Author: shangyi

  • ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား

    ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား

    ဂျယ်လီဟာ လူကြီးလူငယ် မရွေး နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေ အတွက် လည်း အလွန်ကြိုက်နှစ်သက်တဲ့ အစားအစာဆိုလဲ မမှားပါဘူးနော်။ သင်ဂျယ်လီ တစ်ထုပ်ကို ဝယ်ပြီး အနောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့ သကြား၊ အသီးအနှံအရသာ တို့အပြင် Gelatin ဆိုတဲ့အရာတစ်မျိုးကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။

    ပုံမှန်ကြည့်ရင် Gelatin ဟာ တခြား ပါဝင်ပစ္စည်းတစ်မျိုးအမည်လို့ ထင်ရပေမယ့် တကယ်တော့ သူဟာအနံ့မရှိ၊ အရသာမရှိတဲ့ အဝါရောင် စေးကပ်ကပ် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

    သူ့ကို ဘယ်နေရာကနေ ရသလဲဆိုတော့ တိရစ္ဆာန်အရေခွံနဲ့ အရိုးတွေကို အကြာကြီး ပြုတ်ထားပြီးမှ နောက်ဆုံး ထွက်လာတဲ့ ပစ္စည်းလို့ ဆိုပါတယ်။ ဒီတိရစ္ဆာန် အရေခွံနဲ့ အရိုးတွေကို စက်ရုံတွေကနေ မလိုအပ်ပဲ စွန့်ပစ်တဲ့နေရာမှာ ရလာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်တော့ Gelatin ဟာ အဆိုးကြီးလဲ မဟုတ်ပါဘူး။ သူဟာအာဟာရ ဖြစ်စေပြီး အမိုင်နိုအက်ဆစ် (၁၈)မျိုးတောင် ပါဝင်တယ်လို့ သိရပါတယ်။

    ဒီ Gelatin ကိုအခြားသော အချိုစားစရာတွေနဲ့ ဆေးဝါးအချို့မှာလဲ သုံးတယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာသတ်သတ်လွတ် သမားတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီဝါးလို့ကောင်းတဲ့ ဂျယ်လီတွေ မစားမိဖို့လိုပြီနော်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

    Credit-Original Uploader

    (Zawgyi)

    ကေလးေတြ စားၾကတဲ့ ဂ်ယ္လီေတြကို ဘယ္ကေန ျပဳလုပ္သလဲဆိုတာ သင္သိပါသလား

    ဂ်ယ္လီဟာ လူႀကီးလူငယ္ မေ႐ြး ႏွစ္သက္စြာ စားသုံးၾကတဲ့ အစားအစာပဲ ျဖစ္ပါတယ္။ ကေလးငယ္ေတြ အတြက္ လည္း အလြန္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာဆိုလဲ မမွားပါဘူးေနာ္။ သင္ဂ်ယ္လီ တစ္ထုပ္ကို ဝယ္ၿပီး အေနာက္မွာပါတဲ့ ပါဝင္ပစၥည္းေတြကို ၾကည့္လိုက္ရင္ ပုံမွန္သဘာဝျဖစ္တဲ့ သၾကား၊ အသီးအႏွံအရသာ တို႔အျပင္ Gelatin ဆိုတဲ့အရာတစ္မ်ိဳးကိုပါ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ပုံမွန္ၾကည့္ရင္ Gelatin ဟာ တျခား ပါဝင္ပစၥည္းတစ္မ်ိဳးအမည္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ သူဟာအနံ႔မရွိ၊ အရသာမရွိတဲ့ အဝါေရာင္ ေစးကပ္ကပ္ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

    သူ႔ကို ဘယ္ေနရာကေန ရသလဲဆိုေတာ့ တိရစာၦန္အေရခြံနဲ႔ အ႐ိုးေတြကို အၾကာႀကီး ျပဳတ္ထားၿပီးမွ ေနာက္ဆုံး ထြက္လာတဲ့ ပစၥည္းလို႔ ဆိုပါတယ္။ ဒီတိရစာၦန္ အေရခြံနဲ႔ အ႐ိုးေတြကို စက္႐ုံေတြကေန မလိုအပ္ပဲ စြန႔္ပစ္တဲ့ေနရာမွာ ရလာတယ္လို႔ ယူဆလို႔ရပါတယ္။ တကယ္ေတာ့ Gelatin ဟာ အဆိုးႀကီးလဲ မဟုတ္ပါဘူး။ သူဟာအာဟာရ ျဖစ္ေစၿပီး အမိုင္ႏိုအက္ဆစ္ (၁၈)မ်ိဳးေတာင္ ပါဝင္တယ္လို႔ သိရပါတယ္။ ဒီ Gelatin ကိုအျခားေသာ အခ်ိဳစားစရာေတြနဲ႔ ေဆးဝါးအခ်ိဳ႕မွာလဲ သုံးတယ္လို႔ သိရပါတယ္။ အကယ္၍ သင္ဟာသတ္သတ္လြတ္ သမားတစ္ေယာက္ ျဖစ္မယ္ဆိုရင္ ဒီဝါးလို႔ေကာင္းတဲ့ ဂ်ယ္လီေတြ မစားမိဖို႔လိုၿပီေနာ္။ အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

    Credit-Original Uploader

  • ဒီလိုနိမိတ်တွေ မြင်လာ ကြုံလာပြီဆိုရင် သတိထားပါတော့

    ဒီလိုနိမိတ်တွေ မြင်လာ ကြုံလာပြီဆိုရင် သတိထားပါတော့

    (၁) ယူသွားမယ့်အထုပ်ဟာမမျှော်လင့်ပဲပြုတ်ကျပွင့်ကျရင်။

    (၂) ကျကွဲသွားရင်။

    (၃) သွားခါနီးဝတ်တဲ့အဝတ်အစားဗျိကနဲပြဲသွားရင်။

    (၄) ကိုယ်လေးစားတဲ့သူ တစ်ယောက် ယောက်ကို ကလေးတစ်ယောက်ကတားထားဆွဲထားရင်။

    (၅) လမ်းသွားရင်းသစ်ကိုင်းနဲ့နဖူးရိုက်မိတာ၊ ခလုတ်တိုက်ခြေမကွဲတာ။

    (၆) အငှါးယဉ်တားစီးတဲ့အခါ သုံးကြိမ်ထက် မနည်းဈေးမတည့်တဲ့အခါ။

    (၇) လမ်းတစ်လျှောက်မှာလက်ခါပြသူတွေကိုတွေ့မြင်သောအခါ။

    (၈) ကိုယ့်ရှေ့တည့်တည့်ကလူကမေးထောက်ပြီးညည်းညူနေရင်။

    (၉) ကိုယ့်ရှေ့မှာနွားကျွဲမြင်းခွေးကလေးလူကြီးစသည်တို့ကို ရက်စက်စွာရိုက်ပုတ်ညှင်းပန်းနေရင်။

    (၁၀) ကားစီးသော်လမ်းမှာကားပျက်မှုကြုံသော်၊ စက်နှိုးမရပုံစံဖြစ်သော်။

    (၁၁) ကိုယ့်ရှေ့မှာယာဉ်တိုက်မှုမြင်သော်။

    (၁၂) အတူသွားသူနှင့်ရန်ဖြစ်စကားများ သွေးထွက်သံယိုဖြစ်သော်။

    (၁၃)မိမိခြေထောက်ကို နှစ်ကြိမ်ထက်မနည်းတက်နင်းခံသော်။

    (၁၄) မျက်မှန်ပြုတ်ကျသော်။

    (၁၅)ကိုယ့်ရှေ့မှာလူ၊ယာဉ်၊ပစ္စည်းတစ်ခုခုလာပိတ်ရပ်သော်။

    (၁၆) လမ်းသွားရင်းမျက်လှည့်ပြတာတွေ့ရင် (ကိုယ်ကဝင်ရပ်ကြည့်သော်ဘာမှမဖြစ်) ။

    (၁၇) ကိုယ့်ရှေ့မှာဆိတ်နွားခွေးကြောင်ငှက်စသည်တို့ရန်ဖြစ်သော်။

    (၁၈) ကိုယ့်မြင်ကွင်းရှေ့မှာလက်ထိပ်သံကြိုးစသည်တို့ဖြင့် ချည် နှောင်ကာခေါ်သွားသော်။

    (၁၉) ကိုယ်သွားမယ့်လမ်းမှာမြွေအလ္ပာယ်ပြနေသော်။

    (၂၀) ကိုယ့်လမ်းပေါ် အချိန်ခါ မဟုတ်ခွေးထအူသော်။

    (၂၁) ကျီးကန်းပြိုသော်။

    (၂၂) အပြင်ရောက်မှအရေးကြီးပစ္စည်းမေ့ကျန်ခဲ့သော်။

    (၂၃) ကိုယ့်ရှေ့မှာငိုကြောရှည်နေတဲ့ကလေးကိုတွေ့သော်။

    (၂၄) အလိုလိုစိတ်ထဲလေးလံနေသော်။

    (၂၅)ကိုယ့်အဝတ်စားကတံခါးသို့မဟုတ်တစ်ခုခုနှင့်ချိတ်မိညှပ်မိသော်။

    (၂၆) မအောင်ဘူး၊ပျက်ပြီ သေတာပဲစသောအနိဋ္ဌစကားများကြားသော်။

    (၂၇) သွားခါနီးမှတစ်ခုခုကျကွဲသော်။

    (၂၈)ဦးထုပ်ပြုတ်ကျသော်။

    (၂၉)မိမိအရိပ်ကိုပြန်ကြည့်လျှင်အရိပ်ထဲမှာမိမိဦးခေါင်းမတွေ့သော်။

    (၃၀) ဒုက္ခိတတစ်ယောက်နဲ့တည့်တည့်တိုးမိရင်။

    (၃၁)သွားရင်းဖိနပ်ပြတ်သော်။

    (၃၂)ကိုယ့်ရှေ့မှာအရူးတစ်ယောက် က အကြောင်းမဲ့ရီမောနေသော်။

    (၃၃)ကိုယ့်ရှေ့မှာလူတစ်ယောက်က မနိုင်မနင်းပစ္စည်းတွေသယ်မရင်းပြုတ်ကျနေသော်။

    (၃၄) သွားကာနီးမှာအိမ်ကမိန်းမက အကြိမ်ကြိမ်စောစောပြန်ဖို့မှာနေသော်။

    ဒါတွေဟာအနိဋ္ဌနိမိတ်တွေပါ။ တောင်ကျွန်းသြဘာနိမိတ်ထွန်းအ ရ သဘာဝနိမိတ်နတ်တို့ပြသောနိမိတ်

    မိမိ၏ဆိုင်ရာအစောင့်ရှောက်ပြသော နိမိတ်များလည်းပါဝင်သည်။ကြိုသိကအချိန်ရသည်မို့အလေး ထားမှတ်သားစေလိုသည်။

    Credit: Original Uploader

    (Zawgyi)

    ဒီလိုနိမိတ္ေတြ ျမင္လာ ႀကဳံလာၿပီဆိုရင္ သတိထားပါေတာ့

    (၁) ယူသြားမယ့္အထုပ္ဟာမေမွ်ာ္လင့္ပဲျပဳတ္က်ပြင့္က်ရင္။

    (၂) က်ကြဲသြားရင္။

    (၃) သြားခါနီးဝတ္တဲ့အဝတ္အစားဗ်ိကနဲၿပဲသြားရင္။

    (၄) ကိုယ္ေလးစားတဲ့သူ တစ္ေယာက္ ေယာက္ကို ကေလးတစ္ေယာက္ကတားထားဆြဲထားရင္။

    (၅) လမ္းသြားရင္းသစ္ကိုင္းနဲ႔နဖူး႐ိုက္မိတာ၊ ခလုတ္တိုက္ေျခမကြဲတာ။

    (၆) အငွါးယဥ္တားစီးတဲ့အခါ သုံးႀကိမ္ထက္ မနည္းေဈးမတည့္တဲ့အခါ။

    (၇) လမ္းတစ္ေလွ်ာက္မွာလက္ခါျပသူေတြကိုေတြ႕ျမင္ေသာအခါ။

    (၈) ကိုယ့္ေရွ႕တည့္တည့္ကလူကေမးေထာက္ၿပီးညည္းညဴေနရင္။

    (၉) ကိုယ့္ေရွ႕မွာႏြားကြၽဲျမင္းေခြးကေလးလူႀကီးစသည္တို႔ကို ရက္စက္စြာ႐ိုက္ပုတ္ညႇင္းပန္းေနရင္။

    (၁၀) ကားစီးေသာ္လမ္းမွာကားပ်က္မႈႀကဳံေသာ္၊ စက္ႏႈိးမရပုံစံျဖစ္ေသာ္။

    (၁၁) ကိုယ့္ေရွ႕မွာယာဥ္တိုက္မႈျမင္ေသာ္။

    (၁၂) အတူသြားသူႏွင့္ရန္ျဖစ္စကားမ်ား ေသြးထြက္သံယိုျဖစ္ေသာ္။

    (၁၃)မိမိေျခေထာက္ကို ႏွစ္ႀကိမ္ထက္မနည္းတက္နင္းခံေသာ္။

    (၁၄) မ်က္မွန္ျပဳတ္က်ေသာ္။

    (၁၅)ကိုယ့္ေရွ႕မွာလူ၊ယာဥ္၊ပစၥည္းတစ္ခုခုလာပိတ္ရပ္ေသာ္။

    (၁၆) လမ္းသြားရင္းမ်က္လွည့္ျပတာေတြ႕ရင္ (ကိုယ္ကဝင္ရပ္ၾကည့္ေသာ္ဘာမွမျဖစ္) ။

    (၁၇) ကိုယ့္ေရွ႕မွာဆိတ္ႏြားေခြးေၾကာင္ငွက္စသည္တို႔ရန္ျဖစ္ေသာ္။

    (၁၈) ကိုယ့္ျမင္ကြင္းေရွ႕မွာလက္ထိပ္သံႀကိဳးစသည္တို႔ျဖင့္ ခ်ည္ ေႏွာင္ကာေခၚသြားေသာ္။

    (၁၉) ကိုယ္သြားမယ့္လမ္းမွာေႁမြအလၸာယ္ျပေနေသာ္။

    (၂၀) ကိုယ့္လမ္းေပၚ အခ်ိန္ခါ မဟုတ္ေခြးထအူေသာ္။

    (၂၁) က်ီးကန္းၿပိဳေသာ္။

    (၂၂) အျပင္ေရာက္မွအေရးႀကီးပစၥည္းေမ့က်န္ခဲ့ေသာ္။

    (၂၃) ကိုယ့္ေရွ႕မွာငိုေၾကာရွည္ေနတဲ့ကေလးကိုေတြ႕ေသာ္။

    (၂၄) အလိုလိုစိတ္ထဲေလးလံေနေသာ္။

    (၂၅)ကိုယ့္အဝတ္စားကတံခါးသို႔မဟုတ္တစ္ခုခုႏွင့္ခ်ိတ္မိညႇပ္မိေသာ္။

    (၂၆) မေအာင္ဘူး၊ပ်က္ၿပီ ေသတာပဲစေသာအနိ႒စကားမ်ားၾကားေသာ္။

    (၂၇) သြားခါနီးမွတစ္ခုခုက်ကြဲေသာ္။

    (၂၈)ဦးထုပ္ျပဳတ္က်ေသာ္။

    (၂၉)မိမိအရိပ္ကိုျပန္ၾကည့္လွ်င္အရိပ္ထဲမွာမိမိဦးေခါင္းမေတြ႕ေသာ္။

    (၃၀) ဒုကၡိတတစ္ေယာက္နဲ႔တည့္တည့္တိုးမိရင္။

    (၃၁)သြားရင္းဖိနပ္ျပတ္ေသာ္။

    (၃၂)ကိုယ့္ေရွ႕မွာအ႐ူးတစ္ေယာက္ က အေၾကာင္းမဲ့ရီေမာေနေသာ္။

    (၃၃)ကိုယ့္ေရွ႕မွာလူတစ္ေယာက္က မႏိုင္မနင္းပစၥည္းေတြသယ္မရင္းျပဳတ္က်ေနေသာ္။

    (၃၄) သြားကာနီးမွာအိမ္ကမိန္းမက အႀကိမ္ႀကိမ္ေစာေစာျပန္ဖို႔မွာေနေသာ္။

    ဒါေတြဟာအနိ႒နိမိတ္ေတြပါ။ ေတာင္ကြၽန္းၾသဘာနိမိတ္ထြန္းအ ရ သဘာဝနိမိတ္နတ္တို႔ျပေသာနိမိတ္

    မိမိ၏ဆိုင္ရာအေစာင့္ေရွာက္ျပေသာ နိမိတ္မ်ားလည္းပါဝင္သည္။ႀကိဳသိကအခ်ိန္ရသည္မို႔အေလး ထားမွတ္သားေစလိုသည္။

    Credit: Original Uploader

  • လာဘ် ကံကောင်းအောင် ပြုမှုနေထိုင်နည်း

    လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊ မကောင်းတဲ့ ကံတွေ ပပျောက်အောင် ကံကောင်းတဲ့ နည်းတွေ မရှိဘူးလားဆို ရှိတယ်။ အကုသိုလ်အကျိုးတွေ ဝင်ရောက် ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ ပြောတာ အကု သိုလ် ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင် ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီ အချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့် ရမယ် ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေ လုပ်တယ် သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ် တယ်ပေါ့။

    အဲဒီလို ဖြစ်ပေါ် လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ် ရှိလာလို့ရှိရင် ဘာနဲ့ အကာအကွယ် လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ ကံတရားတွေကို ကြိုးစားပြီး လုပ်ရမယ်။ ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကိုရွတ်ဖတ် သရဇ္ဈာယ်မယ် ဘုရားကို ပူဇော်မယ်နော် ဘုရားနဲ့ ပတ်သက်ပြီး စိတ်ကြည်နူးမှုတွေ ရအောင် လုပ်ရမယ် ကုသိုလ်ကောင်းမှုတွေ မပြတ် လုပ်ပေး ရမယ်။

    ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင် ကြိုးစား၊ အဲဒီလို ကြိုးစားခြင်း အားဖြင့်လည်းပဲ မကောင်းတဲ့ ကံတွေ ပပျောက်သွားနိုင်တယ်။ ကံဆိုး မိုးမှောင်ကျလာတဲ့ အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ ဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ် ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မ ဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံး သွင်းဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

    လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊ ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ် အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့ သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ ခင်မင်ရင်းနှီးမှုတွေ ရလာတယ် မိတ်ဆွေဖြစ်လို့ ရှိရင် ကိုယ် အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ် အိမ်နားနီးချင်းနဲ့ တည့်အောင် ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော် ရမယ်။ မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ် စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့ ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော် ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။

    နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုးကြည့်တာ အနည်းဆုံး ခံရမယ် ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။ တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုး ကြည့်တယ်။ သူတို့ အမြဲတမ်း ငါ့များ ဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက် ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲ ဖြစ်တယ်ပေါ့ ကိုယ့်အတွက် အကူအညီရခြင်းပဲ။

    မေတ္တာပို့ရတယ် အမျှအတန်း ပေးဝေရတယ် ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ် မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ် အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင် သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ် အဲဒါကြောင့်မို့ ကံကောင်းအောင် လုပ်ဖို့ ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး မေတ္တာဘာဝနာတွေ များများပွားရမယ်။

    မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊ အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။ အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ ကိုယ်ကြံတာတွေ၊ ကိုယ် လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။

    ကံမကောင်း အကြောင်းမလှ လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင် ပိုဆိုးသွားနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။ ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ ဆုတောင်းတိုင်းက တော့ မရဘူးပေါ့ ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။ ထိုင်ပြီးတော့ ဆုသာ ဆုတောင်း စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော် အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။

    ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ဆိုတာတွေ လိုအပ်တယ်ပေါ့။ အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်း ကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ် အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိ ဉာဏ်ရှိလို့ ဗုဒ္ဓ ဆိုတာကို အာရုံပြုပြီးတော့ နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။

    Credit: Original Uploader

    (Zawgyi)

    ေလာကမွာ ကံမေကာင္းဘူးဆိုရင္ ကံေကာင္းေအာင္က ဘာလုပ္ရမွာလဲ၊ မေကာင္းတဲ့ ကံေတြ ပေပ်ာက္ေအာင္ ကံေကာင္းတဲ့ နည္းေတြ မရွိဘူးလားဆို ရွိတယ္။ အကုသိုလ္အက်ိဳးေတြ ဝင္ေရာက္ ျဖစ္ေပၚေနတာကို လူေတြက ကံမေကာင္းဘူးလို႔ ေျပာတာ အကု သိုလ္ ရဲ႕ အက်ိဳးတရားေတြက ကိုယ့္သႏၲာန္ေရာက္ၿပီ၊ ထိခိုက္ေနၿပီဆိုရင္ ဒါက ကံမေကာင္းဘူးလို႔ ေျပာၾကတယ္။ အဲဒီ အခ်ိန္မွာ ကိုယ့္ရဲ႕လုပ္ရပ္ကို ျပန္ဆန္းစစ္ၾကည့္ ရမယ္ ငါတို႔လုပ္ေနတာ အမွားမရွိဘူး၊ အေကာင္းေတြ လုပ္တယ္ သို႔ေသာ္ အတိတ္တုန္းက မွားယြင္းမႈေတြကလည္း လူေတြရဲ႕သႏၲာန္ လာေရာက္ၿပီး အက်ိဳးေပးေနတာေတြ ရွိတတ္ တယ္ေပါ့။

    အဲဒီလို ျဖစ္ေပၚ လာတာမ်ိဳးေတြေကာ မရွိႏိုင္ဘူးလားဆို ရွိႏိုင္တယ္ ရွိလာလို႔ရွိရင္ ဘာနဲ႔ အကာအကြယ္ လုပ္ရမလဲလို႔ ဆိုရင္ ကံေကာင္းေအာင္ ေကာင္းတဲ့ ကံတရားေတြကို ႀကိဳးစားၿပီး လုပ္ရမယ္။ ဘုရားကို အာ႐ုံျပဳမယ္၊ သံဃာကို အာ႐ုံျပဳမယ္။ ဘုရားရဲ႕ ႏႈတ္ကပတ္ေတာ္ေတြကို႐ြတ္ဖတ္ သရဇၩာယ္မယ္ ဘုရားကို ပူေဇာ္မယ္ေနာ္ ဘုရားနဲ႔ ပတ္သက္ၿပီး စိတ္ၾကည္ႏူးမႈေတြ ရေအာင္ လုပ္ရမယ္ ကုသိုလ္ေကာင္းမႈေတြ မျပတ္ လုပ္ေပး ရမယ္။

