Category: ဗဟုတုသ
  • “ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း”
    “ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း”
    ဆေးဘဲဥကို”Century egg”ဟု အမည်ပေးထားပြီး တနည်းအားဖြင့် Thousand -year-egg”ဟူ၍လည်း ခေါ်ဝေါ်ကြပါတယ်။
    တရုတ်ရိုးရာအစားအစာဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးတွေဟာ ဆေးဘဲဥကို သေချာပြုလုပ်ပြီး နှစ်ပေါင်းရာချီ ထောင်ချီကြာမှ ချက်ပြုပ်စားသုံးကြပါတယ်။
    ယနေ့ခေတ်ကာလမှာတော့ တစ်လခန့် ကြာရုံမျှ ထားရှိပြီး ချက်ပြုပ်​ စားသုံးကြပါတယ်။
    ပါဝင်သည့် ပစ္စည်းများကတော့
    (1)clay~ရွံစေး
    (2)salt ~ဆား
    (3)lime~ထုံးမှုန့်
    (4)ash~ထင်းမီးပြာ
    ဤ (၄)မျိုးကို ရောစပ်ပြီး သေချာနှံ့စပ်အောင်နယ်၍ ဘဲဥကိုယ်ပေါ်သို့ အနည်းငယ်ထူအောင် သုတ်လိမ်းပြီးပါက ဖွဲကြမ်းခွံ(သို့)စပါးခွံ(rice husks)ဖြင့် အပေါ်ယံမှ ထပ်ဆင့်ဖုံးအုပ်ပေးပါ။
    အားလုံးပြီးစီးသွားပါက ခြင်းတောင်းထဲသို့ သေချာစီထည့်ပြီး ခြောက်သွေ့သန့်ရှင်းသောနေရာ၌ (၄)ပတ်မှ (၅)ပတ်လောက်ကြာအောင် ထားရှိပြီးမှ ချက်ပြုပ် စားသုံနိုင်ပါသည်။
    ဆေးဘဲဥဟာ vitamin A and B ,B12ဓာတ်ပါရှိပြီး စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျဆင်းသူများ သွေးပေါင်ချိန်မှန်ကန်မှု့ရရှိခြင်း..
    ချောင်းဆိုးသွေးပါ ပန်းနာ ရင်ကြပ် အဆုတ်ရောဂါနှင့် တီဘီရောဂါပျောက်ကင်းသက်သာစေခြင်း
    အသည်းအားကောင်းစေခြင်း နှင့် အစာ စားချင်စိတ်ပျက်ပြားနေသော လူနာများ အစားစားချင်စိတ်ဖြစ်ပေါ်လာစေပြီး များစွားသော အားအင်များတိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
    ကြက်ဥဖြင့်လည်း ဒီအတိုင်း ပြုလုပ်လို့ ရပါတယ်။
    ကျေးဇူးတင်ပါတယ် ။
    ဘ၀ခါးခါး
  • အချစ်ဟာ တောင်တွေကိုတောင် အမှန်တကယ်ရွေ့နိုင်ကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား
    အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ် ဂါယာမြို့ရဲ့ အစွန်အဖျားပိုင်းတစ်နေရာမှာ မူဆာဟာစ် လို့ခေါ်တဲ့ ဇာတ်မရှိသူတွေ နေထိုင်ပါတယ်။ စာဖတ်သူတွေ သိကြတဲ့အတိုင်း အိန္ဒိယမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတဲ့စနစ်ရှိတဲ့အပြင် မျိုးရိုးအနိမ့်အမြင့်ပေါ်မူတည်ပြီး အခွင့်အရေးတွေ၊ ခံစားခွင့်တွေ ရရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြတဲ့ မူဆာဟာစ်တွေကတော့ ဇာတ်မဲ့ မျိုးရိုးမဲ့တာကြောင့် သူများတကာတွေလို သောက်သုံးရေ၊ လျှပ်စစ်မီး၊လမ်း၊ ကျောင်းနဲ့ ဆေးရုံစတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ မပြည့်စုံကြပါဘူး။
    သူတို့နဲ့ အနီးဆုံးဆေးရုံဟာ ကီလိုမီတာ(၇၀) ကွာဝေးပြီး သူတို့နေထိုင်ရာ အသိုင်းအ၀ိုင်းနဲ့ မြို့ပြအဖွဲ့အစည်းရဲ့ ကြားထဲမှာ ပေ(၃၀၀) အမြင့်ရှိတဲ့ တောင်ကြီးတစ်တောင်ဟာ ကာဆီးလျက်ရှိနေပါတယ်။ ဒါကို ဒတ်ရှ်ရာ့သ်မန်ဂျီက လုံးဝမကျေနပ်ပါဘူး။ ဒတ်ရှ်ဟာ ရွာမှာနေထိုင်တဲ့ အခြား မူဆာဟာစ်အမျိုးသားတွေလိုပဲ တောင်ရဲ့တခြားဘက်မှာရှိတဲ့ မြို့ပြမှာ နေ့တိုင်းသွားရောက်အလုပ်လုပ်ကိုင်ပါတယ်။
    ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဒတ်ရှ်ရဲ့ ဇနီးသည်ဟာ ဆေးဝါးကုသမှု အချိန်မီမခံယူလိုက်နိုင်တာကြောင့် မသေသင့်ပဲ သေဆုံးသွားခဲ့ပါတယ်။ နေထိုင်ရတဲ့နေရာက ချောင်ကျလွန်းလို့ ဆေးရုံဆေးခန်းသွားဖို့ မမှီလိုက်တဲ့ ဇနီးသည်ရဲ့ သေဆုံးမှုအပေါ်မှာ ဒတ်ရှ်က ဘ၀င်မကျပါဘူး။ တစ်နေ့မှာတော့ ဒတ်ရှ်ဟာ မိသားစုပိုင် ဆိတ်(၃)ကောင်ကို ရောင်းချလိုက်ပြီး သူ့အကြံအစည်ကို စတင်အကောင်အထည် ဖော်ပါတော့တယ်။
    ဒတ်ရှ်ဟာ သူ့တို့ရွာနဲ့ မြို့ကိုဆီးခံထားတဲ့ တောင်ကြီးကို ဖြိုဖျက်ဖို့ ဆိတ်တွေရောင်းချလို့ ရတဲ့ငွေနဲ့ တူတွေ၊ ဆောက်တွေကိုဝယ်ယူပြီး တောင်ကို စတင်ဖောက်ထွင်းပါတော့တယ်။ မနက်ပိုင်းမှာတော့ သူလုပ်နေကျ ထုံးစံအတိုင်း လယ်ကွင်းတွေထဲမှာ ထယ်ထိုးပြီး ညနေနဲ့ညဘက်တွေမှာ သူ့ရဲ့တောင်ထွင်းတဲ့ လုပ်ငန်းကြီးကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါတယ်။
    (၁၉၆၀)ကနေ (၁၉၈၂)အတွင်း ဒတ်ရှ်ဟာ တောင်ကိုထွင်းပြီး လမ်းတစ်လမ်းပေါ်လာဖို့အတွက်သာ ရည်ရွယ်ပြီး အလုပ်ကြိုးစားခဲ့ပါတယ်။ ကျောက်တုံးတွေကို ခွဲဖို့အတွက် ဒတ်ရှ်မှာ သူ့နည်းလမ်းနဲ့သူရှိပါတယ်။ ဒတ်ရှ်က ကျောက်တုံးတွေပေါ်မှာ ထင်းမွှေးပြီး ပူနေတဲ့ ကျောက်သားမျက်နှာပြင်တွေပေါ်မှာ ရေတွေဖြန်းပါတယ်။ အကြောင်းကတော့ ကျောက်တုံးကြီးတွေကို ထုခွဲတဲ့အခါမှ အလွယ်တကူ ထုခွဲနိုင်အောင်လို့ ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာအောင် တစိုက်မတ်မတ်နဲ့ လမ်းထွင်ဖို့ ကြိုးစားခဲ့တဲ့ဒတ်ရှ်ဟာ သူရူးတစ်ယောက်လို့တောင် လူအများရဲ့ ပြက်ရယ်ပြုခံခဲ့ရပါတယ်။
    ဒါပေမယ့် (၁၉၈၂)ခုနှစ်အရောက်မှာတော့ လွန်ခဲ့တဲ့(၂၂)နှစ်လုံးလုံး လက်လုပ်ကိရိယာတွေသုံးပြီး ကိုယ်တိုင်လမ်းဖောက်ခဲ့တဲ့ ဒတ်ရှ်ရဲ့ကောင်းမှုဟာ တစ်ရွာလုံးကို အကျိုးဖြစ်ထွန်းစေခဲ့ပြီဖြစ်ပါတယ်။ ထိုအချိန်မှာ ဒတ်ရှ်ဟာ တောင်ကိုဖြတ်ဖောက်ထားတဲ့ (၃၆၀)ပေရှည်လျားတဲ့ လမ်းတစ်ခုကို ဖောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အနီးဆုံးကျောင်းနဲ့ ဆေးရုံတွေကလည်း သူ့ရွာကနေ ကီလိုမီတာအနည်းငယ်လောက်သာ ကွာဝေးပါတော့တယ်။
    ဒတ်ရှ်ရဲ့ ဆောင်ရွက်ကြိုးပမ်းမှုအတွက် အစိုးရကိုယ်တိုင်က သူ့ကိုလူမှုထူးချွန်ဆုချီးမြှင့်ခဲ့ပြီး တောင်လူသားအဖြစ် လူတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ဒတ်ရှ်က နယူးဒေလီကိုသွားပြီး သူဖောက်ခဲ့တဲ့လမ်းကို လမ်းမကြီးနဲ့ဆက်သွယ်ပေးဖို့၊ ရွာအတွက် လိုအပ်တဲ့သောက်သုံးရေ၊ ကျောင်းနဲ့ ဆေးရုံတွေကို ဆောက်လုပ်ပေးဖို့ပါ အသနားခံစာတင်ခဲ့ပါတယ်။ ဒတ်ရှ်က “ကျွန်တော့်ဇနီးကို ချစ်တဲ့အချစ်တွေနဲ့ ဒီအလုပ်ကို စဖြစ်ခဲ့တယ်။ ကျွန်တော့ လူတွေအတွက် အလုပ်ကို ဆက်လုပ်ဖြစ်တယ်။ ကျွန်တော်မှ မလုပ်ရင် ဘယ်သူမှ လုပ်မယ့်လူရှိမှာမဟုတ်ဘူး။” လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒတ်ရှ်ဟာ သူ့အိပ်မက်ရဲ့ အသီးအပွင့်တွေကိုတော့ မမြင်ခဲ့ရရှာပဲ အသက်(၇၃)နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ဒတ်ရှ်ရဲ့ သူ့ဇနီးသည်နဲ့ ရွာသူရွာသားတွေအပေါ်မှာထားတဲ့ မေတ္တာ၊ စေတနာတွေကတော့ လေးစားအတုယူဖွယ်ပဲဖြစ်ပါတယ်။
    Ref: elitereaders
  • ဖောရောင်၊ အသဲအားနည်း၊ အရေပြားရောဂါတို့အတွက် အစွမ်းထက် ကနဖော့
    (Zawgyi)
    ကနဖော့
    ဖောရောင်
    ကျောက်ဖြူပေါက်
    အရေပြားရောဂါ
    အသဲအားနည်းသော်
    မီးတွင်းဖောသွပ်
    Credit. .Thura Aung
    [Unicod
    ကနဖော့
    အနည်းငယ်ခါး၏။ အေးသောသတ္တိရှိ၏။ ဝမ်းကိုအနည်းငယ်သက်စေ၏။ ဖောရောင်ခြင်း နူနာအရေပြားရောဂါ ချောင်းဆိုရောဂါ တို့ကိုပျောက်၏။
    ကနဖော့ကို ရေနွေးဖျော၍၎င်း အစိမ်းလိုက်ရေစင်စင်ဆေး၍၎င်း ရိပ်ရိပ်ပါအောင်စဉ်းပြီးလျှင ်ကြက်သွန်ဖြူနီဆီချက် နှမ်းလှော်ပုဇွန်ခြောက်မှုန့် မန်ကျည်းသီးမှည့် ငံပြာရည်တို့နှင့်သုပ်၍ စားခြင်း ချဉ်ရည်ဟင်းချက်၍စားခြင်း လူကောင်းတို့ကိုပင ်ကျန်းမာသော ဆေးဟင်းရွက်အဖြစ ်စားသုံးသင့်သည်။ ကနဖော့သည်ခါး၏။ ခံတွင်း၌ပြန့်နှံ့လွယ်၏။ သလိပ်သည်းခြေတို့ကိုနိုင်၏။ နူနာနှင့် ကိုယ်ဖောရောင်နာကိုနိုင်၏။
    ဖောရောင်
    ပြုတ်၍ တို့မြှုပ်စားပါ။ ပြုတ်ရည်ဖြင့်ချွေးအောင်းပါ။ဖောရောင်သူများပျောက်၏။
    ကျောက်ဖြူပေါက်
    ၎င်းပဉ္စငါးပါးကို ကြိတ်ချေ၍ရသောအရည် ၆မူးတပဲသားမျှတိုက်သော်ပျောက်၏။
    အရေပြားရောဂါ
    ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းခြင်း အထက်ပါအတိုင်းတိုက်ခြင်းဖြင့်ပျောက်၏။
    ချဉ်ဆီတိုးသောရောဂါ အထက်ပါပဉ္စငါးပါးအရည် ၆မူးတပဲသားမျှတိုက်ပါ။
    အသဲအားနည်းသော်
    အသည်းအားရှိစေရန် ယင်းအရွက်ကို ဆန်ပုန်းရည်ဖြင့်ပြုတ်၍ မုန်ညှင်းဆီထည့်ပြီး စားသော် အသည်းသည် ကောင်းစွာအလုပ်လုပ်နိုင်သည်။
    ဦးနှောင့်ပူခြောက်သောရောဂါ
    ယင်းအရွက်ကိုကြိတ်၍ခေါင်း၌အုံပေးပါ။
    မီးတွင်းဖောသွပ်
    မီးတွင်းကထွက် သွေးမကျက်၍ ဖောသွပ်ပိန်မြဲ ကိုယ်ရောင်စွဲသော် ကနဖော့ ဆူးပဒေါင်းရွက်
    ယင်းနှစ်ပါးကို ကြို၍ ရေနွေးနှင့် ရေချိုးပေးပါ။
    သည်းခြေထုံထိုင်းခြင်း
    အရေပြားရောဂါအတွက်ကမ္ဘာ့သုံးဆေးတွင်ကနဖော့အရွက်ကို ထိုရောဂါများအတွက်အသုံးပြုကြသည်။
    မီးဖိုချောင်မှ ဆေးစွမ်းကောင်းများစာအုပ်မှ ကူးယူဖော်ပြပါသည်။
    Credit. .Thura Aung
  • ပီကေစားခြင်းရဲ့ အံ့အားသင့်ဖွယ် အကျိုး ၅ ရပ်
    သင်တို့ရဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ စာသင်ခန်းထဲ ပျင်းရင် ပီကေ၀ါးခြင်းကို လူတိုင်းနီးပါး ပြုလုပ်ခဲ့ကြပါလိမ့်မယ်။ ပီကေ၀ါးမယ် ပူဖောင်းပြိုင်လုပ်ကြမယ် တဖောက်ဖောက်နဲ့ ဖောက်တမ်းကစားမယ်။ ပီကေကို အပျင်းပြေ၀ါးသလို အခြား ခံတွင်းနံ့ ဆိုးဝါးမှုကို ပျောက်ကင်းစေဖို့ စားကြပြီး စိတ်ငြိမ်ဖို့ အတွက်လည်း စားကြပါတယ်။
    ပီကေစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေလား ကောင်းမွန်စေလား ဆိုတာကတော့ စားတဲ့ ပီကေပေါ်မှာလည်း မူတည်ပါတယ်။ အချိုမပါတဲ့ Sugarless လို ပီကေမျိုးကို စားခြင်းကတော့ လူကို ထိခိုက်မှု နည်းပါတယ်။ ပီကေစားခြင်းကြောင့် ကောင်းမွန်တဲ့ အကျိုးတွေလည်း ရှိပါတယ်။
    ၁။ သတိရစေခြင်း
    ပီကေ၀ါးခြင်းဟာ အိပ်ငိုက်ခြင်းနဲ့ ပျင်းရိခြင်းကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ၂၀၀၉ ခုနှစ် HealthSite တစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ပီကေစားခြင်းဟာ နိုးကြွစေနိုင်ပြီး လုပ်ရမယ့် အလုပ်ကို အာရုံစိုက်လို့ ရနိုင်တယ်လို့ အတည်ပြုထားပါတယ်။
    ၂။ ၀ိတ်လျှော့ခြင်းကို ကူညီပေးနိုင်
