Category: ဗဟုတုသ

  • ရွပ္အက်ီအျဖဴ ေကာ္လံႏွင့္ ဂ်ိဳင္းၾကားက အမည္းကြက္ေတြ ျဖဴေဖြးသြားေစမယ့္ အိမ္တြင္းအလြယ္နည္း

    (Zawgyi)

    ေနပါဦးဆိုတာေတာင္ မရေတာ့ပဲ ျဖဴေဖြးသြားတဲ့ ရွပ္အက်ီအျဖဴ ေကာ္လံႏွင့္ ဂ်ိဳင္းၾကားက အမည္းကြက္ေတြ

    သင့္ရဲ႕ ခင္ပြန္းျဖစ္သူပဲျဖစ္ျဖစ္ ဖခင္သို႔မဟုတ္.. သားသမီးပဲျဖစ္ျဖစ္.. အဲ့လိုရွပ္အက်ီအျဖဴကို ေန႔တိုင္းဝတ္ပီး အလုပ္တက္ေနရပါသလား..?? အဲ့လို..လည္ပင္းေနရာေတြနဲ႔ လက္အဖ်ားေနရာေတြဟာ အလြယ္တကူ အရမ္းညစ္ပါတ္ပီး ..မဲတူးခ်ိတ္ေနသလို ျဖစ္ေနတတ္တာ သဘာဝပါ။ စိတ္မပူပါနဲ႔.လူလဲသက္သာပီး.မဲတူခ်ိတ္ေနတာေတြကို ေျပာင္စင္ဖို႔ လြယ္ကူျမန္ဆန္တဲ့ နည္းေလးေပးပါရေစ။

    ၁။ အဲ့လို မဲတူးခ်ိတ္ေနတဲ့ေကာ္လံအဖ်ား..နဲ႔လက္အဖ်ားကို..ေရပူပူနဲ႔ အယင္စိုစြတ္ေနေအာင္ ေလာင္းထားေပးပါ။

    ၂။ အိမ္တိုင္းလိုလိုမွာ..ပန္ကန္ေဆးတဲ့ ဆပ္ျပာရည္ေတာ့ ရွိၾကမွာပါ။ အဲ့ဆပ္ျပာရည္နဲ႔ မဲေနတဲ့ ညစ္ပါတ္ေနတဲ့ ေနရာအကုန္ကို နဲနဲသုတ္ပီး လူးထားေပး။ ၿပီးရင္ အခုလို ဘရတ္ေလးနဲ႔ ဖြဖြေလးပဲ တိုက္ေပးလိုက္ပါ။ ပုံေတြကို တခုခ်င္းစီ ၾကည့္ေပးပါ။

    မဲေနတာေတြ ရွိေနေသးလားလို႔။ မဲမဲဂ်ီးေပေနတာေတြဟာ ကိုယ္ၾကည့္ခ်င္လို႔ ေနပါဦး ဆိုတာေတာင္ မျမင္ရေတာ့ပဲ အဲ့လိုျဖဴေဖြးသြားတဲ့ အေနအထားကို ရလာပါလိမ့္မယ္။

    ၿပီးမွ..အိမ္မွာအဝတ္ေလွ်ာ္စက္ရွိရင္ ျပစ္ထည့္ပီးေလွ်ာ္လိုက္ပါ။ အဝတ္ေလွ်ာ္စက္မရွိတဲ့ သူေတြလဲ ကိုယ့္ဘာကိုယ္ ေရနဲ႔ပဲ သန႔္စင္ေအာင္ ေလွ်ာ္ပစ္လိုက္ရင္ ျဖဴေဖြး သန႔္ရွင္းသြားတဲ့ အက်ီျဖဴေလးကို ရပါပီရွင္။ အိမ္ရွင္မေတြ သက္ေတာင့္ သက္သာ ရွိၾကေစဖို႔ မွ်ေဝေပးလိုက္ရပါတယ္ရွင့္။

    Credit – 陳秀圓

    သင့္ရဲ႕ ခင္ပြန္းျဖစ္သူပဲျဖစ္ျဖစ္ ဖခင္သို႔မဟုတ္.. သားသမီးပဲျဖစ္ျဖစ္.. အဲ့လိုရွပ္အက်ီအျဖဴကို ေန႔တိုင္းဝတ္ပီး အလုပ္တက္ေနရပါသလား..?? အဲ့လို..လည္ပင္းေနရာေတြနဲ႔ လက္အဖ်ားေနရာေတြဟာ အလြယ္တကူ အရမ္းညစ္ပါတ္ပီး ..မဲတူးခ်ိတ္ေနသလို ျဖစ္ေနတတ္တာ သဘာဝပါ။ စိတ္မပူပါနဲ႔.လူလဲသက္သာပီး.မဲတူခ်ိတ္ေနတာေတြကို ေျပာင္စင္ဖို႔ လြယ္ကူျမန္ဆန္တဲ့ နည္းေလးေပးပါရေစ။

    ၁။ အဲ့လို မဲတူးခ်ိတ္ေနတဲ့ေကာ္လံအဖ်ား..နဲ႔လက္အဖ်ားကို..ေရပူပူနဲ႔ အယင္စိုစြတ္ေနေအာင္ ေလာင္းထားေပးပါ။

    ၂။ အိမ္တိုင္းလိုလိုမွာ..ပန္ကန္ေဆးတဲ့ ဆပ္ျပာရည္ေတာ့ ရွိၾကမွာပါ။ အဲ့ဆပ္ျပာရည္နဲ႔ မဲေနတဲ့ ညစ္ပါတ္ေနတဲ့ ေနရာအကုန္ကို နဲနဲသုတ္ပီး လူးထားေပး။ ၿပီးရင္ အခုလို ဘရတ္ေလးနဲ႔ ဖြဖြေလးပဲ တိုက္ေပးလိုက္ပါ။ ပုံေတြကို တခုခ်င္းစီ ၾကည့္ေပးပါ။

    မဲေနတာေတြ ရွိေနေသးလားလို႔။ မဲမဲဂ်ီးေပေနတာေတြဟာ ကိုယ္ၾကည့္ခ်င္လို႔ ေနပါဦး ဆိုတာေတာင္ မျမင္ရေတာ့ပဲ အဲ့လိုျဖဴေဖြးသြားတဲ့ အေနအထားကို ရလာပါလိမ့္မယ္။

    ၿပီးမွ..အိမ္မွာအဝတ္ေလွ်ာ္စက္ရွိရင္ ျပစ္ထည့္ပီးေလွ်ာ္လိုက္ပါ။ အဝတ္ေလွ်ာ္စက္မရွိတဲ့ သူေတြလဲ ကိုယ့္ဘာကိုယ္ ေရနဲ႔ပဲ သန႔္စင္ေအာင္ ေလွ်ာ္ပစ္လိုက္ရင္ ျဖဴေဖြး သန႔္ရွင္းသြားတဲ့ အက်ီျဖဴေလးကို ရပါပီရွင္။ အိမ္ရွင္မေတြ သက္ေတာင့္ သက္သာ ရွိၾကေစဖို႔ မွ်ေဝေပးလိုက္ရပါတယ္ရွင့္။

    Credit – 陳秀圓

    (Unicode)

    နေပါဦးဆိုတာတောင် မရတော့ပဲ ဖြူဖွေးသွားတဲ့ ရှပ်အကျီအဖြူ ကော်လံနှင့် ဂျိုင်းကြားက အမည်းကွက်တွေ

    သင့်ရဲ့ ခင်ပွန်းဖြစ်သူပဲဖြစ်ဖြစ် ဖခင်သို့မဟုတ်.. သားသမီးပဲဖြစ်ဖြစ်.. အဲ့လိုရှပ်အကျီအဖြူကို နေ့တိုင်းဝတ်ပီး အလုပ်တက်နေရပါသလား..?? အဲ့လို..လည်ပင်းနေရာတွေနဲ့ လက်အဖျားနေရာတွေဟာ အလွယ်တကူ အရမ်းညစ်ပါတ်ပီး ..မဲတူးချိတ်နေသလို ဖြစ်နေတတ်တာ သဘာဝပါ။ စိတ်မပူပါနဲ့.လူလဲသက်သာပီး.မဲတူချိတ်နေတာတွေကို ပြောင်စင်ဖို့ လွယ်ကူမြန်ဆန်တဲ့ နည်းလေးပေးပါရစေ။

    ၁။ အဲ့လို မဲတူးချိတ်နေတဲ့ကော်လံအဖျား..နဲ့လက်အဖျားကို..ရေပူပူနဲ့ အယင်စိုစွတ်နေအောင် လောင်းထားပေးပါ။

    ၂။ အိမ်တိုင်းလိုလိုမှာ..ပန်ကန်ဆေးတဲ့ ဆပ်ပြာရည်တော့ ရှိကြမှာပါ။ အဲ့ဆပ်ပြာရည်နဲ့ မဲနေတဲ့ ညစ်ပါတ်နေတဲ့ နေရာအကုန်ကို နဲနဲသုတ်ပီး လူးထားပေး။ ပြီးရင် အခုလို ဘရတ်လေးနဲ့ ဖွဖွလေးပဲ တိုက်ပေးလိုက်ပါ။ ပုံတွေကို တခုချင်းစီ ကြည့်ပေးပါ။

    မဲနေတာတွေ ရှိနေသေးလားလို့။ မဲမဲဂျီးပေနေတာတွေဟာ ကိုယ်ကြည့်ချင်လို့ နေပါဦး ဆိုတာတောင် မမြင်ရတော့ပဲ အဲ့လိုဖြူဖွေးသွားတဲ့ အနေအထားကို ရလာပါလိမ့်မယ်။

    ပြီးမှ..အိမ်မှာအဝတ်လျှော်စက်ရှိရင် ပြစ်ထည့်ပီးလျှော်လိုက်ပါ။ အဝတ်လျှော်စက်မရှိတဲ့ သူတွေလဲ ကိုယ့်ဘာကိုယ် ရေနဲ့ပဲ သန့်စင်အောင် လျှော်ပစ်လိုက်ရင် ဖြူဖွေး သန့်ရှင်းသွားတဲ့ အကျီဖြူလေးကို ရပါပီရှင်။ အိမ်ရှင်မတွေ သက်တောင့် သက်သာ ရှိကြစေဖို့ မျှဝေပေးလိုက်ရပါတယ်ရှင့်။

    Credit – 陳秀圓

  • စပါယ္ရွယ္ ေၾကးအိုးကို အိမ္မွာ ခ်က္စားနည္း

    (Zawgyi)

    အလုပ္ပိတ္ရက္မွာ ဆိုင္သြားမစားပဲ ေၾကးအိုးကို အိမ္မွာ လုပ္စားၾကစို႔

    ေၾကးအိုးက ဆိုင္မွာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ္မႈပါဘဲ။ စိတ္မပူပါနဲ႔။ ဟင္းရည္က အဓိကက်တာမို႔ အခုေပးထားတဲ့ ခ်က္နည္းအတိုင္းသာ ခ်က္ပါ။ တထပ္တည္း မက်ရင္ေတာင္ စားရတာ စိတ္တိုင္းေတာ့ က်ပါမယ္။ အသားလုံးတဲ့ အခါမွာလည္း တ႐ုပ္မဆလာ ႀကိဳက္ရင္ ထည့္ၿပီး ႏွပ္ထားႏိုင္ပါတယ္။ အသားလုံးကို ငါးဖယ္ထည့္လုံးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါဘဲ။ ငါးဖယ္ ဝယ္မရႏိုင္ခဲ့ရင္ေတာ့ ေကာ္မႈန႔္ ႏိုင္ႏိုင္ေလးနဲ႔ လုံးေပးပါ။

    ပါဝင္ပစၥည္းမ်ား-

    ၾကက္႐ိုး (သို.မဟုတ္)

    ဝက္႐ိုး အူစုံ ၊ အသည္းစုံ ေတာက္ေတာက္စင္းထားေသာ အသား

    ငုံးဥ

    ပဲျပား

    မုန္ညင္းစိမ္း

    ဆန္ျပား၊ ၾကာဆံ

    ဘဲငန္းပ်ံ င႐ုပ္ဆီ

    ရွာလကာရည္

    င႐ုပ္သီးစိမ္း

    ၾကက္သြန္ျဖဴ

    ဟင္းရည္

    အ႐ိုးကို ေရေဆးၿပီး အိုးႀကီးႀကီးထဲတြင္ ေရ႐ိုး႐ိုးႏွင့္ ထည့္ျပဳတ္ပါ။ ဆား၊ အခ်ိဳမႈန႔္သုံးလိုလွ်င္ အခ်ိဳမႈန႔္ထည့္လို႔ ရတယ္။ဒါေပမဲ့ ၾကက္သားမႈန႔္ မထည့္ပါနဲ႔။ အရသာကို ေျပာင္းသြားႏိုင္လို႔ပါ။ ေနာက္ၿပီး သၾကားကို ခ်ိန္ဆၿပီးထည့္ပါ။ အခ်ိဳေလးေလး ျဖစ္ေအာင္ ခ်ိန္ဆထည့္ပါ။ အ႐ိုးမ်ား ႏူးေနသည္အထိ ျပဳတ္ေပးပါ။

    သတိျပဳရန္မွာ- အထက္ပါ အစာပလာမ်ားမွလြဲၿပီး တျခား ေကာင္းႏိုင္မည္ထင္သည့္ အရာမ်ား ေလွ်ာက္မထည့္ပါနဲ႔။အထူးသျဖင့္ ဂ်င္း၊ တ႐ုပ္နံနံ လုံး၀ မထည့္ရ။

    အသားႏွင့္ အ႐ြက္မ်ား ျပင္ဆင္ျခင္း

    ေတာက္ေတာက္စင္းထားေသာ အသားမ်ားကို ေကာ္မႈန႔္၊ ဆား၊ အခ်ိဳမႈန႔္၊ ၾကက္ဥ အကာ( ႏွေျမာလွ်င္ အႏွစ္ပါထည့္)၊ တ႐ုပ္ၾကက္သြန္မိတ္၊ င႐ုပ္ေကာင္းတို႔ႏွင့္ နယ္ၿပီး ႏွပ္ထားပါ။

    မုန္ညင္းစိမ္းကို အ႐ြက္ေခြၽထားပါ။ အသည္းအျမစ္၊ အူစုံ အသည္းစုံကို ေရစင္စင္ေဆး၊ အေနေတာ္လွီးၿပီး ဆား၊ အခ်ိဳမႈန႔္တို႔ႏွင့္ နယ္ထားပါ။ အမ်ိဳးအစား တစ္ခုခ်င္းစီကို ေရလဲၿပီး တခုခ်င္းစီ ျပဳတ္ပါ။ ဗန္းထဲတြင္ အသင့္ျပင္ထားပါ။

    ( ဟင္းရည္ထဲတြင္ အလြယ္ ထည့္မျပဳတ္ပါႏွင့္)

    ငုံးဥကို ျပဳတ္၊ အခြံႏြာ အသင့္ျပင္ထား။ ပဲျပားကို လိုသေလာက္ လႊာထားပါ။ ဆန္ျပားႏွင့္ ၾကာဆံကို ေရစိမ္ၿပီ စစ္ထား၊ ၿပီးရင္ ဗန္းထဲတြင္ ခင္းထားပါ။

    ႏွမ္းဆီ င႐ုပ္ေကာင္း ျပင္ဆင္ထားျခင္း – ႏွမ္းဆီကို ပူေအာင္ ဒယ္အိုးမွာ တည္၊ ခြက္ထဲမွာ င႐ုပ္ေကာင္း ေလွာ္ေထာင္းကို ထည့္ထား၊ ေနာက္ ဆီပူေလာင္းထည့္ၿပီး ပြဲျပင္မည့္ နားတြင္ အဆင္သင့္ ျပင္ထားပါ။

    ပြဲျပင္နည္း

    သီးသန႔္ လက္ကိုင္အိုးထဲတြင္ တပြဲစာ ဟင္းရည္ထည့္၊ ပြက္ေအာင္တည္၊ တည္ေနခ်ိန္တြင္အသားကို လုံးၿပီးထည့္၊ အူစုံ အသည္းစုံထည့္၊ ၾကာဆံ (သို.) ဆန္ျပားကို အလိုရွိသေလာက္ ထည့္ျပဳတ္၊ ပဲျပား၊ ငုံးဥထည့္၊ အ႐ြက္စိမ္း ေနာက္ဆုံးမွ ထည့္၊ ပြက္ပြက္ဆူလာလွ်င္ အသားက်တ္မက်တ္ ခ်ိန္ဆၿပီးမွ ပန္းကန္ထဲကို ေလာင္းထည့္ပါ။ ၿပီးရင္ ႏွမ္းဆီ င႐ုပ္ေကာင္း (သို႔) င႐ုပ္ေကာင္း ေလွာ္ေထာင္းကို လိုသေလာက္ထည့္ၿပီး စားပါ။

    ခ်ဥ္ရည္ ျပင္ဆင္နည္း-

    င႐ုပ္သီ စိမ္းကို ပါးပါးလွီး

    ရွာလကာရည္ ၃ ဇြန္း

    သၾကား တဇြန္း

    ဆား အနည္းငယ္

    ငံျပာရည္ အနည္းငယ္ႏွင့္ ေရအနည္းငယ္ထည့္ ( ေရက်တ္ေအး)

    အားလုံးကိုထည့္ေမႊ၊ ၿပီးလွ်င္ အခ်ဥ္နဲ႔ အေပါ့ကို ျမည္း၊ လိုတာ ထပ္ထည့္။ င႐ုပ္ဆီႏွင့္ တြဲၿပီး ေၾကးအိုးကို စားႏိုင္ပါၿပီ။

    Credit: Original Uploader

    (Unicode)

    အလုပ်ပိတ်ရက်မှာ ဆိုင်သွားမစားပဲ ကြေးအိုးကို အိမ်မှာ လုပ်စားကြစို့

    ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိကကျတာမို့ အခုပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ဝယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

    ပါဝင်ပစ္စည်းများ-

    ကြက်ရိုး (သို.မဟုတ်)

    ဝက်ရိုး အူစုံ ၊ အသည်းစုံ တောက်တောက်စင်းထားသော အသား

    ငုံးဥ

    ပဲပြား

    မုန်ညင်းစိမ်း

    ဆန်ပြား၊ ကြာဆံ

    ဘဲငန်းပျံ ငရုပ်ဆီ

    ရှာလကာရည်

    ငရုပ်သီးစိမ်း

    ကြက်သွန်ဖြူ

    ဟင်းရည်

    အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေရိုးရိုးနှင့် ထည့်ပြုတ်ပါ။ ဆား၊ အချိုမှုန့်သုံးလိုလျှင် အချိုမှုန့်ထည့်လို့ ရတယ်။ဒါပေမဲ့ ကြက်သားမှုန့် မထည့်ပါနဲ့။ အရသာကို ပြောင်းသွားနိုင်လို့ပါ။ နောက်ပြီး သကြားကို ချိန်ဆပြီးထည့်ပါ။ အချိုလေးလေး ဖြစ်အောင် ချိန်ဆထည့်ပါ။ အရိုးများ နူးနေသည်အထိ ပြုတ်ပေးပါ။

    သတိပြုရန်မှာ- အထက်ပါ အစာပလာများမှလွဲပြီး တခြား ကောင်းနိုင်မည်ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

    အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

    တောက်တောက်စင်းထားသော အသားများကို ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ ကြက်ဥ အကာ( နှမြောလျှင် အနှစ်ပါထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်းတို့နှင့် နယ်ပြီး နှပ်ထားပါ။

    မုန်ညင်းစိမ်းကို အရွက်ချွေထားပါ။ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။ အမျိုးအစား တစ်ခုချင်းစီကို ရေလဲပြီး တခုချင်းစီ ပြုတ်ပါ။ ဗန်းထဲတွင် အသင့်ပြင်ထားပါ။

    ( ဟင်းရည်ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

    ငုံးဥကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား။ ပဲပြားကို လိုသလောက် လွှာထားပါ။ ဆန်ပြားနှင့် ကြာဆံကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ။

    နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း – နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူလောင်းထည့်ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ။

    ပွဲပြင်နည်း

    သီးသန့် လက်ကိုင်အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊ တည်နေချိန်တွင် အသားကို လုံးပြီးထည့်၊ အူစုံ အသည်းစုံထည့်၊ ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက် ထည့်ပြုတ်၊ ပဲပြား၊ ငုံးဥထည့်၊ အရွက်စိမ်း နောက်ဆုံးမှ ထည့်၊ ပွက်ပွက်ဆူလာလျှင် အသားကျတ်မကျတ် ချိန်ဆပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။ ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို့) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

    ချဉ်ရည် ပြင်ဆင်နည်း-

    ငရုပ်သီ စိမ်းကို ပါးပါးလှီး

    ရှာလကာရည် ၃ ဇွန်း

    သကြား တဇွန်း

    ဆား အနည်းငယ်

    ငံပြာရည် အနည်းငယ်နှင့် ရေအနည်းငယ်ထည့် ( ရေကျတ်အေး)

    အားလုံးကိုထည့်မွှေ၊ ပြီးလျှင် အချဉ်နဲ့ အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်။ ငရုပ်ဆီနှင့် တွဲပြီး ကြေးအိုးကို စားနိုင်ပါပြီ။

    Credit: Original Uploader

  • ခလုတ္ပိတ္ထားေသာ္လည္း ပလပ္ျဖဳတ္မထားလွ်င္ လွ်ပ္စစ္ဓာတ္ကို ဆြဲယူသုံးစြဲေနေသာ ပစၥည္းမ်ား

    (Zawgyi)

    ခလုတ္ပိတ္ထားေသာ္လည္း ပလပ္ျဖဳတ္မထားလွ်င္ လွ်ပ္စစ္ဓာတ္ကို ဆြဲယူသုံးစြဲေနေသာပစၥည္းမ်ား

    ျပည္သူေတြကလည္း လွ်ပ္စစ္မီးကိုေလ်ာ့သုံးဖို႔ ႀကိဳးစားေနၾကမွာပါ။ ဒါေၾကာင့္ မသုံးစြဲပဲ ပိတ္ထားေပမယ့္လည္း လွ်ပ္စစ္အားကို စြဲယူသုံးေနတဲ့ လွ်ပ္စစ္ပစၥည္းမ်ား အေၾကာင္းကို ေျပာျပျခင္ပါတယ္။

    ၁။ ဖုန္း Charger

    လူေတြေတာ္ေတာ္မ်ားမ်ားက ဖုန္းအားသြင္းတဲ့ ခလုတ္ (Charger) ကို ဖုန္းနဲ႔ မသြင္းထားရင္ေတာင္ ပလပ္ေပါက္နဲ႔ ဒီအတိုင္း တပ္ထားေလ့ရွိပါတယ္။ အဲ့လိုထားရင္ ဖုန္းအားမသြင္းပဲနဲ႔ေတာင္ တစ္ေန႔လုံးကို 1.2 W ေလာက္ ကုန္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဖုန္းအားသြင္းၿပီးရင္ charger ပါ ျဖဳတ္ထားပါ။

    ၂။ TV Tuner

    တီဗီရဲ႕ Channel လိုင္းေလးေတြကို ရွာေပးတဲ့ Digital TV Tuner ေလးေတြကို တီဗီပဲ ပိတ္ၿပီး Tunerကို မပိတ္ပဲ ထားမိရင္ တစ္ေန႔ကို 22W ကုန္ေနပါလိမ့္မယ္။ ေတာ္ေတာ္မ်ားမ်ားက တီဗီပိတ္႐ုံနဲ႔ပဲ လုံေလာက္ၿပီလို႔ ထင္ေနၾကတတ္ပါတယ္။

    ၃။ တီဗီ (TV)

    တီဗီကို ခလုတ္လုံး၀ ပိတ္လိုက္တာမဟုတ္ပဲ Standby Modeပဲ ထားရင္လည္း တစ္ေန႔ကို လွ်ပ္စစ္မီး 24 Wေလာက္ ကုန္ေနပါလိမ့္မယ္။

    ၄။ ကြန္ပ်ဳတာ

    ကြန္ပ်ဳတာတို႔ Laptop တို႔ကို ပိတ္႐ုံဘဲပိတ္ၿပီး ပလပ္ေတြ မျဖဳတ္ထားပါက တစ္ေန႔ကို 96 W ေလာက္ကုန္ေနပါလိမ့္မယ္။ အကယ္၍ Standby Mode တို႔ Sleep Mode တို႔ထားၿပီး ပလပ္ကိုမျဖဳတ္ထားရင္ ဒီထက္ ၁ဆ ခြဲေလာက္ကုန္ပါလိမ့္မယ္။

    ၅။ Timer ပါတဲ့ အိမ္သုံးစက္ပစၥည္း

    Timerပါတဲ့ အိမ္သုံး စက္ပစၥည္းေတြျဖစ္တဲ့ Oven တို႔ကို ပလပ္ႀကိဳးမျဖဳတ္ထားပါက တစ္ေန႔ကို 108 W ေလာက္ကုန္ ေနပါလိမ့္မယ္။ တတ္ႏိုင္ရင္ ကိုယ္မသုံးေသးဘူးဆိုရင္ လွ်ပ္စစ္ပစၥည္းေတြရဲ႕ ပလပ္ႀကိဳးေတြကို ျဖဳတ္ထားပါ။ ခလုတ္ပိတ္ထားရင္ေတာင္မွ သူတို႔က လွ်ပ္စစ္ပါဝါကို ဆြဲေနတတ္ပါတယ္။ ဒါေၾကာင့္ အိမ္မွာ ဘယ္သူမွ မရွိတဲ့အခ်ိန္ ဝါယာေရွာ့ေတြ မျဖစ္ေအာင္လည္း ပလပ္ႀကိဳးေတြကို ဆြဲျဖဳတ္ထားဖို႔ လိုပါတယ္။

    သူ႔အလိုလို အလဟႆသ ျဖစ္ေနတဲ့ လွ်ပ္စစ္မီးေတြက တစ္ခုခ်င္းစီဆိုရင္ နည္းတယ္လို႔ ထင္ရေပမယ့္ လွ်ပ္စစ္ပစၥည္း အမ်ားႀကီးကို ရက္ေပါင္းမ်ားစြာ၊ လေပါင္းမ်ားစြာ စုလိုက္ရင္ အနည္းဆုံး ကိုယ့္ပိုက္ဆံ ေသာင္းဂဏန္း သိန္းဂဏန္း ေလာက္က အလဟႆ. ျဖစ္ေနမွာ ျဖစ္ပါတယ္။