    ဘုရားပန္း၊ ေရခ်မ္း အၿမဲတမ္း ဆက္ကပ္၊ ဘုရားကို အာ႐ုံျပဳ၊ ကုသိုလ္တရားေတြကို စိတ္ထဲမွာ ျဖစ္ပြားေအာင္ ႀကိဳးစား၊ အဲဒီလို ႀကိဳးစားျခင္း အားျဖင့္လည္းပဲ မေကာင္းတဲ့ ကံေတြ ပေပ်ာက္သြားႏိုင္တယ္။ ကံဆိုး မိုးေမွာင္က်လာတဲ့ အခါ ျဖစ္လာမယ့္ အရိပ္အေရာင္ရွိၿပီ ဆိုတဲ့အခ်ိန္မွာ ဘာနဲ႔ ကာကြယ္ရသလဲဆိုရင္ ဘုရားကို အာ႐ုံျပဳၿပီး ဗုဒၶါႏုႆတိကို ပြားရမယ္ ဘုရားရဲ႕ ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳ၊ ကမၼ ဌာန္းထိုင္၊ ဂုဏ္ေတာ္ေတြကို ႏွလုံး သြင္းဆင္ျခင္ၿပီး အခ်ိန္မ်ားမ်ား ျမတ္စြာဘုရားကို ပူေဇာ္ရမယ္။

    လုပ္ၿပီးတဲ့အခါ ကိုယ္လုပ္တဲ့ ကုသိုလ္ေကာင္းမႈကို ကိုယ္မျမင္ရတဲ့ သတၱဝါေတြ၊ ကိုယ့္အနီးအပါးမွာရွိတဲ့ အိမ္ေစာင့္နတ္ေတြကို အမွ်အတန္း ေပးေဝရမယ္ အဲဒီ အမွ်အတန္း ေပးေဝျခင္းအားျဖင့္ ကိုယ္နဲ႔ သူတို႔နဲ႔က မိတ္ေဆြျဖစ္သြားတယ္။ ခင္မင္ရင္းႏွီးမႈေတြ ရလာတယ္ မိတ္ေဆြျဖစ္လို႔ ရွိရင္ ကိုယ္ အႏၲရာယ္ မေရာက္ေအာင္ သူတို႔က ၾကည့္ရႈေပးတယ္ အိမ္နားနီးခ်င္းနဲ႔ တည့္ေအာင္ ေပါင္းရင္ေတာင္မွပဲ ကိုယ့္အိမ္ ၾကည့္ေပးေဖာ္ ရမယ္။ မတည့္ဘူးဆိုရင္ မသိခ်င္ေယာင္ေဆာင္ေနမွာ ဘာႀကီးျဖစ္ေနေန၊ ဟုတ္ကဲ့လား အဲဒါလိုပဲ ကိုယ္မျမင္ရလို႔ အိမ္ေစာင့္နတ္တို႔၊ ကိုယ္ ေစာင့္နတ္တို႔ သြားၿပီးေတာ့ ရန္မျဖစ္ေလနဲ႔ ရန္ျဖစ္ရင္ေတာ့ အဲဒါ ကိုယ့္ကို ေကာင္းက်ိဳးေပးမွာ မဟုတ္ဘူးေနာ္ ဘယ္သူနဲ႔မွ ရန္မျဖစ္နဲ႔။

    ေနာက္ဆုံးမွာ ကိုယ့္ရဲ႕အိမ္က ေမြးထားတဲ့ ေခြးနဲ႔ေတာင္ ရန္ျဖစ္ရင္ ကိုယ့္ကို မ်က္ေစာင္းထိုးၾကည့္တာ အနည္းဆုံး ခံရမယ္ ေၾကာက္လို႔သာ ျပန္မလုပ္တာ ရွိမယ္ေနာ္။ ဒီတိရစာၦန္ေတြမွာလည္း အသိရွိတယ္ေလ။ တစ္ခါေလာက္ ႐ိုက္ထားတဲ့သူဆိုရင္ ေရွာင္ေပေရွာင္ေပနဲ႔ မ်က္ေစာင္းထိုး ၾကည့္တယ္။ သူတို႔ အၿမဲတမ္း ငါ့မ်ား ဘာလုပ္မလဲဆိုၿပီး ေဒါသနဲ႔ ၾကည့္တာ ဘယ္သူနဲ႔မွ ရန္မျဖစ္ဘဲ ေမတၱာ သက္ ေရာက္ေအာင္ လုပ္တာဟာ ကိုယ့္အတြက္ ကံေကာင္းေစျခင္းရဲ႕ အေၾကာင္းတစ္ခုပဲ ျဖစ္တယ္ေပါ့ ကိုယ့္အတြက္ အကူအညီရျခင္းပဲ။

    ေမတၱာပို႔ရတယ္ အမွ်အတန္း ေပးေဝရတယ္ ကုသိုလ္ေကာင္းမႈ လုပ္တိုင္းလုပ္တိုင္း ဖိတ္ၾကားၿပီးေတာ့ သူတို႔ကို အေရးတယူ လုပ္ရတယ္ မိတ္ေဆြေကာင္းေတာင္မွ လမ္းမွာေတြ႕ရင္ ကိုယ္က အရင္ေခၚရတယ္ အေရးတယူ ႏႈတ္ဆက္ရင္ ရင္းႏွီးတယ္။ မေခၚခ်င္သလိုလို လုပ္သြားရင္ သူကလည္း မေခၚခ်င္သလိုလို ျပန္လုပ္မွာပဲ လူအခ်င္းခ်င္းေတာင္ ဒီလို ျဖစ္လာတယ္ အဲဒါေၾကာင့္မို႔ ကံေကာင္းေအာင္ လုပ္ဖို႔ ဆိုသည္မွာ ကိုယ္ကိုယ္တိုင္က ရင္ထဲက အမုန္းကင္းၿပီး ေမတၱာဘာဝနာေတြ မ်ားမ်ားပြားရမယ္။

    ေမတၱာပို႔မယ္၊ အမွ်အတန္း ေပးေဝမယ္၊ အားလုံးနဲ႔ မိတ္ေဆြေတြျဖစ္မယ္။ အရာရာမွာ စိတ္ၾကည္ႏူးမႈေတြ ရလာတဲ့အခါမွာ ကိုယ္ေတြးတာေတြ၊ ကိုယ္ႀကံတာေတြ၊ ကိုယ္ လုပ္တာေတြလည္း လမ္းမွန္ေပၚ ေရာက္လာႏိုင္တယ္ေပါ့။

    ကံမေကာင္း အေၾကာင္းမလွ လို႔ မေကာင္းတာေတြနဲ႔ စိတ္ကညစ္ေနရင္ ပိုဆိုးသြားႏိုင္တယ္။ အဲဒီလိုမျဖစ္ရေအာင္ သတိရွိရမယ္။ ဘယ္သူပဲျဖစ္ျဖစ္ ကံၾကမၼာရဲ႕အလွည့္အေျပာင္းေၾကာင့္ ကံေကာင္းတဲ့အခါ ေကာင္းတယ္၊ မေကာင္းတဲ့အခါ မေကာင္းဘူး။ ဘုရားဂုဏ္ေတာ္ေတြကို ကိုယ့္ရဲ႕ ရင္ထဲႏွလုံးထဲ ေရာက္ေအာင္ တည္ၿငိမ္ေအးခ်မ္းမႈကို ေပးႏိုင္တဲ့ဟာမ်ိဳးျဖစ္ေအာင္ လုပ္ရမယ္။ ၿပီးၿပီဆိုၿပီးေတာ့မွ ကိုယ့္ရဲ႕ (wish) ကို ေဖာ္ျပတာ ဆုေတာင္းတိုင္းက ေတာ့ မရဘူးေပါ့ ဆုေတာင္းတိုင္း ရလို႔ရွိရင္ ဘာမွ လုပ္မေနနဲ႔။ ထိုင္ၿပီးေတာ့ ဆုသာ ဆုေတာင္း စာေမးပြဲေအာင္လို႔ရွိရင္ ဒီ ၃- လုံးပါပါေစ၊ ၆- လုံး ပါပါေစ၊ ထိုင္သာ ဆုေတာင္းေန၊ စာမက်က္နဲ႔၊ ရမွာ မဟုတ္ဘူးေနာ္ အဲဒါေၾကာင့္မို႔လို႔ ဆုေတာင္း႐ုံနဲ႔ ဘယ္အရာမွ မရဘူး။

    ဆုေတာင္းတယ္ဆိုတာ wish ကိုေဖာ္ျပတာပဲ ျဖစ္တယ္။ ဆုေတာင္းတာ လိုခ်င္တဲ့ ဆႏၵရဲ႕ေနာက္မွာ လုံ႔လ ဝီရိယတို႔၊ အသိဉာဏ္တို႔ဆိုတာေတြ လိုအပ္တယ္ေပါ့။ အဲဒီလို အေၾကာင္းအက်ိဳး ဆီေလွ်ာ္စြာ အလုပ္လုပ္မွ ေကာင္း က်ိဳးခ်မ္းသာေတြဆိုတာ ရႏိုင္တယ္ အဲဒီလို အခ်က္ေတြကိုလည္း ျမတ္စြာဘုရား ေဟာတာျဖစ္တယ္။ ဗုဒၶဆိုတဲ့ ဂုဏ္ေတာ္ေတြထဲမွာအရာခပ္သိမ္းကို သိစြမ္းႏိုင္တဲ့ အသိ ဉာဏ္ရွိလို႔ ဗုဒၶ ဆိုတာကို အာ႐ုံျပဳၿပီးေတာ့ ႏွလုံးသြင္း ဆင္ျခင္ျခင္းအားျဖင့္ မိမိအတြက္ ကံေကာင္းလာႏိုင္တယ္ဆိုတာ ယုံၾကည္ၾကရမွာ ျဖစ္တယ္။

    Credit: Original Uploader

  • အိမ်မှာ အလွယ်တကူလုပ်သည့် ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီ

    ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီကို အိမ်မှာ အလွယ်တကူလုပ်လို့ရပါတယ်။ မြန်မာကြက်သွန်ဖြူ ၅ လုံးကို အခွံနွှာပြီးကြိတ်စက်နှင့် ညက်ညက်ကြိတ်ထားပါ။ ပန်းကန်လုံး တစ်ခုမှာ ဂျုံမှုန့်ကို စတီးဟင်းခတ်ဇွန်း ၂ ဇွန်း ထည့်ပြီးရေ ၅ ဇွန်းထည့်ကာ
    ညက်နေအောင်ဖျော်ထားပါ။

    အိုးတလုံးမှာ ရေကို နို့ဆီခွက် ၁ ခွက်စာထည့်ပါ။ ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့် အကောင်းစားကို ဟင်းခတ်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆားဟင်းခတ်ဇွန်း တဝက်ထည့်ပါ။ ထန်းလျက်လုံး 7 လုံးထည့်ပါ။ ဆူအောင် အပူပေးပြီး မွှေပေးပါ။

    ဗနီကာရှာလကာရည်ကို ဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်ပါ။ မွှေပေးပါ။ အပျစ်အကြဲအတွက် ဂျုံဖျော်ထားတာကို ဟင်းခတ်ဇွန်းနှင့် ၄ ဇွန်းထည့်ပါ၊ မွှေပေးပါ။ အရသာမြည်းကြည့်ပါ။ လိုတာထပ်ထည့်ပါ။ အနေတော်ဆိုရင်ငရုတ်ဆီရပါပြီ။

    အအေးခံပြီးရင် လေလုံဘူးထဲ ထည့်ပြီးရေခဲသေတ္တာ မခဲသည့်နေရာမှာ ထားရင် တာရှည်ထားလို့ရပါတယ်။ ရေခဲသေတ္တာမရှိရင် နဲနဲပဲလုပ်ပြီး အပြင်မှာ သုံးလေးရက်လောက် ထားလို့ ရပါတယ်။ အိမ်မှာလုပ်တဲ့ဆိုးဆေးမပါ တာရှည်ခံဆေး မပါတဲ့ ငရုတ်ဆီရပါပြီ။ စားကောင်းကြပါစေ။

    Credit-U Kyaw Shwe

    (Zawgyi)

    ဆိုးေဆးမပါ သန္႔ရွင္းလတ္ဆတ္သည့္ င႐ုတ္ဆီကို အိမ္မွာ အလြယ္တကူလုပ္လို႔ရပါတယ္။ ျမန္မာၾကက္သြန္ျဖဴ ၅ လုံးကို အခြံႏႊာၿပီးႀကိတ္စက္ႏွင့္ ညက္ညက္ႀကိတ္ထားပါ။ ပန္းကန္လုံး တစ္ခုမွာ ဂ်ဳံမႈန္႔ကို စတီးဟင္းခတ္ဇြန္း ၂ ဇြန္း ထည့္ၿပီးေရ ၅ ဇြန္းထည့္ကာ
    ညက္ေနေအာင္ေဖ်ာ္ထားပါ။

    အိုးတလုံးမွာ ေရကို ႏို႔ဆီခြက္ ၁ ခြက္စာထည့္ပါ။ ၾကက္သြန္ျဖဴ ႀကိတ္ထားတာထည့္ပါ။ င႐ုတ္သီးအစိမ္းမႈန္႔ အေကာင္းစားကို ဟင္းခတ္ဇြန္း ၃ ဇြန္းထည့္ပါ။ ဆားဟင္းခတ္ဇြန္း တဝက္ထည့္ပါ။ ထန္းလ်က္လုံး 7 လုံးထည့္ပါ။ ဆူေအာင္ အပူေပးၿပီး ေမႊေပးပါ။ ဗနီကာရွာလကာရည္ကို ဟင္းခတ္ဇြန္းႏွင့္ ၁၀ ဇြန္းထည့္ပါ။ ေမႊေပးပါ။ အပ်စ္အႀကဲအတြက္ ဂ်ဳံေဖ်ာ္ထားတာကို ဟင္းခတ္ဇြန္းႏွင့္ ၄ ဇြန္းထည့္ပါ၊ ေမႊေပးပါ။ အရသာျမည္းၾကည့္ပါ။ လိုတာထပ္ထည့္ပါ။ အေနေတာ္ဆိုရင္င႐ုတ္ဆီရပါၿပီ။

    အေအးခံၿပီးရင္ ေလလုံဘူးထဲ ထည့္ၿပီးေရခဲေသတၱာ မခဲသည့္ေနရာမွာ ထားရင္ တာရွည္ထားလို႔ရပါတယ္။ ေရခဲေသတၱာမရွိရင္ နဲနဲပဲလုပ္ၿပီး အျပင္မွာ သုံးေလးရက္ေလာက္ ထားလို႔ ရပါတယ္။ အိမ္မွာလုပ္တဲ့ဆိုးေဆးမပါ တာရွည္ခံေဆး မပါတဲ့ င႐ုတ္ဆီရပါၿပီ။ စားေကာင္းၾကပါေစ။

    Credit-U Kyaw Shwe

  • ဓာတုဆေးဝါးနဲ့ ကြာရှည်ခံပစ္စည်းများ လုံးဝမပါဝင်တဲ့ အိမ်တွင်းလုပ် သဘာဝပဲပြားစစ်စစ်

    အိမ်လုပ် သဘာဝပဲပြားစစ်စစ်

    ပဲပြားတွေကို ဈေးမှာ အလွယ်တကူဝယ်လို့တော့ရပေမယ့် ပဲပြားတစ်ခါမှ မလုပ်ဖူးဘူး၊ ကိုယ်တိုင်ကိုယ်ကျ မိမိအိမ်မှာ လုပ်ကြည့်ချင်တဲ့ အိမ်ရှင်မများအတွက် သဘာဝပဲပြားစစ်စစ် ရရှိဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါမယ်။

    ပါဝင်ပစ္စည်းများ-

    ပဲပိစပ် ၆၀၀ ဂရမ်

    ရေ ၅ လီတာနှင့် ၂၅၀ မီလီလီတာ

    ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

    ပြုလုပ်နည်း အဆင့်ဆင့်-

    ၁။ ပဲပိစပ်ကို စင်ကြယ်အောင် ရေဆေးပြီးနောက် ရေထဲတွင် တစ်ညခန့်စိမ်ထားရပါမယ်။ မနက်မိုးလင်းမှ ရေ ၅ လီတာဖြင့် ဖျော်စက်ထဲထည့်ကာ ဖျော်ပေးလိုက်ပါ။ တစ်ခါဖျော်လျှင် ပဲပိစပ် ၂၀၀ ဂရမ်၊ ရေ ၁ လီတာဖြင့် ဖျော်ပါ။ ကျန်ရှိတဲ့ရေကိုတော့ အရည်ညှစ်ဖို့ချန်ထားရပါမယ်။

    ၂။ ဒန်အိုးတစ်လုံး၊ ဆန်ခါနှင့် အဝတ်အစအသန့်တစ်ခုတို့ကို အဆင်သင့်ပြင်ထားပါ။ ဒန်အိုးပေါ်တွင် ဆန်ခါတင်ထားပါ။ ထို့နောက် အဝတ်စအသန့်တစ်ခု ခံထားပါ။ ရရှိလာတဲ့ ပဲပိစပ်အရည်များကို ထိုအဝတ်စသန့်သန့်ထဲသို့ လောင်းထည့်ပါ။ အဝတ်စကို ပိတ်လှောင်ပြီးနောက် အရည်ညှစ်လိုက်ပါ။ တစ်ခါအရည်ညှစ်ပြီးသွားတဲ့အခါ ပဲအနှစ်များ ကျန်ခဲ့ပါလိမ့်မယ်။ စောစောက ကျန်ရှိနေသော ရေ ၃ လီတာကို ထိုပဲအနှစ်ပေါ်သို့ လောင်းချကာ ထပ်ညှစ်ပေးလိုက်ပါ။

    ၃။ နောက်ဆုံးမှာတော့ ဒန်အိုးထဲတွင် ပဲနို့များ ရရှိလာပါလိမ့်မယ်။ ထိုပဲနို့ကို ပွက်ပွက်ဆူလာအောင် အပူပေးလိုက်ပါ။ အပူရှိန်ကြောင့် အမြှုပ်ထလာသော ပူစီပေါင်းများကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။ အိုးမတူးဖို့ရန်အတွက် မကြာခဏမွှေပေးဖို့လည်း လိုအပ်ပါတယ်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် အအေးခံလိုက်ပါ။ ဒါဆိုရင်တော့ အပူချိန်က ၈၀ ဒီဂရီစင်တီဂရိတ်၊ ၉၀ ဒီဂရီစင်တီဂရိတ်အထိ လျော့ကျသွားပါလိမ့်မယ်။

    ၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်းကို ရေ ၂၅၀ မီလီလီတာဖြင့် ရောနှောလိုက်ပါ။ ထို့နောက် အလယ်အလတ်ဆိုဒ် ဇွန်းအသုံးပြုပြီး ထိုရှာလကာရည်ကို ပဲနို့ထဲတွင် တစ်ဇွန်းချင်းစီ ထည့်ကာ ဖြည်းဖြည်းချင်းစီ မွှေပေးပါ။ ထိုကဲ့သို့မွှေရာတွင် ဇွန်းကို အပေါ်ယံတွင် တင်ထားရုံသာတင်ထားပြီး ဖြည်းညှင်းစွာ မွှေပေးရမှာဖြစ်ပါတယ်။ ထိုအဆင့်ပြုလုပ်ရာတွင် စိတ်ရှည်ရှည်ထားပြီး မွှေပေးဖို့တော့လိုပါတယ်။

    ၅။ တဖြည်းဖြည်းနဲ့ ပဲနို့အရည်ကနေ အဖတ်အဖြစ်သို့ ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ထိုအချိန်တွင် အဖုံးပါသောလေးထောင့်ပုံးနှင့် စောစောကအဝတ်စကို အသင့်ပြင်ထားပါ။ ထိုဘူးထဲသို့ အဝတ်စထည့်ထားပါ။ ထို့နောက် ပဲနို့အနှစ်များကို ဆန်ခါဖြင့် ခပ်ယူပြီး ထိုဘူးထဲသို့ ပြောင်းထည့်လိုက်ပါ။

    ၆။ ထို့နောက် ပဲနှစ်များကို အဝတ်စဖြင့် လုံအောင် ပိတ်လှောင်ထားပြီးနောက် အရည်များထွက်သွားအောင် လက်ဖြင့် အသာအယာဖိချလိုက်ပါ။ ပြီးမှ ဘူးအဖုံးပိတ်ကာ ထပ်ဖိချလိုက်ပါ။ ဘူးအပေါ်မှ အလေးတုံးတစ်တုံး ထပ်တင်ထားပေးလိုက်ပါ။

    ၇။ ပဲပြားပျော့ပျော့လေး လိုချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ဖိထားရုံနဲ့ လုံလောက်ပါတယ်။ တင်းတင်းရင်းရင်းရှိတဲ့ ပဲပြားတုံးလေး လိုချင်တယ်ဆိုရင်တော့ တစ်နာရီခန့် စောင့်ဖို့လိုအပ်ပါတယ်။

    ၈။ သတ်မှတ်ချိန်ပြည့်သွားပါက ပဲပြားတုံးကို ရေအေးထဲတွင် အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ထားပေးရပါမယ်။ ဒါမှ ပဲပြားထဲက အချဉ်ဓာတ်နဲ့ အခါးဓာတ်များ ပျောက်သွားမှာဖြစ်ပါတယ်။

    ကဲ… ဒါဆိုရင်တော့ ဓာတုဆေးဝါးနဲ့ ကြာရှည်ခံပစ္စည်းများ လုံးဝမပါဝင်တဲ့ အိမ်တွင်းလုပ် သဘာဝပဲပြားစစ်စစ်လေး ရရှိသွားပါပြီ။

    Credit-My Food Myanmar

    (Zawgyi)

    အိမ္လုပ္ သဘာဝပဲျပားစစ္စစ္

    ပဲျပားေတြကို ေဈးမွာ အလြယ္တကူဝယ္လို႔ေတာ့ရေပမယ့္ ပဲျပားတစ္ခါမွ မလုပ္ဖူးဘူး၊ ကိုယ္တိုင္ကိုယ္က် မိမိအိမ္မွာ လုပ္ၾကည့္ခ်င္တဲ့ အိမ္ရွင္မမ်ားအတြက္ သဘာဝပဲျပားစစ္စစ္ ရရွိဖို႔အတြက္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းလမ္းေလးကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးလိုက္ရပါမယ္။

    ပါဝင္ပစၥည္းမ်ား-

    ပဲပိစပ္ ၆၀၀ ဂရမ္

    ေရ ၅ လီတာႏွင့္ ၂၅၀ မီလီလီတာ

    ဆန္ရွာလကာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း

    ျပဳလုပ္နည္း အဆင့္ဆင့္-

    ၁။ ပဲပိစပ္ကို စင္ၾကယ္ေအာင္ ေရေဆးၿပီးေနာက္ ေရထဲတြင္ တစ္ညခန႔္စိမ္ထားရပါမယ္။ မနက္မိုးလင္းမွ ေရ ၅ လီတာျဖင့္ ေဖ်ာ္စက္ထဲထည့္ကာ ေဖ်ာ္ေပးလိုက္ပါ။ တစ္ခါေဖ်ာ္လွ်င္ ပဲပိစပ္ ၂၀၀ ဂရမ္၊ ေရ ၁ လီတာျဖင့္ ေဖ်ာ္ပါ။ က်န္ရွိတဲ့ေရကိုေတာ့ အရည္ညႇစ္ဖို႔ခ်န္ထားရပါမယ္။

    ၂။ ဒန္အိုးတစ္လုံး၊ ဆန္ခါႏွင့္ အဝတ္အစအသန႔္တစ္ခုတို႔ကို အဆင္သင့္ျပင္ထားပါ။ ဒန္အိုးေပၚတြင္ ဆန္ခါတင္ထားပါ။ ထို႔ေနာက္ အဝတ္စအသန႔္တစ္ခု ခံထားပါ။ ရရွိလာတဲ့ ပဲပိစပ္အရည္မ်ားကို ထိုအဝတ္စသန႔္သန႔္ထဲသို႔ ေလာင္းထည့္ပါ။ အဝတ္စကို ပိတ္ေလွာင္ၿပီးေနာက္ အရည္ညႇစ္လိုက္ပါ။ တစ္ခါအရည္ညႇစ္ၿပီးသြားတဲ့အခါ ပဲအႏွစ္မ်ား က်န္ခဲ့ပါလိမ့္မယ္။ ေစာေစာက က်န္ရွိေနေသာ ေရ ၃ လီတာကို ထိုပဲအႏွစ္ေပၚသို႔ ေလာင္းခ်ကာ ထပ္ညႇစ္ေပးလိုက္ပါ။

    ၃။ ေနာက္ဆုံးမွာေတာ့ ဒန္အိုးထဲတြင္ ပဲႏို႔မ်ား ရရွိလာပါလိမ့္မယ္။ ထိုပဲႏို႔ကို ပြက္ပြက္ဆူလာေအာင္ အပူေပးလိုက္ပါ။ အပူရွိန္ေၾကာင့္ အျမႇဳပ္ထလာေသာ ပူစီေပါင္းမ်ားကို ဇြန္းျဖင့္ ခပ္ထုတ္လိုက္ပါ။ အိုးမတူးဖို႔ရန္အတြက္ မၾကာခဏေမႊေပးဖို႔လည္း လိုအပ္ပါတယ္။ ပြက္ပြက္ဆူလာၿပီဆိုရင္ေတာ့ မီးပိတ္လိုက္ပါ။ ၂ မိနစ္၊ ၃ မိနစ္ခန႔္ အေအးခံလိုက္ပါ။ ဒါဆိုရင္ေတာ့ အပူခ်ိန္က ၈၀ ဒီဂရီစင္တီဂရိတ္၊ ၉၀ ဒီဂရီစင္တီဂရိတ္အထိ ေလ်ာ့က်သြားပါလိမ့္မယ္။

    ၄။ ပန္းကန္လုံးတစ္လုံးထဲတြင္ ဆန္ရွာလကာရည္ စားပြဲတင္ဇြန္း ၃ ဇြန္းကို ေရ ၂၅၀ မီလီလီတာျဖင့္ ေရာေႏွာလိုက္ပါ။ ထို႔ေနာက္ အလယ္အလတ္ဆိုဒ္ ဇြန္းအသုံးျပဳၿပီး ထိုရွာလကာရည္ကို ပဲႏို႔ထဲတြင္ တစ္ဇြန္းခ်င္းစီ ထည့္ကာ ျဖည္းျဖည္းခ်င္းစီ ေမႊေပးပါ။ ထိုကဲ့သို႔ေမႊရာတြင္ ဇြန္းကို အေပၚယံတြင္ တင္ထား႐ုံသာတင္ထားၿပီး ျဖည္းညႇင္းစြာ ေမႊေပးရမွာျဖစ္ပါတယ္။ ထိုအဆင့္ျပဳလုပ္ရာတြင္ စိတ္ရွည္ရွည္ထားၿပီး ေမႊေပးဖို႔ေတာ့လိုပါတယ္။

    ၅။ တျဖည္းျဖည္းနဲ႔ ပဲႏို႔အရည္ကေန အဖတ္အျဖစ္သို႔ ေျပာင္းသြားတာကို ေတြ႕ရပါလိမ့္မယ္။ ထိုအခ်ိန္တြင္ အဖုံးပါေသာေလးေထာင့္ပုံးႏွင့္ ေစာေစာကအဝတ္စကို အသင့္ျပင္ထားပါ။ ထိုဘူးထဲသို႔ အဝတ္စထည့္ထားပါ။ ထို႔ေနာက္ ပဲႏို႔အႏွစ္မ်ားကို ဆန္ခါျဖင့္ ခပ္ယူၿပီး ထိုဘူးထဲသို႔ ေျပာင္းထည့္လိုက္ပါ။

    ၆။ ထို႔ေနာက္ ပဲႏွစ္မ်ားကို အဝတ္စျဖင့္ လုံေအာင္ ပိတ္ေလွာင္ထားၿပီးေနာက္ အရည္မ်ားထြက္သြားေအာင္ လက္ျဖင့္ အသာအယာဖိခ်လိုက္ပါ။ ၿပီးမွ ဘူးအဖုံးပိတ္ကာ ထပ္ဖိခ်လိုက္ပါ။ ဘူးအေပၚမွ အေလးတုံးတစ္တုံး ထပ္တင္ထားေပးလိုက္ပါ။

    ၇။ ပဲျပားေပ်ာ့ေပ်ာ့ေလး လိုခ်င္တယ္ဆိုရင္ေတာ့ ၁၀ မိနစ္ခန႔္ ဖိထား႐ုံနဲ႔ လုံေလာက္ပါတယ္။ တင္းတင္းရင္းရင္းရွိတဲ့ ပဲျပားတုံးေလး လိုခ်င္တယ္ဆိုရင္ေတာ့ တစ္နာရီခန႔္ ေစာင့္ဖို႔လိုအပ္ပါတယ္။

    ၈။ သတ္မွတ္ခ်ိန္ျပည့္သြားပါက ပဲျပားတုံးကို ေရေအးထဲတြင္ အနည္းဆုံး မိနစ္ ၃၀ ခန႔္ စိမ္ထားေပးရပါမယ္။ ဒါမွ ပဲျပားထဲက အခ်ဥ္ဓာတ္နဲ႔ အခါးဓာတ္မ်ား ေပ်ာက္သြားမွာျဖစ္ပါတယ္။

    ကဲ… ဒါဆိုရင္ေတာ့ ဓာတုေဆးဝါးနဲ႔ ၾကာရွည္ခံပစၥည္းမ်ား လုံးဝမပါဝင္တဲ့ အိမ္တြင္းလုပ္ သဘာဝပဲျပားစစ္စစ္ေလး ရရွိသြားပါၿပီ။

    Credit-My Food Myanmar

  • TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်

    အိမ်မှာ အသုံးပြုနေတဲ့ LCD / LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများ

    မိတ်ဆွေတို့ အိမ်မှာအသုံးပြုနေတဲ့ LCD /LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများပြောပြလိုပါတယ်။ သုံးစွဲသူ အများစု ဖြစ်လေ့ရှိတဲ့ပြဿနာများနဲ့ ဖြေရှင်းချက် အချို့ ကိုဖော်ပြလို့ပါတယ်။

    ၁) ရေဝင်ခြင်း ၊ ကြောင်သေးဝင်ခြင်း၊

    ၂) ပြုတ်ကျခြင်း ၊ ဆောင့်မိ ခိုက်မိခြင်း ၊ ကလေးကြောင့် ထိခိုက်မိခြင်း၊

    (၃) TV မှန်ပြင်အနီးခြင်ရိုက် ဘက်တံဖြင့် ရိုက်မိခြင်း၊

    (၄) မီးအား ဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်းမိခြင်း၊

    (၅) TVကို stand by mode အနေအထားဖြင့် ပိတ်ခြင်း၊

    (၆) Memory stick၊ External Hard disk ဖြင့် အသုံးပြုခြင်း၊

    ( ဖြေရှင်း ချက်များ )

    (၁) ရေဝင်ခြင်း ၊ ကြောင်သေးဝင်ခြင်း

    အချို့သော အသုံးပြုသူများသည် TV မှန်ပြင်ပေါ်ရှိ ဖုန်မှုန့် များကို မှန်ကြည်ဆေးရည် ဖြင့် ပက်ဖြန်း‌ဆေးကြော သန့်ရှင်း တတ်ပါတယ်။ အခုလို မှန်ကြည်‌ဆေးရည် ဖြင့် မှန်ပေါ်ကို မဖြန်းသင့်ပါ။ အကယ်၍ ဖြန်းမိခဲ့ပါက မှန်ကြည်ဆေးရည်များ အောက်ဘက်သို့ စီးကျလာကာ ၊ TV ‌အတွင်း မှန်ပြင်အောက်ဖက်တွင်ချိတ်ဆက်၍ ဆက်သွယ် ထားသော micro flim ပြားများ နှငိ့ အရည်များ ထိတွေ့ပြီး short circuit ဖြစ်ကာ မှန်ပျက်စီးစေပါတယ်။ ဘုရား ပန်းအိုး ‌‌‌ရေမှောက်ကျလို့ သော်လည်းကောင်း၊ အကြောင်းတခုခု ကြောင့် မတော်တဆ ရေ ဝင်ခဲ့လျှင် ဘာလုပ်ရမလဲ။ TV ကို ပါဝါ ဖွင့်၍ ပြန်စမ်းကြည့်ခြင်းလုံးဝ မလုပ်ပါနဲ့ ပိုမို လျှင်မြန်စွာ မှန်ပြင်ပျက်စီးစေသော ကြောင့်ဖြစ်ပါတယ်။

    မှန်ပြင်ပေါ်တင်ကျန်နေသော ရေများနဲ့ အတွင်းသို့ဝင် သွားသောရေများကို အမြန်ဆုံး အဝတ်ဖြင့်‌ ခြောက်သွေ့ အောင် သုတ်ပေးပါ။ Tv မှန်ပြင်ကို အပေါ်မှာ ထားပြီး TV ကို အပြားလိုက် အနေထားဖြင့် စားပွဲပေါ်တွင်တင်ပါ။ ရေဝင်သွားသော မှန် နှင့် အောက်ဘက်ဘောင်ကြားကို Hair Dryer ကိုဘယ်ညာ ရမ်း၍ နွေးလာအောင် ၁၀မိနစ် ခန့် နားနားပြီးမှုတ်ပေးပါ။ မှန်နှင့် ရေဝင်သွားသော ဘောင်ကြားကို လက်သည်းနှင့် အနည်းငယ်ဟ ပြီးအပူ‌ ပေးရင် ပိုကောင်းပါတယ်။ အပူ မလွန်ကဲပါစေရန် သတိပြုပါ။ ခြောက်သွေ့သွားရင် ၁နာရီခန့်စောင့်ပြီးမှ ပြန်စမ်းကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ပြန်စမ်းကြည့်၍ အစင်းကြောင်းများပေါ်လာလျှင်သော် လည်ကောင်း ၊ အ‌ ရောင်အဆင်း ပုံမှန် မဟုတ်ပါက ဆက်လက် စမ်းသပ်ခြင်းမပြုလုပ်ပဲ ပြင်ဆိုင်သို့သာ ပို့ပါ။

    ရေပမာဏ များစွာ ဝင်ခဲ့ရင်၊ ကြောင်သေး ဝင်ခဲ့ရင် စက်ကို ပါဝါထိုး စမ်းသပ်ခြင်းမလုပ်ပဲ TV ပြင်ဆိုင်သို့သာပို့ပါ။ စက်ကို အဖုံးဖွင့် ပြီးservicingပြုလုပ်ရန်လိုသောကြောင့်ဖြစ်ပါတယ်။ နံရံတွင် ချိတ်ဆွဲခြင်း ဖြင့်လည်းကြောင်သေး ပန်းခြင်း မှကာကွယ်နိုင်ပါတယ်။ TV မှန်ပြင်ကို သန့်ရှင်းလိုပါက အဝတ်ခြောက်ဖြင့်သာ ပွတ်တိုက်ပါ။ ပွတ်တိုက်၍ မပြောင်ပါက အဝတ်ကို ရေ အနည်းငယ်စွတ် ရေပြန်ညစ် အစိုဓာတ်ပါရုံလေး သာ ထားပြီး အသုံးပြုပါ။ ရေမစီးကျပါစေနဲ့။

    ( ၂) ပြုတ်ကျခြင်း ၊ဆောင့်မိခြင်း ၊ ကလေးကြောင့်ထိခိုက်မိခြင်း၊

    TV ကို အဝင် အထွက်တံခါးပေါက် ၊ ပြတင်းပေါက်များ အနီးမှာ မထားပါနှင့်။ တိုက်မိလို့သော်လည်ကောင်း၊ ပြတင်းပေါက်မှ လေတိုက်၍ သော်လည်းကောင်း ပြုတ်ကျပျက်စီးနိုင်ပါတယ်။ ပြတင်းပေါက်မှ မိုးပက်လို့လဲ ပျက်စီးတတ်ပါတယ်။ တိုက်မိခြင်း ၊ လေတိုက် ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် tv အောက်ခြေ ( stand ) ကို မကြွ စေရန်(Double Tape ) နှစ်ဖက်ကပ်တိပ်ဖြင့် ကပ်ထားပေးပါ။ ကလေးကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန် အတွက် ကလေး မမှီနိုင်သောနေရာတွင်ထားပါ။ နံရံကပ် ( Wall mount) ဖြင့်လဲ ချိတ်ဆွဲထားနိုင်ပါတယ်။

    (၃ ) TV မှန်ပြင်အနီး ခြင်ရိုက်ဘက်တံဖြင့်ရိုက်မိခြင်း၊

    TV မှန်ပြင် ၃ပေ ပတ်လည်တွင် ခြင်ရိုက်ဘက်တံ အသုံးမပြုသင့်ပါ။အချို့သော TV သုံးစွဲ သူများသည် TV မှန်ပေါ်တွင်ခြင် လာနားနေသည် ကိုတွေ့မိပါက ခြင်ရိုက်ဘက်တံဖြင့်မှန်ပြင်နား ကပ်ရိုက်တတ်သည် ကိုတွေ့ရတတ်ပါတယ်။ ထိုသို့ပြုလုပ်ပါက ခြင်ရိုက် ဘက်တံမှ ထွက်ပေါ်လာသော( High voltage) ကြောင့် LCD panel အတွင်းရှိမိုက်ခရို ကာဗွန် လမ်းကြောင်းလေးများ ပြတ်တောက်ပျက်စီးစေတတ်ပါတယ်။ အရောင်မ မှန်ခြင်း ၊အစင်းများပေါ်လာခြင်း၊ရုပ်တုန်ခြင်းများဖြစ်တတ်ပါတယ်။ ထို့သို့ ဖြစ်လာပါက LCD panel မှန်ပြားလိုက် အသစ်လဲရုံသာ ရှိပါတော့တယ်။

    (၄ ) မီးအားဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်းဝင်ခြင်း

    ရာသီဥတု ကြောင့်သော်လည်ကောင်း၊ အခြေနေတခုခုကြောင့်သော်လည်းကောင်း မီးအားအတက်အကျဖြစ်တတ်ပါတယ်။မြန်မာနိုင်ငံကို ဝင် ရောက်လာတဲ့ Brand new tv အများစုဟာ AC 110V ~ 240V ဆိုပြီးပါကြပါတယ်။ ဆိုလိုတာက မီးအား အနည်းဆုံး ၁၁၀ ဗို့ ကနေအများဆုံး ၂၄၀ ဗို့ အတွင်း ကောင်းမွန်စွာအလုပ်လုပ် နိုင်ပါတယ်။ ဒါဆိုရင် မီးအားကျလဲ သုံးလို့ရနေတာပဲ ဘာလို့ (Safe Guard) ဆေ့ဂတ် ခံ သုံးနေသေးလဲမေးစရာရှိပါတယ်။ TV က ၁၁၀ဗို့ကနေ၂၄၀ဗို့အတွင်း အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တသမတ်တည်း တည်ငြိမ်သော ဗို့အားကို လိုအပ်ပါတယ်။ ၁၁၀ ဗို့ ဆိုလဲ တသမတ်တည်း ဖြစ်နေတာ၊ ၂၂၀ ဗို့ တသမတ်တည်းဖြစ်နေတာကို အလွန်ကြိုက်ပါတယ်။

    မိနစ် အနည်းငယ်ကြာမှ volt အား ဖြည်းဖြည်းခြင်း အတတ်အကျဖြစ်တာကို ကောင်းမွန်စွာအလုပ်လုပ်နိုင် ပါတယ်။ ဒါပေမဲ့ (Surge Voltage) လို့ခေါ်တဲ့ စက္ကန့်ပိုင်းအတွင်း ဗို့အားအလျှင်အမြန် အတတ် အကျဖြစ်တာကိုတော့ TV များက ခံနိုင်ရည်မရှိပါဘူး။ ဒီအတွက်ကိုကာကွယ် ဖို့အတွက် (Safe Guard) များကိုသုံးစွဲရခြင်းဖြစ်ပါတယ်။ရုတ်တရက် မီးအားအတက်အကျဖြစ်ခြင်းကိုလဲကာကွယ်ပေးပါတယ်။အရည်အသွေးကောင်းတဲ့ (Safe Guard) များကိုသာအသုံးပြုသင့်ပါတယ်။မိုးတွင်းမှာ မိုးကြိုးစက်ကွင်းဝင်တတ်ပါတယ်။ မိမိ TV အင်တနာ တိုင်အနီး ကိုသော်လည်းကောင်း၊ဓာတ်တိုင်ကိုသော လည်ကောင်း မိုးကြိုးပစ်ရင်TV ပျက်စီးစေတတ်ပါတယ်။မိုးတွေ ရွာပြီး မိုးကြိုးတွေအလွန် ပစ်နေခဲ့ရင် TV မှာတပ်ထားတဲ့ အင်တာနာကြိုး နဲ AC မီးပလပ်ခေါင်းဖြုတ်ထားခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ်။

    (၅) Tv ကို stand by mode အနေအထားဖြင့်ပိတ်ခြင်း

    ဖွံဖြိုးပြီး နိုင်ငံ အတော်များများမှာ တော့ TV ကို(Stand By Mode) ရီမုခ် နဲပိတ်တဲ့ အနေအထားသာထားကြပါတယ်။ မီးခလုတ် မပိတ်ကြပါဘူး။လျှပ်စစ်ဓာတ်အားတည်ငြိမ် ပြီးအနှောက်အယှက်ကင်းလို့ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ TV ပိတ်ရင် မီးခလုတ်က ပါပိတ်ထားမှ စိတ်ချရပါတယ်။TV ပါဝါပိတ်တဲ့ ပုံစံ အကြောင်းကိုလဲ နဲနဲပြောပြလိုပါတယ်။Smart TV / Android TV မဟုတ်သော Lcd Led ရိုးရိုးtvများကို ရီမုခ် နှင့်အရင် မပိတ်ပဲ မီးခလုတ်မှတန်းပိတ်နိုင်ပါတယ်။ Smart TV နှင့် Android TV များကို Remote control နဲ အရင်ပိတ်ပါ။ TVအလုပ်လုပ်တာ ပြီးဆုံးမှ မီးခလုတ်ကပိတ်သင့်ပါတယ်။ Computer programming system ပါလာတာကြောင့် ဖြစ်ပါတယ်။မီးခလုတ်ကပဲ တန်းပိတ်တာ များလာရင်တော့ Operation foundation များပျက်ပြီး Firmware ပြန်တင်ရခြင်း ၊ emmc IC ပျက်ခြင်း Main circuit board အချပ်လိုက်လဲရခြင်းမျိုးအထိ ဖြစ်တတ်ပါတယ်။ Remote နှင့်အရင်ပိတ်ပြီးမှ မီးခလုတ်မှ ပိတ်ခြင်းသည်သာလျှင် အစီအစဉ်ကျသော အလုပ်တခုဖြစ်ပါတယ်။

    (၆) Memory stick /External Hard Diskဖြင့်သုံးခြင်း

    ယခု နောက်ပိုင်း ဝင်ရောက်လာသော TV များကို Memory stick /External Hard disk ဖြင့်အသုံးပြုနိုင်ပါတယ်။အသုံးပြု မည်ဆိုပါက memory stick /external hark disk အတွင်းမှာ tvနှင့် မသက်ဆိုင်သော computer Soft ware များ firmware များ Virus များ မရှိအောင်ဂရုစိုက်ရပါမယ်။ TV မှ ဖွင့် ဖတ်နိုင်သော Movie /Music/photo များကိုFormat နှင့် Resolution ကိုက်ညီအောင်ထဲသွင်းအသုံးပြုရပါမယ်။မကိုက်ညီသော file များနှင့် virus ပါသော file များထည့်သွင်း အသုံးပြုမိပါက စက် Hum ခြင်းOperation စနစ်များပျက်ကာ Cpu IC လောင်ကျွမ်းMain circuit board ပျက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

    မိတ်ဆွေတို့ သိလိုသည် များကိုလို PH 095182441 (GOOD ELECTRONIC)သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    Credit-GOOD ELECTRONIC

    (Zawgyi)

    အိမ္မွာ အသုံးျပဳေနတဲ့ LCD / LED TV မ်ား အခ်ိန္မတိုင္ခင္ ပ်က္စီးျခင္းမွ ကာကြယ္ၿပီး သက္တမ္းျပည့္ အသုံးျပဳႏိုင္ရန္အတြက္နည္းလမ္း ေကာင္းမ်ား

    မိတ္ေဆြတို႔ အိမ္မွာအသုံးျပဳေနတဲ့ LCD /LED TV မ်ား အခ်ိန္မတိုင္ခင္ ပ်က္စီးျခင္းမွ ကာကြယ္ၿပီး သက္တမ္းျပည့္ အသုံးျပဳႏိုင္ရန္အတြက္နည္းလမ္း ေကာင္းမ်ားေျပာျပလိုပါတယ္။ သုံးစြဲသူ အမ်ားစု ျဖစ္ေလ့ရွိတဲ့ျပႆနာမ်ားနဲ႔ ေျဖရွင္းခ်က္ အခ်ိဳ႕ ကိုေဖာ္ျပလို႔ပါတယ္။

    ၁) ေရဝင္ျခင္း ၊ ေၾကာင္ေသးဝင္ျခင္း၊

    ၂) ျပဳတ္က်ျခင္း ၊ ေဆာင့္မိ ခိုက္မိျခင္း ၊ ကေလးေၾကာင့္ ထိခိုက္မိျခင္း၊

    (၃) TV မွန္ျပင္အနီးျခင္႐ိုက္ ဘက္တံျဖင့္ ႐ိုက္မိျခင္း၊

    (၄) မီးအား ေဆာင့္တက္ျခင္း၊ မိုးႀကိဳးစက္ကြင္းမိျခင္း၊

    (၅) TVကို stand by mode အေနအထားျဖင့္ ပိတ္ျခင္း၊

    (၆) Memory stick၊ External Hard disk ျဖင့္ အသုံးျပဳျခင္း၊

    ( ေျဖရွင္း ခ်က္မ်ား )

    (၁) ေရဝင္ျခင္း ၊ ေၾကာင္ေသးဝင္ျခင္း

    အခ်ိဳ႕ေသာ အသုံးျပဳသူမ်ားသည္ TV မွန္ျပင္ေပၚရွိ ဖုန္မႈန႔္ မ်ားကို မွန္ၾကည္ေဆးရည္ ျဖင့္ ပက္ျဖန္း‌ေဆးေၾကာ သန႔္ရွင္း တတ္ပါတယ္။ အခုလို မွန္ၾကည္‌ေဆးရည္ ျဖင့္ မွန္ေပၚကို မျဖန္းသင့္ပါ။ အကယ္၍ ျဖန္းမိခဲ့ပါက မွန္ၾကည္ေဆးရည္မ်ား ေအာက္ဘက္သို႔ စီးက်လာကာ ၊ TV ‌အတြင္း မွန္ျပင္ေအာက္ဖက္တြင္ခ်ိတ္ဆက္၍ ဆက္သြယ္ ထားေသာ micro flim ျပားမ်ား ႏွငိ့ အရည္မ်ား ထိေတြ႕ၿပီး short circuit ျဖစ္ကာ မွန္ပ်က္စီးေစပါတယ္။ ဘုရား ပန္းအိုး ‌‌‌ေရေမွာက္က်လို႔ ေသာ္လည္းေကာင္း၊ အေၾကာင္းတခုခု ေၾကာင့္ မေတာ္တဆ ေရ ဝင္ခဲ့လွ်င္ ဘာလုပ္ရမလဲ။ TV ကို ပါဝါ ဖြင့္၍ ျပန္စမ္းၾကည့္ျခင္းလုံးဝ မလုပ္ပါနဲ႔ ပိုမို လွ်င္ျမန္စြာ မွန္ျပင္ပ်က္စီးေစေသာ ေၾကာင့္ျဖစ္ပါတယ္။

    မွန္ျပင္ေပၚတင္က်န္ေနေသာ ေရမ်ားနဲ႔ အတြင္းသို႔ဝင္ သြားေသာေရမ်ားကို အျမန္ဆုံး အဝတ္ျဖင့္‌ ေျခာက္ေသြ႕ ေအာင္ သုတ္ေပးပါ။ Tv မွန္ျပင္ကို အေပၚမွာ ထားၿပီး TV ကို အျပားလိုက္ အေနထားျဖင့္ စားပြဲေပၚတြင္တင္ပါ။ ေရဝင္သြားေသာ မွန္ ႏွင့္ ေအာက္ဘက္ေဘာင္ၾကားကို Hair Dryer ကိုဘယ္ညာ ရမ္း၍ ေႏြးလာေအာင္ ၁၀မိနစ္ ခန႔္ နားနားၿပီးမႈတ္ေပးပါ။ မွန္ႏွင့္ ေရဝင္သြားေသာ ေဘာင္ၾကားကို လက္သည္းႏွင့္ အနည္းငယ္ဟ ၿပီးအပူ‌ ေပးရင္ ပိုေကာင္းပါတယ္။ အပူ မလြန္ကဲပါေစရန္ သတိျပဳပါ။ ေျခာက္ေသြ႕သြားရင္ ၁နာရီခန႔္ေစာင့္ၿပီးမွ ျပန္စမ္းၾကည့္ပါ။ အဆင္ေျပသြားပါလိမ့္မယ္။ ျပန္စမ္းၾကည့္၍ အစင္းေၾကာင္းမ်ားေပၚလာလွ်င္ေသာ္ လည္ေကာင္း ၊ အ‌ ေရာင္အဆင္း ပုံမွန္ မဟုတ္ပါက ဆက္လက္ စမ္းသပ္ျခင္းမျပဳလုပ္ပဲ ျပင္ဆိုင္သို႔သာ ပို႔ပါ။

    ေရပမာဏ မ်ားစြာ ဝင္ခဲ့ရင္၊ ေၾကာင္ေသး ဝင္ခဲ့ရင္ စက္ကို ပါဝါထိုး စမ္းသပ္ျခင္းမလုပ္ပဲ TV ျပင္ဆိုင္သို႔သာပို႔ပါ။ စက္ကို အဖုံးဖြင့္ ၿပီးservicingျပဳလုပ္ရန္လိုေသာေၾကာင့္ျဖစ္ပါတယ္။ နံရံတြင္ ခ်ိတ္ဆြဲျခင္း ျဖင့္လည္းေၾကာင္ေသး ပန္းျခင္း မွကာကြယ္ႏိုင္ပါတယ္။ TV မွန္ျပင္ကို သန႔္ရွင္းလိုပါက အဝတ္ေျခာက္ျဖင့္သာ ပြတ္တိုက္ပါ။ ပြတ္တိုက္၍ မေျပာင္ပါက အဝတ္ကို ေရ အနည္းငယ္စြတ္ ေရျပန္ညစ္ အစိုဓာတ္ပါ႐ုံေလး သာ ထားၿပီး အသုံးျပဳပါ။ ေရမစီးက်ပါေစနဲ႔။

    ( ၂) ျပဳတ္က်ျခင္း ၊ေဆာင့္မိျခင္း ၊ ကေလးေၾကာင့္ထိခိုက္မိျခင္း၊

    TV ကို အဝင္ အထြက္တံခါးေပါက္ ၊ ျပတင္းေပါက္မ်ား အနီးမွာ မထားပါႏွင့္။ တိုက္မိလို႔ေသာ္လည္ေကာင္း၊ ျပတင္းေပါက္မွ ေလတိုက္၍ ေသာ္လည္းေကာင္း ျပဳတ္က်ပ်က္စီးႏိုင္ပါတယ္။ ျပတင္းေပါက္မွ မိုးပက္လို႔လဲ ပ်က္စီးတတ္ပါတယ္။ တိုက္မိျခင္း ၊ ေလတိုက္ ျပဳတ္က်ျခင္းမွ ကာကြယ္ရန္အတြက္ tv ေအာက္ေျခ ( stand ) ကို မႂကြ ေစရန္(Double Tape ) ႏွစ္ဖက္ကပ္တိပ္ျဖင့္ ကပ္ထားေပးပါ။ ကေလးေၾကာင့္ ပ်က္စီးျခင္းမွ ကာကြယ္ရန္ အတြက္ ကေလး မမွီႏိုင္ေသာေနရာတြင္ထားပါ။ နံရံကပ္ ( Wall mount) ျဖင့္လဲ ခ်ိတ္ဆြဲထားႏိုင္ပါတယ္။

    (၃ ) TV မွန္ျပင္အနီး ျခင္႐ိုက္ဘက္တံျဖင့္႐ိုက္မိျခင္း၊

    TV မွန္ျပင္ ၃ေပ ပတ္လည္တြင္ ျခင္႐ိုက္ဘက္တံ အသုံးမျပဳသင့္ပါ။အခ်ိဳ႕ေသာ TV သုံးစြဲ သူမ်ားသည္ TV မွန္ေပၚတြင္ျခင္ လာနားေနသည္ ကိုေတြ႕မိပါက ျခင္႐ိုက္ဘက္တံျဖင့္မွန္ျပင္နား ကပ္႐ိုက္တတ္သည္ ကိုေတြ႕ရတတ္ပါတယ္။ ထိုသို႔ျပဳလုပ္ပါက ျခင္႐ိုက္ ဘက္တံမွ ထြက္ေပၚလာေသာ( High voltage) ေၾကာင့္ LCD panel အတြင္းရွိမိုက္ခ႐ို ကာဗြန္ လမ္းေၾကာင္းေလးမ်ား ျပတ္ေတာက္ပ်က္စီးေစတတ္ပါတယ္။ အေရာင္မ မွန္ျခင္း ၊အစင္းမ်ားေပၚလာျခင္း၊႐ုပ္တုန္ျခင္းမ်ားျဖစ္တတ္ပါတယ္။ ထို႔သို႔ ျဖစ္လာပါက LCD panel မွန္ျပားလိုက္ အသစ္လဲ႐ုံသာ ရွိပါေတာ့တယ္။

    (၄ ) မီးအားေဆာင့္တက္ျခင္း၊ မိုးႀကိဳးစက္ကြင္းဝင္ျခင္း

    ရာသီဥတု ေၾကာင့္ေသာ္လည္ေကာင္း၊ အေျခေနတခုခုေၾကာင့္ေသာ္လည္းေကာင္း မီးအားအတက္အက်ျဖစ္တတ္ပါတယ္။ျမန္မာႏိုင္ငံကို ဝင္ ေရာက္လာတဲ့ Brand new tv အမ်ားစုဟာ AC 110V ~ 240V ဆိုၿပီးပါၾကပါတယ္။ ဆိုလိုတာက မီးအား အနည္းဆုံး ၁၁၀ ဗို႔ ကေနအမ်ားဆုံး ၂၄၀ ဗို႔ အတြင္း ေကာင္းမြန္စြာအလုပ္လုပ္ ႏိုင္ပါတယ္။ ဒါဆိုရင္ မီးအားက်လဲ သုံးလို႔ရေနတာပဲ ဘာလို႔ (Safe Guard) ေဆ့ဂတ္ ခံ သုံးေနေသးလဲေမးစရာရွိပါတယ္။ TV က ၁၁၀ဗို႔ကေန၂၄၀ဗို႔အတြင္း အလုပ္လုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ တသမတ္တည္း တည္ၿငိမ္ေသာ ဗို႔အားကို လိုအပ္ပါတယ္။ ၁၁၀ ဗို႔ ဆိုလဲ တသမတ္တည္း ျဖစ္ေနတာ၊ ၂၂၀ ဗို႔ တသမတ္တည္းျဖစ္ေနတာကို အလြန္ႀကိဳက္ပါတယ္။

    မိနစ္ အနည္းငယ္ၾကာမွ volt အား ျဖည္းျဖည္းျခင္း အတတ္အက်ျဖစ္တာကို ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ ပါတယ္။ ဒါေပမဲ့ (Surge Voltage) လို႔ေခၚတဲ့ စကၠန႔္ပိုင္းအတြင္း ဗို႔အားအလွ်င္အျမန္ အတတ္ အက်ျဖစ္တာကိုေတာ့ TV မ်ားက ခံႏိုင္ရည္မရွိပါဘူး။ ဒီအတြက္ကိုကာကြယ္ ဖို႔အတြက္ (Safe Guard) မ်ားကိုသုံးစြဲရျခင္းျဖစ္ပါတယ္။႐ုတ္တရက္ မီးအားအတက္အက်ျဖစ္ျခင္းကိုလဲကာကြယ္ေပးပါတယ္။အရည္အေသြးေကာင္းတဲ့ (Safe Guard) မ်ားကိုသာအသုံးျပဳသင့္ပါတယ္။မိုးတြင္းမွာ မိုးႀကိဳးစက္ကြင္းဝင္တတ္ပါတယ္။ မိမိ TV အင္တနာ တိုင္အနီး ကိုေသာ္လည္းေကာင္း၊ဓာတ္တိုင္ကိုေသာ လည္ေကာင္း မိုးႀကိဳးပစ္ရင္TV ပ်က္စီးေစတတ္ပါတယ္။မိုးေတြ ႐ြာၿပီး မိုးႀကိဳးေတြအလြန္ ပစ္ေနခဲ့ရင္ TV မွာတပ္ထားတဲ့ အင္တာနာႀကိဳး နဲ AC မီးပလပ္ေခါင္းျဖဳတ္ထားျခင္းျဖင့္လည္းကာကြယ္ႏိုင္ပါတယ္။

    (၅) Tv ကို stand by mode အေနအထားျဖင့္ပိတ္ျခင္း

    ဖြံၿဖိဳးၿပီး ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ေတာ့ TV ကို(Stand By Mode) ရီမုခ္ နဲပိတ္တဲ့ အေနအထားသာထားၾကပါတယ္။ မီးခလုတ္ မပိတ္ၾကပါဘူး။လွ်ပ္စစ္ဓာတ္အားတည္ၿငိမ္ ၿပီးအေႏွာက္အယွက္ကင္းလို႔ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ TV ပိတ္ရင္ မီးခလုတ္က ပါပိတ္ထားမွ စိတ္ခ်ရပါတယ္။TV ပါဝါပိတ္တဲ့ ပုံစံ အေၾကာင္းကိုလဲ နဲနဲေျပာျပလိုပါတယ္။Smart TV / Android TV မဟုတ္ေသာ Lcd Led ႐ိုး႐ိုးtvမ်ားကို ရီမုခ္ ႏွင့္အရင္ မပိတ္ပဲ မီးခလုတ္မွတန္းပိတ္ႏိုင္ပါတယ္။ Smart TV ႏွင့္ Android TV မ်ားကို Remote control နဲ အရင္ပိတ္ပါ။ TVအလုပ္လုပ္တာ ၿပီးဆုံးမွ မီးခလုတ္ကပိတ္သင့္ပါတယ္။ Computer programming system ပါလာတာေၾကာင့္ ျဖစ္ပါတယ္။မီးခလုတ္ကပဲ တန္းပိတ္တာ မ်ားလာရင္ေတာ့ Operation foundation မ်ားပ်က္ၿပီး Firmware ျပန္တင္ရျခင္း ၊ emmc IC ပ်က္ျခင္း Main circuit board အခ်ပ္လိုက္လဲရျခင္းမ်ိဳးအထိ ျဖစ္တတ္ပါတယ္။ Remote ႏွင့္အရင္ပိတ္ၿပီးမွ မီးခလုတ္မွ ပိတ္ျခင္းသည္သာလွ်င္ အစီအစဥ္က်ေသာ အလုပ္တခုျဖစ္ပါတယ္။

    (၆) Memory stick /External Hard Diskျဖင့္သုံးျခင္း

    ယခု ေနာက္ပိုင္း ဝင္ေရာက္လာေသာ TV မ်ားကို Memory stick /External Hard disk ျဖင့္အသုံးျပဳႏိုင္ပါတယ္။အသုံးျပဳ မည္ဆိုပါက memory stick /external hark disk အတြင္းမွာ tvႏွင့္ မသက္ဆိုင္ေသာ computer Soft ware မ်ား firmware မ်ား Virus မ်ား မရွိေအာင္ဂ႐ုစိုက္ရပါမယ္။ TV မွ ဖြင့္ ဖတ္ႏိုင္ေသာ Movie /Music/photo မ်ားကိုFormat ႏွင့္ Resolution ကိုက္ညီေအာင္ထဲသြင္းအသုံးျပဳရပါမယ္။မကိုက္ညီေသာ file မ်ားႏွင့္ virus ပါေသာ file မ်ားထည့္သြင္း အသုံးျပဳမိပါက စက္ Hum ျခင္းOperation စနစ္မ်ားပ်က္ကာ Cpu IC ေလာင္ကြၽမ္းMain circuit board ပ်က္ျခင္းအထိ ျဖစ္ေစႏိုင္ပါတယ္။

    မိတ္ေဆြတို႔ သိလိုသည္ မ်ားကိုလို PH 095182441 (GOOD ELECTRONIC)သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

    Credit-GOOD ELECTRONIC

  • ဒယ်အိုးနီ ဒယ်အိုးပြာသုံးသူများအတွက် သိထားရမည့် 7ချက်

    ဒယ်အိုးနီ ဒယ်အိုးပြာတွေဝယ်ထားပြီး ကြာကြာအသုံးမခံပဲ ပျက်နေတတ်တဲ့သူတွေ လိုက်နာသင့်တဲ့ အချက် 7 ချက်

    မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်းတို့ကို တော်တော်များများ အသုံးပြုကြမှာပါ။ အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတည့်စေမယ့် အချက်လေးတွေ ကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်။

    (၁) ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုးအလျော့ လုပ်လို့ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံးဝ မသုံးသင့်ပါဘူး။

    (၂) အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတော့ရင်း အဲလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမ်း အိုးကိုပူစေချင်တယ်ဆိုရင် အတိုးအလျော့ ဘုလေးကိုအဆုံးထိတင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူး။ ဒီနေရာမှာ အကြံပေးချင်တာက ဘုကို အဆုံးထိထားပြီး ဟင်းချက်ပြီးရင် ခလုတ်ပိတ် ပလပ်ဖြုတ်ပါ။ ဒါဆို ဘုကို အတိုးအလျော့မကစားပဲ အဆုံးမှာပဲ ထားခိုင်းတဲ့သဘောဖြစ်ပါတယ်။ ကောင်းကျိုးက ဘု ပျက်ခြင်း ကျိုးခြင်းမှ ကင်းဝေးနိုင်ပါပြီ။ မီးဆွဲအားရှိနိုင်ပေမယ့် ကိုယ်က ခိုင်ခံ့သော အထိုင်နဲ့ သုံးတယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိပါဘူးနော်။

    (၃) ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။ ရိုးရိုးအိုးဖြူဖြစ်ဖြစ် non-stick မကပ်တဲ့ အိုးမည်းဖြစ်ဖြစ် ဂျိုးကပ်တယ်လို့ ခဏ ခဏ အမြဲကြားရပါတယ်။ တကယ်တော့ အဓိက ဒီအချက်ကြောင့်ပါပဲ။ ထမင်းပေါင်းအိုးတွေရဲ့ ထုံးစံမှာ တစ်ခါ သိုးဖူးသွားရင် ဘယ်လောက်ဆေးဆေး နောက်ပိုင်း အသိုးလွယ်တာမျိုးကို ကြားဖူး တွေ့ဖူးကြမှာပါ။ ဒါလည်း ဒီသဘောပါပဲ …အိုးဖြူဆို ကြော်လှော်တဲ့အခါ ကိုယ်က တစ်ခြားအလုပ်လုပ်နေလို့ ပစ်ထားမိပြီး ကပ်သွားပြီ ဆိုရင်နောက်ပိုင်းလည်း ဘယ်လောက်ဆေးဆေး ကပ်ဖို့ အားသာနေပါပြီ ။ (ချွင်းချက်အနေနဲ့ တစ်ခါတစ်လေ အိုးက မီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်)

    (၄) နောက်တစ်ချက်က Non-Stick အိုးပါ။ မကပ်တဲ့အိုးဆိုပြီး ဘာလို့ကပ်လဲ။ ဒါကကျတော့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အချိန်မှာ တော်တော်များများက ထုံးစံအတိုင်း စတီးဇွန်း သံဇွန်းနဲ့ သုံးကြတာများပါတယ်။အဲဒီတော့ မွှေရင်း ခြစ်မိတဲ့ အခါကျတော့ Non-Stick ကနေ မNon-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။တကယ်တော့ Non-Stick က သစ်သား ယောက်မ(သို့မဟုတ်) သူနဲ့တွဲသုံးရတဲ့ ဇွန်းတွေ ယောက်မတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့ဆို ရေရှည် အဆင်ပြေစွာသုံးနိုင်ပါတယ်။

    (၅) နောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေ ထမင်းတွေကို ဘယ်လို လွယ်ကူအောင်ခွာမလဲ ဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။ လွယ်ပါတယ်။ ကပ်နေတဲ့အိုးထဲကို ရေအနည်းငယ်ချိန်ထည့်ပြီး ပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိထားလိုက်ရုံပါပဲ .. ဒါဆို ကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ရပါလိမ့်မယ်။

    (၆) ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်း ဘယ်လို ရေရှည်ခံအောင်လုပ်ရမလဲ ဆိုတာလေးပြောပေးပါ့မယ်။ ဆေးတာကတော့ အဓိက အိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။ အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင် အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်။ အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေ ကပ်နေတဲ့ ရေစက်လေးတွေ အငွေ့ပြန်သွားတဲ့ အထိ အပူပေးထားပါ။ ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။ ဒါဆို နောက်တစ်ခါချက်ဖို့အတွက် အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာကို လည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။

    (၇) ဒယ်နီကို ချက်တဲ့အချိန် သုံးတဲ့ဇွန်းက လက်ကိုင်ကိုင်း ကော်(သို့မဟုတ်)သစ်သား ဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။ တစ်ချို့ ဒယ်နီတွေက ဆေးကြောနည်းအလွဲ(သို့မဟုတ်) သုံးတာကြာရင် earth (အက်) ဝင်တတ်ပြီး ဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့် အမှတ်တမဲ့လန့်နိုင်တာမို့ကျွန်တော်မိတ်ဆွေကောင်းတွေမဖြစ်ရလေအောင် အထူး အကြံပေးလိုက်ရပါတယ်။

    Credit-Original Uploader

    (Zawgyi)

    ဒယ္အိုးနီ ဒယ္အိုးျပာေတြဝယ္ထားၿပီး ၾကာၾကာအသုံးမခံပဲ ပ်က္ေနတတ္တဲ့သူေတြ လိုက္နာသင့္တဲ့ အခ်က္ 7 ခ်က္

    မိတ္ေဆြေကာင္းတို႔ အိမ္အမ်ားစုမွာ ဒယ္နီ ဒယ္ျပာ ဒယ္ခရမ္းတို႔ကို ေတာ္ေတာ္မ်ားမ်ား အသုံးျပဳၾကမွာပါ။ အလုံးေပါင္းမနည္း ပ်က္လိုက္ ဝယ္လိုက္နဲ႔ ကြၽမ္းက်င္စြာ သုံးေနၾကတဲ့သူေတြရွိသလို ဝယ္ၿပီးတာနဲ႔ စနစ္တက် တန္းသုံးတတ္တဲ့ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ မိတ္ေဆြေကာင္းေတြအတြက္ အသုံးတည့္ေစမယ့္ အခ်က္ေလးေတြ ကြၽန္ေတာ္ထပ္ထည့္ေပးလိုက္ပါတယ္။

    (၁) ဒယ္နီအမ်ားစု အားလုံးနီးပါးမွာ မီးဆြဲအား 2000W ရွိၿပီး မီးအတိုးအေလ်ာ့ လုပ္လို႔ရတာေၾကာင့္ Extension Cord (ႀကိဳးေခြအဝိုင္းမ်ား)ႏွင့္ လုံးဝ မသုံးသင့္ပါဘူး။

    (၂) အခုေနာက္ပိုင္း ထြက္သမွ် ဒယ္နီေတြမွာ Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ပါလို႔ အတိုးအေလ်ာ့ ဘုေလးကို အဆုံးထိမထားပဲ လိုသလို ခ်ိန္သုံးရင္ ခ်က္ေနရင္း ဆီပူမယ္ ႀကံရင္း အိုးက မပူေတာ့ရင္း အဲလိုျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္က ဟင္းခ်က္ေနရင္း အၿမဲတမ္း အိုးကိုပူေစခ်င္တယ္ဆိုရင္ အတိုးအေလ်ာ့ ဘုေလးကိုအဆုံးထိတင္ထားရင္ အဆင္ေျပၿပီး Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ကလည္း အလုပ္မလုပ္ေတာ့ပါဘူး။ ဒီေနရာမွာ အႀကံေပးခ်င္တာက ဘုကို အဆုံးထိထားၿပီး ဟင္းခ်က္ၿပီးရင္ ခလုတ္ပိတ္ ပလပ္ျဖဳတ္ပါ။ ဒါဆို ဘုကို အတိုးအေလ်ာ့မကစားပဲ အဆုံးမွာပဲ ထားခိုင္းတဲ့သေဘာျဖစ္ပါတယ္။ ေကာင္းက်ိဳးက ဘု ပ်က္ျခင္း က်ိဳးျခင္းမွ ကင္းေဝးႏိုင္ပါၿပီ။ မီးဆြဲအားရွိႏိုင္ေပမယ့္ ကိုယ္က ခိုင္ခံ့ေသာ အထိုင္နဲ႔ သုံးတယ္ဆိုရင္ ဘာမွ စိတ္ပူစရာ မရွိပါဘူးေနာ္။

    (၃) ဂ်ိဳးကပ္တဲ့ အေၾကာင္းေလး ေျပာေပးခ်င္ပါတယ္။ ႐ိုး႐ိုးအိုးျဖဴျဖစ္ျဖစ္ non-stick မကပ္တဲ့ အိုးမည္းျဖစ္ျဖစ္ ဂ်ိဳးကပ္တယ္လို႔ ခဏ ခဏ အၿမဲၾကားရပါတယ္။ တကယ္ေတာ့ အဓိက ဒီအခ်က္ေၾကာင့္ပါပဲ။ ထမင္းေပါင္းအိုးေတြရဲ႕ ထုံးစံမွာ တစ္ခါ သိုးဖူးသြားရင္ ဘယ္ေလာက္ေဆးေဆး ေနာက္ပိုင္း အသိုးလြယ္တာမ်ိဳးကို ၾကားဖူး ေတြ႕ဖူးၾကမွာပါ။ ဒါလည္း ဒီသေဘာပါပဲ …အိုးျဖဴဆို ေၾကာ္ေလွာ္တဲ့အခါ ကိုယ္က တစ္ျခားအလုပ္လုပ္ေနလို႔ ပစ္ထားမိၿပီး ကပ္သြားၿပီ ဆိုရင္ေနာက္ပိုင္းလည္း ဘယ္ေလာက္ေဆးေဆး ကပ္ဖို႔ အားသာေနပါၿပီ ။ (ခြၽင္းခ်က္အေနနဲ႔ တစ္ခါတစ္ေလ အိုးက မီးမညီတာမ်ိဳးေၾကာင့္လည္း ျဖစ္တတ္ပါတယ္)

    (၄) ေနာက္တစ္ခ်က္က Non-Stick အိုးပါ။ မကပ္တဲ့အိုးဆိုၿပီး ဘာလို႔ကပ္လဲ။ ဒါကက်ေတာ့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားက ထုံးစံအတိုင္း စတီးဇြန္း သံဇြန္းနဲ႔ သုံးၾကတာမ်ားပါတယ္။အဲဒီေတာ့ ေမႊရင္း ျခစ္မိတဲ့ အခါက်ေတာ့ Non-Stick ကေန မNon-Stick ျဖစ္လာတဲ့သေဘာျဖစ္ၿပီး အားရပါးရကပ္ေတာ့တာပါပဲ။တကယ္ေတာ့ Non-Stick က သစ္သား ေယာက္မ(သို႔မဟုတ္) သူနဲ႔တြဲသုံးရတဲ့ ဇြန္းေတြ ေယာက္မေတြ ရွိပါတယ္။ အဲဒါေလးေတြနဲ႔ဆို ေရရွည္ အဆင္ေျပစြာသုံးႏိုင္ပါတယ္။

    (၅) ေနာက္ အိုးကပ္တာေျပာရင္း တစ္ဆက္တည္း အိုးမွာကပ္ေနတဲ့ ဟင္းေတြ ထမင္းေတြကို ဘယ္လို လြယ္ကူေအာင္ခြာမလဲ ဆိုတဲ့နည္းေလးပါ ေျပာေပးပါ့မယ္။ လြယ္ပါတယ္။ ကပ္ေနတဲ့အိုးထဲကို ေရအနည္းငယ္ခ်ိန္ထည့္ၿပီး ပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး ေရဆူတဲ့အထိထားလိုက္႐ုံပါပဲ .. ဒါဆို ကပ္ေနတာေတြအကုန္ သူ႔အလိုလို ကြာလာတာေတြ႕ရပါလိမ့္မယ္။

    (၆) ဒါဆိုတစ္ဆက္တည္း ေဆးေၾကာပုံနဲ႔ ေဆးေၾကာၿပီးေနာက္ပိုင္း ဘယ္လို ေရရွည္ခံေအာင္လုပ္ရမလဲ ဆိုတာေလးေျပာေပးပါ့မယ္။ ေဆးတာကေတာ့ အဓိက အိုးတစ္ခုလုံးကို မေဆးမိဖို႔ပါပဲ။ အိုးအထဲပိုင္းထဲေရထည့္ ဆပ္ျပာနဲ႔ေဆးၿပီးရင္ အိုးအျပင္ကို ေရစိုေဖာ့ဖတ္ေလးနဲ႔ တိုက္ေပးရင္အထူးအဆင္ေျပပါတယ္ေနာ္။ အိုးကို စိတ္ႀကိဳက္ေဆးေၾကာၿပီးၿပီဆိုတာနဲ႔ မီးပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး အိုးမွာရွိေန ကပ္ေနတဲ့ ေရစက္ေလးေတြ အေငြ႕ျပန္သြားတဲ့ အထိ အပူေပးထားပါ။ ေျခာက္ေသြ႕သြားၿပီဆို ျပန္ပိတ္ထားလိုက္ပါ။ ဒါဆို ေနာက္တစ္ခါခ်က္ဖို႔အတြက္ အဆင္သင့္ျဖစ္သလို ဓာတ္လိုက္မွာကို လည္းေတြးေၾကာက္ေနစရာ မလိုေတာ့ဘူးေပါ့။

    (၇) ဒယ္နီကို ခ်က္တဲ့အခ်ိန္ သုံးတဲ့ဇြန္းက လက္ကိုင္ကိုင္း ေကာ္(သို႔မဟုတ္)သစ္သား ျဖစ္ဖို႔ကို အႀကံေပးခ်င္ပါတယ္။ တစ္ခ်ိဳ႕ ဒယ္နီေတြက ေဆးေၾကာနည္းအလြဲ(သို႔မဟုတ္) သုံးတာၾကာရင္ earth (အက္) ဝင္တတ္ၿပီး ဓာတ္လိုက္တတ္လို႔ အႏၲရာယ္မမ်ားေပမယ့္ အမွတ္တမဲ့လန႔္ႏိုင္တာမို႔ကြၽန္ေတာ္မိတ္ေဆြေကာင္းေတြမျဖစ္ရေလေအာင္ အထူး အႀကံေပးလိုက္ရပါတယ္။

    Credit-Original Uploader

  • အကုသိုလ်ကင်းကင်းနဲ့ အိမ်ထဲကို ကြွက်တွေ မလာအောင်လုပ်တဲ့ နည်းလမ်းကောင်း

    အကုသိုလ် ကင်းကင်းနဲ့ အိမ်ထဲကို ကြွက်တွေ မလာအောင် လုပ်တဲ့ နည်းလမ်းကောင်း

    အစားအစာ ရှိတဲ့ နေရာမှာ ကြွက်တွေ ပျော်ကြပါတယ်။ အထူးသဖြင့် ၎င်းတို့အတွက် အစားအစာ လွယ်ကူတဲ့ နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ်။ ကြွက်က လူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ အားလုံးက သိပြီးသားပါ။ အ ကုသိုလ် ကင်းကင်းနဲ့ အိမ်မှာ ကြွက်မနေနိုင်အောင်လုပ်ဖို့ အလွယ်ဆုံး နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ဂွမ်းစတွေကို အလုံးကလေးတွေလုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကျင်လည်ရာ နေရာတစ်လျှောက်မှာ ချထားလိုက်ပါ။ ကြွက်တွေ က ငရုတ်ဆီကို ကြောက်ကြပါတယ်။ကြွက်တွေမခံနိုင်တဲ့ အနံ့ထဲမှာတော့ လေးညှင်းနံ့လည်း ပါဝင်ပါတယ်။ လေးညှင်းနံ့ ရှိတဲ့ နေရာဆို ရင် ကြွက်တွေက နောက်တစ်ကြိမ် ထပ်မလာတော့ဘူးလို့ တောင် သိရှိရပါတယ်။

    လေးညှင်းပွင့် လေးညှင်းဆီကတော့ အိမ်အတွက် အကောင်း ဆုံး ဖြစ်ပါတယ်။ ပရုတ်လုံးထည့်တဲ့ သေတ္တာလေးတွေကို ကြွက်နေတတ်တဲ့ နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ။ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။ ဆပ်ပြာမှုန့်ကို ရေနဲ့ နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ ငရုတ်ဆီ အနည်းငယ်ထည့်ပြီး စပရေးဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖျန်းပေးပါ။ သုံးလေးရက် တစ်ခါလောက်မှ သည်နည်းကို သုံးလို့ရပါတယ်။ ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    (Zawgyi)

    အကုသိုလ္ ကင္းကင္းနဲ႔ အိမ္ထဲကို ႂကြက္ေတြ မလာေအာင္ လုပ္တဲ့ နည္းလမ္းေကာင္း

    အစားအစာ ရွိတဲ့ ေနရာမွာ ႂကြက္ေတြ ေပ်ာ္ၾကပါတယ္။ အထူးသျဖင့္ ၎တို႔အတြက္ အစားအစာ လြယ္ကူတဲ့ ေနရာမ်ိဳးဆို မိသားစုလိုက္ အုပ္လိုက္က်င္းလိုက္ ေနတတ္ပါတယ္။ ႂကြက္က လူေတြအတြက္ က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္လို႔ အားလုံးက သိၿပီးသားပါ။ အ ကုသိုလ္ ကင္းကင္းနဲ႔ အိမ္မွာ ႂကြက္မေနႏိုင္ေအာင္လုပ္ဖို႔ အလြယ္ဆုံး နည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

    ဂြမ္းစေတြကို အလုံးကေလးေတြလုံးၿပီး င႐ုတ္ဆီနဲ႔ ဆြတ္ကာ ႂကြက္ေတြ က်င္လည္ရာ ေနရာတစ္ေလွ်ာက္မွာ ခ်ထားလိုက္ပါ။ ႂကြက္ေတြ က င႐ုတ္ဆီကို ေၾကာက္ၾကပါတယ္။ႂကြက္ေတြမခံႏိုင္တဲ့ အနံ႔ထဲမွာေတာ့ ေလးညႇင္းနံ႔လည္း ပါဝင္ပါတယ္။ ေလးညႇင္းနံ႔ ရွိတဲ့ ေနရာဆို ရင္ ႂကြက္ေတြက ေနာက္တစ္ႀကိမ္ ထပ္မလာေတာ့ဘူးလို႔ ေတာင္ သိရွိရပါတယ္ ။

    ေလးညႇင္းပြင့္ ေလးညႇင္းဆီကေတာ့ အိမ္အတြက္ အေကာင္း ဆုံး ျဖစ္ပါတယ္။ ပ႐ုတ္လုံးထည့္တဲ့ ေသတၱာေလးေတြကို ႂကြက္ေနတတ္တဲ့ ေနရာနဲ႔ ႂကြက္ေရာက္တတ္တဲ့ ေနရာေတြမွာ ခ်ထားလိုက္ပါ။ ႂကြက္ေတြ အိမ္ဘက္ကိုေတာင္ ေျခဦးမလွည့္ေစေတာ့တဲ့အထိ ပ႐ုတ္လုံးက စြမ္းပါတယ္။ ဆပ္ျပာမႈန႔္ကို ေရနဲ႔ ႏွစ္ဆတစ္ဆ ေရာစပ္ၿပီး ေဖ်ာ္လိုက္ပါ။ င႐ုတ္ဆီ အနည္းငယ္ထည့္ၿပီး စပေရးဘူးထဲကို ထည့္ၿပီး ႂကြက္ေရာက္ႏိုင္တဲ့ ေနရာေတြမွာ ဖ်န္းေပးပါ။ သုံးေလးရက္ တစ္ခါေလာက္မွ သည္နည္းကို သုံးလို႔ရပါတယ္။ ဆပ္ျပာမႈန႔္က င႐ုတ္ဆီရဲ႕ အရည္အေသြးကို သုံးေလးရက္ေလာက္ ထိန္းေပးထားႏိုင္လို႔ စရိတ္သက္သာတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။

  • သွားစရာလာစရာရှိလို့ အမြန်ဝိတ်ကျချင်သူများအတွက် သုံးရက်နဲ့ ဝိတ်ချနည်း

    သွားစရာလာစရာရှိလို့ အမြန်ဝိတ်ကျချင်သူများအတွက် သုံးရက်နဲ့ ဝိတ်ချနည်း

    ဒီနည်းနဲ့ ဝိတ်ချရင် သုံးရက်အတွင်း သုံးပေါင်ထက်မက ကျနိုင်တယ်။ စားသောက်ရမယ့်ရက်ကလည်း သုံးရက်တည်းသာ ဖြစ်တယ်။ ကစီဓာတ်ကို လုံးဝလျှော့ချပြီး အသီးနဲ့ အသားကို အစားထိုးစားသောက်စေတာ ဖြစ်တယ်။ လေ့ကျင့်ခန်းမပါလို့ လိုက်လုပ်သူတွေ သဘောကျကြမယ်။ အာဟာရဓာတ်ကို ကယ်လိုရီ ၁၀၀၀ လောက်သာ ဝင်စေတယ်။ green tea လက်ဖက်စိမ်းရည် အမြဲသောက်ဖို့ လိုတယ်။ ရေကြိုက်သလောက် သောက်နိုင်တယ်။ ကျန်တာကတော့ ကြက်ဥကို အဓိက စားသောက်ရတာဖြစ်တယ်။

    ပထမရက်တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ခရမ်းချဉ်သီးနှစ်လုံး၊ Green tea တခွက်သောက်ပါ။ နေ့လည်စာ အတွက် ကြက်ဥအကာ နှစ်လုံး၊ ငါး လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညနေ အစာပြေ ပန်းသီးနဲ့ ညစာ အတွက်ကိုတော့ ခါကြက်ဥ၊ ပန်းမုန်လာ၊ မုန်လာထုပ်၊ ပဲသီးတောင့် အကြော်၊ Green tea တခွက်သောက်ပါ။

    ဒုတိယရက်တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ငှက်ပျောသီးနှစ်လုံး၊ Green tea တခွက် သောက်ပါ။ နေ့လည်စာအတွက် ကြက်ဥအကာ နှစ်လုံး၊ကြက်သား လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညနေ အစာပြေကတော့ ဒုတိယရက်နဲ့ တတိယရက်တွေပါ လုံးဝမစားရတော့ပါ။ ညစာ အတွက် ကိတ်(၁)ချပ်၊ အဆီထုတ်ထားတဲ့ နွားနို့တခွက်သောက်ပါ။

    တတိယရက်တွင် မနက်စာ အတွက် ကြက်ဥပြုတ် နှစ်လုံး၊ ခရမ်းချဉ်သီးဖျော်ရည်သောက်ပါ။ နေ့လည်စာအတွက် ကြက်ဥအကာ နှစ်လုံး၊ကြက်သား လက်တဖဝါးစာ၊ Green tea တခွက်သောက်ပါ။ ညစာ – ဆလတ်ရွတ်ပြုတ်နဲ့ အာလူး၊ Green tea တခွက် သောက်ပါ။

    ကြက်ဥပြုတ်တလုံးမှာ ကယ်လိုရီ (၁၅၀)လောက်ပါတယ်။ အသားကနေ ကယ်လိုရီ (၁၂၀-၁၆၀)ကြား ဝငိနေတယ်။ ပန်းသီးတလုံးမှာ ကယ်လိုရီ ၁၀၀ လောက်ပါတယ်။ စုစုပေါင်း ကယ်လိုရီ (၁၀၀၀)လောက်သာ နေ့စဉ်ဝင်နေတယ်။ ဒါ့ကြောင့် သုံးရက်ပြီးရင် ဆက်မလုပ်ပါနဲ့။ ရက်အနည်းငယ်ခြားပါ။ အသက်ကြီးရင့်သူတွေလုပ်တဲ့အခါ သတိထားသင့်တယ်။ လူငယ်လူရွယ်တွေ လိုက်လုပ်နိုင်တယ်။ သေချာလုပ်နိုင်ရင် သုံးရက်အတွင်း ၃-၆ပေါင်ထိ ဝိတ်ကျစေနိုင်တယ်။ အမြန်ဝိတ်ချနည်းဖြစ်လို့ ဝိတ်ကျဖို့အတွက် အချိန်လည်းပေးနိုင် အလျင်လည်း မလိုဘူးဆိုရင်တော့ ကိုယ်နဲ့ကိုက်ညီမယ့် ဝိတ်ချနည်းကို အသုံးပြုနိုင်ပါတယ်။

    Credit-ဒေါက်တာ အေးမင်းထူး

    (Zawgyi)

    သြားစရာလာစရာရွိလို႔ အျမန္ဝိတ္က်ခ်င္သူမ်ားအတြက္ သုံးရက္နဲ႔ ဝိတ္ခ်နည္း

    ဒီနည္းနဲ႔ ဝိတ္ခ်ရင္ သုံးရက္အတြင္း သုံးေပါင္ထက္မက က်ႏိုင္တယ္။ စားေသာက္ရမယ့္ရက္ကလည္း သုံးရက္တည္းသာ ျဖစ္တယ္။ ကစီဓာတ္ကို လုံးဝေလွ်ာ့ခ်ၿပီး အသီးနဲ႔ အသားကို အစားထိုးစားေသာက္ေစတာ ျဖစ္တယ္။ ေလ့က်င့္ခန္းမပါလို႔ လိုက္လုပ္သူေတြ သေဘာက်ၾကမယ္။ အာဟာရဓာတ္ကို ကယ္လိုရီ ၁၀၀၀ ေလာက္သာ ဝင္ေစတယ္။ green tea လက္ဖက္စိမ္းရည္ အၿမဲေသာက္ဖို႔ လိုတယ္။ ေရႀကိဳက္သေလာက္ ေသာက္ႏိုင္တယ္။ က်န္တာကေတာ့ ၾကက္ဥကို အဓိက စားေသာက္ရတာျဖစ္တယ္။

    ပထမရက္တြင္ မနက္စာ အတြက္ ၾကက္ဥျပဳတ္ ႏွစ္လုံး၊ ခရမ္းခ်ဥ္သီးႏွစ္လုံး၊ Green tea တခြက္ေသာက္ပါ။ ေန႔လည္စာ အတြက္ ၾကက္ဥအကာ ႏွစ္လုံး၊ ငါး လက္တဖဝါးစာ၊ Green tea တခြက္ေသာက္ပါ။ ညေန အစာေျပ ပန္းသီးနဲ႔ ညစာ အတြက္ကိုေတာ့ ခါၾကက္ဥ၊ ပန္းမုန္လာ၊ မုန္လာထုပ္၊ ပဲသီးေတာင့္ အေၾကာ္၊ Green tea တခြက္ေသာက္ပါ။

    ဒုတိယရက္တြင္ မနက္စာ အတြက္ ၾကက္ဥျပဳတ္ ႏွစ္လုံး၊ ငွက္ေပ်ာသီးႏွစ္လုံး၊ Green tea တခြက္ ေသာက္ပါ။ ေန႔လည္စာအတြက္ ၾကက္ဥအကာ ႏွစ္လုံး၊ၾကက္သား လက္တဖဝါးစာ၊ Green tea တခြက္ေသာက္ပါ။ ညေန အစာေျပကေတာ့ ဒုတိယရက္နဲ႔ တတိယရက္ေတြပါ လုံးဝမစားရေတာ့ပါ။ ညစာ အတြက္ ကိတ္(၁)ခ်ပ္၊ အဆီထုတ္ထားတဲ့ ႏြားႏို႔တခြက္ေသာက္ပါ။

    တတိယရက္တြင္ မနက္စာ အတြက္ ၾကက္ဥျပဳတ္ ႏွစ္လုံး၊ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ေသာက္ပါ။ ေန႔လည္စာအတြက္ ၾကက္ဥအကာ ႏွစ္လုံး၊ၾကက္သား လက္တဖဝါးစာ၊ Green tea တခြက္ေသာက္ပါ။ ညစာ – ဆလတ္႐ြတ္ျပဳတ္နဲ႔ အာလူး၊ Green tea တခြက္ ေသာက္ပါ။

    ၾကက္ဥျပဳတ္တလုံးမွာ ကယ္လိုရီ (၁၅၀)ေလာက္ပါတယ္။ အသားကေန ကယ္လိုရီ (၁၂၀-၁၆၀)ၾကား ဝငိေနတယ္။ ပန္းသီးတလုံးမွာ ကယ္လိုရီ ၁၀၀ ေလာက္ပါတယ္။ စုစုေပါင္း ကယ္လိုရီ (၁၀၀၀)ေလာက္သာ ေန႔စဥ္ဝင္ေနတယ္။ ဒါ့ေၾကာင့္ သုံးရက္ၿပီးရင္ ဆက္မလုပ္ပါနဲ႔။ ရက္အနည္းငယ္ျခားပါ။ အသက္ႀကီးရင့္သူေတြလုပ္တဲ့အခါ သတိထားသင့္တယ္။ လူငယ္လူ႐ြယ္ေတြ လိုက္လုပ္ႏိုင္တယ္။ ေသခ်ာလုပ္ႏိုင္ရင္ သုံးရက္အတြင္း ၃-၆ေပါင္ထိ ဝိတ္က်ေစႏိုင္တယ္။ အျမန္ဝိတ္ခ်နည္းျဖစ္လို႔ ဝိတ္က်ဖို႔အတြက္ အခ်ိန္လည္းေပးႏိုင္ အလ်င္လည္း မလိုဘူးဆိုရင္ေတာ့ ကိုယ္နဲ႔ကိုက္ညီမယ့္ ဝိတ္ခ်နည္းကို အသုံးျပဳႏိုင္ပါတယ္။

    Credit-ေဒါက္တာ ေအးမင္းထူး

  • သမိုင်းမှာနာမည်ဆိုးနှင့် ကျော်ကြားသူ နန်းမတော်မယ်နု ရာဇဝင်

    သမိုင်းမှာနာမည်ဆိုးနှင့် ကျော်ကြားသူ နန်းမတော်မယ်နု ရာဇဝင်

    နန်းမတော် မယ်နု ဟုဆိုလိုက်သည်နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (၃) ဆက်

    (ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူ မယ်နု ၊သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်း အာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကို သတ် ကာ သီပေါမင်း ကို သူ့ သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော် စုဖုရား လတ် သီပေါမင်းကိုကျော် ၍ အမိန့် မနာခံသော) ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ်ပါသည်။ ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု၊ အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမ ကို အထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

    နန်းမတော်မယ်နု သည် ဖလံခုံရွာ ဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။ မယ်နုသည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ် သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမ ဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။မယ်နုငယ်စဉ် က အိမ်မှာလူကြီး မိဘ များနှင့် တရွာမှ တရွာသို့သွားလာရာ လမ်းဇရပ် တစ်ခု၌ အိပ်ကြသည်။

    မယ်နု က ထမင်းချက်တာဝန် ယူ၍ ချက်ပြုတ်ရာ မနက် မိုးလင်းသော အခါ မယ်နု ထမင်းချက် ခဲ့သောနေရာ၌ မှိုပွင့်ကြီး တစ်ပွင့်ပေါက်လာရာ လူကြီးများက အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြသည်။ မယ်နု အသက် ၁၂နှစ် သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန် တွင် သူမ၏ အနီရောင်ရေလဲ လုံချည်ကို စွန်ရဲ တစ်ကောင်မှ ချီယူ သွားပြီး အမရပူရ နန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး ၌ချထားခဲ့သည်။ ဘိုးတော်ဘုရား က လုံချည် ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာ မယ်နု ကို တောင်နန်း အပျိုတော် အဖြစ် ခန့်ထားလိုက် ရာမှ အရှုပ်တော်ပုံ ဖန်တီးမည့် အဓိကဇာတ်ကောင် ကို ခေါ်မိသည့် အမှားကြီးတစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။

    ကုန်းဘောင် မင်းဆက်တွင် နန်းသက် အရှည်ဆုံး ဘိုးတော်ဘုရား သည် (37) နှစ်ကြာ နန်းစံပြီး ဘကြီးတော ်စစ်ကိုင်းမင်း ကို အိမ်ရှေ့အရာ အပ်နှင်းပြီး ညီတော် သာယာဝတီ မင်းသား ကို ဒုတိယနှင့် ဘကြီးတော ်၏ သားတော် စကြာမင်းသားလေး ကို တတိယ နန်းလျာထားသည်။

    ဘကြီးတော် မှာ အိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီး မှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေး ကိုမွေးပြီး ၁ ပတ် အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။ မယ်နုသည် စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကား တည်ကြည်သည်။ အပြောချို ၍ ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည ်အထိ မဟာဆန်သည်။ ယောကျာ်းတကာ တို့ နှစ်သက်ခံရပြီး ထိုအထဲတွင်အိမ်ရှေ့ မင်း ဘကြီးတော် လည်းပါဝင်သည်။

    အမရပူရ နန်းတွင်း၌ အိမ်ရှေ့မင်းအား မယ်နုထက် မဟာဆီ မဟာသွေး အချင်းချင်း အိမ်ထောင် ပြုစေ လိုဤ “လူမှာ အမျိုး ကြက်မှာ အရိုး” ဟု ဘကြီးတော်ကို သတိပေးသည်။ မယ်နု ကလည်း “လူမှာ အချစ် ကြက်မှာ အမြစ်” ဟုချေပကာ ဘကြီးတော်ကို ရအောင် သိမ်းသွင်းခဲ့သည်။ ဘိုးတော်ဘုရား လွန်သော် ဘကြီးတော်သည် 1819 ဇွန်လ (5) ရက်တွင် နန်းတက်ကာ (1823) မြို့တော် ကို အမရပူရ မှ အင်းဝသို့ရွှေ့သည်။ဘကြီးတော်သည် ခပ်အေးအေးနေတတ်သလို မယ်နုကို အလွန ်ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။ မယ်နုသည်ပင်ကိုယ် ထက်မြက်သူပီပီ နန်းတွင်း တစ်ခုလုံး အရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ ချယ်လှယ်တော့သည်။နန်းတွင်းမ ှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာ ကြောက်ရသည် မည်သူကမှ မယ်န ုကို မကြည်ဖြူကြချေ။

    ယခင် ဘုရင်နှင့် မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နု သည် ထို အစဉ်အလာ ကို ဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819 တွင် မယ်န ုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အို ကို စလင်းမြို့ကို စားစေပြီး နန်းတော်တွင်း သူမ ၏ အာဏာစက် ကို ခိုင်မာအောင် တည်ထောင်သည်။ ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာ ဘွဲ့ ချီးမြင့် လိုက်သလို ဘကြီးတော် ကလည်း သူ့ယောက်ဖ အားမြှောက်စားသည့် အနေဖြင့် ထိပ်တန်း မင်းညီ မင်းသား စာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့် ပေး သည့်အပြင် ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့်မောင်အို သည် နားထင် သွေးရောက်သွားလေသည်။

    ရှေးခေတ်က မင်းသားများ ၏ အဆင့်အတန်း ကို ထီးဆောင်း အရေအတွက် အနည်း အများဖြင့် ခွဲခြားလေ့ ရှိသည်။ ညီတော် သာယာဝတီမ င်းပင် ထီးဆယ်ချက ်သာ မိုးခွင့် ရှိ၍ယောက်ဖတော် မောင်အို သည် ညီတော်အိမ်ရှေ့မင်းထက် မဆို သလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်း ညချင်း မောင်အို တန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက် ကို အပြုတ်ဖြုတ်ပြီး သူကိုယ်တိုင် ဘုရင် လုပ်ရန် ကြံလေတော့သည်။ ထို့ကြောင့် နန်းတွင်း အားပြိုင်မှု (3) စု ကွဲပေါ်ပေါက်လာသည်။(1) နိုင်ငံရေး အာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုက တစ်ဖွဲ့(2) သူတို့၏ မဟာပြိုင်ဘက် များတွင်ဘကြီးတော် မင်းပြီးနောက် နန်းညွန့် နန်းလျာ ဆက်ခ ံဖို့ အခွင့် အရေး ရှိသူ သာယာဝတီမင်း သည် ထိပ်ဆုံးဖြစ်သည်။ သူ ကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက် လိုက် အင်အားကောင်း များစွာ ပိုင်ဆိုင်ထားသည်။

    (3) စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေး သည် မွေးဖွားစဉ် က စကြဝတေးမင်း တို့ ဘုန်းကြီးသည့် လက္ခဏာ ရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်ခြင်း ၊လက်ဝါးများတွင ်ခရုပတ်နှင့် မှဲ့ရှင် များ ထူးခြား ထင်ရှားစွာတွေ့ရခြင်း၊ အချင်း စလွယ်သိုင်းခြင်း၊ ခုနစ်ရက် ရလျှင်မယ်တော် ကွယ်လွန်၍ ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည် အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ တိုင်းသူပြည်သားများ က အလွန် ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အား ကို ပိုင်ဆိုင်သော ဘကြီးတော် ၏ တစ်ဦးတည်းသော သား ဖြစ်သဖြင့် ဘကြီးတော် က နန်းလွှဲ လိုသည်မှာတွေးကြည့်ယုံဖြင့် သိနိုင်ပါ သည်။

    ထို့ကြောင့်မောင်အို သည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာ အပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမ ှနားထွင်းသည့် တိုင် နိုင်ငံရေး အာဏာကို မင်းသားလေး အား လွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အို သည် ဘကြီးတော်နှင့် မယ်နု နန်းစံသော (18) နှစ်လုံးလုံး သာယာဝတီမင်း ကို အသိအမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။

    ထိုခေတ်က မယ်နုကြောက်ရသူ တစ်ဦး ရှိသည် ထိုသူမှာ ဆရာတော ်ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နု တို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်း ထိုးကာ ညောင်ကန် ဆရာတော် ဦးပို အား လှူဒါန်းခဲ့သည်။

    တစ်နှစ်အကြာတွင် ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံ လှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်း မှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေရှိပြီး ကျောင်း တည်ဆောက် ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင် ဒဏ်ကြောင့် ပြိုကျ ခဲ့ရာ နန်းမတော် မယ်နု ၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

    ကျောင်းကြီး ကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နု က တည်ဆောက် ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။ ပညာရှင်များ ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံ ပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သား တံခါးများ ကို ‘အသံ’ များ ဖန်တီး တပ်ဆင်ပုံတို့ကြောင့် ခံ့ညား ထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။

    ဘကြီးတော်နန်းတက် ဘိသိက် မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွား ကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ် ပိုင်နယ်ထ ဲအထိ ဝင်ပြေး သဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ’ငြိ’လာ ရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီး မဟာဗန္ဓုလ သည် ရခိုင် တွင် စခန်းချကာ မြဝတီမင်းကြီး ဦးစ က ပန်းဝါ တွင် အင်္ဂလိပ်တို့ကို အနိုင် တိုက်သည်။

    မြန်မာ တပ်များ ဘင်္ဂလားနယ် အထိ ရောက်နေ သဖြင့် အင်္ဂလိပ်ဘုရင်ခံ ပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလ သာ စစ်တကောင်း ထိ တက်တိုက်၍ ဖိအားပေးခဲ့မည် ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင် သည်။ အင်္ဂလိပ် တို့သည် ထို အခြေနေက ိုရိပ်စားမိသဖြင့် ရန်ကုန် ဖက်မ ှပတ်ဝင်၍ တန်ပြန်တိုက် စစ် ဆင်သော ဗျူဟာကို သုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။

    ထိုအချိန် သာယာဝတီလို အဆင့်မြင့် မင်းသားက ရန်ကုန်သို့ ဆင်း၍ ကာကွယ်ရန ်သူစုဆောင်း ထား သည့် လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံ တိုက်ခိုက် လိုကြောင်း တင်ပြသည်။ ဘကြီးတော် ကလည်း သဘောတူ ကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက် စလင်း မင်းသား ကြီး မောင်အိုနှင့် မှူးမတ် များက သာယာဝတီ မင်းသားအား လက်နက် ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန် လိမ့် မည်ဟု ကန့်ကွက်ကာ နိုင်ငံ့ အရေးတော်ထက် အာဏာ ရရှိ လိုသော ပုဂ္ဂိုလ်ရေး ကို ဦးစားပေးခဲ့သည်မှာ စိတ်ပျက် စရာဖြစ် လေသည်။

    ဘကြီးတော်လည်း အရိပ် ကို ရန်သူထင်၍ နောက်ဆုံး တွင် မဟာဗန္ဒုလ ပြန်လာသည် အထိ စောင့်ပြီးမှ သွားရောက် တိုက်ရန် အမိန့်ချလိုက်လေသည်။ ထို့ကြောင့် ရခိုင်မ ှပြန်လာမည့် ဗန္ဒုလ ကို စောင့်ရင်း ၅လ အထိ ကြာသွား သဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ ကလည်း ရွှေတိဂုံ ကုန်းတော် တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ ၍ အသာစီး ရသွားတော့သည်။ သာယာဝတီမင်း ၏ တပ်များသည် ရန်ကုန်သို့ ချီ၍ ကျိုက်ကလို့ တွင် တပ်ချထားသည်။

    အင်္ဂလိပ် တို့က သာယာဝတီ ၏ တပ်က ိုဝိုင်းတိုက်သော်လည်း အနိုင် မရခဲ့ချေ။ သာယာဝတီ မင်းသားကြီးက အခြေအနေ ရိပ်စား မိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန် တင်ပြသော်လည်း မောင်အို၊ မယ်နု တို့မှ လက်မခံပဲ စစ်ကို သာ ထပ်တိုး တိုက်သည်။ ဗန္ဒုလ ဓနုဖြူ တွင် ကျသွားသဖြင့် အင်္ဂလိပ် တပ်တွေလည်း နေပြည်တော်နှင့် မိုင် ၄၀ သာဝေးသည့် ရန္တပိုရွာ သို့ရောက်မှ စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။

    နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ (1) ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော် မှာ မထွေးနိုင် မအံနိုင် စိတ်ဓာတ် ကျလာကာ စိတ်ကျရောဂါ ပါ ဝင်လာလေတော့သည်။ ငွေမရှိ သဖြင့် မယ်နု က သူပိုင်ပစ္စည်းများ ထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ် ကို ပေးလေသည်။ အုပ်ချုပ်ရေးပိုင်း ကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာ ကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အို တို့ဖြင့်သာ လွှဲအပ ်ထားလေတော့သည်။

    သူတို့မောင်နှမ ကို သာယာဝတီ အပြင် ပြည်သူ များက စုန်းမ ဟုစွပ်စွဲ သလို သူတို့ ကလည်း သူခိုးဓားပြ လက်ခံ ဟုသာယာဝတီကို စွပ်စွဲသည်။ မောင်အို သည် မိမိ ရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီ မင်း ကို ရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း ၏ အိမ်ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီ ဘက်မှ လူများ ခုခံရင်း ဧရာဝတီမြစ ်ကို ကူး၍ ရွှေဘိုသို့ထွက်ပြေး ရှောင်တိမ်း သည်။

    မယ်နု တို့ကိုပြည်သူများ မနှစ်သက် သဖြင့် အာဏာ သည် သာယာဝတီ ဘက်သို့ အလိုလိုရောက် သွားသည်။လူသူစုဆောင်းကာ 1837 ဖေဖော်ဝါရီ လ တွင်အင်းဝကို ဝိုင်းသည်။ ၂ လ အကြာတွင် အောင်မြင်ပြီး ဘကြီးတော် စစ်ကိုင်းမင်း ကို နန်းချ ကာ မယ်န ုကို အကျယ်ချုပ် မောင်အို တို့လူစု ကို ထောင်ထဲ ပို့လေသည်။ အရာရာသည်နေ့ချင်း ညချင်း ပြောင်းလဲသွားသည်။

    မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိ သမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည် နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့ က နန်းကျ ဘုရင်အား ဘာ အကြောင်း မှမပြန်တော့ချေ။ သာယာဝတီမင်း သဘောထား ကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း မောင်အို တို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။

    နောက်ဆုံး သာယာဝတီမင်း သည် 12 May 1840 တွင်မယ်နုအား သေဒဏ် ချမည်ကို မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုပေးသည့် အနေဖြင့် မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။ ဘုန်းရှင် ကံရှင ်မယ်နု တစ်ယောက် ကံတရား ၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။ မယ်နုလည်း နောက်ဆုံး အနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ် အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည် ။

    မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေသည်။ မယ်နုမှ ဆရာတော်အား နောက် ဆုံး ဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ် မှ ရာဇဝင် တွင်မည့်တရားကို တိုတို တုတ်တုတ် မိန့်တော်မူသည်။“မိနု၊ သူ့ကြွေး ရှိရင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုလိုက်သည်။

    မယ်နုလည်း ဦးချပြီး ပြန်ဆင်း လာရာလှေ ကား အရောက်တွင် “တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော် ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် လာတာ ဘယ်အခါမှ ငါ့နာမည် တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည် ဟူ၍လည်း မရှိ၊ သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော် မူတယ်။ ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။

    တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက် ဝမ်းသာစွာနှင့်ပင် အာဏာ ပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ ညိုးငယ်ခြင်း မရှိဘဲ လိုက်ပါ သွား လေတော့သည်။ ဗုဒ္ဓတရားတော်ကို အတိုချုပ် သဘောပေါက်စေ သော သာဓကများ အနက် မယ်နု သည် ပဉ္စဝဂ္ဂီ တို့မှ အငယ်ဆုံး ရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာ ကို သတိရမိသည်။

    ဘုရားရှင်၏ တရားဦး နာပြီး ရှင်အဿဇိ ရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာ မှ သူ့အားမေးသည်မှာ……. ” ငါ့ရှင် ၊ သင် ၏ မျက်စိ တို့သည် ကြည်လင ်ကုန်၏ ၊ အရေ အဆင်းလည်း သန့်ရှင်း စင်ကြယ်ကုန်၏ သင်သည် အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း ၊ အဘယ်သူက သင် ၏ ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက် သနည်း”ရှင်အဿဇိတ က “ငါ့ရှင် ၊ ငါသည် အငယ် သည်သာတည်း ၊ အဘိဓမ္မာ ကို အကျယ်အားဖြင့် သင့် အားဟောကြား အံ့သောငှာ မတတ်နိုင်။

    အကျဉ်း အားဖြင့် သော်ကား အနက်ကို ငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာဂါထာ ကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား……“အကြင် တရားတို့သည် အကြောင်းလျှင် အမှန်ရှိကုန်၏ ။ ထို အကြောင်း ကို မြတ်စွာဘုရားဟော၏ ။ ထို အကြောင်းတရား တို့ ချုပ်ငြိမ်းရာလည်း ရှိ၏ ။ ထို ချုပ်ခြင်း ကိုလည်း မြတ်စွာဘုရားဟော၏ ။ ငါ၏ ဆရာ ရဟန်းကြီးသည် ဤသို့ အယူဝါဒ ရှိ၏ ”မယ်နု သည် ထိုဂ ါထာတော်က ိုချင့်ချိန်ပြီး သာယာဝတီမင်း အသက်ကို ရန်ရှာ ခဲ့၍ သူနှင့် ယှဉ်ပြိုင်ရာ သူ အနိူင်ရသည်။

    ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းက လမ်းဟောင်း ကိုသာ ပြန်ရောက်စေသည်။ ဤ အကြောင်းတို့ ချုပ်ငြိမ်း ခြင်းကား ရန်ညိုးရန်စ တို့ကို သင်ပုန်းချေ၍ သူ့ အပေါ်တင်ခဲ့သော အကြွေး မြန်မြန် ဆပ်ကာ ကြွေးမြီ ကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေး တစ်ခု ထူထောင်နိုင်ရန် ဖြစ်ကြောင်း ကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်း သူ့ထိုက် သူ့ကံ ဖြစ်သည် ဆိုလျှင် တနည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်က တရားကား သူမ အတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်န ုဝမ်းသာသွား ရှာသည် ။

    ထိုနေ့ နေ့လည်ပိုင်း တွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက ်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူး စည်းစိမ် ၊ နိုင်ငံတော် အရာ အားလုံး သူပိုင်ဆိုင်နိုင် သမျှ ကိုပေး၍ ချစ်ခဲ့သော ကြင်ယာတော် ဘကြီးတော် ၏ ခြေတော် အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက် များစွာ ခြေ ဖမိုးတော်ပေါ် ကျလျက် လက်အုပ်ချီ ကန်တော့ရင်း အရောင် မှိန်မှိန် အဆောင်ရောင်မဲ့ သလွန်ထက်တွင် ထိုင်နေသော နန်းကျဘုရင် လင်တော်မောင်အား……..နန်းမတော်မယ်နု ။ ။

    “မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝ ပြောင်းရတော့မှာဖြစ်လို့ မောင်တော် ဘုရား ကိုနောက်ဆုံး နှုတ်ဆက် ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော် မင်းတရား ရဲ့ ဘုန်းရိပ်ကို ခိုလှုံ စံစားခဲ့တဲ့ နှစ်ကာလများ အတွင်း နှမတော် ဘက်က ပြုမိမှား ခဲ့တဲ့ အပြစ် ရှိခဲ့ပါရင် ခွင့်လွှတ် သနားတော ်မူပါဘုရား။”ဘကြီးတော ်သည် သလွန်ပေါ်မှ နန်းမတော်မယ်နု ၏ ဆံ ကေသာ ကို လက်ဖြင့် အသာအယာ ထိထား သည်။

    အရှုံးများစွာ ရှုံးပြီးနောက် အချစ်ဆုံးသူ ကိုသေကွဲ ခွဲ ဆုံးရှုံးရမည့် အချိန်တို့ ဆိုက်ရောက် လာပြီဖြစ် သဖြင့် စိတ်သောကမီး တို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင် တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေ ဝါးသွား စေသည့် မျက်ရည်များ မျက်ဝန်းအိမ ်၌ ပြည့်နေသည်။ ဘကြီးတော် သည် မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု ၏ ဆံကေသာပေါ် မျက်ရည်များ စီး ကျလေတော့သည်။ ရင်၌ ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။ဘကြီးတော်။

    “နှမတော်ရယ် ၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်”ဘကြီးတော် ၏ ချစ်ခြင်းမေတ္တာ ကား လေးစားစရာ ကောင်းလှ သလို ထို အတွက်နောင်တ တစ်စုံတရာ လည်း မရခဲ့ချေ။နန်းမတော်မယ်နု။ “မောင်တော်ဘုရားရယ် ၊ နှမတော် ရဲ့ နောက်ဆုံး ဝင်သက်၊ ထွက်သက်မရပ်သွားမှီ နှမတော်ရဲ့ဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော် ဘုရားရဲ့ ကျေးဇူးအထွေထွေ အတွက် မောင်တော် ဘုရားရဲ့ ခြေတော်အစုံ ကို ဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော ်အစုံအား မျက်နှာနဖူးဆံပင် တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲ ဝင်လာသည်။ သမီးတော်လေး ၏ စိတ်တွင် မကောင်းမှု တစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော်၏ ရင်ခွင်တွင်း ပြေး ဝင် ဖက်၍ငိုလေသည်။သမီးတော်လေး ။ “မယ်မယ်ဘုရား၊ သမီးတော် ကလေးကို ပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား သမီးတော်လေး မှာ လွမ်းလို့သေရတော့မယ် ဘုရား”နန်းမတော်မယ်နု။ ။ “မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ် ဘုရားလေ အရေးကြီးတဲ့ကိစ္စ ရှိလို့ ဟိုး….. အဝေးကြီး ကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ် မာမာနေခဲ့နော် ၊ မယ်ဘုရား စကားကို နားထောင်ပါကွယ်။”သားအမိနှစ်ဦး ပါးချင်း အပ်ကာ ငိုရင်း…………သမီးတော်လေး။ ။

    ”ဟင့်အင်း ဒီ တစ်ခါတော့ သမီးတော်လေး ကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရား နဲ့ လိုက်မှာပဲ ”ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြြုံပိုကွဲပြီး နောက်တစ်ကြိမ် ပြန်ဆ ုံခွင့် ဟူသော မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့ သွားသော ကြေကွဲဖွယ်ရာ ချော့သူ မရှိငိုပွဲကြီး ဖြစ်သည်။ မင်းမှုထမ်း ၊ရံရွေတော် တို့ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် တံခါးအကွယ် တွင် ကြိတ်ငိုကြသည်။ တာဝန်အရ အမရပူရမြို့ဝန် ပင် မျက်ရည်ကျမည ်စိုးသဖြင့် အဝေးသို့ ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကို တီးတိုးပြောသည်။

    ထို မင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍…မင်းမှုထမ်း။ ။ “မိဘုရားကြီး ထွက်ခွာဖို့ အချိန်ကျပါပြီလို့ မြို့ဝန်မင်း ကပြောပါတယ်၊ နေရာက ထပါတော့”နောက်ထပ ်မင်းမှုထမ်း တို့သည် မယ်နုဆီ ဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ သမီးတော်ကလေး။ ။ “မသွားရဘူး မယ်မယ် ဘုရား ဘယ်ကိုမှ မသွားရဘူး ၊သွားရင် သမီးတော်လေး လည်း လိုက်မှာပဲ ” ဟု တစာစာအော်ဟစ်နေရာ မယ်နု ၏ နားများ အတွင်း ပဲ့တင်ထပ်ကာ တဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှ လာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။

