Category: ဗဟုတုသ

  • ျမန္မာႏိုင္ငံတြင္ အရင္းအႏွီး သိန္း ၃၀ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းမ်ား

    (Zawgyi)

    အရင္းအႏွီး သိန္း ၃၀ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းမ်ား

    လုပ္ငန္းေပါင္းမ်ားစြာထဲက လုပ္ငန္း (၂၁) ခု ကို ေဖာ္ျပထားသည္။ လုပ္ငန္းလုပ္ကိုင္ရန္ စဥ္းစားေနေသာသူမ်ား အတြက္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ ပါဝင္ကူညီ စဥ္းစားေပးျခင္းသာျဖစ္သည္။

    လုပ္ငန္း(၂၁) မ်ိဳး

    ၁။ ပင္မင္း၊ အဝတ္ေလ်ာ္ အိမ္အေရာက္ပို႔ဝန္ေဆာင္မႈ လုပ္ငန္း

    ၂။ ေခြးထိန္းသိမ္း၊ သန္႔ရွင္း ႏွင့္ အစားအစာ ( ေခြးဟိုတယ္) လုပ္ငန္း

    ၃။ ေရခဲမုန႔္၊ သစ္သီးေဖာ္ရည္ တြန္းလည္း

    ၄။ ဆင္းကဒ္ နံပါတ္အလွ ဝယ္/ေရာင္း

    ၅။ အုတ္စက္လုပ္ငန္း

    ၆။ အြန္လိုင္း ေရွာ့ပင္ ( Online Shopping)

    ၇။ ေရသန္႔လုပ္ငန္း

    ၈။ ခရီးသြား ေအဂ်န္စီ

    ၉။ တႏိုင္တပိုင္ ကုန္ပစၥည္း အိမ္အေရာက္ပို႔လုပ္ငန္း

    ၁၀။ စက္ဘီး၊ ဆိုင္ကယ္ အဌားလုပ္ငန္း

    ၁၁။ ကင္မရာ၊ ဓတ္ပုံဆိုင္

    ၁၂။ ကုန္စုံေဈးဆိုင္/ ကြမ္းယာဆိုင္/ ေငြျဖည့္ကဒ္

    ၁၃။ ပန္းအလွဆင္ႏွင့္ ပန္းေရာင္းဝယ္ေရး

    ၁၄။ အေဝးေျပးလက္မွတ္အေရာင္းဌာန

    ၁၅။ ကြန္ပ်ဴတာ စာစီစာ႐ိုက္၊ မိတၱဴလုပ္ငန္း

    ၁၆။ ေဈးကြက္သုေတသန ေကာက္ယူေရးဝန္ေဆာင္မႈ

    ၁၇။ ဒုတ္ထိုးဆိုင္/ မုန႔္ဟင္းခါးဆိုင္/ေခါက္ဆြဲဆိုင္

    ၁၈။ စက္ခ်ဳပ္ဆိုင္

    ၁၉။ အဲကြန္းဆားဗစ္ ဆိုင္

    ၂၀။ ဆံပင္ညႇပ္ဆိုင္

    ၂၁။ ဗြီဒီယို၊ ဓတ္ပုံ တည္းျဖတ္ စတူဒီယို

    ဒီ (၂၁) အျပင္ …စာဖတ္သူ မိတ္ေဆြ သေဘာက်ေသာ…သိန္း ၃၀ ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းကို မန္႔ခဲ့ပါ။

    စီးပြားေရး လုပ္ကိုင္သူအခ်င္းခ်င္း ဝိုင္းဝန္းကူညီၾကပါစို႔။

    Credit-မာသင္

    (Unicode)

    အရင်းအနှီး သိန်း ၃၀ဖြင့် စတင်နိုင်သော လုပ်ငန်းများ

    လုပ်ငန်းပေါင်းများစွာထဲက လုပ်ငန်း (၂၁) ခု ကို ဖော်ပြထားသည်။ လုပ်ငန်းလုပ်ကိုင်ရန် စဉ်းစားနေသောသူများ အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီ စဉ်းစားပေးခြင်းသာဖြစ်သည်။

    လုပ်ငန်း(၂၁) မျိုး

    ၁။ ပင်မင်း၊ အဝတ်လျော် အိမ်အရောက်ပို့ဝန်ဆောင်မှု လုပ်ငန်း

    ၂။ ခွေးထိန်းသိမ်း၊ သန့်ရှင်း နှင့် အစားအစာ ( ခွေးဟိုတယ်) လုပ်ငန်း

    ၃။ ရေခဲမုန့်၊ သစ်သီးဖော်ရည် တွန်းလည်း

    ၄။ ဆင်းကဒ် နံပါတ်အလှ ဝယ်/ရောင်း

    ၅။ အုတ်စက်လုပ်ငန်း

    ၆။ အွန်လိုင်း ရှော့ပင် ( Online Shopping)

    ၇။ ရေသန့်လုပ်ငန်း

    ၈။ ခရီးသွား အေဂျန်စီ

    ၉။ တနိုင်တပိုင် ကုန်ပစ္စည်း အိမ်အရောက်ပို့လုပ်ငန်း

    ၁၀။ စက်ဘီး၊ ဆိုင်ကယ် အဌားလုပ်ငန်း

    ၁၁။ ကင်မရာ၊ ဓတ်ပုံဆိုင်

    ၁၂။ ကုန်စုံဈေးဆိုင်/ ကွမ်းယာဆိုင်/ ငွေဖြည့်ကဒ်

    ၁၃။ ပန်းအလှဆင်နှင့် ပန်းရောင်းဝယ်ရေး

    ၁၄။ အဝေးပြေးလက်မှတ်အရောင်းဌာန

    ၁၅။ ကွန်ပျူတာ စာစီစာရိုက်၊ မိတ္တူလုပ်ငန်း

    ၁၆။ ဈေးကွက်သုတေသန ကောက်ယူရေးဝန်ဆောင်မှု

    ၁၇။ ဒုတ်ထိုးဆိုင်/ မုန့်ဟင်းခါးဆိုင်/ခေါက်ဆွဲဆိုင်

    ၁၈။ စက်ချုပ်ဆိုင်

    ၁၉။ အဲကွန်းဆားဗစ် ဆိုင်

    ၂၀။ ဆံပင်ညှပ်ဆိုင်

    ၂၁။ ဗွီဒီယို၊ ဓတ်ပုံ တည်းဖြတ် စတူဒီယို

    ဒီ (၂၁) အပြင် …စာဖတ်သူ မိတ်ဆွေ သဘောကျသော…သိန်း ၃၀ ဖြင့် စတင်နိုင်သော လုပ်ငန်းကို မန့်ခဲ့ပါ။

    စီးပွားရေး လုပ်ကိုင်သူအချင်းချင်း ဝိုင်းဝန်းကူညီကြပါစို့။

    Credit-မာသင်

  • ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    (Zawgyi)

    ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    လုပ္ငန္းခြင္ ဝင္ေနၾကေသာ အင္ဂ်င္နီယာမ်ား၊ ကန္ထ႐ိုက္တာမ်ား၊ ပန္းရံသမားမ်ား စသျဖင့္ ဘိလပ္ေျမနဲ႔ ပတ္သက္ဆက္ႏြယ္ေနသူအားလုံး သိေစဖို႔အတြက္ ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္းကို ေဖာ္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ။

    ၁။ ဘိလပ္ေျမအမႈန႔္ အနည္းငယ္ကို ေရေဖ်ာ္ၿပီး အလုံးကေလး(၂)လုံး၊ (၃)လုံးခန႔္လုံးၿပီး ခဏအေျခာက္ခံထားပါ။

    (၂)မိနစ္ခန႔္ ၾကာေသာ္ ထိုဘိလပ္ေျမလုံးမ်ားအား လက္ျဖင့္ဖိျခင္း၊ ဖ်စ္ၾကည့္ျခင္းမ်ား ျပဳလုပ္ပါ။လုံး၀ ကြဲအက္မသြားဘဲ သံခဲ၊ ေက်ာက္ခဲကဲ့သို႔ မာေနလွ်င္ ဘိလပ္ေျမ စစ္သည္။ ကြဲအက္သြားပါကဘိလပ္ေျမ အတုျဖစ္ပါသည္။

    ၂။ ဘိလပ္ေျမအမႈန႔္အနည္းငယ္ေပၚသို႔ သံပရာရည္(သို႔) ေရွာက္ရည္ အနည္းငယ္ ညႇစ္ၾကည့္ပါ။ ပြက္ပြက္ဆူလာလွ်င္ ဘိလပ္ေျမအစစ္ျဖစ္ၿပီး၊ လုံးဝဆူပြက္မလာပါက အတုျဖစ္ေၾကာင္း သိရွိႏိုင္ပါသည္။

    blended cement construction

    (အထက္ပါ နည္းမ်ားမွာ ဘိလပ္ေျမစက္႐ုံ အမွတ္(၁)၊ သရက္ၿမိဳ႕၊ အမ်ိဳးအစား စစ္ေဆးေရးဌာနမွ ဦးေအးေက်ာ္၏ ေျပာျပခ်က္ျဖစ္ပါသည္။)

    Ref – ၿမိဳ႕ျပအင္ဂ်င္နီယာမ်ားအတြက္ ရည္႐ြယ္သည္

    Credit-Wai Phyoe

    (Unicode)

    ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း

    လုပ်ငန်းခွင် ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများ စသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ်နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး(၂)လုံး၊ (၃)လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။

    (၂)မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖိခြင်း၊ ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါကဘိလပ်မြေ အတုဖြစ်ပါသည်။

    ၂။ ဘိလပ်မြေအမှုန့်အနည်းငယ်ပေါ်သို့ သံပရာရည်(သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။

    (အထက်ပါ နည်းများမှာ ဘိလပ်မြေစက်ရုံ အမှတ်(၁)၊ သရက်မြို့၊ အမျိုးအစား စစ်ဆေးရေးဌာနမှ ဦးအေးကျော်၏ ပြောပြချက်ဖြစ်ပါသည်။)

    Ref – မြို့ပြအင်ဂျင်နီယာများအတွက် ရည်ရွယ်သည်

    Credit-Wai Phyoe

  • ျမင္သူတိုင္း စားခ်င္သည့္ ငါးသံပုရာေပါင္း လုပ္နည္း

    (Zawgyi)

    ျမင္သူတိုင္း စားခ်င္သည့္ ငါးသံပုရာေပါင္း လုပ္နည္း

    ငါးသံပုရာေပါင္းကို အမ်ိဳးမ်ိဳး လုပ္စားတဲ့ နည္းထဲကမွ ဒါကနည္းတမ်ိဳးပါ။ လုပ္နည္းကေတာ့ လြယ္ကူပါတယ္။ လုပ္စားၾကည့္ေနာ္။ အျခားနည္းေတြနဲ႔လဲ အရမ္းေတာ့ သိပ္မကြာပါဘူး။ ဒါေပမယ့္ ပိုလြယ္လို႔.. လုပ္စားၾကည့္ေနာ္။

    ပါဝင္ေသာပစၥည္းမ်ား

    ၁။ ကကတစ္ငါး (သို႔) စလားဗီးယားငါး – ၁ ေကာင္

    ၂။ ၾကက္သြန္ျဖဴ – ၃ မႊာ

    ၃။ င႐ုတ္သီးစိမ္း – ၃ ေတာင့္

    ၄။ ၾကက္သြန္ၿမိတ္ – ၂ ပင္

    ၅။ နံနံပင္ – ၅ ပင္

    ၆။ ဂ်င္း – လက္တဆစ္

    ၇။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၁ ဇြန္းခြဲ

    ၈။ သၾကား (သို႔) အခ်ိဳမႈုန္႔- လက္ဖက္ရည္ဇြန္း တစ္ဝက္

    ၉။ ၾကက္သားမႈန္႔- ထမင္းစားဇြန္း ၁ ဇြန္း

    ၁၀။ သံပုရာသီး – ၁ ျခမ္း

    ၁၁။ ေရ – ၁ ခြက္

    ( ၁ ခြက္ = 240 ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း) ( ထမင္းစားဇြန္း = 1 tablespoon = 15 ml) (လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

    ျပဳလုပ္နည္း

    ၁။ ငါးကို သန္႔စင္ထားပါ။ ဂ်င္းကို ေထာင္းထားပါ။ ၾကက္သြန္ျဖဴကို ပါးပါးလွီးထားပါ။ င႐ုတ္သီးကို အေသးေလးေတြလွီးထားပါ။ ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္ကို ႏႈတ္ႏႈတ္စင္းထားပါ။

    ၂။ သန္႔စင္ထားေသာ ငါးေပၚကို ေထာင္းထားေသာ ဂ်င္းမွ အရည္မ်ား ညႇစ္ခ်ပါ။ ၿပီးလွ်င္ မိနစ္ ၂၀ခန္႔ ေပါင္းပါ။ ေပါင္းၿပီး ငါးမွထြက္လာေသာ အရည္မ်ားကို သြန္ပစ္ပါ။ (အညႇီနံ႔မ်ား ပါသြားပါလိမ့္မည္။)

