Author: shangyi

  • သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ လွ်ိဳ႕၀ွက္ခ်က္မ်ား

    (Zawgyi)

    သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ အသံုး၀င္ပံု

    ရွားေစာင္းလက္ပက္ရဲ႕ အ႐ြက္ထူႀကီးေတြကို ခြာလိုက္ရင္ ေတြ႕ရတဲ့ ဂ်ယ္အႏွစ္ေတြမွာ ဗီတာမင္ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ သူတို႔ရဲ႕ အာနိသင္ စြမ္းပုံက ပိုးေကာင္ကိုက္ ကုသတာက အစ ဆံပင္ေပါင္းတင္တာ အဆုံးပဲ ျဖစ္ပါတယ္။

    ၁။ မိတ္ကပ္ဖ်က္လွ်င္

    သင္ဟာ ေဈးလည္း သက္သာ၊ အသားအေရ အတြက္လည္း အႏၲရာယ္ မျဖစ္ေစႏိုင္တဲ့ သဘာ၀ မိတ္ကပ္ဖ်က္ေဆး လိုခ်င္ရင္ေတာ့ ဆိုင္ေတြ မွာ အလြယ္တကူ ရႏိုင္တဲ့ ရွားေစာင္း လက္ပက္ အရည္ကိုသာသုံးပါ။ မ်က္ႏွာကို ျပန္လည္ စိုေျပေစပါတယ္။

    ၂။ ေျခေထာက္ေပါက္လွ်င္

    ေျခေထာက္ ေပါက္သြားတဲ့ အနာကို ရွားေစာင္း လက္ပက္အႏွစ္နဲ႔ လိမ္းပါ။ ဒီနည္းအတိုင္းလုပ္ေဆာင္လွ်င္ အနာနီရဲ ေရာင္ရမ္းျခင္းကို ေလ်ာ့ပါး သက္သာေစပါတယ္။

    ၃။ ေနေလာင္လွ်င္

    အသားအေရ ေနေလာင္သြားလို႔ စိတ္မညစ္ေနပါနဲ႔ ။ ေနေလာင္သြားတဲ့ အေရျပားေပၚကို ရွားေစာင္း လက္ပက္ အႏွစ္ကို လိမ္းလိုက္ပါ။ ရွားေစာင္း လက္ပက္မွာပါတဲ့ အစိုဓာတ္က လ်င္ျမန္စြာ သက္သာေစႏိုင္ပါတယ္။

    ၄။ အသားအေရ အစိုဓာတ္ထိန္းဖို႔

    ရွားေစာင္း လက္ပက္ကေတာ့ ခႏၶာကိုယ္ တစ္ခုလုံးကို အစိုဓာတ္ ထိန္းေပးႏိုင္စြမ္း ရွိပါတယ္။အထူးသျဖင့္ မ်က္ႏွာ အသားအေရကို ပိုလို႔ေတာင္ အစိုဓာတ္ ထိန္းေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ရွားေစာင္း လက္ပက္အႏွစ္က ခြဲ်ပ်စ္ပ်စ္ျဖစ္ မက်န္ေစပါဘူး။ အေရျပား ေရာင္ရမ္းမႈကိုလည္း ေလ်ာ့က်ေစတဲ့ အတြက္ ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြ အတြက္ ေဆးေကာင္း တစ္လက္ပါပဲ။

    ၅။ ဆံပင္ေပါင္းတင္ဖို႔

    သင္ပုံမွန္ သုံးေနက် ဆံပင္ ေပါင္းတင္ေဆး အစား ရွားေစာင္း လက္ပက္ အႏွစ္အခ်ိဳ႕ကို ယူၿပီး ဆံပင္မွာ သုတ္လိမ္းလိုက္ပါ။ (၅) မိနစ္ၾကာ ထားၿပီးေနာက္ ေရေဆးခ်ပါ။ သင့္ဆံေကသာ သဘာဝအတိုင္း ႏူးညံ့ေခ်ာေမြ႕လာပါမယ္။

    ၆။ မုတ္ဆိတ္ရိတ္ရာတြင္

    ရွားေစာင္း လက္ပက္မွာ ေရဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ သာမန္ မုတ္ဆိတ္ရိတ္ ခရင္မ္ေတြထက္ ပိုၿပီး သဘာဝက်က် ေကာင္းမြန္ပါ တယ္။ ဒါ့အျပင္ အစိုဓာတ္ကိုလည္း ထိန္းေပးလို႔ မုတ္ဆိတ္ရိတ္ၿပီး အေရျပားကို မေျခာက္ေသြ႕ေစေတာ့ပါဘူး။

    ၇။ ပိုးေကာင္ အကိုက္ခံရလွ်င္

    အင္းဆက္ ပိုးေကာင္ေတြ၊ ျခင္ေတြရဲ႕ အကိုက္ခံရလွ်င္ ရွားေစာင္း လက္ပက္ အႏွစ္ကိုသာ လိမ္းလိုက္ပါ။ ဒါ့အျပင္ ရွားေစာင္း လက္ပက္ က အဖုအပိန႔္ေတြ၊ ယားနာေတြ၊ အပူ ေလာင္ဒဏ္ရာေတြနဲ႔ ဒဏ္ရာတခ်ိဳ႕ ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

    Credit-Messenger

    (Unicode)

    ရှားစောင်းလက်ပက်ရဲ့ အရွက်ထူကြီးတွေကို ခွာလိုက်ရင် တွေ့ရတဲ့ ဂျယ်အနှစ်တွေမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အာနိသင် စွမ်းပုံက ပိုးကောင်ကိုက် ကုသတာက အစ ဆံပင်ပေါင်းတင်တာ အဆုံးပဲ ဖြစ်ပါတယ်။

    ၁။ မိတ်ကပ်ဖျက်လျှင်

    သင်ဟာ ဈေးလည်း သက်သာ၊ အသားအရေ အတွက်လည်း အန္တရာယ် မဖြစ်စေနိုင်တဲ့ သဘာ၀ မိတ်ကပ်ဖျက်ဆေး လိုချင်ရင်တော့ ဆိုင်တွေ မှာ အလွယ်တကူ ရနိုင်တဲ့ ရှားစောင်း လက်ပက် အရည်ကိုသာသုံးပါ။ မျက်နှာကို ပြန်လည် စိုပြေစေပါတယ်။

    ၂။ ခြေထောက်ပေါက်လျှင်

    ခြေထောက် ပေါက်သွားတဲ့ အနာကို ရှားစောင်း လက်ပက်အနှစ်နဲ့ လိမ်းပါ။ ဒီနည်းအတိုင်းလုပ်ဆောင်လျှင် အနာနီရဲ ရောင်ရမ်းခြင်းကို လျော့ပါး သက်သာစေပါတယ်။

    ၃။ နေလောင်လျှင်

    အသားအရေ နေလောင်သွားလို့ စိတ်မညစ်နေပါနဲ့ ။ နေလောင်သွားတဲ့ အရေပြားပေါ်ကို ရှားစောင်း လက်ပက် အနှစ်ကို လိမ်းလိုက်ပါ။ ရှားစောင်း လက်ပက်မှာပါတဲ့ အစိုဓာတ်က လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

    ၄။ အသားအရေ အစိုဓာတ်ထိန်းဖို့

    ရှားစောင်း လက်ပက်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို အစိုဓာတ် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။အထူးသဖြင့် မျက်နှာ အသားအရေကို ပိုလို့တောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှားစောင်း လက်ပက်အနှစ်က ခွဲျပျစ်ပျစ်ဖြစ် မကျန်စေပါဘူး။ အရေပြား ရောင်ရမ်းမှုကိုလည်း လျော့ကျစေတဲ့ အတွက် ဝက်ခြံနဲ့ အမာရွတ်တွေ အတွက် ဆေးကောင်း တစ်လက်ပါပဲ။

    ၅။ ဆံပင်ပေါင်းတင်ဖို့

    သင်ပုံမှန် သုံးနေကျ ဆံပင် ပေါင်းတင်ဆေး အစား ရှားစောင်း လက်ပက် အနှစ်အချို့ကို ယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်ကြာ ထားပြီးနောက် ရေဆေးချပါ။ သင့်ဆံကေသာ သဘာဝအတိုင်း နူးညံ့ချောမွေ့လာပါမယ်။

    ၆။ မုတ်ဆိတ်ရိတ်ရာတွင်

    ရှားစောင်း လက်ပက်မှာ ရေဓာတ်များစွာ ပါဝင်တာကြောင့် သာမန် မုတ်ဆိတ်ရိတ် ခရင်မ်တွေထက် ပိုပြီး သဘာဝကျကျ ကောင်းမွန်ပါ တယ်။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးလို့ မုတ်ဆိတ်ရိတ်ပြီး အရေပြားကို မခြောက်သွေ့စေတော့ပါဘူး။

    ၇။ ပိုးကောင် အကိုက်ခံရလျှင်

    အင်းဆက် ပိုးကောင်တွေ၊ ခြင်တွေရဲ့ အကိုက်ခံရလျှင် ရှားစောင်း လက်ပက် အနှစ်ကိုသာ လိမ်းလိုက်ပါ။ ဒါ့အပြင် ရှားစောင်း လက်ပက် က အဖုအပိန့်တွေ၊ ယားနာတွေ၊ အပူ လောင်ဒဏ်ရာတွေနဲ့ ဒဏ်ရာတချို့ ကို ပျောက်ကင်းစေနိုင်ပါတယ်။

    Credit-Messenger

  • အိမ္သုံးမီတာအသစ္တစ္လုံး တပ္ဆင္မယ္ဆိုရင္ ဘာေတြ လိုအပ္မလဲ

    (Zawgyi)

    အိမ္သုံးမီတာအသစ္တစ္လုံး တပ္ဆင္မယ္ဆိုရင္ ဘာေတြ လိုအပ္မလဲ

    ပထမဦးဆုံး မီတာတပ္ဖို႔အတြက္ ေလွ်ာက္ထားမယ္ဆိုရင္ yesc.org.mm ထဲကို ဝင္ပါ။ အဲ့ဒီရဲ႕ မီးသုံးသူက႑ရဲ႕ ေအာက္မွာ ရွိတဲ့ မီတာေလွ်ာက္ထားရန္မွတစ္ဆင့္ လိုအပ္သည္မ်ားကို လုပ္ေဆာင္ႏိုင္ပါတယ္။