    နေလုံးကြီး သည် ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နုကို တင်လာသော လှည်းပတောင်းမြည်သံ ကို ကြားသော် အနီးရှိ ဘုန်းကြီးကျောင်းခွေးများ အူကြသည်မှာ ကံကြမ္မာဆိုး အတွက် မြည်သံများ ဖြစ်နေသည်။ တောင်သမန်အင်းရေပြင် အနီး သို့ရောက်သော် အာဏာ ပကွက်သားတို့သည် နန်းမတော် မယ်နုအား ခဲထည့် ထားသော ရွှေနားကွတ ်ကတ္တီပါ အိတ်နီတွင် ထည့်၍ ပိတ်ပြီး ရေပြင်သို့ ပြစ်ချလိုက်သည်။ မြှပ် မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန် အင်းရေပြင်ပေါ်တွင် ရေပွက် ကလေး တစ်ပွက် နှစ်ပွက်ထလာပြီး ရေပြင်မှာ ပြကတိ ပြန်ငြိမ် သွားပြီး လေပြေညင်း ကလေး ရေပြင်ထက်မှ ဖြတ်သန်း တိုက်ခတ်သွားသည်။ နန်းမတော် မယ်နု၏ နောက်ဆုံးထွက်သက် ရေပွက်ကလေး မဟုတ်ပါလော။

    ကုန်းဘောင်ခေတ် ၏ မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည် မည်သည့် အရာမျှကြာရှည် မတည်မြဲဘဲ တစ်ခဏ အချိန်တွင်းသာ ရှိသည်ကို နန်းမတော် မယ်နုက သူမ၏နောက်ဆုံး ထွက်သက် ရေပွက်ကလေး အချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာ ပေးသွားခဲ့သည် မဟုတ်ပါလော။

    Credit-Original Uploader

    (Zawgyi)

    သမိုင္းမွာနာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူ နန္းမေတာ္မယ္ႏု ရာဇဝင္

    နန္းမေတာ္ မယ္ႏု ဟုဆိုလိုက္သည္ႏွင့္ တိုင္းျပည္ “ခိုက္” ေသာေျမးအဖြား (၃) ဆက္

    (ပထမအဂၤလိပ္-ျမန္မာ စစ္ရႈံးသူ မယ္ႏု ၊သူ႔သမီး ဆင္ျဖဴမရွင္ ‘နန္းတြင္း အာဏာလုပြဲအတြက္ မင္းတုန္းမင္း ၏ သားေတာ္(40)ေက်ာ္ကို သတ္ ကာ သီေပါမင္း ကို သူ႔ သမီး စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊ ေျမးမေတာ္ စုဖုရား လတ္ သီေပါမင္းကိုေက်ာ္ ၍ အမိန္႔ မနာခံေသာ) ဟု နာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူ အျဖစ္သိၾကသလို အင္းဝရွိ မယ္ႏုအုဋ္ေက်ာင္းကိုလည္း ျမင္ေယာင္မိၾကမည္ျဖစ္ပါသည္။ ဟုတ္ပါသည္ မယ္ႏု သည္ မဟာေအာင္ေျမဘုံစံ မယ္ႏု အုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို သူမဘဝ၏ အံ့ဖြယ္အတိတ္ကံ အက်ိဳးေပး၊ ပင္ကိုယ္ စိတ္ထက္ျမက္ ႂကြပ္ဆတ္မႈ၊ အတၱႀကီးၿပီး အေၾကာက္တရား ကင္းမႈ၊ ဆင္ျခင္တုံတရား နည္းၿပီး တဇြတ္ထိုးႏိုင္မႈတို႔က သူမ ကို အထြဋ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။

    နန္းမေတာ္မယ္ႏု သည္ ဖလံခုံ႐ြာ ဇာတိေထာင္မႉး သီဟေက်ာ္စြာဘြဲ႕ခံ ဦးလႈပ္ႏွင့္ေဒၚငယ ္တို႔မွ 18.June.1783 အင္းဝၿမိဳ႕၌ ေမြးဖြားသည္။ ေမြးခ်င္းႏွစ္ေယာက္ရွိၿပီးက်န္ တစ္ေယာက္မွာ ေမာင္အိုျဖစ္သည္။ မယ္ႏုသည္ ေ႐ႊလင္ဗန္းႏွင့္ အခ်င္းေဆးေသာ ေတာ္ဝင္မ်ိဳး႐ိုး မဟုတ္ သာမာန္ အရပ္သူတစ္ဦးသာ ျဖစ္ေသာ္လည္း သူမ ဘဝတြင္ ထူးဆန္းမႈႀကီးႀကီး မားမား (2) ႀကိမ္ႀကဳံ ေတြ႕ခဲ့သည္။မယ္ႏုငယ္စဥ္ က အိမ္မွာလူႀကီး မိဘ မ်ားႏွင့္ တ႐ြာမွ တ႐ြာသို႔သြားလာရာ လမ္းဇရပ္ တစ္ခု၌ အိပ္ၾကသည္။

    မယ္ႏု က ထမင္းခ်က္တာဝန္ ယူ၍ ခ်က္ျပဳတ္ရာ မနက္ မိုးလင္းေသာ အခါ မယ္ႏု ထမင္းခ်က္ ခဲ့ေသာေနရာ၌ မႈိပြင့္ႀကီး တစ္ပြင့္ေပါက္လာရာ လူႀကီးမ်ားက အံ့ဘြယ္ နိမိတ္ေကာင္းဟု မွတ္ယူၾကသည္။ မယ္ႏု အသက္ ၁၂ႏွစ္ သမီးအ႐ြယ္ ျမစ္ဆိပ္၌ ေရခ်ိဳးခ်ိန္ တြင္ သူမ၏ အနီေရာင္ေရလဲ လုံခ်ည္ကို စြန္ရဲ တစ္ေကာင္မွ ခ်ီယူ သြားၿပီး အမရပူရ နန္းေတာ္အတြင္းရွိ မိဖုရားမ်ား စံပယ္ရာ ေတာင္နန္းေဆာင္ အမိုး ၌ခ်ထားခဲ့သည္။ ဘိုးေတာ္ဘုရား က လုံခ်ည္ ပိုင္ရွင္ကို ရွာေဖြစစ္ေဆးေဖာ္ထုတ္ကာ မယ္ႏု ကို ေတာင္နန္း အပ်ိဳေတာ္ အျဖစ္ ခန္႔ထားလိုက္ ရာမွ အရႈပ္ေတာ္ပုံ ဖန္တီးမည့္ အဓိကဇာတ္ေကာင္ ကို ေခၚမိသည့္ အမွားႀကီးတစ္ခု ဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။

    ကုန္းေဘာင္ မင္းဆက္တြင္ နန္းသက္ အရွည္ဆုံး ဘိုးေတာ္ဘုရား သည္ (37) ႏွစ္ၾကာ နန္းစံၿပီး ဘႀကီးေတာ ္စစ္ကိုင္းမင္း ကို အိမ္ေရွ႕အရာ အပ္ႏွင္းၿပီး ညီေတာ္ သာယာဝတီ မင္းသား ကို ဒုတိယႏွင့္ ဘႀကီးေတာ ္၏ သားေတာ္ စၾကာမင္းသားေလး ကို တတိယ နန္းလ်ာထားသည္။

    ဘႀကီးေတာ္ မွာ အိမ္ေရွ႕မင္း ရာထူးသာ ရွိေသးၿပီး မိဖုရား ေခါင္ႀကီး မွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။ ဆင္ျဖဴမယ္သည္ စၾကာမင္းသားေလး ကိုေမြးၿပီး ၁ ပတ္ အၾကာ 1812 ေအာက္တိုဘာလတြင္ ကြယ္လြန္ေလသည္။ မယ္ႏုသည္ စက္စက္ယိုေအာင္ လွသူဟု မဆိုႏိုင္သည့္တိုင္ ပကတိ႐ုပ္ရည္ကား တည္ၾကည္သည္။ အေျပာခ်ိဳ ၍ ကိုယ္ေနဟန္အခ်ိဳးက်ကာ သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏ နန္းမူရာမွာ နန္းတြင္းသူမ်ား အတုယူရသည ္အထိ မဟာဆန္သည္။ ေယာက်ာ္းတကာ တို႔ ႏွစ္သက္ခံရၿပီး ထိုအထဲတြင္အိမ္ေရွ႕ မင္း ဘႀကီးေတာ္ လည္းပါဝင္သည္။

    အမရပူရ နန္းတြင္း၌ အိမ္ေရွ႕မင္းအား မယ္ႏုထက္ မဟာဆီ မဟာေသြး အခ်င္းခ်င္း အိမ္ေထာင္ ျပဳေစ လိုဤ “လူမွာ အမ်ိဳး ၾကက္မွာ အ႐ိုး” ဟု ဘႀကီးေတာ္ကို သတိေပးသည္။ မယ္ႏု ကလည္း “လူမွာ အခ်စ္ ၾကက္မွာ အျမစ္” ဟုေခ်ပကာ ဘႀကီးေတာ္ကို ရေအာင္ သိမ္းသြင္းခဲ့သည္။ ဘိုးေတာ္ဘုရား လြန္ေသာ္ ဘႀကီးေတာ္သည္ 1819 ဇြန္လ (5) ရက္တြင္ နန္းတက္ကာ (1823) ၿမိဳ႕ေတာ္ ကို အမရပူရ မွ အင္းဝသို႔ေ႐ႊ႕သည္။ဘႀကီးေတာ္သည္ ခပ္ေအးေအးေနတတ္သလို မယ္ႏုကို အလြန ္ခ်စ္သျဖင့္ အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။ မယ္ႏုသည္ပင္ကိုယ္ ထက္ျမက္သူပီပီ နန္းတြင္း တစ္ခုလုံး အေရးသာမက တိုင္းေရးျပည္ေရးကို စိတ္တိုင္းက် ခ်ယ္လွယ္ေတာ့သည္။နန္းတြင္းမ ွာလဲ အမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး ဓားထက္၍သာ ေၾကာက္ရသည္ မည္သူကမွ မယ္န ုကို မၾကည္ျဖဴၾကေခ်။

    ယခင္ ဘုရင္ႏွင့္ မိဘုရား ရာဇပလႅင္ေပၚ အတူမထိုင္ေသာ္လည္း မယ္ႏု သည္ ထို အစဥ္အလာ ကို ဖ်က္ကာ အတူထိုင္သျဖင့္ တ႐ုတ္သံမႉးမ်ား အံ့အားသင့္ၾကသည္။ 1819 တြင္ မယ္န ုသည္ သူ႔ေမာင္အရင္း ျဖစ္တဲ့ ေမာင္အို ကို စလင္းၿမိဳ႕ကို စားေစၿပီး နန္းေတာ္တြင္း သူမ ၏ အာဏာစက္ ကို ခိုင္မာေအာင္ တည္ေထာင္သည္။ ထို႔အျပင္ေမာင္အိုအား သတိုးဓမၼရာဇာ ဘြဲ႕ ခ်ီးျမင့္ လိုက္သလို ဘႀကီးေတာ္ ကလည္း သူ႔ေယာက္ဖ အားေျမႇာက္စားသည့္ အေနျဖင့္ ထိပ္တန္း မင္းညီ မင္းသား စာရင္းသြင္းကာ၊ လႊတ္ေတာ္တက္ခြင့္ ေပး သည့္အျပင္ ေ႐ႊထီး ရွစ္ခ်က္မိုး ခစားခြင့္ေပးသျဖင့္ေမာင္အို သည္ နားထင္ ေသြးေရာက္သြားေလသည္။

    ေရွးေခတ္က မင္းသားမ်ား ၏ အဆင့္အတန္း ကို ထီးေဆာင္း အေရအတြက္ အနည္း အမ်ားျဖင့္ ခြဲျခားေလ့ ရွိသည္။ ညီေတာ္ သာယာဝတီမ င္းပင္ ထီးဆယ္ခ်က ္သာ မိုးခြင့္ ရွိ၍ေယာက္ဖေတာ္ ေမာင္အို သည္ ညီေတာ္အိမ္ေရွ႕မင္းထက္ မဆို သေလာက္သာ နိမ့္သည့္သေဘာ သက္ေရာက္ေစသည္။ ေန႔ခ်င္း ညခ်င္း ေမာင္အို တန္ခိုးထြားလာသျဖင့္ ကုန္းေဘာင္ မ်ိဳးဆက္ ကို အျပဳတ္ျဖဳတ္ၿပီး သူကိုယ္တိုင္ ဘုရင္ လုပ္ရန္ ႀကံေလေတာ့သည္။ ထို႔ေၾကာင့္ နန္းတြင္း အားၿပိဳင္မႈ (3) စု ကြဲေပၚေပါက္လာသည္။(1) ႏိုင္ငံေရး အာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္ မယ္ႏုက တစ္ဖြဲ႕(2) သူတို႔၏ မဟာၿပိဳင္ဘက္ မ်ားတြင္ဘႀကီးေတာ္ မင္းၿပီးေနာက္ နန္းၫြန္႔ နန္းလ်ာ ဆက္ခ ံဖို႔ အခြင့္ အေရး ရွိသူ သာယာဝတီမင္း သည္ ထိပ္ဆုံးျဖစ္သည္။ သူ ကိုယ္တိုင္ လက္႐ုံးရည္ႏွင့္ျပည့္စုံ သလို ေနာက္ လိုက္ အင္အားေကာင္း မ်ားစြာ ပိုင္ဆိုင္ထားသည္။

    (3) စၾကာမင္းသားေခၚ ေညာင္ရမ္းမင္းသားေလး သည္ ေမြးဖြားစဥ္ က စၾကဝေတးမင္း တို႔ ဘုန္းႀကီးသည့္ လကၡဏာ ရပ္မ်ားျဖစ္ၾကေသာ ဥကၠာပ်ံ ငလ်င္လႈပ္ ေတာ္လဲျမည္ျခင္း ၊လက္ဝါးမ်ားတြင ္ခ႐ုပတ္ႏွင့္ မွဲ႔ရွင္ မ်ား ထူးျခား ထင္ရွားစြာေတြ႕ရျခင္း၊ အခ်င္း စလြယ္သိုင္းျခင္း၊ ခုနစ္ရက္ ရလွ်င္မယ္ေတာ္ ကြယ္လြန္၍ ဖြားဖက္ေတာ္ ခုနစ္ဦးလည္းေပၚျခင္း၊ ႐ုပ္ရည္ အင္မတန္ ေခ်ာေမာလွပ၍ နန္းတြင္းသူ နန္းတြင္းသားမ်ား ၊ တိုင္းသူျပည္သားမ်ား က အလြန္ ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထု အင္အား ကို ပိုင္ဆိုင္ေသာ ဘႀကီးေတာ္ ၏ တစ္ဦးတည္းေသာ သား ျဖစ္သျဖင့္ ဘႀကီးေတာ္ က နန္းလႊဲ လိုသည္မွာေတြးၾကည့္ယုံျဖင့္ သိႏိုင္ပါ သည္။

    ထို႔ေၾကာင့္ေမာင္အို သည္ စၾကာမင္းသားေလး နားထြင္းၿပီး အိမ္ေရွ႕အရာ အပ္ႏွင္းျခင္း ကိစၥကို အခ်ိန္ဆြဲ သည္။ အသက္ (20) က်မ ွနားထြင္းသည့္ တိုင္ ႏိုင္ငံေရး အာဏာကို မင္းသားေလး အား လႊဲမေပးခဲ့ေခ်။ မယ္ႏုႏွင့္ေမာင္အို သည္ ဘႀကီးေတာ္ႏွင့္ မယ္ႏု နန္းစံေသာ (18) ႏွစ္လုံးလုံး သာယာဝတီမင္း ကို အသိအမွတ္မျပဳ ခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ ပိတ္ပင္သည္။

    ထိုေခတ္က မယ္ႏုေၾကာက္ရသူ တစ္ဦး ရွိသည္ ထိုသူမွာ ဆရာေတာ ္ဦးဗုဓ္ျဖစ္သည္။ သကၠရာဇ္ 1822 ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္ နန္းမေတာ္ မယ္ႏု တို႔ကေက်ာင္းေဆာက္ လုပ္ရာတြင္ ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္ 1827 ခုႏွစ္တြင္ မဟာေအာင္ေျမဘုံစံ ဟု ကမၸည္း ထိုးကာ ေညာင္ကန္ ဆရာေတာ္ ဦးပို အား လႉဒါန္းခဲ့သည္။

    တစ္ႏွစ္အၾကာတြင္ ဆရာေတာ္ ဦးပို ပ်ံလြန္ ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ ဆရာေတာ္ ဦးဗုဓ္အား ထပ္မံ လႉဒါန္းခဲ့သည္။ အုတ္ေက်ာင္း အက်ယ္အဝန္း မွာ အလ်ား 192 ေပ၊ အနံ 112 ေပ ႏွင့္ အျမင့္ 94 ေပရွိၿပီး ေက်ာင္း တည္ေဆာက္ ရာတြင္ ေငြက်ပ္ သုံးသိန္း ကုန္က်ေၾကာင္း၊ သကၠရာဇ္ 1838 ျပည့္ႏွစ္တြင္ ငလ်င္ ဒဏ္ေၾကာင့္ ၿပိဳက် ခဲ့ရာ နန္းမေတာ္ မယ္ႏု ၏ သမီးေတာ္ ဆင္ျဖဴမရွင္ က သကၠရာဇ္ 1872 ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း မွတ္တမ္းမ်ား အရ သိရသည္။

    ေက်ာင္းႀကီး ကို အုတ္၊ အဂၤေတ တို႔ျဖင့္ မိဖုရား ေခါင္ႀကီး မယ္ႏု က တည္ေဆာက္ ခဲ့ေသာေၾကာင့္ မယ္ႏု အုတ္ေက်ာင္း ဟု ထင္ရွားခဲ့သည္။ ပညာရွင္မ်ား ၏ ဗိသုကာ လက္ရာ၊ ပန္းရန္ ႏွင့္ ပန္းတေမာ့ အႏုပညာ လက္ရာမ်ား ေက်ာင္းေဆာင္ႀကီး အတြင္းရွိ စႀကႍ ပတ္လမ္း ႏွင့္ အခန္း ဖြဲ႕စည္းပုံမ်ား၊ အဝင္ေပါက္ သစ္သား တံခါးမ်ား ကို ‘အသံ’ မ်ား ဖန္တီး တပ္ဆင္ပုံတို႔ေၾကာင့္ ခံ့ညား ထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။

    ဘႀကီးေတာ္နန္းတက္ ဘိသိက္ မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာ အခါ ၌ မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။ မဏိပူရေစာ္ဘြား ကို သင္ခန္းစာ ေပးရန္ လိုက္ဖမ္းရာ အဂၤလိပ္ ပိုင္နယ္ထ ဲအထိ ဝင္ေျပး သျဖင့္ အဂၤလိပ္တို႔ႏွင့္ နယ္စပ္ျပႆနာ’ၿငိ’လာ ရာမွ အဂၤလိပ္တို႔ (1824)တြင္ စစ္ေၾကညာသည္။ စစ္သူႀကီး မဟာဗႏၶဳလ သည္ ရခိုင္ တြင္ စခန္းခ်ကာ ျမဝတီမင္းႀကီး ဦးစ က ပန္းဝါ တြင္ အဂၤလိပ္တို႔ကို အႏိုင္ တိုက္သည္။

    ျမန္မာ တပ္မ်ား ဘဂၤလားနယ္ အထိ ေရာက္ေန သျဖင့္ အဂၤလိပ္ဘုရင္ခံ ပင္ က်ီးလန္႔စာစားေနရသည္။ ဗႏၶဳလ သာ စစ္တေကာင္း ထိ တက္တိုက္၍ ဖိအားေပးခဲ့မည္ ဆိုလွ်င္ အဂၤလိပ္တို႔ ပ်ာယာခတ္သြားႏိုင္ သည္။ အဂၤလိပ္ တို႔သည္ ထို အေျခေနက ိုရိပ္စားမိသျဖင့္ ရန္ကုန္ ဖက္မ ွပတ္ဝင္၍ တန္ျပန္တိုက္ စစ္ ဆင္ေသာ ဗ်ဴဟာကို သုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။

    ထိုအခ်ိန္ သာယာဝတီလို အဆင့္ျမင့္ မင္းသားက ရန္ကုန္သို႔ ဆင္း၍ ကာကြယ္ရန ္သူစုေဆာင္း ထား သည့္ လူသူမ်ားႏွင့္ အဂၤလိပ္ စစ္သေဘၤာမ်ားကို ခုခံ တိုက္ခိုက္ လိုေၾကာင္း တင္ျပသည္။ ဘႀကီးေတာ္ ကလည္း သေဘာတူ ကာ အျမန္ေစလႊတ္ခ်င္ေသာ္လည္း ၿပိဳင္ဘက္ စလင္း မင္းသား ႀကီး ေမာင္အိုႏွင့္ မႉးမတ္ မ်ားက သာယာဝတီ မင္းသားအား လက္နက္ ဆင္၍ လႊတ္လိုက္လွ်င္ ပုန္ကန္ လိမ့္ မည္ဟု ကန္႔ကြက္ကာ ႏိုင္ငံ့ အေရးေတာ္ထက္ အာဏာ ရရွိ လိုေသာ ပုဂၢိဳလ္ေရး ကို ဦးစားေပးခဲ့သည္မွာ စိတ္ပ်က္ စရာျဖစ္ ေလသည္။

    ဘႀကီးေတာ္လည္း အရိပ္ ကို ရန္သူထင္၍ ေနာက္ဆုံး တြင္ မဟာဗႏၵဳလ ျပန္လာသည္ အထိ ေစာင့္ၿပီးမွ သြားေရာက္ တိုက္ရန္ အမိန္႔ခ်လိုက္ေလသည္။ ထို႔ေၾကာင့္ ရခိုင္မ ွျပန္လာမည့္ ဗႏၵဳလ ကို ေစာင့္ရင္း ၅လ အထိ ၾကာသြား သျဖင့္ ထိုအခ်ိန္တြင္ အဂၤလိပ္တို႔ ကလည္း ေ႐ႊတိဂုံ ကုန္းေတာ္ တစ္ဝိုက္ကို အခိုင္အမာ တပ္စြဲ ၍ အသာစီး ရသြားေတာ့သည္။ သာယာဝတီမင္း ၏ တပ္မ်ားသည္ ရန္ကုန္သို႔ ခ်ီ၍ က်ိဳက္ကလို႔ တြင္ တပ္ခ်ထားသည္။

