Category: ဗဟုတုသ

  • ဆံပင္အေျခာက္ခံစက္ (Hair Dryer) သုံးတတ္သူေတြ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ား။ ဆံပင်အခြောက်ခံစက် (Hair Dryer) သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ။

    (Zawgyi)

    Hair Dryer သုံးတတ္သူေတြ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ား

    ေခါင္းေလွ်ာ္ၿပီးတဲ့ အခါတိုင္း Hair Dryer (ဆံပင္အေျခာက္ခံစက္) အသုံးျပဳျခင္းဟာ ဆံေကသာကို ေျခာက္ေသြ႕ပ်က္စီးေစတယ္ ဆိုေပမယ့္ အသုံံးျပဳတဲ့ နည္းလမ္း မွန္ကန္မယ္ဆိုရင္ ထင္သေလာက္ မပ်က္စီးေစႏိုင္ပါဘူး။ ဒါေၾကာင့္မို႔လို႔ Hair Dryer အသုံးျပဳတဲ့အခါ သိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြကို မွ်ေဝေပးခ်င္ပါတယ္။

    (၁) ေခါင္းေလွ်ာ္ၿပီးတိုင္း Hair Dryer အသုံးျပဳတဲ့အခါ ဆံပင္ကို ေလမႈတ္ခ်င္သလို မႈတ္တာထက္ ဆံပင္အရင္းကေန အဖ်ားအတိုင္း ေလမႈတ္ အေျခာက္ခံေပးျခင္းက ဆံသားပ်က္စီးမႈႏႈန္းကို သက္သာေစသလို ဆံပင္ေျခာက္ေသြ႕ပ်က္စီးမႈမ်ားတာကိုလည္း ေလ်ာ့ပါးေစႏိုင္ပါတယ္။

    (၂) Hair Dryer အသုံးျပဳတဲ့အခါ ဆံပင္ တေခါင္းလုံးကို လွည့္ပတ္ၿပီး အေျခာက္ခံ ေလမႈတ္တာမ်ိဳးထက္ ဆံပင္ကို အပိုင္းေလးေတြ ခြဲၿပီး အေျခာက္ခံေပးျခင္းက ဆံသား က်ိဳးေၾကပ်က္စီးမႈကို ေလ်ာ့နည္းေစႏိုင္သလို ဆံသားအခ်င္းခ်င္း ပြတ္တိုက္မိၿပီး ဆံပင္ကြၽတ္တာမ်ိဳးကေနလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။

    (၃) Hair Dryer အသုံးျပဳတဲ့အခါ မ်က္ႏွာ၊ နဖူးစတာေတြနဲ႔ အရမ္းနီးကပ္လြန္းေအာင္ အသုံးျပဳျခင္းဟာ အသားအေရကို ေျခာက္ေသြ႕ပ်က္စီး ေစႏိုင္တာေၾကာင့္ အနည္းဆုံး ၁ ေပအကြာေလာက္ကေန ထားၿပီး အသုံးျပဳသင့္ပါတယ္။

    (၄) Hair Dryer အသုံးျပဳျခင္းေၾကာင့္ ဆံသားေျခာက္ေသြ႕ ပ်က္စီးတာမ်ိဳးေတြ မျဖစ္ရေအာင္ ဆံပင္ေတြကို Dryer နဲ႔ မမႈတ္ခင္ ဗီတာမင္အီး၊ သံလြင္ဆီ စတဲ့အဆီတမ်ိဳးမ်ိဳးကို လိမ္းက်ံေပးၿပီးမွ အေျခာက္ခံေပးျခင္းက ဆံသားေတြကို ပုံက်လွပေစႏိုင္ပါတယ္။

    (၅) Hair Dryer ေတြကို သန႔္ရွင္းေရး မလုပ္ဘဲ အၿမဲလိုလို အသုံးျပဳေနမယ္ဆိုရင္ Dryer ထဲက ဖုန္မႈန႔္ေတြဟာ ဦးေရျပားနဲ႔ ဆံပင္ကို ကပ္ၿငိႏိုင္တာေၾကာင့္ အနည္းဆုံး ၂ ပတ္တခါေလာက္ Dryer ကို သန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။

    (၆) ေခါင္းေလွ်ာ္ၿပီး ေရစိုေနတဲ့ ဆံပင္ကို Hair Dryer နဲ႔ စမႈတ္တဲ့အခါ အပူရွိန္ျပင္းျပင္းနဲ႔ မႈတ္လိုက္မယ္ဆိုရင္ ဆံပင္ေတြ ပိုမိုပ်က္စီးေစႏိုင္တာေၾကာင့္ အပူရွိန္ေလအား ေပ်ာ့တာနဲ႔ အရင္ စမႈတ္ေပးသင့္ပါတယ္။

    Ref. www.brightside.me

    Credit- ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    Hair Dryer သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ

    ခေါင်းလျှော်ပြီးတဲ့ အခါတိုင်း Hair Dryer (ဆံပင်အခြောက်ခံစက်) အသုံးပြုခြင်းဟာ ဆံကေသာကို ခြောက်သွေ့ပျက်စီးစေတယ် ဆိုပေမယ့် အသုံံးပြုတဲ့ နည်းလမ်း မှန်ကန်မယ်ဆိုရင် ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ Hair Dryer အသုံးပြုတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။

    (၁) ခေါင်းလျှော်ပြီးတိုင်း Hair Dryer အသုံးပြုတဲ့အခါ ဆံပင်ကို လေမှုတ်ချင်သလို မှုတ်တာထက် ဆံပင်အရင်းကနေ အဖျားအတိုင်း လေမှုတ် အခြောက်ခံပေးခြင်းက ဆံသားပျက်စီးမှုနှုန်းကို သက်သာစေသလို ဆံပင်ခြောက်သွေ့ပျက်စီးမှုများတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။

    (၂) Hair Dryer အသုံးပြုတဲ့အခါ ဆံပင် တခေါင်းလုံးကို လှည့်ပတ်ပြီး အခြောက်ခံ လေမှုတ်တာမျိုးထက် ဆံပင်ကို အပိုင်းလေးတွေ ခွဲပြီး အခြောက်ခံပေးခြင်းက ဆံသား ကျိုးကြေပျက်စီးမှုကို လျော့နည်းစေနိုင်သလို ဆံသားအချင်းချင်း ပွတ်တိုက်မိပြီး ဆံပင်ကျွတ်တာမျိုးကနေလည်း လျော့နည်းစေနိုင်ပါတယ်။

    (၃) Hair Dryer အသုံးပြုတဲ့အခါ မျက်နှာ၊ နဖူးစတာတွေနဲ့ အရမ်းနီးကပ်လွန်းအောင် အသုံးပြုခြင်းဟာ အသားအရေကို ခြောက်သွေ့ပျက်စီး စေနိုင်တာကြောင့် အနည်းဆုံး ၁ ပေအကွာလောက်ကနေ ထားပြီး အသုံးပြုသင့်ပါတယ်။

    (၄) Hair Dryer အသုံးပြုခြင်းကြောင့် ဆံသားခြောက်သွေ့ ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် ဆံပင်တွေကို Dryer နဲ့ မမှုတ်ခင် ဗီတာမင်အီး၊ သံလွင်ဆီ စတဲ့အဆီတမျိုးမျိုးကို လိမ်းကျံပေးပြီးမှ အခြောက်ခံပေးခြင်းက ဆံသားတွေကို ပုံကျလှပစေနိုင်ပါတယ်။

    (၅) Hair Dryer တွေကို သန့်ရှင်းရေး မလုပ်ဘဲ အမြဲလိုလို အသုံးပြုနေမယ်ဆိုရင် Dryer ထဲက ဖုန်မှုန့်တွေဟာ ဦးရေပြားနဲ့ ဆံပင်ကို ကပ်ငြိနိုင်တာကြောင့် အနည်းဆုံး ၂ ပတ်တခါလောက် Dryer ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

    (၆) ခေါင်းလျှော်ပြီး ရေစိုနေတဲ့ ဆံပင်ကို Hair Dryer နဲ့ စမှုတ်တဲ့အခါ အပူရှိန်ပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံပင်တွေ ပိုမိုပျက်စီးစေနိုင်တာကြောင့် အပူရှိန်လေအား ပျော့တာနဲ့ အရင် စမှုတ်ပေးသင့်ပါတယ်။

    Ref. www.brightside.me

    Credit- ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • ထမင္းေပါင္းအိုးနဲ႕ ငါးသေလာက္ေပါင္း လုပ္စားလို႕ရမယ့္ နည္းလမ္းေလး။ ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်း လုပ်စားလို့ရမယ့် နည်းလမ်းလေး။

    (Zawgyi)

    ထမင္းေပါင္းအိုးနဲ႕ ငါးသေလာက္ေပါင္း လုပ္စားလို႕ရမယ့္ နည္းလမ္းေလး… ထမင္းေပါင္းအိုး နဲ႔ေပါင္းတာပါ… အရမ္းလြယ္ပါတယ္…

    ငါးသေလာက္ကို အေနေတာ္တံုးပါ။ ေဆးေၾကာသန့္စင္ၿပီးရင္ ဆား ဆႏြင္း ငံျပာရည္ သၾကား ထည့္ ေရွာက္သီးကိုအရည္ညွစ္ၿပီးထည့္ နယ္ၿပီးနွပ္ထားပါ။ ေပါင္းမယ့္ အိုး ထဲမွာ စပါးလင္ ကိုအေနေတာ္ျဖတ္ထည့္ၿပီး ဒါးျပားရိုက္ၿပီးခင္းပါတယ္။ ခရမ္းခ်ဥ္သီး (၅) လံုးကိုလည္း ေလးစိတ္ စိတ္ၿပီးခင္း အဲ ့အေပၚကေနမွ ငါးေတြကိုေနရာခ်။ ေရနည္းနည္းထည့္ျပီး ေပါင္းပါတယ္ ေရ ခမ္းရင္ ေတာ့ ငါးျမဳတ္ရံု ထည့္ေပးပါတယ္။ ေရထည့္တဲ ့အခါ ငါးအေပၚကိုေလာင္းမထည့္ပါနဲ ့ ..ေဘးကေန ညင္ညင္သာသာေလာင္းထည့္ေပးပါ…

    ေလးႀကိမ္ေလာက္ထည့္ၿပီး ေရခမ္းရင္အရိုးလည္း ႏူးေလာက္ပါၿပီ။ ၾကက္သြန္ဥ ေလးေတြထည့္ ..ေရထပ္ထည့္ျပီး ဆူေအာင္တည္..။ အရိုး နူးမနူးလည္းစစ္ပါ။ အရိုးနူးေလာက္ၿပီဆိုရင္ ဒယ္အိုး တအိုးထဲမွာဆီကိုဆူေနေအာင္တည္.. ျငဳပ္သီးေလးေတာင့္ေလာက္ကို ညက္ေအာင္ေထာင္းျပီး ဆီသတ္။ ဆီသတ္ ရင္ ေရ ေလးနည္းနည္းထည့္ျပီးသတ္ပါ။ ျငဳပ္သီးလည္းမတူးသလို အရသာ လည္းပိုေကာင္းပါတယ္။

    ၿပီးရင္အေအးခံၿပီး ငါးသေလာက္ အိုးထဲထည့္ပါ။ ေရခမ္းၿပီး ဆီျပန္လာရင္ အရသာရွိရွိသံုးေဆာင္ နိုင္ပါၿပီ။ ၾကာခ်ိန္ (၂) နာရီမွ (၄)နာရီအတြင္းျဖစ္ပါတယ္။

