Category: ဗဟုတုသ

  • မယုံမရှိနဲ့၊ စမ်းကြည့်။ နတ်ကန္နားပွဲတွေက လိမ်နည်းများ။

    (Unicode)

    မယုံမရှိနဲ့။ စမ်းကြည့်။ နတ်ကန္နားပွဲတွေက လိမ်နည်း။

    ၁။ မီးရဲရဲပေါ်. လမ်းဖြတ်လျှောက်ရန် ကျောက်ချဉ်ရယ်၊ သဲဆပ်ပြာ/ရွှေဝါဆပ်ပြာ ဆတူ/အမျှဖျော်။ လိမ်း။ လိမ်းထားတဲ့ နေရာမှန်သမျှ မီးမဟပ်/ မီးမပူ။

    ၂။ ထုံးကို အရုပ်စုံ ထုလုပ်ထား။ ကျီးကန်းသည်းခြေကို ကြိမ်လုံးထိပ် သုတ်လိမ်းပြီး ထုံးရုပ်ကို တို့လိုက်တာနဲ့. မီးထတောက်၏။

    ၃။ နှင်းဆီပန်းကို အညှာဖြုတ်။ အပ်နဲ့ အပ်ချည်ကိုပြဒါးစိမ်။ တွဲလျှက်သား အပ်ချည်ပါ အပ်ကို ပန်းဖင်မှာထိုးထား။ ပန်းထိပ်ကို ပြဒါးသုတ်။ အပေါ်က ကြေးလင်ပန်းထား တီးကြည့်။ ထိုပန်း ထကမည်။

    ၄။ နို့ဆီဗူးကို အပေါက်မဖောက်ဖဲ ကုန်တာဟာ နတ်ဘုရားတန်ခိုးကြောင့် မဟုတ်ပါ။ ပြဒါးကြောင့်ပါ။ သံနဲ့ပြဒါး ဓာတ် ပြုမြဲမို့ သုတ်လိမ်းထားပြီး များမကြာမှီ ပူလာပြီး အငွေ့အဖြစ် ပြောင်းလဲသွားသဖြင့် နို့ဆီများ ပျောက်သွားတတ်ပါသည်။

    ၅။ ပုလင်းတွေ ဖန်ခွက်တွေ ဝါးတဲ့နည်းပါ။ ဒါကတော့ ဟင်းနုနွယ်ဆူးပေါက်ရိုးနီပင် ပဉ္စငါးပါးနဲ့ မျက်လှည့်ပြမည့် ဖန်ပုလင်းတွေကို 7ပတ် ပြုတ်။ ဝါးမဲ့သူကလဲ အစာမခံထားဘဲ 7ပတ်တိုင် ၎င်းဟင်းနုနွယ်သတ္ထုပြုတ်ရည်သောက်။ စားပြီးမှ ဝါးရပါတယ်။ ပြုတ်သားဝနေမှသာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားစမြဲပါ။ လျှာ/အာ ထိခိုက်ပွန်းပဲ့ နာကျင်ခြင်းမရှိတာ ဒီနည်းဖြစ်ပါတယ်။

    ၆။ မသိုးထမင်း မသိုးထမင်း ကြားဖူးမပေါ့။ ထွေထွေထူးထူးတော့ မထူးပါဘူး။ အထားခံနိုင်အောင် ချက်ထားတာပါ ။ နတ်သုဒ္ဒါနဲ့ နှိုင်းရတဲ့ထိ ၃ရက်တာ မသိုးအောင် စီမံထားနည်းလေးပါ။ ထမင်းကို တောင့်တောင့်လေးရအောင်ငှဲ့။ ပဲဆီသို့မဟုတ် နှမ်းဆီကို ထည့်နှပ်။ မီးနွေးနွေးနဲ့ ပတ်ချာလည်နှပ်။ ပြီး ကျက်ရော ဝါးဆန်ဆေးတောင်းထဲ ပိတ်စိမ်းပါးခံပြီး ခူးထားပါ။ ပြီး သွားလိုရာ ယူသွားရင် ငှက်ပျောဖက်/ အင်ဖက်နဲ့ထုတ်။ လိုရာယူတော့။ ရှေးလူကြီးနည်းတွေပေါ့နော်။

    ၇။ မြင်းအသဲကို သံပုရာရည်နဲ့စိမ်။ အလိပ်ဖြစ်အောင် သေးသေးလေးတွေလုပ်။ အခြောက်လှန်း။ ပယောဂ ရှိသည်ဆိုကာ သွေးဆေးနဲ့ရောတိုက်။ ဝမ်းထဲရောက်သွားတော့ အကြီးကြီး ပြန်ဖြစ်လာရောလေ။ အန်ဆေးတိုက်ရော။ အသားစိုင် အသားခဲတွေအန်ပါလေရောလေ။ ဒီနည်းနဲ့ အထက်လမ်းလိုလို အောက်လမ်းလိုလို ဆေးပယောဂလိုလို ပညာမဲ့ အသိမဲ့တဲ့လူတွေဆီက ငွေလိမ်စားနေကြတဲ့ အကျင့်ဆိုးတွေပါ။

    နောက်ထပ် တင်ဆက်ပေးပါဦးမည်။

    Credit – ဆောင်းပန်ထွာ

    (Zawgyi)

    မယုံမရွိနဲ႔။ စမ္းၾကည့္။ နတ္ကႏၷားပြဲေတြက လိမ္နည္း။

    ၁။ မီးရဲရဲေပၚ. လမ္းျဖတ္ေလွ်ာက္ရန္ ေက်ာက္ခ်ဥ္ရယ္၊ သဲဆပ္ျပာ/ေ႐ႊဝါဆပ္ျပာ ဆတူ/အမွ်ေဖ်ာ္။ လိမ္း။ လိမ္းထားတဲ့ ေနရာမွန္သမွ် မီးမဟပ္/ မီးမပူ။

    ၂။ ထုံးကို အ႐ုပ္စုံ ထုလုပ္ထား။ က်ီးကန္းသည္းေျခကို ႀကိမ္လုံးထိပ္ သုတ္လိမ္းၿပီး ထုံး႐ုပ္ကို တို႔လိုက္တာနဲ႔. မီးထေတာက္၏။

    ၃။ ႏွင္းဆီပန္းကို အညႇာျဖဳတ္။ အပ္နဲ႔ အပ္ခ်ည္ကိုျပဒါးစိမ္။ တြဲလွ်က္သား အပ္ခ်ည္ပါ အပ္ကို ပန္းဖင္မွာထိုးထား။ ပန္းထိပ္ကို ျပဒါးသုတ္။ အေပၚက ေၾကးလင္ပန္းထား တီးၾကည့္။ ထိုပန္း ထကမည္။

    ၄။ ႏို႔ဆီဗူးကို အေပါက္မေဖာက္ဖဲ ကုန္တာဟာ နတ္ဘုရားတန္ခိုးေၾကာင့္ မဟုတ္ပါ။ ျပဒါးေၾကာင့္ပါ။ သံနဲ႔ျပဒါး ဓာတ္ ျပဳၿမဲမို႔ သုတ္လိမ္းထားၿပီး မ်ားမၾကာမွီ ပူလာၿပီး အေငြ႕အျဖစ္ ေျပာင္းလဲသြားသျဖင့္ ႏို႔ဆီမ်ား ေပ်ာက္သြားတတ္ပါသည္။

    ၅။ ပုလင္းေတြ ဖန္ခြက္ေတြ ဝါးတဲ့နည္းပါ။ ဒါကေတာ့ ဟင္းႏုႏြယ္ဆူးေပါက္႐ိုးနီပင္ ပၪၥငါးပါးနဲ႔ မ်က္လွည့္ျပမည့္ ဖန္ပုလင္းေတြကို 7ပတ္ ျပဳတ္။ ဝါးမဲ့သူကလဲ အစာမခံထားဘဲ 7ပတ္တိုင္ ၎ဟင္းႏုႏြယ္သတၳဳျပဳတ္ရည္ေသာက္။ စားၿပီးမွ ဝါးရပါတယ္။ ျပဳတ္သားဝေနမွသာ ပါးစပ္ထဲေရာက္သည္ႏွင့္ အရည္ေပ်ာ္သြားစၿမဲပါ။ လွ်ာ/အာ ထိခိုက္ပြန္းပဲ့ နာက်င္ျခင္းမရွိတာ ဒီနည္းျဖစ္ပါတယ္။

    ၆။ မသိုးထမင္း မသိုးထမင္း ၾကားဖူးမေပါ့။ ေထြေထြထူးထူးေတာ့ မထူးပါဘူး။ အထားခံႏိုင္ေအာင္ ခ်က္ထားတာပါ ။ နတ္သုဒၵါနဲ႔ ႏႈိင္းရတဲ့ထိ ၃ရက္တာ မသိုးေအာင္ စီမံထားနည္းေလးပါ။ ထမင္းကို ေတာင့္ေတာင့္ေလးရေအာင္ငွဲ႔။ ပဲဆီသို႔မဟုတ္ ႏွမ္းဆီကို ထည့္ႏွပ္။ မီးေႏြးေႏြးနဲ႔ ပတ္ခ်ာလည္ႏွပ္။ ၿပီး က်က္ေရာ ဝါးဆန္ေဆးေတာင္းထဲ ပိတ္စိမ္းပါးခံၿပီး ခူးထားပါ။ ၿပီး သြားလိုရာ ယူသြားရင္ ငွက္ေပ်ာဖက္/ အင္ဖက္နဲ႔ထုတ္။ လိုရာယူေတာ့။ ေရွးလူႀကီးနည္းေတြေပါ့ေနာ္။

    ၇။ ျမင္းအသဲကို သံပုရာရည္နဲ႔စိမ္။ အလိပ္ျဖစ္ေအာင္ ေသးေသးေလးေတြလုပ္။ အေျခာက္လွန္း။ ပေယာဂ ရွိသည္ဆိုကာ ေသြးေဆးနဲ႔ေရာတိုက္။ ဝမ္းထဲေရာက္သြားေတာ့ အႀကီးႀကီး ျပန္ျဖစ္လာေရာေလ။ အန္ေဆးတိုက္ေရာ။ အသားစိုင္ အသားခဲေတြအန္ပါေလေရာေလ။ ဒီနည္းနဲ႔ အထက္လမ္းလိုလို ေအာက္လမ္းလိုလို ေဆးပေယာဂလိုလို ပညာမဲ့ အသိမဲ့တဲ့လူေတြဆီက ေငြလိမ္စားေနၾကတဲ့ အက်င့္ဆိုးေတြပါ။

    ေနာက္ထပ္ တင္ဆက္ေပးပါဦးမည္။

    Credit – ေဆာင္းပန္ထြာ

     

  • စားကောင်းသောမှို၊ မစားကောင်းသောမှို၊ စားကောင်း/မကောင်း စမ်းသပ်ပုံ၊ မှိုဆိပ်ဖြေနည်း၊ မှိုနှင့်ဆေးဘက်ဝင်ပုံ

