Category: က်န္းမာ‌‌ေရးအသိ

  • ဆေးဘက်ဝင် ရှားစောင်းလက်ပတ်သုပ်နည်းနှင့် အံ့ဖွယ်အကျိုးများ

    (Unicode)

    ရှားစောင်းလက်ပတ်စားရင် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    ၁။ သွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးခြင်း

    လူနဲ့ တိရစ္ဆာန်တွေမှာ လေ့လာထားတဲ့ လေ့လာမှုတွေမှာ ရှားစောင်းလက်ပတ်စားသုံးခြင်းကသွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးကြောင်း သိရပါတယ်။ သွေးတွင်း သကြားဓာတ်ကို အဓိက ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ရဲ့ sensitivity ကို ကောင်းစေလို့ ဒီအာနိသင်ကို ရရှိတယ်လို့ဆိုပါတယ်။

    ၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း

    ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို တားဆီးပေးတာမို့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။

    ၃။ သွားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

    ရှားစောင်းလက်ပတ်ကို ဖျော်ကာ ပလုတ်ကျင်းခြင်းကသွားချေးကပ်ခြင်းကို လျှော့ချပေးပါတယ်။ ပါးစပ်ထဲက အနာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

    ၄။ မှတ်ဉာဏ်အားကောင်းစေခြင်း

    စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။

    ၅။ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါများခြင်း

    ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါကြွယ်ဝတာမို့ အိုမင်းခြင်းကို တားဆီးနိုင်ပါတယ်။

    ၆။ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း

    ရှားစောင်းလက်ပတ်ဖျော်ရည်ကို အစာသောက်သုံးခြင်းအားဖြင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ လေပွတာ၊ လေချဉ်တက်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က အစားစားချင်စိတ်ကို အားပေးတာမို့ ဝိတ်တက်လိုသူတွေ မကြာခဏ မှီဝဲသင့်ပါတယ်။

    ၇။ ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားပေးခြင်း

    ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ Detox တစ်မျိုးပါပဲ။

    -ရှားစာင်းလက်ပတ်စားသုံးခြင်းရဲ့ ဆိုးကျိုးများ

    ရှားစာင်းလက်ပတ်ကို လှီးလိုက်ရင်ထွက်လာတဲ့ အဝါရောင် အစေးက ဆိုးကျိုးဖြစ်ပေါ်စေတာပါ။ ဒီအဝါရောင်အစေး အနည်းငယ်စားသုံးရုံနဲ့ ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒီအဝါရောင်အစေးတွေက ကြွက်သား ကျုံ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ရှောင်သင့်ပါတယ်။ ကိုယ်ဝန် ပျက်ကျတတ်ပါတယ်။

    ရှားစောင်းလက်ပတ်ကို နေ့စဉ် ကြာရှည်စွာ တရားလွန် စားသုံးတဲ့အခါ အစာအိမ်နာတာ၊ကျောက်ကပ်ထိခိုက်တာ၊ နှလုံးခုန်မမှန်တာ၊ ကြွက်သားအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် နေ့စဉ် အများကြီးမစားသင့်ပါဘူး။ ဆီးချိုဆေး၊ ကျောက်ကပ်ဆေး၊ နှလုံးဆေးတွေ သောက်နေရင် ရှားစောင်းလက်ပတ်ကို အများကြီး မစားသင့်ပါဘူး။ ဆေးရဲ့ ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ အူလှုပ်ရှားလွန် ရောဂါရှိသူ၊ဝမ်းခဏခဏ လျှောတတ်သူတွေကတော့ မစားသင့်ပါဘူး။

    -ရှားစောင်းလက်ပတ်သုပ်နည်း

    ၁။ ရှားစောင်း လက်ပတ် သုပ်ဖို့ မကြီးလွန်းတဲ့ အနေတော် သို့ အသေး ရှားစောင်းလက်ပတ်ကို ရွေးပါ။

    ၂။ ဘေးက ဆူးတွေ သင်(ဖယ်)ပါ။

    ၃။ အခါးသက်သာစေဖို့ ရေသေချာဆေးပါ။ (ရေနွေးနဲ့ ခဏစိမ်လည်း ရပါတယ်)

    ၄။ ပါးပါးလွီးပါ။

    ၅။ နှမ်းဆီ – မြေပဲထောင်း – ခရမ်းချဉ်သီး -ကြက်သွန်နီ-ဆား -အရသာမှုန့်-ပုဇွန်ခြောက်မှုန့် -သံပုရာရည်ညှစ် ထည့်နယ်ကာသုပ်ပါ။

    ၆။ ကြက်သွန်နီ/ဖြူဆီချက် ဖြူးကာ အလှဆင်ပါ။

    ၇။ ကြက်သွန်ဖြူ ခွာထည့်ပါ။

    ၈။ ဆေးဖက်ဝင် အသုပ်တစ်ပွဲကို ရရှိပါပြီ။

    Credit-ဟမ်စိုင်း(ဆေး-မန်း)

    (Zawgyi)

    ရွားေစာင္းလက္ပတ္စားရင္ ရႏိုင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

    ၁။ ေသြးတြင္းသၾကားဓာတ္ ပမာဏကိုေလွ်ာ့ခ်ေပးျခင္း

    လူနဲ႔ တိရစာၦန္ေတြမွာ ေလ့လာထားတဲ့ ေလ့လာမႈေတြမွာ ရွားေစာင္းလက္ပတ္စားသုံးျခင္းကေသြးတြင္းသၾကားဓာတ္ ပမာဏကိုေလွ်ာ့ခ်ေပးေၾကာင္း သိရပါတယ္။ ေသြးတြင္း သၾကားဓာတ္ကို အဓိက ထိန္းခ်ဳပ္ေပးတဲ့ အင္ဆူလင္ရဲ႕ sensitivity ကို ေကာင္းေစလို႔ ဒီအာနိသင္ကို ရရွိတယ္လို႔ဆိုပါတယ္။

    ၂။ ေရာင္ရမ္းမႈကို သက္သာေစျခင္း

    ခႏၶာကိုယ္တြင္းက ေရာင္ရမ္းမႈကို ျဖစ္ေပၚေစတဲ့ အရာေတြကို တားဆီးေပးတာမို႔ အေရာင္က်ေစတဲ့ အာနိသင္ရွိပါတယ္။

    ၃။ သြားက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

    ရွားေစာင္းလက္ပတ္ကို ေဖ်ာ္ကာ ပလုတ္က်င္းျခင္းကသြားေခ်းကပ္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။ ပါးစပ္ထဲက အနာေတြကို လ်င္ျမန္စြာ သက္သာေစႏိုင္ပါတယ္။

    ၄။ မွတ္ဉာဏ္အားေကာင္းေစျခင္း

    စိတ္ဓာတ္က်ျခင္းကို သက္သာေစၿပီး မွတ္ဉာဏ္အားကို ေကာင္းေစပါတယ္။

    ၅။ ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ ေပါမ်ားျခင္း

    ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ ေပါႂကြယ္ဝတာမို႔ အိုမင္းျခင္းကို တားဆီးႏိုင္ပါတယ္။

    ၆။ အစာအိမ္၊အူလမ္းေၾကာင္း က်န္းမာေရးကို ေကာင္းမြန္ေစျခင္း

    ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကို အစာေသာက္သုံးျခင္းအားျဖင့္ အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္တာ၊ ဝမ္းခ်ဳပ္တာ၊ ေလပြတာ၊ ေလခ်ဥ္တက္တာေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္က အစားစားခ်င္စိတ္ကို အားေပးတာမို႔ ဝိတ္တက္လိုသူေတြ မၾကာခဏ မွီဝဲသင့္ပါတယ္။

    ၇။ ခႏၶာကိုယ္မွအဆိပ္ေတြကို ဖယ္ရွားေပးျခင္း

    ရွားေစာင္းလက္ပတ္က ခႏၶာကိုယ္အတြက္ ေကာင္းမြန္တဲ့ Detox တစ္မ်ိဳးပါပဲ။

    -ရွားစာင္းလက္ပတ္စားသုံးျခင္းရဲ႕ ဆိုးက်ိဳးမ်ား

    ရွားစာင္းလက္ပတ္ကို လွီးလိုက္ရင္ထြက္လာတဲ့ အဝါေရာင္ အေစးက ဆိုးက်ိဳးျဖစ္ေပၚေစတာပါ။ ဒီအဝါေရာင္အေစး အနည္းငယ္စားသုံး႐ုံနဲ႔ ဝမ္းခ်ဳပ္တာကို သက္သာေစပါတယ္။ ဒီအဝါေရာင္အေစးေတြက ႂကြက္သား က်ဳံ႕ျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ ေရွာင္သင့္ပါတယ္။ ကိုယ္ဝန္ ပ်က္က်တတ္ပါတယ္။