    Credit-Original Uploader

    (Unicode)

    ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်း လုပ်စားလို့ရမယ့် နည်းလမ်းလေး… ထမင်းပေါင်းအိုး နဲ့ပေါင်းတာပါ… အရမ်းလွယ်ပါတယ်…

    ငါးသလောက်ကို အနေတော်တုံးပါ။ ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်း ငံပြာရည် သကြား ထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။ ပေါင်းမယ့် အိုး ထဲမှာ စပါးလင် ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။ ခရမ်းချဉ်သီး (၅) လုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။ ရေနည်းနည်းထည့်ပြီး ပေါင်းပါတယ် ရေ ခမ်းရင် တော့ ငါးမြုတ်ရုံ ထည့်ပေးပါတယ်။ ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ပါနဲ့ ..ဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ…

    လေးကြိမ်လောက်ထည့်ပြီး ရေခမ်းရင်အရိုးလည်း နူးလောက်ပါပြီ။ ကြက်သွန်ဥ လေးတွေထည့် ..ရေထပ်ထည့်ပြီး ဆူအောင်တည်..။ အရိုး နူးမနူးလည်းစစ်ပါ။ အရိုးနူးလောက်ပြီဆိုရင် ဒယ်အိုး တအိုးထဲမှာဆီကိုဆူနေအောင်တည်.. ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်။ ဆီသတ် ရင် ရေ လေးနည်းနည်းထည့်ပြီးသတ်ပါ။ ငြုပ်သီးလည်းမတူးသလို အရသာ လည်းပိုကောင်းပါတယ်။

    ပြီးရင်အအေးခံပြီး ငါးသလောက် အိုးထဲထည့်ပါ။ ရေခမ်းပြီး ဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။ ကြာချိန် (၂) နာရီမှ (၄)နာရီအတွင်းဖြစ်ပါတယ်။

    Credit-Original Uploader

  • ျပည္ပ (သို႕) ႏိုင္ငံျခားမွာ ေမာင္းလို႕ရတဲ့ ယာဥ္ေမာင္းလိုင္စင္ ဒီေန႕လုပ္ ဒီေန႕ရတယ္။ ပြည်ပ (သို့) နိုင်ငံခြားမှာ မောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင် ဒီနေ့လုပ် ဒီနေ့ရတယ်။

    (Zawgyi)

    ျပည္ပ (သို႕) ႏိုင္ငံျခားမွာ ေမာင္းလို႕ရတဲ့ ယာဥ္ေမာင္းလိုင္စင္ ဒီေန႕လုပ္ ဒီေန႕ရတယ္…

    “ဆရာ ကြၽန္ေတာ့္သားေလး ကိုးရီးယားကို ပညာေတာ္သင္ပါတယ္ဆရာ အဲ့ဒီမွာကားလည္းေမာင္းရမယ္လို႔ေျပာတယ္ ဘယ္လိုယာဥ္ေမာင္းလိုင္စင္လုပ္ရမလဲဆရာ”တဲ့.. “ဆရာ ကြၽန္ေတာ္ကို ကုမၸဏီကလႊတ္လို႔ ေဟာင္ေကာင္ကိုယာဥ္ေမာင္းအေနနဲ႔သြားရမယ္ အဲ့ဒါဘယ္လိုယာဥ္ေမာင္းလိုင္စင္မ်ိဳးနဲ႔ ေဟာင္ေကာင္မွာေမာင္းႏိုင္မလဲဆရာ”တဲ့…

    စသည္ျဖင့္ ျပည္ပႏိုင္ငံအသီးသီးမွာ အလယ္အပက္ေသာ္လည္းေကာင္း၊ဌာနတာဝန္၊ ကုမၸဏီလုပ္ငန္းတာဝန္နဲ႔ေသာ္လည္းေကာင္း သြားရလို႔ ယာဥ္ေမာင္းရမယ္ဆိုရင္ အဆိုပါႏိုင္ငံေတြမွာေမာင္းလို႔ရတဲ့ ယာဥ္ေမာင္းလိုင္စင္အေၾကာင္းကို ဒီေန႔ေျပာျပခ်င္ပါတယ္။

    သူကေတာ့ အျပည္ျပည္ဆိုင္ရာယာဥ္ေမာင္းလိုင္စင္ (INTERNATIONAL DRIVING PERMIT) ပါ ဘယ္မွာလုပ္ရတာလဲဆိုရင္ ေနျပည္ေတာ္ ႐ုံးအမွတ္ (၂၉)မွာပါ အျခားၿမိဳ႕ေတြမွာလုပ္လို႔မရပါဘူး။ ကုန္က်စရိတ္ (၁၅၀၀၀၀)ပါ ဒီေန႔လုပ္ ဒီေန႔ရပါတယ္ တစ္ရက္ပါပဲ။

    လိုအပ္တာေတြကေတာ့ အနဲဆုံး မိမိမွာ “ခ” ယာဥ္ေမာင္းလိုင္စင္ကိုင္ေဆာင္ထားရွိသူျဖစ္ရပါ့မယ္။ “ဃ”တို႔ “င”တို႔ဆိုလဲရပါတယ္။ သက္တမ္းရွိ Passport မိတၳဴ ေနာက္ခံအျပာေရာင္ပက္စပို႔ပုံ(၃) ပုံ ေစာေစာကေျပာတဲ့ သက္တမ္းရွိ ျမန္မာႏိုင္ငံယာဥ္ေမာင္းလိုင္စင္မူရင္+မိတၳဴတို႔ လိုအပ္ပါတယ္။ မိမိမလာေရာက္ႏိုင္ခဲ့ရင္လည္း ကိုယ္စားလွယ္နဲ႔လုပ္လို႔ရပါတယ္။ ဒီအခါကိုယ္စားလွယ္ရဲ႕ ကိုယ္စားကိုင္ေဆာင္ခြင့္ေလွ်ာက္လႊာ ကိုယ္စားလွယ္ရဲ႕ မွတ္ပုံတင္မိတၳဴ(၁)ေစာင္ လိုပါတယ္။

    အျပည္ျပည္ဆိုင္ရာယာဥ္ေမာင္းႏွင္ခြင့္လက္မွတ္ရဲ႕ သက္တမ္းကေတာ့ (၁)ႏွစ္ပါ ပုံပါလိုင္စင္ပါပဲ စမက္ကဒ္မဟုတ္ပါဘူး။ ေမာင္းႏွင္ခြင့္ျပဳထားတာက ပုံထဲကအတိုင္း A နဲ႔ B ပါ။

    A ကေတာ့ ေမာ္ေတာ္ဆိုင္ကယ္ျဖစ္ၿပီး B ကေတာ့ အမ်ိဳးအစား A အမ်ိဳးအစားမ်ားမွလြဲ၍ ေမာ္ေတာ္ယာဥ္မ်ား၊ ခြင့္ျပဳထားေသာအမ်ားဆုံးအေလးခ်ိန္မွာ ၃၅၀၀ ကီလိုဂရမ္ (၇၇၀၀ ေပါင္) ႏွင့္ယာဥ္ေမာင္းသူထိုင္ခုံအျပင္ ထိုင္ခုံရွစ္ခုထက္မပိုေသာယာဥ္မ်ားျဖစ္သည္လို႔ ဆိုထားပါတယ္ခင္ဗ်ာ။ (ေလာေလာလတ္လတ္ အျပည္ျပည္ဆိုင္ရာ ယာဥ္ေမာင္းလိုင္စင္ေလးကို လာေရာက္ေဆြးေႏြး အသုံးျပဳခြင့္ေပးတဲ့ ကို TUN MIN AUNG ေက်းဇူးပါခင္ဗ်ာ)

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    ျပည်ပ (သို့) နိုင်ငံခြားမှာ မောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင် ဒီနေ့လုပ် ဒီနေ့ရတယ်…

    “ဆရာ ကျွန်တော့်သားလေး ကိုးရီးယားကို ပညာတော်သင်ပါတယ်ဆရာ အဲ့ဒီမှာကားလည်းမောင်းရမယ်လို့ပြောတယ် ဘယ်လိုယာဉ်မောင်းလိုင်စင်လုပ်ရမလဲဆရာ”တဲ့.. “ဆရာ ကျွန်တော်ကို ကုမ္ပဏီကလွှတ်လို့ ဟောင်ကောင်ကိုယာဉ်မောင်းအနေနဲ့သွားရမယ် အဲ့ဒါဘယ်လိုယာဉ်မောင်းလိုင်စင်မျိုးနဲ့ ဟောင်ကောင်မှာမောင်းနိုင်မလဲဆရာ”တဲ့…

    စသည်ဖြင့် ပြည်ပနိုင်ငံအသီးသီးမှာ အလယ်အပက်သော်လည်းကောင်း၊ဌာနတာဝန်၊ ကုမ္ပဏီလုပ်ငန်းတာဝန်နဲ့သော်လည်းကောင်း သွားရလို့ ယာဉ်မောင်းရမယ်ဆိုရင် အဆိုပါနိုင်ငံတွေမှာမောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင်အကြောင်းကို ဒီနေ့ပြောပြချင်ပါတယ်။

    သူကတော့ အပြည်ပြည်ဆိုင်ရာယာဉ်မောင်းလိုင်စင် (INTERNATIONAL DRIVING PERMIT) ပါ ဘယ်မှာလုပ်ရတာလဲဆိုရင် နေပြည်တော် ရုံးအမှတ် (၂၉)မှာပါ အခြားမြို့တွေမှာလုပ်လို့မရပါဘူး။ ကုန်ကျစရိတ် (၁၅၀၀၀၀)ပါ ဒီနေ့လုပ် ဒီနေ့ရပါတယ် တစ်ရက်ပါပဲ။

    လိုအပ်တာတွေကတော့ အနဲဆုံး မိမိမှာ “ခ” ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားရှိသူဖြစ်ရပါ့မယ်။ “ဃ”တို့ “င”တို့ဆိုလဲရပါတယ်။ သက်တမ်းရှိ Passport မိတ္ထူ နောက်ခံအပြာရောင်ပက်စပို့ပုံ(၃) ပုံ စောစောကပြောတဲ့ သက်တမ်းရှိ မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်မူရင်+မိတ္ထူတို့ လိုအပ်ပါတယ်။ မိမိမလာရောက်နိုင်ခဲ့ရင်လည်း ကိုယ်စားလှယ်နဲ့လုပ်လို့ရပါတယ်။ ဒီအခါကိုယ်စားလှယ်ရဲ့ ကိုယ်စားကိုင်ဆောင်ခွင့်လျှောက်လွှာ ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မိတ္ထူ(၁)စောင် လိုပါတယ်။

    အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ်ရဲ့ သက်တမ်းကတော့ (၁)နှစ်ပါ ပုံပါလိုင်စင်ပါပဲ စမက်ကဒ်မဟုတ်ပါဘူး။ မောင်းနှင်ခွင့်ပြုထားတာက ပုံထဲကအတိုင်း A နဲ့ B ပါ။

    A ကတော့ မော်တော်ဆိုင်ကယ်ဖြစ်ပြီး B ကတော့ အမျိုးအစား A အမျိုးအစားများမှလွဲ၍ မော်တော်ယာဉ်များ၊ ခွင့်ပြုထားသောအများဆုံးအလေးချိန်မှာ ၃၅၀၀ ကီလိုဂရမ် (၇၇၀၀ ပေါင်) နှင့်ယာဉ်မောင်းသူထိုင်ခုံအပြင် ထိုင်ခုံရှစ်ခုထက်မပိုသောယာဉ်များဖြစ်သည်လို့ ဆိုထားပါတယ်ခင်ဗျာ။ (လောလောလတ်လတ် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်လေးကို လာရောက်ဆွေးနွေး အသုံးပြုခွင့်ပေးတဲ့ ကို TUN MIN AUNG ကျေးဇူးပါခင်ဗျာ)

