Category: ဗဟုတုသ
  • ငရုတ်သီးစိမ်း စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
    ငရုတ်သီးစိမ်ဆိုတာနဲ့ တစ်ရှူးရှူး မျက်ရည်တရွှဲရွှဲ ဖြစ်စေမယ့်အစားအစာလို့သာ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ကြိုက်နှစ်သက်သူ အဖို့တော့ ခံတွင်းမြိန်စေတာပေါ့။ အမှန်တကယ်ဆို ငရုတ်သီးစိမ်းဟာ ရေဓာတ်ပါဝင်ပြီး Cholesterol ကင်းတဲ့ အတွက် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
    ငရုတ်သီးစိမ်းထဲမှာ ဗီတာမင် C ၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး တို့အပြင် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်အနည်းငယ်ပါဝင်ပါတယ်။ ပူစပ်ရခြင်းမှာလည်း Capsaicin လို့ခေါ်တဲ့ အပူ၊အစပ် အရသာဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့်ပါ။ငရုတ်သီးစိမ်းဟာ အစာချေအဖွဲ့အစည်းအတွက် အထောက်အကူပြုတယ်ဆိုတာကိုလည်း လူသိနည်းပါတယ်။ ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများထဲက အရေးပါဆုံး အကျိုးကျေးဇူး လေးမျိုးကိုဖော်ပြလိုက်ပါတယ်။
    ၁။အသားအရေ အတွက်
    ငရုတ်သီးစိမ်းဟာ Vitamin C ကြွယ်ဝတဲ့အတွက် ဟင်းလျာထဲမှာ ဖြစ်စေ အစိမ်းလိုက်ဖြစ်စေ ထည့်ပြီးစားသုံးခြင်းအားဖြင့် အသားအရေကို ကျန်းမာစေပြီး ဝင်းပစေပါတယ်။
    ၂။ အစာခြေစနစ်အတွက်
    ဗီတာမင် C ကြွယ်ဝနေခြင်းအတွက် အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီပံပိုးပေးတယ်။ ဝါးစားတဲ့အခါ တံတွေးထုတ်လုပ်နိုင်စေတဲ့ မည့်သည့်အစားအစာမဆို အစာချေစနစ်ကို ပံ့ပိုးပေးပါတယ်။
    ၃။ကိုယ်အလေးချိန် လျော့ချရေးအတွက်
    ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ ပိုလျှံတဲ့ အဆီတွေကို ဖယ်ရှာပေးတဲ့အတွက် ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင်းပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အပံပေးပါတယ်။
    ၄။ ဆီးချိုရောဂါအတွက်
    ဆီးချိုရောဂါရှင်တွေရဲ့ နေ့စဉ်စားသုံးမှုစနစ်မှာ ငရုတ်သီးစိမ်းဖြည့်စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ အချိုဓာတ်ကို ထိန်းညှိပေးသောကြောင့်ဖြစ်ပါတယ်။
    ငရုတ်သီးစိမ်း ကြောက်တတ်သူတွေ ဒီဆောင်းပါးဖတ်ပြီး အရဲစွန့်စားမိမယ်လို့ မျှော်လင့်မိပါတယ်။
    [Zawgyi version]
    [Unicode version]
    ဆီးအောင့် ဆီးနည်း ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်း
    ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့်မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။
    ကျွန်တော်ကိုယ်တိုင် ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့ မထွက်တာ ဆီးအိမ်မှာ အောင့်နေတာ ဆီးနည်းတာ စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။
    အဘဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။
    လူအများအတွက်မို့ ရှယ်ပါဗျာ။ ငြုပ်သီးစားပြီး ဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်း ဝမ်းသာအားရ ဖုန်းဆက်လာတယ်။ ကျန်နေတဲ့ ငှက်ပျောသီး ဂွေးတောက်ရွက်ပြုတ်တစ်လုံး စားလိုက်တော့ သုံးညဆက်တိုက် ဆီးသုံးကြိမ် ထသွားရပြီး အခု ဆီးအောင့်နေတာပျောက်သွားသတဲ့ ခင်ဗျာ။
