Category: ဗဟုတုသ

  • ရင္သားကင္ဆာ၊ ဒူလာ၊ အဆစ္ျမစ္ေရာင္ ေဂါက္ေရာဂါ၊ မ်က္စိတိမ္၊ ၀က္ျခံ၊ အေရျပားေရာဂါအမ်ိဳးမ်ိဳးတို႕အတြက္ အစြမ္းထက္ေသာ ေဆးပင္

    (Zawgyi)

    ကင္ဆာေရာဂါမ်ားကို ကာကြယ္ေပးႏိုင္တဲ့ ေက်ာက္သင္ပုန္းဖ်က္႐ြက္

    ယခုပုံမွာ ျမင္ေနတဲ့ ဒီအပင္ဟာ ေက်ာက္သင္ပုန္းသုတ္႐ြက္ပင္ ျဖစ္ပါတယ္။ နတ္သမီးကြမ္း႐ြက္၊ နတ္သမီးကြမ္းတံေတြးပင္၊ ေရၾကည္ပင္ စသျဖင့္ ေနရာေဒသအေပၚမူတည္ၿပီး အေခၚအေဝၚမ်ား ကြဲျပားၾက ပါတယ္။ ဟိုတုန္းကေတာ့ ေက်ာက္သင္ပုန္းမွ စာေတြကို ျပန္ဖ်က္တဲ့ေနရာမွာ အသုံးျပဳခဲ့ၾကပါတယ္။ အေလ့က်ေပါက္သည့္ အပင္မ်ိဳး ျဖစ္ပါတယ္။ ဒီအပင္မွာ ကင္ဆာေရာဂါကို တြန္းလွန္ ကာကြယ္ေပးႏိုင္တဲ့ Antioxidants ပါဝင္တယ္။ ဗီတာမင္စီဓါတ္မ်ားတယ္ၿပီး ဗီတာမင္ေအဓါတ္ကို ျဖည့္စြမ္းေပးတဲ့ Beta-carotene ပါဝင္ပါတယ္။ ဒီအပင္ဟာ ေဆးဖက္ဝင္အပင္ဆိုတာ သိလာၾကတဲ့အတြက္ ထိုင္းႏိုင္ငံ မွာေတာ့ အစိမ္းသုပ္စားျခင္း၊ ျပဳတ္၍ သုပ္စားျခင္း၊ တို႔စရာအျဖစ္ စားသုံးျခင္း၊ ဟင္းရည္ခ်က္၍ ေသာက္ျခင္းမ်ားကို ျပဳလုပ္ၾကပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွ တိုင္းရင္းေဆးဆရာမ်ားကေတာ့ ဒူလာေဆး၊ အဆစ္ျမစ္ေရာင္ (ေဂါက္ေရာဂါ) အတြက္ ဒီအပင္ကို သုပ္စားျခင္း၊ ျပဳတ္စားျခင္းတို႔ကို ျပဳလုပ္ၾကပါတယ္။

    ေဆးအျဖစ္ အသုံျပဳပုံမ်ား-

    (၁) ရင္သားကင္ဆာေရာဂါအတြက္ အ႐ြက္လက္တစ္ဆုပ္ခန႔္ကို သန႔္ရွင္းစြာ ေဆးေၾကာၿပီး ေထာင္းကာ ရင္သားေပၚကို အရည္သုတ္လိမ္းေပးျခင္း၊ အဖတ္ကို အုံေပးျခင္းတို႔ျဖင့္ ကုသေပးလွ်င္ သက္သာေပ်ာက္ကင္းေစပါသည္။

    (၂) ထိခိုက္ရွနာ၊ ဒဏ္ရာအမ်ိဳးမ်ိဳး၊ အနာစိမ္း၊ ျပည္တည္၊ ဝက္ၿခံနာ၊ အေရျပားေရာဂါအမ်ိဳးမ်ိဳးတို႔အတြက္ အ႐ြက္ခပ္သန႔္သန႔္ကို က်ိတ္၍ အနာေပၚ အုံေပး၊ လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။

    (၃) ေရယုန္ေရာဂါအတြက္ အပင္၊ အ႐ြက္၊ အပြင္စတဲ့ တပင္လုံးကို နႏြင္း၊ ဆန္ေစ့အနည္းငယ္တို႔ႏွင့္အတူ ေရာေထာင္း၍ ေရ႐ုံနာေပၚကို တစ္ညခန႔္ အုံေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။

    (၄) ဝက္ၿခံ၊ တင္းတိပ္မ်ားအတြက္ ပၪၥငါးပါးလုံံးကို ျပဳတ္၍ ၎ေဆးျပဳတ္ရည္ကို မနက္တိုင္း မ်က္ႏွာသစ္ေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။

    (၅) ဒူလာေရာဂါ၊ အဆစ္ျမစ္ေရာင္ ေဂါက္ေရာဂါမ်ားအတြက္ ၎အ႐ြက္ကို ေရစင္ေအာင္ေၾကာကာ သုပ္စားျခင္း၊ ျပဳတ္စားျခင္း၊ တို႔စာျခင္းမ်ား ျပဳလုပ္ေပးပါက ေရာဂါကို သက္သာေပ်ာက္ကင္းေစပါသည္။

    (၆) မ်က္စိနာ၊ မ်က္စိတိမ္ျဖစ္ျခင္းတို႔အတြက္ ဒီအ႐ြက္ကို လက္တစ္ဆုပ္ခန႔္ သန႔္သန႔္ေလးျဖစ္ေအာင္ ေဆးေၾကာၿပီး အရည္ညစ္ယူကာ မ်က္စိကို အနည္းငယ္စီ တစ္ေန႔ ၂ ႀကိမ္ ခပ္ေပးပါက မ်က္စိနာနဲ႔ မ်က္စိတိမ္မ်ား ေပ်ာက္ကင္းပါတယ္။

    (၇) ႂကြက္ႏို႔ေပါက္သူမ်ားအတြက္ အပင္ကို အရည္ညစ္၍ ႂကြက္ႏို႔ေပၚကို ၎အရည္ျဖင့္ မၾကာခဏ တို႔ေပးကာ ႀကိတ္ဖတ္ကိုလည္း ႂကြက္ႏို႔ေပၚကို အုံထားေပးပါ။ ႂကြက္ႏို႔မ်ား အံ့ၾသစြာ ေပ်ာက္ကင္းသြားပါလိမ့္မည္။

    Credit-ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

    (Unicode)

    ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ကျောက်သင်ပုန်းဖျက်ရွက်

    ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။ နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အခေါ်အဝေါ်များ ကွဲပြားကြ ပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။ ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။ ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ သိလာကြတဲ့အတွက် ထိုင်းနိုင်ငံ မှာတော့ အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။

    ဆေးအဖြစ် အသုံပြုပုံများ-

    (၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။

    (၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမျိုး၊ အနာစိမ်း၊ ပြည်တည်၊ ဝက်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

    (၃) ရေယုန်ရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍ ရေရုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။

    (၄) ဝက်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံံးကို ပြုတ်၍ ၎င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။

    (၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၎င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

    (၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။

    (၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၎င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များ အံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။

    Credit-စောနွဲ့နေဆိုင် (ပူတာအို)

  • အင်ဖက်အစွမ်း

    (Unicode)

    အင်ဖက်အစွမ်း

    အင်ဖက်ကိုဈေးထဲက ကုန်စိမ်းသည်တွေ ပန်းသည်တွေနဲ့သားငါးဆိုင်တွေမှာ ထုပ်ပိုးပေးကြတဲ့အခါ အသုံးပြုကြပါတယ်။

    အင်ဖက်ကို အသားအရည်ယားယံတာနဲ့ အင်ပြင်ထတဲ့ အခါမှာအသုံးပြုပါတယ်။

    ၁။ အင်ဖတ်နှစ်ရွက်သုံးရွက်ကို ပြုတ်ပြီး ပြုတ်ရည်ခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်း။ အင်ဖက်အလယ်ရိုးကို ဆားအနည်းငယ်နဲ့သွေးလိမ်း ပေးခြင်း စတဲ့တစ်နည်းနည်းကို အသုံးပြုနိုင်ပါတယ်။ အသားအရည် ယားယံနေစဉ်မှာတော့ အသားစိမ်းငါးစိမ်းနဲ့ ငပိငံပြာရည်နဲ့ ခရမ်းသီးတွေကို ဟင်းချက်မစားသင့်ပါဘူး။ အင်ဖက်အရိုးလေးတွေကို ညှပ်ပြီး သိမ်းထားပါ။ အသုံးလိုတဲ့အခါ မရှာရတော့ဘူးပေါ့။

    Credit-Original Uploader

    အင်ဖက်အစွမ်း

    အင်ဖက်ကိုဈေးထဲက ကုန်စိမ်းသည်တွေ ပန်းသည်တွေနဲ့သားငါးဆိုင်တွေမှာ ထုပ်ပိုးပေးကြတဲ့အခါ အသုံးပြုကြပါတယ်။

    အင်ဖက်ကို အသားအရည်ယားယံတာနဲ့ အင်ပြင်ထတဲ့ အခါမှာအသုံးပြုပါတယ်။

    ၁။ အင်ဖတ်နှစ်ရွက်သုံးရွက်ကို ပြုတ်ပြီး ပြုတ်ရည်ခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်း။ အင်ဖက်အလယ်ရိုးကို ဆားအနည်းငယ်နဲ့သွေးလိမ်း ပေးခြင်း စတဲ့တစ်နည်းနည်းကို အသုံးပြုနိုင်ပါတယ်။ အသားအရည် ယားယံနေစဉ်မှာတော့ အသားစိမ်းငါးစိမ်းနဲ့ ငပိငံပြာရည်နဲ့ ခရမ်းသီးတွေကို ဟင်းချက်မစားသင့်ပါဘူး။ အင်ဖက်အရိုးလေးတွေကို ညှပ်ပြီး သိမ်းထားပါ။ အသုံးလိုတဲ့အခါ မရှာရတော့ဘူးပေါ့။

    Credit-Original Uploader

    (Zawgyi)

    အင္ဖက္အစြမ္း

    အင္ဖက္ကိုေစ်းထဲက ကုန္စိမ္းသည္ေတြ ပန္းသည္ေတြနဲ႔သားငါးဆိုင္ေတြမွာ ထုပ္ပိုးေပးၾကတဲ့အခါ အသုံးျပဳၾကပါတယ္။

    အင္ဖက္ကို အသားအရည္ယားယံတာနဲ႔ အင္ျပင္ထတဲ့ အခါမွာအသုံးျပဳပါတယ္။

    ၁။ အင္ဖတ္ႏွစ္႐ြက္သုံး႐ြက္ကို ျပဳတ္ၿပီး ျပဳတ္ရည္ခပ္ေႏြးေႏြးနဲ႔ ေရခ်ိဳးေပးျခင္း။ အင္ဖက္အလယ္႐ိုးကို ဆားအနည္းငယ္နဲ႔ေသြးလိမ္း ေပးျခင္း စတဲ့တစ္နည္းနည္းကို အသုံးျပဳန္ိုင္ပါတယ္။ အသားအရည္ ယားယံေနစဥ္မွာေတာ့ အသားစ္ိမ္းငါးစိမ္းနဲ႔ ငပိငံျပာရည္နဲ႔ ခရမ္းသီးေတြကို ဟင္းခ်က္မစားသင့္ပါဘူး။ အင္ဖက္အ႐ိုးေလးေတြကို ညႇပ္ၿပီး သိမ္းထားပါ။ အသုံးလိုတဲ့အခါ မရွာရေတာ့ဘူးေပါ့။

