Author: shangyi

  • ရန္ကုန္ၿမိဳ႕မွ ျမန္မာျပည္တစ္ဝန္းရွိ အျခားၿမိဳ႕မ်ားသို႔ အကြာအေဝးမိုင္မ်ား

    (Zawgyi)

    ရန္ကုန္ၿမိဳ႕မွ ျမန္မာျပည္ တစ္ဝန္းရွိ အျခားၿမိဳ႕မ်ားသို႔ အကြာအေဝးမိုင္မ်ား

    ရန္ကုန္ၿမိဳ႕ မွ ျမန္မာျပည္တစ္ဝန္းရွိ အျခားၿမိဳ႕မ်ားသို႔ အကြာအေဝး မိုင္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

    ရန္ကုန္ _ ေနျပည္ေတာ္(လမ္းသစ္) ၂၀၂ မိုင္

    ရန္ကုန္ _ မႏၲေလး ၃၆၄ မိုင္

    ရန္ကုန္ _ မိတၳီလာ ၂၈၉(လမ္းသစ္) မိုင္

    ရန္ကုန္ _ ျမင္းၿခံ ၃၉၆ မိုင္

    ရန္ကုန္ _ စစ္ကိုင္း ၃၅၁ မိုင္

    ရန္ကုန္ _ ျပင္ဦးလြင္ ၄၃၂ မိုင္

    ရန္ကုန္ _ လားရႈိး ၅၆၅ မိုင္

    ရန္ကုန္ _ ေတာင္ႀကီး ၃၈၄ မိုင္

    ရန္ကုန္ _ လြိဳင္ေကာ္ ၃၃၇ မိုင္

    ရန္ကုန္ _ ျမစ္ႀကီးနား ၉၁၉ မိုင္

    ရန္ကုန္ _ လက္ပံတန္း ၈၅ မိုင္

    ရန္ကုန္ _ ျပည္ ၁၇၉ မိုင္

    ရန္ကုန္ _ မေကြး ၃၃၁ မိုင္

    ရန္ကုန္ _ ေရနံေခ်ာင္းဆင္ျဖဴကြၽန္း ၃၆၃ မိုင္

    ရန္ကုန္ _ ေက်ာက္ပန္းေတာင္း ၃၉၇ မိုင္

    ရန္ကုန္ _ ေခ်ာက္ ၄၀၈ မိုင္

    ရန္ကုန္ _ ပုဂံ-ေညာင္ဦး ၄၃၁ မိုင္

    ရန္ကုန္ _ ပခုကၠဴ ၄၄၅ မိုင္

    ရန္ကုန္ _ ျမင္းၿခံ ၄၃၁ မိုင္

    ရန္ကုန္ _ သံတြဲ ၃၂၃ မိုင္

    ရန္ကုန္ _ စစ္ေတြ ၅၅၉ မိုင္

    ရန္ကုန္ _ မအူပင္ ၅၁ မိုင္

    ရန္ကုန္ _ ေျမာင္းျမ ၁၀၂ မိုင္

    ရန္ကုန္ _ ပုသိမ္ ၁၁၅ မိုင္

    ရန္ကုန္ _ ေခ်ာင္းသာ ၁၃၉ မိုင္

    ရန္ကုန္ _ ေငြေဆာင္ ၁၄၂ မိုင္

    ရန္ကုန္ _ ေညာင္တုန္း ၃၅ မိုင္

    ရန္ကုန္ _ ဇလြန္ ၈၇ မိုင္

    ရန္ကုန္ _ က်ိဳက္ထီး႐ိုး ၁၁၉ မိုင္

    Credit – Original Uploader

    (Unicode)

    ရန်ကုန်မြို့မှ မြန်မာပြည် တစ်ဝန်းရှိ အခြားမြို့များသို့ အကွာအဝေးမိုင်များ

    ရန်ကုန်မြို့ မှ မြန်မာပြည်တစ်ဝန်းရှိ အခြားမြို့များသို့ အကွာအဝေး မိုင်များကို ဖော်ပြပေးလိုက်ပါသည်။

    ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၀၂ မိုင်

    ရန်ကုန် _ မန္တလေး ၃၆၄ မိုင်

    ရန်ကုန် _ မိတ္ထီလာ ၂၈၉(လမ်းသစ်) မိုင်

    ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်

    ရန်ကုန် _ စစ်ကိုင်း ၃၅၁ မိုင်

    ရန်ကုန် _ ပြင်ဦးလွင် ၄၃၂ မိုင်

    ရန်ကုန် _ လားရှိုး ၅၆၅ မိုင်

    ရန်ကုန် _ တောင်ကြီး ၃၈၄ မိုင်

    ရန်ကုန် _ လွိုင်ကော် ၃၃၇ မိုင်

    ရန်ကုန် _ မြစ်ကြီးနား ၉၁၉ မိုင်

    ရန်ကုန် _ လက်ပံတန်း ၈၅ မိုင်

    ရန်ကုန် _ ပြည် ၁၇၉ မိုင်

    ရန်ကုန် _ မကွေး ၃၃၁ မိုင်

    ရန်ကုန် _ ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်

    ရန်ကုန် _ ကျောက်ပန်းတောင်း ၃၉၇ မိုင်

    ရန်ကုန် _ ချောက် ၄၀၈ မိုင်

    ရန်ကုန် _ ပုဂံ-ညောင်ဦး ၄၃၁ မိုင်

    ရန်ကုန် _ ပခုက္ကူ ၄၄၅ မိုင်

    ရန်ကုန် _ မြင်းခြံ ၄၃၁ မိုင်

    ရန်ကုန် _ သံတွဲ ၃၂၃ မိုင်

    ရန်ကုန် _ စစ်တွေ ၅၅၉ မိုင်

    ရန်ကုန် _ မအူပင် ၅၁ မိုင်

    ရန်ကုန် _ မြောင်းမြ ၁၀၂ မိုင်

    ရန်ကုန် _ ပုသိမ် ၁၁၅ မိုင်

    ရန်ကုန် _ ချောင်းသာ ၁၃၉ မိုင်

    ရန်ကုန် _ ငွေဆောင် ၁၄၂ မိုင်

    ရန်ကုန် _ ညောင်တုန်း ၃၅ မိုင်

    ရန်ကုန် _ ဇလွန် ၈၇ မိုင်

    ရန်ကုန် _ ကျိုက်ထီးရိုး ၁၁၉ မိုင်

    Credit – Original Uploader

  • မြေအောက် ပေဘယ်လောက်အကွာမှာ ရေရှိနေနိုင်လဲ ဆိုတာကို ကွမ်းရွက် (၃၆) ရွက် ဖြင့် တိုင်းတာ စမ်းသပ်နည်း

    (Zawgyi)

    ျမန္ မာ့ နည္းျဖင့္ ေျမႀကီးေအာက္တြင္ ေရ ရွိ မရွိ ေရ နီး မနီး ကြမ္း႐ႊက္ျဖင့္ စမ္းသပ္တဲ့ နည္း

    ေရ အသက္-တမနက္၊ ဆိုတဲ့စကားကို လူတိုင္း ၾကားဖူးၾကပါလိမ့္မယ္။ ေရသည္ မရွိမျဖစ္ အဓိကလိုအပ္ခ်က္ ျဖစ္ေနေသာေၾကာင့္ ေရကိုအမ်ိဳးမ်ိဳး ရွာေဖြေနၾကပါသည္။ ေတာေတာင္ ေျမျပန႔္ ေနရာမလပ္ေအာင္ပင္ လူတို႔သည္ ေရကိုရရွိေအာင္ ႀကိဳးစားလ်က္ရွိၾကပါသည္။ေက်းလက္ေဒသမ်ား၊ ၿမိဳ႕ျပေနရာမ်ားတြင္လည္း ႐ိုးရာပညာ၊ ေခတ္မီစက္ကိရိယာမ်ားျဖင့္ လက္႐ိုက္တြင္းမ်ား၊ အဝီစိတြင္းမ်ား စသည္ျဖင့္စမ္းသပ္ရွာေဖြေနၾကရာတြင္ တခ်ိဳ႕လည္း ေအာင္ျမင္၍ တခ်ိဳ႕လည္း မေအာင္ျမင္ဘဲ ရွိၾကပါသည္။

    ထိုသို႔ အျဖစ္အပ်က္မ်ားကို စာေရးသူကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရေသာေၾကာင့္ လက္ေတြ႕ေအာင္ျမင္ေသာ ေရရွိရာ ေနရာ၊ ေပအနက္ စသည္ျဖင့္ တိက်စြာ ေရရွိ-မရွိစမ္းသပ္သည့္ ျမန္မာ့႐ိုးရာ နည္းပညာကို ဘဒၵႏၲ စေႏၵာဘာသ၊ ဥကၠ႒၊ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၊ မဟာသိမ္ေတာ္ေက်ာင္း သာသနာျပဳ ဆရာေတာ္ႀကီး၏ေျခေတာ္ရင္းတြင္ ပညာဆည္းပူးရင္း သရက္ေတာေက်ာင္း ေရတြင္း၊ ျပည္သူ႔ေဆး႐ုံ ေရတြင္း၊ လက္ခုပ္ပင္ေက်း႐ြာ ေရတြင္း စသည္တို႔ကို တူးစဥ္က ၾကားနာ မွတ္သားခဲ့ရသည္မ်ားကို ပညာေဝငွလိုက္ပါသည္။

    မိတ္ေဆြ၊ သင္ ေရတြင္း တူးေတာ့မည္ဆိုလွ်င္ ေရ ရွိ-မရွိ၊ အေတာင္ ဘယ္ေလာက္ တူးရမလဲ၊ တိက်စြာ တူးႏိုင္ဖို႔အေရးအတြက္ပထမဦးစြာ— ကြမ္း႐ြက္ ၃၆-႐ြက္ကို အညႇာမျဖတ္၊ အဖ်ားမျဖတ္၊ အေပါက္အၿပဲ မပါတာကို ေရေဆးၿပီး (၁)မိနစ္မွ် ေရစိမ္ထားပါ။

    ဒုတိယဆင့္တြင္ မိမိတူးလိုသည့္ေျမေနရာကို ဝါးျခမ္းျပားျဖင့္ ေရအစိုဓာတ္ ေတြ႕သည့္တိုင္ေအာင္ ျခစ္ပါ။အစိုျပန္လာပါက ကြမ္း႐ြက္ (၃၆)႐ြက္ကိုညီေအာင္ ထပ္၍ တူးမယ့္ေျမေပၚတြင္ အထပ္လိုက္ ေမွာက္ခ်ၿပီး ၎အေပၚကေန သပိတ္ျဖစ္ေစ၊ ႏႈတ္ခမ္းညီေသာ သံပုံးျဖစ္ေစ၊ ေလလုံသည့္ သပိတ္၊ ေရပုံး ရရာကို ယူၿပီး ေလမဝင္ေအာင္ ေမွာက္ထားပါ။

    နံနက္မိုးလင္းသည္ႏွင့္ ၎ကြမ္း႐ြက္ကို အထပ္လိုက္ လွန္ၿပီး တ႐ြက္ခ်င္း ဖယ္ၾကည့္လိုက္ပါ။ေရေၾကာ ေရရွိမယ့္ေနရာသည္ ဆယ္ေတာင္အနက္မွာဆိုလွ်င္ ဆယ္႐ြက္ေျမာက္ ကြမ္း႐ြက္၏ မ်က္ႏွာျပင္မွာ ေရဥကေလးေတြ စိုေနၿပီး (၉)႐ြက္ကေန ေအာက္ဆုံးအ႐ြက္တို႔မွာ ေျခာက္ေသြ႕ေနပါသည္။ေရသည္ (၁၅)ေတာင္မွာ ရွိမည္ဆိုလွ်င္ (၁၅)႐ြက္ေျမာက္ ကြမ္း႐ြက္တြင္၎၊ အေတာင္ (၂၀)မွာရွိမည္ဆိုလွ်င္ အ႐ြက္ (၂၀)ေျမာက္ ကြမ္း႐ြက္တြင္၎ ေရစိုစြတ္ၿပီး တြဲခိုေနသည္ကို ေတြ႕ရပါမည္။

    ေရ ရွာ၍တိက်ၿပီး ေခတ္မီကိရိယာမ်ား မလိုဘဲ အလြယ္တကူ ရမည္ျဖစ္ပါေၾကာင္း ေရးသားရင္း ဆရာေတာ္အား ဦးတိုက္လိုက္ပါသည္ ခင္ဗ်ား။

    Credit- ဒီလႈိင္း(သပိတ္က်င္း)

    (Unicode)

    မြန် မာ့ နည်းဖြင့် မြေကြီးအောက်တွင် ရေ ရှိ မရှိ ရေ နီး မနီး ကွမ်းရွှက်ဖြင့် စမ်းသပ်တဲ့ နည်း

    ရေ အသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေကိုအမျိုးမျိုး ရှာဖွေနေကြပါသည်။ တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့်စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။

    ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေအနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိစမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။

    မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက်ပထမဦးစွာ— ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။

    ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကိုညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၎င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။

    နံနက်မိုးလင်းသည်နှင့် ၎င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။

    ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည် ခင်ဗျား။

    Credit- ဒီလှိုင်း(သပိတ်ကျင်း)

  • တောင်အဆင်းလမ်းမှာ ကားဘီး ရေလောင်းတာ ဘာ့ကြောင့်လဲ?

    (Zawgyi)

    ေတာင္အဆင္းလမ္းမွာ… ကားဘီး ေရေလာင္းတာဘာ့ေၾကာင့္လဲ?

    (ေအာ္တိုဂီယာ ကားေလးမ်ား အဆင္းႀကီးရင္ဂီယာႀကီးနဲ႔ ဆင္းၾကပါ)

    ျပင္ဦးလြင္ကေန မႏၲေလးကို အဆင္းလမ္းမွာ တြဲကားႀကီးေတြ၊ ၁၂ဘီးကားႀကီးေတြ ဆင္းလာရာမွာလမ္းတေလွ်ာက္ ကားဘီးကို ေရျဖန္းၿပီး ဆင္းလာၾကပါတယ္။ ဘာ့ေၾကာင့္ပါလည္း….?

    ေတာင္အဆင္းလမ္းမွာ ”ဂီယာႀကီးနဲ႔ ဆင္းပါလို႔” သတိေပးဆိုင္းဘုတ္ေတြ ေျခာက္ထပ္ေကြ႕ မီးသတ္ေကြ႕ အဆင္းမွာ ေတြ႕ရတယ္။

    အဆင္းႀကီး/ အဆင္းရွည္ေတာ့ ဘရိတ္ တအားသုံးရတယ္၊ ဘရိတ္ဆိုတဲ့အမ်ိဳးက ပူလာရင္ ေပ်ာက္တတ္တယ္။ သတင္းေတြမွာေရးသလို ”ဘရိတ္ေပါက္တာ မဟုတ္ဘူးဗ်၊” ဘရိတ္ေပ်ာက္သြားၾကတာ။ အဲသလို ပူၿပီး ဘရိတ္မေပ်ာက္ေအာင္ ကားဘီးကို ေရေလာင္းၿပီး ဆင္းၾကတာ။

    အဆင္းႀကီးရင္ ဂီယာနံပါတ္ 2 ကို ဘရိတ္ထိန္းၿပီးမွ ထည့္ပါတယ္…ေအာ္တိုဂီယာ ကားေလးေတြလည္း ဂီယာႀကီး ေျပာင္းသင့္တယ္။ 12.4.2019 က်ေနာ္ျပင္ဦးလြင္က ဆင္းလာရာမွာ ၁၈ မိုင္ေကြ႕ အဆင္းမွာ အိမ္စီးကား Suzukiကား အနက္ေရာင္ တဖက္ယာဥ္ေၾကာဝင္ၿပီး ေက်ာက္နံရံဘက္ ဦးတိုက္ဖင္ေထာင္ေနပါတယ္။ အရွိန္မထိန္းႏိုင္ဘဲ ေခ်ာက္ထဲက်မွာေၾကာင့္ တဖက္နံရံကို ေျပးေဆာင့္တဲ့ သေဘာပါဘဲ။ ေအာ္တိုဂီယာဆိုၿပီး အဆင္းမွာ ဂီယာႀကီးကို ကားက ေအာ္တိုေျပာင္းမေပးပါ။ ဂီယာႀကီး 2 သို႔မဟုတ္ဝိတ္မ်ားရင္ L ကိုေျပာင္းေပးရပါမယ္။ အမ်ားစုက D ျဖင့္ ဆင္းေနတာ ေတြ႕ရပါတယ္။ (တခ်ိဳ႕က OD သုံးၿပီး ဆင္းတယ္လို႔ ဆိုတယ္) က်ေနာ္ကေတာ့ အဆင္းႀကီးရင္ ဂီယာနံပါတ္ 2 ကို ဘရိတ္ထိန္းၿပီးမွ ထည့္ပါတယ္။ အရွိန္ထိန္းသြားတာ အရမ္းသိသာပါတယ္။

    ကားအေသးဘီးကို ေရေလာင္းတာ မတူတဲ့အျမင္တခ်ိဳ႕ –

    (အပူက်င့္/ အေအးက်င့္တဲ့) ျပင္ဦးလြင္လမ္း အဆင္း၂၁မိုင္မွာ လူတခ်ိဳ႕ ကားဘီးေရေလာင္းတယ္။(က်ေနာ္လည္း ေလာင္းပါတယ္)။ ကားစက္ရပ္ၿပီး ခ်က္ခ်င္းမေလာင္းဘဲ ငါးမိနစ္ခန႔္ၾကာမွ ေနာက္တာယာကို အရင္ေလာင္းပါတယ္၊ ၿပီးမွကားေဂြကို ေလာင္းတယ္၊ ေနာက္ဆုံးမွ ဟတ္ဒရမ္ကို ေလာင္းတယ္။ေရွ႕ဘီးေလာင္းရင္ ညာဘက္ဘီးက အပူခ်ိန္အရမ္းမ်ားတယ္။ ေရွ႕ဘယ္ဘက္က ဘီးကို တာယာ၊ ဘက္ပလိတ္ျပား၊ ကားေဂြ၊ ေနာက္ကားဘရိတ္ disc ျပား အစဥ္လိုက္ ေရေလာင္းပါတယ္။

    ေအာ္တိုဂီယာ ကားေလးေတြလည္း ဂီယာႀကီး ေျပာင္းသင့္တယ္… “ေနာက္ဆုံးမွ ညာဘက္ဘီးကိုေဖာ္ျပပါအတိုင္း ေလာင္းၿပီး “အဆုံးသတ္ပါတယ္။ (ပူလြန္းလို႔ ေရေတြ အေငြ႕ျပန္တဲ့ အထိပါဘဲ) တခ်ိဳ႕က ေရေလာင္းတာ လက္မခံ မႀကိဳက္ၾကပါဘူး။ ဘရိတ္ disc ေတြ drum ေတြ လန႔္ၿပီးကြဲတတ္လို႔ပါတဲ့။ (ဒီအတိုင္း ဆင္းၾကပါတယ္)။

    ဘရိတ္ေပ်ာက္သြားတဲ့ က်ေနာ့သူငယ္ခ်င္း-

    ဘရိတ္ရႈးျခမ္းပါးရင္/ ဘရိတ္သုံးတာမ်ားရင္ ဘရိတ္ေပ်ာက္သြားတတ္တယ္။ က်ေနာ့သူငယ္ခ်င္းတေယာက္ ျပင္ဦးလြင္အဆင္း ဘရိတ္ေပ်ာက္သြားဘူတယ္။ (ေတာင္ေျခ ၁၆ မိုင္မွာျဖစ္လို႔ ေတာ္ေသးတာေပါ့)။ ဘရိတ္ေပ်ာက္ရင္ ကားဘီးကို အေအးခံ/ ခနအနားေပးၿပီးမွ ျပန္ေမာင္းသင့္ပါတယ္။

    ေရေလာင္းၿပီး ျပန္ထြက္မယ္ဆိုရင္….

    ကားဘီးေရေလာင္းၿပီးရင္ စက္ႏိုးကာ ခ်က္ခ်င္းမထြက္သင့္ပါ။ ဘရိတ္ကို ႏွစ္ခ်က္ေလာက္ မိ/မမိ အရင္စမ္းၾကည့္ၿပီးမွ ဆက္ၿပီး ဆင္းသင့္ပါေၾကာင္း အႀကံျပဳ ေရးသားလိုက္ရပါတယ္။

    Tin Lay Zaw

    AC Auto Parts

    (Unicode)

    တောင်အဆင်းလမ်းမှာ… ကားဘီး ရေလောင်းတာဘာ့ကြောင့်လဲ?

    (အော်တိုဂီယာ ကားလေးများ အဆင်းကြီးရင်ဂီယာကြီးနဲ့ ဆင်းကြပါ)

    ပြင်ဦးလွင်ကနေ မန္တလေးကို အဆင်းလမ်းမှာ တွဲကားကြီးတွေ၊ ၁၂ဘီးကားကြီးတွေ ဆင်းလာရာမှာလမ်းတလျှောက် ကားဘီးကို ရေဖြန်းပြီး ဆင်းလာကြပါတယ်။ ဘာ့ကြောင့်ပါလည်း….?

    တောင်အဆင်းလမ်းမှာ ”ဂီယာကြီးနဲ့ ဆင်းပါလို့” သတိပေးဆိုင်းဘုတ်တွေ ခြောက်ထပ်ကွေ့ မီးသတ်ကွေ့ အဆင်းမှာ တွေ့ရတယ်။

    အဆင်းကြီး/ အဆင်းရှည်တော့ ဘရိတ် တအားသုံးရတယ်၊ ဘရိတ်ဆိုတဲ့အမျိုးက ပူလာရင် ပျောက်တတ်တယ်။ သတင်းတွေမှာရေးသလို ”ဘရိတ်ပေါက်တာ မဟုတ်ဘူးဗျ၊” ဘရိတ်ပျောက်သွားကြတာ။ အဲသလို ပူပြီး ဘရိတ်မပျောက်အောင် ကားဘီးကို ရေလောင်းပြီး ဆင်းကြတာ။

    အဆင်းကြီးရင် ဂီယာနံပါတ် 2 ကို ဘရိတ်ထိန်းပြီးမှ ထည့်ပါတယ်…အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီး ပြောင်းသင့်တယ်။ 12.4.2019 ကျနော်ပြင်ဦးလွင်က ဆင်းလာရာမှာ ၁၈ မိုင်ကွေ့ အဆင်းမှာ အိမ်စီးကား Suzukiကား အနက်ရောင် တဖက်ယာဉ်ကြောဝင်ပြီး ကျောက်နံရံဘက် ဦးတိုက်ဖင်ထောင်နေပါတယ်။ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျမှာကြောင့် တဖက်နံရံကို ပြေးဆောင့်တဲ့ သဘောပါဘဲ။ အော်တိုဂီယာဆိုပြီး အဆင်းမှာ ဂီယာကြီးကို ကားက အော်တိုပြောင်းမပေးပါ။ ဂီယာကြီး 2 သို့မဟုတ်ဝိတ်များရင် L ကိုပြောင်းပေးရပါမယ်။ အများစုက D ဖြင့် ဆင်းနေတာ တွေ့ရပါတယ်။ (တချို့က OD သုံးပြီး ဆင်းတယ်လို့ ဆိုတယ်) ကျနော်ကတော့ အဆင်းကြီးရင် ဂီယာနံပါတ် 2 ကို ဘရိတ်ထိန်းပြီးမှ ထည့်ပါတယ်။ အရှိန်ထိန်းသွားတာ အရမ်းသိသာပါတယ်။

    ကားအသေးဘီးကို ရေလောင်းတာ မတူတဲ့အမြင်တချို့ –

    (အပူကျင့်/ အအေးကျင့်တဲ့) ပြင်ဦးလွင်လမ်း အဆင်း၂၁မိုင်မှာ လူတချို့ ကားဘီးရေလောင်းတယ်။(ကျနော်လည်း လောင်းပါတယ်)။ ကားစက်ရပ်ပြီး ချက်ချင်းမလောင်းဘဲ ငါးမိနစ်ခန့်ကြာမှ နောက်တာယာကို အရင်လောင်းပါတယ်၊ ပြီးမှကားဂွေကို လောင်းတယ်၊ နောက်ဆုံးမှ ဟတ်ဒရမ်ကို လောင်းတယ်။ရှေ့ဘီးလောင်းရင် ညာဘက်ဘီးက အပူချိန်အရမ်းများတယ်။ ရှေ့ဘယ်ဘက်က ဘီးကို တာယာ၊ ဘက်ပလိတ်ပြား၊ ကားဂွေ၊ နောက်ကားဘရိတ် disc ပြား အစဉ်လိုက် ရေလောင်းပါတယ်။

    အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီး ပြောင်းသင့်တယ်… “နောက်ဆုံးမှ ညာဘက်ဘီးကိုဖော်ပြပါအတိုင်း လောင်းပြီး “အဆုံးသတ်ပါတယ်။ (ပူလွန်းလို့ ရေတွေ အငွေ့ပြန်တဲ့ အထိပါဘဲ) တချို့က ရေလောင်းတာ လက်မခံ မကြိုက်ကြပါဘူး။ ဘရိတ် disc တွေ drum တွေ လန့်ပြီးကွဲတတ်လို့ပါတဲ့။ (ဒီအတိုင်း ဆင်းကြပါတယ်)။

    ဘရိတ်ပျောက်သွားတဲ့ ကျနော့သူငယ်ချင်း-

    ဘရိတ်ရှုးခြမ်းပါးရင်/ ဘရိတ်သုံးတာများရင် ဘရိတ်ပျောက်သွားတတ်တယ်။ ကျနော့သူငယ်ချင်းတယောက် ပြင်ဦးလွင်အဆင်း ဘရိတ်ပျောက်သွားဘူတယ်။ (တောင်ခြေ ၁၆ မိုင်မှာဖြစ်လို့ တော်သေးတာပေါ့)။ ဘရိတ်ပျောက်ရင် ကားဘီးကို အအေးခံ/ ခနအနားပေးပြီးမှ ပြန်မောင်းသင့်ပါတယ်။

    ရေလောင်းပြီး ပြန်ထွက်မယ်ဆိုရင်….

    ကားဘီးရေလောင်းပြီးရင် စက်နိုးကာ ချက်ချင်းမထွက်သင့်ပါ။ ဘရိတ်ကို နှစ်ချက်လောက် မိ/မမိ အရင်စမ်းကြည့်ပြီးမှ ဆက်ပြီး ဆင်းသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

    Tin Lay Zaw

    AC Auto Parts

  • စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း

    (Zawgyi)

    စက္ေရတြင္း မတူးမွီ ေရတိမ္-ေရနက္၊ ေက်ာက္ေဆာင္ရွိ-မရွိ ခန႔္မွန္းနည္း

    လိုအပ္တဲ့ သူေတြ အေသအခ်ာမွတ္သားထားၾကပါေနာ္။ ေစတနာနဲ႔ပါ။ စက္ေရတြင္းတူးက မွတ္ထားၾက။ စက္ေရတြင္းတူရာ၌ ေရ ရွိ-မရွိ၊ ေရနည္း-ေရမ်ား ခန႔္မွန္သိရွိႏိုင္ပုံေလးကို ဗဟုသုတအေနျဖင့္ မွ်ေဝေပးပါမည္။

    ေရရွိ / မရွိ

    ၁။ အ႐ြက္အၿမဲတမ္း ရွိေနတတ္ေသာ အုန္းႏွဲပင္၊ မယ္ဇလီပင္၊ ျမက္ စသည့္အပင္မ်ား စိုစိုေျပေျပ လန္းလန္းဆန္းဆန္း ရွိေနပါက ထိုေနရာတြင္ ေရရွိသည္ဟု မွတ္ယူႏိုင္၍ ေဖာ္ျပပါ လကၡဏာမ်ားႏွင့္ ဆန႔္က်င္ေနပါက ေရမရွိဟု ခန႔္မွန္း သိႏိုင္ပါသည္။

    ေရခ်ိဳ / ေရငန္

    ၂။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္အမ်ိဳးအစားျခင္း တူပါလ်က္ အျခားေနရာရွိ သစ္ပင္မွ အ႐ြက္တို႔ထက္ အနာအဆာမ်ား၍ အစိုဓာတ္ေျခာက္ခန္းလ်င္ ေရငန္ဟု ခန႔္မွန္းႏိုင္ၿပီး သစ္ပင္မွ သစ္႐ြက္မ်ား စိုေျပစိန္းလန္းေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။

    ေရတိမ္ / ေရနက္

    ၃။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္ခ်င္း တူပါလ်က္ အဆစ္တိုေနသည္ကို ေတြ႕ရပါက ေရတိမ္-ေရနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။ သစ္ပင္မွ အဆစ္ရွည္ေနပါက ေရနက္-ေရေဝးေသာ သေဘာဟု ခန႔္မွန္းသိရွိႏိုင္၏။

    ေက်ာက္ေဆာင္ ရွိ / မရွိ

    ၄။ အနီးအနားတဝိုက္ရွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္တို႔သည္ ႀကဳံလွီ,ပုက်စ္၍ တြန႔္လိမ္,ေကြ႕ေကာက္ေနပါက ေအာက္၌ ေက်ာက္ေဆာင္ရွိေၾကာင္း ခန႔္မွန္းသိရွိႏိုင္ပါသည္။

    သစ္ပင္ႀကီး,သစ္ပင္ငယ္မ်ား ေျဖာင့္တန္းအေနထားေတြ႕ရပါက ေက်ာက္ေဆာင္မရွိဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။

    ေရခ်ိဳ/ေရငန္

    ၅။ ေရတြင္းတူးမည့္ေနရာရွိ သစ္ပင္တို႔သည္တစ္ျခမ္းက အနာဆာကင္း၍ တစ္ျခမ္းက ေခ်ာေမြ႕ေနလ်င္ ေရငန္-ေရခ်ိဳ တစ္ျခမ္းစီေရာစပ္ေနေသာ ေနရာဟု ခန႔္မွန္းသိရွိႏိုင္သည္။

    (တနည္စမ္းသပ္ပုံမွာ) ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကို စေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီး ေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ။ ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါ ထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ ေရႏူး၍ ကြာက်ေနလ်င္ ေရတိမ္-ေရနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး)ကြာမက်လ်င္ ေရေဝး-ေရနက္သည္ဟု ခန႔္မွန္းသိႏိုင္ပါသည္။

    ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ ေရငန္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး ခ်ိဳေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါ။

    Credit-Original Uploader

    (Unicode)

    စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း

    လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။ စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

    ရေရှိ / မရှိ

    ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။

    ရေချို / ရေငန်

    ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါသည်။

    ရေတိမ် / ရေနက်

    ၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

    ကျောက်ဆောင် ရှိ / မရှိ

    ၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။

    သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

    ရေချို/ရေငန်

    ၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

    (တနည်စမ်းသပ်ပုံမှာ) ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။ နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင် ရေဝေး-ရေနက်သည်ဟု ခန့်မှန်းသိနိုင်ပါသည်။

    ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

    Credit-Original Uploader

  • အပင္စိုက္၀ါသနာရွင္မ်ားအတြက္ ကိုယ္တိုင္လုပ္ ပန္းပြင့္ေဆး

    (Zawgyi)

    ပန္းမ်ားပြင့္ေစလိုလွ်င္ ကိုယ္တိုင္လုပ္ ပန္းပြင့္ေဆး

    ပန္းမ်ားပြင့္ေစဖို႔ အိမ္သုံးေဆးမ်ား

    အပင္မသန္ရင္ေန ပန္းေတြပြင့္ေနရင္ကို ေပ်ာ္ေနပါၿပီဆိုတဲ့ ပန္းခ်စ္သူတို႔အတြက္ ပန္းပြင့္ေစတဲ့အားေဆးေတြ ေျပာျပခ်င္ပါတယ္ ခင္ဗ်။ ပန္းဆိုေပမယ့္ ဓါတ္သေဘာအရ အသီးနဲ႔လည္း ဆိုင္ပါတယ္။ ဒါေၾကာင့္ အလ်င္းသင့္သလို ခ်ဲ႕ၿပီး သုံးၾကပါခင္ဗ်။

