Category: ဗဟုတုသ

  • အပင်မျိုးမျိုးအတွက် လိုအပ်တဲ့ သဘာဝမြေသြဇာမှုန့် အလွယ်တကူ ပြုလုပ်နည်း။

    (Zawgyi)

    အပင္မ်ိဳးမ်ိဳးအတြက္ လိုအပ္တဲ့ သဘာဝေျမၾသဇာမႈန႔္ အလြယ္တကူ ျပဳလုပ္နည္း

    ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ေဖာ့စဖိတ္ အဟာရဓာတ္မ်ားစြာ ပါဝင္ေသာ ေျမဩဇာမူန႔္ပါ။

    ၾကက္ဥခြံံ-၆ ခြံ

    ငွက္ေပ်ာသီးခြံ-၂ ခြံ

    မီးအပူေပးပါ။ အမႈန႔္ႀကိတ္ၿပီး အပင္တစ္ပင္အတြက္ လဖက္စားဇြန္း ၂ ဇြန္း ႏႈန္းျဖင့္ သီးႏွံစုံအတြက္ အပင္ေျခရင္းပတ္လည္ ထည့္ေပးႏိုင္ပါသည္။

    အပင္တစ္ပင္ကို ၾကက္ဥခြံံ ၁ ခြံ၊ ငွက္ေပ်ာသီးခြံ ၁ခြံ အသုံးျပဳလွ်င္ တစ္ရာသီအတြက္ လုံေလာက္ပါတယ္။

    Credit-စိုက္ပ်ိဳးေရး နည္းပညာ

    အပင္မ်ိဳးမ်ိဳးအတြက္ လိုအပ္တဲ့ သဘာဝေျမၾသဇာမႈန႔္ အလြယ္တကူ ျပဳလုပ္နည္း

    ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ေဖာ့စဖိတ္ အဟာရဓာတ္မ်ားစြာ ပါဝင္ေသာ ေျမဩဇာမူန႔္ပါ။

    ၾကက္ဥခြံံ-၆ ခြံ

    ငွက္ေပ်ာသီးခြံ-၂ ခြံ

    မီးအပူေပးပါ။ အမႈန႔္ႀကိတ္ၿပီး အပင္တစ္ပင္အတြက္ လဖက္စားဇြန္း ၂ ဇြန္း ႏႈန္းျဖင့္ သီးႏွံစုံအတြက္ အပင္ေျခရင္းပတ္လည္ ထည့္ေပးႏိုင္ပါသည္။

    အပင္တစ္ပင္ကို ၾကက္ဥခြံံ ၁ ခြံ၊ ငွက္ေပ်ာသီးခြံ ၁ခြံ အသုံးျပဳလွ်င္ တစ္ရာသီအတြက္ လုံေလာက္ပါတယ္။

    စိုက္ပ်ိဳးေရး နည္းပညာ

    (Unicode)

    အပင်မျိုးမျိုးအတွက် လိုအပ်တဲ့ သဘာဝမြေသြဇာမှုန့် အလွယ်တကူ ပြုလုပ်နည်း

    ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖိတ် အဟာရဓာတ်များစွာ ပါဝင်သော မြေဩဇာမူန့်ပါ။

    ကြက်ဥခွံံ-၆ ခွံ

    ငှက်ပျောသီးခွံ-၂ ခွံ

    မီးအပူပေးပါ။ အမှုန့်ကြိတ်ပြီး အပင်တစ်ပင်အတွက် လဖက်စားဇွန်း ၂ ဇွန်း နှုန်းဖြင့် သီးနှံစုံအတွက် အပင်ခြေရင်းပတ်လည် ထည့်ပေးနိုင်ပါသည်။

    အပင်တစ်ပင်ကို ကြက်ဥခွံံ ၁ ခွံ၊ ငှက်ပျောသီးခွံ ၁ခွံ အသုံးပြုလျှင် တစ်ရာသီအတွက် လုံလောက်ပါတယ်။

    Credit-စိုက်ပျိုးရေး နည်းပညာ

    အပင်မျိုးမျိုးအတွက် လိုအပ်တဲ့ သဘာဝမြေသြဇာမှုန့် အလွယ်တကူ ပြုလုပ်နည်း

    ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖိတ် အဟာရဓာတ်များစွာ ပါဝင်သော မြေဩဇာမူန့်ပါ။

    ကြက်ဥခွံံ-၆ ခွံ

    ငှက်ပျောသီးခွံ-၂ ခွံ

    မီးအပူပေးပါ။ အမှုန့်ကြိတ်ပြီး အပင်တစ်ပင်အတွက် လဖက်စားဇွန်း ၂ ဇွန်း နှုန်းဖြင့် သီးနှံစုံအတွက် အပင်ခြေရင်းပတ်လည် ထည့်ပေးနိုင်ပါသည်။

    အပင်တစ်ပင်ကို ကြက်ဥခွံံ ၁ ခွံ၊ ငှက်ပျောသီးခွံ ၁ခွံ အသုံးပြုလျှင် တစ်ရာသီအတွက် လုံလောက်ပါတယ်။

    စိုက်ပျိုးရေး နည်းပညာ

  • အလွယ်ကူဆုံးနဲ့ အကောင်းဆုံးလက်ဖက်နှပ်နည်း။

    (Zawgyi)

    လက္ဖက္ႏွပ္နည္း

    အလြယ္ကူဆုံး လက္ဖက္ႏွပ္နည္း

    လက္ဖက္ကို ေရမေဆးခင္ အရင္ဆုံး လက္ဖက္႐ိုးတံ၊ အ႐ြက္ၾကမ္းေလးေတြ ေ႐ြးဖယ္ပစ္ပါ။ ၿပီးရင္ ေရ ၂ ခါ ၃ခါေလာက္ သဲမပါေအာင္ ေဆးၿပီး လက္ဖက္ကို ေရစင္ေအာင္ ညႇစ္ေပးပါ။ ေရညႇစ္ၿပီးသား လက္ဖက္ကို နဲနဲဖြၿပီး ဆား၊ အခ်ိဳမႈန႔္နဲ႔ လက္ဖက္ အသားထဲ အရသာဝင္ေအာင္ ဆုပ္ညႇပ္ၿပီး နယ္ေပးပါ။

    ( ဆား၊ အခ်ိဳမႈန႔္နဲ႔ နယ္တဲ့အခ်ိန္မွာ ဆီလုံးဝ မထည့္ပါဘူးေနာ္။ အရသာ ငံသြားရင္ ေရနဲ႔ အလြယ္တကူ ျပန္ေဆးၿပီး အရသာ ျပန္ျပင္လို႔ ရေအာင္လို႔ပါ။)

    နယ္ၿပီးသား လက္ဖက္ကို အရသာ အခ်ိဳ၊ အငံ ျမည္းၾကည့္ပါ။ အဆင္ေျပၿပီဆိုရင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴနဲ႔ င႐ုပ္သီးစိမ္းကို လက္ဖက္ထဲထည့္၊ ဆီအနည္းငယ္ထည့္ၿပီး နယ္ပါရွင္။

    အခ်ဥ္ႀကိဳက္ရင္ေတာ့ သံပုရာသီးေလး နည္းနည္း ညႇစ္ထည့္ပါရွင္။ သံပုရာသီး ထည့္နယ္ေတာ့ အနံ႔ေလးလဲ ပိုေမႊးတာေပါ့။ ၿပီးရင္ ဗူးအလြတ္ထဲထည့္၊ ဆီကို လက္ဖက္ျမဳပ္သြားေအာင္ မ်ားမ်ားေလး ထည့္ၿပီး ႏွပ္ထားႏိုင္ပါၿပီေနာ္။

    ႏွပ္ထားတဲ့ လက္ဖက္ကို ေလလုံေအာင္ ပိတ္ဖို႔မေမ့နဲ႔ေနာ္။ ေလမလုံရင္ လက္ဖက္က မည္းမည္းႀကီးျဖစ္ၿပီး စားလို႔လည္း မေကာင္း၊ လွလည္း မလွေတာ့ဘူးရွင့္။

    Credit- ေမတၱာျဖင့္…TKW

    (Unicode)

    လက်ဖက်နှပ်နည်း

    အလွယ်ကူဆုံး လက်ဖက်နှပ်နည်း

    လက်ဖက်ကို ရေမဆေးခင် အရင်ဆုံး လက်ဖက်ရိုးတံ၊ အရွက်ကြမ်းလေးတွေ ရွေးဖယ်ပစ်ပါ။ ပြီးရင် ရေ ၂ ခါ ၃ခါလောက် သဲမပါအောင် ဆေးပြီး လက်ဖက်ကို ရေစင်အောင် ညှစ်ပေးပါ။ ရေညှစ်ပြီးသား လက်ဖက်ကို နဲနဲဖွပြီး ဆား၊ အချိုမှုန့်နဲ့ လက်ဖက် အသားထဲ အရသာဝင်အောင် ဆုပ်ညှပ်ပြီး နယ်ပေးပါ။

    ( ဆား၊ အချိုမှုန့်နဲ့ နယ်တဲ့အချိန်မှာ ဆီလုံးဝ မထည့်ပါဘူးနော်။ အရသာ ငံသွားရင် ရေနဲ့ အလွယ်တကူ ပြန်ဆေးပြီး အရသာ ပြန်ပြင်လို့ ရအောင်လို့ပါ။)

    နယ်ပြီးသား လက်ဖက်ကို အရသာ အချို၊ အငံ မြည်းကြည့်ပါ။ အဆင်ပြေပြီဆိုရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို လက်ဖက်ထဲထည့်၊ ဆီအနည်းငယ်ထည့်ပြီး နယ်ပါရှင်။

    အချဉ်ကြိုက်ရင်တော့ သံပုရာသီးလေး နည်းနည်း ညှစ်ထည့်ပါရှင်။ သံပုရာသီး ထည့်နယ်တော့ အနံ့လေးလဲ ပိုမွှေးတာပေါ့။ ပြီးရင် ဗူးအလွတ်ထဲထည့်၊ ဆီကို လက်ဖက်မြုပ်သွားအောင် များများလေး ထည့်ပြီး နှပ်ထားနိုင်ပါပြီနော်။

    နှပ်ထားတဲ့ လက်ဖက်ကို လေလုံအောင် ပိတ်ဖို့မမေ့နဲ့နော်။ လေမလုံရင် လက်ဖက်က မည်းမည်းကြီးဖြစ်ပြီး စားလို့လည်း မကောင်း၊ လှလည်း မလှတော့ဘူးရှင့်။

