Category: ဗဟုတုသ

  • မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့အကြောင်း

    (Unicode)

    မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်း အလေ့

    မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ်အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်နှံကာ အပေါ်မှ တံခါးတိုင်စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။ မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန(ယခုရှေးဟောင်းသုတေသန) မှကျောက် စာဝန်(ယခုရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle)က “မန္တလေးနန်းတော်လမ်းညွှန်”(Guid to Man-dalay Palace, Govt, Printing, 1925 )စာအုပ်မှာ ကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။ ထိုစာအုပ်ကိုပင် ၁၉၆၃ခုနှစ်က လမ်းညွှန်ကိုဖြုတ်ပြီး မန္တလေးနန်းတော်(Mandalay Palace)အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေးအစိုးရ ယဉ်ကျေးမှု့ ဋ္ဌာနအတွက် ထပ်မံထုတ်ဝေခဲ့ပါသေးသည်။ ယင်းတွင်လည်း “လူစတေးခြင်း”အကြောင်ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ-၁၅မှ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူဖတ်ရှု့ကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြောစကားကိုအခြေခံမှတ်သားခြင်းကြောင့် ဟုတ်မဟုတ်မှန်မမှန် ဧကန်သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင်တူးဖော်ကြည့်သင့်သည်။ အောက်တွင် ယင်းစာအုပ်ပါစွပ်စွဲချက်ကို ဘာသာပြန်ဖော်ပြထားပါသည်။

    -လူစတေးခြင်းအလေ့-

    မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွဟ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါး တစ်ခုစီ၏အနီးတွင်လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။ စင်စစ်အားဖြင့် မြို့တော်ကိုရန်အပေါင်းမှ ကာကွယ် စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကိုသတ်၍ ပူဇော်ခြင်း အမှု့ပြုသည်ကား မြန်မာလူမျိုးတစ်မျိုးသာ ထူးထူးခြာခြားလုပ်သည်ဟု မဆိုသာချေ။ ရှေးအခါက ဥရောပပါမကျန် ယင်းသို့ပြုလုပ်လေ့ရှိသည်ဟု ဆိုရမည် jဖစ်ပါသည်။ ဤသို့ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏အဆုံးအမနှင့် အလွန်အမင်း ဆန့်ကျင်သည်ဟု တစ်ဘက်၌ ပြောဖွယ်ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု့
    အလေ့အထတို့နှင့်အညီ ဖြစ်သည်ဟု အခြားတစ်ဘက်၌ပြောနိုင်သည့်အပြင် မိရိုးဖလာ နတ်ကိုးခြင်းအမှု့သည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏ စိတ်နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ်စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်းတွေ့ရသည်။ အခြား မွန်ဂိုလွိုက် အနွယ်ဝင်များနည်းတူ မြန်မာတို့ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုး သေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ်ရှိနေတတ်သည်။ အဆိုပါနတ်စိမ်းတို့သည် သူတို့စွဲလမ်းရာအရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ်ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန်ရှိသည်။ နောင်တွင် ခံမြို့သာမက ကြီးကျယ်သော အဆောက်အဦးပြုတိုင်း ဥပမာနန်း တော်ကဲ့သို့ အဆောက်အဦး အခြေခံအုတ်မြစ်တွင် လူ တစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံခဲ့ကြပုံရသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူကအန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့်နေရာများဖြစ်သည်။ ယဇ်ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါလူသတ်မှု့များတွင် တစ်ခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ရှိသည်။ ထိုသို့ ပွဲမျိုးကိုစီစဉ်သူများမှာ အများအားဖြင့် အန္ဒိယမဏိပူရ ပုဏ္ဏားများဖြစ်သော နန်းတွင်းအခါတော်ပေးပညာရှိက ဤအမှု့ကို ဆောင်ရွက်ရန် အကောင်းဆုံးအချိန်နာရီကို တွက်ချက်ပေးရသည်။ မည်သို့သောပုဂ္ဂိုလ်မျိုးကို စတေးရမည်ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှု့သွားနေသူ ယောင်္ကျားသို့မဟုတ် ကိုယ်ဝန်ဆောင်မိန်းမကို ဖမ်း၍ စတေးရမည် စသဖြင့် ညွှန်ကြား ပေးသည့်အတိုင်း လုပ်ဆောင်ရ သည်။ မြို့သစ်၊ နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်က ဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ်လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ရသည်။ ဗုဒ္ဓ ဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ် ပညာရှိတို့က ဗုဒ္ဓ အဆုံးအမ နှင့် အညီ ထိုသို့မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက်လုပ်ဆောင် ကြမည် ဟု ယူဆရသည်။ အဆိုပါပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟုဆိုလျှင်လည်း မှန်လျှင်ဆိုနိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် အန္ဒိယရော တရုတ်ပါ လိုက်နာနေသည့်ဆိုးဝါးသော ဤယုံကြည်မှု့ဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ်ဖြစ်သည့် မဏိပူရီ ပုဏ္ဏားတို့ ရှိနေပါသည်။ လက်ဖတင်နင်ဂျင်နရယ် ဖိုက်ချ်သည် “ယခင်နှင့်ယခု မြန်မာနိုင်ငံ”အမည်ရှိသော စာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့် နှစ်ရပ်တွင် လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။ သို့သော် အရပ်စကား မှတ်သားချက်မျာအရ မန္တလေးနန်းတည်စဉ်က ယဇ်ပူဇော် စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။ အစုစု ကျား၊ မ၊ ကြီးငယ် ၅၂ယောက်ရှိ၏။ မြို့တံခါး၁၂ရပ်၌ တံခါးတစ်ပေါက်တွင် လူ ၃ယောက်နှုန်း ၃၆ ယောက်၊ မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင် လူတစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့် တစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော် အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ ယောက်၊ သီဟာသနပလ္လင်တော်အောက်၌ ၄ ယောက်။ ပေါင်း ၅၂ ယောက်။

    မြန်မာတို့ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။ လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့် ဖြည့်ထားသည့် ဆီအိုးကြီး များကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက်စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်း ဖြစ်သည်။ စောင့်ရှောက်မှု့လျော့နည်းခြင်း (သို့မဟုတ်) စောင့်ရှောက်ခြင်း မပြုဟု သေချာလျှင် လူသစ်အစားထိုး စတေးရန်လိုအပ်သည်။ ဆီများ မခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။ (C.Duroiselle: Guide to Mandalay Palace.စာအုပ်ဟောင်း စာမျက်နှာ၂၅မှ ၂၈ထိ) (စာအုပ်သစ် Mandalay Palace၌ စာမျက်နှာ ၁၅မှ၁၇ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကားဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။

    လူစတေးခြင်း အလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်(တက္ကာရိယဇာတ်၊နံပါတ်၄၈၁)တွင် မင်းဆရာဖြစ်သည့် ပုဏ္ဏားသည် လင်ငယ်နေသော သူ၏မယားအား ဂလဲ့စားခြေရန် အကောက်ကြံခဲ့၏။ ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက်တံခါးပေါက်၌ အစောင့်(နတ်စိမ်း)မရှိ ဖြစ်နေ၍ အသာမည်း သွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက် အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။ လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့်နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများ ကျိုးနေ သည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလိုလျှောက်တင်ခဲ့၏။ အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏အကြံအောင်မြ င်အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန်လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။ သတင်းစကားပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်း သွားကျိုး များလည်း ထွက်ပြေးကြကုန်သည်။ နောက်ဆုံး တံခါး၌ လူစတေးချိန် သတ်မှတ်သော အခါရောက်လျှင် တစ်စုံ တစ်ယောက်မှ ဖမ်းမိခြင်း မရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုး မင်းဆရာ ပုဏ္ဏားကိုသာ စတေးလိုက်ကြောင်း ဖော်ပြထားသည်။ လူစတေးခြင်းအလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက် ရှိသော်လည်း နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။ ရာဇဝင် စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာ အောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ရှေးဟောင်း ဓမ္မသတ်စီရင်ထုံးဖြစ်သည့် “မနုကျယ် ဓမ္မသတ်”၌ မြို့စတေး ခံရမည့်သူထံမှ ကြွေးမြည်ကိုမတောင်းရ လျှော်ပစ်စေရန် စီရင်ထုံး ပါရှိခဲ့သည်။

    အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်း အမှု့ထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့ လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်းငြင်း ဆိုခဲ့ကြပါသည်။ သို့သော် အထက်ပါ ကျောက်စာဝန်ချားစ်ဒူရွိုင်ဆယ်၏ စာအုပ်ပါအချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များအနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက် အထား ပြစရာဖြစ်ပါသည်။ လွှတ်တော် မှတ်တမ်းများအရ ပြုစုထားသော မြို့တည် စာတမ်း၌ မန္တလေးမြို့နန်းတည်ခဲ့စဉ်က တောရှင်းခြင်း၊ မှတ်တိုင်စိုက်ခြင်း၊ ပန္နတ်ရိုက်ခြင်း၊ တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင် လုပ်ကိုင်ရသည်။ တစ်ချိန်တည်း၌ပင် ဗလိနတ်စာ ကျွေး၏။ အခါပေးပုဏ္ဏား၊ မန္တာန်တတ် ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ရှစ်ပါး ဦးဆောင်ကာ ပရိတ် ရွတ်ဖတ်၏။ နတ်တို့စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့် အယှက်ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ်နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။ (တည် ၇၁)ပွဲသဘင်လည်း အကြီး အကျယ်ခင်းစေသည်။ (တည် ၉၂) မြေညှိမြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀၀၀ဖြစ်၏။ (တည် ၁၀၁) ယာယီနန်းကိုလည်း အမြန်ဆောက်လုပ် ပေးခဲ့ရသည်။ ငဖြူ နှင့်ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည်၁၆၇) ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှု့ရှိစေရန် သစ်တပ် ဝိုင်းရံဆောက်လုပ် စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက်ရိုက်သည်။ မြို့ရိုး နှင့်တံခါးများ၌ အင်းမြှုပ်ခြင်း၊ နတ်ရုပ်များ ထုလုပ်ခြင်း ပြု၏။ အင်းများမှာ လောကီအစီအရင် ဆိုသော်ငြား လောကုတ္တရာ သဘောမကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။ သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိ အဋ္ဌမုက်အင်း၊ သီရိဇေယျ မဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀၀၀အင်း၊သိရသ္မိံ မေဂါထာအင်း စသည်တို့ဖြစ်သည်။ (တည် ၁၃၉) အင်းတွေကို မြို့ထောင့်များတွင် ၁၉၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး။ မြို့ထောင့်များ၌ ၁၈၅၉ခုနှစ် မေလ ၁၅ရက်နေ့တွင် အချိန်တစ်ရာ့ နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း(တည် ၁၇၉) ဖော်ပြထားပါသည်။
    စာကိုး။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်”(ဒုတိယတွဲ)မှကောက်နှုတ်ဖော်ပြပါသည်။

    Credit – ကိုဖိုးကျော်

  • မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်ပြရသည့် မိကျောင်းမွေးမြူရေးစခန်းမှလုပ်သားများ

    (Zawgyi)

    တစ္ေန႔(၇)ေဒၚလာ လုပ္ခအတြက္ မိေက်ာင္းပါးစပ္ထဲ ေခါင္းထိုးထည့္သူမ်ား

    ေရွ႕တည့္တည့္တြင္ ၿငိမ္သက္ေနသည့္ မိေက်ာင္းႀကီးကို မ်က္ေျခမျပတ္ သတိထားေနရသည္။ ၎၏ ေမး႐ိုးသာ တစ္ခ်က္မွ် လႈပ္ရွားလိုက္လွ်င္ မိမိအေနျဖင့္ ဦးေခါင္းႏွင့္ကိုယ္ အိုးစားကြဲသြားမည္ကို ထိုသူ အေနျဖင့္ အေသအခ်ာ သိထားၿပီး ျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ၊ ထိုင္းႏိုင္ငံ၊ ပတၱယားမွ မိေက်ာင္းေမြးျမဴေရးစခန္းဝန္ထမ္းႏွင့္ ၎၏ အမ်ိဳးသမီး အေဖာ္တို႔သည္ ဝမ္းေရးအတြက္ မိေက်ာင္းတစ္ေကာင္၏ ပါးစပ္ထဲသို႔ မိမိတို႔၏ ေခါင္းမ်ားကို မိုက္႐ူးရဲဆန္ဆန္ ထိုးထည့္ေနရဆဲသာ ျဖစ္သည္။

    အဆိုပါ ပုံရိပ္မ်ားကို မွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ယူခဲ့သည့္ အီယန္မကၠလင္းက “တစ္ေန႔ကို (၇)ေဒၚလာ ေပးမယ္ဗ်ာ။ ခင္ဗ်ားသာဆိုရင္ အဲဒီလို လုပ္ျပရဲမလား”ဟု ေမးခြန္းထုတ္ခဲ့သည္။ ကမာၻလွည့္ ခရီး သည္ အမ်ားအျပားကို ဆြဲေဆာင္ႏိုင္သည့္ ယင္းျပကြက္အတြင္း မိေက်ာင္းေမြးျမဴေရးစခန္းမွ လုပ္သားမ်ား၏ တစ္ေန႔လုပ္ခသည္ (၇)ေဒၚလာမွ်သာ ျဖစ္သည္။ မိေက်ာင္းႀကီး တစ္ေကာင္၏ ဟထားေသာ ပါးစပ္ထဲရွိ သြားစြယ္ေဖြးေဖြးမ်ားၾကား ဦးေခါင္းကို ထိုးထည့္ျပလိုက္၊ မိေက်ာင္း၏ ႏႈတ္သီးကို နမ္းရႈပ္လိုက္ႏွင့္ အလုပ္ရႈပ္ေနေသာ အဆိုပါ ဝန္ထမ္းသည္ ယမန္ႏွစ္က မိေက်ာင္း ကိုက္ခံရၿပီး အခ်က္(၃၀) ခ်ဳပ္ခဲ့ရေသးသည္။

    ပတၱယား မိေက်ာင္းေမြးျမဴေရး စခန္းတြင္ ေလ့က်င့္သင္ၾကားေပးသည့္ ဝန္ထမ္းတစ္ဦးသည္ မိေက်ာင္း၏ ပါးစပ္ထဲတြင္ ေခါင္းတစ္ခုလုံး ေၾကမြေသဆုံးသြားသည့္ ျဖစ္ရပ္မ်ိဳး အမွန္တကယ္ ႀကဳံခဲ့ဖူးသည္။ အ လြန္အႏၲရာယ္မ်ားသည့္ အလုပ္တစ္ခု ျဖစ္သည့္တိုင္ ပတၱယားတြင္ မိေက်ာင္းေလ့က်င့္ေရး ဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္လိုသူ အေရအတြက္ တစ္စထက္တစ္စ တိုးပြားလာေနဆဲဟု သိရသည္။ ဖေလာ္ ရီဒါရွိ စိန႔္ေအာ္ဂက္စတင္း မိေက်ာင္းေမြးျမဴေရးႏွင့္ ဇီဝေဗဒဥယ်ာဥ္တြင္ မိေက်ာင္းတစ္ေကာင္၏ ကိုက္အားအေပၚ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။

    ပ်မ္းမွ်အားျဖင့္ အ႐ြယ္ေရာက္ၿပီးေသာ မိေက်ာင္းတစ္ေကာင္၏ ကိုက္အားသည္ တစ္စတုရန္းလက္မ အက်ယ္အဝန္းတြင္ ေပါင္ခ်ိန္(၃၇၀၀)မွ် သက္ေရာက္ႏိုင္သည္။ လူတစ္ဦး၏ ေခါင္းသည္ တစ္စတုရန္း လက္မလွ်င္ ေပါင္ခ်ိန္ (၁၅၀)ႏွင့္ (၂၀၀)ၾကား ဖိအားမွ်ျဖင့္ ေၾကမြသြားႏိုင္ေၾကာင္း သိရသည္။ ပတၱယားမွ ဝန္ထမ္းသည္ လက္ေခ်ာ္ၿပီး မိေက်ာင္း၏ ပါးကို ထိမိသျဖင့္ တြားသြားသတၱဝါႀကီးက လွည့္ကိုက္ခဲ့ ရာ နားအနီးတြင္ အခ်က္(၃၀)ထိ ခ်ဳပ္ခဲ့ရဖူးသည္။

    Credit : Planet Myanmar Network

    (Unicode)

    တစ်နေ့(၇)ဒေါ်လာ လုပ်ခအတွက် မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်သူများ

    ရှေ့တည့်တည့်တွင် ငြိမ်သက်နေသည့် မိကျောင်းကြီးကို မျက်ခြေမပြတ် သတိထားနေရသည်။ ၎င်း၏ မေးရိုးသာ တစ်ချက်မျှ လှုပ်ရှားလိုက်လျှင် မိမိအနေဖြင့် ဦးခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်ကို ထိုသူ အနေဖြင့် အသေအချာ သိထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုင်းနိုင်ငံ၊ ပတ္တယားမှ မိကျောင်းမွေးမြူရေးစခန်းဝန်ထမ်းနှင့် ၎င်း၏ အမျိုးသမီး အဖော်တို့သည် ဝမ်းရေးအတွက် မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲသို့ မိမိတို့၏ ခေါင်းများကို မိုက်ရူးရဲဆန်ဆန် ထိုးထည့်နေရဆဲသာ ဖြစ်သည်။
    အဆိုပါ ပုံရိပ်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သည့် အီယန်မက္ကလင်းက “တစ်နေ့ကို (၇)ဒေါ်လာ ပေးမယ်ဗျာ။ ခင်ဗျားသာဆိုရင် အဲဒီလို လုပ်ပြရဲမလား”ဟု မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာလှည့် ခရီး သည် အများအပြားကို ဆွဲဆောင်နိုင်သည့် ယင်းပြကွက်အတွင်း မိကျောင်းမွေးမြူရေးစခန်းမှ လုပ်သားများ၏ တစ်နေ့လုပ်ခသည် (၇)ဒေါ်လာမျှသာ ဖြစ်သည်။ မိကျောင်းကြီး တစ်ကောင်၏ ဟထားသော ပါးစပ်ထဲရှိ သွားစွယ်ဖွေးဖွေးများကြား ဦးခေါင်းကို ထိုးထည့်ပြလိုက်၊ မိကျောင်း၏ နှုတ်သီးကို နမ်းရှုပ်လိုက်နှင့် အလုပ်ရှုပ်နေသော အဆိုပါ ဝန်ထမ်းသည် ယမန်နှစ်က မိကျောင်း ကိုက်ခံရပြီး အချက်(၃၀) ချုပ်ခဲ့ရသေးသည်။
    ပတ္တယား မိကျောင်းမွေးမြူရေး စခန်းတွင် လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတစ်ဦးသည် မိကျောင်း၏ ပါးစပ်ထဲတွင် ခေါင်းတစ်ခုလုံး ကြေမွသေဆုံးသွားသည့် ဖြစ်ရပ်မျိုး အမှန်တကယ် ကြုံခဲ့ဖူးသည်။ အ လွန်အန္တရာယ်များသည့် အလုပ်တစ်ခု ဖြစ်သည့်တိုင် ပတ္တယားတွင် မိကျောင်းလေ့ကျင့်ရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူ အရေအတွက် တစ်စထက်တစ်စ တိုးပွားလာနေဆဲဟု သိရသည်။ ဖလော် ရီဒါရှိ စိန့်အော်ဂက်စတင်း မိကျောင်းမွေးမြူရေးနှင့် ဇီဝဗေဒဥယျာဉ်တွင် မိကျောင်းတစ်ကောင်၏ ကိုက်အားအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ဖူးသည်။
    ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသော မိကျောင်းတစ်ကောင်၏ ကိုက်အားသည် တစ်စတုရန်းလက်မ အကျယ်အဝန်းတွင် ပေါင်ချိန်(၃၇၀၀)မျှ သက်ရောက်နိုင်သည်။ လူတစ်ဦး၏ ခေါင်းသည် တစ်စတုရန်း လက်မလျှင် ပေါင်ချိန် (၁၅၀)နှင့် (၂၀၀)ကြား ဖိအားမျှဖြင့် ကြေမွသွားနိုင်ကြောင်း သိရသည်။ ပတ္တယားမှ ဝန်ထမ်းသည် လက်ချော်ပြီး မိကျောင်း၏ ပါးကို ထိမိသဖြင့် တွားသွားသတ္တဝါကြီးက လှည့်ကိုက်ခဲ့ ရာ နားအနီးတွင် အချက်(၃၀)ထိ ချုပ်ခဲ့ရဖူးသည်။

    Credit : Planet Myanmar Network

  • ဧရာဝတီမြစ်လို့ အမည်တွင်ပုံအကြောင်း ဗဟုသုတ

    ဧရာဝတီမြစ်လို့ ဘာ့ကြာင့်ခေါ်သလဲ..?

    လူငယ်များ ကိုယ့်နိုင်ငံရဲ့ ရေ၊ မြေ သမိုင်းကြောင်းနဲ့ အမည်နာမတွေ ဖြစ်ပေါ်လာပုံကို သိရှိရန် ရည်ရွယ်ရေးသားပါတယ်။ ရာဇဝင် သမိုင်းကိုသိမှ အနာဂတ်ကို ရှုကြည့်နိုင်မှာပါ။ ကျနော့်ရဲ့ ဆရာကြီးများရဲ့ ပြောစကားများနဲ့ ကျနော့်ရှာဖွေတွေ့ရှိချက်ကို စုစည်းကိုးကားပြီး ရေးသားလိုက်ပါတယ်။

    ဧရာဝတီလို့ ဘာဖြစ်လို့ခေါ်သလဲ..?

    တချို့က ကြီးမားပြီး လှပလို့ လို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဧရာဝတီဆိုတဲ့ စကားဟာ သင်္သကရိုက် ဘာသစကားမှ ဆင်းသက်လာပြီး ဆင် မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ (Credit: U Win Thein, U Tin Maung Maung: ဧရာနဒီ သိပါသည် ဆောင်းပါး။)

    မည်သည့်ဆင်ကို ကိုယ်စားပြုသလဲလို့ လိုက်ရှာကြည့်တဲ့အခါ ဟိန္ဒူကျန်းလာ အြင်္ဒာနတ်မင်း (Hindu god of Indra) စီးနင်းခဲ့တဲ့ ဦးခေါင်း ၃၃ လုံးပါတဲ့ ဧရာဝဏ် ဆင်ဖြူကို ကိုယ်စားပြုကြောင်း သွားတွေ့ပါတယ်။ ဗုဒ္ဓဘာသာ အယူမှာတော့ သိကြားမင်းစီးတဲ့ နတ်ဆင်လို့ ရေးသားခေါ် ဆိုကြတာကို တွေ့ရပါတယ်။ မြတ်စွာဘုရား ခြေတော်ရာ နံပါတ် ၇၆ ခုမြောက် လက္ခဏာတော်ဟာ ဧရာဝဏ္ဏဟတ္တိရာဇာစက် – ဧရာဝဏ် ဆင်မင်းပုံ ဖြစ်ပါတယ်။

    ဧရာဝဏ (ပ) ဧရာဝဏ်ဆင်ဟာ သိကြားမင်းစီးသော နတ်ဆင်(ဖြူ) ဖြစ်ပြီး..၊ ဧရာဝဏ-က္ခန္ဓ-ဝရ-ဂတ တိ ဆိုတာကတော့.. မြတ်သော ဧရာဝဏ်ဆင်၏ ကျောကုန်းထက်၌ စီးသော မြစ်လို့ အဓိပ္ပါယ်ရပါတယ်။ ဧရာဝဏ်တိ ကနေ “ဧရာဝတီ” ဖြစ်လာပါတော့တယ်..။

    ကိုးကား။ ။ ဦးဟုတ်စိန် (ပါဠိ-မြန်မာ အဘိဓါန်)

    အနာဂတ် ပညာရေးအတွက်..

    Credit – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

    စာကြွင်း။ ။ ယခင်က အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင်တဲ့ ပါရူရှနီ (Parushani) မြစ်ကို ဧရာဝတီ (Iravati) မြစ်လို့ ခေါ်ခဲ့ကြဖူးပါတယ်။ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။

    မှတ်ချက်။ ။ သမိုင်းဖြစ်စဉ် အမည်ခေါ်ဝေါ်ခြင်းအား အထောက်အထားဖြင့် ကိုးကားရေးသားခြင်းဖြစ်ပါသည်။ ထင်ရာလျှောက်ရေးထားခြင်းမဟုတ်ပါ။

    (Zawgyi)

    ဧရာဝတီျမစ္လို႔ ဘာ့ၾကာင့္ေခၚသလဲ..?

    လူငယ္မ်ား ကိုယ့္ႏိုင္ငံရဲ႕ ေရ၊ ေျမ သမိုင္းေၾကာင္းနဲ႔ အမည္နာမေတြ ျဖစ္ေပၚလာပုံကို သိရွိရန္ ရည္႐ြယ္ေရးသားပါတယ္။ ရာဇဝင္ သမိုင္းကိုသိမွ အနာဂတ္ကို ရႈၾကည့္ႏိုင္မွာပါ။ က်ေနာ့္ရဲ႕ ဆရာႀကီးမ်ားရဲ႕ ေျပာစကားမ်ားနဲ႔ က်ေနာ့္ရွာေဖြေတြ႕ရွိခ်က္ကို စုစည္းကိုးကားၿပီး ေရးသားလိုက္ပါတယ္။

    ဧရာဝတီလို႔ ဘာျဖစ္လို႔ေခၚသလဲ..?

    တခ်ိဳ႕က ႀကီးမားၿပီး လွပလို႔ လို႔ ထင္ၾကပါလိမ့္မယ္။ တကယ္ေတာ့ ဧရာဝတီဆိုတဲ့ စကားဟာ သသၤက႐ိုက္ ဘာသစကားမွ ဆင္းသက္လာၿပီး ဆင္ ျမစ္ လို႔ အဓိပၸါယ္ရပါတယ္။ (Credit: U Win Thein, U Tin Maung Maung: ဧရာနဒီ သိပါသည္ ေဆာင္းပါး။)

    မည္သည့္ဆင္ကို ကိုယ္စားျပဳသလဲလို႔ လိုက္ရွာၾကည့္တဲ့အခါ ဟိႏၵဴက်န္းလာ ျအဒၤာနတ္မင္း (Hindu god of Indra) စီးနင္းခဲ့တဲ့ ဦးေခါင္း ၃၃ လုံးပါတဲ့ ဧရာဝဏ္ ဆင္ျဖဴကို ကိုယ္စားျပဳေၾကာင္း သြားေတြ႕ပါတယ္။ ဗုဒၶဘာသာ အယူမွာေတာ့ သိၾကားမင္းစီးတဲ့ နတ္ဆင္လို႔ ေရးသားေခၚ ဆိုၾကတာကို ေတြ႕ရပါတယ္။ ျမတ္စြာဘုရား ေျခေတာ္ရာ နံပါတ္ ၇၆ ခုေျမာက္ လကၡဏာေတာ္ဟာ ဧရာဝဏၰဟတၱိရာဇာစက္ – ဧရာဝဏ္ ဆင္မင္းပုံ ျဖစ္ပါတယ္။

    ဧရာဝဏ (ပ) ဧရာဝဏ္ဆင္ဟာ သိၾကားမင္းစီးေသာ နတ္ဆင္(ျဖဴ) ျဖစ္ၿပီး..၊ ဧရာဝဏ-ကၡႏၶ-ဝရ-ဂတ တိ ဆိုတာကေတာ့.. ျမတ္ေသာ ဧရာဝဏ္ဆင္၏ ေက်ာကုန္းထက္၌ စီးေသာ ျမစ္လို႔ အဓိပၸါယ္ရပါတယ္။ ဧရာဝဏ္တိ ကေန “ဧရာဝတီ” ျဖစ္လာပါေတာ့တယ္..။

    ကိုးကား။ ။ ဦးဟုတ္စိန္ (ပါဠိ-ျမန္မာ အဘိဓါန္)

    အနာဂတ္ ပညာေရးအတြက္..

    Credit – သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

    စာႂကြင္း။ ။ ယခင္က အိႏၵိယႏိုင္ငံတြင္ ျမစ္ဖ်ားခံၿပီး ပါကစၥတန္ႏိုင္ငံထဲသို႔ စီးဝင္တဲ့ ပါ႐ူရွနီ (Parushani) ျမစ္ကို ဧရာဝတီ (Iravati) ျမစ္လို႔ ေခၚခဲ့ၾကဖူးပါတယ္။ယခုအခါ ထိုျမစ္၏ ပတ္ဝန္းက်င္တြင္ ေနထိုင္ သူတို႔၏ ဘာသာတရား ကိုးကြယ္မႈအရ “ရာဝီ” (Ravi)ဟု ေခၚၾကပါသည္။

    မွတ္ခ်က္။ ။ သမိုင္းျဖစ္စဥ္ အမည္ေခၚေဝၚျခင္းအား အေထာက္အထားျဖင့္ ကိုးကားေရးသားျခင္းျဖစ္ပါသည္။ ထင္ရာေလွ်ာက္ေရးထားျခင္းမဟုတ္ပါ။

  • အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသော အရာများအကြောင်း

    (Unicode)
    အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသောအရာများ

    အမေရိကန်သမ္မတဆိုတာ သူ့နိုင်ငံမှာတင်မက ကမ္ဘာတစ်ဝန်းမှာပါ လုပ်ပိုင်ခွင့် အလွန်မြင့်မားသူပါ။ ဒါပေမယ့် အမေရိကန်သမ္မတတစ်ယောက်ရဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်တွေကိုတော့ အမျိုးမျိုး တားမြစ် ကန့်သတ်ထားတာကို တွေ့ရပါတယ်။

    Secret Service ကို အသိမပေးဘဲ ဖုန်းပြောလို့မရပါဘူး။ ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေ၊ မိသားစုဝင် တွေကို ဖုန်းပြောချင်ရင် ဟန်းဖုန်းဆွဲထုတ်ပြီးပြောရုံပါပဲ။ အမေရိကန်သမ္မတကတော့ အထူးဖုန်းလိုင်းကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ သမ္မတရဲ့ဖုန်းခေါ်ဆိုမှု၊ ဗီဒီယိုချက်တင်ခေါ်ဆိုမှုတွေအားလုံးရဲ့လုံခြုံရေးကို Secret Service က နက်နက်ရှိုင်းရှိုင်းကို လုံခြုံရေးယူထားပါတယ်။ ရုပ်ရှင်ရုံကိုသွားပြီး ရုပ်ရှင်ကြည့်ခွင့် မရှိပါဘူး။ သမ္မတပဲ၊ သူကြည့်ချင်တဲ့ ရုပ်ရှင်ကို အိမ်ဖြူတော်ကို ယူလာပေးမှာပေါ့။ အိမ်ဖြူတော်ထဲက အထူးရုပ်ရှင်ခန်းမမှာပဲ ကြည့်လို့ရပါတယ်။ သာမန်လူတွေလို မိန်းမရေ၊ ရုပ်ရှင် သွားကြည့်ရအောင်ဟေ့ ဆိုပြီး သမ္မတကြီး ထွက်သွားလို့မရပါဘူး။

    ညစာထွက်စားချင်တိုင်း စားလို့မရပါဘူး။ သမ္မတကြီး ညစာထွက်စားတော့မယ်ဆိုရင် Secret Service က အဲဒီဆိုင်ကို လုံခြုံရေး ကြိုယူရပါမယ်။ အဲဒါ ရက်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်တွေ ဘေးကင်းမကင်း မြည်းစမ်းပေးမယ့် အမြည်းတော် မရှိရင်လည်း အပြင်မှာ စားခွင့်မရှိပါဘူး။

    ကားမောင်းခွင့်မရှိပါဘူး။ သမ္မတကြီးရဲ့ စီးတော်ယာဉ်ဟာ အထူးပြုလုပ်ထားတဲ့ ကားဖြစ်ပါတယ်။ အဲဒီကားကို အထူးလေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းနှင်ခွင့်ရှိပါတယ်။ အရေးပေါ် အခြေအနေ အရပ်ရပ်မှာ ဘယ်လိုတုန့်ပြန်ရမယ်၊ ဘယ်လိုမောင်းရမယ်၊ အန္တရာယ်ကြားက ဘယ်လိုရုန်းထွက်ရမယ် အစရှိတာတွေကို အစွမ်းကုန်လေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းရပါမယ်။ သမ္မတကြီးက လမ်းလျှောက်လို့ရပါတယ်။ စက်ဘီးစီးလို့ ရပါတယ်။ အခြားစက်တပ်ယာဉ်တွေကို မောင်းနှင်ခွင့် မရှိပါဘူး။ အမေရိကန်သမ္မတွေက သမ္မရာထူးကို စွန့်ခွာပြီးရင်တောင် ကားကို လွတ်လပ်စွာမောင်းနှင်ခွင့် မရှိပါဘူး။ Secret Service က သတ်မှတ်ထားတဲ့နေရာမှာပဲ အပျော်တမ်းမောင်းရတာပါ။ တစ်နည်းအားဖြင့် အမေရိကန်သမ္မတဖြစ်ပြီဆိုရင် သင့် ကားမောင်းနှင်ခွင့်ကို အမြဲတမ်းအတွက် စွန့်လွှတ်လိုက်ရတာနဲ့ အတူတူပါပဲ။

    ကလေးတွေရဲ့ကျောင်းကပွဲတွေ၊ အားကစားပွဲတွေကို မတက်ရပါဘူး။ သား၊ သမီးတွေရဲ့ကျောင်းကပွဲတွေ၊ ဆုပေးပွဲတွေ၊ အားကစားပွဲတွေကို မိဘအနေနဲ့သွားပြီး အားပေးရတာ၊ အော်ဟစ်ရတာ၊ လက်ခုပ်တီးရတာ၊ ဒေါနဲ့မောနဲ့ ဝင်အော်ရတာ တကယ်အမှတ်ရစရာလေးပါ။ သို့သော် အမေရိကန်သမ္မတမှာ ဒါတွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့်လည်း အိမ်ဖြူတော်ဝင်းထဲမှာ ကျောင်းရှိပါတယ်။ သမ္မတရဲ့သား၊ သမီးတွေက အဲဒီကျောင်းမှာ တက်ကြပါတယ်။ ဘာကြောင့် လည်းဆိုတော့ သမ္မတသား၊သမီးတွေသာ ကျောင်းကိုကိုယ်တိုင်သွားတက်ရင် လုံခြုံရေးပေးဖို့က လုံးဝမလွယ်လို့ပါ။ သို့သော် သမ္မတိုင်းတော့ မဟုတ်ဘူးပေါ့။ အချို့သမ္မတတွေလည်း ကလေးကို ကျောင်းပို့ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

    ဆိုရှယ်မီဒီယာတွေ၊ နည်းပညာတွေကို မသုံးရပါဘူး။ အိုဘားမားကို သူ့ Blackberry ဆက်မသုံးဖို့နဲ့ ထရမ့်ကို သူ့ Twitter ဆက်မသုံးဖို့ အကြံပြုခဲ့ပြီး ပြောမရတဲ့အဆုံး အတတ်နိုင်ဆုံးလျှော့သုံးဖို့၊ သုံးစွဲတဲ့ အင်တာနက်လိုင်း မှန်သမျှကိုလည်း Secrete Service က လုံခြုံရေးယူဖို့ လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတတွေဟာ ဆိုရှယ်မီဒီယာမှာ လူတစ်ယောက်ကို Block ခွင့်မရှိပါဘူး။ အဲဒါ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့နေရာလို့ အမေရိကန်တွေက မြင်ပါတယ်။

    အရပ်ဖက် လေကြောင်းတွေကို စီးလို့မရပါဘူး။ သမ္မတစီးဖို့ Air Force One ရှိပါတယ်။ ဒါပဲစီးရမှာပါ။ သွားချင်ရာကို သွားဖို့ လေယာဉ်လက်မှတ်ဝယ်၊ ဗီဇာရိုက်၊ ပတ်စပို့လုပ်၊ လေဆိပ်ကိုသတင်းပို့၊ ဒါတွေကို သမ္မတအနေနဲ့ လုပ်ခွင့်မရှိပါဘူး။ ဘယ်သွားသွား Air Force 1 နဲ့ပဲ သွားရပါမယ်။ Air Force One နဲ့ပဲ သွားရမယ်ဆိုလို့ Air Force One ဆိုတာ လေယာဉ်တစ်စီးပဲလို့ မထင်လိုက်ပါနဲ့။ သမ္မတစီးတဲ့လေယာဉ်ကို Air Force One လို့ခေါ်တာပါ။

    ပြူတင်းပေါက် ဖွင့်ခွင့်မရှိပါ။ အိမ်ဖြူတော်၊ ရုံးခန်း၊ ဘယ်အခန်းပဲဖြစ်ဖြစ် ပြူတင်းပေါက်ဖွင့်ခွင့် မရှိပါဘူး။ ကားစီးရင်လည်း ကားပြူတင်းပေါက်ကို ဖွင့်ခွင့်မရှိပါဘူး။ လုံခြုံရေးအရပါ။ မီရှဲအိုဘားမားဟာ သူ့ရဲ့ နောက်ဆုံး နေ့တွေမှာ အိမ်ဖြူတော်ရဲ့ပြူတင်းပေါက်ကို ခဏလေးဖွင့်ပြီး အပြင်လောကကြီးကို အားပါးတရ ကြည့်ချင်လိုက်တာလို့ ပြောခဲ့ဖူးပါတယ်။ တစ်ခါတုန်းက သူတို့ Camp David ကိုသွားတော့ ပျော်အောင်လုပ်ပေးတဲ့အနေနဲ့ လုံခြုံရေး အကြီးအကဲက မီရှဲရဲ့ကားတံခါးမှန်ကို ၅ မိနစ်လောက် ဖွင့်ခွင့်ပေးခဲ့ဖူးပါတယ်။

