Category: ဗဟုတုသ

  • ေမွာက္အိပ္ရတာ ၾကိဳက္တဲ့သူေတြ ဒါေလးေတြကို သိထားေပးပါ

    ေမွာက္အိပ္ရတာ ၾကိဳက္တဲ့သူေတြ ဒါေလးေတြကို သိထားေပးပါ

    ====================
    ====================

    အိပ္တဲ့ပံုစံ အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာမွ ေမွာက္အိပ္တဲ့ပံုစံကေတာ့ က်န္းမာေရးနဲ႔ မညီညြတ္ဆံုး အေနအထားလို႔ဆိုႏိုင္ပါတယ္။ လူေတြသိထားၾကတာကေတာ့ ေမွာက္အိပ္ရင္ ဗိုက္ေအာင့္ဗိုက္နာျဖစ္မယ္၊ ကိုယ္ဝန္ေဆာင္ေတြဆိုရင္ ကေလးကို သြားျပီးထိခိုက္ႏိုင္တယ္ဆိုတာေပါ့။ တကယ္ေတာ့ ေမွာက္အိပ္တာမွာလည္း သူ႔ရဲ႕ ေကာင္းကြက္၊ ဆိုးကြက္ေတြဆိုတာ အျမဲတမ္းရွိေနတတ္တာေၾကာင့္ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး အခုေဆာင္းပါးမွာ ေျပာျပေပးသြားခ်င္ပါတယ္။

    ေမွာက္အိပ္လို႔ ဘာေကာင္းက်ိဳးရွိလဲ။
    အိပ္ေနတဲ့အခ်ိန္မွာ ေဟာက္တတ္တဲ့သူေတြအတြက္ ေဟာက္သံထြက္တာ နည္းသြားမယ္။ အသက္ရွဴၾကပ္ျပီး အိပ္မေပ်ာ္ျဖစ္တဲ့သူေတြအတြက္ ေမွာက္အိပ္ျခင္းနည္းလမ္းက အဆင္ေျပေစႏိုင္ပါတယ္။ ဒါေပမယ့္ ေကာင္းက်ိဳးနည္းျပီး ဆိုးက်ိဳးမ်ားတာေၾကာင့္ တစ္ေရးတေမာ မိနစ္အနည္းငယ္ေလာက္ပဲ အိပ္လို႔ အဆင္ေျပျပီး ၾကာရွည္အိပ္မယ္ဆိုရင္ေတာ့ ကိုယ္ခႏၶာအရိုးအဆစ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။

    ေမွာက္အိပ္တဲ့အခါ ကိုယ္ခႏၶာအတြက္ ဘယ္လိုဒုကၡျဖစ္ေစလဲ။
    ၁။ ပထမဆံုးအေနနဲ႔ ေက်ာရိုးမွာ ဒဏ္စျဖစ္ပါတယ္။ ေမွာက္အိပ္တဲ့အခါ ကိုယ္ခႏၶာအရိုးအဆစ္နဲ႔ ေမြ႔ယာက တစ္သားတည္းမက်ပါဘူး။ ဗိုက္ကို ေမွာက္ထားလိုက္ေတာ့ တစ္ကိုယ္လံုးရဲ႕ အေလးခ်ိန္က ဒီဗိုက္ေပၚကို သြားျပီးသက္ေရာက္ပါတယ္။ အဲ့ေတာ့ ဗိုက္နဲ႔ ဆက္စပ္ေနတဲ့ ေက်ာရိုးမွာ ပံုမွန္တစ္ေျဖာင့္တည္းမဟုတ္ေတာ့ဘဲ အေနအထားပ်က္ယြင္းကာ မနက္ႏိုးလာျပီဆိုရင္ ေညာင္းညာကိုက္ခဲျခင္းကို ျဖစ္ေစပါတယ္။

    ၂။ ေက်ာရိုးက နာက်င္ကိုက္ခဲျပီဆိုရင္ သူနဲ႔ ဆက္စပ္ေနတဲ့ လည္ပင္းရိုးေတြကိုလည္း သြားျပီး ဒဏ္ျဖစ္ေစပါတယ္။ ေမွာက္အိပ္တဲ့သူေတာ္ေတာ္မ်ားမ်ားက အသက္ရွဴလို႔ရေအာင္ ေခါင္းကို ဘယ္ဘက္ သို႔မဟုတ္ ညာဘက္ကို ေစာင္းျပီး အိပ္ၾကပါတယ္။ အဲ့လိုပံုစံအတိုင္း အခ်ိန္အၾကာၾကီးအိပ္ေနေတာ့ လည္ပင္းမွာရွိတဲ့ အရိုးအဆစ္ေတြက ၾကာလာတာနဲ႔အမွ် ေညာင္းညာကိုက္ခဲျပီး ဒဏ္ျဖစ္ေစပါတယ္။ အဲ့ေတာ့ ညအိပ္ခ်ိန္ျပည့္တာေတာင္ မနက္ႏိုးလာရင္ ဟိုနားက နာ၊ ဒီနားက ကိုက္နဲ႔ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေစႏိုင္ပါတယ္။

    ၃။ ဒီအေနအထားက မိနစ္အနည္းငယ္ေလာက္ အိပ္ဖို႔ပဲ အဆင္ေျပျပီး ၾကာရွည္စြာ အိပ္မယ္ဆိုရင္ အစာအိမ္ကို ဖိထားမိသလို ျဖစ္ျပီး ဗိုက္ေအာင့္ဗိုက္နာ ျဖစ္ေစႏိုင္ပါတယ္။

    ၄။ အရိုးအဆစ္ေတြက နာက်င္ျပီးတဲ့ေနာက္ ထံုက်ဥ္သြားပါတယ္။ ထံုက်ဥ္မႈရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ အသားထဲက ဆူးစူးသလို ခံစားရတာ၊ ခံစားသိရွိႏိုင္စြမ္း ေလ်ာ့နည္းသြားတာ၊ ကိုယ္လက္အစိတ္အပိုင္းေတြ အလုပ္မလုပ္ႏိုင္ေတာ့သလို အားေပ်ာ့သြားတာေတြ ျဖစ္ႏိုင္ပါတယ္။

    ၅။ ဒီလိုအိပ္စက္ပံုအေနအထားဟာ ကေလးေတြနဲ႔ လူငယ္ေတြမွာ ခါးနဲ႔ ေက်ာရိုးအဆစ္လြဲျခင္းေတြ ျဖစ္ေစျပီး အေနအထားမမွန္စြာ အိပ္စက္ျခင္းေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ လက္ျပင္ကုန္းတာ၊ ခါးကိုင္းေနတာ၊ အရိုးအဆစ္မေကာင္းတာေတြ ျဖစ္ႏိုင္ပါတယ္။

    ၆။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ဒီလိုအိပ္စက္တဲ့ အေနအထားကို လံုုးဝေရွာင္ဖို႔လိုအပ္ပါတယ္။ မိခင္အတြက္လည္း အဆင္မေျပေစသလို ဗိုက္ကို ဖိထားရတာျဖစ္တဲ့အတြက္ အထဲက သေႏၶသားအတြက္လည္း ေနရထိုင္ရခက္ေစပါတယ္။ အခန္႔မသင့္ရင္ ကိုယ္ဝန္ပ်က္က်တဲ့အထိပါ ျပင္းထန္ႏိုင္ပါတယ္။ ကိုယ္ဝန္အေစာပိုင္းကာလမွာလည္း မေပါ့သင့္ပါဘူး။

    ဒါေၾကာင့္ ေမွာက္အိပ္ရမွာ ၾကိဳက္တဲ့သူေတြဆိုရင္ ေမွာက္လ်က္နဲ႔ အခ်ိန္အၾကာၾကီးလံုးဝ မအိပ္ပါနဲ႔။ ခဏတျဖဳတ္ ေမွးရံုေလာက္ပဲ အိပ္ပါ။ ေခါင္းေအာက္မွာ ေခါင္းအံုးေသးေသးတစ္လံုး ခံေပးပါ။ ကေလးေတြ၊ လူငယ္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဆိုရင္ ေမွာက္လ်က္လံုးဝမအိပ္ပါနဲ႔။ ပက္လက္ သို႔မဟုတ္ ေဘးအနည္းငယ္ေစာင္းတဲ့ အေနအထားပဲ အိပ္ေပးပါေနာ္။ မနက္ႏိုးလာျပီဆိုရင္ အေၾကာအခ်ဥ္ေတြ၊ အရိုးအဆစ္ေတြကို ဆန္႔ျပီး အေညာင္းေျဖေပးပါ။ လမ္းနည္းနည္း ထေလွ်ာက္ပါ။

    ==========

    ေရးသားသူ Ye Myo Myat
    ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

    (unicode)

    မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ

    ====================
    ====================

    အိပ်တဲ့ပုံစံ အမျိုးမျိုးရှိတဲ့အထဲမှာမှ မှောက်အိပ်တဲ့ပုံစံကတော့ ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အနေအထားလို့ဆိုနိုင်ပါတယ်။ လူတွေသိထားကြတာကတော့ မှောက်အိပ်ရင် ဗိုက်အောင့်ဗိုက်နာဖြစ်မယ်၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကို သွားပြီးထိခိုက်နိုင်တယ်ဆိုတာပေါ့။ တကယ်တော့ မှောက်အိပ်တာမှာလည်း သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေဆိုတာ အမြဲတမ်းရှိနေတတ်တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ပြောပြပေးသွားချင်ပါတယ်။

    မှောက်အိပ်လို့ ဘာကောင်းကျိုးရှိလဲ။
    အိပ်နေတဲ့အချိန်မှာ ဟောက်တတ်တဲ့သူတွေအတွက် ဟောက်သံထွက်တာ နည်းသွားမယ်။ အသက်ရှူကြပ်ပြီး အိပ်မပျော်ဖြစ်တဲ့သူတွေအတွက် မှောက်အိပ်ခြင်းနည်းလမ်းက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများတာကြောင့် တစ်ရေးတမော မိနစ်အနည်းငယ်လောက်ပဲ အိပ်လို့ အဆင်ပြေပြီး ကြာရှည်အိပ်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာအရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။

    မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအတွက် ဘယ်လိုဒုက္ခဖြစ်စေလဲ။
    ၁။ ပထမဆုံးအနေနဲ့ ကျောရိုးမှာ ဒဏ်စဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအရိုးအဆစ်နဲ့ မွေ့ယာက တစ်သားတည်းမကျပါဘူး။ ဗိုက်ကို မှောက်ထားလိုက်တော့ တစ်ကိုယ်လုံးရဲ့ အလေးချိန်က ဒီဗိုက်ပေါ်ကို သွားပြီးသက်ရောက်ပါတယ်။ အဲ့တော့ ဗိုက်နဲ့ ဆက်စပ်နေတဲ့ ကျောရိုးမှာ ပုံမှန်တစ်ဖြောင့်တည်းမဟုတ်တော့ဘဲ အနေအထားပျက်ယွင်းကာ မနက်နိုးလာပြီဆိုရင် ညောင်းညာကိုက်ခဲခြင်းကို ဖြစ်စေပါတယ်။

    ၂။ ကျောရိုးက နာကျင်ကိုက်ခဲပြီဆိုရင် သူနဲ့ ဆက်စပ်နေတဲ့ လည်ပင်းရိုးတွေကိုလည်း သွားပြီး ဒဏ်ဖြစ်စေပါတယ်။ မှောက်အိပ်တဲ့သူတော်တော်များများက အသက်ရှူလို့ရအောင် ခေါင်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကို စောင်းပြီး အိပ်ကြပါတယ်။ အဲ့လိုပုံစံအတိုင်း အချိန်အကြာကြီးအိပ်နေတော့ လည်ပင်းမှာရှိတဲ့ အရိုးအဆစ်တွေက ကြာလာတာနဲ့အမျှ ညောင်းညာကိုက်ခဲပြီး ဒဏ်ဖြစ်စေပါတယ်။ အဲ့တော့ ညအိပ်ချိန်ပြည့်တာတောင် မနက်နိုးလာရင် ဟိုနားက နာ၊ ဒီနားက ကိုက်နဲ့ တော်တော်လေးကို ဒုက္ခရောက်စေနိုင်ပါတယ်။

    ၃။ ဒီအနေအထားက မိနစ်အနည်းငယ်လောက် အိပ်ဖို့ပဲ အဆင်ပြေပြီး ကြာရှည်စွာ အိပ်မယ်ဆိုရင် အစာအိမ်ကို ဖိထားမိသလို ဖြစ်ပြီး ဗိုက်အောင့်ဗိုက်နာ ဖြစ်စေနိုင်ပါတယ်။

    ၄။ အရိုးအဆစ်တွေက နာကျင်ပြီးတဲ့နောက် ထုံကျဉ်သွားပါတယ်။ ထုံကျဉ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ အသားထဲက ဆူးစူးသလို ခံစားရတာ၊ ခံစားသိရှိနိုင်စွမ်း လျော့နည်းသွားတာ၊ ကိုယ်လက်အစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်တော့သလို အားပျော့သွားတာတွေ ဖြစ်နိုင်ပါတယ်။

    ၅။ ဒီလိုအိပ်စက်ပုံအနေအထားဟာ ကလေးတွေနဲ့ လူငယ်တွေမှာ ခါးနဲ့ ကျောရိုးအဆစ်လွဲခြင်းတွေ ဖြစ်စေပြီး အနေအထားမမှန်စွာ အိပ်စက်ခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ပြင်ကုန်းတာ၊ ခါးကိုင်းနေတာ၊ အရိုးအဆစ်မကောင်းတာတွေ ဖြစ်နိုင်ပါတယ်။

    ၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဒီလိုအိပ်စက်တဲ့ အနေအထားကို လုံးဝရှောင်ဖို့လိုအပ်ပါတယ်။ မိခင်အတွက်လည်း အဆင်မပြေစေသလို ဗိုက်ကို ဖိထားရတာဖြစ်တဲ့အတွက် အထဲက သန္ဓေသားအတွက်လည်း နေရထိုင်ရခက်စေပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတဲ့အထိပါ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာလည်း မပေါ့သင့်ပါဘူး။