    Credit- မေတ္တာဖြင့်…TKW

  • သင့်အသက် ဘယ်လောက်လဲ? ဘာနေ့မွေးလဲသာ မှန်မှန်ပြောပါ။ မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း။

    (Zawgyi)

    သင့္အသက္ ဘယ္ေလာက္လဲ? ဘာေန႔ေမြးလဲသာ မွန္မွန္ေျပာပါ။ မွန္လြန္းလို႔ ထပ္ခါ ထပ္ခါ ဖတ္ျဖစ္တဲ့ ဇနကေဟာကိန္း။

    ဘုရားအေလာင္းေတာ္ မဟာဇနကမင္း၏ ျဖစ္စဥ္ ခုႏွစ္မ်ိဳး အေျချပဳ၍ ေရွးဆရာႀကီးမ်ားက တီထြင္၍ တြက္ကိန္းဆင္ထားျခင္းျဖစ္သည္။ အလြန္လြယ္ကူရွင္းလင္း၍ ယေန႔ပညာရွင္မ်ားထိ သုံးစြဲေနေသာ တြက္ကိန္းျဖစ္ပါသည္။တြက္ကိန္းအား ပုံေသကားခ်မယူပဲ မဟာဘုတ္စေသာ အျခားတြက္ကိန္းမ်ားႏွင့္ ညႇိႏႈိင္းေဟာေျပာလွ်င္ အလြန္အစြမ္းထက္ေသာ ေဟာကိန္းျဖစ္သည္။

    အေဟာၾကည့္နည္း…

    ဥပမာ – မိမိက တနဂၤေႏြသားသမီး အခုေရာက္သက္က ၂၅ ႏွစ္ဆိုရင္ တနဂၤေႏြ ဇယားကြက္ထဲတြင္ ၂၅ ကို ရွာပါ။ (နန္း) အကြက္ထဲတြင္ရွိ၍ ထိုအေဟာကို ဖတ္ပါ။ မိမိက တနလၤာသားသမီး အခုေရာက္သက္ ၂ဝႏွစ္ဆိုရင္ တနလာဇၤယားကြက္ထဲတြင္ ၂၀ ကိုရွာပါ။ (ပ်က္) အကြက္ထဲတြင္ ရွိေသာေၾကာင့္ ထိုအေဟာကို ဖတ္ပါ။

    အဂၤါသားသမီးမ်ားအတြက္

    ဗုဒၶဟူး သားသမီးမ်ားအတြက္

    ၾကာသာပေတး သားသမီးအတြက္

    ေသာၾကာ သားသမီးအတြက္

    စေန သားသမီးအတြက္

    (တည္)

    တည္ဆိုတာ သေဘၤာတည္ေဆာက္တာကို ေျပာတာပါ။ လုပ္ငန္းေတြအတြက္ ႀကံစည္ဆဲ၊ လုပ္ငန္းေတြ အစျပဳဆဲ အေျခအေနကို ေရာက္ေနတယ္လို႔ ေျပာတာပါ။ လုပ္ငန္းအတြက္ ရင္းႏွီးျမဳပ္ႏွံဖို႔ရွာရာတြင္ လြယ္ကူလိမ့္မည္။လုပ္ငန္းအႀကံအစည္ ေအာင္ျမင္မည္။ အလုပ္ရွာေနလွ်င္ အလုပ္ရမည္။ အလုပ္ေလွ်ာက္ထားလွ်င္ အလုပ္ရမည္။အမႈကိစၥေတြ၊ အလုပ္ေတြ မ်ားမည္။ ေငြဝင္မ်ားသလို ေငြထြက္လဲမ်ားမည္။

    (ထြက္)

    ထြက္ဆိုတာ ဇမၺနဂိုရ္ျပည္က သေဘၤာစထြက္တာကို ေျပာတာပါ။ ေကာင္းမြန္ေသ ာမိတ္ေဆြသစ္မ်ား တိုးမည္။စပ္တူရွယ္ယာ လုပ္ငန္းမ်ား လုပ္ရမည့္ အခ်ိန္ေကာင္းပါ။ ျပည္တြင္း၊ ျပည္ပခရီးမ်ား သြားရမည္။ ႏိုင္ငံျခားကုန္လုပ္ငန္းမ်ား ေအာင္ျမင္မည္။

    (ပ်က္)

    ပ်က္ဆိုတာ သေဘၤာပ်က္သြားတာကို ေျပာတာပါ။ ကံဇာတာညံ့ခ်ိန္ပါ။ စီးပြားေရးက်ဆင္းမယ္။ သူမ်ားမေကာင္းႀကံတာ ခံရတတ္သည္။ မေတာ္တဆ ထိခိုက္မႈ အေသးအဖြဲမ်ား ႀကဳံတတ္သလို ေသေကာင္ေပါင္းလဲ ေဝဒနာမ်ား ျဖစ္တတ္သည္။ ရာထူးလုပ္ငန္းကို ေႏွာင့္ယွက္မည့္သူ ေပၚလာလိမ့္မည္။ အိမ္ေထာင္ေရးကို အထူးသတိထားပါ။

    (ေက်ာက္)

    ေက်ာက္ဆိုတာ ေမခလာနတ္သမီးက ေက်ာက္ဖ်ာထက္မွာ တင္ေပးထားတဲ့ ကိန္းဆိုက္ၿပီဆိုေတာ့ ကံေကာင္းၿပီလို႔မွတ္ပါ။

    မေမွ်ာ္လင့္ပဲ ကူညီမယ့္သူေတြ ေပၚမယ္။ ေအာင္ဘာေလသိန္းထီဆုႀကီးမ်ား ေပါက္မယ္။ မက်န္းမမာျဖစ္ေနရင္ေတာ့ ျပန္ၿပီး က်န္းမာလာမယ္။ ဆရာေကာင္းနဲ႔ေတြ႕ၿပီလို႔ ေဟာပါ။ အမႈရွိရင္ရွိႏိုင္မည္။ အခ်ဳပ္ေႏွာင္ခံေနရရင္လြတ္မည္။ က်ဆင္းေနေသာ စီးပြားေရးမ်ား ျပန္တက္လာမည္။ ပညာေရးလဲေကာင္းမည္။ အိမ္ေထာင္က်လွ်င္အိမ္ေထာင္ဖက္ေကာင္းႏွင့္ ေတြ႕ၿပီလို႔ ေဟာပါ။ အႀကံအစည္မ်ား ေအာင္ျမင္မည္။

    (ထီး)

    ထီးဆိုတာ ထီးျဖဴေဆာင္းတဲ့ ကိန္းပါ။ နာမည္ေက်ာ္ၾကား ထင္ရွားမည္။ ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားျခင္းပါ။ဆုလာဘ္ေတြရမည္။ ဘြဲ႕ထူးဂုဏ္ထူးမ်ား ရမည္။ စာေမးပြဲေျဖထားရင္ စာေမးပြဲေအာင္မည္။ ရာထူးတိုးမည္။စီးပြားေရး လုပ္ငန္းမ်ား တိုးခ်ဲ႕ရမည္။ အိမ္သစ္ေဆာက္ကိန္း၊ အိမ္သစ္ရကိန္း ေပၚမည္။

    (နန္း)

    နန္းဆိုတာ နန္းအပ္ခံရတဲ့ ကိန္းပါ။ ကံဇာတာေကာင္းၿပီလို႔ ေဟာပါ။ ရာထူးတိုးမည္။ စီးပြားျဖစ္ထြန္းမည္။အေမြအႏွစ္ေတြ ရမည္။ အၿပိဳင္အဆိုင္ေတြမွာ အႏိုင္ရမည္။ ေ႐ြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရင္ႏိုင္မည္။အိမ္ေထာင္က်ကိန္းရွိသည္။ အိမ္ေထာင္က်လွ်င္လဲ ကံေကာင္းမည္။ အလႉျပဳလုပ္ရမည္။ မင္းစိုးရာဇာအႀကီးအကဲျဖစ္မည္။

    (စံ)

    စံဆိုတာ မင္းစည္းစိမ္ကို ခံယူရတဲ့ ကိန္းပါ။ ေဘးအႏၲာရာယ္ကင္းၿပီး စုတ္ႀကီး၊လာဘ္ႀကီးေတြဝင္မည္။ လုပ္ငန္းေတြတိုးတက္မည္။ ႀကီးမားတဲ့ရာထူးေတြရမည္။ သိုေလွာင္ပစၥည္းေတြက အက်ိဳးအျမတ္ရမည္။ အေႁခြအရံမိတ္ေဆြ အေပါင္းအသင္း တိုးမည္။ ေငြေၾကးစုေဆာင္းမိမည္။

    ယခုအေဟာတမ်ိဳးထဲႏွင့္ ပုံေသယူ၍မရပါ။ မသိေသးသူမ်ား သိေစရန္ ရည္႐ြယ္၍ ကူးယူေရးသားပါသည္။

    Credit – written by ေဗဒင္ လကၡဏာ

    (Unicode)

    သင့်အသက် ဘယ်လောက်လဲ? ဘာနေ့မွေးလဲသာ မှန်မှန်ပြောပါ။ မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း။

    ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ် ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။

    အဟောကြည့်နည်း…

    ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက်က ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ (နန်း) အကွက်ထဲတွင်ရှိ၍ ထိုအဟောကို ဖတ်ပါ။ မိမိက တနင်္လာသားသမီး အခုရောက်သက် ၂ဝနှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ (ပျက်) အကွက်ထဲတွင် ရှိသောကြောင့် ထိုအဟောကို ဖတ်ပါ။

    အင်္ဂါသားသမီးများအတွက် (အပေါ်တွင် ပုံကြည့်ပါ)

    ဗုဒ္ဓဟူး သားသမီးများအတွက် (အပေါ်တွင် ပုံကြည့်ပါ)

    ကြာသာပတေး သားသမီးအတွက် (အပေါ်တွင် ပုံကြည့်ပါ)

    သောကြာ သားသမီးအတွက် (အပေါ်တွင် ပုံကြည့်ပါ)

    စနေ သားသမီးအတွက် (အပေါ်တွင် ပုံကြည့်ပါ)

    (တည်)

