Author: shangyi

  • “ေမွ်ာ့”က အလွဖန္တီးရွင္ေလးပါ

    “ေမွ်ာ့”က အလွဖန္တီးရွင္ေလးပါ
    ငယ္ငယ္တုန္းက ေက်ာင္းပိတ္ရက္ေတြဆို သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီး ရြာေနာက္က စမ္းေခ်ာင္းထဲမွာ ငါးသြားမွ်ားေလ့ရွိတယ္။ လယ္ကြင္းျပင္ေတြ ျဖတ္ၿပီး သြားရတဲ့အတြက္ စမ္းေခ်ာင္းနားေရာက္တာနဲ႔ အရင္ဆံုး လုပ္ရတဲ့ အလုပ္ကေတာ့ ေျခေထာက္မွာ တြဲေလာင္း တြဲေလာင္း ကပ္တြယ္ေနတဲ့ လက္သန္းသာသာေလာက္ရွိ ေမွ်ာ့ႀကီးေတြကို ခြါပစ္ရတဲ့အလုပ္ပဲ။ အသဲယားအူယားတတ္တဲ့လူေတြဆို ၾကည့္ေတာင္ မၾကည့္ရဲၾကဘူး။ မိုးတြင္းကာလဆို အဆိုးဆံုး။ မုိးက်တာနဲ႔ လယ္ကြင္းေတြထဲ အမ်ားဆံုးေပါက္ေနတဲ့ အေကာင္ပေလာင္ေတြကေတာ့ ေမွ်ာ့ေတြပါပဲ။ မိန္းကေလးေတြ ဘယ္သူမွ မသြားရဲၾကဘူး။ ေမွ်ာ့အတြယ္ခံရမွာစိုးလို႔ တဲ့။ က်ဳပ္တုိ႔ ေကာင္ေလးေတြကေတာ့ တီေတြ ေမွ်ာ့ေတြ မေျပာနဲ႔ တစ္ခါတစ္ေလ ေျမြေတြေတာင္ ဖမ္းၿပီး အိပ္ေထာင့္ထဲ ထည့္ထားလိုက္ေသးတယ္။ ေၾကာက္ရမွန္းမသိ၊ လန္႔ရမွန္းမသိေပါ့။

    တစ္ခါတစ္ေလ ေျခေထာက္မွာတြယ္ကပ္ေသြးစုပ္ေနတဲ့ ေမွ်ာ့ေကာင္ေတြကို ေတာ္ေတာ္နဲ႔ ခြါလုိ႔မရဘူး။ အဲဒီေတာ့ ဘာလုပ္ရသလဲဆိုရင္ အသင့္ယူလာတဲ့ ဆားေတြနဲ႔ အံုလိုက္ရတယ္။ တီ၊ ေက်ာ့၊ ေမွ်ာ့ ဆိုတဲ့အေကာင္ေတြ အေၾကာက္ဆံုးက ဆားပဲ မဟုတ္လား။ ေမွ်ာ့ေကာင္ေတြ ဆားကို ေၾကာက္သလို လူအေတာ္မ်ားမ်ားလည္း ေမွ်ာ့ကို ေၾကာက္ၾကသဗ်ား။ အသဲယားတယ္ ဆိုကိုး။ ဒါေပမဲ့ ဒီကေန႔ေခတ္မွာေတာ့ ဒီေမွ်ာ့ေကာင္ေတြဟာ ေၾကာက္စရာမဟုတ္ေတာ့့တဲ့အျပင္ ေဆးဘက္မွာေရာ၊ အလွကုန္ပစၥည္းတစ္မ်ိဳးအေနနဲ႔ပါ အသံုး၀င္လာၿပီ။ အဲဒီေမွ်ာ့ေတြကို ေဆးဘက္နဲ႔ အလွျပဳျပင္ေရးဘက္ေတြမွာ ယေန႔အမ်ားဆံုး အသံုးျပဳေနတဲ့ ႏိုင္ငံကေတာ့ ရုရွားေပါ့။

    ဆရာ၀န္တစ္ေယာက္ကေျပာတယ္ “ေမွ်ာ့ေတြဟာ ေရာဂါအားလံုးေလာက္နီးပါးကို ကုစားႏိုင္တယ္” တဲ့ဗ်ား။ ေမာ္စကိုၿမိဳ႕က Kimberlyland Academy of Beauty ဆိုတဲ့ အလွဖန္တီးမႈသင္တန္းေက်ာင္းရဲ႕ေဆာင္ပုဒ္တစ္ခုကေတာ့ “ႏုပ်ိဳမႈနဲ႔ လွပမႈေတြကို အစဥ္ေပးစြမ္းတာကေတာ့ ေဟာဒီေမွ်ာ့ကေလးေတြေပါ့” ဆိုပဲ။

    ေမာ္စကိုၿမိဳ႕ျပင္တစ္ေနရာမွာ ေမွ်ာ့ေမြးျမဴေရးကုမၸဏီႀကီး တစ္ခုရွိတယ္။ အဲဒီမွာ ေမွ်ာ့အေကာင္ေပါင္း ႏွစ္သန္းေက်ာ္ေက်ာ္ေလာက္ကို ေမြးထားသတဲ့။ ေနာက္ၿပီး ေမွ်ာ့တစ္ေကာင္ကို စတာလင္ တစ္ေပါင္ႏႈံးနဲ႔ ေရာင္းစားဆိုပဲ။ ျဖစ္လိုက္မည့္ စီးပြါးဗ်ာ။ ေမွ်ာ့အလြန္ေပါတဲ့ ျမန္မာျပည္မွာ ဒီစီးပြါးေရး ထူေထာင္ရင္ မဆိုးေလာက္ဘူး။

    ေမွ်ာ့ပါရဂူႀကီးေတြ အဆိုအရ ေမွ်ာ့တစ္ေကာင္မွာ ေမးရိုးသံုးခုပါၿပီး သြားအေခ်ာင္းေပါင္း ကိုးဆယ္ ပါသတဲ့။ ကမၻာေပၚမွာ သြားအမ်ားဆံုး သတၱ၀ါတစ္မ်ိဳးျဖစ္မယ္ ထင္တယ္။ ေမွ်ာ့သတၱ၀ါရဲ႕ အသံုးက်မႈကဘာလဲဆိုရင္ အာရံုမခံစားႏိုင္မႈကို ျဖစ္ေစတဲ့ သဘာ၀အေလ်ာက္ျဖစ္ေပၚလာတဲ့ ေသြးခဲမႈေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုတယ္။ ေသြးခဲ့မႈေၾကာင့္ ကိုယ္ခႏၶာတစ္ခုလံုးေလးလံထိုင္းမႈိင္းမႈေတြျဖစ္ေနရင္ ေမွ်ာ့ေတြကို ကိုယ္မွာတြယ္ကပ္ၿပီး ေသြးစုပ္ေစျခင္းအားျဖင့္ ခဲေနတဲ့ေသြးေတြဟာ ျပန္လည္ေပ်ာ္စီးသြားၿပီး ေသြးလည္ပတ္မႈပံုမွန္ျပန္ျဖစ္ေစပါတယ္။

    အသက္ (၃၅) ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Irina Eliseyeva ကေတာ့ သူမရဲ႕ အလွကို ထိမ္းသိမ္းတဲ့ေနရာမွာ ေမွ်ာ့ေတြကို အသံုးျပဳတယ္လို႔ ဆိုပါတယ္။ သူေျပာတာက “ဒီေကာင္ေလးေတြဟာ က်မကို အစဥ္အလွတိုးေစရံုမက က်မရဲ႕ အသားအေရကိုလည္း ပိုမိုက်မ္းမာစိုေျပေစပါတယ္၊ က်မမ်က္ႏွာျပင္ဟာ အၿမဲတမ္းေသြးေယာင္သန္းၿပီ အစဥ္ႏုပ်ိဳေနရံုမက ဒီေမွ်ာ့ေကာင္ေလးေတြက အေရတြန္႔ေနတာေတြကိုပါ ဖယ္ရွားေပးပါတယ္” ဆိုပဲ။

    ေမွ်ာ့ေမြးျမဴေရးဌာက ကုမၸဏီမန္ေနဂ်ာတစ္ေယာက္ျဖစ္တဲ့ Elena Titova ကေတာ့ “လူသားေတြနဲ႔ ေမွ်ာ့ေတြအၾကားမွာ ထူးျခားတဲ့ ဆက္သြယ္မႈေတြရွိေနပါတယ္၊ အဲဒီအထဲ အမ်ိဳးသမီးေတြဟာ မိခင္စိတ္မ်ားသူေတြ ျဖစ္တာေၾကာင့္ အမ်ိဳးသားေတြနဲ႔ စာရင္ ေမွ်ာ့ကို အသံုးျပဳၿပီး အရြယ္ထိမ္းတဲ့ေနရာမွာ ပိုၿပီးသင့္ေတာ္ပါတယ္” လို႔ မွတ္ခ်က္ေပးထားပါတယ္။

    hyperactivity လို႔ေခၚတဲ့ ဂနာမၿငိမ္ေရာဂါခံစားေနရတဲ့ အသက္ (၇)ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ကို သူ႔ဆရာ၀န္က ေမွ်ာ့ေတြကို အသံုးျပဳၿပီး ေဆးကုသေပးခဲ့ပါတယ္။ အဲဒီဆရာ၀န္ကပဲ အထက္က စကားကို ေျပာၾကားခဲ့တာပါ။

    အဲဒီေတာ့ က်ေနာ္တို႔ အသဲယားအူယားျဖစ္ၿပီး ေၾကာက္လန္႔ေနတဲ့ ေမွ်ာ့ေကာင္ေတြဟာ တကယ္ေတာ့ လူသားေတြရဲ႕ က်မ္းမာေရးဘက္မွာေရာ၊ အလွဖန္တီးတဲ့ေနရာမွာပါ အသံုးက်လွေၾကာင္း ႀကံဳႀကိဳက္တုန္း တင္ျပေပးလိုက္ပါတယ္။ ဒီတစ္ခါ ေျခေထာက္မွာ ေမွ်ာ့အတြယ္ခံရရင္ေတာ့ တြယ္ခ်င္သေလာက္တြယ္ မခြါေတာ့ဘူး။ အမ်ိဳးသမီးေတြကိုလည္း အႀကံေပး ရဦးမယ္။ လွပႏုပ်ိဳမႈေတြနဲ႔ ကိုယ့္ဘ၀ကို ထာ၀စဥ္ထိန္းသိမ္းထားခ်င္သပဆိုရင္ေတာ့ သတင္းေကာင္းေပးလိုက္ပါတယ္။ “က်ေနာ္မင္းထက္ ေမွ်ာ့ေရာင္းစားေတာ့မယ္” လို႔။ တြယ္မယ္။

    Crd;copy

    (unucode)

    “မျှော့”က အလှဖန်တီးရှင်လေးပါ
    ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ မိုးကျတာနဲ့ လယ်ကွင်းတွေထဲ အများဆုံးပေါက်နေတဲ့ အကောင်ပလောင်တွေကတော့ မျှော့တွေပါပဲ။ မိန်းကလေးတွေ ဘယ်သူမှ မသွားရဲကြဘူး။ မျှော့အတွယ်ခံရမှာစိုးလို့ တဲ့။ ကျုပ်တို့ ကောင်လေးတွေကတော့ တီတွေ မျှော့တွေ မပြောနဲ့ တစ်ခါတစ်လေ မြွေတွေတောင် ဖမ်းပြီး အိပ်ထောင့်ထဲ ထည့်ထားလိုက်သေးတယ်။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိပေါ့။

    တစ်ခါတစ်လေ ခြေထောက်မှာတွယ်ကပ်သွေးစုပ်နေတဲ့ မျှော့ကောင်တွေကို တော်တော်နဲ့ ခွါလို့မရဘူး။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် အသင့်ယူလာတဲ့ ဆားတွေနဲ့ အုံလိုက်ရတယ်။ တီ၊ ကျော့၊ မျှော့ ဆိုတဲ့အကောင်တွေ အကြောက်ဆုံးက ဆားပဲ မဟုတ်လား။ မျှော့ကောင်တွေ ဆားကို ကြောက်သလို လူအတော်များများလည်း မျှော့ကို ကြောက်ကြသဗျား။ အသဲယားတယ် ဆိုကိုး။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ဒီမျှော့ကောင်တွေဟာ ကြောက်စရာမဟုတ်တော့တဲ့အပြင် ဆေးဘက်မှာရော၊ အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့ပါ အသုံးဝင်လာပြီ။ အဲဒီမျှော့တွေကို ဆေးဘက်နဲ့ အလှပြုပြင်ရေးဘက်တွေမှာ ယနေ့အများဆုံး အသုံးပြုနေတဲ့ နိုင်ငံကတော့ ရုရှားပေါ့။

    ဆရာဝန်တစ်ယောက်ကပြောတယ် “မျှော့တွေဟာ ရောဂါအားလုံးလောက်နီးပါးကို ကုစားနိုင်တယ်” တဲ့ဗျား။ မော်စကိုမြို့က Kimberlyland Academy of Beauty ဆိုတဲ့ အလှဖန်တီးမှုသင်တန်းကျောင်းရဲ့ဆောင်ပုဒ်တစ်ခုကတော့ “နုပျိုမှုနဲ့ လှပမှုတွေကို အစဉ်ပေးစွမ်းတာကတော့ ဟောဒီမျှော့ကလေးတွေပေါ့” ဆိုပဲ။

    မော်စကိုမြို့ပြင်တစ်နေရာမှာ မျှော့မွေးမြူရေးကုမ္ပဏီကြီး တစ်ခုရှိတယ်။ အဲဒီမှာ မျှော့အကောင်ပေါင်း နှစ်သန်းကျော်ကျော်လောက်ကို မွေးထားသတဲ့။ နောက်ပြီး မျှော့တစ်ကောင်ကို စတာလင် တစ်ပေါင်နှုံးနဲ့ ရောင်းစားဆိုပဲ။ ဖြစ်လိုက်မည့် စီးပွါးဗျာ။ မျှော့အလွန်ပေါတဲ့ မြန်မာပြည်မှာ ဒီစီးပွါးရေး ထူထောင်ရင် မဆိုးလောက်ဘူး။

    မျှော့ပါရဂူကြီးတွေ အဆိုအရ မျှော့တစ်ကောင်မှာ မေးရိုးသုံးခုပါပြီး သွားအချောင်းပေါင်း ကိုးဆယ် ပါသတဲ့။ ကမ္ဘာပေါ်မှာ သွားအများဆုံး သတ္တဝါတစ်မျိုးဖြစ်မယ် ထင်တယ်။ မျှော့သတ္တဝါရဲ့ အသုံးကျမှုကဘာလဲဆိုရင် အာရုံမခံစားနိုင်မှုကို ဖြစ်စေတဲ့ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ သွေးခဲမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။ သွေးခဲ့မှုကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးလေးလံထိုင်းမှိုင်းမှုတွေဖြစ်နေရင် မျှော့တွေကို ကိုယ်မှာတွယ်ကပ်ပြီး သွေးစုပ်စေခြင်းအားဖြင့် ခဲနေတဲ့သွေးတွေဟာ ပြန်လည်ပျော်စီးသွားပြီး သွေးလည်ပတ်မှုပုံမှန်ပြန်ဖြစ်စေပါတယ်။

    အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Irina Eliseyeva ကတော့ သူမရဲ့ အလှကို ထိမ်းသိမ်းတဲ့နေရာမှာ မျှော့တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ သူပြောတာက “ဒီကောင်လေးတွေဟာ ကျမကို အစဉ်အလှတိုးစေရုံမက ကျမရဲ့ အသားအရေကိုလည်း ပိုမိုကျမ်းမာစိုပြေစေပါတယ်၊ ကျမမျက်နှာပြင်ဟာ အမြဲတမ်းသွေးယောင်သန်းပြီ အစဉ်နုပျိုနေရုံမက ဒီမျှော့ကောင်လေးတွေက အရေတွန့်နေတာတွေကိုပါ ဖယ်ရှားပေးပါတယ်” ဆိုပဲ။

    မျှော့မွေးမြူရေးဌာက ကုမ္ပဏီမန်နေဂျာတစ်ယောက်ဖြစ်တဲ့ Elena Titova ကတော့ “လူသားတွေနဲ့ မျှော့တွေအကြားမှာ ထူးခြားတဲ့ ဆက်သွယ်မှုတွေရှိနေပါတယ်၊ အဲဒီအထဲ အမျိုးသမီးတွေဟာ မိခင်စိတ်များသူတွေ ဖြစ်တာကြောင့် အမျိုးသားတွေနဲ့ စာရင် မျှော့ကို အသုံးပြုပြီး အရွယ်ထိမ်းတဲ့နေရာမှာ ပိုပြီးသင့်တော်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။

    hyperactivity လို့ခေါ်တဲ့ ဂနာမငြိမ်ရောဂါခံစားနေရတဲ့ အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို သူ့ဆရာဝန်က မျှော့တွေကို အသုံးပြုပြီး ဆေးကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန်ကပဲ အထက်က စကားကို ပြောကြားခဲ့တာပါ။

    အဲဒီတော့ ကျနော်တို့ အသဲယားအူယားဖြစ်ပြီး ကြောက်လန့်နေတဲ့ မျှော့ကောင်တွေဟာ တကယ်တော့ လူသားတွေရဲ့ ကျမ်းမာရေးဘက်မှာရော၊ အလှဖန်တီးတဲ့နေရာမှာပါ အသုံးကျလှကြောင်း ကြုံကြိုက်တုန်း တင်ပြပေးလိုက်ပါတယ်။ ဒီတစ်ခါ ခြေထောက်မှာ မျှော့အတွယ်ခံရရင်တော့ တွယ်ချင်သလောက်တွယ် မခွါတော့ဘူး။ အမျိုးသမီးတွေကိုလည်း အကြံပေး ရဦးမယ်။ လှပနုပျိုမှုတွေနဲ့ ကိုယ့်ဘဝကို ထာဝစဉ်ထိန်းသိမ်းထားချင်သပဆိုရင်တော့ သတင်းကောင်းပေးလိုက်ပါတယ်။ “ကျနော်မင်းထက် မျှော့ရောင်းစားတော့မယ်” လို့။ တွယ်မယ်။

  • သက္ရွည္က်န္းမာျခင္းရဲ႕ လွိဳ႕ဝွက္ခ်က္

    သက္ရွည္က်န္းမာျခင္းရဲ႕ လွိဳ႕ဝွက္ခ်က္

    အိပ္စက္ျခင္းဟာ က်န္းမာတဲ့လူေနမႈဘဝအတြက္ အေရးအၾကီးဆံုး လိုအပ္ခ်က္ ျဖစ္ပါတယ္။ အိပ္စက္ခ်ိန္ လံုေလာက္စြာ ရရွိျခင္းက ခႏၶာကုိယ္စြမ္းအင္ကိုသာမက စိတ္ပိုင္းဆိုင္ရာမွာပါ အင္အားျပည့္ေစပါတယ္။ အိပ္စက္ခ်ိန္လံုေလာက္စြာ ရရွိျခင္းက နာတာရွည္ေရာဂါမ်ား ျဖစ္ပြားမႈကေန ကာကြယ္ေပးႏိုင္တဲ့အျပင္ က်န္းမာေရးကို ေကာင္းစြာ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေစပါတယ္။ ဒါေၾကာင့္ ေကာင္းမြန္တဲ့ က်န္းမာေရး ရရွိေစဖို႕အတြက္ အိပ္စက္ခ်ိန္ လံုေလာက္ဖို႕ ၾကိဳစားသင့္ပါတယ္။

    တခ်ိဳ႕လူေတြက ေခါင္းအံုးနဲ႕ ဦးေခါင္းနဲ႕ ထိလိုက္တာနဲ႕ အိပ္ေပ်ာ္တတ္ၾကျပီး တခ်ိဳ႕လူေတြကေတာ့ နာရီဝက္၊ တစ္နာရီၾကာတာေတာင္ အိပ္မေပ်ာ္ႏုိင္ၾကပါဘူး။ ဒီလိုလူေတြအတြက္ အိပ္စက္ခ်ိန္လံုေလာက္စြာ ရရွိဖို႕က ခဲယဥ္းလြန္းလွပါတယ္။ ဒါေၾကာင့္ က်န္းမာတဲ့ဘဝေနထိုင္မႈကို ပိုင္ဆိုင္ဖို႕ဆိုရင္ ကိုယ့္ရဲ႕ အမူအက်င့္ေတြကို ေျပာင္းလဲေပးဖိုက လိုအပ္ပါတယ္။

    အိပ္စက္ခ်ိန္ လံုေလာက္ေၾကာင္း ဘယ္လိုသိရွိႏုိင္မလဲ???
    လွဲခ်လိုက္တာနဲ႕ ၁၅ မိနစ္အတြင္း အိပ္ေပ်ာ္သြားႏိုင္တဲ့လူမ်ိဳးအတြက္ အိပ္စက္ခ်ိန္မလံုေလာက္မွာ ပူစရာမလိုပါဘူး။
    သင့္ရဲ႕ အိပ္စက္ခ်ိန္က တစ္ေန႕ကို ၉ နာရီခန္႕ ပံုမွန္ ရွိတယ္ဆိုရင္လည္း သင္ဟာ က်န္းမာတဲ့လူတစ္ေယာက္ ျဖစ္ေနမယ္ဆိုတာကို ခန္႕မွန္းလို႕ရပါတယ္။
    အိပ္ယာက ႏိုးထလာတဲ့ အခ်ိန္တိုင္းမွန္ လန္းဆန္းေနတာကလည္း အိပ္ေရးဝျခင္းရဲ႕ သေကၤတ တစ္ခုပါ။

    လူတိုင္းမွာ ရွိသင့္တဲ့ အိပ္စက္ခ်ိန္ေတြက ???
    ပ်မ္းမွ်အားျဖင့္ ၁၄ ႏွစ္ကေန ၁၇ ႏွစ္ၾကား ဆယ္ေက်ာ္သက္ေတြက အိပ္စက္ခ်ိန္ အနည္းဆံုး တစ္ေန႕လွ်င္ ၈နာရီမွ ၁၀ နာရီထိ ရွိသင့္ပါတယ္။ အသက္ ၁၈ ႏွစ္ကေန ၂၅ ႏွစ္ၾကား အရြယ္ လူငယ္ေတြကေတာ့ အိပ္စက္ခ်ိန္ အနည္းဆံုး တစ္ေန႕လွ်င္ ၇နာရီမွ ၉ နာရီၾကားထိ ရွိသင့္ပါတယ္။ ၂၆ ႏွစ္ကေန ၆၄ ႏွစ္ၾကား အရြယ္ေတြကေတာ့ ပ်မ္းမွ်အားျဖင့္ ၇ နာရီကေန ၉ နာရီၾကားရွိသင့္ျပီး ၆၅ ႏွစ္အထက္ အရြယ္ေတြကေတာ့ တစ္ေန႕လွ်င္ အနည္းဆံုး အိပ္စက္ခ်ိန္ ၇ နာရီမွ် ၈နာရီထိ ရွိသင့္ပါတယ္။
    crd;Caremebot

    (unicode)

    သက်ရှည်ကျန်းမာခြင်းရဲ့ လှို့ဝှက်ချက်

    အိပ်စက်ခြင်းဟာ ကျန်းမာတဲ့လူနေမှုဘဝအတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ အိပ်စက်ချိန် လုံလောက်စွာ ရရှိခြင်းက ခန္ဓာကိုယ်စွမ်းအင်ကိုသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အင်အားပြည့်စေပါတယ်။ အိပ်စက်ချိန်လုံလောက်စွာ ရရှိခြင်းက နာတာရှည်ရောဂါများ ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်စေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေး ရရှိစေဖို့အတွက် အိပ်စက်ချိန် လုံလောက်ဖို့ ကြိုစားသင့်ပါတယ်။

    တချို့လူတွေက ခေါင်းအုံးနဲ့ ဦးခေါင်းနဲ့ ထိလိုက်တာနဲ့ အိပ်ပျော်တတ်ကြပြီး တချို့လူတွေကတော့ နာရီဝက်၊ တစ်နာရီကြာတာတောင် အိပ်မပျော်နိုင်ကြပါဘူး။ ဒီလိုလူတွေအတွက် အိပ်စက်ချိန်လုံလောက်စွာ ရရှိဖို့က ခဲယဉ်းလွန်းလှပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲပေးဖိုက လိုအပ်ပါတယ်။

    အိပ်စက်ချိန် လုံလောက်ကြောင်း ဘယ်လိုသိရှိနိုင်မလဲ???
    လှဲချလိုက်တာနဲ့ ၁၅ မိနစ်အတွင်း အိပ်ပျော်သွားနိုင်တဲ့လူမျိုးအတွက် အိပ်စက်ချိန်မလုံလောက်မှာ ပူစရာမလိုပါဘူး။
    သင့်ရဲ့ အိပ်စက်ချိန်က တစ်နေ့ကို ၉ နာရီခန့် ပုံမှန် ရှိတယ်ဆိုရင်လည်း သင်ဟာ ကျန်းမာတဲ့လူတစ်ယောက် ဖြစ်နေမယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။
    အိပ်ယာက နိုးထလာတဲ့ အချိန်တိုင်းမှန် လန်းဆန်းနေတာကလည်း အိပ်ရေးဝခြင်းရဲ့ သငေ်္ကတ တစ်ခုပါ။

    လူတိုင်းမှာ ရှိသင့်တဲ့ အိပ်စက်ချိန်တွေက ???
    ပျမ်းမျှအားဖြင့် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေက အိပ်စက်ချိန် အနည်းဆုံး တစ်နေ့လျှင် ၈နာရီမှ ၁၀ နာရီထိ ရှိသင့်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား အရွယ် လူငယ်တွေကတော့ အိပ်စက်ချိန် အနည်းဆုံး တစ်နေ့လျှင် ၇နာရီမှ ၉ နာရီကြားထိ ရှိသင့်ပါတယ်။ ၂၆ နှစ်ကနေ ၆၄ နှစ်ကြား အရွယ်တွေကတော့ ပျမ်းမျှအားဖြင့် ၇ နာရီကနေ ၉ နာရီကြားရှိသင့်ပြီး ၆၅ နှစ်အထက် အရွယ်တွေကတော့ တစ်နေ့လျှင် အနည်းဆုံး အိပ်စက်ချိန် ၇ နာရီမျှ ၈နာရီထိ ရှိသင့်ပါတယ်

  • တစ္​ခ်ိန္​ခ်ိန္​အသံုးဝင္​လာမွာပါ /သင္​႔ဖုန္​းထဲမယ္​ သိမ္​းထားပါ

    (တစ္​ခ်ိန္​ခ်ိန္​အသံုးဝင္​လာမွာပါ /သင္​႔ဖုန္​းထဲမယ္​ သိမ္​းထားပါ)

    ၁။ ဆားအခတ္​မ်ားသြားလွ်င္​ အာလူးအလုံးလိုက္​ (၂/၄)လုံးထည္​့ပါ။

    ၂။ ပဲျပဳတ္​သည္​့အခါ စားခ်င္​သဖြယ္​….အိအိ​ေဖာင္​း​ေဖာင္​း စိမ္​့စိမ္​့​ေလးျဖစ္​​ေအာင္​ ေရလဲၿပီး​ေသာအခါ ​ေရအနည္​ငယ္​ ထည္​့၍ ထန္​းလ်က္​(၂)လုံးခန္​႔ ထည္​့ထားလိုက္​ပါ။

    ၃။ ကန္​စြန္​းရြက္​ကို အစိမ္​း​ေရာင္​​ေလး အတိုင္​းပဲ စားခ်င္​သဖြယ္​ျဖစ္​လိုပါက အဖုံးမအုပ္​ပဲ ​ေၾကာ္​ပါ။

    ၄။ ဒန္​အိုးဒန္​ခြက္​မ်ား ​ေျပာင္​စင္​လိုပါက ေဂၚဖီထုတ္​မွ အရြက္​ၾကမ္​းျဖင္​့ ပြတ္​တိုက္​ပါ။

    ၅။ လက္​ဘက္​ရည္​အိုး၊ခြက္​၊ အစြန္​း အ​ေထးမ်ား​ေျပာင္​စင္​လိုပါကေဆာ္​ဒါ(သို႔မဟုတ္​-လက္​ခ်ားအမႈန္​႔)ထည္​့ၿပီး ညသိပ္​ထားပါ။

    ၆။ အိမ္​သာ​ေႂကြခြက္​,​ေက်ာက္​ျပားမ်ား သန္​႔႐ွင္​းလိုပါက လက္​ခ်ားမႈန္​႕ႏွင္​့​ေ႐ွာက္​ရည္​​ ေရာစပ္​ၿပီး ပြတ္​တိုက္​ပါ။

    ၇။ ယင္​​ေပါလွ်င္​ ဖ​ေယာင္​းတိုင္​ (၂)တိုင္​ ထြန္​းပါ။

    ၈။ အကၤ်ီ​ေကာ္​လံမွ ဆီ​ေခ်းမ်ားကို ႐ွန္​ပူ​ေခါင္​း​ေလွ်ာ္​ရည္​ျဖင္​့ပြတ္​တိုက္​​ေလွ်ာ္​ပါ။

    ၉။ ပုရြက္​ဆိတ္​မလာလို​ေသာ္​ကန္​႕မႈတ္​ကို နည္​းနည္​းျဖဴး​ေပးပါ။

    ၁၀။ ဟင္​းရဲ႔အနံ႔အသက္​ လက္​မွာစြဲ​​ ေနလွ်င္​မာလကာရြက္​နဲ႔ ပြတ္​တိုက္​​ေပးပါ။

    ၁၁။ အာလူးႏြမ္​းၿပီး မလတ္​ဆတ္​​ေသာ္​ မွန္​​ေရာင္​သၾကားအနည္​းငယ္​ ထည္​့ၿပီး ျပဳတ္​ပါ လတ္​ဆတ္ ​တဲ့အာလူျပဳတ္လိုပဲ အရသာ​ေကာင္​းပါလိမ္​့မည္​။

    ၁၂။ ဟင္​းခ်ိဳလို​ေသာ္​..ဘူးသီး​ေျခာက္​ခတ္​ၿပီး​ေသာက္​ရင္​ခ်ိဳပါသည္​။

    ၁၃။ မီးပူ​ေလာင္​​ေသာ္​ကြမ္​းရြက္​နဲ႔သၾကားကို ​ေရာႀကိတ္​ၿပီးအုံပါ။

    ၁၄။ အဝတ္​မွင္​စြန္​း​ေသာ္​…ေရနံဆီသန္​႔သန္​႔ အစက္​ခ်ဆြတ္​ၿပီးဆပ္​ျပာနဲ႔ ​ေလွ်ာ္​ဖြတ္​ပါ။

    ၁၅။ ၾကမ္​းပိုး႐ွိ​ေသာ္​…..ေရနံဆီနဲ႔ မၾကာမၾကာၾကမ္​းတိုက္​ပါ။

    ၁၆။ ခံတြင္​းနံ႔မ​ေကာင္​း​ေသာ္​…သြားပြတ္​တံမွာ ပ႐ုတ္​ရည္​ တစ္​စက္​ႏွစ္​စက္​ထည္​့ၿပီးသြားတိုက္​ပါ။(သို႔မဟုတ္​)ပ႐ုတ္​မႈန္​႔ထည္​့ ​့ၿပီးသြားတိုက္​ပါ။

    ၁၇။ ဟင္​းမ်ားဆားငန္​​ေသာ္​…မီးခဲရဲရဲ တစ္​ခဲထည္​့ပါ။(၂)မိနစ္​ခန္႔ၾကာ၌ျပန္​ထုတ္​ယူပါ။

    ၁၈။ ကြမ္​း​ေသြးစြန္​း​ေသာ္​….ခရမ္​းခ်ဥ္​သီးပြတ္​တိုက္​​ေပးၿပီး​ေလွ်ာ္​ပါ။

    ၁၉။ ႏြားႏို႔မခ်ဥ္​​ေအာင္​ထားလို​ေသာ္​ႏြားႏို႔ထဲသို႔ င႐ုတ္​သီးစိမ္​း(၃)​ေတာက္​ အညႇာျဖဳတ္​ၿပီးထည္​့ထားပါ။

    ၂၀။ ပရြတ္​ဆိတ္​မ်ားမလာလို​ေသာ္​ သခြားသီးအားပါးပါးလွီးၿပီးခ်ထားပါ။

    ၂၁။ ဖန္​ဖြက္​ထဲ ​ေရ​ေႏြးပူပူထည္​့လို​ေသာ္​ ဇြန္​းတစ္​​ေခ်ာင္​းကို ဖန္​ခြက္​ထဲ အရင္​ထည္​့ၿပီး ေရ​ေႏြးပူပူ ​ေျဖ​းေျဖးထည္​့ပါ။

    ၂၂။ သံ​ေခ်းစြန္​း​ေသာ္​ အၾကမ္​းပန္​းကန္​တစ္​လုံးခန္​႔ ဆန္​ျပဳတ္​၍ စြန္​း​ေသာအဝတ္​ကို (၅)နာရီခန္​႔ စိမ္​ၿပီး ဆပ္​ျပာျဖင္​့ ဖြတ္​​ေလွ်ာ္​ပါ။

    ၂၃။ ႂကြက္​မ်ား​ေျပးလို​ေသာ္​ ႐ွိန္​းခိုကို​ေရ​ေဖ်ာ္​၍ ႂကြက္​လာ လမ္​းတြင္​ဖ်န္​းထားပါ။

    ၂၄။ ​ေခါင္​းတစ္​ျခမ္​းကိုက္​​ေသာ္​ ​ေထာပတ္​အနည္​းငယ္​ ႐ႈပါ။

    ၂၅။ ဒူးရင္​းသီး​ေတာက္​​ေသာ္​ ဒူးရင္​းသီးအခြံထဲ​ေရထည္​့၍ ေသာက္​ပါ။ေရဝ​ေအာင္​ခ်ိဳး၊မင္​းကြတ္​သီးစား​ေပးျခင္​း တို႔ျဖင္​့ ​ေပ်ာက္​ကင္းပါသည္​။

    ၂၆။ ပိုးဟပ္​​ေျပးလို​ေသာ္​ ေလးညႇင္​းပြင္​့မ်ား​ေထာင္​း၍ ျဖဴးထားပါ။

    ၂၇။ မႈိႏွင္​့တညင္​းသီး​ေတာက္​​ေသာ္​ ေတာက္​တာဥကို ဆန္​​ေဆးရည္​ႏွင္​့ေသြး၍ ​ေသာက္​ပါ။

    ၂၈။ သံပုရာသီး ၾကာ႐ွည္​ထားလို​ေသာ္​ပုလင္​းသန္​႔သန္​႔ျဖင္​့ ​ေလလုံ​ေအာင္ထားပါ။

    ၂၉။ ​ေခါင္​းကိုက္​​ေသာ္​လက္​ဘက္​ရည္​က်က်က်ိဳၿပီးသားထဲသံပုရာရည္​ညႇစ္​ၿပီး​ေသာက္​ပါ။

    ၃၀။ မ်က္​ႏွာလွပလို​ေသာ္​ မ်က္​ႏွာမသက္​မွီ သံပုရာသီးကို ထက္​ျခမ္​းခြဲ၍ မ်က္​ႏွာပြတ္​​ေပးၿပီး ​ေရ​ေႏြး​ေႏြးျဖင္​့ ​ေဆးပါ အဖုအပိမ္​့ကင္​းစင္​ၿပီး ​ေခ်ာ​ေမြ႕ေစမည္​။

    ၃၁။ ခရီးသြား ကားမူး​ေသာ္​ ခ်က္​ကို ပလာစတာလုံ​ေအာင္​အုပ္ ကပ္​ၿပီးခရီးသြား ကားမမူးပါ။

    ၃၂။ ဆီးခ်ိဳ​ေရာဂါ အျမစ္​ျပတ္​လို​ေသာ္​ဆလတ္​ရြက္​ကို ​ေန႔စဥ္​ထမင္​းစား တိုင္​းတို႔စရာအျဖစ္​စားပါ။

    ၃၃။ ​ေ႐ွာက္​ပင္​အသီးတင္​လို​ေသာ္​ ပင္​စည္​ကို အမဲ႐ိုးမ်ားနဲ႔ ၾကပ္​စည္​း​ေပးပါ။

    ၃၄။ ဒူးနာ​ေသာ္​ ဘဲဥအကာလိမ္​းပါ။

    ၃၅။ အနံ႔ဆိုးကင္​းလို​ေသာ္​ အိမ္​သာ(သို႔မဟုတ္​) ငါးပိ,ငါး​ေျခာက္​ထားရာ လူမမာ႐ွိရာအိမ္​၏ မီဖို​ေခ်ာင္​ထဲမွာ ​ေက်ာက္​ဖ႐ုံသီးကို အပ္​မ်ားျဖင္​့ အ​ေပါက္​​ေဖာက္​၍ ခ်ိတ္​ဆြဲထားပါ။​ေက်ာက္​ဖ႐ုံသီးကား ​ေညႇာ္​နံ႕ႏွင္​့ အနံ႕ဆိုးမ်ားကို စုပ္​ယူသည္​။

    ေမာင္ျမင့္မုိရ္ ေက်ာက္ထရံ

    Credit : လမ္းျပၾကယ္ / ေမတၱာျဖင္​့ : စိုးဝင္​း​ေက်ာ္​ (unicide)

    (တစ်ချိန်ချိန်အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမယ် သိမ်းထားပါ)

    ၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

    ၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်….အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

    ၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

    ၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

    ၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

    ၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

    ၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

    ၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

    ၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

    ၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

    ၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

    ၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

    ၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

    ၁၄။ အဝတ်မှင်စွန်းသော်…ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

    ၁၅။ ကြမ်းပိုးရှိသော်…..ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

    ၁၆။ ခံတွင်းနံ့မကောင်းသော်…သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

    ၁၇။ ဟင်းများဆားငန်သော်…မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

    ၁၈။ ကွမ်းသွေးစွန်းသော်….ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

    ၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

    ၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

    ၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

    ၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

    ၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

    ၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

    ၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

    ၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

    ၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

    ၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

    ၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

    ၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

    ၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

    ၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

    ၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

    ၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

    ၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

    မောင်မြင့်မိုရ် ကျောက်ထရံ

    Credit : လမ်းပြကြယ် / မေတ္တာဖြင့် : စိုးဝင်းကျော် 

  • အရိုးဆက္ပင္, အဆိပ္က်ပင္, ဖက္ႀကီးပင္(သို႔မဟုတ္) ေတာပရုတ္ဆီပင္

    ” အ႐ိုးဆက္ပင္, အဆိပ္က်ပင္, ဖက္ႀကီးပင္(သို႔မဟုတ္)ေတာပ႐ုတ္ဆီပင္ “

    ဒီအပင္ကိုအမွတ္မထင္ ေတြ႕မိခဲ့တယ္။ လိုင္းေပၚမွာေတာ့ အားလုံးေတြ႕ဖူး ဖတ္ဖူးၾကပါလိမ့္မယ္။ အ႐ိုး/ အသား/ အေၾကာဆက္ပင္ တဲ့။ အဘိုးေငြကို ေတြ႕ေၾကာင္းေျပာျပေတာ့ သူက သြားတူးေခ်ရမယ္ကဲ့” တဲ့။ “အဲဒီအပင္က အ႐ိုးဆက္တာတင္မကဘူး။ အဆိပ္ရွိတဲ့ သားေကာင္ကိုက္ရင္လည္း အဲဒီအျမစ္ကို ေထာင္းေၾကၿပီး ကိုက္တဲ့ေနရာကို အုံစည္းရင္ အဆိပ္က်တယ္တဲ့။ ေနာက္ၿပီး ေတာပ႐ုတ္ဆီလို႔လည္း ေခၚတယ္ကြာတဲ့။ သူ႔အရသာက ပူတယ္။ မ်က္ႏွာမွာ တင္းတိပ္၊ ဝက္ၿခံ ေပါက္ရင္ အဲဒီအျမစ္ကို ေသြးလိမ္း ေပ်ာက္ကင္းတယ္တဲ့။

    ကြၽန္ေတာ့္အျမင္ကေတာ့ အိမ္ထဲမွာေတာင္ ေ႐ြ႕စိုက္ထားသင့္တယ္လို႔ ထင္မိတယ္။ ေဆးဖက္လည္းဝင္ေသး။ အိမ္ဝင္းလည္း လွေသးေပါ့။ မသိရင္ ပန္းပင္ေပါ့။

    အ႐ိုးဆက္ပင္ အသားဆက္ပင္ အေၾကာဆက္ပင္

    (အပင္မ်ားကို အင္တာနက္မွရွာၿပီး တင္ျပလိုက္ပါတယ္)

    ကြၽန္း႐ြက္ႏွင့္ အေတာ္တူတာ။ ဖက္ခါးပင္ႏွင့္ အသီးပါ တူတယ္။ အ႐ိုးက်ိဳးရင္ ေဆး႐ုံသြားစရာေတာင္ မလိုဘူးတဲ့။ တစ္ခါသား ကြၽဲႀကီးတစ္ေကာင္ ေတာင္ေပၚက ျပဳတ္ၾကၿပီး အ႐ိုးေတြ အကုန္က်ိဳးေက်ေနတာကို အဲဒီအပင္ကအ႐ြက္ေတြနဲ႔ အုပ္ထားခဲ့တာ ေနာက္ေန႔ၾကေတာ့ အေကာင္းပကတိအတိုင္း သူ႔ဘာသာ အိမ္ျပန္လာသတဲ့။ လြန္သားပဲ။ အသားေတြ ဟက္ပက္ရွနာခဲ့ရင္ေတာင္ အ႐ြက္ကိုေထာင္းၿပီး အုံထားရင္ ခဏေလးႏွင့္ အသားေတြ ျပန္ဆက္သြားသတဲ့။ တစ္ခါသား ခုတ္ထစ္ထားတဲ့ ၾကက္သားေတြကို အဲဒီအ႐ြက္ႏွင့္ ထုတ္ပိုးေပးလိုက္တာ အိမ္ေရာက္ေတာ့ ၾကက္က အေကာင္လိုက္ႀကီး ျပန္ျဖစ္ေနသတဲ့။ လြန္သားပဲ။

    အေၾကာေတြဆို အလြန္သန္မာသတဲ့။ ကမာၻက ကုလို႔ မေပ်ာက္တဲ့ ပိုလီယိုေတာင္ အဲဒီအပင္ၾကား သြားထိုင္ေနရင္ ေပ်ာက္သတဲ့။ တစ္ခါသား ေျခေထာက္မသန္တဲ့ ေကာင္ေလးတစ္ေယာက္ အဲဒီအပင္ေတြၾကားမွာ အေလးသြားတာ။ ထလာေတာ့ ေျခေထာက္ေတြက အေကာင္းအတိုင္း ျဖစ္ေနသတဲ့။ လြန္သားပဲ။ ဘာပဲျဖစ္ျဖစ္ နားေထာင္လို႔ေတာ့ အေကာင္းသား။

    သို႔ႏွင့္ အင္တာနက္မွာ ရွာဖတ္တယ္။ အထက္က ပုံျပင္ေတြက ဟုတ္လိုႏိုးႏိုးရယ္။ အထူးသျဖင့္ အေၾကာအားတိုးေဆးအျဖစ္ သုံးသတဲ့ အျမစ္ကို ႏြားႏို႔ႏွင့္ စိမ္ေသာက္ရင္ ထန္းစ လွီးထားသလိုပဲဆိုလား ဘာျဖစ္တယ္ဆိုလား။ အသားဆက္ အ႐ိုးဆက္ အေၾကာဆက္ကေတာ့ တကယ္ေကာင္းပုံေပၚတယ္။ ရပ္ထဲ ႐ြာထဲမွာေတာ့ လူေျပာ သူေျပာ အေတာ္မ်ားတယ္။ ထားပါ။ အေရးႀကဳံတဲ့အခါ သုံးလို႔ ရတာေပါ့။ ထို႔ထက္ ဘယ္လိုေၾကာင့္ပဲ သစ္ပင္ကိုခ်စ္ခ်စ္ ကိုယ့္အတြက္ အသုံးက်လို႔ ေဆးဝါးျဖစ္လို႔ ဘယ္လိုပဲ ခ်စ္ခ်စ္ သစ္ပင္ေလးေတြကို ခ်စ္တတ္ရင္ “ေဆးပင္တဲ့ဟဲ့”ဆိုၿပီး သစ္ပင္ေလး တစ္ပင္ေလာက္မ်ား စိုက္ျဖစ္ခဲ့ရင္ လက္ေညာင္းခံရက်ိဳး နပ္သပ။

    ဘုန္းႀကီးဦးနာဂသိန္ရဲ႕ ပုံျပေဆးအဘိဓာန္ထဲ ရွာၾကည့္တယ္။ ဗဟုသုတအျဖစ္ အဲဒီထဲက ကူးေပးလိုက္ပါတယ္။

    ၾကဖက္ႀကီး


    ပုံသဏၭာန္ ။ ။ ပင္ေထာင္ငယ္ အပင္မ်ိဳးျဖစ္၏။ အ႐ြက္ အင္႐ြက္ထက္ပင္ ႀကီး၏။ ေခြးသြားစိပ္ ရွိ၏။ အကိုင္းမ်ား စိမ္း၏။ အပြင့္သည္ ျဖဴ၏။ အျမစ္သည္ ဥကဲ့သို႔ ျဖစ္၏။ အျမစ္ကို အေရာင္ဆိုးရန္ အသုံးျပဳ ရ၏။ ေဆးလည္း အသုံးျပဳ ရ၏။

    ဂုဏ္ႏွင့္ စြမ္းရည္ ။ ။ အျမစ္သည္ ခ်ဳပ္၏။ အနာကို အသားႏု တက္ေစ၏။ နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ကင္းေစ၏။ ေသြးယိုစီးျခင္းကို တားျမစ္တတ္၏။ ကိုယ္၌ နာက်င္ ကိုက္ခဲျခင္း ျဖစ္ခဲ့ေသာ္ အျမစ္ကို ေသြး၍ ပူေအာင္ ျပဳၿပီးလွ်င္ လိမ္းေပးရ၏။ အခ်ိဳ႕အရပ္ေဒသတို႔၌ အ႐ြက္ႏုကို ဟင္းခ်ိဳခ်က္ စားၾက၏။ အျမစ္ကို ေသြးလိမ္းလွ်င္ ေပြးေပ်ာက္၏။ ၎၏သတၳဳရည္ကို အနာၿမဳံမ်ား၌ အုံေပးလွ်င္ အနာက်က္၍ အသားႏုကို တက္ေစ၏။

    “ေရာဂါအလိုက္ အသုံးျပဳနည္း”

    ေပြးနာ ။ ။ ၎အျမစ္ကို ေရႏွင့္ ေသြးလူးေသာ္ ေပြးနာမ်ား ေပ်ာက္ကင္း၏။

    အေၾကာေရာင္ေရာဂါ ။ ။ ၎အျမစ္ကို ေရႏွင့္ ေသြး၍ မီးႏွင့္ အတန္ငယ္ ပူေအာင္ ေႏႊး၍ အေၾကာတေလ်ာက္ ေရာင္ရမ္းရာ၌ လိမ္းက်ံေပးလွ်င္ အေၾကာေရာင္ေရာဂါ ေပ်ာက္ကင္း၏။

    အနာ အသားႏု တက္ေဆး ။ ။ ၎၏အျမစ္ကို ေရႏွင့္ ညက္ညက္ပါေအာင္ ႀကိတ္၍ အဝတ္စေပၚတြင္ ထိုႀကိတ္ၿပီးေဆးကို သုတ္လိမ္း၍ ဖေရာင္းခ်က္ ကပ္သကဲ့သို႔ အနာေပၚ၌ ကပ္ေပးပါက အနာသည္ အသားႏု လွ်င္စြာ တက္၏။

    အကိုက္အခဲေပ်ာက္ေဆး ။ ။ ခႏၶာကိုတြင္ မည့္သည့္ ေနရာမဆို ကိုက္ခဲ နာက်င္ခဲ့ေသာ္ ၎အျမစ္ကို ေသြး၍ မီးႏွင့္ ေႏြးေႏြးျဖစ္ေအာင္ ကင္ၿပီး သုတ္လိမ္းေပးပါက ကိုက္ခဲ နာက်င္ျခင္း ေပ်ာက္ကင္း၏။

    အနာ ေသြးတိတ္ေဆး ။ ။ အနာေပါက္တို႔၌ အနာသည္ ေသြးမ်ား ယိုစီေနေသာ္ ၎အျမစ္ကို ေရႏွင့္ ေသြးလိမ္းပါက အနာသည္ ေသြးယိုစီးျခင္းမွ ရပ္စဲသြားလိမ့္မည္။

    (ပုံျပေဆးအဘိဓာန္ ပထမအုပ္ စာမ်က္ႏွာ ၉၂)

    ေမာင္ျမင့္မိုရ္

    Credit : ခိုင္သၪၨာေ႒း

    စိုင္း မင္း သန႔္

    အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

    (Unicode)

    ” အရိုးဆက်ပင်, အဆိပ်ကျပင်, ဖက်ကြီးပင်(သို့မဟုတ်)တောပရုတ်ဆီပင် “

    ဒီအပင်ကိုအမှတ်မထင် တွေ့မိခဲ့တယ်။ လိုင်းပေါ်မှာတော့ အားလုံးတွေ့ဖူး ဖတ်ဖူးကြပါလိမ့်မယ်။ အရိုး/ အသား/ အကြောဆက်ပင် တဲ့။ အဘိုးငွေကို တွေ့ကြောင်းပြောပြတော့ သူက သွားတူးချေရမယ်ကဲ့” တဲ့။ “အဲဒီအပင်က အရိုးဆက်တာတင်မကဘူး။ အဆိပ်ရှိတဲ့ သားကောင်ကိုက်ရင်လည်း အဲဒီအမြစ်ကို ထောင်းကြေပြီး ကိုက်တဲ့နေရာကို အုံစည်းရင် အဆိပ်ကျတယ်တဲ့။ နောက်ပြီး တောပရုတ်ဆီလို့လည်း ခေါ်တယ်ကွာတဲ့။ သူ့အရသာက ပူတယ်။ မျက်နှာမှာ တင်းတိပ်၊ ဝက်ခြံ ပေါက်ရင် အဲဒီအမြစ်ကို သွေးလိမ်း ပျောက်ကင်းတယ်တဲ့။

    ကျွန်တော့်အမြင်ကတော့ အိမ်ထဲမှာတောင် ရွေ့စိုက်ထားသင့်တယ်လို့ ထင်မိတယ်။ ဆေးဖက်လည်းဝင်သေး။ အိမ်ဝင်းလည်း လှသေးပေါ့။ မသိရင် ပန်းပင်ပေါ့။

    အရိုးဆက်ပင် အသားဆက်ပင် အကြောဆက်ပင်

    (အပင်များကို အင်တာနက်မှရှာပြီး တင်ပြလိုက်ပါတယ်)

    ကျွန်းရွက်နှင့် အတော်တူတာ။ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။ အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။ တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်ကအရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်းပကတိအတိုင်း သူ့ဘာသာ အိမ်ပြန်လာသတဲ့။ လွန်သားပဲ။ အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။ တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။

    အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။ တစ်ခါသား ခြေထောက်မသန်တဲ့ ကောင်လေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။ ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။ ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။

    သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။ အထက်က ပုံပြင်တွေက ဟုတ်လိုနိုးနိုးရယ်။ အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့ အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား။ အသားဆက် အရိုးဆက် အကြောဆက်ကတော့ တကယ်ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော်များတယ်။ ထားပါ။ အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့ ဆေးဝါးဖြစ်လို့ ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် “ဆေးပင်တဲ့ဟဲ့”ဆိုပြီး သစ်ပင်လေး တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုး နပ်သပ။

    ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ်။ ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်။

    ကြဖက်ကြီး


    ပုံသဏ္ဌာန် ။ ။ ပင်ထောင်ငယ် အပင်မျိုးဖြစ်၏။ အရွက် အင်ရွက်ထက်ပင် ကြီး၏။ ခွေးသွားစိပ် ရှိ၏။ အကိုင်းများ စိမ်း၏။ အပွင့်သည် ဖြူ၏။ အမြစ်သည် ဥကဲ့သို့ ဖြစ်၏။ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။ ဆေးလည်း အသုံးပြု ရ၏။

    ဂုဏ်နှင့် စွမ်းရည် ။ ။ အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏။ အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌ အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏။

    “ရောဂါအလိုက် အသုံးပြုနည်း”

    ပွေးနာ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော် ပွေးနာများ ပျောက်ကင်း၏။

    အကြောရောင်ရောဂါ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍ အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏။

    အနာ အသားနု တက်ဆေး ။ ။ ၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍ ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏။

    အကိုက်အခဲပျောက်ဆေး ။ ။ ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင် ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏။

    အနာ သွေးတိတ်ဆေး ။ ။ အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်။

    (ပုံပြဆေးအဘိဓာန် ပထမအုပ် စာမျက်နှာ ၉၂)

    မောင်မြင့်မိုရ်

    Credit : ခိုင်သဉ္ဇာဋ္ဌေး

    စိုင်း မင်း သန့်

    အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

  • လက္တကမ္းက တ႐ုတ္စကားပန္း၏ အံ့ဖြယ္မ်ား

    (Zawgyi)

    လက္တကမ္းက တ႐ုတ္စကားပန္း၏ အံ့ဖြယ္မ်ား

    အသည္းအဆီဖုံးေရာဂါကို သက္သာေစၿပီး ေလးဖက္နာ၊ နားအူ၊ နားေလးကို ေပ်ာက္ပါသည္။ အနီပြင့္ကို သုတ္စားရင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို သက္သာေစပါသည္။ တ႐ုတ္စကားပင္၏ မ်ိဳးရင္းမွာ ဆယ့္ႏွစ္ရာသီ မ်ိဳးရင္းျဖစ္သည္။အလြန္ေအးေသာ ေတာင္ေပၚေဒသမွအပ ျမန္မာျပည္အႏွံ႔ ေပါက္ေရာက္သည္။

    တ႐ုတ္စကားပြင့္ ၂ မ်ိဳးရွိသည္ – အျဖဴပြင့္ႏွင့္ အဝါပြင့္ ျဖစ္သည္။ ႐ြက္ခြၽန္ႏွင့္ ႐ြက္ဝိုင္းျဖစ္သည္။ ႐ြက္ဝိုင္းကို အေက်ာ္နံ႔သာပင္ဟု ေခၚၾကသည္။

    အေစး၊ အပြင့္၊ အ႐ြက္၊ အေခါက္၊ အျမစ္တို႔ကို အသုံးျပဳႏိုင္သည္။ စပ္ ခါး ဖန္ ၍ ပူေသာ သတၱိရွိသည္။ ဆီး႐ႊင္ေစသည္။သလိပ္ကိုေၾကေစသည္။ ႏူနာ၊ အနာေပါက္၊ ဝမ္းဗိုက္ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။

    ေဆးအသုံျပဳပုံ-

    -အေစးႏွင့္ အေခါက္

    (၁) တ႐ုတ္စကားေခါက္ကို ျပဳတ္၍ ဆားအနည္းငယ္ ထည့္ေသာက္ပါက ငွက္ဖ်ားေပ်ာက္ကင္းသက္သာေစသည္။ တ႐ုတ္စကားေခါက္ကို ၃ ခြက္ ၁ခြက္တင္က်ိဳၿပီး ဆားအနည္းငယ္နဲ႔ တိုက္ပါက ငွက္ဖ်ား အျမစ္ျပတ္သည္။

    (၂) အေစး အေခါက္ ကိုင္းမွထြက္ေသာ ႏို႔ႏွစ္ေရာင္ အေစးကို ဝမ္းႏုတ္ေဆးအျဖစ္သုံးသည္။ ႏို႔ႏွစ္ေရာင္အေစးသည္ ဝမ္းဗိုက္ေရာင္ေရာဂါ ဝမ္းဗိုက္ထိုးေအာင့္ ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။

    -အပြင့္ႏွင့္ အ႐ြက္

    (၁) အ႐ြက္ကို စားျခင္းျဖင့္၎ မုန႔္ႏွစ္ျဖင့္ေက်ာ္၍လည္း စားၾကသည္။ အပြင့္ကို ျပဳတ္တို႔ၾကသည္။ အ႐ြက္အပြင့္ကိုမန္က်ည္းရည္ႏွင့္ ျပဳတ္၍ သနပ္လက္သုပ္ လုပ္စားျခင္းျဖင့္ ဆီး၊ ဝမ္းကို ႐ႊင္ေစ၍ သလိပ္ ေလကိုေၾကေစသည္။

    (၂) အပြင့္ကို မေျခာက္လွန္းၿပီး ေရေႏြးခပ္ေသာက္ၾကသည္။ ေရေႏြးေဖ်ာၿပီး သုပ္စားသည္။ ထိုသို႔ပုံမွန္စားပါက ေလးဖက္နာ၊ ႏွလုံးေရာဂါ၊ ဆီးခ်ိဳႏွင့္ အေမာေဖာက္ျခင္းကို ကာကြယ္တားဆီးႏိုင္ပါသည္။

    (၃)ပၪၥငါးပါး ႐ုကၡမူဆားခ်က္ၿပီး ေန႔စဥ္လက္ဖက္စားဇြန္း တစ္ဝက္ စားေပးပါက ဆီးခ်ိဳ သက္သာေပ်ာက္ကင္းေစသည္။

    Credit-ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္ )

    တ႐ုတ္စကားျမစ္နဲ႔ ေလဖ်ဥ္းေရာဂါ

    ေလဖ်ဥ္းေရာဂါအတြက္ က်ား/မ မေ႐ြးေဆး

    ၁။ တ႐ုတ္စကားျမစ္ ၂၅ က်ပ္သားကို ထုေထာင္းၿပီး အရည္ညႇစ္ယူပါ။

    ၂။ ထန္းလ်က္ ၂၅ က်ပ္သား

    ၃။ ဇာတိဖိုလ္သီးအဆံ ၁ က်ပ္သား

    ၄။ ေႂကြပုပ္မီးသင္းအမူန႔္ ၁ က်ပ္သား

    ၅။ စမုန္မ်ိဳးငါးပါး တမူးသားဆီ ၅ မူးသား

    အထက္ပါေဆးမည္ ၅ မ်ိဳးကို ေျမအိုးသစ္တြင္ ေရ တစ္ပိသာႏွင့္ တစ္ဝက္ရေအာင္ က်ိဳပါ။ ေအးလွ်င္ ပုလင္းထဲတြင္ ထည့္သိပ္ထားပါ။ မနက္ လက္ဖက္ရည္ၾကမ္း ပုဂံလုံးတစ္ဝက္၊ တစ္ေန႔တစ္ႀကိမ္ေသာက္ေပးပါ။ က်င္ႀကီးနဲ႔အတူ ဝါဝါေရမ်ား သက္ဆင္းလာလိမ့္မည္။ ၇ ရက္ခန႔္ ေန႔စဥ္ေသာက္လွ်င္ ကိုယ္ေဖာကိုယ္ေရာင္ က်လာပါလိမ့္မည္။

    Credit-ယမင္းျဖဴ

    (Unicode)

    လက်တကမ်းက တရုတ်စကားပန်း၏ အံ့ဖွယ်များ

    အသည်းအဆီဖုံးရောဂါကို သက်သာစေပြီး လေးဖက်နာ၊ နားအူ၊ နားလေးကို ပျောက်ပါသည်။ အနီပွင့်ကို သုတ်စားရင် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေပါသည်။ တရုတ်စကားပင်၏ မျိုးရင်းမှာ ဆယ့်နှစ်ရာသီ မျိုးရင်းဖြစ်သည်။အလွန်အေးသော တောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ ပေါက်ရောက်သည်။

    တရုတ်စကားပွင့် ၂ မျိုးရှိသည် – အဖြူပွင့်နှင့် အဝါပွင့် ဖြစ်သည်။ ရွက်ချွန်နှင့် ရွက်ဝိုင်းဖြစ်သည်။ ရွက်ဝိုင်းကို အကျော်နံ့သာပင်ဟု ခေါ်ကြသည်။

    အစေး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ်တို့ကို အသုံးပြုနိုင်သည်။ စပ် ခါး ဖန် ၍ ပူသော သတ္တိရှိသည်။ ဆီးရွှင်စေသည်။သလိပ်ကိုကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက်ရောဂါတို့ကို ပျောက်ကင်းစေသည်။

    ဆေးအသုံပြုပုံ-

    -အစေးနှင့် အခေါက်

    (၁) တရုတ်စကားခေါက်ကို ပြုတ်၍ ဆားအနည်းငယ် ထည့်သောက်ပါက ငှက်ဖျားပျောက်ကင်းသက်သာစေသည်။ တရုတ်စကားခေါက်ကို ၃ ခွက် ၁ခွက်တင်ကျိုပြီး ဆားအနည်းငယ်နဲ့ တိုက်ပါက ငှက်ဖျား အမြစ်ပြတ်သည်။

    (၂) အစေး အခေါက် ကိုင်းမှထွက်သော နို့နှစ်ရောင် အစေးကို ဝမ်းနုတ်ဆေးအဖြစ်သုံးသည်။ နို့နှစ်ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ ဝမ်းဗိုက်ထိုးအောင့် ရောဂါတို့ကို ပျောက်ကင်းစေသည်။

    -အပွင့်နှင့် အရွက်

    (၁) အရွက်ကို စားခြင်းဖြင့်၎င်း မုန့်နှစ်ဖြင့်ကျော်၍လည်း စားကြသည်။ အပွင့်ကို ပြုတ်တို့ကြသည်။ အရွက်အပွင့်ကိုမန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် ဆီး၊ ဝမ်းကို ရွှင်စေ၍ သလိပ် လေကိုကြေစေသည်။

    (၂) အပွင့်ကို မခြောက်လှန်းပြီး ရေနွေးခပ်သောက်ကြသည်။ ရေနွေးဖျောပြီး သုပ်စားသည်။ ထိုသို့ပုံမှန်စားပါက လေးဖက်နာ၊ နှလုံးရောဂါ၊ ဆီးချိုနှင့် အမောဖောက်ခြင်းကို ကာကွယ်တားဆီးနိုင်ပါသည်။

    (၃)ပဉ္စငါးပါး ရုက္ခမူဆားချက်ပြီး နေ့စဉ်လက်ဖက်စားဇွန်း တစ်ဝက် စားပေးပါက ဆီးချို သက်သာပျောက်ကင်းစေသည်။

    Credit-ရဲမျိုးသူ (ဗောဓိမြိုင် )

    တရုတ်စကားမြစ်နဲ့ လေဖျဉ်းရောဂါ

    လေဖျဉ်းရောဂါအတွက် ကျား/မ မရွေးဆေး

    ၁။ တရုတ်စကားမြစ် ၂၅ ကျပ်သားကို ထုထောင်းပြီး အရည်ညှစ်ယူပါ။

    ၂။ ထန်းလျက် ၂၅ ကျပ်သား

    ၃။ ဇာတိဖိုလ်သီးအဆံ ၁ ကျပ်သား

    ၄။ ကြွေပုပ်မီးသင်းအမူန့် ၁ ကျပ်သား

    ၅။ စမုန်မျိုးငါးပါး တမူးသားဆီ ၅ မူးသား

    အထက်ပါဆေးမည် ၅ မျိုးကို မြေအိုးသစ်တွင် ရေ တစ်ပိသာနှင့် တစ်ဝက်ရအောင် ကျိုပါ။ အေးလျှင် ပုလင်းထဲတွင် ထည့်သိပ်ထားပါ။ မနက် လက်ဖက်ရည်ကြမ်း ပုဂံလုံးတစ်ဝက်၊ တစ်နေ့တစ်ကြိမ်သောက်ပေးပါ။ ကျင်ကြီးနဲ့အတူ ဝါဝါရေများ သက်ဆင်းလာလိမ့်မည်။ ၇ ရက်ခန့် နေ့စဉ်သောက်လျှင် ကိုယ်ဖောကိုယ်ရောင် ကျလာပါလိမ့်မည်။

    Credit-ယမင်းဖြူ

  • ထမင္းဝုိင္းမွာ လွ်ာလည္ေစမယ့္ ျမန္မာတုိ႔အႀကဳိက္ အေထာင္း (၅) မ်ဳိး (ျပဳလုပ္ရတာ အရမ္းလြယ္ကူပါတယ္)

    (Zawgyi)

    ထမင္းဝိုင္းမွာ လွ်ာလည္ေစမယ့္ ျမန္မာတို႔အႀကိဳက္ အေထာင္း (၅) မ်ိဳး (ျပဳလုပ္ရတာ အရမ္းလြယ္ကူပါတယ္)

    မရမ္းသီးေထာင္းနည္း ( မရမ္းသီးကိုငပိမပါပဲ ပုဇြန္ေျခာက္နဲ႔ေထာင္းထားတာေလးပါ )

    ပါဝင္ပစၥည္းမ်ား- ပုဇြန္ေျခာက္လက္တစ္ဆုပ္ မရမ္းသီးက်ပ္သား ၾကက္သြန္ျဖဴ ဗမာတစ္ဥ င႐ုတ္သီးစိမ္း အစပ္စားႏိုင္ သေလာက္။

    ျပဳလုပ္ပုံ- အရင္ဆုံး မရမ္းသီးႏုႏုေလးေတြကို ထပ္ျခမ္းခြဲ ေရေဆးၿပီးဆားရည္စိမ္ထားပါ။ ဒါဆိုမရမ္းသီးက မမဲေတာ့ပဲစိမ္း ေနပါမယ္။ ၾကက္သြန္ျဖဴကို စေထာင္းပါ။ ၿပီးရင္ င႐ုတ္သီးစိမ္းထည့္ေထာင္း ၿပီးရင္ ပုဇြန္ေျခာက္ထည့္ေထာင္း ဆား၊ အရသာ၊ ငံျပာရည္အနည္းငယ္ထည့္ေပးပါ။ ေနာက္ဆုံးမွမရမ္းသီးထည့္ေထာင္းၿပီး ပဲဆီစိမ္းေလးေလာင္းပါ။ ပုဇြန္ေျခာက္ က ဆီနဲ႔ေတြ႕ၿပီးပြလာေတာ့ တစ္မ်ိဳးေလးစားေကာင္းတယ္ရွင့္။

    ေရွာက္ဖတ္ငပိေထာင္း

    ေသြးတိုးရွိတဲ့သူလဲ စားလို႔ရတယ္။ ဆီျမႇဳပ္ေအာင္ထည့္ထားရင္ အၾကာႀကီးလဲခံတယ္။ အလုပ္သြားရတဲ့သူေတြ တစ္ပတ္စာေထာင္းထားရင္ ထမင္းၿမိန္ၿမိန္စားလို႔ရတယ္။ အရမ္းခံတြင္းၿမိန္ပါတယ္။

    ပါဝင္ပစၥည္းမ်ား- ငပိေကာင္းေကာင္း၁၀သား င႐ုတ္သီးစပ္စပ္ႀကိဳက္ရင္မ်ားမ်ား(ေမႊးေအာင္ေလွာ္ထားပါ) ၾကက္သြန္ျဖဴ ဗမာဥ (၅) လုံး အခ်ိဳမႈန႔္အနည္းငယ္ ဆားအနည္းငယ္ ေရွာက္သီးစိမ္းစိမ္းအေနေတာ္၁လုံး(ေရွာက္သီးက အဝါေရာင္ သန္းၿပီးမွည့္ေနရင္ အရည္႐ႊမ္းလို႔မေကာင္းပါ။ ခါးတတ္သည္။)

    ျပဳလုပ္ပုံ- ငပိကိုေမႊး႐ုံေလးမီးကင္ပါ (တူးသြားရင္ ခါးၿပီးငပိအနံ႔လည္းသိပ္မေမႊးေတာ့ပါ) င႐ုတ္သီးစိမ္းလဲေမႊးေအာင္ ေလွာ္ပါ။ ၾကက္သြန္ျဖဴလဲေလွာ္ပါ။ င႐ုတ္သီး၊ ၾကက္သြန္ျဖဴကို မညက္တညက္ေထာင္း ၿပီးရင္ ငပိပါ အခ်ိဳမႈန႔္အနည္းငယ္နဲ႔ ေထာင္းၿပီးမွ ေရွာက္သီးကိုအခြံခြာၿပီး အဖတ္ကေလးမ်ားမွ်င္ပါ။ ဆားအနည္းငယ္ႏွင့္နယ္ၿပီး ငပိထဲထည့္ေထာင္းပါ (ႏွံ႔ွ႐ုံ ဖြဖြေလးေထာင္းပါ၊ ေရွာက္သီးဖတ္ေတြေၾကမသြားေစရ) ၿပီးရင္ဗူးေလးထဲထည့္ၿပီးအေပၚကဆီျမဳပ္ေအာင္ ထည့္ထား ရင္ အၾကာႀကီးထားစားလို႔ရပါတယ္။ သတိထားရမွာက ငပိဖုတ္ထားတာကို အပူအတိုင္းထည့္ေထာင္းရင္ ေရွာက္သီးက ခါးသြား တတ္ပါတယ္။ ဒါ့ေၾကာင့္ငပိမီးဖုတ္ထားတာလုံးဝေအးသြားမွ ေထာင္းပါ…

    ငပိလွ်ာဂြၽမ္းျပန္ေထာင္း

    ပါဝင္ပစၥည္းမ်ား- ငပိအနည္းငယ္ ပုဇြန္ေျခာက္ ေရေႏြးစိမ္ၿပီးစစ္ထားတာအနည္းငယ္ ၾကက္သြန္ျဖဴ အနည္းငယ္ သိပ္မစပ္တဲ့င႐ုတ္သီးက ငပိထက္ပိုမ်ားရပါမယ္ ငံျပာရည္အနည္းငယ္ အရသာမႈန႔္အနည္းငယ္ ေရွာက္သီး(သို႔)သံပုရာသီး

    ျပဳလုပ္ပုံ- ဦးစြာ ၾကက္သြန္ျဖဴကိုေထာင္းပါ။ ၿပီးရင္ င႐ုတ္သီးေထာင္းပါ။ ပုစြန္ေျခာက္ပါ ထည့္ေထာင္းပါ။ ၿပီးေနာက္ ငပိ၊ ငံျပာရည္နဲ႔ အရသာမႈန႔္မ်ားကို ထည့္ေထာင္းပါ။ ေနာက္ဆုံးတြင္ ေရွာက္သီး(သို႔)သံပုရာသီး အရည္အနည္းငယ္ကို ညႇစ္ၿပီး ေထာင္းပါ…. ခံတြင္းၿမိန္၊ ထမင္းၿမိန္ေစတဲ့ ငပိေထာင္းေလးရပါၿပီရွင္…

    ငါးမီးကင္ေထာင္းနည္း

    အရင္ဆုံး ငါးပေနာ္ကိုေရေဆးသန႔္စင္ ဓားနဲ႔၂ခ်က္စီေလာက္မႊန္းၿပီး မီးကင္ပါ။ (မီးေသြးမီးဖိုနဲ႔ ငါးကိုဖုတ္ရင္ပိုေမႊးပါတယ္)။ အထဲကလဲက်က္ ေမႊးလဲေမႊးလာေအာင္ကင္ပါ။ ငါးကင္လို႔ၿပီးရင္ အ႐ိုးႏႊင္ၿပီး အသားေလးေတြ ဖြထားပါ။ ၾကက္သြန္ျဖဴနဲ႔၊ င႐ုတ္သီးစိမ္းေလွာ္ကို မညက္တညက္ေလးစေထာင္းပါ။ ၿပီးရင္ ငါးကင္ကို ဆား၊ အရသာမႈန႔္အနည္းငယ္ထည့္ၿပီး ဖြဖြေလး ေထာင္းပါ။ ေနာက္ဆုံးမွ နံနံပင္ေလးညႇပ္ထည့္၊ ပဲဆီစိမ္းေလးေလာင္းၿပီး ဖြဖြနယ္ရင္ရပါၿပီ။ သူကအဆိမ့္အရသာေလး စားရတာမို႔ ဆား၊ အရသာမႈန႔္ကိုေလွ်ာ့ထည့္ပါ။ ဗူးသီးဟင္းခါးေလးတခြက္ပါရင္ေတာ့ တျခားဘာဟင္းမွေတာင္ မလိုေတာ့ ဘူး…

    ေဂြးသီးေထာင္းနည္း

    ပါဝင္ပစၥည္း- ေဂြးသီး၁၀လုံး င႐ုတ္သီးစိမ္း(စိတ္ႀကိဳက္) ပုဇြန္ေျခာက္အနည္းငယ္ ၾကက္သြန္ျဖဴ (၁) ဥ

    ျပဳလုပ္ပုံ- အရင္ဆုံး ေဂြးသီးကိုေရေဆးၿပီး အခြံခြာပါးပါးလွီးထားပါ။ င႐ုတ္သီးစိမ္းကို ေမႊးေနေအာင္ေလွာ္ထားပါ။ ပုဇြန္ ေျခာက္ကို ညက္ေအာင္ေထာင္း၊ ညက္လာရင္ ၾကက္သြန္ျဖဴထည့္ေထာင္း၊ ၿပီးရင္ ေဂြးသီးနဲ႔ င႐ုတ္သီးစိမ္း၊ အရသာမႈန႔္နဲ႔ ဆားထည့္ေထာင္းပါ။ ညက္လာရင္ ပန္းကန္ထဲထည့္အေပၚက ပဲဆီစိမ္းေလးဆမ္းၿပီး စားလို႔ရပါၿပီ…

    Credit-Original Uploader

    (Unicode)

    ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုး (ပြုလုပ်ရတာ အရမ်းလွယ်ကူပါတယ်)

    မရမ်းသီးထောင်းနည်း ( မရမ်းသီးကိုငပိမပါပဲ ပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ )

    ပါဝင်ပစ္စည်းများ- ပုဇွန်ခြောက်လက်တစ်ဆုပ် မရမ်းသီးကျပ်သား ကြက်သွန်ဖြူ ဗမာတစ်ဥ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်။

    ပြုလုပ်ပုံ- အရင်ဆုံး မရမ်းသီးနုနုလေးတွေကို ထပ်ခြမ်းခွဲ ရေဆေးပြီးဆားရည်စိမ်ထားပါ။ ဒါဆိုမရမ်းသီးက မမဲတော့ပဲစိမ်း နေပါမယ်။ ကြက်သွန်ဖြူကို စထောင်းပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်ထောင်း ပြီးရင် ပုဇွန်ခြောက်ထည့်ထောင်း ဆား၊ အရသာ၊ ငံပြာရည်အနည်းငယ်ထည့်ပေးပါ။ နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီး ပဲဆီစိမ်းလေးလောင်းပါ။ ပုဇွန်ခြောက် က ဆီနဲ့တွေ့ပြီးပွလာတော့ တစ်မျိုးလေးစားကောင်းတယ်ရှင့်။

    ရှောက်ဖတ်ငပိထောင်း

    သွေးတိုးရှိတဲ့သူလဲ စားလို့ရတယ်။ ဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးလဲခံတယ်။ အလုပ်သွားရတဲ့သူတွေ တစ်ပတ်စာထောင်းထားရင် ထမင်းမြိန်မြိန်စားလို့ရတယ်။ အရမ်းခံတွင်းမြိန်ပါတယ်။

    ပါဝင်ပစ္စည်းများ- ငပိကောင်းကောင်း၁၀သား ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်ထားပါ) ကြက်သွန်ဖြူ ဗမာဥ (၅) လုံး အချိုမှုန့်အနည်းငယ် ဆားအနည်းငယ် ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး(ရှောက်သီးက အဝါရောင် သန်းပြီးမှည့်နေရင် အရည်ရွှမ်းလို့မကောင်းပါ။ ခါးတတ်သည်။)

    ပြုလုပ်ပုံ- ငပိကိုမွှေးရုံလေးမီးကင်ပါ (တူးသွားရင် ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ) ငရုတ်သီးစိမ်းလဲမွှေးအောင် လှော်ပါ။ ကြက်သွန်ဖြူလဲလှော်ပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်း ပြီးရင် ငပိပါ အချိုမှုန့်အနည်းငယ်နဲ့ ထောင်းပြီးမှ ရှောက်သီးကိုအခွံခွာပြီး အဖတ်ကလေးများမျှင်ပါ။ ဆားအနည်းငယ်နှင့်နယ်ပြီး ငပိထဲထည့်ထောင်းပါ (နှံ့ှရုံ ဖွဖွလေးထောင်းပါ၊ ရှောက်သီးဖတ်တွေကြေမသွားစေရ) ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြုပ်အောင် ထည့်ထား ရင် အကြာကြီးထားစားလို့ရပါတယ်။ သတိထားရမှာက ငပိဖုတ်ထားတာကို အပူအတိုင်းထည့်ထောင်းရင် ရှောက်သီးက ခါးသွား တတ်ပါတယ်။ ဒါ့ကြောင့်ငပိမီးဖုတ်ထားတာလုံးဝအေးသွားမှ ထောင်းပါ…

    ငပိလျှာဂျွမ်းပြန်ထောင်း

    ပါဝင်ပစ္စည်းများ- ငပိအနည်းငယ် ပုဇွန်ခြောက် ရေနွေးစိမ်ပြီးစစ်ထားတာအနည်းငယ် ကြက်သွန်ဖြူ အနည်းငယ် သိပ်မစပ်တဲ့ငရုတ်သီးက ငပိထက်ပိုများရပါမယ် ငံပြာရည်အနည်းငယ် အရသာမှုန့်အနည်းငယ် ရှောက်သီး(သို့)သံပုရာသီး

    ပြုလုပ်ပုံ- ဦးစွာ ကြက်သွန်ဖြူကိုထောင်းပါ။ ပြီးရင် ငရုတ်သီးထောင်းပါ။ ပုစွန်ခြောက်ပါ ထည့်ထောင်းပါ။ ပြီးနောက် ငပိ၊ ငံပြာရည်နဲ့ အရသာမှုန့်များကို ထည့်ထောင်းပါ။ နောက်ဆုံးတွင် ရှောက်သီး(သို့)သံပုရာသီး အရည်အနည်းငယ်ကို ညှစ်ပြီး ထောင်းပါ…. ခံတွင်းမြိန်၊ ထမင်းမြိန်စေတဲ့ ငပိထောင်းလေးရပါပြီရှင်…

    ငါးမီးကင်ထောင်းနည်း

    အရင်ဆုံး ငါးပနော်ကိုရေဆေးသန့်စင် ဓားနဲ့၂ချက်စီလောက်မွှန်းပြီး မီးကင်ပါ။ (မီးသွေးမီးဖိုနဲ့ ငါးကိုဖုတ်ရင်ပိုမွှေးပါတယ်)။ အထဲကလဲကျက် မွှေးလဲမွှေးလာအောင်ကင်ပါ။ ငါးကင်လို့ပြီးရင် အရိုးနွှင်ပြီး အသားလေးတွေ ဖွထားပါ။ ကြက်သွန်ဖြူနဲ့၊ ငရုတ်သီးစိမ်းလှော်ကို မညက်တညက်လေးစထောင်းပါ။ ပြီးရင် ငါးကင်ကို ဆား၊ အရသာမှုန့်အနည်းငယ်ထည့်ပြီး ဖွဖွလေး ထောင်းပါ။ နောက်ဆုံးမှ နံနံပင်လေးညှပ်ထည့်၊ ပဲဆီစိမ်းလေးလောင်းပြီး ဖွဖွနယ်ရင်ရပါပြီ။ သူကအဆိမ့်အရသာလေး စားရတာမို့ ဆား၊ အရသာမှုန့်ကိုလျှော့ထည့်ပါ။ ဗူးသီးဟင်းခါးလေးတခွက်ပါရင်တော့ တခြားဘာဟင်းမှတောင် မလိုတော့ ဘူး…

    ဂွေးသီးထောင်းနည်း

    ပါဝင်ပစ္စည်း- ဂွေးသီး၁၀လုံး ငရုတ်သီးစိမ်း(စိတ်ကြိုက်) ပုဇွန်ခြောက်အနည်းငယ် ကြက်သွန်ဖြူ (၁) ဥ

    ပြုလုပ်ပုံ- အရင်ဆုံး ဂွေးသီးကိုရေဆေးပြီး အခွံခွာပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို မွှေးနေအောင်လှော်ထားပါ။ ပုဇွန် ခြောက်ကို ညက်အောင်ထောင်း၊ ညက်လာရင် ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးရင် ဂွေးသီးနဲ့ ငရုတ်သီးစိမ်း၊ အရသာမှုန့်နဲ့ ဆားထည့်ထောင်းပါ။ ညက်လာရင် ပန်းကန်ထဲထည့်အပေါ်က ပဲဆီစိမ်းလေးဆမ်းပြီး စားလို့ရပါပြီ…

    Credit-Original Uploader

  • တုပ္ေကြးျမန္ျမန္ေပ်ာက္ဖို႔ တုပ္ေကြးျဖစ္ေနခ်ိန္ စားေပးသင့္တဲ့ အစားအစာမ်ား

    (Zawgyi)

    တုပ္ေကြးျမန္ျမန္ေပ်ာက္ဖို႔ တုပ္ေကြးျဖစ္ေနခ်ိန္ စားေပးသင့္တဲ့ အစားအစာမ်ား

    အခုလို တုပ္ေကြးဖ်ားနာတာေတြ အျဖစ္မ်ားေနခ်ိန္မွာ တုပ္ေကြး လ်င္လ်င္ျမန္ျမန္ ေပ်ာက္ကင္းဖို႔ အစားအေသာက္ေ႐ြးခ်ယ္ စားသုံးတတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ တုပ္ေကြးျဖစ္ေနခ်ိန္မွာ အသင့္စား အစားအစာေတြ၊ ကဖင္းဓာတ္ ပါဝင္တဲ့ လက္ဖက္ရည္၊ ေကာ္ဖီ စတာမ်ိဳးေတြနဲ႔ အယ္လ္ကိုေဟာ ေသာက္သုံံးျခင္းတို႔ကို ေရွာင္ၾကဥ္သင့္ၿပီး အခုေဖာ္ျပေပးမယ့္ အစားအစာေတြကို မ်ားမ်ား စားသုံးေပးသင့္ပါတယ္။

    (၁) စြပ္ျပဳတ္

    ၾကက္စြပ္ျပဳတ္လိုမ်ိဳး အသားစြပ္ျပဳတ္ေတြဟာ တုပ္ေကြးျဖစ္ေနခ်ိန္မွာ အားနည္းေနတဲ့ ကိုယ္ခံအားစနစ္ကို အလ်င္အျမန္ ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့အျပင္ ခႏၶာကိုယ္တြင္း ေရဓာတ္ကိုလည္း ျပည့္ဝေစႏိုင္ပါတယ္။ ဒါ့အျပင္ တုပ္ေကြးေၾကာင့္ ခံတြင္းပ်က္ျခင္းနဲ႔ လည္ေခ်ာင္းနာျခင္းတို႔လို ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြကိုပါ ကာကြယ္ေပးႏိုင္ပါေသးတယ္။

    (၂) ဒိန္ခ်ဥ္

    ဒိန္ခ်ဥ္မွာပါတဲ့ ပ႐ိုတင္းဓာတ္ဟာ ခႏၶာကိုယ္ ခုခံအားစနစ္ကို ေကာင္းမြန္ေစၿပီး လည္ေခ်ာင္းနာျခင္းကို သက္သာ ေစႏိုင္တာေၾကာင့္ သၾကား ထည့္သြင္းမထားတဲ့ ဒိန္ခ်ဥ္စစ္စစ္ကို တုပ္ေကြးျဖစ္ေနခ်ိန္မွာ စားေပးသင့္ပါတယ္။

    (၃) ဗီတာမင္စီ

    ဗီတာမင္စီ ပါဝင္ၿပီး အခ်ဥ္ဓာတ္မ်ားတဲ့ အသီးအႏွံေတြ စားသုံးျခင္းကလည္း တုပ္ေကြး ျမန္ျမန္ေပ်ာက္ဖို႔ ကူညီေပးႏိုင္ၿပီး တုပ္ေကြးဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္ဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

    (၄) ၾကက္သြန္ျဖဴ

    ၾကက္သြန္ျဖဴဟာဆိုရင္ တုပ္ေကြး မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ေပးႏိုင္သလို တုပ္ေကြးျဖစ္ေနခ်ိန္မွာလည္း သက္သာေပ်ာက္ကင္းဖို႔ အကူအညီ ေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴမွာပါတဲ့ Allicin ဓာတ္ဟာ တုပ္ေကြးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြနဲ႔ ဗိုင္းရပ္စ္ေတြကို တိုက္ထုတ္ေပးႏိုင္တာေၾကာင့္ အခုလိုရာသီမွာ ေန႔စဥ္ စားသုံးေပးသင့္ပါတယ္။

    (၅) အစိမ္းရင့္ေရာင္ အ႐ြက္မ်ား

    ဟင္းႏုႏြယ္၊ ကိုက္လန္တို႔လို အစိမ္းရင့္ေရာင္အ႐ြက္ေတြမွာ ဗီတာမင္စီနဲ႔ ဗီတာမင္အီးတို႔ ပါဝင္တာေၾကာင့္ ကိုယ္ခံအားစြမ္းအားကို ေကာင္းမြန္ေစၿပီး တုပ္ေကြးဖ်ားနာျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

    Ref. www.healthline.com

    Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

    (Unicode)

    တုပ်ကွေးမြန်မြန်ပျောက်ဖို့ တုပ်ကွေးဖြစ်နေချိန် စားပေးသင့်တဲ့ အစားအစာများ

    အခုလို တုပ်ကွေးဖျားနာတာတွေ အဖြစ်များနေချိန်မှာ တုပ်ကွေး လျင်လျင်မြန်မြန် ပျောက်ကင်းဖို့ အစားအသောက်ရွေးချယ် စားသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အသင့်စား အစားအစာတွေ၊ ကဖင်းဓာတ် ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ စတာမျိုးတွေနဲ့ အယ်လ်ကိုဟော သောက်သုံံးခြင်းတို့ကို ရှောင်ကြဉ်သင့်ပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကို များများ စားသုံးပေးသင့်ပါတယ်။

    (၁) စွပ်ပြုတ်

    ကြက်စွပ်ပြုတ်လိုမျိုး အသားစွပ်ပြုတ်တွေဟာ တုပ်ကွေးဖြစ်နေချိန်မှာ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် တုပ်ကွေးကြောင့် ခံတွင်းပျက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့လို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။

    (၂) ဒိန်ချဉ်

    ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး လည်ချောင်းနာခြင်းကို သက်သာ စေနိုင်တာကြောင့် သကြား ထည့်သွင်းမထားတဲ့ ဒိန်ချဉ်စစ်စစ်ကို တုပ်ကွေးဖြစ်နေချိန်မှာ စားပေးသင့်ပါတယ်။

    (၃) ဗီတာမင်စီ

    ဗီတာမင်စီ ပါဝင်ပြီး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ စားသုံးခြင်းကလည်း တုပ်ကွေး မြန်မြန်ပျောက်ဖို့ ကူညီပေးနိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

    (၄) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူဟာဆိုရင် တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သလို တုပ်ကွေးဖြစ်နေချိန်မှာလည်း သက်သာပျောက်ကင်းဖို့ အကူအညီ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်ဟာ တုပ်ကွေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် အခုလိုရာသီမှာ နေ့စဉ် စားသုံးပေးသင့်ပါတယ်။

    (၅) အစိမ်းရင့်ရောင် အရွက်များ

    ဟင်းနုနွယ်၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင်အရွက်တွေမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းအားကို ကောင်းမွန်စေပြီး တုပ်ကွေးဖျားနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

    Ref. www.healthline.com

    Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

  • ဘယ္ေလာက္speed နဲ႕ေမာင္းလွ်င္ ဘယ္အခ်ိန္ေရာက္မလဲ? ခရီးအကြာေဝး မိုင္တြက္နည္း

    (Zawgyi)

    ခရီးအကြာေဝး မိုင္တြက္နည္း

    1 .6 kilometer = 1 mile

    48 kilometer 48 ÷ 1.6 ) × 1

    = 30 × 1

    = 30 miles

    ဒိုင္ခြက္ထဲက လက္တံ က 48 km မွာထားပီး ေမာင္းလွ်င္ 1 နာရီမွာ မိုင္ 30 ေရာက္ပါမည္။

    80 kilometer = (80 ÷ 1.6 )× 1

    = 50 × 1

    = 50 Miles

    80 kilometer ႏႈန္းနဲ႕ ေမာင္းလွ်င္ 1 နာရီ ၾကာၿပီးသြားလွ်င္ မိုင္ 50 ေရာက္ပါမည္။

    A.Lwin & Ethandar

    100 kilometer = ( 100 × 1.6 ) ×1

    =62.5 miles

    100 kilometer ႏႈန္းနဲ႕ ေမာင္းလွ်င္ 1 နာရီကို 62.5 မိုင္ေရာက္ပါမည္။

    ကိုယ့္သြားမည့္မိုင္ကို သိလွ်င္ ဘယ္ေလာက္ speed နဲ႕ေမာင္းလွ်င္ ဘယ္အခ်ိန္ေရာက္မလဲ တြက္ေပးတာပါ။

    Credit-Original Poster

    Via-ကားခ်စ္သူ

    (Unicode)

    ခရီးအကွာဝေး မိုင်တွက်နည်း

    1 .6 kilometer = 1 mile

    48 kilometer 48 ÷ 1.6 ) × 1

    = 30 × 1

    = 30 miles

    ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပီး မောင်းလျှင် 1 နာရီမှာ မိုင် 30 ရောက်ပါမည်။

    80 kilometer = (80 ÷ 1.6 )× 1

    = 50 × 1

    = 50 Miles

    80 kilometer နှုန်းနဲ့ မောင်းလျှင် 1 နာရီ ကြာပြီးသွားလျှင် မိုင် 50 ရောက်ပါမည်။

    100 kilometer = ( 100 × 1.6 ) ×1

    =62.5 miles

    100 kilometer နှုန်းနဲ့ မောင်းလျှင် 1 နာရီကို 62.5 မိုင်ရောက်ပါမည်။

    ကိုယ့်သွားမည့်မိုင်ကို သိလျှင် ဘယ်လောက် speed နဲ့မောင်းလျှင် ဘယ်အချိန်ရောက်မလဲ တွက်ပေးတာပါ။

    Credit-Original Poster

  • ေရေႏြးၾကမ္း အိုးထဲက လက္ဖက္ေျခာက္ဖတ္ေတြ

    ေရေႏြးၾကမ္း အိုးထဲက လက္ဖက္ေျခာက္ဖတ္ေတြ
    မလႊင့္ ပစ္ဘဲ …သုံးတတ္ရင္ အကိူးရွိတယ္ဆိုတာ
    သင္သိပါသလား??

    ဒါေတြ အတြက္ အသုံးတည့္တယ္ ဆိုပါလား ?


    ေဈးက ဝယ္လာတဲ့ ငါး ကေတာ္ေတာ္ညွီတဲ့
    ငါးဆိုရင္ လက္ဖက္ေျခာက္ဖတ္ နဲ႕အတူ
    ညွီေနတဲ့ငါးကို အိုးတစ္ခု တည္းထဲ့ျပဳပ္
    လိုက္ပါ ။ငါးညွီနဲ႕ လုံးဝ ေပ်ာက္သြား ပါလိမ့္မယ္ ။

    လက္ဖက္ေျခာက္ဖတ္ ေတြကို
    ေရေအးနဲ႕ေရာၿပီး မွန္ ျပတင္းေပါက္
    အိမ္သုံးပစည္း နဲ႕ ႐ႊံ႕ေပေနတဲ့ ဘြတ္ဖိနပ္
    ေတြကို ေဆးေၾကာပြတ္တိုက္ ပါ ။ၿပီးမွ
    အဝတ္သန႔္နဲ႕ ျပန္သုတ္ လိုက္ပါ ။
    သန႔္ၿပီး ေတာက္ေျပာင္သြား ပါလိမ့္မယ္ ။

    လဖက္ေျခာက္ဖတ္ ေတြ ကို
    ေရေအးနဲ႕ ေရာစပ္ၿပီး ေျမၾသဇာရည္
    အျဖစ္ အပင္ေတြ ကို ေလာင္းေပးနိုင္ရင္
    သဘာဝ ေျမၾသဇာ ကိုရရွိေစ ၿပီး အပင္ေတြ
    ကို သန္စြမ္း က်န္းမာေစပါတယ္ ။

    လဖက္ေျခာက္ဖတ္ ေတြကို
    အေျခာက္လွမ္းၿပီးၾကက္ဥ နဲ႕ ျပဳပ္စားရင္
    ေမႊးႀကိဳင္ၿပီး အရသာ ရွိလွပါတယ္ ။

    လဖက္ေျခာက္ဖတ္ ကို အေျခာက္လွမ္း ၿပီး
    မီးရိူ႕ရင္ အနံ႕အသက္ဆိုးေတြ ေပ်ာက္တဲ့
    အျပင္ ျခင္လည္း ေျပးတယ္ ။ ျခင္ေဆးေခြ
    အစားလည္း အသုံးျပဳ နိုင္ပါတယ္ ။

    လဖက္ေျခာက္ဖတ္ ေတြ ကို ေနလွန္းၿပီး
    ေခါင္းအုံး ထဲထည့္ ေခါင္းအုံ႕ အိပ္ရင္
    ေပ်ာ့ေျပာင္း စြာ အိပ္စက္ ရ႐ုံ တင္မက
    အပူ ကို ပါ က်ေစပါတယ္ ။

    လဖက္ေျခာက္ဖတ္ ကို မ်က္ႏွာေပၚ
    ပြတ္တိုက္ေပးျခင္းျဖင့္လည္း မ်က္ႏွာေပၚ
    ရွိ အမဲစက္/တင္းတိတ္မ်ား ေပ်ာက္ကင္း
    ေစပါတယ္….

    ျပစ္ရေတာ့မဲ့ လဖက္ေျခာက္ ေတြ ကို
    အက်ိဳးရွိရွိ သုံးျဖစ္ေစရန္ ရည္႐ြယ္ ရင္း
    မွ်ေဝေပးလိုက္ပါတယ္

    ေမတၱာမ်ား ျဖင့္
    Credit to အကယ္ဒမီ
    Copyright by Saung Hnin December

    (unicode)

    ရေနွေးကြမ်း အိုးထဲက လက်ဖက်ခြောက်ဖတ်တွေ
    မလွှင့် ပစ်ဘဲ …သုံးတတ်ရင် အကိူးရှိတယ်ဆိုတာ
    သင်သိပါသလား??

    ဒါတွေ အတွက် အသုံးတည့်တယ် ဆိုပါလား ?


    ဈေးက ဝယ်လာတဲ့ ငါး ကတော်တော်ညှီတဲ့
    ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့အတူ
    ညှီနေတဲ့ငါးကို အိုးတစ်ခု တည်းထဲ့ပြုပ်
    လိုက်ပါ ။ငါးညှီနဲ့ လုံးဝ ပျောက်သွား ပါလိမ့်မယ် ။

    လက်ဖက်ခြောက်ဖတ် တွေကို
    ရေအေးနဲ့ရောပြီး မှန် ပြတင်းပေါက်
    အိမ်သုံးပစည်း နဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်
    တွေကို ဆေးကြောပွတ်တိုက် ပါ ။ပြီးမှ
    အဝတ်သန့်နဲ့ ပြန်သုတ် လိုက်ပါ ။
    သန့်ပြီး တောက်ပြောင်သွား ပါလိမ့်မယ် ။

    လဖက်ခြောက်ဖတ် တွေ ကို
    ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည်
    အဖြစ် အပင်တွေ ကို လောင်းပေးနိုင်ရင်
    သဘာဝ မြေသြဇာ ကိုရရှိစေ ပြီး အပင်တွေ
    ကို သန်စွမ်း ကျန်းမာစေပါတယ် ။

    လဖက်ခြောက်ဖတ် တွေကို
    အခြောက်လှမ်းပြီးကြက်ဥ နဲ့ ပြုပ်စားရင်
    မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ် ။

    လဖက်ခြောက်ဖတ် ကို အခြောက်လှမ်း ပြီး
    မီးရိူ့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့
    အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ
    အစားလည်း အသုံးပြု နိုင်ပါတယ် ။

    လဖက်ခြောက်ဖတ် တွေ ကို နေလှန်းပြီး
    ခေါင်းအုံး ထဲထည့် ခေါင်းအုံ့ အိပ်ရင်
    ပျော့ပြောင်း စွာ အိပ်စက် ရရုံ တင်မက
    အပူ ကို ပါ ကျစေပါတယ် ။

    လဖက်ခြောက်ဖတ် ကို မျက်နှာပေါ်
    ပွတ်တိုက်ပေးခြင်းဖြင့်လည်း မျက်နှာပေါ်
    ရှိ အမဲစက်/တင်းတိတ်များ ပျောက်ကင်း
    စေပါတယ်….

    ပြစ်ရတော့မဲ့ လဖက်ခြောက် တွေ ကို
    အကျိုးရှိရှိ သုံးဖြစ်စေရန် ရည်ရွယ် ရင်း
    မျှဝေပေးလိုက်ပါတယ်

    မေတ္တာများ ဖြင့်
    Credit to အကယ်ဒမီ
    Copyright by Saung Hnin December

  • အစြန္းခြၽတ္ေဆး မလိုဘဲ အဝတ္ေတြကို သဘာဝအတိုင္း ျဖဴစင္ေစမယ့္ နည္းလမ္း ၃ မ်ိဳး

    (Zawgyi)

    အစြန္းခြၽတ္ေဆး မလိုဘဲ အဝတ္ေတြကို သဘာဝအတိုင္း ျဖဴစင္ေစမယ့္ နည္းလမ္း ၃ မ်ိဳး

    အျဖဴေရာင္ အဝတ္အထည္ေတြကို အစြန္းခြၽတ္ေဆး မသုံးဘဲ သဘာဝအတိုင္း ျဖဴစင္ေအာင္ ေလွ်ာ္ဖြပ္ႏိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။ အျဖဴေရာင္ အဝတ္အစားေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ဝါညစ္ညစ္ အေရာင္မ်ိဳး ျဖစ္လာတတ္ၿပီး အသစ္အတိုင္း ျဖဴစင္လာဖို႔ ခဲယဥ္းတတ္ပါတယ္။ အစြန္းခြၽတ္ေဆးေတြဟာ အဝတ္ေတြကို ေဆြးေျမ့လာေစၿပီး အေရျပားကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ အခုေဖာ္ျပမယ့္ သဘာဝနည္းလမ္းေတြနဲ႔ ျပဳလုပ္ၾကည့္ဖို႔ ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) ရွာလကာရည္

    ဝါညစ္ညစ္ျဖစ္ေနတဲ့ အျဖဴေရာင္ အဝတ္အစားေတြကို ျဖဴစင္ေအာင္ ျပဳလုပ္ဖို႔ ရွာလကာရည္ကို ရွာလကာရည္ ဘူးအဖုံးခြက္ ၁ ခြက္ (သို႔မဟုတ္) ၂ ခြက္နဲ႔ ေရအနည္းငယ္တို႔ကို ေရာစပ္ကာ ၁၅ မိနစ္ခန႔္ စိမ္ၿပီး အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။ ရွာလကာရည္ကို အသုံးျပဳၿပီး အဝတ္ေလွ်ာ္ျခင္းဟာ အျဖဴေရာင္ အဝတ္အထည္ေတြကို ပိုမို ျဖဴစင္ေစတဲ့အျပင္ အနံ႔ဆိုးေတြကိုပါ ဖယ္ရွားေပးႏိုင္ပါတယ္။

    (၂) မုန႔္ဖုတ္ဆိုဒါ

    မုန႔္ဖုတ္ဆိုဒါဟာ အဝတ္အထည္ေတြကို ျဖဴစင္ေစတဲ့ ဓာတု အစြန္းခြၽတ္ေဆးေတြလိုမ်ိဳးပဲ သက္ေရာက္မႈ ရွိပါတယ္။အဝတ္ေလွ်ာ္တဲ့အခါ အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔အတူ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကေန ၂ ဇြန္းအထိ ထည့္ၿပီးမွေလွ်ာ္ဖြပ္ျခင္းက အဝတ္အထည္ေတြကို ဘက္တီးရီးယား ကင္းစင္ေစႏိုင္သလို ပိုမို ျဖဴစင္ေတာက္ပေစပါတယ္။

    (၃) သံပရာသီး

    သံပရာသီးဟာ အဝတ္အထည္ေတြကို အစြန္းခြၽတ္ရာမွာ ေရွးယခင္တည္းက အသုံးျပဳခဲ့ၾကတဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။ ေရ ခပ္ေႏြးေႏြးထဲကို သံပရာရည္ ထည့္ၿပီး အဝတ္အထည္ေတြကို နာရီဝက္ခန႔္ စိမ္ထားေပးပါ။ ၿပီးရင္ေတာ့အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ ေလွ်ာ္ဖြပ္ေပးျခင္းက အဝတ္အထည္ေတြကို ပိုမိုျဖဴစင္လာေစႏိုင္သလို အစြန္းအထင္းေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

    Ref. brightside.me

    Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

    (Unicode)

    အစွန်းချွတ်ဆေး မလိုဘဲ အဝတ်တွေကို သဘာဝအတိုင်း ဖြူစင်စေမယ့် နည်းလမ်း ၃ မျိုး

    အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဖြူရောင် အဝတ်အစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ်အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။ အစွန်းချွတ်ဆေးတွေဟာ အဝတ်တွေကို ဆွေးမြေ့လာစေပြီး အရေပြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။

    (၁) ရှာလကာရည်

    ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင် အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။ ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည်တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

    (၂) မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါဟာ အဝတ်အထည်တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလိုမျိုးပဲ သက်ရောက်မှု ရှိပါတယ်။အဝတ်လျှော်တဲ့အခါ အဝတ်လျှော် ဆပ်ပြာနဲ့အတူ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ထည့်ပြီးမှလျှော်ဖွပ်ခြင်းက အဝတ်အထည်တွေကို ဘက်တီးရီးယား ကင်းစင်စေနိုင်သလို ပိုမို ဖြူစင်တောက်ပစေပါတယ်။

    (၃) သံပရာသီး

    သံပရာသီးဟာ အဝတ်အထည်တွေကို အစွန်းချွတ်ရာမှာ ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ရေ ခပ်နွေးနွေးထဲကို သံပရာရည် ထည့်ပြီး အဝတ်အထည်တွေကို နာရီဝက်ခန့် စိမ်ထားပေးပါ။ ပြီးရင်တော့အဝတ်လျှော် ဆပ်ပြာနဲ့ လျှော်ဖွပ်ပေးခြင်းက အဝတ်အထည်တွေကို ပိုမိုဖြူစင်လာစေနိုင်သလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    Ref. brightside.me

    Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition