Category: ဗဟုတုသ

  • ကြက်များအတွက် ရာသီနာ ကာကွယ်ဖို့ မြန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေး

    (Unicode)

    ကြက်တွေကို ရောဂါရာသီနာနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ သူများ လာလာမေးရင် ကိုယ်က (ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး) တစ်ခါမှ လမ်းလွဲမပြခဲ့ဘူး။ သူများမေးလည်း အဲ့လိုပဲဖြေသလို ကိုယ်လုပ်လဲ သူများကို ပြောတဲ့အတိုင်းပဲ လုပ်တယ်။ ကြက်မွေးလာတဲ့ 7 နှစ်တောက်လျှောက်မှာ ကိုယ့်ခြံမှာ ကြက်နာကျလို့ တစ်ခြံလုံး ပြောင်ရတဲ့ ဆုံးရှုံးမှုဆိုတာလည်း မရှိခဲ့ဘူး။ ရပ်ကွက် အနီးအနားပတ်လည် ကြက်နာရောဂါဝင်လို့် တစ်ရပ်ကွက်လုံး ပြောင်သွားလည်း ကိုယ့်ခြံက ကြက်ဖလန်းဖလန်းပဲ။ ဘယ် တိမွေးကု/ဘယ်အင်္ဂလိပ်ဆေးမှ မသုံးလို့ အထင်မကြီးရင်ကျော်သွား။ြ မန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေးမို့ အထင်မသေးပါနဲ့။ ဆေးတစ်ထုပ် သောင်းနဲ့ချီပြီး ဝယ်တိုက်ပြီး နောက်ဆုံး ကိုယ့်ကြက်ပစ်လိုက်ရတာသာ အဖတ်တင်တဲ့ ပြသနာတွေ အများစု တွေ့နေရတဲ့ထဲ ကိုယ့်မိတ်ဆွေတွေ မပါဖို့ စေတနာနဲ့ မျှဝေပေးပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်ဖြူ

    ဂျင်း

    ဆနွင်း

    ငရုတ်ကောင်းစေ့အနည်းငယ်

    စပါးလင်

    ရောကာထောင်း၍ တပတ် ၂ကြိမ်ပုံမှန်ပါစေ။ ကြက်နာ၊ ဖျား၊ ချွဲထ၊ သန်ကောင်၊ အူလမ်းကြောင်း ရောဂါများ ကင်းဝေးစေမှာပါ။

    ကြက်မွေးသူ ညီကိုမောင်နှမများ အဆင်ပြေကြပါစေ။

    Credit-ရွှေကြက် ရွှေကြက် တောင်ကြီး 09679494496

    (Zawgyi)

    ၾကက္ေတြကို ေရာဂါရာသီနာနဲ႔ ပတ္သက္ၿပီး ကာကြယ္ဖို႔ သူမ်ား လာလာေမးရင္ ကိုယ္က (ငါေျပာသလိုလုပ္ ငါလုပ္သလိုမလုပ္နဲ႔ဆိုၿပီး) တစ္ခါမွ လမ္းလြဲမျပခဲ့ဘူး။ သူမ်ားေမးလည္း အဲ့လိုပဲေျဖသလို ကိုယ္လုပ္လဲ သူမ်ားကို ေျပာတဲ့အတိုင္းပဲ လုပ္တယ္။ ၾကက္ေမြးလာတဲ့ 7 ႏွစ္ေတာက္ေလွ်ာက္မွာ ကိုယ့္ၿခံမွာ ၾကက္နာက်လို႔ တစ္ၿခံလုံး ေျပာင္ရတဲ့ ဆုံးရႈံးမႈဆိုတာလည္း မရွိခဲ့ဘူး။ ရပ္ကြက္ အနီးအနားပတ္လည္ ၾကက္နာေရာဂါဝင္လို႔္ တစ္ရပ္ကြက္လုံး ေျပာင္သြားလည္း ကိုယ့္ၿခံက ၾကက္ဖလန္းဖလန္းပဲ။ ဘယ္ တိေမြးကု/ဘယ္အဂၤလိပ္ေဆးမွ မသုံးလို႔ အထင္မႀကီးရင္ေက်ာ္သြား။ျ မန႔္မာ့နည္း ျမန္မာ့ဟန္ မီးဖိုေခ်ာင္ေဆးမို႔ အထင္မေသးပါနဲ႔။ ေဆးတစ္ထုပ္ ေသာင္းနဲ႔ခ်ီၿပီး ဝယ္တိုက္ၿပီး ေနာက္ဆုံး ကိုယ့္ၾကက္ပစ္လိုက္ရတာသာ အဖတ္တင္တဲ့ ျပသနာေတြ အမ်ားစု ေတြ႕ေနရတဲ့ထဲ ကိုယ့္မိတ္ေဆြေတြ မပါဖို႔ ေစတနာနဲ႔ မွ်ေဝေပးပါတယ္။

    ၾကက္သြန္နီ

    ၾကက္သြန္ျဖဴ

    ဂ်င္း

    ဆႏြင္း

    င႐ုတ္ေကာင္းေစ့အနည္းငယ္

    စပါးလင္

    ေရာကာေထာင္း၍ တပတ္ ၂ႀကိမ္ပုံမွန္ပါေစ။ ၾကက္နာ၊ ဖ်ား၊ ခြၽဲထ၊ သန္ေကာင္၊ အူလမ္းေၾကာင္း ေရာဂါမ်ား ကင္းေဝးေစမွာပါ။

    ၾကက္ေမြးသူ ညီကိုေမာင္ႏွမမ်ား အဆင္ေျပၾကပါေစ။

    Credit-ေ႐ႊၾကက္ ေ႐ႊၾကက္ ေတာင္ႀကီး 09679494496

  • ထမင်းစားပီးပီးချင်း မလုပ်သင့်သည့် အချက် ၈ချက်

    (Unicode)

    ထမင်းစားပီးပီးချင်း မလုပ်သင့်သည့် အချက် ၈ချက်

    ထမင်းစားပြီးတဲ့အခါ အသက်အန္တရာယ်ရှိပြီး လူအများလုပ်မိတတ်တဲ့ အမှား(၈)ချက် ဆိုတာ ဘာတွေလဲ အသက်သေစေနိုင်သည်အထိဖြစ်စေလို့ သတိထားပြီး ဆင်ခြင်သင့်ပါတယ်.

    (၁) ဆေးလိပ် မသောက်ပါနှင့်။ ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

    (၂) သစ်သီးများ အလျင်စလို မစားပါနှင့်။

    ထမင်းစားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

    (ထို့ကြောင့်ထမင်းစားပြီးအနည်းဆုံးနာရီဝက်ခန့်ကြာမှသာသစ်သီးစားသင့်ပါသည်။)

    (ကျန်းမာရေးအမြင်ရှိသောဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

    (၃) လ္ဘက်ရည်မသောက်ပါနှင့်။

    လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

    (၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

    ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေတတ်ပါသည်။

    (၅) ရေမချိုးပါနှင့်။

    ထမင်းစားပြီးနောက်ရေချိုးခြင်း သည်လက်/ခြေထောက်နှင့်ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

    (၆)သွက်သွက် လမ်းမလျှောက်ပါနှင့်။

    ရှေးလူကြီးများက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

    (အကြောင်းရင်း မှာ …. ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ထမင်း ဟင်း ထဲမှပါဝင်သော အာဟာရ စုပ်ယူရန် အတွက်အစာချေစနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။)

    (၇) မအိပ်ပါနှင့်။

    ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာမကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုးဝင်စေပါသည်။

    (၈)အားကစား မလုပ်ပါနှင့်။

    အားကစား မလုပ်ခင် အနည်းဆုံး နာရီဝက် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။

    သို့မဟုတ်ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

    Credit – ပေါက်ပေါက်

    (Zawgyi)

    ထမင္းစားပီးပီးခ်င္း မလုပ္သင့္သည့္ အခ်က္ ၈ခ်က္

    ထမင္းစားၿပီးတဲ့အခါ အသက္အႏၲရာယ္ရွိၿပီး လူအမ်ားလုပ္မိတတ္တဲ့ အမွား(၈)ခ်က္ ဆိုတာ ဘာေတြလဲ အသက္ေသေစႏိုင္သည္အထိျဖစ္ေစလို႔ သတိထားၿပီး ဆင္ျခင္သင့္ပါတယ္.

    (၁) ေဆးလိပ္ မေသာက္ပါႏွင့္။ ထမင္းစားၿပီးေနာက္ စီးကရက္ ၁-လိပ္ေသာက္ျခင္း သည္ သာမန္ အခ်ိန္ စီးကရက္၁၀-လိပ္ေသာက္ျခင္းႏွင့္ ညီ မွ်ၿပီး၊ ကင္ဆာ ေရာဂါျဖစ္ႏိုင္ေခ် အလားအလာပိုမ်ားေၾကာင္း ေဆးသိပၸံပညာရွင္ မ်ားက သတိေပးထား သည္။

    (၂) သစ္သီးမ်ား အလ်င္စလို မစားပါႏွင့္။

    ထမင္းစားၿပီးေနာက္ အခ်ိဳပြဲ သစ္သီး စားျခင္းသည္ မွားယြင္းေသာ အစဥ္အလာ တစ္ခုျဖစ္ေနၾကပါသည္။ အမွန္ အားျဖင့္ ထမင္းစား ၿပီးၿပီးခ်င္း သစ္သီးစားျခင္းက ေလပြေစၿပီး၊ အစာအိမ္ ကို ေဘးဥပါသ္ျဖစ္ေစ၏။

    (ထို႔ေၾကာင့္ထမင္းစားၿပီးအနည္းဆုံးနာရီဝက္ခန႔္ၾကာမွသာသစ္သီးစားသင့္ပါသည္။)

    (က်န္းမာေရးအျမင္ရွိေသာဟိုတယ္ႀကီးမ်ားႏွင့္ စားေသာက္ဆိုင္ အခ်ိဳ႕့တြင္ သစ္သီးအစား၊ ဥပမာ … ဌက္ေပ်ာသီးေပါင္း (သို႔မဟုတ္) ေ႐ႊဖ႐ုံသီးေပါင္း စသည့္ တို႔ကို အခ်ိဳပြဲ အျဖစ္တည္ခင္း ဧည့္ခံလာၾကသည္)

    (၃) လၻက္ရည္မေသာက္ပါႏွင့္။

    လၻက္ရည္ အခ်ိဳေျခာက္ ထဲတြင္ အက္ဆစ္ဓာတ္ အေျမာက္အမ်ား ပါရွိၾကေပရာ၊ ၄င္းတို႔က ထမင္း ဟင္းထဲ တြင္ ပါရွိသည့္ ပ႐ိုတင္း မ်ားကို အေႏွာင့္္ အယွက္ျပဳကာ အစာေခ်ဖ်က္မႈ ကိုလည္း ဟန႔္တားေစပါသည္။

    (၄) ခါးပတ္ႀကိဳး မေလ်ာ့ပါႏွင့္။

    ထမင္း စားၿပီးၿပီးခ်င္း ခါးပတ္ႀကိဳး (သို႔မဟုတ္) ပုဆိုး၊ လုံခ်ည္ေလ်ာ့ဝတ္ျခင္း က အူသိမ္ အူမ တို႔ကို လိမ္ေခါက္ ၍ အူလမ္းေၾကာင္း ပိတ္ဆို႔ေစတတ္ပါသည္။

    (၅) ေရမခ်ိဳးပါႏွင့္။

    ထမင္းစားၿပီးေနာက္ေရခ်ိဳးျခင္း သည္လက္/ေျခေထာက္ႏွင့္ခႏၶာကိုယ္ တစ္ခုလုံးရွိ ေသြး လည္ပတ္စီးဆင္း မႈ တိုးပြားလာၿပီး၊ အစာအိမ္ တဝိုက္ ေသြးလည္ပတ္ စီးဆင္းမႈ ေလ်ာ့က် လာေသာေၾကာင့္ အစာ အိမ္ေကာင္း စြာ အလုပ္ မလုပ္ႏိုင္ေတာ့ေပ။

    (၆)သြက္သြက္ လမ္းမေလွ်ာက္ပါႏွင့္။

    ေရွးလူႀကီးမ်ားက “ထမင္းစားၿပီး အခ်ိဳစား၊ ေျခလွမ္း ၂၀၀ သြား” ဟု အဆို ရွိခဲ့ၾကေလ၏။ ထို အဆိုမွာ တက္ တက္ စင္ မွားယြင္းေန ေၾကာင္း ယေန႔ေဆးသိပၸံပညာရွင္ မ်ားက အတည္ျပဳထားၾကသည္။

    (အေၾကာင္းရင္း မွာ …. ထမင္း စားၿပီးခ်င္း ခပ္ သြက္သြက္ လမ္းေလွ်ာက္ျခင္း က ဗိုက္ေအာင့္ေစတတ္ၿပီး၊ထမင္း ဟင္း ထဲမွပါ၀င္ေသာ အာဟာရ စုပ္ယူရန္ အတြက္အစာေခ်စနစ္ကို အေႏွာင့္ အယွက္ျဖစ္ ေစ တတ္ သည္။ (ထမင္းစားၿပီး ၿငိမ္ၿငိမ္ ထိုင္ေနရမည္ ဟု မဆိုလိုပါ) က်န္းမာေရး နဲ႔ ညီၫြတ္ေစဖို႔အတြက္ ထမင္းစားၿပီး ပါက အနည္းဆုံး ၁၅-မိနစ္ခန႔္ မတ္တပ္ ရပ္ေနပါ (သို႔မဟုတ္) ျဖည္းျဖည္း မွန္မွန္လမ္းေလွ်ာက္ပါ။)

    (၇) မအိပ္ပါႏွင့္။

    ထမင္းစားၿပီး ခ်က္ခ်င္း လွဲအိပ္ျခင္းသည္ အစာေကာင္းစြာမေက်ညက္ေစေတာ့ဘဲ၊ အစာအိမ္ေရာဂါျဖစ္ေစ သည့္ျပင္၊ အူ မ်ားကို ကူးစက္ေရာဂါပိုးဝင္ေစပါသည္။

    (၈)အားကစား မလုပ္ပါႏွင့္။

    အားကစား မလုပ္ခင္ အနည္းဆုံး နာရီဝက္ မွ အမ်ားဆုံး ၂-နာရီ ခန႔္ႀကိဳတင္၍ ထမင္းစားထားပါ။

    သို႔မဟုတ္ပါက၊ အေၾကာ ဆြဲျခင္း (သို႔မဟုတ္) ႐ုတ္တရက္ႏွလုံးခုန္ ရပ္တန႔္ျခင္း (သို႔မဟုတ္) အသက္ေသေစႏိုင္သည္။

    Credit – ပါက္ေပါက္

  • တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာ၀ တင်းတိပ် ပျောက်ဆေး

    (Unicode)

    တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာ၀ တင်းတိပ် ပျောက်ဆေး

    တင်းတိပ်ဆိုတာ မျက်နှာ အသား ကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ။ မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့ သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။

    ဆေးနည်း

    ၁။ မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ။

    ၂။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ။

    စလိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေးမျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ။ အပြင်သွားခါနီး၊ အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့
    မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့။

    ၃။ ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ။

    အနည်းဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ်။ ဆယ်ရက်၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ။

    အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့ လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…

    အမျိုးသမီးများ လှနှိုင်ကြပါစေ…။ ကိုးကာ… ၁ ။ မကွေးဝင်းမြင့် ( တိုင်းရင်းဆေးပညာရှင် ) … ၂။ ကိုယ့်မိသားစုဝင်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ် လေ့လာ ပျောက်ကင်းသွားမှုများကြောင့် ဖရန်းများအား မျှဝေပေးလိုက်ပါတယ်။

    Credit: Original Uploader

    (Zawgyi)

    တင္းတိပ္ေၾကာင့္ စိတ္ညစ္ေနသူမ်ား အတြက္ သဘာ၀ တင္းတိပ္ ေပ်ာက္ေဆး

    တင္းတိပ္ဆိုတာ မ်က္ႏွာ အသား ကို ေနပူေလာင္တာ၊ မီးပူမိတာက စတာပါ။ မီးအပူနဲ႔ ခ်က္ရ ၊ ျပဳတ္ရတာေတြလည္းပါတာေပါ့ သုံးရမွာက အိမ္မွာ ေငြလည္းမကုန္ ၊ လြယ္လြယ္နဲ႔ ရတဲ့ မီးဖိုေခ်ာင္ထဲက ျမန္မာ့ တိုင္းရင္းေဆး ပစၥည္း မက်ည္းသီးမွည့္ ပါဘဲ။ ကြၽန္ေတာ္ အဲဒီနည္းကို အမႀကီးေတြ၊ ညီမေတြကို ေပးၿပီး စမ္းသပ္ ခိုင္းတာ ဆယ္ရက္ – ဆယ္ငါးရက္အတြင္း သိသိသာသာ ေပ်ာက္သြား တာေတြကိုမ်က္ျမင္ ေတြ႕ရလို႔ မွ်ေဝေပးတာပါ ။

    ေဆးနည္း

    ၁။ မက်ည္းသီးမွည့္ နည္းနည္းကို ခြက္တစ္ခုထဲမွာေရ နဲနဲထည့္ၿပီး ပုံထဲက အတိုင္း မပ်စ္ မက်ဲေလး ေဖ်ာ္ထားပါ။

    ၂။ အဲဒီ မက်ည္းမွည့္ ေဖ်ာ္ရည္ကို မနက္အိပ္ရာထ မ်က္ႏွာသစ္ၿပီး မ်က္ႏွာ မွာ လိမ္းထားလိုက္ပါ။

    စလိမ္းခါစမွာ စပ္ဖ်င္းဖ်င္းကေလးမ်က္ႏွာမွာ ျဖစ္ေနၿပီး ေအးေအးေလးနဲ႔ မ်က္ႏွာ တင္းတင္းေလးရွိေနမွာပါ။ အျပင္သြားခါနီး၊ အလုပ္သြားခါနီး မွ အဲဒီမန္က်ည္းမွည့္လိမ္းထားတာကို ေရနဲ႔
    မ်က္ႏွာသစ္ၿပီးဖ်က္ၿပီး သနပ္ခါး ၊ မိတ္ကပ္ လိမ္းခ်င္ရာ လိမ္းၿပီးသြားေပါ့။

    ၃။ ညအိပ္ရာဝင္ခါနီး မ်က္ႏွာသစ္ၿပီး အဲဒီ မန္က်ည္းမွည့္ ေဖ်ာ္ရည္ကို မ်က္ႏွာမွာ ပါးပါးေလး လိမ္းၿပီး အိပ္လိုက္ပါ။

    အနည္းဆုံး တစ္ေန႔ ႏွစ္ႀကိမ္ေလာက္ လိမ္းေပးရင္ကို ရပါတယ္။ ဆယ္ရက္၊ ဆယ့္ငါးရက္ေလာက္ လိမ္းၾကည့္ရင္ကို သိသာလာမွာပါ။

    အႏၲရာယ္ မရွိတဲ့ ျမန္မာ့ တိုင္းရင္းေဆး နည္းနဲ႔ သဘာဝအတိုင္း မ်က္ႏွာေလး တင္းၿပီး ႏုေခ်ာလာတာကို ေတြ႕ရမွာပါလို႔ လက္ေတြ႕ စမ္းသပ္ခဲ့ၿပီး ေျပာလိုက္ပါရေစ…

    အမ်ိဳးသမီးမ်ား လွႏႈိင္ၾကပါေစ…။ ကိုးကာ… ၁ ။ မေကြးဝင္းျမင့္ ( တိုင္းရင္းေဆးပညာရွင္ ) … ၂။ ကိုယ့္မိသားစုဝင္မ်ား ၊ နီးစပ္ရာ အစ္မႀကီး မ်ားအား လက္ေတြ႕ စမ္းသပ္ ေလ့လာ ေပ်ာက္ကင္းသြားမႈမ်ားေၾကာင့္ ဖရန္းမ်ားအား မွ်ေဝေပးလိုက္ပါတယ္။

    Credit: Original Uploader

  • ရေခဲသေတ္တာတွင်း မသိမ်းထားသင့်တဲ့ အရွက်နှင့် အသီးများ

    (Unicode)

    ရေခဲသေတ္တာတွင်း မသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

    (၁) ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှည့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးက အရည်တွေ ထွက်လာပြီး မနှစ်မြို့စရာ ဖြစ်သွားပါတယ်။ ခရမ်းချဉ်သီးက တအားမှည့်ပြီး များနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။ ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အဖြစ် ပြောင်းလဲသွားခြင်း မရှိတော့ပါ။ ခရမ်းချဉ်သီးကို ရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်းထားသင့်ပါတယ်။ ခရမ်းချဉ်သီးကို သိုလှောင်သိမ်းဆည်းချင်ရင် နေရောင်ခြည် အနည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။

    (၂) ဖရုံသီး

    ဖရုံသီးက အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိုလှောင် သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာ ဖြစ်လို့မရပါဘူး ဥပမာ(ရေခဲသေတ္တာ)ပေါ့။ အထူးသဖြင့် ဖရုံသီးကို သိမ်းဆည်းမယ်ဆို ပူပြီး စိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။ ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖရုံသီးသိမ်းဆည်းတဲ့အခါ သမံသလင်း၊ ကွန်ကရစ် မျက်နှာပြင်များပေါ်တွင် တိုက်ရိုက်ထားခြင်းထက် ကတ္ထူပြားပေါ်မှာ ထားသင့်ပါတယ်။

    (၃) အာလူး

    အာလူးကို အေးခဲအောင် ထားတဲ့အခါ ကစီဓာတ်ကနေ သကြားဓာတ်ကို ပြောင်းတဲ့အတွက်ကြောင့် အာလူးချိုစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။ အာလူးကိုအေးပြီးခြောက်သွေ့ကာ အလင်းရောင် မရနိုင်တဲ့နေရာမှာ အညှောင့်မထွက်လာစေရန်အတွက် ထားသင့်ပါတယ်။ အာလူးကို ကြက်သွန်နားမှာ ထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေတဲ့အတွက် ဝေးဝေးမှာထားသင့်ပါတယ်။

    (၄) ကြက်သွန်နီ၊ ကြက်သွန်ဖြူ

    ကြက်သွန်ကိုရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ ပျော့ဖတ်ပြီးတော့ မှိုစွဲနိုင်တဲ့အတွက် မထည့်သင့်ပါဘူး။ ကြက်သွန်ကို အာလူးနဲ့ ဝေးတဲ့အေးပြီး ခြောက်သွေ့တဲ့ နေရာတွင်သာ သိုလှောင်သင့်ပါတယ်။

    (၅) ကန်စွန်းဥ

    ကန်စွန်းဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းလျှင် အတွင်းသားမာလာပြီး အရသာ မရှိတော့သည်ကိုဖြစ်စေပါတယ်။ ကန်စွန်းဥကို သိုလှောင် သိမ်းဆည်းမည်ဆိုလျှင် အေးပြီး ခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းမွန်သည့် နေရာတွင် သိမ်းဆည်းသင့်ပါတယ်။ ကန်စွန်းဥသည်လည်း ကြက်သွန်ဥ အနီးအနားမှာ ထားတဲ့အခါ ပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    (၆) သခွားသီး၊ ခရမ်းခေါင်းသီး၊ ငရုပ်သီး

    အပူပိုင်းဒေသမှာ ပေါက်သည့် အသီးတွေက အေးသည့်အခြေအနေကို မနှစ်မြို့ခြင်းသည် သဘာဝပါ။ ထို့ကြောင့် ထိုအသီးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ အချို့နေရာများတွင် ပျော့ကာ အချိုင့်အခွက်များ ဖြစ်ပေါ်လာခြင်းကို ဖြစ်စေနိုင်ပါတယ်။

    (၇) စိမ်းစားဥ

    စိမ်းစားဥကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ မဖုံးဘဲနဲ့ ၃ပတ်လောက် ထားနိုင်ပါတယ်။ စိမ်းစားဥကို အလွှာလိုက်လှီးပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးကာ ရေခဲသေတ္တာထဲ သိမ်းမည်ဆိုလျှင် ၂ပတ်ခန့် သိမ်းလို့တော့ရပါတယ်။ စိမ်းစားဥက ရေဖြင့်ထိမိလျှင် မှိုစွဲတတ်သည်ကိုတော့သတိထားရပါမယ်။

    (၈) ပန်းသီး၊ သစ်တော်သီး

    ပန်းသီး၊ သစ်တော်သီးတို့ကို ရေခဲသေတ္တာထဲမှာ ကြာရှည်စွာ သိမ်းဆည်းသည့်အခါ အရသာနဲ့ ပါဝင်ဓာတ်ပစ္စည်းတွေ ဆုံးရှုံးနိုင်ပါတယ်။

    (၉) ငှက်ပျောသီး

    ငှက်ပျောသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းသည့်အခါ ငှက်ပျောခွံက အမဲရောင်အဖြစ် ပြောင်းသွားပြီး ငှက်ပျောအရသာ မချိုခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

    (၁၀) ဖရဲသီး

    ဖရဲသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းလျှင်လည်း ဖရဲသီး၏ အနံ့နှင့် လှပသည့် အနီရောင်သည် အရောင်ပြောင်းသွားနိုင်သည့်အတွက် ၃ရက်ထက်ပိုပြီး မသိမ်းပါဘူး။

    ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ သိမ်းဆည်းတဲ့အခါ အခန်းတွင်း အပူချိန်နှင့်နေရောင်ခြည် တိုက်ရိုက်မရနိုင်သည့် နေရာများတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။အစိုဓာတ်ကိုလျှော့ချရန်အတွက် ပလတ်စတစ်အိတ် (သို့)လေဝင်လေထွက် ကောင်းမွန်သည့်ဖလား၊ ခွက်ဖြင့် သိမ်းဆည်းခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ပလတ်စတစ်အိတ်ကို ချည်ပိတ်ပြီးသိမ်းဆည်းခြင်းကိုတော့ မပြုလုပ်သင့်ပါ။ အသီးများ ရင့်မှည့်မှုကို နှေးကွေးစေပြီး လျှင်လျှင်မြန်မြန် ပျက်စီးနိုင်သည့်အတွက်ကြောင့်ပါ။ သစ်သီးဝလံများ အမြန်ရင့်မှည့်စေလိုလျှင် ပန်းသီး၁လုံးအား ၅ခြမ်း ၆ခြမ်းစိတ်ကာ ထိုအသီးနားတွင် ထားခြင်းအားဖြင့် ပန်းသီးမှ ထုတ်လွှတ်လိုက်တဲ့ အီသိုင်းလင်းဓာတ်က သစ်သီးဝလံများကို အမြန်မှည့်စေပါတယ်။

    ဆုမြတ်နိုး

    Credit-အစိမ်းရောင်လမ်း (greenwaymyanmar.com)

    (Zawgyi)

    ေရခဲေသတၱာတြင္းမသိမ္းထားသင့္တဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးဝလံမ်ား

    (၁) ခရမ္းခ်ဥ္သီး

    ခရမ္းခ်ဥ္သီးမွည့္ကို ေရခဲေသတၱာထဲ ထည့္သိမ္းမိတဲ့အခါ ခရမ္းခ်ဥ္သီးက အရည္ေတြ ထြက္လာၿပီး မႏွစ္ၿမိဳ႕စရာ ျဖစ္သြားပါတယ္။ ခရမ္းခ်ဥ္သီးက တအားမွည့္ၿပီး မ်ားေနရင္ေတာ့ ေဆာ့စ္လုပ္ၿပီး သိမ္းဆည္းႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးအစိမ္းကို ထည့္သိမ္းမိရင္ေတာ့ ခရမ္းခ်ဥ္သီးကမရင့္မွည့္ေတာ့ဘဲ အနီေရာင္ အျဖစ္ ေျပာင္းလဲသြားျခင္း မရွိေတာ့ပါ။ ခရမ္းခ်ဥ္သီးကို ရင့္မွည့္ေစခ်င္ရင္ အခန္းတြင္း အပူခ်ိန္မွာဘဲ သိမ္းဆည္းထားသင့္ပါတယ္။ ခရမ္းခ်ဥ္သီးကို သိုေလွာင္သိမ္းဆည္းခ်င္ရင္ ေနေရာင္ျခည္ အနည္းငယ္ရတဲ့ေနရာမွာ သိုေလွာင္သိမ္းဆည္းဖို႔အေကာင္းဆုံးပါ။

    (၂) ဖ႐ုံသီး

    ဖ႐ုံသီးက ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ သိုေလွာင္ သိမ္းဆည္းသင့္တယ္ဆိုေပမဲ့ စိုစြတ္တဲ့ေနရာ ျဖစ္လို႔မရပါဘူး ဥပမာ(ေရခဲေသတၱာ)ေပါ့။ အထူးသျဖင့္ ဖ႐ုံသီးကို သိမ္းဆည္းမယ္ဆို ပူၿပီး စိုစြတ္တဲ့ေနရာကို ေရွာင္ရွားသင့္ပါတယ္။ ဖ႐ုံသီးပုပ္ျခင္းကို ႀကိဳတင္ကာကြယ္ရန္ ဖ႐ုံသီးသိမ္းဆည္းတဲ့အခါ သမံသလင္း၊ ကြန္ကရစ္ မ်က္ႏွာျပင္မ်ားေပၚတြင္ တိုက္႐ိုက္ထားျခင္းထက္ ကတၳဴျပားေပၚမွာ ထားသင့္ပါတယ္။

    (၃) အာလူး

    အာလူးကို ေအးခဲေအာင္ ထားတဲ့အခါ ကစီဓာတ္ကေန သၾကားဓာတ္ကို ေျပာင္းတဲ့အတြက္ေၾကာင့္ အာလူးခ်ိဳေစခ်င္ရင္ေတာ့ ေရခဲေသတၱာထဲ ထည့္သင့္ပါတယ္။ အာလူးကိုေအးၿပီးေျခာက္ေသြ႕ကာ အလင္းေရာင္ မရႏိုင္တဲ့ေနရာမွာ အေညႇာင့္မထြက္လာေစရန္အတြက္ ထားသင့္ပါတယ္။ အာလူးကို ၾကက္သြန္နားမွာ ထားတဲ့အခါ ပုပ္ျခင္းကိုျဖစ္ေစတဲ့အတြက္ ေဝးေဝးမွာထားသင့္ပါတယ္။

    (၄) ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ

    ၾကက္သြန္ကိုေရခဲေသတၱာထဲ ထည့္သိမ္းတဲ့အခါ ေပ်ာ့ဖတ္ၿပီးေတာ့ မႈိစြဲႏိုင္တဲ့အတြက္ မထည့္သင့္ပါဘူး။ ၾကက္သြန္ကို အာလူးနဲ႔ ေဝးတဲ့ေအးၿပီး ေျခာက္ေသြ႕တဲ့ ေနရာတြင္သာ သိုေလွာင္သင့္ပါတယ္။

    (၅) ကန္စြန္းဥ

    ကန္စြန္းဥကို ေရခဲေသတၱာထဲ ထည့္သိမ္းလွ်င္ အတြင္းသားမာလာၿပီး အရသာ မရွိေတာ့သည္ကိုျဖစ္ေစပါတယ္။ ကန္စြန္းဥကို သိုေလွာင္ သိမ္းဆည္းမည္ဆိုလွ်င္ ေအးၿပီး ေျခာက္ေသြ႕ကာ ေလဝင္ေလထြက္ ေကာင္းမြန္သည့္ ေနရာတြင္ သိမ္းဆည္းသင့္ပါတယ္။ ကန္စြန္းဥသည္လည္း ၾကက္သြန္ဥ အနီးအနားမွာ ထားတဲ့အခါ ပုပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

    (၆) သခြားသီး၊ ခရမ္းေခါင္းသီး၊ င႐ုပ္သီး

    အပူပိုင္းေဒသမွာ ေပါက္သည့္ အသီးေတြက ေအးသည့္အေျခအေနကို မႏွစ္ၿမိဳ႕ျခင္းသည္ သဘာဝပါ။ ထို႔ေၾကာင့္ ထိုအသီးေတြကို ေရခဲေသတၱာထဲ ထည့္သိမ္းမိတဲ့အခါ အခ်ိဳ႕ေနရာမ်ားတြင္ ေပ်ာ့ကာ အခ်ိဳင့္အခြက္မ်ား ျဖစ္ေပၚလာျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

    (၇) စိမ္းစားဥ

    စိမ္းစားဥကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ မဖုံးဘဲနဲ႔ ၃ပတ္ေလာက္ ထားႏိုင္ပါတယ္။ စိမ္းစားဥကို အလႊာလိုက္လွီးၿပီး ပလတ္စတစ္အိတ္နဲ႔ ထုတ္ပိုးကာ ေရခဲေသတၱာထဲ သိမ္းမည္ဆိုလွ်င္ ၂ပတ္ခန႔္ သိမ္းလို႔ေတာ့ရပါတယ္။ စိမ္းစားဥက ေရျဖင့္ထိမိလွ်င္ မႈိစြဲတတ္သည္ကိုေတာ့သတိထားရပါမယ္။

    (၈) ပန္းသီး၊ သစ္ေတာ္သီး

    ပန္းသီး၊ သစ္ေတာ္သီးတို႔ကို ေရခဲေသတၱာထဲမွာ ၾကာရွည္စြာ သိမ္းဆည္းသည့္အခါ အရသာနဲ႔ ပါဝင္ဓာတ္ပစၥည္းေတြ ဆုံးရႈံးႏိုင္ပါတယ္။

    (၉) ငွက္ေပ်ာသီး

    ငွက္ေပ်ာသီးကို ေရခဲေသတၱာထဲ ထည့္သိမ္းသည့္အခါ ငွက္ေပ်ာခြံက အမဲေရာင္အျဖစ္ ေျပာင္းသြားၿပီး ငွက္ေပ်ာအရသာ မခ်ိဳျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

    (၁၀) ဖရဲသီး

    ဖရဲသီးကို ေရခဲေသတၱာထဲ ထည့္သိမ္းလွ်င္လည္း ဖရဲသီး၏ အနံ႔ႏွင့္ လွပသည့္ အနီေရာင္သည္ အေရာင္ေျပာင္းသြားႏိုင္သည့္အတြက္ ၃ရက္ထက္ပိုၿပီး မသိမ္းပါဘူး။

    ဟင္းသီးဟင္း႐ြက္ႏွင့္ သစ္သီးဝလံမ်ား သိမ္းဆည္းတဲ့အခါ အခန္းတြင္း အပူခ်ိန္ႏွင့္ေနေရာင္ျခည္ တိုက္႐ိုက္မရႏိုင္သည့္ ေနရာမ်ားတြင္ သိမ္းဆည္းျခင္းသည္ အေကာင္းဆုံးပါ။အစိုဓာတ္ကိုေလွ်ာ့ခ်ရန္အတြက္ ပလတ္စတစ္အိတ္ (သို႔)ေလဝင္ေလထြက္ ေကာင္းမြန္သည့္ဖလား၊ ခြက္ျဖင့္ သိမ္းဆည္းျခင္းလည္း ျပဳလုပ္ႏိုင္ပါတယ္။ ပလတ္စတစ္အိတ္ကို ခ်ည္ပိတ္ၿပီးသိမ္းဆည္းျခင္းကိုေတာ့ မျပဳလုပ္သင့္ပါ။ အသီးမ်ား ရင့္မွည့္မႈကို ေႏွးေကြးေစၿပီး လွ်င္လွ်င္ျမန္ျမန္ ပ်က္စီးႏိုင္သည့္အတြက္ေၾကာင့္ပါ။ သစ္သီးဝလံမ်ား အျမန္ရင့္မွည့္ေစလိုလွ်င္ ပန္းသီး၁လုံးအား ၅ျခမ္း ၆ျခမ္းစိတ္ကာ ထိုအသီးနားတြင္ ထားျခင္းအားျဖင့္ ပန္းသီးမွ ထုတ္လႊတ္လိုက္တဲ့ အီသိုင္းလင္းဓာတ္က သစ္သီးဝလံမ်ားကို အျမန္မွည့္ေစပါတယ္။

    ဆုျမတ္ႏိုး

    Credit-အစိမ္းေရာင္လမ္း (greenwaymyanmar.com)

  • ကံစမ်းမဲကံ၊ ထီကံ၊ 2-3D ကံ အထူးကောင်းစေမည့် အစီအရင်

    (Unicode)

    ချဲတွေထီတွေ မပြောနဲ့ ကံစမ်းမဲဆို ၁၀၀တန်တောင် မပေါက်ဖူးဘူးဆိုရင် အောက်ပါ အတိုင်းပြုလုပ် ဆောင်ရွက်ပါ

    သင်တို့အိမ်က ဘုရားတရားဘယ်လောက်လုပ်နေပါစေ အတိုက်အခံမနာလို မုန်းတီးသူများနေတယ် အေးချမ်းခြင်းမရှိဘူး၊ ငွေလည်းမဝင် လာဘ်တိတ်နေတယ် ကံမကောင်းချက်က ချဲတွေ ထီတွေ မပြောနဲ့ ကံစမ်းမဲဆို ၁၀၀တန်တောင် မပေါက်ဖူးဘူးဆိုရင် အောက်ပါအတိုင်း ပြုလုပ်ဆောင်ရွက်ပေးပါ။ အချိန်တွေ နေ့ရက်တွေ မသတ်မှတ်ထားပါ။ ပြုလုပ်တဲ့ရက်က ပြဿဒါးရက် မဖြစ်ရင်ရပါပြီ။ လိုအပ်တာကတော့ ဖလားရေခွက် သပြေညွန့် ၃ရွက်နဲ့ သရော်ကင်ပွန်း တစ်ထုပ် (ခေါင်းလျော်ရည် လည်း ရပါတယ်)

    ပြုလုပ်ရမှာက ဖလားထဲကို ရေနဲ့ခေါင်းလျှော်ရည်(သရော်ကင်ပွန်း)ဆတူ မပြည့်တပြည့်လောက် ထည့်ပါ။ သပြေညွန့် ၃ရွက်ကို ထည့်ပြီး အောက်ပါ ဂါထာကို ၁၀၈ခေါက်ရွတ်ရင်း မိမိနေထိုင်ရာအိမ်ခြံမြေ ပတ်ပတ်လည်ကို သပြေခက်ဖြင့် ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါ။

    ဂါထာတော်-

    ဉုံသတ္တံသတ္တံဝလံပိတော ဒယာဒယာဝီရာဗုဒ္ဓေါ သက်ကတ်တံ ဘာဝန်တိယဝစ

    (၁) လေးစားမှုဆိုတာ ကိုနားမလည်တဲ့ သူမျိုးပါ။ ဒီလိုလူမျိုးနဲ့တွေ့တော့ ဒေါသကိုထိန်းချုပ်နိုင်လေ တရားရလေပါပဲ။

    (၂) သည်းခံတတ်ခြင်း မရှိတဲ့ သူမျိုးပါ။ ဒီလိုလူမျိုးနဲ့တွေ့တော့ ခန္ဓီပါရမီကို ပို၍နားလည်နိုင်တာပါပဲ။

    (၃) သစ္စာနဲ့ဂတိတည်ခြင်း မရှိတဲ့ သူမျိုးပါ။ ဒီလိုလူမျိုးနဲ့တွေ့တော့ ပုထုဇဉ်တွေ သဘောပို၍သိလာတာပါပဲ။

    (၄) ဖြစ်လိုတဲ့ ဆန္ဒပြင်းပြပြီဒေါသကြီးတဲ့ သူမျိုးပါ။ ဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးသည်းခံတတ်လာတာပါပဲ။

    (၅) ရလိုတာပဲကြည့်ပြီး နှစ်ဖက်မျှ မတွေးတတ်တဲ့သူမျိုးပါ။ ဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးနားလည် တတ်လာပါပဲ။

    Credit – Original Uploader

    (Zawgyi)

    ခ်ဲေတြထီေတြ မေျပာနဲ႔ ကံစမ္းမဲဆို ၁၀၀တန္ေတာင္ မေပါက္ဖူးဘူး ဆိုရင္ ေအာက္ပါ အတိုင္းျပဳလုပ္ ေဆာင္႐ြက္ပါ

    သင္တို႔အိမ္က ဘုရားတရားဘယ္ေလာက္လုပ္ေနပါေစ အတိုက္အခံမနာလို မုန္းတီးသူမ်ားေနတယ္ ေအးခ်မ္းျခင္းမရွိဘူး၊ ေငြလည္းမဝင္ လာဘ္တိတ္ေနတယ္ ကံမေကာင္းခ်က္က ခ်ဲေတြ ထီေတြ မေျပာနဲ႔ ကံစမ္းမဲ ဆို ၁၀၀တန္ေတာင္ မေပါက္ဖူးဘူးဆိုရင္ ေအာက္ပါ အတိုင္းျပဳလုပ္ေဆာင္႐ြက္ေပးပါ။ အခ်ိန္ေတြ ေန႔ရက္ေတြ မသတ္မွတ္ထားပါ။ ျပဳလုပ္တဲ့ရက္က ျပႆဒါးရက္ မျဖစ္ရင္ရပါၿပီ။ လိုအပ္တာကေတာ့ ဖလားေရခြက္ သေျပၫြန႔္ ၃႐ြက္နဲ႔ သေရာ္ကင္ပြန္း တစ္ထုပ္ (ေခါင္းေလ်ာ္ရည္ လည္း ရပါတယ္)

    ျပဳလုပ္ရမွာက ဖလားထဲ ကိုေရနဲ႔ေခါင္းေလွ်ာ္ရည(သေရာ္ကင္ပြန္း)ဆတူ မျပည့္တျပည့္ေလာက္ ထည့္ပါ။ သေျပၫြန႔္ ၃႐ြက္ကို ထည့္ၿပီး ေအာက္ပါ ဂါထာကို ၁၀၈ေခါက္႐ြတ္ရင္း မိမိေနထိုင္ရာအိမ္ၿခံေျမ ပတ္ပတ္လည္ကို သေျပခက္ျဖင့္ ေရတို႔ထိရင္း ပက္ျဖန္းလိုက္ပါ။

    ဂါထာေတာ္-

    ဥဳံသတၱံသတၱံဝလံပိေတာ ဒယာဒယာဝီရာဗုေဒၶါ သက္ကတ္တံ ဘာဝန္တိယဝစ

    (၁) ေလးစားမႈဆိုတာ ကိုနားမလည္တဲ့ သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ေတြ႕ေတာ့ ေဒါသကိုထိန္းခ်ဳပ္ႏိုင္ေလ တရားရေလပါပဲ။

    (၂) သည္းခံတတ္ျခင္း မရွိတဲ့ သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ေတြ႕ေတာ့ ခႏၶီပါရမီကို ပို၍နားလည္ႏိုင္တာပါပဲ။

    (၃) သစၥာနဲ႔ဂတိတည္ျခင္း မရွိတဲ့ သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ေတြ႕ေတာ့ ပုထုဇဥ္ေတြ သေဘာပို၍သိလာတာပါပဲ။

    (၄) ျဖစ္လိုတဲ့ ဆႏၵျပင္းျပၿပီေဒါသႀကီးတဲ့ သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ေတြ႕ေတာ့ ပိုၿပီးသည္းခံတတ္လာတာပါပဲ။

    (၅) ရလိုတာပဲၾကည့္ၿပီး ႏွစ္ဖက္မွ် မေတြးတတ္တဲ့သူမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ေတြ႕ေတာ့ ပိုၿပီးနားလည္ တတ္လာပါပဲ။

    Credit – Original Uploader

  • အိမ်မှာ အပင်စိုက် ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်

    (Unicode)

    အိမ်မှာ အပင်စိုက် ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်

    အပင်နိမိတ်

    ၁။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ်ပါနဲ့။ တချို့ အပင်‌တွေက အိမ်သား တစ်ယောက်‌ယောက်နဲ့ ဆက်နွယ်နေတတ်လို့ လူသွားထိပါတယ်။

    ၂။ အိမ်‌ပေါက်တည့်တည့် ဝါးပင် မစိုက်ပါနဲ့။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ်။

    ၃။ ပင်စိမ်းပင် ခြံထဲ စိုက်ပါ။ အိမ်သားတွေ တော်ရုံ မဖျားနာပါဘူး။

    ၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ။ အပွင့်ပွင့်ရင် ငွေဝင်တတ်ပါတယ်။

    ၅။ နှစ်တစ်ရာ ကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ။ အလုပ်အကိုင် အဆင်ပြေပါတယ်။ (အနံ့မရှိ ပန်းမရှိ အရွက်‌တွေ ဘုရား မကပ်ရပါဘူး။)

    ၆။ သရက်ပင် ခြံထဲ စိုက်ပါ။ အိမ် အေးချမ်းတတ်ပါတယ်။

    ၇။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်ပါတယ်။

    ၈။ ဗန်ဒါပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်ပါတယ်။ (ခြံရှေ့ စိုက်ပါ။ သူ့ ဘာသာ ပေါက်ရင် ထားလို့ ရပါတယ်။ နဂိုပါ ထားလို့ ရပါတယ်။)

    ၉။ ညောင်ပင် ခြံထဲ မစိုက်ပါနဲ့။ ဘာသာရေး မမြဲတဲ့ မိသားစုဆို ဒုက္ခရောက်တတ်ပါတယ်။

    ၁၀။ လူမမာရဲ့ လက်သည်း၊ ခြေသည်း၊ ဆံပင် စတာတွေကို သစ်ပင် အပေါက်ဖေါက်ပြီး ထည့်လိုက်ပါ။ သစ်ပင် ညှိုးသေ၊ ကျိုးကျ တစ်ခုခု ဖြစ်ရင် သူ နေကောင်းတတ်ပါတယ်။ (လုပ်သင့် မလုပ်သင့်တော့ ကိုယ်တိုင်သာ စဉ်းစားကြပါ။)

    Credit-အောင်မျိုးဦး

    (Zawgyi)

    အိမ္မွာ အပင္စိုက္ ဝါသနာပါတဲ့သူေတြ သိထားသင့္တဲ့ အပင္နိမိတ္

    အပင္နိမိတ္

    ၁။ ကိုယ့္ၿခံထဲက အပင္ေတြ အလြယ္တကူ မခုတ္ပါနဲ႔။ တခ်ိဳ႕ အပင္‌ေတြက အိမ္သား တစ္ေယာက္‌ေယာက္နဲ႔ ဆက္ႏြယ္ေနတတ္လို႔ လူသြားထိပါတယ္။

    ၂။ အိမ္‌ေပါက္တည့္တည့္ ဝါးပင္ မစိုက္ပါနဲ႔။ အလုပ္အကိုင္ အဆင္မေျပ ျဖစ္တတ္ပါတယ္။

    ၃။ ပင္စိမ္းပင္ ၿခံထဲ စိုက္ပါ။ အိမ္သားေတြ ေတာ္႐ုံ မဖ်ားနာပါဘူး။

    ၄။ စံပါယ္ပင္ အိမ္ေရွ႕စိုက္ပါ။ အပြင့္ပြင့္ရင္ ေငြဝင္တတ္ပါတယ္။

    ၅။ ႏွစ္တစ္ရာ ေက်ာက္စိမ္းပင္ အိမ္ေခါင္းရင္း စိုက္ပါ။ အလုပ္အကိုင္ အဆင္ေျပပါတယ္။ (အနံ႔မရွိ ပန္းမရွိ အ႐ြက္‌ေတြ ဘုရား မကပ္ရပါဘူး။)

    ၆။ သရက္ပင္ ၿခံထဲ စိုက္ပါ။ အိမ္ ေအးခ်မ္းတတ္ပါတယ္။

    ၇။ မႈိ႕ပင္ ၿခံထဲ မစိုက္ပါနဲ႔။ လုံးပတ္ သစ္ခြဲလို႔ရရင္ လူေသတတ္ပါတယ္။

    ၈။ ဗန္ဒါပင္ ၿခံထဲ မစိုက္ပါနဲ႔။ လုံးပတ္ သစ္ခြဲလို႔ရရင္ လူေသတတ္ပါတယ္။ (ၿခံေရွ႕ စိုက္ပါ။ သူ႔ ဘာသာ ေပါက္ရင္ ထားလို႔ ရပါတယ္။ နဂိုပါ ထားလို႔ ရပါတယ္။)

    ၉။ ေညာင္ပင္ ၿခံထဲ မစိုက္ပါနဲ႔။ ဘာသာေရး မၿမဲတဲ့ မိသားစုဆို ဒုကၡေရာက္တတ္ပါတယ္။

    ၁၀။ လူမမာရဲ႕ လက္သည္း၊ ေျခသည္း၊ ဆံပင္ စတာေတြကို သစ္ပင္ အေပါက္ေဖါက္ၿပီး ထည့္လိုက္ပါ။ သစ္ပင္ ညႇိဳးေသ၊ က်ိဳးက် တစ္ခုခု ျဖစ္ရင္ သူ ေနေကာင္းတတ္ပါတယ္။ (လုပ္သင့္ မလုပ္သင့္ေတာ့ ကိုယ္တိုင္သာ စဥ္းစားၾကပါ။)

    Credit-ေအာင္မ်ိဳးဦး

  • မြေအိုးမြီးရှည်ကို ဆိုင်မှာအတိုင်း လုပ်စားချင်လျှင်

    (Unicode)

    မြေအိုးမြီးရှည်ကို ဆိုင်မှာအတိုင်း လုပ်စားချင်လျှင်

    ရန်ကုန်မှာ ၂၀၀၀ခုနှစ် ဝန်းကျင်လောက် ဆိုဖီယာဆိုင်ဖွင့်ခါစက မြေအိုးမြီးရှည်ဆိုပြီး ရောင်းတာ မရှိသလောက် ရှားမယ်ထင်ပါတယ်။ ဆိုင်မှာလည်း ရိုးရိုးမြီးရှည်ဘဲ ရောင်းပါတယ်။၂၀၀၅နောက်ပိုင်းမှ တဖြေးဖြေးနာမည်ရလာတဲ့ မြေအိုးမြီးရှည်ကို ခုဆိုနေရာတိုင်း ဆိုင်တိုင်းလိုလိုမှာ ရနိုင်လောက်အောင် လူကြိုက်များတဲ့ အစားအစာတခု ဖြစ်နေပါပြီ။ အရသာနဲ့ ချက်နည်းတွေတော့ အနည်းငယ်ကွဲကြမှာပါ။ ဆိုင်မှာချက်ရောင်းခဲ့တဲ့ နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

    ပါဝင်ပစ္စည်း-

    မြီးရှည် တစ်ပွဲစာ

    နှစ်သက်ရာအသီးအနှံ – တစ်ပန်းကန် (မုန်ညင်း၊ ဥနီ၊ ပြောင်းဖူး၊ ရွှေပဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ကြက်သား လက်တဆုပ်၊ ငါးဖယ် ၅လုံး၊ ငုံးဥ ၅လုံး၊ ပဲပြား သေးသေးလေးတုံး။

    ဟင်းစပ်ပစ္စည်း-

    ကြက်သွန်ဖြူ ဆီချက် တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နှမ်းဆီချက် တစ်ဇွန်း၊ မြေပဲထောင်း တစ်ဇွန်း၊ဟွားကျောင်းဆီချက် လ္ဘက်ဇွန်း တစ်ဇွန်း၊ ငရုပ်သီးဆီချက် လ္ဘက်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် အကြည် တစ်ဇွန်း၊ ငရုပ်သီး ရှာလကာ စိမ် တစ်ဇွန်း၊ ကြက်သားမှုန့် တစ်ဇွန်း၊ ချဉ်စပ်ပဲငပိအနှစ် နှစ်ဇွန်း၊ ကြက်ပြုတ်ရည် တစ်ပန်းကန်စာ။

    ပြင်ဆင်ပြုလုပ်နည်း-

    ဟင်းစပ်ပစ္စည်းများနှင့် ကြက်သား၊ ငုံးဥ၊ ငါးဖယ်၊ ပဲပြား၊ သီးနှံ၊ မြီးရှည်ဖတ်အားလုံးကို မြေအိုးတခုတွင် ထည့်ပြီး တည်ထားပေးပါ။ ဟင်းရည်ဆူပွက်လာပြီး အရသာဝင်အောင် တည်ပေးပါ။ ပြီးလျှင် အရသာ အပေါ့ငံ မြည်း၍ သုံးဆောင် နိုင်ပါပြီ။

    Credit-Sofia

    (Zawgyi)

    ေျမအိုးၿမီးရွည္ကို ဆိုင္မွာအတိုင္း လုပ္စားခ်င္လွ်င္

    ရန္ကုန္မွာ ၂၀၀၀ခုႏွစ္ ဝန္းက်င္ေလာက္ ဆိုဖီယာဆိုင္ဖြင့္ခါစက ေျမအိုးၿမီးရွည္ဆိုၿပီး ေရာင္းတာ မရွိသေလာက္ ရွားမယ္ထင္ပါတယ္။ ဆိုင္မွာလည္း ႐ိုး႐ိုးၿမီးရွည္ဘဲ ေရာင္းပါတယ္။၂၀၀၅ေနာက္ပိုင္းမွ တေျဖးေျဖးနာမည္ရလာတဲ့ ေျမအိုးၿမီးရွည္ကို ခုဆိုေနရာတိုင္း ဆိုင္တိုင္းလိုလိုမွာ ရႏိုင္ေလာက္ေအာင္ လူႀကိဳက္မ်ားတဲ့ အစားအစာတခု ျဖစ္ေနပါၿပီ။ အရသာနဲ႔ ခ်က္နည္းေတြေတာ့ အနည္းငယ္ကြဲၾကမွာပါ။ ဆိုင္မွာခ်က္ေရာင္းခဲ့တဲ့ နည္းေလးအတိုင္း မွ်ေဝေပးလိုက္ပါတယ္။ ခ်က္စားၾကည့္ရေအာင္ေနာ္။

    ပါဝင္ပစၥည္း-

    ၿမီးရွည္ တစ္ပြဲစာ

    ႏွစ္သက္ရာအသီးအႏွံ – တစ္ပန္းကန္ (မုန္ညင္း၊ ဥနီ၊ ေျပာင္းဖူး၊ ေ႐ႊပဲ၊ ကန္စြန္း႐ြက္၊ ပဲပင္ေပါက္၊ၾကက္သား လက္တဆုပ္၊ ငါးဖယ္ ၅လုံး၊ ငုံးဥ ၅လုံး၊ ပဲျပား ေသးေသးေလးတုံး။

    ဟင္းစပ္ပစၥည္း-

    ၾကက္သြန္ျဖဴ ဆီခ်က္ တစ္ဇြန္း (စားပြဲတင္ဇြန္း)၊ ႏွမ္းဆီခ်က္ တစ္ဇြန္း၊ ေျမပဲေထာင္း တစ္ဇြန္း၊ဟြားေက်ာင္းဆီခ်က္ လၻက္ဇြန္း တစ္ဇြန္း၊ င႐ုပ္သီးဆီခ်က္ လၻက္ဇြန္း တစ္ဇြန္း၊ ပဲငံျပာရည္ အၾကည္ တစ္ဇြန္း၊ င႐ုပ္သီး ရွာလကာ စိမ္ တစ္ဇြန္း၊ ၾကက္သားမႈန႔္ တစ္ဇြန္း၊ ခ်ဥ္စပ္ပဲငပိအႏွစ္ ႏွစ္ဇြန္း၊ ၾကက္ျပဳတ္ရည္ တစ္ပန္းကန္စာ။

    ျပင္ဆင္ျပဳလုပ္နည္း-

    ဟင္းစပ္ပစၥည္းမ်ားႏွင့္ ၾကက္သား၊ ငုံးဥ၊ ငါးဖယ္၊ ပဲျပား၊ သီးႏွံ၊ ၿမီးရွည္ဖတ္အားလုံးကို ေျမအိုးတခုတြင္ ထည့္ၿပီး တည္ထားေပးပါ။ ဟင္းရည္ဆူပြက္လာၿပီး အရသာဝင္ေအာင္ တည္ေပးပါ။ ၿပီးလွ်င္ အရသာ အေပါ့ငံ ျမည္း၍ သုံးေဆာင္ ႏိုင္ပါၿပီ။

    Credit-Sofia

  • လူ ၁ဝဝမှာ ၉၉ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်းအလွဲများ

    (Unicode)

    လူ ၁ဝဝမှာ ၉၉ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်းအလွဲများ

    ==============================

    စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေတွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

    ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအား သွင်းပြီးတိုင်း အားသွင်းကြိုး ကိုဖြုတ်ထားပါ။

    ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အား သွင်းခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။

    ဖုန်းအား၂ဝအောက်ရောက်တာနဲ့ ားပြန်သွင်းတာကဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။

    ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင်လုပ်နေသလိုပါပဲ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေ နိုင်ပါတယ်။

    အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာအားသွင်းကြိုးတွေနဲ့ သွင်းတာကလည်း လုံးဝမကောင်းပါဘူး။

    ဖုန်းကာဗာတပ်ထားရက်အားသွင်းတာက ဖုန်းကို အပူချိန်မြင့်စေတာကြောင့် အားသွင်းချိန်မှာ ကာဗာကိုဖြုတ်ထားပြီးမှ သွင်းပါ။လက်(ပ်)တော့ ၊ ကွန်ပျူတာကနေတဆင့် ဖုန်းအားသွင်းတာက ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။

    (Zawgyi)

    လူ ၁ဝဝမွာ ၉၉ဦး မွားၾကတဲ့ ဖုန္းအားသြင္းနည္းအလြဲမ်ား

    ==============================

    စာဖတ္သူေတြထဲမွာ ေန႔စဥ္ဖုန္းမသုံးတဲ့သူမရွိဘူးလို႔ထင္ပါတယ္။ ေန႔တိုင္းဖုန္းသုံးၾကတဲ့အခါ တစ္ေန႔ကိုတစ္ႀကိမ္မက ဖုန္းအားသြင္းတတ္ၾကပါတယ္။ဖုန္းအားသြင္းတာနဲ႔ပတ္သက္လို႔ လူတိုင္းလိုလိုလုပ္တတ္ၾကတဲ့ အမွားအယြင္းေလေတြကို သတိထားဆင္ျခင္ႏိုင္ဖို႔ ေဖာ္ျပေပးခ်င္ပါတယ္။

    ဖုန္းအားသြင္းႀကိဳးကို ပလပ္ေပါက္မွာ အၿမဲတပ္ထားျခင္းက အခန္းတြင္းစိုထိုင္းဆနဲ႔ဓာတ္ျပဳၿပီး မီးေလာင္ျခင္းကိုျဖစ္ေစႏိုင္လို႔ ဖုန္းအား သြင္းၿပီးတိုင္း အားသြင္းႀကိဳး ကိုျဖဳတ္ထားပါ။

    ဖုန္းအားကို ၁၀၀ ျပည့္တဲ့အထိသြင္းထားတာက အားကုန္ဖို႔ပိုလြယ္ေစတာေၾကာင့္ ဖုန္းအားသြင္းတဲ့အခါ ၉၈ ေလာက္ျဖစ္ရင္ ျဖဳတ္ထားလိုက္ပါ။ဖုန္းအားကုန္ၿပီးပိတ္သြားတဲ့အထိသုံးျခင္း၊ ဖုန္းအား ၁၀ ေအာက္ေရာက္မွ အား သြင္းျခင္းက ဖုန္းဘကၳရီကိုလြယ္လြယ္ပ်က္ေစပါတယ္။

    ဖုန္းအား၂ဝေအာက္ေရာက္တာနဲ႔ ားျပန္သြင္းတာကဖုန္းဘကၳရီသက္တမ္းကို ပိုၾကာရွည္ေစပါတယ္။

    ဖုန္းကိုတစ္ညလုံးအားသြင္းထားတာက ဖုန္းဘကၳရီ ျမန္ျမန္ပ်က္ေအာင္လုပ္ေနသလိုပါပဲ။ဖုန္းအားသြင္းထားတုန္း ဖုန္းသုံးတာက ဘကၳရီေပါက္ကြဲျခင္းကိုေတာင္ ျဖစ္ေစႏိုင္လို႔ လုံးဝမလုပ္သင့္ပါဘူး။ဖုန္းအား ၂၀ အထက္ရွိေနတဲ့အခါ ဖုန္းအားသြင္းတာကလည္း ဖုန္းကို ျမန္ျမန္ပ်က္ေစ ႏိုင္ပါတယ္။

    ေအာက္ေရာက္မွ ဖုန္းအားသြင္းတာက အသင့္ေတာ္ဆုံးပါ။မူလ အားသြင္းႀကိဳးမဟုတ္ဘဲ ေတြ႕ကရာအားသြင္းႀကိဳးေတြနဲ႔ သြင္းတာကလည္း လုံးဝမေကာင္းပါဘူး။

    ဖုန္းကာဗာတပ္ထားရက္အားသြင္းတာက ဖုန္းကို အပူခ်ိန္ျမင့္ေစတာေၾကာင့္ အားသြင္းခ်ိန္မွာ ကာဗာကိုျဖဳတ္ထားၿပီးမွ သြင္းပါ။လက္(ပ္)ေတာ့ ၊ ကြန္ပ်ဴတာကေနတဆင့္ ဖုန္းအားသြင္းတာက ဖုန္းေၾကာင္ေစတာေၾကာင့္ အဲ့ဒီလို မသြင္းသင့္ပါဘူး။ဖုန္းေၾကာင္ေစတာေၾကာင့္ အဲ့ဒီလို မသြင္းသင့္ပါဘူး။

    Crd,written by PP

  • အပင်၊ အရွက်အတွက် ထမင်းသိုးအားဆေးရည် ကိုယ်တိုင်လုပ်နည်း

    (Unicode)

    အရွက် အားဆေးရည် ကိုယ်တိုင်လုပ်နည်း

    အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း

    ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ၊ သကြား ထမင်းစားဇွန်း-2 ဇွန်း၊ နို့ချဉ် ၅၀ စီစီ။ ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ။ ထမင်းသိုးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။ စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားလိုက်ပါ။ ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တရစ်ခန့် ချန်ထားပါ။ GAS ထွက်ရန်ဖြစ်ပါတယ်။ ၃ ရက်မြောက်နေ့တွင် ထပ်ပြီးလှုပ်ခါပါ။ အဖုံးကိုတရစ် ချန်၊ ပြန်ပိတ်ပါ။ ၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုး ဂျူလင်စီ ကိုရပါပြီ။

    ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့အရွက်များ အတွက် များစွာ အကျိုးပြုပါတယ်။ N ဒြပ် အများဆုံး ပါဝင်သောကြောင့်ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။ အပင်ထဲ ထည့်ပါက အမြစ်ရှင်သန်ပြီးအစာ စားကောင်းပါတယ်။ အရွက်မှ ဆေးရည်ကိုတိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွားစေပါတယ်။

    ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။ အရွက်ဖျန်းဖို့အတွက်၊ ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း။ အပင်လောင်းရန်အတွက် ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း။

    သီးပင်စားပင်အတွက် ကြက်သွန်နီ အခွံ ဆေးရည်ပြုလုပ်နည်း-

    ကြက်သွန်နီခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါးစတဲ့ အပင်အတွက် လိုအပ်တဲ့ အဟာရဓါတ် များစွာပါဝင်တဲ့အပြင် ကြက်သွန်နီ အခွံ အနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင် တားဆီးပေးစေပါတယ်။ ကြက်သွန်နီခွံခြောက် ၅ ကျပ်သား၊ ရေ ၁ လီတာထည့်၍ ၂၄ နာရီထားပါ။နောက်ထပ် ရေ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။ ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များ သို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါသည်။ ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ် ကျွေးနိုင်ပါသည်။

    Credit-Original Uploader

    (Zawgyi)

    အ႐ြက္ အားေဆးရည္ ကိုယ္တိုင္လုပ္နည္း

    အပင္အ႐ြက္ အတြက္ ထမင္းသိုး ဂ်ဴလင္စီ ေဆးရည္ကိုယ္တိုင္ျပဳလုပ္နည္း

    ထမင္းသိုး ဆန္တစ္ဗူးခ်က္ခန႔္ ၊ သၾကား ထမင္းစားဇြန္း-2 ဇြန္း၊ ႏို႔ခ်ဥ္ ၅၀ စီစီ။ ထမင္းသိုးထဲ ေရ လီတာဝက္ခန႔္ ေလာင္းထည့္ပါ။ ၿပီးေနာက္ ၅ မိနစ္ခန႔္ေမႊေပးပါ။ ထမင္းသိုးမွ အရည္အား လုံး သမသြားပါက ၅ မိနစ္ခန႔္အနည္ထိုင္ေအာင္ ေစာင့္လိုက္ပါ။ အနည္ထိုင္သြားပါက ေရစစ္ျဖင့္ စစ္ယူပါ။ စစ္ယူထားေသာ ထမင္းသိုးေရထဲသို႔ သၾကား ၂ ဇြန္း ႏို႔ခ်ဥ္ဘူး ၅၀ စီစီ ေဖါက္ထည့္ပါ သမသြားေအာင္နဲ႔ သၾကားမ်ား ေပ်ာ္ေအာင္ ေမြပါ။ အားလုံး သမသြားၿပီ ဆိုပါက ေရသန႔္ဘူးလြတ္ထဲထည့္ၿပီး အရိပ္ထဲထားလိုက္ပါ။ ဘူးအဖုံးကိုေတာ့ အလုံမပိတ္ဘဲ တရစ္ခန႔္ ခ်န္ထားပါ။ GAS ထြက္ရန္ျဖစ္ပါတယ္။ ၃ ရက္ေျမာက္ေန႔တြင္ ထပ္ၿပီးလႈပ္ခါပါ။ အဖုံးကိုတရစ္ ခ်န္၊ ျပန္ပိတ္ပါ။ ၇ ရက္ေျမာက္မွာေတာ့ အသင့္သုံး ထမင္းသိုး ဂ်ဴလင္စီ ကိုရပါၿပီ။

    ဒီေဆးရည္သည္ အပင္၏ အျမစ္နဲ႔အ႐ြက္မ်ား အတြက္ မ်ားစြာ အက်ိဳးျပဳပါတယ္။ N ျဒပ္ အမ်ားဆုံး ပါဝင္ေသာေၾကာင့္ဖ်န္းၿပီး သုံးရက္နဲ႔ငါးရက္ၾကာပါက သိသာလာပါလိမ့္မယ္။ အပင္ထဲ ထည့္ပါက အျမစ္ရွင္သန္ၿပီးအစာ စားေကာင္းပါတယ္။ အ႐ြက္မွ ေဆးရည္ကိုတိုက္႐ိုက္ စားသုံးႏိုင္ေသာေၾကာင့္ အ႐ြက္မ်ား သန္မာႀကီးထြားေစပါတယ္။

    ကြမ္းသမားမ်ား အ႐ြက္စား အပင္မ်ား အတြက္ လက္ေတြ႕ ျဖစ္ထြန္းေစပါတယ္။ အ႐ြက္ဖ်န္းဖို႔အတြက္၊ ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၅ ဇြန္း။ အပင္ေလာင္းရန္အတြက္ ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၁၀ ဇြန္း။

    သီးပင္စားပင္အတြက္ ၾကက္သြန္နီ အခြံ ေဆးရည္ျပဳလုပ္နည္း-

    ၾကက္သြန္နီခြံမွာ ကယ္လစီယမ္၊ ပိုတက္စီယမ္၊ မဂၢနီစီယမ္၊ အိုင္႐ြန္း၊ ေကာ့ပါးစတဲ့ အပင္အတြက္ လိုအပ္တဲ့ အဟာရဓါတ္ မ်ားစြာပါဝင္တဲ့အျပင္ ၾကက္သြန္နီ အခြံ အနံ႔ေၾကာင့္ ပိုးေတြကိုလည္း မလာေအာင္ တားဆီးေပးေစပါတယ္။ ၾကက္သြန္နီခြံေျခာက္ ၅ က်ပ္သား၊ ေရ ၁ လီတာထည့္၍ ၂၄ နာရီထားပါ။ေနာက္ထပ္ ေရ၁ လီတာ ထပ္ေရာ၍ ႏွံ႔ေအာင္ေမႊၿပီး အရည္စစ္ အရည္ညႇစ္ယူပါ။ ၾကက္သြန္နီခြံ အားေဆးရည္ကို အပင္မ်ား သို႔ တိုက္႐ိုက္ ပက္ဖ်န္း၍ အသုံးျပဳႏိုင္ပါသည္။ က်န္ရွိေသာ ၾကက္သြန္နီခြံ အားေဆးအနည္အႏွစ္မ်ားကို ေျမႀကီးျဖင့္ေရာ၍ အပင္ေျခတြင္ အစာအျဖစ္ ေကြၽးႏိုင္ပါသည္။

    Credit-Original Uploader

  • စိုက်ပျိုးရေးအတွက် ငှက်ပျောသီးခွံ လျှို့ဝှက်ချက် ၁၀မျိုး

    (Unicode)

    ငှက်ပျောခွံ အသုံးပြုနည်း လှို့ဝှက်ချက် ၁၀မျိုး

    စိုက်ပျိုးရေး အတွက် ငှက်ပျောသီးခွံ အသုံးဝင်ပုံ (၁၀)မျိုး

    သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါ မကျန် သူ့အရသာလေးနဲ့ သူ ကောင်းလို့ မွန်လို့ စားကြတယ်။ အိမ်နီးနားချင်းတွေကို ဝေကြပါတယ်။ အမယ်..ဦးရှင်ကြီးတင်လို့ စားရတဲ့ မုန့်ဆမ်းနဲ့ ငှက်ပျောသီးလေးဆို ကောင်းလွန်းလို့။ အသီးကပဲ စားကောင်းတာမဟုတ်ပါဘူး။ သူ့အခွံကလည်း အသုံးဝင်တယ်ဆိုတာ သိစေချင်ပါတယ်။ စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။

    (၁) ငှက်ပျောခွံ အရည်

    မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့ လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ ရပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။

    (၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။

    စုထားတဲ့ ငှက်ပျောခွံတွေ ရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

    (၃) မြေဆွေးပုံရင် သုံးလို့ရတယ်။

    အခင်းထဲ တိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေဆွေးပုံပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံတွေပါထည့်ပြီးတော့ မြေဆွေးပြုလုပ်လို့ ရပါတယ်နော်။ ငှက်ပျောခွံနဲ့လုပ်ထားတဲ့ မြေဆွေးတွေ ကောင်းကောင်းဆွေးပြီဆိုရင် ပျိုးဘောင်လုပ်တဲ့ အချိန်မျိုးမှာ၊ အပင်တွေ ပန်းပွင့်တဲ့အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာဟာရတွေ အများကြီးရလာမှာပါ။

    (၄) ငှက်ပျောခွံမှုန့်မြေသြဇာ

    ငှက်ပျောခွံတွေ အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။သတိထားရမှာ တစ်ချက်က အမြစ်ကိုမထိအောင် ထည့်ပေးလိုက်ပါ။ အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ။

    (၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ

    မျိုးစေ့စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေးတွေချ၊ မြေပြန်ဖုံးခဲ့။ အမြစ်လေးတွေ စထွက်တဲ့အချိန်၊ အပင်လေးတွေ ကြီးလာတဲ့အချိန်မျိုးတွေဆို သူက အာဟာရတွေ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးအဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့။

    (၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ

    ငှက်ပျောခွံမှုန့် (၄) ဇွန်း၊ ကြက်ဥခွံ (၃)ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့်ဖြည့်ပြီး အပင်တွေကိုဖျန်းပေးလို့ရပါပြီ။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ။

    (၇) အင်းဆက်တွေ ဖမ်းမယ်။

    ပန်းသီးရှာလကာရည်ထဲကို ငှက်ပျောသီးခွံလေးထည့်ပြီး အင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီးလျော့ချနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အဖုံးပါတဲ့ ကော်ခွက်လေးတွေထဲကို ငှက်ပျောခွံနဲ့ ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ်လည်မှာ အပေါက်လေးတွေ ဖောက်ထား။ အဖုံးလေးပြန်ပိတ်ထား။ အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင်ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့။

    (၈) ပျဆေး

    အပင်ခြေရင်းမှာ ငှက်ပျောခွံအစတွေကို တင်ထားပေးရင် ပျတွေမတက်တော့ပဲ အပင်ကိုကာကွယ်ပြီးသားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်။

    (၉) ပန်းပွင့်ဆေး

    ငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ အများကြီး ကြီးကြီး လှလှ ပွင့်လာမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် ဖုံးလို့ရတဲ့ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီး အဝတ်ကလေးနဲ့ ပိတ်ထား၊ တစ်ပတ်လောက်စောင့်ရပါမယ်။ အမြုပ်ဖြူလေး တွေထလာရင် အဆင်ပြေပါတယ်။ အမြုပ်တွေက မဲနေမယ်။ မှိုတွေတက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကိုလောင်းလို့ရပါတယ်။ အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲ ထည့်ပေးလို့ရပါတယ်။ ကဲ ဘာလိုသေးလဲ?

    (၁၀) အက်ဆစ်ကြိုက်အပင်တွေ

    စတော်ဘယ်ရီတို့လို အက်ဆစ်ကြိုက်တဲ့အပင်တွေ အချဉ်ဓာတ်လေးကြိုက်တဲ့ အပင်တွေကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်းလာမှာပဲဖြစ်ပါတယ်။ ငှက်ပျောခွံကို ရေနဲ့စိမ်ပြီးတော့ ငှက်ပျောခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေဆယ်ပြီး ရေကိုပဲ (၄)ပတ်ကနေ (၆)ပတ်လောက် ထားရမှာပါ။ ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ။

    Credit-Original Uploader

    (Zawgyi)

    ငွက္ေပ်ာခြံ အသုံးျပဳနည္း လႈိ႕ဝွက္ခ်က္ ၁၀မ်ိဳး

    စိုက္ပ်ိဳးေရး အတြက္ ငွက္ေပ်ာသီးခြံ အသုံးဝင္ပုံ (၁၀)မ်ိဳး

    သီးေမႊး၊ ဖီးၾကမ္း၊ ရခိုင္၊ ဝက္မလြတ္ ပြဲထဲက ငွက္ေပ်ာသီးပါ မက်န္ သူ႔အရသာေလးနဲ႔ သူ ေကာင္းလို႔ မြန္လို႔ စားၾကတယ္။ အိမ္နီးနားခ်င္းေတြကို ေဝၾကပါတယ္။ အမယ္..ဦးရွင္ႀကီးတင္လို႔ စားရတဲ့ မုန႔္ဆမ္းနဲ႔ ငွက္ေပ်ာသီးေလးဆို ေကာင္းလြန္းလို႔။ အသီးကပဲ စားေကာင္းတာမဟုတ္ပါဘူး။ သူ႔အခြံကလည္း အသုံးဝင္တယ္ဆိုတာ သိေစခ်င္ပါတယ္။ စားေနၾကတဲ့ ငွက္ေပ်ာသီးခြံကို စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ဘယ္လိုသုံးလို႔ ရေနတယ္ ဆိုတဲ့အေၾကာင္းကို တင္ဆက္ေပးသြားမွာမို႔ ငွက္ေပ်ာသီးေကြၽးၿပီးရင္ အခြံေလးျပန္ေတာင္း ျပန္စုၾကပါ။

    (၁) ငွက္ေပ်ာခြံ အရည္

    ေျမေဆြးအရည္လိုမ်ိဳးပဲ ငွက္ေပ်ာသီးအခြံနဲ႔ လုပ္ထားတဲ့ ငွက္ေပ်ာခြံရည္ဆိုတာကို ႐ြက္ဖ်န္းအားေဆးအျဖစ္ ပက္ဖ်န္းေပးလို႔ရပါတယ္။ အပင္ေတြကို ေလာင္းေပးလို႔ ရပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုတာက်ေတာ့ ေရနဲ႔ (၂) ရက္ (၄၈ နာရီ) ထားၿပီးရင္ အဲ့ငွက္ေပ်ာခြံရည္နဲ႔ အပင္ေတြကို ေလာင္းေပးလို႔ရပါတယ္။ အာဟာရေတြကို ပိုရလာေအာင္ ငွက္ေပ်ာခြံေတြက ကူညီေပးပါတယ္။

    (၂) အပိုင္းအစေလးေတြ ေျမႀကီးထဲ ထည့္ေပးလို႔ရတယ္။

    စုထားတဲ့ ငွက္ေပ်ာခြံေတြ ရွိတယ္ဆိုရင္ ၅ ခ်က္ ၆ ခ်က္ေလာက္ ခုတ္ထစ္ၿပီးေတာ့ စိုက္ထားတဲ့ ၿခံထဲ၊ ဥယ်ာဥ္ထဲကို တိုက္႐ိုက္ထည့္ေပးလို႔ရပါတယ္။ ေျမႀကီးေတာ့ ျပန္ဖုံးေပးခဲ့ဖို႔ လိုအပ္ပါတယ္ေနာ္။ တျဖည္းျဖည္း ေဆြးရင္းနဲ႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။

    (၃) ေျမေဆြးပုံရင္ သုံးလို႔ရတယ္။

    အခင္းထဲ တိုက္႐ိုက္မထည့္ခ်င္ဘူးဆိုရင္ ေျမေဆြးပုံပုံၿပီးေတာ့ သုံးတဲ့ေနရာမွာ ငွက္ေပ်ာခြံေတြပါထည့္ၿပီးေတာ့ ေျမေဆြးျပဳလုပ္လို႔ ရပါတယ္ေနာ္။ ငွက္ေပ်ာခြံနဲ႔လုပ္ထားတဲ့ ေျမေဆြးေတြ ေကာင္းေကာင္းေဆြးၿပီဆိုရင္ ပ်ိဳးေဘာင္လုပ္တဲ့ အခ်ိန္မ်ိဳးမွာ၊ အပင္ေတြ ပန္းပြင့္တဲ့အခ်ိန္မ်ိဳးေတြမွာ သုံးေပးလိုက္ရင္ အပင္ေတြက အာဟာရေတြ အမ်ားႀကီးရလာမွာပါ။

    (၄) ငွက္ေပ်ာခြံမႈန႔္ေျမၾသဇာ

    ငွက္ေပ်ာခြံေတြ အမ်ားႀကီးရွိေနတယ္ဆို ေနေရာင္ေအာက္မွာ အေျခာက္ခံလိုက္ပါ။ေကာင္းေကာင္းေျခာက္သြားရင္ အမႈန႔္ႀကိတ္ၿပီးေတာ့ ေျမႀကီးထဲကို ထည့္ေပးလို႔ရပါတယ္။သတိထားရမွာ တစ္ခ်က္က အျမစ္ကိုမထိေအာင္ ထည့္ေပးလိုက္ပါ။ အိုးေတြမွာဆို ျဖဴးထည့္လိုက္႐ုံပါပဲ။

    (၅) အေစ့စိုက္ရင္ ထည့္ေပးလို႔ရ

    မ်ိဳးေစ့စိုက္မယ္ဆို ငွက္ေပ်ာခြံကို တိုက္႐ိုက္သုံးေပးလို႔ရပါတယ္။ ေျမာင္းေလးတူး၊ ငွက္ေပ်ာခြံေလးေတြခင္း ၿပီးေတာ့ အေစ့ေလးေတြခ်၊ ေျမျပန္ဖုံးခဲ့။ အျမစ္ေလးေတြ စထြက္တဲ့အခ်ိန္၊ အပင္ေလးေတြ ႀကီးလာတဲ့အခ်ိန္မ်ိဳးေတြဆို သူက အာဟာရေတြ ေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္တဲ့ ေျမၾသဇာႀကီးအျဖစ္နဲ႔ အသုံးေတာ္ခံလို႔ေပါ့။

    (၆) ငွက္ေပ်ာခြံ႐ြက္ဖ်န္း ေျမၾသဇာ

    ငွက္ေပ်ာခြံမႈန႔္ (၄) ဇြန္း၊ ၾကက္ဥခြံ (၃)ခုရဲ႕ အမႈန႔္ရယ္၊ အက္ပဆြန္ ဆားတစ္ဇြန္းကို ေရသန႔္ဘူးအ႐ြယ္အစားထဲထည့္ၿပီး ေရအျပည့္ျဖည့္ၿပီး အပင္ေတြကိုဖ်န္းေပးလို႔ရပါၿပီ။ ကယ္လ္စီယမ္၊ မဂၢနီစီယမ္နဲ႔ ပိုတက္စီယမ္ႂကြယ္ဝတဲ့ ႐ြက္ဖ်န္းေျမၾသဇာပါပဲ။

    (၇) အင္းဆက္ေတြ ဖမ္းမယ္။

    ပန္းသီးရွာလကာရည္ထဲကို ငွက္ေပ်ာသီးခြံေလးထည့္ၿပီး အင္းဆက္ေထာင္ေျခာက္ လုပ္လို႔ရပါတယ္။ ၿခံထဲထည့္ထားရင္ မွက္ေတြကို အမ်ားႀကီးေလ်ာ့ခ်ႏိုင္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ အဖုံးပါတဲ့ ေကာ္ခြက္ေလးေတြထဲကို ငွက္ေပ်ာခြံနဲ႔ ပန္းသီးရွာလကာရည္ထည့္၊ ေဘးပတ္ပတ္လည္မွာ အေပါက္ေလးေတြ ေဖာက္ထား။ အဖုံးေလးျပန္ပိတ္ထား။ အဲ့လိုဆို မွက္မ်ိဳးႏြယ္ဝင္ အုပ္စုေတြက ေထာင္ေျခာက္မွာမိၿပီး အပင္ေတြကို ကာကြယ္ႏိုင္တာေပါ့။

    (၈) ပ်ေဆး

    အပင္ေျခရင္းမွာ ငွက္ေပ်ာခြံအစေတြကို တင္ထားေပးရင္ ပ်ေတြမတက္ေတာ့ပဲ အပင္ကိုကာကြယ္ၿပီးသားျဖစ္မွာပါ။ ငွက္ေပ်ာခြံကို ပ်ေတြက မုန္းၾကပါတယ္။

    (၉) ပန္းပြင့္ေဆး

    ငွက္ေပ်ာခြံကို ေရနဲ႔အခ်ဥ္ေဖာက္ၿပီး ပန္းပြင့္တဲ့အပင္ေတြကို ဖ်န္းေပးရင္ ပန္းပြင့္ေတြ အမ်ားႀကီး ႀကီးႀကီး လွလွ ပြင့္လာမွာပါ။ ဘယ္လိုလုပ္ရမလဲဆိုရင္ ဖုံးလို႔ရတဲ့ပုလင္းထဲ ငွက္ေပ်ာခြံထည့္၊ ၿပီးေတာ့ ေရျမဳပ္ေနအာင္ထည့္ၿပီး အဝတ္ကေလးနဲ႔ ပိတ္ထား၊ တစ္ပတ္ေလာက္ေစာင့္ရပါမယ္။ အျမဳပ္ျဖဴေလး ေတြထလာရင္ အဆင္ေျပပါတယ္။ အျမဳပ္ေတြက မဲေနမယ္။ မႈိေတြတက္လာတယ္ဆိုရင္ေတာ့ လႊင့္ပစ္လိုက္ပါ။ အရည္ကိုေလာင္းလို႔ရပါတယ္။ အဖတ္ေတြကိုႀကိတ္ၿပီးေတာ့ ေျမႀကီးထဲ ထည့္ေပးလို႔ရပါတယ္။ ကဲ ဘာလိုေသးလဲ?

    (၁၀) အက္ဆစ္ႀကိဳက္အပင္ေတြ

    စေတာ္ဘယ္ရီတို႔လို အက္ဆစ္ႀကိဳက္တဲ့အပင္ေတြ အခ်ဥ္ဓာတ္ေလးႀကိဳက္တဲ့ အပင္ေတြကို ဖ်န္းေပးရင္ အ႐ြက္ဖားဖားနဲ႔ ပိုသန္စြမ္းလာမွာပဲျဖစ္ပါတယ္။ ငွက္ေပ်ာခြံကို ေရနဲ႔စိမ္ၿပီးေတာ့ ငွက္ေပ်ာခြံရွာလကာရည္ လုပ္ရမွာပါ။ ေရနဲ႔ စိမ္တာတူတူပါပဲ။ တစ္ပတ္ၾကာရင္ အဖတ္ေတြဆယ္ၿပီး ေရကိုပဲ (၄)ပတ္ကေန (၆)ပတ္ေလာက္ ထားရမွာပါ။ ရွာလကာရည္လို အနံ႔ေလးထြက္တယ္။ တူလာၿပီဆိုရင္ ေရနဲ႔ ထပ္ေရာၿပီး အပင္ေလးေတြကို ေလာင္းေပးပါ။

    Credit-Original Uploader