    ရွားေစာင္းလက္ပတ္ကို ေန႔စဥ္ ၾကာရွည္စြာ တရားလြန္ စားသုံးတဲ့အခါ အစာအိမ္နာတာ၊ေက်ာက္ကပ္ထိခိုက္တာ၊ ႏွလုံးခုန္မမွန္တာ၊ ႂကြက္သားအားနည္းတာေတြ ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ ေန႔စဥ္ အမ်ားႀကီးမစားသင့္ပါဘူး။ ဆီးခ်ိဳေဆး၊ ေက်ာက္ကပ္ေဆး၊ ႏွလုံးေဆးေတြ ေသာက္ေနရင္ ရွားေစာင္းလက္ပတ္ကို အမ်ားႀကီး မစားသင့္ပါဘူး။ ေဆးရဲ႕ ဆိုးက်ိဳးေတြကို ပိုဆိုးေစပါတယ္။ အူလႈပ္ရွားလြန္ ေရာဂါရွိသူ၊ဝမ္းခဏခဏ ေလွ်ာတတ္သူေတြကေတာ့ မစားသင့္ပါဘူး။

    -ရွားေစာင္းလက္ပတ္သုပ္နည္း

    ၁။ ရွားေစာင္း လက္ပတ္ သုပ္ဖို႔ မႀကီးလြန္းတဲ့ အေနေတာ္ သို႔ အေသး ရွားေစာင္းလက္ပတ္ကို ေ႐ြးပါ။

    ၂။ ေဘးက ဆူးေတြ သင္(ဖယ္)ပါ။

    ၃။ အခါးသက္သာေစဖို႔ ေရေသခ်ာေဆးပါ။ (ေရေႏြးနဲ႔ ခဏစိမ္လည္း ရပါတယ္)

    ၄။ ပါးပါးလြီးပါ။

    ၅။ ႏွမ္းဆီ – ေျမပဲေထာင္း – ခရမ္းခ်ဥ္သီး -ၾကက္သြန္နီ-ဆား -အရသာမႈန႔္-ပုဇြန္ေျခာက္မႈန႔္ -သံပုရာရည္ညႇစ္ ထည့္နယ္ကာသုပ္ပါ။

    ၆။ ၾကက္သြန္နီ/ျဖဴဆီခ်က္ ျဖဴးကာ အလွဆင္ပါ။

    ၇။ ၾကက္သြန္ျဖဴ ခြာထည့္ပါ။

    ၈။ ေဆးဖက္ဝင္ အသုပ္တစ္ပြဲကို ရရွိပါၿပီ။

    Credit-ဟမ္စိုင္း(ေဆး-မန္း)

  • ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲ သွေးပျစ်မှု၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးနှင့် သံပရာသီးအစေ့

    (Unicode)

    သံပုရာသီးတင်မကပါဘူး သံပုရာသီးအစေ့ကပါ ဆေးဖက်ဝင်ပါတယ်။ သံပုရာသီးက အားလုံးသိတဲ့ အတိုင်းပဲ ကယ်ဆီယမ် ဓာတ်အများကြီးပါတာကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် အဆီများတာတွေကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒီလိုသောက်ရုံတင်မကပဲ သံပုရားသီးတွေကို ပါးပါးလေးလှီးပြီး ခန္ဓာကိုယ်အတွင်းပိုင်းက မဲနေတဲ့နေရာတွေကို ဖြူစင်အောင် တိုက်လို့ရပါသေးတယ်။ ဒါကတော့ သံပုရာသီးနဲ့ ပတ်သတ်တဲ့ အကျိုးတွေပေါ့။

    သံပုရာသီးအစေ့ကလည်း ထူးခြားတဲ့ကောင်းကျိုးတွေ ရှိနေပါတယ်။ သံပုရာရည်သောက်တိုင်း သံပုရာသီးစေ့ ထည့်ဖျော်တာဟာ ပိုပြီးဆေးဖက်ဝင်ကာ အဆီကျတယ်လို့ သိရပါတယ်(အစေ့ကိုဝါးပြီးမှတော့မျိုဖို့လိုပါတယ်နော်)။

    နောက်တစ်ခုက သွေးပေါင်ချိန်တတ်၊ သွေးတိုးတတ်တဲ့သူတွေ အတွက်လည်း သံပုရာသီးအစေ့ကို ဝါးစားပေးခြင်းဟာ သွေးတိုးခြင်းကို လျော့ချပေးပြီး သွေးကိုကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲမှု သွေးပျစ်မှု အစရှိတဲ့ ရောဂါတွေကို လည်းတားမြစ်နိုင်ပြီး အသည်းအဆီဖုံးခြင်း နှလုံးသွေးကြောကျဉ်းခြင်းတို့ကိုလည်း ထိရောက်စွာသက်သာစေတဲ့ ဆေးတစ်မျိုးလို့ ဆိုလည်းရပါတယ်။

    Credit – Original Uploader

    (Zawgyi)

    သံပုရာသီးတင္မကပါဘူး သံပုရာသီးအေစ့ကပါ ေဆးဖက္ဝင္ပါတယ္။ သံပုရာသီးက အားလုံးသိတဲ့ အတိုင္းပဲ ကယ္ဆီယမ္ ဓာတ္အမ်ားႀကီးပါတာေၾကာင့္ က်န္းမာေရးရႈေထာင့္က ၾကည့္ရင္ အဆီမ်ားတာေတြကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ခႏၶာကိုယ္မွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ ေဆးတစ္မ်ိဳးပါပဲ။ ဒီလိုေသာက္႐ုံတင္မကပဲ သံပုရားသီးေတြကို ပါးပါးေလးလွီးၿပီး ခႏၶာကိုယ္အတြင္းပိုင္းက မဲေနတဲ့ေနရာေတြကို ျဖဴစင္ေအာင္ တိုက္လို႔ရပါေသးတယ္။ ဒါကေတာ့ သံပုရာသီးနဲ႔ ပတ္သတ္တဲ့ အက်ိဳးေတြေပါ့။

    သံပုရာသီးအေစ့ကလည္း ထူးျခားတဲ့ေကာင္းက်ိဳးေတြ ရွိေနပါတယ္။ သံပုရာရည္ေသာက္တိုင္း သံပုရာသီးေစ့ ထည့္ေဖ်ာ္တာဟာ ပိုၿပီးေဆးဖက္ဝင္ကာ အဆီက်တယ္လို႔ သိရပါတယ္(အေစ့ကိုဝါးၿပီးမွေတာ့မ်ိဳဖို႔လိုပါတယ္ေနာ္)။

    ေနာက္တစ္ခုက ေသြးေပါင္ခ်ိန္တတ္၊ ေသြးတိုးတတ္တဲ့သူေတြ အတြက္လည္း သံပုရာသီးအေစ့ကို ဝါးစားေပးျခင္းဟာ ေသြးတိုးျခင္းကို ေလ်ာ့ခ်ေပးၿပီး ေသြးကိုေကာင္းမြန္စြာ လည္ပတ္ေစပါတယ္။ ခႏၶာကိုယ္အတြင္းပိုင္း ေသြးခဲမႈ ေသြးပ်စ္မႈ အစရွိတဲ့ ေရာဂါေတြကို လည္းတားျမစ္ႏိုင္ၿပီး အသည္းအဆီဖုံးျခင္း ႏွလုံးေသြးေၾကာက်ဥ္းျခင္းတို႔ကိုလည္း ထိေရာက္စြာသက္သာေစတဲ့ ေဆးတစ္မ်ိဳးလို႔ ဆိုလည္းရပါတယ္။

    Credit – Original Uploader

  • အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ စွယ်တော်ရွက်ဟင်းချို

    (Unicode)

    စွယ်တော်ရွက် အနုလေးတွေ ထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်း ချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်း အရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက် ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်းစားသုံးနိုင်သည်။အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း အကျိုးများ ရရှိစေပါသည်။

    စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်။ ဝမ်းကို ချုပ်စေတက်သည်။ သလိပ်နာ၊ လေနာကို နိုင်၏။ အဝါပွင့်သည် ဖန်၏။ စွယ်တော် အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၍ ပေါက်သော အနာကို နိုင်၏။ နို့ရည်ကို ပွားစေတက်သည်။ စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊ အသည်းရောင် အသားဝါဖြစ်ခြင်း စသည့်ရောဂါများ ပျောက် သည်။ ခရမ်းရောင်သည် သွေးအညစ်အကြေးကို ပယ်စွန့်၍ မီးယပ်သွေးဆုံးပျောက်သည်။ အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာ စေသည်။ အဆစ်ရောင်ရမ်းခြင်း၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်။အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ ရေငတ်ခြင်းကို ပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်။ စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်း ညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်။

    Credit – SayarMyo

    (Zawgyi)

    စြယ္ေတာ္႐ြက္ အႏုေလးေတြ ထြက္တဲ့အခ်ိန္ဆို အ႐ြက္ႏုေလးေတြ ခူးၿပီး ဟင္းခ်ိဳခ်က္ေသာက္ၾကပါတယ္။ စြယ္ေတာ္႐ြက္က ဟင္းခ်ိဳလည္း ခ်က္ေသာက္လို႔ရသလို အ႐ြက္ကိုေရေႏြးေဖ်ာ္ၿပီး ၾကက္သြန္နီပါးပါးလွီးၿပီး ဆီစိမ္းေလးနဲ႔သုပ္စားလို႔လည္း အရမ္းေကာင္းပါတယ္။ ၾကက္သြန္ျဖဴ င႐ုတ္ေကာင္း ပုဇြန္ေျခာက္ေထာင္းထားပါ။ စားႏိုင္သေလာက္ ေရပမာဏထည့္ၿပီး ဆူပြက္လာသည္အထိတည္ပါ။ မွ်င္ငပိအနည္းငယ္ႏွင့္ အေပၚမွ ေထာင္းထားတာမ်ားကို ထည့္ပါ။ ဟင္းအိုးဆူလာရင္ ေခြၽထားေသာ စြယ္ေတာ္႐ြက္မ်ားကို ထည့္ပါ။ အရသာမႈန႔္ ခတ္ပါ။ ဟင္းခ်ိဳအိုး ဆူလာၿပီဆို ရပါၿပီ။ စြယ္ေတာ္႐ြက္ႏုမ်ားကို ဟင္းခ်ိဳခ်က္ေသာက္၍ လည္ေကာင္း ၊ ေၾကာ္ခ်က္ျပဳလုပ္၍ လည္ေကာင္းစားသုံးႏိုင္သည္။အပူၿငိမ္းေစျခင္း အိပ္ေပ်ာ္ေစျခင္း ႏွလုံးကို အားရွိေစျခင္း အက်ိဳးမ်ား ရရွိေစပါသည္။

    စြယ္ေတာ္နီသည္ ေအးဖန္၍ ဝမ္းမီးကို ေတာက္ေစသည္။ ဝမ္းကို ခ်ဳပ္ေစတက္သည္။ သလိပ္နာ၊ ေလနာကို ႏိုင္၏။ အဝါပြင့္သည္ ဖန္၏။ စြယ္ေတာ္ အငယ္မ်ိဳးသည္ ႀတိေဒါသနာ၊ ဦးေခါင္း၍ ေပါက္ေသာ အနာကို ႏိုင္၏။ ႏို႔ရည္ကို ပြားေစတက္သည္။ စြယ္ေတာ္ပန္းျဖဴကို ျပဳတ္ေသာက္ပါက ဆီးနည္းျခင္း ၊ အသည္းေရာင္ အသားဝါျဖစ္ျခင္း စသည့္ေရာဂါမ်ား ေပ်ာက္ သည္။ ခရမ္းေရာင္သည္ ေသြးအညစ္အေၾကးကို ပယ္စြန႔္၍ မီးယပ္ေသြးဆုံးေပ်ာက္သည္။ အၫြန႔္မ်ားကိုျပဳတ္ေသာက္ျခင္းျဖင့္ ေသြးပုပ္ကင္းစင္ၿပီး အသက္ရွည္ က်န္းမာ ေစသည္။ အဆစ္ေရာင္ရမ္းျခင္း၊ အဆစ္ကိုက္ျခင္း ဆီအနယ္က်ျခင္းတို႔ကို ေပ်ာက္ေစသည္။အျမစ္ျပဳတ္ရည္ကို ေသာက္သုံးျခင္းျဖင့္ ဆီးလမ္းေၾကာင္း နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ေစသည္။ ေရငတ္ျခင္းကို ပယ္၍ ထုံက်င္ျခင္းကို ကာကြယ္ႏိုင္သည္။ စြယ္ေတာ္ပင္သည္ ေတေဇာပ်က္၍ ေအာက္ပိုင္း ေညာင္းညာကိုက္ခဲျခင္းကို သက္သာေပ်ာက္ကင္းေစေသာ တန္ဖိုးႀကီး မားသည့္ ေဆးပင္တစ္ပင္ ျဖစ္ပါသည္။

    Credit – SayarMyo

  • အဆစ်ရောင်၊ အကြောကိုက်ခဲနာကျင်ခြင်း၊ ဆီးကျောက်တည်ခြင်းနှင့် သွေးတိုးအတွက် အကောင်းဆုံး ကုန်းခရာနှင့် ရေခရာ

    (Unicode)

    ခရာပင်သည် ကုန်းခရာနှင့် ရေခရာဟူ၍ နှစ်မျိုးရှိသည်။ ကုန်းခရာ – မြေပေါ်နေရာအနှံ့အပြားပေါက်သော ခရာနီ(တစ်ပင်လုံး)နီ ခရာဝါ(အပွင့်ဝါတို့ကို) ကုန်းခရာဟု ခေါ်သည်။ ရေခရာ – ပင်လယ်ကမ်းခြေ ရေငန်စပ်၌ ပေါက်သော ခရာဖြူ(အပွင့်ဖြူ)၊ခရာပြာ(အပွင့်ခရမ်းပြာ)တို့ကို ရေခရာဟုခေါ် သည်။

    ကုန်းခရာ (ခ) ခရာနီသည် …

    တစ်ပင်လုံးနီသည်။ ခါးသောအရသာရှိသည်၊ အေးသောသတ္တိရှိသည်။ သွေးဆိပ်ကို ပယ်စေပြီး ရေငတ်ခြင်းကို ပယ်ဖျောက်နိုင်သည်။ သွေးတိုးရောဂါကို ပျောက်ပါသည်။ ခရာနီသည် သွေးကိုအမှန်တကယ်ကျစေတတ်သဖြင့် သွေးတိုးရှိမှ သောက်သင့်ပါသည်။ အလွန်အကဲ စွဲ၍မသောက်သင့်ပါ။

    ရေခရာ (ခ) ခရာဝါ –

    ခရာနီကဲ့သို့ သွေးတိုးရာဂါ ပျောက်ကင်းပါသည်။ ခရာနီ/ခရာဝါကို အမြစ်ပါမကျန် နုတ်၍ ရေစင်စင်ဆေးပါ၊ ဓားနှင့်ခုတ်စင်းပြီး အိုးသစ်တွင်ထည့်၍ ရေသန့်(၃၀)သားနှင့် အဖုံးပိတ်၍ကျိုပါ။ ဆူလာလျင် မီးလျော့ပေးပါ၊ ရေတစ်ဆာ်သားကျန်အောင် ကျို/သုံးခွက်တစ်ခွက်တင် ကျိုပြီးအအေးခံထားပါ။ အေးလျင် ပုလင်းသန့်သန့်ထဲထည့်ပြီး မနက်အစာမစားမီ တစ်ကြိမ်၊ညစာစားပြီးတစ်နာရီခြား တစ်ကြိမ်တစ်ရက်။ နှစ်ကြိမ်တစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း သောက်ပါ။ (၅)ရက်ခြား မှတစ်ခါ တစ်လထိသောက်ပါ။ သွေးတိုးရောဂါ ပျောက်ပါသည်။ ခရာအပွင့်ဖြူ အပွင့်ခရမ်းပြာတို့ကို ရေခရာဟု ခေါ်သည်။

    ရေခရာ – အပင်ပေါက်ရွက်နုများကို ပြုတ်၍တို့စား ဟင်းချိုချက်စားပါက နို့တိုက်မိခင်များအ တွက် နို့ပေါစေပါတယ်။ သလိပ်ကို ပယ်စေသည်၊ အစာမကြေခြင်း၊ ဖောရောင်ခြင်းကို ပျောက်စေ သည်။ ဒူးခေါင်းကြီးရောဂါ၊ အဆစ်ရောင်၊ အကြောကိုက်ခဲနာကျင်ခြင်းအတွက် ခရာရွက်ကို ဆီသုတ် မီးကင်ပြီး စည်းထားပေးပါ။

    ဝမ်းဖော ဝမ်းရောင်၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ် အစာအိမ်အချဉ်ပေါက်၊ သလိပ်ထခြင်းများ၊နို့ချောင်းပိတ်၊ နို့နာရောဂါ၊ ဖောရောင်ရောဂါများ ခရာပင်ပေါက်နု ပြုတ်၍ စားခြင်းဖြင့် သက်သာပျောက်ကင်းပါသည်။ ကလေးငယ်များ လေဆန်နာပါက ဟင်းခါးချက်ကျွေးပါ။ ဆီးကျောက်တည်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း သွေးဝမ်းဒူလာ၊ အသက်ရှူကျပ်ခြင်း၊ မီးယပ်သွေးကိုက်ခဲနာကျင်ခြင်း၊ အဖြူဆင်းခြင်း၊ ယားယံခြင်း သုတ်လွန်ရောဂါများအတွက် ခရာပင် ပ ဉ္စငါးပါးကို စမုန်မျိုးငါးပါး တစ်မတ်သားစီထည့်၍ သုံးခွက်နှစ်ခွက် ၃/၂တင်ကျိုပြီး ဒိုဘာလာသကြားထည့်ဖျော်၍ တစ်ရက်လျင် နံက်တစ်ကြိမ် ညတစ်ကြိမ် အကြမ်းပန်းကန်တစ်လုံးသောက်ပါ။ သွေးတိုးရှိလျှင် – ခရာမြစ်ကို ဆန်ဆေးရေနှင့်သွေး၍ အကြမ်းပန်းကန်တစ်လုံး နံက်တစ်ကြိမ်ညတစ်ကြိမ်သောက်ပါ။ ဆီးချို သွေးချိုရှိသူများ အချိုနှင့် တွဲသောက်ရသည့်အခါ ရုက္ခမူဆေး (သစ်ပင်မှရသောဆား) ကဲ့သို့သောဆေးနှင့် တွဲသောက်ပါ။

    မှတ်ချက်။ ။သွေးအလွန်ကျတတ်သဖြင့် ချင့်ချိန်၍သောက်ပါ။ ဆေးသောက်ပြီးတိုင်း ချင့်ချိန်ပါ [ဝက်သားနှင့်အငန်ရှောင်ပါ]

    Credit – သမားတော်ကြီးဦးသောင်းရွှေ

    (Zawgyi)

    ခရာပင္သည္ ကုန္းခရာႏွင့္ ေရခရာဟူ၍ ႏွစ္မ်ိဳးရွိသည္။ ကုန္းခရာ – ေျမေပၚေနရာအႏွံ႔အျပားေပါက္ေသာ ခရာနီ(တစ္ပင္လုံး)နီ ခရာဝါ(အပြင့္ဝါတို႔ကို) ကုန္းခရာဟု ေခၚသည္။ ေရခရာ – ပင္လယ္ကမ္းေျခ ေရငန္စပ္၌ ေပါက္ေသာ ခရာျဖဴ(အပြင့္ျဖဴ)၊ခရာျပာ(အပြင့္ခရမ္းျပာ)တို႔ကို ေရခရာဟုေခၚ သည္။

    ကုန္းခရာ (ခ) ခရာနီသည္ …

    တစ္ပင္လုံးနီသည္။ ခါးေသာအရသာရွိသည္၊ ေအးေသာသတၱိရွိသည္။ ေသြးဆိပ္ကို ပယ္ေစၿပီး ေရငတ္ျခင္းကို ပယ္ေဖ်ာက္ႏိုင္သည္။ ေသြးတိုးေရာဂါကို ေပ်ာက္ပါသည္။ ခရာနီသည္ ေသြးကိုအမွန္တကယ္က်ေစတတ္သျဖင့္ ေသြးတိုးရွိမွ ေသာက္သင့္ပါသည္။ အလြန္အကဲ စြဲ၍မေသာက္သင့္ပါ။

    ေရခရာ (ခ) ခရာဝါ –

    ခရာနီကဲ့သို႔ ေသြးတိုးရာဂါ ေပ်ာက္ကင္းပါသည္။ ခရာနီ/ခရာဝါကို အျမစ္ပါမက်န္ ႏုတ္၍ ေရစင္စင္ေဆးပါ၊ ဓားႏွင့္ခုတ္စင္းၿပီး အိုးသစ္တြင္ထည့္၍ ေရသန႔္(၃၀)သားႏွင့္ အဖုံးပိတ္၍က်ိဳပါ။ ဆူလာလ်င္ မီးေလ်ာ့ေပးပါ၊ ေရတစ္ဆာ္သားက်န္ေအာင္ က်ိဳ/သုံးခြက္တစ္ခြက္တင္ က်ိဳၿပီးအေအးခံထားပါ။ ေအးလ်င္ ပုလင္းသန႔္သန႔္ထဲထည့္ၿပီး မနက္အစာမစားမီ တစ္ႀကိမ္၊ညစာစားၿပီးတစ္နာရီျခား တစ္ႀကိမ္တစ္ရက္။ ႏွစ္ႀကိမ္တစ္ခါေသာက္ လဖက္စားဇြန္း တစ္ဇြန္း ေသာက္ပါ။ (၅)ရက္ျခား မွတစ္ခါ တစ္လထိေသာက္ပါ။ ေသြးတိုးေရာဂါ ေပ်ာက္ပါသည္။ ခရာအပြင့္ျဖဴ အပြင့္ခရမ္းျပာတို႔ကို ေရခရာဟု ေခၚသည္။

    ေရခရာ – အပင္ေပါက္႐ြက္ႏုမ်ားကို ျပဳတ္၍တို႔စား ဟင္းခ်ိဳခ်က္စားပါက ႏို႔တိုက္မိခင္မ်ားအ တြက္ ႏို႔ေပါေစပါတယ္။ သလိပ္ကို ပယ္ေစသည္၊ အစာမေၾကျခင္း၊ ေဖာေရာင္ျခင္းကို ေပ်ာက္ေစ သည္။ ဒူးေခါင္းႀကီးေရာဂါ၊ အဆစ္ေရာင္၊ အေၾကာကိုက္ခဲနာက်င္ျခင္းအတြက္ ခရာ႐ြက္ကို ဆီသုတ္ မီးကင္ၿပီး စည္းထားေပးပါ။

    ဝမ္းေဖာ ဝမ္းေရာင္၊ အစာမေၾက၊ ရင္ျပည့္ရင္ကယ္ အစာအိမ္အခ်ဥ္ေပါက္၊ သလိပ္ထျခင္းမ်ား၊ႏို႔ေခ်ာင္းပိတ္၊ ႏို႔နာေရာဂါ၊ ေဖာေရာင္ေရာဂါမ်ား ခရာပင္ေပါက္ႏု ျပဳတ္၍ စားျခင္းျဖင့္ သက္သာေပ်ာက္ကင္းပါသည္။ ကေလးငယ္မ်ား ေလဆန္နာပါက ဟင္းခါးခ်က္ေကြၽးပါ။ ဆီးေက်ာက္တည္ျခင္း၊ ဆီးပူဆီးေအာင့္ျခင္း ေသြးဝမ္းဒူလာ၊ အသက္ရႉက်ပ္ျခင္း၊ မီးယပ္ေသြးကိုက္ခဲနာက်င္ျခင္း၊ အျဖဴဆင္းျခင္း၊ ယားယံျခင္း သုတ္လြန္ေရာဂါမ်ားအတြက္ ခရာပင္ ပ ၪၥငါးပါးကို စမုန္မ်ိဳးငါးပါး တစ္မတ္သားစီထည့္၍ သုံးခြက္ႏွစ္ခြက္ ၃/၂တင္က်ိဳၿပီး ဒိုဘာလာသၾကားထည့္ေဖ်ာ္၍ တစ္ရက္လ်င္ နံက္တစ္ႀကိမ္ ညတစ္ႀကိမ္ အၾကမ္းပန္းကန္တစ္လုံးေသာက္ပါ။ ေသြးတိုးရွိလွ်င္ – ခရာျမစ္ကို ဆန္ေဆးေရႏွင့္ေသြး၍ အၾကမ္းပန္းကန္တစ္လုံး နံက္တစ္ႀကိမ္ညတစ္ႀကိမ္ေသာက္ပါ။ ဆီးခ်ိဳ ေသြးခ်ိဳရွိသူမ်ား အခ်ိဳႏွင့္ တြဲေသာက္ရသည့္အခါ ႐ုကၡမူေဆး (သစ္ပင္မွရေသာဆား) ကဲ့သို႔ေသာေဆးႏွင့္ တြဲေသာက္ပါ။

    မွတ္ခ်က္။ ။ေသြးအလြန္က်တတ္သျဖင့္ ခ်င့္ခ်ိန္၍ေသာက္ပါ။ ေဆးေသာက္ၿပီးတိုင္း ခ်င့္ခ်ိန္ပါ [ဝက္သားႏွင့္အငန္ေရွာင္ပါ]

    Credit – သမားေတာ္ႀကီးဦးေသာင္းေ႐ႊ

  • လေငန်း၊ လေးဘက်နာ၊ ဒူးနာ၊ ခါးနာသမားများအတွက် ဆေးနည်းတိုများ

    (Unicode)

    လေငန်း လေးဘက်နာ ဒူးနာ ခါးနာသမားများအတွက်ဆေးနည်းတိုများ

    ဒူးနာ ခါးနာများအတွက် သဘာဝ ဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို ရွေးချယ် စမ်းသပ်နိုင်ကြပါတယ်။ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီး အမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာငါးနာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ငါးရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ (ဝိစိတ္တရတနာမြေ) ငါးကြင်းခေါင်းကိုမကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍လက်တွေ့စမ်းကြည့်ရာဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

    တစ်နည်း – ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်းဒီနည်းနဲ့ပဲ ပျောက်သွားတယ်။ ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်းသိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။

    တစ်နည်း – ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။

    တစ်နည်း – ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။

    တစ်နည်း – သင်္ဘောသီးအစိမ်း တစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။ကြက်ဥကို ထည့်လိုက်ပါ။ သဘာဝကြက်ဥ၊ တောကြဥဆိုလျှင် ပိုကောင်းပါသည်။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး)သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။

    တစ်နည်း – ဘဲဥကို ပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန်သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။တစ်နေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်။ ဥပမာ အသက် ၄၀ နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ ၂၀ စားသုံးရမည်၊ ထိုထက်များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီးခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ (မြန်မာ့ဆေးမြည်းတိုများ) မျှဝေခြင်းသည် ဒါနမည်၏။ မသိသေးသူများအတွက် မျှဝေရင်း ကုသိုလ်ယူသွားလိုက်ပါ။ လေးဘက်နာ လေဖြတ် လေငန်း ခါးနာ ဒူးနာ နာတာရှည်ရောဂါများ လက်တွေ့စမ်းကြည့်ပါ။

    Credit – Original Uploader

    (Zawgyi)

    ေလငန္း ေလးဘက္နာ ဒူးနာ ခါးနာသမားမ်ားအတြက္ေဆးနည္းတိုမ်ား

    ဒူးနာ ခါးနာမ်ားအတြက္ သဘာဝ ေဆးနည္းမ်ားကို စုစည္း၍ မွ်ေဝေပးလိုက္ပါတယ္။ မိမိနဲ႔ အဆင္ေျပႏိုင္မယ့္ နည္းလမ္းကို ေ႐ြးခ်ယ္ စမ္းသပ္ႏိုင္ၾကပါတယ္။ဒူးနာ ခါးနာ အဆစ္ျမစ္နာေဝဒနာကို ခံစားေနသည့္ မိတ္ေဆြမ်ားအားလုံး အျမန္ဆုံးေပ်ာက္ကင္းႏိုင္ၾကပါေစ။ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာအေရာဂါမ်ားအတြက္ ဖီးၾကမ္းငွက္ေပ်ာသီး အမွည့္ကိုဖင္ျဖတ္ ေခါင္းျဖတ္၍ သက္ရင္းႀကီး႐ြက္ႏွင့္ လုံေအာင္လိပ္ကာငါးနာရီခန႔္ ျပဳတ္၍ တစ္ေန႔ သုံးလုံးစီ ငါးရက္ဆက္တိုက္ စားေပးပါက ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာနာတာရွည္ေရာဂါမ်ား ေပ်ာက္ကင္းပါသည္။ (ဝိစိတၱရတနာေျမ) ငါးၾကင္းေခါင္းကိုမၾကာခဏ ဟင္းခ်က္စားျခင္းျဖင့္ ဒူးနာေရာဂါ၊ ဒူးေခါင္းက်ီးေပါင္းေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္ေၾကာင္း ေရွးကေဆးက်မ္းမ်ားတြင္ ဖတ္ရႈရ၍လက္ေတြ႕စမ္းၾကည့္ရာဒူးထဲမွ ကုန္ခမ္းေနေသာ ႐ိုးတြင္းခ်ဥ္ဆီမ်ား အားျပန္လည္ျပည့္ဝလာ၍ တကယ္ေပ်ာက္ကင္းခဲ့သည္။ (တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္ျမင့္လြင္)

    တစ္နည္း – ေဆး႐ုံ ၃လေလာက္တက္ခဲ့ရတဲ့ အသိတစ္ေယာက္ ဒီနည္းနဲ႔ေပ်ာက္သြားတယ္။ ၃ ပတ္ေလာက္ ဒူးနာေနတဲ့ က်ေနာ့္ေယာကၡမလည္းဒီနည္းနဲ႔ပဲ ေပ်ာက္သြားတယ္။ ေဆးနည္းကေတာ့ ဂ်င္းတက္နဲ႔ ေျမျဖဴခဲကို ေရာေထာင္းၿပီး နာေနတဲ့ဒူးေပၚကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။ ၃ ရက္အတြင္းသိသာလာမယ္။ တစ္ပတ္ေလာက္ဆိုၿပီ ေပ်ာက္ၿပီ။

    တစ္နည္း – ေခြးေတာက္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ထုေထာင္း၍ အရည္ညႇစ္ယူကာ ၎အရည္ျဖင့္ သနပ္ခါးေသြးကာ ဒူးေပၚကို လိမ္းေပးပါ။မနက္ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ခါနီးတစ္ႀကိမ္ လိမ္းေပးပါ။ တစ္ပတ္ခန႔္လိမ္းေပးလွ်င္ ဒူးနာသက္သာေပ်ာက္ကင္းေစမည္။

    တစ္နည္း – ရွားေစာင္းလက္ပပ္ လတ္လတ္ဆတ္လတ္ကို ခူးယူ၍ အေပၚအခြံကိုခြါၿပီး အတြင္းသားဂ်ယ္လီကို ဇြန္းျဖင့္ျခစ္ယူ၍ က်ိဳခ်က္ထားေသာ ႏြားႏို႔အေအးႏွင့္ ေသာက္ပါ။ ၅ ရက္ခန႔္ေသာက္လွ်င္ ဒူးနာသက္သာလာမည္။

    တစ္နည္း – သေဘၤာသီးအစိမ္း တစ္လုံးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လုံးစာခန႔္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။ၾကက္ဥကို ထည့္လိုက္ပါ။ သဘာဝၾကက္ဥ၊ ေတာၾကဥဆိုလွ်င္ ပိုေကာင္းပါသည္။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ႔အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုၿပီး စိတ္ခ်ခ်င္လွ်င္ ႐ြံ႕ေစးမ်ားျဖင့္ အုပ္ေပးထားႏိုင္ပါသည္။၎သေဘၤာသီးကို မီးေသြးမီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိၿပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။ၿပီးလွ်င္ အခြံကို ခြါခ်လိုက္ၿပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။တစ္ပတ္ကို တစ္ႀကိမ္နဲ႔ (၃)ႀကိမ္ခန႔္ စားေပးပါက ဒူးနာ၊ ခါးနာေပ်ာက္ကင္းသြားပါလိမ့္မယ္။ (အစာလည္းေဆး၊ ေဆးလည္းအစာ)သံပုရာသီးကို ထက္ျခမ္းပိုင္း၍ ၎သံပုရာျခမ္းျဖင့္ နာေနသည့္ဒူးေပၚကို အရည္မ်ားကုန္ခမ္းသည့္အထိ ညင္သာစြာ ပြတ္တိုက္ေပးပါ။ၿပီးလွ်င္ (ဆရာခို-အနာလိမ္းေဆး)သို႔မဟုတ္ ဒဏ္ေၾကေဆးတစ္မ်ိဳးမ်ိဳးျဖင့္ လိမ္းေပးၿပီး ၁၅ မိနစ္ခန႔္ အဝတ္ပါးပါး၊ ပတ္တီးစီးထားပါ။ အထူးသျဖင့္ ညအိပ္ခါနီး လိမ္းေပးလွ်င္ ပိုထိေရာက္ပါတယ္။တစ္ပတ္ခန႔္လိမ္းေပးလွ်င္ ဒူးနာေပ်ာက္ကင္းေစပါမည္။

    တစ္နည္း – ဘဲဥကို ပြက္ေနေသာ ေရေႏြးအိုးထဲ့ကို ၂ မိနစ္ခန႔္ျပဳတ္လိုက္ၿပီး ဆယ္ယူလိုက္ပါ ၊ ဆယ္ယူလိုက္သည့္ ဘဲဥကို ပန္းကန္လုံးထဲ့ကို ေဖာက္ထည့္လိုက္ပါ စားေကာင္းေစရန္သၾကားအနည္းငယ္ သင္စားေကာင္းေစေလာက္သည့္ အေနအထားသို႔ထည့္ၿပီး ေခါက္စားလိုက္ပါ တျခားမည္သည္အရာမွ ေရာစပ္ၿပီး မစားရပါ ဘဲဥတလုံးကိုေတာ့ ကုန္ေအာင္ စားရပါလိမ့္မည္။တစ္ေန႔ကို ဘဲဥတလုံးကို ကုန္ေအာင္စားရပါလိမ့္မည္။ ထိုနည္းအတိုင္း ေန႔စဥ္ ဘဲဥတလုံးစီ စားသုံးရမည္၊အနည္းဆုံး မိမိအသက္၏ တဝက္ အလုံးေရအထိ စားသုံးရမည္။ ဥပမာ အသက္ ၄၀ ႏွစ္ရွိလွ်င္ အနည္းဆုံး ဘဲဥ အလုံးေရ ၂၀ စားသုံးရမည္၊ ထိုထက္မ်ားမ်ားစားသုံးႏိုင္လွ်င္ ပိုေကာင္းပါသည္။ဘဲဥစားသုံးျခင္းသည္ လိုအပ္ေသာ ျခင္ဆီဓာတ္အတြက္ ျပန္လည္ျဖစ္ေပၚေစရန္ျဖစ္ပါသည္ ။ ထိုကဲ့သို႔ စားသုံးျခင္းျဖင့္ ခါး-ဒူးတို႔တြင္ ႐ိုးတြင္းျခင္ဆီ ခန္းေျခာက္ျခင္းကို ျပန္လည္ျဖည့္တင္းေပးၿပီးခါးနာ ဒူးနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။ (ျမန္မာ့ေဆးျမည္းတိုမ်ား) မွ်ေဝျခင္းသည္ ဒါနမည္၏။ မသိေသးသူမ်ားအတြက္ မွ်ေဝရင္း ကုသိုလ္ယူသြားလိုက္ပါ။ ေလးဘက္နာ ေလျဖတ္ ေလငန္း ခါးနာ ဒူးနာ နာတာရွည္ေရာဂါမ်ား လက္ေတြ႕စမ္းၾကည့္ပါ။

    Credit – Original Uploader

  • သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

    သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

    ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။ ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။

    ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

    အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

    အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး ရှူထုတ်လိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကထွက်လာတဲ့ လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင် ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

