Category: ဗဟုတုသ

  • စတိဗ်ဂျော့ရဲ့ဒဿန

    စတိဗ်ဂျော့ရဲ့ဒဿန

    လူတယောက်ခွဲစိတ်ခန်းထဲဝင်သွားတဲ့အချိန်မှာ ဒီဘဝမှာသူဆုံးအောင်မဖတ်လိုက်ရတဲ့ စာအုပ်တအုပ်ကျန်နေသေးတယ်ဆိုတာ သူသတိယမိပါလိမ့်မယ်။ အဲဒီစာအုပ်ကတော့ “ကျန်းမာတဲ့တသက်တာ စာအုပ်”ပါဘဲ။

    ဒီစကားကိုပြောခဲ့သူကတော့ Apple ရဲ့ပဲ့ကိုင်ရှင် စတိဗ်ဂျော့ ဘဲဖြစ်ပါတယ်..စတိဗ်ဂျော့ ဟာ ဘဝရဲ့အောင်မြင်ဆုံးအချိန်ဖြစ်တဲ့ အသက် ၅၆ နှစ် မှာ သရက်ရွက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်.. ၂၀၁၁ ဧပြီ သူကွယ်လွန်ချိန်မှာ သူ့ပိုင်ဆိုင်မူဟာ ဒေါ်လာ ၇ ဘီလီယံရှိပါတယ်…

    သူမသေဆုံးခင် နောက်ဆုံးအချိန်မှာ လူ့ဘဝနဲ့ပတ်သက်တဲ့ သူ့ခံစားချက်အမြင်တွေကို steve job’s last worlds ဆိုတဲ့ Youtube ဖိုင်တခုမှာပြောသွားတာတွေ့ရပါတယ်

    နှစ်သက်မိတဲ့စာစုလေးတွေကိုဘဲပြောပြချင်ပါတယ်..အကျယ်သိချင်ရင်တော့ youtube မှာ ရှာကြည့်ပါ

    လူနာကုတင်ပေါ်မှာလှဲရင်း ဘဝတခုလုံးကိုပြန်တွေးကြည်တဲ့အခါမှာ အလုပ်ထဲမှာဘဲ နှစ်မြုပ်ထားတဲ့အတွက် ဘဝမှာပျော်ရွှင်မူတွေနည်းပါးခဲ့တယ်…ကိုယ်အရမ်းတန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အသိအမှတ်ပြုခံရမူတွေ ကြွယ်ဝချမ်းသာမူတွေဟာ မကြာခင် သူရင်ဆိုင်ရတော့မယ့် သေခြင်းရဲ့ရှေ့မှောက်မှာ ဖျော့တော့မှေးမှိန်ပြီး အဓိပ္ပာယ်ကင်းမဲ့နေပါပြီ

    သင့်မိသားစုကိုတန်ဖိုးထားပါ သင့်ဇနီး ခင်ပွန်း သင့်ရဲ့မိတ်ဆွေတွေအပေါ် မေတ္တာထားပါ..ကိုယ့်ကိုယ်ကိုစောင့်ရှောက်ပါ သူတပါးကိုလဲမေတ္တာထားပါ

    အသက်ကြီးပြီး အသိဉာဏ် ရင့်ကျက်လာတာနဲ့အမျှ ဒေါ်လာတစ်သိန်းခွဲတန်ကားစီးတာနဲ့ ဒေါ်လာသုံးသောင်းတန်ကားစီးတာ ဘာကွာလို့လဲ။ ဒီခရီးကို ဒီလမ်းကဘဲသွားကြရပြီး နောက်ဆုံး ဒီနေရာရောက်ကြရတာပါဘဲ

    စစ်မှန်တဲ့ပျော်ရွှင်မူဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက မပေးစွမ်းနိုင်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်

    လေယာဉ်နဲ့ခရီးသွားရင် အထူးတန်းကစီးစီး၊ရိုးရိုးတန်းက စီးစီး လေယာဉ်ပျက်ကျရင်အကုန်သေမှာပါဘဲ….ဒါကြောင့် မိတ်ဆွေအပေါင်းအသင်း ညီအကိုမောင်နှမတွေ နဲ့ပျော်ရွှင်စွာ နေထိုင်ခြင်းကသာ စစ်မှန်တဲ့ပျော်ရွှင်စရာအချိန်တွေ ဖြစ်တယ်ဆိုတာ သင်သဘောပေါက်လိမ့်မယ်လို့ မျော်လင့်ပါတယ်

    သင့်သားသမီးတွေကို ချမ်းသာဖို့သင်မပေးပါနဲ့၊ပျော်ရွှင်ဖို့သာသင်ပေးပါ။

    လန်ဒန်မှာ ထင်ရှားတဲ့စကား တခွန်းရှိပါတယ်

    (အစာကို ဆေးလိုစားပါ..မဟုတ်ရင်တော့ ဆေးကိုအစာလိုစားရပါလိမ့်မယ်) တဲ့။

    လူသားဆန်ခြင်းနဲ့ လူသားဖြစ်ခြင်းဆိုတဲ့စကားကို တကယ်နားလည်တဲ့သူ သိပ်နည်းပါတယ်

    သင်မွေးလာတဲ့အချိန်မှာဝိုင်းချစ်ကြသလို သင်သေသွားချိန်မှာလဲဝိုင်းချစ်ခံရပါလိမ့်မယ်..ဒီကြားကာလမှာတော့ ကိုယ်ဘာသာ အဆင်ပြေအောင် လုပ်ကြရမှာပါ

    မြန်မြန်လျှောက် ချင်ရင်တော့ တယောက်ထဲလျှောက်ပါ

    ဝေးဝေးလျှောက်ချင်ရင်တော့ အများနဲ့အတူလျှောက်ပါ

    ထိရှမိသောစကားလုံးများမို့မျှဝေခြင်းဖြစ်ပါသည်။

  • ၆နှစ်အကြာ တည်ဆောက်ခဲ့ရသည့် ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုလို့ လူသိများတဲ့ ဒဏ္ဍာရီလာငှက်အဆောက်အအုံ

    ၆နှစ်အကြာ တည်ဆောက်ခဲ့ရသည့် ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုလို့ လူသိများတဲ့ ဒဏ္ဍာရီလာငှက်အဆောက်အအုံ

    အိန္ဒိယရုပ်ရှင်ရိုက်ကူးသူနဲ့ ပန်းပုဆရာ Rajiv Anchal ဟာ အိန္ဒိယနိုင်ငံ Kerala မြို့လယ်ရှိ ဒဏ္ဍာရီလာငှက်တစ်ကောင်ကို တည်ဆောက်ပုံဖော်ခဲ့ပါတယ် ။ သူကောလိပ်ကျောင်းတက်စဉ် ကာလကတည်းကပင် တည်ဆောက်ရန် စိတ်တက်ကြွနေခဲ့တာပါ ။

    နောက်ဆုံးနှစ်အနည်းငယ်အကြာမှာ Anchal ဟာ သူ့ရဲ့ခန့်ညားထည်ဝါတဲ့ အနုပညာကို ကမ္ဘာကို ပြသဖို့ ၆ နှစ် အချိန်ယူခဲ့ပါတယ် ။ သူဟာ ဧရာမငှက်ကြီး ကို သံမဏိဖြင့် ပြုလုပ်ထားပြီး ကွန်ကရစ်နဲ့ တည်ဆောက်ထားပါတယ် ။ Jatayu Earth’s Center လို့ လူသိများတဲ့ အဆိုပါ ငှက်ပန်းပုဟာ အလျား ၂၀၀ ပေ၊ အမြင့် ၇၀ ပေနဲ့ အတောင် ၁၅၀ ရှိတဲ့ အမြင့်ဆုံးငှက်ဖြစ်တာကြောင့် ၎င်းဟာ ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုဖြစ်ပါတယ်။

    Anchal ရဲ့ အဆိုအရ ထိုဧရာမကြီးငှက် နဲ့ အဆောက်အအုံဟာ အမျိုးသမီးများရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို ချီးကျူးဂုဏ်ပြုတဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပြီး အိန္ဒိယတစ်ဝှမ်းခရီးသွားစဉ် လည်ပတ်ရန် နောက်ထပ်အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ် ။

    Credit – JRose (KB Chimmy One)

  • ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ

    ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ

    အသက် ၁၅နှစ် ဆိုတာ
    မိဘရင်ခွင်ထဲက အပျံသင်ကာစပဲ ရှိသေးတယ်
    ဘဝအတွက်လိုအပ်တဲ့ အတတ်ပညာ ၊ အသိပညာ ၊
    ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ
    တစ်ချို့က ကံတရားကြောင့်လား
    ဆင်ခြင်တုံတရား နုသေးလို့လားမသိဘူး
    အိမ်ထောင်ကျနေတတ်ကြတယ်။

    ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွှားလာဖို့ဆိုတာထက်
    အသီးမပုပ်အောင် အားတင်းရှင်သန်နေရတတ်တယ်
    မရင့်ကျက်ခင် ၊ လောကကြီးအကြောင်းမသိခင်
    မလေ့ကျင့်ရသေးသော စစ်သားကို စစ်မြေပြင်လွှတ်လိုက်ရသလို
    ဘယ်ကစပစ်ရမှန်းမသိတဲ့ အချိန်ကာလတစ်ခုပါ
    အသက် ၁၅နှစ်ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးအရွယ်
    တစ်ခုလို့ပြောလို့ရတယ်။

    အသက် ၁၈နှစ် မှ ၂၀နှစ်ဆိုတာ
    အရွယ်ရောက်ပီလို့ ပြောကြတယ် သက်တမ်းကအရွယ်ရောက်လာတာ
    မှန်ပေမယ့် လူတော်တော်များများရဲ့ အသိကတော့
    အရွယ်မရောက်သေးပါဘူး။ဘာလို့လဲဆိုတော့ ကျောင်းပညာမပီးဆုံးသေးတဲ့ အချိန်ကာလတစ်ခုဖြစ်သလို
    ပိုက်ဆံကို ကိုယ်တိုင် လူတိုင်းမရှာကြသေးပါဘူး။
    မိဘအရိပ်အောက်နေပီး တစ်ချို့ဆို ကလေးလုပ်နေကြတုန်းအရွယ်ပါ။

    အသက် ၂၁နှစ်မှ ၂၅နှစ်ဆိုတာ
    တစ်ချို့ဆို ကျောင်းပညာတွေ ပီးဆုံးပီး လုပ်ငန်းခွင်ထဲရောက်နေချိန်ပါ
    ဘဝအတွေ့အကြုံ ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက်
    ရလာပီး အမှားအမှန်ကို ခွဲခြားလာနိူင်ချိန်ပါ။ ရင့်ကျက်လာခြင်းရဲ့
    ပထမအရွယ်လို့ဆိုလို့ရပီး မိဘကျေးဇူး ၊ မိဘတန်ဖိုး ၊
    ငွေကြေးတန်ဖိုး ၊ အလုပ်တန်ဖိုး ၊ အချိန်တန်ဖိုး တို့ကို နားလည်လက်ခံ
    လာကာ မိဘကျေးဇူးဆပ်နေချိန်လို့ပြောလို့ရတယ်။
    အိမ်ထောင်ပြုမယ်ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ
    ဘဝအတွက် planချတတ်လာပီး ကိုယ့်ဘဝကို
    ကိုယ်ကိုယ်တိုင် ထုဆစ်လာနိူင်တဲ့ အတောင်အလက်စုံချိန်လို့ပြောလို့ရပါတယ်။

    မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသောလက်ပိုင်ရှင်တွေအတွက် အကောင်းဆုံးအရွယ်ဖြစ်သော်လည်း အိမ်ထောင်ဦးစီးတစ်ချို့ကတော့
    မိသားစုအတွက် အဆင်သင့်မဖြစ်သေးတဲ့ အချိန်ဖြစ်နေတတ်တယ်
    ယောက်ျားသားများအတွက် ကြားကာလတစ်ခုလို့ပြောလို့ရပါတယ်။

    အသက် ၂၆နှစ်မှ ၃၀နှစ် အရွယ်ဆိုတာ
    ဘဝသစ်တစ်ခုတည်ဆောက်ရန် ခိုင်မာသော ယုံကြည်ချက်များနှင့်
    သက်လုံကောင်းသည့် ရင့်ကျက်တဲ့အရွယ်ပါ။အကောင်းအဆိုးကို
    ခွဲခြားလာနိူင်သလို ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းစတဲ့
    စိန်ခေါ်မှူတွေကို ပညာသားပါပါ ဖြတ်ကျော်နိူင်ချိန်ပါ။ ပညာရပ်တစ်ခုခုကို အောင်မြင်ကျွမ်းကျင်စွာတတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ
    အသားကျနေတဲ့ အချိန်ကာလပါ။ အိမ်ထောင်ရေးအတွက်လိုအပ်တဲ့
    စိတ်တည်ငြိမ်မှူ ၊ ရင့်ကျက်မှူ ၊ နားလည်မှူ ၊ ယုံကြည်မှူ ၊
    စိန်ခေါ်မှူတွေကို ဖြတ်ကျော်နိူင်မှူတွေ မြင့်မားနေချိန်ပါ။
    ယောက်ျားလေးများနှင့် မိန်းကလေးများ အကုန်လုံး ဘဝသစ်တစ်ခု
    တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေးပါရစေ။

    အသက် ၃၁နှစ်မှ…….၄၀နှစ်ဆိုတာ
    အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီးယူမယ်ဆိုရင်
    မိဘနှင့် သားသမီး အသက် အရမ်းကွာခြားသွားတတ်သောကြောင့်
    သားသမီးတွေဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ်ပါတယ်။
    ဥပမာ…..မိဘက အသက် ၃၀ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင်
    သားသမီး အသက် ၂၀မှာ မိဘတွေက အသက်၅၀နှစ် ကျော်နေပါပီ။
    သားသမီးတွေအတက်နှင့် မိဘတွေ အရွယ်ကျဖြစ်နေတတ်ပါတယ်။

    အိမ်ထောင်ပြုတယ်ဆိုတာက
    စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှူက ဒုတိယပါ
    ပျော်ရွှင်ရဖို့ဆိုတာက အဓိက ကျန်းမာသန်စွမ်းပီး
    အပေးအယူမျှတဖို့ အရမ်းအရေးကြီးပါတယ်။အိမ်ထောင်ရေးမှာ
    မေတ္တာတရားက အရေးပါတယ်ဆိုပေမယ့် နားလည်မှူနှင့်
    ယုံကြည်မှူက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီးပါတယ်။

    ချစ်တိုင်းမညားတတ်ဘူးဆိုတာက ဖူးစာက ပထမဆိုရင်
    အပေးအယူနှင့်အပြန်အလှန်တန်ဖိုးထားမှူတွေက ဒုတိယပါ။
    ကိုယ်ရွေးချယ်ပီးသားဖြစ်တဲ့ အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက
    ပွင့်လင်းစွာဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ
    သာယာအေးချမ်းသော စံပြအိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ….။

    လေးစားစွာဖြင့်
    ဇင်းနစ် မကွေး

  • ပိုကောင်းတဲ့ ကြက်ပေါင်းရည် အိမ်တွင်းလုပ်နည်း

    ကြက်ပေါင်းရည် လုပ်နည်း ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ်။ ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ။ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ (အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ) ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေး​လေးတစ်လုံးမှောက်ထည့်ပါ သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့ အချိန်၂နာရီကလုံလောက်ပါတယ်ရှင် ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင် ဒီလိုလေးလုပ်ပါရှင် ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင် ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ် ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင်။ ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့်။ (Zawgyi) ၾကက္ေပါင္းရည္ လုပ္နည္း ၾကက္ေပါင္းရည္လုပ္နည္းေလး ျပန္လည္၍ေဝမွ်ေပးလိုက္ပါတယ္။ ကိုယ္လည္းအျပင္မထြက္တာ ၁ပတ္ေလာက္ရွိၿပီမို႔ရွိတာေလးနဲ႔လုပ္ျပထားပါတယ္ ။ ၾကက္ေပါင္းရည္ဆိုတာၾကက္ကိုေပါင္းၿပီးထြက္လာတဲ့အရည္ခ်ိဳကိုေျပာတာပါ။ ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္အျမစ္တို႔လိုပါတယ္ ၾကက္သားကိုေရစင္ေအာင္ေဆးပါ နံနံပင္ရဲ႕အျမစ္ကိုေရစင္ေအာင္ေဆးပါ ဂ်င္းကိုအခြံခြာၿပီး မထူမပါးလွီးပါ ၾကက္သြန္ျဖဴအမႊာကိုခြာယူၿပီး ေရေဆးပါ (အခြံမခြာပါဘူးရွင္ အခြံနဲ႔တစ္ပါတည္းထည့္ေပါင္းမွာပါ) ေဇာက္နက္တဲ့ပန္းကန္ထဲကို ပန္းကန္လုံးအေသး​ေလးတစ္လုံးေမွာက္ထည့္ပါ သူ႔အေပၚမွ ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္ ျဖန္႔ၿပီးထည့္ပါ ထမင္းေပါင္းအိုးထဲကို ေရထက္ဝက္ခန္႔ထည့္ၿပီး အေပၚကန္႔သုံးကာ ၂နာရီခန္႔ေပါင္းပါ အဖုံးမဖြင့္ၾကည့္ပါနဲ႔ ၾကက္ေပါင္းရည္ရဖို႔ အခ်ိန္၂နာရီကလုံေလာက္ပါတယ္ရွင္ ၾကက္ေပါင္းရည္လိုတာထက္ပိုထြက္ခ်င္ရင္ ဒီလိုေလးလုပ္ပါရွင္ ဇစ္အိတ္ေလးေတြထဲ ေရခဲတုံးေလးေတြထည့္ၿပီး အိုးအဖုံးေပၚကို တင္ေပးပါရွင္ ဘယ္အခ်ိန္လုပ္ရမလဲဆိုေတာ့ အခ်ိန္ျပည့္ဖို႔ ၅မိနစ္၁၀မိနစ္အလိုေလာက္မွာလုပ္လို႔ရပါတယ္ ဘာအရသာမႈန္႔ ဘာဆားမွမထည့္ပါဘူး ၾကက္ကေတာ့ ဗမာၾကက္အသုံးျပဳတာအေကာင္းဆုံးပါရွင္။ ၾကက္ေပါင္းရည္ထဲမွာအဆီေတြေဝ့ေနတာ မႏွစ္သက္ဘူးဆိုရင္ ၾကက္ေပါင္းတဲ့အခါ ၾကက္အေရခြံကိုဖယ္ၿပီးေပါင္းေပးပါရွင့္။
  • ဇလုံတောင်သမ်ိုင်း

    ဇလုံတောင်သမ်ိုင်း

    နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျမြတ်စွာဘုရား
    ရှင်လက်ထက်တွင်_တရားထူးဟောမည်ဟူ ဗြာဒိတော်ရထားသည့်

    ဇလုံတောင် တည်ရှိရာ‎နေရာ
    ================

    စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်
    ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှ
    မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်း
    ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သောတောင်ပေါ်တွင် တည်ရှိပါတယ်။

    မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။
    တောတောင် လျှိုမြောင်များ နက်ရှိုင်းလှပါတယ်။

    (ဇလုံတောင် ဘုရားသမိုင်း)

    ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်း သော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှဇလုံတောင်တော်သို့
    ကြွတော်မူခဲ့ပါတယ်။

    ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည်
    အရှေ့ ဧရာဝတီ၊အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။

    ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသားအဖ လှူဒါန်း သော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပါတယ်။

    ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားရတနာများဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊ရှေ့နောက် စွန့်ကြဲ ပက်ဖျန်းခဲ့သည်ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

    ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေးဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။

    ဗျာဒိတ်စကား မိန့်ကြား တော်မူသည်မှာ ”ညီဘွား အာနန္ဒာ အောင်မြေခေါ်သောဤ ဂေါဒေါပလ္လင်တောင်ကလပ်၌ ပွင့်တော်မူလတ္တံသော အရိမေတ္တေယျ ဘုရားရှင်’ သည် ငါဘုရားကဲ့သုိ့ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်” ဟုဗျာဒိတ်တော်ထားခဲ့လေ၏။

    ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့်
    ကျောက်စိမ်းတွင်းများ၊အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများဖြစ်လာသည်ဟု
    ဒေသခံများက ယုံကြည်ခဲ့ကြတယ်။

    ထုိ့ပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီးများ
    သည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။

    ဘုရားသမိုင်းတွင် ၄င်းကျာက်တောင်သည်ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍
    ပေအားဖြင့် ၆၆၆ပေ မြင့်သည်။

    ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟုခေါ်ခဲ့ပြီးနောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟုခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

    လွန်ခဲ့သောနှစ် ၈ဝ ခန့်က မြေပုံပေါ်တွင်လည်း သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။

    ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့်ကြာခဲ့ပြီ ဖြစ်ပါတယ်။

    အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံနှင့်တပည့်
    အရှင်အာစာရ မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သုိ့ ကြွရောက်တော်မူခဲ့ပြီး ဣစ္ဆာသယလိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကိုဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

    ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ်က အောင်တော်မူ၊အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ ‘အောင်ကျော်အေးအောင် ဇလုံတောင်’ ဟု သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။

    သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော်နှင့်တိုက်သူကြီး ဦးရွှေသီး ၊ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန်
    ၂၅ ပိဿာဖြင့်ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ဝဲတက်ရွာ ဇာတိ အရှင်ကုဝေရက သားတော်တောင် ကျောက်ပလ္လင်၌ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့်ဗျာဒိတ်ပေး ပဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရှိရပါတယ်။

    သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့်အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီး
    မြို့ရွာ ဒါယကာတို့က အောင်ဆုယူစေတီများကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင်
    ကျောက်စာတွင် ဖော်ပြထားပါတယ်။

    ဤကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့်
    မယ်တော်တောင် ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး
    ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေပါတယ်။

    လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော်
    ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။

    အဆိုပါ ကျောက်လုံးကြီး ပဲ့ကျ သော အသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံးသိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်းသိရသည် ကျောက်တောင်ထိပ်ကိုတက်သည့် အခါတွင်ကျောက်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရပါတယ်၊။

    ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီးလည်းရှိပါတယ်။

    အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုကြပါတယ်။

    အမှန်တကယ် မဝင်နိုင်သူကိုလည်း တွေ့ခဲ့ရပါတယ်။

    ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှားဖူးမြော်ရပါတယ်။

    ကုတ်ကတ် တွယ်တက်ရသော နေရာလည်း ရှိပါတယ်။

    အပေါ်ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား
    ကျောက်ကျောမှ တစ်ဆင့် ကူးသွားရသည်မှာလည်း
    နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့် ဖြစ်၍
    အသည်းယားစရာ ဖြစ်ကြရပါတယ်။

    အချို့သူများ မကူးရဲပါ။

    ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ဤဇလုံတောင် ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူးရန် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိကြပါတယ်။

    ”ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်” ဟုဆိုသည်။

    ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး
    လာကြကြောင်းတွေ့မြင်ရသည်။

    အချို့ဆိုလျှင်နှစ်ရက်သုံးရက်လမ်းလျှောက်လာကြကြောင်းတွေ့မြင်ရသည်။

    credit (မူရင်းpostတင်သူ)

  • မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီးပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေးပြုလုပ်နည်း

    (Unicode)

    မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေး ပြုလုပ်နည်း

    ရင်ထဲကိုအေး ဆန်ချိုအေးအေးလေး ခံတွင်းရှင်းလို့ ထမင်းစားပြီး သောက်ကြစို့။

    ပါဝင်ပစ္စည်းများမှာ-

    ကောက်ညင်းဆန် နို့ဆီဘူး -၂ဘူး

    ဆန်ချိုဆေးမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း) (ရန်ကုန်မှာဆိုရင် သံဈေးမှာ မေးဝယ်လို့ ရပါတယ် )

    သကြား -၂၅ကျပ်သား

    ပြုလုပ်နည်း-

    ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်း အနေထား ပေါင်းရပါမယ်ပေါင်းပြီး အအေးခံကာ ရေဆေးချပါ။ သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး (သို့) ဘူးတစ်ခုတွင် ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင် ရေ ၅လီတာခန့် ထည့်ပါ။

    ဆန်ချိုဆေးကို ပိတ်စပါးတခုဖြင့် ထုတ်ပြီး ရေစိမ်ထားသော ကောက်ညှင်းဆန်အတွင်း ထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ် ခြေပေးပြီး အထက်အောက် မွှေပါ။ အဖုံး လုံအောင်ပိတ်ပြီး ပူနွေးသောနေရာတွင် ဖောက်ထားပါ။ ရာသီဥတု ပူနွေးပါက ၁ရက်ခွဲခန့်တွင် ရပါပြီ။

    ဖောက်ထားသော ကောက်ညင်းဆန်ဖတ်များ ရေပေါ် ပေါလောပေါ်လာပါက ဆန်ချိုအေးပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ ကောက်ညင်းဆန်ဖတ်လေးတွေ ဖျော်စပ်တဲ့အခါ ပိုပီး ပေါလောပေါ်စေချင်ရင်တော့ သကြားရည်နဲ့ အဆိုပါ ကောက်ညှင်းဆန်ဖတ်ကို ရောပီး ပေါင်းအိုးထဲ ထည့်၊ အနွေးခလုတ်ကို နှိပ်ပြီး ၁၀ နာရီလောက် ပစ်ထားလိုက်ပါ။ ဆန်ဖတ်လေးတွ ပေါလောပေါ်လာရင် ဆယ်ပြီး သကြားရည်၊ရေခဲ၊ သံပုရာသီး၊ ဂျင်း၊ သဖန်းသီးခြောက် နှစ်သက်ရာအရသာချိုချဉ် အနေထားဖျော်စပ်ပီး အမောပြေသောက်ကြစို့နော်။

    အရသာပြင်းရှတဲ့ ဆန်ချိုအေးကိုမှ သောက်ချင်တယ်ဆိုရင်တော့ ဖျော်စပ်ပီးသား ဆန်ချိုအေးကို အပြင်မှာ တရက်ထားပါ။

    Credit- Original Uploader

    (Zawgyi)

    မိသားစုတစ္ႏိုင္တစ္ပိုင္နဲ႔ စီပြားျဖစ္ ေရာင္းခ်လို႔ရတဲ့ ဆန္ခ်ိဳေအး ျပဳလုပ္နည္း

    ရင္ထဲကိုေအး ဆန္ခ်ိဳေအးေအးေလး ခံတြင္းရွင္းလို႔ ထမင္းစားၿပီး ေသာက္ၾကစို႔။

    ပါဝင္ပစၥည္းမ်ားမွာ-

    ေကာက္ညင္းဆန္ ႏို႔ဆီဘူး -၂ဘူး

    ဆန္ခ်ိဳေဆးမႈန႔္ ၁ဇြန္း (စားပြဲတင္ဇြန္း) (ရန္ကုန္မွာဆိုရင္ သံေဈးမွာ ေမးဝယ္လို႔ ရပါတယ္ )

    သၾကား -၂၅က်ပ္သား

    ျပဳလုပ္နည္း-

    ပထမ ေကာက္ညင္းကို ေရစိမ္ထားၿပီးေပါင္းပါ။ ခပ္တင္းတင္း အေနထား ေပါင္းရပါမယ္ေပါင္းၿပီး အေအးခံကာ ေရေဆးခ်ပါ။ သန႔္ရွင္းေသာ ဆီကင္းေသာ အဝက်ယ္ပုံး (သို႔) ဘူးတစ္ခုတြင္ ထည့္ပါ ။ ေကာက္ညင္းႏွစ္ဘူးလွ်င္ ေရ ၅လီတာခန႔္ ထည့္ပါ။

    ဆန္ခ်ိဳေဆးကို ပိတ္စပါးတခုျဖင့္ ထုတ္ၿပီး ေရစိမ္ထားေသာ ေကာက္ညႇင္းဆန္အတြင္း ထည့္ကာ ေဆးအရည္ေပ်ာ္ရန္ အနည္းငယ္ ေျခေပးၿပီး အထက္ေအာက္ ေမႊပါ။ အဖုံး လုံေအာင္ပိတ္ၿပီး ပူေႏြးေသာေနရာတြင္ ေဖာက္ထားပါ။ ရာသီဥတု ပူေႏြးပါက ၁ရက္ခြဲခန႔္တြင္ ရပါၿပီ။

    ေဖာက္ထားေသာ ေကာက္ညင္းဆန္ဖတ္မ်ား ေရေပၚ ေပါေလာေပၚလာပါက ဆန္ခ်ိဳေအးျပဳလုပ္ရန္ အသင့္ျဖစ္ပါၿပီ။ ေကာက္ညင္းဆန္ဖတ္ေလးေတြ ေဖ်ာ္စပ္တဲ့အခါ ပိုပီး ေပါေလာေပၚေစခ်င္ရင္ေတာ့ သၾကားရည္နဲ႔ အဆိုပါ ေကာက္ညႇင္းဆန္ဖတ္ကို ေရာပီး ေပါင္းအိုးထဲ ထည့္၊ အေႏြးခလုတ္ကို ႏွိပ္ၿပီး ၁၀ နာရီေလာက္ ပစ္ထားလိုက္ပါ။ ဆန္ဖတ္ေလးတြ ေပါေလာေပၚလာရင္ ဆယ္ၿပီး သၾကားရည္၊ေရခဲ၊ သံပုရာသီး၊ ဂ်င္း၊ သဖန္းသီးေျခာက္ ႏွစ္သက္ရာအရသာခ်ိဳခ်ဥ္ အေနထားေဖ်ာ္စပ္ပီး အေမာေျပေသာက္ၾကစို႔ေနာ္။

    အရသာျပင္းရွတဲ့ ဆန္ခ်ိဳေအးကိုမွ ေသာက္ခ်င္တယ္ဆိုရင္ေတာ့ ေဖ်ာ္စပ္ပီးသား ဆန္ခ်ိဳေအးကို အျပင္မွာ တရက္ထားပါ။

    Credit- Original Uploader

  • ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်ရမလဲ ဆိုသူများအတွက်စိုက်ပျိုးနည်း

    ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာဒ အေးပါတယ်။

    ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

    ပျိုးပင်စိုက်မယ်-

    ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။) နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။

    ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ ခြံထဲမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။

    အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့ မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။

    အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။ မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။
    အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။

    အစေ့ကိုစိုက်မယ်-

    ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။ သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။

    Credit – Original Uploader

    (Zawgyi)

    ရွားေစာင္းလက္ပက္ဆိုတာကေတာ့ က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသုံးဝင္႐ုံမက အိမ္မွာစိုက္ပ်ိဳးထားရင္လည္း မ်က္စိပသာဒ ေအးပါတယ္။

    ရွားေစာင္းလက္ပက္မွာ Antioxidant (ဓါတ္တိုးဆန႔္က်င္ပစၥည္း) ေတြပါဝင္လို႔ အ႐ြယ္တင္ႏုပ်ိဳေစသလို ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစလို႔ ဘက္တီးရီးယားပိုးမႊားေတြဝင္ေရာက္ျခင္းကေန ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ဝက္ၿခံ၊ အသားအေရေျခာက္တာ စတဲ့ အေရျပားဆိုင္ရ ျပႆနာေတြအတြက္လည္း ေကာင္းမြန္တာမို႔ အလွအပႀကိဳက္သူတို႔ရဲ႕ အေဖာ္မြန္ပါပဲ။

    ပ်ိဳးပင္စိုက္မယ္-

    ရွားေစာင္းလက္ပက္ပ်ိဳးပင္ကို သဲ၊ အုန္နီခဲအက်ိဳး၊ မီးေသြး စတာေတြကို ေျမႀကီးထဲမွာ အနည္းငယ္ေရာၿပီး စိုက္ပ်ိဳးေပးပါ။ (သစ္ေဆြးေတြေတာ့ မပါပါေစနဲ႔၊ အျမစ္ေတြကိုထိခိုက္ႏိုင္ပါတယ္။) ေႏြရာသီအတြင္းမွာလည္း ေရမၾကာခဏေလာင္းေပးစရာမလိုပါဘူး။ ညဖက္ေတြမွာက်တဲ့ဆီးႏွင္းေတြကို အ႐ြက္ေတြက သိုေလွာင္ထားႏိုင္လို႔ပါ။

    ရွားေစာင္းလက္ပက္ကို အပူခ်ိန္နိမ့္တဲ့ေနရာမွာစိုက္ပ်ိဳးသင့္ပါတယ္။ ၿခံထဲမွာ (သို႔) ေအးတဲ့အခန္းထဲမွာ ထားသင့္ပါတယ္။ တခါတေလမွာ ႏိုက္ထ႐ိုဂ်င္နဲ႔ သတၱဳဓါတ္ေတြပါဝင္တဲ့ ေျမၾသဇာကို အသုံးျပဳႏိုင္ပါတယ္။

    အပင္ကိုေ႐ႊ႕စိုက္တဲ့ေနရာမွာ တစ္ပင္တည္း သီးသန႔္ေ႐ႊ႕စိုက္မယ္ဆိုရင္ ၅ ႏွစ္သားေလာက္အ႐ြယ္မွာ ေ႐ႊ႕စိုက္တာက အေကာင္းဆုံးပါပဲ။ ရွားေစာင္းလက္ပက္ကိုေ႐ႊ႕စိုက္ရာမွာ ေျခာက္ေသြ႕တဲ့ ေျမဆီလႊာမွာမစိုက္ရသလို ေရလည္းမေလာင္းရပါဘူး။

    အပင္ကိုေ႐ႊ႕စိုက္မယ္ဆိုရင္ အျမစ္ကိုေသခ်ာႏႈတ္ၿပီး ေျမႀကီးကိုသန႔္စင္ေပးပါ။ အနာဆာရွိတဲ့ အျမစ္ေတြကို ဖယ္ရွားေပးၿပီး သစ္ရႈးေတြကို မထိခိုက္မိေအာင္ဂ႐ုစိုက္ပါ။ မေကာင္းတဲ့ အျမစ္ကိုျဖတ္ထုတ္ရာမွာ သစ္ရႈးေတြမထိခိုက္ေစဖို႔ ကပ္ေၾကးထက္ထက္ကို အသုံးျပဳႏိုင္ပါတယ္။
    အပင္ကိုစိုက္ၿပီးရင္ ၅ ရက္ (သို႔) ၆ ရက္ေလာက္ေရမေလာင္းပါနဲ႔။ အပင္စိုက္ထားတဲ့အိုးကိုလည္း ေနရိပ္တဲ့ေနရာမွာထားပါ။ အပင္ရွင္သန္လာပါလိမ့္မယ္။

    အေစ့ကိုစိုက္မယ္-

    ရွားေစာင္းလက္ပက္ကို ေဖေဖာ္ဝါရီ (သို႔) မတ္လ အပူခ်ိန္ ၂၁C မွာ စတင္ပ်ိဳးႀကဲစိုက္ပ်ိဳးသင့္ပါတယ္။ သဲ၊ မီးေသြး ၊ အုတ္နီခဲအက်ိဳး စတာေတြကိုေရာၿပီး အသုံးျပဳသင့္ပါတယ္။ အပင္ေပါက္လာလို႔ အ႐ြက္ ၂ ႐ြက္ေလာက္ထြက္လာၿပီဆိုရင္ အိုးထဲမွာ ေ႐ႊ႕စိုက္လို႔ရပါၿပီ။

    Credit – Original Uploader

  • တစ်နှစ် သိန်း ၈၀ကျော် ရရှိနိုင်တဲ့ အုန်းပင်စိုက်နည်း

    (Unicode)

    တစ်နှစ် သိန်း၈၀ ကျော်ရရှိနိုင်တဲ့ အုန်းပင်စိုက်နည်း

    အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။ အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။ ၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။

    အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။ အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။ တနှစ်မှာ ၁၈ ခိုင်ရတယ်။ တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် = ၂၈၈၀ ခိုင်ရမယ်။ တစ်ခိုင်မှာဖျမ်းမျှ ၇ လုံး x တစ်နှစ် တစ်ဧက ၂၈၈၀ ခိုင် = ၂၀၁၆၀ လုံး။ ထိုင်းနိုင်ငံမှာ ခြံဈေးအကျဆုံးအချိန်က ကျပ်ငွေ ၄၀၀ ဖြစ်တယ်။ တစ်ဧက တစ်နှစ် ၂၀၁၆၀ လုံး x တစ်လုံး ၄၀၀ ကျပ် = ၈၀၆၄၀၀၀ကျပ်

    အုန်းချိုမွှေးစိုက်နည်း—

    ဖားခုံစနစ် စိုက်တာက ပိုကောင်းတယ်။ အရွက်တွေ မထပ်တော့ဘူး။ တစ်တန်းက ၁၆ပေခြား စိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ တတိယအတန်းကို ပထမအတန်းနဲ့ အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ ပထမအတန်းနဲ့ တတိတန်းနဲ့ အပင်မတည့်အောင် အလည်ကြားမှာ စိုက်ရပါတယ်။ အုန်းချိုမွှေးကို ၉×၁၈ လက္မပျိုးအိတ်မှာ ၃လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်းတယ်။

    (၁)ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ ၁ဆ၊ စပါးခွံ ၁ဆ၊ စပါးမီးသွေး ၁ဆ ရောစပ်ပြီးထည့်ရမယ်။

    (၂)အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံ ဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။

    (၃)ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။

    (၄)စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာ အကျယ်တူးပါ။ စိုက်ပြီး အုန်းပင်မြေပြင်ပေါ် ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။

    (၅)စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။

    (၆)မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီ စောင်းချပါ။

    (၇)ပျိုးအိတ်အစောင်းဘက် ပျိုးအိတ်ဘေးကို ဓါးနဲ့ခွဲပါ။

    (၈)တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန့်ထည့်ပါ။

    (၉)နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာ မြေဖြည့်ထည့်ပါ။ အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။

    (၁၀)ရေဆွဲနေအောင် လောင်းပါ။

    (၁၁)ပျိုးအိတ်ကို တဖြေးဖြေး ဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကို မနာစေဘူး။

    (၁၂)အုန်းပင်ပတ်ပတ်လည်ကို ကောက်ရိုးနဲ့ အုပ်ထားပါ။ ရေအစိုဓါတ် ထိန်းပေးဖို့ဖြစ်တယ်။

    (၁၃) ၃လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။ အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်ပါတယ်။

    (၁၄)ရေလောင်းနည်းကတော့ မြေကြီးက ရေစုပ်အားပေါ် မူတည်ပြီး ပေးရပါမယ်။ ပထမအကြိမ် ရေအဝလောင်းပါ။ ၁ ရက် ၂ ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။ ရေအစိုဓါတ် ရှိနေရင် လောင်းစရာမလိုသေးဘူး။ ရေအစိုဓါတ် နည်းသွားတဲ့ ရက်အကြာကိုသတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါ ရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။

    (၁၅)အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။ အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ့အစိုဓါတ်ကို ထိန်းထားပေးတာ ဖြစ်တယ်။

    (၁၆)ရေနဲ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါမယ်။ အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို့ အကုန်ရောင်းလို့ရတဲ့ သီးနှံပင်ဖြစ်တယ်။ ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ့ စိုက်ပျိုးနည်းဖြစ်ပါတယ်။

    Credit- IQwin Farm

    (Zawgyi)

    တစ္ႏွစ္ သိန္း ၈၀ ေက်ာ္ရရွိႏိုင္တဲ့ အုန္းပင္စိုက္နည္း

    အုန္းခ်ိဳေမႊးတစ္ဧက တစ္ႏွစ္ သိန္း ၈၀ ေက်ာ္ရရွိႏိုင္တယ္။ တစ္လကို ၆ သိန္းေက်ာ္ ရပါလိမ့္မယ္။ အုန္းခ်ိဳေမႊးက အရည္ေသာက္အတြက္ ဦးစားေပးစိုက္ပ်ိဳးတာျဖစ္တယ္။ ၂ႏွစ္ခြဲ ၃ႏွစ္မွာ စသီးပါတယ္။ ၄ႏွစ္ အထက္ဆိုရင္ အသီးေကာင္းပါမယ္။ အုန္းခ်ိဳေမႊးက အပင္အလုံးေသးၿပီး အုန္းလက္က သိပ္မရွည္တာေၾကာင့္ တစ္ပင္နဲ႔တစ္ပင္ကို ခပ္စိပ္စိပ္ စိုက္ႏိုင္တယ္။

    အုန္းတစ္ပင္နဲ႔တစ္ပင္ ၅မီတာ(၁၆ေပေက်ာ္) ၾကားစိုက္မယ္ဆိုရင္ တစ္ဧကမွာ အပင္ ၁၆၀ စိုက္လို႔ရတယ္။ အုန္းခ်ိဳေမႊးတစ္ခိုင္မွာအလုံး ၅ လုံးမွ ၂၀ လုံးအထိ သီးတယ္။ အုန္းခ်ိဳေမႊး အရည္ေသာက္အ႐ြယ္ကို ရက္ ၂၀ မွာ တစ္ခိုင္ ခုတ္ႏိုင္တယ္။ တႏွစ္မွာ ၁၈ ခိုင္ရတယ္။ တစ္ဧက အပင္ ၁၆၀ x တစ္ႏွစ္ ၁၈ ခိုင္ = ၂၈၈၀ ခိုင္ရမယ္။ တစ္ခိုင္မွာဖ်မ္းမွ် ၇ လုံး x တစ္ႏွစ္ တစ္ဧက ၂၈၈၀ ခိုင္ = ၂၀၁၆၀ လုံး။ ထိုင္းႏိုင္ငံမွာ ၿခံေဈးအက်ဆုံးအခ်ိန္က က်ပ္ေငြ ၄၀၀ ျဖစ္တယ္။ တစ္ဧက တစ္ႏွစ္ ၂၀၁၆၀ လုံး x တစ္လုံး ၄၀၀ က်ပ္ = ၈၀၆၄၀၀၀က်ပ္

    အုန္းခ်ိဳေမႊးစိုက္နည္း—

    ဖားခုံစနစ္ စိုက္တာက ပိုေကာင္းတယ္။ အ႐ြက္ေတြ မထပ္ေတာ့ဘူး။ တစ္တန္းက ၁၆ေပျခား စိုက္ၿပီး ဒုတိယအတန္းကို ခ်န္ထားၿပီး။ တတိယအတန္းကို ပထမအတန္းနဲ႔ အတည့္စိုက္ပါ။ ၾကားခန္ခ်န္ထားတဲ့ ဒုတိယတန္းကို စိုက္တဲ့အခါ ပထမအတန္းနဲ႔ တတိတန္းနဲ႔ အပင္မတည့္ေအာင္ အလည္ၾကားမွာ စိုက္ရပါတယ္။ အုန္းခ်ိဳေမႊးကို ၉×၁၈ လကၼပ်ိဳးအိတ္မွာ ၃လေလာက္ အရင္ပ်ိဳးၿပီးမွ စိုက္ခင္းမွာခ်စိုက္တာ ပိုေကာင္းတယ္။

    (၁)ပ်ိဳးအိတ္မွာ ႏြားေခ်း၁ဆ၊ ေျမပြ ၁ဆ၊ စပါးခြံ ၁ဆ၊ စပါးမီးေသြး ၁ဆ ေရာစပ္ၿပီးထည့္ရမယ္။

    (၂)အုန္းသီးပင္ေပါက္အလုံးဖင္ကို ပ်ိဳးတဘက္ဘက္ကို ကပ္ရမယ္။ အျမစ္က အလည္မွာ ရွိေအာင္ျဖစ္တယ္။ အုန္းပင္ကို ၄၅ ဒီဂရီေစာင္းထည့္ရမယ္။အုန္းသီးအလုံးကို ၃ ပုံ ၁ ပုံ ေဖၚထားရမယ္။ အပင္အရင္းကို မျမႇဳပ္ရဘူး။

    (၃)ပ်ိဳးအိတ္မွာ ပ်ိဳးထားတဲ့ အုန္းပင္ေတြကို စီထားၿပီး တစ္ရက္တစ္ခါေရေလာင္းေပးရမယ္။

    (၄)စိုက္ခင္းမွာ ေျမက်ဥ္းတူးတဲ့အခါ အုန္းပင္ခ်စိုက္လို႔ရတဲ့ က်ဥ္းသာသာ အက်ယ္တူးပါ။ စိုက္ၿပီး အုန္းပင္ေျမျပင္ေပၚ ေရာက္ေနမယ့္ အေနအထား အနက္ပဲတူးပါ။

    (၅)စိုက္က်ဥ္းႏႈတ္ခမ္းမွာ အုန္းပ်ိဳးပင္ကို ခ်ၿပီး ပ်ိဳးအိတ္ဖင္ကို အရင္ဖြင့္ပါ။

    (၆)ေျမက်ဥ္းမွာ ခ်တဲ့အခါ ေနထြက္တဲ့ဘက္ကို ၄၅ ဒီဂရီ ေစာင္းခ်ပါ။

    (၇)ပ်ိဳးအိတ္အေစာင္းဘက္ ပ်ိဳးအိတ္ေဘးကို ဓါးနဲ႔ခြဲပါ။

    (၈)တူးထားတဲ့ေျမႀကီးေပၚကို ႏြားေခ်းေျခာက္ျဖန႔္ထည့္ပါ။

    (၉)ႏြားေခ်းနဲ တူးေျမကိုဆြၿပီး အုန္းပင္ကို ပတ္ပတ္လည္မွာ ေျမျဖည့္ထည့္ပါ။ အပင္အရင္းကို ေျမမအုပ္လိုက္ရဘူး။ အပင္အရင္း ေျမျမႇဳပ္ရင္ အပင္မတက္ေတာ့ဘူး။

    (၁၀)ေရဆြဲေနေအာင္ ေလာင္းပါ။

    (၁၁)ပ်ိဳးအိတ္ကို တေျဖးေျဖး ဆြဲထုပ္ပါ။ ဒီနည္းက အပင္အျမစ္ကို မနာေစဘူး။

    (၁၂)အုန္းပင္ပတ္ပတ္လည္ကို ေကာက္႐ိုးနဲ႔ အုပ္ထားပါ။ ေရအစိုဓါတ္ ထိန္းေပးဖို႔ျဖစ္တယ္။

    (၁၃) ၃လတစ္ႀကီး ႏြားေခ်း၊ ၾကက္ေခ်း၊ သစ္႐ြက္ေျခာက္၊ စပါးမီးေသြး တစ္ဆစီေရာၿပီး အပင္ အရင္းနဲ႔ခြာၿပီးေျမကိုတူးဆထည့္ေပးရမယ္။ ပင္ပတ္ပတ္လည္ က်ဥ္းေပါက္ေတြတူးၿပီး ေျမၾသဇာ ထည့္ေပးရင္ပိုေကာင္းတယ္။ အပင္ႀကီးလာရင္ ႀကီးလာသလို ေျမၾသဇာကို ခြာၿပီးေပးရမယ္။အပင္အျမစ္ေတြ မ်ားမ်ားဖ်ာထြက္ေလအပင္ႀကီးႏႈန္းေကာင္းေလျဖစ္ပါတယ္။

    (၁၄)ေရေလာင္းနည္းကေတာ့ ေျမႀကီးက ေရစုပ္အားေပၚ မူတည္ၿပီး ေပးရပါမယ္။ ပထမအႀကိမ္ ေရအဝေလာင္းပါ။ ၁ ရက္ ၂ ရက္တစ္ခါ ေျမႀကီးကို ကေလွာ္ၾကည့္ပါ။ ေရအစိုဓါတ္ ရွိေနရင္ ေလာင္းစရာမလိုေသးဘူး။ ေရအစိုဓါတ္ နည္းသြားတဲ့ ရက္အၾကာကိုသတ္မွတ္ၿပီး ဘယ္ႏွစ္ရက္တစ္ခါ ေရေလာင္းမလဲဆိုတာကို သတ္မွတ္ရမယ္။

    (၁၅)အ႐ြက္ေတြကို လုံးဝမျဖစ္ရဘူး။ အ႐ြက္က ေျမၾသဇာ အစာခ်က္လုပ္ေပးတယ္။ အ႐ြက္နည္းရင္ အစာခ်က္နည္းၿပီး အပင္မတက္ႏိုင္ဘူးျဖစ္မယ္။ အပင္အရင္က အလက္ေျခာက္ေတြကိုလည္း မဖယ္ျဖစ္ရဘူး။ အပင္ရဲ႕အစိုဓါတ္ကို ထိန္းထားေပးတာ ျဖစ္တယ္။

    (၁၆)ေရနဲ႔ေျမၾသဇာကို ပုံမွန္ေပးမယ္ဆိုရင္ ၂ႏွစ္ခြဲ ၃ႏွစ္မွာ စသီးပါမယ္။ အုန္းပင္က အုန္းသီး အုန္းလက္ အုန္ခြံ အုန္းမႈတ္ အုန္းပင္သစ္သားထုတ္ႏိုင္လို႔ အကုန္ေရာင္းလို႔ရတဲ့ သီးႏွံပင္ျဖစ္တယ္။ ထိုင္းႏိုင္ငံက စိုက္ပ်ိဳးေရးပညာရွင္ ဦးထုံးခ်နရဲ႕ စိုက္ပ်ိဳးနည္းျဖစ္ပါတယ္။

    Credit- IQwin Farm

  • မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

    (Unicode)

    မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

    လွယ်လွယ်ကူကူနဲ့ မုန့်ကျွဲသည်း လုပ်စားမလား။ ကလေးကော လူကြီးတွေအတွက် သင့်တော်တဲ့ မုန့်လေးပါ။ လွယ်ကူပြီး စားကောင်းတာမို့လက်မလွတ်သင့်ပါဘူး။ လုပ်ကြည့်ရအောင်နော်။

    ပါဝင်သောပစ္စည်းများ

    ၁။ ဆန်စိမ်းမှုန့် – ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း

    ၂။ ကွမ်းယာမှာထည့်တဲ့ စားထုံး (lime stone) – လက်ဖက်ရည်ဇွန်း တဝက်

    ၃။ ရေ – ၁ လီတာ

    ၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းလျက်ရည် – ထမင်းစားဇွန်း ၈ ဇွန်း

    ၆။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

    ၇။ ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

    ၈။ အုံးသီးခြစ်ဖတ်

    ပြုလုပ်နည်း

    ၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင်အနည်းဆုံး ၈ နာရီခန့် ထားပါ။

    ၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။

    (ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)

    ၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတို့ကိုထည့်ရျ် သမအောင်လုပ်ပါ။

    ၄။ ထို့နောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်ရျ် အပူပေးပါ။

    ၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပုံမှာပြထားသလိုပျစ်လာပါလိမ့်မည်။

    ၆။ ပုံမှာပြထားသလိုပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ထို့နောက်အအေးခံပါ။

    ၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍အုန်းသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။

    Credit- Ei Sans Home made Inspiration

    (Zawgyi)

    မုန႔္ကြၽဲသည္း လုပ္နည္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္

    လြယ္လြယ္ကူကူနဲ႔ မုန႔္ကြၽဲသည္း လုပ္စားမလား။ ကေလးေကာ လူႀကီးေတြအတြက္ သင့္ေတာ္တဲ့ မုန႔္ေလးပါ။ လြယ္ကူၿပီး စားေကာင္းတာမို႔လက္မလြတ္သင့္ပါဘူး။ လုပ္ၾကည့္ရေအာင္ေနာ္။

    ပါဝင္ေသာပစၥည္းမ်ား

    ၁။ ဆန္စိမ္းမႈန႔္ – ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း

    ၂။ ကြမ္းယာမွာထည့္တဲ့ စားထုံး (lime stone) – လက္ဖက္ရည္ဇြန္း တဝက္

    ၃။ ေရ – ၁ လီတာ

    ၅။ ေညာင္ေစးက်ေအာင္ႀကိဳထားေသာ ထန္းလ်က္ရည္ – ထမင္းစားဇြန္း ၈ ဇြန္း

    ၆။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

    ၇။ ဆီ – ထမင္းစားဇြန္း ၂ ဇြန္း

    ၈။ အုံးသီးျခစ္ဖတ္

    ျပဳလုပ္နည္း

    ၁။ ထုံးကို ေရ၁ လီတာထဲထည့္ၿပီး ၾကက္ဥခေလာက္တံျဖင့္နာနာခေလက္ပါ။ ၿပီးရင္အနည္းဆုံး ၈ နာရီခန႔္ ထားပါ။

    ၂။ ထုံးကို ၈ နာရီခန႔္ေရစိမ္ၿပီးရင္ အေပၚထုံးရည္ၾကည္ကို ၇၅၀ မီလီလီတာကို ယူပါ။

    (ထုံးရည္ၾကည္ယူလွ်င္ စိမ္ထားတဲ့ ဇလုံကို ေဘးေစာင္းၿပီး ေရကိုအျခားခြက္ထဲကို ျဖည္းျဖည္းခ်င္းေလာင္းယူပါ။ ထုံးရည္ကို ခပ္ၿပီးမယူရပါ။ ခပ္ၿပီးယူရင္ထုံးေတြပါလာတတ္ပါတယ္။)

    ၃။ ဇလုံတခုထဲမွာ ဆန္စိမ္းမႈန႔္၊ ထုံးရည္ၾကည္ ၇၅၀ မီလီလီတာ၊ ဆား၊ ထန္းလ်က္ရည္၊ ဆီတို႔ကိုထည့္ရ်္ သမေအာင္လုပ္ပါ။

    ၄။ ထို႔ေနာက္ မကပ္တဲ့ အိုးထဲကို ေဖ်ာ္ထားေသာ အရည္မ်ားထည့္ရ်္ အပူေပးပါ။

    ၅။ အပူေပးထားေသာအိုးကို အဆက္မပ်က္ေမႊေပးပါ။ ၁၅ မိနစ္ေလာက္ေမႊၿပီးလွ်င္ ပုံမွာျပထားသလိုပ်စ္လာပါလိမ့္မည္။

    ၆။ ပုံမွာျပထားသလိုပ်စ္လာလွ်င္ ဆီသုတ္ထားေသာ မုန႔္ထည့္အေအးခံမည့္ ထဲကိုထည့္ပါ။ထို႔ေနာက္အေအးခံပါ။

    ၇။ လုံးဝေအးသြားလွ်င္ ႀကိဳက္ႏွစ္သက္သလိုလွီး၍အုန္းသီးျဖဴးၿပီး သုံးေဆာင္ႏိုင္ပါၿပီရွင္။

    Credit- Ei Sans Home made Inspiration

  • အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

    (Unicode)

    အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

    ပူတင်းကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

    စတင်ပြုလုပ်ဖို့ မုန်လာဥနီ ၃ လုံးကို အချပ်သေးသေးလေးတွေ ဖြစ်အောင် လှီးပြီး အိုးထဲထည့်ပါ။ အိုးထဲကို ကျိုပြီးသား နွားနို့ ၂ ခွက်ထည့်ပြီး ဆား အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုမီးဖွင့်ပြီး တည်ထားပါ။ ပွက်ပွက်ဆူလာရင် မွှေနေပေးပါ။ ခဏနေရင် မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးပါ။ မုန်လာဥတွေ နူးပြီဆိုရင် မီးပိတ်ပြီး အအေးခံံထားပါ။

    အေးသွားပြီဆိုရင် ကြိတ်စက် (သို့) Blender ထဲထည့်ကြိတ်ပါမယ်။ ရပြီဆိုရင် အိုးထဲပြန်ပြောင်းထည့်ပြီး မီးဖိုမီးဖွင့်တည်ပါ။ သကြား ခွက်တစ်ဝက်စာ၊ နို့မှုန့် ခွက်တစ်ဝက်စာ ထည့်မွှေပါ။ အာဂါးအာဂါးပေါင်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်မွှေပေးပါ။ သေချာမွှေပေးပြီး ပွက်လာပြီဆိုရင်တော့ ထောပတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ကြာကြာမွှေပေးပြီးပြီဆိုရင်တော့ ဘူးထဲပြောင်းထည့်ပြီး ၃ နာရီလောက် ထားထားလိုက်ပါ။ အချိန်ပြည့်ရင်ပန်းကန်ပြားထဲမှောက်ချပြီး ဓားနဲ့လှီးကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်းကို ရရှိသွားပါပြီ။

    Credit-MyFood Myanmar

    (Zawgyi)

    အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္း

    ပူတင္းႀကိဳက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

    စတင္ျပဳလုပ္ဖို႔ မုန္လာဥနီ ၃ လုံးကို အခ်ပ္ေသးေသးေလးေတြ ျဖစ္ေအာင္ လွီးၿပီး အိုးထဲထည့္ပါ။ အိုးထဲကို က်ိဳၿပီးသား ႏြားႏို႔ ၂ ခြက္ထည့္ၿပီး ဆား အနည္းငယ္ထည့္ပါ။ ၿပီးရင္ေတာ့ မီးဖိုမီးဖြင့္ၿပီး တည္ထားပါ။ ပြက္ပြက္ဆူလာရင္ ေမႊေနေပးပါ။ ခဏေနရင္ ေျမပဲ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ၿပီး ေမႊေပးပါ။ မုန္လာဥေတြ ႏူးၿပီဆိုရင္ မီးပိတ္ၿပီး အေအးခံံထားပါ။

    ေအးသြားၿပီဆိုရင္ ႀကိတ္စက္ (သို႔) Blender ထဲထည့္ႀကိတ္ပါမယ္။ ရၿပီဆိုရင္ အိုးထဲျပန္ေျပာင္းထည့္ၿပီး မီးဖိုမီးဖြင့္တည္ပါ။ သၾကား ခြက္တစ္ဝက္စာ၊ ႏို႔မႈန႔္ ခြက္တစ္ဝက္စာ ထည့္ေမႊပါ။ အာဂါးအာဂါးေပါင္ဒါမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာ ထည့္ေမႊေပးပါ။ ေသခ်ာေမႊေပးၿပီး ပြက္လာၿပီဆိုရင္ေတာ့ ေထာပတ္ရည္ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ေမႊပါ။ ၾကာၾကာေမႊေပးၿပီးၿပီဆိုရင္ေတာ့ ဘူးထဲေျပာင္းထည့္ၿပီး ၃ နာရီေလာက္ ထားထားလိုက္ပါ။ အခ်ိန္ျပည့္ရင္ပန္းကန္ျပားထဲေမွာက္ခ်ၿပီး ဓားနဲ႔လွီးကာ စားသုံးႏိုင္ပါၿပီ။ ဒါဆိုရင္ေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္းကို ရရွိသြားပါၿပီ။

    Credit-MyFood Myanmar