    Credit : Maung Ukywut Maung
  • ဆီးကျောက်တည်ခြင်းကို ပျောက်ကင်းစေနိုင်တဲ့ ကျောက်ဖရုံသီး
    ကျောက်ဖရုံသီးသည် အားကို တိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။ ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ ကျောက်ဖရုံ သီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက် ကျွေးလျှင် ပျောက်ကင်း စေသည်။ ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါ များ၌ အသီး သတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
    အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့ အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍ ချက်ဆေး) အဖြစ် အသုံးများ ကြသည်။
    ကျောက်ဖရုံသီးကို ကျောက်ကပ်သမားတစ်ယောက် ခြေထောက်တွေ ရောင်လာတဲ့အခါ ချက်ချင်း အစိမ်းသောက်လိုက်တာ အရောင် ကျသွားပါတယ်။ နောက်တစ်နည်းကတော့ ဆီးကျောက်တည်ခြင်းပါ။
    ဆီးကျောက်တည်သူတွေ အနေနဲ့ကျောက်ဖရုံသီးလက်ငါးလုံးခန့်၂စိတ်ကို ရေဆေးပါ အစေ့များဖယ်ပြီး သခွါးခြစ်ဖြင့်ခြစ်ပါ သောက်နိုင်ရုံ ရေတစ်ဖန်ခွက်ထည့်၍ Blenderဖြင့်ကြိတ်ပါပြီးလျှင်ဇကာဖြင့်အရည်စစ်ယူပါ ထို့နောက*်ရှိန်းခို* (ငရုတ်ကောင်းစေ့၂စေ့စာခန့် ) ထည့်မွှေပါ နံနက်စောစောအစာမစားမီ တစ်ပတ်ခန့်သောက်ပေးပါ။
    Source: Ethnic Prides
  • ခြေဖ၀ါးသဲဝဲစားခြင်းအတွက် အာလူး
    (Zawgyi)
    •ပြလုပ်ရန်
    •မနက်တစ်ကြိမ်
    •ည တစ်ကြိမ်
    (Unicode)
    ခြေထောက်မှာ သဲဝဲလို့ ခေါ်တဲ့ မှိုရောဂါတစ်မျိုး စွဲကပ်တဲ့အခါ နာကျင်မှုကို ခံစားရပြီး နေရထိုင်ရခက်စေပါတယ်။ ယားယံခြင်းကိုလည်း မခံမရပ်နိုင်အောင် ခံစားရပါတယ်။ရေနဲ့ထိတွေ့ပါ များတဲ့လူတွေမှာ အဖြစ်များပါတယ်။
    အဲ့ဒိလို သဲဝဲစားတဲ့အခါ အိမ်မှာ ရှိတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ အာလူးပါ။ နည်းလမ်းက လွယ်ကူပါတယ်။ အာလူးကို စိပ်ပြီး သဲဝဲဖြစ်နေတဲ့ အပေါ်ကို တစ်နေ့မှာ ၂ကြိမ် ပွတ်တိုက်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် ခဏထားပါ။ သန့်ရှင်းတဲ့ ခြေအိတ်ကို စွပ်ထားလိုက်ပါ။
    ပြလုပ်ရန်-မနက်တစ်ကြိမ် ည တစ်ကြိမ်။ ညတစ်ကြိမ် ပွတ်တိုက်ပြီးရင်တော့ ခြေအိတ်မစွပ်ဘဲ အိပ်ပါ။ လေဝင်လေထွက်ကောင်းမွန်အောင်ပါ။ ၂ရက်လောက် ပွတ်တိုက်ပေးရုံနဲ့ ယားယံခြင်းကို သိသိသာသာ သက်သာလာစေပါတယ်။ ၃-၄ လောက်မှာတော့ အဖတ်လေးတွေ ကွာကျပြီး တဖြည်းဖြည်း လျော့ပါးသွားပါလိမ့်မယ်။ အာလူးဟာ ခြေထောက်က အနံ့ဆိုးတွေကို ပျောက်ကင်းအောင်လည်း အသုံးပြုလို့ ရပါတယ်။
    Credit: Health Updates Journal
  • မိုးရာသီမှာ စားသင့်တဲ့သစ်သီးတွေနဲ့အကျိုးကျေးဇူးများ
    မိုးရာသီမှာ စားသင့်တဲ့သစ်သီးတွေနဲ့အကျိုးကျေးဇူးများ
    ==================
    ==================
    မိုးရာသီက အရသာရှိတဲ့အစားအစာတွေအားလုံးကို ကျွန်ုပ်တို့ စားချင်အောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။ ဒီရာသီမှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးသော သစ်သီးတွေကို ဈေးတွေမှာ ရရှိနေပြီဖြစ်ပါတယ်။ မိုးရာသီစာ သစ်သီးတွေကို သေချာဆေးဖို့ သတိရပြီး မှည့်ပြီးလား၊ စားလို့ရပြီလားဆိုတာကိုတော့ စစ်ဆေးသင့်ပါတယ်။ မိုးရာသီမှာ စားသင့်တဲ့ သစ်သီးများနဲ့ ထိုသစ်သီးတွေရဲ့ အကျိုးကျေးဇူးကို ဖော်ပြပေးလိုက်ပါတယ်။
    မက်မန်းသီး
    မက်မန်းသီးကို သရေစာအဖြစ် အမျိုးမျိုးလုပ်စားကြပါတယ်။ မက်မန်းသီးကို ဝယ်ယူတဲ့အခါ လတ်ဆတ်မှုရှိမရှိစစ်ဆေးပြီး သေချာမှသာ ဝယ်ယူလိုက်ပါ။ အခန်းတွင်းအပူချိန်နဲ့ မှည့်အောင် ထားလို့ရပါတယ်။ သို့သော် မှည့်မမှည့် သေချာအောင် ကြည့်ပေးဖို့ လိုအပ်ပါတယ်။ မှည့်တဲ့မက်မန်းသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားလို့ရပါတယ်။
    မက်မန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကတော့ ဗီတာမင်စီ၊ကေ၊ ကော်ပါး၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ်ဓာတ်များကြွယ်ဝပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သံဓာတ်ကို စုပ်ယူတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
    အလှအပအကျိုးကျေးဇူးကတော့ သစ်သီးမှာ ပါတဲ့အန်တီအာက်စီဒန့်က အသက်အရွယ်အိုမင်းရင့်ရော်ခြင်းကို ကုသပေးပါတယ်။
    ချယ်ရီသီး
    ချယ်ရီသီးကို ဒီအတိုင်းစားကြသလို ကော့တေးဖျော်ရည်ထဲတွင် ထည့်ပြီးသောက်ကြပါတယ်။ ဒါပေမဲ့ ဒီအတိုင်းစားတာက အကောင်းဆုံးဖြစ်ပါတယ်။ နီပြီး မှည့်နေတဲ့ချယ်ရီသီးကို ရွေးချယ်ဝယ်ယူရပါတယ်။ ရီရွဲ့နေတဲ့ချယ်ရီသီးတွေကို ရှောင်သင့်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။
    ကျန်မာရေးအကျိုးကျေးဇူးကတော့ ပိုတတ်စီယမ်ဓာတ်မြင့်မားပြီး ဆိုဒီယမ်ဓာတ်နည်းပါးပါတယ်။ ချယ်ရီသီးက ကယ်လိုရီဓာတ်လဲ လျော့နည်းပြီး အန်တီအောက်စီဒန့်ဓာတ်မြင့်မားတဲ့အတွက် ကိုလက်စတရော့လျော့နည်းသွားတဲ့အခါ နှလုံးရောဂါကို တိုက်ခိုက်ပေးပါတယ်။ ဒါအပြင့်သွေးဖိအားများခြင်းနဲ့ ဆီးအတွင်းမှ အက်ဆစ်ပမာဏကို လျော့ချပေးပါတယ်။
    အလှအပ အကျိုးကျေးဇူးကတော့ အသက်အရွယ်ရင့်ရော်ခြင်းကို နှောင့်နှေးစေပြီး အသားအရေကိုလဲ နူးညံ့စေပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။
    မက်မွန်သီး
    မက်မွန်သီးကို အခွံမခွာဘဲ စားသင့်ပါတယ်။ မက်မွန်သီးကို ရွေးချယ်တဲ့အခါ အဝါ-လိမ္မော်များတာကို ရွေးသင့်ပါတယ်။ မက်မွန်သီးကို မမှည့်သေးပဲဝယ်ခဲ့မယ်ဆိုရင် အခန်းတွင်းအပူချိန်နဲ့ပဲ စက္ကူအိတ်ဖြင့် သိမ်းဆည်းထားခြင်းအားဖြင့် မှည့်အောင် လုပ်လို့ရပါတယ်။
    ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ဗီတာမင်အေ၊ဘီ၊စီကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကောင်းစေပြီး အမြင်အာရုံလဲ တိုးတတ်စေပါတယ်။ မက်မွန်သီးက စိတ်ကိုတည်ငြိမ်စေတဲ့အတွက် စိတ်ဖိစီးမှုဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကို ဖြေလျော့ပေးနိုင်ပါတယ်။
    အလှအပအကျိုးကျေးဇူးကတော့ မက်မွန်သီးက အသားအရေနုပျိုစေပါတယ်။ မက်မွန်သီးအရည်ကို အသားအရေပေါ်မှာ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ အသားအရေအိုမင်းရင့်ရော်ခြင်းနဲ့ နေလောင်ခြည်ကာကွယ်နိုင်တဲ့အစွမ်းသတ္တိများပါဝင်ပါတယ်။
    လိုင်ချီသီး
    လိုင်ချီသီးရဲ့အသားက နူးညံ့တဲ့အတွက် အခွံခွာပြီးစားရုံနဲ့ အရသာရှိပြီး ဖျော်ရည်အနေနဲ့ သောက်ရင်လဲ အဆင်ပြေပါတယ်။ ပန်းရောင်သမ်းနေတဲ့(သို့) နီညိုရောင်သမ်းတဲ့ လိုင်ချီသီးကို ရွေးချယ်သင့်ပါတယ်။ လတ်ဆတ်တဲ့လိုင်ချီသီးက အခန်းတွင်းအပူချိန် ၂-၃ရက်အထိ ခံပါတယ်။ သေသေချာချာထုတ်ပိုးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင်တော့ ၅-၆ပတ်ဝန်းကျင်လောက် ခံပါတယ်။
    ကျန်းမာရေးအကျိုးကျေးဇူးကတော့ အမျှင်ဓာတ်များစွာပါဝင်ရုံသာမက ဗီတာမင်စီ၊ဘီ၊ ပိုတတ်စီယမ်ဓာတ်တွေလဲ ပါဝင်ပါတယ်။ လိုင်ချီမှာ ပါတဲ့အမျှင်ဓာတ်က အစာခြေစနစ်ကို သန့်စင်ပေးပါတယ်။ အသီးရဲ့ အပွင့်၊ အမြစ်တို့ကို ရေနွေးနဲ့ပြုတ်ပြီး ပလုတ်ကျင်းမယ်ဆိုရင် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။
    အလှအပအကျိုးကျေးဇူးကတော့ လိုင်ချီသီးက ဝိတ်ချဖို့အတွက် အသုံးဝင်ပြီး နေလောင်ဓာတ်မှာ လဲ ကာကွယ်ပေးပါတယ်။ ဝက်ခြံနဲ့ အသားအရေအစက်အပျောက်ဖြစ်ခြင်းကို လျော့ချခြင်းအားခြင်း အသားအရေကို အာဟာရဓာတ်ဖြည့်ပေးပါတယ်။
    From MM
    ===========
  • နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်းကို သက်သာစေမဲ့ နည်းလမ်းများ။
    နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်းကို သက်သာစေမဲ့ နည်းလမ်းများ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    နှုတ်ခမ်းကွဲ ခြင်းရဲ့သွင်ပြင်လက္ခဏာတွေကတော့ လူတိုင်းနီးပါးလောက် ခံစားဖူးလို့ သိပြီးဖြစ်ကြမှာပါ။ ခြောက်တွေ့လာမယ်၊ ကွဲအက်မယ်၊ အဖတ်၊ အလွှာလေးတွေကွာမယ်၊ နာကျဉ်ခြင်းစတဲ့ လက္ခဏာတွေကို တနှစ်ပတ်လုံးမှာ အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။
    တခါတလေ နှုတ်ခမ်းကွဲ တဲ့အခါမှာ အနည်းငယ်နာကျဉ်၍ စိတ်မသက် မသာခံစားရခြင်း၊ ရှက်စရာကောင်းတယ်လို့ ထင်မြင်ခံစားရကာ နေ့စဉ် လုပ်ဆောင်နေတဲ့ ရယ်ခြင်း၊ ပြုံးခြင်း၊ စားသောက်ခြင်းနှင့် စကားပြောခြင်း တို့မှာတောင် အနှောက်အယှက် ဖြစ်စေပါတယ်။
    အများစု တူညီကြတဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်း ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း၊ ကွဲအက်ခြင်း၊ အရေပြားကွာခြင်းနှင့် နာကျဉ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။
    နှုတ်ခမ်းကွဲရခြင်းကတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပြင်းထန်သော ရာသီဥတုဒါဏ် ခံရခြင်း (အပူ၊အအေး)၊ သွားဖြင့် မကြာခဏ ကိုက်ခြင်း၊ နွားနို့နှင့် အသီးအရွက်စိမ်းတွေမှာ ပါဝင်တတ်တဲ့ ဗိုက်တာမင် B2 ချို့တဲ့ခြင်းနှင့် သွားတုတပ်သူတွေမှာ အံကပ် အထိုင်ကောင်းစွာ မကျခြင်း တို့မှဖြစ်တတ်ပါတယ်။
    အလာဂျစ်ဖြစ်ခြင်း၊ အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါများ၊ ဆေးဝါးများနှင့် အအေးမိ၊တုပ်ကွေးနှင့် အခြားသော အကြောင်းအရာများကြောင့်လဲ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ ယောင်ရမ်းခြင်းနှင့် ကွဲအက်ခြင်းများ ဖြစ်နိုင်သည်။
    နှုတ်ခမ်းခြောက်ရင် အသင့်သုံးနိုင်တဲ့ နှုတ်ခမ်းဆိုးဆေးကဲ့သို့သော အတောင့်များ သုံးနိုင်သော်လဲ လည်းကောင်းတွင် ပါဝင်သော ဓါတုပစ္စည်းများသည် ကွဲဟနေသော နှုတ်ခမ်းကို သုတ်လိမ်းရန် မသင့်တော်ပါ။ ဒါကြောင့်မို့ ဘေးထွက်ဆိုးကျိုး မရှိသော အောက်ဖေါ်ပြပါ နည်းလမ်းများအား စမ်းသပ်သုံးစွဲနိုင်ပါတယ်။