    ( ၁ ) ၾကက္ဥခြံ

    ဒါကေတာ့ ကြၽန္ေတာ္အၿမဲေျပာေနက်မို႔ ေတာ္ေတာ္မ်ားမ်ား သိေနေလာက္ပါၿပီခင္ဗ် ။ ၾကက္ဥအခြံမွာက အပြင့္အတြက္လိုအပ္တဲ့ Calcium နဲ႔ Phosphoric acid တို႔အျပင္ Nitrogen ပါ ပါဝင္လို႔ အပင္ကိုလည္း အားရွိေစပါတယ္။ ၾကက္ဥခြံကို အမႈန႔္ႀကိတ္ၿပီးပဲျဖစ္ျဖစ္ သုံးလို႔ရသလို ေဆးရည္အေနနဲ႔လည္း သုံးလို႔ရပါတယ္ခင္ဗ်။ ေဆးရည္ ရယူပုံက ၾကက္ဥခြံ ငါးလုံးခန႔္ကို ထုေျခၿပီး ေရတစ္လီတာနဲ႔ျပဳပ္ပါတယ္။ ၿပီးရင္ ေရတစ္ဂါလံနဲ႔ ျပန္ေရာသုံးပါတယ္ခင္ဗ်။ ေဆးရည္ ပိုထိေရာက္ေစခ်င္ရင္ေတာ့ တစ္ညတိတိ ႏွပ္ထားၿပီးမွာ ေနာက္ရက္မွာ သုံးေပးပါ။

    ( ၂ ) ငွက္ေပ်ာခြံ

    ငွက္ေပ်ာခြံေတြကို အေျခာက္လွမ္းထားၿပီး ႏုတ္ႏုတ္စင္းတာပဲျဖစ္ျဖစ္ blender ထဲထည့္ႀကိတ္တာပဲျဖစ္ျဖစ္ လုပ္ယူလိုက္ပါခင္ဗ်။ အစိုမသုံးဘဲ အေျခာက္လွန္းၿပီးမွ သုံးဖို႔ ဂ႐ုစိုက္ေစခ်င္ပါတယ္။ စိုေနခ်ိန္ဆို ပိုးေတြ မႈိေတြလာတက္လို႔ပါ။

    ငွက္ေပ်ာခြံအေျခာက္မွာဆို အပင္အတြက္လိုအပ္တဲ့ Potassium, Potash, Phosphorous, nitrogen နဲ႔ Magnesium ဓါတ္ေတြပါဝင္လို႔ အပင္၊ အပြင့္နဲ႔ အျမစ္ေတြအထိ အကုန္အားရွိေစပါတယ္ခင္ဗ်။ေရာဂါခံႏိုင္ရည္ကိုလည္း ျမင့္တက္ေစပါတယ္။ ငွက္ေပ်ာေျခာက္အမႈန႔္ေတြကိုေတာ့ အပင္ေျခေတြမွာ ျဖဴးေပးၿပီး slow release fertilizer အျဖစ္သုံးႏိုင္ပါတယ္။ ေဆးရည္အေနနဲ႔ ျဖန္းခ်င္ရင္ေတာ့ ၾကက္ဥအခြံျပဳပ္ခ်ိန္မွာ လက္တစ္ဆုပ္စာ ထည့္ျပဳပ္ေပးပါခင္ဗ်။

    ( ၃ ) ႏြားႏို႔

    ႏြားႏို႔ေလာက္ အဟာရ ေပါႂကြယ္ဝတာကေတာ့ ႏြားႏို႔ပဲရွိမယ္ခင္ဗ်။ အသားဓါတ္ေတြ ျပည့္ဝတဲ့အျပင္calcium ဓါတ္ကလည္း အပြင့္ကို သန္ေစပါတယ္။ ေနာက္ၿပီး ႏြားႏို႔ကေန အခ်ဥ္ေပါက္လာတဲ့ အက်ိဳးျပဳပိုးေတြက အပင္မွာ က်ေရာက္တဲ့ ပိုးေတြကို တိုက္ဖ်က္ေပးပါတယ္။ ေရနဲ႔ေရာသုံးမယ္ဆို ႏြားႏို႔တစ္ဆ ေရေလးဆ ေရာေပးပါခင္ဗ်။ ကုန္က်စရိတ္ သက္သာခ်င္ရင္ေတာ့ ႏြားႏို႔တစ္ဆ ေရ ရွစ္ဆလည္း ရပါတယ္ခင္ဗ်။

    ဒါေတြက အိမ္မွာ အလြယ္တကူရွိေနတဲ့ အသီး၊ အပြင့္အားေဆးေတြပါ။ ႏြားႏို႔ကလြဲရင္ က်န္တာေတြက ကုန္က်စရိတ္မရွိတဲ့ ေဆးနည္းေတြျဖစ္လို႔ သုံးရတာ အဆင္ေျပၾကမွာပါခင္ဗ်။ တစ္ခါတည္း ေျပာျပခ်င္တာရွိေသးတယ္ခင္ဗ်။ ဘာလဲဆိုေတာ့ ဘုရားပန္းထိုးတာပဲျဖစ္ျဖစ္ စားပြဲတင္ ပန္းထိုးတာပဲ ျဖစ္ျဖစ္ ပန္းကို တာရွည္ခံေအာင္ ထားႏိုင္မယ့္ ေဆးနည္းကို ေျပာျပခ်င္ပါတယ္။

    ပန္းတာရွည္ခံေအာင္ထားနည္း

    ( ၁ ) သၾကား လၻက္စားဇြန္း တစ္ဇြန္း

    ( ၂ ) ခြၽတ္ေဆး လၻက္စားဇြန္း တစ္ဇြန္း

    ( ၃ ) သံပုရာရည္ လၻက္စားဇြန္း ႏွစ္ဇြန္း

    ( ၄ ) ေရ တစ္လီတာ

    ပါဝင္ပစၥည္းေတြကို ေရာစပ္ထားတဲ့ေဆးရည္ထဲ ပန္းေတြထိုးေပးၿပီး တာရွည္ခံေအာင္ ထားလို႔ရပါတယ္ခင္ဗ်။ ကိုယ္သုံးမယ့္ ပမာဏအေပၚမူတည္ၿပီး အနည္းအမ်ား အဆင္ေျပသလို လုပ္လို႔ရပါတယ္။

    Credit

    အဆင္ေျပၾကပါေစခင္ဗ်။

    ၾကည္မိုးျမင့္

    (Unicode)

    ပန်းများပွင့်စေလိုလျှင် ကိုယ်တိုင်လုပ် ပန်းပွင့်ဆေး

    ပန်းများပွင့်စေဖို့ အိမ်သုံးဆေးများ

    အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက် ပန်းပွင့်စေတဲ့အားဆေးတွေ ပြောပြချင်ပါတယ် ခင်ဗျ။ ပန်းဆိုပေမယ့် ဓါတ်သဘောအရ အသီးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် အလျင်းသင့်သလို ချဲ့ပြီး သုံးကြပါခင်ဗျ။

    ( ၁ ) ကြက်ဥခွံ
    ဒါကတော့ ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများ သိနေလောက်ပါပြီခင်ဗျ ။ ကြက်ဥအခွံမှာက အပွင့်အတွက်လိုအပ်တဲ့ Calcium နဲ့ Phosphoric acid တို့အပြင် Nitrogen ပါ ပါဝင်လို့ အပင်ကိုလည်း အားရှိစေပါတယ်။ ကြက်ဥခွံကို အမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ် သုံးလို့ရသလို ဆေးရည်အနေနဲ့လည်း သုံးလို့ရပါတယ်ခင်ဗျ။ ဆေးရည် ရယူပုံက ကြက်ဥခွံ ငါးလုံးခန့်ကို ထုခြေပြီး ရေတစ်လီတာနဲ့ပြုပ်ပါတယ်။ ပြီးရင် ရေတစ်ဂါလံနဲ့ ပြန်ရောသုံးပါတယ်ခင်ဗျ။ ဆေးရည် ပိုထိရောက်စေချင်ရင်တော့ တစ်ညတိတိ နှပ်ထားပြီးမှာ နောက်ရက်မှာ သုံးပေးပါ။

    ( ၂ ) ငှက်ပျောခွံ

    ငှက်ပျောခွံတွေကို အခြောက်လှမ်းထားပြီး နုတ်နုတ်စင်းတာပဲဖြစ်ဖြစ် blender ထဲထည့်ကြိတ်တာပဲဖြစ်ဖြစ် လုပ်ယူလိုက်ပါခင်ဗျ။ အစိုမသုံးဘဲ အခြောက်လှန်းပြီးမှ သုံးဖို့ ဂရုစိုက်စေချင်ပါတယ်။ စိုနေချိန်ဆို ပိုးတွေ မှိုတွေလာတက်လို့ပါ။

    ငှက်ပျောခွံအခြောက်မှာဆို အပင်အတွက်လိုအပ်တဲ့ Potassium, Potash, Phosphorous, nitrogen နဲ့ Magnesium ဓါတ်တွေပါဝင်လို့ အပင်၊ အပွင့်နဲ့ အမြစ်တွေအထိ အကုန်အားရှိစေပါတယ်ခင်ဗျ။ရောဂါခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ငှက်ပျောခြောက်အမှုန့်တွေကိုတော့ အပင်ခြေတွေမှာ ဖြူးပေးပြီး slow release fertilizer အဖြစ်သုံးနိုင်ပါတယ်။ ဆေးရည်အနေနဲ့ ဖြန်းချင်ရင်တော့ ကြက်ဥအခွံပြုပ်ချိန်မှာ လက်တစ်ဆုပ်စာ ထည့်ပြုပ်ပေးပါခင်ဗျ။

    ( ၃ ) နွားနို့

    နွားနို့လောက် အဟာရ ပေါကြွယ်ဝတာကတော့ နွားနို့ပဲရှိမယ်ခင်ဗျ။ အသားဓါတ်တွေ ပြည့်ဝတဲ့အပြင်calcium ဓါတ်ကလည်း အပွင့်ကို သန်စေပါတယ်။ နောက်ပြီး နွားနို့ကနေ အချဉ်ပေါက်လာတဲ့ အကျိုးပြုပိုးတွေက အပင်မှာ ကျရောက်တဲ့ ပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ ရေနဲ့ရောသုံးမယ်ဆို နွားနို့တစ်ဆ ရေလေးဆ ရောပေးပါခင်ဗျ။ ကုန်ကျစရိတ် သက်သာချင်ရင်တော့ နွားနို့တစ်ဆ ရေ ရှစ်ဆလည်း ရပါတယ်ခင်ဗျ။

