Author: shangyi

  • ျခင္ေဆးတစ္ေခြသည္ ေဆးလိပ္ ၁၃၀ ေက်ာ္ႏွင့္ ညီမွ်

    [Zawgyi version]
    ျခင္ေဆးေခြတစ္ေခြတြင္ ပါဝင္ေသာ ဓာတုေဗဒ ပစၥည္းမ်ားသည္ ေဆးလိပ္အေရအတြက္ ၆၀ ေက်ာ္မွ ၁၃ဝ ေက်ာ္အထိ ပါဝင္ေသာ ဓာတုပစၥည္းမ်ားႏွင့္ ညီမွ်သျဖင့္ ျခင္ေဆးေခြကို ေန႔စဥ္ ရွဴရႈိက္ေနရ သူမ်ား အေနျဖင့္ သာမန္ေဆးလိပ္ေသာက္သူမ်ားထက္ အသက္အႏၲရာယ္ ပိုမိုျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

    ယင္းႏွင့္ပတ္သက္ၿပီး ဓာတုကုန္ထုတ္လုပ္သူမ်ား အသင္းမွ အလုပ္အမႈေဆာင္ ေဒၚစႏၵီေအာင္က “ေဆးလိပ္ေသာက္တဲ့သူေတာင္ က်န္းမာေရးကို ထိခိုက္ႏိုင္တာ။ ျခင္ေဆးေခြမွာ ပါဝင္တဲ့ ပိုးသတ္ေဆး ပမာဏက ေဆးလိပ္ေပါင္း ေျမာက္ျမားစြာနဲ႔ညီမွ်တယ္လို႔ သုေတသန ျပဳလုပ္ခ်က္အရသိရတယ္။ သုေတသနျပဳတဲ့ ျခင္ေဆးေခြမွာ ပါတဲ့ ပိုးသတ္ေဆးပမာဏ အေပၚမူတည္ၿပီး ဘယ္ႏွလိပ္နဲ႔ညီမွ်တယ္လို႔သာ ကြာသြားတာ။ ဒါေၾကာင့္ ျခင္ေဆးေငြ႕ကိုရွဴ ရႈိက္တဲ့သူေတြက ေဆးလိပ္ေသာက္သူေတြထက္ အသက္အႏၲရာယ္ ပိုျဖစ္ႏိုင္တဲ့အတြက္ ျခင္ေဆးေခြအစား ႐ိုးရာနႏြင္းတက္ကိုပဲ သုံးသင့္တယ္”ဟု ထုတ္ေဖာ္ ေျပာသည္။

    “ျခင္ေဆးေခြတစ္ေခြထြန္း ထားတယ္ဆိုရင္ ျခင္ကိုထိခိုက္ေစတာက နည္းနည္းပါ။ အမွန္တကယ္က အဲဒီျခင္ေဆးေခြ အနီးမွာရွိေနတဲ့ လူႀကီးေတြ၊ ကေလးေတြက ပိုၿပီးရွဴမိတဲ့ ပမာဏပိုမ်ားပါတယ္။ ကေလး ေတြမွာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ရတာက ျခင္ေဆးေခြထြန္းတာ အဓိက အေၾကာင္းအရင္းျဖစ္ပါတယ္။ တစ္ရက္တည္းနဲ႔ ျခင္ေဆးေငြ႕ေတြကို အၾကာႀကီးရွဴမိရင္လဲ အသက္အႏၲရာယ္ ျဖစ္ႏိုင္သလို ေန႔စဥ္ရွဴရင္လဲ ေရရွည္အဆိပ္သင့္ၿပီး အသက္အႏၲရာယ္ျဖစ္ႏိုင္ပါတယ္။ က်န္းမာေရးဌာနအေနနဲ႔ ျခင္ေဆးေခြထြန္းတာကို လုံးဝအားမေပးပါဘူး။ ကန႔္ကြက္ပါတယ္” ဟု က်န္းမာေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာ သာထြန္းေက်ာ္က ထုတ္ေဖာ္ေျပာ ၾကားလိုက္သည္။

    ျခင္ေဆးေခြတြင္ မ်ားေသာအားျဖင့္ ျခင္မ်ားေျပးေစရန္ႏွင့္ ျခင္မ်ားေသေစရန္ Pyrethroid အုပ္စုမွ Permethrin ပိုးသတ္ေဆးမ်ားကို အမ်ားဆုံး အသုံးျပဳရၿပီး တခ်ိဳ႕ေသာ ျခင္ေဆးေခြမ်ားမွာ Deltamethrin ပိုးသတ္ေဆးကို အသုံးျပဳၾကေၾကာင္း၊ ျဖစ္ႏိုင္ပါက ျခင္ေဆးေခြကို လုံးဝမထြန္းဘဲ အႏၲရာယ္မရွိေသာ ျခင္ေျပးေစသည့္ မီးသီး၊ မီးေခ်ာင္း၊ ျခင္ေျပးစက္၊ ျခင္လုံဆန္ခါစသည့္ တျခားေသာ နည္းလမ္းမ်ားကိုသာ အသုံးျပဳသင့္ေၾကာင္း၊ ျခင္မကိုက္ရန္အတြက္ လိမ္းေသာ လိမ္းေဆးမ်ားကို ပိုးသတ္ေဆးမ်ား ပါဝင္ပါက အေရျပားမွတစ္ဆင့္ စိမ့္ဝင္ႏိုင္သျဖင့္ ေရရွည္အသုံးမျပဳသင့္ေၾကာင္း သိရသည္။

    Credit –
    ေႏြဦးလင္း
    Yangon Media Group

    [Unicode version]
    ခြင်ဆေးခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒ ပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝ ကျော်အထိ ပါဝင်သော ဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ် ရှူရှိုက်နေရ သူများ အနေဖြင့် သာမန်ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။

    ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီအောင်က “ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေး ပမာဏက ဆေးလိပ်ပေါင်း မြောက်မြားစွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သုတေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏ အပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီမျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူတွေက ဆေးလိပ်သောက်သူတွေထက် အသက်အန္တရာယ် ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်းတက်ကိုပဲ သုံးသင့်တယ်”ဟု ထုတ်ဖော် ပြောသည်။

    “ခြင်ဆေးခွေတစ်ခွေထွန်း ထားတယ်ဆိုရင် ခြင်ကိုထိခိုက်စေတာက နည်းနည်းပါ။ အမှန်တကယ်က အဲဒီခြင်ဆေးခွေ အနီးမှာရှိနေတဲ့ လူကြီးတွေ၊ ကလေးတွေက ပိုပြီးရှူမိတဲ့ ပမာဏပိုများပါတယ်။ ကလေး တွေမှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ရတာက ခြင်ဆေးခွေထွန်းတာ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ တစ်ရက်တည်းနဲ့ ခြင်ဆေးငွေ့တွေကို အကြာကြီးရှူမိရင်လဲ အသက်အန္တရာယ် ဖြစ်နိုင်သလို နေ့စဉ်ရှူရင်လဲ ရေရှည်အဆိပ်သင့်ပြီး အသက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ ခြင်ဆေးခွေထွန်းတာကို လုံးဝအားမပေးပါဘူး။ ကန့်ကွက်ပါတယ်” ဟု ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သာထွန်းကျော်က ထုတ်ဖော်ပြော ကြားလိုက်သည်။

    ခြင်ဆေးခွေတွင် များသောအားဖြင့် ခြင်များပြေးစေရန်နှင့် ခြင်များသေစေရန် Pyrethroid အုပ်စုမှ Permethrin ပိုးသတ်ဆေးများကို အများဆုံး အသုံးပြုရပြီး တချို့သော ခြင်ဆေးခွေများမှာ Deltamethrin ပိုးသတ်ဆေးကို အသုံးပြုကြကြောင်း၊ ဖြစ်နိုင်ပါက ခြင်ဆေးခွေကို လုံးဝမထွန်းဘဲ အန္တရာယ်မရှိသော ခြင်ပြေးစေသည့် မီးသီး၊ မီးချောင်း၊ ခြင်ပြေးစက်၊ ခြင်လုံဆန်ခါစသည့် တခြားသော နည်းလမ်းများကိုသာ အသုံးပြုသင့်ကြောင်း၊ ခြင်မကိုက်ရန်အတွက် လိမ်းသော လိမ်းဆေးများကို ပိုးသတ်ဆေးများ ပါဝင်ပါက အရေပြားမှတစ်ဆင့် စိမ့်ဝင်နိုင်သဖြင့် ရေရှည်အသုံး မပြုသင့်ကြောင်း သိရသည်။

    Credit –
    နွေဦးလင်း
    Yangon Media Group

  • ရာသီဥတုပူပြင်းချိန်မှာ မောင်းနှင်နေတဲ့ ကားတစ်စီးလုံးရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းများ

    [Zawgyi version]
    ရာသီဥတုပူျပင္းခ်ိန္မွာ ေမာင္းႏွင္ေနတဲ့ ကားတစ္စီးလုံးရဲ႕ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ အဲကြန္းအလြန္အကြၽံမသုံးပါနဲ႔

    ကားတစ္စီးရဲ႕ အဲကြန္းကို အလြန္အကြၽံအသုံးျပဳျခင္းကလည္း ကားရဲ႕အပူခ်ိန္ကို ျမင့္မားေစပါတယ္။ ကားအဲကြန္းကို နံပါတ္အျမင့္ဆုံးနဲ႔ ဖြင့္ထားလို႔ အတြင္းခန္းမွာ ေအးေနေပမယ့္ ကားရဲ႕အျပင္ဘက္ အစိတ္ အပိုင္းကေတာ့ အင္ဂ်င္ေရာ အဲကြန္းကြန္ ပရက္ဆာကပါ လုပ္ေဆာင္ခ်က္ ျမင့္ေနတဲ့အတြက္ ကားအပူခ်ိန္ကို ျမင့္တက္ေနေစပါတယ္။ ဒါေၾကာင့္ ကားအဲကြန္းကို လိုအပ္သေလာက္သာ ဖြင့္ပါ။ အဲကြန္းကို သုံးလိုက္၊ နားလိုက္မၾကာခဏ လုပ္ေပးတာမ်ိဳးေတြ ျပဳလုပ္ေပးျခင္းျဖင့္ ကားအင္ဂ်င္နဲ႔ ကားအပူခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

    ၂။ ဘက္ထရီေသခ်ာတြဲပါ

    ဘက္ထရီ ကလစ္ေတြကို ေသခ်ာတြဲဆက္ထားပါ။ ဘက္ထရီႀကိဳးေတြ၊ ကလစ္ေတြမခိုင္ၿမဲရင္ အပူထြက္လာေစၿပီး မီးေလာင္တဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဘက္ထရီႀကိဳးေတြက ဆက္ရာေတြမ်ားေနရင္ ဘက္ထရီငုတ္ တစ္ခုတည္းမွာ ႀကိဳးေတြ စုၿပဳံၿပီးတပ္ထားရင္ အပူလြန္ကဲမႈ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘက္ထရီငုတ္ေတြကို ေသခ်ာတပ္ဆင္ပါ။ ငုတ္တစ္ခု ႀကိဳးတစ္ေခ်ာင္းသာ တပ္ဆင္ေပးပါ။ ႀကိဳးဆက္ရွိေနတဲ့ ဝိုင္ယာႀကိဳးေဟာင္း၊ ႀကိဳး အေဆြးေတြ အသုံးျပဳျခင္းကို ေရွာင္ပါ။

    ၃။ အင္ဂ်င္Coolant ေရ သတိျပဳပါ။

    ကားအင္ဂ်င္ေအးေစဖို႔ အေထာက္အကူျပဳ ဓာတုေဆးရည္ကို စစ္ေဆးေပးပါ။ကားအင္ဂ်င္ Coolant ရည္က ေဟာင္းေနရင္၊ ရက္လြန္ေနရင္ စြမ္းေဆာင္ရည္ ကင္းမဲ့သြားပါတယ္။ အင္ဂ်င္ကို အေအးေပးဖို႔ အေထာက္အကူ မျပဳေတာ့တဲ့အျပင္ အင္ဂ်င္ကိုပါ ပ်က္စီးေစႏိုင္ပါတယ္။ အင္ဂ်င္Coolant ရည္မရွိရင္ ေလ်ာ့နည္းေနရင္လည္း အင္ဂ်င္ကို အပူျမင့္တက္ေစပါတယ္။အင္ဂ်င္ Coolantရည္ကို အၿမဲစစ္ေဆးေပး သင့္ပါတယ္။

