Author: shangyi
    (Zawgyi)
    ၁။ ဆီးချို
    ၂။ အစာချေစနစ်
    ၅။ နှလုံးရောဂါ
    ၇။ ဆံပင်ကျွတ်ခြင်း
    (Unicode)
    ဆီးချိုရောဂါအတွက် ရွေးချယ်စားသုံးပေးသင့်တဲ့ ကန်ဇွန်းဥ
    ကန်ဇွန်းဥကို မီးဖုတ် (သို့) မီးကင်ပြီးစားစား၊ ပြုတ်ပြီးစားစား အရသာရှိလှပါတယ်။ အရောင်အမျိုးမျိုးရှိတဲ့ ကန်ဇွန်းဥကိုလည်း ဈေးကွက်မှာ ဝယ်ယူစားသုံးနိုင်ပါတယ်။
    ကန်ဇွန်းဥကို စားသုံးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လိုရနိုင်မလဲ။
    ၁။ ဆီးချို
    ဆီးချိုဝေဒနာရှင်တွေအတွက် ကန်ဇွန်းဥကို ရွေးချယ်စားသုံးသင့်ပါတယ်။ ကန်ဇွန်းဥမှာ သဘာဝသကြားဓါတ်ပါဝင်ပြီး ဆီးချိုဖြစ်စေဖို့ အထောက်အပံ့ဖြစ်စေတဲ့ အင်ဆူလင်ဓါတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
    ၂။ အစာချေစနစ်
    ကန်ဇွန်းဥမှာ အမျှင်ဓါတ်တွေပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ဝမ်းချုပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။
    ၃။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ
    ဆေးလိပ်သောက်သုံးတဲ့ သူတွေအထူးသဖြင့် ကန်ဇွန်းဥကို များများစားသုံးပေးသင့်ပါတယ်။ ကန်ဇွန်းဥမှာ ဗီတာမင် A ထုတ်လုပ်မှုကိုကူညီပေးနိုင်တဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။
    ၄။ နှလုံးနဲ့ တခြားကျန်းမာရေး
    ကန်ဇွန်းဥမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်လို့ နှလုံး၊ သွား၊ အရေပြား၊ အရိုး စတာတွေအတွက် ကောင်းမွန်စေပြီး သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။
    ၅။ နှလုံးရောဂါ
    ကန်ဇွန်းဥမှာ ဗီတာမင် B6 ပါဝင်လို့ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်တာနဲ့ တခြားရောဂါတွေအတွက်လည်းကောင်းမွန်ပါတယ်။
    ၆။ ကိုယ်ဝန်ဆောင်မိခင်တွေ
    ကန်ဇွန်းဥမှာ ဖောလစ် (Folid) အက်ဆစ်ဓါတ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အထူးစားသုံးပေးသင့်ပါတယ်။
    ၇။ ဆံပင်ကျွတ်ခြင်း
    ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုး ဖြစ်နေလား။ ကန်ဇွန်းဥမှာ ဗီတာကယ်လိုတင်းဓါတ်ပါဝင်လို့ ဆံပင်ကျွတ်တာ ဆံသားပျက်ဆီးတာမျိုးကို ရပ်တန့်စေပြီး ဆံပင်သန်စေပါတယ်။
    Credit – Myhealthymyanmar
  • စိတ်ဓာတ် အကြီးအကျယ် ကျနေပြီဆိုရင် ဒီနည်းလေးတွေ စမ်းကြည့်ပါ့လား
    အတက်အကျများတဲ့ လောကဓံကို ဂျိုနဲ့လားလို့ ပြန်မေးကြည့်ရအောင်။ တချို့နည်းလေးတွေက တကယ်အလုပ်ဖြစ်တယ် သိလား။ ဘာတွေလဲ သိရအောင် ဖတ်ကြည့်နော် …
    ♦ အရင်တုန်းက သီချင်းဟောင်းလေးတွေ၊ ခေတ်စားခဲ့ဖူးတဲ့သီချင်းတွေ ပြန်နားထောင်ကြည့်။
    ” ညနေခင်းရဲ့လေပြည်ထဲမှာ … မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ … ” အဲဒါမျိုးလေးတွေ နားထောင်မိရင် ပြန်ငယ်သွားပြီး လန်းသွားသလို ခံစားရတယ်။ သင်အကြိုက်ဆုံးသီချင်းရော … ရှိဖူးလား။
    ♦ ဘယ်သူ့မှ ရင်ဖွင့်ရာမရှိရင် စာရွက်တစ်ရွက်ယူပြီး ကောက်ရေးပစ်လိုက်ပါ၊ ချဉ်တဲ့သူတွေကို ပက်ပက်စက်စက် ကလော်ဆဲပါ။ ဒုက္ခပေးတဲ့သူနာမည်တွေကို စာနဲ့ရေးဆဲပါ။ နှုတ်ကလည်း ရွတ်ပါ။ ပြီးရင် ဆဲစာတွေကိုတော့ လွင့်ပစ်ဖို့ မမေ့ပါနဲ့။
    ♦ ရည်းစားစာတွေ ပြန်ဖတ်ပါ။ အဲဒီလို အီးမေးလ်တွေကို folder တစ်ခု ဖွင့်ပါ။ လက်ရေးစာအိတ်နဲ့ စာတွေကို ချောင်တစ်ချောင်မှာ ထိုးထားလိုက်ပါ။ စိတ်ညစ်ရင် ပြန်ဖတ်ပါ။ ပြီးရင် တဟီးဟီးခွီပါ။ တစ်ယောက်တည်း ခွီလို့အားမရရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး အခွီတွေကို ဖုန်းဘေလ်ကုန်ခံ မျှဝေလိုက်ပါ။ ဘယ်သူက ဘယ်လိုကြောင်ပြီး ငါ့ဆီ ဘယ်လိုလေး ရေးခဲ့ဖူးပါတယ်ပေါ့။ စိတ်ရောမှန်ရဲ့လား မသိဘူးနော်တို့ … ဘာတို့။ တကယ်တော့ အချစ်ဟောင်းတွေဆီက အီးမေးလ်တွေ၊ စာတွေက လူကို နုပျိုသွားစေသလားလို့။
    ♦ ပုံဆွဲပါ။ အထူးသဖြင့် အကြိုက်ဆုံးမင်းသားတွေရဲ့ပုံတွေကို ကူးဆွဲပါ။ ကြောင်က ကျားဖြစ်၊ ကြွက်က ဆင်နဲ့တူလောက်အောင် စကေး သိပ်ကြမ်းရင်လည်း ဆက်သာ ဆွဲပါ။ ပြီးရင် အိပ်ခန်းထဲမှာ ကပ်ထားပါ။ သင်ကြိုက်ခဲ့ဖူးတဲ့မင်းသားတွေသာ သူတို့ပုံကို သင်ဆွဲတဲ့ပုံကိုမြင်ပြီး ချက်ချင်း တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေချင်လောက်အောင် ဖန်တီးနိုင်စွမ်း ပက်ပက်စက်စက် အားကောင်းပါစေ။
    ♦ အမေ့ပိုက်ဆံအိတ်ထဲက မုန့်ဖိုးနှိုက်နေတုန်း အဖေ မိသွားတဲ့အချိန်တို့။ ရည်းစားနဲ့ ကျူနေတုန်း အဘွားက လှမ်းကြည့်ပြီး နင့်အသံက ညောင်ညိညိနဲ့ ဘာတွေပြောနေတာတုန်း မေးတဲ့အချိန်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး သိမှုမှတ်ဉာဏ် ပြန်တည်ဆောက်လိုက်တဲ့အခါ အရှိအတိုင်း မြင်လာတယ်။ အနေရခက်ခဲ့ဖူးတာလေးတွေ ပြန်တွေးကြည့်။ အခု ဟာသဖြစ်ခဲ့ပြီ မဟုတ်လား။
    ♦ ငယ်ငယ်က ဓာတ်ပုံလေးတွေ ပြန်ကြည့်ပါ။ ငယ်ငယ်ကချောပြီး ကြီးမှ ကျက်သရေ တုံးသွားတယ်လို့ ပြောတတ်တဲ့ ပြောမနာ ဆိုမနာသူငယ်ချင်းတွေကို ကျေးဇူးတင်လိုက်ပါ။ သူတို့ ပြောတာ မှန်၊ မမှန် သိရအောင် ဖိုတိုဟောင်းတွေ ပြန်ရှုစားပါ။
    ♦ ကာရာအိုကေသွားပါ။ ကိုယ့်သီချင်းသံကို အားနာပါးနာ နားထောင်မယ့် ပရိသတ်တစ်ယောက် သူငယ်ချင်းကို ခေါက်ဆွဲကြော် ကျွေးပြီး ခေါ်ပါ။
    ♦ အိမ်သန့်ရှင်းရေးလုပ်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပါ။ အပျင်းမကြီးပါနဲ့။ အတူနေမိသားစုနဲ့ ကျန်းမာသပ်ရပ်တဲ့ အနေအထိုင်ဟာ လူကို အထူးစိတ်ရွှင်လန်းစေမှာပါ။ မိဘက အမြင်ကြည်လာသလို ငါ တော်တော်သန့်လာပြီဆိုတဲ့ ခံစားချက်နဲ့ အသက်ဆက်ရှင်လို့ရပါပြီ။
    ဂျီပီငှက် (ဆေး/မန်း)
    ==========
    DrMyanmar
    (Zawgyi)
    Credit- Dr_Jasmine
    (Unicode)
     အုန်းရည်နှင့် ဆီးချို 
    အုန်းရည်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပြီး လူပြောများလာပါတယ်။ အုန်းရည်ဟာ သတ္တုဓာတ် ပါဝင်မှု များတာကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်တာမျိုးမှာ အုန်းရည်ကို တိုက်ကြပါတယ်။ တခြား အသုံးဝင်တဲ့ နေရာတွေလည်း ရှိပါသေးတယ်။ အုန်းရည်ဟာ အဆီပါဝင်မှု မရှိဘဲ ကယ်လိုရီနည်းတာကြောင့် ဆီးချိုရောဂါ ရှိတဲ့ သူတွေကြားမှာပါ ရေပန်းစားလာပါတယ်။
    အုန်းရည်ဟာ စိတ်ကို လန်းဆန်းစေပြီး ရေဓာတ် ကောင်းမွန်စွာ ဖြည့်တင်းပေးနိင်ပါတယ်။ အချိုရည်တွေ သောက်မယ့်အစား အုန်းရည်သောက်တာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ အုန်းရည်ကို ဆီးချိုနဲ့ တည့်မတည့် မပြောခင်မှာ… အုန်းရည်ရဲ့ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။