    ဒါကြောင့် မှောက်အိပ်ရမှာ ကြိုက်တဲ့သူတွေဆိုရင် မှောက်လျက်နဲ့ အချိန်အကြာကြီးလုံးဝ မအိပ်ပါနဲ့။ ခဏတဖြုတ် မှေးရုံလောက်ပဲ အိပ်ပါ။ ခေါင်းအောက်မှာ ခေါင်းအုံးသေးသေးတစ်လုံး ခံပေးပါ။ ကလေးတွေ၊ လူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် မှောက်လျက်လုံးဝမအိပ်ပါနဲ့။ ပက်လက် သို့မဟုတ် ဘေးအနည်းငယ်စောင်းတဲ့ အနေအထားပဲ အိပ်ပေးပါနော်။ မနက်နိုးလာပြီဆိုရင် အကြောအချဉ်တွေ၊ အရိုးအဆစ်တွေကို ဆန့်ပြီး အညောင်းဖြေပေးပါ။ လမ်းနည်းနည်း ထလျှောက်ပါ။

    ==========

    ရေးသားသူ Ye Myo Myat
    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

  • ေနေလာင္ခံရျပီဆိုရင္ ရွားေစာင္းလက္ပပ္ကို သတိရလိုက္ပါ

    ေနေလာင္ခံရျပီဆိုရင္ ရွားေစာင္းလက္ပပ္ကို သတိရလိုက္ပါ

    ====================
    ====================

    ရွားေစာင္းလက္ပပ္ဆိုတာ ကၽြန္ေတာ္တို႔အသားအေရအတြက္ေတာ့ နတ္ေဆးတစ္ပါးပါပဲ။ အလွအပအတြက္လည္း သံုးႏိုင္သလို ဝက္ျခံ၊ အမာရြတ္၊ ဒဏ္ရာ၊ ရာသီအကူးအေျပာင္းမွာ ျဖစ္တဲ့ အေရျပားျပႆနာေတြအျပင္ ေနေလာင္ခံရလို႔ ပ်က္စီးေနတဲ့ အသားအေရကို ျပန္လည္ကုသေပးတဲ့ေန၇ာမွာလည္း အသံုးဝင္တယ္ေနာ္။ သူ႔မွာပါဝင္တဲ့ ဂ်ယ္လ္အႏွစ္က အေရျပားကို ေအးျမေစျပီး အသားအေရကို ၾကည္လင္ဝင္းပလာေစတယ္။ ဘက္တီးရီးယားပိုးေတြကိုလည္း တိုက္ထုတ္ေပးႏိုင္လို႔ မလိုလားအပ္တဲ့ အဖုအပိမ့္ေတြျဖစ္လာမွာကိုလည္း ပူစရာမလိုေတာ့ဘူးေပါ့။

    ေနေလာင္ခံရတဲ့အေရျပားအတြက္ အသံုးျပဳပံု
    ကမ္းေျခသြားလို႔ တစ္ေနကုန္ ေနပူစာလႈံျပီး ျပန္လာတာ၊ အျပင္မွာ ေနပူမေရွာင္ မိုးရြာမေရွာင္ သြားျပီးသြားလို႔ အိမ္ျပန္ေရာက္ျပီဆိုရင္ အသားက နီရဲျပီး စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ ထိလိုက္တာနဲ႔ အသားက ပူျခစ္ေနတာ၊ ေနေလာင္ဒဏ္ခံတာမ်ားသြားတဲ့အခ်ိန္ေတြဆိုရင္ အရည္ၾကည္ဖုေတြ ထြက္လာတာ၊ အေရျပားယားယံလာတာေတြပါ ျဖစ္ႏိုင္တယ္ေနာ္။

    ရွားေစာင္းလက္ပပ္ရဲ႕ အာနိသင္က ေနေလာင္ခံရျပီး က်န္ခဲ့တဲ့ လကၡဏာေတြကိုလည္း သက္သာေစသလို ပ်က္စီးသြားတဲ့အသားအေရကို ျပန္လည္ျပဳျပင္ေပးတယ္။ အေရျပားဆဲလ္အေဟာင္းေတြကို ကြာက်ေစျပီး ဆဲလ္အသစ္ေတြ အလ်င္အျမန္ထြက္လာေစလို႔ နဂိုအသားအေရာင္အတိုင္း ျပန္ရေအာင္ ကူညီေပးတယ္။ သဘာဝကရတဲ့ ရွားေစာင္းလက္ပပ္ျဖစ္ေစ၊ ရွားေစာင္းလက္ပပ္ပါဝင္တဲ့ အသားအေရထိန္းပစၥည္းေတြျဖစ္ေစ ေရခဲေသတၱာ သို႔မဟုတ္ ေအးျမတဲ့ ေနရာမွာ သိမ္းထားျပီးမွ အသံုးျပဳတာ အေကာင္းဆံုးပါပဲ။

    ၁။ ကိုယ့္အိမ္မွာ ရွားေစာင္းလက္ပပ္ အပင္စိုက္ထားတာရွိရင္ တစ္ခက္ေလာက္ ခ်ိဳးျပီး ထြက္လာတဲ့ အၾကည္ေရာင္ ေစးကပ္ကပ္ဂ်ယ္လ္အႏွစ္ေတြကို ေနေလာင္ခံရတဲ့ အေရျပားတစ္ဝိုက္ စက္ဝိုင္းပံုစံ လိမ္းေပးရမွာပါ။ ၁၀ မိနစ္ေလာက္ေနရင္ေတာ့ ေရေဆးခ်လိုက္ရံုပါပဲ။ ကိုယ္က အပင္မစိုက္ထားဘူးဆိုရင္ နီးစပ္ရာ ဆိုင္ေတြကေန ဝယ္ျပီး အသံုးျပဳလို႔ရပါတယ္။ သတိထားဖို႔က လတ္လတ္ဆတ္ဆတ္ ရွားေစာင္းလက္ပပ္ေတြကိုပဲ အသံုးျပဳဖို႔နဲ႔ မသံုးခင္မွာ ေရခဲေသတၱာထဲ ေအးေနေအာင္ အရင္ထည့္ထားဖို႔ပါပဲ။

    ၂။ ဒီဘက္ေခတ္ အလွကုန္နဲ႔ အသားအေရထိန္းပစၥည္းေတြမွာ ရွားေစာင္းလက္ပပ္ကို မျဖစ္မေန ထည့္သြင္းလာၾကပါျပီ။ ကိုယ္က သဘာဝအတိုင္းလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုရင္ ဒီပစၥည္းေတြကို ဝယ္သံုးလို႔လည္း အဆင္ေျပပါတယ္။ အဓိက အသားအေရကို အစိုဓာတ္နဲ႔ ေရဓာတ္ျပန္ျဖည့္ေပးဖို႔အတြက္ Lotion သို႔မဟုတ္ အစိုဓာတ္ထိန္းခရင္မ္ေတြကို သံုးေပးရမွာပါ။ လိုသေလာက္ ပမာဏကို လက္ထဲထည့္ျပီး ေနေလာင္ခံထားရတဲ့ေနရာတစ္ဝိုက္ ပါးပါးေလးလိမ္းေပးရမွာပါ။

    ၃။ သဘာဝအတိုင္း ရတဲ့ ရွားေစာင္းလက္ပပ္ဂ်ယ္လ္ကို စားေပးလုိ႔လည္း ရပါတယ္။ အေရျပားေအာက္ဆံုးလႊာမွာ ျဖစ္ေနတဲ့ ပူစပ္ပူေလာင္ျဖစ္တာ၊ နီရဲတာကို သက္သာေစျပီး ကိုယ္တြင္းအပူကို ေအးျမေစတယ္။ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြလည္း ျဖည့္ေပးပါတယ္။ ဒါေပမယ့္ အေရျပားအေပၚယံမွာ ျဖစ္ေနတဲ့ လကၡဏာေတြကိုေတာ့ သက္သာေစျခင္း မရွိပါဘူး။ အေကာင္းဆံုးက မစားခင္မွာ ရွားေစာင္းလက္ပပ္အခက္ကို ေရနဲ႔ ေသခ်ာေျပာင္စင္ေအာင္ ေဆးရပါမယ္။ ျပီးသြားမွ လတ္လတ္ဆတ္ဆတ္ ညွစ္ျပီး စားရံုပါပဲ။

    ရွားေစာင္းလက္ပပ္ကို ေနေလာင္ဒဏ္အတြက္ အေရးေပၚ အိမ္တြင္းေဆးဝါးအျဖစ္ သံုးစြဲၾကျပီး သိပ္မျပင္းထန္တဲ့ အေျခအေနမ်ိဳးမွာ အလ်င္အျမန္ ေဝဒနာသက္သာေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ေတာ္ေတာ္ေလးကို ျပင္းထန္တဲ့အေျခအေနမ်ိဳးမွာေတာ့ ဆရာဝန္နဲ႔ အရင္ဆံုးျပသဖို႔ လိုအပ္ပါတယ္။

    သိပ္ျပီးမျပင္းထန္တဲ့ အေျခအေနမ်ိဳးအတြက္ အရင္ဆံုး အိမ္ျပန္ေရာက္ျပီဆိုရင္ ေခၽြးေျခာက္ေအာင္သုတ္ပါ။ ေနေလာင္ခံထားရတဲ့ေနရာကို ေရခဲဝတ္ကပ္ေပးတာ၊ ေရေအးခ်ိဳးတာမ်ိဳး လုပ္ေပးပါ။ ေနေလာင္ခံရတဲ့ အေရျပားကို မေျခာက္တေျခာက္ သုတ္ျပီးသြားရင္ ရွားေစာင္းလက္ပပ္အႏွစ္ျဖင့္ လိမ္းေပးပါ။ ျပီးသြားမွ ေရနဲ႔ ျပန္ေဆးေပးပါ။ နာက်င္ကိုက္ခဲမႈ သက္သာသြားေအာင္ ibuprofen အကိုက္အခဲေပ်ာက္ေသာက္လို႔ရပါတယ္။ အရည္ၾကည္ဖုထြက္လာရင္ေတာ့ မေဖာက္လိုက္ပါနဲ႔။ အေရျပားကို ေသခ်ာေလး ဂရုစိုက္ေပးရင္ သူ႔အလိုလို ခ်ပ္သြားပါလိမ့္မယ္။

    ==========

    ေရးသားသူ Ye Myo Myat
    ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

    Hello ဆရာ၀န္

    (unicode)

    နေလောင်ခံရပြီဆိုရင် ရှားစောင်းလက်ပပ်ကို သတိရလိုက်ပါ

    ====================
    ====================

    ရှားစောင်းလက်ပပ်ဆိုတာ ကျွန်တော်တို့အသားအရေအတွက်တော့ နတ်ဆေးတစ်ပါးပါပဲ။ အလှအပအတွက်လည်း သုံးနိုင်သလို ဝက်ခြံ၊ အမာရွတ်၊ ဒဏ်ရာ၊ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေအပြင် နေလောင်ခံရလို့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးတဲ့နေရာမှာလည်း အသုံးဝင်တယ်နော်။ သူ့မှာပါဝင်တဲ့ ဂျယ်လ်အနှစ်က အရေပြားကို အေးမြစေပြီး အသားအရေကို ကြည်လင်ဝင်းပလာစေတယ်။ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်လို့ မလိုလားအပ်တဲ့ အဖုအပိမ့်တွေဖြစ်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။

    နေလောင်ခံရတဲ့အရေပြားအတွက် အသုံးပြုပုံ
    ကမ်းခြေသွားလို့ တစ်နေကုန် နေပူစာလှုံပြီး ပြန်လာတာ၊ အပြင်မှာ နေပူမရှောင် မိုးရွာမရှောင် သွားပြီးသွားလို့ အိမ်ပြန်ရောက်ပြီဆိုရင် အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ထိလိုက်တာနဲ့ အသားက ပူခြစ်နေတာ၊ နေလောင်ဒဏ်ခံတာများသွားတဲ့အချိန်တွေဆိုရင် အရည်ကြည်ဖုတွေ ထွက်လာတာ၊ အရေပြားယားယံလာတာတွေပါ ဖြစ်နိုင်တယ်နော်။

    ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ အရေပြားဆဲလ်အဟောင်းတွေကို ကွာကျစေပြီး ဆဲလ်အသစ်တွေ အလျင်အမြန်ထွက်လာစေလို့ နဂိုအသားအရောင်အတိုင်း ပြန်ရအောင် ကူညီပေးတယ်။ သဘာဝကရတဲ့ ရှားစောင်းလက်ပပ်ဖြစ်စေ၊ ရှားစောင်းလက်ပပ်ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေဖြစ်စေ ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့ နေရာမှာ သိမ်းထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါပဲ။

    ၁။ ကိုယ့်အိမ်မှာ ရှားစောင်းလက်ပပ် အပင်စိုက်ထားတာရှိရင် တစ်ခက်လောက် ချိုးပြီး ထွက်လာတဲ့ အကြည်ရောင် စေးကပ်ကပ်ဂျယ်လ်အနှစ်တွေကို နေလောင်ခံရတဲ့ အရေပြားတစ်ဝိုက် စက်ဝိုင်းပုံစံ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်နေရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ကိုယ်က အပင်မစိုက်ထားဘူးဆိုရင် နီးစပ်ရာ ဆိုင်တွေကနေ ဝယ်ပြီး အသုံးပြုလို့ရပါတယ်။ သတိထားဖို့က လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်တွေကိုပဲ အသုံးပြုဖို့နဲ့ မသုံးခင်မှာ ရေခဲသေတ္တာထဲ အေးနေအောင် အရင်ထည့်ထားဖို့ပါပဲ။

