Author: shangyi

  • မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္။

    (Zawgyi)

    မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္

    သင့္ဆိုင္ကယ္ကို လိပ္စာေျပာင္းျခင္းျဖင့္ သက္တမ္းတိုးဖို႔ပါ အလိုလို အဆင္ေျပပါမည္။ ဆရာ ကြၽန္ေတာ့္ဆိုင္ကယ္က ေ႐ႊဘိုမွာလုပ္ခဲ့တာဆရာ။ အခု ကြၽန္ေတာ္က မႏၲေလးမွာေျပာင္းေနေတာ့တာ။ အဲ့ဒါ ဆိုင္ကယ္ကို မႏၲေလးေနရပ္ေျပာင္းခ်င္လို႔ပါဆရာ။

    ဆရာ သမီးတို႔မိသားစုက မေကြးေျပာင္းလာခဲ့ေတာ့မွာ။ ဒါေပမဲ့ ဆိုင္ကယ္က ျပင္ဦးလြင္က လုပ္ခဲ့တာဆရာ အဲ့ဒါ ဆိုင္ကယ္ကို မေကြးလိပ္စာ ေျပာင္းခ်င္လို႔ပါဆရာတဲ့။

    ဟုတ္ပါတယ္ မိမိလက္ရွိ ေနေနေတာ့တာက ဒီၿမိဳ႕ ဆိုင္ကယ္လုပ္ခဲ့တာက ဟိုၿမိဳ႕ဆိုရင္ သက္တမ္းတိုးတာကအစ အဆင္မေျပေတာ့ပါဘူး။ ေစာေစာကေမးၾကသလို ေနရပ္ေျပာင္းလာၿပီဆိုမွေတာ့ ဆိုင္ကယ္ကိုလည္း လက္ရွိမိမိေနရပ္လိပ္စာေျပာင္းလိုက္တာ အသင့္ေတာ္ဆုံးပါ။ အဲ့ဒီလို လိပ္စာေျပာင္းၿပီးရင္ ဆိုင္ကယ္သက္တမ္းကိုလည္း ဒီမွာပဲ တိုးလို႔ရၿပီေလ။ လိုင္စင္လုပ္ခဲ့တဲ့ ၿမိဳ႕ကိုျပန္ၿပီး သက္တမ္းတိုးရတဲ့ ဒုကၡလဲ မရွိေတာ့ဘူးေပါ့။

    အဲ့ဒီေတာ့ မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္။

    အခုေနတဲ့ ၿမိဳ႕ရဲ႕ ကညနမွာ ေအာက္ေဖၚျပပါ စာ႐ြက္စာတမ္းေလးေတြကို မိမိဆိုင္ကယ္ႏွင့္အတူ ယူေဆာင္လို႔ လိပ္စာေျပာင္းႏိုင္ပါတယ္။

    ၁။ လက္ရွိေနထိုင္သည့္ ေနရာမွ ရက္ကြက္ေထာက္ခံစာ

    ၂။ အုံနာဘုတ္မူရင္းႏွင့္ မိတၳဴ

    ၃။ ဝွီးတက္မူရင္းႏွင့္ မိတၳဴ

    ၄။ ဆိုင္ကယ္လုပ္စဥ္က စာရင္းေပးခဲ့တဲ့ မွတ္ပုံတင္မူရင္း (အျခားမွတ္ပုံတင္မရ ထိုစဥ္က မိမိမွတ္ပုံတင္ဆိုလွ်င္ အခုလဲမိမိမွတ္ပုံတင္။ ထိုစဥ္က အေဖမွတ္ပုံတင္နဲ႔ လုပ္ခဲ့တာဆိုလွ်င္ အခုလဲ အေဖ့မွတ္ပုံတင္ျဖစ္ရမည္)

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    မိမိဆိုင်ကယ်ကို လက်ရှိ မိမိနေရပ်လိပ်စာ ဘယ်လိုပြောင်းရတယ် ဆိုတာလေး ပြောပြပါ့မယ်

    သင့်ဆိုင်ကယ်ကို လိပ်စာပြောင်းခြင်းဖြင့် သက်တမ်းတိုးဖို့ပါ အလိုလို အဆင်ပြေပါမည်။ ဆရာ ကျွန်တော့်ဆိုင်ကယ်က ရွှေဘိုမှာလုပ်ခဲ့တာဆရာ။ အခု ကျွန်တော်က မန္တလေးမှာပြောင်းနေတော့တာ။ အဲ့ဒါ ဆိုင်ကယ်ကို မန္တလေးနေရပ်ပြောင်းချင်လို့ပါဆရာ။

    ဆရာ သမီးတို့မိသားစုက မကွေးပြောင်းလာခဲ့တော့မှာ။ ဒါပေမဲ့ ဆိုင်ကယ်က ပြင်ဦးလွင်က လုပ်ခဲ့တာဆရာ အဲ့ဒါ ဆိုင်ကယ်ကို မကွေးလိပ်စာ ပြောင်းချင်လို့ပါဆရာတဲ့။

    ဟုတ်ပါတယ် မိမိလက်ရှိ နေနေတော့တာက ဒီမြို့ ဆိုင်ကယ်လုပ်ခဲ့တာက ဟိုမြို့ဆိုရင် သက်တမ်းတိုးတာကအစ အဆင်မပြေတော့ပါဘူး။ စောစောကမေးကြသလို နေရပ်ပြောင်းလာပြီဆိုမှတော့ ဆိုင်ကယ်ကိုလည်း လက်ရှိမိမိနေရပ်လိပ်စာပြောင်းလိုက်တာ အသင့်တော်ဆုံးပါ။ အဲ့ဒီလို လိပ်စာပြောင်းပြီးရင် ဆိုင်ကယ်သက်တမ်းကိုလည်း ဒီမှာပဲ တိုးလို့ရပြီလေ။ လိုင်စင်လုပ်ခဲ့တဲ့ မြို့ကိုပြန်ပြီး သက်တမ်းတိုးရတဲ့ ဒုက္ခလဲ မရှိတော့ဘူးပေါ့။

    အဲ့ဒီတော့ မိမိဆိုင်ကယ်ကို လက်ရှိ မိမိနေရပ်လိပ်စာ ဘယ်လိုပြောင်းရတယ် ဆိုတာလေး ပြောပြပါ့မယ်။

    အခုနေတဲ့ မြို့ရဲ့ ကညနမှာ အောက်ဖေါ်ပြပါ စာရွက်စာတမ်းလေးတွေကို မိမိဆိုင်ကယ်နှင့်အတူ ယူဆောင်လို့ လိပ်စာပြောင်းနိုင်ပါတယ်။

    ၁။ လက်ရှိနေထိုင်သည့် နေရာမှ ရက်ကွက်ထောက်ခံစာ

    ၂။ အုံနာဘုတ်မူရင်းနှင့် မိတ္ထူ

    ၃။ ဝှီးတက်မူရင်းနှင့် မိတ္ထူ

    ၄။ ဆိုင်ကယ်လုပ်စဉ်က စာရင်းပေးခဲ့တဲ့ မှတ်ပုံတင်မူရင်း (အခြားမှတ်ပုံတင်မရ ထိုစဉ်က မိမိမှတ်ပုံတင်ဆိုလျှင် အခုလဲမိမိမှတ်ပုံတင်။ ထိုစဉ်က အဖေမှတ်ပုံတင်နဲ့ လုပ်ခဲ့တာဆိုလျှင် အခုလဲ အဖေ့မှတ်ပုံတင်ဖြစ်ရမည်)

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • အိမ္သုံးမီတာခ တစ္လဘယ္ေလာက္က်မလဲ တြက္လို႔ ရၿပီ

    (Zawgyi)

    အိမ္သုံးမီတာခ ဘယ္ေလာက္က်မလဲ တြက္လို႔ ရၿပီ

    မီးပူ-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

    မီးဖို-၁၆၀၀ ဝပ္ = ၇ အမ္ပီယာ

    တီဗြီ+ စေလာင္းစက္-၄၀၀ ဝပ္ = ၁.၈ အမ္ပီယာ

    အဝတ္ေလွ်ာ္စက္-၂၀၀ ဝပ္ = ဝ.၉ အမ္ပီယာ

    ေရေမာ္တာ-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

    အဲကြန္း-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

    မီးသီး+မီးေခ်ာင္း-၁၅၀ ဝပ္ = ဝ.၇ အမ္ပီယာ

    အျခားအသုံးအေဆာင္မ်ား…၅ အမ္ပီယာ..- ၃၁ အမ္ပီယာ

    အိမ္သုံးမီတာတစ္လုံး၏ ခံႏိုင္ရည္ ဝန္အားသည္ (5/30) Amp. (10/30) Amp. အမ်ားဆုံး (၃၀) အမ္ပီယာထိ အသုံးခံႏိုင္ရည္ရွိၿပီး အထက္ပါပစၥည္းမ်ားအား တစ္ၿပိဳင္နက္ သုံးစြဲေနပါက( တစ္နာရီလွ်င္) မီတာယူနစ္တက္ႏုန္း kilo watt per hour (Kw/hr)VI = W သည္ 230v x 30A = 6900 Watt= 7 Kw = 7 Unit. ျဖစ္ေန၍ တစ္ရက္လုံး ပစၥည္းၿပဳံသုံးခ်ိန္ တစ္နာရီဆိုက တစ္ရက္လွ်င္ (၇)ယူနစ္ျဖင့္ တစ္လစာယူနစ္(၂၂၀) ဝန္းက်င္ျဖစ္မည္။

    အထက္ပါပစၥည္းမ်ား ခြဲျခားအသုံးျပဳခ်ိန္အတြက္ တစ္ရက္ (၁၀)ယူနစ္ျဖစ္က တစ္လယူနစ္(၃၃၀) ထပ္ေပါင္းက (၂၂၀+၃၃၀)= ၅၅၀ ယူနစ္ ဝန္းက်င္မီတာ တက္ပါမည္။

    သာမန္မိသားစုတစ္လသုံး မီတာခ = ၅၅၀ယူနစ္၊ အလႊာမခြဲ တစ္ယူနစ္ (၃၅) က်ပ္ျဖင့္ တစ္လႏွစ္ေသာင္းခန႔္ က်ၿပီး ကိုယ္ထူကိုယ္ထ မီးလင္းေရးနယ္ပယ္ တစ္ယူနစ္ (၃၅၀)က်ပ္ျဖင့္သုံးက တစ္လ က်ပ္ႏွစ္သိန္းခန႔္ က်မည္ျဖစ္သည္။