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • အပူခ်ိန္ျပင္းထန္သည့္အတြက္ ကာတာႏိုင္ငံ လမ္းမ်ားတြင္ ေလေအးေပးစနစ္မ်ား တပ္ဆင္။ အပူချိန်ပြင်းထန်သည့်အတွက် ကာတာနိုင်ငံ လမ်းများတွင် လေအေးပေးစနစ်များ တပ်ဆင်။

    (Zawgyi)

    အပူခ်ိန္ျပင္းထန္သည့္အတြက္ ကာတာႏိုင္ငံ လမ္းမ်ားတြင္ ေလေအးေပးစနစ္မ်ား တပ္ဆင္

    ကမာၻ႔အပူဆုံး ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ကာတာႏိုင္ငံမွာ အျပင္မထြက္ႏိုင္ေလာက္ေအာင္ အပူခ်ိန္ ဆိုး႐ြားစြာ ျမင့္တက္ေနတဲ့အတြက္ ၿမိဳ႕တြင္းလမ္းတေလွ်ာက္ ေလေအးေပးစနစ္ေတြ တပ္ဆင္ေပးလ်က္ ရွိပါတယ္။ ၁၁၅ ဒီဂရီဖာရင္ဟိုက္အထိ ေရာက္ရွိေနတဲ့ ေႏြအပူခ်ိန္ကေန သက္သာရာရေစဖို႔ လူသြားလမ္းတေလွ်ာက္ ေလေအးေပးစက္ေတြ တပ္ဆင္ေပးထားၿပီး၊ လမ္းမအခ်ိဳ႕ကိုလည္း ေဆးအျပာေရာင္ေတြ သုတ္ေပးထားပါတယ္။

    ကာတာဟာ အခုလို ျပင္းထန္တဲ့ေႏြအပူခ်ိန္ေၾကာင့္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားကိုလည္း ေဆာင္းရာသီကို ေ႐ႊ႕ဆိုင္းထားရၿပီး ျဖစ္ပါတယ္။ ယမန္ႏွစ္မွာ ပြဲၾကည့္ ပရိတ္သတ္နဲ႔ ကစားသမားေတြ ေအးျမေနေစဖို႔ ကြင္းတြင္း ေလေအးေပးစနစ္ေတြကို ေဘာလုံးကြင္းႀကီးေတြမွာ စတင္ တပ္ဆင္ေပးခဲ့ပါတယ္။

    ဒီႏွစ္မွာ ေႏြအပူခ်ိန္က ပိုမိုျပင္းထန္လာတာေၾကာင့္ လူသြားလမ္းနဲ႔ ကုန္တိုက္အျပင္ဘက္ေတြမွာပါ ေလေအးေပးစနစ္ေတြ တိုးခ်ဲ႕ တပ္ဆင္ေပးလိုက္တာ ျဖစ္ပါတယ္။ လမ္းေပၚကို အေအးေပးႏိုင္တဲ့ စနစ္ေၾကာင့္ ျခစ္ျခစ္ေတာက္ အပူရွိန္ကို ေၾကာက္စရာမလိုဘဲ သြားလိုရာကို သက္ေသာင့္သက္သာ သြားလာႏိုင္မွာပါ။

    ေဘာလုံးကြင္းေတြမွာ သုံးထားတဲ့စနစ္လိုပဲ ေအးျမတဲ့ေရကို ေရပိုက္လိုင္းကေန သယ္ယူၿပီး ေနာ္ဇယ္ေခါင္းေလးေတြကေနတဆင့္ ပလက္ေဖာင္းေပၚ ျဖန္းမႈတ္ေပးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကာတာႏိုင္ငံက အသုံးျပဳလ်က္ရွိတဲ့ အျပင္ဘက္ ေလေအးေပးစနစ္ဟာ သဘာဝပတ္ဝန္းက်င္ကို ပိုမို ထိခိုက္ႏိုင္တယ္ဆိုၿပီး ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။

    ဒီစနစ္အတြက္ လိုအပ္တဲ့ လွ်ပ္စစ္စြမ္းအင္ရဖို႔ ေလာင္စာဆီကို အားကိုးေနရသလို၊ ရာသီဥတုပ်က္စီးမႈရဲ႕ အဓိကတရားခံျဖစ္တဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ေတြကိုလည္း ေလထုထဲ ထပ္ထုတ္သလို ျဖစ္ေနေၾကာင္း ကြၽမ္းက်င္သူအခ်ိဳ႕က ေဝဖန္ထားၾကပါတယ္။

    ကာတာႏိုင္ငံဟာ အျပင္ဘက္ေလေအးေပးစနစ္အျပင္ လမ္းမေပၚက အပူခ်ိန္ကို ေလ်ာ့ခ်ဖို႔အတြက္ ၿမိဳ႕ေတာ္ဒိုဟာက ကားလမ္းမအခ်ိဳ႕ကိုလည္း အပူရွိန္ စုပ္ယူမႈနည္းတဲ့ ေဆးျပာေတြ သုတ္ေပးလ်က္ ရွိပါတယ္။ ေပ ၆၅၀ အရွည္ရွိတဲ့ လမ္းေၾကာတေလွ်ာက္ အထူ ၁ မီလီမီတာနဲ႔ သုတ္ထားတဲ့ ေဆးအျပာေရာင္ဟာ သာမန္ ကတၱရာအနက္ထက္ အပူခ်ိန္ ၆၀ ကေန ၇၀ ဒီဂရီဖာရင္ဟိုက္အထိ ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

    အဆိုပါစနစ္ကိုေတာ့ ကာတာအျပင္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာလည္း အသုံးျပဳလ်က္ ရွိပါတယ္။ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ေႏြရာသီက လမ္းအခ်ိဳ႕ကို အပူရွိန္ သက္သာေစဖို႔ အညိဳေဖ်ာ့ေရာင္ ေဆးတမ်ိဳး စမ္းသပ္သုတ္ေပးခဲ့ဖူးၿပီး၊ သာမန္ အနက္ေရာင္ ကတၱရာမ်က္ႏွာျပင္ထက္ ၂၃ ဒီဂရီဖာရင္ဟိုက္ေလာက္ ပိုမိုေအးျမေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

    Credit-NIGMA , The Irrawaddy – Burmese Editon

    (Unicode)

    အပူချိန်ပြင်းထန်သည့်အတွက် ကာတာနိုင်ငံ လမ်းများတွင် လေအေးပေးစနစ်များ တပ်ဆင်

    ကမ္ဘာ့အပူဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ အပြင်မထွက်နိုင်လောက်အောင် အပူချိန် ဆိုးရွားစွာ မြင့်တက်နေတဲ့အတွက် မြို့တွင်းလမ်းတလျှောက် လေအေးပေးစနစ်တွေ တပ်ဆင်ပေးလျက် ရှိပါတယ်။ ၁၁၅ ဒီဂရီဖာရင်ဟိုက်အထိ ရောက်ရှိနေတဲ့ နွေအပူချိန်ကနေ သက်သာရာရစေဖို့ လူသွားလမ်းတလျှောက် လေအေးပေးစက်တွေ တပ်ဆင်ပေးထားပြီး၊ လမ်းမအချို့ကိုလည်း ဆေးအပြာရောင်တွေ သုတ်ပေးထားပါတယ်။

    ကာတာဟာ အခုလို ပြင်းထန်တဲ့နွေအပူချိန်ကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း ဆောင်းရာသီကို ရွှေ့ဆိုင်းထားရပြီး ဖြစ်ပါတယ်။ ယမန်နှစ်မှာ ပွဲကြည့် ပရိတ်သတ်နဲ့ ကစားသမားတွေ အေးမြနေစေဖို့ ကွင်းတွင်း လေအေးပေးစနစ်တွေကို ဘောလုံးကွင်းကြီးတွေမှာ စတင် တပ်ဆင်ပေးခဲ့ပါတယ်။

    ဒီနှစ်မှာ နွေအပူချိန်က ပိုမိုပြင်းထန်လာတာကြောင့် လူသွားလမ်းနဲ့ ကုန်တိုက်အပြင်ဘက်တွေမှာပါ လေအေးပေးစနစ်တွေ တိုးချဲ့ တပ်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။ လမ်းပေါ်ကို အအေးပေးနိုင်တဲ့ စနစ်ကြောင့် ခြစ်ခြစ်တောက် အပူရှိန်ကို ကြောက်စရာမလိုဘဲ သွားလိုရာကို သက်သောင့်သက်သာ သွားလာနိုင်မှာပါ။

    ဘောလုံးကွင်းတွေမှာ သုံးထားတဲ့စနစ်လိုပဲ အေးမြတဲ့ရေကို ရေပိုက်လိုင်းကနေ သယ်ယူပြီး နော်ဇယ်ခေါင်းလေးတွေကနေတဆင့် ပလက်ဖောင်းပေါ် ဖြန်းမှုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာတာနိုင်ငံက အသုံးပြုလျက်ရှိတဲ့ အပြင်ဘက် လေအေးပေးစနစ်ဟာ သဘာဝပတ်ဝန်းကျင်ကို ပိုမို ထိခိုက်နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

    ဒီစနစ်အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ရဖို့ လောင်စာဆီကို အားကိုးနေရသလို၊ ရာသီဥတုပျက်စီးမှုရဲ့ အဓိကတရားခံဖြစ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကိုလည်း လေထုထဲ ထပ်ထုတ်သလို ဖြစ်နေကြောင်း ကျွမ်းကျင်သူအချို့က ဝေဖန်ထားကြပါတယ်။

    ကာတာနိုင်ငံဟာ အပြင်ဘက်လေအေးပေးစနစ်အပြင် လမ်းမပေါ်က အပူချိန်ကို လျော့ချဖို့အတွက် မြို့တော်ဒိုဟာက ကားလမ်းမအချို့ကိုလည်း အပူရှိန် စုပ်ယူမှုနည်းတဲ့ ဆေးပြာတွေ သုတ်ပေးလျက် ရှိပါတယ်။ ပေ ၆၅၀ အရှည်ရှိတဲ့ လမ်းကြောတလျှောက် အထူ ၁ မီလီမီတာနဲ့ သုတ်ထားတဲ့ ဆေးအပြာရောင်ဟာ သာမန် ကတ္တရာအနက်ထက် အပူချိန် ၆၀ ကနေ ၇၀ ဒီဂရီဖာရင်ဟိုက်အထိ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

    အဆိုပါစနစ်ကိုတော့ ကာတာအပြင် ကမ္ဘာ့နိုင်ငံအချို့မှာလည်း အသုံးပြုလျက် ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့နွေရာသီက လမ်းအချို့ကို အပူရှိန် သက်သာစေဖို့ အညိုဖျော့ရောင် ဆေးတမျိုး စမ်းသပ်သုတ်ပေးခဲ့ဖူးပြီး၊ သာမန် အနက်ရောင် ကတ္တရာမျက်နှာပြင်ထက် ၂၃ ဒီဂရီဖာရင်ဟိုက်လောက် ပိုမိုအေးမြကြောင်း တွေ့ရှိခဲ့ရပါတယ်။

