Author: shangyi

  • အဲကြန္း အသုံးမျပဳဘဲ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္း ၅ ခု

    (Zawgyi)

    အဲကြန္း အသုံးမျပဳဘဲ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္း ၅ ခု

    အဲကြန္းအသုံးမျပဳဘဲ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္းေတြ ေဖာ္ျပေပးလိုက္ပါတယ္။ အခုလို ပူျပင္းလြန္းတဲ့ ေႏြရာသီကာလမွာ အဲကြန္းအသုံးျပဳၿပီး အိပ္စက္ရသူေတြအဖို႔ ကိစၥမရွိေပမယ့္ မီးပ်က္သြားတဲ့ အခ်ိန္မ်ိဳးနဲ႔ အဲကြန္း မရွိသူေတြအတြက္ေတာ့ ပူပူေလာင္ေလာင္ ေခြၽးတ႐ႊဲ႐ႊဲနဲ႔မို႔ အိပ္စက္ရခက္ေစမွာပါ။ ဒါေၾကာင့္မို႔လို႔ ရာသီဥတုပူပူမွာ အဲကြန္းအသုံးမျပဳဘဲ ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) အိပ္ခါနီးကို ေရေသာက္အိပ္ပါ

    ခႏၶာကိုယ္တြင္း ေရဓာတ္ ျပည့္ဝေနတဲ့အခါ ရာသီဥတုအပူဒဏ္ကို ပုံမွန္ထက္ပိုၿပီး ခံႏိုင္ရည္ ရွိပါတယ္။ အိပ္ရာဝင္ခါနီး ေရတဖန္ခြက္ခန႔္ ေသာက္သုံံးေပးတာမ်ိဳးဟာ အပူဒဏ္ခံရျခင္းကို အနည္းငယ္ သက္သာေစမွာ ျဖစ္ပါတယ္။

    (၂) မီးေရာင္နည္းႏိုင္သေလာက္ နည္းေအာင္ထားပါ

    အိပ္ခန္းတြင္းမွာ မီးဖြင့္ထားျခင္းဟာ ရာသီဥတု အပူဒဏ္အျပင္ အခန္းတြင္း အပူခ်ိန္ကိုပါ ျမင့္တက္ေစတာေၾကာင့္ အပူဒဏ္ကို ပိုမိုခံစားရေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို သင့္အိပ္ခန္းတြင္းမွာ မီးေရာင္နည္းႏိုင္သေလာက္ နည္းေအာင္ ထားေပးသင့္ပါတယ္။

    (၃) အိပ္စက္မယ့္ ေနရာကို သဘာဝအတိုင္း ေအးေအာင္ျပဳလုပ္ပါ

    အခုေဖာ္ျပမယ့္ နည္းလမ္းကေတာ့ အီဂ်စ္လူမ်ိဳးေတြ ေရွးယခင္တည္းက အသုံးျပဳၾကတဲ့ နည္းလမ္းတခုျဖစ္ပါတယ္။ ေရေကာင္းမြန္စြာ စုပ္ယူႏိုင္တဲ့ အဝတ္တခုကို ေရစြတ္၊ ေရစင္ေအာင္ညႇစ္ၿပီး မိမိအိပ္စက္မယ့္ ေနရာအနီးအနားက ျပတင္းေပါက္နဲ႔ မ်က္ႏွာၾကက္မွာ ျဖန႔္တင္ထားတာမ်ိဳးနဲ႔ အိပ္ရာေပၚမွာ ခဏေလာက္ ျဖန႔္တင္ထားတာမ်ိဳးကို ျပဳလုပ္ေပးႏိုင္ပါတယ္။

    (၄) ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ိဳးကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ပါ

    ေလဝင္ေလထြက္ေကာင္းမြန္ၿပီး ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္ ခ်ည္ထည္အဝတ္အစားမ်ိဳးကို ေ႐ြးခ်ယ္ ဝတ္ဆင္ျခင္းက အပူဒဏ္ကို ေလ်ာ့ပါးသက္သာေစမွာပါ။

    (၅) ယပ္ေတာင္ မၾကာခဏ အသုံးမျပဳပါနဲ႔

    အပူဒဏ္သက္သာေအာင္လို႔ ယပ္ေတာင္ တဖ်ပ္ဖ်ပ္ ခတ္ျခင္းဟာ ခႏၶာကိုယ္လႈပ္ရွားမႈကို ျဖစ္ေပၚေစၿပီး အိပ္စက္ရခက္ေစတာေၾကာင့္ ယပ္ေတာင္ကို အသုံးျပဳမယ့္အစား ပန္ကာအေသးစားေလးေတြကို ခဏေလာက္ဖြင့္ထားတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။

    Ref. www.tuck.com

    Credit -ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    အဲကွန်း အသုံးမပြုဘဲ အေးချမ်းစွာ အိပ်ပျော်နိုင်စေမယ့် နည်းလမ်း ၅ ခု

    အဲကွန်းအသုံးမပြုဘဲ အေးချမ်းစွာ အိပ်ပျော်နိုင်စေမယ့် နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။ အခုလို ပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ အဲကွန်းအသုံးပြုပြီး အိပ်စက်ရသူတွေအဖို့ ကိစ္စမရှိပေမယ့် မီးပျက်သွားတဲ့ အချိန်မျိုးနဲ့ အဲကွန်း မရှိသူတွေအတွက်တော့ ပူပူလောင်လောင် ချွေးတရွှဲရွှဲနဲ့မို့ အိပ်စက်ရခက်စေမှာပါ။ ဒါကြောင့်မို့လို့ ရာသီဥတုပူပူမှာ အဲကွန်းအသုံးမပြုဘဲ အေးအေးချမ်းချမ်း အိပ်ပျော်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) အိပ်ခါနီးကို ရေသောက်အိပ်ပါ

    ခန္ဓာကိုယ်တွင်း ရေဓာတ် ပြည့်ဝနေတဲ့အခါ ရာသီဥတုအပူဒဏ်ကို ပုံမှန်ထက်ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ အိပ်ရာဝင်ခါနီး ရေတဖန်ခွက်ခန့် သောက်သုံံးပေးတာမျိုးဟာ အပူဒဏ်ခံရခြင်းကို အနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။

    (၂) မီးရောင်နည်းနိုင်သလောက် နည်းအောင်ထားပါ

    အိပ်ခန်းတွင်းမှာ မီးဖွင့်ထားခြင်းဟာ ရာသီဥတု အပူဒဏ်အပြင် အခန်းတွင်း အပူချိန်ကိုပါ မြင့်တက်စေတာကြောင့် အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့်မို့လို သင့်အိပ်ခန်းတွင်းမှာ မီးရောင်နည်းနိုင်သလောက် နည်းအောင် ထားပေးသင့်ပါတယ်။

    (၃) အိပ်စက်မယ့် နေရာကို သဘာဝအတိုင်း အေးအောင်ပြုလုပ်ပါ

    အခုဖော်ပြမယ့် နည်းလမ်းကတော့ အီဂျစ်လူမျိုးတွေ ရှေးယခင်တည်းက အသုံးပြုကြတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ရေကောင်းမွန်စွာ စုပ်ယူနိုင်တဲ့ အဝတ်တခုကို ရေစွတ်၊ ရေစင်အောင်ညှစ်ပြီး မိမိအိပ်စက်မယ့် နေရာအနီးအနားက ပြတင်းပေါက်နဲ့ မျက်နှာကြက်မှာ ဖြန့်တင်ထားတာမျိုးနဲ့ အိပ်ရာပေါ်မှာ ခဏလောက် ဖြန့်တင်ထားတာမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။

    (၄) ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ

    လေဝင်လေထွက်ကောင်းမွန်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ချည်ထည်အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်ခြင်းက အပူဒဏ်ကို လျော့ပါးသက်သာစေမှာပါ။

    (၅) ယပ်တောင် မကြာခဏ အသုံးမပြုပါနဲ့

    အပူဒဏ်သက်သာအောင်လို့ ယပ်တောင် တဖျပ်ဖျပ် ခတ်ခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး အိပ်စက်ရခက်စေတာကြောင့် ယပ်တောင်ကို အသုံးပြုမယ့်အစား ပန်ကာအသေးစားလေးတွေကို ခဏလောက်ဖွင့်ထားတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

    Ref. www.tuck.com

    Credit -ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

  • အိမ္ရွင္မမ်ားႏွင့္ထမင္းခ်က္ျခင္းအၾကားလွ်ိဳ႕၀ွက္ခ်က္မ်ား

    အိမ္ရွင္မမ်ားႏွင့္ထမင္းခ်က္ျခင္းအၾကားလွ်ိဳ႕၀ွက္ခ်က္မ်ား
    ============================================
    အိမ္ရွင္မမ်ားအတြက္ထမင္းခ်က္ရာတြင္ အရသာသာမက က်န္းမာေရးအတြက္ အာဟာရဓာ္ေတြပါမဆံုးရႈံးေစမည့္ အလြယ္တစ္ကူတစ္ခါတည္းၿပီးျပည့္စံုေစမယ့္ နည္းေလးမ်ားကို စုစည္း တင္ျပေပးလိုက္ရပါတယ္။
    .
    ၁။ရွာလကာရည္
    ထမင္းခ်က္ရာတြင္ရွာလကာရည္တစ္စက္၊ႏွစ္စက္ထည့္ေပးရံုျဖင့္ထမင္းရဲ႕အန႔ံအရသာကိုပိုၿပီးထင္ေပၚေမႊးပ်ံ႕ေစႏိုင္မယ့္အျပင္ရာသီဥတုအလြန္ပူျပင္းၿပီးထမင္းသိုးျခင္းကိုကာကြယ္ေပးႏိုင္ပါတယ္။(ရွာလကာရည္နံ႔လံုး၀မထြက္ပါ)

    ၂။ဘီယာ
    ဆန္ေဟာင္းမ်ားအထားၾကာသြားၿပီးခ်က္ျပဳတ္ရာမွာအန႔ံအရသာက ဆန္သစ္ေလာက္ မေကာင္းတဲ့အခ်ိန္မွာစိတ္မပူပါနဲ႔ဆန္အေဟာင္းကိုခ်က္ခ်ိန္မွာဘီယာအနည္းငယ္သာ ထည့္လိုက္ပါေပၚဆန္းေမႊးပမာေမႊးပ်ံ႕တဲ့ထမင္းကိုရရွိေစမွာျဖစ္ပါတယ္။

    ၃။ေျမပဲဆီ
    ထမင္းခ်က္ရာမွာဆားအနည္းငယ္နဲ႕ေျမပဲဆီအနည္းငယ္ထည့္ေပးပါကာေရာၿပီးေမႊေပးပါကဆန္ဖြာျခင္းမရွိပဲခံတြင္းကိုေတြ႔ေစမွာျဖစ္ပါတယ္။

    ၄။ဆား
    လက္က်န္ထမင္္းကိုျပန္ေႏြးရာတြင္ဆားအနည္းငယ္ထည့္ေပးျခင္းအားျဖင့္အနံ႔ဆိုးမ်ားကိုေပ်ာက္ေစသည့္အျပင္ခံတြင္းတြင္လည္းႏူးညံ႔ေနေစမွာေသခ်ာပါတယ္။

    ၆။ဆန္အရက္၊အရက္ျဖဴ
    ထမင္းေၾကာ္ရာတြင္ ထမင္းတြင္အရက္သံုး၊ေလးစက္အနည္းငယ္ ထည့္ကာေၾကာ္ေပးပါက နတ္သဒၶါပမာထမင္းအရသာကိုရေစႏိုင္ပါတယ္။ အကယ္၍ထမင္းက်က္တ၀က္မက်က္တဝက္ျဖစ္ေနတဲ့အေျခအေနမ်ိဳးနဲ႔ၾကံဳပါကဇြန္း၂ဇြန္းစာဆန္အရက္ကိုထည့္ၿပီးေႏြးေပးျခင္းနဲ႔ထမင္းကိုလံုး၀က်က္ေစႏိုင္ပါတယ္။

    ၇။ေရက်က္ေအး
    ထမင္းခ်က္ခ်ိန္မွာေရက်က္ေအးနဲ႔ခ်က္ပါကဆန္မွာပါ၀င္တဲ့ဗီတာမင္ B1 ဓာတ္ကို အျပည့္အ၀ရရွိေစမွာျဖစ္ပါတယ္။

    ၈။ၾကက္သြန္ၿမိတ္
    ထမင္းတူးသြားပါကထမင္းၾကားမွာၾကက္သြန္ၿမိတ္တစ္ပင္ကိုထည့္ၿပီးခဏအဖံုးအုပ္ထားေပးပါကတူးန႔ံမ်ားကိုယူပစ္လိုက္သလိုေျပာက္ကင္းသြားမွာျဖစ္ပါတယ္။

    ၉။လက္ဖက္
    ေရေႏြးၾကမ္းကိုထမင္းခ်က္ရာမွာထည့္ၿပီးသာမာန္အတိုင္းထမင္းခ်က္ပါကရရွိလာတဲ့ထမင္းကအနံ႔အရသာကိုျပည့္စံုရံုသာမကအာဟာရလည္းအလြန္ျဖစ္ေစပါတယ္။

    ၁၀။သံလြင္ဆီ
    ထမင္းခ်က္ရာတြင္သံလြင္ဆီအနည္းငယ္ထည့္ေပးပါကဆန္ထဲရွိသၾကားဓာတ္တိုးျမႇင့္မႈကို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္အစာအိမ္ကိုလည္းဥပဒ္မျဖစ္ေစႏိုင္ပါဘူး။ဆီးခ်ိဳသမားမ်ားအတြက္လည္းသင့္ေလွ်ာ္ပါတယ္။

    #credit

  • မီးမရိွတဲ့ ေဒသေတြမွာ အသံုးျပဳနိုင္မယ္႔ ေျမအိုးေရခဲေသတၱာ

    မီးမရိွတဲ့ ေဒသေတြမွာ အသံုးျပဳနိုင္မယ္႔ ေျမအိုးေရခဲေသတၱာ

    သီးနံွေတြကို မညိွးနြမ္းေစပဲ ရက္ေပါင္း ၂၀ ေလာက္ ထားနိုင္တဲ႔အတြက္ေၾကာင့္ မီးမရေသးတဲ့ ေက်းလက္ေဒသေတြအတြက္ အဆင္ေျပေစနိုင္ပါတယ္။

    ” ေျမအိုးေရခဲေသတၱာ ျပဳလုပ္နည္း “

    👉 အရြယ္မတူတဲ့ ေျမအိုး ၂ လံုး
    👉 သဲနဲ႔
    👉 ေရပဲ လိုအပ္ပါတယ္။

    ပထမဦးဆံုး ေျမအိုးအၾကီးထဲကို ေျမအိုးေသးထည္႔ပါ။
    အိုး ၂ အိုးၾကားထဲကို သဲထည့္ပါ။
    ေနာက္ သဲထဲကို ေရေလာင္းထည္႔ပါ။
    သီးနံွေတြကို အိုးအေသးထဲ ထည့္ျပီး အေပၚကေန ေရစို အ၀တ္အုပ္ပါ။
    ေရေျခာက္သြားလွ်င္ ေရထပ္ျဖန္းေပးပါ။

