Author: shangyi

  • ကံညံ့ေတာ့မယ္ဆိုရင္ ၾကံဳေတြ႕ရမယ့္ အခ်က္(၅)ခ်က္

    (Zawgyi)

    လူတစ္ေယာက္ ကံညံ့ခ်ိန္ ႀကဳံေတြ႕ရမယ့္ အခ်က္ (၅) ခ်က္

    ၁။ လူႀကီးသူမရဲ႕ ဆိုဆုံးမစကားေတြကို နားၿငီးသလို ခံစားရလိမ့္မယ္။

    ၂။ မေကာင္းတဲ့သူငယ္ခ်င္း အတုအေယာင္ေတြကို စိတ္ရင္းနဲ႔ေပါင္းသင္းလာတတ္ပါတယ္။

    ၃။ မထင္မွတ္ထားတဲ့ အေျပာင္းအလဲႀကီး တစ္ခု ႀကဳံလာပါလိမ့္မယ္။

    ၄။ အေပ်ာ္ဘက္လိုက္ၿပီး မေကာင္းမႈေတြ ဆက္တိုက္ လုပ္မိလာပါလိမ့္မယ္။

    ၅။ စားစရာေတြကို ႐ုန္းကန္ စားေသာက္ရတတ္ၿပီး အိပ္မေပ်ာ္တဲ့ညေတြ မ်ားလာပါလိမ့္မယ္။

    ထိုအခ်က္ေတြ ျဖစ္လာပါက သင္ကံညံ့ေတာ့မယ္ဆိုတာကို သတိထားၿပီး ဘုရားဂုဏ္ေတာ္အားစိတ္ႏွလုံးသြင္းၿပီး တရားထိုင္ျခင္း ဘုရားရွစ္ခိုးျခင္းမ်ား ျပဳလုပ္၍ ကံတရားအား ေျပာင္းလဲ ပစ္ႏိုင္ပါတယ္

    Sayar Paing

    လူတစ္ေယာက္ ကံညံ့ခ်ိန္ ႀကဳံေတြ႕ရမယ့္ အခ်က္ (၅) ခ်က္

    ၁။ လူႀကီးသူမရဲ႕ ဆိုဆုံးမစကားေတြကို နားၿငီးသလို ခံစားရလိမ့္မယ္။

    ၂။ မေကာင္းတဲ့သူငယ္ခ်င္း အတုအေယာင္ေတြကို စိတ္ရင္းနဲ႔ေပါင္းသင္းလာတတ္ပါတယ္။

    ၃။ မထင္မွတ္ထားတဲ့ အေျပာင္းအလဲႀကီး တစ္ခု ႀကဳံလာပါလိမ့္မယ္။

    ၄။ အေပ်ာ္ဘက္လိုက္ၿပီး မေကာင္းမႈေတြ ဆက္တိုက္ လုပ္မိလာပါလိမ့္မယ္။

    ၅။ စားစရာေတြကို ႐ုန္းကန္ စားေသာက္ရတတ္ၿပီး အိပ္မေပ်ာ္တဲ့ညေတြ မ်ားလာပါလိမ့္မယ္။

    ထိုအခ်က္ေတြ ျဖစ္လာပါက သင္ကံညံ့ေတာ့မယ္ဆိုတာကို သတိထားၿပီး ဘုရားဂုဏ္ေတာ္အားစိတ္ႏွလုံးသြင္းၿပီး တရားထိုင္ျခင္း ဘုရားရွစ္ခိုးျခင္းမ်ား ျပဳလုပ္၍ ကံတရားအား ေျပာင္းလဲ ပစ္ႏိုင္ပါတယ္

    Sayar Paing

    (Unicode)

    လူတစ်ယောက် ကံညံ့ချိန် ကြုံတွေ့ရမယ့် အချက် (၅) ချက်

    ၁။ လူကြီးသူမရဲ့ ဆိုဆုံးမစကားတွေကို နားငြီးသလို ခံစားရလိမ့်မယ်။

    ၂။ မကောင်းတဲ့သူငယ်ချင်း အတုအယောင်တွေကို စိတ်ရင်းနဲ့ပေါင်းသင်းလာတတ်ပါတယ်။

    ၃။ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီး တစ်ခု ကြုံလာပါလိမ့်မယ်။

    ၄။ အပျော်ဘက်လိုက်ပြီး မကောင်းမှုတွေ ဆက်တိုက် လုပ်မိလာပါလိမ့်မယ်။

    ၅။ စားစရာတွေကို ရုန်းကန် စားသောက်ရတတ်ပြီး အိပ်မပျော်တဲ့ညတွေ များလာပါလိမ့်မယ်။

    ထိုအချက်တွေ ဖြစ်လာပါက သင်ကံညံ့တော့မယ်ဆိုတာကို သတိထားပြီး ဘုရားဂုဏ်တော်အားစိတ်နှလုံးသွင်းပြီး တရားထိုင်ခြင်း ဘုရားရှစ်ခိုးခြင်းများ ပြုလုပ်၍ ကံတရားအား ပြောင်းလဲ ပစ်နိုင်ပါတယ်

    Sayar Paing

  • ဗုဒၶဘာသာမွန္လွ်င္ သိထားသင့္သည့္ ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔၏ ထူးျခားခ်က္မ်ား

    (Zawgyi)

    ဗုဒၶဘာသာမွန္လွ်င္ သိထားသင့္သည့္ ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔၏ ထူးျခားခ်က္မ်ား

    ဝါဆိုလသည္ ျမန္မာလမ်ားတြင္ စတုတၱေျမာက္လျဖစ္၍ ေႏြဥတု၊ မိုးဥတု ႏွစ္ဥတုလုံး၌ ပါဝင္သည္။ေႏြရာသီ သက္သက္ မဟုတ္၊ ေႏြတစ္ပိုင္း၊ မိုးတစ္ပိုင္းေရာေႏွာေနေသာ ရာသီျဖစ္၍ ကဆုန္၊ နယုန္လမ်ားကဲ့ သို႔ အပူရွိန္ျပင္းထန္ျခင္း မရွိေတာ့ေပ။ ႐ြာသြန္းေသာမိုးေရမွာ အလြန္ ေအးျမ၏။ ‘ဝါဆိုငယ္မွဝါေခါင္၊ ေရေဖာင္ေဖာင္ႏွင့္ ႐ြာ့ေတာင္က ေခ်ာင္း’ဟူေသာ အိုင္ခ်င္းႏွင့္အညီ ဝါဆိုလတြင္ မိုးသည္းထန္စြာ ႐ြာသြန္းသျဖင့္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္မ်ား၌ ေရျပည့္လွ်ံေနသည္ကို ျမင္ရမည္။

    ဝါဆိုလျပည့္ေန႔ကား ‘သေႏၶ၊ ေတာထြက္၊ ဓမၼစက္၊ တစ္ခ်က္ျပာဋိ ဟာ’ ဆိုသည့္အတိုင္း သဗၺညဳတ ဉာဏ္ရွင္ဘုရား သခင္ကို ပဋိသေႏၶ ေနေတာ္မူျခင္း၊ ဘုရားေလာင္း သိဒၶတၳမင္းသား ေတာထြက ေတာ္မူျခင္း၊ တရားဦးဓမၼစၾကာကို ေဟာၾကားေတာ္မူျခင္း၊ ေရအစုံ၊ မီးအစုံ တန္ခိုး ျပာဋိဟာမ်ားကို ျပသေတာ္မူျခင္း ဟူေသာ ထူးျခားသည့္ ဘာသာေရး မွတ္တိုင္ႀကီးမ်ားကို စိုက္ထူခဲ့ေသာ ေန႔ထူးေန႔ျမတ္ျဖစ္ သည္။

    ထို႔အျပင္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔တြင္ ရဟန္းသံဃာမ်ား ပုရိ မဝါကပ္ဆိုေတာ္မူၾကရသည္။ထို႔ေၾကာင့္ ဗုဒၶဘာသာ ဝင္မ်ားသည္ ဝါဆိုလကို လထူးလျမတ္အျဖစ္ အေလးအျမတ္ျပဳၾကျခင္းလည္း ျဖစ္သည္။ ေရွးအခါက ‘ပၪၥင္းေတာ္ခံပြဲ’ ကို ဝါဆိုလ၏ ရာသီပြဲေတာ္အျဖစ္ ဆင္ယင္က်င္းပေလ့ရွိၾကသည္။ ပၪၥင္းခံပြဲေတာ္ကို ပုဂံေခတ္ အေနာ္ ရထာမင္းလက္ထက္၊ ေထရဝါဒ သာသနာေတာ္ထြန္းကား၍ ရဟန္း ေတာ္မ်ား အေျမာက္အျမားရွိေနသည္ေၾကာင့္ ပုဂံေခတ္တြင္ ပၪၥင္းခံ မႈမ်ား ရွိမည္မွာ ဧကန္မလြဲေပ။ ထို႔ေၾကာင့္ ပုဂံေခတ္တြင္ ပၪၥင္းခံ ရွင္ျပဳပြဲ စတင္ခဲ့သည္ဟု ပညာရွင္အခ်ိဳ႕က မွတ္ယူၾကသည္။ အခ်ိဳ႕ ပညာရွင္မ်ားကလည္း ပထမ အင္းဝေခတ္၌ ပၪၥင္းခံ ရွင္ျပဳပြဲေတာ္ ရွိေနၿပီဟုဆိုၾကသည္။

    ေရွးျမန္မာတို႔သည္ ဗုဒၶဘာသာ သာသနာေတာ္တိုးတက္ စည္ ကားျပန႔္ပြားေရးႏွင့္ ဗုဒၶယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ရရွိေရးဟူေသာ ရည္႐ြယ္ခ်က္ ၂ရပ္ကို အေၾကာင္းျပဳ၍ ပၪၥင္းခံ၊ ရွင္ျပဳ ပြဲေတာ္မ်ား က်င္းပခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ဝါဆိုလ၌ ပၪၥင္းခံ၊ ရွင္ျပဳက်င္းပရျခင္းမွာလည္း ဝါဆိုလ သည္ (ဝါ) ဝါဆိုလျပည့္ေန႔သည္ ဘုရားသာသနာေတာ္တြင္ ပထမဆုံး ရဟန္း ျဖစ္လာေတာ္မူေသာ ပၪၥဝဂၢီ ငါးပါး အရွင္ေကာ႑ညမေထရ္ျမတ္၏ ဧဟိဘိကၡဳရဟန္းျဖစ္သည့္ေန႔ ျဖစ္ျခင္း၊ ရွင္ျပဳရဟန္းခံၿပီးသည္ႏွင့္ ဝါဆိုရန္ အသင့္ျဖစ္ရျခင္း၊ နယုန္လ ဝါဆိုေတာ္ျပန္ပြဲေအာင္သူမ်ားကို ပၪၨင္းခံရွင္ျပဳရန္ အဆင္ ေျပျခင္း စေသာအေၾကာင္းတို႔ေၾကာင့္ ျဖစ္သည္။ ထိုမွတစ္ဖန္ ထူးျမတ္လွသည့္ ဝါဆိုလျမတ္တြင္ဘာသာေရးပြဲေတာ္အျဖစ္ ဝါဆိုေတာ္ကို က်င္းပခဲ့သည္။

    ဝါဆိုပြဲေတာ္ဆိုသည္မွာ ဝါဆိုလ၌ က်င္းပသည့္ ဘာသာေရးယဥ္ေက်းမႈ ပြဲမ်ားကို စုေပါင္းေခၚေဝၚထားျခင္း ျဖစ္သည္။ ဝါဆိုပြဲေတာ္တြင္ ပါဝင္ေသာ ပြဲေတာ္သုံးရပ္ရွိသည္-

    (က) သံဃာေတာ္မ်ား ဝါဆိုပြဲ၊ (ခ) ဝါဆိုပန္းႏွင့္ ဝါဆိုသကၤန္းလႉပြဲ၊ (ဂ) သက္ႀကီး၊ ဝါႀကီးပူေဇာ္ကန္ေတာ့ပြဲ

    သံဃာေတာ္မ်ား ဝါဆိုပြဲေတာ္ သည္ ျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္ကပင္ ေပၚေပါက္ခဲ့ေသာ ပြဲေတာ္ျဖစ္သည္။ ဗုဒၶျမတ္စြာ၏ တပည့္သာဝကမ်ားသည္ ဥတုသုံးလီ ဆယ့္ႏွစ္ရာသီ ပတ္လုံးခရီးသြားလာေနၾကသည္။ ထိုသို႔ ေနပူမေရွာင္၊ မိုး႐ြာမေရွာင္ သြားလာေနၾကျခင္းေၾကာင့္ ထိုခရီးသြားသံဃာေတာ္မ်ား နင္းမိသျဖင့္ စိမ္းရွင္ေသာ ျမက္ပင္၊ စိုက္ပ်ိဳးပင္မ်ား ပ်က္စီးကုန္၏။ ပိုးမႊားစသည့္ သတၱဝါငယ္တို႔သည္လည္း အေျမာက္အျမား ေသေၾက ပ်က္စီးကုန္၏။ ထိုအခါ လူအမ်ားက ထိုရဟန္းတို႔အား ကဲ့ရဲ႕ျပစ္တင္ ဆိုၾကသည္။

    ျမတ္စြာ ဘုရားရွင္သည္ ထိုအေၾကာင္းကို ၾကားသိေတာ္မူသည့္အခါ တပည့္ သာဝကမ်ားအား ဆုံးမၾသဝါဒေပးေတာ္မူ၍ ‘ရဟန္း ေတာ္မ်ားသည္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔၌ျဖစ္ေစ၊ ဝါေခါင္လ ျပည့္ေက်ာ္ ၁ ရက္ေန႔၌ ျဖစ္ေစ ဝါဆို၊ဝါကပ္ ျပဳၾကရမည္။ ဝါတြင္း သုံးလပတ္လုံး မည္သည့္ အရပ္သို႔မွညအိပ္ညဥ့္ေနမသြားၾကရ’ဟု ဝါဆို ဝါကပ္ ဥပေဒကို ပညတ္ေတာ္မူ လိုက္ေပသည္။

    ထိုအခ်ိန္မွစ၍ သံဃာေတာ္မ်ား ဝါဆိုပြဲေတာ္ ျဖစ္ေပၚလာခဲ့ေပသည္။ ဗုဒၶ၏ သာသနာေတာ္ တစ္ရပ္လုံးရွိ သာသနာ့ တာဝန္ထမ္း ရဟန္းေတာ္မ်ားသည္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔တြင္ ဝါကပ္ျခင္းသည္ ပုရိမဝါကပ္ျခင္းမည္၏။ အေၾကာင္း မညီၫြတ္သျဖင့္ ဝါေခါင္လျပည့္ ေက်ာ္ ၁ ရက္ေန႔၌ ဝါကပ္ျခင္းကို ‘ပစၦိမဝါကပ္ျခင္း’မည္၏။

    ဝါဆိုလျပည့္ေန႔၌ျဖစ္ေစ၊ လျပည့္ေက်ာ္ ၁ရက္ေန႔၌ျဖစ္ေစ ဝါဆိုလတြင္ ပြင့္ဖူးၾကသည့္ ပုန္းညက္ စပယ္ပန္း မ်ိဳးစုံတို႔ကို ေစတီပုထိုးမ်ား၌ လႉဒါန္းၾကေလ့ရွိသည္။ တခ်ိဳ႕သည္ ဝါဆိုပန္းႏွင့္ဝါဆိုဖေယာင္းတိုင္ႀကီးမ်ားကို ဘုန္းႀကီးေက်ာင္းမ်ား၌ လႉဒါန္းၾကသည္။ တခ်ိဳ႕ေတာ႐ြာမ်ားတြင္ ကာလသား လူပ်ိဳမ်ားႏွင့္ မိန္းမပ်ိဳမ်ားသည္ အစုလိုက္ေတာထဲသို႔ ေပ်ာ္ေပ်ာ္ပါးပါး ဝါဆိုပန္းခူး ထြက္ၾကကာ သေျပပန္း၊ ပုန္းညက္ပန္းစသည့္ ပန္းမ်ိဳးစုံတို႔ကို ေစတီပုထိုးမ်ားသို႔ သြားေရာက္လႉဒါန္းၾက သည္။

    ထိုေန႔မ်ားတြင္ ရန္ကုန္ၿမိဳ႕ေ႐ႊတိဂုံေစတီ၊ ဆူးေလေစတီ စသည့္ထင္ရွား ေသာ ေစတီပုထိုးမ်ား၌ ဝါဆိုပန္းကပ္သူမ်ား အထူးစည္ကားလွေပသည္။ သက္ႀကီးဝါႀကီး ပူေဇာ္ကန္ေတာ့ပြဲသည္ ဂါရဝမဂၤလာပူဇာစ ပူဇေနယ်ာန မဂၤလာ တရားေတာ္မ်ားႏွင့္ ညီၫြတ္သည္။ ဗုဒၶဘာသာဝင္ ျမန္မာတို႔၏ ယဥ္ေက်းမႈအစဥ္အလာတစ္ခုျဖစ္ေပသည္။ ေရွးျမန္မာ ဘုရင္မ်ားလက္ထက္ကပင္ စည္ကားစြက်င္းပခဲ့ေသာ အစဥ္အလာ အတိုင္း ျမန္မာတို႔သည္ ယခုေခတ္အထိ အသက္၊ သိကၡာ၊ ဝါႀကီးသူမ်ား အား ဝါဝင္ခါနီး၌ ပူေဇာ္ကန္ေတာ့လ်က္ရွိၾကသည္။

    ဘာသာေရး ေခါင္းေဆာင္မ်ား ျဖစ္ေတာ္မူၾကသည့္ ဘုန္းေတာ္ႀကီးမ်ားသည္ပင္လွ်င္ေနာက္လိုက္ေနာက္ပါ တပည့္၊ ပရိသတ္ အေပါင္း ၿခံရံလ်က္ မိမိထက္သိကၡာ၊ ဝါႀကီးေတာ္မူသည့္နီးစပ္ရာ ဆရာေတာ္ႀကီးမ်ားအား ကန္ေတာ့္ပြဲမ်ားျဖင့္ ပူေဇာ္ကန္ေတာ့ၾကကာ ေထရဝါဒ ဗုဒၶဘာသာ ယဥ္ေက်းမႈ အစဥ္အလာကို ထိန္းသိမ္းၾကလ်က္ရွိေပသည္။ ဤသို႔ေသာ ဗုဒၶဘာသာဝင္တို႔၏ အစဥ္အလာေကာင္းသည္ ကမာၻတည္သေ႐ြ႕ တည္တံ့ေနမည္ ျဖစ္သည္။

    Credit-ဦးေအးခိုင္(ဘီေအ) အစိုးရဓမၼာစရိယႏွင့္ ေစတီယဂၤဏ (ေ႐ႊတံဆိပ္ရ အ႒ကထာ..အေက်ာ္)၊ ဓမၼာစရိယ၏ ဆယ့္ႏွစ္လ ရာသီ ျမန္မာ့႐ိုးရာရာသီပြဲေတာ္မ်ား

    Via-Baganthar

    (Unicode)

    ဗုဒ္ဓဘာသာမှန်လျှင် သိထားသင့်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၏ ထူးခြားချက်များ

    ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတု၊ မိုးဥတု နှစ်ဥတုလုံး၌ ပါဝင်သည်။နွေရာသီ သက်သက် မဟုတ်၊ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်းရောနှောနေသော ရာသီဖြစ်၍ ကဆုန်၊ နယုန်လများကဲ့ သို့ အပူရှိန်ပြင်းထန်ခြင်း မရှိတော့ပေ။ ရွာသွန်းသောမိုးရေမှာ အလွန် အေးမြ၏။ ‘ဝါဆိုငယ်မှဝါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာ့တောင်က ချောင်း’ဟူသော အိုင်ချင်းနှင့်အညီ ဝါဆိုလတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌ ရေပြည့်လျှံနေသည်ကို မြင်ရမည်။

    ဝါဆိုလပြည့်နေ့ကား ‘သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိ ဟာ’ ဆိုသည့်အတိုင်း သဗ္ဗညုတ ဉာဏ်ရှင်ဘုရား သခင်ကို ပဋိသန္ဓေ နေတော်မူခြင်း၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံ တန်ခိုး ပြာဋိဟာများကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ဖြစ် သည်။

    ထို့အပြင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ရဟန်းသံဃာများ ပုရိ မဝါကပ်ဆိုတော်မူကြရသည်။ထို့ကြောင့် ဗုဒ္ဓဘာသာ ဝင်များသည် ဝါဆိုလကို လထူးလမြတ်အဖြစ် အလေးအမြတ်ပြုကြခြင်းလည်း ဖြစ်သည်။ ရှေးအခါက ‘ပဉ္စင်းတော်ခံပွဲ’ ကို ဝါဆိုလ၏ ရာသီပွဲတော်အဖြစ် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ ပဉ္စင်းခံပွဲတော်ကို ပုဂံခေတ် အနော် ရထာမင်းလက်ထက်၊ ထေရဝါဒ သာသနာတော်ထွန်းကား၍ ရဟန်း တော်များ အမြောက်အမြားရှိနေသည်ကြောင့် ပုဂံခေတ်တွင် ပဉ္စင်းခံ မှုများ ရှိမည်မှာ ဧကန်မလွဲပေ။ ထို့ကြောင့် ပုဂံခေတ်တွင် ပဉ္စင်းခံ ရှင်ပြုပွဲ စတင်ခဲ့သည်ဟု ပညာရှင်အချို့က မှတ်ယူကြသည်။ အချို့ ပညာရှင်များကလည်း ပထမ အင်းဝခေတ်၌ ပဉ္စင်းခံ ရှင်ပြုပွဲတော် ရှိနေပြီဟုဆိုကြသည်။

    ရှေးမြန်မာတို့သည် ဗုဒ္ဓဘာသာ သာသနာတော်တိုးတက် စည် ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက် ၂ရပ်ကို အကြောင်းပြု၍ ပဉ္စင်းခံ၊ ရှင်ပြု ပွဲတော်များ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဝါဆိုလ၌ ပဉ္စင်းခံ၊ ရှင်ပြုကျင်းပရခြင်းမှာလည်း ဝါဆိုလ သည် (ဝါ) ဝါဆိုလပြည့်နေ့သည် ဘုရားသာသနာတော်တွင် ပထမဆုံး ရဟန်း ဖြစ်လာတော်မူသော ပဉ္စဝဂ္ဂီ ငါးပါး အရှင်ကောဏ္ဍညမထေရ်မြတ်၏ ဧဟိဘိက္ခုရဟန်းဖြစ်သည့်နေ့ ဖြစ်ခြင်း၊ ရှင်ပြုရဟန်းခံပြီးသည်နှင့် ဝါဆိုရန် အသင့်ဖြစ်ရခြင်း၊ နယုန်လ ဝါဆိုတော်ပြန်ပွဲအောင်သူများကို ပဉ္ဇင်းခံရှင်ပြုရန် အဆင် ပြေခြင်း စသောအကြောင်းတို့ကြောင့် ဖြစ်သည်။ ထိုမှတစ်ဖန် ထူးမြတ်လှသည့် ဝါဆိုလမြတ်တွင်ဘာသာရေးပွဲတော်အဖြစ် ဝါဆိုတော်ကို ကျင်းပခဲ့သည်။

    ဝါဆိုပွဲတော်ဆိုသည်မှာ ဝါဆိုလ၌ ကျင်းပသည့် ဘာသာရေးယဉ်ကျေးမှု ပွဲများကို စုပေါင်းခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ဝါဆိုပွဲတော်တွင် ပါဝင်သော ပွဲတော်သုံးရပ်ရှိသည်-

    (က) သံဃာတော်များ ဝါဆိုပွဲ၊ (ခ) ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းလှူပွဲ၊ (ဂ) သက်ကြီး၊ ဝါကြီးပူဇော်ကန်တော့ပွဲ

    သံဃာတော်များ ဝါဆိုပွဲတော် သည် မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်ကပင် ပေါ်ပေါက်ခဲ့သော ပွဲတော်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကများသည် ဥတုသုံးလီ ဆယ့်နှစ်ရာသီ ပတ်လုံးခရီးသွားလာနေကြသည်။ ထိုသို့ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာနေကြခြင်းကြောင့် ထိုခရီးသွားသံဃာတော်များ နင်းမိသဖြင့် စိမ်းရှင်သော မြက်ပင်၊ စိုက်ပျိုးပင်များ ပျက်စီးကုန်၏။ ပိုးမွှားစသည့် သတ္တဝါငယ်တို့သည်လည်း အမြောက်အမြား သေကြေ ပျက်စီးကုန်၏။ ထိုအခါ လူအများက ထိုရဟန်းတို့အား ကဲ့ရဲ့ပြစ်တင် ဆိုကြသည်။

    မြတ်စွာ ဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူသည့်အခါ တပည့် သာဝကများအား ဆုံးမသြဝါဒပေးတော်မူ၍ ‘ရဟန်း တော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လ ပြည့်ကျော် ၁ ရက်နေ့၌ ဖြစ်စေ ဝါဆို၊ဝါကပ် ပြုကြရမည်။ ဝါတွင်း သုံးလပတ်လုံး မည်သည့် အရပ်သို့မှညအိပ်ညဉ့်နေမသွားကြရ’ဟု ဝါဆို ဝါကပ် ဥပဒေကို ပညတ်တော်မူ လိုက်ပေသည်။

    ထိုအချိန်မှစ၍ သံဃာတော်များ ဝါဆိုပွဲတော် ဖြစ်ပေါ်လာခဲ့ပေသည်။ ဗုဒ္ဓ၏ သာသနာတော် တစ်ရပ်လုံးရှိ သာသနာ့ တာဝန်ထမ်း ရဟန်းတော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ဝါကပ်ခြင်းသည် ပုရိမဝါကပ်ခြင်းမည်၏။ အကြောင်း မညီညွတ်သဖြင့် ဝါခေါင်လပြည့် ကျော် ၁ ရက်နေ့၌ ဝါကပ်ခြင်းကို ‘ပစ္ဆိမဝါကပ်ခြင်း’မည်၏။

    ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့၌ဖြစ်စေ ဝါဆိုလတွင် ပွင့်ဖူးကြသည့် ပုန်းညက် စပယ်ပန်း မျိုးစုံတို့ကို စေတီပုထိုးများ၌ လှူဒါန်းကြလေ့ရှိသည်။ တချို့သည် ဝါဆိုပန်းနှင့်ဝါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းကြီးကျောင်းများ၌ လှူဒါန်းကြသည်။ တချို့တောရွာများတွင် ကာလသား လူပျိုများနှင့် မိန်းမပျိုများသည် အစုလိုက်တောထဲသို့ ပျော်ပျော်ပါးပါး ဝါဆိုပန်းခူး ထွက်ကြကာ သပြေပန်း၊ ပုန်းညက်ပန်းစသည့် ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့ သွားရောက်လှူဒါန်းကြ သည်။

    ထိုနေ့များတွင် ရန်ကုန်မြို့ရွှေတိဂုံစေတီ၊ ဆူးလေစေတီ စသည့်ထင်ရှား သော စေတီပုထိုးများ၌ ဝါဆိုပန်းကပ်သူများ အထူးစည်ကားလှပေသည်။ သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဂါရဝမင်္ဂလာပူဇာစ ပူဇနေယျာန မင်္ဂလာ တရားတော်များနှင့် ညီညွတ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်ပေသည်။ ရှေးမြန်မာ ဘုရင်များလက်ထက်ကပင် စည်ကားစွကျင်းပခဲ့သော အစဉ်အလာ အတိုင်း မြန်မာတို့သည် ယခုခေတ်အထိ အသက်၊ သိက္ခာ၊ ဝါကြီးသူများ အား ဝါဝင်ခါနီး၌ ပူဇော်ကန်တော့လျက်ရှိကြသည်။

    ဘာသာရေး ခေါင်းဆောင်များ ဖြစ်တော်မူကြသည့် ဘုန်းတော်ကြီးများသည်ပင်လျှင်နောက်လိုက်နောက်ပါ တပည့်၊ ပရိသတ် အပေါင်း ခြံရံလျက် မိမိထက်သိက္ခာ၊ ဝါကြီးတော်မူသည့်နီးစပ်ရာ ဆရာတော်ကြီးများအား ကန်တော့်ပွဲများဖြင့် ပူဇော်ကန်တော့ကြကာ ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကြလျက်ရှိပေသည်။ ဤသို့သော ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာကောင်းသည် ကမ္ဘာတည်သရွေ့ တည်တံ့နေမည် ဖြစ်သည်။

    Credit-ဦးအေးခိုင်(ဘီအေ) အစိုးရဓမ္မာစရိယနှင့် စေတီယင်္ဂဏ (ရွှေတံဆိပ်ရ အဋ္ဌကထာ..အကျော်)၊ ဓမ္မာစရိယ၏ ဆယ့်နှစ်လ ရာသီ မြန်မာ့ရိုးရာရာသီပွဲတော်များ

    Via-Baganthar

  • ရဟန္းမ်ားက ပရိတ္တရားမ်ားကို ႐ြတ္ဆိုေနတဲ့အခါမွာ လူအမ်ား လိုက္႐ြတ္ သင့္/ မသင့္

    (Zawgyi)

    ရဟန္းမ်ားက ပရိတ္တရားမ်ားကို ႐ြတ္ဆိုေနတဲ့အခါမွာ လူအမ်ား လိုက္႐ြတ္ သင့္/ မသင့္

    ရဟန္းေတာ္မ်ားကို ဆြမ္းစားပင့္တဲ့အခါမွာ ရဟန္းေတာ္မ်ားက ပရိတ္တရားမ်ားကို ႐ြတ္ေပးေလ့ရွိပါတယ္။ အဲ့လို ႐ြတ္ေပးတဲ့အခါ အခ်ိဳ႕ေသာ ဒကာ ဒကာမေတြက ရဟန္းေတာ္မ်ားႏွင့္အတူ ပရိတ္တရားမ်ားကို လိုက္႐ြက္တတ္ၾကတယ္။ ပရိတ္တရားမ်ား ႐ြတ္ဆိုတာေကာင္းေပမဲ့ ရဟန္းေတာ္မ်ားဟာ လူေတြနဲ႔အတူ ပါဠိေတာ္ အ႒ကထာမ်ားကို လူေတြနဲ႔အတူ ႐ြက္ဆိုျခင္းကို ဘုရားရွင္က ခြင့္ျပဳေတာ္မမူခဲ့ပါဘူး။

    ႐ြတ္ဆိုခဲ့ရင္ ဝတ္နည္းအရ အျပစ္ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ ၎တခါက အရွင္မဟာေမာဂၢ ႏွင့္ အရွင္မဟာ ကသႆပမေထရ္တို႔ ဖ်ားနားေတာ့ ဘုရားရွင္ဟာ ေဗာဇၩဂၤသုတ္တရားမ်ားကို ႐ြတ္ဆိုေပးတဲ့အခါ ႐ိုေသစြာ နာယူျခင္းေၾကာင့္ ေရာဂါမွ ေပ်ာက္ကင္းခ်မ္းသာခဲ့ပါတယ္။

    ျမတ္စြာဘုရားရွင္ ေရာဂါေဝဒနာေတြျဖစ္ေတာ့လည္း ေဗာဇၩဂၤသုတ္တရားကို အရွင္စုႏၵမေထရ္က ႐ြတ္ေပးတဲ့အခါဘုရားရွင္က ႐ိုေသစြာပဲ နာယူခဲ့ပါတယ္။ ဘုရားရွင္က အရွင္စုႏၵမေထရ္နဲ႔ အတူ လိုက္မ႐ြတ္ဆိုခဲ့ပါဘူး။ ဒါေၾကာင့္ တို႔ဒကာ ဒကာမမ်ားလည္း ရဟန္းေတာ္မ်ားနဲ႔ အတူလိုက္႐ြတ္ဆိုျခင္းထက္ ႐ိုေသစြာနာယူျခင္းက ပိုသင့္ပါလိမ့္မည္။

    Credit-ဓမၼ မာမက ႏိုင္သေျပ ေမတၱာျဖင့္ (ေလးစားမႈျဖင့္ ခရက္ဒစ္)

    ရဟန္းမ်ားက ပရိတ္တရားမ်ားကို ႐ြတ္ဆိုေနတဲ့အခါမွာ လူအမ်ား လိုက္႐ြတ္ သင့္/ မသင့္

    ရဟန္းေတာ္မ်ားကို ဆြမ္းစားပင့္တဲ့အခါမွာ ရဟန္းေတာ္မ်ားက ပရိတ္တရားမ်ားကို ႐ြတ္ေပးေလ့ရွိပါတယ္။ အဲ့လို ႐ြတ္ေပးတဲ့အခါ အခ်ိဳ႕ေသာ ဒကာ ဒကာမေတြက ရဟန္းေတာ္မ်ားႏွင့္အတူ ပရိတ္တရားမ်ားကို လိုက္႐ြက္တတ္ၾကတယ္။ ပရိတ္တရားမ်ား ႐ြတ္ဆိုတာေကာင္းေပမဲ့ ရဟန္းေတာ္မ်ားဟာ လူေတြနဲ႔အတူ ပါဠိေတာ္ အ႒ကထာမ်ားကို လူေတြနဲ႔အတူ ႐ြက္ဆိုျခင္းကို ဘုရားရွင္က ခြင့္ျပဳေတာ္မမူခဲ့ပါဘူး။

    ႐ြတ္ဆိုခဲ့ရင္ ဝတ္နည္းအရ အျပစ္ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ ၎တခါက အရွင္မဟာေမာဂၢ ႏွင့္ အရွင္မဟာ ကသႆပမေထရ္တို႔ ဖ်ားနားေတာ့ ဘုရားရွင္ဟာ ေဗာဇၩဂၤသုတ္တရားမ်ားကို ႐ြတ္ဆိုေပးတဲ့အခါ ႐ိုေသစြာ နာယူျခင္းေၾကာင့္ ေရာဂါမွ ေပ်ာက္ကင္းခ်မ္းသာခဲ့ပါတယ္။

    ျမတ္စြာဘုရားရွင္ ေရာဂါေဝဒနာေတြျဖစ္ေတာ့လည္း ေဗာဇၩဂၤသုတ္တရားကို အရွင္စုႏၵမေထရ္က ႐ြတ္ေပးတဲ့အခါဘုရားရွင္က ႐ိုေသစြာပဲ နာယူခဲ့ပါတယ္။ ဘုရားရွင္က အရွင္စုႏၵမေထရ္နဲ႔ အတူ လိုက္မ႐ြတ္ဆိုခဲ့ပါဘူး။ ဒါေၾကာင့္ တို႔ဒကာ ဒကာမမ်ားလည္း ရဟန္းေတာ္မ်ားနဲ႔ အတူလိုက္႐ြတ္ဆိုျခင္းထက္ ႐ိုေသစြာနာယူျခင္းက ပိုသင့္ပါလိမ့္မည္။

    Credit-ဓမၼ မာမက ႏိုင္သေျပ ေမတၱာျဖင့္ (ေလးစားမႈျဖင့္ ခရက္ဒစ္)

    (Unicode)

    ရဟန်းများက ပရိတ်တရားများကို ရွတ်ဆိုနေတဲ့အခါမှာ လူအများ လိုက်ရွတ် သင့်/ မသင့်

    ရဟန်းတော်များကို ဆွမ်းစားပင့်တဲ့အခါမှာ ရဟန်းတော်များက ပရိတ်တရားများကို ရွတ်ပေးလေ့ရှိပါတယ်။ အဲ့လို ရွတ်ပေးတဲ့အခါ အချို့သော ဒကာ ဒကာမတွေက ရဟန်းတော်များနှင့်အတူ ပရိတ်တရားများကို လိုက်ရွက်တတ်ကြတယ်ပရိတ်တရားများ ရွတ်ဆိုတာကောင်းပေမဲ့ ရဟန်းတော်များဟာ လူတွေနဲ့အတူ ပါဠိတော် အဋ္ဌကထာများကို လူတွေနဲ့အတူ ရွက်ဆိုခြင်းကို ဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပါဘူး။

    ရွတ်ဆိုခဲ့ရင် ဝတ်နည်းအရ အပြစ်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ၎င်းတခါက အရှင်မဟာမောဂ္ဂ နှင့် အရှင်မဟာ ကသဿပမထေရ်တို့ ဖျားနားတော့ ဘုရားရှင်ဟာ ဗောဇ္ဈင်္ဂသုတ်တရားများကို ရွတ်ဆိုပေးတဲ့အခါ ရိုသေစွာ နာယူခြင်းကြောင့် ရောဂါမှ ပျောက်ကင်းချမ်းသာခဲ့ပါတယ်။

    မြတ်စွာဘုရားရှင် ရောဂါဝေဒနာတွေဖြစ်တော့လည်း ဗောဇ္ဈင်္ဂသုတ်တရားကို အရှင်စုန္ဒမထေရ်က ရွတ်ပေးတဲ့အခါဘုရားရှင်က ရိုသေစွာပဲ နာယူခဲ့ပါတယ်။ ဘုရားရှင်က အရှင်စုန္ဒမထေရ်နဲ့ အတူ လိုက်မရွတ်ဆိုခဲ့ပါဘူး။ ဒါကြောင့် တို့ဒကာ ဒကာမများလည်း ရဟန်းတော်များနဲ့ အတူလိုက်ရွတ်ဆိုခြင်းထက် ရိုသေစွာနာယူခြင်းက ပိုသင့်ပါလိမ့်မည်။

    Credit-ဓမ္မ မာမက နိုင်သပြေ မေတ္တာဖြင့် (လေးစားမှုဖြင့် ခရက်ဒစ်)

  • ဝါတြင္းသုံးလ ရက္(၉၀) ကိုးနဝင္း ပုတီးစိပ္လိုသူမ်ားအတြက္

    (Zawgyi)

    ဝါတြင္းသုံးလ ရက္ (၉၀) စိပ္ရတဲ့ ကိုးနဝင္းပုတီးစိပ္နည္းေလး ေမးေနၾကသူေတြအတြက္ တင္ေပးလိုက္ပါၿပီေနာ္။ ဝါဆိုလျပည့္ေန႔မွ သီတင္းကြၽတ္လျပည့္ေန႔ထိ ျဖစ္ပါတယ္။ သက္သတ္လြတ္ စားစရာမလိုပါ။ ေန႔တိုင္း မွန္မွန္စိပ္ဖို႔ပဲလိုပါတယ္။

    စိပ္ရမယ့္ ေန႔ရက္မ်ားကေတာ့… ဂုဏ္ေတာ္ကိုးပါးကို ေအာက္ပါအတိုင္း တစ္ပတ္စီ စိပ္ရမွာျဖစ္ပါတယ္။ (ဝါဆိုလျပည့္ေန႔ ၁၆.၇.၂၀၁၉ မွ ၂၄.၇.၂၀၁၉ အထိ)

    အရဟံ (၁) ပတ္

    သမၼာသမၺဳေဒၶါ (၁)ပတ္

    ဝိဇၨာစရဏသမၸေႏၷာ (၁)ပတ္

    သုဂေတာ (၁)ပတ္

    ေလာကဝိဒူ (၁)ပတ္

    အႏုတၱေရာပုရိသဒမၼသာရထိ (၁)ပတ္

    သတၳာေဒဝမႏုႆာနံ (၁)ပတ္

    ဗုေဒၶါ (၁)ပတ္

    ဘဂဝါ (၁)ပတ္

    အရဟံ သိဒၶိ တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၂၅.၇.၂၀၁၉ မွ ၂.၈.၂၀၁၉ အထိ)

    သမၼာသမၺဳေဒၶါ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၃.၈.၂၀၁၉ မွ ၁၁.၈.၂၀၁၉ အထိ)

    ဝိဇၨာစရဏသမၸေႏၷာ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၁၂.၈.၂၀၁၉ မွ ၂၀.၈.၂၀၁၉ အထိ)

    သုဂေတာ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၂၁.၈.၂၀၁၉ မွ ၂၉.၈.၂၀၁၉ အထိ)

    ေလာကဝိဒူ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၃၀.၈.၂၀၁၉ မွ ၇.၉.၂၀၁၉ အထိ)

    အႏုတၱေရာပုရိသဒမၼသာရထိ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၈.၉.၂၀၁၉ မွ ၁၆.၉.၂၀၁၉ အထိ)

    သတၳာေဒဝမႏုႆာနံ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၁၇.၉.၂၀၁၉ မွ ၂၅.၉.၂၀၁၉ အထိ)

    ဗုေဒၶါ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၂၆.၉.၂၀၁၉ မွ ၄.၁၀.၂၀၁၉ အထိ)

    ဘဂဝါ သိဒၶိ – တစ္ေန႔ (၁) ပတ္၊ ၉ ရက္ စိပ္ရန္ (၅.၁၀.၂၀၁၉ မွ ၁၃.၁၀.၂၀၁၉ သီတင္းကြၽတ္လျပည့္ေန႔အထိ)

    Credit-Manawmaya Journal

    (Unicode)

    ဝါတွင်းသုံးလ ရက် (၉၀) စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်းလေး မေးနေကြသူတွေအတွက် တင်ပေးလိုက်ပါပြီနော်။ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ဖြစ်ပါတယ်။ သက်သတ်လွတ် စားစရာမလိုပါ။ နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်။

    စိပ်ရမယ့် နေ့ရက်များကတော့… ဂုဏ်တော်ကိုးပါးကို အောက်ပါအတိုင်း တစ်ပတ်စီ စိပ်ရမှာဖြစ်ပါတယ်။ (ဝါဆိုလပြည့်နေ့ ၁၆.၇.၂၀၁၉ မှ ၂၄.၇.၂၀၁၉ အထိ)

    အရဟံ (၁) ပတ်

    သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

    ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

    သုဂတော (၁)ပတ်

    လောကဝိဒူ (၁)ပတ်

    အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

    သတ္ထာဒေဝမနုဿာနံ (၁)ပတ်

    ဗုဒ္ဓေါ (၁)ပတ်

    ဘဂဝါ (၁)ပတ်

    အရဟံ သိဒ္ဓိ တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၂၅.၇.၂၀၁၉ မှ ၂.၈.၂၀၁၉ အထိ)

    သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၃.၈.၂၀၁၉ မှ ၁၁.၈.၂၀၁၉ အထိ)

    ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၁၂.၈.၂၀၁၉ မှ ၂၀.၈.၂၀၁၉ အထိ)

    သုဂတော သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၂၁.၈.၂၀၁၉ မှ ၂၉.၈.၂၀၁၉ အထိ)

    လောကဝိဒူ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၃၀.၈.၂၀၁၉ မှ ၇.၉.၂၀၁၉ အထိ)

    အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၈.၉.၂၀၁၉ မှ ၁၆.၉.၂၀၁၉ အထိ)

    သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၁၇.၉.၂၀၁၉ မှ ၂၅.၉.၂၀၁၉ အထိ)

    ဗုဒ္ဓေါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၂၆.၉.၂၀၁၉ မှ ၄.၁၀.၂၀၁၉ အထိ)

    ဘဂဝါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (၅.၁၀.၂၀၁၉ မှ ၁၃.၁၀.၂၀၁၉ သီတင်းကျွတ်လပြည့်နေ့အထိ)

    Credit-Manawmaya Journal

  • အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္း ကင္းေ၀းေစရန္

    (Zawgyi)

    အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္း ကင္းေဝးေစရန္

    ၁။ ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးထဲကိုသာသုံးပါ။

    ဆံပင္ျဖဴျခင္း ကာကြယ္ဖို႔အတြက္ အေျခခံအက်ဆုံးကေတာ့ မိမိဆံသားနဲ႔ ကိုက္ညီတဲ့ ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးထဲကိုစြဲသုံးတာပဲ ျဖစ္ပါတယ္။ မိမိဆံသားနဲ႔ အဆင္ေျပတဲ့ ေခါင္းေလွ်ာ္ရည္ ရွိေနရင္ေတာ့ တစ္ျခားဟာေတြေျပာင္းၿပီး စမ္းသုံးၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေခါင္းေလွ်ာ္ရည္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းသုံးတာဟာ ဆံသားကို ထိေရာက္တဲ့ အက်ိဳးမရရွိေစတဲ့အျပင္ ဆံပင္ျဖဴတာကိုလည္းအားေပးပါတယ္။

    ၂။ ကုလားဆီးျဖဴသီး အသုံးျပဳပါ။

    ကုလားဆီးျဖဴသီးဟာ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴေပါက္တာနဲ႔ ဆံပင္ကြၽတ္တာမွ ကာကြယ္ေပးႏိုင္ပါတယ္။ အိႏၵိယဆီးျဖဴသီးကို ပါးပါးလွီးကာ ႏွစ္ရက္ခန႔္ ေနပူလွန္းၿပီးရင္ အုန္းဆီထည့္ကာ အပူေပးပါ။ ေခါင္းမေလွ်ာ္ခင္ တစ္ညေလာက္ႀကိဳတင္ၿပီး ဦးေရျပားကို ႏွံ႔စပ္ေအာင္ လိမ္းကာ မနက္ေရာက္မွ ေလွ်ာ္ပါ။ ဒါမွမဟုတ္ အိႏၵိယဆီးျဖဴသီး အပိုင္းအစေလးေတြကို ေရေႏြးထဲ ထည့္ျပဳပ္ၿပီး အေအးခံကာ အဲဒီေရနဲ႔ ေခါင္းေဆးလို႔ရပါတယ္။

    ၃။ ဆီပုံမွန္လိမ္းပါ။

    အုန္းဆီ ဒါမွမဟုတ္ မိမိလိမ္းေနက် ဆီကိုတစ္ပတ္ႏွစ္ႀကိမ္မွ သုံးႀကိမ္ လိမ္းေပးပါ။ ဆီပုံမွန္လိမ္းတာဟာ ဆံသားကို က်န္းမာသန္စြမ္းေနေစတဲ့အျပင္ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာေၾကာင့္ စိတ္ညစ္ရတာေတြမွလည္း သက္သာေစပါတယ္။

    ၄။ ေကာ္ဖီႏွင့္ အဆီပါဝင္မႈမ်ားေသာ အစာမ်ားကို ေရွာင္ပါ။

    ေကာ္ဖီ၊ အရက္၊ အဆီမ်ားတဲ့ အစာေတြကို အလြန္အကြၽံစားေသာက္ျခင္းမွ ေရွာင္ရပါမယ္။ အကယ္လို႔ စားက်င့္ရွိေနရင္ေတာင္ အနည္းငယ္ ေလ်ာ့စားေပးပါ။ တခ်ိဳ႕အစားအစာေတြဟာ ဆံသားအတြက္ လိုအပ္တဲ့ အစိုဓာတ္ကို ဆိုး႐ြားစြာေလ်ာ့နည္းေစတာေၾကာင့္ ဆံပင္ျဖဴ ျမန္ေစပါတယ္။

    Credit-အိျဖဴ(ေဆးဝါးတကၠသိုလ္)

    (Unicode)

    အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်

    ၁။ ခေါင်းလျှော်ရည် တစ်မျိုးထဲကိုသာသုံးပါ။

    ဆံပင်ဖြူခြင်း ကာကွယ်ဖို့အတွက် အခြေခံအကျဆုံးကတော့ မိမိဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုစွဲသုံးတာပဲ ဖြစ်ပါတယ်။ မိမိဆံသားနဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် ရှိနေရင်တော့ တစ်ခြားဟာတွေပြောင်းပြီး စမ်းသုံးကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတာဟာ ဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။

    ၂။ ကုလားဆီးဖြူသီး အသုံးပြုပါ။

    ကုလားဆီးဖြူသီးဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်တာနဲ့ ဆံပင်ကျွတ်တာမှ ကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယဆီးဖြူသီးကို ပါးပါးလှီးကာ နှစ်ရက်ခန့် နေပူလှန်းပြီးရင် အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ညလောက်ကြိုတင်ပြီး ဦးရေပြားကို နှံ့စပ်အောင် လိမ်းကာ မနက်ရောက်မှ လျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ ခေါင်းဆေးလို့ရပါတယ်။

    ၃။ ဆီပုံမှန်လိမ်းပါ။

    အုန်းဆီ ဒါမှမဟုတ် မိမိလိမ်းနေကျ ဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ် လိမ်းပေးပါ။ ဆီပုံမှန်လိမ်းတာဟာ ဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာကြောင့် စိတ်ညစ်ရတာတွေမှလည်း သက်သာစေပါတယ်။

    ၄။ ကော်ဖီနှင့် အဆီပါဝင်မှုများသော အစာများကို ရှောင်ပါ။

    ကော်ဖီ၊ အရက်၊ အဆီများတဲ့ အစာတွေကို အလွန်အကျွံစားသောက်ခြင်းမှ ရှောင်ရပါမယ်။ အကယ်လို့ စားကျင့်ရှိနေရင်တောင် အနည်းငယ် လျော့စားပေးပါ။ တချို့အစားအစာတွေဟာ ဆံသားအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူ မြန်စေပါတယ်။

    Credit-အိဖြူ(ဆေးဝါးတက္ကသိုလ်)

  • သံပရာခြံ အသံုးဝင္ပံု

    သံပရာခြံ အသံုးဝင္ပံု


    အရည္ညွစ္ျပီးသား သံပုရာခြံကို လႊင့္မပစ္ဘဲ ခြက္တစ္လံုးထဲထည့္ ေရေႏြးထည့္ျပီး သံပုရာေရေႏြးၾကမ္း
    အျဖစ္ေသာက္နိုင္ပါတယ္။

    သံပုရာခြံကို ေရခဲေသတၱာထဲ ထည့္ထားရင္ ေရခဲေသတၱာကို အနံ႕အသက္ကင္းစင္ေစပါတယ္။

    သံပုရာခြံကို ဆယ္မိနစ္ေလာက္မီးကင္ေပးရင္​တစ္အိမ္လံုး သံပုရာနံ႕ေမႊးေစနိုင္သလို အဲ့ဒိအနံ႕ကိုမနွစ္သက္တဲ့ ပိုးဟပ္ေတြကိုလည္း အေ၀းကိုေျပးေစပါတယ္။ အဲ့ဒိမီးကင္ျပီးသား သံပုရာခြံကို
    ေၾကာင္အိမ္ေထာင့္မွာ ထည့္ထားရင္လည္း ပိုးဟပ္ေတြကိုတားဆီးနုိင္ပါတယ္။

    ကုန္က်စရိတ္သက္သာတဲ့နည္းလမ္းမို႕လို႕ စမး္သပ္ၾကည့္ေစခ်င္ပါတယ္။

    crd;copy

    (unicode)

    သံပရာခွံ အသုံးဝင်ပုံ
    အရည်ညှစ်ပြီးသား သံပုရာခွံကို လွှင့်မပစ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးထည့်ပြီး သံပုရာရေနွေးကြမ်း
    အဖြစ်သောက်နိုင်ပါတယ်။

    သံပုရာခွံကို ရေခဲသေတ္တာထဲ ထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက်ကင်းစင်စေပါတယ်။

    သံပုရာခွံကို ဆယ်မိနစ်လောက်မီးကင်ပေးရင်တစ်အိမ်လုံး သံပုရာနံ့မွှေးစေနိုင်သလို အဲ့ဒိအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကိုပြေးစေပါတယ်။ အဲ့ဒိမီးကင်ပြီးသား သံပုရာခွံကို
    ကြောင်အိမ်ထောင့်မှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကိုတားဆီးနိုင်ပါတယ်။

    ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းမို့လို့ စမ်းသပ်ကြည့်စေချင်ပါတယ်။

  • ျမန္မာႏိုင္ငံတြင္ အရင္းအႏွီး သိန္း ၃၀ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းမ်ား

    (Zawgyi)

    အရင္းအႏွီး သိန္း ၃၀ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းမ်ား

    လုပ္ငန္းေပါင္းမ်ားစြာထဲက လုပ္ငန္း (၂၁) ခု ကို ေဖာ္ျပထားသည္။ လုပ္ငန္းလုပ္ကိုင္ရန္ စဥ္းစားေနေသာသူမ်ား အတြက္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္ ပါဝင္ကူညီ စဥ္းစားေပးျခင္းသာျဖစ္သည္။

    လုပ္ငန္း(၂၁) မ်ိဳး

    ၁။ ပင္မင္း၊ အဝတ္ေလ်ာ္ အိမ္အေရာက္ပို႔ဝန္ေဆာင္မႈ လုပ္ငန္း

    ၂။ ေခြးထိန္းသိမ္း၊ သန္႔ရွင္း ႏွင့္ အစားအစာ ( ေခြးဟိုတယ္) လုပ္ငန္း

    ၃။ ေရခဲမုန႔္၊ သစ္သီးေဖာ္ရည္ တြန္းလည္း

    ၄။ ဆင္းကဒ္ နံပါတ္အလွ ဝယ္/ေရာင္း

    ၅။ အုတ္စက္လုပ္ငန္း

    ၆။ အြန္လိုင္း ေရွာ့ပင္ ( Online Shopping)

    ၇။ ေရသန္႔လုပ္ငန္း

    ၈။ ခရီးသြား ေအဂ်န္စီ

    ၉။ တႏိုင္တပိုင္ ကုန္ပစၥည္း အိမ္အေရာက္ပို႔လုပ္ငန္း

    ၁၀။ စက္ဘီး၊ ဆိုင္ကယ္ အဌားလုပ္ငန္း

    ၁၁။ ကင္မရာ၊ ဓတ္ပုံဆိုင္

    ၁၂။ ကုန္စုံေဈးဆိုင္/ ကြမ္းယာဆိုင္/ ေငြျဖည့္ကဒ္

    ၁၃။ ပန္းအလွဆင္ႏွင့္ ပန္းေရာင္းဝယ္ေရး

    ၁၄။ အေဝးေျပးလက္မွတ္အေရာင္းဌာန

    ၁၅။ ကြန္ပ်ဴတာ စာစီစာ႐ိုက္၊ မိတၱဴလုပ္ငန္း

    ၁၆။ ေဈးကြက္သုေတသန ေကာက္ယူေရးဝန္ေဆာင္မႈ

    ၁၇။ ဒုတ္ထိုးဆိုင္/ မုန႔္ဟင္းခါးဆိုင္/ေခါက္ဆြဲဆိုင္

    ၁၈။ စက္ခ်ဳပ္ဆိုင္

    ၁၉။ အဲကြန္းဆားဗစ္ ဆိုင္

    ၂၀။ ဆံပင္ညႇပ္ဆိုင္

    ၂၁။ ဗြီဒီယို၊ ဓတ္ပုံ တည္းျဖတ္ စတူဒီယို

    ဒီ (၂၁) အျပင္ …စာဖတ္သူ မိတ္ေဆြ သေဘာက်ေသာ…သိန္း ၃၀ ျဖင့္ စတင္ႏိုင္ေသာ လုပ္ငန္းကို မန္႔ခဲ့ပါ။

    စီးပြားေရး လုပ္ကိုင္သူအခ်င္းခ်င္း ဝိုင္းဝန္းကူညီၾကပါစို႔။

    Credit-မာသင္

    (Unicode)

    အရင်းအနှီး သိန်း ၃၀ဖြင့် စတင်နိုင်သော လုပ်ငန်းများ

    လုပ်ငန်းပေါင်းများစွာထဲက လုပ်ငန်း (၂၁) ခု ကို ဖော်ပြထားသည်။ လုပ်ငန်းလုပ်ကိုင်ရန် စဉ်းစားနေသောသူများ အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီ စဉ်းစားပေးခြင်းသာဖြစ်သည်။

    လုပ်ငန်း(၂၁) မျိုး

    ၁။ ပင်မင်း၊ အဝတ်လျော် အိမ်အရောက်ပို့ဝန်ဆောင်မှု လုပ်ငန်း

    ၂။ ခွေးထိန်းသိမ်း၊ သန့်ရှင်း နှင့် အစားအစာ ( ခွေးဟိုတယ်) လုပ်ငန်း

    ၃။ ရေခဲမုန့်၊ သစ်သီးဖော်ရည် တွန်းလည်း

    ၄။ ဆင်းကဒ် နံပါတ်အလှ ဝယ်/ရောင်း

    ၅။ အုတ်စက်လုပ်ငန်း

    ၆။ အွန်လိုင်း ရှော့ပင် ( Online Shopping)

    ၇။ ရေသန့်လုပ်ငန်း

    ၈။ ခရီးသွား အေဂျန်စီ

    ၉။ တနိုင်တပိုင် ကုန်ပစ္စည်း အိမ်အရောက်ပို့လုပ်ငန်း

    ၁၀။ စက်ဘီး၊ ဆိုင်ကယ် အဌားလုပ်ငန်း

    ၁၁။ ကင်မရာ၊ ဓတ်ပုံဆိုင်

    ၁၂။ ကုန်စုံဈေးဆိုင်/ ကွမ်းယာဆိုင်/ ငွေဖြည့်ကဒ်

    ၁၃။ ပန်းအလှဆင်နှင့် ပန်းရောင်းဝယ်ရေး

    ၁၄။ အဝေးပြေးလက်မှတ်အရောင်းဌာန

    ၁၅။ ကွန်ပျူတာ စာစီစာရိုက်၊ မိတ္တူလုပ်ငန်း

    ၁၆။ ဈေးကွက်သုတေသန ကောက်ယူရေးဝန်ဆောင်မှု

    ၁၇။ ဒုတ်ထိုးဆိုင်/ မုန့်ဟင်းခါးဆိုင်/ခေါက်ဆွဲဆိုင်

    ၁၈။ စက်ချုပ်ဆိုင်

    ၁၉။ အဲကွန်းဆားဗစ် ဆိုင်

    ၂၀။ ဆံပင်ညှပ်ဆိုင်

    ၂၁။ ဗွီဒီယို၊ ဓတ်ပုံ တည်းဖြတ် စတူဒီယို

    ဒီ (၂၁) အပြင် …စာဖတ်သူ မိတ်ဆွေ သဘောကျသော…သိန်း ၃၀ ဖြင့် စတင်နိုင်သော လုပ်ငန်းကို မန့်ခဲ့ပါ။

    စီးပွားရေး လုပ်ကိုင်သူအချင်းချင်း ဝိုင်းဝန်းကူညီကြပါစို့။

    Credit-မာသင်

  • ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    (Zawgyi)

    ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္း

    လုပ္ငန္းခြင္ ဝင္ေနၾကေသာ အင္ဂ်င္နီယာမ်ား၊ ကန္ထ႐ိုက္တာမ်ား၊ ပန္းရံသမားမ်ား စသျဖင့္ ဘိလပ္ေျမနဲ႔ ပတ္သက္ဆက္ႏြယ္ေနသူအားလုံး သိေစဖို႔အတြက္ ဘိလပ္ေျမ အတုအစစ္ ခြဲျခားနည္းကို ေဖာ္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ။

    ၁။ ဘိလပ္ေျမအမႈန႔္ အနည္းငယ္ကို ေရေဖ်ာ္ၿပီး အလုံးကေလး(၂)လုံး၊ (၃)လုံးခန႔္လုံးၿပီး ခဏအေျခာက္ခံထားပါ။

    (၂)မိနစ္ခန႔္ ၾကာေသာ္ ထိုဘိလပ္ေျမလုံးမ်ားအား လက္ျဖင့္ဖိျခင္း၊ ဖ်စ္ၾကည့္ျခင္းမ်ား ျပဳလုပ္ပါ။လုံး၀ ကြဲအက္မသြားဘဲ သံခဲ၊ ေက်ာက္ခဲကဲ့သို႔ မာေနလွ်င္ ဘိလပ္ေျမ စစ္သည္။ ကြဲအက္သြားပါကဘိလပ္ေျမ အတုျဖစ္ပါသည္။

    ၂။ ဘိလပ္ေျမအမႈန႔္အနည္းငယ္ေပၚသို႔ သံပရာရည္(သို႔) ေရွာက္ရည္ အနည္းငယ္ ညႇစ္ၾကည့္ပါ။ ပြက္ပြက္ဆူလာလွ်င္ ဘိလပ္ေျမအစစ္ျဖစ္ၿပီး၊ လုံးဝဆူပြက္မလာပါက အတုျဖစ္ေၾကာင္း သိရွိႏိုင္ပါသည္။

    blended cement construction

    (အထက္ပါ နည္းမ်ားမွာ ဘိလပ္ေျမစက္႐ုံ အမွတ္(၁)၊ သရက္ၿမိဳ႕၊ အမ်ိဳးအစား စစ္ေဆးေရးဌာနမွ ဦးေအးေက်ာ္၏ ေျပာျပခ်က္ျဖစ္ပါသည္။)

    Ref – ၿမိဳ႕ျပအင္ဂ်င္နီယာမ်ားအတြက္ ရည္႐ြယ္သည္

    Credit-Wai Phyoe

    (Unicode)

    ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း

    လုပ်ငန်းခွင် ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများ စသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ်နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး(၂)လုံး၊ (၃)လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။

    (၂)မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖိခြင်း၊ ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါကဘိလပ်မြေ အတုဖြစ်ပါသည်။

    ၂။ ဘိလပ်မြေအမှုန့်အနည်းငယ်ပေါ်သို့ သံပရာရည်(သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။

    (အထက်ပါ နည်းများမှာ ဘိလပ်မြေစက်ရုံ အမှတ်(၁)၊ သရက်မြို့၊ အမျိုးအစား စစ်ဆေးရေးဌာနမှ ဦးအေးကျော်၏ ပြောပြချက်ဖြစ်ပါသည်။)

    Ref – မြို့ပြအင်ဂျင်နီယာများအတွက် ရည်ရွယ်သည်

    Credit-Wai Phyoe

  • ျမင္သူတိုင္း စားခ်င္သည့္ ငါးသံပုရာေပါင္း လုပ္နည္း

    (Zawgyi)

    ျမင္သူတိုင္း စားခ်င္သည့္ ငါးသံပုရာေပါင္း လုပ္နည္း

    ငါးသံပုရာေပါင္းကို အမ်ိဳးမ်ိဳး လုပ္စားတဲ့ နည္းထဲကမွ ဒါကနည္းတမ်ိဳးပါ။ လုပ္နည္းကေတာ့ လြယ္ကူပါတယ္။ လုပ္စားၾကည့္ေနာ္။ အျခားနည္းေတြနဲ႔လဲ အရမ္းေတာ့ သိပ္မကြာပါဘူး။ ဒါေပမယ့္ ပိုလြယ္လို႔.. လုပ္စားၾကည့္ေနာ္။

    ပါဝင္ေသာပစၥည္းမ်ား

    ၁။ ကကတစ္ငါး (သို႔) စလားဗီးယားငါး – ၁ ေကာင္

    ၂။ ၾကက္သြန္ျဖဴ – ၃ မႊာ

    ၃။ င႐ုတ္သီးစိမ္း – ၃ ေတာင့္

    ၄။ ၾကက္သြန္ၿမိတ္ – ၂ ပင္

    ၅။ နံနံပင္ – ၅ ပင္

    ၆။ ဂ်င္း – လက္တဆစ္

    ၇။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၁ ဇြန္းခြဲ

    ၈။ သၾကား (သို႔) အခ်ိဳမႈုန္႔- လက္ဖက္ရည္ဇြန္း တစ္ဝက္

    ၉။ ၾကက္သားမႈန္႔- ထမင္းစားဇြန္း ၁ ဇြန္း

    ၁၀။ သံပုရာသီး – ၁ ျခမ္း

    ၁၁။ ေရ – ၁ ခြက္

    ( ၁ ခြက္ = 240 ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း) ( ထမင္းစားဇြန္း = 1 tablespoon = 15 ml) (လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

    ျပဳလုပ္နည္း

    ၁။ ငါးကို သန္႔စင္ထားပါ။ ဂ်င္းကို ေထာင္းထားပါ။ ၾကက္သြန္ျဖဴကို ပါးပါးလွီးထားပါ။ င႐ုတ္သီးကို အေသးေလးေတြလွီးထားပါ။ ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္ကို ႏႈတ္ႏႈတ္စင္းထားပါ။

    ၂။ သန္႔စင္ထားေသာ ငါးေပၚကို ေထာင္းထားေသာ ဂ်င္းမွ အရည္မ်ား ညႇစ္ခ်ပါ။ ၿပီးလွ်င္ မိနစ္ ၂၀ခန္႔ ေပါင္းပါ။ ေပါင္းၿပီး ငါးမွထြက္လာေသာ အရည္မ်ားကို သြန္ပစ္ပါ။ (အညႇီနံ႔မ်ား ပါသြားပါလိမ့္မည္။)

    ၃။ ေပါင္းထားေသာ ငါးေပၚကို ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္မ်ား အုပ္ထားပါ။

    ၄။ ဒယ္အိုးတခုထဲတြင္ ေရထည့္၊ ၾကက္သားမႈန႔္၊ သၾကား၊ ပဲငံျပာရည္တို႔ကို ထည့္ရ်္ ဆူလာေအာင္တည္ပါ။ ဆူလာလွ်င္ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးကို ထည့္၍ င႐ုတ္သီး အနံ႔ေမႊးလာသည္အထိ တည္ပါ။ င႐ုတ္သီး အနံ႔ေမႊးလာလွ်င္ မီးဖိုကို ပိတ္၍ သံပုရာရည္ကို ညႇစ္ထည့္ပါ။ (ခ်ဥ္မခ်ဥ္ၾကည့္ၿပီး သံပုရာရည္ လိုသေလာက္ ထပ္ထည့္ပါ။)

    ၅။ ျပဳလုပ္ထားေသာ အရည္ကို ေပါင္းထားေသာ ငါးေပၚကို ဆမ္းပါ။

    ၆။ အရသာရွိရွိ ငါးသံပုရာေပါင္းကို သုံးေဆာင္ႏိုင္ပါၿပီ။

    Credit-Khin Lay

    (Unicode)

    မြင်သူတိုင်း စားချင်သည့် ငါးသံပုရာပေါင်း လုပ်နည်း

    ငါးသံပုရာပေါင်းကို အမျိုးမျိုး လုပ်စားတဲ့ နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းတွေနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။

    ပါဝင်သောပစ္စည်းများ

    ၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး – ၁ ကောင်

    ၂။ ကြက်သွန်ဖြူ – ၃ မွှာ

    ၃။ ငရုတ်သီးစိမ်း – ၃ တောင့်

    ၄။ ကြက်သွန်မြိတ် – ၂ ပင်

    ၅။ နံနံပင် – ၅ ပင်

    ၆။ ဂျင်း – လက်တဆစ်

    ၇။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ

    ၈။ သကြား (သို့) အချိုမှုုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်

    ၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

    ၁၀။ သံပုရာသီး – ၁ ခြမ်း

    ၁၁။ ရေ – ၁ ခွက်

    ( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

    ပြုလုပ်နည်း

    ၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်စင်းထားပါ။

    ၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှ အရည်များ ညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ခန့် ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ (အညှီနံ့များ ပါသွားပါလိမ့်မည်။)

    ၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။

    ၄။ ဒယ်အိုးတခုထဲတွင် ရေထည့်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်တို့ကို ထည့်ရျ် ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးကို ထည့်၍ ငရုတ်သီး အနံ့မွှေးလာသည်အထိ တည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်၍ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည် လိုသလောက် ထပ်ထည့်ပါ။)

    ၅။ ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။

    ၆။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။

    Credit-Khin Lay

  • ယင္ေကာင္လံုး၀မလာေအာင္ ဒီလိုအလြယ္ေလးလုပ္ပါ။

    (Zawgyi)

    ယင္မလာေအာင္ ဆီးျဖဴေဆာင္

    ဆီးျဖဴပင္တြင္ အံ့ဖြယ္စြမ္းအင္တို႔ ရွိပါသည္။ ေရွးက ဆီးျဖဴသီးကို သွ်ိသွ်ားသီးဟုလည္း ေခၚၾကသည္။ ဆီးျဖဴအႀကီး သွ်စ္သွ်ား၊ အငယ္ကို ဆီးျဖဴဟု ခြဲျခားေခၚၾကသည္လည္း မွတ္သားဖူးပါသည္။ ဆီးျဖဴသီးသည္ အသက္ကို ရွည္ေစရာတြင္ အမြန္ျမတ္ဆုံးအသီးဟု ေရွးဗိေႏၷာဆရာတို႔ ဆိုၾကသည္။ ဖန္ခါးသီးထက္ပင္ ဆီးျဖဴသီးသည္ ေဆးအသုံးပိုႀကီးလွသည္။ ဆီးျဖဴးသီးတြင္ ဖန္ေသာ အရသာမ်ား၍ ခ်ိဳေသာအရသာ နည္း၏။

    ဆီးျဖဴသား-

    ေရွးက မီးေသြးဖုတ္ရာတြင္ ဆီးျဖဴသားထင္း တစ္တုံးတစ္ပိုင္း ပါသြားသည္ႏွင့္ က်န္သည့္ထင္းမ်ား မီးေသြးအျဖစ္သို႔ မေရာက္ရွိေတာ့ေပ။ မီးေသြးဖို ပ်က္ေတာ့သည္။ ေကာက္ညႇင္းေပါင္း ေပါင္းရာတြင္လည္း အိုးထဲသို႔ ဆီးျဖဴသားျဖင့္ ေမႊလိုက္ပါက ေကာက္ညႇင္း မႏွပ္ေတာ့။ ဆီးျဖဴသားထဲသို႔ ျပဒါးရည္သြင္းၿပီး ဆီးျဖဴသားျဖင့္ ပိတ္၍ မီးဖုတ္က ျပဒါးအတုံးအခဲ ျဖစ္ေလသည္။ ေရွးက ေႁမြေဆး၊ ၿပီးေဆးထိုးသူတို႔ ဆီးျဖဴသီးကို မစားရ၊ ဆီးျဖဴပင္ေအာက္ မသြားရဟူ၍လည္း တားျမစ္ခ်က္ ရွိျပန္သည္။

    ဆီးျဖဴ႐ြက္ –

    အသီး၏ ေဆးစြမ္းအား လူသားတို႔အတြက္ အက်ိဳးႀကီးမားပုံက မ်ားစြာ နက္နဲက်ယ္ျပန႔္လွပါသည္။ ဆီးျဖဴ႐ြက္ ေဆးအသုံးဝင္ပုံမွာ ေရႏွင့္ (၃)ခြက္(၁)ခြက္တင္ ျပဳတ္က်ိဳၿပီး ပလုတ္က်င္းေပးပါက လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ ေပါက္ျခင္းတို႔ ခဏႏွင့္ပင္ ေပ်ာက္ကင္းပါသည္။

    အံ့ဖြယ္ဆီးျဖဴ႐ြက္၏ သတၱိမွာ –

    ယင္မလာေစျခင္းျဖစ္သည္။ ယင္ေကာင္ေၾကာင့္ လူတို႔ အလြန္စိတ္ညစ္ရပါသည္။ ယင္ေၾကာင့္ပင္ လူတို႔ဝမ္းပ်က္၊ ဝမ္းေလ်ာျခင္းတို႔ ျဖစ္ရကာ အသက္အႏၲရာယ္ေပးသည္အထိ ျဖစ္ရေလသည္။

    လက္ေတြ႕စမ္းရန္မွာ –

    ဆီးျဖဴကိုင္းႏွင့္ ဆီးျဖဴ႐ြက္မ်ားကို မိမိထမင္းစားဝိုင္းႏွင့္ အနီးစပ္ဆုံး ေနရာတြင္ျဖစ္ေစ၊ အေပၚမွႀကိဳးျဖင့္ ခ်ိတ္ဆြဲ၍ျဖစ္ေစ ထားၾကည့္လိုက္ပါ။ ထမင္းစားဝိုင္းကို ယင္လာေတာ့မည္ မဟုတ္ေတာ့ေပ။ ထိုနည္းမွာ ယင္ေပၚမ်ားေသာ ရာသီကာလတိုင္း ေက်းလက္ေတာ႐ြာမ်ားတြင္ ယင္ေကာင္မလာေစေရး ႀကိဳတင္ကာကြယ္သည့္ နည္းျဖစ္ပါ၍ လိုသူတို႔သုံးႏိုင္ပါရန္ သိမီသမွ် သုတေလးအား တင္ျပလိုက္ပါသည္။

    အကိုးအကား- သူရဇၨမဂၢဇင္းအတြဲ(၁၇) အမွတ္(၁၂), နတ္ေမာက္မင္းခ်စ္ေနာ္ (ယင္မလာေအာင္မွ)

    Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

    (Unicode)

    ယင်မလာအောင် ဆီးဖြူဆောင်

    ဆီးဖြူပင်တွင် အံ့ဖွယ်စွမ်းအင်တို့ ရှိပါသည်။ ရှေးက ဆီးဖြူသီးကို သျှိသျှားသီးဟုလည်း ခေါ်ကြသည်။ ဆီးဖြူအကြီး သျှစ်သျှား၊ အငယ်ကို ဆီးဖြူဟု ခွဲခြားခေါ်ကြသည်လည်း မှတ်သားဖူးပါသည်။ ဆီးဖြူသီးသည် အသက်ကို ရှည်စေရာတွင် အမွန်မြတ်ဆုံးအသီးဟု ရှေးဗိန္နောဆရာတို့ ဆိုကြသည်။ ဖန်ခါးသီးထက်ပင် ဆီးဖြူသီးသည် ဆေးအသုံးပိုကြီးလှသည်။ ဆီးဖြူးသီးတွင် ဖန်သော အရသာများ၍ ချိုသောအရသာ နည်း၏။

    ဆီးဖြူသား-

    ရှေးက မီးသွေးဖုတ်ရာတွင် ဆီးဖြူသားထင်း တစ်တုံးတစ်ပိုင်း ပါသွားသည်နှင့် ကျန်သည့်ထင်းများ မီးသွေးအဖြစ်သို့ မရောက်ရှိတော့ပေ။ မီးသွေးဖို ပျက်တော့သည်။ ကောက်ညှင်းပေါင်း ပေါင်းရာတွင်လည်း အိုးထဲသို့ ဆီးဖြူသားဖြင့် မွှေလိုက်ပါက ကောက်ညှင်း မနှပ်တော့။ ဆီးဖြူသားထဲသို့ ပြဒါးရည်သွင်းပြီး ဆီးဖြူသားဖြင့် ပိတ်၍ မီးဖုတ်က ပြဒါးအတုံးအခဲ ဖြစ်လေသည်။ ရှေးက မြွေဆေး၊ ပြီးဆေးထိုးသူတို့ ဆီးဖြူသီးကို မစားရ၊ ဆီးဖြူပင်အောက် မသွားရဟူ၍လည်း တားမြစ်ချက် ရှိပြန်သည်။

    ဆီးဖြူရွက် –

    အသီး၏ ဆေးစွမ်းအား လူသားတို့အတွက် အကျိုးကြီးမားပုံက များစွာ နက်နဲကျယ်ပြန့်လှပါသည်။ ဆီးဖြူရွက် ဆေးအသုံးဝင်ပုံမှာ ရေနှင့် (၃)ခွက်(၁)ခွက်တင် ပြုတ်ကျိုပြီး ပလုတ်ကျင်းပေးပါက လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းတို့ ခဏနှင့်ပင် ပျောက်ကင်းပါသည်။

    အံ့ဖွယ်ဆီးဖြူရွက်၏ သတ္တိမှာ –

    ယင်မလာစေခြင်းဖြစ်သည်။ ယင်ကောင်ကြောင့် လူတို့ အလွန်စိတ်ညစ်ရပါသည်။ ယင်ကြောင့်ပင် လူတို့ဝမ်းပျက်၊ ဝမ်းလျောခြင်းတို့ ဖြစ်ရကာ အသက်အန္တရာယ်ပေးသည်အထိ ဖြစ်ရလေသည်။

    လက်တွေ့စမ်းရန်မှာ –

    ဆီးဖြူကိုင်းနှင့် ဆီးဖြူရွက်များကို မိမိထမင်းစားဝိုင်းနှင့် အနီးစပ်ဆုံး နေရာတွင်ဖြစ်စေ၊ အပေါ်မှကြိုးဖြင့် ချိတ်ဆွဲ၍ဖြစ်စေ ထားကြည့်လိုက်ပါ။ ထမင်းစားဝိုင်းကို ယင်လာတော့မည် မဟုတ်တော့ပေ။ ထိုနည်းမှာ ယင်ပေါ်များသော ရာသီကာလတိုင်း ကျေးလက်တောရွာများတွင် ယင်ကောင်မလာစေရေး ကြိုတင်ကာကွယ်သည့် နည်းဖြစ်ပါ၍ လိုသူတို့သုံးနိုင်ပါရန် သိမီသမျှ သုတလေးအား တင်ပြလိုက်ပါသည်။

    အကိုးအကား- သူရဇ္ဇမဂ္ဂဇင်းအတွဲ(၁၇) အမှတ်(၁၂), နတ်မောက်မင်းချစ်နော် (ယင်မလာအောင်မှ)

    Credit-ရဲမျိုးသူ(ဗောဓိမြိုင်)