    #ပျားရည်နှင့်_Vaseline
    ပျားရည်တွင် ပါဝင်သော သဘာဝ အဟာရဓါတ်များသည် အနာများကို အံ့သြဖွယ်ရာ ကောင်အောင် ကျက်စေနိုင်ခြင်းနှင့် ဘက်တီးရီးယားများကို ဆန့်ကျင်တိုက်ထုတ်နိုင်ခြင်း အစွမ်းသတ္တိတွေ ရှိပါတယ်။
    ထို့အတူပဲ Vaseline ကလဲ အရေပြားနဲ့ ပက်သက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်သုံးစွဲလိုက်တဲ့အခါမှာ နှုတ်ခမ်း ခြောက်သွေ့၊ ကွဲအက်ခြင်းအတွက် အစွမ်းထက် ဆေးတမျိုးဖြစ်လာပါတယ်။
    အသုံးပြုပုံကတော့
    ပျားရည်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး စက္ကန့်အနည်းငယ် ကြာအောင် ထားပါ။
    နှုတ်ခမ်းကို မလှုပ်ပဲထားပြီး Veseline ကို နှုတ်ခမ်းအပေါ်မှာ ထပ်မံသုတ်လမ်းပါ။
    ဒီနှစ်ခုပေါင်းပြီး သုတ်လမ်းထားတာကို ၁၀မိနစ်မှ ၁၅မိနစ်ထိ ထားပါ။
    ပြီးလျှင် ဂွမ်းစ၊ သို့မဟုတ် နားသန့်ရှင်းရေး လုပ်တဲ့ Cotton Buds ကို ရေနွေးနွေးတွင် နှစ်ပြီး နှုတ်ခမ်းပေါ်တွင် သုတ်လိမ်းထားသည်များကို ဖယ်ရှားလိုက်ပါ။
    ယင်းနည်းကို တနေ့လျှင် တကြိမ်၊ ၂ရက်မှ ၅ရက်အထိ ခြောက်သွေ့သော၊ ကွဲအက်သော နှုတ်ခမ်းတို့ အတွက် အသုံးပြုနိုင်ပါသည်။
    အပြင်သွားရင်တော့ Veseline တမျိုးတည်းကို သုတ်လိမ်းသွားနိုင်ပါတယ်။
    #အုန်းဆီ
    နှုတ်ခမ်း ခြောက်သွေ့၊ ကွဲအက်ခြင်းများအတွက် အုန်းဆီသည် အလွန်လွယ်ကူ ရိုးရှင်းပြီး ထိရောက်စွာ သက်သာစေပါတယ်။ အထူးသဖြင့် ရာသီဥတု ပူလွန်း၊အေးလွန်းသော အချိန်များတွင် အုန်းဆီပမာဏ အနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ အကြိမ်အကန့်အသတ် မရှိ သုတ်လိမ်းပေးပါ။
    #ရေသောက်ခြင်း
    ခန္ဓာကို ရေဓာတ်ဆုံးရှုံးခြင်းသည် နှုတ်ခမ်းကွဲခြောက်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းတရပ်ဖြစ်သောကြောင့် တနေ့လျှင် ရေ ၂လီတာမှ ၃လီတာအထိ သောက်သုံးခြင်းဖြင့် နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်းကို ကာကွယ် ကုသနိုင်သည်။
    #သခွားသီး
    နှုတ်ခမ်းကို သခွားသီးစိတ်နဲ့ ပွတ်တိုက်ပေးရင် ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းတွေ သက်သာနိုင်ပါတယ်။
    #ရှားစောင်းလက်ပတ်
    ရှားစောင်းလက်ပတ်ကလဲ အရေပြားမှ အနာများကို ပျောက်ကင်းသက်သာစေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် လည်းကောင်း အနှစ် အနည်းငယ်ကို နှုတ်ခမ်းပေါ်တွင် နေ့စဉ် ပမာဏအနည်းငယ်ကို သုတ်လိမ်းပေးနိုင်သည်။
    အရေးမကြီးတဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း ကိုတော့ အလွယ်တကူ ရရှိနိုင်သော သဘာဝနည်းလမ်းများဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့မှ မသက်သာပဲ ပိုဆိုးလာရင် နာကျဉ်ခြင်းနှင့် သွေးထွက်ခြင်းတို့ကို ခံစားရနိုင်တာမို့ ဒီအခြေအနေထပ် ဆိုးဆိုးဝါးဝါး မဖြစ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။
    #credit
  • ကျသွားတဲ့ ကိုယ်အလေးချိန်ကို ဘယ်လို ဆက်ထိန်းကြမလဲ ????
    ကျသွားတဲ့ ကိုယ်အလေးချိန်ကို ဘယ်လို ဆက်ထိန်းကြမလဲ ????