    ၂။ ဒီဘက်ခေတ် အလှကုန်နဲ့ အသားအရေထိန်းပစ္စည်းတွေမှာ ရှားစောင်းလက်ပပ်ကို မဖြစ်မနေ ထည့်သွင်းလာကြပါပြီ။ ကိုယ်က သဘာဝအတိုင်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။ အဓိက အသားအရေကို အစိုဓာတ်နဲ့ ရေဓာတ်ပြန်ဖြည့်ပေးဖို့အတွက် Lotion သို့မဟုတ် အစိုဓာတ်ထိန်းခရင်မ်တွေကို သုံးပေးရမှာပါ။ လိုသလောက် ပမာဏကို လက်ထဲထည့်ပြီး နေလောင်ခံထားရတဲ့နေရာတစ်ဝိုက် ပါးပါးလေးလိမ်းပေးရမှာပါ။

    ၃။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို စားပေးလို့လည်း ရပါတယ်။ အရေပြားအောက်ဆုံးလွှာမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင်ဖြစ်တာ၊ နီရဲတာကို သက်သာစေပြီး ကိုယ်တွင်းအပူကို အေးမြစေတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ဖြည့်ပေးပါတယ်။ ဒါပေမယ့် အရေပြားအပေါ်ယံမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေခြင်း မရှိပါဘူး။ အကောင်းဆုံးက မစားခင်မှာ ရှားစောင်းလက်ပပ်အခက်ကို ရေနဲ့ သေချာပြောင်စင်အောင် ဆေးရပါမယ်။ ပြီးသွားမှ လတ်လတ်ဆတ်ဆတ် ညှစ်ပြီး စားရုံပါပဲ။

    ရှားစောင်းလက်ပပ်ကို နေလောင်ဒဏ်အတွက် အရေးပေါ် အိမ်တွင်းဆေးဝါးအဖြစ် သုံးစွဲကြပြီး သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အလျင်အမြန် ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အရင်ဆုံးပြသဖို့ လိုအပ်ပါတယ်။

    သိပ်ပြီးမပြင်းထန်တဲ့ အခြေအနေမျိုးအတွက် အရင်ဆုံး အိမ်ပြန်ရောက်ပြီဆိုရင် ချွေးခြောက်အောင်သုတ်ပါ။ နေလောင်ခံထားရတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေအေးချိုးတာမျိုး လုပ်ပေးပါ။ နေလောင်ခံရတဲ့ အရေပြားကို မခြောက်တခြောက် သုတ်ပြီးသွားရင် ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ။ ပြီးသွားမှ ရေနဲ့ ပြန်ဆေးပေးပါ။ နာကျင်ကိုက်ခဲမှု သက်သာသွားအောင် ibuprofen အကိုက်အခဲပျောက်သောက်လို့ရပါတယ်။ အရည်ကြည်ဖုထွက်လာရင်တော့ မဖောက်လိုက်ပါနဲ့။ အရေပြားကို သေချာလေး ဂရုစိုက်ပေးရင် သူ့အလိုလို ချပ်သွားပါလိမ့်မယ်။

    ==========

    ရေးသားသူ Ye Myo Myat
    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    Hello ဆရာဝန်

  • 4WD မွာပါတဲ့ L ၊ H နဲ႔ C ဆိုတဲ့ အကၡရာေတြက ဘာေတြကို ကိုယ္စားျပဳတာလဲ

    (Zawgyi)

    4WD မွာပါတဲ့ L ၊ H နဲ႔ C ဆိုတဲ့ အကၡရာေတြက ဘာေတြကို ကိုယ္စားျပဳတာလဲ

    2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုၿပီးေတာ့ပါတဲ့ 4WD ကားေတြမွာဆိုရင္-

    2H ဆိုတာ ေနာက္ဘီး ႏွစ္ဘီးယက္စနစ္ ျဖစ္ပါတယ္။ သူက ပုံမွန္လမ္းေတြမွာ ပုံမွန္သြားေစပါတယ္။

    4 H ဆိုတာကေတာ့ ေရွ႕ဘီး ေနာက္ဘီး ႏွစ္မ်ိဳးလုံး စက္အားျဖင့္ တြန္းေစတာပါ။ ရာသီဥတုဆိုးဝါးခ်ိန္မွာ ဆြဲအားညီမွ် ေစဖို႔သုံးတာပါ။

    4HLC ဆိုတာကေတာ့ center differential ကို lock လုပ္လိုက္တာပါ။ ေျပာရရင္ ေရွ႕ေနာက္ဘီးေတြရဲ႕လိမ္အားကို ၅၀% စီမွ်တေအာင္ လုပ္ေဆာင္ေစတာပါ။

    အထူးသတိေပးခ်င္တာက ကားရပ္ၿပီးမွ ဒီMode ကို ခ်ိန္းေပးရတာပါ။ ႐ႊံ႕ႏြံ လမ္းၾကမ္းေတြမွာ သုံးတာပါ။

    4LLC ကေတာ့ Low range Gear lock center ျဖစ္ေစတာပါ။ သူ႔ကို သုံးရင္လဲ ကားရပ္ၿပီးမွာ Gear mode ကို ခ်ိန္းေပးရမွာပါ။ ေတာေတြ ေတာင္ကုန္းငယ္ေတြ တက္တဲ့အခါ သုံးပါတယ္။

    ေနာက္ ပုံမွန္ဂီယာမွာ

    P ဆိုတာ ပါကင္ ရပ္ထားတာပါ။

    R ဆိုတာ ေနာက္ဆုတ္ျခင္းပါ။

    N ဆိုတာ NEUTRAL ဂီယာပါ။

    D ဆိုတာ DRIVE ေရွ႕သို႔ေမာင္းႏွင္ျခင္းပါ။

    +/- (သို႔) M +/- ဆိုတာ ေအာ္တိုမွ မန္ျငဴရယ္ ခ်ိန္းၿပီး ကိုယ္တိုင္ ဂီယာ အတိုး/အေလ်ာ့ လုပ္တာပါ။

    ကား-Car အေၾကာင္းစုံ

    Credit-Original Writer

    4WD မွာပါတဲ့ L ၊ H နဲ႔ C ဆိုတဲ့ အကၡရာေတြက ဘာေတြကို ကိုယ္စားျပဳတာလဲ

    2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုၿပီးေတာ့ပါတဲ့ 4WD ကားေတြမွာဆိုရင္-

    2H ဆိုတာ ေနာက္ဘီး ႏွစ္ဘီးယက္စနစ္ ျဖစ္ပါတယ္။ သူက ပုံမွန္လမ္းေတြမွာ ပုံမွန္သြားေစပါတယ္။

    4 H ဆိုတာကေတာ့ ေရွ႕ဘီး ေနာက္ဘီး ႏွစ္မ်ိဳးလုံး စက္အားျဖင့္ တြန္းေစတာပါ။ ရာသီဥတုဆိုးဝါးခ်ိန္မွာ ဆြဲအားညီမွ် ေစဖို႔သုံးတာပါ။

    4HLC ဆိုတာကေတာ့ center differential ကို lock လုပ္လိုက္တာပါ။ ေျပာရရင္ ေရွ႕ေနာက္ဘီးေတြရဲ႕လိမ္အားကို ၅၀% စီမွ်တေအာင္ လုပ္ေဆာင္ေစတာပါ။

    အထူးသတိေပးခ်င္တာက ကားရပ္ၿပီးမွ ဒီMode ကို ခ်ိန္းေပးရတာပါ။ ႐ႊံ႕ႏြံ လမ္းၾကမ္းေတြမွာ သုံးတာပါ။

    4LLC ကေတာ့ Low range Gear lock center ျဖစ္ေစတာပါ။ သူ႔ကို သုံးရင္လဲ ကားရပ္ၿပီးမွာ Gear mode ကို ခ်ိန္းေပးရမွာပါ။ ေတာေတြ ေတာင္ကုန္းငယ္ေတြ တက္တဲ့အခါ သုံးပါတယ္။

    ေနာက္ ပုံမွန္ဂီယာမွာ

    P ဆိုတာ ပါကင္ ရပ္ထားတာပါ။

    R ဆိုတာ ေနာက္ဆုတ္ျခင္းပါ။

    N ဆိုတာ NEUTRAL ဂီယာပါ။

    D ဆိုတာ DRIVE ေရွ႕သို႔ေမာင္းႏွင္ျခင္းပါ။

    +/- (သို႔) M +/- ဆိုတာ ေအာ္တိုမွ မန္ျငဴရယ္ ခ်ိန္းၿပီး ကိုယ္တိုင္ ဂီယာ အတိုး/အေလ်ာ့ လုပ္တာပါ။

    ကား-Car အေၾကာင္းစုံ

    Credit-Original Writer

    (Unicode)

    4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကို ကိုယ်စားပြုတာလဲ

    2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်-

    2H ဆိုတာ နောက်ဘီး နှစ်ဘီးယက်စနစ် ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန်သွားစေပါတယ်။

    4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

    4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

    အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာ သုံးတာပါ။

    4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကို သုံးရင်လဲ ကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။ တောတွေ တောင်ကုန်းငယ်တွေ တက်တဲ့အခါ သုံးပါတယ်။

    နောက် ပုံမှန်ဂီယာမှာ

    P ဆိုတာ ပါကင် ရပ်ထားတာပါ။

    R ဆိုတာ နောက်ဆုတ်ခြင်းပါ။

    N ဆိုတာ NEUTRAL ဂီယာပါ။

    D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။

    +/- (သို့) M +/- ဆိုတာ အော်တိုမှ မန်ငြူရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ အတိုး/အလျော့ လုပ်တာပါ။

    ကား-Car အကြောင်းစုံ

    Credit-Original Writer

  • N (Neutral Gear/ No Gear)ႏွင့္ ေမာင္း(ဖရီး႐ိုက္)ရင္ ဆီစားသက္သာႏိုင္မလား?

    (Zawgyi)

    N (Neutral Gear/ No Gear)ႏွင့္ ေမာင္း(ဖရီး႐ိုက္)ရင္ ဆီစားသက္သာႏိုင္မလား ?

    ကားေမာင္းေနစဥ္အတြင္း ဆီစား သက္သာဖို႔အတြက္ ဂီယာကို N မွာထားကာ ေမာင္းႏွင္တတ္ၾကပါတယ္။ (မန္ျငဴရယ္ ဂီယာလို)

    ယခုလို အျပဳအမူမ်ိဳးကို ကားအခ်ိဳ႕ မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ N ဂီယာကို Auto ကားေတြမွာ တပ္ဆင္ထားရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ကားပ်က္တဲ့အခ်ိန္ႏွင့္ ကားကိုဆြဲလာရတဲ့ အခ်ိန္မ်ိဳးမွာ အသုံးျပဳဖို႔ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ကားေမာင္းေနရင္း ဆီစားသက္သာေစဖို႔ အတြက္ တပ္ဆင္ထားတာ မဟုတ္ပါဘူး။ ယခုလို ျပဳလုပ္လိုက္လို႔လည္း သင့္ကား ဆီစားႏႈန္း သက္သာ လာမွာ မဟုတ္ပါဘူး။

    အျခားတိုင္းျပည္ေတြမွာ ကုန္းဆင္းကို N ဂီယာထိုးၿပီး ဆင္းလာတာမ်ိဳးကို မျပဳလုပ္ရဘူးဆိုတဲ့တားျမစ္ခ်က္ေတြ ရွိပါတယ္။ အင္ဂ်င္လည္ပတ္ေနတာျဖစ္လို႔ ဆီစားႏႈန္းကလည္း ထင္သလို သက္သာမွာ မဟုတ္ပါဘူး။ N မွာထားၿပီး အင္ဂ်င္စက္သတ္လိုက္မယ္ဆိုရင္ေတာ့ ပိုအႏၲရာယ္ မ်ားပါတယ္။

    ကားေတြရဲ႕ဘရိတ္စနစ္က အင္ဂ်င္လည္ပတ္ေနတဲ့ အခ်ိန္မွာပဲ ေကာင္းမြန္စြာအလုပ္လုပ္တာ ျဖစ္ေနလို႔ပါ။ အထူးသျဖင့္ N မွာထားၿပီး ဘရိတ္အုပ္ျခင္းက ဘရိတ္ကို သာမန္အခ်ိန္ထက္ ပိုမို အသုံးျပဳရ ေသာေၾကာင့္ ေရရွည္မွာ ဘရိတ္စနစ္ကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကားေမာင္းေနစဥ္ အတြင္း ဂီယာကို N မွာထား၍ မေမာင္းႏွင္သင့္ပါဘူး ဆိုတာကို ေဖာ္ျပေပး လိုက္ပါတယ္။

    ကား-Car အေၾကာင္းစုံ

    Credit-Pyae Phyo Aung

    ” N ” (Neutral Gear/ No Gear)ႏွင့္ ေမာင္း(ဖရီး႐ိုက္)ရင္ ဆီစားသက္သာႏိုင္မလား ?

    ကားေမာင္းေနစဥ္အတြင္း ဆီစား သက္သာဖို႔အတြက္ ဂီယာကို N မွာထားကာ ေမာင္းႏွင္တတ္ၾကပါတယ္။ (မန္ျငဴရယ္ ဂီယာလို)

    ယခုလို အျပဳအမူမ်ိဳးကို ကားအခ်ိဳ႕ မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ N ဂီယာကို Auto ကားေတြမွာ တပ္ဆင္ထားရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ကားပ်က္တဲ့အခ်ိန္ႏွင့္ ကားကိုဆြဲလာရတဲ့ အခ်ိန္မ်ိဳးမွာ အသုံးျပဳဖို႔ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ကားေမာင္းေနရင္း ဆီစားသက္သာေစဖို႔ အတြက္ တပ္ဆင္ထားတာ မဟုတ္ပါဘူး။ ယခုလို ျပဳလုပ္လိုက္လို႔လည္း သင့္ကား ဆီစားႏႈန္း သက္သာ လာမွာ မဟုတ္ပါဘူး။

    အျခားတိုင္းျပည္ေတြမွာ ကုန္းဆင္းကို N ဂီယာထိုးၿပီး ဆင္းလာတာမ်ိဳးကို မျပဳလုပ္ရဘူးဆိုတဲ့တားျမစ္ခ်က္ေတြ ရွိပါတယ္။ အင္ဂ်င္လည္ပတ္ေနတာျဖစ္လို႔ ဆီစားႏႈန္းကလည္း ထင္သလို သက္သာမွာ မဟုတ္ပါဘူး။ N မွာထားၿပီး အင္ဂ်င္စက္သတ္လိုက္မယ္ဆိုရင္ေတာ့ ပိုအႏၲရာယ္ မ်ားပါတယ္။

    ကားေတြရဲ႕ဘရိတ္စနစ္က အင္ဂ်င္လည္ပတ္ေနတဲ့ အခ်ိန္မွာပဲ ေကာင္းမြန္စြာအလုပ္လုပ္တာ ျဖစ္ေနလို႔ပါ။ အထူးသျဖင့္ N မွာထားၿပီး ဘရိတ္အုပ္ျခင္းက ဘရိတ္ကို သာမန္အခ်ိန္ထက္ ပိုမို အသုံးျပဳရ ေသာေၾကာင့္ ေရရွည္မွာ ဘရိတ္စနစ္ကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကားေမာင္းေနစဥ္ အတြင္း ဂီယာကို N မွာထား၍ မေမာင္းႏွင္သင့္ပါဘူး ဆိုတာကို ေဖာ္ျပေပး လိုက္ပါတယ္။

    ကား-Car အေၾကာင္းစုံ

    Credit-Pyae Phyo Aung

    (Unicode)

    ” N ” (Neutral Gear/ No Gear)နှင့် မောင်း(ဖရီးရိုက်)ရင် ဆီစားသက်သာနိုင်မလား ?

    ကားမောင်းနေစဉ်အတွင်း ဆီစား သက်သာဖို့အတွက် ဂီယာကို N မှာထားကာ မောင်းနှင်တတ်ကြပါတယ်။ (မန်ငြူရယ် ဂီယာလို)

    ယခုလို အပြုအမူမျိုးကို ကားအချို့ မှာ မြင်တွေ့ရနိုင်ပါတယ်။ N ဂီယာကို Auto ကားတွေမှာ တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ကားပျက်တဲ့အချိန်နှင့် ကားကိုဆွဲလာရတဲ့ အချိန်မျိုးမှာ အသုံးပြုဖို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ကားမောင်းနေရင်း ဆီစားသက်သာစေဖို့ အတွက် တပ်ဆင်ထားတာ မဟုတ်ပါဘူး။ ယခုလို ပြုလုပ်လိုက်လို့လည်း သင့်ကား ဆီစားနှုန်း သက်သာ လာမှာ မဟုတ်ပါဘူး။

    အခြားတိုင်းပြည်တွေမှာ ကုန်းဆင်းကို N ဂီယာထိုးပြီး ဆင်းလာတာမျိုးကို မပြုလုပ်ရဘူးဆိုတဲ့တားမြစ်ချက်တွေ ရှိပါတယ်။ အင်ဂျင်လည်ပတ်နေတာဖြစ်လို့ ဆီစားနှုန်းကလည်း ထင်သလို သက်သာမှာ မဟုတ်ပါဘူး။ N မှာထားပြီး အင်ဂျင်စက်သတ်လိုက်မယ်ဆိုရင်တော့ ပိုအန္တရာယ် များပါတယ်။

    ကားတွေရဲ့ဘရိတ်စနစ်က အင်ဂျင်လည်ပတ်နေတဲ့ အချိန်မှာပဲ ကောင်းမွန်စွာအလုပ်လုပ်တာ ဖြစ်နေလို့ပါ။ အထူးသဖြင့် N မှာထားပြီး ဘရိတ်အုပ်ခြင်းက ဘရိတ်ကို သာမန်အချိန်ထက် ပိုမို အသုံးပြုရ သောကြောင့် ရေရှည်မှာ ဘရိတ်စနစ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနေစဉ် အတွင်း ဂီယာကို N မှာထား၍ မမောင်းနှင်သင့်ပါဘူး ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

    ကား-Car အကြောင်းစုံ

    Credit-Pyae Phyo Aung

  • အားလုံးႀကိဳက္ၾကတဲ့ နာမည္ေက်ာ္ ျပည္ပလာတာ (၁၀ေယာက္စာ) ျပဳလုပ္နည္း

    (Zawgyi)

    အားလုံးႀကိဳက္ၾကတဲ့ ျပည္ပလာတာ (၁၀ေယာက္စာ) ျပဳလုပ္နည္း

    ပလာတာ – ၁၅ခ်ပ္

    ၾကက္သား – ၅၀က်ပ္သား

    အာလူး – ၃၅က်ပ္သား

    ကုလားပဲ – ၂၀က်ပ္သား

    င႐ုတ္ပြေျခာက္ – ၆ေတာင့္

    ၾကက္သြန္နီ – ၄လုံး

    ခ်င္း – လက္တစ္ဆစ္

    ကရေဝး႐ြက္ – ၂ခု

    ပဲနံ႔သာေစ့ -လက္ဖက္ရည္ဇြန္း ၂ဇြန္း

    မဆလာ – အနည္းငယ္

    ဆီ – စားပြဲတင္ဇြန္း၁၀ဇြန္း

    ေဂၚဖီထုပ္ – တစ္စိတ္(ျခစ္ထားပါ)

    ၾကက္သြန္နီ – ၅လုံး(ပါးပါးလွီးထားပါ)

    င႐ုတ္သီးစိမ္း- အနည္းငယ္

    သံပုရာသီး- ၅လုံး

    ပူစီနံ – ၂စည္း

    -ကုလားပဲမ်ားကို (၃)နာရီခန႔္ ေရစိျမ္ပီး ႏူးေအာင္ျပဳတ္ထားပါ။ ပဲႏူးလွ်င္ အေအးခံ၍ ႀကိတ္စက္ (Blender) ထဲသို႔ ထည့္ႀကိတ္ကာ အိုးအႀကီး တစ္လုံးထဲသို႔ ေျပာင္းထည့္ထားပါ။

    -ၾကက္သားမ်ားကို အ႐ြယ္ေတာ္အတုံးမ်ား တုံး၍ ေရေဆးပီးအရသာမႈန႔္ နႏြင္းမႈန႔္ ဆား မဆလာတို႔ျဖင့္နယ္ကာ ေရခဲေသတၱာထဲတြင္ (၂)နာရီခန႔္ႏွပ္ထားပါ။

    -င႐ုတ္ပြေျခာက္ကို ေရစိမ္၍ အေစ့ထုတ္ၿပီး ၾကက္သြန္နီ၊ ခ်င္းတို႔ႏွင့္ ေရာကာညက္ေအာင္ ေထာင္းထားပါ။

    -အာလူးမ်ားကို အခြံခြာ၍ ေလးစိတ္စိတ္ကာ ေရစင္ေအာင္ေဆးပါ။ ထို႔ေနာက္အရသာမႈန႔္ ဆားတို႔ျဖင့္နယ္ကာ ဆီပူပူတြင္ (၃)မိနစ္ခန႔္ ဟိုဘက္ဒီဘက္လွန္ကာ ေၾကာ္ပီး ဆယ္ထားပါ။

    -ထိုဆီထဲသို႔ ကရေဝး႐ြက္ႏွင့္ ပဲနံ႔သာေစ့တို႔ကို ထည့္ေမႊပီး အနံ႔ေမႊးလာလွ်င္ ေထာင္းထားေသာ အႏွစ္မ်ားကိုထည့္၍ ဆီသတ္ပါ။

    -အႏွစ္မ်ားေမႊး၍ ႂကြပ္လာလွ်င္ ၾကက္သားမ်ား ထည့္လုံးပါ။ အသားမ်ား က်စ္လာလွ်င္ အာလူးထည့္ေမႊပီး ေရေႏြးကိုနည္းနည္းခ်င္းစီ ထည့္၍ ခ်က္ေပးပါ။

    -ၾကက္သားႏွင့္ အာလူးမ်ား ႏူးလာလွ်င္ ကုလားပဲအႏွစ္ အိုးထဲသို႔ ထည့္ေမႊေပးပါ။

    -ထို႔ေနာက္ ေရေႏြးကို မပ်စ္မက်ဲေရာေပး၍ အရသာျမည္းကာ စိတ္ႀကိဳက္ျဖစ္လွ်င္ မီးပိတ္ေပးလို႔ရပါၿပီ။

    -စားခါနီးလွ်င္ ပန္းကန္တစ္ခုထဲသို႔ ပလာတာမ်ား မႊထည့္ေပးပီး အေပၚမွ ၾကက္သားအာလူး ပဲရည္ဆမ္း ေဂၚဖီ ၾကက္သြန္နီ င႐ုတ္သီးစိမ္း ပူစီနံႏွင့္ သံပုရာရည္ထည့္ကာ ေရာေမႊသုံးေဆာင္ႏိုင္ပါၿပီ။

    Crd-Original Uploader

    (Unicode)

    အားလုံးကြိုက်ကြတဲ့ ပြည်ပလာတာ (၁၀ယောက်စာ) ပြုလုပ်နည်း

    ပလာတာ – ၁၅ချပ်

    ကြက်သား – ၅၀ကျပ်သား

    အာလူး – ၃၅ကျပ်သား

    ကုလားပဲ – ၂၀ကျပ်သား

    ငရုတ်ပွခြောက် – ၆တောင့်

    ကြက်သွန်နီ – ၄လုံး

    ချင်း – လက်တစ်ဆစ်

    ကရဝေးရွက် – ၂ခု

    ပဲနံ့သာစေ့ -လက်ဖက်ရည်ဇွန်း ၂ဇွန်း

    မဆလာ – အနည်းငယ်

    ဆီ – စားပွဲတင်ဇွန်း၁၀ဇွန်း

    ဂေါ်ဖီထုပ် – တစ်စိတ်(ခြစ်ထားပါ)

    ကြက်သွန်နီ – ၅လုံး(ပါးပါးလှီးထားပါ)

    ငရုတ်သီးစိမ်း- အနည်းငယ်

    သံပုရာသီး- ၅လုံး

    ပူစီနံ – ၂စည်း

    -ကုလားပဲများကို (၃)နာရီခန့် ရေစိြမ်ပီး နူးအောင်ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ ကြိတ်စက် (Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

    -ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့်နှပ်ထားပါ။

    -ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာညက်အောင် ထောင်းထားပါ။

    -အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင် (၃)မိနစ်ခန့် ဟိုဘက်ဒီဘက်လှန်ကာ ကြော်ပီး ဆယ်ထားပါ။

    -ထိုဆီထဲသို့ ကရဝေးရွက်နှင့် ပဲနံ့သာစေ့တို့ကို ထည့်မွှေပီး အနံ့မွှေးလာလျှင် ထောင်းထားသော အနှစ်များကိုထည့်၍ ဆီသတ်ပါ။

    -အနှစ်များမွှေး၍ ကြွပ်လာလျှင် ကြက်သားများ ထည့်လုံးပါ။ အသားများ ကျစ်လာလျှင် အာလူးထည့်မွှေပီး ရေနွေးကိုနည်းနည်းချင်းစီ ထည့်၍ ချက်ပေးပါ။

    -ကြက်သားနှင့် အာလူးများ နူးလာလျှင် ကုလားပဲအနှစ် အိုးထဲသို့ ထည့်မွှေပေးပါ။

    -ထို့နောက် ရေနွေးကို မပျစ်မကျဲရောပေး၍ အရသာမြည်းကာ စိတ်ကြိုက်ဖြစ်လျှင် မီးပိတ်ပေးလို့ရပါပြီ။

    -စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများ မွှထည့်ပေးပီး အပေါ်မှ ကြက်သားအာလူး ပဲရည်ဆမ်း ဂေါ်ဖီ ကြက်သွန်နီ ငရုတ်သီးစိမ်း ပူစီနံနှင့် သံပုရာရည်ထည့်ကာ ရောမွှေသုံးဆောင်နိုင်ပါပြီ။

    Crd-Original Uploader

  • ေက်ာက္စိမ္းဆိုတာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရသည္။ ေက်ာက္စိမ္းအေၾကာင္း သိေကာင္းစရာမ်ား

    (Zawgyi)

    ေက်ာက္စိမ္း အေၾကာင္း သိေကာင္းစရာ

    ေက်ာက္စိမ္းဟာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံက တကၠဆက္စ္ျပည္နယ္၊ တ႐ုတ္က ကြမ္က်ိဳးျပည္နယ္ရယ္နဲ႔ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက ကခ်င္ျပည္နယ္တို႔မွာပါပဲ။ (ကြမ္က်ိဳးဟာ မွားေနရင္ ျပင္ေပးၾကပါ) ဒီ ၃ ေနရာမွာပဲ တူးေဖာ္ ေတြ႕ရွိႏိုင္ပါတယ္။ ယေန႔ထိ၊ ဒီ ၃ ေနရာကလြဲလို႔ တစ္ျခား ဘယ္ေနရာမွာမွ မေတြ႕ရေသးပါဘူး။ ဒီ ၃ေနရာထဲမွာမွ၊ ကမာၻ႔ အေကာင္းဆုံး ေက်ာက္စိမ္းကို ျမန္မာႏိုင္ငံမွာပဲ တူးေဖာ္ ရရွိႏိုင္ပါတယ္။ ဆိုလိုခ်င္တာက က်န္ ၂ ေနရာက ထြက္တဲ့ေက်ာက္စိမ္းဟာ မျဖစ္စေလာက္ အနည္းအက်ဥ္းသာျဖစ္ၿပီး၊ အရည္အေသြးက်ေတာ့လည္းျမန္မာႏိုင္ငံကို မမွီပါဘူး။ ဒါေၾကာင့္မို႔လည္း ျမန္မာ့ေက်ာက္စိမ္းဟာ ကမာၻမွာ နာမည္ေက်ာ္ၾကားေနရတာပါ။

    ေက်ာက္စိမ္းကို ဘယ္ေနရာေတြမွာသုံးသလဲ ဆိုရင္ ပုတီး၊ လက္ေကာက္၊ ဆြဲျပား၊ ဘုရားဆင္းတု၊ ပန္းပုထုျခင္း၊ေက်ာက္စိမ္း ပန္းခ်ီ စသည္ျဖင့္ သုံးခဲ့ၾကပါတယ္။ ယေန႔ တိုးတက္လာတဲ့ ေခတ္ႀကီးမွာေတာ့ ပိုက္ဆံတတ္ႏိုင္သူမ်ားဟာ ေက်ာက္စိမ္းကို ပါေကးျပားအ႐ြယ္ ထုတ္လုပ္ၿပီး ေနအိမ္ေတြမွာ ပါေကးေတြ ခင္းလာပါတယ္။( ခ်မ္းသာႂကြယ္ဝမႈေပါ့) အိမ္ေတြမွာ မီးဆိုင္းေတြကို ေက်ာက္စိမ္းေတြနဲ႔ ထုတ္လုပ္လာတယ္။ ကားေတြထဲက ဖင္ထိုင္ခုံေအာက္မွာ ေက်ာက္စိမ္းလုံးေလးေတြကို အခင္းသဖြယ္ ယက္ၿပီး ခင္းၾကတယ္။ ေက်ာက္စိမ္းရဲ႕ သေဘာသဘာဝက အေအးဓာတ္ ရွိပါတယ္။ ေရနံသူေဌး ႏိုင္ငံေတြ ျဖစ္တဲ့၊ အာရပ္ေတြဆီမွာဆိုရင္ ေက်ာက္စိမ္းကုတင္၊ ေက်ာက္စိမ္းထိုင္ခုံ စသည္ျဖင့္ သုံးစြဲၾကပါတယ္။

    ကြၽန္ေတာ္ သိခဲ့ရတဲ့ ယမ္း ( crystal ) အေၾကာင္းေလး ေရးျပပါမယ္။ သာမန္ လမ္းေဘးက ေက်ာက္တုံးတစ္တုံးနဲ႔ေက်ာက္စိမ္းတုံး (အ႐ိုင္းတုံး)နဲ႔၊ ဘယ္လို ခြဲျခားမလဲဆိုရင္ ဒီ ယမ္းပါ မပါကို ၾကည့္ၿပီး ခြဲႏိုင္ပါတယ္။ ေက်ာက္စိမ္းတုံး အ႐ိုင္းတုံးေတြကို ေနေရာင္ေအာက္မွာ အနီးကပ္ ၾကည့္လိုက္မယ္ဆိုရင္၊ လက္ လက္ လက္လက္နဲ႔ လက္ေနတဲ့ အမႈန္ေလးေတြကို ျမင္ရပါမယ္။ အနီးစပ္ဆုံး ဥပမာ ေပးရရင္- စာ႐ြက္အျဖဴ တစ္႐ြက္ေပၚမွာ ေဘာပင္ နဲ႔အစက္ ကေလးေတြ ခ်လိုက္သလိုပါ။ အစက္ေလးေတြပါ လက္ေနပါတယ္။ ေမွာင္တဲ့ ေနရာမွာ ဆိုရင္ေတာ့ ေက်ာက္ၾကည့္ ဓါတ္မီးနဲ႔ထိုးၾကည့္ရင္ ျမင္ရမွာပါ ။ ( ဒီေနရာမွာ ေျပာခ်င္တာတစ္ခုကေတာ့၊ ေ႐ႊတို႔ ေငြတို႔ အစရွိသျဖင့္ အျခားသတၱဳမ်ား ပါဝင္တဲ့ ေက်ာက္႐ိုင္းတုံးမွာလည္း လက္လက္ လက္လက္ ေတာက္ေနေပမယ့္၊ ေက်ာက္စိမ္းနဲ႔ေတာ့ တစ္ျခားစီပါ။ ေ႐ႊတို႔ ေငြတို႔မွာ လက္လက္ လက္လက္က သူ႔အေရာင္အလိုက္ ေတာက္ပါတယ္။ ) အဲဒီ လက္လက္ လက္လက္ ေလးေတြကို ယမ္းလို႔ေခၚပါတယ္။ ေက်ာက္စိမ္း အ႐ိုင္းတုံးကို ယမ္းပါဝင္မႈ၊ ယင္းပါရွိမႈပုံစံကို ၾကည့္ၿပီး ေက်ာက္စိမ္း အ႐ိုင္းတုံးကို အခုလို ခြဲျခားလို႔ရပါတယ္။

    ယမ္းေခ်ာရင္

    အတြင္းက ေက်ာက္စိမ္းသား ေခ်ာပါမယ္။ ( ဆိုလိုခ်င္တာ ယမ္းက မႈန္မႈန္ေလးေတြနဲ႔ စုေနတာပါ ) ယမ္းၾကမ္းရင္ အတြင္း က အသားၾကမ္းပါမယ္ ။ ( လက္လက္ လက္လက္ ယမ္းေတြ ဟာ က်ဲေနတာပါ ) ယမ္းစိပ္ ရင္ ေက်ာက္သား တင္းပါမယ္၊ ေက်ာက္သားေကာင္းပါမယ္။( လက္လက္ေလးေတြ စုေနတာေပါ့ ) ယမ္းက်ဲရင္ေတာ့ ေက်ာက္သား မေကာင္းပါဘူး ။ ( ဒီလိုေက်ာက္မ်ိဳးကို ဝယ္ေရာင္း မလုပ္သင့္ပါဘူး )

    အဓိက ယမ္း (၃) မ်ိဳး ရွိပါတယ္။ ယမ္းလုံး၊ ယမ္းရွည္ နဲ႔ယမ္းျပားပါ။

    ယမ္းလုံး ဆိုတာက-

    ေက်ာက္႐ိုင္းတုံးရဲ႕အခြံ၊ မ်က္ႏွာျပင္မွာ လက္လက္ လက္လက္ေလးေတြက၊ သၾကားပြင့္ ဆားပြင့္ေလးေတြလို ျဖစ္ေနတာပါ။ အဲဒီ ေက်ာက္ဟာ အရည္ေကာင္းပါတယ္။

    ယမ္းရွည္ဆိုတာက-

    ေက်ာက္ရဲ႕မ်က္ႏွာျပင္မွာ အပ္ေခ်ာင္းေလးေတြလို၊ ဟင္းခ်ိဳမႈန႔္ရွည္ရွည္ေလးေတြလို ျမင္ရတာပါ။ အဲဒါမ်ိဳး ေတြ႕ရရင္ေတာ့ အဲဒီေက်ာက္ဟာ အသားေကာင္းပါတယ္။

    ယမ္းျပား ဆိုတာကေတာ့-

    လက္လက္ လက္လက္ ေလးေတြဟာ အရမ္းႀကီး အ႐ြယ္ႀကီးေနမယ္။(ဆားပြင့္၊ သၾကားပြင့္အ႐ြယ္ထက္ ပိုမယ္ ) ဒါဆိုရင္ အရည္ေရာ အသားေရာ မေကာင္းႏိုင္ပါဘူး။

    ယမ္းျပားမွာကို ၃ မ်ိဳး ထပ္ခြဲ ႏိုင္ပါတယ္။

    (၁) ယင္ေထာင္ယမ္း (၂) မာယားယမ္း (၃) ေခြး႐ိုးထိုး ဆိုၿပီးေပါ့/

    ယင္ေထာင္ယမ္း ဆိုတာက-

    လက္လက္ လက္လက္ ေတာက္ေနတဲ့ ယမ္းေပါ့။ ယင္ေကာင္ တစ္ေကာင္ အ႐ြယ္ ခန႔္ရွိပါတယ္။ သူပါရင္ အရည္အသား မေကာင္းဘူး။ ေဈး အမ်ားႀကီး မေပးသင့္ပါဘူး။

    မာယားဆိုတာက-

    ယင္ေကာင္ အ႐ြယ္ထက္ ပိုႀကီးမယ္။ ေရွာင္ရပါမယ္။

    ေခြး႐ိုးထိုး ဆိုတာကေတာ့
    မာယားထက္ အ႐ြယ္ပိုႀကီးတယ္။ သူ႔ကိုေတြ႕ရင္ အဲဒီေက်ာက္ကို ေရွာင္ရပါမယ္။

    ယမ္းဆိုတဲ့ သဘာ၀ဟာ ေက်ာက္စိမ္း အ႐ိုင္းတုံး ( မျဖတ္မွီ ) ရဲ႕အခြံမွာ ျမင္ရတဲ့အတိုင္း ေက်ာက္သားအတြင္းမွာ ရွိတတ္ပါတယ္။ ယမ္းကို ကြၽမ္းက်င္ ပိုင္ႏိုင္မယ္ဆိုရင္၊ ေက်ာက္ကို မခြဲမျဖတ္မွီ.. ျပင္ပ က ၾကည့္႐ုံနဲ႔ပင္၊ အထဲက ေက်ာက္သားေကာင္း မေကာင္း ေဖာက္ထြင္း သိျမင္ႏိုင္မွာ ျဖစ္ပါတယ္။

    ေက်ာက္စိမ္း အ႐ိုင္းတုံး ဝယ္မယ္ဆိုလွ်င္ ေက်ာက္စိမ္းအခြံ အေၾကာင္းေတြကို သိဖို႔လိုအပ္ပါတယ္။ ေက်ာက္စိမ္း အခြံဟာ အဓိကအားျဖင့္ ေရခြံ နဲ႔ ကုန္းခြံ ဆိုၿပီး (၂) မ်ိဳး ရွိပါတယ္။ အခြံရဲ႕အေရာင္ေတြ ေပၚမွာ မူတည္ၿပီး အေသးစိတ္ ကိုလည္း ေရးပါမယ္။

    ေရခြံ = ေက်ာက္စိမ္း ထြက္ရွိရာ ေဒသရွိ ၊ ျမစ္ေခ်ာင္း အင္းအိုင္မ်ားမွ ထြက္ရွိတဲ့ ေက်ာက္ရဲ႕အခြံပါ၊ မ်ားေသာအားျဖင့္ ေရခြံ ပါတဲ့ ေက်ာက္ဟာ အသားေကာင္းပါတယ္။ အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိပါတယ္။ ေျပာင္ေခ်ာေနပါတယ္။

    ကုန္းခြံ = သူကေတာ့ ေတာင္ေတြ၊ ေျမႀကီးေတြ ေအာက္က တူးလို႔ရတဲ့ ေက်ာက္ရဲ႕အခြံေပါ့။ (၁) ေျမမွန္ နဲ႔(၂) ကုေဋေက်ာက္ ဆိုၿပီး ကြဲပါတယ္။

    (၁) ေျမမွန္ = ေက်ာက္စိမ္း ထြက္ရာ ေဒသရွိ ကုန္းေျမ မ်ားမွ တူးေဖာ္ ရရွိပါတယ္။ အခြံ အမ်ိဳးမ်ိဳး ရွိပါတယ္။

    (၂) ကုေဋေက်ာက္ = ေက်ာက္ရဲ႕အခြံ က အခြံမဲ ျဖစ္ပါတယ္။ ေခ်ာ္ကပ္ေနတတ္ပါတယ္။ ေခ်ာ္ကပ္တယ္ ဆိုတာ၊ ကပ္တရာေစး ကပ္ေနသလို၊ အခြံေပၚမွာ မဲမဲေျပာင္ေျပာင္ေလး ေတြပါတာကို ေခ်ာ္ကပ္ တယ္ လို႔ေခၚတာပါ။ ေမာ္ဝမ္းေလး၊ ေမာ္ဝမ္းႀကီး၊ ေမာ္ေမာင္းကုန္းတို႔မွ အဓိက ထြက္ပါတယ္။

    အခြံမ်ားမွာ

    သံေခ်းခြံ = သံထည္ပစၥည္းမ်ား သံေခ်း တက္ေနတဲ့ ပုံသဏၭာန္မ်ိဳး ျဖစ္ေနတာပါ။ ဒီလို အခြံရွိရင္ ေက်ာက္က မ်ိဳးရင့္တတ္ပါတယ္။ အခြံကို ျဖတ္ၾကည့္ရင္ အခြံ ၂ ထပ္ ျဖစ္တတ္တယ္လို႔ သိရပါတယ္။

    ဝါးဖတ္ခြံ = ဝါးဖတ္ အေရာင္ အဆင္းနဲ႔ တူပါတယ္။ ေက်ာက္မ်ိဳးေကာင္းတတ္ပါတယ္။

    သစ္ေတာ္ခြံ (ခ) အာလူးခြံ = သစ္ေတာ္သီး ခြံ အေရာင္ သို႔အာလူးသီး အခြံ အေရာင္ပ၊ သူလည္း မ်ိဳးေကာင္းတတ္ပါတယ္။

    အဂၤေတခြံ = နာမည္အတိုင္း အဂၤေတ အေရာင္ ရွိပါတယ္ ။ ေက်ာက္သားပ်က္တတ္ပါတယ္။ မ်ိဳး မေကာင္းတတ္ပါ။

    ဖြဲႏုခြံ = စပါးခြံ ဖြဲအေရာင္မ်ိဳး ျဖစ္ပါတယ္၊ အခြံက ႏုပါတယ္။ အခြံကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ပြတ္ၾကည့္ရင္ ႏုပါတယ္။

    ( ဒီေနရာမွာ ဝါးဖတ္ခြံ၊ ဖြဲႏုခြံနဲ႔ ဆက္လာမယ့္ ဖြဲလတ္ခြံ၊ ဖြဲၾကမ္းခြံ၊ မုံထုခြံ တို႔ရဲ႕အေရာင္ေတြဟာ၊ စာထဲမွာအရ တူညီႏိုင္တာကို ဖတ္ရႏိုင္ပါတယ္။ ဒါေပမယ့္ အျပင္မွာ တစ္ကယ္လက္ေတြ႕ေက်ာက္ကို မ်က္ျမင္ၾကည့္ရင္ အခြံအေရာင္ မတူညီၾကပါဘူး၊ အခြံရဲ႕မ်က္ႏွာျပင္ကို လက္ေခ်ာင္းေလးေတြနဲ႔ ပြတ္သပ္စမ္းၾကည့္မွ ကြဲျပား သိႏိုင္ပါတယ္ )

    ဖြဲလတ္ခြံ = စပါးခြံ ဖြဲ အေရာင္ပါပဲ။ အခြံကို စမ္းၾကည့္ရင္ အခြံက ၾကမ္းပါတယ္။

    ဖြဲၾကမ္းခြံ = အခြံ အၾကမ္းဆုံးပါ။

    ဒီဖြဲႏု၊ ဖြဲလတ္၊ ဖြဲၾကမ္း သုံးမ်ိဳးလို႔ေျပာေပမယ့္ အေရာင္က အတူတူပါပဲ၊ အခြံကို လက္ေခ်ာင္းေလးေတြ နဲ႔ပြတ္သပ္ စမ္းမွ ကြဲသြားတာပါ။

    ဒီ ၃ မ်ိဳးလုံးဟာ မ်ိဳးရင့္ရင္ ေက်ာက္အရည္ေကာင္း အသားေကာင္း ျဖစ္တတ္ပါတယ္။ မ်ိဳးႏုလွ်င္ေတာ့ အသား မရ တတ္ပါ။

    ဖေယာင္းခြံ = ဖေယာင္းရည္ သုတ္ထားသလို ေျပာင္ေခ်ာေခ်ာ ျဖစ္ပါတယ္။

    မုံထုခြံ = သနပ္ခါး အေရာင္ ရွိပါတယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

    မုံထု ခြံေႂကြ = လက္နဲ႔ကိုင္ၾကည့္လိုက္ရင္ အခြံ အစအနေလးေတြ ပါလာမယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

    ခြံၾကမ္း = ကိုင္ၾကည့္ရင္ အလြန္ၾကမ္းတမ္းပါတယ္။

    ခြံထူ = အခြံမွာ သိသိသာသာ ထူေနတတ္ပါတယ္။ အရည္အသား ေကာင္းမေကာင္းနဲ႔ေတာ့ မသက္ဆိုင္ပါ။

    ခြံက်စ္ = အခြံမွာ က်စ္လစ္ သိပ္သည္းလြန္းတတ္ပါတယ္။ အသားပ်က္တတ္ပါတယ္။

    ခြံပ်က္ = ေက်ာက္တစ္တုံးထဲရဲ႕တစ္ေနရာမွာ အခြံတစ္မ်ိဳး၊ အျခားေနရာမွာ အခြံတစ္မ်ိဳး ျဖစ္တာကို ခြံပ်က္ လို႔ေခၚပါတယ္။ အသားပ်က္တတ္ပါတယ္။

    ဒါကေတာ့ အခြံမ်ားရဲ႕သေဘာ သဘာ၀ အေၾကာင္းပါ ။ ေရမေဆး ေက်ာက္ဆိုတာမ်ိဳးကို ဝယ္ေတာ့မယ္ဆိုရင္ ၊ သူ႔ရဲ႕အခြံေလးကို နဲနဲ ပြတ္တိုက္ၾကည့္၊ ပြတ္သပ္ၾကည့္ၿပီးမွ ေသခ်ာ ေလ့လာဝယ္ယူရပါတယ္။ ကြၽန္ေတာ္ သိထား၊ ေလ့လာထားသမွ်ေလးေတြကို ျပန္ေဝမွ် ေပးျခင္းျဖစ္ပါတယ္။ သူငယ္ခ်င္းတို႔လဲ ဒီပို႔စ္ေလး ဖတ္ၿပီး ဗဟုသုတ ရရွိႏိုင္ပါေစလို႔ ဆႏၵျပဳရင္း……

    ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

    Credit–Myanmar Market Economy

    Via : layiepcho

    (Unicode)

    ကျောက်စိမ်း အကြောင်း သိကောင်းစရာ

    ကျောက်စိမ်းဟာ ကမ္ဘာပေါ်မှာ ၃ နေရာပဲ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံက တက္ကဆက်စ်ပြည်နယ်၊ တရုတ်က ကွမ်ကျိုးပြည်နယ်ရယ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကချင်ပြည်နယ်တို့မှာပါပဲ။ (ကွမ်ကျိုးဟာ မှားနေရင် ပြင်ပေးကြပါ) ဒီ ၃ နေရာမှာပဲ တူးဖော် တွေ့ရှိနိုင်ပါတယ်။ ယနေ့ထိ၊ ဒီ ၃ နေရာကလွဲလို့ တစ်ခြား ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ ဒီ ၃နေရာထဲမှာမှ၊ ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်းကို မြန်မာနိုင်ငံမှာပဲ တူးဖော် ရရှိနိုင်ပါတယ်။ ဆိုလိုချင်တာက ကျန် ၂ နေရာက ထွက်တဲ့ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာဖြစ်ပြီး၊ အရည်အသွေးကျတော့လည်းမြန်မာနိုင်ငံကို မမှီပါဘူး။ ဒါကြောင့်မို့လည်း မြန်မာ့ကျောက်စိမ်းဟာ ကမ္ဘာမှာ နာမည်ကျော်ကြားနေရတာပါ။

    ကျောက်စိမ်းကို ဘယ်နေရာတွေမှာသုံးသလဲ ဆိုရင် ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပုထုခြင်း၊ကျောက်စိမ်း ပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ပိုက်ဆံတတ်နိုင်သူများဟာ ကျောက်စိမ်းကို ပါကေးပြားအရွယ် ထုတ်လုပ်ပြီး နေအိမ်တွေမှာ ပါကေးတွေ ခင်းလာပါတယ်။( ချမ်းသာကြွယ်ဝမှုပေါ့) အိမ်တွေမှာ မီးဆိုင်းတွေကို ကျောက်စိမ်းတွေနဲ့ ထုတ်လုပ်လာတယ်။ ကားတွေထဲက ဖင်ထိုင်ခုံအောက်မှာ ကျောက်စိမ်းလုံးလေးတွေကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ်။ ကျောက်စိမ်းရဲ့ သဘောသဘာဝက အအေးဓာတ် ရှိပါတယ်။ ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့၊ အာရပ်တွေဆီမှာဆိုရင် ကျောက်စိမ်းကုတင်၊ ကျောက်စိမ်းထိုင်ခုံ စသည်ဖြင့် သုံးစွဲကြပါတယ်။

    ကျွန်တော် သိခဲ့ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ်။ သာမန် လမ်းဘေးက ကျောက်တုံးတစ်တုံးနဲ့ကျောက်စိမ်းတုံး (အရိုင်းတုံး)နဲ့၊ ဘယ်လို ခွဲခြားမလဲဆိုရင် ဒီ ယမ်းပါ မပါကို ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျောက်စိမ်းတုံး အရိုင်းတုံးတွေကို နေရောင်အောက်မှာ အနီးကပ် ကြည့်လိုက်မယ်ဆိုရင်၊ လက် လက် လက်လက်နဲ့ လက်နေတဲ့ အမှုန်လေးတွေကို မြင်ရပါမယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင်- စာရွက်အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက် ကလေးတွေ ချလိုက်သလိုပါ။ အစက်လေးတွေပါ လက်နေပါတယ်။ မှောင်တဲ့ နေရာမှာ ဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီးနဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။ ( ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့၊ ရွှေတို့ ငွေတို့ အစရှိသဖြင့် အခြားသတ္တုများ ပါဝင်တဲ့ ကျောက်ရိုင်းတုံးမှာလည်း လက်လက် လက်လက် တောက်နေပေမယ့်၊ ကျောက်စိမ်းနဲ့တော့ တစ်ခြားစီပါ။ ရွှေတို့ ငွေတို့မှာ လက်လက် လက်လက်က သူ့အရောင်အလိုက် တောက်ပါတယ်။ ) အဲဒီ လက်လက် လက်လက် လေးတွေကို ယမ်းလို့ခေါ်ပါတယ်။ ကျောက်စိမ်း အရိုင်းတုံးကို ယမ်းပါဝင်မှု၊ ယင်းပါရှိမှုပုံစံကို ကြည့်ပြီး ကျောက်စိမ်း အရိုင်းတုံးကို အခုလို ခွဲခြားလို့ရပါတယ်။

    ယမ်းချောရင်

    အတွင်းက ကျောက်စိမ်းသား ချောပါမယ်။ ( ဆိုလိုချင်တာ ယမ်းက မှုန်မှုန်လေးတွေနဲ့ စုနေတာပါ ) ယမ်းကြမ်းရင် အတွင်း က အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ ) ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ်၊ ကျောက်သားကောင်းပါမယ်။( လက်လက်လေးတွေ စုနေတာပေါ့ ) ယမ်းကျဲရင်တော့ ကျောက်သား မကောင်းပါဘူး ။ ( ဒီလိုကျောက်မျိုးကို ဝယ်ရောင်း မလုပ်သင့်ပါဘူး )

    အဓိက ယမ်း (၃) မျိုး ရှိပါတယ်။ ယမ်းလုံး၊ ယမ်းရှည် နဲ့ယမ်းပြားပါ။

    ယမ်းလုံး ဆိုတာက-

    ကျောက်ရိုင်းတုံးရဲ့အခွံ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေးတွေက၊ သကြားပွင့် ဆားပွင့်လေးတွေလို ဖြစ်နေတာပါ။ အဲဒီ ကျောက်ဟာ အရည်ကောင်းပါတယ်။

    ယမ်းရှည်ဆိုတာက-

    ကျောက်ရဲ့မျက်နှာပြင်မှာ အပ်ချောင်းလေးတွေလို၊ ဟင်းချိုမှုန့်ရှည်ရှည်လေးတွေလို မြင်ရတာပါ။ အဲဒါမျိုး တွေ့ရရင်တော့ အဲဒီကျောက်ဟာ အသားကောင်းပါတယ်။

    ယမ်းပြား ဆိုတာကတော့-

    လက်လက် လက်လက် လေးတွေဟာ အရမ်းကြီး အရွယ်ကြီးနေမယ်။(ဆားပွင့်၊ သကြားပွင့်အရွယ်ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး။

    ယမ်းပြားမှာကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ်။

    (၁) ယင်ထောင်ယမ်း (၂) မာယားယမ်း (၃) ခွေးရိုးထိုး ဆိုပြီးပေါ့/

    ယင်ထောင်ယမ်း ဆိုတာက-

    လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ်။ သူပါရင် အရည်အသား မကောင်းဘူး။ ဈေး အများကြီး မပေးသင့်ပါဘူး။

    မာယားဆိုတာက-

    ယင်ကောင် အရွယ်ထက် ပိုကြီးမယ်။ ရှောင်ရပါမယ်။

    ခွေးရိုးထိုး ဆိုတာကတော့
    မာယားထက် အရွယ်ပိုကြီးတယ်။ သူ့ကိုတွေ့ရင် အဲဒီကျောက်ကို ရှောင်ရပါမယ်။

    ယမ်းဆိုတဲ့ သဘာဝဟာ ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ့အခွံမှာ မြင်ရတဲ့အတိုင်း ကျောက်သားအတွင်းမှာ ရှိတတ်ပါတယ်။ ယမ်းကို ကျွမ်းကျင် ပိုင်နိုင်မယ်ဆိုရင်၊ ကျောက်ကို မခွဲမဖြတ်မှီ.. ပြင်ပ က ကြည့်ရုံနဲ့ပင်၊ အထဲက ကျောက်သားကောင်း မကောင်း ဖောက်ထွင်း သိမြင်နိုင်မှာ ဖြစ်ပါတယ်။

    ကျောက်စိမ်း အရိုင်းတုံး ဝယ်မယ်ဆိုလျှင် ကျောက်စိမ်းအခွံ အကြောင်းတွေကို သိဖို့လိုအပ်ပါတယ်။ ကျောက်စိမ်း အခွံဟာ အဓိကအားဖြင့် ရေခွံ နဲ့ ကုန်းခွံ ဆိုပြီး (၂) မျိုး ရှိပါတယ်။ အခွံရဲ့အရောင်တွေ ပေါ်မှာ မူတည်ပြီး အသေးစိတ် ကိုလည်း ရေးပါမယ်။

    ရေခွံ = ကျောက်စိမ်း ထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင်များမှ ထွက်ရှိတဲ့ ကျောက်ရဲ့အခွံပါ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ်။ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ပြောင်ချောနေပါတယ်။

    ကုန်းခွံ = သူကတော့ တောင်တွေ၊ မြေကြီးတွေ အောက်က တူးလို့ရတဲ့ ကျောက်ရဲ့အခွံပေါ့။ (၁) မြေမှန် နဲ့(၂) ကုဋေကျောက် ဆိုပြီး ကွဲပါတယ်။

    (၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ်။ အခွံ အမျိုးမျိုး ရှိပါတယ်။

    (၂) ကုဋေကျောက် = ကျောက်ရဲ့အခွံ က အခွံမဲ ဖြစ်ပါတယ်။ ချော်ကပ်နေတတ်ပါတယ်။ ချော်ကပ်တယ် ဆိုတာ၊ ကပ်တရာစေး ကပ်နေသလို၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေပါတာကို ချော်ကပ် တယ် လို့ခေါ်တာပါ။ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းကုန်းတို့မှ အဓိက ထွက်ပါတယ်။

    အခွံများမှာ

    သံချေးခွံ = သံထည်ပစ္စည်းများ သံချေး တက်နေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေတာပါ။ ဒီလို အခွံရှိရင် ကျောက်က မျိုးရင့်တတ်ပါတယ်။ အခွံကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ်တယ်လို့ သိရပါတယ်။

    ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ်။ ကျောက်မျိုးကောင်းတတ်ပါတယ်။

    သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို့အာလူးသီး အခွံ အရောင်ပ၊ သူလည်း မျိုးကောင်းတတ်ပါတယ်။

    အင်္ဂတေခွံ = နာမည်အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သားပျက်တတ်ပါတယ်။ မျိုး မကောင်းတတ်ပါ။

    ဖွဲနုခွံ = စပါးခွံ ဖွဲအရောင်မျိုး ဖြစ်ပါတယ်၊ အခွံက နုပါတယ်။ အခွံကို လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ကြည့်ရင် နုပါတယ်။

    ( ဒီနေရာမှာ ဝါးဖတ်ခွံ၊ ဖွဲနုခွံနဲ့ ဆက်လာမယ့် ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ တို့ရဲ့အရောင်တွေဟာ၊ စာထဲမှာအရ တူညီနိုင်တာကို ဖတ်ရနိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ တစ်ကယ်လက်တွေ့ကျောက်ကို မျက်မြင်ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး၊ အခွံရဲ့မျက်နှာပြင်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )

    ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင်ပါပဲ။ အခွံကို စမ်းကြည့်ရင် အခွံက ကြမ်းပါတယ်။

    ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ။

    ဒီဖွဲနု၊ ဖွဲလတ်၊ ဖွဲကြမ်း သုံးမျိုးလို့ပြောပေမယ့် အရောင်က အတူတူပါပဲ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ။

    ဒီ ၃ မျိုးလုံးဟာ မျိုးရင့်ရင် ကျောက်အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ်။ မျိုးနုလျှင်တော့ အသား မရ တတ်ပါ။

    ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်။

    မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ်။ မျိုးကောင်းတတ်ပါတယ်။

    မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့်လိုက်ရင် အခွံ အစအနလေးတွေ ပါလာမယ်။ မျိုးကောင်းတတ်ပါတယ်။

    ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်။

    ခွံထူ = အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ်။ အရည်အသား ကောင်းမကောင်းနဲ့တော့ မသက်ဆိုင်ပါ။

    ခွံကျစ် = အခွံမှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ်။ အသားပျက်တတ်ပါတယ်။

    ခွံပျက် = ကျောက်တစ်တုံးထဲရဲ့တစ်နေရာမှာ အခွံတစ်မျိုး၊ အခြားနေရာမှာ အခွံတစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ်။ အသားပျက်တတ်ပါတယ်။

    ဒါကတော့ အခွံများရဲ့သဘော သဘာ၀ အကြောင်းပါ ။ ရေမဆေး ကျောက်ဆိုတာမျိုးကို ဝယ်တော့မယ်ဆိုရင် ၊ သူ့ရဲ့အခွံလေးကို နဲနဲ ပွတ်တိုက်ကြည့်၊ ပွတ်သပ်ကြည့်ပြီးမှ သေချာ လေ့လာဝယ်ယူရပါတယ်။ ကျွန်တော် သိထား၊ လေ့လာထားသမျှလေးတွေကို ပြန်ဝေမျှ ပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ ဒီပို့စ်လေး ဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း……

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    Credit–Myanmar Market Economy

    Via : layiepcho

  • အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ အိမ္မွာ လြယ္လြယ္ေပါင္းတင္နည္း ၅ မ်ိဳး

    (Zawgyi)

    အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ ေပါင္းတင္နည္း ၅ မ်ိဳး

    အသားျဖဴသူပဲျဖစ္ျဖစ္၊ အသားညိဳသူပဲျဖစ္ျဖစ္ မ်က္ႏွာ အသားအေရ ၾကည္လင္ ဝင္းပေနျခင္းဟာ မိတ္ကပ္လိမ္း၊ ျပင္ဆင္ျခယ္သ ထားျခင္းထက္ ပိုၿပီး ဆြဲေဆာင္မႈ ရွိပါတယ္။ အသားညိဳသူေတြအေနနဲ႔ အသားညိဳတာကို ျဖဴစင္ဝင္းပေအာင္ ျပဳလုပ္ျခင္းထက္ အသားအေရ ၾကည္လင္ေတာက္ပေအာင္ ထိန္းသိမ္းျခင္းက ဆြဲေဆာင္မႈ ပိုမိုရွိေစပါတယ္။ ဒါေၾကာင့္မို႔လို႔ အသားညိဳသူေတြအတြက္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ မ်က္ႏွာေပါင္းတင္နည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) နႏြင္း၊ ပ်ားရည္နဲ႔ သံပုရာ ေပါင္းတင္နည္း

    နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ ၁ ဇြန္းနဲ႔ သံပုရာရည္ အနည္းငယ္တို႔ကို ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာအနံွ႔ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရနဲ႔ ျပန္လည္ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ နႏြင္းဟာ အသားအေရကို ၾကည္လင္ေစၿပီး အမည္းစက္၊ အမာ႐ြတ္ေတြကို ေမွးမွိန္ေစတာေၾကာင့္ အသားအေရကို ၾကည္လင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

    (၂) အာလူးနဲ႔ ေပါင္းတင္နည္း

    အာလူးဟာဆိုရင္လည္း အမည္းစက္နဲ႔ အသားအေရ မညီညာျခင္းကို ေပ်ာက္ကင္းေစႏိုင္တာေၾကာင့္ အာလူးကို ပါးပါးလွီးၿပီး မ်က္ႏွာေပၚမွာ ကပ္ေပးႏိုင္ပါတယ္။ ဒီနည္းလမ္းကို ပုံမွန္ျပဳလုပ္ေပးျခင္းဟာ အသားအေရကို သိသိသာသာ ၾကည္လင္လာေစႏိုင္မွာ ျဖစ္ပါတယ္။

    (၃) ခရမ္းခ်ဥ္သီးနဲ႔ ပ်ားရည္ ေပါင္းတင္နည္း

    ခရမ္းခ်ဥ္သီးတလုံးကို ႀကိတ္ေခ်ၿပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္နာေပၚလိမ္းက်ံေပးပါ။ မိနစ္ ၂၀ ခန႔္ထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာျပန္သစ္ေပးရမွာ ျဖစ္ပါတယ္။

    (၄) ႏြားႏို႔နဲ႔ နႏြင္း ေပါင္းတင္နည္း

    ႏြားႏို႔၊ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္နဲ႔ သံပုရာရည္ အနည္းငယ္တို႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာေပၚ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရခပ္ေႏြးေႏြးနဲ႔ ျပန္လည္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။

    (၅) ပ်ားရည္နဲ႔ သံပုရာေပါင္းတင္နည္း

    ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာကို သံပုရာရည္ အနည္းငယ္နဲ႔ ေရာစပ္ကာ မ်က္ႏွာအႏွံ႔ လိမ္းက်ံေပးၿပီး ၁၅ မိနစ္ခန႔္ ထားေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ဒီေပါင္းတင္နည္းဟာ အသားအေရကို ၾကည္လင္ဝင္းပေစၿပီး ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြကို ေမွးမွိန္ ေပ်ာက္ကြယ္ေစႏိုင္ပါတယ္။

    Ref. www.stylecraze.com

    Credit-ဟယ္လ္သင္, The Irrawaddy – Burmese Edition

    (Unicode)

    အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ မျိုး

    အသားဖြူသူပဲဖြစ်ဖြစ်၊ အသားညိုသူပဲဖြစ်ဖြစ် မျက်နှာ အသားအရေ ကြည်လင် ဝင်းပနေခြင်းဟာ မိတ်ကပ်လိမ်း၊ ပြင်ဆင်ခြယ်သ ထားခြင်းထက် ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသားညိုသူတွေအနေနဲ့ အသားညိုတာကို ဖြူစင်ဝင်းပအောင် ပြုလုပ်ခြင်းထက် အသားအရေ ကြည်လင်တောက်ပအောင် ထိန်းသိမ်းခြင်းက ဆွဲဆောင်မှု ပိုမိုရှိစေပါတယ်။ ဒါကြောင့်မို့လို့ အသားညိုသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) နနွင်း၊ ပျားရည်နဲ့ သံပုရာ ပေါင်းတင်နည်း

    နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည် ၁ ဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာအနံှ့ လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေနဲ့ ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ နနွင်းဟာ အသားအရေကို ကြည်လင်စေပြီး အမည်းစက်၊ အမာရွတ်တွေကို မှေးမှိန်စေတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေမှာ ဖြစ်ပါတယ်။

    (၂) အာလူးနဲ့ ပေါင်းတင်နည်း

    အာလူးဟာဆိုရင်လည်း အမည်းစက်နဲ့ အသားအရေ မညီညာခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် အာလူးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ အသားအရေကို သိသိသာသာ ကြည်လင်လာစေနိုင်မှာ ဖြစ်ပါတယ်။

    (၃) ခရမ်းချဉ်သီးနဲ့ ပျားရည် ပေါင်းတင်နည်း

    ခရမ်းချဉ်သီးတလုံးကို ကြိတ်ချေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နာပေါ်လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပေးရမှာ ဖြစ်ပါတယ်။

    (၄) နွားနို့နဲ့ နနွင်း ပေါင်းတင်နည်း

    နွားနို့၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်နဲ့ သံပုရာရည် အနည်းငယ်တို့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေခပ်နွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

    (၅) ပျားရည်နဲ့ သံပုရာပေါင်းတင်နည်း

    ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို သံပုရာရည် အနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီပေါင်းတင်နည်းဟာ အသားအရေကို ကြည်လင်ဝင်းပစေပြီး ဝက်ခြံနဲ့ အမာရွတ်တွေကို မှေးမှိန် ပျောက်ကွယ်စေနိုင်ပါတယ်။

    Ref. www.stylecraze.com

    Credit-ဟယ်လ်သင်, The Irrawaddy – Burmese Edition

  • ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုသလဲ ဘယ္ေလာက္ကုန္သလဲ သိလိုသူမ်ားအတြက္

    (Zawgyi)

    ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုသလဲ ဘယ္ေလာက္ကုန္သလဲ

    ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ လိုအပ္တာေတြကေတာ့

    ၁။ အုံနာဘုတ္

    ၂။ ဝွီးတက္ (ယာဥ္မွတ္ပုံတင္သက္ေသခံကဒ္)

    ၃။ အာမခံေပးေဆာင္ၿပီးေၾကာင္းေငြရေျပစာ

    ၄။ လာေရာက္ သက္တမ္းတိုးသူရဲ႕ မွတ္ပုံတင္ (သို႔မဟုတ္) ဓါတ္ပုံပါသည့္ ဝန္ထမ္းကဒ္တို႔ျဖစ္ပါတယ္။

    နယ္ဝင္ေဆာင္႐ြက္လိုတဲ့ ဆိုင္ကယ္ေတြဆိုရင္ေတာ့

    ၁။ အုံနာဘုတ္

    ၂။ ဝွီးတက္ (ယာဥ္မွတ္ပုံတင္သက္ေသခံကဒ္

    ၃။ အုံနာဘုတ္အမည္ပါသူရဲ႕မွတ္ပုံတင္ (သို႔မဟုတ္) ဓါတ္ပုံပါသည့္ဝန္ထမ္းကဒ္

    ၄။ ေက်း႐ြာ/ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ ေနထိုင္ေၾကာင္းေထာက္ခံစာတို႔ျဖစ္ပါတယ္။

    သက္တမ္းတိုးတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ဘယ္ေလာက္ကုန္က်သဆိုတာကေတာ့ save ၿပီး သိမ္းထားႏိုင္ဖို႔ ပုံပါအတိုင္း မွ်ေဝလိုက္ပါတယ္။

    Photo Credit : Thein Ayetun

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ (2.8.2019)

    (Unicode)

    မော်တော်ဆိုင်ကယ် သက်တမ်းတိုးမယ်ဆိုရင် ဘာတွေလိုသလဲ ဘယ်လောက်ကုန်သလဲ

    မော်တော်ဆိုင်ကယ် သက်တမ်းတိုးမယ်ဆိုရင် လိုအပ်တာတွေကတော့

    ၁။ အုံနာဘုတ်

    ၂။ ဝှီးတက် (ယာဉ်မှတ်ပုံတင်သက်သေခံကဒ်)

    ၃။ အာမခံပေးဆောင်ပြီးကြောင်းငွေရပြေစာ

    ၄။ လာရောက် သက်တမ်းတိုးသူရဲ့ မှတ်ပုံတင် (သို့မဟုတ်) ဓါတ်ပုံပါသည့် ဝန်ထမ်းကဒ်တို့ဖြစ်ပါတယ်။

    နယ်ဝင်ဆောင်ရွက်လိုတဲ့ ဆိုင်ကယ်တွေဆိုရင်တော့

    ၁။ အုံနာဘုတ်

    ၂။ ဝှီးတက် (ယာဉ်မှတ်ပုံတင်သက်သေခံကဒ်

    ၃။ အုံနာဘုတ်အမည်ပါသူရဲ့မှတ်ပုံတင် (သို့မဟုတ်) ဓါတ်ပုံပါသည့်ဝန်ထမ်းကဒ်

    ၄။ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ နေထိုင်ကြောင်းထောက်ခံစာတို့ဖြစ်ပါတယ်။

    သက်တမ်းတိုးတဲ့ မော်တော်ဆိုင်ကယ်တွေ ဘယ်လောက်ကုန်ကျသဆိုတာကတော့ save ပြီး သိမ်းထားနိုင်ဖို့ ပုံပါအတိုင်း မျှဝေလိုက်ပါတယ်။

    Photo Credit : Thein Ayetun

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (2.8.2019)

  • ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

    (Zawgyi)

    ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

    မိမိကားကို ပါကင္ထိုးထားၿပီး တစ္ေနရာရာကို သြားေနခ်ိန္ မိုး႐ြာၿပီး လမ္းေရႀကီးလို႔ ကားေရျမဳပ္သြားရင္ ဘာဆက္လုပ္မလဲ။ မိုးေရထဲ ကားေမာင္းေနရင္းနဲ႔ မထင္မွတ္ပဲ ကားစက္ရပ္သြားရင္ ဘယ္လိုဆက္လုပ္မလဲ။ လမ္းက်ပ္ေနလို႔ ကားကို စက္ႏႈိးၿပီးရပ္ထားတုန္း လမ္းေပၚေရေတြတက္ၿပီး ႐ုတ္တရက္ေရႀကီးလာရင္ ဘယ္လိုလုပ္မလဲ။