    (Unicode)

    စားကောင်းသောမှိုနှင့် မစားကောင်းသောမှို အကြောင်း

    မှိုသည် အများအားဖြင့် ပူနွေးသော ရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသော မိုးဥတုသို့ အကူးတွင် သစ်ပင်၊ဝါးပင်၊ တောင်ပို့နှင့် အခြားမြေအချို့တွင် ပေါက်တတ်သည်။ မှိုကို ဟင်းချက်သောအခါ ငြုပ်သီးစပ်စပ်ကလေး ထည့်ချက်ခြင်း၊ ကန်စွန်း ရွက်များ စသည်ဖြင့် ထည့်ချက်လေ့ရှိကြသည်။ ငြုပ်သီး၊ ကန်စွန်းရွက် ထည့်ချက်ခြင်းမှာ မှိုတောက်ခြင်း အဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန်ဖြစ်သည်။ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် ယခုအခါတွင် ကောက်ရိုးမှိုကို ရာသီမရွေး စားသုံးနိုင်သည်။

    စားကောင်းသောမှိုများ

    ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး)၊ ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သော အကွက်လေးရှိသည်။)၊ မြက်ကြားမှို၊ သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊ စသောမှိုများသည် စားကောင်းသော မှိုများဖြစ်သည်။

    မစားကောင်းသောမှိုများ

    ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသော မှိုများဖြစ်ကြသည်။ ထို့အပြင် အချို့မှိုများမှာ စားကောင်းသော မှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။

    စမ်းသပ်ပုံ

    ၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။ စားကောင်းသော မှိုများသည် ကြေမွသွားခြင်း မရှိပါ။

    ၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်သောအခါ မည်းသွားလျှင် မစားရပါ။ စားကောင်းသော မှိုသည် ဆားထိရုံနှင့် မည်းသွားလေ့ မရှိပါ။

    ၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လျှင် သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။ စားကောင်းသော မှိုမှာ အရောင် မပြောင်းပါ။

    ၅။ မှိုကိုဓားဖြင့် ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။ စာကောင်းသော မှိုမှာ မပြာနှမ်းပါ။

    ၆။ မှိုကို ဆားရည်တွင် စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ မနက်ပါ။

    ၇။ အထူးသဖြင့် ခြေခြင်းပါသော မှိုများသည် မစားကောင်းပါ။ စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့ မရှိပါ။

    မှိုနှင့်ရောစပ် မစားကောင်းသော အစာများ

    ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ ငှက်ပျောသီး၊ နို့အမျိုးမျိုး၊ ဖောင်စီးကဏန်း၊ ယုန်သား စသည်တို့ကို ရောစပ်၍ မစားရပါ။ မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့် မှိုတစ်နှစ် မျှစ်သုံးလ မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

    မှိုဟင်း မစားသင့်သော အခြားသူများ

    ခြေအေး၍ အထက်သို့ အခိုးတက်ပြီး ဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသော ရောဂါ ရှိသူများသည် မစားသင့်ပါ။

    မှိုဆိပ်ဖြေနည်း

    မှိုဆိပ်တက်ရွေ့ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ သို့မဟုတ် မှိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။ မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။ ကျီးအာမြစ်ကို ဆားနှင့်သွေးရွေ့ လျှာကိုပွတ်ပေးပါ။ အစာများ ပြန်အန်ကျလာမည်ဖြစ်သည်။ ထို့အပြင် ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေး တိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

    မှိုနှင့်ဆေးဝါး

    ဝါးရုံနက် (သို့မဟုတ်) ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင် မှိုများကို ဖဲ့ယူူပြီး ရေစင်စွာဆေး၍ ထန်းလျှက် သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သော အလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ဝါးမှို ဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။

    Credit – တက္ကသိုလ် ခွန်အာကာ

    (Zawgyi)
    စားေကာင္းေသာမႈိႏွင့္ မစားေကာင္းေသာမႈိ အေၾကာင္း

    မႈိသည္ အမ်ားအားျဖင့္ ပူေႏြးေသာ ရာသီဥတုမွ စိုစြတ္ထိုင္းမႈိင္းေသာ မိုးဥတုသို႔ အကူးတြင္ သစ္ပင္၊ဝါးပင္၊ ေတာင္ပို႔ႏွင့္ အျခားေျမအခ်ိဳ႕တြင္ ေပါက္တတ္သည္။ မႈိကို ဟင္းခ်က္ေသာအခါ ျငဳပ္သီးစပ္စပ္ကေလး ထည့္ခ်က္ျခင္း၊ ကန္စြန္း ႐ြက္မ်ား စသည္ျဖင့္ ထည့္ခ်က္ေလ့ရွိၾကသည္။ ျငဳပ္သီး၊ ကန္စြန္း႐ြက္ ထည့္ခ်က္ျခင္းမွာ မႈိေတာက္ျခင္း အဆိပ္သင့္ျခင္းမွ ကင္းေဝးေစရန္ျဖစ္သည္။ ေကာက္႐ိုးမႈိသည္ ရာသီမေ႐ြး စိုက္ပ်ိဳးႏိုင္သျဖင့္ ယခုအခါတြင္ ေကာက္႐ိုးမႈိကို ရာသီမေ႐ြး စားသုံးႏိုင္သည္။

    စားေကာင္းေသာမႈိမ်ား

    ေကာက္႐ိုးမႈိ၊ မႈိၾကက္ေတာင္၊ ငွက္ေပ်ာမႈိ၊ ေတာင္ပို႔မႈိ(ေျခတို၊ ေျခရွည္)၊ ဖက္ဆြတ္မႈိ(မႈိျဖဴေလး)၊ ၾကက္တူေ႐ြးမႈိ၊ မႈိသားပိုက္၊ မႈိဆန္ကြဲ၊ မႈိေက်ာက္ခဲ၊ မႈိေျခတံရွည္၊ မႈိနီ၊ မႈိျပင္းတြဲ၊ မႈိျဖဴ၊ မႈိအုန္းနက္၊ (မႈိ၏ထိပ္တြင္ နက္ေသာ အကြက္ေလးရွိသည္။)၊ ျမက္ၾကားမႈိ၊ သေျပမႈိ၊ ေျမပဲမႈိ၊ ဝါးမႈိ၊ ကိုင္းမႈိ၊ အင္မႈိ၊ ဆင္ေျခသည္းမႈိႏွင့္ သရက္မႈိ(မႈိေျခာက္မ်ားျပဳလုပ္သည္)၊ စေသာမႈိမ်ားသည္ စားေကာင္းေသာ မႈိမ်ားျဖစ္သည္။

    မစားေကာင္းေသာမႈိမ်ား

    ၾကက္ခူမႈိ၊ မႈိကြန္ျခာ၊ ေခြးေလးမႈိ၊ ႏွင့္ ႏြားေျခးမႈိတို႔သည္ မစားေကာင္းေသာ မႈိမ်ားျဖစ္ၾကသည္။ ထို႔အျပင္ အခ်ိဳ႕မႈိမ်ားမွာ စားေကာင္းေသာ မႈိျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။

    စမ္းသပ္ပုံ

    ၁။ မႈိမ်ားရရွိေသာအခါ အ႐ိုးကိုလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေၾကမြသားလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာ မႈိမ်ားသည္ ေၾကမြသြားျခင္း မရွိပါ။

    ၂။ မႈိေပၚသို႔ ဆားအနည္းငယ္ ျဖဴးၾကည့္ေသာအခါ မည္းသြားလွ်င္ မစားရပါ။ စားေကာင္းေသာ မႈိသည္ ဆားထိ႐ုံႏွင့္ မည္းသြားေလ့ မရွိပါ။

    ၃။ မႈိကိုလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေသြးေရာင္ေျပာင္းသြားလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာ မႈိမွာ အေရာင္ မေျပာင္းပါ။

    ၅။ မႈိကိုဓားျဖင့္ ျဖတ္ေသာအခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။ စာေကာင္းေသာ မႈိမွာ မျပာႏွမ္းပါ။

    ၆။ မႈိကို ဆားရည္တြင္ စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာမႈိမွာ မနက္ပါ။

    ၇။ အထူးသျဖင့္ ေျချခင္းပါေသာ မႈိမ်ားသည္ မစားေကာင္းပါ။ စားေကာင္းေသာ မႈမွာ ေျချခင္းပါေလ့ မရွိပါ။

    မႈိႏွင့္ေရာစပ္ မစားေကာင္းေသာ အစာမ်ား

    ၾကက္ဟင္းခါးသီး၊ ၾကက္ဥ၊ ခံသီး၊ ငွက္ေပ်ာသီး၊ ႏို႔အမ်ိဳးမ်ိဳး၊ ေဖာင္စီးကဏန္း၊ ယုန္သား စသည္တို႔ကို ေရာစပ္၍ မစားရပါ။ မီးဖြားၿပီးစ အမ်ိဳးသမီးမ်ားအေနျဖင့္ မႈိတစ္ႏွစ္ မွ်စ္သုံးလ မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။

    မႈိဟင္း မစားသင့္ေသာ အျခားသူမ်ား

    ေျခေအး၍ အထက္သို႔ အခိုးတက္ၿပီး ျဖစ္တတ္ေသာ ႏွာပိတ္၊ ႏွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကိုက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာ ေရာဂါ ရွိသူမ်ားသည္ မစားသင့္ပါ။

    မႈိဆိပ္ေျဖနည္း

    မႈိဆိပ္တက္ေ႐ြ႕ ေတာက္ခဲ့လွ်င္ ထန္းလွ်က္စားေပးပါ။ သံပုရာရည္ကို လွ်က္ေပးပါ။ သို႔မဟုတ္ မႈိနတို႐ြက္စိမ္းရည္ကို တိုက္ေပးပါ။ မ႐ိုးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန႔္ ေသြးေ႐ြ႕တိုက္ပါ။ က်ီးအာျမစ္ကို ဆားႏွင့္ေသြးေ႐ြ႕ လွ်ာကိုပြတ္ေပးပါ။ အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။ ထို႔အျပင္ ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြး တိုက္ေပးပါကလည္း မႈိေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္ႏိုင္သည္။

    မႈိႏွင့္ေဆးဝါး

    ဝါး႐ုံနက္ (သို႔မဟုတ္) ၾကခတ္ဝါး႐ုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္ မႈိမ်ားကို ဖဲ့ယူူၿပီး ေရစင္စြာေဆး၍ ထန္းလွ်က္ သို႔မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာ အလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကို ေကြၽးပါက ဝမ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႔ဝမ္းသြားေသာအခါ အေထြးလိုက္ က်ဆင္းပါသည္။ ဝါးမႈိ ဆိုရာတြင္ ၾကခတ္ဝါးမႈိက ပိုေဆးဘက္ဝင္သည္။ သို႔ေသာ္ မႈိကို သံထည္ပစည္းတို႔ လုံးဝမထိရန္ သတိျပဳရမည္။