    ဝိတ်ချရတာ လွယ်ပါတယ် ကျသွားတဲ့ ဝိတ် ကို ဆက်လက် ထိန်းသိမ်းဖို့ က တော်တော် ခက်ပါတယ်။
    A. လေ့ကျင့်ခန်း
    – Gym မှာ အနည်းဆုံး တစ်နေ့ ၁ နာရီ နဲ့ တပါတ် ငါးကြိမ် ကစားပါ။
    – အိမ်မှာ နေရင် တစ်ခုခု စားပြီးတိုင်း လှုပ်ရှား မှု့ တစ်ခုခု အမြဲ လုပ်ပါ။
    – တီဗွီ ကြည့်နေရင်း၊ အင်တာနက် သုံးနေရင်ူ free hand exercise တစ်ခုခု လုပ်ပါ။
    – အိမ်မှု့ ကိစ္စများ ကို တတ်နိုင်သမျှ ကိုယ်တိုင်လုပ်တဲ့လအကျင့် လုပ်ပါ။
    – တစ်နေ့ ကို ခြေလှမ်းပေါင်း ၆၀၀၀ ပြည့်အောင် လမ်းလျှောက်ပါ။
    – အိပ်ခါနီးတိုင်း အိပ်ထမတင် အချက် ၂၀ လုပ်ပါ။
    – အားလပ်ချိန် မှာ ခါးလှည့်ကွင်း လှည့်ပါ။
    – တစ်ပါတ် တစ်ခါ ဝိတ် ပုံမှန်ချိန်ပါ။
    B. အစားအသောက် ဆင်ခြင်ခြင်း
    – ဘာစားစား ကယ်လိုရီ တွက်စားပါ
    – ဘာစားစား သတိလေး နဲ့ စားပါ
    – အစားမစားခင် တစ်နေ့တာဂကယ်လိုရီ ဘယ်လောက်စားပြီးပြီလဲ ပြန်စဉ်းစားပါ။
    – ဘာစားစား ချမှတ်တတ်တဲ့အကျင့်၊ food Diary လုပ်ပါ
    – ရေ မှန်မှန်သောက်ပါ
    – ဗိုက်ဆာတယ်လို့ ခံစားရတိုင်း ရေတခွက် အရင်သောက် ပြီး နည်းနည်း ကနေ စစားကြည့်ပါ။
    – ဗိုက်အရမ်းဆာတဲ့‭ အထိ အောင့်မထားပါနဗင့်၊ ပိုစားဖြစ်ပြီး ဝလာစေပါတယ်။
    – အသီးအနှံ ကို မိမိ လက်လှမ်း မီတဲ့ နေရာ မှာ ထား ပြီး ဆာလျှင် ထုတ်စားပါ။
    လေးစားစွာဖြင့်
    ဒေါက်တာ ညီညီကျော်
  • ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ…..
    ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ…..
    (ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြု့ ပါသည် )
    သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ” ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။
    (၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။
    (၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။
    (၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။
    (၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။
    (၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။
    (၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။
    (၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။
    (၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
    ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-
    အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
    ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
    ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
    အနာတွေကို သက်သာစေပါတယ်။
    နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
    Credit..
  • ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?
    ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?
