Author: shangyi

  • ေရႊတြင္းမ်ားရိွရာ စဥ့္ကူးႏွင့္ သပိတ္က်င္းမွာ ေရႊေတြဘယ္လိုတူးေဖာ္ၾကသလဲ

    (Zawgyi)

    ေ႐ႊတြင္းမ်ားရွိရာ စဥ့္ကူး၊ သပိတ္က်င္းက ျပန္ခဲ့တယ္

    မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ စဥ့္ကူး၊ သပိတ္က်င္းၿမိဳ႕နယ္မ်ားတြင္ ေက်ာက္ေ႐ႊတူးေဖာ္ျခင္း လုပ္ကိုင္ေနသည့္ ေ႐ႊတြင္းမ်ားသို႔ ၂၀၁၉ ေဖေဖာ္ဝါရီ ဒုတိယပတ္အတြင္း သြားေရာက္ေလ့လာခဲ့သည္မ်ားကို ေဖာ္ျပအပ္ပါသည္။

    ေ႐ႊကို ဘယ္လို တူးေဖာ္ၾကသလဲ

    ေ႐ႊတူးေဖာ္ရာတြင္ ျမစ္၊ ေခ်ာင္းမ်ားမွ ေရစီးေၾကာင္းျဖင့္ပါလာကာ အနည္ထိုင္ေနသည့္ ကမ္းပါးမ်ား၊ ေျမသားမ်ားကို ေရအားျဖင့္ ၿဖိဳခ်တူးေဖာ္သည့္ နည္းလမ္း (ဝါ)အနည္က် ေ႐ႊတူးေဖာ္ေရး (ဝါ) ျဗဳန္းေ႐ႊတူးေဖာ္ေရးႏွင့္ ေျမႀကီးေအာက္ နက္ရႈိင္းေသာေနရာတြင္ အျခားေသာ သတၱဳမ်ားႏွင့္ ေရာေႏွာကာ အုံႏွင့္က်င္းႏွင့္ တည္ရွိေနသည့္ေ႐ႊကို လိုဏ္ဂူမ်ား၊ က်င္းမ်ား၊ အင္းမ်ားေဖာက္၍ တူးေဖာ္ေသာ နည္းလမ္း (ဝါ) ေက်ာက္ေ႐ႊ တူးေဖာ္ျခင္းဟူ၍ ႏွစ္ပိုင္းခြဲျခားႏိုင္သည္။

    ေက်ာက္ေ႐ႊတူးေဖာ္ရန္အတြက္ ေ႐ႊလုပ္ကြက္ရွိေသာ ေနရာအား အစိုးရထံ လုပ္ကြက္ေလွ်ာက္ယူၿပီး က်သင့္အခြန္ ေပးသြင္းရသည္။ လုပ္ကြက္ႀကီး ရွိေသာေနရာတြင္ လုပ္ကြက္ငယ္မ်ားအား ကန္ထ႐ိုက္သေဘာ ျပန္လည္ခြဲသြင္းေပးသည္။ လုပ္ကြက္ငယ္ပိုင္ရွင္အေနျဖင့္ ေ႐ႊတူးေဖာ္ရန္ ကုန္က်စရိတ္ကို မိမိဘာသာ စိုက္ဝင္သုံးစြဲၿပီး ေ႐ႊရၿပီဆိုပါက အဆိုပါေ႐ႊအား သုံးပုံပုံကာ တစ္ပုံအား ကုမၸဏီႀကီးထံသို႔ ျပန္လည္ေပးသြင္းရေသာ စနစ္ျဖင့္ တူးေဖာ္ လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။ ေက်ာက္ေ႐ႊအထြက္မ်ားေသာ ေဒသမ်ားမွာ ရမည္းသင္း မိုးထိမိုးမိေဒသ၊ သပိတ္က်ဥ္းေဒသ၊ ေကာလင္းေဒသတို႔ျဖစ္ၾကၿပီး ျဗဳန္းေ႐ႊမွာ ခ်င္းတြင္းျမစ္၊ ဧရာဝတီျမစ္ေၾကာတစ္ေလွ်ာက္ တူးေဖာ္ၾကျခင္း ျဖစ္သည္။

    ေက်ာက္ေ႐ႊကိုဘယ္လိုရွာၾကသလဲ

    ေျမႀကီးေအာက္ မည္သည့္ေနရာတြင္ ေ႐ႊေၾကာရွိမလဲဆိုသည္ကို ေ႐ႊတူးေဖာ္ေရးသမားမ်ားအေနျဖင့္မည္သို႔မည္ပုံ ရွာေဖြၾကပါသလဲဆိုသည္မွာ သာမန္လူတစ္ဦးအေနျဖင့္ အေတာ္စဥ္းစားရခက္ေသာ ကိစၥျဖစ္သည္။ အေၾကာင္းသိလွ်င္ လြယ္ပါသည္။ သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ေဒသရွိ ေ႐ႊေၾကာရွိေသာေနရာတြင္ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား (ဝါ) ေက်ာက္မဲ၊ သလင္းပြ၊ သလင္းက်စ္မ်ား ေပါမ်ားစြာေတြ႕ရေသာေၾကာင့္ ေ႐ႊသမားမ်ားသည္ ေက်ာက္ဖေယာင္း မည္သည့္ေနရာတြင္ ေပါမ်ားစြာ ေတြ႕ရသလဲဆိုသည္ကို မူလပထမ လိုက္ရွာေလ့ရွိၾကသည္။

    မိုင္းခြဲရန္ ျပင္ဆင္ေနသည့္ ေ႐ႊလုပ္သားမ်ားအား ေတြ႕ရစဥ္

    ေက်ာက္ဖေယာင္းဟု အမည္ေပးထားသည့္အတိုင္း အဆိုပါ ေက်ာက္ဖေယာင္းသည္ ျပင္ပဖေယာင္းသားကဲ့သို႔ လြန္စြာႏူးညံ့ၿပီး အဆီဓာတ္ရွိသည္။ ေျမေအာက္ထဲရွိ ေက်ာက္သားထုမ်ား၊ ျပတ္ေ႐ြ႕ေၾကာမ်ား အခ်င္းခ်င္းပြတ္တိုက္ရာတြင္ ေက်ာက္ဖေယာင္းသည္ ေခ်ာဆီကဲ့သို႔ ေက်ာက္သားထုမ်ားၾကား ပြတ္တိုက္မႈ ေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေပးသည့္ ေက်ာက္သားအပြတစ္မ်ိဳးျဖစ္ၿပီး လက္ျဖင့္ဖဲ့ေခ်၍ ရသည္အထိ ႏူးညံ့လွသည္။ ေက်ာက္ဖေယာင္းၿပီးလွ်င္ ေတြ႕ရမည္မွာ ေက်ာက္ကုလားဟု ေခၚဆိုၾကသည့္ အမည္းေရာင္ ေက်ာက္အမာတစ္မ်ိဳးျဖစ္ၿပီး မာေက်ာမႈ လြန္စြာျမင့္မားလွသည္။ ေ႐ႊတြင္းတူးေဖာ္ရာတြင္ အဆိုပါ ေက်ာက္ကုလားကို ယမ္းျဖင့္ ေဖာက္ခြဲရၿပီး ယမ္းေဖာက္ရန္အတြက္ အဆိုပါ ေက်ာက္ကုလား ေက်ာက္သားထုထဲသို႔ သုံးေပ – ေလးေပခန႔္ရွိ အေပါက္မ်ားကို ဂန္းျဖင့္ ေဖာက္ရသည္။ တစ္ခါတစ္ရံတြင္ ဂေဟေဆာ္သည့္အလား မီးပြင့္မ်ား ျဖာထြက္သည္အထိ မာေက်ာလွေသာ ေက်ာက္အမ်ိဳးအစား တစ္ခုျဖစ္သည္။ ေက်ာက္ဖေယာင္းႏွင့္ ေက်ာက္ကုလားကို ေျမေအာက္တြင္ မ်ားမ်ားေတြ႕ေလ ေ႐ႊသမားတို႔ အိပ္မက္မ်ား ပိုမိုလွပေလျဖစ္သည္။ ေက်ာက္ကုလားၿပီးေနာက္ ေတြ႕ရ မည္မွာ သလင္းပြဟုေခၚဆိုသည့္ ေက်ာက္အျဖဴတစ္မ်ိဳးျဖစ္သည္။ ၾကည္လင္ေသာ အဆင္းရွိၿပီး သိပ္သည္းဆနည္းပါးေသာေၾကာင့္ အလြယ္တကူ ေခ်မြႏိုင္သည္။ သလင္းပြေက်ာက္မ်ားကို ေတြ႕ရွိေသာ္လည္း ျဗဳန္းဟုေခၚဆိုသည့္ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားသို႔ မေရာက္ေသးပါ။ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားကို အုံႏွင့္က်င္းႏွင့္ ေတြ႕ရွိသည္အထိ ေျမေအာက္တြင္ ဆက္လက္တူးေဖာ္ရဦးမည္ျဖစ္သည္။

    ေျမအာက္မွာ ေ႐ႊဘယ္လိုရွာၾကသလဲ

    ေက်ာက္ေ႐ႊ တူးေဖာ္ရာတြင္ ပထမဦးစြာ ေအာက္ဆီဒိုက္ဇုန္ (ဝါ) ေ႐ႊထုတ္ရန္ လြယ္ေသာအပိုင္းသို႔ေရာက္ရန္ ေျမႀကီးေအာက္သို႔ တည့္တည့္တူးေဖာ္ရသည္။ တခ်ိဳ႕ေသာ ဝါရင့္ေ႐ႊတူးေဖာ္ေရးသမားမ်ားကမူ ေဘးတေစာင္း ခပ္ေျပေျပ တူးေဖာ္ၾကသည္။

    ေျမႀကီးေအာက္ ေပတစ္ရာ၊ ႏွစ္ရာ အနက္သို႔ေရာက္ေအာင္ ေက်ာက္သားထုမ်ားကို ထိုးေဖာက္ၿပီးေအာက္သို႔ နက္သထက္နက္ေအာင္ ဆင္းႏိုင္မွ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား စသည့္ ေ႐ႊသတၱဳအနားတြင္ ေတြ႕ရေသာ ေက်ာက္မ်ားကို ေတြ႕ရွိရမည္ျဖစ္သည္။ က်င္းတူးရာတြင္ အဓိကႀကဳံရေသာ အခက္အခဲမွာ ေျမေအာက္ေရစိမ့္ထြက္ေသာ ျပႆနာျဖစ္သည္။ ထိုအခ်ိန္တြင္ မည္မွ်အနက္အထိ တူးမည္။ မည္သည့္ဘက္သို႔ ဆက္ေဖာက္မည္ဆိုသည္ကို ဆုံးျဖတ္ေပးေသာလူမွာ အင္းဆရာျဖစ္သည္။

    ေ႐ႊတြင္းတစ္ခု၏ အရႈံးအျမတ္သည္ အင္းဆရာ၏ အေတြ႕အႀကဳံ၊ ပညာေပၚမူတည္ေနပါသည္။ထို႔ေၾကာင့္ ေ႐ႊေမွာ္ေဒသတြင္ လုပ္ခလစာအမ်ားဆုံး၊ ေကာ္မရွင္ အမ်ားဆုံးရေသာသူသည္ အင္းဆရာျဖစ္ၿပီး နာမည္ေက်ာ္ အင္းဆရာမ်ားအား ေဘာလုံးသမားမ်ားကဲ့သို႔ ေ႐ႊတြင္းပိုင္ရွင္မ်ားက လစာအၿပိဳင္အဆိုင္ ေပးေခၚၾက၊ စာခ်ဳပ္ ခ်ဳပ္ထားၾကသည္။ အင္းဆရာက မည္သည့္အနက္သို႔ ေရာက္ေအာင္ ေဒါင္လိုက္တူးမည္။ မည္သည့္ေနရာတြင္ ရပ္မည္ဆိုလွ်င္ ထိုေနရာတြင္ ရပ္ထားရသည္။ထို႔ေနာက္ ေ႐ႊက်င္း၏ ေအာက္ေျခ၊ ေရွ႕၊ ေနာက္၊ ေတာင္၊ ေျမာက္ ေလးဘက္ေလးတန္သို႔ မိုင္းခြဲကာ အင္းဆရာက စမ္းသပ္သည္။ မိုင္းခြဲရာက ထြက္ရွိလာေသာ ေက်ာက္သားထု၊ ပါဝင္ေက်ာက္သား အမ်ိဳးအစားအေပၚ အေျခခံၿပီး အေရွ႕ဘက္သို႔ ေဖာက္မည္။ အေနာက္ဘက္သို႔ ေဖာက္မည္ဟု အင္းဆရာက ဆုံးျဖတ္ခ်က္ခ်ေပးျခင္း ျဖစ္သည္။ အင္းဆရာ ဆုံးျဖတ္ခ်က္မွန္ေသာေၾကာင့္ ေအာင္ျမင္သြားေသာ ေ႐ႊတြင္း အမ်ားအျပားရွိသကဲ့သို႔ အင္းဆရာ ဆုံးျဖတ္ခ်က္မွားေသာေၾကာင့္ ဆုံးရႈံးသြားေသာ ေ႐ႊတြင္းမ်ားမွာလည္း ေ႐ႊေလာကတြင္ ဒုႏွင့္ေဒးသာျဖစ္သည္။ ထို႔အတူပင္ ေ႐ႊလုပ္သားမ်ား၏ အသက္သည္လည္း အင္းဆရာေပၚမူတည္သည္။ အင္း၏ ႀကံ့ခိုင္ေရး၊ လုံၿခဳံေရး၊ ေက်ာက္သားမ်ား၊ ေျမေအက္ေရမ်ား၏ အေျခအေနကို အင္းဆရာက စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ကာ လုံၿခဳံေရးအစီအမံမ်ား ေဆာင္႐ြက္ေပးရသည့္အတြက္ မည္သူ႔ကိုမွ် လူမထင္ၾကေသာ ေ႐ႊလုပ္သားမ်ားသည္ အင္းဆရာကိုမူ ေၾကာက္႐ြံ႕ေလးစားၾကေပသည္။

    ေက်ာက္သားမ်ားကို စမ္းသပ္ေနသည့္ အင္းဆရာတစ္ဦးအား ေတြ႕ရစဥ္

    အင္းဆရာက မည္သည့္ဘက္သို႔ ဆက္လက္တူးေဖာ္ရမည္ဆိုသည္ကို အမွတ္အသားေပးၿပီးေနာက္တြင္မူ ဂန္းအဖြဲ႕အလွည့္ ေရာက္ပါသည္။ ေက်ာက္သားမ်ားကို ယမ္းျဖင့္ေဖာက္ခြဲရန္အတြက္ အဆိုပါ ေက်ာက္သားထုမ်ားကို အေပါက္ေဖာက္ေပးရသည့္ လုပ္ငန္းကို ဂန္းလုပ္ငန္းဟု ေခၚဆိုၿပီး ေ႐ႊတြင္းလုပ္သားမ်ားအနက္ ေရာဂါအျဖစ္မ်ားဆုံး၊ ေသေက်မႈအမ်ားဆုံး လုပ္ငန္းလည္းျဖစ္သည္။ေက်ာက္သားမ်ားအား ဂန္းျဖင့္ေဖာက္ရာတြင္ ေက်ာက္မႈန္မ်ား ထြက္ၾကသည္။ ေက်ာက္မႈန္အမ်ိဳးအစားမ်ား အနက္ခဲမွ ထြက္ေသာ အမႈန္အမႊားမ်ားသည္ အႏၲရာယ္အေပးဆုံး အမႈန္တစ္ခုျဖစ္သည္။

    သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ ေ႐ႊေတာနယ္ေျမတြင္ ခဲမႈန္ေၾကာင့္ ေသသြားၾကေသာ ဂန္းသမားအေရအတြက္ ဒုႏွင့္ေဒးျဖစ္သည္။ သပိတ္က်င္းနယ္ရွိ မီးလမ္းဆိုေသာ ေ႐ႊလုပ္ကြက္တစ္ခုသည္ ခဲဆိပ္သင့္ေသာ ေနရာတြင္ အလြန္နာမည္ႀကီးခဲ့ေသာ ေနရာတစ္ခုျဖစ္သည္။ အဆိုပါ လုပ္ကြက္သို႔ ဂန္းသြားေဖာက္ေသာ ေ႐ႊလုပ္သားမ်ား တစ္ႏွစ္အတြင္း ဦးေရ ၆၀ ခန႔္ ခဲဆိပ္သင့္ ေသသြားမွ အားလုံးေၾကာက္႐ြံ႕ကုန္ၾကၿပီး အေတာ္မ်ားမ်ားက ဆက္မလုပ္ၾကေတာ့ေပ။ ေနာက္ဆုံး ဂန္းပိုက္အစား ေရအားသုံးေသာ နည္းလမ္းကို ေျပာင္းလုပ္ၾကမွ ေရာဂါရမႈ နည္းသြားေတာ့သည္။ အျခားေသာ ေ႐ႊလုပ္ကြက္မ်ားတြင္မူ ထိုေနရာေလာက္ ခဲဆိပ္မရွိသည့္အတြက္ ခ်က္ခ်င္း ေရာဂါလကၡဏာ မျပ။ သို႔ေသာ္ ဂန္းသမားမ်ားသည္ ယခင္တုန္းက နည္းပညာႏွင့္ က်န္းမာေရးဗဟုသုတ နည္းပါးသည့္အတြက္ အသက္ရွည္ရွည္ေနရတာ နည္းသည္ဟု ေ႐ႊလုပ္သားမ်ားက ေျပာျပၾကသည္။ ယခုေတာ့ က်န္းမာေရးအသိပညာလည္း ရွိလာသည့္အျပင္ အကာအကြယ္ေပးသည့္ ဝတ္စုံမ်ားလည္း ဝတ္ဆင္လာၾကသည္ ကိုေတြ႕ရသည္။

    ဂန္းသမားမ်ား အေပါက္ေဖာက္ၿပီးလွ်င္မူ မိုင္းဆင္သူမ်ား အလွည့္ျဖစ္သည္။ ေက်ာက္ထုမ်ားၾကား ဂန္းသမားမ်ား ေဖာက္ေပးထားသည့္ အေပါက္မ်ားတြင္ မိုင္းတံမ်ား ထည့္သြင္းသည္ကို စနစ္တက် လုပ္ၾကရသည္။ ထို႔ေနာက္ ကုမၸဏီတာဝန္ရွိသူမ်ားအား မည္သည့္အခ်ိန္တြင္ မိုင္းခြဲမည္ဆိုသည္ကိုအေၾကာင္းၾကား ရသည္။ ထိုအခါမွ ကုမၸဏီက ၎တို႔လုပ္ ကြက္အတြင္းရွိ တျခားေသာ ေ႐ႊအင္းသမားမ်ားအား အသိေပးၾကသည္။

    မိုင္းခြဲၿပီးေနာက္ ထြက္လာေသာ ေက်ာက္စမ်ားကို အိတ္ျဖင့္ထုပ္ပိုးကာ ေ႐ႊတြင္းေပၚသို႔ ထေရာ္လီမ်ား၊ ဝင့္ (ေ႐ႊတြင္းအေပၚႏွင့္ ေအာက္သို႔ ကုန္သယ္ေပးသည့္ဝန္ခ်ီႀကိဳး) မ်ားျဖင့္ ျပန္သယ္ရသည္။ ထိုထြက္လာေသာ ေက်ာက္စမ်ားကို ဓာတ္ခြဲခန္းသို႔ပို႔ၿပီး ေ႐ႊႏွင့္ အျခားသတၱဳပါဝင္ႏႈန္းကို အကဲျဖတ္ၿပီးေအာက္ဘက္သို႔ ဆက္တူးမည္။ ေဘးဘက္သို႔ ဆက္တူးမည္ဆိုသည္ကို ဆုံးျဖတ္ၾကျခင္းျဖစ္သည္။

    ေ႐ႊတြင္းမ်ားတြင္ ထိခိုက္ဒဏ္ရာရမႈ၊ ေသေက်ပ်က္စီးမႈ ျဖစ္ေပၚေစေသာ အဓိက အရာသုံးခုရွိသည္။ေျမေအာက္ေရစိမ့္ထြက္ကာ ေရလုံးေပါက္ျခင္း၊ က်င္းႀကံ့ခိုင္မႈအားနည္းကာ က်င္းၿပိဳ၊ ေျမၿပိဳျခင္းႏွင့္ ဝင့္ျပတ္ျခင္း တို႔ျဖစ္သည္။ ေ႐ႊတူးေဖာ္သည့္ ေဒသမ်ားတြင္ ထိခိုက္ဒဏ္ရာရျခင္း၊ လူအေသအေပ်ာက္ရွိျခင္း စသည့္ကိစၥရပ္မ်ားမွာ ထူးေသာ္လည္း မဆန္းေတာ့သည့္ သမား႐ိုးက် ကိစၥရပ္ပမာ အသားက်ေနသည္ကို ေတြ႕ျမင္ရသည္။

    သပိတ္က်င္း၊ စဥ့္ကူးစသည့္ ေ႐ႊလုပ္ကြက္မ်ားတြင္ ေ႐ႊတူးေဖာ္ၾကသည့္ပုံစံမွာ ကုမၸဏီႀကီးမ်ားကႏိုင္ငံေတာ္သို႔ လုပ္ကြက္ေလွ်ာက္ၿပီး အခြန္ေပးသြင္းၾကသည္။ အဆိုပါ က်လာသည့္ လုပ္ကြက္ဧရိယာအတြင္း ၎တို႔ မလုပ္လိုသည့္ (သို႔မဟုတ္) ၎တို႔ ေ႐ႊတြင္း မေဖာက္ေသာေနရာမ်ားကို ကုမၸဏီငယ္မ်ား၊ လုပ္ငန္းရွင္မ်ားထံသို႔ ျပန္ခြဲေပးၾကသည္။ ယင္း Sub Conbtract ျပန္ယူေသာ လုပ္ငန္းရွင္မ်ားက မိမိအစီအစဥ္ျဖင့္မိမိ ေ႐ႊတြင္းေဖာက္ရသည္။ ေျမေပၚတြင္သာ မည္သည့္ေနရာ၊ မည္သည့္လုပ္ကြက္တြင္ လုပ္ဟု သတ္မွတ္ေပးထားျခင္းျဖစ္ေသာ္လည္း ေျမေအာက္တြင္မူ မိမိစိတ္ႀကိဳက္ေနရာသို႔ တူးေဖာ္ႏိုင္ေပသည္။ တူးေဖာ္ခြင့္သက္တမ္းမွာ တစ္ႀကိမ္လွ်င္ တစ္ႏွစ္ျဖစ္သည့္အတြက္ ေ႐ႊတြင္းမ်ားသည္ ၂၄ နာရီ အဆိုင္းမ်ားခြဲ၍ တူးေဖာ္ၾကရသည္။

    ေ႐ႊပါဝင္ေသာ ေက်ာက္သားမ်ားကို အစုလိုက္အၿပဳံလိုက္ ေတြ႕ရွိရၿပီဆိုလွ်င္ အလြယ္တကူအားျဖင့္တြင္းေအာင္သည္ (ဝါ) ျဗဳန္းေတြ႕ၿပီဟု သုံးႏႈန္းၾကသည္။ ေ႐ႊတြင္းပိုင္ရွင္ႏွင့္ အင္းဆရာ သက္ျပင္းခ်ႏိုင္ေသာ အခ်ိန္အခါလည္းျဖစ္သည္။ အဆိုပါ ျဗဳန္းအိတ္မ်ားသည္ ေ႐ႊတြင္းတစ္ခု၏ အသက္ေသြးေၾကာလည္း ျဖစ္သည္။ ေ႐ႊတြင္းလုပ္သားမ်ား၏ အလုပ္အာမခံခ်က္ တစ္ခုျဖစ္သည္။ျဗဳန္းမေတြ႕မခ်င္း ေ႐ႊတြင္းတစ္ခုသည္ ဝင္ေငြမရွိဘဲ ထြက္ေငြသာရွိသည္။ လုပ္သား ၃၀ ခန႔္ရွိေသာ ေ႐ႊတြင္းအငယ္တစ္ခု လည္ပတ္စရိတ္မွာ တစ္ေန႔လွ်င္ အနိမ့္ဆုံး သိန္း ၂၀ ဝန္းက်င္ရွိသည္။ ေ႐ႊပါေသာ ျဗဳန္းေျမကို မေတြ႕မခ်င္း လခ်ီရွာေဖြ တူးေဖာ္ရသည္။ ေ႐ႊပါဝင္ေသာ ျဗဳန္းအိတ္မ်ား ရၿပီဆိုလွ်င္မူအဆိုပါ ျဗဳန္းအိတ္ကို သုံးစုခြဲရၿပီး ကုမၸဏီႀကီးထံ တစ္စုသြင္းရသည္။ လုပ္ငန္းရွင္က ႏွစ္စုရသည္။ တခ်ိဳ႕ေဒသမ်ားတြင္မူ ေလးစုခြဲကာ ကုမၸဏီက တစ္စု၊ ေဒသခံလုပ္ငန္းရွင္က သုံးစုစနစ္ျဖင့္ အခ်ိဳးက် ခြဲေဝယူၾကျခင္းျဖစ္သည္။ ရရွိလာေသာ ျဗဳန္းအိတ္မ်ားကို ညက္ညက္ေက်ေအာင္ စက္ျဖင့္ေခ်ၿပီးမွ ေ႐ႊမႈန႔္မ်ားကို ျပန္လည္ထုတ္ယူရျခင္း ျဖစ္သည္။ ေနရာေဒသကိုလိုက္၍ အထက္ေ႐ႊ၊ ေအာက္ေ႐ႊ ပါဝင္ႏႈန္းမွာ ကြဲျပားမႈရွိၾကသည္။ မိုးထိမိုးမိ ေဒသတြင္ ေတြ႕ရေသာေ႐ႊမွာ အထက္ေ႐ႊပါဝင္မႈ လြန္စြာမ်ားၿပီး သပိတ္က်င္းဘက္တြင္မူ ေအာက္ေ႐ႊပါဝင္မႈ မ်ားေၾကာင္း သိရသည္။

    အထက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ မ်ားျပားၿပီး ျပဒါးျဖင့္ အလြယ္တကူ ဖမ္းယူႏိုင္ေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ေအာက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ နည္းပါးၿပီး ျပဒါးက အကုန္မဖမ္းယူႏိုင္ေသာေၾကာင့္ အမႈန႔္ႀကိတ္၊ သန႔္စင္ၿပီး ျပန္ခ်က္ရေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ထိုသို႔ က်ိဳခ်က္သန႔္စင္ၿပီး ရလာေသာေ႐ႊအား အ႐ိုင္းေ႐ႊ၊ အ႐ိုင္းတုံးဟု ေခၚဆိုသည္။ ထိုအ႐ိုင္းတုံးမ်ားကို ရန္ကုန္၊ မႏၲေလးစသည့္ ၿမိဳ႕ႀကီးမ်ားေပၚရွိ ေ႐ႊသန႔္စင္ေရး ဖိုမ်ားထံ ေပးပို႔ၿပီး ျပန္လည္သန႔္စင္ၿပီး လူအမ်ားလက္ဝတ္ရတနာအျဖစ္ ဝတ္ဆင္ႏိုင္ရန္ ျပန္လည္ျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း တင္ျပအပ္ပါသည္။

    Credit-Eleven Media

    https://news-eleven.com/article/87065

    (Unicode)

    ရွှေတွင်းများရှိရာ စဉ့်ကူး၊ သပိတ်ကျင်းက ပြန်ခဲ့တယ်

    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် ကျောက်ရွှေတူးဖော်ခြင်း လုပ်ကိုင်နေသည့် ရွှေတွင်းများသို့ ၂၀၁၉ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း သွားရောက်လေ့လာခဲ့သည်များကို ဖော်ပြအပ်ပါသည်။

    ရွှေကို ဘယ်လို တူးဖော်ကြသလဲ

    ရွှေတူးဖော်ရာတွင် မြစ်၊ ချောင်းများမှ ရေစီးကြောင်းဖြင့်ပါလာကာ အနည်ထိုင်နေသည့် ကမ်းပါးများ၊ မြေသားများကို ရေအားဖြင့် ဖြိုချတူးဖော်သည့် နည်းလမ်း (ဝါ)အနည်ကျ ရွှေတူးဖော်ရေး (ဝါ) ဗြုန်းရွှေတူးဖော်ရေးနှင့် မြေကြီးအောက် နက်ရှိုင်းသောနေရာတွင် အခြားသော သတ္တုများနှင့် ရောနှောကာ အုံနှင့်ကျင်းနှင့် တည်ရှိနေသည့်ရွှေကို လိုဏ်ဂူများ၊ ကျင်းများ၊ အင်းများဖောက်၍ တူးဖော်သော နည်းလမ်း (ဝါ) ကျောက်ရွှေ တူးဖော်ခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။

    ကျောက်ရွှေတူးဖော်ရန်အတွက် ရွှေလုပ်ကွက်ရှိသော နေရာအား အစိုးရထံ လုပ်ကွက်လျှောက်ယူပြီး ကျသင့်အခွန် ပေးသွင်းရသည်။ လုပ်ကွက်ကြီး ရှိသောနေရာတွင် လုပ်ကွက်ငယ်များအား ကန်ထရိုက်သဘော ပြန်လည်ခွဲသွင်းပေးသည်။ လုပ်ကွက်ငယ်ပိုင်ရှင်အနေဖြင့် ရွှေတူးဖော်ရန် ကုန်ကျစရိတ်ကို မိမိဘာသာ စိုက်ဝင်သုံးစွဲပြီး ရွှေရပြီဆိုပါက အဆိုပါရွှေအား သုံးပုံပုံကာ တစ်ပုံအား ကုမ္ပဏီကြီးထံသို့ ပြန်လည်ပေးသွင်းရသော စနစ်ဖြင့် တူးဖော် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျောက်ရွှေအထွက်များသော ဒေသများမှာ ရမည်းသင်း မိုးထိမိုးမိဒေသ၊ သပိတ်ကျဉ်းဒေသ၊ ကောလင်းဒေသတို့ဖြစ်ကြပြီး ဗြုန်းရွှေမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြောတစ်လျှောက် တူးဖော်ကြခြင်း ဖြစ်သည်။

    ကျောက်ရွှေကိုဘယ်လိုရှာကြသလဲ

    မြေကြီးအောက် မည်သည့်နေရာတွင် ရွှေကြောရှိမလဲဆိုသည်ကို ရွှေတူးဖော်ရေးသမားများအနေဖြင့်မည်သို့မည်ပုံ ရှာဖွေကြပါသလဲဆိုသည်မှာ သာမန်လူတစ်ဦးအနေဖြင့် အတော်စဉ်းစားရခက်သော ကိစ္စဖြစ်သည်။ အကြောင်းသိလျှင် လွယ်ပါသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက်ဒေသရှိ ရွှေကြောရှိသောနေရာတွင် ကျောက်ဖယောင်း၊ ကျောက်ကုလား (ဝါ) ကျောက်မဲ၊ သလင်းပွ၊ သလင်းကျစ်များ ပေါများစွာတွေ့ရသောကြောင့် ရွှေသမားများသည် ကျောက်ဖယောင်း မည်သည့်နေရာတွင် ပေါများစွာ တွေ့ရသလဲဆိုသည်ကို မူလပထမ လိုက်ရှာလေ့ရှိကြသည်။

    ကျောက်ဖယောင်းဟု အမည်ပေးထားသည့်အတိုင်း အဆိုပါ ကျောက်ဖယောင်းသည် ပြင်ပဖယောင်းသားကဲ့သို့ လွန်စွာနူးညံ့ပြီး အဆီဓာတ်ရှိသည်။ မြေအောက်ထဲရှိ ကျောက်သားထုများ၊ ပြတ်ရွေ့ကြောများ အချင်းချင်းပွတ်တိုက်ရာတွင် ကျောက်ဖယောင်းသည် ချောဆီကဲ့သို့ ကျောက်သားထုများကြား ပွတ်တိုက်မှု ချောမွေ့အောင် လုပ်ဆောင်ပေးသည့် ကျောက်သားအပွတစ်မျိုးဖြစ်ပြီး လက်ဖြင့်ဖဲ့ချေ၍ ရသည်အထိ နူးညံ့လှသည်။ ကျောက်ဖယောင်းပြီးလျှင် တွေ့ရမည်မှာ ကျောက်ကုလားဟု ခေါ်ဆိုကြသည့် အမည်းရောင် ကျောက်အမာတစ်မျိုးဖြစ်ပြီး မာကျောမှု လွန်စွာမြင့်မားလှသည်။ ရွှေတွင်းတူးဖော်ရာတွင် အဆိုပါ ကျောက်ကုလားကို ယမ်းဖြင့် ဖောက်ခွဲရပြီး ယမ်းဖောက်ရန်အတွက် အဆိုပါ ကျောက်ကုလား ကျောက်သားထုထဲသို့ သုံးပေ – လေးပေခန့်ရှိ အပေါက်များကို ဂန်းဖြင့် ဖောက်ရသည်။ တစ်ခါတစ်ရံတွင် ဂဟေဆော်သည့်အလား မီးပွင့်များ ဖြာထွက်သည်အထိ မာကျောလှသော ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ ကျောက်ဖယောင်းနှင့် ကျောက်ကုလားကို မြေအောက်တွင် များများတွေ့လေ ရွှေသမားတို့ အိပ်မက်များ ပိုမိုလှပလေဖြစ်သည်။ ကျောက်ကုလားပြီးနောက် တွေ့ရ မည်မှာ သလင်းပွဟုခေါ်ဆိုသည့် ကျောက်အဖြူတစ်မျိုးဖြစ်သည်။ ကြည်လင်သော အဆင်းရှိပြီး သိပ်သည်းဆနည်းပါးသောကြောင့် အလွယ်တကူ ချေမွနိုင်သည်။ သလင်းပွကျောက်များကို တွေ့ရှိသော်လည်း ဗြုန်းဟုခေါ်ဆိုသည့် ရွှေပါဝင်သော သလင်းကျစ်ကျောက်များသို့ မရောက်သေးပါ။ ရွှေပါဝင်သော သလင်းကျစ်ကျောက်များကို အုံနှင့်ကျင်းနှင့် တွေ့ရှိသည်အထိ မြေအောက်တွင် ဆက်လက်တူးဖော်ရဦးမည်ဖြစ်သည်။

    မြေအာက်မှာ ရွှေဘယ်လိုရှာကြသလဲ

    ကျောက်ရွှေ တူးဖော်ရာတွင် ပထမဦးစွာ အောက်ဆီဒိုက်ဇုန် (ဝါ) ရွှေထုတ်ရန် လွယ်သောအပိုင်းသို့ရောက်ရန် မြေကြီးအောက်သို့ တည့်တည့်တူးဖော်ရသည်။ တချို့သော ဝါရင့်ရွှေတူးဖော်ရေးသမားများကမူ ဘေးတစောင်း ခပ်ပြေပြေ တူးဖော်ကြသည်။