    ၁။ မိမိကား ဘယ္ေလာက္ထိ ေရျမဳပ္ေနသလဲ ဆိုတာကို စစ္ေဆးပါ။ တကယ္လို႔မ်ား ကားတံခါး ေအာက္ေျခထက္မပိုပဲ ေရျမဳပ္ေနတယ္ဆိုရင္ေတာ့ နံပါတ္ ၄ ကိုသြားပါ။ တကယ္လို႔ ကားေရွ႕ေဘာနက္ဖုံး ထိေရျမဳပ္ေနရင္ေတာ့ ေရက်သြားတဲ့အထိခဏေစာင့္ပါ။ ၿပီးရင္ေလစစ္ကို စစ္ေဆးပါ။ ေလစစ္မွာ ေရစိုေနရင္ေတာ့ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားပါ။

    ၂။ ကားစက္ႏႈိးဖို႔ မႀကိဳးစားပါနဲ႔ – မေတာ္တဆ ကားအင္ဂ်င္ထဲ ေရဝင္ေနရင္ မိမိက ကားစက္ႏႈိးလိုက္တဲ့ အခါ ျပဳျပင္လို႔မရေလာက္ေအာင္ ကားအင္ဂ်င္ ပ်က္စီးသြားပါလိမ့္မယ္။ ေအာက္ပါအခ်က္ေတြကို စစ္ေဆးၿပီး အိုေကတယ္ဆိုမွ စက္ႏႈိးဖို႔စဥ္းစားပါ။ အေကာင္းဆုံးကေတာ့ ကြၽမ္းက်င္စက္ျပင္ တစ္ေယာက္ေယာက္ကို ေခၚၿပီး စစ္ေဆးခိုင္းပါ။

    ၃။ အင္ဂ်င္ဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္တိုင္းတဲ့ တုတ္တံမွာ ေရစက္ေတြေတြ႕ေနရင္ (သို႔မဟုတ္) အင္ဂ်င္ဝိုင္ပမာဏမ်ားလာရင္ ဒါဟာ အင္ဂ်င္ဝိုင္ခြက္ထဲ ေရဝင္တဲ့လကၡဏာပါ။ လုံးဝလုံး၀ စက္မႏႈိးပါနဲ႔။ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားၿပီး အင္ဂ်င္ဝိုင္ေတြ အကုန္ေဖာက္ထုတ္ပါ။ ၿပီးရင္ အင္ဂ်င္ဝိုင္ခြက္၊ ပလပ္၊ စတာေတြကို သန႔္ရွင္းၿပီး အင္ဂ်င္ထဲမွာ ေရမက်န္ေအာင္ လုပ္ရပါမယ္။

    ၄။ ဂီယာဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္ကို စစ္ေဆးသလိုပဲ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ ကို ေရရွိမရွိ စစ္ေဆးပါ။ တခ်ိဳ႕ ဂီယာေဘာက္စ္ေတြမွာ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ မထည့္ထားဘူး။ တကယ္လို႔မ်ား မိမိကားက အဲ့လိုဂီယာေဘာက္စ္ပါရင္ လုံးဝလုံး၀ ဂီယာထိုးျခင္း စက္ႏႈိးျခင္းမလုပ္ပဲ နီးစပ္ရာ ကားဝပ္ေရွာ့ကို ကားဆြဲသြားလိုက္ပါ။

    ၅။ စတီယာရင္ကို စစ္ေဆးပါ – EPS (electronic power steering) ပါတဲ့ ကားေတြ ျပႆနာအျဖစ္မ်ားပါတယ္။လွ်ပ္စစ္ေမာ္တာသုံးၿပီး ပါဝါစတီယာရင္ျဖစ္ေအာင္ လုပ္ထားတဲ့အတြက္ စတီယာရင္အုံကို (အရပ္ေခၚ စတီယာရင္ဂန္း) ေရဝပ္ရင္ပ်က္ပါတယ္။ ႐ိုး႐ိုး ဟိုက္ဒေရာလစ္ဆီသုံးတဲ့ ပါဝါစတီယာရင္ဆိုရင္လည္း စတီယာရင္ဂန္းထဲ ေရစိမ့္သြားရင္ အထဲက ဗားေတြ ပ်က္စီးတတ္ပါတယ္။ ဒါေၾကာင့္ မိမိကားစတီယာရင္ ေလးလာရင္ မေပါ့ပါနဲ႔။

    ၆။ လွ်ပ္စစ္စနစ္ကို စစ္ေဆးပါ – ကားေမာင္းသူတစ္ေယာက္အေနနဲ႔ လွ်ပ္စစ္ပစၥည္းေတြအေၾကာင္း အေသးစိတ္မသိႏိုင္ဘူး။ ဒါေပမဲ့ ႀကိဳးျပတ္တာေတြ၊ ႀကိဳးလြတ္ေနတာေတြ ရွိမရွိကိုေတာ့ စစ္ေဆးရမယ္။ ေရွ႕မီးႀကီး၊ ကားအဲ့ယားကြန္း၊တံခါးဂ်က္၊ အတြင္းခန္းမီး စတာေတြကို စစ္ေဆးပါ။ တစ္ခုခု မသကၤာရင္ ျပေနက် ကားဝပ္ေရွာ့ကို သြားၿပီးစစ္ေဆးခိုင္းပါ။

    ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ ေအာက္ပါအခ်က္ေတြကို ျပဳလုပ္ပါ။ မိမိျပေနက် ကားဝပ္ေရွာ့ရဲ႕ ဖုန္းနံပါတ္ကို မိမိလက္ကိုင္ဖုန္းနဲ႔ ကားထဲမွာ မွတ္ထားပါ။ အခုေဖာ္ျပထားတဲ့ Infographic အေသးစားကို ကားထဲမွာျဖစ္ေစ၊ လက္ကိုင္ဖုန္းထဲမွာ ျဖစ္ေစမွတ္သားထားပါ။ ကားဆြဲတဲ့ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီဖုန္းနံပါတ္ေတြကို မွတ္သားထားပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ မိမိသြားမယ့္ ေနရာရဲ႕ အေျခအေနကို ႀကိဳတင္စုံစမ္းပါ။ အခုဆို ေရဒီယိုကေန တခါတေလ ယာဥ္ေၾကာအေျခအေနေတြေဖာ္ျပေပးတတ္ပါတယ္။

    ကားေရျမဳပ္သြားရင္ ျဖစ္ေပၚလာႏိုင္တဲ့ ျပႆနာေတြက မနည္းဘူး။ ကားေဘးတံခါးေအာက္ေျခေလာက္အထိ ျမဳပ္သြားရင္ေတာင္ အႏၲရာယ္မ်ားတယ္။ ျပန္လည္ျပဳျပင္ရတဲ့ စရိတ္၊ ဝပ္ေရွာ့ထိုးထားရတဲ့ အခ်ိန္ စတဲ့ ဆုံးရွဴံးမႈေတြက ေတာ္ေတာ္ေလး ႀကီးမားတယ္။

    ဒါေၾကာင့္ ကားအသုံးျပဳသူေတြအေနနဲ႔ မလိုအပ္ပဲ ကားကို ေရထဲျဖတ္မေမာင္းပါနဲ႔။ ေရႀကီးေလ့ႀကီးထရွိတဲ့ လမ္းေပၚမွာ မိုး႐ြာေနစဥ္ ကားရပ္မထားခဲ့ပါနဲ႔။

    မိုးတြင္းမွာ အပ်က္အစီးမရွိပဲ ကားကို အသုံးျပဳႏိုင္ၾကပါေစဗ်ာ။

    ကားခ်စ္သူ

    Credit-Original Uploader

    (Unicode)

    ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် (၆) ချက်

    မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

    ၁။ မိမိကား ဘယ်လောက်ထိ ရေမြုပ်နေသလဲ ဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။ ပြီးရင်လေစစ်ကို စစ်ဆေးပါ။ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

    ၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့ – မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင် ပျက်စီးသွားပါလိမ့်မယ်။ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင် တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

    ၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေဝင်တဲ့လက္ခဏာပါ။ လုံးဝလုံး၀ စက်မနှိုးပါနဲ့။ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေ အကုန်ဖောက်ထုတ်ပါ။ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင် လုပ်ရပါမယ်။

    ၄။ ဂီယာဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်ကို စစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိ စစ်ဆေးပါ။ တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ မထည့်ထားဘူး။ တကယ်လို့များ မိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံးဝလုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

    ၅။ စတီယာရင်ကို စစ်ဆေးပါ – EPS (electronic power steering) ပါတဲ့ ကားတွေ ပြဿနာအဖြစ်များပါတယ်။လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင် လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါတယ်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိမိကားစတီယာရင် လေးလာရင် မပေါ့ပါနဲ့။

    ၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ – ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်း အသေးစိတ်မသိနိုင်ဘူး။ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေကို စစ်ဆေးပါ။ တစ်ခုခု မသင်္ကာရင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

    ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနဲ့ ကားထဲမှာ မှတ်ထားပါ။ အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။ ကားဆွဲတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

    ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေက မနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။ ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ဝပ်ရှော့ထိုးထားရတဲ့ အချိန် စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေး ကြီးမားတယ်။

    ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။ ရေကြီးလေ့ကြီးထရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

    မိုးတွင်းမှာ အပျက်အစီးမရှိပဲ ကားကို အသုံးပြုနိုင်ကြပါစေဗျာ။

    ကားချစ်သူ

    Credit-Original Uploader

  • အခုေခတ္မွာ ကြက္တိမွန္ေနတဲ့ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ

    (Zawgyi)

    အခုေခတ္မွာ ကြက္တိမွန္ေနတဲ့ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ

    ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ မွန္ပုံကေတာ့ ဒီေန႔ေခတ္ကို ေဘးကေန ထိုင္ၾကည့္ၿပီး ေျပာေနသလား မွတ္ရတယ္ဗ်ာ။ ကြက္တိကို မွန္ေနေတာ့တာပဲ။ အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆိုတာ နိမိတ္ေဆာင္တယ္” ဆိုတဲ့ စကားပုံ ေပၚလာတာ ျဖစ္ရမယ္ဗ်။ ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပုံကေတာ့ ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကို ေအာက္ပါအတိုင္း ေဖာ္ျပ လိုက္ရပါတယ္ ခင္ဗ်ာ။

    တရားကို ေတးဆို၊ အေဖကိုသားကဆဲ ေဆြမ်ိဳးထဲက ဓါးျပတိုက္၊ မိုက္လွ်င္ေသာတာပန္ မေကာင္းႀကံလွ်င္ သမာဓိ၊ ေ႐ႊရွိမွ လူလိမၼာ လိမ္ႏိုင္မွ သစၥာရွင္၊ ပညာရွင္ကို ပယ္၍ထား အခ်စ္ဆုံးက သစၥာပ်က္၊ ႐ိုးသားသူကို အ႐ူးဆို အပ်ိဳငယ္က လင္ေနေစာ၊ အက်ႌပါးနဲ႔ ဥပုသ္သည္ ဇရပ္အလယ္ ကို႔ယို႔ကားယား၊ အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာ အပ်ိဳမျဖစ္ခင္က ရည္းစားထား၊

    ဆင္းရဲသားက သူေဌးေယာင္ေဆာင္ အဝတ္ေျပာင္မွ လူ႐ိုေသ၊ လင္ရွိမယားက အပ်ိဳလုပ္ မသာပို႔ရင္း အပ်ိဳလွည့္၊ အလႉေပးရင္း ထမင္းေရာင္း ဆယ္ႏွစ္သမီးက အိမ္ေထာင္က် ၊ ဆယ္အိမ္ေခါင္းက စိတ္ႀကီးဝင္ ပြဲသဘင္ပါမွ အလႉျဖစ္၊ စာမတတ္သူက တရားျပ ဇာတ္သမားမွ လူေခၚခ်င္၊ သူေတာ္စင္ကို ပယ္၍ထား

    ေႂကြးေပးသူက ကြၽန္နဲ႔တူ၊ ေႂကြးယူသူက သခင္ျဖစ္ မုန႔္ေပးလွ်င္ က်မ္းဂန္တတ္၊ ေ႐ႊကပ္သည့္ဘုရားမွ လူ႐ိုေသ အေဖ အေမက ကြၽန္နဲ႔တူ၊ သားသမီးက သခင္ျဖစ္ ေခတ္ႀကီးကိုေတာ့ အျပစ္ဆို၊ မိမိကိုယ္ေတာ့ အေကာင္းေျပာ ဂံုံးတိုက္လွ်င္ ေက်းဇူးရွင္၊ ေျဖာင့္မတ္လွ်င္ လူမသုံး သီလယူရင္း မ်က္စပစ္ သူေတာ္ေကာင္းတို႔ တရားပ်က္ၾကေလၿပီ။

    ေရွးစာဆို အတိတ္တေဘာင္ ျပန္လည္မွ်ေဝသည္။

    ခရက္ဒစ္–Myint Thein

    (Unicode)

    အခုခေတ်မှာ ကွက်တိမှန်နေတဲ့ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ

    ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ ကွက်တိကို မှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ် ခင်ဗျာ။

    တရားကို တေးဆို၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြတိုက်၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော၊ အင်္ကျီပါးနဲ့ ဥပုသ်သည် ဇရပ်အလယ် ကို့ယို့ကားယား၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား၊

    ဆင်းရဲသားက သူဌေးယောင်ဆောင် အဝတ်ပြောင်မှ လူရိုသေ၊ လင်ရှိမယားက အပျိုလုပ် မသာပို့ရင်း အပျိုလှည့်၊ အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ အလှူဖြစ်၊ စာမတတ်သူက တရားပြ ဇာတ်သမားမှ လူခေါ်ချင်၊ သူတော်စင်ကို ပယ်၍ထား

    ကြွေးပေးသူက ကျွန်နဲ့တူ၊ ကြွေးယူသူက သခင်ဖြစ် မုန့်ပေးလျှင် ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ အဖေ အမေက ကျွန်နဲ့တူ၊ သားသမီးက သခင်ဖြစ် ခေတ်ကြီးကိုတော့ အပြစ်ဆို၊ မိမိကိုယ်တော့ အကောင်းပြော ဂံုံးတိုက်လျှင် ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင် လူမသုံး သီလယူရင်း မျက်စပစ် သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

    ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

    ခရက်ဒစ် – Myint Thein