    လက္ရွိ အိမ္သုံးမီတာအား မည္သည့္ လွ်ပ္စစ္ပစၥည္းမ်ား သုံးႏိုင္ၿပီး ဝန္အားခံႏိုင္ရည္အမ္ပီယာ (သိုဝပ္အားအေျခအေန မည္မွ်ထိရွိႏိုင္လဲဟု သိခ်င္သူမ်ားအား ရည္႐ြယ္ေရးသားပါသည္။

    ယခင္ကတပ္ထားေသာ (Analog)နဲ႔ ဒစ္ဂ်စ္တယ္မီတာတံဆိပ္ေဟာင္းမ်ားတြင္ေတာက္ေလွ်ာက္သုံး အမ္ပီယာ(၃၀)ထက္ ေက်ာ္သုံးလည္း ဝန္ပိုဒဏ္ေၾကး ႐ိုက္ခံရမူမရွိပါ၊ အခန႔္မသင့္က မီတာေလာင္မႈမ်ားသာ ျဖစ္တတ္သည္။

    ယခု(၂၀၁၈)ခုႏွစ္ ဧၿပီလမွ စတင္အသစ္ထုတ္ေပးေသာ ဒစ္ဂ်စ္တယ္မီတာအသစ္(ပုံပါတံဆိပ္)သည္ သတ္မွတ္ဝန္အား (၃၀)အမ္ပီယာကို ေတာက္ေလွ်ာက္ တစ္နာရီထက္ အခ်ိန္ပိုမိုသုံးပါက ယင္းမီတာနဲ႔ ခ်ိတ္ဆက္ထားေသာ ႐ုံးထိုင္ဆာဗာကြန္ပ်ဴတာတြင္ (Overload Error) ျပၿပီး သတ္မွတ္ဒဏ္ေၾကး ႐ိုက္ခံရမည္ ျဖစ္သည္။

    မိမိအိမ္ လစဥ္ ယူနစ္တြက္ခ်က္တတ္ၿပီး…မီတာခ အနည္းအမ်ား ခ်ိန္ဆႏိုင္ၾကပါေစ။

    Credit- Thi Ha

    (Unicode)

    အိမ်သုံးမီတာခ ဘယ်လောက်ကျမလဲ တွက်လို့ ရပြီ

    မီးပူ-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

    မီးဖို-၁၆၀၀ ဝပ် = ၇ အမ်ပီယာ

    တီဗွီ+ စလောင်းစက်-၄၀၀ ဝပ် = ၁.၈ အမ်ပီယာ

    အဝတ်လျှော်စက်-၂၀၀ ဝပ် = ဝ.၉ အမ်ပီယာ

    ရေမော်တာ-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

    အဲကွန်း-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

    မီးသီး+မီးချောင်း-၁၅၀ ဝပ် = ဝ.၇ အမ်ပီယာ

    အခြားအသုံးအဆောင်များ…၅ အမ်ပီယာ..- ၃၁ အမ်ပီယာ

    အိမ်သုံးမီတာတစ်လုံး၏ ခံနိုင်ရည် ဝန်အားသည် (5/30) Amp. (10/30) Amp. အများဆုံး (၃၀) အမ်ပီယာထိ အသုံးခံနိုင်ရည်ရှိပြီး အထက်ပါပစ္စည်းများအား တစ်ပြိုင်နက် သုံးစွဲနေပါက( တစ်နာရီလျှင်) မီတာယူနစ်တက်နုန်း kilo watt per hour (Kw/hr)VI = W သည် 230v x 30A = 6900 Watt= 7 Kw = 7 Unit. ဖြစ်နေ၍ တစ်ရက်လုံး ပစ္စည်းပြုံသုံးချိန် တစ်နာရီဆိုက တစ်ရက်လျှင် (၇)ယူနစ်ဖြင့် တစ်လစာယူနစ်(၂၂၀) ဝန်းကျင်ဖြစ်မည်။

    အထက်ပါပစ္စည်းများ ခွဲခြားအသုံးပြုချိန်အတွက် တစ်ရက် (၁၀)ယူနစ်ဖြစ်က တစ်လယူနစ်(၃၃၀) ထပ်ပေါင်းက (၂၂၀+၃၃၀)= ၅၅၀ ယူနစ် ဝန်းကျင်မီတာ တက်ပါမည်။

    သာမန်မိသားစုတစ်လသုံး မီတာခ = ၅၅၀ယူနစ်၊ အလွှာမခွဲ တစ်ယူနစ် (၃၅) ကျပ်ဖြင့် တစ်လနှစ်သောင်းခန့် ကျပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေးနယ်ပယ် တစ်ယူနစ် (၃၅၀)ကျပ်ဖြင့်သုံးက တစ်လ ကျပ်နှစ်သိန်းခန့် ကျမည်ဖြစ်သည်။

    လက်ရှိ အိမ်သုံးမီတာအား မည်သည့် လျှပ်စစ်ပစ္စည်းများ သုံးနိုင်ပြီး ဝန်အားခံနိုင်ရည်အမ်ပီယာ (သိုဝပ်အားအခြေအနေ မည်မျှထိရှိနိုင်လဲဟု သိချင်သူများအား ရည်ရွယ်ရေးသားပါသည်။

    ယခင်ကတပ်ထားသော (Analog)နဲ့ ဒစ်ဂျစ်တယ်မီတာတံဆိပ်ဟောင်းများတွင်တောက်လျှောက်သုံး အမ်ပီယာ(၃၀)ထက် ကျော်သုံးလည်း ဝန်ပိုဒဏ်ကြေး ရိုက်ခံရမူမရှိပါ၊ အခန့်မသင့်က မီတာလောင်မှုများသာ ဖြစ်တတ်သည်။

    ယခု(၂၀၁၈)ခုနှစ် ဧပြီလမှ စတင်အသစ်ထုတ်ပေးသော ဒစ်ဂျစ်တယ်မီတာအသစ်(ပုံပါတံဆိပ်)သည် သတ်မှတ်ဝန်အား (၃၀)အမ်ပီယာကို တောက်လျှောက် တစ်နာရီထက် အချိန်ပိုမိုသုံးပါက ယင်းမီတာနဲ့ ချိတ်ဆက်ထားသော ရုံးထိုင်ဆာဗာကွန်ပျူတာတွင် (Overload Error) ပြပြီး သတ်မှတ်ဒဏ်ကြေး ရိုက်ခံရမည် ဖြစ်သည်။

    မိမိအိမ် လစဉ် ယူနစ်တွက်ချက်တတ်ပြီး…မီတာခ အနည်းအများ ချိန်ဆနိုင်ကြပါစေ။

    Credit- Thi Ha

  • ကက္္ဥျဖင့္ ေျမြကိုက္္ဒဏ္္ရာမွ ေျမြဆိပ္္စုပ္္ထုတ္္ယူနည္း

    ၾကက္္ဥျဖင့္ ေျမြကိုက္္ဒဏ္္ရာမွ ေျမြဆိပ္္စုပ္္ထုတ္္ယူနည္း

    ေက်းလက္္ ေဒသမ်ားအတြက္္ ယခုတိုင္္ တန္္ဖိုးထား ထိန္းသိမ္းၾကေသာ အသက္္ကယ္္ နည္းလမ္းေလးမ်ား ျဖစ္္ပါတယ္္။ ယေန႔အခါတြင္္ ေခတ္္မီွ ေဆး၀ါးမ်ားျဖင့္္ ေျမြဆိပ္္ ကို နိုင္္နင္းေနျပီ ျဖစ္ေသာ္္ လည္း ေ၀းလံ ေခါင္္ပါးသည့္ အခ်ိဳ႕ ေတာနယ္္ေန ျပည္္သူတို႔ အတြက္္ လြန္္စြာ အသံုး၀င္္ ပါလိမ့္္မည္္။

    ေျမြကိုက္္ ပိုးထိျခင္းသည္ ျမိဳ႕မွာထက္ ေက်းလက္ ေဒသမ်ားတြင္ ပို၍ အျဖစ္မ်ား တတ္ပါသည္။

    အဆိပ္ရွိ ေျမြဆိုးမ်ား အကိုက္ခံရျပီ ဆိုပါလွွ်င္ အစြယ္ရာ ႏွစ္ခု ထင္က်န္ရစ္တတ္ပါသည္။ ထိုသို႔ ျဖစ္ပါလွ်င္ ကိုယ္ေငြ႔ရေသာ အိမ္ ၾကက္ဥ (၁) လံုးကို အစြယ္ရာ ထင္က်န္သည့္ အကြာအေ၀းအတိုင္း ၾကက္ဥကို အေပါက္ႏွစ္ေပါက္ ထိပ္ကိုေဖါက္ျပိး ေျမြကိုက္ ဒဏ္ရာေပၚ အုပ္ေပးလိုက္ျခင္း ျဖစ္ပါသည္။ ၾကက္ဥကို ကိုင္ထားရန္ မလိုပဲ အ၀တ္ အကူအညီျဖင့္ ေဖးထားပါက ၾကက္ဥသည္ အဆိပ္ကို စုပ္ယူေနသည့္ အတြက္ မလဲပါဟု ဆိုပါသည္။

    (၁၀) မိနစ္ေလာက္ အတြင္း ၾကက္ဥကို ခဲြၾကည့္လိုက္ပါက အထဲတြင္ တစ္လံုးလံုး အဆိပ္မ်ားႏွင့္ မည္းနက္ ေနပါလိမ္႔မည္။ ယင္းနည္းျဖင့္ ကုသခဲ႔ေသာ ပိုးထိ လူနာတစ္ေယာက္အား ေဆးရံုေရာက္ရွိ စစ္ေဆးစဥ္ ကိုယ္ထဲတြင္ အဆိပ္မရွိေတာ့သည္ကို ၾကံဳဖူးခဲ႔ပါသည္ဟု ဆိုပါသည္။

    နကၡတၱေရာင္ျခည္ မဂၢဇင္းမွ ၾကက္ဥျဖင့္ ေျမြဆိပ္စုပ္ ယူနည္း (ေလးေလး) ေရးထားျခင္းမွ ထုတ္နုတ္ ေဖၚျပပါသည္။

