Author: shangyi

  • ချစ်သူ ရည်းစားမရှိပါက တွင်းထဲကရေ 7ခွက်သောက်ရင် ချစ်သူရည်းစားရစေမည့် အံ့အားသင့်ဖွယ် ရေတွင်းကြီး

    လောကကြီးမှာတော့ ထူးဆန်းပြီးတော့ အံ့အားသင့်စရာကောင်းသော အရာများနှင့်ပြည့်နှက် နေတာဘဲ ဖြစ်ပါတယ်နော်။

    အခုလည်းဘဲ ဗီယက်နမ် နိုင်ငံမှ Cu Lao Cham ကျွန်းရှိ နှစ်ပေါင်း ၂၀၀ ကြာ ထိတည်ရှိနေသေးသော ၅ မီတာ အနက်ရှိ ရေတွင်းတစ်တွင်းသည် အလွန်ထူးခြားသောကြောင့်ဘဲ ခရီးသွားများ၏ အာရုံကို ဆွဲဆောင်ထားတယ် လို့သိရပါတယ်နော်။

    ရေတွင်းကြီးဟာ မိုးခေါင်ပြီးတော့ ရေများ ခန်းခြောက်သည့်ချိန်လျှင်ပင် ရေကမပြတ်သောက်သုံးနိုင်သေးပြီး စိတ်ကိုကြည်လင် စေတာဘဲဖြစ်ပါတယ်တဲ့။ ထို့အပြင် အမျိုးသားများ ထိုရေတွင်းထဲမှရေ ၇ခွက်တိတိ သောက်ပါက ချစ်သူရည်းစားရနိုင်ပြီးတော့ မိန်းကလေးများကတော့ ၉ခွက်တိတိ သောက်ရကာအနည်းငယ်လေး ပိုသောက်မိပါက အကြံစည် မအောင်မြင်နိုင်ပါဘူးတဲ့နော်။

    အချို့သောသူများမှာ ကံကောင်းစေရန်အတွက်ဘ ရေသောက်ခြင်းဖြင့် ဆုပါတောင်းကြပြီးတော့ ရေတွင်း၏ထူးခြားမှုမှာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့တာပါနော်။

    Credit-Original Poster

  • အမတော်မြနန်းနွယ်ရဲ့ပါးကို နမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်)

    လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျ တာဝန်ယူရသည်။

    တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှ အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။ အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍

    နားနေခိုက်တွင် စာရေးသူသိလိုသမျှကို သွားရောက်မေးမြန်းရင်း စကားလက်ဆုံကျကာအမတော် မြနန်းနွယ်ရဲ့ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရသည်။ ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ်ရဲ့ပါးကို နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူ တစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန် ရေးသားလိုက်ပါသည်။

    ထိုသို့ အသက်ဆုံးရှုံးရန် သီသီလေးလိုသည်အထိဖြစ်ခဲ့ရသူမှာ အခြားမဟုတ် ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်သည်။ သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက် ၃၅နစ်အထိ လုပ်သွားသူဖြစ်ပြီး အခုတိုင် အသက် ၉၃နှစ်ထိ အသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြသည်။ နာမည်မှာ ဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အပျက်မှာ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်သည်။

    တစ်ရက်သူ၏စိတ်ထဲမှာ အမတော်ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး ချောမောလှပနေသည်ကိုသာ တွေးမိနေသည်။ ထိုနောက်ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိသည်။ ညဘက်ရောက်သောအခါ နေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာ ဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်။ ဆေးတွေသွင်းပြီး လူလည်း မသေရုံတမယ်သာ ကျန်သည်။ထို့နောက် အမတော်ကို ကန်တော့ပွဲပေးကာ တောင်းပန်ရသည်။ နောင်တွင်လည်း အမတော်ကို ဤကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ ဦးဘချစ်အတွက်တော့ ဘဝတွင် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပေ။

  • ကမ္ဘာ့အလှဆုံး ဘာသာစကားတွေထဲမှာ မြန်မာအက္ခရာဟာ နံပါတ်(1) အလှဆုံးအဖြစ် ဗိုလ်စွဲ

    နိုင်ငံ တနိုင်ငံချင်းစီမှာ ကိုယ့် နိုင်ငံ ကိုယ်စားပြုတဲ့ နိုင်ငံ တော်အလံ တခုစီ ရှိသလိုပဲ အခြေခံ ဘာသာစကားတွေ၊ အက္ခရာတွေ၊ သင်္ကေတတွေလည်း အမျိုးမျိုး ရှိတတ်ကြပါတယ်။

    8 ရာစုတည်းက ရှင်သန်နေထိုင်ခဲ့တဲ့ Phoenician တွေ ခေတ်မှာတင်ပဲ အက္ခရာ သင်္ကေတတွေ ဘာသာစကားတွေ စတင် ပေါ်ပေါက်လာနေခဲ့ပြီလေ။ အဲ့ဒီနောက်ကနေ အီဂျစ် လူမျိုးတွေရဲ့ ခေတ်ကာလမှာလည်း သင်္ကေတ အက္ခရာတွေနဲ့ ဘာသာစကားတွေ အမျိုးမျိုး ကျယ်ပြန့်လာရင်း ဒီနေ့ခေတ်မှာ ဆို နိုင်ငံတိုင်းက သူ့ ဘာသာစကား၊ စာပေ၊ အက္ခရာတွေနဲ့ ရှိနေ ပါပြီ။

    လွန်ခဲ့တဲ့ နှစ် 2500 မှာ Latin အက္ခရာက နေရာအနှံ့အပြား တွင်တွင်ကျယ်ကျယ် သုံးခဲ့တာကြောင့် တခြား ဘာသာစကားတွေ မှေးမှိန်ပျောက်ကွယ် ခဲ့ရပါတယ်။ အဲ့ဒီနောက် ရောမ အင်ပါယာပေါ်လာပြီး အက္ခရာတွေ သင် ကြားမှု ပြောင်းလဲ လာတယ်။ ဒါပေမယ့် အဲ့ဒါကလည်း တွက် ချက်ရ ခက်တာမို့ အဲ့ဒီနောက် အက္ခရာတွေ၊ ဘာသာ စကားတွေ အများကြီး ပေါ်လာ ပါတယ်။

    အဲ့ဒီထဲမှာမှ ဆန်ဖရန်စစ္စကို မှာ အခြေစိုက်တဲ့ မြောက်အ‌မေရိက ဒစ်ဂျစ်ဒယ် မီဒီယာကုမ္ပဏီနဲ့ ခရီးသွားကွန်ယက် ဖြစ်တဲ့ Matador Network က 2020 မှာ တင်ပြတဲ့ ဆောင်းပါးအရ အလှဆုံးလို့ သတ်မှတ်ခံရတဲ့ ဘာသာစကား(5) ခု ကတော့ …

    (1) Burmese (ျမန္မာဘာသာစကား)

    ဘယ်ဘက်ကို ကြည့်ကြည့် လုံးလုံး ဝိုင်းဝိုင်းလေးနဲ့ ချစ်စရာ ကောင်းတဲ့အပြင် ခေါက်ချိုးလည်း ညီပြီး နာရီလက်တံ တဖက်တည်းကို လှည့်တဲ့ ဘာသာစကားမို့ မြန်မာ ဘာသာစကားက အလှဆုံးလို့ နာမည်ကြီး ပါတယ်။ ဗျည်း 33 လုံး နဲ့ သရ 8 လုံး ရှိပါတယ်။

    (2) Sinhalese (သီရိလကၤာစကား)

    အကျယ်ပြန့်ဆုံး ဘာသာစကားလို့ လူသိ များပါတယ်။ သူ့ဆီမှာ အသေးငယ်ဆုံး စာသားတွေ ခွဲပေးတဲ့ အသံကွဲတောင် အမျိုး 50 လောက် ရှိပါတယ်။ အဲ့ထဲက 38 မျိုးကို ခေတ်မီ စာရေးသားနည်း အတွက် သုံးပါတယ်။ သူ့ဆီမှာလည်း Sanskrit နဲ့ အိန္ဒိယဘက်က မွေးစားထားတဲ့ Pali ဆိုပြီး ၂မျိုး ထပ်ကွဲပါတယ်။

    (3) Georgian (ဂျော်ဂျီယာဘာသာစကား)

    တူရကီနဲ့ ရုရှားနိုင်ငံကြားမှ ာရှိပေမယ့် ဂျော်ဂျီယာနိုင်ငံ မှာလည်း သူ့ကိုယ်ပိုင် ဘာသာစကားနဲ့သူပါ။ သူ့ ဘာသာစကားရော အက္ခရာရောက ရုရှားဘက်က လွှမ်းမိုးမှုကို ခံခဲ့ရပုံတူပါတယ်။ဗျည်းအက္ခရာ 38 လုံး ရှိပေမယ့် 5 လုံးကတော့ ခေတ်မမီတော့ဘူးလို့ ဆိုပါတယ်။ ရေးဆွဲနည်းကတော့ ဘယ်မှ ညာသို့ ရေးရတာ ဖြစ်ပါတယ်။

    (4) Tagalog (ဖိလစ္ပိုင္ဘာသာစကား)

    Indo European ဘာသာစကားကနေ ကွဲထွက်လာတဲ့ Tagalog ဘာသာစကားက ခု နောက်ပိုင်း သုံးတဲ့ Spanish စကား မတိုင်ခင် ဦးဦးဖျားဖျား ပေါ်တဲ့ ဘာသာစကားပါ။ သူ့ကို ရေးနည်းကတော့ နဂိုက အောက်ကနေ အပေါ်ကို ပင့်တင် ရေးရတာကနေ ခုတော့ ဘယ်ကနေ ညာကို ပြောင်းလဲ ရေးသားနည်းအဖြစ် တွင်ကျယ်လာပြီး အက္ခရာတွေကို 90′ လှည့်ခဲ့ကြပါတယ်တဲ့။ သူလည်း စတုတ္တ အလှဆုံးထဲ ပါခဲ့ ပါတယ်။

    (5) Hanacaraka (အင္ဒိုနီးရွား ဘာသာစကား)

    အင်ဒိုနီးရှား Java ကျွန်းဆွယ်ကနေ ဒီဘာသာစကား ကို စတင်ပြီး အနီးနားကျွန်းဆွယ်တွေကို ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ အင်ဒိုနီးရှား အာဏာပိုင်တွေက 19 နဲ့ 20 ရာစုမှာ အတည်ပြုဖို့ ကြံနေတုန်းပဲ ဒုတိယ ကမ္ဘာစစ် ဝင်လာပြီး ဂျပန်လူမျိုးတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် Hanacaraka ဘာသာစကား အတည်ပြုဖို့ ပျက်ယွင်းခဲ့ပြီး အဲ့ဒီနောက် Latin ဘာသာစကားကို ပြောင်းလဲ အသုံးပြုခဲ့ ရပါတယ်။

    ခုချိန်ထိ အစိုးရက လမ်း/ တံတားတွေရဲ့ Sign တွေမှာနဲ့ အစိုးရ စာသင်ကျောင်းတွေမှာ သင်ကြားဖို့ တိုက်တွန်းနေတုန်း ပါပဲ။ သူ့ကို Javanese Alphabet လို့လည်း ခေါ်ပါတယ်။

    Credit -Lin Maw

  • ကျိုက်ထီးရိုးဘုရားအနီးဝန်းကျင်ရှိ မုဆိုးတောင် အကြောင်းသိကောင်းစရာ

    ကျိုက်ထီးရိုးဘုရားရင်ပြင်တော်၏ အရှေ့ဘက်ထမင်းဆိုင်တန်းများ အကျော်တွင် မုဆိုးတောင်စေတီကို ဖူးမြော်နိုင်ပါသည်။ ရှေးယခင်က မုဆိုးတောင်နေရာသည် လူသူမနီး တောကြီးတောင်ကြီး လျှိုမြောင် အတန်တန် ဝန်းရံကာဆီး သစ်ပင်သစ်သီး ပန်းပေါင်းစုံတို့ဖြင့် ဝေဆာလျက် ကျောက်ဂူများ ပေါများသောကြောင့် သူတော်ကောင်းတို့ တရားကျင့်ကြံ အားထုတ်သော ဘူမိနတ်သန်နေရာပင် ဖြစ်သည်။

    ဤနေရာသို့ တိဿရသေ့ကြီးသည် ဇင်းကျိုက်တောင်မှ ပြောင်းရွေ့ သီတင်းသုံး တရားကျင့်ကြံအားထုတ်ရန် ကြွရောက်တော်မူလာခဲ့သည်။ ယင်းတောတောင်သို့ တိဿရသေ့ကြီး မပြောင်းရွေ့မီကပင် မုဆိုးကြီးတစ်ဦးသည် ဤတောကို အမှီပြုရန် တောကောင်များကို လိုက်လံသတ်ဖြစ်လျက် အသက် မွေးဝမ်းကျောင်းပြုရန် နေလေသည်။

    တစ်နေ့တွင် မုဆိုးကြီးသည် တိဿရသေ့ကြီး၏ တရားဟောပြော မှုကြောင့် အကျွတ်တရားရကာ မုဆိုးအလုပ်ကို စွန့်လွှတ်၍ တိဿရသေ့ကြီးထံ ဖိုးသူတော်ဝတ်ပြီး တပည့်အဖြစ်နေလေသည်။ ယင်းမုဆိုးကြီးကို အစွဲပြု၍ ဤတောင်ကို မုဆိုးတောင်ဟုခေါ်ပါသည်။ယနေ့ထိတိုင် ထိုအမည်ကို မပယ်ဖျက်ပဲ မုဆိုးတောင်ဟု တွင်လေသည်။ မုဆိုးတောင်ထက်တွင် တိဿရသေ့ကြီး၏ အရိုးဂူကို စေတီတော် ပြုလုပ်တည်ထားကိုးကွယ်ခဲ့သည်။

    မုဆိုးတောင်ရင်ပြင်နှင့် တဆက်တည်း နေရာတွင် မုဆိုးဒူးထောက်အောင်မြေ တည်ရှိပါသည်။ ယင်းအောင်မြေတန်ဆောင်းအတွင်း၌ မုဆိုးကြီးပုံ ကျောက်ရုပ်ထုများ ရှိပါသည်။ တောင်ထက်တွင် ဂူသုံးလုံးရှိရာ အနောက်ဘက် အာပေါဂူမှာ ကျိုက်ထိုမြို့တွင် သီတင်းသုံးသော ထွက်ရပ်ပေါက်ဆရာတော် ဦးအာဘော တရားအားထုတ်သော ဂူဖြစ်သည်။ အလယ်ဂူမှာ မှန်ဂူဖြစ်သည်။ ဂူအတွင်း မှန်ကျောက်ပြားများ ခင်းထားပြီး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူရှိသဖြင့် ဝင်ရောက်ဖူးမြော်နိုင်သည်။

    အရှေ့ဘက်ဂူမှာမူ နေရောင်ခံဂူဖြစ်သည်။ တရားအားထုတ်စဉ် သူတော်စင်များ နေစာလှုံရာ ဂူဖြစ်သည်ဟုဆိုသည်။ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာရောက်လျှင် မုဆိုးတောင်စေတီကိုလည်း သွားရောက်ဖူးမြော်ကြည်ညိုနိင်ပါသည်

    Credit – Original Uploader

  • မင်းတုန်းမင်းနန်းတက်စဉ်က နန်းတော်ထဲမှ ရွှေနန်းပျော်သမီးတော်များ၏ တစ်နေ့တာအကြောင်း

    မင်းတုန်းမင်းတရားကြီးသည် နန်းတွင်းမှာလည်း နန်းတွင်းအလိုက်၊ နန်းပြင် တွင်လည်းနန်းပြင်အလိုက် အထောက်တော် များထားသည်ဟု သိရ၏။ နန်းတွင်း အထောက်တော်များတွင် မြတောင် စုဖုရား (စုဖုရားလတ်) ငယ်စဉ်က အထောက် တော်အဖြစ် ဆောင်ရွက်ရသည်ဟု သိရပါသည်။ ထိုကြောင့်သမီးတော်ကလေး များထဲ၌လည်း ထက်မြက်သူများကို မင်းတရားကြီးက အထောက်တော် အဖြစ် တာဝန်ထမ်းဆောင်ခိုင်းသည်ဟု တွေ့ရ ပါသည်။ မိဖုရားကြီးများ၏ အဆောင် များတွင် ပြင်သစ်၊ အင်္ဂလိပ် အာမီနီယမ် လူပျိုအပျိုတော်များ ဝင်ရောက်ခစား ကြသည်။ ထိုအနောက်တိုင်း အပျိုတော် များသည် တက်တင်းဇာ တစ်ချောင်းထိုး နည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို လုပ်ဆောင်ပြ၍ ဆက်သကြသည်။

    ဤတွင်စင်္ကြာဒေဝီ မိဖုရားခေါင်ကြီး သည် ရွှေနန်းပျော်သမီးတော်များကို အနောက် တိုင်းမှ တက်တင်းဇာထိုးနည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို သင်ယူစေသည်။ ဤကိစ္စ၌ သမီးတော်များအားလုံး သင်ကြရ သည်မဟုတ်ပါ။ စိတ်ပါဝင်စားသော သမီး တော်များသာသင်ကြရသည်ဟု သိရပါ သည်။ စင်္ကြာဒေဝီ မိဖုရားခေါင်ကြီးက စလင်းစုဖုရား၊ မိုင်းနောင်စုဖုရားနှင့် မြ တောင်စုဖုရားတို့ကို ခေတ်မီသချင်္ာ တွက် နည်းများကိုလည်း သင်ကြားစေသည်။ စလင်းစုဖုရားအား ရွှေတိုက်တော် စာရင်း၊ မိုင်းနောင်စုဖုရားအား ငွေတိုက်တော်စာရင်း၊ မြတောင်စုဖုရားအား ဝါတော် စာရင်းများကို သီးခြားကိုင်စေ၍ တာဝန်ထမ်းဆောင်စေသည်။

    ရွှေတိုက်စာရင်း ဆိုရာ၌ နှစ်စဉ် ရွှေထွက်သော ဒေသများမှ ရွှေခွန်မှူးများ လာရောက် ဆက်သသော ရွှေ၊ လက်ဆောင် ယူမှူးများမှ တစ်ဆင့်လာသော အရပ်ရပ်မှ ဆက်သသည့် ရွှေများကို အဝင်ရွှေ အဖြစ် လည်းကောင်း၊ ဘုရားကျောင်း ကန်များသို့ လှူသောရွှေ၊ နန်းသုံး ပစ္စည်းနှင့် ရုပ်တုများ လုပ်ရန်ရွှေ၊ သားတော် သမီးတော်များကို လက်ဖွဲ့သော ရွှေစသည်တို့ကို အထွက်ရွှေဖြင့် လည်းကောင်း၊ အလေးချိန်အတိ အကျ စာရင်းကိုင်ရသည်။

    ငွေတိုက်တော် စာရင်းဆိုရာ၌ အထက်ပါ အတိုင်း ငွေခွန် မှူးဆက်သသော ငွေနှင့် အရပ်ရပ် အခွန်တော်မှ သွင်းသောငွေများကို အဝင်ငွေအဖြစ်လည်းကောင်း၊ အရပ်ရပ် သုံးငွေများ ကို အထွက်ငွေအဖြစ်လည်းကောင်း စာရင်းကိုင်ရခြင်းဖြစ်သည်။ မြတောင်စုဖုရားကိုင်ရသော ဝါတော် စာရင်းဆိုရာ၌ နန်းတွင်းသုံး သာမက၊ ပြည်ပ အဝယ်တော်များကို ရောင်းချခြင်း များပါ ကိုင်တွယ်စစ်ဆေးရခြင်းဖြစ်သည်။ ဝါတော် အဝင်ထွက်၊ စာရင်းများကို ဆိုင်ရာ စာရေးတော်များ၊ အကောက်အရာရှိ များက တစ်လတစ်ကြိမ်ဆက်သလျက် စစ် ဆေးခံကြရမြဲဖြစ်သည်။

    ထိုခေတ်က “ရွှေနှင့် ငွေထက် ဝါက ပိုလေးသည်” ဟူ သော စကားရှိ၏။ အဓိပ္ပာယ်မှာ ရွှေစာရင်း ကိုင်ရသော စလင်းစုဖုရားနှင့် ငွေတော် စာရင်းကိုင်ရသော မိုင်းနောင် စုဖုရားတို့သည်အနည်းအကျဉ်း ချွတ်ချော် လွှဲမှားလျှင် အထိုက်အလျောက် သက်သာခွင့်ရ နိုင်သေးသည်။ဝါတော်စာရင်းကိုင် မြတောင်စုဖုရားကား အလွန် တိကျပြတ်သား၍ လုံးဝ အမှားမခံ၊ စာရင်းလွဲလျှင် ဆိုင်ရာသို့ ပို့အပ်တတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ 

    မှတ်ချက်။ ။ ဤနေရာ၌ မြတောင် စုဖုရား (စုဖုရားလတ်)ကိုင်ရသည့် စာရင်းမှာ ဝါစာရင်း မဟုတ်၊ နောင်အခါ နန်းကျမိဖုရား ခေါင်ကြီး ဘဝတွင်၊ သူကိုင်ရသည်မှာ ဆီတော်စာရင်း ဟူ၍ မိန့်တော်မူကြောင်း ရှိခဲ့ သဖြင့် မြတောင်စုဖုရား ကိုင်ရသည်မှာ ဆီတော်စာရင်း ဟူ၍ အငြင်းပွားမှု ရှိပါသည်။ မည်သို့ပင်ဆိုစေ ရွှေနန်းပျော် သမီးတော်များသည် အများ ထင်သကဲ့သို့ နန်း တော်ပေါ်တွင် လှပစွာပြင်ဆင်ကာ အကောင်းဆုံး အနေအစားဖြင့် ရွှေနန်းစည်း စိမ်ကိုချည်းခံစား၊ စံစားနေကြသူများ မဟုတ်ပါ။ ရွှေနန်းပျော် သမီးတော်များသည် သာမန် အရပ်သူ အမျိုးသမီးများကဲ့သို့ပင် စာပေသင်ကြားရေးမှ အစ၊ အလုပ်တာဝန် ဝတ္တရား၊ ကိုယ်စီ ထမ်းဆောင်ကာ၊ စားချိန်၊ နားချိန်၊ အလုပ်ချိန်များဖြင့် စနစ်တကျ နေထိုင်ကြရသူများ ဖြစ်ကြောင်းကို သိရပါသည်။

    ကိုးကား-

    ၁။ ရွှေဘိုမိမိကြီး-“ရွှေရည်မင်းစံ ဆောင်းပါးများ”

    ၂။ မောင်သန်းဆွေ (ထားဝယ်) – “ထီးရနံ့၊ နန်းရနံ့”

    ၃။ မောင်သန်းဆွေ (ထားဝယ်)- “ဟင်္ဂမော် ထိပ်ခေါင်တင်ရေးမင်း တုန်းမင်းတရားကြီး၏နေ့စဉ်မှတ်တမ်း။

    ၄။ ဒဂုန်ခင်ခင်လေး၏ “အမျိုးသမီး အနုပညာရှင်များ

    Credit

  • တင်းတင်းရင်းရင်းနဲ့ပိုပြီး လှပလာတဲ့ သရုပ်ဆောင်ယွန်းရွှေရည်

    ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်ကတော့ ကျရာဇာတ်ကားတွေမှာ ပီ​ပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။ ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်ကတော့ ယခုအချိန်ကာလတွေမှာဆိုရင် ကြော်ငြာများရိုက်ကူးရင်း၊


    အလှဓာတ်ပုံများရိုက်ကူးရင်း နဲ့ ဘဝကို အေးအေးချမ်းချမ်း သာသာယာယာ ဖြတ်သန်းနေပါတယ်နော်။ အခုတစ်ခါမှာဆိုရင်ဇာတ်ပို့သရုပ်ဆောင်ယွန်းရွှေရည်က အရင်ကနဲ့မတူဘဲ တင်းတင်းရင်းရင်းနဲ့ လှပနေတဲ့ သူမရဲ့ပုံရိပ်တွေကို အခုလိုတင်ဆက်လာပါတယ်။

    စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

    Credit

  • ကျော်သူ နာရေးကူညီမှုအသင်းကြီး မတိုင်ခင်က နာရေးကားအငှားလုပ်ငန်းတွေ အကြောင်းနှင့် ကြံတောသင်္ချိုင်းကြီး သမိုင်း

    အင်္ဂလိပ်ကိုလိုနီခေတ်ထဲက အသုံးပြုခဲ့တဲ့ ကြံတောသင်းချိုင်းဟာ ဧက ၅၀ ကျယ်ဝှန်းပြီး မြန်မာနိုင်ငံကျက်သရေဆောင် ရန်ကုန်တက္ကသိုလ်နဲ့ မိုင်ဝက်ပဲဝေးတယ်။ ကြံတောသင်းချိုင်းမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ ဟိန္ဒူ၊ မူဆလင်ဘာသာဝင်အသီးသီးအတွက် သင်းချိုင်းမြေနေရာများ သတ်မှတ်ပေးထားခဲ့တယ်။

    ကြံတောသင်းချိုင်းမှာဟိန္ဒူသင်းချိုင်းမြေနေရာကြီးပဲ ၄ ဧကရှိတယ်။ ခရစ်ယန်သင်းချိုင်းမြေက နာနတ်တောလမ်းဘက်ကျလို့ နာနတ်တောခရစ်ယန်သင်းချိုင်းခေါ်ခဲ့ကြတယ်။ ‘ ၁၉၉၁ မှာဗဟန်းအဝိုင်းနဲ့ တိရိစ္ဆန်ရုံအနားကခရစ်ယန်သင်းချိုင်း (St.John Cantonment အင်္ဂလိပ်စစ်သင်းချိုင်း)နဲ့ ၁၉၉၄ မှာတာမွေသင်းချိုင်းကိုကြံတောသင်းချိုင်းဆီရွှေ့ပြောင်းခဲ့ကြတယ်။ ကြံတောသင်းချိုင်း ၁၉၉၆ – ၉၇ မဖျက်သိမ်းခင်အထိရန်ကုန်မြို့မှာအကြီးဆုံးသင်းချိုင်းဖြစ်တယ်။ ကြံတောသင်းချိုင်းမှာမြုတ်နှံထားတဲ့ရုပ်ကြွင်းပိုင်ရှင်မိသားစုကိုရန်ကုန်မြို့စွန်ရေဝေးသင်းချိုင်းနဲ့ထိန်ပင်သင်းချိုင်းဆီရွှေ့ပြောင်းနိုင်ဖို့မြို့တော်စည်ပင်ကတလကြိုတင်နို့တစ်ပေးပြီးသင်းချိုင်းသစ်ဆီရွှေ့ပြောင်းခဲ့ကြတယ်။

    ကိုးမိုင်တရုတ်သင်းချိုင်းဖျက်သိမ်းတော့ကျွန်တော်သူငယ်ချင်းတယောက်ကိုးမိုင်တရုတ်သင်းချိုင်းမှာမြုတ်ထားတာ တလမပြည့်သေးတဲ့ သူ့အဖေအလောင်းပြန်ဖေါ်ပြီးလှိုင်သာယာထိန်ပင်သုဿန်ကို ဟိုင်းလက်စ်အမိုးဖြုတ်ကားနဲ့သယ်ပြီးပြန်မြုတ်ဖူးတယ်။ ဘုရင့်နောင်တံတားမှာကားတန်းစီးနေတုံးဟိုင်းလက်စ်နောက်မှာသေချာပတ်ပြီးသယ်လာတဲ့သူ့အဖေရုပ်အလောင်းကိုဘေးဘတ်စ်ကားပေါ်ကခရီးသည်တွေမြင်ပြီးထိတ်လန့်တကြားဝိုင်းအော်ကြတယ်သူငယ်ချင်းပြောပြဖူးတယ်။

    သူနဲ့အတူပါလာတဲ့မိန်းကလေးအုပ်စုဘယ်သူမှသူတို့အဖိုးအလောင်းနားမကပ်ရဲကြဖူးတဲ့။ထိန်ပင်မှာအလောင်းပြန်မြုတ်တာသစ်ပင်အကွယ်ခပ်လှမ်းလှမ်းကဝိုင်းကြည့်နေကြတယ်တဲ့။ ကြံတောသင်းချိုင်းမဖျက်ခင်သင်းချိုင်းနဲ့မျက်နှာခြင်းဆိုင်ဟံသာဝတီလမ်းမပေါ်မှာအခေါင်းအမျိုးမျိုးအရောင်းဆိုင်ရှိတယ်။ နာရေးနဲ့သက်ဆိုင်တဲပစ္စည်းအရောင်းဆိုင်များရှိတယ်။နာရေးယပ်တောင်အမျိုးမျိုးအော်ဒါလက်ခံတဲ့ဆိုင်များရှိခဲ့တယ်။ နာရေးကားအမျိုးမျိုးရှိပြီး “ ဦးပန်ချာ” နဲ့ “ ဦးအေးမောင် ” နာရေးကားအငှားလုပ်ငန်းတရန်ကုန်လုံးမသိသူမရှိဘူး။ အင်္ဂလန်လုပ်အမေရိကန်လုပ်ဇိမ်ခံကားကြီးပေါ်မှာအလောင်းထည့်မှန်ခန်းကိုကျွန်းသစ်အကောင်းစားနဲ့တည်ဆောက်ထားပြီးမြန်မာ့ရိုးရာပန်းပွတ်ပန်းခက်ပန်းနွယ်အမျိုးမျိုးနဲ့နာရေးအသုဘကားကိုမွန်းမံပြင်ဆင်ထားတယ်။

    နာရေးကားအကောင်းစားအများစုကအဲ့ဒီခေတ်သံရုံးလေလံကားများဖြစ်တယ်။ နာရေးကားအငှားပိုင်ရှင် “ ဦးပန်ချာ” သားနဲ့သူငယ်ချင်းများဟာညပိုင်းမှာနာရေးကားအလောင်းထည့်မှန်ခန်းနဲ့သစ်သားပန်းခက်ပန်းနွယ်များကိုဖြုတ်ချပြီးဇိမ်ခံကားအကောင်းစားကြီးနဲ့ညကလပ်များသွားလည်လေ့ရှိတယ်ရန်ကုန်မြို့မှာကောလဟလအတော်ပြန့်ခဲ့သေးတယ်။

    ဦးပန်ချာနာရေးကားနဲ့ကုလားအသုဘချတာရန်ကင်းကံဘဲ့မှာမြင်ဖူးတယ်။ကုလားသူဋ္ဌေးအသုဘ၊တမေးလ်လား ဟိန္ဒူလားမသိဘူး။မှန်ခန်းထဲအခေါင်းမပါပဲအသုဘရုပ်အလောင်းကြီးဒီအတိုင်းထည့်ထားတာ။ ရုပ်အလောင်းပေါ်ပန်းတွေအုပ်ထားပြီးမျက်နာပဲပေါ်နေတယ်။ကုလားအသုဘချတာတီးဝိုင်းပါတယ်။ ထရန်းပက်စွဲစွဲငင်ငင်မှုတ်ပြီးဗုံတိုသံစည်းချက်ကျကျတီးမှုတ်ပြီးအသုဘချတာ။တီးဝိုင်းကနာရေးအသုဘကားအနောက်တန်းစီးလမ်းလျှောက်လိုက်တာ။ ဆေးရုံကြီးအရေးပေါ်မှာဆုံးတဲ့ပိုင်ရှင်မဲ့အလောင်းကိုအနားကရေခဲတိုက်ကိုပို့တာမြင်ဖူးတယ်။ နာရေးကားမှန်ခန်းထဲမှာအလောင်း ၄ – ၅ လောင်းကိုထပ်ပြီးပို့တာ။အလောင်းကိုညီညီညာညာမှန်ခန်းထဲစီထည့်ထားတာမဟုတ်ဘူး။ ဒီအတိုင်းပစ်ထည့်ထားတော့အလောင်းတွေကမှန်ခန်းထဲပိုးလိုးပက်လက်။ ဆေးရုံကြီးအရေးပေါ်ဘေးပေါက်ကနာရေးကားမှန်ခန်းထဲလှမ်းမြင်ပြီးလူအတော်အော်ဂလီဆန်သွားတယ်။

    ၂၀၀၁ ဇန်နဝါရီမှာ အခမဲ့နာရေးကူညီမှုအသင်းကြီးကို စာရေးဆရာဒါရိုက်တာ ဦးသုခဦးဆောင်ပြီး ဒေါ်သန်းမြင့်အောင် ရုပ်ရှင်မင်းသားကျော်သူလိုလူသိထင်ရှားပရဟိသမားများနဲ့တည်ထောင်ဖွဲ့စည်းခဲ့တယ်။ လူမျိုးဘာသာမရွေးနာရေးကိစ္စကို အဖိုးအခတစုံတရာကုန်ကျစရာမလိုပဲ အသင်းကြီးမှကူညီဆောင်ရွက်ပေးနေတယ်။အသင်းတည်ထောင်ပြီးချိန်မှနာရေးနှစ်သိန်းကျော်ကူညီပေးခဲပြီးဖြစ်တယ်။ ၂၀၂၁ မတ်လမှစပြီးလူမှုဝန်ထမ်းဦးစီးဋ္ဌာနမှအခမဲ့နာရေးကူညီမှုအသင်းကြီး၏နာရေးကူညီမှုများကိုဆက်လက်တာဝန်ယူထားပါတယ်။ အသုဘအခမ်းအနားကိုလွန်ခဲ့တဲ့နှစ်ပေါင်းငါးသောင်းခန့်ကပြုလုပ်ခဲ့ကြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းခန့်ကသင်းချိုင်းကိုအစ္စရေးနိုင်ငံ Qafzeh ဒေသမှာရှာဖွေတွေ့ရှိခဲ့တယ်။

    ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာကမ္ဘာ့ရှေးအကျဆုံးသင်းချိုင်းမြေကိုနယ်သာလန်နိုင်ငံမှာလည်းရှာတွေ့ခဲ့တယ်။သေဆုံးသူအသက်ရှိစဉ်သုံးစွဲခဲ့တဲ့ပစ္စည်းကရိယာများကိုတိရိစ္ဆန်အရိုးနဲ့အတူမြေမြုတ်သင်္ဂြလ်ခဲ့တာပါ။ (လွင်ဦး(ရန်ကင်း)

  • မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီနှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

    မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့သော နှစ်ပေါင်း၁၂၀ သက်တမ်းရှိ ကြမ်းခင်းပန်းချီ နှင့် အနုလက်ရာမြောက် ရှေးဟောင်းသိမ်တော်

    (ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သံတံခါးကျေးရွာမှာ တည်ရှိပါတယ်) ”အုန်းနှဲမှာ အိမ်၊ သံတံခါးမှာ သိမ်၊ မိုးခိုင်မှာ လောင်း၊ နိဗ္ဗာန်မှာ ကျောင်း” ဆိုသည့် စာချိုးအရ နာမည်ကျော် ရှေးဟောင်း သံတံခါးသိမ်တော်ကြီးဆီသို့ တစ်ခါတစ်ခေါက် ရောက်ရှိခဲ့ပါတယ်။

    အခုခေတ်အထိတိုင် ကုန်းလမ်းရေလမ်း လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်း၊ မိုးအခါ ရေကြီး၊ နွေအခါ ရေမရှိ၊ ဖုန်းလိုင်းမမိသည့် အရပ်ဒေသမို့ လွန်ခဲ့သော နှစ်ပေါင်း၁၂၀ခန့်က ဒီထက်မက ပိုမိုခေါင်ခိုက်နေလိမ့်ဦးမည်ဟု တွေးဆမိပါတယ်။ ဒီလိုခေါင်ခိုက်နေတဲ့ အရပ်ဒေသမှာ သဒ္ဒါတရားထက်သန်လှသည့် အလှူရှင်မိသားစုတစ်စုက ”သံတံခါးမှာ သိမ်” ဟု ဒေသခံတို့အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျော်ကြားလာစေမည့် သိမ်တော်ကြီးတစ်ဆောင်ကို အနုပညာလက်ရာမြောက်စွာ အမွေထားရစ်ခဲ့ပါတယ်။

    သံတံခါးသိမ်တော်ကြီးကို သံတံခါးရွာမှ မိခင်ကြီးဒေါ်ရွှေကြုကို အမှူးထား၍ မြေပိုင်ရှင် ကိုပိုခါး+ဇနီးမရင်၊ သား မောင်ရွှေဘ၊ သမီး မသိန်းရင် မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ၁၂၆၃ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၂၆၆ခုနှစ်တွင် အပြီးသတ်ခဲ့ခြင်းကြောင့် ၃နှစ်တာတည်ဆောက်ခဲ့ရသည့် သိမ်တော်ကြီးဖြစ်ပါတယ်။

    သိမ်တော်ကြီး၏ အတွင်းအပြင်အနုလက်ရာများကို မန္တလေးမှ ပညာရှင်များကို ခေါ်ယူ၍ တန်ဆာဆင် တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။သိမ်တော်ကြီးကို ကျွန်းတိုင်လုံးများနှင့် တည်ဆောက်ထားပြီး မှန်စီရွှေချပညာရပ်အစွမ်းကို အပြည့်အဝအသုံးချထားသည့်နေရာဟု ဆိုနိုင်ပါတယ်။မှန်စီရွှေချအတွက် နိုင်ငံခြားဖြစ် ဖန်ရွဲလုံးများကို မှာယူအသုံးပြုခဲ့ခြင်းကြောင့် အရောင်အသွေးစုံလင်စွာနဲ့ အမြင်ဆန်းစေခဲ့ပါတယ်။

    မန္တလေးမှပညာရှင်များက ဖန်ရွဲသီးများကို လိုအပ်သလို ဖြတ်တောက်ပြီး သူ့နေရာနှင့်သူ အချိုးအစားကျနစွာ အသုံးပြုထားပါတယ်။ဖန်ပြင်ညီများကို အကွေးအညွှတ်အခတ် အခုံးအချိုင့်အခွက်များ ပြုလုပ်ရာမှာ အပူအတွက် ဖယောင်းမီးတိုင်ကို အသုံးပြုပြီး ညအခါမှအလုပ်လုပ်ကြတယ်လို့ သိရတယ်။

    သိမ်၏ နံရံ၊ မျက်နှာကျက်၊ ကျွန်းတိုင်လုံးများတွင် မှန်စီရွှေချများကို အပြည့်တန်ဆာဆင်ထားပြီး ကိုလိုနီခေတ်ဦးလက်ရာများဖြစ်သည့် စပျစ်နွယ်၊ မုဒရက်ပန်းနွယ်၊ သုံးပွင့်ဖတ်၊ ငါးပွင့်ဖတ်များနှင့် လူပျံတော်အရုပ်လေးများကို ထည့်သွင်းတန်ဆာဆင်ထားပါတယ်။မြန်မာ့ရိုးရာအရုပ်များအနေနဲ့ ဘီလူးခေါင်း၊ ခြူးရုပ်၊ ပဉ္စရူပ၊ နယားရုပ်၊ မျောက်ဘီလူးရုပ်၊ ဘီလူးခါးပြတ်၊ ဟသာ်ရုပ် အစရှိသည်တို့ကို သူ့နေရာနှင့်သူ အချိုးအစားကျနစွာ နေရာချထားထည့်သွင်းထားပါတယ်။သိမ်တော်ကို စတင်တည်ဆောက်စဥ်အခါက ကြမ်းခင်းပန်းချီများမှာ ကြမ်းခင်းအပြည့် ခင်းထားပါသော်လည်း အခုအခါ ပျက်ဆီးယိုယွင်းမှုများကြောင့် လစ်လပ်သွားသောနေရာတွင် ခေတ်သစ်အလှူရှင်များ၏ အခင်းကြွေပြားများ အစားထိုးခြင်းကို ခံနေရပြီး သိမ်တော်အတွင်းရှိ ဘုရားအရှေ့မှာသာ အနည်းငယ်ခန့် ကျန်ပါတော့သည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ကျန်တော့သည့် နောက်ဆုံးကြမ်းခင်းပန်းချီလက်ရာဖြစ်တာမို့ ပညာရှင်များ အချိန်မှီထိန်းသိမ်းသင့်လှပါသည်။

    ၁၂၆၆ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော သံတံခါးသိမ်တော်ကြီးသည် နှစ်ပေါင်း၁၂၀ပြည့်ရန်အတွက် ၂နှစ်သာလိုပါတော့သည်။ အနုပညာလက်ရာမြောက် မှန်စီရွှေချလက်ရာများ၊ မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရစ်သော တစ်ခုတည်းသော ကြမ်းခင်းပန်းချီလက်ရာများဖြင့် သမိုင်းတန်ဖိုးကြီးမားလှစွာသော သံတံခါးသိမ်တော်ကြီးကို ဝိုင်းဝန်းထိန်းသိမ်းပြုပြင်ပေးကြဖို့အတွက် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်။ ခက်ခဲကြမ်းတမ်း လမ်းကြမ်းကြမ်းကို မရောက်ရောက်အောင် ဆိုင်ကယ်တစ်စီးနဲ့ လိုက်လံပို့ဆောင်ပေးတဲ့ ကို Phoe Chun ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

    မူရင်း ကို NwayOoMaung အားလေးစားစွာဖြင့် ခရက်ဒစ် / နော်ဂဲလယ်ထူး ထံမှ ပြန်လည်မျှဝေပါသည်။

  • မြန်မာစကားတွေဖြစ်တဲ့ “ကြာကြည့်ကြည့်တယ်”၊ “ကြာခိုတယ်”၊ “ကြာကူလီ” စတဲ့ စကားတွေ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

    မင်းတုန်းမင်းကြီး ခမျာ မိဖုရား ၊ မောင်းမ၊ မိဿံ ကိုယ်လုပ်တော်တွေက ၁၉၆ ယောက်။ တစ်နှစ်ကို ၃၆၅ ရက်။ တစ်နှစ်နေလို့ မိဖုရားတစ်ပါးဆီ နှစ်ကြိမ် ဆောင်တော်ကူး နိုင်ဖို့တောင် မလွယ်။ “ဆောင်တော်ကူး” ဆိုတဲ့စကားကလည်း အဲ့သည်မှာ အစပြုခဲ့တာ။ ယောက်ျားများ မိန်းမရှုပ်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောချင်တဲ့အခါ “ဆောင်တော်ကူး” နေပြီလို့ ပြောကြတယ်။ တစ်ချို့ မောင်းမငယ်၊ ကိုယ်လုပ်တော်ငယ်တွေများ ဘုရင့်အနားမှာ တော်ကောက်ခံရ ၊ လာဘ်ထိုးခံရ၊ ဆက်သခံရလို့သာ ရောက်လာကြတာ…ဘာမှ,ကို နားလည်သေးတာ မဟုတ်။ ဒီတော့လည်း …လူပျိုတော်သား တချို့နဲ့ ငြိစွန်းကြတာပေါ့။ မင်းတုန်းမင်းကြီး သိတော့ အမိန့်ထုတ်လိုက်တယ်

    “အနောက်ဆောင်သို့ ကူးသော ယောက်ျား ဟူသမျှ သတ်စေ”….ဆိုပြီး တစ်ချက်လွှတ် အမိန်တော် ထုတ်ပြန်လိုက်တယ်။ အဲ့ဒိနောက် …လူပျိုတော်သားတွေကလည်း ဘာရမလဲ မိန်းမလို ဝတ်ပြီး အနောက်ဆောင်ကို ဝင်ကြ ထွက်ကြသပေါ့။ မင်းတုန်းမင်းကြီး သိသွားပြန်တော့ အမိန့်ထပ်,ထုတ်လိုက်တယ်။ အနောက်ဆောင် အဝင်မှာ သစ်သားဘောင်ကို တန်းထိုးစေပြီး “အနောက်ဆောင် အဝင် ၊ အထွက်ပြု သူဟူသမျှ ထို ဘောင်တန်းမှ ကျော်ခွ၍ ဝင်စေထွက်စေ”…ဆိုပြီး အမိန့်ထုတ်လိုက်ပြန်တယ်။

    ဘောင်တန်းအား …သင်းကွပ် ( ဟိုအစေ့ အထုတ်ခံထားရသောမင်းမှုထမ်း) ဓားထမ်း နှစ်ဦးမှ နေ့ ညဉ့်မပြတ် ခစား ထမ်းရွက်စေပါတယ်။ ရှေးတုန်းက အမျိုးသမီးတွေ ဝတ်တဲ့ ထဘီ ဆိုတဲ့ဟာကလည်း ဗြန့်ထဘီ(အကွင်းမဟုတ်)သိတော်မူတဲ့ အတိုင်းပဲ။ ဘောင်တန်းကို ခွကျော်လိုက်တာနဲ့ ဒူးအထက် ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရသတဲ့။ ရှေးခေတ် ယောက်ျား ဆိုတာကလည်း ထိုးကွင်းမင်ကြောင်က ဒူးအထက် ပေါင်တံတစ်လျှောက်အပြည့်ထိုးထားရတာဆိုတော့ကား ဘောင်တန်းကို ခွကျော်လို့ ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရတဲ့ချိန် ထိုးကွင်း မင်ကြောင် မြင်တာနဲ့ သင်းကွပ် အစောင့်များက ဖမ်းသတ်လိုက်ရော။

    အဲ့သည်က အစပြုလို့…အချင်းချင်းပြဿနာ တစ်စုံတစ်ရာတက်ကြရင်…”ဟေ့ကောင်….မင်း စကားပြောတာ ကြည့်ပြော” “ဘောင်ကျော် မလာနဲ့…တန်းကျော် မလာနဲ့” “မင်း စကားတွေက ဘောင်ကျော်နေပြီ။ သေသွားမယ်။ ငါ့ ဘာမှတ်နေလဲ” ဆိုတဲ့ စကားပေါ်လာပြန်ရော။ အချစ်ဆိုတာကလည်း ခက်တယ် ခိုးစားရတဲ့ အသီးက ပိုချို တယ်ဆိုတဲ့ စကားအခံက ရှိနေလေတော့ လူပျိုတော်သားအချို့ဟာ အတော် ဒုက္ခများကုန်တယ်။ မိန်းမလို ဝတ်ပြီးတော့ အနောက်ဆောင်ကို ၀င်လို့ကလည်း မရတော့ဘူးလေ။ ဒါပေမဲ့…လူဆိုတာ ကြံရင်း သေရတယ်မို့လား မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးတော့ နန်းတော်ဆောင်ရဲ့ မြောက်ဘက်မှာ မြောက်ဥယျာဉ်တော်ကန်တောင်ဘက်မှာ ဘုတ်တလုတ်ကန် ရှိတယ်။

    အဲသည်ကန်တွေက အခုသာ ဘာမှ မရှိတာရယ် ဘုရင်ခေတ်တုန်းက ပန်းမန်ဥယျာဉ်တွေနဲ့ အတော်လေးသာယာဆိုပဲဗျ။ ကန်ထဲမှာကလည်း ကြာမျိုးစုံပန်း တွေနဲ့ ဝေဆာလှပပြီးနေတာပေါ့။ အခုပြောချင်တာက သည်မှာ စတာပဲ။ မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးဆင်းချိန် နီးရင် လူပျိုတော်သားတွေက ရေကန်ထဲက ကြာရွက်တွေ အောက်မှာ ပုန်းရင်း စောင့်နေကြရတယ်။ မောင်းမ ကိုယ်လုပ်တော်တွေက ကြာရွက်အောက်က စောင့်နေဖို့ပြောလို့မလွယ်လို့ မျက်စောင်းကလေးထိုးပြီး မျက်နှာရိပ် မျက်နှာကဲနဲ့ အချက်ပြတာကို “ကြာကြည့် ကြည့်တယ်”လို့ပြောကြတယ်။ မောင်းမတွေ ရေထဲဆင်းပြီ ဆိုတော့မှ…ဆိုင်ရာ ဆိုင်ရာ ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရသပေါ့လေ။ အဲသလို…အဲသလို ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရာကနေပြီးကြာခို တယ် ဆိုတဲ့ စကားလုံး ပေါ်လာရတယ်။ အဲသလို ကြာရွက်လေးအောက် ခိုရင်း မောင်းမတွေနဲ့ ကူလီကူမာ စကားတွေ ဆိုကြရာက..”ကြာကူလီ” ဆိုတဲ့ စကားလုံး ပေါ်လာခဲ့ပါကြောင်းခင်မျာ..

  • သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမယ့် ရေစကြိုမြို့နယ်ကရှေးဟောင်း ရွှေဆင်းတုဘုရား

    သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရားမကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။

    သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရမယ်။ ဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ပထမတဆင့်ကိုဖွင့်ပြီးမှ ဒုတိယတံခါးက သော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီရောက်ပါတယ်။

    အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီး‌ခံသေတ္တာတံခါး။ ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေ တစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှပွင့်တာ။

    နှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်မစီးကျန်ပါတယ်။သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။ ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါးယောက်လုံးစုံအောင် စုဝေးရင်း အလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။

    မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရောက်ခဲ့ရင် ဓမ္မမိတ်ဆွေများ ရှေးဟောင်း အမွေအနှစ်တွေထဲကတစ်ခု ​ဖြစ်သော ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရနိုင်ကြပါစေ ခင်ဗျာ…

    ခရက်ဒစ်… လောကပါလ

    Sai Min Thant ထံမှ ထပ်ဆင် ပြန်လည်မျှဝေပါသည်