    မိမိအိမ္မွာ မီတာပုံးအသစ္ တပ္ဆင္ေတာ့မယ္ဆိုရင္ ေပးသြင္းရမယ့္ ႏႈန္းထားမ်ားနဲ႔ မီတာသုံးစြဲခ ႏႈန္းထားမ်ားကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

    အိမ္သုံးမီတာတစ္လုံး တပ္ဆင္မယ္ဆိုရင္ စုစုေပါင္း ၉၀,၀၀၀ က်ပ္ က်သင့္မွာ ျဖစ္ၿပီး

    (၁) မီတာ သတ္မွတ္ေၾကး – ၆၅,၀၀၀ က်ပ္

    (၂) မီတာပုံးခြံ – ၁၅,၀၀၀ က်ပ္

    (၃) အာမခံ စေဘာ္ေငြ – ၄,၀၀၀ က်ပ္

    (၄) ႀကိဳးသြယ္ခ – ၂,၀၀၀ က်ပ္

    (၅) မီးဆက္ခ – ၂,၀၀၀ က်ပ္

    (၆) ႀကီးၾကပ္ခ – ၁,၀၀၀ က်ပ္ နဲ႔

    (၇) မွတ္ပုံတင္ေၾကး – ၁,၀၀၀ က်ပ္တို႔ ပါဝင္ပါတယ္။

    မီတာသုံးစြဲခမ်ားကို ၁ ယူနစ္မွ ၁၀၀ ယူနစ္အထိ ၃၅ က်ပ္၊ ၁၀၁ ယူနစ္မွ ၂၀၀ ယူနစ္အထိ ၄၅ က်ပ္၊ ၂၀၁ ယူနစ္နဲ႔ အထက္ ၅၀ က်ပ္ျဖင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး႒ာနေအာက္ရွိ လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းမ်ားမွ ေကာက္ခံလ်က္ ရွိပါတယ္။

    Credit-yangondirectory

    http://www.yangondirectory.com/en/my-yangon/explore-yangon/daily-life/item/2721-what-is-required-to-get-home-if-you-install-a-new-meter-fall.html?fbclid=IwAR3SoiZCAy21SeEkWuc3PC_wjCRXOUxd94IJ9RTKDuc6DXS4ViHC1AErRMk

    (Unicode)

    အိမ်သုံးမီတာအသစ်တစ်လုံး တပ်ဆင်မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ

    ပထမဦးဆုံး မီတာတပ်ဖို့အတွက် လျှောက်ထားမယ်ဆိုရင် yesc.org.mm ထဲကို ဝင်ပါ။ အဲ့ဒီရဲ့ မီးသုံးသူကဏ္ဍရဲ့ အောက်မှာ ရှိတဲ့ မီတာလျှောက်ထားရန်မှတစ်ဆင့် လိုအပ်သည်များကို လုပ်ဆောင်နိုင်ပါတယ်။

    မိမိအိမ်မှာ မီတာပုံးအသစ် တပ်ဆင်တော့မယ်ဆိုရင် ပေးသွင်းရမယ့် နှုန်းထားများနဲ့ မီတာသုံးစွဲခ နှုန်းထားများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

    အိမ်သုံးမီတာတစ်လုံး တပ်ဆင်မယ်ဆိုရင် စုစုပေါင်း ၉၀,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး

    (၁) မီတာ သတ်မှတ်ကြေး – ၆၅,၀၀၀ ကျပ်

    (၂) မီတာပုံးခွံ – ၁၅,၀၀၀ ကျပ်

    (၃) အာမခံ စဘော်ငွေ – ၄,၀၀၀ ကျပ်

    (၄) ကြိုးသွယ်ခ – ၂,၀၀၀ ကျပ်

    (၅) မီးဆက်ခ – ၂,၀၀၀ ကျပ်

    (၆) ကြီးကြပ်ခ – ၁,၀၀၀ ကျပ် နဲ့

    (၇) မှတ်ပုံတင်ကြေး – ၁,၀၀၀ ကျပ်တို့ ပါဝင်ပါတယ်။

    မီတာသုံးစွဲခများကို ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၅ ကျပ်၊ ၂၀၁ ယူနစ်နဲ့ အထက် ၅၀ ကျပ်ဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်ရှိ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများမှ ကောက်ခံလျက် ရှိပါတယ်။

    Credit-yangondirectory

    http://www.yangondirectory.com/en/my-yangon/explore-yangon/daily-life/item/2721-what-is-required-to-get-home-if-you-install-a-new-meter-fall.html?fbclid=IwAR3SoiZCAy21SeEkWuc3PC_wjCRXOUxd94IJ9RTKDuc6DXS4ViHC1AErRMk

  • အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

    (Zawgyi)

    ပိုက္ဆံေခၽြတာရင္း မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာေအာင္ အိမ္မွာပဲ သီးပင္စားပင္ေလးေတြ စိုက္ၾကမယ္

    အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

    ဟင္းသီးဟင္းရြက္ေတြကို လွီးခၽြတ္ၿပီးလို့ ပိုေနတဲ့ အပိုင္းအစေလးေတြကို ခ်က္ခ်င္းလႊင့္မပစ္လိုက္ပါနဲ့။ တခ်ိဳ႕ဟင္းသီးဟင္းရြက္ေတြဟာဆိုရင္ ျပန္ၿပီးေတာ့ကို စိုက္ပ်ိဳးၿပီး စားသံုးလို့ရႏိုင္တာေၾကာင့္ ပိုက္ဆံလည္းေခၽြတာရင္း အပ်င္းလည္းေျပရင္းျဖစ္ေအာင္ အပင္ေလးေတြ စိုက္ၾကည့္လိုက္ပါ။

    မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာတဲ့အျပင္ အခုလို ပိုးသတ္ေဆးေတြ အလြန္အက်ဴးသံုးေနခ်ိန္မွာ က်န္းမာေရးထိခိုက္မွာလည္း စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။

    ၾကက္သြန္ၿမိတ္

    စိုက္ရတာအလြယ္ဆံုးနဲ့ အျမန္ဆံုးအေပါက္လြယ္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ၿပီးေတာ့ အိမ္မွာစိုက္ထားမယ္ဆိုရင္ ေနာက္ထပ္ဝယ္ဖို့ကို ေတြးမိမွာမဟုတ္ေတာ့ပါဘူး။ ၾကက္သြန္ၿမိတ္အပင္ေအာက္ေျခကို အျမစ္ေတြပါအပါခ်န္ၿပီးေတာ့ ခရားတစ္ခု သို့မဟုတ္ ဖန္ခြက္တစ္လံုးထဲမွာ ေရလက္မတစ္ဝက္ေလာက္ျဖည့္ၿပီး ထည့္ထားလိုက္ပါ။

    ေနေရာင္ေႏြးေႏြးေလးေအာက္မွာ ထားေပးလိုက္ၿပီး သုံးေလးရက္ေလာက္ၾကာရင္ ေရအသစ္လဲေပးမယ္ဆိုရင္ေတာ့ အပင္ေပါက္ေလးေတြကို အေႏွးနဲ့အျမန္ ျမင္ေတြ႕ရမွာပါပဲ။

    စပါးလင္

    ၾကက္သြန္ၿမိတ္ေတြလိုပဲ အျမစ္နားေအာက္ေျခကို ဖန္ခြက္တစ္လံုးထဲမွာ ေရနည္းနည္းနဲ့အတူထားမယ္ဆိုရင္ ရက္တိုအတြင္း အပင္ေပါက္လာတာကို ျမင္ေတြ႕ရမွာပါ။

    ငရုတ္ပြသီး

    ငရုတ္ပြသီးေတြထဲက အေစ့ေတြကို ပန္းအိုးတစ္လံုးထဲမွာ ေျမႀကီးနဲ့အတူျမဳပ္ကာ ေနေရာင္ျခည္ေအာက္မွာ တိုက္ရိုက္ထားေပးပါ။

    ေထာပတ္သီး

    ေထာပတ္သီးအေစ့ကို ေရေဆးၿပီး ေဘးပတ္ပတ္လည္ကေန သြားၾကားထိုးတံေလးေခ်ာင္းထိုးေပးကာ ေရထည့္ထားတဲ့ဖန္ခြက္တစ္လံုးထဲမွာ ဟန္ခ်က္ညီေအာင္ထည့္ေပးပါ။ ေနေရာင္ေအာက္မွာထားေပးၿပီး ႏွစ္ရက္တစ္ခါေရလဲပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အေစ့ကြဲကာ ရိုးတံေလးထြက္လာမွာျဖစ္ပါတယ္။

    ဂ်င္း

    ဂ်င္းကိုဖန္ခြက္တစ္လံုးထဲမွာ တစ္ညေရစိမ္ပါ။ အဝက်ယ္က်ယ္ အိုးတစ္လံုးထဲမွာ ေျမႀကီးထည့္ကာ ႏွစ္လက္မေလာက္နက္တဲ့အထိ ထိုးထည့္လိုက္ပါ။ ေရမွန္မွန္ေလာင္းၿပီးေတာ့ ေနေရာင္မရွိတဲ့ေနရာမွာထားေပးပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အပင္ေပါက္လာမွာျဖစ္ၿပီး သံုးေလးလၾကာရင္ေတာ့ စားသံုးႏိုင္မွာျဖစ္ပါတယ္။

    Credit-MyFood Myanmar

    (Unicode)

    ပိုက်ဆံချွေတာရင်း မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာအောင် အိမ်မှာပဲ သီးပင်စားပင်လေးတွေ စိုက်ကြမယ်

    အိမ်တွင်းမှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်များ

    ဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေးတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ တချို့ဟင်းသီးဟင်းရွက်တွေဟာဆိုရင် ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။

    မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခုလို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