    တည်ဆိုတာ သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေ အစပြုဆဲ အခြေအနေကို ရောက်နေတယ်လို့ ပြောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ရှာရာတွင် လွယ်ကူလိမ့်မည်။လုပ်ငန်းအကြံအစည် အောင်မြင်မည်။ အလုပ်ရှာနေလျှင် အလုပ်ရမည်။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည်။အမှုကိစ္စတွေ၊ အလုပ်တွေ များမည်။ ငွေဝင်များသလို ငွေထွက်လဲများမည်။

    (ထွက်)

    ထွက်ဆိုတာ ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကို ပြောတာပါ။ ကောင်းမွန်သေ ာမိတ်ဆွေသစ်များ တိုးမည်။စပ်တူရှယ်ယာ လုပ်ငန်းများ လုပ်ရမည့် အချိန်ကောင်းပါ။ ပြည်တွင်း၊ ပြည်ပခရီးများ သွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

    (ပျက်)

    ပျက်ဆိုတာ သင်္ဘောပျက်သွားတာကို ပြောတာပါ။ ကံဇာတာညံ့ချိန်ပါ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာ ခံရတတ်သည်။ မတော်တဆ ထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲ ဝေဒနာများ ဖြစ်တတ်သည်။ ရာထူးလုပ်ငန်းကို နှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူးသတိထားပါ။

    (ကျောက်)

    ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာ တင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။

    မမျှော်လင့်ပဲ ကူညီမယ့်သူတွေ ပေါ်မယ်။ အောင်ဘာလေသိန်းထီဆုကြီးများ ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီး ကျန်းမာလာမယ်။ ဆရာကောင်းနဲ့တွေ့ပြီလို့ ဟောပါ။ အမှုရှိရင်ရှိနိုင်မည်။ အချုပ်နှောင်ခံနေရရင်လွတ်မည်။ ကျဆင်းနေသော စီးပွားရေးများ ပြန်တက်လာမည်။ ပညာရေးလဲကောင်းမည်။ အိမ်ထောင်ကျလျှင်အိမ်ထောင်ဖက်ကောင်းနှင့် တွေ့ပြီလို့ ဟောပါ။ အကြံအစည်များ အောင်မြင်မည်။

    (ထီး)

    ထီးဆိုတာ ထီးဖြူဆောင်းတဲ့ ကိန်းပါ။ နာမည်ကျော်ကြား ထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ဆုလာဘ်တွေရမည်။ ဘွဲ့ထူးဂုဏ်ထူးများ ရမည်။ စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည်။ ရာထူးတိုးမည်။စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်း ပေါ်မည်။

    (နန်း)

    နန်းဆိုတာ နန်းအပ်ခံရတဲ့ ကိန်းပါ။ ကံဇာတာကောင်းပြီလို့ ဟောပါ။ ရာထူးတိုးမည်။ စီးပွားဖြစ်ထွန်းမည်။အမွေအနှစ်တွေ ရမည်။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာအကြီးအကဲဖြစ်မည်။

    (စံ)

    စံဆိုတာ မင်းစည်းစိမ်ကို ခံယူရတဲ့ ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမားတဲ့ရာထူးတွေရမည်။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည်။ အခြွေအရံမိတ်ဆွေ အပေါင်းအသင်း တိုးမည်။ ငွေကြေးစုဆောင်းမိမည်။

    ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။

    Credit – written by ဗေဒင် လက္ခဏာ

  • ယာဉ်မောင်းလိုင်စင် ပျောက်မှာကြောက်လို့ မိတ္တူဘဲ ကိုင်လို့ရလား။

    (Zawgyi)

    ယာဥ္လိုင္စင္ ယာဥ္ေမာင္းလိုင္စင္ မူရင္းေတြကို ေပ်ာက္မွာစိုးလို႔ ခိုးခံရမွာစိုးလို႔ ေရစို ဆုတ္ၿပဲ ပ်က္စီးမွာစိုးလို႔ ဆိုၿပီး အစစ္ကို အိမ္မွာသိမ္းထားၿပီး မိတၳဴကိုေတာ့ ယာဥ္လူႏွင့္ တပါတည္း ယူေဆာင္အသုံးျပဳလို႔ မရဘူးလား? ကာလာပရင္တာနဲ႔ ျပန္ထုတ္ထားတဲ့ မိတၳဴကို ေဆာင္ထားတာမ်ိဳး မရဘူးလားလို႔ ေမးလာၾကတဲ့သူေတြ မ်ားပါတယ္။

    ေျပာရမယ္ဆိုရင္ မိတၳဴဆိုတာ အေစာင္တစ္ရာ ကူးလို႔ရတယ္။ အေစာင္တစ္ေထာင္လည္း ကူးလို႔ရတယ္ေလ။အေစာင္တစ္ရာ ထုတ္လို႔ ဆိုင္ကယ္အစီးတစ္ရာမွာ ကပ္လို႔ရျပန္တယ္။ ႐ိုး႐ိုးသားသားသူအတြက္ စိတ္ထဲမွာဘာမွမေတြးမိေပမဲ့ မသမာနည္းနဲ႔ လုပ္စားမည့္သူေတြ ျပစ္မႈက်ဴးလြန္ဖို႔ ဝန္မေလးသူေတြအတြက္ အကြက္ျဖစ္သြားမွာပါ။ မိတၳဴတစ္ခုကို မွီျငမ္းလို႔ လိုင္စင္မဲ့ ဆိုင္ကယ္ေတြနဲ႔ ျပစ္မႈက်ဴးလြန္၊ ဥပေဒခ်ိဳးေဖာက္ၿပီး မူးယစ္ေဆးကဲ့သို႔ သယ္ယူလုပ္ေဆာင္ဖို႔ လြယ္သြားပါလိမ့္မယ္။ ဒါကတပိုင္းေပါ့။

    ဥပေဒပိုင္းအရကလဲ မူရင္းပါရွိရမယ္လို႔ ျပဌာန္းထားပါတယ္။ ဒါေၾကာင့္ ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ေတြကို ကာလာပရင္တာနဲ႔ ထုတ္ထားတဲ့ မိတၳဴလဲ အဆင္မေျပပါဘူး။ ႐ိုး႐ိုးမိတၳဴလဲ အဆင္မေျပပါဘူး။ ယာဥ္ႏွင့္အတူ လူႏွင့္အတူ လိုင္စင္အစစ္ မူရင္းေတြပဲ ပါရွိရပါ့မယ္။ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ထိန္းသိမ္းစစ္ေဆးတဲ့ အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံစစ္ေဆး ခံရတဲ့အခါ လိုင္စင္ေတြဟာ မူရင္းျဖစ္ေနမွ အဆင္ေျပပါ့မယ္။ ေပ်ာက္သြားမည္စိုး၍ မိတၳဴကိုပဲ ကိုင္ေဆာင္ထားလိုက္မယ္လို႔ ႐ိုးသားစြာ ေတြးထားသူေတြအတြက္ ယာဥ္ႏွင့္အတူ ပါရွိရမည့္ လိုင္စင္မ်ားဟာ မူရင္း အစစ္ေတြျဖစ္မွ အဆင္ေျပပါ့မယ္ဆိုတာကို မိဘျပည္သူမ်ားထံ မွ်ေဝလိုက္ပါတယ္ခင္ဗ်ာ။

    Credit-ဒုရဲအုပ္ေဌးလြင္(ခ )ေနမ်ိဳးသူရ

    (Unicode)

    ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင် မူရင်းတွေကို ပျောက်မှာစိုးလို့ ခိုးခံရမှာစိုးလို့ ရေစို ဆုတ်ပြဲ ပျက်စီးမှာစိုးလို့ ဆိုပြီး အစစ်ကို အိမ်မှာသိမ်းထားပြီး မိတ္ထူကိုတော့ ယာဉ်လူနှင့် တပါတည်း ယူဆောင်အသုံးပြုလို့ မရဘူးလား? ကာလာပရင်တာနဲ့ ပြန်ထုတ်ထားတဲ့ မိတ္ထူကို ဆောင်ထားတာမျိုး မရဘူးလားလို့ မေးလာကြတဲ့သူတွေ များပါတယ်။

    ပြောရမယ်ဆိုရင် မိတ္ထူဆိုတာ အစောင်တစ်ရာ ကူးလို့ရတယ်။ အစောင်တစ်ထောင်လည်း ကူးလို့ရတယ်လေ။အစောင်တစ်ရာ ထုတ်လို့ ဆိုင်ကယ်အစီးတစ်ရာမှာ ကပ်လို့ရပြန်တယ်။ ရိုးရိုးသားသားသူအတွက် စိတ်ထဲမှာဘာမှမတွေးမိပေမဲ့ မသမာနည်းနဲ့ လုပ်စားမည့်သူတွေ ပြစ်မှုကျူးလွန်ဖို့ ဝန်မလေးသူတွေအတွက် အကွက်ဖြစ်သွားမှာပါ။ မိတ္ထူတစ်ခုကို မှီငြမ်းလို့ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ပြစ်မှုကျူးလွန်၊ ဥပဒေချိုးဖောက်ပြီး မူးယစ်ဆေးကဲ့သို့ သယ်ယူလုပ်ဆောင်ဖို့ လွယ်သွားပါလိမ့်မယ်။ ဒါကတပိုင်းပေါ့။

    ဥပဒေပိုင်းအရကလဲ မူရင်းပါရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေကို ကာလာပရင်တာနဲ့ ထုတ်ထားတဲ့ မိတ္ထူလဲ အဆင်မပြေပါဘူး။ ရိုးရိုးမိတ္ထူလဲ အဆင်မပြေပါဘူး။ ယာဉ်နှင့်အတူ လူနှင့်အတူ လိုင်စင်အစစ် မူရင်းတွေပဲ ပါရှိရပါ့မယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းစစ်ဆေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံစစ်ဆေး ခံရတဲ့အခါ လိုင်စင်တွေဟာ မူရင်းဖြစ်နေမှ အဆင်ပြေပါ့မယ်။ ပျောက်သွားမည်စိုး၍ မိတ္ထူကိုပဲ ကိုင်ဆောင်ထားလိုက်မယ်လို့ ရိုးသားစွာ တွေးထားသူတွေအတွက် ယာဉ်နှင့်အတူ ပါရှိရမည့် လိုင်စင်များဟာ မူရင်း အစစ်တွေဖြစ်မှ အဆင်ပြေပါ့မယ်ဆိုတာကို မိဘပြည်သူများထံ မျှဝေလိုက်ပါတယ်ခင်ဗျာ။