    အနေတော် အုန်းသီး တစ်လုံးက ရတဲ့ အုန်းရည် (ခန့်မှန်းခြေ ၂၃၆ ဂရမ် အလေးချိန်ခန့်) မှာ ကယ်လိုရီ အနေနဲ့ ၃၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ ဒါဟာ အချိုရည်တွေမှာ ပါတဲ့ ပျမ်းမျှ ကယ်လိုရီ ၁၂၀~၂၀၀ နဲ့ယှဉ်ရင် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဆီးချိုရောဂါရှင်တွေဆို အချိုရည်တွေကို ရှောင်နေရတာ ဖြစ်တာကြောင့် အုန်းရည်ကို ပိုရွေးချယ်သင့်ပါတယ်။ကယ်လိုရီနည်းတာရယ် သဘာ၀ အစားအစာဖြစ်တာကြောင့် ဆီးချိုသမားတွေ အတွက် ပိုသင့်တော်ပါတယ်။ အဆီ အနေနဲ့တော့ ဝ.၄ ဂရမ်ပဲ ပါဝင်တာကြောင့် နည်းပါတယ်။ ကစီဓါတ် ကတော့ ၈ ဂရမ် ပါဝင်ပါတယ်။ ထမင်း တစ်ပုံ၊ ပေါင်မုန့်တစ်ချပ်မှာ ကစီဓါတ် ၁၈ ဂရမ် ပါတာမို့ အုန်းရည်က ကစီဓါတ်နည်းတဲ့အထဲ ပါပါတယ်။
    ကစီဓါတ်ဆိုသည်မှာ ဂလူးကို့သကြားကို ဖြစ်စေသောကြောင့် သွေးအတွင်း အချိုတက်စေသော ဓါတ်ဖြစ်သည်။ ကိုလက်စထရော ကတော့ Zero ဖြစ်ပါတယ်။ အမျှင်ဓါတ် ၂.၃ ဂရမ် ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။ အသားဓါတ်လည်း ၁.၅ ဂရမ် ပါဝင်ပြီး သကြား ၅ ဂရမ်သာ ပါဝင်ပါတယ်။ အုန်းရည်မှာပါသော သကြားဓါတ်သည် ဆူးခရို့အမျိုးအစား ဖြစ်ပါသောကြောင့် ဆီးချိုသကြားဟု ခေါ်ဆိုသုံနှုံးနေသောသကြားနှင့် အတူတူ ဖြစ်ပါသည်။ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
    ကယ်လဆီယမ်၊ သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ ၆၊ ပိုတက်ဆီယမ် ကြွယ်ဝပြီး ဆိုဒီယမ် အနည်းငယ်သာပါဝင်ပါတယ်။ အုန်းရည်စစ်စစ်ဟာ ဆီးချို အမျိုး အစား (၁) ဖြစ်ဖြစ်၊ (၂) ဖြစ်ဖြစ် သောက်လို့ရပါတယ်။ အုန်းရည်က ဆီးချိုကို ပျောက်စေတာမျိုး မဟုတ်ပါဘူး။ ဆီးချိုကုသမှုကို သေချာခံယူပြီး မျှတတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရမှာ ဖြစ်ပါတယ်။
    အုန်းရည်ဟာ ဆီးချိုနဲ့တည့်တယ်ဆိုတိုင်း အမြဲသောက်နေရမှာ မဟုတ်ပါဘူး။ ကျမတို့ ကိုယ်ခန္ဓာဟာ အာဟာရတစ်မျိုးတည်းကို လိုတာမဟုတ်တဲ့အတွက် သင့်တင့်မျှတတဲ့ စားသောက်မှု့ ပုံစံကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ အချိုရည်အစား အုန်းရည်ကို ရွေးချယ် သောက်သုံးလို့ရပါတယ်။ နေ့တိုင်း အမြဲ သောက်နေရမှာ မဟုတ်ပါဘူး။
    တခါတလေ ဆီးချိုလူနာတွေမှာ အတွေးမှားတတ်တာလေး ရှိတတ်ပါတယ်။ ဆီးချိုကို ပျောက်စေတဲ့ အစားအသောက် မရှိတာကြောင့် အစားအစာ တစ်မျိုးကို အလွန်အကျွံ မှီဝဲတာမျိုး ရှောင်သင့်ပါတယ်။ အုန်းရည်ကတော့ ဆီးချို သမားတွေမှာ သောက်လို့ရတယ်လို့ အကြံပြုချင်ပါတယ်။ အချိုရည်တွေ သောက်မယ့်အစား သဘာဝကရတဲ့ အစားအစာဟာ
    အကောင်းဆုံး ဖြစ်တာကြောင့်ပါ။
    တန်ဆေးလွန်ဘေးလည်း ဖြစ်တတ်တာကြောင့် မိမိရဲ့ ရောဂါ အခြေအနေ၊ သကြားဓာတ် ထိန်းချုပ်နိုင်စွမ်း၊ သောက်ဆေးထိုးဆေးများနှင့် ချင့်ချိန်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကသာ ဆီးချိုရောဂါရှင်တွေ အတွက် အကောင်းဆုံးလို့အကြံပြုပါရစေ။
    ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။
    Credit- Dr_Jasmine
  • ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ ဖတ်ထားကြ..
    ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ
    ဖတ်ထားကြ..
    ကိုယ်တွေနိုင်ငံက ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး .. တလွဲဆံပင်ကောင်းတွေ
    P.s သနပ်ခါးက သဘာဝလို့ တော့ လာမပြောနဲ့ ဘယ် သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးဘူး
    ………
    ကလေးမိဘတွေ သတိထားကျပါ !