    ပီကေစားခြင်းဟာ ကယ်လိုရီကို လောင်ကျွမ်းပေးနိုင်တဲ့ အစွမ်းရှိတာမို့ သင် ၀ိတ်လျှော့နေတယ်ဆိုရင်တော့ ပီကေစားပေးပါ။ အစာစားချင်စိတ်ကိုပါ လျှော့ချနိုင်တာမို့ အကူအညီ ရပါတယ်။
    ၃။ ခံတွင်းအနံ့ဆိုးကို ထိန်းပေးနိုင်
    Sugarfree ပီကေတွေ စားခြင်းဟာ ခံတွင်းအနံ့ဆိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးတကြီး စကားပြောစရာ ရှိပြီဆိုရင်တော့ မတွေ့ခင် ပီကေလေးသာ ၀ါးထားလိုက်ပါ။
    ၄။ စိတ်ဖိစီးမှုကို လျှော့ချနိုင်
    နိုင်ငံခြား ဘောလုံးပွဲတွေ ကြည့်တဲ့အခါ နည်းပြအတော်များများဟာ ပွဲချိန်အတွင်းမှာ ပီကေ၀ါးနေကြတာတွေ မြင်ဖူးကြမှာပါ။ စိတ်ဖိစီးနေမှုတွေ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။
    ၅။ အာရုံစူးစိုက်မှု ပိုရနိုင်
    အလုပ်တစ်ခုကို အာရုံစူးစိုက်မှု ပိုရချင်တယ်ဆိုရင်တော့ ပီကေ၀ါးလိုက်ပါ။ ကျန်းမာရေးအမြင်အရ ကြည့်ရင်လည်း ထိခိုက်မှု မရှိနိုင်တဲ့ အတွက် အာရုံစူးစိုက်မှုကို အားပေးနိုင်တဲ့ ပီကေစားခြင်းကို စမ်းသပ်ကြည့်ပါ။
    Source: zeenews
  • အရသာရှိပြီး ကွာလတီပြည့်မှီတဲ့ အကောင်းဆုံးဝိုင်ကို ဘယ်လိုရွေးချယ်ရမလဲ
    Wine Institute ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ကမ္ဘာပေါ်မှာရှိတဲ့ ဝိုင်ကိုစွဲလန်းနှစ်ခြိုက်စွာ သောက်သုံးသူတွေ ဟာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊ ဥရောပနိုင်ငံတွေ မှာ ဝိုင်သောက်တဲ့ ဓလေ့က ပိုမိုထွန်းကားပါတယ်။ ဝိုင်တွေကလည်း တစ်မျိုးပြီးတစ်မျိုး အမျိုးအစား စုံလင်စွာနဲ့ ပိုမိုထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝိုင်ကောင်းကောင်းကို မြည်းစမ်းချင်တယ်ဆိုရင်တော့ အရည်အသွေးပြည့်မှီပြီး ကွာလတီလည်းကောင်း၊ အရသာလည်းကောင်းမွန်တဲ့ ဝိုင်ကို ရွေးချယ်သောက်သုံးသင့် ပါတယ်။ ဝိုင်ရဲ့ စံနှုန်းအရည်အသွေးနဲ့ မပြည့်မှီတဲ့ ဝိုင်တွေက ဈေးကွက်တွေမှာလည်း များပြားလာတဲ့အတွက် ဝိုင်စစ်စစ်ကို ရရှိဖို့ဆိုတာ သိပ်ကိုခက်ခဲ့လာပါတယ်။ ဒီတော့… အရသာရှိပြီး ကွာလတီကောင်းတဲ့ ဝိုင်ကို ရွေးချယ်တဲ့အခါမှာ အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း ဝယ်ယူမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။
    ဝိုင်တွေမှာ ကွာလတီလယ်ဗယ်သတ်မှတ်ချက်တွေ အမျိုးမျိုး ရှိတာတွေ့ရပါတယ်။ ဝိုင်ထုတ်လုပ်တဲ့ စက်ရုံတွေက ဝိုင်ပုလင်းအပြင်ဘက်မှာ ကွာလတီလယ်ဗယ်တွေကို ဖော်ပြပေးရပါတယ်။ ဝိုင်ပုလင်းရဲ့ အပြင်ဘက်အညွန်းကို ကြည့်ရုံနဲ့ ဒီဝိုင်ဟာ ကွာလတီအဆင့်ဘယ်လောက် ရှိတယ်ဆိုတာကို ဝိုင်သောက်သုံးနေကျသူတွေကတော့ သိပြီးသားဖြစ်မှာပါ။ AOC, VDQS, VdP, VdT စတာတွေကိုတော့ ပြင်သစ်ဝိုင်ပုလင်းတွေမှာ တွေ့ရတတ်ပြီး၊ DOCG, DOC, IGT, VdT ကိုတော့ အီတလီဝိုင်ပုလင်းတွေမှာ တွေ့မြင်ရတတ်ပါတယ်။ နောက်ပြီး AVA, Varietal, Reserve, Meritage စတဲ့ ကွာလတီဖော်ပြချက်တွေကိုကျတော့ USA made တွေမှာ မြင်တွေ့ရပါလိမ့်မယ်။ ဝိုင်ပုလင်းတွေမှာ ဒီစကားလုံးမျိုးတွေ ပါဝင်နေတယ်ဆိုရင်တော့ ကွာလတီပြည့်မှီတဲ့ ဝိုင်အဖြစ် သတ်မှတ်နိုင်ပြီး ဒီထဲကမှ အကောင်းဆုံးဖြစ်မယ့်ဟာကို ရွေးချယ်ပါဆိုရင်တော့ A စကားလုံးနဲ့ စတာရယ်၊ စကားလုံးရှည်တဲ့ လယ်ဗယ်အညွှန်းတွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
    နောက်တစ်ချက်အနေနဲ့ ဝိုင်ကို ဝယ်တော့မယ်ဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲကို မဖြစ်မနေကြည့်သင့်ပါတယ်။ နှစ်ရှည်ကြာတဲ့ ဝိုင်တွေက ကောင်းတယ်လို့ မှတ်ယူကြပေမယ့် ထုတ်လုပ်ရက် လေးနှစ်ထက်ပိုပြီးကြာရှည်စွာ ကျော်လွန်နေတယ်ဆိုရင်တော့ ဝိုင်ရဲ့ စစ်မှန်တဲ့ အရသာကို အပြည့်အဝ ခံစားရနိုင်တော့မှာ မဟုတ်ဘူးလို့ Wine Institute က အကြံပြုထားပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်တဲ့ ရက်စွဲပါဝင်တဲ့ ဝိုင်တွေကိုသာ ကွာလတီကောင်းမွန်တဲ့ ဝိုင်အဖြစ် သတ်မှတ်သင့်ပါတယ်။
    ဒါ့အပြင် ဝိုင်ရဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်လိုက်ရုံနဲ့ ဝိုင်ကောင်း၊ မကောင်းဆိုတာကိုလည်း စစ်ဆေးနိုင်ပါသေး တယ်။ ဥပမာ.. စပျစ်ဝိုင်ပစ္စည်းဆိုပါစို့။ စပျစ်ဝိုင်ကို ဘယ်နိုင်ငံထုတ်တယ်၊ ဘယ်ကစပျစ်ကိုယူပြီး ပြုလုပ်ထားတယ် စသဖြင့် သေချာတဲ့ အညွှန်းပါဝင်နေတယ်ဆိုရင် ဝိုင်စစ်တယ်လို့မှတ်ယူနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အကောင်းဆုံး စပျစ်သီးနဲ့ ပြုလုပ်ထားတယ် “ the best grapes” လောက်ပဲ ဖော်ပြထားတယ်ဆိုရင်တော့ ကွာကတီအားဖြင့် နည်းနည်းညံ့နိုင်ပါတယ်။
    အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ ဝိုင်ရဲ့ ကွာလတီပြည့်မှီမှု ဆန်းစစ်ချက်တွေအားလုံး အဆင်ပြေနေပေမယ့် ကိုယ်ဝယ်မယ့် ဝိုင်ပုလင်းက နေရောင်ခြည်ဒဏ်နဲ့ တိုက်ရိုက်ထိတွေ့နေတယ်၊ စူးရှတဲ့ အလင်းရောင်အောက်မှာ ရှိနေတယ်ဆိုရင်တော့ ဝယ်ဖို့ မစဉ်းစားပါနဲ့တော့။ ဝိုင်ဆိုတာက အေးတဲ့နေရာ၊ နေရောင်ခြည်ကင်းလွတ်တဲ့နေရာ၊ အလင်းရောင်မရှိတဲ့နေရာတွေမှာပဲ ရှိသင့်ပါတယ်။ ဒီလိုမဟုတ်ရင် ပုလင်းအတွင်းက ဝိုင်ရဲ့ စစ်မှန်တဲ့အရသာတွေ ဆုံးရှုံးသွားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ဝိုင်ကောင်းကောင်းသောက်ချင်တယ်ဆိုရင်တော့ ဖော်ပြပေးခဲ့တဲ့ အချက်တွေအားလုံး ကိုက်ညီနေတယ်ဆိုမှ ရွေးချယ်ဝယ်ယူဖို့ Wine Institute ရဲ့ ဖော်ပြချက်တွေအရ အကြံပြုလိုက်ရပါတယ်။
    creid;mpf
  • စားလို့ ရတဲ့ အင်းဆက် ၁၀မျိုး
    ကမ္ဘာတစ်လွှားမှာ အင်းဆက်ပိုးမွှားတွေကို အစားအစာ အဖြစ် စားကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ အခြားမကြည့်ပါနဲ့ မြန်မာမှာတောင် စားနေကြတဲ့ အကောင်တွေ ရှိပါတယ်။ ပုရစ် ဆိုရင်တော့ အတော်များများကို စားကြပါတယ်။ ဆေးအဖြစ်နဲ့ ကင်းမြီးကောက်၊ ကင်းခြေများတွေကိုလည်း စားကြပါသေးတယ်။ စားလို့ ရတဲ့ အင်းဆက်တွေ အကြောင်း ကြည့်ရအောင်နော်။
    ၁။နှံကောင်
    Source: commons.wikimedia.org
    တကယ်ကြီးပါ။ နှံကောင်ကို သင်တို့ စားဖူးပါသလား။ တကယ်ပဲ နူးညံ့ပြီး အရသာ ရှိတဲ့ အစားအစာ ဖြစ်ပြီး ကင်ပြီးလည်း စားကြပါတယ်။ အမေရိကန်တွေကတော့ နှံကောင်ကို ကင်စားကြပါတယ်။
    ၂။ပုရစ်
    Source: livingnomads.com
    ပုရစ်ကတော့ မြန်မာပြည်မှာလည်း စားကြပါတယ်။ ပုရစ်ဟာ ငရုတ်သီးစပ်စပ်နဲ့ ကြော်ပြီး ဘီယာနဲ့ မြည်းကြတာများပါတယ်။ နိုင်ငံတော်တော်များများ စားကြပါတယ်။
    ၃။ ကင်းမြီးကောက်
    Source: Flickr
    ကင်းမြီးကောက်ကို စားလို့ရတယ်ဆိုတာ သတင်းကောင်းပါပဲ။ အဆိပ်တွေအတွက်တော့ စိတ်မပူပါနဲ့ ချက်လိုက်တာနဲ့ အဆိပ်တွေက ပျယ်သွားပါတယ်။ ဒါပေမယ့် သင်က အဆိပ်တွေကို စိတ်ပူလို့ မစားဘူးဆိုရင်တော့ အမြီးက အဆိပ် ထွက်တဲ့နေရာကို ချိုးပြီးမှ စားပါ။ ကင်းမြီးကောက်ကို ကြော်စား၊ ကင်စားကြပါတယ်။
    ၄။ Potato Bugs
    Source: Food For Net
    ပုရွတ်ဆိတ်မျိုးနွယ်ဝင် ဖြစ်ပြီး အဆိပ်အနည်းငယ် ရှိပါတယ်။ အကိုက်ခံရရင် နီမြန်းလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူဟာ စားလို့ ရတဲ့ အင်းဆက်တစ်မျိုးပါ။
    ၅။ ပုရွတ်ဆိတ်
    Source: amazing-places.com
    ပုရွတ်ဆိတ်ကို အချို့က ကြက်ဥနဲ့ ကြော်စားကြပါတယ်။ ပုရွတ်နီတွေကိုတော့ သိပ်မစားကြပါဘူး။ သူတို့ကို အများအားဖြင့် ကြော်စားကြပါတယ်။
    ၆။ ခြကောင်များ
    ခြကောင်တွေကို ထောင်းစားကြတယ်။ ကြော်စားကြပါတယ်။ အစားသောင်းကျန်းသူတွေကတော့ အတော်စားကြပါတယ်။
    ၇။ တီကောင်
    Salad ကို အိုင်ဒီယာ အဆန်းနဲ့ လုပ်ဖို့ တွေးမိပါသလား။ တီကောင်အနည်းငယ်ကို ထည့်လိုက်ပါ။ အနည်းငယ်စီ လှီးပြီးတော့ ထည့်နိုင်ပါတယ်။
    ၈။ ပင့်ကူ
    Source: Sonya and Travis
    ပင့်ကူတွေကို ကင်စား ကြော်စားကြပါတယ်။ ကမ္ဘောဒီးယားမှာတော့ နာမည်ကြီးတဲ့ အစားအစာ တစ်ခုလို့ ဆိုပါတယ်။
    ၉။ မျှော့
    မျှော့မှာတော့ ပင်လယ်မျှော့ကို စားကြတာ များပါတယ်။ မြန်မာပြည်မှာတောင် Hot Pot တွေထဲ ထည့်စားကြပါတယ်။
    ၁၀။ Beetle Larvae
    မြန်မာနိုင်ငံမှာတော့ နောက်ချီးထိုးပိုးလို့ ခေါ်ကြသလို သစ်ပိုးလို့လည်း ခေါ်ကြပါတယ်။ ကြော်စား ချက်စားကြပါတယ်။
    Source: hellogiggles
  • ခရမ်းချဉ်သီးတစ်လုံးနဲ့ ဝက်ခြံကင်းတဲ့ အသားအရေကို အရယူကြမယ်
    မျက်နှာပေါ်မှာ ပုံမှန် ဝက်ခြံပေါက်တာက အသက်အရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နီရဲနေတဲ့ ၀က်ခြံတွေကတော့ ထိလိုက်ရင်ကို အသည်းခိုက်မတတ်နာကျင်ရပါတယ်။ ဒါဟာ အရေပြားရောဂါဖြစ်ပြီး စိတ်ပျက်စရာ၊ စိတ်မသက်သာစရာဖြစ်ပေမဲ့ အန္တရာယ်တော့ မရှိပါဘူး။
    ဟော်မုန်းဓါတ် မညီမျှတာကြောင့် ၀က်ခြံပေါက်တာမဟုတ်လို့ ဝက်ခြံကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားလို့ ရနိုင်ပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုပါဘူး။ ခရမ်းချဉ်သီး တစ်လုံးရှိရင် လုံလောက်ပါပြီ။
    ခရမ်းချဉ်သီး နဲ့ ပေါင်းတင်မယ်
    ပထမဆုံး ခရမ်းချည်သီးတစ်လုံးကိုယူပြီး ထိတ်မှာ X ပုံသဏ္ဍန်လိုမျိုး ဓါးနဲ့ လှီးလိုက်ပါ။ အဲဒီနောက် ရေနွေးနဲ့ အပူပေးပြီး အခွံကိုခွါချပါ။ ဆက်လက်ပြီး ခရမ်းချည်သီးက အစေ့တွေကို ဖယ်ပြီး အနှစ်တွေကို မျက်နှာပေါ်လိမ်းပါ။ အဲဒီနောက် တစ်နာရီလောက်ထားပြီး ရေနဲ့ ဆေးချပါ။ ဝက်ခြံတွေကို ဖယ်ရှားချင်ရင်တော့ ဒိန်ချည်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
    ခရမ်းချဉ်သီးနဲ့ မျက်နှာသစ်မယ်
    ခရမ်းချဉ်သီးအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပုရာရည် တစ်စက်ကို ရောပြီး မွှေပါ။ အဲဒီနောက် ဝက်ခြံပေါက်နေတဲ့ နေရာကို လိမ်းပေးပြီး မိနစ်အနည်းငယ်ထားကာ မျက်နှာသစ်ပါ။
  • ဂျင်းနဲ့ငရုတ် အတွဲအစပ်ဟာ ကင်ဆာကို လျှော့ချပေးနိုင်
    သင်ဟာ အပူအစပ် အစားအစာတွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါလား? ဒါဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဂျင်းနဲ့ ငရုတ်သီးအတွဲဟာ ကင်ဆာအကျိတ်တွေကို ရပ်တန့်ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီ ဟင်းခတ် ၂မျိုးလုံးမှာလည်း ကျန်းမာရေးကောင်းကွက်တွေ ကိုယ်စီ ရှိပြီးသားပါ။ အဓိကကတော့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။
    အမေရိကန်ဓာတုဗေဒပညာရှင်အချို့ရဲ့ စမ်းသပ်ချက်တစ်ခုမှာတော့ ကြွက်နဲ့ စမ်းသပ်ခဲ့ရာမှာ ဂျင်း ၆တက်ဟာ ကင်ဆာ ဆဲလ်တွေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အာရှနိုင်ငံတွေမှာတော့ ဂျင်းနဲ့ ငရုတ်သီးကို ဟင်းခတ် အတွဲအဖြစ် အသုံးများကြပါတယ်။ ကင်ဆာတွေထဲမှာမှ အဓိက အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာတွေ အတွက် အထူးကောင်းမွန်စေပါတယ်။
    လေ့လာသူတွေကတော့ ကင်ဆာအကျိတ်ရဲ့ ၂၀%ကို လျှော့ချပေးနိုင်ပြီး ရောဂါကြီးထွားမှုတွေကနေ ရပ်တန့်နိုင်ကြောင်း ယုံကြည်ကြပြီး ပုံမှန်တွဲဖက်ပြီး စားသုံးသင့်ကြောင်း အဆိုပြုထားပါတယ်။
    သတိထားရမှာကတော့ ငရုတ်သီးကို သန့်အောင် ဂရုစိုက်ပြီး စားဖို့ လိုပါတယ်။ ဂျင်းရော ငရုတ်မှာပါ မကောင်းတဲ့ မှိုတွေ ကပ်နေမယ်ဆိုရင်တော့ မစားသင့်ပါဘူး။
    Ref: zeenews
  • ပေါင်မုန့်ရဲ့ကောက်ကြောင်း
    မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆန်ကို အဓိကထား စားသုံးကြသလို အနောက်နိုင်ငံတွေမှာလည်း ဂျုံဟာ အသက်သွေးကြောပါပဲ။ ဂျုံကနေ ရရှိတဲ့ ပေါင်မုန့်ကိုလည်း အနောက်တိုင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာကနေ ယနေ့အထိ အဓိက အစားအစာ အဖြစ် စားသုံးနေကြဆဲ ဖြစ်ပါတယ်။
    မြေအောက်မှာ ရာစုနှစ်ပေါင်းများစွာက လူတွေ စားသုံးခဲ့ကြတာ ဖြစ်ပြီး ကျောက်ခေတ်လူတွေကတည်းက စားခဲ့ကြတယ်လို့ အနောက်နိုင်ငံတွေက အထောက်အထားတွေနဲ့ ပြောဆိုထားကြပါတယ်။ ကျောက်ခေတ်လူတွေဟာ အလွန်ကြမ်းတမ်းတဲ့ မုယောနဲ့ လုပ်တဲ့ ပေါင်မုန့်တွေကို စားခဲ့တယ်ဆိုတဲ့ အထောက်အထားကို ဆွစ်ဇာလန်နိုင်ငံ ဒေသအချို့မှာ တူးဖော်တွေ့ရှိထားပါတယ်။ အီဂျစ်မှာတော့ လွန်ခဲ့တှဲ့စ်ပေါင်း ၅၀၀၀ခန့်ကပင် ပေါင်မုန့် အဖြူတွေကို စားသုံးခဲ့ကြပါတယ်။
    ပေါင်မုန့်ကို ပြုလုပ်ရာမှာ အဓိက ဂျုံစေ့နဲ့ ကြိတ်ထားတဲ့ ဂျုံမုန့်ကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဂျုံမရနိုင်တဲ့နေရာတွေမှာ ရိုင်းစပါး၊ မုယော၊ မြင်းစားဂျုံ၊ အာလူး၊ ပြောင်းဆန်တွေနဲ့ ပြုလုပ်ကြပါတယ်။ ရှေးကျတဲ့လူမျိုးတွေကတော့ အလေ့ကျပေါကတဲ့ အသီးအနှံ အစေ့ဆန်တွေ သစ်ဥတွေကနေ အမှုန့်ကြိတ်ပြီး ပေါင်မုန့် ပြုလုပ်ကြပါတယ်။ အာဖရိကတိုက်မှာ ရှိတဲ့ လူရိုင်းအချို့ကတော့ မျောက်ဥတွေနဲ့ ပေါင်မုန့်ပြုလုပ်ကြပါတယ်။ အမေရိကန်ပြည်မှာတော့ တိုင်းရင်းသားအချို့ကတော့ ၀က်သစ်ချစေ့နဲ့ ပေါင်မုန့် ပြုလုပ်ကြပါတ်။ ပေါင်မုန့် ပြုလုပ်ရမှာ ဂျုံနဲ့ ရိုင်းစပါးဖြင့် ပြုလုပ်ထားတဲ့ ပေါင်မုန့်က ပေါ့ပြီး ပွတာကြောင့် စားသုံးဖို့ အအကောင်းဆုံး ပါပဲ။
    ပေါင်မုန့်ပြုလုပ်ရာမှာ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်နဲ့ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်ဟာ ကြာရှည်တော့ အထားမခံပါဘူး။ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဟာ စားလို့ သိပ်မကောင်းလှပေမယ့် ကြာရှည်ခံပါတယ်။ ခရီးဝေး သွားလာသူတွေ အတွက် အသုံးတည့်လှတဲ့ နည်းပါ။
    ပေါင်မုန့်ဟာ လူတို့ရဲ့ အင်အားဖြစ်စေတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ပေါင်မုန့်ဖြူ တစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်၊ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ပြာဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ ပေါင်မုန့်မှာ ပါဝင်တဲ့ ဖြည့်စွက်အစာတွေကြောင့်လည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထပ်မံ ရနိုင်ပါသေးတယ်။ ပဲနဲ့လုပ်တဲ့ ပေါင်မုန့်ကတော့ ကျန်းမာရေးနဲ့ အလွန်ပြည့်စုံစေတဲ့ ပေါင်မုန့်အမျိုးအစားပဲ ဖြစ်ပါတယ်။
    ပေါင်မုန့်ကို အဓိက အစာအဖြစ် စားကြတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်စေရန် လိုအပ်တဲ့ ပမာဏတွေကို အချိုးကျ အမှန်အကန် ပါဝင်စေဖို့ ဥပဒေများနဲ့ သတ်မှတ်ထားကြပါတယ်။
    Credit: Wiki
  • လူကြိုက်များတဲ့ မုန်ညင်းရွက်
    မုန်ညင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ၀ါတွင်းကာလတွေမှာ အသားရှောင်လိုသူတွေ အတွက် အကြိုက်တွေ့စေတဲ့ ဟင်းရွက်တစ်မျိုးပါ။ အရွက်ပေါများသော မုန်ညင်းပင်သည် ကမ္ဘာ့သမပိုင်းဒေသများတွင် စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သမမျှတတဲ့ ရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြပြီး ရေနိုင်နိုင် လောင်းပေးရင် စိုက်လို့ ရတဲ့ ဟင်းရွက်မျိုးပါ။ မုန်ညင်းပင်မှာ ရတဲ့ မုန်ညင်းစေ့ဟာလည် ဟင်းလျာခတ် အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပြီး ဘယဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။
    မုန်ညင်းရွက်ဟာ လွှသွားပုံအချွန်လေးတွေ ရှိပြီး အစိမ်းရင့်ရောင် ဖြစ်ပါတယ်။ အရွက်နုများကို ခူးပြီး ဟင်းရွက်အဖြစ် စားကြသလို အရင့်ခံထား အစေ့ကို ယူကြပါတယ်။ မုန်ညင်းသည် စိုက်ပျိုးရန် လွယ်ကူတဲ့ အပင်မျိုးဖြစ်ပါတယ်။ မိုးကုန်ခါနီးတွေမှာ အစေ့တွေကို ကြဲပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ မုန်ညင်း အမည်း နဲ့ အဖြူ နှစ်မျိုးစလုံးသည်တစ်နှစ်ခံပင်များ ဖြစ်ပြီး အစေ့မှ စိုက်ပျိုးရပါတယ်။
    မုန်ညင်းရွက်များတွင် အကောင်းဆုံး ဗီတာမင်ဓာတ်များ ပါရှိပါတယ်။ အမျှင်များနဲ့ ပင်စည် အပွင့်တွေဟာ ၀မ်းပျော့စေတတ်ပါတယ်။ အစေ့တွေကို ကြိတ်ပြီး ရတဲ့ အဆီတွေဟာ အနံ့အရသာကောင်းတဲ့ အပြင် အိမ်တွင်းသုံး ဆေးအဖြစ်ဖြင့် အသုံးပြုကြပါတယ်။
    ဆီကြိတ်ပြီး ကျန်နေတဲ့ မုန်ညင်းဖတ်တွေကို အခြောက်ခံပြီး အမှုန့်ဖြစ်လာအောင် ထောင်းရပါတယ်။ အဲ့ဒီ မုန်ညင်းစေ့မှုန့်ဟာ အဆိပ်အတောက် စားမိတဲ့အခါ အော့အန်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဖြူများကို လယ်မြေများတွင် မြေသြဇာကျွေးပြီး စိုက်ပျိုးကြပါတယ်။ ထယ်ထိုးပြီး လယ်မြေမှာ စိုက်ကြပါတယ်။ မုန်ညင်းအမည်း အစေ့တွေကိုတော့ ဟင်းလျာခတ်  အမွေးအကြိုင် အဖြစ် အသုံးပြုရန် စိုက်ပျိုးလေ့ ရှိကြပါတယ်။
    မုန်ညင်းရွက်ကို မုန်ညင်းချဉ် ပြုလုပ်ရာမှာ သုံးသလို ကြံမဆိုင်ပြုလုပ်ရမှာလည်း အသုံးပြုကြပါတယ်။ ကြော်စား၊ ပေါင်းစားကြတာကတော့ အလွယ်တကူနဲ့ စားလို့ ရတဲ့ ဟင်းလျာတစ်မျိုးပါ။ မုန်ညင်းဟာ မိုးရာသီမှာ ပေါများတဲ့ အသီးအရွက်မဟုတ်ပေမယ့် ၁၂ရာသီ စားသုံးကြတဲ့ အရွက်ပါ။