    Credit – တကၠသိုလ္ ခြန္အာကာ

  • ထမင်းချက်စားတဲ့ဆန်ရဲ့ အခြားအသုံးဝင်ပုံများ

    ဆန်ဆိုတာနဲ့ မျက်လုံးထဲမြင်မိတာက ထမင်းချက်လို့ရတယ်။ ဒါပဲလား။ မဟုတ်သေးပါဘူး။ နေ့စဉ်ဘဝမှာလည်း တစ်မျိုးတစ်ဖုံ အသုံးဝင်နေပါသေးတယ်။

    ၁။ ကော်ဖီကြိတ်စက် ဆေးကြောလို့ရ။

    ဆန် အနည်းငယ်ကို ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်တဲ့အထိ ကြိတ်ပါ။ အဲ့ဒီအခါမှာတော့ ကြိတ်စက်ထဲမှာရှိတဲ့ အဆီကျန်တွေကို ဆန်တွေက စုပ်ယူသွားမယ့်အပြင် ဓားသွားတွေကိုလည်း ပိုပြီးထက်လာစေပါတယ်။

    ၂။ ကိုက်ခဲ၊နာကျင်မှုတွေကို ကုသလို့ရ။

    လိုအပ်တာက ခြေအိတ် နဲ့ ဆန်ပါ။ ခြေအိတ်ထဲကို ဆန်အနည်ငယ်ထည့်ပြီး အပ်ချဉ်ကြိုးနဲ့သေချာ ချည်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာ အခဲခန်း (Freezer) ထဲ မိနစ်၃၀ မှ ၄၅မိနစ်ထိထည့်ထားပြီး အခဲခံကာ ကိုက်ခံနေသော ဒူးဆစ်၊ ပုခုံး၊ ခြေဖနောင့် စသဖြင့် အုံပေးလို့ရပါတယ်။

    ၃။ ရေစိုနေသော လျှပ်စစ်သုံးပစ္စည်းများအား ခြောက်သွေ့စေ။

    အမှတ်တမဲ့ ဖုန်းရေစိုသွားရင် စိတ်မညစ်မိပါစေနဲ့။ ဘက်ထရီလေးဖြုတ်ထားပြီး အခြားအစိတ်အပိုင်းတွေကို ဆန်အးိုထဲ တစ်ညလောက်ထည့် နစ်ထားပါ။ ဆန်ဟာ အတွင်းရှိ စိုထိုင်းမှုကို စုပ်ယူတာကြောင့် သင့်ဖုန်းအကောင်းပကတိတိုင်းဖြစ်သွားပါလိမ့်မယ်။

    ၄။ သံချေးတက်ခြင်းမှကာကွယ်ပေး။

    အိမ်တွင်းအသုံးပြုတတ်တဲ့ သံတူ၊ ဝက်အူလှည့်တို့ မကြာခဏ သံချေးတက်လို့ စိတ်ပျက်မိပြီဆိုရင် ပစ္စည်းသိမ်းတဲ့ သေတ္တာ သို့မဟုတ် ဘူးထဲမှာ ဆန်အနည်းငယ်ထည့်ပြီး သိမ်းထားလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ လေထဲက အောက်စီဂျင်ကို ဆန်က စုပ်ယူလိုက်ခြင်းကြောင့်ဖြစ်တယ်။

    ၅။ လည်တိုင်ကျဉ်းတဲ့ ပန်းအိုးကိုဆေးကြောလို့ရ။

    ပန်းအိုးဆေးတဲ့အခါ ကြုံနေကျပြသနာက လည်တိုင်ကျဉ်းလို့ လက်လျှိုသွင်းလို့မရတာပဲ။ ဒါကြောင့်အထဲက ချေးတွေကိုပြောင်အောင်သန့်ရှင်းလို့မရပါဘူး။ အဲ့ဒီအခါမှာတော့ ဆန်ကို ဆပ်ပြာရည် အနည်းငယ်နဲ့ရောထည့်ပြီး ခပ်ပြင်းပြင်း လှုပ်ဆေးခြင်းအားဖြင့် အေုက်ခြေမှာကျန်နေတဲ့ ချေးတွေပြောင်သွားစေပါတယ်။

    အခုဆို ဆန်ရဲ့အသုံးဝင်ပုံလေးတွေသိရပြီဆိုတော့ ကိုယ်တိုင်လက်တွေ့ စမ်းကြည့်ကြစို့နော်

    Credit- Original Uploader

  • မိုးရွာနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်

    [Unicode version]

    မိုးကြိုးလျှပ်စီးနဲ့ မိုဘိုင်းဖုန်း

    မုန်တိုင်းကျနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေပြောကြားချက်အရ-

    အိမ်အပြင်ဘက်မှာရှိနေပြီး

    – ကုန်းမြေမြင့်တွေ၊

    – ကွင်းပြင်တွေ၊

    – ရေရှိတဲ့နေရာအနီး၊

    – ကြီးမားတဲ့ သတ္တုတိုင်/သတ္တုအဆောက်အဦအနီး (တာဝါတိုင်/သတ္တုလျှပ်စစ်တိုင် စသည်) သို့မဟုတ် – သစ်ပင်ကြီးတွေရဲ့အနီးမှာရှိနေတဲ့ *ဘယ်သူမဆို* မိုးကြိုးလျှပ်စီးအန္တရာယ် ပိုရှိပါတယ်။

    ဒီအချက်တွေက လျှပ်စီးမုန်တိုင်းဖြစ်ရင် မိုဘိုင်းဖုန်း အသုံးပြုတာထက်ပိုပြီး အန္တရာယ်ဖြစ်စေတဲ့ အချက်တွေပါပဲ။ မိုဘိုင်းဖုန်းမှာ လျှပ်စစ် စီးကူးစေနိုင်တဲ့ သတ္တုတွေ အများကြီးပါတာကြောင့် အိမ်အပြင်ဘက်မှာ အသုံးပြုခဲ့ရင် အဲ့ဒီသတ္တုတွေက လျှပ်စီးမိုးကြိုးကို ဖမ်းယူနိုင်တယ်လို့ လူတချို့က ထင်မြင်ယူဆကြပါတယ်။

    တကယ်တော့ မိုဘိုင်းဖုန်းဟာ စွမ်းအင်(ဗို့အား)နည်းတဲ့ ပစ္စည်းသာဖြစ်ပြီး မိုးကြိုးကို ဖမ်းယူပစ်ခတ်ခံရစေနိုင်လောက်တဲ့ သွင်ပြင်ပစ္စည်း ဘာတစ်ခုမှ မပါရှိပါဘူး။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ မီဒီယာတွေ(ဘီဘီစီသတင်းဌာနနဲ့ ဗြိတိသျှ ဆေးပညာဂျာနယ်)က ဒီကိစ္စကို စိတ်ဝင်တစားရှိခဲ့ကြတာကြောင့် အမေရိကန် သမုဒ္ဒရာနှင့် လေထုတိုင်းတာရေး ညွှန်ကြားရေးဌာန (US National Oceanic and Atmospheric Administration) (NOAA) က `မိုဘိုင်းဖုန်း သယ်ယူကိုင်ဆောင်တဲ့ လူတွေဟာ *မိုဘိုင်းဖုန်းကြောင့်* မိုးကြိုးလျှပ်စီးပစ်ခတ်တာ မခံရနိုင်ပါဘူး´ လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    “ဆဲလ်ဖုန်းတွေ၊ သေးငယ်တဲ့လျှပ်စစ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာ ကျောက်မျက် စတာတွေက မိုးကြိုးလျှပ်စီးကို ဆွဲမယူ၊ ဖမ်းမယူနိုင်ပါဘူး။ အဲ့ဒီ ဘယ်အရာကမှ မိုးကြိုးကို မဆွဲခေါ်နိုင်ပါဘူး… မိုးကြိုးက ရှည်ထွက်နေတဲ့၊ ပတ်ဝန်းကျင်ထက် မြင့်တက်နေတဲ့ အရာတွေကိုသာ ပစ်ခတ်တာပါ ” လို့ အမေရိကန် သမုဒ္ဒရာနှင့် လေထုဖိအားတိုင်းတာရေး ညွှန်ကြားရေးဌာနရဲ့ အမျိုးသား မိုးလေဝသနှင့်လျှပ်စီးမိုးကြိုး ကျွမ်းကျင်ပညာရှင် ဂျွန် ဂျင်ဆီးနီးယပ်စ် (John Jensenius) ကပြောပါတယ်။ “လူတွေက အချိန်နဲ့ နေရာ မှားယွင်းတဲ့ နေရာကိုရောက်နေလို့ မိုးကြိုးပစ်ခံကြရတာပါ… နေရာမှားတယ်ဆိုတာက အိမ်အပြင်ရဲ့ ဘယ်နေရာကိုပဲဖြစ်ဖြစ် ရောက်နေတာပါ… အချိန်မှားတယ်ဆိုတာက ဘယ်အချိန်ပဲဖြစ်ဖြစ် မိုးကြိုးမုန်တိုင်း ဖြစ်နေတဲ့အချိန် အနီးအနားကိုရောက်နေကြလို့ပါ…” လို့ သူက ဆက်ပြောပါတယ်။

    ဒီ မိုဘိုင်းဖုန်းကြောင့် မိုးကြိုးပစ်ခံရတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကစခဲ့ပြီး အင်တာနက် သတင်းအမှားကြောင့် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အခုတော့ မြို့ပြဒဏ္ဏာရီ တစ်ခုအဖြစ်ပဲ မှတ်မိစေပါတော့တယ်။ ဆေးပညာရှင်တစ်ဦးကလည်း ဒီသတင်းအမှားကြီးကို ကောင်းကောင်းသတိထားမိတာကြောင့်မို့ သေချာထောက်ပြခဲ့ပါတယ်… ချီကာဂိုမှာရှိတဲ့ Illnois တက္ကသိုလ်၊ အရေးပေါ်ဆေးပညာနှင့် ဇီဝအင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ မေရီအန်း ကူးပါး(Dr. Mary Ann Cooper- Associate Professor, Departments of Emergency Medicine and Bioengineering, University of Illinois in Chicago)က သူ့ရဲ့ မိုးကြိုးဒဏ်ရာ(paper on lightening Injury) စာတမ်းမှာ ဒီအချက်အလက်တွေကို ထောက်ပြခဲ့တာပါ။

    “ဆေးပညာစာပေတွေနဲ့ ဆေးပညာလက်တွေ့လုပ်ဆောင်မှုတွေဟာ သတင်းအချက်အလက်တွေကို မှားယွင်း အဓိပ္ပါယ်ကောက်ယူမှုတွေ ဒါမှမဟုတ် မှားယွင်းရည်ညွှန်းမှုတွေ၊ မှားယွင်းဖတ်မှတ်မှုတွေလို ယုံမှားဒဏ္ဏာရီတွေကို အလှပဆုံး ဖြေရှင်းနိုင်ပါတယ်… နောက်ပြီး အဲ့ဒီအရာတွေကိုလည်း စမ်းသပ်စစ်ဆေးစရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ပြနိုင်ပါတယ်…”

    လေ့လာတွေ့ရှိရတဲ့ဒဏ်ရာအမျိုးအစားတွေကိုလည်း ကောင်းကောင်းနားလည် သိရှိပြီးဖြစ်တယ်လို့လည်း ဒေါက်တာမေရီအန်းကူးပါးက ပြောပြီး ဒီလိုဆက်လက်ထောက်ပြပါတယ်… “ဆဲလ်ဖုန်းတွေမှာ ဘယ်လို မိုးကြိုးလျှပ်စီးအန္တရာယ်မှ မရနိုင်ပါဘူး။ ဆဲလ်ဖုန်းအသုံးပြုနေတုန်း မိုးကြိုးအပစ်ခံရတဲ့ လူတွေရှိတယ်လို့ မှတ်တမ်းတွေအများကြီးရှိပေမယ့်အဲ့ဒီမှတ်တမ်းတွေဟာ နေရာအနှံ့မှာ ဆဲလ်ဖုန်း အသုံးပြုနေသူတွေ အများကြီးရှိနေတယ်ဆိုတာကိုပဲ ကိုယ်စားပြုဖော်ပြနိုင်ပါတယ်။ ဒီလို ဖုန်းအသုံးပြုရင်း မိုးကြိုးအပစ်ခံရတယ် ဆိုတာဟာ အဲ့ဒီအသုံးပြုသူဟာ ရာသီဥတုအခြေအနေကို သတိမမူမိတဲ့ သူတွေပဲဖြစ်ပြီး သူတို့ရဲ့ဖုန်းသက်သက်ကိုတော့ မိုးကြိုးလျှပ်စီးက ဘာမှ မလုပ်နိုင်ပါဘူး…”

    “မိုးကြိုးလျှပ်စီးဟာ ကြိုးဖုန်းတွေကိုပဲ သက်ရောက်ထိခိုက်စေတာဖြစ်ပြီး မိုဘိုင်းဖုန်းတွေကိုတော့ ဘာမှ မဖြစ်စေပါဘူး” လို့ ဒေါက်တာမေရီက ရှင်းလင်းပြောကြားပါတယ်။

    သြစတေးလျ မိုးကြိုးကာကွယ်ရေးစံနှုန်း

    (Australian Lightning Protection Standard)

    `မုန်တိုင်းတိုက်နေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေကို မသုံးရဘူးဆိုတာ မမှန်ပါဘူး´ လို့ သြစတေးလျ မိုးကြိုးကာကွယ်ရေး စံနှုန်းက အကြံပြုပါတယ်… ၂၀၀၆ ခုနှစ်မှတ်တမ်းအရ ဗြိတိသျှဆေးပညာဂျာနယ်ဟာ မုန်တိုင်းတိုက်နေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေ မသုံးသင့်ဘူးလို့ မှားယွင်းဖော်ပြခဲ့ဖူးပါတယ်… ဒီစံနှုန်းကတော့ အဲ့ဒီလိုမှားယွင်းတဲ့ အကြံပေးချက်တွေကို လုံးဝမပေးပါဘူး။(AS/NZS 1768-2003)

    စံနှုန်းအကြံပေးတာက လူတွေကို မိုးကြိုးမုန်တိုင်းတိုက်ခတ်စဉ်မှာ ကြိုးဖုန်းတွေကို လုံးဝအသုံးမပြုဘဲ မိုဘိုင်းဖုန်းတွေကိုပဲ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်… ဘာလို့လဲဆိုတော့ ကြိုးဖုန်းတွေဟာ မိုးကြိုးအန္တရာယ်ရှိပြီး ထိခိုက်စေနိုင်တယ်ဆိုတာ ကောင်းကောင်း သိရှိထားလို့ပဲဖြစ်ပါတယ်။တကယ့် အန္တရာယ်များတဲ့ အချက်ကတော့ တစ်ယောက်ယောက်ကို မိုးကြိုးမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရင် လူတွေဟာ အရေးပေါ်ဌာနကိုဆက်သွယ်ဖို့အတွက် မိုဘိုင်းဖုန်း ကိုယ့်ဆီမှာရှိမနေတာပဲဖြစ်ပါတယ်။

    Credit – Dr.Nay Linn Aung (Pyaw Bwe)

    [Zawgyi version]

    မိုးႀကိဳးလွ်ပ္စီးနဲ႔ မိုဘိုင္းဖုန္း

    မုန္တိုင္းက်ေနခ်ိန္၊ လွ်ပ္စီးမိုးႀကိဳးလက္ေနခ်ိန္မွာ မိုဘိုင္းဖုန္းအသုံးျပဳရင္ အႏၲရာယ္ရွိတယ္ဆိုတာ မွားပါတယ္။ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ တာဝန္ရွိသူေတြေျပာၾကားခ်က္အရ-

    အိမ္အျပင္ဘက္မွာရွိေနၿပီး

    – ကုန္းေျမျမင့္ေတြ၊

    – ကြင္းျပင္ေတြ၊

    – ေရရွိတဲ့ေနရာအနီး၊

    – ႀကီးမားတဲ့ သတၱဳတိုင္/သတၱဳအေဆာက္အဦအနီး (တာဝါတိုင္/သတၱဳလွ်ပ္စစ္တိုင္ စသည္) သို႔မဟုတ္ – သစ္ပင္ႀကီးေတြရဲ႕အနီးမွာရွိေနတဲ့ *ဘယ္သူမဆို* မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္ ပိုရွိပါတယ္။

    ဒီအခ်က္ေတြက လွ်ပ္စီးမုန္တိုင္းျဖစ္ရင္ မိုဘိုင္းဖုန္း အသုံးျပဳတာထက္ပိုၿပီး အႏၲရာယ္ျဖစ္ေစတဲ့ အခ်က္ေတြပါပဲ။ မိုဘိုင္းဖုန္းမွာ လွ်ပ္စစ္ စီးကူးေစႏိုင္တဲ့ သတၱဳေတြ အမ်ားႀကီးပါတာေၾကာင့္ အိမ္အျပင္ဘက္မွာ အသုံးျပဳခဲ့ရင္ အဲ့ဒီသတၱဳေတြက လွ်ပ္စီးမိုးႀကိဳးကို ဖမ္းယူႏိုင္တယ္လို႔ လူတခ်ိဳ႕က ထင္ျမင္ယူဆၾကပါတယ္။

    တကယ္ေတာ့ မိုဘိုင္းဖုန္းဟာ စြမ္းအင္(ဗို႔အား)နည္းတဲ့ ပစၥည္းသာျဖစ္ၿပီး မိုးႀကိဳးကို ဖမ္းယူပစ္ခတ္ခံရေစႏိုင္ေလာက္တဲ့ သြင္ျပင္ပစၥည္း ဘာတစ္ခုမွ မပါရွိပါဘူး။ ၂၀၀၆ ခုႏွစ္မွာ ကမာၻတဝွမ္းမွာရွိတဲ့ မီဒီယာေတြ(ဘီဘီစီသတင္းဌာနနဲ႔ ၿဗိတိသွ် ေဆးပညာဂ်ာနယ္)က ဒီကိစၥကို စိတ္ဝင္တစားရွိခဲ့ၾကတာေၾကာင့္ အေမရိကန္ သမုဒၵရာႏွင့္ ေလထုတိုင္းတာေရး ၫႊန္ၾကားေရးဌာန (US National Oceanic and Atmospheric Administration) (NOAA) က `မိုဘိုင္းဖုန္း သယ္ယူကိုင္ေဆာင္တဲ့ လူေတြဟာ *မိုဘိုင္းဖုန္းေၾကာင့္* မိုးႀကိဳးလွ်ပ္စီးပစ္ခတ္တာ မခံရႏိုင္ပါဘူး´ လို႔ တရားဝင္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

    “ဆဲလ္ဖုန္းေတြ၊ ေသးငယ္တဲ့လွ်ပ္စစ္ပစၥည္းေတြ၊ လက္ဝတ္ရတနာ ေက်ာက္မ်က္ စတာေတြက မိုးႀကိဳးလွ်ပ္စီးကို ဆြဲမယူ၊ ဖမ္းမယူႏိုင္ပါဘူး။ အဲ့ဒီ ဘယ္အရာကမွ မိုးႀကိဳးကို မဆြဲေခၚႏိုင္ပါဘူး… မိုးႀကိဳးက ရွည္ထြက္ေနတဲ့၊ ပတ္ဝန္းက်င္ထက္ ျမင့္တက္ေနတဲ့ အရာေတြကိုသာ ပစ္ခတ္တာပါ ” လို႔ အေမရိကန္ သမုဒၵရာႏွင့္ ေလထုဖိအားတိုင္းတာေရး ၫႊန္ၾကားေရးဌာနရဲ႕ အမ်ိဳးသား မိုးေလဝသႏွင့္လွ်ပ္စီးမိုးႀကိဳး ကြၽမ္းက်င္ပညာရွင္ ဂြၽန္ ဂ်င္ဆီးနီးယပ္စ္ (John Jensenius) ကေျပာပါတယ္။ “လူေတြက အခ်ိန္နဲ႔ ေနရာ မွားယြင္းတဲ့ ေနရာကိုေရာက္ေနလို႔ မိုးႀကိဳးပစ္ခံၾကရတာပါ။ ေနရာမွားတယ္ဆိုတာက အိမ္အျပင္ရဲ႕ ဘယ္ေနရာကိုပဲျဖစ္ျဖစ္ ေရာက္ေနတာပါ… အခ်ိန္မွားတယ္ဆိုတာက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ မိုးႀကိဳးမုန္တိုင္း ျဖစ္ေနတဲ့အခ်ိန္ အနီးအနားကိုေရာက္ေနၾကလို႔ပါ…” လို႔ သူက ဆက္ေျပာပါတယ္။

    ဒီ မိုဘိုင္းဖုန္းေၾကာင့္ မိုးႀကိဳးပစ္ခံရတယ္ဆိုတဲ့ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာတာဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ ကစခဲ့ၿပီး အင္တာနက္ သတင္းအမွားေၾကာင့္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ၿမိဳ႕ျပဒဏၰာရီ တစ္ခုအျဖစ္ပဲ မွတ္မိေစပါေတာ့တယ္။ ေဆးပညာရွင္တစ္ဦးကလည္း ဒီသတင္းအမွားႀကီးကို ေကာင္းေကာင္းသတိထားမိတာေၾကာင့္မို႔ ေသခ်ာေထာက္ျပခဲ့ပါတယ္… ခ်ီကာဂိုမွာရွိတဲ့ Illnois တကၠသိုလ္၊ အေရးေပၚေဆးပညာႏွင့္ ဇီဝအင္ဂ်င္နီယာဌာနက တြဲဖက္ပါေမာကၡ ေဒါက္တာ ေမရီအန္း ကူးပါး(Dr. Mary Ann Cooper- Associate Professor, Departments of Emergency Medicine and Bioengineering, University of Illinois in Chicago)က သူ႔ရဲ႕ မိုးႀကိဳးဒဏ္ရာ(paper on lightening Injury) စာတမ္းမွာ ဒီအခ်က္အလက္ေတြကို ေထာက္ျပခဲ့တာပါ။