    အသားနဲ့မျက်လုံးဝါနေခြင်း – အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ အနည်းငယ်ဝါနေတာမျိုးကို အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။ အသားဝါ၊ မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။ တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

    အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း – အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။ ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊ ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊ ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

    Credit- Original Uploader

    (Zawgyi)

    သင့္ရဲ႕အဆုတ္မွာထိခိုက္ပ်က္စီးမႈေတြျဖစ္ေနၿပီဆိုတာ ျပသေနတဲ့လကၡဏာမ်ား

    ေခတ္ကတိုးတက္လာၿပီး လူသားအရင္းအျမစ္ကမ်ားျပားလာတဲ့အခ်ိန္မွာ သန႔္စင္တဲ့ေလထုကလည္း ရွားသထက္ရွားပါးလာပါတယ္။ ဒီေတာ့ လူသားေတြရဲ႕အဆုတ္ကို ပိုပိုၿပီး ထိခိုက္လာေစပါတယ္။ အဆုတ္ထိခိုက္ပ်က္စီးေနတဲ့ထဲမွာ သင္ပါေနၿပီဆိုတာကိုေတာ့ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိႏိုင္ပါတယ္။ ဒါေတြျဖစ္လာရင္ မေပါ့ဆဘဲ ေဆးစစ္ကုသမႈခံယူၿပီး အဆုတ္ကိုေသခ်ာဂ႐ုစိုက္သင့္ပါတယ္။

    ပခုံးနဲ႔ေနာက္ေက်ာနာက်င္ကိုက္ခဲျခင္း – ေနာက္ေက်ာ၊ ပခုံးနဲ႔ ရင္ဘတ္ေနရာေတြမွာ တစ္ခ်က္တစ္ခ်က္စူးၿပီးနာတာမ်ိဳး ဆက္တိုက္ျဖစ္ေနရင္ အဆုတ္ကင္ဆာ အစျပဳျခင္းလို႔ ယူဆႏိုင္ပါတယ္။ ဒီလိုနာက်င္ ကိုက္ခဲတာေတြက အဆုတ္ကင္ဆာေၾကာင့္လို႔ တစ္ထစ္ခ်ေျပာလို႔မရေပမယ့္ ပုံမွန္က်န္းမာေရးေကာင္းေနတဲ့လကၡဏာေတာ့မဟုတ္တာေၾကာင့္ ဆရာဝန္နဲ႔ျပၿပီးစစ္ေဆးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

    အဆက္မျပတ္ ေခ်ာင္းဆိုးျခင္း – ေခ်ာင္းဆိုးတာက အေအးမိလို႔လည္းျဖစ္ႏိုင္ေပမယ့္ အဆက္မျပတ္ ေခ်ာင္းဆိုးမယ္၊ ခြၽဲက်ပ္မယ္၊ ခြၽဲအေရာင္ကပုံမွန္မဟုတ္တဲ့အေရာင္မ်ိဳးျဖစ္မယ္၊ အနံ႔အသက္ဆိုးေတြထြက္ေနမယ္ ဆိုရင္ေတာ့ ဒါေတြဟာ အဆုတ္မွာေရာဂါတစ္ခုခုျဖစ္ေနတဲ့လကၡဏာပါ။ ေခ်ာင္းဆိုးတဲ့အခ်ိန္ ေသြးပါတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ခ်က္ခ်င္းျပဖို႔လိုေနတဲ့ အေရးေပၚအေျခအေနမ်ိဳးျဖစ္ေနပါၿပီ။

    အသက္ရႉရတိုေတာင္းျခင္း – အသက္ရႉသြင္းတဲ့အခါ အဆုတ္ထဲအထိရႉသြင္းလို႔မရဘဲ ေလကျပန္ထြက္သြားၿပီး ရႉထုတ္လိုက္တဲ့အခါမွာလည္း ခႏၶာကိုယ္ထဲကထြက္လာတဲ့ ေလကုန္သည္အထိရႉထုတ္လို႔မရဘဲ ျဖစ္ေနရင္ ဒါကို အသက္ရႉရတိုေတာင္းတယ္လို႔ေျပာလို႔ရပါတယ္။ အဲ့ဒီလိုျဖစ္ေနတဲ့အခါ အဆုတ္ထဲကို ေအာ္စီဂ်င္ေရာက္ရွိမႈနည္းလာၿပီး ေမာဟိုက္ေနေစပါတယ္။ ဒါကလည္း အဆုတ္မေကာင္းတဲ့ လကၡဏာတစ္ရပ္ပါပဲ။

    အသားနဲ႔မ်က္လုံးဝါေနျခင္း – အသားအေရာင္နဲ႔ မ်က္လုံးအေရာင္က ပုံမွန္မဟုတ္ဘဲ အနည္းငယ္ဝါေနတာမ်ိဳးကို အဆုတ္မေကာင္းတဲ့လကၡဏာလို႔ သိတဲ့သူနည္းပါတယ္။ အသားဝါ၊ မ်က္လုံးဝါရင္ အသည္းေၾကာင့္လို႔ပဲထင္ၾကတာပါ။ တကယ္ေတာ့ ဒါဟာ အဆုတ္ကင္ဆာရဲ႕လကၡဏာတစ္ခုပါ။ အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြနဲ႔ အသားဝါ၊မ်က္လုံးဝါတာ တြဲၿပီးျဖစ္ေနၿပီဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားေနပါတယ္။ ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနရင္ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

    အၿမဲလိုလို ေမာပန္းႏြမ္းနယ္ေနျခင္း – အလုပ္လုပ္ရလို႔၊ သြားလာလႈပ္ရွားေနရလို႔ ပင္ပန္းတာက သဘာဝပါပဲ။ ဒီလိုမဟုတ္ဘဲ အိပ္ေရးဝဝအိပ္လည္းပင္ပန္း၊ ဘာမွမလုပ္ဘဲေနလည္းပင္ပန္း၊ ပင္ပန္းေနလို႔အစားစားခ်င္စိတ္ရွိလားဆိုေတာ့လည္းမရွိ၊ ဒါမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အဆုတ္မွာျပႆနာတစ္ခုခုရွိေနျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

    Credit- Original Uploader

  • ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့်ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့

    (Unicode)

    ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့် ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့မို့ မျှဝေလိုက်ပါတယ်။

    ကျွန်တော့်အမျိုးသမီး 6.2.2016နေ့ မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာ ခံစားနေရလို့ ဆေးရုံပို့အမ်ထရာဆောင်း ရိုက်တော့ ကျောက်တည်နေတယ်ပြောတယ်။ 7.2.2016နေ့ကစပြီး အုန်းသီးနေ့နှစ်လုံး ညနှစ်လုံး အုန်းရေသောက်ခိုင်းတာ 16.2.2016နေ့မှာ လိမ္မော်သီးအစေ့ခန့်ရှိတဲ့ကျောက် မနာမကျင်ပဲ ထွက်ကျလာပါတယ်။ အောက်ပုံမှာ ထွက်လာတဲ့ကျောက်နဲ့ လိမ္မော်သီးစေ့ ယှဉ်ပြထားပါတယ်။။

    ဆေးနည်းက အုန်းသီးကို အပေါ်က သေးသေးလေးဖေါက် ကျောက်ချဉ် ရွေးလေးစေ့ (သို့မဟုတ်) သံပုရာစေ့ခန့်ကို အုန်းသီးထဲထည့် ဖောက်ထားတဲ့အခွံနဲ့ ပြန်ပိတ်ပါ။ တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ။ အုန်းသီးအနုဆို ပိုကောင်းပါတယ်။ ငွေကုန်ကြေးကျနည်းပြီး အမှန်ပျောက်လို့ ကုသိုလ်ယူ မျှဝေပေးလိုက်ပါတယ်။

    Credit-Ko Nya

    (Zawgyi)

    ခြဲစိတ္ကုသမႈမလို ေက်ာက္ကပ္ႏွင့္ဆီးေက်ာက္တည္ေရာဂါအတြက္ ေဆးနည္းေကာင္း လက္ေတြ႕မို႔ မွ်ေဝလိုက္ပါတယ္။

    ကြၽန္ေတာ့္အမ်ိဳးသမီး 6.2.2016ေန႔ မခံမရပ္ႏိုင္ေအာင္ နာက်င္မႈေဝဒနာ ခံစားေနရလို႔ ေဆး႐ုံပို႔အမ္ထရာေဆာင္း ႐ိုက္ေတာ့ ေက်ာက္တည္ေနတယ္ေျပာတယ္။ 7.2.2016ေန႔ကစၿပီး အုန္းသီးေန႔ႏွစ္လုံး ညႏွစ္လုံး အုန္းေရေသာက္ခိုင္းတာ 16.2.2016ေန႔မွာ လိေမၼာ္သီးအေစ့ခန္႔ရွိတဲ့ေက်ာက္ မနာမက်င္ပဲ ထြက္က်လာပါတယ္။ ေအာက္ပုံမွာ ထြက္လာတဲ့ေက်ာက္နဲ႔ လိေမၼာ္သီးေစ့ ယွဥ္ျပထားပါတယ္။။