    အဂၤလိပ္ တို႔က သာယာဝတီ ၏ တပ္က ိုဝိုင္းတိုက္ေသာ္လည္း အႏိုင္ မရခဲ့ေခ်။ သာယာဝတီ မင္းသားႀကီးက အေျခအေန ရိပ္စား မိသျဖင့္ ေစာေစာစီးစီး စစ္ေျပၿငိမ္းရန္ တင္ျပေသာ္လည္း ေမာင္အို၊ မယ္ႏု တို႔မွ လက္မခံပဲ စစ္ကို သာ ထပ္တိုး တိုက္သည္။ ဗႏၵဳလ ဓႏုျဖဴ တြင္ က်သြားသျဖင့္ အဂၤလိပ္ တပ္ေတြလည္း ေနျပည္ေတာ္ႏွင့္ မိုင္ ၄၀ သာေဝးသည့္ ရႏၲပို႐ြာ သို႔ေရာက္မွ စစ္ေျပၿငိမ္းေရး စာခ်ဴပ္ခ်ဳပ္ရေတာ့၏။

    နယ္ေျမဆုံး၊ စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ (1) ကုေဋပါေပးရမည္ျဖစ္သျဖင့္ ဘႀကီးေတာ္ မွာ မေထြးႏိုင္ မအံႏိုင္ စိတ္ဓာတ္ က်လာကာ စိတ္က်ေရာဂါ ပါ ဝင္လာေလေတာ့သည္။ ေငြမရွိ သျဖင့္ မယ္ႏု က သူပိုင္ပစၥည္းမ်ား ထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ ကို ေပးေလသည္။ အုပ္ခ်ဳပ္ေရးပိုင္း ကို မကိုင္တြယ္ႏိုင္ေတာ့ပဲ အစစအရာရာ ကို မယ္ႏုႏွင့္ စလင္း မင္းသားႀကီးေမာင္အို တို႔ျဖင့္သာ လႊဲအပ ္ထားေလေတာ့သည္။

    သူတို႔ေမာင္ႏွမ ကို သာယာဝတီ အျပင္ ျပည္သူ မ်ားက စုန္းမ ဟုစြပ္စြဲ သလို သူတို႔ ကလည္း သူခိုးဓားျပ လက္ခံ ဟုသာယာဝတီကို စြပ္စြဲသည္။ ေမာင္အို သည္ မိမိ ရဲ႕ ဆူးေျငႇာင့္ ခလုတ္ျဖစ္ေသာ သာယာဝတီ မင္း ကို ရွင္းရန္ ဓားျပမႈျဖင့္ အမႈဆင္ကာ သာယာဝတီမင္း ၏ အိမ္ကို လူ (200) ျဖင့္ ဝိုင္းေလရာ သာယာဝတီ ဘက္မွ လူမ်ား ခုခံရင္း ဧရာဝတီျမစ ္ကို ကူး၍ ေ႐ႊဘိုသို႔ထြက္ေျပး ေရွာင္တိမ္း သည္။

    မယ္ႏု တို႔ကိုျပည္သူမ်ား မႏွစ္သက္ သျဖင့္ အာဏာ သည္ သာယာဝတီ ဘက္သို႔ အလိုလိုေရာက္ သြားသည္။လူသူစုေဆာင္းကာ 1837 ေဖေဖာ္ဝါရီ လ တြင္အင္းဝကို ဝိုင္းသည္။ ၂ လ အၾကာတြင္ ေအာင္ျမင္ၿပီး ဘႀကီးေတာ္ စစ္ကိုင္းမင္း ကို နန္းခ် ကာ မယ္န ုကို အက်ယ္ခ်ဳပ္ ေမာင္အို တို႔လူစု ကို ေထာင္ထဲ ပို႔ေလသည္။ အရာရာသည္ေန႔ခ်င္း ညခ်င္း ေျပာင္းလဲသြားသည္။

    မယ္ႏုတို႔ အုပ္စုသည္ ပုန္ကန္သည့္အေနျဖင့္ အဂၤလိပ္တို႔ကို စာလႊတ္ ဆက္သြယ္၍ အဂၤလိပ္တို႔ အလိုရွိ သမွ် အကုန္ေပးကာ ဘႀကီးေတာ္အား ျပန္လည္ နန္းတင္ေပးရန္ အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႔ က နန္းက် ဘုရင္အား ဘာ အေၾကာင္း မွမျပန္ေတာ့ေခ်။ သာယာဝတီမင္း သေဘာထား ႀကီးစြာျဖင့္ ေကာင္းမြန္စြာ ထားေသာ္လည္း ေမာင္အို တို႔ ေနာက္လိုက္မ်ားက ပုန္ကန္ၾကေသာေၾကာင့္ အမရပူရၿမိဳ႕ အက်ဥ္းေထာင္၌ သကၠရာဇ္ 1840 ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လိုက္သည္။

    ေနာက္ဆုံး သာယာဝတီမင္း သည္ 12 May 1840 တြင္မယ္ႏုအား ေသဒဏ္ ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္အျဖစ္ အသိအမွတ္ျပဳေပးသည့္ အေနျဖင့္ မဟာဆီ မဟာေသြး ေျမမက်ရေစရန္ ေရတြင္ေဖ်ာက္ဖ်က္ဖို႔ အမိန္႔ခ်သည္။ ဘုန္းရွင္ ကံရွင ္မယ္ႏု တစ္ေယာက္ ကံတရား ၏ မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။ မယ္ႏုလည္း ေနာက္ဆုံး အေနျဖင့္ မိမိကိုးကြယ္သည့္ ဆရာေတာ္ဦးဗုဒ္ အား ဖူးေျမႇာ္ခြင့္ျပဳရန္ ၿမိဳ႕ဝန္အား ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း (ယခု မဟာမုနိဘုရားႀကီးအေရွ႕ဘက္)သို႔ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့သည္ ။

    မယ္ႏုေက်ာင္းသို႔ေရာက္ေသာ အခါ ဆရာေတာ္မွာ စာၾကည့္ေနသည္။ မယ္ႏုမွ ဆရာေတာ္အား ေနာက္ ဆုံး ဖူးေျမႇာ္ေအာင္ လာရျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားရာ ဆရာေတာ္ ဦးဗုဒ္ မွ ရာဇဝင္ တြင္မည့္တရားကို တိုတို တုတ္တုတ္ မိန္႔ေတာ္မူသည္။“မိႏု၊ သူ႔ေႂကြး ရွိရင္ ဆပ္ရလိမ့္မည္” ဟု မိန္႔ဆိုလိုက္သည္။

    မယ္ႏုလည္း ဦးခ်ၿပီး ျပန္ဆင္း လာရာေလွ ကား အေရာက္တြင္ “ေတာ္ၿပီ၊ ငါေသဝံ့ၿပီ၊ ငါေသရဲၿပီ၊ငါေသေပ်ာ္ၿပီ၊ ဆရာေတာ္ ဘုရားကို ႏွစ္ေပါင္းမ်ားစြာ ကိုးကြယ္ လာတာ ဘယ္အခါမွ ငါ့နာမည္ တပ္၍ စကားမေျပာဖူးဘူး။ ဤကဲ့သို႔ စာၾကည့္ရာမွေန၍ ငါ့ဘက္သို႔ လွည့္၍ၾကည့္သည္ ဟူ၍လည္း မရွိ၊ သည္ကေန႔မွပဲ ငါ့ဘက္ လွည့္တယ္။ ငါ့နာမည္ကို ေခၚေတာ္ မူတယ္။ ေဟာလိုက္တဲ့ တရားကလည္း မိႏု၊ သူ႔ေႂကြးရွိရင္ ဆပ္ရလိမ့္မည္တဲ့။

    ေတာ္ၿပီ၊ ေသလမ္းေျဖာင့္ၿပီ၊ ငါ့ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ၿပီ” ဟု ထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ ဝမ္းသာစြာႏွင့္ပင္ အာဏာ ပါးကြက္သားတို႔၏ ေခၚေဆာင္ရာသို႔ ညိဳးငယ္ျခင္း မရွိဘဲ လိုက္ပါ သြား ေလေတာ့သည္။ ဗုဒၶတရားေတာ္ကို အတိုခ်ဳပ္ သေဘာေပါက္ေစ ေသာ သာဓကမ်ား အနက္ မယ္ႏု သည္ ပၪၥဝဂၢီ တို႔မွ အငယ္ဆုံး ရွင္အႆဇိ၏ “ေယဓမၼာ”ဂါထာ ကို သတိရမိသည္။

    ဘုရားရွင္၏ တရားဦး နာၿပီး ရွင္အႆဇိ ရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာ မွ သူ႔အားေမးသည္မွာ……. ” ငါ့ရွင္ ၊ သင္ ၏ မ်က္စိ တို႔သည္ ၾကည္လင ္ကုန္၏ ၊ အေရ အဆင္းလည္း သန္႔ရွင္း စင္ၾကယ္ကုန္၏ သင္သည္ အဘယ္သူကိုရည္၍ ရဟန္းျပဳသနည္း ၊ အဘယ္သူက သင္ ၏ ဆရာနည္း၊ အဘယ္သူ၏ တရားကိုႏွစ္သက္ သနည္း”ရွင္အႆဇိတ က “ငါ့ရွင္ ၊ ငါသည္ အငယ္ သည္သာတည္း ၊ အဘိဓမၼာ ကို အက်ယ္အားျဖင့္ သင့္ အားေဟာၾကား အံ့ေသာငွာ မတတ္ႏိုင္။

    အက်ဥ္း အားျဖင့္ ေသာ္ကား အနက္ကို ငါဆိုအံ့ ဟုဆိုကာ ေယဓမၼာဂါထာ ကို ေဟာေတာ္မူ၏။ အဓိပၸါယ္ကား……“အၾကင္ တရားတို႔သည္ အေၾကာင္းလွ်င္ အမွန္ရွိကုန္၏ ။ ထို အေၾကာင္း ကို ျမတ္စြာဘုရားေဟာ၏ ။ ထို အေၾကာင္းတရား တို႔ ခ်ဳပ္ၿငိမ္းရာလည္း ရွိ၏ ။ ထို ခ်ဳပ္ျခင္း ကိုလည္း ျမတ္စြာဘုရားေဟာ၏ ။ ငါ၏ ဆရာ ရဟန္းႀကီးသည္ ဤသို႔ အယူဝါဒ ရွိ၏ ”မယ္ႏု သည္ ထိုဂ ါထာေတာ္က ိုခ်င့္ခ်ိန္ၿပီး သာယာဝတီမင္း အသက္ကို ရန္ရွာ ခဲ့၍ သူႏွင့္ ယွဥ္ၿပိဳင္ရာ သူ အႏိူင္ရသည္။

    ရန္ကို ရန္ခ်င္း တုံ႔ျပန္ျခင္းက လမ္းေဟာင္း ကိုသာ ျပန္ေရာက္ေစသည္။ ဤ အေၾကာင္းတို႔ ခ်ဳပ္ၿငိမ္း ျခင္းကား ရန္ညိဳးရန္စ တို႔ကို သင္ပုန္းေခ်၍ သူ႔ အေပၚတင္ခဲ့ေသာ အေႂကြး ျမန္ျမန္ ဆပ္ကာ ေႂကြးၿမီ ကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာ ဘဝသစ္ကေလး တစ္ခု ထူေထာင္ႏိုင္ရန္ ျဖစ္ေၾကာင္း ကို နားလည္သြားခဲ့သည္။ သတၱဝါတိုင္း သူ႔ထိုက္ သူ႔ကံ ျဖစ္သည္ ဆိုလွ်င္ တနည္းအားျဖင့္ ငါ့ထိုက္ ငါ့ကံျဖစ္သည္ မဟုတ္ပါေလာ။ ဆရာေတာ္က တရားကား သူမ အတြက္ေတာ့ အဖိုးတန္ဆုံး ေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္ မယ္န ုဝမ္းသာသြား ရွာသည္ ။

    ထိုေန႔ ေန႔လည္ပိုင္း တြင္ မယ္ႏုသည္ ဘႀကီးေတာ္အား ေနာက္ဆုံး သြားေရာက္ကန္ေတာ့ ႏႈတ္ဆက ္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာဘဝ ၊ အသက္ ၊ ရာထူး စည္းစိမ္ ၊ ႏိုင္ငံေတာ္ အရာ အားလုံး သူပိုင္ဆိုင္ႏိုင္ သမွ် ကိုေပး၍ ခ်စ္ခဲ့ေသာ ၾကင္ယာေတာ္ ဘႀကီးေတာ္ ၏ ေျခေတာ္ အစုံေပၚ မ်က္ႏွာအပ္ကာ မ်က္ရည္စက္ မ်ားစြာ ေျခ ဖမိုးေတာ္ေပၚ က်လ်က္ လက္အုပ္ခ်ီ ကန္ေတာ့ရင္း အေရာင္ မွိန္မွိန္ အေဆာင္ေရာင္မဲ့ သလြန္ထက္တြင္ ထိုင္ေနေသာ နန္းက်ဘုရင္ လင္ေတာ္ေမာင္အား……..နန္းမေတာ္မယ္ႏု ။ ။

    “ေမာင္ေတာ္ဘုရား ႏွမေတာ္ ဒီကေန႔ ဘဝ ေျပာင္းရေတာ့မွာျဖစ္လို႔ ေမာင္ေတာ္ ဘုရား ကိုေနာက္ဆုံး ႏႈတ္ဆက္ ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။ ေမာင္ေတာ္ မင္းတရား ရဲ႕ ဘုန္းရိပ္ကို ခိုလႈံ စံစားခဲ့တဲ့ ႏွစ္ကာလမ်ား အတြင္း ႏွမေတာ္ ဘက္က ျပဳမိမွား ခဲ့တဲ့ အျပစ္ ရွိခဲ့ပါရင္ ခြင့္လႊတ္ သနားေတာ ္မူပါဘုရား။”ဘႀကီးေတာ ္သည္ သလြန္ေပၚမွ နန္းမေတာ္မယ္ႏု ၏ ဆံ ေကသာ ကို လက္ျဖင့္ အသာအယာ ထိထား သည္။

    အရႈံးမ်ားစြာ ရႈံးၿပီးေနာက္ အခ်စ္ဆုံးသူ ကိုေသကြဲ ခြဲ ဆုံးရႈံးရမည့္ အခ်ိန္တို႔ ဆိုက္ေရာက္ လာၿပီျဖစ္ သျဖင့္ စိတ္ေသာကမီး တို႔ စိတ္ႏွလုံးကိုေလာင္ကြၽမ္း ကာ ပတ္ဝန္းက်င္ တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္ေဝ ဝါးသြား ေစသည့္ မ်က္ရည္မ်ား မ်က္ဝန္းအိမ ္၌ ျပည့္ေနသည္။ ဘႀကီးေတာ္ သည္ မ်က္ဝန္းမ်ား မွိတ္ခ်လိုက္ရာ နန္းမေတာ္မယ္ႏု ၏ ဆံေကသာေပၚ မ်က္ရည္မ်ား စီး က်ေလေတာ့သည္။ ရင္၌ ဆို႔ႏွင့္လြန္းလွသျဖင့္ ရႈိက္၍ ငိုခ်လိုက္သည္။ဘႀကီးေတာ္။

    “ႏွမေတာ္ရယ္ ၊ ႏွမေတာ္မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မွမရွိခဲ့ပါဘူးကြယ္”ဘႀကီးေတာ္ ၏ ခ်စ္ျခင္းေမတၱာ ကား ေလးစားစရာ ေကာင္းလွ သလို ထို အတြက္ေနာင္တ တစ္စုံတရာ လည္း မရခဲ့ေခ်။နန္းမေတာ္မယ္ႏု။ “ေမာင္ေတာ္ဘုရားရယ္ ၊ ႏွမေတာ္ ရဲ႕ ေနာက္ဆုံး ဝင္သက္၊ ထြက္သက္မရပ္သြားမွီ ႏွမေတာ္ရဲ႕ဘဝ ကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့ ေမာင္ေတာ္ ဘုရားရဲ႕ ေက်းဇူးအေထြေထြ အတြက္ ေမာင္ေတာ္ ဘုရားရဲ႕ ေျခေတာ္အစုံ ကို ဦးတိုက္ၿပီး ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား” ဟုေျခေတာ ္အစုံအား မ်က္ႏွာနဖူးဆံပင္ တို႔ျဖင့္ ဦးတိုက္ကန္ေတာ့ေနစဥ္ အေဆာင္ေတာ္တြင္း သမီးေတာ္ကေလး မယ္သဲ ဝင္လာသည္။ သမီးေတာ္ေလး ၏ စိတ္တြင္ မေကာင္းမႈ တစ္စုံတခု ကို ခံစားမိေနသျဖင့္ မယ္ေတာ္၏ ရင္ခြင္တြင္း ေျပး ဝင္ ဖက္၍ငိုေလသည္။သမီးေတာ္ေလး ။ “မယ္မယ္ဘုရား၊ သမီးေတာ္ ကေလးကို ပစ္ထားၿပီး ဘယ္ကိုသြားေနတာလဲ ဘုရား သမီးေတာ္ေလး မွာ လြမ္းလို႔ေသရေတာ့မယ္ ဘုရား”နန္းမေတာ္မယ္ႏု။ ။ “မယ္မယ္ဘုရားလည္း သမီးေတာ္ေလးကို လြမ္းေနပါတယ္။ အခုလည္း မယ္မယ္ ဘုရားေလ အေရးႀကီးတဲ့ကိစၥ ရွိလို႔ ဟိုး….. အေဝးႀကီး ကို ခရီးထြက္ဖို႔ ရွိေသးတယ္။ သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔အတူ လိမ္လိမ္ မာမာေနခဲ့ေနာ္ ၊ မယ္ဘုရား စကားကို နားေထာင္ပါကြယ္။”သားအမိႏွစ္ဦး ပါးခ်င္း အပ္ကာ ငိုရင္း…………သမီးေတာ္ေလး။ ။

    ”ဟင့္အင္း ဒီ တစ္ခါေတာ့ သမီးေတာ္ေလး ကို ပစ္ထားၿပီး ဘယ္မွမသြားရေတာ့ဘူး မယ္မယ္ဘုရား နဲ႔ လိုက္မွာပဲ ”ခမည္းေတာ္၊ မယ္ေတာ္၊ သမီးေတာ္ကေလးတို႔ မိသားစုအသိုက္အျမျုံပိုကြဲၿပီး ေနာက္တစ္ႀကိမ္ ျပန္ဆ ုံခြင့္ ဟူေသာ ေမွ်ာ္လင့္ခ်က္ ကေလးပင္ဆုတ္ကိုင္ထားခြင့္ ကင္းမဲ့ သြားေသာ ေၾကကြဲဖြယ္ရာ ေခ်ာ့သူ မရွိငိုပြဲႀကီး ျဖစ္သည္။ မင္းမႈထမ္း ၊ရံေ႐ြေတာ္ တို႔ ထိုျမင္ကြင္းကို မၾကည့္ရက္သျဖင့္ တံခါးအကြယ္ တြင္ ႀကိတ္ငိုၾကသည္။ တာဝန္အရ အမရပူရၿမိဳ႕ဝန္ ပင္ မ်က္ရည္က်မည ္စိုးသျဖင့္ အေဝးသို႔ ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကို တီးတိုးေျပာသည္။

    ထို မင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍…မင္းမႈထမ္း။ ။ “မိဘုရားႀကီး ထြက္ခြာဖို႔ အခ်ိန္က်ပါၿပီလို႔ ၿမိဳ႕ဝန္မင္း ကေျပာပါတယ္၊ ေနရာက ထပါေတာ့”ေနာက္ထပ ္မင္းမႈထမ္း တို႔သည္ မယ္ႏုဆီ ဝင္လာၿပီး လက္ႏွစ္ဘက္ကို ဆြဲယူလိုက္ၾကသည္။ သမီးေတာ္ကေလး။ ။ “မသြားရဘူး မယ္မယ္ ဘုရား ဘယ္ကိုမွ မသြားရဘူး ၊သြားရင္ သမီးေတာ္ေလး လည္း လိုက္မွာပဲ ” ဟု တစာစာေအာ္ဟစ္ေနရာ မယ္ႏု ၏ နားမ်ား အတြင္း ပဲ့တင္ထပ္ကာ တျဖည္းျဖည္း ေဝးသြားေလေတာ့သည္။ ေၾကးတိုက္မွ လာေသာ ႏြားလွည္းေပၚတက္ကာ ေနာက္သို႔ တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။

    ေနလုံးႀကီး သည္ ဝင္းလက္ေသာ အလင္းေရာင္တို႔ကို ေလွ်ာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚ နိမ့္ဆင္း သြားသည္။ မယ္ႏုကို တင္လာေသာ လွည္းပေတာင္းျမည္သံ ကို ၾကားေသာ္ အနီးရွိ ဘုန္းႀကီးေက်ာင္းေခြးမ်ား အူၾကသည္မွာ ကံၾကမၼာဆိုး အတြက္ ျမည္သံမ်ား ျဖစ္ေနသည္။ ေတာင္သမန္အင္းေရျပင္ အနီး သို႔ေရာက္ေသာ္ အာဏာ ပကြက္သားတို႔သည္ နန္းမေတာ္ မယ္ႏုအား ခဲထည့္ ထားေသာ ေ႐ႊနားကြတ ္ကတၱီပါ အိတ္နီတြင္ ထည့္၍ ပိတ္ၿပီး ေရျပင္သို႔ ျပစ္ခ်လိုက္သည္။ ျမႇပ္ မျမႇပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္ ေတာင္သမန္ အင္းေရျပင္ေပၚတြင္ ေရပြက္ ကေလး တစ္ပြက္ ႏွစ္ပြက္ထလာၿပီး ေရျပင္မွာ ျပကတိ ျပန္ၿငိမ္ သြားၿပီး ေလေျပညင္း ကေလး ေရျပင္ထက္မွ ျဖတ္သန္း တိုက္ခတ္သြားသည္။ နန္းမေတာ္ မယ္ႏု၏ ေနာက္ဆုံးထြက္သက္ ေရပြက္ကေလး မဟုတ္ပါေလာ။

    ကုန္းေဘာင္ေခတ္ ၏ မြန္းတည့္ခ်ိန္ ဘုန္းဩဇာ အျပည့္ႏွင့္ ေ႐ႊအိမ္နန္းၾကငွန္း ထက္တြင္ အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ အဂၢမေဟသီ မိဖုရားေခါင္ရာထူးကို ရယူခဲ့ေသာ္လည္း လူ႔ဘဝသည္ မည္သည့္ အရာမွ်ၾကာရွည္ မတည္ၿမဲဘဲ တစ္ခဏ အခ်ိန္တြင္းသာ ရွိသည္ကို နန္းမေတာ္ မယ္ႏုက သူမ၏ေနာက္ဆုံး ထြက္သက္ ေရပြက္ကေလး အခ်ိန္မွ်ျဖင့္ ကြၽႏ္ုပ္တို႔အား သင္ခန္းစာ ေပးသြားခဲ့သည္ မဟုတ္ပါေလာ။

    Credit-Original Uploader