    ယနေ့ခေတ် မှာ ခေါက်ဆွဲပြုတ် ဆိုတာကလည်း နိုင်ငံတကာ က အသိအမှတ်ပြု လာတဲ့ အသင့်စားအစားအစာတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော် တို့ မြန်မာနိုင်ငံ မျာလည်း တော်တော် လေးတွင်ကျယ်လာတဲ့ အစားအစာတစ်မျိုးပါ။အခုတလော ဆိုရှယ်မီဒီယာ တွေ မှာ နာမည်ကြီး နေတာကတော့ ကိုးရီးယား က လာတဲ့ ခေါက်ဆွဲ ပြုတ် အထုပ်တွေပါ။ ကိုးရီးယား ခေါက်ဆွဲ ပြုတ် ဆိုလို့ မြန်မာပြည်က ခေါက်ဆွဲ ပြုတ်တွေ ကော မပါဘူးလား ဆိုတော့ အကုန်အကျုံးဝင်ပါတယ်။
    ပထမဆုံးပြောချင်တာက တော့ တော်တော်များများ သိကြတဲ့ အတိုင်း ခေါက်ဆွဲ ပြုတ်စားရင် ပထမ ပြုတ်ရည် ကို သွန်ပစ်ကြတဲ့ အလေ့အကျင့် ပါ။ ဒါလည်းကောင်းပါတယ်။ မလွဲသာ မရှောင် သာ စားရတော့မယ့် အခြေအနေမှာ ခေါက်ဆွဲ ကို ပထမဆုံး အရင် ပြုတ်ပြီး ထွက်လာတဲ့ ပထမပြုတ်ရည် မှာ ဓါတု ပစ္စည်း များစွာပါဝင်နေတဲ့အတွက် သွန်ပစ်ခြင်း ပြုလုပ်သင့်ပါတယ်။
    ဒါပေမယ့် အများ ပြည်သူတွေ သိထားကြတဲ့ ခေါပ်ဆွဲခြောက်တွေ စားရင် ဖယောင်းတွေပါတယ်။ အဲ့ဒီ ဖယောင်းတွေ က အူထဲ မှာ ကပ်နေပြီး ကင်ဆာဖြစ်စေတယ် ဆိုတာ ကတော့ မှားယွင်းနေတဲ့ ယူဆချက်တွေပါ။ ခေါက်ဆွဲ ခြောက်တွေ မှာ ဖယောင်းပါတာ မှန်ပါတာ်။ ဒါပေမယ့် ဒီဖယောင်းတွေ ဟာ edible wax လို့ခေါ်တဲ့ စားလို့ရတဲ့ ဖယောင်းတွေ ဖြစ်ပြီး သူက တော်ရုံ အပူချိန်မှာ ဆိုရင် ပျော်ကျသွားပ့တယ်။ ဒီဖယောင်း ကို မစားချင်ဘူးဆိုရင်တော့ ပထမပြုတ် ရည် ကို သွန်လိုက်လို့ရပါတယ်။ ဒါဆို အဲ့ဒီ ဖယောင်းတွေ က မပါသလောက်ဖြစ်သွားပါပြီ။
    ဒီဖယောင်း က ခေါက်ဆွဲခြောက် စားခြင်းရဲ့ အဓိက ပြဿနာ မဟုတ်ပါဘူး။ အဓိက ကတော့
    အချိုမှုန့် နှင့် ဆား များစွာ ပါဝင်ခြင်း – ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ်တွေ မှာ အချိုမှုန့် လွန်စွာ ပါဝင်ပါတယ်။ ပြောရရင် sodium ဆားဓါတ် အရမ်းများပါတယ်။ ခေါက်ဆွဲပြုတ် တစ်ထုပ်မှာ sodium ဆားဓါတ်ပမာဏ 800 mg ပါဝင်ပါတယ်။ လူတစ်ဦး အတွက် တနေ့တာ ကို Sodium ဆားဓါတ် ပမာဏ 2400 mg (အိမ်သုံးဆား လက်ဖက်ဇွန်း တစ်ဇွန်းစာ) သာ စားသုံးသင့်ပါတယ်။
    ကယ်လိုရီ ပမာဏ များခြင်း- ကယ်လိုရီ တော်တော်များပါတယ်။ ကိုးရီးယား ခေါက်ဆွဲ ပြုတ်လို့ခေါ်နေကြတဲ့ ခေါက်ဆွဲ အထုပ်တွေ မှာ ကယ်လိုရီ ၅၀၀ ကနေ ၇၀၀ အထိပါနိုင် ပြီး ပုံမှန်ခေါက်ဆွဲ အထုပ်တွေ မှာ ကယ်လိုရီ ၂၅၀ ကနေ ၄၀၀ အထိ ပါနိုင်ပါတယ်။
    ကယ်လိုရီ များတယ် ဆိုပြီး ဝချင်တဲ့ သူတွေ လိုက်စားမှာ လည်း စိုးရပါတယ်။ သူက ကယ်လိုရီ သာများတာပါ။ အာဟာရ မပြည့်ဝ ပါ။ ဆိုလိုချင်တာက ကာဗိုဟိုက်ဒရိတ် နှင့် အဆီဓါတ် သာ အဓိက ပါပြီး အသားဓါတ်က မပါသလောက် ဖြစ်တဲ့ အတွက် ဝချင်လို့ဆိုပြီး စားမယ် ဆိုရင်တော့ ဗိုက်ပူ ပြီး ကြာလာ ရင် ဆီးချို နှင့် သွေးတိုး ရောဂါ ဖြစ်ရုံမှ အပ တခြားကောင်းကျိုး မရှိပါဘူး။
    သွေးတိုး ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဆားဓါတ်ပမာဏ အရမ်း တဲ့ အတွက်ကြောင့်ပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့ အတွက် ဆီးချို ရောဂါ ဖြစ်စေနိုင်တဲ့ အပြင် ဆီဓါတ် များတဲ့လအတွက်လည်း သွေးတွင်း အဆီ ဓါတ်ကို များစေတာ ကို လေ့လာတွေ့ရှိချက် တွေမှာ ဖော်ပြထားပါတယ်။
    အမျှင်ဓါတ် အလွန်နည်းခြင်း- ဝမ်းချုပ်နေတဲ့ သူအတွက်ကတော့ ခေါက်ဆွဲ ပြုတ်စားတာဟာ လုံးဝ မှားယွင်းပါတယ်။ ဝမ်းကို ပိုချုပ်စေပါတယ်။
    ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ချို့တဲ့လာစေပါတယ်။ ခေါက်ဆွဲ ခြောက် ထုပ်တွေ မှာ ဗီတာမင် နှင့် သတ္တုဓါတ်ပါတာ နည်းပါတယ်။ ပါရင် လည်း အရမ်းများများ စား မပါပြန်ပါဘူး။ သာမာန်လူ တစ်ယောက် က ပုံမှန်နေ့လည်စာ စားရင် အာဟာရပြည့်ဝပြီး ဗီတာမင် နှင့် သတ္တုဓါတ် ကြွယ်ဝ စွာ ရနိုင်ပေမယ့် နေ့လည်စာဂကို ခေါက်ဆွဲ ခြောက် ပြုတ်စားလိုက်ရင်တော့ အာဟာရ မပြည့်ဝ တော့တဲ့ အပြင် ဗီတာမင် နှင့် သတ္တု ဓါတ်ပါ ပြည့်ပြည့်ဝဝ မရနိုင်တော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ခေါက်ဆွဲခြောက် ပြုတ်စားတော့မယ် ဆိုရင် အသားတစ်မျိုးမျိုး သို့မဟုတ် ကြက်ဥထည့်ပြုတ်ခြင်း၊ အသီးအရွက်များ ထည့် ပြုတ်စားခြင်း လုပ်သင့်ပါတယ်။
    အသင့်စားခေါက်ဆွဲပြုတ် အစား အိမ်လုပ် ခေါက်ဆွဲ ပြုတ် ကို ဆားလျှော့ပြီး အသား နှင့် အရွက်တွေ ထည့်စားမယ်ဆိုရင်တော့ ဒါဟာလည်း ကျန်းမာရေး နှင့် ညီညွှတ်တဲ့ အစားအစာဂတစ်ခုလို့ပြောနိုင်ပါတယ်။ မဖြစ်မနေ အသင့်စား ခေါက်ဆွဲပြုတ် ကို ရံဖန်ရံခါ စားမယ်ဆိုရင်လည်း ကျွန်တော် ပြောပြထားတဲ့ဘအချက်လေးတွေ အတိုင်း လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
    လေစားစွာဖြင့်
    ဒေါက်တာ ညီညီကျော်
  • ငှက်ပျောဖူးကို ကိုယ်ဝန်ဆောင်မိခင်တွေ ဘာလို့စားပေးသင့်လဲ
    ငှက်ပျောဖူးကို ကိုယ်ဝန်ဆောင်မိခင်တွေ ဘာလို့စားပေးသင့်လဲ
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ငှက်ပျောဖူးကို စားဖူးကြမှာပါနော်။ အရသာရှိပြီး အဟာရဓါတ်ကြွယ်ဝပါတယ်။ ငှက်ပျောဖူးကို ကိုယ်ဝန်ဆောင်မိခင်တွေ စားလို့ရသလားလို့ မေးလာရင် ရပါတယ်နော်။ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ပါဝင်တဲ့အကျိုးကျေးဇူးတွေကိုပြောရရင်တော့
    သွေးအားနည်းရောဂါနဲ့ ဆီးချိုကိုကုသပေးနိုင်တယ်။
    ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါကို ငှက်ပျောဖူးစားပေးခြင်းဖြင့် ကြိုပြီး ရှောင်ကျဉ်လို့ရပါတယ်။ ငှက်ပျောဖူးဟာ သွေးတွင်း သကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်သလို အမျှင်ဓါတ်နဲ့ သံဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးအားနည်းရောဂါမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ပေးနိုင်ပြီး ကုသပေးနိုင်ပါတယ်။
    သွေးထွက်များတာကို လျှော့ချပေးပြီး ကိုယ်လက်မအီမသာဖြစ်တာကို လျှော့ချပေးပါတယ်။
    မီးဖွားနေချိန်မှာ သွေးထွက်များတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ကိုယ်ဝန်စရှိချိန်မှာ ကိုယ်လက်မအီမသာဖြစ်တာ၊ နေထိုင်မကောင်းဖြစ်တာကို သက်သာစေပါတယ်။
    ရင်သွေးလေးကို ကျန်းမာစေတယ်။
    ရင်သွေးကို ကျန်းမာစေပြီး ရောဂါပိုး ၀င်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
    နို့ထွက်ကောင်းစေတယ်
    ငှက်ပျောဖူးကို စားပေးတာဟာ နို့ထွက်ကောင်းစေပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို ပိုပြီးအဟာရတွေ ပေးစွမ်နိုင်လို့ ကလေးငယ်ကြီးထွားမှုနဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
    My Food Myanmar