Author: shangyi

  • မိန်းမ မတက်ရတဲ့ ဘုရားများဆိုတာ

    မိန်းမ မတက်ရတဲ့ ဘုရားများဆိုတာ

    မက္ကဆီကို နိုင်ငံဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ ခရစ်ယာန်များတဲ့ နိုင်ငံ။ အဲဒီ မက္ကဆီကိုက ဗုဒ္ဓဘာသာ ဖြစ်စ လူ (၃၀) လောက် မြန်မာပြည် ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးပြီးတော့ စစ်ကိုင်း ရောက်လာတယ်။ ရောက်လာပြီး ပါချုပ်ဆရာတော် ကျောင်း ရောက်လာပြီးတော့ ကျောင်းစောင့်တွေကို ခွင့်တောင်းတယ်။ “ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်” တဲ့။

    ဒါနဲ့ ဆရာတော်ကို နိုင်ငံခြားသားတွေကတွေ့တဲ့အခါ မက္ကဆီကန်သူ အမျိုးသမီး တစ်ယောက်က ဘာမေးတုန်း ဆိုရင် “ဘုရားကြီး ဝင်ပြီး ဖူးတဲ့အခါမှာ (အမျိုးသမီးမဝင်ရ) ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာ တယ်တဲ့။ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြား ဆက်ဆံ သလား” တဲ့။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ထိစပ်နေတဲ့ နေရာ အတော်များများမှာ အဆိုပါ ဆိုင်းပုဒ်နဲ့ စည်းကမ်းလေး တွေ တွေ့ဖူးကြမှာပါ။ ဥပမာ – ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ မှာဆိုရင် “အမျိုးသမီး မတက်ရ” ဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားတာ ရှိတယ်။ ကျိုက်ထီးရိုး ဘုရားမှာ ကျတော့လဲ “တံတားကို အမျိုးသမီး မကူးရ” ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန် Tour Guide တွေ ခဏခဏ ပြဿနာတက်တတ် ကြတယ်။

    ဆိုတော့ အခုလည်း မက္ကဆီကန်က အသစ်စက်စက် ဗုဒ္ဓဘာသာ ဖြစ်ခါစ နိုင်ငံခြားသူ က မကျေနပ် ဘူး။ သူတို့ နိုင်ငံခြားက လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အင်မတန် စူးစမ်းကြတာလေ။ တစ်ခုခု ဆိုရင် တိကျတဲ့ အဖြေမရ မချင်း ဇွတ်ကို မေးနေမှာ။ ခုလဲ ဒီကိစ္စကို မရဘူး။ သူလက်မခံဘူးပေါ့။ သူက ယောက်ျားရှေ့က နေချင်တာ။ အဲ့တော့ ယောက်ျားတွေချည်း တစွက်စွက် ဝင်သွားပြီး မိန်းမသားတွေ မဝင်ရဘူး ဆိုတော့ ဒါက မိန်းမသားတွေကို ဘာသာရေးမှာ သက်သက် နှိမ်တယ်လို့ စိတ်ထဲမှာ ထင်ကြောင်း ပါချုပ် ဆရာတော်ကို လျှောက်တယ်။

    ပါချုပ် ဆရာတော် က ဘာပြန်မိန့်သလဲဆိုတော့ – “This is not Buddhism. This is a tradition.” ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့။ ဒါဟာ “tradition” မြန်မာတို့ရဲ့ ဓလေ့ထုံးစံ ခေါ်တယ်လို့ ပြောတော့မှ ကျေနပ် သွားတယ်။

    Tour Guide လုပ်တဲ့ လူတွေကိုလည်း ပါချုပ်ဆရာတော်ဟာ တဆက်ထဲမှာလိုက်တယ်။ “မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့။ Guide လုပ်တဲ့လူကို အဲဒီလိုမေးလိုက်လို့ Guide ဖြစ်တဲ့လူက အယောင်ယောင်အမှားမှားနဲ့ အမျိုးသမီးဆိုတာ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အဲဒီလိုတွေ မပြောနဲ့တဲ့။ သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျား တောင် ရှိသေးတယ်တဲ့” ဆရာတော်က မိန့်တယ်။

    ဆက်လက်ပြီး ဆရာတော်က – “သီဟိုဠ်မှာဆိုရင် သူတလှည့် ကိုယ်တလှည့် ဝတ်နေတာ။ ထမီရယ် လုံချည်ရယ် ရှိတာ မဟုတ်ပဲ။ ဘာမှ မထူးဘူး။ ခေါင်းအုံးပေါ်လဲ ခြေထောက် တင်တာပဲ အဲဒီလူတွေ။ အဲဒီတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ ရမှာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

    သို့သော် ဗမာတွေ အယူအဆနော်။ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ။ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန်စိတ်ဆိုးမယ်။ ဒါက tradition ပဲပေါ့။ ခေါင်းမကိုင်နဲ့ ခေါင်းကိုင်ရင် မကြိုက် ဘူး။ ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ။ အဲဒါ သီဟိုဠ်တွေက ဘာရယ် မဟုတ်ဘူး။ လူကို ချစ်လို့ရှိရင် ခေါင်းကိုင်တယ်။

    အဲဒီလိုမျိုးတွေ တစ်ဦးနဲ့တစ်ဦး tradition တွေက မတူဘူး။ ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး။ ခြေထောက်နဲ့ ပြတယ်။ (ဗမာကျတော့ ဒါ အင်မတန်ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာ မဖြစ်ဘူး။ “ဟာ ဒီကောင် ရိုင်းလှချည်လား” ဆို ရန်ဖြစ်ကြ။ သူကလဲ ဘာရိုင်းမှန်း မသိဘူး။ ရိုင်းလှချည်လားဆို သူ့ကိုယ်သူလဲ ဘာရိုင်းမှန်းမှ မသိတာ။ သူ လုပ်နေကျပဲ ခြေထောက်နဲ့ ပြတယ်လေ။ ဒါ သူ့ ခြေထောက် အားလို့ ခြေထောက်နဲ့ ပြတာပေါ့။ ကိုယ်အားတာ ကိုယ်လုပ်တာ။ လက်နဲ့ ခြေထောက် တူတူပိုင်တာပဲ။

    သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်။ ယဉ်ကျေးတယ်လို့ ယူဆကြတယ်။အဲဒီလို ယူဆတာ။

    သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး။ ဘာလုပ်တုန်း။ ဘုန်းကြီးဘက် ခြေထောက်လေးတွေ ဆင်းပြီး ထိုင်ကြတယ်။ အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်။ အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီး ဘက်ကို ခြေဆင်းထိုင်ကြတယ်။ လက်အုပ်တော့ ချီထားတယ်။ ခြေစုံလက်စုံမိုးတယ် ဆိုတာ အဲဒါ ခေါ်တာ။ ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်။ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်။ ခြေစုံလက်စုံမိုး ဒါ သူတို့ tradition ပဲ။ သွားပြောလို့ မရဘူးလေ။

    သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး။ ဗမာကတော့ ခြေထောက်ကို အလွန် ယုတ်ညံ့တယ်။ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး၊ သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး။ နောက်ပစ်ထားရတယ်နော်။ သူတို့ကျတော့ ခြေထောက်နဲ့ ခေါင်း တူတူပဲ။ ဘာမှ မထူးဘူး။

    အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်။ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ဝင်ရောက် နေတာ။ ဗုဒ္ဓရဲ့ အဆုံးအမ အစစ်က ခုနက ပြောတဲ့ အတိုင်းပဲ။

    ဘယ်အချိန်လုပ်လုပ် ကောင်းတာ လုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ။ ကောင်းကင်က ကြယ်တွေက ကိုယ့် ကိုဘာမှ မတတ်နိုင်ဘူး။ ကောင်းကင် နက္ခတ်တွေက ကိုယ့်ကို ဘာမှ မတတ်နိုင်ဘူး။ ကိုယ် လုပ်သင့် မလုပ်သင့် ကိုယ့်ဟာ ကိုယ်ပဲ နားလည်ရမယ်။ အကုသိုလ် မဖြစ်အောင် လုပ်ရမယ်။ ကုသိုလ် ဖြစ် အောင် သတိဆောင်ရမယ်။ ဒါ မြတ်စွာဘုရားရဲ့အဆုံးအမ အခြေခံပဲ။

    မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ် ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ် ကောင်းတယ်။ အကုသိုလ်ဖြစ်တဲ့ အလုပ်မှန်သမျှ မလုပ်ကောင်းဘူး။ ဒီလိုပဲ သတ်မှတ်တယ်။

    (Zawgyi)

    မိန္းမ မတက္ရတဲ့ ဘုရားမ်ားဆိုတာ

    မကၠဆီကို ႏိုင္ငံဆိုတာ အားလုံးသိၾကတဲ့ အတိုင္းပဲ ခရစ္ယာန္မ်ားတဲ့ ႏိုင္ငံ။ အဲဒီ မကၠဆီကိုက ဗုဒၶဘာသာ ျဖစ္စ လူ (၃၀) ေလာက္ ျမန္မာျပည္ ေရာက္လာတယ္။ ေရာက္လာတဲ့အခါက်ေတာ့ မႏၲေလးက မဟာျမတ္မုနိဘုရားႀကီး ဝင္ဖူးၿပီးေတာ့ စစ္ကိုင္း ေရာက္လာတယ္။ ေရာက္လာၿပီး ပါခ်ဳပ္ဆရာေတာ္ ေက်ာင္း ေရာက္လာၿပီးေတာ့ ေက်ာင္းေစာင့္ေတြကို ခြင့္ေတာင္းတယ္။ “ဆရာေတာ္နဲ႔ေတြ႕တုန္း ေမးစရာရွိတာေလး ေမးခ်င္ပါတယ္” တဲ့။

    ဒါနဲ႔ ဆရာေတာ္ကို ႏိုင္ငံျခားသားေတြကေတြ႕တဲ့အခါ မကၠဆီကန္သူ အမ်ိဳးသမီး တစ္ေယာက္က ဘာေမးတုန္း ဆိုရင္ “ဘုရားႀကီး ဝင္ၿပီး ဖူးတဲ့အခါမွာ (အမ်ိဳးသမီးမဝင္ရ) ဆိုတဲ့ ဆိုင္းဘုတ္ ေတြ႕လာ တယ္တဲ့။ ဗုဒၶဘာသာက အဲဒီလို ခြဲျခား ဆက္ဆံ သလား” တဲ့။

    ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာနဲ႔ ထိစပ္ေနတဲ့ ေနရာ အေတာ္မ်ားမ်ားမွာ အဆိုပါ ဆိုင္းပုဒ္နဲ႔ စည္းကမ္းေလး ေတြ ေတြ႕ဖူးၾကမွာပါ။ ဥပမာ – ေ႐ႊတိဂုံဘုရားရဲ႕ အလယ္ပစၥယံ မွာဆိုရင္ “အမ်ိဳးသမီး မတက္ရ” ဆိုတဲ့ ဆိုင္းဘုတ္ေထာင္ ထားတာ ရွိတယ္။ က်ိဳက္ထီး႐ိုး ဘုရားမွာ က်ေတာ့လဲ “တံတားကို အမ်ိဳးသမီး မကူးရ” ဆိုတာမ်ိဳးေတြ ရွိတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဒီႏိုင္ငံအေၾကာင္း သိပ္မသိတဲ့ ႏိုင္ငံျခားသား ဧည့္သည္ေတြနဲ႔ ဧည့္လမ္းၫႊန္ Tour Guide ေတြ ခဏခဏ ျပႆနာတက္တတ္ ၾကတယ္။

    ဆိုေတာ့ အခုလည္း မကၠဆီကန္က အသစ္စက္စက္ ဗုဒၶဘာသာ ျဖစ္ခါစ ႏိုင္ငံျခားသူ က မေက်နပ္ ဘူး။ သူတို႔ ႏိုင္ငံျခားက လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြက အင္မတန္ စူးစမ္းၾကတာေလ။ တစ္ခုခု ဆိုရင္ တိက်တဲ့ အေျဖမရ မခ်င္း ဇြတ္ကို ေမးေနမွာ။ ခုလဲ ဒီကိစၥကို မရဘူး။ သူလက္မခံဘူးေပါ့။ သူက ေယာက္်ားေရွ႕က ေနခ်င္တာ။ အဲ့ေတာ့ ေယာက္်ားေတြခ်ည္း တစြက္စြက္ ဝင္သြားၿပီး မိန္းမသားေတြ မဝင္ရဘူး ဆိုေတာ့ ဒါက မိန္းမသားေတြကို ဘာသာေရးမွာ သက္သက္ ႏွိမ္တယ္လို႔ စိတ္ထဲမွာ ထင္ေၾကာင္း ပါခ်ဳပ္ ဆရာေတာ္ကို ေလွ်ာက္တယ္။

    ပါခ်ဳပ္ ဆရာေတာ္ က ဘာျပန္မိန႔္သလဲဆိုေတာ့ – “This is not Buddhism. This is a tradition.” ဒါ ဗုဒၶဘာသာနဲ႔ မဆိုင္ဘူးလို႔။ ဒါဟာ “tradition” ျမန္မာတို႔ရဲ႕ ဓေလ့ထုံးစံ ေခၚတယ္လို႔ ေျပာေတာ့မွ ေက်နပ္ သြားတယ္။

    Tour Guide လုပ္တဲ့ လူေတြကိုလည္း ပါခ်ဳပ္ဆရာေတာ္ဟာ တဆက္ထဲမွာလိုက္တယ္။ “မင္းတို႔ ရွည္ရွည္ေဝးေဝးေတြ ေလွ်ာက္မေျပာနဲ႔။ Guide လုပ္တဲ့လူကို အဲဒီလိုေမးလိုက္လို႔ Guide ျဖစ္တဲ့လူက အေယာင္ေယာင္အမွားမွားနဲ႔ အမ်ိဳးသမီးဆိုတာ ဘုရားေရွ႕မွာ မေတာ္လို႔လို႔၊ ထမီေတြနဲ႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ ဆိုၿပီး အဲဒီလိုေတြ မေျပာနဲ႔တဲ့။ သူတို႔ဆီမွာ ထမီ ေခါင္းေပါင္းၿပီး ေရခ်ိဳးတဲ့ ေယာက္်ား ေတာင္ ရွိေသးတယ္တဲ့” ဆရာေတာ္က မိန႔္တယ္။

    ဆက္လက္ၿပီး ဆရာေတာ္က – “သီဟိုဠ္မွာဆိုရင္ သူတလွည့္ ကိုယ္တလွည့္ ဝတ္ေနတာ။ ထမီရယ္ လုံခ်ည္ရယ္ ရွိတာ မဟုတ္ပဲ။ ဘာမွ မထူးဘူး။ ေခါင္းအုံးေပၚလဲ ေျခေထာက္ တင္တာပဲ အဲဒီလူေတြ။ အဲဒီေတာ့ ေျခေထာက္က နိမ့္က်ၿပီး ေခါင္းက ျမတ္တယ္လို႔ ဘယ္လိုလုပ္ ေျပာလို႔ ရမွာလဲ။ ခႏၶာကိုယ္တစ္ခုလုံးဟာ တူတူပဲေပါ့။

    သို႔ေသာ္ ဗမာေတြ အယူအဆေနာ္။ ေခါင္းရင္းဆိုရင္ အမြန္အျမတ္ ထားတယ္ေလ။ ေခါင္းရင္းကို ေျခေထာက္ထားရင္ အလြန္စိတ္ဆိုးမယ္။ ဒါက tradition ပဲေပါ့။ ေခါင္းမကိုင္နဲ႔ ေခါင္းကိုင္ရင္ မႀကိဳက္ ဘူး။ ထိုင္းေလးေတြဆိုရင္ ေခါင္းသြားကိုင္ရင္ ရန္သူပဲ။ အဲဒါ သီဟိုဠ္ေတြက ဘာရယ္ မဟုတ္ဘူး။ လူကို ခ်စ္လို႔ရွိရင္ ေခါင္းကိုင္တယ္။

    အဲဒီလိုမ်ိဳးေတြ တစ္ဦးနဲ႔တစ္ဦး tradition ေတြက မတူဘူး။ ၿပီးေတာ့ သီဟိုဠ္တို႔ Chinese တို႔က တစ္ခုခုျပရင္ လက္နဲ႔ မျပဘူး။ ေျခေထာက္နဲ႔ ျပတယ္။ (ဗမာက်ေတာ့ ဒါ အင္မတန္႐ိုင္းတယ္) ဒါ သူတို႔ tradition ပဲလို႔ ကိုယ္က နားလည္လို႔ရွိရင္ ျပႆနာ မျဖစ္ဘူး။ “ဟာ ဒီေကာင္ ႐ိုင္းလွခ်ည္လား” ဆို ရန္ျဖစ္ၾက။ သူကလဲ ဘာ႐ိုင္းမွန္း မသိဘူး။ ႐ိုင္းလွခ်ည္လားဆို သူ႔ကိုယ္သူလဲ ဘာ႐ိုင္းမွန္းမွ မသိတာ။ သူ လုပ္ေနက်ပဲ ေျခေထာက္နဲ႔ ျပတယ္ေလ။ ဒါ သူ႔ ေျခေထာက္ အားလို႔ ေျခေထာက္နဲ႔ ျပတာေပါ့။ ကိုယ္အားတာ ကိုယ္လုပ္တာ။ လက္နဲ႔ ေျခေထာက္ တူတူပိုင္တာပဲ။

    သို႔ေသာ္ tradition အရ ဒါေတြ ႐ိုင္းစိုင္းတယ္လို႔ ယူဆတယ္။ ယဥ္ေက်းတယ္လို႔ ယူဆၾကတယ္။အဲဒီလို ယူဆတာ။

    သီဟိုဠ္ကြၽန္း သြားၾကည့္ရင္ တရားနာၿပီဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြက ဒူးတုပ္ၿပီး မထိုင္ႏိုင္ဘူး။ ဘာလုပ္တုန္း။ ဘုန္းႀကီးဘက္ ေျခေထာက္ေလးေတြ ဆင္းၿပီး ထိုင္ၾကတယ္။ အမ်ိဳးသားေတြက ဒူးေထာင္ေပါင္ကား ထိုင္ၾကတယ္။ အဲေတာ့ အမ်ိဳးသမီးေတြထိုင္တာ ၾကည့္လိုက္လို႔ရွိရင္ ဘုန္းႀကီး ဘက္ကို ေျခဆင္းထိုင္ၾကတယ္။ လက္အုပ္ေတာ့ ခ်ီထားတယ္။ ေျခစုံလက္စုံမိုးတယ္ ဆိုတာ အဲဒါ ေခၚတာ။ ဒါ ဗုဒၶဂယာ သြားတဲ့လူေတြ သီဟိုဠ္အဖြဲ႕ ဘုရားဖူးလာတယ္ဆိုရင္ ေတြ႕လိမ့္မယ္။ ဒီအတိုင္းပဲ ေတြ႕ရတတ္တာပဲေနာ္။ ေျခစုံလက္စုံမိုး ဒါ သူတို႔ tradition ပဲ။ သြားေျပာလို႔ မရဘူးေလ။

    သူတို႔မွာ ေျခေထာက္ကို ယုတ္ညံ့တယ္လို႔ မသတ္မွတ္ဘူး။ ဗမာကေတာ့ ေျခေထာက္ကို အလြန္ ယုတ္ညံ့တယ္။ ယုတ္ညံ့သည့္အတြက္ေၾကာင့္ လူႀကီး၊ သူႀကီးေရွ႕ဆိုရင္ ေျခေထာက္ေဖာ္ မထိုင္ရဘူး။ ေနာက္ပစ္ထားရတယ္ေနာ္။ သူတို႔က်ေတာ့ ေျခေထာက္နဲ႔ ေခါင္း တူတူပဲ။ ဘာမွ မထူးဘူး။

    ေအး ျမတ္စြာဘုရားရဲ႕ အဆုံးအမ အမွန္ေတြဟာ ဒီ tradition ေတြကေန ခြဲထြက္ဖို႔ လိုအပ္တယ္။ tradition ေတြကေန ခြဲမထြက္ႏိုင္ဘူးဆိုရင္ ဗုဒၶရဲ႕ အဆုံးအမလိုလို ဘာလိုလိုနဲ႔ ေရာေထြး ဝင္ေရာက္ ေနတာ။ ဗုဒၶရဲ႕ အဆုံးအမ အစစ္က ခုနက ေျပာတဲ့ အတိုင္းပဲ။

    ဘယ္အခ်ိန္လုပ္လုပ္ ေကာင္းတာ လုပ္ရင္ ေကာင္းတဲ့ နကၡတ္ပဲ။ ေကာင္းကင္က ၾကယ္ေတြက ကိုယ့္ ကိုဘာမွ မတတ္ႏိုင္ဘူး။ ေကာင္းကင္ နကၡတ္ေတြက ကိုယ့္ကို ဘာမွ မတတ္ႏိုင္ဘူး။ ကိုယ္ လုပ္သင့္ မလုပ္သင့္ ကိုယ့္ဟာ ကိုယ္ပဲ နားလည္ရမယ္။ အကုသိုလ္ မျဖစ္ေအာင္ လုပ္ရမယ္။ ကုသိုလ္ ျဖစ္ ေအာင္ သတိေဆာင္ရမယ္။ ဒါ ျမတ္စြာဘုရားရဲ႕အဆုံးအမ အေျခခံပဲ။

    ျမတ္စြာဘုရားရဲ႕ အဆုံးအမကို အႏွစ္ခ်ဳပ္ေျပာရမယ္ ဆိုလို႔ရွိရင္ ကုသိုလ္ျဖစ္တဲ့အလုပ္ မွန္သမွ် လုပ္ ေကာင္းတယ္။ အကုသိုလ္ျဖစ္တဲ့ အလုပ္မွန္သမွ် မလုပ္ေကာင္းဘူး။ ဒီလိုပဲ သတ္မွတ္တယ္။”

    အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္

    ပါေမာကၡခ်ဳပ္ ဆရာေတာ္
    ေဒါက္တာ နႏၵမာလာဘိဝံသ

  • ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး သိချင်တယ်ဆိုလို့

    ငါးခြောက်ပြားကိုမဖုတ်ခင်အရင်ပေါင်းလိုက်ပါတယ် ငါးခြောက်ကမာနေတော့ရေစိမ်လိုက်ထုလိုက်ဖုတ်လို က်လုပ်နေရင်အချိန်ကြာလို့.ပီးတော့အသားတွေကြေ ကုန်တာများလို့နှမြောလို့…

    ဒယ်နီပေါ်မှာပေါင်းခံအိုးတင်ပီးငါးခြောက်ပြားကိုခဏပေါင်းလိုက်တယ် အသားလေးတွေအနည်းငယ်ပျော့သယောင်ဖြစ်လာပီဆို..အသားပြားလေးတွေကို..ကျည်ပွေ့နဲ့သာသာလေးထုပီးမွပေးလိုက်ပီးမှ မီးအေးအေးနဲ့ ကင်ပေးလိုက်တာ…

    ထပ်ပြီး ထုစရာမလိုတော့နည်းနည်းလေးကြွပ်ပီးမွှေးလာရင်လက်နဲ့အသာလေးဆွဲဖွလိုက်ရုံပဲ။ ပြီးရင်ဆီလေးစိမ်လိုက်ရုံခဏခဏမထုရတော့အသား တွေလည်းမကြေတော့အလေလွင့်လည်းနည်းတယ်.

    စားရတာလည်းမွမွလေးနဲ့အားလုံးကျက်တယ်။ ငါးခြောက်က အကင်မတတ်ရင်အသားတွေကြေကုန်တာနဲ့အလေလွင့်တွေများလို့ဒီနည်းလေးနဲ့ကင်ကြည့်နော်..မကပ်အိုးရှိရင်လည်းကင်လို့ရပါတယ်နော်…

    တစ်ချို့က ထမင်းပေါင်းအိုးထဲထမင်းမကျက်ခင်ထည့်ပေါင်းကြတယ်အဲလို ဆိုထမင်းမှာငါးခြောက်အနံ့တွေစွဲကုန်လို့သပ်သပ်ပေါင်းတာပါ…

    အားလုံးအဆင်ပြေကြပါစေနော်…

    Credit: Original Uploader

    (Zawgyi)

    ငါးေျခာက္ျပားကိုမဖုတ္ခင္အရင္ေပါင္းလိုက္ပါတယ္ ငါးေျခာက္ကမာေနေတာ့ေရစိမ္လိုက္ထုလိုက္ဖုတ္လို က္လုပ္ေနရင္အခ်ိန္ၾကာလို႔.ပီးေတာ့အသားေတြေၾက ကုန္တာမ်ားလို႔ႏွေျမာလို႔…

    ဒယ္နီေပၚမွာေပါင္းခံအိုးတင္ပီးငါးေျခာက္ျပားကိုခဏေပါင္းလိုက္တယ္ အသားေလးေတြအနည္းငယ္ေပ်ာ့သေယာင္ျဖစ္လာပီဆို..အသားျပားေလးေတြကို..က်ည္ေပြ႕နဲ႔သာသာေလးထုပီးမြေပးလိုက္ပီးမွ မီးေအးေအးနဲ႔ ကင္ေပးလိုက္တာ…

    ထပ္ၿပီး ထုစရာမလိုေတာ့နည္းနည္းေလးႂကြပ္ပီးေမႊးလာရင္လက္နဲ႔အသာေလးဆြဲဖြလိုက္႐ုံပဲ။ ၿပီးရင္ဆီေလးစိမ္လိုက္႐ုံခဏခဏမထုရေတာ့အသား ေတြလည္းမေၾကေတာ့အေလလြင့္လည္းနည္းတယ္.

    စားရတာလည္းမြမြေလးနဲ႔အားလုံးက်က္တယ္။ ငါးေျခာက္က အကင္မတတ္ရင္အသားေတြေၾကကုန္တာနဲ႔အေလလြင့္ေတြမ်ားလို႔ဒီနည္းေလးနဲ႔ကင္ၾကည့္ေနာ္..မကပ္အိုးရွိရင္လည္းကင္လို႔ရပါတယ္ေနာ္…

    တစ္ခ်ိဳ႕က ထမင္းေပါင္းအိုးထဲထမင္းမက်က္ခင္ထည့္ေပါင္းၾကတယ္အဲလို ဆိုထမင္းမွာငါးေျခာက္အနံ႔ေတြစြဲကုန္လို႔သပ္သပ္ေပါင္းတာပါ…

    အားလုံးအဆင္ေျပၾကပါေစေနာ္…

    Credit: Original Uploader

  • ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ်၊ သေချာမသိသေးသူများအတွက်။

    ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ် သေချာမသိသေးသူများအတွက်

    ပန်း ဘာကြောင့် ကပ်ရသလဲ? ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

    ၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ ဘုရားဖူး တရားနာ လာကြကုန်၏။ ခရီးကပန်း၊ လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။ တချို့မှာ ချွေးနံ့ တထောင်းထောင်းနှင့် ဘုရားရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော် တခုလုံး အနံ့သက်တွေက မကောင်း။

    ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာ ပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။ ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေကြည်လင်လာတယ်။ တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ် ထိုအချိန်မှ စ၍ ဘုရားပန်း လှူတဲ့ဓလေ့က စတင်လာတယ်။ ပန်းပန်တာ မဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပန ဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး အပြစ်ကင်းတယ်။

    ၂။ ပန်းအိုး ဘယ်နှအိုး ထားရမလဲ ဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ ဘယ်နှအိုးထားထား အပြစ် မရှိဘူး။ မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလို ထားနိုင်တယ်။ ၁ အိုး ၃ အိုး စသည်ဖြင့် မ ဂဏန်း ထားမှ ၂ အိုး ၄ အိုး စသည်ဖြင့် စုံ ဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။

    စုံမခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်။ မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ် ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။ တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက် အမျိုးမျိုး လှူကြတယ်။ ဘယ်လိုပဲ လှူလှူ ကုသိုလ်က ကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။

    Credit-Original Uploader

    (Zawgyi)

    ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္ ေသခ်ာမသိေသးသူမ်ားအတြက္

    ပန္း ဘာေၾကာင့္ ကပ္ရသလဲ? ပန္းအိုး ဘယ္ႏွအိုး ထားသင့္သလဲ?

    ၁။ ေဂါတမ ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္မူစဥ္ ရပ္ေဝးရပ္နီးမွ ရဟန္းရွင္လူအမ်ား ဘုရားဖူး တရားနာ လာၾကကုန္၏။ ခရီးကပန္း၊ လမ္းကၾကမ္းေသာေၾကာင့္ ေခြၽးသီးေခြၽးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။ တခ်ိဳ႕မွာ ေခြၽးနံ႔ တေထာင္းေထာင္းႏွင့္ ဘုရားရွင္ သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္ တခုလုံး အနံ႔သက္ေတြက မေကာင္း။

    ဒါကို သတိျပဳမိတဲ့ ညီေတာ္ အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔ တရားနာ ပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကို ထားခဲ့ၾကတယ္။ ဘုရားပန္းေတြေၾကာင့္ ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ ဘုရားဆီ မေရာက္ေတာ့ဘူးေပါ့။ တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြကိုျမင္ၿပီး အေမာေတြေျပ စိတ္ေတြၾကည္လင္လာတယ္။ တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူး ရွိလာတယ္ ထိုအခ်ိန္မွ စ၍ ဘုရားပန္း လႉတဲ့ဓေလ့က စတင္လာတယ္။ ပန္းပန္တာ မဟုတ္တဲ့အတြက္ မာလာဂႏၶ ဝိေလပန ဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈ မရွိေတာ့ဘူး အျပစ္ကင္းတယ္။

    ၂။ ပန္းအိုး ဘယ္ႏွအိုး ထားရမလဲ ဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ ဘယ္ႏွအိုးထားထား အျပစ္ မရွိဘူး။ မိမိတို႔ရဲ႕ ဘုရား‌ေက်ာင္း‌ေဆာင္နဲ႔ လိုက္ဖက္သလို ထားႏိုင္တယ္။ ၁ အိုး ၃ အိုး စသည္ျဖင့္ မ ဂဏန္း ထားမွ ၂ အိုး ၄ အိုး စသည္ျဖင့္ စုံ ဂဏန္းထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။

    စုံမခြဲၿပီး လႉဒါန္းတာက ဗုဒၶဘာသာရဲ႕ အယူအဆ မဟုတ္။ မိမိရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္အေနအထားက ဘယ္ႏွအိုးထားမွ တင့္တယ္မယ္ ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔ အေရးႀကီးသည္။ တခ်ိဳ႕က ယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္ အမ်ိဳးမ်ိဳး လႉၾကတယ္။ ဘယ္လိုပဲ လႉလႉ ကုသိုလ္က ကုသိုလ္ပဲ။ ဘုရားပန္းေတြ လန္းေတာ့ ဘုရား‌ေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရ တိုးတာေပါ့။

    Credit-Original Uploader

  • လူသိနည်းတဲ့ အိမ်ဆောက်ရာတွင် လှေကားအကြောင်း သိကောင်းစရာ

    လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။ ရှေ့ထုံးလည်းမပယ်နဲ့ ဈေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။

    ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။ မတပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ ပထမထစ်က လာဘ ဒုတိယထစ္က သုခ တတိယထစ်ကမရဏ။

    လာဘက လာတ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။ မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။ လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်။ သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်။ မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်စသည်ဖြင့်တပ်ဆင်ကြပါတယ်။

    အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။ တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှတ် လုပ်ဆောင်ကြပါတယ်။ ၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊ ၂ထစ် လာတ်လာဘ ပေါများခြင်း၊ ၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့် အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဒေသအလိုက် ကွဲလွဲကြတာရှိကြပါတယ်။ အိမ်လှေခါးကို ၃ထစ်ထားသော် ဒုက်ခံ မရဏံ ကြုံ စေပြန်၏။

    တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။ ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။ ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။၁၂ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏။

    တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။

    Credit: Original Uploader

    (Zawgyi)

    လူသိနည္းလွတဲ့ေလွကားအဆံ တပ္ဆင္ျခင္း သိေကာင္းစရာမွ်ေဝပါတယ္။ ေရွ႕ထုံးလည္းမပယ္နဲ႔ ေဈးသုံးလဲမႂကြယ္နဲ႔စကားမ်ိဳးလိုပါပဲ။ အိမ္တစ္အိမ္ေဆာက္ရာတြင္း အဓိကအေရးႀကီးတာ အိမ္ေလွကား ျပဳလုပ္ျခင္းပါပဲ။

    ေရွးက်မ္းဆရာတို႔သည္ စုံ မ ႏွစ္ခုလုံး တပ္ေကာင္း၏ဟုဆိုသည္ လက္သမား က်မ္းဆရာတို႔က မကိုသာ တပ္ေစပါတယ္။ လက္သမား ဆရာႀကီးမ်ားမွာ စုံတပ္သည္လည္း ရွိတယ္ ။ မတပ္သည္လည္း ရွိပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ ပထမအထစ္မွ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ] တြက္ယူကာ မရဏံ မရဏ ကို ေရွာင္ပါတယ္။ ပထမထစ္က လာဘ ဒုတိယထစၠ သုခ တတိယထစ္ကမရဏ။

    လာဘက လာတ္လာဘ ေပါမ်ားျခင္း။ သုခက ႂကြယ္ဝခ်မ္းသာျခင္း။ မရဏက ဆုတ္ယုတ္ပ်က္စီးျခင္းနဲ႔ ႀကဳံေတြ႕ရလိမ့္မယ္တဲ့ ။ လာဘက ၁ထစ္ ၊ ၄ ထစ္၊ ၇ ထစ္။ သုခက ၂ ထစ္၊ ၅ထစ္ ၊ ၈ ထစ္။ မရဏ- ၃ ထစ္ ၊ ၆ ထစ္ ၊ ၉ ထစ္ ၊ ၁၂ထစ္စသည္ျဖင့္တပ္ဆင္ၾကပါတယ္။

    အိမ္အေနအထားမဂၤလာသား အေနအထားအလိုက္လုပ္ေဆာင္ၾကပါတယ္။ တစ္ခ်ိဳ႕ ဆရာမ်ားမွာ [ရာဇ ၊ လာဘ ၊ မရဏ] လို႔သတ္မွတ္ လုပ္ေဆာင္ၾကပါတယ္။ ၁ထစ္ ဘုန္းက်က္သေရတိုးျခင္း၊ ၂ထစ္ လာတ္လာဘ ေပါမ်ားျခင္း၊ ၃ထစ္ ဆုတ္ယုတ္ပ်က္စီးျခင္း စသျဖင့္ အယူမ်ိဳးနဲ႔လုပ္ေဆာင္ၾကပါတယ္။ တစ္ေက်ာင္း တစ္ဂါထာ တစ္႐ြာ တစ္ပုဒ္ဆန္း ဆိုသလို ေဒသအလိုက္ ကြဲလြဲၾကတာရွိၾကပါတယ္။ အိမ္ေလွခါးကို ၃ထစ္ထားေသာ္ ဒုက္ခံ မရဏံ ႀကဳံ ေစျပန္၏။

    တစ္ထစ္ထားေသာ္ေကာင္းစားေစတက္ ၏။ ရွစ္ထစ္ထားလွ်င္မဂၤလာ အေပါင္းနဲ႔ ျပည့္စုံ၍က်က္သေရ ဘုန္းသမာၻ ျမင့္မားေစတက္၏။ ကိုးထစ္ထားလွ်င္လာဘ္လာဘ ေပါႂကြယ္ဝတက္၏။၁၂ထစ္ထားေသာ္က်မၼာေရးေကာင္းမြန္ေစ၍ရန္သူမ်ိဳးငါးပါးမွကင္းေစ၏။

    တနလၤာေန႔တြင္ အိမ္ ေလွကား စလုပ္ျခင္းမွ ေရွာင္ၾကပါေစ။

    Credit: Original Uploader

  • မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်အခဲနဲ့ ပြဿနာဆိုတာ မပါဘူး

    ခုနောက်ပိုင်း ရှင်သန်ရတာ ပင်ပန်းလာကြတယ်.. မျှော်လင့်ချက်တွေမဲ့သလို အနာဂတ်တွေလဲ ပျောက်နေကြတာမျိုး။ ဘာတွေဖြစ်လာမလဲ မသိတဲ့မနက်ဖြန်ကို စမ်းတဝါးဝါးနဲ့ဖြတ်သန်းနေကြရတာ ဒါက ကိုယ်တစ်ယောက်တည်းလားဆို မဟုတ်ပါဘူးလူတိုင်းနီးပါးပါဘဲ။ ထုတ်ဘဲမပြောတာ အားလုံးက ခက်ခဲနေကြတာချည်းပါဘဲ. ။

    ပညာရေးတွေ ခက်ခဲကုန်ကြတယ်၊ တချို့ကမျှော်လင့်ချက်တွေ ပျက်စီးနေကြရတယ်။ တစ်ချို့ဆို စားဝတ်နေရေး ကြပ်တည်းကုန်တယ်.. ငွေကြေးအခက်ခဲ ကျန်းမာရေးအခက်ခဲတွေနဲ့ တော်တော်လေးပင်ပန်းနေကြတယ်.. ။

    ဒီအချိန်မျိုးမှာ စိတ်ဓာတ်တွေလဲ အောက်ဆုံးထိ ကျကောင်းကျနေကြလိမ့်မယ် ။ ရိုးအီနေတဲ့နေ့တွေ ဖြတ်သန်းရတာကြာလာတော့ Depression အမျိုးမျိုးဝင်လာကောင်း ဝင်လာကြမယ်.. ။

    ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ ရှင်သန်ပါ။ ရင်ဘတ်ကိုကျယ်ကျယ်ထားပြီးဘေးပတ်ဝန်းကျင်ကိုမြင်အောင်ကြည့်ကြည့်ပါ ကိုယ့်ထက်အဖြစ်ဆိုးတဲ့သူတွေ ဒုက္ခရောက်တဲ့သူတွေ အများကြီးဘဲနော် ။ ပယောဂ တစ်ခုခုကြောင့် လောကကြီးထဲကနေ good bye ပြသွားတဲ့လူတွေထက်စာရင် ကိုယ်ဟာ လက်ရှိ အသက်ရှင်နေသေးတယ် ။ မျှော်လင့်လို့ရသေးတယ်။

    လူတစ်ဦးတိုင်းရဲ့ ကံတရားဆိုတာ မွေးကတည်းက လက်ဖဝါးပေါ်မှာ ရေးခြစ်လာပြီးသားပါ။ လူတွေဖန်တီးတဲ့ အရာတွေဆိုတာ တစ်နေ့လူတွေကြောင့်ဘဲ အဆုံးသတ်ရမြဲပါ.။ အဲ့တော့ စိတ်ဓာတ်မကျဘဲ ရှင်သန်ပါ။ အတတ်နိုင်ဆုံး အပူကင်းအောင် နေပါ။

    လူရယ် ဖြစ်လာမှတော့ ကံဇာတ်ဆရာအလိုကျ ကကြရတာဘဲ မို့လား.။ မပျော်ရတဲ့နေ့တွေ..မလျှောက်ချင်တဲ့ လမ်းတွေ.. ဓာတ်မတည့်တဲ့သူတွေ အမျိုးမျိုး ဘဝမှာကြုံရမှာပါဘဲ ။

    ဒီအပေါ်မှာ အတတ်နိုင်ဆုံးလက်ခံပြီး အကောင်းဆုံးဖြတ်သန်းဖို့နိုင်ဖို့ ဘဲ အရေးကြီးတာပါ ။ လူတိုင်းက အခက်ခဲ ကိုယ်စီနဲ့ ဖြတ်သန်းနေကြတယ် ။ တစ်ချို့က ပေါ့ပေါ့ပါးပါး သွားနေပေမဲ့ တစ်ချို့ကခက်ခက်ခဲခဲ ရုန်းကန်နေကြရရော..။

    ဒါဟာ ကိုယ့်စိတ်ကို ပျော်အောင်ထားတတ်တဲ့ အရည်အချင်းမှာဘဲ မူတည်တာပါ.. ။ လူတိုင်းက ခက်ခဲတာ ချည်းပါဘဲ ။ငိုလဲ ဒီဘဝ ရယ်လဲ ဒီဘဝဆိုရင် မငိုဘဲ ဆက်သွားကြရအောင်။ လူတိုင်းကတော့ အခက်ခဲတွေ ဘယ်တွေ့ချင်ပါ့မလဲ။

    မတွေ့ချင်ဘူးဆိုပြီး ရှောင်နေလို့ရတဲ့ အထဲမှာလဲ.. အခက်ခဲနဲ့ ပြဿနာတွေက ပါမနေတတ်ဘူးလေနော် ။ အဲ့တော့ ဖြစ်လာတဲ့ အခြေနေပေါ် လက်ခံပါ အပြုံးနဲ့ရင်ဆိုင် အနိုင်ယူပါ။ တစ်နေ့ အဆင်ပြေသွားတော့မှ ဆိုတဲ့ စိတ်နဲ့ ရှင်သန်ပါ.။

    Everybody is dealing with their own drama တဲ့ လူတိုင်းက ကိုယ့်ဘဝရဲ့ အခက်ခဲတွေ ကိုယ်စီနဲ့ဖြတ်သန်းနေကြရတာပါ။ တစ်ဦးကို တစ်ဦး စာနာပါ ဖေးမပါ အခက်ခဲတွေကို ရင်ဆိုင်နိုင်တဲ့ သန်မာတဲ့ သူ တယေက် ဖြစ်အောင် ကြိုးစားပါ ။

    Credit: Original Uploader

    (Zawgyi)

    ခုေနာက္ပိုင္း ရွင္သန္ရတာ ပင္ပန္းလာၾကတယ္.. ေမွ်ာ္လင့္ခ်က္ေတြမဲ့သလို အနာဂတ္ေတြလဲ ေပ်ာက္ေနၾကတာမ်ိဳး။ ဘာေတြျဖစ္လာမလဲ မသိတဲ့မနက္ျဖန္ကို စမ္းတဝါးဝါးနဲ႔ျဖတ္သန္းေနၾကရတာ ဒါက ကိုယ္တစ္ေယာက္တည္းလားဆို မဟုတ္ပါဘူးလူတိုင္းနီးပါးပါဘဲ။ ထုတ္ဘဲမေျပာတာ အားလုံးက ခက္ခဲေနၾကတာခ်ည္းပါဘဲ. ။

    ပညာေရးေတြ ခက္ခဲကုန္ၾကတယ္၊ တခ်ိဳ႕ကေမွ်ာ္လင့္ခ်က္ေတြ ပ်က္စီးေနၾကရတယ္။ တစ္ခ်ိဳ႕ဆို စားဝတ္ေနေရး ၾကပ္တည္းကုန္တယ္.. ေငြေၾကးအခက္ခဲ က်န္းမာေရးအခက္ခဲေတြနဲ႔ ေတာ္ေတာ္ေလးပင္ပန္းေနၾကတယ္.. ။

    ဒီအခ်ိန္မ်ိဳးမွာ စိတ္ဓာတ္ေတြလဲ ေအာက္ဆုံးထိ က်ေကာင္းက်ေနၾကလိမ့္မယ္ ။ ႐ိုးအီေနတဲ့ေန႔ေတြ ျဖတ္သန္းရတာၾကာလာေတာ့ Depression အမ်ိဳးမ်ိဳးဝင္လာေကာင္း ဝင္လာၾကမယ္.. ။

    ဒါေပမဲ့ စိတ္ဓာတ္မက်ဘဲ ရွင္သန္ပါ။ ရင္ဘတ္ကိုက်ယ္က်ယ္ထားၿပီးေဘးပတ္ဝန္းက်င္ကိုျမင္ေအာင္ၾကည့္ၾကည့္ပါ ကိုယ့္ထက္အျဖစ္ဆိုးတဲ့သူေတြ ဒုကၡေရာက္တဲ့သူေတြ အမ်ားႀကီးဘဲေနာ္ ။ ပေယာဂ တစ္ခုခုေၾကာင့္ ေလာကႀကီးထဲကေန good bye ျပသြားတဲ့လူေတြထက္စာရင္ ကိုယ္ဟာ လက္ရွိ အသက္ရွင္ေနေသးတယ္ ။ ေမွ်ာ္လင့္လို႔ရေသးတယ္။

    လူတစ္ဦးတိုင္းရဲ႕ ကံတရားဆိုတာ ေမြးကတည္းက လက္ဖဝါးေပၚမွာ ေရးျခစ္လာၿပီးသားပါ။ လူေတြဖန္တီးတဲ့ အရာေတြဆိုတာ တစ္ေန႔လူေတြေၾကာင့္ဘဲ အဆုံးသတ္ရၿမဲပါ.။ အဲ့ေတာ့ စိတ္ဓာတ္မက်ဘဲ ရွင္သန္ပါ။ အတတ္ႏိုင္ဆုံး အပူကင္းေအာင္ ေနပါ။

    လူရယ္ ျဖစ္လာမွေတာ့ ကံဇာတ္ဆရာအလိုက် ကၾကရတာဘဲ မို႔လား.။ မေပ်ာ္ရတဲ့ေန႔ေတြ..မေလွ်ာက္ခ်င္တဲ့ လမ္းေတြ.. ဓာတ္မတည့္တဲ့သူေတြ အမ်ိဳးမ်ိဳး ဘဝမွာႀကဳံရမွာပါဘဲ ။

    ဒီအေပၚမွာ အတတ္ႏိုင္ဆုံးလက္ခံၿပီး အေကာင္းဆုံးျဖတ္သန္းဖို႔ႏိုင္ဖို႔ ဘဲ အေရးႀကီးတာပါ ။ လူတိုင္းက အခက္ခဲ ကိုယ္စီနဲ႔ ျဖတ္သန္းေနၾကတယ္ ။ တစ္ခ်ိဳ႕က ေပါ့ေပါ့ပါးပါး သြားေနေပမဲ့ တစ္ခ်ိဳ႕ကခက္ခက္ခဲခဲ ႐ုန္းကန္ေနၾကရေရာ..။

    ဒါဟာ ကိုယ့္စိတ္ကို ေပ်ာ္ေအာင္ထားတတ္တဲ့ အရည္အခ်င္းမွာဘဲ မူတည္တာပါ.. ။ လူတိုင္းက ခက္ခဲတာ ခ်ည္းပါဘဲ ။ငိုလဲ ဒီဘဝ ရယ္လဲ ဒီဘဝဆိုရင္ မငိုဘဲ ဆက္သြားၾကရေအာင္။ လူတိုင္းကေတာ့ အခက္ခဲေတြ ဘယ္ေတြ႕ခ်င္ပါ့မလဲ။

    မေတြ႕ခ်င္ဘူးဆိုၿပီး ေရွာင္ေနလို႔ရတဲ့ အထဲမွာလဲ.. အခက္ခဲနဲ႔ ျပႆနာေတြက ပါမေနတတ္ဘူးေလေနာ္ ။ အဲ့ေတာ့ ျဖစ္လာတဲ့ အေျခေနေပၚ လက္ခံပါ အၿပဳံးနဲ႔ရင္ဆိုင္ အႏိုင္ယူပါ။ တစ္ေန႔ အဆင္ေျပသြားေတာ့မွ ဆိုတဲ့ စိတ္နဲ႔ ရွင္သန္ပါ.။

    Everybody is dealing with their own drama တဲ့ လူတိုင္းက ကိုယ့္ဘဝရဲ႕ အခက္ခဲေတြ ကိုယ္စီနဲ႔ျဖတ္သန္းေနၾကရတာပါ။ တစ္ဦးကို တစ္ဦး စာနာပါ ေဖးမပါ အခက္ခဲေတြကို ရင္ဆိုင္ႏိုင္တဲ့ သန္မာတဲ့ သူ တေယက္ ျဖစ္ေအာင္ ႀကိဳးစားပါ ။

    Credit: Original Uploader

  • နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို ပျောက်ကင်းသွားစေမယ့် လျှို့ဝှက်ချက် (၅)မျိုး

    နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို ပျောက်ကင်းသွားစေမယ့် လျှို့ဝှက်ချက် (၅)မျိုး

    အမာရွတ်တွေရှိလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေပါ လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပျော်လိုက်ပါတော့။ နှစ် ချို့နေတဲ့ အမာရွတ်တွေ ဝက်ခြံ အမာရွတ်တွေ – ခြေထောက်က အမာရွတ်တွေနဲ့ ခန္ဓာကိုယ်ပေါ် က အမာရွတ် မှန်သမျှ ကိုပျောက်ကင်းသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ သံပုယို

    သံပုယိုရည်ကို ရေအနည်းငယ် ရောလိုက်ပါ။ ရလာတဲ့ သံပုယိုရည်ကို ဂွမ်းစလေးနဲ့ တို့ပြီး အမာရွတ်တွေပေါ်မှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိ ထားပြီးရင် ရေဆေးပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကို လုပ်ပြီးပြီးချင်း နေရောင်အောက်ကို မထွက်ပါနဲ့။ ထွက်မယ်ဆိုလည်း နေရောင်ကာခရင်မ် လိမ်းပေးပါ။

    ၂။ ပျားရည်

    ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို သေသေချာချာ ရောမွှေပေးပြီး အမာရွတ်တွေပေါ်ကိုလိမ်းလိုက်ပါ။ ပြီးရင်တော့ ၅မိနစ်ခန့်နှပ်ထားလိုက်ပါ။ အဲ့ဒီ့အပေါ်ကနေ တဘက်ကို ရေနွေးမှာစိမ်၊ ညှစ်ပြီး အုပ်ထားလိုက်ပါ။ တဘက်အေးသွားပြီဆိုရင်
    ရေဆေးချလိုက်လို့ရပါပြီ။

    ၃။ ကြက်သွန်နီ

    ကြက်သွန်နီကို ကြိတ်ပြီး အရည်ညှစ်လိုက်ပါ။ ရလာတဲ့အရည်ကို အမာရွတ်တွေပေါ်မှာလိမ်းပြီး ခြောက်သွားတဲ့အထိထားပါ။ ၁၅ မိနစ်ခန့်အကြာမှာ ရေဆေးပေးလိုက်ရုံပါပဲ။

    ၄။ ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်အနှစ်ကို လိုးရှင်းလိုပဲ အသားထဲ စိမ့်ဝင်သွားအောင် နေ့စဉ်ပုံမှန် လိမ်းပေးရမှာပါ။ ပြန်လည်ဆေးကြောပေးစရာ မလိုပါဘူး။

    ၅။ လက်ဖက်ဆီ

    လက်ဖက်ဆီနဲ့ သံလွင်ဆီကိုရောပြီး ညအိပ်ရာမဝင်ခင်တိုင်း အမာရွတ်တွေပေါ်ကို လိမ်းပေးပါ။ ရေပြန်ဆေးစရာမလိုပါဘူး။ တစ်ညလုံးထားလိုက်ပါ။

    Credit-Original Uploader

    (Zawgyi)

    ႏွစ္ခ်ိဳ႕ေနတဲ့ အမာ႐ြတ္ေဟာင္းေတြကို ေပ်ာက္ကင္းသြားေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၅)မ်ိဳး

    အမာ႐ြတ္ေတြရွိလို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ကင္းမဲ့ေနပါ လား။ ဒါဆိုရင္ေတာ့ ဒီေန႔ကစၿပီး ေပ်ာ္လိုက္ပါေတာ့။ ႏွစ္ ခ်ိဳ႕ေနတဲ့ အမာ႐ြတ္ေတြ ဝက္ၿခံ အမာ႐ြတ္ေတြ – ေျခေထာက္က အမာ႐ြတ္ေတြနဲ႔ ခႏၶာကိုယ္ေပၚ က အမာ႐ြတ္ မွန္သမွ် ကိုေပ်ာက္ကင္းသက္သာသြားေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ သံပုယို

    သံပုယိုရည္ကို ေရအနည္းငယ္ ေရာလိုက္ပါ။ ရလာတဲ့ သံပုယိုရည္ကို ဂြမ္းစေလးနဲ႔ တို႔ၿပီး အမာ႐ြတ္ေတြေပၚမွာ လိမ္းေပးလိုက္ပါ။ ေျခာက္သြားတဲ့အထိ ထားၿပီးရင္ ေရေဆးေပးလိုက္႐ုံပါပဲ။ ဒီနည္းလမ္းေလးကို လုပ္ၿပီးၿပီးခ်င္း ေနေရာင္ေအာက္ကို မထြက္ပါနဲ႔။ ထြက္မယ္ဆိုလည္း ေနေရာင္ကာခရင္မ္ လိမ္းေပးပါ။

    ၂။ ပ်ားရည္

    ပ်ားရည္နဲ႔ မုန႔္ဖုတ္ဆိုဒါတို႔ကို ေသေသခ်ာခ်ာ ေရာေမႊေပးၿပီး အမာ႐ြတ္ေတြေပၚကိုလိမ္းလိုက္ပါ။ ၿပီးရင္ေတာ့ ၅မိနစ္ခန႔္ႏွပ္ထားလိုက္ပါ။ အဲ့ဒီ့အေပၚကေန တဘက္ကို ေရေႏြးမွာစိမ္၊ ညႇစ္ၿပီး အုပ္ထားလိုက္ပါ။ တဘက္ေအးသြားၿပီဆိုရင္
    ေရေဆးခ်လိုက္လို႔ရပါၿပီ။

    ၃။ ၾကက္သြန္နီ

    ၾကက္သြန္နီကို ႀကိတ္ၿပီး အရည္ညႇစ္လိုက္ပါ။ ရလာတဲ့အရည္ကို အမာ႐ြတ္ေတြေပၚမွာလိမ္းၿပီး ေျခာက္သြားတဲ့အထိထားပါ။ ၁၅ မိနစ္ခန႔္အၾကာမွာ ေရေဆးေပးလိုက္႐ုံပါပဲ။

    ၄။ ရွားေစာင္းလက္ပပ္

    ရွားေစာင္းလက္ပပ္အႏွစ္ကို လိုးရွင္းလိုပဲ အသားထဲ စိမ့္ဝင္သြားေအာင္ ေန႔စဥ္ပုံမွန္ လိမ္းေပးရမွာပါ။ ျပန္လည္ေဆးေၾကာေပးစရာ မလိုပါဘူး။

    ၅။ လက္ဖက္ဆီ

    လက္ဖက္ဆီနဲ႔ သံလြင္ဆီကိုေရာၿပီး ညအိပ္ရာမဝင္ခင္တိုင္း အမာ႐ြတ္ေတြေပၚကို လိမ္းေပးပါ။ ေရျပန္ေဆးစရာမလိုပါဘူး။ တစ္ညလုံးထားလိုက္ပါ။

    Credit-Original Uploader

  • ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ

    ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ မသိသေးတဲ့မိတ်ဆွေများ သိနိုင်အောင် ထပ်မံဖော်ပြပေးလိုက်ပါတယ်။

    ဂရန်မြေ တရားဝင် ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း..

    ဂရန်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။

    အရောင်းအဝယ်စရန်ကြီး(စရန်ငွေ) မပေးမီ (၃)ဆင့် လုပ်ဆောင်ရပါမည်။

    ၁။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။

    ၂။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။

    ၃။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

    အောက်က ၄-မျိုးရမှ ငွေအ​ပြေချေပါ-

    ၁။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

    ၂။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။

    ၃။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

    ၄။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

    ဝယ်ယူပြီးနောက် ၃-ဆင့်-

    ၁။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

    ၂။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

    ၃။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

    ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

    အခွန်ဆောင်ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။

    လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ ​အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။ ဘာကြောင့် မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။

    အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြပေးပါမယ်။

    ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်….

    (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

    (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

    အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

    ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

    ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

    ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

    တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

    အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။

    ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ ပြဌာန်းထားပါကြောင်း။

    Credit -U Myo Min Htun

    (Zawgyi)

    ဂရန္ေျမဝယ္ရင္ ဘာေတြေဆာင္႐ြက္ရမလဲဆိုတာ မသိေသးတဲ့မိတ္ေဆြမ်ား သိႏိုင္ေအာင္ ထပ္မံေဖာ္ျပေပးလိုက္ပါတယ္။

    ဂရန္ေျမ တရားဝင္ ဝယ္ယူနည္းႏွင့္ ရာျဖတ္တင္နည္း..

    ဂရန္ေျမ ဝယ္ယူလွ်င္ ေအာက္ပါအဆင့္မ်ား လုပ္ေဆာင္မွ ျပည့္စုံပါတယ္။

    အေရာင္းအဝယ္စရန္ႀကီး(စရန္ေငြ) မေပးမီ (၃)ဆင့္ လုပ္ေဆာင္ရပါမည္။

    ၁။ ဘယ္ေလာက္ပင္ရင္းႏွီးၾကပါေစ ဂရန္မိတၱဴကိုယူ၍ စည္ပင္/ေထြအုပ္ စတဲ့ ဌာနေတြမွာ စစ္ေဆးပါ။

    ၂။ စရန္ႀကီးေပးခါနီး မူရင္းဂရန္ကိုျမင္ေတြ႕ရမွသာ စရန္ခ်ပါ။

    ၃။ စရန္ခ်ၿပီးသည္ႏွင့္ တၿပိဳင္နက္ ႏိုင္ငံပိုင္သတင္းစာတြင္ ကန္႔ကြက္ရန္ ရွိ/မရွိ ေၾကာ္ျငာထည့္ပါ။

    ေအာက္က ၄-မ်ိဳးရမွ ေငြအ​ေျပေခ်ပါ-

    ၁။ အေရာင္းအဝယ္ ျပဳလုပ္ရန္အတြက္ ထုတ္ယူထားေသာ ေျမပုံေျမရာဇဝင္။

    ၂။ မူရင္းဂရန္ အမည္ေပါက္ထံမွ SP။

    ၃။ မူရင္းဂရန္ႏွင့္ ဆက္စပ္စာခ်ဳပ္မ်ား။

    ၄။ ေျမကြက္ႏွင့္ တိုက္ လက္ေရာက္ရယူပါ။

    ဝယ္ယူၿပီးေနာက္ ၃-ဆင့္-

    ၁။ တန္ဘိုးေလ်ာ့ခ်ဳပ္သည့္ စာခ်ဳပ္တစ္ေဆာင္ႏွင့္ ေျမပုံေျမရာဇဝင္ကို “ရာျဖတ္” တင္ပါ။

    ၂။ “ရာျဖတ္” ၏၊ သတ္မွတ္တန္ဖိုးအရ “အခြန္ေတာ္ေခါင္း” ႏွင့္ “မွတ္ပုံတင္ေၾကး” တို႔ျဖင့္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုပါ။

    ၃။ အားလုံးၿပီးမွ ၿမိဳ႕ေတာ္စည္ပင္/ခ႐ိုင္​ေထြအုပ္တြင္ “ဂရန္” ႏွင့္ “ေျမကြက္” အမည္ေျပာင္းပါ။

    ဒီေနရာမွာ ေျမကြက္နဲ႔ ပတ္သက္လို႔ ၿမိဳ႕ေျမ ေျမတန္ဘိုးကို ဘယ္လိုစံႏႈန္းေတြနဲ႔ သတ္မွတ္သလဲ၊ သတ္မွတ္သည့္ ေျမတန္ဘိုး၏ ဘယ္ႏွစ္ရာခိုင္ႏႈန္းကို (အခြန္တံဆိပ္ေခါင္းႏွင့္ မွတ္ပုံတင္ခ) အတြက္ ေပးေဆာင္ရသလဲဆိုတာ သိထားသင့္ပါတယ္။

    အခြန္ေဆာင္ဖို႔အတြက္ ေျမတန္ဘိုးကို သတ္မွတ္တဲ့အခါ ဘိုးဘပိုင္ေျမ၊ ဂရန္ေျမ၊ ပါမစ္ေျမ၊ လိုင္စင္ေျမရယ္လို႔ အမ်ိဳးအစားခြဲျခင္းမဟုတ္ပါဘူး။ ေျမတည္ရွိရာ ရပ္ကြက္၊ လမ္းအေျခအေန၊ ေျမအနိမ့္အျမင့္၊ လမ္းမ၊ လမ္းက်ယ္၊ လမ္းေသး၊ လမ္းမႊာ၊ ကတၱရာလမ္း၊ ကြန္ကရစ္လမ္း၊ ေျမလမ္း၊ လမ္းရွိ အေဆာက္အအုံမ်ား၏ အေျခအေန၊ ပတ္ဝန္းက်င္အေျခအေန၊ စီးပြါးေရးဖြံ႕ၿဖိဳးမႈ နယ္ေျမ၊ ဆက္သြယ္ေရးလမ္းေၾကာင္း၊ ၿမိဳ႕ျပဖြံၿဖိဳးမႈ အေျခအေန စသည္တို႔အေပၚ သုံးသပ္ၿပီး ဇုံနယ္မ်ား ခြဲရပါတယ္။ ရပ္ကြက္လိုက္ လမ္းအလိုက္ ဇုံႏႈန္းမ်ား သတ္မွတ္ရပါတယ္။ တစ္စတုရန္းေပလွ်င္ မည္မွ် စသည္ျဖင့္ေပါ့။

    ေလ့လာခ်င္ပါက ရန္ကုန္ ပန္းဆိုးတန္း လမ္းေဘးမွာ ရန္ကုန္ၿမိဳ႕ေတာ္၏ ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္အလိုက္၊ လမ္းအလိုက္ ဇုံအလိုက္ တန္ဘိုးႏႈန္း စာရင္းမ်ား ထုတ္ျပန္သတ္မွတ္ထားသည့္ စာအုပ္ကို အလြယ္တကူ ဝယ္ယူ ရရွိႏိုင္ပါတယ္။ အျခားၿမိဳ႕မ်ားမွာလည္း ထိုကဲ့သို႔ ဇုံႏႈန္းေျမတန္ဘိုးမ်ားကို ျပဳစု ထားရပါတယ္။ ျပဳစုၿပီး သက္ဆိုင္ရာ အစိုးရအဖြဲ႕ကို တင္ျပၿပီး အတည္ျပဳခ်က္ယူထားရပါတယ္။ သိခ်င္ရင္ သက္ဆိုင္ရာ အစိုးရအဖြဲ႕၊ အာဏာပိုင္အဖြဲ႕၊ စည္ပင္ေကာ္မတီ၊ ​အိုးအိမ္ဦးစီး ဌာနမ်ားမွာ သြားေရာက္ ေမးျမန္း ၾကည့္ရႈ ႏိုင္ပါတယ္။ ဘာေၾကာင့္ ေျမတန္ဘိုးကို ဇုံနယ္အလိုက္ ရပ္ကြက္လိုက္ လမ္းအလိုက္ ေဆာင္႐ြက္ ထားရလဲဆိုေတာ့ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား ေရာင္းဝယ္ လႊဲေျပာင္းမႈမ်ားမွာ တန္ဘိုး စိစစ္ရသည့္ ကာလတန္ဘိုး စိစစ္သတ္မွတ္ေရးအဖြဲ႕မ်ားထံ တင္ျပေရာက္ရွိလာတဲ့ ေျမ အလႊဲ အေျပာင္း စာခ်ဳပ္မ်ားအတြက္ ထမ္းေဆာင္ရမည့္ တံဆိပ္ခြန္ႏွင့္ အျခား အခြန္မ်ားအတြက္ ယင္းစာရင္းကို အေျခခံၿပီး သတ္မွတ္ႏိုင္ရန္ ျဖစ္ပါတယ္။ ေရွ႕တြင္ အေရာင္းအဝယ္ျပဳခဲ့သည့္ မွတ္တမ္းမ်ားအရလည္း ဇုံတန္ဘိုးကို ျပဳျပင္ ေျပာင္းလဲ ေပးရပါတယ္။ တသမတ္တည္း အေသ မဟုတ္ပါဘူး။ ႏွစ္အလိုက္ ျပဳစုၾကတာ မ်ားပါတယ္။ ဒါက တန္ဘိုးျဖတ္မႈ ျဖစ္ပါတယ္။

    အိမ္ေျမ ဝယ္ခြန္အတြက္ ရာျဖတ္တင္ပုံ တင္နည္းကို ေဖာ္ျပေပးပါမယ္။

    ရာျဖတ္တန္ဖိုး မသိပဲ အခြန္ေဆာင္လို႔ မရပါဘူး။ ဒါေၾကာင့္….

    (၄)လအတြင္း ခ်ဳပ္ဆိုထားေသာ အေရာင္း အဝယ္စာခ်ဳပ္ (မူရင္းႏွင့္မိတၱဴ)

    (၁)ႏွစ္အတြင္း ေရးဆြဲထားေသာ ေရာင္း/ဝယ္အတြက္ ေျမပုံေျမရာဇဝင္(၁၀၅/၁၀၆)။

    အမည္ေပါက္မွ ေရာင္းခ်ျခင္း (သို႔) မွတ္ပုံတင္ ဆက္စပ္စာခ်ဳပ္မ်ား။

    ေရွ႕/ေနာက္/ညာ ေျမကြက္ဓာတ္ပုံ(၁)စုံ။

    ဝယ္ယူသူ၏ အိမ္ေထာင္စုစာရင္း (မူရင္းႏွင့္ မိတၱဴ )။

    ဝယ္ယူသူက အိမ္ေျမ လက္ခံရရွိၿပီးေၾကာင္း ဝန္ခံခ်က္။

    တင္ျပခ်က္အားလုံး မွန္ကန္ေၾကာင္းဝန္ခံခ်က္။

    အထက္ပါ အခ်က္မ်ားျဖင့္ ကာလတန္ဖိုး စီစစ္ေရးအဖြဲသို႔ တင္ျပေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အိမ္ၿခံေျမကို တရားဝင္ ဝယ္ယူဖို႔အတြက္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ စာခ်ဳပ္မွတ္ပုံတင္ ရပါတယ္။ အခြန္တံဆိပ္ေခါင္း မ်ားစြာကို ကပ္ရပါတယ္။ ရာျဖတ္လို႔ေခၚတဲ့ “ကာလတန္ဖိုး စိစစ္ေရးအဖြဲ႕က သတ္မွတ္ေပးတဲ့ တန္ဖိုးရဲ႕ ၄ % ဖိုးဝယ္ယူၿပီး ကပ္ရပါတယ္။ အရင္က ဒီထက္ပိုပါတယ္။ အိမ္ၿခံေျမဝယ္ရင္ ဝယ္ယူမည့္ပစၥည္းအတြက္ “ရာျဖတ္” သတ္မွတ္ေဈးအတိုင္း သင့္မွာ “ေငြျဖဴ” ရွိရင္ သက္သာပါမယ္။

    ေငြျဖဴဆိုတာက ဝင္ေငြရလမ္းေဖာ္ျပႏိုင္ေသာေငြ (သို႔) အခြန္စည္းၾကပ္ၿပီးျဖစ္ေသာေငြကို ဆိုလိုပါတယ္။ ဒီလို ေငြျဖဴမရွိရင္ သိန္း ၁၀၀၀ ေအာက္- ၃%၊ သိန္း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန္း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန္း ၃၀၀၀၀ အထက္- ၃၀% တို႔ကို “ဝယ္ခြန္” အျဖစ္ေပးေဆာင္ရမည္လို႔ အခြန္ဥပေဒမွာ ျပဌာန္းထားပါေၾကာင္း။

    Credit -U Myo Min Htun

  • ကံပိတ် လာဘ်ပိတ်ပြီး ဘာတစ်ခုမှ အဆင်မပြေသူများအတွက် ကံပွင့် လာဘ်ပွင့်စေသော ယတြာ…

    ကံပွင့် လာဘ်ပွင့်ဖြစ်စေသော ယတြာ

    လူမှာ ကံသည် အရေးကြီး သည့်အတွက် ကံပိတ် လာဘ်ပိတ်ဖြစ်နေပါက ဘာတစ်ခုမှ အဆင်မပြေတာမျိုး၊ ဘာလုပ်လုပ် အဆင်မပြေတာမျိုး ကြုံနေတတ်သည်။ သည်တော့ ကံပွင့်လိုသူများ လာဘ်ပွင့် လိုသူများအတွက် အောက်ပါ ယတြာလေးကို လုပ်ကြည့်စေ ချင်ပါသည်။

