင္ေငြမရွိဘဲ ထြက္ေငြသာရွိသည္။ လုပ္သား ၃၀ ခန႔္ရွိေသာ ေ႐ႊတြင္းအငယ္တစ္ခု လည္ပတ္စရိတ္မွာ တစ္ေန႔လွ်င္ အနိမ့္ဆုံး သိန္း ၂၀ ဝန္းက်င္ရွိသည္။ ေ႐ႊပါေသာ ျဗဳန္းေျမကို မေတြ႕မခ်င္း လခ်ီရွာေဖြ တူးေဖာ္ရသည္။ ေ႐ႊပါဝင္ေသာ ျဗဳန္းအိတ္မ်ား ရၿပီဆိုလွ်င္မူအဆိုပါ ျဗဳန္းအိတ္ကို သုံးစုခြဲရၿပီး ကုမၸဏီႀကီးထံ တစ္စုသြင္းရသည္။ လုပ္ငန္းရွင္က ႏွစ္စုရသည္။ တခ်ိဳ႕ေဒသမ်ားတြင္မူ ေလးစုခြဲကာ ကုမၸဏီက တစ္စု၊ ေဒသခံလုပ္ငန္းရွင္က သုံးစုစနစ္ျဖင့္ အခ်ိဳးက် ခြဲေဝယူၾကျခင္းျဖစ္သည္။ ရရွိလာေသာ ျဗဳန္းအိတ္မ်ားကို ညက္ညက္ေက်ေအာင္ စက္ျဖင့္ေခ်ၿပီးမွ ေ႐ႊမႈန႔္မ်ားကို ျပန္လည္ထုတ္ယူရျခင္း ျဖစ္သည္။ ေနရာေဒသကိုလိုက္၍ အထက္ေ႐ႊ၊ ေအာက္ေ႐ႊ ပါဝင္ႏႈန္းမွာ ကြဲျပားမႈရွိၾကသည္။ မိုးထိမိုးမိ ေဒသတြင္ ေတြ႕ရေသာေ႐ႊမွာ အထက္ေ႐ႊပါဝင္မႈ လြန္စြာမ်ားၿပီး သပိတ္က်င္းဘက္တြင္မူ ေအာက္ေ႐ႊပါဝင္မႈ မ်ားေၾကာင္း သိရသည္။

    အထက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ မ်ားျပားၿပီး ျပဒါးျဖင့္ အလြယ္တကူ ဖမ္းယူႏိုင္ေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ေအာက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ နည္းပါးၿပီး ျပဒါးက အကုန္မဖမ္းယူႏိုင္ေသာေၾကာင့္ အမႈန႔္ႀကိတ္၊ သန႔္စင္ၿပီး ျပန္ခ်က္ရေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ထိုသို႔ က်ိဳခ်က္သန႔္စင္ၿပီး ရလာေသာေ႐ႊအား အ႐ိုင္းေ႐ႊ၊ အ႐ိုင္းတုံးဟု ေခၚဆိုသည္။ ထိုအ႐ိုင္းတုံးမ်ားကို ရန္ကုန္၊ မႏၲေလးစသည့္ ၿမိဳ႕ႀကီးမ်ားေပၚရွိ ေ႐ႊသန႔္စင္ေရး ဖိုမ်ားထံ ေပးပို႔ၿပီး ျပန္လည္သန႔္စင္ၿပီး လူအမ်ားလက္ဝတ္ရတနာအျဖစ္ ဝတ္ဆင္ႏိုင္ရန္ ျပန္လည္ျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း တင္ျပအပ္ပါသည္။

    Credit-Eleven Media

    https://news-eleven.com/article/87065

    (Unicode)

    ရွှေတွင်းများရှိရာ စဉ့်ကူး၊ သပိတ်ကျင်းက ပြန်ခဲ့တယ်

    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် ကျောက်ရွှေတူးဖော်ခြင်း လုပ်ကိုင်နေသည့် ရွှေတွင်းများသို့ ၂၀၁၉ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း သွားရောက်လေ့လာခဲ့သည်များကို ဖော်ပြအပ်ပါသည်။

    ရွှေကို ဘယ်လို တူးဖော်ကြသလဲ

    ရွှေတူးဖော်ရာတွင် မြစ်၊ ချောင်းများမှ ရေစီးကြောင်းဖြင့်ပါလာကာ အနည်ထိုင်နေသည့် ကမ်းပါးများ၊ မြေသားများကို ရေအားဖြင့် ဖြိုချတူးဖော်သည့် နည်းလမ်း (ဝါ)အနည်ကျ ရွှေတူးဖော်ရေး (ဝါ) ဗြုန်းရွှေတူးဖော်ရေးနှင့် မြေကြီးအောက် နက်ရှိုင်းသောနေရာတွင် အခြားသော သတ္တုများနှင့် ရောနှောကာ အုံနှင့်ကျင်းနှင့် တည်ရှိနေသည့်ရွှေကို လိုဏ်ဂူများ၊ ကျင်းများ၊ အင်းများဖောက်၍ တူးဖော်သော နည်းလမ်း (ဝါ) ကျောက်ရွှေ တူးဖော်ခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။

    ကျောက်ရွှေတူးဖော်ရန်အတွက် ရွှေလုပ်ကွက်ရှိသော နေရာအား အစိုးရထံ လုပ်ကွက်လျှောက်ယူပြီး ကျသင့်အခွန် ပေးသွင်းရသည်။ လုပ်ကွက်ကြီး ရှိသောနေရာတွင် လုပ်ကွက်ငယ်များအား ကန်ထရိုက်သဘော ပြန်လည်ခွဲသွင်းပေးသည်။ လုပ်ကွက်ငယ်ပိုင်ရှင်အနေဖြင့် ရွှေတူးဖော်ရန် ကုန်ကျစရိတ်ကို မိမိဘာသာ စိုက်ဝင်သုံးစွဲပြီး ရွှေရပြီဆိုပါက အဆိုပါရွှေအား သုံးပုံပုံကာ တစ်ပုံအား ကုမ္ပဏီကြီးထံသို့ ပြန်လည်ပေးသွင်းရသော စနစ်ဖြင့် တူးဖော် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျောက်ရွှေအထွက်များသော ဒေသများမှာ ရမည်းသင်း မိုးထိမိုးမိဒေသ၊ သပိတ်ကျဉ်းဒေသ၊ ကောလင်းဒေသတို့ဖြစ်ကြပြီး ဗြုန်းရွှေမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြောတစ်လျှောက် တူးဖော်ကြခြင်း ဖြစ်သည်။

    ကျောက်ရွှေကိုဘယ်လိုရှာကြသလဲ

    မြေကြီးအောက် မည်သည့်နေရာတွင် ရွှေကြောရှိမလဲဆိုသည်ကို ရွှေတူးဖော်ရေးသမားများအနေဖြင့်မည်သို့မည်ပုံ ရှာဖွေကြပါသလဲဆိုသည်မှာ သာမန်လူတစ်ဦးအနေဖြင့် အတော်စဉ်းစားရခက်သော ကိစ္စဖြစ်သည်။ အကြောင်းသိလျှင် လွယ်ပါသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက်ဒေသရှိ ရွှေကြောရှိသောနေရာတွင် ကျောက်ဖယောင်း၊ ကျောက်ကုလား (ဝါ) ကျောက်မဲ၊ သလင်းပွ၊ သလင်းကျစ်များ ပေါများစွာတွေ့ရသောကြောင့် ရွှေသမားများသည် ကျောက်ဖယောင်း မည်သည့်နေရာတွင် ပေါများစွာ တွေ့ရသလဲဆိုသည်ကို မူလပထမ လိုက်ရှာလေ့ရှိကြသည်။

    ကျောက်ဖယောင်းဟု အမည်ပေးထားသည့်အတိုင်း အဆိုပါ ကျောက်ဖယောင်းသည် ပြင်ပဖယောင်းသားကဲ့သို့ လွန်စွာနူးညံ့ပြီး အဆီဓာတ်ရှိသည်။ မြေအောက်ထဲရှိ ကျောက်သားထုများ၊ ပြတ်ရွေ့ကြောများ အချင်းချင်းပွတ်တိုက်ရာတွင် ကျောက်ဖယောင်းသည် ချောဆီကဲ့သို့ ကျောက်သားထုများကြား ပွတ်တိုက်မှု ချောမွေ့အောင် လုပ်ဆောင်ပေးသည့် ကျောက်သားအပွတစ်မျိုးဖြစ်ပြီး လက်ဖြင့်ဖဲ့ချေ၍ ရသည်အထိ နူးညံ့လှသည်။ ကျောက်ဖယောင်းပြီးလျှင် တွေ့ရမည်မှာ ကျောက်ကုလားဟု ခေါ်ဆိုကြသည့် အမည်းရောင် ကျောက်အမာတစ်မျိုးဖြစ်ပြီး မာကျောမှု လွန်စွာမြင့်မားလှသည်။ ရွှေတွင်းတူးဖော်ရာတွင် အဆိုပါ ကျောက်ကုလားကို ယမ်းဖြင့် ဖောက်ခွဲရပြီး ယမ်းဖောက်ရန်အတွက် အဆိုပါ ကျောက်ကုလား ကျောက်သားထုထဲသို့ သုံးပေ – လေးပေခန့်ရှိ အပေါက်များကို ဂန်းဖြင့် ဖောက်ရသည်။ တစ်ခါတစ်ရံတွင် ဂဟေဆော်သည့်အလား မီးပွင့်များ ဖြာထွက်သည်အထိ မာကျောလှသော ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ ကျောက်ဖယောင်းနှင့် ကျောက်ကုလားကို မြေအောက်တွင် များများတွေ့လေ ရွှေသမားတို့ အိပ်မက်များ ပိုမိုလှပလေဖြစ်သည်။ ကျောက်ကုလားပြီးနောက် တွေ့ရ မည်မှာ သလင်းပွဟုခေါ်ဆိုသည့် ကျောက်အဖြူတစ်မျိုးဖြစ်သည်။ ကြည်လင်သော အဆင်းရှိပြီး သိပ်သည်းဆနည်းပါးသောကြောင့် အလွယ်တကူ ချေမွနိုင်သည်။ သလင်းပွကျောက်များကို တွေ့ရှိသော်လည်း ဗြုန်းဟုခေါ်ဆိုသည့် ရွှေပါဝင်သော သလင်းကျစ်ကျောက်များသို့ မရောက်သေးပါ။ ရွှေပါဝင်သော သလင်းကျစ်ကျောက်များကို အုံနှင့်ကျင်းနှင့် တွေ့ရှိသည်အထိ မြေအောက်တွင် ဆက်လက်တူးဖော်ရဦးမည်ဖြစ်သည်။

    မြေအာက်မှာ ရွှေဘယ်လိုရှာကြသလဲ

    ကျောက်ရွှေ တူးဖော်ရာတွင် ပထမဦးစွာ အောက်ဆီဒိုက်ဇုန် (ဝါ) ရွှေထုတ်ရန် လွယ်သောအပိုင်းသို့ရောက်ရန် မြေကြီးအောက်သို့ တည့်တည့်တူးဖော်ရသည်။ တချို့သော ဝါရင့်ရွှေတူးဖော်ရေးသမားများကမူ ဘေးတစောင်း ခပ်ပြေပြေ တူးဖော်ကြသည်။