    ရုံးခန်းသန့်ရှင်းရေး လုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့လို စားပွဲသုတ်၊ မျက်စိရှုပ်တဲ့ ပစ္စည်းတွေ၊ အမှိုက်တွေ၊ စက္ကူတွေကို လုံးခြေပြီးပစ်လို့မရပါဘူး။ ရုံးခန်းထဲက စက္ကူတစ်ပိုင်းစီကို အထူးလေ့ကျင့်ထားတဲ့အဖွဲ့က သေသေချာချာစိစစ်ပြီးတော့မှ ဖျက်ဆီးပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းပညာနဲ့လည်း သမ္မတက ကိုယ်တိုင်ရှင်းခွင့်မရှိပါဘူး။ ဥပမာ email ထဲက စာတစ်စောင်ကို delete လုပ်ခွင့် မရှိပါဘူး။ သက်ဆိုင်ရာက စိစစ်ပြီးမှသာ delete လုပ်မှာဖြစ်ပါတယ်။ သို့သော် သမ္မတက သမ္မတပါပဲ။

    တားမြစ်ထားတဲ့ကိစ္စတွေကို သမ္မတက အရမ်းကိုလုပ်ချင်နေတယ်ဆိုရင်တော့ Secret Service က အတတ်နိုင်ဆုံး လုံခြုံရေးယူပြီး ခွင့်ပြုပေးရပါတယ်။ ဥပမာ သမ္မတက သူ့သမီးလေးဖျားနေလို့ အိမ်ကို ပြန်ချင်တယ်၊ လမ်းတလျှောက်မှာ လုံခြုံရေးမလုပ်ရသေးဘူး၊ သို့သော် သမ္မတက အခုပဲပြန်မယ်ဆိုပြီး ဂျီကျရင်တော့ Secret Service က တရားဝင် လုံခြုံရေးအကူအညီတွေကိုခေါ်ပြီး လမ်းတလျှောက် သမ္မတကြီးနဲ့သူ့မိသားစုကို ကာကွယ်သွားမှာပါ။ အမေရိကန် သမ္မတဟာ Secret Service ရဲ့တားမြစ်ချက်ကို သူ့အာဏာနဲ့ပယ်နိုင်ပေမယ့် Secret Service ရဲ့အကာအကွယ်ကို မယူဘဲ ဘယ်ကိုမှ သွားခွင့် မရှိပါဘူး။ ဥပဒေနဲ့ တားမြစ်ထားပါကြောင်း အမေရိကန်သမ္မတတစ်ယောက် သူ့ရဲ့နေ့စဉ်ဘဝမှာ လုပ်ချင်ရာ လုပ်ခွင့်မရှိတာလေးတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

    Credit – TMK(သမန်းကျား) ရတနာပုံနေ့စဉ်

    via – သုတဇုန်

    (Zawgyi)
    အေမရိကန္ သမၼတတစ္ေယာက္ လုပ္ခြင့္မရွိေသာအရာမ်ား

    အေမရိကန္သမၼတဆိုတာ သူ႔ႏိုင္ငံမွာတင္မက ကမာၻတစ္ဝန္းမွာပါ လုပ္ပိုင္ခြင့္ အလြန္ျမင့္မားသူပါ။ ဒါေပမယ့္ အေမရိကန္သမၼတတစ္ေယာက္ရဲ႕ တစ္ကိုယ္ရည္ လြတ္လပ္ခြင့္ေတြကိုေတာ့ အမ်ိဳးမ်ိဳး တားျမစ္ ကန႔္သတ္ထားတာကို ေတြ႕ရပါတယ္။

    Secret Service ကို အသိမေပးဘဲ ဖုန္းေျပာလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ ေတြကို ဖုန္းေျပာခ်င္ရင္ ဟန္းဖုန္းဆြဲထုတ္ၿပီးေျပာ႐ုံပါပဲ။ အေမရိကန္သမၼတကေတာ့ အထူးဖုန္းလိုင္းကိုပဲ အသုံးျပဳခြင့္ရွိပါတယ္။ သမၼတရဲ႕ဖုန္းေခၚဆိုမႈ၊ ဗီဒီယိုခ်က္တင္ေခၚဆိုမႈေတြအားလုံးရဲ႕လုံၿခဳံေရးကို Secret Service က နက္နက္ရႈိင္းရႈိင္းကို လုံၿခဳံေရးယူထားပါတယ္။ ႐ုပ္ရွင္႐ုံကိုသြားၿပီး ႐ုပ္ရွင္ၾကည့္ခြင့္ မရွိပါဘူး။ သမၼတပဲ၊ သူၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ကို အိမ္ျဖဴေတာ္ကို ယူလာေပးမွာေပါ့။ အိမ္ျဖဴေတာ္ထဲက အထူး႐ုပ္ရွင္ခန္းမမွာပဲ ၾကည့္လို႔ရပါတယ္။ သာမန္လူေတြလို မိန္းမေရ၊ ႐ုပ္ရွင္ သြားၾကည့္ရေအာင္ေဟ့ ဆိုၿပီး သမၼတႀကီး ထြက္သြားလို႔မရပါဘူး။

    ညစာထြက္စားခ်င္တိုင္း စားလို႔မရပါဘူး။ သမၼတႀကီး ညစာထြက္စားေတာ့မယ္ဆိုရင္ Secret Service က အဲဒီဆိုင္ကို လုံၿခဳံေရး ႀကိဳယူရပါမယ္။ အဲဒါ ရက္နဲ႔ခ်ီၿပီး ၾကာႏိုင္ပါတယ္။ ဒါ့အျပင္ အစားအေသာက္ေတြ ေဘးကင္းမကင္း ျမည္းစမ္းေပးမယ့္ အျမည္းေတာ္ မရွိရင္လည္း အျပင္မွာ စားခြင့္မရွိပါဘူး။

    ကားေမာင္းခြင့္မရွိပါဘူး။ သမၼတႀကီးရဲ႕ စီးေတာ္ယာဥ္ဟာ အထူးျပဳလုပ္ထားတဲ့ ကားျဖစ္ပါတယ္။ အဲဒီကားကို အထူးေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းႏွင္ခြင့္ရွိပါတယ္။ အေရးေပၚ အေျခအေန အရပ္ရပ္မွာ ဘယ္လိုတုန႔္ျပန္ရမယ္၊ ဘယ္လိုေမာင္းရမယ္၊ အႏၲရာယ္ၾကားက ဘယ္လို႐ုန္းထြက္ရမယ္ အစရွိတာေတြကို အစြမ္းကုန္ေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းရပါမယ္။ သမၼတႀကီးက လမ္းေလွ်ာက္လို႔ရပါတယ္။ စက္ဘီးစီးလို႔ ရပါတယ္။ အျခားစက္တပ္ယာဥ္ေတြကို ေမာင္းႏွင္ခြင့္ မရွိပါဘူး။ အေမရိကန္သမၼေတြက သမၼရာထူးကို စြန႔္ခြာၿပီးရင္ေတာင္ ကားကို လြတ္လပ္စြာေမာင္းႏွင္ခြင့္ မရွိပါဘူး။ Secret Service က သတ္မွတ္ထားတဲ့ေနရာမွာပဲ အေပ်ာ္တမ္းေမာင္းရတာပါ။ တစ္နည္းအားျဖင့္ အေမရိကန္သမၼတျဖစ္ၿပီဆိုရင္ သင့္ ကားေမာင္းႏွင္ခြင့္ကို အၿမဲတမ္းအတြက္ စြန႔္လႊတ္လိုက္ရတာနဲ႔ အတူတူပါပဲ။

    ကေလးေတြရဲ႕ေက်ာင္းကပြဲေတြ၊ အားကစားပြဲေတြကို မတက္ရပါဘူး။ သား၊ သမီးေတြရဲ႕ေက်ာင္းကပြဲေတြ၊ ဆုေပးပြဲေတြ၊ အားကစားပြဲေတြကို မိဘအေနနဲ႔သြားၿပီး အားေပးရတာ၊ ေအာ္ဟစ္ရတာ၊ လက္ခုပ္တီးရတာ၊ ေဒါနဲ႔ေမာနဲ႔ ဝင္ေအာ္ရတာ တကယ္အမွတ္ရစရာေလးပါ။ သို႔ေသာ္ အေမရိကန္သမၼတမွာ ဒါေတြကို လုပ္ပိုင္ခြင့္မရွိပါဘူး။ ဒါေၾကာင့္လည္း အိမ္ျဖဴေတာ္ဝင္းထဲမွာ ေက်ာင္းရွိပါတယ္။ သမၼတရဲ႕သား၊ သမီးေတြက အဲဒီေက်ာင္းမွာ တက္ၾကပါတယ္။ ဘာေၾကာင့္ လည္းဆိုေတာ့ သမၼတသား၊သမီးေတြသာ ေက်ာင္းကိုကိုယ္တိုင္သြားတက္ရင္ လုံၿခဳံေရးေပးဖို႔က လုံးဝမလြယ္လို႔ပါ။ သို႔ေသာ္ သမၼတိုင္းေတာ့ မဟုတ္ဘူးေပါ့။ အခ်ိဳ႕သမၼတေတြလည္း ကေလးကို ေက်ာင္းပို႔ခဲ့ဖူးတဲ့ သာဓကေတြ ရွိပါတယ္။

    ဆိုရွယ္မီဒီယာေတြ၊ နည္းပညာေတြကို မသုံးရပါဘူး။ အိုဘားမားကို သူ႔ Blackberry ဆက္မသုံးဖို႔နဲ႔ ထရမ့္ကို သူ႔ Twitter ဆက္မသုံးဖို႔ အႀကံျပဳခဲ့ၿပီး ေျပာမရတဲ့အဆုံး အတတ္ႏိုင္ဆုံးေလွ်ာ့သုံးဖို႔၊ သုံးစြဲတဲ့ အင္တာနက္လိုင္း မွန္သမွ်ကိုလည္း Secrete Service က လုံၿခဳံေရးယူဖို႔ လုပ္ခဲ့ရပါတယ္။ ဒါ့အျပင္ အေမရိကန္သမၼတေတြဟာ ဆိုရွယ္မီဒီယာမွာ လူတစ္ေယာက္ကို Block ခြင့္မရွိပါဘူး။ အဲဒါ လြတ္လပ္စြာ ေျပာဆိုခြင့္ရွိတဲ့ေနရာလို႔ အေမရိကန္ေတြက ျမင္ပါတယ္။

    အရပ္ဖက္ ေလေၾကာင္းေတြကို စီးလို႔မရပါဘူး။ သမၼတစီးဖို႔ Air Force One ရွိပါတယ္။ ဒါပဲစီးရမွာပါ။ သြားခ်င္ရာကို သြားဖို႔ ေလယာဥ္လက္မွတ္ဝယ္၊ ဗီဇာ႐ိုက္၊ ပတ္စပို႔လုပ္၊ ေလဆိပ္ကိုသတင္းပို႔၊ ဒါေတြကို သမၼတအေနနဲ႔ လုပ္ခြင့္မရွိပါဘူး။ ဘယ္သြားသြား Air Force 1 နဲ႔ပဲ သြားရပါမယ္။ Air Force One နဲ႔ပဲ သြားရမယ္ဆိုလို႔ Air Force One ဆိုတာ ေလယာဥ္တစ္စီးပဲလို႔ မထင္လိုက္ပါနဲ႔။ သမၼတစီးတဲ့ေလယာဥ္ကို Air Force One လို႔ေခၚတာပါ။

    ျပဴတင္းေပါက္ ဖြင့္ခြင့္မရွိပါ။ အိမ္ျဖဴေတာ္၊ ႐ုံးခန္း၊ ဘယ္အခန္းပဲျဖစ္ျဖစ္ ျပဴတင္းေပါက္ဖြင့္ခြင့္ မရွိပါဘူး။ ကားစီးရင္လည္း ကားျပဴတင္းေပါက္ကို ဖြင့္ခြင့္မရွိပါဘူး။ လုံၿခဳံေရးအရပါ။ မီရွဲအိုဘားမားဟာ သူ႔ရဲ႕ ေနာက္ဆုံး ေန႔ေတြမွာ အိမ္ျဖဴေတာ္ရဲ႕ျပဴတင္းေပါက္ကို ခဏေလးဖြင့္ၿပီး အျပင္ေလာကႀကီးကို အားပါးတရ ၾကည့္ခ်င္လိုက္တာလို႔ ေျပာခဲ့ဖူးပါတယ္။ တစ္ခါတုန္းက သူတို႔ Camp David ကိုသြားေတာ့ ေပ်ာ္ေအာင္လုပ္ေပးတဲ့အေနနဲ႔ လုံၿခဳံေရး အႀကီးအကဲက မီရွဲရဲ႕ကားတံခါးမွန္ကို ၅ မိနစ္ေလာက္ ဖြင့္ခြင့္ေပးခဲ့ဖူးပါတယ္။

    ႐ုံးခန္းသန႔္ရွင္းေရး လုပ္ခြင့္မရွိပါဘူး။ ကြၽန္ေတာ္တို႔လို စားပြဲသုတ္၊ မ်က္စိရႈပ္တဲ့ ပစၥည္းေတြ၊ အမႈိက္ေတြ၊ စကၠဴေတြကို လုံးေျခၿပီးပစ္လို႔မရပါဘူး။ ႐ုံးခန္းထဲက စကၠဴတစ္ပိုင္းစီကို အထူးေလ့က်င့္ထားတဲ့အဖြဲ႕က ေသေသခ်ာခ်ာစိစစ္ၿပီးေတာ့မွ ဖ်က္ဆီးပါတယ္။ ဒါ့အျပင္ ဒစ္ဂ်စ္တယ္နည္းပညာနဲ႔လည္း သမၼတက ကိုယ္တိုင္ရွင္းခြင့္မရွိပါဘူး။ ဥပမာ email ထဲက စာတစ္ေစာင္ကို delete လုပ္ခြင့္ မရွိပါဘူး။ သက္ဆိုင္ရာက စိစစ္ၿပီးမွသာ delete လုပ္မွာျဖစ္ပါတယ္။ သို႔ေသာ္ သမၼတက သမၼတပါပဲ။

    တားျမစ္ထားတဲ့ကိစၥေတြကို သမၼတက အရမ္းကိုလုပ္ခ်င္ေနတယ္ဆိုရင္ေတာ့ Secret Service က အတတ္ႏိုင္ဆုံး လုံၿခဳံေရးယူၿပီး ခြင့္ျပဳေပးရပါတယ္။ ဥပမာ သမၼတက သူ႔သမီးေလးဖ်ားေနလို႔ အိမ္ကို ျပန္ခ်င္တယ္၊ လမ္းတေလွ်ာက္မွာ လုံၿခဳံေရးမလုပ္ရေသးဘူး၊ သို႔ေသာ္ သမၼတက အခုပဲျပန္မယ္ဆိုၿပီး ဂ်ီက်ရင္ေတာ့ Secret Service က တရားဝင္ လုံၿခဳံေရးအကူအညီေတြကိုေခၚၿပီး လမ္းတေလွ်ာက္ သမၼတႀကီးနဲ႔သူ႔မိသားစုကို ကာကြယ္သြားမွာပါ။ အေမရိကန္ သမၼတဟာ Secret Service ရဲ႕တားျမစ္ခ်က္ကို သူ႔အာဏာနဲ႔ပယ္ႏိုင္ေပမယ့္ Secret Service ရဲ႕အကာအကြယ္ကို မယူဘဲ ဘယ္ကိုမွ သြားခြင့္ မရွိပါဘူး။ ဥပေဒနဲ႔ တားျမစ္ထားပါေၾကာင္း အေမရိကန္သမၼတတစ္ေယာက္ သူ႔ရဲ႕ေန႔စဥ္ဘဝမွာ လုပ္ခ်င္ရာ လုပ္ခြင့္မရွိတာေလးေတြကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

    Credit – TMK(သမန္းက်ား) ရတနာပုံေန႔စဥ္

    via – သုတဇုန္

  • ပဲဆီ စစ်/မစစ် ဒီလိုစမ်းပါတဲ့

    ပဲဆီ စစ်/မစစ် ဒီလိုစမ်းပါတဲ့

    ဒီနေ့ ဆီသွား၀ယ်တော့ ရောင်းတဲ့ဆိုင်က ပဲဆီစစ်ကြောင်း အာမခံတယ်။ ပဲဆီမစစ်ရင် ၀ယ်တဲ့ဆီဖိုး တပြားမှမပေးနဲ့ အလကားယူသွားတဲ့။ ဆိုင်ရှင်ကအာမခံတော့ ကျနော်လဲ ဖယောင်းတိုင်တတိုင်နဲ့ သူ့ရှေ့တင်စမ်းကြည့်တယ်။ ပဲဆီစစ်ရင် ဖယောင်းတိုင်မှာ အရောင်မပေါ်ဘူးလေ။ ပဲဆီ မစစ်ရင် ရောထားတဲ့ဓါတုဆေးအပေါ် မူတည်ပြီး အရောင်ပြောင်းသွားတတ်တယ်။ အဲနည်းကဖယောင်းတိုင် လုပ်ခဲ့ဘူးတော့ သိတယ်။ ဖရောင်းတိုင်ကို ဆီထဲစိမ် ပြန်ဆယ် ခဏစောင့်ကြည့်။ ၃မိနစ်ကြာတော့ဖယောင်းတိုင်မှာအပြာရောင်ဖြစ်လာတယ်။ ပဲဆီစစ်ရင် အရောင်မပြောင်း၊ ဓာတုဆေးပါရင် ဖရောင်း အရောင်ပြောင်းပါမည်။

    ဆိုင်ရှင်ပြောသလို ဆီဖိုးမပေးနဲ့ ဆိုပေမယ့် ကျနော်အဲဆီမယူတော့ဘူး။ ဈေးကွက်ထဲမှာရောင်းနေတဲ့ မြေပဲဆီတိုင်း မြေပဲနံ့မွှေးတယ် ပဲဆီစစ်တယ်လို့ မထင်ကျနဲ့နော်။ သတိထား လက်တွေ့စမ်းပြီးမှ၀ယ်ကျ တချို့ဆီက ဖယောင်းတိုင်မှာ အစိမ်းရောင်သန်းလာတတ်တယ် လက်တွေ့ပဲ။

    U Dhammapiya

    Credit-Nyein Chan

    (Zawgyi)

    ပဲဆီ စစ္/မစစ္ ဒီလိုစမ္းပါတဲ့

    ဒီေန႔ ဆီသြား၀ယ္ေတာ့ ေရာင္းတဲ့ဆိုင္က ပဲဆီစစ္ေၾကာင္း အာမခံတယ္။ ပဲဆီမစစ္ရင္ ၀ယ္တဲ့ဆီဖိုး တျပားမွမေပးနဲ႔ အလကားယူသြားတဲ့။ ဆိုင္ရွင္ကအာမခံေတာ့ က်ေနာ္လဲ ဖေယာင္းတိုင္တတိုင္နဲ႔ သူ႔ေရွ႕တင္စမ္းၾကည့္တယ္။ ပဲဆီစစ္ရင္ ဖေယာင္းတိုင္မွာ အေရာင္မေပၚဘူးေလ။ ပဲဆီ မစစ္ရင္ ေရာထားတဲ့ဓါတုေဆးအေပၚ မူတည္ၿပီး အေရာင္ေျပာင္းသြားတတ္တယ္။ အဲနည္းကဖေယာင္းတိုင္ လုပ္ခဲ့ဘူးေတာ့ သိတယ္။ ဖေရာင္းတိုင္ကို ဆီထဲစိမ္ ျပန္ဆယ္ ခဏေစာင့္ၾကည့္။ ၃မိနစ္ၾကာေတာ့ဖေယာင္းတိုင္မွာအျပာေရာင္ျဖစ္လာတယ္။ ပဲဆီစစ္ရင္ အေရာင္မေျပာင္း၊ ဓာတုေဆးပါရင္ ဖေရာင္း အေရာင္ေျပာင္းပါမည္။

    ဆိုင္ရွင္ေျပာသလို ဆီဖိုးမေပးနဲ႔ ဆိုေပမယ့္ က်ေနာ္အဲဆီမယူေတာ့ဘူး။ ေဈးကြက္ထဲမွာေရာင္းေနတဲ့ ေျမပဲဆီတိုင္း ေျမပဲနံ႔ေမႊးတယ္ ပဲဆီစစ္တယ္လို႔ မထင္က်နဲ႔ေနာ္။ သတိထား လက္ေတြ႕စမ္းၿပီးမွ၀ယ္က် တခ်ိဳ႕ဆီက ဖေယာင္းတိုင္မွာ အစိမ္းေရာင္သန္းလာတတ္တယ္ လက္ေတြ႕ပဲ။

    U Dhammapiya

    Credit-Nyein Chan

  • လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း

    ဈေးရောင်းကောင်းချင်သော မိတ်ဆွေများ ဒီအဆောင်လုပ်ပြီးရင်တော့ လက်မလည်အောင် ရောင်းရပြီးသာ မှတ်လိုက်တော့…

    အစိမ်းရောင် အရက်ပုလင်း ( အစိမ်းရောင် အရက်ပုလင်း လှလှလေးတွေ ရှိတတ်ပါတယ်) အလွတ်ထဲ ရေထည့်ပါ။ကျောက်စရစ်ခဲ (၉) ခဲ ထည့်ပါ။နှင်းဆီပန်း အနီရောင် တစ်ပွင့် ထည့်ပါ။ ဆိုင် ကောင်တာပေါ်တင်ထားကြည့်ပါလား။ နှင်းဆီပန်းကတော့ နေ့တိုင်း လဲပေးရပါတယ်။သေချာပေါက် စျေးဆိုင်များအတွက် အကောင်းဆုံး ပုလင်းယတြာပါ။

    မုချ စျေးရောင်းကောင်းစေပါတယ်။ မိမိ ဆိုင် စည်ကားစေပါတယ်။ ကိုယ့်အမျိုးတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ စျေးရောင်းနေတယ်ဆိုရင် စျေးရောင်းကောင်းအောင် ဒီယတြာလေး လက်တို့ပေးလိုက်ပါ။ ဘယ်သူပဲ လုပ်လုပ် အဆင်ပြေပါတယ်။

    ကိုယ်တိုင် လုပ်လို့ ရပါတယ်။ လွယ်လွယ်လေးပါ။ စျေးဆိုင်တွေလည်း လုပ်လို့ ရပါတယ်။ ကုမ္ပဏီ တွေမှာလည်း လုပ်လို့ ရပါတယ်။ သေချာပေါက် သိသာပါတယ်ဗျ။ဒါကြောင့် လုပ်ဖြစ်အောင် လုပ်ဗျာ။

    Credit – ဆရာဟိန်းတင့်ဇော်

  • “မလိုလည်းဝယ်သွားပေးကြပါ”တောင်းစားတာမဟုတ်ဘူး ရောင်းစားတာပါ

    “မလိုလည်းဝယ်သွားပေးကြပါ”တောင်းစားတာမဟုတ်ဘူး ရောင်းစားတာပါလိုလို မလိုလို မေတ္တာအမြင်နဲ့မို့ပိုပေးစေချင်ပါတယ်

    ရိက္ခာထက် သိက္ခာကိုပိုမြတ်နိုးကြသူ ဝမ်းရေခက်လည်း ထမင်းတစ်နပ်ကို အပြုံးမပျက်ဘဲစားကြတယ်

    အမေအရွယ်တွေမို့မလိုအပ်ဘူးဆိုရင်လည်း ရောင်းချတာလေးတွေကို ဝယ်သွားပေးကြပါစေတနာက အသပြာထက်တန်ဖိုးရှိပါတယ်

    အဆင်မပြေတဲ့လောကကြီးထဲမှာ အထင်သေးခံပြီး တောင်းနေကြတာမှမဟုတ်ဘဲငါးဆယ်တစ်ရာက ကလေးမုန့်ဖိုးသာသာပါ

    စေတနာထားပြီး မလိုလည်းဝယ်သွားပေးကြပါနော် ။

    သျှန်းမိုအိမ် လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

  • ဆင်မာန်စွယ် ငှက်ပျောမတက် ဆိုတဲ့အတိုင်း စမ်းသပ်ပုံနှင့် ဆင်မာန်စွယ်အကြောင်း

    မာန်စွယ်ဆိုသည်မှာ သာမာန်ချိုးထား/ဖြတ်ထားသော အစွယ်မျိုးမဟုတ်ဘဲ ဒေါသဖြစ်၍ တိုက်ခိုက်ထိုးနှက်ကျသောအချိန်တွင် ကျိုးကျန်ရစ်သော အစွယ်ကျိုးကို ခေါ်သည်။

    တစ်ချို့မာန်စွယ်များသည် သစ်ပင်များတွင် စိုက်ဝင်လျှက်ရှာဖွေတွေ့ရှိရသလို တစ်ချို့မာန်စွယ်များကတော့ သိဒ္ဓိရှိသော ဂမ္ဘီရပစ္စည်းဖြစ်သဖြင့် အိပ်မက်ပေး၍ တွေ့ရှိရခြင်းများလည်းရှိသည်။ ယခုမာန်စွယ်ကတော့ အိပ်မက်အရ ညောင်ပင်အတွင်းမှ ရရှိသော ဆင်မာန်စွယ် ဖြစ်သည်။ အလေးချိန် ငါးကျပ်သားရှိသော မာန်စွယ်ဖြစ်သည်။ ငှက်ပျောမတက်ဆိုသည်မှာကား သိဒ္ဓိဝင်အစွမ်းရှိသော ဆင်မာန်စွယ်၊ ဝက်မာန်စွယ်၊ ဓါတ်လုံးများအား စမ်းသပ်ကြသော စမ်းသပ်နည်းများထဲမှ တစ်ခုဖြစ်သည်။ ငှက်ပျောပင်အလယ်အူတိုင်သည်ခုတ်ဖြတ်ပြီး ငါးမိနစ် ဆယ်မိနစ်အတွင်းမှာတွင် တစ်လက်မခန့် ပြန်ထွက်လာပေသည်။

    ဆင်မာန်စွယ်၊ ဝက်မာန်စွယ်များအား ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီး တင်ထားပါကအချိန်တော်တော်ကြာသည်အထိ ငှက်ပျောပင်မှ ထွက်မလာနိုင်သောအခါမှ အစွမ်းရှိသည်ဟု သတ်မှတ်ယူဆကြပေသည်။ ယခုမာန်စွယ်ကတော့ နာရီဝက်ခန့် ငှက်ပျောမတက်ဟု သိရှိရသည်။ မာန်စွယ်များအား အပွင့်ပိုင်း အားသန် မသန် အပိတ်ပိုင်း အားသန် မသန် စမ်းသပ်နည်းများလဲ ရှိပေသေးသည်။

    ဥပမာ လူစည်ကားရာလမ်းလယ်ခေါင်တွင် မာန်စွယ်အား တိုင်တွင်ချိတ်၍ချထားလျှင် လူများ မော်တော်ယာဉ်များ ဝင်တိုက်သွား ကြတာများခြင်း၊ ရှောင်ကွင်းသွားကြတာများခြင်း၊လက်နှင့်ရိုက်ပုတ်သွားသည်များ ရှိခြင်းတို့အား ကြည့်၍ ဆုံးဖြတ်ကြပေသည်။ (အလျဉ်းသင့်ပါက ထပ်မံဖော်ပြပေးပါမည်)

    မာန်စွယ်များအား အဆောင်ရုပ်ထုလုပ်စီရင်၍ ပါးစပ်တွင်ငုံကာ ကာယသိဒ္ဓိပိုင်း ပြီး မပြီး စမ်းသပ်နိုင်ပေသည်။ စီရင်နည်းစနစ်များလဲ များစွာရှိပေသည်။

    ဂမ္ဘီရလောကီပစ္စည်းများသည် “ဒီနေရာမှာ အစွမ်းပြသော်လည်း ဟိုနေရာမှာ ပြချင်မှ ပြသည်” ဆိုသော အချက်များလဲရှိပေသည်။ တန်ဘိုးရှိသော သိဒ္ဓိဝင်ပစ္စည်းများသည် အဖိုးထိုက်တန်ကြောင်းသိရှိကြသဖြင့် ဝိသမလောဘသမားများမှလိမ်လည်ခြင်းများ ရှိကြသောကြောင့် သတိပြု၍ ဝယ်ယူသင့်သည်။ဂမ္ဘီရလောကပစ္စည်းများအား စိတ်ဝင်စားသူ အချင်းချင်း လေ့လာဖတ်ရှုနိုင်စေရန်အတွက် မျှဝေခြင်းအလို့ငှာ ရေးသားတင်ပြခြင်းဖြစ်သည်။ ကျန်းမာချမ်းသာကြပါစေ..

    Credit-ဇော်မြတ်မင်း (မြစကြာကျောင်းသား)

  • မွေးရပ်ယောမြေက “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

    ဇာတိချက်ကြွေ မွေးရပ်ယောမြေက “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

    ယောမြို့မှာ စုန်းရှိတယ်လို့ ပြောစမှတ်ရှိကြပါတယ် ကျမရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ယောဒေသကအိမ်တွေမှာ တံခါးပေါက် ဝိုင်းပေါက် ၂ ခုဖေါက်ထားတယ် တောင်သူ အိမ်တွေမို့ လှည်းဝင်ပေါက် အကြီးတစ်ပေါက်လူဝင်မို့ တံခါးတစ်ဖက်လှပ်တစ်ပေါက် ဖေါက်ထားတယ်..

    အဲ့ဒီ တံခါးပေါက်တွေမှာ ကျောက်ခဲပေါက်ကြီး ဆွဲထားတတ်ကြပါတယ်ရှင် တစ်နေ့ကျမ အမဲ့ ကို မေးကြည့်ပါတယ် “ဘာလုပ်တာလည်း ကျေက်ခဲပေါက်ကအမဲ့” အမေ ကို အမဲ့လို့ခေါ်ပါတယ် အမဲ့ကနင်တို့ထက်အရင် အကြီးလေးနှစ်ယောက်ေ သဘူးတယ်

    ဘာရောဂါမှမဖြစ်ဘဲ ရု တ်တရက်မဖျားမနာဘဲ မျက်ဖြူလန်ပြီးေ သသွားဘူးတယ် တယောက်က ၇ လ တစ်ယောက်က ၉ လ သူများတွေကတော့ စုန်းကို က်တယ်ပြောကြတယ်.. အဲ့တော့ အဖေ က “ရှေးတုန်းက စုန်းမကြီးတစ်ယောက်ရှိသတဲ့

    သူကညညဆိုအစားရှာထွက်ပြီး ကိုက်သတဲ့ မနက်ကြရင် သူ့ သားသမီး မြေး မွေးခြင်းတွေ ေ သတာတွေ့ရသတဲ့.. သူစိတ်မချမ်းသာဘူးလေ ကျောက်ခဲပေါက် လေးတွေ အိမ်လှေခါးအတက်တံခါးမှာ ချိတ်ခိုင်းသတဲ့ သူ့အိမ်သူမှတ်မိပြီး သူ့အမျိုးတွေကို မစားမိအောင်ဆိုတဲ့သဘောပေါ့

    ပါးစပ်မလုံတဲ့ သူ့အမျိုးတွေက ရွာထဲရှောက်ပြောတာ ကြားခဲ့ကြသတဲ့ ဒါ့ကြောင့် ငါတို့လည်း မြစ်ချောင်းထဲ ကျောက်ခဲပေါက်သွားရှာပြီးချိတ်ထားတာ အဲတော့မှ သားသမီးတွေ မသေဘဲ အဖတ်တင်တော့တယ်” ဆိုပါ့လား..

    ဒါကြောင့် ယောဒေသအိမ်အချို့ရဲ့ တံခါးဝမှာကျောက်ခဲအပေါက်လေးတွေကို ချိတ်ဆွဲထားတတ်ကြတာပေါ့.. မကောင်းဆိုးဝါးရန်က ရှောင်ကွင်းနိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ပါ..

    တကယ်တော့ စုန်းမျိုးအတု လုပ်ကြတယ်ဆိုပါတော့ အဲဒီကအစပြုပြီး အိမ်တွေမှာ ချိတ်ထားကြတာပါဒီနေ့ထိ တချို့အိမ်တွေမှာ ရှိနေတဲ့ ကျောက်ခဲပေါက်လေး ရာဇဝင်လေးပါ.. ဟုတ်ပါတယ် ကျမ က စုန်းမျိုးပါ.. မကိုက်တတ် မပြုစားတတ်ပါဘူးနော်

    စုန်းမျိုး အတုပါ.. ခောတ်စကားအရ *အင်* ပါ “စုန်းအင်ပါရှင်” အဲ ကျမအိမ်မှာလည်း ကျောက်ခဲပေါက်လေးရှိပါတယ်။

    Credit – အေးအေးသွင် (ဂန့်ဂေါ)

  • အောင်ပန်းမြို့အလွန်က သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဉာဉ်မြို့တော် (သို့) ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း

    ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း `လောကီပညာရပ် လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခု´

    တောင်ပိုင်းရှမ်းပြည်ရဲ့ပျောက်ဆုံးသွားသော မြို့တော်နဲ့ ငုံးသုံးဘုရားကို ဧည့်သည်တွေပို့ရင်း ထပ်ရောက်ခဲ့ပြန်တယ်.. သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ဝိဉာဉ်မြို့တော် … သမိုင်းထဲက “ သာမိုင်းခမ်း ” ရာဇဝင်ထဲက “ သာမိုင်းခမ်း ”

    နရပတိစည်သူမင်းတည်ထားခဲ့တဲ့ စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့ “ သာမိုင်းခမ်း ”ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်းခမ်း”ကလောမြို့ အောင်ပန်းမြို့တို့ကို မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.” ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင် အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့ “ စဝ်ထွန်းအေး”ရဲ့မွေးရပ်မြေဖြစ်တဲ့ “ သာမိုင်းခမ်း. ”ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောသော နေရာလေးတစ်ခုဖြစ်ခဲ့လေ၏။မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်လေ၏။ ထိုခေတ်အခါက ညောင်ရွှေစော်ဘွား မိုင်းပွန်စော်ဘွား သီပေါစော်ဘွား သာမိုင်းခဏ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိပြန်လေ၏။

    သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်လေ၏။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုတတ်လေ၏။ တစ်ခါသော် ၎င်းမြို့တွင် အင်းပညာရှင် စမပညာရှင် ဗေဒင်ပညာရှင် အဂ္ဂိရတ်ပညာရှင် ဆေးပညာရှင် ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့လေ၏။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားသော ဘုရားဟု နာမည်ကျော်ကြားလှလေ၏။

    ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်၏။ လွန်စွာမှလည်း ဆုတောင်းပြည့်လေ၏။ထိုသာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြားစေပြန်၏။ ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်အထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက် ကြလေ၏။ တစ်ခါသော် သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုကြောင့် မြန်မာဘုရင်မှ အမျှက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခဏ်းအား သိမ်းပိုက်စေ၏။ ဤတွင် သာမိုင်းခဏ်းစော်ဘွားသည် ကျိန်စာတစ်ရပ်အား ဆိုခဲ့လေ၏။

    မိမိ မရှိတော့သည့်အချိန်တွင် ထို သာမိုင်းခဏ်းမြို့သည်လည်း မရှိစေရ။ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့ စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ကျိန်စာဆိုခဲ့လေ၏။ မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားသည်လည်း ကွယ်လေ၏။ ထို့အတူ ကျိန်စာများနှင့် ပြည့်ဝသော သာမိုင်းခဏ်းသည်လည်း ကွယ်လေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အသုဘသို့ အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြလေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားလေ၏။ ထိုအုတ်ဂူအတွင်း သူ၏ ပိုင်ဆိုင်သမျှသော ရွှေ ငွေကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သော ရတနာများ ထည့်သွင်း မြုပ်နှံသဂြိုလ်ထားသည့်အပြင် ထိုအုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော် အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေ၏။

    ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြား နှင့် ကြောင်မျက်ရှင် ရတနာများလည်း ပါသည်ဟု ဆိုကြ၏။ထို စော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြ၏။ ထို့ကြောင့် ထိုအုတ်ဂူကြီးသည် လောကီအစီအမံများဖြင့် ပြည့်နှက်လျှက် ရှိ၏။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထို ဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြ၏။ မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သည်သာ ရူးလျှင်ရူး မရူးလျှင် သေပွဲဝင်ကြရလေ၏။ ဤသည်ကား လောကီပညာရပ် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်လျှက်ရှိသော နေရာဟောင်း တစ်ခုသာလျှင် ဖြစ်ပေတော့၏။ ယခုအခါ သာမိုင်းခဏ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရှိလေတော့ချေ၏။ ထို သာမိုင်းခဏ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိလေ၏။ ရွာငယ်အဆင့်မျှပင် မရှိပါတော့ချေ။

    မေတ္တာများစွာဖြင့်

    Credit

    Via Saya U Win Mg (TPWD)

    credit_to_owner UAungLwin

    နော်ဂဲလယ်ထူး (စာပေပရဟိတ)