    Credit-Original Uploader

    အင္ဖက္အစြမ္း

    အင္ဖက္ကိုေစ်းထဲက ကုန္စိမ္းသည္ေတြ ပန္းသည္ေတြနဲ႔သားငါးဆိုင္ေတြမွာ ထုပ္ပိုးေပးၾကတဲ့အခါ အသုံးျပဳၾကပါတယ္။

    အင္ဖက္ကို အသားအရည္ယားယံတာနဲ႔ အင္ျပင္ထတဲ့ အခါမွာအသုံးျပဳပါတယ္။

    ၁။ အင္ဖတ္ႏွစ္႐ြက္သုံး႐ြက္ကို ျပဳတ္ၿပီး ျပဳတ္ရည္ခပ္ေႏြးေႏြးနဲ႔ ေရခ်ိဳးေပးျခင္း။ အင္ဖက္အလယ္႐ိုးကို ဆားအနည္းငယ္နဲ႔ေသြးလိမ္း ေပးျခင္း စတဲ့တစ္နည္းနည္းကို အသုံးျပဳန္ိုင္ပါတယ္။ အသားအရည္ ယားယံေနစဥ္မွာေတာ့ အသားစ္ိမ္းငါးစိမ္းနဲ႔ ငပိငံျပာရည္နဲ႔ ခရမ္းသီးေတြကို ဟင္းခ်က္မစားသင့္ပါဘူး။ အင္ဖက္အ႐ိုးေလးေတြကို ညႇပ္ၿပီး သိမ္းထားပါ။ အသုံးလိုတဲ့အခါ မရွာရေတာ့ဘူးေပါ့။

    Credit-Original Uploader

  • ခေါင်းတခြမ်း ကိုက်သူများအတွက်။

    (Zawgyi)

    ေခါင္းတျခမ္း ကိုက္သူမ်ားအတြက္

    ေခါင္းသိပ္ကိုက္လ်င္ (ေခါင္းခဏခဏ ကိုက္ေနသူမ်ားအတြက္ လက္ေတြ႕ နည္းလမ္းေကာင္း)

    နည္းေလးက အမွန္လြယ္သလို တကယ္ပဲ ထိေရာက္ပါသည္။ ထူးထူးေထြေထြ လုပ္စရာလည္း မလိုပါ။ လူတ္ိုင္း လက္ေတြ႕ စမ္းၾကည့္ႏိုင္တဲ့ နည္းပါ။

    ေခါင္းတစ္ျခမ္း ကိုက္ပါက ၾကက္သြန္ျဖဴ တစ္ဥ၊ တစ္မႊာကို ခြာၿပီး ထုေထာင္းပါ ၿပီးလ်င္ စကၠဴပါးေလးတြင္ အေစးကိုသုတ္ လိမ္းၿပီး ေခါင္းကိုက္သည့္ နားထင္ဘက္တြင္ ကပ္ထားလိုက္ပါ။

    ေခါင္းႏွစ္ျခမ္းစလုံး ကိုက္ပါလ်င္ နားထင္ႏွစ္ဘက္လုံးကို စကၠဴပါးေလး ကပ္လိုက္႐ုံပါပဲ..။ ခ်က္ခ်င္းကို ေခြၽးေတြပြင့္ ထြက္လာၿပီး ေခါင္းကိုက္ျခင္း ေဝဒနာ သက္သာေပ်ာက္ကင္း သြားပါလိမ့္မည္။

    နကၡတၱေရာင္ျခည္ မဂၢဇင္းမွ ရေသာ နည္းလမ္းျဖစ္ပါသည္။

    ေဆးဝါး ၀ယ္ယူရန္ ခက္ခဲသူမ်ား၊ ေဆး႐ုံေဆးခန္းျပရန္ ခက္သူတို႔အဖို႔ အလြန္သုံး၀င္ၿပီး အိမ္တိုင္းတြင္ ရွိေနတတ္ေသာ ၾကက္သြန္ျဖဴေလး တစ္တက္သာ လိုပါသည္။

    ေခါင္းကိုက္ျခင္းသည္က လူတိုင္းလိုလို ျဖစ္တတ္ၾကပါ၍ ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ျဖစ္ခဲ့ပါက လက္ေတြ႕နည္း ၾကက္သြန္ျဖဴ အေစးကို စကၠဴပါးေလးတြင္ လူးၿပီး နားထင္တြင္ ကပ္ျခင္းျဖင့္ စမ္းသပ္ႏိုင္ပါရန္ လမ္းၫြန္ျပလိုက္ပါသည္။

    Credit-Orginal Uploder

    (Unicode)

    ခေါင်းတခြမ်း ကိုက်သူများအတွက်

    ခေါင်းသိပ်ကိုက်လျင် (ခေါင်းခဏခဏ ကိုက်နေသူများအတွက် လက်တွေ့ နည်းလမ်းကောင်း)

    နည်းလေးက အမှန်လွယ်သလို တကယ်ပဲ ထိရောက်ပါသည်။ ထူးထူးထွေထွေ လုပ်စရာလည်း မလိုပါ။ လူတ်ိုင်း လက်တွေ့ စမ်းကြည့်နိုင်တဲ့ နည်းပါ။

    ခေါင်းတစ်ခြမ်း ကိုက်ပါက ကြက်သွန်ဖြူ တစ်ဥ၊ တစ်မွှာကို ခွာပြီး ထုထောင်းပါ ပြီးလျင် စက္ကူပါးလေးတွင် အစေးကိုသုတ် လိမ်းပြီး ခေါင်းကိုက်သည့် နားထင်ဘက်တွင် ကပ်ထားလိုက်ပါ။

    ခေါင်းနှစ်ခြမ်းစလုံး ကိုက်ပါလျင် နားထင်နှစ်ဘက်လုံးကို စက္ကူပါးလေး ကပ်လိုက်ရုံပါပဲ..။ ချက်ချင်းကို ချွေးတွေပွင့် ထွက်လာပြီး ခေါင်းကိုက်ခြင်း ဝေဒနာ သက်သာပျောက်ကင်း သွားပါလိမ့်မည်။

    နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ ရသော နည်းလမ်းဖြစ်ပါသည်။

    ဆေးဝါး ၀ယ်ယူရန် ခက်ခဲသူများ၊ ဆေးရုံဆေးခန်းပြရန် ခက်သူတို့အဖို့ အလွန်သုံး၀င်ပြီး အိမ်တိုင်းတွင် ရှိနေတတ်သော ကြက်သွန်ဖြူလေး တစ်တက်သာ လိုပါသည်။

    ခေါင်းကိုက်ခြင်းသည်က လူတိုင်းလိုလို ဖြစ်တတ်ကြပါ၍ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ခဲ့ပါက လက်တွေ့နည်း ကြက်သွန်ဖြူ အစေးကို စက္ကူပါးလေးတွင် လူးပြီး နားထင်တွင် ကပ်ခြင်းဖြင့် စမ်းသပ်နိုင်ပါရန် လမ်းညွန်ပြလိုက်ပါသည်။

    Credit-Orginal Uploder

  • ဘာေၾကာင့္ ေခြၽးထုတ္ခန္းသို႔ သြားသင့္သလဲ

    ဘာေၾကာင့္ ေခြၽးထုတ္ခန္းသို႔ သြားသင့္သလဲ
    ==============================
    ေခြ်းထုတ္ခန္းထဲတြင္ ၂၅ မိနစ္ၾကာေနျခင္းက အင္အား အသင့္အတင့္ စိုက္ထုတ္ရေသာ ကိုယ္လက္ေလ့က်င့္ခန္း ျပဳလုပ္ သကဲ့သို႔ လူကို ပင္ပန္းေစပါတယ္။ ေလ့က်င့္ခန္း ျပဳလုပ္သကဲ့သို႔ အပူ ဒဏ္က ႏွလံုးခုန္ႏႈန္း ျမန္ေစ၊ ေသြးဖိအားျမင့္တက္ေစပါတယ္။ ေခြၽးထုတ္ခန္းဟာ စိတ္ဖိစီးမႈကို ေျပေလ်ာ့ဖို႔အတြက္ ေနရာတစ္ခု ျဖစ္ပါတယ္။ ေခြ်းထုတ္ခန္းမွာ ကိုယ္၊ စိတ္ႏွလံုး အပန္းေျဖ အနား ယူျခင္းျဖင့္ စိတ္က်န္းမာေရး အတြက္ အက်ိဳးရေစပါတယ္။

    တစ္ပတ္လွ်င္ ၄ ႀကိမ္မွ ၇ ႀကိမ္ အထိ ေခြ်းထုတ္ခန္းသို႔ သြားေလ့ရွိ ေသာ အမ်ိဳးသား ေလ့လာခံမ်ားကို တစ္ပတ္လွ်င္ တစ္ႀကိမ္သာသြား ေသာ ေလ့လာခံမ်ားႏွင့္ ႏိႈင္းယွဥ္ ၾကည့္ရာ ၄ ႀကိမ္ႏွင့္အထက္ သြား ေသာသူမ်ားမွာ ေသြးတိုးေရာဂါျဖစ္ ႏိုင္ေျခ ၅၀ ရာခိုင္ႏႈန္း ေလ်ာ့နည္း ေနေၾကာင္း သုေတသနတစ္ခုမွာ ေတြ႔ရွိထားပါတယ္။ ေခြ်းထုတ္ ခန္းထဲဝင္လိုက္တဲ့အခါ ခႏၶာကိုယ္ တြင္း အပူခ်ိန္ျမင့္တက္လာကာ ေသြးေၾကာမ်ား ပြင့္လာပါတယ္။

    ထိုသို႔ ေသြးေၾကာမ်ားပြင့္ေအာင္ မၾကာခဏျပဳလုပ္ေပးျခင္းက ေသြး ေၾကာမ်ား၏ လုပ္ငန္းစြမ္းေဆာင္ ရည္ကို ျမင့္တက္ေစကာ ေသြးဖိ အား ထိန္းခ်ဳပ္မႈကို ေကာင္းမြန္လာ ေစျခင္း ျဖစ္ပါတယ္။ ခ်မ္းေအးတဲ့ တုပ္ေကြးရာသီမွာ ေခြ်းထုတ္ခန္း သြားဖို႔ဟာ ပိုအေရးႀကီးပါတယ္။ ၁၅ မိနစ္ၾကာ ေခြၽးထုတ္ခန္းသို႔ တစ္ႀကိမ္သြား႐ံုႏွင့္ ေသြးျဖဴဥ ကလာပ္စည္းမ်ား အေရအတြက္ ျမင့္တက္လာေစတာမို႔ ကိုယ္ခံအား စနစ္ အားေကာင္းလာေစေၾကာင္း ေလ့လာမႈတစ္ခုက ေတြ႔ရွိထားပါ တယ္။

    ႏွလံုးက်န္းမာေရးအတြက္ လည္းအက်ိဳးျပဳပါတယ္။ ေခြ်းထုတ္ ခန္းသို႔ ပံုမွန္သြားျခင္းဟာ ေသြး ေၾကာမ်ား က်ယ္လာျခင္း၊ ေသြး လႊတ္ေၾကာ မာေက်ာမႈကို ေလ်ာ့ က်ေစျခင္း၊ အလိုအေလ်ာက္ အာ႐ံုေၾကာစနစ္၏ ထိန္းခ်ဳပ္မႈမ်ား အားေကာင္းလာျခင္းစတဲ့ အက်ိဳး ေက်းဇူးမ်ား ရရွိေစတဲ့အတြက္ ႏွလံုးက်န္းမာေရးကို ထိန္းသိမ္း ေပးရာ ေရာက္ပါတယ္။
    Crd;Prevention

