Author: shangyi

  • ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

    (Zawgyi)

    ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

    ပန္းအိုးထိုးတဲ့အခါ ပန္းေတြကို ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြ ရွိပါတယ္။ အလုပ္စားပြဲမွာ အလွပန္းအိုး ထိုးတာမ်ိဳးျဖစ္ျဖစ္၊ သင့္အိမ္ဧည့္ခန္းမွာ အလွဆင္တာမ်ိဳးနဲ႔ ဘုရားမွာ ပန္းအိုးထိုးၿပီး ပန္းကပ္ ပူေဇာ္တဲ့အခါ ပန္းေတြ ခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြကေတာ့ ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

    (၁) ပန္းေတြ ဝယ္လာတဲ့အခါ ေရေဆးၿပီး ပန္းအိုးထိုးတာမ်ိဳးကို ခ်က္ခ်င္း မလုပ္ဘဲ ပန္းအ႐ိုးရဲ႕ ေအာက္ေျခ ပင္စည္ကို ၂ လက္မခန႔္ ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းဟာ ပန္းေတြ ေရစုပ္အား ပိုမိုေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္။

    (၂) ပန္းအိုးထိုးတဲ့အခါ ပန္းအိုးထဲက ေရနဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ေပးျခင္းဟာ ရက္အနည္းငယ္ၾကာတဲ့အခါ ပန္းအိုးထဲက ေရပုပ္နံ႔လို အနံ႔မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံ ပုပ္ၿပီး အညႇိဳးႏြမ္းျမန္တာမ်ိဳးကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

    (၃) ပန္းအိုး ထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကို ရက္ျခားဆိုသလို ပုံမွန္ လဲလွယ္ေပးသင့္ပါတယ္။ ေရလဲတဲ့အခါတိုင္းလည္း ပန္းအ႐ိုးတံကို လိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္။

    (၄) ပန္းအိုး ထိုးတဲ့အခါ ပန္းအိုးထဲက ေရထဲကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာခန႔္ ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အျပင္ ပန္းအိုးထဲကေရေတြ အခ်ိန္ၾကာလို႔ အနံ႔အသက္ မေကာင္းေတာ့တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး။

    (၅) ပန္းေတြ ၾကာၾကာခံေစမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ ပန္းအိုးထိုးတဲ့အခါတိုင္း ပန္းအိုးထဲက ေရထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ သၾကား လက္ဖက္ရည္ဇြန္း တဝက္စာခန႔္ကို ေရာစပ္ၿပီး ထည့္ေပးရမွာပါ။ ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံေတြကို ပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး သၾကားကေတာ့ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့ အစြမ္း ရွိပါတယ္။

    Ref. proflowers.com

    Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ

    ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    (၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

    (၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

    (၃) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

    (၄) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

    (၅) ပန်းတွေ ကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။ ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

    Ref. proflowers.com

    Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • ရန္ကုန္မွာ ခပ္စိပ္စိပ္ေတြ႕ေနရတဲ့ ပဒူေကာင္ႏွင့္ ေဆာင္ရန္ ေရွာင္ရန္ ကုသရန္

    (Zawgyi)

    ပဒူေကာင္(ဆရာဘႏွင့္အတူေနစဥ္)

    ခုရက္ထဲ ရန္ကုန္ထဲမွာကို ပဒူေကာင္ေတြ အိမ္လာဖြဲ႕ေၾကာင္း မီးသတ္တပ္ဖြဲ႕ဝင္ေတြ မီးရႈိ႕ရွင္းလင္းေနတာေတြေတြ႕ေနရပါတယ္။ အခုလည္း ညီမေလးတစ္ေယာက္ လာေမးလို႔ ဒီအေၾကာင္းေရးျဖစ္တာပါ။ အမွန္ေတာ့ အသက္ပါေသေစႏိုင္လို႔ ဖတ္ျဖစ္ေအာင္ ဖတ္ထားေစခ်င္တယ္။

    ပဒူေကာင္ကို ပ်ားတူေကာင္လို႔ေခၚပါတယ္။ နယ္ေဒသေတြမွာ ပ်ားအုံ႔ထဲ က်ဴးေက်ာ္ၿပီး သိမ္းပိုက္တတ္တဲ့ ပ်ားေကာင္အႀကီး ပုံစံတူမို႔ပါ။ ပဒူေကာင္သဘာဝကို ကြၽန္ေတာ္ကိုယ္တိုင္ ဆရာဘနဲ႔ ေဆးကုလိုက္စဥ္က ႀကဳံခဲ့ရပါတယ္။ ဆရာဘသင္ေပးတဲ့ အဓိကအခ်က္ေတြကို မွ်ေဝျခင္းပါ။

    ပဒူေကာင္မွာ ပ်ားေတြလိုပဲ ကင္းေထာက္၊ လုံၿခဳံေရး၊ တိုက္ခိုက္ေရးဆိုတဲ့ အုပ္စုေတြအတိုင္းပဲေနထိုင္ၾကပါတယ္။ လူကို တစ္ေကာင္ ၂ေကာင္တုတ္ရင္ ေတာ္ပါေသးရဲ႕။ အုပ္လိုက္ တုပ္ၿပီး ဆိုရင္ေတာ့အသက္ပါ ေသႏိုင္ပါတယ္။ ေအာက္ပါအခ်က္ေတြကို လိုက္နာရင္ ေသမယ့္ေဘး ေဝးေစပါတယ္။

    အစမွာ ဆုံရမွာက ကင္းေထာက္ပဒူေကာင္ပါ။ သူသိပ္ႀကိဳက္တာ ငွက္ေပ်ာသီးပါ။ ၿပီးေတာ့ ေခြၽးထြက္မ်ားတဲ့ ကေလးေတြအနံ႔ပါ။ အနားလာကပ္နားရင္ သတိ- လုံး၀ လုံးဝမ႐ိုက္သတ္ပါနဲ႔။ သတ္လိုက္တာက တစ္ေကာင္ထဲ။ ေသသြားတဲ့အေကာင္ဟာ သူ႔ကိုယ္ကေန သူတို႔ခ်င္း ကိုက္ ၅၀၀ အတြင္း ရႏိုင္တဲ့ အနံ႔တစ္မ်ိဳး ထုတ္လႊတ္ပါတယ္။ ထိုအနံ႔ကို သူရဲ႕အဖြဲ႕က ၁ မိနစ္ကေန မိနစ္ ၂၀ အတြင္း ရႏိုင္ပါတယ္။ ဒီအနံ႔ေၾကာင့္ မိတ္ေဆြ ေျပးႏိုင္မွ လြတ္မယ္ဆိုတာ မေျပာပါနဲ႔ေတာ့။ မိတ္ေဆြေျပးမလြတ္ေတာ့ပါ။ ပဒူေကာင္ေတြဟာ ၁ နာရီကို မိုင္ ၂၀ ေက်ာ္ ပ်ံႏိုင္စြမ္းရွိတဲ့ အေကာင္ေသး စူပါမန္းေတြပါ။

    သတ္မိသြားၿပီ မိမိကိုယ္မွာ ထိုကင္းေထာက္ကေပးတဲ့ အနံ႔ဆြဲေနတယ္ အျခားေကာင္ေတြ ထပ္လာၿပီးထင္ရင္ ငံျပာရည္ကို တစ္ကိုယ္လုံး အျမန္လိမ္းပါ။ လူေတြအနားမွ ေရွာင္ေနပါ။ ပဒူေတြ အနားလာကပ္ရင္ ၿငိမ္ေနလိုက္ပါ။

    ကေလးငယ္ေလးေတြ အျဖစ္မ်ားပါတယ္။ ငွက္ေပ်ာသီးစား ေျပးလႊား၊ ပဒူကင္းေထာက္နဲ႔တိုး၊ သတ္မိ၊ ဘာမွန္းမသိ အိမ္ျပန္လာ။ သူတို႔လိုက္လာၿပီး သမေပါ့။ ဒါေၾကာင့္မွတ္ထားသင့္ပါတယ္။ ကင္းေထာက္ေတြကို လုံး၀ မသတ္ပါနဲ႔။ သူတို႔ဟာ ေထာက္လွမ္းေရးသာ လုပ္ပါတယ္။ တန္းမကိုက္ပါ။ ၿငိမ္ေနလိုက္ပါ။

    သုံးေလးေကာင္သာ အတုပ္ခံရတယ္ဆို ဆူးေလးႏႈတ္ၿပီး ေရႏိုင္ႏိုင္ေဆးပါ။ ဘာမီတြန္လိုေဆးမ်ိဳးတိုက္ပါ။ အျခားေနရာေတြပါ ေရာင္လာတယ္ ဘုေတြထြက္လာတယ္ အကြက္ေတြထြက္လာတယ္ဆိုေဆး႐ုံသြားပါ။ ေလးငါးဆယ္ေကာင္ထိ ကိုက္ခံရရင္ အသက္ရွဴက်ပ္ပါတယ္။ မူးေဝေအာ့အန္ပါတယ္။ ဒါဆိုေဆး႐ုံေျပးပါ။ လည္ႁပြန္ေတြ ေရာင္လာပါၿပီ။