    မြေကြီးအောက် ပေတစ်ရာ၊ နှစ်ရာ အနက်သို့ရောက်အောင် ကျောက်သားထုများကို ထိုးဖောက်ပြီးအောက်သို့ နက်သထက်နက်အောင် ဆင်းနိုင်မှ ကျောက်ဖယောင်း၊ ကျောက်ကုလား စသည့် ရွှေသတ္တုအနားတွင် တွေ့ရသော ကျောက်များကို တွေ့ရှိရမည်ဖြစ်သည်။ ကျင်းတူးရာတွင် အဓိကကြုံရသော အခက်အခဲမှာ မြေအောက်ရေစိမ့်ထွက်သော ပြဿနာဖြစ်သည်။ ထိုအချိန်တွင် မည်မျှအနက်အထိ တူးမည်။ မည်သည့်ဘက်သို့ ဆက်ဖောက်မည်ဆိုသည်ကို ဆုံးဖြတ်ပေးသောလူမှာ အင်းဆရာဖြစ်သည်။

    ရွှေတွင်းတစ်ခု၏ အရှုံးအမြတ်သည် အင်းဆရာ၏ အတွေ့အကြုံ၊ ပညာပေါ်မူတည်နေပါသည်။ထို့ကြောင့် ရွှေမှော်ဒေသတွင် လုပ်ခလစာအများဆုံး၊ ကော်မရှင် အများဆုံးရသောသူသည် အင်းဆရာဖြစ်ပြီး နာမည်ကျော် အင်းဆရာများအား ဘောလုံးသမားများကဲ့သို့ ရွှေတွင်းပိုင်ရှင်များက လစာအပြိုင်အဆိုင် ပေးခေါ်ကြ၊ စာချုပ် ချုပ်ထားကြသည်။ အင်းဆရာက မည်သည့်အနက်သို့ ရောက်အောင် ဒေါင်လိုက်တူးမည်။ မည်သည့်နေရာတွင် ရပ်မည်ဆိုလျှင် ထိုနေရာတွင် ရပ်ထားရသည်။ထို့နောက် ရွှေကျင်း၏ အောက်ခြေ၊ ရှေ့၊ နောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ မိုင်းခွဲကာ အင်းဆရာက စမ်းသပ်သည်။ မိုင်းခွဲရာက ထွက်ရှိလာသော ကျောက်သားထု၊ ပါဝင်ကျောက်သား အမျိုးအစားအပေါ် အခြေခံပြီး အရှေ့ဘက်သို့ ဖောက်မည်။ အနောက်ဘက်သို့ ဖောက်မည်ဟု အင်းဆရာက ဆုံးဖြတ်ချက်ချပေးခြင်း ဖြစ်သည်။ အင်းဆရာ ဆုံးဖြတ်ချက်မှန်သောကြောင့် အောင်မြင်သွားသော ရွှေတွင်း အများအပြားရှိသကဲ့သို့ အင်းဆရာ ဆုံးဖြတ်ချက်မှားသောကြောင့် ဆုံးရှုံးသွားသော ရွှေတွင်းများမှာလည်း ရွှေလောကတွင် ဒုနှင့်ဒေးသာဖြစ်သည်။ ထို့အတူပင် ရွှေလုပ်သားများ၏ အသက်သည်လည်း အင်းဆရာပေါ်မူတည်သည်။ အင်း၏ ကြံ့ခိုင်ရေး၊ လုံခြုံရေး၊ ကျောက်သားများ၊ မြေအေက်ရေများ၏ အခြေအနေကို အင်းဆရာက စဉ်ဆက်မပြတ် စောင့်ကြည့်ကာ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးရသည့်အတွက် မည်သူ့ကိုမျှ လူမထင်ကြသော ရွှေလုပ်သားများသည် အင်းဆရာကိုမူ ကြောက်ရွံ့လေးစားကြပေသည်။

    အင်းဆရာက မည်သည့်ဘက်သို့ ဆက်လက်တူးဖော်ရမည်ဆိုသည်ကို အမှတ်အသားပေးပြီးနောက်တွင်မူ ဂန်းအဖွဲ့အလှည့် ရောက်ပါသည်။ ကျောက်သားများကို ယမ်းဖြင့်ဖောက်ခွဲရန်အတွက် အဆိုပါ ကျောက်သားထုများကို အပေါက်ဖောက်ပေးရသည့် လုပ်ငန်းကို ဂန်းလုပ်ငန်းဟု ခေါ်ဆိုပြီး ရွှေတွင်းလုပ်သားများအနက် ရောဂါအဖြစ်များဆုံး၊ သေကျေမှုအများဆုံး လုပ်ငန်းလည်းဖြစ်သည်။ကျောက်သားများအား ဂန်းဖြင့်ဖောက်ရာတွင် ကျောက်မှုန်များ ထွက်ကြသည်။ ကျောက်မှုန်အမျိုးအစားများ အနက်ခဲမှ ထွက်သော အမှုန်အမွှားများသည် အန္တရာယ်အပေးဆုံး အမှုန်တစ်ခုဖြစ်သည်။

    သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက် ရွှေတောနယ်မြေတွင် ခဲမှုန်ကြောင့် သေသွားကြသော ဂန်းသမားအရေအတွက် ဒုနှင့်ဒေးဖြစ်သည်။ သပိတ်ကျင်းနယ်ရှိ မီးလမ်းဆိုသော ရွှေလုပ်ကွက်တစ်ခုသည် ခဲဆိပ်သင့်သော နေရာတွင် အလွန်နာမည်ကြီးခဲ့သော နေရာတစ်ခုဖြစ်သည်။ အဆိုပါ လုပ်ကွက်သို့ ဂန်းသွားဖောက်သော ရွှေလုပ်သားများ တစ်နှစ်အတွင်း ဦးရေ ၆၀ ခန့် ခဲဆိပ်သင့် သေသွားမှ အားလုံးကြောက်ရွံ့ကုန်ကြပြီး အတော်များများက ဆက်မလုပ်ကြတော့ပေ။ နောက်ဆုံး ဂန်းပိုက်အစား ရေအားသုံးသော နည်းလမ်းကို ပြောင်းလုပ်ကြမှ ရောဂါရမှု နည်းသွားတော့သည်။ အခြားသော ရွှေလုပ်ကွက်များတွင်မူ ထိုနေရာလောက် ခဲဆိပ်မရှိသည့်အတွက် ချက်ချင်း ရောဂါလက္ခဏာ မပြ။ သို့သော် ဂန်းသမားများသည် ယခင်တုန်းက နည်းပညာနှင့် ကျန်းမာရေးဗဟုသုတ နည်းပါးသည့်အတွက် အသက်ရှည်ရှည်နေရတာ နည်းသည်ဟု ရွှေလုပ်သားများက ပြောပြကြသည်။ ယခုတော့ ကျန်းမာရေးအသိပညာလည်း ရှိလာသည့်အပြင် အကာအကွယ်ပေးသည့် ဝတ်စုံများလည်း ဝတ်ဆင်လာကြသည် ကိုတွေ့ရသည်။

    ဂန်းသမားများ အပေါက်ဖောက်ပြီးလျှင်မူ မိုင်းဆင်သူများ အလှည့်ဖြစ်သည်။ ကျောက်ထုများကြား ဂန်းသမားများ ဖောက်ပေးထားသည့် အပေါက်များတွင် မိုင်းတံများ ထည့်သွင်းသည်ကို စနစ်တကျ လုပ်ကြရသည်။ ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများအား မည်သည့်အချိန်တွင် မိုင်းခွဲမည်ဆိုသည်ကိုအကြောင်းကြား ရသည်။ ထိုအခါမှ ကုမ္ပဏီက ၎င်းတို့လုပ် ကွက်အတွင်းရှိ တခြားသော ရွှေအင်းသမားများအား အသိပေးကြသည်။

    မိုင်းခွဲပြီးနောက် ထွက်လာသော ကျောက်စများကို အိတ်ဖြင့်ထုပ်ပိုးကာ ရွှေတွင်းပေါ်သို့ ထရော်လီများ၊ ဝင့် (ရွှေတွင်းအပေါ်နှင့် အောက်သို့ ကုန်သယ်ပေးသည့်ဝန်ချီကြိုး) များဖြင့် ပြန်သယ်ရသည်။ ထိုထွက်လာသော ကျောက်စများကို ဓာတ်ခွဲခန်းသို့ပို့ပြီး ရွှေနှင့် အခြားသတ္တုပါဝင်နှုန်းကို အကဲဖြတ်ပြီးအောက်ဘက်သို့ ဆက်တူးမည်။ ဘေးဘက်သို့ ဆက်တူးမည်ဆိုသည်ကို ဆုံးဖြတ်ကြခြင်းဖြစ်သည်။

    ရွှေတွင်းများတွင် ထိခိုက်ဒဏ်ရာရမှု၊ သေကျေပျက်စီးမှု ဖြစ်ပေါ်စေသော အဓိက အရာသုံးခုရှိသည်။မြေအောက်ရေစိမ့်ထွက်ကာ ရေလုံးပေါက်ခြင်း၊ ကျင်းကြံ့ခိုင်မှုအားနည်းကာ ကျင်းပြို၊ မြေပြိုခြင်းနှင့် ဝင့်ပြတ်ခြင်း တို့ဖြစ်သည်။ ရွှေတူးဖော်သည့် ဒေသများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ လူအသေအပျောက်ရှိခြင်း စသည့်ကိစ္စရပ်များမှာ ထူးသော်လည်း မဆန်းတော့သည့် သမားရိုးကျ ကိစ္စရပ်ပမာ အသားကျနေသည်ကို တွေ့မြင်ရသည်။

    သပိတ်ကျင်း၊ စဉ့်ကူးစသည့် ရွှေလုပ်ကွက်များတွင် ရွှေတူးဖော်ကြသည့်ပုံစံမှာ ကုမ္ပဏီကြီးများကနိုင်ငံတော်သို့ လုပ်ကွက်လျှောက်ပြီး အခွန်ပေးသွင်းကြသည်။ အဆိုပါ ကျလာသည့် လုပ်ကွက်ဧရိယာအတွင်း ၎င်းတို့ မလုပ်လိုသည့် (သို့မဟုတ်) ၎င်းတို့ ရွှေတွင်း မဖောက်သောနေရာများကို ကုမ္ပဏီငယ်များ၊ လုပ်ငန်းရှင်များထံသို့ ပြန်ခွဲပေးကြသည်။ ယင်း Sub Conbtract ပြန်ယူသော လုပ်ငန်းရှင်များက မိမိအစီအစဉ်ဖြင့်မိမိ ရွှေတွင်းဖောက်ရသည်။ မြေပေါ်တွင်သာ မည်သည့်နေရာ၊ မည်သည့်လုပ်ကွက်တွင် လုပ်ဟု သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း မြေအောက်တွင်မူ မိမိစိတ်ကြိုက်နေရာသို့ တူးဖော်နိုင်ပေသည်။ တူးဖော်ခွင့်သက်တမ်းမှာ တစ်ကြိမ်လျှင် တစ်နှစ်ဖြစ်သည့်အတွက် ရွှေတွင်းများသည် ၂၄ နာရီ အဆိုင်းများခွဲ၍ တူးဖော်ကြရသည်။

    ရွှေပါဝင်သော ကျောက်သားများကို အစုလိုက်အပြုံလိုက် တွေ့ရှိရပြီဆိုလျှင် အလွယ်တကူအားဖြင့်တွင်းအောင်သည် (ဝါ) ဗြုန်းတွေ့ပြီဟု သုံးနှုန်းကြသည်။ ရွှေတွင်းပိုင်ရှင်နှင့် အင်းဆရာ သက်ပြင်းချနိုင်သော အချိန်အခါလည်းဖြစ်သည်။ အဆိုပါ ဗြုန်းအိတ်များသည် ရွှေတွင်းတစ်ခု၏ အသက်သွေးကြောလည်း ဖြစ်သည်။ ရွှေတွင်းလုပ်သားများ၏ အလုပ်အာမခံချက် တစ်ခုဖြစ်သည်။ဗြုန်းမတွေ့မချင်း ရွှေတွင်းတစ်ခုသည် ဝင်ငွေမရှိဘဲ ထွက်ငွေသာရှိသည်။ လုပ်သား ၃၀ ခန့်ရှိသော ရွှေတွင်းအငယ်တစ်ခု လည်ပတ်စရိတ်မှာ တစ်နေ့လျှင် အနိမ့်ဆုံး သိန်း ၂၀ ဝန်းကျင်ရှိသည်။ ရွှေပါသော ဗြုန်းမြေကို မတွေ့မချင်း လချီရှာဖွေ တူးဖော်ရသည်။ ရွှေပါဝင်သော ဗြုန်းအိတ်များ ရပြီဆိုလျှင်မူအဆိုပါ ဗြုန်းအိတ်ကို သုံးစုခွဲရပြီး ကုမ္ပဏီကြီးထံ တစ်စုသွင်းရသည်။ လုပ်ငန်းရှင်က နှစ်စုရသည်။ တချို့ဒေသများတွင်မူ လေးစုခွဲကာ ကုမ္ပဏီက တစ်စု၊ ဒေသခံလုပ်ငန်းရှင်က သုံးစုစနစ်ဖြင့် အချိုးကျ ခွဲဝေယူကြခြင်းဖြစ်သည်။ ရရှိလာသော ဗြုန်းအိတ်များကို ညက်ညက်ကျေအောင် စက်ဖြင့်ချေပြီးမှ ရွှေမှုန့်များကို ပြန်လည်ထုတ်ယူရခြင်း ဖြစ်သည်။ နေရာဒေသကိုလိုက်၍ အထက်ရွှေ၊ အောက်ရွှေ ပါဝင်နှုန်းမှာ ကွဲပြားမှုရှိကြသည်။ မိုးထိမိုးမိ ဒေသတွင် တွေ့ရသောရွှေမှာ အထက်ရွှေပါဝင်မှု လွန်စွာများပြီး သပိတ်ကျင်းဘက်တွင်မူ အောက်ရွှေပါဝင်မှု များကြောင်း သိရသည်။

    အထက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု များပြားပြီး ပြဒါးဖြင့် အလွယ်တကူ ဖမ်းယူနိုင်သော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ အောက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု နည်းပါးပြီး ပြဒါးက အကုန်မဖမ်းယူနိုင်သောကြောင့် အမှုန့်ကြိတ်၊ သန့်စင်ပြီး ပြန်ချက်ရသော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုသို့ ကျိုချက်သန့်စင်ပြီး ရလာသောရွှေအား အရိုင်းရွှေ၊ အရိုင်းတုံးဟု ခေါ်ဆိုသည်။ ထိုအရိုင်းတုံးများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများပေါ်ရှိ ရွှေသန့်စင်ရေး ဖိုများထံ ပေးပို့ပြီး ပြန်လည်သန့်စင်ပြီး လူအများလက်ဝတ်ရတနာအဖြစ် ဝတ်ဆင်နိုင်ရန် ပြန်လည်ပြုလုပ်ကြခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။

    Credit-Eleven Media

    https://news-eleven.com/article/87065

  • ကညနမွ ထုတ္ျပန္ထားတဲ့ သင့္ကားမွာ မီးသတ္ေဆးဗူး ဘယ္ႏွစ္ဗူး ေဆာင္ထားရမလဲ? ဘယ္ေလာက္ Kg ဗူးေတြလဲ?

    (Zawgyi)

    သင့္ကားမွာ မီးသတ္ေဆးဗူး ဘယ္ႏွစ္ဗူး ေဆာင္ထားရမလဲ.. ဘယ္ေလာက္ Kg ဗူးေတြလဲ..

    ကားေတြမွာ မီးသတ္ေဆးဗူးေဆာင္တာႏွင့္ ပတ္သတ္လို႔ ကားအမ်ိဳးအစားေပၚမႈတည္ၿပီး ကားအလိုက္ သတ္မွတ္ေပးထားပါတယ္။ မၾကာမၾကာ ေမးျမန္းၾကတဲ့ သူငယ္ခ်င္းေတြနဲ႔ ကြၽန္ေတာ့္ကားဆရာေတြ ဂဃနဏ သိေစဖို႔ ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားတာေလး ေဖာ္ျပေပးပါရေစ။

    -Saloon, Jeep, Pick up, Station Wagon, Micro Bus ႏွင့္ အိမ္စီးကားေတြမွာ 1Kg တစ္ဗူး

    -Mini Bus, Light Truck, Light Van ႏွင့္ ေပါင္းမုန႔္၊ အန္စာတုံးကားေတြမွာ 2Kg တစ္ဗူး

    -Truck, Van Container Carrier, Other ေတြမွာ 3Kg တစ္ဗူး, Tankerမွာ 3Kg တစ္ဗူး

    -City Bus, Express Bus ခရီးသည္တင္ကားႀကီးေတြမွာ 3Kg ႏွစ္ဗူး

    မီးသတ္ေဆးဗူးဟာ အလြယ္တကူ ယူလို႔ရတဲ့ေနရာ အလြယ္တကူ ယူလို႔ရေအာင္ ထားရပါ့မယ္။လိုအပ္လို႔ ယူတဲ့အခါ ႀကိဳးေတြနဲ႔ ခ်ည္ထားလို႔ ယူမရတာ၊ ဟိုးေအာက္ထဲမွာမို႔ ယူမရတာ စသည္မ်ိဳး မျဖစ္ေအာင္ ဂ႐ုျပဳရပါ့မယ္။ ခရီးသည္တင္ ယာဥ္ေတြမွာဆို ယာဥ္ေမာင္းနဲ႔ စပယ္ယာ အလြယ္တကူယူလို႔ရတဲ့ ေနရာမွာ ထားရပါ့မယ္ဗ်။

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    သင့်ကားမှာ မီးသတ်ဆေးဗူး ဘယ်နှစ်ဗူး ဆောင်ထားရမလဲ.. ဘယ်လောက် Kg ဗူးတွေလဲ..