    (unicode)

    ဘာကြောင့် ချွေးထုတ်ခန်းသို့ သွားသင့်သလဲ
    ==============================
    ချွေးထုတ်ခန်းထဲတွင် ၂၅ မိနစ်ကြာနေခြင်းက အင်အား အသင့်အတင့် စိုက်ထုတ်ရသော ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ် သကဲ့သို့ လူကို ပင်ပန်းစေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ အပူ ဒဏ်က နှလုံးခုန်နှုန်း မြန်စေ၊ သွေးဖိအားမြင့်တက်စေပါတယ်။ ချွေးထုတ်ခန်းဟာ စိတ်ဖိစီးမှုကို ပြေလျော့ဖို့အတွက် နေရာတစ်ခု ဖြစ်ပါတယ်။ ချွေးထုတ်ခန်းမှာ ကိုယ်၊ စိတ်နှလုံး အပန်းဖြေ အနား ယူခြင်းဖြင့် စိတ်ကျန်းမာရေး အတွက် အကျိုးရစေပါတယ်။

    တစ်ပတ်လျှင် ၄ ကြိမ်မှ ၇ ကြိမ် အထိ ချွေးထုတ်ခန်းသို့ သွားလေ့ရှိ သော အမျိုးသား လေ့လာခံများကို တစ်ပတ်လျှင် တစ်ကြိမ်သာသွား သော လေ့လာခံများနှင့် နှိုင်းယှဉ် ကြည့်ရာ ၄ ကြိမ်နှင့်အထက် သွား သောသူများမှာ သွေးတိုးရောဂါဖြစ် နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့နည်း နေကြောင်း သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။ ချွေးထုတ် ခန်းထဲဝင်လိုက်တဲ့အခါ ခန္ဓာကိုယ် တွင်း အပူချိန်မြင့်တက်လာကာ သွေးကြောများ ပွင့်လာပါတယ်။

    ထိုသို့ သွေးကြောများပွင့်အောင် မကြာခဏပြုလုပ်ပေးခြင်းက သွေး ကြောများ၏ လုပ်ငန်းစွမ်းဆောင် ရည်ကို မြင့်တက်စေကာ သွေးဖိ အား ထိန်းချုပ်မှုကို ကောင်းမွန်လာ စေခြင်း ဖြစ်ပါတယ်။ ချမ်းအေးတဲ့ တုပ်ကွေးရာသီမှာ ချွေးထုတ်ခန်း သွားဖို့ဟာ ပိုအရေးကြီးပါတယ်။ ၁၅ မိနစ်ကြာ ချွေးထုတ်ခန်းသို့ တစ်ကြိမ်သွားရုံနှင့် သွေးဖြူဥ ကလာပ်စည်းများ အရေအတွက် မြင့်တက်လာစေတာမို့ ကိုယ်ခံအား စနစ် အားကောင်းလာစေကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိထားပါ တယ်။

    နှလုံးကျန်းမာရေးအတွက် လည်းအကျိုးပြုပါတယ်။ ချွေးထုတ် ခန်းသို့ ပုံမှန်သွားခြင်းဟာ သွေး ကြောများ ကျယ်လာခြင်း၊ သွေး လွှတ်ကြော မာကျောမှုကို လျော့ ကျစေခြင်း၊ အလိုအလျောက် အာရုံကြောစနစ်၏ ထိန်းချုပ်မှုများ အားကောင်းလာခြင်းစတဲ့ အကျိုး ကျေးဇူးများ ရရှိစေတဲ့အတွက် နှလုံးကျန်းမာရေးကို ထိန်းသိမ်း ပေးရာ ရောက်ပါတယ်။
    Crd;Prevention

  • ငရုတ်ချဉ်၊ ကြက်သွန်ချဉ်၊ ငရုတ် ကြက်သွန်ချဉ် အိမ်တွင်းလုပ်

    (Unicode)

    ငရုတ်ချဉ်, ကြက်သွန်ချဉ်, ငရုတ် ကြက်သွန်ချဉ်

    ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့ အိမ်လုပ်ချဉ်လေးတွေကို စားချင်တဲ့သူများအတွက် လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။

    ပါဝင် ပစ္စည်းများ

    ၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )

    ၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )

    ၃။ ရှာလကာရည်

    ၄။ ငံပြာရည်

    ၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

    ပထမဆုံး-

    ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကိုပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး မိမိ စိတ်ကြိုက် အရသာ အချို, အငံ စပ်လိုက်ပါ။ ဟင်းခပ်မှုန့်ကတော့ မိမိအကြိုက် အနည်း အများ ထည့်ပါ။ ( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။) ကျမကတော့ ဟင်းခပ်မှုန့် ထည့်ပါတယ်။ ဟင်းခပ်မှုန့်ပါရင် အရသာ ပိုကောင်းရုံမျှမက အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။ ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။ ၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။ ၃ ရက်ဆိုရင် စ စားလို့ရပါပြီ။ ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။ မိမိ စိတ်ကြိုက် အချဉ်အရသာရပြီ ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

    ငရုတ်ချဉ်, ကြက်သွန်ချဉ်က ကြာလေ အချဉ်စူးလေ ဖြစ်တာမို့ ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပိုကောင်းပါတယ်။လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ အချဉ်အသစ်တည်တာ ပိုအဆင်ပြေပါတယ်။

    ငရုတ်ချဉ်, ကြက်သွန်ချဉ်လေး မိမိအိမ်မှာ အဆင်သင့်ရှိနေရင် ထမင်းပေါင်း, ထမင်းကြော်, ကြာဇံကြော်, ခေါက်ဆွဲကြော်, ကြေးအိုး, ကြက်ကင်, အသားလုံးကြော် စသဖြင့် ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ်လေးနဲ့ အဆင်သင့် တွဲဖက် စားသုံးရုံပါပဲ။ Hot Pot နဲ့ စားရင်တော့ ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ်ထဲကို သကြားထပ်ထည့်ပီး စားပါတယ်။

    ကျမကတော့ အရောင်ပါတဲ့ အချဉ်တွေထက် အိမ်လုပ်ချဉ်ကို ပိုကြိုက်ပါတယ်။ ကြက်သွန်ဖြူကလဲ လူနဲ့ တည့်ပါတယ်။ကော်ဗူးနဲ့ စိမ်တဲ့အခါ ကြာရင် ကော်နံ့ ထွက်တတ်တာမို့ ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။ ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးထဲကို အချဉ် အချို အငံ အရသာလေးများ စိမ့်ဝင်နေပီး ပိုစားကောင်းစေပါတယ်။ ကင်းမွန် ငံပြာရည် ထည့်ထည့်, ဗမာငံပြာရည် ထည့်ထည့် ရပါတယ်။ ရေ မရောရပါဘူး။

    သက်သက်လွတ်သမားများကတော့ ဆားနဲ့ စိမ်လို့ ရပေမယ့်လည်း ဆားနဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့် ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။

    -ငရုတ်ချဉ်ကတော့ အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။ ငရုတ်သီးစိမ်း ထက်စာရင် ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။

    -ကြက်သွန်ချဉ်ကတော့ အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။ တရုတ်ကြက်သွန်ဖြူထက် ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။ ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း မြန်မာကြက်သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။

    -ငရုတ် ကြက်သွန်ချဉ်ကတော့ အစပ်နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။ ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့ ငရုတ်ချဉ် ကိုက်စားလိုက် ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့ အိမ်ရှင်မများအတွက် အဆင် အပြေဆုံးပါပဲ။

    Credit- ပဲခူး ဒေါ်ထွေးရီ

    (Zawgyi)

    င႐ုတ္ခ်ဥ္, ၾကက္သြန္ခ်ဥ္, င႐ုတ္ ၾကက္သြန္ခ်ဥ္

    က်မအိမ္မွာ အဆင္သင့္ အၿမဲ လုပ္ထားတတ္တဲ့ အိမ္လုပ္ခ်ဥ္ေလးေတြကို စားခ်င္တဲ့သူမ်ားအတြက္ လုပ္နည္းေလး တင္ေပးလိုက္ပါတယ္ေနာ္။

    ပါဝင္ ပစၥည္းမ်ား

    ၁။ ၾကက္သြန္ျဖဴ ဥတစ္လုံး ( အခြံႏႊာထားပါ )

    ၂။ င႐ုတ္ေတာင့္ရွည္ ( ခပ္ထူထူ လွီးထားပါ )

    ၃။ ရွာလကာရည္

    ၄။ ငံျပာရည္

    ၅။ ဟင္းခပ္မႈန႔္ ( မထည့္လဲရ )

    ပထမဆုံး-

    ရွာလကာရည္, ငံျပာရည္, ဟင္းခပ္မႈန႔္တို႔ကိုပန္းကန္လုံး တစ္လုံးထဲ ထည့္ၿပီး မိမိ စိတ္ႀကိဳက္ အရသာ အခ်ိဳ, အငံ စပ္လိုက္ပါ။ ဟင္းခပ္မႈန႔္ကေတာ့ မိမိအႀကိဳက္ အနည္း အမ်ား ထည့္ပါ။ ( မႀကိဳက္သူမ်ား မထည့္ရင္လဲ ရပါတယ္။) က်မကေတာ့ ဟင္းခပ္မႈန႔္ ထည့္ပါတယ္။ ဟင္းခပ္မႈန႔္ပါရင္ အရသာ ပိုေကာင္း႐ုံမွ်မက အခ်ဥ္ဓါတ္ ထိန္းၿပီးသားျဖစ္လို႔ပါ။ ပီးေတာ့မွ င႐ုတ္, ၾကက္သြန္ ထည့္ထားတဲ့ ပုလင္းထဲ ကန္ေတာ့ေလးနဲ႔ ေလာင္းထည့္လိုက္႐ုံပါပဲ။ ၎ေနာက္ ဖန္ပုလင္းကို ေလလုံေအာင္ ပိတ္ထားပါ။ ၃ ရက္ဆိုရင္ စ စားလို႔ရပါၿပီ။ ခ်ဥ္ခ်ဥ္ေလး စားခ်င္ရင္ေတာ့ တစ္ပတ္ထိ ထားပါ။ မိမိ စိတ္ႀကိဳက္ အခ်ဥ္အရသာရၿပီ ဆိုရင္ေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းထားပါ။

    င႐ုတ္ခ်ဥ္, ၾကက္သြန္ခ်ဥ္က ၾကာေလ အခ်ဥ္စူးေလ ျဖစ္တာမို႔ ဆယ္ရက္စာေလာက္ပဲ လုပ္စားတာက ပိုေကာင္းပါတယ္။လုပ္ရတာလည္း လြယ္ကူ လွတာမို႔ ကုန္ခါနီးမွ အခ်ဥ္အသစ္တည္တာ ပိုအဆင္ေျပပါတယ္။

    င႐ုတ္ခ်ဥ္, ၾကက္သြန္ခ်ဥ္ေလး မိမိအိမ္မွာ အဆင္သင့္ရွိေနရင္ ထမင္းေပါင္း,ထမင္းေၾကာ္, ၾကာဇံေၾကာ္, ေခါက္ဆြဲေၾကာ္, ေၾကးအိုး, ၾကက္ကင္, အသားလုံးေၾကာ္ စသျဖင့္ ဘာပဲ လုပ္စားစား အိမ္လုပ္ခ်ဥ္ေလးနဲ႔ အဆင္သင့္ တြဲဖက္ စားသုံး႐ုံပါပဲ။ Hot Pot နဲ႔ စားရင္ေတာ့ ခု စိမ္ထားတဲ့ အိမ္လုပ္ခ်ဥ္ထဲကို သၾကားထပ္ထည့္ပီး စားပါတယ္။