    ၄။ တာယာေလဖိအားစစ္ေဆးပါ

    တာယာေလဖိအားကို ပူျပင္းခ်ိန္မွာ အသုံးျပဳသင့္တဲ့ေလဖိအား ပမာဏကို တာယာအ႐ြယ္အစားအလိုက္၊ ကားအမ်ိဳးအစားအလိုက္ သတ္မွတ္ထားပါတယ္။ မိမိကား၊ တာယာအ႐ြယ္အစားတို႔နဲ႔ လိုက္ဖက္တဲ့ ေလဖိအားရွိေနဖို႔လို အပ္ပါတယ္။ ေယဘုယ်အားျဖင့္ ရာသီဥတု ပူျပင္းခ်ိန္မွာ ပုံမွန္ရာသီဥတုမွာ အသုံးျပဳေနတဲ့ ေလဖိအားေအာက္ အနည္းငယ္ ေလွ်ာ့သုံးသင့္ပါတယ္။ ေလဖိအားမ်ားလြန္းလို႔ပဲျဖစ္ေစ၊ ေလ်ာ့နည္းလြန္းရင္ပဲျဖစ္ေစ ကားတာယာေတြရဲ႕ အပူခ်ိန္ကို ျမင့္မားေစပါတယ္။

    Credit – 7Day Cars

    [Unicode version]
    ရာသီဥတုပူပြင်းချိန်မှာ မောင်းနှင်နေတဲ့ ကားတစ်စီးလုံးရဲ့ အပူချိန်ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ အဲကွန်းအလွန်အကျွံမသုံးပါနဲ့

    ကားတစ်စီးရဲ့ အဲကွန်းကို အလွန်အကျွံအသုံးပြုခြင်းကလည်း ကားရဲ့အပူချိန်ကို မြင့်မားစေပါတယ်။ ကားအဲကွန်းကို နံပါတ်အမြင့်ဆုံးနဲ့ ဖွင့်ထားလို့ အတွင်းခန်းမှာ အေးနေပေမယ့် ကားရဲ့အပြင်ဘက် အစိတ် အပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန် ပရက်ဆာကပါ လုပ်ဆောင်ချက် မြင့်နေတဲ့အတွက် ကားအပူချိန်ကို မြင့်တက်နေစေပါတယ်။ ဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ။ အဲကွန်းကို သုံးလိုက်၊ နားလိုက်မကြာခဏ လုပ်ပေးတာမျိုးတွေ ပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။

    ၂။ ဘက်ထရီသေချာတွဲပါ

    ဘက်ထရီ ကလစ်တွေကို သေချာတွဲဆက်ထားပါ။ ဘက်ထရီကြိုးတွေ၊ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီကြိုးတွေက ဆက်ရာတွေများနေရင် ဘက်ထရီငုတ် တစ်ခုတည်းမှာ ကြိုးတွေ စုပြုံပြီးတပ်ထားရင် အပူလွန်ကဲမှု ဖြစ်ပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကို သေချာတပ်ဆင်ပါ။ ငုတ်တစ်ခု ကြိုးတစ်ချောင်းသာ တပ်ဆင်ပေးပါ။ ကြိုးဆက်ရှိနေတဲ့ ဝိုင်ယာကြိုးဟောင်း၊ ကြိုး အဆွေးတွေ အသုံးပြုခြင်းကို ရှောင်ပါ။

    ၃။ အင်ဂျင်Coolant ရေ သတိပြုပါ။

    ကားအင်ဂျင်အေးစေဖို့ အထောက်အကူပြု ဓာတုဆေးရည်ကို စစ်ဆေးပေးပါ။ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ ရက်လွန်နေရင် စွမ်းဆောင်ရည် ကင်းမဲ့သွားပါတယ်။ အင်ဂျင်ကို အအေးပေးဖို့ အထောက်အကူ မပြုတော့တဲ့အပြင် အင်ဂျင်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ အင်ဂျင်Coolant ရည်မရှိရင် လျော့နည်းနေရင်လည်း အင်ဂျင်ကို အပူမြင့်တက်စေပါတယ်။အင်ဂျင် Coolantရည်ကို အမြဲစစ်ဆေးပေး သင့်ပါတယ်။

    ၄။ တာယာလေဖိအားစစ်ဆေးပါ

    တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအား ပမာဏကို တာယာအရွယ်အစားအလိုက်၊ ကားအမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့ လိုက်ဖက်တဲ့ လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘုယျအားဖြင့် ရာသီဥတု ပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာ အသုံးပြုနေတဲ့ လေဖိအားအောက် အနည်းငယ် လျှော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊ လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာတွေရဲ့ အပူချိန်ကို မြင့်မားစေပါတယ်။

    Credit – 7Day Cars

  • မိမိကားကို ဆီစားနည္းေအာင္ ေမာင္းႏွင္ႏိုင္မယ့္ ပံုစံမ်ား

    [Zawgyi version]

    ဆီစားနည္းပါးေအာင္ ေမာင္းႏွင္နိုင္မယ့္ ပုံစံမ်ား


    (၁) လိုအပ္တဲ့ အျမန္ႏႈန္း၊ အရွိန္ထက္ ပိုမိုျမႇင့္တင္ ေမာင္းႏွင္ျခင္းဟာ သင့္ကားရဲ႕ ဆီစားႏႈန္းကို ပိုမို မ်ားျပား ေစမယ့္ အခ်က္ ျဖစ္လာပါတယ္။ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္မႈေၾကာင့္ သြားလိုရာခရီးအတြက္ သြားလာရမႈ အခ်ိန္ေပးရျခင္း သက္သာမႈထက္ မေတာ္တဆမႈလည္း နည္းပါးေစသလို အင္ဂ်င္လည္း အထိနာ သက္သာေစၿပီး ဆီစားႏႈန္းပါ ခ်ိဳသာေစပါတယ္။ အရွိန္၊ အျမန္ႏႈန္းကို လိုအပ္သည္ထက္ ပိုမေမာင္းပါနဲ႕။

    (၂) လူငယ္အမ်ားစု ေမာင္းႏွင္ ေလ့ရွိတဲ့ ေမာင္းႏွင္မႈ တခုျဖစ္တဲ့ အျမန္ႏႈန္း အတင္အခ် ေမာင္းႏွင္ျခင္းဟာ ဆီစားႏႈန္း မ်ားေစတဲ့ အခ်က္ျဖစ္လို႔ ပုံမွန္ႏႈန္းထားနဲ႕ ေမာင္းႏွင္မယ္ဆိုရင္ ဆီစား ခ်ိဳသာေစနိုင္ ပါတယ္။ Sport ကားေတြ ပုံစံမ်ိဳး အျမန္ႏႈန္း ကစားၿပီး ေမာင္းႏွင္ျခင္းမ်ိဳး ေရွာင္ၾကဥ္ပါ။

    (၃) ႀကိဳတင္လမ္းေၾကာင္း ေ႐ြးခ်ယ္ေမာင္းႏွင္ျခင္းဟာ သင္လိုရာ ခရီးသြားလာနိုင္မႈအတြက္ အခ်ိန္ေပးရမႈအပိုင္းမွာ သက္သာၿပီး ေမာင္းႏွင္ရမႈ အခ်ိန္နည္းေလေလ ဆီစားနည္းလာေလေလ ျဖစ္လာပါတယ္။ ဒီအတြက္ သင္ သြားမယ့္ ခရီးစဥ္ကို ႀကိဳတင္ေတြးဆၿပီး လမ္းေၾကာင္း ႀကိဳတင္ ေ႐ြးခ်ယ္ေမာင္းႏွင္ပါ။

    (၄) မီးပြိုင့္၊ လမ္းေကြ႕၊ ရပ္တန႔္မယ့္ ေနရာေတြအတြက္ အျမန္ႏႈန္း ႀကိဳတင္ ေလ်ာ့ခ်ျခင္းမ်ိဳး လုပ္ေဆာင္ပါ၊ ရပ္ခါနီးမွ ထိုးရပ္ ျခင္း ေရွာင္ၾကည္ပါ။ဆိုလိုတာကေတာ့ ကိုယ္ရပ္နားမယ့္ ခရီးနဲ႕ ညီမွ်တဲ့ ျမန္ႏႈန္းနဲ႕ ေ႐ြ႕လ်ားမႈ ရွိေနေသးရင္ လီဗာထပ္ မနင္းပါနဲ႕ေတာ့၊ ရွိလက္စ အရွိန္နဲ႕ပဲ ဆက္သြားလိုက္ပါ။

    (၅) ေလေအးေပးစက္ ဖြင့္လွစ္ေမာင္းႏွင္ျခင္းဟာ မသုံးဘဲ ေမာင္းႏွင္ျခင္းထက္ အင္ဂ်င္အ႐ြယ္အစား အေပၚ မူတည္ၿပီး ပ်မ္းမွ် ဆီစားႏႈန္း ၂၀ရာခိုင္ႏႈန္း ေလာက္ထိေအာင္ ပိုေစပါတယ္။ ဒါေၾကာင့္ မလိုအပ္ဘဲ ေလေအးေပးစက္ မဖြင့္ပါနဲ႕။ အင္ဂ်င္အပူခ်ိန္လည္း အတက္ျမန္ေစတာေၾကာင့္ မိမိကားရဲ႕အင္ဂ်င္ ေသးငယ္မယ္ဆိုရင္ ခရီးေဝးေမာင္းႏွင္မႈအတြက္ ေလေအးေပးစက္ ပိတ္ၿပီး ေမာင္းႏွင္ပါ။

    Credit – လင္းထက္(IA), The Irrawaddy-Burmese Edition

    [Unicode version]
    ဆီစားနည်းပါးအောင် မောင်းနှင်နိုင်မယ့် ပုံစံများ

    (၁) လိုအပ်တဲ့ အမြန်နှုန်း၊ အရှိန်ထက် ပိုမိုမြှင့်တင် မောင်းနှင်ခြင်းဟာ သင့်ကားရဲ့ ဆီစားနှုန်းကို ပိုမို များပြား စေမယ့် အချက် ဖြစ်လာပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် သွားလိုရာခရီးအတွက် သွားလာရမှု အချိန်ပေးရခြင်း သက်သာမှုထက် မတော်တဆမှုလည်း နည်းပါးစေသလို အင်ဂျင်လည်း အထိနာ သက်သာစေပြီး ဆီစားနှုန်းပါ ချိုသာစေပါတယ်။ အရှိန်၊ အမြန်နှုန်းကို လိုအပ်သည်ထက် ပိုမမောင်းပါနဲ့။

    (၂) လူငယ်အများစု မောင်းနှင် လေ့ရှိတဲ့ မောင်းနှင်မှု တခုဖြစ်တဲ့ အမြန်နှုန်း အတင်အချ မောင်းနှင်ခြင်းဟာ ဆီစားနှုန်း များစေတဲ့ အချက်ဖြစ်လို့ ပုံမှန်နှုန်းထားနဲ့ မောင်းနှင်မယ်ဆိုရင် ဆီစား ချိုသာစေနိုင်ပါတယ်။ Sport ကားတွေ ပုံစံမျိုး အမြန်နှုန်း ကစားပြီး မောင်းနှင်ခြင်းမျိုး ရှောင်ကြဉ်ပါ။

    (၃) ကြိုတင်လမ်းကြောင်း ရွေးချယ်မောင်းနှင်ခြင်းဟာ သင်လိုရာ ခရီးသွားလာနိုင်မှုအတွက် အချိန်ပေးရမှုအပိုင်းမှာ သက်သာပြီး မောင်းနှင်ရမှု အချိန်နည်းလေလေ ဆီစားနည်းလာလေလေ ဖြစ်လာပါတယ်။ ဒီအတွက် သင် သွားမယ့် ခရီးစဉ်ကို ကြိုတင်တွေးဆပြီး လမ်းကြောင်း ကြိုတင် ရွေးချယ်မောင်းနှင်ပါ။

    (၄) မီးပွိုင့်၊ လမ်းကွေ့၊ ရပ်တန့်မယ့် နေရာတွေအတွက် အမြန်နှုန်း ကြိုတင် လျော့ချခြင်းမျိုး လုပ်ဆောင်ပါ၊ ရပ်ခါနီးမှ ထိုးရပ် ခြင်း ရှောင်ကြည်ပါ။ဆိုလိုတာကတော့ ကိုယ်ရပ်နားမယ့် ခရီးနဲ့ ညီမျှတဲ့ မြန်နှုန်းနဲ့ ရွေ့လျားမှု ရှိနေသေးရင် လီဗာထပ် မနင်းပါနဲ့တော့၊ ရှိလက်စ အရှိန်နဲ့ပဲ ဆက်သွားလိုက်ပါ။

    (၅) လေအေးပေးစက် ဖွင့်လှစ်မောင်းနှင်ခြင်းဟာ မသုံးဘဲ မောင်းနှင်ခြင်းထက် အင်ဂျင်အရွယ်အစား အပေါ် မူတည်ပြီး ပျမ်းမျှ ဆီစားနှုန်း ၂၀ရာခိုင်နှုန်း လောက်ထိအောင် ပိုစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ လေအေးပေးစက် မဖွင့်ပါနဲ့။
    အင်ဂျင်အပူချိန်လည်း အတက်မြန်စေတာကြောင့် မိမိကားရဲ့အင်ဂျင် သေးငယ်မယ်ဆိုရင် ခရီးဝေးမောင်းနှင်မှုအတွက် လေအေးပေးစက် ပိတ်ပြီး မောင်းနှင်ပါ။

    Credit – လင်းထက်(IA), The Irrawaddy-Burmese Edition

  • အစပ္စားျခင္းျဖင့္ အသက္ပို၍႐ွည္ေစ

     

    စမ္းသပ္မႈ အသစ္အရ အစပ္မ်ားမ်ားစားေပးျခင္းက အသက္႐ွည္ေစတယ္လို႔ သိရပါတယ္။ Vermont တကၠသိုလ္မွ သိပၸံပညာ႐ွင္ေတြက အေမရိကန္႐ွိ လူေပါင္း ၁၆၀၀၀ရဲ႕ စားေသာက္မႈစနစ္ကို ခြဲျခမ္းစိတ္ျဖာေလ့လာခဲ့ၾကတယ္။ စမ္းသပ္ေမးခြန္းကေတာ့ “င႐ုတ္သီးစိမ္းကို စားေလ့႐ွိသလား။ ဘယ္ႏွရက္တစ္ခါစားသလဲ” လို႔ပဲျဖစ္ပါတယ္။

    ရ႐ွိလာတဲ့ အေျဖေတြကို ေကာက္ခ်က္ခ်တဲ့အခါမွာေတာ့ င႐ုတ္သီးစိမ္းမၾကာခဏစားတဲ့လူေတြက ဘဝသက္တမ္းရဲ႕ ၁၈ႏွစ္ေလာက္ပိုၿပီး အသက္႐ွည္ႏိုင္ေခ်႐ွိတာကိုေတြ႔ရပါတယ္။ င႐ုတ္သီးစိမ္းနဲ႔ အသက္႐ွည္ျခင္းရဲ႕ၾကားက ကြာဟခ်က္ကို အတိအက်မေျပာႏိုင္ေပမယ့္လည္း အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံမွာျပဳလုပ္ၾကတဲ့ စမ္းသပ္မႈရဲ႕ ရလဒ္ကလည္း ဒီအတိုင္း ထပ္တူညီတာပါပဲ။

    ဒါဆို င႐ုတ္သီးစိမ္းက ဘာမ်ားထူးျခားလို႔လဲ။ င႐ုတ္သီးစိမ္းမွာ ဗီတာမင္ ဘီ၊စီ နဲ႔ ဗီတာမင္ေအတို႔ပါဝင္ပါတယ္။ အထူးသျဖင့္ အေရးႀကီးတဲ့ အာဟာရဓာတ္ပစၥည္းျဖစ္တဲ့ Capsaicin ပါဝင္တာေၾကာင့္ ႏွလံုးေရာဂါနဲ႔ အဝလြန္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ အဲ့ဒီ့ Capsaicin ကင႐ုတ္သီးစိမ္းအမ်ိဳးအစားတို္းမွာပါဝင္ၿပီး ပူစပ္မႈကိုျဖစ္ေစပါတယ္။

    ဒီ့အျပင္ အစပ္စားျခင္းက ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာလည္း အေထာက္အကူျပဳပါတယ္။ အစပ္ပါတဲ့အစားအစာ စားတဲ့အခါ စားေသာက္ႏႈန္းကို သာမန္ထက္ေလ်ာ့က်ေစတဲ့အတြက္ ဗိုက္ျပည့္တာနဲ႔ မစားႏိုင္ေအာင္ကန္႔သတ္ေပးပါတယ္။
    Source: Good Housekeeping

  • အျဖစ္မ်ားေသာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ျပစ္မႈမ်ားႏွင့္ ေဖာက္ဖ်က္ပါက တရား၀င္ ေပးေဆာင္ရေသာ ဒဏ္ေငြမ်ား

    [Zawgyi version]
    အျဖစ္မ်ားေသာ ျပစ္မႈမ်ားႏွင့္ ဒဏ္ေငြမ်ား

    ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ေဖာက္ဖ်က္ပါက တရား၀င္ ေပးေဆာင္ရေသာ ဒဏ္ေငြမ်ားကို တင္ျပထားပါသည္။ သတိျပဳ ဆင္ျခင္ႏိုင္ၾကပါေစ ခင္ဗ်ာ။

    သတ္မွတ္လိုင္စင္မေမာင္း – တစ္ႏွစ္ပိတ္ ၄၁၅၀၀ က်ပ္

    ႏွစ္ထပ္ရပ္ – သံုးလပိတ္ ၂၁၅၀၀ က်ပ္

    Bus ကားမွတ္တိုင္ ၀င္ရပ္ – သံုးလပိတ္ ၂၁၅၀၀ က်ပ္

    မရပ္ရေနရာရပ္ (ျဖူ နီ ၾကား) – သံုးလပိတ္ ၂၁၅၀၀ က်ပ္

    လမ္းေျပာင္းျပန္ – ၆လပိတ္ ၂၁၅၀၀ က်ပ္

    မ၀င္ရလမ္း၀င္ – ၆လပိတ္ ၂၁၅၀၀ က်ပ္

    ေကြ႕ေၾကာ တည့္ထြက္ – ၁ႏွစ္ပိတ္ ၂၁၅၀၀ က်ပ္

    လိုင္စင္မပါ – (ျပႏိုင္ရင္) ၂၁၅၀၀ က်ပ္

    လိုင္စင္မပါ – (မျပႏိုင္) ၄၁၅၀၀ က်ပ္

    ၀ွီးတက္ မပါ (ရက္လြန္) ၄၁၅၀၀ က်ပ္

    မ်ဥ္းေသျဖတ္ – ၂၁၅၀၀ က်ပ္

    ခါးပတ္မပါတ္ – ၂၁၅၀၀ က်ပ္

    Credit – Original Poster

    [Unicode version]
    အဖြစ်များသော ပြစ်မှုများနှင့် ဒဏ်ငွေများ

    ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ပါက တရားဝင် ပေးဆောင်ရသော ဒဏ်ငွေများကို တင်ပြထားပါသည်။ သတိပြု ဆင်ခြင်နိုင်ကြပါစေ ခင်ဗျာ။

    သတ်မှတ်လိုင်စင်မမောင်း – တစ်နှစ်ပိတ် ၄၁၅၀၀ ကျပ်

    နှစ်ထပ်ရပ် – သုံးလပိတ် ၂၁၅၀၀ ကျပ်

    Bus ကားမှတ်တိုင် ဝင်ရပ် – သုံးလပိတ် ၂၁၅၀၀ ကျပ်

    မရပ်ရနေရာရပ် (ဖြူ နီ ကြား) – သုံးလပိတ် ၂၁၅၀၀ ကျပ်

    လမ်းပြောင်းပြန် – ၆လပိတ် ၂၁၅၀၀ ကျပ်

    မဝင်ရလမ်းဝင် – ၆လပိတ် ၂၁၅၀၀ ကျပ်

    ကွေ့ကြော တည့်ထွက် – ၁နှစ်ပိတ် ၂၁၅၀၀ ကျပ်

    လိုင်စင်မပါ – (ပြနိုင်ရင်) ၂၁၅၀၀ ကျပ်

    လိုင်စင်မပါ – (မပြနိုင်) ၄၁၅၀၀ ကျပ်

    ဝှီးတက် မပါ (ရက်လွန်) ၄၁၅၀၀ ကျပ်

    မျဉ်းသေဖြတ် – ၂၁၅၀၀ ကျပ်

    ခါးပတ်မပါတ် – ၂၁၅၀၀ ကျပ်

    Credit – Original Poster

  • အောက်ချင်းငှက်နှင့် ၎င်း၏ ထူးခြားသည့် သဘာဝအကျင့်များ

    [Zawgyi version]

    ေအာက္ခ်င္းငွက္၏ ထူးျခားသည့္ သဘာဝအက်င့္မ်ား

    ေအာက္ခ်င္းငွက္လို ခ်စ္ရဲလား

    ခ်စ္ျခင္းေမတၱာရယ္၊ သစၥာတရားရယ္ကိုယ့္ခ်စ္သူအေပၚမွာထားတဲ့ တာဝန္ယူမႈရယ္နဲ႔ ပတ္သက္လာရင္ က်ေနာ့္ရဲ႕ စံျပပုဂၢိဳလ္ေတြက လူသားေတြမဟုတ္ဘူး။ လူသားေတြထက္ အစစအရာရာ နိမ့္က်တယ္လို႔ လက္ခံထားတဲ့ တိရစာၦန္ေတြထဲက တိရစာၦန္ျဖစ္တဲ့ေအာက္ခ်င္းငွက္ေတြပဲ…

    ဟုတ္ပါတယ္။ ေအာက္ခ်င္းငွက္ေတြက ငွက္ေတြထဲမွာေတာ့ ေတာ္ေတာ္ထူးျခားတဲ့ငွက္ပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဖိုေသရင္အမကလည္း လိုက္ေသတတ္ပါတယ္။ ဒါမွမဟုတ္ တစ္ေကာင္ေကာင္က သစၥာပ်က္တယ္လို႔သံသယဝင္႐ုံနဲ႔လည္း သတ္ေသတတ္ပါတယ္။ အခ်စ္ကို အသက္နဲ႔ရင္းၿပီး သစၥာေစာင့္ၾကပါတယ္…

    ေနာက္ၿပီး တျခားငွက္ေတြလို မ်ိဳးတူတယ္ဆိုတာနဲ႔ ေတြ႕ကရာ အထီး၊ အမမွန္သမွ်နဲ႔ ေပ်ာ္ျမဴးေလ့မရွိပါဘူး။သူတို႔တကယ္ခ်စ္ခင္စုံမက္တယ္ဆိုမွ မိတ္လိုက္ၿပီး တစ္သက္လုံး ေပါင္းသင္းေလ့ရွိပါတယ္။ အထူးျခားဆုံးကေတာ့ အသိုက္ဖြဲ႕ျခင္းနဲ႔ သားသမီး၊ ဇနီးမယားကို ငွက္အဖိုက ျပဳစုေစာင့္ေရွာက္တာ၊ ၾကင္နာယုယတာျဖစ္ပါတယ္…

    ေအာက္ခ်င္းငွက္ေတြက အုပ္စုဖြဲ႕ေနရာကေန အဖိုနဲ႔ အမက ခ်စ္ႀကိဳက္သြားၿပီဆိုရင္ အဲ့ဒီအုပ္စုကေန ခြဲထြက္ၿပီး ႏွစ္ေကာင္တည္း တစ္အိုးတစ္အိမ္ထူေထာင္ၾကတယ္။ သြားအတူ၊ လာအတူ၊ စားအတူ၊ အိပ္အတူေပါ့။ အဲ့လိုအခ်ိန္မွာ မုဆိုးေတြ ဘာေတြက တစ္ေကာင္ေကာင္ကို သတ္လိုက္ၿပီဆိုရင္ က်န္တစ္ေကာင္က မိုးစြန္တိမ္ၫြန႔္ဖ်ားအထိ ပ်ံတက္သြားၿပီး အေတာင္ကို႐ုပ္ခ်ကာ ေျမေပၚထိုးခ် အေသခံတတ္တယ္။ အဲ့ဒါေၾကာင့္လည္း ေအာက္ခ်င္းငွက္ေတြက ရွားပါးစာရင္းဝင္ငွက္မ်ိဳးျဖစ္ေနၾကတာပဲ…

    ငွက္အေတာ္မ်ားမ်ားက မိတ္လိုက္ၿပီးရင္ အထီးက အမကို စြန႔္ခြာသြားတာမ်ားတယ္။ အဲ့ေတာ့ကိုယ္ဝန္ႀကီးနဲ႔ က်န္ခဲ့တဲ့အမက ေတာ္ေတာ္ဒုကၡေရာက္ပါတယ္။ ဥဥ၊ ကေလးေမြး၊ ကေလးကိုေစာင့္ေရွာက္ အစာရွာနဲ႔ ေတာ္ေတာ္ဒုကၡေရာက္ပါတယ္…

    ဒါေပမဲ့ ေအာက္ခ်င္းငွက္ကေတာ့ အဲ့ဒီလိုမဟုတ္ပါဘူး။ မိတ္လိုက္ၿပီးကတည္းက သူ႔ခ်စ္သူနားက လုံးဝမခြာလိုက္တာ ရာသက္ပန္ပါပဲ။ အစာလည္း သူကိုယ္တိုင္ပဲ မိန္းမကိုေရာ ကေလးေတြကိုေရာ ရွာေကြၽးပါတယ္။ ေျပာရရင္ လင့္ဝတၱရား ေက်ပြန္လြန္းတယ္ေပါ့…

    ငွက္မဥဥဖို႔ သစ္ေခါင္းကို အတူရွာၾကတယ္။ အဖိုက အမကို ကိုယ္ဝန္ရွိၿပီဆိုတာနဲ႔အရမ္းအလိုလိုက္တယ္ ဂ႐ုစိုက္တယ္။ အိပ္ရင္ေတာင္မွ ကိုယ္ခ်င္းကပ္ၿပီး ငွက္မက သူ႔ေယာက္်ားရဲ႕ေတာင္ပံၾကားထဲ ေခါင္းေလးလွ်ိဳၿပီး အိပ္တယ္။ ေတြးၾကည့္ရင္ကို ၾကည္ႏူးစရာ…

    သူတို႔က သူတို႔အိမ္ျဖစ္တဲ့ သစ္ေခါင္းကို သူတို႔သဘာဝအရ ေသခ်ာေ႐ြးတယ္။ ေတြ႕ၿပီဆိုရင္ ငွက္မက အမႈိက္ေတြ၊ သစ္႐ြက္ေတြကို ၾကမ္းျပင္မွာ ခင္းၿပီး ညီေနေအာင္လုပ္တယ္။ ပါေကးခင္းသလိုေပါ့။ အဲ့လိုအခ်ိန္မွာ အဖိုကလည္းအရမ္းအလုပ္မ်ားတယ္။ သူကဘာလုပ္လဲဆိုေတာ့ ေတာင္ကြၽန္း၊ ေျမာက္ကြၽန္း အေရွ႕ကြၽန္း၊ အေနာက္ကြၽန္းစတဲ့ ေလးကြၽန္းေျမကို အေခါက္ေခါက္အခါခါ ကိုက္ခ်ီသယ္ေဆာင္ၿပီး ခုနက ငွက္မပါေကးခင္းတဲ့ေနရာကို ယူလာေပးရတယ္။ အဲ့လိုပုံစံနဲ႔ သူတို႔ရဲ႕မီးေနခန္းကို ျပဳျပင္ၾကတယ္။ ေနာက္ၿပီး အဲ့ဒီေလးကြၽန္းေျမကလည္း အင္မတန္ ေဆးဖက္ဝင္တယ္တဲ့…

    ေလးကြၽန္းေျမရွာၿပီးေတာ့လည္း အဖိုရဲ႕တာဝန္က မၿပီးေသးဘူး။ ဘာလုပ္ရေသးလဲဆိုေတာ့ သစ္ေစးအမ်ိဳးမ်ိဳးကို ပတ္ရွာရေသးတယ္။ ရွာၿပီးေတာ့မွ ငွက္မက အတြင္းကေန ငွက္ဖိုက အျပင္ကေနၿပီး အဲ့ဒီ သစ္ေစးေတြနဲ႔ သူတို႔ရဲ႕အသိုက္ကို အဂၤေတကိုင္ရတယ္။ အဲ့ဒီမွာ ငွက္မရဲ႕ႏႈတ္သီးထြက္႐ုံအေပါက္တစ္ေပါက္ပဲခ်န္ထားေတာ့တယ္ ငွက္မလည္း ထြက္မရ ငွက္ထီးလည္း ဝင္မရ…ဒါသည္ သူတို႔ သားေပါက္သည္အထိပဲ…

    အဲ့ဒီေတာ့ ငွက္မ သစ္ေခါင္းထဲမွာ ရွိေနသမွ် ကာလပတ္လုံး အစာရွာေကြၽးရဖို႔ တာဝန္သည္ လုံးဝငွက္ထီးပဲ။ အဲ့ဒီလိုပဲ သားေပါက္လာရင္လည္း သားသမီးအတြက္ေရာ မယားအတြက္ပါ ရွာေကြၽးေပးေတာ့ပဲ။ အထဲက မထြက္မခ်င္း အဖိုက အစာကို ႏႈတ္သီးနဲ႔ခ်ီတယ္။ ေရကို သူ႔မွာအပိုပါတဲ့အေမာက္ထဲကို ထည့္တယ္။ အဲ့ဒီအေမာက္ထဲက ေရေလွာင္ကန္လို ျဖစ္ေနေတာ့ မိန္းမအတြက္ေရာ သားသမီးအတြက္ေရာ ေရကမပူရဘူး။ အဲ့ဒီလိုမ်ိဳး အစာနဲ႔ေရကို သယ္သယ္ၿပီးမိန္းမနဲ႔ ကေလးေတြဆီကို ေျပးရလႊားရတာ အဖိုေတြမွာ တစ္ေန႔ကို အႀကိမ္ ၆ဝ၊ ၇ဝ ေလာက္ လြန္းထိုးေနရတာပါ ဘယ္ေလာက္ခ်စ္လဲ စဥ္းစားသာၾကည့္…

    အဲ့ဒီမွာ အဖိုက သူခုနက သစ္ေစးေတြနဲ႔ အျပင္ကေန အဂၤေတကိုင္ထားတဲ့ေနရာမွာ သူ႔အမွတ္အသားနဲ႔ သူကိုင္ထားတယ္။ ျဖစ္သလို လုပ္ထားတာမဟုတ္ဘူး။ ဘာလို႔အဲ့လိုလုပ္လဲဆိုေတာ့ သူမရွိတုန္း တျခားတစ္ေကာင္က သူ႔မိန္းမကို လာေၾကာင္မွာစိုးလို႔။ စိတ္မခ်လို႔။ အဲ့လိုလုပ္ထားတာ ဒါမွ တျခားတစ္ေကာင္ သူ႔မိန္းမကို အစာလာေကြၽး၊ ေရလာတိုက္နဲ႔ လာလုံးရင္သူသိမွာေလ…

    အဲ့လိုပဲ အထဲက အမကလည္း အျပင္က သူ႔ေယာက္်ား သူ႔ဆီကို ေပၚမလာဘဲ နည္းနည္းၾကာေနရင္ စိတ္ကပူၿပီ။ငါ့ေယာက္်ား တျခားငွက္မနဲ႔မ်ား သြားၾကဴေနလားဆိုၿပီး အထဲကေန အသဲကြဲၿပီ။ အဲ့ဒီေတာ့ ငွက္ဖိုကလည္း အခ်ိန္မွန္ရတယ္။ ၿပီးေတာ့ ငွက္ဖိုကလည္း သူ႔အမွတ္အသားေတြကို ေန႔စဥ္စစ္တယ္…ပ်က္ေနလို႔ကေတာ့ အစာလည္းမေကြၽးေတာ့ဘူး ေရလည္းမတိုက္ဘူး သူလည္းသတ္ေသတာပဲ…

    အဖိုကလည္း တစ္ေန႔တစ္ေန႔ အေခါက္ ၆ဝ၊ ၇ဝ ေလာက္ သူ႔မိန္းမကို အစာေကြၽး ေရတိုက္လုပ္ရတာကို နည္းနည္းမွ စိတ္မပ်က္ဘူး ေပ်ာ္ေနတာ။ ဒီလိုနဲ႔ သူတို႔သီရိေဂဟာေလးမွာ ကေလးေတြ ေမြးလာတယ္။ အဲ့ဒီမွာ အခ်ိန္တန္ေတာ့ သူ႔တို႔သစ္ေစးေတြနဲ႔ အဂၤေတကိုင္ထားတဲ့ အေပါက္ကို ဝိုင္းခြာၾကတယ္။ ပြင့္လည္းသြားေရာ ငွက္ဖိုႀကီးမွာ သူ႔မိန္းမ မီးေနသည္ကို ၾကည့္ၿပီး က႐ုဏာ သက္ရျပန္ေရာ…

    ဘာလို႔လဲဆိုေတာ့ သူ႔မိန္းမမွာ အေမႊးေတြ အေတာင္ေတြ မရွိေတာ့ဘူးေလ။ ကိုယ္တုံးလုံးျဖစ္ေနၿပီ ကေလးေတြလိုပဲ အထဲမွာ လနဲ႔ခ်ီၿပီး ေနခဲ့ရတာကို ပ်ံလည္းမပ်ံႏိုင္ေသးဘူး အေညာင္းမိေနလို႔။ အဲ့ေတာ့ တစ္ခါ ငွက္ဖိုႀကီးမွာ မိန္းမနဲ႔ ကေလးေတြ အေတာင္စုံၿပီး ပ်ံႏိုင္တဲ့အထိ မေမာမပန္းနဲ႔ ရွာေကြၽးရျပန္ေရာ။ ဒါသူ႔ဝတၱရားကိုး။ ကဲ…ဒီေတာ့ ကိုယ့္ရည္းစားေတြကို စိန္ေခၚလိုက္ၾကစမ္းပါဦး ေအာက္ခ်င္းငွက္လို ခ်စ္ရဲလားေဟ့လို႔…

    Credit – Wai Phyo Maung

    အောက်ချင်းငှက်၏ ထူးခြားသည့် သဘာဝအကျင့်များ

    အောက်ချင်းငှက်လို ချစ်ရဲလား

    ချစ်ခြင်းမေတ္တာရယ်၊ သစ္စာတရားရယ်ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ တာဝန်ယူမှုရယ်နဲ့ ပတ်သက်လာရင် ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်တွေက လူသားတွေမဟုတ်ဘူး။ လူသားတွေထက် အစစအရာရာ နိမ့်ကျတယ်လို့ လက်ခံထားတဲ့ တိရစ္ဆာန်တွေထဲက တိရစ္ဆာန်ဖြစ်တဲ့အောက်ချင်းငှက်တွေပဲ…

    ဟုတ်ပါတယ်။ အောက်ချင်းငှက်တွေက ငှက်တွေထဲမှာတော့ တော်တော်ထူးခြားတဲ့ငှက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အဖိုသေရင်အမကလည်း လိုက်သေတတ်ပါတယ်။ ဒါမှမဟုတ် တစ်ကောင်ကောင်က သစ္စာပျက်တယ်လို့သံသယဝင်ရုံနဲ့လည်း သတ်သေတတ်ပါတယ်။ အချစ်ကို အသက်နဲ့ရင်းပြီး သစ္စာစောင့်ကြပါတယ်…

    နောက်ပြီး တခြားငှက်တွေလို မျိုးတူတယ်ဆိုတာနဲ့ တွေ့ကရာ အထီး၊ အမမှန်သမျှနဲ့ ပျော်မြူးလေ့မရှိပါဘူး။သူတို့တကယ်ချစ်ခင်စုံမက်တယ်ဆိုမှ မိတ်လိုက်ပြီး တစ်သက်လုံး ပေါင်းသင်းလေ့ရှိပါတယ်။ အထူးခြားဆုံးကတော့ အသိုက်ဖွဲ့ခြင်းနဲ့ သားသမီး၊ ဇနီးမယားကို ငှက်အဖိုက ပြုစုစောင့်ရှောက်တာ၊ ကြင်နာယုယတာဖြစ်ပါတယ်…

    အောက်ချင်းငှက်တွေက အုပ်စုဖွဲ့နေရာကနေ အဖိုနဲ့ အမက ချစ်ကြိုက်သွားပြီဆိုရင် အဲ့ဒီအုပ်စုကနေ ခွဲထွက်ပြီး နှစ်ကောင်တည်း တစ်အိုးတစ်အိမ်ထူထောင်ကြတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ အိပ်အတူပေါ့။ အဲ့လိုအချိန်မှာ မုဆိုးတွေ ဘာတွေက တစ်ကောင်ကောင်ကို သတ်လိုက်ပြီဆိုရင် ကျန်တစ်ကောင်က မိုးစွန်တိမ်ညွန့်ဖျား အထိ ပျံတက်သွားပြီး အတောင်ကိုရုပ်ချကာ မြေပေါ်ထိုးချ အသေခံ တတ်တယ်။ အဲ့ဒါကြောင့်လည်း အောက်ချင်းငှက်တွေကရှားပါးစာရင်းဝင်ငှက်မျိုးဖြစ်နေကြတာပဲ…

    ငှက်အတော်များများက မိတ်လိုက်ပြီးရင် အထီးက အမကို စွန့်ခွာသွားတာများတယ်။ အဲ့တော့ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့အမက တော်တော်ဒုက္ခရောက်ပါတယ်။ ဥဥ၊ ကလေးမွေး၊ ကလေးကိုစောင့်ရှောက် အစာရှာနဲ့ တော်တော်ဒုက္ခရောက်ပါတယ်…

    ဒါပေမဲ့ အောက်ချင်းငှက်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ မိတ်လိုက်ပြီးကတည်းက သူ့ချစ်သူနားက လုံးဝမခွာလိုက်တာ ရာသက်ပန်ပါပဲ။ အစာလည်း သူကိုယ်တိုင်ပဲ မိန်းမကိုရော ကလေးတွေကိုရော ရှာကျွေး ပါတယ်။ ပြောရရင် လင့်ဝတ္တရား ကျေပွန်လွန်းတယ်ပေါ့…

    ငှက်မဥဥဖို့ သစ်ခေါင်းကို အတူရှာကြတယ်။ အဖိုက အမကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့အရမ်းအလိုလိုက်တယ် ဂရုစိုက်တယ်။ အိပ်ရင်တောင်မှ ကိုယ်ချင်းကပ်ပြီး ငှက်မက သူ့ယောက်ျားရဲ့တောင်ပံကြားထဲ ခေါင်းလေးလျှိုပြီး အိပ်တယ်။ တွေးကြည့်ရင်ကို ကြည်နူးစရာ…

    သူတို့က သူတို့အိမ်ဖြစ်တဲ့ သစ်ခေါင်းကို သူတို့သဘာဝအရ သေချာရွေးတယ်။ တွေ့ပြီဆိုရင် ငှက်မက အမှိုက်တွေ၊ သစ်ရွက်တွေကို ကြမ်းပြင်မှာ ခင်းပြီး ညီနေအောင်လုပ်တယ်။ ပါကေးခင်းသလိုပေါ့။ အဲ့လိုအချိန်မှာ အဖိုကလည်းအရမ်းအလုပ်များတယ်။ သူကဘာလုပ်လဲဆိုတော့ တောင်ကျွန်း၊ မြောက်ကျွန်း အရှေ့ကျွန်း၊ အနောက်ကျွန်းစတဲ့ လေးကျွန်းမြေကို အခေါက်ခေါက်အခါခါ ကိုက်ချီသယ်ဆောင်ပြီး ခုနက ငှက်မပါကေးခင်းတဲ့နေရာကို ယူလာပေးရတယ်။ အဲ့လိုပုံစံနဲ့ သူတို့ရဲ့မီးနေခန်းကို ပြုပြင်ကြတယ်။ နောက်ပြီး အဲ့ဒီလေးကျွန်းမြေကလည်း အင်မတန် ဆေးဖက်ဝင်တယ်တဲ့…

    လေးကျွန်းမြေရှာပြီးတော့လည်း အဖိုရဲ့တာဝန်က မပြီးသေးဘူး။ ဘာလုပ်ရသေးလဲဆိုတော့ သစ်စေးအမျိုးမျိုးကို ပတ်ရှာရသေးတယ်။ ရှာပြီးတော့မှ ငှက်မက အတွင်းကနေ ငှက်ဖိုက အပြင်ကနေပြီး အဲ့ဒီ သစ်စေးတွေနဲ့ သူတို့ရဲ့အသိုက်ကို အင်္ဂတေကိုင်ရတယ်။ အဲ့ဒီမှာ ငှက်မရဲ့နှုတ်သီးထွက်ရုံအပေါက်တစ်ပေါက်ပဲချန်ထားတော့တယ် ငှက်မလည်း ထွက်မရ ငှက်ထီးလည်း ဝင်မရ…ဒါသည် သူတို့ သားပေါက် သည်အထိပဲ…

    အဲ့ဒီတော့ ငှက်မ သစ်ခေါင်းထဲမှာ ရှိနေသမျှ ကာလပတ်လုံး အစာရှာကျွေးရဖို့ တာဝန်သည် လုံးဝငှက်ထီးပဲ။ အဲ့ဒီလိုပဲ သားပေါက်လာရင်လည်း သားသမီးအတွက်ရော မယားအတွက်ပါ ရှာကျွေးပေးတော့ပဲ။ အထဲက မထွက်မချင်း အဖိုက အစာကို နှုတ်သီးနဲ့ချီတယ်။ ရေကို သူ့မှာအပိုပါတဲ့အမောက်ထဲကို ထည့်တယ်။ အဲ့ဒီအမောက်ထဲက ရေလှောင်ကန်လို ဖြစ်နေတော့ မိန်းမအတွက်ရော သားသမီးအတွက်ရော ရေကမပူရဘူး။ အဲ့ဒီလိုမျိုး အစာနဲ့ရေကို သယ်သယ်ပြီးမိန်းမနဲ့ ကလေးတွေဆီကို ပြေးရလွှားရတာ အဖိုတွေမှာ တစ်နေ့ကို အကြိမ် ၆ဝ၊ ၇ဝ လောက် လွန်းထိုးနေရတာပါ ဘယ်လောက်ချစ်လဲ စဉ်းစား သာကြည့်…

    အဲ့ဒီမှာ အဖိုက သူခုနက သစ်စေးတွေနဲ့ အပြင်ကနေ အင်္ဂတေကိုင်ထားတဲ့နေရာမှာ သူ့အမှတ်အသားနဲ့ သူကိုင်ထားတယ်။ ဖြစ်သလို လုပ်ထားတာမဟုတ်ဘူး။ ဘာလို့အဲ့လိုလုပ်လဲဆိုတော့ သူမရှိတုန်း တခြားတစ်ကောင်က သူ့မိန်းမကို လာကြောင်မှာစိုးလို့ ။စိတ်မချလို့။ အဲ့လိုလုပ်ထားတာ ဒါမှ တခြားတစ်ကောင် သူ့မိန်းမကို အစာလာကျွေး၊ ရေလာတိုက်နဲ့ လာလုံးရင်သူသိမှာလေ…

    အဲ့လိုပဲ အထဲက အမကလည်း အပြင်က သူ့ယောက်ျား သူ့ဆီကို ပေါ်မလာဘဲ နည်းနည်းကြာနေရင် စိတ်ကပူပြီ။ငါ့ယောက်ျား တခြားငှက်မနဲ့များ သွားကြူနေလားဆိုပြီး အထဲကနေ အသဲကွဲပြီ။ အဲ့ဒီတော့ ငှက်ဖိုကလည်း အချိန်မှန်ရတယ်။ ပြီးတော့ ငှက်ဖိုကလည်း သူ့အမှတ်အသားတွေကို နေ့စဉ်စစ်တယ်…ပျက်နေလို့ကတော့ အစာလည်းမကျွေးတော့ဘူး ရေလည်းမတိုက်ဘူး သူလည်းသတ်သေတာပဲ…

    အဖိုကလည်း တစ်နေ့တစ်နေ့ အခေါက် ၆ဝ၊ ၇ဝ လောက် သူ့မိန်းမကို အစာကျွေး ရေတိုက်လုပ်ရတာကို နည်းနည်းမှ စိတ်မပျက်ဘူး ပျော်နေတာ။ ဒီလိုနဲ့ သူတို့သီရိဂေဟာလေးမှာ ကလေးတွေ မွေးလာ တယ်။ အဲ့ဒီမှာ အချိန်တန်တော့ သူ့တို့သစ်စေးတွေနဲ့ အင်္ဂတေကိုင်ထားတဲ့ အပေါက်ကို ဝိုင်းခွာကြတယ်။ ပွင့်လည်းသွားရော ငှက်ဖိုကြီးမှာ သူ့မိန်းမ မီးနေသည်ကို ကြည့်ပြီး ကရုဏာ သက်ရပြန်ရော…

    ဘာလို့လဲဆိုတော့ သူ့မိန်းမမှာ အမွှေးတွေ အတောင်တွေ မရှိတော့ဘူးလေ။ ကိုယ်တုံးလုံးဖြစ်နေပြီ ကလေးတွေလိုပဲ အထဲမှာ လနဲ့ချီပြီး နေခဲ့ရတာကို ပျံလည်းမပျံနိုင်သေးဘူး အညောင်းမိနေလို့။ အဲ့တော့ တစ်ခါ ငှက်ဖိုကြီးမှာ မိန်းမနဲ့ ကလေးတွေ အတောင်စုံပြီး ပျံနိုင်တဲ့အထိ မမောမပန်းနဲ့ ရှာကျွေးရပြန်ရော။ ဒါသူ့ဝတ္တရားကိုး။ ကဲ…ဒီတော့ ကိုယ့်ရည်းစားတွေကို စိန်ခေါ်လိုက်ကြစမ်းပါဦး အောက်ချင်းငှက်လို ချစ်ရဲလားဟေ့လို့…

    Credit – Wai Phyo Maung

  • ယာဥ္တိုက္မႈ အမွားအမွန္ဆံုးျဖတ္ပံုမ်ား

    [Zawgyi version]

    သိထားသင့္တဲ့ ယာဥ္တိုက္မႈ(၁၀)မ်ဳိးႏွင့္ သိသင့္ေသာ အမွားအမွန္ဆံုးျဖတ္ပံု

    (၁) *ရပ္ထားေသာယာဥ္ကို ဝင္ေရာက္တိုက္မိျခင္း*

    ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္ေရာက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္ အမွားပဲျဖစ္ပါတယ္။ ဒါေပမယ့္ ညအခ်ိန္ အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားဘဲ လမ္းမေပၚ ရပ္ထားခဲ့မယ္။ အႏၲရာယ္ မျဖစ္ႏိုင္ေအာင္ သတိေပးမယ့္သူ ရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိႏိုင္ပါတယ္။

    (၂) *ေရွ႕ယာဥ္အားေနာက္ယာဥ္မွ ဝင္ေရာက္တိုက္မိျခင္း*

    ေနာက္ကယာဥ္မွာ တာဝန္ရွိပါတယ္။ ဒီေနရာမွာ တခ်ဳိ႕ကေျပာၾကပါတယ္။ ေရွ႕ယာဥ္က ႐ုတ္တရက္ ဘရိတ္အုပ္လို႔ တိုက္ရတာပါလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ယာဥ္သြားလာမႈ စည္းကမ္းနည္းဥပေဒ၁၄၅မွာ ေရွ႕ယာဥ္ ႐ုတ္တရက္ရပ္တန္႔လွ်င္ ေနာက္မွယာဥ္သည္ ထိခိုက္မႈမျဖစ္ေစရန္ သင့္ေလ်ာ္ေသာ အကြာအေဝးမွ လိုက္ရမည္လို႔ ေဖာ္ျပထားပါတယ္။ သင့္ေလ်ာ္ေသာအကြာအေဝး ဆိုတာကေတာ့ ပံုေသမရွိႏိုင္ပါဘူး။ ေရွ႕ယာဥ္အရွိန္ မ်ားရင္မ်ားသလို အရွိန္နည္းရင္နည္းသလို ထိခိုက္မႈမရွိပဲ ရပ္တန္႔ႏိုင္မယ့္ အကြာအေဝးကို ခ်ိန္ဆေမာင္းႏွင္ရမွာပါ။ အဲ့ဒီအတြက္ ေရွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္ လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္ အေၾကာင္းတစံုရာေၾကာင့္ ရပ္တန္႔ခ်ိန္မွာ ေနာက္ယာဥ္သည္လည္း ထိခိုက္မႈမရွိေအာင္ ရပ္တန္႔ႏိုင္ရပါမယ္။ ဖရီးေၾကာလို႔ေခၚတဲ့ ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာ၊ တည့္ေၾကာမွာတိုက္ရင္ေတာ့ ေရွ႕ယာဥ္အမွားျဖစ္ပါတယ္။ လမ္းၫႊန္အမွတ္အသားကို လိုက္နာျခင္းမရွိတဲ့ အတြက္ပါ။

    (၃) *လမ္းဆံုတြင္ယာဥ္(၂)စီးတိုက္ျခင္း*

    မိန္းလမ္းမႀကီးနဲ႔ လမ္းသြယ္ဆိုရင္ေတာ့ လမ္းသြယ္ယာဥ္ရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ နည္းဥပေဒ ၁၄၉(ခ)အရ လမ္းမႀကီးမွ ယာဥ္သည္ ဦးစားေပးရတဲ့အတြက္ပါ။ တကယ္လို႔ တူညီလမ္းဆံုမွာဆိုရင္ေတာ့ နည္းဥပေဒ ၁၄၉(က)အရ လက္ယာဘက္ယာဥ္သည္ ဦးစားေပးရပါတယ္။တူညီလမ္းဆံုသို႔ ယာဥ္(၂)စီး တၿပိဳင္တည္း ေရာက္ရွိလွ်င္ ဦးစြာေရာက္ရွိေသာယာဥ္ကို ဦးစားေပးရမည္ျဖစ္ၿပီး တခ်ိန္တည္း ေရာက္ရွိလွ်င္ လက္ယာဘက္ယာဥ္ကို ဦးစားေပးရမည္လို႔ သတ္မွတ္ထားတဲ့အတြက္ပါ။

    (၄) *လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း*

    ဒါကေတာ့ ယာဥ္(၂)စီးလံုးမွာ တာဝန္ရွိပါတယ္။ လက္ယာကပ္ေမာင္း စနစ္ျဖစ္တဲ့ ဒီႏိုင္ငံမွာ သာမန္အားျဖင့္ မည္သည့္ယာဥ္မဆို လက္ယာကပ္ေမာင္းရမွာ ျဖစ္တဲ့အတြက္ပါ။ နည္းဥပေဒ ၁၄၁မွာလည္း ေဖာ္ျပထားပါတယ္။ အျမန္လမ္းေတြလို ယာဥ္ေၾကာ(၃)ေၾကာရွိတဲ့လမ္းဆို လက္ဝဲဘက္အစြန္းေၾကာသည္ ေက်ာ္တက္ရန္ႏွင့္ အျမန္ေမာင္းႏွင္ရန္မွာသာ အသံုးျပဳရမွာ ျဖစ္ပါတယ္။

    (၅) *T ပံုသ႑န္လမ္းဆံုတြင္ တိုက္မိျခင္း*

    Tလမ္းဆံုမွာ တိုက္ရင္လည္း လမ္းမေပၚ ေကြ႕ထြက္တဲ့ယာဥ္က အမွားပဲ ျဖစ္ပါတယ္။

    (၆) *တည့္ယာဥ္ႏွင့္ဝဲဘက္သို႔ ‘ဂ’ေကြ႕ေကြ႕ေသာယာဥ္တိုက္မိျခင္း*

    နည္းဥပေဒ ၁၄၈ နဲ႔ ၁၅၀အရ တည့္တည့္လာေနတဲ့ ယာဥ္မရွင္းပဲ ေကြ႕တဲ့ယာဥ္က အမွားပဲျဖစ္ပါတယ္။ ”လြတ္မယ္ထင္လို႔ေကြ႕တာပါ” တို႔ ”ေရွ႕က တည့္တည့္လာတဲ့ ယာဥ္ကအရွိန္မ်ားတာ” တို႕ ေျပာတက္ၾကပါတယ္။ ဘယ္လိုပဲေျပာေျပာ ရွင္းရမွာပါပဲ။

    (၇) *လမ္းေျပာင္းျပန္ေက်ာ္တက္၍ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း*

    နည္းဥပေဒ ၁၄၆အရေရွ႕မွ မ်က္ႏွာျခင္းဆိုင္လာေသာ ယာဥ္မရွင္းဘဲ လမ္းေျပာင္းျပန္ ေက်ာ္တက္တက္တဲ့ ယာဥ္မွာ တာဝန္ရွိပါတယ္။

    (၈)*ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္ျခင္း*

    လက္ဝဲဘက္မွေက်ာ္တက္ပြတ္တိုက္မိသည့္ယာဥ္သာ အမွားျဖစ္ပါတယ္။

    (၉) *အဝိုင္းတြင္ယာဥ္(၂)စီး တိုက္မိျခင္း။*

    နည္းဥပေဒ၁၄၉အရ အဝိုင္းပတ္ေနတဲ့ယာဥ္သာ အမွန္ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္ ဦးစားေပးရမွာ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္ေတြကပဲ ရပ္ေပးေနတာကို ျမင္ေနရပါတယ္။ရန္ကုန္ၿမိဳ႕က ဦးေထာင္ဘို/ဟံသာဝတီအဝိုင္းလိုမ်ဳိး ေနျပည္ေတာ္ၾကာပန္းအဝိုင္းလိုမ်ဳိး အဝိုင္းႀကီးေတြမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္အခ်င္းခ်င္း တိုက္မိရင္ေတာ့ လက္ဝဲဘက္ အတြင္းေၾကာကယာဥ္ အမွန္ျဖစ္ပါတယ္။

    (၁၀) *ယာဥ္မွလူကိုတိုက္ျခင္း*

    စက္တပ္ယာဥ္နဲ႔လူ တိုက္မိၿပီဆိုရင္ေတာ့ စက္တပ္ယာဥ္သာ အမွားျဖစ္ပါတယ္။ ေျပာစရာေတာင္ မလိုေလာက္ပါဘူး။

    ယာဥ္တိုက္မႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ယာဥ္ေမာင္းႏွင္သူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ရယ္ ယာဥ္ရဲ႕စက္ပစၥည္း ခ်ဳိ႕ယြင္းမႈေၾကာင့္ရယ္ လမ္းအသံုးျပဳသူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေတြေၾကာင့္ အျဖစ္မ်ားၾကပါတယ္။ ဒါကေတာ့ ကြ်န္ေတာ္ မွတ္ထားသေလာက္ကို ျပန္ေဝမွ်ေပးတာပါ။ အမွားပါေကာင္း ပါႏိုင္္ပါတယ္။ တက္သိနားလည္ေသာ ဆရာမ်ားမွ အမွားဝင္ေရာက္ ေထာက္ျပႏိုင္ပါတယ္။

    Credit – BO WIN

    [Unicode version]

    သိထားသင့်တဲ့ ယာဉ်တိုက်မှု(၁၀)မျိုးနှင့် သိသင့်သော အမှားအမှန်ဆုံးဖြတ်ပုံ

    (၁) *ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း*

    ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ် အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန် အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ် ရပ်ထားခဲ့မယ်။ အန္တရာယ် မဖြစ်နိုင်အောင် သတိပေးမယ့်သူ ရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။

    (၂) *ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း*

    နောက်ကယာဉ်မှာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ တချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့ တိုက်ရတာပါလို့ ပြောကြပါတယ်။ ဒါပေမယ့် ယာဉ်သွားလာမှု စည်းကမ်း နည်းဥပဒေ၁၄၅မှာ ရှေ့ယာဉ် ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သော အကွာအဝေးမှ လိုက်ရမည်လို့ ဖော်ပြထားပါတယ်။ သင့်လျော်သောအကွာအဝေး ဆိုတာကတော့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန် များရင်များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့် အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော၊ တည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်းမရှိတဲ့ အတွက်ပါ။

    (၃) *လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း*

    မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ နည်းဥပဒေ ၁၄၉(ခ)အရ လမ်းမကြီးမှ ယာဉ်သည် ဦးစားပေးရတဲ့အတွက်ပါ။ တကယ်လို့ တူညီလမ်းဆုံမှာဆိုရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာဘက်ယာဉ်သည် ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့ ယာဉ်(၂)စီး တပြိုင်တည်း ရောက်ရှိလျှင် ဦးစွာရောက်ရှိသောယာဉ်ကို ဦးစားပေးရမည်ဖြစ်ပြီး တချိန်တည်း ရောက်ရှိလျှင် လက်ယာဘက်ယာဉ်ကို ဦးစားပေးရမည်လို့ သတ်မှတ်ထားတဲ့အတွက်ပါ။

    (၄) *လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း*

    ဒါကတော့ ယာဉ်(၂)စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်း စနစ်ဖြစ်တဲ့ ဒီနိုင်ငံမှာ သာမန်အားဖြင့် မည်သည့်ယာဉ်မဆို လက်ယာကပ်မောင်းရမှာ ဖြစ်တဲ့အတွက်ပါ။ နည်းဥပဒေ ၁၄၁မှာလည်း ဖော်ပြထားပါတယ်။ အမြန်လမ်းတွေလို ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆို လက်ဝဲဘက်အစွန်းကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်ရန်မှာသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

    (၅) *T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း*

    Tလမ်းဆုံမှာ တိုက်ရင်လည်း လမ်းမပေါ် ကွေ့ထွက်တဲ့ယာဉ်က အမှားပဲ ဖြစ်ပါတယ်။

    (၆) *တည့်ယာဉ်နှင့်ဝဲဘက်သို့ ‘ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း*

    နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀အရ တည့်တည့်လာနေတဲ့ ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်က အမှားပဲဖြစ်ပါတယ်။ ”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့ ”ရှေ့က တည့်တည့်လာတဲ့ ယာဉ်ကအရှိန်များတာ” တို့ ပြောတက်ကြပါတယ်။ ဘယ်လိုပဲပြောပြော ရှင်းရမှာပါပဲ။

    (၇) *လမ်းပြောင်းပြန်ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း*

    နည်းဥပဒေ ၁၄၆အရရှေ့မှ မျက်နှာခြင်းဆိုင်လာသော ယာဉ်မရှင်းဘဲ လမ်းပြောင်းပြန် ကျော်တက်တက်တဲ့ ယာဉ်မှာ တာဝန်ရှိပါတယ်။

    (၈)*ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း*

    လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်ယာဉ်သာ အမှားဖြစ်ပါတယ်။

    (၉) *အဝိုင်းတွင်ယာဉ်(၂)စီး တိုက်မိခြင်း။*

    နည်းဥပဒေ၁၄၉အရ အဝိုင်းပတ်နေတဲ့ယာဉ်သာ အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ် ဦးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ ယာဉ်တွေကပဲ ရပ်ပေးနေတာကို မြင်နေရ ပါတယ်။ရန်ကုန်မြို့က ဦးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး နေပြည်တော်ကြာပန်းအဝိုင်းလိုမျိုး အဝိုင်းကြီးတွေမှာ အဝိုင်းပတ်နေတဲ့ ယာဉ်အချင်းချင်း တိုက်မိရင်တော့ လက်ဝဲဘက် အတွင်းကြောကယာဉ် အမှန်ဖြစ်ပါတယ်။

    (၁၀) *ယာဉ်မှလူကိုတိုက်ခြင်း*

    စက်တပ်ယာဉ်နဲ့လူ တိုက်မိပြီဆိုရင်တော့ စက်တပ်ယာဉ်သာ အမှားဖြစ်ပါတယ်။ ပြောစရာတောင် မလိုလောက်ပါဘူး။

    ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ ယာဉ်မောင်းနှင်သူများရဲ့ ပေါ့လျော့မှုကြောင့်ရယ် ယာဉ်ရဲ့စက်ပစ္စည်း ချို့ယွင်းမှုကြောင့်ရယ် လမ်းအသုံးပြုသူများရဲ့ ပေါ့လျော့မှုတွေကြောင့် အဖြစ်များကြပါတယ်။ ဒါကတော့ ကျွန်တော် မှတ်ထားသလောက်ကို ပြန်ဝေမျှပေးတာပါ။ အမှားပါကောင်း ပါနိုင်ပါတယ်။ တက်သိနားလည်သော ဆရာများမှ အမှားဝင်ရောက် ထောက်ပြနိုင်ပါတယ်။

    Credit – BO WIN

  • မိမိကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို စစ်ဆေးမလဲ

    [Zawgyi version]

    ကား ဆီအရမ္းစားေနၿပီဆိုရင္ ဘာေတြကို စစ္ေဆးမလဲ

    ေမာ္ေတာ္ကားေတြရဲ႕ ဆီစားႏႈန္း သက္သာေအာင္ ရည္႐ြယ္ၿပီး အင္ဂ်င္အေသးစား တပ္ဆင္ထားတဲ့ ေမာ္ဒယ္ေတြကို အသုံးျပဳမႈမ်ားေနေပမယ့္ အသုံးျပဳ ေမာင္းႏွင္မႈ နည္းစနစ္ မက်တဲ့အခါ ဆီအရမ္းစားလာပါတယ္။ အဲဒီလို ဆီအရမ္း စားလာတဲ့အခါ မိမိရဲ႕ ကားကို ျပန္လည္ စစ္ေဆးဖို႔လိုတာမို႔ ဘယ္လို အခ်က္ေတြကို စစ္ေဆးရမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

    ၁ – Plug မေကာင္းတဲ့အတြက္ အင္ဂ်င္ေပါက္ကြဲခ်က္ မမွန္ဘဲ ဆီစားမ်ားေစႏိုင္ပါတယ္။ ဒါဟာ စြမ္းအင္ ထြက္ရွိမႈ မမွန္တာေၾကာင့္ ဆီပိုမို အသုံးျပဳ ေမာင္းႏွင္ရေစတာလည္း ျဖစ္ပါတယ္။ ဒီအတြက္ Plugကို ကီလို ၁၅၀၀ ေမာင္းႏွင္ ၿပီးတိုင္း ျဖစ္ေစ၊ တလတခါျဖစ္ေစ အနည္းဆုံး စစ္ေဆး လဲလွယ္သင့္ပါတယ္။

    ၂ – Air-Conလို အသုံးျပဳမႈေတြေၾကာင့္ အင္ဂ်င္ကို ပိုမို လည္ပတ္႐ုန္းကန္ေစတဲ့အတြက္ ဆီစားမ်ား ေစႏိုင္ပါတယ္။ သူကေတာ့ ခရီးေဝး ေမာင္းႏွင္မႈေတြမွာ ေလေအးေပးစနစ္ကို ပိတ္ၿပီး ေမာင္းႏွင္တာ အေကာင္းဆုံး ျဖစ္ၿပီး ၿမိဳ႕တြင္းသုံးမွာေတာ့ သိပ္မသိသာလွပါဘူး။

    ၃ – မွန္ကန္တဲ့ ဂီယာခ်က္ ေျပာင္းလဲ အသုံးျပဳမႈ မရွိတဲ့အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။ Manualမွာေတာ့ ဂီယာခ်က္ ေျပာင္းလဲ အသုံးျပဳမႈ မွားစရာမရွိေပမယ့္ Autoမွာေတာ့ လူအမ်ားစုက D တစ္ခုတည္းကိုပဲ အသုံးျပဳ ေမာင္းႏွင္ေလ့ ရွိတာမ်ိဳးက လိုအပ္သလို ေျပာင္းလဲ အသုံးျပဳ ေမာင္းႏွင္မႈ အားနည္းေစတာ ျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ လိုအပ္သည္ထက္ အင္ဂ်င္က ပိုမို ႐ုန္းကန္ရတာေတြ ရွိလာတတ္ၿပီး ဆီစားမ်ား ေစႏိုင္ပါတယ္။

    ၄ – အရည္အေသြးျပည့္ မရွိေတာ့တဲ့ အင္ဂ်င္ဝိုင္ (သက္တမ္းလြန္)ေနတဲ့ အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။ အင္ဂ်င္ရဲ႕ ေသြးလို႔ ဆိုႏိုင္မယ့္ အင္ဂ်င္ဝိုင္ကို အၿမဲစစ္ေဆး၊ လဲလွယ္စီးနင္းဖို႔ သင့္ပါတယ္။ Plug စစ္ေဆးခ်ိန္တိုင္း တခါတည္း စစ္ေဆးလဲလွယ္သင့္ပါတယ္။

    ၅ – ဝန္ပိုတင္ေဆာင္ေမာင္းႏွင္တဲ့ အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။ အင္ဂ်င္ကို မႏိုင္ဝန္ ထမ္းေစတာေၾကာင့္ စြမ္းအင္ထုတ္လုပ္ရမႈ ပိုမ်ားေစၿပီး ဆီစားမ်ားေစတာ ျဖစ္ပါတယ္။

    ၆ – ေလေပါင္ခ်ိန္ မျပည္တဲ့ ဘီးေတြနဲ႔ ေမာင္းႏွင္မႈေၾကာင့္ ဆီစားမ်ားေစႏိုင္ပါတယ္။ သတ္မွတ္ေလေပါင္ခ်ိန္ မျပည့္ပါက ကားရဲ႕ ေျပးအားက်သြားေစတာေၾကာင့္ အင္ဂ်င္ကို ပိုမို ႐ုန္းကန္ရေစႏိုင္တာ ျဖစ္ပါတယ္။

    ၇ – အင္ဂ်င္အ႐ြယ္ႀကီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ႔အထက္) ေမာ္ဒယ္ေတြ အေနနဲ႔ ပြိဳင့္မိေနတဲ့ အခ်ိန္မ်ိဳးေတြမွာပါ အင္ဂ်င္ႏႈိးထားျခင္းက သိသာတဲ့ ဆီစားမ်ားျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ သူကေတာ့ ပြိဳင့္ႀကီးေတြမွာ အခ်ိန္ၾကာ မိေနတာမ်ိဳးေတြ အတြက္ စက္သတ္ထားတဲ့ ပုံစံမ်ိဳး လုပ္ေဆာင္သင့္တဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

    Credit – လင္းထက္(IA) ဧရာဝတီ, The Irrawaddy-Burmese Edition

    [Unicode version]

    ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို စစ်ဆေးမလဲ

    မော်တော်ကားတွေရဲ့ ဆီစားနှုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ်တွေကို အသုံးပြုမှုများနေပေမယ့် အသုံးပြု မောင်းနှင်မှု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။ အဲဒီလို ဆီအရမ်း စားလာတဲ့အခါ မိမိရဲ့ ကားကို ပြန်လည် စစ်ဆေးဖို့လိုတာမို့ ဘယ်လို အချက်တွေကို စစ်ဆေးရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

    ၁ – Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀ မောင်းနှင် ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလှယ်သင့်ပါတယ်။

    ၂ – Air-Conလို အသုံးပြုမှုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့အတွက် ဆီစားများ စေနိုင်ပါတယ်။ သူကတော့ ခရီးဝေး မောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမှာတော့ သိပ်မသိသာလှပါဘူး။

    ၃ – မှန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မရှိတဲ့အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမှာတော့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိပေမယ့် Autoမှာတော့ လူအများစုက D တစ်ခုတည်းကိုပဲ အသုံးပြု မောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။

    ၄ – အရည်အသွေးပြည့် မရှိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလှယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါတယ်။

    ၅ – ဝန်ပိုတင်ဆောင်မောင်းနှင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်းအင်ထုတ်လုပ်ရမှု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။

    ၆ – လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။

    ၇ – အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမှာပါ အင်ဂျင်နှိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူကတော့ ပွိုင့်ကြီးတွေမှာ အချိန်ကြာ မိနေတာမျိုးတွေ အတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

    Credit – လင်းထက်(IA) ဧရာဝတီ, The Irrawaddy-Burmese Edition

  • အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိပ္ေျပာင္ခ်င္ေနတဲ့ သူေတြအတြက္ ဆံပင္ျပန္ေပါက္ေစတဲ့ ေဆးၿမီးတိုေလးေတြ

    [Zawgyi Version]
    ဆံပင္ဆိုတာ လူသားတိုင္းရဲ႕ ေခါင္းထက္မွာေနတာဆိုေတာ့ အလြန္အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုပါပဲ။ ဆံပင္ အနည္းအမ်ားနဲ႔ ဆံပင္ပုံစံဟာ မ်က္ႏွာကိုလည္း အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆံပင္ေတြကြၽတ္ၿပီး ထိပ္ေျပာင္ခ်င္ေနတဲ့ ဦးေျပာင္ရွင္းေတြအတြက္ သဘာဝအတိုင္း ဆံပင္ျပန္ေပါက္ေစတဲ့ ေဆးၿမီးတိုေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

    ၁။ ႏွိပ္နယ္ျခင္း

    ဦးေရျပားကိုႏွိပ္နယ္ေပးျခင္းက ထိပ္ေျပာင္ခ်င္ေနတဲ့ ကိုကိုတို႔အတြက္ ဆံပင္ျပန္ေပါက္လာေစဖို႔ ကူညီေပးႏိုင္ပါတယ္။ အက်ိဳးအာနိသင္ ပိုမိုေကာင္းမြန္ေစဖို႔ အတြက္ေတာ့ ဆီေတြ၊ ေဆးၿမီးတိုေတြနဲ႔ ႏွိပ္ေပးတာ ပိုေကာင္းပါတယ္။ ဒီလိုလုပ္ေပးျခင္းျဖင့္ ဦးေရျပားဆဲလ္ေတြကို ႏႈိးဆြေပးၿပီး ဆံသား ျပန္လည္ထူထပ္လာေစႏိုင္ပါတယ္။ ေန႔စဥ္ေန႔တိုင္း မိမိရဲ႕ဦးေရျပားကို ႏွိပ္နယ္ေပးဖို႔အတြက္ အခ်ိန္တစ္ခုေပးျခင္းက စိတ္ဖိစီးမႈနဲ႔ စိတ္တင္းၾကပ္မႈကိုလည္း ေလ်ာ့က်ေစပါတယ္။ အဓိက ကေတာ့ ႏွိပ္နယ္ေပးျခင္းမွာ ထည့္သြင္းလိုက္တဲ့ ဖိအားေတြက ဆံပင္ျပန္ေပါက္ေစဖို႔နဲ႔ ဆံသားျပန္လည္ထူထပ္လာေစဖို႔ ကူညီေပးႏိုင္ပါတယ္။

    ၂။ ရွားေစာင္းလက္ပတ္

    ရွားေစာင္းလက္ပတ္ကို ဆံပင္နဲ႔ဆိုင္တဲ့ ထုတ္ကုန္ပစၥည္းေတြမွာ အသုံးျပဳေနတာ ၾကာပါၿပီ။ ရွားေစာင္းလက္ပတ္ဟာ ဆံပင္ေလ်ာ့နည္းျခင္း ျပႆနာကို ေျဖရွင္းေပးႏိုင္႐ုံသာမက ဦးေရျပားကိုလည္း ေခ်ာေမြ႕ ေစပါတယ္။ ဒါတင္မက ရွားေစာင္းလက္ပတ္က ေဗာက္ေပ်ာက္ေစၿပီး အဆီပိုေတြေၾကာင့္ ပိတ္ဆို႔ေနတဲ့ ဆံပင္ေမႊးညႇင္းေပါက္ေလးေတြကိုလည္း ျပန္ပြင့္ေစပါတယ္။ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို လက္ဝါးထဲ ထည့္ၿပီး ဦးေရျပားနဲ႔ဆံပင္ေပၚမွာ တစ္ပတ္ကို (၃) (၄) ႀကိမ္ေလာက္ လိမ္းေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ ရွားေစာင္းလက္ပတ္ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ေတြ၊ ေပါင္းေဆးေတြကိုလည္း အသုံးျပဳႏိုင္ ပါတယ္။

    ၃။ အုန္းဆီ

    အုန္းဆီမွာပါဝင္တဲ့ ဖက္တီးအက္ဆစ္ေတြကေတာ့ ဦးေရျပား အေပၚယံလႊာကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ၿပီး ဆံပင္ေတြရဲ႕ ပ႐ိုတိန္းဓာတ္ ဆုံးရႈံးျခင္းကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အုန္းဆီကို ဆံသား အေျခအေနေပၚ မူတည္ၿပီး ေခါင္းမေလွ်ာ္ခင္နဲ႔ ေခါင္းေလွ်ာ္ၿပီးေနာက္ အသုံးျပဳႏိုင္ပါတယ္။ အုန္းဆီကို လက္ဝါးနဲ႔ထည့္ၿပီး ဦးေရျပားေပၚမွာ အရင္လိမ္းေပးပါ။ ၿပီးရင္ ႏွိပ္နယ္ေပးလိုက္မယ္ဆိုရင္ ရပါၿပီ။ အုန္းဆီကို ဆံပင္အုံထူေအာင္လုပ္ေပးႏိုင္တဲ့ ေဆးၿမီးတိုတစ္ခုအျဖစ္ အသိအမွတ္ျပဳထားတာက ဆံသား က်န္းမာေရး အတြက္ ေကာင္းမြန္ၿပီး ဆံပင္ေလးႏူးညံ့ေတာက္ေျပာင္ေနေအာင္ စြမ္းေဆာင္ႏိုင္လို႔ပါပဲ။ ဒီေဆးၿမီးတိုကို ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ ငယ္စဥ္ေတာင္ေက်းကေလးဘဝတည္းက ဂ်ဲလ္ေတြ၊ wax ေတြအစား ဆံပင္အလွကုန္တစ္မ်ိဳးအျဖစ္ အသုံးျပဳခဲ့ၾကတာပါ။

    ၄။ ငါးႀကီးဆီ

    အိုမီဂါ ဖက္တီးအက္ဆစ္ကိုမွီဝဲျခင္းက ခင္ဗ်ားရဲ႕ဆံပင္ကိုအတြင္းပိုင္းမွ ဖြံ႕ၿဖိဳးလာေအာင္ကူညီေပးႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ထဲမွာအာဟာရဓာတ္ေတြ၊ ပ႐ိုတိန္းဓာတ္ေတြ ႂကြယ္ဝစြာပါဝင္လို႔ပါပဲ။ ဒါေၾကာင့္ ငါးႀကီးဆီကို အားေဆးတစ္မ်ိဳးအျဖစ္သာမက ဆံသားထူထပ္လာေအာင္၊ ပိုမိုရွည္လ်ားလာေအာင္ ကူညီေပးႏိုင္တဲ့ အိုမီဂါ အားျဖည့္ဓာတ္ တစ္မ်ိဳးအျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။ အိုမီဂါဖက္တီး အက္ဆစ္ေတြက ဦးေရျပားဆဲလ္ေတြကို ေထာက္ကူေပးႏိုင္သလို ခုခံအားကိုလည္းျမႇင့္တင္ေပးတဲ့အတြက္ ဆံသားက်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။

    ၅။ ဂ်င္ဆင္း

    ဂ်င္ဆင္းအားေဆးေသာက္သုံးေပးျခင္းကလည္း ဆံပင္ေမႊးညႇင္းေပါက္ေလးေတြကို ႏႈိးဆြေပးၿပီး ဆံပင္ေတြကို ျပန္လည္ သန္စြမ္းလာေစႏိုင္ပါတယ္။ ဂ်င္ဆင္းေဆးျမစ္ထဲမွာပါဝင္တဲ့ဓာတ္ေတြဟာ လူ႔ခႏၶာကိုယ္ အစိတ္အပိုင္းေတြအတြက္ သာမက ဆံသားအတြက္လည္းေကာင္းမြန္တယ္လို႔ဆိုၾကပါတယ္။

    ၆။ ၾကက္သြန္နီေဖ်ာ္ရည္

    ၾကက္သြန္နီနံ႔ကိုခံႏိုင္တယ္ဆိုရင္ ျပန္ရရွိမယ့္အက်ိဳးေက်းဇူးေတြကေတာ့ ေတာ္ေတာ္မ်ားပါတယ္။ ၾကက္သြန္နီကို အခြံခြာၿပီး သစ္သီးေဖ်ာ္စက္ထဲမွာထည့္ေမႊၿပီးမွ အရည္ျပန္ညႇစ္လိုက္လို႔ရတဲ့အရည္ဟာ ၾကက္သြန္နီေဖ်ာ္ရည္ျဖစ္ပါတယ္။

    ၾကက္သြန္နီေဖ်ာ္ရည္ဟာ ဆံသားဖြံ႕ၿဖိဳးမႈကိုေထာက္ကူအားေပးႏိုင္သလို ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။ ၾကက္သြန္နီကိုႀကိတ္ၿပီး ညႇစ္လိုက္လို႔ရတဲ့ ၾကက္သြန္နီေဖ်ာ္ရည္နဲ႔ ဦးေရျပားနဲ႔ ဆံပင္ေပၚမွာ လိမ္းေပးၿပီး (၁၅) မိနစ္ေလာက္ ထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္ေလွ်ာ္ေပးလိုက္ပါ။

    ၇။ သံပုရာသီး

    သံပုရာသီးကိုညႇစ္လို႔ရတဲ့ သံပုရာရည္ကိုပဲျဖစ္ျဖစ္၊ သံပုရာဆီကိုပဲျဖစ္ျဖစ္ သုံးႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ (၂) မ်ိဳးလုံးက ဆံသားအရည္အေသြးနဲ႔အေရအတြက္ကို မ်ားျပားေစတယ္လို႔ အဆိုရွိလို႔ပါပဲ။ သံပုရာအဆီဟာဆိုရင္ ခင္ဗ်ားရဲ႕ ဦးေရျပားေလးကို က်န္းမာေနေစၿပီး ဆံပင္ကိုလည္းသန္စြမ္းထူထဲေစပါတယ္။ ဒါမွမဟုတ္ရင္လည္း သံပုရာရည္လတ္လတ္ဆတ္ဆတ္ကို ဦးေရျပားနဲ႔ဆံသားေပၚမွာ လိမ္းေပးၿပီး (၁၅) မိနစ္ေလာက္ထားေပးပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

    Credit: Duwun

    [Unicode version]
    ဆံပင်ဆိုတာ လူသားတိုင်းရဲ့ ခေါင်းထက်မှာနေတာဆိုတော့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဆံပင် အနည်းအများနဲ့ ဆံပင်ပုံစံဟာ မျက်နှာကိုလည်း အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်ချင်နေတဲ့ ဦးပြောင်ရှင်းတွေအတွက် သဘာဝအတိုင်း ဆံပင်ပြန်ပေါက်စေတဲ့ ဆေးမြီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

    ၁။ နှိပ်နယ်ခြင်း

    ဦးရေပြားကိုနှိပ်နယ်ပေးခြင်းက ထိပ်ပြောင်ချင်နေတဲ့ ကိုကိုတို့အတွက် ဆံပင်ပြန်ပေါက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ အကျိုးအာနိသင် ပိုမိုကောင်းမွန်စေဖို့ အတွက်တော့ ဆီတွေ၊ ဆေးမြီးတိုတွေနဲ့ နှိပ်ပေးတာ ပိုကောင်းပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဦးရေပြားဆဲလ်တွေကို နှိုးဆွပေးပြီး ဆံသား ပြန်လည်ထူထပ်လာစေနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း မိမိရဲ့ဦးရေပြားကို နှိပ်နယ်ပေးဖို့အတွက် အချိန်တစ်ခုပေးခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်တင်းကြပ်မှုကိုလည်း လျော့ကျစေပါတယ်။ အဓိက ကတော့ နှိပ်နယ်ပေးခြင်းမှာ ထည့်သွင်းလိုက်တဲ့ ဖိအားတွေက ဆံပင်ပြန်ပေါက်စေဖို့နဲ့ ဆံသားပြန်လည်ထူထပ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

    ၂။ ရှားစောင်းလက်ပတ်

    ရှားစောင်းလက်ပတ်ကို ဆံပင်နဲ့ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုနေတာ ကြာပါပြီ။ ရှားစောင်းလက်ပတ်ဟာ ဆံပင်လျော့နည်းခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက ဦးရေပြားကိုလည်း ချောမွေ့ စေပါတယ်။ ဒါတင်မက ရှားစောင်းလက်ပတ်က ဗောက်ပျောက်စေပြီး အဆီပိုတွေကြောင့် ပိတ်ဆို့နေတဲ့ ဆံပင်မွှေးညှင်းပေါက်လေးတွေကိုလည်း ပြန်ပွင့်စေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို လက်ဝါးထဲထည့်ပြီး ဦးရေပြားနဲ့ဆံပင်ပေါ်မှာ တစ်ပတ်ကို (၃) (၄) ကြိမ်လောက် လိမ်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရှားစောင်းလက်ပတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေကိုလည်း အသုံးပြုနိုင် ပါတယ်။

    ၃။ အုန်းဆီ

    အုန်းဆီမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်တွေကတော့ ဦးရေပြား အပေါ်ယံလွှာကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံပင်တွေရဲ့ ပရိုတိန်းဓာတ် ဆုံးရှုံးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အုန်းဆီကို ဆံသား အခြေအနေပေါ် မူတည်ပြီး ခေါင်းမလျှော်ခင်နဲ့ ခေါင်းလျှော်ပြီးနောက် အသုံးပြုနိုင်ပါတယ်။ အုန်းဆီကို လက်ဝါးနဲ့ထည့်ပြီး ဦးရေပြားပေါ်မှာ အရင်လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပေးလိုက်မယ်ဆိုရင် ရပါပြီ။ အုန်းဆီကို ဆံပင်အုံထူအောင်လုပ်ပေးနိုင်တဲ့ ဆေးမြီးတိုတစ်ခုအဖြစ် အသိအမှတ်ပြုထားတာက ဆံသား ကျန်းမာရေး အတွက် ကောင်းမွန်ပြီး ဆံပင်လေးနူးညံ့တောက်ပြောင်နေအောင် စွမ်းဆောင်နိုင်လို့ပါပဲ။ ဒီဆေးမြီးတိုကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ငယ်စဉ်တောင်ကျေးကလေးဘဝတည်းက ဂျဲလ်တွေ၊ wax တွေအစား ဆံပင်အလှကုန်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။

    ၄။ ငါးကြီးဆီ

    အိုမီဂါ ဖက်တီးအက်ဆစ်ကိုမှီဝဲခြင်းက ခင်ဗျားရဲ့ဆံပင်ကိုအတွင်းပိုင်းမှ ဖွံ့ဖြိုးလာအောင်ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာအာဟာရဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ။ ဒါကြောင့် ငါးကြီးဆီကို အားဆေးတစ်မျိုးအဖြစ်သာမက ဆံသားထူထပ်လာအောင်၊ ပိုမိုရှည်လျားလာအောင် ကူညီပေးနိုင်တဲ့ အိုမီဂါ အားဖြည့်ဓာတ် တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိုမီဂါဖက်တီးအက်ဆစ်တွေက ဦးရေပြားဆဲလ်တွေကို ထောက်ကူပေးနိုင်သလို ခုခံအားကိုလည်းမြှင့်တင်ပေးတဲ့အတွက် ဆံသားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

    ၅။ ဂျင်ဆင်း

    ဂျင်ဆင်းအားဆေးသောက်သုံးပေးခြင်းကလည်း ဆံပင်မွှေးညှင်းပေါက်လေးတွေကို နှိုးဆွပေးပြီး ဆံပင်တွေကို ပြန်လည် သန်စွမ်း လာစေနိုင်ပါတယ်။ ဂျင်ဆင်းဆေးမြစ်ထဲမှာပါဝင်တဲ့ဓာတ်တွေဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက် သာမက ဆံသားအတွက်လည်းကောင်းမွန်တယ်လို့ဆိုကြပါတယ်။

    ၆။ ကြက်သွန်နီဖျော်ရည်

    ကြက်သွန်နီနံ့ကိုခံနိုင်တယ်ဆိုရင် ပြန်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ တော်တော်များပါတယ်။ ကြက်သွန်နီကို အခွံခွာပြီး သစ်သီးဖျော်စက်ထဲမှာထည့်မွှေပြီးမှ အရည်ပြန်ညှစ်လိုက်လို့ရတဲ့အရည်ဟာ ကြက်သွန်နီဖျော်ရည်ဖြစ်ပါတယ်။

    ကြက်သွန်နီဖျော်ရည်ဟာ ဆံသားဖွံ့ဖြိုးမှုကိုထောက်ကူအားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါ တယ်။ ကြက်သွန်နီကိုကြိတ်ပြီး ညှစ်လိုက်လို့ရတဲ့ ကြက်သွန်နီဖျော်ရည်နဲ့ ဦးရေပြားနဲ့ ဆံပင်ပေါ်မှာ လိမ်းပေးပြီး (၁၅) မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးလိုက်ပါ။

    ၇။ သံပုရာသီး

    သံပုရာသီးကိုညှစ်လို့ရတဲ့ သံပုရာရည်ကိုပဲဖြစ်ဖြစ်၊ သံပုရာဆီကိုပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၂) မျိုးလုံးက ဆံသားအရည်အသွေးနဲ့အရေအတွက်ကို များပြားစေတယ်လို့ အဆိုရှိလို့ပါပဲ။ သံပုရာအဆီဟာဆိုရင် ခင်ဗျားရဲ့ ဦးရေပြားလေးကို ကျန်းမာနေစေပြီး ဆံပင်ကိုလည်းသန်စွမ်းထူထဲစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ဦးရေပြားနဲ့ဆံသားပေါ်မှာ လိမ်းပေးပြီး (၁၅) မိနစ်လောက်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ပေးလိုက်ပါ။

    Credit: Duwun

  • မနက္ေစာေစာစီးစီး မွာ ဘာေတြ စားၾကမလဲ

    မနက္ေစာေစာစီးစီး မွာ ဘာေတြ စားၾကမလဲ

    ကြ်န္ေတာ္တို႔ေျပာေျပာေနတဲ့ ‘မနက္စာကို ဘုရင္လိုစား’ ဆိုတဲ့ အတိုင္း အခုေနာက္ပိုင္း လူေတာ္ေတာ္ မ်ားမ်ား က မနက္စာကို သတိထားစားလာၾကပါတယ္။ ေကာင္းေကာင္းစား ဆိုေပမယ့္ ကယ္လိုရီ ကန္႔သက္ခ်က္ေလးနဲ႔ေတာ့ စားဖို႔လိုပါတယ္။ မနက္စာကို ကယ္လိုရီ ၄၀၀-၅၀၀ စားေပးဖို႔လိုပါတယ္။

    ျမန္မာ့အစားအစာ ေတြ ျဖစ္တဲ့ မုန္႔ပာင္းခါး၊ အုန္းႏို႔ေခါက္ဆြဲ၊ အသုပ္စံု စတာေတြ ကို ရံဖန္ရံခါ စားလို႔ရပါတယ္။ အၿမဲတမ္းေတာ့ စားလို႔ အဆင္မေျပပါဘူး။ အခ်ိဳမွဳန္႔ေတြ ဆီေတြ အရမ္းမ်ားတဲ့ အတြက္ေၾကာင့္ပါ။

    ဆီေၾကာ္ေတြ ျဖစ္တဲ့ စမူဆာ၊ အီၾကာေကြး၊ ပလာတာ၊ အေၾကာ္စံု စတာေတြ ကေတာ့ တက္ႏိုင္သေလာက္ ေရွာင္ေပးပါ။

    စားသင့္တာေတြ ကေတာ့ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ အစားမ်ားတဲ့ ေကာင္ၫွင္းေပါင္း၊ ထန္းသီးမုန္႔ စတဲ့ ျမန္မာ့႐ိုးရာ အစားအစာေတြ၊ ေပါင္မုန္႔၊ဒိန္ခဲ၊ Oatmeal၊ ေကြကာအုပ္၊ ၾကက္ဥျပဳတ္၊ ပဲႏို႔၊ ႏို႔ေခ်ာကလက္၊ လိေမၼာ္သီးေဖ်ာ္ရည္ စတာေတြ အျပင္ အသီးအႏွံ တစ္မ်ိဳးမ်ိဳး ဥပမာ ပန္းသီး၊ လိေမၼာ္သီး၊ စပ်စ္သီး စတာေတြ ပါ ထပ္ထည့္စားေပးပါက စိတ္ၾကည္လင္တက္ႂကြေစပါတယ္။
    မနက္စာကို စနစ္တက် ေရြးခ်ယ္ စားေသာက္ၿပီး တက္ႂကြလန္းဆန္း ေသာေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ပါေစ။

    ေလးစားစြာျဖင့္
    ေဒါက္တာ ညီညီေက်ာ္

    Photo from internet source