    မြေကြီးအောက် ပေတစ်ရာ၊ နှစ်ရာ အနက်သို့ရောက်အောင် ကျောက်သားထုများကို ထိုးဖောက်ပြီးအောက်သို့ နက်သထက်နက်အောင် ဆင်းနိုင်မှ ကျောက်ဖယောင်း၊ ကျောက်ကုလား စသည့် ရွှေသတ္တုအနားတွင် တွေ့ရသော ကျောက်များကို တွေ့ရှိရမည်ဖြစ်သည်။ ကျင်းတူးရာတွင် အဓိကကြုံရသော အခက်အခဲမှာ မြေအောက်ရေစိမ့်ထွက်သော ပြဿနာဖြစ်သည်။ ထိုအချိန်တွင် မည်မျှအနက်အထိ တူးမည်။ မည်သည့်ဘက်သို့ ဆက်ဖောက်မည်ဆိုသည်ကို ဆုံးဖြတ်ပေးသောလူမှာ အင်းဆရာဖြစ်သည်။

    ရွှေတွင်းတစ်ခု၏ အရှုံးအမြတ်သည် အင်းဆရာ၏ အတွေ့အကြုံ၊ ပညာပေါ်မူတည်နေပါသည်။ထို့ကြောင့် ရွှေမှော်ဒေသတွင် လုပ်ခလစာအများဆုံး၊ ကော်မရှင် အများဆုံးရသောသူသည် အင်းဆရာဖြစ်ပြီး နာမည်ကျော် အင်းဆရာများအား ဘောလုံးသမားများကဲ့သို့ ရွှေတွင်းပိုင်ရှင်များက လစာအပြိုင်အဆိုင် ပေးခေါ်ကြ၊ စာချုပ် ချုပ်ထားကြသည်။ အင်းဆရာက မည်သည့်အနက်သို့ ရောက်အောင် ဒေါင်လိုက်တူးမည်။ မည်သည့်နေရာတွင် ရပ်မည်ဆိုလျှင် ထိုနေရာတွင် ရပ်ထားရသည်။ထို့နောက် ရွှေကျင်း၏ အောက်ခြေ၊ ရှေ့၊ နောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ မိုင်းခွဲကာ အင်းဆရာက စမ်းသပ်သည်။ မိုင်းခွဲရာက ထွက်ရှိလာသော ကျောက်သားထု၊ ပါဝင်ကျောက်သား အမျိုးအစားအပေါ် အခြေခံပြီး အရှေ့ဘက်သို့ ဖောက်မည်။ အနောက်ဘက်သို့ ဖောက်မည်ဟု အင်းဆရာက ဆုံးဖြတ်ချက်ချပေးခြင်း ဖြစ်သည်။ အင်းဆရာ ဆုံးဖြတ်ချက်မှန်သောကြောင့် အောင်မြင်သွားသော ရွှေတွင်း အများအပြားရှိသကဲ့သို့ အင်းဆရာ ဆုံးဖြတ်ချက်မှားသောကြောင့် ဆုံးရှုံးသွားသော ရွှေတွင်းများမှာလည်း ရွှေလောကတွင် ဒုနှင့်ဒေးသာဖြစ်သည်။ ထို့အတူပင် ရွှေလုပ်သားများ၏ အသက်သည်လည်း အင်းဆရာပေါ်မူတည်သည်။ အင်း၏ ကြံ့ခိုင်ရေး၊ လုံခြုံရေး၊ ကျောက်သားများ၊ မြေအေက်ရေများ၏ အခြေအနေကို အင်းဆရာက စဉ်ဆက်မပြတ် စောင့်ကြည့်ကာ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးရသည့်အတွက် မည်သူ့ကိုမျှ လူမထင်ကြသော ရွှေလုပ်သားများသည် အင်းဆရာကိုမူ ကြောက်ရွံ့လေးစားကြပေသည်။

    အင်းဆရာက မည်သည့်ဘက်သို့ ဆက်လက်တူးဖော်ရမည်ဆိုသည်ကို အမှတ်အသားပေးပြီးနောက်တွင်မူ ဂန်းအဖွဲ့အလှည့် ရောက်ပါသည်။ ကျောက်သားများကို ယမ်းဖြင့်ဖောက်ခွဲရန်အတွက် အဆိုပါ ကျောက်သားထုများကို အပေါက်ဖောက်ပေးရသည့် လုပ်ငန်းကို ဂန်းလုပ်ငန်းဟု ခေါ်ဆိုပြီး ရွှေတွင်းလုပ်သားများအနက် ရောဂါအဖြစ်များဆုံး၊ သေကျေမှုအများဆုံး လုပ်ငန်းလည်းဖြစ်သည်။ကျောက်သားများအား ဂန်းဖြင့်ဖောက်ရာတွင် ကျောက်မှုန်များ ထွက်ကြသည်။ ကျောက်မှုန်အမျိုးအစားများ အနက်ခဲမှ ထွက်သော အမှုန်အမွှားများသည် အန္တရာယ်အပေးဆုံး အမှုန်တစ်ခုဖြစ်သည်။

    သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက် ရွှေတောနယ်မြေတွင် ခဲမှုန်ကြောင့် သေသွားကြသော ဂန်းသမားအရေအတွက် ဒုနှင့်ဒေးဖြစ်သည်။ သပိတ်ကျင်းနယ်ရှိ မီးလမ်းဆိုသော ရွှေလုပ်ကွက်တစ်ခုသည် ခဲဆိပ်သင့်သော နေရာတွင် အလွန်နာမည်ကြီးခဲ့သော နေရာတစ်ခုဖြစ်သည်။ အဆိုပါ လုပ်ကွက်သို့ ဂန်းသွားဖောက်သော ရွှေလုပ်သားများ တစ်နှစ်အတွင်း ဦးရေ ၆၀ ခန့် ခဲဆိပ်သင့် သေသွားမှ အားလုံးကြောက်ရွံ့ကုန်ကြပြီး အတော်များများက ဆက်မလုပ်ကြတော့ပေ။ နောက်ဆုံး ဂန်းပိုက်အစား ရေအားသုံးသော နည်းလမ်းကို ပြောင်းလုပ်ကြမှ ရောဂါရမှု နည်းသွားတော့သည်။ အခြားသော ရွှေလုပ်ကွက်များတွင်မူ ထိုနေရာလောက် ခဲဆိပ်မရှိသည့်အတွက် ချက်ချင်း ရောဂါလက္ခဏာ မပြ။ သို့သော် ဂန်းသမားများသည် ယခင်တုန်းက နည်းပညာနှင့် ကျန်းမာရေးဗဟုသုတ နည်းပါးသည့်အတွက် အသက်ရှည်ရှည်နေရတာ နည်းသည်ဟု ရွှေလုပ်သားများက ပြောပြကြသည်။ ယခုတော့ ကျန်းမာရေးအသိပညာလည်း ရှိလာသည့်အပြင် အကာအကွယ်ပေးသည့် ဝတ်စုံများလည်း ဝတ်ဆင်လာကြသည် ကိုတွေ့ရသည်။

    ဂန်းသမားများ အပေါက်ဖောက်ပြီးလျှင်မူ မိုင်းဆင်သူများ အလှည့်ဖြစ်သည်။ ကျောက်ထုများကြား ဂန်းသမားများ ဖောက်ပေးထားသည့် အပေါက်များတွင် မိုင်းတံများ ထည့်သွင်းသည်ကို စနစ်တကျ လုပ်ကြရသည်။ ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများအား မည်သည့်အချိန်တွင် မိုင်းခွဲမည်ဆိုသည်ကိုအကြောင်းကြား ရသည်။ ထိုအခါမှ ကုမ္ပဏီက ၎င်းတို့လုပ် ကွက်အတွင်းရှိ တခြားသော ရွှေအင်းသမားများအား အသိပေးကြသည်။

    မိုင်းခွဲပြီးနောက် ထွက်လာသော ကျောက်စများကို အိတ်ဖြင့်ထုပ်ပိုးကာ ရွှေတွင်းပေါ်သို့ ထရော်လီများ၊ ဝင့် (ရွှေတွင်းအပေါ်နှင့် အောက်သို့ ကုန်သယ်ပေးသည့်ဝန်ချီကြိုး) များဖြင့် ပြန်သယ်ရသည်။ ထိုထွက်လာသော ကျောက်စများကို ဓာတ်ခွဲခန်းသို့ပို့ပြီး ရွှေနှင့် အခြားသတ္တုပါဝင်နှုန်းကို အကဲဖြတ်ပြီးအောက်ဘက်သို့ ဆက်တူးမည်။ ဘေးဘက်သို့ ဆက်တူးမည်ဆိုသည်ကို ဆုံးဖြတ်ကြခြင်းဖြစ်သည်။

    ရွှေတွင်းများတွင် ထိခိုက်ဒဏ်ရာရမှု၊ သေကျေပျက်စီးမှု ဖြစ်ပေါ်စေသော အဓိက အရာသုံးခုရှိသည်။မြေအောက်ရေစိမ့်ထွက်ကာ ရေလုံးပေါက်ခြင်း၊ ကျင်းကြံ့ခိုင်မှုအားနည်းကာ ကျင်းပြို၊ မြေပြိုခြင်းနှင့် ဝင့်ပြတ်ခြင်း တို့ဖြစ်သည်။ ရွှေတူးဖော်သည့် ဒေသများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ လူအသေအပျောက်ရှိခြင်း စသည့်ကိစ္စရပ်များမှာ ထူးသော်လည်း မဆန်းတော့သည့် သမားရိုးကျ ကိစ္စရပ်ပမာ အသားကျနေသည်ကို တွေ့မြင်ရသည်။

    သပိတ်ကျင်း၊ စဉ့်ကူးစသည့် ရွှေလုပ်ကွက်များတွင် ရွှေတူးဖော်ကြသည့်ပုံစံမှာ ကုမ္ပဏီကြီးများကနိုင်ငံတော်သို့ လုပ်ကွက်လျှောက်ပြီး အခွန်ပေးသွင်းကြသည်။ အဆိုပါ ကျလာသည့် လုပ်ကွက်ဧရိယာအတွင်း ၎င်းတို့ မလုပ်လိုသည့် (သို့မဟုတ်) ၎င်းတို့ ရွှေတွင်း မဖောက်သောနေရာများကို ကုမ္ပဏီငယ်များ၊ လုပ်ငန်းရှင်များထံသို့ ပြန်ခွဲပေးကြသည်။ ယင်း Sub Conbtract ပြန်ယူသော လုပ်ငန်းရှင်များက မိမိအစီအစဉ်ဖြင့်မိမိ ရွှေတွင်းဖောက်ရသည်။ မြေပေါ်တွင်သာ မည်သည့်နေရာ၊ မည်သည့်လုပ်ကွက်တွင် လုပ်ဟု သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း မြေအောက်တွင်မူ မိမိစိတ်ကြိုက်နေရာသို့ တူးဖော်နိုင်ပေသည်။ တူးဖော်ခွင့်သက်တမ်းမှာ တစ်ကြိမ်လျှင် တစ်နှစ်ဖြစ်သည့်အတွက် ရွှေတွင်းများသည် ၂၄ နာရီ အဆိုင်းများခွဲ၍ တူးဖော်ကြရသည်။

    ရွှေပါဝင်သော ကျောက်သားများကို အစုလိုက်အပြုံလိုက် တွေ့ရှိရပြီဆိုလျှင် အလွယ်တကူအားဖြင့်တွင်းအောင်သည် (ဝါ) ဗြုန်းတွေ့ပြီဟု သုံးနှုန်းကြသည်။ ရွှေတွင်းပိုင်ရှင်နှင့် အင်းဆရာ သက်ပြင်းချနိုင်သော အချိန်အခါလည်းဖြစ်သည်။ အဆိုပါ ဗြုန်းအိတ်များသည် ရွှေတွင်းတစ်ခု၏ အသက်သွေးကြောလည်း ဖြစ်သည်။ ရွှေတွင်းလုပ်သားများ၏ အလုပ်အာမခံချက် တစ်ခုဖြစ်သည်။ဗြုန်းမတွေ့မချင်း ရွှေတွင်းတစ်ခုသည် ဝင်ငွေမရှိဘဲ ထွက်ငွေသာရှိသည်။ လုပ်သား ၃၀ ခန့်ရှိသော ရွှေတွင်းအငယ်တစ်ခု လည်ပတ်စရိတ်မှာ တစ်နေ့လျှင် အနိမ့်ဆုံး သိန်း ၂၀ ဝန်းကျင်ရှိသည်။ ရွှေပါသော ဗြုန်းမြေကို မတွေ့မချင်း လချီရှာဖွေ တူးဖော်ရသည်။ ရွှေပါဝင်သော ဗြုန်းအိတ်များ ရပြီဆိုလျှင်မူအဆိုပါ ဗြုန်းအိတ်ကို သုံးစုခွဲရပြီး ကုမ္ပဏီကြီးထံ တစ်စုသွင်းရသည်။ လုပ်ငန်းရှင်က နှစ်စုရသည်။ တချို့ဒေသများတွင်မူ လေးစုခွဲကာ ကုမ္ပဏီက တစ်စု၊ ဒေသခံလုပ်ငန်းရှင်က သုံးစုစနစ်ဖြင့် အချိုးကျ ခွဲဝေယူကြခြင်းဖြစ်သည်။ ရရှိလာသော ဗြုန်းအိတ်များကို ညက်ညက်ကျေအောင် စက်ဖြင့်ချေပြီးမှ ရွှေမှုန့်များကို ပြန်လည်ထုတ်ယူရခြင်း ဖြစ်သည်။ နေရာဒေသကိုလိုက်၍ အထက်ရွှေ၊ အောက်ရွှေ ပါဝင်နှုန်းမှာ ကွဲပြားမှုရှိကြသည်။ မိုးထိမိုးမိ ဒေသတွင် တွေ့ရသောရွှေမှာ အထက်ရွှေပါဝင်မှု လွန်စွာများပြီး သပိတ်ကျင်းဘက်တွင်မူ အောက်ရွှေပါဝင်မှု များကြောင်း သိရသည်။

    အထက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု များပြားပြီး ပြဒါးဖြင့် အလွယ်တကူ ဖမ်းယူနိုင်သော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ အောက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု နည်းပါးပြီး ပြဒါးက အကုန်မဖမ်းယူနိုင်သောကြောင့် အမှုန့်ကြိတ်၊ သန့်စင်ပြီး ပြန်ချက်ရသော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုသို့ ကျိုချက်သန့်စင်ပြီး ရလာသောရွှေအား အရိုင်းရွှေ၊ အရိုင်းတုံးဟု ခေါ်ဆိုသည်။ ထိုအရိုင်းတုံးများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများပေါ်ရှိ ရွှေသန့်စင်ရေး ဖိုများထံ ပေးပို့ပြီး ပြန်လည်သန့်စင်ပြီး လူအများလက်ဝတ်ရတနာအဖြစ် ဝတ်ဆင်နိုင်ရန် ပြန်လည်ပြုလုပ်ကြခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။

    Credit-Eleven Media

    https://news-eleven.com/article/87065

  • ကညနမွ ထုတ္ျပန္ထားတဲ့ သင့္ကားမွာ မီးသတ္ေဆးဗူး ဘယ္ႏွစ္ဗူး ေဆာင္ထားရမလဲ? ဘယ္ေလာက္ Kg ဗူးေတြလဲ?

    (Zawgyi)

    သင့္ကားမွာ မီးသတ္ေဆးဗူး ဘယ္ႏွစ္ဗူး ေဆာင္ထားရမလဲ.. ဘယ္ေလာက္ Kg ဗူးေတြလဲ..

    ကားေတြမွာ မီးသတ္ေဆးဗူးေဆာင္တာႏွင့္ ပတ္သတ္လို႔ ကားအမ်ိဳးအစားေပၚမႈတည္ၿပီး ကားအလိုက္ သတ္မွတ္ေပးထားပါတယ္။ မၾကာမၾကာ ေမးျမန္းၾကတဲ့ သူငယ္ခ်င္းေတြနဲ႔ ကြၽန္ေတာ့္ကားဆရာေတြ ဂဃနဏ သိေစဖို႔ ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားတာေလး ေဖာ္ျပေပးပါရေစ။

    -Saloon, Jeep, Pick up, Station Wagon, Micro Bus ႏွင့္ အိမ္စီးကားေတြမွာ 1Kg တစ္ဗူး

    -Mini Bus, Light Truck, Light Van ႏွင့္ ေပါင္းမုန႔္၊ အန္စာတုံးကားေတြမွာ 2Kg တစ္ဗူး

    -Truck, Van Container Carrier, Other ေတြမွာ 3Kg တစ္ဗူး, Tankerမွာ 3Kg တစ္ဗူး

    -City Bus, Express Bus ခရီးသည္တင္ကားႀကီးေတြမွာ 3Kg ႏွစ္ဗူး

    မီးသတ္ေဆးဗူးဟာ အလြယ္တကူ ယူလို႔ရတဲ့ေနရာ အလြယ္တကူ ယူလို႔ရေအာင္ ထားရပါ့မယ္။လိုအပ္လို႔ ယူတဲ့အခါ ႀကိဳးေတြနဲ႔ ခ်ည္ထားလို႔ ယူမရတာ၊ ဟိုးေအာက္ထဲမွာမို႔ ယူမရတာ စသည္မ်ိဳး မျဖစ္ေအာင္ ဂ႐ုျပဳရပါ့မယ္။ ခရီးသည္တင္ ယာဥ္ေတြမွာဆို ယာဥ္ေမာင္းနဲ႔ စပယ္ယာ အလြယ္တကူယူလို႔ရတဲ့ ေနရာမွာ ထားရပါ့မယ္ဗ်။

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    သင့်ကားမှာ မီးသတ်ဆေးဗူး ဘယ်နှစ်ဗူး ဆောင်ထားရမလဲ.. ဘယ်လောက် Kg ဗူးတွေလဲ..

    ကားတွေမှာ မီးသတ်ဆေးဗူးဆောင်တာနှင့် ပတ်သတ်လို့ ကားအမျိုးအစားပေါ်မှုတည်ပြီး ကားအလိုက် သတ်မှတ်ပေးထားပါတယ်။ မကြာမကြာ မေးမြန်းကြတဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကားဆရာတွေ ဂဃနဏ သိစေဖို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားတာလေး ဖော်ပြပေးပါရစေ။

    -Saloon, Jeep, Pick up, Station Wagon, Micro Bus နှင့် အိမ်စီးကားတွေမှာ 1Kg တစ်ဗူး

    -Mini Bus, Light Truck, Light Van နှင့် ပေါင်းမုန့်၊ အန်စာတုံးကားတွေမှာ 2Kg တစ်ဗူး

    -Truck, Van Container Carrier, Other တွေမှာ 3Kg တစ်ဗူး, Tankerမှာ 3Kg တစ်ဗူး

    -City Bus, Express Bus ခရီးသည်တင်ကားကြီးတွေမှာ 3Kg နှစ်ဗူး

    မီးသတ်ဆေးဗူးဟာ အလွယ်တကူ ယူလို့ရတဲ့နေရာ အလွယ်တကူ ယူလို့ရအောင် ထားရပါ့မယ်။လိုအပ်လို့ ယူတဲ့အခါ ကြိုးတွေနဲ့ ချည်ထားလို့ ယူမရတာ၊ ဟိုးအောက်ထဲမှာမို့ ယူမရတာ စသည်မျိုး မဖြစ်အောင် ဂရုပြုရပါ့မယ်။ ခရီးသည်တင် ယာဉ်တွေမှာဆို ယာဉ်မောင်းနဲ့ စပယ်ယာ အလွယ်တကူယူလို့ရတဲ့ နေရာမှာ ထားရပါ့မယ်ဗျ။

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ (၁၁)မ်ိဳး ကိုမွ်ေ၀ျခင္ပါတယ္။

    (Zawgyi)

    အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ (၁၁)မ်ိဳး

    အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ အဲ့ဒါေတြကေတာ့…

    ၁။ မိေက်ာင္း

    ၂။ မအူ

    ၃။ သခြတ္

    ၄။ ေညာင္

    ၅။ သွ်ီသွ်ား

    ၆။ သီး(သား)

    ၇။ သေျပ

    ၈။ သစ္စိမ္ေရသား

    ၉။ ကေလာ

    ၁၀။ လက္ပံ

    ၁၁။ လဲတို႔ပဲ ျဖစ္ပါတယ္။

    Credit-Sint Sint(ShweProperty.com)

    (Unicode)

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁)မျိုး ကိုမျှဝေခြင်ပါတယ်။

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁)မျိုး

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ်တွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့…

    ၁။ မိကျောင်း

    ၂။ မအူ

    ၃။ သခွတ်

    ၄။ ညောင်

    ၅။ သျှီသျှား

    ၆။ သီး(သား)

    ၇။ သပြေ

    ၈။ သစ်စိမ်ရေသား

    ၉။ ကလော

    ၁၀။ လက်ပံ

    ၁၁။ လဲတို့ပဲ ဖြစ်ပါတယ်။

    Credit-Sint Sint(ShweProperty.com)

  • ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

    (Zawgyi)

    ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

    ေတာင္သူလယ္သမားဦးၾကီးမ်ားသည္ လယ္ယာလုပ္ငန္း လုပ္ကိုင္ရာတြင္ ႏြားမ်ားကို အဓိက အားထားလုပ္ကိုင္ၾကရသည္။ ထိုသို႕ အားထားရေသာ မိမိတို႕ပိုင္ဆိုင္သည့္ ႏြားမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေၾကာမ်က္ေရာဂါ ရခဲ့ေသာ္ ေအာက္နည္းအတိုင္း ကုသႏိုင္ပါသည္။

    ႏြား၏ အေၾကာမ်က္ေသာေနရာကို အ၀တ္စိုျဖင့္ ပတ္ခ်ည္ေပးပါ။ အ၀တ္စို ေျခာက္ေသြ႕သြားပါက ထပ္မံ၍ ၄င္းအ၀တ္ ေျခာက္ေသြ႕မေနေအာင္ ေရမ်ားဆြတ္ေပးပါ။ တစ္ရက္မွ် အ၀တ္စိုပတ္ထားျပီး အ၀တ္ကို ေျဖေသာအခါ အေၾကာမ်က္သည့္ေနရာကို ပြတ္သပ္ႏွိပ္နယ္ေပးပါ။ ႏြားမ်ား အေၾကာမ်က္ေရာဂါ မုခ်ေပ်ာက္ကင္းပါလိမ့္မည္။

    ယခုနည္းကို ေျပာျပေသာ နတ္ေမာက္ျမိဳ႕နယ္၊ ေဘာ္အိုင္ေက်းရြာမွ ေတာင္သူၾကီး ဦးလွဆန္းအား ေက်းဇူးတင္လ်က္။

    ဆရာ သညာမႈး

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    နွားများ အကြောမျက်ခြင်းအတွက် အကုမခက်

    တောင်သူလယ်သမားဦးကြီးများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် နွားများကို အဓိက အားထားလုပ်ကိုင်ကြရသည်။ ထိုသို့ အားထားရသော မိမိတို့ပိုင်ဆိုင်သည့် နွားများ အကြောင်းအမျိုးမျိုးကြောင့် အကြောမျက်ရောဂါ ရခဲ့သော် အောက်နည်းအတိုင်း ကုသနိုင်ပါသည်။

    နွား၏ အကြောမျက်သောနေရာကို အဝတ်စိုဖြင့် ပတ်ချည်ပေးပါ။ အဝတ်စို ခြောက်သွေ့သွားပါက ထပ်မံ၍ ၎င်းအဝတ် ခြောက်သွေ့မနေအောင် ရေများဆွတ်ပေးပါ။ တစ်ရက်မျှ အဝတ်စိုပတ်ထားပြီး အဝတ်ကို ဖြေသောအခါ အကြောမျက်သည့်နေရာကို ပွတ်သပ်နှိပ်နယ်ပေးပါ။ နွားများ အကြောမျက်ရောဂါ မုချပျောက်ကင်းပါလိမ့်မည်။

    ယခုနည်းကို ပြောပြသော နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာမှ တောင်သူကြီး ဦးလှဆန်းအား ကျေးဇူးတင်လျက်။

    ဆရာ သညာမှုး

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • ျမန္မာKFC (သို႔) မိတၳီလာ ေက်ာက္ပန္းေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္

    (Zawgyi)

    ရန္ကုန္မွာ ေကအက္ဖ္စီ ၾကက္ေၾကာ္ဆိုင္ စဖြင့္ေတာ့ လူေတြႀကိတ္ႀကိတ္တိုး အားေပးၾကတာဝက္ဝက္ကြဲပါ။ အေမရိကန္လို ႏိုင္ငံႀကီးကေန လာဖြင့္တဲ့ နာမည္ႀကီး ၾကက္ေၾကာ္ဆိုင္ ဆိုေတာ့ လူေတြ စုၿပဳံတိုးၾကတာ ဘာဆန္းလဲ။ ေကအက္ဖ္စီလိုပဲ ျမန္မာႏိုင္ငံမွာ နာမည္ႀကီးတဲ့ ၾကက္ေၾကာ္ရွိပါတယ္။ မိတၳီလာ-ေက်ာက္ပန္း ေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္ဆို သိၾကမယ္ထင္တယ္။

    ေက်ာက္ပန္းေတာင္း၊ မေကြး၊ နတ္ေမာက္၊ ေခ်ာက္၊ ေရနံေခ်ာင္း၊ ေတာင္တြင္းႀကီး၊ ျပည္၊ ဆိပ္ျဖဴ၊ စလင္းအစရွိတဲ့ ေဒသေတြသြားမယ္ဆို ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ထဲမွာရွိတဲ့ လက္ပံပ်ား ေက်း႐ြာမွာ ထမင္းစားနားေလ့ရွိၾကတယ္။ ကားရပ္ၿပီဆို စတီးလင္ပန္းတို႔၊ သံလင္ပန္းတို႔ ေတြေပၚမွာ နီရဲရဲဝင္းေျပာင္ေနတဲ့ ၾကက္သားေၾကာ္ေတြ ေခါင္းေပၚ ႐ြက္ၿပီး လာေရာင္းတတ္တဲ့ လက္ပံပ်ားၾကက္ေၾကာ္သည္ေလးေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။

    ၾကက္ေၾကာ္ေတြက လင္ပန္းထဲမွာ စီစီရီရီတင္ထားတာက စားခ်င္စရာပါ။ ရင္အုပ္ႀကီးေတြကို တစ္ခုေပၚတစ္ခု ဆင့္တင္ၿပီး ပတ္ပတ္လည္ စီထားတယ္။ အလယ္မွာေတာ့ ရင္အုပ္ေတြ။ လစ္ဟာေနတဲ့ ေနရာေလးေတြမွာေတာ့ ၾကက္အသည္းအျမစ္၊ ၾကက္ကလီစာေၾကာ္ေလးေတြ။

    လက္ပံပ်ားကို ေရာက္ၿပီဆိုတာနဲ႔ ၾကက္ေၾကာ္ေကာင္းေကာင္း စားရေတာ့မယ္ဆိုတာ စားဖူးသူေတြသိတယ္။ တခ်ိဳ႕က ဝယ္ၿပီး ဒီအတိုင္း တကြၽတ္ကြၽတ္စားပစ္တယ္။ တခ်ိဳ႕ကေတာ့ ထမင္းဆီ ဆမ္းေလးမွာ ထမင္းထဲ ၾကက္ေၾကာ္ေလးေတြ မွ်င္ႏႊာထည့္ၿပီး ထမင္းနဲ႔ ၾကက္ေၾကာ္စားလိုက္၊ အ႐ိုးေလးကိုက္လိုက္ ေရေႏြးေသာက္လိုက္ စားတတ္ၾကတယ္။ ထမင္းဆိုင္ေတြနဲ႔ နီးစပ္တဲ့ ၾကက္ေၾကာ္သည္ေတြဆို ေဈးဝယ္က ပူပူေလးစားခ်င္လို႔ပါဆိုလည္း ျပန္ေၾကာ္ေပးတယ္။ တခ်ိဳ႕ကေတာ့ ကိုယ္စားဖို႔တင္ အားမရ။ ခ်စ္သူခင္သူ မိတ္ေဆြေတြအတြက္ပါ ပါဆယ္ဝယ္ၾကတယ္။

    လက္ပံပ်ားၾကက္ေၾကာ္က ျပဳတ္ၿပီး ေၾကာ္တာမ်ိဳးမဟုတ္ဘဲ အစိမ္းအတိုင္းေၾကာ္တာမ်ိဳးဆိုေတာ့ ေမႊးၿပီး အရသာရွိလွတယ္။ ဝယ္ၿပီး သုံးေလးရက္ေလာက္ ေအးေအးေဆးေဆး ထားလို႔ရတယ္။ အိမ္က်မွ အခ်ိဳမႈန႔္စားတတ္ရင္ နည္းနည္းေလးနယ္ၿပီး ျပန္ေၾကာ္စားရင္လည္း ေကာင္းတယ္။ ၾကက္သားကို ႏႊင္ၿပီး ခရမ္းခ်ဥ္သီးနဲ႔ ခ်က္စားလည္း ေကာင္းတယ္။ အစပ္စားတတ္သူေတြ င႐ုတ္သီးနဲ႔ ျပန္ေၾကာ္မယ္ဆိုလည္း ရွယ္ပါပဲ။

    ၾကက္ကိုမျပဳတ္ဘဲ ေရေႏြးေျဖာၿပီး လက္မ ၂၀ ေလာက္ရွိတဲ့ မိုးၿပဲဒယ္ႀကီးေတြနဲ႔ ေၾကာ္ေလ့ရွိတယ္။အခ်ိဳမႈန႔္ မသုံးဘူး။ ဆားေလးသာ နည္းနည္းပြတ္တယ္။ ၾကက္ေၾကာ္တဲ့အခါ ဆီကို ဆီအစိမ္းနဲ႔ ဆီအက်က္မွ်ေအာင္ ထည့္ရတယ္။ တစ္ဝက္စီ ထည့္ေၾကာ္လည္းျဖစ္တယ္။ မမွ်ရင္ ၾကက္ေၾကာ္က မလွဘူး။

    ရင္အုပ္သက္သက္၊ ေပါင္သက္သက္၊ ကလီစာသက္သက္ေၾကာ္တယ္။ မီးကလည္း ပုံမွန္ထိုးေပးရတယ္။ ၾကက္ေၾကာ္လွ၊ မလွ မီးထိုးတဲ့အေပၚမွာလည္း မူတည္တယ္။ တခ်ိဳ႕ကေတာ့ ၾကက္ေၾကာ္ကို ခပ္ရဲရဲေလးမွ ႀကိဳက္သလို ခပ္ေဖ်ာ့ေဖ်ာ့ေလး ႀကိဳက္တတ္တဲ့သူေတြလည္း ရွိတယ္လို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ရွင္းျပတယ္။

    တခ်ိဳ႕က လက္ပံပ်ားၾကက္ေၾကာ္ကို စီပီၾကက္ေတြကို ဗမာၾကက္ဆိုၿပီး ေရာင္းတယ္လို႔ အထင္လြဲၾကတယ္။ မဟုတ္ပါဘူး။ လက္ပံပ်ားမွာ စီပီၾကက္ လုံးဝမေရာင္းဖို႔ ကိုယ့္စီးပြားကိုယ္တုတ္နဲ႔ မထိုးဖို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက တင္းတင္းက်ပ္က်ပ္မွာထားတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။ ‘‘နာမည္ပ်က္သြားရင္ လုပ္စားလို႔မရေတာ့ဘူးေလ’’လို႔ ကို ထြန္းထြန္းက ေျပာတယ္။

    ဗမာၾကက္ကိုပဲ သုံးရတာဆိုေတာ့ လက္ပံပ်ား႐ြာဝန္းက်င္မွာ ဗမာၾကက္က အေတာ္ေလးရွားလာတယ္။ ဒါေၾကာင့္ ဗမာၾကက္ရဖို႔ ႐ြာနီးခ်ဳပ္စပ္ ၾကက္အရွာထြက္ရတယ္။ နတ္ေမာက္၊ ေတာင္တြင္းႀကီး၊ ေပ်ာ္ဘြယ္၊ သာစည္၊ ေညာင္ဦးဘက္တို႔ အထိကို သြားရွာရတယ္။ ဆိုင္ကယ္တစ္စီးနဲ႔ ႐ြာစဥ္ ႐ြာၾကား ဗမာၾကက္ရွာရတာ ဓာတ္ဆီငါးဘူးေလာက္ ကုန္တယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

    တစ္႐ြာဝင္တစ္႐ြာထြက္ ၾကက္ေမြးတတ္တဲ့ အိမ္ေတြဆီ ၾကက္ေရာင္းဖို႔ရွိ၊ မရွိ ဝင္ေမးရတယ္။ ဗမာၾကက္ဆိုတာလည္း တျခားေမြးျမဴေရးၾကက္ေတြလို ၿခံ နဲ႔ဝင္းနဲ႔ ေမြးထားတာမ်ိဳးမဟုတ္ေတာ့ တစ္အိမ္တစ္အိမ္မွ ငါးေကာင္ေျခာက္ေကာာင္ေလာက္ ေရာင္းတတ္ၾကတာ။ ေရာင္းမယ္ဆိုရင္ သည္အတိုင္းေရာ့အင့္ဆို ၿပီး ဝယ္လို႔ရတာမဟုတ္။ ေရာင္းမယ့္ၾကက္ကို လူႏွစ္ေယာက္သုံး ေယာက္ေလာက္က ဝိုင္းဖမ္းရ တယ္။ ၾကက္ေျပးႏိုင္မယ့္ ဘက္ကို ပိုက္ေထာင္ထားရတယ္။ ၾကက္က ေတာင္ေျပးလိုက္ ေျမာက္ေျပး လိုက္ဆိုေတာ့ ေန႔ခင္းေနပူပူ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ လိုက္ဖမ္းၿပီး ဝယ္ရတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

    ဒါေၾကာင့္ ဗမာၾကက္သုံးတဲ့ လက္ပံပ်ားၾကက္ေၾကာ္က စားဖူး သူေတြ သေဘာက်က်တယ္။ ခရီး သြားေတြကလည္း ေရာက္တုန္း ေရာက္ခဲဆိုေတာ့ အားရပါးရ ဝယ္စားေလ့ရွိၾကတယ္။ ကိုယ္ပိုင္ကားေသးေလးေတြဆို ေဈးပိုေပး တတ္ၾကတယ္။ ေတာ္သလင္းလ ပုပၸားမွာ ဘိုးေတာ္ထြက္ပြဲအခါ ေရာက္ၿပီဆို လက္ပံပ်ားၾကက္ ေၾကာ္သည္ေတြ လက္ပန္းေပါင္း ခတ္ေပေရာ့။ ဟိုကားကလည္း လက္ပံပ်ားၾကက္ေၾကာ္၊ ဒီကားကလည္း လက္ပံပ်ားၾကက္ေၾကာ္ အသည္တစ္သည္သိန္းခ်ီ ေရာင္းရတယ္လို႔ ဆိုတယ္။ ေတာ္သလင္းကအစ သီတင္းကြၽတ္တန္ေဆာင္တိုင္ေတြမွာလည္း ေရာင္းရတယ္။ ၾသကၤန္မတိုင္မီလည္း ေရာင္းရတယ္လို႔ ဆိုၾကတယ္။

    ေဈးေရာင္းေကာင္းတဲ့အခါ ဆိုရင္ေတာ့ ညေန ၃နာရီေလာက္ ဆို ကုန္တတ္တယ္။ အေရာင္း နည္းနည္းေလးေအးတယ္ဆိုရင္ ေတာ့ လာတဲ့ကားကို လက္ပံ ပ်ားၾကက္ေၾကာ္သည္ေတြ ေျပး လႊားေရာင္းၾကရရွာတာပါပဲ။ ေပါင္နဲ႔ ရင္အုပ္အရင္းအတိုင္းေပး ၿပီး ကလီစာေလးအျမစ္အသည္း ေလးအျမတ္ယူေရာင္းရတဲ့အခါ လည္း ရွိတယ္။

    ေဈးေရာင္း မေကာင္းတဲ့ အခါ ၾကက္ေၾကာ္သည္ အမ်ိဳး သမီးေလးေတြက ေရာင္းခ်င္ေဇာ နဲ႔ ၾကက္ေၾကာ္ကို ထည့္မေျပာ ေတာ့ဘဲ ‘‘ယူပါအစ္ကိုရယ္။ ကြၽန္ မေပါင္က အႀကီးႀကီးပါ။ ကြၽန္မ ရင္အုပ္က အႀကီးႀကီးပါ’’ဆိုၿပီး ေျပာဆိုေရာင္းခ်တဲ့အခါ ေဘးနားက ၾကားတဲ့ ႐ြာထဲက ကာလသား ေတြဆို တခြိခြိရယ္တတ္ၾကတယ္။ ေနာက္ၿပီး စိုးစႏၵာထြန္းရဲ႕ ကြၽန္မဘဝညဥ့္နက္ရၿပီကြယ္ဆိုတဲ့ သီခ်င္းစာသားကို သူတို႔ေရာင္းေနတာနဲ႔ လိုက္ေအာင္ ေျပာင္းဆို ညည္းတတ္ၾကတယ္။ ဘာတဲ့။ ‘‘ကြၽန္မဘ၀ ၾကက္ျဖစ္ရၿပီကြယ္’’ တဲ့။

    လက္ပံပ်ားၾကက္ေၾကာ္ နာမည္ႀကီးေတာ့ ရန္ကုန္က ထမင္း ဆိုင္တခ်ိဳ႕က နည္းယူဖို႔ ႐ြာက ၾကက္ေၾကာ္တဲ့သူတခ်ိဳ႕ကို ေငြစ ေၾကးစေပးၿပီး ေခၚသြားဖူးတယ္။ ႐ြာက လူေတြသိသြားေတာ့ လိုက္ သြားတဲ့သူေတြကို ဆူၾကတာေပါ့။ နင္တို႔ ထမင္းအိုးကြဲသြားခ်င္သ လားေပါ့။ သူတို႔ေတြက ဆိုင္ႀကီး ကနားႀကီး ေငြေၾကးကလည္း ေတာင့္မွေတာင့္။ လက္ပံပ်ား ၾကက္ေၾကာ္ဆိုၿပီး ႏိုင္ငံအႏွံ႔ဆိုင္ ေတြဖြင့္လိုက္ရင္ တို႔ဘယ္လို ေရာင္းစားလို႔ရေတာ့မလဲဆိုတဲ့ အေတြးနဲ႔ ႐ိုးရွင္းစြာစိုးရိမ္ခဲ့ၾကတာ ပါ။ ႐ြာရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ က ၾကက္ေၾကာ္ေရာင္းရတဲ့ စီးပြား ေရးကို မွီခိုအားထားေနရတာဆို ေတာ့ ၾကက္ေၾကာ္ကေပးတဲ့ ဒီစီး ပြားအိုးတုတ္နဲ႔ အထိုးခံရမွာ စိတ္ ပူၾကတာပါ။

    စိတ္ပူမယ္ဆိုလည္း ပူစရာပါ။ ေက်းလက္ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ့ မိုးေလဝသမမွန္လို႔၊ မိုး ေခါင္လို႔ ဒုကၡေရာက္ရတဲ့ ႐ြာေတြထဲ လက္ပံပ်ား႐ြာေလးလည္း အပါအဝင္ေပါ့။ စပါးရေနတဲ့ လယ္ေတာင္ ေရမရလို႔ ယာေျပာင္းစိုက္ေနရတဲ့ အဆင့္ေရာက္သြားၿပီ။ မိုးေလဝသမမွန္၊ စိုက္ေရးပ်ိဳး ေရးမျဖစ္လို႔ ေဒသခံေတြလည္း ေရၾကည္ေလာက္မယ္၊ ျမက္ႏု ေလာက္မယ္ထင္တဲ့ ဖားကန႔္၊ မိုး ကုတ္၊ ျပည္ပဆို ထိုင္း၊ မေလးရွား တို႔ေရာက္ကုန္ၾကၿပီလို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ဆိုပါတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္ေရာင္းတဲ့ စီးပြားေလးထိခိုက္သြားမွာ စိုးရိမ္ၾကတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္နည္းေလးလာေမးရင္ကို သူတို႔မွာ ဘာလဲဆိုၿပီး စိတ္ပူတတ္ၾကတယ္။

    ဘာပဲျဖစ္ျဖစ္ပါ။ ၾကက္တစ္ေကာင္လုံး တစ္က်ပ္ေခတ္ေလာက္ကတည္းက ေရာင္းခဲ့တဲ့ လက္ပံပ်ားၾကက္ေၾကာ္ အခုေတာ့ ၇ေထာင္၈ေထာင္ ေဈးျဖစ္ေနလည္း ေရာင္းေနရဆဲပဲ။ ႏွစ္ေပါင္းဆိုရင္ လည္း သုံးဆယ္ ေက်ာ္လာခဲ့ၿပီ။ အခုခ်ိန္ထိ လက္ပံပ်ားၾကက္ေၾကာ္ ပန္းပန္ထားႏိုင္ဆဲ။ ေဒသတစ္ခုေရာက္တိုင္း အဲဒီ ေဒသကထြက္တဲ့ အစားအစာ ပစၥည္းေလးေတြ ဝယ္ယူစားသုံး တာဟာ အဲဒီေဒသေလးေတြ ဖြံ႕ ၿဖိဳးတိုးတက္ဖို႔ တစ္တပ္တစ္အား အားေပးရာေရာက္တယ္လို႔ ဆိုခဲ့ မယ္ဆိုရင္….။

    Photos – NNZ

    Credit-7DayDaily

    (Unicode)

    ရန်ကုန်မှာ ကေအက်ဖ်စီ ကြက်ကြော်ဆိုင် စဖွင့်တော့ လူတွေကြိတ်ကြိတ်တိုး အားပေးကြတာဝက်ဝက်ကွဲပါ။ အမေရိကန်လို နိုင်ငံကြီးကနေ လာဖွင့်တဲ့ နာမည်ကြီး ကြက်ကြော်ဆိုင် ဆိုတော့ လူတွေ စုပြုံတိုးကြတာ ဘာဆန်းလဲ။ ကေအက်ဖ်စီလိုပဲ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ကြက်ကြော်ရှိပါတယ်။ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေါ်က လက်ပံပျားကြက်ကြော်ဆို သိကြမယ်ထင်တယ်။

    ကျောက်ပန်းတောင်း၊ မကွေး၊ နတ်မောက်၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆိပ်ဖြူ၊ စလင်းအစရှိတဲ့ ဒေသတွေသွားမယ်ဆို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ လက်ပံပျား ကျေးရွာမှာ ထမင်းစားနားလေ့ရှိကြတယ်။ ကားရပ်ပြီဆို စတီးလင်ပန်းတို့၊ သံလင်ပန်းတို့ တွေပေါ်မှာ နီရဲရဲဝင်းပြောင်နေတဲ့ ကြက်သားကြော်တွေ ခေါင်းပေါ် ရွက်ပြီး လာရောင်းတတ်တဲ့ လက်ပံပျားကြက်ကြော်သည်လေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

    ကြက်ကြော်တွေက လင်ပန်းထဲမှာ စီစီရီရီတင်ထားတာက စားချင်စရာပါ။ ရင်အုပ်ကြီးတွေကို တစ်ခုပေါ်တစ်ခု ဆင့်တင်ပြီး ပတ်ပတ်လည် စီထားတယ်။ အလယ်မှာတော့ ရင်အုပ်တွေ။ လစ်ဟာနေတဲ့ နေရာလေးတွေမှာတော့ ကြက်အသည်းအမြစ်၊ ကြက်ကလီစာကြော်လေးတွေ။

    လက်ပံပျားကို ရောက်ပြီဆိုတာနဲ့ ကြက်ကြော်ကောင်းကောင်း စားရတော့မယ်ဆိုတာ စားဖူးသူတွေသိတယ်။ တချို့က ဝယ်ပြီး ဒီအတိုင်း တကျွတ်ကျွတ်စားပစ်တယ်။ တချို့ကတော့ ထမင်းဆီ ဆမ်းလေးမှာ ထမင်းထဲ ကြက်ကြော်လေးတွေ မျှင်နွှာထည့်ပြီး ထမင်းနဲ့ ကြက်ကြော်စားလိုက်၊ အရိုးလေးကိုက်လိုက် ရေနွေးသောက်လိုက် စားတတ်ကြတယ်။ ထမင်းဆိုင်တွေနဲ့ နီးစပ်တဲ့ ကြက်ကြော်သည်တွေဆို ဈေးဝယ်က ပူပူလေးစားချင်လို့ပါဆိုလည်း ပြန်ကြော်ပေးတယ်။ တချို့ကတော့ ကိုယ်စားဖို့တင် အားမရ။ ချစ်သူခင်သူ မိတ်ဆွေတွေအတွက်ပါ ပါဆယ်ဝယ်ကြတယ်။

    လက်ပံပျားကြက်ကြော်က ပြုတ်ပြီး ကြော်တာမျိုးမဟုတ်ဘဲ အစိမ်းအတိုင်းကြော်တာမျိုးဆိုတော့ မွှေးပြီး အရသာရှိလှတယ်။ ဝယ်ပြီး သုံးလေးရက်လောက် အေးအေးဆေးဆေး ထားလို့ရတယ်။ အိမ်ကျမှ အချိုမှုန့်စားတတ်ရင် နည်းနည်းလေးနယ်ပြီး ပြန်ကြော်စားရင်လည်း ကောင်းတယ်။ ကြက်သားကို နွှင်ပြီး ခရမ်းချဉ်သီးနဲ့ ချက်စားလည်း ကောင်းတယ်။ အစပ်စားတတ်သူတွေ ငရုတ်သီးနဲ့ ပြန်ကြော်မယ်ဆိုလည်း ရှယ်ပါပဲ။

    ကြက်ကိုမပြုတ်ဘဲ ရေနွေးဖြောပြီး လက်မ ၂၀ လောက်ရှိတဲ့ မိုးပြဲဒယ်ကြီးတွေနဲ့ ကြော်လေ့ရှိတယ်။အချိုမှုန့် မသုံးဘူး။ ဆားလေးသာ နည်းနည်းပွတ်တယ်။ ကြက်ကြော်တဲ့အခါ ဆီကို ဆီအစိမ်းနဲ့ ဆီအကျက်မျှအောင် ထည့်ရတယ်။ တစ်ဝက်စီ ထည့်ကြော်လည်းဖြစ်တယ်။ မမျှရင် ကြက်ကြော်က မလှဘူး။

    ရင်အုပ်သက်သက်၊ ပေါင်သက်သက်၊ ကလီစာသက်သက်ကြော်တယ်။ မီးကလည်း ပုံမှန်ထိုးပေးရတယ်။ ကြက်ကြော်လှ၊ မလှ မီးထိုးတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကတော့ ကြက်ကြော်ကို ခပ်ရဲရဲလေးမှ ကြိုက်သလို ခပ်ဖျော့ဖျော့လေး ကြိုက်တတ်တဲ့သူတွေလည်း ရှိတယ်လို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ရှင်းပြတယ်။

    တချို့က လက်ပံပျားကြက်ကြော်ကို စီပီကြက်တွေကို ဗမာကြက်ဆိုပြီး ရောင်းတယ်လို့ အထင်လွဲကြတယ်။ မဟုတ်ပါဘူး။ လက်ပံပျားမှာ စီပီကြက် လုံးဝမရောင်းဖို့ ကိုယ့်စီးပွားကိုယ်တုတ်နဲ့ မထိုးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက တင်းတင်းကျပ်ကျပ်မှာထားတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။ ‘‘နာမည်ပျက်သွားရင် လုပ်စားလို့မရတော့ဘူးလေ’’လို့ ကို ထွန်းထွန်းက ပြောတယ်။

    ဗမာကြက်ကိုပဲ သုံးရတာဆိုတော့ လက်ပံပျားရွာဝန်းကျင်မှာ ဗမာကြက်က အတော်လေးရှားလာတယ်။ ဒါကြောင့် ဗမာကြက်ရဖို့ ရွာနီးချုပ်စပ် ကြက်အရှာထွက်ရတယ်။ နတ်မောက်၊ တောင်တွင်းကြီး၊ ပျော်ဘွယ်၊ သာစည်၊ ညောင်ဦးဘက်တို့ အထိကို သွားရှာရတယ်။ ဆိုင်ကယ်တစ်စီးနဲ့ ရွာစဉ် ရွာကြား ဗမာကြက်ရှာရတာ ဓာတ်ဆီငါးဘူးလောက် ကုန်တယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

    တစ်ရွာဝင်တစ်ရွာထွက် ကြက်မွေးတတ်တဲ့ အိမ်တွေဆီ ကြက်ရောင်းဖို့ရှိ၊ မရှိ ဝင်မေးရတယ်။ ဗမာကြက်ဆိုတာလည်း တခြားမွေးမြူရေးကြက်တွေလို ခြံ နဲ့ဝင်းနဲ့ မွေးထားတာမျိုးမဟုတ်တော့ တစ်အိမ်တစ်အိမ်မှ ငါးကောင်ခြောက်ကောာင်လောက် ရောင်းတတ်ကြတာ။ ရောင်းမယ်ဆိုရင် သည်အတိုင်းရော့အင့်ဆို ပြီး ဝယ်လို့ရတာမဟုတ်။ ရောင်းမယ့်ကြက်ကို လူနှစ်ယောက်သုံး ယောက်လောက်က ဝိုင်းဖမ်းရ တယ်။ ကြက်ပြေးနိုင်မယ့် ဘက်ကို ပိုက်ထောင်ထားရတယ်။ ကြက်က တောင်ပြေးလိုက် မြောက်ပြေး လိုက်ဆိုတော့ နေ့ခင်းနေပူပူ ချွေးသံတရွှဲရွှဲနဲ့ လိုက်ဖမ်းပြီး ဝယ်ရတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

    ဒါကြောင့် ဗမာကြက်သုံးတဲ့ လက်ပံပျားကြက်ကြော်က စားဖူး သူတွေ သဘောကျကျတယ်။ ခရီး သွားတွေကလည်း ရောက်တုန်း ရောက်ခဲဆိုတော့ အားရပါးရ ဝယ်စားလေ့ရှိကြတယ်။ ကိုယ်ပိုင်ကားသေးလေးတွေဆို ဈေးပိုပေး တတ်ကြတယ်။ တော်သလင်းလ ပုပ္ပားမှာ ဘိုးတော်ထွက်ပွဲအခါ ရောက်ပြီဆို လက်ပံပျားကြက် ကြော်သည်တွေ လက်ပန်းပေါင်း ခတ်ပေရော့။ ဟိုကားကလည်း လက်ပံပျားကြက်ကြော်၊ ဒီကားကလည်း လက်ပံပျားကြက်ကြော် အသည်တစ်သည်သိန်းချီ ရောင်းရတယ်လို့ ဆိုတယ်။ တော်သလင်းကအစ သီတင်းကျွတ်တန်ဆောင်တိုင်တွေမှာလည်း ရောင်းရတယ်။ သြင်္ကန်မတိုင်မီလည်း ရောင်းရတယ်လို့ ဆိုကြတယ်။

    ဈေးရောင်းကောင်းတဲ့အခါ ဆိုရင်တော့ ညနေ ၃နာရီလောက် ဆို ကုန်တတ်တယ်။ အရောင်း နည်းနည်းလေးအေးတယ်ဆိုရင် တော့ လာတဲ့ကားကို လက်ပံ ပျားကြက်ကြော်သည်တွေ ပြေး လွှားရောင်းကြရရှာတာပါပဲ။ ပေါင်နဲ့ ရင်အုပ်အရင်းအတိုင်းပေး ပြီး ကလီစာလေးအမြစ်အသည်း လေးအမြတ်ယူရောင်းရတဲ့အခါ လည်း ရှိတယ်။

    ဈေးရောင်း မကောင်းတဲ့ အခါ ကြက်ကြော်သည် အမျိုး သမီးလေးတွေက ရောင်းချင်ဇော နဲ့ ကြက်ကြော်ကို ထည့်မပြော တော့ဘဲ ‘‘ယူပါအစ်ကိုရယ်။ ကျွန် မပေါင်က အကြီးကြီးပါ။ ကျွန်မ ရင်အုပ်က အကြီးကြီးပါ’’ဆိုပြီး ပြောဆိုရောင်းချတဲ့အခါ ဘေးနား က ကြားတဲ့ ရွာထဲက ကာလသား တွေဆို တခွိခွိရယ်တတ်ကြတယ်။ နောက်ပြီး စိုးစန္ဒာထွန်းရဲ့ ကျွန်မဘဝညဉ့်နက်ရပြီကွယ်ဆိုတဲ့ သီချင်းစာသားကို သူတို့ရောင်းနေတာနဲ့ လိုက်အောင် ပြောင်းဆို ညည်းတတ်ကြတယ်။ ဘာတဲ့။ ‘‘ကျွန်မဘ၀ ကြက်ဖြစ်ရပြီကွယ်’’ တဲ့။

    လက်ပံပျားကြက်ကြော် နာမည်ကြီးတော့ ရန်ကုန်က ထမင်း ဆိုင်တချို့က နည်းယူဖို့ ရွာက ကြက်ကြော်တဲ့သူတချို့ကို ငွေစ ကြေးစပေးပြီး ခေါ်သွားဖူးတယ်။ ရွာက လူတွေသိသွားတော့ လိုက် သွားတဲ့သူတွေကို ဆူကြတာပေါ့။ နင်တို့ ထမင်းအိုးကွဲသွားချင်သ လားပေါ့။ သူတို့တွေက ဆိုင်ကြီး ကနားကြီး ငွေကြေးကလည်း တောင့်မှတောင့်။ လက်ပံပျား ကြက်ကြော်ဆိုပြီး နိုင်ငံအနှံ့ဆိုင် တွေဖွင့်လိုက်ရင် တို့ဘယ်လို ရောင်းစားလို့ရတော့မလဲဆိုတဲ့ အတွေးနဲ့ ရိုးရှင်းစွာစိုးရိမ်ခဲ့ကြတာ ပါ။ ရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက် က ကြက်ကြော်ရောင်းရတဲ့ စီးပွား ရေးကို မှီခိုအားထားနေရတာဆို တော့ ကြက်ကြော်ကပေးတဲ့ ဒီစီး ပွားအိုးတုတ်နဲ့ အထိုးခံရမှာ စိတ် ပူကြတာပါ။

    စိတ်ပူမယ်ဆိုလည်း ပူစရာပါ။ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ မိုးလေဝသမမှန်လို့၊ မိုး ခေါင်လို့ ဒုက္ခရောက်ရတဲ့ ရွာတွေထဲ လက်ပံပျားရွာလေးလည်း အပါအဝင်ပေါ့။ စပါးရနေတဲ့ လယ်တောင် ရေမရလို့ ယာပြောင်းစိုက်နေရတဲ့ အဆင့်ရောက်သွားပြီ။ မိုးလေဝသမမှန်၊ စိုက်ရေးပျိုး ရေးမဖြစ်လို့ ဒေသခံတွေလည်း ရေကြည်လောက်မယ်၊ မြက်နု လောက်မယ်ထင်တဲ့ ဖားကန့်၊ မိုး ကုတ်၊ ပြည်ပဆို ထိုင်း၊ မလေးရှား တို့ရောက်ကုန်ကြပြီလို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ဆိုပါတယ်။ ဒါကြောင့် ကြက်ကြော်ရောင်းတဲ့ စီးပွားလေးထိခိုက်သွားမှာ စိုးရိမ်ကြတယ်။ ဒါကြောင့် ကြက်ကြော်နည်းလေးလာမေးရင်ကို သူတို့မှာ ဘာလဲဆိုပြီး စိတ်ပူတတ်ကြတယ်။

    ဘာပဲဖြစ်ဖြစ်ပါ။ ကြက်တစ်ကောင်လုံး တစ်ကျပ်ခေတ်လောက်ကတည်းက ရောင်းခဲ့တဲ့ လက်ပံပျားကြက်ကြော် အခုတော့ ၇ထောင်၈ထောင် ဈေးဖြစ်နေလည်း ရောင်းနေရဆဲပဲ။ နှစ်ပေါင်းဆိုရင် လည်း သုံးဆယ် ကျော်လာခဲ့ပြီ။ အခုချိန်ထိ လက်ပံပျားကြက်ကြော် ပန်းပန်ထားနိုင်ဆဲ။ ဒေသတစ်ခုရောက်တိုင်း အဲဒီ ဒေသကထွက်တဲ့ အစားအစာ ပစ္စည်းလေးတွေ ဝယ်ယူစားသုံး တာဟာ အဲဒီဒေသလေးတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အား အားပေးရာရောက်တယ်လို့ ဆိုခဲ့ မယ်ဆိုရင်….။

    Photos – NNZ

    Credit-7DayDaily

  • ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ေန႔ခ်င္းျပန္ ခရီးစဥ္ ၁ဝ ခု

    (Zawgyi)

    ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ေန႔ခ်င္းျပန္ ခရီးစဥ္ ၁ဝ ခု

    ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးဘဲ ေန႔ခ်င္းျပန္ ဒါမွမဟုတ္ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ေတြမွာ ေပါ့ေပါ့ပါးပါးသြားလို႔ရမယ့္ ခရီးတိုေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အခ်ိန္လည္းသိပ္မကုန္၊ လူလည္း သိပ္မပင္ပန္းဘဲ ေငြေၾကးစရိတ္လည္း ေခြၽတာႏိုင္တာမို႔ ႏွစ္သက္ၾကမွာပါလို႔။

    ေတာင္ဝိုင္း

    ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွာတည္ရွိတဲ့ ဒီေတာင္ဝိုင္းေတာင္ေလးကေတာ့ ေတာင္တက္ခ်င္သူေတြအတြက္ ရႈခင္းအလွဆုံးနဲ႔ ေပ်ာ္စရာ အေကာင္းဆုံးလို႔ပဲ ၫႊန္းပါရေစ။ ေတာင္ဝိုင္းေတာင္ကို ခရီးထြက္မယ္ဆိုရင္ ကရင္ျပည္နယ္က သဘာဝထုံးေက်ာက္ လိုဏ္ဂူေတြ၊ ေရကန္ေတြနဲ႔ စိမ္းစိုေနတဲ့ သဘာဝေတာေတာင္ေတြက သင့္ကို အေမာေျပေစမွာပါ။ ရန္ကုန္ကေန ေန႔ခ်င္းျပန္စီစဥ္ေပးေနတဲ့ ခရီးသြားအဖြဲ႕ေတြလည္းရွိတာမို႔ ႐ုံးပိတ္ရက္ေလးမွာ ေပ်ာ္ေပ်ာ္ႀကီး ခရီးသြားႏိုင္ပါတယ္။

    ေနာ္ဘူေဘာ

    ဒ႑ာရီထဲက ကရင္မင္းသမီးေလး ေနာ္ဘူေဘာအေၾကာင္းကို ၾကားဖူးၾက ပါသလား။ သေဘၤာပုံသဏၭာန္ ေက်ာက္ေတာင္ထိပ္ကို အေရာက္သြားရင္း တိမ္ပင္လယ္ကို ငုံ႔ၾကည့္ခံစားႏိုင္တဲ့ ေအးျမတဲ့ ေနာ္ဘူေဘာခရီးစဥ္ကလည္း အခ်ိန္တစ္ရက္နဲ႔ လုံေလာက္ပါတယ္။ ရန္ကုန္ကေန ေတာင္ငူၿမိဳ႕ကို ျဖတ္ၿပီးသြားရမွာမို႔ ေတာင္ေပၚက အျပန္မွာ နာမည္ေက်ာ္ ပသီေခ်ာင္း၊ ဆင္စခန္းေတြကို ဝင္လည္ႏိုင္သလို အရမ္းေကာင္းတဲ့ ေအာ္ဂဲနစ္ေကာ္ဖီေတြကိုလည္း ျမည္းစမ္းႏိုင္ပါတယ္။

    ကဗ်ာဝ ကမ္းေျခ

    ကမ္းေျခအသစ္လို႔ ဆိုႏိုင္တဲ့ ဒီကဗ်ာဝမွာ လူသိပ္က်ပ္ေနတာမ်ိဳး မရွိေသးဘဲ သဘာဝအရသာကို ေကာင္းေကာင္းႀကီး ခံစားႏိုင္ပါေသးတယ္။ မြန္ျပည္နယ္၊ ေရးၿမိဳ႕မွာ တည္ရွိတဲ့ ကဗ်ာဝကမ္းေျခကို ေန႔ခ်င္းျပန္ခရီးစဥ္ေတြလည္း ေျပးဆြဲေနၿပီမို႔ ကမ္းေျခ အသစ္အရသာကို သြားေလ့လာရယူသင့္ပါတယ္။ ေဈးသက္သာၿပီး လတ္ဆတ္တဲ့ပင္လယ္စာေတြနဲ႔ သန႔္ရွင္းေနတဲ့ ဆားငန္ေလျပည္ေတြက သင့္ကို လန္းဆန္းေစမွာပါ။

    က်ိဳက္ထီး႐ိုးေစတီေတာ္

    မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕မွာရွိတဲ့ က်ိဳက္ထီး႐ိုးေစတီေတာ္က ဗုဒၶဆံေတာ္ျမတ္ေၾကာင့္ေရာ၊ေတာင္ထိပ္က သဘာဝလြန္ ေက်ာက္တုံးႀကီးေရာေၾကာင့္ပါ ကမာၻေက်ာ္ပါတယ္။ ဒီရက္ေတြမွာေတာ့ တိုးမေပါက္ေအာင္ ႀကိတ္ႀကိတ္တိုးေနတဲ့ လူအုပ္ႀကီးက ဘုရားရင္ျပင္ေတာ္ေပၚမွာပါ ေျခခ်စရာမရွိေအာင္ ျပည့္ေနပါတယ္။ ေျခလ်င္နဲ႔ ေတာင္တက္ခ်င္ရင္ အခ်ိန္အနည္းဆုံး ၄၊ ၅ နာရီေလာက္ တက္ရမွာမို႔ အားကစား လိုက္စားသူေတြအတြက္ အဆင္ေျပၿပီး ဘုရားေဂါပကအဖြဲ႕က ေတာင္တက္ကားေတြ စီစဥ္ထားတဲ့အတြက္ ေအးေအးသက္သာ ခရီးသြားခ်င္သူေတြအတြက္လည္း သက္ေသာင့္သက္သာပါပဲ။ ဘုရားကအျပန္ သဘာဝေရတံခြန္နဲ႔ ေတာေတာင္ ေတြဘက္လည္း လွည့္လို႔ရေသးတယ္ေနာ္။

    ငလိုက္ဆည္

    ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ထဲမွာရွိတဲ့ ငလိုက္ဆည္ႀကီးက ခုဆိုရင္ ငလိုက္ကန္သာအပန္းေျဖစခန္းအျဖစ္ နာမည္ေက်ာ္ေနပါၿပီ။ ဘန္ဂလိုပုံစံ ထုတ္ေပးထားတဲ့ ေရွးျမန္မာ့ ကြၽန္းအိမ္ႀကီးေတြ၊တည္းခိုရာ ေနရာကေန ၁၅ မိနစ္ေလာက္ စက္ေလွစီးသြား႐ုံနဲ႔ ေရာက္မယ့္ ငလိုက္ဆင္စခန္းေတြနဲ႔ ငလိုက္ဆည္ႀကီးရဲ႕ အလွအပေတြက အလည္လာသူေတြကို ဖမ္းစားႏိုင္ပါတယ္။ ခရီးသြားေတြ သိပ္မသိေသးတဲ့ ေနရာမို႔ လူမမ်ားခင္ ေအးေအးေဆးေဆး သြားနားသင့္ပါတယ္။

    မိုးယြန္းႀကီး သဘာဝေဘးမဲ့ေျမ

    ရန္ကုန္ကေန မိုင္ ၇ဝ ဝန္းက်င္ပဲ ေဝးတဲ့ မိုးယြန္းႀကီးအင္းက ပဲခူးတိုင္းေဒသႀကီးထဲမွာတည္ရွိၿပီး ရန္ကုန္−မႏၲေလး ကားလမ္းေပၚမွာ တည္ရွိပါတယ္။ ၁၈၇၈ ခုႏွစ္မွာ ေရထိန္းသိမ္းဖို႔ ကန္အျဖစ္ သတ္မွတ္ခဲ့တဲ့ မိုးယြန္းႀကီးဟာ ႏွစ္ေပါင္းအေတာ္ၾကာလာခ်ိန္မွာေတာ့ သူပိုင္ဆိုင္ရာ ဧက ၄ဝ စလုံး စိတ္ဝင္စားစရာ သဘာဝေဘးမဲ့ကန္ႀကီးအျဖစ္ တန္ဖိုးျမင့္ေနခဲ့ပါၿပီ။ ၁၉၈၈ ခုႏွစ္မွာေတာ့ သဘာဝသားရဲတိရစာၦန္တို႔ေနထိုင္ရာ၊ ရာနဲ႔ခ်ီတဲ့ ဌာေနငွက္တို႔ စံေပ်ာ္ရာ ေရကန္ႀကီးျဖစ္ေနၿပီမို႔ သြားေရာက္ေလ့လာသင့္တဲ့ ေနရာတစ္ခုပါ။

    ဝကၤေဘာ္ဆင္စခန္း

    ေန႔စဥ္ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ဖြင့္လွစ္တဲ့ ဒီဝကၤေဘာ္ဆင္စခန္းက ရန္ကုန္ၿမိဳ႕ကေန အခ်ိန္တစ္နာရီဝန္းက်င္ေလာက္ပဲ ေမာင္း႐ုံနဲ႔ ေရာက္တယ္ဆိုေတာ့ အခ်ိန္သိပ္မကုန္ ေတာ့ဘူးေပါ့။ ဆင္အေကာင္၂ဝ ခန႔္ကို ထိန္းသိမ္းေစာင့္ေရွာက္ထားၿပီး မိဘမဲ့ ဆင္ေပါက္ေလးေတြကိုလည္း ေကြၽးေမြးျပဳစုေနပါတယ္။ ဆင္စခန္းရဲ႕ အေနာက္ဘက္မွာ စမ္းေခ်ာင္းေလးရွိၿပီး မနက္ေစာေစာ ဆင္စခန္းကိုေရာက္မယ္ဆိုရင္ေတာ့ ဆင္ေတြ စမ္းေခ်ာင္းမွာ ေရခ်ိဳးတာကို လိုက္ပါ ကူညီလိုက္ႏိုင္ပါတယ္။ အခ်ိန္ရေသးေတာ့ ပဲခူးဘုရားေတြကိုလည္း သြားလည္လို႔ ရပါေသးတယ္။

    အေကာက္ေတာင္ဘုရား

    ထုံးဘိုၿမိဳ႕နယ္ထဲမွာရွိတဲ့ အေကာက္ေတာင္ဘုရားကိုေတာ့ ေန႔ခ်င္းျပန္ခရီးစဥ္ေတြရဲ႕ အစလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဧရာဝတီျမစ္ရဲ႕ ကမ္းနားတစ္ေလွ်ာက္ ဘုရားဆင္းတုေတာ္ေတြကို ခပ္က်ဥ္းက်ဥ္းေတာင္နံရံေတြထဲမွာ ေတြ႕ရတာကိုက ထူးျခားေနၿပီမို႔ မေရာက္ဖူးသူနည္းတဲ့ ေနရာပါ။ ျပည္ၿမိဳ႕အထိ ကားစီးသြားၿပီး အေကာက္ေတာင္ဘုရားဖူးခ်င္ရင္ေတာ့ ေလွထပ္စီးၿပီးဆက္သြား ရပါတယ္။ အျပန္ျပည္ၿမိဳ႕က နာမည္ေက်ာ္ဘုရားေတြ ဝင္ဖူးလို႔လည္း ရတာမို႔ ဒီခရီးစဥ္က အခ်ိန္တိုၿပီး တန္တယ္လို႔ဆိုႏိုင္ပါတယ္။

    ဇလြန္ျပည္ေတာ္ျပန္ဘုရား

    နာမည္ေက်ာ္ မာန္ေအာင္ျမင္ျပည္ေတာ္ျပန္ဘုရား တည္ရွိတဲ့ ဇလြန္ၿမိဳ႕က ဧရာဝတီတိုင္းထဲက ၿမိဳ႕ငယ္ေလးျဖစ္ၿပီး ရန္ကုန္ကေန အခ်ိန္ ႏွစ္နာရီေလာက္ သြား႐ုံနဲ႔ ေရာက္ႏိုင္တဲ့ေနရာပါ။ ဇလြန္ၿမိဳ႕မွာ ပဲေလွာ္၊ ခ်င္းသုပ္စတဲ့ စားဖြယ္ရာေတြနဲ႔ ရန္ကုန္နဲ႔မတူတဲ့ ဧရာဝတီသားေတြရဲ႕ လူေနမႈဘဝေတြ၊ လမ္းတစ္ေလွ်ာက္က ငါးကန္ေတြ၊ ျဖတ္သန္းသြားတဲ့ ဓႏုျဖဴၿမိဳ႕က ဘုရားေတြကိုပါ တစ္ဆက္တည္း ဖူးႏိုင္ပါတယ္။

    ေညာင္ေခ်ာင္းသာ ကမ္းေျခ

    ဧရာဝတီျမစ္ရဲ႕ သဲေသာင္ျပင္ေပၚမွာ ကမ္းေျခတစ္ခုအျဖစ္ ဖန္တီးထားတဲ့ ဒီ ေညာင္ေခ်ာင္းသာက လြန္ခဲ့တဲ့ ႏွစ္ပိုင္းအတြင္းက လူသိမ်ားလာၿပီး ခုခ်ိန္မွာေတာ့ စည္ကားေနပါၿပီ။ ငါးကင္၊ ပုစြန္ကင္စတဲ့ အစားအစာေတြကို ေဈးသက္သက္သာသာနဲ႔ ရႏိုင္သလို ရွည္လ်ားတဲ့ သဲေသာင္ျပင္ေၾကာင့္လည္း တကယ့္ ကမ္းေျခႀကီးေတြသြားရသလို အေမာေျပေစမွာပါ။ အခ်ိန္သိပ္ မကုန္တဲ့အတြက္ ေန႔ခ်င္းျပန္သြားခ်င္သူေတြအတြက္ သင့္ေလ်ာ္တဲ့ ေနရာတစ္ခုပဲ ျဖစ္ပါတယ္။

    Credit-The Myanmar Times Daily Newspaper

    (Unicode)

    ရန်ကုန်မြို့နဲ့သိပ်မဝေးတဲ့ နေ့ချင်းပြန် ခရီးစဉ် ၁ဝ ခု

    ရန်ကုန်မြို့နဲ့ သိပ်မဝေးဘဲ နေ့ချင်းပြန် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးသွားလို့ရမယ့် ခရီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်လည်းသိပ်မကုန်၊ လူလည်း သိပ်မပင်ပန်းဘဲ ငွေကြေးစရိတ်လည်း ချွေတာနိုင်တာမို့ နှစ်သက်ကြမှာပါလို့။

    တောင်ဝိုင်း

    ကရင်ပြည်နယ်၊ ဘားအံမြို့မှာတည်ရှိတဲ့ ဒီတောင်ဝိုင်းတောင်လေးကတော့ တောင်တက်ချင်သူတွေအတွက် ရှုခင်းအလှဆုံးနဲ့ ပျော်စရာ အကောင်းဆုံးလို့ပဲ ညွှန်းပါရစေ။ တောင်ဝိုင်းတောင်ကို ခရီးထွက်မယ်ဆိုရင် ကရင်ပြည်နယ်က သဘာဝထုံးကျောက် လိုဏ်ဂူတွေ၊ ရေကန်တွေနဲ့ စိမ်းစိုနေတဲ့ သဘာဝတောတောင်တွေက သင့်ကို အမောပြေစေမှာပါ။ ရန်ကုန်ကနေ နေ့ချင်းပြန်စီစဉ်ပေးနေတဲ့ ခရီးသွားအဖွဲ့တွေလည်းရှိတာမို့ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ကြီး ခရီးသွားနိုင်ပါတယ်။

    နော်ဘူဘော

    ဒဏ္ဍာရီထဲက ကရင်မင်းသမီးလေး နော်ဘူဘောအကြောင်းကို ကြားဖူးကြ ပါသလား။ သင်္ဘောပုံသဏ္ဌာန် ကျောက်တောင်ထိပ်ကို အရောက်သွားရင်း တိမ်ပင်လယ်ကို ငုံ့ကြည့်ခံစားနိုင်တဲ့ အေးမြတဲ့ နော်ဘူဘောခရီးစဉ်ကလည်း အချိန်တစ်ရက်နဲ့ လုံလောက်ပါတယ်။ ရန်ကုန်ကနေ တောင်ငူမြို့ကို ဖြတ်ပြီးသွားရမှာမို့ တောင်ပေါ်က အပြန်မှာ နာမည်ကျော် ပသီချောင်း၊ ဆင်စခန်းတွေကို ဝင်လည်နိုင်သလို အရမ်းကောင်းတဲ့ အော်ဂဲနစ်ကော်ဖီတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

    ကဗျာဝ ကမ်းခြေ

    ကမ်းခြေအသစ်လို့ ဆိုနိုင်တဲ့ ဒီကဗျာဝမှာ လူသိပ်ကျပ်နေတာမျိုး မရှိသေးဘဲ သဘာဝအရသာကို ကောင်းကောင်းကြီး ခံစားနိုင်ပါသေးတယ်။ မွန်ပြည်နယ်၊ ရေးမြို့မှာ တည်ရှိတဲ့ ကဗျာဝကမ်းခြေကို နေ့ချင်းပြန်ခရီးစဉ်တွေလည်း ပြေးဆွဲနေပြီမို့ ကမ်းခြေ အသစ်အရသာကို သွားလေ့လာရယူသင့်ပါတယ်။ ဈေးသက်သာပြီး လတ်ဆတ်တဲ့ပင်လယ်စာတွေနဲ့ သန့်ရှင်းနေတဲ့ ဆားငန်လေပြည်တွေက သင့်ကို လန်းဆန်းစေမှာပါ။

    ကျိုက်ထီးရိုးစေတီတော်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်က ဗုဒ္ဓဆံတော်မြတ်ကြောင့်ရော၊တောင်ထိပ်က သဘာဝလွန် ကျောက်တုံးကြီးရောကြောင့်ပါ ကမ္ဘာကျော်ပါတယ်။ ဒီရက်တွေမှာတော့ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးက ဘုရားရင်ပြင်တော်ပေါ်မှာပါ ခြေချစရာမရှိအောင် ပြည့်နေပါတယ်။ ခြေလျင်နဲ့ တောင်တက်ချင်ရင် အချိန်အနည်းဆုံး ၄၊ ၅ နာရီလောက် တက်ရမှာမို့ အားကစား လိုက်စားသူတွေအတွက် အဆင်ပြေပြီး ဘုရားဂေါပကအဖွဲ့က တောင်တက်ကားတွေ စီစဉ်ထားတဲ့အတွက် အေးအေးသက်သာ ခရီးသွားချင်သူတွေအတွက်လည်း သက်သောင့်သက်သာပါပဲ။ ဘုရားကအပြန် သဘာဝရေတံခွန်နဲ့ တောတောင် တွေဘက်လည်း လှည့်လို့ရသေးတယ်နော်။

    ငလိုက်ဆည်

    နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာရှိတဲ့ ငလိုက်ဆည်ကြီးက ခုဆိုရင် ငလိုက်ကန်သာအပန်းဖြေစခန်းအဖြစ် နာမည်ကျော်နေပါပြီ။ ဘန်ဂလိုပုံစံ ထုတ်ပေးထားတဲ့ ရှေးမြန်မာ့ ကျွန်းအိမ်ကြီးတွေ၊တည်းခိုရာ နေရာကနေ ၁၅ မိနစ်လောက် စက်လှေစီးသွားရုံနဲ့ ရောက်မယ့် ငလိုက်ဆင်စခန်းတွေနဲ့ ငလိုက်ဆည်ကြီးရဲ့ အလှအပတွေက အလည်လာသူတွေကို ဖမ်းစားနိုင်ပါတယ်။ ခရီးသွားတွေ သိပ်မသိသေးတဲ့ နေရာမို့ လူမများခင် အေးအေးဆေးဆေး သွားနားသင့်ပါတယ်။

    မိုးယွန်းကြီး သဘာဝဘေးမဲ့မြေ

    ရန်ကုန်ကနေ မိုင် ၇ဝ ဝန်းကျင်ပဲ ဝေးတဲ့ မိုးယွန်းကြီးအင်းက ပဲခူးတိုင်းဒေသကြီးထဲမှာတည်ရှိပြီး ရန်ကုန်−မန္တလေး ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေထိန်းသိမ်းဖို့ ကန်အဖြစ် သတ်မှတ်ခဲ့တဲ့ မိုးယွန်းကြီးဟာ နှစ်ပေါင်းအတော်ကြာလာချိန်မှာတော့ သူပိုင်ဆိုင်ရာ ဧက ၄ဝ စလုံး စိတ်ဝင်စားစရာ သဘာဝဘေးမဲ့ကန်ကြီးအဖြစ် တန်ဖိုးမြင့်နေခဲ့ပါပြီ။ ၁၉၈၈ ခုနှစ်မှာတော့ သဘာဝသားရဲတိရစ္ဆာန်တို့နေထိုင်ရာ၊ ရာနဲ့ချီတဲ့ ဌာနေငှက်တို့ စံပျော်ရာ ရေကန်ကြီးဖြစ်နေပြီမို့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။

    ဝင်္ကဘော်ဆင်စခန်း

    နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်တဲ့ ဒီဝင်္ကဘော်ဆင်စခန်းက ရန်ကုန်မြို့ကနေ အချိန်တစ်နာရီဝန်းကျင်လောက်ပဲ မောင်းရုံနဲ့ ရောက်တယ်ဆိုတော့ အချိန်သိပ်မကုန် တော့ဘူးပေါ့။ ဆင်အကောင်၂ဝ ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး မိဘမဲ့ ဆင်ပေါက်လေးတွေကိုလည်း ကျွေးမွေးပြုစုနေပါတယ်။ ဆင်စခန်းရဲ့ အနောက်ဘက်မှာ စမ်းချောင်းလေးရှိပြီး မနက်စောစော ဆင်စခန်းကိုရောက်မယ်ဆိုရင်တော့ ဆင်တွေ စမ်းချောင်းမှာ ရေချိုးတာကို လိုက်ပါ ကူညီလိုက်နိုင်ပါတယ်။ အချိန်ရသေးတော့ ပဲခူးဘုရားတွေကိုလည်း သွားလည်လို့ ရပါသေးတယ်။

    အကောက်တောင်ဘုရား

    ထုံးဘိုမြို့နယ်ထဲမှာရှိတဲ့ အကောက်တောင်ဘုရားကိုတော့ နေ့ချင်းပြန်ခရီးစဉ်တွေရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ရဲ့ ကမ်းနားတစ်လျှောက် ဘုရားဆင်းတုတော်တွေကို ခပ်ကျဉ်းကျဉ်းတောင်နံရံတွေထဲမှာ တွေ့ရတာကိုက ထူးခြားနေပြီမို့ မရောက်ဖူးသူနည်းတဲ့ နေရာပါ။ ပြည်မြို့အထိ ကားစီးသွားပြီး အကောက်တောင်ဘုရားဖူးချင်ရင်တော့ လှေထပ်စီးပြီးဆက်သွား ရပါတယ်။ အပြန်ပြည်မြို့က နာမည်ကျော်ဘုရားတွေ ဝင်ဖူးလို့လည်း ရတာမို့ ဒီခရီးစဉ်က အချိန်တိုပြီး တန်တယ်လို့ဆိုနိုင်ပါတယ်။

    ဇလွန်ပြည်တော်ပြန်ဘုရား

    နာမည်ကျော် မာန်အောင်မြင်ပြည်တော်ပြန်ဘုရား တည်ရှိတဲ့ ဇလွန်မြို့က ဧရာဝတီတိုင်းထဲက မြို့ငယ်လေးဖြစ်ပြီး ရန်ကုန်ကနေ အချိန် နှစ်နာရီလောက် သွားရုံနဲ့ ရောက်နိုင်တဲ့နေရာပါ။ ဇလွန်မြို့မှာ ပဲလှော်၊ ချင်းသုပ်စတဲ့ စားဖွယ်ရာတွေနဲ့ ရန်ကုန်နဲ့မတူတဲ့ ဧရာဝတီသားတွေရဲ့ လူနေမှုဘဝတွေ၊ လမ်းတစ်လျှောက်က ငါးကန်တွေ၊ ဖြတ်သန်းသွားတဲ့ ဓနုဖြူမြို့က ဘုရားတွေကိုပါ တစ်ဆက်တည်း ဖူးနိုင်ပါတယ်။

    ညောင်ချောင်းသာ ကမ်းခြေ

    ဧရာဝတီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ကမ်းခြေတစ်ခုအဖြစ် ဖန်တီးထားတဲ့ ဒီ ညောင်ချောင်းသာက လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းက လူသိများလာပြီး ခုချိန်မှာတော့ စည်ကားနေပါပြီ။ ငါးကင်၊ ပုစွန်ကင်စတဲ့ အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်သလို ရှည်လျားတဲ့ သဲသောင်ပြင်ကြောင့်လည်း တကယ့် ကမ်းခြေကြီးတွေသွားရသလို အမောပြေစေမှာပါ။ အချိန်သိပ် မကုန်တဲ့အတွက် နေ့ချင်းပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

    Credit-The Myanmar Times Daily Newspaper