    ထပ္ေျပာပါမယ္၊ ပဒူအုံနား သြားမိလို႔ ကင္းေထာက္ေကာင္နဲ႔ေတြ႕ရင္ ၿငိမ္ေနလိုက္ပါ။ သူကင္းေထာက္ၿပီးရင္ ပ်ံသြားပါတယ္။ မစိုးရိမ္ပါနဲ႔။ ထပ္ေျပာရရင္ မီးခိုးနဲ႔ ပ်ားေတြလိုေျပးမယ္ထင္ သြားမႏွင္ပါနဲ႔။မိတ္ေဆြႏွင္မိရင္ မိတ္ေဆြအသက္ ဖက္နဲ႔ထုပ္ေတာ့ပဲ။ မျဖစ္မေန ႏွင္မယ္ဆို မီးသတ္အဖြဲ႕လည္း ဆက္သြယ္မရဆိုရင္ေတာ့ မီးေသြးခဲေပၚ င႐ုတ္ေကာင္းျဖဴးၿပီး ေအာက္နားခ်ထားေပးလိုက္ပါ။ မီးခိုးနည္းနည္းပဲထြက္ပါေစ။ ကိုက္ ၃၀၀ ဝန္းက်င္ လူလုံးဝမသြားၾကပါနဲ႔။ လူေတြတစ္ေနရာ ၿငိမ္ၿပီးေရွာင္ေနလိုက္ပါ။ ကိုယ့္အိမ္ကႏွင္ၿပီး ပတ္ဝန္းက်င္ သတင္းမေပးထားရင္ေတာ့ ကိုက္ ၃၀၀ အတြင္းက လူေတြ ပစ္မွတ္ျဖစ္သြားတတ္ပါတယ္။

    ေသေလာက္သည္အထိ အႏၲရာယ္ရွိလို႔ မေပါ့ဆပါနဲ႔။ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဆရာဘကိုယ္တိုင္ ေျပာျပလုပ္ျပခဲ့သည့္ နည္းလမ္းမ်ား ျဖစ္ပါတယ္။ ကိုယ္စိတ္ထင္ရာ ျပန္ျပင္ၿပီး မမွ်ေဝပါနဲ႔ အသက္အႏၲရယ္မ်ားတဲ့ကိစၥ မို႔ပါ။ ဒီတိုင္းလြတ္လပ္စြာ မွ်ေဝႏိုင္ပါတယ္။

    Credit- သန္းထိုက္(ေ႐ႊရိပ္)

    (Unicode)

    ပဒူကောင်(ဆရာဘနှင့်အတူနေစဉ်)

    ခုရက်ထဲ ရန်ကုန်ထဲမှာကို ပဒူကောင်တွေ အိမ်လာဖွဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တွေ မီးရှို့ရှင်းလင်းနေတာတွေတွေ့နေရပါတယ်။ အခုလည်း ညီမလေးတစ်ယောက် လာမေးလို့ ဒီအကြောင်းရေးဖြစ်တာပါ။ အမှန်တော့ အသက်ပါသေစေနိုင်လို့ ဖတ်ဖြစ်အောင် ဖတ်ထားစေချင်တယ်။

    ပဒူကောင်ကို ပျားတူကောင်လို့ခေါ်ပါတယ်။ နယ်ဒေသတွေမှာ ပျားအုံ့ထဲ ကျူးကျော်ပြီး သိမ်းပိုက်တတ်တဲ့ ပျားကောင်အကြီး ပုံစံတူမို့ပါ။ ပဒူကောင်သဘာဝကို ကျွန်တော်ကိုယ်တိုင် ဆရာဘနဲ့ ဆေးကုလိုက်စဉ်က ကြုံခဲ့ရပါတယ်။ ဆရာဘသင်ပေးတဲ့ အဓိကအချက်တွေကို မျှဝေခြင်းပါ။

    ပဒူကောင်မှာ ပျားတွေလိုပဲ ကင်းထောက်၊ လုံခြုံရေး၊ တိုက်ခိုက်ရေးဆိုတဲ့ အုပ်စုတွေအတိုင်းပဲနေထိုင်ကြပါတယ်။ လူကို တစ်ကောင် ၂ကောင်တုတ်ရင် တော်ပါသေးရဲ့။ အုပ်လိုက် တုပ်ပြီး ဆိုရင်တော့အသက်ပါ သေနိုင်ပါတယ်။ အောက်ပါအချက်တွေကို လိုက်နာရင် သေမယ့်ဘေး ဝေးစေပါတယ်။

    အစမှာ ဆုံရမှာက ကင်းထောက်ပဒူကောင်ပါ။ သူသိပ်ကြိုက်တာ ငှက်ပျောသီးပါ။ ပြီးတော့ ချွေးထွက်များတဲ့ ကလေးတွေအနံ့ပါ။ အနားလာကပ်နားရင် သတိ- လုံး၀ လုံးဝမရိုက်သတ်ပါနဲ့။ သတ်လိုက်တာက တစ်ကောင်ထဲ။ သေသွားတဲ့အကောင်ဟာ သူ့ကိုယ်ကနေ သူတို့ချင်း ကိုက် ၅၀၀ အတွင်း ရနိုင်တဲ့ အနံ့တစ်မျိုး ထုတ်လွှတ်ပါတယ်။ ထိုအနံ့ကို သူရဲ့အဖွဲ့က ၁ မိနစ်ကနေ မိနစ် ၂၀ အတွင်း ရနိုင်ပါတယ်။ ဒီအနံ့ကြောင့် မိတ်ဆွေ ပြေးနိုင်မှ လွတ်မယ်ဆိုတာ မပြောပါနဲ့တော့။ မိတ်ဆွေပြေးမလွတ်တော့ပါ။ ပဒူကောင်တွေဟာ ၁ နာရီကို မိုင် ၂၀ ကျော် ပျံနိုင်စွမ်းရှိတဲ့ အကောင်သေး စူပါမန်းတွေပါ။

    သတ်မိသွားပြီ မိမိကိုယ်မှာ ထိုကင်းထောက်ကပေးတဲ့ အနံ့ဆွဲနေတယ် အခြားကောင်တွေ ထပ်လာပြီးထင်ရင် ငံပြာရည်ကို တစ်ကိုယ်လုံး အမြန်လိမ်းပါ။ လူတွေအနားမှ ရှောင်နေပါ။ ပဒူတွေ အနားလာကပ်ရင် ငြိမ်နေလိုက်ပါ။

    ကလေးငယ်လေးတွေ အဖြစ်များပါတယ်။ ငှက်ပျောသီးစား ပြေးလွှား၊ ပဒူကင်းထောက်နဲ့တိုး၊ သတ်မိ၊ ဘာမှန်းမသိ အိမ်ပြန်လာ။ သူတို့လိုက်လာပြီး သမပေါ့။ ဒါကြောင့်မှတ်ထားသင့်ပါတယ်။ ကင်းထောက်တွေကို လုံး၀ မသတ်ပါနဲ့။ သူတို့ဟာ ထောက်လှမ်းရေးသာ လုပ်ပါတယ်။ တန်းမကိုက်ပါ။ ငြိမ်နေလိုက်ပါ။

    သုံးလေးကောင်သာ အတုပ်ခံရတယ်ဆို ဆူးလေးနှုတ်ပြီး ရေနိုင်နိုင်ဆေးပါ။ ဘာမီတွန်လိုဆေးမျိုးတိုက်ပါ။ အခြားနေရာတွေပါ ရောင်လာတယ် ဘုတွေထွက်လာတယ် အကွက်တွေထွက်လာတယ်ဆိုဆေးရုံသွားပါ။ လေးငါးဆယ်ကောင်ထိ ကိုက်ခံရရင် အသက်ရှူကျပ်ပါတယ်။ မူးဝေအော့အန်ပါတယ်။ ဒါဆိုဆေးရုံပြေးပါ။ လည်ပြွန်တွေ ရောင်လာပါပြီ။

    ထပ်ပြောပါမယ်၊ ပဒူအုံနား သွားမိလို့ ကင်းထောက်ကောင်နဲ့တွေ့ရင် ငြိမ်နေလိုက်ပါ။ သူကင်းထောက်ပြီးရင် ပျံသွားပါတယ်။ မစိုးရိမ်ပါနဲ့။ ထပ်ပြောရရင် မီးခိုးနဲ့ ပျားတွေလိုပြေးမယ်ထင် သွားမနှင်ပါနဲ့။မိတ်ဆွေနှင်မိရင် မိတ်ဆွေအသက် ဖက်နဲ့ထုပ်တော့ပဲ။ မဖြစ်မနေ နှင်မယ်ဆို မီးသတ်အဖွဲ့လည်း ဆက်သွယ်မရဆိုရင်တော့ မီးသွေးခဲပေါ် ငရုတ်ကောင်းဖြူးပြီး အောက်နားချထားပေးလိုက်ပါ။ မီးခိုးနည်းနည်းပဲထွက်ပါစေ။ ကိုက် ၃၀၀ ဝန်းကျင် လူလုံးဝမသွားကြပါနဲ့။ လူတွေတစ်နေရာ ငြိမ်ပြီးရှောင်နေလိုက်ပါ။ ကိုယ့်အိမ်ကနှင်ပြီး ပတ်ဝန်းကျင် သတင်းမပေးထားရင်တော့ ကိုက် ၃၀၀ အတွင်းက လူတွေ ပစ်မှတ်ဖြစ်သွားတတ်ပါတယ်။