    က်မကေတာ့ အေရာင္ပါတဲ့ အခ်ဥ္ေတြထက္ အိမ္လုပ္ခ်ဥ္ကို ပိုႀကိဳက္ပါတယ္။ ၾကက္သြန္ျဖဴကလဲ လူနဲ႔ တည့္ပါတယ္။ေကာ္ဗူးနဲ႔ စိမ္တဲ့အခါ ၾကာရင္ ေကာ္နံ႔ ထြက္တတ္တာမို႔ ဖန္ပုလင္းနဲ႔ စိမ္တာက ပိုေကာင္းပါတယ္။ ခုလို စိမ္ထားေတာ့ ၾကက္သြန္ျဖဴနဲ႔ င႐ုတ္သီးထဲကို အခ်ဥ္ အခ်ိဳ အငံ အရသာေလးမ်ား စိမ့္ဝင္ေနပီး ပိုစားေကာင္းေစပါတယ္။ ကင္းမြန္ ငံျပာရည္ ထည့္ထည့္, ဗမာငံျပာရည္ ထည့္ထည့္ ရပါတယ္။ ေရ မေရာရပါဘူး။

    သက္သက္လြတ္သမားမ်ားကေတာ့ ဆားနဲ႔ စိမ္လို႔ ရေပမယ့္လည္း ဆားနဲ႔ အခ်ဥ္စိမ္ရင္ အခ်ဥ္စူးလြန္းတာေၾကာင့္ ကင္းမြန္ ငံျပာရည္နဲ႔ အခ်ဥ္စိမ္တာက ပိုစားေကာင္းပါတယ္။

    -င႐ုတ္ခ်ဥ္ကေတာ့ အစပ္ခ်ည္းပဲ သီးသန႔္စားလိုသူမ်ားအတြက္ပါ။ င႐ုတ္သီးစိမ္း ထက္စာရင္ င႐ုတ္ေတာင့္ရွည္က ပိုစားေကာင္းပါတယ္။

    -ၾကက္သြန္ခ်ဥ္ကေတာ့ အစပ္ မစားႏိုင္ပဲ ၾကက္သြန္ခ်ဥ္ သီးသန႔္စားလိုသူမ်ားအတြက္ပါ။ တ႐ုတ္ၾကက္သြန္ျဖဴထက္ ခ်ိဳတဲ့ ဥတစ္လုံး ၾကက္သြန္ျဖဴက ပိုစားေကာင္းပါတယ္။ ဥတစ္လုံး ၾကက္သြန္ျဖဴမရွိရင္လည္း ျမန္မာၾကက္သြန္ျဖဴနဲ႔ လုပ္လို႔ရပါတယ္။

    -င႐ုတ္ ၾကက္သြန္ခ်ဥ္ကေတာ့ အစပ္နဲ႔ ၾကက္သြန္ ၂ မ်ိဳး တြဲဖက္စားလိုသူမ်ားအတြက္ပါ။ င႐ုတ္ ၾကက္သြန္ခ်ဥ္ တစ္ပုလင္း စိမ္ထားရင္ေတာ့ င႐ုတ္ခ်ဥ္ ကိုက္စားလိုက္ ၾကက္သြန္ခ်ဥ္ ကိုက္စားလိုက္နဲ႔ အိမ္ရွင္မမ်ားအတြက္ အဆင္ အေျပဆုံးပါပဲ။

    Credit- ပဲခူး ေဒၚေထြးရီ

  • ေရဆူေဆးျပားေသာက္တာ ေကာင္းလား

    ေရဆူေဆးျပားေသာက္တာ ေကာင္းလား

    ====================
    ====================

    ေရခြက္ေလးထဲပစ္ထည့္လိုက္ရင္ ေရေလးေတြဆူလာျပီး အျမွဳပ္ေလးေတြတက္လာတာကို သေဘာက်လို႔ ငယ္ငယ္ကတည္းက ေသာက္ခဲ့ဖူးမယ္ထင္ပါတယ္ေနာ္။ ဒီေရဆူေဆးျပားေလးေတြက အျမွဳပ္ေလးေတြတက္လာလို႔ ၾကည့္လို႔ေကာင္းတယ္ဆိုတာထက္ ေတာ္ေတ္ာေလးပိုပါတယ္။ ေဖ်ာ္ရည္ေလးလို အရသာေကာင္းေကာင္းနဲ႔ ေသာက္လို႔ေကာင္းရံုတင္၊ လန္းဆန္းသြားေစရံုတင္မဟုတ္ပါဘူး။ ခႏၶာကိုယ္မွာ လိုအပ္တဲ့ ဓာတ္ေတြကိုပါျဖည့္စြမ္းေပးပါေသးတယ္။

    ေရဆူေဆးျပားေသာက္တာေကာင္းလား………
    ေရဆူေဆးျပားကို ေသာက္ဖို႔ ေရတစ္ခြက္ပဲလိုတာပါ။ ေရတစ္ခြက္ရွိရံုနဲ႔ အဆင္ေျပေျပေသာက္လို႔ရပါတယ္။ ေဆးေၾကာက္တဲ့သူေတြအတြက္ဆိုရင္လည္း ေတာ္ေတ္ာေလးအဆင္ေျပေစတာပါ။ လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြကို ေဖ်ာ္ရည္လို အရသာရွိတဲ့ေရေလးတစ္ခြက္ေသာက္ရံုနဲ႔ ရရွိမယ္ဆိုေတာ့ေရဆူေဆးျပားေသာက္တာ ေကာင္းတယ္၊ လို႔ပဲေျပာရမွာပါ။

    ေရဆူေဆးျပား နဲ႔ ေသာက္ေဆးေတြဘာကိုေရြးမလဲ………..
    ေဆးတိုက္ရခက္တဲ့သူေတြ၊ မ်ိဳခ်ရခက္ခဲေနတဲ့သူေတြ၊ အသက္အရြယ္ၾကီးရင့္ေနတဲ့ ဖိုးဖိုးဖြားဖြားေတြနဲ႔ ေဆးေၾကာက္တတ္တဲ့ကေလးေတြအတြက္ကေတာ့ ေရဆူေဆးျပားက အဆင္ေျပပါလိမ့္မယ္။ အခ်ိဳ႕ေသာလိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြကိုျပည့္စံုဖို႔ မျဖစ္မေနေဆးေသာက္ဖို႔လိုမယ္။ ဒါေပမယ့္ ေဆးေသာက္ဖို႔အတြက္ မလြယ္ကူဘူး၊ဆိုရင္ ဒီျပႆနာကိုေျဖရွင္းနိုင္ဖို႔ အေကာင္းဆံုးနည္းလမး္တစ္ရပ္အေနနဲ႔လည္း ေရဆူေဆးျပားေတြကိုသံုးေပးလို႔ရပါတယ္။

    ေရဆူေဆးျပားဝယ္တဲ့အခါမွာေတာ့ လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြပါဝင္ရဲ႕လားဆိုတာကို ေသခ်ာေလးေရြးခ်ယ္မိဖို႔ေတာ့လိုပါမယ္။ ဒါေပမယ့္ ေရဆူေဆးျပား အမ်ားစုမွာ ကိုယ္တြင္းေသြးပမာဏကို ထိန္းညွိေပးႏိုင္ျပီး ၾကြက္သားနဲ႔အာရံုေၾကာလုပ္ေဆာင္မႈေတြကို အေကာင္းဆံုးျဖစ္ေအာင္လုပ္ေဆာင္ေပးတဲ့ ဆိုဒီယမ္ကလိုရိုက္ပါဝင္ေနပါတယ္။ ဒါ့အျပင္ ေရဆူေဆးျပားဝယ္တဲ့အခါ ဗီတာမင္ C ပါတာကို ေရြးခ်ယ္ဝယ္ယူမယ္ဆိုရင္ ကိုယ္ခံအားကို ေကာင္းေစျပီး အသားအေရကိုၾကည္လင္ေစမွာပါ။ စိတ္ပင္ပန္းတာကို သက္သာေစျပီး၊ သြားနဲ႔ သြားဖံုးျပႆနာေတြကို ထိထိေရာက္ေရာက္ကာကြယ္ေပးႏိုင္ပါတယ္။ အေအးမိတုပ္ေကြးျဖစ္ေနတဲ့အခါမ်ိဳးမွာေရာ၊ အေအးမိတုပ္ေကြးကို ကာကြယ္တဲ့အေနနဲ႔ပါ ေသာက္သံုးေပးလို႔ရပါတယ္။

    အရိုးအဆစ္ေတြနဲ႔ သြားေတြၾကံ႕ခိုင္သန္စြမ္းဖို႔အတြက္ကေတာ့ ကယ္လ္ဆီယမ္ပါတဲ့ ေရဆူေဆးျပားမ်ိဳးကအဆင္ေျပေစမွာပါ။ အသက္အရြယ္ၾကီးရင့္လာျပီျဖစ္တဲ့ ေမေမေဖေဖ၊ ဖိုးဖိုးဖြားဖြားတို႔ က်န္းမာသန္စြမ္းဖို႔ အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္မွာပါ။ ဒါ့အျပင္ ဇင့္နဲ႔ အျခားေဆးဖက္ဝင္ အပင္ေတြကို ထည့္သြင္းထုတ္လုပ္ထားတဲ့ ေရဆူေဆးျပားေတြကိုေသာက္သံုးေပးမႈက ခႏၶာကိုယ္ကို မိႈေတြ၊ ဘက္တီးရီးယားေတြ အႏၱရာယ္ကေန အထိေရာက္ဆံုးတားဆီးေပးႏိုင္မွာပါ။ ဒါ့အျပ္ငေန႔စဉ္ထိေတြ႔ေနရတဲ့ ညစ္ညမ္းမႈေတြေၾကာင့္ က်န္းမာေရးမထိခိုက္ေအာင္ကာကြယ္ေပးမွာျဖစ္တဲ့အျပင္ လႈပ္ရွားမႈေၾကာင့္ ေခၽြးထြက္တဲ့အခါ ဆံုးရံႈးသြားတဲ့ ဓာတ္ဆားဓာတ္ကို အျမန္ဆံုးျပန္လည္ျဖည့္တင္းေပးႏိုင္မွာျဖစ္ပါတယ္။

    အစာအိမ္ထဲကို ေဆးလံုးအေနနဲ႔မဟုတ္ဘဲ အရည္အေနနဲ႔ ေရာက္ရွိသြားမွာျဖစ္တဲ့အတြက္ အစာအိမ္နံရံေတြက အာဟာရဓာတ္ေတြကုိ ခပ္ျမန္ျမန္စုပ္ယူႏိုင္ေစမွာျဖစ္တာေၾကာင့္ ထိေရာက္မႈအာနိသင္ကလည္းပိုေကာင္းမွာပါ။ ေခၽြးထြက္မ်ားတဲ့အခ်ိန္၊ ဝမ္းသြားေနတဲ့အခ်ိန္ေတြမွာ ေရဆူေဆးျပားေသာက္သံုးေပးတာက ဆံုးရံႈးသြားတဲ့ ေရဓာတ္ေတြကို ျမန္ျမန္ျပန္လည္ျဖည့္တင္းေပးႏိုင္မွာပါ။ ေရေသာက္နည္းတဲ့သူေတြအတြက္ဆိုလည္း ခႏၶာကိုယ္ကိုေရဓာတ္ျဖည့္တင္းေပးႏိုင္မယ့္ အထိေရာက္ဆံုးနည္းလမး္တစ္ခုပါ။ ေနြရာသီလိုပူျပင္းတဲ့ရာသီအေျခအေနမွာ ေရဓာတ္မဆံုးရံႈးေစဖို႔လည္း အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္မွာပါ။

