Author: shangyi

  • ျမင္းစီးေၾကး႐ုပ္မ်ားရဲ႕ အဓိပၸာယ္

    (Zawgyi)

    ျမင္းစီးေၾကး႐ုပ္မ်ားရဲ႕ အဓိပၸာယ္

    ႏိုင္ငံတကာ ေခါင္းေဆာင္မ်ားရဲ႕ ျမင္းစီးေၾကး႐ုပ္၊ ေက်ာက္႐ုပ္ေတြကို သြန္းလုပ္ခ်င္သလို၊ ထုလုပ္ခ်င္သလို လုပ္၍မရပါဘူးတဲ့။ ထို႔အတြက္ အဓိပၸာယ္သတ္မွတ္ခ်က္ စည္းမ်ဥ္းေတြ ထားရွိထားပါတယ္။

    အဓိပၸာယ္ သတ္မွတ္ခ်က္ေတြ ကေတာ့ ျမင္းရဲ႕ ေရွ႕ခြာတစ္ခု အသာေလး ေထာက္ထားၿပီး ျမင္းေခါင္းကို ေအာက္သို႔စိုက္ထားလွ်င္ အဲဒီပုံ အေနအထားဟာ “ျမင္းေပၚက ပုဂၢိဳလ္ဟာ လုပ္ႀကံ သတ္ျဖတ္ျခင္း ခံရတဲ့ ေခါင္းေဆာင္” လို႔ အဓိပၸာယ္သတ္မွတ္ပါတယ္။

    ျမင္းရဲ႕ ေရွ႕ခြာတစ္ခု အသာေထာက္ကာ ျမင္းေခါင္းကို ေမာ့ထားလွ်င္ေတာ့ ျမင္းစီးသူဟာ တိုက္ပြဲအတြင္းမွာ က်ဆုံးသူ မဟုတ္ပဲ၊ တိုက္ပြဲကရရွိတဲ့ ဒဏ္ရာျဖင့္ျပင္ပတြင္ ေသဆုံးသူ ျဖစ္ပါတယ္။

    ျမင္းရဲ႕ ေျခေလးဖက္လုံး ေျမျပင္ထိေနပါက ျမင္းေပၚက ပုဂၢိဳလ္ဟာ စစ္ပြဲ၊ တိုက္ပြဲေၾကာင့္မဟုတ္ပဲ သာမန္သဘာဝအတိုင္း ျဖစ္႐ိုးျဖစ္စဥ္အရ ကြယ္လြန္သြားသူလို႔ သတ္မွတ္ပါတယ္။

    ျမင္းရဲ႕ ေရွ႕ေျခႏွစ္ဘက္လုံး ေလထဲေျမာက္ေနပါက ျမင္းေပၚက ပုဂၢိဳလ္ဟာ ရန္သူနဲ႔တိုက္ခိုက္ရင္း တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့သူ ျဖစ္ပါတယ္။

    Credit – Zomrim

    (Unicode)

    မြင်းစီးကြေးရုပ်များရဲ့ အဓိပ္ပာယ်

    နိုင်ငံတကာ ခေါင်းဆောင်များရဲ့ မြင်းစီးကြေးရုပ်၊ ကျောက်ရုပ်တွေကို သွန်းလုပ်ချင်သလို၊ ထုလုပ်ချင်သလို လုပ်၍မရပါဘူးတဲ့။ ထို့အတွက် အဓိပ္ပာယ်သတ်မှတ်ချက် စည်းမျဉ်းတွေ ထားရှိထားပါတယ်။

    အဓိပ္ပာယ် သတ်မှတ်ချက်တွေ ကတော့ မြင်းရဲ့ ရှေ့ခွာတစ်ခု အသာလေး ထောက်ထားပြီး မြင်းခေါင်းကို အောက်သို့စိုက်ထားလျှင် အဲဒီပုံ အနေအထားဟာ “မြင်းပေါ်က ပုဂ္ဂိုလ်ဟာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရတဲ့ ခေါင်းဆောင်” လို့ အဓိပ္ပာယ်သတ်မှတ်ပါတယ်။

    မြင်းရဲ့ ရှေ့ခွာတစ်ခု အသာထောက်ကာ မြင်းခေါင်းကို မော့ထားလျှင်တော့ မြင်းစီးသူဟာ တိုက်ပွဲအတွင်းမှာ ကျဆုံးသူ မဟုတ်ပဲ၊ တိုက်ပွဲကရရှိတဲ့ ဒဏ်ရာဖြင့်ပြင်ပတွင် သေဆုံးသူ ဖြစ်ပါတယ်။

    မြင်းရဲ့ ခြေလေးဖက်လုံး မြေပြင်ထိနေပါက မြင်းပေါ်က ပုဂ္ဂိုလ်ဟာ စစ်ပွဲ၊ တိုက်ပွဲကြောင့်မဟုတ်ပဲ သာမန်သဘာဝအတိုင်း ဖြစ်ရိုးဖြစ်စဉ်အရ ကွယ်လွန်သွားသူလို့ သတ်မှတ်ပါတယ်။

    မြင်းရဲ့ ရှေ့ခြေနှစ်ဘက်လုံး လေထဲမြောက်နေပါက မြင်းပေါ်က ပုဂ္ဂိုလ်ဟာ ရန်သူနဲ့တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သူ ဖြစ်ပါတယ်။

    Credit – Zomrim

  • ၾကမ္းပိုး အႏၲရာယ္အတြက္ အစြမ္းထက္ နည္းလမ္းမ်ား

    (Zawgyi)

    ၾကမ္းပိုး အႏၲရာယ္အတြက္ နည္းလမ္းမ်ား

    ၾကမ္းပိုး ဒုကၡေပးလို႔ အိပ္ေရးပ်က္သူေပါင္း အမ်ားႀကီး ရွိမယ္ထင္ပါတယ္။ ၾကမ္းပိုးျပႆနာဟာ ေသးသလိုလိုနဲ႔ တစ္ကယ္ႀကီးတဲ့ ဒုကၡတစ္မ်ိဳးျဖစ္ပါတယ္။ ၾကမ္းပိုးကို အဂၤလိပ္လို Red Bugs လို႔ေခၚၿပီး ေလ့လာသူမ်ားရဲ႕ အဆိုအရ ၾကမ္းပိုးစတင္ေပၚေပါက္ခဲ့တာ အေမရိကမွာ ျဖစ္ပါတယ္။ ၾကမ္းပိုးဟာ ေတာ္႐ုံနဲ႔ မေသပဲ အသက္ျပင္းတဲ့ သတၱဝါ စာရင္းထဲမွာ ပါဝင္ပါတယ္။ လူေတြရဲ႕ ေသြးကို မစုပ္ပဲနဲ႔ေတာင္ ၃လတိတိ အသက္ရွိေနႏိုင္ၿပီး အပူခ်ိန္၊ အေအး ဒီဂရီ အျမင့္ႀကီးထဲမွာလည္း အသက္ ရွင္ေနႏိုင္ၾကပါတယ္။ ေရထဲေတာင္ အခ်ိန္ၾကာျမင့္စြာ ေနႏိုင္တယ္လို႔ ဆိုပါတယ္။

    ၾကမ္းပိုးသတ္ေဆး မ်ိဳးစုံတို႔ကိုလည္း အေမရိကမွ စတင္တီထြင္ခဲ့ၾကေပမယ့္ အခုထိ ဘယ္တံဆိပ္က အေကာင္းဆုံးဆိုတာ ၫြန္းရခက္ေနတုန္းပါပဲ။ DDT ဆိုတဲ့ ျဖန္းေဆးကလည္း လူေတြအတြက္ အႏၲရာယ္ရွိေစလို႔ ပိတ္ထားလိုက္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ပိုးအတြက္ ေဆးနည္းေပါင္းစုံတို႔ကို စုစည္းၿပီး တင္ေပးလိုက္ပါတယ္။ တစ္နည္း မေပ်ာက္ရင္ တစ္နည္း နဲ႔ စမ္းသပ္ႏိုင္ၾကပါတယ္။

    (၁) ဆပ္ျပာမႈန႔္၊ ဆပ္ျပာ ကရင္မ္ တစ္မ်ိဳးမ်ိဳးကို ေရနဲ႔ေဖ်ာ္ၿပီး ဂ်ပိုး ရွိတဲ့ေနရာမ်ားကို ျဖန္းေပးပါ။

    (၂) ဒူးရင္းသီးရဲ႕ ထူးျခားၿပီး ျပင္းထန္တဲ့ အနံ႔ကို ၾကမ္းပိုးေတြ ေၾကာက္ၾကပါတယ္တဲ့။ ဒူးရင္းသီးအခြံကို အိပ္ယာေဘး၊ အိပ္ယာေအာက္မွာ ထားပါ။ အိပ္ခါနီး အနံ႔မခံႏိုင္ရင္ ေဘးဖယ္ထားပါ။

    (၃) ေဆးနည္းတစ္မ်ိဳးကေတာ့ ျမင္းသားအဆီကို ဆီမီးခြက္ထဲ ထည့္ၿပီး မီးထြန္းထားရင္ ၎အနံ႔ကို ဂ်ပိုးမ်ားေၾကာက္ၿပီး ေျပးၾကပါတယ္။

    (၄) ပ႐ုပ္လုံးမ်ားကို ေခါင္းအုံး၊ ေစာင္၊ ျခင္ေထာင္၊ အိပ္ယာေဘးတို႔မွာ ထည့္ထားပါ။ ပ႐ုပ္လုံးအနံ႔ကို ဂ်ပိုးမ်ား ေၾကာက္ပါတယ္။

    (၅) ေၾကာင္မန္း႐ြက္ကို အိပ္ယာေအာက္ ထည့္ထားပါ။ ၎ အနံ႔ေၾကာင့္ ၾကမ္းပိုးမ်ား မလာေတာ့ပါ။

    (၆) ဖေယာင္းေကာ္ေဇာ ခင္းအိပ္ပါ။ ဖေယာင္းေကာ္ေဇာကို ဂ်ပိုးမ်ား မႏွစ္သက္ပါ။

    (၇) အသင့္ျပဳလုပ္ထားတဲ့ ျဖန္းေဆးမ်ားလည္း တံဆိပ္ မ်ိဳးစုံရွိေနပါတယ္။ Red Bugs Killer (ဂ်ပိုးျဖန္းေဆး)လို႔ ေျပာၿပီး ဝယ္ယူႏိုင္ၾကပါတယ္။

    ၾကမ္းပိုး မရွိေအာင္ အိပ္ယာခင္း၊ ေခါင္းအုံးစြပ္မ်ားကို မၾကာခဏ ေလွ်ာ္ပါ။ ေနပူလွန္းပါ။ သန႔္ရွင္းေအာင္ေနပါ။ သတိ ထားရမွာကေတာ့ ျဖန္းေဆးေတြ သုံးရင္ ကေလးေတြကို သတိထားရမယ္။ ၾကမ္းပိုးျဖန္းေဆးမ်ားဟာ ျခင္ေဆးထက္ အဆေပါင္းမ်ားစြာ ျပင္းထန္တဲ့အတြက္ အႏၲရာယ္ ပိုႀကီးပါတယ္။ ေဆးျဖန္းၿပီးရင္ လက္ကို စင္ၾကယ္ေအာင္ ျပန္ေဆးေပးရပါမယ္။ အားလုံးပဲ ၾကမ္းပိုး အႏၲရာယ္မွ ကင္းေဝးၾကၿပီး အိပ္ေရး၀၀ အိပ္ႏိုင္ၾကပါေစ။

    Credit : Original Uploader

    (Unicode)

    ကြမ်းပိုး အန္တရာယ်အတွက် နည်းလမ်းများ

    ကြမ်းပိုး ဒုက္ခပေးလို့ အိပ်ရေးပျက်သူပေါင်း အများကြီး ရှိမယ်ထင်ပါတယ်။ ကြမ်းပိုးပြဿနာဟာ သေးသလိုလိုနဲ့ တစ်ကယ်ကြီးတဲ့ ဒုက္ခတစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုးကို အင်္ဂလိပ်လို Red Bugs လို့ခေါ်ပြီး လေ့လာသူများရဲ့ အဆိုအရ ကြမ်းပိုးစတင်ပေါ်ပေါက်ခဲ့တာ အမေရိကမှာ ဖြစ်ပါတယ်။ ကြမ်းပိုးဟာ တော်ရုံနဲ့ မသေပဲ အသက်ပြင်းတဲ့ သတ္တဝါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူတွေရဲ့ သွေးကို မစုပ်ပဲနဲ့တောင် ၃လတိတိ အသက်ရှိနေနိုင်ပြီး အပူချိန်၊ အအေး ဒီဂရီ အမြင့်ကြီးထဲမှာလည်း အသက် ရှင်နေနိုင်ကြပါတယ်။ ရေထဲတောင် အချိန်ကြာမြင့်စွာ နေနိုင်တယ်လို့ ဆိုပါတယ်။

    ကြမ်းပိုးသတ်ဆေး မျိုးစုံတို့ကိုလည်း အမေရိကမှ စတင်တီထွင်ခဲ့ကြပေမယ့် အခုထိ ဘယ်တံဆိပ်က အကောင်းဆုံးဆိုတာ ညွန်းရခက်နေတုန်းပါပဲ။ DDT ဆိုတဲ့ ဖြန်းဆေးကလည်း လူတွေအတွက် အန္တရာယ်ရှိစေလို့ ပိတ်ထားလိုက်ပါတယ်။ ဒါ့ကြောင့် ဂျပိုးအတွက် ဆေးနည်းပေါင်းစုံတို့ကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ တစ်နည်း မပျောက်ရင် တစ်နည်း နဲ့ စမ်းသပ်နိုင်ကြပါတယ်။

    (၁) ဆပ်ပြာမှုန့်၊ ဆပ်ပြာ ကရင်မ် တစ်မျိုးမျိုးကို ရေနဲ့ဖျော်ပြီး ဂျပိုး ရှိတဲ့နေရာများကို ဖြန်းပေးပါ။

    (၂) ဒူးရင်းသီးရဲ့ ထူးခြားပြီး ပြင်းထန်တဲ့ အနံ့ကို ကြမ်းပိုးတွေ ကြောက်ကြပါတယ်တဲ့။ ဒူးရင်းသီးအခွံကို အိပ်ယာဘေး၊ အိပ်ယာအောက်မှာ ထားပါ။ အိပ်ခါနီး အနံ့မခံနိုင်ရင် ဘေးဖယ်ထားပါ။

    (၃) ဆေးနည်းတစ်မျိုးကတော့ မြင်းသားအဆီကို ဆီမီးခွက်ထဲ ထည့်ပြီး မီးထွန်းထားရင် ၎င်းအနံ့ကို ဂျပိုးများကြောက်ပြီး ပြေးကြပါတယ်။

    (၄) ပရုပ်လုံးများကို ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာဘေးတို့မှာ ထည့်ထားပါ။ ပရုပ်လုံးအနံ့ကို ဂျပိုးများ ကြောက်ပါတယ်။

    (၅) ကြောင်မန်းရွက်ကို အိပ်ယာအောက် ထည့်ထားပါ။ ၎င်း အနံ့ကြောင့် ကြမ်းပိုးများ မလာတော့ပါ။

    (၆) ဖယောင်းကော်ဇော ခင်းအိပ်ပါ။ ဖယောင်းကော်ဇောကို ဂျပိုးများ မနှစ်သက်ပါ။

    (၇) အသင့်ပြုလုပ်ထားတဲ့ ဖြန်းဆေးများလည်း တံဆိပ် မျိုးစုံရှိနေပါတယ်။ Red Bugs Killer (ဂျပိုးဖြန်းဆေး)လို့ ပြောပြီး ဝယ်ယူနိုင်ကြပါတယ်။

    ကြမ်းပိုး မရှိအောင် အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များကို မကြာခဏ လျှော်ပါ။ နေပူလှန်းပါ။ သန့်ရှင်းအောင်နေပါ။ သတိ ထားရမှာကတော့ ဖြန်းဆေးတွေ သုံးရင် ကလေးတွေကို သတိထားရမယ်။ ကြမ်းပိုးဖြန်းဆေးများဟာ ခြင်ဆေးထက် အဆပေါင်းများစွာ ပြင်းထန်တဲ့အတွက် အန္တရာယ် ပိုကြီးပါတယ်။ ဆေးဖြန်းပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးပေးရပါမယ်။ အားလုံးပဲ ကြမ်းပိုး အန္တရာယ်မှ ကင်းဝေးကြပြီး အိပ်ရေး၀၀ အိပ်နိုင်ကြပါစေ။

    Credit : Original Uploader

  • လက္ကေလးေတြ ႏူးညံ့စိုေျပေနေစၿပီး အေရးေၾကာင္းေတြ ေပ်ာက္ဖို႔ ၾကက္ဥနဲ႔ အာလူး

    (Zawgyi)

    လက္ကေလးေတြ ႏူးညံ့စိုေျပေနေစၿပီး အေရးေၾကာင္းေတြ ေပ်ာက္ဖို႔

    အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြပါ ႏူးညံ့ေခ်ာမြတ္တဲ့အသားအေရကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။လက္ေခ်ာင္းေလးေတြ အပါအဝင္ေပါ့ရွင္။ သူငယ္ခ်င္းအခ်င္းခ်င္း ေတြ႕လိုက္တိုင္း လက္ေခ်ာင္းေလးေတြက လွလိုက္တာလို႔ ေျပာတာမ်ိဳး ဘယ္သူက မခံခ်င္မွာလဲ။

    လက္ဖမိုးမွာ အေရးေၾကာင္းျဖစ္လာတာ အေရျပားတြန႔္လာတာဟာ အသက္အ႐ြယ္ရလာတယ္ဆိုတဲ့ လကၡဏာရပ္ပါပဲ။ လက္ကေလးေဝွ႔ယမ္းလို႔ ႏုတ္ဆက္တဲ့အခါ လက္ဆြဲႏႈတ္ဆက္တဲ့အခါ လက္သည္းနီေလးဆိုးတဲ့အခါ ႏူးညံ့စိုေျပၿပီး အေရးေၾကာင္းကင္းတဲ့ လက္ေခ်ာင္းေလးေတြကို ပိုင္ဆိုင္ႏိုင္ဖို႔ သဘာဝနည္းလမ္းေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္။

    အာလူး

    ပိုးသားလို ႏူးညံ့တဲ့ လက္ကေလးေတြ ပိုင္ဆိုင္ႏိုင္ဖို႔ အာလူးက အဓိကပါဝင္ပစၥည္းပါပဲ။ အာလူးအလယ္အလတ္ေလာက္ကို ယူၿပီး မီးဖုတ္ေပးပါ။ ၿပီးရင္ ခက္ရင္းခြနဲ႔ ေၾကေအာင္လုပ္လိုက္ၿပီး သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ဇြန္း နဲ႔ ႏြားႏို႔အနည္းငယ္ကိုထည့္ၿပီး ေမႊေပးပါ။။

    ၿပီးရင္ လက္ေပၚမွာလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ လက္ေဆးခ်ပါ။ ဒီနည္းလမ္းအတိုင္း တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္လုပ္ေပးပါ။ ေစာေစာကျပဳလုပ္ထားတဲ့ အေရာေတြ လက္မွာလိမ္းလို႔ ပိုေနရင္လည္း ေရခဲေသတၱာထဲ ထည့္ေပးၿပီး ေနာက္ေန႔မွာ အသုံးျပဳႏိုင္ပါတယ္။

    ၾကက္ဥ

    အသားအေရ တြန႔္တာေတြအတြက္ ၾကက္ဥကို အသုံးျပဳႏိုင္ပါတယ္။ ၾကက္ဥကိုခြဲလိုက္ၿပီး အကာကိုယူပါ။ ၿပီးရင္ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ေရာၿပီး လက္မွာလိမ္းေပးပါ။ ေျခာက္တဲ့ထိထားၿပီး ေရေဆးခ်ပါ။

    Credit – MyFood Myanmar

    (Unicode)

    လက်ကလေးတွေ နူးညံ့စိုပြေနေစေပြီး အရေးကြောင်းတွေ ပျောက်ဖို့

    အမျိုးသမီးတွေရော အမျိုးသားတွေပါ နူးညံ့ချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။လက်ချောင်းလေးတွေ အပါအဝင်ပေါ့ရှင်။ သူငယ်ချင်းအချင်းချင်း တွေ့လိုက်တိုင်း လက်ချောင်းလေးတွေက လှလိုက်တာလို့ ပြောတာမျိုး ဘယ်သူက မခံချင်မှာလဲ။

    လက်ဖမိုးမှာ အရေးကြောင်းဖြစ်လာတာ အရေပြားတွန့်လာတာဟာ အသက်အရွယ်ရလာတယ်ဆိုတဲ့ လက္ခဏာရပ်ပါပဲ။ လက်ကလေးဝှေ့ယမ်းလို့ နုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်သည်းနီလေးဆိုးတဲ့အခါ နူးညံ့စိုပြေပြီး အရေးကြောင်းကင်းတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

    အာလူး

    ပိုးသားလို နူးညံ့တဲ့ လက်ကလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အာလူးက အဓိကပါဝင်ပစ္စည်းပါပဲ။ အာလူးအလယ်အလတ်လောက်ကို ယူပြီး မီးဖုတ်ပေးပါ။ ပြီးရင် ခက်ရင်းခွနဲ့ ကြေအောင်လုပ်လိုက်ပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း နဲ့ နွားနို့အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။။

    ပြီးရင် လက်ပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ လက်ဆေးချပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးပါ။ စောစောကပြုလုပ်ထားတဲ့ အရောတွေ လက်မှာလိမ်းလို့ ပိုနေရင်လည်း ရေခဲသေတ္တာထဲ ထည့်ပေးပြီး နောက်နေ့မှာ အသုံးပြုနိုင်ပါတယ်။

    ကြက်ဥ

    အသားအရေ တွန့်တာတွေအတွက် ကြက်ဥကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥကိုခွဲလိုက်ပြီး အကာကိုယူပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောပြီး လက်မှာလိမ်းပေးပါ။ ခြောက်တဲ့ထိထားပြီး ရေဆေးချပါ။

    Credit – MyFood Myanmar

  • အိပ္စက္ဖုိ႔အေကာင္းဆံုးအခ်ိန္က ည ၁ဝ နာရီလို႔ ဘာေၾကာင့္ ဆုိၾကတာလဲ?

    အိပ္စက္ဖုိ႔အေကာင္းဆံုးအခ်ိန္က ည ၁ဝ နာရီလို႔ ဘာေၾကာင့္ ဆုိၾကတာလဲ။

    စာခ်စ္သူတို႔ေရ…

    လူတိုင္းမွာေတာ့ ပံုမွန္အိပ္ရာဝင္ေနက်အခ်ိန္ဆိုတာ ကုိယ္စီရွိၾကပါတယ္။ ဒါေပမဲ့… ကၽြမ္း က်င္ပညာရွင္ေတြကေတာ့ တစ္ေန႔တာအတြက္ အေကာင္းဆံုးအိပ္စက္သင့္တဲ့အခ်ိန္က ည ၁ဝ နာရီလို႔ ညႊန္းဆိုထားၾကပါတယ္။ ဘာေၾကာင့္ပါလဲ။

    တကယ္ေတာ့ ညဘက္ ၁ဝ နာရီအခ်ိန္အတြင္းဟာ ဆဲလ္အသစ္ေတြ ျဖစ္ေပၚတဲ့အခ်ိန္ပါ။ ဒါ့ အျပင္ ၁ဝ နာရီမွာ စတင္အိပ္စက္ျခင္းျဖင့္ နံနက္ ၅ နာရီ၊ ဒါမွမဟုတ္ ၆ နာရီ အထိ ၈ နာရီအလံု အေလာက္အိပ္ေပ်ာ္ၿပီး လန္းလန္းဆန္းဆန္းႏိုးထႏိုင္ပါတယ္။ အိပ္ရာထၿပီးရင္ နံနက္စာမစားခင္ ကိုယ္လက္လႈပ္ရွားအားကစားတစ္ခုခုလုပ္ဖုိ႔ အနည္းဆံုး နာရီဝက္အခ်ိန္ ရပါတယ္။ အိပ္ေရးဝဝ အိပ္စက္ၿပီး နံနက္ေစာေစာ ေလ့က်င့္ခန္းလုပ္ျခင္းက သင့္ကုိ စိတ္ခြန္အား၊ လူ ခြန္အားျပည့္ဝေစၿပီး တစ္ေန႔တာလံုးကို တက္ၾကြစြာ အလုပ္လုပ္ကုိင္ႏိုင္ေစပါတယ္။ တစ္ေန႔တာကို ခြန္အားအျပည့္နဲ႔ လုပ္ကိုင္ႏိုင္တာေၾကာင့္ အလုပ္တြင္သလို အိမ္ျပန္လာရင္လည္း ေျခကုန္လက္ပန္းက်မျဖစ္ေတာ့ ပါဘူး။

    ဒါေၾကာင့္ အလုပ္မ်ားေနရင္ေတာင္ ညဘက္ ၁ဝ နာရီအခ်ိန္မွာ သက္ေတာင့္သက္သာ အိပ္ရာ ဝင္ႏိုင္ေအာင္ အလုပ္ေတြေစာေစာျဖတ္ထားသင့္ပါတယ္။

    ဒါေပမဲ့… တစ္ခါတေလက်ေတာ့လည္း ကုိယ္က အိပ္ခ်င္ေပမဲ့ အိပ္မေပ်ာ္တာလည္း ရွိပါ တယ္။ ညဘက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစဖုိ႔ ေလ့က်င့္ခန္းျပဳလုပ္ေပးတာ၊ လမ္းေလွ်ာက္ေပးတာ၊ လိုအပ္တဲ့အာဟာရဓာတ္ေတြျဖည့္တင္းေပးတာအျပင္ အားေဆးကိုလည္း မွီဝဲေပးႏိုင္ပါတယ္။ Revicon ဟာ လုပ္သားပ်ားေတြဆီက ရရွိတဲ့ Royal Jelly နဲ႔ ထုတ္လုပ္ထားတဲ့အတြက္ ဆဲလ္တစ္လံုးခ်င္းစီျပန္လည္ႏုပ်ိဳေအာင္ ျပဳျပင္ေပးတာေၾကာင့္ အသည္းပ်က္စီးတာ၊ ဖ်ားနာတာ၊ အစာအိမ္အနာျဖစ္တာေတြကို ကာကြယ္ေပးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္ေပ်ာ္ေစပါတယ္။ ဒါ့အျပင္ ကုိယ္ခံစြမ္းအားကုိပါ ေကာင္းမြန္ေစတာေၾကာင့္ ႏွစ္သစ္ကုိ က်န္းက်န္းမာမာျဖတ္ ေက်ာ္ခ်င္တဲ့ စာခ်စ္သူတုိ႔အတြက္ေတာ့ သေဘာေတြ႕စရာပါပဲ။

    ကဲ… သင္ေကာ ညဘက္ဆို ဘယ္အခ်ိန္အိပ္ရာဝင္ျဖစ္လဲ။

    စာခ်စ္သူမ်ားအတြက္ က်န္းမာေပ်ာ္ရႊင္တဲ့ႏွစ္သစ္ျဖစ္ဖုိ႔ ဂႏၳဝင္မဂၢဇင္းနဲ႔ Revicon အားျဖည့္ ေဆးတုိ႔မွ ပူးေပါင္းတင္ဆက္ထားတာျဖစ္ပါတယ္။

    အလားတူစာေစာင္မ်ားကိုဖတ္ရႈရန္>> https://wp.me/pacPSi-pgP
    #GandaWinMagazine #YourLifeStyleCompanion #WomenEmpowerment #ReadtoLead

  • ထမင္းခ်က္ျပဳတ္ရာမွာ အိမ္ရွင္မတိုင္း သိထားသင့္တဲ့ နည္းလမ္းမ်ား

    (Zawgyi)

    ထမင္းခ်က္ျပဳတ္ရာမွာ အိမ္ရွင္မတိုင္း သိထားသင့္တဲ့ နည္းလမ္းမ်ား

    ေန႔စဥ္စားသုံးမႈမွာ အဓိက အစားအစာတမ်ိဳးျဖစ္တဲ့ ထမင္းခ်က္ျပဳတ္တာဟာ အေပၚယံအားျဖင့္ေတာ့ လြယ္ကူတယ္လို႔ ထင္ရပါတယ္။ ၿပီးျပည့္စုံတဲ့ ထမင္းျဖစ္ဖို႔အတြက္ အိမ္ရွင္မေတြကို အခုေဖာ္ျပေပးမယ့္ အခ်က္ေတြက အကူအညီေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

    (၁) ရာသီဥတု အပူရွိန္ေၾကာင့္ ထမင္းေတြ အလြယ္တကူ သိုးမသြားေစဖို႔အတြက္ ဆားအနည္းငယ္ေလာက္ကို ထမင္းခ်က္တဲ့အခါ ျဖဴးၿပီးထည့္ႏိုင္သလို ထမင္းၾကမ္းေတြကို ျပန္ေႏႊးစားတဲ့အခါမ်ိဳးမွာလည္း ဆားအနည္းငယ္ ျဖဴးေပးျခင္းက ထမင္းက အနံ႔အသက္ေတြကို ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

    (၂) ထမင္း မခ်က္ျပဳတ္မီ ဆန္ကို သုံးေရေလာက္အထိ ေရၾကည္ေအာင္ ေဆးေပးျခင္းဟာ ဆန္ထဲက အနယ္အႏွစ္ေတြကို ဖယ္ရွားေပးတာေၾကာင့္ ထမင္းသိုးသြားမွာကို စိတ္ပူစရာ မလိုေတာ့ပါဘူး။ ဒီလိုမ်ိဳး ၃ ေရခန႔္ေဆးေပးျခင္းဟာ ဆန္ထဲက အနယ္အႏွစ္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ဆန္မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြကိုလည္း ဆုံးရႈံးေစႏိုင္တာေၾကာင့္ က်န္းမာေရးအတြက္ေတာ့ သတိျပဳသင့္ပါတယ္။

    (၃) ထမင္းေစ့ေတြကို တေစ့နဲ႔ တေစ့ ေစးေစးကပ္ကပ္ မျဖစ္ေစဘဲ တေစ့ခ်င္းျဖစ္ခ်င္တယ္ ဆိုရင္ေတာ့ ထမင္း ခ်က္တဲ့အခါ ထည့္တဲ့ ေရထဲကို ပဲဆီ ဒါမွမဟုတ္ ဟင္းခ်က္ဆီ တမ်ိဳးမ်ိဳးကို ထည့္ၿပီး ခ်က္ျပဳတ္ႏိုင္မွာပဲျဖစ္ပါတယ္။

    (၄) ထမင္း လုံးဝ က်က္ၿပီးသြားတဲ့ အဆင့္မွာ ထမင္းအိုးေပၚကို အဝတ္စ တစ္ခုနဲ႔ ခံၿပီးမွ အေပၚကေန အဖုံးအုပ္ေပးျခင္းက ထမင္းေတြ ကပ္ေစးေစး ျဖစ္ေပၚျခင္းကို တားဆီးေပးႏိုင္တဲ့အျပင္ ထမင္းသိုးသြားျခင္းကိုလည္း ျဖစ္ေပၚေစမွာ မဟုတ္ပါဘူး။

    (၅) ထမင္းခ်က္ရင္း ထမင္းတူးသြားတဲ့အခါမ်ိဳးမွာ တူးနံ႔ေတြေၾကာင့္ ထမင္းေတြ စားမေကာင္းျဖစ္မွာကို စိုးရိမ္စရာ မလိုပါဘူး။ ၾကက္သြန္ၿမိတ္ေတြကို အေနေတာ္ လွီးျဖတ္ၿပီး ထမင္းအိုးထဲနဲ႔ ထမင္းေတြၾကားထဲကို ထည့္ေပး႐ုံနဲ႔ တူးနံ႔ေတြကို ေပ်ာက္ကင္းသြားေစမွာပဲ ျဖစ္ပါတယ္။

    (၆) ထမင္းခ်က္ျပဳတ္တဲ့အခါ ထည့္တဲ့ေရထဲကို ရွာလကာရည္ တစ္စက္၊ ႏွစ္စက္ခန႔္ ထည့္ေပးမယ္ဆိုရင္ေတာ့ ထမင္းသိုးျခင္းကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ဆန္ေတြ အထားၾကာတဲ့အခါ ျဖစ္ေပၚတတ္တဲ့ အနံ႔အသက္ မေကာင္းတာေတြကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

    Ref : www.buzzfeed.com

    Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/food/2019/02/19/183850.html

    (Unicode)

    ထမင်းချက်ပြုတ်ရာမှာ အိမ်ရှင်မတိုင်း သိထားသင့်တဲ့ နည်းလမ်းများ

    နေ့စဉ်စားသုံးမှုမှာ အဓိက အစားအစာတမျိုးဖြစ်တဲ့ ထမင်းချက်ပြုတ်တာဟာ အပေါ်ယံအားဖြင့်တော့ လွယ်ကူတယ်လို့ ထင်ရပါတယ်။ ပြီးပြည့်စုံတဲ့ ထမင်းဖြစ်ဖို့အတွက် အိမ်ရှင်မတွေကို အခုဖော်ပြပေးမယ့် အချက်တွေက အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

    (၁) ရာသီဥတု အပူရှိန်ကြောင့် ထမင်းတွေ အလွယ်တကူ သိုးမသွားစေဖို့အတွက် ဆားအနည်းငယ်လောက်ကို ထမင်းချက်တဲ့အခါ ဖြူးပြီးထည့်နိုင်သလို ထမင်းကြမ်းတွေကို ပြန်နွှေးစားတဲ့အခါမျိုးမှာလည်း ဆားအနည်းငယ် ဖြူးပေးခြင်းက ထမင်းက အနံ့အသက်တွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

    (၂) ထမင်း မချက်ပြုတ်မီ ဆန်ကို သုံးရေလောက်အထိ ရေကြည်အောင် ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ်ရှားပေးတာကြောင့် ထမင်းသိုးသွားမှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဒီလိုမျိုး ၃ ရေခန့်ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆန်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ဆုံးရှုံးစေနိုင်တာကြောင့် ကျန်းမာရေးအတွက်တော့ သတိပြုသင့်ပါတယ်။

    (၃) ထမင်းစေ့တွေကို တစေ့နဲ့ တစေ့ စေးစေးကပ်ကပ် မဖြစ်စေဘဲ တစေ့ချင်းဖြစ်ချင်တယ် ဆိုရင်တော့ ထမင်း ချက်တဲ့အခါ ထည့်တဲ့ ရေထဲကို ပဲဆီ ဒါမှမဟုတ် ဟင်းချက်ဆီ တမျိုးမျိုးကို ထည့်ပြီး ချက်ပြုတ်နိုင်မှာပဲဖြစ်ပါတယ်။

    (၄) ထမင်း လုံးဝ ကျက်ပြီးသွားတဲ့ အဆင့်မှာ ထမင်းအိုးပေါ်ကို အဝတ်စ တစ်ခုနဲ့ ခံပြီးမှ အပေါ်ကနေ အဖုံးအုပ်ပေးခြင်းက ထမင်းတွေ ကပ်စေးစေး ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်တဲ့အပြင် ထမင်းသိုးသွားခြင်းကိုလည်း ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

    (၅) ထမင်းချက်ရင်း ထမင်းတူးသွားတဲ့အခါမျိုးမှာ တူးနံ့တွေကြောင့် ထမင်းတွေ စားမကောင်းဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ ကြက်သွန်မြိတ်တွေကို အနေတော် လှီးဖြတ်ပြီး ထမင်းအိုးထဲနဲ့ ထမင်းတွေကြားထဲကို ထည့်ပေးရုံနဲ့ တူးနံ့တွေကို ပျောက်ကင်းသွားစေမှာပဲ ဖြစ်ပါတယ်။

    (၆) ထမင်းချက်ပြုတ်တဲ့အခါ ထည့်တဲ့ရေထဲကို ရှာလကာရည် တစ်စက်၊ နှစ်စက်ခန့် ထည့်ပေးမယ်ဆိုရင်တော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆန်တွေ အထားကြာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အနံ့အသက် မကောင်းတာတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

    Ref : www.buzzfeed.com

    Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/food/2019/02/19/183850.html

  • အမ်ိဳးသမီးမ်ား အေရးႀကဳံလာလွ်င္ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ႏိုင္မယ့္ နည္းလမ္းမ်ား

    (Zawgyi)

    အမ်ိဳးသမီးမ်ား အေရးႀကဳံလာလွ်င္ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ႏိုင္မယ့္ နည္းလမ္းမ်ား

    အမ်ိဳးသမီးေတြအေနနဲ႔ တစုံတခု အေရးအႏၲရာယ္ ႀကဳံလာတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ခုခံ ကာကြယ္ႏိုင္ေအာင္ “ကိုယ္ခံပညာ” တတ္ထားသင့္ပါတယ္။ အမ်ိဳးသမီးမ်ားအတြက္ ႐ုတ္တရက္ အႏၲရာယ္ႀကဳံလာရင္ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ခုခံ ကာကြယ္ႏိုင္မယ့္ နည္းလမ္း အခ်ိဳ႕ကို မွ်ေဝေရးသားလိုက္ပါတယ္။

    (၁) လက္အဆြဲ ခံရတဲ့အခါ

    လက္တဖက္ အဆြဲခံရၿပီဆိုရင္ တျခားလက္နဲ႔ အဆြဲခံရတဲ့ လက္ကိုကိုင္ပါ။ ၿပီးရင္ တံေတာင္ဆစ္ကို ရန္သူရဲ႕ မ်က္ႏွာနားထိ ျမႇင့္ၿပီး ဝိုက္ခ်ပါ။

    (၂) ေနာက္ကေန အခ်ဳပ္ခံရတဲ့အခါ

    အေနာက္ကေန ခ်ဳပ္ခံရၿပီဆိုရင္ ခ်ဳပ္တဲ့သူရဲ႕လက္ကိုဆြဲၿပီး ကိုယ္ကိုေဘးနည္းနည္းေရာက္ေအာင္လုပ္ပါ။ ၿပီးရင္ လြတ္သြားတဲ့ လက္နဲ႔ ရန္သူရဲ႕ခ်က္ေကာင္းကို တိုက္ခိုက္ပါ။

    (၃) အေနာက္ကေန ဆြဲေျမႇာက္ခံရတဲ့အခါ

    သင့္ကို အေနာက္ကေနဖက္ၿပီး ေျမႇာက္တဲ့အခါ သင့္ရဲ႕ေျခေထာက္နဲ႔ ရန္သူရဲ႕ေပါင္ၿခံကို အဆက္မျပတ္ ကန္ပါ။

    (၄) လည္ပင္း အညႇစ္ခံရတဲ့အခါ

    ရန္သူက သင့္အေရွ႕တည့္တည့္လာၿပီး လည္ပင္းညႇစ္ဖို႔ ႀကံတဲ့အခါ လက္ေမာင္းကို ေျမႇာက္ၿပီး သူ႔လက္ ႏွစ္ဖက္လုံးကို အားသုံးၿပီး ဖယ္ခ်ပါ။ တစ္ဆက္တည္းမွာပဲ လက္ကို ျပန္မ,တင္တဲ့အခါ တံေတာင္ဆစ္နဲ႔ မ်က္ႏွာကို တိုက္ခိုက္ပါ။

    (၅) ဆံပင္ အဆြဲခံရတဲ့အခါ

    သင့္ဆံပင္ကို တစုံတေယာက္က လာဆြဲတဲ့အခါ ဆြဲတဲ့သူရဲ႕လက္ကို ၿမဲၿမံစြာ ကိုင္ထားပါ။ ၿပီးရင္ခႏၶာကိုယ္ကို တပတ္ လည္ေအာင္ လွည့္ၿပီး ရန္သူကို ျပန္လည္ တိုက္ခိုက္ႏိုင္ပါတယ္။

    ေနာက္ထပ္ အလြယ္ကူဆုံး နည္းလမ္းကေတာ့

    – တေယာက္က အနားကပ္ၿပီး အႏၲရာယ္ျပဳေတာ့မယ္ဆိုရင္ မ်က္ႏွာကိုသာ ကုတ္ဆြဲပါ။

    – ဒါမွမဟုတ္ Zig Zag ပုံစံေျပးပါ။ ေအာ္ပါ။

    အထက္ပါ နည္းလမ္းေတြက အေရးေပၚအေျခအေနမွာ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတြပါ။

    Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/2018/02/21/152552.html

    (Unicode)

    အမျိုးသမီးများ အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းများ

    အမျိုးသမီးတွေအနေနဲ့ တစုံတခု အရေးအန္တရာယ် ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်အောင် “ကိုယ်ခံပညာ” တတ်ထားသင့်ပါတယ်။ အမျိုးသမီးများအတွက် ရုတ်တရက် အန္တရာယ်ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခုခံ ကာကွယ်နိုင်မယ့် နည်းလမ်း အချို့ကို မျှဝေရေးသားလိုက်ပါတယ်။

    (၁) လက်အဆွဲ ခံရတဲ့အခါ

    လက်တဖက် အဆွဲခံရပြီဆိုရင် တခြားလက်နဲ့ အဆွဲခံရတဲ့ လက်ကိုကိုင်ပါ။ ပြီးရင် တံတောင်ဆစ်ကို ရန်သူရဲ့ မျက်နှာနားထိ မြှင့်ပြီး ဝိုက်ချပါ။

    (၂) နောက်ကနေ အချုပ်ခံရတဲ့အခါ

    အနောက်ကနေ ချုပ်ခံရပြီဆိုရင် ချုပ်တဲ့သူရဲ့လက်ကိုဆွဲပြီး ကိုယ်ကိုဘေးနည်းနည်းရောက်အောင်လုပ်ပါ။ ပြီးရင် လွတ်သွားတဲ့ လက်နဲ့ ရန်သူရဲ့ချက်ကောင်းကို တိုက်ခိုက်ပါ။

    (၃) အနောက်ကနေ ဆွဲမြှောက်ခံရတဲ့အခါ

    သင့်ကို အနောက်ကနေဖက်ပြီး မြှောက်တဲ့အခါ သင့်ရဲ့ခြေထောက်နဲ့ ရန်သူရဲ့ပေါင်ခြံကို အဆက်မပြတ် ကန်ပါ။

    (၄) လည်ပင်း အညှစ်ခံရတဲ့အခါ

    ရန်သူက သင့်အရှေ့တည့်တည့်လာပြီး လည်ပင်းညှစ်ဖို့ ကြံတဲ့အခါ လက်မောင်းကို မြှောက်ပြီး သူ့လက် နှစ်ဖက်လုံးကို အားသုံးပြီး ဖယ်ချပါ။ တစ်ဆက်တည်းမှာပဲ လက်ကို ပြန်မ,တင်တဲ့အခါ တံတောင်ဆစ်နဲ့ မျက်နှာကို တိုက်ခိုက်ပါ။

    (၅) ဆံပင် အဆွဲခံရတဲ့အခါ

    သင့်ဆံပင်ကို တစုံတယောက်က လာဆွဲတဲ့အခါ ဆွဲတဲ့သူရဲ့လက်ကို မြဲမြံစွာ ကိုင်ထားပါ။ ပြီးရင်ခန္ဓာကိုယ်ကို တပတ် လည်အောင် လှည့်ပြီး ရန်သူကို ပြန်လည် တိုက်ခိုက်နိုင်ပါတယ်။

    နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းကတော့

    – တယောက်က အနားကပ်ပြီး အန္တရာယ်ပြုတော့မယ်ဆိုရင် မျက်နှာကိုသာ ကုတ်ဆွဲပါ။

    – ဒါမှမဟုတ် Zig Zag ပုံစံပြေးပါ။ အော်ပါ။

    အထက်ပါ နည်းလမ်းတွေက အရေးပေါ်အခြေအနေမှာ ကာကွယ်နိုင်မယ့် နည်းလမ်းတွေပါ။ အောက်က ဗီဒီယို ဖိုင်မှာ အမျိုးသမီးများအတွက် လျှပ်တပြက် ခုခံကာကွယ်နည်းလမ်းတွေ သရုပ်ပြထားပါတယ်။

    Credit – Crayon (ဧရာဝတီ), The Irrawaddy – Burmese Edition

    Source – https://burma.irrawaddy.com/lifestyle/2018/02/21/152552.html

  • ေကာင္းမႈေတာ္ ဘုရားအေၾကာင္း သိေကာင္းစရာ

    (Zawgyi)

    ရာဇမဏိစူဠာ ေကာင္းမႈေတာ္သည္ စစ္ကိုင္း၏ အေက်ာ္ၾကားဆုံး အနက္တဆူျဖစ္၍ စစ္ကိုင္းၿမိဳ႕ ေျမာက္ဘက္ (၆) မိုင္ခန႔္အကြာ၌ တည္ရွိၿပီး ဘြဲ႕အမည္မွာ ရာဇမဏိစူဠာ ျဖစ္သည္။ ျမန္မာသကၠရာဇ္ (၉၉၈) ခုႏွစ္ ၊ ခရစ္ႏွစ္ (၁၆၃၆) ၊ ေတာ္သလင္းလဆန္း (၁၀) ရက္ ၊ တနလၤာေန႔တြင္ သတိုးဓမၼရာဇာ ဘြဲ႕ခံ သာလြန္မင္းတရားႀကီး တည္ထားကိုးကြယ္ခဲ့သည္။

    ထိုဒကာေတာ္မင္းသည္ ပဲခူး ဟံသာဝတီ ျမန္မာ နန္းၿမိဳ႕ေတာ္ကို ၁၆၃၅ ခုႏွစ္တြင္ ေ႐ႊ႕ေျပာင္းနန္းစိုက္ေတာ္မူရာ အင္းဝတည္ေထာင္ ဒုတိယျပည္ေထာင္စု အျဖစ္ အမွတ္တရ သေကၤတ ျပဳဖို႔ ရည္႐ြယ္ခဲ့သည္ ဟုဆို၏။ သို႔ေသာ္ေစတီေတာ္က ကႏၲီမွ ဗုဒၶစြယ္ေတာ္ ဌါပနာေတာ္မူရန္ ႏွင့္ ဓမၼေစတီဘုရင္၏ တန္ခိုးျပာ ဒိတာဟာျပ သပိတ္လည္း ပါရဖို႔ရွိခဲ့သည္။ ယင္းပစၥည္း မူလက ပဲခူးမဟာေစတီတြင္ ကိန္ဝပ္ခဲ့ရသည္။ (ဓမၼေစတီဘုရင္သည္ ရွင္ထြက္ တဦးျဖစ္႐ုံမွ်မက ရာဇဓိရာဇ္ ဘုရင္သမီးေတာ္၊ ေနာက္ပိုင္း ဘုရင္မ ရွင္ေစာပု၏ ဆရာႏွစ္ပါး အနက္တစ္ပါးလည္းျဖစ္ခဲ့သည္။

    ေနာက္ဆရာမွာ ဓမၼပါလ အမည္ရ၏။ ေကာင္းမႈ႕ေတာ္ ေစတီသည္ ၾကက္ဥသဏၭာန္ ထိပ္ဖူး ခုံးခုံးမွာ အဝန္း အားျဖင့္ ေပ ၉၀ဝ သို႔မဟုတ္ ၂၇၄ မီတာရွိၿပီး ၁၅၁ ေပ သို႔မဟုတ္ ၄၆ မီတာျမင့္ရွာသည္။ ပစၥယံ ၃ ဆင့္အလားတူ အဝိုင္းဆင့္ခံထား၍ ေစတီယင္ ျပင္ပရဂုဏ္ကား နတ္မင္း အပါး ၁၂ဝ အား ကိုယ္စီနတ္နန္း ထြင္း၍ ထားၿပီး ေစတီေတာ္တဆူလုံးကို မူ ၅ ေပ သို႔မဟုတ္ ၂.၅ မီတာျဖင့္ ေက်ာက္ဆစ္ထု ေက်ာက္သားတိုင္ အခိုင္အမာ ၈၁၂ ခု ေသာအကာအရံ တို႔ျဖင့္ အတြင္း၌ မူေခါင္း ေပါက္ထိပ္ထိ ေဖာက္ထားဘိ၏။ သီတင္းကြၽတ္ တာဝတႎသာ မီးပူေဇာ္ၾကရာဝယ္ တႏိုင္ငံလုံးဗုဒၶဘာသာဝင္အားလုံး ဘုရားသာ အေရာက္လာဖူး ေျမာ္၍ ဝါတြင္းကာလ ကုန္ဆုံးရအျဖစ္ လွစ္က်ဴးေကာ္ေရာ္ ပူေဇာ္ၾကသည္မွာ ဆီမီးခြက္တို႔ကို တရင္ျပင္လုံး အျပည့္ဖုံးမွ် ထြန္းညႇိၾကေလသည္။ဘုရား၏ တေဒါင့္တြင္ ၈ ေပခြဲ သို႔မဟုတ္ ၂ မီတာခြဲ ေစတီရင္ျပင္ဝယ္ စိုက္ထူထားေသာ ေက်ာက္တိုင္က ေကာင္းမႈ႕ေတာ္ သမိုင္းကို ေဖာ္ျပထားပါသည္။ ဘုရား၏ အေနာက္ဖက္ ကန္ ၂ ကန္အနက္ တကန္က ေမတၱာကန္ ဟုအမည္ေပးထား၍ ကန္ဝန္းက်င္ရွိ မည္သည့္ သစ္ပင္ကမွ အ႐ြက္တခုတေလမွ ကန္မ်က္ႏွာျပင္ ေႂကြက်သက္ဆင္းျခင္း မရွိဟုသိရသည္။

    ေကာင္းမႈေတာ္ ဘုရားဝင္းအတြင္းရွိ သနပ္ခါးႏွင့္ ေက်ာက္ျပင္ႀကီးမ်ား

    ပုံသဏၭာန္ –

    ေစတီေတာ္ကို ပစၥယံ သုံးဆင့္ခံထား၍ သပိတ္ေမွာက္ထားသကဲ့သို႔ တည္ထားသည္။ ထိုကဲ့သို႔စပါးက်ီပုံသဏၭာန္ ေစတီမ်ားကို သီဟိုဠ္ကြၽန္းတြင္ အေတြ႕မ်ားေလသည္။ ေစတီေတာ္၏ ဉာဏ္ေတာ္မွာ (၁၀၁) ေတာင္ ၊ လုံးပတ္ (၅၀၂ ေတာင္ ၂ မိုက္ ၄ သစ္) ရွိၿပီး ေစတီေတာ္ တည္ထားရာတြင္ အုပ္ခ်ပ္ေရေပါင္း (၁၀၁၂၆၅၅၂ ) ျဖင့္ တည္ထားခဲ့သည္ဟု သိရသည္။ ေစတီေတာ္ကို ေက်ာက္ဆီမီးတိုင္ (၈၀၂) တိုင္တို႔ျဖင့္ ဝန္းရံထားၿပီး ျမန္မာ၊ မြန္ ႏွင့္ ယြန္း (ရွမ္း) အကၡရာတို႔ျဖင့္ ဗုဒၶဝင္ နိပါတ္ေတာ္မ်ားကို နံရံမ်ားတြင္ ေရးထြင္းထားေလသည္။

    Credit – စြယ္စံုက်မ္း

    (Unicode)

    ရာဇမဏိစူဠာ ကောင်းမှုတော်သည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

    ထိုဒကာတော်မင်းသည် ပဲခူး ဟံသာဝတီ မြန်မာ နန်းမြို့တော်ကို ၁၆၃၅ ခုနှစ်တွင် ရွှေ့ပြောင်းနန်းစိုက်တော်မူရာ အင်းဝတည်ထောင် ဒုတိယပြည်ထောင်စု အဖြစ် အမှတ်တရ သင်္ကေတ ပြုဖို့ ရည်ရွယ်ခဲ့သည် ဟုဆို၏။ သို့သော်စေတီတော်က ကန္တီမှ ဗုဒ္ဓစွယ်တော် ဌါပနာတော်မူရန် နှင့် ဓမ္မစေတီဘုရင်၏ တန်ခိုးပြာ ဒိတာဟာပြ သပိတ်လည်း ပါရဖို့ရှိခဲ့သည်။ ယင်းပစ္စည်း မူလက ပဲခူးမဟာစေတီတွင် ကိန်ဝပ်ခဲ့ရသည်။ (ဓမ္မစေတီဘုရင်သည် ရှင်ထွက် တဦးဖြစ်ရုံမျှမက ရာဇဓိရာဇ် ဘုရင်သမီးတော်၊ နောက်ပိုင်း ဘုရင်မ ရှင်စောပု၏ ဆရာနှစ်ပါး အနက်တစ်ပါးလည်းဖြစ်ခဲ့သည်။

    နောက်ဆရာမှာ ဓမ္မပါလ အမည်ရ၏။ ကောင်းမှု့တော် စေတီသည် ကြက်ဥသဏ္ဌာန် ထိပ်ဖူး ခုံးခုံးမှာ အဝန်း အားဖြင့် ပေ ၉၀ဝ သို့မဟုတ် ၂၇၄ မီတာရှိပြီး ၁၅၁ ပေ သို့မဟုတ် ၄၆ မီတာမြင့်ရှာသည်။ ပစ္စယံ ၃ ဆင့်အလားတူ အဝိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဂုဏ်ကား နတ်မင်း အပါး ၁၂ဝ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။ သီတင်းကျွတ် တာဝတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံးဗုဒ္ဓဘာသာဝင်အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ဝါတွင်းကာလ ကုန်ဆုံးရအဖြစ် လှစ်ကျူးကော်ရော် ပူဇော်ကြသည်မှာ ဆီမီးခွက်တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။ ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွေကျသက်ဆင်းခြင်း မရှိဟုသိရသည်။

    ပုံသဏ္ဌာန် –

    စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။ စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ဝန်းရံထားပြီး မြန်မာ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓဝင် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။

    Credit – စွယ်စုံကျမ်း

  • ဘီယာဗိုက္ ျမန္ျမန္က်ဖို႔ လမ္းေလွ်ာက္မလား၊ ေျပးမလား

    ဘီယာဗိုက္ ျမန္ျမန္က်ဖို႔ လမ္းေလွ်ာက္မလား၊ ေျပးမလား

    ====================
    ====================

    အသက္ၾကီးၾကီး ဗိုက္ပူပူနဲ႔ အမ်ိဳးသားေတြကို ဘီယာဗိုက္ ဆိုျပီး ေနာက္ေျပာင္ေခၚေ၀ၚၾကတာ ၾကားဖူးၾကမယ္ထင္ပါတယ္။ အဓိကကေတာ့ ဗိုက္နဲ႔ ခါးမွာ အဆီေတြစုမိျပီး ဗိုက္ပူျပီး ေဖာေရာင္သလို ျဖစ္ေနတာပါ။

    ဘီယာဗိုက္ ဆိုတဲ့ နာမည္ေျပာင္လိုပါပဲ၊ ဘီယာ၊ အရက္ေသာက္တာ မ်ားတာေၾကာင့္လည္း ျဖစ္ႏိုင္သလို အဆီစားတာ မ်ားသူေတြ၊ အစာအာဟာရ မမွ်တသူေတြ၊ အထိုင္မ်ားျပီး လႈပ္ရွားမႈ နည္းသူေတြ၊ အ၀လြန္သူေတြ၊ ေလ့က်င့္ခန္း မလုပ္တဲ့သူေတြမွာ ဗိုက္အဆီဖံုးႏိုင္ပါတယ္။ ၀တဲ့သူေတြသာမက ပိန္တဲ့သူေတြမွာလည္း ဘီယာဗိုက္ ျဖစ္ႏုိင္ပါတယ္။

    ေသြးထဲမွာ မလိုအပ္တဲ့ ကိုလက္စထေရာ၊ ကယ္လိုရီနဲ႔ အဆီေတြ စုမိျပီး ၾကာလာတဲ့အခါ အ၀လြန္ေရာဂါနဲ႔ ေနာက္ဆက္တြဲ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုး၊ ေက်ာက္ကပ္အဆီဖံုးတာအျပင္ ကင္ဆာေရာဂါေတြပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးရႈေထာင့္ကေနျပီး ဗိုက္အဆီ ျမန္ျမန္က်ေစဖို႔ ဘယ္လို ေလ့က်င့္ခန္းက သင့္ေလ်ာ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

    ဗိုက္အဆီ က်ေစဖို႔ ျပဳျပင္သင့္တဲ့ အရာေတြ
    မျဖစ္မေန ျပင္သင့္တာကေတာ့ ေန႔စဥ္ စားေသာက္ေနထုိင္တဲ့ ပံုစံပါပဲ။ ၀မ္းဗိုက္မွာ အဆီစုေနတာဟာ အလြန္ၾကည့္ရဆိုးေစတဲ့အျပင္ က်န္းမာေရးအတြက္လည္း ေရရွည္မွာ ဒုကၡမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

    ပံုမွန္လူတစ္ေယာက္ဟာ ေန႔စဥ္ မိနစ္ ၃၀ ခန္႔ လမ္းေလွ်ာက္ျခင္း သို႔မဟုတ္ ၁၅ မိနစ္ခန္႔ ေျပးျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္ေပးလို႔ ရေပမယ့္ ၀မ္းဗိုက္မွာ အဆီစုေနတဲ့သူေတြကေတာ့ အဆီက်ေစဖို႔ အခ်ိန္ယူရမွာ ျဖစ္တဲ့အျပင္ ကိုယ္လက္ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္ဖို႔ လိုအပ္ပါတယ္။

    ၀မ္းဗိုက္အဆီ အျမန္က်ဖို႔ ေျပးမလား၊ လမ္းေလွ်ာက္မလား။
    လမ္းၾကာၾကာေလွ်ာက္ျခင္းထက္ ေျပးလိုက္တဲ့အခါ အားအင္ ပိုမိုစိုက္ထုတ္ရတဲ့အတြက္ ခႏၶာကိုယ္က ကယ္လိုရီနဲ႔ အဆီေတြကို ပိုမိုေလာင္ကၽြမ္းေစႏိုင္တာေၾကာင့္ ၀မ္းဗိုက္အဆီဖံုးေနသူေတြအတြက္ အသင့္ေလ်ာ္ဆံုး ေလ့က်င့္ခန္းပါပဲ။

    ကိုယ္က အလုပ္ခြင္မွာ အထိုင္မ်ားတယ္ဆိုရင္ မၾကာခဏ ထသြား ထလာ လုပ္ေပးပါ။ မနက္ခင္း ေလေကာင္းေလသန္႔ကို ရွဴရႈိက္ရင္း အေျပးေလ့က်င့္ပါ။ ေျပးေနစဥ္မွာ ေသြးထဲမွာ ရွိတဲ့ အဆီေတြကို ေလာင္ကၽြမ္းေစတဲ့ ေဟာ္မုန္းေတြ အမ်ားအျပား ထြက္ရွိလာပါတယ္။ ဒီအခါမွာ ဇီ၀ကမၼ ျဖစ္စဥ္ေျပာင္းလဲမႈဟာ ပိုမိုေကာင္းမြန္လာျပီး အစာေၾကေစတယ္၊ အဆီက်ေစတယ္၊ ေသြးလည္ပတ္မႈကိုလည္း ေကာင္းေစတယ္၊ ႏွလံုးခုန္ႏႈန္းကိုလည္း ျမန္ေစျပီး ကိုယ္ခံအားကို ျမွင့္တင္ေပးႏုိင္ပါတယ္။

    ေျပးတာအျပင္ တျခားဘာေလ့က်င့္ခန္းေတြ လုပ္ေပးဖို႔ လိုမလဲ။
    ကိုယ္က အခ်ိန္သိပ္မေပးႏိုင္တဲ့သူဆိုရင္ေတာ့ မနက္ခင္း ေစာေစာထျပီး ပံုမွန္ အေျပးေလ့က်င့္ပါ။ မေျပးခင္မွာ ၁၀ မိနစ္ခန္႔ ခပ္သြက္သြက္ လမ္းေလွ်ာက္ေပးပါ။ ျပီးမွ စတင္ေျပးပါ။ ေျပးတဲ့အခါမွာလည္း အသက္ကို ပံုမွန္ရွဴရႈိက္ဖို႔ အေရးၾကီးပါတယ္။ အေမာခံႏုိင္ဖို႔နဲ႔ သက္လံုေကာင္းေစဖို႔၊ အဆီပိုေတြ အျမန္က်ေစဖို႔ အနည္းငယ္ အရွိန္ထည့္ျပီး ေျပးၾကည့္ပါ။ အစပိုင္းမွာေတာ့ ေမာေနမွာျဖစ္ေပမယ့္ ေနာက္ပိုင္း က်င့္သားရသြားတဲ့အခါ အဆင္ေျပသြားပါလိမ့္မယ္။

    အခ်ိန္ပိုေပးႏိုင္မယ္ဆိုရင္ေတာ့ ၾကြက္သားကို အားစိုက္ထုတ္ရတ့ဲ ေရကူးေလ့က်င့္တာ၊ အားကစားလုပ္တာ၊ Gym မွာ စနစ္တက် အေလးမတာ၊ ၀မ္းဗိုက္ေလ့က်င့္ခန္း လုပ္တာေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။ ထိုင္ထ လုပ္တာ၊ အိပ္ထမတင္ လုပ္တာ၊ ဒိုက္ထိုးတာ ပံုမွန္ လုပ္ေပးႏိုင္ရင္လည္း ကိုယ္တြင္း အဆီပိုေတြကို လ်င္ျမန္စြာ က်ေစျပီး ၾကြက္သားထုကို ျပန္လည္တည္ေဆာက္ေပးႏိုင္ပါတယ္။

    ၀မ္းဗိုက္အဆီခ်ဖို႔ ဘာေတြ သိထားဖို႔ လိုမလဲ။
    အဆီနဲ႔ ကယ္လိုရီေတြ အမ်ားအျပား စုေနတာေၾကာင့္ ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ ေန႔စဥ္ ပံုမွန္လုပ္သြားဖို႔နဲ႔ စိတ္ရွည္ဖို႔ အေရးၾကီးပါတယ္။ ေမာတယ္ဆိုျပီး ေနာက္ေန႔ေတြမွာ နားလိုက္တာမ်ိဳး၊ ျဖည္းျဖည္းေလးပဲ ေျပးတာမ်ိဳး လုပ္တာဟာ ထိေရာက္မႈ အလြန္နည္းပါတယ္။

    ေလ့က်င့္ခန္းကိုလည္း လုပ္ပါ။ အစားကိုလည္း ဆင္ျခင္ပါ။ အမွ်င္ဓာတ္မ်ားတဲ့ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံ မ်ားမ်ားစားေပးပါ။ ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏုိင္တဲ့ ပရိုတင္းဓာတ္ေတြ ပါ၀င္တဲ့ အသား၊ ငါး၊ ပဲ၊ ဥ၊ ႏို႔ထြက္ပစၥည္းေတြ စားေပးပါ။ အစားအစာခ်က္ျပဳတ္ရာမွာ ဆီ၊ ဆား၊ သၾကား ေလွ်ာ့ထည့္ပါ။ သၾကားပါ၀င္မႈ မ်ားတဲ့ အေအးေတြ၊ မုန္႔ပဲသေရစာေတြအစား သစ္သီး၀လံေတြကိုသာ စားသံုးေပးပါ။

    ==========

    ေရးသားသူ Ye Myo Myat
    ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.

     

  • ပံုမွန္ စားေပးရင္ ကင္ဆာေရာဂါကို ေတာင္ကာကြယ္ေပးနုိင္တဲ့အီနိုကီမိႈေပါင္း ခ်ဥ္စပ္လုပ္နည္းေလး … …

    ပံုမွန္ စားေပးရင္ ကင္ဆာေရာဂါကို ေတာင္ကာကြယ္ေပးနုိင္တဲ့အီနိုကီမိႈေပါင္း ခ်ဥ္စပ္လုပ္နည္းေလး … …

    ====================
    ====================

    ပံုမွန္ စားေပးရင္ ကင္ဆာ ကာကြယ္ေပးတယ္လို႔ တရုတ္ေတြ ယံုႀကည္ႀကတဲ႔ မိႈေလးပါ ။

    သက္သတ္လြတ္ လည္းၿဖစ္ပါတယ္..။

    မိႈေပါင္းခ်ဥ္စပ္လုပ္နည္းကိုေတာ႔ မားအံုဆီက တတ္တာပါ..။

    မိႈကို အရင္းဘက္ေတြကို ၿဖတ္ပီး ေရေဆး သန္႔စင္ပါ၊ ၿဖတ္တဲ႔အခါ မိႈမွ်င္ေလးေတြ တြဲေနတဲ႔အပိုင္းကို ခ်န္ထားပါ၊

    အဲဒါမွ မိႈေလးေတြကို တစု တစု ခ်င္းစီ ခြဲလို႔ရပါတယ္၊ မိႈေလးေတြကို အရြယ္ညီ အစုေလးေတြ ခြဲပါ၊

    မားအံုကေတာ႔ မိႈေလးေတြကို ထိုင္းငံၿပာရည္ေလးနဲ႔နယ္ပီး ပန္းကန္ထဲ စီထည္႔ပီး ၅ မိနစ္ေလာက္ေပါင္းပါတယ္၊

    မမီးကေတာ႔ ေရဆူထဲမွာ မိႈေလးေတြကို ၿပစ္ထည္႔ ခ်က္ခ်င္းၿပန္ဆယ္ပီး ပန္းကန္မွာ စီထည္႔ပါတယ္၊

    ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးစိမ္း၊ ပဲငံျပာရည္အက်ဲ၊ ႀကံသကာတို႔ကို ေရာေထာင္း၊ သံပုရာရည္ညွစ္ပီး အခ်ဥ္လုပ္လိုက္ပါတယ္၊

    ေပါင္းထား /ၿပဳတ္ထားတဲ႔ မိႈေပၚမွာ အခ်ဥ္ရည္ေလး ဆမ္းစားတာ.မိႈကလည္း အခ်ိဳရည္ေလးေတြ ထြက္လာပီး.

    ႀကြပ္ႀကြပ္ထုတ္ထုတ္ေလး နဲ႔ အခ်ဥ္ရည္ေလး စားလို႔ေကာင္းလိုက္တာရွင္..။

    Credit – Lwin Pyan

  • ဘုရားဆြမ္းေတာ္ကပ္ရာတြင္ မွန္ကန္သည္ထင္ေနသည့္ အမွားေလးမ်ား

    (Zawgyi)

    ဘုရားဆြမ္းေတာ္ကပ္ရာတြင္ မွန္ကန္သည္ထင္ေနသည့္ အမွားေလးမ်ား

    ဗုဒၶဘာသာအမ်ားရဲ႕ အလြဲေတြထဲက ေနာက္ထပ္အလြဲတစ္ခုက ဘုရားဆြမ္းေတာ္ ကပ္တာေလးပါ။ ဆြမ္းေတာ္ကပ္လႉတာကို ေျပာတာပါ။ နတ္တင္သလိုမ်ိဳး ဘုရားဆြမ္းေတာ္တင္တာမ်ိဳး မဟုတ္ပါဘူး။ ဆြမ္းေတာ္ကပ္တာ ဆိုတဲ့အတြက္ သက္ရွိထင္ရွား ဘုရားရွင္ကို ရည္႐ြယ္အာ႐ုံျပဳၿပီး ကပ္ဖို႔လိုပါတယ္။ ဘုရားက ဘာမွ မေျပာဘူးဆိုၿပီး ျဖစ္သလိုေလး တင္သြားတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ ဗုဒၶဘာသာဝင္ အခ်ိဳ႕ရဲ႕ အိမ္မွာဘုရားဆြမ္းေတာ္ ကပ္တာေလးေတြ ေတြ႕ဖူးပါတယ္။

    ထမင္းပန္းကန္ေလးေပၚမွာ သၾကားေလးျဖဴး၊ ထန္းလွ်က္ေလးနဲ႔ တင္ထားတာကိုပါ။ အိမ္မွာ စားစရာမရွိလို႔၊ သူတို႔ကိုယ္တိုင္ ဒီသၾကား၊ ထန္းလွ်က္ေတြနဲ႔ စားေနရလို႔ဆိုရင္ေတာ့ အထူးေျပာစရာ မရွိပါဘူး။ ကိုယ္စားႏိုင္တာ၊ ကိုယ္ရွိတာေလးနဲ႔ ကိုယ္နဲ႔ထပ္တူထားၿပီး ဘုရားရွင္ကိုလည္း မရွိရွိတာ ကပ္တဲ့သေဘာပါ။ ခုဟာက အဲလိုမဟုတ္ပါဘူး။ မကပ္ႏိုင္လို႔ မဟုတ္ပါဘူး။ ကိုယ္စားတဲ့အခါ ဟင္းသုံးေလးမ်ိဳးနဲ႔ စားေနၿပီး ဘုရားဆြမ္းေတာ္ ကပ္တဲ့အခါမွာသာ အဲလိုတင္တာပါ။ တမင္တကာ ရည္႐ြယ္ၿပီး တင္တာေတာ့ မဟုတ္ေလာက္ပါဘူး။ မသိလို႔ ျဖစ္မွာပါ။ ဒီလိုပဲ တင္ရတယ္ထင္လို႔ ထမင္းပန္းကန္ေလးအေပၚမွာ သၾကားထန္းလွ်က္ေလး ပုံၿပီးတင္တာ ျဖစ္မွာပါ။ ေရွးအစဥ္လာကတည္းက ဒီလိုတင္ရတယ္လို႔ သိေနခဲ့လို႔ တင္တာလည္း ျဖစ္ေကာင္းျဖစ္မွာပါ။ အဲဒီလို ပုံၿပီးတင္တာဆိုရင္ေတာ့ ဘုရားဆြမ္းေတာ္ကပ္တယ္လို႔ ေျပာလို႔မရဘဲ နတ္တင္သလို တင္တယ္လို႔ပဲ ေျပာရပါလိမ့္မယ္။ ဗုဒၶဘာသာ အခ်ိဳ႕ရဲ႕ ဘုရားစင္မွာ ဒီလိုနတ္တင္သလို ဘုရားဆြမ္းေတာ္ တင္တာေတြ ခုခ်ိန္ထိ ရွိေနပါေသးတယ္။

    တကယ္ေတာ့ ဒီလိုမျဖစ္သင့္ပါဘူး။ ဆြမ္းေတာ္မတင္ဘဲ ဆြမ္းေတာ္ကပ္သင့္ပါတယ္။ ကပ္တယ္ဆိုကတည္းက သက္ေတာ္ထင္ရွား ဘုရားကို အာ႐ုံျပဳၿပီး ဘုရားရွင္ကို အိမ္မွာပင့္ၿပီး ကပ္သလိုမ်ိဳး ေသခ်ာက်နစြာ ကပ္သင့္ပါတယ္။ နည္းတာမ်ားတာက အဓိကမက်ပါဘူး။ ဆြမ္းေတာ္ကို ဆြမ္း၊ ဆြမ္းဟင္းစသည္ သီးသန႔္စီျပင္ၿပီး ကိုယ္စားသလိုမ်ိဳးဦးဦးဖ်ားဖ်ား ႐ို႐ိုေသေသ ကပ္လႉသင့္ပါတယ္။ အမ်ားႀကီး ဝိုင္းလိုက္ျပင္ၿပီး ကပ္လႉဖို႔မဟုတ္ပါဘူး။ ကိုယ္စားတဲ့အထဲက မစားခင္ အဦးအဖ်ား လႉတဲ့သေဘာနဲ႔ ေစတနာေရွ႕ထားၿပီး ကပ္လႉေစခ်င္တာပါ။ ကပ္ၿပီးရင္လည္းေမ့ေမ့ေပ်ာက္ေပ်ာက္ မထားသင့္ပါဘူး။ ေနာက္ေန႔ တစ္ခါကပ္ခါနီးမွ စြန႔္ၿပီးကပ္တာမ်ိဳး မျဖစ္သင့္ပါဘူး။ သူ႔အခ်ိန္ေလးနဲ႔သူ ကပ္ၿပီး စြန႔္သင့္ပါတယ္။ အ႐ုဏ္ကပ္ၿပီး တစ္ခါစြန႔္ ေနဆြမ္းမွာလည္း မြန္းမတည့္မီကပ္ၿပီး မြန္းတည့္၁၂နာရီ မေက်ာ္မီ စြန႔္သင့္ပါတယ္။ ဆြမ္းမွမဟုတ္ပါဘူး။ တစ္ျခား ပန္း၊ သစ္သီး၊ ေသာက္ေတာ္ေရ စတာေတြကိုလည္း ေသေသခ်ခ်ာ က်က်နန ျပင္ဆင္ကပ္သင့္ပါတယ္။

    ေသာက္ေတာ္ေရကေတာ့ အခ်ိန္ျပည့္ ကပ္ထားလို႔ ရပါတယ္။ ကပ္တဲ့ ေသာက္ေတာ္ေရခြက္ေတာ့ ကိုယ့္အိမ္မွာ ပုံမွန္ေသာက္ေနတဲ့ ေသာက္ေရခြက္ အေနအထားေတာ့ ရွိသင့္ပါတယ္။ တစ္ခ်ိဳ႕ ဘုရားေသာက္ေတာ္ေရကို အရက္ခြက္အ႐ြယ္ အေသးေလးေတြနဲ႔ တစ္ေနကုန္ တစ္ခါပဲ ကပ္တာေတြ ရွိပါေသးတယ္။ အလကားရတဲ့ ေရကိုေတာင္ နဲနဲေသးေသးေလးပဲ ကပ္ေတာ့ ေျပာစရာျဖစ္တာေပါ့။ ကိုယ္ကိုယ္တိုင္လည္း အဲဒီေလာက္ ေသးေသးေလးကို တစ္ေနကုန္ေသာက္ၿပီး ေနႏိုင္မေနႏိုင္ ဆင္ျခင္သင့္ပါတယ္။

    ပန္းကပ္တာလည္း ရွိေသးတယ္။ ၾကာၾကာခံေအာင္၊ ေနာက္မလဲရေအာင္ ဆိုၿပီး ကပ္လႉၾကတယ္ေလ။ ေဇာ္စိမ္းေဇာ္ၾကားတဲ့။ ကပ္ၿပီးပန္းအိုးထဲမွာ အျမစ္ပါ ေပါက္လာေတာ့ ပိုခံတာေပါ့တဲ့။ အဲဒါဆိုလဲ ကပ္မေနနဲ႔ေတာ့ေပါ့။ ပန္းလည္းလွၿပီး အနံ႔အသက္ရွိတဲ့ ပန္းဆို ဘုရားရွင္ကို ပိုၿပီးပူေဇာ္လို႔ ေကာင္းတာေပါ့။ ၿပီးေတာ့ သစ္သီးကပ္တာေတြ ရွိပါေသးတယ္။ ေဈးသြား ငွက္ေပ်ာသီး၊ သရက္သီး အစိမ္းအလုံး လွလွေလးေတြ ဝယ္လာၿပီ ဘုရားစင္ေပၚတင္ကပ္ထား၊ မွည့္တဲ့အခါက်ေတာ့ စြန႔္ၿပီး ကိုယ္စားပစ္လိုက္တာေတြ ရွိပါတယ္။ ဒီေတာ့ ဘုရားစင္က သစ္သီးအုပ္တဲ့စင္လို ျဖစ္ေနျပန္ပါတယ္။ အဲဒီလို မျဖစ္သင့္ပါဘူး။ သစ္သီးအစိမ္းအလွေတြ ဝယ္လာလို႔ ဘုရားစင္မွာ ကပ္လႉထားျဖစ္ရင္လည္း မွည့္တဲ့အခါမွာ ေသခ်ာက်က်နန ခြဲၿပီးဇြန္းေလး၊ ခရင္းေလးေတြထည့္ကာ အခ်ိန္ကာလၾကည့္ၿပီး ကပ္လႉသင့္ပါတယ္။ ဒါမွ သစ္သီးဆြမ္းကပ္ရာ ေရာက္မွာေပါ့။ ခုေတာ့ အစိမ္းဝယ္တင္ထားၿပီး ကိုယ္ေတာ္အဆင္ေျပသလို ဘုဥ္းေပးဆိုတာမ်ိဳး ျဖစ္ေနပါတယ္။ မထူးပါဘူး။ ဓားနဲ႔ဇြန္းခရင္းပါတင္ၿပီး မွည့္ရင္အရွင္ဘုရား ကိုယ္တိုင္ပဲ ခြဲစားပါဘုရားလို႔ တစ္ခါတည္း ကပ္ထားလိုက္ေပါ့။ ပိုသက္သာတာေပါ့။ ထားပါေလ။ ေျပာခ်င္တာက ဘာပဲကပ္ကပ္ သက္ေတာ္ထင္ရွား ဘုရားကို ရည္မွန္းၿပီး ကိုယ္တတ္ႏိုင္သမွ်ကို နည္းသည္မ်ားသည္မဟုတ္ဘဲ ေသခ်ာက်က်နန ကိုယ္နဲ႔ထပ္တူ စဥ္းစားကာ ဦးဦးဖ်ားဖ်ား ကပ္လႉၾကဖို႔ ေျပာတာပါ။

    ဘုရားရွင္ရဲ႕ အလုပ္အေကြၽး အရွင္အာနႏၵာ မေထရ္လို႔ေပါ့။ အရွင္အာနႏၵာမေထရ္ဟာ ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မူၿပီး ေနာက္ပိုင္းမွာလည္း ဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္တုန္းကလိုပဲ မပ်က္မကြက္ ျပင္ဆင္ကာ “အရွင္ဘုရား ဒီအခ်ိဳန္က မ်က္ႏွာသစ္ေရ သုံးေဆာင္ရမယ့္အခ်ိန္၊ ဒီအခ်ိန္က အ႐ုဏ္ဆြမ္းဘုဥ္းရမယ့္ အခ်ိန္၊ ဒီအခ်ိန္က ေန႔ဆြမ္းဘုဥ္းေပးရမယ့္ အခ်ိန္ပါဘုရား“ စသည္ျဖင့္ သက္ေတာ္ထင္ရွား ဘုရားရွင္ကို လုပ္ေကြၽးေနတဲ့ ပုံစံအတိုင္း ကပ္လႉလုပ္ေကြၽးတယ္လို႔ ဆိုပါတယ္။ အရွင္အာနႏၵာမေထရ္ေလာက္ မလုပ္ႏိုင္ၾကေပမယ့္ ဗုဒၶဘာသာမ်ားဟာ ကိုယ္တတ္ႏိုင္တဲ့ အတိုင္းအတာေလးနဲ႔ ကိုယ္စားတဲ့အရာေလးေတြကို တတ္ႏိုင္သမွ် က်က်နနျပင္ဆင္ကာ ႐ို႐ိုေသေသ ကပ္လႉၾကေစခ်င္တာပါ။ ဒါေၾကာင့္မို႔ ဘုရားဆြမ္းေတာ္ကပ္တာကို နတ္တင္သလိုမ်ိဳး ျဖစ္သလို မတင္ၾကဘဲ နည္းမ်ားမဆို ေစတနာ သဒၶါတရားအျပည့္နဲ႔ ေသခ်ာက်က်နန ျပင္ဆင္ကပ္လႉၾကဖို႔ အလြဲေလးေတြကို မလြဲေအာင္ သတိေပးတင္ျပျခင္း ျဖစ္ပါတယ္။

    Credit – မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)

    (Unicode)

    ဘုရားဆွမ်းတော်ကပ်ရာတွင် မှန်ကန်သည်ထင်နေသည့် အမှားလေးများ

    ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။

    ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူး၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

    တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုးဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။ အများကြီး ဝိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်းမေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

    သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကားရတဲ့ ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။

    ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။ ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ဝယ်လာပြီ ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ဝယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

    ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။ အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။ ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။

    Credit – မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)