Author: shangyi

  • ဘီယာ သောက်ခြင်း ဟာ သင့်ရဲ့ လူမှုဆက်ဆံရေး အတွက် အကျိုးပြု ပေးတာတင် မဟုတ်ပါဘူး

    ဘီယာ သောက်ခြင်း ဟာ သင့်ရဲ့ လူမှုဆက်ဆံရေး အတွက် အကျိုးပြု ပေးတာတင် မဟုတ်ပါဘူး။
    ဟုတ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး ကိုလည်း အထောက်အကူပြုပါတယ်။
    တကယ်လို့ ဘီယာ ကို သင့်တော်မျှတတဲ့ ပမာဏ သောက်သုံးပေးမယ်ဆိုရင် သင့်အနေနဲ့ ခုလို ကျန်းမာရေး အကျိုးကျေးဇူး များကို ရရှိမှာ ဖြစ်ပါတယ်။

    ခန္ဓာကိုယ် အလေးချိန် ကျစေခြင်း

    ဘီယာ ချက်ခြင်း ဖြစ်စဉ်ကနေ အမျှင်ဓာတ် တွေဟာ ဘီယာ ထဲမှာ ပါဝင်နေပါတယ်။
    ဘီယာ ကို ရိုးရိုးနှံစား သီးနှံ လေးမျိုး အခြေခံပြီး ထုတ်လုပ်ပါတယ်။
    အဲ့ဒါတွေက မုယောစပါး၊ ရေ၊ ဗျစ်ပန်းခြောက်နဲ့ တစေးတို့ ဖြစ်ပါတယ်။

    ယင်း သီးနှံ တွေကို အချဉ်ဖောက်ပြီး ဘီယာ ဖြစ်လာတဲ့အတွက် အခြားသော ယမကာတွေနဲ့ ယှဉ်ရင် ဘီယာ မှာ အမျှင်ဓာတ် အများကြီ: ပါဝင်ပါတယ်။
    အမျှင်ဓာတ် တွေက အဆီ တွေမှာ သွားပေါင်းပြီး ဝမ်းနုတ်ဆေး လိုမျိုး အစွမ်းသတ္တိနဲ့ ခန္ဓာကိုယ် အလေးချိန် ကျစေမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် ဘီယာ သောက်ထားရင် ဗိုက်အကြာကြီး ပြည့်နေစေတဲ့အတွက် အစာ အများကြီး စားခြင်းကို ကာကွယ်ပေးပါတယ်။

    နှလုံး အမောဖောက်ခြင်း အန္တရာယ် ကို လျော့ကျ စေခြင်း

    တစ်နေ့ကို ဘီယာ သင့်တော် တဲ့ မာဏ (မိန်းကလေး များအတွက် ၃၅၄ မီလီလီတာ၊ ယောက်ျားလေး များအတွက် ၇၀၉ မီလီလီတာ) သောက်သုံးခြင်း အားဖြင့် သင့်ကို အပန်းပြေ စေပြီး စိတ်ဖိစီးမှု များ လျော့ကျ စေပါတယ်။
    စိတ်ဖိစီးမှု နဲ့ စိုးရိမ်ကြောင့်ကြမှုတွေက နှလုံးရောဂါ၊ လေဖြတ်ရောဂါ တွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

    အမျိုးအစား (၂) ဆီးချို (အသက် ၄၀ ကျော် လူကြီးတွေမှာ အဖြစ်များသော) အန္တရာယ်ကို ဖြတ်တောက်ပစ်နိုင်ခြင်း

    လတ်တလော လေ့လာမှုများက ဘီယာ သောက်ခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို ၃၀% ထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လေ့လာမှုတွေက ဘီယာ ရဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ ဗျစ်ပန်းခြောက်မှာ ဟူမြူလွန်းလို့ ခေါ်တဲ့ ဒြပ်ပေါင်းတမျိုး ပါဝင်ပါတယ်။ ယင်းဒြပ်ပေါင်းက ဘီယာကို ခါးတဲ့ အရသာ ဖြစ်စေပြီး ဆီးချို ဖြစ်စေတဲ့ မော်လီကျူး (ကိုလက်စထရော သို့မဟုတ် ဂလူးကို့စ်) တွေကို သွားပေါင်းခြင်းဖြင့် ဆီးချို ရောဂါကို ကာကွယ် ပေးတာ ဖြစ်ပါတယ်။

    အရိုး သိပ်သည်းဆ ကို မြင့်မားစေခြင်း

    ဘီယာ ဟာ အရိုး ကြီးထွားမှု ကို အထောက်အပံ့ပေးတဲ့ အာဟာရတစ်မျိုး ဖြစ်တဲ့ ဆီလီကွန်ဆိုတဲ့ ဓာတ်ကို ထုတ်ပေးနိုင်ပါတယ်။ သို့သော်လည်း မှတ်သားထားရမှာက သင့်တော်တဲ့ ပမာဏ သောက်မှသာ ဒီအကျိုးကျေးဇူးကို ရရှိမှာ ဖြစ်တယ်ဆိုတာပါပဲ။ လေ့လာမှုတွေအရ ဘီယာ အလွန်အကျွံ သောက်သုံးသူ တွေကတော့ အရိုးပါးလာခြင်းကို ဖြစ်စေပါတယ်။

    ယောင်ရမ်းခြင်း နဲ့ ကူးစက် ရောဂါ များကို ကာကွယ်ပေးခြင်း

    ဘီယာ ထဲက တန်နင် အက်ဆစ်ဟာ ဘက်တီးရီးယား ကူးစက်ပိုး တွေနဲ့ ယောင်ရမ်းခြင်းကို တားဆီးပေးရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် တုပ်ကွေးလို အဖြစ်များတဲ့ ကူးစက် ရောဂါ တွေကိုလည်း သက်သာရာ ရစေပါတယ်။

    ငယ်ရွယ်နုပျိုစေခြင်း

    ဘီယာ မှာ Antioxidant တွေနဲ့ ဗီတာမင် တွေ အများအပြား ပါဝင်ပါတယ်။ အထူးသဖြင့် B3/ B6/ Folic Acid ဓာတ်တွေ ပါဝင်ပါတယ်။ Antioxidant တွေက သင့် ခန္ဓာကိုယ် ကို တစ်သျှူး ပျက်စီးယိုယွင်းခြင်းကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ် ကနေ ကာကွယ်ပေးပါတယ်။
    အဲ့လိုလုပ်ဆောင်ချက်ကြောင့် Antioxidant တွေက သင့် ခန္ဓာကိုယ် ကြွက်သား တွေကို သန်မာစေပြီး အရေပြား ကို ကျန်းမာစေပါတယ်။ ဒါကြောင့်မို့ အရေပြား တွန့်ခြင်း လျော့တွဲကျခြင်းတွေကို ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုစေတာ ဖြစ်ပါတယ်။

    သတိမေ့ ရောဂါ ကို တားဆီးခြင်း

    ဘီယာ ဟာ ဦးနှောက် ကို ထိခိုက်စေတယ်လို့ သင်ကြားဖူးပါလိမ့်မယ်။ အဲ့ဒါဟာ သေရည်အဆိပ်တက်ခြင်းကနေ ဦးနှောက်ကို ထိခိုက်တာ ဖြစ်ပါတယ်။ သင်မသိနိုင်တာက ဘီယာ မှာ Antioxidant တွေ အများကြီး ပါတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးမျိုးစုံကို ရရှိနိုင်ပါတယ်။

    လေ့လာမှု အသစ်တွေအရ Antioxidant တွေက သတိမေ့ ရောဂါ များ ဖြစ်သော Amnesia/ Dementia/ Delirium တို့ကဲ့သို့ သတိလျော့ကျလာသော အခြေအနေနဲ့ ဓာတ်တိုး ဖိစီးမှု များကို ကာကွယ်ပေးပါတယ်။

    Credti : hello sayawon

  • အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား

    အခေါင်းထဲမှာ အိပ်ပြီး လူ့သွေးသောက်ကာရှင်သန်တယ်လို့အခိုင်အမာပြောနေတဲ့ ဗန်ပိုင်းယား

    အိမ်မက်တစ်ခုက သူ့ဘဝကိုပြောင်းလဲပေးလိုက်တာပါတဲ့။ ရိုမေးနီးယားနိုင်ငံသား Andreas Bathory ဟာ ဗန်ပိုင်းယားတွေတကယ်ရှိတယ်လို့ယုံကြည်တဲ့သူတစ်ယောက်ပါ။ သူဟာ သေဆုံးပြီးသူတွေရဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့အတွက် မကြာခနဆိုသလိုအခေါင်းထဲမှာ အိပ်လေ့ရှိတယ်လို့လည်းပြောပါတယ်။

    တစ်နေ့တော့ သူ့အိမ်မက်ထဲကို ဗန်ပိုင်းယားတစ်ယောက် ရောက်လာပြီး သူ့စကားကို ပျံ့နှံ့စေဖို့အတွက် Andreas ကိုရွေးချယ်ခဲ့တယ်လို့ပြောပါတယ်။ သူ့အပြောအရတော့ ဗန်ပိုင်းယားအရှင်သခင်ဟာ Transylvania က Bran Castle လို့ခေါ်တဲ့ “Dracula Castle” မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

    “ကျွန်တော် ဒီ အွန်လိုင်းက ဗန်ပိုင်းယားအဖွဲ့အစည်းတွေနဲ့မပတ်သတ်ဘူး။ကျွန်တော်တို့ကျင့်သုံးတဲ့ ရိုးရာဟာ နှစ်ပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီ ။အွန်လိုင်းပေါ်က ဗန်ပိုင်းယားအဖွဲ့အစည်းတွေဟာ အဆင့်မြင့်ဗန်ပိုင်းယားတွေနဲ့ဆန့်ကျင့်နေတဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သတ်မှုတွေပါဝင်နေတယ်။

    တကယ့်ဗန်ပိုင်းယားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေ BDSM တွေနဲ့မပတ်သတ်ဘူး။ဒီလိုပတ်သတ်နေတဲ့သူဟာလည်း ဗန်ပိုင်းယားမဟုတ်ဘူး” လို့သူက ဗန်ပိုင်းယားနဲ့ပတ်သတ်ပြီးရှင်းလင်းပြောပြခဲ့ပါတယ်။

    သူ့ရဲ့အိမ်မက်ထဲကို အလည်လာခဲ့တဲ့သူဟာ Vald the Impaler လို့ခေါ်တဲ့ Vald Tepes ဖြစ်ကြောင်း နဲ့ အိမ်မက်အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါသေးတယ်။

    “လွန်ခဲ့တဲ့ လေးနှစ်လောက် သူ ကျွန်တော့်အိမ်မက်ထဲ လာပြီး ကျွန်တော့်ကိုအမှောင်ထဲကနေ “ငါ့သား” လို့ခေါ်တယ်။ကျွန်တော်က သူ့ရဲ့မျိုးဆက်ဆိုတာကို ကျွန်တော်မယုံဘူး ။ ဒါပေမယ့် သူက သူ့ရဲ့စကားနဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းဖို့ ကျွန်တော့်ကိုရွေးချယ်ခဲ့တယ်။အဲ့ဒီညကျော်လွန်တော့ ကျွန်တော် သူအသတ်ခံရတဲ့နေရာမှာသွားဆုတောင်းတော့….သူကကျွန်တော့်ကိုပြောတယ်….”မင်းဘဝ ထာဝရပြောင်းလဲသွားလိမ့်မယ်” တဲ့။တကယ်လည်းပြောင်းလဲသွားခဲ့တယ်” တဲ့။

    အခုဆိုရင်တော့ Andreas ကို Ordo Dracul အုပ်စုရဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ထားခဲ့ပြီဖြစ်ပါတယ်။Ordo Dracul အုပ်စုဆိုတာကတော့ Dracula အသတ်ခံရတဲ့ ၁၄၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အုပ်စုတစ်စုဖြစ်ပါတယ်။ရုပ်ရှင်ထဲကလို လူတွေရဲ့လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင်စိတ်လိုလက်ရပေးလှူတဲ့သူတွေအုပ်စု(သူတို့ကိုတော့ Black Swans လို့ခေါ်တယ်) ဆီကပဲယူတယ်လို့လည်းသိရပါတယ် ။

    ဒီအကြောင်းကိုလည်း အခုလိုပဲသူကပြောထားပါသေးတယ်။

    “ယုံချင်ယုံ မယုံချင်နေပါ ။ လူတွေကိုတော့ ကျွန်တော်တို့ သွေးလှူဖို့လုံးဝမတိုက်တွန်းပါဘူး ။သူတို့စိတ်နဲ့ သူတို့ ဗန်ပိုင်းယားတွေကို နားလည်ပြီး ဗန်ပိုင်းယားတွေကို အားအင်ပေးဖို့အတွက် စိတ်လိုလက်ရလာရောက်လှူဒါန်းကြတာပါ” တဲ့။

    Andreas ကတော့ စိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာအနေနဲ့လည်း အလုပ်လုပ်လေ့ရှိပါတယ်။

    အွန်လိုင်းပေါ်ကသူတွေက သူ့ကိုမုန်းတီးကြတာဟာ မနာလိုဖြစ်တဲ့အတွက် မုန်းတီးနေကြတာဖြစ်တယ်လို့လည်းပြောပြခဲ့ပါသေးတယ်။
    “ဒါပေါ့..သူတို့မုန်းကြတာပေါ့..မနာလိုဖြစ်တဲ့အတွက် မုန်းတာပေါ့လေ။

    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ ကျွန်တော့်ကိုဒီလို လာပြောလဲ့ရင် ကျွန်တော်လည်းယုံမှာမဟုတ်ဘူး။ဒါပေမယ့် ကြီးမားတဲ့အစွမ်းတွေ ကိုယ့်အပေါ်သက်ရောက်လာတဲ့အခါ ဘယ်လိုလဲဆိုတာ သင်နားလည်လိမ့်မယ်” လို့ အဆုံးသတ်အနေနဲ့ပြောသွားခဲ့ပါတယ်။

  • အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????

    အဆစ်အမြစ် ရောင် ရောဂါဝေဒနာ ရှင်များ ဘာတွေ သောက်လို့ အဆင်ပြေမလဲ????

    အဆစ်အမြစ်ရောင် ဝေဒနာရှင်များ ကတော့ ယောင်ယမ်းတာ သက်သာစေမယ့် အစားအစာ တွေ ကို အဓိက ထားရွေးစားပေးဖို့ လိုအပ်ပါတယ်။

    အကြမ်းဖျင်း အားဖြင့် အဆစ်အမြစ်ရောင် နေတဲ့ သူတွေ ကို ဆိုဒါ ပါတဲ့ အအေးတွေ ကို ရှောင်ခိုင်းပါတယ်။ ထို အအေးတွေ မှာ ပါတဲ့ သကြား၊ aspartame၊ ဖော့စဖောရစ် အက်ဆစ် တွေ က ခန္ဓာကိုယ် က နေ ထုံးဓါတ် စုပ်ယူမှု့ ကို အနှောင့်အယှက်ပေးတဲ့ အတွက်ကြောင့်ပါ။

    အဆစ်အမြစ်ရောင်နေသူတွေ အတွက် ရေ ကို တော့ တစ်နေ့ ရှစ်ခွက် ပြည့်အောင်သောက်ပေးသင့်ပါတယ်။

    အခြားဘာတွေ သောက်လို့ရသေးလဲ ဆိုတော့

    1. ရေနွေးကြမ်း – green tea, black tea တွေ မှာ polyphenols ဓါတ်တွေ အများကြီးပါတဲ့ အတွက် အဆစ်အမြစ်ရောင်ယမ်း တာ ကို သက်သာစေပါတယ်။ ဒါပေမယ့် ရေနွေးကြမ်း ကို အရမ်း ကျနေအောင် လက်ဖက်ခြောက် မစိမ်သင့်ပါဘူး။ လက်ဖက်ခြောက်စိမ် ရင် ၁၅ မိနစ် – နာရီ ဝက်လောက် စိမ် ပြီး ပြန်ဆယ် လိုက်ပါ။
    2. ကော်ဖီ – ကော်ဖီ သောက်မယ်ဆိုရင်တော့ တစ်နေ့ ၂ ခွက် ထက်တော့ မပိုစေပါနှင့်။ ကောဖီ မှုန့် အစစ် မှာ polyphenols ဓါတ်တွေ ပါဝင်တဲ့ အတွက် ယောင်ယမ်းခြင်း ကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် တချို့သော လေ့လာတွေ့ရှိချက်တွေ အရတော့ ကော်ဖီ က အဆစ်အမြစ်ရောင် တာ ကို ပိုတောင် ဆိုးစေတယ် ဆိုပြီး ဖော်ပြကြပါတယ်။ ဒါပေမယ့် ကော်ဖီ ကို သကြားတွေ creamer တွေ အများကြီးထည့်သောက်မယ်၊ ကာပူချီနို လို မျိုး သောက်မယ် ဆိုရင်တော့ ကယ်လိုရီတွေ များပြီး ကိုယ် အလေးချိန် တက် လာနိုင်ပြီး အရိုးအဆစ်တွေ ကို ပိုပြီးတောင် နာကျင်စေပါတယ်။ ဒါကြောင့် ကော်ဖီ ကတော့ အဆစ်အမြစ်ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ အတွက်ကတော့ အခုချိန် အထိ တွေဝေ စရာဖြစ်နေတုန်းပါ။ ဒါပေမယ့် ကော်ဖီ ကို အရမ်း ကြိုက်လို့ သောက်မယ် ဆိုရင်တော့ တနေ့ နှစ်ခွက် ထက် ပိုပြီး မသောက်သင့်သလို ကော်ဖီမှုန့် အစစ် နဲ့ သကြားလျှော့ပြီး သောက်သင့်ပါတယ်။
    3. နွားနို့ – အဆသ်အမြစ်ရောင်ယမ်း နေသူတွေ အတွက် နွားနို့ သောက်တော့ မယ် ဆိုရင် အဆီ ထုတ်ထားတဲ့ Low Fat Milk သို့မဟုတ် အဆီ လုံးဝနီးပါး မပါတဲ့ skimmed milk လေးတွေ ပဲ သောက်ပေးသင့်ပါတယ်။ Low Fat Milkို့ skimmed milk တို့က စူပါမားကတ် တွေ မှာ ဝယ်ရ လွယ်ပေမယ့် အိမ်မှာ ကိုယ့်ဟာကိုယ် ကျိုချက်မယ်ဆိုရင်တော့ မလိုင် ဖတ်လေးတွေ ကို ဖယ်ပြီးမှ သောက်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မခိုင်ပြည့် နွားနို့ မှာ ပြည့်ဝဆီ (Saturated Fat) တွေ အများကြီးပါတဲ့ ပတွက်ကြောင့် အဆစ်အမြစ်တွေ ရောင်ယမ်း တာ ကို ပိုဆိုးစေနိုင်တဲ့ အတွက်ကြောင့်ပါ။
    4. အသီးဖျော်ရည် – အသီးဖျော်ရည် သောက်ပေးဖို့လိုရပါတယ်။ ဗိတာမင်စီ ကြွယ်ဝတဲ့ အသီးတွေ ဖျော်သောက်ပေးရင် ပိုကောင်းပါတယ်။ ဗီတာမင် စီ က ရောင်ယမ်း ခြင်း ကိုသက်သာစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေ ကတော့ လိမ္မော်သီး၊ ဆန်းကစ်သီး၊ ကီဝီသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ နဂါးမောက်သီး စတာတွေ ဖြစ်ပါတယ်။ grapefruit (ဂရိတ်ဖရု) တော့ ရှောင်စားပေးသင့်ပါတယ်။ သူက ဆေးတော်တော်များများ နဲ့ ဓါတ်ပြုမှု့တွေ ဖြစ်ပြီး သောက်နေတဲါ ဆေးတွေရဲ့ အာနိသင်ကို လျော့စေတဲ့လအတွက်ကြောင့်ပါ။
    5. ဒိန်ချဉ် သောက်ပေးသင့်ပါတယ်။ ဒိန်ချဉ် မှာ ပါဝင်နဲ့ ပရိုဘိုင်အော့တစ် (probiotics) ကတော့ ရောင်ယမ်းခြင်း ကိုသက်သာစေပါတယ်။ ဒိန်ချဉ် ကို အသီးတစ်မျိုးမျိုး နဲ့ ရောပြီး smoothie လိုမျိုး ဖျော်သောက်ပေးသင့်ပါတယ်။ အသီးထည့် စားတဲ့နေရာ မှာ အရောင်စုံ စားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဥပမာ – အနီရောင် – ဖရဲသီး၊ စတော်ဘယ်ရီ၊ ပန်းသီး – လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင် – လိမ္မော်သီး၊ ဘဘောင်္သီး၊ တည်သီး၊ အစိမ်းရောင် – ပန်းသီးစိမ်း၊ ထောပတ်သီး၊ စပျစ်သီး အစိမ်း၊ တရုတ်ဇီးသီးစိမ်း။ အဖြူရောင် – ဂျပန်သခွားမွှေး၊ သခမာသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ ခရမ်းရောင် – စပျစ်သီး၊ ဘလူးဘယ်ရီသီး စတာတွေ ထည့်စားပေးသင့်ပါတယ်။
    6. ဝိုင်အနီ – ဝိုင်အနီ မှာတော့ antioxidants လို့ခေါ်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ အတွက်ကြောင့် ရောင်ယမ်းခြင်းကို တဖက်တလမ်းက နေ သက်သာစေတယ်လို့ စာတမ်းတချို့ ကဖော်ပြပေးထားပါတယ်။ ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။

    1. Whiskey (40% alcohol)
    အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။

    2. Beer (5% alcohol)
    အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။

    3. Wine (12% alcohol)
    အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။

    အခုပြောထားတဲ့ အတိုင်းအတာတွေ ထက် ပိုပြီးသောက်ရင် ကြာလာရင် ဘာတွေဖြစ်လာမလဲ????
    1. ရုတ်တရက်မှာတော့ အသည်း လုပ်ဆောင်ချက်တွေ အရှိန်မြှင့်ပြီး အလုပ်ပိုလုပ်လာရပါတယ်။
    2. အချိန်ကြာလာတာနဲ့ အမျှ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင် ရောဂါ ဖြစ်လာပါတယ်။
    3. ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်။

    ပြောထားတဲ့ ပမာဏ ထက်ပိုသောက်ရင် ကောင်းကျိုးထက် ဆိုးကျိုး က ပိုများလာတတ်ပါတယ်။

    7. ရေများများသောက်ပေးပါ။ ရေများများ သောက်ပေးမှ အရိုး အဆစ်တွေ မှာ ရှိတဲ့ အရည်(synovial fluid) က များပြီး ဒူးနာ၊ အဆစ်နာ တာတွေ ကို သက်သာစေပါတယ်။

    လေးစားစွာဖြင့်
    ဒေါက်တာ ညီညီကျော်

  • ကျွဲကောသီးကို စားပေးရင်

    ကျွဲကောသီးကို စားပေးရင်

    ကျွဲကောသီးက ဈေးနှုန်းသက်သာပေမယ့် သူ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အများကြီးပါပဲ။

    ကင်ဆာကို ကာကွယ်ပေးနိုင်
    ကျွဲကောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။ Free Radicals တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Antioxidants တွေက Free Radicals တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

    Antioxidants တွေပါဝင်
    ကျွဲကောသီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ Antioxidants တွေက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲကို ဆိုးကျိုးပေးနိုင်တဲ့ Free Radicals တွေဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။

    အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို ကုသပေးနိုင်
    ကျွဲကောသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် အပူကန်တာတွေ၊ အပူဖုပေါက်တာတွေကို လျော့ပါးပျောက်ကင်း စေပါတယ်။

    ခန္ဓာကိုယ်ကို လန်းဆန်းစေ
    ကျွဲကောသီးရဲ့ ချဉ်၊ ချို အရသာနဲ့ ရေဓာတ်ပါဝင်မှုတွေက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါ့ကြောင့် ရာသီဥတု ပူပြင်းရင် ကျွဲကောသီး စားသင့်ပါတယ်။

    ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်
    ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်းပါဝင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲရှိ ကိုယ်အင်္ဂါတွေအတွက် အထူးသင့်တော်ပါတယ်။

  • အရက်ကြောင့် ဂေါက်နိုင်လား

    1. အရက်ကြောင့် ဂေါက်နိုင်လား

    ====================
    ====================

    ဂေါက်ရောဂါဆိုတာက????

    ဂေါက်ရောဂါဆိုတာက အဆစ်ရောင်ရောဂါ တစ်မျိုးပါ။ ခြေထောက်က အဆစ်တွေ အများဆုံး ရောင်တတ်တဲ့ ရောဂါပေါ့။ အဓိကရောင်တဲ့ အဆစ်ကတော့ ခြေမအဆစ်ပါပဲ။ ရောင်ပြီး နာပြီဆိုလို့ကတော့ လမ်းလျှောက်ဖို့ မပြောနဲ့။ မတ်တပ်ရပ်ရင်တောင် ရောင်နေတဲ့အဆစ်ထဲကို အပ်နဲ့ ထိုးချလိုက်သလို စူးပြီး နာတတ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါပဲ။

    ဘာကြောင့်ဂေါက်ဖြစ်ရတာလဲ????

    ဂေါက်ကို ဖြစ်စေတဲ့ အဓိကဓာတ်ကတော့ ယူရစ်အက်စစ် (Uric acid) ဆိုတဲ့ ဓာတ်ပါပဲ။ ဇီဝဖြစ်စဉ်ကနေ အဲဒီဓာတ် ထွက်တာက ပုံမှန်ပါပဲ။ ထွက်လာတဲ့ အဲဒီ ယူရစ်အက်စစ်တွေကိုလည်း ဆီးကနေတစ်ဆင့် ခန္ဓာကိုယ်က ပုံမှန် စွန့်ထုတ်ပစ်ပါတယ်။

    ဒါပေမယ့် အနီရောင်အသားတွေ၊ ကလီစာတွေနဲ့ ပင်လယ်စာလိုမျိုး အစာတွေ အစားများရင်ဖြစ်ဖြစ်၊ အရက် သောက်ရင်ဖြစ်ဖြစ်၊ ရေသောက်နည်းရင်ဖြစ်ဖြစ် အဲဒီယူရစ်အက်စစ်တွေက ခန္ဓာကိုယ်မှာ စုပုံလာတတ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကပါ သိပ်မကောင်းဘူးဆို ယူရစ်အက်စစ်ကိုပါ မစွန့်ထုတ်နိုင်တော့ဘူးပေါ့။ အဲသလို အချက်တွေရှိနေပြီဆို ယူရစ်အက်စစ်တွေ ခန္ဓာကိုယ်မှာ စုပုံလာပါပြီ။

    အဲဒီ ယူရစ်အက်စစ်တွေက အဆစ်တွေမှာ သွားစုပုံပြီး အဆစ်တွေကို နာကျင်အောင် ပြုလုပ်တော့တာပါပဲ။

    အရက်ကြောင့် ဘာလို့ ဂေါက်ဖြစ်ရတာလဲ????

    ခုနက ပြောတဲ့ ယူရစ်အက်စစ်များစေတဲ့ အချက်ထဲမှာ အရက်က သိပ်ကို အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်နေပါတယ်။ အကြောင်းကတော့ အရက်သောက်ရင် ဂေါက်ဖြစ်နိုင်ခြေက နှစ်ဆပိုများလာစေလို့ပါပဲ။

    အဲဒါကလည်း သိပ်မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရက်မှာ ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါနေပါတယ်။ ဒါ့အပြင် အရက်က ခန္ဓာကိုယ်က ပုံမှန်ဇီဝဖြစ်စဉ်အရ ထွက်နေတဲ့ ယူရစ်အက်စစ်ကိုလည်း များစေပါတယ်။ နောက်ပြီး ဆီးကနေ ယူရစ်အက်စစ် စွန့်ထုတ်တာကိုပါ အရက်က အနှောင့်အယှက်ပေးပါသတဲ့။

    ကဲ ဒီတော့ အရက်သောက်ရင် ကျိန်းသေပေါက် ယူရစ်အက်စစ်တွေများပြီး ဂေါက်ပြီပေါ့။ သောက်ပြီးပြီးချင်း မူးပြီးဂေါက်၊ နောက်ပိုင်းကျတော့ ယူရစ်အက်စစ်များပြီး ဂေါက်စေတဲ့ အရက်ပါပဲ။

    အရက်တိုင်းက ဂေါက်ကို ပိုဆိုးစေတာလား????

    အရက်တိုင်းမှာက ယူရစ်အက်စစ်များစေတဲ့ ဓာတ်ပါပါတယ်။ ဒါပေမယ့် အရက်အမျိုးအစားပေါ်လိုက်ပြီး အဲဒီဓာတ်ပါဝင်မှုနှုန်းကလည်း ကွာပါသတဲ့။ စိတ်မကောင်းစရာတစ်ခုကတော့ အများကြိုက်တဲ့ ဘီယာက အဲဒီ ယူရစ်အက်စစ် များစေတဲ့ဓာတ် အများဆုံးပါနေတာပါပဲ။

    ဒါ့အပြင် ဘီယာသောက်ပြီးရင် ဂေါက်ကြောင့် လမ်းမလျှောက်နိုင်အောင် အဆစ်ရောင်စေတာက ၅၀ရာခိုင်နှုန်းတောင် ပိုဖြစ်စေပါတယ်။

    ဂေါက်ရောဂါဖြစ်ရင် အရက်လုံးဝဖြတ်ရမလား????

    ဂေါက်ဖြစ်ပြီဆိုရင်တော့ အရက်ကို ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ဖြတ်ဖို့ဆိုတာက သိပ်ခက်မှန်း ကိုယ်ချင်းစာပြီး နားလည်ပါတယ်။

    ဒီတော့ အရက်ကို တော်သင့်ရုံလောက် သောက်လို့ရတဲ့ အကြောင်းကို ဝေမျှပေးပါမယ်။ တော်သင့်ရုံဆိုတာက အောက်က ပြောတဲ့ ပမာဏကို ဆိုလိုတာပါ။

    ဘီယာဆိုရင် တစ်ခွက်၊ ၀ိုင်ဆိုရင်လည်း ၀ိုင်ခွက်နဲ့တစ်ခွက်၊ အရက်ပြင်းဆိုရင် တစ်ပက်လောက် သောက်လို့ရပါတယ်။ စာဖတ်သူက အသက်၆၅နှစ်အောက် ယောကျာ်းလေးဖြစ်မယ်ဆိုရင်တော့ နှစ်ခွက် ဒါမှမဟုတ် နှစ်ပက်သောက်လို့ ရပါတယ်။

    ဒီတော့ အရက်ကို ဘယ်လိုသောက်ပြီး မဂေါက်အောင် နေကြမလဲ သိပြီလို့ မျှော်လင့်ပါတယ်။

    ကျေး(ဆေး၁)
    #ဒေါက်တာဇီဝက
    #အရက် #အဆစ်မြစ်ရောင်ဂေါက်

    ==========

    ဒေါက်တာဇီဝက

  • သွေးလည်ပတ်မှုကောင်းပြီး ကိုယ်အလေးချိန်ကျဆင်းစေမယ့် မင်းဂွတ်သီးရဲ့အကျိုးကျေးဇူး

    သွေးလည်ပတ်မှုကောင်းပြီး ကိုယ်အလေးချိန်ကျဆင်းစေမယ့် မင်းဂွတ်သီးရဲ့အကျိုးကျေးဇူး

    မင်းဂွတ်သီးမှာ  ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် B1, C, Niacin, ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့တခြားသော အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

    ကြီးထွားမှု၊ ဖွံ့ဖြိုးမှု စတာတွေကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။

    သွေးလည်ပတ်မှုကို မြှင့်တင်ပေး
    မင်းဂွတ်သီးက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် ရင်ဘတ်အောင့်တာတွေ၊ နှလုံးအောင့်တာတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကိုယ်အလေးချိန် လျော့ချပေး
    အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ကယ်လိုရီ၊ အဆီဓာတ်တွေနဲ့ကိုလက်စထရော လည်း လုံးဝမပါဝင်ပါဘူး။ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

    ရောင်ရမ်းမှုတွေကို လျော့ချပေး
    မင်းဂွတ်သီးမှာ ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ အလက်ဂျစ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို ပိုပြီး လျော့ချပေးနိုင်ပါတယ်။

    ခံတွင်းကျန်းမာရေးကို ကူညီပေး
    မင်းဂွတ်သီးမှာပါဝင်တဲ့ အရည်တွေက ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း လေ့လာချက်တစ်ခုအရသိရပါတယ်။ မင်းဂွတ်သီးရဲ့ အရည်က သွားနဲ့ခံတွင်းမှာ ဝင်ရောက်နေတဲ့ ပိုးမွှားအန္တရာယ်တွေကို လျော့ချပေးနိုင်ပါတယ်။

    မျက်စိကျန်းမာရေးအတွက်ကောင်းမွန်
    မင်းဂွတ်သီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးမှာ တိမ်စွဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုကောင်းပြီး မျက်လုံးကို သွေးလုံလောက်စွာပို့နိုင်တာကြောင့် မျက်လုံးကို အားကောင်းစေပါတယ်။
    crd:copy

  • ပဲသီးစားပေးခြင်းရဲ့ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေးကောင်းကျိုးများ

    ပဲသီးစားပေးခြင်းရဲ့ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေးကောင်းကျိုးများ

    လူအချို့ဟာ သူတို့စားနေတဲ့ ဟင်းလျာတွေထဲမှာ ပဲသီးတွေပါလာပြီဆိုရင် ဖယ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ထိုပဲသီးတွေဟာ ကလေးတွေစားသုံးနိုင်တဲ့ အာဟာရအပြည့်ပါဝင်တဲ့ အစားအစာတွေထဲက တစ်မျိုးအပါအ၀င်ပါ။ ပဲသီးတွေမှာ ဗီတာမင်အစုံအလင်ပါဝင်တဲ့အပြင် ဖောလစ်အက်စစ်နှင့် နှလုံးကိုကာကွယ်ပေးတဲ့ ကယ်လ်စီယမ်နှင့် ဖိုက်ဘာတို့လည်း ပါဝင်ပါတယ်။

    ဒါကြောင့် ဒီလိုမျိုး ပဲသီးတွေကိုစားပေးခြင်းက ဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေကို ဖြစ်စေနိုင်သလဲဆိုတာကို သိရှိဖို့အတွက် ယခုပဲဖော်ပြပေးလိုက်ရပါတယ်။

    ၁။ အားအင်မြှင့်တင်ပေးခြင်း
    ဒေါက်ခွရွက်တွေနဲ့ယှဉ်လျှင် ပဲသီးတွေက သံဓာတ်ပါဝင်မှုနှစ်ဆရှိလို့ သွေးနီဥတွေကိုပိုမိုထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်တလျှောက်ရှိ အဆုတ်တွေမှ ဆဲလ်တွေအထိ အောက်ဆီဂျင်ရရှိစေပါတယ်။ အားအင်တွေကုန်ခမ်းနေပြီး သွေးအားနည်းနေတယ်ဆိုရင် ပဲသီးတွေက သင်လိုနေတဲ့အရာတွေပါပဲ။

    ၂။ အသားအရေ၊ဆံကေသာနှင့် လက်သည်းခြေသည်းများအတွက်
    ဒီအာဟာရအပြည့်နဲ့ ပဲသီးတွေက အသားအရေ၊ဆံပင်နှင့် လက်သည်းခြေသည်းတွေအတွက်ပါ ကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။ တစ်သျှူးတွေဖွဲ့စည်းမှုကို ကျန်းမာစေပြီး လက်သည်းခြေသည်းတွေကို သန်မာစေကာ အသားအရေကိုလည်း နုပျိုလှပစေပါတယ်။

    ၃။ အရိုးကျန်းမာရေး
    ပဲသီးတွင်ပါဝင်တဲ့ Vitamin K က အရိုးအတွင်းက ကယ်လ်စီယမ်မော်လီကျူးတွေကို ဆက်နွှယ်ပေးပြီး သန်မာမှုကို ဖြစ်ပေါ်စေပါတယ်။

    ၄။ မျက်လုံးအားကောင်းစေခြင်း
    Carotenoids ကြွယ်ဝတဲ့ ပဲသီးတွေဟာ မျက်စိအာရုံကောင်းစေမှုကို အထောက်အကူဖြစ်စေတဲ့ Lutein နှင့် Zeaxanthin တို့လည်း အထူးကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ကြောင့် မျက်စိအားကိုကောင်းစေပြီး အခြားကျန်းမာရေးပြဿနာတွေဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။


    (Zawgyi)



    အရေပြားကျန်းမာရေး


    ကင်ဆာကာကွယ်ပေးခြင်း










    နှလုံးကျန်းမာရေး




    မျက်လုံးကျန်းမာရေး


    (Unicode)

    လူကြိုက်များတဲ့ မရမ်းသီးနဲ့ ကျန်းမာရေး

    ဟင်းတွေချက်ရာမှာလည်းထည့်ချက်ပြီး အစိမ်းလိုက်လည်းစားကြသလို အမှည့်လည်းစားကြတဲ့ အသီးတစ်မျိုးပါ။ လူကြိုက်များတဲ့ မရမ်းသီးမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ရေဓါတ်၊ ဗီတာမင် C နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

    အရေပြားကျန်းမာရေး

    ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရေပြားကို ကျန်းမာစေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း အသားအရေကို စိုပြေစေပါတယ်။

    ကင်ဆာကာကွယ်ပေးခြင်း

    ရေဓါတ်ပါဝင်မှု မြင့်မားတာဟာ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အစာအိမ်လမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
    ဒါ့အပြင် အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်စားသုံးမှုများတဲ့သူတွေဟာ အမျှင်ဓါတ်စားသုံးမှုနည်းတဲ့သူတွေထက် ကင်ဆာဖြစ်ပွားမှု လျှော့်နည်းတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် အမျှင်ဓါတ်ပါဝင်တဲ့ မရမ်းသီးဟာ ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

    သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း

    ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်ဖို့အတွက် ရေဓါတ်လိုအပ်တာကြောင့်ပါ။

    ဦးနှောက်စွမ်းဆောင်ရည်

    သွေးလည်ပတ်ဖို့အတွက် ရေလိုအပ်သလို ဦးနှောက်ကလည်း ရေလိုအပ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ရဲ့ ၇၀% အတွက် ရေဓါတ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်မြင့်မားစွာပါဝင်တဲ့ မရမ်းသီးကို စားပေးသင့်ပါတယ်။

    အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း

    မရမ်းသီးမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

    လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

    လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်ဟာ ကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်သလို လျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော ပါဝင်မှုနည်းတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

    နှလုံးကျန်းမာရေး

    အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာကို များများစားတာဟာနှလုံးရောဂါဖြစ်ပွားမှုကို ရှောင်ရှားနိုင်ပါတယ်။

    ဆီးချို ဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

    အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်လို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    မျက်လုံးကျန်းမာရေး

    Beta Carotene ပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် A ပါဝင်လို့လည်း မျက်လုံးကိုကျန်းမာစေပါတယ်။


    (Zawgyi)





    မျက်လုံးကျန်းမာရေး






    အနာသက်သာစေခြင်း



    ဗီတာမင် C ကြွယ်ဝတဲ့အသီးဖြစ်သလို ပရိုတင်းဓါတ်တွေလည်းပါဝင်လို့ အိုမင်းရင့်ေ၇ာ်မှုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။







    သံဓါတ်


    (Unicode)

    ဂွေးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ မျိုး

    ဂွေးသီးထောင်းတို့၊ ဂွေးသီးငပိချက်တို့ကို ဟင်းလျာထဲမှာ ထည့်စားရင် ထမင်းစားမြိန်တယ်နော်။ ချဉ်ချဉ်စပ်စပ်လေးလုပ်စားရင်လည်း တကယ်အရသာရှိပြီးလူကြိုက်များတဲ့အသီးဖြစ်ပါတယ်။ အမှည့်ဆိုရင်လည်း မီးကင်၊ မီးဖုတ်ပြီး ငရုတ်သီးနဲ့ ထောင်းစားကြပါတယ်။ ဂွေးသီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုမျှဝေပေးချင်ပါတယ်။

    နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

    ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်သလို သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အသီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    မျက်လုံးကျန်းမာရေး

    ဗီတာမင် A ပါဝင်တဲ့အသီးဖြစ်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။

    ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း

    အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ ဗီတာမင်Cပါဝင်လို့ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးပါတယ်။

    Antioxidant ပါဝင်ခြင်း

    ဗီတာမင် A ကြွယ်ဝစွာပါဝင်သလို Antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ပါဝင်ပြီး ရောဂါအမျိုးမျိုးဝင်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။

    အနာသက်သာစေခြင်း

    ထိခိုက်ရှနာတာတွေအတွက် အထူးသက်သာစေတဲ့အသီးဖြစ်ပါတယ်။

    အသက်အရွယ်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

    ဗီတာမင် C ကြွယ်ဝတဲ့အသီးဖြစ်သလို ပရိုတင်းဓါတ်တွေလည်းပါဝင်လို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

    ကိုလက်စထရော ထိန်းချုပ်နိုင်ခြင်း

    အသီးမှာ ကိုလက်စထရောပါဝင်မှုနည်းပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

    အရိုးနဲ့ သွားကျန်းမာရေး

    ကယ်လ်ဆီယမ်နဲ့ ဖော့စဖော့ရပ်စ်ပါဝင်လို့ အရိုးကို ကျန်းမာစေပြီး သွားတွေကို ခိုင်မာစေပါတယ်။

    အမျှင်ဓါတ်မြင့်မားစွာပါဝင်ခြင်း

    အမျှင်ဓါတ်တွေ မြင့်မားစွာပါဝင်လို့ အစာချေစနစ်ကိုကောင်း မွန်စေပြီး အူမကြီးရဲံ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။  ဒါ့ကြောင့်လည်း ဆီးချို သွေးချို နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။

    သံဓါတ်

    ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်သယ်ယူပို့ဆောင်ဖို့အတွက် အရှိမဖြစ်လိုအပ်တဲ့ သံဓါတ်ပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။


    (Zawgyi)


    အဖျားပျောက်တယ်


    ဆီးချို








    အသားဝါခြင်း


    (Unicode)
    ဗုံလုံသီး (ပဲလင်းမြွေသီး)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

    ဗုံလုံသီးဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီးတော့ အသီးက ရှည်မျောမျောဖြစ်ပါတယ်။ ဗုံလုံသီးကို အမျိုးမျိုးချက်စားကြပြီး မြန်မာတို့ ကြိုက်ကြတဲ့အသီးတစ်မျိုးဆိုလည်းမမှားပါဘူး။ ဗုံလုံသီးကို ပဲလင်းမြွေသီးလိုလည်းခေါ်ကြပြီး အင်္ဂလိပ်လိုတော့ Snake Gourd လို့ခေါ်ပါတယ်။ ဗုံလုံသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

    အဖျားပျောက်တယ်

    ဗုံလုံသီးကိုစားတာဟာ အဖျားပျောက်စေပါတယ်။

    ဆီးချို

    ဆီးချိုသမားတွေအတွက် စားသုံးလို့ရပါတယ်။ ဗုံလုံသီးအမြစ်ကို ဆေးဖော်ပြီး ဆီးချိုအတွက် အသုံးပြုကြပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့်လည်း အကျိုးထူးစေပါတယ်။

    နှလုံးခုန်မမှန်တာသက်သာစေတယ်

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ အမောမခံနိုင်တာ၊ နှလုံးခုန်မမှန်တာတွေအတွက် ဗုံလုံသီးကိုစားပေးနိုင်ပါတယ်။ ဗုံလုံသီးပြုတ်ရည်ကိုသောက်ပေးပါ။

    အစာချေစနစ်ကိုကောင်းမွန်စေခြင်း

    အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း ရေဓါတ်ခံခြောက်မှုကနေ ကာကွယ်ပေးနိုင်သလို အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

    အစာချေစနစ်ကိုကောင်းမွန်စေခြင်း

    အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း ရေဓါတ်ခံခြောက်မှုကနေ ကာကွယ်ပေးနိုင်သလို အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

    အသားဝါခြင်း

    ဗုံလုံသီးဟာ အသားဝါဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရွက်ကို နံနံစေ့နဲ့ရောပြုတ်ပြီး တစ်နေ့ ၃ ခါသောက်ပါ။