    သေလောက်သည်အထိ အန္တရာယ်ရှိလို့ မပေါ့ဆပါနဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဘကိုယ်တိုင် ပြောပြလုပ်ပြခဲ့သည့် နည်းလမ်းများ ဖြစ်ပါတယ်။ ကိုယ်စိတ်ထင်ရာ ပြန်ပြင်ပြီး မမျှဝေပါနဲ့ အသက်အန္တရယ်များတဲ့ကိစ္စ မို့ပါ။ ဒီတိုင်းလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

    Credit- သန်းထိုက်(ရွှေရိပ်)

  • ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

    (Zawgyi)

    ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

    နတ္ေမာက္ျမိဳ႕၏ အေရွ႕ဘက္ ခုႏွစ္မိုင္ခန္႕ကြာေ၀းေသာ “ေဂြးကုန္း” ေက်းရြာသို႕ အသြားခရီးတြင္ ငရုတ္သီးဆြတ္ခူးေနေသာ ေတာင္သူတစ္ဦးႏွင့္ ေတြ႕ဆံုရပါသည္။ သူ၏ ငရုတ္ခင္းမ်ားမွာ ပန္းဆီအိုးၾကီး ေလာင္းခ်ထားသလို ငရုတ္သီးမ်ား ရဲရဲေတာက္ မွည့္ေန႕၊ သီးေနျပီး ပတ္၀န္းက်င္ အနီးအနား ငရုတ္ခင္းမ်ားထက္ ပိုမိုသီးေနသည္ကို ထင္ရွားစြာ သိျမင္ရပါသည္။ စကားစပ္စု ေမးျမန္းၾကည့္ရာ –

    “က်ုပ္နာမည္က ကိုရွိန္ပါ။ ခင္ဗ်ားျမင္တဲ့အတိုင္းပဲ။ က်ဳပ္ငရုတ္ခင္းက ပိုသီးတယ္။ ယွဥ္ျပီး စားၾကည့္လိုက္၊ ပိုစပ္တယ္ဗ်” “ဒီအတိုင္းေတာ့ မစားရဲပါဘူးဗ်ာ”

    သေဘာေျပာျပတာပါ။ ပိုသီး၊ ပိုစပ္ေအာင္ ပ်ိဳးေထာင္ကတည္းက ဂရုတစိုက္ လုပ္ခဲ့တာေလဗ်ာ။ အဲ အဲ့ဒါေလး ေျပာျပပါလားဗ်ာ။

    ငရုတ္မ်ိဳးေစ့ကို ေအာာင္ျမင္တာ ေရြးပ်ိဳး။ အဓိက,က ဆိတ္ေခ်းေျမေဆြးကို မႈန္႕ေအာင္လုပ္ျပီး ပ်ိဳးေထာင္ကတည္းက ေအာက္ခံထည့္ရတယ္။ ပ်ိဳးပင္တစ္ထြာေလာက္ အျမင့္ ယာခင္းေျမေပၚ ေျပာင္းစိုက္တဲ့အခ်ိန္မွာ တစ္ပင္နဲ႕တစ္ပင္၊ တစ္ေပအနည္းဆံုးခြာျပီး ဆိတ္ေခ်းလက္တစ္ဆုပ္ေလာက္ တစ္ပင္ခ်င္းမွာ ထည့္ခံျပီး စိုက္ရတယ္။ အဲ့လိုသာ စိုက္ရင္ မုခ်ပိုသီးတယ္၊ ပိုစပ္တယ္။ အခုခင္ဗ်ား လက္ေတြ႕အျမင္ပါပဲဗ်ာ။

    ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ဗ်ာ။

    ေဂြးကုန္းရြာမွ ငရုတ္စိုက္ေတာင္သူ ဦးရွိန္ရဲ႕ လက္ေတြ႕ရွင္းျပခ်က္ကို တင္ျပလိုက္ပါတယ္။

    ၾကီးပြားတိုးတက္ၾကပါေစ။

    ေအာင္အိုး(နတ္ေမာက္)

    နကၡတေရာင္ျခည္မဂၢဇင္း၊ အမွတ္(၂၃၈)

    (Unicode)

    ငရုတ်ပိုမိုသီးရန်နှင့် ပိုမိုစပ်စေရန်

    နတ်မောက်မြို့၏ အရှေ့ဘက် ခုနှစ်မိုင်ခန့်ကွာဝေးသော “ဂွေးကုန်း” ကျေးရွာသို့ အသွားခရီးတွင် ငရုတ်သီးဆွတ်ခူးနေသော တောင်သူတစ်ဦးနှင့် တွေ့ဆုံရပါသည်။ သူ၏ ငရုတ်ခင်းများမှာ ပန်းဆီအိုးကြီး လောင်းချထားသလို ငရုတ်သီးများ ရဲရဲတောက် မှည့်နေ့၊ သီးနေပြီး ပတ်ဝန်းကျင် အနီးအနား ငရုတ်ခင်းများထက် ပိုမိုသီးနေသည်ကို ထင်ရှားစွာ သိမြင်ရပါသည်။ စကားစပ်စု မေးမြန်းကြည့်ရာ –

    “ကျုပ်နာမည်က ကိုရှိန်ပါ။ ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျုပ်ငရုတ်ခင်းက ပိုသီးတယ်။ ယှဉ်ပြီး စားကြည့်လိုက်၊ ပိုစပ်တယ်ဗျ” “ဒီအတိုင်းတော့ မစားရဲပါဘူးဗျာ”

    သဘောပြောပြတာပါ။ ပိုသီး၊ ပိုစပ်အောင် ပျိုးထောင်ကတည်းက ဂရုတစိုက် လုပ်ခဲ့တာလေဗျာ။ အဲ အဲ့ဒါလေး ပြောပြပါလားဗျာ။

    ငရုတ်မျိုးစေ့ကို အောာင်မြင်တာ ရွေးပျိုး။ အဓိက,က ဆိတ်ချေးမြေဆွေးကို မှုန့်အောင်လုပ်ပြီး ပျိုးထောင်ကတည်းက အောက်ခံထည့်ရတယ်။ ပျိုးပင်တစ်ထွာလောက် အမြင့် ယာခင်းမြေပေါ် ပြောင်းစိုက်တဲ့အချိန်မှာ တစ်ပင်နဲ့တစ်ပင်၊ တစ်ပေအနည်းဆုံးခွာပြီး ဆိတ်ချေးလက်တစ်ဆုပ်လောက် တစ်ပင်ချင်းမှာ ထည့်ခံပြီး စိုက်ရတယ်။ အဲ့လိုသာ စိုက်ရင် မုချပိုသီးတယ်၊ ပိုစပ်တယ်။ အခုခင်ဗျား လက်တွေ့အမြင်ပါပဲဗျာ။

    ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။

    ဂွေးကုန်းရွာမှ ငရုတ်စိုက်တောင်သူ ဦးရှိန်ရဲ့ လက်တွေ့ရှင်းပြချက်ကို တင်ပြလိုက်ပါတယ်။

    ကြီးပွားတိုးတက်ကြပါစေ။

    အောင်အိုး(နတ်မောက်)

    နက္ခတရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၂၃၈)

  • ကၽြတ္သြားတဲ့ဆံပင္ေတြကို ျပန္ေပါက္ေစမယ့္ သဘာ၀နည္းလမ္း

    (Zawgyi)

    ကြၽတ္သြားတဲ့ဆံပင္ေတြကို ျပန္ေပါက္ေစမယ့္ သဘာဝနည္းလမ္း (ငွက္ေပ်ာသီးနဲ႔ ၾကက္ဥအႏွစ္)

    လွပၿပီး စြဲေဆာင္မႈရွိတဲ့ ဆံေကသာကို အမ်ိဳးသမီးတိုင္း ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ေဈးကြက္မွာ ရွိေနတဲ့ ျပဳျပင္ထိန္းသိမ္းနည္းေတြက ေဈးႀကီးၿပီး လက္ေတြ႕မွာ ထိေရာက္မႈ မရွိလို႔ စိတ္ညစ္ေနလား။

    သဘာဝနည္းလမ္းနဲ႔ အေျဖရွာၾကရေအာင္ပါ။

    ျပဳလုပ္နည္း –

    တစ္ေန႔ကို လူတစ္ဦးမွာ အနည္းဆုံး ဆံပင္အေခ်ာင္း ၅၀ ကေန ၁၀၀ ထိကြၽတ္ၾကပါတယ္။ ဒါကိုစိုးရိမ္စရာမလိုေတာ့ပါဘူး။