    ” မရှိတာထက် ….. မသိတာကခက်
    မသိတာထက် …… သိသိနဲ့မလိုက်နာတာက ပိုခက်”
    ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။ ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။
    ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာ
    ဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ်
    အိမ်က အဖွားကလုပ်ဆိုလို့ တဲ့( ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ )
    ကလေးမေမေရေ ကလေးတွေမှာ
    သဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော်
    – နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ်
    – သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် (သူငယ်နာမဟုတ်ပါ)
    – လန့်တတ်ပါတယ် (အတွင်းတတ်မဟုတ်ပါ)
    – ခါးကော့တာ ၊ညှစ်တာပုံမှန်ပါ (တတ်တာ မဟုတ်ပါ)
    – ကလေးငယ်ရဲ့နို့အုံလေးစူနေတတ်ပါတယ် (အမေဆီကလာတဲ့ ဟော်မုန်းကြောင့်ပါ၊ တစ်လလောက်ဆိုပုံမှန်ပြန်ဖြစ်ပါတယ် ၊မညှစ်ရပါ ၊ပုံထဲက ကလေးလေးက အဖွားလက်နဲ့ညှစ်ရာက ရောဂါပိုးဝင်ပြီး ဆေးရုံရောက်လာတာပါ)
    – ငိုပါတယ် ( မငိုတဲ့ကလေး မရှိသလောက်ပါ )
    – ကျို့ထိုးပါတယ် (ပုံမှန်ပါ ၊တဖြည်းဖြည်းအကြိမ်ရေ နဲလာပြီး တလကျော်ရင်ကျို့မထိုးတော့ပါဘူး)
    အရေးကြီးတာက
    ၁။ မွေးကင်းစကလေးကို ခေါင်းမရိတ်ပါနဲ့ ( ခေါင်းရိတ်တာမှားရင်တော့ ပိုးဝင်ပြီးကလေးငယ်သေဆုံးတတ်ပါတယ်)(ပုံမှာပါတဲ့ကလေးတွေ)
    ၂။ လှစေချင်ဇောနဲ့ သနပ်ခါးပေါင်ဒါ မသုံးပါနဲ့
    (ပုံထဲက ကလေးငယ်က သနပ်ခါးချက်ကိုပုံရင်း ချက်ကြိုးပိုးဝင်တာပါ )
    ၃။ ဆေးမြီးတိုရမ်းမတိုက်ပါနဲ့ (တိုင်းရင်းဆေးသုံးချင်ရင် တိုင်းရင်းဆေးဆရာ အစစ်နဲ့ပြပါ )
    ပြောပြခဲတာတွေကတော့ အများကြီးပါ ။
    ဒီခေတ်က စာရှည်ရင်မဖတ်ချင်ကြတော့ ဒီလောက်ပါပဲ ။
    ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ ။
    Cd-မူရင်းတင်ပြသူ
    C K G
  • ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ
    ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ
    ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
    ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။
    ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်
    နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-
    တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။
    နာကျင်မှုကိုသက်သာစေပါတယ်-
    ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။
    ခုခံအားကို တက်စေပါတယ်-
    လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။
    အိပ်ပျော်စေနိုင်ပါတယ်-
    စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။
    ကျန်းမာစေနိုင်ပါတယ်-
    ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။
    နုပျိုစေပါတယ် –
    တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
  • ဓာတုဆေးမပါ၊ ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း
    (Zawgyi)
    (၁) ရွံစေး
    (၂) ဆား
    (၃) ထုံးမှုန့်
    (၄) ထင်းမီးပြာ
    ကျေးဇူးတင်ပါတယ်။
    (Unicode)
    ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း
    ဆေးဘဲဥကို”Century egg”ဟု အမည်ပေးထားပြီး တနည်းအားဖြင့် Thousand -year-egg”ဟူ၍လည်း ခေါ်ဝေါ်ကြပါတယ်။ တရုတ်ရိုးရာအစားအစာဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးတွေဟာ ဆေးဘဲဥကို သေချာပြုလုပ်ပြီး နှစ်ပေါင်းရာချီ ထောင်ချီကြာမှ ချက်ပြုပ်စားသုံးကြပါတယ်။ ယနေ့ခေတ်ကာလမှာတော့ တစ်လခန့် ကြာရုံမျှ ထားရှိပြီး ချက်ပြုပ် စားသုံးကြပါတယ်။
    ပါဝင်သည့် ပစ္စည်းများကတော့
    (၁) ရွံစေး
    (၂) ဆား
    (၃) ထုံးမှုန့်
    (၄) ထင်းမီးပြာ
    ဤ (၄)မျိုးကို ရောစပ်ပြီး သေချာနှံ့စပ်အောင် နယ်၍ ဘဲဥကိုယ်ပေါ်သို့ အနည်းငယ်ထူအောင် သုတ်လိမ်းပြီးပါက ဖွဲကြမ်းခွံ(သို့) စပါးခွံဖြင့် အပေါ်ယံမှ ထပ်ဆင့်ဖုံးအုပ်ပေးပါ။
    အားလုံးပြီးစီးသွားပါက ခြင်းတောင်းထဲသို့ သေချာစီထည့်ပြီး ခြောက်သွေ့သန့်ရှင်းသောနေရာ၌ (၄)ပတ်မှ (၅)ပတ်လောက်ကြာအောင် ထားရှိပြီးမှ ချက်ပြုတ်စားသုံနိုင်ပါသည်။
    ဆေးဘဲဥဟာ vitamin A and B ,B12ဓာတ် ပါရှိပြီး စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျဆင်းသူများ သွေးပေါင်ချိန်မှန်ကန်မှု့ရရှိခြင်း၊ ချောင်းဆိုးသွေးပါ၊ ပန်းနာ ရင်ကြပ်၊ အဆုတ်ရောဂါနှင့် တီဘီရောဂါပျောက်ကင်းသက်သာစေခြင်း၊ အသည်း အားကောင်းစေခြင်းနှင့် အစာစားချင်စိတ် ပျက်ပြားနေသော လူနာများ အစား စားချင်စိတ် ဖြစ်ပေါ်လာစေပြီး များစွာသောအားအင်များ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ကြက်ဥဖြင့်လည်း ဒီအတိုင်း ပြုလုပ်လို့ ရပါတယ်။
    ကျေးဇူးတင်ပါတယ်။
    Credit – Win Min Phyo(ဘဝခါးခါး)
  • ကျန်းမာရေးအတွက် ချောကလက်
    ကျန်းမာရေးအတွက် ချောကလက်
    ***********************
    ချောကလက်သမိုင်း
    ချောကလက်ရဲ့ အရင်းအမြစ်ဟာ ကိုကာအို(Cocao) အပင်ရဲ့ အစေ့က ဖြစ်ပါတယ်။ ကိုကာအိုအပင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ ကျော်လောက်က အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ မက္ကဆီကိုတောင်ပိုင်းဒေသက သစ်တောတွေ မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂရိဘာသာစကားအရ Theobroma လို့ ခေါ်ဆိုပြီး ဘုရားသခင်၏ အစားအစာ (food of the gods)လို့ အဓိပ္ပာယ်ရပါတယ်။ မက္ကဆီကို တောင်ပိုင်းရှိ မာယာ(Maya)လူမျိုးနှင့် အက်ဇ်တက်(Aztec) လူမျိုးတွေဟာ ချောကလက်ကို ရိုးရာဓလေ့ပွဲများနှင့် ဘာသာရေးပွဲများတွင် အထွတ်အမြတ်အစားအစာတစ်ခု အနေဖြင့် မပါမဖြစ် ထည့်သွင်းကြပါတယ်။ ကိုကာအိုအစေ့ ၏ အမှုန့်ကို တခြားသော နို့၊ သကြား၊ ထောပတ် စသော ပစ္စည်းများနှင့်ပေါင်းစပ်၍ ချောကလက်အနေဖြင့် ပြုပြင် စားသုံးကြခြင်း ဖြစ်ပါတယ်။
    အမျိုးသမီးများ ဘာကြောင့် အညိုရင့်ရောင်ချောကလက်ကို နှစ်သက်ကြတာလဲ။
    ချောကလက်ဟာ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ ချောကလက်ကို ဘယ်သူတွေက မကြိုက်တာပါလဲ။ သေချာတာကတော့ လူတော်တော်များများက နှစ်သက်ကြပြီး ကမ္ဘာတစ်ဝန်း အသုံးပြုနေကြတာပါပဲ။ ကလေးတိုင်း ချောကလက်ကို ခံတွင်းတွေ့ပြီး မြိန်ယှက်စွာ စားသုံးကြပါတယ်။ အမျိုးသမီးတော်တော် များများကလည်း ချောကလက်ရဲ့ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြပါဘူး။ မိမိ ချစ်ခင်နှစ်သက်သူကိုပေးတဲ့ လက်ဆောင်တွေထဲမှာ ချောကလက်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ဒီချောကလက်လေးတွေဟာ ချစ်သူနှစ်ဦးရဲ့ကြည်နူးတဲ့ အချစ်စိတ်ဆက်သွယ်မှုတွေကို ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။ အမျိုးသား တစ်ဦးဟာ အမျိုးသမီးတစ်ဦးရဲ့အသည်းနှလုံးဆီကို ချဉ်းကပ်တော့မယ်ဆိုရင် ချောကလက်လေးတွေကို ဘယ်လိုဝယ်ယူရမလဲဆိုတဲ့ နည်းလမ်းကို သိထားသင့်ပါတယ်။
    ဘာကြောင့် အညိုရောင်ချောကလက်ကိုမှ ရွေးချယ်ရတာပါလဲ။
    အညိုရင့်ရင့်ချောကလက်လေးတွေမှာ သဘာဝအပင် တွေရဲ့အဆီအနှစ်တွေ ပါဝင်ထုတ်လုပ်ထားတဲ့အတွက် ကျွန်ုပ်တို့ တော်တော်များများ သတိမထားမိတဲ့ ထူးကဲလှတဲ့ အရသာ ပါရှိပါတယ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိနိုင်တာပါပဲ။ ချောကလက်ထဲမှာ ဖလေဗနွိုက်(flavanoids)လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အိုမင်း ရင့်ရော်ပျက်စီးစေတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့ရန်ကနေ ကာကွယ်ပေးမှုများစွာ ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို များပြားလှတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ရိုးရိုး ချောကလက်များထက် အညိုရင့်ရင့်ချောကလက်များမှာ ပိုမို တွေ့ရှိရတတ်ပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ဖလေဗနွိုက်ဟာ နိုက်ထရစ်အောက်ဆိုဒ်ဓာတ်ထွက်ရှိမှု ကို အားပေးတဲ့အတွက် သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေရန် အကူအညီပေးပါတယ်။
    အသည်းနှလုံးအတွက် ချောကလက်အနက်
    ဒီအညိုရင့်ရင့် ဒါမှမဟုတ် အနက် ရောင် ချောကလက်ဟာ သင့်ရဲ့ နှလုံး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ နေ့စဉ် အနက် ရောင် ချောကလက်အတောင့်သေးသေးတစ်တောင့်ကို စားသုံးပေးခြင်းဖြင့် နှလုံးသွေးကြောအဖွဲ့အစည်း ကောင်းစွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနိုင်ပြီး ညီညွတ်မျှတတဲ့ လုပ်ဆောင်မှုတွေကိုလည်း ရရှိစေပါတယ်။ ဒီချောကလက် လေးတွေဟာ အသည်းနှလုံးဆီကို ရောက်တဲ့အခါမှာ အကျိုး ကျေးဇူးနှစ်ခုပေးပါတယ်။ သွေးပေါင်ချိန်ကို လျှော့ချပေးတဲ့ အစွမ်းနဲ့ ချောကလက်ထဲမှာ ပိုလီဖိနောဓာတ် (polyphenol) များစွာပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်ကို လျော့ကျစေဖို့ ခန္ဓာကိုယ်အဆီပမာဏကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်လျော့ကျ ဖို့ကတော့ ပထမပြောခဲ့သလို အနက်ရောင် ချောကလက် အတောင့်သေးသေးတစ်တောင့် နေ့စဉ် စားပေးရမှာဖြစ်ပြီး သွေးတွင်း ကိုလက်စထရောအဆီဓာတ်ကို လက်ရှိပမာဏ ထက် ၁၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တဲ့အတွက် ခန္ဓာ ကိုယ် အဆီထုကိုလည်း ကျဆင်းစေပါတယ်။
    စိတ်ကျရောဂါအတွက် ချောကလက်
    နှလုံးထိခိုက်မှုကနေ ကာကွယ်ပေးတဲ့ အညိုရင့်ရောင် ချောကလက်လေးတွေဟာ အရသာအားဖြင့်လည်း ကောင်းမွန်လှတယ်ဆိုတာ ငြင်းဆန်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် စိတ်ကျေနပ်ကြည်နူးမှုနှင့် စိတ်ဆန္ဒပြည့်ဝမှုကဲ့သို့ သော ခံစားချက်မျိုးကိုပေးစွမ်းနိုင်တဲ့ အန်ဒေါ်ဖင်း (endorphin) ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးရာမှာလည်း အကူ အညီ ဖြစ်စေပါတယ်။ ဒီထဲမှာ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ စီရိုတိုနင်ဓာတ်ဟာ စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်ပေးပြီး စိတ်ဓာတ်ပြန်လည်တက်ြွကလာအောင် ကူညီပေးနိုင်တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် သီရိုဘရိုမင်းဓာတ်နှင့် ကဖင်း ဓာတ်တို့ ပါဝင်လို့ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို လှုံ့ဆော်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုလှုံ့ဆော်မှုပေးနိုင်တဲ့ တခြားသောဓာတ် ပစ္စည်းများလည်း အနည်းငယ်စီ ပါဝင်ပါတယ်။
    ကလေးများနဲ့ ချောကလက်
    ချောကလက်မှာ ဖော့စဖောရပ်(phosphorus)နဲ့ မဂ္ဂနီ စီယမ်ဓာတ်(magnesium) ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီ ဓာတ်နှစ်မျိုးကနေ အကျိုးကျေးဇူးများစွာ ရစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ ကြွက်သားနဲ့ အာရုံကြောတွေရဲ့လုပ်ငန်း တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပြီး အရိုးများ သန်မာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်နဲ့ တခြား သောနေရာများ ကျန်းမာစေရန်လည်း ထောက်ပံ့ပေးပါတယ်။ ဖော့စဖောရပ်ကတော့ ကလေးငယ်များရဲ့အရိုးများနဲ့ သွားများ ဖြစ်ပေါ်မှုအတွက် အရေးပါလှတယ်။ ၄င်းကို ကယ်စီယမ်နဲ့ တွဲဖက်သုံးစွဲခြင်းဖြင့်လည်း အရိုးများ သန်မာစေပြီး ကျွန်ုပ် တို့ ဘဝတစ်လျှောက်လုံး ကျန်းမာသော အရိုးပိုင်ရှင်များ ဖြစ်နိုင်ပါတယ်။
    ချောကလက်ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတချို့ကြောင့် ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်တွေကို ဦးနှောက်ထဲမှာ ဖြစ်ပေါ် စေပါတယ်။ ကလေးငယ်အများစုဟာ သကြားလုံးအချို၊ ချောကလက်အချိုတွေကိုနှစ်သက်ကြပါတယ်။ စားသောက် ကုန်စတိုးဆိုင်ကို ရောက်တာနဲ့ သူတို့ရဲ့မျက်လုံးတွေဟာ ချောကလက်သကြား၊ သကြားလုံးအချိုအမျိုးမျိုးရှိတဲ့နေရာ ကိုပဲ ရောက်သွားကြပါတယ်။ အဲဒီအခါမှာ လူကြီးဖြစ်တဲ့သူ အနေနဲ့ ကလေးတွေနဲ့သင့်တော်မယ့် သကြားမပါသော ချောကလက်များကိုသာ ဝယ်ပေးသင့်ပါတယ်။
    ချောကလက်မှာ ကဖင်းဓာတ်ပါတယ်ဆိုပေမဲ့ ကော်ဖီ ထဲမှာပါတဲ့ ပမာဏလောက်တော့ များပြားမှုမရှိပါဘူး။ ဒါ့ အပြင် သွေးတွင်းအဆီဓာတ်များထဲမှ မကောင်းသော အဆီ ဓာတ်တစ်မျိုးကို မမြင့်မားစေအောင်လည်း ပြုလုပ်ပေးနိုင် တယ်လို့ ဆိုပါတယ်။
    အကောင်းဆုံးချောကလက်
    တစ်ကမ္ဘာလုံးက သဘောတူထားတဲ့ အကောင်းဆုံး ချောကလက်ကတော့ ဘယ်လ်ဂျီယံမှပြုလုပ်တဲ့ ချောကလက်ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ဆွစ်ဇ်လူမျိုးများဟာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှ ချောကလက်ပြုလုပ်နည်းများကို အများဆုံး အသုံးပြုတဲ့ ကမ္ဘာကျော်ချောကလက်လုပ်သူများပဲ ဖြစ်ပါ တယ်။
    အနက်ရောင်ချောကလက်ရဲ့လျှို့ဝှက်ချက် နောက်တစ်ခု ကတော့ သင့်ရဲ့ခန္ဓာကိုယ်ကို ကောင်းကျိုးပေးနိုင်တဲ့ ကိုကာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ နို့နဲ့ပြုလုပ်ထားတဲ့ အဖြူရောင် ချောကလက်မှာတော့ ဒီလိုအကျိုးပြုတဲ့ဓာတ် ပါဝင်မှု နည်းပါးလှပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုချောကလက် အမျိုးအစားတွေမှာ ကိုကာပမာဏထက် ကျန်းမာရေးကို ထိခိုက်စေတဲ့ သကြားဓာတ်အများအပြားပါဝင်တဲ့ အရာ ဖြစ်လို့ သင့်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အိုမင်းရင့်ရော် မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
    ဒါကြောင့်မို့လို့ သင့်အနေနဲ့ ချောကလက်လေးတွေ ဝယ်ယူစားသုံးတဲ့အခါမှာဖြစ်ဖြစ်၊ လက်ဆောင်ပေးတဲ့အခါမှာ ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အမှန်တကယ်အကျိုးရှိတဲ့ အနက်ရောင်ချောကလက်လေးများကိုသာ ရွေးချယ်ဝယ်ယူ ပါလို့ အကြံပြုလိုက်ပါရစေ။
    creid; ဒေါက်တာခင်မိုးမိုးအောင်
  • ပျဉ်းတော်သိမ်ရွက်ရဲ့ အံ့ဖွယ်များ
    (Zawgyi)
    ဆီးချိုဝေဒနာ သက်သာစေ –
    မအေးသီမွန်
    ref: Curejoy, June 9, 2017
    Credit – Kumudra
    (Unicode)
    ဆီးချိုဝေဒနာအပါအဝင် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိတဲ့ ပျဉ်းတော်သိမ်
    ပျဉ်းတော်သိမ်မှာပါတဲ့ carbazole alkaloid ကြောင့် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်တွေကို အစိမ်းစားနိုင်သလို ဟင်းတွေထဲမှာ ထည့်ချက်ပြီးတော့လည်း စားသုံးနိုင်တဲ့အပြင် ရေနွေးထဲမှာ ထည့်စိမ်ပြီးတော့လည်း သောက်သုံးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို ဆီးချိုဝေဒနာ၊ ဝမ်းကိုက်တာ၊ ဝမ်းလျှောတာ၊ ကိုယ်ဝန် ဆောင်ကာလအတွင်း မနက်ခင်းတိုင်းမှာ အော့အန်တာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။
    ပျဉ်းတော်သိမ်ရွက်က ခန္ဓာကိုယ်အဆီကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင်လည်းအထောက်အကူ ပြုပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို ကြိတ်ထားတဲ့အနှစ်ကို အရေပြားမှာဖြစ်တဲ့ အနာတွေနဲ့ မွေးကျွတ်နာတွေအတွက်လည်း အသုံးပြုပေးနိုင်သလို ဦးရေပြားမှာဖြစ်တတ်တဲ့ ဗောက်ထတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။
    ပျဉ်းတော်သိမ်ရွက်မှာ ဗီတာမင် အေ၊ ဘီ၊ စီနဲ့ ဘီတူးဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့မှု ဝေဒနာတွေကို ကုသရာမှာလည်း အသုံးပြုပေးနိုင်ပါတယ်။
    ဖျားနာတဲ့ဝေဒနာအများစုဟာ ပိုးကူးစက်မှုတွေနဲ့ ဆဲလ်တွေ ပျက်စီးယိုယွင်းမှုတွေကြောင့်နဲ့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေကို ခုခံနိုင်စွမ်းရှိတဲ့ ဆေးယဉ်ပါး ဘက်တီးရီးယားမျိုးစိတ်တွေ ထွက်ပေါ်လာနေ ချိန်မှာ ကူးစက်ရောဂါတွေကို ပြောင်းလဲဆန်းသစ်တဲ့ နည်းလမ်းနဲ့ ကုသနိုင်ဖို့က အရေးပါလာပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ မတူကွဲပြားတဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားပါတယ်။
    ပျဉ်းတော်သိမ်ရွက်မှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ၊ ဘက်တီးရီးယား တိုက်ဖျက်တဲ့ ဒြပ်ပေါင်းတွေ၊ ရောင်းရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေနဲ့ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေတောင် ရှိနေတဲ့ carbazole alkaloids ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ပျဉ်းတော်သိမ်ရွက်ပင်ရဲ့ ပန်းပွင့်စေမှုအတွက် တာဝန်ယူထားတဲ့ linolool ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိသလို free radicals တွေကြောင့် အရေပြားဆဲလ်တွေ ပျက်စီးတာကို ဖယ်ရှားပေးပါတယ်။
    အပူ လောင်ဒဏ်ရာ သက်သာစေ –
    မလေးရှားက သုတေသီတွေက ကြွက်တွေနဲ့ လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှု တစ်ရပ်မှာတော့ ပျဉ်းတော်သိမ်ရွက်က အနာတွေကို ဘယ်လိုနည်းနဲ့ သက်သာပျောက်ကင်းစေသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ပျဉ်းတော်သိမ်မှာပါတဲ့ mahanimbicine လို့ခေါ်တဲ့ carbazole alkaloid အဆီအနှစ်က အရမ်းမနက်တဲ့ အနာတွေကို သက်သာစေဖို့ အတွက် လှုံ့ဆော်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက်က အရေပြားအနာတွေကို သက်သာစေရုံသာမက ဦးရေပြားပေါ်မှာဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာပျောက်ကင်းစေပြီး ဆံပင်တွေကိုလည်း ပြန်ပေါက်စေနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်က အနာတွေ၊ အရေပြားယားယံတာနဲ့ အသေးစား အပူလောင်နာတွေကို သက်သာစေနိုင်ပါ တယ်။
    ပျဉ်းတော်သိမ်ရွက် လတ်လတ်ဆတ်ဆတ်ကို အနှစ်ကြိတ်ပါ။ လိုအပ်ရင် ရေနည်းနည်းရောပြီး အဲသည်အနှစ်ကို အပူလောင်တဲ့အနာ၊ ပွန်းပဲ့ဒဏ်ရာနဲ့ အနာစိမ်းတွေကို ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။  အနှစ်ကို အနာပေါ်မှာ တစ်ညလုံး အုံထားပေးရမှာဖြစ်ပြီး ဒဏ်ရာတွေအပေါ်မှာ အနှစ်ကိုအုံပြီးတဲ့အခါ အနာကို ပတ်တီးနဲ့ ခပ်ဖွဖွလေးစည်းထားပေးပါ။
    ကိုယ်အလေးချိန်ကျစေနိုင် –
    ပျဉ်းတော်သိမ်ရွက်က ခန္ဓာကိုယ်က အဆီတွေကို လျော့ကျစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကျအောင် အထောက်အပံ့ပေးပါတယ်။
    ဆီးချိုဝေဒနာ သက်သာစေ –
    နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကို ထည့်သွင်းစားသုံးပေးတာက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း ကျဆင်းစေပါတယ်။
    ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို သက်သာစေခြင်း –
    ပျဉ်းတော်သိမ်ရွက်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာပါတဲ့ ဒြပ်ပေါင်းက အစာဟောင်းအိမ် လှုပ်ရှားမှုကို ကောင်းမွန်အောင် ထောက်ပံ့ပေးသလို အစာချေ အင်ဇိုင်းတွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဝမ်းကိုက်တာနဲ့ ဝမ်းလျှောတာတွေကိုလည်း သက်သာစေပါတယ်။ကြွက်တွေနဲ့ လေ့လာမှုတစ်ရပ်မှာ ပျဉ်းတော်သိမ်အဆီအနှစ်က ဝမ်းချုပ်တာကို သက်သာစေသလို ဝမ်းဗိုက်နာကျင်မှုဝေဒနာကိုလည်း သက်သာစေပါတယ်။
    ဆံပင်သန်စေခြင်း၊ အရွယ်မတိုင်ခင် ဆံပင်မဖြူအောင် ကာကွယ်ပေးခြင်း၊ ဗောက်ပျောက်စေခြင်း –
    ပျဉ်းတော်သိမ်ရွက်က ဆံပင် မွေးညှင်းပေါက်တွေကို လှုံ့ဆော်ပေးပြီး ဆံပင်တွေ သန်စွမ်းမှုကို တိုးတက်ကောင်းမွန်စေသလို ဆံပင်ရောင်ခြယ် ပစ္စည်းတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဆံပင်ကျွတ်ခြင်းနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာတွေအတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိပါဝင်နေတာကြောင့် ဦးရေပြားပေါ်က ဗောက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
    စိတ်ဖိစီးမှုလျော့ကျစေခြင်း –
    ပျဉ်းတော်သိမ်ရွက်ရဲ့ ရနံ့က စိတ်သက်သာရာ ရစေနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီအနှစ်ကို ရှူရှိုက်ပေးတာက စိတ်ဖိစီးမှု လျော့ပါးသက်သာအောင် အထောက်အပံ့ပေးပါတယ်။ ပျဉ်းတော်သိမ်အဆီ နှစ်စက် သုံးစက်လောက်ကို ခေါင်းအုံးစွပ်မှာ ဆွတ်ပြီး အိပ်စက်ခြင်းဖြင့် အိပ်ပျော်စေပြီး စိတ်ဖိစီးမှု ဒဏ်ကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။
    မှတ်ဉာဏ်ကောင်းမွန်စေခြင်း –
    နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက် ထည့်သွင်းစားသုံးပေးတာက မှတ်ဉာဏ်ကောင်းစေပါတယ်။ အတိတ်မေ့တာနဲ့ မှတ်ဉာဏ်အား ကျဆင်းလာတာတွေကို သိသိသာသာ လျော့ပါးသက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။