    ၃။ ေပါင္းထားေသာ ငါးေပၚကို ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္မ်ား အုပ္ထားပါ။

    ၄။ ဒယ္အိုးတခုထဲတြင္ ေရထည့္၊ ၾကက္သားမႈန႔္၊ သၾကား၊ ပဲငံျပာရည္တို႔ကို ထည့္ရ်္ ဆူလာေအာင္တည္ပါ။ ဆူလာလွ်င္ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးကို ထည့္၍ င႐ုတ္သီး အနံ႔ေမႊးလာသည္အထိ တည္ပါ။ င႐ုတ္သီး အနံ႔ေမႊးလာလွ်င္ မီးဖိုကို ပိတ္၍ သံပုရာရည္ကို ညႇစ္ထည့္ပါ။ (ခ်ဥ္မခ်ဥ္ၾကည့္ၿပီး သံပုရာရည္ လိုသေလာက္ ထပ္ထည့္ပါ။)

    ၅။ ျပဳလုပ္ထားေသာ အရည္ကို ေပါင္းထားေသာ ငါးေပၚကို ဆမ္းပါ။

    ၆။ အရသာရွိရွိ ငါးသံပုရာေပါင္းကို သုံးေဆာင္ႏိုင္ပါၿပီ။

    Credit-Khin Lay

    (Unicode)

    မြင်သူတိုင်း စားချင်သည့် ငါးသံပုရာပေါင်း လုပ်နည်း

    ငါးသံပုရာပေါင်းကို အမျိုးမျိုး လုပ်စားတဲ့ နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းတွေနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။

    ပါဝင်သောပစ္စည်းများ

    ၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး – ၁ ကောင်

    ၂။ ကြက်သွန်ဖြူ – ၃ မွှာ

    ၃။ ငရုတ်သီးစိမ်း – ၃ တောင့်

    ၄။ ကြက်သွန်မြိတ် – ၂ ပင်

    ၅။ နံနံပင် – ၅ ပင်

    ၆။ ဂျင်း – လက်တဆစ်

    ၇။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ

    ၈။ သကြား (သို့) အချိုမှုုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်

    ၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

    ၁၀။ သံပုရာသီး – ၁ ခြမ်း

    ၁၁။ ရေ – ၁ ခွက်

    ( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

    ပြုလုပ်နည်း

    ၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်စင်းထားပါ။

    ၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှ အရည်များ ညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ခန့် ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ (အညှီနံ့များ ပါသွားပါလိမ့်မည်။)

    ၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။

    ၄။ ဒယ်အိုးတခုထဲတွင် ရေထည့်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်တို့ကို ထည့်ရျ် ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးကို ထည့်၍ ငရုတ်သီး အနံ့မွှေးလာသည်အထိ တည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်၍ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည် လိုသလောက် ထပ်ထည့်ပါ။)

    ၅။ ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။

    ၆။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။

    Credit-Khin Lay

  • ယင္ေကာင္လံုး၀မလာေအာင္ ဒီလိုအလြယ္ေလးလုပ္ပါ။

    (Zawgyi)

    ယင္မလာေအာင္ ဆီးျဖဴေဆာင္

    ဆီးျဖဴပင္တြင္ အံ့ဖြယ္စြမ္းအင္တို႔ ရွိပါသည္။ ေရွးက ဆီးျဖဴသီးကို သွ်ိသွ်ားသီးဟုလည္း ေခၚၾကသည္။ ဆီးျဖဴအႀကီး သွ်စ္သွ်ား၊ အငယ္ကို ဆီးျဖဴဟု ခြဲျခားေခၚၾကသည္လည္း မွတ္သားဖူးပါသည္။ ဆီးျဖဴသီးသည္ အသက္ကို ရွည္ေစရာတြင္ အမြန္ျမတ္ဆုံးအသီးဟု ေရွးဗိေႏၷာဆရာတို႔ ဆိုၾကသည္။ ဖန္ခါးသီးထက္ပင္ ဆီးျဖဴသီးသည္ ေဆးအသုံးပိုႀကီးလွသည္။ ဆီးျဖဴးသီးတြင္ ဖန္ေသာ အရသာမ်ား၍ ခ်ိဳေသာအရသာ နည္း၏။

    ဆီးျဖဴသား-

    ေရွးက မီးေသြးဖုတ္ရာတြင္ ဆီးျဖဴသားထင္း တစ္တုံးတစ္ပိုင္း ပါသြားသည္ႏွင့္ က်န္သည့္ထင္းမ်ား မီးေသြးအျဖစ္သို႔ မေရာက္ရွိေတာ့ေပ။ မီးေသြးဖို ပ်က္ေတာ့သည္။ ေကာက္ညႇင္းေပါင္း ေပါင္းရာတြင္လည္း အိုးထဲသို႔ ဆီးျဖဴသားျဖင့္ ေမႊလိုက္ပါက ေကာက္ညႇင္း မႏွပ္ေတာ့။ ဆီးျဖဴသားထဲသို႔ ျပဒါးရည္သြင္းၿပီး ဆီးျဖဴသားျဖင့္ ပိတ္၍ မီးဖုတ္က ျပဒါးအတုံးအခဲ ျဖစ္ေလသည္။ ေရွးက ေႁမြေဆး၊ ၿပီးေဆးထိုးသူတို႔ ဆီးျဖဴသီးကို မစားရ၊ ဆီးျဖဴပင္ေအာက္ မသြားရဟူ၍လည္း တားျမစ္ခ်က္ ရွိျပန္သည္။

    ဆီးျဖဴ႐ြက္ –

    အသီး၏ ေဆးစြမ္းအား လူသားတို႔အတြက္ အက်ိဳးႀကီးမားပုံက မ်ားစြာ နက္နဲက်ယ္ျပန႔္လွပါသည္။ ဆီးျဖဴ႐ြက္ ေဆးအသုံးဝင္ပုံမွာ ေရႏွင့္ (၃)ခြက္(၁)ခြက္တင္ ျပဳတ္က်ိဳၿပီး ပလုတ္က်င္းေပးပါက လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ ေပါက္ျခင္းတို႔ ခဏႏွင့္ပင္ ေပ်ာက္ကင္းပါသည္။

    အံ့ဖြယ္ဆီးျဖဴ႐ြက္၏ သတၱိမွာ –

    ယင္မလာေစျခင္းျဖစ္သည္။ ယင္ေကာင္ေၾကာင့္ လူတို႔ အလြန္စိတ္ညစ္ရပါသည္။ ယင္ေၾကာင့္ပင္ လူတို႔ဝမ္းပ်က္၊ ဝမ္းေလ်ာျခင္းတို႔ ျဖစ္ရကာ အသက္အႏၲရာယ္ေပးသည္အထိ ျဖစ္ရေလသည္။

    လက္ေတြ႕စမ္းရန္မွာ –

    ဆီးျဖဴကိုင္းႏွင့္ ဆီးျဖဴ႐ြက္မ်ားကို မိမိထမင္းစားဝိုင္းႏွင့္ အနီးစပ္ဆုံး ေနရာတြင္ျဖစ္ေစ၊ အေပၚမွႀကိဳးျဖင့္ ခ်ိတ္ဆြဲ၍ျဖစ္ေစ ထားၾကည့္လိုက္ပါ။ ထမင္းစားဝိုင္းကို ယင္လာေတာ့မည္ မဟုတ္ေတာ့ေပ။ ထိုနည္းမွာ ယင္ေပၚမ်ားေသာ ရာသီကာလတိုင္း ေက်းလက္ေတာ႐ြာမ်ားတြင္ ယင္ေကာင္မလာေစေရး ႀကိဳတင္ကာကြယ္သည့္ နည္းျဖစ္ပါ၍ လိုသူတို႔သုံးႏိုင္ပါရန္ သိမီသမွ် သုတေလးအား တင္ျပလိုက္ပါသည္။

    အကိုးအကား- သူရဇၨမဂၢဇင္းအတြဲ(၁၇) အမွတ္(၁၂), နတ္ေမာက္မင္းခ်စ္ေနာ္ (ယင္မလာေအာင္မွ)

    Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

    (Unicode)

    ယင်မလာအောင် ဆီးဖြူဆောင်

    ဆီးဖြူပင်တွင် အံ့ဖွယ်စွမ်းအင်တို့ ရှိပါသည်။ ရှေးက ဆီးဖြူသီးကို သျှိသျှားသီးဟုလည်း ခေါ်ကြသည်။ ဆီးဖြူအကြီး သျှစ်သျှား၊ အငယ်ကို ဆီးဖြူဟု ခွဲခြားခေါ်ကြသည်လည်း မှတ်သားဖူးပါသည်။ ဆီးဖြူသီးသည် အသက်ကို ရှည်စေရာတွင် အမွန်မြတ်ဆုံးအသီးဟု ရှေးဗိန္နောဆရာတို့ ဆိုကြသည်။ ဖန်ခါးသီးထက်ပင် ဆီးဖြူသီးသည် ဆေးအသုံးပိုကြီးလှသည်။ ဆီးဖြူးသီးတွင် ဖန်သော အရသာများ၍ ချိုသောအရသာ နည်း၏။

    ဆီးဖြူသား-

    ရှေးက မီးသွေးဖုတ်ရာတွင် ဆီးဖြူသားထင်း တစ်တုံးတစ်ပိုင်း ပါသွားသည်နှင့် ကျန်သည့်ထင်းများ မီးသွေးအဖြစ်သို့ မရောက်ရှိတော့ပေ။ မီးသွေးဖို ပျက်တော့သည်။ ကောက်ညှင်းပေါင်း ပေါင်းရာတွင်လည်း အိုးထဲသို့ ဆီးဖြူသားဖြင့် မွှေလိုက်ပါက ကောက်ညှင်း မနှပ်တော့။ ဆီးဖြူသားထဲသို့ ပြဒါးရည်သွင်းပြီး ဆီးဖြူသားဖြင့် ပိတ်၍ မီးဖုတ်က ပြဒါးအတုံးအခဲ ဖြစ်လေသည်။ ရှေးက မြွေဆေး၊ ပြီးဆေးထိုးသူတို့ ဆီးဖြူသီးကို မစားရ၊ ဆီးဖြူပင်အောက် မသွားရဟူ၍လည်း တားမြစ်ချက် ရှိပြန်သည်။

    ဆီးဖြူရွက် –

    အသီး၏ ဆေးစွမ်းအား လူသားတို့အတွက် အကျိုးကြီးမားပုံက များစွာ နက်နဲကျယ်ပြန့်လှပါသည်။ ဆီးဖြူရွက် ဆေးအသုံးဝင်ပုံမှာ ရေနှင့် (၃)ခွက်(၁)ခွက်တင် ပြုတ်ကျိုပြီး ပလုတ်ကျင်းပေးပါက လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းတို့ ခဏနှင့်ပင် ပျောက်ကင်းပါသည်။

    အံ့ဖွယ်ဆီးဖြူရွက်၏ သတ္တိမှာ –

    ယင်မလာစေခြင်းဖြစ်သည်။ ယင်ကောင်ကြောင့် လူတို့ အလွန်စိတ်ညစ်ရပါသည်။ ယင်ကြောင့်ပင် လူတို့ဝမ်းပျက်၊ ဝမ်းလျောခြင်းတို့ ဖြစ်ရကာ အသက်အန္တရာယ်ပေးသည်အထိ ဖြစ်ရလေသည်။

    လက်တွေ့စမ်းရန်မှာ –

    ဆီးဖြူကိုင်းနှင့် ဆီးဖြူရွက်များကို မိမိထမင်းစားဝိုင်းနှင့် အနီးစပ်ဆုံး နေရာတွင်ဖြစ်စေ၊ အပေါ်မှကြိုးဖြင့် ချိတ်ဆွဲ၍ဖြစ်စေ ထားကြည့်လိုက်ပါ။ ထမင်းစားဝိုင်းကို ယင်လာတော့မည် မဟုတ်တော့ပေ။ ထိုနည်းမှာ ယင်ပေါ်များသော ရာသီကာလတိုင်း ကျေးလက်တောရွာများတွင် ယင်ကောင်မလာစေရေး ကြိုတင်ကာကွယ်သည့် နည်းဖြစ်ပါ၍ လိုသူတို့သုံးနိုင်ပါရန် သိမီသမျှ သုတလေးအား တင်ပြလိုက်ပါသည်။

    အကိုးအကား- သူရဇ္ဇမဂ္ဂဇင်းအတွဲ(၁၇) အမှတ်(၁၂), နတ်မောက်မင်းချစ်နော် (ယင်မလာအောင်မှ)

    Credit-ရဲမျိုးသူ(ဗောဓိမြိုင်)

  • အိႏၵိယသူေတြ အသုံးျပဳတဲ့ ဆံပင္အရွည္ျမန္ေစတဲ့ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းမ်ား

    (Zawgyi)

    အိႏၵိယသူေတြ အသုံးျပဳတဲ့ ဆံပင္အရွည္ျမန္ေစတဲ့ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းမ်ား