    ပါဝင္ပစၥည္း –

    ငွက္ေပ်ာသီး တစ္ဝက္

    ၾကက္ဥအႏွစ္ ၁ လုံး

    ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

    ဘီယာ ခြက္တစ္ဝက္

    ျပင္ဆင္ျခင္း

    ပါဝင္ပစၥည္းအားလုံးကို ေမႊစက္ (သို႔) ေဖ်ာ္စက္ထဲထည့္ၿပီး ေဖ်ာ္လိုက္ပါ။ အဲဒီအရည္ကို ဆံပင္ကြၽတ္လို႔ ပါးေနတဲ့ေနရာမွာ လိမ္းေပးၿပီး ၁ နာရီ ၂ နာရီေလာက္ထားပါ။ အဲဒီလိုလိမ္းထားခ်ိန္မွာ ပူေႏြးလာတာကို ခံစားရပါလမ့္မယ္။ စိတ္မပူပါနဲ႔ ဒါဟာ ေဖ်ာ္ရည္ရဲ႕ အာနိသင္ အေရျပားထဲကို စိမ့္ဝင္ေနတာ ျဖစ္ပါတယ္။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်ပါ။

    တစ္ပတ္ေလာက္ ပုံမွန္လုပ္ေပးတာနဲ႔ ရလဒ္ေကာင္းေတြရရွိလာမွာ ျဖစ္ပါတယ္။

    Credit: MyFoodMyanmar

    (Unicode)

    ကျွတ်သွားတဲ့ဆံပင်တွေကို ပြန်ပေါက်စေမယ့် သဘာဝနည်းလမ်း (ငှက်ပျောသီးနဲ့ ကြက်ဥအနှစ်)

    လှပပြီး စွဲဆောင်မှုရှိတဲ့ ဆံကေသာကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဈေးကွက်မှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းနည်းတွေက ဈေးကြီးပြီး လက်တွေ့မှာ ထိရောက်မှု မရှိလို့ စိတ်ညစ်နေလား။

    သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။

    ပြုလုပ်နည်း –

    တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံး ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ထိကျွတ်ကြပါတယ်။ ဒါကိုစိုးရိမ်စရာမလိုတော့ပါဘူး။

    ပါဝင်ပစ္စည်း –

    ငှက်ပျောသီး တစ်ဝက်

    ကြက်ဥအနှစ် ၁ လုံး

    ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    ဘီယာ ခွက်တစ်ဝက်

    ပြင်ဆင်ခြင်း

    ပါဝင်ပစ္စည်းအားလုံးကို မွှေစက် (သို့) ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့နေရာမှာ လိမ်းပေးပြီး ၁ နာရီ ၂ နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကို ခံစားရပါလမ့်မယ်။ စိတ်မပူပါနဲ့ ဒါဟာ ဖျော်ရည်ရဲ့ အာနိသင် အရေပြားထဲကို စိမ့်ဝင်နေတာ ဖြစ်ပါတယ်။ ပြီးရင် ခေါင်းလျှော်ချပါ။

    တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရရှိလာမှာ ဖြစ်ပါတယ်။

    Credit: MyFoodMyanmar

  • ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

    (Zawgyi)

    ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

    ေျမဝယ္ယူမယ္ဆိုရင္ ေအာက္ပါအခ်က္ေတြ သိထားသင့္ပါတယ္။

    ၁။ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစား

    မိမိအေနနဲ႔ ေျမဝယ္ယူမယ္ဆိုရင္ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစားကို သိရွိရန္ အေရးႀကီးပါတယ္။ ဥပမာ – လယ္ေျမ၊ ႐ြာေျမ၊ ဥယ်ာဥ္ၿခံေျမ၊ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ စတဲ့ ေျမအမ်ိဳးအစား မ်ားစြာရွိတဲ့အတြက္ မိမိဝယ္ယူမယ့္ ေျမအမ်ိဳးအစားကို သိရွိဖို႔လိုအပ္ပါတယ္။ ေျမအမ်ိဳးအစားေပၚ မူတည္ၿပီး ခိုင္မာမႈ၊ ေဈးႏႈန္းကြာျခားခ်က္ ေတြရွိေနတာေၾကာင့္ မိမိကိုယ္တိုင္နားမလည္ပါက တတ္ကြၽမ္းနားလည္သူနဲ႔ ဝယ္ယူသင့္ပါတယ္။

    ၂။ ေျမပိုင္ဆိုင္မႈ အေထာက္အထား မွန္ကန္မႈ၊ ရွိမရွိ

    ေျမပိုင္ဆိုင္မႈ အေထာက္အထားအမွန္ကန္မႈ ရွိ၊ မရွိ စစ္ေဆးတတ္ဖို႔ လိုအပ္ပါတယ္။ ေျမပိုင္ဆိုင္မႈအေထာက္အထား မွန္ကန္မႈ မရွိပါက မိမိေငြေၾကး ဆုံးရႈံးနစ္နာမႈႏွင့္ တရား႐ုံးမွာ အမႈဖြင့္ၿပီး အမႈရင္ဆိုင္ရႏိုင္တာေၾကာင့္ ၎အခ်က္က အေရးႀကီးပါတယ္။ မိမိကိုယ္တိုင္ မစစ္ေဆးတတ္ပါက တတ္ကြၽမ္းနားလည္သူကို ေခၚယူစစ္ေဆးရန္ အေရးႀကီးပါတယ္။

    ၃။စာခ်ဳပ္ကို ပိုင္ဆိုင္မႈခိုင္မာစြာ ခ်ဳပ္ဆိုရင္

    မိမိဝယ္ယူတဲ့ ေျမနဲ႔ပတ္သက္ၿပီး ေငြေပးေခ်မယ္ဆိုပါက စရန္စာခ်ဳပ္မွ ၿပီးဆုံးတဲ့အထိ စာခ်ဳပ္အေရးအသားကို ပိုင္ဆိုင္စြာ ခ်ဳပ္ဆိုတတ္ရန္လည္း အေရးႀကီးပါတယ္။ ၿပီးစလြယ္ ခ်ဳပ္ဆိုမယ္ဆိုရင္ ေနာက္ေငြေပးေခ်မႈ အဆင့္တိုင္းမွာ နစ္နာမႈ ရွိတာေၾကာင့္ စရန္စာခ်ဳပ္အေရးအသား အခ်က္အလက္နဲ႔ ေငြေပးေခ်မႈ အဆင့္ဆင့္ ရက္စြဲေတြကို တိက်စြာ ေရးသားထားဖို႔ လိုအပ္ပါတယ္။ ေငြေပးေခ်မႈ အဆင့္တိုင္းမွာလဲ မည္မွ်ရာခိုင္ႏႈန္း ေပးၿပီးပါက ဝယ္ယူတဲ့ပိုင္ဆိုင္မႈ ပစၥည္းရဲ႕ မူရင္းအခ်ိဳ႕ လက္ဝယ္ကိုရရွိႏိုင္ဖို႔ ထည့္သြင္းခ်ဳပ္ဆိုႏိုင္ရန္ ေရးဖို႔ အေရးႀကီးပါတယ္။

    ၄။ မျဖစ္မေန မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး သတင္းစာမွာ ကန႔္ကြက္ႏိုင္ေၾကာင္းထည့္ရန္

    မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး စရန္ေငြေပးေခ်ၿပီးတာနဲ႔ ရက္မဆိုင္းဘဲ သတင္းစာထဲမွာ ၎ေျမနဲ႔ ပတ္သက္ၿပီး ကန႔္ကြက္သူရွိပါက ကန႔္ကြက္ႏိုင္ရန္ ဖိတ္ေခၚတဲ့အေနနဲ႔ ေၾကာ္ျငာထည့္သင့္ပါတယ္။

    ၅။ ကိုယ္ဝယ္ယူမယ့္ ေျမေပါက္ေဈးကို သိရန္လိုအပ္

    မိမိဝယ္ယူမယ့္ ေျမေပါက္ေဈးကို ေသခ်ာစုံစမ္းေမးျမန္းရန္ လိုအပ္ပါတယ္။ ေပါက္ေဈး မသိရွိပါက အေၾကာင္းအမ်ိဳမ်ိဳးေၾကာင့္ မိမိဝယ္ယူမယ့္ ေျမေဈးႏႈန္းဟာ ေပါက္ေဈးထက္ မ်ားတတ္ေၾကာင္း သတိထားရမွာပါ။

    Credit- le’ Moe (Shweproperty.com)

    https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

    (Unicode)

    မြေဝယ်မယ်ဆိုရင် မသိမဖြစ် သိထားသင့်တဲ့ အချက်များ

    မြေဝယ်ယူမယ်ဆိုရင် အောက်ပါအချက်တွေ သိထားသင့်ပါတယ်။

    ၁။ မြေပိုင်ဆိုင်မှု အမျိုးအစား

    မိမိအနေနဲ့ မြေဝယ်ယူမယ်ဆိုရင် မြေပိုင်ဆိုင်မှု အမျိုးအစားကို သိရှိရန် အရေးကြီးပါတယ်။ ဥပမာ – လယ်မြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ စတဲ့ မြေအမျိုးအစား များစွာရှိတဲ့အတွက် မိမိဝယ်ယူမယ့် မြေအမျိုးအစားကို သိရှိဖို့လိုအပ်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်ပြီး ခိုင်မာမှု၊ ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်နားမလည်ပါက တတ်ကျွမ်းနားလည်သူနဲ့ ဝယ်ယူသင့်ပါတယ်။

    ၂။ မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု၊ ရှိမရှိ

    မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထား မှန်ကန်မှု မရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ၎င်းအချက်က အရေးကြီးပါတယ်။ မိမိကိုယ်တိုင် မစစ်ဆေးတတ်ပါက တတ်ကျွမ်းနားလည်သူကို ခေါ်ယူစစ်ဆေးရန် အရေးကြီးပါတယ်။

    ၃။စာချုပ်ကို ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရင်

    မိမိဝယ်ယူတဲ့ မြေနဲ့ပတ်သက်ပြီး ငွေပေးချေမယ်ဆိုပါက စရန်စာချုပ်မှ ပြီးဆုံးတဲ့အထိ စာချုပ်အရေးအသားကို ပိုင်ဆိုင်စွာ ချုပ်ဆိုတတ်ရန်လည်း အရေးကြီးပါတယ်။ ပြီးစလွယ် ချုပ်ဆိုမယ်ဆိုရင် နောက်ငွေပေးချေမှု အဆင့်တိုင်းမှာ နစ်နာမှု ရှိတာကြောင့် စရန်စာချုပ်အရေးအသား အချက်အလက်နဲ့ ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲတွေကို တိကျစွာ ရေးသားထားဖို့ လိုအပ်ပါတယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့ လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။

    ၄။ မဖြစ်မနေ မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်ရန်

    မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး စရန်ငွေပေးချေပြီးတာနဲ့ ရက်မဆိုင်းဘဲ သတင်းစာထဲမှာ ၎င်းမြေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန် ဖိတ်ခေါ်တဲ့အနေနဲ့ ကြော်ငြာထည့်သင့်ပါတယ်။

    ၅။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်

    မိမိဝယ်ယူမယ့် မြေပေါက်ဈေးကို သေချာစုံစမ်းမေးမြန်းရန် လိုအပ်ပါတယ်။ ပေါက်ဈေး မသိရှိပါက အကြောင်းအမျိုမျိုးကြောင့် မိမိဝယ်ယူမယ့် မြေဈေးနှုန်းဟာ ပေါက်ဈေးထက် များတတ်ကြောင်း သတိထားရမှာပါ။

    Credit- le’ Moe (Shweproperty.com)

    https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

  • ျမတ္စြာဘုရားေဟာျကားခဲ့တဲ့ ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ျပဳသင့္တဲ့ ကုသုိလ္

    (Zawgyi)

    အရွင္ဘုရားဆင္းရဲႏြမ္းပါးၿပီး ေဆးဖိုးဝါးခ မတတ္ႏိုင္သူမ်ား၊ က်န္းမာေရးမေကာင္းလို႔ အလုပ္မလုပ္ႏိုင္ စားဝတ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လို ကုသိုလ္မ်ိဳး ျပဳသင့္ပါသလဲဘုရား။

    အဲဒီလိုအေျခအေနမ်ိဳးမွာ လုပ္ႏိုင္တဲ့ကုသိုလ္မ်ိဳးကို လုပ္ဖို႔လိုပါတယ္။ ဗုဒၶစာေပမွာ ပုညႀကိယဝတၱဳဆယ္မ်ိဳး (ေကာင္းေသာအက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထိုက္တဲ့ ကုသိုလ္ဆယ္မ်ိဳး) ရွိေၾကာင္းေဖာ္ျပထားပါတယ္။ အဲဒီဆယ္မ်ိဳးကေတာ့…

    ၁။ ဒါန = ေပးကမ္းလႉဒါန္းျခင္း

    ၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ျခင္း

    ၃။ ဘာဝနာ = တရားဓမၼက်င့္ႀကံအားထုတ္ျခင္း

    ၄။ အပစာယာန = အသက္သိကၡာ ဂုဏ္ဝါႀကီးသူအား အ႐ိုအေသျပဳျခင္း

    ၅။ ေဝယ်ာဝစၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္႐ြက္လုပ္ကိုင္ေပးျခင္း

    ၆။ ပတၱိဒါန = မိမိရေသာ၊ မိမိလုပ္ေသာ ကုသိုလ္ေကာင္းမႈကို အမွ်ေပးေဝျခင္း

    ၇။ ပတၱာႏုေမာဒနာ = မိမိသို႔ေရာက္လာေသာ ကုသိုလ္အဖို႔ တစ္နည္းအားျဖင့္ သူမ်ားျပဳေသာ ကုသိုလ္အဖို႔ကို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚယူျခင္း

    ၈။ ဓမၼႆဝန = တရားနာယူျခင္း

    ၉။ ဓမၼေဒသနာ = လာဘ္လာဘကို မငဲ့ဘဲ တရားေဟာေျပာျခင္း

    ၁၀။ ဒိ႒ိဇုကမၼ = အယူဝါဒကို ေျဖာင့္မတ္မွန္ကန္စြာ ျပဳျခင္းတို႔ျဖစ္ပါတယ္။

    ဒီဆယ္မ်ိဳးထဲက မိမိတို႔လုပ္ႏိုင္တဲ့ ကုသိုလ္မ်ိဳးကို လုပ္ေနပါကလည္း ကုသိုလ္ျဖစ္ေနၿပီး ဘာမွမလုပ္တာထက္စာရင္ အမ်ားႀကီးအက်ိဳးႀကီးပါတယ္။ ကုသိုလ္ဆိုတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။ လႉစရာမရွိလို႔ ကုသိုလ္မရဘူးဆိုတာ မရွိပါဘူး။ ဒါနလုပ္မွသာ ကုသိုလ္ျဖစ္တာ မဟုတ္ပါဘူး။ ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လို႔ရတဲ့ကုသိုလ္ေတြ အမ်ားႀကီးပါ။ မိမိတို႔လုပ္ႏိုင္တဲ့ လုပ္လို႔ရတဲ့ ကုသိုလ္မ်ိဳး ႀကိဳးစားၿပီး လုပ္ေနမယ္ဆိုရင္ အဆိုးထဲကအေကာင္းဆိုသလို ကုသိုလ္တရား တိုးပြားေနမွာပါ။

    Credit-မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)

    Via-DailyHotNews

    (Unicode)

    အရှင်ဘုရားဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။

    အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယဝတ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…

    ၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း

    ၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း

    ၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း

    ၄။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း

    ၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း

    ၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း

    ၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း

    ၈။ ဓမ္မဿဝန = တရားနာယူခြင်း

    ၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း

    ၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်းတို့ဖြစ်ပါတယ်။

    ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာ မဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

    Credit-မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

    Via-DailyHotNews

  • ေဆးလိပ္ျဖတ္ျခင္သူမ်ားအတြက္ ေဆးလိပ္ျပတ္ေဆးနည္း

    (Zawgyi)

    ေဆးလိပ္ျဖတ္ဖို႔ အေထာက္အကူျပဳ နည္းလမ္းမ်ား

    ခံတြင္းကလဲ ခ်ဥ္လာတယ္။ ေဆးလိပ္ လက္ၾကားညႇပ္ၿပီး ဖြာေနတာကလဲ အက်င့္ပါေနၿပီဆိုၿပီး ေျပာမယ့္သူမ်ားကေတာ့ ေအာက္ကနည္းလမ္းမ်ားပါ ထပ္ေဆာင္းၿပီး အသုံးျပဳကာ ႀကိဳးစားၾကည့္ပါဦးလို႔ ေျပာခ်င္ပါတယ္။ လိုအပ္မွာကေတာ့ သစ္ႀကံပိုးေခါက္ႏွင့္ ေရ တို႔ပါပဲ။

    (၁) သစ္ႀကံပိုးေခါက္ကို မိမိလက္လွမ္းမီႏိုင္တဲ့ ေနရာမွာထားပါ။ ခံတြင္းခ်ဥ္လာၿပီ ေဆးလိပ္ေသာက္ခ်င္စိတ္ ျဖစ္လာတဲ့ အခ်ိန္တိုင္းမွာ အသုံးျပဳႏိုင္ေအာင္ ၎ကို အသင့္ထား ထားပါ။ အိတ္၊ ဗူး၊ ေမာ္ေတာ္ကား၊ ႐ုံးခန္း စသျဖင့္ မိမိႏွင့္ အနီးဆုံးမွာ ထားပါ။

    (၂) ေဆးလိပ္ေသာက္ခ်င္စိတ္ ျဖစ္ေပၚလာတိုင္းမွာ အဲဒီသစ္ႀကံပိုးေခါက္ကို ေဆးလိပ္ေသာက္သလိုမ်ိဳး လက္ၾကားမွာ ညႇပ္ၿပီး အားပါးတရ ရႈိက္ေသာက္ပါ။ မီးညႇိစရာမလိုပါ။ ရႈသြင္းျခင္းႏွင့္ ရႈထုတ္ျခင္းကို ေဆးလိပ္ေသာက္ခ်င္စိတ္ ေျပသည္အထိ လုပ္ေဆာင္ပါ။ ဒီလိုႀကီးလုပ္ေနလို႔ ေၾကာင္ေတာင္ေတာင္ ႏိုင္တယ္မထင္ပါနဲ႔။ သစ္ႀကံပိုးေခါက္ရဲ႕ ေဆးဖက္ဝင္ပုံကိုလဲ အနည္းငယ္ေလ့လာၾကည့္ေပါ့။ က်ေနာ္ေနာက္ကိုလဲ ႀကဳံရင္ေရးပါ့မယ္။ သစ္ႀကံပိုးေခါက္ကို သုံးၿပီး ခံတြင္းခ်ဥ္စိတ္နဲ႔ ေဆးလိပ္ေသာက္တဲ့အက်င့္ပါေနတာကို တျဖည္းျဖည္း ေလွ်ာ့ခ်ပါ။ ေဆးလိပ္ေသာက္တယ္ဆိုတာ မိမိကိုယ္တိုင္နဲ႔ မိသားစု ပတ္ဝန္းက်င္ တခုမွေကာင္းက်ိဳးမေပးတဲ့အတြက္ အားလုံးကို ေကာင္းက်ိဳးျပဳဖို႔ လုပ္ေဆာင္ေနတယ္လို႔ စိတ္မွာေတြးပါ။

    (၃) သစ္ႀကံပိုးေခါက္ရဲ႕ အရသာက ျပင္းရင္ ခံတြင္းခ်ဥ္တာ ေျပသြားၿပီးတဲ့ေနာက္ ေရေသာက္ပါ။ေဆးလိပ္ကို ျဖတ္ႏိုင္ျခင္းဆိုတဲ့ ပန္းတိုင္ကို အေရာက္လွမ္းႏိုင္ၾကပါေစ။

    Credit-ဝင္းလႈိင္ဦး

    (Unicode)

    ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပြု နည်းလမ်းများ

    ခံတွင်းကလဲ ချဉ်လာတယ်။ ဆေးလိပ် လက်ကြားညှပ်ပြီး ဖွာနေတာကလဲ အကျင့်ပါနေပြီဆိုပြီး ပြောမယ့်သူများကတော့ အောက်ကနည်းလမ်းများပါ ထပ်ဆောင်းပြီး အသုံးပြုကာ ကြိုးစားကြည့်ပါဦးလို့ ပြောချင်ပါတယ်။ လိုအပ်မှာကတော့ သစ်ကြံပိုးခေါက်နှင့် ရေ တို့ပါပဲ။

    (၁) သစ်ကြံပိုးခေါက်ကို မိမိလက်လှမ်းမီနိုင်တဲ့ နေရာမှာထားပါ။ ခံတွင်းချဉ်လာပြီ ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတဲ့ အချိန်တိုင်းမှာ အသုံးပြုနိုင်အောင် ၎င်းကို အသင့်ထား ထားပါ။ အိတ်၊ ဗူး၊ မော်တော်ကား၊ ရုံးခန်း စသဖြင့် မိမိနှင့် အနီးဆုံးမှာ ထားပါ။

    (၂) ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာတိုင်းမှာ အဲဒီသစ်ကြံပိုးခေါက်ကို ဆေးလိပ်သောက်သလိုမျိုး လက်ကြားမှာ ညှပ်ပြီး အားပါးတရ ရှိုက်သောက်ပါ။ မီးညှိစရာမလိုပါ။ ရှုသွင်းခြင်းနှင့် ရှုထုတ်ခြင်းကို ဆေးလိပ်သောက်ချင်စိတ် ပြေသည်အထိ လုပ်ဆောင်ပါ။ ဒီလိုကြီးလုပ်နေလို့ ကြောင်တောင်တောင် နိုင်တယ်မထင်ပါနဲ့။ သစ်ကြံပိုးခေါက်ရဲ့ ဆေးဖက်ဝင်ပုံကိုလဲ အနည်းငယ်လေ့လာကြည့်ပေါ့။ ကျနော်နောက်ကိုလဲ ကြုံရင်ရေးပါ့မယ်။ သစ်ကြံပိုးခေါက်ကို သုံးပြီး ခံတွင်းချဉ်စိတ်နဲ့ ဆေးလိပ်သောက်တဲ့အကျင့်ပါနေတာကို တဖြည်းဖြည်း လျှော့ချပါ။ ဆေးလိပ်သောက်တယ်ဆိုတာ မိမိကိုယ်တိုင်နဲ့ မိသားစု ပတ်ဝန်းကျင် တခုမှကောင်းကျိုးမပေးတဲ့အတွက် အားလုံးကို ကောင်းကျိုးပြုဖို့ လုပ်ဆောင်နေတယ်လို့ စိတ်မှာတွေးပါ။

    (၃) သစ်ကြံပိုးခေါက်ရဲ့ အရသာက ပြင်းရင် ခံတွင်းချဉ်တာ ပြေသွားပြီးတဲ့နောက် ရေသောက်ပါ။ဆေးလိပ်ကို ဖြတ်နိုင်ခြင်းဆိုတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ။

    Credit-ဝင်းလှိုင်ဦး

  • သုံးၿပီးသား လက္ဖက္ေျခာက္ အိတ္ေလးေတြရဲ႕ အံ့ဖြယ္အသုံးဝင္ပုံ

    (Zawgyi)

    သုံးၿပီးသား လက္ဖက္ေျခာက္ အိတ္ေလးေတြရဲ႕ အံ့ဖြယ္အသုံးဝင္ပုံ

    လစ္ပ္တန္တီးလို တစ္ခါေသာက္ လက္ဖက္ေျခာက္ အိတ္ေလးေတြဟာ သုံးၿပီးတာေတာင္မွ အက်ိဳးရွိတာေတြ ထပ္လုပ္ရတာမို႔ အျပည့္အဝ အသုံးခ်ႏိုင္ဖို႔အတြက္ လုပ္ၾကည့္ႏိုင္တာေလး တခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။

    အနံ႔ဆိုး ကင္းေစျခင္း-

    ေရခဲေသတၱာထဲမွာ ဟင္းေတြ၊ မုန႔္ေတြ အၾကာႀကီး သိမ္းထားၿပီး အနံ႔အသက္ မေကာင္းဘူး ဆိုရင္ေတာ့ သုံးၿပီးသားလက္ဖက္ေျခာက္အိတ္ေလးက အနံ႔ဆိုးေတြ စုပ္ထားႏိုင္သလို အမႈိက္ပုံး ေအာက္ေျခနားမွာ ထားၿပီးေတာ့လည္း အနံ႔ဆိုးမထြက္ေအာင္ လုပ္ႏိုင္ပါေသးတယ္။

    လက္အနံ႔ဆိုးေပ်ာက္ေစျခင္း-

    ငါး၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြကိုင္ၿပီး ဆပ္ျပာနဲ႔ ဘယ္ေလာက္ေဆးေဆး နံေနတုန္းပဲဆိုရင္ေတာ့ လက္ဖက္ေျခာက္အိတ္ေဟာင္းေလးကို ဖြင့္ၿပီး ပြတ္ေဆးႏိုင္ပါတယ္။

    အ႐ြယ္တင္ေစျခင္း-

    ေရခ်ိဳးကန္ကို ေရေႏြးေႏြးေလး အျပည့္ထည့္ၿပီး သုံးၿပီးသား လက္ဖက္ေျခာက္အိတ္ေလး တခ်ိဳ႕စိမ္ထားၿပီး ေရခ်ိဳးမယ္ဆို ရင္ အေရျပားဆဲလ္ေတြ မပ်က္စီးေအာင္ ကာကြယ္ႏိုင္သလို အ႐ြယ္တင္ႏုပ်ိဳေစပါတယ္။

    ခံတြင္းနံ႔ ကင္းေစျခင္း-

    အယ္လ္ကိုေဟာပါတဲ့ ခံတြင္းနံ႔ေပ်ာက္ေဆးရည္ေတြဟာ ပလုတ္က်င္းၿပီးတဲ့အခါ ပါးစပ္ထဲမွာေျခာက္ၿပီး က်န္ခဲ့ေစေပမယ့္ သုံးၿပီးသားလက္ဖက္ ေျခာက္အိတ္ေလးကို ေရေႏြးဆူဆူနဲ႔ စိမ္ထားၿပီး ေအးသြားၿပီဆိုရင္ ပလုတ္က်င္းႏိုင္ၿပီး ခံတြင္း ရွင္းေစပါတယ္။

    ဆံပင္ေပ်ာ့ေဆးအျဖစ္ သုံးႏိုင္ျခင္း-

    ေရေႏြးပူပူထဲမွာ သုံးၿပီးသား လက္ဖက္ေျခာက္အိတ္ေတြ စိမ္ၿပီး ေအးလာၿပီဆိုရင္ ေခါင္းေလွ်ာ္တဲ့အခါ ဦးေရျပားေျခာက္တာ ကာကြယ္ေပးၿပီး ဆံသားႏူးညံ့ေစပါတယ္။

    ေျခေထာက္ႏူးညံ့ေစျခင္း-

    ဇလုံ ခပ္ေသးေသးတစ္လုံးထဲမွာ လက္ဖက္ေျခာက္အိတ္ေဟာင္းေတြထည့္ၿပီး စိမ္ထားပါ။ ခပ္ေႏြးေႏြးျဖစ္လာၿပီဆိုရင္ ေျခေထာက္ကိုအသာစိမ္ထားရင္ ေျခေထာက္ႏူးညံ့ေစတဲ့အျပင္ အနံ႔ဆိုးလည္း ကင္းေစပါတယ္။

    မ်က္ကြင္းညိဳ သက္သာေစျခင္း-

    သုံးၿပီးသား လက္ဖက္ေျခာက္အိတ္ေတြကို ေရခဲေသတၱာထဲမွာ မိနစ္အနည္းငယ္အၾကာ ေအးခဲေအာင္ထားၿပီး မ်က္လုံး တစ္ဝိုက္ကို ကပ္ေပးရင္ မ်က္ကြင္းညိဳတာေတြ၊ မ်က္စိမို႔ေဖာင္း ေနတာေတြကို သက္သာေစပါ တယ္။

    ဒဏ္ရာမ်ားကို သက္သာေစျခင္း-

    တစ္ခုခုနဲ႔ ေဆာင့္မိၿပီး ဒဏ္ရာအနာတရျဖစ္ရင္ လက္ဖက္ေျခာက္အိတ္ကို ေရခဲေသတၱာထဲ ခဏထည့္ထားၿပီး ဒဏ္ရာရတဲ့ ေနရာကို ကပ္ေပးရင္ျမန္ျမန္ သက္သာေစပါတယ္။

    မွန္ၾကည္ေစျခင္း-

    ဖန္ေတြ၊ မွန္ေတြကို ၾကည္လင္သန႔္ရွင္းေစခ်င္ရင္လည္း လက္ဖက္ေျခာက္ေအးနဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။

    Ref: healthdigezt

    Credit-7Day Daily

    (Unicode)

    သုံးပြီးသား လက်ဖက်ခြောက် အိတ်လေးတွေရဲ့ အံ့ဖွယ်အသုံးဝင်ပုံ

    လစ်ပ်တန်တီးလို တစ်ခါသောက် လက်ဖက်ခြောက် အိတ်လေးတွေဟာ သုံးပြီးတာတောင်မှ အကျိုးရှိတာတွေ ထပ်လုပ်ရတာမို့ အပြည့်အဝ အသုံးချနိုင်ဖို့အတွက် လုပ်ကြည့်နိုင်တာလေး တချို့ကို မျှဝေလိုက်ပါတယ်။

    အနံ့ဆိုး ကင်းစေခြင်း-

    ရေခဲသေတ္တာထဲမှာ ဟင်းတွေ၊ မုန့်တွေ အကြာကြီး သိမ်းထားပြီး အနံ့အသက် မကောင်းဘူး ဆိုရင်တော့ သုံးပြီးသားလက်ဖက်ခြောက်အိတ်လေးက အနံ့ဆိုးတွေ စုပ်ထားနိုင်သလို အမှိုက်ပုံး အောက်ခြေနားမှာ ထားပြီးတော့လည်း အနံ့ဆိုးမထွက်အောင် လုပ်နိုင်ပါသေးတယ်။

    လက်အနံ့ဆိုးပျောက်စေခြင်း-

    ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကိုင်ပြီး ဆပ်ပြာနဲ့ ဘယ်လောက်ဆေးဆေး နံနေတုန်းပဲဆိုရင်တော့ လက်ဖက်ခြောက်အိတ်ဟောင်းလေးကို ဖွင့်ပြီး ပွတ်ဆေးနိုင်ပါတယ်။

    အရွယ်တင်စေခြင်း-

    ရေချိုးကန်ကို ရေနွေးနွေးလေး အပြည့်ထည့်ပြီး သုံးပြီးသား လက်ဖက်ခြောက်အိတ်လေး တချို့စိမ်ထားပြီး ရေချိုးမယ်ဆို ရင် အရေပြားဆဲလ်တွေ မပျက်စီးအောင် ကာကွယ်နိုင်သလို အရွယ်တင်နုပျိုစေပါတယ်။

    ခံတွင်းနံ့ ကင်းစေခြင်း-

    အယ်လ်ကိုဟောပါတဲ့ ခံတွင်းနံ့ပျောက်ဆေးရည်တွေဟာ ပလုတ်ကျင်းပြီးတဲ့အခါ ပါးစပ်ထဲမှာခြောက်ပြီး ကျန်ခဲ့စေပေမယ့် သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးကို ရေနွေးဆူဆူနဲ့ စိမ်ထားပြီး အေးသွားပြီဆိုရင် ပလုတ်ကျင်းနိုင်ပြီး ခံတွင်း ရှင်းစေပါတယ်။

    ဆံပင်ပျော့ဆေးအဖြစ် သုံးနိုင်ခြင်း-

    ရေနွေးပူပူထဲမှာ သုံးပြီးသား လက်ဖက်ခြောက်အိတ်တွေ စိမ်ပြီး အေးလာပြီဆိုရင် ခေါင်းလျှော်တဲ့အခါ ဦးရေပြားခြောက်တာ ကာကွယ်ပေးပြီး ဆံသားနူးညံ့စေပါတယ်။

    ခြေထောက်နူးညံ့စေခြင်း-

    ဇလုံ ခပ်သေးသေးတစ်လုံးထဲမှာ လက်ဖက်ခြောက်အိတ်ဟောင်းတွေထည့်ပြီး စိမ်ထားပါ။ ခပ်နွေးနွေးဖြစ်လာပြီဆိုရင် ခြေထောက်ကိုအသာစိမ်ထားရင် ခြေထောက်နူးညံ့စေတဲ့အပြင် အနံ့ဆိုးလည်း ကင်းစေပါတယ်။

    မျက်ကွင်းညို သက်သာစေခြင်း-

    သုံးပြီးသား လက်ဖက်ခြောက်အိတ်တွေကို ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ်အကြာ အေးခဲအောင်ထားပြီး မျက်လုံး တစ်ဝိုက်ကို ကပ်ပေးရင် မျက်ကွင်းညိုတာတွေ၊ မျက်စိမို့ဖောင်း နေတာတွေကို သက်သာစေပါ တယ်။

    ဒဏ်ရာများကို သက်သာစေခြင်း-

    တစ်ခုခုနဲ့ ဆောင့်မိပြီး ဒဏ်ရာအနာတရဖြစ်ရင် လက်ဖက်ခြောက်အိတ်ကို ရေခဲသေတ္တာထဲ ခဏထည့်ထားပြီး ဒဏ်ရာရတဲ့ နေရာကို ကပ်ပေးရင်မြန်မြန် သက်သာစေပါတယ်။

    မှန်ကြည်စေခြင်း-

    ဖန်တွေ၊ မှန်တွေကို ကြည်လင်သန့်ရှင်းစေချင်ရင်လည်း လက်ဖက်ခြောက်အေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

    Ref: healthdigezt

    Credit-7Day Daily

  • စားတတ္ရင္ အရမ္းေဆးဘက္၀င္တဲ့ အသက္ရွည္ေဆး ဒူးရင္းသီး

    (Unicode)

    အသက္ရွည္ေဆး ဒူးရင္းသီး

    ဟာ ဒူးရင္းသီးလား? အလုံးကလည္းဆူးေတြနဲ႔ အနံကလည္း ဆိုးေသး။ မစားခ်င္ပါဘူး။ အဲ့လိုမထင္လိုက္ပါနဲ႔။ ဒူးရင္းသီးဟာ စားတတ္ရင္ အရမ္းေဆးဖက္ဝင္ပါတယ္။ ဒူးရင္းသီးစားရင္ ဘာေတြျဖစ္မလဲဆိုေတာ့

    -အစာေျခစနစ္ကို ကူညီေပးပါတယ္။

    -ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးပါတယ္။

    -အမွ်င္ဓာတ္ပါတဲ့ စားစရာလည္း ျဖစ္ပါတယ္။

    -သၾကားဓာတ္နည္းလို႔ ဆီးခ်ိဳကို ဟန႔္တားေပးပါတယ္။

    -Vitamin C လည္း ၈၀% ပါဝင္လို႔ ေရာဂါဝင္ေရာက္မႈကို တားဆီးေပးပါတယ္။

    -ကင္ဆာမျဖစ္ေအာင္လည္း ဒူးရင္းသီးက တာဝန္ယူပါတယ္။

    -ႏွလုံးကို က်န္းမာေစပါတယ္။

    -ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အားအင္ပမာဏကို ထုတ္ေပးႏိုင္ပါတယ္။

    -ဓာတ္တိုးဂုဏ္သတၱိပါဝင္လို႔ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။

    -အာ႐ုံေၾကာေတြကို အားေကာင္းလာေစပါတယ္။

    -ဦးေႏွာက္သို႔ ေသြးစီးဆင္းမႈကို တိုးျမႇင့္ေပးလို႔ မွတ္ဉာဏ္ေမ့ေလ်ာ့ျခင္းႏွင့္ အာ႐ုံမစူးစိုက္ႏိုင္ျခင္းတို႔ကို တားဆီးေပးပါတယ္။

    -အယ္ဇိုင္းမားေရာဂါ မျဖစ္ေစဖို႔ ကာကြယ္ေပးတဲ့ သဘာဝဓာတ္စာလည္း ျဖစ္ပါတယ္။

    ဒူးရင္းသီးဟာ ရာသီစာျဖစ္ခဲ့ေပမယ့္လို႔ ခုခ်ိန္မွာ ရာသီမေ႐ြး ေနရာမေ႐ြး ဝယ္ယူစားသုံးႏိုင္ေနပါၿပီ။ ရာသီဥတုပူျပင္းတဲ့အခ်ိန္မ်ိဳးမွာ ဒူးရင္းသီး အမ်ားႀကီး စားတာမ်ိဳး မျဖစ္ေစဖို႔ေတာ့ ဂ႐ုျပဳရပါမယ္။ တန္ေဆး လြန္ေဘးဆိုတဲ့စကားအတိုင္း မမ်ားလြန္းတဲ့ ပမာဏေလာက္သာ စားသုံးေပးမယ္ဆိုရင္ သက္ရွည္က်န္းမာေစမွာ မလြဲဧကန္ပါပဲရွင္။

    Credit-MyFood Myanmar

    (Unicode)

    အသက်ရှည်ဆေး ဒူးရင်းသီး

    ဟာ ဒူးရင်းသီးလား? အလုံးကလည်းဆူးတွေနဲ့ အနံကလည်း ဆိုးသေး။ မစားချင်ပါဘူး။ အဲ့လိုမထင်လိုက်ပါနဲ့။ ဒူးရင်းသီးဟာ စားတတ်ရင် အရမ်းဆေးဖက်ဝင်ပါတယ်။ ဒူးရင်းသီးစားရင် ဘာတွေဖြစ်မလဲဆိုတော့

    -အစာခြေစနစ်ကို ကူညီပေးပါတယ်။

    -ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

    -အမျှင်ဓာတ်ပါတဲ့ စားစရာလည်း ဖြစ်ပါတယ်။

    -သကြားဓာတ်နည်းလို့ ဆီးချိုကို ဟန့်တားပေးပါတယ်။

    -Vitamin C လည်း ၈၀% ပါဝင်လို့ ရောဂါဝင်ရောက်မှုကို တားဆီးပေးပါတယ်။

    -ကင်ဆာမဖြစ်အောင်လည်း ဒူးရင်းသီးက တာဝန်ယူပါတယ်။

    -နှလုံးကို ကျန်းမာစေပါတယ်။

    -ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်ပမာဏကို ထုတ်ပေးနိုင်ပါတယ်။

    -ဓာတ်တိုးဂုဏ်သတ္တိပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

    -အာရုံကြောတွေကို အားကောင်းလာစေပါတယ်။

    -ဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးလို့ မှတ်ဉာဏ်မေ့လျော့ခြင်းနှင့် အာရုံမစူးစိုက်နိုင်ခြင်းတို့ကို တားဆီးပေးပါတယ်။

    -အယ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သဘာဝဓာတ်စာလည်း ဖြစ်ပါတယ်။

    ဒူးရင်းသီးဟာ ရာသီစာဖြစ်ခဲ့ပေမယ့်လို့ ခုချိန်မှာ ရာသီမရွေး နေရာမရွေး ဝယ်ယူစားသုံးနိုင်နေပါပြီ။ ရာသီဥတုပူပြင်းတဲ့အချိန်မျိုးမှာ ဒူးရင်းသီး အများကြီး စားတာမျိုး မဖြစ်စေဖို့တော့ ဂရုပြုရပါမယ်။ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း မများလွန်းတဲ့ ပမာဏလောက်သာ စားသုံးပေးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမှာ မလွဲဧကန်ပါပဲရှင်။

    Credit-MyFood Myanmar

  • အသက္ ၁၈ ႏွစ္ ေနာက္ပိုင္းမွာ အရပ္ရွည္ေအာင္ ဘယ္လိုလုပ္မလဲ

    (Zawgyi)

    အသက္ ၁၈ ႏွစ္ ေနာက္ပိုင္းမွာ အရပ္ရွည္ေအာင္ ဘယ္လိုလုပ္မလဲ

    အသက္ ၁၈ ႏွစ္ ျပည့္ၿပီးသြားရင္ အရပ္ရွည္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာဟာ အျပည့္အဝ မွန္ကန္တဲ့ အဆို တခုေတာ့ မဟုတ္ပါဘူး။ အာဟာရပညာရွင္ေတြနဲ႔ ေဆးပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ အသက္ ၁၈ ႏွစ္ေနာက္ပိုင္းမွာလည္း မွန္ကန္တဲ့ စားေသာက္ ေနထိုင္မႈပုံစံ ရွိမယ္ဆိုရင္ အရပ္ရွည္ႏိုင္ေသးတယ္လို႔ ဆိုပါတယ္။

    ဒါေၾကာင့္မို႔လို႔ အသက္ ၁၈ ႏွစ္ေနာက္ပိုင္း အရပ္ရွည္ေအာင္ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

    (၁) သင့္တင့္မွ်တတဲ့ အာဟာရဓာတ္ေတြ လုံေလာက္ေအာင္ စားသုံးပါ

    အရပ္ရွည္ေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ သံဓာတ္၊ ပ႐ိုတင္းနဲ႔ ကယ္လ္ဆီယမ္ဓာတ္ ပါဝင္တဲ့ အစားအစာေတြကို ေ႐ြးခ်ယ္ၿပီး လုံေလာက္ေအာင္ စားသုံးေပးရပါမယ္။ ေနာက္ထပ္ အေရးႀကီးတာတခုကေတာ့ မနက္စာကို မပ်က္မကြက္ စားသုံးေပးရမွာပါ။ အာာဟာရ ျပည့္ဝတဲ့ မနက္စာ စားသုံးျခင္းဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး အရပ္ရွည္ေစႏိုင္ဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

    (၂) ေရမ်ားမ်ား ေသာက္ပါ

    ေရမ်ားမ်ား ေသာက္သုံးေပးျခင္းဟာ ခႏၶာကိုယ္ ႀကီးထြားဖြံၿဖိဳးမႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။

    (၃) ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ

    ေယာဂက်င့္တာမ်ိဳးနဲ႔ ေလ့က်င့္ခန္းတခုခု ျပဳလုပ္ေပးတာမ်ိဳးဟာ အ႐ိုးအဆစ္ေတြ ႀကီးထြားဖြံ႕ၿဖိဳးဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။

    (၄) ေဆးလိပ္၊ အရက္ စတာေတြကို ေရွာင္ၾကဥ္ပါ

    ေဆးလိပ္နဲ႔ အရက္ စတာေတြဟာ ခႏၶာကိုယ္ ႀကီးထြားဖြံ႕ၿဖိဳးေစတဲ့ ဆဲလ္ေတြ ထုတ္လႊတ္မႈကို အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ သတိျပဳ ေရွာင္ၾကဥ္သင့္ပါတယ္။

    (၅) အိပ္ရာက ႏိုးတဲ့အခါ အေၾကာဆန႔္ပါ

    အိပ္ရာက ႏိုးတဲ့အခါ ခ်က္ခ်င္း မထေသးဘဲ အပ်င္းေၾကာဆန႔္သလို တကိုယ္လုံးကို ဆန႔္ထုတ္ျခင္းက အရပ္ရွည္ေစဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

    Ref. www.lybrate.com

    Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    အသက် ၁၈ နှစ် နောက်ပိုင်းမှာ အရပ်ရှည်အောင် ဘယ်လိုလုပ်မလဲ

    အသက် ၁၈ နှစ် ပြည့်ပြီးသွားရင် အရပ်ရှည်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာဟာ အပြည့်အဝ မှန်ကန်တဲ့ အဆို တခုတော့ မဟုတ်ပါဘူး။ အာဟာရပညာရှင်တွေနဲ့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အသက် ၁၈ နှစ်နောက်ပိုင်းမှာလည်း မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိမယ်ဆိုရင် အရပ်ရှည်နိုင်သေးတယ်လို့ ဆိုပါတယ်။

    ဒါကြောင့်မို့လို့ အသက် ၁၈ နှစ်နောက်ပိုင်း အရပ်ရှည်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

    (၁) သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ လုံလောက်အောင် စားသုံးပါ

    အရပ်ရှည်စေဖို့ အထောက်အကူဖြစ်စေတဲ့ သံဓာတ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်ပြီး လုံလောက်အောင် စားသုံးပေးရပါမယ်။ နောက်ထပ် အရေးကြီးတာတခုကတော့ မနက်စာကို မပျက်မကွက် စားသုံးပေးရမှာပါ။ အာာဟာရ ပြည့်ဝတဲ့ မနက်စာ စားသုံးခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပြီး အရပ်ရှည်စေနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

    (၂) ရေများများ သောက်ပါ

    ရေများများ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။

    (၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

    ယောဂကျင့်တာမျိုးနဲ့ လေ့ကျင့်ခန်းတခုခု ပြုလုပ်ပေးတာမျိုးဟာ အရိုးအဆစ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

    (၄) ဆေးလိပ်၊ အရက် စတာတွေကို ရှောင်ကြဉ်ပါ

    ဆေးလိပ်နဲ့ အရက် စတာတွေဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ ဆဲလ်တွေ ထုတ်လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် သတိပြု ရှောင်ကြဉ်သင့်ပါတယ်။

    (၅) အိပ်ရာက နိုးတဲ့အခါ အကြောဆန့်ပါ

    အိပ်ရာက နိုးတဲ့အခါ ချက်ချင်း မထသေးဘဲ အပျင်းကြောဆန့်သလို တကိုယ်လုံးကို ဆန့်ထုတ်ခြင်းက အရပ်ရှည်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

    Ref. www.lybrate.com

    Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition