Author: shangyi

  • ခရမ္းခ်ဥ္သီးနဲ႔မ်က္ႏွာေပၚကဝက္ျခံဖယ္႐ွားရေအာင္

    (Zawgyi)

    ခရမ္းခ်ဥ္သီးနဲ႔ မ်က္ႏွာေပၚကဝက္ၿခံ ဖယ္ရွားရေအာင္

    မဂၤလာပါပ်ိဳေမတို႔ေရ…..

    ခရမ္းခ်ဥ္သီးကေတာ့ ေနရာတိုင္းမွာ ရရွိႏိုင္ၿပီး အသားအေရအတြက္ေရာ က်န္းမာေရးအတြက္ပါ သင့္ေတာ္တာမို႔ခရမ္းခ်ဥ္သီးကို သုံးၿပီး သဘာဝနည္းလမ္းနဲ႔ အသားအေရ ထိန္းသိမ္းလို႔ရတဲ့ နည္းလမ္းေလးတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။

    ခရမ္းခ်ဥ္သီးမွာ vitamin- A,C,K. တို႔ပါဝင္တာေၾကာင့္

    -အဆီျပန္တဲ့ ျပသာနာကို ထိန္းညႇိေပးႏိုင္တယ္။

    -ဝက္ၿခံေတြကိုဖယ္ရွားေပးတယ္။

    -အသားရည္ကိုစိုေျပေစတယ္။

    -ေခြၽးေပါက္ေတြကိုလည္း က်ည္းသြားေစတာေၾကာင့္ တစ္ပတ္တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ ျပဳလုပ္ေပးသင့္ပါတယ္။ခရမ္းခ်ဥ္သီးနဲ႔ ေပါင္းတင္တဲ့အခါ ေထြေထြထူးထူး ခက္ခက္ခဲခဲ လုပ္စရာမလိုပါဘူးေနာ္။ ႐ိုးရွင္းတဲ့ ျပဳလုပ္နည္းက အခ်ိန္ကုန္သက္သာၿပီး အက်ိဳးေက်းဇူးရွိတာမို႔ ဘယ္လိုလုပ္ရမလဲဆိုတာ အခုပဲၾကည့္လိုက္ရေအာင္ေနာ္။

    ခရမ္းခ်ဥ္သီးနဲ႔ မ်က္ႏွာေပၚကဝက္ၿခံ ဖယ္ရွားရေအာင္

    ၁။ ခရမ္းခ်ဥ္သီးကို ႀကိတ္ၿပီးေတာ့ မ်က္ႏွာေပၚမွာ လိမ္းေပးလိုက္ပါ။ ၿပီးရင္ သင့္ရဲ႕ သန႔္ရွင္းတဲ့ လက္ေလးနဲ႔ ခပ္ဖြဖြေလး ႏွိပ္ေပးၿပီး ၁၅မိနစ္ / မိနစ္၂၀ ထားႏိုင္ပါတယ္။

    ၂။ ခရမ္းခ်ဥ္သီးကို scrab သုံးလို႔ ရပါေသးတယ္။ ဒီလို သုံးခ်င္ရင္ ခရမ္းခ်ဥ္သီးကို ထက္ျခမ္းျခမ္း သၾကားကိုအေပၚကေန တင္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာကို ခပ္ဖြဖြေလး ပြတ္ေပးလိုက္ပါ။ ဘက္တီးရီးေၾကာင့္ ယားယံတာေတြကို သက္သာေစသလို အသားအေရကို ႏူးညံ့ေခ်ာမြတ္ေစပါတယ္ေနာ္။

    ၃။ အလြယ္ကူဆုံး နည္းလမ္းကေတာ့ ခရမ္းခ်ဥ္သီးကို ခပ္ပါးပါးေလးေတြ လွီးလိုက္ၿပီး မ်က္ႏွာအႏွံ႔ ပြတ္ေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါတာေနာ္။

    အလြယ္ကူ အ႐ိုးရွင္းဆုံးနည္းလမ္းနဲ႔ ပ်ိဳေမတို႔ရဲ႕ အသားအေရ ဝင္းလက္စိုေျပၿပီး ဝက္ၿခံကင္း အမည္းစက္ကင္းတဲ့မ်က္ႏွာပိုင္ရွင္ေလးေတြ ျဖစ္ၾကပါေစေနာ္။

    Credit – MyStyle Myanmar

    (Unicode)

    ခရမ်းချဉ်သီးနဲ့ မျက်နှာပေါ်ကဝက်ခြံ ဖယ်ရှားရအောင်

    မင်္ဂလာပါပျိုမေတို့ရေ…..

    ခရမ်းချဉ်သီးကတော့ နေရာတိုင်းမှာ ရရှိနိုင်ပြီး အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ သင့်တော်တာမို့ခရမ်းချဉ်သီးကို သုံးပြီး သဘာဝနည်းလမ်းနဲ့ အသားအရေ ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

    ခရမ်းချဉ်သီးမှာ vitamin- A,C,K. တို့ပါဝင်တာကြောင့်

    -အဆီပြန်တဲ့ ပြသာနာကို ထိန်းညှိပေးနိုင်တယ်။

    -ဝက်ခြံတွေကိုဖယ်ရှားပေးတယ်။

    -အသားရည်ကိုစိုပြေစေတယ်။

    -ချွေးပေါက်တွေကိုလည်း ကျည်းသွားစေတာကြောင့် တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ခရမ်းချဉ်သီးနဲ့ ပေါင်းတင်တဲ့အခါ ထွေထွေထူးထူး ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူးနော်။ ရိုးရှင်းတဲ့ ပြုလုပ်နည်းက အချိန်ကုန်သက်သာပြီး အကျိုးကျေးဇူးရှိတာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

    ခရမ်းချဉ်သီးနဲ့ မျက်နှာပေါ်ကဝက်ခြံ ဖယ်ရှားရအောင်

    ၁။ ခရမ်းချဉ်သီးကို ကြိတ်ပြီးတော့ မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် သင့်ရဲ့ သန့်ရှင်းတဲ့ လက်လေးနဲ့ ခပ်ဖွဖွလေး နှိပ်ပေးပြီး ၁၅မိနစ် / မိနစ်၂၀ ထားနိုင်ပါတယ်။

    ၂။ ခရမ်းချဉ်သီးကို scrab သုံးလို့ ရပါသေးတယ်။ ဒီလို သုံးချင်ရင် ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း သကြားကိုအပေါ်ကနေ တင်ပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာကို ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ ဘက်တီးရီးကြောင့် ယားယံတာတွေကို သက်သာစေသလို အသားအရေကို နူးညံ့ချောမွတ်စေပါတယ်နော်။

    ၃။ အလွယ်ကူဆုံး နည်းလမ်းကတော့ ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးတွေ လှီးလိုက်ပြီး မျက်နှာအနှံ့ ပွတ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါတာနော်။

    အလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်းနဲ့ ပျိုမေတို့ရဲ့ အသားအရေ ဝင်းလက်စိုပြေပြီး ဝက်ခြံကင်း အမည်းစက်ကင်းတဲ့မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ကြပါစေနော်။

    Credit – MyStyle Myanmar

  • MPT၊ Telenor၊ Ooredoo သံုးသူတိုင္းအတြက္ အသံုး၀င္အခ်က္မ်ား

    (Zawgyi)

    MPT / Telenor / Ooredoo သုံးသူတိုင္းအတြက္ သိမွတ္ဖြယ္ရာမ်ား

    MPT –

    -ဖုန္းျပန္ေခၚေပးပါ – *222 *လက္ခံမည့္ဖုန္းနံပါတ္ # call

    -ေဘလႊဲရန္ – *223 *ေငြပမာဏ*လပ္ခံမည့္ဖုန္း# call

    -ေဘစစ္ရန္ *124# call (or) *124 *1 # call

    -အျခားဖုန္းေငြျဖည့္ရန္ *123 *PIN.NO*လက္ခံမည့္ဖုန္း# call

    Telenor –

    -ဖုန္းေဘကုန္ေနတဲ့အခ်ိန္ သူမ်ားကို ဖုန္းျပန္ေခၚခိုင္းမယ္ဆို *979 *3 *2 *ph.no #

    -တယ္လီေနာ ကတ္အခ်င္းခ်င္း ေငြျဖည့္ေပးမယ္ဆိုရင္ *979 *1 *3 *2 *ph.no *pin #

    -Telenor ကတ္အခ်င္းခ်င္း ေငြလႊဲခ်င္ရင္ *979 *2 *4 *ph.no * amount #

    -အေရးေပၚ ေခၚႏိုင္တဲ့ ဖုန္းနံပါတ္ေတြကေတာ့ *979 *3 *3 *1 # (ရဲစခန္း)၊ *979 *3 *3 *2 # (ေဆး႐ုံကား)၊ *979 * 3 * 3* 3 # (မီးသတ္)

    -ဖုန္းေငြကုန္သြားလို႔ တယ္လီေနာဆီက ပိုက္ဆံ ၇၀၀ ေခ်းခ်င္တယ္ဆို *500 #

    -ေနာက္ဆုံးပို႔ထားတဲ့ SMS ၅ ခုကို ျပန္လိုခ်င္ရင္ *979 * 1* 4* 3 #

    -ေငြျဖည့္ထားတဲ့ Top Up ၅ ခုကို ျပန္သိခ်င္ရင္ *979 * 1* 4*2 #

    -ေနာက္ဆုံးေခၚထားတဲ့ ဖုန္း နံပါတ္ ၅ ခုကို သိခ်င္ရင္ *979 *1 *4 *1 #

    -အင္တာနက္ setting ကိုယ္တိုင္ထည့္မယ္ဆို APN က ‘internet’ ျဖစ္ပါတယ္။ နံပါတ္ ႏွိပ္ၿပီးေမးမယ္ဆို *979 *3 * 1 #

    -အင္တာနက္ package၊ စူပါဇီးကြက္၊ bonus ေတြရဲ႕ လက္က်န္ေငြကိုပါ သိခ်င္တယ္ဆို *124 *1 # သို႔ *979 *1 * 1 #

    -တယ္လီေနာ ရဲ႕ Mobile Money Account ကို သုံးမယ္ဆိုရင္ *900 #

    -ႏိုင္ငံျခားေရာက္ေနလို႔ ျမန္မာျပည္က တယ္လီေနာ နံပါတ္နဲ႔ ဟိုႏိုင္ငံမွာ ေဈးေပါေပါ ဆက္ၿပီးအသုံးျပဳဖို႔ My Roaming Day Pack *979 *2 * 1 * 1 #

    -Phone Ring Tunes ျဖဳတ္ဖို႔အတြက္ *979 *2 *3 *2 *1 #

    Ooredoo –

    -အျခား Ooredoo ဖုန္း နံပါတ္သို႔ ေငြျဖည့္ေပး လိုပါက * 123 * မိမိေငြျဖည့္သြင္းေပးလိုေသာ ဖုန္းနံပါတ္ * ေငြျဖည့္PIN နံပါတ္ # ကိုႏွိပ္ၿပီး Call ခလုတ္ကို ႏွိပ္ပါ။

    -မိမိ၏ ဖုန္းနံပါတ္ကို စစ္ေဆးရန္ * 133* 5 # ကိုႏွိပ္ၿပီး Call ခလုတ္ကို ႏွိပ္ပါ။

    -ဖုန္းေငြလႊဲေျပာင္းေပးလိုပါက * 155 *လႊဲေျပာင္းလိုေသာ ပမာဏ * လက္ခံမည့္သူ၏ဖုန္းနံပါတ္ # ကိုႏွိပ္ၿပီး Call ခလုတ္ကိုႏွိပ္ပါ။

    -အျခားသူအား မိမိဖုန္းကို ေငြျဖည့္ေပးေစလိုပါက Top Me Up Function ကို အသုံးျပဳႏိုင္ပါသည္။ * 126 * ဖုန္းေငြျဖည့္ေပးမည့္သူ၏ ဖုန္းနံပါတ္* ဖုန္းေငြျဖည့္လိုေသာပမာဏ # ကိုႏွိပ္ၿပီး Call ခလုတ္ကိုႏွိပ္ပါ။

    -ဖုန္း ျပန္ေခၚေစလိုပါက Call Me Back Function ကို အသုံးျပဳႏိုင္ပါသည္။ * 122 *ျပန္ေခၚေစလိုေသာဖုန္းနံပါတ္ # ကိုႏွိပ္ၿပီး Call ခလုတ္ကို ႏွိပ္ပါ။

    Credit – Nyein Wai Phyo

    (Unicode)

    လိုအပ်လာလျှင်အသုံးပြုဖို့ Share ထားသင့်တဲ့ ပို့စ်လေးပါ

    MPT / Telenor / Ooredoo သုံးသူတိုင်းအတွက် အသုံးဝင်အချက်များ သိမှတ်ဖွယ်ရာများ

    MPT –

    -ဖုန်းပြန်ခေါ်ပေးပါ – *222 *လက်ခံမည့်ဖုန်းနံပါတ် # call

    -ဘေလွှဲရန် – *223 *ငွေပမာဏ*လပ်ခံမည့်ဖုန်း# call

    -ဘေစစ်ရန် *124# call (or) *124 *1 # call

    -အခြားဖုန်းငွေဖြည့်ရန် *123 *PIN.NO*လက်ခံမည့်ဖုန်း# call

    Telenor –

    -ဖုန်းဘေကုန်နေတဲ့အချိန် သူများကို ဖုန်းပြန်ခေါ်ခိုင်းမယ်ဆို *979 *3 *2 *ph.no#

    -တယ်လီနော ကတ်အချင်းချင်း ငွေဖြည့်ပေးမယ်ဆိုရင် *979 *1 *3 *2 *ph.no *pin #

    -Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင် *979 *2 *4 *ph.no * amount #

    -အရေးပေါ် ခေါ်နိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ *979 *3 *3 *1 # (ရဲစခန်း)၊ *979 *3 *3 *2 # (ဆေးရုံကား)၊ *979 * 3 * 3* 3 # (မီးသတ်)

    -ဖုန်းငွေကုန်သွားလို့ တယ်လီနောဆီက ပိုက်ဆံ ၇၀၀ ချေးချင်တယ်ဆို *500 #

    -နောက်ဆုံးပို့ထားတဲ့ SMS ၅ ခုကို ပြန်လိုချင်ရင် *979 * 1* 4* 3 #

    -ငွေဖြည့်ထားတဲ့ Top Up ၅ ခုကို ပြန်သိချင်ရင် *979 * 1* 4*2 #

    -နောက်ဆုံးခေါ်ထားတဲ့ ဖုန်း နံပါတ် ၅ ခုကို သိချင်ရင် *979 *1 *4 *1 #

    -အင်တာနက် setting ကိုယ်တိုင်ထည့်မယ်ဆို APN က ‘internet’ ဖြစ်ပါတယ်။ နံပါတ် နှိပ်ပြီးမေးမယ်ဆို *979 *3 * 1 #

    -အင်တာနက် package၊ စူပါဇီးကွက်၊ bonus တွေရဲ့ လက်ကျန်ငွေကိုပါ သိချင်တယ်ဆို *124 *1 # သို့ *979 *1 * 1 #

    -တယ်လီနော ရဲ့ Mobile Money Account ကို သုံးမယ်ဆိုရင် *900 #

    -နိုင်ငံခြားရောက်နေလို့ မြန်မာပြည်က တယ်လီနော နံပါတ်နဲ့ ဟိုနိုင်ငံမှာ ဈေးပေါပေါ ဆက်ပြီးအသုံးပြုဖို့ My Roaming Day Pack *979 *2 * 1 * 1 #

    -Phone Ring Tunes ဖြုတ်ဖို့အတွက် *979 *2 *3 *2 *1 #

    Ooredoo –

    -အခြား Ooredoo ဖုန်း နံပါတ်သို့ ငွေဖြည့်ပေး လိုပါက * 123 * မိမိငွေဖြည့်သွင်းပေးလိုသော ဖုန်းနံပါတ် * ငွေဖြည့်PIN နံပါတ် # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။

    -မိမိ၏ ဖုန်းနံပါတ်ကို စစ်ဆေးရန် * 133* 5 # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။

    -ဖုန်းငွေလွှဲပြောင်းပေးလိုပါက * 155 *လွှဲပြောင်းလိုသော ပမာဏ * လက်ခံမည့်သူ၏ဖုန်းနံပါတ် # ကိုနှိပ်ပြီး
    Call ခလုတ်ကိုနှိပ်ပါ။

    -အခြားသူအား မိမိဖုန်းကို ငွေဖြည့်ပေးစေလိုပါက Top Me Up Function ကို အသုံးပြုနိုင်ပါသည်။ * 126 * ဖုန်းငွေဖြည့်ပေးမည့်သူ၏ ဖုန်းနံပါတ်* ဖုန်းငွေဖြည့်လိုသောပမာဏ # ကိုနှိပ်ပြီး Call ခလုတ်ကိုနှိပ်ပါ။

    -ဖုန်း ပြန်ခေါ်စေလိုပါက Call Me Back Function ကို အသုံးပြုနိုင်ပါသည်။ * 122 *ပြန်ခေါ်စေလိုသောဖုန်းနံပါတ် # ကိုနှိပ်ပြီး Call ခလုတ်ကို နှိပ်ပါ။

    Credit – Nyein Wai Phyo

  • ေခါင္းကိုက္ေနခ်ိန္ ဒါေတြ မစားပါနဲ႔


    ေခါင္းကိုက္ေနခ်ိန္ ဒါေတြ မစားပါနဲ႔


    ေခါင္းကိုက္ရျခင္းရဲ႕ အေၾကာင္းအရင္းကေတာ့ အမ်ားႀကီးပါပဲ။ စိတ္ဖိစီးမႈမ်ားျခင္း၊ ကြန္ပ်ဴတာ၊ ဖုန္းအၾကည့္ မ်ားျခင္း၊ ေသြးတိုးျခင္း၊ ေသြးေပါင္က်ျခင္း စတဲ့ က်န္းမာေရးျပႆနာမ်ားေၾကာင့္ ေခါင္းကိုက္တာ လည္း ရွိသလို၊ အာရံုေၾကာအားနည္းၿပီး ေခါင္းကိုက္တာမ်ိဳးလည္း ရွိပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ ပဲျဖစ္ျဖစ္၊ ေခါင္းကိုက္တာက ေပါ့ဆသင့္တဲ့အရာေတာ့ မဟုတ္ပါဘူး။ အထူးသျဖင့္ ေနထုိင္စားေသာက္မႈ ပံုစံကို ေျပာင္းလဲဖုိ႔ လိုပါတယ္။ တခ်ိဳ႕ အစားအစာ ေတြက ေခါင္းကိုက္တာကို ပိုမိုအားေပးတဲ့ အတြက္ ေခါင္းကိုက္ေနစဥ္အတြင္း စားသံုးမိမယ္ဆိုရင္ ဆုိးက်ိဳးမ်ားစြာ သက္ေရာက္ႏိုင္ ပါတယ္။ ဒါ့ေၾကာင့္ ေခါင္းကိုက္ေနစဥ္ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

    (၁) ေခ်ာကလက္

    စိတ္ဖိစီးမႈမ်ားလာတဲ့အခါ စိတ္ညစ္တဲ့အခါ ေခ်ာကလက္စားသံုးေပးသင့္တာ မွန္ေပမယ့္ ေခါင္းကိုက္ေနတယ္ဆုိရင္ေတာ့ မစားသံုးသင့္ပါဘူး။ ေခ်ာကလက္မွာပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္က ေခါင္းကိုက္တာကို ပိုအားေပးပါတယ္။

    (၂) ေရခဲ၊ အေအးစာမ်ား

    ေအးခ်မ္းတဲ့ရာသီဥတု ဒဏ္ေၾကာင့္ တခါတရံမွာ ေခါင္းကိုက္ေဝဒနာကို ခံစားရတတ္ပါတယ္။ ဒီလိုပါပဲ။ ေအးခဲတဲ့အစားအစား၊ ေရခဲမုန္႔၊ ေရခဲေရးကိုလည္း ေခါငး္ကိုက္ေနစဥ္ မေသာက္သံုး သင့္ပါဘူး။ အထူးသျဖင့္ ေခါင္းတစ္ျခမ္းကိုက္ျခင္းမ်ိဳး ႀကံဳေတြ႔ရတတ္ပါတယ္။

    (၃) ေကာ္ဖီ၊ လက္ဖက္ရည္

    ကဖင္းဓာတ္ပါဝင္တဲ့ ေကာ္ဖီ၊ လက္ဖက္ရည္ကို ေသာက္သံုးတာက ေခါင္းကိုက္သက္သာတယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။ ေခါင္းကိုက္ေနစဥ္ ကဖင္းဓာတ္ပါဝင္တဲ့ ေကာ္ဖီေသာက္လုိက္မွ ေခါင္းကိုက္သက္သာတယ္ ဆုိေပမယ့္ ေရရွည္အတြက္ မေကာင္းပါဘူး။ ဒါ့ေၾကာင့္ ေကာ္ဖီ၊ လက္ဖက္ရည္ကို ေခါင္းကိုက္တဲ့အခ်ိန္ေတြမွာ ေရွာင္ၾကဥ္သင့္ပါတယ္။

    (၄) အမွည့္လြန္ငွက္ေပ်ာသီး

    အမွည့္လြန္ေနတဲ့ အသီးတုိင္းကေတာ့ က်န္းမာေရးကို ထိခိုက္ႏုိင္လို႔ မစားသံုးသင့္ပါဘူး။ အမွန္တကယ္ေတာ့ ငွက္ေပ်ာသီးက အာဟာရျပည့္ဝစြာ ပါဝင္တယ္ဆိုေပမယ့္ ေခါင္းကိုက္စဥ္စားသံုး မိမယ္ဆိုရင္ ပိုမိုဆိုးရြားသြားနုိင္ပါတယ္။

    (၅) ပီေက

    ပီေကစားဝါးတာက ဦးေနွာက္အာရံုေၾကာေတြကို အလုပ္မ်ားေစတဲ့အတြက္ ေခါင္းကိုက္ေနစဥ္မွာ မဝါးသင့္ပါဘူး။ အာရံုေၾကာစနစ္ေတြကို ရႈပ္ေထြးသြားေစတဲ့အတြက္ ေခါင္းကိုက္ေနတယ္ဆိုရင္ ပီေကဝါးတာ ေရွာင္ၾကဥ္သင့္ပါတယ္။

  • ေဈးသြားရင္ ဘာခ်က္ရမလဲေတြးကာ စိတ္ညစ္ေနသူမ်ားအတြက္ ၅၉ရက္စာ ဟင္းလ်ာမ်ား

    (Zawgyi)

    ေဈးသြားရင္ ဘာခ်က္ရမလဲေတြးကာ စိတ္ညစ္ေနသူမ်ားအတြက္ ၅၉ရက္စာ ဟင္းလ်ာမ်ား

    ၁။ ၾကက္သားအာလူးဟင္း+ပဲကုလားဟင္း+ ကန္ဇြန္း႐ြက္ေၾကာ္+ ဘာလေခ်ာင္ေၾကာ္

    ၂။ ငါးေမႊ+ေဂၚရခါးသီးခ်ဥ္ရည္+င႐ုပ္ပြေၾကာ္+ ဘာလေခ်ာင္ေၾကာ္

    ၃။ ငါးဖယ္ငါးဆုတ္+ေက်ာက္ဖ႐ုံသီးခ်ဥ္ရည္+႐ုံးပတီသီးေၾကာ္+ငါးပိေထာင္း

    ၄။ ပုစြန္ ဆီျပန္+ ကန္ဇြန္း႐ြက္ခ်ဥ္ရည္ +ပန္းေဂၚဖီၾကက္ဥ+င႐ုပ္သီးဆားေထာင္း

    ၅။ ဘဲဥဆီျပန္+ပဲ႐ြက္ဟင္းခ်ိဳ+ကင္းပုံသီးခ်က္+ငံျပာရည္ခ်က္+တို႔စရာ

    ၆။ ပုစြန္ေဘာ့ခ်ိတ္+ ေဂၚရခါးသီးအခ်ိဳခ်က္+ျမင္းခြာ႐ြက္သုတ္+ငါးပိခ်က္

    ၇။ ဝက္သနီခ်က္+ဘူးသီးခ်ည္ရည္+ေ႐ႊပဲသီးဥနီ+ဘာလေခ်ာင္ေၾကာ္

    ၈။ ကကတစ္ ၾကက္ကသြန္ႏွပ္+ေဂၚဖီ႐ြက္ ၾကာဆံဟင္းခါး+ခရမ္းသီးသုတ္+ငါးခူငါးပိေကာင္

    ၉။ ငါးထမင္းဆိမ့္+ ၾကက္ေၾကာ္+ ဘူးသီးဟင္းခါး

    ၁၀။ ၾကက္သားဆီျပန္ + ပဲႀကီးဆူးပုပ္ + သရက္သီးပိုးတီသုပ္+ငံပ်ာရည္ေၾကာ္

    ၁၁။ ဝက္သားအာလူးဟင္း+ခ်ဥ္ေပါင္႐ြက္ဟင္းခ်ိဳ + သရပ္သီးသနပ္ + ငါးပိေၾကာ္

    ၁၂။ ၾကက္သားကာလသားခ်က္ ဘူးသီးေရာ+နံ႐ိုး+ ေက်ာက္ဖ႐ုံဟင္းခ်ိဳ +ပုစြန္ခ်ဥ္သုပ္ + ငါးရံ႕ေျခာက္ဖုတ္

    ၁၃။ သီးစုံဒန႔္ဒလြန္သီး ပဲကုလားဟင္း + ငါးက်ည္းအစပ္ေၾကာ္+ဘဲဥေၾကာ္

    ၁၄။ ၾကက္သားဆီျပန္+ ခ်ဥ္ေပါင္ေၾကာ္+ဘူးသီးဟင္းခါး+ငပိရည္+တို႔စရာ

    ၁၅။ ငါးအိုးကပ္ + ပဲႀကီးနပ္ + ငါးပိေက်ာ္+ မုန္လာခ်ဥ္သုပ္

    ၁၆။ ၾကက္သားေၾကာ္+ဘူးသီးဟင္းခါး+ငါးခ်ဥ္သုပ္+သီး႐ြက္စုံ ႏွမ္းဆီျဖန္း အစိမ္းေက်ာ္

    ၁၇။ ငါးရံ႕ေၾကာ္ +ဘူးသီးခ်ည္ရည္ +ပဲႀကီးႏွပ္

    ၁၈။ ဝက္ပုန္းရည္ +မန္က်ီး႐ြက္သုပ္ +ၾကာဇံဟင္းခါး

    ၁၉။ ငါးခူအစပ္ေၾကာ္ +ပဲနီေလးဟင္းခ်ိဳ +ခရမ္းခ်ဥ္သီးသုပ္

    ၂၀။ ငါးသေလာက္ဟင္း +ကန္စြန္႐ြက္ေၾကာ္ +ဘူးသီးဟင္းခါး

    ၂၁။ ဆိတ္သားႏွပ္ +ျမင္းခြာ႐ြက္သုပ္ +မုန္လာဥခ်ည္ရည္

    ၂၂။ ၾကက္သားဟင္း+အစိမ္းေၾကာ္+ခ်ဥ္ေပါင္ဟင္း

    ၂၃။ ဝက္သားအခ်ိဳခ်က္+ခ်ဥ္ေပါင္႐ြက္နဲ႔မွ်စ္အခ်ဥ္ဟင္း+အာၿပဲေျခာက္အစပ္ေၾကာ္+ပဲသီးဘဲဥေၾကာ္

    ၂၄။ ေ႐ႊဖ႐ုံ႔သီးဆီျပန္+မန္က်ီးစိမ္းခ်က္+ၾကာဇံဟင္းခါး+ငါးသလဲထိုးေက်ာ္

    ၂၅။ ခ်ဥ္ေပါင္ပုစြန္မွ်စ္ေၾကာ္+ငါးပုဏၰားေၾကာ္+ဘူးသီးဟင္းခါး

    ၂၆။ ၾကက္သားေၾကာ္+ခ်ဥ္ရည္ဟင္း+င႐ုပ္သီးဆားေထာင္း

    ၂၇။ ၾကက္သားေၾကာ္+ကန္စြန္း႐ြက္ေၾကာ္+ငပိရည္ တို႔စရာ

    ၂၈။ ဝက္သားမွ်စ္ခ်ဥ္ဟင္း+ပဲပုတ္ေထာင္း+ေဂၚရခါးၫြန႔္ေၾကာ္

    ၂၉။ သီးစုံခ်ဥ္ရည္ဘဲဥဟင္း+ငံျပာရည္ေၾကာ္

    ၃၀။ ငါးသေလာက္ခ်ဥ္ေပါင္+ငံျပာရည္ခ်က္

    ၃၁။ ခရမ္းခ်ဥ္သီးအစပ္ေထာင္း+ ႀကံဟင္း႐ြက္ ဟင္းခ်ိဳ+ မက်ည္းသီးအမွည့္ကို ငါးပိဖုတ္နဲ႔ ေဖ်ာ္ရည္စိမ္+ဆိတ္သား ေျခာက္င႐ုတ္သီးအိုးကပ္ or ငါးေလးအိုးကပ္+ပိႏၷဲသီးႏွပ္

    ၃၂။ ၾကက္ဘူးသီး+ငပိေထာင္း+သရက္ခ်ဥ္သုပ္+ ပုဇြန္ေျခာက္ေၾကာ္

    ၃၃။ ပဲနီေလးပဲဟင္း+ပန္ခ်ာပီေျခာက္+င႐ုတ္သီးေျခာက္ေၾကာ္+ၾကက္သားအခ်ိဳ ႏွပ္+သရက္ခ်ဥ္သုပ္

    ၃၄။ မွ်ဥ္ခ်ဥ္ၾကက္႐ိုးခ်ဥ္ရည္+ငါးပိေထာင္း+ဝက္သားလုံးေၾကာ္

    ၃၅။ ၾကက္သားနဲ႔ ရွမ္းခ်ဥ္+ ငါးက်ည္းေျခာက္င႐ုတ္သီးခ်က္+ဒန႔္သလြန္႐ြက္ဟင္းခ်ိဳ

    ၃၆။ ပုဇြန္ င႐ုတ္ပြသီးနဲ႔ ဥနီအခ်ိဳခ်က္+ပဲႀကီးဟင္းရည္+ပုန္းရည္ႀကီးသုပ္

    ၃၇။ ၾကက္သားျပဳတ္ေၾကာ္+ ခရမ္းခ်ဥ္သီးငါးငပိခ်က္ စပ္စပ္+တို႔စရာ.ေပါက္ပန္းျဖဴ..ပဲသီး.သခြားသီးနဲ႔တမာခ်ဥ္+ ဘူးသီးဟင္းခါး

    ၃၈။ ငါးခူေၾကာ္+ဆူးပန္း႐ြက္ခ်ဥ္ရည္+ၾကက္႐ိုးင႐ုတ္သီးခ်က္+ျမဴ ႐ြက္သုတ္

    ၃၉။ ငါးေၾကာ္င႐ုတ္ခြဲၾကမ္းေၾကာ္ႏွပ္ +ပဲႀကီးဆူးပုတ္အ႐ြက္စုံေတာဟင္းခ်ိဳ +သရက္ခ်ဥ္သုပ္

    ၄၀။ ငါးေပါင္း+သရက္သီးအစိမ္းသုပ္+ပုဇြန္ေျခာက္ငပိေၾကာ္+ဘူးသီးဟင္းခါး

    ၄၁။ သီးစုံခ်ဥ္ေရ+ဝက္သားလုံးမႈိခ်က္ + ပဲကတီပါျပဳတ္ေက်ာ္+အညာျငဳပ္သီးေထာင္း

    ၄၂။ ငါးရံအူဟင္း+မရမ္းသီးေထာင္း+ဘူးသီးဟင္းခါး+႐ုံးပတီသီးေၾကာ္

    ၄၃။ သီးစုံခ်ဥ္ေရ+ၾကက္သားလုံးမႈိခ်က္ +ပဲျပဳတ္မ်စ္ေၾကာ္+ျငဳပ္သီးဆားေထာင္း

    ၄၄။ ဝက္သားပဲဆီျပဳတ္+ကပ္ဘီလူးနဲ႔ကင္မြန္း႐ြက္အခ်ဥ္ရည္ဟင္း+သခြားသီး ငပိ

    ၄၅။ ခရမ္းခ်ဥ္သီးပန္ေထြေဖ်ာ္+ငါးရံ႕ေျခာက္ဖုတ္+ပန္းမုန္လာေၾကာ္ + ပဲရာဇာနဲ႔ ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳ

    ၄၆။ ပဲကုလားဟင္း+အာၿပဲေျခာက္ေၾကာ္စပ္စပ္+အစိမ္းေၾကာ္+ငပိရည္တို႔စရာ သရက္သီးကင္း

    ၄၇။ ပုဇြန္ေလးနဲ႔ ခရမ္းခ်ဥ္သီးအူေဖါက္ခ်က္+ ပန္းပြင့္နဲ႔ၾကက္ဥေၾကာ္ +င႐ုပ္သီးေထာင္း ငါးေျခာက္ဖုတ္

    ၄၈။ ဝက္သည္း ပဲၾကာဇံမႈိေျခာက္ဥနီေၾကာ္ တ႐ုပ္နံနံအုပ္+ဝက္နံ႐ိုး ႀကံမဆိုင္အရည္ေသာက္+ ပဲပုတ္အစပ္ေၾကာ္

    ၄၉။ ဝက္သားနဲ႔ ခရမ္းခ်ဥ္သီးဆီျပန္+မွ်စ္ေထာင္းစပ္+ပဲနီေလးဟင္းခ်ိဳ

    ၅၀။ ၾကက္သားနဲ႔ပ်ားရည္ခ်က္+ ငပိေၾကာ္ +ခ်ဥ္ေပါင္ဟင္းခ်ိဳ+ငါးဖယ္ျပဳတ္သုတ္

    ၅၁။ ၾကက္သားေပါင္း ႀကံမဆိုင္နဲ႔ဘဲသားခ်က္+ငပိေၾကာ္+သရက္သီးသုပ္

    ၅၂။ ၾကက္ကုလားပဲ+နာနတ္သီးသုတ္ +ငံျပာရည္ေၾကာ္ပန္းပြင့္ဘဲဥေၾကာ္

    ၅၃။ ငါးေျခာက္ခ်က္+ၾကက္ဥေၾကာ္+ခ်ဥ္ေပါင္ဟင္း+ပဲအိုးႏွပ္

    ၅၄။ ကင္းမြန္ခ်ဥ္စပ္+ဘူးသီးၾကာဇံဟင္းခါး+မွ်စ္ကင္းပုံသီးေၾကာ္+မွ်င္ငါးပိငါးမီးဖုတ္ေဖ်ာ္+သရက္သီးစိမ္း ႐ုံးပတီသီးခရမ္းသီးျပဳတ္+ေပါက္ပန္းျဖဴ႐ြက္ျပဳတ္

    ၅၅။ ဘဲဥခ်ဥ္ဟင္း+ကန္စြန္းမႈိေၾကာ္+ငါးပိတို႔စရာအစုံ+ဘူးသီးဟင္းခါး

    ၅၆။ ငါးေျခာက္ခ်က္+ၾကက္ဥေၾကာ္+ခ်ဥ္ေပါင္ဟင္း+ပဲအိုးႏွပ္

    ၅၇။ ဘဲသားအာလူးဆီျပန္+ ဗူးၫြန႔္ဆူးပုတ္ဟင္းခ်ိဳ+ ငါးပိရည္တို႔စရာ သရက္သီး

    ၅၈။ ဝက္လက္မွ်စ္ခ်ဥ္+ပဲေရပြ+ဂ်ဴးေထာင္း+ငံျပာရည္ဆီသတ္

    ၅၉။ ပိန္းဥနဲ႔ ၾကက္သားအရည္ေသာက္ဟင္း+ငါးခူေၾကာ္ႏွပ္+ငပိခ်ဥ္စပ္ေထာင္း

    Credit – မူရင္းေရးသားသူ

    (Unicode)

    ဈေးသွားရင် ဘာချက်ရမလဲတွေးကာ စိတ်ညစ်နေသူများအတွက် ၅၉ရက်စာ ဟင်းလျာများ

    ၁။ ကြက်သားအာလူးဟင်း+ပဲကုလားဟင်း+ ကန်ဇွန်းရွက်ကြော်+ ဘာလချောင်ကြော်

    ၂။ ငါးမွှေ+ဂေါ်ရခါးသီးချဉ်ရည်+ငရုပ်ပွကြော်+ ဘာလချောင် ကြော်

    ၃။ ငါးဖယ်ငါးဆုတ်+ကျောက်ဖရုံသီးချဉ်ရည်+ရုံးပတီသီးကြော်+ငါးပိထောင်း

    ၄။ ပုစွန် ဆီပြန်+ ကန်ဇွန်းရွက်ချဉ်ရည် +ပန်းဂေါ်ဖီကြက်ဥ+ငရုပ်သီးဆားထောင်း

    ၅။ ဘဲဥဆီပြန်+ပဲရွက်ဟင်းချို+ကင်းပုံသီးချက်+ငံပြာရည်ချက်+တို့စရာ

    ၆။ ပုစွန်ဘော့ချိတ်+ ဂေါ်ရခါးသီးအချိုချက်+မြင်းခွာရွက်သုတ်+ငါးပိချက်

    ၇။ ဝက်သနီချက်+ဘူးသီးချည်ရည်+ရွှေပဲသီးဥနီ+ဘာလချောင်ကြော်

    ၈။ ကကတစ် ကြက်ကသွန်နှပ်+ဂေါ်ဖီရွက် ကြာဆံဟင်းခါး+ခရမ်းသီးသုတ်+ငါးခူငါးပိကောင်

    ၉။ ငါးထမင်းဆိမ့်+ ကြက်ကြော်+ ဘူးသီးဟင်းခါး

    ၁၀။ ကြက်သားဆီပြန် + ပဲကြီးဆူးပုပ် + သရက်သီးပိုးတီသုပ်+ငံပျာရည်ကြော်

    ၁၁။ ဝက်သားအာလူးဟင်း+ချဉ်ပေါင်ရွက်ဟင်းချို + သရပ်သီးသနပ် + ငါးပိကြော်

    ၁၂။ ကြက်သားကာလသားချက် ဘူးသီးရော+နံရိုး+ ကျောက်ဖရုံဟင်းချို +ပုစွန်ချဉ်သုပ် + ငါးရံ့ခြောက်ဖုတ်

    ၁၃။ သီးစုံဒန့်ဒလွန်သီး ပဲကုလားဟင်း + ငါးကျည်းအစပ်ကြော်+ဘဲဥကြော်

    ၁၄။ ကြက်သားဆီပြန်+ ချဉ်ပေါင်ကြော်+ဘူးသီးဟင်းခါး+ငပိရည်+တို့စရာ

    ၁၅။ ငါးအိုးကပ် + ပဲကြီးနပ် + ငါးပိကျော်+ မုန်လာချဉ်သုပ်

    ၁၆။ ကြက်သားကြော်+ဘူးသီးဟင်းခါး+ငါးချဉ်သုပ်+သီးရွက်စုံ နှမ်းဆီဖြန်း အစိမ်းကျော်

    ၁၇။ ငါးရံ့ကြော် +ဘူးသီးချည်ရည် +ပဲကြီးနှပ်

    ၁၈။ ဝက်ပုန်းရည် +မန်ကျီးရွက်သုပ် +ကြာဇံဟင်းခါး

    ၁၉။ ငါးခူအစပ်ကြော် +ပဲနီလေးဟင်းချို +ခရမ်းချဉ်သီးသုပ်

    ၂၀။ ငါးသလောက်ဟင်း +ကန်စွန်ရွက်ကြော် +ဘူးသီးဟင်းခါး

    ၂၁။ ဆိတ်သားနှပ် +မြင်းခွာရွက်သုပ် +မုန်လာဥချည်ရည်

    ၂၂။ ကြက်သားဟင်း+အစိမ်းကြော်+ချဉ်ပေါင်ဟင်း

    ၂၃။ ဝက်သားအချိုချက်+ချဉ်ပေါင်ရွက်နဲ့မျှစ်အချဉ်ဟင်း+အာပြဲခြောက်အစပ်ကြော်+ပဲသီးဘဲဥကြော်

    ၂၄။ ရွှေဖရုံ့သီးဆီပြန်+မန်ကျီးစိမ်းချက်+ကြာဇံဟင်းခါး+ငါးသလဲထိုးကျော်

    ၂၅။ ချဉ်ပေါင်ပုစွန်မျှစ်ကြော်+ငါးပုဏ္ဏားကြော်+ဘူးသီးဟင်းခါး

    ၂၆။ ကြက်သားကြော်+ချဉ်ရည်ဟင်း+ငရုပ်သီးဆားထောင်း

    ၂၇။ ကြက်သားကြော်+ကန်စွန်းရွက်ကြော်+ငပိရည် တို့စရာ

    ၂၈။ ဝက်သားမျှစ်ချဉ်ဟင်း+ပဲပုတ်ထောင်း+ဂေါ်ရခါးညွန့်ကြော်

    ၂၉။ သီးစုံချဉ်ရည်ဘဲဥဟင်း+ငံပြာရည်ကြော်

    ၃၀။ ငါးသလောက်ချဉ်ပေါင်+ငံပြာရည်ချက်

    ၃၁။ ခရမ်းချဉ်သီးအစပ်ထောင်း+ ကြံဟင်းရွက် ဟင်းချို+ မကျည်းသီးအမှည့်ကို ငါးပိဖုတ်နဲ့ ဖျော်ရည်စိမ်+ဆိတ်သား ခြောက်ငရုတ်သီးအိုးကပ် or ငါးလေးအိုးကပ်+ပိန္နဲသီးနှပ်

    ၃၂။ ကြက်ဘူးသီး+ငပိထောင်း+သရက်ချဉ်သုပ်+ ပုဇွန်ခြောက်ကြော်

    ၃၃။ ပဲနီလေးပဲဟင်း+ပန်ချာပီခြောက်+ငရုတ်သီးခြောက်ကြော်+ကြက်သားအချို နှပ်+သရက်ချဉ်သုပ်

    ၃၄။ မျှဉ်ချဉ်ကြက်ရိုးချဉ်ရည်+ငါးပိထောင်း+ဝက်သားလုံးကြော်

    ၃၅။ ကြက်သားနဲ့ ရှမ်းချဉ်+ ငါးကျည်းခြောက်ငရုတ်သီးချက်+ဒန့်သလွန်ရွက်ဟင်းချို

    ၃၆။ ပုဇွန် ငရုတ်ပွသီးနဲ့ ဥနီအချိုချက်+ပဲကြီးဟင်းရည်+ပုန်းရည်ကြီးသုပ်

    ၃၇။ ကြက်သားပြုတ်ကြော်+ ခရမ်းချဉ်သီးငါးငပိချက် စပ်စပ်+တို့စရာ.ပေါက်ပန်းဖြူ..ပဲသီး.သခွားသီးနဲ့တမာချဉ်+ ဘူးသီးဟင်းခါး

    ၃၈။ ငါးခူကြော်+ဆူးပန်းရွက်ချဉ်ရည်+ကြက်ရိုးငရုတ်သီးချက်+မြူ ရွက်သုတ်

    ၃၉။ ငါးကြော်ငရုတ်ခွဲကြမ်းကြော်နှပ် +ပဲကြီးဆူးပုတ်အရွက်စုံတောဟင်းချို +သရက်ချဉ်သုပ်

    ၄၀။ ငါးပေါင်း+သရက်သီးအစိမ်းသုပ်+ပုဇွန်ခြောက်ငပိကြော်+ဘူးသီးဟင်းခါး

    ၄၁။ သီးစုံချဉ်ရေ+ဝက်သားလုံးမှိုချက် + ပဲကတီပါပြုတ်ကျော်+အညာငြုပ်သီးထောင်း

    ၄၂။ ငါးရံအူဟင်း+မရမ်းသီးထောင်း+ဘူးသီးဟင်းခါး+ရုံးပတီသီးကြော်

    ၄၃။ သီးစုံချဉ်ရေ+ကြက်သားလုံးမှိုချက် +ပဲပြုတ်မျစ်ကြော်+ငြုပ်သီးဆားထောင်း

    ၄၄။ ဝက်သားပဲဆီပြုတ်+ကပ်ဘီလူးနဲ့ကင်မွန်းရွက်အချဉ်ရည်ဟင်း+သခွားသီး ငပိ

    ၄၅။ ခရမ်းချဉ်သီးပန်ထွေဖျော်+ငါးရံ့ခြောက်ဖုတ်+ပန်းမုန်လာကြော် + ပဲရာဇာနဲ့ ကျောက်ဖရုံသီးဟင်းချို

    ၄၆။ ပဲကုလားဟင်း+အာပြဲခြောက်ကြော်စပ်စပ်+အစိမ်းကြော်+ငပိရည်တို့စရာ သရက်သီးကင်း

    ၄၇။ ပုဇွန်လေးနဲ့ ခရမ်းချဉ်သီးအူဖေါက်ချက်+ ပန်းပွင့်နဲ့ကြက်ဥကြော် +ငရုပ်သီးထောင်း ငါးခြောက်ဖုတ်

    ၄၈။ ဝက်သည်း ပဲကြာဇံမှိုခြောက်ဥနီကြော် တရုပ်နံနံအုပ်+ဝက်နံရိုး ကြံမဆိုင်အရည်သောက်+ ပဲပုတ်အစပ်ကြော်

    ၄၉။ ဝက်သားနဲ့ ခရမ်းချဉ်သီးဆီပြန်+မျှစ်ထောင်းစပ်+ပဲနီလေးဟင်းချို

    ၅၀။ ကြက်သားနဲ့ပျားရည်ချက်+ ငပိကြော် +ချဉ်ပေါင်ဟင်းချို+ငါးဖယ်ပြုတ်သုတ်

    ၅၁။ ကြက်သားပေါင်း ကြံမဆိုင်နဲ့ဘဲသားချက်+ငပိကြော်+သရက်သီးသုပ်

    ၅၂။ ကြက်ကုလားပဲ+နာနတ်သီးသုတ် +ငံပြာရည်ကြော်ပန်းပွင့်ဘဲဥကြော်

    ၅၃။ ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

    ၅၄။ ကင်းမွန်ချဉ်စပ်+ဘူးသီးကြာဇံဟင်းခါး+မျှစ်ကင်းပုံသီးကြော်+မျှင်ငါးပိငါးမီးဖုတ်ဖျော်+သရက်သီးစိမ်း ရုံးပတီသီးခရမ်းသီးပြုတ်+ပေါက်ပန်းဖြူရွက်ပြုတ်

    ၅၅။ ဘဲဥချဉ်ဟင်း+ကန်စွန်းမှိုကြော်+ငါးပိတို့စရာအစုံ+ဘူးသီးဟင်းခါး

    ၅၆။ ငါးခြောက်ချက်+ကြက်ဥကြော်+ချဉ်ပေါင်ဟင်း+ပဲအိုးနှပ်

    ၅၇။ ဘဲသားအာလူးဆီပြန်+ ဗူးညွန့်ဆူးပုတ်ဟင်းချို+ ငါးပိရည်တို့စရာ သရက်သီး

    ၅၈။ ဝက်လက်မျှစ်ချဉ်+ပဲရေပွ+ဂျူးထောင်း+ငံပြာရည်ဆီသတ်

    ၅၉။ ပိန်းဥနဲ့ ကြက်သားအရည်သောက်ဟင်း+ငါးခူကြော်နှပ်+ငပိချဉ်စပ်ထောင်း

    Credit – မူရင်းရေးသားသူ

  • မွတ္ဉာဏ္ ေကာင္းမြန္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္း ၅ မ်ိဳး

    (Zawgyi)

    မွတ္ဉာဏ္ ေကာင္းမြန္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္း ၅ မ်ိဳး

    တေန႔တာ လႈပ္ရွား ႐ုန္းကန္ေနရမႈမွာ ခႏၶာကိုယ္နဲ႔ အတူ ဦးေႏွာက္ဟာဆိုရင္လည္း လိုက္လံ အလုပ္လုပ္ေနရပါတယ္။ေန႔စဥ္နဲ႔အမွ် ဦးေႏွာက္ကို အဓိကထားၿပီး အလုပ္လုပ္ေနရသူေတြမွာေတာ့ မၾကာခဏ ဆိုသလို လုပ္လက္စ အလုပ္ေတြကို ေမ့ေလ်ာ့တာမ်ိဳးေတြ ျဖစ္ေပၚတတ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္ေတြကို တိုးတက္ေစၿပီး ဉာဏ္ရည္ဉာဏ္ေသြးေတြ ထက္ျမက္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္းေတြကို မွ်ေဝေပးလိုက္ပါတယ္။

    (၁) ႀကိဳက္ႏွစ္သက္ရာ အားကစား တခုခု ျပဳလုပ္ပါ

    အိပ္ရာကႏိုးႏိုးခ်င္း မနက္ခင္းေတြမွာ ေယာဂက်င့္တာ၊ လမ္းေလွ်ာက္တာ၊ အေျပးေလ့က်င့္ခန္း ျပဳလုပ္တာ စတဲ့အားကစားနည္း တမ်ိဳးမ်ိဳးကို ျပဳလုပ္ေပးတာဟာ ခႏၶာကိုယ္အတြက္ေရာ ဦးေႏွာက္အတြက္ပါ အက်ိဳးရွိေစပါတယ္။

    (၂) Memory Recall ျပန္လုပ္ပါ

    Memory Recall ျပဳလုပ္တယ္ ဆိုတာကေတာ့ ေရွ႕ရက္ေတြမွာ သင္လုပ္ခဲ့တဲ့ ကိစၥေတြ (ဥပမာ- ထမင္းကို ဘယ္ဟင္းနဲ႔ စားခဲ့တယ္ ဆိုတာမ်ိဳးနဲ႔ တလအတြင္း သင္ဝယ္ယူခဲ့တဲ့ အေသးအမႊား ပစၥည္းစာရင္းေတြ) ကို ျပန္လည္စဥ္းစားခိုင္းတာပဲ ျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ သင္မထင္ထားေလာက္ေအာင္ မွတ္ဉာဏ္ တိုးတက္ေစႏိုင္ပါတယ္။

    (၃) သီခ်င္းနားေထာင္ပါ

    သီခ်င္းနားေထာင္ျခင္းဟာ ဦးေႏွာက္ရဲ႕စြမ္းေဆာင္ရည္ေတြကို ျမင့္တက္ေစႏိုင္သလို စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

    (၄) ထမင္းစားတဲ့အခါ တူကို အသုံးျပဳေပးပါ

    ဒါကေတာ့ နည္းနည္းထူးဆန္းတဲ့ ကိစၥဆိုေပမယ့္ စိတ္ပညာရွင္ေတြရဲ႕အဆိုအရဆိုရင္ေတာ့ တကယ္ကို ထိေရာက္တဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။ တူကိုအသုံးျပဳၿပီး ထမင္းစားျခင္းဟာ အာ႐ုံစူးစိုက္မႈကို ပိုမိုတိုးျမင့္ေစတာေၾကာင့္ မွတ္ဉာဏ္ေတြ တိုးတက္ဖို႔ကို အေထာက္အကူ ျဖစ္ေစပါတယ္။

    (၅) စာဖတ္ပါ

    တေန႔တာမွာ မိမိရဲ႕အားလပ္ခ်ိန္ေတြထဲကေန ဖဲ့ၿပီး စာဖတ္ဖို႔အတြက္ အခ်ိန္ေပးသင့္ပါတယ္။ စာဖတ္ျခင္းဟာ ဗဟုသုတနဲ႔ စိတ္ခံစားမႈေတြကို တိုးတက္ေကာင္းမြန္ေစတဲ့အျပင္ ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြကိုလည္း ပိုမိုျမင့္တက္ေစပါတယ္။

    Ref : www.lifehack.org

    Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/health/2019/02/14/183442.html

    (Unicode)

    မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး

    တနေ့တာ လှုပ်ရှား ရုန်းကန်နေရမှုမှာ ခန္ဓာကိုယ်နဲ့ အတူ ဦးနှောက်ဟာဆိုရင်လည်း လိုက်လံ အလုပ်လုပ်နေရပါတယ်။နေ့စဉ်နဲ့အမျှ ဦးနှောက်ကို အဓိကထားပြီး အလုပ်လုပ်နေရသူတွေမှာတော့ မကြာခဏ ဆိုသလို လုပ်လက်စ အလုပ်တွေကို မေ့လျော့တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေပြီး ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

    (၁) ကြိုက်နှစ်သက်ရာ အားကစား တခုခု ပြုလုပ်ပါ

    အိပ်ရာကနိုးနိုးချင်း မနက်ခင်းတွေမှာ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်ခန်း ပြုလုပ်တာ စတဲ့အားကစားနည်း တမျိုးမျိုးကို ပြုလုပ်ပေးတာဟာ ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ အကျိုးရှိစေပါတယ်။

    (၂) Memory Recall ပြန်လုပ်ပါ

    Memory Recall ပြုလုပ်တယ် ဆိုတာကတော့ ရှေ့ရက်တွေမှာ သင်လုပ်ခဲ့တဲ့ ကိစ္စတွေ (ဥပမာ- ထမင်းကို ဘယ်ဟင်းနဲ့ စားခဲ့တယ် ဆိုတာမျိုးနဲ့ တလအတွင်း သင်ဝယ်ယူခဲ့တဲ့ အသေးအမွှား ပစ္စည်းစာရင်းတွေ) ကို ပြန်လည်စဉ်းစားခိုင်းတာပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ သင်မထင်ထားလောက်အောင် မှတ်ဉာဏ် တိုးတက်စေနိုင်ပါတယ်။

    (၃) သီချင်းနားထောင်ပါ

    သီချင်းနားထောင်ခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

    (၄) ထမင်းစားတဲ့အခါ တူကို အသုံးပြုပေးပါ

    ဒါကတော့ နည်းနည်းထူးဆန်းတဲ့ ကိစ္စဆိုပေမယ့် စိတ်ပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ တူကိုအသုံးပြုပြီး ထမင်းစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုတိုးမြင့်စေတာကြောင့် မှတ်ဉာဏ်တွေ တိုးတက်ဖို့ကို အထောက်အကူ ဖြစ်စေပါတယ်။

    (၅) စာဖတ်ပါ

    တနေ့တာမှာ မိမိရဲ့အားလပ်ချိန်တွေထဲကနေ ဖဲ့ပြီး စာဖတ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ စာဖတ်ခြင်းဟာ ဗဟုသုတနဲ့ စိတ်ခံစားမှုတွေကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။

    Ref : www.lifehack.org

    Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/health/2019/02/14/183442.html

  • ေဆးဘက္၀င္လြန္းတဲ့ ပယင္းဓါတ္

    (Zawgyi)

    ပယင္းအေၾကာင္း သိေကာင္းစရာ

    လူတိုင္းမသိေသးတဲ့ က်န္းမာေရးအတြက္ ပယင္းဓါတ္

    အခုဆိုရင္ လူအမ်ားစုက မိမိက်န္းမာေရးကို ေရရွည္ေကာင္းမြန္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ေဆးဘက္ဝင္၊ သဘာဝကုထုံးေတြဟာ ဘယ္ေလာက္အေရးပါေၾကာင္း ေကာင္းေကာင္းသေဘာေပါက္လာၾကပါၿပီ.. က်မတို႔ လူ႔ခႏၶာကိုယ္ႀကီးဟာ သဘာဝတရားနဲ႔ သဟဇာတျဖစ္ေအာင္ ဖန္တီးထားတာပါ.. အဲဒီေတာ့ က်မတို႔ ခႏၶာကိုယ္ႀကီးက သူ႔ကိုယ္ပိုင္ဓါတ္သေဘာေတြ မွန္ကန္စြာ အလုပ္လုပ္ႏိုင္ရင္ က်မတို႔ရဲ႕က်န္းမာေရးလည္း ေကာင္းမြန္ေနမွာျဖစ္ပါတယ္..

    ဒါေပမယ့္ အခုေခတ္လို အရာရာဟာ အရွိန္အဟုန္ျမႇင့္ လည္ပတ္ေနတဲ့ နည္းပညာေခတ္ႀကီးမွာ စားသုတ္သုတ္.. သြားသုတ္သုတ္နဲ႔ က်မတို႔ေတြ အိပ္ခ်ိန္မမွန္.. စားခ်ိန္မမွန္နဲ႔ စိတ္ရႈပ္ေထြးမႈေတြမ်ားလာၿပီး ေနထိုင္မႈဘဝပုံစံဟာ က်န္းမာေရးအတြက္ မသင့္ေတာ္ဘူးဆိုတာ အားလုံးလည္း အသိပဲျဖစ္ပါတယ္.. က်မတို႔ဟာ တဖက္ကလည္း ေျပာင္းလဲလာေနတဲ့ ေနထိုင္မႈ ဘဝပုံစံေၾကာင့္ အ႐ြယ္မတိုင္မီ မိမိက်န္းမာေရးခ်ိဳ႕ယြင္းလာမွာကို စိုးရိမ္မိတာက တစ္ဖက္.. အဲ့ဒီ့က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို ျပန္လည္ကုစားဖို႔အတြက္ မွီဝဲရတဲ့ ေဆးဝါးမ်ားရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားကို စိုးရိမ္ရတာက တစ္ဖက္ ျဖစ္လာတဲ့အခ်ိန္မွာ တျခားေ႐ြးခ်ယ္စရာျဖစ္တဲ့ သဘာဝကေပးတဲ့ လူသားတို႔အတြက္လက္ေဆာင္ ေဆးဘက္ဝင္ပစၥည္းေတြျဖစ္တဲ့ ၾကက္သြန္ျဖဴ၊ ဆႏြင္း၊ ရဲယို႐ြက္၊ စိမ္းျပာေရညႇိ စတာေတြကို စိတ္ဝင္စားလာၾကပါတယ္..

    ဒီေဆးဘက္ဝင္ပစၥည္းေတြထဲမွာ သစ္ျမစ္၊ သစ္ဖုေတြအျပင္ ထူးထူးျခားျခားအေနနဲ႔ ေဆးဘက္လည္းဝင္၊ အဆင္တန္ဆာလည္းျဖစ္တဲ့ နဝရတ္ကိုးပါးတန္းဝင္ ပယင္းရတနာတပါးလည္း က်မတို႔ ျမန္မာျပည္မွာ ထြက္ရွိပါေသးတယ္.. ပယင္းလို႔ ၾကားလိုက္ရင္ က်မတို႔ ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ားက အဆင္တန္ဆာအေနနဲ႔ သာသိထားၿပီး.. အစြမ္းထက္ ေဆးဘက္ဝင္ဂုဏ္သတၱိေတြကို ေသေသခ်ာခ်ာ သိပ္မသိၾကေသးပါဘူး..

    ဒါေပမယ့္ က်မတို႔ အိမ္နီးခ်င္းျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ပယင္းရတနာရဲ႕ အံ့မခန္းအစြမ္းသတၱိကို သိတဲ့အတြက္ လြန္ခဲ့တဲ့ႏွစ္ရာေပါင္းမ်ားစြာ ေရွးျမန္မာဘုရင္မ်ား လက္ထက္ကတည္းက ျမန္မာ့ပယင္းကို က်န္းမာေရးအတြက္ ဝယ္ယူအသုံးျပဳခဲ့တဲ့ အေထာက္အထားေတြ မ်ားစြာေတြ႕ရပါတယ္… ဒါေၾကာင့္ က်မတို႔ျမန္မာလူမ်ိဳးမ်ားလည္း ကိုယ့္ေျမကိုယ့္ေရကထြက္ၿပီး အဖိုးထိုက္တန္လွတဲ့ ပယင္းရတနာရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားကို သိရွိႏိုင္ေစရန္ ေလ့လာမွတ္သားဖူးသမွ်ကို မွ်ေဝရျခင္းျဖစ္ပါတယ္..

    ပယင္းကို အဖိုးထိုက္တန္လွတဲ့အတြက္ ေက်ာက္မ်က္ရတနာထဲမွာ ထည့္သြင္းထားေပမဲ့ တြင္းထြက္ေက်ာက္မ်က္မ်ိဳးမဟုတ္ဘဲထင္းရွဴးပင္တစ္မ်ိဳးရဲ႕ သစ္ေစးေတြ ႏွစ္သန္းေပါင္း ၂၅သန္းကေန သန္း ၅၀ေလာက္ ကမာၻေျမႀကီးရဲ႕ အပူခ်ိန္နဲ႔ ဖိအားကို ခံရၿပီးတဲ့အခါ အသြင္ေျပာင္းၿပီး ပယင္းအျဖစ္ ေရာက္ရွိလာတာ ျဖစ္ပါတယ္.. ဒါ့ေၾကာင့္ပယင္းဟာ လက္နဲ႔ကိုင္ၾကည့္ရင္ အျခားတြင္းထြက္ေက်ာက္မ်ားနဲ႔ မတူပဲ ေႏြးတဲ့အထိအေတြ႕ကို ေပးပါတယ္.. ပယင္းကို ေက်ာက္ေခတ္ လူသားမ်ားကစလို႔ ဂရိ၊ ေရာမ စတဲ့ လူမ်ိဳးေတြဟာ အနာေရာဂါ ကင္းရွင္းေစႏိုင္တဲ့ အစြမ္းသတၱိရွိတယ္လို႔ ယုံၾကည္ၾကတဲ့အတြက္ အထြတ္အျမတ္ထား ဝတ္ဆင္ခဲ့ၾကပါတယ္…

    ပယင္းရဲ႕ ေဆးဘက္ဝင္မႈကို ပထမဦးဆုံး မွတ္တမ္းထင္ထားႏိုင္တာကေတာ့ BC (460-377)မွာ အင္မတန္ေက်ာ္ၾကားတဲ့ ေရွးေခတ္ ဂရိသမားေတာ္ႀကီး Hippocrates ပဲျဖစ္ပါတယ္.. သူဟာ ေဆးပညာသမိုင္းမွာ အထူးခြၽန္ဆုံးသူမ်ားထဲက တစ္ေယာက္ျဖစ္ၿပီး ယေန႔ေခတ္အေနာက္တိုင္းေဆးပညာရဲ႕ ဖခင္ႀကီးလို႔ သတ္မွတ္ျခင္း ခံရသူလည္း ျဖစ္ပါတယ္.. (Source: Wikipedia) ႏိုဘယ္ဆုရွင္ Robert Kock က ပယင္းမွာ လူ႔ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ့ Succinic Acide ေကာင္းက်ိဳးေတြ ရွိေနတဲ့အေၾကာင္းကို ေလ့လာေတြ႕ရွိခဲ့ပါတယ္..

    1930 နဲ႔ 1940 ခုႏွစ္မ်ားမွာ၊ ဥေရာပ ဇီဝဓါတုပညာရွင္ေတြဟာ Succinic Acide ဟာ ခႏၶာကိုယ္ရဲ႕ Cell ေတြတိုင္းမွာ ရွိေနၿပီး အသက္ရွဴထုတ္ျခင္းလိုမ်ိဳး ၊ ကဇီဓါတ္ေတြ၊ အဆီေတြ၊ အသားဓါတ္ေတြေလာင္ကြၽမ္းၿပီး စြမ္းအင္ျဖစ္ေစျခင္းလိုမ်ိဳး မရွိမျဖစ္ အေရးပါတဲ့ ဇီဝကမၼျဖစ္စဥ္ေတြအတြက္ အဓိကက်တယ္ဆိုတာ ေလ့လာေတြ႕ရွိခဲ့ျပန္ပါတယ္.. ပယင္းကို ဝတ္ဆင္ထားမယ္ဆိုရင္ လူ႔ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ Succinin Acid အနည္းငယ္ထြက္လာၿပီး၊ လူ႔အေရးျပားရဲ႕ ေမြးညင္းေပါက္မ်ားမွ တဆင့္ ေသြးေၾကာေတြထဲကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္..

    ဒါ့ေၾကာင့္ ပယင္းဆြဲႀကိဳးကို ဝတ္ဆင္ထားမယ္ဆိုရင္ လည္ေခ်ာင္းနာျခင္း၊ အာသီးေယာင္ျခင္းလို ကိုယ္တြင္းအပူေၾကာင့္ျဖစ္တတ္တဲ့ ေဝဒနာေတြနဲ႔ ေခါင္းမူး၊ ေခါင္းကိုက္၊ ဇက္ေၾကာတက္ျခင္း၊ လည္ပင္းက်ီးေပါင္းတက္ျခင္းလို အာ႐ုံေၾကာနဲ႔ဆိုင္တဲ့ ေဝဒနာေတြကို သက္သာေပ်ာက္ကင္း ေစႏိုင္ပါတယ္.. ရင္ေခါင္းပိုင္းမွာရွိတဲ့ အသည္း၊ ေက်ာက္ကပ္၊ သရက္႐ြက္စတဲ့ ကိုယ္တြင္းအဂၤါေတြကို အားေကာင္းေစယုံမက ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးၿပီး ရာသီဥတုအေျပာင္းအလဲေၾကာင့္ျဖစ္တတ္တဲ့ အေအးမိျခင္းကဲ့သို႔ ေရာဂါကူးစက္ခံစက္ခံရျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္..

    ေနာက္တစ္ခ်က္က သုေတသနပညာရွင္ေတြက ပယင္းဟာ ဇီဝျဖစ္စဥ္ကို လႈံ႕ေဆာ္ေပးတဲ့အစြမ္းနဲ႔၊ အက်ိဳးျပဳတဲ့ လွ်ပ္စစ္သံလိုက္လႈိင္းေတြ ရွိေနတာကို ေလ့လာေတြ႕ရွိခဲ့တဲ့အတြက္.. ပယင္းကိုဝတ္ဆင္ထားရင္ ယေန႔ခတ္ရဲ႕ အသုံးအေဆာင္ပစၥည္းမ်ားျဖစ္တဲ့ ကြန္ပ်ဴတာ၊ တီဗြီ၊ ေရဒီယို၊ လက္ကိုင္ဖုန္းနဲ႔ မိုက္ခ႐ိုေဝ့ဗ္မီးဖိုတို႔က ထြက္တဲ့ မေကာင္းတဲ့လႈိင္းေတြေၾကာင့္ ဦးေႏွာက္ထိခိုက္ပ်က္စီးမႈကို ကာကြယ္ေပးႏိုင္လိမ့္မယ္လို႔ သီအိုရီတစ္ခုက ဆိုပါတယ္..

    ဒါ့အျပင္ ပယင္းဟာ ယေန႔ေခတ္ လူေနမႈပုံစံေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေနသူ၊ ေဆးဝါးမ်ားရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားျဖစ္ေၾကာင့္ စိတ္ရႈပ္ေထြးေနသူ၊ စိတ္ဂနာမၿငိမ္ျဖစ္ေနသူေတြ၊ စိတ္ပင္ပမ္း ေနသူေတြအတြက္လည္း စိတ္တည္ၿငိမ္မႈကို ျဖစ္ေစႏိုင္ပါတယ္.. ပယင္းရဲ႕ အစြမ္းသတၱိကို အေကာင္းဆုံးရရွိဖို႔ဆိုရင္ သတိျပဳရမယ့္အခ်က္က ပယင္းဟာအေရျပားနဲ႔တိုက္႐ိုက္ထိေတြ႕ေပးရမွာျဖစ္ပါတယ္..

    ဒါ့ေၾကာင့္ က်မမွတ္သားထားတဲ့ ထိေရာက္စြာ အသုံးျပဳနည္းကေတာ့ ပယင္းဆြဲႀကိဳးေလးေတြကို အခ်ိန္ျပည့္ဆြဲထားၿပီး အိမ္မွာေနရင္ အက်ႌထဲ ထည့္ဝတ္ၿပီး၊ ဟိုသြားဒီသြားဆို အက်ီအျပင္ထုတ္ဝတ္မယ္ဆိုရင္ က်န္းမာေရးအရေရာ၊ ဖက္ရွင္အရေရာ ႏွစ္ခုလုံးအတြက္ အဆင္ေျပပါတယ္.. ပယင္းရဲ႕ ဂုဏ္သတၱိ အျပည့္အဝရေစဖို႔ ပယင္းရဲ႕ သက္တမ္းကလည္း အေရးႀကီးပါတယ္..

    ျမန္မာ့ပယင္းက အျခားႏိုင္ငံမ်ားက ပယင္းမ်ားနဲ႔ ယွဥ္ရင္ သက္တမ္းလည္း မႏု၊ သက္တမ္းလည္း မလြန္ပဲ အေကာင္းဆုံး အေနအထားမွာရွိေၾကာင္း ဖတ္မွတ္ေလ့လာရပါတယ္.. ျမန္မာႏိုင္ငံမွာေတာင္ တႏိုင္းေဒသကထြက္တဲ့ ပယင္းက အရည္အေသြး အေကာင္းဆုံးဟု ပယင္းတူးေဖာ္သူမ်ားက ဆိုပါတယ္..

    ပယင္းဟာ အဝါေရာင္၊ ဝါၾကည္ေရာင္၊ ဒီဇယ္ေရာင္၊ ခိုေသြးေရာင္၊ အျပာေရာင္၊ အစိမ္းေရာင္၊ လိေမၼာ္နီေရာင္၊ခရမ္းေရာင္စတဲ့ အေရာင္မ်ိဳးစုံရွိတဲ့အနက္ အေရာင္ႏုေလ၊ ၾကည္ေလSuccinicAcid ပိုမိုႂကြယ္ဝေလျဖစ္ပါတယ္.. ပယင္းကို က်န္းမာေရးအရ ဝတ္ဆင္ခ်င္သူမ်ားအတြက္ ပယင္းစစ္စစ္ရဖို႔ အင္မတန္ အေရးႀကီးပါတယ္.. အခုဆိုရင္ ေဈးကြက္ထဲမွာ တ႐ုတ္နဲ႔ ယိုးဒယားဘက္က တင္သြင္းလာတဲ့ အစစ္နဲ႔ ခြဲမရေအာင္တူတဲ့ ဒီဇိုင္းဆန္းဆန္းနဲ႔ ပယင္းအတုေတြ မ်ားစြာဝင္ေရာက္လာပါတယ္.. အဲဒီေတာ့ ပယင္း စစ္ မစစ္ စမ္းသပ္တဲ့ နည္းလမ္းေပါင္းမ်ားစြာထဲက အလြယ္ဆုံးကတာ့ ဆားရည္နဲ႔ စမ္းသပ္တာပဲ ျဖစ္ပါတယ္..

    ပယင္းဟာ သစ္ေစးျဖစ္လို႔ အေလးခ်ိန္အားျဖင့္ ေပါ့ပါးပါတယ္.. ဒါေပမယ့္ သူ႔ရဲ႕ သိပ္သည္းဆက ေရထက္ေလးၿပီး ဆားရည္ထက္ ေပါ့ပါတယ္.. ပယင္းကို ေရထဲမွာ ခ်ၾကည့္ရင္ ျမဳပ္သြားမွာျဖစ္ၿပီး၊ ဆားရည္ထဲ ခ်လိုက္ရင္ေတာ့ျပန္ေပၚလာမွာျဖစ္ပါတယ္..ဒါဆိုရင္ ပယင္းအစစ္ပါ.. ဆားရည္ဖ်ာ္တဲ့ေနရာမွာ ဖန္ခြက္တစ္ခြက္ကို ဆား ထမင္းစားဇြန္း ေလးငါးဇြန္းေလာက္ထည့္ရပါတယ္..

    ဖတ္မွတ္ေလ့လာဖူးသမွ် ပယင္းအေၾကာင္း ဗဟုသုတရေစရန္ ရည္႐ြယ္ပါသည္။

    Credit – Original Writer

    (Unicode)

    ပယင်းအကြောင်း သိကောင်းစရာ

    လူတိုင်းမသိသေးတဲ့ ကျန်းမာရေးအတွက် ပယင်းဓါတ်

    အခုဆိုရင် လူအများစုက မိမိကျန်းမာရေးကို ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆေးဘက်ဝင်၊ သဘာဝကုထုံးတွေဟာ ဘယ်လောက်အရေးပါကြောင်း ကောင်းကောင်းသဘောပေါက်လာကြပါပြီ.. ကျမတို့ လူ့ခန္ဓာကိုယ်ကြီးဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတာပါ.. အဲဒီတော့ ကျမတို့ ခန္ဓာကိုယ်ကြီးက သူ့ကိုယ်ပိုင်ဓါတ်သဘောတွေ မှန်ကန်စွာ အလုပ်လုပ်နိုင်ရင် ကျမတို့ရဲ့ကျန်းမာရေးလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်..

    ဒါပေမယ့် အခုခေတ်လို အရာရာဟာ အရှိန်အဟုန်မြှင့်လည်ပတ်နေတဲ့ နည်းပညာခေတ်ကြီးမှာ စားသုတ်သုတ်.. သွားသုတ်သုတ် နဲ့ ကျမတို့တွေ အိပ်ချိန်မမှန်.. စားချိန်မမှန်နဲ့ စိတ်ရှုပ်ထွေးမှုတွေများလာပြီး နေထိုင်မှုဘဝပုံစံဟာကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်.. ကျမတို့ဟာ တဖက်ကလည်း ပြောင်းလဲလာနေတဲ့ နေထိုင်မှု ဘဝပုံစံကြောင့် အရွယ်မတိုင်မီ မိမိကျန်းမာရေးချို့ယွင်းလာမှာကို စိုးရိမ်မိတာက တစ်ဖက်.. အဲ့ဒီ့ကျန်းမာရေးချို့ယွင်းမှုတွေကို ပြန်လည်ကုစားဖို့အတွက် မှီဝဲရတဲ့ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ရတာက တစ်ဖက် ဖြစ်လာတဲ့အချိန်မှာ တခြားရွေးချယ်စရာဖြစ်တဲ့ သဘာဝကပေးတဲ့ လူသားတို့အတွက်လက်ဆောင် ဆေးဘက်ဝင်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ဆနွင်း၊ ရဲယိုရွက်၊ စိမ်းပြာရေညှိ စတာတွေကို စိတ်ဝင်စားလာကြပါတယ်..

    ဒီဆေးဘက်ဝင်ပစ္စည်းတွေထဲမှာ သစ်မြစ်၊ သစ်ဖုတွေအပြင် ထူးထူးခြားခြားအနေနဲ့ ဆေးဘက်လည်းဝင်၊ အဆင်တန်ဆာလည်းဖြစ်တဲ့ နဝရတ်ကိုးပါးတန်းဝင် ပယင်းရတနာတပါးလည်း ကျမတို့ မြန်မာပြည်မှာ ထွက်ရှိပါသေးတယ်.. ပယင်းလို့ ကြားလိုက်ရင် ကျမတို့ မြန်မာလူမျိုး တော်တော်များများက အဆင်တန်ဆာအနေနဲ့ သာသိထားပြီး.. အစွမ်းထက်ဆေးဘက်ဝင်ဂုဏ်သတ္တိတွေကို သေသေချာချာသိပ်မသိကြသေးပါဘူး..

    ဒါပေမယ့် ကျမတို့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ပယင်းရတနာရဲ့ အံ့မခန်းအစွမ်းသတ္တိကို သိတဲ့အတွက် လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက မြန်မာ့ပယင်းကို ကျန်းမာရေးအတွက် ဝယ်ယူအသုံးပြုခဲ့တဲ့ အထောက်အထားတွေ များစွာတွေ့ရပါတယ်… ဒါကြောင့် ကျမတို့မြန်မာလူမျိုးများလည်း ကိုယ့်မြေကိုယ့်ရေကထွက်ပြီး အဖိုးထိုက်တန်လှတဲ့ ပယင်းရတနာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် လေ့လာမှတ်သားဖူးသမျှကို မျှဝေရခြင်းဖြစ်ပါတယ်..

    ပယင်းကို အဖိုးထိုက်တန်လှတဲ့အတွက် ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုးမဟုတ်ဘဲထင်းရှူးပင်တစ်မျိုးရဲ့ သစ်စေးတွေ နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက် ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိအားကို ခံရပြီးတဲ့အခါ အသွင်ပြောင်းပြီး ပယင်းအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်.. ဒါ့ကြောင့်ပယင်းဟာ လက်နဲ့ကိုင်ကြည့်ရင် အခြားတွင်းထွက်ကျောက်များနဲ့ မတူပဲ နွေးတဲ့အထိအတွေ့ကို ပေးပါတယ်.. ပယင်းကို ကျောက်ခေတ် လူသားများကစလို့ ဂရိ၊ ရောမ စတဲ့ လူမျိုးတွေဟာ အနာရောဂါ ကင်းရှင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် အထွတ်အမြတ်ထား ဝတ်ဆင်ခဲ့ကြပါတယ်…

    ပယင်းရဲ့ ဆေးဘက်ဝင်မှုကို ပထမဦးဆုံး မှတ်တမ်းထင်ထားနိုင်တာကတော့ BC (460-377)မှာ အင်မတန်ကျော်ကြားတဲ့ ရှေးခေတ် ဂရိသမားတော်ကြီး Hippocrates ပဲဖြစ်ပါတယ်.. သူဟာ ဆေးပညာသမိုင်းမှာ အထူးချွန်ဆုံးသူများထဲကတစ်ယောက်ဖြစ်ပြီး ယနေ့ခေတ်အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးလို့ သတ်မှတ်ခြင်း ခံရသူလည်း ဖြစ်ပါတယ်.. (Source: Wikipedia) နိုဘယ်ဆုရှင် Robert Kock က ပယင်းမှာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ Succinic Acide ကောင်းကျိုးတွေ ရှိနေတဲ့အကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်..

    1930 နဲ့ 1940 ခုနှစ်များမှာ၊ ဥရောပ ဇီဝဓါတုပညာရှင်တွေဟာ Succinic Acide ဟာ ခန္ဓာကိုယ်ရဲ့ Cell တွေတိုင်းမှာ ရှိနေပြီး အသက်ရှူထုတ်ခြင်းလိုမျိုး ၊ ကဇီဓါတ်တွေ၊ အဆီတွေ၊ အသားဓါတ်တွေလောင်ကျွမ်းပြီး စွမ်းအင်ဖြစ်စေခြင်းလိုမျိုး မရှိမဖြစ်အရေးပါတဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အဓိကကျတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပြန်ပါတယ်.. ပယင်းကို ဝတ်ဆင်ထားမယ်ဆိုရင် လူ့ခန္ဓာကိုယ်အပူချိန်ကြောင့် Succinin Acid အနည်းငယ်ထွက်လာပြီး၊ လူ့အရေးပြားရဲ့ မွေးညင်းပေါက်များမှ တဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်..

    ဒါ့ကြောင့် ပယင်းဆွဲကြိုးကို ဝတ်ဆင်ထားမယ်ဆိုရင် လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းလို ကိုယ်တွင်းအပူကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်းလို အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်.. ရင်ခေါင်းပိုင်းမှာရှိတဲ့ အသည်း၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားကောင်းစေယုံမက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီးရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့အအေးမိခြင်းကဲ့သို့ရောဂါကူးစက်ခံစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်..

    နောက်တစ်ချက်က သုတေသနပညာရှင်တွေက ပယင်းဟာ ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေးတဲ့အစွမ်းနဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ရှိနေတာကို လေ့လာတွေ့ရှိခဲ့တဲ့အတွက်.. ပယင်းကိုဝတ်ဆင်ထားရင် ယနေ့ခတ်ရဲ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ကွန်ပျူတာ၊ တီဗွီ၊ ရေဒီယို၊ လက်ကိုင်ဖုန်းနဲ့ မိုက်ခရိုဝေ့ဗ်မီးဖိုတို့က ထွက်တဲ့ မကောင်းတဲ့လှိုင်းတွေကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်..

    ဒါ့အပြင် ပယင်းဟာ ယနေ့ခေတ် လူနေမှုပုံစံကြောင့် စိတ်ဖိစီးမှုဖြစ်နေသူ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင့် စိတ်ရှုပ်ထွေးနေသူ၊ စိတ်ဂနာမငြိမ်ဖြစ်နေသူတွေ၊ စိတ်ပင်ပမ်း နေသူတွေအတွက်လည်း စိတ်တည်ငြိမ်မှုကို ဖြစ်စေနိုင်ပါတယ်.. ပယင်းရဲ့ အစွမ်းသတ္တိကို အကောင်းဆုံးရရှိဖို့ဆိုရင် သတိပြုရမယ့်အချက်က ပယင်းဟာအရေပြားနဲ့တိုက်ရိုက်ထိတွေ့ပေးရမှာဖြစ်ပါတယ်..

    ဒါ့ကြောင့် ကျမမှတ်သားထားတဲ့ ထိရောက်စွာအသုံးပြုနည်းကတော့ ပယင်းဆွဲကြိုးလေးတွေကို အချိန်ပြည့်ဆွဲထားပြီး အိမ်မှာနေရင် အင်္ကျီထဲထည့်ဝတ်ပြီး၊ ဟိုသွားဒီသွားဆို အကျီအပြင်ထုတ်ဝတ်မယ်ဆိုရင် ကျန်းမာရေးအရရော၊ ဖက်ရှင်အရရော နှစ်ခုလုံးအတွက် အဆင်ပြေပါတယ်.. ပယင်းရဲ့ ဂုဏ်သတ္တိ အပြည့်အဝရစေဖို့ ပယင်းရဲ့ သက်တမ်းကလည်း အရေးကြီးပါတယ်..

    မြန်မာ့ပယင်းက အခြားနိုင်ငံများက ပယင်းများနဲ့ ယှဉ်ရင် သက်တမ်းလည်း မနု၊ သက်တမ်းလည်း မလွန်ပဲ အကောင်းဆုံး အနေအထားမှာရှိကြောင်း ဖတ်မှတ်လေ့လာရပါတယ်.. မြန်မာနိုင်ငံမှာတောင် တနိုင်းဒေသကထွက်တဲ့ ပယင်းက အရည်အသွေး အကောင်းဆုံးဟု ပယင်းတူးဖော်သူများက ဆိုပါတယ်..

    ပယင်းဟာ အဝါရောင်၊ ဝါကြည်ရောင်၊ ဒီဇယ်ရောင်၊ ခိုသွေးရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ လိမ္မော်နီရောင်၊ခရမ်းရောင်စတဲ့ အရောင်မျိုးစုံရှိတဲ့အနက် အရောင်နုလေ၊ ကြည်လေSuccinicAcid ပိုမိုကြွယ်ဝလေဖြစ်ပါတယ်.. ပယင်းကို ကျန်းမာရေးအရ ဝတ်ဆင်ချင်သူများအတွက် ပယင်းစစ်စစ်ရဖို့ အင်မတန်အရေးကြီးပါတယ်.. အခုဆိုရင် ဈေးကွက်ထဲမှာ တရုတ်နဲ့ ယိုးဒယားဘက်က တင်သွင်းလာတဲ့ အစစ်နဲ့ ခွဲမရအောင်တူတဲ့ ဒီဇိုင်းဆန်းဆန်းနဲ့ ပယင်းအတုတွေ များစွာဝင်ရောက်လာပါတယ်.. အဲဒီတော့ ပယင်း စစ် မစစ် စမ်းသပ်တဲ့ နည်းလမ်းပေါင်းများစွာထဲက အလွယ်ဆုံးကတာ့ ဆားရည်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်..

    ပယင်းဟာ သစ်စေးဖြစ်လို့ အလေးချိန်အားဖြင့် ပေါ့ပါးပါတယ်.. ဒါပေမယ့် သူ့ရဲ့ သိပ်သည်းဆက ရေထက်လေးပြီး ဆားရည်ထက် ပေါ့ပါတယ်.. ပယင်းကို ရေထဲမှာ ချကြည့်ရင် မြုပ်သွားမှာဖြစ်ပြီး၊ ဆားရည်ထဲ ချလိုက်ရင်တော့ပြန်ပေါ်လာမှာဖြစ်ပါတယ်..ဒါဆိုရင် ပယင်းအစစ်ပါ.. ဆားရည်ဖျာ်တဲ့နေရာမှာ ဖန်ခွက်တစ်ခွက်ကို ဆား ထမင်းစားဇွန်း လေးငါးဇွန်းလောက်ထည့်ရပါတယ်..

    ဖတ်မှတ်လေ့လာဖူးသမျှ ပယင်းအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ပါသည်။

    Credit – Original Writer

  • သဘာဝပစၥည္းမ်ားျဖစ္တဲ့ သံပုရာသီးနဲ႔ ဆားတို႔ကို အသံုးျပဳၿပီး အစြန္းအထင္းေတြ ခြ်တ္ျကမယ္

    (Zawgyi)

    သဘာဝပစၥည္းမ်ားျဖစ္တဲ့ သံပုရာသီးနဲ႔ ဆားတို႔ကို အသုံးျပဳၿပီး အစြန္းအထင္းေတြ ခြၽတ္ၾကမယ္

    ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အျဖဴေရာင္ အက်ႌေတြကို အၿမဲလိုလို ျဖဴေဖြးေနေစဖို႔ မီးဖိုေခ်ာင္ထဲက ပစၥည္းေတြအသုံးျပဳလို႔ရပါတယ္။ အစြန္းအထင္းေတြ ဖယ္ရွားႏိုင္ဖို႔ လိုအပ္တဲ့ပစၥည္းမ်ား

    ဆပ္ျပာမႈန႔္

    သံပုရာသီး

    ဆား ႏွင့္ ေရ

    ျပဳလုပ္နည္း-

    ေရ ၂ လီတာကို အိုး တစ္လုံးထဲထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္လိုက္ထားလိုက္ၿပီးမွ မီးဖိုေပၚကေန ျပန္ခ်လိုက္ပါ။ သံပုရာသီး ၃လုံးကို ခြက္တစ္ခြက္ထဲကို ညႇစ္ထည့္လိုက္ပါ။

    ဆား စားပြဲတင္ဇြန္း ၁ ဇြန္းကို ေရပြက္ပြက္ဆူတဲ့အထဲကို ထည့္လိုက္ပါ။ ခုက သံပုရာသီးညႇစ္ထည့္ထားတဲ့ ခြက္ထဲက သံပုရာရည္နဲ႔ ဆပ္ျပာမႈန႔္ ¼ Cup နဲ႔ေရာၿပီး ပြက္ပြက္ဆူေနတဲ့ အရည္ထဲထည့္လိုက္ပါ။

    အက်ႌကို အဲ့ဒီအရည္ထဲမွာ မိနစ္ ၄၀ ေလာက္စိမ္ထားလိုက္ပါ။ ၿပီးရင္ ေရ ေဆးခ်လိုက္ပါ။ ေရ ၃ခါေလာက္ေဆးခ်လိုက္ပါ။ ၿပီးရင္ ေနပူလွမ္းလိုက္ပါ။

    အထူးသျဖင့္ အျဖဴေရာင္ အက်ႌရဲ႕ခ်ိဳင္းေနရာ၊ ေကာ္လံေနရာမွာ ေခြၽးကြက္ေတြ ဝါေနတာမ်ိဳးမွာ ဒီနည္းနဲ႔ အစြန္းအထင္းခြၽတ္ႏိုင္ပါတယ္။

    Credit – MyFood Myanmar

    (Unicode)

    သဘာဝပစ္စည်းများဖြစ်တဲ့ သံပုရာသီးနဲ့ ဆားတို့ကို အသုံးပြုပြီး အစွန်းအထင်းတွေ ချွတ်ကြမယ်

    ကိုယ်ကြိုက်နှစ်သက်တဲ့ အဖြူရောင် အင်္ကျီတွေကို အမြဲလိုလို ဖြူဖွေးနေစေဖို့ မီးဖိုချောင်ထဲက ပစ္စည်းတွေအသုံးပြုလို့ရပါတယ်။ အစွန်းအထင်းတွေ ဖယ်ရှားနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းများ

    ဆပ်ပြာမှုန့်

    သံပုရာသီး

    ဆား နှင့် ရေ

    ပြုလုပ်နည်း-

    ရေ ၂ လီတာကို အိုး တစ်လုံးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ထားလိုက်ပြီးမှ မီးဖိုပေါ်ကနေ ပြန်ချလိုက်ပါ။ သံပုရာသီး ၃လုံးကို ခွက်တစ်ခွက်ထဲကို ညှစ်ထည့်လိုက်ပါ။

    ဆား စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေပွက်ပွက်ဆူတဲ့အထဲကို ထည့်လိုက်ပါ။ ခုက သံပုရာသီးညှစ်ထည့်ထားတဲ့ ခွက်ထဲက သံပုရာရည်နဲ့ ဆပ်ပြာမှုန့် ¼ Cup နဲ့ရောပြီး ပွက်ပွက်ဆူနေတဲ့ အရည်ထဲထည့်လိုက်ပါ။

    အင်္ကျီကို အဲ့ဒီအရည်ထဲမှာ မိနစ် ၄၀ လောက်စိမ်ထားလိုက်ပါ။ ပြီးရင် ရေ ဆေးချလိုက်ပါ။ ရေ ၃ခါလောက်ဆေးချလိုက်ပါ။ ပြီးရင် နေပူလှမ်းလိုက်ပါ။

    အထူးသဖြင့် အဖြူရောင် အင်္ကျီရဲ့ချိုင်းနေရာ၊ ကော်လံနေရာမှာ ချွေးကွက်တွေ ဝါနေတာမျိုးမှာ ဒီနည်းနဲ့ အစွန်းအထင်းချွတ်နိုင်ပါတယ်။

    Credit – MyFood Myanmar

  • ပယင္းအေၾကာင္း သိေကာင္းစရာ

    (Zawgyi)

    ပယင္းအေၾကာင္း သိေကာင္းစရာ

    လူတိုင္းမသိေသးတဲ့ က်န္းမာေရးအတြက္ ပယင္းဓါတ္

    အခုဆိုရင္ လူအမ်ားစုက မိမိက်န္းမာေရးကို ေရရွည္ေကာင္းမြန္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ေဆးဘက္ဝင္၊ သဘာဝကုထုံးေတြဟာ ဘယ္ေလာက္အေရးပါေၾကာင္း ေကာင္းေကာင္းသေဘာေပါက္လာၾကပါၿပီ.. က်မတို႔ လူ႔ခႏၶာကိုယ္ႀကီးဟာ သဘာဝတရားနဲ႔ သဟဇာတျဖစ္ေအာင္ ဖန္တီးထားတာပါ.. အဲဒီေတာ့ က်မတို႔ ခႏၶာကိုယ္ႀကီးက သူ႔ကိုယ္ပိုင္ဓါတ္သေဘာေတြမွန္ကန္စြာအလုပ္လုပ္ႏိုင္ရင္ က်မတို႔ရဲ႕က်န္းမာေရးလည္း ေကာင္းမြန္ေနမွာျဖစ္ပါတယ္..

    ဒါေပမယ့္ အခုေခတ္လို အရာရာဟာ အရွိန္အဟုန္ျမႇင့္လည္ပတ္ေနတဲ့ နည္းပညာေခတ္ႀကီးမွာ စားသုတ္သုတ္.. သြားသုတ္သုတ္ နဲ႔ က်မတို႔ေတြ အိပ္ခ်ိန္မမွန္.. စားခ်ိန္မမွန္နဲ႔ စိတ္ရႈပ္ေထြးမႈေတြမ်ားလာၿပီး ေနထိုင္မႈဘဝပုံစံဟာက်န္းမာေရးအတြက္ မသင့္ေတာ္ဘူးဆိုတာ အားလုံးလည္း အသိပဲျဖစ္ပါတယ္.. က်မတို႔ဟာ တဖက္ကလည္း ေျပာင္းလဲလာေနတဲ့ ေနထိုင္မႈ ဘဝပုံစံေၾကာင့္ အ႐ြယ္မတိုင္မီ မိမိက်န္းမာေရးခ်ိဳ႕ယြင္းလာမွာကို စိုးရိမ္မိတာက တစ္ဖက္.. အဲ့ဒီ့က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို ျပန္လည္ကုစားဖို႔အတြက္ မွီဝဲရတဲ့ ေဆးဝါးမ်ားရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားကို စိုးရိမ္ရတာက တစ္ဖက္ ျဖစ္လာတဲ့အခ်ိန္မွာ တျခားေ႐ြးခ်ယ္စရာျဖစ္တဲ့ သဘာဝကေပးတဲ့ လူသားတို႔အတြက္လက္ေဆာင္ ေဆးဘက္ဝင္ပစၥည္းေတြျဖစ္တဲ့ ၾကက္သြန္ျဖဴ၊ ဆႏြင္း၊ ရဲယို႐ြက္၊ စိမ္းျပာေရညႇိ စတာေတြကို စိတ္ဝင္စားလာၾကပါတယ္..

    ဒီေဆးဘက္ဝင္ပစၥည္းေတြထဲမွာ သစ္ျမစ္၊ သစ္ဖုေတြအျပင္ ထူးထူးျခားျခားအေနနဲ႔ ေဆးဘက္လည္းဝင္၊ အဆင္တန္ဆာလည္းျဖစ္တဲ့ နဝရတ္ကိုးပါးတန္းဝင္ ပယင္းရတနာတပါးလည္း က်မတို႔ ျမန္မာျပည္မွာ ထြက္ရွိပါေသးတယ္.. ပယင္းလို႔ ၾကားလိုက္ရင္ က်မတို႔ ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ားက အဆင္တန္ဆာအေနနဲ႔ သာသိထားၿပီး.. အစြမ္းထက္ေဆးဘက္ဝင္ဂုဏ္သတၱိေတြကို ေသေသခ်ာခ်ာသိပ္မသိၾကေသးပါဘူး..

    ဒါေပမယ့္ က်မတို႔ အိမ္နီးခ်င္းျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ပယင္းရတနာရဲ႕ အံ့မခန္းအစြမ္းသတၱိကို သိတဲ့အတြက္ လြန္ခဲ့တဲ့ႏွစ္ရာေပါင္းမ်ားစြာ ေရွးျမန္မာဘုရင္မ်ား လက္ထက္ကတည္းက ျမန္မာ့ပယင္းကို က်န္းမာေရးအတြက္ ဝယ္ယူအသုံးျပဳခဲ့တဲ့ အေထာက္အထားေတြ မ်ားစြာေတြ႕ရပါတယ္… ဒါေၾကာင့္ က်မတို႔ျမန္မာလူမ်ိဳးမ်ားလည္း ကိုယ့္ေျမကိုယ့္ေရကထြက္ၿပီး အဖိုးထိုက္တန္လွတဲ့ ပယင္းရတနာရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားကို သိရွိႏိုင္ေစရန္ ေလ့လာမွတ္သားဖူးသမွ်ကို မွ်ေဝရျခင္းျဖစ္ပါတယ္..

    ပယင္းကို အဖိုးထိုက္တန္လွတဲ့အတြက္ ေက်ာက္မ်က္ရတနာထဲမွာ ထည့္သြင္းထားေပမဲ့ တြင္းထြက္ေက်ာက္မ်က္မ်ိဳးမဟုတ္ဘဲထင္းရွဴးပင္တစ္မ်ိဳးရဲ႕ သစ္ေစးေတြ ႏွစ္သန္းေပါင္း ၂၅သန္းကေန သန္း ၅၀ေလာက္ ကမာၻေျမႀကီးရဲ႕ အပူခ်ိန္နဲ႔ ဖိအားကို ခံရၿပီးတဲ့အခါ အသြင္ေျပာင္းၿပီး ပယင္းအျဖစ္ ေရာက္ရွိလာတာ ျဖစ္ပါတယ္.. ဒါ့ေၾကာင့္ပယင္းဟာ လက္နဲ႔ကိုင္ၾကည့္ရင္ အျခားတြင္းထြက္ေက်ာက္မ်ားနဲ႔ မတူပဲ ေႏြးတဲ့အထိအေတြ႕ကို ေပးပါတယ္.. ပယင္းကို ေက်ာက္ေခတ္ လူသားမ်ားကစလို႔ ဂရိ၊ ေရာမ စတဲ့ လူမ်ိဳးေတြဟာ အနာေရာဂါ ကင္းရွင္းေစႏိုင္တဲ့ အစြမ္းသတၱိရွိတယ္လို႔ ယုံၾကည္ၾကတဲ့အတြက္ အထြတ္အျမတ္ထား ဝတ္ဆင္ခဲ့ၾကပါတယ္…

    ပယင္းရဲ႕ ေဆးဘက္ဝင္မႈကို ပထမဦးဆုံး မွတ္တမ္းထင္ထားႏိုင္တာကေတာ့ BC (460-377)မွာ အင္မတန္ေက်ာ္ၾကားတဲ့ ေရွးေခတ္ ဂရိသမားေတာ္ႀကီး Hippocrates ပဲျဖစ္ပါတယ္.. သူဟာ ေဆးပညာသမိုင္းမွာ အထူးခြၽန္ဆုံးသူမ်ားထဲကတစ္ေယာက္ျဖစ္ၿပီး ယေန႔ေခတ္အေနာက္တိုင္းေဆးပညာရဲ႕ ဖခင္ႀကီးလို႔ သတ္မွတ္ျခင္း ခံရသူလည္း ျဖစ္ပါတယ္.. (Source: Wikipedia) ႏိုဘယ္ဆုရွင္ Robert Kock က ပယင္းမွာ လူ႔ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ့ Succinic Acide ေကာင္းက်ိဳးေတြ ရွိေနတဲ့အေၾကာင္းကို ေလ့လာေတြ႕ရွိခဲ့ပါတယ္..

    1930 နဲ႔ 1940 ခုႏွစ္မ်ားမွာ၊ ဥေရာပ ဇီဝဓါတုပညာရွင္ေတြဟာ Succinic Acide ဟာ ခႏၶာကိုယ္ရဲ႕ Cell ေတြတိုင္းမွာ ရွိေနၿပီး အသက္ရွဴထုတ္ျခင္းလိုမ်ိဳး ၊ ကဇီဓါတ္ေတြ၊ အဆီေတြ၊ အသားဓါတ္ေတြေလာင္ကြၽမ္းၿပီး စြမ္းအင္ျဖစ္ေစျခင္းလိုမ်ိဳး မရွိမျဖစ္အေရးပါတဲ့ ဇီဝကမၼျဖစ္စဥ္ေတြအတြက္ အဓိကက်တယ္ဆိုတာ ေလ့လာေတြ႕ရွိခဲ့ျပန္ပါတယ္.. ပယင္းကို ဝတ္ဆင္ထားမယ္ဆိုရင္ လူ႔ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ Succinin Acid အနည္းငယ္ထြက္လာၿပီး၊ လူ႔အေရးျပားရဲ႕ ေမြးညင္းေပါက္မ်ားမွ တဆင့္ ေသြးေၾကာေတြထဲကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္..

    ဒါ့ေၾကာင့္ ပယင္းဆြဲႀကိဳးကို ဝတ္ဆင္ထားမယ္ဆိုရင္ လည္ေခ်ာင္းနာျခင္း၊ အာသီးေယာင္ျခင္းလို ကိုယ္တြင္းအပူေၾကာင့္ျဖစ္တတ္တဲ့ ေဝဒနာေတြနဲ႔ ေခါင္းမူး၊ ေခါင္းကိုက္၊ ဇက္ေၾကာတက္ျခင္း၊ လည္ပင္းက်ီးေပါင္းတက္ျခင္းလို အာ႐ုံေၾကာနဲ႔ဆိုင္တဲ့ ေဝဒနာေတြကို သက္သာေပ်ာက္ကင္း ေစႏိုင္ပါတယ္.. ရင္ေခါင္းပိုင္းမွာရွိတဲ့ အသည္း၊ ေက်ာက္ကပ္၊ သရက္႐ြက္စတဲ့ ကိုယ္တြင္းအဂၤါေတြကို အားေကာင္းေစယုံမက ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးၿပီး ရာသီဥတုအေျပာင္းအလဲေၾကာင့္ျဖစ္တတ္တဲ့ အေအးမိျခင္းကဲ့သို႔ ေရာဂါကူးစက္ခံစက္ခံရျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္..

    ေနာက္တစ္ခ်က္က သုေတသနပညာရွင္ေတြက ပယင္းဟာ ဇီဝျဖစ္စဥ္ကို လႈံ႕ေဆာ္ေပးတဲ့အစြမ္းနဲ႔၊ အက်ိဳးျပဳတဲ့ လွ်ပ္စစ္သံလိုက္လႈိင္းေတြ ရွိေနတာကို ေလ့လာေတြ႕ရွိခဲ့တဲ့အတြက္.. ပယင္းကိုဝတ္ဆင္ထားရင္ ယေန႔ခတ္ရဲ႕ အသုံးအေဆာင္ပစၥည္းမ်ားျဖစ္တဲ့ ကြန္ပ်ဴတာ၊ တီဗြီ၊ ေရဒီယို၊ လက္ကိုင္ဖုန္းနဲ႔ မိုက္ခ႐ိုေဝ့ဗ္မီးဖိုတို႔က ထြက္တဲ့ မေကာင္းတဲ့လႈိင္းေတြေၾကာင့္ ဦးေႏွာက္ထိခိုက္ပ်က္စီးမႈကို ကာကြယ္ေပးႏိုင္လိမ့္မယ္လို႔ သီအိုရီတစ္ခုက ဆိုပါတယ္..

    ဒါ့အျပင္ ပယင္းဟာ ယေန႔ေခတ္ လူေနမႈပုံစံေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေနသူ၊ ေဆးဝါးမ်ားရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ားျဖစ္ေၾကာင့္ စိတ္ရႈပ္ေထြးေနသူ၊ စိတ္ဂနာမၿငိမ္ျဖစ္ေနသူေတြ၊ စိတ္ပင္ပမ္း ေနသူေတြအတြက္လည္း စိတ္တည္ၿငိမ္မႈကို ျဖစ္ေစႏိုင္ပါတယ္.. ပယင္းရဲ႕ အစြမ္းသတၱိကို အေကာင္းဆုံးရရွိဖို႔ဆိုရင္ သတိျပဳရမယ့္အခ်က္က ပယင္းဟာ အေရျပားနဲ႔ တိုက္႐ိုက္ထိေတြ႕ေပးရမွာျဖစ္ပါတယ္..

    ဒါ့ေၾကာင့္ က်မမွတ္သားထားတဲ့ ထိေရာက္စြာအသုံးျပဳနည္းကေတာ့ ပယင္းဆြဲႀကိဳးေလးေတြကို အခ်ိန္ျပည့္ဆြဲထားၿပီး အိမ္မွာေနရင္ အက်ႌထဲထည့္ဝတ္ၿပီး၊ ဟိုသြားဒီသြားဆို အက်ီအျပင္ထုတ္ဝတ္မယ္ဆိုရင္ က်န္းမာေရးအရေရာ၊ ဖက္ရွင္အရေရာ ႏွစ္ခုလုံးအတြက္ အဆင္ေျပပါတယ္.. ပယင္းရဲ႕ ဂုဏ္သတၱိ အျပည့္အဝရေစဖို႔ ပယင္းရဲ႕ သက္တမ္းကလည္း အေရးႀကီးပါတယ္..

    ျမန္မာ့ပယင္းက အျခားႏိုင္ငံမ်ားက ပယင္းမ်ားနဲ႔ ယွဥ္ရင္ သက္တမ္းလည္း မႏု၊ သက္တမ္းလည္း မလြန္ပဲ အေကာင္းဆုံး အေနအထားမွာရွိေၾကာင္း ဖတ္မွတ္ေလ့လာရပါတယ္.. ျမန္မာႏိုင္ငံမွာေတာင္ တႏိုင္းေဒသကထြက္တဲ့ ပယင္းက အရည္အေသြး အေကာင္းဆုံးဟု ပယင္းတူးေဖာ္သူမ်ားက ဆိုပါတယ္..

    ပယင္းဟာ အဝါေရာင္၊ ဝါၾကည္ေရာင္၊ ဒီဇယ္ေရာင္၊ ခိုေသြးေရာင္၊ အျပာေရာင္၊ အစိမ္းေရာင္၊ လိေမၼာ္နီေရာင္၊ခရမ္းေရာင္စတဲ့ အေရာင္မ်ိဳးစုံရွိတဲ့အနက္ အေရာင္ႏုေလ၊ ၾကည္ေလSuccinicAcid ပိုမိုႂကြယ္ဝေလျဖစ္ပါတယ္.. ပယင္းကို က်န္းမာေရးအရ ဝတ္ဆင္ခ်င္သူမ်ားအတြက္ ပယင္းစစ္စစ္ရဖို႔ အင္မတန္အေရးႀကီးပါတယ္.. အခုဆိုရင္ ေဈးကြက္ထဲမွာ တ႐ုတ္နဲ႔ ယိုးဒယားဘက္က တင္သြင္းလာတဲ့ အစစ္နဲ႔ ခြဲမရေအာင္တူတဲ့ ဒီဇိုင္းဆန္းဆန္းနဲ႔ ပယင္းအတုေတြ မ်ားစြာဝင္ေရာက္လာပါတယ္.. အဲဒီေတာ့ ပယင္း စစ္ မစစ္ စမ္းသပ္တဲ့ နည္းလမ္းေပါင္းမ်ားစြာထဲက အလြယ္ဆုံးကတာ့ ဆားရည္နဲ႔ စမ္းသပ္တာပဲ ျဖစ္ပါတယ္..

    ပယင္းဟာ သစ္ေစးျဖစ္လို႔ အေလးခ်ိန္အားျဖင့္ ေပါ့ပါးပါတယ္.. ဒါေပမယ့္ သူ႔ရဲ႕ သိပ္သည္းဆက ေရထက္ေလးၿပီး ဆားရည္ထက္ ေပါ့ပါတယ္.. ပယင္းကို ေရထဲမွာ ခ်ၾကည့္ရင္ ျမဳပ္သြားမွာျဖစ္ၿပီး၊ ဆားရည္ထဲ ခ်လိုက္ရင္ေတာ့ျပန္ေပၚလာမွာျဖစ္ပါတယ္..ဒါဆိုရင္ ပယင္းအစစ္ပါ.. ဆားရည္ဖ်ာ္တဲ့ေနရာမွာ ဖန္ခြက္တစ္ခြက္ကို ဆား ထမင္းစားဇြန္း ေလးငါးဇြန္းေလာက္ထည့္ရပါတယ္..

    ဖတ္မွတ္ေလ့လာဖူးသမွ် ပယင္းအေၾကာင္း ဗဟုသုတရေစရန္ ရည္႐ြယ္ပါသည္။

    Credit – Original Writer

    (Unicode)

    ပယင်းအကြောင်း သိကောင်းစရာ

    လူတိုင်းမသိသေးတဲ့ ကျန်းမာရေးအတွက် ပယင်းဓါတ်

    အခုဆိုရင် လူအများစုက မိမိကျန်းမာရေးကို ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆေးဘက်ဝင်၊ သဘာဝကုထုံးတွေဟာ ဘယ်လောက်အရေးပါကြောင်း ကောင်းကောင်းသဘောပေါက်လာကြပါပြီ.. ကျမတို့ လူ့ခန္ဓာကိုယ်ကြီးဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတာပါ.. အဲဒီတော့ ကျမတို့ ခန္ဓာကိုယ်ကြီးက သူ့ကိုယ်ပိုင်ဓါတ်သဘောတွေမှန်ကန်စွာအလုပ်လုပ်နိုင်ရင် ကျမတို့ရဲ့ကျန်းမာရေးလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်..

    ဒါပေမယ့် အခုခေတ်လို အရာရာဟာ အရှိန်အဟုန်မြှင့်လည်ပတ်နေတဲ့ နည်းပညာခေတ်ကြီးမှာ စားသုတ်သုတ်.. သွားသုတ်သုတ် နဲ့ ကျမတို့တွေ အိပ်ချိန်မမှန်.. စားချိန်မမှန်နဲ့ စိတ်ရှုပ်ထွေးမှုတွေများလာပြီး နေထိုင်မှုဘဝပုံစံဟာကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်.. ကျမတို့ဟာ တဖက်ကလည်း ပြောင်းလဲလာနေတဲ့ နေထိုင်မှု ဘဝပုံစံကြောင့် အရွယ်မတိုင်မီ မိမိကျန်းမာရေးချို့ယွင်းလာမှာကို စိုးရိမ်မိတာက တစ်ဖက်.. အဲ့ဒီ့ကျန်းမာရေးချို့ယွင်းမှုတွေကို ပြန်လည်ကုစားဖို့အတွက် မှီဝဲရတဲ့ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ရတာက တစ်ဖက် ဖြစ်လာတဲ့အချိန်မှာ တခြားရွေးချယ်စရာဖြစ်တဲ့ သဘာဝကပေးတဲ့ လူသားတို့အတွက်လက်ဆောင် ဆေးဘက်ဝင်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ဆနွင်း၊ ရဲယိုရွက်၊ စိမ်းပြာရေညှိ စတာတွေကို စိတ်ဝင်စားလာကြပါတယ်..

    ဒီဆေးဘက်ဝင်ပစ္စည်းတွေထဲမှာ သစ်မြစ်၊ သစ်ဖုတွေအပြင် ထူးထူးခြားခြားအနေနဲ့ ဆေးဘက်လည်းဝင်၊ အဆင်တန်ဆာလည်းဖြစ်တဲ့ နဝရတ်ကိုးပါးတန်းဝင် ပယင်းရတနာတပါးလည်း ကျမတို့ မြန်မာပြည်မှာ ထွက်ရှိပါသေးတယ်.. ပယင်းလို့ ကြားလိုက်ရင် ကျမတို့ မြန်မာလူမျိုး တော်တော်များများက အဆင်တန်ဆာအနေနဲ့ သာသိထားပြီး.. အစွမ်းထက်ဆေးဘက်ဝင်ဂုဏ်သတ္တိတွေကို သေသေချာချာသိပ်မသိကြသေးပါဘူး..

    ဒါပေမယ့် ကျမတို့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ပယင်းရတနာရဲ့ အံ့မခန်းအစွမ်းသတ္တိကို သိတဲ့အတွက် လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက မြန်မာ့ပယင်းကို ကျန်းမာရေးအတွက် ဝယ်ယူအသုံးပြုခဲ့တဲ့ အထောက်အထားတွေ များစွာတွေ့ရပါတယ်… ဒါကြောင့် ကျမတို့မြန်မာလူမျိုးများလည်း ကိုယ့်မြေကိုယ့်ရေကထွက်ပြီး အဖိုးထိုက်တန်လှတဲ့ ပယင်းရတနာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် လေ့လာမှတ်သားဖူးသမျှကို မျှဝေရခြင်းဖြစ်ပါတယ်..

    ပယင်းကို အဖိုးထိုက်တန်လှတဲ့အတွက် ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုးမဟုတ်ဘဲထင်းရှူးပင်တစ်မျိုးရဲ့ သစ်စေးတွေ နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက် ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိအားကို ခံရပြီးတဲ့အခါ အသွင်ပြောင်းပြီး ပယင်းအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်.. ဒါ့ကြောင့်ပယင်းဟာ လက်နဲ့ကိုင်ကြည့်ရင် အခြားတွင်းထွက်ကျောက်များနဲ့ မတူပဲ နွေးတဲ့အထိအတွေ့ကို ပေးပါတယ်.. ပယင်းကို ကျောက်ခေတ် လူသားများကစလို့ ဂရိ၊ ရောမ စတဲ့ လူမျိုးတွေဟာ အနာရောဂါ ကင်းရှင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် အထွတ်အမြတ်ထား ဝတ်ဆင်ခဲ့ကြပါတယ်…

    ပယင်းရဲ့ ဆေးဘက်ဝင်မှုကို ပထမဦးဆုံး မှတ်တမ်းထင်ထားနိုင်တာကတော့ BC (460-377)မှာ အင်မတန်ကျော်ကြားတဲ့ ရှေးခေတ် ဂရိသမားတော်ကြီး Hippocrates ပဲဖြစ်ပါတယ်.. သူဟာ ဆေးပညာသမိုင်းမှာ အထူးချွန်ဆုံးသူများထဲကတစ်ယောက်ဖြစ်ပြီး ယနေ့ခေတ်အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးလို့ သတ်မှတ်ခြင်း ခံရသူလည်း ဖြစ်ပါတယ်.. (Source: Wikipedia) နိုဘယ်ဆုရှင် Robert Kock က ပယင်းမှာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ Succinic Acide ကောင်းကျိုးတွေ ရှိနေတဲ့အကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်..

    1930 နဲ့ 1940 ခုနှစ်များမှာ၊ ဥရောပ ဇီဝဓါတုပညာရှင်တွေဟာ Succinic Acide ဟာ ခန္ဓာကိုယ်ရဲ့ Cell တွေတိုင်းမှာ ရှိနေပြီး အသက်ရှူထုတ်ခြင်းလိုမျိုး ၊ ကဇီဓါတ်တွေ၊ အဆီတွေ၊ အသားဓါတ်တွေလောင်ကျွမ်းပြီး စွမ်းအင်ဖြစ်စေခြင်းလိုမျိုး မရှိမဖြစ်အရေးပါတဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အဓိကကျတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပြန်ပါတယ်.. ပယင်းကို ဝတ်ဆင်ထားမယ်ဆိုရင် လူ့ခန္ဓာကိုယ်အပူချိန်ကြောင့် Succinin Acid အနည်းငယ်ထွက်လာပြီး၊ လူ့အရေးပြားရဲ့ မွေးညင်းပေါက်များမှ တဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်..

    ဒါ့ကြောင့် ပယင်းဆွဲကြိုးကို ဝတ်ဆင်ထားမယ်ဆိုရင် လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းလို ကိုယ်တွင်းအပူကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်းလို အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်.. ရင်ခေါင်းပိုင်းမှာရှိတဲ့ အသည်း၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားကောင်းစေယုံမက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီးရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့အအေးမိခြင်းကဲ့သို့ရောဂါကူးစက်ခံစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်..

    နောက်တစ်ချက်က သုတေသနပညာရှင်တွေက ပယင်းဟာ ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေးတဲ့အစွမ်းနဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ရှိနေတာကို လေ့လာတွေ့ရှိခဲ့တဲ့အတွက်.. ပယင်းကိုဝတ်ဆင်ထားရင် ယနေ့ခတ်ရဲ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ကွန်ပျူတာ၊ တီဗွီ၊ ရေဒီယို၊ လက်ကိုင်ဖုန်းနဲ့ မိုက်ခရိုဝေ့ဗ်မီးဖိုတို့က ထွက်တဲ့ မကောင်းတဲ့လှိုင်းတွေကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်..

    ဒါ့အပြင် ပယင်းဟာ ယနေ့ခေတ် လူနေမှုပုံစံကြောင့် စိတ်ဖိစီးမှုဖြစ်နေသူ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင့် စိတ်ရှုပ်ထွေးနေသူ၊ စိတ်ဂနာမငြိမ်ဖြစ်နေသူတွေ၊ စိတ်ပင်ပမ်း နေသူတွေအတွက်လည်း စိတ်တည်ငြိမ်မှုကို ဖြစ်စေနိုင်ပါတယ်.. ပယင်းရဲ့ အစွမ်းသတ္တိကို အကောင်းဆုံးရရှိဖို့ဆိုရင် သတိပြုရမယ့်အချက်က ပယင်းဟာအရေပြားနဲ့တိုက်ရိုက်ထိတွေ့ပေးရမှာဖြစ်ပါတယ်..

    ဒါ့ကြောင့် ကျမမှတ်သားထားတဲ့ ထိရောက်စွာအသုံးပြုနည်းကတော့ ပယင်းဆွဲကြိုးလေးတွေကို အချိန်ပြည့်ဆွဲထားပြီး အိမ်မှာနေရင် အင်္ကျီထဲထည့်ဝတ်ပြီး၊ ဟိုသွားဒီသွားဆို အကျီအပြင်ထုတ်ဝတ်မယ်ဆိုရင် ကျန်းမာရေးအရရော၊ ဖက်ရှင်အရရော နှစ်ခုလုံးအတွက် အဆင်ပြေပါတယ်.. ပယင်းရဲ့ ဂုဏ်သတ္တိ အပြည့်အဝရစေဖို့ ပယင်းရဲ့ သက်တမ်းကလည်း အရေးကြီးပါတယ်..

    မြန်မာ့ပယင်းက အခြားနိုင်ငံများက ပယင်းများနဲ့ ယှဉ်ရင် သက်တမ်းလည်း မနု၊ သက်တမ်းလည်း မလွန်ပဲ အကောင်းဆုံး အနေအထားမှာရှိကြောင်း ဖတ်မှတ်လေ့လာရပါတယ်.. မြန်မာနိုင်ငံမှာတောင် တနိုင်းဒေသကထွက်တဲ့ ပယင်းက အရည်အသွေး အကောင်းဆုံးဟု ပယင်းတူးဖော်သူများက ဆိုပါတယ်..

    ပယင်းဟာ အဝါရောင်၊ ဝါကြည်ရောင်၊ ဒီဇယ်ရောင်၊ ခိုသွေးရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ လိမ္မော်နီရောင်၊ခရမ်းရောင်စတဲ့ အရောင်မျိုးစုံရှိတဲ့အနက် အရောင်နုလေ၊ ကြည်လေSuccinicAcid ပိုမိုကြွယ်ဝလေဖြစ်ပါတယ်.. ပယင်းကို ကျန်းမာရေးအရ ဝတ်ဆင်ချင်သူများအတွက် ပယင်းစစ်စစ်ရဖို့ အင်မတန်အရေးကြီးပါတယ်.. အခုဆိုရင် ဈေးကွက်ထဲမှာ တရုတ်နဲ့ ယိုးဒယားဘက်က တင်သွင်းလာတဲ့ အစစ်နဲ့ ခွဲမရအောင်တူတဲ့ ဒီဇိုင်းဆန်းဆန်းနဲ့ ပယင်းအတုတွေ များစွာဝင်ရောက်လာပါတယ်.. အဲဒီတော့ ပယင်း စစ် မစစ် စမ်းသပ်တဲ့ နည်းလမ်းပေါင်းများစွာထဲက အလွယ်ဆုံးကတာ့ ဆားရည်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်..

    ပယင်းဟာ သစ်စေးဖြစ်လို့ အလေးချိန်အားဖြင့် ပေါ့ပါးပါတယ်.. ဒါပေမယ့် သူ့ရဲ့ သိပ်သည်းဆက ရေထက်လေးပြီး ဆားရည်ထက် ပေါ့ပါတယ်.. ပယင်းကို ရေထဲမှာ ချကြည့်ရင် မြုပ်သွားမှာဖြစ်ပြီး၊ ဆားရည်ထဲ ချလိုက်ရင်တော့ပြန်ပေါ်လာမှာဖြစ်ပါတယ်..ဒါဆိုရင် ပယင်းအစစ်ပါ.. ဆားရည်ဖျာ်တဲ့နေရာမှာ ဖန်ခွက်တစ်ခွက်ကို ဆား ထမင်းစားဇွန်း လေးငါးဇွန်းလောက်ထည့်ရပါတယ်..

    ဖတ်မှတ်လေ့လာဖူးသမျှ ပယင်းအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ပါသည်။

    Credit – Original Writer

  • PSI စလောင်းမှာ မူလလိုင်းတွေ ပျောက်နေတယ်ဆိုသူများအတွက် လိုင်းပြန်ထည့်နည်း

    (Zawgyi)

    PSI စက္မွာ မူလလိုင္းမ်ားျပန္သြင္းျခင္း (OTA ျပန္ဆြဲျခင္း)

    MENU ႏွိပ္ပါ ။

    0000 ဇီး႐ိုး ၄ လုံး႐ိုက္ပါ။

    Tools ကို ေ႐ြး၍ OK ႏွိပ္ပါ။

    ေအာက္ဆုံးက OTA ကိုေ႐ြး၍ OK ႏွိပ္ပါ။ ( OTA Enable ကို Off ထားပါက ညာဘက္မွ်ားႏွိပ္၍ On ေျပာင္းပါ။ On ၿပီးသားျဖစ္ေနလွ်င္ ေျပာင္းစရာ မလိုပါ။) ၿပီးလွ်င္ Start ကိုေ႐ြး၍ OK ႏွိပ္ပါ။

    ခဏ ေစာင့္ပါ။

    Are you sure to upgrade? ကို Yes ကိုေ႐ြးၿပီး OK ႏွိပ္ပါ။

    OTA ကို အဝါတန္း 100% ျပည့္ေအာင္ေစာင့္ပါ။ ထိုအခ်ိန္ မည္သည့္ခလုတ္မွ် မႏွိပ္ရပါ။

    ေနာက္တစ္ခါ အဝါတန္းတစ္ခု ထပ္ေပၚလာၿပီး 100% ျပည့္ေအာင္ ထပ္မံေစာင့္ဆိုင္းပါ။ ထိုအခ်ိန္ ပါဝါကို ပိတ္မိလွ်င္ စက္ရဲ႕ Software ပ်က္သြားတတ္၍ ဘာခလုတ္မွ် မႏွိပ္မိဖို႔ သတိထားပါ။

    ခဏထပ္ေစာင့္ဆိုင္းလိုက္ရင္ လိုင္းအားလုံး ျပန္ရသြားပါၿပီ။

    Credit – ခရမ္း

    (Unicode)

    PSI စက်မှာ မူလလိုင်းများပြန်သွင်းခြင်း (OTA ပြန်ဆွဲခြင်း)

    MENU နှိပ်ပါ ။

    0000 ဇီးရိုး ၄ လုံးရိုက်ပါ။

    Tools ကို ရွေး၍ OK နှိပ်ပါ။

    အောက်ဆုံးက OTA ကိုရွေး၍ OK နှိပ်ပါ။ ( OTA Enable ကို Off ထားပါက ညာဘက်မျှားနှိပ်၍ On ပြောင်းပါ။ On ပြီးသားဖြစ်နေလျှင် ပြောင်းစရာ မလိုပါ။) ပြီးလျှင် Start ကိုရွေး၍ OK နှိပ်ပါ။

    ခဏ စောင့်ပါ။

    Are you sure to upgrade? ကို Yes ကိုရွေးပြီး OK နှိပ်ပါ။

    OTA ကို အဝါတန်း 100% ပြည့်အောင်စောင့်ပါ။ ထိုအချိန် မည်သည့်ခလုတ်မျှ မနှိပ်ရပါ။

    နောက်တစ်ခါ အဝါတန်းတစ်ခု ထပ်ပေါ်လာပြီး 100% ပြည့်အောင် ထပ်မံစောင့်ဆိုင်းပါ။ ထိုအချိန် ပါဝါကို ပိတ်မိလျှင် စက်ရဲ့ Software ပျက်သွားတတ်၍ ဘာခလုတ်မျှ မနှိပ်မိဖို့ သတိထားပါ။

    ခဏထပ်စောင့်ဆိုင်းလိုက်ရင် လိုင်းအားလုံး ပြန်ရသွားပါပြီ။

    Credit – ခရမ်း

  • ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

    (Zawgyi)

    ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

    ၁၉၅၅ ခုႏွစ္ဝန္းက်င္က ျမန္မာ့ေငြသည္ အလြန္တန္ဖိုးရွိခဲ့သည္။ ထိုစဥ္က အေမရိကန္ ၁ေဒၚလာသည္ ျမန္မာက်ပ္ေငြ ၆က်ပ္ႏွင့္ ညီမွ်သည္။ မည္သည့္ႏိုင္ငံကိုသြားသြား အျခားေငြလဲစရာမလို ျမန္မာက်ပ္ေငြကို ယူသြားၿပီး သုံးစြဲႏိုင္ၿပီး ခိုင္မာတဲ့ေငြ (ေငြမာ) (Hard Currency) အျဖစ္ ရပ္တည္ခဲ့ဖူးသည္။

    ထိုေခတ္ ထိုအခါက ေငြစကၠဴမ်ားေပၚတြင္ ျမန္မာေငြေၾကး ဘုတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေမာင္ေကာင္း ၊ စံလင္း ဟူေသာ လက္မွတ္မ်ားကို ေတြ႕ရမည္ျဖစ္သည္။ ေမာင္ေကာင္းဆိုသည္မွာ ပညာမင္းႀကီး၊ ပထမဆုံး ျမန္မာ့သမိုင္းေကာ္မရွင္ ဥကၠဌအျဖစ္ ထမ္းေဆာင္ခဲ့သည့္ စည္သူ ဦးေကာင္း ျဖစ္သည္။

    ဦးေကာင္းအား ၁၉၀၄-ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ ယစ္မ်ိဳးမင္းႀကီး ဦးဘေသာ္ႏွင့္ ေဒၚၾကင္ၿမိဳင္တို႔က ျမင္းၿခံၿမိဳ႕၌ ဖြားျမင္ခဲ့သည္။ အသက္ ငါးႏွစ္အ႐ြယ္တြင္ ျမင္းၿခံၿမိဳ႕ ဘက္ပလစ္ေက်ာင္း၌ စတင္ပညာသင္ၾကားခဲ့သည္။ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကူရွင္အထက္တန္းေက်ာင္း၊ စိန႔္ေပါလ္ အထက္တန္းေက်ာင္း (ယခု အ.ထ.က(၆)ဗိုလ္တေထာင္) တြင္ ပညာဆက္လက္ ဆည္းပူးခဲ့သည္။

    ၁၉၂၀-ျပည့္ႏွစ္တြင္ အစ္ကိုျဖစ္သူ ဦးဘဦး၏ ေထာက္ပံ့မႈျဖင့္ အဂၤလန္ႏိုင္ငံ၊ ဆမ္းမားဆက္ျပည္နယ္ တြန္တန္ဘုရင့္ေကာလိပ္ သီးသန႔္အထူးပညာသင္ေက်ာင္း (Taunton Public School,Somerset)၌ ပညာဆက္လက္ ဆည္းပူးခဲ့သည္။ ၁၉၂၂-ခုႏွစ္တြင္ လန္ဒန္ မက္ထရစ္စာေမးပြဲကို ဂုဏ္ထူး ငါးဘာသာျဖင့္ ေအာင္ျမင္ခဲ့သည္။

    ၁၉၂၃-ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီး ရန္ကုန္တကၠသိုလ္၌ ဥပစာ ဒုတိယႏွစ္မွ စတင္သင္ယူခဲ့ရာ သုံးႏွစ္ၾကာသင္ယူၿပီးေနာက္ ၁၉၂၆-ခုႏွစ္တြင္ ဘီေအဘြဲ႕(အဂၤလိပ္စာ ဂုဏ္ထူး)၊ ၁၉၂၉-ခုႏွစ္ ႏွစ္ႏွစ္အၾကာတြင္ မဟာဝိဇၨာ(ပညာေရး)ဘြဲ႕ ရရွိခဲ့သည္။

    ရန္ကုန္တကၠသိုလ္၌ အဂၤလိပ္ဘာသာႏွင့္ စာေပအထက္တန္း နည္းျပဆရာအျဖစ္ ေဆာင္႐ြက္ေနစဥ္အတြင္း ႏိုင္ငံျခား ပညာေတာ္သင္ဆုကို ရရွိကာ လန္ဒန္တကၠသိုလ္ ဘုရင့္ေကာလိပ္တြင္ တစ္ႏွစ္ပညာသင္ၾကားခြင့္ ရရွိခဲ့ေသးသည္။

    ထို႔ေနာက္ အစိုးရအထက္တန္းေက်ာင္းအုပ္၊ လက္ေထာက္ပညာဝန္၊ ပညာဝန္၊ ရန္ကုန္အစိုးရအထက္တန္းေက်ာင္း (ယခု လသာအ.ထ.က-၁)တြင္ ေက်ာင္းအုပ္ဆရာႀကီး၊ ပညာေရး အရာရွိခ်ဳပ္ စသည္ျဖင့္ ပညာေရးနယ္ပယ္မွ တာဝန္အသီးသီးကို ထမ္းေဆာင္ခဲ့သည္။

    ၁၉၄၆-၄၇ ခုႏွစ္တြင္ တြဲဘက္ လက္ေထာက္ပညာမင္းႀကီး၊ လြတ္လပ္ေရးကာလတြင္ အဂၤလန္ႏိုင္ငံပညာေတာ္သင္မ်ားအတြက္ အႀကံေပးအရာရွိအျဖစ္ ထပ္မံ အမႈထမ္းခဲ့ရသည္။ ထို႔ျပင္ အဂၤလန္ႏိုင္ငံရွိ ျမန္မာသံ႐ုံး ပညာေရးသံမႉးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ရသည္။ အဂၤလန္ႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္စဥ္ ၁၉၄၇-၄၉ ခုႏွစ္၌ ျမန္မာႏိုင္ငံေတာ္ ေငြေၾကးဘုတ္အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခံရကာ ေငြစကၠဴမ်ားေပၚတြင္ `ေမာင္ေကာင္း´ ဟူ၍ လက္မွတ္ေရးထိုးခဲ့ရပါသည္။

    ၁၉၅၁ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ပညာမင္းႀကီးအျဖစ္ ရာထူးတိုးျမႇင့္ ခန႔္အပ္ခံခဲ့ရပါသည္။ ဦးေကာင္းသည္ ပညာေရး ဝန္ထမ္းတဦး အေနျဖင့္လည္း ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အတြင္းေရးမႉး (၁၉၄၆-၄၇)၊ ယူနက္စ္ကို ပညာေရး မစ္ရွင္အဖြဲ႕ အႀကံေပး အရာရွိ (၁၉၅၀-၅၁) အျဖစ္ပါ တာဝန္ ယူခဲ့ရပါသည္။ ရာထူးေနရာအမ်ိဳးမ်ိဳးတြင္ ထူးခြၽန္စြာထမ္းေဆာင္ႏိုင္ခဲ့သူျဖစ္သည္ႏွင့္အညီ ၁၉၅၃ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ အစိုးရက ပညာမင္းႀကီးအား ‘စည္သူ’ ဘြဲ႕ ေပးအပ္ျခင္းကို ခံခဲ့ရသည္။ ျမန္မာႏိုင္ငံတြင္ သမိုင္းေကာ္မရွင္အား ဖြဲ႕စည္းၿပီးေနာက္ ပထမဆုံး ဥကၠ႒အျဖစ္ ခန႔္အပ္ခံခဲ့ရျပန္သည္။

    ဦးေကာင္း ေရးသားခဲ့သည့္ စာအုပ္မ်ားအနက္ ၿဗိတိသွ်တို႔ မသိမ္းပိုက္မီႏွင့္ သိမ္းပိုက္ၿပီးေခတ္ ျမန္မာႏိုင္ငံ ပညာေရး သမိုင္း” ၊ “ျမန္မာေက်ာင္းမ်ားတြင္ စာစီစာကုံး သင္ၾကားနည္း”၊ “ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အစီရင္ခံစာ (၁၉၄၇)”၊ “ျမန္မာႏိုင္ငံ ပညာေရး ရွစ္ႏွစ္ (၁၉၄၇-၅၅) အစီရင္ခံစာ” စသည္တို႔မွာ ထင္ရွားခဲ့၏။

    ၁၉၅၇ ခုႏွစ္တြင္ က်င္းပမည့္ သတၱမတန္း စာေမးပြဲ ေမးခြန္းမ်ားကို လုံၿခဳံ စိတ္ခ်မႈ ရွိေစရန္ အတြက္ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕၌ ပုံႏွိပ္ေရး ကိစၥကို ပညာေရး မင္းႀကီး ဦးေကာင္းက တာဝန္ယူ ေဆာင္႐ြက္ခဲ့ရ၏။ သို႔ျဖစ္၍ ပညာမင္းႀကီး ဦးေကာင္း အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့ရသည္။

    ၁၉၅၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔တြင္ ယူနက္စကို ဒါ႐ိုက္တာ တစ္ဦး၏ ကားျဖင့္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕တြင္းသို႔ လိုက္ပါသြားစဥ္ မ႐ိုးလမ္းႏွင့္ ေခ်ာင္ရင္ဂီ လမ္းေထာင့္တြင္ ျမဴႏွင္းမ်ား ထူထပ္စြာ က်ေရာက္ေနမႈေၾကာင့္ ကားက လမ္းေဘး သံတိုင္အား အရွိန္ျပင္းစြာ ဝင္ေရာက္ တိုက္မိသြား၏။

    ကားေမာင္းသူ ကိုယ္စားလွယ္မွာ ဒဏ္ရာအနည္းငယ္သာ ရရွိေသာ္လည္း ပညာမင္းႀကီး ဦးေကာင္းမွာမူ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သည္။ နံ႐ိုးသုံးေခ်ာင္း က်ိဳးသြားသျဖင့္ ကာလကတၱား ေဆး႐ုံသို႔ တက္ေရာက္ ကုသခဲ့ရ၏။ ဒဏ္ရာမွာ ျပင္းထန္လွသည့္ အေလ်ာက္ ၁၉ ေဖေဖာ္ဝါရီ ၁၉၅၇ တြင္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕၌ ကြယ္လြန္သြားပါသည္။ ေနာက္တေန႔တြင္ ပညာမင္းႀကီး ႐ုပ္ကလာပ္အား ရန္ကုန္သို႔ ေလယာဥ္ျဖင့္ သယ္ယူၿပီး ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၌ သၿဂိဳလ္ခဲ့၏။ ပညာမင္းႀကီး ဦးေကာင္း ကြယ္လြန္စဥ္ ဇနီး ေဒၚသိန္း၊ သား ဦးေသာ္ေကာင္း (ေနာင္ တကၠသိုလ္မ်ား ဗဟို စာၾကည့္တိုက္မႉး)၊ သမီး ေဒၚရီေမေကာင္း၊ ေဒၚၾကည္ေမေကာင္းတို႔ က်န္ရစ္ပါသည္။

    ပညာမင္းႀကီး ဦးေကာင္း၏သား ဆရာႀကီး ေဒါက္တာ (ဦး) ေသာ္ေကာင္းမွာ ဖူကူအိုကာဆုရ စာၾကည့္တိုက္ ပညာရွင္တဦး ျဖစ္ပါသည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္၏ ဥကၠ႒ ျဖစ္ခဲ့သကဲ့သို သားျဖစ္သူ ဆရာႀကီး ေဒါက္တာ ဦးေသာ္ေကာင္းမွာလည္း ၁၆ ဇန္နဝါရီ ၂၀၀၂ မွ စ၍ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္ အခ်ိန္ျပည့္ အဖြဲ႕ဝင္ ျဖစ္လာခဲ့သည္။

    ဆရာႀကီး စည္သူေဒါက္တာေသာ္ေကာင္းသည္ ၂၀၁၆ ခုႏွစ္ ထြန္းေဖာင္ေဒးရွင္း တစ္သက္တာစာေပဆုရွင္အျဖစ္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းခံရသည္။ စာအုပ္စာေပ ႏွင့္ စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ဖို႔အေရး ႀကိဳးပမ္းေနသည္ ေဒါက္တာ သန႔္ေသာ္ေကာင္းမွာ ဦးေကာင္း၏ ေျမး ျဖစ္သည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာ့ပညာေရးေလာကတြင္ ထူးျခားေသာ အယူအဆတစ္ရပ္ ရွိသူျဖစ္သည္။ ဦးေကာင္း၏ ပညာေရးအယူအဆတစ္ရပ္မွာ စာေမးပြဲအတြက္သာ ဦးစားေပးေသာ ပညာေရးမ်ိဳး မဟုတ္ဘဲ အသိပညာႂကြယ္ဝမႈႏွင့္ ဘက္စုံပညာ တတ္ကြၽမ္းမႈတို႔ကို အေလးထားအားေပးေသာ အယူအဆျဖစ္ပါသည္။

    ပညာမင္းႀကီး ဦးေကာင္းက ပညာသင္ၾကားျခင္းသည္ ေက်ာင္းေနစဥ္သာမဟုတ္ ဘဝတစ္ေလွ်ာက္လုံးအတြက္ ျဖစ္ရမည္ဟု မိန႔္ဆိုခဲ့သည္။

    တင္ႏိုင္တိုး ေရး ပထမဆုံး ျမန္မာသမိုင္းေကာ္မရွင္နာ ဥကၠ႒ ပညာမင္းႀကီး စည္သူဦးေကာင္း

    ဇန္နဝါရီလ ၂၀၊ ၂၀၁၇ ေၾကးမုံသတင္းစာ စာမ်က္ႏွာ ၁၆

    Myanmar Wikipedia

    Credit – သုတဇုန္

    Source – https://wp.me/p92H0W-6wa

    (Unicode)

    ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်း ဆိုတာ

    ၁၉၅၅ ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် ၁ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီမျှသည်။ မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို ယူသွားပြီး သုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည်ခဲ့ဖူးသည်။

    ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေကြေး ဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း ၊ စံလင်း ဟူသော လက်မှတ်များကို တွေ့ရမည်ဖြစ်သည်။ မောင်ကောင်းဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံး မြန်မာ့သမိုင်းကော်မရှင် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည့် စည်သူ ဦးကောင်း ဖြစ်သည်။

    ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်းကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။

    ၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School,Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။

    ၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့(အင်္ဂလိပ်စာ ဂုဏ်ထူး)၊ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။

    ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့သေးသည်။

    ထို့နောက် အစိုးရအထက်တန်းကျောင်းအုပ်၊ လက်ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက်တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး၊ ပညာရေး အရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

    ၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက် လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရကာ ငွေစက္ကူများပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေးထိုးခဲ့ရပါသည်။

    ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါသည်။ ဦးကောင်းသည် ပညာရေး ဝန်ထမ်းတဦး အနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အတွင်းရေးမှူး (၁၉၄၆-၄၇)၊ ယူနက်စ်ကို ပညာရေး မစ်ရှင်အဖွဲ့ အကြံပေး အရာရှိ (၁၉၅၀-၅၁) အဖြစ်ပါ တာဝန် ယူခဲ့ရပါသည်။ ရာထူးနေရာအမျိုးမျိုးတွင် ထူးချွန်စွာထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ ဘွဲ့ ပေးအပ်ခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် သမိုင်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြန်သည်။

    ဦးကောင်း ရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း” ၊ “မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း”၊ “မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ” စသည်တို့မှာ ထင်ရှားခဲ့၏။

    ၁၉၅၇ ခုနှစ်တွင် ကျင်းပမည့် သတ္တမတန်း စာမေးပွဲ မေးခွန်းများကို လုံခြုံ စိတ်ချမှု ရှိစေရန် အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ပုံနှိပ်ရေး ကိစ္စကို ပညာရေး မင်းကြီး ဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။ သို့ဖြစ်၍ ပညာမင်းကြီး ဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။

    ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ယူနက်စကို ဒါရိုက်တာ တစ်ဦး၏ ကားဖြင့် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ် မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာ ကျရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။

    ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီး ဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။ ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သဂြိုလ်ခဲ့၏။ ပညာမင်းကြီး ဦးကောင်း ကွယ်လွန်စဉ် ဇနီး ဒေါ်သိန်း၊ သား ဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ပါသည်။

    ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်းမှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင်တဦး ဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

    ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ စာအုပ်စာပေ နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ ဦးကောင်း၏ မြေး ဖြစ်သည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ်သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့် ဘက်စုံပညာ တတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။

    ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

    တင်နိုင်တိုး ရေး ပထမဆုံး မြန်မာသမိုင်းကော်မရှင်နာ ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူဦးကောင်း

    ဇန်နဝါရီလ ၂၀၊ ၂၀၁၇ ကြေးမုံသတင်းစာ စာမျက်နှာ ၁၆

    Myanmar Wikipedia

    Credit – သုတဇုန်

    Source – https://wp.me/p92H0W-6wa