    အိႏၵိယသူအမ်ားစုဟာ ဆံပင္မည္းနက္သန္စြမ္းၿပီး ဆံသားေကာင္းမြန္ၾကတာကို ေဘာလိဝုဒ္႐ုပ္ရွင္ေတြမွာ ေတြ႕ဖူးၾကမွာပါ။ အခုေဖာ္ျပေပးမွာကေတာ့ အိႏၵိယသူေတြရဲ႕ ဆံပင္သန္စြမ္းၿပီး အရွည္ျမန္ေစဖို႔အတြက္ အသုံးျပဳၾကတဲ့ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းေတြကို ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

    (၁) ၾကက္ဥအႏွစ္

    ဆံသားအားျဖည့္ေပးဖို႔အတြက္ အေကာင္းဆုံး သဘာဝပစၥည္းတခုျဖစ္တဲ့ ၾကက္ဥအႏွစ္ကို ေခါင္းမေလွ်ာ္ခင္ နာရီဝက္ခန႔္အလိုတည္းက ဦးေရျပားနဲ႔ ဆံသားအႏွံ႔ သုတ္လိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ျခင္းဟာ ဆံပင္အရွည္ျမန္ေစတဲ့အျပင္ ဆံသားကို ေကာင္းမြန္ေစတာပဲ ျဖစ္ပါတယ္။

    (၂) ရွားေစာင္းလက္ပတ္

    အလွအပေရးရာ ေတာ္ေတာ္မ်ားမ်ားမွာ အသုံးဝင္လွတဲ့ ရွားေစာင္းလက္ပတ္ဟာဆိုရင္ေတာ့ ဆံပင္နဲ႔ ပတ္သက္ရင္ အိႏၵိယသူေတြ အသုံးမ်ားတဲ့ သဘာဝပစၥည္းတမ်ိဳးပဲျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ပင္က ရတဲ့ ရွားေစာင္းလက္ပတ္ ဂ်ယ္လ္ကို ဆံသားအရင္းကေန အဖ်ားအထိ ႏွံ႔စပ္ေအာင္လိမ္းေပးၿပီး နာရီဝက္ခန႔္ၾကာမွ ေခါင္းေလွ်ာ္ေပးျခင္းက ဆံပင္ကို သိသိသာသာ အရွည္ျမန္ေစမွာပဲ ျဖစ္ပါတယ္။

    (၃) ေရေအး

    ေခါင္းေလွ်ာ္ၿပီးတဲ့အခါတိုင္း ပုံမွန္ထက္အနည္းငယ္ပိုေအးတဲ့ ေရေအးကို ေလာင္းခ်ေပးျခင္းက ဦးေရျပားေသြး လွည့္ပတ္မႈ ကို ေကာင္းမြန္ေစတဲ့အျပင္ ဆံသားကို သန္စြမ္းေစၿပီး ဆံပင္အရွည္ျမန္ေစတဲ့ နည္းလမ္းတခုပဲ ျဖစ္ပါတယ္။

    (၄) အုန္းဆီ

    အုန္းဆီဟာ ဆိုရင္ေတာ့ အိႏၵိယတိုင္းရင္းေဆးေတြမွာေရာ အလွအပေရးရာမွာပါ မပါမျဖစ္ အသုံးျပဳၾကတဲ့ သဘာဝအဆီတမ်ိဳးပဲျဖစ္ပါတယ္။ အိႏၵိယသူေတြ ဆံသားေကာင္းမြန္ရျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အုန္းဆီကို ဆံသားမွာ အၿမဲလိုလို လိမ္းက်ံေပးၾကျခင္းေၾကာင့္လည္း ျဖစ္ပါတယ္။

    အုန္းဆီရဲ႕ ေစးကပ္တဲ့အေနအထားကို မႀကိဳက္သူေတြအေနနဲ႔ေတာ့ ေခါင္းမေလွ်ာ္ခင္တိုင္း အုန္းဆီကို ဆံသားအႏွံ႔ ႐ႊဲေနေအာင္လိမ္းေပးကာ ဦးေရျပားကို အသာအယာ ႏွိပ္နယ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းက ဆံပင္နဲ႔ ပတ္သက္တဲ့ ျပႆနာအမ်ိဳးမ်ိဳးကို ေပ်ာက္ကင္းေစႏိုင္မွာျဖစ္သလို ဆံပင္အရွည္ျမန္ေစမွာလည္း ျဖစ္ပါတယ္။

    Ref. brihtside.mew

    Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    အိန္ဒိယသူတွေ အသုံးပြုတဲ့ ဆံပင်အရှည်မြန်စေတဲ့ လျှို့ဝှက်ချက်နည်းလမ်းများ

    အိန္ဒိယသူအများစုဟာ ဆံပင်မည်းနက်သန်စွမ်းပြီး ဆံသားကောင်းမွန်ကြတာကို ဘောလိဝုဒ်ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ အခုဖော်ပြပေးမှာကတော့ အိန္ဒိယသူတွေရဲ့ ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အသုံးပြုကြတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    (၁) ကြက်ဥအနှစ်

    ဆံသားအားဖြည့်ပေးဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတခုဖြစ်တဲ့ ကြက်ဥအနှစ်ကို ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုတည်းက ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ခြင်းဟာ ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံသားကို ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

    (၂) ရှားစောင်းလက်ပတ်

    အလှအပရေးရာ တော်တော်များများမှာ အသုံးဝင်လှတဲ့ ရှားစောင်းလက်ပတ်ဟာဆိုရင်တော့ ဆံပင်နဲ့ ပတ်သက်ရင် အိန္ဒိယသူတွေ အသုံးများတဲ့ သဘာဝပစ္စည်းတမျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်က ရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်ကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီး နာရီဝက်ခန့်ကြာမှ ခေါင်းလျှော်ပေးခြင်းက ဆံပင်ကို သိသိသာသာ အရှည်မြန်စေမှာပဲ ဖြစ်ပါတယ်။

    (၃) ရေအေး

    ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ပုံမှန်ထက်အနည်းငယ်ပိုအေးတဲ့ ရေအေးကို လောင်းချပေးခြင်းက ဦးရေပြားသွေး လှည့်ပတ်မှု ကို ကောင်းမွန်စေတဲ့အပြင် ဆံသားကို သန်စွမ်းစေပြီး ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

    (၄) အုန်းဆီ

    အုန်းဆီဟာ ဆိုရင်တော့ အိန္ဒိယတိုင်းရင်းဆေးတွေမှာရော အလှအပရေးရာမှာပါ မပါမဖြစ် အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပဲဖြစ်ပါတယ်။ အိန္ဒိယသူတွေ ဆံသားကောင်းမွန်ရခြင်းရဲ့လျှို့ဝှက်ချက်ကတော့ အုန်းဆီကို ဆံသားမှာ အမြဲလိုလို လိမ်းကျံပေးကြခြင်းကြောင့်လည်း ဖြစ်ပါတယ်။

    အုန်းဆီရဲ့ စေးကပ်တဲ့အနေအထားကို မကြိုက်သူတွေအနေနဲ့တော့ ခေါင်းမလျှော်ခင်တိုင်း အုန်းဆီကို ဆံသားအနှံ့ ရွှဲနေအောင်လိမ်းပေးကာ ဦးရေပြားကို အသာအယာ နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးခြင်းက ဆံပင်နဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်မှာဖြစ်သလို ဆံပင်အရှည်မြန်စေမှာလည်း ဖြစ်ပါတယ်။

    Ref. brihtside.mew

    Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

  • တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူအားလုံး တက္ေရာက္ႏိုင္မည့္ စက္မႈသင္တန္းေက်ာင္းမ်ား

    (Zawgyi)

    တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူအားလုံး တက္ေရာက္ႏိုင္မည့္ စက္မႈသင္တန္းေက်ာင္းမ်ား

    သင္တန္းတက္ေရာက္လိုသူမ်ားအတြက္ အေျခခံလိုအပ္ခ်က္မ်ားမွာ

    (၁) ျပည္ေထာင္စုျမန္မာႏိုင္ငံသား ျဖစ္ရမည္။ (က်ား/မ)

    (၂) တကၠသိုလ္ဝင္တန္း ေျဖဆိုဖူးသူ ျဖစ္ရမည္။

    (၃) သင္တန္းစတင္ဖြင့္လွစ္မည့္ ေန႔ရက္တြင္ အသက္ (၁၇) ႏွစ္ ျပည့္ၿပီး အသက္ (၂၅) ႏွစ္ထက္ မေက်ာ္လြန္သူ ျဖစ္ရမည္။ (စသက(ဆင္တဲ)သာ အသက္ (၁၆) ႏွစ္ျပည့္ၿပီး အသက္
    (၂၅) ႏွစ္ထက္ မေက်ာ္လြန္သူ ျဖစ္ရမည္။)

    (၄) အိမ္ေထာင္မရွိသူ (လူပ်ိဳ/အပ်ိဳ) ျဖစ္ရမည္။

    (၅) က်န္းမာေရးေကာင္းမြန္သူ ျဖစ္ရမည္။

    (၆) သင္တန္းမွ ခ်မွတ္ထားေသာ ဝန္ခံကတိ စည္းကမ္းမ်ားကို လိုက္နာႏိုင္သူျဖစ္ၿပီး သင္တန္းကို ၿပီးဆုံးေအာင္ တက္ေရာက္ႏိုင္သူ ျဖစ္ရမည္။

    ပုံမွန္သင္တန္းႏွင့္ ကာလတို (၃)လ သင္တန္းမ်ားအတြက္ သင္တန္းသား/သူမ်ားမွ စားစရိတ္အျဖစ္ (၁) လလွ်င္ ၁၅၀၀၀ က်ပ္ လစဥ္ ေပးသြင္းရမည္ျဖစ္ပါသည္။ (ကုန္ေဈးႏႈန္းအရ စားစရိတ္မွာအေျပာင္းအလဲ ရွိႏိုင္ပါသည္။)

    လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားမွာ

    (၁) ေလွ်ာက္လႊာ မူရင္း။

    (၂) ႏိုင္ငံသားစိစစ္ေရးကတ္ မိတၱဴ။

    (၃) လိုင္စင္ ဓာတ္ပုံ (၃) ပုံ။

    (၄) အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္ မူရင္း။

    (၅) တကၠသိုလ္ဝင္တန္း ေျဖဆိုဖူးေၾကာင္း ေထာက္ခံခ်က္ မူရင္း။

    (၆) က်န္းမာေရးေထာက္ခံခ်က္မူရင္း တို႔ျဖစ္သည္။

    ေလွ်ာက္ထားရန္အဆင့္မ်ားမွာ

    (၁) ေလွ်ာက္လႊာေလွ်ာက္ထားျခင္း

    ေလွ်ာက္လႊာပုံစံတြင္ လိုအပ္သည္မ်ား ျဖည့္စြက္၍ ၎ေလွ်ာက္လႊာႏွင့္အတူ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား ပူးတြဲေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ပါသည္။

    (၂) လူေတြ႕လာေရာက္ေျဖဆိုျခင္း

    စက္မႈအေျခခံ၊ သခ်ၤာအေျခခံႏွင့္ အဂၤလိပ္စာ အေျခခံတို႔အား ေျဖဆိုရမည္ ျဖစ္ပါသည္။

    ဆက္သြယ္ရမည့္လိပ္စာမွာ –

    (၁) ေနျပည္ေတာ္

    သင္တန္းေက်ာင္းမ်ားႀကီးၾကပ္ေရးဌာန၊

    စက္မႈဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၃၀)၊ ေနျပည္ေတာ္။

    (၂) အမွတ္(၁)စက္မႈသင္တန္းေက်ာင္း(ဆင္တဲ)

    ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း၊ ျပည္ခ႐ိုင္၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဆင္တဲစက္မႈနယ္ေျမ။

    (၃) အမွတ္(၂)စက္မႈသင္တန္းေက်ာင္း(မႏၲေလး)

    မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မႏၲေလးၿမိဳ႕၊ ေဒါနဘြားရပ္၊ အကြက္ (၁၃)၊ (၁၀) လမ္း။

    (၄) အမွတ္(၃)စက္မႈသင္တန္းေက်ာင္း(သာဂရ)

    ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ၊ သာဂရၿမိဳ႕၊ သာဂရစက္မႈနယ္ေျမ။

    (၅) အမွတ္(၄)စက္မႈသင္တန္းေက်ာင္း(ပခုကၠဴ)

    မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ ပခုကၠဴၿမိဳ႕။

    (၆) အမွတ္(၅)စက္မႈသင္တန္းေက်ာင္း(မေကြး)

    မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ မေကြးစက္မႈနယ္ေျမ။

    (၇) အမွတ္(၆)စက္မႈသင္တန္းေက်ာင္း(ျမင္းၿခံ)

    မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ျမင္းၿခံ-နဘူးအိုင္လမ္း၊ ကုကၠဲေက်း႐ြာအနီး။