    တနင်္ဂနွေ သားသမီးများ

    သင်္ဘောသီး (၃လုံး) ကို အခွံခွာပါ၊ ပန်းကန်ပြားထဲ သို့ထည့်ပါ၊ ပြီးလျှင် အဲ့ဒီ သင်္ဘောသီးတစ်လုံးပေါ်တွင်အမွှေးတိုင် (၃တိုင်)စီ ဆိုက်၍ မီးထွန်းပြီး အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

    တနင်္လာသား သမီးများ

    သကြားအနည်းငယ်ကိုရေဖြင့်အရင်ဖျော်လိုက်ပါဖျော်ပြီးသသကြား ရေကိုဖန်ခွက် (၅ခွက်) တစ်ခွက်ကိုတစ်ဝတ်စီ ထည့်ပါ၊ ပြီးလျှင် ဖန်ခွက်တစ်ခွက် တွင်ပန်းအဖြူရောင် (၃ပွင့်)စီဆိုက်ပြီးအိမ်ဘုရားအားကပ်လှူပူဇော်ပါ။

    အင်္ဂါသား သမီးများ

    ပန်းကန်ပြားတစ်ချပ်ပေါ်တွင် အုန်းသီး (၇စိတ်)၊ လက်ဖက်သားအနည်းငယ်၊ ထန်းလျက် (၇ခဲ) တင်ပြီး အိမ်ရှိ ဘုရား ကပ်လှူပူဇော်ပါ။

    ဗုဒ္ဓဟူးသားသမီးများ

    စတီးခွက် (၈ခွက်) ထဲတွင်နွားနို့စစ်စစ် ကို အစိမ်းအတိုင်း ထည့်ပါ၊ ထည့်ပြီးပါက ပန်းအနီရောင် (၅ပွင့်)စီဖန်ခွက်တွေမှာ ထည့်လိုက်ပါ၊ ပြီးလျှင် ငွေလင်ပန်း တစ်ချပ်ပေါ်တင်ပြီး အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

    ကြာသပတေး သားသမီးများ

    ပန်းကန်လုံး (၃လုံး) ယူပါ၊ တစ်လုံးတွင် ပဲပြုတ်အနည်းငယ်ထည့်ပါ၊နောက်တစ်လုံးတွင် အကြော်(၄မျိုး) ထည့်ပါ၊ ကျန်တစ်လုံး တွင်အုန်းထမင်းအနည်းငယ်ထည့်ပြီး အိမ်ရှိဘုရားတွင်ကပ်လှူပူဇော်ပါ။

    သောကြာသားသမီးများ

    သရက်ရွက်တစ်ရွက် တွင် မိမိ၏နာမည်ရေးပြီး အဲ့ဒီ အရွက်ပေါ်တွင် ထန်းလျက် (၆ခဲ)တင်ပြီး အိမ်ရှိဘုရားတွင်ကပ်လှူပူဇော်ပါ။

    စနေသား သမီးများ

    မြေအိုးတစ်လုံးထဲတွင်ဆန်းလက်တစ်ဆုတ်ထည့်ပါ၊ မတူသည့် ပန်း (၉မျိုး)ကို စုပြုံပြီးထည့်ပါထည့်ပြီးလျှင်အိမ်ရှိဘုရားအား ကပ်လှူပူဇော်ပါ။

    ကံပွင့်လာဘ်ပွင့်ဖြစ်ပြီးများစွာ အကျိုးထူးမည့် ယတြာဖြစ်ပါသည် ။ ဆရာ မင်းထက်နိုင်မှ မေတ္တာစေတနာဖြင့်ကိုယ်တိုင်တွက်ချက်ရေးသာသည် ။

    နက္ခတ္တဗေဒပညာရှင်ဗေဒင်နှင့်လက္ခဏာဆရာရဲဝင်းထွန်းမန္တလေးမြို့

    (Zawgyi)

    ကံပြင့္ လာဘ္ပြင့္ျဖစ္ေစေသာ ယၾတာ

    လူမွာ ကံသည္ အေရးႀကီး သည့္အတြက္ ကံပိတ္ လာဘ္ပိတ္ျဖစ္ေနပါက ဘာတစ္ခုမွ အဆင္မေျပတာမ်ိဳး၊ ဘာလုပ္လုပ္ အဆင္မေျပတာမ်ိဳး ႀကဳံေနတတ္သည္။ သည္ေတာ့ ကံပြင့္လိုသူမ်ား လာဘ္ပြင့္ လိုသူမ်ားအတြက္ ေအာက္ပါ ယၾတာေလးကို လုပ္ၾကည့္ေစ ခ်င္ပါသည္။

    တနဂၤေႏြ သားသမီးမ်ား

    သေဘၤာသီး (၃လုံး) ကို အခြံခြာပါ၊ ပန္းကန္ျပားထဲ သို႔ထည့္ပါ၊ ၿပီးလွ်င္ အဲ့ဒီ သေဘၤာသီးတစ္လုံးေပၚတြင္အေမႊးတိုင္ (၃တိုင္)စီ ဆိုက္၍ မီးထြန္းၿပီး အိမ္ရွိဘုရားအား ကပ္လႉပူေဇာ္ပါ။

    တနလၤာသား သမီးမ်ား

    သၾကားအနည္းငယ္ကိုေရျဖင့္အရင္ေဖ်ာ္လိုက္ပါေဖ်ာ္ၿပီးသသၾကား ေရကိုဖန္ခြက္ (၅ခြက္) တစ္ခြက္ကိုတစ္ဝတ္စီ ထည့္ပါ၊ ၿပီးလွ်င္ ဖန္ခြက္တစ္ခြက္ တြင္ပန္းအျဖဴေရာင္ (၃ပြင့္)စီဆိုက္ၿပီးအိမ္ဘုရားအားကပ္လႉပူေဇာ္ပါ။

    အဂၤါသား သမီးမ်ား

    ပန္းကန္ျပားတစ္ခ်ပ္ေပၚတြင္ အုန္းသီး (၇စိတ္)၊ လက္ဖက္သားအနည္းငယ္၊ ထန္းလ်က္ (၇ခဲ) တင္ၿပီး အိမ္ရွိ ဘုရား ကပ္လႉပူေဇာ္ပါ။

    ဗုဒၶဟူးသားသမီးမ်ား

    စတီးခြက္ (၈ခြက္) ထဲတြင္ႏြားႏို႔စစ္စစ္ ကို အစိမ္းအတိုင္း ထည့္ပါ၊ ထည့္ၿပီးပါက ပန္းအနီေရာင္ (၅ပြင့္)စီဖန္ခြက္ေတြမွာ ထည့္လိုက္ပါ၊ ၿပီးလွ်င္ ေငြလင္ပန္း တစ္ခ်ပ္ေပၚတင္ၿပီး အိမ္ရွိဘုရားအား ကပ္လႉပူေဇာ္ပါ။

    ၾကာသပေတး သားသမီးမ်ား

    ပန္းကန္လုံး (၃လုံး) ယူပါ၊ တစ္လုံးတြင္ ပဲျပဳတ္အနည္းငယ္ထည့္ပါ၊ေနာက္တစ္လုံးတြင္ အေၾကာ္(၄မ်ိဳး) ထည့္ပါ၊ က်န္တစ္လုံး တြင္အုန္းထမင္းအနည္းငယ္ထည့္ၿပီး အိမ္ရွိဘုရားတြင္ကပ္လႉပူေဇာ္ပါ။

    ေသာၾကာသားသမီးမ်ား

    သရက္႐ြက္တစ္႐ြက္ တြင္ မိမိ၏နာမည္ေရးၿပီး အဲ့ဒီ အ႐ြက္ေပၚတြင္ ထန္းလ်က္ (၆ခဲ)တင္ၿပီး အိမ္ရွိဘုရားတြင္ကပ္လႉပူေဇာ္ပါ။

    စေနသား သမီးမ်ား

    ေျမအိုးတစ္လုံးထဲတြင္ဆန္းလက္တစ္ဆုတ္ထည့္ပါ၊ မတူသည့္ ပန္း (၉မ်ိဳး)ကို စုၿပဳံၿပီးထည့္ပါထည့္ၿပီးလွ်င္အိမ္ရွိဘုရားအား ကပ္လႉပူေဇာ္ပါ။

    ကံပြင့္လာဘ္ပြင့္ျဖစ္ၿပီးမ်ားစြာ အက်ိဳးထူးမည့္ ယၾတာျဖစ္ပါသည္ ။ ဆရာ မင္းထက္ႏိုင္မွ ေမတၱာေစတနာျဖင့္ကိုယ္တိုင္တြက္ခ်က္ေရးသာသည္ ။

    နကၡတၱေဗဒပညာရွင္ေဗဒင္ႏွင့္လကၡဏာဆရာရဲဝင္းထြန္းမႏၲေလးၿမိဳ႕

  • ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း

    ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း

    အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။အမှန်က လုံးဝ မဟုတ်ပါဘူး။ အဲကွန်းက ထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။ ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါဝင်ပါတယ်။

    အဓိက အနေနဲ့ Indoor Unit မှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေ ပါဝင်ပါတယ်။Evaporator ဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို အေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက လေကို စုပ်ယူလိုက်ပါတယ်။ အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို Evaporator လို့ခေါ်တဲ့ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်စေပြီး

    အေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင် ၂၅ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။ ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။ စက်ရပ်တာ ကြာလာလို့ အခန်းတွင်းအပူချိန်က ၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ် ပြန်လုပ်ပါတယ်။ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင် ၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။

    အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ (ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ပြန်သုံးသပ်သင့်ပါတယ်။လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို…င်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင် အတွင်း အပြင် အပူ အအေးကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။ ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန် ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ ချိန်ထား လုပ်ထားပါတယ်။

    ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကို ဖန်တီးထားကြပါတယ်။အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့ ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို ချွေတာကြတယ်တဲ့။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့ ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့ လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင် စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။ အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။ဒီတော့ အဲကွန်းကို ဖွင့် တဲ့အခါမှာ ၂၅ ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလို ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။

    အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို ဒီထက် လျှော့ချချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။ ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက် နှစ်ခုထဲမှာ…Compressor နဲ့ Condenser တွေဟာ လေရဲ့ ပကတိ အပူချိန်ကို ဖယ်ရှားပြီး အေးမြအောင် လုပ်ပေးသလို Evaporator က လေထုထဲက ရေငွေ့ကို ဖယ်ရှားပြီး အခန်းထဲ ကဘအပူတွေကို ဖယ်ပေးတာပါ.အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက Dry Mode ဆိုတာပါ ပါပါတယ်။Cool Mode မှာ Evaporator Compressor နဲ့ Condenser တွေ အားလုံး အလုပ်လုပ်ပြီး အခန်းတွင်းက လေကို အေးမြစေပါတယ်။Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာ ထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်…အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက် အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ မပေါက်ပွါးနိုင်ခြင်းရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ လူ့အရေပြားက ချွေးတွေကို အလွယ်တကူ အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့ အအေးခံထားသည့်အလား ခံစားရ စေခြင်း၂၅ ဒီဂရီလည်း ဖြစ်ပြန် Dry Mode လည်း ဖြစ်ပြန်လို့ မီတာခ သက်သာခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့ စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်.အဲယားကွန်းကို 16 မှာထားတာရင်လဲ ဒီလေပဲ30 မှာထားလဲ ဒီလေပဲထွက်ပါတယ်နော်.အလုပ်လုပ်ချိန်ပိုကြာသွားလို့ ပိုအေးတာပါ.အခြားသော လျှပ်စစ်ပစ္စည်းတွေကိုလည်း အထာသိပြီး သတိထား အသုံးပြုရင် လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်။ အသေအချာ ရှင်းပြပေးတဲ့ ကိုရွှေယုကို ကျေးဇူးတင်ပါတယ်။

    Credit-SOE Electronic

    Via Sayar U Myo Thein

    (Zawgyi)

    ပူလြန္းလို႔ မေနႏိုင္ရင္ မီတာခ သက္သာေအာင္ အဲကြန္းဖြင့္နည္း

    အဲကြန္း Remote Control ကေန အပူခ်ိန္ကို အနိမ့္ဆုံးျဖစ္တဲ့ ၁၆ သို႔မဟုတ္ ၁၈ ဒီဂရီေလာက္ ထားလိုက္ရင္ ၂၅ ဒီဂရီမွာ ထားတာထက္ ပိုေအးတဲ့ေလေတြ ထြက္လာမယ္၊ အခန္းလည္းျမန္ျမန္ ပိုေအးမယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။အမွန္က လုံးဝ မဟုတ္ပါဘူး။ အဲကြန္းက ထြက္လာတဲ့ ေလဟာ ကိုယ္ထားထားတဲ့ အပူခ်ိန္နဲ႔ မဆိုင္ဘဲ တစ္သမတ္တည္းပါ။ ဒါဟာအဲကြန္းတစ္ခု ဘယ္လိုအလုပ္လုပ္လဲ မသိလို႔ ျဖစ္ပါတယ္။လူအမ်ားနားလည္ေအာင္ Technical Terms ေတြကို ေရွာင္ၿပီး အလြယ္ပဲ ေျပာလိုက္ပါေတာ့မယ္။ဒီေခတ္မွာ အသုံးအမ်ားဆုံး ျဖစ္တဲ့ Split Type Air Conditioner ေတြမွာ Indoor Unit နဲ႔ Outdoor Unit ရယ္ႏွစ္ပိုင္းပါ၀င္ပါတယ္။