    ဒါတွေက အိမ်မှာ အလွယ်တကူရှိနေတဲ့ အသီး၊ အပွင့်အားဆေးတွေပါ။ နွားနို့ကလွဲရင် ကျန်တာတွေက ကုန်ကျစရိတ်မရှိတဲ့ ဆေးနည်းတွေဖြစ်လို့ သုံးရတာ အဆင်ပြေကြမှာပါခင်ဗျ။ တစ်ခါတည်း ပြောပြချင်တာရှိသေးတယ်ခင်ဗျ။ ဘာလဲဆိုတော့ ဘုရားပန်းထိုးတာပဲဖြစ်ဖြစ် စားပွဲတင် ပန်းထိုးတာပဲ ဖြစ်ဖြစ် ပန်းကို တာရှည်ခံအောင် ထားနိုင်မယ့် ဆေးနည်းကို ပြောပြချင်ပါတယ်။

    ပန်းတာရှည်ခံအောင်ထားနည်း

    ( ၁ ) သကြား လ္ဘက်စားဇွန်း တစ်ဇွန်း

    ( ၂ ) ချွတ်ဆေး လ္ဘက်စားဇွန်း တစ်ဇွန်း

    ( ၃ ) သံပုရာရည် လ္ဘက်စားဇွန်း နှစ်ဇွန်း

    ( ၄ ) ရေ တစ်လီတာ

    ပါဝင်ပစ္စည်းတွေကို ရောစပ်ထားတဲ့ဆေးရည်ထဲ ပန်းတွေထိုးပေးပြီး တာရှည်ခံအောင် ထားလို့ရပါတယ်ခင်ဗျ။ ကိုယ်သုံးမယ့် ပမာဏအပေါ်မူတည်ပြီး အနည်းအများ အဆင်ပြေသလို လုပ်လို့ရပါတယ်။

    Credit

    အဆင်ပြေကြပါစေခင်ဗျ။

    ကြည်မိုးမြင့်

  • ခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    ====================
    ====================

    မိုးရာသီဟာ စိုထိုင္းလွတဲ့ အတြက္ ျခင္ေတြ ေပါက္ဖြားလို႔ အေကာင္းဆံုး ရာသီပါ။ ကေလး၊ လူႀကီး မေရြး ျဖစ္တတ္တဲ့ ငွက္ဖ်ား၊ တုပ္ေကြးေရာဂါေတြဟာ ျခင္ကေန တဆင့္ ကူးစက္တာေၾကာင့္ မိုးတြင္းဟာ ျခင္အႏၱာရာယ္ ဂရုစိုက္ရမယ့္ လပါ။ ျခင္ကိုက္သြားတဲ့ အခါမွာလည္း အခ်ိန္အေတာ္ၾကာ ယားယံၿပီး အဖုအပိန္႔ေလးေတြ ထြက္လာတ့ဲ အခါ ကုတ္ဖဲ့ၾကရင္း အမာရြတ္ေတြ ျဖစ္ၿပီး အလွေတြ ေလွ်ာ့ရျပန္ပါတယ္။

    အိမ္မွာပဲ အလြယ္တကူ ရွိတဲ့ အစားအစာေတြနဲ႔ ျခင္ကိုက္နာေတြကို သက္သာေအာင္ ျပဳလုပ္လို႔ ရပါတယ္။ မခက္ခဲတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေစပါရေစ။

    ၁။ လက္ဖက္စိမ္း အထုပ္ေလးေတြကို ေရခဲေသတၱာထဲ ခဏထည့္ထားပါ။ ေအးလာရင္ ျခင္ကိုက္ဖုေတြေပၚ ခဏတင္ထားလုိက္ပါ။ အေအးက အယားသက္သာေစၿပီး လက္ဖက္စိမ္းကေတာ့ အမာရြတ္မျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

    ၂။ ပ်ားရည္ တစ္စက္ေလာက္ကို အကိုက္ခံရတဲ့ ေနရာေပၚ ခပ္ပါးပါး လိမ္းေပးထားပါ။ အယားသက္သာၿပီး အေရျပားကို မထိခိုက္ေစဘဲ
    သက္သာသြားပါမယ္။

    ၃။ အိမ္သံုးဆားကို နည္းနည္းယူၿပီး ပြတ္ေပးပါ။ ဒါမွမဟုတ္ သနပ္ခါးနဲ႔ ေရာေသြးၿပီး လိမ္းေပးပါ။ အယားသက္သာၿပီး ေရာင္ရမ္းသာ သက္သာေစပါတယ္။

    ၄။ ရွားေစာင္းလက္ပတ္ကို ခြဲၿပီး ကိုက္ခံရတဲ့ ေနရာေတြကို အံုေပးပါ။ အပင္မရွိရင္ ရွားေစာင္းလက္ပတ္ ၉၉ % ပါ၀င္တဲ့ cream တစ္ခုခု လိမ္းေပးထားပါ။

    ၅။ အလြယ္ဆံုးက ေရခဲပါ။ ေရခဲတံုးေလးေတြကုိ အကိုက္ခံရတဲ့ အေပၚ ပြတ္ေပးပါ။ အယားသက္သာေစၿပီး အဖုအပိန္႔ေတြ
    သက္သာသြားပါလိမ့္မယ္။

    ၆။ သံပုသီးကို ျခမ္းၿပီး အဖုေတြေပၚကို ခပ္ဖြဖြ ပြတ္ေပးပါ။

    ၇။ ငွက္ေပ်ာသီး အခြံနဲ႔ လည္း ပြတ္ေပးရင္ သက္သာပါတယ္။

    ၈။ မုန္႔ဖုတ္ေပါင္ဒါကို ေရနဲ႔ ေရာၿပီး လိမ္းေပးရင္လည္း ရပါတယ္။

    ၉။ ပန္းသီးဗင္နီကာကို ကိုက္ခံထားရတဲ့ ေနရာေပၚ တို႔ေပးပါ။

    ==========

    MyHealth Myanmar

  • သိမ္းထားရမည့္ တန္ဖိုး အလြန္ရွိေသာ သဘာ၀ ေဆးနည္းတိုမ်ား

    (Zawgyi)

    တန္ဖိုး အလြန္ရွိေသာ သဘာ၀ ေဆးနည္းတိုမ်ား

    ဝက္ၿခံေပ်ာက္နည္း …. ၾကက္ဟင္းခါး အေစ့ကို ဆားႏွင့္ေရာၿပီး ညက္ေအာင္ႀကိတ္ပါ။ ရလာေသာ အႏွစ္ကို အရက္အနည္းငယ္ႏွင့္ သင့္႐ုံေဖ်ာ္ၿပီးေနာက္ ရလာေသာ အရည္ႏွင့္ ဝက္ၿခံမ်ားကို လိမ္းေပးပါက ဝက္ၿခံမ်ား ေပ်ာက္ပါသည္။

    အ႐ိုး စူးလွ်င္ေပ်ာက္နည္း …. ငါး႐ိုးစူးလွ်င္ လည္ေခ်ာင္းထဲမွ ထုတ္မရပါက ၾကက္ဥအစိမ္းကို ခြဲၿပီး တစ္ခါတည္း မ်ိဳခ်လိုက္ပါက ငါး႐ိုးသည္ တစ္ခါတည္း ေလွ်ာက်သြားပါလိမ့္မည္။

    ေျခေထာက္ ကို သံစူးလွ်င္ သက္သာနည္း …. သံစူးေသာေနရာတြင္ ဆားႏွင့္ ဂ်င္းကို ႀကိတ္ၿပီး အုံေပးပါ။ သံ အဆိပ္ရွိသမွ် ၎ဂ်င္းထဲသို႔ က်လာပါလိမ့္မည္။ တစ္ေန႔လွ်င္ ႏွစ္ခါ အုံေပးရပါသည္။

    ဆံပင္ မကြၽတ္ေစေသာနည္း…. အမ်ိဳးသမီးမ်ား ဆံပင္ကြၽတ္သည္ ဆိုပါက ပ်ားရည္ႏွင့္ ဂုံညင္းခဲတို႔ကို ေသြးၿပီး ဆံပင္ကို လိမ္းေပးပါက ဆံပင္မ်ား ကြၽတ္ထြက္ျခင္း မျဖစ္ႏိုင္ေတာ့ပါ။

    အိပ္ေပ်ာ္နည္း …. ဒန႔္ကြၽဲေစ့ေျခာက္ကို မီးႏွင့္ေလွာ္ အမႈန႔္ျပဳၿပီး ေကာ္ဖီႏွင့္ ေရာေသာက္ပါ။

    ေခါင္းကိုက္ သက္သာနည္း …. ကိုယ္လက္ပင္ပန္းၿပီး ေခါင္းကိုက္လွ်င္ သံပုရာသီး တစ္ျခမ္းကို အႏွပ္ရည္က်က်ထဲသို႔ ထည့္ၿပီးေသာက္ပါက ေခါင္းကိုက္ သက္သာေပ်ာက္ကင္းပါသည္။

    ႏွလုံးေရာဂါႏွင့္ ႏွလုံးတုန္ေပ်ာက္နည္း …. ဗာဒံေစ့ အနည္းငယ္ကို ညက္ေအာင္ေထာင္းၿပီး ႏြားႏို႔ႏွင့္ ေရာစပ္ၿပီး ေန႔စဥ္မွန္မွန္ ေသာက္ပါက ႏွလုံးေရာဂါႏွင့္ ႏွလုံး တုန္ေမာပန္းတာ ေပ်ာက္ကင္းပါသည္။

    ငါးေျခာက္ မငံနည္း …. ဆားအလြန္ပါေသာ ငံလြန္းသည့္ ငါးေျခာက္ကို မငံေစလိုလွ်င္ ဆားမ်ားကို ေရႏွင္ေဖ်ာ္ၿပီး ထိုဆားရည္ထဲတြင္ ဆား အလြန္ငံေသာ ငါးေျခာက္ကို စိမ္ၿပီး ထားလွ်င္ မငံေတာ့ဘဲ့ အရသာ အလြန္ေကာင္းလာပါသည္။

    ညႇီနံ႔ေပ်ာက္နည္း …. အမဲသား၊ ဆိတ္သား ခ်က္ေသာ ဟင္းအိုးထဲသို႔ မီးေသြး အနည္းငယ္ ထည့္ၿပီး ခ်က္ပါက မေကာင္းေသာ အညႇီနံ႔မ်ားေပ်ာက္ပါသည္။

    ဘုရားပန္းမ်ား တာရွည္ခံနည္း…. ပန္းခိုင္၊ ပန္းခက္ ထည့္သည့္ ပန္းအိုးထဲသို႔ ယမ္းစိမ္း အနည္းငယ္ ထည့္ၿပီးေမႊေပးပါက ပန္းမ်ား တာရွည္ခံပါလိမ့္မည္။