    ပူးေပါင္းေဆာင္႐ြက္သည့္ႏိုင္ငံမ်ားမွာ

    (၁) အမွတ္(၁)စက္မႈသင္တန္းေက်ာင္း(ဆင္တဲ) – ဂ်ာမနီ

    (၂) အမွတ္(၂)စက္မႈသင္တန္းေက်ာင္း(မႏၲေလး) – တ႐ုတ္

    (၃) အမွတ္(၃)စက္မႈသင္တန္းေက်ာင္း(သာဂရ) – ကိုရီးယား

    (၄) အမွတ္(၄)စက္မႈသင္တန္းေက်ာင္း(ပခုကၠဴ) – အိႏၵိယ

    (၅) အမွတ္(၅)စက္မႈသင္တန္းေက်ာင္း(မေကြး) – ကိုရီးယား

    (၆) အမွတ္(၆)စက္မႈသင္တန္းေက်ာင္း(ျမင္းၿခံ) – အိႏၵိယ

    စက္မႈသင္တန္းေက်ာင္းမ်ားတြင္ သင္ၾကားသည့္ဘာသာရပ္မ်ား (ပုံမွန္သင္တန္း)မွာ

    (၁) Machine Tools Operator (စက္ကိရိယာ ကိုင္တြယ္ေမာင္းႏွင္မႈ သင္တန္း)

    (၂) Machinery Fitter (စက္႐ုံပစၥည္း ကိုင္တြယ္ထိန္းသိမ္းသူ သင္တန္း)

    (၃) Tools & Die Maker (ကိရိယာႏွင့္ ပုံႏွိပ္ပုံျပဳလုပ္သူ သင္တန္း)

    (၄) Mechanical Draughtsman Course (စက္မႈပုံဆြဲ သင္တန္း)

    (၅) Pattern Maker (သြန္းေလာင္းပုံသြင္း ပုံစံထုတ္လုပ္သူ သင္တန္း)

    (၆) Automobile Mechanic (ေမာ္ေတာ္ယာဥ္ စက္ျပင္သင္တန္း)

    (၇) Electrician (လွ်ပ္စစ္ပညာသည္ သင္တန္း)

    (၈) Electronics Mechanic (အီလက္ထေရာနစ္ စက္ျပင္သင္တန္း)

    (၉) CAD/CAM (ကြန္ပ်ဴတာသုံး ဒီဇိုင္း/ထုတ္လုပ္မႈ သင္တန္း)

    (၁၀) CNC Operator (ကြန္ပ်ဴတာသုံး စက္ကိရိယာကိုင္တြယ္ေမာင္းႏွင္မႈ သင္တန္း)

    (၁၁) Welder (ဂေဟဆက္သင္တန္း)

    (၁၂) Foundry (သံရည္ႀကိဳသင္တန္း)

    (၁၃) Information Technology (သတင္းအခ်က္အလက္ႏွင့္ နည္းပညာ သင္တန္း)

    စက္မႈႏွင့္အသက္ေမြးပညာေ႐ြ႕လ်ားသင္တန္းမ်ား (စက္မႈသင္တန္းေက်ာင္းမ်ားအားလုံး)မွာ

    (၁) Basic Electricity & Building Wiring Course (အေျခခံလွ်ပ္စစ္ပညာသည္သင္တန္း)

    (၂) Basic Welding Course (အေျခခံဂေဟဆက္သင္တန္း)

    (၃) Small Farm Engine & Motorcycle Maintenance and Repairing (စိုက္ပ်ိဳးေရးသုံးအင္ဂ်င္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ထိန္းသိမ္းနည္းသင္တန္း)

    ကြၽမ္းက်င္မႈအေျချပဳ ကာလတို (၃) လ သင္တန္း (အမွတ္(၂)စက္မႈသင္တန္းေက်ာင္း(မႏၲေလး)ႏွင့္ အမွတ္(၄)စက္မႈသင္တန္းေက်ာင္း(ပခုကၠဴ))မွာ

    (၁) Motorcycle Mechanic (ေမာ္ေတာ္ဆိုင္ကယ္ စက္ျပင္သင္တန္း)

    (၂) Small Farm Engine Mechanic (စိုက္ပ်ိဳးေရးသုံးအင္ဂ်င္ စက္ျပင္သင္တန္း)

    (၃) SMAW/MMAW (လွ်ပ္စစ္ ဂေဟဆက္သင္တန္း)

    (၄) MIG/MAG (ဓာတ္ေငြ႕ ဂေဟဆက္ သင္တန္း)

    Website လိပ္စာမ်ားမွာ

    (၁) အမွတ္(၁)စက္မႈသင္တန္းေက်ာင္း(ဆင္တဲ) http://www.itcsinde.edu.mm

    (၂) အမွတ္(၂)စက္မႈသင္တန္းေက်ာင္း(မႏၲေလး)http://www.itcmandalay.edu.mm

    (၃) အမွတ္(၃)စက္မႈသင္တန္းေက်ာင္း(သာဂရ)www.itcthagaya.edu.mm

    (၄) အမွတ္(၄)စက္မႈသင္တန္းေက်ာင္း(ပခုကၠဴ)http://www.itcpakokku.edu.mm

    (၅) အမွတ္(၅)စက္မႈသင္တန္းေက်ာင္း(မေကြး)http://www.itcmagway.edu.mm

    (၆) အမွတ္(၆)စက္မႈသင္တန္းေက်ာင္း(ျမင္းၿခံ)http://www.itcmyingyan.edu.mm

    Myanmar National Portal

    Credit-yangondirectory

    (Unicode)

    တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူအားလုံး တက်ရောက်နိုင်မည့် စက်မှုသင်တန်းကျောင်းများ

    သင်တန်းတက်ရောက်လိုသူများအတွက် အခြေခံလိုအပ်ချက်များမှာ

    (၁) ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ (ကျား/မ)

    (၂) တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။

    (၃) သင်တန်းစတင်ဖွင့်လှစ်မည့် နေ့ရက်တွင် အသက် (၁၇) နှစ် ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (စသက(ဆင်တဲ)သာ အသက် (၁၆) နှစ်ပြည့်ပြီး အသက်
    (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။)

    (၄) အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

    (၅) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

    (၆) သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

    ပုံမှန်သင်တန်းနှင့် ကာလတို (၃)လ သင်တန်းများအတွက် သင်တန်းသား/သူများမှ စားစရိတ်အဖြစ် (၁) လလျှင် ၁၅၀၀၀ ကျပ် လစဉ် ပေးသွင်းရမည်ဖြစ်ပါသည်။ (ကုန်ဈေးနှုန်းအရ စားစရိတ်မှာအပြောင်းအလဲ ရှိနိုင်ပါသည်။)

    လိုအပ်သောစာရွက်စာတမ်းများမှာ

    (၁) လျှောက်လွှာ မူရင်း။

    (၂) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။

    (၃) လိုင်စင် ဓာတ်ပုံ (၃) ပုံ။

    (၄) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် မူရင်း။

    (၅) တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးကြောင်း ထောက်ခံချက် မူရင်း။

    (၆) ကျန်းမာရေးထောက်ခံချက်မူရင်း တို့ဖြစ်သည်။

    လျှောက်ထားရန်အဆင့်များမှာ

    (၁) လျှောက်လွှာလျှောက်ထားခြင်း

    လျှောက်လွှာပုံစံတွင် လိုအပ်သည်များ ဖြည့်စွက်၍ ၎င်းလျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

    (၂) လူတွေ့လာရောက်ဖြေဆိုခြင်း

    စက်မှုအခြေခံ၊ သင်္ချာအခြေခံနှင့် အင်္ဂလိပ်စာ အခြေခံတို့အား ဖြေဆိုရမည် ဖြစ်ပါသည်။

    ဆက်သွယ်ရမည့်လိပ်စာမှာ –

    (၁) နေပြည်တော်

    သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊

    စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။

    (၂) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)

    ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစက်မှုနယ်မြေ။

    (၃) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)

    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဒေါနဘွားရပ်၊ အကွက် (၁၃)၊ (၁၀) လမ်း။

    (၄) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)

    ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ၊ သာဂရမြို့၊ သာဂရစက်မှုနယ်မြေ။

    (၅) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့။

    (၆) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးစက်မှုနယ်မြေ။

    (၇) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီး။

    ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံများမှာ

    (၁) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) – ဂျာမနီ

    (၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) – တရုတ်

    (၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) – ကိုရီးယား

    (၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ) – အိန္ဒိယ

    (၅) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) – ကိုရီးယား

    (၆) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) – အိန္ဒိယ

    စက်မှုသင်တန်းကျောင်းများတွင် သင်ကြားသည့်ဘာသာရပ်များ (ပုံမှန်သင်တန်း)မှာ

    (၁) Machine Tools Operator (စက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှု သင်တန်း)

    (၂) Machinery Fitter (စက်ရုံပစ္စည်း ကိုင်တွယ်ထိန်းသိမ်းသူ သင်တန်း)

    (၃) Tools & Die Maker (ကိရိယာနှင့် ပုံနှိပ်ပုံပြုလုပ်သူ သင်တန်း)

    (၄) Mechanical Draughtsman Course (စက်မှုပုံဆွဲ သင်တန်း)

    (၅) Pattern Maker (သွန်းလောင်းပုံသွင်း ပုံစံထုတ်လုပ်သူ သင်တန်း)

    (၆) Automobile Mechanic (မော်တော်ယာဉ် စက်ပြင်သင်တန်း)

    (၇) Electrician (လျှပ်စစ်ပညာသည် သင်တန်း)

    (၈) Electronics Mechanic (အီလက်ထရောနစ် စက်ပြင်သင်တန်း)

    (၉) CAD/CAM (ကွန်ပျူတာသုံး ဒီဇိုင်း/ထုတ်လုပ်မှု သင်တန်း)

    (၁၀) CNC Operator (ကွန်ပျူတာသုံး စက်ကိရိယာကိုင်တွယ်မောင်းနှင်မှု သင်တန်း)

    (၁၁) Welder (ဂဟေဆက်သင်တန်း)

    (၁၂) Foundry (သံရည်ကြိုသင်တန်း)

    (၁၃) Information Technology (သတင်းအချက်အလက်နှင့် နည်းပညာ သင်တန်း)

    စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများ (စက်မှုသင်တန်းကျောင်းများအားလုံး)မှာ

    (၁) Basic Electricity & Building Wiring Course (အခြေခံလျှပ်စစ်ပညာသည်သင်တန်း)

    (၂) Basic Welding Course (အခြေခံဂဟေဆက်သင်တန်း)

    (၃) Small Farm Engine & Motorcycle Maintenance and Repairing (စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း)

    ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်း (အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ))မှာ

    (၁) Motorcycle Mechanic (မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း)

    (၂) Small Farm Engine Mechanic (စိုက်ပျိုးရေးသုံးအင်ဂျင် စက်ပြင်သင်တန်း)

    (၃) SMAW/MMAW (လျှပ်စစ် ဂဟေဆက်သင်တန်း)

    (၄) MIG/MAG (ဓာတ်ငွေ့ ဂဟေဆက် သင်တန်း)

    Website လိပ်စာများမှာ

    (၁) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) http://www.itcsinde.edu.mm

    (၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)http://www.itcmandalay.edu.mm

    (၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)www.itcthagaya.edu.mm

    (၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)http://www.itcpakokku.edu.mm

    (၅) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)http://www.itcmagway.edu.mm

    (၆) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)http://www.itcmyingyan.edu.mm

    Myanmar National Portal

    Credit-yangondirectory

  • ဒိန္ခ်ဥ္ကို အိမ္မွာပဲ သဘာ၀အတိုင္းအလြယ္တကူ လုပ္နည္း

    (Zawgyi)

    က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ ဒိန္ခ်ဥ္ကို အိမ္မွာ အလြယ္တကူ ျပဳလုပ္နည္း

    က်န္းမာေရးအတြက္ေရာ အသားအေရလွပခ်င္သူေတြပါ ပုံမွန္စားသုံးသင့္တဲ့ အစားအစာထဲမွာ ဒိန္ခ်ဥ္ ပါဝင္ပါတယ္။ ဒိန္ခ်ဥ္မွာ ကယ္လ္ဆီယမ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အ႐ိုးေတြကို သန္မာေစတဲ့အျပင္ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြလည္း ပါဝင္တာေၾကာင့္ အစာအိမ္နဲ႔ ဝမ္းကို အေထာက္အကူျပဳေစပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒိန္ခ်ဥ္ကို သန႔္သန႔္ရွင္းရွင္းနဲ႔ ပုံမွန္စားသုံးခ်င္သူေတြအတြက္ အိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ ဒိန္ခ်ဥ္ျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္။

