Author: shangyi

  • စင္ကာပူမွာ လာဘ္စားမႈေတြကို ဘယ္လိုတားဆီးသလဲ

    (Zawgyi)

    စင္ကာပူမွာ လာဘ္စားမႈေတြကို ဘယ္လိုတားဆီးသလဲ

    စကၤာပူဟာ ၁၉၅၂ခုႏွစ္မွာ ၿဗိတိသွ်ေအာက္က လြတ္လပ္ေရးရခဲ့တယ္။ လြတ္လပ္ေရးရေပမဲ့လည္း မေလးရွားနိင္ငံရဲ႕ လက္ေအာက္မွာပဲ ဆက္ရွိေနခဲ့တယ္။ အဲဒီအခ်ိန္မွာ စကၤာပူမွာလာဘ္စားမႈ အရမ္းမ်ားတယ္။ ၁၉၆၅ခုႏွစ္မွာ စကၤာပူဟာ မေလးရွားေအာက္က ခြဲထြက္လိုက္ၿပီး စကၤာပူႏိုင္ငံရယ္လို႔ ျဖစ္လာခဲ့တယ္။

    စကၤာပူႏိုင္ငံျဖစ္လာၿပီး ပထမဆုံးဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ လီကြမ္းယူဟာ လာဘ္စားမႈပေပ်ာက္ေအာင္ ဦးစားေပး ေဆာင္႐ြက္ခဲ့ပါတယ္။ သူ႔ႏိုင္ငံေသးေသးေလးမွာ လာဘ္စားမႈေတြရွိေနရင္ ႏိုင္ငံျခားက ရင္းႏွီးျမဳပ္ႏွံမႈေတြ ဝင္လာမွာ မဟုတ္ဘူးဆိုတာကို သူေကာင္းေကာင္းနားလည္ သေဘာေပါက္ထားတယ္။

    အဲဒီအခ်ိန္ကစၿပီး စကၤာပူအစိုးရဟာ လာဘ္စားမႈတိုက္ဖ်က္ေရးကို ႏိုင္ငံေရးဦးတည္ခ်က္တစ္ရပ္အေနနဲ႔ အားသြန္ခြန္စိုက္ႀကိဳးပမ္းလိုက္တာ ၂၀၁၄ခုႏွစ္က စာရင္းထုတ္ျပန္ခ်က္အရ ႏိုင္ငံစုစုေပါင္း(၁၇၆)ႏိုင္ငံေတြအနက္ လာဘ္စားမႈအနဲဆုံးအဆင့္(၃)ျဖစ္ခဲ့ပါၿပီ။ အဆင့္(၁)က ဒိန္းမတ္ႏိုင္ငံနဲ႔ အဆင့္(၂)ကေတာ့နယူးဇီလန္ႏိုင္ငံေတြ ျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံကေတာ့ အဆင့္(၁၅၇)ျဖစ္ၿပီး ကမာၻေပၚမွာ လာဘ္စားမႈ အမ်ားဆုံးႏိုင္ငံ စာရင္းမွာ အဆင့္(၂)ခ်ိတ္ေနခဲ့ပါတယ္။ ေအာက္မွာ အာဖရိကတိုက္က ဆိုမားလီးယား တစ္ႏိုင္ငံပဲ ရွိပါေတာ့တယ္။

    လာဘ္စားမႈအနည္းဆုံး ထိပ္ဆုံး(၁၅)ႏိုင္ငံစာရင္းထဲမွာ အာရွတိုက္က စကၤာပူႏိုင္ငံတခုပဲ ပါခဲ့ပါတယ္။ အဲဒီေတာ့ က်ေနာ္လည္း စကၤာပူႏိုင္ငံကို ခုလိုလာဘ္စားမႈ အနဲဆုံးျဖစ္ေအာင္ သူတို႔အစိုးရအေနနဲ႔ ဘယ္လိုမ်ား ေဆာင္႐ြက္ခဲ့သလဲဆိုတာ သိခ်င္လို႔ ေလ့လာလိုက္ၾကည့္လိုက္ေတာ့ ေအာက္မွာေရးထားတဲ့ လုပ္ေဆာင္ခ်က္ေတြကို ရွာေဖြေတြ႕မိလိုက္တယ္။

    စကၤာပူအစိုးရဟာ လာဘ္စားမႈတိုက္ဖ်က္ဖို႔ က႑ႀကီး၄ခုခြဲၿပီး အခုလို.စီမံခ်က္မ်ားကို ခ်မွတ္ေဆာက္႐ြက္ခဲ့ပါတယ္။

    (က) ေအာက္ေဖၚျပပါစည္းမ်ဥ္းစည္းကမ္းႏွင့္ ဥပေဒမ်ားကိုျပ႒ာန္းခဲ့သည္။

    ၁။ အာဏာကုန္လႊဲအပ္ခံရေသာ CPIB (Corrupt Practices Investigation Bureau) လာဘ္စားမႈတိုက္ဖ်က္ေရး အဖြဲ႕ႀကီးဟာ အစိုးရဌာနေရာ ပုဂၢလိကကုမၸဏီ အားလုံးကို လြတ္လပ္စြာ စစ္ေဆးပိုင္ခြင့္ရွိသည္။

    ၂။ အစိုးရဝန္ထမ္းတဦးဟာ လာဘ္စားတယ္လို႔ စြပ္စြဲခံရရင္ သူမက်ဴးလြန္ေၾကာင္း သက္ေသျပႏိုင္ရမယ္။

    ၃။ လာဘ္ယူသူဟာ လာဘ္ယူၿပီးေနာက္ လာဘ္ေပးသူအလိုက် လိုက္မလုပ္ေပးေသာ္လည္း ျပစ္ဒဏ္က်ခံရမယ္။

    ၄။ အစိုးရဝန္ထမ္းမ်ားဟာ လက္ေဆာင္ပဏၰာ လက္ခံရယူျခင္း လုံးဝမလုပ္ရဘူး။

    ၅။ ဝန္ထမ္းတေယာက္ဟာ လာဘ္ယူလို႔ ေထာင္ဒဏ္နဲ႔ေငြဒဏ္ က်ခံရၿပီးေသာ္လည္း လာဘ္ယူထားေငြအတိအက်ကို အစိုးရကို ျပန္ေပးရမယ္။

    ၆။ ဒီလာဘ္စားမႈတိုက္ဖ်က္ေရးဥပေဒဟာ စကၤာပူႏိုင္ငံျပင္ပမွာလဲ သက္ေရာက္ပါတယ္။ သေဘာက အျခားႏိုင္ငံတခုမွာ လာဘ္ေပးလာဘ္ယူ လုပ္ရင္လဲ စကၤာပူဥပေဒအတိုင္း အေရးယူ အျပစ္ေပးခံရမယ္ေပါ့။

    (ခ)CPIB လာဘ္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ကို ေအာက္ပါအာဏာမ်ာလႊဲအပ္ျခင္း။

    ၁။ မည္သည့္လာဘ္စားသည့္အမႈကိုမဆို လြတ္လပ္စြာ စစ္ေဆးပိုင္ခြင့္ရွိတယ္။

    ၂။ မည္မွ်ရာထူးႀကီးသူကိုမဆို စစ္ေဆးပိုင္ခြင့္ရွိတယ္။ အမႈေသးေသးကစလို႔ထိပ္ပိုင္းဝန္ႀကီးအထိစစ္ေဆးပိုင္ခြင့္ရွိတယ္။

    ၃။ အမႈႏွင့္ပတ္သက္၍ ဝန္ႀကီးခ်ဳပ္မွလြဲလို႔ မည္သူ႔ကိုမွ အစီရင္ခံစရာမလိုပါ။

    (ဂ)တရား႐ုံးမ်ားကို ေအာက္ပါအာဏာမ်ားလႊဲအပ္ျခင္း။

    ၁။ တရား႐ုံးေတြဟာ အမႈစစ္ေဆးရာမွာ ပြင့္လင္းျမင္သာမႈ ရွိေစရမယ္။

    ၂။ တရား႐ုံးသည္ ျပစ္မႈက်ဴးလြန္သူအား ျပစ္ဒဏ္အျပင္ လာဘ္ယူထားေငြအတိအက်ကို အစိုးရထံ ျပန္လည္ေပးအပ္ရန္ အမိန႔္ခ်မွတ္ရမယ္။ ျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္၅ႏွစ္အထိ ခ်မွတ္ႏိုင္သလို ဒဏ္ေငြကိုလည္း ေဒၚလာတစ္သိန္းအထိ ခ်မွတ္ႏိုင္တယ္။

    ၃။ လာဘ္ေပးၿပီး လုပ္ငန္းအပ္ႏွင္းခံထားရေသာ ကုမၸဏီရဲ႕ ကန္ထ႐ိုက္လုပ္ငန္းမ်ားကို ဖ်က္သိမ္းပစ္ရမယ္။ ဒါ့အျပင္ လာဘ္ေပးေသာ ကန္ထ႐ိုက္ကုမၸဏီဟာ အစိုးရ တင္ဒါမ်ားကို ၅ႏွစ္ၾကာအထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ရမယ္။

    ၄။ ႏိုင္ငံတကာကုမၸဏီမွ လာဘ္ယူခဲ့ရင္ လာဘ္ယူေငြကို အဲဒီကုမၸဏီကို ျပန္ေပးရမယ့္အျပင္ လာဘ္ယူေငြနဲ႔ ညီတဲ့ပမာဏကို အစိုးရထံကို ေပးသြင္းရပါမယ္။ သေဘာက လာဘ္ယူေငြရဲ႕၂ဆကို ေလ်ာ္ရမယ္ေပါ့။

    (ဃ) အစိုးရဌါနမ်ားကို လာဘ္စားမႈတားဆီးရန္ ေဆာင္႐ြက္ျခင္း။

    ၁။ ဝန္ထမ္းတစ္ဦးဟာ မိမိႏွင့္ လုပ္ငန္းဆက္စပ္သူထံမွ ေငြေခ်းငွားျခင္းကို လုံးဝမလုပ္ရပါ။

    ၂။ မည္သည့္အခ်ိန္ျဖစ္ျဖစ္ ဝန္ထမ္းတဦးဟာ အေႂကြးတင္ခဲ့ရင္ အေႂကြးပမာဏဟာ သူဝင္ေငြလစာရဲ႕၃ဆထက္ မေက်ာ္လြန္ေစရပါ။

    ၃။ ဝန္ထမ္းတဦးဟာ မိမိကိုယ္က်ိဳးအတြက္ ျပင္ပသို႔ သတင္းအခ်က္အလက္ မေပါက္ၾကားေစရပါ။

    ၄။ ဝန္ထမ္းတဦးဟာ မိမိပိုင္ဆိုင္မႈ အားလုံးကို အလုပ္ခန႔္အပ္ခံသည့္ အခ်ိန္မွာ ေၾကျငာရတဲ့အျပင္ ႏွစ္စဥ္ႏွစ္တိုင္းလဲ ေၾကျငာရပါတယ္။ (အလြန္ႀကိဳက္ေသာအခ်က္ျဖစ္ပါတယ္)။

    ၅။ ဝန္ထမ္းမ်ားဟာ မိမိတာဝန္မွလြဲ၍ ခြင့္ျပဳခ်က္မရမရပဲ အခ်ိန္ပိုင္းအလုပ္ လုပ္ခြင့္မရွိပါ။

    ၆။ ဝန္ထမ္းမ်ားဟာ လက္ေဆာင္ယူျခင္း၊ ေကြၽးေမြးဧည့္ခံပြဲကို တက္ေရာက္ျခင္း မလုပ္ရပါ။

    ၇။ Conflict of Interest ဆိုတဲ့ မိသားစု၊ ေဆြမ်ိဳးတဦးတေယာက္ကို အလုပ္ခန႔္ခ်င္တယ္ ဆိုရင္ ဌါနအႀကီးအကဲရဲ႕ အတည္ျပဳခ်က္မရပဲ လုံးဝခန႔္ခြင့္ မရွိပါဘူး။

    ေနာက္ၿပီး ဝန္ႀကီးဌာန၊ အစိုးရ႐ုံမ်ားရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြကို လာဘ္ေပးလာဘ္ယူမႈကင္းေအာင္ အခုလိုေဆာင္႐ြက္ထားပါတယ္။

    ၁။ ဝန္ႀကီးမ်ားနဲ႔အစိုးရဝန္ထမ္းအားလုံးကို လုံေလာက္တဲ့ လစာ၊ခံစားခြင္ေတြ ေပးထားတယ္။ အဲဒီေတာ့ မက္ေလာက္တဲ့ လစာဝင္ေငြ ရေနသူေတြဟာ လာဘ္စားတာနဲ႔ အေရးယူခံရၿပီး ေထာင္က် အလုပ္ျပဳတ္မွာကို အရမ္းေၾကာက္ၾကတယ္။ လာဘ္စားဖို႔ဆိုတာ စဥ္းေတာင္ မစဥ္းစားရဲၾကဘူး။

    ၂။ အခြန္အခေဆာင္ျခင္း၊ ေရမီးမီတာခေပးျခင္း၊ တယ္လီဖုန္းဘီလ္ေဆာင္ျခင္းစတာေတြကို ေငြသားျဖင့္ေပးေခ်ျခင္းကို လက္မခံရပါ။ ေငြသြင္းမႈအားလုံးကို ခ်က္လက္မွတ္ျဖစ္ေစ ဘဏ္ကဒ္ျဖင့္ ျဖစ္ေစ အင္တာနက္က on-liine banking စံနစ္ စသျဖင့္သာ ေပးေခ်ရပါတယ္။ သေဘာကေတာ့ ဝန္ထမ္းမ်ားကို ေငြသားကိုင္ခြင့္ မရေအာင္ လုပ္ထားတာပါ။

    ၃။ ေလွ်ာက္လႊာေတြကို စားပြဲတစ္ခုကေန ေနာက္စားပြဲတစ္ခု (သို႔မဟုတ္) ႐ုံးတစ္႐ုံးကေန ေနာက္တစ္႐ုံးသို႔ ကူးေျပာင္းစစ္ေဆးေနတဲ့စနစ္ကို ဖ်က္သိမ္းလိုက္တယ္။ ႐ုံးတစ္ခုမွာ လုပ္ငန္းတခုအတြက္ လုပ္စရာရွိရင္ အဲဒီအတြက္ဘာစာ႐ြက္စာတမ္းေတြ ဘယ္လိုေလွ်ာက္လႊာေတြလိုမယ္၊ဘယ္ေနရာကိုသြားရမယ္၊ ဘယ္အခ်ိန္မွာအေျဖသိရမယ္ဆိုတဲ့ သတင္းအခ်က္အလက္ information အျပည့္အစုံကို သက္ဆိုင္ရာ႐ုံးေတြရဲ႕ websiteေတြမွာ အင္တာနက္ online ကေန ၾကည့္လို႔ရတယ္။ လိုအပ္တဲ့ ေလွ်ာက္လႊာကိုလဲ အင္တာနက္ကေန download ကူးယူလုပ္ၿပီး print ထုတ္လို႔ရတယ္။ ေဈးဆိုင္ဖြင့္ခ်င္လို႔ လုပ္ငန္းလိုင္စင္ ေလွ်ာက္ရင္ေတာင္ ႐ုံးကို သြားစရာမလိုဘူး။ OBLS (Online Business Licensing Service) ဆိုတဲ့ website ကေန ေလွ်ာက္လို႔ရတယ္။ လိုင္စင္က်လာရင္ အင္တာနက္ကေန print_out ထုတ္ၿပီး အလုပ္စလုပ္လို႔ရၿပီ။ သက္ဆိုင္ရာ႐ုံးကို တစ္ခ်က္မွ သြားစရာမလိုဘူး။

    ၄။ အစိုးရတင္ဒါေခၚရင္လည္း GeBiz (ယခုSESAMIလို႔အမည္ေျပာင္းထားတဲ့) အစိုးရ website မွာ တင္ထားေပးတယ္။ သတ္မွတ္ခ်က္ျပည့္မွီတဲ့ ကုမၸဏီတိုင္း ဝင္ေလွ်ာက္ ယွဥ္ၿပိဳင္ခြင့္ရွိတယ္။ ဘယ္ကုမၸဏီက တင္ဒါဒာႏိုင္ရတယ္ ဆိုတာလည္း GeBizမွာ ဝင္ၾကည့္လို႔ရတယ္။

    ၅။ လာဘ္ေငြေတာင္းခံရရင္ တိုင္ၾကားႏိုင္တဲ့ ဖုံးနံပါတ္ေတြကို သက္ဆိုင္ရာအစိုးရ႒ါနေတြရဲ႕ website ေတြမွာ အတိအလင္းေၾကျငာေပးထားတယ္။ အစိုးရရဲ႕ လုပ္ငန္းေဆာင္တာေတြ ျမန္ဆန္သြက္လက္ေအာင္ အႀကံျပဳႏိုင္တဲ့ အစိုးရ website ေတြ ထားရွိပါတယ္။ ဘယ္သူမဆို အႀကံေပးလို႔ရတယ္။

    ၆။ ေနာက္တစ္ခုကလည္း ဘဏ္ေတြဟာ လူတေယာက္ရဲ႕ေငြစာရင္းထဲကို ႐ုတ္တရက္ေငြေတြ အမ်ားႀကီးဝင္လာတာေတြ႕ရင္ CPIB ကို ခ်က္ျခင္း အေၾကာင္းၾကားရတယ္။ CPIB ကလည္း အဲဒီေငြစာရင္းပိုင္ရွင္ကို ေစာင့္ၾကည့္ေနလိမ့္မယ္။ လိုအပ္ရင္ သူ႔ကို ေခၚယူစစ္ေမးလိမ့္မယ္။

    အဲဒီေတာ့ စကၤာပူမွာလာဘ္စားမႈနည္းတာ အဆန္းမဟုတ္ပါ။ မိတ္ေဆြအေနနဲ႔တခုေတာ့ ေမးခ်င္လိမ့္မယ္ ထင္ပါတယ္။ စကၤာပူမွာ လာဘ္စားမႈ လုံးဝကင္းသလားလားလို႔။ စကၤာပူလူမ်ိဳးေတြလဲ လူသားေတြပဲေလ။ ေလာဘနဲ႔ ဘယ္ကင္းပါ့မလဲ။ ဒါေပမဲ့ ေခ်ာက္တီး ေခ်ာက္ခ်က္ေလာက္နဲ႔ေတာ့ မစားၾကဘူး။ မိသြားရင္ စားထားသမွ် ျပန္ေပးရတဲ့အျပင္ ေထာင္ဒဏ္၅ႏွစ္ ဆိုတာႀကီးကလဲ ေၾကာက္စရာႀကီးကိုး။

    ကြၽန္ေတာ္ စကၤာပူမွာေနတဲ့ ႏွစ္အစိတ္ေလာက္အတြင္းမွာ လာဘ္စားမႈႀကီး၃-၄မႈေလာက္အေၾကာင္းပဲ သတင္းစာမွာ ဖတ္ရတယ္။ အစိုးရဝန္ထမ္းၫႊန္ခ်ဳပ္ေလာက္ အဆင့္ရွိသူေတြပါ။ စားတာေတြကလဲ နည္းနည္းေနာေနာ မဟုတ္ဘူး။ စကၤာပူေဒၚလာ ၂သန္း-၃သန္းေလာက္ ရွိတယ္။ ကန္ထ႐ိုက္ခ်ေပးမယ္ ဆိုၿပီး ပိုက္ဆံယူတာ။ ႏိုင္ငံျခားကုမၸဏီ တစ္ခုေတာင္ ပါေသးတယ္။ CPIBက စစ္လို႔ လာဘ္စားတာ ေသခ်ာၿပီဆိုတာနဲ႔ သူပိုင္တဲ့ကား၊ ဆိုင္ကယ္စတဲ့ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို ခ်က္ျခင္းသိမ္းတယ္။ သူပိုင္တဲ့ အိမ္၊ တိုက္ခန္းကိုလည္း ခ်က္ျခင္း ခ်ိတ္ပိတ္လိုက္တယ္။

    ဘဏ္မွာ သူအပ္ထားတဲ့ ေငြစာရင္းကို ပိတ္လိုက္တယ္။ တခ်ိဳ႕က ႏိုင္ငံျခားကို ထြက္ေျပးတယ္။ အဲဒီႏိုင္ငံေတြအထိ လိုက္သြားၿပီး သူ႔ကိုဖမ္းၿပီး စကၤာပူကို ျပန္ေခၚလာတယ္။ စကၤာပူဟာ အေနာက္ႏိုင္ငံေတြနဲ႔ ရာဇဝတ္မႈနဲ႔ ထြက္ေျပးလာရင္ မိခင္ႏိုင္ငံျပန္ပို႔ဖို႔ ႏိုင္ငံအခ်င္းခ်င္း စာခ်ဳပ္ခ်ဳပ္ထားေတာ့ ေျပးလဲ ျပန္အပို႔ခံရတာပဲ။ စကၤာပူမွာ တရား႐ုံးတင္ စစ္ခံရတယ္။ လာဘ္ေငြအခ်ီႀကီး စားတဲ့သူေတြကိုေတာ့ ႏွစ္ရွည္ေထာင္ဒဏ္ေတြခ် အျပစ္ေပးတယ္။

    ကဲ….ဘယ္သူေတြ လာဘ္စားရဲၾကေသးလဲ။

    က်ေနာ္တို႔ျမန္မာႏိုင္ငံရဲ႕ လာဘ္စားမႈတိုက္ဖ်က္ေရး ဥပေဒကို(ရွိခဲ့ရင္ေပါ့) စကၤာပူရဲ႕ ဥပေဒနဲ႔ ႏိူင္းယွဥ္ၾကည့္လို႔ရေအာင္ ေရးေပးလိုက္တာပါ။

    မွတ္ခ်က္။

    ၁။ အခ်က္အလက္မ်ားကို CPIB အဖြဲ႕ႀကီးရဲ႕ဒုတိယၫႊန္ၾကားေရးမႉး Koh Teck Hinရဲ႕ အစီရင္ခံစာတေစာင္မွ ရယူထားပါတယ္။

    ၂။ လာဘ္စားမႈႀကီးမ်ားစြာကို အခ်ိန္တိုအတြင္းေဖၚထုတ္ႏိုင္ခဲ့တဲ့ CPIB အဖြဲ.ႀကီးမွာ ဝန္ထမ္းစုစုေပါင္း(၇၅)ဦး ပဲရွိပါတယ္။

    ၃။ လာဘ္စားမႈေတြ႕ၿပီဆိုတာနဲ႔ တရား႐ုံးမွာစတင္စစ္ေဆးခ်ိန္ကေန စီရင္ခ်က္ခ်တဲ့အခ်ိန္အထိ ႐ုံးခ်ိန္းတိုင္းမွာ အမႈစစ္ေဆးတာကို အစိုးရသတင္းစာႀကီးမွာ နာမည္၊ ဓါတ္ပုံေတြနဲ႔တကြ ေတာက္ေလွ်ာက္ေဖၚျပေပးတယ္။

    ေရးသားသူ – ဗန္းေမာ္သိန္းေဖ

    Via – သုတဇုန္

    (Unicode)

    စင်ကာပူမှာ လာဘ်စားမှုတွေကို ဘယ်လိုတားဆီးသလဲ

    စင်္ကာပူဟာ ၁၉၅၂ခုနှစ်မှာ ဗြိတိသျှအောက်က လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပေမဲ့လည်း မလေးရှားနိင်ငံရဲ့ လက်အောက်မှာပဲ ဆက်ရှိနေခဲ့တယ်။ အဲဒီအချိန်မှာ စင်္ကာပူမှာလာဘ်စားမှု အရမ်းများတယ်။ ၁၉၆၅ခုနှစ်မှာ စင်္ကာပူဟာ မလေးရှားအောက်က ခွဲထွက်လိုက်ပြီး စင်္ကာပူနိုင်ငံရယ်လို့ ဖြစ်လာခဲ့တယ်။