    ကြက်သွန်မြိတ်

    စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆိုရင် နောက်ထပ်ဝယ်ဖို့ကို တွေးမိမှာမဟုတ်တော့ပါဘူး။ ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီးတော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာ ရေလက်မတစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။

    နေရောင်နွေးနွေးလေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်လောက်ကြာရင် ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်လေးတွေကို အနှေးနဲ့အမြန် မြင်တွေ့ရမှာပါပဲ။

    စပါးလင်

    ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံးထဲမှာ ရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း အပင်ပေါက်လာတာကို မြင်တွေ့ရမှာပါ။

    ငရုတ်ပွသီး

    ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာ မြေကြီးနဲ့အတူမြုပ်ကာ နေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

    ထောပတ်သီး

    ထောပတ်သီးအစေ့ကို ရေဆေးပြီး ဘေးပတ်ပတ်လည်ကနေ သွားကြားထိုးတံလေးချောင်းထိုးပေးကာ ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။ နေရောင်အောက်မှာထားပေးပြီး နှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

    ဂျင်း

    ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ် အိုးတစ်လုံးထဲမှာ မြေကြီးထည့်ကာ နှစ်လက်မလောက်နက်တဲ့အထိ ထိုးထည့်လိုက်ပါ။ ရေမှန်မှန်လောင်းပြီးတော့ နေရောင်မရှိတဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှာဖြစ်ပါတယ်။

    Credit-MyFood Myanmar

  • သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

    (Zawgyi)

    သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

    ဂီလာန ရဟန္းသံဃာေတာ္မ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ား အာဟာရဓာတ္ျပည့္၀ေစရန္ ရည္ရြယ္၍ စတုမဓူ ျပုလုပ္ေရာင္းခ်သူမ်ား ရွိလာ၍ ၀မ္းေျမာက္မိပါသည္။ သို႕ေသာ္ စတုမဓူကို ကၽြန္ေတာ္ျမည္းၾကည့္ေသာအခါ ၀မ္းနည္းရျပန္သည္။ စတုမဓူ အညံ့စားမ်ားျဖစ္၍ အာဟာရတန္ဖိုး နည္းပါးလြန္းလွ၏။

    ဆီၾကိတ္ဆံု

    ျမင္းျခံျမိဳ႕၊ သေျပသာေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ၾကီး ဦးေကာသလႅသည္ အသက္(၉၀)၀န္းက်င္အထိ အသက္ရွည္ကာ က်န္းမာခဲ့ပါသည္။ စတုမဓူကို အာဟာရဓာတ္ ျပည့္၀ေအာင္ ေဖာ္စပ္ျပဳလုပ္၍ သံုးေဆာင္ခဲ့သည္။ ဆရာေတာ္ၾကီး၏ စတုမဓူ ျပုလုပ္နည္းမွာ…

    ၁။ အညာပ်ားရည္စစ္စစ္

    ၂။ အညာႏွမ္းၾကီးဆီ (ဆံုဆီ)စစ္စစ္

    ၃။ ထန္းဖုိသကာရည္

    ၄။ ေထာပတ္စစ္စစ္

    အထက္ပါ ပစၥည္း၄မယ္ကို အေလးခ်ိန္ ဆတူေရာစပ္ကာ သမေအာင္ေမႊ၍ တစ္ပတ္ခန္႕ၾကာေအာင္ ေနေရာင္လွန္းရသည္။ မီးႏွင့္ လံုး၀မခ်က္ရပါ။ ပစၥည္းမ်ား စစ္မွန္ျခင္း၊ ေနေရာင္ႏွင့္သာ ခ်က္ရျခင္းတို႕မွာ စတုမဓူ၏ အရည္အေသြးကို ျမင့္မားေစသည္။

    ထန္းဖိုသကာရည္ကို ေႏြကာလမွာသာ ရရွိႏိုင္သျဖင့္ တေပါင္း၊ တန္ခူး၊ ကဆုန္ ထို(၃)လမွာသာ စတုမဓူျပဳလုပ္ၾကရသည္။ အညာပ်ားရည္သည္ စစ္လွ်င္ အခ်ိန္မည္မွ်ၾကာေစကာမူ အခ်ဥ္ဓာတ္ မေပါက္ပါ။ တမာ၊ ထေနာင္းတို႕ကဲ့သို႕ ေဆးဖက္၀င္ ေဆးပင္ ေဆးပြင့္တို႕၏ ၀တ္ရည္မ်ား ျဖစ္၍ ေဆးစြမ္းထက္သည္။ ထန္းဖိုသကာရည္မွာလည္း အညာမွာသာ ပို၍ ရရွိႏိုင္သည္။ ထန္းမ သကာရည္ထက္ ပို၍ ေဆးဖက္၀င္သည္။ ေထာပတ္မွာ ယခုေခတ္ အတု၊ အေရာအေႏွာ မ်ားလွသည္။ အညာေဒသမွ အသိအကြ်မ္း ေဆြမ်ိဳးရင္းခ်ာမ်ားႏွင့္ မွာယူမွ စိတ္ခ်ရသည္။

    အေကာင္းဆံုး စတုမဓူ၏ အရသာမွာ အခ်ိဳဓာတ္နည္းပါးျပီး ဆိမ့္ပါသည္။ ကိုယ္တိုင္ျပဳလုပ္ေသာ စတုမဓူႏွင့္ ဆိုင္မွ၀ယ္ယူေသာ စတုမဓူ ယွဥ္၍ စားသံုးၾကည့္ပါ။ အနံ႕ေရာ အရသာပါအလြန္ကြာျခားေၾကာင္း လက္ေတြ႕သိၾကပါလိမ့္မည္။

    ေအာင္ေက်ာ္ထူး

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    သက်ကြီးရွယ်အိုများ၊ ဂီလာန ရဟန်းသံဃာတော်များအတွက် အကောင်းဆုံး အာဟာရ။ စတုမဓူ ကိုယ်တိုင်ပြုလုပ်နည်း

    ဂီလာန ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများ အာဟာရဓာတ်ပြည့်ဝစေရန် ရည်ရွယ်၍ စတုမဓူ ပြုလုပ်ရောင်းချသူများ ရှိလာ၍ ဝမ်းမြောက်မိပါသည်။ သို့သော် စတုမဓူကို ကျွန်တော်မြည်းကြည့်သောအခါ ဝမ်းနည်းရပြန်သည်။ စတုမဓူ အညံ့စားများဖြစ်၍ အာဟာရတန်ဖိုး နည်းပါးလွန်းလှ၏။

    မြင်းခြံမြို့၊ သပြေသာကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး ဦးကောသလ္လသည် အသက်(၉၀)ဝန်းကျင်အထိ အသက်ရှည်ကာ ကျန်းမာခဲ့ပါသည်။ စတုမဓူကို အာဟာရဓာတ် ပြည့်ဝအောင် ဖော်စပ်ပြုလုပ်၍ သုံးဆောင်ခဲ့သည်။ ဆရာတော်ကြီး၏ စတုမဓူ ပြုလုပ်နည်းမှာ…

    ၁။ အညာပျားရည်စစ်စစ်

    ၂။ အညာနှမ်းကြီးဆီ (ဆုံဆီ)စစ်စစ်

    ၃။ ထန်းဖိုသကာရည်

    ၄။ ထောပတ်စစ်စစ်

    အထက်ပါ ပစ္စည်း၄မယ်ကို အလေးချိန် ဆတူရောစပ်ကာ သမအောင်မွှေ၍ တစ်ပတ်ခန့်ကြာအောင် နေရောင်လှန်းရသည်။ မီးနှင့် လုံးဝမချက်ရပါ။ ပစ္စည်းများ စစ်မှန်ခြင်း၊ နေရောင်နှင့်သာ ချက်ရခြင်းတို့မှာ စတုမဓူ၏ အရည်အသွေးကို မြင့်မားစေသည်။

    ထန်းဖိုသကာရည်ကို နွေကာလမှာသာ ရရှိနိုင်သဖြင့် တပေါင်း၊ တန်ခူး၊ ကဆုန် ထို(၃)လမှာသာ စတုမဓူပြုလုပ်ကြရသည်။ အညာပျားရည်သည် စစ်လျှင် အချိန်မည်မျှကြာစေကာမူ အချဉ်ဓာတ် မပေါက်ပါ။ တမာ၊ ထနောင်းတို့ကဲ့သို့ ဆေးဖက်ဝင် ဆေးပင် ဆေးပွင့်တို့၏ ဝတ်ရည်များ ဖြစ်၍ ဆေးစွမ်းထက်သည်။ ထန်းဖိုသကာရည်မှာလည်း အညာမှာသာ ပို၍ ရရှိနိုင်သည်။ ထန်းမ သကာရည်ထက် ပို၍ ဆေးဖက်ဝင်သည်။ ထောပတ်မှာ ယခုခေတ် အတု၊ အရောအနှော များလှသည်။ အညာဒေသမှ အသိအကျွမ်း ဆွေမျိုးရင်းချာများနှင့် မှာယူမှ စိတ်ချရသည်။

    အကောင်းဆုံး စတုမဓူ၏ အရသာမှာ အချိုဓာတ်နည်းပါးပြီး ဆိမ့်ပါသည်။ ကိုယ်တိုင်ပြုလုပ်သော စတုမဓူနှင့် ဆိုင်မှဝယ်ယူသော စတုမဓူ ယှဉ်၍ စားသုံးကြည့်ပါ။ အနံ့ရော အရသာပါအလွန်ကွာခြားကြောင်း လက်တွေ့သိကြပါလိမ့်မည်။

    အောင်ကျော်ထူး

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • မိသားစုအေပ်ာ္လုပ္စားလို႔ ရသလို၊ စီးပြားျဖစ္လည္း ေရာင္းလို႔ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

    (Zawgyi)

    မိသားစုအေပ်ာ္လုပ္စားလို႔ ရသလို၊ စီးပြားျဖစ္လည္း ေရာင္းလို႔ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

    ပထမဆုံး ေက်ာက္ဖ႐ုံသီးကို အခြံခြာၿပီး အတြင္းမွ အေစ့မ်ားကို ဖယ္ရွားျပစ္ပါ။ ေက်ာက္ဖ႐ုံသီးအရင့္…ႏွစ္ခ်ိဳ႕ျဖစ္ရပါမယ္။ ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။ အခြံခြာလို႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကို အလ်ား (၄)လကၼ အနံ(၂)လကၼခန္႔အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန႔္စင္ေအာင္ ေရေဆးေၾကာပါ။

    ကြမ္းစားထုံးမႈန႔္ကို ေရသန႔္သန႔္ထဲ၌ အနည္းငယ္ ထည့္ေဖ်ာ္၍ ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီး အစိတ္အပိုင္းမ်ားကို ၃နာရီခန႔္ၾကာေအာင္ စိမ္ေပးထားရပါမယ္။ သုံးနာရီခန႔္ၾကာေသာအခါ ၎အား ဆယ္ယူ၍ ေရသန႔္စင္ေအာင္ တဖန္ ေဆးေၾကာလိုက္ပါ။ ေက်ာက္ခ်ဥ္အရည္ သုံးဇြန္းခန႔္ကို ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ ေက်ာက္ဖ႐ုံ အစိတ္အပိုင္းမ်ားကို တဖန္ျပန္လည္ၿပီး မိနစ္ အနည္းငယ္မွ် ၾကာေအာင္ စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံ စစ္ေပးထားပါ။

    သၾကားကို လိုသေလာက္ခ်ိန္ထည့္ၿပီး..ဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပိုင္းမ်ားကို သမေအာင္ ေရာနယ္ၿပီး ေရသန႔္သန႔္ ထည့္ကာ နာရီဝက္ခန႔္ က်ိဳခ်က္ေပးၿပီး ပ်စ္ခဲလာခ်ိန္၌ အိုးအတြင္းမွဆယ္ယူ၍ ဇကာေပၚသို႔ ျဖန႔္ႀကဲေပးၿပီး ေအးခဲ သြားသည္အထိ ထားေပးလိုက္ပါက သန႔္ရွင္းလတ္ဆတ္ၿပီး ခ်ိဳၿမိန္ေသာ ေက်ာက္ဖ႐ုံယိုကို မွီဝဲ သုံးေဆာင္ႏိုင္ပါသည္။

    Credit

    ဓမၼေမတၱာ အရွင္ပညာသာရ

    (Unicode)

    မိသားစုအပျော်လုပ်စားလို့ ရသလို၊ စီးပွားဖြစ်လည်း ရောင်းလို့ရတဲ့ ကျောက်ဖရုံယို ပြုလုပ်နည်း

    ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။ ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ။ အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့်အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

    ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌ အနည်းငယ် ထည့်ဖျော်၍ ဆေးကြောပြီးသော ကျောက်ဖရုံသီး အစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။ သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန် ဆေးကြောလိုက်ပါ။ ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မိနစ် အနည်းငယ်မျှ ကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံ စစ်ပေးထားပါ။

    သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့် ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲ သွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယိုကို မှီဝဲ သုံးဆောင်နိုင်ပါသည်။

    Credit

    ဓမ္မမေတ္တာ အရှင်ပညာသာရ

  • ေဆးမွည့္လား? သဘာဝမွည့္တာလား? ေရြး၀ယ္နည္း

    (Zawgyi)

    ေဆးမွည့္လား သဘာဝမွည့္တာလား

    ေဆးနဲ႔မွည့္တဲ့ သရက္သီးေတြဟာ အဝါတစ္ေရာင္တည္းရွိၿပီး အေရာင္ကလည္း ညီၿပီး ဝင္းေနပါတယ္။ အသားမွာပါ အဝါေရာင္သမ္းေနတတ္ၿပီး နည္းနည္းလည္း ပိုမာေနတတ္ပါတယ္။ ခါးသက္သက္ အရသာလည္းရွိတဲ့အျပင္ အနံ႔ကလည္း သိပ္မေမႊးပါဘူး။

    သဘာဝအတိုင္းမွည့္တဲ့ သရက္သီးကေတာ့ လိေမၼာ္ေရာင္၊ အနီေရာင္၊ အစိမ္းေရာင္ အစရွိတဲ့ အေရာင္စုံသမ္းပါတယ္။အသားကလည္း အဝါေရာင္ရင့္ၿပီး အနီေရာင္လည္း ရွိတတ္ပါတယ္။ အသီးက ႏူးညံ့ၿပီး သဘာဝအတိုင္း အရမ္းခ်ိဳပါတယ္။ အနံ႔ကလည္း အရမ္းကိုေမႊးပါတယ္။

    ေဆးနဲ႔ျပဳျပင္ထားတဲ့ အသီးေတြကို စားမိရင္ ကင္ဆာေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ မ်က္စိနာ၊ အေရျပားယားယံတာတို႔အျပင္ မွတ္ဉာဏ္ ေပ်ာက္ဆုံး ေမ့ေလ်ာ့တာေတြကိုပါ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ သဘာဝအတိုင္း ရင့္မွည့္တဲ့ သရက္သီးေတြကိုသာ ေ႐ြးခ်ယ္ဝယ္ယူပါ။

    ဝယ္လာၿပီးရင္လည္း ဆားေရထဲမွာ မိနစ္ႏွစ္ဆယ္ကေန နာရီဝက္ခန႔္ စိမ္ေပးၿပီးေတာ့ ေရသန႔္ထဲမွာ ၁၅ မိနစ္ ခန႔္ ထပ္စိမ္ၿပီးမွ စားေသာက္ေပးရင္ေတာ့ ကပ္ၿငိေနႏိုင္တဲ့ ပိုးသတ္ေဆးေတြ၊ ဓာတ္ေျမဩဇာေတြကိုပါ ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

    ေနလင္း

    YangonDirectory

    (Unicode)

    ဆေးမှည့်လား သဘာဝမှည့်တာလား

    ဆေးနဲ့မှည့်တဲ့ သရက်သီးတွေဟာ အဝါတစ်ရောင်တည်းရှိပြီး အရောင်ကလည်း ညီပြီး ဝင်းနေပါတယ်။ အသားမှာပါ အဝါရောင်သမ်းနေတတ်ပြီး နည်းနည်းလည်း ပိုမာနေတတ်ပါတယ်။ ခါးသက်သက် အရသာလည်းရှိတဲ့အပြင် အနံ့ကလည်း သိပ်မမွှေးပါဘူး။

    သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် အစရှိတဲ့ အရောင်စုံသမ်းပါတယ်။အသားကလည်း အဝါရောင်ရင့်ပြီး အနီရောင်လည်း ရှိတတ်ပါတယ်။ အသီးက နူးညံ့ပြီး သဘာဝအတိုင်း အရမ်းချိုပါတယ်။ အနံ့ကလည်း အရမ်းကိုမွှေးပါတယ်။

    ဆေးနဲ့ပြုပြင်ထားတဲ့ အသီးတွေကို စားမိရင် ကင်ဆာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ၊ အရေပြားယားယံတာတို့အပြင် မှတ်ဉာဏ် ပျောက်ဆုံး မေ့လျော့တာတွေကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ရင့်မှည့်တဲ့ သရက်သီးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။

    ဝယ်လာပြီးရင်လည်း ဆားရေထဲမှာ မိနစ်နှစ်ဆယ်ကနေ နာရီဝက်ခန့် စိမ်ပေးပြီးတော့ ရေသန့်ထဲမှာ ၁၅ မိနစ် ခန့် ထပ်စိမ်ပြီးမှ စားသောက်ပေးရင်တော့ ကပ်ငြိနေနိုင်တဲ့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကိုပါ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

    နေလင်း

    YangonDirectory

  • မီတာခ ပုံမွန္ထက္ ပိုက်ေနသူမ်ားအတြက္ ေရွာင္သင့္သည့္ ၂၄ခ်က္

    (Zawgyi)

    မီတာခ ပုံမွန္ထက္ ပိုမက်ေအာင္ ေရွာင္သင့္သည့္ အခ်က္ ( ၂၄ ) ခ်က္

    လွ်ပ္စစ္ဓာတ္အားကို သုံးစြဲရာတြင္ စနစ္တက် အသုံးမျပဳျခင္း၊ မလိုအပ္ပဲ ပိုသုံးထားျခင္း စသည့္အခ်က္မ်ားက သင့္အိမ္ရဲ႕ မီတာခကို ပုံမွန္ထက္ ပိုမို က်သင့္ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ မီတာခ ေခြၽတာႏိုင္ရန္အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

    (၁) တစ္အိမ္လုံးတြင္ မည္သူမွ် မရွိေနခ်ိန္၌ မလိုအပ္ေသာ လွ်ပ္စစ္အသုံးျပဳမႈ အားလုံးကို ပိတ္ျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာသုံးစြဲပါ။

    (၂) မီးပူတိုက္ေနစဥ္၊ တစ္ခုခုလုပ္ရန္ ေခတၱ ထသြားပါက၊ မီးပူခလုပ္ကို ပိတ္ခဲ့ျခင္းျဖင့္ လွ်ပ္စစ္အသုံးကို ေခြၽတာပါ။

    (၃) အမွန္တကယ္ ၾကည့္မည့္အခ်ိန္၌သာ တီဗြီကိုဖြင့္ပါ။ ၾကည့္သူမရွိဘဲ အခ်ိန္ျပည့္ ဖြင့္ထားျခင္းကို ေရွာင္ၾကဥ္ပါ။

    (၄) မ်က္ႏွာသစ္စဥ္၊ သြားတိုက္ေနစဥ္ ေရပိုက္ေခါင္းကို ဖြင့္ထားပါက၊ ေရဆုံးရႈံးရၿပီး၊ ေရျပန္တင္ရန္ လွ်ပ္စစ္သုံးဖို႔ လိုအပ္လာပါမည္။ ထို႔ေၾကာင့္ သြားတိုက္ေနစဥ္ ေရပိုက္ေခါင္းကို ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၅) လူရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ ပန္ကာမ်ားကို ဆက္တိုက္ဖြင့္ထားျခင္းက မီတာခ ပိုက်ေစပါ၍ အသုံးလိုမွ ဖြင့္ပါ။

    (၆) ေလေအးေပးစက္၏ အပူခ်ိန္ကို ေနသာထိုင္သာရွိေသာ 24-25°C ခန႔္ ရွိ႐ုံသာ အသုံးျပဳသင့္ပါသည္။

    (၇) တီဗြီႏွင့္ ေအာက္စက္တို႔ကို အသုံးမျပဳသည့္အခါ လွ်ပ္စစ္ခလုပ္ကို အၿပီးပိတ္ပါ။ Remote Control ျဖင့္သာ ပိတ္၍ Standby Mode ျဖင့္ ထားသည့္တိုင္ လွ်ပ္စစ္မီတာတက္ေနပါမည္။

    (၈) အေပၚေရတိုင္ကီ ေရျပည့္သည္ႏွင့္ ေရတင္စက္ကို အလိုအေလ်ာက္ရပ္ေစမည့္ စနစ္အား အသုံးျပဳပါ။ ေရမ်ား လွ်ံက်သည္ကို ျမင္ရ ၾကားရမွ ေရေမာ္တာကို ေျပးပိတ္ျခင္းက လွ်ပ္စစ္ေလလြင့္မႈ ျဖစ္ေစပါသည္။ မီတာခ ပို၍ ကုန္ေစပါမည္။

    (၉) ကြန္ပ်ဴတာကို အသုံးမျပဳသည့္အခါ လွ်ပ္စစ္ခလုပ္ကို ပိတ္ပါ။ Standby mode ျဖင့္ ထားသည့္တိုင္ လွ်ပ္စစ္စားမႈ ရွိေနသည္ကို သတိျပဳေစလိုပါသည္။

    (၁၀) Exhaust Fan မ်ားကို လိုအပ္သည့္အခ်ိန္သာ သုံးပါ။ အခ်ိန္ျပည့္ ဖြင့္မထားသင့္ပါ။

    (၁၁) ျပင္ပအလင္းေရာင္ကို အသုံးခ်ပါ။ မလိုအပ္ေသာ အိမ္တြင္းလွ်ပ္စစ္မီးမ်ားကို ေလွ်ာ့သုံးပါ။

    (၁၂) လမ္းမီးမ်ား၊ ၿခံတြင္းမီးမ်ားကို ေနေရာင္ျခည္သုံး LED မီးစနစ္အား အတတ္ႏိုင္ဆုံး အသုံးျပဳပါ။

    (၁၃) လတ္တေလာ အသုံးမျပဳသည့္ လွ်ပ္စစ္ပစၥည္းမ်ား၏ Plug ေခါင္းမ်ားကို Socket မ်ားမွ ျဖဳတ္ထားပါ။

    (၁၄) လွ်ပ္စစ္ကို ေခြၽတာသုံးစြဲျခင္းျဖင့္ မီတာခမ်ားမ်ား က်သင့္ျခင္းမွ ေရွာင္ရွားပါ။

    (၁၅) ႐ိုး႐ိုးမီးလုံး၊ မီးေခ်ာင္းထက္ Energy Saving Lamp ကို ေ႐ြးခ်ယ္ အသုံးျပဳသင့္သည္။ Energy Saving Lamp ထက္ LED မီးလုံး၊ မီးေခ်ာင္းမ်ားကို ေ႐ြးခ်ယ္ အသုံးျပဳသင့္သည္။

    (၁၆) Hot Plate သုံး၍ ေရေႏြးအိုး တည္ပါက၊ ေရေႏြးဆူမွတ္ထက္ အခ်ိန္ေက်ာ္လြန္မွ လူက မီးခလုပ္ကို ပိတ္ႏိုင္၍ လွ်ပ္စစ္အသုံးပိုေစပါသည္။ ေရဆူမွတ္ေရာက္သည္ႏွင့္ ခလုပ္ကို အလိုအေလ်ာက္ ပိတ္ေစေသာ ေရေႏြးတည္ခရားကို သုံးျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာသင့္ပါသည္။

    (၁၇) မလိုအပ္ေသာ မီးမ်ားကို ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၁၈) နားေထာင္သူမရွိပဲႏွင့္ အေခြဖြင့္စက္သုံး၍ တီဗြီျဖင့္ သီခ်င္းေခြမ်ား အခ်ိန္ျပည့္ ဖြင့္ထားျခင္းကို ဆင္ျခင္ျခင္းျဖင့္ လွ်ပ္စစ္ကိုေခြၽတာပါ။

    (၁၉) အိမ္အတြင္းႏွင့္ ၿခံဝင္းအတြင္း ေရပိုက္မလုံမႈ၊ ေရဘုံဘိုင္ ေရစိမ့္မႈတို႔ကို ျပဳျပင္ပါ။ ေရယိုစိမ့္မႈေၾကာင့္ ေရတင္ခ်ိန္ပိုမ်ားေလ မီတာခ ပိုကုန္က်မႈ ျဖစ္ေစပါမည္။

    (၂၀) အိမ္ျပင္ပ၌ထြန္းေသာ မီးမ်ားကို ေန႔အလင္းေရာင္ရွိခ်ိန္တြင္ ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။

    (၂၁) လမ္းမီးမ်ားကို အလင္းေရာင္ရွိေသာ အခ်ိန္မ်ား၌ ပိတ္ထားျခင္းျဖင့္ လွ်ပ္စစ္ကို ေခြၽတာပါ။ အလင္းေရာင္အားနည္းလာသည့္အခ်ိန္တြင္ လမ္းမီးမ်ားကို အလိုအေလ်ာက္ ဖြင့္ေစၿပီး၊ အလင္းေရာင္ေပၚထြက္လာပါက အလိုအေလ်ာက္ပိတ္ေစသည့္စနစ္ကို တပ္ဆင္ပါ။

    (၂၂) ေရပူသုံးဘြိဳင္လာ၊ ေရေႏြးစက္တို႔ကို အသုံးျပဳမည့္အခ်ိန္မွ ဖြင့္ပါ။ သုံးၿပီးက ခလုပ္ပိတ္ထားပါ။

    (၂၃) ေလေအးေပးစက္၏ ေလစစ္ဇကာႏွင့္ ဓာတ္ေငြ႕တို႔ကို ပုံမွန္စစ္ေဆးထိန္းသိမ္းျခင္းျဖင့္ အေအးဓာတ္ အျပည့္ရေအာင္ ေဆာင္႐ြက္ပါ။

    (၂၄) ျမက္ခင္းေရဖ်န္းစနစ္၊ ေရပန္းတို႔ကို လိုအပ္သည္ထက္ အခ်ိန္ပိုသုံးျခင္းကို ေလ်ာ့ပါ။ ေရပိုကုန္ရာမွ၊ ေရစုပ္စက္/ေရတင္စက္မ်ားကို အခ်ိန္ၾကာၾကာသုံးရသည္မွ လွ်ပ္စစ္မီတာခကို ပိုကုန္က်ႏိုင္ေစပါသည္။

    MOEE

    YangonDirectory

    (Unicode)

    မီတာခ ပုံမှန်ထက် ပိုမကျအောင် ရှောင်သင့်သည့် အချက် ( ၂၄ ) ချက်

    လျှပ်စစ်ဓာတ်အားကို သုံးစွဲရာတွင် စနစ်တကျ အသုံးမပြုခြင်း၊ မလိုအပ်ပဲ ပိုသုံးထားခြင်း စသည့်အချက်များက သင့်အိမ်ရဲ့ မီတာခကို ပုံမှန်ထက် ပိုမို ကျသင့်စေနိုင်ပါသည်။ ထို့ကြောင့် မီတာခ ချွေတာနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။

    (၁) တစ်အိမ်လုံးတွင် မည်သူမျှ မရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ။

    (၂) မီးပူတိုက်နေစဉ်၊ တစ်ခုခုလုပ်ရန် ခေတ္တ ထသွားပါက၊ မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့် လျှပ်စစ်အသုံးကို ချွေတာပါ။

    (၃) အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ။ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို ရှောင်ကြဉ်ပါ။

    (၄) မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ဖွင့်ထားပါက၊ ရေဆုံးရှုံးရပြီး၊ ရေပြန်တင်ရန် လျှပ်စစ်သုံးဖို့ လိုအပ်လာပါမည်။ ထို့ကြောင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၅) လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။

    (၆) လေအေးပေးစက်၏ အပူချိန်ကို နေသာထိုင်သာရှိသော 24-25°C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။

    (၇) တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာ ပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။

    (၈) အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အား အသုံးပြုပါ။ ရေများ လျှံကျသည်ကို မြင်ရ ကြားရမှ ရေမော်တာကို ပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှု ဖြစ်စေပါသည်။ မီတာခ ပို၍ ကုန်စေပါမည်။

    (၉) ကွန်ပျူတာကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို ပိတ်ပါ။ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်စားမှု ရှိနေသည်ကို သတိပြုစေလိုပါသည်။

    (၁၀) Exhaust Fan များကို လိုအပ်သည့်အချိန်သာ သုံးပါ။ အချိန်ပြည့် ဖွင့်မထားသင့်ပါ။

    (၁၁) ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ။

    (၁၂) လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုပါ။

    (၁၃) လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ်ထားပါ။

    (၁၄) လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။

    (၁၅) ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။

    (၁၆) Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကို ပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။ ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကို အလိုအလျောက် ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ချွေတာသင့်ပါသည်။

    (၁၇) မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၁၈) နားထောင်သူမရှိပဲနှင့် အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့် ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ။

    (၁၉) အိမ်အတွင်းနှင့် ခြံဝင်းအတွင်း ရေပိုက်မလုံမှု၊ ရေဘုံဘိုင် ရေစိမ့်မှုတို့ကို ပြုပြင်ပါ။ ရေယိုစိမ့်မှုကြောင့် ရေတင်ချိန်ပိုများလေ မီတာခ ပိုကုန်ကျမှု ဖြစ်စေပါမည်။

    (၂၀) အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

    (၂၁) လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။ အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်စေသည့်စနစ်ကို တပ်ဆင်ပါ။