    ကားတွေမှာ မီးသတ်ဆေးဗူးဆောင်တာနှင့် ပတ်သတ်လို့ ကားအမျိုးအစားပေါ်မှုတည်ပြီး ကားအလိုက် သတ်မှတ်ပေးထားပါတယ်။ မကြာမကြာ မေးမြန်းကြတဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကားဆရာတွေ ဂဃနဏ သိစေဖို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားတာလေး ဖော်ပြပေးပါရစေ။

    -Saloon, Jeep, Pick up, Station Wagon, Micro Bus နှင့် အိမ်စီးကားတွေမှာ 1Kg တစ်ဗူး

    -Mini Bus, Light Truck, Light Van နှင့် ပေါင်းမုန့်၊ အန်စာတုံးကားတွေမှာ 2Kg တစ်ဗူး

    -Truck, Van Container Carrier, Other တွေမှာ 3Kg တစ်ဗူး, Tankerမှာ 3Kg တစ်ဗူး

    -City Bus, Express Bus ခရီးသည်တင်ကားကြီးတွေမှာ 3Kg နှစ်ဗူး

    မီးသတ်ဆေးဗူးဟာ အလွယ်တကူ ယူလို့ရတဲ့နေရာ အလွယ်တကူ ယူလို့ရအောင် ထားရပါ့မယ်။လိုအပ်လို့ ယူတဲ့အခါ ကြိုးတွေနဲ့ ချည်ထားလို့ ယူမရတာ၊ ဟိုးအောက်ထဲမှာမို့ ယူမရတာ စသည်မျိုး မဖြစ်အောင် ဂရုပြုရပါ့မယ်။ ခရီးသည်တင် ယာဉ်တွေမှာဆို ယာဉ်မောင်းနဲ့ စပယ်ယာ အလွယ်တကူယူလို့ရတဲ့ နေရာမှာ ထားရပါ့မယ်ဗျ။

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ (၁၁)မ်ိဳး ကိုမွ်ေ၀ျခင္ပါတယ္။

    (Zawgyi)

    အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ (၁၁)မ်ိဳး

    အိမ္၊ ေက်ာင္း ေဆာက္ရာတြင္ မသုံးအပ္ေသာ သစ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ အဲ့ဒါေတြကေတာ့…

    ၁။ မိေက်ာင္း

    ၂။ မအူ

    ၃။ သခြတ္

    ၄။ ေညာင္

    ၅။ သွ်ီသွ်ား

    ၆။ သီး(သား)

    ၇။ သေျပ

    ၈။ သစ္စိမ္ေရသား

    ၉။ ကေလာ

    ၁၀။ လက္ပံ

    ၁၁။ လဲတို႔ပဲ ျဖစ္ပါတယ္။

    Credit-Sint Sint(ShweProperty.com)

    (Unicode)

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁)မျိုး ကိုမျှဝေခြင်ပါတယ်။

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁)မျိုး

    အိမ်၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ်တွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့…

    ၁။ မိကျောင်း

    ၂။ မအူ

    ၃။ သခွတ်

    ၄။ ညောင်

    ၅။ သျှီသျှား

    ၆။ သီး(သား)

    ၇။ သပြေ

    ၈။ သစ်စိမ်ရေသား

    ၉။ ကလော

    ၁၀။ လက်ပံ

    ၁၁။ လဲတို့ပဲ ဖြစ်ပါတယ်။

    Credit-Sint Sint(ShweProperty.com)

  • ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

    (Zawgyi)

    ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

    ေတာင္သူလယ္သမားဦးၾကီးမ်ားသည္ လယ္ယာလုပ္ငန္း လုပ္ကိုင္ရာတြင္ ႏြားမ်ားကို အဓိက အားထားလုပ္ကိုင္ၾကရသည္။ ထိုသို႕ အားထားရေသာ မိမိတို႕ပိုင္ဆိုင္သည့္ ႏြားမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေၾကာမ်က္ေရာဂါ ရခဲ့ေသာ္ ေအာက္နည္းအတိုင္း ကုသႏိုင္ပါသည္။

    ႏြား၏ အေၾကာမ်က္ေသာေနရာကို အ၀တ္စိုျဖင့္ ပတ္ခ်ည္ေပးပါ။ အ၀တ္စို ေျခာက္ေသြ႕သြားပါက ထပ္မံ၍ ၄င္းအ၀တ္ ေျခာက္ေသြ႕မေနေအာင္ ေရမ်ားဆြတ္ေပးပါ။ တစ္ရက္မွ် အ၀တ္စိုပတ္ထားျပီး အ၀တ္ကို ေျဖေသာအခါ အေၾကာမ်က္သည့္ေနရာကို ပြတ္သပ္ႏွိပ္နယ္ေပးပါ။ ႏြားမ်ား အေၾကာမ်က္ေရာဂါ မုခ်ေပ်ာက္ကင္းပါလိမ့္မည္။

    ယခုနည္းကို ေျပာျပေသာ နတ္ေမာက္ျမိဳ႕နယ္၊ ေဘာ္အိုင္ေက်းရြာမွ ေတာင္သူၾကီး ဦးလွဆန္းအား ေက်းဇူးတင္လ်က္။

    ဆရာ သညာမႈး

    နကၡတေရာင္ျခည္မဂၢဇင္း

    (Unicode)

    နွားများ အကြောမျက်ခြင်းအတွက် အကုမခက်

    တောင်သူလယ်သမားဦးကြီးများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် နွားများကို အဓိက အားထားလုပ်ကိုင်ကြရသည်။ ထိုသို့ အားထားရသော မိမိတို့ပိုင်ဆိုင်သည့် နွားများ အကြောင်းအမျိုးမျိုးကြောင့် အကြောမျက်ရောဂါ ရခဲ့သော် အောက်နည်းအတိုင်း ကုသနိုင်ပါသည်။

    နွား၏ အကြောမျက်သောနေရာကို အဝတ်စိုဖြင့် ပတ်ချည်ပေးပါ။ အဝတ်စို ခြောက်သွေ့သွားပါက ထပ်မံ၍ ၎င်းအဝတ် ခြောက်သွေ့မနေအောင် ရေများဆွတ်ပေးပါ။ တစ်ရက်မျှ အဝတ်စိုပတ်ထားပြီး အဝတ်ကို ဖြေသောအခါ အကြောမျက်သည့်နေရာကို ပွတ်သပ်နှိပ်နယ်ပေးပါ။ နွားများ အကြောမျက်ရောဂါ မုချပျောက်ကင်းပါလိမ့်မည်။

    ယခုနည်းကို ပြောပြသော နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာမှ တောင်သူကြီး ဦးလှဆန်းအား ကျေးဇူးတင်လျက်။

    ဆရာ သညာမှုး

    နက္ခတရောင်ခြည်မဂ္ဂဇင်း

  • ျမန္မာKFC (သို႔) မိတၳီလာ ေက်ာက္ပန္းေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္

    (Zawgyi)

    ရန္ကုန္မွာ ေကအက္ဖ္စီ ၾကက္ေၾကာ္ဆိုင္ စဖြင့္ေတာ့ လူေတြႀကိတ္ႀကိတ္တိုး အားေပးၾကတာဝက္ဝက္ကြဲပါ။ အေမရိကန္လို ႏိုင္ငံႀကီးကေန လာဖြင့္တဲ့ နာမည္ႀကီး ၾကက္ေၾကာ္ဆိုင္ ဆိုေတာ့ လူေတြ စုၿပဳံတိုးၾကတာ ဘာဆန္းလဲ။ ေကအက္ဖ္စီလိုပဲ ျမန္မာႏိုင္ငံမွာ နာမည္ႀကီးတဲ့ ၾကက္ေၾကာ္ရွိပါတယ္။ မိတၳီလာ-ေက်ာက္ပန္း ေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္ဆို သိၾကမယ္ထင္တယ္။

    ေက်ာက္ပန္းေတာင္း၊ မေကြး၊ နတ္ေမာက္၊ ေခ်ာက္၊ ေရနံေခ်ာင္း၊ ေတာင္တြင္းႀကီး၊ ျပည္၊ ဆိပ္ျဖဴ၊ စလင္းအစရွိတဲ့ ေဒသေတြသြားမယ္ဆို ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ထဲမွာရွိတဲ့ လက္ပံပ်ား ေက်း႐ြာမွာ ထမင္းစားနားေလ့ရွိၾကတယ္။ ကားရပ္ၿပီဆို စတီးလင္ပန္းတို႔၊ သံလင္ပန္းတို႔ ေတြေပၚမွာ နီရဲရဲဝင္းေျပာင္ေနတဲ့ ၾကက္သားေၾကာ္ေတြ ေခါင္းေပၚ ႐ြက္ၿပီး လာေရာင္းတတ္တဲ့ လက္ပံပ်ားၾကက္ေၾကာ္သည္ေလးေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။

    ၾကက္ေၾကာ္ေတြက လင္ပန္းထဲမွာ စီစီရီရီတင္ထားတာက စားခ်င္စရာပါ။ ရင္အုပ္ႀကီးေတြကို တစ္ခုေပၚတစ္ခု ဆင့္တင္ၿပီး ပတ္ပတ္လည္ စီထားတယ္။ အလယ္မွာေတာ့ ရင္အုပ္ေတြ။ လစ္ဟာေနတဲ့ ေနရာေလးေတြမွာေတာ့ ၾကက္အသည္းအျမစ္၊ ၾကက္ကလီစာေၾကာ္ေလးေတြ။

    လက္ပံပ်ားကို ေရာက္ၿပီဆိုတာနဲ႔ ၾကက္ေၾကာ္ေကာင္းေကာင္း စားရေတာ့မယ္ဆိုတာ စားဖူးသူေတြသိတယ္။ တခ်ိဳ႕က ဝယ္ၿပီး ဒီအတိုင္း တကြၽတ္ကြၽတ္စားပစ္တယ္။ တခ်ိဳ႕ကေတာ့ ထမင္းဆီ ဆမ္းေလးမွာ ထမင္းထဲ ၾကက္ေၾကာ္ေလးေတြ မွ်င္ႏႊာထည့္ၿပီး ထမင္းနဲ႔ ၾကက္ေၾကာ္စားလိုက္၊ အ႐ိုးေလးကိုက္လိုက္ ေရေႏြးေသာက္လိုက္ စားတတ္ၾကတယ္။ ထမင္းဆိုင္ေတြနဲ႔ နီးစပ္တဲ့ ၾကက္ေၾကာ္သည္ေတြဆို ေဈးဝယ္က ပူပူေလးစားခ်င္လို႔ပါဆိုလည္း ျပန္ေၾကာ္ေပးတယ္။ တခ်ိဳ႕ကေတာ့ ကိုယ္စားဖို႔တင္ အားမရ။ ခ်စ္သူခင္သူ မိတ္ေဆြေတြအတြက္ပါ ပါဆယ္ဝယ္ၾကတယ္။

    လက္ပံပ်ားၾကက္ေၾကာ္က ျပဳတ္ၿပီး ေၾကာ္တာမ်ိဳးမဟုတ္ဘဲ အစိမ္းအတိုင္းေၾကာ္တာမ်ိဳးဆိုေတာ့ ေမႊးၿပီး အရသာရွိလွတယ္။ ဝယ္ၿပီး သုံးေလးရက္ေလာက္ ေအးေအးေဆးေဆး ထားလို႔ရတယ္။ အိမ္က်မွ အခ်ိဳမႈန႔္စားတတ္ရင္ နည္းနည္းေလးနယ္ၿပီး ျပန္ေၾကာ္စားရင္လည္း ေကာင္းတယ္။ ၾကက္သားကို ႏႊင္ၿပီး ခရမ္းခ်ဥ္သီးနဲ႔ ခ်က္စားလည္း ေကာင္းတယ္။ အစပ္စားတတ္သူေတြ င႐ုတ္သီးနဲ႔ ျပန္ေၾကာ္မယ္ဆိုလည္း ရွယ္ပါပဲ။

    ၾကက္ကိုမျပဳတ္ဘဲ ေရေႏြးေျဖာၿပီး လက္မ ၂၀ ေလာက္ရွိတဲ့ မိုးၿပဲဒယ္ႀကီးေတြနဲ႔ ေၾကာ္ေလ့ရွိတယ္။အခ်ိဳမႈန႔္ မသုံးဘူး။ ဆားေလးသာ နည္းနည္းပြတ္တယ္။ ၾကက္ေၾကာ္တဲ့အခါ ဆီကို ဆီအစိမ္းနဲ႔ ဆီအက်က္မွ်ေအာင္ ထည့္ရတယ္။ တစ္ဝက္စီ ထည့္ေၾကာ္လည္းျဖစ္တယ္။ မမွ်ရင္ ၾကက္ေၾကာ္က မလွဘူး။

    ရင္အုပ္သက္သက္၊ ေပါင္သက္သက္၊ ကလီစာသက္သက္ေၾကာ္တယ္။ မီးကလည္း ပုံမွန္ထိုးေပးရတယ္။ ၾကက္ေၾကာ္လွ၊ မလွ မီးထိုးတဲ့အေပၚမွာလည္း မူတည္တယ္။ တခ်ိဳ႕ကေတာ့ ၾကက္ေၾကာ္ကို ခပ္ရဲရဲေလးမွ ႀကိဳက္သလို ခပ္ေဖ်ာ့ေဖ်ာ့ေလး ႀကိဳက္တတ္တဲ့သူေတြလည္း ရွိတယ္လို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ရွင္းျပတယ္။

    တခ်ိဳ႕က လက္ပံပ်ားၾကက္ေၾကာ္ကို စီပီၾကက္ေတြကို ဗမာၾကက္ဆိုၿပီး ေရာင္းတယ္လို႔ အထင္လြဲၾကတယ္။ မဟုတ္ပါဘူး။ လက္ပံပ်ားမွာ စီပီၾကက္ လုံးဝမေရာင္းဖို႔ ကိုယ့္စီးပြားကိုယ္တုတ္နဲ႔ မထိုးဖို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက တင္းတင္းက်ပ္က်ပ္မွာထားတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။ ‘‘နာမည္ပ်က္သြားရင္ လုပ္စားလို႔မရေတာ့ဘူးေလ’’လို႔ ကို ထြန္းထြန္းက ေျပာတယ္။

    ဗမာၾကက္ကိုပဲ သုံးရတာဆိုေတာ့ လက္ပံပ်ား႐ြာဝန္းက်င္မွာ ဗမာၾကက္က အေတာ္ေလးရွားလာတယ္။ ဒါေၾကာင့္ ဗမာၾကက္ရဖို႔ ႐ြာနီးခ်ဳပ္စပ္ ၾကက္အရွာထြက္ရတယ္။ နတ္ေမာက္၊ ေတာင္တြင္းႀကီး၊ ေပ်ာ္ဘြယ္၊ သာစည္၊ ေညာင္ဦးဘက္တို႔ အထိကို သြားရွာရတယ္။ ဆိုင္ကယ္တစ္စီးနဲ႔ ႐ြာစဥ္ ႐ြာၾကား ဗမာၾကက္ရွာရတာ ဓာတ္ဆီငါးဘူးေလာက္ ကုန္တယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

    တစ္႐ြာဝင္တစ္႐ြာထြက္ ၾကက္ေမြးတတ္တဲ့ အိမ္ေတြဆီ ၾကက္ေရာင္းဖို႔ရွိ၊ မရွိ ဝင္ေမးရတယ္။ ဗမာၾကက္ဆိုတာလည္း တျခားေမြးျမဴေရးၾကက္ေတြလို ၿခံ နဲ႔ဝင္းနဲ႔ ေမြးထားတာမ်ိဳးမဟုတ္ေတာ့ တစ္အိမ္တစ္အိမ္မွ ငါးေကာင္ေျခာက္ေကာာင္ေလာက္ ေရာင္းတတ္ၾကတာ။ ေရာင္းမယ္ဆိုရင္ သည္အတိုင္းေရာ့အင့္ဆို ၿပီး ဝယ္လို႔ရတာမဟုတ္။ ေရာင္းမယ့္ၾကက္ကို လူႏွစ္ေယာက္သုံး ေယာက္ေလာက္က ဝိုင္းဖမ္းရ တယ္။ ၾကက္ေျပးႏိုင္မယ့္ ဘက္ကို ပိုက္ေထာင္ထားရတယ္။ ၾကက္က ေတာင္ေျပးလိုက္ ေျမာက္ေျပး လိုက္ဆိုေတာ့ ေန႔ခင္းေနပူပူ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ လိုက္ဖမ္းၿပီး ဝယ္ရတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

    ဒါေၾကာင့္ ဗမာၾကက္သုံးတဲ့ လက္ပံပ်ားၾကက္ေၾကာ္က စားဖူး သူေတြ သေဘာက်က်တယ္။ ခရီး သြားေတြကလည္း ေရာက္တုန္း ေရာက္ခဲဆိုေတာ့ အားရပါးရ ဝယ္စားေလ့ရွိၾကတယ္။ ကိုယ္ပိုင္ကားေသးေလးေတြဆို ေဈးပိုေပး တတ္ၾကတယ္။ ေတာ္သလင္းလ ပုပၸားမွာ ဘိုးေတာ္ထြက္ပြဲအခါ ေရာက္ၿပီဆို လက္ပံပ်ားၾကက္ ေၾကာ္သည္ေတြ လက္ပန္းေပါင္း ခတ္ေပေရာ့။ ဟိုကားကလည္း လက္ပံပ်ားၾကက္ေၾကာ္၊ ဒီကားကလည္း လက္ပံပ်ားၾကက္ေၾကာ္ အသည္တစ္သည္သိန္းခ်ီ ေရာင္းရတယ္လို႔ ဆိုတယ္။ ေတာ္သလင္းကအစ သီတင္းကြၽတ္တန္ေဆာင္တိုင္ေတြမွာလည္း ေရာင္းရတယ္။ ၾသကၤန္မတိုင္မီလည္း ေရာင္းရတယ္လို႔ ဆိုၾကတယ္။