    ကိုယ်ဝန်ဆောင်ကာလအတွင်း မနက်ခင်းမှာ အော့အန်တာနဲ့ မအီ မသာ ဖြစ်တာကို သက်သာစေခြင်း –
    ကိုယ်ဝန်ဆောင် ပထမ သုံးလအတွင်းမှာ သည်လိုဝေဒနာတွေကို ခံစားရလေ့ရှိပြီး သည်လိုမျိုး အော့အန်တဲ့ ဝေဒနာကို ခံစားရပါက ပျဉ်းတော်သိမ်ရွက်ကို စားသုံးပေးပါ။ ပျဉ်းတော်သိမ်ရွက်မှာ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနဲ့ကိုယ်ဝန်ဆောင် ကာလအတွင်း မနက်ခင်းတိုင်းမှာ အော့အန်တာတွေကို သက်သာစေနိုင်တဲ့ အစွမ်း သတ္တိရှိပါတယ်။
    Orofacial Dyskinesia ဝေဒနာကို သက်သာစေခြင်း –
    ပျဉ်းတော်သိမ်ရွက်က မျက်နှာနဲ့ ပါးစပ်ကြွက်သားတွေ အကြောဆွဲမှုကို ဖြစ်စေတဲ့ဝေဒနာ ဖြစ်တဲ့ Orofacial Dyskinesia ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဓာတ်တိုးဆန့် ကျင်တဲ့ ဓာတ်ပစ္စည်းတွေ အများအပြား ပါဝင်တာကြောင့် အာရုံကြောဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။
    မအေးသီမွန်
    ref: Curejoy, June 9, 2017
    Credit – Kumudra
    Source – https://goo.gl/XrUofw
    (Zawgyi)
    လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ
    (၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။
    (၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။
    (၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။
    (၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။
    (၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။
    (၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။
    (၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။
    (၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။
    (၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။
    (၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။
    (၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။
    (၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ ဈေးယူရာ၏။
    (၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏။ နှုတ်ချိုသော် ဗိုက်ပြည့်၏။
    (၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။
    (၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။
    (၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။
    (၁၇) အတူတကွ ဝိုင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ဝိုင်းဝန်းမမှ အလေးချိန်ပေါ့၏။
    (၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။
    (၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုန်ကိုလည်း မလွှတ်ထွက်စေရာ။
    (၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။
    (၂၂) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။
    (၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။
    (၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသော သားသမီးသည် တခြားသူဖြစ်သွား၏။
    (၂၅) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။
    (၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။
    (၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။
    (၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။
    (၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။
    (၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။
    (၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။
    (၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။
    (၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)
    (၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)
    (၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။
    (၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။
    (၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။
    (၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။
    (၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။
    (၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။
    (၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။
    (၄၃) ကံမကောင်းလျင် သစ်ပင်ကို အမှီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။
    (၄၄) ဒုက္ခရောက်ချိန် ဝက်ဝံကိုရှောင်စဉ် ကျားနှင့် ဝင်တိုးတတ်၏။
    (၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။
    (၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကိုပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။
    Credit – အရှင်သုခမိ
    via – Mi Mi Tun