    Credit-NIGMA , The Irrawaddy – Burmese Editon

  • ဆေးဆိုးစရာမလိုပဲ ဆံပင်ဖြူတွေ သဘာဝအတိုင်း ပြန်နက်စေဖို့

    ဆေးဆိုးစရာမလိုပဲ ဆံပင်ဖြူတွေ သဘာဝအတိုင်း ပြန်နက်စေဖို့

    ၁။ ရှားစောင်းလက်ပတ်ကို ပါးပါးလှီးပြီးအုန်းဆီထဲမှာ မီးအေးအေးနဲ့ အညိုရောင် သမ်းပြီး နွမ်းသွားသည် အထိ ကြော်

    ၂။ ပြီးလျှင် အဖတ်များကိုဆယ်ယူပြီး ကျန်ရှိသော အုန်းဆီ သက်သက်ကို ကြက်သွန်နီ ထောင်း အရည် ညစ်ပြီး ရလာသော အရည်နဲ့ ရောပြီး ဦးရည်ပြားထဲ စိမ့်ဝင် သွားအောင် စိတ်ရှည်ရှည်နဲ့ လူးပေး။

    ၃။ ပြီးလျှင် ၁ နာရီ ၂ နာရီး ပေါင်း နှပ်ထား။

    ၄။ ပြီးလျင် ခေါင်းလျှော်ပစ်။

    အကျိုး ကျေးဇူးကတော့ အံမခန်းဗျား။ ဆံပင် အဖြူ ထပ်မထွက်။ ဖြူနေသော ဆံပင် တစတစ နဲ့ အမဲရောင်သို့ ပြောင်း။ ဆေးဆိုးရ သက်သာပြီဗျို့ …
    Credit : Myo Thant Oo

    (zawgyi)

    ေဆးဆိုးစရာမလိုပဲ ဆံပင္ျဖဴေတြ သဘာဝအတိုင္း ျပန္နက္ေစဖို႔

    ၁။ ရွားေစာင္းလက္ပတ္ကို ပါးပါးလွီးၿပီးအုန္းဆီထဲမွာ မီးေအးေအးနဲ႔ အညိဳေရာင္ သမ္းၿပီး ႏြမ္းသြားသည္ အထိ ေၾကာ္

    ၂။ ၿပီးလွ်င္ အဖတ္မ်ားကိုဆယ္ယူၿပီး က်န္ရွိေသာ အုန္းဆီ သက္သက္ကို ၾကက္သြန္နီ ေထာင္း အရည္ ညစ္ၿပီး ရလာေသာ အရည္နဲ႔ ေရာၿပီး ဦးရည္ျပားထဲ စိမ့္ဝင္ သြားေအာင္ စိတ္ရွည္ရွည္နဲ႔ လူးေပး။

    ၃။ ၿပီးလွ်င္ ၁ နာရီ ၂ နာရီး ေပါင္း ႏွပ္ထား။

    ၄။ ၿပီးလ်င္ ေခါင္းေလွ်ာ္ပစ္။

    အက်ိဳး ေက်းဇူးကေတာ့ အံမခန္းဗ်ား။ ဆံပင္ အျဖဴ ထပ္မထြက္။ ျဖဴေနေသာ ဆံပင္ တစတစ နဲ႔ အမဲေရာင္သို႔ ေျပာင္း။ ေဆးဆိုးရ သက္သာၿပီဗ်ိဳ႕ …
    Credit : Myo Thant Oo

  • မည်းညစ်နေတဲ့ ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းများ

    မည်းညစ်နေတဲ့ ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းများ

    ချိုင်းအသားအရေမည်းညစ်တယ်ဆိုတာဟာ ပေါ့သေးသေးထားရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ အသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို မကြာခဏ ဖြစ်လာစေနိုင်ပြီး အသားအရေကိုလည်း မည်းညစ်ညစ်နဲ့ ထူထူကြီးဖြစ်စေလို့ လူအများအမြင်မှာ အင်မတန်အကျည်းတန်စေနိုင်ပါတယ်။

    ကိုယ်ကလက်ပြတ်လေးတွေဝတ်ပြီးတော့ လှလှပပသွားလာချင်ပေမယ့်လည်း ဒီလိုမျိုးချိုင်းကြားအသားအရေကြောင့် ဘယ်မှမသွားရဲ၊ ဘာမှမဝတ်ရဲဖြစ်နေရပြီပေါ့။

    ဒါဆိုရင် ဒီလိုပြဿနာဆိုးကြီးကိုဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းလေးတွေ မရှိတော့ဘူးလားလို့ မေးလာခဲ့မယ်ဆိုရင်တော့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိတာပေါ့ဆိုပြီး ပြန်ဖြေပေးချင်ပါတယ်။

    ၁။ ပန်းသီးရှာလကာရည် နှင့် မုန့်ဖုတ်ဆိုဒါ

    လိုအပ်သည့်ပစ္စည်းများ

    ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

    မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

    ပြင်ဆင်ပြုလုပ်နည်း

    ပန်းသီးရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါနှင့်ရောစပ်ပေးမယ်ဆိုရင် အမြုပ်လေးတွေထလာပါလိမ့်မယ်။ အမြုပ်လေးတွေ တဖြည်းဖြည်းပျောက်သွားသည့်အခါ ရလာတဲ့အနှစ်ကို ချိုင်းကြားအသားအရေမှာလိမ်းပေးလိုက်ကာ ခြောက်အောင်ထားပါ။ ခြောက်ပြီးလို့မိနစ်အနည်းငယ်ထပ်မံထားရှိပြီးရင် ရေအေးအေးကနဲ့ ဆေးကြောကာ အဝတ်နဲ့ခြောက်အောင်သုတ်ပါ။

    တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။

    ၂။ နွားနို့၊ နနွင်း၊ ပျားရည်

    လိုအပ်သည့်ပစ္စည်းများ

    နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း

    နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

    ပြင်ဆင်ပြုလုပ်နည်း

    ပါဝင်ပစ္စည်းအားလုံးကိုရောစပ်ကာ ချိုင်းအသားအရေမှာလိမ်းပေးလိုက်ပါ။ ခြောက်အောင်ထားပေးပြီး ရေနဲ့သန့်စင်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

    ၃။ သကြားအညို နှင့် သံလွင်ဆီ

    ပါဝင်ပစ္စည်းများ

    သကြားအညို – စားပွဲတင်ဇွန်း ၃ ဇွန်း

    သံလွင်ဆီစစ်စစ် – စားပွဲတင်ဇွန်း ၂ ဇွန်း

    ပြင်ဆင်ပြုလုပ်ပုံ

    အကုန်လုံးကိုသေချာရောစပ်၍ ချိုင်းကြားအသားအရေမှာ ၂ မိနစ်လောက် ချေးချွတ်ပေးကာ ၅ မိနစ်ထားပေးပါ။ အချိန်ပြည့်ပါက ကြက်သီးနွေးထရုံရေဖြင့် ဆေးကြောသန့်စင်နိုင်ပါတယ်။ ပြီးရင်တော့ တဘက်လေးနဲ့ ခြောက်အောင်သုတ်ပေးလိုက်ပါ။

    တစ်ပတ်လျှင် နှစ်ကြိမ်လုပ်ပေးရပါမယ်။

    ၄။ အာလူး

    အာလူးအလုံးသေးလေးတစ်လုံးကို အခွံခွာ၍ ကြိတ်လိုက်ပါ။ အရည်ညှစ်ယူ၍ ချိုင်းမှာလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ထားပေး၍ ရေအေးအေးနဲ့သန့်စင်ပေးပါ။

    တစ်နေ့တစ်ကြိမ် မနက်တစ်ခါ ညမအိပ်ခင်တစ်ခါ ပြုလုပ်ပေးပါ။

    Lifestyle

    Thinzar

    Ref-brightside

    Zawgyi

    မည္းညစ္ေနတဲ့ ခ်ိဳင္းၾကားအသားအေရကို ျပန္လည္ျဖဴဝင္းလာေစမယ့္ သဘာဝနည္းလမ္းမ်ား

    ခ်ိဳင္းအသားအေရမည္းညစ္တယ္ဆိုတာဟာ ေပါ့ေသးေသးထားရမယ့္ ကိစၥတစ္ခုမဟုတ္ပါဘူး။ အသားအေရနဲ႔ပတ္သက္တဲ့ ျပႆနာေတြကို မၾကာခဏ ျဖစ္လာေစႏိုင္ၿပီး အသားအေရကိုလည္း မည္းညစ္ညစ္နဲ႔ ထူထူႀကီးျဖစ္ေစလို႔ လူအမ်ားအျမင္မွာ အင္မတန္အက်ည္းတန္ေစႏိုင္ပါတယ္။

    ကိုယ္ကလက္ျပတ္ေလးေတြဝတ္ၿပီးေတာ့ လွလွပပသြားလာခ်င္ေပမယ့္လည္း ဒီလိုမ်ိဳးခ်ိဳင္းၾကားအသားအေရေၾကာင့္ ဘယ္မွမသြားရဲ၊ ဘာမွမဝတ္ရဲျဖစ္ေနရၿပီေပါ့။

    ဒါဆိုရင္ ဒီလိုျပႆနာဆိုးႀကီးကိုေျဖရွင္းဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြ မရွိေတာ့ဘူးလားလို႔ ေမးလာခဲ့မယ္ဆိုရင္ေတာ့ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေလးေတြရွိတာေပါ့ဆိုၿပီး ျပန္ေျဖေပးခ်င္ပါတယ္။

    ၁။ ပန္းသီးရွာလကာရည္ ႏွင့္ မုန႔္ဖုတ္ဆိုဒါ

    လိုအပ္သည့္ပစၥည္းမ်ား

    ပန္းသီးရွာလကာရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

    မုန႔္ဖုတ္ဆိုဒါ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

    ျပင္ဆင္ျပဳလုပ္နည္း

    ပန္းသီးရွာလကာရည္ကို မုန႔္ဖုတ္ဆိုဒါႏွင့္ေရာစပ္ေပးမယ္ဆိုရင္ အျမဳပ္ေလးေတြထလာပါလိမ့္မယ္။ အျမဳပ္ေလးေတြ တျဖည္းျဖည္းေပ်ာက္သြားသည့္အခါ ရလာတဲ့အႏွစ္ကို ခ်ိဳင္းၾကားအသားအေရမွာလိမ္းေပးလိုက္ကာ ေျခာက္ေအာင္ထားပါ။ ေျခာက္ၿပီးလို႔မိနစ္အနည္းငယ္ထပ္မံထားရွိၿပီးရင္ ေရေအးေအးကနဲ႔ ေဆးေၾကာကာ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ပါ။

    တစ္ပတ္လွ်င္ ၃ ႀကိမ္ျပဳလုပ္ေပးရပါမယ္။

    ၂။ ႏြားႏို႔၊ နႏြင္း၊ ပ်ားရည္

    လိုအပ္သည့္ပစၥည္းမ်ား

    ႏြားႏို႔ – စားပြဲတင္ဇြန္း ၁ ဇြန္း

    နႏြင္းမႈန႔္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ပ်ားရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

    ျပင္ဆင္ျပဳလုပ္နည္း

    ပါဝင္ပစၥည္းအားလုံးကိုေရာစပ္ကာ ခ်ိဳင္းအသားအေရမွာလိမ္းေပးလိုက္ပါ။ ေျခာက္ေအာင္ထားေပးၿပီး ေရနဲ႔သန႔္စင္ေပးလိုက္ပါ။ တစ္ပတ္လွ်င္ ၃ ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

    ၃။ သၾကားအညိဳ ႏွင့္ သံလြင္ဆီ

    ပါဝင္ပစၥည္းမ်ား

    သၾကားအညိဳ – စားပြဲတင္ဇြန္း ၃ ဇြန္း

    သံလြင္ဆီစစ္စစ္ – စားပြဲတင္ဇြန္း ၂ ဇြန္း

    ျပင္ဆင္ျပဳလုပ္ပုံ

    အကုန္လုံးကိုေသခ်ာေရာစပ္၍ ခ်ိဳင္းၾကားအသားအေရမွာ ၂ မိနစ္ေလာက္ ေခ်းခြၽတ္ေပးကာ ၅ မိနစ္ထားေပးပါ။ အခ်ိန္ျပည့္ပါက ၾကက္သီးေႏြးထ႐ုံေရျဖင့္ ေဆးေၾကာသန႔္စင္ႏိုင္ပါတယ္။ ၿပီးရင္ေတာ့ တဘက္ေလးနဲ႔ ေျခာက္ေအာင္သုတ္ေပးလိုက္ပါ။

    တစ္ပတ္လွ်င္ ႏွစ္ႀကိမ္လုပ္ေပးရပါမယ္။

    ၄။ အာလူး

    အာလူးအလုံးေသးေလးတစ္လုံးကို အခြံခြာ၍ ႀကိတ္လိုက္ပါ။ အရည္ညႇစ္ယူ၍ ခ်ိဳင္းမွာလိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ထားေပး၍ ေရေအးေအးနဲ႔သန႔္စင္ေပးပါ။

    တစ္ေန႔တစ္ႀကိမ္ မနက္တစ္ခါ ညမအိပ္ခင္တစ္ခါ ျပဳလုပ္ေပးပါ။

    Lifestyle

    Ref-brightside

  • ကျန်းမာရေးနှင့်ညီညွှတ်ပြီးခံတွင်းမြိန်စေမည့် သံပုရာသီးသနပ်လုပ်နည်း

    က်န္မာေရးနွင့္ညီညႊတ္ျပီးခံတြင္းျမိန္ေစမည့္ သံပုရာသီးသနပ္လုပ္နည္း

    လိုအပ္တ့ဲ အမယ္မ်ားကေတာ့- (၁) သံပုရာသီး ၁၅ လုံး ၊ (၂) စမုန္စပါး ၁ ဇြန္း ( ထမင္းစားဇြန္းျဖင့္ ) ၊ (၃) ငရုပ္သီးအစိမ္းမွဳန္႕ ( တဇြန္ ) ၊ (၄) စားဆီ ၂၀ က်ပ္သား ( အနည္းငယ္တိုးထည့္လဲရ) ၊

    (၅) မုန္ညွင္းေစ့။ ဇီယာေစ့။မဆလာ။ ဆႏြံး – နႏြင္းမွဳန္႕(အသင့္အတင့္) ၊ (၆) သႀကား ၁ ဇြန္း ( လဖက္စားဇြန္းျဖင့္ ) ၊ (၇) ေလလုံေသာဖန္ဗူး ( ႀကာရွည္စြာစားသုံးရန္ )

    ျပဳလုပ္ပုံ။ ။သံပုရာသီးေတြကို ဆားနဲ႔နယ္၍ ပုလင္းထဲထည့္ပါ။ေနပူမွာ သံုး ေလးရက္ ထုတ္လွမ္းပီး အငံရည္ေတြကို သြန္ပစ္လိုက္ပါ။ အသီးကို ေလးစိပ္စိပ္ပီး အေစ႔ေတြကို ထုတ္လိုက္ပါ။

    အိုးထဲမွာဆီထည္႔ၿပီး မီးဖိုေပၚမွာ ဆီဆူေအာင္ထားပါ။ ဆီဆူလာရင္ မီးပိတ္လိုက္ပီး စမုန္စပါး. မုန္ညင္းေစ႔, ဇီယာေစ့, မဆလာ,ဆႏြင္း,ျငဳပ္သီးအစိမ္းမႈန႔္,တို႔ကိုထည္႕ေမႊပါ။

    သံပုရာသီးစိပ္ နဲ႔ ၾကက္သြန္ျဖဴအမႊာေလးေတြကို ထည့္ေမႊပါ။ သႀကား လဖက္စားဇြန္းတဇြန္းထည့္ပါ။ ( အခ်ဥ္ေပါ့ေစဖို႔ ) အားလံုးေရာေမႊပီးရင္ သံပုရာသီးသနပ္ရပါၿပီ။

    ပုလင္းနဲ႕ထည္႔ၿပီး ေရခဲေသတၱာထဲမွာထားပါ။ ( အၾကာႀကီးခံပါတယ္ ) နံနက္ခင္း ထမင္းေၾကာ္နဲ႔ပဲစားစား,ဒံေပါက္နဲ႔ပဲစားစား,ဆိတ္သား,ၾကက္သားဟင္းနဲ႔ပဲစားစား,

    ပဲကုလားဟင္းနဲ႔ပဲစားစား အရမ္းကိုလိုက္ဖက္ျပီးက်န္းမာေရးနဲ႔ညီညႊတ္ေသာ သံပုရာသီးသနပ္ပါ။ သံပုရာသီးကို မိႈမတက္ေအာင္ ဆီျမဳပ္ေအာင္ထည့္ေပးထားပါ။ ဆားထပ္မထည့္ရပါဘူး။ ဆားနယ္ပီးသားမို႔ပါ။

    မွတ္ခ်က္။ ။အခ်ဥ္ေပါ့ခ်င္ရင္ေတာ့ ေလးစိပ္ အရင္ခြဲပီး ဆားနယ္, ေနပူလွန္းပီးမွ ဆားေရသြန္ပီး ဆီသတ္ေပးပါ။ အခ်ဥ္ႀကိဳက္သူဆိုရင္ေတာ့ အလံုးလိုက္ေနလွမ္းပီးမွေလးစိပ္ခြဲ ဆီသတ္တာပါ။ (ဒီနည္းလည္းပဲ သိပ္ေတာ့ မခ်ဥ္လွပါဘူး )

    (Unicode)

    လိုအပ်တဲ့ အမယ်များကတော့- (၁) သံပုရာသီး ၁၅ လုံး ၊ (၂) စမုန်စပါး ၁ ဇွန်း ( ထမင်းစားဇွန်းဖြင့် ) ၊ (၃) ငရုပ်သီးအစိမ်းမှုန့် ( တဇွန် ) ၊ (၄) စားဆီ ၂၀ ကျပ်သား ( အနည်းငယ်တိုးထည့်လဲရ) ၊

    (၅) မုန်ညှင်းစေ့။ ဇီယာစေ့။မဆလာ။ ဆနွံး – နနွင်းမှုန့်(အသင့်အတင့်) ၊ (၆) သကြား ၁ ဇွန်း ( လဖက်စားဇွန်းဖြင့် ) ၊ (၇) လေလုံသောဖန်ဗူး ( ကြာရှည်စွာစားသုံးရန် )

    ပြုလုပ်ပုံ။ ။သံပုရာသီးတွေကို ဆားနဲ့နယ်၍ ပုလင်းထဲထည့်ပါ။နေပူမှာ သုံး လေးရက် ထုတ်လှမ်းပီး အငံရည်တွေကို သွန်ပစ်လိုက်ပါ။ အသီးကို လေးစိပ်စိပ်ပီး အစေ့တွေကို ထုတ်လိုက်ပါ။

    အိုးထဲမှာဆီထည့်ပြီး မီးဖိုပေါ်မှာ ဆီဆူအောင်ထားပါ။ ဆီဆူလာရင် မီးပိတ်လိုက်ပီး စမုန်စပါး. မုန်ညင်းစေ့, ဇီယာစေ့, မဆလာ,ဆနွင်း,ငြုပ်သီးအစိမ်းမှုန့်,တို့ကိုထည့်မွှေပါ။

    သံပုရာသီးစိပ် နဲ့ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်မွှေပါ။ သကြား လဖက်စားဇွန်းတဇွန်းထည့်ပါ။ ( အချဉ်ပေါ့စေဖို့ ) အားလုံးရောမွှေပီးရင် သံပုရာသီးသနပ်ရပါပြီ။

    ပုလင်းနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာထားပါ။ ( အကြာကြီးခံပါတယ် ) နံနက်ခင်း ထမင်းကြော်နဲ့ပဲစားစား,ဒံပေါက်နဲ့ပဲစားစား,ဆိတ်သား,ကြက်သားဟင်းနဲ့ပဲစားစား,

    ပဲကုလားဟင်းနဲ့ပဲစားစား အရမ်းကိုလိုက်ဖက်ပြီးကျန်းမာရေးနဲ့ညီညွှတ်သော သံပုရာသီးသနပ်ပါ။ သံပုရာသီးကို မှိုမတက်အောင် ဆီမြုပ်အောင်ထည့်ပေးထားပါ။ ဆားထပ်မထည့်ရပါဘူး။ ဆားနယ်ပီးသားမို့ပါ။

    မှတ်ချက်။ ။အချဉ်ပေါ့ချင်ရင်တော့ လေးစိပ် အရင်ခွဲပီး ဆားနယ်, နေပူလှန်းပီးမှ ဆားရေသွန်ပီး ဆီသတ်ပေးပါ။ အချဉ်ကြိုက်သူဆိုရင်တော့ အလုံးလိုက်နေလှမ်းပီးမှလေးစိပ်ခွဲ ဆီသတ်တာပါ။ (ဒီနည်းလည်းပဲ သိပ်တော့ မချဉ်လှပါဘူး )

  • မျက်နှာပေါ်က ချွေးပေါက်ကျယ်တွေကို လုံးဝပျောက်ကွယ်သွားစေမယ့် ပေါင်းတင်နည်းများ

    မ်က္ႏွာေပၚက ေခြၽးေပါက္က်ယ္ေတြကို လုံးဝေပ်ာက္ကြယ္သြားေစမယ့္ ေပါင္းတင္နည္းမ်ား

    မ်က္ႏွာမွာ အဆီျပန္တတ္ၾကတဲ့သူေတာ္ေတာ္မ်ားမ်ား ေခြၽးေပါက္က်ယ္တတ္ၾကတယ္။ မိန္းကေလးတစ္ေယာက္မ်က္ႏွာ ေခြၽးေပါက္ အရမ္းက်ယ္ေနရင္ အဆီျပန္တတ္လို႔ မိတ္ကပ္လိမ္းရင္ေတာင္ အဆင္မေျပၾကဘူး။ အဲ့လို ေခြၽးေပါက္က်ယ္လို႔ စိတ္ညစ္ေနၾကတဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ ေနာ္ …..

    (1) ေရခဲ

    ေရခဲကိုသုံးေပးတာက အလြယ္ဆုံးနည္းလမ္းပဲျဖစ္တယ္။ ေခြၽးေပါက္က်ယ္ေနတာေတြကိုလည္း က်ဥ္းေပးေစတဲ့အျပင္ မ်က္ႏွာအသားေရကိုလည္း ေကာင္းလာေစပါတယ္ …။

    လက္ကိုင္ပုဝါထဲကို ေရခဲတစ္တုံးကေန သုံးတုံးထိထည့္ၿပီး ေခြၽးေပါက္က်ယ္ေနတဲ့ေနရာကို ၁၅မိနစ္ၾကာ အုပ္ထားေပးပါ။ ေန႕တိုင္းကို နဲနဲခ်င္းစီ လုပ္ေပးပါ။ သိသိသာသာ ေခြၽးေပါက္က်ဥ္းသြားၿပီးဆိုရင္ လုပ္တဲ့ အႀကိမ္ကို ေလ်ာ့လိုက္ပါ။
    ေနာက္တစ္နည္းက ေန႕တိုင္း တစ္ႀကိမ္ကို ေရခဲရည္နဲ႕ မ်က္ႏွာသစ္ေပးပါ …။

    (2) ၾကက္ဥအကာ

    ၾကက္ဥအကာကေတာ့ မ်က္ႏွာ အသားေရကို တင္းေစၿပီး ေခြၽးေပါက္ကိုက်ဥ္းေစပါတယ္။ ၾကက္ဥအကာနဲ႕ မ်က္ႏွာ္ေပါင္းတင္ရင္ အဆီျပန္တာေတြကို သက္သာေစနိုင္ပါတယ္ …။

    ၾကက္ဥကို အကာနဲ႕ အႏွစ္ခြဲလိုက္ပါ။ ၿပီးရင္ အကာကို အျဖဴေရာင္ျဖစ္သည့္ထိ ခေလာက္ေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာ တစ္ျပင္လုံးကို လိမ္းၿပီး လုံးဝေျခာက္သြားသည့္ထိ အေျခာက္ခံထားပါ။ ၿပီးရင္ မ်က္ႏွာကို သစ္လိုက္ပါ။ တစ္ပတ္ကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေလာက္ ပုံမွန္လုပ္ေပးပါ …။

    ဒုတိယနည္းကေတာ့ ၾကက္ဥႏွစ္လုံးရဲ႕ အကာ နဲ႕ လီမြန္တစ္ဝက္ (အရည္ညွစ္ၿပီးသား) ကိုေရာလိုက္ပါ။ ၿပီးရင္ မ်က္ႏွာ္တစ္ျပင္လုံး လိမ္းၿပီး ၁ဝမိနစ္ (ဒါမွမဟုတ္) လုံးဝေျခာက္သြားသည့္ထိ အေျခာက္ခံထားပါ။ ၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုုက္ပါ။ တစ္ပတ္ကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္နဲ႕ တစ္လေလာက္လုပ္ေပးပါ …။

    တတိယနည္းကေတာ့ ၾကက္ဥအကာကို အျဖဴေရာင္ျဖစ္သည့္ထိ ခေလာက္ေပးၿပီးရင္ အရည္ညွစ္ၿပီးသား လီမြန္ နဲ႕ oatmeal တို႔ကို စားပြဲတင္ဇြန္း ႏွစ္ဇြန္းစီတို႔ကို ေရာလိုက္ပါ။ ၿပီးရင္ မ်က္ႏွာ္ တစ္ျပင္လုံးကို ျပန႔္ေနေအာင္လိမ္းေပးၿပီး မိနစ္၃၀ ၾကာအာင္ အေျခာက္ခံထားပါ။ ။ ၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုုက္ပါ။ အပတ္တိုင္း ႏွစ္ႀကိမ္ လုပ္ေပးပါ …။

    (3) Baking Soda

    Baking Soda က အသားေရကို လွေစတဲ့အတြက္ အၿမဲအသုံးဝင္ပါတယ္။ Baking Soda နဲ႕ မ်က္ႏွာေပါင္းတင္လိုက္ရင္ မ်က္ႏွာမွာရွိတဲ့ အဆီေတြ ၊ အညစ္အေၾကးေတြကို ဖယ္ရွားေပးတယ္။ ဝက္ၿခံကိုလည္း ေပ်ာက္ကင္းေစပါတယ္ …။

    ျပဳလုပ္ပုံအဆင့္ဆင့္

    – Baking soda နဲ႕ ေရေႏြးကို စားပြဲတင္ဇြန္း ၂ ဇြန္းစီ ထည့္ၿပီးေရာလိုက္ပါ။

    – ၿပီးရင္ ေခြၽးေပါက္က်ယ္တဲ့ေနရာေလးကို လိမ္းေပးပါ။

    – မ်က္ႏွာကို ေရေအးေလးနဲ႕ သစ္ေပးပါ။

    – ေန႕တိုင္း လုပ္ေပးပါ။ သက္သာလာရင္ေတာ့ လုပ္ေနတဲ့ အႀကိမ္ေရကို ေလ်ာ့လိုက္ပါ။

    (4) Lemon Juice

    လီမြန္သီးမွာဆိုရင္ အခ်ဥ္ဓာတ္ပါဝင္လို႔ မ်က္ႏွာမွာရွိတဲ့ ေခြၽးေပါက္ေတြကို က်ဥ္းေစပါတယ္။ ၿပီးေတာ့ အသားေရကို ညွိေပးတဲ့အျပင္ မ်က္ႏွာေပၚက အမည္းစက္ေတြကိုလည္း သက္သာေစပါတယ္ …။

    လီမြန္တစ္လုံးကို အရည္ညွစ္ၿပီး သဘာဝပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႕ေရာလိုက္ပါ။ မ်က္ႏွာမွာ လိမ္းလိုက္ၿပီး ၁ဝမိနစ္၊ ၁၅မိနစ္ ေလာက္ေပါင္းတင္လိုက္ပါ။ ၿပီးရင္ မ်က္ႏွာသစ္လိုက္ပါ။ ေန႕တိုင္းကို တစ္လေလာက္လုပ္ေပးပါ …။

    (5) ဒိန္ခ်ဥ္

    ဒိန္ခ်ဥ္က အခ်ဥ္ဓာတ္ပါဝင္လို႔ မ်က္ႏွာမွာရွိတဲ့ ဆဲလ္ေသေတြ၊ အညစ္အေၾကးေတြ၊ အဆီေတြကို ဖယ္ရွားေပးပါတယ္။ မ်က္ႏွာရွိ ေခြၽးေပါက္ကိုက်ဥ္းေစၿပီး အေရေၾကာင္းကိုလည္း ေလ်ာ့နည္းေစပါတယ္ …။

    ရိုးရိုးဒိန္ခ်ဥ္ကိုပဲ မ်က္ႏွာေပၚကို ပါးပါးေလးလိမ္းေပးပါ။ ၁ဝမိနစ္ထိထားေပးပါ။ ၿပီးရင္ မ်က္ႏွာသစ္လိုက္ပါ။ ဒီနည္းကို တစ္ပတ္ (မဟုတ္ရင္) ေန႕တိုင္း သုံးႀကိမ္၊ေလးႀကိမ္ နဲ႕ အနည္းဆုံးတစ္လေလာက္ လုပ္ေပးပါ။ ရိုးရိုးဒိန္ခ်ဥ္ (စားပြဲတင္ဇြန္း ၂ဇြန္း)ထဲကို ပဲမႈန႔္(gram flour) စားပြဲတင္ဇြန္း ၁ဇြန္း ထည့္ေရာလိုက္ပါ။ ၿပီးရင္ မ်က္ႏွာ ေပၚမွာ လိမ္းလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာကို ေရေအးေလးနဲ႕ သစ္ေပးပါ။ တစ္ပတ္ကိုႏွစ္ႀကိမ္ နဲ႕ အနည္းဆုံးတစ္လေလာက္ လုပ္ေပးပါ … ။ ။

    Hannwe Soe (Auntymay)

    (Unicode)

    မျက်နှာပေါ်က ချွေးပေါက်ကျယ်တွေကို လုံးဝပျောက်ကွယ်သွားစေမယ့် ပေါင်းတင်နည်းများ

    မျက်နှာမှာ အဆီပြန်တတ်ကြတဲ့သူတော်တော်များများ ချွေးပေါက်ကျယ်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်မျက်နှာ ချွေးပေါက် အရမ်းကျယ်နေရင် အဆီပြန်တတ်လို့ မိတ်ကပ်လိမ်းရင်တောင် အဆင်မပြေကြဘူး။ အဲ့လို ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေကြတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် နော် …..

    (1) ရေခဲ

    ရေခဲကိုသုံးပေးတာက အလွယ်ဆုံးနည်းလမ်းပဲဖြစ်တယ်။ ချွေးပေါက်ကျယ်နေတာတွေကိုလည်း ကျဉ်းပေးစေတဲ့အပြင် မျက်နှာအသားရေကိုလည်း ကောင်းလာစေပါတယ် …။

    လက်ကိုင်ပုဝါထဲကို ရေခဲတစ်တုံးကနေ သုံးတုံးထိထည့်ပြီး ချွေးပေါက်ကျယ်နေတဲ့နေရာကို ၁၅မိနစ်ကြာ အုပ်ထားပေးပါ။ နေ့တိုင်းကို နဲနဲချင်းစီ လုပ်ပေးပါ။ သိသိသာသာ ချွေးပေါက်ကျဉ်းသွားပြီးဆိုရင် လုပ်တဲ့ အကြိမ်ကို လျော့လိုက်ပါ။
    နောက်တစ်နည်းက နေ့တိုင်း တစ်ကြိမ်ကို ရေခဲရည်နဲ့ မျက်နှာသစ်ပေးပါ …။

    (2) ကြက်ဥအကာ

    ကြက်ဥအကာကတော့ မျက်နှာ အသားရေကို တင်းစေပြီး ချွေးပေါက်ကိုကျဉ်းစေပါတယ်။ ကြက်ဥအကာနဲ့ မျက်နှာ်ပေါင်းတင်ရင် အဆီပြန်တာတွေကို သက်သာစေနိုင်ပါတယ် …။

    ကြက်ဥကို အကာနဲ့ အနှစ်ခွဲလိုက်ပါ။ ပြီးရင် အကာကို အဖြူရောင်ဖြစ်သည့်ထိ ခလောက်ပေးပါ။ ပြီးရင်တော့ မျက်နှာ တစ်ပြင်လုံးကို လိမ်းပြီး လုံးဝခြောက်သွားသည့်ထိ အခြောက်ခံထားပါ။ ပြီးရင် မျက်နှာကို သစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ …။

    ဒုတိယနည်းကတော့ ကြက်ဥနှစ်လုံးရဲ့ အကာ နဲ့ လီမွန်တစ်ဝက် (အရည်ညှစ်ပြီးသား) ကိုရောလိုက်ပါ။ ပြီးရင် မျက်နှာ်တစ်ပြင်လုံး လိမ်းပြီး ၁ဝမိနစ် (ဒါမှမဟုတ်) လုံးဝခြောက်သွားသည့်ထိ အခြောက်ခံထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်နဲ့ တစ်လလောက်လုပ်ပေးပါ …။

    တတိယနည်းကတော့ ကြက်ဥအကာကို အဖြူရောင်ဖြစ်သည့်ထိ ခလောက်ပေးပြီးရင် အရည်ညှစ်ပြီးသား လီမွန် နဲ့ oatmeal တို့ကို စားပွဲတင်ဇွန်း နှစ်ဇွန်းစီတို့ကို ရောလိုက်ပါ။ ပြီးရင် မျက်နှာ် တစ်ပြင်လုံးကို ပြန့်နေအောင်လိမ်းပေးပြီး မိနစ်၃၀ ကြာအာင် အခြောက်ခံထားပါ။ ။ ပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ အပတ်တိုင်း နှစ်ကြိမ် လုပ်ပေးပါ …။

    (3) Baking Soda

    Baking Soda က အသားရေကို လှစေတဲ့အတွက် အမြဲအသုံးဝင်ပါတယ်။ Baking Soda နဲ့ မျက်နှာပေါင်းတင်လိုက်ရင် မျက်နှာမှာရှိတဲ့ အဆီတွေ ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။ ဝက်ခြံကိုလည်း ပျောက်ကင်းစေပါတယ် …။

    ပြုလုပ်ပုံအဆင့်ဆင့်

    – Baking soda နဲ့ ရေနွေးကို စားပွဲတင်ဇွန်း ၂ ဇွန်းစီ ထည့်ပြီးရောလိုက်ပါ။

    – ပြီးရင် ချွေးပေါက်ကျယ်တဲ့နေရာလေးကို လိမ်းပေးပါ။

    – မျက်နှာကို ရေအေးလေးနဲ့ သစ်ပေးပါ။

    – နေ့တိုင်း လုပ်ပေးပါ။ သက်သာလာရင်တော့ လုပ်နေတဲ့ အကြိမ်ရေကို လျော့လိုက်ပါ။

    (4) Lemon Juice

    လီမွန်သီးမှာဆိုရင် အချဉ်ဓာတ်ပါဝင်လို့ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ပြီးတော့ အသားရေကို ညှိပေးတဲ့အပြင် မျက်နှာပေါ်က အမည်းစက်တွေကိုလည်း သက်သာစေပါတယ် …။

    လီမွန်တစ်လုံးကို အရည်ညှစ်ပြီး သဘာဝပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ရောလိုက်ပါ။ မျက်နှာမှာ လိမ်းလိုက်ပြီး ၁ဝမိနစ်၊ ၁၅မိနစ် လောက်ပေါင်းတင်လိုက်ပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။ နေ့တိုင်းကို တစ်လလောက်လုပ်ပေးပါ …။

    (5) ဒိန်ချဉ်

    ဒိန်ချဉ်က အချဉ်ဓာတ်ပါဝင်လို့ မျက်နှာမှာရှိတဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးပါတယ်။ မျက်နှာရှိ ချွေးပေါက်ကိုကျဉ်းစေပြီး အရေကြောင်းကိုလည်း လျော့နည်းစေပါတယ် …။

    ရိုးရိုးဒိန်ချဉ်ကိုပဲ မျက်နှာပေါ်ကို ပါးပါးလေးလိမ်းပေးပါ။ ၁ဝမိနစ်ထိထားပေးပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။ ဒီနည်းကို တစ်ပတ် (မဟုတ်ရင်) နေ့တိုင်း သုံးကြိမ်၊လေးကြိမ် နဲ့ အနည်းဆုံးတစ်လလောက် လုပ်ပေးပါ။ ရိုးရိုးဒိန်ချဉ် (စားပွဲတင်ဇွန်း ၂ဇွန်း)ထဲကို ပဲမှုန့်(gram flour) စားပွဲတင်ဇွန်း ၁ဇွန်း ထည့်ရောလိုက်ပါ။ ပြီးရင် မျက်နှာ ပေါ်မှာ လိမ်းလိုက်ပါ။ ပြီးရင်တော့ မျက်နှာကို ရေအေးလေးနဲ့ သစ်ပေးပါ။ တစ်ပတ်ကိုနှစ်ကြိမ် နဲ့ အနည်းဆုံးတစ်လလောက် လုပ်ပေးပါ … ။ ။

    Hannwe Soe (Auntymay)

  • ကျောက်ဖရုံယို ပြုလုပ်နည်း

    မိသားစု တစ်ပိုင် တစ်နိုင်လုပ်စားမလားစီးပွားရေအရလုပ်စားမလား အဆင်ပြေတယ်

    ကျောက်ဖရုံယို ပြုလုပ်နည်း

    ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။

    ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။

    အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

    ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

    သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန်ဆေးကြောလိုက်ပါ။

    ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

    သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီ၀က်ခန့် ကျိုချက်ပေးပြီး

    ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ့ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို(သို့)Wintermelon candy ကိုမှီဝဲသုံဆောင်နိုင်ပါသည်။

    Credit .ဓမ္မမေတ္တာ အရှင်ပညာသာရ

    (Zawgyi)

    မိသားစု တစ္ပိုင္ တစ္နိုင္လုပ္စားမလားစီးပြားေရအရလုပ္စားမလား အဆင္ေျပတယ္

    ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

    ပထမဆုံး ေက်ာက္ဖ႐ုံသီးကို အခြံခြာၿပီး အတြင္းမွ အေစ့မ်ားကို ဖယ္ရွားျပစ္ပါ။

    ေက်ာက္ဖ႐ုံသီးအရင့္…ႏွစ္ခ်ိဳ႕ျဖစ္ရပါမယ္။ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။

    အခြံခြာလို႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကို အလ်ား (၄)လကၼ အနံ(၂)လကၼခန႔္ အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန႔္စင္ေအာင္ ေရေဆးေၾကာပါ။

    ကြမ္းစားထုံးမႈန႔္ကို ေရသန႔္သန႔္ထဲ၌အနည္းငယ္ ထည့္ေဖ်ာ္၍ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီးအစိတ္အပိုင္းမ်ားကို ၃နာရီခန႔္ၾကာေအာင္ စိမ္ေပးထားရပါမယ္။

    သုံးနာရီခန႔္ၾကာေသာအခါ ၎အား ဆယ္ယူ၍ ေရသန႔္စင္ေအာင္ တဖန္ေဆးေၾကာလိုက္ပါ။

    ေက်ာက္ခ်ဥ္အရည္ သုံးဇြန္းခန႔္ကို ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ ေက်ာက္ဖ႐ုံ အစိတ္အပိုင္းမ်ားကို တဖန္ျပန္လည္ၿပီး မီးနစ္အနည္းငယ္မွ်ၾကာေအာင္ စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံစစ္ေပးထားပါ။

    သၾကားကို လိုသေလာက္ခ်ိန္ထည့္ၿပီး..ဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပိုင္းမ်ားကို သမေအာင္ ေရာနယ္ၿပီး ေရသန႔္သန႔္ထည့္ကာ နာရီဝက္ခန႔္ က်ိဳခ်က္ေပးၿပီး

    ပ်စ္ခဲလာခ်ိန္၌ အိုးအတြင္းမွဆယ္ယူ၍ ဇကာေပၚသို႔ ျဖန႔္ႀကဲေပးၿပီး ေအးခဲသြားသည္အထိ့ ထားေပးလိုက္ပါက သန႔္ရွင္းလတ္ဆတ္ၿပီး ခ်ိဳၿမိန္ေသာ ေက်ာက္ဖ႐ုံယို(သို႔)Wintermelon candy ကိုမွီဝဲသုံေဆာင္နိုင္ပါသည္။

    Credit .ဓမၼေမတၱာ အရွင္ပညာသာရ

  • အဆစ္အ႐ိုး၊ အဆုတ္၊ ေက်ာက္ကပ္၊ အသည္းႏွင့္ အဆိပ္အမ်ိဳးမ်ိဳးအတြက္ အထူးေကာင္းမြန္ေသာ နတ္ေဆး

    (Zawgyi)

    အဆစ္အ႐ိုး၊ အဆုတ္၊ ေက်ာက္ကပ္၊ အသည္းႏွင့္ အဆိပ္အမ်ိဳးမ်ိဳးအတြက္ အထူးေကာင္းမြန္ေသာ နတ္ေဆးပင္ဟု ေခၚဆိုရမည့္ မဟာကာႀကံဆစ္

    ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္သည္ ဟူေသာစကားအရ ျမန္မာ့ေဆးပင္အစြမ္း အံမခန္း မ်ားစြာထဲမွ ေဆးပင္တမ်ိဳးႏွင့္ မိတ္ဆက္ေပးရလွ်င္ မဟာကာႀကံဆစ္ဟုေခၚေသာ နဂါးၿမီး႐ြက္ႏွင့္ မိတ္ဆက္ေပးပါရေစ။ မဟာကာႀကံဆစ္ ဟုေခၚေသာ ထိုေဆးပင္၏ အ႐ြက္မ်ားသည္ ခပ္ရွည္ရွည္ျဖစ္၍ အေၾကာအစင္းမ်ားရွိသည္။ ႐ိုးတံတြင္ အဆစ္ကေလးမ်ားပါရွိၿပီး ထိုအဆစ္မ်ားမွ အ႐ြက္ထြက္ေပၚကာ အ႐ြက္၏ အလယ္ သို႔မဟုတ္ ေအာက္ေျခစြန္းစြန္းတြင္ အမည္းစက္ကေလးမ်ား ရွိတတ္သည္။ အပြင့္မွာ ေသးေသးႏွင့္ ျဖဴျဖဴရွိၿပီး အသီးမွာ အနက္ေရာင္ရွိ၍ ခပ္ေသးေသးျဖစ္သည္။ ခ်ဳံႏြယ္ပင္ တစ္မ်ိဳးျဖစ္ၿပီး စိုစြတ္ေသာ ေနရာတြင္ ေပါက္ေရာက္ခါ ေနရာအႏွံ႔အျပားတြင္ ေတြ႕ရွိရပါသည္။

    မိတ္ေဆြတို႔တြင္ ေလးဘက္နာ ေရာဂါမ်ား၊ ေျခဆစ္၊ လက္ဆစ္မ်ား နာက်င္ကိုက္ခဲေသာ ေရာဂါမ်ား ခံစားႀကဳံေတြ႕ေနရပါက မဟာႀကံဆစ္ အ႐ြက္ကို ထုေထာင္းခါ အရည္ညစ္၍ လိမ္းက်ံေစၿပီး အဖတ္မ်ားကို အုံထားေပး၍ ေပ်ာက္ကင္း ေစပါသည္။ အေကာင္းဆုံးက အိပ္ယာဝင္ခါနီးတြင္ အဝတ္ျဖင့္ စည္းေပးပါက ပို၍ေကာင္းပါသည္။ အဖတ္မ်ား ေျခာက္သြားသည္ႏွင့္ ကိုက္ခဲေနေသာ ဒဏ္ရာမ်ားယူပစ္သလို ေပ်ာက္ကင္းခ်မ္းသာေစပါသည္။ ထို႔အျပင္ ဒူးနာ၍ လမ္းမေလွ်ာက္ႏိုင္ျဖစ္ေနပါကလည္း အ႐ြက္အ႐ိုးတို႔ကို ထုေထာင္း၍ အဝတ္ျဖင့္ စည္းေႏွာင္၍ အုံထားေပးလွ်င္ သက္သာေပ်ာက္ကင္းပါသည္။

    ထို႔ေနာက္ ရင္က်ပ္ျခင္း၊ ေခ်ာင္းဆိုးျခင္းစေသာ အဆုတ္ေရာဂါမ်ားကိုလည္းေကာင္း၊ ေက်ာက္ကပ္ေရာဂါ၊ အသားဝါ ေရာဂါ၊ အသည္းေရာဂါ၊ ဆီးခ်ဳပ္ျခင္း၊ ဆီးက်င္ျခင္း၊ ဆီးနည္းျခင္း၊ ဆီးဝါျခင္း စေသာ ဆီးႏွင့္ ပတ္သတ္ေသာ ေရာဂါမ်ားကိုလည္းေကာင္း၊ ဝမ္းကိုက္ျခင္း၊ ဝမ္းေလွ်ာျခင္း စေသာ ဝမ္းေရာဂါမ်ားကိုလည္းေကာင္း၊ အသည္းေၾကာင့္ ခႏၶာကိုယ္ ေဖာေရာင္ျခင္းကိုလည္းေကာင္း ခံစားေနရပါက မဟာကာႀကံဆစ္႐ြက္မ်ားကို ျပဳတ္၍ ေသာက္ေပးျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။

    တခ်ိဳ႕က သၾကားထည့္၍ ေသာက္သုံးပါသည္။ တခ်ိဳ႕က ၎အ႐ြက္မ်ားကို အေျခာက္လွန္းထားကာ ေရေႏြးထဲတြင္ လက္ဖက္ေျခာက္အစား ၎အ႐ြက္ေျခာက္မ်ားကို ထည့္၍ ေသာက္ၾကပါသည္။ တခ်ိဳ႕က ထိုအ႐ြက္အား သုတ္စားတတ္ၾကပါေသးသည္။

    အနာမ်ား ျဖစ္ၾကေသာ အနာစိမ္း၊ ယားနာ၊ ခူနာႏွင့္ ထိခိုက္ဒဏ္ရာ အနာမွန္သမွ် ရွိပါက ထိုမဟာကာႀကံဆစ္၏ အ႐ြက္ကို ထုေထာင္း၍ ထိုအနာေပၚတြင္ အုံေပးထားပါက ျပည္ေပါက္၍ အသားႏုတက္ လာကာ အနာအျမန္ ေပ်ာက္ကင္းေၾကာင္း ေတြ႕ရပါသည္။ ေယာင္ယမ္းကာ ျပည္တည္၍ ခြဲထုတ္ပစ္ရမည့္ အနာမ်ားကို ၎အ႐ြက္ အုံေပးထားျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္။

    ထို႔အျပင္ ငါးအ႐ိုးစူးျခင္း၊ ကင္းကိုက္ျခင္း၊ ျခင္ကိုက္ျခင္း၊ ပ်ားတုတ္ျခင္း၊ ပု႐ြက္ဆိတ္နီကိုက္ျခင္း၊ ေခြးကိုက္ျခင္း၊ သံစူးျခင္း၊ ဓားရွျခင္း ကဲ့သို႔ေသာ ထိခိုက္ရွနာမ်ားႏွင့္ အဆိပ္ျဖစ္ေစတတ္ေသာ ဒဏ္ရာမွန္သမွ် ကိုလည္း ထိုမဟာကာ ႀကံဆစ္အ႐ြက္ကို အရည္ညစ္၍ လိမ္းေပးလွ်င္ အျမန္ေပ်ာက္ကင္းသြားပါသည္။ ငါးအ႐ိုးစူးျခင္းတြင္ ငါးက်ီးငါး၏ အ႐ိုးစူးမိပါက ေပါ့ဆလွ်င္ အသက္အႏၲရယ္ပင္ ႀကဳံေတြ႕ရတတ္ပါ သည္။ ထိုငါးက်ီး႐ိုး စူးမိပါက စူးမိေသာ ေနရာသို႔ မဟာကာႀကံဆစ္႐ြက္ အရည္ကို သုတ္လိမ္းေပးပါက မိနစ္ပိုင္းအတြင္း လုံး၀ ေပ်ာက္ကင္းပါသည္။

    ဆီပူေလာင္ျခင္း၊ ေရေႏြးပူေလာင္ျခင္း စေသာ အပူေလာင္ျခင္း အမ်ိဳးမ်ိဳးကိုလည္း အ႐ြက္ကို ထုေထာင္း၍ သုတ္လိမ္း ေပးပါက အမာ႐ြတ္ပင္ မထင္ေတာ့ဘဲ အျမန္ေပ်ာက္ကင္းသြားတတ္ပါသည္။ သြားကိုက္၊ နားကိုက္မ်ား ျဖစ္လွ်င္လည္း မဟာႀကံဆစ္အ႐ြက္အရည္ကို ညစ္ထည့္၍ အဖတ္ကို ကိုက္ေနေသာ ေနရာ၌ ငုံထား အုံထားေပးလွ်င္ ေပ်ာက္ကင္းပါသည္။

    ထိုမဟာကာႀကံဆစ္ အ႐ြက္ျပဳတ္ရည္ကို ေသာက္ေပးျခင္းျဖင့္ ေမာပန္းမႈႏွင့္ နာက်င္မႈ ေဝဒနာမ်ား ေပ်ာက္ကင္းကာ ယခင္ကထက္ ကိုယ္ခႏၶာ ေပါ့ပါးသြက္လက္လာေသာ လက္ေတြ႕အက်ိဳးထူး ရရွိေစပါသည္။ ထိုသို႔ေသာ ေရာဂါမွန္သမွ်ကို အျမန္ေပ်ာက္ကင္းေသာ မဟာကာႀကံဆစ္ ေဆးပင္ကို ေဒသအလိုက္ ဆိပ္ေျဖပင္၊ ေႁမြမင္းပင္၊ ေႁမြေဟာက္ပါးပ်ဥ္းပင္၊ နဂါးၿမီးဟု အမ်ိဳးမ်ိဳးေခၚဆိုၾကၿပီး တခ်ိဳ႕ကလည္း နတ္ေဆး ပင္ဟု ေခၚဆိုၾကပါသည္။

    Credit–တိုင္းရင္းေဆး ေဆြးေႏြးခန္း

    (Unicode)

    အဆစ်အရိုး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် အဆိပ်အမျိုးမျိုးအတွက် အထူးကောင်းမွန်သော နတ်ဆေးပင်ဟု ခေါ်ဆိုရမည့် မဟာကာကြံဆစ်

    နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်း များစွာထဲမှ ဆေးပင်တမျိုးနှင့် မိတ်ဆက်ပေးရလျှင် မဟာကာကြံဆစ်ဟုခေါ်သော နဂါးမြီးရွက်နှင့် မိတ်ဆက်ပေးပါရစေ။ မဟာကာကြံဆစ် ဟုခေါ်သော ထိုဆေးပင်၏ အရွက်များသည် ခပ်ရှည်ရှည်ဖြစ်၍ အကြောအစင်းများရှိသည်။ ရိုးတံတွင် အဆစ်ကလေးများပါရှိပြီး ထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်၏ အလယ် သို့မဟုတ် အောက်ခြေစွန်းစွန်းတွင် အမည်းစက်ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေးဖြစ်သည်။ ချုံနွယ်ပင် တစ်မျိုးဖြစ်ပြီး စိုစွတ်သော နေရာတွင် ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါသည်။

    မိတ်ဆွေတို့တွင် လေးဘက်နာ ရောဂါများ၊ ခြေဆစ်၊ လက်ဆစ်များ နာကျင်ကိုက်ခဲသော ရောဂါများ ခံစားကြုံတွေ့နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီး အဖတ်များကို အုံထားပေး၍ ပျောက်ကင်း စေပါသည်။ အကောင်းဆုံးက အိပ်ယာဝင်ခါနီးတွင် အဝတ်ဖြင့် စည်းပေးပါက ပို၍ကောင်းပါသည်။ အဖတ်များ ခြောက်သွားသည်နှင့် ကိုက်ခဲနေသော ဒဏ်ရာများယူပစ်သလို ပျောက်ကင်းချမ်းသာစေပါသည်။ ထို့အပြင် ဒူးနာ၍ လမ်းမလျှောက်နိုင်ဖြစ်နေပါကလည်း အရွက်အရိုးတို့ကို ထုထောင်း၍ အဝတ်ဖြင့် စည်းနှောင်၍ အုံထားပေးလျှင် သက်သာပျောက်ကင်းပါသည်။

    ထို့နောက် ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းစသော အဆုတ်ရောဂါများကိုလည်းကောင်း၊ ကျောက်ကပ်ရောဂါ၊ အသားဝါ ရောဂါ၊ အသည်းရောဂါ၊ ဆီးချုပ်ခြင်း၊ ဆီးကျင်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးဝါခြင်း စသော ဆီးနှင့် ပတ်သတ်သော ရောဂါများကိုလည်းကောင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း စသော ဝမ်းရောဂါများကိုလည်းကောင်း၊ အသည်းကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်းကိုလည်းကောင်း ခံစားနေရပါက မဟာကာကြံဆစ်ရွက်များကို ပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

    တချို့က သကြားထည့်၍ သောက်သုံးပါသည်။ တချို့က ၎င်းအရွက်များကို အခြောက်လှန်းထားကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ၎င်းအရွက်ခြောက်များကို ထည့်၍ သောက်ကြပါသည်။ တချို့က ထိုအရွက်အား သုတ်စားတတ်ကြပါသေးသည်။

    အနာများ ဖြစ်ကြသော အနာစိမ်း၊ ယားနာ၊ ခူနာနှင့် ထိခိုက်ဒဏ်ရာ အနာမှန်သမျှ ရှိပါက ထိုမဟာကာကြံဆစ်၏ အရွက်ကို ထုထောင်း၍ ထိုအနာပေါ်တွင် အုံပေးထားပါက ပြည်ပေါက်၍ အသားနုတက် လာကာ အနာအမြန် ပျောက်ကင်းကြောင်း တွေ့ရပါသည်။ ယောင်ယမ်းကာ ပြည်တည်၍ ခွဲထုတ်ပစ်ရမည့် အနာများကို ၎င်းအရွက် အုံပေးထားခြင်းဖြင့် ပျောက်ကင်းစေပါသည်။

    ထို့အပြင် ငါးအရိုးစူးခြင်း၊ ကင်းကိုက်ခြင်း၊ ခြင်ကိုက်ခြင်း၊ ပျားတုတ်ခြင်း၊ ပုရွက်ဆိတ်နီကိုက်ခြင်း၊ ခွေးကိုက်ခြင်း၊ သံစူးခြင်း၊ ဓားရှခြင်း ကဲ့သို့သော ထိခိုက်ရှနာများနှင့် အဆိပ်ဖြစ်စေတတ်သော ဒဏ်ရာမှန်သမျှ ကိုလည်း ထိုမဟာကာ ကြံဆစ်အရွက်ကို အရည်ညစ်၍ လိမ်းပေးလျှင် အမြန်ပျောက်ကင်းသွားပါသည်။ ငါးအရိုးစူးခြင်းတွင် ငါးကျီးငါး၏ အရိုးစူးမိပါက ပေါ့ဆလျှင် အသက်အန္တရယ်ပင် ကြုံတွေ့ရတတ်ပါ သည်။ ထိုငါးကျီးရိုး စူးမိပါက စူးမိသော နေရာသို့ မဟာကာကြံဆစ်ရွက် အရည်ကို သုတ်လိမ်းပေးပါက မိနစ်ပိုင်းအတွင်း လုံး၀ ပျောက်ကင်းပါသည်။

    ဆီပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း စသော အပူလောင်ခြင်း အမျိုးမျိုးကိုလည်း အရွက်ကို ထုထောင်း၍ သုတ်လိမ်း ပေးပါက အမာရွတ်ပင် မထင်တော့ဘဲ အမြန်ပျောက်ကင်းသွားတတ်ပါသည်။ သွားကိုက်၊ နားကိုက်များ ဖြစ်လျှင်လည်း မဟာကြံဆစ်အရွက်အရည်ကို ညစ်ထည့်၍ အဖတ်ကို ကိုက်နေသော နေရာ၌ ငုံထား အုံထားပေးလျှင် ပျောက်ကင်းပါသည်။

    ထိုမဟာကာကြံဆစ် အရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် မောပန်းမှုနှင့် နာကျင်မှု ဝေဒနာများ ပျောက်ကင်းကာ ယခင်ကထက် ကိုယ်ခန္ဓာ ပေါ့ပါးသွက်လက်လာသော လက်တွေ့အကျိုးထူး ရရှိစေပါသည်။ ထိုသို့သော ရောဂါမှန်သမျှကို အမြန်ပျောက်ကင်းသော မဟာကာကြံဆစ် ဆေးပင်ကို ဒေသအလိုက် ဆိပ်ဖြေပင်၊ မြွေမင်းပင်၊ မြွေဟောက်ပါးပျဉ်းပင်၊ နဂါးမြီးဟု အမျိုးမျိုးခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေး ပင်ဟု ခေါ်ဆိုကြပါသည်။

    Credit–တိုင်းရင်းဆေး ဆွေးနွေးခန်း