    ဒိန္ခ်ဥ္ျပဳလုပ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြကေတာ့ ႏြားႏို႔စစ္စစ္ ၅၀ သားနဲ႔ ဒိန္ခ်ဥ္လုပ္ဖို႔ သန႔္ရွင္းေျခာက္ေသြ႕တဲ့ အိုးတစ္လုံးတို႔ လိုအပ္ပါတယ္။ ပထမဦးဆုံး ဒိန္ခ်ဥ္အခ်ဥ္လုပ္ဖို႔အတြက္ က်ိဳထားတဲ့ႏြားႏို႔ ဟင္းခတ္ ဇြန္း ၁ ဇြန္းေလာက္ကို ေနပူထဲမွာ ၆ နာရီေလာက္ ထားေပး႐ုံနဲ႔ အခ်ဥ္ရပါၿပီ။ ၿပီးရင္ေတာ့ ႏြားႏို႔ ၅၀ သားကို ဆူေအာင္ ခပ္ၾကာၾကာေလး က်ိဳထားေပးပါ။ မီးဖိုကေနခ်ၿပီး အိုးထဲထည့္ၿပီး အေအးခံထားေပးပါ။ ႏြားႏို႔ ေအးစက္သြားတဲ့အထိ ေစာင့္စရာမလိုဘဲ လက္ေခ်ာင္းကို ႏြားႏို႔ထဲ ႏွစ္ၾကည့္လို႔ အပူခံႏိုင္ေလာက္တဲ့ အေနအထားမွာ အခ်ဥ္ဟင္းခတ္ဇြန္း ၁ ဇြန္းကို ထည့္ၿပီး ေမႊေပးရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ႏို႔ထည့္ထားတဲ့ အိုးအဝကို အေပၚကေန ပိတ္ပါးေလးအုပ္ၿပီး ဒိန္ခ်ဥ္အိုး မလႈပ္ႏိုင္တဲ့ ေနရာ၊ အပူခ်ိန္ေပၚမူတည္ၿပီး ၅ နာရီကေန ၇ နာရီခန႔္ထိ ထားေပးဖို႔ လိုအပ္ပါတယ္။ ဒိန္ခ်ဥ္ကို ျမည္းၾကည့္ၿပီး မိမိ ႏွစ္ သက္တဲ့ အခ်ဥ္အေနအထား ေရာက္ရင္ေတာ့ အခ်ဥ္အရသာ ထပ္မပိုေစဖို႔ ေရခဲေသတၱာတြင္း ထည့္ထားၿပီး လိုသေလာက္ ခပ္စားသုံးႏိုင္ပါတယ္။

    ဒိန္ခ်ဥ္လုပ္တဲ့အခါ သတိထားရမွာေတြကေတာ့ ေလလုံေအာင္ဆိုၿပီး အိုးကို အတင္းပိတ္ထားစရာ မလိုပါဘူး။ ဒိန္ခ်ဥ္အိုးကို မၾကာခဏလည္း ေမႊေပးစရာ မလိုပါဘူး။ အခ်ဥ္ထည့္ခ်ိန္က်မွသာ ေသခ်ာစြာ ေမႊေပးရမွာ ျဖစ္ပါတယ္။ ဒိန္ခ်ဥ္မွာ ေရေတြမ်ားမေနရေအာင္ အခ်ဥ္ထည့္တဲ့အခါ အမ်ားႀကီး မထည့္မိေစဖို႔ သတိထားရပါမယ္။ ေနာက္ဆုံး တခုကေတာ့ ဒိန္ခ်ဥ္အိုးကို မလႈပ္ႏိုင္တဲ့ ေနရာမွာထားၿပီး မၾကာခဏ ေ႐ႊ႕ျခင္း၊ ေျပာင္းျခင္းတို႔ကို မျပဳလုပ္သင့္ပါဘူး။ ဒီေလာက္ ဆိုရင္ေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး စားလို႔လည္းေကာင္းတဲ့ ဒိန္ခ်ဥ္ကို အိမ္မွာပဲ အလြယ္တကူ ျပဳလုပ္လို႔ ရမွာပဲျဖစ္ပါတယ္။

    Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ဒိန်ချဉ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်နည်း

    ကျန်းမာရေးအတွက်ရော အသားအရေလှပချင်သူတွေပါ ပုံမှန်စားသုံးသင့်တဲ့ အစားအစာထဲမှာ ဒိန်ချဉ် ပါဝင်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်တာကြောင့် အစာအိမ်နဲ့ ဝမ်းကို အထောက်အကူပြုစေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို သန့်သန့်ရှင်းရှင်းနဲ့ ပုံမှန်စားသုံးချင်သူတွေအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ဒိန်ချဉ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    ဒိန်ချဉ်ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့စစ်စစ် ၅၀ သားနဲ့ ဒိန်ချဉ်လုပ်ဖို့ သန့်ရှင်းခြောက်သွေ့တဲ့ အိုးတစ်လုံးတို့ လိုအပ်ပါတယ်။ ပထမဦးဆုံး ဒိန်ချဉ်အချဉ်လုပ်ဖို့အတွက် ကျိုထားတဲ့နွားနို့ ဟင်းခတ် ဇွန်း ၁ ဇွန်းလောက်ကို နေပူထဲမှာ ၆ နာရီလောက် ထားပေးရုံနဲ့ အချဉ်ရပါပြီ။ ပြီးရင်တော့ နွားနို့ ၅၀ သားကို ဆူအောင် ခပ်ကြာကြာလေး ကျိုထားပေးပါ။ မီးဖိုကနေချပြီး အိုးထဲထည့်ပြီး အအေးခံထားပေးပါ။ နွားနို့ အေးစက်သွားတဲ့အထိ စောင့်စရာမလိုဘဲ လက်ချောင်းကို နွားနို့ထဲ နှစ်ကြည့်လို့ အပူခံနိုင်လောက်တဲ့ အနေအထားမှာ အချဉ်ဟင်းခတ်ဇွန်း ၁ ဇွန်းကို ထည့်ပြီး မွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ နို့ထည့်ထားတဲ့ အိုးအဝကို အပေါ်ကနေ ပိတ်ပါးလေးအုပ်ပြီး ဒိန်ချဉ်အိုး မလှုပ်နိုင်တဲ့ နေရာ၊ အပူချိန်ပေါ်မူတည်ပြီး ၅ နာရီကနေ ၇ နာရီခန့်ထိ ထားပေးဖို့ လိုအပ်ပါတယ်။ ဒိန်ချဉ်ကို မြည်းကြည့်ပြီး မိမိ နှစ် သက်တဲ့ အချဉ်အနေအထား ရောက်ရင်တော့ အချဉ်အရသာ ထပ်မပိုစေဖို့ ရေခဲသေတ္တာတွင်း ထည့်ထားပြီး လိုသလောက် ခပ်စားသုံးနိုင်ပါတယ်။

    ဒိန်ချဉ်လုပ်တဲ့အခါ သတိထားရမှာတွေကတော့ လေလုံအောင်ဆိုပြီး အိုးကို အတင်းပိတ်ထားစရာ မလိုပါဘူး။ ဒိန်ချဉ်အိုးကို မကြာခဏလည်း မွှေပေးစရာ မလိုပါဘူး။ အချဉ်ထည့်ချိန်ကျမှသာ သေချာစွာ မွှေပေးရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ရေတွေများမနေရအောင် အချဉ်ထည့်တဲ့အခါ အများကြီး မထည့်မိစေဖို့ သတိထားရပါမယ်။ နောက်ဆုံး တခုကတော့ ဒိန်ချဉ်အိုးကို မလှုပ်နိုင်တဲ့ နေရာမှာထားပြီး မကြာခဏ ရွှေ့ခြင်း၊ ပြောင်းခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ ဒီလောက် ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့လည်းကောင်းတဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ ရမှာပဲဖြစ်ပါတယ်။

    Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • ပင္ပန္းတာေတြ ေျဖေဖ်ာက္ႏိုင္မယ့္ ရန္ကုန္ၿမိဳ႕ရဲ႕ အပန္းေျဖစရာ ေနရာ (၁၀) ခု

    (Zawgyi)

    ပင္ပန္းတာေတြ ေျဖေဖ်ာက္ႏိုင္မယ့္ ရန္ကုန္ၿမိဳ႕ရဲ႕ အပန္းေျဖစရာ ေနရာ (၁၀) ခု

    အခုအခ်ိန္က ကေလးေတြလည္း ေက်ာင္းျပန္ဖြင့္ခ်ိန္၊ လူႀကီးေတြလည္း ႐ုံးလုပ္ငန္းက တစ္ဖက္၊သားသမီး ေက်ာင္းကိစၥကတစ္ဖက္နဲ႔ အလုပ္ေတြရႈပ္ စိတ္ဖိစီးေနတဲ့ အခ်ိန္ဆိုေတာ့ ပင္ပန္းတာေတြေျဖေလ်ာ့ဖို႔ အနားယူဖို႔အခ်ိန္ေတာ့ ေသခ်ာေပါက္ လိုေနပီေနာ္။ ခရီးသြားဖို႔ရာလည္း အလုပ္ေတြေၾကာင့္ အခ်ိန္မေပးႏိုင္ ျဖစ္ေနပီဆိုရင္ေတာ့ ရန္ကုန္ထဲမွာပဲ လည္ရင္းပတ္ရင္း အပန္းေျဖၾကမယ္ေလ။

    ဒီေတာ့ ရန္ကုန္ၿမိဳ႕မွာ ေန႔ခ်င္းျပန္လို႔လဲရ၊ အခ်ိန္လည္း အမ်ားႀကီးမကုန္တဲ့ ဘယ္လိုေနရာေတြက လည္ပတ္ အပန္းေျဖဖို႔ ေကာင္းတယ္ဆိုတာ ေဖာ္ျပေပးခ်င္ပါတယ္။

    ၁။ Royal Sportainment

    ဒါကေတာ့ ေရခဲျပင္စကိတ္ကြင္းနဲ႔ ဘိုးလင္းကစား႐ုံပါ။ အမွန္ဆိုရင္ စကိတ္စီးတာေရာ၊ ေရခဲျပင္အေတြ႕အႀကဳံေရာ ရန္ကုန္သူ ရန္ကုန္သားေတြ သိပ္မရွိၾကပါဘူး။ 8 ံC နဲ႔ -10 ံC ထိရွိတဲ့ ေရခဲျပင္ထဲမွာ စကိတ္ကို ေပ်ာ္ေပ်ာ္ႀကီးစီးၿပီး ဘိုလင္းလဲ ကစားႏိုင္မွာဆိုေတာ့ အပန္းေျဖေစမွာ အေသအခ်ာပါပဲ။ ဒီစင္တာကေတာ့ ၿပီးခဲ့တဲ့လ အနည္းငယ္ကမွ ဖြင့္လွစ္ခဲ့တာပါ။ ေန႔စဥ္ မနက္ ၁၀ နာရီကေန ည ၁၀ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ေတာ္ဝင္လမ္း၊ ၉ မိုင္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၆၇၇၇၈၈၈၉၄

    ၂။ ဂ်န္းရွင္းစင္တာမ်ား

    ရန္ကုန္ၿမိဳ႕မွာေတာ့ ဂ်န္းရွင္းစင္တာ၊ ဂ်န္းရွင္းစီးတီး၊ ဂ်န္းရွင္းစကြဲ၊ ဂ်န္းရွင္းအိတ္၊ ဂ်န္းရွင္းေမာ္တင္ စၿပီး အနည္းဆုံး ဂ်န္းရွင္းစင္တာ ငါးခုရွိေနပါတယ္။ စင္တာတိုင္းမွာ နာမည္ေက်ာ္ လူသုံးကုန္၊အလွကုန္ ဘရန္းဒ္မ်ိဳးစုံ၊ အစားအစာေကာင္တာ၊ ေကာ္ဖီဆိုင္ေတြ၊ ကေလးကစားကြင္းနဲ႔ ႐ုပ္ရွင္႐ုံေတြ ပါဝင္တာမို႔ တစ္ေနရာတည္းမွာပဲ စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ႏိုင္ပါတယ္။ ေန႔စဥ္ မနက္ ၉ နာရီကေန ည ၉ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ဂ်န္းရွင္းစီးတီး၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ေ႐ႊတိဂုံဘုရားလမ္းေထာင့္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

    ၃။ Waterboom Yangon

    ပုံမွန္ဆိုရင္ေတာင္ ကစားကြင္းဆိုတာ ေပ်ာ္ရတဲ့အမ်ိဳးဆိုေတာ့ ေရထဲမွာ ေဆာက္ထားတဲ့ ကစားကြင္းမ်ိဳးဆို လူငယ္၊ လူႀကီး၊ ကေလးကအစ အ႐ြယ္စုံ ေပ်ာ္ၾကမွာပါ။ ရန္ကုန္ျမစ္ထဲက ေရကို အဆင့္ျမင့္ေရသန႔္စင္စနစ္နဲ႔ ၾကည္လင္သန႔္စင္ထားၿပီး ေရေပၚကစားနည္းမ်ိဳးစုံ၊ ေရလႈိင္းေတြ၊ ေလွ်ာမ်ိဳးစုံနဲ႔ေဘာကြင္းစီးႏိုင္မယ့္ ေနရာအက်ယ္ႀကီး ဖန္တီးထားပါတယ္။ တနလၤာေန႔ကလြဲၿပီး တစ္ပတ္လုံး မနက္ ၁၀ နာရီကေန ညေန ၅ နာရီအထိ ဖြင့္ပါတယ္။ ဝင္ေၾကးကေတာ့ သာမန္ေန႔ရက္ေတြကို လူႀကီးတစ္ေယာက္ ၁၀,ဝဝဝ က်ပ္နဲ႔ ပိတ္ရက္ေတြမွာ ႏွစ္ဆ ယူပါတယ္။

    လိပ္စာ-ရႈခင္းသာ၊ ယမုံနာလမ္း၊ ေဒါပုံၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၄၂၁၀၈၅၆၈၅

    ၄။ ျပည္သူ႔ဥယ်ာဥ္

    ေ႐ႊတိဂုံဘုရားနဲ႔ အနီးဆုံးမွာရွိၿပီး လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ ကတည္းက အဆင့္ျမင့္အပန္းေျဖကစားနည္းေတြ ထည့္သြင္းထားတဲ့ ပန္းၿခံႀကီးတစ္ခုပါ။ ဒါေပမဲ့ ခုေနာက္ပိုင္းမွာ စက္ပစၥည္းအသစ္ေတြနဲ႔ ထပ္မံတည္ေဆာက္ထားၿပီး ႐ိုလာကိုစတာ၊ မိေခ်ာင္းေရလႊာေလွ်ာစီး၊ မိုးပ်ံေမာ္ေတာ္ဆိုင္ကယ္ စတဲ့ စက္ပစၥည္းသုံး ကစားကြင္းေၾကာင့္ လူစည္ကားပါတယ္။ ေန႔စဥ္ မနက္ ၈ နာရီက ည ၉ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ျပည္သူ႔ဥယ်ာဥ္၊ ဒဂုံၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၈၆၂၂၂၄၆

    ၅။ Climb O’ Clock

    ေတာင္တက္တာ ဝါသနာပါသူေတြေရာ၊ ကေလးငယ္ေတြ က်န္းမာႀကံ့ခိုင္ေရးအတြက္ပါ ေက်ာက္တုံးငယ္ေတြ တပ္ဆင္ထားတဲ့ ေတာင္တက္ကစားကြင္းငယ္က အဆင္ေျပေစမွာပါ။ ကေလးေတြအတြက္လည္း ေက်ာင္းနဲ႔ အဖြဲ႕လိုက္ကစားႏိုင္မယ့္ အစီအစဥ္ေတြ၊ ေမြးေန႔ပြဲေတြနဲ႔ ေယာဂေလ့က်င့္ခန္းေတြ ထည့္သြင္းေပးထားပါတယ္။ ေတာင္တက္ဖိနပ္ပါ စီစဥ္ေပးရမယ့္ လူႀကီးတစ္ေယာက္စာအတြက္ က်ပ္ ၈,ဝဝဝ နဲ႔ ကေလးတစ္ေယာက္ကို က်ပ္ ၆,ဝဝဝ သတ္မွတ္ထားၿပီး ဖိနပ္စီစဥ္ေပးစရာမလိုဘူးဆိုရင္ေတာ့ က်ပ္ႏွစ္ေထာင္စီ သက္သာမွာပါ။ ေန႔စဥ္ မနက္ ၉ နာရီကေန ည ၉ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-အမွတ္ ၈၆၁၊ စာဂလမ္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၇၉၉၈၇၉၉၀၉

    ၆။ Indoor Skydiving Yangon

    ေလေပၚပ်ံဖို႔ စိတ္ကူးထားတယ္၊ ေလထဲမွာ ပ်ံဝဲေနတယ္လို႔ အိပ္မက္မက္ဖူးတယ္ဆိုရင္ ဒီမွာ လာေရာက္ကစားရင္း တကယ့္အေတြ႕အႀကဳံကို ယူသင့္ေနပါၿပီ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တဲ့ skydiving စင္တာက သူ႔ပုံမွန္ပရိသတ္နဲ႔သူ စည္ကားေနၿမဲပါ။ ပ်ံသန္းခ်င္တဲ့လူေတြ အသက္ ၁၀ ႏွစ္ႏွင့္ အထက္အတြက္ ပထမႏွစ္မိနစ္စာကို က်ပ္ ၃၀,ဝဝဝ နဲ႔ အသက္ ၅ ႏွစ္ကေန ၁၀ ႏွစ္အတြင္းကိုက်ပ္ ၂၀,ဝဝဝ သတ္မွတ္ထားပါတယ္။ ခႏၶာကိုယ္ ေပါင္ခ်ိန္ ၂၅၀ ႏွင့္အထက္ကေတာ့ ပါဝင္ေဆာ့ကစားဖို႔ ခြင့္မျပဳထားပါဘူး။ ေန႔စဥ္ မနက္ ၉ နာရီကေန ည ၈ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ေတာ္ဝင္လမ္း၊ ၉ မိုင္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၇၆၆၆၉၉၂၂၂

    ၇။ Happy World

    ဒီကစားကြင္းကေတာ့ ျမန္မာႏိုင္ငံမွာ အေစာဆုံးေပၚလာတဲ့ indoor ကစားကြင္းလို႔ ေျပာလို႔ရပါတယ္။လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ကစၿပီး သရဲရထား၊ သရဲအိမ္၊ တိုက္ကားနဲ႔ တျခား စိတ္ဝင္စားစရာ ကစားနည္းေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ဂိမ္းတစ္ခုခ်င္းစီမွာ သတ္မွတ္ထားတဲ့ လက္မွတ္ေဈးႏႈန္းရွိၿပီး လတ္တေလာမွာေတာ့ ေက်ာင္းဖြင့္ရာသီအတြက္ ကေလးေတြကို အေျဖမွန္ရင္ ဆုေပးတဲ့ကစားနည္း ဖန္တီးေပးထားပါတယ္။ ေန႔စဥ္ မနက္ ၉ နာရီက ည ၉ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ကန္ေတာ္မဂၤလာဥယ်ာဥ္၊ ဒဂုံၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၇၉၆၂၈၈၄၂၂

    ၈။ ျမန္မာပလာဇာ

    ဒီစင္တာႀကီးကေတာ့ နာမည္ေက်ာ္ လူသုံးကုန္၊ အလွကုန္၊ ဖက္ရွင္၊ ကေလးသုံးစတဲ့ ဘရန္းဒ္အစုံကို ဆိုင္ခြဲေတြအျဖစ္ ဖြင့္လွစ္ေရာင္းခ်ေနသလို စားေသာက္ဆိုင္ေတြ၊ ကစားကြင္းေတြ၊ ေလ့က်င့္ခန္း႐ုံေတြအျပင္ ဘီယာ၊ ဘား၊ ကလပ္စတဲ့ စုံလင္တဲ့ ေဖ်ာ္ေျဖေရးေတြ ထည့္ေပးထားပါတယ္။ ကားပါကင္ကလည္း က်ယ္ဝန္းတာမို႔ အဆင္ေျပၿပီး ေန႔စဥ္ မနက္ ၉ နာရီကေန ည ၉ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ကမာၻေအးဘုရားလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဝ၉ ၂၆၄၄၄၄၆၂၆

    ၉။ ရန္ကုန္တိရစာၦန္ဥယ်ာဥ္

    ၁၉၀၆ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့ၿပီး တိရစာၦန္အမ်ိဳးေပါင္း ၂၀ဝ ေက်ာ္၊ ေကာင္ေရေပါင္း ၁,၁၀ဝဝန္းက်င္ မွီတင္းေနထိုင္ တဲ့ ဥယ်ာဥ္ႀကီးျဖစ္ပါတယ္။ လမ္းေလွ်ာက္တတ္စ ကေလးငယ္ကေနသက္ႀကီး အဘိုးအဘြားေတြအထိ လာေရာက္အပန္းေျဖၾကတဲ့ ေနရာပါ။ ၿပီးခဲ့တဲ့လ အနည္းငယ္မွာေတာ့ ဆယ္ေက်ာ္သက္ လူငယ္ေတြအတြက္ စိတ္ဝင္စားစရာ ဇစ္လိုင္းႀကိဳးစီးနဲ႔ အျမင့္ခုန္ ကစားနည္းေတြကို ထည့္သြင္းဖြင့္လွစ္ခဲ့ပါတယ္။ ေန႔စဥ္ မနက္ ၉ နာရီက ညေန ၆ နာရီအထိ ဖြင့္ပါတယ္။

    လိပ္စာ-ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

    ၁၀။ စႏၵေယာ္

    ဒီ အပန္းေျဖစခန္းကေတာ့ အရင္က ငါးမွ်ားဝါသနာရွင္ေတြအတြက္ ငါးကန္ေတြနဲ႔ ေန႔ပိုင္းတည္းခိုႏိုင္တဲ့ အေဆာင္ငယ္ေတြ တည္ေဆာက္ထားခဲ့ပါတယ္။ လယ္ကြင္းက်ယ္ေတြကို ျဖတ္တိုက္လာတဲ့လတ္ဆတ္တဲ့ေလကို ရွဴရင္း တိတ္ဆိတ္ၿငိမ္သက္စြာ ငါးမွ်ားရင္းနဲ႔ စိတ္ဖိစီးမႈေတြကို လႊင့္ပစ္ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ လကေတာ့ ေရလႈိင္းအတုေတြပါ ပါဝင္တဲ့ ေရေပၚကစားကြင္းႀကီးကို ထပ္မံတိုးခ်ဲ႕ ဖြင့္လွစ္လိုက္တာမို႔ ကေလးေရာ၊ လူႀကီးပါ ေပ်ာ္ႏိုင္မယ့္ ေနရာျဖစ္ေနပါၿပီ။ ဒီေနရာကေတာ့ ၂၄ နာရီ ဖြင့္လွစ္ပါတယ္။

    လိပ္စာ-၁၂ မိုင္၊ ရန္ကုန္–ပုသိမ္လမ္းမႀကီး၊ ထန္းတပင္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္း။ ဝ၉ ၄၀၁၃၉၉၅၉၅

    Source:MT

    Credit-yangondirectory

    (Unicode)ပင်ပန်းတာတွေ ဖြေဖျောက်နိုင်မယ့် ရန်ကုန်မြို့ရဲ့ အပန်းဖြေစရာ နေရာ (၁၀) ခု

    ပင်ပန်းတာတွေ ဖြေဖျောက်နိုင်မယ့် ရန်ကုန်မြို့ရဲ့ အပန်းဖြေစရာ နေရာ (၁၀) ခု

    အခုအချိန်က ကလေးတွေလည်း ကျောင်းပြန်ဖွင့်ချိန်၊ လူကြီးတွေလည်း ရုံးလုပ်ငန်းက တစ်ဖက်၊သားသမီး ကျောင်းကိစ္စကတစ်ဖက်နဲ့ အလုပ်တွေရှုပ် စိတ်ဖိစီးနေတဲ့ အချိန်ဆိုတော့ ပင်ပန်းတာတွေဖြေလျော့ဖို့ အနားယူဖို့အချိန်တော့ သေချာပေါက် လိုနေပီနော်။ ခရီးသွားဖို့ရာလည်း အလုပ်တွေကြောင့် အချိန်မပေးနိုင် ဖြစ်နေပီဆိုရင်တော့ ရန်ကုန်ထဲမှာပဲ လည်ရင်းပတ်ရင်း အပန်းဖြေကြမယ်လေ။

    ဒီတော့ ရန်ကုန်မြို့မှာ နေ့ချင်းပြန်လို့လဲရ၊ အချိန်လည်း အများကြီးမကုန်တဲ့ ဘယ်လိုနေရာတွေက လည်ပတ် အပန်းဖြေဖို့ ကောင်းတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။

    ၁။ Royal Sportainment

    ဒါကတော့ ရေခဲပြင်စကိတ်ကွင်းနဲ့ ဘိုးလင်းကစားရုံပါ။ အမှန်ဆိုရင် စကိတ်စီးတာရော၊ ရေခဲပြင်အတွေ့အကြုံရော ရန်ကုန်သူ ရန်ကုန်သားတွေ သိပ်မရှိကြပါဘူး။ 8 ံC နဲ့ -10 ံC ထိရှိတဲ့ ရေခဲပြင်ထဲမှာ စကိတ်ကို ပျော်ပျော်ကြီးစီးပြီး ဘိုလင်းလဲ ကစားနိုင်မှာဆိုတော့ အပန်းဖြေစေမှာ အသေအချာပါပဲ။ ဒီစင်တာကတော့ ပြီးခဲ့တဲ့လ အနည်းငယ်ကမှ ဖွင့်လှစ်ခဲ့တာပါ။ နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၆၇၇၇၈၈၈၉၄

    ၂။ ဂျန်းရှင်းစင်တာများ

    ရန်ကုန်မြို့မှာတော့ ဂျန်းရှင်းစင်တာ၊ ဂျန်းရှင်းစီးတီး၊ ဂျန်းရှင်းစကွဲ၊ ဂျန်းရှင်းအိတ်၊ ဂျန်းရှင်းမော်တင် စပြီး အနည်းဆုံး ဂျန်းရှင်းစင်တာ ငါးခုရှိနေပါတယ်။ စင်တာတိုင်းမှာ နာမည်ကျော် လူသုံးကုန်၊အလှကုန် ဘရန်းဒ်မျိုးစုံ၊ အစားအစာကောင်တာ၊ ကော်ဖီဆိုင်တွေ၊ ကလေးကစားကွင်းနဲ့ ရုပ်ရှင်ရုံတွေ ပါဝင်တာမို့ တစ်နေရာတည်းမှာပဲ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-ဂျန်းရှင်းစီးတီး၊ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    ၃။ Waterboom Yangon

    ပုံမှန်ဆိုရင်တောင် ကစားကွင်းဆိုတာ ပျော်ရတဲ့အမျိုးဆိုတော့ ရေထဲမှာ ဆောက်ထားတဲ့ ကစားကွင်းမျိုးဆို လူငယ်၊ လူကြီး၊ ကလေးကအစ အရွယ်စုံ ပျော်ကြမှာပါ။ ရန်ကုန်မြစ်ထဲက ရေကို အဆင့်မြင့်ရေသန့်စင်စနစ်နဲ့ ကြည်လင်သန့်စင်ထားပြီး ရေပေါ်ကစားနည်းမျိုးစုံ၊ ရေလှိုင်းတွေ၊ လျှောမျိုးစုံနဲ့ဘောကွင်းစီးနိုင်မယ့် နေရာအကျယ်ကြီး ဖန်တီးထားပါတယ်။ တနင်္လာနေ့ကလွဲပြီး တစ်ပတ်လုံး မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ပါတယ်။ ဝင်ကြေးကတော့ သာမန်နေ့ရက်တွေကို လူကြီးတစ်ယောက် ၁၀,ဝဝဝ ကျပ်နဲ့ ပိတ်ရက်တွေမှာ နှစ်ဆ ယူပါတယ်။

    လိပ်စာ-ရှုခင်းသာ၊ ယမုံနာလမ်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၂၁၀၈၅၆၈၅

    ၄။ ပြည်သူ့ဥယျာဉ်

    ရွှေတိဂုံဘုရားနဲ့ အနီးဆုံးမှာရှိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက အဆင့်မြင့်အပန်းဖြေကစားနည်းတွေ ထည့်သွင်းထားတဲ့ ပန်းခြံကြီးတစ်ခုပါ။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ စက်ပစ္စည်းအသစ်တွေနဲ့ ထပ်မံတည်ဆောက်ထားပြီး ရိုလာကိုစတာ၊ မိချောင်းရေလွှာလျှောစီး၊ မိုးပျံမော်တော်ဆိုင်ကယ် စတဲ့ စက်ပစ္စည်းသုံး ကစားကွင်းကြောင့် လူစည်ကားပါတယ်။ နေ့စဉ် မနက် ၈ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-ပြည်သူ့ဥယျာဉ်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၈၆၂၂၂၄၆

    ၅။ Climb O’ Clock

    တောင်တက်တာ ဝါသနာပါသူတွေရော၊ ကလေးငယ်တွေ ကျန်းမာကြံ့ခိုင်ရေးအတွက်ပါ ကျောက်တုံးငယ်တွေ တပ်ဆင်ထားတဲ့ တောင်တက်ကစားကွင်းငယ်က အဆင်ပြေစေမှာပါ။ ကလေးတွေအတွက်လည်း ကျောင်းနဲ့ အဖွဲ့လိုက်ကစားနိုင်မယ့် အစီအစဉ်တွေ၊ မွေးနေ့ပွဲတွေနဲ့ ယောဂလေ့ကျင့်ခန်းတွေ ထည့်သွင်းပေးထားပါတယ်။ တောင်တက်ဖိနပ်ပါ စီစဉ်ပေးရမယ့် လူကြီးတစ်ယောက်စာအတွက် ကျပ် ၈,ဝဝဝ နဲ့ ကလေးတစ်ယောက်ကို ကျပ် ၆,ဝဝဝ သတ်မှတ်ထားပြီး ဖိနပ်စီစဉ်ပေးစရာမလိုဘူးဆိုရင်တော့ ကျပ်နှစ်ထောင်စီ သက်သာမှာပါ။ နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-အမှတ် ၈၆၁၊ စာဂလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၉၉၈၇၉၉၀၉

    ၆။ Indoor Skydiving Yangon

    လေပေါ်ပျံဖို့ စိတ်ကူးထားတယ်၊ လေထဲမှာ ပျံဝဲနေတယ်လို့ အိပ်မက်မက်ဖူးတယ်ဆိုရင် ဒီမှာ လာရောက်ကစားရင်း တကယ့်အတွေ့အကြုံကို ယူသင့်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ skydiving စင်တာက သူ့ပုံမှန်ပရိသတ်နဲ့သူ စည်ကားနေမြဲပါ။ ပျံသန်းချင်တဲ့လူတွေ အသက် ၁၀ နှစ်နှင့် အထက်အတွက် ပထမနှစ်မိနစ်စာကို ကျပ် ၃၀,ဝဝဝ နဲ့ အသက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းကိုကျပ် ၂၀,ဝဝဝ သတ်မှတ်ထားပါတယ်။ ခန္ဓာကိုယ် ပေါင်ချိန် ၂၅၀ နှင့်အထက်ကတော့ ပါဝင်ဆော့ကစားဖို့ ခွင့်မပြုထားပါဘူး။ နေ့စဉ် မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၆၆၆၉၉၂၂၂

    ၇။ Happy World

    ဒီကစားကွင်းကတော့ မြန်မာနိုင်ငံမှာ အစောဆုံးပေါ်လာတဲ့ indoor ကစားကွင်းလို့ ပြောလို့ရပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီး သရဲရထား၊ သရဲအိမ်၊ တိုက်ကားနဲ့ တခြား စိတ်ဝင်စားစရာ ကစားနည်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဂိမ်းတစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းရှိပြီး လတ်တလောမှာတော့ ကျောင်းဖွင့်ရာသီအတွက် ကလေးတွေကို အဖြေမှန်ရင် ဆုပေးတဲ့ကစားနည်း ဖန်တီးပေးထားပါတယ်။ နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-ကန်တော်မင်္ဂလာဥယျာဉ်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၉၆၂၈၈၄၂၂

    ၈။ မြန်မာပလာဇာ

    ဒီစင်တာကြီးကတော့ နာမည်ကျော် လူသုံးကုန်၊ အလှကုန်၊ ဖက်ရှင်၊ ကလေးသုံးစတဲ့ ဘရန်းဒ်အစုံကို ဆိုင်ခွဲတွေအဖြစ် ဖွင့်လှစ်ရောင်းချနေသလို စားသောက်ဆိုင်တွေ၊ ကစားကွင်းတွေ၊ လေ့ကျင့်ခန်းရုံတွေအပြင် ဘီယာ၊ ဘား၊ ကလပ်စတဲ့ စုံလင်တဲ့ ဖျော်ဖြေရေးတွေ ထည့်ပေးထားပါတယ်။ ကားပါကင်ကလည်း ကျယ်ဝန်းတာမို့ အဆင်ပြေပြီး နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၆၄၄၄၄၆၂၆

    ၉။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

    ၁၉၀၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး တိရစ္ဆာန်အမျိုးပေါင်း ၂၀ဝ ကျော်၊ ကောင်ရေပေါင်း ၁,၁၀ဝဝန်းကျင် မှီတင်းနေထိုင် တဲ့ ဥယျာဉ်ကြီးဖြစ်ပါတယ်။ လမ်းလျှောက်တတ်စ ကလေးငယ်ကနေသက်ကြီး အဘိုးအဘွားတွေအထိ လာရောက်အပန်းဖြေကြတဲ့ နေရာပါ။ ပြီးခဲ့တဲ့လ အနည်းငယ်မှာတော့ ဆယ်ကျော်သက် လူငယ်တွေအတွက် စိတ်ဝင်စားစရာ ဇစ်လိုင်းကြိုးစီးနဲ့ အမြင့်ခုန် ကစားနည်းတွေကို ထည့်သွင်းဖွင့်လှစ်ခဲ့ပါတယ်။ နေ့စဉ် မနက် ၉ နာရီက ညနေ ၆ နာရီအထိ ဖွင့်ပါတယ်။

    လိပ်စာ-ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

    ၁၀။ စန္ဒယော်

    ဒီ အပန်းဖြေစခန်းကတော့ အရင်က ငါးမျှားဝါသနာရှင်တွေအတွက် ငါးကန်တွေနဲ့ နေ့ပိုင်းတည်းခိုနိုင်တဲ့ အဆောင်ငယ်တွေ တည်ဆောက်ထားခဲ့ပါတယ်။ လယ်ကွင်းကျယ်တွေကို ဖြတ်တိုက်လာတဲ့လတ်ဆတ်တဲ့လေကို ရှူရင်း တိတ်ဆိတ်ငြိမ်သက်စွာ ငါးမျှားရင်းနဲ့ စိတ်ဖိစီးမှုတွေကို လွှင့်ပစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ လကတော့ ရေလှိုင်းအတုတွေပါ ပါဝင်တဲ့ ရေပေါ်ကစားကွင်းကြီးကို ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်တာမို့ ကလေးရော၊ လူကြီးပါ ပျော်နိုင်မယ့် နေရာဖြစ်နေပါပြီ။ ဒီနေရာကတော့ ၂၄ နာရီ ဖွင့်လှစ်ပါတယ်။

    လိပ်စာ-၁၂ မိုင်၊ ရန်ကုန်–ပုသိမ်လမ်းမကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်း။ ဝ၉ ၄၀၁၃၉၉၅၉၅

    Source:MT

    Credit-yangondirectory

  • ျမန္မာ့မီးရထား၏ ခရီးစဥ္လမ္းေၾကာင္းႏွင့္ အခ်ိန္မ်ား

    (Zawgyi)

    ျမန္မာ့မီးရထား၏ ခရီးစဥ္လမ္းေၾကာင္းႏွင့္ အခ်ိန္မ်ား

    ရထားျဖင့္ ခရီးသြားသူမ်ားအေနျဖင့္ မီးရထားခရီးစဥ္ လမ္းေၾကာင္းႏွင့္ အခ်ိန္မ်ားကို သိရွိေစရန္ အလို႔ငွာ ေအာက္တြင္ ေဖာ္ျပလိုက္ပါသည္။

    ရန္ကုန္- မႏၲေလး လမ္းပိုင္းအတြက္-

    ရန္ကုန္ မွ မႏၲေလးဆိုလွ်င္ မနက္ အျမန္ရထားမွာ နံနက္ ၆ နာရီ ျဖစ္ၿပီး၊ ႐ိုး႐ိုးတန္း – ၄၆၅၀၊ အထက္တန္း – ၉၃၀၀

    ေလအိတ္ရထားမွာ ညေန ၃ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၆၅၀၊ အထက္တန္း – ၉၃၀၀

    ည အျမန္ရထားမွာ ညေန ၅ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၆၅၀၊ အထက္တန္း – ၉၃၀၀ ျဖစ္သည္။

    မႏၲေလး မွ ရန္ကုန္ဆိုလွ်င္-

    မနက္ အျမန္ရထားမွာ မနက္ ၆ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၆၅၀၊ အထက္တန္း -၉၃၀၀

    ေလအိတ္ရထားမွာ ညေန ၃ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း -၄၆၅၀၊ အထက္တန္း – ၉၃၀၀

    ည အျမန္ရထားမွာ ညေန ၅ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၆၅၀၊ အထက္တန္း – ၉၃၀၀ ျဖစ္သည္။

    ရန္ကုန္ – ေမာ္လၿမိဳင္ လမ္းပိုင္းအတြက္-

    ရန္ကုန္မွ ေမာ္လၿမိဳင္ ဆိုလွ်င္ မနက္ အျမန္ရထားမွာ ၇ နာရီ ၁၅ မိနစ္ ျဖစ္ၿပီး၊ ႐ိုး႐ိုးတန္း – ၂၁၅၀၊
    အထက္တန္း- ၄၃၀၀

    ထားဝယ္ရထားမွာ ညေန ၆ နာရီ ၂၅ မိနစ္ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၁၅၀၊ အထက္တန္း – ၄၃၀၀

    ညအျမန္ရထားမွာ ည ၈ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၁၅၀၊ အထက္တန္း – ၄၃၀၀ ျဖစ္သည္။

    ေမာ္လၿမိဳင္ မွ ရန္ကုန္ ဆိုလွ်င္-

    မနက္ အျမန္ရထားမွာ မနက္ ၈ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၁၅၀၊ အထက္တန္း – ၄၃၀၀

    ညအျမန္ရထားမွာ ည ၇ နာရီ ၃၀ မိနစ္ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၁၅၀၊ အထက္တန္း- ၄၃၀၀

    ထားဝယ္ရထားမွာ ည ၉ နာရီ ၂၅ မိနစ္ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၁၅၀၊ အထက္တန္း – ၄၃၀၀ ျဖစ္သည္။

    ရန္ကုန္- ျပည္ လမ္းပိုင္းအတြက္-

    ရန္ကုန္ မွ ျပည္ ဆိုလွ်င္ ေလအိတ္ အျမန္ရထားမွာ ေန႔လည္ ၁ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၁၉၅၀ ျဖစ္သည္။

    ျပည္ မွ ရန္ကုန္ ဆိုလွ်င္ ေလအိတ္ အျမန္ရထားမွာ ည ၁၀ နာရီ ၃၀ မိနစ္ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၁၉၅၀ ျဖစ္သည္။

    ရန္ကုန္ – ေတာင္ႀကီး လမ္းပိုင္းအတြက္-

    ရန္ကုန္ မွ ေတာင္ႀကီးဆိုလွ်င္ အျမန္ရထားမွာ မနက္ ၁၁ နာရီ ျဖစ္ၿပီး၊ ႐ိုး႐ိုးတန္း – ၄၀၅၀၊အထက္တန္း – ၈၁၀၀ ျဖစ္သည္။

    ေတာင္ႀကီး မွ ရန္ကုန္ဆိုလွ်င္ အျမန္ရထားမွာ မနက္ ၈ နာရီ ျဖစ္ၿပီး၊ ႐ိုး႐ိုးတန္း – ၄၀၅၀၊ အထက္တန္း – ၈၁၀၀ ျဖစ္သည္။

    ရန္ကုန္ – ပုဂံ လမ္းပိုင္းအတြက္-

    ရန္ကုန္ မွ ပုဂံ ဆိုလွ်င္ အျမန္ရထားမွာ ညေန ၄ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၅၀၀၊ အထက္တန္း – ၁၂၀၀၀ ျဖစ္သည္။

    ပုဂံ မွ ရန္ကုန္ဆိုလွ်င္ အျမန္ရထားမွာ ညေန ၄ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၄၅၀၀၊ အထက္တန္း- ၁၂၀၀၀ ျဖစ္သည္။

    ရန္ကုန္ – ေနျပည္ေတာ္ လမ္းပိုင္းအတြက္-

    ရန္ကုန္ မွ ေနျပည္ေတာ္ဆိုလွ်င္ မနက္အျမန္ရထားမွာ မနက္ ၈ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၈၀၀၊
    အထက္တန္း – ၅၆၀၀

    ည အျမန္ရထားမွာ ည ၉ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၈၀၀၊ အထက္တန္း- ၅၆၀၀ ျဖစ္သည္။

    ေနျပည္ေတာ္ မွ ရန္ကုန္ဆိုလွ်င္ မနက္အျမန္ရထားမွာ မနက္ ၈ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၈၀၀၊အထက္တန္း – ၅၆၀၀

    ညအျမန္ရထားမွာ ည ၉ နာရီ ျဖစ္ၿပီး ႐ိုး႐ိုးတန္း – ၂၈၀၀၊ အထက္တန္း – ၅၆၀၀ ျဖစ္သည္။

    MR

    Credit- yangondirectory

    (Unicode)

    မြန်မာ့မီးရထား၏ ခရီးစဉ်လမ်းကြောင်းနှင့် အချိန်များ

    ရထားဖြင့် ခရီးသွားသူများအနေဖြင့် မီးရထားခရီးစဉ် လမ်းကြောင်းနှင့် အချိန်များကို သိရှိစေရန် အလို့ငှာ အောက်တွင် ဖော်ပြလိုက်ပါသည်။

    ရန်ကုန်- မန္တလေး လမ်းပိုင်းအတွက်-

    ရန်ကုန် မှ မန္တလေးဆိုလျှင် မနက် အမြန်ရထားမှာ နံနက် ၆ နာရီ ဖြစ်ပြီး၊ ရိုးရိုးတန်း – ၄၆၅၀၊ အထက်တန်း – ၉၃၀၀

    လေအိတ်ရထားမှာ ညနေ ၃ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၆၅၀၊ အထက်တန်း – ၉၃၀၀

    ည အမြန်ရထားမှာ ညနေ ၅ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၆၅၀၊ အထက်တန်း – ၉၃၀၀ ဖြစ်သည်။

    မန္တလေး မှ ရန်ကုန်ဆိုလျှင်-

    မနက် အမြန်ရထားမှာ မနက် ၆ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၆၅၀၊ အထက်တန်း -၉၃၀၀

    လေအိတ်ရထားမှာ ညနေ ၃ နာရီ ဖြစ်ပြီး ရိုးရိုးတန်း -၄၆၅၀၊ အထက်တန်း – ၉၃၀၀

    ည အမြန်ရထားမှာ ညနေ ၅ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၆၅၀၊ အထက်တန်း – ၉၃၀၀ ဖြစ်သည်။

    ရန်ကုန် – မော်လမြိုင် လမ်းပိုင်းအတွက်-

    ရန်ကုန်မှ မော်လမြိုင် ဆိုလျှင် မနက် အမြန်ရထားမှာ ၇ နာရီ ၁၅ မိနစ် ဖြစ်ပြီး၊ ရိုးရိုးတန်း – ၂၁၅၀၊
    အထက်တန်း- ၄၃၀၀

    ထားဝယ်ရထားမှာ ညနေ ၆ နာရီ ၂၅ မိနစ် ဖြစ်ပြီး ရိုးရိုးတန်း – ၂၁၅၀၊ အထက်တန်း – ၄၃၀၀

    ညအမြန်ရထားမှာ ည ၈ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၁၅၀၊ အထက်တန်း – ၄၃၀၀ ဖြစ်သည်။

    မော်လမြိုင် မှ ရန်ကုန် ဆိုလျှင်-

    မနက် အမြန်ရထားမှာ မနက် ၈ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၁၅၀၊ အထက်တန်း – ၄၃၀၀

    ညအမြန်ရထားမှာ ည ၇ နာရီ ၃၀ မိနစ် ဖြစ်ပြီး ရိုးရိုးတန်း – ၂၁၅၀၊ အထက်တန်း- ၄၃၀၀

    ထားဝယ်ရထားမှာ ည ၉ နာရီ ၂၅ မိနစ် ဖြစ်ပြီး ရိုးရိုးတန်း – ၂၁၅၀၊ အထက်တန်း – ၄၃၀၀ ဖြစ်သည်။

    ရန်ကုန်- ပြည် လမ်းပိုင်းအတွက်-

    ရန်ကုန် မှ ပြည် ဆိုလျှင် လေအိတ် အမြန်ရထားမှာ နေ့လည် ၁ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၁၉၅၀ ဖြစ်သည်။

    ပြည် မှ ရန်ကုန် ဆိုလျှင် လေအိတ် အမြန်ရထားမှာ ည ၁၀ နာရီ ၃၀ မိနစ် ဖြစ်ပြီး ရိုးရိုးတန်း – ၁၉၅၀ ဖြစ်သည်။

    ရန်ကုန် – တောင်ကြီး လမ်းပိုင်းအတွက်-

    ရန်ကုန် မှ တောင်ကြီးဆိုလျှင် အမြန်ရထားမှာ မနက် ၁၁ နာရီ ဖြစ်ပြီး၊ ရိုးရိုးတန်း – ၄၀၅၀၊အထက်တန်း – ၈၁၀၀ ဖြစ်သည်။

    တောင်ကြီး မှ ရန်ကုန်ဆိုလျှင် အမြန်ရထားမှာ မနက် ၈ နာရီ ဖြစ်ပြီး၊ ရိုးရိုးတန်း – ၄၀၅၀၊ အထက်တန်း – ၈၁၀၀ ဖြစ်သည်။

    ရန်ကုန် – ပုဂံ လမ်းပိုင်းအတွက်-

    ရန်ကုန် မှ ပုဂံ ဆိုလျှင် အမြန်ရထားမှာ ညနေ ၄ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၅၀၀၊ အထက်တန်း – ၁၂၀၀၀ ဖြစ်သည်။

    ပုဂံ မှ ရန်ကုန်ဆိုလျှင် အမြန်ရထားမှာ ညနေ ၄ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၄၅၀၀၊ အထက်တန်း- ၁၂၀၀၀ ဖြစ်သည်။

    ရန်ကုန် – နေပြည်တော် လမ်းပိုင်းအတွက်-

    ရန်ကုန် မှ နေပြည်တော်ဆိုလျှင် မနက်အမြန်ရထားမှာ မနက် ၈ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၈၀၀၊
    အထက်တန်း – ၅၆၀၀

    ည အမြန်ရထားမှာ ည ၉ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၈၀၀၊ အထက်တန်း- ၅၆၀၀ ဖြစ်သည်။

    နေပြည်တော် မှ ရန်ကုန်ဆိုလျှင် မနက်အမြန်ရထားမှာ မနက် ၈ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၈၀၀၊အထက်တန်း – ၅၆၀၀

    ညအမြန်ရထားမှာ ည ၉ နာရီ ဖြစ်ပြီး ရိုးရိုးတန်း – ၂၈၀၀၊ အထက်တန်း – ၅၆၀၀ ဖြစ်သည်။

    MR

    Credit- yangondirectory

  • ဒီလို ၃ မိနစ္ ေရေႏြးအိုး သံုးရင္ သိထားရမွာေတြ

    (Zawgyi)

    က်ေနာ္တို႔ ႏိုင္ငံတြင္ ယခု အခါ ၃မိနစ္ ေရေႏြးအိုးမ်ားကို အိမ္ေထာင္စုတိုင္းနီးပါး အသုံးျပဳလာၾကပါတယ္။ ဒီေရေႏြးအိုးမွာ ၁၀၀၀ဝပ္ အသုံးျပဳထားေသာ္လည္း အပူကိုကို ေရထဲသို႔ အလွ်င္အျမန္ စီးဝင္ႏိုင္ေအာင္ တည္ေဆာက္ထားလို႔ အခ်ိန္တိုအတြင္း ကိစၥၿပီးေျမာက္ေစတဲ့အတြက္ လွ်ပ္စစ္ဓာတ္အား ေခြၽတာရာ ေရာက္သလို security အဆင့္ဆင့္ ခံတည္ေဆာက္ထားတဲ့အတြက္ အသုံးျပဳသူကို ကရိကထလည္း အလြန္နည္းေစပါတယ္။ ဒါေပမယ့္ ဒီလို ေခတ္ေပၚပစၥည္းမ်ိဳး အသုံးျပဳမည္ဆိုလ်င္ အႏၲရယ္ကင္းကင္း အသုံးျပဳႏိုင္ရန္ သူ႔အေၾကာင္းကိုအၾကမ္းဖ်ဥ္းေတာ့ သိထားရင္ ပိုေကာင္းပါမယ္။

    ဤအိုးတြင္ ေရေႏြးဆူလွ်င္ အလိုေလ်ာက္ပိတ္ေပးမည့္ switch,1 သည္ လက္ကိုင္ကိုင္း အေပၚထိပ္တြင္ ရွိၿပီး ေရဆူလ်င္တက္လာသည့္ ေရေႏြးေငြ႕၏ အပူခ်ိန္ျဖင့္ ခလုပ္ကိုပိတ္ေစေသာ္လည္း အိုးထဲတြင္ ေရမရွိပါက ေရေႏြးေငြ႕ တက္မလာႏိုင္သျဖင့္ အလုပ္မလုပ္ႏိုင္ပါ။

    Switch, 2 သည္ အိုး၏ေအာက္ေျခတြင္ ကပ္လ်က္ ရွိၿပီး ေရမပါပဲ power on မိသည့္အခါ အလိုအေလ်ာက္ ပိတ္ႏိုင္ရန္စီမံထားေသာ္လည္း ျမင့္မားသည့္ အပူခ်ိန္ရမွ အလုပ္လုပ္ေသာေၾကာင့္ ၾကာရွည္စြာ ေမ့ထားမိပါက မီးေဘးအႏၲရယ္စိုးရိမ္ရသျဖင့္ ဤအိုးမ်ိဳးကို အသုံးျပဳလွ်င္

    (၁) အိုးထဲတြင္ ေရလက္က်န္ ထားရန္ႏွင့္

    (၂) အၿမဲတန္း မီးပလပ္ကို မတပ္ထားရန္

    သတိျပဳသင့္ပါသည္။

    ေက်းဇူးတင္ပါတယ္။

    Credit-Original Uploader

    (Unicode)

    ကျနော်တို့ နိုင်ငံတွင် ယခု အခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စု တိုင်းနီးပါး အသုံးပြုလာကြပါတယ်။ ဒီရေနွေးအိုးမှာ ၁၀၀၀ဝပ် အသုံးပြုထားသော်လည်း အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်း ကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာ ရောက်သလို security အဆင့်ဆင့် ခံတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းစေပါတယ်။ ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်း အသုံးပြုနိုင်ရန် သူ့အကြောင်းကိုအကြမ်းဖျဉ်းတော့ သိထားရင် ပိုကောင်းပါမယ်။

    ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့် ခလုပ်ကိုပိတ်စေသော်လည်း အိုးထဲတွင် ရေမရှိပါက ရေနွေးငွေ့ တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

    Switch, 2 သည် အိုး၏အောက်ခြေတွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထားသော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်လုပ်သောကြောင့် ကြာရှည်စွာ မေ့ထားမိပါက မီးဘေးအန္တရယ်စိုးရိမ်ရသဖြင့် ဤအိုးမျိုးကို အသုံးပြုလျှင်

    (၁) အိုးထဲတွင်ရေလက်ကျန် ထားရန်နှင့်

    (၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

    သတိပြုသင့်ပါသည်။

    ကျေးဇူးတင်ပါတယ်။

    Credit-Original Uploader