    Credit-Nyein Zaw Aye

    (Unicode)

    ခလုတ်ပိတ်ထားသော်လည်း ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေသောပစ္စည်းများ

    ပြည်သူတွေကလည်း လျှပ်စစ်မီးကိုလျော့သုံးဖို့ ကြိုးစားနေကြမှာပါ။ ဒါကြောင့် မသုံးစွဲပဲ ပိတ်ထားပေမယ့်လည်းလျှပ်စစ်အားကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြခြင်ပါတယ်။

    ၁။ ဖုန်း Charger

    လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါ ဖြုတ်ထားပါ။

    ၂။ TV Tuner

    တီဗီရဲ့ Channel လိုင်းလေးတွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲ လုံလောက်ပြီလို့ ထင်နေကြတတ်ပါတယ်။

    ၃။ တီဗီ (TV)

    တီဗီကို ခလုတ်လုံး၀ ပိတ်လိုက်တာမဟုတ်ပဲ Standby Modeပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေပါလိမ့်မယ်။

    ၄။ ကွန်ပျုတာ

    ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက်ကုန်ပါလိမ့်မယ်။

    ၅။ Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်း

    Timerပါတဲ့ အိမ်သုံး စက်ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန် နေပါလိမ့်မယ်။ တတ်နိုင်ရင် ကိုယ်မသုံးသေးဘူးဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကို ဖြုတ်ထားပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။

    သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်း လောက်က အလဟဿ. ဖြစ်နေမှာ ဖြစ်ပါတယ်။

    Credit-Nyein Zaw Aye

  • ေျခစြယ္ငုပ္ျခင္းကို အလြယ္တကူ ေျဖရွင္းေပးႏိုင္တဲ့ သဘာဝနည္းလမ္းမ်ား

    (Zawgyi)

    ေျခစြယ္ငုပ္ျခင္းကို အလြယ္တကူ ေျဖရွင္းေပးႏိုင္တဲ့ သဘာဝနည္းလမ္းမ်ား

    ေျခစြယ္ငုပ္ျခင္းဟာ ခံရခက္တဲ့ နာက်င္မႈ ေဝဒနာတမ်ိဳးျဖစ္ၿပီး ေျခသည္း ပုံမွန္မညႇပ္တာ၊ ညႇပ္တဲ့အခါ ပုံစံမက်တာနဲ႔ တင္းက်ပ္လြန္းတဲ့ ဖိနပ္နဲ႔ ေျခအိတ္ေတြ ဝတ္ဆင္တဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။ေျခစြယ္ငုပ္တာကေနတဆင့္ ပိုးဝင္တာမ်ိဳးနဲ႔ ျပည္တည္တာမ်ိဳးေတြ မျဖစ္ေပၚေသးဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ သဘာဝပစၥည္းေတြ အကူအညီနဲ႔ ေပ်ာက္ကင္းသက္သာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

    (၁) မုန႔္ဖုတ္ဆိုဒါ

    မုန႔္ဖုတ္ဆိုဒါဟာ သဘာဝ ပိုးသတ္ေဆးတမ်ိဳးျဖစ္ၿပီး ေျခစြယ္ငုပ္ရာကေနတဆင့္ ပိုးဝင္ျခင္းကို ကာကြယ္ ေပးႏိုင္ပါတယ္။ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ကို ေရအနည္းငယ္နဲ႔ ေရာကာ ခပ္ပ်စ္ပ်စ္ အေနအထား ရေအာင္ ေဖ်ာ္စပ္ၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစပါတယ္။

    (၂) အုန္းဆီ

    အုန္းဆီမွာ ပါဝင္တဲ့ Lauric အက္ဆစ္နဲ႔ Caprylic အက္ဆစ္ဓာတ္တို႔ဟာ ေျခစြယ္ငုပ္ျခင္းကို ျဖစ္ေပၚေစတဲ့ ေရာဂါပိုးမႊားေတြနဲ႔ မႈိေတြကို ေသေစႏိုင္ၿပီး နာက်င္ေရာင္ရမ္းျခင္းကိုပါ သက္သာေစႏိုင္တာေၾကာင့္ ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို အုန္းဆီ တေန႔ ၃ ႀကိမ္ခန႔္ လိမ္းေပးျခင္းအားျဖင့္ သက္သာလာေစပါတယ္။

    (၃) နႏြင္း

    မီးဖိုေခ်ာင္မွာ အလြယ္တကူ ရွိတဲ့ နႏြင္းဟာဆိုရင္ ေျခစြယ္ငုပ္တဲ့အခါ ျဖစ္ေပၚတဲ့ နာက်င္ေရာင္ရမ္းၿပီး တင္းက်ပ္က်ပ္ ျဖစ္ေနတာေတြကို သက္သာေစႏိုင္ပါတယ္။ သန႔္စင္တဲ့ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ အေနအထားရေအာင္ ေရာစပ္ကာ တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပးႏိုင္ပါတယ္။

    (၄) ပန္းသီးရွာလကာရည္

    ပန္းသီးရွာလကာရည္ဟာ ေျခစြယ္ငုပ္ျခင္းေၾကာင့္ နာက်င္ေရာင္ရမ္းျခင္းကို အလ်င္ျမန္ဆုံး သက္သာေပ်ာက္ကင္း ေစႏိုင္တဲ့ သဘာဝပစၥည္းတမ်ိဳးပါ။ ပန္းသီးရွာလကာရည္ အနည္းငယ္ကို ဂြမ္းစေပၚ သုတ္လိမ္းၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းက်ံေပးႏိုင္ပါတယ္။

    (၅) ဆား

    ေျခစြယ္ငုပ္ျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ ေရာင္ရမ္းနာက်င္မႈေတြကို သက္သာေစဖို႔အတြက္ ေရေႏြးထဲ ဆားထည့္ၿပီး ၁၅ မိနစ္ခန႔္ ေျခေထာက္ကို စိမ္ေပးျခင္းအားျဖင့္ သိသိသာသာ သက္သာေစပါတယ္။

    Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    ခြေစွယ်ငုပ်ခြင်းကို အလွယ်တကူ ဖြေရှင်းပေးနိုင်တဲ့ သဘာဝနည်းလမ်းများ

    ခြေစွယ်ငုပ်ခြင်းဟာ ခံရခက်တဲ့ နာကျင်မှု ဝေဒနာတမျိုးဖြစ်ပြီး ခြေသည်း ပုံမှန်မညှပ်တာ၊ ညှပ်တဲ့အခါ ပုံစံမကျတာနဲ့ တင်းကျပ်လွန်းတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ခြေစွယ်ငုပ်တာကနေတဆင့် ပိုးဝင်တာမျိုးနဲ့ ပြည်တည်တာမျိုးတွေ မဖြစ်ပေါ်သေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေ အကူအညီနဲ့ ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

    (၁) မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါဟာ သဘာဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ခြေစွယ်ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောကာ ခပ်ပျစ်ပျစ် အနေအထား ရအောင် ဖျော်စပ်ပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေပါတယ်။

    (၂) အုန်းဆီ

    အုန်းဆီမှာ ပါဝင်တဲ့ Lauric အက်ဆစ်နဲ့ Caprylic အက်ဆစ်ဓာတ်တို့ဟာ ခြေစွယ်ငုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ မှိုတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်တာကြောင့် ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို အုန်းဆီ တနေ့ ၃ ကြိမ်ခန့် လိမ်းပေးခြင်းအားဖြင့် သက်သာလာစေပါတယ်။

    (၃) နနွင်း

    မီးဖိုချောင်မှာ အလွယ်တကူ ရှိတဲ့ နနွင်းဟာဆိုရင် ခြေစွယ်ငုပ်တဲ့အခါ ဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းပြီး တင်းကျပ်ကျပ် ဖြစ်နေတာတွေကို သက်သာစေနိုင်ပါတယ်။ သန့်စင်တဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ကာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။

    (၄) ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်ဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ရောင်ရမ်းခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်း စေနိုင်တဲ့ သဘာဝပစ္စည်းတမျိုးပါ။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ် သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းကျံပေးနိုင်ပါတယ်။

    (၅) ဆား

    ခြေစွယ်ငုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့အတွက် ရေနွေးထဲ ဆားထည့်ပြီး ၁၅ မိနစ်ခန့် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့် သိသိသာသာ သက်သာစေပါတယ်။

    Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

  • ယေန႔တိုင္ မေမ့ႏိုင္ၾကေသးတဲ့ ေတာင္ေပၚက ရွမ္းတစ္ေယာက္ (သို႔) စိုင္းထီးဆိုင္

    (Zawgyi)

    စိုင္းထီးဆိုင္ရဲ႕ ေမြးရာပါဒီဇိုင္းကေတာ့ သူမ်ားနဲ႔မတူ တစ္မူထူးျခားေနေလရဲ႕။ အသံေကာင္းသေလာက္ ႐ူပါက သိပ္မေျဖာင့္ေတာ့ သူ႔ကိုခ်စ္တဲ့ သူ႔ရဲ႕ပရိသတ္ကေတာ့ သူ႔ကို ေ႐ႊဥၾသလို႔ ခ်စ္စႏိုးေခၚၾကတယ္။ သူ႔ရဲ႕ ထင္ရွားတဲ့ ပို႔စ္ကေတာ့-

    (၁) မ်က္မွန္ထူထူ

    (၂) ဂငယ္ႏႈတ္ခမ္းေမႊးစူစူ

    (၃) သြားေခါေနတဲ့သူပါပဲ။

    ဇာတိခ်က္ေႂကြ ေမြးရပ္ေျမ-

    ၁၉၅၀ ျပည့္ စက္တင္ဘာလ ၂၃ ရက္ စေနေန႔မွာ အဘဦးနႏၵာ (ရွမ္းလူမ်ိဳးမ်ားဟာ ငယ္နာမည္မ်ား ရွိၾကေသာ္ လည္း ရွင္ျပဳတဲ့အခ်ိန္ ေက်ာင္းေတာ္ေပၚကနာမည္ကို အစြဲျပဳၿပီး လူထြက္လာေသာ္လည္း ဘုန္းႀကီးေက်ာင္း နာမည္ကိုသာ ဆက္ေခၚေလ့ရွိၾကတယ္။ ဒါေၾကာင့္ စိုင္းထီးဆိုင္ရဲ႕ ဖခင္နာမည္က ဦးနႏၵာတဲ့။ မသိရင္ ဘုန္းႀကီး နာမည္လို႔ ထင္ေနဦးမယ္) အမိ ေဒၚနန္းအိမ္တို႔က ရွမ္းျပည္နယ္ေတာင္ပိုင္း လင္းေခးၿမိဳ႕မွာ ေမြးဖြားခဲ့တယ္။ တစ္အူ တုံဆင္း မ်ားကေတာ့ စိုင္းထီးဆိုင္၊ နန္းဝင္းထိန္၊ နန္းျမင့္ဦး၊ နန္းသိန္းေထြး၊ စိုင္းေအာင္ထီးခမ္းတို႔ပါ။

    ငယ္ငယ္ကတည္းက အသားညိဳတဲ့အတြက္ သူ႔ကို အိုက္တူးလို႔ ေခၚၾကတယ္။ ေမြးေန႔ ေမြးနံနာမည္ကေတာ့ စိုင္းတင္ဦးျဖစ္ၿပီး ကိုရင္ဝတ္တုံးကေတာ့ နာမည္က ရွင္ဓမၼရကၡိတတဲ့။ သူဟာ ငယ္စဥ္ကတည္းက လင္းေခးၿမိဳ႕ အနီး စီးဆင္းသြားတဲ့ နမ့္တိန္းျမစ္မွာ ေရသြားခ်ိဳးတိုင္း သံစဥ္မပီ ကာရံမညီတဲ့ ေတးသံလိုလို သီဆိုေလ့ရွိတယ္။ အသက္ ငါးႏွစ္အ႐ြယ္ လင္းေခးၿမိဳ႕ အထက္တန္းေက်ာင္းမွာအေျခခံမူလတန္းတက္ခဲ့တယ္။ တဝက္တပ်က္နဲ႔ ေက်ာင္းေျပာင္း ကာ လြိဳင္လင္ၿမိဳ႕ Sacred Heart Convent High School ခရိယာန္ သာသနာျပဳေက်ာင္းမွာ သြားေနေတာ့ သူ႔နာမည္က ရစ္ခ်တ္နႏၵာျဖစ္သြားတယ္။

    အႏုပညာမ်ိဳးေစ့-

    လြိဳင္လင္ကြန္ဗဲန႔္ ေက်ာင္းတက္တုံးက စစၥတာပီးယားက သူ႔ကို ႀကိဳးေလးႀကိဳးပါတဲ့ ယူကလီလီ တီးခတ္စရာ ဘင္ဂ်ိဳတစ္မ်ိဳး လက္ေဆာင္ေပးခဲ့လို႔ အဲဒီကစၿပီး အႏုပညာနဲ႔ စတင္ရင္းႏွီးလာတယ္လို႔ ဆိုရမယ္။ လြိဳင္လင္မွာ စတုထၳတန္းေအာင္ေတာ့ ပၪၥမတန္းကို ေတာင္ႀကီးမွာ သြားတက္ရတယ္။ ဘခင္ဦးနႏၵာက သူ႔သားကို ေတာင္ႀကီး National Christian High School မွာ သြားအပ္ေသာ္လည္း အေဆာင္မရေတာ့တဲ့အတြက္ သူငယ္ခ်င္း ျဖစ္သူ ဦးထမ္း႐ြက္ထံ သြားအပ္ထားလိုက္ေတာ့ အဲဒီမွာ စိုင္းဆိုင္ေမာဝ္ စိုင္းေလာဝ္ဆိုင္တို႔နဲ႔ ညီအစ္ကိုလို ခင္မင္ရင္းႏွီးသြားတယ္။

    စိုင္းထီးဆိုင္နဲ႔ စိုင္းဆိုင္ေမာဝ္

    အႏုပညာဝါသနာပါတဲ့သူေတြဆိုေတာ့ အႏုပညာ အေၾကာင္းေတြကိုပဲ သူတို႔ ေဆြးေႏြးဖလွယ္ခဲ့ၾကတယ္။ ေနာက္ပိုင္း စိုင္းထီးဆိုင္ အေဆာင္ရေတာ့ National Christian High School ကို ျပန္ေရာက္သြားကာ ကိုေမာင္ေမာင္နဲ႔ေတြ႕ၿပီး ဂစ္တာတီးခတ္နည္းကို သင္ယူခဲ့တယ္။ ဂစ္တာတီးခ်င္လြန္း သီခ်င္းဆိုခ်င္လြန္းလို႔ ေတာင္ႀကီး ယဥ္ေက်းမႈ အသင္းကိုလည္း ဝင္ခဲ့တယ္။ အခ်ိန္တိုင္းလိုလို သီခ်င္းဆို ဂစ္တာတီးေနေတာ့ နဝမတန္းမွာ သူစာေမး ပြဲက်ခဲ့တယ္။ ဒါေၾကာင့္ အေဖျဖစ္သူက သူ႔ကို ေတာင္ႀကီးမွာ မထားေတာ့ပဲ လြိဳင္လင္ကို ျပန္ ပို႔လိုက္တယ္။ လြိဳင္လင္မွာေတာ့ အေပါင္းအသင္းသိပ္မမ်ားတာေၾကာင့္ အလည္အပတ္လည္း နည္းခဲ့ၿပီး သီခ်င္းေတြ ေတာ္ေတာ္မ်ားမ်ား ေရးျဖစ္သြားတယ္။ ကိုးတန္းေအာင္ေတာ့ ေတာင္ႀကီးကို ျပန္လာခဲ့ရတယ္။ ဒါေၾကာင့္ ၁၉၆၉ မွာ ရွမ္းစာေပေဆြး ေႏြးပြဲလာတက္တဲ့ စိုင္းခမ္းလိတ္နဲ႔ စတင္သိခြင့္ရခဲ့တယ္။ စိုင္းခမ္းလိတ္ေရးတဲ့ သီခ်င္းသစ္ေတြကိုလည္း အပ်င္းေျပ သီဆိုဖို႔ မ်ားစြာရလိုက္တယ္။

    ရွမ္းစာေပသမိုင္း-

    ရွမ္းစာေပေကာ္မရွင္ ညီလာခံကေတာ့ ရွမ္းစာမူသစ္ကို အတည္ျပဳဖို႔ ရွမ္းပညာရွိကဝိမ်ား ေတာင္ႀကီးမွာ လာစည္းေဝးၾကျခင္းျဖစ္တယ္။ ေရွးအက်ဆုံး ရွမ္းစာေပကေတာ့ ယခု တ႐ုတ္စာလို ႐ုပ္သ႑ာန္စာလုံးျဖစ္မွာပါ။ ယခု တ႐ုတ္စာလုံးတစ္လုံးဟာ အဓိပၸါယ္တူေပမယ့္ အသံထြက္မတူပါဘူး။ ေတာင္ပိုင္းတ႐ုတ္က အသံတစ္မ်ိဳး၊ ေျမာက္ပိုင္းတ႐ုတ္က အသံ တစ္မ်ိဳး။ ဂ်ပန္ကတစ္မ်ိဳး၊ ကိုးရီးယားက တစ္မ်ိဳး အသံထြက္ၾကတယ္။ သမိုင္းပညာရွင္အခ်ိဳ႕ ခန႔္ မွန္းယူဆတာကေတာ့ ဘီစီ ၈၄၃ ခုမွာ သာကီႏြယ္ အဘိရာဇာမင္းက ေကာလိယတိုင္းကေနၿပီး တေကာင္းကို ေရာက္လာကာ စာေပေတြလည္း ပါလာတယ္လို႔ယူဆတယ္။

    တေကာင္းကေနတဆင့္ ဘိႏၷကမင္းက ေမာင္ရွမ္းျပည္ကို ထပ္မံယူေဆာင္လာတယ္လို႔ ဆိုတယ္။စာလုံးပုံစံကေတာ့ သကၠတသ႑ာန္ပါ။ နန္ေခ်ာင္ေခတ္ ဘုရင္ဆိုင္ေလာဝ္ပီ လက္ထက္ (ေအဒီ ၇၂၈-၇၄၈)မွာေတာ့ ရွမ္းစာအတြက္ အသုံးမဝင္တဲ့ သကၠတစာလုံးမ်ားကို ဖယ္ထုတ္ၿပီး ေလးေဒါင့္ပုံစံစာလုံး ၁၈ လုံးကို ျပဳျပင္ အသုံးျပဳကာ ပဲပင္ေပါက္ရွည္စာ(ေခၚ) လိက္ထိုေငါက္ေယာဝ္း ျဖစ္လာတယ္။ ေအဒီ ၁၃၁၂ ေမာဘုရင္ ေဆခန္ဖ လက္ထက္မွာေတာ့ ပုံစံရွည္ေနတဲ့ စာလုံးကို အတိုျပန္ျပင္လိုက္ေတာ့ ပဲပင္ေပါက္တိုစာ (ေခၚ) လိက္ထိုေငါက္ပြတ္ (ေခၚ) ယခု ေမာရွမ္း စာျဖစ္လာတယ္။ ေအဒီ ၁၄၀၈-၁၄၂၈ မွာေတာ့ ေရးသားရ လြယ္ကူေအာင္ ေလးေဒါင့္စာလုံးကို အဝိုင္းအျဖစ္ ေျပာင္းလဲ အသုံးျပဳလာကာ ယခု ရွမ္းစာမူေဟာင္းျဖစ္လာတယ္။

    စာေပဆိုတာ တစ္ေခတ္နဲ႔ တစ္ေခတ္ အၿမဲေျပာင္းလဲေနေလေတာ့ ဒုတိယကမာၻစစ္ၿပီးတဲ့ေနာက္ဆရာေတာ္ ဦးဝိဇယနႏၵ၊ စဝ္ဆိုင္မိန္း(က်ိဳင္းတုံ)တို႔ဦးေဆာင္ၿပီး ရွမ္းအဝိုင္းစာလုံး မူေဟာင္းရဲ႕လိုအပ္ခ်က္မ်ားကို ထပ္မံ ျဖည့္စြက္ကာ အသံထြက္မွန္ ရွမ္းစာမူသစ္ကို စီစဥ္ခဲ့တယ္။ သို႔ေသာ္ ရွမ္းျပည္ ဗမာျပည္ ႏိုင္ငံေရးအေျခအေနကလည္း မၿငိမ္သက္တာေၾကာင့္ ဒီစာေတြဟာ မျပန႔္ႏွံ႔ခဲ့ပါ။ေနာက္ပိုင္း မူကြဲေတြလည္း အမ်ိဳးမ်ိဳး ထြက္လာတဲ့အတြက္ တစ္ခုတစ္စုတည္းျဖစ္ေအာင္ ဆရာေတာ္သံဃာေတာ္မ်ား၊ ရွမ္းပညာရွိကဝိမ်ား၊ တကၠသိုလ္ေက်ာင္းသားမ်ား အႀကိမ္ႀကိမ္ အစည္းအေဝးေခၚၿပီး ရွမ္းစာေပမူသစ္ကို အတည္ျပဳျပဌာန္းခဲ့တယ္။

    ေတာင္ႀကီး ရွမ္းစာေပေကာ္မရွင္အစည္းအေဝးမွာ စိုင္းခမ္းလိတ္က မန္းတကၠသိုလ္ ေက်ာင္းသားကိုယ္စားလွယ္ အျဖစ္ ရွမ္းစာေပအတြက္ တက္ႂကြစြာ လႈပ္ရွားခဲ့တယ္။ ဒါေၾကာင့္ စိုင္းထီးဆိုင္အတြက္ စိုင္းခမ္းလိတ္နဲ႔ ခင္မင္ရင္းနီးျဖစ္ေအာင္ အေၾကာင္းက ဖန္တီးလာေတာ့တယ္။ သူတို႔ႏွစ္ေယာက္ ဆုံေတြ႕ျခင္းဟာ ျမန္မာျပည္ အႏုပညာေလာကအတြက္ ကိုယ္ပိုင္သံစဥ္နဲ႔ သစ္လြင္တဲ့ ေတးသီခ်င္းေတြ မ်ားစြာ ေပၚထြက္လာမယ္ဆိုတာ ဘယ္သူကမွ မထင္ခဲ့ဘူး။ သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈဟာ ေခတ္သစ္ ကိုယ္ပိုင္သံစဥ္သီခ်င္းမ်ား စည္ပင္ေစတဲ့ေခတ္လို႔ ဆိုရပါမယ္။

    ဘာေၾကာင့္ စိုင္းထီးဆိုင္လို႔ေခၚသလဲ-

    ၁၉၆၂ ခု ေတာ္လွန္ေရးေကာင္စီတက္လာၿပီးတဲ့ေနာက္ ကြန္ဗဲင့္ေက်ာင္းေတြကို ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းလိုက္တယ္။ ဒါေၾကာင့္ ရစ္ခ်တ္နႏၵာလည္း ေခတ္ေျပာင္းေတာ္လွန္ေရးႏွင့္အညီ နာမည္ အသစ္ေျပာင္းခ်င္လာေတာ့ ရွမ္းကဝိတစ္ဆူျဖစ္တဲ့ ေတာင္ႀကီးမွာရွိတဲ့ ဦးခြန္မဟာ (တန႔္ယန္း-မိုင္းရယ္)ထံသြားၿပီး ရွမ္းနာမည္ အသစ္ သြားေတာင္းတယ္။ ဦးခြန္မဟာလဲ တြက္ခ်က္ၾကည့္ၿပီးေတာ့ ထီးဆိုင္ (ထီး= အထြဋ္အထိပ္၊ ဆိုင္= တန္ဖိုးရွိေသာေက်ာက္) လို႔ တကယ္ေကာင္းေပ့ဆိုတဲ့ နာမည္ေပးလိုက္တယ္။

    ဝါသနာ-

    လြိဳင္လင္မွာ ကိုးတန္းေအာင္ၿပီး ေတာင္ႀကီးမွာ ဆယ္တန္းလာတက္တဲ့အခ်ိန္ ဝါသနာဆိုတာ တားလို႔မရပါ ဆိုတဲ့အတိုင္း အေၾကာင္းတိုက္ဆိုင္လာရင္ ဝါသနာနဲ႔ အသက္ရွင္ခ်င္ၾကတယ္။ စိုင္းထီးဆိုင္ရဲ႕ ဝါသနာကေတာ့ အႏုပညာဆိုေတာ့ ထိုင္းႏိုင္ငံမွာ သီခ်င္းသြားသြင္းဖို႔ ႀကိတ္ႀကံစည္ေနတယ္။ စိုင္းဆိုင္ေမာဝ္နဲ႔အတူ က်ိဳင္းဟဲမွာ သီခ်င္းသြားသြင္းဖို႔ နမ့္စန္ၿမိဳ႕မွာ အခ်ိန္းအခ်က္ျပဳထားတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိုင္းထီးဆိုင္ နမ့္စန္ေကာင္ဘြိဳင္ကား တန္းႀကီးကို မမီေတာ့ပါဘူး။ ဒါေၾကာင့္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လင္းေခးေတာလမ္းအတိုင္း ကုန္သည္ေတြနဲ႔အတူ ထိုင္းနယ္စပ္ မယ္ေဟာင္ေဆာင္ကို ေရာက္ခဲ့တယ္။ ထိုင္းႏိုင္ငံထဲဝင္ဖို႔ ထိုင္းနယ္ျခားေစာင့္ရဲနဲ႔ အဆင္မေျပလို႔ စိုင္းထီးဆိုင္ ေတာင္ႀကီးကို အေရာက္ျပန္လာေသာ္လည္း ဆယ္တန္း စာေျဖစာရင္းသြင္းဖို႔ အခ်ိန္မမီေတာ့ပါဘူး။ တစ္ႏွစ္ေအာက္လိုက္ရေတာ့တယ္။

    ဒါေၾကာင့္ ဖခင္ျဖစ္သူစိတ္ဆိုးၿပီး သူ႔ကို လင္းေခးျပန္ေခၚသြားတယ္။ လင္းေခးမွာ ဆယ္တန္းေျဖၿပီးတဲ့ေနာက္ ရန္ကုန္မွာ အေရွ႕ေတာင္အာရွ အားကစားပြဲရွိလို႔ သူငယ္ခ်င္းေတြနဲ႔အတူ ရန္ကုန္ကို ေရာက္သြားတယ္။ ရန္ကုန္ေရာက္သြားေတာ့ သူငယ္ခ်င္း စိုင္းစိုးျမင့္နဲ႔ အမွတ္မထင္ သြားဆုံေတြ႕ရင္း စိုင္းစိုးျမင့္က ဒီတစ္ပတ္ ျမန္မာ့အသံ ရွမ္းတိုင္းရင္းသား အစီအစဥ္မွာ သီခ်င္းအသစ္သြင္းဖို႔ အစီအစဥ္ရွိေၾကာင္း ေျပာလာတယ္။ စိုင္းထီးဆိုင္ကို သီခ်င္းဆိုဖို႔ ေတာင္းဆိုလာေတာ့ ေရငတ္သူ ေရတြင္းထဲက်သလိုျဖစ္သြားေလေရာ့။ အဲဒီပြဲဦး ထြက္မွာ ရွမ္း သီခ်င္း တ၊င္း၈ွဂ့္ကြေခ္,ဂူေခ္း၈ွ၊င္;rဝု. = အက်ည္းတန္ခ်စ္သူ၊ ေဂု.၈ွဂ့္မိူင္းဂရ၁္ = ေရျခား ေျမျခား ခ်စ္သူ၊ ေခူေခ္း၈ွ၊င္;လီ = အလွပေဂးႏြမ္း စတဲ့သီခ်င္းေတြဟာ လူႀကိဳက္မ်ားခဲ့တယ္။

    တကၠသိုလ္ေက်ာင္းသားဘဝ-

    ဆယ္တန္းေအာင္ၿပီး မန္းတကၠသိုလ္မွာ ဒႆနိကေဗဒ တက္ခြင့္ရေတာ့ စိုင္းခမ္းလိတ္တို႔နဲ႔ ျပန္ဆုံခြင့္ရလာတယ္။ အႏုပညာဝါသနာတူတဲ့ စိုင္းခမ္းသီနဲ႔ ပိုမိုခင္မင္ရင္းႏွီးလာတဲ့အတြက္ စိုင္းခမ္းလိတ္လည္း သူ႔ညီေလးရဲ႕ သူငယ္ခ်င္းဆိုၿပီး စိုင္းထီးဆိုင္ကို ပိုမိုအသိအမွတ္ျပဳလာခဲ့တယ္။ သူတို႔ႏွစ္ဦးရဲ႕ အသိအမွတ္ျပဳမႈဟာ တစ္ႏိုင္ငံလုံးအတြက္ ဂီတသမိုင္းတစ္ရပ္ မွတ္တိုင္ထူခဲ့တယ္။ မန္းတကၠသိုလ္ကိုေရာက္လာေတာ့ စိုင္းထီးဆိုင္လည္း အႏုပညာ မိတ္ေဆြေတြ မ်ားသထက္ မ်ားလာတယ္။ ကိုေနဝင္း (ေမာင့္လျပည့္ဝန္း)နဲ႔လည္း ခင္ခြင့္ရသြားေတာ့ အဲဒီတုံးက ညစဥ္ညတိုင္း မန္းပ်ိဳျဖဴေတြရဲ႕ တကၠသိုလ္အေဆာင္ေရွ႕မွာ ေမာင့္လျပည့္ဝန္းသီခ်င္းကို စိုင္းထီးဆိုင္ ဂစ္တာအိုတစ္လုံးနဲ႔ ဆိုခဲ့တယ္။

    သူ႔ရဲ႕ပင္ကိုယ္သံကိုက က႐ုဏာသံပါေတာ့ နားေထာင္ရတဲ့သူတိုင္း ဘဝင္ခိုက္သြားတယ္။ တကၠသိုလ္ အေဆာင္ေရွ႕မွာ စိုင္းထီးဆိုင္အဖြဲ႕ သီခ်င္းလာဆိုၿပီဆိုရင္ MASU ကမမေတြ တစ္ေဆာင္လုံး ၿငိမ္ၿပီး သူ႔သီခ်င္း ၿပီးတဲ့အထိ နားေထာင္ေနၾကတယ္။ အေဆာင္မႉးေတြလည္း သူ႔သီခ်င္းသံစဥ္မွာ ေမွ်ာသြား စၿမဲပါ။ တကၠသိုလ္တက္စဥ္ သူ႔ကို ခ်စ္စႏိုးနာမည္ေပးၾကတယ္။ ေ႐ႊဥၾသတဲ့။ ဥၾသငွက္ဟာ အနက္ ေရာင္ျဖစ္ၿပီး မလွေပမယ့္ အသံကေကာင္းတယ္။ ဥၾသ ဥၾသလို႔ တစ္ပုဒ္တည္း ထပ္ခါ ထပ္ခါ ဆိုေသာ္လည္း ၾကားရသူတိုင္း မ႐ိုးႏိုင္ဘူး။ စိုင္းထီးဆိုင္ အေဆာင္ေရွ႕မွာ သီခ်င္းဆိုၿပီး သြားရင္ မာစူးကမမေတြက အေဆာင္မႉးကေနတဆင့္ စားစရာေတြ ပို႔ေပးလိုက္တယ္။ ေပါက္ဆူးလို႔ ဆိုရမွာလားမသိ။သူတို႔ေခတ္တုံးက သူ႔ရဲ႕သီခ်င္းသံဟာ လသာတဲ့ တကၠသိုလ္ညကို အလွဆင္ေပးၿပီး သူကေတာ့ အေမွာင္ထုထဲက ကို႐ုပ္ဆိုးျဖစ္ေနေလရဲ႕။

    ၁၉၇၃ ခု ဝါသနာတူမ်ားျဖစ္ၾကတဲ့ စိုင္းခမ္းလိတ္၊ စိုင္းထီးဆိုင္၊ ခြန္မ်ိဳးလြင္၊ ေစာသိမ္းဝင္းတို႔ပူးေပါင္းၿပီး The Outsiders တီးဝိုင္းအဖြဲ႕ကို တည္ေထာင္ကာ တကၠသိုလ္ နယ္ေျမမွာ ေဖ်ာ္ေျဖေပးၾကတယ္။ေမာင္မယ္ သစ္လြင္ ႀကိဳဆိုပြဲတို႔ ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ား ႏႈတ္ဆက္ပြဲတို႔မွာ တီးခတ္ရတဲ့အတြက္ မန္းတကၠသိုလ္ ကစၿပီး သူတို႔အဖြဲ႕ကို လူသိမ်ားလာတယ္။ အဲဒီေခတ္တုံးက ေခတ္လူငယ္ေတြ ဆံရွည္ဂုတ္ဝဲ ထားတဲ့ေခတ္ဆိုေတာ့ သူတို႔အဖြဲ႕ ေတြလည္း ဆံရွည္ဂုတ္ဝဲေတြပဲ။

    ၁၉၇၈ စာေရးသူ ေမၿမိဳ႕ေက်ာင္းတက္တုံးက ကန္ေတာ္ႀကီးမွာ ဆံရွည္ထားတဲ့ စိုင္းထီးဆိုင္ကို ဦးစြာျမင္ဖူးခဲ့တယ္။ သူက ပင္နီရွမ္းေဘာင္းဘီ၊ ရွမ္းအက်ႌ ရွတ္အျဖဴဝတ္ၿပီး ဂစ္တာတစ္လုံးနဲ႔ တကၠသိုလ္ရွမ္းေက်ာင္းသား ေက်ာင္းသူအဖြဲ႕နဲ႔ အတူ ေမၿမိဳ႕ကို picnic လာလည္တုံးကပါ။ ေကာင္းစြာမွတ္မိတာကေတာ့ သူ႔ရဲ႕ မ်က္မွန္ထူ ႀကီးပဲ။ အဲဒီတုံးက သူ႔ခ်စ္သူဘယ္သူလဲဆိုတာ စာေရးသူ မသိေပမယ့္ သူအခ်စ္ဆုံးကေတာ့ သူ႔ရဲ႕ ဂစ္တာပဲ ျဖစ္မွာပါ။ အားလုံးေပ်ာ္ေအာင္ သူက ဂစ္တာနဲ႔ သီခ်င္းေတြ သီဆိုေပးတယ္။

    အဆိုေတာ္ဘဝ-

    ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ ျဖစ္လာဖို႔မလြယ္ပါဘူး။ ပထမေျခလွမ္းကေတာ့ မႏၲေလး Center ေတးသံသြင္းမွာ သီခ်င္းစသြင္းတယ္။ မေအာင္ျမင္ပါ။ ေမွ်ာ္လင့္ခ်က္ အိပ္မက္သာျဖစ္ခဲ့ေလရဲ႕။ ဒီ့ထက္ ေကာင္းသထက္ေကာင္းေအာင္ ဒုတိယေျခလွမ္းကေတာ့ ရန္ကုန္ ဦးဘသိန္း စတူဒီယိုမွာ သြားသြင္းတယ္။ စီးရီးတစ္ေခြ ျဖစ္လာေတာ့ ေဈးကြက္ထဲတင္ဖို႔ ေျခလွမ္းလွမ္းၾကည့္ေတာ့ ရန္ကုန္ကေတးသံသြင္းေတြ လက္မခံျပန္ဘူး။ တစ္ခ်ိဳ႕က ေမးလာတယ္။ ဘာသီခ်င္းလဲ? ဗမာသီခ်င္းပါ။ႏိုင္ငံျခားသံစဥ္နဲ႔ တီးတာလား? မဟုတ္ဘူး ကိုယ္ပိုင္သံစဥ္ပါ။ ေဟ ကိုယ္ပိုင္သံစဥ္ဆိုေတာ့ သူမ်ားကို ဘယ္မီမလဲ။ ႏိုင္ငံျခားသံစဥ္ကို ငါတို႔က နားေထာင္လို႔ေတာင္မရဘူး။ မင္းတို႔က ကိုယ္ပိုင္သံစဥ္နဲ႔ ဆိုေတာ့ ေဝလာေဝးပဲ။ ေခတ္သစ္ ဗမာသီခ်င္းကို ငါတို႔ဗမာကိုယ္တိုင္ ဆိုတာေတာင္မွ ငါတို႔က နားမေထာင္ႏိုင္ဘူး၊ မင္းတို႔က ရွမ္းျဖစ္ ၿပီး ဗမာသီခ်င္းဆိုတယ္ ဆိုေတာ့ ပိုၿပီးေတာ့ နားေထာင္ႏိုင္မွာမဟုတ္ဘူး . . . တဲ့။

    သူတို႔စီးရီးသစ္အတြက္ ေတးသံသြင္းအားလုံးလိုလို ေခါင္းခါၿပီး အေျဖေပးလိုက္တယ္။ ေတးသံသြင္းေတြ ျဖန႔္ေပးဖို႔ အသနားခံတဲ့ မ်က္ႏွာနဲ႔ သီခ်င္းတစ္ပုဒ္ကို ၂ က်ပ္နဲ႔ အခ်ိဳ႕ဆိုင္မွာ ေဈးတည့္ခဲ့တယ္။တစ္ခ်ိဳ႕ဆိုင္ကေတာ့ လုံးဝလက္မခံတဲ့အျပင္ ပစ္ပစ္ခါခါ ေျပာတာလဲ ရွိေလရဲ႕။ စိတ္ဓါတ္က်တယ္ စိတ္ဓါတ္က်တယ္ဆိုတဲ့ သီခ်င္းအတိုင္း ေအာ္ရေလမလားပဲ။

    ဒါေပမယ့္ ေအာက္ကို ျပဳတ္က်သြားတဲ့ စိတ္ဓါတ္ဟာ မဟာပထဝီေျမႀကီးနဲ႔ ထိၿပီးရင္ အေပၚကို ျပန္ခုန္ တက္တတ္တယ္ ဆိုတာ မေမ့ပါနဲ႔။ ရန္ကုန္မွာ အလုပ္မျဖစ္လို႔ ေတာင္ႀကီးကို တက္လာကာ ေမာဝ္ေတးသံသြင္းက ၾကည္ ျဖဴစြာလက္ခံၿပီး ျဖန႔္ေပးေတာ့ အားရွိလာသလိုလိုျဖစ္သြားတဲ့ အျပင္သူငယ္ခ်င္းျဖစ္သူ ေအာင္ခင္ျမင့္ (ေဂ်ေမာင္ေမာင္)လည္း ေတာင္ႀကီးေရာက္ခိုက္ သူ တို႔သီခ်င္းေတြကို ရန္ကုန္ကို ျပန္သြားျဖန႔္ေပးေတာ့ ေတာ္ေတာ္ကို ျပန႔္သြားတယ္။

    ၁၉၇၃ ခုမွာပဲ သူတို႔ရဲ႕ The Outsiders အဖြဲ႕နဲ႔ စိုင္းခမ္းသီ၊ ေစာဂ်က္ဆင္၊ ေစာေဂ်ာ္နီတို႔ရဲ႕ အဖြဲ႕ Highlanders ပူးေပါင္းၿပီး ႏိုင္ငံေက်ာ္ The Wild Ones အဖြဲ႕ျဖစ္လာတယ္။ ဒီအဖြဲ႕နာမည္နဲ႔ ရန္ကုန္မွာ ေႏြရာသီ ဆိုတဲ့ စီးရီး တစ္ေခြ သြားသြင္းတယ္။ ေခြျဖန႔္တဲ့ အခ်ိန္ ေတးသံသြင္းကလူေတြအိပ္ေရးပ်က္တဲ့အထိ ေငြေတြ ေရတြက္ရလို႔ ေခြေရာင္းေကာင္းတဲ့အေၾကာင္း အသံသြင္းေပးတဲ့ ကိုေမာင္ေမာင္ေတာင္ အံ့ၾသသြားတယ္။ ေနာက္ထပ္သြားသြင္းတဲ့ တတိယစီးရီးကေတာ့ မႏၲေလးေရာက္ ရွမ္းတစ္ေယာက္ပါ။ ဒီစီးရီးေၾကာင့္ စိုင္းထီးဆိုင္ရဲ႕နာမည္လည္း တစ္ႏိုင္ငံလုံး သိသြားေလေတာ့တယ္။ေတးသံသြင္းေတြလည္း လက္မလည္ေအာင္ အေခြေတြ ကူးေနရေတာ့တယ္။ လက္ဖက္ရည္ဆိုင္၊အေအးဆိုင္ေတြမွာလည္း မႏၲေလးေရာက္ရွမ္းတစ္ေယာက္သီခ်င္းသံ ညံသြားေတာ့ တယ္။

    စိုင္းထီးဆိုင္ရဲ႕ သီခ်င္းေတြက ဗမာသီခ်င္းေတြ မ်ားပါတယ္။ ဗမာစီးရီးေတြထဲမွာ ရံခါရံခါ ရွမ္းသီခ်င္းသံတစ္ပိုဒ္စ ႏွစ္ပိုဒ္စ ညႇပ္ပါလာတာကို ၾကားရတဲ့ ရွမ္းေတြအဖို႔ သၾကားေပၚက သကာခဲပါပဲ။ ဒီလိုနဲ႔ သူ႔ရဲ႕သီခ်င္းေတြ ဆက္တိုက္ ထြက္ထြက္လာေတာ့ ပရိသတ္ကလည္း သူ႔အသံနဲ႔ ရင္းနီးသထက္ ရင္းနီးလာေတာ့တယ္။ ေတးေရးဆရာ စိုင္းခမ္းလိတ္ရဲ႕ စာသားေတြကလည္း ခန႔္ညားသလို စိုင္းထီးဆိုင္ရဲ႕ အသံကလည္း ေကာင္းလြန္းတာေၾကာင့္ သူတို႔ ႏွစ္ေယာက္ေပါင္းမိျခင္းဟာ ရွည္လွ်ားတဲ့ခရီးအတြက္ မီးရထားသံလမ္းလိုပါပဲ။ တခ်ိဳ႕ အဆိုေတာ္ေတြ သီခ်င္းဆိုတယ္။ ေကာင္းတယ္။ နာမည္ႀကီးလာတယ္။ ဒါေပမယ့္ အဓိက ျပႆနာကေတာ့ သီခ်င္းေရးေပးတဲ့သူမရွိလို႔ အခက္အခဲ ႀကဳံရတတ္တယ္။

    စိုင္းထီးဆိုင္အတြက္ေတာ့ သူ႔ဘက္ဂေရာင္းက စိုင္းခမ္းလိတ္တစ္ေယာက္လုံး ရွိေနေလေတာ့ သူမ်ားလို ေတးေရးဆရာ ရွာဖို႔ ျပႆနာမရွိခဲ့ေပ။ သူကိုယ္တိုင္လည္း သီခ်င္းေရးစပ္တတ္သူ ျဖစ္ေသးတယ္။သူတို႔ႏွစ္ေယာက္ရဲ႕ မဆုတ္မနစ္ႀကိဳးစားမႈေၾကာင့္ ၿပိဳင္တူ နာမည္ႀကီးလာေတာ့တယ္။ ေတးဆိုသူနဲ႔ေတးေရးသူ အၾကားမွာ သူတို႔ႏွစ္ေယာက္လို ဒြန္တြဲနာမည္ရလာဖို႔ ျဖစ္ခဲတယ္။ တခ်ိဳ႕ ေတးဆိုသူသာ နာမည္ႀကီးသြားၿပီး ေတးေရးသူကေတာ့ ေနာက္ေကာက္က်န္ခဲ့တယ္။ ဘယ္သူမွ မသိၾကဘူး။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ စိုင္းထီးဆိုင္ဆိုတဲ့ သီခ်င္းကလည္း စိုင္းခမ္းလိတ္ေရးမွ ပရိသတ္သေဘာေတြ႕ မေနာေခြ႕ျဖစ္သလို စိုင္းခမ္းလိတ္ ေရးတဲ့သီခ်င္းကလည္း စိုင္းထီးဆိုင္ဆိုမွ ႀကိဳက္ၾကတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ေလတံခြန္နဲ႔ ႀကိဳးျဖစ္ၿပီး ပရိသတ္ကေတာ့ တိုက္ခတ္တဲ့ ေလနဲ႔တူတယ္။

    ေလာကဓံ-

    စိုင္းထီးဆိုင္ရဲ႕ သီခ်င္းေခြေတြ အေရာင္းသြက္လွၿပီး ပိုပိုၿပီးေတာ့ နာမည္ႀကီးလာေလေတာ့ မနာလိုသူေတြလည္း ရွိစၿမဲပါ။ ဒါေၾကာင့္ နည္းလမ္းမ်ိဳးစုံနဲ႔ စိုင္းထီးဆိုင္ နာမည္ပ်က္ေအာင္ လုပ္ေဆာင္လာၾကတယ္။ ကာတြန္း ႐ုပ္ေျပာင္တစ္ခုက ဘယ္လိုေလွာင္ေျပာင္ထားသလဲဆိုေတာ့ ျမန္မာဂ်ိမ္းစပြန္းလို႔ဆိုရတဲ့ ကာတြန္း႐ုပ္ေျပာင္တစ္ခု (ေပၚဆန္းေမႊးလို႔ထင္တယ္ စာေရးသူ သိပ္မမွတ္မိေတာ့ဘူး) စိုင္းထီးဆိုင္သီခ်င္းကို သူက နားေထာင္ရင္း ကက္ဆက္ခလုတ္တစ္ခုကို ႏွိပ္လိုက္တယ္တဲ့။ သြားေခါေခါ မ်က္မွန္ထူထူ ဆံရွည္ရွည္နဲ႔ ေခါင္းေလာင္း ေဘာင္းဘီဝတ္ထားတဲ့ စိုင္းထီးဆိုင္ ကက္ဆက္ထဲက ေနထြက္လာတယ္။

    ဂ်ိမ္းစပြန္းလို အစြမ္းထက္တဲ့ ေပၚဆန္းေမႊးက စိုင္းထီးဆိုင္ရဲ႕ လည္ပင္းကို ဆုပ္ကိုင္ၿပီး မင္းဘာျဖစ္လို႔ ျမန္မာသီခ်င္းပီေအာင္ မဆိုသလဲဟင္ မင္းရဲ႕သြားကလည္း ေခါေနေသးတယ္ ဆိုၿပီး ပလာယာနဲ႔ စိုင္းထီးဆိုင္ရဲ႕ သြားေတြကို ႏႈတ္ပစ္လိုက္တယ္။ နားရင္း႐ိုက္ၿပီး ကက္ဆက္ထဲ ျပန္သြင္းလိုက္တယ္။ဒါဟာ စိုင္းထီးဆိုင္ကို ေလွာင္ေျပာင္သေရာ္ျခင္းပါ။ စိုင္းထီးဆိုင္ကေတာ့ သူဝါသနာလမ္းေၾကာင္းအတိုင္း ဆက္ေလွ်ာက္ၿပီး ေလာကဓံကို ေအးေဆးစြာ ျဖတ္သန္းလ်က္ပါ။ တခ်ိဳ႕ကာတြန္းကေတာ့ လမ္းေဘးက ဘိနပ္ဆိုင္နားမွာ ထီးဆိုင္ဖြင့္ထားတဲ့ပုံေတြ လမ္းေပၚမွာက စိုင္းထီးဆိုင္နဲ႔ တူတဲ့ သူက မ်က္လုံးျပဴးၿပီး လန႔္ေနတဲ့ပုံေတြ သေရာ္နည္းမ်ိဳးစုံပါပဲ။

    သို႔ေသာ္ ေလတံခြန္ဆိုတာ ေလတိုက္ႏႈန္း အားေကာင္းလာၿပီး ခံႏိုင္မႈ မရွိရင္ေတာ့ စုတ္ျပတ္သြားမယ္။ဒါမွမဟုတ္ ယိမ္းယိုင္သြားမယ္။ ဒါမွမဟုတ္ ႀကိဳးျပတ္သြားမယ္။ ေလာကဓံတရားဆိုတာ ဘယ္သူမွ မလြတ္ႏိုင္ဘူး။ ဒါေပမယ့္ ႀကံ့ခိုင္မႈရွိရင္ေတာ့ ေက်ာ္လႊားႏိုင္ပါတယ္။ စိုင္းခမ္းလိတ္နဲ႔ စိုင္းထီးဆိုင္တို႔ႏွစ္ေယာက္ ထပ္တူခံရတဲ့ ေလာကဓံလႈိင္းႀကီး တစ္ခုကေတာ့ ေမာေတာ့ ေမာတာေပါ့ ဒါေပမယ့္ မေမာဘူးဆိုတဲ့ သီခ်င္းစာသားပါ။

    စာေရးသူဖတ္မိ မွတ္မိသေလာက္ေတာ့ သတင္းစာ ေဆာင္းပါးတစ္ခုက အဲဒီ ေမာေတာ့ေမာတာေပါ့ ဆိုတဲ့ စကားလုံးေတြကို ႏွာဘူးအသံ ကိေလသာအသံဆိုၿပီး ပစ္ပစ္ခါခါ ေဝဖန္ထားတယ္။ အဲဒါကို သီခ်င္းမဖြဲ႕သင့္ဘူး စသျဖင့္ေပါ့။ အမွန္ကေတာ့ စိုင္းခမ္းလိတ္ ေရးတဲ့သီခ်င္းဟာ သမီးရည္းစားႏွစ္ေယာက္ ဘီးကေလးနဲ႔ အတူလည္ခ်ိန္ သဘာဝက်က် ေရးဖြဲ႕ထားတဲ့ စာသားပါ။ အားလုံးလည္း ၾကားဖူးၿပီးသားပါ သိပ္ေမာသြားလား ေမာင္ရယ္တဲ့ ေမာေတာ့ေမာတာေပါ့ ဒါေပမယ့္ မေမာဘူး . . . ဒါေပမယ့္ ေဆာင္းပါးေရးတဲ့သူက အေတြးလြန္ၿပီး သူ႔ဝါသနာပါရာ စိတ္ထက္သန္ရာ ေၾကာင္ႀကိဳေၾကာင္ ၾကား ေလွ်ာက္ေတြးသြားတယ္ ထင္ပါရဲ႕။ ထားပါေတာ့။

    အႏုပညာစကားဆိုတာ ကိုယ္လိုတဲ့ဘက္ကို ဆြဲယူလို႔ရစၿမဲပါ။ ဒါေပမယ့္ ေမာေတာ့ ေမာတာေပါ့ ဆိုတဲ့ စကားဟာ လူႀကီးလူငယ္ လူ႐ြယ္လူလတ္ေတြရဲ႕ ပါးစပ္ျဖားမွာ စြဲသြားခဲ့တယ္။ တစ္ခုခုလုပ္ၿပီး ေမာသြားၿပီဆိုရင္ အဲဒီ စကားကို အေမာေျပအျဖစ္ အေမးအေျဖ လုပ္ေတာ့တာပဲ။ စာေရးသူတို႔ေတာင္ ခဏခဏ အသုံးျပဳေသးတယ္ေလ။ ဒီကဲ့ရဲ႕သံကို ၾကားရေတာ့ စိုင္းခမ္းလိတ္အတြက္ ေက်နပ္ပါေတာ့ ဆိုတဲ့ သီခ်င္းတစ္ပုဒ္ေရးျဖစ္ေအာင္ ေရးလိုက္ေသးတယ္။ ေခါင္းမေမာ့ပါဘူး ငုံ႔ဆဲပါ မင္းအလိုက်ပါ . . . .