    ႀကိမ္ ကုလားထိုင္ တင္းနည္း…. ကုလားထိုင္မ်ား ေအာက္က ၫြတ္ေနလွ်င္ ခိုင္ၿပီးေျဖာင့္မတ္ေအာင္ လုပ္လိုပါက ၎ကိုေရေႏႊးႏွင့္ ေဆးေၾကာၿပီးေနာက္ ေလဟာျပင္မွာ လွန္းထားပါ။

    စာအုပ္မ်ား ၾကာရွည္ခံေအာင္ ထားနည္း…. စာအုပ္မ်ားကို အဖုံးအကာ မရွိေသာ စာအုပ္စင္မွာ တင္ၿပီးထားပါ။

    မွင္စြန္းလွ်င္ ေပ်ာက္ေအာင္ လုပ္နည္း…. အဝတ္အထည္ပိတ္စမ်ားတြင္ မွင္စြန္းလွ်င္ အမဲဆီကို အရည္အေဖ်ာ္ၿပီး မွင္အစြန္းကြက္ေပၚသို႔ခ်ပါ။ ထု႔ိေနာက္ေရႏွင့္ ေလွ်ာ္ဖြပ္လွ်င္ မွင္စြန္းေပ်ာက္ပါသည္။

    လက္ဖက္ရည္ အစြန္းေပ်ာက္နည္း…. အဝတ္အထည္မ်ား လက္ဖက္ရည္စြန္းလွ်င္ ေရေႏြးပူပူႏွင့္ ထိုစြန္းေနေသာေနရာကို ေလာင္းပါက ေပ်ာက္ပါသည္။

    မီးကြၽမ္းရာ ေပ်ာက္နည္း…. အက်ၤ ီအဝတ္အထည္မ်ားေပၚတြင္ ေဆးလိပ္ မီးပြားက်လွ်င္လည္းေကာင္း၊ မီးပူ ကြၽမ္းလွ်င္လည္းေကာင္း၊ ၾကက္သြန္ ကို ထက္ျခမ္းခြဲၿပီး ပြတ္တိုက္ပါက ေပ်ာက္ပါသည္။

    ကြမ္းေသြး အစြန္းေပ်ာက္နည္း…. အဝတ္အထည္မ်ားမွာ ကြမ္းေသြး စြန္းလွ်င္ ႏို႔ရည္ကို စြန္းေနေသာ ေနရာေပၚသို႔ ဆြတ္ျဖန္းေပးပါက ႏို႔ရည္ေျခာက္ သြားလွ်င္ အစြန္းေပ်ာက္ပါသည္။

    ၾကက္ဥ၊ ဘဲဥ ရည္ အစြန္း ကြက္ေပ်ာက္နည္း…. ၾကက္ဥ၊ ဘဲဥရည္ အစြန္းကြက္ေသာ အဝတ္မ်ားကို ေရမွာ ၾကာၾကာစိမ္ထားပါ။ ၿပီးေတာ့မွ နာနာပြတ္ၿပီးေလွ်ာ္လွ်င္ ေပ်ာက္ပါသည္။

    သံေခ်းစြန္း ေပ်ာက္ေအာင္လုပ္နည္း…. အဝတ္အထည္မ်ား သံေခ်းစြန္းလွ်င္ သံပုရာရည္တြင္ ဆားေဖ်ာ္ၿပီး ထို အစြန္းကြက္ေနေသာ ေနရာကို ဆြတ္ျဖန္းၿပီးလွ်င္ အထည္ကို ေနပူတြင္လွန္းပါ။ အကြက္မေပ်ာက္လွ်င္ ႏွစ္ခါ သုံးခါ ထပ္ၿပီး သုတ္လိမ္းေပးပါ။

    ဆီအစြန္း ေဖ်ာက္နည္း…. အဝတ္အထည္ေပၚရွိေသာ ဆီကြက္ကို ဇဝတ္သာပါေသာ ေရေႏြးပူပူျဖင့္ ေဆးေၾကာေလွ်ာ္ဖြပ္ေပးပါက ဆီအစြန္းေပ်ာက္ပါသည္။

    ဆူးစူးလွ်င္ ႏႈတ္နည္း…. ေရေႏြးအျပည့္ ရွိသည့္ ေပါက္၀က်ယ္ေသာ ပုလင္း တစ္လုံးကိုယူၿပီး ဆူးစူးေသာေနရာကို ပုလင္းေပၚမွ ဖိႏွိပ္ပါ။ အသားသည္ ပူေႏြးသည့္ အေငြ႕ျဖင့္ ပုလင္းထဲသို႔ အနည္းငယ္ စူးဝင္သည္ႏွင့္( ၃၊ ၄ ) မိနစ္ၾကာေသာအခါ ဆူးက်လာပါလိမ့္မည္။

    အေၾကာအခ်ဥ္ အကိုက္အခဲေပ်ာက္နည္း…. ႏူးညံ့ေသာအဝတ္စကို ႏို႔ထဲတြင္စိမ္ၿပိး ကိုက္ခဲေသာေနရာကို ပြတ္ေပးလွ်င္အလြန္ဆိုးေသာေရာဂါ ျဖစ္ေစကာမူ ခ်က္ခ်င္းေပ်ာက္ကင္းေစပါသည္။

    အပူေလာင္ သက္သာနည္း…. ေရေႏြးျဖစ္ေစ၊ မီးပူျဖစ္ေစ၊ လက္ေျခ စသည္တို႔ကို အပူေလာင္လွ်င္ ေရတြင္ဆားကို မ်ားမ်ားထည့္၊ ျပစ္ေနေအာင္ေဖ်ာ္ၿပီး ၎ အပူေလာင္သည့္ေနရာကို သုတ္လိမ္းေပးပါ။

    ႂကြက္ေျပးနည္း…. ႂကြက္မ်ား သြားလာေလ့ ရွိေသာ ေနရာမ်ားမွာ ပူစီနံ႐ြက္ျဖစ္ေစ၊ ပင္စိမ္း႐ြက္ျဖစ္ေစ ထားပါက ႂကြက္မ်ား ေသခ်ာေပါက္ ထြက္ေျပးပါလိမ့္မည္။

    Credit – Original Uploader

    Via – အလင္းေမ – လြင္ျပင္သတင္း

    (Unicode)

    တန်ဖိုး အလွန်ရှိသော သဘာ၀ ဆေးနည်းတိုများ

    ဝက်ခြံပျောက်နည်း …. ကြက်ဟင်းခါး အစေ့ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပါ။ ရလာသော အနှစ်ကို အရက်အနည်းငယ်နှင့် သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့် ဝက်ခြံများကို လိမ်းပေးပါက ဝက်ခြံများ ပျောက်ပါသည်။

    အရိုး စူးလျှင်ပျောက်နည်း …. ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက ကြက်ဥအစိမ်းကို ခွဲပြီး တစ်ခါတည်း မျိုချလိုက်ပါက ငါးရိုးသည် တစ်ခါတည်း လျှောကျသွားပါလိမ့်မည်။

    ခြေထောက် ကို သံစူးလျှင် သက်သာနည်း …. သံစူးသောနေရာတွင် ဆားနှင့် ဂျင်းကို ကြိတ်ပြီး အုံပေးပါ။ သံ အဆိပ်ရှိသမျှ ၎င်းဂျင်းထဲသို့ ကျလာပါလိမ့်မည်။ တစ်နေ့လျှင် နှစ်ခါ အုံပေးရပါသည်။

    ဆံပင် မကျွတ်စေသောနည်း…. အမျိုးသမီးများ ဆံပင်ကျွတ်သည် ဆိုပါက ပျားရည်နှင့် ဂုံညင်းခဲတို့ကို သွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များ ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

    အိပ်ပျော်နည်း …. ဒန့်ကျွဲစေ့ခြောက်ကို မီးနှင့်လှော် အမှုန့်ပြုပြီး ကော်ဖီနှင့် ရောသောက်ပါ။

    ခေါင်းကိုက် သက်သာနည်း …. ကိုယ်လက်ပင်ပန်းပြီး ခေါင်းကိုက်လျှင် သံပုရာသီး တစ်ခြမ်းကို အနှပ်ရည်ကျကျထဲသို့ ထည့်ပြီးသောက်ပါက ခေါင်းကိုက် သက်သာပျောက်ကင်းပါသည်။

    နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း …. ဗာဒံစေ့ အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့် ရောစပ်ပြီး နေ့စဉ်မှန်မှန် သောက်ပါက နှလုံးရောဂါနှင့် နှလုံး တုန်မောပန်းတာ ပျောက်ကင်းပါသည်။

    ငါးခြောက် မငံနည်း …. ဆားအလွန်ပါသော ငံလွန်းသည့် ငါးခြောက်ကို မငံစေလိုလျှင် ဆားများကို ရေနှင်ဖျော်ပြီး ထိုဆားရည်ထဲတွင် ဆား အလွန်ငံသော ငါးခြောက်ကို စိမ်ပြီး ထားလျှင် မငံတော့ဘဲ့ အရသာ အလွန်ကောင်းလာပါသည်။

    ညှီနံ့ပျောက်နည်း …. အမဲသား၊ ဆိတ်သား ချက်သော ဟင်းအိုးထဲသို့ မီးသွေး အနည်းငယ် ထည့်ပြီး ချက်ပါက မကောင်းသော အညှီနံ့များပျောက်ပါသည်။

    ဘုရားပန်းများ တာရှည်ခံနည်း…. ပန်းခိုင်၊ ပန်းခက် ထည့်သည့် ပန်းအိုးထဲသို့ ယမ်းစိမ်း အနည်းငယ် ထည့်ပြီးမွှေပေးပါက ပန်းများ တာရှည်ခံပါလိမ့်မည်။

    ကြိမ် ကုလားထိုင် တင်းနည်း…. ကုလားထိုင်များ အောက်က ညွတ်နေလျှင် ခိုင်ပြီးဖြောင့်မတ်အောင် လုပ်လိုပါက ၎င်းကိုရေနွှေးနှင့် ဆေးကြောပြီးနောက် လေဟာပြင်မှာ လှန်းထားပါ။

    စာအုပ်များ ကြာရှည်ခံအောင် ထားနည်း…. စာအုပ်များကို အဖုံးအကာ မရှိသော စာအုပ်စင်မှာ တင်ပြီးထားပါ။

    မှင်စွန်းလျှင် ပျောက်အောင် လုပ်နည်း…. အဝတ်အထည်ပိတ်စများတွင် မှင်စွန်းလျှင် အမဲဆီကို အရည်အဖျော်ပြီး မှင်အစွန်းကွက်ပေါ်သို့ချပါ။ ထု့ိနောက်ရေနှင့် လျှော်ဖွပ်လျှင် မှင်စွန်းပျောက်ပါသည်။

    လက်ဖက်ရည် အစွန်းပျောက်နည်း…. အဝတ်အထည်များ လက်ဖက်ရည်စွန်းလျှင် ရေနွေးပူပူနှင့် ထိုစွန်းနေသောနေရာကို လောင်းပါက ပျောက်ပါသည်။