    ေဆးနည္းက အုန္းသီးကို အေပၚက ေသးေသးေလးေဖါက္ ေက်ာက္ခ်ဥ္ ေ႐ြးေလးေစ့ (သို႔မဟုတ္) သံပုရာေစ့ခန္႔ကို အုန္းသီးထဲထည့္ ေဖာက္ထားတဲ့အခြံနဲ႔ ျပန္ပိတ္ပါ။ တစ္ညသိပ္ၿပီး ေနာက္ေန႔ေသာက္႐ုံပါပဲ။ အုန္းသီးအႏုဆို ပိုေကာင္းပါတယ္။ ေငြကုန္ေၾကးက်နည္းၿပီး အမွန္ေပ်ာက္လို႔ ကုသိုလ္ယူ မွ်ေဝေပးလိုက္ပါတယ္။

    Credit-Ko Nya

  • အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်

    (Unicode)

    အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်

    ကိုယ်တွေ.ဆေးနည်းစွမ်း

    ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ်

    မယ်ဇလီပင်

    ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည် စကားပြော၍ တစ်နှစ်မျှပင် မကြာလိုက်။ ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲ လဲတော့သည်။ ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။ မြို့တက်၍ ဆရာ၀န်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။ ဆေးရုံလည်း မတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊ ကိုယ်တိုင် ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။

    ဆေးနည်း

    (၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။

    (၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။

    (၃) ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ်ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေးရခြင်းဖြစ်ပါသည်။

    (၄) ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာခဏ စသွားကာ တစ်လအတွင်း ဖောင်ကားနေသည့် ဗိုက်အိုးကြီးမှာ သိသိသားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်း ဖြစ်သည်ဟုဆိုပါသည်။ ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေးဖြစ်ပါ၍ ခေတ်မီဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့ လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။

    Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

    (Zawgyi)

    အသည္းေျခာက္ ေရဖ်ဥ္းသမားမ်ား ဝမ္းေျမာက္ဖြယ္

    ကိုယ္ေတြ.ေဆးနည္းစြမ္း

    ေရဖ်ဥ္း၊ အသည္းသမားအတြက္ မွတ္သားဖြယ္

    မယ္ဇလီပင္

    ဇနီးျဖစ္သူက အရက္ေလ်ာ့ေသာက္ပါ..ေသာက္ပါဆိုသည္ စကားေျပာ၍ တစ္ႏွစ္မွ်ပင္ မၾကာလိုက္။ ကိုထြန္းေအာင္ ေရဖ်ဥ္းေရာဂါျဖင့္ အိပ္ရာထဲ လဲေတာ့သည္။ ေရဖ်ဥ္းျဖစ္ၿပီး ခႏၡာကိုယ္ေအာက္ပိုင္း ေပါင္ႏွင့္ေျခသလုံးမ်ားပါ ေဖါေရာင္၍ အိပ္၍မရ အသက္ရႈၾကပ္လွသည္ဆိုသည္။ ခက္သည္ကား ေက်ာက္ကပ္ေၾကာင့္လား၊ အသည္းေၾကာင့္လား တိတိပပ ေဝခြဲမရျဖစ္ျပန္သည္။ ၿမိဳ႕တက္၍ ဆရာ၀န္ျဖင့္ စမ္းသပ္မႈမ်ားျပဳလုပ္ရာ အသည္းေျခာက္ၿပီး ေရဖ်ဥ္းစြဲေၾကာင့္ဟု သိရသည္။ ေဆး႐ုံလည္း မတက္လို၍ ႐ြာသို႔ျပန္ေခၚရင္း ဘာလုပ္ေပးရမည္မသိ ျဖစ္ေနစဥ္၊ ကိုယ္တိုင္ ျဖစ္ဖူးပါတယ္…ငါေျပာသလို လုပ္ၾကည့္ပါဟု မိတ္ေဆြတစ္ဦးကဆို၍ ေအာက္ပါေဆးနည္းအတိုင္း ေဆာင္႐ြက္ၾကည့္ရာ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ့ပါသည္။

    ေဆးနည္း

    (၁) မယ္ဇလီပင္မွ အေခါက္ကိုခြါရသည္။

    (၂) မယ္ဇလီေခါက္(၃)ပိႆာကို ေရစင္ေအာင္ေဆးၿပီး မီးရႈိ႕ျပာခ်လိုက္ရသည္။

    (၃) ထိုျပာမ်ားကို ေရသုံးဖလားျဖင့္ေရာကာ ေန႔စဥ္ နံက္တစ္ႀကိမ္ညေနတစ္ႀကိမ္ လက္ဖက္ရည္အၾကမ္းပန္းကန္လုံး (၁)လုံးမွ် ေရစစ္ျဖင့္စစ္ၿပီးတိုက္ေပးရျခင္းျဖစ္ပါသည္။

    (၄) ထိုသို႔ျပဳလုပ္ၿပီး(၂)ရက္အၾကာတြင္ ဆီးမၾကာခဏ စသြားကာ တစ္လအတြင္း ေဖာင္ကားေနသည့္ ဗိုက္အိုးႀကီးမွာ သိသိသားေလ်ာ့က်၍ အရွင္းေပ်ာက္ကင္းသြားျခင္း ျဖစ္သည္ဟုဆိုပါသည္။ ကိုယ္ေတြ႕ႀကဳံဖူးသူ ေျပာျပေသာေဆးနည္းေလးျဖစ္ပါ၍ ေခတ္မီေဆးဝါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူတို႔ လိုအပ္ပါလွ်င္ အသုံးျပဳႏိုင္ပါရန္ တင္ျပလိုက္ပါသည္။

    Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

  • ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

    (Zawgyi)

    ညအိပ္ရာမဝင္ခင္တိုင္း ႏြားႏို႔တစ္ခြက္ေသာက္သုံးျခင္းေၾကာင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
    ====================================

    အဟာရျပည့္ဝတဲ့ ႏြားႏို႔ဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး ႀကီးထြားမႈကို အေထာက္အကူျဖစ္ေစတဲ့အတြက္ ကေလးေလးေတြကေနစလို႔ လူႀကီးေတြအထိ ေသာက္သုံးေပးသင့္တဲ့ အရာပါ။ အိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္ေပးတာက မ်ားစြာေသာ အက်ိဳးေက်းဇူးေတြကို ရရွိေစႏိုင္ပါတယ္။

    ေကာင္းမြန္စြာ အိပ္စက္ေစႏိုင္တယ္

    ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တာဟာ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ႏြားႏို႔မွာ tryptophan နဲ႔ melatonin ဓာတ္တို႔ပါဝင္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ေစႏိုင္သလို ႏွစ္ၿခိဳက္စြာ အိပ္စက္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကေန စိတ္ခံစားမႈ ေကာင္းမြန္မႈကို ထုတ္လႊတ္ေပးၿပီး ေအးေဆးသက္သာစြာ အနားယူအိပ္စက္ႏိုင္ေစပါတယ္ေနာ္။

    ဝိတ္က်ေစႏိုင္တယ္

    ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တတ္တဲ့ အေလ့အထဟာ ဝိတ္ကို က်ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဟာ ေကာင္းမြန္စြာ အိပ္မေပ်ာ္ႏိုင္တဲ့အခါ ဝိတ္ပိုတက္ေလ့ရွိပါတယ္။ ေနာက္ၿပီး ႏြားႏို႔က ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညဘက္ ဗိုက္ဆာတဲ့အခ်ိန္မွာ ဝိတ္လည္း မတက္ေစပဲ ေသာက္သုံးဖို႔ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

    ႂကြက္သားေတြကို သန္မာေစတယ္

    ႏြားႏို႔မွာပါဝင္တဲ့ ပ႐ိုတန္းဓာတ္ကို ကစီဓာတ္လို႔ေခၚၿပီး ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္မရာမဝင္ခင္ ႏို႔ေသာက္ျခင္းက ႂကြက္သားေတြကို ပိုသန္မာလာေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက တစ္ခါတစ္ေလမွာ ေလပြတာ၊ ဗိုက္နာတာေတြ အခန္႔မသင့္ရင္ ျဖစ္တတ္လို႔ သန္႔ရွင္းလတ္ဆတ္တဲ့ ႏြားႏို႔ကို ေသာက္သုံးဖို႔ လိုအပ္ပါတယ္ေနာ္။

    ညဘက္ ဗိုက္ဆာတတ္တဲ့ ျပသနာကို ေျဖရွင္းႏိုင္တယ္

    တစ္ခါတစ္ေလမွာ ညစာကို ေစာစားမိတဲ့ ေန႔မ်ိဳးမွာ ညဘက္ ဗိုက္ဆာတာမ်ိဳးေတြ ျဖစ္တတ္ၿပီး ေကာင္းေကာင္းအိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ႏြားႏို႔က အေကာင္းဆုံးပါပဲ။ ႏြားႏို႔မွာ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညအိပ္ရာမဝင္ခင္ ေသာက္ျခင္းက အိပ္စက္ေနခ်ိန္ ဗိုက္ဆာျခင္း ျပသနာကို ေျဖရွင္းၿပီးသား ျဖစ္ေစပါတယ္။

    (Unicode)

    ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
    ====================================

    အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်

    လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။

    ဝိတ်ကျစေနိုင်တယ်

    ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်မှာ ဝိတ်လည်း မတက်စေပဲ သောက်သုံးဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

    ကြွက်သားတွေကို သန်မာစေတယ်

    နွားနို့မှာပါဝင်တဲ့ ပရိုတန်းဓာတ်ကို ကစီဓာတ်လို့ခေါ်ပြီး လေ့လာတွေ့ရှိချက်တွေအရ ညအိပ်မရာမဝင်ခင် နို့သောက်ခြင်းက ကြွက်သားတွေကို ပိုသန်မာလာစေပါတယ်။ ဒါပေမယ့် သတိထားရမှာက တစ်ခါတစ်လေမှာ လေပွတာ၊ ဗိုက်နာတာတွေ အခန့်မသင့်ရင် ဖြစ်တတ်လို့ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

    ညဘက် ဗိုက်ဆာတတ်တဲ့ ပြသနာကို ဖြေရှင်းနိုင်တယ်

    တစ်ခါတစ်လေမှာ ညစာကို စောစားမိတဲ့ နေ့မျိုးမှာ ညဘက် ဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပြီး ကောင်းကောင်းအိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နွားနို့က အကောင်းဆုံးပါပဲ။ နွားနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညအိပ်ရာမဝင်ခင် သောက်ခြင်းက အိပ်စက်နေချိန် ဗိုက်ဆာခြင်း ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

    Crd,Khin

  • ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။

    (Unicode)

    ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။

    ခါးနာအတွက် ဆေးနည်းတိုများ-

    သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။

    ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း၊ ခါးတွင်ကပ်ပြီး အိပ်လျှင် ခါးနာ၊ ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။

    တောရှောက်မြစ်၊ ဝံအူမြစ်၊ စာသူငယ်ဦးနှောက်၊ ပိတောက်သားအနှစ်တို့ကို သွေးပြီးလိမ်းပေး(သို့) အမှုန့်ကြိတ်၊ ရေဖြင့်ဖျော်လိမ်းပေးပါက ခါးနာသက်သာစေသည်။-မိဿလင်ဥ(သို့) အမှုန့်ကို ကြပ်ထုပ်လုပ်ပြီး ရေနွေးငွေ့ခံ ထိုးပေးလျှင် ခါးကိုက်၊ လှည့်စောင်းမရ ဝေဒနာ သက်သာစေသည်။-ဆားခါးထုပ်ကို ရေစိမ်ကန်တွင် ထည့်ဖျော်ပြီး စိမ်ပေးလျှင် ခါးနာသက်သာစေသည်။-ဆေးခါးကြီး(သို့) ရှမ်းဆေးခါးပင်ပြုပ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ညသောက်လျှင် ခါးနာစွဲနေသူ သက်သာစေသည်။-ဓာတ်စာအနေဖြင့် ခွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချို ချက်သောက်ပါ။

    ခါးနာအတွက် ဆေးပရုပ်ဆီချက်နည်း-

    မင်သော်ဆီ ၂ကျပ်သား။ မီသိုင်း ၃ကျပ်သား။ ပက်ပါမင် ၅ကျပ်သား။ ပရုပ် ၂၄ကျပ်သား။ ထင်းရှူးဆီ ၁၀ကျပ်သား။ မုံညှင်းဆီ ၄၀ကျပ်သား။ ပျားဖယောင်း ၁၆ကျပ်သား။

    ( မုံညှင်းဆီ အရင်တည်။ ဆူပြီးမှ ဆေးမယ်များ အဆင့်ဆင့်ထည့်သွား။ မီးဖိုပေါ်မှ ချပြီးမှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင် ခွဲထည့်ပါ။ အေးခဲလျှင် ဆေးပရုပ်ဆီ ဖြစ်ပါပြီ)

    Credit-ဆရာကြည်လွင်မြင့် (မုဒြာ)

    (Zawgyi)

    ေဆးစံုေနၿပီဆိုတဲ့ ခါးနာတတ္သူမ်ားအတြက္ ေဆးနည္းေပါင္းခ်ဳပ္။

    ခါးနာအတြက္ ေဆးနည္းတိုမ်ား-

    သက္ရင္းႀကီး႐ြက္မ်ားကို ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္စည္းထားပါ။ (၂)နာရီၾကာလွ်င္၊ ယားလာလွ်င္ ျဖည္ေပးပါ။ -သက္ရင္းႀကီး႐ြက္ (၇)႐ြက္ကို အိပ္ယာေအာက္တြင္ ခင္းအိပ္လွ်င္ ခါးနာသက္သာသည္ဟု ေရွးလူႀကီးမ်ား သုံးၾကသည္။ -ကိုရန္ႀကီး(ခတၱာပင္) အ႐ြက္ကို ေပ်ာ့ေအာင္ မီးကင္ပါ။ မုံညႇင္းဆီ(သို႔) ႏွမ္းဆီသုပ္ၿပီး ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္ ပတ္စည္းထားပါ။

    ဗာဒံ႐ြက္(ဗန္ဒါ႐ြက္) အစိမ္းေရာင္အ႐ြက္ႏုကို ခါးတြင္၃႐ြက္ခန႔္ ကပ္ၿပီး ခါးနာလွ်င္ ပတ္သည့္ခါးပတ္ျဖင့္ ပတ္ထားလွ်င္ ခါးေၾကာညပ္၊ ခါးဆစ္နာသက္သာေစသည္။ -သေဘၤာ႐ြက္ကို ေပ်ာ့ေအာင္ ေရေႏြးစိမ္ ခါးတြင္ကပ္ၿပီး ပတ္ထားလွ်င္ သက္သာေစသည္။ -ခ်င္းေျခာက္မႈန႔္ ၂ဆ၊ လင္းေနမႈန႔္ ၁ဆ၊ သစ္ႀကံပိုးေခါက္မႈန႔္ ၁ဆ ေရာစပ္။ ေရေႏြးျဖင့္ ေက်ညက္ေအာင္ ေခါက္ေဖ်ာ္ၿပီး ဂြမ္း(သို႔) ပတ္တီးစေပၚတြင္ သုပ္လိမ္း၊ ခါးတြင္ကပ္ၿပီး အိပ္လွ်င္ ခါးနာ၊ က်ီးေပါင္းတက္နာ သက္သာေစႏိုင္သည္။

    ေတာေရွာက္ျမစ္၊ ဝံအူျမစ္၊ စာသူငယ္ဦးေႏွာက္၊ ပိေတာက္သားအႏွစ္တို႔ကို ေသြးၿပီးလိမ္းေပး(သို႔) အမႈန႔္ႀကိတ္၊ ေရျဖင့္ေဖ်ာ္လိမ္းေပးပါက ခါးနာသက္သာေစသည္။-မိႆလင္ဥ(သို႔) အမႈန႔္ကို ၾကပ္ထုပ္လုပ္ၿပီး ေရေႏြးေငြ႕ခံ ထိုးေပးလွ်င္ ခါးကိုက္၊ လွည့္ေစာင္းမရ ေဝဒနာ သက္သာေစသည္။-ဆားခါးထုပ္ကို ေရစိမ္ကန္တြင္ ထည့္ေဖ်ာ္ၿပီး စိမ္ေပးလွ်င္ ခါးနာသက္သာေစသည္။-ေဆးခါးႀကီး(သို႔) ရွမ္းေဆးခါးပင္ျပဳပ္ရည္ကို အၾကမ္းပန္းကန္တစ္လုံးစာ နံနက္၊ ညေသာက္လွ်င္ ခါးနာစြဲေနသူ သက္သာေစသည္။-ဓာတ္စာအေနျဖင့္ ေခြးေတာက္႐ြက္ႏွင့္ ၾကက္႐ိုးဟင္းခ်ိဳ ခ်က္ေသာက္ပါ။

    ခါးနာအတြက္ ေဆးပ႐ုပ္ဆီခ်က္နည္း-

    မင္ေသာ္ဆီ ၂က်ပ္သား။ မီသိုင္း ၃က်ပ္သား။ ပက္ပါမင္ ၅က်ပ္သား။ ပ႐ုပ္ ၂၄က်ပ္သား။ ထင္းရႉးဆီ ၁၀က်ပ္သား။ မုံညႇင္းဆီ ၄၀က်ပ္သား။ ပ်ားဖေယာင္း ၁၆က်ပ္သား။

    ( မုံညႇင္းဆီ အရင္တည္။ ဆူၿပီးမွ ေဆးမယ္မ်ား အဆင့္ဆင့္ထည့္သြား။ မီးဖိုေပၚမွ ခ်ၿပီးမွ ေနာက္ဆုံးပ်ားဖေယာင္းထည့္ပါ။ မေအးခဲမီ ဖန္ပုလင္းငယ္မ်ားတြင္ ခြဲထည့္ပါ။ ေအးခဲလွ်င္ ေဆးပ႐ုပ္ဆီ ျဖစ္ပါၿပီ)

    Credit-ဆရာၾကည္လြင္ျမင့္ (မုျဒာ)