    လူျဖစ္လာရင္ လူတိုင္းရဲ႕ ခ်ဥ္ဖတ္ကို မျဖစ္ႏိုင္သလို လူတိုင္းရဲ႕ အခ်စ္ေတာ္လည္း မျဖစ္ႏိုင္ပါဘူး။ စိုင္းထီးဆိုင္ကို ခ်စ္တဲ့ပရိသတ္ကေတာ့ ရွမ္းသံဝဲဝဲ ခ်စ္စရာေလးလို႔ေျပာတဲ့ သူေတြလည္း မနည္းဘူး။ကဲ့ရဲ႕တဲ့အထဲမွာ ပါးစပ္ပုတ္တဲ့ ရွမ္းအခ်ိဳ႕လဲပါေသးတယ္။ စိုင္းထီးဆိုင္က ဗမာသီခ်င္းပဲဆိုတယ္ ရွမ္းလိုမဆိုဘူးတဲ့။ တကယ္တမ္း ဉာဏ္ဦးေႏွာက္နဲ႔ ဆင္ျခင္ၾကည့္ရင္ စိုင္းထီးဆိုင္ ႏိုင္ငံေက်ာ္အဆိုေတာ္ ျဖစ္လာျခင္းဟာ-

    (၁) ရွမ္းတစ္ေယာက္ျဖစ္ၿပီး ျမန္မာသီခ်င္းကို သူမ်ားနဲ႔တန္းတူ၊ သူမ်ားထက္ေက်ာ္လြန္ေအာင္ ဆိုႏိုင္ျခင္း။

    (၂) မိမိရဲ႕ နာမည္ကို စိုင္းထီးဆိုင္ဆိုၿပီး ရဲရဲရင့္ရင့္ ရွမ္းနာမည္တပ္ထားျခင္း။

    (၃) စိုင္းထီးဆိုင္ရဲ႕ ေက်ာ္ၾကားမႈေၾကာင့္ ရွမ္းလူမ်ိဳးတို႔ရဲ႕ ဂုဏ္ျမင့္ ဂုဏ္တင့္ခဲ့ျခင္း။

    (၄) တစ္ခါတစ္ေလ စတိတ္စင္ေပၚမွာ ရွမ္းဝတ္စုံဝတ္ၿပီး သီခ်င္းဆိုျခင္း၊ ညာလက္မွာ ေဆးမွင္ေၾကာင္ထိုးထားသျဖင့္ ရွမ္းျဖစ္ေၾကာင္း သက္ေသျပျခင္း၊ မိုင္ဆုံ မဂၤလာပါ စသျဖင့္ ရွမ္းလိုႏွင့္ ပရိသတ္ကို ႏႈတ္ဆက္ျခင္း စတာေတြဟာ မိမိရဲ႕ ဇာတိမ်ိဳး႐ိုးဂုဏ္ကို ေဖၚၫႊန္းျခင္း။

    (၅) သူရဲ႕ ဗမာစီးရီးထဲမွာ ရွမ္းသီခ်င္းမ်ား ၾကားညႇပ္၍ သီဆိုတာဟာ ရွမ္းျပည္နဲ႔ ေဝးကြာေနတဲ့ ရွမ္းမ်ားအတြက္ မိမိတို႔ရဲ႕ အမ်ိဳးအႏြယ္ကို မေမ့ရန္ သတိေပးသလိုျဖစ္ေနျခင္း စတာေတြဟာ ရွမ္းျပည္သားအဖို႔ မ်ားစြာ တန္ဖိုးရွိတယ္လို႔ စာေရးသူယူဆတယ္။ စိုင္းထီးဆိုင္ သီခ်င္းအသစ္ စထြက္လာတိုင္း နဂိုအေဟာင္းေလာက္ မေကာင္းေတာ့ဘူးလို႔ ထင္ေပမယ့္ ၾကာၾကာနားေထာင္ေလေလ ပိုပို ေကာင္းေလေလ ျဖစ္ခဲ့တယ္။ အေဟာင္းေတြလည္း ယေန႔တိုင္ မ႐ိုးႏိုင္ေသးပါဘူး။

    အေကာင္းအဆိုး ဒြန္တြဲမ်ိဳး-

    နာမည္ႀကီးတဲ့သူေတြဟာ မ်ားေသာအားျဖင့္ နာမည္ဆိုးလည္း ထြက္တတ္ပါတယ္။ စိုင္းထီးဆိုင္လဲ အဲလိုပါပဲ။ စင္းလုံးေခ်ာေကာင္းမြန္တာေတာ့ ဘယ္သူမွ မျဖစ္ႏိုင္ဘူး။ ၁၉၇၇တုံးက မူးယစ္ေဆးဝါးမႈေၾကာင့္ စိုင္းထီးဆိုင္ ေထာင္က်ခဲ့တယ္။ တခ်ိဳ႕လည္း စိုင္းထီးဆိုင္ တမင္သက္သက္ ေထာင္ေခ်ာက္ဆင္ခံရတယ္လို႔ေျပာၾကတယ္။ သူ႔ပရိသတ္တစ္ခ်ိဳ႕ အဲဒီ သတင္းၾကားေတာ့ လာဖမ္းတဲ့သူရဲ႕ အိမ္ကိုေတာင္ ခဲမိုးသြား႐ြာတယ္လို႔ေျပာတယ္။

    ဘယ္လိုပဲျဖစ္ျဖစ္ စိုင္းထီးဆိုင္ဟာ စိုင္းထီးဆိုင္ပါပဲ။ နာမည္ႀကီးတဲ့ပုဂၢိဳလ္အခ်ိဳ႕ဟာ နာမည္ပ်က္ထြက္သြားရင္ စုံးစုံးျမဳပ္သြားေတာ့တယ္။ စိုင္းထီးဆိုင္ကေတာ့ အဲလိုမဟုတ္ဘူး။ သူ႔ခ်စ္တဲ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ေျဖာင့္မွန္စြာ ရပ္တည္ခဲ့တယ္။ စတိတ္ရႈိးပြဲလုပ္တိုင္း စိုင္းထီးဆိုင္ပါရင္လက္မွတ္ေတြ ရွိသေလာက္ ကုန္သြားေတာ့တာပဲ။ ဒါေၾကာင့္ ကန္ထ႐ိုက္ေတြ စိုင္းထီးဆိုင္ကိုအလုအယက္ ငွားၾကေတာ့တယ္။ စိုင္းထီးဆိုင္ဟာ ပရိသတ္ကို ခ်စ္တဲ့သူ တစ္ေယာက္ျဖစ္လို႔ ပရိသတ္ေတြကလည္း သူ႔ကို ခ်စ္ၾကတယ္။ ေလးစားၾကတယ္။

    သူမ်ား မတုႏိုင္တဲ့ သူ႔ရဲ႕ အႏုပညာပါရမီတစ္ခုကေတာ့ သူဟာပရိသတ္ကို ေကာင္းစြာ ထိမ္းႏိုင္ျခင္းပါ။ တစ္ခ်ိဳ႕ အဆိုသမားေတြ စတိတ္စင္ေပၚ ခုန္လိုက္ေပါက္လိုက္ ပရိသတ္စိတ္ဝင္စားေအာင္ လုပ္ေသာ္လည္း စိုင္းထီးဆိုင္ကေတာ့ သမား႐ိုးက် ဂီတာလြယ္ၿပီး သီခ်င္းဆိုကာ ပရိသတ္ကို ထိမ္းသြားႏိုင္ခဲ့တယ္။ ရႈိးပြဲတိုင္းလိုလို စိုင္းဆိုင္ တက္မဆိုခင္က ပရိသတ္ေတြ လႈပ္လႈပ္႐ြ ဆူဆူညံညံျဖစ္ေနေပမယ့္ ေနာက္တစ္ဖန္ ေတာ့ စိုင္းထီးဆိုင္ျဖစ္ပါတယ္ … လို႔ၾကားလိုက္တာနဲ႔ လက္ခုပ္သံေတြ မိုးထက္ညံၿပီး ပြဲၾကည့္ပရိသတ္ေတြ ၿငိမ္က်သြားတယ္။ သူသီခ်င္းတစ္ပုဒ္ဆိုၿပီးတိုင္း လက္ခုပ္သံေတြဟာ ပိုၿပီး က်ယ္ေလာင္တယ္။

    ရႈိးပြဲေတြမွာ ပြဲထိမ္းဖို႔အတြက္ နာမည္ႀကီးတဲ့သူကို ေနာက္မွာ ထားေလ့ရွိတယ္။ တစ္ခါ တစ္ေလ ပြဲစီမံသူ စိုင္းထီးဆိုင္ကို ပြဲမထုတ္ေသးရင္ ပြဲၾကည့္ပရိသတ္က စိုင္းထီးဆိုင္ ထြက္လာခိုင္းပါ ဆိုၿပီး အတင္း ေတာင္းဆိုတယ္။ အဲဒါကေတာ့ ပြဲၾကည့္ပရိသတ္ေတြ သူ႔ရဲ႕ သီခ်င္းသံကို ျမတ္ႏိုးေၾကာင္း သက္ေသပါ။ တစ္ခါ ပဲခူးရႈိးပြဲ တစ္ခု လက္မွတ္ေရာင္းၿပီး ေၾကာ္ျငာတုံးက စိုင္းထီးဆိုင္လည္းပါလို႔ လက္မွတ္ေတြ အကုန္ကုန္သြားတယ္။ ႐ုံျပည့္႐ုံလွ်ံျဖစ္သြားတယ္ေပါ့။ နာမည္ႀကီးအဆိုေတာ္ေတြကို ေနာက္ပိုင္းအစီအစဥ္ေတြမွာ ထည့္တဲ့အတြက္ တစ္ေၾကာင္း၊ ညဥ့္နက္လာတာကတစ္ေၾကာင္း၊ အိမ္ျပန္ခ်င္တာကတစ္ေၾကာင္း၊ စိုင္းထီးဆိုင္ရဲ႕ နားဝင္ပီယံ အသံေလးကို ၾကားခ်င္တာေၾကာင့္ တစ္ေၾကာင္း စိုင္းထီးဆိုင္ကို ဆိုခိုင္းဖို႔ ေအာ္ၾကေတာ့တယ္။

    တက္လာတိုင္း စိုင္းထီးဆိုင္မဟုတ္ေသးဘဲ ျဖစ္ေနေလေတာ့ ပရိသတ္ေတြ ဆူဆူပူပူျဖစ္လာတယ္။တစ္ခ်ိဳ႕ မေစာင့္ႏိုင္တာေၾကာင့္ အျပင္ဘက္ထြက္လာၿပီး အဆိုေတာ္ေတြေနတဲ့ ေနရာအထိ လာၾကည့္ၾကတယ္။ စိုင္းထီးဆိုင္ကို မေတြ႕တာေၾကာင့္ ပရိသတ္ေတြ စိတ္ဆိုးၿပီး ငါတို႔ကို လိမ္ၿပီး လက္မွတ္ေတြေရာင္းတယ္။ ပြဲထဲ ျပန္ဝင္လာတယ္။ စိုင္းထီးဆိုင္ မပါဘဲ လက္မွတ္ကို လိမ္ေရာင္းတယ္ဆိုတဲ့ သတင္းလဲ ခ်က္ခ်င္းဆိုသလို ပ်ံ႕သြားေတာ့ ပရိသတ္ေတြ စိတ္ဆိုးၾကၿပီး ထိုင္ခုံေတြကို စတင္႐ိုက္ခ်ိဳးလာေတာ့တယ္။ အေျခအေန မဟန္ေတာ့တာေၾကာင့္ အေနာင္ဇာလည္း ပရိသတ္ကို ေခတၱသီးခံဖို႔ ေျပာေသာ္လည္း ပရိသတ္က ပိုၿပီးေတာ့ ေသာင္းက်န္းလာကာ ပြဲပ်က္လုမတတ္ျဖစ္သြားခဲ့တယ္။

    တက္ဆိုတဲ့အဆိုေတာ္တိုင္းလိုလို အဆဲခံရေတာ့ ဘယ္သူမွ မတက္ဆိုရဲေတာ့ဘူး။ ေရွ႕ပိုင္းမွာ ထိုင္တဲ့ ပရိသတ္ေတြလည္း ေနာက္က ဆူညံသံေၾကာင့္ ထိုင္ရမလို ထရမလို ျဖစ္ေနၿပီး ပြဲထိမ္း မႏိုင္သိမ္းမရ ျဖစ္ေတာ့မယ့္အခ်ိန္မွာ ရန္ကုန္က ကားတစ္စီး ပြဲခင္းထဲကို ဝင္လာတာေတြ႕ရေတာ့ ပြဲစီစဥ္သူက ကားဆီ တစ္ခါတည္း ေျပးသြားၿပီး ကားထဲမွာ စိုင္းထီးဆိုင္ကို ေတြ႕ရေတာ့ သူထကလုမတတ္ ဝမ္းသာသြား တယ္။ ပြဲအေျခအေန ေျပာျပကာ စိုင္းထီးဆိုင္ရဲ႕ လက္ကိုဆြဲၿပီး ခ်က္ခ်င္း စတိတ္စင္ေပၚတက္ ခိုင္းလိုက္တယ္။

    စိုင္းထီးဆိုင္လည္း ခ်က္ခ်င္း သူခ်စ္တဲ့ ပရိသတ္ေရွ႕အေရာက္ေရာက္လာၿပီး ဂါရဝျပဳ မိုက္စ္ကိုင္ကာ ကြၽန္ေတာ္ခ်စ္တဲ့ ပရိသတ္မ်ားခင္ဗ်ား ကြၽန္ေတာ္ စိုင္းထီးဆိုင္ ေရာက္လာပါၿပီ။ လမ္းမွာ ကားပ်က္သြားလို႔ ကြၽန္ေတာ္လည္း တစ္လမ္းလုံး စိတ္ပူေနပါတယ္။ ကြၽန္ေတာ့္ကို ေမွ်ာ္ေနမယ့္ ပရိသတ္မ်ားအတြက္လည္း စိတ္ပူမိပါတယ္။ ေနာက္က်ၿပီးေရာက္လာတဲ့ ကြၽန္ေတာ့ကို ခြင့္လႊတ္ၾကပါခင္ဗ်ား၊ ဒီည ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္ ကြၽန္ေတာ့္ရဲ႕ ပရိသတ္မ်ားကို ေဖ်ာ္ေျဖေပးပါ့မယ္ခင္ဗ်ား . . . အဲဒီအသံၾကားလိုက္ေတာ့ လက္ခုပ္သံေတြ ညံသြားေလေတာ့တယ္။ ဆူညံေနတဲ့ ပရိသတ္ေတြလည္း ခ်က္ခ်င္းၿငိမ္သက္ကာ ဝမ္းသာေမွ်ာ္လင့္ခ်က္ေတြ လင္းလက္လာေလေတာ့တယ္။

    စိုင္းထီးဆိုင္လည္း ေ႐ႊဟသၤာနားခိုက္၊ ေ႐ႊဟသၤာ ပ်ံမွာစိုး၊ ပ်ံသာပ်ံပါ ေ႐ႊဟသၤာ nun stop သီခ်င္းသုံးပုဒ္ အပါအဝင္ ပရိသတ္ႀကိဳက္ တဲ့ သီခ်င္းေတြနဲ႔ ပြဲထိမ္းသြားခဲ့ေတာ့တယ္။ အဲဒီပြဲကေတာ့ စိုင္းထီးဆိုင္ ကယ္လိုက္ တဲ့ပြဲလို႔ ဆိုရမယ္။ သူဘယ္ရႈိးပြဲကို သြားဆိုဆို သူဆိုၿပီးတာနဲ႔ ေနာက္တစ္ပုဒ္ ေနာက္တစ္ပုဒ္လို႔ ပရိသတ္ေတြ အၿမဲေတာင္းဆိုတယ္။ သူလည္းေနာက္တက္မည့္သူကို အားနာနာနဲ႔ ထပ္ဆိုေပး ေသာ္လည္း ေနာက္တစ္ပုဒ္က ထပ္ေတာင္းေနဆဲပါ။ သူ႔အလွည့္ဆိုၿပီးသြားတာနဲ႔ တခ်ိဳ႕ရႈိးပြဲ ေတြဟာ လူေတြလည္း တစ္ခါတည္း က်ဲသြားေတာ့တယ္။

    စိုင္းထီးဆိုင္ဟာ ဗမာသီခ်င္းေခြေတြ မ်ားစြာ ထြက္ႏိုင္ခဲ့ေပမယ့္ ရွမ္းသီခ်င္းေခြကေတာ့ ဗမာေခြေတြေလာက္ သိပ္မမ်ားဘူး။ ဒါေပမယ့္ နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ ရွမ္းသီခ်င္းေတြ ရွမ္းပရိသတ္မ်ား စိတ္ႀကိဳက္ျဖစ္ေအာင္ သူဆိုသြားခဲ့တယ္။ ဒီ့အျပင္ ဗြီဒီယိုေခတ္ တစ္စခန္းထ လာတဲ့အခ်ိန္ စိုင္းထီးဆိုင္လည္း အကယ္ဒမီေမသန္းႏုနဲ႔ အတူ ေလညာအရပ္ကအခ်စ္ ဇာတ္ကားဟာ ေတာ္ေတာ္ကို နာမည္ႀကီးသြားတယ္။ မစ ၦရိယ၊ အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားျခင္း တို႔ကေတာ့ အဲေလာက္ နာမည္မႀကီးခဲ့ဘူး။

    စိုင္းထီးဆိုင္ဟာ ႐ိုး႐ိုးေအးေအး ေနတတ္ၿပီး ဝါႂကြားတတ္သူမဟုတ္။ ဝါသနာတူမ်ားကိုလည္းေလးစားတတ္ၿပီး အားေပးတတ္ ႏွစ္သိမ့္တတ္တယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း ရႈိးပြဲတစ္ခုမွာ ဘိုျဖဴက သူ႔သီခ်င္းေတြကို ဆိုတာ သူၾကားရေတာ့ သူဘိုျဖဴရဲ႕ အသံကို ခ်ီးက်ဴးၿပီး အားေပးခဲ့တယ္။ ဘိုျဖဴက ေမာင့္လျပည့္ဝန္း သီခ်င္းဆိုၿပီး သြားတဲ့အခ်ိန္ စိုင္းထီးဆိုင္ကိုယ္တိုင္ ဘိုျဖဴကို ဆုသြားခ်ခဲ့တယ္။ ျမင့္မားတဲ့ အႏုပညာစိတ္ဓါတ္ကို ေဖၚျပျခင္းပါ။ ေက်ာ္ဟိန္း၊ ေမဆြိ၊ ဘိုျဖဴ၊ ခင္ေမာင္တိုးတို႔ စိုင္းထီးဆိုင္သီဆို သြားတဲ့ သီခ်င္းေတြကို ျပန္ဆိုသြားတာ သူတို႔လည္း ထိုက္သင့္သေလာက္ နာမည္ရသြားၾကတယ္။ ဒါေပမယ့္ ေကာ္ပီဟာ မူရင္းေလာက္ ဘယ္ေကာင္းႏိုင္မလဲ။ စိုင္းထီးဆိုင္ရဲ႕ mode က သူမ်ားနဲ႔ မတူဘူးေလ။

    အႏုပညာေလာကမွာ ၾကာရွည္စြာ ရပ္တည္ႏိုင္တဲ့ စိုင္းထီးဆိုင္လိုမ်ိဳးလူဟာ ရွားပါးလွပါတယ္။ အထင္သာ အျမင္သာဆုံးတစ္ခုကေတာ့ စိုင္းထီးဆိုင္ ႏွစ္ ၅၀ျပည့္ ေ႐ႊရတု ေမြးေန႔ လုပ္တုံးက သူနဲ႔အတူ ေခတ္ၿပိဳင္ျဖစ္တဲ့ သူေတြအားလုံး အဆိုေတာ္ေတြအားလုံး သူ႔သီခ်င္းေတြကို တစ္ေယာက္တစ္ပုဒ္ ျပန္လည္ သီဆိုသြားခဲ့တာ စိုင္းထီးဆိုင္ရဲ႕ အသံဟာ ေ႐ႊဥၾသလို ျဖစ္ေနၿပီး သူတို႔အားလုံးကို ေက်ာ္ျဖတ္ကာ တက္သစ္စေတြနဲ႔ ရင္ေဘာင္တန္းေနတာ ေတြ႕ရတယ္။ ျပည္ပေရာက္ ျမန္မာျပည္သားေတြရဲ႕ ဖိတ္ေခၚမႈေၾကာင့္ စိုင္းထီးဆိုင္လည္း ႏိုင္ငံျခားမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တယ္။ သူ႔ရဲ႕ ႏိုင္ငံရပ္ျခားေနာက္ဆုံးေဖ်ာ္ေျဖမႈကေတာ့ ၂၁၀၂ ခု (ခရစ္ ၂၀၀၇) ေဒါက္တာအရွင္ဓမၼသာမိ ဖိတ္ၾကားခ်က္အရ အဂၤလန္ ေအာက္စ္ဖို႔ ရွမ္းႏွစ္သစ္ကူးမွာ သြားေဖ်ာ္ေျဖျခင္းပဲျဖစ္တယ္။

    အေမရိကန္သံ႐ုံးမွာ အလုပ္လုပ္တဲ့ ဗမာသီခ်င္းႀကိဳက္တဲ့ အေမရိကန္သူတစ္ေယာက္ က စိုင္းထီးဆိုင္အသံနဲ႔ ပတ္သက္လို႔ ဒီလိုေျပာဖူးတယ္။ စိုင္းထီးဆိုင္လိုအသံမ်ိဳးနဲ႔ ငါတို႔အေမရိကန္ႏိုင္ငံမွာဆိုရင္ သူေဌးျဖစ္ၿပီတဲ့။ ဒါေပမယ့္ စိုင္းထီးဆိုင္ကေတာ့ ဒီႏိုင္ငံမွာ သူေဌးလည္းမျဖစ္သလို သူဆင္းရဲလည္း မျဖစ္ခဲ့ပါ။ ဝါသနာကို အေျခခံၿပီး အႏုပညာသမားဘဝနဲ႔ သားမယားကို အလုပ္အေကြၽးျပဳသြားႏိုင္ခဲ့တယ္။ သူ႔ဇနီးကေတာ့ ခင္သန္းစိုး ျဖစ္ၿပီး သူ႔အေပၚ မွာ သစၥာရွိတဲ့သူလို႔ ဆိုရပါမယ္။ စိုင္းထီးဆိုင္ ေထာင္က်တုံးက ဘယ္သူမွ သူ႔ကိုလာမၾကည့္ေပမယ့္ သူမကေတာ့ ကဲ့ရဲျပစ္တင္တဲ့ၾကားကေန သူ႔ကို လာကူညီတယ္။ The friend in need is a friend in deed ဆိုတဲ့အတိုင္း ေထာင္ကထြက္လာၿပီး အိမ္ေထာင္ဖက္အျဖစ္ စိုင္းထီးဆိုင္က ခင္သန္းစိုးကိုပဲ ေ႐ြးခ်ယ္လိုက္ေတာ့တယ္။ ခင္သန္းစိုးနဲ႔အတူ (၁) စိုင္းခိုင္ခမ္း၊ (၂) နန္းစမ္ဟြမ္၊ (၃) နန္းယုေခါင္ သားသမီး သုံးေယာက္ ထြန္းကားခဲ့တယ္။

    ၂၀၀၈ ခု တာခ်ီလိတ္ကေန သီခ်င္းသြားဆိုၿပီး ရန္ကုန္ျပန္ေရာက္လာခ်ိန္ အစာအိမ္နာ၊ အူေယာင္ေရာဂါျဖစ္ၿပီး ကုမရႏိုင္ေတာ့တဲ့အတြက္ (၁၀၊ ၃၊ ၂၀၀၈) နံနက္ ၅:၄၅ နာရီ အခ်ိန္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ကြယ္လြန္ အနိစၥေရာက္ခဲ့တယ္။ သူ႔ကို ၾသဂႋုဟ္တဲ့ ေန႔ဟာ သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြက သူ႔ကို ေနာက္ဆုံးအေန လိုက္ပို႔ျခင္းနဲ႔ လြန္စြာစည္ကားခဲ့တယ္။ စိုင္းထီးဆိုင္ဟာ လူေသေသာ္လည္း နာမည္မေသေသးပါ။ က်ားေသဟာ မိမိရဲ႕ သားေရကို ထားရစ္ခဲ့သလို စိုင္းထီးဆိုင္ေသေသာ္လည္း သူ႔ရဲ႕ နာမည္ေကာင္းေတြ ထားရစ္ခဲ့တယ္။

    သူဟာ သူ႔အႏုပညာနဲ႔ ရွမ္းလူမ်ိဳးအတြက္ ဂုဏ္ျမင့္ေစတဲ့သူျဖစ္ခဲ့လို႔ ရွမ္းျပည္နယ္လုံး ဆိုင္ရာ ပိဋကတ္ ရွမ္းဘာသာျပန္အဖြဲ႕ခ်ဳပ္က ပင္လုံၿမိဳ႕ ပရိယတၱိသဒၶမၼပါလ စာပြဲေတာ္ ႏွစ္ (၅၀)ျပည့္ ေ႐ႊရတုသဘင္ပြဲေတာ္မွာ စိုင္းထီးဆိုင္အား ရွမ္းအႏုပညာရွင္ ထူးခြၽန္ဆုကို က်ပ္ေငြ ဆယ္သိန္းနဲ႔ အတူ ခ်ီးျမင့္ခဲ့တယ္။ ၁၃၇၀ ျပည့္ ကဆုန္လဆန္း ၁၃ ရက္ ဆုေပးပြဲအခမ္းအနား ကို သားျဖစ္သူ စိုင္းခိုင္ခမ္းက ဖခင္ကိုယ္စား တက္ေရာက္ယူခဲ့ တယ္။ စိုင္းထီးဆိုင္တစ္ေယာက္ သူဒီဆုကို ရသြားတယ္ဆိုတာ သူမသိခဲ့တာကေတာ့ ဝမ္းနည္းစရာပါ။ စိုင္းထီးဆိုင္ ေသဆုံးသြားေပမယ့္ သူ႔ရဲ႕သီခ်င္းသံေတြကေတာ့ ပရိသတ္ေတြအၾကားမွာ ပ်ံ႕လႊင့္ေနဆဲပါ။ ဒို႔တေတြက သူ႔ကို မျပန္နဲ႔ဦး မျပန္နဲ႔ဦးကြယ္ လို႔ ဆိုေပမယ့္ သူကေတာ့ ရွမ္းသီခ်င္းနဲ႔ ႏႈတ္ဆက္ကာ ထြက္သြားခဲ့တယ္။

    မိူဝ္းယဝ့္ မိူဝ္းယဝ့္ မိူဝ္းလြရ၁္းလြရ၁္း

    ျပန္ၿပီ ျပန္ၿပီ ေျဖးေျဖးျပန္ တဲ့…။

    စိုင္းထီးဆိုင္တစ္ေယာက္ ေကာင္းရာသုဂတိသို႔ လားပါေစ။

    ၂၀၀၉ ခု ေ႐ႊရတုပုံရိပ္ မဂၢဇင္းမွ ရွမ္းစာေရးဆရာ ဟိုင္းေဆခိုင္၏ ရွမ္းစာမူကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္ထားသည္။

    Credit-LAISAITAI (SHAN VIEWS)