    အဓိက အေနနဲ႔ Indoor Unit မွာ Evaporator နဲ႔ Outdoor Unit မွာ Compressor နဲ႔ Condenser ေတြ ပါဝင္ပါတယ္။Evaporator ဟာ ေလထုထဲက ေရေငြ႕ေတြကို ဖယ္ရွားဖို႔ ျဖစ္ၿပီး Compressor နဲ႔ Condenser ေတြက ေလထဲက အပူေတြကို ဖယ္ရွားၿပီး ေလကို ေအးျမသြားေအာင္ လုပ္ေပးဖို႔ ျဖစ္ပါတယ္။အဲကြန္းရဲ႕ Indoor Unit ဟာ အခန္းတြင္းက ေလကို စုပ္ယူလိုက္ပါတယ္။ အဲဒီေလထဲမွာ ပါလာတဲ့ ေရေငြ႕ေတြကို Evaporator လို႔ေခၚတဲ့ကိရိယာနဲ႔ ဖယ္ရွားၿပီး အဲကြန္းက ေရေတြ တေတာက္ေတာက္ က်တာဟာ အဲဒီလို ဖယ္ရွားခံရတဲ့ အခန္းတြင္း ေလထုထဲက ေရေငြ႕ေတြပါပဲ) ေျခာက္ေသြ႕သြားတဲ့ ေလကို Compressor နဲ႔ Condenser ေတြကို ျဖတ္သန္ေစၿပီး

    ေအးျမေျခာက္ေသြ႕တဲ့ ေလကို ျပန္မႈတ္သြင္းလိုက္ပါတယ္။ဥပမာ အျပင္မွာ ၃၅ ဒီဂရီ ရွိေနခ်ိန္ အခန္းတြင္းမွာ အဲကြန္းကို ၂၅ ဒီဂရီ ဆက္တင္လုပ္ထားမယ္ ဆိုရင္ ၂၅ ဒီဂရီကို မေရာက္မခ်င္း အဲကြန္းဟာ အခန္းတြင္းမွာရွိတဲ့ ေလထုကို စုပ္ယူလိုက္၊ ေလထဲက ေရေငြ႕နဲ႔ အပူကို ဖယ္ရွားၿပီး ေအးျမတဲ့ ေလကို အခန္းတြင္းကို ျပန္မႈတ္သြင္းလိုက္နဲ႔ အခန္းတြင္းက အပူခ်ိန္ကို တျဖည္းျဖည္း က်ဆင္းလာေစၿပီး ေအးျမလာေစပါတယ္။ ဒီနည္းနဲ႔ အခန္းတြင္း အပူခ်ိန္ က်ဆင္းလာတာဟာ သုံးစြဲသူ သတ္မွတ္ထားတဲ့ အပူခ်ိန္ကို ေရာက္ၿပီ ဆိုတာကို အဲကြန္းရဲ႕ အာ႐ုံခံစနစ္က သိလိုက္တာနဲ႔ အဲကြန္းကို ခဏေလာက္ ရပ္ထားလိုက္ပါတယ္။ စက္ရပ္တာ ၾကာလာလို႔ အခန္းတြင္းအပူခ်ိန္က ၂၅ ဒီဂရီ ထက္ ျပန္ျမင့္တက္လာမွ အဲကြန္းက အလုပ္ ျပန္လုပ္ပါတယ္။ဒီေတာ့ အျပင္က ၃၅ ဒီဂရီ အပူခ်ိန္မ်ိဳးကို ကိုယ့္အိမ္တြင္းမွာ မခံစားႏိုင္လို႔ ေအးျမလာေအာင္ ၂၅ ဒီဂရီပဲ ထားသူနဲ႔ ၁၆ ဒီဂရီ ထားသူ ဓာတ္အားသုံးစြဲမႈခ်င္း လုံးဝ မတူေတာ့ပါဘူး။အခန္းတြင္း အပူခ်ိန္ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ခ်ဖို႔ဟာ အဲကြန္းတစ္လုံးအတြက္ ခက္ခဲပါတယ္။

    အဆင္ေျပသည့္တိုင္ေအာင္ ၁၆ ဒီဂရီ မေရာက္မခ်င္း အဲကြန္းဟာ မနားတမ္း အလုပ္လုပ္ရတဲ့အတြက္ မီတာအရမ္းစားသလို စက္အေပၚမွာလည္း ဝန္ပိေစၿပီး သုံးစြဲႏိုင္တဲ့ သက္တမ္း တိုေတာင္းေစ (ပ်က္လြယ္ျခင္းကို ဆိုလို) ပါတယ္။ၿပီးေတာ့ ကိုယ့္အခန္းတြင္းမွာ ၁၆ တို႔ ၁၈ ဒီဂရီတို႔ ျဖစ္ေနဖို႔ တကယ္ေရာ လိုအပ္ရဲ႕လားလို႔ျပန္သုံးသပ္သင့္ပါတယ္။လူ႔အေရျပားဟာ အပူခ်ိန္ ၂၅ ဒီဂရီေလာက္အထိ သက္ေသာင့္သက္သာ ရွိရွိ ေနႏိုင္တာမို႔ အဲကြန္းကို ၂၅ ဒီဂရီမွာ ဆက္တင္လုပ္ထားျခင္းဟာ ကိုယ့္အိမ္ခန္းထဲ ေရခဲတိုက္ ဖန္တီးထားျခင္းထက္ မီတာခကို မ်ားစြာ သက္သာေစသလို…င္ပအပူခ်ိန္နဲ႔ မ်ားစြာ ကြာတဲ့ အခန္းတြင္း အပူခ်ိန္မွာ အသားက်သြားၿပီ ျဖစ္တဲ့ ေရခဲတိုက္သမားမ်ားထက္ ျပင္ပ အပူခ်ိန္ကို ပိုၿပီး ခံႏိုင္ရည္ ရွိတဲ့အျပင္ အတြင္း အျပင္ အပူ အေအးကြာျခားလြန္းလို႔ အခန္းျပင္ထြက္တာနဲ႔ ေလပူမိၿပီး ေရွာ့ခ္ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ကေနလည္း အတိုင္းအတာ တစ္ခုအထိ ကင္းေဝးေစႏိုင္ပါတယ္။ေလတိုက္ႏႈန္းဟာလည္း Feels-like Temperature ကို သက္ေရာက္တာေၾကာင့္ ပန္ကာလည္ပတ္ႏႈန္း မ်ားရင္ ပိုေအးတယ္ ထင္ၿပီး တစ္ဆုံးတင္ထားၾကတာ မ်ားၾကပါတယ္။ ပန္ကာလည္ႏႈန္း ျမင့္ေလ မီတာစားႏႈန္း ျမင့္ေလမို႔ စဖြင့္ဖြင့္ခ်င္း Fan Speed ကို တင္ခ်င္ တင္ၿပီး ေအးလာတာနဲ႔ အနိမ့္ဆုံးမွာ ျပန္ ခ်ထားျခင္းဟာလည္း က်န္းမာေရးအတြက္ေရာ မီတာခ သက္သာေရးအတြက္ေရာ အေထာက္အကူ ျဖစ္ေစပါတယ္။ခ်မ္းသာတဲ့ ဥေရာပႏိုင္ငံေတြ၊ ေျမာက္အေမရိက ႏိုင္ငံေတြ၊ အာရွက ဂ်ပန္တို႔ ကိုရီးယားတို႔ဟာ အလြန္ေအးတဲ့ႏိုင္ငံေတြ ျဖစ္လို႔ သူတို႔ ႏိုင္ငံသားေတြဟာ အပူကို အရမ္းေၾကာက္ပါတယ္။ ဒါေပမဲ့ သူတို႔ဆီက ဘတ္စ္ကားေတြ၊ ေလယာဥ္ပ်ံေတြ၊ ႐ုံးေတြ ေက်ာင္းေတြမွာ ေႏြရာသီမွာေတာင္ အဲကြန္းကို အပူခ်ိန္ ၂၅ ဒီဂရီေလာက္မွာပဲ ခ်ိန္ထား လုပ္ထားပါတယ္။

    ႐ုံးခန္းေတြ အိမ္ေတြမွာလည္း အဲကြန္းကို ၁၆ ဒီဂရီအထိ အနိမ့္ဆုံးထားၿပီး ေတာင္ႀကီး ကေလာ ရာသီဥတုမ်ိဳးကို ဖန္တီးထားၾကပါတယ္။အေမရိကားေရာက္ သူငယ္ခ်င္းတစ္ေယာက္က လွမ္းေျပာပါတယ္။ သူတို႔ဆီမွာက ပူလို႔ ေအးလို႔ ဆိုၿပီး ေတာ္တန္႐ုံ အဲကြန္းကို မသုံးၾကဘဲ မီတာခကို ေခြၽတာၾကတယ္တဲ့။ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြကို အရာရာ နတ္ဘုံနတ္နန္းလို႔ ထင္ေနေပမဲ့ တကယ္က မဟုတ္ပါဘူး။ သူတို႔မွာလည္း သူတို႔ရတဲ့ လခနဲ႔ လူေနမႈ စရိတ္ႀကီးျမင့္ျခင္း ဒဏ္ကို ခံႏိုင္ေအာင္ စစ္စစ္စီစီ ေခြၽေခြၽတာတာ သုံးၾကရတာပါ။ အမွန္က လူ႔အေရျပားဟာ ၂၀ နဲ႔ ၂၅ ဒီဂရီ စင္တီဂရိတ္ ၾကားက အပူခ်ိန္မွာ ေနလို႔ ထိုင္လို႔ အေကာင္းဆုံးပါ။ဒီေတာ့ အဲကြန္းကို ဖြင့္ တဲ့အခါမွာ ၂၅ ဒီဂရီမွာ အပူခ်ိန္ကို ထိန္းညႇိထားလိုက္ျခင္းဟာ မီတာခ အရမ္းသက္သာသြားသလို က်န္းမာေရးကိုလည္း မထိခိုက္ေစေတာ့ပါဘူး။

    အဲကြန္းကို ေတာက္ေလွ်ာက္သုံးၿပီး မီတာခကို ဒီထက္ ေလွ်ာ့ခ်ခ်င္ေသးတယ္ ဆိုရင္လည္း ရပါေသးတယ္။ ဒီေနရာမွာ အဲကြန္းရဲ႕ လုပ္ေဆာင္ခ်က္ ႏွစ္ခုထဲမွာ…Compressor နဲ႔ Condenser ေတြဟာ ေလရဲ႕ ပကတိ အပူခ်ိန္ကို ဖယ္ရွားၿပီး ေအးျမေအာင္ လုပ္ေပးသလို Evaporator က ေလထုထဲက ေရေငြ႕ကို ဖယ္ရွားၿပီး အခန္းထဲ ကဘအပူေတြကို ဖယ္ေပးတာပါ.အခုေခတ္ အဲကြန္းေတြမွာ Cool Mode သာမက Dry Mode ဆိုတာပါ ပါပါတယ္။Cool Mode မွာ Evaporator Compressor နဲ႔ Condenser ေတြ အားလုံး အလုပ္လုပ္ၿပီး အခန္းတြင္းက ေလကို ေအးျမေစပါတယ္။Dry Mode မွာေတာ့ ေလထုထဲက ေရေငြ႕ကို ဖယ္ရွားေပးဖို႔ Evaporator သာ အလုပ္လုပ္တဲ့အတြက္ ဓာတ္အားသုံးစြဲမႈ ပိုနည္းပါတယ္။ဒီေတာ့ အခုလို အပူခ်ိန္ သိပ္မျမင့္လွေသာ္လည္း ပူအိုက္စြတ္စိုထိုင္းမႈိင္းတဲ့ မိုးရာသီမွာ အဲကြန္းကို Cool Mode နဲ႔ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီေလာက္မွာ ထားၿပီး Fan Speed ကိုလည္း ေလွ်ာ့ၿပီး သုံးမယ္ ဆိုရင္…အခန္းတြင္း ေရေငြ႕ပါဝင္ႏႈန္းကို ေလွ်ာ့ခ်ေပးတဲ့အတြက္ အခန္းတြင္းမွာ မႈိမတက္ျခင္း၊ ေရာဂါပိုးမႊားေတြ မေပါက္ပြါးႏိုင္ျခင္းေရေငြ႕နည္းၿပီး ေျခာက္ေသြ႕သြားတဲ့ေလဟာ လူ႔အေရျပားက ေခြၽးေတြကို အလြယ္တကူ အေငြ႕ျပန္ေစလို႔ ေအးျမမႈကို Cool Mode နဲ႔ အေအးခံထားသည့္အလား ခံစားရ ေစျခင္း၂၅ ဒီဂရီလည္း ျဖစ္ျပန္ Dry Mode လည္း ျဖစ္ျပန္လို႔ မီတာခ သက္သာျခင္း စတဲ့ အက်ိဳးေတြကို ခံစားရမွာ ျဖစ္ေၾကာင္း လက္ေတြ႕ ႏႈိင္းယွဥ္ စမ္းသပ္ႏိုင္ေစဖို႔ စိုးလွ်ပ္စစ္မွ မွ်ေဝလိုက္ရပါတယ္.အဲယားကြန္းကို 16 မွာထားတာရင္လဲ ဒီေလပဲ30 မွာထားလဲ ဒီေလပဲထြက္ပါတယ္ေနာ္.အလုပ္လုပ္ခ်ိန္ပိုၾကာသြားလို႔ ပိုေအးတာပါ.အျခားေသာ လွ်ပ္စစ္ပစၥည္းေတြကိုလည္း အထာသိၿပီး သတိထား အသုံးျပဳရင္ လွ်ပ္စစ္ကို ေခြၽတာႏိုင္ပါလိမ့္မယ္။ အေသအခ်ာ ရွင္းျပေပးတဲ့ ကိုေ႐ႊယုကို ေက်းဇူးတင္ပါတယ္။

    Credit-SOE Electronic

    Via Sayar U Myo Thein

  • ကားမောင်းတတ်သူတိုင်း မဖြစ်မနေ သိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး

    ၁။ ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း။

    ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန်အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ်ရပ်ထားခဲ့မယ်။ အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။

    ၂။ ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း။

    နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ ဒီနေရာမှာတချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့တိုက်ရတာပါလို့ ပြောကြပါတယ်။ ဒါပေမယ့် ယာဉ်သွားလာမှုစည်းကမ်း နည်းဥပဒေ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သောအကွာအဝေးမှ လိုက်ရမည်လို့ဖော်ပြထားပါတယ်။

    သင့်လျော်သောအကွာအဝေး ဆိုတာကေတာ့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင် များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့်အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော တည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်းမရှိတဲ့ အတွက်ပါ။

    ၃။ လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။

    မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ယာဉ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ နည်းဥပဒေ၁၄၉(ခ)အရ လမ်းမကြီးမှယာဉ်သည် ဉီးစားပေးရတဲ့အတွက်ပါ။ တကယ်လို့တူညီ လမ်းဆုံမှာ ဆိုရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာ ဘက်ယာဉ် ဉီးစားပေးရပါတယ်။

    တူညီလမ်းဆုံသို့ ယာဉ်(၂)စီး တပြိုင်တည်း ရောက်ရှိလျှင် ဉီးစွာရောက်ရှိသော ယာဉ်ကို ဉီးစားပေးရမည် ဖြစ်ပြီး တစ်ချိန်တည်းရောက်ရှိလျှင် လက်ယာဘက်ယာဉ် ကို ဉီးစားပေးရမည်လို့ သတ်မှတ်ထားတဲ့ အတွက်ပါ။

    ၄။ လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း။

    ဒါကတော့ယာဉ်(၂)စီးလုံး မှာတာဝန်ရှိပါတယ်။ လက်ယာကပ်ေ မာင်းစနစ်ဖြ စ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်မည် သည့်ယာ ဉ်မဆိုလက်ယာက ပ်မောင်းရမှာြ ဖစ်တဲ့အတွက်ပါ။ နည်းဥပဒေ ၁၄၁မှာလည်း ဖော်ပြထားပါတ ယ်။အမြန်လမ်းတွေ လိုယာဉ်ကြော(၃)ကြောရှိတဲ့လ မ်းဆိုလက်ဝဲ ဘက်အစွန်းကြောသ ည်ကျော် တက်ရန်နှင့်အမြန်ေ မာင်းနှင်ရန်မှာ သာအသုံးပြု ရမှာဖြစ်ပါတယ်။

    ၅။ T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။

    T လမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။

    ၆။ တည့်ယာဉ်နှင့်ဝဲဘက်သို့ ‘ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။

    နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့”ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ” တို့ ပြောတက်ကြပါတယ်။ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။

    ၇။ လမ်းပြောင်းပြန်ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။

    နည်းဥပဒေ ၁၄၆အရရှေ့မှမျက်နှာခြင်းဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။

    ၈။ ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း။

    လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်ယာဉ်သာအမှားဖြစ်ပါတယ်။

    ၉။ အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။

    နည်းဥပဒေ ၁၄၉ အရ အဝိုင်းပတ်နေတဲ့ ယာဉ်သာ အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ်ကို ဉီးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ ယာဉ်ကပဲ ရပ်ပေးနေတာကို မြင်နေရပါတယ်။ ရန်ကုန်မြို့က ဉီးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး နေပြည်တော်က ပန်းအဝိုင်းလိုမျိုး အဝိုင်းကြီးတွေမှာ အဝိုင်းပတ်နေတဲ့ ယာဉ်အချင်းချင်း တိုက်မိရင်တော့ လက်ဝဲဘက် အတွင်းကြောက ယာဉ် အမှန်ဖြစ်ပါတယ်။

    ၁၀။ ယာဉ်မှလူကိုတိုက်ခြင်း

    စက်တပ်ယာဉ်နဲ့လူတိုက် မိပီဆိုရင်တော့စက်တပ်ယာဉ် သာအမှားဖြစ်ပါ တယ် ။ရော်ာစရာတောင်မ လိုလောက်ပါဘူး။ ယာဉ် တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ ယာဉ်မောင်းနှင်သူများရဲ့ ပေါ့လျော့မှု ကြောင့်ရယ်၊ ယာဉ်ရဲ့ စက်ပစွည်း ချို့ယွင်းမှုကြောင့်ရယ်၊ လမ်းအသုံးပြုသူများရဲ့ ပေါ့လျော့မှုတွေ ကြောင့်ပဲ အဖြစ်များကြပါတယ်။ ဒါကတော့ကျွန်တော် မှတ်ထားသလောက်ကို ပြန်ဝေမျှပေးတာပါ။ အမှားပါကော င်းပါနိုင်ပါတယ်။ တက်သိနားလည်ေ သာဆရာများ မှအမှားဝင်ရော က်ထောက်ပြနိုင်ပါတယ်။

    Credit: Original Uploader

    (Zawgyi)

    ၁။ ရပ္ထားေသာယာဥ္ကို ဝင္ေရာက္တိုက္မိျခင္း။

    ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္ေရာက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္အမွားပဲျဖစ္ပါတယ္။ ဒါေပမယ့္ ညအခ်ိန္အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားဘဲ လမ္းမေပၚရပ္ထားခဲ့မယ္။ အႏၲရာယ္မျဖစ္ႏိုင္ေအာင္ သတိေပးမယ့္သူရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိႏိုင္ပါတယ္။

    ၂။ ေရွ႕ယာဥ္အားေနာက္ယာဥ္မွ ဝင္ေရာက္တိုက္မိျခင္း။

    ေနာက္ကယာဥ္မွာတာဝန္ရွိပါတယ္။ ဒီေနရာမွာတခ်ိဳ႕ကေျပာၾကပါတယ္။ ေရွ႕ယာဥ္က ႐ုတ္တရက္ ဘရိတ္အုပ္လို႔တိုက္ရတာပါလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ယာဥ္သြားလာမႈစည္းကမ္း နည္းဥပေဒ ၁၄၅ မွာ ေရွ႕ယာဥ္႐ုတ္တရက္ရပ္တန႔္လွ်င္ ေနာက္မွယာဥ္သည္ ထိခိုက္မႈမျဖစ္ေစရန္ သင့္ေလ်ာ္ေသာအကြာအေဝးမွ လိုက္ရမည္လို႔ေဖာ္ျပထားပါတယ္။

    သင့္ေလ်ာ္ေသာအကြာအေဝး ဆိုတာေကတာ့ ပုံေသမရွိႏိုင္ပါဘူး။ ေရွ႕ယာဥ္အရွိန္မ်ားရင္ မ်ားသလို အရွိန္နည္းရင္နည္းသလို ထိခိုက္မႈမရွိပဲ ရပ္တန႔္ႏိုင္မယ့္အကြာအေဝးကို ခ်ိန္ဆေမာင္းႏွင္ရမွာပါ။ အဲ့ဒီအတြက္ ေရွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္ လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္ အေၾကာင္းတစုံရာေၾကာင့္ ရပ္တန႔္ခ်ိန္မွာ ေနာက္ယာဥ္သည္လည္း ထိခိုက္မႈမရွိေအာင္ ရပ္တန႔္ႏိုင္ရပါမယ္။ ဖရီးေၾကာလို႔ေခၚတဲ့ ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာ တည့္ေၾကာမွာတိုက္ရင္ေတာ့ ေရွ႕ယာဥ္အမွားျဖစ္ပါတယ္။ လမ္းၫႊန္အမွတ္အသားကို လိုက္နာျခင္းမရွိတဲ့ အတြက္ပါ။

    ၃။ လမ္းဆုံတြင္ယာဥ္(၂)စီးတိုက္ျခင္း။

    မိန္းလမ္းမႀကီးနဲ႔ လမ္းသြယ္ယာဥ္ဆိုရင္ေတာ့ လမ္းသြယ္ယာဥ္ရဲ႕ တာဝန္ပဲျဖစ္ပါတယ္။ နည္းဥပေဒ၁၄၉(ခ)အရ လမ္းမႀကီးမွယာဥ္သည္ ဉီးစားေပးရတဲ့အတြက္ပါ။ တကယ္လို႔တူညီ လမ္းဆုံမွာ ဆိုရင္ေတာ့ နည္းဥပေဒ ၁၄၉(က)အရ လက္ယာ ဘက္ယာဥ္ ဉီးစားေပးရပါတယ္။

    တူညီလမ္းဆုံသို႔ ယာဥ္(၂)စီး တၿပိဳင္တည္း ေရာက္ရွိလွ်င္ ဉီးစြာေရာက္ရွိေသာ ယာဥ္ကို ဉီးစားေပးရမည္ ျဖစ္ၿပီး တစ္ခ်ိန္တည္းေရာက္ရွိလွ်င္ လက္ယာဘက္ယာဥ္ ကို ဉီးစားေပးရမည္လို႔ သတ္မွတ္ထားတဲ့ အတြက္ပါ။

    ၄။ လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း။

    ဒါကေတာ့ယာဥ္(၂)စီးလုံး မွာတာဝန္ရွိပါတယ္။ လက္ယာကပ္ေ မာင္းစနစ္ျဖ စ္တဲ့ဒီႏိုင္ငံမွာ သာမန္အားျဖင့္မည္ သည့္ယာ ဥ္မဆိုလက္ယာက ပ္ေမာင္းရမွာျ ဖစ္တဲ့အတြက္ပါ။ နည္းဥပေဒ ၁၄၁မွာလည္း ေဖာ္ျပထားပါတ ယ္။အျမန္လမ္းေတြ လိုယာဥ္ေၾကာ(၃)ေၾကာရွိတဲ့လ မ္းဆိုလက္ဝဲ ဘက္အစြန္းေၾကာသ ည္ေက်ာ္ တက္ရန္ႏွင့္အျမန္ေ မာင္းႏွင္ရန္မွာ သာအသုံးျပဳ ရမွာျဖစ္ပါတယ္။

    ၅။ T ပုံသ႑န္လမ္းဆုံတြင္တိုက္မိျခင္း။

    T လမ္းဆုံမွာတိုက္ရင္လည္းလမ္းမေပၚေကြ႕ထြက္တဲ့ယာဥ္ကအမွားပဲ ျဖစ္ပါတယ္။

    ၆။ တည့္ယာဥ္ႏွင့္ဝဲဘက္သို႔ ‘ဂ’ေကြ႕ေကြ႕ေသာယာဥ္တိုက္မိျခင္း။

    နည္းဥပေဒ ၁၄၈ နဲ႔ ၁၅၀ အရတည့္တည့္လာေနတဲ့ယာဥ္မရွင္းပဲ ေကြ႕တဲ့ယာဥ္ကအမွားပဲျဖစ္ပါတယ္။”လြတ္မယ္ထင္လို႔ေကြ႕တာပါ” တို႔”ေရွ႕ကတည့္တည့္လာတဲ့ယာဥ္ကအရွိန္မ်ားတာ” တို႔ ေျပာတက္ၾကပါတယ္။ဘယ္လိုပဲေျပာေျပာရွင္းရမွာပါပဲ။

    ၇။ လမ္းေျပာင္းျပန္ေက်ာ္တက္၍ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း။

    နည္းဥပေဒ ၁၄၆အရေရွ႕မွမ်က္ႏွာျခင္းဆိုင္လာေသာယာဥ္မရွင္းဘဲလမ္းေျပာင္းျပန္ေက်ာ္တက္တက္တဲ့ယာဥ္မွာတာဝန္ရွိပါတယ္။

    ၈။ ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္ျခင္း။

    လက္ဝဲဘက္မွေက်ာ္တက္ပြတ္တိုက္မိသည့္ယာဥ္သာအမွားျဖစ္ပါတယ္။

    ၉။ အဝိုင္းတြင္ယာဥ္(၂)စီးတိုက္မိျခင္း။

    နည္းဥပေဒ ၁၄၉ အရ အဝိုင္းပတ္ေနတဲ့ ယာဥ္သာ အမွန္ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္ကို ဉီးစားေပးရမွာ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္ကပဲ ရပ္ေပးေနတာကို ျမင္ေနရပါတယ္။ ရန္ကုန္ၿမိဳ႕က ဉီးေထာင္ဘို/ဟံသာဝတီအဝိုင္းလိုမ်ိဳး ေနျပည္ေတာ္က ပန္းအဝိုင္းလိုမ်ိဳး အဝိုင္းႀကီးေတြမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္အခ်င္းခ်င္း တိုက္မိရင္ေတာ့ လက္ဝဲဘက္ အတြင္းေၾကာက ယာဥ္ အမွန္ျဖစ္ပါတယ္။

    ၁၀။ ယာဥ္မွလူကိုတိုက္ျခင္း

    စက္တပ္ယာဥ္နဲ႔လူတိုက္ မိပီဆိုရင္ေတာ့စက္တပ္ယာဥ္ သာအမွားျဖစ္ပါ တယ္ ။ေရာ္ာစရာေတာင္မ လိုေလာက္ပါဘူး။ ယာဥ္ တိုက္မႈ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ယာဥ္ေမာင္းႏွင္သူမ်ားရဲ႕ ေပါ့ေလ်ာ့မႈ ေၾကာင့္ရယ္၊ ယာဥ္ရဲ႕ စက္ပစြည္း ခ်ိဳ႕ယြင္းမႈေၾကာင့္ရယ္၊ လမ္းအသုံးျပဳသူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေတြ ေၾကာင့္ပဲ အျဖစ္မ်ားၾကပါတယ္။ ဒါကေတာ့ကြၽန္ေတာ္ မွတ္ထားသေလာက္ကို ျပန္ေဝမွ်ေပးတာပါ။ အမွားပါေကာ င္းပါႏိုင္ပါတယ္။ တက္သိနားလည္ေ သာဆရာမ်ား မွအမွားဝင္ေရာ က္ေထာက္ျပႏိုင္ပါတယ္။

    Credit: Original Uploader