    ေရေတြ အျပင္ကို အေငြ႔ျပန္သြားတဲ့အခါ အထဲက အပူကိုပါ စုပ္ယူျပီးသြားေစတာပါ။ ဒါေၾကာင့္ အထဲမွာ ေအးက်န္ခဲ့ပါတယ္။

    ဒါဆိုရင္ သီးနံွေတြ ရက္ေပါင္းမ်ားစြာခံတဲ့ Pot in Pot Refrigerator တစ္ခု ရရွိပါျပီ။

    Credit

    (Unicode)

    မီးမရှိတဲ့ ဒေသတွေမှာ အသုံးပြုနိုင်မယ့် မြေအိုးရေခဲသေတ္တာ

    သီးနံှတွေကို မညှိးနွမ်းစေပဲ ရက်ပေါင်း ၂၀ လောက် ထားနိုင်တဲ့အတွက်ကြောင့် မီးမရသေးတဲ့ ကျေးလက်ဒေသတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။

    ” မြေအိုးရေခဲသေတ္တာ ပြုလုပ်နည်း “

    👉 အရွယ်မတူတဲ့ မြေအိုး ၂ လုံး
    👉 သဲနဲ့
    👉 ရေပဲ လိုအပ်ပါတယ်။

    ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးသေးထည့်ပါ။
    အိုး ၂ အိုးကြားထဲကို သဲထည့်ပါ။
    နောက် သဲထဲကို ရေလောင်းထည့်ပါ။
    သီးနံှတွေကို အိုးအသေးထဲ ထည့်ပြီး အပေါ်ကနေ ရေစို အဝတ်အုပ်ပါ။
    ရေခြောက်သွားလျှင် ရေထပ်ဖြန်းပေးပါ။

    ရေတွေ အပြင်ကို အငွေ့ပြန်သွားတဲ့အခါ အထဲက အပူကိုပါ စုပ်ယူပြီးသွားစေတာပါ။ ဒါကြောင့် အထဲမှာ အေးကျန်ခဲ့ပါတယ်။

    ဒါဆိုရင် သီးနံှတွေ ရက်ပေါင်းများစွာခံတဲ့ Pot in Pot Refrigerator တစ်ခု ရရှိပါပြီ။

    Credit

  • ျမန္မာျပည္တြင္ အခ်ိန္တိုအတြင္း စီးပြားျဖစ္ႏုိင္ေသာ တစ္ႏိုင္တစ္ပိုင္စီးပြားေရးလုပ္ငန္းအမ်ိဳးအစား ၁၇ မ်ိဳး

    (Zawgyi)

    လြန္ခဲ့သည့္ ႏွစ္အနည္းငယ္အတြင္း တိုးတက္မႈ ေႏွာင့္ေႏွးခဲ့သည့္ ျမန္မာ့စီးပြားေရးသည္ လာမည့္ ၂ ႏွစ္အတြင္း ျပန္လည္ဦးေမာ့လာမည္ဟု အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)အပါအဝင္ ႏိုင္ငံတကာ စီးပြားေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ သုေတသနအဖြဲ႕မ်ားက ဆိုသည္။ အစိုးရ၏ စီးပြားေရးမူဝါဒမ်ား ခိုင္မာလာျခင္းႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အားေကာင္းလာျခင္းတို႔ေၾကာင့္ဟု ဆိုသည္။

    ထိုအခ်က္မ်ားေၾကာင့္ ၂၀၁၉ တြင္ စီးပြားေရးအခြင့္အလမ္းမ်ား ပိုမိုပြင့္လင္းလာႏိုင္သည္ဟု ဆိုသည္။ ထို႔အတူ လုပ္ငန္းငယ္တစ္ခု ထူေထာင္ရန္ စိန္ေခၚမႈအခက္အခဲမ်ားရွိေနေသာ္လည္း အလားအလာေကာင္းသည့္ အက်ိဳးအျမတ္မ်ား ရွိေနဆဲ ဟု ဆိုသည္။ ထို႔ေၾကာင့္ ယခုေဆာင္းပါးက ၂၀၁၉ႏွင့္ ၂၀၂၀ အတြင္း အခ်ိန္တိုတြင္း အက်ိဳးအျမတ္ရရွိေစမည့္ လုပ္ငန္းအခ်ိဳ႕ႏွင့္ အလားအလာေကာင္းမ်ားရွိေနသည့္ လုပ္ငန္းမ်ားကို ေဖာ္ျပေပးမည္ ျဖစ္သည္။

    ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၏ အႀကံျပဳခ်က္ႏွင့္ ေလ့လာမႈမ်ားအရ ကုန္ထုတ္လုပ္မႈလုပ္ငန္း၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ စြမ္းအင္က႑ႏွင့္ ခရီးသြားလုပ္ငန္းႏွင့္ ဆက္စပ္သည့္ လုပ္ငန္းမ်ားသည္ ျမန္မာႏိုင္ငံတြင္ လုပ္သာကိုင္သာရွိေသာ စီးပြားေရးလုပ္ငန္းမ်ားဟု စစ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

    ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားႏွင့္ စီးပြားေရးသုေတသန အဖြဲ႕မ်ားကလည္း အထက္ပါ လုပ္ငန္းမ်ားကို ေထာက္ပံ့ေပး မည့္ လုပ္ငန္းမ်ားကို ျပည္တြင္းလုပ္ငန္းရွင္ငယ္မ်ားက လုပ္ကိုင္ျခင္းျဖင့္ အခ်ိန္တိုတြင္း အက်ိဳးျမတ္ရႏိုင္မည္ဟုအႀကံျပဳထားသည္။

    အခ်ိန္တိုအတြင္း အလုပ္ျဖစ္ႏိုင္ေသာ လုပ္ငန္း ၁၇ မ်ိဳး

    ျမန္မာစီးပြားစီမံ အမႈေဆာင္မ်ားအသင္း (MBE-Myanmar Business Executives Associa-tion)၏ မၾကာမီက ေကာက္ယူခဲ့သည့္ သုေတသနစစ္တမ္းတစ္ခု အရ ျမန္မာႏိုင္ငံတြင္ ၂၀၁၉-၂၀၂၀ ၌ အခ်ိန္တိုအတြင္း စီးပြားျဖစ္ႏိုင္သည့္ တစ္ႏိုင္တစ္ပိုင္လုပ္ငန္း အမ်ိဳးအစား ၁၇ မ်ိဳးရွိသည္ဟု ေဖာ္ထုတ္ခဲ့သည္။ ထိုလုပ္ငန္း ၁၇ မ်ိဳးအတြက္ လက္ေတြ႕လုပ္ကိုင္ေနသည့္ လုပ္ငန္းရွင္ ၁၀၀ ခန႔္ကို အခ်ိန္သုံးလၾကာ ေမးျမန္းေကာက္ယူျခင္းျဖစ္သည္။

    ‘‘ဒီလုပ္ငန္းေတြက က်ပ္ သိန္း ၁၀၀ ေအာက္မွာ ကိုယ္ပိုင္လုပ္ငန္းအျဖစ္ လုပ္ကိုင္လို႔ရတယ္။ တခ်ိဳ႕ေတြဆို အရင္းအႏွီး မလိုဘဲ လုပ္လို႔ေတာင္ရတယ္’’ဟု အဆိုပါ စစ္တမ္းေကာက္ယူရာတြင္ ပါဝင္ေသာ ဦးဝဏၰေက်ာ္က ေျပာသည္။ ထိုစစ္တမ္းတြင္ အခ်ိန္တိုအတြင္း အလုပ္ျဖစ္ႏိုင္ေသာ က႑ငါးခု ပါဝင္ၿပီး ကိုယ္ပိုင္ ဒီဇိုင္းထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္း၊ ဝန္ေဆာင္မႈ၊ နည္းပညာ အသုံးျပဳဝန္ေဆာင္မႈမ်ား၊ အစားအေသာက္လုပ္ငန္းမ်ားႏွင့္ ေမြးျမဴေရးတို႔ ျဖစ္သည္ဟုဆိုသည္။

    ကိုယ္ပိုင္ဒီဇိုင္းထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္းတြင္ လုပ္ငန္းသုံးမ်ိဳးကို အႀကံျပဳထားသည္။ ယင္းတို႔သည္ ဒီဇိုင္းဆန္းသစ္သားပရိေဘာဂ ဖန္တီးေရာင္းခ်ျခင္းလုပ္ငန္း၊ ပန္းပင္ေရာင္းခ်ျခင္းႏွင့္ ၿခံအလွဆင္လုပ္ငန္းႏွင့္ ေရေမႊးဆီ၊ဖေယာင္းတိုင္ ထုတ္လုပ္ျခင္း လုပ္ငန္းတို႔ျဖစ္သည္။

    ဝန္ေဆာင္မႈလုပ္ငန္းအတြက္ ကိုယ္ကာယေလ့က်င့္ခန္း (GYM)လုပ္ငန္း၊ ေန႔ကေလးထိန္းေက်ာင္းလုပ္ငန္း၊ သက္ေမြးပညာႏွင့္ အလုပ္အကိုင္ရရွိေရးဆိုင္ရာ အတိုင္ပင္ခံလုပ္ငန္း၊ ကိုယ္ပိုင္အိမ္ ဗိသုကာဒီဇိုင္း ေရးဆြဲေပးျခင္းလုပ္ငန္း၊မီးဖိုေခ်ာင္သုံး ဓာတ္ေငြ႕ကိုယ္စားလွယ္လုပ္ငန္းတို႔ ျဖစ္သည္။ အဆိုပါ လုပ္ငန္းမ်ားအတြက္ ကုန္က်စရိတ္မႀကီးမားဘဲ ရပ္ကြက္အတြင္း လုပ္ကိုင္ႏိုင္ဟု ဆိုသည္။ ဥပမာ မီးဖိုေခ်ာင္သုံး ဓာတ္ေငြ႕ (LPG)သည္ ေရသန႔္ဘူး ျဖန႔္ေဝသည့္ကိုယ္စားလွယ္ လုပ္ငန္းကဲ့သို႔ပင္ သတ္မွတ္စည္းကမ္းအတိုင္း ေဆာင္႐ြက္ပါက အသားတင္အျမတ္ရႏိုင္သည္ဟု ဦးဝဏၰေက်ာ္က အႀကံျပဳသည္။ ရန္ကုန္ၿမိဳ႕ ျပည္သူမ်ား၏ က်န္းမာေရးအသိ ရွိလာျခင္းေၾကာင့္ ကိုယ္ကာယေလ့က်င့္ခန္း လုပ္ကိုင္လာသူ မ်ားလာၿပီး ရပ္ကြက္အတြင္းရွိ အခန္းငယ္မ်ား၌ပင္ GYM လုပ္ငန္းမ်ား ေအာင္ျမင္ေနသည္ဟု ဆိုသည္။

    နည္းပညာသုံး ဝန္ေဆာင္မႈမ်ားတြင္ ကုမၸဏီမ်ား၌ DATA Centre ထူေထာင္ေပးျခင္းအတြက္ အႀကံေပးႏွင့္ တပ္ဆင္သင္ၾကားေပးျခင္းလုပ္ငန္း၊ အတတ္ပညာတစ္ခုခုအား YouTube Channel မွ သင္ၾကားေပးျခင္း လုပ္ငန္း၊ တစ္ႏိုင္တစ္ပိုင္ ေၾကာ္ျငာဂရပ္ဖစ္ဒီဇိုင္း ေရးဆြဲေပးျခင္းလုပ္ငန္း၊ ျမန္မာဆန္ေသာ Web-site Domain မ်ား ဖန္တီးဝယ္ယူျခင္း၊ ျပန္လည္ေရာင္းခ်ျခင္းလုပ္ငန္းႏွင့္ Google Adsense အတိုင္ပင္ခံႏွင့္ ေၾကာ္ျငာကိုယ္စားလွယ္လုပ္ငန္းတို႔သည္ အခ်ိန္တိုအတြင္း အလုပ္ျဖစ္ႏိုင္သည္ဟုလည္း စစ္တမ္းတြင္ ေဖာ္ျပထားသည္။

    ‘‘အဲဒီထဲမွာ အိုင္ဒီယာအေကာင္းဆုံးရွိမယ္ဆိုရင္ အရင္းအႏွီးအနည္းဆုံးနဲ႔ အက်ိဳးအျမတ္ အမ်ားဆုံး ျပန္ရမယ့္အလုပ္က ေတာ့ နံပါတ္ (၁၅) (ျမန္မာဆန္ေသာ Website Domain မ်ား ဖန္တီးဝယ္ယူျခင္း၊ ျပန္လည္ေရာင္းခ်ျခင္းလုပ္ငန္း) ပါပဲဗ်ာ’’ ဟု ထိုလုပ္ငန္းမ်ား လုပ္ကိုင္သူ လူငယ္တစ္ဦးက သူ၏ အျမင္ကို ေျပာသည္။ ထိုလုပ္ငန္းသည္ ေခတ္ႏွင့္လိုက္ေလ်ာ ညီေထြသည့္ ျမန္မာဒိုမိန္းမ်ားကို ဝယ္ယူထား႐ုံသာ ျဖစ္သည္ဟု ၎က ဆိုသည္။ ဥပမာ Shalpay (ရွယ္ေပး)ဆိုသည့္ Domain တစ္ခုကို ဝယ္ထားလွ်င္ ထိုအမည္ကို အသုံးျပဳလိုသည့္ လုပ္ငန္းရွင္က ဝယ္ယူထားသူထံမွျပန္လည္ဝယ္ယူရမည္ဟု ဆိုသည္။ ဒိုမိန္းယူစဥ္က က်ပ္ႏွစ္ေသာင္းခန႔္သာ ရွိေသာ္လည္း ျပန္လည္ေရာင္းခ်သည့္အခါ ႀကိဳက္ေၾကးေခၚယူႏိုင္သည္ဟု ဆိုသည္။ ‘‘ဒီလုပ္ငန္းရဲ႕ အဓိကအသက္က ဘယ္လိုနာမည္ေတြကို ကိုယ္ဝယ္ထားၿပီး ဘယ္လိုလူေတြဆီ ဘယ္ေဈးနဲ႔ ျပန္ေရာင္းမလဲဆိုတာ စဥ္းစားတတ္ဖို႔ပဲ လိုတယ္ဗ်။ ဒီလုပ္ငန္းက ျမန္မာႏိုင္ငံမွာသာ မတြင္က်ယ္ေသးေပမယ့္ တျခားႏိုင္ငံေတြမွာ ေတာ္ေတာ္အလုပ္ျဖစ္တယ္ဗ်’’ဟု ဆိုသည္။ သို႔ေသာ္ ဝယ္ယူႏိုင္သည့္ လုပ္ငန္းရွင္ကို ရွာေဖြရသည္မွာ အခက္အခဲျဖစ္ၿပီး ထိုလုပ္ငန္းကို အသုံးျပဳသူ နည္းေနေသးသည္ဟု ထိုလုပ္ငန္းလုပ္ကိုင္သူမ်ားက ေျပာသည္။