    Credit-ဒုရဲအုပ်ဌေးလွင်(ခ )နေမျိုးသူရ

  • အောက်ပါအချက်တွေထဲက ၅ ချက်နဲ့ ငြိသွားရင်တော့ဖြင့် သင်လည်း အသက်ကြီး၊ ရင့်ကျက်သွားပြီ။

    (Zawgyi)

    ေအာက္ပါအခ်က္ေတြထဲက ၅ ခ်က္နဲ႔ ၿငိသြားရင္ေတာ့ျဖင့္ သင္လည္း အသက္ႀကီးသြားၿပီ။

    ၁။ရႈတ္ရႈတ္ရွက္ရွက္လည္း မႀကိဳက္ေတာ့ဘူး၊ ထင္ထင္ေပၚေပၚလည္း မျဖစ္ခ်င္ေတာ့ဘူး၊ ကိုယ္ဖာသာကိုယ္ပဲ ေအးေအးေဆးေဆး ေနခ်င္တယ္။

    ၂။အသိမိတ္ေဆြေဟာင္း ဆုံမိရင္ ၿငီးျငဴတယ္။ ရင္ဖြင့္တယ္။ လူစိမ္းေတြနဲ႔က်ေတာ့ ခပ္ေဝးေဝးေနခ်င္တယ္။

    ၃။တီဗြီမၾကည့္ရင္ ဘာမွမျဖစ္ဘူး။ ၾကည့္ခ်င္တဲ့စိတ္လည္း သိပ္မရွိေတာ့ဘူး၊ စမတ္ဖုန္းတို႔၊ ကြန္ျပဴတာတို႔၊ အိုင္ဘက္တို႔ တစ္ခုခု ရွိေနဖို႔လိုတယ္။

    ၄။အၿမဲေျပာေနတဲ့စကားကေတာ့ “ေနတတ္ဖို႔လိုတယ္။ စိတ္ထားတတ္ဖို႔လိုတယ္။ က်န္းမာဖို႔လိုတယ္။”

    ၅။သမိုင္း၊ ပထဝီ၊ ရာသီဥတု စသည္တို႔ကို စိတ္ဝင္စားမူ တျဖည္းျဖည္းပိုလာတယ္။ ပင္စင္စားတဲ့လူေတြကို စတင္သတိျပဳမိလာတယ္။

    ၆။အသိမိတ္ေဆြေတြ အရက္ျဖတ္ဖို႔၊ ေဆးလိပ္တို႔ ကြမ္းယာတို႔ကို ျဖတ္ဖို႔၊ ေလွ်ာ့ေသာက္ဖို႔ တိုက္တြန္းတတ္ၿပီ။ မနက္ဆိုရင္ လမ္းေလွ်ာက္တာျဖစ္ျဖစ္၊ အားကစားတစ္ခုခုျဖစ္ျဖစ္၊ လုပ္လိုက္ရမွ တစ္ေန႔လုံး ေနလို႔ထိုင္လို႔ ေကာင္းသလိုပဲ။

    ၈။မသိမသာျဖစ္ျဖစ္။ သိသိသာသာျဖစ္ျဖစ္၊ သူငယ္ခ်င္းအသိုင္းအဝိုင္း၊ မိတ္ေဆြ အသိုင္းအဝိုင္း စခ်ဳံ႕ၿပီ။

    ၉။အရင္တုန္းက ဝယ္ဖို႔ ႏွေမ်ာေနတဲ့ ပစၥည္းေတြ အခုသိပ္မႏွေမ်ာေတာ့ဘူး။

    ၁၀။ကိုယ့္ မိဘနဲ႔ျပန္ဆုံမိရင္ အၾကာႀကီး စကားေျပာလာႏိုင္တယ္။

    ၁၁။တစ္ႏွစ္တစ္ႀကိမ္ ေဆးစစ္ၿပီ။

    ၁၂။ႏွစ္စဥ္ မိသားစုဝင္နဲ႔ ခရီးသြားတာ အက်င့္တစ္ခုလို ျဖစ္လာၿပီ။

    ၁၃။ေရေႏြးတို႔၊ လၻက္ရည္တို႔ ေသာက္ရင္ အေကာင္းႀကိဳက္လာၿပီး၊ အသီးအ႐ြက္ ပိုအစားမ်ားလာတယ္။ ဆီမ်ားတဲ့ အစာ၊ ဆီေက်ာ္တဲ့အစာ သိပ္စားခ်င္စိတ္ မေပါက္ေတာ့ဘူး။

    ၁၄။စိတ္ထားေပ်ာ့ေပ်ာင္းလာတယ္။ သူမ်ားနဲ႔ အတိုက္အခံလုပ္ၿပီး သိပ္မေျပာေတာ့ဘူး။

    ၁၅။က်န္းမာေရးကို ေတာ္ေတာ္ဂ႐ုစိုက္လာတယ္။ ေဆးဗဟုသုတေတြ၊ ေဆးမီးတိုေတြ စိတ္ဝင္စားလာၿပီ။

    ၁၆။အဝတ္အစားေ႐ြးရင္ လွတာထက္ ဝတ္လို႔ေကာင္းတဲ့ဟာကို ပိုဦးစားေပးလာၿပီ။

    ၁၇။ငယ္ငယ္တုန္းက အျဖစ္အပ်က္ေတြ၊ သူငယ္ခ်င္းနာမည္ေတြ အကုန္လုံးနီးပါး မွတ္မိတယ္။ အခုရက္ပိုင္းအတြင္းမွာပဲ သိခဲ့တဲ့လူေတြကို ေတာ့ အကုန္းလုံးနီးပါး ေမ့ကုန္တယ္။

    ၁၈။ လူကေနတတ္ဖို႔ထက္ ေသတတ္ဖို႔က ပိုအေရးႀကီးတယ္။ ေသတတ္ေအာင္ေလ့က်င့္ထားရမယ္။ စသည့္အယူအဆေတြ လြမ္းမိုးစျပဳလာၿပီ။

    Ref: Wechat

    Credit-Sayar Aung Ko Latt

    (Unicode)

    အောက်ပါအချက်တွေထဲက ၅ ချက်နဲ့ ငြိသွားရင်တော့ဖြင့် သင်လည်း အသက်ကြီးသွားပြီ။

    ၁။ရှုတ်ရှုတ်ရှက်ရှက်လည်း မကြိုက်တော့ဘူး၊ ထင်ထင်ပေါ်ပေါ်လည်း မဖြစ်ချင်တော့ဘူး၊ ကိုယ်ဖာသာကိုယ်ပဲ အေးအေးဆေးဆေး နေချင်တယ်။

    ၂။အသိမိတ်ဆွေဟောင်း ဆုံမိရင် ငြီးငြူတယ်။ ရင်ဖွင့်တယ်။ လူစိမ်းတွေနဲ့ကျတော့ ခပ်ဝေးဝေးနေချင်တယ်။

    ၃။တီဗွီမကြည့်ရင် ဘာမှမဖြစ်ဘူး။ ကြည့်ချင်တဲ့စိတ်လည်း သိပ်မရှိတော့ဘူး၊ စမတ်ဖုန်းတို့၊ ကွန်ပြူတာတို့၊ အိုင်ဘက်တို့ တစ်ခုခု ရှိနေဖို့လိုတယ်။

    ၄။အမြဲပြောနေတဲ့စကားကတော့ “နေတတ်ဖို့လိုတယ်။ စိတ်ထားတတ်ဖို့လိုတယ်။ ကျန်းမာဖို့လိုတယ်။”

    ၅။သမိုင်း၊ ပထဝီ၊ ရာသီဥတု စသည်တို့ကို စိတ်ဝင်စားမူ တဖြည်းဖြည်းပိုလာတယ်။ ပင်စင်စားတဲ့လူတွေကို စတင်သတိပြုမိလာတယ်။

    ၆။အသိမိတ်ဆွေတွေ အရက်ဖြတ်ဖို့၊ ဆေးလိပ်တို့ ကွမ်းယာတို့ကို ဖြတ်ဖို့၊ လျှော့သောက်ဖို့ တိုက်တွန်းတတ်ပြီ။မနက်ဆိုရင် လမ်းလျှောက်တာဖြစ်ဖြစ်၊ အားကစားတစ်ခုခုဖြစ်ဖြစ်၊ လုပ်လိုက်ရမှ တစ်နေ့လုံး နေလို့ထိုင်လို့ ကောင်းသလိုပဲ။

    ၈။မသိမသာဖြစ်ဖြစ်။ သိသိသာသာဖြစ်ဖြစ်၊ သူငယ်ချင်းအသိုင်းအဝိုင်း၊ မိတ်ဆွေ အသိုင်းအဝိုင်း စချုံ့ပြီ။

    ၉။အရင်တုန်းက ဝယ်ဖို့ နှမျောနေတဲ့ ပစ္စည်းတွေ အခုသိပ်မနှမျောတော့ဘူး။

    ၁၀။ကိုယ့် မိဘနဲ့ပြန်ဆုံမိရင် အကြာကြီး စကားပြောလာနိုင်တယ်။

    ၁၁။တစ်နှစ်တစ်ကြိမ် ဆေးစစ်ပြီ။

    ၁၂။နှစ်စဉ် မိသားစုဝင်နဲ့ ခရီးသွားတာ အကျင့်တစ်ခုလို ဖြစ်လာပြီ။

    ၁၃။ရေနွေးတို့၊ လ္ဘက်ရည်တို့ သောက်ရင် အကောင်းကြိုက်လာပြီး၊ အသီးအရွက် ပိုအစားများလာတယ်။ ဆီများတဲ့ အစာ၊ ဆီကျော်တဲ့အစာ သိပ်စားချင်စိတ် မပေါက်တော့ဘူး။

    ၁၄။စိတ်ထားပျော့ပျောင်းလာတယ်။ သူများနဲ့ အတိုက်အခံလုပ်ပြီး သိပ်မပြောတော့ဘူး။

    ၁၅။ကျန်းမာရေးကို တော်တော်ဂရုစိုက်လာတယ်။ ဆေးဗဟုသုတတွေ၊ ဆေးမီးတိုတွေ စိတ်ဝင်စားလာပြီ။