    ေဈးေရာင္းေကာင္းတဲ့အခါ ဆိုရင္ေတာ့ ညေန ၃နာရီေလာက္ ဆို ကုန္တတ္တယ္။ အေရာင္း နည္းနည္းေလးေအးတယ္ဆိုရင္ ေတာ့ လာတဲ့ကားကို လက္ပံ ပ်ားၾကက္ေၾကာ္သည္ေတြ ေျပး လႊားေရာင္းၾကရရွာတာပါပဲ။ ေပါင္နဲ႔ ရင္အုပ္အရင္းအတိုင္းေပး ၿပီး ကလီစာေလးအျမစ္အသည္း ေလးအျမတ္ယူေရာင္းရတဲ့အခါ လည္း ရွိတယ္။

    ေဈးေရာင္း မေကာင္းတဲ့ အခါ ၾကက္ေၾကာ္သည္ အမ်ိဳး သမီးေလးေတြက ေရာင္းခ်င္ေဇာ နဲ႔ ၾကက္ေၾကာ္ကို ထည့္မေျပာ ေတာ့ဘဲ ‘‘ယူပါအစ္ကိုရယ္။ ကြၽန္ မေပါင္က အႀကီးႀကီးပါ။ ကြၽန္မ ရင္အုပ္က အႀကီးႀကီးပါ’’ဆိုၿပီး ေျပာဆိုေရာင္းခ်တဲ့အခါ ေဘးနားက ၾကားတဲ့ ႐ြာထဲက ကာလသား ေတြဆို တခြိခြိရယ္တတ္ၾကတယ္။ ေနာက္ၿပီး စိုးစႏၵာထြန္းရဲ႕ ကြၽန္မဘဝညဥ့္နက္ရၿပီကြယ္ဆိုတဲ့ သီခ်င္းစာသားကို သူတို႔ေရာင္းေနတာနဲ႔ လိုက္ေအာင္ ေျပာင္းဆို ညည္းတတ္ၾကတယ္။ ဘာတဲ့။ ‘‘ကြၽန္မဘ၀ ၾကက္ျဖစ္ရၿပီကြယ္’’ တဲ့။

    လက္ပံပ်ားၾကက္ေၾကာ္ နာမည္ႀကီးေတာ့ ရန္ကုန္က ထမင္း ဆိုင္တခ်ိဳ႕က နည္းယူဖို႔ ႐ြာက ၾကက္ေၾကာ္တဲ့သူတခ်ိဳ႕ကို ေငြစ ေၾကးစေပးၿပီး ေခၚသြားဖူးတယ္။ ႐ြာက လူေတြသိသြားေတာ့ လိုက္ သြားတဲ့သူေတြကို ဆူၾကတာေပါ့။ နင္တို႔ ထမင္းအိုးကြဲသြားခ်င္သ လားေပါ့။ သူတို႔ေတြက ဆိုင္ႀကီး ကနားႀကီး ေငြေၾကးကလည္း ေတာင့္မွေတာင့္။ လက္ပံပ်ား ၾကက္ေၾကာ္ဆိုၿပီး ႏိုင္ငံအႏွံ႔ဆိုင္ ေတြဖြင့္လိုက္ရင္ တို႔ဘယ္လို ေရာင္းစားလို႔ရေတာ့မလဲဆိုတဲ့ အေတြးနဲ႔ ႐ိုးရွင္းစြာစိုးရိမ္ခဲ့ၾကတာ ပါ။ ႐ြာရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ က ၾကက္ေၾကာ္ေရာင္းရတဲ့ စီးပြား ေရးကို မွီခိုအားထားေနရတာဆို ေတာ့ ၾကက္ေၾကာ္ကေပးတဲ့ ဒီစီး ပြားအိုးတုတ္နဲ႔ အထိုးခံရမွာ စိတ္ ပူၾကတာပါ။

    စိတ္ပူမယ္ဆိုလည္း ပူစရာပါ။ ေက်းလက္ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ့ မိုးေလဝသမမွန္လို႔၊ မိုး ေခါင္လို႔ ဒုကၡေရာက္ရတဲ့ ႐ြာေတြထဲ လက္ပံပ်ား႐ြာေလးလည္း အပါအဝင္ေပါ့။ စပါးရေနတဲ့ လယ္ေတာင္ ေရမရလို႔ ယာေျပာင္းစိုက္ေနရတဲ့ အဆင့္ေရာက္သြားၿပီ။ မိုးေလဝသမမွန္၊ စိုက္ေရးပ်ိဳး ေရးမျဖစ္လို႔ ေဒသခံေတြလည္း ေရၾကည္ေလာက္မယ္၊ ျမက္ႏု ေလာက္မယ္ထင္တဲ့ ဖားကန႔္၊ မိုး ကုတ္၊ ျပည္ပဆို ထိုင္း၊ မေလးရွား တို႔ေရာက္ကုန္ၾကၿပီလို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ဆိုပါတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္ေရာင္းတဲ့ စီးပြားေလးထိခိုက္သြားမွာ စိုးရိမ္ၾကတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္နည္းေလးလာေမးရင္ကို သူတို႔မွာ ဘာလဲဆိုၿပီး စိတ္ပူတတ္ၾကတယ္။

    ဘာပဲျဖစ္ျဖစ္ပါ။ ၾကက္တစ္ေကာင္လုံး တစ္က်ပ္ေခတ္ေလာက္ကတည္းက ေရာင္းခဲ့တဲ့ လက္ပံပ်ားၾကက္ေၾကာ္ အခုေတာ့ ၇ေထာင္၈ေထာင္ ေဈးျဖစ္ေနလည္း ေရာင္းေနရဆဲပဲ။ ႏွစ္ေပါင္းဆိုရင္ လည္း သုံးဆယ္ ေက်ာ္လာခဲ့ၿပီ။ အခုခ်ိန္ထိ လက္ပံပ်ားၾကက္ေၾကာ္ ပန္းပန္ထားႏိုင္ဆဲ။ ေဒသတစ္ခုေရာက္တိုင္း အဲဒီ ေဒသကထြက္တဲ့ အစားအစာ ပစၥည္းေလးေတြ ဝယ္ယူစားသုံး တာဟာ အဲဒီေဒသေလးေတြ ဖြံ႕ ၿဖိဳးတိုးတက္ဖို႔ တစ္တပ္တစ္အား အားေပးရာေရာက္တယ္လို႔ ဆိုခဲ့ မယ္ဆိုရင္….။

    Photos – NNZ

    Credit-7DayDaily

    (Unicode)

    ရန်ကုန်မှာ ကေအက်ဖ်စီ ကြက်ကြော်ဆိုင် စဖွင့်တော့ လူတွေကြိတ်ကြိတ်တိုး အားပေးကြတာဝက်ဝက်ကွဲပါ။ အမေရိကန်လို နိုင်ငံကြီးကနေ လာဖွင့်တဲ့ နာမည်ကြီး ကြက်ကြော်ဆိုင် ဆိုတော့ လူတွေ စုပြုံတိုးကြတာ ဘာဆန်းလဲ။ ကေအက်ဖ်စီလိုပဲ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ကြက်ကြော်ရှိပါတယ်။ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေါ်က လက်ပံပျားကြက်ကြော်ဆို သိကြမယ်ထင်တယ်။

    ကျောက်ပန်းတောင်း၊ မကွေး၊ နတ်မောက်၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆိပ်ဖြူ၊ စလင်းအစရှိတဲ့ ဒေသတွေသွားမယ်ဆို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ လက်ပံပျား ကျေးရွာမှာ ထမင်းစားနားလေ့ရှိကြတယ်။ ကားရပ်ပြီဆို စတီးလင်ပန်းတို့၊ သံလင်ပန်းတို့ တွေပေါ်မှာ နီရဲရဲဝင်းပြောင်နေတဲ့ ကြက်သားကြော်တွေ ခေါင်းပေါ် ရွက်ပြီး လာရောင်းတတ်တဲ့ လက်ပံပျားကြက်ကြော်သည်လေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

    ကြက်ကြော်တွေက လင်ပန်းထဲမှာ စီစီရီရီတင်ထားတာက စားချင်စရာပါ။ ရင်အုပ်ကြီးတွေကို တစ်ခုပေါ်တစ်ခု ဆင့်တင်ပြီး ပတ်ပတ်လည် စီထားတယ်။ အလယ်မှာတော့ ရင်အုပ်တွေ။ လစ်ဟာနေတဲ့ နေရာလေးတွေမှာတော့ ကြက်အသည်းအမြစ်၊ ကြက်ကလီစာကြော်လေးတွေ။

    လက်ပံပျားကို ရောက်ပြီဆိုတာနဲ့ ကြက်ကြော်ကောင်းကောင်း စားရတော့မယ်ဆိုတာ စားဖူးသူတွေသိတယ်။ တချို့က ဝယ်ပြီး ဒီအတိုင်း တကျွတ်ကျွတ်စားပစ်တယ်။ တချို့ကတော့ ထမင်းဆီ ဆမ်းလေးမှာ ထမင်းထဲ ကြက်ကြော်လေးတွေ မျှင်နွှာထည့်ပြီး ထမင်းနဲ့ ကြက်ကြော်စားလိုက်၊ အရိုးလေးကိုက်လိုက် ရေနွေးသောက်လိုက် စားတတ်ကြတယ်။ ထမင်းဆိုင်တွေနဲ့ နီးစပ်တဲ့ ကြက်ကြော်သည်တွေဆို ဈေးဝယ်က ပူပူလေးစားချင်လို့ပါဆိုလည်း ပြန်ကြော်ပေးတယ်။ တချို့ကတော့ ကိုယ်စားဖို့တင် အားမရ။ ချစ်သူခင်သူ မိတ်ဆွေတွေအတွက်ပါ ပါဆယ်ဝယ်ကြတယ်။

    လက်ပံပျားကြက်ကြော်က ပြုတ်ပြီး ကြော်တာမျိုးမဟုတ်ဘဲ အစိမ်းအတိုင်းကြော်တာမျိုးဆိုတော့ မွှေးပြီး အရသာရှိလှတယ်။ ဝယ်ပြီး သုံးလေးရက်လောက် အေးအေးဆေးဆေး ထားလို့ရတယ်။ အိမ်ကျမှ အချိုမှုန့်စားတတ်ရင် နည်းနည်းလေးနယ်ပြီး ပြန်ကြော်စားရင်လည်း ကောင်းတယ်။ ကြက်သားကို နွှင်ပြီး ခရမ်းချဉ်သီးနဲ့ ချက်စားလည်း ကောင်းတယ်။ အစပ်စားတတ်သူတွေ ငရုတ်သီးနဲ့ ပြန်ကြော်မယ်ဆိုလည်း ရှယ်ပါပဲ။

    ကြက်ကိုမပြုတ်ဘဲ ရေနွေးဖြောပြီး လက်မ ၂၀ လောက်ရှိတဲ့ မိုးပြဲဒယ်ကြီးတွေနဲ့ ကြော်လေ့ရှိတယ်။အချိုမှုန့် မသုံးဘူး။ ဆားလေးသာ နည်းနည်းပွတ်တယ်။ ကြက်ကြော်တဲ့အခါ ဆီကို ဆီအစိမ်းနဲ့ ဆီအကျက်မျှအောင် ထည့်ရတယ်။ တစ်ဝက်စီ ထည့်ကြော်လည်းဖြစ်တယ်။ မမျှရင် ကြက်ကြော်က မလှဘူး။

    ရင်အုပ်သက်သက်၊ ပေါင်သက်သက်၊ ကလီစာသက်သက်ကြော်တယ်။ မီးကလည်း ပုံမှန်ထိုးပေးရတယ်။ ကြက်ကြော်လှ၊ မလှ မီးထိုးတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကတော့ ကြက်ကြော်ကို ခပ်ရဲရဲလေးမှ ကြိုက်သလို ခပ်ဖျော့ဖျော့လေး ကြိုက်တတ်တဲ့သူတွေလည်း ရှိတယ်လို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ရှင်းပြတယ်။

    တချို့က လက်ပံပျားကြက်ကြော်ကို စီပီကြက်တွေကို ဗမာကြက်ဆိုပြီး ရောင်းတယ်လို့ အထင်လွဲကြတယ်။ မဟုတ်ပါဘူး။ လက်ပံပျားမှာ စီပီကြက် လုံးဝမရောင်းဖို့ ကိုယ့်စီးပွားကိုယ်တုတ်နဲ့ မထိုးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက တင်းတင်းကျပ်ကျပ်မှာထားတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။ ‘‘နာမည်ပျက်သွားရင် လုပ်စားလို့မရတော့ဘူးလေ’’လို့ ကို ထွန်းထွန်းက ပြောတယ်။

    ဗမာကြက်ကိုပဲ သုံးရတာဆိုတော့ လက်ပံပျားရွာဝန်းကျင်မှာ ဗမာကြက်က အတော်လေးရှားလာတယ်။ ဒါကြောင့် ဗမာကြက်ရဖို့ ရွာနီးချုပ်စပ် ကြက်အရှာထွက်ရတယ်။ နတ်မောက်၊ တောင်တွင်းကြီး၊ ပျော်ဘွယ်၊ သာစည်၊ ညောင်ဦးဘက်တို့ အထိကို သွားရှာရတယ်။ ဆိုင်ကယ်တစ်စီးနဲ့ ရွာစဉ် ရွာကြား ဗမာကြက်ရှာရတာ ဓာတ်ဆီငါးဘူးလောက် ကုန်တယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

    တစ်ရွာဝင်တစ်ရွာထွက် ကြက်မွေးတတ်တဲ့ အိမ်တွေဆီ ကြက်ရောင်းဖို့ရှိ၊ မရှိ ဝင်မေးရတယ်။ ဗမာကြက်ဆိုတာလည်း တခြားမွေးမြူရေးကြက်တွေလို ခြံ နဲ့ဝင်းနဲ့ မွေးထားတာမျိုးမဟုတ်တော့ တစ်အိမ်တစ်အိမ်မှ ငါးကောင်ခြောက်ကောာင်လောက် ရောင်းတတ်ကြတာ။ ရောင်းမယ်ဆိုရင် သည်အတိုင်းရော့အင့်ဆို ပြီး ဝယ်လို့ရတာမဟုတ်။ ရောင်းမယ့်ကြက်ကို လူနှစ်ယောက်သုံး ယောက်လောက်က ဝိုင်းဖမ်းရ တယ်။ ကြက်ပြေးနိုင်မယ့် ဘက်ကို ပိုက်ထောင်ထားရတယ်။ ကြက်က တောင်ပြေးလိုက် မြောက်ပြေး လိုက်ဆိုတော့ နေ့ခင်းနေပူပူ ချွေးသံတရွှဲရွှဲနဲ့ လိုက်ဖမ်းပြီး ဝယ်ရတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

    ဒါကြောင့် ဗမာကြက်သုံးတဲ့ လက်ပံပျားကြက်ကြော်က စားဖူး သူတွေ သဘောကျကျတယ်။ ခရီး သွားတွေကလည်း ရောက်တုန်း ရောက်ခဲဆိုတော့ အားရပါးရ ဝယ်စားလေ့ရှိကြတယ်။ ကိုယ်ပိုင်ကားသေးလေးတွေဆို ဈေးပိုပေး တတ်ကြတယ်။ တော်သလင်းလ ပုပ္ပားမှာ ဘိုးတော်ထွက်ပွဲအခါ ရောက်ပြီဆို လက်ပံပျားကြက် ကြော်သည်တွေ လက်ပန်းပေါင်း ခတ်ပေရော့။ ဟိုကားကလည်း လက်ပံပျားကြက်ကြော်၊ ဒီကားကလည်း လက်ပံပျားကြက်ကြော် အသည်တစ်သည်သိန်းချီ ရောင်းရတယ်လို့ ဆိုတယ်။ တော်သလင်းကအစ သီတင်းကျွတ်တန်ဆောင်တိုင်တွေမှာလည်း ရောင်းရတယ်။ သြင်္ကန်မတိုင်မီလည်း ရောင်းရတယ်လို့ ဆိုကြတယ်။

    ဈေးရောင်းကောင်းတဲ့အခါ ဆိုရင်တော့ ညနေ ၃နာရီလောက် ဆို ကုန်တတ်တယ်။ အရောင်း နည်းနည်းလေးအေးတယ်ဆိုရင် တော့ လာတဲ့ကားကို လက်ပံ ပျားကြက်ကြော်သည်တွေ ပြေး လွှားရောင်းကြရရှာတာပါပဲ။ ပေါင်နဲ့ ရင်အုပ်အရင်းအတိုင်းပေး ပြီး ကလီစာလေးအမြစ်အသည်း လေးအမြတ်ယူရောင်းရတဲ့အခါ လည်း ရှိတယ်။

    ဈေးရောင်း မကောင်းတဲ့ အခါ ကြက်ကြော်သည် အမျိုး သမီးလေးတွေက ရောင်းချင်ဇော နဲ့ ကြက်ကြော်ကို ထည့်မပြော တော့ဘဲ ‘‘ယူပါအစ်ကိုရယ်။ ကျွန် မပေါင်က အကြီးကြီးပါ။ ကျွန်မ ရင်အုပ်က အကြီးကြီးပါ’’ဆိုပြီး ပြောဆိုရောင်းချတဲ့အခါ ဘေးနား က ကြားတဲ့ ရွာထဲက ကာလသား တွေဆို တခွိခွိရယ်တတ်ကြတယ်။ နောက်ပြီး စိုးစန္ဒာထွန်းရဲ့ ကျွန်မဘဝညဉ့်နက်ရပြီကွယ်ဆိုတဲ့ သီချင်းစာသားကို သူတို့ရောင်းနေတာနဲ့ လိုက်အောင် ပြောင်းဆို ညည်းတတ်ကြတယ်။ ဘာတဲ့။ ‘‘ကျွန်မဘ၀ ကြက်ဖြစ်ရပြီကွယ်’’ တဲ့။

    လက်ပံပျားကြက်ကြော် နာမည်ကြီးတော့ ရန်ကုန်က ထမင်း ဆိုင်တချို့က နည်းယူဖို့ ရွာက ကြက်ကြော်တဲ့သူတချို့ကို ငွေစ ကြေးစပေးပြီး ခေါ်သွားဖူးတယ်။ ရွာက လူတွေသိသွားတော့ လိုက် သွားတဲ့သူတွေကို ဆူကြတာပေါ့။ နင်တို့ ထမင်းအိုးကွဲသွားချင်သ လားပေါ့။ သူတို့တွေက ဆိုင်ကြီး ကနားကြီး ငွေကြေးကလည်း တောင့်မှတောင့်။ လက်ပံပျား ကြက်ကြော်ဆိုပြီး နိုင်ငံအနှံ့ဆိုင် တွေဖွင့်လိုက်ရင် တို့ဘယ်လို ရောင်းစားလို့ရတော့မလဲဆိုတဲ့ အတွေးနဲ့ ရိုးရှင်းစွာစိုးရိမ်ခဲ့ကြတာ ပါ။ ရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက် က ကြက်ကြော်ရောင်းရတဲ့ စီးပွား ရေးကို မှီခိုအားထားနေရတာဆို တော့ ကြက်ကြော်ကပေးတဲ့ ဒီစီး ပွားအိုးတုတ်နဲ့ အထိုးခံရမှာ စိတ် ပူကြတာပါ။

    စိတ်ပူမယ်ဆိုလည်း ပူစရာပါ။ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ မိုးလေဝသမမှန်လို့၊ မိုး ခေါင်လို့ ဒုက္ခရောက်ရတဲ့ ရွာတွေထဲ လက်ပံပျားရွာလေးလည်း အပါအဝင်ပေါ့။ စပါးရနေတဲ့ လယ်တောင် ရေမရလို့ ယာပြောင်းစိုက်နေရတဲ့ အဆင့်ရောက်သွားပြီ။ မိုးလေဝသမမှန်၊ စိုက်ရေးပျိုး ရေးမဖြစ်လို့ ဒေသခံတွေလည်း ရေကြည်လောက်မယ်၊ မြက်နု လောက်မယ်ထင်တဲ့ ဖားကန့်၊ မိုး ကုတ်၊ ပြည်ပဆို ထိုင်း၊ မလေးရှား တို့ရောက်ကုန်ကြပြီလို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ဆိုပါတယ်။ ဒါကြောင့် ကြက်ကြော်ရောင်းတဲ့ စီးပွားလေးထိခိုက်သွားမှာ စိုးရိမ်ကြတယ်။ ဒါကြောင့် ကြက်ကြော်နည်းလေးလာမေးရင်ကို သူတို့မှာ ဘာလဲဆိုပြီး စိတ်ပူတတ်ကြတယ်။

    ဘာပဲဖြစ်ဖြစ်ပါ။ ကြက်တစ်ကောင်လုံး တစ်ကျပ်ခေတ်လောက်ကတည်းက ရောင်းခဲ့တဲ့ လက်ပံပျားကြက်ကြော် အခုတော့ ၇ထောင်၈ထောင် ဈေးဖြစ်နေလည်း ရောင်းနေရဆဲပဲ။ နှစ်ပေါင်းဆိုရင် လည်း သုံးဆယ် ကျော်လာခဲ့ပြီ။ အခုချိန်ထိ လက်ပံပျားကြက်ကြော် ပန်းပန်ထားနိုင်ဆဲ။ ဒေသတစ်ခုရောက်တိုင်း အဲဒီ ဒေသကထွက်တဲ့ အစားအစာ ပစ္စည်းလေးတွေ ဝယ်ယူစားသုံး တာဟာ အဲဒီဒေသလေးတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အား အားပေးရာရောက်တယ်လို့ ဆိုခဲ့ မယ်ဆိုရင်….။

    Photos – NNZ

    Credit-7DayDaily

  • ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ေန႔ခ်င္းျပန္ ခရီးစဥ္ ၁ဝ ခု

    (Zawgyi)

    ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ေန႔ခ်င္းျပန္ ခရီးစဥ္ ၁ဝ ခု

    ရန္ကုန္ၿမိဳ႕နဲ႔ သိပ္မေဝးဘဲ ေန႔ခ်င္းျပန္ ဒါမွမဟုတ္ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ေတြမွာ ေပါ့ေပါ့ပါးပါးသြားလို႔ရမယ့္ ခရီးတိုေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အခ်ိန္လည္းသိပ္မကုန္၊ လူလည္း သိပ္မပင္ပန္းဘဲ ေငြေၾကးစရိတ္လည္း ေခြၽတာႏိုင္တာမို႔ ႏွစ္သက္ၾကမွာပါလို႔။

    ေတာင္ဝိုင္း

    ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွာတည္ရွိတဲ့ ဒီေတာင္ဝိုင္းေတာင္ေလးကေတာ့ ေတာင္တက္ခ်င္သူေတြအတြက္ ရႈခင္းအလွဆုံးနဲ႔ ေပ်ာ္စရာ အေကာင္းဆုံးလို႔ပဲ ၫႊန္းပါရေစ။ ေတာင္ဝိုင္းေတာင္ကို ခရီးထြက္မယ္ဆိုရင္ ကရင္ျပည္နယ္က သဘာဝထုံးေက်ာက္ လိုဏ္ဂူေတြ၊ ေရကန္ေတြနဲ႔ စိမ္းစိုေနတဲ့ သဘာဝေတာေတာင္ေတြက သင့္ကို အေမာေျပေစမွာပါ။ ရန္ကုန္ကေန ေန႔ခ်င္းျပန္စီစဥ္ေပးေနတဲ့ ခရီးသြားအဖြဲ႕ေတြလည္းရွိတာမို႔ ႐ုံးပိတ္ရက္ေလးမွာ ေပ်ာ္ေပ်ာ္ႀကီး ခရီးသြားႏိုင္ပါတယ္။

    ေနာ္ဘူေဘာ

    ဒ႑ာရီထဲက ကရင္မင္းသမီးေလး ေနာ္ဘူေဘာအေၾကာင္းကို ၾကားဖူးၾက ပါသလား။ သေဘၤာပုံသဏၭာန္ ေက်ာက္ေတာင္ထိပ္ကို အေရာက္သြားရင္း တိမ္ပင္လယ္ကို ငုံ႔ၾကည့္ခံစားႏိုင္တဲ့ ေအးျမတဲ့ ေနာ္ဘူေဘာခရီးစဥ္ကလည္း အခ်ိန္တစ္ရက္နဲ႔ လုံေလာက္ပါတယ္။ ရန္ကုန္ကေန ေတာင္ငူၿမိဳ႕ကို ျဖတ္ၿပီးသြားရမွာမို႔ ေတာင္ေပၚက အျပန္မွာ နာမည္ေက်ာ္ ပသီေခ်ာင္း၊ ဆင္စခန္းေတြကို ဝင္လည္ႏိုင္သလို အရမ္းေကာင္းတဲ့ ေအာ္ဂဲနစ္ေကာ္ဖီေတြကိုလည္း ျမည္းစမ္းႏိုင္ပါတယ္။

    ကဗ်ာဝ ကမ္းေျခ

    ကမ္းေျခအသစ္လို႔ ဆိုႏိုင္တဲ့ ဒီကဗ်ာဝမွာ လူသိပ္က်ပ္ေနတာမ်ိဳး မရွိေသးဘဲ သဘာဝအရသာကို ေကာင္းေကာင္းႀကီး ခံစားႏိုင္ပါေသးတယ္။ မြန္ျပည္နယ္၊ ေရးၿမိဳ႕မွာ တည္ရွိတဲ့ ကဗ်ာဝကမ္းေျခကို ေန႔ခ်င္းျပန္ခရီးစဥ္ေတြလည္း ေျပးဆြဲေနၿပီမို႔ ကမ္းေျခ အသစ္အရသာကို သြားေလ့လာရယူသင့္ပါတယ္။ ေဈးသက္သာၿပီး လတ္ဆတ္တဲ့ပင္လယ္စာေတြနဲ႔ သန႔္ရွင္းေနတဲ့ ဆားငန္ေလျပည္ေတြက သင့္ကို လန္းဆန္းေစမွာပါ။

    က်ိဳက္ထီး႐ိုးေစတီေတာ္

    မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕မွာရွိတဲ့ က်ိဳက္ထီး႐ိုးေစတီေတာ္က ဗုဒၶဆံေတာ္ျမတ္ေၾကာင့္ေရာ၊ေတာင္ထိပ္က သဘာဝလြန္ ေက်ာက္တုံးႀကီးေရာေၾကာင့္ပါ ကမာၻေက်ာ္ပါတယ္။ ဒီရက္ေတြမွာေတာ့ တိုးမေပါက္ေအာင္ ႀကိတ္ႀကိတ္တိုးေနတဲ့ လူအုပ္ႀကီးက ဘုရားရင္ျပင္ေတာ္ေပၚမွာပါ ေျခခ်စရာမရွိေအာင္ ျပည့္ေနပါတယ္။ ေျခလ်င္နဲ႔ ေတာင္တက္ခ်င္ရင္ အခ်ိန္အနည္းဆုံး ၄၊ ၅ နာရီေလာက္ တက္ရမွာမို႔ အားကစား လိုက္စားသူေတြအတြက္ အဆင္ေျပၿပီး ဘုရားေဂါပကအဖြဲ႕က ေတာင္တက္ကားေတြ စီစဥ္ထားတဲ့အတြက္ ေအးေအးသက္သာ ခရီးသြားခ်င္သူေတြအတြက္လည္း သက္ေသာင့္သက္သာပါပဲ။ ဘုရားကအျပန္ သဘာဝေရတံခြန္နဲ႔ ေတာေတာင္ ေတြဘက္လည္း လွည့္လို႔ရေသးတယ္ေနာ္။

    ငလိုက္ဆည္

    ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ထဲမွာရွိတဲ့ ငလိုက္ဆည္ႀကီးက ခုဆိုရင္ ငလိုက္ကန္သာအပန္းေျဖစခန္းအျဖစ္ နာမည္ေက်ာ္ေနပါၿပီ။ ဘန္ဂလိုပုံစံ ထုတ္ေပးထားတဲ့ ေရွးျမန္မာ့ ကြၽန္းအိမ္ႀကီးေတြ၊တည္းခိုရာ ေနရာကေန ၁၅ မိနစ္ေလာက္ စက္ေလွစီးသြား႐ုံနဲ႔ ေရာက္မယ့္ ငလိုက္ဆင္စခန္းေတြနဲ႔ ငလိုက္ဆည္ႀကီးရဲ႕ အလွအပေတြက အလည္လာသူေတြကို ဖမ္းစားႏိုင္ပါတယ္။ ခရီးသြားေတြ သိပ္မသိေသးတဲ့ ေနရာမို႔ လူမမ်ားခင္ ေအးေအးေဆးေဆး သြားနားသင့္ပါတယ္။

    မိုးယြန္းႀကီး သဘာဝေဘးမဲ့ေျမ

    ရန္ကုန္ကေန မိုင္ ၇ဝ ဝန္းက်င္ပဲ ေဝးတဲ့ မိုးယြန္းႀကီးအင္းက ပဲခူးတိုင္းေဒသႀကီးထဲမွာတည္ရွိၿပီး ရန္ကုန္−မႏၲေလး ကားလမ္းေပၚမွာ တည္ရွိပါတယ္။ ၁၈၇၈ ခုႏွစ္မွာ ေရထိန္းသိမ္းဖို႔ ကန္အျဖစ္ သတ္မွတ္ခဲ့တဲ့ မိုးယြန္းႀကီးဟာ ႏွစ္ေပါင္းအေတာ္ၾကာလာခ်ိန္မွာေတာ့ သူပိုင္ဆိုင္ရာ ဧက ၄ဝ စလုံး စိတ္ဝင္စားစရာ သဘာဝေဘးမဲ့ကန္ႀကီးအျဖစ္ တန္ဖိုးျမင့္ေနခဲ့ပါၿပီ။ ၁၉၈၈ ခုႏွစ္မွာေတာ့ သဘာဝသားရဲတိရစာၦန္တို႔ေနထိုင္ရာ၊ ရာနဲ႔ခ်ီတဲ့ ဌာေနငွက္တို႔ စံေပ်ာ္ရာ ေရကန္ႀကီးျဖစ္ေနၿပီမို႔ သြားေရာက္ေလ့လာသင့္တဲ့ ေနရာတစ္ခုပါ။

    ဝကၤေဘာ္ဆင္စခန္း

    ေန႔စဥ္ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ဖြင့္လွစ္တဲ့ ဒီဝကၤေဘာ္ဆင္စခန္းက ရန္ကုန္ၿမိဳ႕ကေန အခ်ိန္တစ္နာရီဝန္းက်င္ေလာက္ပဲ ေမာင္း႐ုံနဲ႔ ေရာက္တယ္ဆိုေတာ့ အခ်ိန္သိပ္မကုန္ ေတာ့ဘူးေပါ့။ ဆင္အေကာင္၂ဝ ခန႔္ကို ထိန္းသိမ္းေစာင့္ေရွာက္ထားၿပီး မိဘမဲ့ ဆင္ေပါက္ေလးေတြကိုလည္း ေကြၽးေမြးျပဳစုေနပါတယ္။ ဆင္စခန္းရဲ႕ အေနာက္ဘက္မွာ စမ္းေခ်ာင္းေလးရွိၿပီး မနက္ေစာေစာ ဆင္စခန္းကိုေရာက္မယ္ဆိုရင္ေတာ့ ဆင္ေတြ စမ္းေခ်ာင္းမွာ ေရခ်ိဳးတာကို လိုက္ပါ ကူညီလိုက္ႏိုင္ပါတယ္။ အခ်ိန္ရေသးေတာ့ ပဲခူးဘုရားေတြကိုလည္း သြားလည္လို႔ ရပါေသးတယ္။

    အေကာက္ေတာင္ဘုရား

    ထုံးဘိုၿမိဳ႕နယ္ထဲမွာရွိတဲ့ အေကာက္ေတာင္ဘုရားကိုေတာ့ ေန႔ခ်င္းျပန္ခရီးစဥ္ေတြရဲ႕ အစလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဧရာဝတီျမစ္ရဲ႕ ကမ္းနားတစ္ေလွ်ာက္ ဘုရားဆင္းတုေတာ္ေတြကို ခပ္က်ဥ္းက်ဥ္းေတာင္နံရံေတြထဲမွာ ေတြ႕ရတာကိုက ထူးျခားေနၿပီမို႔ မေရာက္ဖူးသူနည္းတဲ့ ေနရာပါ။ ျပည္ၿမိဳ႕အထိ ကားစီးသြားၿပီး အေကာက္ေတာင္ဘုရားဖူးခ်င္ရင္ေတာ့ ေလွထပ္စီးၿပီးဆက္သြား ရပါတယ္။ အျပန္ျပည္ၿမိဳ႕က နာမည္ေက်ာ္ဘုရားေတြ ဝင္ဖူးလို႔လည္း ရတာမို႔ ဒီခရီးစဥ္က အခ်ိန္တိုၿပီး တန္တယ္လို႔ဆိုႏိုင္ပါတယ္။

    ဇလြန္ျပည္ေတာ္ျပန္ဘုရား

    နာမည္ေက်ာ္ မာန္ေအာင္ျမင္ျပည္ေတာ္ျပန္ဘုရား တည္ရွိတဲ့ ဇလြန္ၿမိဳ႕က ဧရာဝတီတိုင္းထဲက ၿမိဳ႕ငယ္ေလးျဖစ္ၿပီး ရန္ကုန္ကေန အခ်ိန္ ႏွစ္နာရီေလာက္ သြား႐ုံနဲ႔ ေရာက္ႏိုင္တဲ့ေနရာပါ။ ဇလြန္ၿမိဳ႕မွာ ပဲေလွာ္၊ ခ်င္းသုပ္စတဲ့ စားဖြယ္ရာေတြနဲ႔ ရန္ကုန္နဲ႔မတူတဲ့ ဧရာဝတီသားေတြရဲ႕ လူေနမႈဘဝေတြ၊ လမ္းတစ္ေလွ်ာက္က ငါးကန္ေတြ၊ ျဖတ္သန္းသြားတဲ့ ဓႏုျဖဴၿမိဳ႕က ဘုရားေတြကိုပါ တစ္ဆက္တည္း ဖူးႏိုင္ပါတယ္။

    ေညာင္ေခ်ာင္းသာ ကမ္းေျခ

    ဧရာဝတီျမစ္ရဲ႕ သဲေသာင္ျပင္ေပၚမွာ ကမ္းေျခတစ္ခုအျဖစ္ ဖန္တီးထားတဲ့ ဒီ ေညာင္ေခ်ာင္းသာက လြန္ခဲ့တဲ့ ႏွစ္ပိုင္းအတြင္းက လူသိမ်ားလာၿပီး ခုခ်ိန္မွာေတာ့ စည္ကားေနပါၿပီ။ ငါးကင္၊ ပုစြန္ကင္စတဲ့ အစားအစာေတြကို ေဈးသက္သက္သာသာနဲ႔ ရႏိုင္သလို ရွည္လ်ားတဲ့ သဲေသာင္ျပင္ေၾကာင့္လည္း တကယ့္ ကမ္းေျခႀကီးေတြသြားရသလို အေမာေျပေစမွာပါ။ အခ်ိန္သိပ္ မကုန္တဲ့အတြက္ ေန႔ခ်င္းျပန္သြားခ်င္သူေတြအတြက္ သင့္ေလ်ာ္တဲ့ ေနရာတစ္ခုပဲ ျဖစ္ပါတယ္။

    Credit-The Myanmar Times Daily Newspaper

    (Unicode)

    ရန်ကုန်မြို့နဲ့သိပ်မဝေးတဲ့ နေ့ချင်းပြန် ခရီးစဉ် ၁ဝ ခု

    ရန်ကုန်မြို့နဲ့ သိပ်မဝေးဘဲ နေ့ချင်းပြန် ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးသွားလို့ရမယ့် ခရီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်လည်းသိပ်မကုန်၊ လူလည်း သိပ်မပင်ပန်းဘဲ ငွေကြေးစရိတ်လည်း ချွေတာနိုင်တာမို့ နှစ်သက်ကြမှာပါလို့။

    တောင်ဝိုင်း

    ကရင်ပြည်နယ်၊ ဘားအံမြို့မှာတည်ရှိတဲ့ ဒီတောင်ဝိုင်းတောင်လေးကတော့ တောင်တက်ချင်သူတွေအတွက် ရှုခင်းအလှဆုံးနဲ့ ပျော်စရာ အကောင်းဆုံးလို့ပဲ ညွှန်းပါရစေ။ တောင်ဝိုင်းတောင်ကို ခရီးထွက်မယ်ဆိုရင် ကရင်ပြည်နယ်က သဘာဝထုံးကျောက် လိုဏ်ဂူတွေ၊ ရေကန်တွေနဲ့ စိမ်းစိုနေတဲ့ သဘာဝတောတောင်တွေက သင့်ကို အမောပြေစေမှာပါ။ ရန်ကုန်ကနေ နေ့ချင်းပြန်စီစဉ်ပေးနေတဲ့ ခရီးသွားအဖွဲ့တွေလည်းရှိတာမို့ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ကြီး ခရီးသွားနိုင်ပါတယ်။

    နော်ဘူဘော

    ဒဏ္ဍာရီထဲက ကရင်မင်းသမီးလေး နော်ဘူဘောအကြောင်းကို ကြားဖူးကြ ပါသလား။ သင်္ဘောပုံသဏ္ဌာန် ကျောက်တောင်ထိပ်ကို အရောက်သွားရင်း တိမ်ပင်လယ်ကို ငုံ့ကြည့်ခံစားနိုင်တဲ့ အေးမြတဲ့ နော်ဘူဘောခရီးစဉ်ကလည်း အချိန်တစ်ရက်နဲ့ လုံလောက်ပါတယ်။ ရန်ကုန်ကနေ တောင်ငူမြို့ကို ဖြတ်ပြီးသွားရမှာမို့ တောင်ပေါ်က အပြန်မှာ နာမည်ကျော် ပသီချောင်း၊ ဆင်စခန်းတွေကို ဝင်လည်နိုင်သလို အရမ်းကောင်းတဲ့ အော်ဂဲနစ်ကော်ဖီတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

    ကဗျာဝ ကမ်းခြေ

    ကမ်းခြေအသစ်လို့ ဆိုနိုင်တဲ့ ဒီကဗျာဝမှာ လူသိပ်ကျပ်နေတာမျိုး မရှိသေးဘဲ သဘာဝအရသာကို ကောင်းကောင်းကြီး ခံစားနိုင်ပါသေးတယ်။ မွန်ပြည်နယ်၊ ရေးမြို့မှာ တည်ရှိတဲ့ ကဗျာဝကမ်းခြေကို နေ့ချင်းပြန်ခရီးစဉ်တွေလည်း ပြေးဆွဲနေပြီမို့ ကမ်းခြေ အသစ်အရသာကို သွားလေ့လာရယူသင့်ပါတယ်။ ဈေးသက်သာပြီး လတ်ဆတ်တဲ့ပင်လယ်စာတွေနဲ့ သန့်ရှင်းနေတဲ့ ဆားငန်လေပြည်တွေက သင့်ကို လန်းဆန်းစေမှာပါ။

    ကျိုက်ထီးရိုးစေတီတော်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်က ဗုဒ္ဓဆံတော်မြတ်ကြောင့်ရော၊တောင်ထိပ်က သဘာဝလွန် ကျောက်တုံးကြီးရောကြောင့်ပါ ကမ္ဘာကျော်ပါတယ်။ ဒီရက်တွေမှာတော့ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးက ဘုရားရင်ပြင်တော်ပေါ်မှာပါ ခြေချစရာမရှိအောင် ပြည့်နေပါတယ်။ ခြေလျင်နဲ့ တောင်တက်ချင်ရင် အချိန်အနည်းဆုံး ၄၊ ၅ နာရီလောက် တက်ရမှာမို့ အားကစား လိုက်စားသူတွေအတွက် အဆင်ပြေပြီး ဘုရားဂေါပကအဖွဲ့က တောင်တက်ကားတွေ စီစဉ်ထားတဲ့အတွက် အေးအေးသက်သာ ခရီးသွားချင်သူတွေအတွက်လည်း သက်သောင့်သက်သာပါပဲ။ ဘုရားကအပြန် သဘာဝရေတံခွန်နဲ့ တောတောင် တွေဘက်လည်း လှည့်လို့ရသေးတယ်နော်။

    ငလိုက်ဆည်

    နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာရှိတဲ့ ငလိုက်ဆည်ကြီးက ခုဆိုရင် ငလိုက်ကန်သာအပန်းဖြေစခန်းအဖြစ် နာမည်ကျော်နေပါပြီ။ ဘန်ဂလိုပုံစံ ထုတ်ပေးထားတဲ့ ရှေးမြန်မာ့ ကျွန်းအိမ်ကြီးတွေ၊တည်းခိုရာ နေရာကနေ ၁၅ မိနစ်လောက် စက်လှေစီးသွားရုံနဲ့ ရောက်မယ့် ငလိုက်ဆင်စခန်းတွေနဲ့ ငလိုက်ဆည်ကြီးရဲ့ အလှအပတွေက အလည်လာသူတွေကို ဖမ်းစားနိုင်ပါတယ်။ ခရီးသွားတွေ သိပ်မသိသေးတဲ့ နေရာမို့ လူမများခင် အေးအေးဆေးဆေး သွားနားသင့်ပါတယ်။

    မိုးယွန်းကြီး သဘာဝဘေးမဲ့မြေ

    ရန်ကုန်ကနေ မိုင် ၇ဝ ဝန်းကျင်ပဲ ဝေးတဲ့ မိုးယွန်းကြီးအင်းက ပဲခူးတိုင်းဒေသကြီးထဲမှာတည်ရှိပြီး ရန်ကုန်−မန္တလေး ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေထိန်းသိမ်းဖို့ ကန်အဖြစ် သတ်မှတ်ခဲ့တဲ့ မိုးယွန်းကြီးဟာ နှစ်ပေါင်းအတော်ကြာလာချိန်မှာတော့ သူပိုင်ဆိုင်ရာ ဧက ၄ဝ စလုံး စိတ်ဝင်စားစရာ သဘာဝဘေးမဲ့ကန်ကြီးအဖြစ် တန်ဖိုးမြင့်နေခဲ့ပါပြီ။ ၁၉၈၈ ခုနှစ်မှာတော့ သဘာဝသားရဲတိရစ္ဆာန်တို့နေထိုင်ရာ၊ ရာနဲ့ချီတဲ့ ဌာနေငှက်တို့ စံပျော်ရာ ရေကန်ကြီးဖြစ်နေပြီမို့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။

    ဝင်္ကဘော်ဆင်စခန်း

    နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်တဲ့ ဒီဝင်္ကဘော်ဆင်စခန်းက ရန်ကုန်မြို့ကနေ အချိန်တစ်နာရီဝန်းကျင်လောက်ပဲ မောင်းရုံနဲ့ ရောက်တယ်ဆိုတော့ အချိန်သိပ်မကုန် တော့ဘူးပေါ့။ ဆင်အကောင်၂ဝ ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး မိဘမဲ့ ဆင်ပေါက်လေးတွေကိုလည်း ကျွေးမွေးပြုစုနေပါတယ်။ ဆင်စခန်းရဲ့ အနောက်ဘက်မှာ စမ်းချောင်းလေးရှိပြီး မနက်စောစော ဆင်စခန်းကိုရောက်မယ်ဆိုရင်တော့ ဆင်တွေ စမ်းချောင်းမှာ ရေချိုးတာကို လိုက်ပါ ကူညီလိုက်နိုင်ပါတယ်။ အချိန်ရသေးတော့ ပဲခူးဘုရားတွေကိုလည်း သွားလည်လို့ ရပါသေးတယ်။

    အကောက်တောင်ဘုရား

    ထုံးဘိုမြို့နယ်ထဲမှာရှိတဲ့ အကောက်တောင်ဘုရားကိုတော့ နေ့ချင်းပြန်ခရီးစဉ်တွေရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ရဲ့ ကမ်းနားတစ်လျှောက် ဘုရားဆင်းတုတော်တွေကို ခပ်ကျဉ်းကျဉ်းတောင်နံရံတွေထဲမှာ တွေ့ရတာကိုက ထူးခြားနေပြီမို့ မရောက်ဖူးသူနည်းတဲ့ နေရာပါ။ ပြည်မြို့အထိ ကားစီးသွားပြီး အကောက်တောင်ဘုရားဖူးချင်ရင်တော့ လှေထပ်စီးပြီးဆက်သွား ရပါတယ်။ အပြန်ပြည်မြို့က နာမည်ကျော်ဘုရားတွေ ဝင်ဖူးလို့လည်း ရတာမို့ ဒီခရီးစဉ်က အချိန်တိုပြီး တန်တယ်လို့ဆိုနိုင်ပါတယ်။

    ဇလွန်ပြည်တော်ပြန်ဘုရား

    နာမည်ကျော် မာန်အောင်မြင်ပြည်တော်ပြန်ဘုရား တည်ရှိတဲ့ ဇလွန်မြို့က ဧရာဝတီတိုင်းထဲက မြို့ငယ်လေးဖြစ်ပြီး ရန်ကုန်ကနေ အချိန် နှစ်နာရီလောက် သွားရုံနဲ့ ရောက်နိုင်တဲ့နေရာပါ။ ဇလွန်မြို့မှာ ပဲလှော်၊ ချင်းသုပ်စတဲ့ စားဖွယ်ရာတွေနဲ့ ရန်ကုန်နဲ့မတူတဲ့ ဧရာဝတီသားတွေရဲ့ လူနေမှုဘဝတွေ၊ လမ်းတစ်လျှောက်က ငါးကန်တွေ၊ ဖြတ်သန်းသွားတဲ့ ဓနုဖြူမြို့က ဘုရားတွေကိုပါ တစ်ဆက်တည်း ဖူးနိုင်ပါတယ်။

    ညောင်ချောင်းသာ ကမ်းခြေ

    ဧရာဝတီမြစ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ကမ်းခြေတစ်ခုအဖြစ် ဖန်တီးထားတဲ့ ဒီ ညောင်ချောင်းသာက လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းက လူသိများလာပြီး ခုချိန်မှာတော့ စည်ကားနေပါပြီ။ ငါးကင်၊ ပုစွန်ကင်စတဲ့ အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်သလို ရှည်လျားတဲ့ သဲသောင်ပြင်ကြောင့်လည်း တကယ့် ကမ်းခြေကြီးတွေသွားရသလို အမောပြေစေမှာပါ။ အချိန်သိပ် မကုန်တဲ့အတွက် နေ့ချင်းပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

    Credit-The Myanmar Times Daily Newspaper

  • ပန္းပြင့္ေစေသာ ကိုယ္တိုင္လုပ္ လွ်ိဳ႕ဝွက္ေဆးနည္း

    (Zawgyi)

    ပန္းပင္မ်ားကို ဖူးပြင့္ေစေသာ လွ်ိဳ႕ဝွက္ေဆးနည္း (ဥယ်ာဥ္မွဴးမ်ားရဲ႕ လက္စြဲေဆးပါ)

    စီးပြားျဖစ္ပဲ စိုက္စိုက္၊ အလွပဲ စိုက္စိုက္၊ ဘာေၾကာင့္ပဲ စိုက္စိုက္၊ စိုက္ထားတဲ့ ပန္းပင္ေလးေတြ လွပေဝဆာစြာ ဖူးပြင့္ေစတဲ့ ေဆနည္းကို ေဖာ္ျပလိုက္ပါတယ္။

    ပါဝင္ပစၥည္းမ်ား –

    (၁) ၾကက္ဥ – ၁ လုံး၊

    (၂) ေရ တစ္လီတာ – ၁ ဗူး၊

    (၃) ဗိုက္တာမင္ ဘီဝမ္းေဆးခဲ – ၅ လုံး၊

    (၄) ဟင္းခတ္ အခ်ိဳမႈန႔္လၻက္စားဇြန္း – ၁ ဇြန္းစာ

    ျပဳလုပ္ပုံ –

    တစ္လီတာ ေရသန႔္ဗူးတြင္းသို႔ ၾကက္ဥတစ္လုံးေဖာက္၍ အႏွစ္ေရာအကာပါ ထည့္ပါ။ ဟင္းခတ္အခ်ိဳမႈန႔္ လၻက္စားဇြန္းတစ္ဇြန္းစာ ေရာထည့္ပါ။ ဗိုက္တာမင္ဘီဝမ္း ေဆးခဲ ၅ခဲကို အမႈန႔္ႀကိတ္ၿပီးေရာထည့္ပါ။ အဖုံးျပန္ပိတ္၍ ပါဝင္ေသာအရာမ်ား ေပ်ာ္ဝင္ႏွံ႔စပ္သြားေစရန္ ဗူးကို နာနာလႈပ္ေပးပါ။အသင့္ အသုံးျပဳႏိုင္ေတာ့မည့္ ၾကက္ဥစပ္ေဆး ရပါၿပီ ခင္ဗ်ာ။

    အသုံးျပဳပုံ –

    ေရတစ္ဂါလံလွ်င္ ေဆးရည္ (ထမင္းစားဇြန္း ၂ ဇြန္းစာ ) ေရာစပ္၍ တစ္လလွ်င္တစ္ႀကိမ္ မည္သည့္အပင္မဆို တစ္ပင္လုံးအႏွံ႔ ျဖန္းေပးလို႔ရပါတယ္ ခင္ဗ်ာ။

    ေဆးရည္သိမ္းဆည္းပုံ –

    ေရသန႔္ဗူးထဲတြင္သာ ထား၍ ဗူးအဖုံးကို ေလလုံေအာင္ပိတ္ၿပီး ေနေရာင္တိုက္႐ိုက္ မထိေတြ႕ႏိုင္ေသာ ေအးျမေျခာက္ေသြ႕ေသာ ေနရာတြင္ ထား၍ သိမ္းဆည္းႏိုင္ပါတယ္။ သိမ္းဆည္းထားသည့္ရက္ မည္မွ်ၾကာပါေစ အသုံးျပဳႏိုင္ေသာ အစြမ္းထက္ ေပ်ာ္ရည္စပ္ေဆး တစ္လက္ပါပဲ ခင္ဗ်ာ။

    မွတ္ခ်က္။ အထက္ပါ ေဆးစပ္နည္းအရ အဖူးပြင့္ သိပ္ေကာင္းေပမယ့္ အနံ႔ျပင္းလြန္းပါတယ္။ ေရအစား M-150 အခ်ိဳေရထည့္ရင္ အနံ႔သက္သာပါတယ္။

    Credit- SSS Forest Agri Services Ltd, (Life & Orchid) ms, Thein Naing Htut

    (Unicode)

    ပန်းပင်များကို ဖူးပွင့်စေသော လျှို့ဝှက်ဆေးနည်း (ဥယျာဉ်မှူးများရဲ့ လက်စွဲဆေးပါ)

    စီးပွားဖြစ်ပဲ စိုက်စိုက်၊ အလှပဲ စိုက်စိုက်၊ ဘာကြောင့်ပဲ စိုက်စိုက်၊ စိုက်ထားတဲ့ ပန်းပင်လေးတွေ လှပဝေဆာစွာ ဖူးပွင့်စေတဲ့ ဆေနည်းကို ဖော်ပြလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ –

    (၁) ကြက်ဥ – ၁ လုံး၊

    (၂) ရေ တစ်လီတာ – ၁ ဗူး၊

    (၃) ဗိုက်တာမင် ဘီဝမ်းဆေးခဲ – ၅ လုံး၊

    (၄) ဟင်းခတ် အချိုမှုန့်လ္ဘက်စားဇွန်း – ၁ ဇွန်းစာ

    ပြုလုပ်ပုံ –

    တစ်လီတာ ရေသန့်ဗူးတွင်းသို့ ကြက်ဥတစ်လုံးဖောက်၍ အနှစ်ရောအကာပါ ထည့်ပါ။ ဟင်းခတ်အချိုမှုန့် လ္ဘက်စားဇွန်းတစ်ဇွန်းစာ ရောထည့်ပါ။ ဗိုက်တာမင်ဘီဝမ်း ဆေးခဲ ၅ခဲကို အမှုန့်ကြိတ်ပြီးရောထည့်ပါ။ အဖုံးပြန်ပိတ်၍ ပါဝင်သောအရာများ ပျော်ဝင်နှံ့စပ်သွားစေရန် ဗူးကို နာနာလှုပ်ပေးပါ။အသင့် အသုံးပြုနိုင်တော့မည့် ကြက်ဥစပ်ဆေး ရပါပြီ ခင်ဗျာ။

    အသုံးပြုပုံ –

    ရေတစ်ဂါလံလျှင် ဆေးရည် (ထမင်းစားဇွန်း ၂ ဇွန်းစာ ) ရောစပ်၍ တစ်လလျှင်တစ်ကြိမ် မည်သည့်အပင်မဆို တစ်ပင်လုံးအနှံ့ ဖြန်းပေးလို့ရပါတယ် ခင်ဗျာ။

    ဆေးရည်သိမ်းဆည်းပုံ –

    ရေသန့်ဗူးထဲတွင်သာ ထား၍ ဗူးအဖုံးကို လေလုံအောင်ပိတ်ပြီး နေရောင်တိုက်ရိုက် မထိတွေ့နိုင်သော အေးမြခြောက်သွေ့သော နေရာတွင် ထား၍ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားသည့်ရက် မည်မျှကြာပါစေ အသုံးပြုနိုင်သော အစွမ်းထက် ပျော်ရည်စပ်ဆေး တစ်လက်ပါပဲ ခင်ဗျာ။

    မှတ်ချက်။ အထက်ပါ ဆေးစပ်နည်းအရ အဖူးပွင့် သိပ်ကောင်းပေမယ့် အနံ့ပြင်းလွန်းပါတယ်။ ရေအစား M-150 အချိုရေထည့်ရင် အနံ့သက်သာပါတယ်။

    Credit- SSS Forest Agri Services Ltd, (Life & Orchid) ms, Thein Naing Htut

  • သန႔္သန႔္ရွင္းရွင္းနဲ႔ အဝစားလို႔ ရတဲ့ ကိုယ္တိုင္လုပ္ ပုစြန္ခ်ဥ္ႏွင့္ ငါးေလးခ်ဥ္ ျပဳလုပ္နည္း

    (Zawgyi)

    သန႔္သန႔္ရွင္းရွင္းနဲ႔ အဝစားလို႔ ရတဲ့ ကိုယ္တိုင္လုပ္ ပုစြန္ခ်ဥ္ႏွင့္ ငါးေလးခ်ဥ္ ျပဳလုပ္နည္း

    အိမ္မွာ ေမေမလုပ္တဲ့နည္းကို မ်ေဝလိုက္ပါတယ္။ ပုစြန္ေသးေသး ၂၀ သားကို ေခါင္းျဖဳတ္ၿပီး ေရစင္ေအာင္ေဆးပါ။ ဇကာနဲ႔ေရ ခဏစစ္ထားၿပီး ဆားကို ခါတိုင္းဟင္းခ်က္တာထက္ နဲနဲပိုထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ။ နာရီဝက္ေလာက္ ေရစစ္ထားၿပီး ထမင္းပူပူနဲ႔ ဆားနယ္ထားတဲ့ပုစြန္ကို ေရာနယ္ေပးပါ။

    နယ္ၿပီးရင္ ေျခာက္ေသြ႕သန႔္ရွင္းတဲ့ အေနေတာ္ ဖန္ပုလင္းထဲကို ဖိသိပ္ၿပီးထည့္ပါ။ ပုလင္းျပည့္ေအာင္ အေပၚကေန ဝါး႐ြက္ ငွက္ေပ်ာ႐ြက္ဖိထည့္ၿပီး ေလလုံေအာင္အဖုံးဖုံးကာ တစ္ည ထားလိုက္ပါ။

    ေနာက္တေန႔အဖုံးဖြင့္ၿပီး ပန္ကန္ျပားေပၚေမွာက္ထားေပးပါ။ ပုစြန္ခ်ဥ္ပုလင္းမွ ထြက္က်လာေသာ အရည္မ်ားကို ေန႔တိုင္းသြန္ပစ္ေပးပါ။ အဲဒီအတိုင္း ၂ ရက္ ၃ ရက္ထားၿပီးရင္ ပုစြန္ခ်ဥ္ ရပါၿပီ။ ခ်ဥ္ၿပီးမွ ေရခဲသတၱာထဲထည့္ပါ။

    ငါးခ်ဥ္ကို အိမ္မွာေတာ့ ငါးခုံးမနဲ႔လုပ္ၿပီး ေရစစ္ရင္ အေပၚကေန အေလးတခုခုနဲ႔ ဖိထားရပါတယ္။က်န္တာေတာ့ ဒီနည္းအတိုင္းပဲ လုပ္ပါတယ္။ ပုစြန္ခ်ဥ္သုပ္ကို ၾကက္သြန္နီ၊ ဆီ၊ င႐ုတ္သီးအက်က္မႈန႔္၊ ရွမ္းနံနံ၊ စပါးလင္နဲ႔ ေရာၿပီးသုပ္စားပါတယ္။

    Credit-မြန္မ လက္ရာ စားစရာ

    (Unicode)

    သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ ရတဲ့ ကိုယ်တိုင်လုပ် ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း

    အိမ်မှာ မေမေလုပ်တဲ့နည်းကို မျဝေလိုက်ပါတယ်။ ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။ နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

    နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

    နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။ အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။

    ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

    Credit-မွန်မ လက်ရာ စားစရာ

  • ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥနဲ႔ စီပီ ၾကက္ဥတို႔ အေၾကာင္း

    (Zawgyi)

    ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥနဲ႔ စီပီ ၾကက္ဥတို႔ အေၾကာင္း

    ေတာၾကက္ဥ မျမင္ဖူးသူေတြအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥ၊ CP ၾကက္ဥ ယွဥ္ျပထားတာပါ။ေရာင္းရန္မဟုတ္ပါ… ေနာက္အလွ်င္းသင့္လွ်င္ ေရၾကက္ဥ၊ ေရဘဲဥ၊ ဒင္က်ီးဥႏွင့္ ဟသၤာဥမ်ား ရွာေဖြတင္ျပေပးပါမည္။

    ေတာၾကက္ဥ

    ေတာၾကက္ဥ…….ေတာစပ္တြင္ ေတြ႕ရေလ့ရွိသည္။ အပင္ခပ္လတ္လတ္၊ ကိုင္းၿခဳံ၊ ဆူးၿခဳံမ်ားရွိအသိုက္မ်ားတြင္ ေတြ႕ရသည္။ တစ္လုံးမွစ၍ အမ်ားဆုံး ၅လုံးခန႔္အထိသာ ေတြ႕ရတတ္သည္။ ရွားပါး၍ ေဆးဖက္ဝင္သည္ဟု ဆိုၾက၍ တ႐ုတ္သမားေတာ္မ်ား အဝယ္မ်ားသည္။ ယခင္ကေပါမ်ားေသာ္လည္း လက္ရွိ၌ ရွားပါးေနၿပီျဖစ္သည္။ တစ္လုံးလွ်င္ ၂၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈး ရွိသည္။ေတာၾကက္ဥကို ဆန္အရက္ျဖင့္ ေဖ်ာ္ေသာက္ပါက အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးကိုင္ျခင္း၊ ကိုယ္ဝန္ဆိပ္တက္ျခင္းမ်ား သက္သာေပ်ာက္ကင္းေစသည္။ တ႐ုတ္႐ိုးရာ အားတိုးေဆးမ်ားတြင္ ထည့္သြင္းေဖာ္စပ္ၾကသည္။

    အိမ္ၾကက္ဥ

    အိမ္ၾကက္ဥ……သဘာဝအတိုင္း လႊတ္ေက်ာင္း ေမြးျမဴထားသည့္ ၾကက္မမ်ားမွ ဥေသာ အေကာင္ေပါက္မည့္ဥ ျဖစ္သည္။ မဒမ္းမ်ားမွ ဥေသာေလဥသည္ တန္ဖိုးမရွိ ေဆးဖက္မဝင္ပါ။ အိမ္ၾကက္ဥသည္ ေထြေထြထူးထူး ေျပာစရာမရွိေအာင္ ျမန္မာ တို႔ႏွင့္ရင္းႏွီးၿပီးသားပင္ ျဖစ္သည္။ အိမ္ၾကက္ဥတြင္ စစ္တေကာင္းၾကက္ဥ၊ ေညာင္ကန္ၾကက္၊ တိုက္ၾကက္ဥႏွင့္ တိန္ညင္ၾကက္ဥဟူ၍ အမ်ိဳးအစားကြဲျပားသည္။ တစ္လုံးလွ်င္ ၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈးရွိသည္။ အရက္နာက်သူေတြအတြက္ အိမ္ၾကက္ဥ ႏွင့္ သံပုရာသီး ေဖ်ာ္ေသာက္ျခင္း၊ အမ်ိဳးသားမ်ားအတြက္ အိမ္ၾကက္ဥ၊ ဖီးၾကမ္းႏွင့္ ပ်ားရည္ေခါက္စားျခင္း စသည္တို႔ျဖင့္ လက္ရွိ၌ အသုံးျပဳၾကသည္။

    စီပီၾကက္ဥ

    ေမြးျမဴေရးၾကက္ဥ အေၾကာင္းကေတာ့ မေျပာေတာ့ပါဘူး။

    Credit-Zwe Pyae

    (Unicode)

    ကွဲကွဲပြားပြား မသိသူများအတွက် တောကြက်ဥ၊ အိမ်ကြက်ဥနဲ့ စီပီ ကြက်ဥတို့ အကြောင်း

    တောကြက်ဥ မမြင်ဖူးသူတွေအတွက် တောကြက်ဥ၊ အိမ်ကြက်ဥ၊ CP ကြက်ဥ ယှဉ်ပြထားတာပါ။ရောင်းရန်မဟုတ်ပါ… နောက်အလျှင်းသင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥနှင့် ဟင်္သာဥများ ရှာဖွေတင်ပြပေးပါမည်။

    တောကြက်ဥ…….တောစပ်တွင် တွေ့ရလေ့ရှိသည်။ အပင်ခပ်လတ်လတ်၊ ကိုင်းခြုံ၊ ဆူးခြုံများရှိအသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍ အများဆုံး ၅လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ ဆေးဖက်ဝင်သည်ဟု ဆိုကြ၍ တရုတ်သမားတော်များ အဝယ်များသည်။ ယခင်ကပေါများသော်လည်း လက်ရှိ၌ ရှားပါးနေပြီဖြစ်သည်။ တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေး ရှိသည်။တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းများ သက်သာပျောက်ကင်းစေသည်။ တရုတ်ရိုးရာ အားတိုးဆေးများတွင် ထည့်သွင်းဖော်စပ်ကြသည်။

    အိမ်ကြက်ဥ……သဘာဝအတိုင်း လွှတ်ကျောင်း မွေးမြူထားသည့် ကြက်မများမှ ဥသော အကောင်ပေါက်မည့်ဥ ဖြစ်သည်။ မဒမ်းများမှ ဥသောလေဥသည် တန်ဖိုးမရှိ ဆေးဖက်မဝင်ပါ။ အိမ်ကြက်ဥသည် ထွေထွေထူးထူး ပြောစရာမရှိအောင် မြန်မာ တို့နှင့်ရင်းနှီးပြီးသားပင် ဖြစ်သည်။ အိမ်ကြက်ဥတွင် စစ်တကောင်းကြက်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥနှင့် တိန်ညင်ကြက်ဥ ဟူ၍ အမျိုးအစားကွဲပြားသည်။ တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိသည်။ အရက်နာကျသူတွေအတွက် အိမ်ကြက်ဥ နှင့် သံပုရာသီး ဖျော်သောက်ခြင်း၊ အမျိုးသားများအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည်ခေါက်စားခြင်း စသည်တို့ဖြင့် လက်ရှိ၌ အသုံးပြုကြသည်။

    မွေးမြူရေးကြက်ဥ အကြောင်းကတော့ မပြောတော့ပါဘူး။

    Credit-Zwe Pyae

  • ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

    (Zawgyi)

    ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

    ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေဖာ့ေရျမႇဳပ္တုံးေလးေတြက ေဆးေၾကာတဲ့ေနရာမွာတင္မကပဲ အဖက္ဖက္ကေန အသုံးဝင္ေနတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲကမွ လူတိုင္းအတြက္အသုံးဝင္ေစမယ့္ နည္းလမ္းေကာင္း (၄) မ်ိဳးကို ေ႐ြးခ်ယ္ၿပီးေဖာ္ျပေပးလိုက္ပါတယ္။

    ျပတင္းေပါက္မွန္ကိုသန႔္စင္ဖို႔

    ပန္းကန္ေဆးတဲ့ေရျမႇဳပ္ႏွစ္ခုကိုယူၿပီး အစိမ္းဖတ္ထဲကို ပုံမွာျပထားတဲ့အတိုင္း ဓားနဲ႔ထိုးလိုက္ပါ။ ၿပီးရင္ေတာ့ ညႇပ္မွာတစ္ဖက္စီစြပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ျပတင္းေပါက္မွန္ၾကားေတြထိ သန႔္စင္လို႔ရတာကို ေတြ႕ရမွာပါ။

    ပန္ကာကိုသန႔္စင္ဖို႔

    ပန္ကာကို သန႔္စင္တဲ့အခါမွာ ၾကားေတြထဲထိသန႔္စင္ဖို႔ ခက္ပါတယ္။ ဒါေၾကာင့္ ေရျမႇဳပ္တုံးကိုယူၿပီး ပုံမွာျပထားတဲ့အတိုင္း ေဖာ့ဘက္ကိုဓားနဲ႔လွီးေပးပါ။ ၿပီးရင္ေတာ့ လက္နဲ႔ယူၿပီး ပန္ကန္ၾကားထဲထိသန႔္စင္လို႔ ရသြားပါၿပီ။

    ထိုင္ခုံေအာက္မွာခံဖို႔

    ထိုင္ခုံေတြကိုဆြဲလိုက္ရင္ ၾကမ္းျပင္ေတြ၊ ေကာေဇာေတြက ပြန္းသြားတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ ထိုင္ခုံေျခေထာက္မွာ ေဖာ့ျပားေတြကို ညႇပ္ၿပီး ေကာ္နဲ႔ကပ္ထားမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ေ႐ႊ႕ေ႐ႊ႕ ပြန္းတာ၊ ၿပဲတာေတြျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

    လက္သည္းဖ်က္ေဆးအျဖစ္ သုံးဖို႔

    ပန္းကန္ေဆးတဲ့ ေဖာ့ကိုယူၿပီး အလိပ္ေလးျဖစ္ေအာင္ လိပ္လိုက္ပါ။ ၿပီးရင္ေတာ့ ပုလင္းတစ္ခုထဲထည့္ၿပီး လက္သည္းဖ်က္ေဆး အရည္ေတြကို ထည့္ေပးပါ။ လက္သည္းဖ်က္ေဆးေတြကို ေဖာ့ကစုပ္ယူထားတာ ျဖစ္တဲ့အတြက္ လက္သည္းကို ေဖာ့ၾကားထဲထည့္ၿပီး လက္ကိုလွည့္လိုက္တာနဲ႔ လက္သည္းနီေတြပ်က္သြားမွာပါ။

    Credit-MyFood Myanmar

    (Unicode)

    ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ရေမြုပ်ရဲ့အသုံးဝင်ပုံ (၄) မျိုး

    ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ဖော့ရေမြှုပ်တုံးလေးတွေက ဆေးကြောတဲ့နေရာမှာတင်မကပဲ အဖက်ဖက်ကနေ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းကောင်း (၄) မျိုးကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

    ပြတင်းပေါက်မှန်ကိုသန့်စင်ဖို့

    ပန်းကန်ဆေးတဲ့ရေမြှုပ်နှစ်ခုကိုယူပြီး အစိမ်းဖတ်ထဲကို ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့ထိုးလိုက်ပါ။ ပြီးရင်တော့ ညှပ်မှာတစ်ဖက်စီစွပ်လိုက်ပါ။ ဒါဆိုရင်တော့ ပြတင်းပေါက်မှန်ကြားတွေထိ သန့်စင်လို့ရတာကို တွေ့ရမှာပါ။

    ပန်ကာကိုသန့်စင်ဖို့

    ပန်ကာကို သန့်စင်တဲ့အခါမှာ ကြားတွေထဲထိသန့်စင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရေမြှုပ်တုံးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ဖော့ဘက်ကိုဓားနဲ့လှီးပေးပါ။ ပြီးရင်တော့ လက်နဲ့ယူပြီး ပန်ကန်ကြားထဲထိသန့်စင်လို့ ရသွားပါပြီ။

    ထိုင်ခုံအောက်မှာခံဖို့

    ထိုင်ခုံတွေကိုဆွဲလိုက်ရင် ကြမ်းပြင်တွေ၊ ကောဇောတွေက ပွန်းသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ထိုင်ခုံခြေထောက်မှာ ဖော့ပြားတွေကို ညှပ်ပြီး ကော်နဲ့ကပ်ထားမယ်ဆိုရင်တော့ ဘယ်လောက်ရွှေ့ရွှေ့ ပွန်းတာ၊ ပြဲတာတွေဖြစ်မှာ မဟုတ်တော့ပါဘူး။

    လက်သည်းဖျက်ဆေးအဖြစ် သုံးဖို့

    ပန်းကန်ဆေးတဲ့ ဖော့ကိုယူပြီး အလိပ်လေးဖြစ်အောင် လိပ်လိုက်ပါ။ ပြီးရင်တော့ ပုလင်းတစ်ခုထဲထည့်ပြီး လက်သည်းဖျက်ဆေး အရည်တွေကို ထည့်ပေးပါ။ လက်သည်းဖျက်ဆေးတွေကို ဖော့ကစုပ်ယူထားတာ ဖြစ်တဲ့အတွက် လက်သည်းကို ဖော့ကြားထဲထည့်ပြီး လက်ကိုလှည့်လိုက်တာနဲ့ လက်သည်းနီတွေပျက်သွားမှာပါ။

    Credit-MyFood Myanmar