    မီးကျွမ်းရာ ပျောက်နည်း…. အင်္ကျ ီအဝတ်အထည်များပေါ်တွင် ဆေးလိပ် မီးပွားကျလျှင်လည်းကောင်း၊ မီးပူ ကျွမ်းလျှင်လည်းကောင်း၊ ကြက်သွန် ကို ထက်ခြမ်းခွဲပြီး ပွတ်တိုက်ပါက ပျောက်ပါသည်။

    ကွမ်းသွေး အစွန်းပျောက်နည်း…. အဝတ်အထည်များမှာ ကွမ်းသွေး စွန်းလျှင် နို့ရည်ကို စွန်းနေသော နေရာပေါ်သို့ ဆွတ်ဖြန်းပေးပါက နို့ရည်ခြောက် သွားလျှင် အစွန်းပျောက်ပါသည်။

    ကြက်ဥ၊ ဘဲဥ ရည် အစွန်း ကွက်ပျောက်နည်း…. ကြက်ဥ၊ ဘဲဥရည် အစွန်းကွက်သော အဝတ်များကို ရေမှာ ကြာကြာစိမ်ထားပါ။ ပြီးတော့မှ နာနာပွတ်ပြီးလျှော်လျှင် ပျောက်ပါသည်။

    သံချေးစွန်း ပျောက်အောင်လုပ်နည်း…. အဝတ်အထည်များ သံချေးစွန်းလျှင် သံပုရာရည်တွင် ဆားဖျော်ပြီး ထို အစွန်းကွက်နေသော နေရာကို ဆွတ်ဖြန်းပြီးလျှင် အထည်ကို နေပူတွင်လှန်းပါ။ အကွက်မပျောက်လျှင် နှစ်ခါ သုံးခါ ထပ်ပြီး သုတ်လိမ်းပေးပါ။

    ဆီအစွန်း ဖျောက်နည်း…. အဝတ်အထည်ပေါ်ရှိသော ဆီကွက်ကို ဇဝတ်သာပါသော ရေနွေးပူပူဖြင့် ဆေးကြောလျှော်ဖွပ်ပေးပါက ဆီအစွန်းပျောက်ပါသည်။

    ဆူးစူးလျှင် နှုတ်နည်း…. ရေနွေးအပြည့် ရှိသည့် ပေါက်၀ကျယ်သော ပုလင်း တစ်လုံးကိုယူပြီး ဆူးစူးသောနေရာကို ပုလင်းပေါ်မှ ဖိနှိပ်ပါ။ အသားသည် ပူနွေးသည့် အငွေ့ဖြင့် ပုလင်းထဲသို့ အနည်းငယ် စူးဝင်သည်နှင့်( ၃၊ ၄ ) မိနစ်ကြာသောအခါ ဆူးကျလာပါလိမ့်မည်။

    အကြောအချဉ် အကိုက်အခဲပျောက်နည်း…. နူးညံ့သောအဝတ်စကို နို့ထဲတွင်စိမ်ပြိး ကိုက်ခဲသောနေရာကို ပွတ်ပေးလျှင်အလွန်ဆိုးသောရောဂါ ဖြစ်စေကာမူ ချက်ချင်းပျောက်ကင်းစေပါသည်။

    အပူလောင် သက်သာနည်း…. ရေနွေးဖြစ်စေ၊ မီးပူဖြစ်စေ၊ လက်ခြေ စသည်တို့ကို အပူလောင်လျှင် ရေတွင်ဆားကို များများထည့်၊ ပြစ်နေအောင်ဖျော်ပြီး ၎င်း အပူလောင်သည့်နေရာကို သုတ်လိမ်းပေးပါ။

    ကြွက်ပြေးနည်း…. ကြွက်များ သွားလာလေ့ ရှိသော နေရာများမှာ ပူစီနံရွက်ဖြစ်စေ၊ ပင်စိမ်းရွက်ဖြစ်စေ ထားပါက ကြွက်များ သေချာပေါက် ထွက်ပြေးပါလိမ့်မည်။

    Credit – Original Uploader

    Via – အလင်းမေ – လွင်ပြင်သတင်း

  • မုန့်လက်ဆောင်းဖတ် လုပ်နည်း

    (Zawgyi)

    မုန႔္လက္ေဆာင္းဖတ္လုပ္နည္း

    ျမန္မာမုန႔္မ်ားထဲမွ ေနရာေဒသတိုင္းမွာ ရွိတတ္တဲ့ မုန႔္မ်ိဳးျဖစ္ပါတယ္။ ဆန္နဲ႔လုပ္ထားတဲ့ မုန႔္မို႔ရင္ေအးေစပါတယ္။ ေႏြရာသီပူပူမွာ မုန႔္လက္ေဆာင္းေလး ေသာက္လိုက္ရရင္ေတာ့ ဘယ္နဲ႔မွ မလဲႏိုင္တဲ့ အရသာကို ရရွိေစမွာျဖစ္ပါတယ္။

    အစိမ္းေရာင္အေနနဲ႔ ဆြမ္းေမႊး႐ြက္ကို အသုံးျပဳထားပါတယ္။ အစိမ္းေရာင္ Food Colourကိုလဲ အစားထိုး အသုံးျပဳႏိုင္ပါတယ္ရွင္။

    ပါဝင္ပစၥည္းမ်ား

    ဆန္မႉန႔္ ၅၀သား..(800gm)

    ထုံးေရၾကည္ (ထမင္စားဇြန္း ၂ဇြန္း)

    ဆြမ္းေမႊး႐ြက္ ၄႐ြက္

    ေရသန႔္ ၁လီတာခြဲ (ေရသန႔္ဗူး ၁ဗူးခြဲ)

    ဆား လက္ဖက္စားဇြန္း ၁ဇြန္း

    ေၾကးအိုး သို႔မဟုတ္ ဒန္အိုး ခပ္ထူထူအသုံးျပဳလို႔ရပါတယ္။

    ျပဳလုပ္ပုံ အဆင့္ဆင့္

    ပထမဦးစြာ ဆြမ္းေမႊး႐ြက္ကို ေဆးေၾကာၿပီး လက္တဆစ္ခန႔္ ျဖတ္ထားပါ။ ႀကိတ္စက္ထဲသို႔ ေရအနည္းငယ္ႏွင့္ ဆြမ္းေမႊး႐ြက္မ်ား ထည့္၍ ညႇက္ေအာင္ႀကိတ္ၿပီး ရရွိလာတဲ့ အစိမ္းေရာင္အရည္မ်ားကို ဇကာအစစ္ျဖင့္ စစ္ယူထားပါ။

    အိုးတခုထဲ ဆန္မႈန႔္ ေရသန႔္ ဆား ဆြမ္းေမႊးႀကိတ္ရည္ႏွင့္ ထုံးရည္ၾကည္တို႔ကို သမေအာင္ ေရာစပ္ၿပီး ပိတ္စပါးပါး သို႔မဟုတ္ ဇကာစစ္ျဖစ္ စစ္ယူပါ။

    ရရွိလာေသာ မုန႔္ရည္မ်ားကို အိုးထဲထည့္၍ မီးဖိုေပၚတင္၍ သစ္သားေယာင္းမျဖင့္ အဆက္မျပတ္ မီးအေနေတာ္ျဖင့္ ေမႊေပးပါ.. .ေမႊခ်ိန္ ၅မိနစ္အၾကာမွာ မုန္ရည္မ်ားပစ္ခဲလာလိမ့္မည္။ ထိုအခ်ိန္တြင္ အခဲမ်ားကို ခပ္ျမန္ျမန္ ေၾကေအာင္ ဂ႐ုတစိုက္ေမႊေပးၿပီး မီးအရွိန္ေလွ်ာ့ၿပီး နာရီဝက္ခန႔္ မုန႔္သားမ်ားၾကည္လာေအာင္ ေမႊေပးပါ။ ေမႊေနတဲ့ေယာင္းမကို အေပၚသို႔ဆြဲတင္ၿပီး မုန႔္သားမ်ား ႂကြက္ျမႇီးတန္းလာၿပီးဆို မီးပိတ္ၿပီး ၅မီနစ္ေလာက္အေအးခံၿပီး..မုန႔္ညႇစ္ခြက္ထဲ့သို႔ ထည့္ၿပီး ေရေအးထည့္ထားေသာ ဇလုံထဲသို႔ ညႇစ္ထည့္ပါ။ မုန႔္ဖတ္မ်ားကို ဆယ္ယူ၍ ေရေအးဇလုံကို ၃လုံးေလာက္ ထားၿပီး မုန႔္ဖတ္ကို အပူေငြ႕ကုန္သည္ထိေရဇလုံေတြထဲ ေျပာင္းစိမ္ထားေပးရပါတယ္။ မုန႔္ဖတ္ကို အခ်ိန္ၾကာၾကာေလးက်ိဳေပးရင္ တင္းတင္းေလးနဲ႔ ပိုစားေကာင္းပါတယ္ရွင္။

    Credit : Thidar lay lay

    Via – MiMiTun

    (Unicode)

    မုန့်လက်ဆောင်းဖတ်လုပ်နည်း

    မြန်မာမုန့်များထဲမှ နေရာဒေသတိုင်းမှာ ရှိတတ်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ မုန့်မို့ရင်အေးစေပါတယ်။ နွေရာသီပူပူမှာ မုန့်လက်ဆောင်းလေး သောက်လိုက်ရရင်တော့ ဘယ်နဲ့မှ မလဲနိုင်တဲ့ အရသာကို ရရှိစေမှာဖြစ်ပါတယ်။

    အစိမ်းရောင်အနေနဲ့ ဆွမ်းမွှေးရွက်ကို အသုံးပြုထားပါတယ်။ အစိမ်းရောင် Food Colourကိုလဲ အစားထိုး အသုံးပြုနိုင်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ

    ဆန်မှူန့် ၅၀သား..(800gm)

    ထုံးရေကြည် (ထမင်စားဇွန်း ၂ဇွန်း)

    ဆွမ်းမွှေးရွက် ၄ရွက်

    ရေသန့် ၁လီတာခွဲ (ရေသန့်ဗူး ၁ဗူးခွဲ)

    ဆား လက်ဖက်စားဇွန်း ၁ဇွန်း

    ကြေးအိုး သို့မဟုတ် ဒန်အိုး ခပ်ထူထူအသုံးပြုလို့ရပါတယ်။

    ပြုလုပ်ပုံ အဆင့်ဆင့်

    ပထမဦးစွာ ဆွမ်းမွှေးရွက်ကို ဆေးကြောပြီး လက်တဆစ်ခန့် ဖြတ်ထားပါ။ ကြိတ်စက်ထဲသို့ ရေအနည်းငယ်နှင့် ဆွမ်းမွှေးရွက်များ ထည့်၍ ညှက်အောင်ကြိတ်ပြီး ရရှိလာတဲ့ အစိမ်းရောင်အရည်များကို ဇကာအစစ်ဖြင့် စစ်ယူထားပါ။

    အိုးတခုထဲ ဆန်မှုန့် ရေသန့် ဆား ဆွမ်းမွှေးကြိတ်ရည်နှင့် ထုံးရည်ကြည်တို့ကို သမအောင် ရောစပ်ပြီး ပိတ်စပါးပါး သို့မဟုတ် ဇကာစစ်ဖြစ် စစ်ယူပါ။

    ရရှိလာသော မုန့်ရည်များကို အိုးထဲထည့်၍ မီးဖိုပေါ်တင်၍ သစ်သားယောင်းမဖြင့် အဆက်မပြတ် မီးအနေတော်ဖြင့် မွှေပေးပါ.. .မွှေချိန် ၅မိနစ်အကြာမှာ မုန်ရည်များပစ်ခဲလာလိမ့်မည်။ ထိုအချိန်တွင် အခဲများကို ခပ်မြန်မြန် ကြေအောင် ဂရုတစိုက်မွှေပေးပြီး မီးအရှိန်လျှော့ပြီး နာရီဝက်ခန့် မုန့်သားများကြည်လာအောင် မွှေပေးပါ။ မွှေနေတဲ့ယောင်းမကို အပေါ်သို့ဆွဲတင်ပြီး မုန့်သားများ ကြွက်မြှီးတန်းလာပြီးဆို မီးပိတ်ပြီး ၅မီနစ်လောက်အအေးခံပြီး..မုန့်ညှစ်ခွက်ထဲ့သို့ ထည့်ပြီး ရေအေးထည့်ထားသော ဇလုံထဲသို့ ညှစ်ထည့်ပါ။ မုန့်ဖတ်များကို ဆယ်ယူ၍ ရေအေးဇလုံကို ၃လုံးလောက် ထားပြီး မုန့်ဖတ်ကို အပူငွေ့ကုန်သည်ထိရေဇလုံတွေထဲ ပြောင်းစိမ်ထားပေးရပါတယ်။ မုန့်ဖတ်ကို အချိန်ကြာကြာလေးကျိုပေးရင် တင်းတင်းလေးနဲ့ ပိုစားကောင်းပါတယ်ရှင်။

    Credit : Thidar lay lay

    Via – MiMiTun

  • သင့္ဘ၀ကို ေျပာင္းလဲသြားႏိုင္တဲ့ ပံုျပင္တစ္ပုဒ္

    (Zawgyi)

    သင့္ဘ၀ကို ေျပာင္းလဲသြားႏိုင္တဲ့ ပံုျပင္တစ္ပုဒ္

    ကိုယ့္ကိုကိုယ္ အထင္မေသးပါနဲ႔

    လူတစ္ေယာက္ဟာ လမ္းေလွ်ာက္လာရင္း ဆင္ေတြကို ျမင္ၿပီး ႐ုတ္တရက္ ရပ္တန႔္လိုက္ပါတယ္။ ဆင္ေတြရဲ႕ေရွ႕လက္မွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ထားၿပီး ေျမျပင္ေပၚမွာ တုတ္႐ိုက္ထားတာကို ေတြ႕လိုက္ရလို႔ ျဖစ္ပါတယ္။

    သူ အံ့ၾသသြားပါတယ္။ “ ဒီ ဧရာမသတၱဝါႀကီးေတြကို ဘာျဖစ္လို႔ ႀကိဳးေသးေသးနဲ႔ ခ်ည္ထားတာေတာင္ ဆင္ေတြမေျပးတာလဲ၊ သံမဏိႀကိဳးလည္း မဟုတ္၊ ေလွာင္အိမ္လည္း မဟုတ္ဘဲနဲ႔ ဒီေကာင္ႀကီးေတြ အလြယ္တကူ႐ုန္းၿပီး ထြက္ေျပးႏိုင္တာကို ဘာလို႔ မေျပးၾကတာလဲ” လို႔ တစ္ေယာက္တည္း ေတြးမိလိုက္ပါတယ္။

    အဲလိုနဲ႔ အနီးနားမွာရွိတဲ့ ဆင္ထိန္းကို ေမးလိုက္ပါတယ္။ “ အကိုဆင္ထိန္း ဆင္ဆိုတဲ့သတၱဝါက ေတာ္ေတာ္အားသန္တာဗ်၊ ႀကိဳးေသးေသးေလးနဲ႔ ထိန္းထားတာကို ဘာလို႔မေျပးၾကတာလဲ၊ ရန္မူမွာ မေၾကာက္ဖူးလား၊ သံႀကိဳးလည္း မဟုတ္ဘဲနဲ႔ဗ်ာ၊ အံပါရဲ႕” လို႔ ေမးလိုက္ပါတယ္။

    ဆင္ထိန္းက “ ေကာင္းၿပီ ကြၽန္ေတာ္ရွင္းျပမယ္၊ ဒီဆင္ေတြ ငယ္ငယ္တုန္းက ဆင္ေပါက္စ ဘဝတုန္းက ေပါ့ဗ်ာ၊ အဲဒီႀကိဳးေလးနဲ႔ ခ်ီထားတာ၊ သူတို႔ မ႐ုန္းႏိုင္ခဲ့ပါဘူး၊ အားက မသန္ေသးတာကို၊ အခု ႀကီးလာေတာ့လည္း အဲဒီႀကိဳးေလးနဲ႔ပဲ ခ်ီထားလိုက္တာပဲ၊ ဆင္ေတြရဲ႕စိတ္ထဲမွာ ဒီႀကိဳးကို သူတို႔ဘယ္ေတာ့မွာ မ႐ုန္းႏိုင္ဘူးလို႔ စိတ္စြဲေနတာဗ်” လို႔ ျပန္ေျဖလိုက္ပါတယ္။

    လူ႔ဘဝဆိုတာလည္း အဲဒီအတိုင္းပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ကိုယ္မစြမ္းေဆာင္ခဲ့ႏိုင္တာကို တစ္သက္လုံး ငါဘယ္ေတာ့မွ မလုပ္ႏိုင္ဘူးလို႔ အရႈံးေပးလက္ေလ်ာ့တက္ၾကပါတယ္။

    တကယ္ေတာ့ ဘဝဆိုတာ လက္ေဝွ႔ႀကိဳးဝိုင္းလိုပါပဲ။ ၾကမ္းျပင္ေပၚ လဲသြားတာကို ႀကိဳးဝိုင္းဒိုင္က အရႈံးလို႔ မသတ္မွတ္ပါဘူး။ သင္ျပန္မထလာမွ အရႈံးလို႔ သတ္မွတ္လိုက္တာပါ။ အရႈံးဆိုတာကို ရင္ဝယ္ပိုက္ထားရင္ တစ္သက္လုံးရႈံးမွာ ေသခ်ာပါတယ္။

    Credit : Kyaw Soe Aung ( Myanmar Knowledge Bank)

    (Unicode)

    သင့်ဘဝကို ပြောင်းလဲသွားနိုင်တဲ့ ပုံပြင်တစ်ပုဒ်

    ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့

    လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။

    သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။

    အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။

    ဆင်ထိန်းက “ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ” လို့ ပြန်ဖြေလိုက်ပါတယ်။

    လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။

    တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။

    Credit : Kyaw Soe Aung ( Myanmar Knowledge Bank)

  • ကြၽဲ၊ ႏြား ခြာနာ လက္ေတြ႕ေပ်ာက္ေဆးေကာင္း မွ်ေ၀လိုက္ပါသည္။

    (Zawgyi)

    ကြၽဲ၊ ႏြား ခြာနာ ေပ်ာက္ေဆး

    ႐ႊံ႕ဗြက္မ်ားတြင္ ကြၽဲ၊ ႏြားမ်ား နစ္ကြၽံၾကျခင္းေၾကာင့္ ခြာနာေရာဂါမ်ားျဖစ္လာကာ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့ဘဲ ေနရာမွာပင္ ဝပ္လဲေနၾကရပါတယ္။

    ဒီအထြက္ မပူပါႏွင့္။ အနာသိလွ်င္ ေဆးရွိပါတယ္။

    စက္က်အင္ဂ်င္ဝိုင္( စက္ထဲတြင္ မေကာင္းေတာ့၍ ထုတ္ပစ္ကာ သိမ္းထားေသာ အင္ဂ်င္ဝိုင္)ကို ဒဏ္ရာေပၚ ေလာင္းထည့္ေပးလိုက္ပါ။ အံၾသစရာေကာင္းေလာက္ေအာင္ ေျခေထာက္မ်ားတြင္ျဖစ္ေနေသာ ခြာနာေဝဒနာ သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။

    မၾကာမီ မိုးရာသီ ဝင္ပါေတာ့မယ္။ မိုးရာသီတြင္ ကြၽဲ၊ ႏြားမ်ား ခြာနာေရာဂါျဖစ္ေလ့ရွိရာ ေတာင္သူဦးႀကီးမ်ားကို အေထာက္အပံ့ အလို႔ဌာ ဤ status ျဖင့္ အသိေပး မွ်ေဝလိုက္ရပါတယ္။

    ေစတနာမ်ားစြာျဖင့္…

    (ေဆာင္းပါးရွင္…ေပါက္ေပါက္ @ Promise Pauk…မွ်ေဝသည္)

    Credit – Tin Htet Htet Zaw

    (Unicode)

    ကျွဲ၊ နွား ခွာနာ ပျောက်ဆေး

    ရွှံ့ဗွက်များတွင် ကျွဲ၊ နွားများ နစ်ကျွံကြခြင်းကြောင့် ခွာနာရောဂါများဖြစ်လာကာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ နေရာမှာပင် ဝပ်လဲနေကြရပါတယ်။

    ဒီအထွက် မပူပါနှင့်။ အနာသိလျှင် ဆေးရှိပါတယ်။

    စက်ကျအင်ဂျင်ဝိုင်( စက်ထဲတွင် မကောင်းတော့၍ ထုတ်ပစ်ကာ သိမ်းထားသော အင်ဂျင်ဝိုင်)ကို ဒဏ်ရာပေါ် လောင်းထည့်ပေးလိုက်ပါ။ အံသြစရာကောင်းလောက်အောင် ခြေထောက်များတွင်ဖြစ်နေသော ခွာနာဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

    မကြာမီ မိုးရာသီ ဝင်ပါတော့မယ်။ မိုးရာသီတွင် ကျွဲ၊ နွားများ ခွာနာရောဂါဖြစ်လေ့ရှိရာ တောင်သူဦးကြီးများကို အထောက်အပံ့ အလို့ဌာ ဤ status ဖြင့် အသိပေး မျှဝေလိုက်ရပါတယ်။

    စေတနာများစွာဖြင့်…

    (ဆောင်းပါးရှင်…ပေါက်ပေါက် @ Promise Pauk…မျှဝေသည်)

    Credit – Tin Htet Htet Zaw