    Via-Baganthar

  • လူတိုင္း ႀကိဳက္ၾကတဲ့ ဆီခ်က္ေခါက္ဆြဲ (၈ ပြဲစာ) ျပဳလုပ္နည္း

    (Zawgyi)

    လူတိုင္း ႀကိဳက္ၾကတဲ့ ဆီခ်က္ေခါက္ဆြဲ (၈ ပြဲစာ) ျပဳလုပ္နည္း

    ဆီခ်က္ေခါက္ဆြဲ လုပ္နည္း ေမးထားတဲ့သူမ်ားေပမယ့္ အခုမွ ေရးျဖစ္ေတာ့တယ္။ ဆီခ်က္ေခါက္ဆြဲကေတာ့ လုပ္ရတာလြယ္ၿပီး စားေကာင္းပါတယ္။ အိမ္မွာေတာ့ အိစံရဲ႕သားသား အရမ္းႀကိဳက္ေတာ့ ခဏခဏ လုပ္ေကြၽးျဖစ္ပါတယ္။လုပ္စားၾကည့္ရေအာင္ေနာ္။

    ပါဝင္ေသာပစၥည္းမ်ား

    ၁။ ၾကက္သား အသားခ်ည္း- ၂၅ က်ပ္သား (သို႔) ၁ ေပါင္

    ၂။ ေခါက္ဆြဲ – ၇၅ က်ပ္သား (သို႔) ၃ ေပါင္

    ၃။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၁ ဇြန္း (ဆီခ်က္ၾကက္သား အတြက္) ႏွင့္ ေခါက္ဆြဲအတြက္ လိုသေလာက္

    ၄။ ပဲငံျပာရည္ အပ်စ္ – လက္ဖက္ရည္ဇြန္း တ ဝက္ (ဆီခ်က္ၾကက္သား အတြက္) ႏွင့္ ေခါက္ဆြဲလုပ္ရန္အတြက္ လိုသေလာက္

    ၅။ ခ႐ုဆီ – ထမင္းစားဇြန္း ၁ ဇြန္း

    ၆။ သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း (ဆီခ်က္ၾကက္သား အတြက္) ႏွင့္ ေခါက္ဆြဲအတြက္ လိုသေလာက္

    ၇။ ဆား – လက္ဖက္ရည္ဇြန္း တဝက္

    ၈။ ၾကက္သားမႈန္႔- လက္ဖက္ရည္ဇြန္း တဝက္ (ဆီခ်က္ၾကက္သားအတြက္) ႏွင့္ ေခါက္ဆြဲအတြက္ လိုသေလာက္

    ၉။ ၾကက္သြန္ျဖဴ ဆီခ်က္

    ၁၀။ ဆီ – ထမင္းစားဇြန္း ၁ ဇြန္း

    ၁၁။ ၾကက္သြန္ၿမိတ္ – ၁ စီး (ပါးပါးလွီးထားပါ။)

    ျပဳလုပ္နည္း-

    ၁။ ၾကက္သားကို အိုးတခုထဲမွာ ဆား လက္ဖက္ရည္ဇြန္း တဝက္ႏွင့္ ၁၅ မိနစ္ – မိနစ္ ၂၀ ခန္႔ျပဳတ္ပါ။ ၿပီးလွ်င္ၾကက္သားကို ဆယ္ထားပါ။ ၾကက္ျပဳတ္ရည္ကို ဟင္းရည္အတြက္ ထားပါ။ ၾကက္ျပဳတ္ရည္ထဲကို သၾကားလက္ဖက္ရည္ဇြန္း ၁ ဇြန္း ထည့္ပါ။

    ၂။ ျပဳတ္ထားေသာ ၾကက္သားကို ခရင္းျဖင့္ ဖြဖြေလး အသားထဲ ထိုးေပးပါ။ ၿပီးလွ်င္ ပဲငံျပာရည္အက်ဲ ထမင္းစားဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္အပ်စ္ လက္ဖက္ရည္ဇြန္း တဝက္၊ ခ႐ုဆီ ထမင္းစားဇြန္း ၁ ဇြန္း၊ ၾကက္သားမႈန္႔လက္ဖက္ရည္ဇြန္း တဝက္၊ သၾကား (သို႔) အခ်ိဳမႈန္႔လက္ဖက္ရည္ဇြန္း ၁ ဇြန္း တို႔ျဖင့္ ဖိ၍ နယ္ပါ။

    ၃။ ဒယ္အိုးတခုထဲမွာ ဆီ ထမင္းစားဇြန္း ၁ ဇြန္းကို ထည့္၍ နယ္ထားေသာ ၾကက္သားကို ေျခာက္ေျခာက္ေလးျဖစ္သြားေအာင္ အိုးပူတိုက္ပါ။ ၿပီးလွ်င္ အတုံးအေသးေလးေတြ တုံးထားပါ။

    ၄။ ေခါက္ဆြဲ တစ္ပြဲစာအတြက္ လိုအပ္ေသာ အရာမ်ား – ေခါက္ဆြဲ ၊ ၾကက္သား၊ ဆီခ်က္( ၾကက္သြန္ျဖဴဖတ္ပါအၿပီး) – ထမင္းစားဇြန္း ၁ဇြန္း၊ ပဲငံျပာရည္ အက်ဲ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ၾကက္သားမႈန္႔- လက္ဖက္ရည္ဇြန္း ေလးပုံတပုံ၊ သၾကား (သို႔) အခ်ိဳမႈန္႔လက္ဖက္ရည္ဇြန္း တဝက္၊ ပဲငံျပာရည္အပ်စ္ တစက္ ၂ စက္(မသုံးရင္ ပိုေကာင္းပါတယ္။ တခ်ိဳ႕ဆိုင္ေတြ သုံးပါတယ္။)၊ ၾကက္ျပဳတ္ရည္ ထမင္းစားဇြန္း ၁ ဇြန္း ထည့္ရ်္ နယ္ပါ။ ၿပီးလွ်င္ ၾကက္သြန္ၿမိတ္ကို အေပၚကျဖဴး၍ ဆီခ်က္ေခါက္ဆြဲကို သုံးေဆာင္ႏိုင္ပါၿပီ။

    Credit-Ei San’s Homemade Inspiration

    (Unicode)

    လူတိုင်း ကြိုက်ကြတဲ့ ဆီချက်ခေါက်ဆွဲ (၈ ပွဲစာ) ပြုလုပ်နည်း

    ဆီချက်ခေါက်ဆွဲ လုပ်နည်း မေးထားတဲ့သူများပေမယ့် အခုမှ ရေးဖြစ်တော့တယ်။ ဆီချက်ခေါက်ဆွဲကတော့ လုပ်ရတာလွယ်ပြီး စားကောင်းပါတယ်။ အိမ်မှာတော့ အိစံရဲ့သားသား အရမ်းကြိုက်တော့ ခဏခဏ လုပ်ကျွေးဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။

    ပါဝင်သောပစ္စည်းများ

    ၁။ ကြက်သား အသားချည်း- ၂၅ ကျပ်သား (သို့) ၁ ပေါင်

    ၂။ ခေါက်ဆွဲ – ၇၅ ကျပ်သား (သို့) ၃ ပေါင်

    ၃။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း (ဆီချက်ကြက်သား အတွက်) နှင့် ခေါက်ဆွဲအတွက် လိုသလောက်

    ၄။ ပဲငံပြာရည် အပျစ် – လက်ဖက်ရည်ဇွန်း တ ဝက် (ဆီချက်ကြက်သား အတွက်) နှင့် ခေါက်ဆွဲလုပ်ရန်အတွက် လိုသလောက်

    ၅။ ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း

    ၆။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆီချက်ကြက်သား အတွက်) နှင့် ခေါက်ဆွဲအတွက် လိုသလောက်

    ၇။ ဆား – လက်ဖက်ရည်ဇွန်း တဝက်

    ၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တဝက် (ဆီချက်ကြက်သားအတွက်) နှင့် ခေါက်ဆွဲအတွက် လိုသလောက်

    ၉။ ကြက်သွန်ဖြူ ဆီချက်

    ၁၀။ ဆီ – ထမင်းစားဇွန်း ၁ ဇွန်း

    ၁၁။ ကြက်သွန်မြိတ် – ၁ စီး (ပါးပါးလှီးထားပါ။)

    ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

    (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

    ပြုလုပ်နည်း-

    ၁။ ကြက်သားကို အိုးတခုထဲမှာ ဆား လက်ဖက်ရည်ဇွန်း တဝက်နှင့် ၁၅ မိနစ် – မိနစ် ၂၀ ခန့်ပြုတ်ပါ။ ပြီးလျှင်ကြက်သားကို ဆယ်ထားပါ။ ကြက်ပြုတ်ရည်ကို ဟင်းရည်အတွက် ထားပါ။ ကြက်ပြုတ်ရည်ထဲကို သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။

    ၂။ ပြုတ်ထားသော ကြက်သားကို ခရင်းဖြင့် ဖွဖွလေး အသားထဲ ထိုးပေးပါ။ ပြီးလျှင် ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း တဝက်၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တဝက်၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် ဖိ၍ နယ်ပါ။

    ၃။ ဒယ်အိုးတခုထဲမှာ ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်၍ နယ်ထားသော ကြက်သားကို ခြောက်ခြောက်လေးဖြစ်သွားအောင် အိုးပူတိုက်ပါ။ ပြီးလျှင် အတုံးအသေးလေးတွေ တုံးထားပါ။

    ၄။ ခေါက်ဆွဲ တစ်ပွဲစာအတွက် လိုအပ်သော အရာများ – ခေါက်ဆွဲ ၊ ကြက်သား၊ ဆီချက်( ကြက်သွန်ဖြူဖတ်ပါအပြီး) – ထမင်းစားဇွန်း ၁ဇွန်း၊ ပဲငံပြာရည် အကျဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း တဝက်၊ ပဲငံပြာရည်အပျစ် တစက် ၂ စက်(မသုံးရင် ပိုကောင်းပါတယ်။ တချို့ဆိုင်တွေ သုံးပါတယ်။)၊ ကြက်ပြုတ်ရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရျ် နယ်ပါ။ ပြီးလျှင် ကြက်သွန်မြိတ်ကို အပေါ်ကဖြူး၍ ဆီချက်ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ။

    Credit-Ei San’s Homemade Inspiration

  • ေဘာ္လီေဘာကြင္း၊ ပိုက္ေက်ာ္ျခင္းကြင္း၊ ေဘာလုံးကြင္း အပါအ၀င္ အားကစားကြင္းတို႕၏ အတိုင္းအတာမ်ား

    (Zawgyi)

    ေဘာလုံးကြင္း၊ ေဘာ္လီေဘာကြင္း၊ ပိုက္ေက်ာ္ျခင္းကြင္း၊ ဘတ္စကတ္ေဘာကြင္း၊ တင္းနစ္ကြင္း၊ ၾကက္ေတာင္ကြင္းတို႔၏ အတိုင္းအတာမ်ားကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

    ေဘာလုံးကြင္း၏ အတိုင္းအတာမ်ား

    (၁)ဂိုးတိုင္အျမင့္ = ၈ေပ (၂)ဂိုးတိုင္အက်ယ္ = ၂၄ေပ (၃)ကြင္းအလ်ား = ကိုက္၁၁၀မွ၁၂၀ (၄)ကြင္းအနံ = ကိုက္၇၅မွ၈၀ (၅)ဂိုးဧရိယာ = ၆ကိုက္ (၆)ပင္နယ္တီဧရိယာ = ၁၈ကိုက္ (၇)ပင္နယ္တီအမွတ္ = ဂိုးတိုင္မွ ၁၂ကိုက္ (၈)ဘီးဂုတ္စက္ဝိုင္းအခ်င္း = ၁၀ကိုက္ (၉)ကြင္းလယ္စက္ဝိုင္းအခ်င္း = ၂၀ကိုက္ (၁၀)ကြင္းေဘးအလံတိုင္အျမင့္ = ၅ေပ (၁၁)ေဘာလုံးအေလးခ်ိန္ = ၁၄မွ ၁၆ေအာင္စ

    ေဘာ္လီေဘာကြင္း-

    (၁)အလ်ား = ၁၈မီတာ (၂)အနံ = ၉မီတာ (၃)ပိုက္အျမင့္= ၂.၄၁မီတာ

    ပိုက္ေက်ာ္ျခင္းကြင္း-

    (၁)အလ်ား = ၁၃.၄မီတာ (၂)အနံ = ၆မီတာ (၃)ပိုက္အျမင့္ = ၁.၅၅မီတာ (၄)ပိုက္အလ်ား = ၆.၁၁မီတာ (၅)ပိုက္အနံ = ဝ.၇မီတာ (၆)ကြင္းလယ္ပိုက္အျမင့္= ၁.၅၂မီတာ

    ဘတ္စကက္ေဘာကြင္း-

    (၁)အလ်ား = ၂၈မီတာ (၂)အနံ = ၁၅မီတာ (၃)ဂိုးတိုင္အျမင့္ = ၆.၂၅မီတာ (၄)ဂိုးအက်ယ္ = ၆မီတာ

    တင္းနစ္ကစားကြင္း-

    (၁)အလ်ား = ၇၈ေပ (၂)အနံ = ၂၇ေပ (၃)ပိုက္အျမင့္= ၄.၅ေပ

    ၾကက္ေတာင္ကြင္း-

    (၁)အလ်ား = ၃၉ေပ (၂)အနံ = ၂၀ေပ (၃)ပိုက္ကပ္စည္းမ်ား = ၆.၅ေပ (၄)တိုင္အျမင့္ = ၅ေပ၂လကၼ

    Credit-the ant

    (Unicode)

    ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ ဘတ်စကတ်ဘောကွင်း၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်းတို့၏ အတိုင်းအတာများကို အောက်မှာ ဖော်ပြထားပါတယ်။

    ဘောလုံးကွင်း၏ အတိုင်းအတာများ

    (၁)ဂိုးတိုင်အမြင့် = ၈ပေ (၂)ဂိုးတိုင်အကျယ် = ၂၄ပေ (၃)ကွင်းအလျား = ကိုက်၁၁၀မှ၁၂၀ (၄)ကွင်းအနံ = ကိုက်၇၅မှ၈၀ (၅)ဂိုးဧရိယာ = ၆ကိုက် (၆)ပင်နယ်တီဧရိယာ = ၁၈ကိုက် (၇)ပင်နယ်တီအမှတ် = ဂိုးတိုင်မှ ၁၂ကိုက် (၈)ဘီးဂုတ်စက်ဝိုင်းအချင်း = ၁၀ကိုက် (၉)ကွင်းလယ်စက်ဝိုင်းအချင်း = ၂၀ကိုက် (၁၀)ကွင်းဘေးအလံတိုင်အမြင့် = ၅ပေ (၁၁)ဘောလုံးအလေးချိန် = ၁၄မှ၁၆အောင်စ

    ဘော်လီဘောကွင်း-

    (၁)အလျား = ၁၈မီတာ (၂)အနံ = ၉မီတာ (၃)ပိုက်အမြင့်= ၂.၄၁မီတာ

    ပိုက်ကျော်ခြင်းကွင်း-

    (၁)အလျား = ၁၃.၄မီတာ (၂)အနံ = ၆မီတာ (၃)ပိုက်အမြင့် = ၁.၅၅မီတာ (၄)ပိုက်အလျား = ၆.၁၁မီတာ (၅)ပိုက်အနံ = ဝ.၇မီတာ (၆)ကွင်းလယ်ပိုက်အမြင့်= ၁.၅၂မီတာ

    ဘတ်စကက်ဘောကွင်း-

    (၁)အလျား = ၂၈မီတာ (၂)အနံ = ၁၅မီတာ (၃)ဂိုးတိုင်အမြင့် = ၆.၂၅မီတာ (၄)ဂိုးအကျယ် = ၆မီတာ

    တင်းနစ်ကစားကွင်း

    (၁)အလျား = ၇၈ပေ (၂)အနံ = ၂၇ပေ (၃)ပိုက်အမြင့်= ၄.၅ပေ

    ကြက်တောင်ကွင်း

    (၁)အလျား = ၃၉ပေ (၂)အနံ = ၂၀ပေ (၃)ပိုက်ကပ်စည်းများ = ၆.၅ပေ (၄)တိုင်အမြင့် = ၅ပေ၂လက္မ

    Credit-the ant

  • ျမတ္စြာဘုရား၏ ေနာက္ဆုံးခရီးႏွင့္ ေနာက္ဆုံးမိန႔္မွာခ်က္မ်ား

    (Zawgyi)

    ျမတ္စြာဘုရား၏ ေနာက္ဆုံးခရီးႏွင့္ ေနာက္ဆုံးမိန႔္မွာခ်က္မ်ား

    ဗုဒၶသည္ ပရိနိဗၺာန္ မစံဝင္မွီ လပိုင္းအလိုေလာက္မွစ၍ သာသနာေတာ္ႀကီးအဓြန႔္ရွည္ေစေရးႏွင့္ ရဟန္းတို႔ အက်ိဳးစီးပြား အတြက္ အမ်ိဳးမ်ိဳး အထူးသတိေပးမွာၾကားခဲ့ပုံ၊ မိမိ မရွိေတာ့မည့္အေၾကာင္းသိ၍ ဝမ္းနည္းေနၾကေသာ ရဟန္းတို႔အား ႏွစ္သိမ့္အားေပးခဲ့ပုံ၊ သုဘဒၵပရိဗိုဇ္ တရားထူးရမည္ကို သိေသာေၾကာင့္ ပါဝါျပည္မွ ကုသိနာ႐ုံျပည္အထိ ေဝဒနာ ခံစားေနသည့္ၾကားမွ ေျခလွ်င္ခရီး ႂကြခ်ီခဲ့ပုံ စသည္တို႔ကို ေဝသာလီျပည္မွ ကုသိနာ႐ုံအထိ မိုင္ ၁၁၀ ခရီးစဥ္တေလွ်ာက္ အေၾကာင္း ေဖာ္ျပထားေသာ မဟာပရိနိဗၺာနသုတ္တြင္ ေလ့လာၾကည့္လွ်င္ ၾကည္ညိဳဖြယ္ရာ ေတြ႕ႏိုင္ေပသည္။

    Bryan de Kretse ၏ Man in Buddhism and Christianity , Page 67တြင္ ”ခရစ္ယာန္ဘာသာဝင္ ပညာရွင္တစ္ဦးက ဗုဒၶစာေပက်မ္းဂန္မ်ားထဲ၌ မဟာပရိနိဗၺာနသုတ္မွာ ကမာၻ႔ စာေပမ်ားထဲ၌ အခံ့ညားဆုံးႏွင့္ စိတ္အားတက္ႂကြဖြယ္ အေကာင္းဆုံး ျဖစ္ပါေပသည္ဟု ခ်ီးက်ဴးေရးသားထားသည္။

    ေဝသာလီျပည္ကို ေနာက္ဆုံးၾကည့္ရႈ႕ေတာ္မူျခင္း

    တေန႔ေသာ နံနက္ခင္း၌ ေဝသာလီျပည္တြင္ ဆြမ္းစားရာမွအျပန္ ေျမာက္ဖက္ၿမိဳ႕ တံခါးဝသို႔ ေရာက္ေသာ္ ျမတ္ဗုဒၶသည္ ေဝသာလီျပည္အား ကိုယ္ျပန္လွည့္၍ ၾကည့္ရႈေတာ္မူၿပီးေနာက္ “အာနႏၵာ၊ သည္တစ္ခါ ငါဘုရား ၾကည့္ရႈျခင္းသည္ ေဝသာလီၿမိဳ႕ေတာ္ႀကီးကို ေနာက္ဆုံးၾကည့္ရႈျခင္းေပတည္း” ဟု မိန႔္ေတာ္မူၿပီး ေနာက္ ေဝသာလီျပည္မွတဆင့္ ရဟန္း မ်ားစြာ ၿခံရံလ်က္ ဘ႑ဳ႐ြာသို႔ ႂကြခ်ီေလဧ။္။

    တရားေလးပါးေၾကာင့္ ဘဝတဏွာမွ လြတ္ေျမာက္ျခင္း

    ထို ႐ြာ၌ရွိေနစဥ္ ျမတ္ဗုဒၶသည္…. “ရဟန္းတို႔ ၊ ငါတို႔သည္ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတၱိ ဟူေသာ ဤတရားေလးပါးတို႔ကို မသိခဲ့ျခင္းေၾကာင့္ သံသရာ၌ ရွည္လ်ားစြာပင္က်င္လည္ခဲ့ၾကရေပသည္။ ငါသည္ ဤတရားေလးပါးကို ဉာဏ္ျဖင့္ သိၿပီး ေနာက္ ဘဝ၌တပ္မက္ျခင္း(ဘဝတဏွာ) ကိုျဖတ္ခဲ့ေလၿပီ၊ တဖန္ဘဝသစ္ ျဖစ္ျခင္းမရွိေတာ့ၿပီ” ဟူ၍အက်ယ္ အားျဖင့္ အႀကိမ္ႀကိမ္ ေဟာေတာ္မူေလ၏။

    ခ်င့္ခ်ိန္စဥ္းစား၍သာ လက္ခံေတာ္မူေစျခင္း

    ဘ႑ဳ႐ြာ၌ ေခတၱသတင္းသုံး ေတာ္မူၿပီးေနာက္ ေဘာဂၿမိဳ႕သို႔ ရဟန္းအေပါင္းၿခံရံလ်က္ ဆက္လက္ႂကြခ်ီေလ၏။ ေဘာဂၿမိဳ႕၌ ရဟန္းတို႔အား….“တစုံတေယာက္ေသာ ရဟန္းသည္ သင္တို႔အား ဤမည္ေသာ တရားသည္လည္းေကာင္း၊ ဝိနည္းေတာ္သည္လည္းေကာင္း ငါဘုရား မ်က္ေမွာက္ေတာ္၌ နာၾကားခဲ့ရပါသည္ဟု ေျပာဆိုလာသည္ရွိေသာ္ ထိုေျပာ ေသာရဟန္း၏ စကားကို ခ်က္ခ်င္းလက္မခံပါႏွင့္ ပယ္လည္းမပယ္ပါေလႏွင့္။

    သူေျပာေသာစကားတို႔ကို ငါဘုရားေဟာခဲ့ေသာ တရားေတာ္တို႔ႏွင့္လည္းေကာင္း၊ ဝိနည္းေတာ္တို႔ႏွင့္လည္းေကာင္း ခ်င့္ခ်ိန္ႏႈိင္းဆ၍ ငါ၏ စကားဟုတ္မဟုတ္ စဥ္းစားဆုံးျဖတ္သင့္ေပ၏။ “ ဟု အႀကိမ္ႀကိမ္ မွာၾကားေတာ္မူခဲ့သည္။ ထိုမွတဖန္ ပါဝါျပည္သို႔ ဆက္၍ ႂကြခ်ီေလ၏။

    သက္ေတာ္ရွစ္ဆယ္ႏွင့္ မိုင္ ၁၀၀ခရီး

    သက္ေတာ္ရွစ္ဆယ္အ႐ြယ္ ရွိၿပီျဖစ္ေသာ ဗုဒၶသည္ ဝါထြက္ၿပီးေနာက္ပိုင္းမွစ၍ ေဝသာလျပည္ကေန ပါဝါျပည္အထိ ႂကြလွမ္းခဲ့ေသာ ခရီးရွည္မွာ မိုင္ေပါင္း ၁၀၀ အထိရွိေနေလၿပီ။ ပါဝါျပည္၌ ရွိေနစဥ္ ေ႐ႊပန္းထိမ္သည္သား စုႏၵလႉဒါန္းသည့္ ဝက္သားဆြမ္းအား ဘုဥ္းေပးေလ၏။ ဘုဥ္းေပးၿပီးေနာက္ ဗုဒၶသည္ ဝမ္းေသြးသြန္ေရာဂါကို အျပင္းအထန္ ျပန္လည္ ခံစားရ ေလ၏။ ဝါတြင္းကာလတြင္ ေဝ႒ုဝ႐ြာ၌ ရွိစဥ္အခ်ိန္က ရရွိခဲ့ေသာ ေဝဒနာထက္ပို၍ ျပင္းထန္စြာ ႀကဳံရေလေတာ့သည္။

    ေဝဒနာႏွင့္အတူ ေရွ႕ဆက္ရမည့္ ၁၀မိုင္ ခရီး

    ေဝဒနာျပင္းစြာ ခံစားေနလ်က္ႏွင့္ပင္ ျမတ္ဗုဒၶသည္ ရဟန္းမ်ားစြာၿခံရံလ်က္ ပါဝါျပည္မွ ၁၀မိုင္ အကြာတြင္ရွိေသာ ကုသိနာ႐ုံ ျပည္သို႔ ဆက္လက္ ႂကြခ်ီေလ၏။ လမ္းခရီး၌ ဆာေလာင္မြတ္သိပ္ျခင္း၊ ေဝဒနာႏွိပ္စက္ျခင္းတို႔ႏွင့္ အတူ လြန္စြာပင္ပန္းလြန္းေသာေၾကာင့္ အရွင္အာနႏၵာ ကပ္ေသာေရအား သုံးေဆာင္ေတာ္မူ၍ သစ္ပင္ရင္း၌ နားေနေတာ္ မူေလ၏ ။

    ရဟန္းတို႔၏ ဆိတ္ၿငိမ္မႈကို ခ်ီးက်ဴးျခင္း

    ထိုစဥ္ ဈာန္ရေသာအာ႒ာရ ရေသ့အား ကိုးကြယ္သူ မလႅမင္းသား ပုကၠဳသသည္ ခရီးသြားရင္း လမ္း၌ ျမတ္ဗုဒၶႏွင့္ရဟန္းမ်ားစြာကို ျမင္ေလေသာ္ ဗုဒၶထံခ်ဥ္းကပ္၍….“အရွင္ဘုရား၊ အံ့ၾသဖြယ္ရွိလွေပစြ!! လွည္းငါးရာႏွင့္ ခရီးသြားမ်ား ျဖတ္သန္း သြားလာၾကကုန္ေသာ္လည္း ရဟန္းတို႔သည္ မတုန္မလႈပ္ ဈာန္သမာပတ္ျဖင့္ ၿငိမ္သက္ခ်မ္းသာစြာ ေနေတာ္မူၾကပါေပ တကား။” ဟူ၍ ရဟန္းတို႔အား ခ်ီးက်ဴးစကားဆိုေလ၏။

    မိုးႀကိဳးမ်ားက်ေသာ္လည္း တုန္လႈပ္ေတာ္ မမူျခင္း

    ထို႔အခါ ျမတ္ဗုဒၶသည္ အခါတပါး၌ အာတုမၿမိဳ႕ရွိ ေကာက္႐ိုးတဲတြင္ တစ္ပါးတည္း သတင္းသုံးေနစဥ္ မိုးျပင္းေလျပင္း ႏွင့္အတူ မိုးႀကိဳးမ်ားအနီးတြင္ က်ေရာက္ခဲ့ေသာ္လည္း နိေရာဓသမာပတ္ခ်မ္းသာျဖင့္ ေနခဲ့ေၾကာင္းကို မလႅမင္းသားအား ေျပာျပေလေသာ္ မင္းသားသည္ ျမတ္ဗုဒၶကို ၾကည္ညိဳမဆုံးျဖစ္ကာ…“ျမတ္စြာဘုရား၊ တပည့္ေတာ္အားအသက္ထက္ဆုံး ကိုးကြယ္ဆည္းကပ္ေသာ ဥပါသကာအျဖစ္မွတ္ယူပါေလေလာ့။ “ ဟုေလွ်ာက္တင္ကာ ေ႐ႊအဆင္းရွိေသာ ပြဲထိုင္ အဝတ္ေခ်ာ အစုံကို ဗုဒၶႏွင့္ အရွင္အာနႏၵာအား တစ္ထည္စီ လႉဒါန္းဆက္ကပ္ၿပီးေနာက္ ခရီးဆက္ေလ၏

    ကိုယ္ေရာင္ထူး၍ အလြန္ေတာက္ပေတာ္မူျခင္း

    အရွင္အာနႏၵာသည္ ထိုေ႐ႊေရာင္ အဝတ္ေခ်ာကို ဗုဒၶ၏ ကိုယ္ေပၚ၌ ဆက္ကပ္လႊမ္းတင္ေပးၿပီးေနာက္ ျမတ္ဗုဒၶအား…. “အရွင္ဘုရား ၊ အံ့ဖြယ္ရွိပါေပစြ!!! ျမတ္စြာဘုရား၏ အေရအဆင္းေတာ္သည္ အလြန္ပင္ စင္ၾကယ္ လွပါေပ၏။ အလြန္ပင္ေတာက္ပလွေပ၏။ ေ႐ႊဝါေရာင္အဝတ္ေခ်ာ အထည္ပင္လွ်င္ အေရာင္အဝါကင္းသကဲ့သို႔ ျဖစ္ေနေပ၏။” ဟု ေလွ်ာက္ေလ၏ ။ ထိုအခါျမတ္ဗုဒၶသည္…. “ အာနႏၵာ၊ မွန္ေပ၏။ ဘုရားရွင္တို႔၏ ကိုယ္ေတာ္သည္ အခ်ိန္အခါ ႏွစ္ပါး၌ အလြန္ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပေတာ္မူေလ့ရွိ၏။ ထိုအခ်ိန္အခါတို႔မွာ သမၼာသေမၺာဓိဉာဏ္ကို ရေတာ္မူေသာ ညအခါႏွင့္ ခႏၶာႂကြင္းမရွိေသာ ၿငိမ္းျခင္းသေဘာ (အႏုပါဒိေသသ နိဗၺာနဓာတ္)ျဖင့္ ပရိနိဗၺာန္ ဝင္စံေတာ္မူေသာ ညအခါတို႔ပင္တည္း” ဟုမိန႔္ေလ၏။

    ယေန႔ည ပရိနိဗၺာန္ျပဳမည့္အေၾကာင္း မိန႔္ေတာ္မူျခင္း

    ထို႔ေနာက္ျမတ္ဗုဒၶက ဆက္၍…“အာနႏၵာ၊ ယေန႔ည သန္းေခါင္းယံလြဲအခါတြင္ ကုသိနာ႐ုံျပည္အဝင္ အင္ၾကင္းဥယ်ာဥ္ဝယ္ အင္ၾကင္းပင္အစုံတို႔ၾကား၌ ငါဘုရား ပရိနိဗၺာန္ဝင္စံလိမ့္မည္” ဟု မိန႔္ဆိုၿပီးေနာက္ ရဟန္းမ်ားႏွင့္အတူ ကကုဓာျမစ္ သို႔ ႂကြခ်ီေလ၏။ ထိုကကုဓာျမစ္၌ ေရေသာက္ေတာ္မူျခင္း၊ ေရခ်ိဳးသန႔္စင္ေတာ္မူျခင္းမ်ား ျပဳေတာ္မူၿပီးေနာက္ သရက္ေတာသို႔ ခ်ဥ္းကပ္ေတာ္မူၿပီး ေခတၱေလွ်ာင္းစက္ နားေနေတာ္မူေလ၏။

    ေနာက္ဆုံးဆြမ္းဒါယကာအတြက္ အရွင္အာနႏၵာကို မွာၾကားေတာ္မူျခင္း

    ျမတ္ဗုဒၶသည္ ေ႐ႊပန္းထိမ္သည္သား စုႏၵလႉေသာ ဝက္သားဆြမ္းအား ဘုဥ္းေပးၿပီးေနာက္ ပါဝါျပည္မွ ကုသိနာ႐ုံျပည္သို႔ လာရာခရီးတေလွ်ာက္တြင္ ဝမ္းေသြးသြန္ေဝဒနာအား ျပင္းထန္စြာ ခံစားေနရေလသည္။ သို႔ရာတြင္ စုႏၵအား စိတ္မေကာင္း မျဖစ္ေစလိုေသာေၾကာင့္ စုႏၵအေပၚ က႐ုဏာထား၍ ဗုဒၶသည္.. “ဘုရားရွင္ ေနာက္ဆုံးဘုဥ္းေပးေသာ ဆြမ္းသည္ အျခားဆြမ္းတို႔ထက္ အက်ိဳးအာနိသင္ ႀကီးမားလွပါသည္ဟု… ဘုရားရွင္၏ ေရွ႕မ်က္ေမွာက္ေတာ္မွ ၾကားလိုက္ရေၾကာင္း” အရွင္အာနႏၵာအား ေျပာျပေစ၍ စုႏၵ၏ ႏွလုံးမသာယာျခင္းကို ေျဖေဖ်ာက္ေပးပါရန္ အရွင္အာနႏၵာအား မွာၾကားေတာ္မူခဲ့ေလသည္။ သရက္ေတာ၌ ေခတၱနားၿပီးေနာက္ ကုသိနာ႐ုံျပည္အဝင္ အင္ၾကင္းဥယ်ာဥ္သို႔ ေနာက္ဆုံးခရီး အေနျဖင့္ ရဟန္းမ်ားၿခံရံလွ်က္ ေနာက္ဆုံး ႂကြခ်ီခဲ့ေလဧ။္။

    ကဆုန္လျပည့္ညႏွင့္ အင္ၾကင္းေတာ၏ အလွ

    ဤညကား ကဆုန္လျပည့္ည အခါတည္း။ အင္းၾကင္းေတာသည္ လ၏ အလင္းေရာင္ႏွင့္အတူ ထူးထူးျခားျခား တိတ္ဆိတ္ၿငိမ္သက္ကာ ဝမ္းနည္းဖြယ္ေကာင္းေနေတာ့၏။ အင္ၾကင္းေတာဥယ်ာဥ္သို႔ ေရာက္ေသာ္ ျမတ္ဗုဒၶသည္ အရွင္အာနႏၵာအား….“အာနႏၵာ၊ ေျမာက္အရပ္ကို ဦးေခါင္းျပဳ၍ ေညာင္ေစာင္းကို ခင္းေပးေလာ့။ ငါပင္ပန္းလြန္းလွေပၿပီ။ ေလ်ာင္းစက္ဦးအံ့” ဟူ၍ မိန႔္ေတာ္မူလွ်င္ အရွင္အာနႏၵာသည္ အလ်င္အျမန္ခင္းေပးေလ၏။

    တရားႏွင့္သာ အျမတ္ဆုံးပူေဇာ္ျခင္း

    ထို႔ေနာက္ျမတ္ဗုဒၶသည္…“အာနႏၵာ၊ နတ္ ျဗဟၼာအေပါင္းတို႔သည္ ယခုအခါ ေကာင္းကင္ယံတစ္ခုလုံး ၌ ငါဘုရားကို အမ်ိဳးမ်ိဳးပူေဇာ္ပသ လ်က္ရွိေနၾကကုန္၏။ ဤသို႔ပူေဇာ္မႈမ်ိဳး ျဖင့္ ငါဘုရားကို အ႐ိုအေသျပဳသည္ မမည္ေသး၊ ပူေဇာ္သည္ မမည္ေသး။ အၾကင္သူသည္ တရားႏွင့္ ေလ်ာ္စြာ က်င့္လ်က္ေန၏။ ထိုသူသည္သာ ငါဘုရားအား အျမတ္ဆုံး ပူေဇာ္ပသသည္ မည္ေပ၏။ ထို႔ေၾကာင့္ ငါဘုရားကို အျမတ္ဆုံး ပူေဇာ္လိုသူတို႔သည္ တရားကိုသာ က်င့္လ်က္ေနၾကကုန္ေလာ့၊ တရားႏွလုံးသြင္းလ်က္ ေနၾကကုန္ေလာ့” ဟု မိန႔္မွာေတာ္မူေလ၏။

    မာတုဂါမမ်ားႏွင့္ ေျပာဆိုဆက္ဆံနည္း

    ထို႔ေနာက္အရွင္အာနႏၵာသည္ ျမတ္ဗုဒၶအား….. “အရွင္ဘုရား၊ မာတုဂါမႏွင့္စပ္လ်ဥ္း၍ မည္သို႔က်င့္သုံးရပါမည္နည္း ဟုေမးေသာ္ ဗုဒၶသည္….”အာနႏၵာ မေတြ႕ေအာင္ က်င့္သုံးရမည္။ မလြဲမေရွာင္သာ စကားေျပာရသည္ရွိေသာ္ အမိရင္း ၊ညီမရင္း၊ အစ္မရင္းကဲ့သို႔ စိတ္ထား၍ ေျပာဆိုရမည္”ဟု မာတုဂါမမ်ား ႏွင့္ဆက္ဆံေျပာဆိုရာ၌ နည္းလမ္းေကာင္း ေပးေတာ္မူ၏။

    အေလာင္းေတာ္ကို မီးသၿဂိဳလ္ေစျခင္း

    ထို႔ေနာက္ အရွင္အာနႏၵာအား… “ အာနႏၵာ ၊ ငါဘုရား၏ အေလာင္းေတာ္ကို မီးသၿဂိဳလ္ျခင္း ျပဳၾကပါကုန္ေလာ့။ သင္တို႔သည္ ျမတ္ေသာ အက်င့္၌သာ အားထုတ္ၾကကုန္ေလာ့၊ မေမ့မေလ်ာ့ ဝိရိယႀကီးစြာ အားထုတ္လ်က္ နိဗၺာန္သို႔ အာ႐ုံစိုက္ကာ ေနရစ္ၾကကုန္ေလာ့။” ဟုမိန႔္၏။

    အရွင္ အာနႏၵာအား ႏွစ္သိမ့္အားေပးျခင္း

    အရွင္အာနႏၵာသည္ ျမတ္ဗုဒၶကြယ္ရာ၌ ဝမ္းနည္းငိုေႂကြးေနသည္ကို ဗုဒၶသိသည္ ရွိေသာ္ ရဟန္းတစ္ပါးအား အာနႏၵာကို လႊတ္၍ေခၚေစ၏။ အရွင္အာနႏၵာအား…“အာနႏၵာ၊ တိတ္ေလာ့၊ မငိုေႂကြးႏွင့္ေတာ့။ ခ်စ္ျမတ္ႏိုးေသာသူ အားလုံးတို႔ႏွင့္ ရွင္လွ်က္ ကြဲကြာရျခင္း၊ ေသ၍ ကြဲကြာရျခင္းမ်ားကို ေရွးယခင္ကပင္ ငါေဟာၾကားခဲ့ၿပီးေလၿပီ။ သင္သည္ ငါ၏ အက်ိဳးစီးပြားအတြက္ အတိုင္းမသိ မ်ားျပားေသာ ကာယကံေမတၱာ၊ ဝစီကံေမတၱာ၊ မေနာကံေမတၱာတို႔ျဖင့္ ငါဘုရားအား လုပ္ေကြၽးခဲ့ေလသည္။ သင့္၌ ျပဳထားေသာ ေကာင္းမႈမ်ားစြာ ရွိေလၿပီ။ ကမၼ႒ာန္း အလုပ္ကို ႀကိဳးစားအားထုတ္ရစ္ေလာ့၊ လ်င္စြာပင္ တရားကိစၥၿပီး၍ ရဟႏၲာျဖစ္လိမ့္မည္။”ဟု အားေပးႏွစ္သိမ့္ မိန႔္ေတာ္မူေလ၏။ ထို႔ေနာက္ ရဟန္းအေပါင္းအား အရွင္အာနႏၵာ၏ ဂုဏ္တို႔ကို ထုတ္ေဖာ္မိန႔္ၾကား၍ ခ်ီးက်ဴးစကားဆိုေလ၏။

    ျမတ္ဗုဒၶရွိစဥ္ ေနာက္ဆုံးတရားထူးရသူ

    ကုသိနာ႐ုံျပည္မွ လူတို႔သည္ ျမတ္ဗုဒၶ၏ ေနာက္ဆုံးအခ်ိန္ ေရာက္ေတာ့မည့္ အေၾကာင္းၾကား သိၾက၍ အင္ၾကင္းေတာ ထဲသို႔ ဝမ္းနည္းျခင္းကိုေဆာင္လ်က္ တဖြဲဖြဲ ေရာက္လာၾကကုန္၏။ ထိုေသာအခါ၌ သုဘဒၵပရိဗိုဇ္သည္လည္း ျမတ္ဗုဒၶ ပရိနိဗၺာန္ျပဳေတာ့မည္ကို ၾကားသိေလေသာ္ ဗုဒၶရွိရာ အင္ၾကင္းဥယ်ာဥ္သို႔ေရာက္လာေလ၏။ သုဘဒၵပရိဗိုဇ္သည္ ျမတ္ဗုဒၶထံ ခ်ဥ္းကပ္ခြင့္ရ၍ “ အရွင္ေဂါတမ၊ သမဏျဗာဟၼဏဆရာတို႔သည္ သူတို႔ဝန္ခံသည့္အတိုင္း တရားအားလုံးကို သိၾကပါ၏ေလာ” ဟုေမးေလွ်ာက္ေလ၏။

    “သုဘဒၵ၊ သင္၏အေမးကို ထားဘိေလာ့။ ငါေဟာမည့္တရားကိုသာ ေကာင္းစြာနာယူအံ့၊ ႏွလုံးသြင္းပါအံ့။ သုဘဒၵ၊ ေကာင္းကင္တြင္ ေျခရာမထင္သကဲ့သို႔ ငါဘုရား၏ သာသနာေတာ္မွလြဲ၍ အျခားေသာသာသနာတို႔၌ ကိေလသာ ကင္းေၾကာင္းတရားသည္လည္းေကာင္း၊ သံသရာမွလြတ္ေျမာက္ေသာ တစုံတေယာက္ေသာသူသည္လည္းေကာင္း မရွိေခ်။”ဟူ၍ အက်ယ္အားျဖင့္ေဟာၾကားေလ၏။ တရားအဆုံး၌ သုဘဒၵသည္ အလြန္ႏွစ္သက္ဝမ္းေျမာက္လွ၍ ရဟန္းအျဖစ္ရလိုေၾကာင္း ေလွ်ာက္ထား၏။

    သုဘဒၵသည္ ဘုရားေရွ႕ေမွာက္၌ တပည့္ရဟန္းျပဳၿပီးေနာက္ ဆိတ္ၿငိမ္ရာသို႔ကပ္၍ တရားအားထုတ္ေသာ္ ခဏခ်င္း အရဟတၱဖိုလ္သို႔ ေရာက္ကာ ျမတ္ဗုဒၶ သက္ေတာ္ထင္ရွားရွိစဥ္ ေနာက္ဆုံးရဟႏၲာျဖစ္ခဲ့ေသာ ရဟန္းလည္းမည္ေပ၏။

    ျမတ္စြာဘုရား၏ ေနာက္ဆုံးေမးခြန္း

    ထို႔ေနာက္….”အာနႏၵာ၊ ငါကြယ္လြန္ေသာအခါ၌ သင္တို႔ဆရာမရွိေတာ့ၿပီဟု မထင္မွတ္ၾကကုန္လင့္။ ငါေဟာၾကားခဲ့ေသာ တရားေတာ္တို႔သည္ သင္တို႔၏ ဆရာျဖစ္လိမ့္မည္။”ဟု မိန႔္ၿပီးေနာက္ ရဟန္းတို႔အား.. “ရဟန္းတို႔၊ ဘုရား တရား သံဃာႏွင့္ မဂ္ဖိုလ္တို႔၌ သံသယရွိျငားအံ့ ၊ ငါမလြန္ခင္ ေမးျမန္းေလွ်ာက္ထားၾကကုန္ေလာ့။” ဟုသုံးႀကိမ္တိုင္ မိန႔္ေတာ္မူေသာ္လည္း လာေရာက္ေမးျမန္းျခင္းမရွိေပ။ ထို႔ေၾကာင့္ အရွင္အာနႏၵာက ရဟန္းတို႔မွာ ရတနာသုံးပါး၌ ယုံမွားသံသယ မရွိဟု ယုံၾကည္ပါေၾကာင္း ျမတ္ဗုဒၶကို ေလွ်ာက္ေလ၏။

    ျမတ္စြာဘုရား၏ ေနာက္ဆုံးစကားေတာ္ ေနာက္ဆုံးတြင္ ျမတ္ဗုဒၶသည္ “ရဟန္းတို႔ ၊ သခၤါရတရားတို႔သည္ ပ်က္စီးျခင္း သေဘာသာရွိၾကကုန္၏။ မေမ့ေသာ သတိတရားျဖင့္ သံသရာမွ လြတ္ေျမာက္ေအာင္ အားထုတ္ၾကကုန္ေလာ့”ဟု ေနာက္ဆုံးမိန႔္ေတာ္မူေလ၏။ ထို႔ေနာက္ ျမတ္ဗုဒၶသည္ သမာပတ္ခ်မ္းသာကို စုန္ဆန္ အထပ္ထပ္ ဝင္စားၿပီးေနာက္ စတုတၳဈာန္မွ ထေတာ္မူ၍ ပရိနိဗၺာန္ ျပဳေတာ္မူ၏။

    Credit-Original Poster

    (Unicode)

    မြတ်စွာဘုရား၏ နောက်ဆုံးခရီးနှင့် နောက်ဆုံးမိန့်မှာချက်များ

    ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မှီ လပိုင်းအလိုလောက်မှစ၍ သာသနာတော်ကြီးအဓွန့်ရှည်စေရေးနှင့် ရဟန်းတို့ အကျိုးစီးပွား အတွက် အမျိုးမျိုး အထူးသတိပေးမှာကြားခဲ့ပုံ၊ မိမိ မရှိတော့မည့်အကြောင်းသိ၍ ဝမ်းနည်းနေကြသော ရဟန်းတို့အား နှစ်သိမ့်အားပေးခဲ့ပုံ၊ သုဘဒ္ဒပရိဗိုဇ် တရားထူးရမည်ကို သိသောကြောင့် ပါဝါပြည်မှ ကုသိနာရုံပြည်အထိ ဝေဒနာ ခံစားနေသည့်ကြားမှ ခြေလျှင်ခရီး ကြွချီခဲ့ပုံ စသည်တို့ကို ဝေသာလီပြည်မှ ကုသိနာရုံအထိ မိုင် ၁၁၀ ခရီးစဉ်တလျှောက် အကြောင်း ဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ်တွင် လေ့လာကြည့်လျှင် ကြည်ညိုဖွယ်ရာ တွေ့နိုင်ပေသည်။

    Bryan de Kretse ၏ Man in Buddhism and Christianity , Page 67တွင် ”ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက ဗုဒ္ဓစာပေကျမ်းဂန်များထဲ၌ မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့ စာပေများထဲ၌ အခံ့ညားဆုံးနှင့် စိတ်အားတက်ကြွဖွယ် အကောင်းဆုံး ဖြစ်ပါပေသည်ဟု ချီးကျူးရေးသားထားသည်။

    ဝေသာလီပြည်ကို နောက်ဆုံးကြည့်ရှု့တော်မူခြင်း

    တနေ့သော နံနက်ခင်း၌ ဝေသာလီပြည်တွင် ဆွမ်းစားရာမှအပြန် မြောက်ဖက်မြို့ တံခါးဝသို့ ရောက်သော် မြတ်ဗုဒ္ဓသည် ဝေသာလီပြည်အား ကိုယ်ပြန်လှည့်၍ ကြည့်ရှုတော်မူပြီးနောက် “အာနန္ဒာ၊ သည်တစ်ခါ ငါဘုရား ကြည့်ရှုခြင်းသည် ဝေသာလီမြို့တော်ကြီးကို နောက်ဆုံးကြည့်ရှုခြင်းပေတည်း” ဟု မိန့်တော်မူပြီး နောက် ဝေသာလီပြည်မှတဆင့် ရဟန်း များစွာ ခြံရံလျက် ဘဏ္ဍုရွာသို့ ကြွချီလေဧ။်။

    တရားလေးပါးကြောင့် ဘဝတဏှာမှ လွတ်မြောက်ခြင်း

    ထို ရွာ၌ရှိနေစဉ် မြတ်ဗုဒ္ဓသည်…. “ရဟန်းတို့ ၊ ငါတို့သည် သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ ဟူသော ဤတရားလေးပါးတို့ကို မသိခဲ့ခြင်းကြောင့် သံသရာ၌ ရှည်လျားစွာပင်ကျင်လည်ခဲ့ကြရပေသည်။ ငါသည် ဤတရားလေးပါးကို ဉာဏ်ဖြင့် သိပြီး နောက် ဘဝ၌တပ်မက်ခြင်း(ဘဝတဏှာ) ကိုဖြတ်ခဲ့လေပြီ၊ တဖန်ဘဝသစ် ဖြစ်ခြင်းမရှိတော့ပြီ” ဟူ၍အကျယ် အားဖြင့် အကြိမ်ကြိမ် ဟောတော်မူလေ၏။

    ချင့်ချိန်စဉ်းစား၍သာ လက်ခံတော်မူစေခြင်း

    ဘဏ္ဍုရွာ၌ ခေတ္တသတင်းသုံး တော်မူပြီးနောက် ဘောဂမြို့သို့ ရဟန်းအပေါင်းခြံရံလျက် ဆက်လက်ကြွချီလေ၏။ ဘောဂမြို့၌ ရဟန်းတို့အား….“တစုံတယောက်သော ရဟန်းသည် သင်တို့အား ဤမည်သော တရားသည်လည်းကောင်း၊ ဝိနည်းတော်သည်လည်းကောင်း ငါဘုရား မျက်မှောက်တော်၌ နာကြားခဲ့ရပါသည်ဟု ပြောဆိုလာသည်ရှိသော် ထိုပြော သောရဟန်း၏ စကားကို ချက်ချင်းလက်မခံပါနှင့် ပယ်လည်းမပယ်ပါလေနှင့်။

    သူပြောသောစကားတို့ကို ငါဘုရားဟောခဲ့သော တရားတော်တို့နှင့်လည်းကောင်း၊ ဝိနည်းတော်တို့နှင့်လည်းကောင်း ချင့်ချိန်နှိုင်းဆ၍ ငါ၏ စကားဟုတ်မဟုတ် စဉ်းစားဆုံးဖြတ်သင့်ပေ၏။ “ ဟု အကြိမ်ကြိမ် မှာကြားတော်မူခဲ့သည်။ ထိုမှတဖန် ပါဝါပြည်သို့ ဆက်၍ ကြွချီလေ၏။

    သက်တော်ရှစ်ဆယ်နှင့် မိုင် ၁၀၀ခရီး

    သက်တော်ရှစ်ဆယ်အရွယ် ရှိပြီဖြစ်သော ဗုဒ္ဓသည် ဝါထွက်ပြီးနောက်ပိုင်းမှစ၍ ဝေသာလပြည်ကနေ ပါဝါပြည်အထိ ကြွလှမ်းခဲ့သော ခရီးရှည်မှာ မိုင်ပေါင်း ၁၀၀ အထိရှိနေလေပြီ။ ပါဝါပြည်၌ ရှိနေစဉ် ရွှေပန်းထိမ်သည်သား စုန္ဒလှူဒါန်းသည့် ဝက်သားဆွမ်းအား ဘုဉ်းပေးလေ၏။ ဘုဉ်းပေးပြီးနောက် ဗုဒ္ဓသည် ဝမ်းသွေးသွန်ရောဂါကို အပြင်းအထန် ပြန်လည် ခံစားရ လေ၏။ ဝါတွင်းကာလတွင် ဝေဋ္ဌုဝရွာ၌ ရှိစဉ်အချိန်က ရရှိခဲ့သော ဝေဒနာထက်ပို၍ ပြင်းထန်စွာ ကြုံရလေတော့သည်။

    ဝေဒနာနှင့်အတူ ရှေ့ဆက်ရမည့် ၁၀မိုင် ခရီး

    ဝေဒနာပြင်းစွာ ခံစားနေလျက်နှင့်ပင် မြတ်ဗုဒ္ဓသည် ရဟန်းများစွာခြံရံလျက် ပါဝါပြည်မှ ၁၀မိုင် အကွာတွင်ရှိသော ကုသိနာရုံ ပြည်သို့ ဆက်လက် ကြွချီလေ၏။ လမ်းခရီး၌ ဆာလောင်မွတ်သိပ်ခြင်း၊ ဝေဒနာနှိပ်စက်ခြင်းတို့နှင့် အတူ လွန်စွာပင်ပန်းလွန်းသောကြောင့် အရှင်အာနန္ဒာ ကပ်သောရေအား သုံးဆောင်တော်မူ၍ သစ်ပင်ရင်း၌ နားနေတော် မူလေ၏ ။

    ရဟန်းတို့၏ ဆိတ်ငြိမ်မှုကို ချီးကျူးခြင်း

    ထိုစဉ် ဈာန်ရသောအာဋ္ဌာရ ရသေ့အား ကိုးကွယ်သူ မလ္လမင်းသား ပုက္ကုသသည် ခရီးသွားရင်း လမ်း၌ မြတ်ဗုဒ္ဓနှင့်ရဟန်းများစွာကို မြင်လေသော် ဗုဒ္ဓထံချဉ်းကပ်၍…. “အရှင်ဘုရား၊ အံ့သြဖွယ်ရှိလှပေစွ!! လှည်းငါးရာနှင့် ခရီးသွားများ ဖြတ်သန်း သွားလာကြကုန်သော်လည်း ရဟန်းတို့သည် မတုန်မလှုပ် ဈာန်သမာပတ်ဖြင့် ငြိမ်သက်ချမ်းသာစွာ နေတော်မူကြပါပေ တကား။” ဟူ၍ ရဟန်းတို့အား ချီးကျူးစကားဆိုလေ၏။

    မိုးကြိုးများကျသော်လည်း တုန်လှုပ်တော် မမူခြင်း

    ထို့အခါ မြတ်ဗုဒ္ဓသည် အခါတပါး၌ အာတုမမြို့ရှိ ကောက်ရိုးတဲတွင် တစ်ပါးတည်း သတင်းသုံးနေစဉ် မိုးပြင်းလေပြင်း နှင့်အတူ မိုးကြိုးများအနီးတွင် ကျရောက်ခဲ့သော်လည်း နိရောဓသမာပတ်ချမ်းသာဖြင့် နေခဲ့ကြောင်းကို မလ္လမင်းသားအား ပြောပြလေသော် မင်းသားသည် မြတ်ဗုဒ္ဓကို ကြည်ညိုမဆုံးဖြစ်ကာ…“မြတ်စွာဘုရား၊ တပည့်တော်အားအသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာအဖြစ်မှတ်ယူပါလေလော့။ “ ဟုလျှောက်တင်ကာ ရွှေအဆင်းရှိသော ပွဲထိုင် အဝတ်ချော အစုံကို ဗုဒ္ဓနှင့် အရှင်အာနန္ဒာအား တစ်ထည်စီ လှူဒါန်းဆက်ကပ်ပြီးနောက် ခရီးဆက်လေ၏

    ကိုယ်ရောင်ထူး၍ အလွန်တောက်ပတော်မူခြင်း

    အရှင်အာနန္ဒာသည် ထိုရွှေရောင် အဝတ်ချောကို ဗုဒ္ဓ၏ ကိုယ်ပေါ်၌ ဆက်ကပ်လွှမ်းတင်ပေးပြီးနောက် မြတ်ဗုဒ္ဓအား…. “အရှင်ဘုရား ၊ အံ့ဖွယ်ရှိပါပေစွ!!! မြတ်စွာဘုရား၏ အရေအဆင်းတော်သည် အလွန်ပင် စင်ကြယ် လှပါပေ၏။ အလွန်ပင်တောက်ပလှပေ၏။ ရွှေဝါရောင်အဝတ်ချော အထည်ပင်လျှင် အရောင်အဝါကင်းသကဲ့သို့ ဖြစ်နေပေ၏။” ဟု လျှောက်လေ၏ ။ ထိုအခါမြတ်ဗုဒ္ဓသည်…. “ အာနန္ဒာ၊ မှန်ပေ၏။ ဘုရားရှင်တို့၏ ကိုယ်တော်သည် အချိန်အခါ နှစ်ပါး၌ အလွန်ပြိုးပြိုးပြက်ပြက် တောက်ပတော်မူလေ့ရှိ၏။ ထိုအချိန်အခါတို့မှာ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော ညအခါနှင့် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော (အနုပါဒိသေသ နိဗ္ဗာနဓာတ်)ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသော ညအခါတို့ပင်တည်း” ဟုမိန့်လေ၏။

    ယနေ့ည ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူခြင်း

    ထို့နောက်မြတ်ဗုဒ္ဓက ဆက်၍…“အာနန္ဒာ၊ ယနေ့ည သန်းခေါင်းယံလွဲအခါတွင် ကုသိနာရုံပြည်အဝင် အင်ကြင်းဥယျာဉ်ဝယ် အင်ကြင်းပင်အစုံတို့ကြား၌ ငါဘုရား ပရိနိဗ္ဗာန်ဝင်စံလိမ့်မည်” ဟု မိန့်ဆိုပြီးနောက် ရဟန်းများနှင့်အတူ ကကုဓာမြစ် သို့ ကြွချီလေ၏။ ထိုကကုဓာမြစ်၌ ရေသောက်တော်မူခြင်း၊ ရေချိုးသန့်စင်တော်မူခြင်းများ ပြုတော်မူပြီးနောက် သရက်တောသို့ ချဉ်းကပ်တော်မူပြီး ခေတ္တလျှောင်းစက် နားနေတော်မူလေ၏။

    နောက်ဆုံးဆွမ်းဒါယကာအတွက် အရှင်အာနန္ဒာကို မှာကြားတော်မူခြင်း

    မြတ်ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒလှူသော ဝက်သားဆွမ်းအား ဘုဉ်းပေးပြီးနောက် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ လာရာခရီးတလျှောက်တွင် ဝမ်းသွေးသွန်ဝေဒနာအား ပြင်းထန်စွာ ခံစားနေရလေသည်။ သို့ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင့် စုန္ဒအပေါ် ကရုဏာထား၍ ဗုဒ္ဓသည်.. “ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသော ဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားလှပါသည်ဟု… ဘုရားရှင်၏ ရှေ့မျက်မှောက်တော်မှ ကြားလိုက်ရကြောင်း” အရှင်အာနန္ဒာအား ပြောပြစေ၍ စုန္ဒ၏ နှလုံးမသာယာခြင်းကို ဖြေဖျောက်ပေးပါရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့လေသည်။ သရက်တော၌ ခေတ္တနားပြီးနောက် ကုသိနာရုံပြည်အဝင် အင်ကြင်းဥယျာဉ်သို့ နောက်ဆုံးခရီး အနေဖြင့် ရဟန်းများခြံရံလျှက် နောက်ဆုံး ကြွချီခဲ့လေဧ။်။

    ကဆုန်လပြည့်ညနှင့် အင်ကြင်းတော၏ အလှ

    ဤညကား ကဆုန်လပြည့်ည အခါတည်း။ အင်းကြင်းတောသည် လ၏ အလင်းရောင်နှင့်အတူ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်ကာ ဝမ်းနည်းဖွယ်ကောင်းနေတော့၏။ အင်ကြင်းတောဥယျာဉ်သို့ ရောက်သော် မြတ်ဗုဒ္ဓသည် အရှင်အာနန္ဒာအား….“အာနန္ဒာ၊ မြောက်အရပ်ကို ဦးခေါင်းပြု၍ ညောင်စောင်းကို ခင်းပေးလော့။ ငါပင်ပန်းလွန်းလှပေပြီ။ လျောင်းစက်ဦးအံ့” ဟူ၍ မိန့်တော်မူလျှင် အရှင်အာနန္ဒာသည် အလျင်အမြန်ခင်းပေးလေ၏။

    တရားနှင့်သာ အမြတ်ဆုံးပူဇော်ခြင်း

    ထို့နောက်မြတ်ဗုဒ္ဓသည်…“အာနန္ဒာ၊ နတ် ဗြဟ္မာအပေါင်းတို့သည် ယခုအခါ ကောင်းကင်ယံတစ်ခုလုံး ၌ ငါဘုရားကို အမျိုးမျိုးပူဇော်ပသ လျက်ရှိနေကြကုန်၏။ ဤသို့ပူဇော်မှုမျိုး ဖြင့် ငါဘုရားကို အရိုအသေပြုသည် မမည်သေး၊ ပူဇော်သည် မမည်သေး။ အကြင်သူသည် တရားနှင့် လျော်စွာ ကျင့်လျက်နေ၏။ ထိုသူသည်သာ ငါဘုရားအား အမြတ်ဆုံး ပူဇော်ပသသည် မည်ပေ၏။ ထို့ကြောင့် ငါဘုရားကို အမြတ်ဆုံး ပူဇော်လိုသူတို့သည် တရားကိုသာ ကျင့်လျက်နေကြကုန်လော့၊ တရားနှလုံးသွင်းလျက် နေကြကုန်လော့” ဟု မိန့်မှာတော်မူလေ၏။

    မာတုဂါမများနှင့် ပြောဆိုဆက်ဆံနည်း

    ထို့နောက်အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓအား….. “အရှင်ဘုရား၊ မာတုဂါမနှင့်စပ်လျဉ်း၍ မည်သို့ကျင့်သုံးရပါမည်နည်း ဟုမေးသော် ဗုဒ္ဓသည်….”အာနန္ဒာ မတွေ့အောင် ကျင့်သုံးရမည်။ မလွဲမရှောင်သာ စကားပြောရသည်ရှိသော် အမိရင်း ၊ညီမရင်း၊ အစ်မရင်းကဲ့သို့ စိတ်ထား၍ ပြောဆိုရမည်”ဟု မာတုဂါမများ နှင့်ဆက်ဆံပြောဆိုရာ၌ နည်းလမ်းကောင်း ပေးတော်မူ၏။

    အလောင်းတော်ကို မီးသဂြိုလ်စေခြင်း

    ထို့နောက် အရှင်အာနန္ဒာအား… “ အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးသဂြိုလ်ခြင်း ပြုကြပါကုန်လော့။ သင်တို့သည် မြတ်သော အကျင့်၌သာ အားထုတ်ကြကုန်လော့၊ မမေ့မလျော့ ဝိရိယကြီးစွာ အားထုတ်လျက် နိဗ္ဗာန်သို့ အာရုံစိုက်ကာ နေရစ်ကြကုန်လော့။” ဟုမိန့်၏။

    အရှင် အာနန္ဒာအား နှစ်သိမ့်အားပေးခြင်း

    အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓကွယ်ရာ၌ ဝမ်းနည်းငိုကြွေးနေသည်ကို ဗုဒ္ဓသိသည် ရှိသော် ရဟန်းတစ်ပါးအား အာနန္ဒာကို လွှတ်၍ခေါ်စေ၏။ အရှင်အာနန္ဒာအား…“အာနန္ဒာ၊ တိတ်လော့၊ မငိုကြွေးနှင့်တော့။ ချစ်မြတ်နိုးသောသူ အားလုံးတို့နှင့် ရှင်လျှက် ကွဲကွာရခြင်း၊ သေ၍ ကွဲကွာရခြင်းများကို ရှေးယခင်ကပင် ငါဟောကြားခဲ့ပြီးလေပြီ။ သင်သည် ငါ၏ အကျိုးစီးပွားအတွက် အတိုင်းမသိ များပြားသော ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတို့ဖြင့် ငါဘုရားအား လုပ်ကျွေးခဲ့လေသည်။ သင့်၌ ပြုထားသော ကောင်းမှုများစွာ ရှိလေပြီ။ ကမ္မဋ္ဌာန်း အလုပ်ကို ကြိုးစားအားထုတ်ရစ်လော့၊ လျင်စွာပင် တရားကိစ္စပြီး၍ ရဟန္တာဖြစ်လိမ့်မည်။”ဟု အားပေးနှစ်သိမ့် မိန့်တော်မူလေ၏။ ထို့နောက် ရဟန်းအပေါင်းအား အရှင်အာနန္ဒာ၏ ဂုဏ်တို့ကို ထုတ်ဖော်မိန့်ကြား၍ ချီးကျူးစကားဆိုလေ၏။

    မြတ်ဗုဒ္ဓရှိစဉ် နောက်ဆုံးတရားထူးရသူ

    ကုသိနာရုံပြည်မှ လူတို့သည် မြတ်ဗုဒ္ဓ၏ နောက်ဆုံးအချိန် ရောက်တော့မည့် အကြောင်းကြား သိကြ၍ အင်ကြင်းတော ထဲသို့ ဝမ်းနည်းခြင်းကိုဆောင်လျက် တဖွဲဖွဲ ရောက်လာကြကုန်၏။ ထိုသောအခါ၌ သုဘဒ္ဒပရိဗိုဇ်သည်လည်း မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော့မည်ကို ကြားသိလေသော် ဗုဒ္ဓရှိရာ အင်ကြင်းဥယျာဉ်သို့ရောက်လာလေ၏။ သုဘဒ္ဒပရိဗိုဇ်သည် မြတ်ဗုဒ္ဓထံ ချဉ်းကပ်ခွင့်ရ၍ “ အရှင်ဂေါတမ၊ သမဏဗြာဟ္မဏဆရာတို့သည် သူတို့ဝန်ခံသည့်အတိုင်း တရားအားလုံးကို သိကြပါ၏လော” ဟုမေးလျှောက်လေ၏။

    “သုဘဒ္ဒ၊ သင်၏အမေးကို ထားဘိလော့။ ငါဟောမည့်တရားကိုသာ ကောင်းစွာနာယူအံ့၊ နှလုံးသွင်းပါအံ့။ သုဘဒ္ဒ၊ ကောင်းကင်တွင် ခြေရာမထင်သကဲ့သို့ ငါဘုရား၏ သာသနာတော်မှလွဲ၍ အခြားသောသာသနာတို့၌ ကိလေသာ ကင်းကြောင်းတရားသည်လည်းကောင်း၊ သံသရာမှလွတ်မြောက်သော တစုံတယောက်သောသူသည်လည်းကောင်း မရှိချေ။”ဟူ၍ အကျယ်အားဖြင့်ဟောကြားလေ၏။ တရားအဆုံး၌ သုဘဒ္ဒသည် အလွန်နှစ်သက်ဝမ်းမြောက်လှ၍ ရဟန်းအဖြစ်ရလိုကြောင်း လျှောက်ထား၏။

    သုဘဒ္ဒသည် ဘုရားရှေ့မှောက်၌ တပည့်ရဟန်းပြုပြီးနောက် ဆိတ်ငြိမ်ရာသို့ကပ်၍ တရားအားထုတ်သော် ခဏချင်း အရဟတ္တဖိုလ်သို့ ရောက်ကာ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် နောက်ဆုံးရဟန္တာဖြစ်ခဲ့သော ရဟန်းလည်းမည်ပေ၏။

    မြတ်စွာဘုရား၏ နောက်ဆုံးမေးခွန်း

    ထို့နောက်….”အာနန္ဒာ၊ ငါကွယ်လွန်သောအခါ၌ သင်တို့ဆရာမရှိတော့ပြီဟု မထင်မှတ်ကြကုန်လင့်။ ငါဟောကြားခဲ့သော တရားတော်တို့သည် သင်တို့၏ ဆရာဖြစ်လိမ့်မည်။”ဟု မိန့်ပြီးနောက် ရဟန်းတို့အား.. “ရဟန်းတို့၊ ဘုရား တရား သံဃာနှင့် မဂ်ဖိုလ်တို့၌ သံသယရှိငြားအံ့ ၊ ငါမလွန်ခင် မေးမြန်းလျှောက်ထားကြကုန်လော့။” ဟုသုံးကြိမ်တိုင် မိန့်တော်မူသော်လည်း လာရောက်မေးမြန်းခြင်းမရှိပေ။ ထို့ကြောင့် အရှင်အာနန္ဒာက ရဟန်းတို့မှာ ရတနာသုံးပါး၌ ယုံမှားသံသယ မရှိဟု ယုံကြည်ပါကြောင်း မြတ်ဗုဒ္ဓကို လျှောက်လေ၏။

    မြတ်စွာဘုရား၏ နောက်ဆုံးစကားတော် နောက်ဆုံးတွင် မြတ်ဗုဒ္ဓသည် “ရဟန်းတို့ ၊ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောသာရှိကြကုန်၏။ မမေ့သော သတိတရားဖြင့် သံသရာမှ လွတ်မြောက်အောင် အားထုတ်ကြကုန်လော့”ဟု နောက်ဆုံးမိန့်တော်မူလေ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် သမာပတ်ချမ်းသာကို စုန်ဆန် အထပ်ထပ် ဝင်စားပြီးနောက် စတုတ္ထဈာန်မှ ထတော်မူ၍ ပရိနိဗ္ဗာန် ပြုတော်မူ၏။

    Credit-Original Poster

  • ႏွစ္ေပါင္း ၃၀ေလာက္ ကိုက္လာတဲ့ ၾကမ္းပိုး၊ ဒီနည္းနဲ႔မွ အျမစ္ပါ ျပတ္ေတာ့တယ္။

    (Zawgyi)

    မိဘမ်ားက မိမိတို႔ရဲ႕ ရင္ေသြးကေလးမ်ားကို ဖဝါးလက္ႏွစ္လုံး ပခုံးလက္ႏွစ္သစ္ လူျဖစ္လာကတည္းက ဝါးဖတ္ေတာ္ ကစီဓာတ္နဲ႔လူျဖစ္ေအာင္ ေကြၽးေမြးလာခဲ့ၾကတဲ့အျပင္ ျခင္၊ ၾကမ္းပိုး မထိုးရေအာင္ ဂ႐ုစိုက္ခဲ့ၾကပါတယ္။

    ညက်ရင္ ကေလးအိပ္ရာထဲမွာ ၾကမ္းပိုးရွာေပးရတာနဲ႔ မအိပ္ရတဲ့ မိဘေတြရွိၾကပါတယ္။ ေမတၱာပို႔တဲ့အထဲမွာ ႂကြက္၊ ျခင္၊ ယင္၊ ၾကမ္းပိုး ဤေလးမ်ိဳး မပါဘူးလို႔ ဆိုၾကသူေတြလဲ ရွိၾကပါတယ္။ လူမ်ားမ်ား ေနၾကရတဲ့ေဆး႐ုံ၊ အခ်ဳပ္ခန္း၊ စာသင္ေက်ာင္း၊ ေဘာ္ဒါ၊ စာသင္တိုက္၊ မီးရထား၊ ေထာင္ စတာေတြမွာ ၾကမ္းပိုးရန္ေၾကာင့္ စိတ္ညစ္ေနရပါတယ္။

    အဲဒီေလာက္ေတာင္ ဒုကၡေပးေနတဲ့ ၾကမ္းပိုးကို အမ်ိဳးမ်ိဳးေသာနည္း၊ အမ်ိဳးမ်ိဳးေသာ ေဆးဝါးေတြနဲ႔ အႀကိမ္ႀကိမ္ ႏွိမ္နင္းခဲ့ၾကပါတယ္။ ေခါင္းမူးတာပဲ အဖတ္တင္ပါတယ္။ ၾကမ္းပိုးသတ္ေဆးေရာင္းသူေတြက တိုက္ေဆာက္ၿပီး ၾကမ္းပိုးေတြကသာ ပိုဝလာၾကပါတယ္။

    ခုေတာ့ နည္းေကာင္းရပါၿပီ။ တစ္ေန႔မွာေတာ့ ပုဂံကုန္း႐ြာက လူငယ္ ကိုေ႐ႊေမာင္ ေရာက္လာပါတယ္။ ကြၽန္ေတာ့္ဧည့္ခန္းမွာ ဖင္တႂကြႂကြ။ ဆရာ့အိမ္က ၾကမ္းပိုး ကိုက္တယ္ဗ်ာတဲ့။ ေအးကြာ။ ငါစိတ္ညစ္ေနတာ ႏွစ္ေပါင္း ၃၀ ရွိၿပီ။ ဘယ္လိုမွ နိမ္နင္းလို႔မရဘူး ဆိုေတာ့ ကိုေ႐ႊေမာင္က လြယ္လြယ္ေလး လုပ္ျပသြားပါတယ္။

    ဖူဂ်ီခရင္ဆပ္ျပာကို နဲနဲေကာ္ၿပီး ေရနဲ႔ေဖ်ာ္ပါတယ္။ ၿပီးေတာ့ ေဆးထိုးပိုက္ တစ္ေခ်ာင္းရွာၿပီး ၾကမ္းၾကားေတြထဲ ထိုးပန္းလိုက္ရာ ၾကမ္းပိုးေတြ ၾကမ္းေပၚတက္လာၿပီး ဖင္ႀကီးေတြေထာင္ ေသလိုက္ၾကတာ တစ္စကၠန႔္ေလာက္ အတြင္းမွာ အတုံးအ႐ုန္းပဲ။

    တကယ္လို႔ ပိုက္ ရွာမရရင္ ဖလားထဲ အဝတ္ႏွစ္ၿပီး အဝတ္ကိုၾကမ္းၾကားထဲ ညႇစ္ခ်ရင္လဲရပါတယ္။တစ္အိမ္လုံး တစ္ေက်ာင္းလုံး ဖ်န္းမယ္ဆိုရင္ေတာ့ ေဆးဖ်န္းပုံးနဲ႔ ၾကမ္းၾကားေပၚေရာ ၾကမ္းေအာက္က ဆင့္ၾကားေတြပါ ဖ်န္းပက္ပါ။

    လြယ္လြယ္ကူကူ ေငြကုန္သက္သာစြာနဲ႔ ၾကမ္းပိုး မ်ိဳးျပဳတ္သြားမွာပါ။ ကဲ ၾကမ္းပိုးကိုက္လို႔ စိတ္ညစ္ေနၾကသူမ်ား ခုလက္ေတြ႕ စမ္းၾကည့္လိုက္ပါ။ အဆင္ေျပရင္ ေျပေၾကာင္းေလး တစ္ျခားသူမ်ားကိုလဲ မွ်ေဝေပးပါဗ်ာ။

    Credit-ေမာင္ဘို

    (Unicode)

    မိဘများက မိမိတို့ရဲ့ ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာကတည်းက ဝါးဖတ်တော် ကစီဓာတ်နဲ့လူဖြစ်အောင် ကျွေးမွေးလာခဲ့ကြတဲ့အပြင် ခြင်၊ ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်။

    ညကျရင် ကလေးအိပ်ရာထဲမှာ ကြမ်းပိုးရှာပေးရတာနဲ့ မအိပ်ရတဲ့ မိဘတွေရှိကြပါတယ်။ မေတ္တာပို့တဲ့အထဲမှာ ကြွက်၊ ခြင်၊ ယင်၊ ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူတွေလဲ ရှိကြပါတယ်။ လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်း၊ ဘော်ဒါ၊ စာသင်တိုက်၊ မီးရထား၊ ထောင် စတာတွေမှာ ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်။

    အဲဒီလောက်တောင် ဒုက္ခပေးနေတဲ့ ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုးသော ဆေးဝါးတွေနဲ့ အကြိမ်ကြိမ် နှိမ်နင်းခဲ့ကြပါတယ်။ ခေါင်းမူးတာပဲ အဖတ်တင်ပါတယ်။ ကြမ်းပိုးသတ်ဆေးရောင်းသူတွေက တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာ ပိုဝလာကြပါတယ်။

    ခုတော့ နည်းကောင်းရပါပြီ။ တစ်နေ့မှာတော့ ပုဂံကုန်းရွာက လူငယ် ကိုရွှေမောင် ရောက်လာပါတယ်။ ကျွန်တော့်ဧည့်ခန်းမှာ ဖင်တကြွကြွ။ ဆရာ့အိမ်က ကြမ်းပိုး ကိုက်တယ်ဗျာတဲ့။ အေးကွာ။ ငါစိတ်ညစ်နေတာ နှစ်ပေါင်း ၃၀ ရှိပြီ။ ဘယ်လိုမှ နိမ်နင်းလို့မရဘူး ဆိုတော့ ကိုရွှေမောင်က လွယ်လွယ်လေး လုပ်ပြသွားပါတယ်။

    ဖူဂျီခရင်ဆပ်ပြာကို နဲနဲကော်ပြီး ရေနဲ့ဖျော်ပါတယ်။ ပြီးတော့ ဆေးထိုးပိုက် တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲ ထိုးပန်းလိုက်ရာ ကြမ်းပိုးတွေ ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင် သေလိုက်ကြတာ တစ်စက္ကန့်လောက် အတွင်းမှာ အတုံးအရုန်းပဲ။

    တကယ်လို့ ပိုက် ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကိုကြမ်းကြားထဲ ညှစ်ချရင်လဲရပါတယ်။တစ်အိမ်လုံး တစ်ကျောင်းလုံး ဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ ကြမ်းကြားပေါ်ရော ကြမ်းအောက်က ဆင့်ကြားတွေပါ ဖျန်းပက်ပါ။

    လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ ကြမ်းပိုး မျိုးပြုတ်သွားမှာပါ။ ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသူများ ခုလက်တွေ့ စမ်းကြည့်လိုက်ပါ။ အဆင်ပြေရင် ပြေကြောင်းလေး တစ်ခြားသူများကိုလဲ မျှဝေပေးပါဗျာ။

    Credit-မောင်ဘို

  • ရန္ကုန္ျမိဳ႕၏ ၿမိဳ႕နယ္အလိုက္ အစိုးရ ေဆးခန္း၊ ေဆးရံုမ်ား၏ လိပ္စာႏွင့္ ဖုန္းနံပတ္မ်ား

    (Zawgyi)

    ရန္ကုန္ျမိဳ႕၏ ၿမိဳ႕နယ္အလိုက္ အစိုးရေဆး႐ုံေဆးခန္း လိပ္စာႏွင့္ ဖုန္းနံပတ္မ်ား

    ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ရန္ကုန္အေရွ႕ပိုင္း အေထြေထြေရာဂါကုေဆး႐ုံႀကီး။ အမွတ္ ၂၆၂၊ ကုန္သည္လမ္း၊ ဖုန္း – ၂၉၂၈၃၅ – ၆။

    မရမ္းကုန္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- အမ်ိဳးသားျပန္လည္သန္စြမ္းေရးေဆး႐ုံ။ က်ိဳက္ဝိုင္းဘုရားလမ္းႏွင့္ မင္းဓမၼလမ္းေထာင့္၊ ဖုန္း-၆၆၀၇၁၅။

    မရမ္းကုန္းေဒသႏၲရေဆးခန္း- အမွတ္ ၆၃၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ ဖုန္း – ၆၆၀၇၂၉။

    မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- မဂၤလာေတာင္ၫြန႔္ေဒသႏၲရေဆးခန္း။ အမွတ္ ၃၂/၃၄၊ ဗညားဒလလမ္း၊ ဖုန္း-၂၉၀၇၅၆၊ ၂၉၂၂၂၃

    မဂၤလာဒုံၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ( မဂၤလာဒုံေဆး႐ုံႀကီးအမွတ္ ၃ လမ္းမႀကီး၊ မႈိ႐ုံးမွတ္တိုင္၊ ပုလဲၿမိဳ႕သစ္ ၃ ရပ္ကြက္၊ ဖုန္း-၆၃၈၅၇ဝ ( မဂၤလာဒုံအထူးကုေဆး႐ုံႀကီး ျပည္လမ္း၊ က်ိဳကၠလို႔ဘုရားအနီး၊ ျပည္ေတာ္သာရပ္ကြကဖုန္း- ၆၃၅၂၉၉၊ ၆၃၇၅၄၁။

    ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ကူးစက္ေရာဂါကုေဆး႐ုံ(ေဝဘာဂီ)။ ဓမၼသုခလမ္းႏွင့္ ေမဓာဝီလမ္းေထာင့္၊ ေဝဘာဂီ ၈ ရပ္ကြက္၊ ဖုန္း-၉၅၉၀၁၁၈၊ ၉၆၉ဝ၁၇၀။ ေျမာက္ဥကၠလာပ သင္ၾကားေရးႏွင့္အေထြေထြေရာဂါကုေဆး႐ုံႀကီး-ေမဓာဝီလမ္း၊ (ဆ)ရပ္ကြက္၊ ဖုန္း – ၆၉၉၄၂၂ – ၄။ ေျမာက္ဥကၠလာပေဒသႏၲရေဆးခန္း- ေခမာသီလမ္းမႀကီး၊ (ဃ)ရပ္ကြက္၊ ဖုန္း-၉၆၉၉၃၆၅

    ရန္ကင္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ရန္ကင္းကေလးေဆး႐ုံႀကီး။ အမွတ္ ၉၀၊ သစၥာလမ္းမႀကီး၊ ကံဘဲ့၊ သစၥာလမ္း၊ ၇ ရပ္ကြက္၊ ဖုန္း – ၈၅၅ဝ၆၈၄ – ၇။ ရန္ကင္းေဒသႏၲရေဆးခန္း- အမွတ္ ၂၀၇၊ ရန္ရွင္းလမ္း ၁၂ လုံးတန္း၊ ဖုန္း-၅၆၆၄၈၂၊ ၀၉၅၀၄၈၂၄၂။

    ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ေ႐ႊျပည္သာအေထြေထြေရာဂါကုေဆး႐ုံ။ ဘုရင့္ေနာင္လမ္း၊ ၇ ရပ္ကြက္၊ ဖုန္း – ၆၁၁၀၀၈။

    လသာၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ဖုန္း – ၂၅၆၁၁၂၊ ၂၅၆၁၂၃- ၃၁။ လသာေဒသႏၲရေဆးခန္း- အမွတ္ ၁၁၂၊ စဥ့္အိုးတန္းလမ္း(ထက္)၊ ဖုန္း – ၂၅၀၆၃၆။

    လမ္းမေတာ္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး အမွတ္ ၅၊ ဗဟိုလမ္း၊ ဖုန္း – ၂၂၂၈၀၄-၆၊ ၂၂၂၈၁၁။ အေထြေထြေရာဂါကု ေဆး႐ုံသစ္ႀကီး(ဂ်ပန္)- ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းႏွင့္ ျပည္လမ္းေထာင့္၊ ဖုန္း – ၃၈၄၄၉၃ – ၅။ လမ္းမေတာ္ေဒသႏၲရေဆးကုခန္း-အမွတ္ ၂၆၅၊ အေနာ္ရထာလမ္း၊ ဖုန္း – ၂၂၂၂၇၀။

    သာေကတၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- သာေကတ အေထြေထြေရာဂါကုေဆး႐ုံ (ရႈခင္းသာ)။ ရာဝဏလမ္းႏွင့္ ရႈခင္းသာလမ္းေထာင့္၊ သာေကတအဝိုင္းအနီး ၇ ရပ္ကြက္(အေရွ႕)၊ ဖုန္း – ၄၅၀၇၉၁၊ ၄၅၀၇၉၂။ သာေကတ ေဒသႏၲရေဆးကုခန္း- ျမင္ေတာ္သာလမ္း၊ ထူပါ႐ုံ၊ ၁ ရပ္ကြက္၊ ဖုန္း – ၅၅၆၈၃၉၊ ၅၅၆၈၇ဝ။

    သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- သဃၤန္းကြၽန္းစံျပ အေထြေထြေရာဂါကုေဆး႐ုံႀကီး။ က်ိဳကၠဆံဘုရားလမ္း၊ ဆ/က ရပ္ကြက္၊ ဖုန္း – ၅၇၉၈၇၉၊ ၅၇၉၈၉၁။

    အင္းစိန္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- တီဘီေရာဂါကုေဆး႐ုံ။ ရန္ကုန္တီဘီေရာဂါတိုက္ဖ်က္ေရးဌာန။ ေအာင္မဂၤလာဒုံလမ္း၊ စဥ့္ငူရပ္ကြက္၊ ဖုန္း – ၆၄၅၇၄၉၊ ၆၄၅၇၅ဝ။ ျမန္မာ့မီးရထားေဆး႐ုံ- လႈိင္ျမစ္လမ္း၊ ေဈးကုန္း(အေရွ႕) ရပ္ကြက္၊ ဖုန္း – ၆၄၂၄၄၇။ အင္းစိန္အေထြေထြေရာဂါကုေဆး႐ုံ- ေဆး႐ုံမွတ္တိုင္၊ မင္းႀကီးလမ္း၊ ႐ြာမအေရွ႕ရပ္ကြက္ ဖုန္း-၆၄၀၁၃၂၊ ၆၄ဝ၅၂၃။ အင္းစိန္ေဒသႏၲရေဆးခန္း- လမ္းသစ္လမ္း၊ သာကန္းရပ္ကြက္၊ ဖုန္း – ၆၄၀ ၂၁၉။

    ကမာ႐ြတ္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- တကၠသိုလ္မ်ားေဆး႐ုံ။ အမွတ္ ၁၆ဝ၊ တကၠသိုလ္ရိပ္သာလမ္း၊ ၉ ရပ္ကြက္၊ ဖုန္း – ၅၃၅၅၄၁။ ကမာ႐ြတ္ ေဒသႏၲရေဆးခန္း- အမွတ္ ၉၂/၉၄၊ လွည္းတန္းလမ္း၊ ၃ ရပ္ကြက္၊ ဖုန္း-၅၃၄၂၆၂

    ေက်ာက္တံတားၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ေက်ာက္တံတားေဒသႏၲရေဆးခန္း အမွတ္ ၂၁၂/၂၀၈၊ မဟာဗႏၶဳလပန္းၿခံလမ္း(လယ္)၊ ဖုန္း-၃၇၅၃၃၈။

    ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ရန္ကုန္အေနာက္ပိုင္း အေထြေထြေရာဂါကုေဆး႐ုံႀကီး။ အမွတ္ ၇၄၇၊ သီတာလမ္းႏွင့္ေအာက္ၾကည့္ျမင္တိုင္လမ္းေထာင့္၊ သီတာ ရပ္ကြက္။ ဖုန္း – ၂၂၂၈၆၁။အ႐ိုးေရာဂါကုေဆး႐ုံႀကီး-အမွတ္ ၁၃၂၊ ဟံသာဝတီလမ္း၊ သရက္ေတာ(ေျမာက္)ရပ္ကြက္၊ ဖုန္း-၅၂၇ဝ၈၇၊ ၅၂၇၀၈၈။ ၾကည့္ျမင္တိုင္ေဒသႏၲရေဆးခန္း အမွတ္ ၄၈၊ ေက်ာင္းႀကီးလမ္း၊ ဖုန္း – ၅၃၅၈၈၀၊ ၅၃၅၆၄၅။

    တာေမြၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေဆး႐ုံ။ ဗ်ိဳင္းေရအိုးစင္လမ္းႏွင့္ ဗညားဒလလမ္းေထာင့္၊ ဖုန္း- ၅၄၃၈၈၈။ ရန္ကုန္မ်က္စိေရာဂါကုေဆး႐ုံႀကီး-အမွတ္ ၃ဝ၊ နတ္ေမာက္လမ္း၊ နတ္ေမာက္ရပ္ကြက္၊ ဖုန္း-၅၅၇၉၅၅။ အလုပ္သမားေဆး႐ုံ- က်ိဳကၠဆံလမ္း၊ နတ္ေမာက္ရပ္ကြက္၊ ဖုန္း-၅၅၄၄၅၅၊ ၅၅၄၃၁၉။ အမ်ိဳးသားမ်က္စိဘဏ္- အမွတ္ ၃ဝ၊ နတ္ေမာက္လမ္း၊ နတ္ေမာက္ရပ္ကြက္၊ ဖုန္း- ၅၅၇၉၅၆ တာေမြေဒသႏၲရေဆးခန္း အမွတ္ ၃၈၈၊ ဗညားဒလလမ္း၊ ဖုန္း- ၅၅၈၃ဝ။

    ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ေတာင္ဥကၠလာပမိခင္ႏွင့္ ကေလးေဆး႐ုံ ေမတၱာလမ္း၊ ၁၀ ရပ္ကြက္၊ ဖုန္း – ၅၆၂၅၂၂၊ ၅၆၂၅၃၃

    ဒဂုံၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ရန္ကုန္ကေလးေဆး႐ုံႀကီး အမွတ္(၂)၊ ဗဟိုလမ္းႏွင့္ ျပည္ေထာင္စုရိပ္သာလမ္းေထာင့္၊ ဖုန္း-၂၂၂၈၀၇-၉၊ ၂၂၂၈၀၈၁ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း အမွတ္(၃၅)၊ ေမာ္ကြန္းတိုက္လမ္း၊ ဖုန္း-၃၇၁၉၅၇၊ ၃၇၁၀၅၉။

    ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းေဆး႐ုံႏွင့္ ေဒသႏၲရေဆးခန္း။ ပုလဲရတနာလမ္း၊ ၂၆ ရပ္ကြက္၊ ဖုန္း – ၅၉ဝဝ၇၄။

    ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ဒဂုံဆိပ္ကမ္းေဆး႐ုံ က်န္စစ္သားလမ္းႏွင့္ ကေနာင္မင္းသားႀကီးလမ္းေထာင့္၊ ၈၇ ရပ္ကြက္၊ ဖုန္း – ၅၉၂၂၃၁၊ ၀၉ ၄၂၁၀၂၀၄၀၁။

    ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းေဆး႐ုံ။အေနာ္ရထာလမ္းႏွင့္ ရာဇာဓိရာဇ္လမ္းေထာင့္၊ ၉ ရပ္ကြက္၊ ဖုန္း – ၅၈၄၀၇၁

    ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- စိတ္က်န္းမာေရးေဆး႐ုံႀကီး။ အမွတ္ ၁၆၄၊ အမွတ္ ၂ လမ္းမႀကီး၊ ႐ြာသာႀကီးရပ္ကြက္၊ ဖုန္း-၅၈၅၁၁၅၊ ၅၈၅၁၁၆ ဒဂုံတကၠသိုလ္ေဆး႐ုံ ဝိဇၨာလမ္း၊ ၅၂ ရပ္ကြက္၊ ဖုန္း-၀၉ ၅၀၅၀၂၄၀။ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း ေဆး႐ုံ- မင္းရဲေက်ာ္စြာလမ္း၊ ၁၂၂ ရပ္ကြက္၊ ဖုန္း – ၅၈၅၁၉၅။

    ေဒါပုံၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ေဒါပုံေဒသႏၲရေဆးခန္း အမွတ္ ၂၃၊ ယမုံနာလမ္း၊ ဖုန္း – ၅၅၆၈၅၂။

    ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ပုဇြန္ေတာင္ ေဒသႏၲရေဆးခန္း။ အမွတ္ ၅၁/၅၃၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ၁၀ ရပ္ကြက္၊ ဖုန္း- ၂၉၁၃၀၀။

    ဗဟန္းၿမိဳ႕နယ္ရွိ အစိုးရေဆး႐ုံ၊ ေဆးခန္းမ်ား- ဇီဝိတဒါန သံဃာ့ေဆး႐ုံ။ အမွတ္ ၃၈၊ ကိုယ့္မင္းကိုယ့္ခ်င္းလမ္း၊ ဗိုလ္ခ်ိဳ ၁ ရပ္ကြက္။ ဖုန္း – ၅၅၈၄၃၇။ တိုင္းရင္းေဆး႐ုံႀကီး- အမွတ္ ၉၀ ငါးထပ္ႀကီးဘုရားလမ္း၊ ဗိုလ္ခ်ိဳ ၂ ရပ္ကြက္၊ ဖုန္း-၅၄၅၇၆၃။ ဗဟန္းအမ်ိဳးသမီးေဆး႐ုံ- အမွတ္ ၃၂ ဗိုလ္ခ်ဳပ္ျပတိုက္လမ္း၊ ဗိုလ္ခ်ိဳ ၂ ရပ္ကြက္၊ ဖုန္း-၅၅၄၈၅၆။ ဗဟန္းေဒသႏၲရေဆးခန္း- အမွတ္ ၁၂၊ ဗိုလ္ခ်ဳပ္ျပတိုက္လမ္း၊ ဖုန္း – ၅၅၄၀၈၁၊ ၅၅၄၈၅၆။

    Credit- Original Poster

    (Unicode)

    ရန်ကုန်မြို့၏ မြို့နယ်အလိုက် အစိုးရဆေးရုံဆေးခန်း လိပ်စာနှင့် ဖုန်းနံပတ်များ

    ဗိုလ်တထောင်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရန်ကုန်အရှေ့ပိုင်း အထွေထွေရောဂါကုဆေးရုံကြီး။ အမှတ် ၂၆၂၊ ကုန်သည်လမ်း၊ ဖုန်း – ၂၉၂၈၃၅ – ၆။

    မရမ်းကုန်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ။ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ ဖုန်း-၆၆၀၇၁၅။

    မရမ်းကုန်းဒေသန္တရဆေးခန်း- အမှတ် ၆၃၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ဖုန်း – ၆၆၀၇၂၉။

    မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- မင်္ဂလာတောင်ညွန့်ဒေသန္တရဆေးခန်း။ အမှတ် ၃၂/၃၄၊ ဗညားဒလလမ်း၊ ဖုန်း-၂၉၀၇၅၆၊ ၂၉၂၂၂၃

    မင်္ဂလာဒုံမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ( မင်္ဂလာဒုံဆေးရုံကြီးအမှတ် ၃ လမ်းမကြီး၊ မှိုရုံးမှတ်တိုင်၊ ပုလဲမြို့သစ် ၃ ရပ်ကွက်၊ ဖုန်း-၆၃၈၅၇ဝ ( မင်္ဂလာဒုံအထူးကုဆေးရုံကြီး ပြည်လမ်း၊ ကျိုက္ကလို့ဘုရားအနီး၊ ပြည်တော်သာရပ်ကွကဖုန်း- ၆၃၅၂၉၉၊ ၆၃၇၅၄၁။

    မြောက်ဥက္ကလာပမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ကူးစက်ရောဂါကုဆေးရုံ(ဝေဘာဂီ)။ ဓမ္မသုခလမ်းနှင့် မေဓာဝီလမ်းထောင့်၊ ဝေဘာဂီ ၈ ရပ်ကွက်၊ ဖုန်း-၉၅၉၀၁၁၈၊ ၉၆၉ဝ၁၇၀။ မြောက်ဥက္ကလာပ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီး-မေဓာဝီလမ်း၊ (ဆ)ရပ်ကွက်၊ ဖုန်း – ၆၉၉၄၂၂ – ၄။ မြောက်ဥက္ကလာပဒေသန္တရဆေးခန်း- ခေမာသီလမ်းမကြီး၊ (ဃ)ရပ်ကွက်၊ ဖုန်း-၉၆၉၉၃၆၅

    ရန်ကင်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရန်ကင်းကလေးဆေးရုံကြီး။ အမှတ် ၉၀၊ သစ္စာလမ်းမကြီး၊ ကံဘဲ့၊ သစ္စာလမ်း၊ ၇ ရပ်ကွက်၊ ဖုန်း – ၈၅၅ဝ၆၈၄ – ၇။ ရန်ကင်းဒေသန္တရဆေးခန်း- အမှတ် ၂၀၇၊ ရန်ရှင်းလမ်း ၁၂ လုံးတန်း၊ ဖုန်း-၅၆၆၄၈၂၊ ၀၉၅၀၄၈၂၄၂။

    ရွှေပြည်သာမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရွှေပြည်သာအထွေထွေရောဂါကုဆေးရုံ။ ဘုရင့်နောင်လမ်း၊ ၇ ရပ်ကွက်၊ ဖုန်း – ၆၁၁၀၀၈။

    လသာမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရန်ကုန်ပြည်သူ့ဆေးရုံကြီး။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဖုန်း – ၂၅၆၁၁၂၊ ၂၅၆၁၂၃- ၃၁။ လသာဒေသန္တရဆေးခန်း- အမှတ် ၁၁၂၊ စဉ့်အိုးတန်းလမ်း(ထက်)၊ ဖုန်း – ၂၅၀၆၃၆။

    လမ်းမတော်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဗဟိုအမျိုးသမီးဆေးရုံကြီး အမှတ် ၅၊ ဗဟိုလမ်း၊ ဖုန်း – ၂၂၂၈၀၄-၆၊ ၂၂၂၈၁၁။ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး(ဂျပန်)- ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်၊ ဖုန်း – ၃၈၄၄၉၃ – ၅။ လမ်းမတော်ဒေသန္တရဆေးကုခန်း-အမှတ် ၂၆၅၊ အနော်ရထာလမ်း၊ ဖုန်း – ၂၂၂၂၇၀။

    သာကေတမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- သာကေတ အထွေထွေရောဂါကုဆေးရုံ (ရှုခင်းသာ)။ ရာဝဏလမ်းနှင့် ရှုခင်းသာလမ်းထောင့်၊ သာကေတအဝိုင်းအနီး ၇ ရပ်ကွက်(အရှေ့)၊ ဖုန်း – ၄၅၀၇၉၁၊ ၄၅၀၇၉၂။ သာကေတ ဒေသန္တရဆေးကုခန်း- မြင်တော်သာလမ်း၊ ထူပါရုံ၊ ၁ ရပ်ကွက်၊ ဖုန်း – ၅၅၆၈၃၉၊ ၅၅၆၈၇ဝ။

    သင်္ဃန်းကျွန်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- သင်္ဃန်းကျွန်းစံပြ အထွေထွေရောဂါကုဆေးရုံကြီး။ ကျိုက္ကဆံဘုရားလမ်း၊ ဆ/က ရပ်ကွက်၊ ဖုန်း – ၅၇၉၈၇၉၊ ၅၇၉၈၉၁။

    အင်းစိန်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- တီဘီရောဂါကုဆေးရုံ။ ရန်ကုန်တီဘီရောဂါတိုက်ဖျက်ရေးဌာန။ အောင်မင်္ဂလာဒုံလမ်း၊ စဉ့်ငူရပ်ကွက်၊ ဖုန်း – ၆၄၅၇၄၉၊ ၆၄၅၇၅ဝ။ မြန်မာ့မီးရထားဆေးရုံ- လှိုင်မြစ်လမ်း၊ ဈေးကုန်း(အရှေ့) ရပ်ကွက်၊ ဖုန်း – ၆၄၂၄၄၇။ အင်းစိန်အထွေထွေရောဂါကုဆေးရုံ- ဆေးရုံမှတ်တိုင်၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက် ဖုန်း-၆၄၀၁၃၂၊ ၆၄ဝ၅၂၃။ အင်းစိန်ဒေသန္တရဆေးခန်း- လမ်းသစ်လမ်း၊ သာကန်းရပ်ကွက်၊ ဖုန်း – ၆၄၀ ၂၁၉။

    ကမာရွတ်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- တက္ကသိုလ်များဆေးရုံ။ အမှတ် ၁၆ဝ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ၉ ရပ်ကွက်၊ ဖုန်း – ၅၃၅၅၄၁။ ကမာရွတ် ဒေသန္တရဆေးခန်း- အမှတ် ၉၂/၉၄၊ လှည်းတန်းလမ်း၊ ၃ ရပ်ကွက်၊ ဖုန်း-၅၃၄၂၆၂

    ကျောက်တံတားမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ကျောက်တံတားဒေသန္တရဆေးခန်း အမှတ် ၂၁၂/၂၀၈၊ မဟာဗန္ဓုလပန်းခြံလမ်း(လယ်)၊ ဖုန်း-၃၇၅၃၃၈။

    ကြည့်မြင်တိုင်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရန်ကုန်အနောက်ပိုင်း အထွေထွေရောဂါကုဆေးရုံကြီး။ အမှတ် ၇၄၇၊ သီတာလမ်းနှင့်အောက်ကြည့်မြင်တိုင်လမ်းထောင့်၊ သီတာ ရပ်ကွက်။ ဖုန်း – ၂၂၂၈၆၁။အရိုးရောဂါကုဆေးရုံကြီး-အမှတ် ၁၃၂၊ ဟံသာဝတီလမ်း၊ သရက်တော(မြောက်)ရပ်ကွက်၊ ဖုန်း-၅၂၇ဝ၈၇၊ ၅၂၇၀၈၈။ ကြည့်မြင်တိုင်ဒေသန္တရဆေးခန်း အမှတ် ၄၈၊ ကျောင်းကြီးလမ်း၊ ဖုန်း – ၅၃၅၈၈၀၊ ၅၃၅၆၄၅။

    တာမွေမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ။ ဗျိုင်းရေအိုးစင်လမ်းနှင့် ဗညားဒလလမ်းထောင့်၊ ဖုန်း- ၅၄၃၈၈၈။ ရန်ကုန်မျက်စိရောဂါကုဆေးရုံကြီး-အမှတ် ၃ဝ၊ နတ်မောက်လမ်း၊ နတ်မောက်ရပ်ကွက်၊ ဖုန်း-၅၅၇၉၅၅။ အလုပ်သမားဆေးရုံ- ကျိုက္ကဆံလမ်း၊ နတ်မောက်ရပ်ကွက်၊ ဖုန်း-၅၅၄၄၅၅၊ ၅၅၄၃၁၉။ အမျိုးသားမျက်စိဘဏ်- အမှတ် ၃ဝ၊ နတ်မောက်လမ်း၊ နတ်မောက်ရပ်ကွက်၊ ဖုန်း- ၅၅၇၉၅၆ တာမွေဒေသန္တရဆေးခန်း အမှတ် ၃၈၈၊ ဗညားဒလလမ်း၊ ဖုန်း- ၅၅၈၃ဝ။

    တောင်ဥက္ကလာပမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- တောင်ဥက္ကလာပမိခင်နှင့် ကလေးဆေးရုံ မေတ္တာလမ်း၊ ၁၀ ရပ်ကွက်၊ ဖုန်း – ၅၆၂၅၂၂၊ ၅၆၂၅၃၃

    ဒဂုံမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ရန်ကုန်ကလေးဆေးရုံကြီး အမှတ်(၂)၊ ဗဟိုလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်၊ ဖုန်း-၂၂၂၈၀၇-၉၊ ၂၂၂၈၀၈၁ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း အမှတ်(၃၅)၊ မော်ကွန်းတိုက်လမ်း၊ ဖုန်း-၃၇၁၉၅၇၊ ၃၇၁၀၅၉။

    ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဒဂုံမြို့သစ်တောင်ပိုင်းဆေးရုံနှင့် ဒေသန္တရဆေးခန်း။ ပုလဲရတနာလမ်း၊ ၂၆ ရပ်ကွက်၊ ဖုန်း – ၅၉ဝဝ၇၄။

    ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဒဂုံဆိပ်ကမ်းဆေးရုံ ကျန်စစ်သားလမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်၊ ၈၇ ရပ်ကွက်၊ ဖုန်း – ၅၉၂၂၃၁၊ ၀၉ ၄၂၁၀၂၀၄၀၁။

    ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဒဂုံမြို့သစ်မြောက်ပိုင်းဆေးရုံ။အနော်ရထာလမ်းနှင့် ရာဇာဓိရာဇ်လမ်းထောင့်၊ ၉ ရပ်ကွက်၊ ဖုန်း – ၅၈၄၀၇၁

    ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- စိတ်ကျန်းမာရေးဆေးရုံကြီး။ အမှတ် ၁၆၄၊ အမှတ် ၂ လမ်းမကြီး၊ ရွာသာကြီးရပ်ကွက်၊ ဖုန်း-၅၈၅၁၁၅၊ ၅၈၅၁၁၆ ဒဂုံတက္ကသိုလ်ဆေးရုံ ဝိဇ္ဇာလမ်း၊ ၅၂ ရပ်ကွက်၊ ဖုန်း-၀၉ ၅၀၅၀၂၄၀။ ဒဂုံမြို့သစ်အရှေ့ပိုင်း ဆေးရုံ- မင်းရဲကျော်စွာလမ်း၊ ၁၂၂ ရပ်ကွက်၊ ဖုန်း – ၅၈၅၁၉၅။

    ဒေါပုံမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဒေါပုံဒေသန္တရဆေးခန်း အမှတ် ၂၃၊ ယမုံနာလမ်း၊ ဖုန်း – ၅၅၆၈၅၂။

    ပုဇွန်တောင်မြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ပုဇွန်တောင် ဒေသန္တရဆေးခန်း။ အမှတ် ၅၁/၅၃၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၁၀ ရပ်ကွက်၊ ဖုန်း- ၂၉၁၃၀၀။

    ဗဟန်းမြို့နယ်ရှိ အစိုးရဆေးရုံ၊ ဆေးခန်းများ- ဇီဝိတဒါန သံဃာ့ဆေးရုံ။ အမှတ် ၃၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗိုလ်ချို ၁ ရပ်ကွက်။ ဖုန်း – ၅၅၈၄၃၇။ တိုင်းရင်းဆေးရုံကြီး- အမှတ် ၉၀ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို ၂ ရပ်ကွက်၊ ဖုန်း-၅၄၅၇၆၃။ ဗဟန်းအမျိုးသမီးဆေးရုံ- အမှတ် ၃၂ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗိုလ်ချို ၂ ရပ်ကွက်၊ ဖုန်း-၅၅၄၈၅၆။ ဗဟန်းဒေသန္တရဆေးခန်း- အမှတ် ၁၂၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဖုန်း – ၅၅၄၀၈၁၊ ၅၅၄၈၅၆။

    Credit- Original Poster