    ၁၆။အဝတ်အစားရွေးရင် လှတာထက် ဝတ်လို့ကောင်းတဲ့ဟာကို ပိုဦးစားပေးလာပြီ။

    ၁၇။ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ၊ သူငယ်ချင်းနာမည်တွေ အကုန်လုံးနီးပါး မှတ်မိတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ သိခဲ့တဲ့လူတွေကို တော့ အကုန်းလုံးနီးပါး မေ့ကုန်တယ်။

    ၁၈။ လူကနေတတ်ဖို့ထက် သေတတ်ဖို့က ပိုအရေးကြီးတယ်။ သေတတ်အောင်လေ့ကျင့်ထားရမယ်။ စသည့်အယူအဆတွေ လွမ်းမိုးစပြုလာပြီ။

    Ref: Wechat

    Credit-Sayar Aung Ko Latt

  • ရာသီခွင်တွေထဲမှာ သစ္စာအရှိဆုံး ရာသီခွင် (၄) ခု။

    (Zawgyi)

    ရာသီခြင္ေတြထဲမွာ သစၥာအရွိဆုံး ရာသီခြင္ (၄) ခု

    ရာသီခြင္အလိုက္ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ေနစိတ္ထား ခံယူခ်က္ေတြ ကြဲျပားတတ္ပါတယ္။ ဒီရာသီခြင္ (၄) ခုကေတာ့ သစၥာရွိတဲ့ ရာသီခြင္ေတြပါ။ သူတို႔က သူငယ္ခ်င္းအေပၚ ခ်စ္သူအေပၚ သစၥာရွိၾကပါတယ္။ ဒီေတာ့လက္တြဲေဖာ္ ရွာမယ္ဆိုရင္ ဒီရာသီခြင္ေတြကို ဦးစားေပးလိုက္ေတာ့ေနာ္။

    မကာရရာသီဖြား

    မကာရရာသီဖြား Capricorn ေတြက ရည္းစားထားဖို႔ စိတ္မဝင္စားသူေတြ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔စိတ္ဝင္စားတာေတြ၊ ဝါသနာေတြ၊ ရည္မွန္းခ်က္ေတြေနာက္လိုက္ေနရလို႔ပါ။ တကယ္လို႔ ခ်စ္မိၿပီဆိုရင္ေတာ့ Capricorn ေတြက သူတို႔အခ်ိန္ေတြအားလုံးကို ခ်စ္သူဆီ အခ်ိန္ျပည့္ေပးတတ္ပါတယ္။ သစၥာေဖာက္ဖို႔ထက္ စိတ္မပါေတာ့ရင္ေတာင္ လမ္းခြဲတာပဲ လုပ္တတ္တဲ့ ရာသီခြင္ေတြျဖစ္ပါတယ္။

    ကရကဋ္ရာသီဖြား

    ကရကဋ္ရာသီဖြား Cancer ေတြက သူတို႔ခ်စ္ရင္ ခ်စ္တဲ့အတိုင္း ထုတ္ေဖာ္ျပသတတ္ၾကပါတယ္။ သူတို႔က ဘဝမွာ တကယ္ခ်စ္တဲ့သူနဲ႔ေတြ႕တဲ့အခ်ိန္ သစၥာေဖာက္မယ့္ အေတြးမ်ိဳး ဘယ္ေတာ့မွ မေတြးၾကေတာ့ပါဘူး။ ခ်စ္တဲ့သူရွိေနၿပီပဲ ဘာလို႔ ေနာက္တစ္ေယာက္အေၾကာင္းေတြးရမွာလဲ ဆိုတဲ့ အေတြးရွိသူေတြပါ။

    ၿပိႆရာသီဖြား

    ၿပိႆ Taurus ရာသီဖြားေတြက သစၥာေဖာက္တာကို သက္သက္ႀကီး အခ်ိန္ကုန္စရာ အရာလို႔ ျမင္သူေတြပါ။ လူတစ္ေယာက္ကို ခင္မင္ရင္းႏွီးဖို႔ အခ်ိန္ယူရတတ္သူေတြ ျဖစ္ပါတယ္။ သူတို႔ဘဝရဲ႕ ဖူးစာရွင္ကို သတ္မွတ္လိုက္ၿပီဆိုတာနဲ႔ ဒီလူအနားက တစ္သက္လုံး ခြဲခြာေတာ့မွာမဟုတ္ပါဘူး။

    ၿဗိစာၦ ရာသီဖြား

    ၿဗိစာၦ Scorpio ေတြက လူတစ္ေယာက္ကို ယုံၾကည္ဖို႔ အခ်ိန္ယူတတ္ၾကပါတယ္။ ခ်စ္မိတဲ့ အခ်ိန္က်ရင္လည္း သစၥာရွိသူေတြ ျဖစ္ပါတယ္။ သင္က ဒီရာသီခြင္ (၄) ခုထဲ ပါၿပီလား။ မပါေပမယ့္ သင္က သင့္ခ်စ္သူကို သစၥာရွိရွိ ခ်စ္တတ္တဲ့သူလား။

    Credit-MyStyle Myanmar

    (Unicode)

    ရာသီခွင်တွေထဲမှာ သစ္စာအရှိဆုံး ရာသီခွင် (၄) ခု

    ရာသီခွင်အလိုက် တစ်ယောက်နဲ့ တစ်ယောက် စိတ်နေစိတ်ထား ခံယူချက်တွေ ကွဲပြားတတ်ပါတယ်။ ဒီရာသီခွင် (၄) ခုကတော့ သစ္စာရှိတဲ့ ရာသီခွင်တွေပါ။ သူတို့က သူငယ်ချင်းအပေါ် ချစ်သူအပေါ် သစ္စာရှိကြပါတယ်။ ဒီတော့လက်တွဲဖော် ရှာမယ်ဆိုရင် ဒီရာသီခွင်တွေကို ဦးစားပေးလိုက်တော့နော်။

    မကာရရာသီဖွား

    မကာရရာသီဖွား Capricorn တွေက ရည်းစားထားဖို့ စိတ်မဝင်စားသူတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စိတ်ဝင်စားတာတွေ၊ ဝါသနာတွေ၊ ရည်မှန်းချက်တွေနောက်လိုက်နေရလို့ပါ။ တကယ်လို့ ချစ်မိပြီဆိုရင်တော့ Capricorn တွေက သူတို့အချိန်တွေအားလုံးကို ချစ်သူဆီ အချိန်ပြည့်ပေးတတ်ပါတယ်။ သစ္စာဖောက်ဖို့ထက် စိတ်မပါတော့ရင်တောင် လမ်းခွဲတာပဲ လုပ်တတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

    ကရကဋ်ရာသီဖွား

    ကရကဋ်ရာသီဖွား Cancer တွေက သူတို့ချစ်ရင် ချစ်တဲ့အတိုင်း ထုတ်ဖော်ပြသတတ်ကြပါတယ်။ သူတို့က ဘဝမှာ တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန် သစ္စာဖောက်မယ့် အတွေးမျိုး ဘယ်တော့မှ မတွေးကြတော့ပါဘူး။ ချစ်တဲ့သူရှိနေပြီပဲ ဘာလို့ နောက်တစ်ယောက်အကြောင်းတွေးရမှာလဲ ဆိုတဲ့ အတွေးရှိသူတွေပါ။

    ပြိဿရာသီဖွား

    ပြိဿ Taurus ရာသီဖွားတွေက သစ္စာဖောက်တာကို သက်သက်ကြီး အချိန်ကုန်စရာ အရာလို့ မြင်သူတွေပါ။ လူတစ်ယောက်ကို ခင်မင်ရင်းနှီးဖို့ အချိန်ယူရတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝရဲ့ ဖူးစာရှင်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီလူအနားက တစ်သက်လုံး ခွဲခွာတော့မှာမဟုတ်ပါဘူး။

    ဗြိစ္ဆာ ရာသီဖွား

    ဗြိစ္ဆာ Scorpio တွေက လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူတတ်ကြပါတယ်။ ချစ်မိတဲ့ အချိန်ကျရင်လည်း သစ္စာရှိသူတွေ ဖြစ်ပါတယ်။ သင်က ဒီရာသီခွင် (၄) ခုထဲ ပါပြီလား။ မပါပေမယ့် သင်က သင့်ချစ်သူကို သစ္စာရှိရှိ ချစ်တတ်တဲ့သူလား။

    Credit-MyStyle Myanmar

  • နံနက်အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း။

    (Zawgyi)

    နံနက္ အိပ္ရာထ မ်က္ႏွာသစ္ေနစဥ္ ကုသိုလ္ (၅)မ်ိဳးကို ရေအာင္ယူနည္း

    ၁။ဒါန ကုသိုလ္

    မနက္အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ ေရဖလားထဲကို ေရထည့္လိုက္ပါ။ မ်က္စိနဲ႔ ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚသို႔ မေျမႇာက္လိုက္ပါနဲ႔ ေမတၱာပို႔တဲ့အခါ အဆင္မေျပမွာ စိုးလို႔ပါ။ လက္ကကိုင္ထားတဲ့ ေရဖလားနဲ႔ ” ျမတ္စြာဘုရားအား မ်က္ႏွာသစ္ေတာ္ေရ ကပ္လႉပါ၏ဘုရား။ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမႇာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား” လို႔ဆိုၿပီး ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ ျဖစ္သြားပါၿပီ။

    ၂။ဗုဒၶႏုသာတိ ကုသိုလ္

    ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ အသုံးျပဳေနပုံကို စိတ္ႏွလုံးမွာ အာ႐ုံျပဳၿပီး အရဟံကို အနက္(၃)ခုနဲ႔ ပြားလိုက္ပါ။

    အရဟံ – ကိေလသာ ျမဴမႈန္ပင္ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား အရဟံ – ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား အရဟံ – ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမႈကို မျပဳေတာ္မူေသာျမတ္စြာဘုရား ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါၿပီ။

    ၃။ေမတၱာ ကုသိုလ္

    ၾကည္လင္ေနတဲ့ ေရကိုၾကည့္ၿပီး ဤေရ ေအးျမၾကည္လင္သလို အေဖနဲ႔အေမ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕အလုပ္ရွင္ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ။ ဤေရ ေအးျမသလို သတၱဝါအားလုံး စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ… လို႔ ေမတၱာပို႔လိုက္ပါ။ ဒါဆို ေမတၱာကုသိုလ္ ျဖစ္သြားပါၿပီ။ ဒါ့ေၾကာင့္ ေရဖလားကို အေပၚမေျမႇာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမႇာက္ထားရင္ ေမတၱာပို႔ရတာ အဆင္မေျပပါဘူး။ ေရကိုျမင္တဲ့ေနရာမွာ ေရဖလားကိုထားၿပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။

    ၄။မရဏာႏုႆတိ ကုသိုလ္

    ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္ရွင္ခဲ့ၿပီး ဝင္ေလမဆုံးခင္ ထြက္ေလ မဆုံးခင္ နံနက္၊ ေန႔ည အခ်ိန္မေ႐ြး ေသသြားႏိုင္သည္လို႔ မရဏာႏုသာတိ ပြါးလိုက္ပါ။ ဒါဆို မရဏာႏုသာတိကုသိုလ္ ျဖစ္သြားပါၿပီ။

    ၅။အသုဘဘာဝနာ ကုသိုလ္

    မ်က္စိအတြင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ပါးစပ္မွာရွိေနတဲ့အညစ္အေၾကးေတြကို အာ႐ုံျပဳၿပီး ငါ့ရဲ႕ မ်က္ႏွာဟာ စက္ဆုပ္႐ြံရွာဖြယ္ ပါတကားလို႔ အသုဘ ဘာဝနာပြားလိုက္ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ္ ျဖစ္သြားပါၿပီ။ အသုဘဘာဝနာ ပြားရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ႕လကၡဏာေတြ ထင္ထင္ရွားရွား ရွိေနတဲ့အတြက္ ပြားရတာ ပိုၿပီး ထင္သာျမင္သာ ရွိပါေသးတယ္။ အျပင္သြားခါနီး ဖီးလိမ္း ျပင္ဆင္ၿပီးတဲ့အခါ လွလွပပ ဝတ္ဆင္ထားတဲ့အခါ အသုဘပြားရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ အဝတ္ေတြနဲ႔ ဖုံးထားတဲ့အတြက္ အသုဘ လကၡဏာေတြက မေပၚပါဘူး။

    အသုဘပြားတာ မနက္ေစာေစာက အဆင္ေျပဆုံးပါပဲ။ အားလုံးၿပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ၿပီးၿပီ ျဖစ္တဲ့အတြက္ ေဆးအျဖစ္ ျပန္စြန႔္ေတာ္မူပါဘုရား လို႔ စြန႔္ၿပီး မ်က္ႏွာသစ္လိုက္ပါ။ ဒါဆို မ်က္ႏွာသစ္ရင္ ကုသိုလ္(၅)မ်ိဳး ရသြားပါၿပီ။

    ကဲ စာဖတ္သူ အေပါင္းတို႔ေရ…

    မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြ ယူထားလိုက္ပါေနာ္..။

    (ရေဝႏြယ္-အင္းမ၏ ရင္ထဲကအရဟံ)

    Credit-ဓမၼ ရတနာ

    (Unicode)

    နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း

    ၁။ဒါန ကုသိုလ်

    မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက်ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရားအား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။

    ၂။ဗုဒ္ဓနုသာတိ ကုသိုလ်

    မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွားလိုက်ပါ။

    အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

    ၃။မေတ္တာ ကုသိုလ်

    ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြကြည်လင်သလို အဖေနဲ့အမေ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရောရုပ်ပါ အေးမြကြပါစေ။ ဤရေ အေးမြသလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါ့ကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

    ၄။မရဏာနုဿတိ ကုသိုလ်

    ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွားနိုင်သည်လို့ မရဏာနုသာတိ ပွါးလိုက်ပါ။ ဒါဆို မရဏာနုသာတိကုသိုလ် ဖြစ်သွားပါပြီ။

    ၅။အသုဘဘာဝနာ ကုသိုလ်

    မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကားလို့ အသုဘ ဘာဝနာပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီ။ အသုဘဘာဝနာ ပွားရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့အတွက် ပွားရတာ ပိုပြီး ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်း ပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင်ထားတဲ့အခါ အသုဘပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။

    အသုဘပွားတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

    ကဲ စာဖတ်သူ အပေါင်းတို့ရေ…

    မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ ယူထားလိုက်ပါနော်..။

    (ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ)

    Credit-ဓမ္မ ရတနာ

  • စားပြီးသား သစ်စေ့လေးတွေကို ခရီးသွားရင်းပဲဖြစ်ဖြစ် လွှင့်ပစ်ပေးကြပါလား

    (Zawgyi)

    မၾကာခင္မွာပဲ သစ္သီးေတြ လိုင္လိုင္ေပါတဲ့ ရာသီကို ေရာက္ေတာ့မွာပါ။ ဥပမာ-သရက္သီး၊ ဒူးရင္းသီး၊ ကနစိုသီး၊ၾကက္ေမာက္သီး၊ မင္းကြပ္သီး၊ ပိႏၷဲသီး အစရွိသျဖင့္ေပါ့။ ကြၽန္ေတာ္ ေမတၱာရပ္ခံခ်င္တာကေတာ့ အဲဒီအသီးေတြကို စားၿပီးတဲ့အခါ သစ္ေစ့ေလးေတြကို အမိုက္ေတြနဲ႔အတူ လြင့္မပစ္ၾကပါနဲ႔ခင္ဗ်ာ။

    အဲဒီအစ့ေလးေတြကို ေရေျပာင္ေအာင္ေဆးၿပီး အေျခာက္ခံေပးထားပါ။ ေကာင္းစြာ ေျခာက္ေသြ႕သြားတဲ့အခ်ိန္ သတင္းစာ စကၠဴေလးနဲ႔ ထုပ္ၿပီး သိမ္းထားေပးပါခင္ဗ်။ ခရီးသြားရင္းနဲ႔ပဲ ျဖစ္ျဖစ္ ၿမိဳ႕အျပင္ေရာက္တဲ့အခါမွာျဖစ္ျဖစ္၊ ေက်းလက္လမ္းေတြမွာပဲျဖစ္ျဖစ္၊ ကားလမ္းေဘးက ေျမကြက္လပ္ေတြမွာပဲျဖစ္ျဖစ္ အဲဒီေနရာေတြကိုေရာက္တဲ့အခါမွာ သင္သိမ္းထားတဲ့ သစ္ေစ့ေလးေတြကို လြင့္ပစ္ေပးပါ။

    အဲဒီေစ့ေလးေတြဟာ မိုးရာသီေရာက္တဲ့ခါမွာ အလြယ္တကူ ရွင္သန္လာႏိုင္ပါတယ္။ မိတ္ေဆြ အေနနဲ႔ ႏွစ္စဥ္မိုးရာသီတိုင္းမွာ ဒီနည္းသုံးၿပီး အပင္ေလးေတြ စိုက္ပ်ိဳးေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေနထိုင္ရာ ကမာၻႀကီးစိမ္းလန္းလာေရး ရည္မွန္းခ်က္ဟာ ေအာင္ျမင္လာမွာပါ။

    ထိုင္းအစိုးရကေတာ့ ဒီနည္းနဲ႔ အပင္ေတြစိုက္ပ်ိဳးၾကဖို႔ သူတို႔ႏိုင္ငံသားေတြကို လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက လႈံ႕ေဆာ္ေနခဲ့တာပါ။ ထိုင္းႏိုင္ငံရဲ႕ ခ႐ိုင္အရာရွိေတြဟာ သူတို႔ေဒသေတြမွာ ဒီနည္းကို စိတ္အားထက္သန္သန္ပဲေဟာေျပာစည္း႐ုံးခဲ့ၿပီး ေအာင္ျမင္မႈေတြ ရရွိခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းက ခ႐ိုင္ေတြက (ျမန္မာႏိုင္ငံ ရွမ္းျပည္နဲ႔ ဆက္စပ္ေနတဲ့ ေဒသ) ေတာေတြမွာ ဒီနည္းနဲ႔ သစ္သီးပင္ေတြဟာ တိုးပြားလို႔လာေနပါတယ္။ ႐ိုးရွင္းၿပီး ထိေရာက္ေစမဲ့ ဒီနည္းလမ္းေလးကို အသုံးၿပီး ကြၽန္ေတာ္တို႔ အနာဂတ္ မ်ိဳးဆက္ေတြအတြက္ သစ္ပင္ေတြ အလွ်ံပယ္ ထားခဲ့ၾကရေအာင္လားဗ်ာ။

    ေက်းဇူးျပဳၿပီး မွ်ေဝေပးၾကပါေနာ္။

    Dear Penro Tarlac Page က ေရးထားတာေလးကို ဆီေလွ်ာ္အာင္ ဘာသာျပန္ေပးထားတာပါ။

    Credit-Original Uploader

    Via-Clean Yangon

    (Unicode)

    မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကို ရောက်တော့မှာပါ။ ဥပမာ-သရက်သီး၊ ဒူးရင်းသီး၊ ကနစိုသီး၊ကြက်မောက်သီး၊ မင်းကွပ်သီး၊ ပိန္နဲသီး အစရှိသဖြင့်ပေါ့။ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ။

    အဲဒီအစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ။ ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး သိမ်းထားပေးပါခင်ဗျ။ ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာဖြစ်ဖြစ်၊ ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်၊ ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ် အဲဒီနေရာတွေကိုရောက်တဲ့အခါမှာ သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ။

    အဲဒီစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်။ မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ။

    ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက (မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်။ ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ။

    ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်။

    Dear Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ။

    Credit-Original Uploader

    Via-Clean Yangon

  • မည်သည့်အပင်ကိုမဆို ရာသီချိန်မဟုတ်ချိန်မှာ အသီးသီးအောင် လုပ်နည်း။

    (Zawgyi)

    မည္သည့္အပင္ကိုမဆို ရာသီခ်ိန္မဟုတ္ခ်ိန္မွာ အသီးသီးေအာင္လုပ္နည္း

    ၾကက္ဉဟိုမုန္းေဆးရည္လုပ္နည္း

    ၾကက္ ဉအခြံေရာ အသားပါ ၁ ပိသာ။ သၾကား ၁ ပိသာ။ ႏြားႏို႔ ၁ ပုလင္းခြဲ။ ပုဇြန္ေျခာက္ ၃၀ သား။ အုန္စိမ္းအရည္ ၂ ပုလင္း။ ဆန္ေဆးရည္ ၂ ပုလင္း။ အုန္းႏို႔၁ ပုလင္းခြဲ။ ပဲေစ့ အေညႇာက္ေပါက္စ အစိတ္သား။

    ပဲေစ့အေညႇာက္ေပါက္စဆိုတာကေတာ့ ပဲတီစိမ္းကို ေရစိမ္းၿပီး အဝတ္နဲ႔ထုတ္လားလိုက္ရင္ နာရီ ၂၀ ေလာက္အၾကာမွာ အေညႇာက္ေပါက္စ ပဲေစ့ကို ရပါလိမ့္မယ္။ မုံံလာ ဉ ၅၀ သား။

    အဲ့ဒါေတြအားလုံးကို ေဖ်ာ္ရည္ႀကိတ္စက္နဲ႔ ႀကိတ္ေခ်လို႔ပဲျဖစ္ျဖစ္ ေထာင္းေျခၿပီးေတာ့ျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။ ႀကိတ္စက္နဲ႔ႀကိတ္တဲ့အခါမွာ ေရကို မသုံးပဲ အုန္းရည္၊ ႏို႔ရည္၊ ဆန္ေဆးေရေတြကို ေရာၿပီးႀကိတ္ယူပါ။

    အခ်ိဳ႕မႈန႔္က ၁၀ သား။ ဂလူးကိုစ့္မႈန႔္က ၁၀သား။ ဟူးမစ္လို႔ေခၚတဲ့ ေက်ာက္မီးေသြးနဲ႔ဖန္ရည္ အမႈန႔္ေရာက်ိဳထားတဲ့ ေဆးမႈန႔္က အစိတ္သား၊ (ဝယ္လို႔မရရင္ မထည့္လည္း ရတယ္။ သူက မိုလီကြန္းေတြကို အႏုစိတ္ျဖစ္ၿပီး ေပ်ာ္ဝင္မႈအားေကာင္းေအာင္ လုပ္ေပးတာျဖစ္ပါတယ္။) အဲ့ဒါေတြ အားလုံးကို ပုံးတစ္ပုံးမွာ ထည့္ၿပီး ၃ လသိပ္ထားလိုက္ပါ။ ၆ လဆိုရင္ပိုေကာင္းတယ္၊ ၁ႏွစ္အၾကာဆိုရင္ ပိုၿပီးေကာင္းပါတယ္။ အမ်ားနဲ႔ လုပ္မယ္ဆိုရင္ေတာ့ တစ္မ်ိဳးကို တစ္ပုံးဆီခြဲလုပ္ထားၿပီး ေနာက္မွလာေရာသုံးတာက ပိုေကာင္းပါတယ္။

    အခ်ိဳးအစားကေတာ့ ၃ ခ်ိဳးတစ္ခ်ိဳးျဖစ္ပါတယ္။ ေျပာခဲ့တဲ့ အရာေတြက ၃ ဆဆိုရင္ သၾကားက တစ္ဆျဖစ္ပါတယ္။ ၾကက္ ဉကေတာ့ တစ္ဆစီျဖစ္ပါတယ္။ ၾကက္ ဉတစ္ဆကို အခ်ိဳကတစ္ဆနဲ႔ ပုံးထဲမွာ သိပ္ထားရမွာျဖစ္ပါတယ္။

    ေျမႀကီး (အပင္ရင္း)တြင္ ပက္ဖ်န္းရန္ ၾကက္ဥေဟာ္မုန္းေဆးရည္ ၁ လီတာ ကို ေရလီတာ ၂၀၀ ႏွင့္ ပက္ဖ်န္းရန္။ (၁၅ရက္တစ္ခါ)အ႐ြက္ကို ပက္ဖ်န္းရန္ ၾကက္ဥေဟာ္မုန္းေဆးရည္ ၃၀၀ စီစီ ကို ေရလီတာ ၂၀၀ ႏွင့္ ပက္ဖ်န္းရန္။ (၁၀ ရက္ တစ္ခါ)

    Credit-Win Myint IQwin Farm

    (Unicode)

    မည်သည့်အပင်ကိုမဆို ရာသီချိန်မဟုတ်ချိန်မှာ အသီးသီးအောင်လုပ်နည်း

    ကြက်ဉဟိုမုန်းဆေးရည်လုပ်နည်း

    ကြက် ဉအခွံရော အသားပါ ၁ ပိသာ။ သကြား ၁ ပိသာ။ နွားနို့ ၁ ပုလင်းခွဲ။ ပုဇွန်ခြောက် ၃၀ သား။ အုန်စိမ်းအရည် ၂ ပုလင်း။ ဆန်ဆေးရည် ၂ ပုလင်း။ အုန်းနို့၁ ပုလင်းခွဲ။ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား။

    ပဲစေ့အညှောက်ပေါက်စဆိုတာကတော့ ပဲတီစိမ်းကို ရေစိမ်းပြီး အဝတ်နဲ့ထုတ်လားလိုက်ရင် နာရီ ၂၀ လောက်အကြာမှာ အညှောက်ပေါက်စ ပဲစေ့ကို ရပါလိမ့်မယ်။ မုံံလာ ဉ ၅၀ သား။

    အဲ့ဒါတွေအားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ ကြိတ်ချေလို့ပဲဖြစ်ဖြစ် ထောင်းခြေပြီးတော့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကို မသုံးပဲ အုန်းရည်၊ နို့ရည်၊ ဆန်ဆေးရေတွေကို ရောပြီးကြိတ်ယူပါ။

    အချို့မှုန့်က ၁၀ သား။ ဂလူးကိုစ့်မှုန့်က ၁၀သား။ ဟူးမစ်လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည် အမှုန့်ရောကျိုထားတဲ့ ဆေးမှုန့်က အစိတ်သား၊ (ဝယ်လို့မရရင် မထည့်လည်း ရတယ်။ သူက မိုလီကွန်းတွေကို အနုစိတ်ဖြစ်ပြီး ပျော်ဝင်မှုအားကောင်းအောင် လုပ်ပေးတာဖြစ်ပါတယ်။) အဲ့ဒါတွေ အားလုံးကို ပုံးတစ်ပုံးမှာ ထည့်ပြီး ၃ လသိပ်ထားလိုက်ပါ။ ၆ လဆိုရင်ပိုကောင်းတယ်၊ ၁နှစ်အကြာဆိုရင် ပိုပြီးကောင်းပါတယ်။ အများနဲ့ လုပ်မယ်ဆိုရင်တော့ တစ်မျိုးကို တစ်ပုံးဆီခွဲလုပ်ထားပြီး နောက်မှလာရောသုံးတာက ပိုကောင်းပါတယ်။

    အချိုးအစားကတော့ ၃ ချိုးတစ်ချိုးဖြစ်ပါတယ်။ ပြောခဲ့တဲ့ အရာတွေက ၃ ဆဆိုရင် သကြားက တစ်ဆဖြစ်ပါတယ်။ ကြက် ဉကတော့ တစ်ဆစီဖြစ်ပါတယ်။ ကြက် ဉတစ်ဆကို အချိုကတစ်ဆနဲ့ ပုံးထဲမှာ သိပ်ထားရမှာဖြစ်ပါတယ်။

    မြေကြီး (အပင်ရင်း)တွင် ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၁ လီတာ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၅ရက်တစ်ခါ)အရွက်ကို ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၃၀၀ စီစီ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၀ ရက် တစ်ခါ)

    Credit-Win Myint IQwin Farm

  • လူချစ်လူခင် ပေါသူတွေမှာ ရှိတတ်တဲ့ အကျင့် (၈)ခု။

    (Zawgyi)

    လူခ်စ္လူခင္ ေပါသူေတြမွာ ရွိတတ္တဲ့ အက်င့္ (၈)ခု

    ၁။သူတို႔က အၿမဲတမ္း ယဥ္ေက်း ပ်ဴငွာပါတယ္။

    လူခ်စ္၊ လူခင္ ေပါမ်ားသူ အားလုံးနီးပါးမွာ ေတြ႕ရေလ့ရွိတဲ့ အက်င့္တစ္ခုက ကိုယ္၊ ႏႈတ္အမူအရာ ယဥ္ေက်း သိမ္ေမြ႕တာပဲ ျဖစ္ပါတယ္။ သင့္အေနနဲ႔ ဒါကို အပိုအသာေတြလို႔ ထင္ေကာင္း ထင္ေနႏိုင္ေပမယ့္ ယဥ္ေက်း ပ်ဴငွာမႈဆိုတာ လူခ်စ္ လူခင္မ်ားဖို႔ တကယ့္ လိုအပ္ခ်က္ တစ္ခုပါပဲ။

    ၂။အေသးအဖြဲေလးကအစ အသိအမွတ္ ျပဳတတ္ပါတယ္။

    သူတို႔ေတြဟာ သူတစ္ပါးက သူတို႔ကို ကူညီလိုက္တဲ့ အခ်ိန္မွာတင္ ေက်းဇူးတင္စကား ေျပာတတ္တာမ်ိဳး မဟုတ္ဘဲ သူတို႔က အကူအညီ ေပးလိုက္ရလို႔ တစ္ဖက္လူက ေက်းဇူးတင္စကား ေျပာလာတဲ့အခ်ိန္မွာလည္း အေရးတယူနဲ႔ ကိစၥမရွိပါဘူး၊ အားမနာပါနဲ႔ ဆိုတဲ့ စကားေတြကို စိတ္ပါ၊ လက္ပါ ျပန္ေျပာတတ္ၾကပါတယ္။

    ၃။အက်ိဳးအေၾကာင္းတက်၊ အဓိပၸါယ္ရွိရွိ ခ်ီးက်ဴးတတ္ပါတယ္။

    ဒီေနရာမွာ အက်ိဳးအေၾကာင္းတက်ဆိုတဲ့ စကားက အေရးႀကီးပါတယ္။ ဆိုလိုတာက လူတစ္ေယာက္မွာ တကယ္ရွိတဲ့ အရည္အခ်င္းကိုပဲ အသိအမွတ္ျပဳၿပီး ခ်ီးက်ဴးတတ္တာမ်ိဳးကိုေျပာတာပါ။ ဒါဟာ အလကားေနရင္း ေျမႇာက္ပင့္ေနတာနဲ႔ မတူပါဘူး။ လူခ်စ္လူခင္ ေပါမ်ားသူေတြက တစ္ဖက္လူရဲ႕ တကယ့္ အားသာခ်က္ကို ထုတ္ေဖာ္ အသိအမွတ္ ျပဳတတ္သူေတြ ျဖစ္ပါတယ္။

    ၄။တစ္ဖက္လူရဲ႕ ခံစားခ်က္ကို နားလည္ၿပီး ကိုယ္ခ်င္းစာေၾကာင္း ေဖာ္ျပတတ္ပါတယ္။

    လူခ်စ္လူခင္ ေပါမ်ားသူ အမ်ားစုဟာ တစ္ဖက္လူရဲ႕ ခံစားခ်က္ကို နားလည္ႏိုင္ၾကၿပီး အဲဒီခံစားခ်က္ကို မွ်ေဝခံစား ေပးႏိုင္သူေတြလည္း ျဖစ္ပါတယ္။

    ၅။အသုံးဝင္တဲ့ သတင္းအခ်က္အလက္ေတြကို မွ်ေဝေပးတတ္တယ္။

    တစ္ခ်ိဳ႕လူေတြက ကိုယ္သိထားတဲ့ သတင္းေတြကို လွ်ိဳ႕ဝွက္ ထားတတ္ၾကပါတယ္။ ဒါမွသာ သူမ်ား မသိတာကို ကိုယ္က သိထားတဲ့အတြက္ ကိုယ့္ဘက္က အသာရလိမ့္မယ္လို႔ ထင္ၾကလို႔ပါ။ လူခ်စ္လူခင္ ေပါမ်ားသူေတြကေတာ့ အဲဒီလို ဘယ္ေတာ့မွ လုပ္ေလ့မရွိဘဲ သူတို႔သိထားတာေတြကို တျခားသူေတြအတြက္ ျပန္လည္မွ်ေဝေပးေလ့ ရွိပါတယ္။ အဲဒီလို မွ်ေဝေပးလို႔လည္း တကယ္တမ္းမွာ သူတို႔အတြက္ နစ္နာသြားရတာမ်ိဳး မရွိဘဲ လူခ်စ္လူခင္မ်ားတဲ့ အက်ိဳးေက်းဇူးကိုေတာင္ ရသြားပါေသးတယ္။

    ၆။ကူညီဖို႔အတြက္ လက္မေႏွးဘူး

    ဒါကေတာ့ သိသာ ထင္ရွားၿပီးသား အခ်စ္ပါ။ တစ္ဖက္သားကို မကူညီတတ္တဲ့ သူကို ဘယ္သူကမွ ေရရွည္ ခ်စ္ခ်စ္ခင္ခင္ရွိမွာ မဟုတ္ပါဘူး။

    ၇။ထိုက္သင့္တဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈမ်ိဳးနဲ႔ စကားေျပာတယ္

    လူခ်စ္လူခင္ ေပါမ်ားသူေတြဟာ စကားကို ခ်ိဳခ်ိဳသာသာ ေျပာတတ္တာ မွန္ေပမယ့္ အၿမဲတမ္း ေအာက္က်၊ ေနာက္က် ပုံမ်ိဳးနဲ႔ပဲ ေျပာဆိုေနေလ့ မရွိပါဘူး။ သူတို႔ဟာ သူတို႔မွာ အမွန္တကယ္ ရွိတဲ့အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈမ်ိဳးကို ေဖာ္ျပ တတ္ၾကပါတယ္။ ဒီလိုယုံၾကည္မႈ ရွိတဲ့ဟန္နဲ႔ စကားေျပာတာဟာ ဆရာႀကီးလုပ္ၿပီးအထက္စီးက ဆက္ဆံတဲ့ပုံစံနဲ႔ တျခားစီပဲဆိုတာကိုေတာ့ သတိျပဳဖို႔ လိုပါတယ္။

    ၈။တစ္ဖက္သားအေပၚယုံၾကည္မႈ ရွိေၾကာင္း ေဖာ္ျပတတ္တယ္။

    လူခ်စ္လူခင္ ေပါမ်ားသူေတြဟာ တစ္ဖက္သား အေပၚမွာ သူတို႔ထားရွိတဲ့ ယုံၾကည္မႈကို ေဖာ္ျပ တတ္ၾကသူေတြပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ဟန္ေဆာင္ၿပီး ယုံၾကည္ျပတာ မဟုတ္ဘဲတစ္ဖက္သားရဲ႕ အရည္အခ်င္းအေပၚ မွန္မွန္ကန္ကန္ အကဲျဖတ္ၿပီး ယုံၾကည္စိတ္ခ်စြာ လႊဲအပ္တတ္သူေတြပဲ ျဖစ္ပါတယ္။

    Ref: Inc.com

    Credit-The Voice

    (Unicode)

    လူချစ်လူခင် ပေါသူတွေမှာ ရှိတတ်တဲ့ အကျင့် (၈)ခု

    ၁။သူတို့က အမြဲတမ်း ယဉ်ကျေး ပျူငှာပါတယ်။

    လူချစ်၊ လူခင် ပေါများသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ အကျင့်တစ်ခုက ကိုယ်၊ နှုတ်အမူအရာ ယဉ်ကျေး သိမ်မွေ့တာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒါကို အပိုအသာတွေလို့ ထင်ကောင်း ထင်နေနိုင်ပေမယ့် ယဉ်ကျေး ပျူငှာမှုဆိုတာ လူချစ် လူခင်များဖို့ တကယ့် လိုအပ်ချက် တစ်ခုပါပဲ။

    ၂။အသေးအဖွဲလေးကအစ အသိအမှတ် ပြုတတ်ပါတယ်။

    သူတို့တွေဟာ သူတစ်ပါးက သူတို့ကို ကူညီလိုက်တဲ့ အချိန်မှာတင် ကျေးဇူးတင်စကား ပြောတတ်တာမျိုး မဟုတ်ဘဲ သူတို့က အကူအညီ ပေးလိုက်ရလို့ တစ်ဖက်လူက ကျေးဇူးတင်စကား ပြောလာတဲ့အချိန်မှာလည်း အရေးတယူနဲ့ ကိစ္စမရှိပါဘူး၊ အားမနာပါနဲ့ ဆိုတဲ့ စကားတွေကို စိတ်ပါ၊ လက်ပါ ပြန်ပြောတတ်ကြပါတယ်။

    ၃။အကျိုးအကြောင်းတကျ၊ အဓိပ္ပါယ်ရှိရှိ ချီးကျူးတတ်ပါတယ်။

    ဒီနေရာမှာ အကျိုးအကြောင်းတကျဆိုတဲ့ စကားက အရေးကြီးပါတယ်။ ဆိုလိုတာက လူတစ်ယောက်မှာ တကယ်ရှိတဲ့ အရည်အချင်းကိုပဲ အသိအမှတ်ပြုပြီး ချီးကျူးတတ်တာမျိုးကိုပြောတာပါ။ ဒါဟာ အလကားနေရင်း မြှောက်ပင့်နေတာနဲ့ မတူပါဘူး။ လူချစ်လူခင် ပေါများသူတွေက တစ်ဖက်လူရဲ့ တကယ့် အားသာချက်ကို ထုတ်ဖော် အသိအမှတ် ပြုတတ်သူတွေ ဖြစ်ပါတယ်။

    ၄။တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်ပြီး ကိုယ်ချင်းစာကြောင်း ဖော်ပြတတ်ပါတယ်။

    လူချစ်လူခင် ပေါများသူ အများစုဟာ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်နိုင်ကြပြီး အဲဒီခံစားချက်ကို မျှဝေခံစား ပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။

    ၅။အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးတတ်တယ်။

    တစ်ချို့လူတွေက ကိုယ်သိထားတဲ့ သတင်းတွေကို လျှို့ဝှက် ထားတတ်ကြပါတယ်။ ဒါမှသာ သူများ မသိတာကို ကိုယ်က သိထားတဲ့အတွက် ကိုယ့်ဘက်က အသာရလိမ့်မယ်လို့ ထင်ကြလို့ပါ။ လူချစ်လူခင် ပေါများသူတွေကတော့ အဲဒီလို ဘယ်တော့မှ လုပ်လေ့မရှိဘဲ သူတို့သိထားတာတွေကို တခြားသူတွေအတွက် ပြန်လည်မျှဝေပေးလေ့ ရှိပါတယ်။ အဲဒီလို မျှဝေပေးလို့လည်း တကယ်တမ်းမှာ သူတို့အတွက် နစ်နာသွားရတာမျိုး မရှိဘဲ လူချစ်လူခင်များတဲ့ အကျိုးကျေးဇူးကိုတောင် ရသွားပါသေးတယ်။

    ၆။ကူညီဖို့အတွက် လက်မနှေးဘူး

    ဒါကတော့ သိသာ ထင်ရှားပြီးသား အချစ်ပါ။ တစ်ဖက်သားကို မကူညီတတ်တဲ့ သူကို ဘယ်သူကမှ ရေရှည် ချစ်ချစ်ခင်ခင်ရှိမှာ မဟုတ်ပါဘူး။

    ၇။ထိုက်သင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးနဲ့ စကားပြောတယ်

    လူချစ်လူခင် ပေါများသူတွေဟာ စကားကို ချိုချိုသာသာ ပြောတတ်တာ မှန်ပေမယ့် အမြဲတမ်း အောက်ကျ၊ နောက်ကျ ပုံမျိုးနဲ့ပဲ ပြောဆိုနေလေ့ မရှိပါဘူး။ သူတို့ဟာ သူတို့မှာ အမှန်တကယ် ရှိတဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးကို ဖော်ပြ တတ်ကြပါတယ်။ ဒီလိုယုံကြည်မှု ရှိတဲ့ဟန်နဲ့ စကားပြောတာဟာ ဆရာကြီးလုပ်ပြီးအထက်စီးက ဆက်ဆံတဲ့ပုံစံနဲ့ တခြားစီပဲဆိုတာကိုတော့ သတိပြုဖို့ လိုပါတယ်။

    ၈။တစ်ဖက်သားအပေါ်ယုံကြည်မှု ရှိကြောင်း ဖော်ပြတတ်တယ်။

    လူချစ်လူခင် ပေါများသူတွေဟာ တစ်ဖက်သား အပေါ်မှာ သူတို့ထားရှိတဲ့ ယုံကြည်မှုကို ဖော်ပြ တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဟန်ဆောင်ပြီး ယုံကြည်ပြတာ မဟုတ်ဘဲတစ်ဖက်သားရဲ့ အရည်အချင်းအပေါ် မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ယုံကြည်စိတ်ချစွာ လွှဲအပ်တတ်သူတွေပဲ ဖြစ်ပါတယ်။

    Ref: Inc.com

    Credit-The Voice