Author: shangyi

  • စိတ္ညစ္ဖို႕ေကာင္းတဲ့ပိုးဟပ္ေတြ မခိုႏိုင္ပဲ ေ၀းရာေျပးေအာင္ လုပ္ၾကမယ္။

    (Zawgyi)

    သခြားသီးနဲ႔ ပိုးဟပ္ေျပးေအာင္ လုပ္ၾကမယ္

    သင္ သိပါသလား ပိုးဟပ္က ကမာၻ႔ေရွးအက်ဆုံး တိရစာၦန္အမ်ိဳးႏြယ္ဝင္ တစ္ခုဆိုတာကို သင္ သိပါသလား။ အိပ္ခန္းထဲ၊ မီးဖိုေခ်ာင္ထဲ၊ ေရခ်ိဳးခန္းထဲမွာ ကိုယ့္ေရွ႕ ေျပးလႊားေနတဲ့ ပိုးဟပ္ေတြ ျမင္ရင္ ႐ြံသလို စိတ္ခံစားခ်က္ ျဖစ္ဖူးၾကပါသလား။ အခ်ိဳ႕ကလည္း ေၾကာက္ၾကပါတယ္။ ပိုးဟပ္ေခ်းအနံ႔ဟာ ဆိုးဝါးလွၿပီး ေနရာတကာ ေတြ႕ႏိုင္ပါတယ္။ စိတ္ပ်က္စရာေကာင္းလွတဲ့ ဒီ သတၱဝါေလးကို အိမ္မွာရွိတဲ့ အသီးအႏွံတစ္ခုအသုံးျပဳၿပီး ထြက္ေျပးေအာင္ လုပ္ၾကည့္ၾကရေအာင္ပါ။

    သခြားသီးကို လွီးထားၿပီး ပိုးဟပ္ေတြ လႈပ္ရွားမႈ မ်ားတဲ့ ေနရာေထာင့္ေတြမွာ ခ်ထားလိုက္ပါ။ သခြားသီးက ထြက္တဲ့ အနံ႔တစ္မ်ိဳးကို ပိုးဟပ္ေတြ မႀကိဳက္ပါဘူး။ ႐ိုးရွင္းၿပီး လြယ္ကူတဲ့နည္းပါ။ လူေတြနဲ႔ ပိုးဟပ္ၾကားမွာ တံတိုင္းအျဖစ္ ကာကြယ္ေပးပါတယ္။ စမ္းၾကည့္ၾကပါစို႔။

    ေနာက္တစ္နည္းကေတာ့ တမာဆီ အနည္းငယ္ နဲ႔ ေရတစ္ခြက္ေရာပါ။ အနံ႔မရွိသေလာက္ နည္းတဲ့ ဆပ္ျပာရည္ နည္းနည္းထည့္ပါ။ ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြကိုျဖန္းထားေပးပါ။ သူကေတာ့ အနံ႔ အနည္းငယ္ ရွိပါတယ္။ တမာဆီကေတာ့ ပရေဆးဆိုင္ေတြနဲ႔ ေဆးဆိုင္ေတြမွာ ေမးဝယ္လို႔ ရပါတယ္။

    Source: worldofhealth365

    Credit – MyFood Myanmar

    သခြားသီးနဲ႔ ပိုးဟပ္ေျပးေအာင္ လုပ္ၾကမယ္

    သင္ သိပါသလား ပိုးဟပ္က ကမာၻ႔ေရွးအက်ဆုံး တိရစာၦန္အမ်ိဳးႏြယ္ဝင္ တစ္ခုဆိုတာကို သင္ သိပါသလား။ အိပ္ခန္းထဲ၊ မီးဖိုေခ်ာင္ထဲ၊ ေရခ်ိဳးခန္းထဲမွာ ကိုယ့္ေရွ႕ ေျပးလႊားေနတဲ့ ပိုးဟပ္ေတြ ျမင္ရင္ ႐ြံသလို စိတ္ခံစားခ်က္ ျဖစ္ဖူးၾကပါသလား။ အခ်ိဳ႕ကလည္း ေၾကာက္ၾကပါတယ္။ ပိုးဟပ္ေခ်းအနံ႔ဟာ ဆိုးဝါးလွၿပီး ေနရာတကာ ေတြ႕ႏိုင္ပါတယ္။ စိတ္ပ်က္စရာေကာင္းလွတဲ့ ဒီ သတၱဝါေလးကို အိမ္မွာရွိတဲ့ အသီးအႏွံတစ္ခုအသုံးျပဳၿပီး ထြက္ေျပးေအာင္ လုပ္ၾကည့္ၾကရေအာင္ပါ။

    သခြားသီးကို လွီးထားၿပီး ပိုးဟပ္ေတြ လႈပ္ရွားမႈ မ်ားတဲ့ ေနရာေထာင့္ေတြမွာ ခ်ထားလိုက္ပါ။ သခြားသီးက ထြက္တဲ့ အနံ႔တစ္မ်ိဳးကို ပိုးဟပ္ေတြ မႀကိဳက္ပါဘူး။ ႐ိုးရွင္းၿပီး လြယ္ကူတဲ့နည္းပါ။ လူေတြနဲ႔ ပိုးဟပ္ၾကားမွာ တံတိုင္းအျဖစ္ ကာကြယ္ေပးပါတယ္။ စမ္းၾကည့္ၾကပါစို႔။ ေနာက္တစ္နည္းကေတာ့ တမာဆီ အနည္းငယ္ နဲ႔ ေရတစ္ခြက္ေရာပါ။ အနံ႔မရွိသေလာက္ နည္းတဲ့ ဆပ္ျပာရည္ နည္းနည္းထည့္ပါ။ ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြကိုျဖန္းထားေပးပါ။ သူကေတာ့ အနံ႔ အနည္းငယ္ ရွိပါတယ္။ တမာဆီကေတာ့ ပရေဆးဆိုင္ေတြနဲ႔ ေဆးဆိုင္ေတြမွာ ေမးဝယ္လို႔ ရပါတယ္။

    Source: worldofhealth365

    Credit – MyFood Myanmar

    (Unicode)

    သခွားသီးနဲ့ ပိုးဟပ်ပြေးအောင် လုပ်ကြမယ်

    သင် သိပါသလား ပိုးဟပ်က ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်အမျိုးနွယ်ဝင် တစ်ခုဆိုတာကို သင် သိပါသလား။ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံသလို စိတ်ခံစားချက် ဖြစ်ဖူးကြပါသလား။ အချို့ကလည်း ကြောက်ကြပါတယ်။ ပိုးဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။ စိတ်ပျက်စရာကောင်းလှတဲ့ ဒီ သတ္တဝါလေးကို အိမ်မှာရှိတဲ့ အသီးအနှံတစ်ခုအသုံးပြုပြီး ထွက်ပြေးအောင် လုပ်ကြည့်ကြရအောင်ပါ။

    သခွားသီးကို လှီးထားပြီး ပိုးဟပ်တွေ လှုပ်ရှားမှု များတဲ့ နေရာထောင့်တွေမှာ ချထားလိုက်ပါ။ သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေ မကြိုက်ပါဘူး။ ရိုးရှင်းပြီး လွယ်ကူတဲ့နည်းပါ။ လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ် ကာကွယ်ပေးပါတယ်။ စမ်းကြည့်ကြပါစို့။

    နောက်တစ်နည်းကတော့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်ရောပါ။ အနံ့မရှိသလောက် နည်းတဲ့ ဆပ်ပြာရည် နည်းနည်းထည့်ပါ။ ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကိုဖြန်းထားပေးပါ။ သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။ တမာဆီကတော့ ပရဆေးဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရပါတယ်။

    Source: worldofhealth365

    Credit – MyFood Myanmar

  • ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

    (Zawgyi)

    ျမန္မာ့ဆိုက္ကား ျဖစ္ေပၚလာပုံ

    ၁၃၀၀ျပည့္ အေရးေတာ္ပုံလို႔ ျမန္မာ့သမိုင္းမွာ ေမာ္ကြန္းထိုးခဲ့တဲ့ အမ်ိဳးသားလြတ္လပ္ေရး အုံႂကြလႈပ္ရွားမႈႀကီး ကြၽန္မတို႔ မႏၲေလးမွာလည္း ျဖစ္ပြားေပၚေပါက္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ မႏၲေလးၿမိဳ႕သူ ၿမိဳ႕သားေတြက အမ်ိဳးသားလုပ္ငန္းတစ္ခုျဖစ္တဲ့ ဆိုက္ကားယာဥ္ငယ္ကို ဝိုင္းၿပီး အားေပးလိုက္ၾကေတာ့ ဓာတ္ရထားလုပ္ငန္းဟာ ခြက္ခြက္လန္ေအာင္ရႈံးလို႔ အလုပ္ရပ္နားသြားရတာေပါ့။ မႏၲေလးၿမိဳ႕မွာ အဲဒီေခတ္က ၿမိဳ႕သူၿမိဳ႕သားမ်ား စီးနင္းသြားလာဖို႔ ျမင္းရထားေခၚတဲ့ ျမင္းတပ္ရထားလုံး နဲ႔ ဓာတ္ရထားပဲ ရွိတယ္။ ရန္ကုန္မွာလို လံျခား မရွိဘူး။ ၁၃၀၀ ျပည့္ အေရးေတာ္ပုံကာလႀကီးကို ေရာက္လာေတာ့ အမ်ိဳးသားစီးပြားေရးဟာ အမ်ိဳးသားေတြရဲ႕ လက္ထဲမွာပဲ ရွိရမယ္ ဆိုတဲ့ မူတစ္ခု ေပၚလာၿပီး ေသြးစုပ္ခ်ယ္လွယ္ေနတဲ့ ႏိုင္ငံျခားသားပိုင္ လုပ္ငန္းေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခုလည္း အမ်ိဳးသားေတြက ဖြင့္လာၾကတယ္။

    အဲဒီအခ်ိန္မွာ စက္အားမပါ၊ ေလာင္စာဆီမလို၊ လူအားနဲ႔လႈပ္ရွားတဲ့ ယာဥ္ငယ္ဆိုက္ကား ဆိုတဲ့ စီးစရာေလးတစ္ခု ေပၚလာတယ္။ ဆိုက္ကားဆိုတာက စက္ဘီးကေနၿပီး ျဖစ္လာတဲ့ ယာဥ္ကိုး။ အဲဒီေခတ္က ေယာက်ၤားေတြစီးတဲ့ စက္ဘီးအေကာင္းဆုံး ရေလး စပါယ္ရွယ္ ဆိုတာက တစ္စီးမွ ၁၂၅ က်ပ္ ေပးရတာ။ ဟာၾကဴလီ တံဆိပ္ဆိုရင္ အသစ္မွ ၅၀က်ပ္ ကေန ၇၀က်ပ္အထိပဲ တန္ဖိုးရွိတယ္။အဲဒီေတာ့ ၁၉၃၈ခုႏွစ္ေလာက္မွာ စက္ဘီးအေဟာင္းကို ေညာင္ပင္ေဈးက ကားေဘာ္ဒီလုပ္တဲ့ဆရာ ဆရာညိဳက ဆိုက္ကားဆိုတဲ့ ေဘးတြဲ တပ္ေပးတယ္။ တပ္ခကလည္း သိပ္မမ်ားေတာ့ ေငြ ၁၀၀က်ပ္ ၊ ၁၅၀က်ပ္နဲ႔ ဆိုက္ကားတစ္စီး ျဖစ္လာတာပဲ။ ဒီေလာက္ေငြက ျမန္မာေတြတတ္ႏိုင္တဲ့ အရင္းအႏွီးမ်ိဳးျဖစ္ေလေတာ့၊ ဆိုက္ကားအစီး ၁၀၀၀ ေလာက္ ေန႔ခ်င္းညခ်င္း မႏၲေလးမွာ ေပၚေပါက္လာေတာ့တယ္။

    အဲဒီဆိုက္ကားက ေဈးခ်ိဳက ၂ျပား ေပးစီးခဲ့ရင္ ဓာတ္ရထားက ပို႔ေပးတဲ့ ၂ျပား ခရီးမ်ိဳးအျပင္ ဓာတ္ရထားမေရာက္တဲ့ လမ္းႀကိဳလမ္းၾကား ဝင္းႀကိဳဝင္းၾကားအထိ လိုက္ပို႔ေပးတယ္ေလ။ မႏၲေလးၿမိဳ႕ ဆိုတာကလည္း တခ်ိဳ႕ၿမိဳ႕ေတြလို ႐ြာႀကီးက တျဖည္းျဖည္းနဲ႔ ၿမိဳ႕ျဖစ္လာတာမ်ိဳး မဟုတ္ဘူး။ မင္းတုန္းမင္းႀကီးက ၿမိဳ႕သစ္တည္ဖို႔ စိတ္တိုင္းက်တဲ့ ေျမျပန႔္ ေျမညီတစ္ကြက္ကို ေသေသခ်ာခ်ာေ႐ြးၿပီးမွ အကြက္ေတြခ်ၿပီး တည္ခဲ့တဲ့ၿမိဳ႕။ ဒါေၾကာင့္ နန္းေတာ္ေရွ႕ဆရာတင္က “စည္မ်က္ႏွာကဲ့သို႔ ညီညာေပသကို” လို႔ မႏၲေလးကို သူ႔ျမနႏၵာ သီခ်င္းထဲမွာ ထည့္ဖြဲ႕ထားတယ္ မဟုတ္လား။ မႏၲေလးမွာ လမ္းေတြက အတက္အဆင္း၊ အနိမ့္အျမင့္ အလြန္နည္းတယ္။ ၿမိဳ႕ကို အကြက္ခ်ထားၿပီး လမ္းေတြေဖာက္တာ၊ အကြက္ေတြရဲ႕အလယ္က ဝင္းေတြဖြဲ႕တယ္။ ဝင္းထဲမွာ အရာရွိႀကီးေတြ ေနေစတယ္။ မႏၲေလးၿမိဳ႕ရဲ႕လမ္းေတြက အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ တည့္တည့္တန္းတန္းရွိေနေအာင္ တမင္ေဖာ္ကထားတာ၊ တစ္ျပနဲ႔ တစ္ျပ အကြာအေဝးညီတယ္။ ဝင္းႀကိဳ ဝင္းၾကားေပါတယ္။

    မႏၲေလးမွာ ၿဗိတိသွ်အစိုးရက ေက်ာက္လမ္းမိုင္ ၆၀ ခင္းေပးသတဲ့။ ဓာတ္ရထားသြားႏိုင္တာက ၆မိုင္ထဲရွိတာ။ ဆိုက္ကားက မိုင္ ၆၀ စလုံးကို သြားႏိုင္တဲ့အျပင္ လမ္းမရွိတဲ့ ဝင္းႀကိဳဝင္းၾကားထဲလည္း ဝင္ၿပီး ပို႔ေပးေလေတာ့၊ ၿမိဳ႕သူၿမိဳ႕သားေတြက ဆိုက္ကားပဲ စီးၾကတာေပါ့။ အဲဒီမွာ ၁၅၀က်ပ္တန္၊ ၂၀၀က်ပ္တန္ ဆိုက္ကားေတြနဲ႔ မယွဥ္ႏိုင္၊ မယွဥ္ဝံ့လို႔ ဓာတ္ရထားႀကီး သိမ္းလိုက္ရတယ္ဆိုတာ ၾကားၾကားသမွ်ကေတာ့ မယုံႏိုင္စရာႀကီး ျဖစ္ေနတာေပါ့။ ဒါေပမယ့္ တစ္ကယ့္ျဖစ္ရပ္ပဲ။ ဓာတ္ရထားႀကီးခဗ်ာမွာ လက္မွတ္တစ္ေစာင္ တစ္ေန႔လုံး စီးခ်င္ရာစီး ၃ပဲ ၊ စီးႏိုင္ရင္ တစ္ေန႔လုံး ဓာတ္ရထားေပၚက မဆင္းပဲေနခ်င္ေနဆိုၿပီး တစ္ေနကုန္စီးလည္း ၃ပဲ လက္မွတ္ေတြ ဘာေတြေတာင္ လုပ္ၿပီးျပဳတ္ခါနီးမွာ ထိန္းရွာပါေသးရဲ႕။ မရပါဘူး။ တစ္ခါတည္း လုပ္ငန္းပိတ္လိုက္ရပါေရာ။

    ဆရာမႀကီး လူထုေဒၚအမာ ရဲ႕ ရတနာပုံမႏၲေလး မႏၲေလး ကြၽန္မတို႔မႏၲေလး စာအုပ္မွ

    ေရးသားသူ – ဆရာမႀကီး လူထုေဒၚအမာ

    Via – သုတဇုန္

    (Unicode)

    မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

    ၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူ မြို့သားတွေက အမျိုးသားလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓာတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင်ရှုံးလို့ အလုပ်ရပ်နားသွားရတာပေါ့။ မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများ စီးနင်းသွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓာတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာကြတယ်။

    အဲဒီအချိန်မှာ စက်အားမပါ၊ လောင်စာဆီမလို၊ လူအားနဲ့လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေးတစ်ခု ပေါ်လာတယ်။ ဆိုက်ကားဆိုတာက စက်ဘီးကနေပြီး ဖြစ်လာတဲ့ ယာဉ်ကိုး။ အဲဒီခေတ်က ယောင်္ကျားတွေစီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာက တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ်ဆိုရင် အသစ်မှ ၅၀ကျပ် ကနေ ၇၀ကျပ်အထိပဲ တန်ဖိုးရှိတယ်။အဲဒီတော့ ၁၉၃၈ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကားဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။ တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀၀ကျပ် ၊ ၁၅၀ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေက မြန်မာတွေတတ်နိုင်တဲ့ အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာတော့တယ်။

    အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓာတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။ မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီးက တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေးကို သူ့မြနန္ဒာ သီချင်းထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။ မန္တလေးမှာ လမ်းတွေက အတက်အဆင်း၊ အနိမ့်အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေဖောက်တာ၊ အကွက်တွေရဲ့အလယ်က ဝင်းတွေဖွဲ့တယ်။ ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့၊ အနောက်၊ တောင်၊ မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖော်ကထားတာ၊ တစ်ပြနဲ့ တစ်ပြ အကွာအဝေးညီတယ်။ ဝင်းကြို ဝင်းကြားပေါတယ်။

    မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးသတဲ့။ ဓာတ်ရထားသွားနိုင်တာက ၆မိုင်ထဲရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေတော့၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅၀ကျပ်တန်၊ ၂၀၀ကျပ်တန် ဆိုက်ကားတွေနဲ့ မယှဉ်နိုင်၊ မယှဉ်ဝံ့လို့ ဓာတ်ရထားကြီး သိမ်းလိုက်ရတယ်ဆိုတာ ကြားကြားသမျှကတော့ မယုံနိုင်စရာကြီး ဖြစ်နေတာပေါ့။ ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါသေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက်ရပါရော။

    ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ

    ရေးသားသူ – ဆရာမကြီး လူထုဒေါ်အမာ

    Via – သုတဇုန်

  • သေဘၤာေစ့ စားေပးျခင္းရဲ႕ အံ့မခန္း က်န္းမာေရးအက်ိဳးေက်းဇူးေတြ

    (Zawgyi)

    အသည္း၊ ေက်ာက္ကပ္ အတြက္ေကာင္းမြန္တဲ့အျပင္ သေဘၤာေစ့ စားေပးျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

    သေဘၤာသီးကိုစားတဲ့အခါမွာ အေစ့ကို အၿမဲတမ္း လႊင့္ပစ္ေလ့ ရွိပါတယ္။ သေဘၤာေစ့ရဲ႕ အက်ိဳးေက်းဇူးေတြကို သိၿပီးရင္ေတာ့ လႊင့္ပစ္ေတာ့မွာ မဟုတ္ဘူးလို႔ ေတြးမိပါတယ္။ ဘာလို႔လဲဆိုေတာ့ သေဘၤာေစ့မွာ ေရာဂါေပါင္းမ်ားစြာကို ကုသေပးႏိုင္တဲ့ ဂုဏ္သတၱိေတြ ပါဝင္ေနလို႔ပါပဲ။

    သေဘၤာေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူး

    ၁။ ကင္ဆာ

    သေဘၤာေစ့ဟာ ကင္ဆာတိုက္ဖ်က္ေရးအတြက္ အထူးေကာင္မြန္တဲ့ ေဆးတစ္လက္ပါပဲ။ ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကို တားဆီးေပးႏိုင္ၿပီး ရင္သားကင္ဆာ ၊ အူမႀကီးကင္ဆာ ၊ ေသြးကင္ဆာ ၊ ဆီးႀကိတ္ကင္ဆာနဲ႔ အဆုတ္ကင္ဆာျဖစ္ပြားမႈကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

    ၂။ အသည္းက်န္းမာေရး

    သစ္သီးေဖ်ာ္ရည္ (သို႔) အစားအစာေတြထဲမွာ သေဘၤာေစ့ ၅ ေစ့ ၆ ေစ့ေလာက္ကို ေရာၿပီးစားေပးတာဟာ သည္းေျခာက္ျခင္းကို ကာကြယ္ေပးႏိုင္ၿပီး အသည္းကိုက်န္းမာေစပါတယ္။

    ၃။ ေက်ာက္ကပ္က်န္းမာေရး

    သေဘၤာေစ့ဟာ ေက်ာက္ကပ္ဆိုင္ရာ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ၿပီး ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္မႈကို တိုးတက္ေကာင္းမြန္ေစပါတယ္။

    ၄။ ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိမ်ား

    သေဘၤာေစ့မွာ ေရာင္းရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြပါဝင္ၿပီး အဆစ္အျမစ္နာက်င္ကိုက္ခဲတာ၊ ေရာင္ရမ္းတာ၊ အ႐ိုးအဆစ္ေတြ နာက်င္တာေတြကို သက္သာေစပါတယ္။

    ၅။ ဘက္တီးရီးယားကို တိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိမ်ား

    သေဘၤာေစ့မွာ ဘက္တီးရီးယားပိုးမႊားေတြကို တိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိေတြ ပါဝင္ၿပီး ေသြးလြန္တုပ္ေကြး၊ အူေရာင္ငန္းဖ်ား စတဲ့ေရာဂါေတြ အလြယ္တကူ ဝင္ေရာက္ကူးစက္ျခင္းကေန ကာကြယ္ေပးပါတယ္။

    ၆။ အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

    သေဘၤာေစ့မွာ အစာေခ်စနစ္ကို ေကာင္းမြန္ေစတဲ့ ဂုဏ္သတၱိေတြပါဝင္ေနပါတယ္။ သေဘာေစၤ့ကို တစ္ေန႔တစ္ဇြန္းေလာက္ စားေပးသင့္ပါတယ္။

    သေဘၤာေစ့ကိုဘယ္လိုစားမလဲ –

    သေဘၤာေစ့ကိုႀကိတ္ၿပီး ႏြားႏို႔ ၊ သစ္သီးေဖ်ာ္ရည္ (သို႔) အသုပ္ေတြထဲမွာထည့္စားပါ။

    ေဘးထြက္ဆိုးက်ိဳးနဲ႔ သတိေပးခ်က္ –

    ကိုယ္ဝန္ေဆာင္မိခင္ေတြ ေရွာင္ရွားေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးေမြးလာတဲ့အခါ ႏို႔ျဖတ္ရ ခက္ပါတယ္။ အ႐ြယ္ေရာက္လာေပမဲ့ ႏို႔ျဖတ္မရဘဲ ျဖစ္ေစတတ္ပါတယ္။ သေဘၤာေစ့မစားခင္မွာ ဆရာဝန္ေတြနဲ႔ ပထမဆုံး တိုင္ပင္သင့္ပါတယ္။

    Credit- MyFood Myanmar

    (Unicode)

    အသည်း၊ ကျောက်ကပ် အတွက်ကောင်းမွန်တဲ့အပြင် သင်္ဘောစေ့ စားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

    သင်္ဘောသီးကိုစားတဲ့အခါမှာ အစေ့ကို အမြဲတမ်း လွှင့်ပစ်လေ့ ရှိပါတယ်။ သင်္ဘောစေ့ရဲ့ အကျိုးကျေးဇူးတွေကို သိပြီးရင်တော့ လွှင့်ပစ်တော့မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။ ဘာလို့လဲဆိုတော့ သင်္ဘောစေ့မှာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေလို့ပါပဲ။

    သင်္ဘောစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ၁။ ကင်ဆာ

    သင်္ဘောစေ့ဟာ ကင်ဆာတိုက်ဖျက်ရေးအတွက် အထူးကောင်မွန်တဲ့ ဆေးတစ်လက်ပါပဲ။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ သွေးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

    ၂။ အသည်းကျန်းမာရေး

    သစ်သီးဖျော်ရည် (သို့) အစားအစာတွေထဲမှာ သင်္ဘောစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီးစားပေးတာဟာ သည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။

    ၃။ ကျောက်ကပ်ကျန်းမာရေး

    သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

    ၄။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ

    သင်္ဘောစေ့မှာ ရောင်းရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေ နာကျင်တာတွေကို သက်သာစေပါတယ်။

    ၅။ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ

    သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး သွေးလွန်တုပ်ကွေး၊ အူရောင်ငန်းဖျား စတဲ့ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

    ၆။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

    သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ သဘောင်္စေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

    သင်္ဘောစေ့ကိုဘယ်လိုစားမလဲ –

    သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့ ၊ သစ်သီးဖျော်ရည် (သို့) အသုပ်တွေထဲမှာထည့်စားပါ။

    ဘေးထွက်ဆိုးကျိုးနဲ့ သတိပေးချက် –

    ကိုယ်ဝန်ဆောင်မိခင်တွေ ရှောင်ရှားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရ ခက်ပါတယ်။ အရွယ်ရောက်လာပေမဲ့ နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။ သင်္ဘောစေ့မစားခင်မှာ ဆရာဝန်တွေနဲ့ ပထမဆုံး တိုင်ပင်သင့်ပါတယ်။

    Credit- MyFood Myanmar

  • သဘာဝနည္းအတိုင္း ကေလးေမြးဖြားျခင္း၏ အက်ိဳးေက်းဇူးမ်ား

    သားအိမ္လမ္းေၾကာင္းမွ သဘာဝနည္းအတိုင္း ကေလးေမြးဖြားျခင္း၏ အက်ိဳးေက်းဇူးမ်ား

    တကယ္လို႔ သင္ဟာ ကေလးေမြးဖြားဖို႔အတြက္ ႐ိုး႐ိုးသားအိမ္လမ္းေၾကာင္းကေနပဲ သဘာဝနည္းအတိုင္း ေမြးသင့္သလား သို႔မဟုတ္ အျခားနည္းနဲ႔ေမြးသင့္သလားဆိုၿပီး စိတ္ေတြေဝေနမယ္ဆိုရင္ေတာ့ ေအာက္ပါအခ်က္အလက္မ်ားကို အနည္းငယ္ဖတ္ရႈျခင္းျဖင့္ သင့္ကေလးႏွင့္ မိခင္ကို မည္သို႔အက်ိဳးသက္ေရာက္ေစတယ္ဆိုတာကို သိရွိႏိုင္ပါတယ္။

    ကေလးအတြက္ အက်ိဳးသက္ေရာက္မႈ-

    ဒီေနရာမွာေဆးသုံးၿပီး မ်က္ႏွာျမင္တာကို မဆိုလိုပါဖူး။ တကယ္လို႔သာ သဘာဝတရားရဲ႕စီရင္ခြင့္ကိုသာ မလြန္ဆန္ခဲ့ရင္ သင့္ကေလးဟာ အခ်ိန္က်လာတာနဲ႔ ေမြးဖြားလာရမွာျဖစ္ပါတယ္။ သဘာဝနည္းအတိုင္း ေမြးဖြားျခင္းစတင္ေသာအခါ သင့္ကိုယ္ခႏၶာသည္ အားလုံးအဆင္ေျပေအာင္ စတင္ေဆာင္႐ြက္သည္။ သူ႔ဖါသာသူ က်ယ္ကားလာေအာင္ေဆာင္႐ြက္ၿပီး သင့္ကေလးကို ေမြးလမ္းေၾကာင္းထဲသို႔ ေရာက္ေအာင္ က်ဳံ႔၍တြန္းေပးသည္။ သဘာဝနည္းအတိုင္း ကေလးေမြးဖြားလာတာျဖစ္လို႔ သူ႔ရဲ႕အဆုပ္နဲ႔ အျခားအေရးႀကီးေသာ ဖြံ႕ၿဖိဳးမႈအပိုင္းေတြဟာ ရင့္က်က္ၿပီး ကေလးဟာ ဘာေဆးအကူမွမလိုပဲ ရွင္သန္ႏိုင္ပါတယ္။

    အသက္ရႈလမ္းေၾကာင္းဆိုင္ရာမ်ားအတြက္ အႏၲရာယ္နည္းျခင္း –

    သင့္ရဲ႕ကေလးဟာ ပြင့္ဟေနေသာ ေမြးလမ္းေၾကာင္းတေလွ်ာက္ကို ျဖတ္လာတဲ့အခ်ိန္မွာ သက္ေရာက္တဲ့ဖိအားက အဆုတ္အတြင္းရွိ အရည္မ်ားကို မႈတ္ထုတ္ေပးသည္။ ထို႔ေၾကာင့္ အဆုတ္၊ ႏွာေခါင္းႏွင့္ဆိုင္ေသာ ေနရာေတြကို သဘာဝအတိုင္း အျခား ေဆးဝါးမ်ားအကူအညီမပါပဲ သန႔္ရွင္းေစပါတယ္။

    ကေလးမ်ား ဘက္တီယီးယားဒါဏ္ကိုခံႏိုင္ျခင္း –

    သင့္ကေလး ေမြးလမ္းေၾကာင္းကို ျဖတ္လာခဲ့တဲ့တေလွ်ာက္ အကာအကြယ္ေပးတဲ့ ဘက္တီးယီးရားေတြကိုမ်ိဳရင္း ပါလာပါတယ္။ ထိုဘက္တီးယီးရားမ်ားသည္ ကေလးဘဝမွ အ႐ြယ္ေရာက္သည့္တိုင္ အစာအူလမ္းေၾကာင္းထဲ့တြင္ ရွိေနၿပီး ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ ထိန္းညႇိေပးသည္။

    မိခင္မ်ားအတြက္ကေတာ့ နလန္ထူျမန္ၿပီး ေဆး႐ုံမွာေနရမယ့္ အခ်ိန္တိုပါတယ္။ သဘာဝနည္းအတိုင္း ေမြးဖြားျခင္းသည္ ျပန္လည္သက္သာလာတဲ့အခ်ိန္ (နလန္ထ) ဟာ C-Section လို႔ေခၚတဲ့ ခြဲေမြးျခင္းထက္ တိုေတာင္းပါတယ္။ အခ်ိန္အနည္းငယ္အတြင္းမွာ သင္ဟာ မတ္တတ္ထႏိုင္၊ ေရခ်ိဳးခန္းဝင္ႏိုင္ၿပီး စိတ္ရွိရင္ ေရေတာင္ခ်ိဳးႏိုင္ပါတယ္။

    ေဆး႐ုံမွာ ေနရခ်ိန္ တိုေတာင္းတယ္လို႔ ဆိုလိုတာကေတာ့ မိခင္နဲ႔ကေလးဟာ မိမိေနထိုင္ရာအိမ္ကို သက္ေတာင့္သက္သာ လုံၿခဳံမႈအျပည့္နဲ႔ ခြဲေမြးသူေတြထက္ကို လွ်င္ျမန္စြာ ျပန္သြားႏိုင္ပါတယ္။ ဒါေၾကာင္မို႔ က်န္တဲ့ မိသားစုတခုလုံးကို စိတ္ေအးခ်မ္းသာမႈအျမန္ ရရွိေစပါတယ္။

    ေနာင္ေမြးဖြားမႈအတြက္ အမာ႐ြတ္မက်န္ျခင္း –

    သဘာဝအတိုင္း ေမြးတဲ့အတြက္ေၾကာင့္မို႔ ခြဲေမြးသလို ဘာအမာ႐ြတ္မွ က်န္မွာ မဟုတ္ပါဖူး။ ေနာင္ေမြးဖြားမႈေတြအတြက္ သားအိမ္ေပၚမွ အမာ႐ြတ္ေၾကာင့္ အက်ိဳးဆက္ေတြ လုံးဝမရွိပါဖူး။

    မိခင္အေသအေပ်ာက္နည္းျခင္း –

    ဘယ္ေမြးဖြားမႈ ျဖစ္စဥ္မွာမဆို ျပသနာဆိုတာ ရွိႏိုင္ေပမဲ့ ေလ့လာဆန္းစစ္မႈမ်ားအရ သဘာဝနည္းအတိုင္း ေမြးဖြားျခင္းက ခြဲစိတ္ေမြးဖြားျခင္းထက္ အဖိတ္အစင္ နည္းတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ မိခင္ေရာကေလးပါ ရွင္သန္ဖို႔ အခြင့္အလမ္းမ်ားၿပီး အေရးေပၚျဖစ္ႏိုင္ေျခနည္းပါတယ္။

    အထက္မွာေဖၚျပခဲ့တာေတြဟာ သာမန္ ကိုယ္ဝန္ေဆာင္မ်ားအတြက္ျဖစ္ၿပီး တကယ္လို႔ သင့္ကိုယ္ဝန္ဟာ ပုံမွန္အေျခအေန မဟုတ္ခဲ့ရင္ေတာ့ ကြၽမ္းက်င္ ဆရာဝန္မ်ားရဲ႕ လမ္းၫႊန္မႈေအာက္မွာသာ ေမြးဖြားပါ။

    ကိုယ္ဝန္ေဆာင္ေနစဥ္ ကာလတေလွ်ာက္လုံး မိမိကိုယ္ကို အၿမဲေဆာင့္ၾကည့္ ေလ့လာပါ။ မီးဖြားျခင္း၊ ကေလးျပဳစုေစာင့္ေရွာက္ျခင္းမ်ားကို ေလ့လာပါ။ သင္ပိုသိေလ သင့္ကေလးအတြက္ ပိုျပင္ဆင္ၿပီးျဖစ္ေလ ျဖစ္ပါတယ္။

    သင္ေမးျမန္းစရာရွိတာေတြ စိုးရိမ္တာေတြကို ေရးခ်မွတ္သားထားၿပီး ဆရာဝန္၊ ဝမ္းဆြဲသည္နဲ႔ေတြ႕တဲ့အခါ ေဆြးေႏြးပါ။ မိခင္၊ ကေလးႏွင့္ မိသားစုက်န္းမာေရးသုခ အတြက္နဲ႔ ပက္သက္လာရင္ ဂ႐ုျပဳစိုးရိမ္ပူပန္ျခင္းဆိုတာ အေရးႀကီးေၾကာင္း တင္ျပလိုက္ရပါတယ္။

    Credit – ဝင္းလႈိင္ဦး

    ဖတ္မိသမွ် က်န္းမာေရး ဗဟုသုတ

    (Unicode)

    သားအိမ်လမ်းကြောင်းမှ သဘာဝနည်းအတိုင်း ကလေးမွေးဖွားခြင်း၏ အကျိုးကျေးဇူးများ။

    တကယ်လို့ သင်ဟာ ကလေးမွေးဖွားဖို့အတွက် ရိုးရိုးသားအိမ်လမ်းကြောင်းကနေပဲ သဘာဝနည်းအတိုင်း မွေးသင့်သလား သို့မဟုတ် အခြားနည်းနဲ့မွေးသင့်သလားဆိုပြီး စိတ်တွေဝေနေမယ်ဆိုရင်တော့ အောက်ပါအချက်အလက်များကို အနည်းငယ်ဖတ်ရှုခြင်းဖြင့် သင့်ကလေးနှင့် မိခင်ကို မည်သို့အကျိုးသက်ရောက်စေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

    ကလေးအတွက် အကျိုးသက်ရောက်မှု-

    ဒီနေရာမှာဆေးသုံးပြီး မျက်နှာမြင်တာကို မဆိုလိုပါဖူး။ တကယ်လို့သာ သဘာဝတရားရဲ့စီရင်ခွင့်ကိုသာ မလွန်ဆန်ခဲ့ရင် သင့်ကလေးဟာ အချိန်ကျလာတာနဲ့ မွေးဖွားလာရမှာဖြစ်ပါတယ်။ သဘာဝနည်းအတိုင်း မွေးဖွားခြင်းစတင်သောအခါ သင့်ကိုယ်ခန္ဓာသည် အားလုံးအဆင်ပြေအောင် စတင်ဆောင်ရွက်သည်။ သူ့ဖါသာသူ ကျယ်ကားလာအောင်ဆောင်ရွက်ပြီး သင့်ကလေးကို မွေးလမ်းကြောင်းထဲသို့ ရောက်အောင် ကျုံ့၍တွန်းပေးသည်။ သဘာဝနည်းအတိုင်း ကလေးမွေးဖွားလာတာဖြစ်လို့ သူ့ရဲ့အဆုပ်နဲ့ အခြားအရေးကြီးသော ဖွံ့ဖြိုးမှုအပိုင်းတွေဟာ ရင့်ကျက်ပြီး ကလေးဟာ ဘာဆေးအကူမှမလိုပဲ ရှင်သန်နိုင်ပါတယ်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာများအတွက် အန္တရာယ်နည်းခြင်း –

    သင့်ရဲ့ကလေးဟာ ပွင့်ဟနေသော မွေးလမ်းကြောင်းတလျှောက်ကို ဖြတ်လာတဲ့အချိန်မှာ သက်ရောက်တဲ့ဖိအားက အဆုတ်အတွင်းရှိ အရည်များကို မှုတ်ထုတ်ပေးသည်။ ထို့ကြောင့် အဆုတ်၊ နှာခေါင်းနှင့်ဆိုင်သော နေရာတွေကို သဘာဝအတိုင်း အခြား ဆေးဝါးများအကူအညီမပါပဲ သန့်ရှင်းစေပါတယ်။

    ကလေးများ ဘက်တီယီးယားဒါဏ်ကိုခံနိုင်ခြင်း –

    သင့်ကလေး မွေးလမ်းကြောင်းကို ဖြတ်လာခဲ့တဲ့တလျှောက် အကာအကွယ်ပေးတဲ့ ဘက်တီးယီးရားတွေကိုမျိုရင်း ပါလာပါတယ်။ ထိုဘက်တီးယီးရားများသည် ကလေးဘဝမှ အရွယ်ရောက်သည့်တိုင် အစာအူလမ်းကြောင်းထဲ့တွင် ရှိနေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင် ထိန်းညှိပေးသည်။

    မိခင်များအတွက်ကတော့ နလန်ထူမြန်ပြီး ဆေးရုံမှာနေရမယ့် အချိန်တိုပါတယ်။ သဘာဝနည်းအတိုင်း မွေးဖွားခြင်းသည် ပြန်လည်သက်သာလာတဲ့အချိန် (နလန်ထ) ဟာ C-Section လို့ခေါ်တဲ့ ခွဲမွေးခြင်းထက် တိုတောင်းပါတယ်။ အချိန်အနည်းငယ်အတွင်းမှာ သင်ဟာ မတ်တတ်ထနိုင်၊ ရေချိုးခန်းဝင်နိုင်ပြီး စိတ်ရှိရင် ရေတောင်ချိုးနိုင်ပါတယ်။

    ဆေးရုံမှာ နေရချိန် တိုတောင်းတယ်လို့ ဆိုလိုတာကတော့ မိခင်နဲ့ကလေးဟာ မိမိနေထိုင်ရာအိမ်ကို သက်တောင့်သက်သာ လုံခြုံမှုအပြည့်နဲ့ ခွဲမွေးသူတွေထက်ကို လျှင်မြန်စွာ ပြန်သွားနိုင်ပါတယ်။ ဒါကြောင်မို့ ကျန်တဲ့ မိသားစုတခုလုံးကို စိတ်အေးချမ်းသာမှုအမြန် ရရှိစေပါတယ်။

    နောင်မွေးဖွားမှုအတွက် အမာရွတ်မကျန်ခြင်း –

    သဘာဝအတိုင်း မွေးတဲ့အတွက်ကြောင့်မို့ ခွဲမွေးသလို ဘာအမာရွတ်မှ ကျန်မှာ မဟုတ်ပါဖူး။ နောင်မွေးဖွားမှုတွေအတွက် သားအိမ်ပေါ်မှ အမာရွတ်ကြောင့် အကျိုးဆက်တွေ လုံးဝမရှိပါဖူး။

    မိခင်အသေအပျောက်နည်းခြင်း –

    ဘယ်မွေးဖွားမှု ဖြစ်စဉ်မှာမဆို ပြသနာဆိုတာ ရှိနိုင်ပေမဲ့ လေ့လာဆန်းစစ်မှုများအရ သဘာဝနည်းအတိုင်း မွေးဖွားခြင်းက ခွဲစိတ်မွေးဖွားခြင်းထက် အဖိတ်အစင် နည်းတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မိခင်ရောကလေးပါ ရှင်သန်ဖို့ အခွင့်အလမ်းများပြီး အရေးပေါ်ဖြစ်နိုင်ခြေနည်းပါတယ်။

    အထက်မှာဖေါ်ပြခဲ့တာတွေဟာ သာမန် ကိုယ်ဝန်ဆောင်များအတွက်ဖြစ်ပြီး တကယ်လို့ သင့်ကိုယ်ဝန်ဟာ ပုံမှန်အခြေအနေ မဟုတ်ခဲ့ရင်တော့ ကျွမ်းကျင် ဆရာဝန်များရဲ့ လမ်းညွှန်မှုအောက်မှာသာ မွေးဖွားပါ။

    ကိုယ်ဝန်ဆောင်နေစဉ် ကာလတလျှောက်လုံး မိမိကိုယ်ကို အမြဲဆောင့်ကြည့် လေ့လာပါ။ မီးဖွားခြင်း၊ ကလေးပြုစုစောင့်ရှောက်ခြင်းများကို လေ့လာပါ။ သင်ပိုသိလေ သင့်ကလေးအတွက် ပိုပြင်ဆင်ပြီးဖြစ်လေ ဖြစ်ပါတယ်။

    သင်မေးမြန်းစရာရှိတာတွေ စိုးရိမ်တာတွေကို ရေးချမှတ်သားထားပြီး ဆရာဝန်၊ ဝမ်းဆွဲသည်နဲ့တွေ့တဲ့အခါ ဆွေးနွေးပါ။ မိခင်၊ ကလေးနှင့် မိသားစုကျန်းမာရေးသုခ အတွက်နဲ့ ပက်သက်လာရင် ဂရုပြုစိုးရိမ်ပူပန်ခြင်းဆိုတာ အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

    Credit – ဝင်းလှိုင်ဦး

    ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

  • သဘာဝနည္းျဖင္႔ ကေလး၊ လူၾကီး ေခါင္းေပၚက သန္းမ်ားလြယ္လြယ္ေလးသတ္မယ္

    (Zawgyi)

    ေခါင္းမွာ တြယ္တတ္တဲ့ သန္းေတြဟာ အလြန္ေသးငယ္ၿပီး အေတာင္ပံ မပါတဲ့ အင္းဆက္မ်ား ျဖစ္ၾကပါတယ္။ လူတို႔၏ ဦးေရျပားေပၚတြင္ ေသြးကိုစုပ္ယူကာ အသက္ရွင္ၿပီး တစ္ဦးမွတစ္ဦး အလြယ္တကူ ကူးစက္ႏိုင္ေသာ ကပ္ပါးေကာင္မ်ားျဖစ္ၾကသည္။ မ်ားေသာအားျဖင့္ လည္ပင္းဝန္းက်င္ႏွင့္ နား႐ြက္အေပၚပိုင္း ဆံပင္ေနရာမ်ားတြင္ ေတြ႕ႏိုင္သည္။ အထူးသျဖင့္ ေက်ာင္းေနအ႐ြယ္ ကေလးငယ္မ်ားတြင္ အခ်င္းခ်င္း ထိေတြ႕ရာမွ ကူးစက္တတ္ၾကသည္။

    ထို႔အျပင္ ဘီး၊ လည္းစီး၊ ဦးထုပ္၊ နားၾကပ္(Head-Phone)၊ အိပ္ယာေခါင္းအုံးႏွင့္ ေခါင္းစည္းႀကိဳးတို႔ကို မွ်ေဝသုံးစြဲျခင္းမွလည္း ကူးစက္ႏိုင္သည္။ အလြန္အမင္း အႏၲရာယ္ မရွိေပမဲ့ အလြန္ယားယံျခင္းကို ျဖစ္ေစတတ္တာေၾကာင့္ ဦးေခါင္းယားယံေနၿပီဆိုရင္ သန္းရွိႏိုင္တဲ့လကၡဏာ တစ္ခုျဖစ္ပါတယ္။

    သန္းသတ္တဲ့ သဘာဝနည္းေတြ မ်ားစြာရွိတဲ့အထဲက အလြယ္ကူဆုံးႏွင့္ အထိေရာက္ဆုံး ျမန္မာျပည္တြင္ အဆင္ေျပႏိုင္ဆုံး နည္းလမ္းေတြကို ေဖၚျပေပးလိုက္ပါတယ္။

    (၁) ေဆး႐ြက္ႀကီး

    က်ေနာ္ေရွ႕ကပို႔စ္ထဲမွာ ေဆး႐ြက္ႀကီးမွထုတ္လုပ္လိုက္တဲ့ ေဆးလိပ္မ်ားဟာ က်န္းမာေရးကို ထိခိုက္ေစတဲ့အတြက္ ေဆးလိပ္ျဖတ္နည္းကို ေရးသားေဖၚျပခဲ့ပါတယ္။ ဒါေပမဲ့ ေဆး႐ြက္ႀကီးဟာ ေသခ်ာအသုံးခ်တတ္ရင္ေတာ့ သန္းသတ္ရာတြင္ အသုံးဝင္ပါတယ္။ လုပ္ေဆာင္နည္းကေတာ့

    စီးကရက္ ၂လိပ္ကိုယူ၍ အတြင္းမွာ သြပ္ထားေသာ ေဆး႐ြက္ႀကီးမ်ားကို ေရခြက္ထဲတြင္ ေရထဲ့၍ တစ္ညစိမ္ထားပါ။ ေနာက္တေန႔ မနက္တြင္ ေဆး႐ြက္ႀကီးမ်ားကို စစ္ယူ၍ ဖယ္ရွားလိုက္ပါ။ ဦးေခါင္းေနရာအႏွံ႔ကို ထိုေရျဖင့္ ဆြတ္၍ ၃နာရီ ၄နာရီခန႔္ထားပါ။ အေကာင္းဆုံး ရလဒ္ကို ရရွိႏိုင္ဖို႔ ၇နာရီခန႔္အထိ ထားႏိုင္ပါတယ္။ ထိုသို႔ထားစဥ္အတြင္း ေရခ်ိဳးခန္းသုံး ေခါင္းစြပ္ကို ဆႏၵရွိရင္သုံးႏိုင္ပါတယ္။ ၿပီးရင္ မျပင္းေသာ ေခါင္းေလွ်ာ္ရည္ အမ်ိဳးအစားတခုခုကို သုံး၍ ေခါင္းေလွ်ာ္လိုက္ပါ။

    ေဆးလိပ္ျဖတ္သူေတြအတြက္ ေဆးလိပ္နဲ႔ပက္သက္တဲ့ အသုံးအေဆာင္ေတြကေန ေဝးေဝးေနဖို႔ ေရွ႕မွာေျပာခဲ့တဲ့ အတြက္ သူတို႔အတြက္ေတာ့ အထက္ေဖၚျပခဲ့တဲ့ နည္းလမ္းက သိပ္မေကာင္းပါဖူး။ ဒါေၾကာင့္ ဆက္လက္ေဖၚျပမဲ့ အျခားနည္းလမ္းေတြကို သုံးစြဲၾကည့္ေစခ်င္ပါတယ္။

    (၂) ၾသဇာသီးေစ့

    ၾသဇာသီးေစ့ အနည္းငယ္ကို ေသခ်ာစြာ အမႈန႔္ျဖစ္ေအာင္ ျပဳလုပ္ပါ။ ေရအနည္းငယ္ ေရာ၍ ခပ္ပ်စ္ပ်စ္ အေနအထားရေအာင္ ေဖွ်ာ္ပါ။ ညအိပ္ယာဝင္ခါနည္းမွာ ဆံပင္ေတြကို သုတ္လိမ္းၿပီး ဦးေခါင္းကို အဝတ္ႏွင့္ ပတ္ထားပါ။ ေနာက္တေန႔တြင္ ေခါင္းေလွ်ာ္လိုက္ပါ။ ၂ႀကိမ္ ၃ႀကိမ္ခန႔္ ျပဳလုပ္ၿပီးပါက သန္းမ်ား လုံးဝကင္းစင္ သြားပါလိမ့္မည္။ -အထူးသတိျပဳရန္ အခ်က္ကေတာ့ ဆံပင္ေတြကို သုတ္လိမ္းေနခ်ိန္မွာ မ်က္စိထဲမဝင္ေအာင္ဂ႐ုစိုက္ပါ။ ဝင္ပါက မ်က္စိက်ိန္းစပ္ျခင္း ျဖစ္တတ္သည္။

    (၃) ၾကက္သြန္ျဖဴ ႏွင့္ သံပုရာသီး

    ၾကက္သြန္ျဖဴကို မိမိဆံပင္အေနအထားႏွင့္ မွန္းဆ၍ယူၿပီးလွ်င္ အရည္ထြက္သည္အထိ ညက္ေအာင္ျပဳလုပ္ပါ။ သံပုရာသီး အရည္ညႇစ္၍ အတူေရာစပ္ကာ ညအိပ္ယာဝင္ခါနည္းတြင္ ဆံပင္မ်ားကို သုတ္လိမ္း၍ မနက္တြင္ ေခါင္းေလွ်ာ္လိုက္ပါ။ ၃ႀကိမ္ ၄ႀကိမ္ခန႔္ ျပဳလုပ္ၿပီးပါက သန္းမ်ားကင္းစင္သြားပါလိမ့္မည္။

    (၄) တမာ႐ြက္

    တမာ႐ြက္ လတ္လတ္ဆတ္ဆတ္ကို ယူ၍ ေရ၂ခြက္ခန႔္တြင္ ေရအစိမ္းေရာင္ ေျပာင္းလာသည္အထိ ႀကိဳပါ။ ေရကို အေအးခံပါ။ အရင္ဦးစြာ မိမိအသုံးျပဳေနၾက ေခါင္းေလွ်ာရည္ကို အသုံးျပဳ၍ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ပါ။ ေနာက္ဆုံးတြင္မွ ထိုတမာ႐ြက္ေရကို သုံး၍ ဆံပင္မ်ားကို ေဆးေၾကာပါ။ ႐ိုး႐ိုးေရထပ္အသုံးမျပဳပါႏွင့္။ ၂ႀကိမ္ ၃ႀကိမ္ခန႔္ ျပဳလုပ္ၿပီးပါက သန္းမ်ားလုံးဝကင္းစင္ သြားပါလိမ့္မည္။

    သဘာဝနည္းကို အသုံးျပဳ၍ သန္းကင္းစင္ေသာ ဆံပင္အလွပိုင္ရွင္မ်ား ျဖစ္ႏိုင္ၾကပါေစ။

    Credit – ဝင္းလႈိင္ဦး

    www.winnhlaingoo.wordpress.com

    (Unicode)

    သဘာဝနည်းဖြင့် သန်းသတ်မယ်

    ခေါင်းမှာ တွယ်တတ်တဲ့ သန်းတွေဟာ အလွန်သေးငယ်ပြီး အတောင်ပံ မပါတဲ့ အင်းဆက်များ ဖြစ်ကြပါတယ်။ လူတို့၏ ဦးရေပြားပေါ်တွင် သွေးကိုစုပ်ယူကာ အသက်ရှင်ပြီး တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်နိုင်သော ကပ်ပါးကောင်များဖြစ်ကြသည်။ များသောအားဖြင့် လည်ပင်းဝန်းကျင်နှင့် နားရွက်အပေါ်ပိုင်း ဆံပင်နေရာများတွင် တွေ့နိုင်သည်။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များတွင် အချင်းချင်း ထိတွေ့ရာမှ ကူးစက်တတ်ကြသည်။

    ထို့အပြင် ဘီး၊ လည်းစီး၊ ဦးထုပ်၊ နားကြပ်(Head-Phone)၊ အိပ်ယာခေါင်းအုံးနှင့် ခေါင်းစည်းကြိုးတို့ကို မျှဝေသုံးစွဲခြင်းမှလည်း ကူးစက်နိုင်သည်။ အလွန်အမင်း အန္တရာယ် မရှိပေမဲ့ အလွန်ယားယံခြင်းကို ဖြစ်စေတတ်တာကြောင့် ဦးခေါင်းယားယံနေပြီဆိုရင် သန်းရှိနိုင်တဲ့လက္ခဏာ တစ်ခုဖြစ်ပါတယ်။

    သန်းသတ်တဲ့ သဘာဝနည်းတွေ များစွာရှိတဲ့အထဲက အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး မြန်မာပြည်တွင် အဆင်ပြေနိုင်ဆုံး နည်းလမ်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    (၁) ဆေးရွက်ကြီး

    ကျနော်ရှေ့ကပို့စ်ထဲမှာ ဆေးရွက်ကြီးမှထုတ်လုပ်လိုက်တဲ့ ဆေးလိပ်များဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် ဆေးလိပ်ဖြတ်နည်းကို ရေးသားဖေါ်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရွက်ကြီးဟာ သေချာအသုံးချတတ်ရင်တော့ သန်းသတ်ရာတွင် အသုံးဝင်ပါတယ်။ လုပ်ဆောင်နည်းကတော့

    စီးကရက် ၂လိပ်ကိုယူ၍ အတွင်းမှာ သွပ်ထားသော ဆေးရွက်ကြီးများကို ရေခွက်ထဲတွင် ရေထဲ့၍ တစ်ညစိမ်ထားပါ။ နောက်တနေ့ မနက်တွင် ဆေးရွက်ကြီးများကို စစ်ယူ၍ ဖယ်ရှားလိုက်ပါ။ ဦးခေါင်းနေရာအနှံ့ကို ထိုရေဖြင့် ဆွတ်၍ ၃နာရီ ၄နာရီခန့်ထားပါ။ အကောင်းဆုံး ရလဒ်ကို ရရှိနိုင်ဖို့ ၇နာရီခန့်အထိ ထားနိုင်ပါတယ်။ ထိုသို့ထားစဉ်အတွင်း ရေချိုးခန်းသုံး ခေါင်းစွပ်ကို ဆန္ဒရှိရင်သုံးနိုင်ပါတယ်။ ပြီးရင် မပြင်းသော ခေါင်းလျှော်ရည် အမျိုးအစားတခုခုကို သုံး၍ ခေါင်းလျှော်လိုက်ပါ။

    ဆေးလိပ်ဖြတ်သူတွေအတွက် ဆေးလိပ်နဲ့ပက်သက်တဲ့ အသုံးအဆောင်တွေကနေ ဝေးဝေးနေဖို့ ရှေ့မှာပြောခဲ့တဲ့ အတွက် သူတို့အတွက်တော့ အထက်ဖေါ်ပြခဲ့တဲ့ နည်းလမ်းက သိပ်မကောင်းပါဖူး။ ဒါကြောင့် ဆက်လက်ဖေါ်ပြမဲ့ အခြားနည်းလမ်းတွေကို သုံးစွဲကြည့်စေချင်ပါတယ်။

    (၂) သြဇာသီးစေ့

    သြဇာသီးစေ့ အနည်းငယ်ကို သေချာစွာ အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ ရေအနည်းငယ် ရော၍ ခပ်ပျစ်ပျစ် အနေအထားရအောင် ဖျှော်ပါ။ ညအိပ်ယာဝင်ခါနည်းမှာ ဆံပင်တွေကို သုတ်လိမ်းပြီး ဦးခေါင်းကို အဝတ်နှင့် ပတ်ထားပါ။ နောက်တနေ့တွင် ခေါင်းလျှော်လိုက်ပါ။ ၂ကြိမ် ၃ကြိမ်ခန့် ပြုလုပ်ပြီးပါက သန်းများ လုံးဝကင်းစင် သွားပါလိမ့်မည်။ -အထူးသတိပြုရန် အချက်ကတော့ ဆံပင်တွေကို သုတ်လိမ်းနေချိန်မှာ မျက်စိထဲမဝင်အောင်ဂရုစိုက်ပါ။ ဝင်ပါက မျက်စိကျိန်းစပ်ခြင်း ဖြစ်တတ်သည်။

    (၃) ကြက်သွန်ဖြူ နှင့် သံပုရာသီး

    ကြက်သွန်ဖြူကို မိမိဆံပင်အနေအထားနှင့် မှန်းဆ၍ယူပြီးလျှင် အရည်ထွက်သည်အထိ ညက်အောင်ပြုလုပ်ပါ။ သံပုရာသီး အရည်ညှစ်၍ အတူရောစပ်ကာ ညအိပ်ယာဝင်ခါနည်းတွင် ဆံပင်များကို သုတ်လိမ်း၍ မနက်တွင် ခေါင်းလျှော်လိုက်ပါ။ ၃ကြိမ် ၄ကြိမ်ခန့် ပြုလုပ်ပြီးပါက သန်းများကင်းစင်သွားပါလိမ့်မည်။

    (၄) တမာရွက်

    တမာရွက် လတ်လတ်ဆတ်ဆတ်ကို ယူ၍ ရေ၂ခွက်ခန့်တွင် ရေအစိမ်းရောင် ပြောင်းလာသည်အထိ ကြိုပါ။ ရေကို အအေးခံပါ။ အရင်ဦးစွာ မိမိအသုံးပြုနေကြ ခေါင်းလျှောရည်ကို အသုံးပြု၍ ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ နောက်ဆုံးတွင်မှ ထိုတမာရွက်ရေကို သုံး၍ ဆံပင်များကို ဆေးကြောပါ။ ရိုးရိုးရေထပ်အသုံးမပြုပါနှင့်။ ၂ကြိမ် ၃ကြိမ်ခန့် ပြုလုပ်ပြီးပါက သန်းများလုံးဝကင်းစင် သွားပါလိမ့်မည်။

    သဘာဝနည်းကို အသုံးပြု၍ သန်းကင်းစင်သော ဆံပင်အလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

    Credit – ဝင်းလှိုင်ဦး

    www.winnhlaingoo.wordpress.com

  • အံ့ၾသသြားမယ့္ ၾကက္သြန္နီဥ ေျခဖဝါးေလးမွာကပ္ၿပီး အိပ္ၾကည့္ရင္ ရမည့္အက်ိဳးေက်းဇူးမ်ား

    (Zawgyi)

    အံ့ၾသသြားမယ့္ ၾကက္သြန္နီဥ ေျခဖဝါးေလးမွာကပ္ၿပီး အိပ္ၾကည့္ရင္ ရမည့္အက်ိဳးေက်းဇူး

    ၾကက္သြန္နီဟာ ျမန္မာတို႔ရဲ႕ မီးဖိုေခ်ာင္တိုင္းမွာ ရွိေနတဲ့အရာျဖစ္ၿပီး ဟင္းတိုင္းလိုလိုမွာ ထည့္သြင္းခ်က္ျပဳတ္ၾကပါတယ္။ အသုပ္ေတြမွာလည္း ထည့္သုပ္ၾကသလို ေၾကာ္၍လည္း စားၾကပါတယ္။ ၾကက္သြန္ဟာ စား႐ုံသာမက ေဆးဘက္ဝင္တဲ့အရာလည္း ျဖစ္တာေၾကာင့္ အိမ္သုံးေဆးဝါးအျဖစ္လည္း အသုံးျပဳလို႔ရပါေသးတယ္။ တ႐ုတ္႐ိုးရာေဆးနည္းမွာေတာ့ ၾကက္သြန္နီကို ေျခဖဝါးေအာက္မွာထားၿပီး အိပ္စက္ျခင္းဟာ ေကာင္းက်ိဳးမ်ားစြာရွိတယ္လို႔ ဆိုပါတယ္။

    ေျခဖဝါးဟာ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ ဆက္သြယ္ထားတဲ့ အာ႐ုံေၾကာေတြ စုဆုံရာအရပ္ျဖစ္ပါတယ္။ ေျခဖဝါးမွာရွိတဲ့ အေၾကာေတြကို ေကာင္းမြန္ေအာင္ လႈံ႕ေဆာ္ေပးျခင္းျဖင့္ ခႏၶာကိုယ္က က်န္အစိတ္အပိုင္းေတြကို က်န္းမာေစတယ္လို႔ တ႐ုတ္ေဆးပညာမွာ ေဖာ္ျပထားပါတယ္။

    ၾကက္သြန္နီက သဘာဝ ပဋိဇီဝေဆးျဖစ္ပါတယ္။ ေျခဖဝါးေအာက္မွာထားၿပီး အိပ္ရင္ ေျခဖဝါး၊ ေျခသည္းက အေရျပားမႈိစြဲတာေတြ ေပ်ာက္ပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ၾကက္သြန္နီမွာပါတဲ့ ေဖာ့စ္ေဖာရစ္ (phosphoric)အက္ဆစ္က သံလိုက္လိုစုပ္ယူေပးသြားဦးမွာပါ။ ေရဓာတ္ ၉၀ ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားတဲ့ၾကက္သြန္နီကို အေၾကာဆုံရာေနရာျဖစ္တဲ့ ေျခဖဝါးမွာကပ္ထားရင္ ခႏၶာကိုယ္က ေရဓာတ္လိုအပ္တဲ့ေနရာေတြဆီ ေထာက္ပံ့ေပးလိမ့္မယ္လို႔ တ႐ုတ္ေဆးပညာရွင္ေတြက ယုံၾကည္ပါတယ္။

    ၾကက္သြန္နီကို ခပ္ထူထူကြင္းတာျဖစ္ေစ၊ ထက္ဝက္ျခမ္းတာျဖစ္ေစ ေျခဖဝါးေအာက္၊ ေျခအိတ္ထဲထည့္ၿပီး အိပ္စက္ျခင္းဟာ ေသြးကိုသန႔္စင္ေစၿပီး အိပ္စက္မႈကို အေထာက္အကူျပဳေစတယ္လို႔လည္း ဆိုၾကပါတယ္။

    Credit – Khinmglinn

    (Unicode)

    အံ့သြသွားမယ့် ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ရင် ရမည့်အကျိုးကျေးဇူး

    ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။ အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။ ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်း အသုံးပြုလို့ရပါသေးတယ်။ တရုတ်ရိုးရာဆေးနည်းမှာတော့ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီး အိပ်စက်ခြင်းဟာ ကောင်းကျိုးများစွာရှိတယ်လို့ ဆိုပါတယ်။

    ခြေဖဝါးဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေ စုဆုံရာအရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်က ကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။

    ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေးဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းက အရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့ ဖော့စ်ဖောရစ် (phosphoric)အက်ဆစ်က သံလိုက်လိုစုပ်ယူပေးသွားဦးမှာပါ။ ရေဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ကြက်သွန်နီကို အကြောဆုံရာနေရာဖြစ်တဲ့ ခြေဖဝါးမှာကပ်ထားရင် ခန္ဓာကိုယ်က ရေဓာတ်လိုအပ်တဲ့နေရာတွေဆီ ထောက်ပံ့ပေးလိမ့်မယ်လို့ တရုတ်ဆေးပညာရှင်တွေက ယုံကြည်ပါတယ်။

    ကြက်သွန်နီကို ခပ်ထူထူကွင်းတာဖြစ်စေ၊ ထက်ဝက်ခြမ်းတာဖြစ်စေ ခြေဖဝါးအောက်၊ ခြေအိတ်ထဲထည့်ပြီး အိပ်စက်ခြင်းဟာ သွေးကိုသန့်စင်စေပြီး အိပ်စက်မှုကို အထောက်အကူပြုစေတယ်လို့လည်း ဆိုကြပါတယ်။

    Credit – Khinmglinn

  • လိပ္ေခါင္းေရာဂါျဖစ္ရင္ ကိုယ့္ကိုယ္ကို ဘယ္လိုဂ႐ုစိုက္ၾကမလဲ

    (Zawgyi)

    လိပ္ေခါင္းေရာဂါျဖစ္ရင္ ကိုယ့္ကိုယ္ကို ဘယ္လိုဂ႐ုစိုက္ၾကမလဲ

    လိပ္ေခါင္းမွာ အျပင္လိပ္နဲ႔ အတြင္းလိပ္ဆိုၿပီးေတာ့ ၂ မ်ိဳး ရွိပါတယ္။ အထူးသျဖင့္ေတာ့ အသက္ ၄၀ ေက်ာ္အ႐ြယ္နဲ႔ ကိုယ္ဝန္ေဆာင္ေတြမွာ အျဖစ္မ်ားပါတယ္။ အျပင္လိပ္ဆိုတာက စအိုပတ္လည္မွာ ေသးေသးေလးေရာင္ၿပီးေတာ့ နာေနတာပါ။ အတြင္းလိပ္ကေတာ့ မနာေပမယ့္ ေသြးထြက္ပါတယ္။ စအိုရဲ႕အတြင္းဘက္မွာ အားနည္းၿပီးေတာ့ ပ်က္စီးမႈရွိလို႔ ျဖစ္တာပါ။ အသက္ႀကီးလာတာ၊ ဝမ္းမာမာေတြသြားတာ၊ ကိုယ္ဝန္ေဆာင္၊ ေသြးေၾကာမ်ားထုံးျခင္း၊ အထိုင္မ်ားျခင္း၊ နာတာရွည္ဝမ္းေလွ်ာျခင္း၊ အူလမ္းေၾကာင္းကင္ဆာေတြေၾကာင့္ လိပ္ေခါင္း အျဖစ္မ်ားပါတယ္။

    ေရာဂါလကၡဏာမ်ား

    ● စအိုေနရာမွ ေသြးထြက္ျခင္း (အထူးသျဖင့္ အိမ္သာသြားတဲ့အခ်ိန္ေတြမွာ အိမ္သာသုံးစကၠဴမွာ ေသြးစေတြ ေတြ႕ႏိုင္ပါတယ္။

    ● စအိုတစ္ဝိုက္ ယားယံျခင္း

    ● စအိုေနရာမွာ ပူစပ္ပူေလာင္နဲ႔ နာက်င္ျခင္း – အထူးသျဖင့္ အိမ္သာသြားခ်ိန္

    ● အိမ္သာသြားလွ်င္ ညႇစ္ရျခင္း

    ဒါေတြျဖစ္ရင္ ဆရာဝန္သြားျပပါ။

    ● လိပ္ေခါင္း ပထမဆုံးအႀကိမ္ျဖစ္ရင္

    ● ကေလးမွာ လိပ္ေခါင္းျဖစ္ရင္

    ● ေသြးက ဝမ္းနဲ႔ေရာၿပီးေတာ့ ထြက္လာရင္

    ● ေသြးထြက္တာက မတိတ္ရင္ (သို႔) အေရာင္ရင့္ရင္

    ● စအိုတစ္ဝိုက္မွာ အနာ၊ အဖုမာမာေတြ ေပါက္ရင္၊ အရမ္းနာ အရမ္းယားရင္

    ● အိမ္သာသြားၿပီးရင္ လိပ္ေခါင္းကို အတြင္းဘက္ကို ျပန္ျပန္ထည့္ေနရရင္

    ● စအိုကေနၿပီးေတာ့ အခြၽဲေတြနဲ႔ အျခားအရည္ေတြထြက္ရင္

    ● အိမ္သာသြားတဲ့အခါမွာ အရမ္းညႇစ္ရၿပီးေတာ့ သြားရတာ မဝသလို ခံစားရရင္

    ● အိမ္သာသြားတိုင္း အရမ္းနာရင္

    ● ေရာဂါလကၡဏာေတြက သုံးပတ္ထက္ ပိုၾကာေနရင္၊ တစ္ပတ္ၾကာၿပီးေနာက္မွာ လိပ္ေခါင္း မသက္သာလာရင္၊ လိပ္ေခါင္းျပန္ျဖစ္ရင္

    ● နာတာရွည္ဝမ္းခ်ဳပ္၊ ဝမ္းေလွ်ာျဖစ္ရင္၊ ဝမ္းအက်င့္ေတြ ေျပာင္းသြားရင္

    ● ကိုယ္ပူျခင္း၊ ဗိုက္ေအာင့္ျခင္း၊ အန္ျခင္း၊ ပ်ိဳ႕ျခင္းေတြျဖစ္ျခင္း၊ အစာစားခ်င္စိတ္မရွိျခင္း

    ● အေၾကာင္းအရင္းမရွိ ကိုယ္အေလးခ်ိန္ က်ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း

    ● လိပ္ေခါင္းကို ကုေနရက္နဲ႔ မသက္သာဘဲ ပိုဆိုးလာရင္

    ● ကိုယ္ဝန္ေဆာင္ေတြ၊ ႏို႔တိုက္မိခင္ေတြမွာဆိုရင္ တခ်ိဳ႕ေဆးေတြက ေသာက္ဖို႔မသင့္ပါဘူး။

    ● အူမႀကီးကင္ဆာ၊ အူေရာင္ေရာဂါမ်ိဳး႐ိုးရွိရင္

    ● တျခားေရာဂါေတြရွိရင္ (သို႔) စြဲေသာက္ေနရတဲ့ေဆးေတြရွိရင္

    ● ေဆးမတည့္တာရွိရင္ စတာေတြရွိရင္ ေဆးခးန္းသြားျပပါ။

    အိမ္တြင္းျပဳစုနည္းမ်ား

    ● လိပ္ေခါင္းေနရာကို ေရခဲအုံေပးျခင္းက သက္သာေစပါတယ္။

    ● ဆားေရေႏြး စိမ္ေပးတာကလည္း လိပ္ေခါင္းနာတာကို သက္သာေစပါသတဲ့ အထူးသျဖင့္ ဝမ္းသြားၿပီးအခ်ိန္ေတြမွာ ပိုသိသာပါတယ္။

    ● အိမ္သာတက္ၿပီးရင္ ပုံမွန္အိမ္သာတစ္ရွဴးေတြနဲ႔ မသုတ္ဘဲ ကေလးအတြက္သုံးတဲ့ တစ္ရွဴးအစိုနဲ႔ သုတ္ပါ။

    ● အနာျဖစ္ေနတဲ့ေနရာကို မကုတ္ပါနဲ႔။

    ● သက္ေသာင့္သက္သာျဖစ္ေစဖို႔ ခ်ည္အတြင္းခံေဘာင္းဘီကို ဝတ္ပါ။

    ● ဝမ္းခ်ဳပ္တာ၊ ဝမ္းပ်က္တာျဖစ္ရင္ ကုသပါ။

    ● အမွ်င္ဓာတ္ မ်ားမ်ားစားပါ၊ အရည္ မ်ားမ်ားေသာက္ေပးပါ။

    ● ကိုယ္စားေနက် အစာေတြမွာ အမွ်င္ဓာတ္ မ်ားမ်ားမပါဘူးဆိုရင္ ျဖည္းျဖည္းခ်င္း ထည့္စားေပးပါ။

    ● ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။

    ● အိမ္သာတက္တဲ့အခါမွာ မညႇစ္ပါနဲ႔။

    ● ေလးလံတဲ့ပစၥည္းေတြကို မ,တဲ့အခါမွာ နည္းမွန္လမ္းမွန္နဲ႔ မ,ပါ။

    ● အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ျခင္း၊ ထိုင္ျခင္းမ်ားကို တတ္ႏိုင္သမွ် ေရွာင္ပါ။

    ● ဝမ္းသြားခ်င္ၿပီဆိုတာနဲ႔ ေအာင့္မထားဘဲ အိမ္သာ ခ်က္ခ်င္းသြားပါ။ ေအာင့္ထားတာက လိပ္ေခါင္းကို ပိုဆိုးေစပါတယ္။

    ကုထုံးႏွင့္ သက္ဆိုင္ေသာအခ်က္မ်ား

    ● ကုထုံးေတြက ယားယံျခင္း၊ နာက်င္ျခင္း၊ ေရာင္ရမ္းျခင္း စတဲ့ လကၡဏာေတြကို သက္သာရာ ရေစႏိုင္ပါတယ္။

    ● လကၡဏာ ဘယ္ေလာက္ဆိုးလဲ ဆိုတာအေပၚ မူတည္ၿပီးေတာ့ ကုထုံးကို ေ႐ြးခ်ယ္ရပါတယ္။

    ● အျပင္လိပ္ေပ်ာက္ဖို႔၊ သက္သာလာဖို႔ဆိုရင္ တစ္ပတ္ေလာက္ေတာ့ ၾကာႏိုင္ပါတယ္။

    ● တခ်ိဳ႕လိပ္ေခါင္းေဆးေတြက ေရရွည္မသုံးသင့္ဘဲ ခဏတာသာ သုံးသင့္တဲ့အတြက္ ေဆးအၫႊန္း ေသခ်ာဖတ္ဖို႔ လိုပါတယ္။

    ● လိပ္ေခါင္းလိမ္းေဆးေတြကို မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္နဲ႔ အိမ္သာသြားၿပီးခ်ိန္ေတြမွာ လိမ္းေပးတာ အေကာင္းဆုံးပါ။

    ● စအိုထဲ ထည့္တဲ့ေဆးေတြမွာဆိုရင္ အေပၚက ပတ္ထားတဲ့စကၠဴ (သို႔) ပလတ္စတစ္စကို ခြာၿပီးမွ လုံးဝိုင္းၿပီး ခြၽန္ေနတဲ့ဘက္ကေန စအိုထဲကို ထည့္ပါ။

    ● လိပ္ေခါင္းေဆးေတြက အမ်ားအားျဖင့္ တည့္တာ မ်ားေပမယ့္လည္း တခ်ိဳ႕လူေတြမွာေတာ့ အနည္းငယ္ မတည့္တာေတြ ျဖစ္တတ္ပါတယ္။

    ● လိပ္ေခါင္းက မသက္သာဘဲ နာေနတယ္ဆိုရင္ေတာ့ ခြဲစိတ္ကုသမႈခံယူဖို႔ လိုႏိုင္ပါတယ္။

    Dr. Mya Myo Myo Swe (www.drmyanmar.com)

    Credit – drmyanmar.com

    (Unicode)

    လိပ်ခေါင်းရောဂါဖြစ်ရင် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ

    လိပ်ခေါင်းမှာ အပြင်လိပ်နဲ့ အတွင်းလိပ်ဆိုပြီးတော့ ၂ မျိုး ရှိပါတယ်။ အထူးသဖြင့်တော့ အသက် ၄၀ ကျော်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များပါတယ်။ အပြင်လိပ်ဆိုတာက စအိုပတ်လည်မှာ သေးသေးလေးရောင်ပြီးတော့ နာနေတာပါ။ အတွင်းလိပ်ကတော့ မနာပေမယ့် သွေးထွက်ပါတယ်။ စအိုရဲ့အတွင်းဘက်မှာ အားနည်းပြီးတော့ ပျက်စီးမှုရှိလို့ ဖြစ်တာပါ။ အသက်ကြီးလာတာ၊ ဝမ်းမာမာတွေသွားတာ၊ ကိုယ်ဝန်ဆောင်၊ သွေးကြောများထုံးခြင်း၊ အထိုင်များခြင်း၊ နာတာရှည်ဝမ်းလျှောခြင်း၊ အူလမ်းကြောင်းကင်ဆာတွေကြောင့် လိပ်ခေါင်း အဖြစ်များပါတယ်။

    ရောဂါလက္ခဏာများ

    ● စအိုနေရာမှ သွေးထွက်ခြင်း (အထူးသဖြင့် အိမ်သာသွားတဲ့အချိန်တွေမှာ အိမ်သာသုံးစက္ကူမှာ သွေးစတွေ တွေ့နိုင်ပါတယ်။

    ● စအိုတစ်ဝိုက် ယားယံခြင်း

    ● စအိုနေရာမှာ ပူစပ်ပူလောင်နဲ့ နာကျင်ခြင်း – အထူးသဖြင့် အိမ်သာသွားချိန်

    ● အိမ်သာသွားလျှင် ညှစ်ရခြင်း

    ဒါတွေဖြစ်ရင် ဆရာဝန်သွားပြပါ။

    ● လိပ်ခေါင်း ပထမဆုံးအကြိမ်ဖြစ်ရင်

    ● ကလေးမှာ လိပ်ခေါင်းဖြစ်ရင်

    ● သွေးက ဝမ်းနဲ့ရောပြီးတော့ ထွက်လာရင်

    ● သွေးထွက်တာက မတိတ်ရင် (သို့) အရောင်ရင့်ရင်

    ● စအိုတစ်ဝိုက်မှာ အနာ၊ အဖုမာမာတွေ ပေါက်ရင်၊ အရမ်းနာ အရမ်းယားရင်

    ● အိမ်သာသွားပြီးရင် လိပ်ခေါင်းကို အတွင်းဘက်ကို ပြန်ပြန်ထည့်နေရရင်

    ● စအိုကနေပြီးတော့ အချွဲတွေနဲ့ အခြားအရည်တွေထွက်ရင်

    ● အိမ်သာသွားတဲ့အခါမှာ အရမ်းညှစ်ရပြီးတော့ သွားရတာ မဝသလို ခံစားရရင်

    ● အိမ်သာသွားတိုင်း အရမ်းနာရင်

    ● ရောဂါလက္ခဏာတွေက သုံးပတ်ထက် ပိုကြာနေရင်၊ တစ်ပတ်ကြာပြီးနောက်မှာ လိပ်ခေါင်း မသက်သာလာရင်၊ လိပ်ခေါင်းပြန်ဖြစ်ရင်

    ● နာတာရှည်ဝမ်းချုပ်၊ ဝမ်းလျှောဖြစ်ရင်၊ ဝမ်းအကျင့်တွေ ပြောင်းသွားရင်

    ● ကိုယ်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ပျို့ခြင်းတွေဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း

    ● အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

    ● လိပ်ခေါင်းကို ကုနေရက်နဲ့ မသက်သာဘဲ ပိုဆိုးလာရင်

    ● ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေမှာဆိုရင် တချို့ဆေးတွေက သောက်ဖို့မသင့်ပါဘူး။

    ● အူမကြီးကင်ဆာ၊ အူရောင်ရောဂါမျိုးရိုးရှိရင်

    ● တခြားရောဂါတွေရှိရင် (သို့) စွဲသောက်နေရတဲ့ဆေးတွေရှိရင်

    ● ဆေးမတည့်တာရှိရင် စတာတွေရှိရင် ဆေးခးန်းသွားပြပါ။

    အိမ်တွင်းပြုစုနည်းများ

    ● လိပ်ခေါင်းနေရာကို ရေခဲအုံပေးခြင်းက သက်သာစေပါတယ်။

    ● ဆားရေနွေး စိမ်ပေးတာကလည်း လိပ်ခေါင်းနာတာကို သက်သာစေပါသတဲ့ အထူးသဖြင့် ဝမ်းသွားပြီးအချိန်တွေမှာ ပိုသိသာပါတယ်။

    ● အိမ်သာတက်ပြီးရင် ပုံမှန်အိမ်သာတစ်ရှူးတွေနဲ့ မသုတ်ဘဲ ကလေးအတွက်သုံးတဲ့ တစ်ရှူးအစိုနဲ့ သုတ်ပါ။

    ● အနာဖြစ်နေတဲ့နေရာကို မကုတ်ပါနဲ့။

    ● သက်သောင့်သက်သာဖြစ်စေဖို့ ချည်အတွင်းခံဘောင်းဘီကို ဝတ်ပါ။

    ● ဝမ်းချုပ်တာ၊ ဝမ်းပျက်တာဖြစ်ရင် ကုသပါ။

    ● အမျှင်ဓာတ် များများစားပါ၊ အရည် များများသောက်ပေးပါ။

    ● ကိုယ်စားနေကျ အစာတွေမှာ အမျှင်ဓာတ် များများမပါဘူးဆိုရင် ဖြည်းဖြည်းချင်း ထည့်စားပေးပါ။

    ● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    ● အိမ်သာတက်တဲ့အခါမှာ မညှစ်ပါနဲ့။

    ● လေးလံတဲ့ပစ္စည်းတွေကို မ,တဲ့အခါမှာ နည်းမှန်လမ်းမှန်နဲ့ မ,ပါ။

    ● အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းများကို တတ်နိုင်သမျှ ရှောင်ပါ။

    ● ဝမ်းသွားချင်ပြီဆိုတာနဲ့ အောင့်မထားဘဲ အိမ်သာ ချက်ချင်းသွားပါ။ အောင့်ထားတာက လိပ်ခေါင်းကို ပိုဆိုးစေပါတယ်။

    ကုထုံးနှင့် သက်ဆိုင်သောအချက်များ

    ● ကုထုံးတွေက ယားယံခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း စတဲ့ လက္ခဏာတွေကို သက်သာရာ ရစေနိုင်ပါတယ်။

    ● လက္ခဏာ ဘယ်လောက်ဆိုးလဲ ဆိုတာအပေါ် မူတည်ပြီးတော့ ကုထုံးကို ရွေးချယ်ရပါတယ်။

    ● အပြင်လိပ်ပျောက်ဖို့၊ သက်သာလာဖို့ဆိုရင် တစ်ပတ်လောက်တော့ ကြာနိုင်ပါတယ်။

    ● တချို့လိပ်ခေါင်းဆေးတွေက ရေရှည်မသုံးသင့်ဘဲ ခဏတာသာ သုံးသင့်တဲ့အတွက် ဆေးအညွှန်း သေချာဖတ်ဖို့ လိုပါတယ်။

    ● လိပ်ခေါင်းလိမ်းဆေးတွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်နဲ့ အိမ်သာသွားပြီးချိန်တွေမှာ လိမ်းပေးတာ အကောင်းဆုံးပါ။

    ● စအိုထဲ ထည့်တဲ့ဆေးတွေမှာဆိုရင် အပေါ်က ပတ်ထားတဲ့စက္ကူ (သို့) ပလတ်စတစ်စကို ခွာပြီးမှ လုံးဝိုင်းပြီး ချွန်နေတဲ့ဘက်ကနေ စအိုထဲကို ထည့်ပါ။

    ● လိပ်ခေါင်းဆေးတွေက အများအားဖြင့် တည့်တာ များပေမယ့်လည်း တချို့လူတွေမှာတော့ အနည်းငယ် မတည့်တာတွေ ဖြစ်တတ်ပါတယ်။

    ● လိပ်ခေါင်းက မသက်သာဘဲ နာနေတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုနိုင်ပါတယ်။

    Dr. Mya Myo Myo Swe (www.drmyanmar.com)

    Credit – drmyanmar.com

  • ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း (၃)ဦး နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ

    ပုဂံရာဇဝင္ထဲက လူစြမ္းေကာင္း (၃)ဦး ေနာက္ဆုံးမွာ ဘာျဖစ္သြားၾကသလဲ…

    ပုဂံထီးနန္းကို က်န္စစ္သား ဆက္ခံၿပီးတဲ့ေနာက္ ေန႔မွာဘဲ ငလုံးလက္ဖယ္၊ ေညာင္ဦးဖီးႏွင့္ ငေထြ႐ူးတို႔ ပုဂံကိုစြန႔္ခြာၿပီး ထြက္ေျပးရတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ မဏိစႏၵာႏွင့္က်န္စစ္သား ေက့စ္မွာ ေဖာ္ေကာင္ လုပ္ေပးၾကလို႔ျဖစ္ပါတယ္။

    ငေထြ႐ူး –

    အဲဒီအခ်ိန္က တညင္ လို႔ေခၚတဲ့ သန္လွ်င္ကို ေျပးတယ္။ တညင္မွာ မြန္မတဦးနဲ႔ ညားၿပီးတဲ့ေနာက္ ထန္းေတာေတြ ေအာက္ေဈးနဲ႔ လိုက္ဝယ္ၿပီး ထန္းရည္တဲ ဖြင့္တယ္၊ ထန္းညက္ခ်က္တယ္။

    ထန္းရည္ကို အပင္ေပၚက မခ်ခင္ လက္ပံပြင့္စိမ္ၿပီး အရသာထူးကဲေအာင္ လုပ္တဲ့အတြက္ ငေထြ႐ူးရဲ႕ ဘုံဆိုင္ဟာ အေတာ္ဘဲ ေရပန္းစားပါသတဲ့။ ဟိုဒင္း ဟိုဟြာအတြက္ တကယ္ေကာင္းတဲ့ . . . ေဆးတစ္ခြက္လို႔ နာမည္ႀကီးပါသတဲ့။ ပုရိသ ေယာက္က်ားမ်ားသာမက မိန္းမမ်ားကပါ အားေပးၾကပါသတဲ့။ ထန္းရည္တန္ခိုးႏွင့္ ႐ြာႀကီး ႏွစ္႐ြာပါထပ္တိုးလာပါသတဲ့။ အဲဒီ႐ြာေတြက ခါးရမ္း ( ယေန႔ ခရမ္း ) ႏွင့္ ႀကဳံးဟ ( ယေန႔ သုံးခြ) ၿမိဳ႕ေတြျဖစ္ပါတယ္။ ၿမိဳ႕နာမည္ အဓိပၸါယ္ေတြကို ေက်ာက္စာ လွန္ဖတ္စရာမလိုပါဘူး။ တညင္ကေန ေက်ာင္းပီးတဲ့ ဂ်ီတီအိုင္ ေက်ာင္းသားေတြကိုသာ အင္တာဗ်ဴးၾကည့္လိုက္ပါ။

    ငလုံးလက္ဖယ္ –

    သူက ကုသိမ္လို႔ ေခၚတဲ့ ယေန႔ ပုသိမ္ ဆိုတဲ့ ဆိပ္ကမ္းၿမိဳ႕ေလးကို ေျပးပါတယ္။ ဒါေပမယ့္ အဲဒီမွာ စီးပြားပ်က္ၿပီး ဥသာဆိုတဲ့ အရပ္ကို ဒိုးပါတယ္။ ေျမလည္းဆုံး၊ မယားလည္း ဆုံးတဲ့ ငလုံးလက္ဖယ္ဟာ ဥသာပဂိုး ေရာက္တဲ့အခါ ဘာလုပ္ရမွန္း မသိတဲ့အတြက္ လယ္ကြက္ေတြထဲက ငါးရံ႕ေတြကိုဖမ္းၿပီး တံငါသည္ လုပ္ပါသတဲ့။

    ဒါေပမယ့္ တံငါသည္ လက္ဖယ္ ဆိုတဲ့ နာမည္သာ တြင္သြားတယ္၊ စီးပြားမတက္ဖူးတဲ့။ ဒါနဲ႔ တစ္ရက္ စိတ္တိုတိုနဲ႔ သူ ဖမ္းထားတဲ့ ငါးရံ႕ေတြကို ဓားနဲ႔ ခုတ္ၿပီး တဲေပၚပစ္တင္လိုက္သတဲ့။

    ၃-၄ ရက္ၾကာလို႔ သတိရမွ ျပန္ယူၾကည့္ေတာ့ ငါးရံ႕သားက ေျခာက္ေသြ႕ၿပီး ငါးအသားလည္း ၾကည္ေနတာ သတိထားမိပါသတဲ့။ ဒါနဲ႔ မီးဖိုထဲ ပစ္ထည့္ၿပီး စားၾကည့္ရာကေန ငါးရံ႕ေျခာက္ရဲ႕ အရသာထူးကဲပုံကို မေတာ္တဆ ေတြ႕ရွိသြားပါသတဲ့။

    ဥသာပဂိုးနယ္မွာ ငါးရံ႕ေျခာက္ ‘ စ ‘ တာ အဲဒီငလုံးလက္ဖယ္ရဲ႕ ေက်းဇူးဘဲ။ သူ႔ရဲ႕ ငါးရံ႕ေျခာက္ဟာ စစ္ထြက္တဲ့အခါ ရိကၡာ ျဖစ္လာတယ္၊ ဘုန္းႀကီးေက်ာင္း ၾကက္သေရတိုက္ထဲ ထည့္လႉတဲ့ ရိကၡာျဖစ္လာတယ္။ တညင္က သူ႔မိတ္ေဆြရင္း ငေထြ႐ူးရဲ႕ ဘုံဆိုင္ကို လက္ေဆာင္ေပးရာကေန ငါးရံ႕ေျခာက္ဟာ အျမည္းျဖစ္လာတယ္။ ငါးရံ႕ေျခာက္လုပ္ငန္းနဲ႔ ႀကီးပြားသြားတဲ့ ငလုံးလက္ဖယ္ဟာ မယား ၃ေယာက္ထပ္ယူပါသတဲ့။ တံငါလုပ္ငန္းနဲ႔ ႀကီးပြားရတာ အျပစ္ႀကီးလွတယ္ ေကာင္းမႈကုသိုလ္ လုပ္ခ်င္တယ္ ဆိုၿပီး ေတြးမိရာက ဘုရား၃ ဆူတည္ၿပီး လႉတယ္။ အဲဒီဘုရား သုံးဆူကို ထိမ္းသိမ္းဖို႔ရာ မယားႀကီး၊ မယားလတ္၊ မယားငယ္ သုံးေယာင္စလုံးကို တာဝန္ေပးပါသတဲ့။ အေထာက္ထားအျဖစ္ အဲဒီဘုရား ၃ ဆူ ဟာ ဒီေန႔ ပဂိုးတကၠသိုလ္ အေနာက္ဖက္ ကပ္ရက္မွာ ဒီေန႔ထိ ရွိပါေသးတယ္။

    ေညာင္ဦးဖီး –

    ေရႀကိဳက္တဲ့ ေညာင္ဦးဖီးဟာ ပုဂံက ထြက္လာေတာ့ လူပ်ိဳႀကီး။ ငေထြ႐ူးရဲ႕ တညင္ တလွည့္ ငလုံးလက္ဖယ္ရဲ႕ ကုသိမ္ တလွည့္ လိုက္ေနတယ္။ ငလုံးလက္ဖယ္ ကုသိမ္မွာ စီးပြားပ်က္လို႔ ပဂိုးေျပာင္းသြားေတာ့ လိုက္မသြားဘဲ ပင္လယ္ကူး ကုန္သေဘာေပၤၚတက္ၿပီး ေလွသမားအျဖစ္လိုက္သြားရာက ‘ ေကာ့ေဆာင္ ‘ ဆိုတဲ့ ယေန႔ ေကာ့ေသာင္း ေနရာကို ေရာက္လာတယ္။

    ေလွလုပ္သား လုပ္ရတာ စိတ္မပါ၊ စီးပြားေရးလုပ္ဖို႔လည္း စိတ္မပါ။ ဒါနဲ႔ ရွိတဲ့ ေငြေလးနဲ႔ ေလွ တစ္စီးဝယ္။ ထားဝယ္တက္မယ္ ဆိုၿပီး တက္လာရာက ေကာ့ေဆာင္နဲ႔ နီးတဲ့ ကြၽန္းနားမွာ ခဏဝင္နားရာက ေရခ်ိဳးေနတဲ့ ဆလုံမကို ေတြ႕တယ္။ ဗိုက္ဆာလို႔ စားစရာေတာင္းမိေရာ။

    ဆလုံမကလည္း သူ႔နားရွိတဲ့ သံပခ်ဳပ္ ၃-၄ လုံးေလာက္ ေကာက္ၿပီး ေကြၽးမိရာက ေညာင္ဦးဖီးႏွင့္ ဆလုံမ ညားၾကေလသတည္း။ တစ္သက္လုံး လူပ်ိဳႀကီး လုပ္လာတဲ့ ေညာင္ဦးဖီးဟာ သံပခ်ဳပ္စာ မိသြားတယ္ေပါ့ဗ်ာ။ သူလည္း မယား ၃ ေယာက္ယူတာမွာ အကုန္လုံး ဆလုံမေတြႀကီးသာ ေ႐ြးယူပါသတဲ့။

    ဒီေန႔ ေညာင္ဦးဖီးကြၽန္းဆိုတာ ေကာ့ေသာင္းကေန ေရမိုင္ ၄၀ အကြာမွာ ရွိပါတယ္။ အပန္းေျဖဟိုတယ္ အျဖစ္ ဖြင့္လွစ္ထားပါသတဲ့။ လူပ်ိဳးႀကီးမ်ား သံပခ်ဳပ္စားခ်င္ရင္ ေညာင္ဦးဖီးကြၽန္းမွာ သြားအပန္းေျဖၾကပါ။ ၏ကား စကားခ်ပ္တည္း။

    Credit – Zay Myo Lin

    (Unicode)

    ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း (၃)ဦး နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ …..

    ပုဂံထီးနန်းကို ကျန်စစ်သား ဆက်ခံပြီးတဲ့နောက် နေ့မှာဘဲ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးနှင့် ငထွေရူးတို့ ပုဂံကိုစွန့်ခွာပြီး ထွက်ပြေးရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဏိစန္ဒာနှင့်ကျန်စစ်သား ကေ့စ်မှာ ဖော်ကောင် လုပ်ပေးကြလို့ဖြစ်ပါတယ်။

    ငထွေရူး –

    အဲဒီအချိန်က တညင် လို့ခေါ်တဲ့ သန်လျှင်ကို ပြေးတယ်။ တညင်မှာ မွန်မတဦးနဲ့ ညားပြီးတဲ့နောက် ထန်းတောတွေ အောက်ဈေးနဲ့ လိုက်ဝယ်ပြီး ထန်းရည်တဲ ဖွင့်တယ်၊ ထန်းညက်ချက်တယ်။

    ထန်းရည်ကို အပင်ပေါ်က မချခင် လက်ပံပွင့်စိမ်ပြီး အရသာထူးကဲအောင် လုပ်တဲ့အတွက် ငထွေရူးရဲ့ ဘုံဆိုင်ဟာ အတော်ဘဲ ရေပန်းစားပါသတဲ့။ ဟိုဒင်း ဟိုဟွာအတွက် တကယ်ကောင်းတဲ့ . . . ဆေးတစ်ခွက်လို့ နာမည်ကြီးပါသတဲ့။ ပုရိသ ယောက်ကျားများသာမက မိန်းမများကပါ အားပေးကြပါသတဲ့။ ထန်းရည်တန်ခိုးနှင့် ရွာကြီး နှစ်ရွာပါထပ်တိုးလာပါသတဲ့။ အဲဒီရွာတွေက ခါးရမ်း ( ယနေ့ ခရမ်း ) နှင့် ကြုံးဟ ( ယနေ့ သုံးခွ) မြို့တွေဖြစ်ပါတယ်။ မြို့နာမည် အဓိပ္ပါယ်တွေကို ကျောက်စာ လှန်ဖတ်စရာမလိုပါဘူး။ တညင်ကနေ ကျောင်းပီးတဲ့ ဂျီတီအိုင် ကျောင်းသားတွေကိုသာ အင်တာဗျူးကြည့်လိုက်ပါ။

    ငလုံးလက်ဖယ် –

    သူက ကုသိမ်လို့ ခေါ်တဲ့ ယနေ့ ပုသိမ် ဆိုတဲ့ ဆိပ်ကမ်းမြို့လေးကို ပြေးပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားပျက်ပြီး ဥသာဆိုတဲ့ အရပ်ကို ဒိုးပါတယ်။ မြေလည်းဆုံး၊ မယားလည်း ဆုံးတဲ့ ငလုံးလက်ဖယ်ဟာ ဥသာပဂိုး ရောက်တဲ့အခါ ဘာလုပ်ရမှန်း မသိတဲ့အတွက် လယ်ကွက်တွေထဲက ငါးရံ့တွေကိုဖမ်းပြီး တံငါသည် လုပ်ပါသတဲ့။

    ဒါပေမယ့် တံငါသည် လက်ဖယ် ဆိုတဲ့ နာမည်သာ တွင်သွားတယ်၊ စီးပွားမတက်ဖူးတဲ့။ ဒါနဲ့ တစ်ရက် စိတ်တိုတိုနဲ့ သူ ဖမ်းထားတဲ့ ငါးရံ့တွေကို ဓားနဲ့ ခုတ်ပြီး တဲပေါ်ပစ်တင်လိုက်သတဲ့။

    ၃-၄ ရက်ကြာလို့ သတိရမှ ပြန်ယူကြည့်တော့ ငါးရံ့သားက ခြောက်သွေ့ပြီး ငါးအသားလည်း ကြည်နေတာ သတိထားမိပါသတဲ့။ ဒါနဲ့ မီးဖိုထဲ ပစ်ထည့်ပြီး စားကြည့်ရာကနေ ငါးရံ့ခြောက်ရဲ့ အရသာထူးကဲပုံကို မတော်တဆ တွေ့ရှိသွားပါသတဲ့။

    ဥသာပဂိုးနယ်မှာ ငါးရံ့ခြောက် ‘ စ ‘ တာ အဲဒီငလုံးလက်ဖယ်ရဲ့ ကျေးဇူးဘဲ။ သူ့ရဲ့ ငါးရံ့ခြောက်ဟာ စစ်ထွက်တဲ့အခါ ရိက္ခာ ဖြစ်လာတယ်၊ ဘုန်းကြီးကျောင်း ကြက်သရေတိုက်ထဲ ထည့်လှူတဲ့ ရိက္ခာဖြစ်လာတယ်။ တညင်က သူ့မိတ်ဆွေရင်း ငထွေရူးရဲ့ ဘုံဆိုင်ကို လက်ဆောင်ပေးရာကနေ ငါးရံ့ခြောက်ဟာ အမြည်းဖြစ်လာတယ်။ ငါးရံ့ခြောက်လုပ်ငန်းနဲ့ ကြီးပွားသွားတဲ့ ငလုံးလက်ဖယ်ဟာ မယား ၃ယောက်ထပ်ယူပါသတဲ့။ တံငါလုပ်ငန်းနဲ့ ကြီးပွားရတာ အပြစ်ကြီးလှတယ် ကောင်းမှုကုသိုလ် လုပ်ချင်တယ် ဆိုပြီး တွေးမိရာက ဘုရား၃ ဆူတည်ပြီး လှူတယ်။ အဲဒီဘုရား သုံးဆူကို ထိမ်းသိမ်းဖို့ရာ မယားကြီး၊ မယားလတ်၊ မယားငယ် သုံးယောင်စလုံးကို တာဝန်ပေးပါသတဲ့။ အထောက်ထားအဖြစ် အဲဒီဘုရား ၃ ဆူ ဟာ ဒီနေ့ ပဂိုးတက္ကသိုလ် အနောက်ဖက် ကပ်ရက်မှာ ဒီနေ့ထိ ရှိပါသေးတယ်။

    ညောင်ဦးဖီး –

    ရေကြိုက်တဲ့ ညောင်ဦးဖီးဟာ ပုဂံက ထွက်လာတော့ လူပျိုကြီး။ ငထွေရူးရဲ့ တညင် တလှည့် ငလုံးလက်ဖယ်ရဲ့ ကုသိမ် တလှည့် လိုက်နေတယ်။ ငလုံးလက်ဖယ် ကုသိမ်မှာ စီးပွားပျက်လို့ ပဂိုးပြောင်းသွားတော့ လိုက်မသွားဘဲ ပင်လယ်ကူး ကုန်သဘောၤပေါ်တက်ပြီး လှေသမားအဖြစ်လိုက်သွားရာက ‘ ကော့ဆောင် ‘ ဆိုတဲ့ ယနေ့ ကော့သောင်း နေရာကို ရောက်လာတယ်။

    လှေလုပ်သား လုပ်ရတာ စိတ်မပါ၊ စီးပွားရေးလုပ်ဖို့လည်း စိတ်မပါ။ ဒါနဲ့ ရှိတဲ့ ငွေလေးနဲ့ လှေ တစ်စီးဝယ်။ ထားဝယ်တက်မယ် ဆိုပြီး တက်လာရာက ကော့ဆောင်နဲ့ နီးတဲ့ ကျွန်းနားမှာ ခဏဝင်နားရာက ရေချိုးနေတဲ့ ဆလုံမကို တွေ့တယ်။ ဗိုက်ဆာလို့ စားစရာတောင်းမိရော။

    ဆလုံမကလည်း သူ့နားရှိတဲ့ သံပချုပ် ၃-၄ လုံးလောက် ကောက်ပြီး ကျွေးမိရာက ညောင်ဦးဖီးနှင့် ဆလုံမ ညားကြလေသတည်း။ တစ်သက်လုံး လူပျိုကြီး လုပ်လာတဲ့ ညောင်ဦးဖီးဟာ သံပချုပ်စာ မိသွားတယ်ပေါ့ဗျာ။ သူလည်း မယား ၃ ယောက်ယူတာမှာ အကုန်လုံး ဆလုံမတွေကြီးသာ ရွေးယူပါသတဲ့။

    ဒီနေ့ ညောင်ဦးဖီးကျွန်းဆိုတာ ကော့သောင်းကနေ ရေမိုင် ၄၀ အကွာမှာ ရှိပါတယ်။ အပန်းဖြေဟိုတယ် အဖြစ် ဖွင့်လှစ်ထားပါသတဲ့။ လူပျိုးကြီးများ သံပချုပ်စားချင်ရင် ညောင်ဦးဖီးကျွန်းမှာ သွားအပန်းဖြေကြပါ။ ၏ကား စကားချပ်တည်း။

    Credit – Zay Myo Lin

  • ဘယ္သူကမ်ား သြားေတြ ၀ါညစ္ေနတာကို ႀကိဳက္မလဲ? သြားျဖဴေစမယ့္ လိေမၼာ္ခြံအစြမ္း

    (Zawgyi)
    သြားျဖဴေစတဲ့ လိေမၼာ္ခြံ

    ဘယ္သူကမ်ား သြားေတြ မဲညစ္ေနတာကို ႀကိဳက္ပါသလဲ? က်န္းမာတဲ့သြားေတြ ျဖစ္ေစၿပီး ျဖဴေဖြးေနတဲ့ သြားေတြဟာ လူတစ္ေယာက္ရဲ႕ စိတ္ကိုေရာ လူကိုပါ က်န္းမာေစပါတယ္။ အၿပံဳးေတြကို လင္းလက္ေစၿပီး လွပတဲ့သြားေတြေၾကာင့္ အၿမဲ ၿပံဳးျဖစ္ေနတဲ့အခါ ေပ်ာ္ရႊင္မႈဆိုတာလည္း ေရာက္ရွိလာပါလိမ့္မယ္။

    သြားေတြဟာ ကြမ္းစား၊ ေဆးလိပ္ေသာက္ၾကတဲ့ အခါ အမ်ားဆံုး ၀ါသြားတတ္ပါတယ္။ အခ်ိဳ႕အစားအစာေတြနဲ႔ အရည္ေတြေၾကာင့္လည္း သြားေတြဟာ ၀ါညစ္ေနတတ္ပါတယ္။ ေသြးေတြ ျဖဴေဖြးေစဖို႔ စိတ္ခ်ရတဲ့ အိမ္တြင္းနည္းလမ္းေလးေတြ ရွိပါတယ္။ သြားဆရာ၀န္ေတြဆီကေန အႀကံဥာဏ္ယူၿပီး လုပ္မယ္ဆိုရင္ေတာ့ စိတ္အခ်ရဆံုးပါပဲ။ ဘယ္လိုပဲ ျဖစ္ေနပါေစ အိမ္တြင္းကုထံုးေတြဟာလည္း အႏၱရာယ္ေတာ့ မရွိပါဘူး။ သြားေတြကို ျဖဴေစဖို႔ သံုးရမယ့္ အရာကေတာ့ လိေမၼာ္သီးရဲ႕ အခြံပါ။ အခြံဆိုတဲ့ ေနရာပါ အထဲက အျဖဴသားကို ဆိုလိုတာပါ။ အျပင္ အ၀ါေရာင္ဖက္ျခမ္း မဟုတ္ပါဘူး။

    လိေမၼာ္ခြံမွာ Vitamin C, Pectin, Limonene, Glucarate နဲ႔ အမွ်င္ဓာတ္ေတြ ပါ၀င္ၿပီး သြားကို သဘာ၀အတိုင္း ျဖဴေဖြးေစႏုိင္ပါတယ္။ ျပဳလုပ္ပံုကေတာ့ လိေမၼာ္သီးကို အခြံႏႊာၿပီး ရလာတဲ့ အခြံကို အျဖဴဖက္ျခမ္းကေန သြားေတြ အေပၚတင္ထားပါ။ သြားေတြေပၚမွာ အခြံကေန က်လာတဲ့ အရည္ေတြကို မ်ားလာေစဖို႔ ၃-၄ မိနစ္ေလာက္ ခဏထားပါ။ ၿပီးရင္ အဲ့ဒီ အခြံနဲ႔ သြားေတြကို ပြတ္တိုက္ေပးပါ။ အနည္းငယ္ ညစ္လာတဲ့ အခါ လႊင့္ပစ္ၿပီး အသစ္နဲ႔ ထပ္ပြတ္ေပးပါ။

    လိေမၼာ္သီးလိုပဲ အျခားအသီးေတြ ျဖစ္တဲ့ လီမြန္၊ စေတာ္ဘယ္ရီ၊ ပန္းသီးနဲ႔ စပ်စ္သီးေျခာက္ေတြဟာလည္း သြားေတြကို ျဖဴေစပါတယ္။

    အားလံုးပဲ အၿပံဳးေလးေတြ လင္းလက္ၾကပါေစ။

    Credit: zeenews

    Credit – MyStyle Myanmar

    (Unicode)

    သွားဖြူစေတဲ့ လိမ္မော်ခွံ

    ဘယ်သူကများ သွားတွေ မဲညစ်နေတာကို ကြိုက်ပါသလဲ? ကျန်းမာတဲ့သွားတွေ ဖြစ်စေပြီး ဖြူဖွေးနေတဲ့ သွားတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကိုရော လူကိုပါ ကျန်းမာစေပါတယ်။ အပြုံးတွေကို လင်းလက်စေပြီး လှပတဲ့သွားတွေကြောင့် အမြဲ ပြုံးဖြစ်နေတဲ့အခါ ပျော်ရွှင်မှုဆိုတာလည်း ရောက်ရှိလာပါလိမ့်မယ်။

    သွားတွေဟာ ကွမ်းစား၊ ဆေးလိပ်သောက်ကြတဲ့ အခါ အများဆုံး ဝါသွားတတ်ပါတယ်။ အချို့အစားအစာတွေနဲ့ အရည်တွေကြောင့်လည်း သွားတွေဟာ ဝါညစ်နေတတ်ပါတယ်။ သွေးတွေ ဖြူဖွေးစေဖို့ စိတ်ချရတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ရှိပါတယ်။ သွားဆရာဝန်တွေဆီကနေ အကြံဉာဏ်ယူပြီး လုပ်မယ်ဆိုရင်တော့ စိတ်အချရဆုံးပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ အိမ်တွင်းကုထုံးတွေဟာလည်း အန္တရာယ်တော့ မရှိပါဘူး။ သွားတွေကို ဖြူစေဖို့ သုံးရမယ့် အရာကတော့ လိမ္မော်သီးရဲ့ အခွံပါ။ အခွံဆိုတဲ့ နေရာပါ အထဲက အဖြူသားကို ဆိုလိုတာပါ။ အပြင် အဝါရောင်ဖက်ခြမ်း မဟုတ်ပါဘူး။

    လိမ္မော်ခွံမှာ Vitamin C, Pectin, Limonene, Glucarate နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး သွားကို သဘာဝအတိုင်း ဖြူဖွေးစေနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ လိမ္မော်သီးကို အခွံနွှာပြီး ရလာတဲ့ အခွံကို အဖြူဖက်ခြမ်းကနေ သွားတွေ အပေါ်တင်ထားပါ။ သွားတွေပေါ်မှာ အခွံကနေ ကျလာတဲ့ အရည်တွေကို များလာစေဖို့ ၃-၄ မိနစ်လောက် ခဏထားပါ။ ပြီးရင် အဲ့ဒီ အခွံနဲ့ သွားတွေကို ပွတ်တိုက်ပေးပါ။ အနည်းငယ် ညစ်လာတဲ့ အခါ လွှင့်ပစ်ပြီး အသစ်နဲ့ ထပ်ပွတ်ပေးပါ။

    လိမ္မော်သီးလိုပဲ အခြားအသီးတွေ ဖြစ်တဲ့ လီမွန်၊ စတော်ဘယ်ရီ၊ ပန်းသီးနဲ့ စပျစ်သီးခြောက်တွေဟာလည်း သွားတွေကို ဖြူစေပါတယ်။

    အားလုံးပဲ အပြုံးလေးတွေ လင်းလက်ကြပါစေ။

    Credit: zeenews

    Credit – MyStyle Myanmar

     

  • မိဘခြေရာတောင်းလိုသူများအတွက် မိဘခြေရာခံယူနည်း

    (Zawgyi)

    မိဘေျခရာေတာင္းလိုသူမ်ားအတြက္ မိဘေျခရာခံယူနည္း

    မိဘေျခရာ ခံယူပြဲသည္ ျမန္မာတို႔၏ဂုဏ္ယူဖြယ္ရာ အေလ့အထတစ္ခုျဖစ္၍ ျမန္မာမိသားစုတိုင္း ခံယူက်င့္သုံးသင့္ပါသည္။ ေက်းဇူးရွင္ မင္းကြန္းဆရာေတာ္ ဘုရားႀကီးႏွင့္ ကုံလုံဆရာေတာ္ဘုရားႀကီးတို႔၏ မိဘေျခရာ ေတာင္းယူပူေဇာ္နည္းမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။မိဘေျခရာ ေတာင္းယူေသာေန႔ဟာမိဘေရာ သားသမီးေတြပါ မဂၤလာရွိေသာေမြးေန႔ (သို႔မဟုတ္) ေမြးရက္ႏွင့္မွတ္တမ္းအပ္သည့္ေန႔မ်ားတြင္က်င္းပလွ်င္ ပို၍ေကာင္းမြန္၏။

    မိဘေျခရာေတာင္းယူမည့္ အခ်ိန္မွာမိဘေကာ သားသမီးပါ ေရခ်ိဳးသန႔္စင္ၿပီးသန႔္ရွင္းေသာအဝတ္မ်ား ဝတ္ဆင္ၿပီးဘုရားစင္ ေရွ႕မွာထိုင္ပါ။ ကြၽန္ေတာ္တို႔ ဗုဒၶဘာသာ လူမ်ိဳးေတြမွာအရပ္ေလးမ်က္ႏွာ၊ အရပ္ရွစ္မ်က္ႏွာ၊ အရပ္ ဆယ္မ်က္ႏွာရွိတဲ့ အထဲမွအထက္အရပ္ရပ္ကို ဦးထိပ္ပန္ဆင္ၿပီး ရတနာသုံးပါးကို ပူေဇာ္ကန္ေတာ့ပါ။

    ၿပီးလွ်င္ အေရွ႕အရပ္မွာ မိဘ၊ေတာင္အရပ္မွာ ဆရာသမား၊ေျမာက္အရပ္မွာ ေက်းဇူးရွင္မ်ားကိုကန္ေတာ့ၿပီး ခင္ပြန္းႀကီး (၁ဝ) ပါးအားဝန္ခ်ေတာင္းပန္ကာ ဘုရားစင္ေရွ႕မွာငါးပါးသီလ ခံယူေဆာက္တည္ပါ။

    ေနရာယူရန္

    ထို႔ေနာက္ မိဘမွ ျမင့္ေသာ ျမတ္ေသာအရပ္မွာထိုင္ၿပီး သားသမီးတို႔မွ မိမိတို႔တတ္အားသေ႐ႊ႕ ကန္ေတာ့ရန္ပစၥည္းမ်ားျဖင့္ကန္ေတာ့ပါ၊၊ မိဘတို႔ကလည္း ဆုေပး ခ်ီးျမႇင့္ေပးပါ။ မိဘမ်ားမွ ေမြးဖြားသန႔္စင္တဲ့ အ႐ြယ္ကစၿပီး ယေန႔မိဘမ်ား ေျခရာမေတာင္းယူမီအထိ ကံသုံးပါးျဖင့္ မေတာ္တဆ ပစ္မွားမိပါက ခြင့္လႊတ္ပါရန္ႏွင့္ မသိမျမင္ရေသာ ဘဝမ်ားတုန္းက အျပစ္မ်ားပါမက်န္ ခြင့္လြတ္ပါရန္ သုံးႀကိမ္ ေတာင္းပန္၍ ကန္ေတာ့ပါ။ မိဘမ်ားကလည္း ခြင့္လြတ္ပါတယ္ဟု သုံးႀကိမ္ ေျဖၾကားပါ။

    ေျခရာယူျခင္း

    ၿပီးလွ်င္ မိဘေျခေထာက္မ်ားကို ေရဇလုံတစ္ခုမွာ ေရေဆးေၾကာသန႔္စင္ေပးၿပီး နံ႔သာမ်ား လိမ္းေပးပါ။ သနပ္ခါးဆိုရင္လည္း ရပါၿပီ။ နံ႔သာလိမ္းထားေသာမိဘေျခအစုံကို ယပ္ေတာင္ျဖင့္ ယပ္ခပ္ေပးပါ။ ၿပီးလွ်င္ ဆီ၊ နႏြင္း (သို႔မဟုတ္) ပုံႏွိပ္မွင္ျဖင့္မိဘေျခဖဝါးကို ညင္သာစြာ လိမ္းေပးပါ။သန႔္ရွင္းေသာ အဝတ္ေပၚတြင္ပိတ္ျဖဴစ ခင္းေပးၿပီး အေမ့ေျခဖဝါးကိုဘယ္မွစ ညာေနာက္လိုက္ကာပိတ္ျဖဴစေပၚတြင္နင္းေပးပါ။အေဖဆိုလွ်င္ေတာ့ညာအစဘယ္အဆုံး လုပ္ရမွာ ျဖစ္ပါသည္။ပိတ္ျဖဴေပၚမွာ မိဘမ်ားနင္းၿပီးမတ္တပ္ရပ္ကာ သရဏဂုံတည္ေနစဥ္သားသမီးမ်ားကလည္း မိဘတို႔၏ေျခအစုံကို ဦးေခါင္းႏွင့္ထိ၍ပူေဇာ္ ကန္ေတာ့ေနပါ။ထို႔ေနာက္ ေဘးမွဦးေဆာင္၍မိဘေျခရာေတာင္းေပးသူမွမိဘတို႔အား သားသမီး မ်ားအတြက္ေမတၱာမ်ား ဤေျခရာတြင္ ထားခဲ့ေပးပါ။

    ထားခဲ့ပါသလားဟု သုံးႀကိမ္အေမး အေျဖ ျပဳလုပ္ေပးပါ။မိဘရဲ႕ ေျခရာမ်ားဟာ သာမန္အခ်ိန္မွာထင္ရစ္ခဲ့တဲ့ ေျခရာမဟုတ္ဘဲ သရဏဂုံပြားမ်ားရင္း က်န္ရစ္ခဲ့တာ ျဖစ္တဲ့အတြက္ေဆာင္ယူေသာ သားသမီးမ်ားေလာကီ၊ ေလာကုတၱရာ အက်ိဳးထူးမ်ားစြာရရွိသလိုခ်ီးျမႇင့္ေပးေသာမိဘမ်ားမွာလည္း မိဘဝတၱရားေက်ပြန္၍အသက္ရွည္ စိတ္က်မ္းမာေစပါတယ္။မိဘေျခရာက်န္ရစ္ခဲ့တဲ့ ပိတ္ျဖဴစေပၚမွာမိဘ၏ ေမြးသကၠရာဇ္ ေတာင္းယူေသာသားသမီး မ်ား၏ အမည္၊ေတာင္းယူေသာ ေန႔စြဲမ်ားကိုအမွတ္တရ ေရးထိုးပါ။မိဘတို႔၏ ေျခဖဝါးမ်ားကိုမူလ ေဆးေၾကာထားေသာ ေရဇလုံအတြင္းမွာေရႏွင့္ပင္ ေဆးေၾကာၿပီး နံ႔သာေရ လိမ္းေပးပါ။

    မိဘတို႔၏ ေျခရင္း၌ မိဘေျခေထာက္မ်ားေဆးေၾကာထားေသာ ေရဇလုံအတြင္းသို႔သားဆိုလွ်င္ ညာဘက္လက္ ထည့္ပါ၊သမီးဆိုလွ်င္ ဘယ္ဘက္လက္ထည့္ၿပီးမိဘတို႔အေပၚ ကာယကံ၊ ဝစီကံ၊ မေနာကံအျဖစ္ျပစ္မွားမိေသာ အျပစ္မ်ားရွိပါကေက်ပါေစဟု ဆုေတာင္းကာထိုေရျဖင့္ ဦးေခါင္း မ်က္ႏွာ(၃)ႀကိမ္ထိပါ။မ်က္ႏွာသစ္လိုက သစ္ႏိုင္သည္။မိဘေျခရာ ေတာင္းယူေနစဥ္မွာမိဘေတြရဲ႕မ်က္ႏွာရဲ႕ဇရာကို သံေဝဂရလိုက္၊သားသမီးေတြက ႐ိုေသေလးျမတ္စြာပူေဇာ္ကန္ေတာ့တဲ့အတြက္ပီတိေတြ ေဝလိုက္ႏွင့္ေပါ့။သားသမီးေတြရဲ႕ မ်က္ႏွာမွာလည္းမ်က္ရည္ေတြ တဝိုင္းဝိုင္းႏွင့္မဂၤလာအရွိဆုံး အေပ်ာ္ဆုံး ျဖစ္ေနမွာ အမွန္ပါ။

    မိဘေျခရာေတာင္းယူၿပီးေနာက္

    မိဘေျခရာေတာင္းယူၿပီး မွန္ေဘာင္သြင္းကာေခါင္းရင္းမွာထားၿပီး ညစဥ္ ရွိခိုးကန္ေတာ့ၿပီးမွ ညအိပ္ရာဝင္ပါ။ႀကီးမာေသာ မိဘ၏ေမတၱာအားေန႔စဥ္ ခံယူပါတယ္ဟု ႐ြတ္ဆိုပါ။မိမိအဓိဠာန္ႏိုင္သေလာက္ ဥပမာ သုံးရက္ငါးရက္ ဆယ္ရက္တန္သည္ ဥပုသ္သီလေစာင့္ပါ။အေရးႀကဳံပါက မိမိေစာင့္ထိန္းခဲ့ေသာသီလကို သစၥာဆို တိုင္တည္ႏိုင္ပါသည္။မိဘေျခရာေတာင္းယူေပးစဥ္ ဦးေဆာင္သူမွေအာက္ပါဂါထာမ်ားကို ႐ြတ္ဖတ္ပူေဇာ္ေပးရပါမည္။

    မိဘေျခရာယူစဥ္႐ြတ္ဆိုရန္

    ‘ဒသမာေသ၊ ဥေရကတြာ၊ဗပါေသတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ဝႆသတံမာတု ပါဒံနမာမဟႅံသာမာတာ ။

    အၾကင္အမိသည္ ဒသမာေသ – ဆယ္လတိုင္တိုင္ဦးေရကတြာ – ရင္ျဖင့္ပိုက္လြယ္သည္ကိုျပဳ၍ပုဎိကာရဏံ – ႀကီးပြားျခင္းအေၾကာင္းကိုကတြာ – ျပဳ၍၊ေပါသတိ – ႏို႔ရည္တိုက္ေကြၽး ေမြးျမဴေပး၏၊ဝႆသတံ – အႏွစ္တစ္ရာတိုင္တိုင္ ထိုအမိ၏ပါဒံ – ေျခအစုံကိုအဟံ – အကြၽႏု္ပ္သည္နမာမိ – ႐ိုေသျမတ္ႏိုး ရွိခိုးပါ၏။

    ‘ဗုသိကာေရာ၊ အလိေဂၢတြာ၊ဥပၸိတြာ ပီယပုတၳထံ၊ ရာဇပဇၩံ၊သုပတိဌံ၊ ပီတုပါဒံ နမာမဟႅံ’။

    ယာပီတု – အၾကင္အဖသည္ဗုသိကာေရာ – ႀကီးပြားေၾကာင္းကိုျပဳလွ်က္အလိေဂၢတြာ – လည္ကို ဖက္၍ဥပၸိတြာ – နမ္း၍ပီယပုတၳထံ – ခ်စ္လွစြာေသာသားကိုရာဇပဇၩံ – မင္းမႉးမတ္တို႔၏ အလယ္၌သုပတိဌံ – ေကာင္းစြာတည္ေစ၏ေသာပီတု – ထိုအဖ၏ပါဒံ – ေျခအစုံကိုအဟံ – အကြၽႏု္ပ္သည္နမာမိ – ႐ိုေသျမတ္ႏိုး ရွစ္ခိုးပါ၏။

    Credit – အၾကည္ေတာ္လုလင္

    (Unicode)

    မိဘခြေရာတောင်းလိုသူများအတွက် မိဘခြေရာခံယူနည်း

    မိဘခြေရာ ခံယူပွဲသည် မြန်မာတို့၏ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုဖြစ်၍ မြန်မာမိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံဆရာတော်ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။မိဘခြေရာ တောင်းယူသောနေ့ဟာမိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့မဟုတ်) မွေးရက်နှင့်မှတ်တမ်းအပ်သည့်နေ့များတွင်ကျင်းပလျှင် ပို၍ကောင်းမွန်၏။

    မိဘခြေရာတောင်းယူမည့် အချိန်မှာမိဘကော သားသမီးပါ ရေချိုးသန့်စင်ပြီးသန့်ရှင်းသောအဝတ်များ ဝတ်ဆင်ပြီးဘုရားစင် ရှေ့မှာထိုင်ပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာအရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှအထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့ပါ။

    ပြီးလျှင် အရှေ့အရပ်မှာ မိဘ၊တောင်အရပ်မှာ ဆရာသမား၊မြောက်အရပ်မှာ ကျေးဇူးရှင်များကိုကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအားဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာငါးပါးသီလ ခံယူဆောက်တည်ပါ။

    နေရာယူရန်

    ထို့နောက် မိဘမှ မြင့်သော မြတ်သောအရပ်မှာထိုင်ပြီး သားသမီးတို့မှ မိမိတို့တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့်ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေး ချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော်တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ်ပါရန် သုံးကြိမ် တောင်းပန်၍ ကန်တော့ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု သုံးကြိမ် ဖြေကြားပါ။

    ခြေရာယူခြင်း

    ပြီးလျှင် မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ ရေဆေးကြောသန့်စင်ပေးပြီး နံ့သာများ လိမ်းပေးပါ။ သနပ်ခါးဆိုရင်လည်း ရပါပြီ။ နံ့သာလိမ်းထားသောမိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့မဟုတ်) ပုံနှိပ်မှင်ဖြင့်မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။သန့်ရှင်းသော အဝတ်ပေါ်တွင်ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကိုဘယ်မှစ ညာနောက်လိုက်ကာပိတ်ဖြူစပေါ်တွင်နင်းပေးပါ။အဖေဆိုလျှင်တော့ညာအစဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါသည်။ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီးမတ်တပ်ရပ်ကာ သရဏဂုံတည်နေစဉ်သားသမီးများကလည်း မိဘတို့၏ခြေအစုံကို ဦးခေါင်းနှင့်ထိ၍ပူဇော် ကန်တော့နေပါ။ထို့နောက် ဘေးမှဦးဆောင်၍မိဘခြေရာတောင်းပေးသူမှမိဘတို့အား သားသမီး များအတွက်မေတ္တာများ ဤခြေရာတွင် ထားခဲ့ပေးပါ။

    ထားခဲ့ပါသလားဟု သုံးကြိမ်အမေး အဖြေ ပြုလုပ်ပေးပါ။မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့တာ ဖြစ်တဲ့အတွက်ဆောင်ယူသော သားသမီးများလောကီ၊ လောကုတ္တရာ အကျိုးထူးများစွာရရှိသလိုချီးမြှင့်ပေးသောမိဘများမှာလည်း မိဘဝတ္တရားကျေပွန်၍အသက်ရှည် စိတ်ကျမ်းမာစေပါတယ်။မိဘခြေရာကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာမိဘ၏ မွေးသက္ကရာဇ် တောင်းယူသောသားသမီး များ၏ အမည်၊တောင်းယူသော နေ့စွဲများကိုအမှတ်တရ ရေးထိုးပါ။မိဘတို့၏ ခြေဖဝါးများကိုမူလ ဆေးကြောထားသော ရေဇလုံအတွင်းမှာရေနှင့်ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။

    မိဘတို့၏ ခြေရင်း၌ မိဘခြေထောက်များဆေးကြောထားသော ရေဇလုံအတွင်းသို့သားဆိုလျှင် ညာဘက်လက် ထည့်ပါ၊သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီးမိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ်ပြစ်မှားမိသော အပြစ်များရှိပါကကျေပါစေဟု ဆုတောင်းကာထိုရေဖြင့် ဦးခေါင်း မျက်နှာ(၃)ကြိမ်ထိပါ။မျက်နှာသစ်လိုက သစ်နိုင်သည်။မိဘခြေရာ တောင်းယူနေစဉ်မှာမိဘတွေရဲ့မျက်နှာရဲ့ဇရာကို သံဝေဂရလိုက်၊သားသမီးတွေက ရိုသေလေးမြတ်စွာပူဇော်ကန်တော့တဲ့အတွက်ပီတိတွေ ဝေလိုက်နှင့်ပေါ့။သားသမီးတွေရဲ့ မျက်နှာမှာလည်းမျက်ရည်တွေ တဝိုင်းဝိုင်းနှင့်မင်္ဂလာအရှိဆုံး အပျော်ဆုံး ဖြစ်နေမှာ အမှန်ပါ။

    မိဘခြေရာတောင်းယူပြီးနောက်

    မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာခေါင်းရင်းမှာထားပြီး ညစဉ် ရှိခိုးကန်တော့ပြီးမှ ညအိပ်ရာဝင်ပါ။ကြီးမာသော မိဘ၏မေတ္တာအားနေ့စဉ် ခံယူပါတယ်ဟု ရွတ်ဆိုပါ။မိမိအဓိဠာန်နိုင်သလောက် ဥပမာ သုံးရက်ငါးရက် ဆယ်ရက်တန်သည် ဥပုသ်သီလစောင့်ပါ။အရေးကြုံပါက မိမိစောင့်ထိန်းခဲ့သောသီလကို သစ္စာဆို တိုင်တည်နိုင်ပါသည်။မိဘခြေရာတောင်းယူပေးစဉ် ဦးဆောင်သူမှအောက်ပါဂါထာများကို ရွတ်ဖတ်ပူဇော်ပေးရပါမည်။

    မိဘခြေရာယူစဉ်ရွတ်ဆိုရန်

    ‘ဒသမာသေ၊ ဥရေကတွာ၊ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ဝဿသတံမာတု ပါဒံနမာမဟ္လံသာမာတာ ။

    အကြင်အမိသည် ဒသမာသေ – ဆယ်လတိုင်တိုင်ဦးရေကတွာ – ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ပုဎိကာရဏံ – ကြီးပွားခြင်းအကြောင်းကိုကတွာ – ပြု၍၊ပေါသတိ – နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ဝဿသတံ – အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ပါဒံ – ခြေအစုံကိုအဟံ – အကျွနု်ပ်သည်နမာမိ –
    ရိုသေမြတ်နိုး ရှိခိုးပါ၏။

    ‘ဗုသိကာရော၊ အလိဂ္ဂေတွာ၊ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊သုပတိဌံ၊ ပီတုပါဒံ နမာမဟ္လံ’။

    ယာပီတု – အကြင်အဖသည်ဗုသိကာရော – ကြီးပွားကြောင်းကိုပြုလျှက်အလိဂ္ဂေတွာ – လည်ကို ဖက်၍ဥပ္ပိတွာ – နမ်း၍ပီယပုတ္ထထံ – ချစ်လှစွာသောသားကိုရာဇပဇ္ဈံ – မင်းမှူးမတ်တို့၏ အလယ်၌သုပတိဌံ – ကောင်းစွာတည် စေ၏သောပီတု – ထိုအဖ၏ပါဒံ – ခြေအစုံကိုအဟံ – အကျွနု်ပ်သည်နမာမိ – ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။

    Credit – အကြည်တော်လုလင်