    (၂၂) ရေပူသုံးဘွိုင်လာ၊ ရေနွေးစက်တို့ကို အသုံးပြုမည့်အချိန်မှ ဖွင့်ပါ။ သုံးပြီးက ခလုပ်ပိတ်ထားပါ။

    (၂၃) လေအေးပေးစက်၏ လေစစ်ဇကာနှင့် ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ် အပြည့်ရအောင် ဆောင်ရွက်ပါ။

    (၂၄) မြက်ခင်းရေဖျန်းစနစ်၊ ရေပန်းတို့ကို လိုအပ်သည်ထက် အချိန်ပိုသုံးခြင်းကို လျော့ပါ။ ရေပိုကုန်ရာမှ၊ ရေစုပ်စက်/ရေတင်စက်များကို အချိန်ကြာကြာသုံးရသည်မှ လျှပ်စစ်မီတာခကို ပိုကုန်ကျနိုင်စေပါသည်။

    MOEE

    YangonDirectory

  • ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

    (Zawgyi)

    ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

    ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕(UNESCO) ကို ေရွးေဟာင္း အေမြအႏွစ္ ယဥ္ေက်းမႈ အဆာက္အဦေတြ ထိန္းသိမ္းတဲ့ အဖြဲ႕အစည္းအျဖစ္ လူအမ်ားက သိၾကပါတယ္။ တကယ္ေတာ့ ႐ိုးရာယဥ္ေက်းမႈဆိုတာ အေဆာက္အဦထက္ပိုတဲ့ အရာပါ။

    ယူနက္စကိုအဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ ယူနက္စကိုဟာ အေဆာက္အဦေတြအျပင္ ႏႈတ္ထြက္စကား၊ ေဖ်ာ္ေျဖေရး အႏုပညာ၊ လူမႈပတ္ဝန္းက်င္နဲ႔ ပြဲေတာ္ေတြကိုပါ ေရွးေဟာင္းအေမြအႏွစ္အျဖစ္ ထိန္းသိမ္းေပးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ယူနက္စကိုက အေမြအႏွစ္အျဖစ္ ထိန္းသိမ္းထားေပးတဲ့ ႐ိုးရာယဥ္ေက်းမႈေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) Reggae ဂီတ

    ဂ်ေမကန္ႏိုင္ငံရဲ႕ ႐ိုးရာဂီတျဖစ္တဲ့ Reggae ဂီတကို ယူနက္စကိုက ထိန္းသိမ္းေစာင့္ေရွာက္ထားေပးပါတယ္။ လွပတဲ့ ဂီတသံစဥ္ေတြရဲ႕ ေပါင္းဖက္မႈနဲ႔ ၿငိမ္းခ်မ္းျခင္း၊ တရားမွ်တျခင္းအေၾကာင္းေတြကို သီဆိုရတဲ့ Reggae ဂီတရဲ႕ အေစာပိုင္း ဂ်ာေမကန္,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ႔ Blues ပုံစံအားလုံး ပါဝင္ပါတယ္။

    (၂) Hurling နဲ႔ Camogie ကစားနည္း

    Hurling ဆိုတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ကစားနည္း တမ်ိဳးျဖစ္ပါတယ္။ ဒီကစားနည္းကို အိုင္ယာလန္ႏိုင္ငံက စတင္ကစားခဲ့ၿပီး ေဘာလုံးကစားနည္းလို အုပ္စုလိုက္ ကစားရတဲ့ ကစားနည္း ျဖစ္ပါတယ္။ ကစားသူဟာ ေယာက္ခ်ိဳပုံစံ တုတ္ေခ်ာင္းနဲ႔ ေဘာလုံးအေသးစားကို ႐ိုက္ရတာ ျဖစ္ၿပီး တဖက္ဂိုးကို ဝင္ေအာင္ ကစားရတာျဖစ္ပါတယ္။ ဒီကစားနည္းက ေဟာ္ကီနဲ႔ ဆင္တူပါတယ္။ Camogie ကေတာ့ အမ်ိဳးသမီး ဗားရွင္း ျဖစ္တယ္လို႔ သိရပါတယ္။

    (၃) Al-Aragoz (လက္ထိုး ႐ုပ္ေသး)

    ႐ုပ္ေသးပညာဟာ အီဂ်စ္ႏိုင္ငံမွာ အလြန္ေခတ္စားတဲ့ အႏုပညာတရပ္ ျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ေသး ကျပသလို ပုံစံ တူေပမယ့္ သူတို႔က အ႐ုပ္ရဲ႕ အတြင္းထဲကို လက္ထိုးၿပီး ကျပရတာ ျဖစ္ပါတယ္။ အ႐ုပ္ကိုင္သူဟာ ပရိသတ္ မျမင္ရတဲ့ ကြယ္ရာမွာ ထိုင္ရၿပီး သူ႔ရဲ႕ လက္ေထာက္က ပရိသတ္ကို ကျပရာမွာ အဓိက ကူညီပါတယ္။ Al-Aragoz ဟာ အဓိက ႐ုပ္ေသးကာ႐ိုက္တာ ျဖစ္ၿပီး ေဖ်ာ္ေျဖသူေတြဟာ နယ္လွည့္ ေဖ်ာ္ေျဖေလ့ရွိပါတယ္။

    (၄) ျမင္းျဖင့္ ပုစြန္ဖမ္းျခင္း

    ဘယ္လဂ်ီယံ ႏိုင္ငံမွာရွိတဲ့ ပင္လယ္ကမ္းေျခေတြမွာ ျမင္းနဲ႔ ပုစြန္ဖမ္းေလ့ရွိၾကပါတယ္။ ဒီနည္းဟာ ကမာၻစစ္ျဖစ္တဲ့ အခ်ိန္မွာ အသုံးျပဳခဲ့တဲ့ နည္းလမ္းျဖစ္တယ္လို႔ သိရပါတယ္။ ျမင္းရဲ႕ အေနာက္မွာ ငါးဖမ္းပိုက္ကြန္ကို ထည့္ၿပီး ျမင္းဟာ ပင္လယ္ေရထဲ ဆင္းရတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။

    ေခတ္မီ စက္ကိရိယာေတြ ေပၚလာၿပီးတဲ့ ေနာက္မွာ ဒီလို ငါးဖမ္းျခင္းကို လုပ္ကိုင္တဲ့ သူေတြ ရွားလာပါတယ္။ ဒီငါးဖမ္းနည္းဟာ ေရ၊ ေလနဲ႔ ပင္လယ္သဲ အားလုံးကို တြက္ခ်က္ၿပီးမွ ျပဳလုပ္ရတဲ့ေရွးေဟာင္းနည္း ျဖစ္တာေၾကာင့္ ယူနက္စကိုက ကာကြယ္ထားေပးျခင္း ျဖစ္ပါတယ္။

    Ref; mmn

    ေရဗန္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ယူနက်စကိုက ကာကွယ်ပေးထားတဲ့ ရိုးရာယဉ်ကျေးမှုများ

    ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) ကို ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှု အဆာက်အဦတွေ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းအဖြစ် လူအများက သိကြပါတယ်။ တကယ်တော့ ရိုးရာယဉ်ကျေးမှုဆိုတာ အဆောက်အဦထက်ပိုတဲ့ အရာပါ။

    ယူနက်စကိုအဖွဲ့ရဲ့ ပြောကြားချက်အရ ယူနက်စကိုဟာ အဆောက်အဦတွေအပြင် နှုတ်ထွက်စကား၊ ဖျော်ဖြေရေး အနုပညာ၊ လူမှုပတ်ဝန်းကျင်နဲ့ ပွဲတော်တွေကိုပါ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူနက်စကိုက အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပေးတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) Reggae ဂီတ

    ဂျမေကန်နိုင်ငံရဲ့ ရိုးရာဂီတဖြစ်တဲ့ Reggae ဂီတကို ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထားပေးပါတယ်။ လှပတဲ့ ဂီတသံစဉ်တွေရဲ့ ပေါင်းဖက်မှုနဲ့ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းအကြောင်းတွေကို သီဆိုရတဲ့ Reggae ဂီတရဲ့ အစောပိုင်း ဂျာမေကန်,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ့ Blues ပုံစံအားလုံး ပါဝင်ပါတယ်။

    (၂) Hurling နဲ့ Camogie ကစားနည်း

    Hurling ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က ကစားနည်း တမျိုးဖြစ်ပါတယ်။ ဒီကစားနည်းကို အိုင်ယာလန်နိုင်ငံက စတင်ကစားခဲ့ပြီး ဘောလုံးကစားနည်းလို အုပ်စုလိုက် ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ကစားသူဟာ ယောက်ချိုပုံစံ တုတ်ချောင်းနဲ့ ဘောလုံးအသေးစားကို ရိုက်ရတာ ဖြစ်ပြီး တဖက်ဂိုးကို ဝင်အောင် ကစားရတာဖြစ်ပါတယ်။ ဒီကစားနည်းက ဟော်ကီနဲ့ ဆင်တူပါတယ်။ Camogie ကတော့ အမျိုးသမီး ဗားရှင်း ဖြစ်တယ်လို့ သိရပါတယ်။

    (၃) Al-Aragoz (လက်ထိုး ရုပ်သေး)

    ရုပ်သေးပညာဟာ အီဂျစ်နိုင်ငံမှာ အလွန်ခေတ်စားတဲ့ အနုပညာတရပ် ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေး ကပြသလို ပုံစံ တူပေမယ့် သူတို့က အရုပ်ရဲ့ အတွင်းထဲကို လက်ထိုးပြီး ကပြရတာ ဖြစ်ပါတယ်။ အရုပ်ကိုင်သူဟာ ပရိသတ် မမြင်ရတဲ့ ကွယ်ရာမှာ ထိုင်ရပြီး သူ့ရဲ့ လက်ထောက်က ပရိသတ်ကို ကပြရာမှာ အဓိက ကူညီပါတယ်။ Al-Aragoz ဟာ အဓိက ရုပ်သေးကာရိုက်တာ ဖြစ်ပြီး ဖျော်ဖြေသူတွေဟာ နယ်လှည့် ဖျော်ဖြေလေ့ရှိပါတယ်။

    (၄) မြင်းဖြင့် ပုစွန်ဖမ်းခြင်း

    ဘယ်လဂျီယံ နိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေမှာ မြင်းနဲ့ ပုစွန်ဖမ်းလေ့ရှိကြပါတယ်။ ဒီနည်းဟာ ကမ္ဘာစစ်ဖြစ်တဲ့ အချိန်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ မြင်းရဲ့ အနောက်မှာ ငါးဖမ်းပိုက်ကွန်ကို ထည့်ပြီး မြင်းဟာ ပင်လယ်ရေထဲ ဆင်းရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

    ခေတ်မီ စက်ကိရိယာတွေ ပေါ်လာပြီးတဲ့ နောက်မှာ ဒီလို ငါးဖမ်းခြင်းကို လုပ်ကိုင်တဲ့ သူတွေ ရှားလာပါတယ်။ ဒီငါးဖမ်းနည်းဟာ ရေ၊ လေနဲ့ ပင်လယ်သဲ အားလုံးကို တွက်ချက်ပြီးမှ ပြုလုပ်ရတဲ့ရှေးဟောင်းနည်း ဖြစ်တာကြောင့် ယူနက်စကိုက ကာကွယ်ထားပေးခြင်း ဖြစ်ပါတယ်။

    Ref; mmn

    ရေဗန်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • အမ်ိဳးသား၊ အမ်ိဳးသမီး ဆံပင္ေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

    (Zawgyi)

    ဆံသားေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

    သင့္ရဲ႕ ဆံေကသာေတြ ေျဖာင့္စင္းေနေစဖို႔ Beauty Saloon ေတြသြားၿပီး အခ်ိန္ကုန္ခံေနဖို႔ မလိုေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္းေကာင္းေတြက သင့္ဆံသားေတြကို သဘာဝအတိုင္းေျဖာင့္စင္း ေနေစဖို႔အေထာက္အကူျပဳေစမွာ ျဖစ္လို႔ပဲ ျဖစ္ပါတယ္။

    (၁) ႏြားႏို႔နဲ႔ ၾကက္ဥမွာ ပ႐ိုတင္းဓာတ္မ်ားစြာပါဝင္ၿပီး ပ႐ိုတင္းဓာတ္ဟာ ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္ေတာ့ မ်ားစြာ အေထာက္အကူျပဳႏိုင္ပါတယ္။ ႏြားႏို႔တဖန္ခြက္နဲ႔ ၾကက္ဥတလုံးတို႔ကို ေရာစပ္ၿပီး ေခါင္းမေလွ်ာ္ခင္ ဆံသားအႏွံ႔ သုတ္လိမ္းေပးၿပီး နာရီဝက္ခန႔္အၾကာမွ ေခါင္းေလွ်ာ္ေပးျခင္းျဖင့္ အံ့အားသင့္ဖြယ္ ရလဒ္ေကာင္းကို ပိုင္ဆိုင္ႏိုင္မွာပါ။

    (၂) ရွားေစာင္းလက္ပတ္ဟာ ဆံသားကို အားျဖည့္ေပးႏိုင္တဲ့ သဘာဝပစၥည္းတခုျဖစ္ၿပီး ရွားေစာင္းလက္ပတ္ဂ်ယ္လ္ အနည္းငယ္နဲ႔ အုန္းဆီတို႔ကို ေရာေႏွာၿပီး ဆံသားေပၚမွာ သုတ္လိမ္းေပးပါ။ နာရီဝက္ခန႔္ထားၿပီး ေလွ်ာ္ေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးျခင္းအားျဖင့္ သဘာဝအတိုင္း ေျဖာင့္စင္းေနတဲ့ ဆံႏြယ္ေတြကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

    (၃) ပန္းသီးရွာလကာရည္ဟာ ဆံပင္ေတြကို သန႔္ရွင္းစင္ၾကယ္ေနေအာင္လုပ္ေပးႏိုင္တဲ့ သဘာဝ Cleanser ပဲျဖစ္ၿပီး ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္နဲ႔ ေရတဖန္ခြက္တို႔ကို ေရာၿပီး ဆံသားေတြေပၚမွာ သုတ္လိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းလမ္းအတိုင္း တပတ္မွာ ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပး႐ုံနဲ႔ သိသာထူးျခားတဲ့ ရလဒ္ေကာင္းကို ရရွိေစမွာျဖစ္ပါတယ္။

    (၄) အုန္းႏို႔ရည္ကို အသုံးျပဳၿပီး ေခါင္းေလွ်ာ္ျခင္းဟာ ေရွးယခင္တည္းက အမ်ိဳးသမီးေတြ အသုံးမ်ားခဲ့ၾကတဲ့ ဆံပင္ေတြကို ေျဖာင့္စင္းေစတဲ့ နည္းလမ္းေကာင္းတခုပဲ ျဖစ္ပါတယ္။ အုန္းႏို႔ရည္တဖန္ခြက္ခန႔္နဲ႔ ေျပာင္းဖူးမႈန႔္လက္ဖက္ရည္ဇြန္းတဇြန္း ခန႔္တို႔ကို ေရာစပ္ၿပီး ဆံသားေပၚမွာ လိမ္းက်ံေပးၿပီး တနာရီခန႔္ထားၿပီးမွ ေခါင္းေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။

    (၅) မ်က္ႏွာေပါင္းတင္တဲ့အခါမွာ အသုံးျပဳတဲ့ သဘာဝ႐ႊံ႕ေစးဟာ ဆံသားေတြအတြက္ေတာ့ သဘာဝဆံပင္ေပ်ာ့ေဆးလို႔ လည္း ေျပာလို႔ရပါတယ္။ ႐ႊံ႕ေစးမႈန႔္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီး ဆံသားေတြေပၚမွာ ေျခာက္ေသြ႕သြားတဲ့အထိထားၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ေပ်ာ့ေပ်ာင္းၿပီး ေျဖာင့္စင္းတဲ့ ဆံေကသာေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

    Ref: timesofindia.indiatimes.com

    Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    ဆံသားတွေကို သဘာဝအတိုင်း ဖြောင့်စင်းနေစေမယ့် နည်းလမ်း ၅ ခု

    သင့်ရဲ့ ဆံကေသာတွေ ဖြောင့်စင်းနေစေဖို့ Beauty Saloon တွေသွားပြီး အချိန်ကုန်ခံနေဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေက သင့်ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်း နေစေဖို့အထောက်အကူပြုစေမှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

    (၁) နွားနို့နဲ့ ကြက်ဥမှာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး ပရိုတင်းဓာတ်ဟာ ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်တော့ များစွာ အထောက်အကူပြုနိုင်ပါတယ်။ နွားနို့တဖန်ခွက်နဲ့ ကြက်ဥတလုံးတို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် ဆံသားအနှံ့ သုတ်လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှ ခေါင်းလျှော်ပေးခြင်းဖြင့် အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။

    (၂) ရှားစောင်းလက်ပတ်ဟာ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတခုဖြစ်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်နဲ့ အုန်းဆီတို့ကို ရောနှောပြီး ဆံသားပေါ်မှာ သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးခြင်းအားဖြင့် သဘာဝအတိုင်း ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

    (၃) ပန်းသီးရှာလကာရည်ဟာ ဆံပင်တွေကို သန့်ရှင်းစင်ကြယ်နေအောင်လုပ်ပေးနိုင်တဲ့ သဘာဝ Cleanser ပဲဖြစ်ပြီး ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်နဲ့ ရေတဖန်ခွက်တို့ကို ရောပြီး ဆံသားတွေပေါ်မှာ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။

    (၄) အုန်းနို့ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ခြင်းဟာ ရှေးယခင်တည်းက အမျိုးသမီးတွေ အသုံးများခဲ့ကြတဲ့ ဆံပင်တွေကို ဖြောင့်စင်းစေတဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်တဖန်ခွက်ခန့်နဲ့ ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်းတဇွန်း ခန့်တို့ကို ရောစပ်ပြီး ဆံသားပေါ်မှာ လိမ်းကျံပေးပြီး တနာရီခန့်ထားပြီးမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။

    (၅) မျက်နှာပေါင်းတင်တဲ့အခါမှာ အသုံးပြုတဲ့ သဘာဝရွှံ့စေးဟာ ဆံသားတွေအတွက်တော့ သဘာဝဆံပင်ပျော့ဆေးလို့ လည်း ပြောလို့ရပါတယ်။ ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ဆံသားတွေပေါ်မှာ ခြောက်သွေ့သွားတဲ့အထိထားပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ပျော့ပျောင်းပြီး ဖြောင့်စင်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: timesofindia.indiatimes.com

    Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

    (Zawgyi)

    က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

    အမ်ိဳးသားေတြအေနနဲ႔ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္ျမင့္တက္ေစဖို႔အတြက္ သဘာဝက်တဲ့ နည္းလမ္းေတြကို လိုက္နာႏိုင္ဖို႔ ေရးသားလိုက္ရပါတယ္။

    ၁။ ဇင့္ (သြပ္)ဓာတ္ ပါဝင္သည့္ အာဟာရစားပါ

    ဇင့္ဓာတ္ပါဝင္တဲ့ အစားအေသာက္ေတြက ကမာေကာင္၊ အမဲသား၊ တိရစာၦန္အသည္း၊ ပင္လယ္စာ၊ ၾကက္၊ ဘဲ၊ အခြံမာသီး၊ အေစ့အဆန္၊ ဆယ္လ္မြန္ငါး၊ ဆန္လုံးညိဳ၊ ဒိန္ခဲ၊ ပဲအမ်ိဳးမ်ိဳး၊ ႏြားႏို႔၊ ဒိန္ခ်ဥ္စတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ ျဖစ္ၾကပါတယ္။ ဇင့္ (သြပ္)ဓာတ္ဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရး အတြက္ အေရးပါပါတယ္။ ဇင့္ဓာတ္ဟာ က်န္းမာေရးေကာင္းမြန္တဲ့ သုက္ေကာင္ေတြ ထုတ္လုပ္ႏိုင္ေအာင္ ကူညီေပးသလို သုက္ေကာင္အေရအတြက္ မ်ားမ်ား ထြက္ရွိေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ဇင့္ဓာတ္နည္းေနရင္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္လည္း ေလ်ာ့နည္းေနႏိုင္ပါတယ္။

    ၂။ ခႏၶာကိုယ္ရွိ အဆီပိုမ်ားကို ေလွ်ာ့ခ်ပါ

    ခႏၶာကိုယ္မွာ အဆီပိုေတြရွိတာက အမ်ိဳးသားေတြရဲ႕ ေယာက်္ားပီသမႈကို ေလ်ာ့က်ေစပါတယ္။ခႏၶာကိုယ္မွာ အဆီပိုေတြ ရွိေလေလ၊ အီစထ႐ိုဂ်င္ေဟာ္မုန္းအဆင့္ မ်ားေလေလ ျဖစ္ႏိုင္တာေၾကာင့္ပါ။ဒါေၾကာင့္ အဆီပိုေတြမ်ားၿပီး အဝလြန္ေနရင္ တစ္လမွာ ကိုယ္အေလးခ်ိန္ တစ္ေပါင္ခန႔္ ေလ်ာ့က်ေအာင္ ေလ့က်င့္ခန္းလုပ္ပါ။

    ၃။ ေကာင္းမြန္သည့္ အဆီစားပါ

    က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြျဖစ္တဲ့ အခြံမာတဲ့ အေစ့အဆန္၊ သံလြင္ဆီ၊ ဆယ္လ္မြန္ငါး၊ အိုမီဂါ ၃ ဖက္တီးအက္စစ္စတဲ့ အစာေတြကို အစားမ်ားတဲ့ အမ်ိဳးသားေတြက က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ အျမင့္ဆုံး ျဖစ္ေနတာကို ေလ့လာမႈေတြအရ ေတြ႕ရွိရပါတယ္။ ခႏၶာကိုယ္မွ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရးမွာ ေကာင္းတဲ့အဆီေတြ လိုအပ္ေနလို႔ပါ။

    ၄။ စိတ္ဖိစီးမႈကို တြန္းလွန္အႏိုင္ယူပါ

    စိတ္ဖိစီးမႈခံစားရတဲ့အခါ ခႏၶာကိုယ္ထဲမွာ ေကာ္တီေစာဆိုတဲ့ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းတစ္မ်ိဳးထြက္လာပါတယ္။ ဒီေဟာ္မုန္းဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို ေႏွာင့္ယွက္ ဟန႔္တားတတ္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းဟာ ဗိုက္ပူေစတဲ့အတြက္ ဗိုက္မွာ အဆီပိုေတြရွိေလေလ၊ တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေလေလဆိုတဲ့ အခ်က္နဲ႔ ဆက္စပ္မႈရွိတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈေလ်ာ့က်ေစဖို႔ တရားထိုင္တာ၊ အသက္ျပင္းျပင္းရွဴတာ၊ အိပ္ေရးဝဝ အိပ္စက္ အနားယူတာစတဲ့ နည္းလမ္းေတြကို လုပ္ေဆာင္သင့္ပါတယ္။

    ၅။ တစ္ည ရွစ္နာရီ အိပ္ပါ

    အိပ္စက္ခ်ိန္နည္းတဲ့ အမ်ိဳးသားေတြဟာ တစ္ည ၆-၈ နာရီ အိပ္စက္တဲ့ အမ်ိဳးသားေတြထက္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေနတယ္လို႔ ခ်ီကာဂိုတကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ရပ္အရ သိရပါတယ္။ အိပ္တဲ့အခါမွာလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ အေရးႀကီးပါတယ္။

    ၆။ ပုံမွန္ ေလ့က်င့္ခန္းလုပ္ပါ

    ေလ့က်င့္ခန္းကို ပုံမွန္ျပဳလုပ္တာေၾကာင့္ အဆီပိုကင္းၿပီး ႂကြက္သားထုထည္ အားေကာင္းကာခႏၶာကိုယ္ရဲ႕ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအဆင့္ကို တိုးေစပါတယ္။ ေလ့က်င့္ခန္းအေနနဲ႔လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ေရကူးတာစတဲ့ ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္သင့္သလိုႂကြက္သားထုထည္ သန္စြမ္းေစမယ့္ အေလးမေလ့က်င့္ခန္း၊ အိပ္ထမတင္ေလ့က်င့္ခန္း၊ ထိုင္ထေလ့က်င့္ခန္းစတဲ့ ေလ့က်င့္ခန္းေတြကိုလည္း လုပ္သင့္ပါတယ္။

    ၇။ ဗီတာမင္ပါဝင္ေသာ အစားအစာမ်ား စားပါ

    ဗီတာမင္ ေအ၊ ဘီ၊ အီးေတြပါတဲ့ အစားအေသာက္ေတြကို စားတာက တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအတြက္ အေရးပါပါတယ္။ ဒါေၾကာင့္ အစိမ္းေရာင္နဲ႔ အဝါေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးဝလံေတြကို အစုံ စားေပးသင့္ပါတယ္။ အခြံမာသီး၊ အေစ့အဆန္ေတြထဲမွာလည္း ယင္းဗီတာမင္ဓာတ္ေတြ ပါဝင္ေနပါတယ္။

    ၈။ ခႏၶာကိုယ္ေအာက္ပိုင္းကို မပူလြန္းေအာင္ သတိထားပါ

    အတြင္းခံ ေဘာင္းဘီက်ပ္က်ပ္ ဝတ္တာ၊ ေရပူစိမ္ၿပီး ေရခ်ိဳးတာ၊ ေပါင္ေပၚမွာ Laptop တင္ၿပီးသုံးတာ စတဲ့ နည္းလမ္းေတြက ခႏၶာကိုယ္ေအာက္ပိုင္း အထူးသျဖင့္ အမ်ိဳးသားအဂၤါကို ပူေစတာေၾကာင့္ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အတြင္းခံ ေဘာင္းဘီဝတ္ရာမွာ က်ပ္လြန္းတာ ေရွာင္ပါ။

    ေကအမ္

    Credit-Good Health

    (Unicode)

    ကျားဟော်မုန်း မြင့်တက်လာစေမည့် အိမ်တွင်းနည်းများ

    အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်စေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

    ၁။ ဇင့် (သွပ်)ဓာတ် ပါဝင်သည့် အာဟာရစားပါ

    ဇင့်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေက ကမာကောင်၊ အမဲသား၊ တိရစ္ဆာန်အသည်း၊ ပင်လယ်စာ၊ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဇင့် (သွပ်)ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေး အတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သုက်ကောင်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးသလို သုက်ကောင်အရေအတွက် များများ ထွက်ရှိစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်နည်းနေရင် ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်လည်း လျော့နည်းနေနိုင်ပါတယ်။

    ၂။ ခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချပါ

    ခန္ဓာကိုယ်မှာ အဆီပိုတွေရှိတာက အမျိုးသားတွေရဲ့ ယောကျ်ားပီသမှုကို လျော့ကျစေပါတယ်။ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလေလေ၊ အီစထရိုဂျင်ဟော်မုန်းအဆင့် များလေလေ ဖြစ်နိုင်တာကြောင့်ပါ။ဒါကြောင့် အဆီပိုတွေများပြီး အဝလွန်နေရင် တစ်လမှာ ကိုယ်အလေးချိန် တစ်ပေါင်ခန့် လျော့ကျအောင် လေ့ကျင့်ခန်းလုပ်ပါ။

    ၃။ ကောင်းမွန်သည့် အဆီစားပါ

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်စတဲ့ အစာတွေကို အစားများတဲ့ အမျိုးသားတွေက ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် အမြင့်ဆုံး ဖြစ်နေတာကို လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေးမှာ ကောင်းတဲ့အဆီတွေ လိုအပ်နေလို့ပါ။

    ၄။ စိတ်ဖိစီးမှုကို တွန်းလှန်အနိုင်ယူပါ

    စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဆိုတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်မှုကို နှောင့်ယှက် ဟန့်တားတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဟာ ဗိုက်ပူစေတဲ့အတွက် ဗိုက်မှာ အဆီပိုတွေရှိလေလေ၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းလေလေဆိုတဲ့ အချက်နဲ့ ဆက်စပ်မှုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ အသက်ပြင်းပြင်းရှူတာ၊ အိပ်ရေးဝဝ အိပ်စက် အနားယူတာစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

    ၅။ တစ်ည ရှစ်နာရီ အိပ်ပါ

    အိပ်စက်ချိန်နည်းတဲ့ အမျိုးသားတွေဟာ တစ်ည ၆-၈ နာရီ အိပ်စက်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးပါတယ်။

    ၆။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် အဆီပိုကင်းပြီး ကြွက်သားထုထည် အားကောင်းကာခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအဆင့်ကို တိုးစေပါတယ်။ လေ့ကျင့်ခန်းအနေနဲ့လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်သလိုကြွက်သားထုထည် သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်သင့်ပါတယ်။

    ၇။ ဗီတာမင်ပါဝင်သော အစားအစာများ စားပါ

    ဗီတာမင် အေ၊ ဘီ၊ အီးတွေပါတဲ့ အစားအသောက်တွေကို စားတာက တက်စတိုစတီရုန်း ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို အစုံ စားပေးသင့်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်တွေထဲမှာလည်း ယင်းဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။

    ၈။ ခန္ဓာကိုယ်အောက်ပိုင်းကို မပူလွန်းအောင် သတိထားပါ

    အတွင်းခံ ဘောင်းဘီကျပ်ကျပ် ဝတ်တာ၊ ရေပူစိမ်ပြီး ရေချိုးတာ၊ ပေါင်ပေါ်မှာ Laptop တင်ပြီးသုံးတာ စတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် အမျိုးသားအင်္ဂါကို ပူစေတာကြောင့် တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံ ဘောင်းဘီဝတ်ရာမှာ ကျပ်လွန်းတာ ရှောင်ပါ။

    ကေအမ်

    Credit-Good Health