    စင်္ကာပူနိုင်ငံဖြစ်လာပြီး ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ လီကွမ်းယူဟာ လာဘ်စားမှုပပျောက်အောင် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ သူ့နိုင်ငံသေးသေးလေးမှာ လာဘ်စားမှုတွေရှိနေရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမှာ မဟုတ်ဘူးဆိုတာကို သူကောင်းကောင်းနားလည် သဘောပေါက်ထားတယ်။

    အဲဒီအချိန်ကစပြီး စင်္ကာပူအစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးဦးတည်ချက်တစ်ရပ်အနေနဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းလိုက်တာ ၂၀၁၄ခုနှစ်က စာရင်းထုတ်ပြန်ချက်အရ နိုင်ငံစုစုပေါင်း(၁၇၆)နိုင်ငံတွေအနက် လာဘ်စားမှုအနဲဆုံးအဆင့်(၃)ဖြစ်ခဲ့ပါပြီ။ အဆင့်(၁)က ဒိန်းမတ်နိုင်ငံနဲ့ အဆင့်(၂)ကတော့နယူးဇီလန်နိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကတော့ အဆင့်(၁၅၇)ဖြစ်ပြီး ကမ္ဘာပေါ်မှာ လာဘ်စားမှု အများဆုံးနိုင်ငံ စာရင်းမှာ အဆင့်(၂)ချိတ်နေခဲ့ပါတယ်။ အောက်မှာ အာဖရိကတိုက်က ဆိုမားလီးယား တစ်နိုင်ငံပဲ ရှိပါတော့တယ်။

    လာဘ်စားမှုအနည်းဆုံး ထိပ်ဆုံး(၁၅)နိုင်ငံစာရင်းထဲမှာ အာရှတိုက်က စင်္ကာပူနိုင်ငံတခုပဲ ပါခဲ့ပါတယ်။ အဲဒီတော့ ကျနော်လည်း စင်္ကာပူနိုင်ငံကို ခုလိုလာဘ်စားမှု အနဲဆုံးဖြစ်အောင် သူတို့အစိုးရအနေနဲ့ ဘယ်လိုများ ဆောင်ရွက်ခဲ့သလဲဆိုတာ သိချင်လို့ လေ့လာလိုက်ကြည့်လိုက်တော့ အောက်မှာရေးထားတဲ့ လုပ်ဆောင်ချက်တွေကို ရှာဖွေတွေ့မိလိုက်တယ်။

    စင်္ကာပူအစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ဖို့ ကဏ္ဍကြီး၄ခုခွဲပြီး အခုလို.စီမံချက်များကို ချမှတ်ဆောက်ရွက်ခဲ့ပါတယ်။

    (က) အောက်ဖေါ်ပြပါစည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကိုပြဋ္ဌာန်းခဲ့သည်။

    ၁။ အာဏာကုန်လွှဲအပ်ခံရသော CPIB (Corrupt Practices Investigation Bureau) လာဘ်စားမှုတိုက်ဖျက်ရေး အဖွဲ့ကြီးဟာ အစိုးရဌာနရော ပုဂ္ဂလိကကုမ္ပဏီ အားလုံးကို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိသည်။

    ၂။ အစိုးရဝန်ထမ်းတဦးဟာ လာဘ်စားတယ်လို့ စွပ်စွဲခံရရင် သူမကျူးလွန်ကြောင်း သက်သေပြနိုင်ရမယ်။

    ၃။ လာဘ်ယူသူဟာ လာဘ်ယူပြီးနောက် လာဘ်ပေးသူအလိုကျ လိုက်မလုပ်ပေးသော်လည်း ပြစ်ဒဏ်ကျခံရမယ်။

    ၄။ အစိုးရဝန်ထမ်းများဟာ လက်ဆောင်ပဏ္ဏာ လက်ခံရယူခြင်း လုံးဝမလုပ်ရဘူး။

    ၅။ ဝန်ထမ်းတယောက်ဟာ လာဘ်ယူလို့ ထောင်ဒဏ်နဲ့ငွေဒဏ် ကျခံရပြီးသော်လည်း လာဘ်ယူထားငွေအတိအကျကို အစိုးရကို ပြန်ပေးရမယ်။

    ၆။ ဒီလာဘ်စားမှုတိုက်ဖျက်ရေးဥပဒေဟာ စင်္ကာပူနိုင်ငံပြင်ပမှာလဲ သက်ရောက်ပါတယ်။ သဘောက အခြားနိုင်ငံတခုမှာ လာဘ်ပေးလာဘ်ယူ လုပ်ရင်လဲ စင်္ကာပူဥပဒေအတိုင်း အရေးယူ အပြစ်ပေးခံရမယ်ပေါ့။

    (ခ)CPIB လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ကို အောက်ပါအာဏာမျာလွှဲအပ်ခြင်း။

    ၁။ မည်သည့်လာဘ်စားသည့်အမှုကိုမဆို လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိတယ်။

    ၂။ မည်မျှရာထူးကြီးသူကိုမဆို စစ်ဆေးပိုင်ခွင့်ရှိတယ်။ အမှုသေးသေးကစလို့ထိပ်ပိုင်းဝန်ကြီးအထိစစ်ဆေးပိုင်ခွင့်ရှိတယ်။

    ၃။ အမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်မှလွဲလို့ မည်သူ့ကိုမှ အစီရင်ခံစရာမလိုပါ။

    (ဂ)တရားရုံးများကို အောက်ပါအာဏာများလွှဲအပ်ခြင်း။

    ၁။ တရားရုံးတွေဟာ အမှုစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်။

    ၂။ တရားရုံးသည် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်အပြင် လာဘ်ယူထားငွေအတိအကျကို အစိုးရထံ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ရမယ်။ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်၅နှစ်အထိ ချမှတ်နိုင်သလို ဒဏ်ငွေကိုလည်း ဒေါ်လာတစ်သိန်းအထိ ချမှတ်နိုင်တယ်။

    ၃။ လာဘ်ပေးပြီး လုပ်ငန်းအပ်နှင်းခံထားရသော ကုမ္ပဏီရဲ့ ကန်ထရိုက်လုပ်ငန်းများကို ဖျက်သိမ်းပစ်ရမယ်။ ဒါ့အပြင် လာဘ်ပေးသော ကန်ထရိုက်ကုမ္ပဏီဟာ အစိုးရ တင်ဒါများကို ၅နှစ်ကြာအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ရမယ်။

    ၄။ နိုင်ငံတကာကုမ္ပဏီမှ လာဘ်ယူခဲ့ရင် လာဘ်ယူငွေကို အဲဒီကုမ္ပဏီကို ပြန်ပေးရမယ့်အပြင် လာဘ်ယူငွေနဲ့ ညီတဲ့ပမာဏကို အစိုးရထံကို ပေးသွင်းရပါမယ်။ သဘောက လာဘ်ယူငွေရဲ့၂ဆကို လျော်ရမယ်ပေါ့။

    (ဃ) အစိုးရဌါနများကို လာဘ်စားမှုတားဆီးရန် ဆောင်ရွက်ခြင်း။

    ၁။ ဝန်ထမ်းတစ်ဦးဟာ မိမိနှင့် လုပ်ငန်းဆက်စပ်သူထံမှ ငွေချေးငှားခြင်းကို လုံးဝမလုပ်ရပါ။

    ၂။ မည်သည့်အချိန်ဖြစ်ဖြစ် ဝန်ထမ်းတဦးဟာ အကြွေးတင်ခဲ့ရင် အကြွေးပမာဏဟာ သူဝင်ငွေလစာရဲ့၃ဆထက် မကျော်လွန်စေရပါ။

    ၃။ ဝန်ထမ်းတဦးဟာ မိမိကိုယ်ကျိုးအတွက် ပြင်ပသို့ သတင်းအချက်အလက် မပေါက်ကြားစေရပါ။

    ၄။ ဝန်ထမ်းတဦးဟာ မိမိပိုင်ဆိုင်မှု အားလုံးကို အလုပ်ခန့်အပ်ခံသည့် အချိန်မှာ ကြေငြာရတဲ့အပြင် နှစ်စဉ်နှစ်တိုင်းလဲ ကြေငြာရပါတယ်။ (အလွန်ကြိုက်သောအချက်ဖြစ်ပါတယ်)။

    ၅။ ဝန်ထမ်းများဟာ မိမိတာဝန်မှလွဲ၍ ခွင့်ပြုချက်မရမရပဲ အချိန်ပိုင်းအလုပ် လုပ်ခွင့်မရှိပါ။

    ၆။ ဝန်ထမ်းများဟာ လက်ဆောင်ယူခြင်း၊ ကျွေးမွေးဧည့်ခံပွဲကို တက်ရောက်ခြင်း မလုပ်ရပါ။

    ၇။ Conflict of Interest ဆိုတဲ့ မိသားစု၊ ဆွေမျိုးတဦးတယောက်ကို အလုပ်ခန့်ချင်တယ် ဆိုရင် ဌါနအကြီးအကဲရဲ့ အတည်ပြုချက်မရပဲ လုံးဝခန့်ခွင့် မရှိပါဘူး။

    နောက်ပြီး ဝန်ကြီးဌာန၊ အစိုးရရုံများရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လာဘ်ပေးလာဘ်ယူမှုကင်းအောင် အခုလိုဆောင်ရွက်ထားပါတယ်။

    ၁။ ဝန်ကြီးများနဲ့အစိုးရဝန်ထမ်းအားလုံးကို လုံလောက်တဲ့ လစာ၊ခံစားခွင်တွေ ပေးထားတယ်။ အဲဒီတော့ မက်လောက်တဲ့ လစာဝင်ငွေ ရနေသူတွေဟာ လာဘ်စားတာနဲ့ အရေးယူခံရပြီး ထောင်ကျ အလုပ်ပြုတ်မှာကို အရမ်းကြောက်ကြတယ်။ လာဘ်စားဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲကြဘူး။

    ၂။ အခွန်အခဆောင်ခြင်း၊ ရေမီးမီတာခပေးခြင်း၊ တယ်လီဖုန်းဘီလ်ဆောင်ခြင်းစတာတွေကို ငွေသားဖြင့်ပေးချေခြင်းကို လက်မခံရပါ။ ငွေသွင်းမှုအားလုံးကို ချက်လက်မှတ်ဖြစ်စေ ဘဏ်ကဒ်ဖြင့် ဖြစ်စေ အင်တာနက်က on-liine banking စံနစ် စသဖြင့်သာ ပေးချေရပါတယ်။ သဘောကတော့ ဝန်ထမ်းများကို ငွေသားကိုင်ခွင့် မရအောင် လုပ်ထားတာပါ။

    ၃။ လျှောက်လွှာတွေကို စားပွဲတစ်ခုကနေ နောက်စားပွဲတစ်ခု (သို့မဟုတ်) ရုံးတစ်ရုံးကနေ နောက်တစ်ရုံးသို့ ကူးပြောင်းစစ်ဆေးနေတဲ့စနစ်ကို ဖျက်သိမ်းလိုက်တယ်။ ရုံးတစ်ခုမှာ လုပ်ငန်းတခုအတွက် လုပ်စရာရှိရင် အဲဒီအတွက်ဘာစာရွက်စာတမ်းတွေ ဘယ်လိုလျှောက်လွှာတွေလိုမယ်၊ဘယ်နေရာကိုသွားရမယ်၊ ဘယ်အချိန်မှာအဖြေသိရမယ်ဆိုတဲ့ သတင်းအချက်အလက် information အပြည့်အစုံကို သက်ဆိုင်ရာရုံးတွေရဲ့ websiteတွေမှာ အင်တာနက် online ကနေ ကြည့်လို့ရတယ်။ လိုအပ်တဲ့ လျှောက်လွှာကိုလဲ အင်တာနက်ကနေ download ကူးယူလုပ်ပြီး print ထုတ်လို့ရတယ်။ ဈေးဆိုင်ဖွင့်ချင်လို့ လုပ်ငန်းလိုင်စင် လျှောက်ရင်တောင် ရုံးကို သွားစရာမလိုဘူး။ OBLS (Online Business Licensing Service) ဆိုတဲ့ website ကနေ လျှောက်လို့ရတယ်။ လိုင်စင်ကျလာရင် အင်တာနက်ကနေ print_out ထုတ်ပြီး အလုပ်စလုပ်လို့ရပြီ။ သက်ဆိုင်ရာရုံးကို တစ်ချက်မှ သွားစရာမလိုဘူး။

    ၄။ အစိုးရတင်ဒါခေါ်ရင်လည်း GeBiz (ယခုSESAMIလို့အမည်ပြောင်းထားတဲ့) အစိုးရ website မှာ တင်ထားပေးတယ်။ သတ်မှတ်ချက်ပြည့်မှီတဲ့ ကုမ္ပဏီတိုင်း ဝင်လျှောက် ယှဉ်ပြိုင်ခွင့်ရှိတယ်။ ဘယ်ကုမ္ပဏီက တင်ဒါဒာနိုင်ရတယ် ဆိုတာလည်း GeBizမှာ ဝင်ကြည့်လို့ရတယ်။

    ၅။ လာဘ်ငွေတောင်းခံရရင် တိုင်ကြားနိုင်တဲ့ ဖုံးနံပါတ်တွေကို သက်ဆိုင်ရာအစိုးရဋ္ဌါနတွေရဲ့ website တွေမှာ အတိအလင်းကြေငြာပေးထားတယ်။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ မြန်ဆန်သွက်လက်အောင် အကြံပြုနိုင်တဲ့ အစိုးရ website တွေ ထားရှိပါတယ်။ ဘယ်သူမဆို အကြံပေးလို့ရတယ်။

    ၆။ နောက်တစ်ခုကလည်း ဘဏ်တွေဟာ လူတယောက်ရဲ့ငွေစာရင်းထဲကို ရုတ်တရက်ငွေတွေ အများကြီးဝင်လာတာတွေ့ရင် CPIB ကို ချက်ခြင်း အကြောင်းကြားရတယ်။ CPIB ကလည်း အဲဒီငွေစာရင်းပိုင်ရှင်ကို စောင့်ကြည့်နေလိမ့်မယ်။ လိုအပ်ရင် သူ့ကို ခေါ်ယူစစ်မေးလိမ့်မယ်။

    အဲဒီတော့ စင်္ကာပူမှာလာဘ်စားမှုနည်းတာ အဆန်းမဟုတ်ပါ။ မိတ်ဆွေအနေနဲ့တခုတော့ မေးချင်လိမ့်မယ် ထင်ပါတယ်။ စင်္ကာပူမှာ လာဘ်စားမှု လုံးဝကင်းသလားလားလို့။ စင်္ကာပူလူမျိုးတွေလဲ လူသားတွေပဲလေ။ လောဘနဲ့ ဘယ်ကင်းပါ့မလဲ။ ဒါပေမဲ့ ချောက်တီး ချောက်ချက်လောက်နဲ့တော့ မစားကြဘူး။ မိသွားရင် စားထားသမျှ ပြန်ပေးရတဲ့အပြင် ထောင်ဒဏ်၅နှစ် ဆိုတာကြီးကလဲ ကြောက်စရာကြီးကိုး။

    ကျွန်တော် စင်္ကာပူမှာနေတဲ့ နှစ်အစိတ်လောက်အတွင်းမှာ လာဘ်စားမှုကြီး၃-၄မှုလောက်အကြောင်းပဲ သတင်းစာမှာ ဖတ်ရတယ်။ အစိုးရဝန်ထမ်းညွှန်ချုပ်လောက် အဆင့်ရှိသူတွေပါ။ စားတာတွေကလဲ နည်းနည်းနောနော မဟုတ်ဘူး။ စင်္ကာပူဒေါ်လာ ၂သန်း-၃သန်းလောက် ရှိတယ်။ ကန်ထရိုက်ချပေးမယ် ဆိုပြီး ပိုက်ဆံယူတာ။ နိုင်ငံခြားကုမ္ပဏီ တစ်ခုတောင် ပါသေးတယ်။ CPIBက စစ်လို့ လာဘ်စားတာ သေချာပြီဆိုတာနဲ့ သူပိုင်တဲ့ကား၊ ဆိုင်ကယ်စတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ချက်ခြင်းသိမ်းတယ်။ သူပိုင်တဲ့ အိမ်၊ တိုက်ခန်းကိုလည်း ချက်ခြင်း ချိတ်ပိတ်လိုက်တယ်။

    ဘဏ်မှာ သူအပ်ထားတဲ့ ငွေစာရင်းကို ပိတ်လိုက်တယ်။ တချို့က နိုင်ငံခြားကို ထွက်ပြေးတယ်။ အဲဒီနိုင်ငံတွေအထိ လိုက်သွားပြီး သူ့ကိုဖမ်းပြီး စင်္ကာပူကို ပြန်ခေါ်လာတယ်။ စင်္ကာပူဟာ အနောက်နိုင်ငံတွေနဲ့ ရာဇဝတ်မှုနဲ့ ထွက်ပြေးလာရင် မိခင်နိုင်ငံပြန်ပို့ဖို့ နိုင်ငံအချင်းချင်း စာချုပ်ချုပ်ထားတော့ ပြေးလဲ ပြန်အပို့ခံရတာပဲ။ စင်္ကာပူမှာ တရားရုံးတင် စစ်ခံရတယ်။ လာဘ်ငွေအချီကြီး စားတဲ့သူတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေချ အပြစ်ပေးတယ်။

    ကဲ….ဘယ်သူတွေ လာဘ်စားရဲကြသေးလဲ။

    ကျနော်တို့မြန်မာနိုင်ငံရဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ဥပဒေကို(ရှိခဲ့ရင်ပေါ့) စင်္ကာပူရဲ့ ဥပဒေနဲ့ နိူင်းယှဉ်ကြည့်လို့ရအောင် ရေးပေးလိုက်တာပါ။

    မှတ်ချက်။

    ၁။ အချက်အလက်များကို CPIB အဖွဲ့ကြီးရဲ့ဒုတိယညွှန်ကြားရေးမှူး Koh Teck Hinရဲ့ အစီရင်ခံစာတစောင်မှ ရယူထားပါတယ်။

    ၂။ လာဘ်စားမှုကြီးများစွာကို အချိန်တိုအတွင်းဖေါ်ထုတ်နိုင်ခဲ့တဲ့ CPIB အဖွဲ.ကြီးမှာ ဝန်ထမ်းစုစုပေါင်း(၇၅)ဦး ပဲရှိပါတယ်။

    ၃။ လာဘ်စားမှုတွေ့ပြီဆိုတာနဲ့ တရားရုံးမှာစတင်စစ်ဆေးချိန်ကနေ စီရင်ချက်ချတဲ့အချိန်အထိ ရုံးချိန်းတိုင်းမှာ အမှုစစ်ဆေးတာကို အစိုးရသတင်းစာကြီးမှာ နာမည်၊ ဓါတ်ပုံတွေနဲ့တကွ တောက်လျှောက်ဖေါ်ပြပေးတယ်။

    ရေးသားသူ – ဗန်းမော်သိန်းဖေ

    Via – သုတဇုန်

  • ေငြစကၠဴသုံးသူတိုင္း သိထားရမယ့္ ေငြစကၠဴ အတု၊ အစစ္ ခြဲျခားသိႏိုင္ေစမယ့္ နည္းလမ္း ၁ နည္း

    (Zawgyi)

    ေငြစကၠဴသုံးသူတိုင္း သိထားရမယ့္ ေငြစကၠဴ အတု၊ အစစ္ ခြဲျခားသိႏိုင္ေစမယ့္ နည္းလမ္း ၁ နည္း

    ေရးသားသူ – Ko Minn Thaik

    (ဒီနည္းလမ္းကလည္း အမ်ားႀကီးဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့ဗ်ာ၊ ဘာပဲျဖစ္ျဖစ္ ဗဟုသုတ အေနနဲ႔ေဝမွ်လိုက္ျခင္းပါ )

    ကမာၻေက်ာ္ ေငြစကၠဴအတုဂိုဏ္းေတြဟာ နည္းပညာ ဘယ္လို ျမင့္ျမင့္ ရေအာင္ လိုက္တုပလုပ္တယ္။ ေငြစကၠဴအသား အမ်ိဳးအစား ထပ္တူ၊ လုံၿခဳံေရးႀကိဳးေတြ၊ မွင္ေတြကအစ၊ ေရစာ အဆုံး အကုန္ အတုထြက္ တယ္၊ တ႐ုပ္ျပည္က ဒိုင္ခံ ေရာင္းေပးေနတာ ခရမ္းလြန္ေရာင္ျခည္ မီးနဲ႔ ထိုးၾကည့္မွ ျမင္ရတဲ့ Invisible ink , UV ink လိုမ်ိဳးကေတာ့ ဘာအေရာင္ လိုခ်င္သလဲ အကုန္ရတယ္။ အခု တစ္ေသာင္းတန္မွာ ထည့္႐ိုက္လာတဲ့ METALLIC INK လိုခ်င္လားရတယ္။

    အရင္ အေမရိကန္ ေငြစကၠဴမွာ ပထမဆုံးအသုံးျပဳတဲ့ OVI ေခၚတဲ့ Optically Variable Ink လားရမယ္။ ဘယ္အေရာင္ကေန ဘယ္ အေရာင္ေျပာင္းတာ လိုခ်င္လဲ၊ အေမရိကန္က အဲဒီ OVI ကို အဆင့္ျမင့္နည္းပညာနဲ႔ သူ႔ ေဒၚလာေပၚ မွာ ႐ိုက္တာ။ အစိမ္းကေန ခရမ္းေရာင္ေျပာင္းတဲ့မွင္နဲ႔တူတယ္။ ေျမာက္ႀကီးက ထုတ္ျပလိုက္ေတာ့ လန႔္ျဖန႔္ၿပီးအခု 3-D Security Ribbon ႀကီး ထြင္ထည့္လိုက္ရတာ။ အဲဒါလည္း သိပ္မၾကာဘူး အတုထြက္ဦးမွာပဲ အခုဆို စမ္းသပ္ေနၾကေရာေပါ့။

    ေငြစကၠဴ အတုလုပ္တဲ့သူေတြ ဘယ္လိုမွ ေတာ္႐ုံတုပလို႔မရတဲ့ နည္းပညာကေတာ့ Printing Technology ပဲ။ ျမန္မာက်ပ္ေငြမွာလည္း အဲဒီ အခ်က္ေလးေတြရွိတယ္၊ ဘယ္သူမွ တုလို႔မရဘူး။ ဂ်ာမဏီက စက္ႀကီးဝယ္ၿပီး တုရင္ေတာ့ ရႏိုင္ တာေပါ့။ မဟုတ္တာလုပ္စားၿပီး တစ္က်ပ္ရင္း တစ္ေထာင္ေလာက္ေတာ့ ဘယ္အျမတ္က်န္မလဲ ။ အခန႔္မသင့္ရင္ ကြိသြားမွာ။ ဒီလို security printing ေတြအတြက္ ဟာ့ဝဲေတြ ေရာင္းတဲ့ ကုမၸဏီႀကီးေတြ ဆိုတာလည္း ဂါးဗားမင့္ သီးသန႔္ပဲ ေရာင္းတာပါ။ စက္ေတြေတာင္ အလုံးအေရအတြက္ သတ္မွတ္ထုတ္တာ။ အျပင္လူမေရာင္းဘူး။

    ေငြစကၠဴတိုင္းမွာပါတဲ့ လုံၿခဳံေရးအခ်က္အလက္ေတြထဲမွာ အတုသမားေတြ တုဖို႔ခက္တဲ့ micro print လို႔ေခၚတဲ့ သာမန္ မ်က္လုံးနဲ႔ ႐ုတ္တရက္ မျမင္ႏိုင္တဲ့ စာလုံးေလးေတြ၊ ျမန္မာေငြစကၠဴ က်ပ္တစ္ေသာင္းတန္မွာ ဆိုရင္ SECURITYPRINTINGWORKS ဆိုၿပီး ထည့္သြင္း႐ိုက္ႏွိပ္ ထားတယ္။ တခ်ိဳ႕ေနရာေတြမွာ CBMCBMCBM ဆိုၿပီး Central Bank of Myanmar အတိုေကာက္ထည့္႐ိုက္ထားတယ္။ မွန္ဘီလူးနဲ႔ၾကည့္မွ ျမင္ႏိုင္ေသာ္လည္း သာမန္ လူတစ္ဦး၊ မွန္ဘီလူးလည္း အဆင္သင့္ မရွိတဲ့လူက ဘယ္လို သိႏိုင္မလဲဆိုရင္ လက္ကိုင္ဖုန္းတိုင္းမွာ ကင္မရာ ပါတယ္။

    လက္ကိုင္ဖုန္းကင္မရာနဲ႔ အဲဒီ စာလုံးေလးေတြ ႐ိုက္ထားတဲ့ ေနရာကို ( ပုံမွာ ျပထားတယ္ ) ခ်ိန္ေထာက္ၿပီး ဖိုးကပ္ ျပတ္ေအာင္ခ်ိန္ၿပီး ႐ိုက္၊ ႐ိုက္ၿပီး ဓါတ္ပုံကို ျပန္ၿဖဲၾကည့္၊ အဲဒီ စာလုံးေလးေတြဟာ ျပတ္ျပတ္သားသားမရွိဘူး ဝါးေနမယ္ လုံးေနမယ္ဆိုရင္ က်ိန္းေသတယ္ အဲဒါ အတုပဲ။ ကြန္ျပဴတာ ပရင္တာ အေကာင္းစားႀကီး မေျပာနဲ႔ ပုဂၢလိက လုပ္ငန္းသုံး ပုံႏွိပ္စက္အေကာင္းစားမွာေတာင္ အဲဒီ မိုက္ခ႐ိုပရင့္ စာလုံးေသးေလးေတြ ျပတ္သားေအာင္ မ႐ိုက္ႏိုင္ဘူး။

    ေနာက္တစ္ခ်က္ အလြယ္တကူ အတုအစစ္ခြဲလို႔ရတာက တစ္ေသာင္း တန္၊ ငါးေတာင္တန္၊ တစ္ေထာင္တန္ အကုန္လုံးမွာ ပါတယ္။ ေငြစကၠဴရဲ႕ မ်က္ႏွာစာ ဘယ္ဘက္ ( ေရစာေဘး ) အကြက္ေလးထဲမွာ CBM ဆိုတဲ့ စာလုံးေတြကို ကႏုတ္ေတြနဲ႔ ေရာျမဳပ္ ဖြက္ၿပီး႐ိုက္ႏွိပ္ထားတယ္။ အဲဒီ နည္းပညာကို Latent Image လို႔ေခၚတယ္။ အလင္းေရာင္ရွိတဲ့ေနရာမွာ ေငြစကၠဴ ကို ( သီအိုရီအရေတာ့ ၄၅ ဒီဂရီေစာင္းၾကည့္လိုက္မွ ) ျမဳပ္႐ိုက္ထားတဲ့ စာလုံးေလးေတြ ေပၚလာတာ။

    ျမန္မာေငြစကၠဴမွာ က်ပ္ေငြ တစ္ေထာင္တန္အထိ အဲဒီ Latent Image ကြာလတီေကာင္းေသးတယ္။ သီအိုရီနဲ႔ ကိုက္တယ္၊ ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္မွာလုံးဝ ခ်ာတူးလန္သြားၿပီ ေစာင္းၾကည့္စရာမလိုပဲ ေပၚေနတယ္။ စက္လည္းညံလာသလို ဒီဇိုင္းဆြဲတဲ့သူ လည္း ညံ့တယ္။ အမွန္က အတည့္ၾကည့္ရင္ မေပၚရပါဘူး။ နည္းနည္းေစာင္းလိုက္မွ ေပၚလာတာ။ အဲဒီ Latent Image ကို ဘယ္လို မွ အတုလုပ္လို႔မရဘူး။ ဂရပ္ဖစ္ ဒီဇိုင္းအေခၚအေဝၚအရ Hairline လို႔ေခၚတဲ့ ဆံခ်ည္မွ်င္လိုင္းထက္ အမ်ားႀကီး ပိုေသးတဲ့ လိုင္းေသးေသးေလး ေတြနဲ႔ ေရာယွက္ ဒီဇိုင္းဆြဲ ျမဳပ္ထားတဲ့ နည္းပညာ၊ အဲဒီ နည္းပညာကိုတိတိက်က် ပုံႏွိပ္ဖို႔ ပုံႏွိပ္စက္ဆိုတာ ပုဂၢလိကမွာလည္းမရွိဘူး။ ဘယ္ႏိုင္ငံက ေငြတုလုပ္တဲ့သူေတြမွလည္း မလုပ္ႏိုင္ဘူး။

    ဆိုေတာ့ကာ ျမန္မာေငြ အတုအစစ္ အလြယ္တကူခြဲျခားႏိုင္ဖို႔ နံပတ္တစ္က ပိုက္ဆံ မ်က္ႏွာစာ ဘယ္ဘက္နားက ေရစာ ေဘးမွာရွိတဲ့ CBM ဆိုတဲ့ စာလုံးေလးေတြ ေပၚမေပၚ အလင္းေရာင္ထဲမွာ ေစာင္းၾကည့္ တည့္ၾကည့္စစ္ပါ။ ေနာက္တစ္ခ်က္က မိုက္ခ႐ို ပရင့္နည္းပညာနဲ႔႐ိုက္ထားတဲ့ စာလုံးေသးေသးေလးေတြကို မွန္ဘီလူးနဲ႔ ၾကည့္ႏိုင္ရင္ၾကည့္ မွန္ဘီလူးမရွိရင္ လည္း လက္ကိုင္ဖုန္းကင္မရာနဲ႔ အနီးကပ္႐ိုက္ၾကည့္ၿပီး စစ္ပါ။

    တခ်ိဳ႕က ေငြစကၠဴ ထိပ္စည္းအေပၚပိုင္းနဲ႔ ေအာက္ပိုင္း ကႏုတ္ဒီဇိုင္းရွိ တဲ့ေနရာကို လက္မေလးနဲ႔ အသာပြတ္ဆြဲ ၾကည့္တယ္။ ထစ္ထစ္ ထစ္ထစ္ျဖစ္ေနမယ္ ေဖါင္းႂကြ အရသာမ်ိဳးေလးခံစားရမယ္ဆို အစစ္လို႔ပဲ သတ္မွတ္ၾကတယ္။ အဲဒီ နည္းသြားမစမ္းနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က သထုံမွာမိတဲ့ က်ပ္တစ္ေသာင္းတန္ အတု သိန္းေထာင့္ႏွစ္ရာဖိုး အတုလုပ္တဲ့ အဖြဲ႕က အေတာ္ဆရာက်တဲ့ ငနဲေတြလို႔ေျပာရမယ္။ ေအာက္ခံဒီဇိုင္းေလာက္ကိုသာ ကာလာပရင္တာ အေပါစားနဲ႔ ႐ိုက္ထုတ္တာ။

    အေပၚထိပ္စည္းနဲ႔ ေအာက္ကႏုတ္သားကို သီးသန႔္ မိုလ္လုပ္ထားၿပီး ေဖါင္းႂကြျဖစ္ေအာင္ ေဆးနဲ႔ ဖိ႐ိုက္သြင္းတာ၊ လက္မနဲ႔ ပြတ္စမ္းၾကည့္ အင္မိသြားမယ္၊ ဒီအုပ္စု႐ိုက္ထုတ္ေနတဲ့ သိန္းေထာင္ခ်ီတဲ့ တစ္ေသာင္းတန္ေတြကို ဘယ္ေနရာမွာ အထုပ္လိုက္ အထည္လိုက္ လက္စေဖ်ာက္ ျဖဳန္းပစ္သလဲဆိုတာကေတာ့ စီအိုင္ဒီ အေနနဲ႔ ေသခ်ာ ေျခရာေကာက္ဖို႔ လိုၿပီေနာ္။

    က်ပ္တစ္ေသာင္းတန္ကလည္း ေမာ္ဒယ္အေဟာင္းနဲ႔ ေမာ္ဒယ္အသစ္ ၂ မ်ိဳးရွိတာ သတိထားၾကဦး။ ေရစာကြာတယ္ ဒီဇိုင္းလိုင္း ေလးေတြ နည္းနည္း ကြာတယ္၊ တစ္ေသာင္း လို႔ ႐ိုက္ထားတဲ့ေနရာမွာ Invisible ink မ်ားမ်ားထည့္႐ိုက္ၿပီး စာလုံးႀကီးထားတယ္။ ဘာမွေတာ့ လုံၿခဳံေရးပိုင္းက ထူးသြားတာမဟုတ္ပါဘူး။

    ျမန္မာျပည္သူအေပါင္း ေငြတု လက္ဝယ္မိျခင္းေဘးက ကင္းေဝးၾကပါေစ။ မွီျငမ္းကိုးကား – Glossary of Banknotes….အေသးစိတ္ စိတ္ဝင္စားသူမ်ား ဒီမွာ ေလ့လာေတာ္မူၾကပါ –

    https://regulaforensics.com/en/support/glossary-banknotes/

    Credit – Minn Thaik

    ossary-banknotes/

    (Unicode)

    ငွေစက္ကူသုံးသူတိုင်း သိထားရမယ့် ငွေစက္ကူ အတု၊ အစစ် ခွဲခြားသိနိုင်စေမယ့် နည်းလမ်း ၁ နည်း

    ရေးသားသူ – Ko Minn Thaik

    (ဒီနည်းလမ်းကလည်း အများကြီးဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ခြင်းပါ )

    ကမ္ဘာကျော် ငွေစက္ကူအတုဂိုဏ်းတွေဟာ နည်းပညာ ဘယ်လို မြင့်မြင့် ရအောင် လိုက်တုပလုပ်တယ်။ ငွေစက္ကူအသား အမျိုးအစား ထပ်တူ၊ လုံခြုံရေးကြိုးတွေ၊ မှင်တွေကအစ၊ ရေစာ အဆုံး အကုန် အတုထွက် တယ်၊ တရုပ်ပြည်က ဒိုင်ခံ ရောင်းပေးနေတာ ခရမ်းလွန်ရောင်ခြည် မီးနဲ့ ထိုးကြည့်မှ မြင်ရတဲ့ Invisible ink , UV ink လိုမျိုးကတော့ ဘာအရောင် လိုချင်သလဲ အကုန်ရတယ်။ အခု တစ်သောင်းတန်မှာ ထည့်ရိုက်လာတဲ့ METALLIC INK လိုချင်လားရတယ်။

    အရင် အမေရိကန် ငွေစက္ကူမှာ ပထမဆုံးအသုံးပြုတဲ့ OVI ခေါ်တဲ့ Optically Variable Ink လားရမယ်။ ဘယ်အရောင်ကနေ ဘယ် အရောင်ပြောင်းတာ လိုချင်လဲ၊ အမေရိကန်က အဲဒီ OVI ကို အဆင့်မြင့်နည်းပညာနဲ့ သူ့ ဒေါ်လာပေါ် မှာ ရိုက်တာ။ အစိမ်းကနေ ခရမ်းရောင်ပြောင်းတဲ့မှင်နဲ့တူတယ်။ မြောက်ကြီးက ထုတ်ပြလိုက်တော့ လန့်ဖြန့်ပြီးအခု 3-D Security Ribbon ကြီး ထွင်ထည့်လိုက်ရတာ။ အဲဒါလည်း သိပ်မကြာဘူး အတုထွက်ဦးမှာပဲ အခုဆို စမ်းသပ်နေကြရောပေါ့။

    ငွေစက္ကူ အတုလုပ်တဲ့သူတွေ ဘယ်လိုမှ တော်ရုံတုပလို့မရတဲ့ နည်းပညာကတော့ Printing Technology ပဲ။ မြန်မာကျပ်ငွေမှာလည်း အဲဒီ အချက်လေးတွေရှိတယ်၊ ဘယ်သူမှ တုလို့မရဘူး။ ဂျာမဏီက စက်ကြီးဝယ်ပြီး တုရင်တော့ ရနိုင် တာပေါ့။ မဟုတ်တာလုပ်စားပြီး တစ်ကျပ်ရင်း တစ်ထောင်လောက်တော့ ဘယ်အမြတ်ကျန်မလဲ ။ အခန့်မသင့်ရင် ကွိသွားမှာ။ ဒီလို security printing တွေအတွက် ဟာ့ဝဲတွေ ရောင်းတဲ့ ကုမ္ပဏီကြီးတွေ ဆိုတာလည်း ဂါးဗားမင့် သီးသန့်ပဲ ရောင်းတာပါ။ စက်တွေတောင် အလုံးအရေအတွက် သတ်မှတ်ထုတ်တာ။ အပြင်လူမရောင်းဘူး။

    ငွေစက္ကူတိုင်းမှာပါတဲ့ လုံခြုံရေးအချက်အလက်တွေထဲမှာ အတုသမားတွေ တုဖို့ခက်တဲ့ micro print လို့ခေါ်တဲ့ သာမန် မျက်လုံးနဲ့ ရုတ်တရက် မမြင်နိုင်တဲ့ စာလုံးလေးတွေ၊ မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန်မှာ ဆိုရင် SECURITYPRINTINGWORKS ဆိုပြီး ထည့်သွင်းရိုက်နှိပ် ထားတယ်။ တချို့နေရာတွေမှာ CBMCBMCBM ဆိုပြီး Central Bank of Myanmar အတိုကောက်ထည့်ရိုက်ထားတယ်။ မှန်ဘီလူးနဲ့ကြည့်မှ မြင်နိုင်သော်လည်း သာမန် လူတစ်ဦး၊ မှန်ဘီလူးလည်း အဆင်သင့် မရှိတဲ့လူက ဘယ်လို သိနိုင်မလဲဆိုရင် လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာ ပါတယ်။

    လက်ကိုင်ဖုန်းကင်မရာနဲ့ အဲဒီ စာလုံးလေးတွေ ရိုက်ထားတဲ့ နေရာကို ( ပုံမှာ ပြထားတယ် ) ချိန်ထောက်ပြီး ဖိုးကပ် ပြတ်အောင်ချိန်ပြီး ရိုက်၊ ရိုက်ပြီး ဓါတ်ပုံကို ပြန်ဖြဲကြည့်၊ အဲဒီ စာလုံးလေးတွေဟာ ပြတ်ပြတ်သားသားမရှိဘူး ဝါးနေမယ် လုံးနေမယ်ဆိုရင် ကျိန်းသေတယ် အဲဒါ အတုပဲ။ ကွန်ပြူတာ ပရင်တာ အကောင်းစားကြီး မပြောနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ပုံနှိပ်စက်အကောင်းစားမှာတောင် အဲဒီ မိုက်ခရိုပရင့် စာလုံးသေးလေးတွေ ပြတ်သားအောင် မရိုက်နိုင်ဘူး။

    နောက်တစ်ချက် အလွယ်တကူ အတုအစစ်ခွဲလို့ရတာက တစ်သောင်း တန်၊ ငါးတောင်တန်၊ တစ်ထောင်တန် အကုန်လုံးမှာ ပါတယ်။ ငွေစက္ကူရဲ့ မျက်နှာစာ ဘယ်ဘက် ( ရေစာဘေး ) အကွက်လေးထဲမှာ CBM ဆိုတဲ့ စာလုံးတွေကို ကနုတ်တွေနဲ့ ရောမြုပ် ဖွက်ပြီးရိုက်နှိပ်ထားတယ်။ အဲဒီ နည်းပညာကို Latent Image လို့ခေါ်တယ်။ အလင်းရောင်ရှိတဲ့နေရာမှာ ငွေစက္ကူ ကို ( သီအိုရီအရတော့ ၄၅ ဒီဂရီစောင်းကြည့်လိုက်မှ ) မြုပ်ရိုက်ထားတဲ့ စာလုံးလေးတွေ ပေါ်လာတာ။

    မြန်မာငွေစက္ကူမှာ ကျပ်ငွေ တစ်ထောင်တန်အထိ အဲဒီ Latent Image ကွာလတီကောင်းသေးတယ်။ သီအိုရီနဲ့ ကိုက်တယ်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်မှာလုံးဝ ချာတူးလန်သွားပြီ စောင်းကြည့်စရာမလိုပဲ ပေါ်နေတယ်။ စက်လည်းညံလာသလို ဒီဇိုင်းဆွဲတဲ့သူ လည်း ညံ့တယ်။ အမှန်က အတည့်ကြည့်ရင် မပေါ်ရပါဘူး။ နည်းနည်းစောင်းလိုက်မှ ပေါ်လာတာ။ အဲဒီ Latent Image ကို ဘယ်လို မှ အတုလုပ်လို့မရဘူး။ ဂရပ်ဖစ် ဒီဇိုင်းအခေါ်အဝေါ်အရ Hairline လို့ခေါ်တဲ့ ဆံချည်မျှင်လိုင်းထက် အများကြီး ပိုသေးတဲ့ လိုင်းသေးသေးလေး တွေနဲ့ ရောယှက် ဒီဇိုင်းဆွဲ မြုပ်ထားတဲ့ နည်းပညာ၊ အဲဒီ နည်းပညာကိုတိတိကျကျ ပုံနှိပ်ဖို့ ပုံနှိပ်စက်ဆိုတာ ပုဂ္ဂလိကမှာလည်းမရှိဘူး။ ဘယ်နိုင်ငံက ငွေတုလုပ်တဲ့သူတွေမှလည်း မလုပ်နိုင်ဘူး။

    ဆိုတော့ကာ မြန်မာငွေ အတုအစစ် အလွယ်တကူခွဲခြားနိုင်ဖို့ နံပတ်တစ်က ပိုက်ဆံ မျက်နှာစာ ဘယ်ဘက်နားက ရေစာ ဘေးမှာရှိတဲ့ CBM ဆိုတဲ့ စာလုံးလေးတွေ ပေါ်မပေါ် အလင်းရောင်ထဲမှာ စောင်းကြည့် တည့်ကြည့်စစ်ပါ။ နောက်တစ်ချက်က မိုက်ခရို ပရင့်နည်းပညာနဲ့ရိုက်ထားတဲ့ စာလုံးသေးသေးလေးတွေကို မှန်ဘီလူးနဲ့ ကြည့်နိုင်ရင်ကြည့် မှန်ဘီလူးမရှိရင် လည်း လက်ကိုင်ဖုန်းကင်မရာနဲ့ အနီးကပ်ရိုက်ကြည့်ပြီး စစ်ပါ။

    တချို့က ငွေစက္ကူ ထိပ်စည်းအပေါ်ပိုင်းနဲ့ အောက်ပိုင်း ကနုတ်ဒီဇိုင်းရှိ တဲ့နေရာကို လက်မလေးနဲ့ အသာပွတ်ဆွဲ ကြည့်တယ်။ ထစ်ထစ် ထစ်ထစ်ဖြစ်နေမယ် ဖေါင်းကြွ အရသာမျိုးလေးခံစားရမယ်ဆို အစစ်လို့ပဲ သတ်မှတ်ကြတယ်။ အဲဒီ နည်းသွားမစမ်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က သထုံမှာမိတဲ့ ကျပ်တစ်သောင်းတန် အတု သိန်းထောင့်နှစ်ရာဖိုး အတုလုပ်တဲ့ အဖွဲ့က အတော်ဆရာကျတဲ့ ငနဲတွေလို့ပြောရမယ်။ အောက်ခံဒီဇိုင်းလောက်ကိုသာ ကာလာပရင်တာ အပေါစားနဲ့ ရိုက်ထုတ်တာ။

    အပေါ်ထိပ်စည်းနဲ့ အောက်ကနုတ်သားကို သီးသန့် မိုလ်လုပ်ထားပြီး ဖေါင်းကြွဖြစ်အောင် ဆေးနဲ့ ဖိရိုက်သွင်းတာ၊ လက်မနဲ့ ပွတ်စမ်းကြည့် အင်မိသွားမယ်၊ ဒီအုပ်စုရိုက်ထုတ်နေတဲ့ သိန်းထောင်ချီတဲ့ တစ်သောင်းတန်တွေကို ဘယ်နေရာမှာ အထုပ်လိုက် အထည်လိုက် လက်စဖျောက် ဖြုန်းပစ်သလဲဆိုတာကတော့ စီအိုင်ဒီ အနေနဲ့ သေချာ ခြေရာကောက်ဖို့ လိုပြီနော်။

    ကျပ်တစ်သောင်းတန်ကလည်း မော်ဒယ်အဟောင်းနဲ့ မော်ဒယ်အသစ် ၂ မျိုးရှိတာ သတိထားကြဦး။ ရေစာကွာတယ် ဒီဇိုင်းလိုင်း လေးတွေ နည်းနည်း ကွာတယ်၊ တစ်သောင်း လို့ ရိုက်ထားတဲ့နေရာမှာ Invisible ink များများထည့်ရိုက်ပြီး စာလုံးကြီးထားတယ်။ ဘာမှတော့ လုံခြုံရေးပိုင်းက ထူးသွားတာမဟုတ်ပါဘူး။

    မြန်မာပြည်သူအပေါင်း ငွေတု လက်ဝယ်မိခြင်းဘေးက ကင်းဝေးကြပါစေ။ မှီငြမ်းကိုးကား – Glossary of Banknotes….အသေးစိတ် စိတ်ဝင်စားသူများ ဒီမှာ လေ့လာတော်မူကြပါ –

    https://regulaforensics.com/en/support/glossary-banknotes/

    Credit – Minn Thaik

    ossary-banknotes/

  • သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ႔နည္းေလးမို႔ မွ်ေ၀ပါရေစ

    သဲခြေကျောက်တည်နေတာကို မခွဲလိုက်ရပဲ ကောင်းသွားတဲ့နည်းလေးမို့ မျှဝေပါရစေ

    သဲခြေကျောက်တည်နေတာကို မခွဲလိုက်ရပဲ ကောင်းသွားတဲ့နည်းလေးမို့ မျှဝေပါရစေ ကိုယ်တွေ့ဆေးကောင်းတစ်ခွက် လမ်းညွှန်ပါစေ။ ဆေးသုံးလေးကြိမ်လောက်စစ်ဖူးတယ်။ ပထမဆုံးဆေးစစ်ရတော့ အက်ထရာဆောင်းရိုက်တာ သဲခြေကျောက်တည်နေတာတွေ့လို့ ဆရာဝန်ကခွဲမလားပြောတယ်။ မခွဲဘဲနေလို့ရသေးလားဆိုတော့ ရသေးတယ်၊ဆေးစားလို့တော့ရတယ်။ ဒါပေမဲ့မပျောက်ဘဲ ကြီးလာရင်တော့ မင်းဆေးရုံတက်ခွဲရမယ်လို့ပြောတယ်။ ဒါနဲ့မခွဲသေးဘဲ ဆေးစားမယ်လို့စိတ်ကူးလိုက်တယ်။ fame ကထုတ်တဲ့ ကျောက်ပျော်ဆေးကိုစားကြည့်တယ်၊ ၂ လလောက်တော့ ဆေးပြန်စစ်ရ တယ်။ ပိုကြီးလာတယ်။ ဆေးဆက်စားတယ်။ သူငယ်ချင်းတစ်ယောက်က ပန်းသီး တစ်နေ့ငါးလုံး စားတဲ့နည်းပြောပြတယ်၊ အဲဒီနည်းက ပန်းသီးနေ့တိုင်းစားရမှာ ပျင်းတာနဲ့မစားဖြစ်ဘူး။ ရုံးကကျန်းမာရေးအားလုံးစစ်ရမယ်ဆိုတော့ စစ်ရပြန်တယ်။ အသည်းဆီဖုံးလည်းရှိတယ်။သည်းခြေမှာလည်း ကျောက်ရှိပြန်တယ်တဲ့။ကျောက်ပျော်ဆေးဆက်စားတယ်။ တစ်လလောက်နေတော့ အစာအိမ်သွေးယိုလို့ဆေးရုံတက်ရပြန်ရော၊ အဲဒီမှာ ဆေးရုံဆင်းတော့အက်ထရာဆောင်းရိုက်ခဲ့တယ်။ ကျောက်ကအရွယ်အစားပိုကြီးလာတယ်။ တစ်နေ့တော့ မြဝတီဝက်ဆိုဒ်မှာ ငါးပြေမနဲ့ဇောင်းလျားသီး ရောပြီးဟင်းချက်စားရင် သည်းခြေကျောက်တည်တာနဲ့ အသည်းဆီဖုန်းတာပျောက်တယ်တဲ့။ ၂ ခါ ၃ ခါလောက်ချက်စားလိုက်တယ်။ယုံတော့သိပ်မယုံပါ။ နောက်ဆုံးတစ်ခါဆေးစစ်ချိန်မှာ တော့ သည်းခြေကျောက်တည်တာရော၊ အသည်းဆီဖုံးတာရောမရှိတော့ပါတဲ့ဗျာ၊ အံ့သြဖွယ်ပါ။ တိုက်ဆိုင်တာလား၊ ဘာလားတော့မသိ အလုပ်လည်းမပျက်ဘေးထွက် ဆိုးကျိုးလည်းမရှိတော့ စမ်းကြည့်ကြဖို့ သတင်းပေးလိုပါတယ်ဗျာ။

    Credit-Yan Naing Soe

    (Zawgyi)

    သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ့နည္းေလးမို႔ မွ်ေဝပါရေစ

    သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ့နည္းေလးမို႔ မွ်ေဝပါရေစ ကိုယ္ေတြ႕ေဆးေကာင္းတစ္ခြက္ လမ္းၫႊန္ပါေစ။ ေဆးသုံးေလးႀကိမ္ေလာက္စစ္ဖူးတယ္။ ပထမဆုံးေဆးစစ္ရေတာ့ အက္ထရာေဆာင္း႐ိုက္တာ သဲေျခေက်ာက္တည္ေနတာေတြ႕လို႔ ဆရာဝန္ကခြဲမလားေျပာတယ္။ မခြဲဘဲေနလို႔ရေသးလားဆိုေတာ့ ရေသးတယ္၊ေဆးစားလို႔ေတာ့ရတယ္။ ဒါေပမဲ့မေပ်ာက္ဘဲ ႀကီးလာရင္ေတာ့ မင္းေဆး႐ုံတက္ခြဲရမယ္လို႔ေျပာတယ္။ ဒါနဲ႔မခြဲေသးဘဲ ေဆးစားမယ္လို႔စိတ္ကူးလိုက္တယ္။ fame ကထုတ္တဲ့ ေက်ာက္ေပ်ာ္ေဆးကိုစားၾကည့္တယ္၊ ၂ လေလာက္ေတာ့ ေဆးျပန္စစ္ရ တယ္။ ပိုႀကီးလာတယ္။ ေဆးဆက္စားတယ္။ သူငယ္ခ်င္းတစ္ေယာက္က ပန္းသီး တစ္ေန႔ငါးလုံး စားတဲ့နည္းေျပာျပတယ္၊ အဲဒီနည္းက ပန္းသီးေန႔တိုင္းစားရမွာ ပ်င္းတာနဲ႔မစားျဖစ္ဘူး။ ႐ုံးကက်န္းမာေရးအားလုံးစစ္ရမယ္ဆိုေတာ့ စစ္ရျပန္တယ္။ အသည္းဆီဖုံးလည္းရွိတယ္။သည္းေျခမွာလည္း ေက်ာက္ရွိျပန္တယ္တဲ့။ေက်ာက္ေပ်ာ္ေဆးဆက္စားတယ္။ တစ္လေလာက္ေနေတာ့ အစာအိမ္ေသြးယိုလို႔ေဆး႐ုံတက္ရျပန္ေရာ၊ အဲဒီမွာ ေဆး႐ုံဆင္းေတာ့အက္ထရာေဆာင္း႐ိုက္ခဲ့တယ္။ ေက်ာက္ကအ႐ြယ္အစားပိုႀကီးလာတယ္။ တစ္ေန႔ေတာ့ ျမဝတီဝက္ဆိုဒ္မွာ ငါးေျပမနဲ႔ေဇာင္းလ်ားသီး ေရာၿပီးဟင္းခ်က္စားရင္ သည္းေျခေက်ာက္တည္တာနဲ႔ အသည္းဆီဖုန္းတာေပ်ာက္တယ္တဲ့။ ၂ ခါ ၃ ခါေလာက္ခ်က္စားလိုက္တယ္။ယုံေတာ့သိပ္မယုံပါ။ ေနာက္ဆုံးတစ္ခါေဆးစစ္ခ်ိန္မွာ ေတာ့ သည္းေျခေက်ာက္တည္တာေရာ၊ အသည္းဆီဖုံးတာေရာမရွိေတာ့ပါတဲ့ဗ်ာ၊ အံ့ၾသဖြယ္ပါ။ တိုက္ဆိုင္တာလား၊ ဘာလားေတာ့မသိ အလုပ္လည္းမပ်က္ေဘးထြက္ ဆိုးက်ိဳးလည္းမရွိေတာ့ စမ္းၾကည့္ၾကဖို႔ သတင္းေပးလိုပါတယ္ဗ်ာ။

    Credit-Yan Naing Soe

  • အဆိပ္ေတာက္မျဖစ္ေအာင္ အူလမ္းေၾကာင္းကို ရွင္းလင္းဖို

    အဆိပ္ေတာက္မျဖစ္ေအာင္ အူလမ္းေၾကာင္းကို ရွင္းလင္းဖို႔

    ====================
    ====================

    ကြၽန္ေတာ္တို႔ရဲ႕အူလမ္းေၾကာင္းဟာ အညစ္အေက်းေတြနဲ႔ျပည့္ေနေလ့ရွိပါတယ္။အညစ္အေက်းေတြက အစဥ္အၿမဲရွိေနတတ္ေတာ့ အဲဒီ့အညစ္အေက်းေတြကေနျဖစ္လာတဲ့ ခ်ိဳးေတြလည္းအူနံရံေတြမွာကပ္ေနေလ့ရွိပါတယ္။

    လူေတြရဲ႕အူဟာ အၿမဲတန္းသန္႔ေနဖို႔လိုအပ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေသြးဟာအူေတြကေနစျဖစ္တာမို႔လို႔ပါ။
    အစားအေသာက္ေတြကေနရလာတဲ့ အာဟာရရည္ကို အူေတြကေနစုပ္ယူၿပီး ေသြးအျဖစ္ေျပာင္းလဲေပးတာပဲျဖစ္ပါတယ္။
    ဒါေၾကာင့္အူသန္႔ရင္ေသြးသန္႔မယ္၊ အူမသန္႔ရင္ ေသြးမသန္႔ဘူးဆိုတာထင္ရွားပါတယ္။

    အူေတြကိုသန္႔ရွင္းေပးေတာ့မွ အဆိပ္ေတာက္ကင္းတဲ့ ေသြးသန္႔ကိုရမွာပဲျဖစ္ပါတယ္။ခနၶာကိုယ္မွာကေသြးကအဓိကပဲ။ ေသြးသန္႔ရင္ေရာဂါကင္းမယ္၊ ေသြးညစ္ရင္ေရာဂါမ်ားမယ္။ေသြးသန္႔ဖို႔အတြက္ အူသန္႔ေအာင္လုပ္ေပးရမွာပဲျဖစ္ပါတယ္။
    အူေတြသန္႔ရွင္းေအာင္လုပ္ဖို႔ကလည္းမခက္ပါဘူး။စင္ထိုးၿပီးစိုက္ရတဲ့ အၫြန္႔အ႐ြက္ေတြစားေပးရံုပါပဲ။

    ဘူးၫြန္႔၊ေဂၚရခါးၫြန္႔၊ေ႐ႊဖယံုၫြန္႔စတဲ့ အၫြန္႔အ႐ြက္ေတြမွာ အေမႊးအမ်ွင္ေလးေတြပါပါတယ္။ အဲဒီ့အ႐ြက္အၫြန္႔ေတြဟာ မ်က္နွာသုတ္ပဝါမွာပါတဲ့ အေမႊးေလးေတြလိုပဲသုတ္လို႔ရွိရင္ စင္ၾကယ္သြားပါတယ္။

    အဲဒီအေမႊးအမ်ွင္ပါတဲ့ အၫြန္႔အ႐ြက္ေတြကိုေၾကာ္ၿပီးစားပါ။အစာလမ္းေၾကာင္းတစ္ေလ်ွာက္က အညစ္အေက်းေတြကိုေျပာင္ေအာင္ သုတ္သင္ေပးသြားပါလိမ့္မယ္။
    အစာလမ္းေၾကာင္းတစ္ခုလံုး သန္႔ရွင္းေနေတာ့အာဟာရကေနရတဲ့ ရသရည္ကလည္းသန္႔ရွင္းၿပီး ေသြးကလည္းသန္႔ေတာ့တာေပါ့ အဲဒီ့အျပင္အူေတြထဲမွာ အညစ္အေက်းခ်ိဳးကပ္မႈေတြမ်ားလို႔ ဗိုက္ပူေနတဲ့သူေတြလည္း တျဖည္းျဖည့္နဲ႔ဗိုက္ခ်ပ္သြားပါလိမ့္မယ္။

    အနာေရာဂါကင္းကင္းနဲ႔ အသက္ရွည္ရွည္ေနနိုင္တဲ့နည္းေကာင္းတစ္ခုပါပဲ။

    ခ်စ္ခင္ေလးစားလ်ွက္
    က်န္းမာၾကပါေစ ခင္ဗ်ာ
    Credit

    ျမန္မာေဆးစြမ္းေကာင္းမ်ား

    ==========

  • ခႏၶာကိုယ္တြင္း အပူၿငိမ္းေစမယ့္ အေအးစာေလးမ်ား

    (Zawgyi)

    ခႏၶာကိုယ္တြင္း အပူၿငိမ္းေစမယ့္ အေအးစာေလးမ်ား

    လူသားတစ္ေယာက္အတြက္ ကိုယ္တြင္းအပူခ်ိန္ဟာ ပ်မ္းမွ် ၉၈.၆ ဒီဂရီျဖစ္ၿပီး၊ ရာသီဥတုေပၚမူတည္၍ ၎ပမာဏထက္ အပူခ်ိန္ အတက္/ အက် အနည္းငယ္ေျပာင္းလဲ တတ္ပါတယ္။

    ကိုယ္တြင္းအပူမ်ားတာကို ေဆးပညာေလာကမွာ “heat stress” လို႔ေခၚၾကၿပီး၊ ခႏၶာကိုယ္တြင္းအပူခ်ိန္က သူ႔အလိုလိုေအးသြားမ်ိဳးမရွိတတ္ပါဘူး။ လိုအပ္တာထက္ အပူခ်ိန္မ်ားေနတဲ့အခါ၊ ပိန္ခ်ဳံးလာျခင္း၊ ႂကြက္တက္ျခင္း၊ လွ်ာ-ႏႈတ္ ခမ္းေတြသာမက အရည္ျပားေပၚမွာ အဖုအပိမ့္ေတြထြက္လာျခင္း၊ ဝက္ၿခံထြက္ျခင္း၊ ေခါင္းမူးေဝျခင္း၊ ပ်ိဳ႕အန္ျခင္းတို႔အျပင္ ခႏၶာကိုယ္တြင္း ကလီစာေတြကိုပါ ပ်က္စီးေစႏိုင္ပါတယ္။

    ေရခဲေရမ်ား၊ ေရေႏြး-စြပ္ျပဳတ္ စတဲ့အရည္ပူပူမ်ား၊ ေနပူပူထဲ အခ်ိန္အၾကာႀကီး သြားလာျခင္း၊ င႐ုပ္သီး-ဂ်င္း-မွ်စ္ခ်ဥ္- င႐ုပ္ေကာင္း-ပတဲေကာ စတဲ့ ပူပူေလာင္ေလာင္အစပ္ေတြ စားျခင္း၊ ေရေသာက္နည္းျခင္းတို႔က ကိုယ္တြင္းအပူရွိန္ ျမင့္တက္လာေစလို႔ (အထူး)ေရွာင္က်ဥ္ေပးရမယ့္ အစားအေသာက္ေတြျဖစ္ပါတယ္။ ခႏၵာကိုယ္တြင္း အပူၿငိမ္းေအးေစဖို႔အတြက္၊ အဓိက ေဆးကေတာ့ ေရ၀၀ေသာက္၍ တစ္ေန႔ကို ေရ ၂-ႀကိမ္ ခ်ိဳးေပးျခင္းပါဘဲ။ (မိုးရာသီမွလြဲ၍ ခ်မ္းေအးတဲ့ ေဆာင္းရာသီနဲ႔ ေႏြပူပူတို႔မွာ ခႏၶာကိုယ္တြင္း အပူဓာတ္မ်ားသူေတြအေနျဖင့္ ယခင္ကထက္ ေရပိုေသာက္ရင္း၊ ေန႔စဥ္စားသမွ် အစားအစာေတြထဲမွာ ေရဓာတ္ႂကြယ္ဝတဲ့ အေအးစာေလးေတြကို ျဖည့္စြက္စာအျဖစ္ စားသုံးသင့္ပါတယ္)

    (ဖရဲသီး)

    လူ႔ခႏၶာကိုယ္ရဲ႕ ၃-ပုံ ၂-ပုံကို အရည္ဓာတ္နဲ႔ဖြဲ႕စည္းတည္ေဆာက္ထားပါတယ္။ ဖရဲသီးထဲမွာ ေရဓာတ္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ပါရွိတာေၾကာင့္ အပူၿငိမ္းေအးေစတဲ့ အေကာင္းဆုံး သီးႏွံျဖစ္ပါတယ္။

    (သခြားသီး)

    သခြားသီးေလးေတြမွာ ေရဓာတ္ႂကြယ္ဝစြာပါရွိလို႔၊ ခႏၶာကိုယ္ကို ထိထိေရာက္ေရာက္ ေအးျမေစပါတယ္။ ဒါေၾကာင့္ တန္ဖိုးနည္း သခြားသီးေလးေတြကို ေန႔စဥ္ စားေပးသင့္ပါတယ္။

    (ပူစီနံ႐ြက္)

    ပူစီနံ႐ြက္ဟာ ခႏၶာကိုယ္တြင္းကို ေအးျမေစတာေၾကာင့္ ျမန္မာ၊ အိႏၵိယ၊ ဗီယက္နမ္၊ မကာအို စတဲ့ အာရွတိုက္တခြင္ရွိ ေရွးတိုင္းရင္းေဆးဆရာႀကီးမ်ားက ပူစီနံပင္မ်ားကို အပူၿငိမ္းေဆးအျဖစ္ ေဆးဝါးေဖာ္စပ္လာခဲ့ၾကပါတယ္။

    (မုန္လာဥအျဖဴ)

    အျဖဴေရာင္ မုန္လာဥေလးေတြမွာ ဗီတာမင္စီပါရွိတဲ့အျပင္၊ ကိုယ္တြင္းအပူရွိန္ကို တိုက္ထုတ္ေပးႏိုင္တဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ အလုံအေလာက္ပါရွိေနပါတယ္။ ဒါေၾကာင့္ “heat stress” ကို တိုက္ထုတ္ေပးႏိုင္တဲ့ မုန္လာဥအျဖဴ ေတြကို စားျဖစ္ေအာင္ စားေပးပါ။

    (ႏွမ္း)

    ႏွမ္းေစ့ေလးေတြက အပူၿငိမ္းေအးေစတဲ့ အိမ္တြင္းေဆးဝါးတစ္မ်ိဳး ျဖစ္တာေၾကာင့္ ႏွမ္းစားရင္း ေရမ်ားမ်ားေသာက္ပါ။ (ႏွမ္းပ်စ္၊ ႏွမ္းယိုေလးေတြကလည္း အပူၿငိမ္းေအးေစေအာင္ အေထာက္အပံ့ေပးပါတယ္)

    (စမုံစပါး)

    စမုံစပါးအေစ့ေလးေတြကို ေသာက္ေရခြက္ထဲ တညအိပ္စိမ္ထားၿပီး၊ နံက္အိပ္ယာ ထတဲ့အခါ ေရေသာက္ရင္း အဖတ္ေတြပါ ကုန္ေအာင္ဝါးစားေပးပါ။ တေန႔တာလုံး အပူၿငိမ္းေအးေစႏိုင္တဲ့အျပင္ ခံတြင္းရနံ႔ကိုပါ ရွင္းသန႔္ေစပါတယ္။

    (အုန္းစိမ္းေရ)

    အုန္းသီးစိမ္းႏုႏုမွရတဲ့ အုန္ုးစိမ္းရည္ဟာလည္း ခႏၶာကိုယ္တြင္းအပူၿငိမ္းေစတဲ့ ေဆးေကာင္းတလက္ ျဖစ္တာမို႔၊ ကိုယ္တြင္းအပူူဓာတ္မ်ားသူေတြနဲ႔ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ား မွီဝဲသင့္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။

    (သလဲသီး)

    သလဲသီးနဲ႔ သလဲသီးေဖ်ာ္ရည္ေတြက ခႏၶာကိုယ္ကိုေအးျမၿပီး၊ ကိုယ္တြင္းအပူေတြကို သူ႔အလိုလို စုပ္ယူပစ္တာမို႔ ေန႔စဥ္စားသုံးသင့္တဲ့ သီးႏွံတစ္ခုပါဘဲ။

    (ဘိန္းေစ့)

    ဥပမာ ဘိန္းမုန႔္၊ ဆႏြင္းမကင္း စတဲ့ သေရစာမုန႔္ေတြမွာ အသုံးျပဳေလ့ရွိတဲ့ ဘိန္းေစ့ေလးေတြကလည္း ကိုယ္ပူရွိန္ကို ပုံမွန္ျဖစ္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ညအိပ္ယာဝင္ခါနီး ဘိန္းေစ့ လက္တဆုပ္စာဝါးစားၿပီး ေရေသာက္အိပ္တဲ့အခါ ႏွိပ္ၿခိဳက္စြာ အိပ္ေမာက်ေစတဲ့အျပင္ ေနာက္တေန႔တာလုံး အပူၿငိမ္းေအးေစပါတယ္။

    (ပဲနံ႔သာပင္အေစ့)

    ေရွးေရွးကစလို႔ယေန႔ထိတိုင္ အိႏၵိယႏိုင္ငံမွာ အပူၿငိမ္းေဆးတိုင္းရင္းကုထုံးျဖင့္ ပဲနံ႔သာပင္ အေစ့ေတြကို အသုံးျပဳလွ်က္ရွိပါတယ္။(ပဲနံ႔သာပင္ အေစ့ေလးေတြကို အိႏၵိယ ပရေဆးဆိုင္ေတြမွာ ဝယ္ယူရရွိႏိုင္ပါတယ္)

    (ႏြားႏို႔)

    ကိုယ္တြင္းအပူၿငိမ္းလိုသူမ်ား က်ိဳခ်က္ၿပီး ႏြားႏို႔ကို အေအးခံ၍ နံနက္တိုင္း ေသာက္ေပးပါ။ (သို႔မဟုတ္) ႏြားႏို႔ကို ပ်ားရည္ အနည္းငယ္ခတ္၍ ေသာက္ႏိုင္ပါတယ္။ (ေရခဲျဖင့္ အေအးခံထားတဲ့ ႏို႔ေအးမ်ိဳးကို မဆိုလိုပါ)

    (သံပုရာသီး)

    နံက္အိပ္ယာထ သံပုရာရည္တစ္ခြက္ ေသာက္ျခင္းကလည္း ကိုယ္တြင္းအပူ ျငိမ္းေအးေစ႐ုံမွ်မက၊ ေနရထိုင္ရတာ ေပါ့ပါးလန္းဆန္းလာၿပီး တေနကုန္ သက္လုံေကာင္းေစပါတယ္။

    Author – တင္ထက္ထက္ေဇာ္

    Credit – The Mirror Daily

    Source – https://www.facebook.com/TheMirrorDaily/posts/802408833185339

    (Unicode)

    ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

    လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။

    ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

    ရေခဲရေများ၊ ရေနွေး-စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားလာခြင်း၊ ငရုပ်သီး-ဂျင်း-မျှစ်ချဉ်- ငရုပ်ကောင်း-ပတဲကော စတဲ့ ပူပူလောင်လောင်အစပ်တွေ စားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေဖြစ်ပါတယ်။ ခန္ဒာကိုယ်တွင်း အပူငြိမ်းအေးစေဖို့အတွက်၊ အဓိက ဆေးကတော့ ရေ၀၀သောက်၍ တစ်နေ့ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါဘဲ။ (မိုးရာသီမှ လွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်)

    (ဖရဲသီး)

    လူ့ခန္ဓာကိုယ်ရဲ့ ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။

    (သခွားသီး)

    သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ် စားပေးသင့်ပါတယ်။

    (ပူစီနံရွက်)

    ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။

    (မုန်လာဥအဖြူ)

    အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူ တွေကို စားဖြစ်အောင် စားပေးပါ။

    (နှမ်း)

    နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုး ဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်)

    (စမုံစပါး)

    စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာ ထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တနေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။

    (အုန်းစိမ်းရေ)

    အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်းအပူငြိမ်းစေတဲ့ ဆေးကောင်းတလက် ဖြစ်တာမို့၊ ကိုယ်တွင်းအပူူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

    (သလဲသီး)

    သလဲသီးနဲ့သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာ မို့နေ့စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။

    (ဘိန်းစေ့)

    ဥပမာ ဘိန်းမုန့်၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့်တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေးတွေကလည်း ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ် ယာဝင်ခါနီး ဘိန်းစေ့ လက်တဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှိပ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် နောက်တနေ့တာလုံး အပူငြိမ်းအေးစေပါတယ်။

    (ပဲနံ့သာပင်အစေ့)

    ရှေးရှေးကစလို့ယနေ့ထိတိုင် အိန္ဒိယနိုင်ငံမှာ အပူငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့သာပင် အစေ့တွေကို အသုံးပြုလျှက်ရှိပါတယ်။(ပဲနံ့သာပင် အစေ့လေးတွေကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်)

    (နွားနို့)

    ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီး နွားနို့ကို အအေးခံ၍ နံနက်တိုင်း သောက်ပေးပါ။ (သို့မဟုတ်) နွားနို့ကို ပျားရည် အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ (ရေခဲဖြင့် အအေးခံထားတဲ့ နို့အေးမျိုးကို မဆိုလိုပါ)

    (သံပုရာသီး)

    နံက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းအေးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တနေကုန် သက်လုံကောင်းစေပါတယ်။

    Author – တင်ထက်ထက်ဇော်

    Credit – The Mirror Daily

    Source – https://www.facebook.com/TheMirrorDaily/posts/802408833185339

  • က်ပ္ေငြအတု လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္လာႏိုင္သလဲ

    (Zawgyi)

    က်ပ္ေငြအတု လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္လာႏိုင္သလဲ

    ေငြစကၠဴအတုေတြကို လက္ဝယ္ကိုင္ေဆာင္ သုံးစြဲမိပါက မည္သူမဆို ဖမ္းဆီးစစ္ေဆးခံရႏိုင္တာေၾကာင့္ သာမန္ျပည္သူေတြအေနနဲ႔ အတုအစစ္ခြဲျခားႏိုင္တဲ့ အေျခခံအခ်က္တခ်ိဳ႕ကို သိထားဖို႔လိုအပ္တယ္လို႔ ဥပေဒပညာရွင္အခ်ိဳ႕နဲ႔ အႀကီးတန္းဘဏ္ အရာရွိတခ်ိဳ႕က အႀကံျပဳေျပာဆိုၾကပါတယ္။

    ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ စကၤာပူမွာ အိမ္အကူအလုပ္သြားလုပ္ၿပီး ျပန္လာတဲ့ အမ်ိဳးသမီးငယ္တစ္ဦး ရရွိလာတဲ့ လစာေငြေတြမွာ တစ္ေသာင္းတန္အတုေတြ ပါဝင္ေနလို႔ ဖမ္းဆီးခံထားရတဲ့အေၾကာင္း ကလည္း လူထုအၾကားမွာ လက္တေလာ စိတ္ဝင္စားမႈ အရွိန္ ျမင့္တက္ေနတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ သိပ္မၾကာေသးခင္တုန္းကလည္း ျမန္မာျပည္ကို အလည္လာေရာက္တဲ့ စကၤာပူ ခရီးသြား ဧည့္သည္ ၂ ေယာက္ဆီကေန ျမန္မာ ေငြစကၠဴ အတုေတြ သိမ္းဆည္းမိခဲ့ၿပီး စကၤာပူက ေငြလဲေကာင္တာ ၁၈ ခုကိုလည္း စကၤာပူရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆးခဲ့ပါတယ္။

    ေငြအတုမွန္းမသိဘဲ လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္ႏိုင္သလဲ-

    ေငြအတုနဲ႔ပတ္သက္ၿပီး ၂၀၁၃ ခုႏွစ္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၁ မွာ ဗဟိုဘဏ္က ထုတ္တဲ့ ေငြစကၠဴ၊ ဒဂၤါးျပားေတြကို အတုမွန္းသိလ်က္နဲ႔ သုံးစြဲျခင္းမျပဳဖို႔နဲ႔၊ ပုဒ္မ ၁၀၂ မွာေတာ့ အတုျပဳလုပ္ျခင္း၊ အတုကိုျပည္ပကေန သြင္းယူျခင္း ျပည္ပကိုတင္ပို႔ျခင္း မျပဳလုပ္ရလို႔ တားျမစ္ထားပါတယ္။ အဲဒီမွာ ပုဒ္မ ၁၀၁ ကိုေဖာက္ဖ်က္ရင္ အဲဒီလူကို ေငြဒဏ္၊ ၃ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ ဒါမွမဟုတ္ ဒဏ္ ၂ ရပ္လုံးလည္းခ်မွတ္ႏိုင္တယ္။ ပုဒ္မ ၁၀၂ ကိုေဖာက္ဖ်က္ရင္ေတာ့ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆုံး ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္တယ္လို႔ ဗဟိုဘဏ္ဥပေဒမွာ ျပ႒ာန္းထားပါတယ္။

    ဗဟိုဘဏ္ရဲ႕ ျပ႒ာန္းထားတဲ့ဥပေဒအရ ေငြအတုကို မသိဘဲနဲ႔လည္း လက္ဝယ္ကိုင္ေဆာင္မိတာ၊ သုံးစြဲမိတာမ်ိဳးရွိခဲ့ရင္လည္း ဖမ္းဆီးအေရးယူခံရႏိုင္ေျခရွိတယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေဇာ္ ( မရမ္းကုန္း) ကေျပာပါတယ္။ “အဲဒါကေတာ့ ကိုယ္ကမသိေၾကာင္း၊ ဒါကို အတုမွန္းသိလ်က္နဲ႔ သုံးစြဲတာမဟုတ္ဘူး၊ လက္ဝယ္ထားတာ မဟုတ္ဘူးဆိုတာ ထုေခ်ဖို႔က စြပ္စြဲခံရသူ တရားခံဘက္က တာဝန္က်သြားတယ္၊ ဒါမ်ိဳးအဖမ္းခံရႏိုင္တဲ့အတြက္ ကိုယ္တိုင္က ေငြအတုအစစ္နဲ႔ပတ္သက္ၿပီး ဗဟုသုတရွိဖို႔လိုပါတယ္၊ မသိဘဲနဲ႔ လက္ဝယ္ထားမိရင္ မိမိမွာ တာဝန္ရွိလာပါမယ္၊ ဒါေပမယ့္ တာဝန္ရွိတဲ့အေပၚမွာ လြတ္လပ္စြာ ေခ်ပထုေခ်ပိုင္ခြင့္ရွိပါတယ္” လို႔ ဦးခင္ေဇာ္ ( မရမ္းကုန္း) ကရွင္းျပပါတယ္။

    ၂၀၁၂ ခုႏွစ္မွာ စတင္ထုတ္ေဝသုံးစြဲခဲ့တဲ့ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴေတြဟာ ျမန္မာ့ေငြေၾကးထဲမွာ တန္ဖိုး အျမင့္ဆုံး ျဖစ္ပါတယ္။ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုေတြဟာ အခုေနာက္ပိုင္းမွာ ပိုမိုအဆင့္ျမင့္လာတာေၾကာင့္လည္း ပုဂၢလိက ဘဏ္ေတြမွာေတာ့ ေငြအတုအစစ္ခြဲတဲ့ စက္ေတြကို အဓိကထားၿပီး ခြဲျခားလာရတယ္လို႔လည္း သိရပါတယ္။

    အတုမွန္း သံသယရွိရင္ ဘယ္လိုလုပ္မလဲ-

    ေငြအတုအစစ္ ခြဲတဲ့စက္ကေတာ့ ဘဏ္ေတြနဲ႔ လုပ္ငန္းႀကီးေတြမွာပဲ အမ်ားအားျဖင့္ရွိၿပီး၊ သာမန္ျပည္သူေတြမွာေတာ့ အဲဒီလိုစက္ မရွိႏိုင္တဲ့အတြက္ အတု၊ အစစ္ ခြဲျခားဖို႔က သုံးစြဲသူေတြအတြက္ အခက္အခဲ ရွိတယ္လို႔ CB ဘဏ္အႀကံေပးျဖစ္တဲ့ ဦးေဖျမင့္ကေျပာပါတယ္။

    ” ဘဏ္ေတြမွာေတာ့ ေငြအတုအစစ္ ခြဲတဲ့စက္ေတြရွိေတာ့ ဘဏ္ကိုလာအပ္တဲ့ ေငြေတြထဲမွာ အတုေတြပါ လာရင္ေတာ့ ဘဏ္ကပဲ သိမ္းထားလိုက္တာ မ်ားတယ္၊ ၁ ႐ြက္ ၂ ႐ြက္ဆိုရင္ေတာ့ ရဲကိုအေၾကာင္းၾကား မေနေတာ့ဘူး။ ဒါကေတာ့ ဗဟိုဘဏ္ ၫႊန္ၾကားထားတဲ့အတိုင္းေတာ့ မဟုတ္ဘူးေပါ့။ ကိုယ့္ရဲ႕ေဖာက္သည္ေတြ အလုပ္မရႈပ္ေအာင္ လုပ္လိုက္တာေပါ့၊ အတုက မ်ားရင္ေတာ့လည္း ရဲကိုဖုန္းဆက္ အေၾကာင္းၾကား ရတာေပါ့” လို႔လည္း လက္ေတြ႕ ေျမျပင္ အေျခအေနကို ဦးေဖျမင့္က ထပ္မံေျပာျပပါတယ္။

    သာမန္ျပည္သူတစ္ဦးအေနနဲ႔ ကိုယ့္မွာ ကိုင္ေဆာင္ထားတဲ့ ေငြစကၠဴကို အတုလို႔ သံသယ ရွိတယ္ဆိုရင္ ကိုယ္တိုင္ မီးရႈိ႕ဖ်က္ဆီးတာမ်ိဳး လုပ္ပါကလည္း အစစ္ျဖစ္ေနရင္ ေငြစကၠဴဖ်က္ဆီးမႈနဲ႔ အေရးယူခံရႏိုင္တဲ့အတြက္ ဖ်က္ဆီးဖို႔လည္း မျဖစ္ႏိုင္ဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္ (မရမ္းကုန္း)က ေျပာပါတယ္။ ”ဘဏ္မွာသြားအပ္လိုက္ရင္ေတာ့ အတုေတြ႕ရင္ ဖ်က္ဆီးၿပီး သုံးမရေအာင္ လုပ္လိုက္မယ္၊ အဲဒီမွာပင္ ၿပီးသြားၿပီ၊ သြားအပ္ရင္ေတာ့ အဖမ္းခံရႏိုင္မလားဆိုၿပီး လူထုအၾကားမွာ စိုးရိမ္ပူပန္မႈလည္း ရွိလာေနတယ္။” လို႔ စင္ကာပူကေန ျပန္လာအၿပီး ရရွိလာတဲ့ လစာေငြေတြကို သုံးစြဲရာက ေငြစကၠဴအတုျဖစ္ေၾကာင္း သိရတဲ့အတြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔အတူ ရဲစခန္းသြားအပ္ခဲ့ေပမယ့္လည္း လတ္တေလာ အဖမ္းဆီးခံထားရတဲ့ ေနာ္ေသာ့သြဲ႕ထူးကို ရည္ၫႊန္းၿပီး ဦးခင္ေဇာ္ (မရမ္းကုန္း)က ေျပာဆိုသြားတာပါ။

    ေငြအတုနဲ႔ပတ္သက္ၿပီး မသိဘဲသုံးစြဲမိရင္ ဒီႏိုင္ငံမွာ အဖမ္းခံရႏိုင္ေပမယ့္ အျခားျပည္ပႏိုင္ငံ တခ်ိဳ႕မွာေတာ့ ဒါမ်ိဳးမရွိဘူးလို႔လည္း ဦးေဖျမင့္က သူ႔ရဲ႕ျပည္ပႏိုင္ငံေတြကို သြားေရာက္ခဲ့တဲ့ အေတြ႕အႀကဳံေတြအရေျပာျပ ပါတယ္။” အဓိက က ျပည္သူကို မနစ္နာေအာင္လုပ္ေပးရမွာ၊ အခုက သုံးတဲ့သူေတြကိုပဲ ဖမ္းေနတာ၊ အတုလုပ္တဲ့ ဂိုဏ္းေတြ လုပ္ေနတဲ့သူေတြကို ဖမ္းဆီးဖို႔ လုပ္ရမွာေလ” လို႔ ဦးေဖျမင့္ကေျပာပါတယ္။

    က်ပ္ တစ္ေသာင္းတန္ကို အတုအစစ္ ဘယ္လိုခြဲမလဲ-

    “တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ ဗဟိုဘဏ္က ထုတ္ထားတဲ့ အခ်က္ေတြက မ်ားတယ္။ သာမန္လူေတြ အေနနဲ႔ တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ ဆိုရင္ ေဘးတန္းမွာ ၾကာပန္းလိုမ်ိဳး အရွည္ျပားေလးပါတယ္၊ ကိုင္ၾကည့္လိုက္တာနဲ႔ ၾကမ္းေနရင္အစစ္၊ ေခ်ာေနရင္အတုပဲ၊ က်န္တာေတြစစ္ဖို႔က ၾကာတယ္” လို႔ CB ဘဏ္ အႀကံေပးအရာရွိျဖစ္တဲ့ ဦးေဖျမင့္က က်ပ္ တစ္ေသာင္းတန္ကို အလြယ္ကူဆုံး ခြဲျခားႏိုင္မယ့္အခ်က္ကို ေျပာျပ ပါတယ္။

    ဒါေတြ အျပင္ ေရစာ၊ ေဖာင္းႂကြပုံႏွိပ္၊ လုံၿခဳံေရးႀကိဳး စတာတြကို သာမန္ မ်က္စိနဲ႔ စစ္ေဆးတာမ်ိဳး၊ ေငြစကၠဴနံပါတ္ အမွတ္စဥ္ေတြ တူေနတာ ရွိ၊ မရွိ စစ္ၾကည့္တာမ်ိဳးနဲ႔ အလင္းေရာင္မွာ တစ္ေသာင္းတန္ ေငြစကၠဴကို ေထာင္ၾကည့္ရန္ ၾကာဖူးပုံ ေပၚ၊ မေပၚ စတဲ့ အခ်က္ေတြကို စစ္ေဆးၾကည့္ဖို႔ ကြၽမ္းက်င္သူေတြက အႀကံျပဳပါတယ္။

    Credit – BBC Burmese

    Source – https://www.bbc.com/burmese/burma-46534661

    (Unicode)

    ကျပ်ငွေအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ

    ငွေစက္ကူအတုတွေကို လက်ဝယ်ကိုင်ဆောင် သုံးစွဲမိပါက မည်သူမဆို ဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့် သာမန်ပြည်သူတွေအနေနဲ့ အတုအစစ်ခွဲခြားနိုင်တဲ့ အခြေခံအချက်တချို့ကို သိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အချို့နဲ့ အကြီးတန်းဘဏ် အရာရှိတချို့က အကြံပြုပြောဆိုကြပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စင်္ကာပူမှာ အိမ်အကူအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးငယ်တစ်ဦး ရရှိလာတဲ့လစာငွေတွေမှာ တစ်သောင်းတန်အတုတွေ ပါဝင်နေလို့ ဖမ်းဆီးခံထားရတဲ့အကြောင်း ကလည်း လူထုအကြားမှာ လက်တလော စိတ်ဝင်စားမှု အရှိန် မြင့်တက်နေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း မြန်မာပြည်ကို အလည်လာရောက်တဲ့ စင်္ကာပူ ခရီးသွား ဧည့်သည် ၂ ယောက်ဆီကနေ မြန်မာ ငွေစက္ကူ အတုတွေ သိမ်းဆည်းမိခဲ့ပြီး စင်္ကာပူက ငွေလဲကောင်တာ ၁၈ ခုကိုလည်း စင်္ကာပူရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့ပါတယ်။

    ငွေအတုမှန်းမသိဘဲ လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်နိုင်သလဲ-

    ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်က ထုတ်တဲ့ ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုဖို့နဲ့၊ ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်း၊ အတုကိုပြည်ပကနေ သွင်းယူခြင်း ပြည်ပကိုတင်ပို့ခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ အဲဒီမှာ ပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ်၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။ ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

    ဗဟိုဘဏ်ရဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေအရ ငွေအတုကို မသိဘဲနဲ့လည်း လက်ဝယ်ကိုင်ဆောင်မိတာ၊ သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်း ဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် ( မရမ်းကုန်း) ကပြောပါတယ်။ “အဲဒါကတော့ ကိုယ်ကမသိကြောင်း၊ ဒါကို အတုမှန်းသိလျက်နဲ့ သုံးစွဲတာမဟုတ်ဘူး၊ လက်ဝယ်ထားတာ မဟုတ်ဘူးဆိုတာ ထုချေဖို့က စွပ်စွဲခံရသူ တရားခံဘက်က တာဝန်ကျသွားတယ်၊ ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်က ငွေအတုအစစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှိဖို့လိုပါတယ်၊ မသိဘဲနဲ့ လက်ဝယ်ထားမိရင် မိမိမှာ တာဝန်ရှိလာပါမယ်၊ ဒါပေမယ့် တာဝန်ရှိတဲ့အပေါ်မှာ လွတ်လပ်စွာ ချေပထုချေပိုင်ခွင့်ရှိပါတယ်” လို့ ဦးခင်ဇော် ( မရမ်းကုန်း) ကရှင်းပြပါတယ်။

    ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်ပါတယ်။ တစ်သောင်းကျပ်တန် ငွေစက္ကူအတုတွေဟာ အခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိက ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကို အဓိကထားပြီး ခွဲခြားလာရတယ်လို့လည်း သိရပါတယ်။

    အတုမှန်း သံသယရှိရင် ဘယ်လိုလုပ်မလဲ-

    ငွေအတုအစစ် ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့ လုပ်ငန်းကြီးတွေမှာပဲ အများအားဖြင့်ရှိပြီး၊ သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက် မရှိနိုင်တဲ့အတွက် အတု၊ အစစ် ခွဲခြားဖို့က သုံးစွဲသူတွေအတွက် အခက်အခဲ ရှိတယ်လို့ CB ဘဏ်အကြံပေးဖြစ်တဲ့ ဦးဖေမြင့်ကပြောပါတယ်။

    ” ဘဏ်တွေမှာတော့ ငွေအတုအစစ် ခွဲတဲ့စက်တွေရှိတော့ ဘဏ်ကိုလာအပ်တဲ့ ငွေတွေထဲမှာ အတုတွေပါ လာရင်တော့ ဘဏ်ကပဲ သိမ်းထားလိုက်တာ များတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြား မနေတော့ဘူး။ ဒါကတော့ ဗဟိုဘဏ် ညွှန်ကြားထားတဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည်တွေ အလုပ်မရှုပ်အောင် လုပ်လိုက်တာပေါ့၊ အတုက များရင်တော့လည်း ရဲကိုဖုန်းဆက် အကြောင်းကြား ရတာပေါ့” လို့လည်း လက်တွေ့ မြေပြင် အခြေအနေကို ဦးဖေမြင့်က ထပ်မံပြောပြပါတယ်။

    သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်မှာ ကိုင်ဆောင်ထားတဲ့ ငွေစက္ကူကို အတုလို့ သံသယရှိတယ်ဆိုရင် ကိုယ်တိုင် မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်း အစစ်ဖြစ်နေရင် ငွေစက္ကူဖျက်ဆီးမှုနဲ့ အရေးယူခံရနိုင်တဲ့အတွက် ဖျက်ဆီးဖို့လည်း မဖြစ်နိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ပြောပါတယ်။ ”ဘဏ်မှာသွားအပ်လိုက်ရင်တော့ အတုတွေ့ရင် ဖျက်ဆီးပြီး သုံးမရအောင် လုပ်လိုက်မယ်၊ အဲဒီမှာပင် ပြီးသွားပြီ၊ သွားအပ်ရင်တော့ အဖမ်းခံရနိုင်မလားဆိုပြီး လူထုအကြားမှာ စိုးရိမ်ပူပန်မှုလည်း ရှိလာနေတယ်။” လို့ စင်ကာပူကနေ ပြန်လာအပြီး ရရှိလာတဲ့ လစာငွေတွေကို သုံးစွဲရာက ငွေစက္ကူအတုဖြစ်ကြောင်း သိရတဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့အတူ ရဲစခန်းသွားအပ်ခဲ့ပေမယ့်လည်း လတ်တလော အဖမ်းဆီးခံထားရတဲ့ နော်သော့သွဲ့ထူးကို ရည်ညွှန်းပြီး ဦးခင်ဇော် (မရမ်းကုန်း)ကပြောဆိုသွားတာပါ။

    ငွေအတုနဲ့ပတ်သက်ပြီး မသိဘဲသုံးစွဲမိရင် ဒီနိုင်ငံမှာ အဖမ်းခံရနိုင်ပေမယ့် အခြားပြည်ပနိုင်ငံတချို့မှာတော့ ဒါမျိုးမရှိဘူးလို့လည်း ဦးဖေမြင့်က သူ့ရဲ့ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေအရပြောပြ ပါတယ်။” အဓိက က ပြည်သူကို မနစ်နာအောင်လုပ်ပေးရမှာ၊ အခုက သုံးတဲ့သူတွေကိုပဲ ဖမ်းနေတာ၊ အတုလုပ်တဲ့ ဂိုဏ်းတွေ လုပ်နေတဲ့သူတွေကို ဖမ်းဆီးဖို့ လုပ်ရမှာလေ” လို့ ဦးဖေမြင့်ကပြောပါတယ်။

    ကျပ် တစ်သောင်းတန်ကို အတုအစစ် ဘယ်လိုခွဲမလဲ-

    “တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်က ထုတ်ထားတဲ့ အချက်တွေက များတယ်။ သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဆိုရင် ဘေးတန်းမှာ ကြာပန်းလိုမျိုး အရှည်ပြားလေးပါတယ်၊ ကိုင်ကြည့်လိုက်တာနဲ့ ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ ကျန်တာတွေစစ်ဖို့က ကြာတယ်” လို့ CB ဘဏ် အကြံပေးအရာရှိဖြစ်တဲ့ ဦးဖေမြင့်က ကျပ် တစ်သောင်းတန်ကို အလွယ်ကူဆုံး ခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

    ဒါတွေ အပြင် ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့ စစ်ဆေးတာမျိုး၊ ငွေစက္ကူနံပါတ် အမှတ်စဉ်တွေ တူနေတာ ရှိ၊ မရှိ စစ်ကြည့်တာမျိုးနဲ့ အလင်းရောင်မှာ တစ်သောင်းတန် ငွေစက္ကူကို ထောင်ကြည့်ရန် ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့ အချက်တွေကို စစ်ဆေးကြည့်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

    Credit – BBC Burmese

    Source – https://www.bbc.com/burmese/burma-46534661

  • က်ား/မ မေရြးအတြက္ ဆံပင္ကြၽတ္တာ သက္သာၿပီး ၂လ အတြင္း သင့္ဆံပင္ကို ထူလာေစမဲ့ ကိုယ္ေတြ႕နည္းလမ္းေလး

    (Zawgyi)

    ဆံပင္ကြၽတ္တာ သက္သာၿပီး ၂ လ အတြင္း သင့္ဆံပင္ကို ထူလာေစမဲ့ နည္းလမ္းေလး

    ဒီရက္ပိုင္း ကိုယ္တိုင္ဆံသားကြၽတ္လြယ္ ျပတ္လြယ္တာမို႔ ဆံပင္နဲ႔ ပက္သတ္တဲ့နည္းေတြ လိုက္လုပ္ျဖစ္တယ္။ အမွန္ဆို ငယ္ငယ္က ဆံပင္အုံထူလြန္းလို႔ ဆံပင္ဆိုင္သြားတိုင္း အၿမဲပါးခိုင္းရတဲ့သူတေယာက္ပါ။ ဒီရက္ပိုင္းမွာေတာ့ ဆံပင္ကြၽတ္တာ ခဏခဏျဖစ္လာေတာ့ နည္းနည္းလန႔္လာတယ္။ ကိုယ္တိုင္ခံစားမိေတာ့ ကိုယ့္လိုျဖစ္ေနတဲ့သူေတြအတြက္ နည္းေပးခ်င္လာတယ္။

    ဆံပင္နဲ႔ပက္သတ္လို႔ အေကာင္းဆုံးဆိုတဲ့နည္းေတြ လိုက္ရွာၾကည့္တယ္။ ေထာပတ္၊ ဇီးျဖဴ၊ လက္ဖက္စိမ္း၊ ႀကံ၊ လိေမၼာ္၊ သံပုရာ၊ သံလြင္ဆီ စသည္ျဖင့္ နည္းေပါင္းစုံေတြ႕တယ္။ အားလုံးထဲမွာ အေကာင္းဆုံးဆိုတဲ့နည္း တစ္ခုေတာ့ ေတြ႕တယ္။ အဲဒီနည္းက သိပ္မခက္ဘဲ ဆံသားကိုပါ ထူေစၿပီး ဆံပင္ေပါက္လြယ္လို႔ ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။

    ဒီနည္းမွာ ၾကက္ဆူဆီက အေရးပါတယ္။ အရင္ဆုံး ၾကက္ဆူဆီ ထမင္းစားဇြန္း(၂)ဇြန္းကို ယူၿပီး ပ်ားရည္ထမင္းစားဇြန္း (၁)ဇြန္းနဲ႔ေရာပါ။

    ၿပီးရင္ အထဲကို ၾကက္ဥႏွစ္(အဝါႏွစ္)တလုံး ထည့္ၿပီး သမေအာင္ေမႊပါ။ အဆိုပါအေရာကို ဆံပင္အရင္း(ဆံသားအေျခ)က ေမႊးညႇင္းေပါက္ေတြထဲဝင္ေအာင္ ငါးမိနစ္ခန႔္ ႏွိပ္ေပးပါ။ ၿပီးရင္ တေခါင္းလုံးကို ေသခ်ာပြတ္ၿပီး အေပၚက hair cap သို႔ ပလတ္စတစ္အၾကည္တခုနဲ႔ အုပ္ပါ။

    အထက္ပါအတိုင္း ေလးနာရီထားပါ။ အားလုံးၿပီးရင္ ရွန္ပူခပ္ေပ်ာ့ေပ်ာ့နဲ႔ ထပ္ေလွ်ာ္ပါ။ ဆံပင္ေလွ်ာ္တဲ့အခါ လက္နဲ႔အရမ္းဖိမေလွ်ာ္သင့္ဘူး၊ ေရေႏြးမသုံးသင့္ဘူး။ ေရေအးသာသုံးပါ။ ဒီနည္းအတိုင္း တပတ္ကို ႏွစ္ႀကိမ္တိတိလုပ္ပါ။

    ႏွစ္လအတြင္း ဆံပင္ပါးတာ၊ ဆံပင္ကြၽတ္တာ သိသိသာသာ သက္သာၿပီး သင့္ဆံပင္ေတြ ထူလာလိမ့္မယ္။

    Credit – ေဒါက္တာ ေအးမင္းထူး

    (Unicode)

    ဆံပင်ကျွတ်တာ သက်သာပြီး ၂ လ အတွင်း သင့်ဆံပင်ကို ထူလာစေမဲ့ နည်းလမ်းလေး

    ဒီရက်ပိုင်း ကိုယ်တိုင်ဆံသားကျွတ်လွယ် ပြတ်လွယ်တာမို့ ဆံပင်နဲ့ ပက်သတ်တဲ့နည်းတွေ လိုက်လုပ်ဖြစ်တယ်။ အမှန်ဆို ငယ်ငယ်က ဆံပင်အုံထူလွန်းလို့ ဆံပင်ဆိုင်သွားတိုင်း အမြဲပါးခိုင်းရတဲ့သူတယောက်ပါ။ ဒီရက်ပိုင်းမှာတော့ ဆံပင်ကျွတ်တာ ခဏခဏဖြစ်လာတော့ နည်းနည်းလန့်လာတယ်။ ကိုယ်တိုင်ခံစားမိတော့ ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက် နည်းပေးချင်လာတယ်။

    ဆံပင်နဲ့ပက်သတ်လို့ အကောင်းဆုံးဆိုတဲ့နည်းတွေ လိုက်ရှာကြည့်တယ်။ ထောပတ်၊ ဇီးဖြူ၊ လက်ဖက်စိမ်း၊ ကြံ၊ လိမ္မော်၊ သံပုရာ၊ သံလွင်ဆီ စသည်ဖြင့် နည်းပေါင်းစုံတွေ့တယ်။ အားလုံးထဲမှာ အကောင်းဆုံးဆိုတဲ့နည်း တစ်ခုတော့ တွေ့တယ်။ အဲဒီနည်းက သိပ်မခက်ဘဲ ဆံသားကိုပါ ထူစေပြီး ဆံပင်ပေါက်လွယ်လို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

    ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ်။ အရင်ဆုံး ကြက်ဆူဆီ ထမင်းစားဇွန်း(၂)ဇွန်းကို ယူပြီး ပျားရည်ထမင်းစားဇွန်း (၁)ဇွန်းနဲ့ရောပါ။

    ပြီးရင် အထဲကို ကြက်ဥနှစ်(အဝါနှစ်)တလုံး ထည့်ပြီး သမအောင်မွှေပါ။ အဆိုပါအရောကို ဆံပင်အရင်း(ဆံသားအခြေ)က မွှေးညှင်းပေါက်တွေထဲဝင်အောင် ငါးမိနစ်ခန့် နှိပ်ပေးပါ။ ပြီးရင် တခေါင်းလုံးကို သေချာပွတ်ပြီး အပေါ်က hair cap သို့ ပလတ်စတစ်အကြည်တခုနဲ့ အုပ်ပါ။

    အထက်ပါအတိုင်း လေးနာရီထားပါ။ အားလုံးပြီးရင် ရှန်ပူခပ်ပျော့ပျော့နဲ့ ထပ်လျှော်ပါ။ ဆံပင်လျှော်တဲ့အခါ လက်နဲ့အရမ်းဖိမလျှော်သင့်ဘူး၊ ရေနွေးမသုံးသင့်ဘူး။ ရေအေးသာသုံးပါ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ်တိတိလုပ်ပါ။

    နှစ်လအတွင်း ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာ သိသိသာသာ သက်သာပြီး သင့်ဆံပင်တွေ ထူလာလိမ့်မယ်။

    Credit – ဒေါက်တာ အေးမင်းထူး

  • ပဲကတၱီပါ (သို႔မဟုတ္) ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ

    (Zawgyi)

    ပဲကတၱီပါ (သို႔မဟုတ္) ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ

    ညီမေလးေရ ဖတ္ၾကည့္ေနာ္ ၿပီးရင္ shareေပးအုံးေနာ္။ ေက်ာက္ကပ္ကို အားျဖည့္ၾကပါ။ (ေက်ာက္ကပ္အားနည္းျခင္း၊ေက်ာက္ကပ္ လုပ္ေဆာင္ခ်က္က်ျခင္း၊ ေက်က္ကပ္ေဆးေနရျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ) မိတ္ေဆြတစ္ေယာက္ ေက်ာက္ကပ္ေဆးေနရလို႔ ေက်ာက္ကပ္ေဆးတဲ့ဌာန တစ္ခုကိုသြားၾကည့္ပါတယ္။

    အဲဒီမွာ အံ့ၾသရတာတစ္ခုက ေက်ာက္ကပ္လာေဆးေနၾကရတဲ့ သူေတြထဲမွာ အသက္ႀကီးသူေတြအျပင္ လူငယ္ေလးေတြပါေက်ာက္ကပ္လာေဆးေနၾကရတာကို ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။ လူငယ္ေတြဟာ ေက်ာပိုးအိပ္ေလးေတြနဲ႔ ေက်ာင္းသားအ႐ြယ္ေတြပါ။ ေက်ာက္ကပ္လာေဆးၿပီး ေပါ့ေပါ့ပါးပါးပဲ ျပန္ထြက္သြားၾကတယ္။ အဲဒါေန႔စဥ္ပါပဲတဲ့။ အဲ့လိုသာ ခဏခဏ ေဆးေနရရင္ မလြယ္ဘူး။ ေက်ာက္ကပ္တစ္ခါေဆးရင္ ေလးငါးေသာင္းကုန္တယ္ေလ။ တစ္သက္လုံးပဲ ေဆးေနရေတာ့မွာလား။ ဒီကေလးေတြကို ၾကည့္ၿပီးေတာ့ က်ေနာ္စိတ္မေကာင္းျဖစ္မိပါတယ္။ တ႐ုတ္ႏို႔မႈန႔္လို အဆိပ္ေတြေသာက္ၿပီး ႀကီးလာၾကရတဲ့ကေလးေတြ ဘယ္ေလာက္ေတာင္ မ်ားေနၿပီလဲ။ ယေန႔ေခတ္ ကမာၻႀကီးမွာ က်ေနာ္တို႔စားေသာက္ေနရတဲ့ အစားအေသာက္ေတြထဲမွာ ေက်ာက္ကပ္ကို ထိခိုက္ေစတဲ့ အဆိပ္အေတာက္ေတြ အမ်ားႀကီးပါေနတဲ့အတြက္ လူႀကီးလူငယ္မေ႐ြး ေက်ာက္ကပ္ေတြ ထိခိုက္ေနၾကရပါၿပီ။ အရင္ကေတာ့ ေက်ာက္ကပ္ကို ဒုကၡေပးမယ့္ ေက်ာက္ေတြကို ေက်ာက္ဖယုံသီးနဲ႔ ဖယ္ရွားေပးတဲ့ အေၾကာင္းေတြကိုပဲ ဦးစားေပး တင္ျပခဲ့ပါတယ္။ အခုကေတာ့ ေက်ာက္ကပ္လုံးဝ ခံႏိုင္ရည္ရွိေအာင္ ေက်ာက္ကပ္ဆဲလ္အသစ္ေတြ တည္ေဆာက္ၿပီး ျပဳျပင္တဲ့နည္းလမ္းတစ္ခုကို အျမန္ေပးမွျဖစ္ေတာ့မယ္လို႔ ယူဆၿပီး အဲဒီအေၾကာင္းကို မွ်ေဝခ်င္ပါတယ္။

    ေက်ာက္ကပ္ဆိုတာက ခႏၶာကိုယ္မွာ အလြန္အေရးႀကီးတဲ့ အဂၤါတစ္ခုပါ။ ေသြးထဲက အဆိပ္ေတြကို ဖယ္ထုတ္ၿပီးဆီးလမ္းေၾကာင္းကေန စြန႔္ပစ္တဲ့ အလုပ္ကို လုပ္ေပးပါတယ္။ အဆိပ္ေတြမ်ားလာရင္ေတာ့ ေက်ာက္ကပ္လည္း ခံႏိုင္ရည္မရွိေတာ့ဘူး။ မႏိုင္ေတာ့ အရႈံးေပးရေတာ့တာေပါ့။ အဲဒီမွာ ေက်ာက္ကပ္က ဆဲလ္ေတြစတင္ၿပီး ပ်က္စီးေတာ့တာပါပဲ။ေနာက္ဆုံး လုပ္ေဆာင္ခ်က္ေတြ ရပ္ဆိုင္းၿပီဆိုရင္ေတာ့ ေက်ာက္ကပ္ပ်က္စီးသြားပါၿပီ။ အဲဒီလိုပ်က္စီးျခင္းမ်ိဳးအထိ မျဖစ္ရေအာင္ အတြက္ဘာလုပ္ရမလဲ။ ေလမုန္တိုင္းဒဏ္ကို ခံႏိုင္ေအာင္ ခိုင္ခံ့တဲ့ တိုက္အိမ္ေကာင္းေကာင္းေဆာက္ထားဖို႔လိုသလို အဆိပ္ေတြရဲ႕ ဒဏ္ကို ခံႏိုင္ေအာင္ မိမိရဲ႕ေက်ာက္ကပ္ကို သံမဏိလို တည္ေဆာက္ထားဖို႔ပါပဲ။ ေက်ာက္ကပ္ဆိုတာ အေသြးအသားတစ္ခုျဖစ္တယ္။ Cellေတြစုေပါင္းၿပီး တည္ေဆာက္ထားတာျဖစ္တယ္။အဲဒီCellေတြရရွိတဲ့ Sourceကဘာလဲ။ အေသြးအသားေတြအားလုံးရဲ႕ sourceက အာဟာရက လာတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္cellေတြကို တည္ေဆာက္ေပးမယ့္ အာဟာရကိုရွာရမယ္။

    လူ႔ခႏၶာကိုယ္မွာရွိတဲ့ အဂၤါေတြအားလုံးအတြက္ ျဖည့္စြက္ေပးမယ့္ အာဟာရကို သဘာဝႀကီးက ပုံစံတူ ေပးထားၿပီးျဖစ္ပါတယ္။ အဲဒါကိုလူေတြက နားမလည္ၾကေတာ့ မသိသူေက်ာ္သြား သိသူေဖာ္စားအဆင့္မွာပဲ ရွိေနရတယ္။ ေက်ာက္ကပ္အတြက္ အားျဖည့္ေပးမယ့္ အစာကေတာ့ ျမန္မာေတြနဲ႔ မစိမ္းတဲ့ပဲကတၱီပါ (kidney bean)ပဲ ျဖစ္ပါတယ္။ ပဲကတၱီပါကို ေသခ်ာေလ့လာၾကည့္ပါ။ ေက်ာက္ကပ္နဲ႔တစ္ပုံစံထည္း ျဖစ္ပါတယ္။ ပဲကတၱီပါမွာပါတဲ့ အခါးဓာတ္ေလးကအလြန္အဖိုးတန္တဲ့ အင္ဇိုင္းတစ္ခုျဖစ္တယ္။ အဲဒီအင္ဇိုင္းဟာ ေက်ာက္ကပ္ရဲ႕ cellေတြကို အသစ္တည္ေဆာက္ေပးႏိုင္တဲ့အမိုင္ႏိုအက္စစ္ ပ႐ိုတင္းေတြ ျဖစ္တယ္။ ထိခိုက္ပ်က္စီးသြားတဲ့ ေက်ာက္ကပ္အစိတ္အပိုင္းေတြကို cellအသစ္ေတြနဲ႔ ဖာေထးျပဳျပင္ၿပီး ေက်ာက္ကပ္ကို ပကတိအေကာင္းအတိုင္း ျဖစ္သြားေအာင္ လုပ္ေပးႏိုင္တယ္။

    ပဲကတၱီပါမွာ ဗီတာမင္Eေတြ အမ်ားႀကီးပါတဲ့အတြက္ ေသြးကိုသန႔္စင္ရာမွာ အာနိသင္ ပိုထက္ျမက္တယ္။ ဒါေၾကာင့္ပဲကတၱီပါကို ေက်ာက္ကပ္အတြက္ အေကာင္းဆုံး အာဟာရလို႔ ေျပာႏိုင္ပါတယ္။ ေကာင္းလြန္းလို႔လည္း အဂၤလိပ္ေတြကပဲကတၱီပါကို kidney bean (ေက်ာက္ကပ္ပဲ)လို႔ အမည္ေပးထားျခင္း ျဖစ္ပါတယ္။ ေက်ာက္ကပ္အၿမဲတန္းေကာင္းေစဖို႔အတြက္ ပဲကတၱီပါကို စားေပးရမယ္ဆိုတာ သိရွိၿပီျဖစ္တယ္။ သို႔ေသာ္လဲ ေကာင္းတယ္ဆိုၿပီး အမ်ားႀကီးမစားရပါဘူး။ ပဲကတၱီပါမွာပါတဲ့ အမိုင္ႏိုအက္စစ္ကို ေက်ာက္ကပ္က အမ်ားႀကီးမလိုဘူး။ မ်ားသြားရင္ ေက်ာက္ကပ္အတြက္ အဆိပ္ျပန္ျဖစ္တတ္တယ္။ ဒါေၾကာင့္သင့္႐ုံေလာက္ပဲ စားဖို႔လိုပါတယ္။

    ေက်ာက္ကပ္ကို တစ္သက္လုံး ေစာင့္ေရွာက္ခ်င္တယ္ဆိုရင္ေတာ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို လိုက္နာမွျဖစ္လိမ့္မယ္။ ေရွာင္ရန္ကို အရင္ေျပာမယ္။ ေက်ာက္ကပ္ဟာ အေအးကို မႀကိဳက္ဘူး၊ အပူကိုႀကိဳက္တယ္။ ဒါေၾကာင့္မနက္ေစာေစာ ေက်ာက္ကပ္ေအးေနခ်ိန္မွာ ျပင္းထန္တဲ့ အားကစားမလုပ္သင့္ဘဲ ေနပူဆာေလာက္ပဲ လႈံရမယ္။ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈျပဳရင္ ကိုယ္တြင္းမွာ လက္တစ္အက္စစ္ေတြ မ်ားလာတယ္။ အဲဒီလက္တစ္အက္စစ္က ေက်ာက္ကပ္ရဲ႕ အဆိပ္ျဖစ္တယ္။ ပ်ဴရင္းဓာတ္ ႂကြယ္ဝတဲ့ အစားအေသာက္ေတြစားရင္ ထြက္လာတဲ့ ယူရစ္အက္စစ္ကလည္း ေက်ာက္ကပ္အတြက္ အဆိပ္ျဖစ္တယ္။ ဆိုဒီယံဆားနဲ႔ ဟင္းခတ္မႈန႔္၊ အရက္ေသစာ၊ သၾကားျဖဴေတြကိုလည္း မႀကိဳက္ဘူး။ အဆိုးဆုံးကေတာ့ ေခတ္ေပၚအစားအစာေတြမွာ ပါလာတဲ့ အဆိပ္ေတြပဲေပါ့။

    ႐ုပ္ပိုင္းဆိုင္ရာေၾကာင့္ ေက်ာက္ကပ္ပ်က္စီးတာထက္ ကိုယ္စိတ္ပိုင္းဆိုင္ရာေၾကာင့္ ပ်က္စီးရတာက ပိုဆိုးပါတယ္။ေၾကာက္လန႔္မႈတစ္ခုခုနဲ႔ ႀကဳံလိုက္ရတာနဲ႔ ေက်ာက္ကပ္ကက်ဳံ႔ၿပီး ရပ္သြားေရာ။ စိတ္ဖိစီးမႈမ်ားျခင္း၊ စိုးရိမ္ေၾကာင့္ၾကျခင္း၊ စိတ္ေသာကေရာက္ျခင္း၊ ပရိေဒဝမီးေတာက္ျခင္း၊ ေဒါမနသျဖစ္ျခင္းေတြက ေက်ာက္ကပ္ကို တိုက္႐ိုက္ထိတတ္လို႔ ေယာနိေသာမနသီကာယလို႔ေခၚတဲ့ သင့္တင့္ေလ်ာက္ပတ္စြာ ႏွလုံးသြင္းတတ္ေအာင္ က်င့္ထားဖို႔ လိုပါတယ္။ ေဆာင္ရန္ကေတာ့ ေရမ်ားမ်ားေသာက္ျခင္း၊ ေက်ာက္ဖ႐ုံသီးစားျခင္း၊ ဆိုဒီယံဆားအစား ပန္းေရာင္ေက်ာက္ဆား၊ ပင္လယ္ဆား၊ ပိုတက္စီယံဆားတို႔ကို မွ်သုံးျခင္း၊ အာဟာရမွ်တ စုံလင္ေအာင္ စားေသာက္ျခင္း၊ လမ္းေလွ်ာက္ျခင္း၊ အိပ္ေရးဝေအာင္ အိပ္ျခင္းနဲ႔ ဗီတာမင္Dရေအာင္ ေနပူဆာလႈံေပးျခင္းတို႔ပဲ ျဖစ္ပါတယ္။

    ထမင္းကို အသားငါးဟင္းေတြနဲ႔ အၿမဲစားေနရတာ မၿငီးေငြ႕ဘူးလားဗ်ာ။ ပဲကတၱီပါသုတ္ေလးနဲ႔ အရသာရွိရွိ စားၾကည့္ပါလား။ အမယ္မ်ားမ်ား မလိုပါဘူး။ ၾကက္သြန္နီ၊ ႏွမ္းဆီ၊ ေက်ာက္ဆား၊ င႐ုတ္သီးစိမ္းေတြပဲ လိုတာပါ။ ၾကက္သြန္နီကိုမႊန္မွာ ေၾကာက္ရင္ အမႊန္သတ္လို႔ရတယ္။ ၾကက္သြန္နီကို လွီးၿပီး ဗင္နီဂါရည္၊ ဆားနဲနဲတို႔နဲ႔ ခဏနယ္ႏွပ္ထားလိုက္ပါ။ၾကက္သြန္နီက အမႊန္ေတြ ေပ်ာက္သြားၿပီး ခ်ိဳလာေရာဗ်။ အဲဒီေတာ့မွ ပဲကတၱီပါသုတ္ထဲ ေရာနယ္ၿပီး ထမင္းပူပူေလးနဲ႔စားၾကည့္ပါ။ ေဆြမ်ိဳးေတာင္ေမ့မယ္ဗ်ိဳ႕။

    ခ်စ္ခင္ေလးစားလွ်က္……

    စာအုပ္အမည္……..ပထမတန္းစားက်န္းမာေရး

    ေရးသူ………မင္းေက်ာ္ဝင္း(ေနာက္ထပ္ထြက္လာမည့္ျပည္သူ႔အက်ိဳးျပဳစာအုပ္)

    Via – https://lodarya.com/archives/19993

    (Unicode)

    ပဲကတ္တီပါ (သို့မဟုတ်) ကျောက်ကပ်ပျက်စီးခြင်းတွေအတွက် သဘာဝကြီး၏ ပြုပြင်ဖန်တီးပေးမှု

    ညီမလေးရေ ဖတ်ကြည့်နော် ပြီးရင် shareပေးအုံးနော်။ ကျောက်ကပ်ကို အားဖြည့်ကြပါ။ (ကျောက်ကပ်အားနည်းခြင်း၊ကျောက်ကပ် လုပ်ဆောင်ချက်ကျခြင်း၊ ကျေက်ကပ်ဆေးနေရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတွေအတွက် သဘာဝကြီး၏ ပြုပြင်ဖန်တီးပေးမှု) မိတ်ဆွေတစ်ယောက် ကျောက်ကပ်ဆေးနေရလို့ ကျောက်ကပ်ဆေးတဲ့ဌာန တစ်ခုကိုသွားကြည့်ပါတယ်။

    အဲဒီမှာ အံ့သြရတာတစ်ခုက ကျောက်ကပ်လာဆေးနေကြရတဲ့ သူတွေထဲမှာ အသက်ကြီးသူတွေအပြင် လူငယ်လေးတွေပါကျောက်ကပ်လာဆေးနေကြရတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ လူငယ်တွေဟာ ကျောပိုးအိပ်လေးတွေနဲ့ ကျောင်းသားအရွယ်တွေပါ။ ကျောက်ကပ်လာဆေးပြီး ပေါ့ပေါ့ပါးပါးပဲ ပြန်ထွက်သွားကြတယ်။ အဲဒါနေ့စဉ်ပါပဲတဲ့။ အဲ့လိုသာ ခဏခဏ ဆေးနေရရင် မလွယ်ဘူး။ ကျောက်ကပ်တစ်ခါဆေးရင် လေးငါးသောင်းကုန်တယ်လေ။ တစ်သက်လုံးပဲ ဆေးနေရတော့မှာလား။ ဒီကလေးတွေကို ကြည့်ပြီးတော့ ကျနော်စိတ်မကောင်းဖြစ်မိပါတယ်။ တရုတ်နို့မှုန့်လို အဆိပ်တွေသောက်ပြီး ကြီးလာကြရတဲ့ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ။ ယနေ့ခေတ် ကမ္ဘာကြီးမှာ ကျနော်တို့စားသောက်နေရတဲ့ အစားအသောက်တွေထဲမှာ ကျောက်ကပ်ကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေ အများကြီးပါနေတဲ့အတွက် လူကြီးလူငယ်မရွေး ကျောက်ကပ်တွေ ထိခိုက်နေကြရပါပြီ။ အရင်ကတော့ ကျောက်ကပ်ကို ဒုက္ခပေးမယ့် ကျောက်တွေကို ကျောက်ဖယုံသီးနဲ့ ဖယ်ရှားပေးတဲ့ အကြောင်းတွေကိုပဲ ဦးစားပေး တင်ပြခဲ့ပါတယ်။ အခုကတော့ ကျောက်ကပ်လုံးဝ ခံနိုင်ရည်ရှိအောင် ကျောက်ကပ်ဆဲလ်အသစ်တွေ တည်ဆောက်ပြီး ပြုပြင်တဲ့နည်းလမ်းတစ်ခုကို အမြန်ပေးမှဖြစ်တော့မယ်လို့ ယူဆပြီး အဲဒီအကြောင်းကို မျှဝေချင်ပါတယ်။

    ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ်မှာ အလွန်အရေးကြီးတဲ့ အင်္ဂါတစ်ခုပါ။ သွေးထဲက အဆိပ်တွေကို ဖယ်ထုတ်ပြီးဆီးလမ်းကြောင်းကနေ စွန့်ပစ်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။ အဆိပ်တွေများလာရင်တော့ ကျောက်ကပ်လည်း ခံနိုင်ရည်မရှိတော့ဘူး။ မနိုင်တော့ အရှုံးပေးရတော့တာပေါ့။ အဲဒီမှာ ကျောက်ကပ်က ဆဲလ်တွေစတင်ပြီး ပျက်စီးတော့တာပါပဲ။နောက်ဆုံး လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းပြီဆိုရင်တော့ ကျောက်ကပ်ပျက်စီးသွားပါပြီ။ အဲဒီလိုပျက်စီးခြင်းမျိုးအထိ မဖြစ်ရအောင် အတွက်ဘာလုပ်ရမလဲ။ လေမုန်တိုင်းဒဏ်ကို ခံနိုင်အောင် ခိုင်ခံ့တဲ့ တိုက်အိမ်ကောင်းကောင်းဆောက်ထားဖို့လိုသလို အဆိပ်တွေရဲ့ ဒဏ်ကို ခံနိုင်အောင် မိမိရဲ့ကျောက်ကပ်ကို သံမဏိလို တည်ဆောက်ထားဖို့ပါပဲ။ ကျောက်ကပ်ဆိုတာ အသွေးအသားတစ်ခုဖြစ်တယ်။ Cellတွေစုပေါင်းပြီး တည်ဆောက်ထားတာဖြစ်တယ်။အဲဒီCellတွေရရှိတဲ့ Sourceကဘာလဲ။ အသွေးအသားတွေအားလုံးရဲ့ sourceက အာဟာရက လာတယ်။ ဒါကြောင့် ကျောက်ကပ်cellတွေကို တည်ဆောက်ပေးမယ့် အာဟာရကိုရှာရမယ်။

    လူ့ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါတွေအားလုံးအတွက် ဖြည့်စွက်ပေးမယ့် အာဟာရကို သဘာဝကြီးက ပုံစံတူ ပေးထားပြီးဖြစ်ပါတယ်။ အဲဒါကိုလူတွေက နားမလည်ကြတော့ မသိသူကျော်သွား သိသူဖော်စားအဆင့်မှာပဲ ရှိနေရတယ်။ ကျောက်ကပ်အတွက် အားဖြည့်ပေးမယ့် အစာကတော့ မြန်မာတွေနဲ့ မစိမ်းတဲ့ပဲကတ္တီပါ (kidney bean)ပဲ ဖြစ်ပါတယ်။ ပဲကတ္တီပါကို သေချာလေ့လာကြည့်ပါ။ ကျောက်ကပ်နဲ့တစ်ပုံစံထည်း ဖြစ်ပါတယ်။ ပဲကတ္တီပါမှာပါတဲ့ အခါးဓာတ်လေးကအလွန်အဖိုးတန်တဲ့ အင်ဇိုင်းတစ်ခုဖြစ်တယ်။ အဲဒီအင်ဇိုင်းဟာ ကျောက်ကပ်ရဲ့ cellတွေကို အသစ်တည်ဆောက်ပေးနိုင်တဲ့အမိုင်နိုအက်စစ် ပရိုတင်းတွေ ဖြစ်တယ်။ ထိခိုက်ပျက်စီးသွားတဲ့ ကျောက်ကပ်အစိတ်အပိုင်းတွေကို cellအသစ်တွေနဲ့ ဖာထေးပြုပြင်ပြီး ကျောက်ကပ်ကို ပကတိအကောင်းအတိုင်း ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။

    ပဲကတ္တီပါမှာ ဗီတာမင်Eတွေ အများကြီးပါတဲ့အတွက် သွေးကိုသန့်စင်ရာမှာ အာနိသင် ပိုထက်မြက်တယ်။ ဒါကြောင့်ပဲကတ္တီပါကို ကျောက်ကပ်အတွက် အကောင်းဆုံး အာဟာရလို့ ပြောနိုင်ပါတယ်။ ကောင်းလွန်းလို့လည်း အင်္ဂလိပ်တွေကပဲကတ္တီပါကို kidney bean (ကျောက်ကပ်ပဲ)လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်အမြဲတန်းကောင်းစေဖို့အတွက် ပဲကတ္တီပါကို စားပေးရမယ်ဆိုတာ သိရှိပြီဖြစ်တယ်။ သို့သော်လဲ ကောင်းတယ်ဆိုပြီး အများကြီးမစားရပါဘူး။ ပဲကတ္တီပါမှာပါတဲ့ အမိုင်နိုအက်စစ်ကို ကျောက်ကပ်က အများကြီးမလိုဘူး။ များသွားရင် ကျောက်ကပ်အတွက် အဆိပ်ပြန်ဖြစ်တတ်တယ်။ ဒါကြောင့်သင့်ရုံလောက်ပဲ စားဖို့လိုပါတယ်။

    ကျောက်ကပ်ကို တစ်သက်လုံး စောင့်ရှောက်ချင်တယ်ဆိုရင်တော့ ဆောင်ရန်ရှောင်ရန်လေးတွေကို လိုက်နာမှဖြစ်လိမ့်မယ်။ ရှောင်ရန်ကို အရင်ပြောမယ်။ ကျောက်ကပ်ဟာ အအေးကို မကြိုက်ဘူး၊ အပူကိုကြိုက်တယ်။ ဒါကြောင့်မနက်စောစော ကျောက်ကပ်အေးနေချိန်မှာ ပြင်းထန်တဲ့ အားကစားမလုပ်သင့်ဘဲ နေပူဆာလောက်ပဲ လှုံရမယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုရင် ကိုယ်တွင်းမှာ လက်တစ်အက်စစ်တွေ များလာတယ်။ အဲဒီလက်တစ်အက်စစ်က ကျောက်ကပ်ရဲ့ အဆိပ်ဖြစ်တယ်။ ပျူရင်းဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေစားရင် ထွက်လာတဲ့ ယူရစ်အက်စစ်ကလည်း ကျောက်ကပ်အတွက် အဆိပ်ဖြစ်တယ်။ ဆိုဒီယံဆားနဲ့ ဟင်းခတ်မှုန့်၊ အရက်သေစာ၊ သကြားဖြူတွေကိုလည်း မကြိုက်ဘူး။ အဆိုးဆုံးကတော့ ခေတ်ပေါ်အစားအစာတွေမှာ ပါလာတဲ့ အဆိပ်တွေပဲပေါ့။

    ရုပ်ပိုင်းဆိုင်ရာကြောင့် ကျောက်ကပ်ပျက်စီးတာထက် ကိုယ်စိတ်ပိုင်းဆိုင်ရာကြောင့် ပျက်စီးရတာက ပိုဆိုးပါတယ်။ကြောက်လန့်မှုတစ်ခုခုနဲ့ ကြုံလိုက်ရတာနဲ့ ကျောက်ကပ်ကကျုံ့ပြီး ရပ်သွားရော။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်သောကရောက်ခြင်း၊ ပရိဒေဝမီးတောက်ခြင်း၊ ဒေါမနသဖြစ်ခြင်းတွေက ကျောက်ကပ်ကို တိုက်ရိုက်ထိတတ်လို့ ယောနိသောမနသီကာယလို့ခေါ်တဲ့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်အောင် ကျင့်ထားဖို့ လိုပါတယ်။ ဆောင်ရန်ကတော့ ရေများများသောက်ခြင်း၊ ကျောက်ဖရုံသီးစားခြင်း၊ ဆိုဒီယံဆားအစား ပန်းရောင်ကျောက်ဆား၊ ပင်လယ်ဆား၊ ပိုတက်စီယံဆားတို့ကို မျှသုံးခြင်း၊ အာဟာရမျှတ စုံလင်အောင် စားသောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းနဲ့ ဗီတာမင်Dရအောင် နေပူဆာလှုံပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

    ထမင်းကို အသားငါးဟင်းတွေနဲ့ အမြဲစားနေရတာ မငြီးငွေ့ဘူးလားဗျာ။ ပဲကတ္တီပါသုတ်လေးနဲ့ အရသာရှိရှိ စားကြည့်ပါလား။ အမယ်များများ မလိုပါဘူး။ ကြက်သွန်နီ၊ နှမ်းဆီ၊ ကျောက်ဆား၊ ငရုတ်သီးစိမ်းတွေပဲ လိုတာပါ။ ကြက်သွန်နီကိုမွှန်မှာ ကြောက်ရင် အမွှန်သတ်လို့ရတယ်။ ကြက်သွန်နီကို လှီးပြီး ဗင်နီဂါရည်၊ ဆားနဲနဲတို့နဲ့ ခဏနယ်နှပ်ထားလိုက်ပါ။ကြက်သွန်နီက အမွှန်တွေ ပျောက်သွားပြီး ချိုလာရောဗျ။ အဲဒီတော့မှ ပဲကတ္တီပါသုတ်ထဲ ရောနယ်ပြီး ထမင်းပူပူလေးနဲ့စားကြည့်ပါ။ ဆွေမျိုးတောင်မေ့မယ်ဗျို့။

    ချစ်ခင်လေးစားလျှက်……

    စာအုပ်အမည်……..ပထမတန်းစားကျန်းမာရေး

    ရေးသူ………မင်းကျော်ဝင်း(နောက်ထပ်ထွက်လာမည့်ပြည်သူ့အကျိုးပြုစာအုပ်)

    Via – https://lodarya.com/archives/19993

  • ထူးထူးျခားျခား သစ္သီးမ်ားအေၾကာင္း သိေကာင္းစရာ

    ထူးထူးျခားျခား သစ္သီးမ်ားအေၾကာင္း သိေကာင္းစရာ

    ====================
    ====================

    ဤကမၻာေလာက၌ ထူးဆန္းေသာ အရာမ်ားသည္ သဘာ၀အတိုင္းေသာ္လည္းေကာင္း၊ စိတ္ကူးယဥ္၍ေသာ္လည္းေကာင္း အခ်ိန္ႏွင့္အမွ် ျဖစ္ေပၚေနရာ ထူးဆန္းေသာ ျဖစ္ရပ္မ်ားကဲ့သို႕ပင္ မယုံႏိုင္ဖြယ္ ရႈပ္ေထြးသည္ ့ျဖစ္ရပ္ဆန္းမ်ားကလည္း ျဖစ္ပြားလ်က္ ရွိေနေပသည္။ ထို႕အတူေနရာေဒသ မတူညီေသာ အရပ္မ်ားတြင္ ထူးေထြ ဆန္းျပားေသာ သစ္သီးပင္မ်ားေပါက္ေရာက္ေနၾကသည္ကို ေတြ႕ရွိ ၾကရသည္။လူတိုင္းသည္ မိမိ၏ ေဒသမဟုတ္ေသာ အျခားတိုင္းျပည္မ်ားသို႕ ေရာက္ရွိတိုင္း မိမိအရပ္ေဒသတြင္ မျမင္ေတြ႕ရ သည့္ ထူးဆန္းေသာ အသီး အႏွံမ်ားကို ၾကည့္ျမင္ စားသုံးႏိုင္ၾကေပသည္။

    ၁။ ပင္မွည့္သီး Passion Fruit

    ျမန္မာႏိုင္ငံတြင္ ပင္မည့္သီးဟု လူသိမ်ားသည့္ စူကာသီး၏ မူလေဒသသည္ ေတာင္အေမရိကတိုက္ျဖစ္သည္။ ပင္မွည့္သီး ကို အနံ႕ပိုမိုေကာင္းမြန္ေစရန္ မွန္လုံအိမ္တြင္စိုက္ပ်ိဳးၾကသည္။ပင္မွည့္သီး ၏အေရာင္သည္ အနီေရာင္ေတာက္ေတာက္ျဖစ္ေသာ္လည္း အျခားအေရာင္ကြဲမ်ားကိုလည္းျမင္ေတြ႕ႏိုင္သည္။အိႏၵိယႏိုင္ငံမွ ပင္မွည့္သီး မ်ားသည္ အစိမ္းေရာင္တစ္၀က္၊ အနီေရာင္ တစ္၀က္ ျဖစ္ၾက၍ အရြယ္အစားလည္း ႀကီးမားသည္။

    ပင္မွည့္သီးကို အျခားအေမႊးနံ႕မ်ားႏွင့္ေပါင္းစပ္ကာ ေဖ်ာ္ရည္အျဖစ္ ေသာက္သုံးၾကသည္။အေရာင္လွ၍ အနံ႕ေမႊးသည့္ ပင္မွည့္သီး မ်ိဳးစိတ္တြင္ အဆိပ္ရွိေသာမ်ိဳးႏွင့္ စားသုံးႏိုင္သည့္ မ်ိဳးဟူ၍ ႏွစ္မ်ိဳးရွိသည္ကိ္ု သတိမူသင့္ၾကေပသည္။

    ၂။ ေစာင္းလ်ားသီး Star fruit aka Carambola

    ေစာင္းလ်ားပင္သည္ အင္ဒိုနီးရွား၊အိႏၵိယႏွင့္ သီရိလကၤာႏိုင္ငံတို႕တြင္ အမ်ားဆုံးရွင္သန္ေပါက္ေရာက္သည္။ၾကယ္ပုံ သဏၭာန္ ေထာင့္မ်ားပါရွိသည့္ ေစာင္းလ်ားသီးကို ညွစ္လိုက္လွ်င္ အသားမ်ားကအလြန္ႏူးညံ့ကာ အရည္ရႊမ္းေနေလ့ရွိသည့္။ ေစာင္းလ်ားသီးကို အလုံးလိုက္စားၾကသကဲ့သို႕အခ်ိဳ႕က ယိုထိုး၍ စားသုံးၾကသည္။

    ေစာင္းလ်ားကို ေ၀ဖာမ်ား၊ဘီစကစ္မ်ား၊ပီဇာမ်ားတြင္လည္း ထည့္သြင္းျပဳလုပ္ၾကသည္။ေစာင္းလ်ားသည္ အခ်ိဳ မ်ိဳးႏွင့္ အခ်ဥ္ မ်ိဳးဟူ၍ ႏွစ္မ်ိဳးရွိရာ အခ်ိဳ မ်ိဳးသည္ သစ္ေတာ္သီးႏွင့္ အရသာဆင္ေသာ္လည္း ေစာင္းလ်ားသီးက အခ်ိဳ အရသာပိုမိုသည္။

    ၃။ မင္းဂြတ္သီး Mangosteen

    မင္းဂြတ္သီးကို ျပင္ပကမၻာမွ လာသည့္ ဗီလိန္တစ္ေယာက္ႏွင့္ တူသည္ဟု ဆိုၾကေသာ္လည္း မင္းဂြတ္သည္ ဤကမၻာ ေျမျပင္ ေပၚတြင္ ေပါက္ေရာက္သည့္ အပင္ျဖစ္သည္။မင္းဂြတ္ကို မိုလူးကတ္စ္ႏွင့္ ဆန္ဒါကၽြန္းမ်ားတြင္ ေတြ႕ရွိရသည္။ မင္းဂြတ္ သည္ ငွက္ကုလားအုပ္တစ္ေကာင္၏ဥ ႏွင့္ ပုံစံတူညီေနသည္။မင္းဂြတ္သီး၏ အေစ့မ်ားကို အျပင္ပိုင္းတြင္ ေတာက္ပေသာ အျဖဴ ေရာင္ ႏူးညက္ေပ်ာ့စိသည့္ ခရင္မ္မ်ားက ဖုံးအုပ္ေနသည္။

    မင္းဂြတ္သီးသည္ ဓာတ္ျပဳျခင္းကို ကာကြယ္သည့္ ပစၥည္းမ်ားပါရွိသျဖင့္ ပညာရွင္မ်ားက ေၾကာက္မက္ဖြယ္ေရာဂါ မ်ား ျဖစ္ပြား မႈကို ေလွ်ာ့ခ်ႏိုင္ေၾကာင္း ယုံၾကည္ၾကသည္။အထူးသျဖင့္ မင္းဂြတ္သီးသည္ ဆီးခ်ိဳေရာဂါကို ကာကြယ္ႏိုင္သည္။မင္းဂြတ္ သီးသည္အပူကို ေလွ်ာ့ခ်ႏိုင္သည္ဟူသည့္ ယူဆၾကသျဖင့္ ဒူးရင္းသီးစားၿပီးလွ်င္ မင္းဂြတ္သီးကို စားေလ့ရွိၾကသည္။

    ၄။ ဒူးရင္းသီး Durian aka The King of fruits

    ဒူးရင္းသီး၏အနံ႕ကို မႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ေခၽြးစိုေနသည့္ ေျခအိတ္အနံ႕ထြက္ေနသည့္ အသီးကို လူမ်ား အဘယ္ေၾကာင့္စားသုံးၾကသနည္းဟု ေမးဖြယ္ရွိသည္။အထူးသျဖင့္ မေလးရွားႏွင့္ ဘရူးႏိုင္းႏိုင္္ငံတို႕တြင္ အမ်ားအျပား စိုက္ပ်ိဳးသည့္ ဒူးရင္းသီးသည္ စူးရွေသာ အနံ႕ျဖင့္ သတင္း ေက်ာ္ၾကားသည္။ဒူးရင္းသီးကို ျပင္းထန္ေသာအနံ႕ေၾကာင့္ ဟိုတယ္မ်ားႏွင့္ အခ်ိဳ႕ေသာ ဆိုင္မ်ားတြင္ ယူေဆာင္လာျခင္းမျပဳရန္ တား ျမစ္ထားသကဲ့သို႕ ေလယာဥ္၊ ေမာ္ေတာ္ကားစသည့္ အမ်ားျပည္သူစီးနင္းသည့္ ယာဥ္ မ်ားတြင္လည္း သယ္ယူခြင့္ မျပဳၾကေခ်။

    အခြံကို ၾကည့္၍ စဥ္းစားလွ်င္ ဒူးရင္းသီး၏ အရသာသည္ ဆိုးရြားလိမ့္မည္ဟု ထင္ရဖြယ္ရွိေသာ္လည္း ႏွစ္ၿခိဳက္သူမ်ား အတြက္ကား စားၾကည့္လွ်င္ စားရက်ိဳးနပ္ၾကရေပသည္။ထို႕ေၾကာင့္ ငုံ၍ စုတ္ရသည့္ စားဖြယ္မ်ားတြင္ ဒူးရင္းသီးကို ထည့္သြင္း ျပဳလုပ္ ၾကျခင္းျဖစ္သည္။

    ၅။ နဂါးေမာက္သီး Dragon Fruit

    မကၠဆီကို ႏိုင္ငံတြင္ ပထမဆုံး စိုက္ပ်ိဳးခဲ့သည့္ နဂါးေမာက္သီးသည္ ခ်ိဳေမႊးေသာ အရသာေၾကာင့္ လူၾကိဳက္မ်ားခဲ့ သည္။ ပ်မ္းမွ် အေလးခ်ိန္ ၁၂၀ ဂရမ္ မွ ၁၅၀ ဂရမ္အတြင္းရွိသည့္ ရဲရဲေတာက္ေနေသာ နဂါးေမာက္သီးမ်ားသည္ အံ့ၾသဖြယ္ ေကာင္း ေလာက္ေအာင္ အရသာက ခ်ိဳၿမိန္သည္။နဂါးေမာက္ပင္၏ အပြင့္မ်ားကို အစိမ္းစားႏိုင္ကာ လက္ဘက္ရည္ ေဖ်ာ္ ရာတြင္ ထည့္သြင္း အသုံးျပဳႏိုင္သည္။အျမင္ ဆန္းေနသည့္ နဂါးေမာက္သည္ ေစာင္းလ်ား မ်ိဳးကြဲ အပင္တစ္မ်ိဳးျဖစ္ကာ ေနရာအႏွံ႕ တြင္ ျမင္ေတြ႕ ႏိုင္ ၾကသည္။

    ၆။ အာဖရိက သခြား African cucumber aka Kiwano

    သာမာန္သခြားသီးႏွင့္ မတူသည့္ အာဖရိကမ်ိဳးႏြယ္ သခြားသီးသည္ ထူထဲေသာ အခြံပတ္လည္တြင္ ဆူးခၽြန္မ်ားေပါက္ ေနသျဖင့္အျမင္က ဆိုးေနသည္။ကႏၱာရ အတြင္းရွိ သဲမ်ားတြင္ေပါက္ေရာက္ရွင္သန္ သည့္ ဆူးပါေသာ မ်ိဳးစိတ္ပင္ျဖစ္ေသာေၾကာင့္ အာဖရိက သခြား၏ ပုံပမ္းသည္ ဆြဲေဆာင္မႈ ရွိေနျခင္း ျဖစ္ႏိုင္သည္ဟု ဆိုၾကသည္။ အာဖရိက သခြားသီးသည္ အရည္ရႊမ္းေသာ အသီးမ်ိဳးျဖစ္ကာ အရသာသည္သာမာန္သခြားသီး ကဲ့သို႕ပင္ျဖစ္ေသာ္လည္း အရသာသည္ အနည္းငယ္ ငံသည္။တစ္ခါတစ္ရံတြင္ အာဖရိက သခြားသီးမ်ားကို စားသုံးျခင္းအျပင္ အလွဆင္သစ္သီးအျဖစ္လည္း အသုံးျပဳၾကသည္။

    ၇။ အက္ကီး Ackee

    အက္ကီးသီးသည္ ျမန္မာႏိုင္ငံတြင္ မရွိဘဲ ဂ်ေမကာ ႏိုင္ငံတြင္ေပါက္ေရာက္သည့္ ယင္းႏိုင္ငံ၏ အမွတ္လကၡဏာ အသီး တစ္မ်ိဳး ျဖစ္သည္။အက္ကီးအပင္၏ အေစ့မ်ားကို အေနာက္အာဖရိကတိုက္မွ ဂ်ေမကာႏိုင္ငံသို႕ ကၽြန္မ်ားကို တင္ေဆာင္ သည့္ သေဘၤာမ်ားႏွင့္ ယူေဆာင္ခဲ့ၾကသည္ဟု ဆိုသည္။

    ထိုအခ်ိန္မွစ၍ အက္ကီးမ်ားသည္ ကာေရဘီယံ ၀န္းက်င္ေဒသမ်ားတြင္ စားသုံး ဖြယ္ အသီးတစ္မ်ိဳးျဖစ္လာခဲ့သည္။ အက္ကာသီး၏ အနက္ေရာင္ထိပ္ပိုင္းအလႊာကို ဖယ္ထုတ္ၿပီး အေစ့တြင္ကပ္ေနသည့္ အ၀ါေရာင္အသားမ်ားကို စား ၾကရ သည္။အက္ကာသီး၏ အနီေရာင္အပိုင္းမ်ားသည္ အဆိပ္ရွိသျဖင့္ စားသုံးျခင္း မျပဳႏိုင္ေခ်။

    ၈။ ဗုဒၶလက္ေတာ္ Buddha’s Hand

    ဗုဒၶလက္ေတာ္ဟု အမည္ေပးထားသည့္ အသီးသည္ ေရွာက္သီးႏွင့္ အရသာတူညီကာ တရုတ္ႏိုင္ငံႏွင့္ အိႏၵိယ ႏိုင္ငံတို႕ တြင္ ျမင္ေတြ႕ႏိုင္သည္။ေရဘ၀ဲတစ္ေကာင္၏ လက္တံမ်ားကို ခ်ည္ေႏွာင္ထားပုံႏွင့္ တူသည့္ ယင္းအသီးကို အစိမ္းတိုင္းစားၾက သကဲ့သို႕ ငါးခ်က္ရာတြင္ အနံ႕ေမႊးေစရန္ ထည့္သြင္း ခ်က္ျပဳတ္ၾကသည္။ ဗုဒၶလက္ေတာ္ ကိုဟင္းသီးဟင္းရြက္သုတ္မ်ားတြင္လည္း ထည့္သြင္း စား သုံးၾကသည္။ တရုတ္ႏိုင္ငံတြင္ ဗုဒၶလက္ေတာ္အသီးမ်ားကို လူေနအိမ္မ်ား၀န္းက်င္တြင္ အေမႊးနံ႕ရေစရန္ ထားရွိၾကသကဲ့သို႕ ဗီဒိုမ်ားတြင္ လည္း ထည့္သြင္းထားေလ့ရွိသည္။

    ၉။ ေတာင္အေမရိက ခရမ္းခ်ဥ္ Tamarillo

    အီေကြေဒါ၊ပီရူးႏွင့္ ကိုလံဘီယာႏိုင္ငံတို႕တြင္ ေတြ႕ရွိရသည့္ ခရမ္းခ်ဥ္သီးမ်ိဳးစိတ္ Tamarillo သည္ ကမၻာအႏွံ႕ စားသုံးေန ၾကသည့္ သာမာန္ ခရမ္းခ်ဥ္သီးႏွင့္ မ်ိဳးရင္းတူကာ အေရာင္က ေဖ်ာ့၍ မီးေလာင္ခံထားရသည့္ အသြင္ရွိသည္။ ေတာင္အေမရိက ခရမ္းခ်ဥ္သီးကို ထက္ပိုင္းျဖတ္ၾကည့္ပါက အသီး၏ အလယ္တြင္ ထူးျခားေသာ ပုံသဏၭာန္ရွိသည့္ အေစ့မ်ားကို ျမင္ေတြ႕ရသည္။

    ခရမ္းခ်ဥ္သီးျဖစ္ေသာ္လည္း အရသာက သလဲသီးႏွင့္ တူညီသျဖင့္ ေဖ်ာ္ရည္ျပဳလုပ္ရာတြင္ အသုံးျပဳၾကသည္။ဘိုလီးဗီး ယားႏိုင္ငံ၊ အခ်ိဳ႕ေဒသမ်ားတြင္ ေတာင္အေမရိက ခရမ္းခ်ဥ္သီးကို ခ်က္ျပဳတ္ရာ ထည့္သြင္းၾကသကဲ့သို႕ အႏွစ္ sauce အျဖစ္ လည္း ျပဳလုပ္ၾကသည္။ ေတာင္အေမရိက ခရမ္းခ်ဥ္သည္ သစ္သီးမွည့္မ်ားတြင္ပါရွိ၍ သစ္သီးယိုမ်ားကို ခဲေစသည့္ သၾကားႏွင့္ တူေသာ ၿဒပ္(pectin) ပါ၀င္မႈ မ်ားျပားသျဖင့္ ၾကာရွည္ခံ အသီးတစ္မ်ိဳးအျဖစ္ အသုံးျပဳၾကသည္။

    ၁၀။ ၾသဇာသီး Custard Apple

    ၾသဇာသီးကို အခ်ိဳ႕လူမ်ားက ႏြားထီး၏ ႏွလုံးသားႏွင့္ တူေၾကာင္းရည္ညႊန္းေျပာဆိုၾကသည္။သို႕ေသာ္ ၾသဇာသီးသည္ ႏြား ႏွလုံးထက္ အဖုမ်ားထြက္ေနသည့္ ပန္းသီးႏွင့္ ပိုမို တူညီသည္။ထို႕ေၾကာင့္ ၾသဇာသီးကို အတန္အသင့္ သေႏၶေျပာင္းထားသည့္ ပန္းသီးဟုလည္း ဆိုၾကသည္။ ၾသဇာပင္သည္ တိုင္၀မ္၊အိႏၵိယႏွင့္ အာဖရိကတိုက္တြင္အမ်ားဆုံးေပါက္ေရာက္သည္။အပူပိုင္းသစ္ေတာမ်ားတြင္လည္း ရွင္ သန္ ႏိုင္သကဲ့သို႕ ျမန္မာႏိုင္ငံတြင္လည္း ၾသဇာပင္မ်ားကို အမ်ားအျပားစိုက္ပ်ိဳးကာ ၾသဇာသီးကို ႏွစ္ၿခိဳက္စြာ စားသုံးေလ့ရွိၾက ေပ သည္။အရသာသည္ ခ်ိဳေမႊးေနကာ အဆာသြတ္မုန္႕မ်ားကို ဆမ္းစားရသည့္ အ၀ါေရာင္အခ်ိဳရည္ပ်စ္ပ်စ္(custard)ႏွင့္ တူသျဖင့္ အသီးအမည္ကို Custard Apple ဟု မွည့္ေခၚခဲ့ၾကသည္။

    ၾသဇာမ်ိဳးစိတ္တြင္ တစ္လုံးခ်င္းသီးသည့္ ရိုးရိုး ၾသဇာသီးႏွင့္ ဒူးရင္းသီး အရြယ္သီးသည့္ ဒူးရင္းၾသဇာသီးဟု ႏွစ္မ်ိဳးရွိသည္။ ရိုးရိုးၾသဇာသီး၏ အခြံတြင္ အဖုမ်ားတြဲဆက္တည္ရွိေနၿပီး ေယဘုယ်အားျဖင့္ အဖုတစ္ခုစီေအာက္တြင္ အသီးထဲ၌ အေစ့ တစ္ေစ့စီ ပါရွိေနသည္။ ဒူးရင္းၾသဇာသည္ အခြံေခ်ာ၍ ဆူးအနည္းငယ္ပါရွိကာ အေစ့မ်ားက အသားထဲတြင္ ရွိေနၾကသည္။

    ပထ၀ီ၀င္အေနအထားႏွင့္ ရာသီဥတုကြဲျပားမႈမ်ားေၾကာင့္ ကမၻာ့ေနရာေဒသ အသီးသီးတြင္ေပါက္ေရာက္သည့္ အပင္မ်ား ႏွင့္ အသီးမ်ားသည္ တစ္ေနရာႏွင့္ တစ္ေနရာ ကြဲျပားျခားနားၾကေပသည္။ေနရာေဒသ မတူညီမႈမ်ားေၾကာင့္ တစ္ႏိုင္ငံမွ အသီးမ်ား သည္ အျခားတစ္ႏိုင္ငံတြင္ ထူးဆန္းေသာ အသီးမ်ားျဖစ္လာခဲ့ၾကသည္။သို႕ေသာ္ ေကာင္းမြန္ ခ်ိဳၿမိန္ေသာ အရသာကို မည္သူ႕ လူမ်ိဳး မဆို ႀကိဳက္ႏွစ္သက္ေလ့ရွိၾကသျဖင့္ ႏိုင္ငံအသီးသီးမွ အသီးအႏွံမ်ားသည္ စိုက္ပ်ိဳးျခင္းျဖင့္ျဖစ္ေစ၊ သယ္ယူလာၾကျခင္း ျဖင့္ ျဖစ္ေစ၊ တင္ပို႕ေရာင္းခ်ျခင္းျဖင့္ ျဖစ္ေစ ကမၻာအႏွံ႕ တစ္ေနရာမွ တစ္ေနရာသို႕ ေရာက္ရွိလာၾကကာ လူသားမ်ား စားသုံးႏိုင္ခဲ့ၾက ေပသည္။

    ေမာင္သာ (ေရွးေဟာင္းသုေတသန)
    ၂၀၁၈ ခုႏွစ္ ေမလထုတ္ အာေရာဂ်ံ မဂၢဇင္းမွ

    ==========

     

  • ခဏခဏ ေမ့တတ္လာသူမ်ားအတြက္ “ဦးေႏွာက္ မွတ္ဉာဏ္စြမ္းရည္ ျမင့္တက္ေစမယ့္ နည္းလမ္းမ်ား”

    (Zawgyi)

    ဦးေႏွာက္ မွတ္ဉာဏ္စြမ္းရည္ ျမင့္တက္ေစမယ့္ နည္းလမ္းမ်ား

    စိတ္ဖိစီးမႈေတြ မ်ားေနတဲ့ ဒီေန႔ေခတ္ႀကီးမွာ မွတ္ဉာဏ္ျပႆနာေတြ အမ်ားဆုံး ႀကဳံေတြ႕ရပါတယ္။ ဒီလို အေျခအေနေတြကို ေျဖေလ်ာ့ႏိုင္ေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေတြလည္း ရွိေနျပန္ပါတယ္။ ေန႔စဥ္လုပ္ေနက် အျပဳအမူေတြကို အနည္းငယ္ ေျပာင္းလဲလိုက္႐ုံနဲ႔ သတိေမ့တာမ်ိဳးေတြ ေလ်ာ့နည္းသြားၿပီး အရင္လို ဉာဏ္ရည္ ျပန္သြက္လာပါလိမ့္မယ္။

    ေျပာင္းျပန္လႈပ္ရွားမႈေတြက သင့္ဦးေႏွာက္အတြက္ အေကာင္းဆုံး ေလ့က်င့္ခန္း တခုပါ။ ပုံမွန္သြားတိုက္ေနက် ညဘက္လက္အစား ဘယ္ဘက္ ေျပာင္းတိုက္တာမ်ိဳး၊ သြားတိုက္ေဆးညႇစ္တာကအစ ကိုယ္မသန္တဲ့ဘက္ကို သုံးေပးတဲ့အခါ ဦးေႏွာက္ဆဲလ္ေတြကို ႏိုးၾကားေစပါတယ္။

    ေရခ်ိဳးတဲ့အခါ မ်က္စိမွိတ္ၿပီး လက္နဲ႔ပဲ ထိေတြ႕ လႈပ္ရွားၿပီး ခ်ိဳးၾကည့္ပါ။ အျမင္အာ႐ုံထက္ အထိအေတြ႕အပိုင္းနဲ႔ ျမင္ေအာင္ လုပ္ႏိုင္တာကလည္း သင့္ဦးေႏွာက္ကို အာ႐ုံစူးစိုက္ႏိုင္ေအာင္ ေလ့က်င့္ေပးရာေရာက္ပါတယ္။ မ်က္စိမွိတ္ၿပီး ေရခ်ိဳးသလိုပဲ ေခါင္းေလွ်ာ္တာ၊ မုတ္ဆိတ္ရိတ္ေတြမွာလည္း မ်က္စိမွိတ္ထားၿပီး မ်က္လုံးထဲေပၚေအာင္ ပုံေဖာ္ရင္း လုပ္ၾကည့္ပါ။

    မနက္ႏိုးတာနဲ႔ ေန႔စဥ္လုပ္ၿမဲအလုပ္ေတြက သင့္ဦးေႏွာက္အတြက္ ဘာမွ မထူးျခားေစပါဘူး။ ေန႔စဥ္လုပ္ေနက်မို႔ ေခါင္းကေန စဥ္းစားစရာေတာင္ မလိုဘဲ အလိုလို လုပ္မိရက္သား ျဖစ္ေနတတ္လို႔ပါ။ ဒါေၾကာင့္ မနက္တိုင္းလုပ္ေနက် အလုပ္ေတြကေန အေျပာင္းအလဲ နည္းနည္းလုပ္ၾကည့္ပါ။

    ဧည့္ခန္းနဲ႔ အိမ္ထဲမွာ အလွခ်ိတ္ထားတဲ့ ဓာတ္ပုံ၊ ပန္းခ်ီကားေတြကို ပုံမွန္အတည့္အတိုင္း ၾကည့္တာထက္ ေျပာင္းျပန္ထားၿပီး ပုံေဖာ္ၾကည့္ပါ။ သင့္ဦးေႏွာက္က အတည့္ပုံေတြထက္ ေျပာင္းျပန္ေတြၾကည့္တဲ့အခါ ပိုအာ႐ုံစိုက္ၿပီး အလုပ္လုပ္ရပါတယ္။ အိမ္တအိမ္မွာ ထမင္းစားပြဲမွာျဖစ္ျဖစ္၊ ဧည့္ခန္းမွာျဖစ္ျဖစ္ အိမ္သားတေယာက္စီ ထိုင္ေနၾကေနရာဆိုတာ ရွိပါတယ္။ အၿမဲတမ္းထိုင္ေနက် ေနရာကေန ၾကည့္ေနက် အျမင္ေတြကလည္း တူတူပဲမို႔ ၾကာလာရင္ ဦးေႏွာက္ အလုပ္မလုပ္ေတာ့ဘဲ ဆိုင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ အေျပာင္းအလဲျဖစ္ေအာင္ ခုံေနရာ ေ႐ြ႕ထိုင္ၾကည့္ပါ။ ဒီလိုပဲ ထမင္းစားပြဲေပၚက ဆားဘူး၊ င႐ုပ္ေကာင္းဘူးေတြကိုလည္း ထားေနၾကေနရာ အေျပာင္းအလဲလုပ္ပါ။

    အနံ႔ေတြကလည္း သင့္ဦးေႏွာက္ မွတ္ဉာဏ္ကို အေထာက္အပံ့ေပးပါတယ္။ ဒါေၾကာင့္ မနက္မိုးလင္းတာနဲ႔ ေကာ္ဖီနံ႔ တမ်ိဳးတည္း ရေနတာထက္ ျဖစ္ႏိုင္ရင္ တျခားအနံ႔ေတြပါ ရေအာင္လုပ္ပါ။ ဗယ္နီလာ၊ ဗီတာမင္စီ၊ ပူစီနံလို အနံ႔မ်ိဳးကိုလည္း အနံ႔ခံၾကည့္ပါ။ သင္အႀကိဳက္ဆုံး အနံ႔တမ်ိဳးကို အိပ္ရာေဘးမွာ ထားအိပ္တာလည္း ဦးေႏွာက္ကို ၾကည္လင္လန္းဆန္းေစပါတယ္။

    စူပါးမားကတ္မွာ ေဈးဝယ္တဲ့အခါ ကိုယ္ဝယ္ခ်င္တခုပဲ ေ႐ြးမဝယ္ခဲ့ပါနဲ႔။ အခ်ိန္ရရင္ စင္ေပၚက တျခားပစၥည္း အစုံကို လိုက္ၾကည့္ပါ။ တခါမွ ကိုယ္မသိလိုက္တဲ့ ပစၥည္းေတြ၊ ကိုယ္မျမင္ခဲ့တဲ့ ပစၥည္းေတြကို ေတြ႕လာပါလိမ့္မယ္။ ဒါဟာ ဦးေႏွာက္ကို အသစ္အသစ္ေသာ ပစၥည္းအမ်ိဳးအစားေတြနဲ႔ မိတ္ဆက္လိုက္တာပါ။

    အားလပ္ရက္မွာ အိမ္မွာ အနားယူတာထက္ သင္ယူခ်င္တဲ့ ပညာအသစ္ေတြကို အေပါင္းအသင္းေတြနဲ႔အတူ စုေပါင္း ေလ့လာ သင္ယူၾကည့္ပါ။ ဒါ့အျပင္ သူငယ္ခ်င္းေတြနဲ႔ ဆိုရွယ္မီဒီယာမွာထက္ အျပင္မွာ ေတြ႕ဆုံၾကပါ။ ကိုယ္စားေလ့ မရွိတဲ့ အစားအေသာက္ အသစ္ေတြကိုလည္း မၾကာခဏ ျမည္းစမ္းၾကည့္သင့္ပါတယ္။

    Ref: Reader’s Digest

    Credit – Aurora, The Irrawaddy – Burmese Edition

    (Unicode)

    ဦးနှောက် မှတ်ဉာဏ်စွမ်းရည် မြင့်တက်စေမယ့် နည်းလမ်းများ

    စိတ်ဖိစီးမှုတွေ များနေတဲ့ ဒီနေ့ခေတ်ကြီးမှာ မှတ်ဉာဏ်ပြဿနာတွေ အများဆုံး ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေတွေကို ဖြေလျော့နိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပြန်ပါတယ်။ နေ့စဉ်လုပ်နေကျ အပြုအမူတွေကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ သတိမေ့တာမျိုးတွေ လျော့နည်းသွားပြီး အရင်လို ဉာဏ်ရည် ပြန်သွက်လာပါလိမ့်မယ်။

    ပြောင်းပြန်လှုပ်ရှားမှုတွေက သင့်ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်း တခုပါ။ ပုံမှန်သွားတိုက်နေကျ ညဘက်လက်အစား ဘယ်ဘက် ပြောင်းတိုက်တာမျိုး၊ သွားတိုက်ဆေးညှစ်တာကအစ ကိုယ်မသန်တဲ့ဘက်ကို သုံးပေးတဲ့အခါ ဦးနှောက်ဆဲလ်တွေကို နိုးကြားစေပါတယ်။

    ရေချိုးတဲ့အခါ မျက်စိမှိတ်ပြီး လက်နဲ့ပဲ ထိတွေ့ လှုပ်ရှားပြီး ချိုးကြည့်ပါ။ အမြင်အာရုံထက် အထိအတွေ့အပိုင်းနဲ့ မြင်အောင် လုပ်နိုင်တာကလည်း သင့်ဦးနှောက်ကို အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ မျက်စိမှိတ်ပြီး ရေချိုးသလိုပဲ ခေါင်းလျှော်တာ၊ မုတ်ဆိတ်ရိတ်တွေမှာလည်း မျက်စိမှိတ်ထားပြီး မျက်လုံးထဲပေါ်အောင် ပုံဖော်ရင်း လုပ်ကြည့်ပါ။

    မနက်နိုးတာနဲ့ နေ့စဉ်လုပ်မြဲအလုပ်တွေက သင့်ဦးနှောက်အတွက် ဘာမှ မထူးခြားစေပါဘူး။ နေ့စဉ်လုပ်နေကျမို့ ခေါင်းကနေ စဉ်းစားစရာတောင် မလိုဘဲ အလိုလို လုပ်မိရက်သား ဖြစ်နေတတ်လို့ပါ။ ဒါကြောင့် မနက်တိုင်းလုပ်နေကျ အလုပ်တွေကနေ အပြောင်းအလဲ နည်းနည်းလုပ်ကြည့်ပါ။

    ဧည့်ခန်းနဲ့ အိမ်ထဲမှာ အလှချိတ်ထားတဲ့ ဓာတ်ပုံ၊ ပန်းချီကားတွေကို ပုံမှန်အတည့်အတိုင်း ကြည့်တာထက် ပြောင်းပြန်ထားပြီး ပုံဖော်ကြည့်ပါ။ သင့်ဦးနှောက်က အတည့်ပုံတွေထက် ပြောင်းပြန်တွေကြည့်တဲ့အခါ ပိုအာရုံစိုက်ပြီး အလုပ်လုပ်ရပါတယ်။

    အိမ်တအိမ်မှာ ထမင်းစားပွဲမှာဖြစ်ဖြစ်၊ ဧည့်ခန်းမှာဖြစ်ဖြစ် အိမ်သားတယောက်စီ ထိုင်နေကြနေရာဆိုတာ ရှိပါတယ်။ အမြဲတမ်းထိုင်နေကျ နေရာကနေ ကြည့်နေကျ အမြင်တွေကလည်း တူတူပဲမို့ ကြာလာရင် ဦးနှောက် အလုပ်မလုပ်တော့ဘဲ ဆိုင်းသွားတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ခုံနေရာ ရွေ့ထိုင်ကြည့်ပါ။ ဒီလိုပဲ ထမင်းစားပွဲပေါ်က ဆားဘူး၊ ငရုပ်ကောင်းဘူးတွေကိုလည်း ထားနေကြနေရာ အပြောင်းအလဲလုပ်ပါ။

    အနံ့တွေကလည်း သင့်ဦးနှောက် မှတ်ဉာဏ်ကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ ကော်ဖီနံ့ တမျိုးတည်း ရနေတာထက် ဖြစ်နိုင်ရင် တခြားအနံ့တွေပါ ရအောင်လုပ်ပါ။ ဗယ်နီလာ၊ ဗီတာမင်စီ၊ ပူစီနံလို အနံ့မျိုးကိုလည်း အနံ့ခံကြည့်ပါ။ သင်အကြိုက်ဆုံး အနံ့တမျိုးကို အိပ်ရာဘေးမှာ ထားအိပ်တာလည်း ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါတယ်။

    မနက်ဘက် ရုံးသွားတဲ့လမ်းမှာ ပတ်ဝန်းကျင်က အသံတွေ၊ အနံ့တွေကို အာရုံစိုက်နိုင်အောင် ကားတံခါးကို ဖွင့်စီး သွားကြည့်ပါ။ မှန်ပိတ်ပြီး အရုပ်ပဲမြင်နေရတာထက် အသံနဲ့အနံကိုပါ တပေါင်းတည်းမြင်ရ၊ ကြားရတာက ဦးနှောက် အာရုံခံလိုင်းတွေကို ပိုအလုပ်လုပ်စေနိုင်ပါတယ်။

    စူပါးမားကတ်မှာ ဈေးဝယ်တဲ့အခါ ကိုယ်ဝယ်ချင်တခုပဲ ရွေးမဝယ်ခဲ့ပါနဲ့။ အချိန်ရရင် စင်ပေါ်က တခြားပစ္စည်း အစုံကို လိုက်ကြည့်ပါ။ တခါမှ ကိုယ်မသိလိုက်တဲ့ ပစ္စည်းတွေ၊ ကိုယ်မမြင်ခဲ့တဲ့ ပစ္စည်းတွေကို တွေ့လာပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ကို အသစ်အသစ်သော ပစ္စည်းအမျိုးအစားတွေနဲ့ မိတ်ဆက်လိုက်တာပါ။

    အားလပ်ရက်မှာ အိမ်မှာ အနားယူတာထက် သင်ယူချင်တဲ့ ပညာအသစ်တွေကို အပေါင်းအသင်းတွေနဲ့အတူ စုပေါင်း လေ့လာ သင်ယူကြည့်ပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆိုရှယ်မီဒီယာမှာထက် အပြင်မှာ တွေ့ဆုံကြပါ။ ကိုယ်စားလေ့ မရှိတဲ့ အစားအသောက် အသစ်တွေကိုလည်း မကြာခဏ မြည်းစမ်းကြည့်သင့်ပါတယ်။

    Ref: Reader’s Digest

    Credit – Aurora, The Irrawaddy – Burmese Edition