    အစားအေသာက္မ်ား ေရာင္းခ်ရာတြင္ ေ႐ြ႕လ်ားႏိုင္ေသာလွည္းျဖင့္ ျမန္မာ့႐ိုးရာ အစားအေသာက္မ်ား ေရာင္းခ်ျခင္း၊ကိုယ္ပိုင္ဟန္ျဖင့္ ဖန္တီးထားေသာ ထူးျခားသည့္ အရသာျဖင့္ ေရခဲမုန႔္ ျပဳလုပ္ေရာင္းခ်ျခင္းႏွင့္ Fast Food (အဆင္သင့္စားေသာက္ႏိုင္သည့္ အစားအစာမ်ား) စားေသာက္ဆိုင္လုပ္ငန္းတို႔လည္း အလားအလာေကာင္းသည္ဟု ဆိုသည္။ ဆိုင္ခန္းငွားရမ္းခ ႀကီးျမင့္လာျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား၊ ေ႐ြ႕လ်ားလွည္းမ်ားျဖင့္ အစားအေသာက္မ်ား ေရာင္းခ်ျခင္းမ်ားကလည္း လာမည့္ႏွစ္မ်ားအတြင္း ဆက္လက္အလုပ္ျဖစ္ေနဦးမည္ဟု ဆိုသည္။ ‘‘ကားနဲ႔ေရာင္းတာက ဆိုင္ငွားခ သက္သာတယ္။ ေနာက္ၿပီး ေဈးေရာင္းရမယ့္ေနရာကို အလြယ္တကူလည္း ေျပာင္းေ႐ႊ႕ႏိုင္တယ္’’ဟု လွည္းတန္းတြင္ ေမာ္ ေတာ္ယာဥ္ျဖင့္ ေဈးေရာင္းခ်ေနသည့္ မသိဂႌက ေျပာသည္။ ရန္ကုန္ၿမိဳ႕၏ အခ်က္အခ်ာက်သည့္ ေနရာမ်ားတြင္ ငွားရမ္းခ က်ပ္ငါးသိန္းမွ က်ပ္သိန္းဆယ္ဂဏန္းထိ ရွိေနသည္။

    ေနာက္ဆုံးတစ္ခုသည္ ၾကက္ေမြးျမဴေရးလုပ္ငန္း ျဖစ္သည္။ ၾကက္သား၊ ၾကက္ဥေဈးကြက္သည္ ႏိုင္ငံအတြင္း ႀကီးမားက်ယ္ျပန႔္စြာရွိျခင္းႏွင့္ အျခား တိရစာၦန္ေမြးျမဴေရးထက္ ကုန္က်စရိတ္နည္းျခင္း၊ အခ်ိန္တိုအတြင္း အက်ိဳးအျမတ္မ်ားျခင္းတို႔ေၾကာင့္ အလုပ္ျဖစ္ႏိုင္သည္ဟု ဆိုသည္။

    အထက္ပါ စစ္တမ္းအျပင္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေဈးကြက္သုေတသနအဖြဲ႕မ်ား၏ ထုတ္ျပန္ေသာ အစီရင္ခံစာမ်ားအရ ျမန္မာႏိုင္ငံတြင္ အလားအလာေကာင္းသည့္ စီးပြားေရးလုပ္ငန္းမ်ား ရွိေနဆဲျဖစ္သည္ဟု ဆိုသည္။ Oxford Business Groupက ၂၀၁၉ ထုတ္ျပန္ေသာ အစီရင္ခံစာ၌ ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးႏွင့္ စြမ္းအင္က႑သည္အက်ိဳးအျမတ္အမ်ားဆုံး လုပ္ငန္းဟု ဆိုသည္။

    ေဆာက္လုပ္ေရးက႑ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား

    လုပ္ငန္းမ်ား ရပ္တန႔္နီးပါးအထိ ျဖစ္ခဲ့သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ ယခုအခ်ိန္တြင္ ျပန္လည္အားေကာင္းလာၿပီဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားက ဆိုသည္။ တန္ဖိုးသင့္ႏွင့္ တန္ဖိုးနည္းအိမ္ရာမ်ား ေခ်းေငြမ်ားရရွိလာျခင္း၊ ကြန္ဒိုမီနီယံမ်ားကို ႏိုင္ငံျခားသားမ်ား ဝယ္ယူခြင့္ရွိလာျခင္းေၾကာင့္ ျဖစ္သည္ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားက ဆိုသည္။

    ‘‘ေဆာက္လုပ္ေရးက နည္းနည္းဦးေမာ့လာပါၿပီ’’ဟု လိုင္စင္ရ ကန္ထ႐ိုက္တာအသင္းဥကၠ႒ ဦးေက်ာ္ဝင္းက ဆိုသည္။ ကိုရီးယားဘ႑ာေရးလုပ္ငန္းစုျဖစ္သည့္ KB (Kookmin Bank)ဥကၠ႒ Yoon Jong Kyooကလည္း ျမန္မာႏိုင္ငံတြင္ အိမ္ရာက႑ဖြံ႕ၿဖိဳးေရး အလားအလာေကာင္းမ်ားရွိ၍ ဘ႑ာေရးလုပ္ငန္းမ်ား တိုးခ်ဲ႕မည္ဟု ေၾကညာခဲ့သည္။ ထို႔အျပင္ ႏိုင္ငံတစ္ဝန္း ဖြံ႕ ၿဖိဳးေရးအတြက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားေၾကာင့္ ႏိုင္ငံအႏွံ႔ လိုအပ္ခ်က္ျမင့္လာသည္ဟုေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားက ဆိုသည္။ ထို႔ေၾကာင့္ ေဆာက္လုပ္ေရးက႑ႏွင့္ ဆက္စပ္သည့္ ေဆာက္လုပ္ေရးပစၥည္းမ်ား ေရာင္းခ်ျခင္းႏွင့္ အိမ္ရာအလွဆင္လုပ္ငန္းမ်ားသည္ လာမည့္ ၂ ႏွစ္အတြင္း အလားအလာရွိသည့္ လုပ္ငန္း တစ္ခုဟု သတ္မွတ္ခဲ့သည္။

    အစားအေသာက္လုပ္ငန္းမ်ား

    ရန္ကုန္ၿမိဳ႕တြင္း တိုးပြားလာသည့္ လူဦးေရႏွင့္ ခရီးသြားလုပ္ငန္း အရွိန္ျမင့္လာျခင္းေၾကာင့္ အစားအေသာက္ေရာင္းခ်ျခင္း လုပ္ငန္းမ်ား အားေကာင္းလာသည္။ ျမန္မာႏိုင္ငံအတြက္ အစားအေသာက္လုပ္ငန္းႏွင့္ ထုတ္လုပ္ေရးလုပ္ငန္းမ်ားသည္ လာမည့္ ၂ ႏွစ္အတြင္း ျမန္မာႏိုင္ငံ စီးပြားေရး၏ သုံးပုံႏွစ္ပုံရွိလာမည္ဟု ဂ်ာမနီစီးပြားေရးလုပ္ငန္းရွင္မ်ား အသင္းက ခန႔္မွန္းထားသည္။ အစားအေသာက္ေရာင္းခ်ရာတြင္ ျမန္မာ့႐ိုးရာအစားအေသာက္မ်ား၊ တိုင္းရင္းသား႐ိုးရာ အစားအေသာက္မ်ားသည္ လက္ရွိ ေဈးကြက္အတြင္း ေခတ္စားလာသည့္ အစားအေသာက္လုပ္ငန္းမ်ားျဖစ္သည္ဟု စားေသာက္ဆိုင္ လုပ္ငန္းရွင္မ်ားက ဆိုသည္။

    ေလာင္စာဆီႏွင့္ စြမ္းအင္က႑

    ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္သုံးစြဲမႈ မ်ားလာျခင္းႏွင့္ ကုန္ စည္ကူးသန္းေရာင္းဝယ္မႈ မ်ားလာျခင္းေၾကာင့္ စက္သုံးဆီသုံးစြဲမႈ မ်ားျပားလာသည္။ ထို႔အျပင္ နယ္ဘက္မ်ားတြင္ ဆိုင္ကယ္ သုံးစြဲမႈမ်ားလာျခင္းေၾကာင့္ စက္သုံးဆီေရာင္းခ်သည့္ လုပ္ငန္းမ်ားသည္ ယခုႏွစ္ပိုင္းအတြင္း အလားအလာရွိသည့္ လုပ္ငန္းျဖစ္လာသည္။ ေမာ္ေတာ္ယာဥ္သုံးစြဲမႈ ျမင့္တက္လာျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္ အပိုပစၥည္းေရာင္းခ်သည့္ လုပ္ငန္းမ်ားလည္း ေအာင္ျမင္ႏိုင္သည္။

    ကိုယ္ပိုင္အမွတ္တံဆိပ္ ထုတ္လုပ္ေရာင္းခ်ျခင္းမ်ား

    အစိုးရသည္ SME ဟုေခၚ ေသာ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားကို အားေပးလာျခင္းေၾကာင့္ အစိုးရသက္တမ္း သုံးႏွစ္အတြင္း ထိုလုပ္ငန္းမ်ား ယခင္ထက္ အားေကာင္းလာသည္။ ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ ထုတ္သည့္ အစားအေသာက္ကုန္မ်ား၊ လူသုံးကုန္မ်ား၊ ျမန္မာ့႐ိုးရာႏွင့္ တိုင္းရင္းသား႐ိုးရာ အမွတ္တရပစၥည္းမ်ား ေရာင္းခ်ျခင္း သည္ ေအာင္ျမင္သည့္လုပ္ငန္းမ်ား ျဖစ္လာသည္။ ‘‘အရင္တုန္းက ထိုင္းဘက္က ဝင္တာေတြ သိပ္မ်ားတယ္။ အခုေတာ့ ရွမ္း၊ ကခ်င္နဲ႔ ခ်င္း႐ိုးရာ အဆင္ေတြဆို လူေတြက စိတ္ဝင္စားၾကတယ္။ ဒါကိုလည္း ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အဝတ္ အစားေတြ ထုတ္ေရာင္းတာ ပိုအဆင္ေျပတယ္’’ဟု ဗိုလ္ခ်ဳပ္ေဈး၊ အထည္ႏွင့္ အိတ္မ်ိဳးစုံေရာင္းခ် ေနေသာ ကိုျပည့္စုံက ဆိုသည္။ ႐ိုးရာဖိနပ္၊ အိတ္မ်ားကိုလည္း တိုင္းရင္းသား႐ိုးရာအဆင္မ်ားျဖင့္ ထုတ္လုပ္ေရာင္းခ်ျခင္းက အလ်င္အျမန္ေရာင္းအား ေကာင္းလာၿပီး လူငယ္မ်ားအၾကား ဖက္ရွင္တစ္ခုပမာ ေခတ္စားလာသည္ဟု ဆိုင္ရွင္မ်ားက ဆိုသည္။

    စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴထုတ္လုပ္ ေရးလုပ္ငန္းမ်ား

    ေဒသတြင္း အသားစားသုံးမႈ ျမင့္တက္လာျခင္း၊ ႏို႔ေသာက္သုံးမႈ ျမင့္တက္လာျခင္းေၾကာင့္ တိရစာၦန္ေမြးျမဴေရးလုပ္ငန္းမ်ားသည္ အျမတ္အစြန္းရွိမည့္ အလားအလာရွိေသာ လုပ္ငန္းမ်ား ျဖစ္လာသည္။ ထိုလုပ္ငန္းကို Organic အသီးအႏွံမ်ား စိုက္ပ်ိဳး ထုတ္လုပ္ျခင္းသည္ သာမန္ထက္ ပိုမိုဝင္ေငြရလာႏိုင္သည္။ က်ပ္ေငြတန္ဖိုးက်ဆင္းေနၿပီး ဆက္လက္က်ဆင္းႏိုင္ေျခရွိေသာေၾကာင့္ ထိုအခ်က္ကို ျပည္တြင္းလုပ္ငန္းရွင္မ်ား သတိထားရမည္ဟု ADB ၏ ျမန္မာႏိုင္ငံဆိုင္ရာ စီးပြားေရးကြၽမ္းက်င္သူ အႀကီးတန္းအရာရွိ မစၥယူမိကို တာမူရာက ေျပာသည္။

    ထို႔အျပင္ စီးပြားေရးလုပ္ငန္း တစ္ခုကို စတင္လုပ္ကိုင္သူအတြက္ Business Plan (လုပ္ငန္း စီမံခ်က္) ေရးဆြဲသင့္သည္ဟု ေဈးကြက္သုေတသနအဖြဲ႕မ်ားက အ ႀကံျပဳထားသည္။

    Credit -7Day News Journal

    (Unicode)

    လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှု နှောင့်နှေးခဲ့သည့် မြန်မာ့စီးပွားရေးသည် လာမည့် ၂ နှစ်အတွင်း ပြန်လည်ဦးမော့လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)အပါအဝင် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့များက ဆိုသည်။ အစိုးရ၏ စီးပွားရေးမူဝါဒများ ခိုင်မာလာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားကောင်း လာခြင်းတို့ကြောင့်ဟု ဆိုသည်။

    ထိုအချက်များကြောင့် ၂၀၁၉ တွင် စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လင်းလာနိုင်သည်ဟု ဆိုသည်။ ထို့အတူ လုပ်ငန်းငယ်တစ်ခု ထူထောင်ရန် စိန်ခေါ်မှုအခက်အခဲများရှိနေသော်လည်း အလားအလာကောင်းသည့် အကျိုးအမြတ်များ ရှိနေဆဲ ဟု ဆိုသည်။ ထို့ကြောင့် ယခုဆောင်းပါးက ၂၀၁၉နှင့် ၂၀၂၀ အတွင်း အချိန်တိုတွင်း အကျိုးအမြတ်ရရှိစေမည့် လုပ်ငန်းအချို့နှင့် အလားအလာကောင်းများရှိနေသည့် လုပ်ငန်းများကို ဖော်ပြပေးမည် ဖြစ်သည်။

    နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပြုချက်နှင့် လေ့လာမှုများအရ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် လုပ်သာကိုင်သာရှိသော စီးပွားရေးလုပ်ငန်းများဟု စစ်တမ်းများတွင် ဖော်ပြထားသည်။

    ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးသုတေသန အဖွဲ့များကလည်း အထက်ပါ လုပ်ငန်းများကို ထောက်ပံ့ပေး မည့် လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်ငယ်များက လုပ်ကိုင်ခြင်းဖြင့် အချိန်တိုတွင်း အကျိုးမြတ်ရနိုင်မည်ဟုအကြံပြုထားသည်။

    အချိန်တိုအတွင်း အလုပ်ဖြစ်နိုင်သော လုပ်ငန်း ၁၇ မျိုး

    မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE-Myanmar Business Executives Associa-tion)၏ မကြာမီက ကောက်ယူခဲ့သည့် သုတေသနစစ်တမ်းတစ်ခု အရ မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ၌ အချိန်တိုအတွင်း စီးပွားဖြစ်နိုင်သည့် တစ်နိုင်တစ်ပိုင်လုပ်ငန်း အမျိုးအစား ၁၇ မျိုးရှိသည်ဟု ဖော်ထုတ်ခဲ့သည်။ ထိုလုပ်ငန်း ၁၇ မျိုးအတွက် လက်တွေ့လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ၁၀၀ ခန့်ကို အချိန်သုံးလကြာ မေးမြန်းကောက်ယူခြင်းဖြစ်သည်။

    ‘‘ဒီလုပ်ငန်းတွေက ကျပ် သိန်း ၁၀၀ အောက်မှာ ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လို့ရတယ်။ တချို့တွေဆို အရင်းအနှီး မလိုဘဲ လုပ်လို့တောင်ရတယ်’’ဟု အဆိုပါ စစ်တမ်းကောက်ယူရာတွင် ပါဝင်သော ဦးဝဏ္ဏကျော်က ပြောသည်။ ထိုစစ်တမ်းတွင် အချိန်တိုအတွင်း အလုပ်ဖြစ်နိုင်သော ကဏ္ဍငါးခု ပါဝင်ပြီး ကိုယ်ပိုင် ဒီဇိုင်းထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝန်ဆောင်မှု၊ နည်းပညာ အသုံးပြုဝန်ဆောင်မှုများ၊ အစားအသောက်လုပ်ငန်းများနှင့် မွေးမြူရေးတို့ ဖြစ်သည်ဟုဆိုသည်။

    ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတွင် လုပ်ငန်းသုံးမျိုးကို အကြံပြုထားသည်။ ယင်းတို့သည် ဒီဇိုင်းဆန်းသစ်သားပရိဘောဂ ဖန်တီးရောင်းချခြင်းလုပ်ငန်း၊ ပန်းပင်ရောင်းချခြင်းနှင့် ခြံအလှဆင်လုပ်ငန်းနှင့် ရေမွှေးဆီ၊ဖယောင်းတိုင် ထုတ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်သည်။

    ဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုယ်ကာယလေ့ကျင့်ခန်း (GYM)လုပ်ငန်း၊ နေ့ကလေးထိန်းကျောင်းလုပ်ငန်း၊ သက်မွေးပညာနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း၊ ကိုယ်ပိုင်အိမ် ဗိသုကာဒီဇိုင်း ရေးဆွဲပေးခြင်းလုပ်ငန်း၊မီးဖိုချောင်သုံး ဓာတ်ငွေ့ကိုယ်စားလှယ်လုပ်ငန်းတို့ ဖြစ်သည်။ အဆိုပါ လုပ်ငန်းများအတွက် ကုန်ကျစရိတ်မကြီးမားဘဲ ရပ်ကွက်အတွင်း လုပ်ကိုင်နိုင်ဟု ဆိုသည်။ ဥပမာ မီးဖိုချောင်သုံး ဓာတ်ငွေ့ (LPG)သည် ရေသန့်ဘူး ဖြန့်ဝေသည့်ကိုယ်စားလှယ် လုပ်ငန်းကဲ့သို့ပင် သတ်မှတ်စည်းကမ်းအတိုင်း ဆောင်ရွက်ပါက အသားတင်အမြတ်ရနိုင်သည်ဟု ဦးဝဏ္ဏကျော်က အကြံပြုသည်။ ရန်ကုန်မြို့ ပြည်သူများ၏ ကျန်းမာရေးအသိ ရှိလာခြင်းကြောင့် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ကိုင်လာသူ များလာပြီး ရပ်ကွက်အတွင်းရှိ အခန်းငယ်များ၌ပင် GYM လုပ်ငန်းများ အောင်မြင်နေသည်ဟု ဆိုသည်။

    နည်းပညာသုံး ဝန်ဆောင်မှုများတွင် ကုမ္ပဏီများ၌ DATA Centre ထူထောင်ပေးခြင်းအတွက် အကြံပေးနှင့် တပ်ဆင်သင်ကြားပေးခြင်းလုပ်ငန်း၊ အတတ်ပညာတစ်ခုခုအား YouTube Channel မှ သင်ကြားပေးခြင်း လုပ်ငန်း၊ တစ်နိုင်တစ်ပိုင် ကြော်ငြာဂရပ်ဖစ်ဒီဇိုင်း ရေးဆွဲပေးခြင်းလုပ်ငန်း၊ မြန်မာဆန်သော Web-site Domain များ ဖန်တီးဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းလုပ်ငန်းနှင့် Google Adsense အတိုင်ပင်ခံနှင့် ကြော်ငြာကိုယ်စားလှယ်လုပ်ငန်းတို့သည် အချိန်တိုအတွင်း အလုပ်ဖြစ်နိုင်သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

    ‘‘အဲဒီထဲမှာ အိုင်ဒီယာအကောင်းဆုံးရှိမယ်ဆိုရင် အရင်းအနှီးအနည်းဆုံးနဲ့ အကျိုးအမြတ် အများဆုံး ပြန်ရမယ့်အလုပ်က တော့ နံပါတ် (၁၅) (မြန်မာဆန်သော Website Domain များ ဖန်တီးဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းလုပ်ငန်း) ပါပဲဗျာ’’ ဟု ထိုလုပ်ငန်းများ လုပ်ကိုင်သူ လူငယ်တစ်ဦးက သူ၏ အမြင်ကို ပြောသည်။ ထိုလုပ်ငန်းသည် ခေတ်နှင့်လိုက်လျော ညီထွေသည့် မြန်မာဒိုမိန်းများကို ဝယ်ယူထားရုံသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဥပမာ Shalpay (ရှယ်ပေး)ဆိုသည့် Domain တစ်ခုကို ဝယ်ထားလျှင် ထိုအမည်ကို အသုံးပြုလိုသည့် လုပ်ငန်းရှင်က ဝယ်ယူထားသူထံမှပြန်လည်ဝယ်ယူရမည်ဟု ဆိုသည်။ ဒိုမိန်းယူစဉ်က ကျပ်နှစ်သောင်းခန့်သာ ရှိသော်လည်း ပြန်လည်ရောင်းချသည့်အခါ ကြိုက်ကြေးခေါ်ယူနိုင်သည်ဟု ဆိုသည်။ ‘‘ဒီလုပ်ငန်းရဲ့ အဓိကအသက်က ဘယ်လိုနာမည်တွေကို ကိုယ်ဝယ်ထားပြီး ဘယ်လိုလူတွေဆီ ဘယ်ဈေးနဲ့ ပြန်ရောင်းမလဲဆိုတာ စဉ်းစားတတ်ဖို့ပဲ လိုတယ်ဗျ။ ဒီလုပ်ငန်းက မြန်မာနိုင်ငံမှာသာ မတွင်ကျယ်သေးပေမယ့် တခြား နိုင်ငံတွေမှာ တော်တော်အလုပ်ဖြစ်တယ်ဗျ’’ဟု ဆိုသည်။ သို့သော် ဝယ်ယူနိုင်သည့် လုပ်ငန်းရှင်ကို ရှာဖွေရသည်မှာ အခက်အခဲဖြစ်ပြီး ထိုလုပ်ငန်းကို အသုံးပြုသူ နည်းနေသေးသည်ဟု ထိုလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

    အစားအသောက်များ ရောင်းချရာတွင် ရွေ့လျားနိုင်သောလှည်းဖြင့် မြန်မာ့ရိုးရာ အစားအသောက်များ ရောင်းချခြင်း၊ကိုယ်ပိုင်ဟန်ဖြင့် ဖန်တီးထားသော ထူးခြားသည့် အရသာဖြင့် ရေခဲမုန့် ပြုလုပ်ရောင်းချခြင်းနှင့် Fast Food (အဆင်သင့်စားသောက်နိုင်သည့် အစားအစာများ) စားသောက်ဆိုင်လုပ်ငန်းတို့လည်း အလားအလာကောင်းသည်ဟု ဆိုသည်။ ဆိုင်ခန်းငှားရမ်းခ ကြီးမြင့်လာခြင်းကြောင့် မော်တော်ယာဉ်များ၊ ရွေ့လျားလှည်းများဖြင့် အစားအသောက်များ ရောင်းချခြင်းများကလည်း လာမည့်နှစ်များအတွင်း ဆက်လက်အလုပ်ဖြစ်နေဦးမည်ဟု ဆိုသည်။ ‘‘ကားနဲ့ရောင်းတာက ဆိုင်ငှားခ သက်သာတယ်။ နောက်ပြီး ဈေးရောင်းရမယ့်နေရာကို အလွယ်တကူလည်း ပြောင်းရွှေ့နိုင်တယ်’’ဟု လှည်းတန်းတွင် မော် တော်ယာဉ်ဖြင့် ဈေးရောင်းချနေသည့် မသိင်္ဂီက ပြောသည်။ ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာများတွင် ငှားရမ်းခ ကျပ်ငါးသိန်းမှ ကျပ်သိန်းဆယ်ဂဏန်းထိ ရှိနေသည်။

    နောက်ဆုံးတစ်ခုသည် ကြက်မွေးမြူရေးလုပ်ငန်း ဖြစ်သည်။ ကြက်သား၊ ကြက်ဥဈေးကွက်သည် နိုင်ငံအတွင်း ကြီးမားကျယ်ပြန့်စွာရှိခြင်းနှင့် အခြား တိရစ္ဆာန်မွေးမြူရေးထက် ကုန်ကျစရိတ်နည်းခြင်း၊ အချိန်တိုအတွင်း အကျိုးအမြတ်များခြင်းတို့ကြောင့် အလုပ်ဖြစ်နိုင်သည်ဟု ဆိုသည်။

    အထက်ပါ စစ်တမ်းအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကွက်သုတေသနအဖွဲ့များ၏ ထုတ်ပြန်သော အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ Oxford Business Groupက ၂၀၁၉ ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးနှင့် စွမ်းအင်ကဏ္ဍသည်အကျိုးအမြတ်အများဆုံး လုပ်ငန်းဟု ဆိုသည်။

    ဆောက်လုပ်ရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများ

    လုပ်ငန်းများ ရပ်တန့်နီးပါးအထိ ဖြစ်ခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် ယခုအချိန်တွင် ပြန်လည်အားကောင်းလာပြီဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။ တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာများ ချေးငွေများရရှိလာခြင်း၊ ကွန်ဒိုမီနီယံများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ရှိလာခြင်းကြောင့် ဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

    ‘‘ဆောက်လုပ်ရေးက နည်းနည်းဦးမော့လာပါပြီ’’ဟု လိုင်စင်ရ ကန်ထရိုက်တာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုသည်။ ကိုရီးယားဘဏ္ဍာရေးလုပ်ငန်းစုဖြစ်သည့် KB (Kookmin Bank)ဥက္ကဋ္ဌ Yoon Jong Kyooကလည်း မြန်မာနိုင်ငံတွင် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး အလားအလာကောင်းများရှိ၍ ဘဏ္ဍာရေးလုပ်ငန်းများ တိုးချဲ့မည်ဟု ကြေညာခဲ့သည်။ ထို့အပြင် နိုင်ငံတစ်ဝန်း ဖွံ့ ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကြောင့် နိုင်ငံအနှံ့ လိုအပ်ချက်မြင့်လာသည်ဟုဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။ ထို့ကြောင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ဆက်စပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချခြင်းနှင့် အိမ်ရာအလှဆင်လုပ်ငန်းများသည် လာမည့် ၂ နှစ်အတွင်း အလားအလာရှိသည့် လုပ်ငန်း တစ်ခုဟု သတ်မှတ်ခဲ့သည်။

    အစားအသောက်လုပ်ငန်းများ

    ရန်ကုန်မြို့တွင်း တိုးပွားလာသည့် လူဦးရေနှင့် ခရီးသွားလုပ်ငန်း အရှိန်မြင့်လာခြင်းကြောင့် အစားအသောက်ရောင်းချခြင်း လုပ်ငန်းများ အားကောင်းလာသည်။ မြန်မာနိုင်ငံအတွက် အစားအသောက်လုပ်ငန်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများသည် လာမည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံ စီးပွားရေး၏ သုံးပုံနှစ်ပုံရှိလာမည်ဟု ဂျာမနီစီးပွားရေးလုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။ အစားအသောက်ရောင်းချရာတွင် မြန်မာ့ရိုးရာအစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အစားအသောက်များသည် လက်ရှိ ဈေးကွက်အတွင်း ခေတ်စားလာသည့် အစားအသောက်လုပ်ငန်းများဖြစ်သည်ဟု စားသောက်ဆိုင် လုပ်ငန်းရှင်များက ဆိုသည်။

    လောင်စာဆီနှင့် စွမ်းအင်ကဏ္ဍ

    မြန်မာနိုင်ငံတွင် မော်တော်ယာဉ်သုံးစွဲမှု များလာခြင်းနှင့် ကုန် စည်ကူးသန်းရောင်းဝယ်မှု များလာခြင်းကြောင့် စက်သုံးဆီသုံးစွဲမှု များပြားလာသည်။ ထို့အပြင် နယ်ဘက်များတွင် ဆိုင်ကယ် သုံးစွဲမှုများလာခြင်းကြောင့် စက်သုံးဆီရောင်းချသည့် လုပ်ငန်းများသည် ယခုနှစ်ပိုင်းအတွင်း အလားအလာရှိသည့် လုပ်ငန်းဖြစ်လာသည်။ မော်တော်ယာဉ်သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ် အပိုပစ္စည်းရောင်းချသည့် လုပ်ငန်းများလည်း အောင်မြင်နိုင်သည်။

    ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်လုပ်ရောင်းချခြင်းများ

    အစိုးရသည် SME ဟုခေါ် သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးလာခြင်းကြောင့် အစိုးရသက်တမ်း သုံးနှစ်အတွင်း ထိုလုပ်ငန်းများ ယခင်ထက် အားကောင်းလာသည်။ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်သည့် အစားအသောက်ကုန်များ၊ လူသုံးကုန်များ၊ မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ ရောင်းချခြင်း သည် အောင်မြင်သည့်လုပ်ငန်းများ ဖြစ်လာသည်။ ‘‘အရင်တုန်းက ထိုင်းဘက်က ဝင်တာတွေ သိပ်များတယ်။ အခုတော့ ရှမ်း၊ ကချင်နဲ့ ချင်းရိုးရာ အဆင်တွေဆို လူတွေက စိတ်ဝင်စားကြတယ်။ ဒါကိုလည်း ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ် အစားတွေ ထုတ်ရောင်းတာ ပိုအဆင်ပြေတယ်’’ဟု ဗိုလ်ချုပ်ဈေး၊ အထည်နှင့် အိတ်မျိုးစုံရောင်းချ နေသော ကိုပြည့်စုံက ဆိုသည်။ ရိုးရာဖိနပ်၊ အိတ်များကိုလည်း တိုင်းရင်းသားရိုးရာအဆင်များဖြင့် ထုတ်လုပ်ရောင်းချခြင်းက အလျင်အမြန်ရောင်းအား ကောင်းလာပြီး လူငယ်များအကြား ဖက်ရှင်တစ်ခုပမာ ခေတ်စားလာသည်ဟု ဆိုင်ရှင်များက ဆိုသည်။

    စိုက်ပျိုးရေးနှင့် မွေးမြူထုတ်လုပ် ရေးလုပ်ငန်းများ

    ဒေသတွင်း အသားစားသုံးမှု မြင့်တက်လာခြင်း၊ နို့သောက်သုံးမှု မြင့်တက်လာခြင်းကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများသည် အမြတ်အစွန်းရှိမည့် အလားအလာရှိသော လုပ်ငန်းများ ဖြစ်လာသည်။ ထိုလုပ်ငန်းကို Organic အသီးအနှံများ စိုက်ပျိုး ထုတ်လုပ်ခြင်းသည် သာမန်ထက် ပိုမိုဝင်ငွေရလာနိုင်သည်။ ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်ခြေရှိသောကြောင့် ထိုအချက်ကို ပြည်တွင်းလုပ်ငန်းရှင်များ သတိထားရမည်ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးကျွမ်းကျင်သူ အကြီးတန်းအရာရှိ မစ္စယူမိကို တာမူရာက ပြောသည်။

    ထို့အပြင် စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်လုပ်ကိုင်သူအတွက် Business Plan (လုပ်ငန်း စီမံချက်) ရေးဆွဲသင့်သည်ဟု ဈေးကွက်သုတေသနအဖွဲ့များက အ ကြံပြုထားသည်။

    Credit -7Day News Journal

  • ဟိုင္းေဝးလမ္းမွာ တာယာကြဲရင္ အသက္အႏၲရာယ္မႀကဳံရေအာင္

    (Zawgyi)

    ဟိုင္းေဝးလမ္းမွာ တာယာကြဲရင္ အသက္အႏၲရာယ္မႀကဳံရေအာင္

    ဟိုင္းေဝးလမ္းမွာ တာယာကြဲရင္

    ဂူဂယ္မွာ ရွာၾကည့္ေတာ့ ဟိုင္းေဝးလမ္းမွာ တာယာကြဲရင္ ႐ုတ္တစ္ရက္ ဘရိတ္အုပ္တာ ကားေမွာက္ေစတယ္တဲ့။ လီဗာဆက္နင္းထားၿပီး ၁၀ စကၠန႔္အတြင္း ျဖည္းျဖည္း အရွိန္ေလွ်ာ့ၿပီး စတီယာရင္ကို ေရွ႕ တည့္တည့္ကို ႏိုင္နင္းေအာင္ ကိုင္ၿပီးမွ ကားကိုရပ္ပါတဲ့။

    ဟိုင္းေဝးမွာ လက္ႏွစ္ဖက္နဲ႔ စတီယာရင္ ကိုင္ရမွာျဖစ္ၿပီး ေကာ္ဖီခြက္ ကိုင္ထားရင္ေတာ့ ျဖစ္ရင္ထိန္းႏိုင္မွာ မဟုတ္ပါတဲ့။ ဘရိတ္ေဆာင့္နင္း စတီယာရင္ ခ်ိဳးခ်တာမ်ိဳးဟာ ကားေမွာက္ေစသတဲ့။ (တစ္ကယ္ ေတာ့ ျဖစ္တာနဲ႔ ဘရိတ္ေပၚ ေျခေထာက္က တန္းေရာက္သြားမွာ။ )

    ကီလို ၉၀ေလာက္ဆို ဘီးကြဲတာ ျပသနာမႀကီးေပမဲ့ ကီလို ၁၄၀ေလာက္မွာ ျဖစ္ရင္ အသက္မေသရင္ အေတာ္ ကံေကာင္းတာတဲ့။ ကြန္ကရိလမ္းေတြဟာ တာယာကြဲဖို႔ အပူခ်ိန္ျမင့္တက္ေစသတဲ့။ SUVေတြ အရွိန္ျမင့္မွာ တာယာကြဲရင္ ကားေမွာက္ပတ္ခ်ာလည္ဖို႔မ်ား (extremely high)သတဲ့။ ၿပိဳင္ကားေတြ သုံးတဲ့ run-flat tyre (ဘီးေပါက္လည္း အတိုင္းအတာတစ္ခု ဆက္ေမာင္းႏိုင္တဲ့)က ဘီးကြဲရင္ အက္ဆီးဒန႔္ျဖစ္ဖို႔ အခြင့္အလမ္း ရာႏႈန္းနည္းသတဲ့။ (BMWေတြမွာေတာ့ run flatသုံးတာ ေတြ႕တယ္။)

    တာယာ မကြဲဖို႔ဆိုရင္ –

    ခရီးမသြားခင္ ေလေပါင္စစ္ပါ။ ေလေပါင္ေလ်ာ့ရင္ ပြတ္တိုက္မႈ ပိုမ်ားၿပီး အပူပိုထြက္ၿပီး ပိုကြဲလြယ္သတဲ့။ မသြားခင္ ကားဘီး အလိုင္းမင္း၊ တိုင္းေရာ့ ေအာက္ပိုင္းစစ္ပါ။ ကီလို ၄ေသာင္းျပည့္တိုင္း တာယာ လဲသင့္သတဲ့။ ႐ိုး႐ိုးေလအစား ႏိုက္ထ႐ိုဂ်င္ ျဖည့္သင့္သတဲ့။ စူးထိုး၊ ခဲထိုး အကြဲေတြ ရွိရင္ ဟိုင္းေဝး မသုံးရတဲ့။ တာယာဝယ္ရင္ ရက္လြန္ တိုက္ေဆြး မျဖစ္ေစရတဲ့။ အနည္းဆုံး ၂ နာရီျခား တစ္ခါ နားသင့္သတဲ့။

    Credit – Ni Lynn

    (Unicode)

    ဟိုင်းဝေးလမ်းမှာ တာယာကွဲရင် အသက်အန္တရာယ်မကြုံရအောင်

    ဟိုင်းဝေးလမ်းမှာ တာယာကွဲရင်

    ဂူဂယ်မှာ ရှာကြည့်တော့ ဟိုင်းဝေးလမ်းမှာ တာယာကွဲရင် ရုတ်တစ်ရက် ဘရိတ်အုပ်တာ ကားမှောက်စေတယ်တဲ့။ လီဗာဆက်နင်းထားပြီး ၁၀ စက္ကန့်အတွင်း ဖြည်းဖြည်း အရှိန်လျှော့ပြီး စတီယာရင်ကို ရှေ့ တည့်တည့်ကို နိုင်နင်းအောင် ကိုင်ပြီးမှ ကားကိုရပ်ပါတဲ့။

    ဟိုင်းဝေးမှာ လက်နှစ်ဖက်နဲ့ စတီယာရင် ကိုင်ရမှာဖြစ်ပြီး ကော်ဖီခွက် ကိုင်ထားရင်တော့ ဖြစ်ရင်ထိန်းနိုင်မှာ မဟုတ်ပါတဲ့။ ဘရိတ်ဆောင့်နင်း စတီယာရင် ချိုးချတာမျိုးဟာ ကားမှောက်စေသတဲ့။ (တစ်ကယ် တော့ ဖြစ်တာနဲ့ ဘရိတ်ပေါ် ခြေထောက်က တန်းရောက်သွားမှာ။ )

    ကီလို ၉၀လောက်ဆို ဘီးကွဲတာ ပြသနာမကြီးပေမဲ့ ကီလို ၁၄၀လောက်မှာ ဖြစ်ရင် အသက်မသေရင် အတော် ကံကောင်းတာတဲ့။ ကွန်ကရိလမ်းတွေဟာ တာယာကွဲဖို့ အပူချိန်မြင့်တက်စေသတဲ့။ SUVတွေ အရှိန်မြင့်မှာ တာယာကွဲရင် ကားမှောက်ပတ်ချာလည်ဖို့များ (extremely high)သတဲ့။ ပြိုင်ကားတွေ သုံးတဲ့ run-flat tyre (ဘီးပေါက်လည်း အတိုင်းအတာတစ်ခု ဆက်မောင်းနိုင်တဲ့)က ဘီးကွဲရင် အက်ဆီးဒန့်ဖြစ်ဖို့ အခွင့်အလမ်း ရာနှုန်းနည်းသတဲ့။ (BMWတွေမှာတော့ run flatသုံးတာ တွေ့တယ်။)

    တာယာ မကွဲဖို့ဆိုရင် –

    ခရီးမသွားခင် လေပေါင်စစ်ပါ။ လေပေါင်လျော့ရင် ပွတ်တိုက်မှု ပိုများပြီး အပူပိုထွက်ပြီး ပိုကွဲလွယ်သတဲ့။ မသွားခင် ကားဘီး အလိုင်းမင်း၊ တိုင်းရော့ အောက်ပိုင်းစစ်ပါ။ ကီလို ၄သောင်းပြည့်တိုင်း တာယာ လဲသင့်သတဲ့။ ရိုးရိုးလေအစား နိုက်ထရိုဂျင် ဖြည့်သင့်သတဲ့။ စူးထိုး၊ ခဲထိုး အကွဲတွေ ရှိရင် ဟိုင်းဝေး မသုံးရတဲ့။ တာယာဝယ်ရင် ရက်လွန် တိုက်ဆွေး မဖြစ်စေရတဲ့။ အနည်းဆုံး ၂ နာရီခြား တစ်ခါ နားသင့်သတဲ့။

    Credit – Ni Lynn

  • အရက္ေသာက္ျခင္းက ႏုိင္ငံျခားဘာသာစကားေျပာႏုိင္စြမ္းကို တုိးျမွင့္ေစႏိုင္

    အရက္ေသာက္ျခင္းက ႏုိင္ငံျခားဘာသာစကားေျပာႏုိင္စြမ္းကို တုိးျမွင့္ေစႏိုင္

    ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ေတာ့ သတင္းေကာင္းတစ္ခုပါပဲေနာ္။ အယ္ကိုေဟာသုံးစြဲထားျခင္းဟာ ႏုိင္ငံျခားဘာသာစကားေျပာ စြမ္းရည္ကို တုိးတက္မႈျပေစတယ္လို႔ သုေတသနရလဒ္တစ္ခုက ဆုိလိုက္ပါတယ္။

    ေျပာခ်င္လြန္းလို႔ တုိ႔လဲ ေတြ႕ဖူးၾကမွာပါ။ အသိမိတ္ေဆြတစ္ေယာက္ဟာ မမူးခင္က စကားေျပာဆုိဖို႔ ရွက္ေၾကာက္ေနျပီး ႏုိင္ငံျခားဘာသာစကားေျပာဖို႔ ရြံ႕ေနခဲ့ေပမယ့္ မူးသြားတဲ့အခါမွာေတာ့ ဘာကိုမွ အမႈမထားဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ေျပာထြက္တာကို။

    ဒီစမ္းသပ္မႈကိုေတာ့ ၿဗိတိန္နဲ႔ ဒတ္ခ်္သုေတသနပညာရွင္ေတြက ပူးေပါင္းၿပီး ေဆးပညာရပ္ဆုိင္ရာဂ်ာနယ္ တစ္ခုထဲမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အယ္ကုိေဟာပမာဏ အနည္းငယ္သုံးစြဲထားတဲ့သူေတြဟာ ပုံမွန္လူေတြထက္ ပိုၿပီး ႏုိင္ငံျခားဘာသာကို ေခ်ာေမြ႕စြာေျပာႏုိင္လာတယ္ဆုိတာ တကယ္ပဲလို႔ သူတုိ႔ကဆုိပါတယ္။

    ဒီစမ္းသပ္မႈကိုေတာ့ ဂ်ာမန္နယ္စပ္နားက နယ္သာလန္ႏုိင္ငံရဲ႕ ၿမိဳ႕ေလးတစ္ခုမွာ လူဦးေရ ၅၀ နဲ႔ စမ္းသပ္ျပဳလုပ္ခဲ့တာပါ။ သူတုိ႔ဟာ ဂ်ာမန္ဘာသာစကားကို မိခင္ဘာသာအျဖစ္ သုံးစြဲေျပာဆုိၾကသူေတြျဖစ္ၿပီး အယ္ကိုေဟာနဲ႔ ဘာသာစကားေျပာဆုိမႈစြမ္းရည္အၾကား ဆက္ႏြယ္မႈကို ေလ့လာခဲ့ၾကပါတယ္။

    စမ္းသပ္ခံလူေတြကို အုပ္စုႏွစ္ခုခြဲျခားကာ တစ္စုကို ဘီယာအနည္းငယ္ေပးျပီး ေနာက္တစ္စုကိုေတာ့ ေရကိုသာ ေသာက္သုံးေစပါတယ္။ အဲ့ဒီေနာက္မွာ ဒတ္ခ်္ဘာသာစကားကို စမ္းသပ္ေျပာဆုိေစခဲ့ၾကတာ ျဖစ္ပါတယ္။

    ဒီအခါမွာ အယ္ကုိေဟာေသာက္သုံးထားသူေတြဟာ ဒတ္ခ်္စကားလုံးေတြကို ပိုမုိၾကြယ္ဝသြက္လက္စြာ အသုံးျပဳတာ၊ အသံထြက္ပုိေကာင္းတာ စတဲ့ ကြာျခားမႈေတြကို မွတ္တမ္းတင္ႏုိင္ခဲ့တယ္လို႔ သုေတသနပညာရွင္ ေတြက ဆုိတယ္။

    ဒါေၾကာင့္ သုေတသနပညာရွင္ေတြက ႏုိင္ငံျခားသားေတြနဲ႔ စကားေျပာဆုိဆက္ဆံမယ္ဆုိရင္ အယ္ကိုေဟာအနည္းငယ္ေသာက္ထားတာဟာ ဦးေႏွာက္ကို ပိုသြက္လက္ျပီး စကားပုိေျပာႏုိင္တယ္လို႔ အၾကံေပးခဲ့ပါတယ္။
    Credit to Can’t Wait to Say

  • မ်က္စိစြန္ျခင္းအတြက္

    (Zawgyi)

    မ်က္စိစြန္တာ ျမန္ျမန္ေပ်ာက္ေအာင္

    မ်က္စိစြန္ျခင္းဆိုသည္မွာ မ်က္ခြံ၏ အစပ္ အျပင္ဘက္အစြန္းတြင္ ျဖစ္ပြားေလ့ ရွိေသာ ျပည္တည္နာ ခပ္ေသးေသးမ်ိဳးကို ေခၚဆိုျခင္းျဖစ္ၿပီး ျမန္မာနိုင္ငံကဲ့သို႔ေသာ ဖုန္သဲထူသည့္ နိုင္ငံမ်ားတြင္ အသက္အ႐ြယ္ႀကီးငယ္မေ႐ြး မည္သူမဆို ျဖစ္ပြားနိုင္သည့္ မ်က္စိႏွင့္ဆိုင္သည့္ က်န္းမာေရးျပႆနာတရပ္လည္းျဖစ္သည္။

    ေရာဂါလကၡဏာမ်ားအေနႏွင့္ မ်က္ခမ္းအစပ္တြင္ အဖုေသးေသး ျဖစ္လာျခင္းႏွင့္အတူ နာလာျခင္း၊ ေရာင္လာျခင္း၊ ယားယံျခင္း၊ မ်က္ရည္မၾကာခဏ က်တတ္ျခင္းႏွင့္ ျပည္တည္ျခင္း စသည့္လကၡဏာမ်ား ခံစားရနိုင္သည္။ နိုင္ငံအႏွံ႕ရွိ အ႐ြယ္ေရာက္ၿပီးသူ မည္သူမဆို ျဖစ္ပြားဖူးတတ္ၾကၿပီး အခ်ိဳ႕ဆိုလွ်င္ မၾကာခဏ ထပ္ထပ္၍ ျဖစ္တတ္ ၾကသျဖင့္ အလြန္ပင္ စိတ္ကသိကေအာင့္ ျဖစ္ရေလ့ရွိသည္။

    မ်က္လုံးႏွင့္ အနီးတဝိုက္ကို သန႔္ရွင္းစြာထား႐ုံႏွင့္ အခ်ိန္တန္လွ်င္ သက္သာ ေပ်ာက္ကင္းတတ္သည့္ ျပႆနာျဖစ္ေသာ္လည္း ျဖစ္ပြားေစနိုင္သည့္ အေၾကာင္းအရင္းမ်ားႏွင့္ သက္သာေစသည့္ နည္းလမ္းမ်ားကို မသိရွိသူမ်ားတြင္ အခ်ိန္မေ႐ြး ျပန္ျဖစ္နိုင္သလိုေရာဂါမသက္သာပဲ အခ်ိန္ၾကာျမင့္စြာ ခံစားေနရျခင္းမ်ား ျဖစ္ပြားနိုင္ သျဖင့္ မည္သူမဆို သိထားသင့္သည့္ က်န္းမာေရး ျပႆနာတရပ္ျဖစ္သည္။

    မ်က္စိစြန္ျခင္း ျဖစ္ပြားေစသည့္ အေၾကာင္းအရင္းမ်ား

    မ်က္ႏွာတြင္ ေသးငယ္သည့္ အဆီက်ိတ္ကေလးမ်ား ရွိေနၿပီး မ်က္ခြံ၊ အထူးသျဖင့္ မ်က္ေတာင္ေမႊးမ်ား အၾကားတြင္ ပို၍ ရွိေနတတ္သည္။ အဆိုပါ အက်ိတ္ကေလးမ်ားမွ အဆီထြက္သည့္ လမ္းေၾကာင္းတြင္ အေၾကာင္း တခုခုေၾကာင့္ ပိတ္ျခင္း ျဖစ္ပြားရလွ်င္ မ်က္စိစြန္ျခင္း ျဖစ္ေစနိုင္သည္။ မ်က္စိစြန္ျခင္း အမ်ားဆုံး ျဖစ္ပြားရသည့္ အေၾကာင္း အရင္းမ်ားမွာ မသန႔္ရွင္းေသာလက္ျဖင့္ မ်က္ခြံကို ကိုင္မိ/ပြတ္မိျခင္း၊ မိတ္ကပ္မ်ား၊ အိုင္းရွဲလ္ဒိုးမ်ားေၾကာင့္ အဆီထြက္ ဂလန္းမ်ား ပိတ္ျခင္းႏွင့္ မ်က္လုံးႏွင့္ အနီး တဝိုက္ကို သန႔္ရွင္းေရး အားနည္းမႈေၾကာင့္ အဆီထြက္ ဂလန္းမ်ား ပိတ္နိုင္ၿပီး ဘတ္တီးရီးယားပိုးမ်ား ခိုေအာင္းေနနိုင္ကာ မ်က္စိစြန္ျခင္း ျဖစ္ပြားရသည္။ အထူးသျဖင့္ ဖုန္၊ သဲထူေသာ အရပ္ေဒသမ်ားတြင္ ေနထိုင္သူမ်ားတြင္ မ်က္စိအတြင္း ဖုန္သဲမ်ား ဝင္ေရာက္ျခင္းႏွင့္ ယားယံျခင္းေၾကာင့္ မ်က္စိကို လက္ျဖင့္ ပြတ္မိျခင္း မ်ားေၾကာင့္ မ်က္စိစြန္ျခင္းကို အမ်ားဆုံး ျဖစ္ပြားရနိုင္သည္။

    မ်က္စိစြန္ျခင္းျဖစ္ပြားလွ်င္

    မ်က္စိစြန္ျခင္း ျဖစ္ပြားသူမ်ား အေနႏွင့္ စျဖစ္စတြင္ မသိသာေသာ္လည္း ႏွစ္ရက္ႏွင့္ သုံးရက္ေျမာက္ေန႕မ်ားတြင္ မ်က္ရည္ပူမ်ား က်ဆင္းလာတတ္ျခင္းႏွင့္ အဖုအက်ိတ္ ျဖစ္လာကာ အလြန္ေနရထိုင္ရခက္သျဖင့္ အျမန္ဆုံး သက္သာ ေပ်ာက္ကင္းလိုၾကသည္။ အေရးေပၚ ေဆးဝါးကုသရန္ မလိုအပ္ပဲ အိမ္တြင္းမွာပင္ နားေနၿပီး သက္သာေစနိုင္သည့္ နည္းလမ္းမ်ား ေဆာင္႐ြက္႐ုံျဖင့္ အျမန္သက္သာ ေပ်ာက္ကင္းနိုင္ေသာ က်န္းမာေရးျပႆနာျဖစ္သည္။

    (၁) ေရေႏြးဝတ္ျဖင့္ ကပ္ေပးပါ

    ေရေႏြးခြက္အတြင္း အဝတ္သန႔္သန႔္ကို စိမ္၍ အနည္းငယ္ညွစ္ၿပီး မ်က္စိစြန္ျခင္း ျဖစ္ပြားေနသည့္ အေပၚတြင္ ၅မိနစ္ခန႔္ အုပ္ေပးထားျခင္းကို တေန႕လွ်င္ ၃/၄ ႀကိမ္ခန႔္ ျပဳလုပ္ေပးနိုင္သည္။

    (၂) မ်က္ႏွာသစ္ေပးပါ

    မ်က္ႏွာသစ္ဆပ္ျပာ အေပ်ာ့စား (သို႔မဟုတ္) ကေလးသုံး ဆပ္ျပာကို သုံးၿပီး မ်က္ႏွာႏွင့္ မ်က္စိစြန္ေနသည့္ မ်က္လုံးကို ေရေႏြးေႏြးျဖင့္ သစ္ေပးျခင္းျဖင့္လည္း အနာ အျမန္သက္သာေစနိုင္သည္။ လဘက္ရည္ေႏြးၾကမ္း ခပ္ေႏြးေႏြးျဖင့္ေသာ္လည္းေကာင္း ေရေႏြးအတြင္း ဆားအနည္းငယ္ထည့္၍ မ်က္ႏွာသစ္ေပးျခင္းျဖင့္ေသာ္လည္းေကာင္း သက္သာေစနိုင္သည္။ မ်က္ႏွာသစ္ျခင္းကိုလည္း တေန႕လွ်င္ ၃/၄ႀကိမ္ခန႔္ ျပဳလုပ္ ေပးနိုင္ၿပီး မ်က္စိစြန္ေနစဥ္အတြင္း မ်က္ႏွာအေရျပားဆဲလ္ေသမ်ား ဖယ္ရွားေပးသည့္ မ်က္ႏွာသစ္ ဆပ္ျပာမ်ိဳးကို အသုံးမျပဳမိရန္လည္း ဂ႐ုျပဳသင့္သည္။

    (၃) အကိုက္အခဲေပ်ာက္ေဆးမ်ား သုံးစြဲနိုင္သည္

    အေနခက္ေလာက္ေအာင္ နာက်င္ျခင္း၊ ပူျခင္းႏွင့္ မ်က္ရည္ပူမ်ား က်ဆင္းျခင္းမ်ား သက္သာေစရန္အတြက္ ေဆးဆိုင္မ်ားတြင္ အလြယ္တကူ ဝယ္ယူ၍ရေသာ ပါရာစီတေမာ၊ ဘိုင္အိုဂ်က္ဆစ္ စသည့္ အကိုက္အခဲေပ်ာက္ေဆးမ်ား တေန႕ ႏွစ္ႀကိမ္မွ သုံးႀကိမ္အထိ သုံးစြဲနိုင္သည္။ အစာႏွင့္ အရမ္းမကြာေစပဲ ေသာက္သုံးသင့္ၿပီး အစာအိမ္ ေရာင္ေရာဂါရွိသူမ်ား ဂ႐ုျပဳ၍ သုံးစြဲသင့္သည္။

    (၄) မ်က္ႏွာႏွင့္ မ်က္လုံးအတြက္ သုံးစြဲေသာ အလွကုန္ပစၥည္းမ်ား မသုံးစြဲသင့္ပါ

    အလွကုန္ပစၥည္းမ်ားတြင္ပါဝင္ေသာ ဓာတုေဗဒ ပစၥည္းမ်ားက မ်က္စိစြန္ျခင္းကို ပိုမိုဆိုး႐ြာလာေစနိုင္သျဖင့္ မ်က္စိစြန္ေနစဥ္အတြင္း သုံးစြဲျခင္းကို ရပ္နားထားသင့္သည္။ မ်က္ႏွာအတြက္ အသုံးျပဳေသာ တို႔ဖက္ႏွင့္ ဘရပ္ရွ္မ်ား၏ သန႔္ရွင္းမႈကိုလည္း အထူး ဂ႐ုျပဳသင့္ၿပီး ၎တို႔တြင္ ပိုးမႊားမ်ား ကပ္ညိေနနိုင္သျဖင့္ မ်က္စိစြန္ျခင္းကို ျဖစ္ပြားေစ နိုင္ေၾကာင္း သိထားသင့္သည္။

    (၅) ေရာင္ရမ္းျခင္းသက္သာေစရန္ လက္ျဖင့္အသာအယာ ႏွိပ္နယ္ေပးပါ

    မ်က္ခြံေပၚကို သန႔္ရွင္းေသာ လက္ျဖင့္ အသာအယာ ႏွိပ္နယ္ေပးျခင္းျဖင့္လည္း ေရာင္ရမ္းျခင္းသက္သာေစနိုင္သည္။

    (၆) မသက္သာလွ်င္ ဆရာဝန္ႏွင့္ ျပသပါ

    မၾကာခဏ မ်က္စိစြန္ျခင္းျဖစ္တတ္သူမ်ားႏွင့္ မ်က္စိစြန္ျခင္းသည္ မ်က္ခြံအစပ္တြင္ မဟုတ္ပဲ မ်က္ခြံအတြင္းပိုင္းတြင္ ျဖစ္ေနျခင္း၊ အလြန္ေနရခက္ေလာက္ေအာင္ နာက်င္ ေနျခင္း၊ ေရာင္ရမ္းေနျခင္းႏွင့္ အထက္ေဖာ္ျပပါ အႀကံျပဳခ်က္မ်ား လိုက္နာေဆာင္႐ြက္ ေသာ္လည္း တပတ္ခန႔္ ၾကာသည္အထိ သက္သာေပ်ာက္ကင္းျခင္းမရွိလွ်င္ နီးစပ္ရာ အေထြေထြေရာဂါကုဆရာဝန္ (သို႔) မ်က္စိ ဆရာဝန္ႏွင့္ တိုင္ပင္ျပသ ကုသမႈ ခံယူသင့္သည္။

    သတိျပဳရန္

    လက္ျဖင့္ဖုကို ညွစ္ျခင္း၊ ေဖာက္ျခင္းႏွင့္ ဆြေနျခင္းကို ေရွာင္က်ဥ္ရန္လိုၿပီး အကယ္၍ ဖုေပါက္သြားပါကလည္း ေရေႏြးေႏြး (သို႔) ေရေႏြးၾကမ္းျဖင့္ မ်က္ႏွာသစ္ၿပီး သန႔္ရွင္းေအာင္ ျပဳလုပ္ထားရမည္ျဖစ္သည္။ ေသြး/ျပည္မ်ား ထြက္လာပါက သန႔္ရွင္း ၍ ေျခာက္ေသြ႕ေသာ အဝတ္စ (သို႔မဟုတ္) တစ္ရႈးစျဖင့္ အသာအယာ သုပ္ေပးထား ရမည္ျဖစ္ၿပီး အျခားေသာ ေနရာမ်ားသို႔ ထိမိျခင္း မရွိေအာင္ ဂ႐ုစိုက္သင့္သည္။

    မ်က္စိစြန္ျခင္းသည္ ကူးစက္တတ္ေသာ ေရာဂါ မဟုတ္ေသာ္လည္း သန႔္ရွင္းမႈ အားနည္းသူမ်ားတြင္ ဘတ္တီးရီးယားပိုးမ်ား ပိုမ်ားလာနိုင္ၿပီး အဖုအသစ္မ်ား ျဖစ္ျခင္း၊ အျခား မ်က္လုံးတြင္ပါ မ်က္စိစြန္လာျခင္းႏွင့္ မ်က္ႏွာသုပ္ပုဝါ မွ်ေဝသုံးစြဲသူမ်ားတြင္ အျခားသူမ်ားကိုပါ ပိုးမႊားမ်ား ကူးစက္ျခင္းေၾကာင့္ မ်က္စိစြန္ျခင္း ထပ္မံ ျဖစ္ပြားေစ နိုင္သည္။

    မ်က္စိစြန္ျခင္းမွ ကာကြယ္ရန္

    – မ်က္စိကို လက္ျဖင့္ ကိုင္တတ္၊ ပြတ္တတ္ေသာ အက်င့္ကို ေရွာင္က်ဥ္ပါ။

    – မ်က္ႏွာႏွင့္ မ်က္လုံးမ်ားကို ကိုင္တြင္ခါနီးတိုင္း လက္ေဆးပါ။

    – ဖုန္၊ သဲ ထူထပ္သည့္ ေနရာမ်ားမွ ျပန္လာတိုင္း မ်က္ႏွာသစ္ေပးပါ။

    – မ်က္လုံးႏွင့္ မ်က္ႏွာအတြက္ အသုံးျပဳေသာ အလွကုန္ပစၥည္းမ်ား၏ သန႔္ရွင္းေရကို ဂ႐ုစိုက္ပါ။ ညအိမ္ခါနီးတိုင္း မိတ္ကပ္မ်ားကို ဖ်က္ၿပီးမွ အိပ္ပါ။

    – ညအိပ္လွ်င္ မ်က္ႏွာသစ္ၿပီးမွ အိပ္ပါ။

    – မ်က္ႏွာသုပ္ပုဝါမ်ား မွ်ေဝသုံးစြဲျခင္း ေရွာင္က်ဥ္ပါ။

    မ်က္စိစြန္ျခင္းျပႆနာမွ ကင္းေဝးၾကပါေစ။

    Credit#Dr. Tint Tal

    (Unicode)

    မျက်စိစွန်တာ မြန်မြန်ပျောက်အောင်

    မျက်စိစွန်ခြင်းဆိုသည်မှာ မျက်ခွံ၏ အစပ် အပြင်ဘက်အစွန်းတွင် ဖြစ်ပွားလေ့ ရှိသော ပြည်တည်နာ ခပ်သေးသေးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော ဖုန်သဲထူသည့် နိုင်ငံများတွင် အသက်အရွယ်ကြီးငယ်မရွေး မည်သူမဆို ဖြစ်ပွားနိုင်သည့် မျက်စိနှင့်ဆိုင်သည့် ကျန်းမာရေးပြဿနာတရပ်လည်းဖြစ်သည်။ ရောဂါလက္ခဏာများအနေနှင့် မျက်ခမ်းအစပ်တွင် အဖုသေးသေး ဖြစ်လာခြင်းနှင့်အတူ နာလာခြင်း၊ ရောင်လာခြင်း၊ ယားယံခြင်း၊ မျက်ရည်မကြာခဏ ကျတတ်ခြင်းနှင့် ပြည်တည်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။ နိုင်ငံအနှံ့ရှိ အရွယ်ရောက်ပြီးသူ မည်သူမဆို ဖြစ်ပွားဖူးတတ်ကြပြီး အချို့ဆိုလျှင် မကြာခဏ ထပ်ထပ်၍ ဖြစ်တတ် ကြသဖြင့် အလွန်ပင် စိတ်ကသိကအောင့် ဖြစ်ရလေ့ရှိသည်။မျက်လုံးနှင့် အနီးတဝိုက်ကို သန့်ရှင်းစွာထားရုံနှင့် အချိန်တန်လျှင် သက်သာ ပျောက်ကင်းတတ်သည့် ပြဿနာဖြစ်သော်လည်း ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများနှင့် သက်သာစေသည့် နည်းလမ်းများကို မသိရှိသူများတွင် အချိန်မရွေး ပြန်ဖြစ်နိုင်သလိုရောဂါမသက်သာပဲ အချိန်ကြာမြင့်စွာ ခံစားနေရခြင်းများ ဖြစ်ပွားနိုင် သဖြင့် မည်သူမဆို သိထားသင့်သည့် ကျန်းမာရေး ပြဿနာတရပ်ဖြစ်သည်။

    မျက်စိစွန်ခြင်း ဖြစ်ပွားစေသည့် အကြောင်းအရင်းများ

    မျက်နှာတွင် သေးငယ်သည့် အဆီကျိတ်ကလေးများ ရှိနေပြီး မျက်ခွံ၊ အထူးသဖြင့် မျက်တောင်မွှေးများ အကြားတွင် ပို၍ ရှိနေတတ်သည်။ အဆိုပါ အကျိတ်ကလေးများမှ အဆီထွက်သည့် လမ်းကြောင်းတွင် အကြောင်း တခုခုကြောင့် ပိတ်ခြင်း ဖြစ်ပွားရလျှင် မျက်စိစွန်ခြင်း ဖြစ်စေနိုင်သည်။ မျက်စိစွန်ခြင်း အများဆုံး ဖြစ်ပွားရသည့် အကြောင်း အရင်းများမှာ မသန့်ရှင်းသောလက်ဖြင့် မျက်ခွံကို ကိုင်မိ/ပွတ်မိခြင်း၊ မိတ်ကပ်များ၊ အိုင်းရှဲလ်ဒိုးများကြောင့် အဆီထွက် ဂလန်းများ ပိတ်ခြင်းနှင့် မျက်လုံးနှင့် အနီး တဝိုက်ကို သန့်ရှင်းရေး အားနည်းမှုကြောင့် အဆီထွက် ဂလန်းများ ပိတ်နိုင်ပြီး ဘတ်တီးရီးယားပိုးများ ခိုအောင်းနေနိုင်ကာ မျက်စိစွန်ခြင်း ဖြစ်ပွားရသည်။ အထူးသဖြင့် ဖုန်၊ သဲထူသော အရပ်ဒေသများတွင် နေထိုင်သူများတွင် မျက်စိအတွင်း ဖုန်သဲများ ဝင်ရောက်ခြင်းနှင့် ယားယံခြင်းကြောင့် မျက်စိကို လက်ဖြင့် ပွတ်မိခြင်း များကြောင့် မျက်စိစွန်ခြင်းကို အများဆုံး ဖြစ်ပွားရနိုင်သည်။မျက်စိစွန်ခြင်းဖြစ်ပွားလျှင်မျက်စိစွန်ခြင်း ဖြစ်ပွားသူများ အနေနှင့် စဖြစ်စတွင် မသိသာသော်လည်း နှစ်ရက်နှင့် သုံးရက်မြောက်နေ့များတွင် မျက်ရည်ပူများ ကျဆင်းလာတတ်ခြင်းနှင့် အဖုအကျိတ် ဖြစ်လာကာ အလွန်နေရထိုင်ရခက်သဖြင့် အမြန်ဆုံး သက်သာ ပျောက်ကင်းလိုကြသည်။ အရေးပေါ် ဆေးဝါးကုသရန် မလိုအပ်ပဲ အိမ်တွင်းမှာပင် နားနေပြီး သက်သာစေနိုင်သည့် နည်းလမ်းများ ဆောင်ရွက်ရုံဖြင့် အမြန်သက်သာ ပျောက်ကင်းနိုင်သော ကျန်းမာရေးပြဿနာဖြစ်သည်။

    (၁) ရေနွေးဝတ်ဖြင့် ကပ်ပေးပါရေနွေးခွက်အတွင်း အဝတ်သန့်သန့်ကို စိမ်၍ အနည်းငယ်ညှစ်ပြီး မျက်စိစွန်ခြင်း ဖြစ်ပွားနေသည့် အပေါ်တွင် ၅မိနစ်ခန့် အုပ်ပေးထားခြင်းကို တနေ့လျှင် ၃/၄ ကြိမ်ခန့် ပြုလုပ်ပေးနိုင်သည်။

    (၂) မျက်နှာသစ်ပေးပါမျက်နှာသစ်ဆပ်ပြာ အပျော့စား (သို့မဟုတ်) ကလေးသုံး ဆပ်ပြာကို သုံးပြီး မျက်နှာနှင့် မျက်စိစွန်နေသည့် မျက်လုံးကို ရေနွေးနွေးဖြင့် သစ်ပေးခြင်းဖြင့်လည်း အနာ အမြန်သက်သာစေနိုင်သည်။ လဘက်ရည်နွေးကြမ်း ခပ်နွေးနွေးဖြင့်သော်လည်းကောင်း ရေနွေးအတွင်း ဆားအနည်းငယ်ထည့်၍ မျက်နှာသစ်ပေးခြင်းဖြင့်သော်လည်းကောင်း သက်သာစေနိုင်သည်။ မျက်နှာသစ်ခြင်းကိုလည်း တနေ့လျှင် ၃/၄ကြိမ်ခန့် ပြုလုပ် ပေးနိုင်ပြီး မျက်စိစွန်နေစဉ်အတွင်း မျက်နှာအရေပြားဆဲလ်သေများ ဖယ်ရှားပေးသည့် မျက်နှာသစ် ဆပ်ပြာမျိုးကို အသုံးမပြုမိရန်လည်း ဂရုပြုသင့်သည်။

    (၃) အကိုက်အခဲပျောက်ဆေးများ သုံးစွဲနိုင်သည်အနေခက်လောက်အောင် နာကျင်ခြင်း၊ ပူခြင်းနှင့် မျက်ရည်ပူများ ကျဆင်းခြင်းများ သက်သာစေရန်အတွက် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသော ပါရာစီတမော၊ ဘိုင်အိုဂျက်ဆစ် စသည့် အကိုက်အခဲပျောက်ဆေးများ တနေ့ နှစ်ကြိမ်မှ သုံးကြိမ်အထိ သုံးစွဲနိုင်သည်။ အစာနှင့် အရမ်းမကွာစေပဲ သောက်သုံးသင့်ပြီး အစာအိမ် ရောင်ရောဂါရှိသူများ ဂရုပြု၍ သုံးစွဲသင့်သည်။(၄) မျက်နှာနှင့် မျက်လုံးအတွက် သုံးစွဲသော အလှကုန်ပစ္စည်းများ မသုံးစွဲသင့်ပါအလှကုန်ပစ္စည်းများတွင်ပါဝင်သော ဓာတုဗေဒ ပစ္စည်းများက မျက်စိစွန်ခြင်းကို ပိုမိုဆိုးရွာလာစေနိုင်သဖြင့် မျက်စိစွန်နေစဉ်အတွင်း သုံးစွဲခြင်းကို ရပ်နားထားသင့်သည်။ မျက်နှာအတွက် အသုံးပြုသော တို့ဖက်နှင့် ဘရပ်ရှ်များ၏ သန့်ရှင်းမှုကိုလည်း အထူး ဂရုပြုသင့်ပြီး ၎င်းတို့တွင် ပိုးမွှားများ ကပ်ညိနေနိုင်သဖြင့် မျက်စိစွန်ခြင်းကို ဖြစ်ပွားစေ နိုင်ကြောင်း သိထားသင့်သည်။(၅) ရောင်ရမ်းခြင်းသက်သာစေရန် လက်ဖြင့်အသာအယာ နှိပ်နယ်ပေးပါမျက်ခွံပေါ်ကို သန့်ရှင်းသော လက်ဖြင့် အသာအယာ နှိပ်နယ်ပေးခြင်းဖြင့်လည်း ရောင်ရမ်းခြင်းသက်သာစေနိုင်သည်။(၆) မသက်သာလျှင် ဆရာဝန်နှင့် ပြသပါမကြာခဏ မျက်စိစွန်ခြင်းဖြစ်တတ်သူများနှင့် မျက်စိစွန်ခြင်းသည် မျက်ခွံအစပ်တွင် မဟုတ်ပဲ မျက်ခွံအတွင်းပိုင်းတွင် ဖြစ်နေခြင်း၊ အလွန်နေရခက်လောက်အောင် နာကျင် နေခြင်း၊ ရောင်ရမ်းနေခြင်းနှင့် အထက်ဖော်ပြပါ အကြံပြုချက်များ လိုက်နာဆောင်ရွက် သော်လည်း တပတ်ခန့် ကြာသည်အထိ သက်သာပျောက်ကင်းခြင်းမရှိလျှင် နီးစပ်ရာ အထွေထွေရောဂါကုဆရာဝန် (သို့) မျက်စိ ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှု ခံယူသင့်သည်။သတိပြုရန်လက်ဖြင့်ဖုကို ညှစ်ခြင်း၊ ဖောက်ခြင်းနှင့် ဆွနေခြင်းကို ရှောင်ကျဉ်ရန်လိုပြီး အကယ်၍ ဖုပေါက်သွားပါကလည်း ရေနွေးနွေး (သို့) ရေနွေးကြမ်းဖြင့် မျက်နှာသစ်ပြီး သန့်ရှင်းအောင် ပြုလုပ်ထားရမည်ဖြစ်သည်။ သွေး/ပြည်များ ထွက်လာပါက သန့်ရှင်း ၍ ခြောက်သွေ့သော အဝတ်စ (သို့မဟုတ်) တစ်ရှုးစဖြင့် အသာအယာ သုပ်ပေးထား ရမည်ဖြစ်ပြီး အခြားသော နေရာများသို့ ထိမိခြင်း မရှိအောင် ဂရုစိုက်သင့်သည်။

    မျက်စိစွန်ခြင်းသည် ကူးစက်တတ်သော ရောဂါ မဟုတ်သော်လည်း သန့်ရှင်းမှု အားနည်းသူများတွင် ဘတ်တီးရီးယားပိုးများ ပိုများလာနိုင်ပြီး အဖုအသစ်များ ဖြစ်ခြင်း၊ အခြား မျက်လုံးတွင်ပါ မျက်စိစွန်လာခြင်းနှင့် မျက်နှာသုပ်ပုဝါ မျှဝေသုံးစွဲသူများတွင် အခြားသူများကိုပါ ပိုးမွှားများ ကူးစက်ခြင်းကြောင့် မျက်စိစွန်ခြင်း ထပ်မံ ဖြစ်ပွားစေ နိုင်သည်။ မျက်စိစွန်ခြင်းမှ ကာကွယ်ရန်– မျက်စိကို လက်ဖြင့် ကိုင်တတ်၊ ပွတ်တတ်သော အကျင့်ကို ရှောင်ကျဉ်ပါ။

    – မျက်နှာနှင့် မျက်လုံးများကို ကိုင်တွင်ခါနီးတိုင်း လက်ဆေးပါ။– ဖုန်၊ သဲ ထူထပ်သည့် နေရာများမှ ပြန်လာတိုင်း မျက်နှာသစ်ပေးပါ။– မျက်လုံးနှင့် မျက်နှာအတွက် အသုံးပြုသော အလှကုန်ပစ္စည်းများ၏ သန့်ရှင်းရေကို ဂရုစိုက်ပါ။ ညအိမ်ခါနီးတိုင်း မိတ်ကပ်များကို ဖျက်ပြီးမှ အိပ်ပါ။– ညအိပ်လျှင် မျက်နှာသစ်ပြီးမှ အိပ်ပါ။– မျက်နှာသုပ်ပုဝါများ မျှဝေသုံးစွဲခြင်း ရှောင်ကျဉ်ပါ။မျက်စိစွန်ခြင်းပြဿနာမှ ကင်းဝေးကြပါစေ။

    Credit#Dr. Tint Tal

  • ဒူးရင္းသီး ေကာင္း-မေကာင္း၊ မွည့္-မမွည့္ ေရြး၀ယ္နည္း..

    (Zawgyi)

    ဒူးရင္းဝယ္တဲ့အခါ အခ်က္(၃)ခ်က္ကို ၾကည့္ၿပီးေ႐ြးဝယ္ပါ။

    (၁) ဒူးရင္းသီးရဲ႕ ဆူးေတြဟာ တိုေနရပါမယ္။

    (၂) ဒူးရင္းသီးရဲ႕ ဆူးလိုင္းေတြဟာ က်ဲေနရပါမယ္။

    (၃) ဒူးရင္းသီးရဲ႕ အညႇာဟာ ေျဖာင့္တန္းေနရပါမယ္။ ဒီအခ်က္(၃)ခ်က္နဲ႔ ကိုက္ညီတဲ့ ဒူးရင္းသီးေတြဟာ အနံ႔၊ အရသာေတြနဲ႔ ျပည့္စုံတဲ့ ဒူးရင္းသီးေကာင္းတစ္လုံးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြပါပဲ။

    ဒူးရင္းသီးမွည့္ မမွည့္ဆိုတာ အခ်က္(၂)ခ်က္နဲ႔ သိႏိုင္ပါတယ္။

    (၁) ဒူးရင္းသီးကို နမ္းၾကည့္ၿပီး မွဲ႔ မမွဲ႔ သိႏိုင္ပါတယ္။ လႈိင္လႈိင္ေမႊးေနၿပီဆိုရင္ အသင့္စားလို႔ရေနၿပီဆိုတာ သိႏိုင္ပါတယ္။

    (၂) ဒူးရင္းသီးကို လႈပ္ခါၾကည့္ရင္လည္း မွဲ႔ မမွဲ႔သိႏိုင္ပါတယ္။ မွဲ႔ေနၿပီျဖစ္တဲ့ ဒူးရင္းသီးဟာ အတြင္းက အဆံဟာ မသိမသာေလး ေခ်ာင္ေနတာကို သိထားရပါမယ္။

    Credit-Original Uploader

    (Unicode)

    ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။

    (၁) ဒူးရင်းသီးရဲ့ ဆူးတွေဟာ တိုနေရပါမယ်။

    (၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။

    (၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့ ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

    ဒူးရင်းသီးမှည့် မမှည့်ဆိုတာ အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။

    (၁) ဒူးရင်းသီးကို နမ်းကြည့်ပြီး မှဲ့ မမှဲ့ သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။

    (၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ အတွင်းက အဆံဟာ မသိမသာလေး ချောင်နေတာကို သိထားရပါမယ်။

    Credit-Original Uploader

  • ၾကက္ဥကင္၊ ၾကက္ဥေပါင္း လြယ္လြယ္လုပ္နည္း

    (Zawgyi)

    ၾကက္ဥကင္၊ ၾကက္ဥေပါင္း ကိုယ္တိုင္လုပ္နည္းကို မွ်ေ၀လိုက္ပါသည္။

    ပါဝင္ ပစၥည္းမ်ား

    -ၾကက္ဥ

    -ဆား

    -ေဆးထိုးအပ္ႁပြန္ အသစ္တစ္ေခ်ာင္း

    ပုံမွာျပထားတဲ့အတိုင္း ၾကက္ဥထိပ္ေလးကို အေပါက္ေလးေဖာက္ၿပီး ၾကက္ဥအႏွစ္မ်ားကို ေဆးထိုးႁပြန္နဲ႔ စုပ္ထုတ္လိုက္ပါ။

    ၾကက္ဥႏွစ္မ်ားကို ဆားအနဲငယ္ထည့္ေမႊၿပီး ၾကက္ဥခြံေလးထဲ ႁပြန္နဲ႔ ျပန္ထဲ့ပါ။ အျပည့္မထည့္ပဲ အနည္းငယ္ေနရာ ခ်န္ထားပါ။

    ၾကက္ဥျပန္ေပါင္းတဲ့အခါ လွ်ံမထြက္လာေစရန္ ျဖစ္ပါတယ္။ ၿပီးရင္ၾကက္ဥထိပ္ေလးကို တိပ္နဲ႔ပိတ္ကာ မီးနည္းနည္းျဖင့္ ၇မိနစ္ ၁၀မိနစ္ခန႔္ ေပါင္း၍ျဖစ္ေစ၊ ျပဳတ္၍ျဖစ္ေစ ျပဳလုပ္ပါ။

    ၾကက္ဥေလးမ်ား က်က္သြားတဲ့အခါ ေရေအး ခဏစိမ္ထားၿပီး အခြံခြါလိုက္ရင္ အသားေရာင္သန္းေသာ အျဖဴေရာင္ၾကက္ဥေလးမ်ား ထြက္လာပါမယ္။ ထို႔ေနာက္ ကင္၍ေသာ္လည္းေကာင္း ေၾကာ္၍ေသာ္လည္းေကာင္း စိတ္ႀကိဳက္စားႏိုင္ပါၿပီ။

    Credit-Original Uploader

    (Unicode)

    ကြက်ဥကင်၊ ကြက်ဥပေါင်း ကိုယ်တိုင်လုပ်နည်းကို မျှဝေလိုက်ပါသည်။

    ပါဝင် ပစ္စည်းများ

    -ကြက်ဥ

    -ဆား

    -ဆေးထိုးအပ်ပြွန် အသစ်တစ်ချောင်း

    ပုံမှာပြထားတဲ့အတိုင်း ကြက်ဥထိပ်လေးကို အပေါက်လေးဖောက်ပြီး ကြက်ဥအနှစ်များကို ဆေးထိုးပြွန်နဲ့ စုပ်ထုတ်လိုက်ပါ။

    ကြက်ဥနှစ်များကို ဆားအနဲငယ်ထည့်မွှေပြီး ကြက်ဥခွံလေးထဲ ပြွန်နဲ့ ပြန်ထဲ့ပါ။ အပြည့်မထည့်ပဲ အနည်းငယ်နေရာ ချန်ထားပါ။

    ကြက်ဥပြန်ပေါင်းတဲ့အခါ လျှံမထွက်လာစေရန် ဖြစ်ပါတယ်။ ပြီးရင်ကြက်ဥထိပ်လေးကို တိပ်နဲ့ပိတ်ကာ မီးနည်းနည်းဖြင့် ၇မိနစ် ၁၀မိနစ်ခန့် ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ပြုလုပ်ပါ။

    ကြက်ဥလေးများ ကျက်သွားတဲ့အခါ ရေအေး ခဏစိမ်ထားပြီး အခွံခွါလိုက်ရင် အသားရောင်သန်းသော အဖြူရောင်ကြက်ဥလေးများ ထွက်လာပါမယ်။ ထို့နောက် ကင်၍သော်လည်းကောင်း ကြော်၍သော်လည်းကောင်း စိတ်ကြိုက်စားနိုင်ပါပြီ။

    Credit-Original Uploader

  • ျမန္မာႏိုင္ငံရဲ႕ လအမည္မ်ား ဘယ္လို ျဖစ္ေပၚ၊ ဘာေၾကာင့္ေခၚဆိုလဲ?

    (Zawgyi)

    ျမန္မာတို႔ရဲ႕ ၁၂ လ ရာသီျဖစ္ေပၚလာပုံ

    ျမန္မာႏိုင္ငံရဲ႕တန္ခူး၊ ကဆုန္၊ နယုန္ စသည့္ လအမည္မ်ား ဘယ္လို ျဖစ္ေပၚ၊ ဘာေၾကာင့္ေခၚဆိုလဲဆိုတာ သိထားသင့္လို႔ မွ်ေဝလိုက္ပါတယ္ေနာ္။

    တန္ခူး

    ဆရာႀကီး ဦးဖိုးလတ္က ထန္းသီးေတြ ခူးတဲ့လမို႔ ထန္းခူးလကေန တန္ခူး ျဖစ္လာတယ္လို႔ဆိုတယ္။ ပညာရွိတစ္ဦးျဖစ္တဲ့ ေလွသင္းအတြင္းဝန္မင္းကေတာ့ မိန္ရာသီကေန မိႆရာသီေျပာင္းတဲ့ အတာကူးတဲ့ လမို႔ တာကူးလ၊ ေနာက္တန္ခူးလ ျဖစ္သြားတယ္လို႔ ေျပာပါတယ္။

    ကဆုန္

    ကုဆုန္ကေန ျဖစ္လာတာတဲ့။ ကုဆိုတာ ေရ၊ ဆုန္က စုဆင္းျခင္း။ အဓိပၸာယ္ကေတာ့ ေရသြန္းေလာင္းတဲ့ လေပါ့။ ဒါေၾကာင့္ ကဆုန္လ ေညာင္ေရသြန္းပြဲလို႔ ဆိုခဲ့တာ မဟုတ္လား။

    နယုန္

    နံယုန္ကေန နယုန္ျဖစ္တာ။ နံက အခ်ိန္ကာလ၊ ယုန္က မိုးေရစီးဆင္းျခင္းတဲ့။ ေျပာရရင္ မိုး႐ြာတဲ့လေပါ့။

    ဝါဆို

    ပါဠိစာေပမွာ ဝါ က ေနျခင္းေလ၊ ဆို က ႐ြတ္ဆိုတာေပါ့။ ဒါေၾကာင့္ ရဟန္းေတာ္မ်ားဟာ သူတို႔ရဲ႕ ေက်ာင္းမွာပဲေနၿပီး တရားဓမၼမ်ားကို ႐ြတ္ဆိုေနၾကတဲ့လလို႔ ဆိုလာတာေပါ့။

    ဝါေခါင္

    ဝါတြင္း(၃)လရဲ႕ အလယ္လ။ ေက်ာက္စာေတြမွာေတာ့ နံကာတဲ့။ နံဆိုတာ အခ်ိန္ကာလ။ ကာက လယ္ယာလုပ္ငန္းဆိုေတာ့ လယ္ယာလုပ္ငန္းခြင္ ဝင္တဲ့လလို႔ ဆိုလိုတာပဲ။ မိုးေတြၿဖိဳင္ၿဖိဳင္႐ြာတဲ့ လမို႔ လယ္သမားႀကီးေတြ လယ္ယာလုပ္ငန္းခြင္ ဝင္ေနၾကပါတယ္။

    ေတာ္သလင္း

    ေတာ္ ဆိုတာက ျမင့္ျမတ္တာကို ေျပာတာ။ သလင္း က သာလင္း ကေန လာတာေလ။ သာယာထြန္းလင္းသည္လို႔အဓိပၸာယ္ေဖာ္ေဆာင္တာဆိုေတာ့ ရဟန္းသံဃာေတြ ဝါတြင္းကာလ တရားအားထုတ္၊ ဗုဒၶဘာသာဝင္ေတြ ဥပုသ္သီလေဆာက္တည္မႈ အထြတ္အထိပ္ဆုံးေရာက္တဲ့ အခ်ိန္မို႔ ျမင့္ျမတ္တဲ့ သာသနာေရာင္ဝါထြန္းလင္းတဲ့ လ။

    သီတင္းကြၽတ္

    ဥပုသ္သီတင္း ေဆာက္တည္မႈ၊ ရဟန္းသံဃာေတြ ကိုယ့္ေက်ာင္းမွာတင္ တရားအားထုတ္မႈ စတဲ့ ဝါတြင္းကာလၿပီးေျမာက္တဲ့ သီတင္းသုံးေနထိုင္ျခင္း ကြၽတ္လြတ္တဲ့လမို႔ သီတင္းကြၽတ္လို႔ ေခၚတာေပါ့။

    တန္ေဆာင္မုန္း

    ေရွးတုန္းက တန္ေဆာင္မႈန္းလို႔ ေရးခဲ့တယ္တဲ့။ တန္ေဆာင္ဆိုတာ မီးရႈးမီးတိုင္ကေပးတဲ့ အလင္းေရာင္၊ မႈန္း က ခ်ယ္မႈန္းသည္ ဆိုေတာ့။ ေကာင္းကင္ႀကီးတစ္ခုလုံးဟာ မီးရႈးမီးပန္းေတြနဲ႔ ခ်ယ္မႈန္းထားေလာက္ေအာင္ လင္းလက္တဲ့လေပါ့။ မီးပုံးပ်ံေတြ ေစလႊတ္ၾက၊ မီးရႈးမီးပန္းေတြ ပစ္ေဖာက္ၾက တန္ေဆာင္မုန္းလျပည့္မွာ ျပည့္တဲ့လ က(၁၂)လရာသီမွာ အျပည့္ဆုံးလတဲ့ေလ။ ဒါေၾကာင့္ ေဆးဖက္ဝင္သစ္ပင္ေတြ ေဆးေပါင္းခတဲ့ ညလို႔ေတာင္ ဆိုၾကတယ္။

    နတ္ေတာ္

    နတ္ေတြကို ပူေဇာ္တဲ့လလို႔ ေျပာၾကတယ္။ ဆရာႀကီးဦးဖိုးလတ္က မင္းမဟာဂီရိ ေမာင္ႏွမ လူပူေဇာ္တယ္လို႔ဆိုတယ္။ ေလွသင္းအတြင္းဝန္မင္းက မဟာပိႏၷဲနတ္ကို ပူေဇာ္တာတဲ့။

    ျပာသို

    ပါႅသို ကလာတာတဲ့။ ပါႅကပ်ားဖေယာင္း ကိုေျပာတာ။ သို က သိုေလွာင္ျခင္းေပါ့။ ပ်ားဖေယာင္းေတြ အမ်ားဆုံး စုေဆာင္းလို႔ရတဲ့ လေပါ့။

    တပို႔တြဲ

    ထန္းဖူး ထန္းခိုင္ ထန္းပို တြဲက်တဲ့ လမို႔ ထန္းပို႔တြဲကေန တပို႔တြဲ ျဖစ္လာတာပဲ။

    တေပါင္း

    ထန္းရည္ေတြ လႈိင္လႈိင္ထြက္ၿပီး ထန္းရည္ေတြကို စုေပါင္းက်ိဳခ်က္တဲ့ လ မို႔ ထန္းေပါင္းကေန တေပါင္း ျဖစ္လာတာတဲ့။

    Credit – Original Uploader

    (Unicode)

    မြန်မာတို့ရဲ့ ၁၂ လ ရာသီဖြစ်ပေါ် လာပုံ

    မြန်မာနိုင်ငံရဲ့တန်ခူး၊ ကဆုန်၊ နယုန် စသည့် လအမည်များ ဘယ်လို ဖြစ်ပေါ်၊ ဘာကြောင့်ခေါ်ဆိုလဲဆိုတာ သိထားသင့်လို့ မျှဝေလိုက်ပါတယ်နော်။

    တန်ခူး

    ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေ ခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန်မင်းကတော့ မိန်ရာသီကနေ မိဿရာသီပြောင်းတဲ့ အတာကူးတဲ့ လမို့ တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

    ကဆုန်

    ကုဆုန်ကနေ ဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့ လပေါ့။ ဒါကြောင့် ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

    နယုန်

    နံယုန်ကနေ နယုန်ဖြစ်တာ။ နံက အချိန်ကာလ၊ ယုန်က မိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

    ဝါဆို

    ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော်များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

    ဝါခေါင်

    ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာတဲ့။ နံဆိုတာ အချိန်ကာလ။ ကာက လယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင် ဝင်တဲ့လလို့ ဆိုလိုတာပဲ။ မိုးတွေဖြိုင်ဖြိုင်ရွာတဲ့ လမို့ လယ်သမားကြီးတွေ လယ်ယာလုပ်ငန်းခွင် ဝင်နေကြပါတယ်။

    တော်သလင်း

    တော် ဆိုတာက မြင့်မြတ်တာကို ပြောတာ။ သလင်း က သာလင်း ကနေ လာတာလေ။ သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလ တရားအားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်မှု အထွတ်အထိပ်ဆုံးရောက်တဲ့ အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

    သီတင်းကျွတ်

    ဥပုသ်သီတင်း ဆောက်တည်မှု၊ ရဟန်းသံဃာတွေ ကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှု စတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ်လို့ ခေါ်တာပေါ့။

    တန်ဆောင်မုန်း

    ရှေးတုန်းက တန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့။ တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်း က ချယ်မှုန်းသည် ဆိုတော့။ ကောင်းကင်ကြီးတစ်ခုလုံးဟာ မီးရှုးမီးပန်းတွေနဲ့ ချယ်မှုန်းထားလောက်အောင် လင်းလက်တဲ့လပေါ့။ မီးပုံးပျံတွေ စေလွှတ်ကြ၊ မီးရှုးမီးပန်းတွေ ပစ်ဖောက်ကြ တန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လ က(၁၂)လရာသီမှာ အပြည့်ဆုံးလတဲ့လေ။ ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ ညလို့တောင် ဆိုကြတယ်။

    နတ်တော်

    နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီးဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမ လူပူဇော်တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

    ပြာသို

    ပါ္လသို ကလာတာတဲ့။ ပါ္လကပျားဖယောင်း ကိုပြောတာ။ သို က သိုလှောင်ခြင်းပေါ့။ ပျားဖယောင်းတွေ အများဆုံး စုဆောင်းလို့ရတဲ့ လပေါ့။

    တပို့တွဲ

    ထန်းဖူး ထန်းခိုင် ထန်းပို တွဲကျတဲ့ လမို့ ထန်းပို့တွဲကနေ တပို့တွဲ ဖြစ်လာတာပဲ။

    တပေါင်း

    ထန်းရည်တွေ လှိုင်လှိုင်ထွက်ပြီး ထန်းရည်တွေကို စုပေါင်းကျိုချက်တဲ့ လ မို့ ထန်းပေါင်းကနေ တပေါင်း ဖြစ်လာတာတဲ့။

    Credit – Original Uploader