    ေရလိုပဲေသာက္ရတာျဖစ္တဲ့အတြက္ေၾကာင့္ ေဆးလံုးနင္မွာကုိလည္း ပူစရာမလိုပါဘူး။ အျခားေသာက္ေဆးေတြလို အေပၚက Coating တစ္ထပ္မပါတာေၾကာင့္ ေဆးအာနိသင္ေတြကို ထိထိေရာက္ေရာက္ရရွိေစႏိုင္မွာပါ။ ေဆးေသာက္ရမွာေၾကာက္တဲ့သူေတြအေနနဲ႔ အရသာရွိရွိနဲ႔ ေသာက္သံုးႏိုင္မယ့္ ေဆးတစ္မ်ိဳးပါ။ တစ္ခုပဲ သတိထားဖို႔လိုတာက လိုအပ္ခ်က္နဲ႔ ကိုက္ညီေအာင္ ေရြးခ်ယ္ေပးဖို႔႔ပါ။

    ကဲ…..ေဆးေသာက္ရမွာေၾကာက္တဲ့သူေလးေတြအတြက္ လိုအပ္တဲ့ဓာတ္ေတြကို ေရဆူေဆးျပားေလးကေနတဆင့္ ရယူလိုက္ပါ။

    ==========

    ေရးသားသူ Aye Thi Mon
    ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

    (unicode)

    ရေဆူဆေးပြားသောက်တာ ကောင်းလား

    ====================
    ====================

    ရေခွက်လေးထဲပစ်ထည့်လိုက်ရင် ရေလေးတွေဆူလာပြီး အမြှုပ်လေးတွေတက်လာတာကို သဘောကျလို့ ငယ်ငယ်ကတည်းက သောက်ခဲ့ဖူးမယ်ထင်ပါတယ်နော်။ ဒီရေဆူဆေးပြားလေးတွေက အမြှုပ်လေးတွေတက်လာလို့ ကြည့်လို့ကောင်းတယ်ဆိုတာထက် တော်တေ်ာလေးပိုပါတယ်။ ဖျော်ရည်လေးလို အရသာကောင်းကောင်းနဲ့ သောက်လို့ကောင်းရုံတင်၊ လန်းဆန်းသွားစေရုံတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဓာတ်တွေကိုပါဖြည့်စွမ်းပေးပါသေးတယ်။

    ရေဆူဆေးပြားသောက်တာကောင်းလား………
    ရေဆူဆေးပြားကို သောက်ဖို့ ရေတစ်ခွက်ပဲလိုတာပါ။ ရေတစ်ခွက်ရှိရုံနဲ့ အဆင်ပြေပြေသောက်လို့ရပါတယ်။ ဆေးကြောက်တဲ့သူတွေအတွက်ဆိုရင်လည်း တော်တေ်ာလေးအဆင်ပြေစေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ဖျော်ရည်လို အရသာရှိတဲ့ရေလေးတစ်ခွက်သောက်ရုံနဲ့ ရရှိမယ်ဆိုတော့ရေဆူဆေးပြားသောက်တာ ကောင်းတယ်၊ လို့ပဲပြောရမှာပါ။

    ရေဆူဆေးပြား နဲ့ သောက်ဆေးတွေဘာကိုရွေးမလဲ………..
    ဆေးတိုက်ရခက်တဲ့သူတွေ၊ မျိုချရခက်ခဲနေတဲ့သူတွေ၊ အသက်အရွယ်ကြီးရင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေနဲ့ ဆေးကြောက်တတ်တဲ့ကလေးတွေအတွက်ကတော့ ရေဆူဆေးပြားက အဆင်ပြေပါလိမ့်မယ်။ အချို့သောလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကိုပြည့်စုံဖို့ မဖြစ်မနေဆေးသောက်ဖို့လိုမယ်။ ဒါပေမယ့် ဆေးသောက်ဖို့အတွက် မလွယ်ကူဘူး၊ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ရပ်အနေနဲ့လည်း ရေဆူဆေးပြားတွေကိုသုံးပေးလို့ရပါတယ်။

    ရေဆူဆေးပြားဝယ်တဲ့အခါမှာတော့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်ရဲ့လားဆိုတာကို သေချာလေးရွေးချယ်မိဖို့တော့လိုပါမယ်။ ဒါပေမယ့် ရေဆူဆေးပြား အများစုမှာ ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးနိုင်ပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးတဲ့ ဆိုဒီယမ်ကလိုရိုက်ပါဝင်နေပါတယ်။ ဒါ့အပြင် ရေဆူဆေးပြားဝယ်တဲ့အခါ ဗီတာမင် C ပါတာကို ရွေးချယ်ဝယ်ယူမယ်ဆိုရင် ကိုယ်ခံအားကို ကောင်းစေပြီး အသားအရေကိုကြည်လင်စေမှာပါ။ စိတ်ပင်ပန်းတာကို သက်သာစေပြီး၊ သွားနဲ့ သွားဖုံးပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်နေတဲ့အခါမျိုးမှာရော၊ အအေးမိတုပ်ကွေးကို ကာကွယ်တဲ့အနေနဲ့ပါ သောက်သုံးပေးလို့ရပါတယ်။

    အရိုးအဆစ်တွေနဲ့ သွားတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ကတော့ ကယ်လ်ဆီယမ်ပါတဲ့ ရေဆူဆေးပြားမျိုးကအဆင်ပြေစေမှာပါ။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာသန်စွမ်းဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့အပြင် ဇင့်နဲ့ အခြားဆေးဖက်ဝင် အပင်တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့ ရေဆူဆေးပြားတွေကိုသောက်သုံးပေးမှုက ခန္ဓာကိုယ်ကို မှိုတွေ၊ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒါ့အြပ်ငနေ့စဉ်ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် ကျန်းမာရေးမထိခိုက်အောင်ကာကွယ်ပေးမှာဖြစ်တဲ့အပြင် လှုပ်ရှားမှုကြောင့် ချွေးထွက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

    အစာအိမ်ထဲကို ဆေးလုံးအနေနဲ့မဟုတ်ဘဲ အရည်အနေနဲ့ ရောက်ရှိသွားမှာဖြစ်တဲ့အတွက် အစာအိမ်နံရံတွေက အာဟာရဓာတ်တွေကို ခပ်မြန်မြန်စုပ်ယူနိုင်စေမှာဖြစ်တာကြောင့် ထိရောက်မှုအာနိသင်ကလည်းပိုကောင်းမှာပါ။ ချွေးထွက်များတဲ့အချိန်၊ ဝမ်းသွားနေတဲ့အချိန်တွေမှာ ရေဆူဆေးပြားသောက်သုံးပေးတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို မြန်မြန်ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ ရေသောက်နည်းတဲ့သူတွေအတွက်ဆိုလည်း ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ နွေရာသီလိုပူပြင်းတဲ့ရာသီအခြေအနေမှာ ရေဓာတ်မဆုံးရှုံးစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ရေလိုပဲသောက်ရတာဖြစ်တဲ့အတွက်ကြောင့် ဆေးလုံးနင်မှာကိုလည်း ပူစရာမလိုပါဘူး။ အခြားသောက်ဆေးတွေလို အပေါ်က Coating တစ်ထပ်မပါတာကြောင့် ဆေးအာနိသင်တွေကို ထိထိရောက်ရောက်ရရှိစေနိုင်မှာပါ။ ဆေးသောက်ရမှာကြောက်တဲ့သူတွေအနေနဲ့ အရသာရှိရှိနဲ့ သောက်သုံးနိုင်မယ့် ဆေးတစ်မျိုးပါ။ တစ်ခုပဲ သတိထားဖို့လိုတာက လိုအပ်ချက်နဲ့ ကိုက်ညီအောင် ရွေးချယ်ပေးဖို့ပါ။

    ကဲ…..ဆေးသောက်ရမှာကြောက်တဲ့သူလေးတွေအတွက် လိုအပ်တဲ့ဓာတ်တွေကို ရေဆူဆေးပြားလေးကနေတဆင့် ရယူလိုက်ပါ။

    ==========

    ရေးသားသူ Aye Thi Mon
    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

  • ေႁမြေတြေျပးေစမည့္ သဘာဝ နည္းလမ္း

    သင့္အိမ္ဝင္းထဲမွာ ေႁမြေတြ အဝင္အထြက္ရွိေနလို႔ စိတ္ညစ္ေနသူမ်ားအတြက္ ေႁမြေတြေျပးေစမည့္ သဘာဝ နည္းလမ္း

    အိမ္ၿခံေျမအတြင္း ေႁမြေတြ႕လွ်င္ လုပ္ရမည့္နည္း

    သင့္အိမ္ဝင္းထဲမွာ ေႁမြေတြအဝင္အထြက္ရွိေနလို႔ စိတ္ညစ္ေနသူမ်ားအတြက္ ေႁမြေတြေျပးေစမည့္ သဘာဝ နည္းလမ္းေလးပါ။

    သဘာဝ ေဆးနည္း

    ပါဝင္ပစၥည္း

    ေဆး႐ြက္ႀကီး(စြန႔္ပစ္ထားေသာ) ေဆး႐ိုးမ်ား၊ ဇီးျဖဴသီး၊ ဇီးျဖဴ႐ြက္

    ေဆး႐ြက္ႀကီးေဆး႐ိုးမ်ား အမႈန႔္ႀကိတ္ ျဖဴးေပးပါ။

    ေဆး႐ြက္ႀကီး/ေဆး႐ိုးမ်ား ေရစိမ္ ပက္ျဖန္းေပးပါ။

    ဇီးျဖဴသီး/႐ြက္မ်ားကို ေႁမြလာႏိုင္ေသာ ေနရာမ်ားတြင္ ပက္က်ဲေပးပါ။

    ဇီးျဖဴသီး/႐ြက္မ်ားကို ေရျဖင့္ေရာစပ္ အရည္ႀကိတ္ ပက္ျဖန္းေပးပါ။

    အဆင္ေျပေသာနည္းကို အသုံးျပဳႏိုင္ပါတယ္။

    စာႂကြင္း ။ ။ေက်းဇူးရွင္ေတာင္သူဦးႀကီးမ်ားသို႔ လယ္ေျမ/ ယာေျမ/ ဥယ်ာဥ္ၿခံေတြထဲမွာ ေႁမြအႏၲရာယ္ ကင္းေဝးေစဖို႔ ေဆး႐ြက္ႀကီး (စြန႔္ပစ္ထားေသာ) ေဆး႐ိုးမ်ား ျဖန႔္က်ဲေပးပါ။

    မိုး႐ြာလာရင္ ေဆး႐ြက္အရည္မ်ားကို ရႈရႈိက္မိၿပီး ေႁမြဆိုးမ်ား မူး/ေမ့ ေစပါတယ္။ ေနာက္ပိုင္း တစ္ႏွစ္ပတ္လုံး ေႁမြမလာေတာ့ပါ။

    Credit : Nay Htut Aung

    Askstyle Media

    (unicode)

    သင့်အိမ်ဝင်းထဲမှာ မြွေတွေ အဝင်အထွက်ရှိနေလို့ စိတ်ညစ်နေသူများအတွက် မြွေတွေပြေးစေမည့် သဘာဝ နည်းလမ်း

    အိမ်ခြံမြေအတွင်း မြွေတွေ့လျှင် လုပ်ရမည့်နည်း

    သင့်အိမ်ဝင်းထဲမှာ မြွေတွေအဝင်အထွက်ရှိနေလို့ စိတ်ညစ်နေသူများအတွက် မြွေတွေပြေးစေမည့် သဘာဝ နည်းလမ်းလေးပါ။

    သဘာဝ ဆေးနည်း

    ပါဝင်ပစ္စည်း

    ဆေးရွက်ကြီး(စွန့်ပစ်ထားသော) ဆေးရိုးများ၊ ဇီးဖြူသီး၊ ဇီးဖြူရွက်

    ဆေးရွက်ကြီးဆေးရိုးများ အမှုန့်ကြိတ် ဖြူးပေးပါ။

    ဆေးရွက်ကြီး/ဆေးရိုးများ ရေစိမ် ပက်ဖြန်းပေးပါ။

    ဇီးဖြူသီး/ရွက်များကို မြွေလာနိုင်သော နေရာများတွင် ပက်ကျဲပေးပါ။

    ဇီးဖြူသီး/ရွက်များကို ရေဖြင့်ရောစပ် အရည်ကြိတ် ပက်ဖြန်းပေးပါ။

    အဆင်ပြေသောနည်းကို အသုံးပြုနိုင်ပါတယ်။

    စာကြွင်း ။ ။ကျေးဇူးရှင်တောင်သူဦးကြီးများသို့ လယ်မြေ/ ယာမြေ/ ဥယျာဉ်ခြံတွေထဲမှာ မြွေအန္တရာယ် ကင်းဝေးစေဖို့ ဆေးရွက်ကြီး (စွန့်ပစ်ထားသော) ဆေးရိုးများ ဖြန့်ကျဲပေးပါ။

    မိုးရွာလာရင် ဆေးရွက်အရည်များကို ရှုရှိုက်မိပြီး မြွေဆိုးများ မူး/မေ့ စေပါတယ်။ နောက်ပိုင်း တစ်နှစ်ပတ်လုံး မြွေမလာတော့ပါ။

    Credit : Nay Htut Aung

  • ပတဲေကာႀကီးပင္

    (Zawgyi)

    ပတဲေကာႀကီးပင္

    ျမန္မာ ႏိုင္ငံ အႏွံ႔ အျပားတြင္ သဘာ၀အေလ်ာက္ ေပါက္ေရာက္သည္။ သဘာ၀ေပါက္ပင္ ျဖစ္သည္။

    အပင္

    အၿမဲစိမ္း အပင္ငယ္ မ်ိဳးျဖစ္သည္။ အျမင့္ ၅-၈ ေပ အထိ ျမင့္သည္။႐ြက္ေယာင္ ပင္စည္ ျဖစ္ၿပီး ေထာင္မတ္၍ ေပါက္သည္။ ပင္စည္ လုံးမာ ၍ ေခ်ာေမြ႕ သည္။

    အ႐ြက္

    ပင္စည္လုံးအား ပတ္၍ ႐ြက္လႊဲထြက္သည္။အလ်ား ၁-၂ ေပ အထိ ရွိ၏။ ႐ြက္ျပားက်ဥ္း၏။႐ြက္ရင္းဝိုင္း သို႔မဟုတ္ သြယ္ၿပီး ႐ြက္ထိပ္သို႔ ခြၽန္သြယ္ သြားသည္။ဂုံမင္း ႐ြက္ႏွင့္ တူသည္။႐ြက္ညႇာ တိုသည္။႐ြက္လယ္ေၾကာ ထင္ရွား၍ ေျမာင္းပါသည္။ အ႐ြက္ မ်က္ႏွာျပင္ ႏွစ္ဖက္လုံး ေခ်ာေမြ႕ၿပီး ႐ြက္နားညီသည္။

    အပြင့္

    ေသးငယ္ၿပီး အျဖဴ ေရာင္တြင္ နီညိဳ စင္းကေလး မ်ား ရွိသည္။

    အျမစ္ဥ

    ဥပုံသဏၭာန္ ျဖစ္ၿပီး နႏြင္း တက္ႏွင့္ တူသည္။ အေျမႇး ဖတ္မ်ားျဖင့္ ဖုံးအုပ္ထားသည္။ ျမစ္ႁမႊာ နည္းသည္။

    အသုံးဝင္ပုံ

    ဥတက္။

    အာနိသင္

    ျမန္မာ ေဆးက်မ္းမ်ား အလိုအရ ပတဲေကာ ျမစ္သည္ ပူ ၊ စပ္၊ ခါး ေသာ အရသာ ရွိ၏။ ပူ၍ ထက္ျမက္ေသာ ဂုဏ္သတၱိ ရွိ၏။ ေသြး ၊ သလိပ္ကို ေၾကေစ၍ အဆိပ္ကိုလည္းေကာင္း၊ေရာင္ရမ္းေသာအနာကိုလည္းေကာင္း ႏိုင္ေသာ သတၱိ ရွိ၏။ ဝမ္းမီးကို ေတာက္ေစသည္။ ႏွလုံး ကို အက်ိဳး ျပဳသည္။ ႏႈတ္ကို ၿမိန္ေစသည္။

    ဥတက္အသုံးျပဳပုံ

    ၁။ပတဲေကာႀကီးကို ဝမ္းကိုက္ေရာဂါ၊ ေသြးဝမ္းက် ေရာဂါ၊ ပန္းနာေရာဂါ၊ ႏွလုံးေရာဂါ ေပ်ာက္ ေဆးမ်ားအျဖစ္ ေဖာ္စပ္ အသုံးျပဳ၏။

    ၂။ဆီးခဲလွ်င္ ပတဲေကာကို ဆန္ေဆးရည္ ႏွင့္ ေသြးေသာက္က ဆီး႐ႊင္ေစ၏။

    ၃။ပတဲေကာႀကီး ျမစ္ကို ခ်င္းစိမ္းအရည္၊ ပ်ားရည္ႏွင့္ လ်က္ေပးက ေခ်ာင္းဆိုး ေရာဂါ ေပ်ာက္၏။

    ၄။ပတဲေကာႀကီး ႏွင့္ စမုန္ျဖဴ၊ ဆားမီးဖုတ္ တို႔ကို အမႈန႔္ ျပဳ၍ အနည္းငယ္မွ် လ်က္ေပး ေသာ္ ရင္နာ၊ ဝမ္းနာ ေပ်ာက္၏။

    ၅။ဆီးအိမ္တြင္ ဆီးရွိလ်က္ ဆီးေအာင့္ ဆီးခ်ဳပ္ေနမူ ပတဲေကာႀကီး ျမစ္ကို ေရႏွင့္ ေသြးေသာက္ ေသာ္ ေပ်ာက္၏။

    ၆။အဖ်ားေရာဂါမ်ားအတြက္ အဖ်ားကို ႏိုင္ေစေသာ ငန္းေဆးႏွင့္ ပတဲေကာႀကီး ျပဳတ္ရည္ တိုက္ပါက လ်င္ျမန္စြာ ေပ်ာက္ကင္း၏။

    ၇။ပတဲေကာႀကီး၊ ခ်င္းေျခာက္၊ သိေႏၶာဆားတို႔ကို ဆတူစပ္၍ အမႈန႔္ျပဳေသာက္ေသာ္ အစာ မေၾက ေရာဂါ ေပ်ာက္ကင္း၏။

    Credit-ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

    (Unicode)

    ပတဲကောကြီးပင်

    မြန်မာ နိုင်ငံ အနှံ့ အပြားတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။ သဘာ၀ပေါက်ပင် ဖြစ်သည်။

    အပင်

    အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။

    အရွက်

    ပင်စည်လုံးအား ပတ်၍ ရွက်လွှဲထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြားကျဉ်း၏။ရွက်ရင်းဝိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။

    အပွင့်

    သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။

    အမြစ်ဥ

    ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။

    အသုံးဝင်ပုံ

    ဥတက်။

    အာနိသင်

    မြန်မာ ဆေးကျမ်းများ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ်ကိုလည်းကောင်း၊ရောင်ရမ်းသောအနာကိုလည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ဝမ်းမီးကို တောက်စေသည်။ နှလုံး ကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။

    ဥတက်အသုံးပြုပုံ

    ၁။ပတဲကောကြီးကို ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံးရောဂါ ပျောက် ဆေးများအဖြစ် ဖော်စပ် အသုံးပြု၏။

    ၂။ဆီးခဲလျှင် ပတဲကောကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။

    ၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။

    ၄။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။

    ၅။ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။

    ၆။အဖျားရောဂါများအတွက် အဖျားကို နိုင်စေသော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။

    ၇။ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆားတို့ကို ဆတူစပ်၍ အမှုန့်ပြုသောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။

    Credit-မြန်မာ့ဆေးဖက်ဝင်အပင်များ

  • ကိုယ္ဝန္ေဆာင္မိခင္မ်ားတြက္ လံုးဝေရွာင္ၾကဥ္ရမည့္အစားအစာမ်ား

    ကိုယ္ဝန္ေဆာင္မိခင္မ်ားတြက္ လံုးဝေရွာင္ၾကဥ္ရမည့္အစားအစာမ်ား

    (၁) သေဘာၤသီးအစိမ္း၊ နာနတ္သီး

    ဒီအစားအစာႏွစ္မ်ဳိးကေတာ့ ျမန္မာႏိုင္ငံရဲ႔ စားေသာက္ေနထုိင္ပံု စနစ္အရ အလြန္ပဲ ေမ့ေမ့ေလ်ာ့ေလ်ာ့ စားမိတတ္တဲ႔ အရာမ်ား ျဖစ္ပါတယ္။ ဒါ့အျပင္ ကုိယ္ဝန္ေဆာင္ မိခင္အမ်ားစုဟာ ပူပူစပ္စပ္ စားခ်င္တတ္သူမ်ား ပီပီ ခံတြင္းေတာင္းလို႔ပဲျဖစ္ျဖစ္၊ ခ်ဥ္ျခင္းတတ္လို႔ပဲ ျဖစ္ျဖစ္ သေဘၤာသီးေထာင္းကို မွာယူစားေသာက္ ေလ့ရွိၾကပါတယ္။ တည့္သည္မတည့္သည္အသာထား ဒါဟာ ကေလးေတာင္းတာဟဲ႔ ဆိုျပီး ေယာက်ာ္းျဖစ္ သူမ်ားကလဲ အားရပါးရ ဝယ္ေကၽြးေလ့ရွိပါတယ္ ။ တကယ္ေတာ့ သေဘာၤသီးအစိမ္းကို ပါကၠစတန္ႏိုင္ငံ ႏွင့္ အျခားေသာ အာရပ္ႏိုင္ငံမ်ားဟာ ေရွးႏွစ္ေပါင္းမ်ားစြာက ကိုယ္ဝန္ဖ်က္ဖို႔ ေဆးနည္းတစ္ခု အေနနဲ႔ေတာင္ အသံုးျပဳခဲ႔ ဖူးတဲ႔ အခ်က္ေတြရွိေနပါတယ္။  သေဘာၤသီးအစိမ္းမွာဆိုရင္ oxytocin နဲ႔ prostaglandin ဆိုတဲ႔ ေဟာ္မုန္းေတြပါဝင္ျပီး ဒီေဟာ္မုန္းေတြက သားအိမ္လႈပ္ရွားျခင္း(uterine contraction) ကို ျဖစ္ေစႏိုင္ျပီး ကိုယ္ဝန္ပ်က္သည္ထိ ျဖစ္ႏိုင္ပါတယ္။ နာနတ္သီးကလဲ ျမန္မာႏိုင္ငံရဲ႔ လူၾကိဳက္မ်ားတဲ႔ အသီးအႏွံထဲမွာပါဝင္ပါတယ္။ နာနတ္သီးမွာ ဆိုရင္ေတာ့ bromelain ဆိုရင္ ေဟာ္မုန္းတမ်ိဳးပါဝင္ျပီး ဒီေဟာ္မုန္္းက သားအိမ္ဝ က်ယ္လာေစကာ လမေစ့ခင္ ကေလးေမြးျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

    (၂) မာက်ဳရီဓာတ္ ျမင့္ေသာ ငါးမ်ား (high mercury fish)

    ဥပမာ –   ငါးမန္း(shark)၊ ဓားငါး (swordfish)၊ king mackerel၊ tile fish ပံုမွန္အားျဖင့္ ကၽြန္ေတ္ာတို႔ႏိုင္ငံမွာ အထိေတြ႔မ်ားတာကေတာ့ ငါးမန္းေပါ့ေလ ( က်န္တဲ႔ငါးကေတာ့ ရွားပါတယ္)။တခ်ိဳ႔ေသာ ကမ္းေျခေတြမွာ ေစ်းၾကီးတဲ႔အစားစာအျဖစ္ေရာင္းပါတယ္။ ဒီငါးေတြမွာ ပါဝင္တဲ႔ မာက်ဴရီဓာတ္ဟာ ကေလးရဲ႔ ဦးေနွာက္ဖြံ႔ျဖိဳးမႈကို ထိခိုက္ေစႏိုင္တ႔ဲအတြက္ ကိုယ္ဝန္ေဆာင္သည္ေတြနဲ႔ ႏို႔တိုက္မိခင္ေတြ မစားသင့္ပါဘူး။ စားမယ့္ဆိုရင္ေတာင္ တပတ္ကို (၆) ေအာင္စထက္ ပိုမစားဖို႔ ေျပာထားပါတယ္။

    (၃) မက်ိဳခ်က္ထားေသာႏို႔(ႏို႔ထြက္ပစၥည္းမ်ား) ႏွင့္ မက်က္တက်က္ခ်က္ထားေသာ အသားစိမ္းမ်ား  (unpasteurized Diary product  and undercooked meat)

    တခ်ိဳ႔ေသာ ေရွးရိုးစြဲအယူအဆမ်ားအရ ကိုယ္ဝန္ေဆာင္မိခင္ကို အားရွိေအာင္ဆိုျပီး ႏို႔စိမ္း (မက်ိဳခ်က္ေရေသး ေသာႏို႔) တိုက္ၾကတာေလးေတြၾကားဖူးးပါတယ္။ တကယ္ေတာ့မွားယြင္းတဲ့ အယူအဆတခုျဖစ္ပါတယ္။ မက်ိဳခ်က္ရေသးေသာ ႏို႔ေတြနဲ႔ အသားစိမ္းေတြမွာ  (Listeria monocytogenes) လို႔ေခၚတဲ႔ ေရာဂါပိုးတစ္မ်ိဳးပါရွိေနတတ္ျပီး ဒီေရာဂါပိုးဟာ ကိုယ္ဝန္ပ်က္က်ျခင္း၊ လမေစ့ပဲကေလးေမြးျခင္း၊ သေႏၵသားတြင္ ဦးေႏွာက္အေျမွးပါေရာင္ရမ္း ျခင္း စသည္တို႔ကိုျဖစ္ေစပါတယ္။ ဒီေရာဂါပိုးကို ပြက္ပြက္ဆူေအာင္ အပူေပးျခင္းျဖင့္ ဖယ္ရွားႏိုင္ပါတယ္။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနနဲ႔ ႏို႔အမ်ိဳးမ်ိဳးနဲ႔ အသားစိမ္းမ်ား ကို က်က္ေအာင္ခ်က္ျပဳတ္ျပီးမွ စားသံုးသင့္ပါတယ္။

    (၄) အသားစိမ္းငါးစိမ္းမ်ား (raw meat. Fish and eggs)

    ကၽြန္ေတာ္တို႔ဆီမွာေတာ့ သိပ္မစားတတ္ေပမယ့္ တခ်ိဳ႔ေသာႏို္င္ငံေတြ လူမ်ိဳးေတြမွာ အစိမ္းစားေသာ အေလ့အထ ရွိပါတယ္။ အသားစိမ္းငါးစိမ္းေတြမွာ (Toxoplasma) ဆိုတဲ႔ ေရာဂါပိုးတမ်ိဳးပါတတ္ျပီး မိခင္ႏွင့္ ကေလးကို ကူးစက္ႏိုင္ပါတယ္။ အျဖစ္နည္းေပမယ့္ ေရာဂါပိုးကူးစက္ခံရတဲ႔ မိခင္ႏွင့္ကေလးမ်ားဟာ ကိုယ္ဝန္ ပ်က္က်ျခင္း၊ သေႏၵသား၏ ဦးေႏွာက္၊ မ်က္လံုး စသည့္ အဂၤါရပ္မ်ားကို ထိခိုက္ႏိုင္ပါတယ္)

    (၅) ခြန္အားျပည့္အခ်ိဳရည္မ်ားႏွင့္ ေကာ္ဖီမ်ား ( Energy drinks and coffee)

    အဓိကအားျဖင့္ ကဖင္းဓာတ္ေပါ့( caffine)။ ကဖင္းဓာတ္အလြန္မ်ားျခင္းက ကိုယ္ဝန္သည္ေတြအတြက္ ေသြးတိုးျခင္း၊ ႏွလံုးခုန္ႏႈန္းပံုမွန္မဟုတ္ျခင္း၊ စတဲ႔ ျပသနာေတြကိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေကာ္ဖီအခ်ဳိရည္ ၾကိဳက္ေသာ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနနဲ႔ အလြန္႔အကၽြံေသာက္သံုးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။( ေတာ္သင့္ရံုေသာက္သံုးႏိုင္ပါသည္)။ တေန႔ကို ကဖင္းဓာတ္ကို 200mg ေအာက္သာ သံုးစြဲသင့္ပါတယ္။ (11 ounces cup of coffee)

    ဒါေတြကေတာ့ အဓိကအားျဖင့္ ေရွာင္ရွားသင့္ေသာ အစားအစာမ်ားထဲမွာ ပါဝင္ပါတယ္။ ထပ္ေစာင္း ေျပာခ်င္တာကေတာ့ ခ်ိဳလြန္း၊ငံလြန္း၊ အဆီမ်ားလြန္းတဲ႔ အစားအစာေတြကိုလဲ ေရွာင္သင့္တာေပါ့ေလ (လံုးဝ မစားရတာမဟုတ္ပါ ကိုယ္ဝန္မရွိခင္က အတိုင္းစားသံုးႏိုင္ပါသည္)။ ကို္ယ္ဝန္ေဆာင္ေသြးတိုးေရာဂါ၊ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါေတြ ျဖစ္ႏိုင္တာမို႔လို႔ တန္ေဆးလြန္ေဘးဆိုတဲ႔စကားအတိုင္း ေရွာင္ရွားသင့္ပါတယ္ လို႔ အၾကံေပးခ်င္ပါတယ္။

    Credit-Dr.Zaw Htet Aung

    (unicode)

    ကိုယ်ဝန်ဆောင်မိခင်များတွက် လုံးဝရှောင်ကြဉ်ရမည့်အစားအစာများ

    (၁) သဘောၤသီးအစိမ်း၊ နာနတ်သီး

    ဒီအစားအစာနှစ်မျိုးကတော့ မြန်မာနိုင်ငံရဲ့ စားသောက်နေထိုင်ပုံ စနစ်အရ အလွန်ပဲ မေ့မေ့လျော့လျော့ စားမိတတ်တဲ့ အရာများ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်အများစုဟာ ပူပူစပ်စပ် စားချင်တတ်သူများ ပီပီ ခံတွင်းတောင်းလို့ပဲဖြစ်ဖြစ်၊ ချဉ်ခြင်းတတ်လို့ပဲ ဖြစ်ဖြစ် သငေ်္ဘာသီးထောင်းကို မှာယူစားသောက် လေ့ရှိကြပါတယ်။ တည့်သည်မတည့်သည်အသာထား ဒါဟာ ကလေးတောင်းတာဟဲ့ ဆိုပြီး ယောကျာ်းဖြစ် သူများကလဲ အားရပါးရ ဝယ်ကျွေးလေ့ရှိပါတယ် ။ တကယ်တော့ သဘောၤသီးအစိမ်းကို ပါက္ကစတန်နိုင်ငံ နှင့် အခြားသော အာရပ်နိုင်ငံများဟာ ရှေးနှစ်ပေါင်းများစွာက ကိုယ်ဝန်ဖျက်ဖို့ ဆေးနည်းတစ်ခု အနေနဲ့တောင် အသုံးပြုခဲ့ ဖူးတဲ့ အချက်တွေရှိနေပါတယ်။ သဘောၤသီးအစိမ်းမှာဆိုရင် oxytocin နဲ့ prostaglandin ဆိုတဲ့ ဟော်မုန်းတွေပါဝင်ပြီး ဒီဟော်မုန်းတွေက သားအိမ်လှုပ်ရှားခြင်း(uterine contraction) ကို ဖြစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်သည်ထိ ဖြစ်နိုင်ပါတယ်။ နာနတ်သီးကလဲ မြန်မာနိုင်ငံရဲ့ လူကြိုက်များတဲ့ အသီးအနှံထဲမှာပါဝင်ပါတယ်။ နာနတ်သီးမှာ ဆိုရင်တော့ bromelain ဆိုရင် ဟော်မုန်းတမျိုးပါဝင်ပြီး ဒီဟော်မုန်းက သားအိမ်ဝ ကျယ်လာစေကာ လမစေ့ခင် ကလေးမွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

    (၂) မာကျုရီဓာတ် မြင့်သော ငါးများ (high mercury fish)

    ဥပမာ – ငါးမန်း(shark)၊ ဓားငါး (swordfish)၊ king mackerel၊ tile fish
    ပုံမှန်အားဖြင့် ကျွန်တေ်ာတို့နိုင်ငံမှာ အထိတွေ့များတာကတော့ ငါးမန်းပေါ့လေ ( ကျန်တဲ့ငါးကတော့ ရှားပါတယ်)။တချို့သော ကမ်းခြေတွေမှာ ဈေးကြီးတဲ့အစားစာအဖြစ်ရောင်းပါတယ်။ ဒီငါးတွေမှာ ပါဝင်တဲ့ မာကျူရီဓာတ်ဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေ မစားသင့်ပါဘူး။ စားမယ့်ဆိုရင်တောင် တပတ်ကို (၆) အောင်စထက် ပိုမစားဖို့ ပြောထားပါတယ်။

    (၃) မကျိုချက်ထားသောနို့(နို့ထွက်ပစ္စည်းများ) နှင့် မကျက်တကျက်ချက်ထားသော အသားစိမ်းများ (unpasteurized Diary product and undercooked meat)

    တချို့သော ရှေးရိုးစွဲအယူအဆများအရ ကိုယ်ဝန်ဆောင်မိခင်ကို အားရှိအောင်ဆိုပြီး နို့စိမ်း (မကျိုချက်ရေသေး သောနို့) တိုက်ကြတာလေးတွေကြားဖူးးပါတယ်။ တကယ်တော့မှားယွင်းတဲ့ အယူအဆတခုဖြစ်ပါတယ်။ မကျိုချက်ရသေးသော နို့တွေနဲ့ အသားစိမ်းတွေမှာ (Listeria monocytogenes) လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးပါရှိနေတတ်ပြီး ဒီရောဂါပိုးဟာ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ပဲကလေးမွေးခြင်း၊ သန္ဒေသားတွင် ဦးနှောက်အမြှေးပါရောင်ရမ်း ခြင်း စသည်တို့ကိုဖြစ်စေပါတယ်။ ဒီရောဂါပိုးကို ပွက်ပွက်ဆူအောင် အပူပေးခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ နို့အမျိုးမျိုးနဲ့ အသားစိမ်းများ ကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။

    (၄) အသားစိမ်းငါးစိမ်းများ (raw meat. Fish and eggs)

    ကျွန်တော်တို့ဆီမှာတော့ သိပ်မစားတတ်ပေမယ့် တချို့သောနိုင်ငံတွေ လူမျိုးတွေမှာ အစိမ်းစားသော အလေ့အထ ရှိပါတယ်။ အသားစိမ်းငါးစိမ်းတွေမှာ (Toxoplasma) ဆိုတဲ့ ရောဂါပိုးတမျိုးပါတတ်ပြီး မိခင်နှင့် ကလေးကို ကူးစက်နိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ရောဂါပိုးကူးစက်ခံရတဲ့ မိခင်နှင့်ကလေးများဟာ ကိုယ်ဝန် ပျက်ကျခြင်း၊ သန္ဒေသား၏ ဦးနှောက်၊ မျက်လုံး စသည့် အင်္ဂါရပ်များကို ထိခိုက်နိုင်ပါတယ်)

    (၅) ခွန်အားပြည့်အချိုရည်များနှင့် ကော်ဖီများ ( Energy drinks and coffee)

    အဓိကအားဖြင့် ကဖင်းဓာတ်ပေါ့( caffine)။ ကဖင်းဓာတ်အလွန်များခြင်းက ကိုယ်ဝန်သည်တွေအတွက် သွေးတိုးခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ စတဲ့ ပြသနာတွေကိုဖြစ်စေပါတယ်။ ဒါကြောင့် ကော်ဖီအချိုရည် ကြိုက်သော ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ အလွန့်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။( တော်သင့်ရုံသောက်သုံးနိုင်ပါသည်)။ တနေ့ကို ကဖင်းဓာတ်ကို 200mg အောက်သာ သုံးစွဲသင့်ပါတယ်။ (11 ounces cup of coffee)

    ဒါတွေကတော့ အဓိကအားဖြင့် ရှောင်ရှားသင့်သော အစားအစာများထဲမှာ ပါဝင်ပါတယ်။ ထပ်စောင်း ပြောချင်တာကတော့ ချိုလွန်း၊ငံလွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကိုလဲ ရှောင်သင့်တာပေါ့လေ (လုံးဝ မစားရတာမဟုတ်ပါ ကိုယ်ဝန်မရှိခင်က အတိုင်းစားသုံးနိုင်ပါသည်)။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါတွေ ဖြစ်နိုင်တာမို့လို့ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း ရှောင်ရှားသင့်ပါတယ် လို့ အကြံပေးချင်ပါတယ်။

    Credit-Dr.Zaw Htet Aung

  • အ႐ိုးအစားထိုးကုသပစၥည္းကို ၾကက္ဥခြံကေနထုတ္လုပ္ဖန္တီး

    အ႐ိုးအစားထိုးကုသပစၥည္းကို ၾကက္ဥခြံကေနထုတ္လုပ္ဖန္တီး

    ====================
    ====================

    အ႐ိုးအစားထိုးကုသတဲ့ပစၥည္းထုတ္လုပ္ရာမွာစြန္႔ပစ္ၾကတဲ့ ၾကက္ဥအခြံကေနဖန္တီးတဲ့နည္းလမ္းကိုအိႏၵိယသုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။သုေတသီေတြက I-tricalcium phosphate (I-TCP) လိုအ႐ိုးအစားထိုးပစၥည္းေတြကိုအဆိပ္အေတာက္ရွိတဲ့ဓာတုပစၥည္းေတြ မသုံးဘဲထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနတာပါ။

    ၾကက္ဥခြံဟာသတၱဳဓာတ္ပါတဲ့ကယ္လ္စီယမ္ အမ်ားဆုံး(၉၅ ဒသမ ၁ ရာခိုင္ႏႈန္း) ပါဝင္တဲ့အျပင္ ပ႐ိုတင္းနဲ႔ ေရဓာတ္အနည္းငယ္လည္းပါဝင္ပါတယ္။

    အ႐ိုးပ်က္စီးမႈေတြကိုကုသဖို႔ အ႐ိုးဆက္အစားထိုးပစၥည္းေတြသုံးခဲ့တာ ၾကာပါၿပီ။ ၾကက္ဥခြံကရတဲ့ ကယ္လ္စီယမ္ကို ေညာင္ပင္ရဲ႕အေစးနဲ႔ ေပါင္းစပ္ၿပီးအ႐ိုးအစားထိုးပစၥည္းဖန္တီးပါတယ္။

    ကေန႔ေခတ္ေဆးပညာမွာလူနာသို႔မဟုတ္ အလႉရွင္ဆီကအ႐ိုးကို Plaster of Paris လိုကယ္လ္စီယမ္ပါဝင္တဲ့ အတုပစၥည္းေတြသုံးၿပီးထိခိုက္ပ်က္စီးေနတဲ့အ႐ိုးေတြကိုအစားထိုးကုသပါတယ္။

    ေနာက္ပိုင္းေတာ့ hydroxyapatite နဲ႔ calcium phosphate တို႔လို ေဖာ့စဖိတ္ျဒပ္ေပါင္းေတြကိုသုံးၾကပါတယ္။၁၆၆၈ ခုႏွစ္မွာဒတ္ခ်္လူမ်ိဳးဆရာဝန္ Van Meek’ren က အေစာဆုံးမွတ္တမ္းဝင္ အ႐ိုးအစားထိုးကုသမႈကိုေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီးကတည္းကအ႐ိုးအစားထိုးကုသမႈေပါင္း ၅၀ ေက်ာ္ကိုစမ္းသပ္ကုသခဲ့ၿပီးျဖစ္ပါတယ္။

    ဒီေလ့လာမႈကို Indian Institute of Technology (IIT)၊ National institute of Technology တို႔မွ သုေတသီေတြကပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။သူတို႔ရဲ႕ေတြ႕ရွိခ်က္ရလဒ္ကို ၂၀၁၉ မတ္လထုတ္ Ceramics International ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

    ဓာတုပစၥည္းေတြသုံးၿပီးအစားထိုးကုသမႈအတုပစၥည္းေတြ ျပဳလုပ္ရာမွာ ေတြေဝေနရတာေတြရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အၿပီးအျပတ္မဖယ္ရွားႏိုင္ရင္ အဆိပ္အေတာက္ျဖစ္ေစႏိုင္မယ့္ ဓာတုအႂကြင္းအက်န္ေတြရွိေနတတ္တာေၾကာင့္ပါ။ ဥပမာ I-tricalcium phosphate (I-TCP) ကို ျပဳလုပ္တဲ့အခါ ႏိုက္ထရိတ္ျဒပ္ေပါင္းေတြသုံးၿပီးေပါင္းစပ္ဖန္တီးရတယ္။ အႂကြင္းအက်န္ေတြရွိမယ္ဆိုရင္ အႏၲရာယ္ရွိတယ္ လိို႔ သုေတသီတစ္ဦးကေျပာပါတယ္။

    ၾကက္ဥခြံကေနျပဳလုပ္တဲ့ ဇီဝပစၥည္းကဆိုရင္ သူ႔မွာသဘာဝအေလ်ာက္ပါၿပီးသားဇီဝပစၥည္းေတြ၊ ion ေတြရွိေနတာေၾကာင့္ တျခားအတုပစၥည္းေတြထက္ ပိုေဘးကင္းတယ္။ ေနာက္ၿပီးအကုန္အက်သက္သာတယ္။ ကမာၻတစ္လႊားမွာစြန္႔ပစ္ေနၾကတဲ့ ၾကက္ဥခြံေပါင္းတန္ခ်ိန္သန္းေပါင္းမ်ားစြာရွိေနေတာ့ အေရအတြက္ကလည္းအကန္႔အသတ္မရွိရႏိုင္တယ္ လို႔ သုေတသီေတြကဆိုပါတယ္။

    ==========

    The Myanmar Times

    (unicode)

    အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေထုတ်လုပ်ဖန်တီး

    ====================
    ====================

    အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာစွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေဖန်တီးတဲ့နည်းလမ်းကိုအိန္ဒိယသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။သုတေသီတွေက I-tricalcium phosphate (I-TCP) လိုအရိုးအစားထိုးပစ္စည်းတွေကိုအဆိပ်အတောက်ရှိတဲ့ဓာတုပစ္စည်းတွေ မသုံးဘဲထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။

    ကြက်ဥခွံဟာသတ္တုဓာတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅ ဒသမ ၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ ရေဓာတ်အနည်းငယ်လည်းပါဝင်ပါတယ်။

    အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကို ညောင်ပင်ရဲ့အစေးနဲ့ ပေါင်းစပ်ပြီးအရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။

    ကနေ့ခေတ်ဆေးပညာမှာလူနာသို့မဟုတ် အလှူရှင်ဆီကအရိုးကို Plaster of Paris လိုကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီးထိခိုက်ပျက်စီးနေတဲ့အရိုးတွေကိုအစားထိုးကုသပါတယ်။

    နောက်ပိုင်းတော့ hydroxyapatite နဲ့ calcium phosphate တို့လို ဖော့စဖိတ်ဒြပ်ပေါင်းတွေကိုသုံးကြပါတယ်။၁၆၆၈ ခုနှစ်မှာဒတ်ချ်လူမျိုးဆရာဝန် Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းကအရိုးအစားထိုးကုသမှုပေါင်း ၅၀ ကျော်ကိုစမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။

    ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊ National institute of Technology တို့မှ သုတေသီတွေကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ် Ceramics International ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

    ဓာတုပစ္စည်းတွေသုံးပြီးအစားထိုးကုသမှုအတုပစ္စည်းတွေ ပြုလုပ်ရာမှာ တွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓာတုအကြွင်းအကျန်တွေရှိနေတတ်တာကြောင့်ပါ။ ဥပမာ I-tricalcium phosphate (I-TCP) ကို ပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီးပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ် လို့ သုတေသီတစ်ဦးကပြောပါတယ်။

    ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသားဇီဝပစ္စည်းတွေ၊ ion တွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။ နောက်ပြီးအကုန်အကျသက်သာတယ်။ ကမ္ဘာတစ်လွှားမှာစွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်းတန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်းအကန့်အသတ်မရှိရနိုင်တယ် လို့ သုတေသီတွေကဆိုပါတယ်။

    ==========

    The Myanmar Times