    “ေဆးပညာစာေပေတြနဲ႔ ေဆးပညာလက္ေတြ႕လုပ္ေဆာင္မႈေတြဟာ သတင္းအခ်က္အလက္ေတြကို မွားယြင္း အဓိပၸါယ္ေကာက္ယူမႈေတြ ဒါမွမဟုတ္ မွားယြင္းရည္ၫႊန္းမႈေတြ၊ မွားယြင္းဖတ္မွတ္မႈေတြလို ယုံမွားဒဏၰာရီေတြကို အလွပဆုံး ေျဖရွင္းႏိုင္ပါတယ္… ေနာက္ၿပီး အဲ့ဒီအရာေတြကိုလည္း စမ္းသပ္စစ္ေဆးစရာမလိုဘဲ က်ယ္က်ယ္ျပန႔္ျပန႔္ ဆက္လက္ေဆာင္႐ြက္ျပႏိုင္ပါတယ္…”

    ေလ့လာေတြ႕ရွိရတဲ့ဒဏ္ရာအမ်ိဳးအစားေတြကိုလည္း ေကာင္းေကာင္းနားလည္ သိရွိၿပီးျဖစ္တယ္လို႔လည္း ေဒါက္တာေမရီအန္းကူးပါးက ေျပာၿပီး ဒီလိုဆက္လက္ေထာက္ျပပါတယ္… “ဆဲလ္ဖုန္းေတြမွာ ဘယ္လို မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္မွ မရႏိုင္ပါဘူး။ ဆဲလ္ဖုန္းအသုံးျပဳေနတုန္း မိုးႀကိဳးအပစ္ခံရတဲ့ လူေတြရွိတယ္လို႔ မွတ္တမ္းေတြအမ်ားႀကီးရွိေပမယ့္အဲ့ဒီမွတ္တမ္းေတြဟာ ေနရာအႏွံ႔မွာ ဆဲလ္ဖုန္း အသုံးျပဳေနသူေတြ အမ်ားႀကီးရွိေနတယ္ဆိုတာကိုပဲ ကိုယ္စားျပဳေဖာ္ျပႏိုင္ပါတယ္။ ဒီလို ဖုန္းအသုံးျပဳရင္း မိုးႀကိဳးအပစ္ခံရတယ္ ဆိုတာဟာ အဲ့ဒီအသုံးျပဳသူဟာ ရာသီဥတုအေျခအေနကို သတိမမူမိတဲ့ သူေတြပဲျဖစ္ၿပီး သူတို႔ရဲ႕ဖုန္းသက္သက္ကိုေတာ့ မိုးႀကိဳးလွ်ပ္စီးက ဘာမွ မလုပ္ႏိုင္ပါဘူး…”

    “မိုးႀကိဳးလွ်ပ္စီးဟာ ႀကိဳးဖုန္းေတြကိုပဲ သက္ေရာက္ထိခိုက္ေစတာျဖစ္ၿပီး မိုဘိုင္းဖုန္းေတြကိုေတာ့ ဘာမွ မျဖစ္ေစပါဘူး” လို႔ ေဒါက္တာေမရီက ရွင္းလင္းေျပာၾကားပါတယ္။

    ၾသစေတးလ် မိုးႀကိဳးကာကြယ္ေရးစံႏႈန္း

    (Australian Lightning Protection Standard)

    `မုန္တိုင္းတိုက္ေနတဲ့အခ်ိန္မွာ မိုဘိုင္းဖုန္းေတြကို မသုံးရဘူးဆိုတာ မမွန္ပါဘူး´ လို႔ ၾသစေတးလ် မိုးႀကိဳးကာကြယ္ေရး စံႏႈန္းက အႀကံျပဳပါတယ္… ၂၀၀၆ ခုႏွစ္မွတ္တမ္းအရ ၿဗိတိသွ်ေဆးပညာဂ်ာနယ္ဟာ မုန္တိုင္းတိုက္ေနတဲ့အခ်ိန္မွာ မိုဘိုင္းဖုန္းေတြ မသုံးသင့္ဘူးလို႔ မွားယြင္းေဖာ္ျပခဲ့ဖူးပါတယ္… ဒီစံႏႈန္းကေတာ့ အဲ့ဒီလိုမွားယြင္းတဲ့ အႀကံေပးခ်က္ေတြကို လုံးဝမေပးပါဘူး။(AS/NZS 1768-2003)

    စံႏႈန္းအႀကံေပးတာက လူေတြကို မိုးႀကိဳးမုန္တိုင္းတိုက္ခတ္စဥ္မွာ ႀကိဳးဖုန္းေတြကို လုံးဝအသုံးမျပဳဘဲ မိုဘိုင္းဖုန္းေတြကိုပဲ အသုံးျပဳဖို႔ပဲ ျဖစ္ပါတယ္… ဘာလို႔လဲဆိုေတာ့ ႀကိဳးဖုန္းေတြဟာ မိုးႀကိဳးအႏၲရာယ္ရွိၿပီး ထိခိုက္ေစႏိုင္တယ္ဆိုတာ ေကာင္းေကာင္း သိရွိထားလို႔ပဲျဖစ္ပါတယ္။တကယ့္ အႏၲရာယ္မ်ားတဲ့ အခ်က္ကေတာ့ တစ္ေယာက္ေယာက္ကို မိုးႀကိဳးမုန္တိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရခဲ့ရင္ လူေတြဟာ အေရးေပၚဌာနကိုဆက္သြယ္ဖို႔အတြက္ မိုဘိုင္းဖုန္း ကိုယ့္ဆီမွာရွိမေနတာပဲျဖစ္ပါတယ္။

    Credit – Dr.Nay Linn Aung (Pyaw Bwe)

  • ကွမ်းအရမ်းကြိုက်၊ စားသူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိလက်တွေ့)

    [Zawgyi version]

    ကြမ္းစားသူမ်ားအတြက္ ကြမ္းယာျဖတ္ေဆး မိမိလက္ေတြ႕

    ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ား ကြမ္းအလြန္ႀကိဳက္ၾက၏။ ေခတ္ကာလအရ က်န္းမာေရးေတြ႕ရွိခ်က္မ်ား၌ ကြမ္းသမားအခ်ိဳ႕ ကင္ဆာ ျဖစ္ေနၾကေလသည္။ ကြမ္းႀကိဳက္သူမ်ားတြင္ မိမိကိုယ္တိုင္လည္း ပါ၏။ တစ္ေန႔ ၂၀၀၀ က်ပ္ဖိုးေလာက္ ကုန္ပါသည္။ အခ်ိဳ႕ဆိုလွ်င္ တစ္ေန႔ ၅၀၀၀ က်ပ္ေလာက္ ကုန္သည္ဟုလည္း ဆိုသည္။

    ကြမ္းသီး၊ ကြမ္း႐ြက္၊ ထုံး၊ ေဆး႐ြက္ႀကီးမွ စကာ ကြမ္းယာေဆး အမ်ိဳးမ်ိဳး ကိုေျပာင္း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂ်က္။ ၁၆၂။ စီကနဲ အမ်ိဳးမ်ိဳး အဖုံဖုံ ႏွပ္ေဆးလည္း စုံျပန္သည္။ အတိအက် မရွိေသာ ထုံးစပ္နည္းႏွင့္ အတူ ကြမ္းသီးစိတ္ မႈိတက္သည္လည္း ပါေပလိမ့္မည္။ အခ်ိဳ႕ ကြမ္းယာဆိုင္တို႔ကလည္း သန႔္သန႔္ျပန႔္ျပန႔္ ေရာင္းခ်သည္လည္း ရွိ၏။

    တင္ျပလိုသည္မွာ ယခုေနာက္ပိုင္း ကြမ္းယာေၾကာင့္ ကင္ဆာ အေတာ္မ်ားမ်ား ျဖစ္ေနၾကသည္ဆိုေသာ သတင္းမ်ားႏွင့္အတူ လက္ေတြ႕ ပတ္ဝန္းက်င္တြင္ ပါးစပ္၊ လွ်ာ၊ ပါးေစာင္ကင္ဆာ ျဖစ္ေနၾကသည္ကို ကိုယ္တိုင္ ျမင္ေတြ႕ေနရျခင္း ျဖစ္ေတာ့သည္။

    ထိုေၾကာင့္ ကြမ္းျဖတ္ခ်င္လွပါသည္။ ခက္သည္က ထမင္းစားၿပီးသည္ႏွင့္ ကြမ္းတစ္ယာ ငုံရလွ်င္ ျပည့္စုံသြားသည္။ လက္ဖက္ရည္ပဲ ေသာက္ေသာက္။ မုန႔္ဟင္းခါး စားစား။ ဘာပဲစားစား စားၿပီးတိုင္း ကြမ္းမစားရပါလွ်င္ အဆင္မေျပ ခံတြင္းတစ္ခုလုံး ေနမထိ ထိုင္မထိ ခ်ဥ္သလိုလို ခြၽဲသလို ဒုကၡမ်ိဳး ကြမ္းသမားတိုင္း ႀကဳံရသည္ခ်ည္းသာ။ ထိုအျဖစ္က ကြမ္းႀကိဳက္သူတိုင္း သိ၏။

    ႏွစ္ေပါင္းမ်ားစြာ စြဲလန္းႏွစ္ၿခိဳက္ေသာ ကြမ္းကို မည္သို႔ ျဖတ္မည္နည္း။ ထိုျပင္ လူၾကားထဲ ကြမ္းေၾကာင့္ အခက္ေတြ႕ရတတ္သည္။ သြားမ်ားသည္လည္း နီရာကညစ္ အမည္းဂ်ိဳးႏွစ္တို႔ ကပ္ေနျပန္သည္။

    ထိေရာက္ေသာ ကြမ္းျဖတ္နည္းေလးအား တင္ျပလိုပါသည္။

    ၁။ ျဖတ္ခ်င္ေသာ စိတ္ဆႏၵရွိရန္ အထူးလိုျခင္း

    ၂။ ေဆးမင္းရာဇာ (ေဆးဘုရင္) ပင္မွ အ႐ြက္စိမ္းကို အသုံးျပဳရန္

    ၃။ အ႐ြက္မွာ အနံ႔အေတာ္ျပင္းၿပီး စိမ္းေ႐ြပါသည္။ ထမင္းစားၿပီးတိုင္း လက္ဖက္ရည္ ေသာက္ၿပီးတိုင္း ကြမ္းယာ စားခ်င္လိုေသာ ဆႏၵရွိေလတိုင္း ေဆးမင္းရာဇာ႐ြက္ (၂) ႐ြက္ကို လွ်ာေပၚတင္ ႀကိတ္ဝါးၿပီးပါးေစာင္တြင္ ငုံထားပါ။ ကြမ္းစားခ်င္ေသာ စိတ္ေပ်ာက္ကြယ္ၿပီး ေနထိုင္ႏိုင္ျခင္း ျဖစ္ပါလိမ့္မည္။

    ၄။ အ႐ြက္ရည္ကို ၿမိဳခ်လည္း ရပါသည္။ ေထြးထုတ္လည္း ျဖစ္ပါသည္။ အနံ႔ဆိုးပါသည္ လက္ေတြ႕ စမ္းၾကည့္ပါ။

    ၅။ (၅) ရက္ေလာက္သာ တင္ျပပါနည္းကို စိတ္ယုံၾကည့္ခ်က္ျဖင့္ လုပ္ေဆာင္လိုက္ပါ ကြမ္းအမွန္ ျပတ္ပါေၾကာင္း။

    လိုသူယူသုံး ေစတနာအၿပဳံးျဖင့္

    ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

    Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

    [Unicode version]

    ကွမ်းစားသူများအတွက် ကွမ်းယာဖြတ်ဆေး မိမိလက်တွေ့

    မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ ကင်ဆာ ဖြစ်နေကြလေသည်။ ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင်လည်း ပါ၏။ တစ်နေ့ ၂၀၀၀ ကျပ်ဖိုးလောက် ကုန်ပါသည်။ အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်း ဆိုသည်။

    ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေး အမျိုးမျိုး ကိုပြောင်း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂျက်။ ၁၆၂။ စီကနဲ အမျိုးမျိုး အဖုံဖုံ နှပ်ဆေးလည်း စုံပြန်သည်။ အတိအကျ မရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ် မှိုတက်သည်လည်း ပါပေလိမ့်မည်။ အချို့ ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့် ရောင်းချသည်လည်း ရှိ၏။

    တင်ပြလိုသည်မှာ ယခုနောက်ပိုင်း ကွမ်းယာကြောင့် ကင်ဆာ အတော်များများ ဖြစ်နေကြသည်ဆိုသော သတင်းများနှင့်အတူ လက်တွေ့ ပတ်ဝန်းကျင်တွင် ပါးစပ်၊ လျှာ၊ ပါးစောင်ကင်ဆာ ဖြစ်နေကြသည်ကို ကိုယ်တိုင် မြင်တွေ့နေရခြင်း ဖြစ်တော့သည်။

    ထိုကြောင့် ကွမ်းဖြတ်ချင်လှပါသည်။ ခက်သည်က ထမင်းစားပြီးသည်နှင့် ကွမ်းတစ်ယာ ငုံရလျှင် ပြည့်စုံသွားသည်။ လက်ဖက်ရည်ပဲ သောက်သောက်။ မုန့်ဟင်းခါး စားစား။ ဘာပဲစားစား စားပြီးတိုင်း ကွမ်းမစားရပါလျှင် အဆင်မပြေ ခံတွင်းတစ်ခုလုံး နေမထိ ထိုင်မထိ ချဉ်သလိုလို ချွဲသလို ဒုက္ခမျိုး ကွမ်းသမားတိုင်း ကြုံရသည်ချည်းသာ။ ထိုအဖြစ်က ကွမ်းကြိုက်သူတိုင်း သိ၏။

    နှစ်ပေါင်းများစွာ စွဲလန်းနှစ်ခြိုက်သော ကွမ်းကို မည်သို့ ဖြတ်မည်နည်း။ ထိုပြင် လူကြားထဲ ကွမ်းကြောင့် အခက်တွေ့ရတတ်သည်။ သွားများသည်လည်း နီရာကညစ် အမည်းဂျိုးနှစ်တို့ ကပ်နေပြန်သည်။

    ထိရောက်သော ကွမ်းဖြတ်နည်းလေးအား တင်ပြလိုပါသည်။

    ၁။ ဖြတ်ချင်သော စိတ်ဆန္ဒရှိရန် အထူးလိုခြင်း

    ၂။ ဆေးမင်းရာဇာ (ဆေးဘုရင်) ပင်မှ အရွက်စိမ်းကို အသုံးပြုရန်

    ၃။ အရွက်မှာ အနံ့အတော်ပြင်းပြီး စိမ်းရွေပါသည်။ ထမင်းစားပြီးတိုင်း လက်ဖက်ရည် သောက်ပြီးတိုင်း ကွမ်းယာ စားချင်လိုသော ဆန္ဒရှိလေတိုင်း ဆေးမင်းရာဇာရွက် (၂) ရွက်ကို လျှာပေါ်တင် ကြိတ်ဝါးပြီးပါးစောင်တွင် ငုံထားပါ။ ကွမ်းစားချင်သော စိတ်ပျောက်ကွယ်ပြီး နေထိုင်နိုင်ခြင်း ဖြစ်ပါလိမ့်မည်။

    ၄။ အရွက်ရည်ကို မြိုချလည်း ရပါသည်။ ထွေးထုတ်လည်း ဖြစ်ပါသည်။ အနံ့ဆိုးပါသည် လက်တွေ့ စမ်းကြည့်ပါ။

    ၅။ (၅) ရက်လောက်သာ တင်ပြပါနည်းကို စိတ်ယုံကြည့်ချက်ဖြင့် လုပ်ဆောင်လိုက်ပါ ကွမ်းအမှန် ပြတ်ပါကြောင်း။

    လိုသူယူသုံး စေတနာအပြုံးဖြင့်

    ရဲမျိုးသူ(ဗောဓိမြိုင်)

    Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

  • အမျိုးသမီးတို့လွဲနေသော ဆံပင်အလှူ

    [Zawgyi version]

    အမ်ိဳးသမီးတို႔လြဲေနေသာ ဆံပင္အလႉ

    အရွင္ဘုရား။…….။ တပည့္ေတာ္မသည္ ဆံပင္ရွည္မ်ားကို ဘုရားမွာလႉမည္ဟု ဆုံးျဖတ္ၿပီး အရွည္ထားပါသည္။ ယခု ဆံပင္ရွည္၍ ျဖတ္ၿပီးလႉမည္လုပ္ရာ အခ်ိဳ႕က ဆံပင္အတိုင္း မလႉေကာင္း ေရာင္း၍၊ သို႔မဟုတ္-ဘုန္းႀကီးသုံး ယပ္လုပ္၍ လႉရသည္ဟု ေျပာပါသည္။ မည္သို႔လႉသင့္သည္ကို ေျဖၾကားေပးပါရန္ ေလွ်ာက္ထားပါသည္ဘုရား။ ………………………..( ေအးၿငိမ္းမိုး-ပန္းေတာင္းၿမိဳ႕ )

    ( ေျဖ )။……..။ ဆံပင္မွာ မိမိခႏၶာကိုယ္မွ ေပါက္ေရာက္ေသာ အရာဝတၳဳျဖစ္ကာ အေမြး-ေျခသည္း-လက္သည္း-သြား-အေရျပား- တို႔ႏွင့္အတူ တစပဥစကအဝင္ ေဇဂုစၦ-သေဘာတရားျဖစ္၍ သူေတာ္ေကာင္းတို႔ စက္ဆုပ္အပ္ေသာ အရာဝတၳဳပင္ျဖစ္ပါသည္။ အမ်ိဳးသမီးတို႔အဖို႔ အမြန္အျမတ္ျဖစ္ေသာ္လည္း ရတနာသုံးပါး၌ ဆံပင္အတိုင္း ဆြဲခ်ိတ္လႉဒါန္း၍လည္း တင့္တယ္မႈမရွိပါ။

    လူ႔ဆံပင္ကို ယပ္စသည္လုပ္၍ လႉဒါန္း႐ိုးလည္း မရွိပါ။ ျမတ္စြာဘုရားလက္ထက္က ဆံပင္ေကာင္းေသာ အမ်ိဳးသမီးတဦး ဆံပင္ကိုျဖတ္၍ ေရာင္ခ်ရရွိသည့္ေငြျဖင့္ အရွင္ကစၥာယန-စေသာ ရဟႏၲာရွစ္ပါးအား ဆြမ္းခ်က္လႉဒါန္း၍ ဒိ႒ဓမၼအက်ိဳးေပးသျဖင့္မိဖုရားျဖစ္သြားေသာ ဝတၳဳတစ္ခုကို ေထာက္၍ ဆံပင္ကို ေရာင္းခ်လ်က္ အျခားအက်ိဳးျဖစ္မည့္ အလႉတခုခု လႉဒါန္းျခင္းသာ အေကာင္းဆုံးျဖစ္ေၾကာင္း ေျဖၾကားလိုပါသည္။

    ဗဟုသုတရရွိေစရန္အလို႔ငွါမွ်ေဝေဖာ္ျပသည္. .

    Written by-Hein Nyi Ny

    Credit – ဆရာေတာ္ရေဝထြန္း(အရွင္တိေလာကသာရ)

    [Unicode version]

    အမျိုးသမီးတို့လွဲနေသော ဆံပင်အလှူ

    အရှင်ဘုရား။…….။ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။………………………..( အေးငြိမ်းမိုး-ပန်းတောင်းမြို့ )

    ( ဖြေ )။……..။ ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။

    လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။

    ဗဟုသုတရရှိစေရန်အလို့ငှါမျှဝေဖော်ပြသည်. .

    Written by-Hein Nyi Ny

    Credit – ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)

  • မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ ဆိုတာမှာ ဘယ်လောက်မိုင်အကွာဝေးရှိလဲ

    [Zawgyi version]

    မႏၲေလးသားေတြ သုံးေနတဲ့ က်ဳံးတစ္ပတ္၊ တစ္ျပ တို႔ရဲ႕ မိုင္/ဖာလုံ အတိုင္းအတာမ်ား


    မႏၲေလးၿမိဳ႕ရဲ႕ က်ဳံးတစ္ပတ္ မိုင္ ဘယ္ေလာက္ရွိပါသလဲ။ တစ္ျပ (တစ္လမ္း) ကို ဘယ္ေလာက္ကြာေဝးပါသလဲ။


    မင္းတုန္းမင္းႀကီးက နန္းေတာ္ႀကီးကို သာသနာ ၂၄၀၀ အထိမ္းအမွတ္နဲ႔ တည္ခဲ့တာပါ။ က်ဳံးတစ္ပတ္ကို တာေပါင္း ၂၄၀၀ရွိပါတယ္။ ေလးဖက္ဆိုေတာ့ တစ္ဖက္ကို တာေပါင္း ၆၀၀ရွိတာေပါ့။ တစ္တာကို ခုႏွစ္ေတာင္ ( ၁၀ ေပခြဲ) ရွိတာဆိုေတာ့ တစ္ဖက္ကို ေပေပါင္း (၆၃၀၀) ရွိပါတယ္။ (၅၂၈၀)ေပမွာ တစ္မိုင္ဆိုေတာ့ တစ္မိုင္သာသာပဲ ရွိပါတယ္။ ေလးဖက္မွာ ၂၅၂၀၀ ေပရွိတာေပါ့။ ဒါေၾကာင့္ က်ဳံး တစ္ပတ္ကို (၄.၇၇ )မိုင္ပဲရွိပါတယ္။

    က်ဳံးတစ္ဖက္ကို ၁၂ ျပ (၁၂လမ္း) ရွိပါတယ္။ တစ္ျပကို (၅၀)တာ ရွိတာပါ။ တစ္တာကို ၁၀ ေပခြဲနဲ႔ တြက္လိုက္ရင္ ၅၂၅ ေပ။ တစ္ဖါလုံမွာ ၆၆၀ ေပဆိုေတာ့ တစ္ျပကို တစ္ဖာလုံနီးပါး ရွိပါတယ္။ (တစ္ျပဆိုတာ ျပအိုးတစ္ခုနဲ႔ တစ္ခုၾကား ပမာဏကို အစြဲျပဳၿပီး ေခၚျခင္းျဖစ္ပါတယ္တဲ့)

    Credit – ေကာင္းျမတ္သူ

    [Unicode version]

    မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ တို့ ရဲ့ မိုင်/ဖာလုံ အတိုင်းအတာများ

    မန္တလေးမြို့ရဲ့ ကျုံးတစ်ပတ် မိုင် ဘယ်လောက်ရှိပါသလဲ။ တစ်ပြ (တစ်လမ်း) ကို ဘယ်လောက်ကွာဝေးပါသလဲ။

    မင်းတုန်းမင်းကြီးက နန်းတော်ကြီးကို သာသနာ ၂၄၀၀ အထိမ်းအမှတ်နဲ့ တည်ခဲ့တာပါ။ ကျုံးတစ်ပတ်ကို တာပေါင်း ၂၄၀၀ရှိပါတယ်။ လေးဖက်ဆိုတော့ တစ်ဖက်ကို တာပေါင်း ၆၀၀ရှိတာပေါ့။ တစ်တာကို ခုနှစ်တောင် ( ၁၀ ပေခွဲ) ရှိတာဆိုတော့ တစ်ဖက်ကို ပေပေါင်း (၆၃၀၀) ရှိပါတယ်။ (၅၂၈၀)ပေမှာ တစ်မိုင်ဆိုတော့ တစ်မိုင်သာသာပဲ ရှိပါတယ်။ လေးဖက်မှာ ၂၅၂၀၀ ပေရှိတာပေါ့။ ဒါကြောင့် ကျုံး တစ်ပတ်ကို (၄.၇၇ )မိုင်ပဲရှိပါတယ်။

    ကျုံးတစ်ဖက်ကို ၁၂ ပြ (၁၂လမ်း) ရှိပါတယ်။ တစ်ပြကို (၅၀)တာ ရှိတာပါ။ တစ်တာကို ၁၀ ပေခွဲနဲ့ တွက်လိုက်ရင် ၅၂၅ ပေ။ တစ်ဖါလုံမှာ ၆၆၀ ပေဆိုတော့ တစ်ပြကို တစ်ဖာလုံနီးပါး ရှိပါတယ်။ (တစ်ပြဆိုတာ ပြအိုးတစ်ခုနဲ့ တစ်ခုကြား ပမာဏကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါတယ်တဲ့)

    Credit – ကောင်းမြတ်သူ

  • ကိုယ်တိုင်လုပ်ပြီး စိတ်ချလက်ချစားဖို့ စားတော်ပဲပြုတ်လုပ်နည်း

    [Zawgyi version]

    စားေတာ္ပဲျပဳတ္နည္း

    လြယ္လြယ္ကူကူ ႐ိုး႐ိုးရွင္းရွင္းပါပဲ။ အရင္ဆုံး ေရေႏြးနဲ႔ ေရေအးကို ၾကက္သီးေႏြးေလး ေရာစပ္ပါ။ ေရထဲ လက္ႏွစ္ၾကည့္လိုက္ရင္ ကိုယ့္လက္အပူခံႏိုင္တဲ့ အေနအထားေလးေပါ့။ ၿပီးရင္ အဲ့ဒီေရထဲ စားေတာ္ပဲကို ၃နာရီၾကာေအာင္ ေရစိမ္ပါ။

    ၃နာရီျပည့္ရင္ ဆယ္ၿပီး စကာေလးနဲ႔ ေရစစ္ၿပီး အေပၚက အဝတ္ပါးေလး အုပ္ထားပါ။ မနက္တႀကိမ္ ညတႀကိမ္ ေရေလာင္းေပးပါ။ ေနာက္ေန႔ဆို ပဲေညာွင့္ေလးေတြ ေပါက္လာပါၿပီ။ ဒါဆို ပဲျပဳတ္လို႔ ရပါၿပီ။


    ေရေႏြးကို အရင္ဆုံး ဆူေအာင္ တည္ပါ။ မုန႔္လုပ္ ထန္းလ်က္အညိဳ ၂ခဲ ေရေႏြးထဲေပ်ာ္သြားေအာင္ ေမႊေပးၿပီးရင္ ပဲထည့္ျပဳတ္ပါ။ ဆားေဆာ္ဒါ လဖက္ရည္ ဇြန္းတဝက္ ထည့္ပါ။ သၾကား ဟင္းစားဇြန္း တဝက္ထည့္ပါ။ ဆီ ဟင္းစားဇြန္း ၁ဇြန္းေလာက္ ထည့္ပါ။ ဆား ဇြန္းဖ်ားနဲ႔ နည္းနည္းထည့္ပါ။ ပဲနဲ႔ေရကို အတိျဖစ္ေအာင္ ထည့္ပါ။ ေရပို မထည့္မိပါေစနဲ႔။ ေရခမ္းလာရင္ တခ်ိဳ႕က ပဲကို စကာနဲ႔ စစ္ၿပီး ေရေႏြးေငြ႕နဲ႔ ျပန္တည္ၾကတယ္။

    ေရခမ္းသြားရင္ ထမင္းအိုးႏွပ္သလို မီးေအးနဲ႔ ေရခမ္းအေငြ႕ထြက္ေအာင္ ထားပါတယ္။ စိတ္ထဲ ပိုေမႊးတယ္လို႔ ထင္တယ္။ ပဲကို ေပါင္းအိုးခြက္နဲ႔ ၂ခြက္ဆို အမ်ားႀကီးရပါတယ္။ ပဲျပဳတ္ေနစဥ္ ဇြန္းနဲ႔ မေမႊနဲ႔ေနာ္။ ပဲကမက်က္ပဲ ဆတ္ေတာက္ႀကီး ျဖစ္တတ္ပါတယ္။

    Credit – Pan Kankayae

    [Unicode version]

    စားတော်ပဲပြုတ်နည်း

    လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

    ၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညောှင့်လေးတွေ ပေါက်လာပါပြီ။ ဒါဆို ပဲပြုတ်လို့ ရပါပြီ။

    ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ။ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

    ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော်။ ပဲကမကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

    Credit – Pan Kankayae

  • ရာဇဝင်ထဲက နာမည်ကြီး မင်းလက်ဝါးအကြောင်း

    မင်းလက်ဝါးကို သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိန်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသည်။ မွေးချင် ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။ မင်းလက်ဝါး၏ အနွယ်ရင်း ဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများသည် အလောင်းမင်းတရားလက်ထက်မှစ၍ အစဉ်အဆက် အမှုထမ်းလာကြသော မွန်တိုင်းရင်းသားများ ဖြစ်ကြသည်။ မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။ သီပေါမင်းက မက္ခရာမြို့စား၊ လက်ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြစ်စဉ် ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။

    မောင်လတ်၏ဖခင်သည် ငယ်စဉ်ကပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး ရေကင်းဘုန်းကြီး ကျောင်းတွင် ခိုလှုံကာ ဘုန်းကြီးထံ၌ စာပေပညာများကို သင်ယူခဲ့သည်။ ဘုန်းတော်ကြီးက လူရေးလူရာ လိမ္မာယဉ်ကျေးစေရန် ဆုံးမသွန်သင်ပေးသည်။ လူပျိုအရွယ်ရောက်လာသောအခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးရသည်။ မောင်လတ်သည် သစ်ခုတ်ရင်း သစ်ငုတ်ထိုး မိသောဒဏ်ရာကြောင့် ဝဲမျက်လုံးတဖက် ကွယ်သွားလေသည်။ ထို့နောက် တောင်သူကြီးတစ်ဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်ပါနေထိုင်လျက် တောင်သူလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင် စားသောက်ရသည်။ မောင်လတ်သည် လယ်ယာလုပ်ငန်း၌ စိတ်မဝင်စား။ မကျွမ်းကျင်၍ ယောက္ခမက ၎င်းအား လူပျင်း၊ လူအဟု အထင်အမြင်သေးကာ ငြူစူလာသည်။ ဇနီးသည်ကပင် အထင်အ မြင်သေး၍ မထီမဲ့မြင် ပြုလာသည်။

    မောင်လတ်သည် ယောက္ခမနှင့် မိန်းမဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရချိန်တွင် အမဖြစ်သူ ခင်ခင်ကြီးမှာ ရာဇဌာနီ မင်းနေပြည် အမရပူရမြို့တော်၌ သူရဲဝန်ကတော်ဖြစ်လျက် ကောင်းစားနေကြောင်း သတင်းကောင်းကြားလာရသည်။ မောင်လတ်သည် အသက် ၃၁-နှစ်အရွယ်ခန့်၊ ၁၈၄၄-ခုနှစ်တွင် ဇနီးသည်ကိုထားခဲ့၍ အမရပူရမြို့တော်သို့ လှည်းတတန်၊ လှေတတန်၊ ခြေကျင်တတန်ဖြင့် တစ်လနီးပါးအထိ ခရီးနှင်လာခဲ့သည်။

    မောင်လတ်သည် သူရဲဝန်မင်းအိမ်ကို အလွယ်တကူ ရှာတွေ့သည်။ အမခင်ခင်ကြီးသည် မောင်ငယ်ကို မမျှော်လင့်ဘဲ တွေ့ရ၍ ဝမ်းသာပြီး ရှိုက်ကြီးတငင် ငိုရှာသည်။ သူရဲမင်း ဦးရွှေလုံးသည် ယောက်ဖဖြစ်သူ မောင်လတ်အား တစေ့တစောင်း အကဲခတ်သည်။ လက်ရုံးတဆူကဲ့သို့ အားကိုးစိတ်ချရမည့်သူဖြစ်ကြောင်း ယုံကြည်သဖြင့် အစစအရာရာ မင်းမှူးစိုးတာ နန်းတွင်းရေးရာမှစ၍ သွန်သင်ဆုံးမသည်။ အခါအခွင့်ရတိုင်း ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ သူရဲဝန်မင်းသည် မောင်လတ်အား မင်းတုန်းမင်းကြီး၏ ရှေ့တော်သို့ ဝင်ရောက်ခစားစေသည်။ မင်းတုန်းမင်းသည် မောင်လတ်၏ အရည်အသွေးကို အကဲခတ်ရင်း အပါးတော်၌ ခစားစေသည်။ ထို့နောက် ချောင်းဦးဆယ်ရွာကို စားစေပြီး မင်းမှုထမ်းစေသည်။ မောင်လတ်သည် မိမိတာဝန်များကို မလစ်ဟင်းရလေအောင် ကြိုးစားထမ်းဆောင်သည်။ မင်းတုန်းမင်းသည် မောင်လတ်၏ စွမ်းရည်ကို နှစ်သက်၍ အမြင့်မြို့ဝန်ရာထူး တိုးမြင့်ခန့်အပ်တော်မူသည်။

    ဦးလတ်သည် မိမိတာဝန်ထမ်းဆောင်ရာ မြို့ရွာများတွင် သူ၏အမိန့် စည်းကမ်းများကို မလေးမခန့် ပြုသူ၊ ဆိုးသွမ်းသူများကို ကိုယ်တိုင် လက်ဝါးနှင့်ရိုက်၍ ဆုံးမလေ့ရှိသည်။ ဦးလတ်မှာ အသားဖြူဝင်း စိုပြည် လျက် ထွားကျိုင်းသန်မာ၍ အံ့သြလောက်သော ကာယဗလရှိပြီး တိုင်းရင်းသား မွန်များတွင် ထင်ရှားလှသည်။ လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင် အလုံးအထည် ကြံ့ခိုင်သူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစင်းသေရလေတော့သည်။ ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအားတို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး-ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။

    မင်းလက်ဝါးအုပ်ချုပ်သော နယ်အတွင်း ခိုးသားဓားပြများ လုံးဝကင်းစင်ကာ အေးချမ်းလှသည်။ ထိုကဲ့သို့သော မင်းလက်ဝါး၏ ဂုဏ်သတင်းကို မင်းတုန်းမင်း ကြားသောအခါ အပါးတော်သို့ခေါ်ယူပြီး သူ၏မျိုးရိုး ဇာတိကို မေးမြန်းတော်မူသည်။ သူရသတ္တိသွေးမျိုးရှိသူဖြစ်ကြောင်း သေချာစွာသိတော်မူ၍ အသက် ၃၃-နှစ်အရွယ် ၁၈၅၆-ခုနှစ်တွင် မဟာသမိန်ဘရမ်း-ဟု ဘွဲ့တော်ကိုပေးလျက် အမြင့်ငါးမြို့ဝန်ရာထူး တိုးမြှင့်ခန့်အပ်လေသည်။

    မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းနောက်ပိုင်း ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နင်းရန် မင်းတုန်းမင်းသည် မင်းလက်ဝါးကို အမြင့်မြို့မှခေါ်ယူပြီး မြစ်စဉ်တလျှောက်မှ နယ်များကို ငြိမ်ဝပ်ပိပြားမှုရှိစေရန် တာဝန်ခံဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးသည်။ မင်းလက်ဝါးသည် သူရဲသူခက် လက်နက်အင်ခွင်တို့ကို ဖွဲ့စည်းစုဆောင်း၍ ပန်းထိမ်မင်းသား ပုန်ကန်မှုကို နှိမ်နှင်းအောင်မြင်ခဲ့သည်။ ပုန်ကန်သူများတွင် ပါဝင်သော မိမိ သားကိုပင် အဆုံးစီရင် လေသည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား မဟာသမိန်ဘရမ်းဘွဲ့တွင် ထပ်လောင်းလျက် မင်းကြီးမင်းခေါင်သူရိန်-ဟူသော ဘွဲ့တော်ကို ချီးမြှင့်လေသည်။ ၎င်းပြင် ရတနာကိုးပါး စီ ခြယ်သော သီလဝင်ရွှေဓားကို ပေးအပ်ချီူမြှင့်လျက် မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူးကို ၁၈၇၄-ခုနှစ်တွင် ထပ်ဆင့်အပ်နှင်းတော်မူသည်။ ထို့နောက် ဗလကောင်းသော အင်္ဂလိပ်ကြီးနှင့် စွမ်းအားပြိုင်ရာတွင်လည်း အနိုင်ရ၍ ဘုရင်မင်းမြတ်က မင်းလက်ဝါးကို ဆုတော်ငွေများ ပေးသနားတော်မူလေသည်။

    သီပေါမင်းလက်ထက်တွင် မင်းလက်ဝါးအား မက္ခရာမြို့ကို အပိုင်စားပေးသည့်အပြင် မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း-ဟူသော ဘွဲ့အမည်နှင့် လက်ဝဲဝင်းတော်မှူးရာထူးကို ခန့်အပ်ခံသည်။ ဧရာဝတီမြစ်၏ ဝဲယာမြို့များတဝိုက်ကို အောက်မြစ်စဉ် ၇-ခရိုင် သတ်မှတ်ပိုင်းခြားလျက် မင်းလက်ဝါးအား အုပ်ချုပ်စေသည်။ မင်းလက်ဝါးသည် အောက်မြစ်စဉ် ၇-ခရိုင်မင်းကြီးဟူသော အမည်ဖြင့် ထင်ရှားလာသည်။

    ၁၈၈၅-ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗိုလ်ချုပ်ကြီး လှေသင်းအတွင်းဝန် ဦးရွှေမောင်နှင့် ဗိုလ်ချုပ်မင်းလက်ဝါးတို့ တူအရီးနှစ်ဦးသည် မြင်းခြံနှင့် မင်းလှမြို့များတလျှောက် ကွပ်ကဲတိုက်ခိုက်ကြသည်။ ထို့ပြင် မင်းလှခံတပ်ကြီးကို ဦးစီးကွပ်ကဲ၍ နယ်ချဲ့တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ ၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၁၇-၇က်နေ့ ညနေတွင် မင်းလှခံတပ် ကျဆုံးသွားသည်။ မင်းလက်ဝါးကြီးသည် ခံတပ်၏ မလွယ်ပေါက်မှ ထွက်ခွါလွတ်မြောက်လာသည်။ သူနှင့်အတူပါလာသော ရဲမက်များနှင့် မျိုးချစ်မြန်မာများကို အင်အားစုစည်း၍ ဗြိတိသျှတို့အား တော်လှန်ရန် ကြိုးစားသည်။ သို့သော် မြန်မာလွှတ်တော်မှ မေတ္တာရပ်ခံသဖြင့် လက်နက်ချခဲ့ရသည်။

    မင်းကြီးတွင် ဝန်ကတော် ၈-ဦးနှင့် သား ၂၀၊ မြေး ၁၀-ယောက်ရှိသည်။ မင်းကြီးသည် မန္တလေးမြို့ တနေရာတွင် မိသားစုနှင့်အတူ နေထိုင်၏။ ဗြိတိသျှတို့က ငွေကြေး၊ ရာထူးတို့ဖြင့် စည်းရုံးသိမ်းသွင်း သော်လည်း လက်မခံခဲ့ပေ။ မင်းကြီးသည် ၁၈၉၃-ခုနှစ်လောက်တွင် နယ်ချဲ့တော်လှန်ရေးများ ငြိမ်းအေးသွားသောအခါ မန္တလေးမှ အမြင့်မြို့သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။ မင်းလက်ဝါးသည် အစားအသောက် လွန်စွာစားနိုင်သည်။ နံနက် ဆန် နို့ဆီဗူး လေးလုံး၊ ညနေ ဆန် နို့ဆီဗူး လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီးတစ်ဖီး ကုန်အောင် စားနိုင်သည်။ မင်းလက်ဝါးသည် ၁၉၀၃-ခုနှစ် အသက် ၈၀-တွင် လူကြီးရောဂါဖြင့် အမြင့်မြို့၌ ကွယ်လွန်ခဲ့လေသည်။

    ကိုးကား

    ဦးမြင့်စော (သမိုင်းပါမေက္ခ-ပုသိမ်တက္ကသိုလ်)

    (မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)

    Wiki

  • မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

    (၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။ ဥပမာ – ဆောက်လုပ်ရေးပစ္စည်းဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

    (၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း စိတ်မရှည်ခြင်း၊ ရှင်းမပြချင်ခြင်း၊ တစ်ခုမှ နှစ်ခု မပြလိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ်အား နှိမ့်ချပြောဆိုခြင်း။

    (၃) ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း

    (၄) မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

    (၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။ ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။

    (၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။ ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက် နားလည်စေရန် သင်ကြား ပြသပေးမှု၊ လေ့ကျင့်ပေးမှု မရှိခြင်း။

    (၇) စာရင်းအင်း မထားရှိခြင်း၊ သို့မဟုတ် စာရင်းအင်း အချိန်မှန်မှန်မပြုလုပ်ခြင်း။

    (၈) ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား လေ့လာမှု မပြုခြင်း။

    (၉) ဈေးဝယ်များ (တနည်း) ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည်ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

    (၁၀) မိမိသာ မှန်သည်ဟု ထင်မြင်ခြင်း။ မိမိ၏ စီးပွားရေးမှာ အတန်ငယ် တိုးတက်မှု ရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။ အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။ နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို သိရှိရန် လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

    (၁၁) ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

    (၁၂) မတော်တဆ ပေါ်ပေါက်လာနိုင်သည့် ပြဿနာအမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု မရှိခြင်း။

    (၁၃) ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင်စေရေး အသစ်အသစ်သော လက်ကား ရောင်းချသူများကို ရှာဖွေမှု မရှိခြင်း။

    (၁၄) ရောင်းပြီးကုန်စည်များ၊ ကျန်ရှိကုန်စည်များ၊ ရောင်းအားကျနေသော ကုန်စည်များ၊ ရောင်းအား အသွက်ဆုံး ကုန်စည်များစသည့် ကုန်စည်နှင့် ဆိုင်သော အချက်အလက်များအား စုဆောင်းပြုစု ထားရှိမှု မရှိခြင်း။

    (၁၅) ရောင်းမထွက်သော Expire ဖြစ်နေသော ကုန်စည်များ ကုန်စည် အဟောင်းများကို ဖယ်ထားခြင်း ရှင်းလင်းခြင်းမရှိဘဲ ဝယ်သူအား ဇွတ်ထိုးထည့်ပေးခြင်း။

    (၁၆) မိမိဆိုင်မှ ဝယ်ယူသူများအား ရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့် ကြည့်ရှုမှုမရှိခြင်း။ after sales service မရှိခြင်း။ စေတနာ နည်းပါးခြင်း စသည်တို့ ဖြစ်ပါသည်။

    Credit – Ko Zaw Htoo