    လိုသူတို႔သံုး စိတ္ႏွလံုး ရႊင္ျပံဳးနိုင္ပါေစ…။

    crd;copy zg

  • ဒူးရင္းၿခံထဲၾကီးလာသူ ေျပာျပတဲ့ ဒူးရင္းသီး ေ႐ြးနည္း ၆ခ်က္

    (Zawgyi)

    ဒူးရင္းသီးေ႐ြးနည္း

    ၁။ အညႇာဖ်ားကိုၾကည့္။ အဆစ္ထိပ္ညီေနရင္ ေႂကြသီး။ အညႇာထိပ္ မညီမညာဆိုရင္ ထိုးသီး။ (ေႂကြသီးက ပိုေကာင္း)

    ၂။ အခြံနဲ႔ဆူးကိုၾကည့္။ အေရာင္ ဝင္းေတာက္/စိမ္းညိဳ႕ေနမွရင့္။ ဆူးႀကဲ ညီညာလွပေနမွ ေကာင္း။

    ၃။ အေလးခ်ိန္။ ေလးတဲ့အသီး အေစ့ႀကီး အသားပါး။ ေပ့ါတဲ့အသီး အေစ့ေသး အသားထူ။

    ၄။ အနံ႔။ ေမႊးေနမွေကာင္း။ မေမႊးရင္ႏု/မမွည့္။

    ၅။ မွည့္/မမွည့္။ လက္သဲနဲ႔ ဆူးဖ်ားေလးကို ဖိျခစ္ၾကည့္။ အုံသံကေလးပါမွ မွည့္။ အသံမညံ ေနရင္စိမ္း။

    ၆။ အသီးေအာက္ပိုင္း အခြံေတြ ညိဳေနရင္/ပုတ္ေနရင္ ဘယ္ေတာ့မွ မယူနဲ႔။ ငါတို႔က ဒူးရင္းၿခံထဲ ၾကီးလာတာ ေစတနာနဲ႔ ေျပာျပတာ။ ေဈးႀကီးေပးဝယ္ရၿပီး စားမရင္အလကားပဲ။

    Credit-Original Poster

    ဒူးရင္းသီး ေကာင္းမေကာင္း ဘယ္လိုေ႐ြးမလဲ ?

    ဒူးရင္းဝယ္တဲ့အခါ အခ်က္(၃)ခ်က္ကို ၾကည့္ၿပီးေ႐ြးဝယ္ပါ။

    (၁) ဒူးရင္းသီးရဲ႕ဆူးေတြဟာတိုေနရပါမယ္။

    (၂) ဒူးရင္းသီးရဲ႕ ဆူးလိုင္းေတြဟာ က်ဲေနရပါမယ္။

    (၃) ဒူးရင္းသီးရဲ႕ အညႇာဟာ ေျဖာင့္တန္းေနရပါမယ္။ ဒီအခ်က္(၃)ခ်က္နဲ႔ ကိုက္ညီတဲ့
    ဒူးရင္းသီးေတြဟာ အနံ႔၊ အရသာေတြနဲ႔ ျပည့္စုံတဲ့ ဒူးရင္းသီးေကာင္းတစ္လုံးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြပါပဲ။

    ဒူးရင္းသီးမွည့္ မမွည့္ဆိုတာ အခ်က္(၂)ခ်က္နဲ႔ သိႏိုင္ပါတယ္။

    (၁) ဒူးရင္းသီးကိုနမ္းၾကည့္ၿပီး မဲွ႔မမွဲ႔သိႏိုင္ပါတယ္။ လႈိင္လႈိင္ေမႊးေနၿပီဆိုရင္ အသင့္စားလို႔ရေနၿပီဆိုတာ သိႏိုင္ပါတယ္။

    (၂) ဒူးရင္းသီးကို လႈပ္ခါၾကည့္ရင္လည္း မွဲ႔ မမွဲ႔သိႏိုင္ပါတယ္။ မွဲ႔ေနၿပီျဖစ္တဲ့ ဒူးရင္းသီးဟာ
    အတြင္းကအဆံဟာ မသိမသာေလး ေခ်ာင္ေနတာကို သိထားရပါမယ္။

    (Unicode)

    ဒူးရင်းခြံထဲ ကြီးလာသူ ပြောပြတဲ့ ဒူးရင်းသီးရွေးနည်း ၉ချက်

    ဒူးရင်းသီးရွေးနည်း

    ၁။ အညှာဖျားကိုကြည့်။ အဆစ်ထိပ်ညီနေရင် ကြွေသီး။ အညှာထိပ် မညီမညာဆိုရင် ထိုးသီး။ (ကြွေသီးက ပိုကောင်း)

    ၂။ အခွံနဲ့ဆူးကိုကြည့်။ အရောင် ဝင်းတောက်/စိမ်းညို့နေမှရင့်။ ဆူးကြဲ ညီညာလှပနေမှ ကောင်း။

    ၃။ အလေးချိန်။ လေးတဲ့အသီး အစေ့ကြီး အသားပါး။ ပေ့ါတဲ့အသီး အစေ့သေး အသားထူ။

    ၄။ အနံ့။ မွှေးနေမှကောင်း။ မမွှေးရင်နု/မမှည့်။

    ၅။ မှည့်/မမှည့်။ လက်သဲနဲ့ ဆူးဖျားလေးကို ဖိခြစ်ကြည့်။ အုံသံကလေးပါမှ မှည့်။ အသံမညံ နေရင်စိမ်း။

    ၆။ အသီးအောက်ပိုင်း အခွံတွေ ညိုနေရင်/ပုတ်နေရင် ဘယ်တော့မှ မယူနဲ့။ ငါတို့က ဒူးရင်းခြံထဲ ကြီးလာတာ စေတနာနဲ့ ပြောပြတာ။ ဈေးကြီးပေးဝယ်ရပြီး စားမရင်အလကားပဲ။

    Credit-Original Poster

    ဒူးရင်းသီး ကောင်းမကောင်း ဘယ်လိုရွေးမလဲ ?

    ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။

    (၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။

    (၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။

    (၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့
    ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

    ဒူးရင်းသီးမှည့် မမှည့်ဆိုတာ အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။

    (၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မဲှ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။

    (၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ
    အတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကို သိထားရပါမယ်။

  • ခ်ဳိင္းေခၽြးနံ႔ ေပ်ာက္နည္း

    (Zawgyi)

    ခ်ဳိင္းေခၽြးနံ႔ ေပ်ာက္နည္း

    မေန႔က က်န္းမာေရးေမးခြန္းေတြထဲမွာ ခ်ိဳင္းေခၽြးနံ႕ေပ်ာက္နည္း ေမးထားတာေတြ႕တယ္။သံုးေယာက္ေလာက္ရွိမယ္ ထင္တယ္။ ေက်ာက္ခ်ဥ္(alum)သံုးနည္းကေတာ့ လူတိုင္းသိလို႔ အက်ယ္တဝံ့မေရးေတာ့ပါ။

    အခုနည္းက လြယ္တယ္ထင္လို႔ ေရးပါရေစ။ ခ်ဳိင္းေခၽြးနံ႔ေပ်ာက္ေအာင္ အိမ္သံုးနည္းနဲ႔ စမ္းလို႔ရတယ္။ အားလူးနဲ႔ ေဆာ္ဒါမႈန္႔(baking soda)ပဲ လိုတယ္။

    အရင္ဆံုး အာလူးကို ပါးပါးလွီးၿပီး ခ်ိဳင္းေခၽြးထြက္တဲ့ေနရာေတြမွာ သံုးမိနစ္ၾကာေအာင္ အရင္ပြတ္ေပးရတယ္။ ၿပီးရင္ ေျခာက္ေသြ႕ေအာင္ ခဏထားပါ။

    လိမ္းထားတဲ့ေနရာကို ေဆာ္ဒါမႈန္႔(baking soda)နဲ႔ သိပ္ေပးၿပီး ညလံုးေပါက္ထားရမယ္။ မနက္အိပ္ရာထတဲ့အခါ အဆိုပါေနရာကို ေရခပ္ေႏြးေႏြးနဲ႔ သန္႔စင္ေပးပါ။ ဒီနည္းအတိုင္း ခ်ဳိင္း၊လည္ပင္း၊လက္ေမာင္းအတြင္းပိုင္း၊ေပါင္ျခံ၊ေျခဖဝါး၊ လက္ဖဝါး စတဲ့ေန႐ာေတြမွာလည္း သံုးေပးႏိုင္တယ္။

    တရက္ျခားတခါ ျပဳလုပ္ေပးရံုနဲ႔ ႏွစ္ပတ္အတြင္း ခ်ိဳင္းေခၽြးနံ႔ထြက္တာ သိသိသာသာ သက္သာလာလိမ့္မယ္။

    Credit-ေဒါက္တာ ေအးမင္းထူး

    (Unicode)

    ချိုင်းချွေးနံ့ ပျောက်နည်းမနေ့က

    ကျန်းမာရေးမေးခွန်းတွေထဲမှာ ချိုင်းချွေးနံ့ပျောက်နည်း မေးထားတာတွေ့တယ်။သုံးယောက်လောက်ရှိမယ် ထင်တယ်။ ကျောက်ချဉ်(alum)သုံးနည်းကတော့ လူတိုင်းသိလို့ အကျယ်တဝံ့မရေးတော့ပါ။ အခုနည်းက လွယ်တယ်ထင်လို့ ရေးပါရစေ။

    ချိုင်းချွေးနံ့ပျောက်အောင် အိမ်သုံးနည်းနဲ့ စမ်းလို့ရတယ်။ အားလူးနဲ့ ဆော်ဒါမှုန့်(baking soda)ပဲ လိုတယ်။ အရင်ဆုံး အာလူးကို ပါးပါးလှီးပြီး ချိုင်းချွေးထွက်တဲ့နေရာတွေမှာ သုံးမိနစ်ကြာအောင် အရင်ပွတ်ပေးရတယ်။ ပြီးရင် ခြောက်သွေ့အောင် ခဏထားပါ။လိမ်းထားတဲ့နေရာကို ဆော်ဒါမှုန့်(baking soda)နဲ့ သိပ်ပေးပြီး ညလုံးပေါက်ထားရမယ်။ မနက်အိပ်ရာထတဲ့အခါ အဆိုပါနေရာကို ရေခပ်နွေးနွေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းအတိုင်း ချိုင်း၊ လည်ပင်း၊လက်မောင်းအတွင်းပိုင်း၊ ပေါင်ခြံ၊ ခြေဖဝါး၊ လက်ဖဝါး စတဲ့နေရာတွေမှာလည်း သုံးပေးနိုင်တယ်။

    တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးရုံနဲ့ နှစ်ပတ်အတွင်း ချိုင်းချွေးနံ့ထွက်တာ သိသိသာသာ သက်သာလာလိမ့်မယ်။

    Credit-ဒေါက်တာ အေးမင်းထူး

     

  • ၈၃ႏွစ္ထိ အသက္ရွင္မယ္ဆိုရင္ေတာင္မွ လူ႔တစ္သက္၊ ရက္ သုံးေသာင္းသာ

    (Zawgyi)

    လူ႔တစ္သက္၊ ရက္ သုံးေသာင္းသာ .

    ကိန္းဂဏန္း ျမင္လိုက္တာနဲ႔ ကြၽန္ေတာ္ လန႔္သြားခဲ့သည္။ လူ႔ဘဝက တကယ္ပဲ ရက္သုံးေသာင္းပဲ ရွိတာလား။ မယုံလို႔ တြက္ၾကည့္လိုက္တယ္။

    30,000÷ 365 = 83(ႏွစ္)။ တကယ္ ၈၃ႏွစ္ထိ အသက္ရွင္ခဲ့ရင္ေတာင္ ပွ်မ္းမွ် ရက္ ၃ေသာင္းပဲ ရွိပါသည္။ ဒါေတာင္ ကြၽန္ေတာ္တို႔ ရက္ေပါင္း ဘယ္ေလာက္ကို မသိမသာ ေက်ာ္ခဲ့သလဲဆိုတာ
    ျပန္မႏႈတ္ ၾကည့္ရေသးပါဘူး။ ကြၽန္ေတာ္ အစက လူ႔ဘဝကို ဖာသိဖာသာပဲ ထင္ခဲ့တာ။ ဒီေန႔ၿပီး မနက္ျဖန္။ မနက္ျဖန္ၿပီး သန္ဘက္ခါ။ သန္ဘက္ခါၿပီး ဖိန္းႏႊဲခါေပါ့။ ဒါေပမယ့္ ဒီ ကိန္းဂဏာန္းကို ျမင္ၿပီးတဲ့ေနာက္ပိုင္းမွ လူ႔ဘဝဟာ တိုတိုေလးပါလားဆိုတာ သိလိုက္ရတယ္။

    သင္ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ေတြးခဲ့မိဖူးသလား။ သင့္ရဲ႕ဘယ္ႏွစ္ရက္က ေပ်ာ္႐ႊင္ခဲ့လဲ? ဘယ္ႏွစ္ရက္က မေပ်ာ္႐ႊင္ခဲ့သလဲ? ဘယ္ႏွစ္ရက္က ေဒါသထြက္ခဲ့သလဲ? ဘယ္ႏွစ္ရက္က ၿငိမ္ၿငိမ္သက္သက္ ျဖတ္သန္းခဲ့လဲ? ဘယ္ႏွစ္ရက္က ၿပီးျပည့္စုံတယ္ခံစားရလဲ? ဘယ္ႏွစ္ရက္က အထီးက်န္တယ္ ထင္ရသလဲ? ဘယ္ႏွစ္ရက္က မိမိကိုယ္ကိုယ္ အတြက္လဲ? ဘယ္ႏွစ္ရက္က သူတစ္ပါးအတြက္ ျဖစ္ခဲ့သလဲ?

    ဒီေလာက္ လူ႔ဘဝ ရက္ေပါင္းတိုတိုေလး အတြင္းမွာ…. ဘယ္လို အခိုက္အတန႔္ေတြက တန္ဖိုးအရွိဆုံးအခ်ိန္ေတြလဲ? လူ႔ဘဝဟာ တန္ဖိုးရွိမွန္း ကြၽန္ေတာ္တို႔သိၾကပါတယ္။ ဒါေပမယ့္ ဘယ္ႏွစ္ေယာက္ကမ်ား တန္ဖိုးထားေပးတတ္ၾကလို႔လဲ?? ေရွးလူႀကီးေတြေျပာဖူးတယ္။ ” ေကာင္းကင္က အပ္တစ္စင္းနဲ႔ လူ႔ျပည္က အပ္တစ္စင္းထိဖို႔လြယ္မယ္.. လူျဖစ္ဖို႔က ခဲယဥ္းတယ္ .. ဒါေပမယ့္ ေသဖို႔ကေတာ့ ေျမႀကီးလက္ခတ္မလြဲဘူးေဟ့ -“တဲ့။

    ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔တစ္ရက္ အသက္ရွင္ႏိုင္သေ႐ြ႕ တစ္ရက္ မိမိကိုယ္ကို ဘယ္လိုျမတ္ႏိုးရမလဲဆိုတာေတြးတတ္ဖို႔လိုမယ္။ မိမိအိပ္မက္အတြက္ အေကာင္အထည္ေဖာ္ေနစဥ္ ေဘးက ျဖတ္သြားတဲ့ရႈခင္းကို ၾကည့္ဖို႔လဲ မေမ့ပါနဲ႔။ လူ႔ဘဝ ရက္ သုံးေသာင္းရဲ႕ ကုန္ခါနီးက်မွ ေဘးကရႈခင္းေတြ မၾကည့္ရမိပါလားလို႔ ေနာင္တရေနလဲ မထူးေတာ့ပါ။

    မိမိကိုယ္ကို ေနရာလြတ္ေပးထားပါ။ မိမိရဲ႕ အခ်ိန္ေတြကို အလုပ္က တစ္ကန႔္.. မိသားစုက တစ္ကန႔္ ခြဲထားပါ။ ေဖ်ာ့ေတာ့ေတာ့ ေနေရာင္ျခည္ေလးကို နင္းသြားရင္း ပန္းၿခံထဲက ျမက္ခင္းၾကားက အုတ္လမ္းေလးေပၚေလွ်ာက္ၾကည့္ပါ။

    ၿငိမ္သက္တဲ့ညအခါမွာ ဝရန္တာေပၚက ပလက္ကုလားထိုင္ေပၚ ထိုင္ရင္း လေပၚက နတ္သမီးေလးနဲ႔ ယုန္ ေျပးလႊားေဆာ့ကစားတာကို ၾကည့္ရင္း ေကာင္းကင္ေပၚက မိမိရဲ႕ ၿဂိဳလ္ခြင္ကို ရွာၾကည့္ပါ။

    ေသေသခ်ာခ်ာ စူးစူးစိုက္စိုက္ လုပ္ၾကည့္ပါ… လူ႔ဘဝထဲက ပုန္းေအာင္းေနတဲ့ သင္လွည့္မၾကည့္ခဲ့တဲ့ ရႈခင္းလွလွေလးေတြ အမ်ားႀကီး က်န္ေသးေနတယ္ဆိုတာ သင္ရိပ္စားမိလာမွာပါ။

    အမည္မသိ ကဗ်ာဆရာ တစ္ေယာက္ေျပာဖူးတယ္။ ” လူ႔ဘဝကို ခံစားတတ္တဲ့ထဲမွာ သဘာဝကို ခံစားတတ္ျခင္းက အေကာင္းဆုံးျဖစ္တယ္တဲ့” လူ႔ဘဝဟာ နဂိုကတည္းက အေရာင္အေသြး စုံစုံလင္လင္ ရွိၿပီးသားပါ။ အလုပ္..ေက်ာင္း.. ပိုက္ဆံ.. ဂုဏ္ျဒပ္.. ေတြကလြဲရင္ အျခား ကြၽန္ေတာ္တို႔သြားရွာေဖြဖို႔ အမ်ားႀကီး အမ်ားႀကီး က်န္ပါေသးတယ္။

    အရသာရွိတဲ့ စားေသာက္ဖြယ္ရာ.. ေႏြးေထြးတဲ့ မိသားစုဘဝ.. ျပာလဲ့လဲ့ေကာင္းကင္.. စိမ္းညိဳညိဳ ျမက္ခင္း.. ျဖဴေဖြးေဖြး တိမ္တိုက္.. က်ယ္ေျပာလွတဲ့ ပင္လယ္ျပင္…ျမင့္မားလွတဲ့ ေတာင္တန္းေတြ.. သီခ်င္း.. အေတြး.. တရားဓမၼ.. သူငယ္ခ်င္းသံေယာဇဥ္.. စာေပ.. အားကစား.. ေတြဟာ ေက်ာင္းစာအုပ္ နဲ႔ အလုပ္ပဲကလြဲရင္ ရွာေဖြသင့္တဲ့ အရာေတြပါ….

    တကယ္လို႔ သင္က အလုပ္မွအလုပ္ပဲ.. ေက်ာင္းစာမွ ေက်ာင္းစာပဲလို႔ ျဖစ္ေနခဲ့ရင္ေတာင္
    အခ်ိန္ေပးၿပီး မိမိပတ္ဝန္းက်င္က အလွမ်ားကို ခံစားၾကည့္လိုက္ပါ..

    ဒီအခ်ိန္မွ မခံစားၾကည့္ရင္ ဘယ္အခ်ိန္ကို ေစာင့္စားေနဦးမွာလဲ?? မိမိကိုယ္ကို ျမတ္ႏိုးတတ္ ခ်စ္တတ္ၿပီး အျမင္မ်ားေျပာင္းလဲၾကည့္ေပးပါ။

    ေကာင္းကင္က ဒီလိုပဲျပာတယ္။ သစ္ပင္ေတြက ဒီလိုစိမ္းစိုတယ္။ လူ႔ဘဝဟာလည္း တကယ္ေတာ့ ဒီလိုပဲ လွပတယ္။ ႏွစ္တစ္ေထာင္မွ တစ္ခါ မျဖစ္တဲ့လူ႔ဘဝကို တန္ဖိုးထားတတ္ႏိုင္ၾကပါေစ…..။

    Credit– စကားလက္ေဆာင္ တရားလက္ေဆာင္

    Young Buddhist Association

    (Unicode)

    ၈၃နှစ်ထိ အသက်ရှင်မယ်ဆိုရင်တောင်မှ လူ့တစ်သက်၊ ရက် သုံးသောင်းသာ .

    ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။ လူ့ဘဝက တကယ်ပဲ ရက်သုံးသောင်းပဲ ရှိတာလား။ မယုံလို့ တွက်ကြည့်လိုက်တယ်။

    30,000÷ 365 = 83(နှစ်)။ တကယ် ၈၃နှစ်ထိ အသက်ရှင်ခဲ့ရင်တောင် ပျှမ်းမျှ ရက် ၃သောင်းပဲ ရှိပါသည်။ ဒါတောင် ကျွန်တော်တို့ ရက်ပေါင်း ဘယ်လောက်ကို မသိမသာ ကျော်ခဲ့သလဲဆိုတာ ပြန်မနှုတ် ကြည့်ရသေးပါဘူး။ ကျွန်တော် အစက လူ့ဘဝကို ဖာသိဖာသာပဲ ထင်ခဲ့တာ။ ဒီနေ့ပြီး မနက်ဖြန်။ မနက်ဖြန်ပြီး သန်ဘက်ခါ။ သန်ဘက်ခါပြီး ဖိန်းနွှဲခါပေါ့။ ဒါပေမယ့် ဒီ ကိန်းဂဏာန်းကို မြင်ပြီးတဲ့နောက်ပိုင်းမှ လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ သိလိုက်ရတယ်။

    သင် ငြိမ်ငြိမ်လေးထိုင်ပြီး တွေးခဲ့မိဖူးသလား။ သင့်ရဲ့ဘယ်နှစ်ရက်က ပျော်ရွှင်ခဲ့လဲ? ဘယ်နှစ်ရက်က မပျော်ရွှင်ခဲ့သလဲ? ဘယ်နှစ်ရက်က ဒေါသထွက်ခဲ့သလဲ? ဘယ်နှစ်ရက်က ငြိမ်ငြိမ်သက်သက် ဖြတ်သန်းခဲ့လဲ? ဘယ်နှစ်ရက်က ပြီးပြည့်စုံတယ်ခံစားရလဲ? ဘယ်နှစ်ရက်က အထီးကျန်တယ် ထင်ရသလဲ? ဘယ်နှစ်ရက်က မိမိကိုယ်ကိုယ် အတွက်လဲ? ဘယ်နှစ်ရက်က သူတစ်ပါးအတွက် ဖြစ်ခဲ့သလဲ?

    ဒီလောက် လူ့ဘဝ ရက်ပေါင်းတိုတိုလေး အတွင်းမှာ…. ဘယ်လို အခိုက်အတန့်တွေက တန်ဖိုးအရှိဆုံးအချိန်တွေလဲ? လူ့ဘဝဟာ တန်ဖိုးရှိမှန်း ကျွန်တော်တို့သိကြပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ကများ တန်ဖိုးထားပေးတတ်ကြလို့လဲ?? ရှေးလူကြီးတွေပြောဖူးတယ်။ ” ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းထိဖို့လွယ်မယ်.. လူဖြစ်ဖို့က ခဲယဉ်းတယ် .. ဒါပေမယ့် သေဖို့ကတော့ မြေကြီးလက်ခတ်မလွဲဘူးဟေ့ -“တဲ့။

    ဒါ့ကြောင့် ကျွန်တော်တို့တစ်ရက် အသက်ရှင်နိုင်သရွေ့ တစ်ရက် မိမိကိုယ်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာတွေးတတ်ဖို့လိုမယ်။ မိမိအိပ်မက်အတွက် အကောင်အထည်ဖော်နေစဉ် ဘေးက ဖြတ်သွားတဲ့ရှုခင်းကို ကြည့်ဖို့လဲ မမေ့ပါနဲ့။ လူ့ဘဝ ရက် သုံးသောင်းရဲ့ ကုန်ခါနီးကျမှ ဘေးကရှုခင်းတွေ မကြည့်ရမိပါလားလို့ နောင်တရနေလဲ မထူးတော့ပါ။

    မိမိကိုယ်ကို နေရာလွတ်ပေးထားပါ။ မိမိရဲ့ အချိန်တွေကို အလုပ်က တစ်ကန့်.. မိသားစုက တစ်ကန့် ခွဲထားပါ။ ဖျော့တော့တော့ နေရောင်ခြည်လေးကို နင်းသွားရင်း ပန်းခြံထဲက မြက်ခင်းကြားက အုတ်လမ်းလေးပေါ်လျှောက်ကြည့်ပါ။

    ငြိမ်သက်တဲ့ညအခါမှာ ဝရန်တာပေါ်က ပလက်ကုလားထိုင်ပေါ် ထိုင်ရင်း လပေါ်က နတ်သမီးလေးနဲ့ ယုန် ပြေးလွှားဆော့ကစားတာကို ကြည့်ရင်း ကောင်းကင်ပေါ်က မိမိရဲ့ ဂြိုလ်ခွင်ကို ရှာကြည့်ပါ။

    သေသေချာချာ စူးစူးစိုက်စိုက် လုပ်ကြည့်ပါ… လူ့ဘဝထဲက ပုန်းအောင်းနေတဲ့ သင်လှည့်မကြည့်ခဲ့တဲ့ ရှုခင်းလှလှလေးတွေ အများကြီး ကျန်သေးနေတယ်ဆိုတာ သင်ရိပ်စားမိလာမှာပါ။

    အမည်မသိ ကဗျာဆရာ တစ်ယောက်ပြောဖူးတယ်။ ” လူ့ဘဝကို ခံစားတတ်တဲ့ထဲမှာ သဘာဝကို ခံစားတတ်ခြင်းက အကောင်းဆုံးဖြစ်တယ်တဲ့” လူ့ဘဝဟာ နဂိုကတည်းက အရောင်အသွေး စုံစုံလင်လင် ရှိပြီးသားပါ။ အလုပ်..ကျောင်း.. ပိုက်ဆံ.. ဂုဏ်ဒြပ်.. တွေကလွဲရင် အခြား ကျွန်တော်တို့သွားရှာဖွေဖို့ အများကြီး အများကြီး ကျန်ပါသေးတယ်။

    အရသာရှိတဲ့ စားသောက်ဖွယ်ရာ.. နွေးထွေးတဲ့ မိသားစုဘဝ.. ပြာလဲ့လဲ့ကောင်းကင်.. စိမ်းညိုညို မြက်ခင်း.. ဖြူဖွေးဖွေး တိမ်တိုက်.. ကျယ်ပြောလှတဲ့ ပင်လယ်ပြင်…မြင့်မားလှတဲ့ တောင်တန်းတွေ.. သီချင်း.. အတွေး.. တရားဓမ္မ.. သူငယ်ချင်းသံယောဇဉ်.. စာပေ.. အားကစား.. တွေဟာ ကျောင်းစာအုပ် နဲ့ အလုပ်ပဲကလွဲရင် ရှာဖွေသင့်တဲ့ အရာတွေပါ….

    တကယ်လို့ သင်က အလုပ်မှအလုပ်ပဲ.. ကျောင်းစာမှ ကျောင်းစာပဲလို့ ဖြစ်နေခဲ့ရင်တောင်
    အချိန်ပေးပြီး မိမိပတ်ဝန်းကျင်က အလှများကို ခံစားကြည့်လိုက်ပါ..

    ဒီအချိန်မှ မခံစားကြည့်ရင် ဘယ်အချိန်ကို စောင့်စားနေဦးမှာလဲ?? မိမိကိုယ်ကို မြတ်နိုးတတ် ချစ်တတ်ပြီး အမြင်များပြောင်းလဲကြည့်ပေးပါ။

    ကောင်းကင်က ဒီလိုပဲပြာတယ်။ သစ်ပင်တွေက ဒီလိုစိမ်းစိုတယ်။ လူ့ဘဝဟာလည်း တကယ်တော့ ဒီလိုပဲ လှပတယ်။ နှစ်တစ်ထောင်မှ တစ်ခါ မဖြစ်တဲ့လူ့ဘဝကို တန်ဖိုးထားတတ်နိုင်ကြပါစေ…..။

    Credit– စကားလက်ဆောင် တရားလက်ဆောင်

    Young Buddhist Association

  • ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    (Zawgyi)

    ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

    မိုးရာသီဟာ စိုထိုင္းလွတဲ့ အတြက္ ျခင္ေတြ ေပါက္ဖြားလို႔ အေကာင္းဆံုး ရာသီပါ။ ကေလး၊ လူႀကီး မေရြး ျဖစ္တတ္တဲ့ ငွက္ဖ်ား၊ တုပ္ေကြးေရာဂါေတြဟာ ျခင္ကေန တဆင့္ ကူးစက္တာေၾကာင့္ မိုးတြင္းဟာ ျခင္အႏၱာရာယ္ ဂရုစိုက္ရမယ့္ လပါ။ ျခင္ကိုက္သြားတဲ့ အခါမွာလည္း အခ်ိန္ အေတာ္ၾကာ ယားယံၿပီး အဖုအပိန္႔ေလးေတြ ထြက္လာတ့ဲ အခါ ကုတ္ဖဲ့ၾကရင္း အမာရြတ္ေတြ ျဖစ္ၿပီး အလွေတြ ေလွ်ာ့ရျပန္ပါတယ္။

    အိမ္မွာပဲ အလြယ္တကူ ရွိတဲ့ အစားအစာေတြနဲ႔ ျခင္ကိုက္နာေတြကို သက္သာေအာင္ ျပဳလုပ္လို႔ ရပါတယ္။ မခက္ခဲတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေစပါရေစ။

    ၁။ လက္ဖက္စိမ္း အထုပ္ေလးေတြကို ေရခဲေသတၱာထဲ ခဏထည့္ထားပါ။ ေအးလာရင္ ျခင္ကိုက္ဖုေတြေပၚ ခဏတင္ထားလုိက္ပါ။ အေအးက အယားသက္သာေစၿပီး လက္ဖက္စိမ္းကေတာ့ အမာရြတ္မျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

    ၂။ ပ်ားရည္ တစ္စက္ေလာက္ကို အကိုက္ခံရတဲ့ ေနရာေပၚ ခပ္ပါးပါး လိမ္းေပးထားပါ။ အယားသက္သာၿပီး အေရျပားကို မထိခိုက္ေစဘဲသက္သာသြားပါမယ္။

    ၃။ အိမ္သံုးဆားကို နည္းနည္းယူၿပီး ပြတ္ေပးပါ။ ဒါမွမဟုတ္ သနပ္ခါးနဲ႔ ေရာေသြးၿပီး လိမ္းေပးပါ။ အယားသက္သာၿပီး ေရာင္ရမ္းသာ သက္သာေစပါတယ္။

    ၄။ ရွားေစာင္းလက္ပတ္ကို ခြဲၿပီး ကိုက္ခံရတဲ့ ေနရာေတြကို အံုေပးပါ။ အပင္မရွိရင္ ရွားေစာင္းလက္ပတ္ ၉၉ % ပါ၀င္တဲ့ cream တစ္ခုခု လိမ္းေပးထားပါ။

    ၅။ အလြယ္ဆံုးက ေရခဲပါ။ ေရခဲတံုးေလးေတြကုိ အကိုက္ခံရတဲ့ အေပၚ ပြတ္ေပးပါ။ အယားသက္သာေစၿပီး အဖုအပိန္႔ေတြသက္သာသြားပါလိမ့္မယ္။

    ၆။ သံပုသီးကို ျခမ္းၿပီး အဖုေတြေပၚကို ခပ္ဖြဖြ ပြတ္ေပးပါ။

    ၇။ ငွက္ေပ်ာသီး အခြံနဲ႔ လည္း ပြတ္ေပးရင္ သက္သာပါတယ္။

    ၈။ မုန္႔ဖုတ္ေပါင္ဒါကို ေရနဲ႔ ေရာၿပီး လိမ္းေပးရင္လည္း ရပါတယ္။

    ၉။ ပန္းသီးဗင္နီကာကို ကိုက္ခံထားရတဲ့ ေနရာေပၚ တို႔ေပးပါ။

    zeenews

    Credit: MyStyle Myanmar

    (Unicode)

    ခြင်ကိုက်ဖုတွေ သက်သာအောင် လုပ်ပေးမယ့် မီးဖိုထဲက အရာများ

    မိုးရာသီဟာ စိုထိုင်းလှတဲ့ အတွက် ခြင်တွေ ပေါက်ဖွားလို့ အကောင်းဆုံးရာသီပါ။ ကလေး၊ လူကြီး မရွေး ဖြစ်တတ်တဲ့ ငှက်ဖျား၊ တုပ်ကွေးရောဂါတွေဟာ ခြင်ကနေတဆင့် ကူးစက်တာကြောင့် မိုးတွင်းဟာ ခြင်အန္တာရာယ် ဂရုစိုက်ရမယ့် လပါ။ ခြင်ကိုက်သွားတဲ့ အခါမှာလည်း အချိန် အတော်ကြာ ယားယံပြီး အဖုအပိန့်လေးတွေ ထွက်လာတဲ့ အခါ ကုတ်ဖဲ့ကြရင်း အမာရွတ်တွေ ဖြစ်ပြီး အလှတွေ လျှော့ရပြန်ပါတယ်။ အိမ်မှာပဲ အလွယ်တကူ ရှိတဲ့ အစားအစာတွေနဲ့ ခြင်ကိုက်နာတွေကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ မခက်ခဲတဲ့ နည်းလမ်းကောင်းလေးတွေကို မျှစေပါရစေ။

    ၁။ လက်ဖက်စိမ်း အထုပ်လေးတွေကို ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ အေးလာရင် ခြင်ကိုက်ဖုတွေပေါ် ခဏတင်ထားလိုက်ပါ။ အအေးက အယားသက်သာစေပြီး လက်ဖက်စိမ်းကတော့ အမာရွတ်မဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

    ၂။ ပျားရည် တစ်စက်လောက်ကို အကိုက်ခံရတဲ့ နေရာပေါ် ခပ်ပါးပါး လိမ်းပေးထားပါ။ အယားသက်သာပြီး အရေပြားကို မထိခိုက်စေဘဲသက်သာသွားပါမယ်။

    ၃။ အိမ်သုံးဆားကို နည်းနည်းယူပြီး ပွတ်ပေးပါ။ ဒါမှမဟုတ် သနပ်ခါးနဲ့ ရောသွေးပြီး လိမ်းပေးပါ။ အယားသက်သာပြီး ရောင်ရမ်းသာ သက်သာစေပါတယ်။

    ၄။ ရှားစောင်းလက်ပတ်ကို ခွဲပြီး ကိုက်ခံရတဲ့ နေရာတွေကို အုံပေးပါ။ အပင်မရှိရင် ရှားစောင်းလက်ပတ် ၉၉ % ပါဝင်တဲ့ cream တစ်ခုခု လိမ်းပေးထားပါ။

    ၅။ အလွယ်ဆုံးက ရေခဲပါ။ ရေခဲတုံးလေးတွေကို အကိုက်ခံရတဲ့ အပေါ် ပွတ်ပေးပါ။ အယားသက်သာစေပြီး အဖုအပိန့်တွေသက်သာသွားပါလိမ့်မယ်။

    ၆။ သံပုသီးကို ခြမ်းပြီး အဖုတွေပေါ်ကို ခပ်ဖွဖွ ပွတ်ပေးပါ။

    ၇။ ငှက်ပျောသီး အခွံနဲ့ လည်း ပွတ်ပေးရင် သက်သာပါတယ်။

    ၈။ မုန့်ဖုတ်ပေါင်ဒါကို ရေနဲ့ ရောပြီး လိမ်းပေးရင်လည်း ရပါတယ်။

    ၉။ ပန်းသီးဗင်နီကာကို ကိုက်ခံထားရတဲ့ နေရာပေါ် တို့ပေးပါ။

    zeenews

    Credit: MyStyle Myanmar

     

  • အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ယူလိုက္ပါအံုးမယ္ဆိုတာ မွန္ပါ့မလား?

    (Zawgyi)

    အိပ္ရာဝင္ခါနီး ရွစ္ပါးသီလယူတာ မွန္ပါသလား

    ေမး- အရွင္ဘုရား- ဆရာေတာ္တစ္ပါးက ရွစ္ပါးသီလ (သို႔) ကိုးပါးသီလ ယူၿပီးသီလႏွင့္ အိပ္လွ်င္ အက်ိဳးရွိေၾကာင္း သင္ၾကားပါသည္.. အျခားတစ္ပါးကမူ အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ကိုးပါးသီလ ေဆာက္တည္ျခင္းမွာ လူပ်င္းအလုပ္ျဖစ္၍ အက်ိဳးမမ်ားဟု ဆိုျပန္ပါသည္.. တပည့္ေတာ္ ေခါင္းရႈပ္သြားပါသျဖင့္ ဆရာေတာ္ဘုရားမွ ေျဖၾကားေပးေစခ်င္ပါသည္ဘုရား?..

    ေျဖ- ဝိဇၨာလယ ေက်ာင္းေဆာင္ေတာ္မ်ား ေရစက္ခ်ပြဲ အခမ္းအနားမွာ မင္းကြန္းတိပိဋက ဆရာေတာ္ႀကီးက ဤအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ စိတ္ထဲက အခ်ိန္ကာလကိုပိုင္းျဖတ္ၿပီး ေဆာက္တည္ဖို႔ ၫႊန္ၾကားရင္း ပရိသတ္အား ကိုးပါးသီလ ခ်ီးျမႇင့္ဖူးတာကို အမွတ္ရတယ္.. အခ်ိန္ကာလ ပိုင္းျခားသတ္မွတ္ၿပီး ေဆာက္တည္တဲ့ ကာလပရိယႏၲသီလ ရာသက္ပန္ ေဆာက္တည္တဲ့ အာပါဏေကာဋိကသီလလို႔ ဥပုသ္သီလ ေဆာက္တည္ပုံ ႏွစ္မ်ိဳးရွိတယ္..(ဝိသုဒၶိမဂၢ ၁-၁၂).. ဒီေန႔ ဒီည ဒီအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ အခ်ိန္ကိုသတ္မွတ္ၿပီး ေဆာက္တည္ရင္ ကာလပရိယႏၲသီလ(ဝိသုဒၶိမဂၢ-ဋီ ၁-၃၃).. အဲဒီက်မ္းဆိုအရ ဆရာေတာ္ႀကီး မိန႔္ေတာ္မူတာ ျဖစ္ပါတယ္..

    တစ္နာရီၾကာ အခမ္းအနားဆိုရင္ အဲဒီသီလက တစ္နာရီဥပုသ္သီလ ျဖစ္မွာေပါ့.. ဒါလည္း စိတ္ပါရင္ အက်ိဳးရွိႏိုင္တာပဲ.. ဘာမွန္းမသိ သူမ်ားဆိုလို႔ လိုက္ဆိုတာမ်ိဳးဆိုရင္ေတာ့ သိပ္မထူးျခားပါဘူး.. အလႉပြဲအခမ္းအနားေတြမွာ ဆရာေတာ္ႀကီးမ်ားက ေစတနာပိုၿပီး ကာလ ပရိယႏၲ ကိုးပါးသီလ ခ်ီးျမႇင့္တာကို လက္ခံေပမယ့္ အေျခအေနေကာင္း ရွိပါလ်က္နဲ႔ ၂နာရီပဲ ၁နာရီပဲ ဥပုသ္ေစာင့္ၾကည့္မယ္ ဆိုတာမ်ိဳးကိုေတာ့ လူပ်င္းအလုပ္လို႔ ယူဆတဲ့အတြက္ ဘုန္းႀကီးအားမေပးလိုဘူး..

    ‘အိပ္ခါနီးသီလ’ သာမန္အိမ္ေထာင္သည္တစ္ေယာက္အေနနဲ႔ ရာသက္ပန္ ဥပုသ္သီလ ေဆာက္တည္ဖို႔ ခက္တယ္.. ဒါေၾကာင့္ ၁ရက္ ၁ပတ္ ၁လစသည္ အဓိ႒ာန္ၿပီး ဥပုသ္သီလ ေဆာက္တည္ႏိုင္တယ္.. အေၾကာင္းမညီၫြတ္ေသးလို႔ ေန႔အခ်ိန္မျဖစ္ႏိုင္ရင္ အမွန္ေစာင့္လိုစိတ္နဲ႔ အနည္းဆုံး ညအိပ္ရာဝင္ခါနီး ဥပုသ္သီလခံယူၿပီး အိပ္တာမ်ိဳးကိုေတာ့ ဘုန္းႀကီးအားေပးပါတယ္..

    သီလယူၿပီးေနာက္ အိပ္ရာေပၚမွာ ကိုယ့္သီလကို အဖန္ဖန္ ဆင္ျခင္ၿပီး အိပ္ရင္ သီလာႏုႆတိ (ကိုယ့္သီလကို ဆင္ျခင္ျခင္း)ဘာဝနာလည္း ျဖစ္ႏိုင္တာပဲ.. အပ်င္းေျပ သေဘာမ်ိဳးမဟုတ္ပဲ ဆႏၵာဓိပတိတပ္လုပ္ရင္ အက်ိဳးလည္းႀကီးပါတယ္.. ေရာဂါေပ်ာက္ခ်င္လို႔ စိတ္ဆိုးစိတ္ေကာက္လို႔ ဟန္ေဆာင္လို႔ဆိုတဲ့ မမွန္စိတ္ထားနဲ႔ ဆိုရင္ေတာ့ ေန႔ညမဟူ ဥပုသ္ေစာင့္လို႔ အက်ိဳးမမ်ားႏိုင္ပါဘူး..

    ‘ေရွာင္ရန္’ ဝကဇာတ္ေတာ္(ဇာ-႒၂..၄၀၇)မွာ ေက်ာက္ေဆာင္တစ္ခုကို အမွီျပဳေနထိုင္ၿပီး သားေကာင္ရွာမရတဲ့ က်ားသစ္တစ္ေကာင္ဟာ ‘အလုပ္မရွိတဲ့အဆုံး ဥပုသ္ေစာင့္တာပဲေကာင္းတယ္’ဆိုၿပီး ဥပုသ္ေစာင့္ရင္း အိပ္သတဲ့.. က်ားသစ္ရဲ႕စိတ္ကို သိလိုတာနဲ႔ သိၾကားမင္းက ဆိတ္ေယာင္ေဆာင္ၿပီး လာျပသတဲ့.. က်ားသစ္ ႏိုးၿပီး ေတြ႕ေတာ့ ‘ဥပုသ္ကို ေနာက္မွေစာင့္လည္း ရတာပဲ’ ‘အစာရွိတုန္း ဖမ္းလိုက္ဦးမွ’ဆိုၿပီး ဆိတ္ကိုဖမ္းဖို႔ ႀကိဳးစားသတဲ့.. ဖမ္းမရတဲ့အခါ ‘အင္း..ငါ့ဥပုသ္ မက်ိဳးေသးဘူး’ဆိုၿပီး ျပန္အိပ္သတဲ့.. သမာဒါန ဒုဗၺလ ျဖစ္(ေစာင့္ထိန္းမႈမွာ အားနည္း) လို႔ ဒါမ်ိဳးေတာ့ မလုပ္သင့္ဘူး….။

    အရွင္ေကလာသ

    ေစတနာေမတၱာအရင္းခံျဖင့္ ထပ္ဆင့္မွ်ေဝပါသည္..

    Credit – ohmarshin

    (Unicode)

    အိပ်ရာဝင်ခါနီး ရှစ်ပါးသီလယူတာ မှန်ပါသလား

    မေး- အရှင်ဘုရား- ဆရာတော်တစ်ပါးက ရှစ်ပါးသီလ (သို့) ကိုးပါးသီလ ယူပြီးသီလနှင့် အိပ်လျှင် အကျိုးရှိကြောင်း သင်ကြားပါသည်.. အခြားတစ်ပါးကမူ အိပ်ရာဝင်ခါနီး ရှစ်ပါးသီလ ကိုးပါးသီလ ဆောက်တည်ခြင်းမှာ လူပျင်းအလုပ်ဖြစ်၍ အကျိုးမများဟု ဆိုပြန်ပါသည်.. တပည့်တော် ခေါင်းရှုပ်သွားပါသဖြင့် ဆရာတော်ဘုရားမှ ဖြေကြားပေးစေချင်ပါသည်ဘုရား?..

    ဖြေ- ဝိဇ္ဇာလယ ကျောင်းဆောင်တော်များ ရေစက်ချပွဲ အခမ်းအနားမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးက ဤအချိန်အတွင်း ဆောက်တည်မယ်လို့ စိတ်ထဲက အချိန်ကာလကိုပိုင်းဖြတ်ပြီး ဆောက်တည်ဖို့ ညွှန်ကြားရင်း ပရိသတ်အား ကိုးပါးသီလ ချီးမြှင့်ဖူးတာကို အမှတ်ရတယ်.. အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်တဲ့ ကာလပရိယန္တသီလ ရာသက်ပန် ဆောက်တည်တဲ့ အာပါဏကောဋိကသီလလို့ ဥပုသ်သီလ ဆောက်တည်ပုံ နှစ်မျိုးရှိတယ်..(ဝိသုဒ္ဓိမဂ္ဂ ၁-၁၂).. ဒီနေ့ ဒီည ဒီအချိန်အတွင်း ဆောက်တည်မယ်လို့ အချိန်ကိုသတ်မှတ်ပြီး ဆောက်တည်ရင် ကာလပရိယန္တသီလ(ဝိသုဒ္ဓိမဂ္ဂ-ဋီ ၁-၃၃).. အဲဒီကျမ်းဆိုအရ ဆရာတော်ကြီး မိန့်တော်မူတာ ဖြစ်ပါတယ်..

    တစ်နာရီကြာ အခမ်းအနားဆိုရင် အဲဒီသီလက တစ်နာရီဥပုသ်သီလ ဖြစ်မှာပေါ့.. ဒါလည်း စိတ်ပါရင် အကျိုးရှိနိုင်တာပဲ.. ဘာမှန်းမသိ သူများဆိုလို့ လိုက်ဆိုတာမျိုးဆိုရင်တော့ သိပ်မထူးခြားပါဘူး.. အလှူပွဲအခမ်းအနားတွေမှာ ဆရာတော်ကြီးများက စေတနာပိုပြီး ကာလ ပရိယန္တ ကိုးပါးသီလ ချီးမြှင့်တာကို လက်ခံပေမယ့် အခြေအနေကောင်း ရှိပါလျက်နဲ့ ၂နာရီပဲ ၁နာရီပဲ ဥပုသ်စောင့်ကြည့်မယ် ဆိုတာမျိုးကိုတော့ လူပျင်းအလုပ်လို့ ယူဆတဲ့အတွက် ဘုန်းကြီးအားမပေးလိုဘူး..

    ‘အိပ်ခါနီးသီလ’ သာမန်အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရာသက်ပန် ဥပုသ်သီလ ဆောက်တည်ဖို့ ခက်တယ်.. ဒါကြောင့် ၁ရက် ၁ပတ် ၁လစသည် အဓိဋ္ဌာန်ပြီး ဥပုသ်သီလ ဆောက်တည်နိုင်တယ်.. အကြောင်းမညီညွတ်သေးလို့ နေ့အချိန်မဖြစ်နိုင်ရင် အမှန်စောင့်လိုစိတ်နဲ့ အနည်းဆုံး ညအိပ်ရာဝင်ခါနီး ဥပုသ်သီလခံယူပြီး အိပ်တာမျိုးကိုတော့ ဘုန်းကြီးအားပေးပါတယ်..

    သီလယူပြီးနောက် အိပ်ရာပေါ်မှာ ကိုယ့်သီလကို အဖန်ဖန် ဆင်ခြင်ပြီး အိပ်ရင် သီလာနုဿတိ (ကိုယ့်သီလကို ဆင်ခြင်ခြင်း)ဘာဝနာလည်း ဖြစ်နိုင်တာပဲ.. အပျင်းပြေ သဘောမျိုးမဟုတ်ပဲ ဆန္ဒာဓိပတိတပ်လုပ်ရင် အကျိုးလည်းကြီးပါတယ်.. ရောဂါပျောက်ချင်လို့ စိတ်ဆိုးစိတ်ကောက်လို့ ဟန်ဆောင်လို့ဆိုတဲ့ မမှန်စိတ်ထားနဲ့ ဆိုရင်တော့ နေ့ညမဟူ ဥပုသ်စောင့်လို့ အကျိုးမများနိုင်ပါဘူး..

    ‘ရှောင်ရန်’ ဝကဇာတ်တော်(ဇာ-ဋ္ဌ၂..၄၀၇)မှာ ကျောက်ဆောင်တစ်ခုကို အမှီပြုနေထိုင်ပြီး သားကောင်ရှာမရတဲ့ ကျားသစ်တစ်ကောင်ဟာ ‘အလုပ်မရှိတဲ့အဆုံး ဥပုသ်စောင့်တာပဲကောင်းတယ်’ဆိုပြီး ဥပုသ်စောင့်ရင်း အိပ်သတဲ့.. ကျားသစ်ရဲ့စိတ်ကို သိလိုတာနဲ့ သိကြားမင်းက ဆိတ်ယောင်ဆောင်ပြီး လာပြသတဲ့.. ကျားသစ် နိုးပြီး တွေ့တော့ ‘ဥပုသ်ကို နောက်မှစောင့်လည်း ရတာပဲ’ ‘အစာရှိတုန်း ဖမ်းလိုက်ဦးမှ’ဆိုပြီး ဆိတ်ကိုဖမ်းဖို့ ကြိုးစားသတဲ့.. ဖမ်းမရတဲ့အခါ ‘အင်း..ငါ့ဥပုသ် မကျိုးသေးဘူး’ဆိုပြီး ပြန်အိပ်သတဲ့.. သမာဒါန ဒုဗ္ဗလ ဖြစ်(စောင့်ထိန်းမှုမှာ အားနည်း) လို့ ဒါမျိုးတော့ မလုပ်သင့်ဘူး….။

    အရှင်ကေလာသ

    စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..

    Credit – ohmarshin

  • ရွားေစာင္းလက္ပက္ကို အိမ္မွာ ဘယ္လိုစိုက္မလဲ

    (Zawgyi)

    ရွားေစာင္းလက္ပက္ကို အိမ္မွာ ဘယ္လိုစိုက္မလဲ

    ရွားေစာင္းလက္ပက္ဆိုတာကေတာ့ က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသုံးဝင္႐ုံမက အိမ္မွာစိုက္ပ်ိဳးထားရင္လည္း မ်က္စိပသာဒ ေအးပါတယ္။

    ရွားေစာင္းလက္ပက္မွာ Antioxidant (ဓါတ္တိုးဆန႔္က်င္ပစၥည္း) ေတြပါဝင္လို႔ အ႐ြယ္တင္ႏုပ်ိဳေစသလို ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစလို႔ ဘက္တီးရီးယားပိုးမႊားေတြဝင္ေရာက္ျခင္းကေန ကာကြယ္ေပးပါတယ္။

    ဒါ့အျပင္ ဝက္ၿခံ၊ အသားအေရေျခာက္တာ စတဲ့ အေရျပားဆိုင္ရ ျပႆနာေတြအတြက္လည္း ေကာင္းမြန္တာမို႔ အလွအပႀကိဳက္သူတို႔ရဲ႕ အေဖာ္မြန္ပါပဲ။

    ပ်ိဳးပင္စိုက္မယ္-

    ရွားေစာင္းလက္ပက္ပ်ိဳးပင္ကို သဲ၊ အုန္နီခဲအက်ိဳး၊ မီးေသြး စတာေတြကို ေျမႀကီးထဲမွာ အနည္းငယ္ေရာၿပီး စိုက္ပ်ိဳးေပးပါ။ (သစ္ေဆြးေတြေတာ့ မပါပါေစနဲ႔၊ အျမစ္ေတြကိုထိခိုက္ႏိုင္ပါတယ္။)

    ေႏြရာသီအတြင္းမွာလည္း ေရမၾကာခဏေလာင္းေပးစရာမလိုပါဘူး။ ညဖက္ေတြမွာက်တဲ့ဆီးႏွင္းေတြကို အ႐ြက္ေတြက သိုေလွာင္ထားႏိုင္လို႔ပါ။

    ရွားေစာင္းလက္ပက္ကို အပူခ်ိန္နိမ့္တဲ့ေနရာမွာစိုက္ပ်ိဳးသင့္ပါတယ္။ ျစကၤ ံမွာ (သို႔) ေအးတဲ့အခန္းထဲမွာ ထားသင့္ပါတယ္။ တခါတေလမွာ ႏိုက္ထ႐ိုဂ်င္နဲ႔ သတၱဳဓါတ္ေတြပါဝင္တဲ့ ေျမၾသဇာကို အသုံးျပဳႏိုင္ပါတယ္။

    အပင္ကိုေ႐ႊ႕စိုက္တဲ့ေနရာမွာ တစ္ပင္တည္း သီးသန႔္ေ႐ႊ႕စိုက္မယ္ဆိုရင္ ၅ ႏွစ္သားေလာက္အ႐ြယ္မွာ ေ႐ႊ႕စိုက္တာက အေကာင္းဆုံးပါပဲ။

    ရွားေစာင္းလက္ပက္ကိုေ႐ႊ႕စိုက္ရာမွာ ေျခာက္ေသြ႕တဲ့ေျမဆီလႊာမွာမစိုက္ရသလို ေရလည္းမေလာင္းရပါဘူး။ အပင္ကိုေ႐ႊ႕စိုက္မယ္ဆိုရင္ အျမစ္ကိုေသခ်ာႏႈတ္ၿပီး ေျမႀကီးကိုသန႔္စင္ေပးပါ။ အနာဆာရွိတဲ့ အျမစ္ေတြကို ဖယ္ရွားေပးၿပီး သစ္ရႈးေတြကို မထိခိုက္မိေအာင္ဂ႐ုစိုက္ပါ။မေကာင္းတဲ့ အျမစ္ကိုျဖတ္ထုတ္ရာမွာ သစ္ရႈးေတြမထိခိုက္ေစဖို႔ ကပ္ေၾကးထက္ထက္ကို အသုံးျပဳႏိုင္ပါတယ္။

    အပင္ကိုစိုက္ၿပီးရင္ ၅ ရက္ (သို႔) ၆ ရက္ေလာက္ေရမေလာင္းပါနဲ႔။ အပင္စိုက္ထားတဲ့အိုးကိုလည္း ေနရိပ္တဲ့ေနရာမွာထားပါ။ အပင္ရွင္သန္လာပါလိမ့္မယ္။

    အေစ့ကိုစိုက္မယ္-

    ရွားေစာင္းလက္ပက္ကို ေဖေဖာ္ဝါရီ (သို႔) မတ္လ အပူခ်ိန္ ၂၁°C မွာ စတင္ပ်ိဳးႀကဲစိုက္ပ်ိဳးသင့္ပါတယ္။ သဲ၊ မီးေသြး ၊ အုတ္နီခဲအက်ိဳး စတာေတြကိုေရာၿပီး အသုံးျပဳသင့္ပါတယ္။ အပင္ေပါက္လာလို႔ အ႐ြက္ ၂ ႐ြက္ေလာက္ထြက္လာၿပီဆိုရင္ အိုးထဲမွာ ေ႐ႊ႕စိုက္လို႔ရပါၿပီ။

    Credit-MyFood Myanmar

    (Unicode)

    ရှားစောင်းလက်ပက်ကို အိမ်မှာ ဘယ်လိုစိုက်မလဲ

    ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာဒ အေးပါတယ်။

    ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

    ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

    ပျိုးပင်စိုက်မယ်-

    ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)

    နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။

    ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စြင်္က ံမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။

    အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။

    ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။ အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။

    အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။

    အစေ့ကိုစိုက်မယ်-

    ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁°C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။ သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။

    Credit-MyFood Myanmar

  • ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

    (Zawgyi)

    ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

    ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး မစားသုံးသင့္တဲ့ အစားအစာမ်ား

    ႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ အနံ႔အလြန္ေမႊးၿပီး အရသာရွိလွတဲ့ ဒူးရင္းသီးဟာ အာဟာရဓာတ္ေတြ ႂကြယ္ဝစြာ ပါရွိတာမွန္ေပမယ့္ အလြန္အကြၽံစားသုံးတဲ့အခါနဲ႔ တြဲဖက္မစားသုံးသင့္တဲ့အစားအစာေတြနဲ႔ တြဲဖက္စားသုံးမိမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒူးရင္းသီးနဲ႔တြဲဖက္ၿပီးမစားသုံးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

    (၁) ဒူးရင္းသီးစားသုံးၿပီးတဲ့အခါနဲ႔ မစားသုံးခင္မွာ အရက္၊ ဘီယာ၊ ဝိုင္အစရွိတဲ့ အယ္လ္ကိုေဟာ ပါဝင္တဲ့ အရည္ေတြ ေသာက္သုံးျခင္းကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။ တြဲဖက္စားသုံးျခင္းအားျဖင့္ ဦးေႏွာက္ေသြးေၾကာျပတ္ျခင္း၊ ႏွလုံးေသြးေၾကာေပါက္ျခင္းနဲ႔ ေလျဖတ္ႏိုင္ျခင္းတို႔ကို ျဖစ္ေစႏိုင္တာေၾကာင့္ တြဲဖက္စားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

    (၂) ေသြးတိုးေရာဂါရွိသူေတြအေနနဲ႔ ဒူးရင္းသီးစားၿပီး ႏို႔ထြက္ပစၥည္းမ်ား ထပ္မံစားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ အခန႔္မသင့္ရင္ ေသေစႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳဆင္ျခင္သင့္ပါတယ္။

    (၃) ဒူးရင္းသီးစားၿပီး ခရမ္းသီးစားျခင္းဟာ အပူစာႏွစ္ခုကို တၿပိဳင္နက္တည္းစားသုံးသလိုျဖစ္တာေၾကာင့္ အပူမ်ားၿပီး လည္ေခ်ာင္းနာျခင္းနဲ႔ ဖ်ားနာျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

    (၄) ဒူးရင္းသီးနဲ႔ ဂဏန္းတြဲဖက္စားသုံးျခင္းဟာ အပူစာနဲ႔ အေအးစာႏွစ္ခုကို စားသုံးသလိုျဖစ္တာေၾကာင့္ ဝမ္းဗိုက္မအီမသာျဖစ္ျခင္းနဲ႔ ဗိုက္ေအာင့္ ဗိုက္နာေတြကိုျဖစ္ေစႏိုင္ပါတယ္။

    (၅) အမဲသားတို႔ မႈိတို႔လို အပူစာေတြနဲ႔ ဒူးရင္းသီးကို တြဲဖက္စားသုံးျခင္းဟာ အစာအဆိပ္သင့္ေစႏိုင္ၿပီး ေအာ့အန္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ဖ်ားနာျခင္းတို႔ကိုျဖစ္ေစႏိုင္ပါတယ္။

    (၆) ကဖင္းဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့ ေကာ္ဖီနဲ႔ ဒူးရင္းသီးတြဲဖက္စားသုံးျခင္းဟာ ႐ုတ္တရက္ႏွလုံးရပ္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ေခါင္းအလြန္အမင္းကိုက္ခဲျခင္း တို႔ကိုျဖစ္ေစႏိုင္ပါတယ္။

    Credit-ဟယ္လ္သင္(ဧရာဝတီ),The Irrawaddy – Burmese Edition

    (Unicode)

    ဒူးရင်းသီးနဲ့တွဲဖက်ပြီး စားလို့မရတဲ့ အစားအစာများ (သေနိုင်)

    ဒူးရင်းသီးနဲ့တွဲဖက်ပြီး မစားသုံးသင့်တဲ့ အစားအစာများ

    ကြိုက်နှစ်သက်သူတွေအတွက်တော့ အနံ့အလွန်မွှေးပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒူးရင်းသီးနဲ့တွဲဖက်ပြီးမစားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက်စားသုံးခြင်းအားဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    (၂) သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

    (၃) ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းဟာ အပူစာနှစ်ခုကို တပြိုင်နက်တည်းစားသုံးသလိုဖြစ်တာကြောင့် အပူများပြီး လည်ချောင်းနာခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

    (၄) ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

    (၅) အမဲသားတို့ မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

    (၆) ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

    Credit-ဟယ်လ်သင်(ဧရာဝတီ),The Irrawaddy – Burmese Edition