Author: shangyi

  • အားလုံးႀကိဳက္ၾကတဲ့ နာမည္ေက်ာ္ ျပည္ပလာတာ (၁၀ေယာက္စာ) ျပဳလုပ္နည္း

    (Zawgyi)

    အားလုံးႀကိဳက္ၾကတဲ့ ျပည္ပလာတာ (၁၀ေယာက္စာ) ျပဳလုပ္နည္း

    ပလာတာ – ၁၅ခ်ပ္

    ၾကက္သား – ၅၀က်ပ္သား

    အာလူး – ၃၅က်ပ္သား

    ကုလားပဲ – ၂၀က်ပ္သား

    င႐ုတ္ပြေျခာက္ – ၆ေတာင့္

    ၾကက္သြန္နီ – ၄လုံး

    ခ်င္း – လက္တစ္ဆစ္

    ကရေဝး႐ြက္ – ၂ခု

    ပဲနံ႔သာေစ့ -လက္ဖက္ရည္ဇြန္း ၂ဇြန္း

    မဆလာ – အနည္းငယ္

    ဆီ – စားပြဲတင္ဇြန္း၁၀ဇြန္း

    ေဂၚဖီထုပ္ – တစ္စိတ္(ျခစ္ထားပါ)

    ၾကက္သြန္နီ – ၅လုံး(ပါးပါးလွီးထားပါ)

    င႐ုတ္သီးစိမ္း- အနည္းငယ္

    သံပုရာသီး- ၅လုံး

    ပူစီနံ – ၂စည္း

    -ကုလားပဲမ်ားကို (၃)နာရီခန႔္ ေရစိျမ္ပီး ႏူးေအာင္ျပဳတ္ထားပါ။ ပဲႏူးလွ်င္ အေအးခံ၍ ႀကိတ္စက္ (Blender) ထဲသို႔ ထည့္ႀကိတ္ကာ အိုးအႀကီး တစ္လုံးထဲသို႔ ေျပာင္းထည့္ထားပါ။

    -ၾကက္သားမ်ားကို အ႐ြယ္ေတာ္အတုံးမ်ား တုံး၍ ေရေဆးပီးအရသာမႈန႔္ နႏြင္းမႈန႔္ ဆား မဆလာတို႔ျဖင့္နယ္ကာ ေရခဲေသတၱာထဲတြင္ (၂)နာရီခန႔္ႏွပ္ထားပါ။

    -င႐ုတ္ပြေျခာက္ကို ေရစိမ္၍ အေစ့ထုတ္ၿပီး ၾကက္သြန္နီ၊ ခ်င္းတို႔ႏွင့္ ေရာကာညက္ေအာင္ ေထာင္းထားပါ။

    -အာလူးမ်ားကို အခြံခြာ၍ ေလးစိတ္စိတ္ကာ ေရစင္ေအာင္ေဆးပါ။ ထို႔ေနာက္အရသာမႈန႔္ ဆားတို႔ျဖင့္နယ္ကာ ဆီပူပူတြင္ (၃)မိနစ္ခန႔္ ဟိုဘက္ဒီဘက္လွန္ကာ ေၾကာ္ပီး ဆယ္ထားပါ။

    -ထိုဆီထဲသို႔ ကရေဝး႐ြက္ႏွင့္ ပဲနံ႔သာေစ့တို႔ကို ထည့္ေမႊပီး အနံ႔ေမႊးလာလွ်င္ ေထာင္းထားေသာ အႏွစ္မ်ားကိုထည့္၍ ဆီသတ္ပါ။

    -အႏွစ္မ်ားေမႊး၍ ႂကြပ္လာလွ်င္ ၾကက္သားမ်ား ထည့္လုံးပါ။ အသားမ်ား က်စ္လာလွ်င္ အာလူးထည့္ေမႊပီး ေရေႏြးကိုနည္းနည္းခ်င္းစီ ထည့္၍ ခ်က္ေပးပါ။

    -ၾကက္သားႏွင့္ အာလူးမ်ား ႏူးလာလွ်င္ ကုလားပဲအႏွစ္ အိုးထဲသို႔ ထည့္ေမႊေပးပါ။

    -ထို႔ေနာက္ ေရေႏြးကို မပ်စ္မက်ဲေရာေပး၍ အရသာျမည္းကာ စိတ္ႀကိဳက္ျဖစ္လွ်င္ မီးပိတ္ေပးလို႔ရပါၿပီ။

    -စားခါနီးလွ်င္ ပန္းကန္တစ္ခုထဲသို႔ ပလာတာမ်ား မႊထည့္ေပးပီး အေပၚမွ ၾကက္သားအာလူး ပဲရည္ဆမ္း ေဂၚဖီ ၾကက္သြန္နီ င႐ုတ္သီးစိမ္း ပူစီနံႏွင့္ သံပုရာရည္ထည့္ကာ ေရာေမႊသုံးေဆာင္ႏိုင္ပါၿပီ။

    Crd-Original Uploader

    (Unicode)

    အားလုံးကြိုက်ကြတဲ့ ပြည်ပလာတာ (၁၀ယောက်စာ) ပြုလုပ်နည်း

    ပလာတာ – ၁၅ချပ်

    ကြက်သား – ၅၀ကျပ်သား

    အာလူး – ၃၅ကျပ်သား

    ကုလားပဲ – ၂၀ကျပ်သား

    ငရုတ်ပွခြောက် – ၆တောင့်

    ကြက်သွန်နီ – ၄လုံး

    ချင်း – လက်တစ်ဆစ်

    ကရဝေးရွက် – ၂ခု

    ပဲနံ့သာစေ့ -လက်ဖက်ရည်ဇွန်း ၂ဇွန်း

    မဆလာ – အနည်းငယ်

    ဆီ – စားပွဲတင်ဇွန်း၁၀ဇွန်း

    ဂေါ်ဖီထုပ် – တစ်စိတ်(ခြစ်ထားပါ)

    ကြက်သွန်နီ – ၅လုံး(ပါးပါးလှီးထားပါ)

    ငရုတ်သီးစိမ်း- အနည်းငယ်

    သံပုရာသီး- ၅လုံး

    ပူစီနံ – ၂စည်း

    -ကုလားပဲများကို (၃)နာရီခန့် ရေစိြမ်ပီး နူးအောင်ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ ကြိတ်စက် (Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

    -ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့်နှပ်ထားပါ။

    -ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာညက်အောင် ထောင်းထားပါ။

    -အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင် (၃)မိနစ်ခန့် ဟိုဘက်ဒီဘက်လှန်ကာ ကြော်ပီး ဆယ်ထားပါ။

    -ထိုဆီထဲသို့ ကရဝေးရွက်နှင့် ပဲနံ့သာစေ့တို့ကို ထည့်မွှေပီး အနံ့မွှေးလာလျှင် ထောင်းထားသော အနှစ်များကိုထည့်၍ ဆီသတ်ပါ။

    -အနှစ်များမွှေး၍ ကြွပ်လာလျှင် ကြက်သားများ ထည့်လုံးပါ။ အသားများ ကျစ်လာလျှင် အာလူးထည့်မွှေပီး ရေနွေးကိုနည်းနည်းချင်းစီ ထည့်၍ ချက်ပေးပါ။

    -ကြက်သားနှင့် အာလူးများ နူးလာလျှင် ကုလားပဲအနှစ် အိုးထဲသို့ ထည့်မွှေပေးပါ။

    -ထို့နောက် ရေနွေးကို မပျစ်မကျဲရောပေး၍ အရသာမြည်းကာ စိတ်ကြိုက်ဖြစ်လျှင် မီးပိတ်ပေးလို့ရပါပြီ။

    -စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများ မွှထည့်ပေးပီး အပေါ်မှ ကြက်သားအာလူး ပဲရည်ဆမ်း ဂေါ်ဖီ ကြက်သွန်နီ ငရုတ်သီးစိမ်း ပူစီနံနှင့် သံပုရာရည်ထည့်ကာ ရောမွှေသုံးဆောင်နိုင်ပါပြီ။

    Crd-Original Uploader

  • ေက်ာက္စိမ္းဆိုတာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရသည္။ ေက်ာက္စိမ္းအေၾကာင္း သိေကာင္းစရာမ်ား

    (Zawgyi)

    ေက်ာက္စိမ္း အေၾကာင္း သိေကာင္းစရာ

    ေက်ာက္စိမ္းဟာ ကမာၻေပၚမွာ ၃ ေနရာပဲ ေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံက တကၠဆက္စ္ျပည္နယ္၊ တ႐ုတ္က ကြမ္က်ိဳးျပည္နယ္ရယ္နဲ႔ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက ကခ်င္ျပည္နယ္တို႔မွာပါပဲ။ (ကြမ္က်ိဳးဟာ မွားေနရင္ ျပင္ေပးၾကပါ) ဒီ ၃ ေနရာမွာပဲ တူးေဖာ္ ေတြ႕ရွိႏိုင္ပါတယ္။ ယေန႔ထိ၊ ဒီ ၃ ေနရာကလြဲလို႔ တစ္ျခား ဘယ္ေနရာမွာမွ မေတြ႕ရေသးပါဘူး။ ဒီ ၃ေနရာထဲမွာမွ၊ ကမာၻ႔ အေကာင္းဆုံး ေက်ာက္စိမ္းကို ျမန္မာႏိုင္ငံမွာပဲ တူးေဖာ္ ရရွိႏိုင္ပါတယ္။ ဆိုလိုခ်င္တာက က်န္ ၂ ေနရာက ထြက္တဲ့ေက်ာက္စိမ္းဟာ မျဖစ္စေလာက္ အနည္းအက်ဥ္းသာျဖစ္ၿပီး၊ အရည္အေသြးက်ေတာ့လည္းျမန္မာႏိုင္ငံကို မမွီပါဘူး။ ဒါေၾကာင့္မို႔လည္း ျမန္မာ့ေက်ာက္စိမ္းဟာ ကမာၻမွာ နာမည္ေက်ာ္ၾကားေနရတာပါ။

    ေက်ာက္စိမ္းကို ဘယ္ေနရာေတြမွာသုံးသလဲ ဆိုရင္ ပုတီး၊ လက္ေကာက္၊ ဆြဲျပား၊ ဘုရားဆင္းတု၊ ပန္းပုထုျခင္း၊ေက်ာက္စိမ္း ပန္းခ်ီ စသည္ျဖင့္ သုံးခဲ့ၾကပါတယ္။ ယေန႔ တိုးတက္လာတဲ့ ေခတ္ႀကီးမွာေတာ့ ပိုက္ဆံတတ္ႏိုင္သူမ်ားဟာ ေက်ာက္စိမ္းကို ပါေကးျပားအ႐ြယ္ ထုတ္လုပ္ၿပီး ေနအိမ္ေတြမွာ ပါေကးေတြ ခင္းလာပါတယ္။( ခ်မ္းသာႂကြယ္ဝမႈေပါ့) အိမ္ေတြမွာ မီးဆိုင္းေတြကို ေက်ာက္စိမ္းေတြနဲ႔ ထုတ္လုပ္လာတယ္။ ကားေတြထဲက ဖင္ထိုင္ခုံေအာက္မွာ ေက်ာက္စိမ္းလုံးေလးေတြကို အခင္းသဖြယ္ ယက္ၿပီး ခင္းၾကတယ္။ ေက်ာက္စိမ္းရဲ႕ သေဘာသဘာဝက အေအးဓာတ္ ရွိပါတယ္။ ေရနံသူေဌး ႏိုင္ငံေတြ ျဖစ္တဲ့၊ အာရပ္ေတြဆီမွာဆိုရင္ ေက်ာက္စိမ္းကုတင္၊ ေက်ာက္စိမ္းထိုင္ခုံ စသည္ျဖင့္ သုံးစြဲၾကပါတယ္။

    ကြၽန္ေတာ္ သိခဲ့ရတဲ့ ယမ္း ( crystal ) အေၾကာင္းေလး ေရးျပပါမယ္။ သာမန္ လမ္းေဘးက ေက်ာက္တုံးတစ္တုံးနဲ႔ေက်ာက္စိမ္းတုံး (အ႐ိုင္းတုံး)နဲ႔၊ ဘယ္လို ခြဲျခားမလဲဆိုရင္ ဒီ ယမ္းပါ မပါကို ၾကည့္ၿပီး ခြဲႏိုင္ပါတယ္။ ေက်ာက္စိမ္းတုံး အ႐ိုင္းတုံးေတြကို ေနေရာင္ေအာက္မွာ အနီးကပ္ ၾကည့္လိုက္မယ္ဆိုရင္၊ လက္ လက္ လက္လက္နဲ႔ လက္ေနတဲ့ အမႈန္ေလးေတြကို ျမင္ရပါမယ္။ အနီးစပ္ဆုံး ဥပမာ ေပးရရင္- စာ႐ြက္အျဖဴ တစ္႐ြက္ေပၚမွာ ေဘာပင္ နဲ႔အစက္ ကေလးေတြ ခ်လိုက္သလိုပါ။ အစက္ေလးေတြပါ လက္ေနပါတယ္။ ေမွာင္တဲ့ ေနရာမွာ ဆိုရင္ေတာ့ ေက်ာက္ၾကည့္ ဓါတ္မီးနဲ႔ထိုးၾကည့္ရင္ ျမင္ရမွာပါ ။ ( ဒီေနရာမွာ ေျပာခ်င္တာတစ္ခုကေတာ့၊ ေ႐ႊတို႔ ေငြတို႔ အစရွိသျဖင့္ အျခားသတၱဳမ်ား ပါဝင္တဲ့ ေက်ာက္႐ိုင္းတုံးမွာလည္း လက္လက္ လက္လက္ ေတာက္ေနေပမယ့္၊ ေက်ာက္စိမ္းနဲ႔ေတာ့ တစ္ျခားစီပါ။ ေ႐ႊတို႔ ေငြတို႔မွာ လက္လက္ လက္လက္က သူ႔အေရာင္အလိုက္ ေတာက္ပါတယ္။ ) အဲဒီ လက္လက္ လက္လက္ ေလးေတြကို ယမ္းလို႔ေခၚပါတယ္။ ေက်ာက္စိမ္း အ႐ိုင္းတုံးကို ယမ္းပါဝင္မႈ၊ ယင္းပါရွိမႈပုံစံကို ၾကည့္ၿပီး ေက်ာက္စိမ္း အ႐ိုင္းတုံးကို အခုလို ခြဲျခားလို႔ရပါတယ္။

    ယမ္းေခ်ာရင္

    အတြင္းက ေက်ာက္စိမ္းသား ေခ်ာပါမယ္။ ( ဆိုလိုခ်င္တာ ယမ္းက မႈန္မႈန္ေလးေတြနဲ႔ စုေနတာပါ ) ယမ္းၾကမ္းရင္ အတြင္း က အသားၾကမ္းပါမယ္ ။ ( လက္လက္ လက္လက္ ယမ္းေတြ ဟာ က်ဲေနတာပါ ) ယမ္းစိပ္ ရင္ ေက်ာက္သား တင္းပါမယ္၊ ေက်ာက္သားေကာင္းပါမယ္။( လက္လက္ေလးေတြ စုေနတာေပါ့ ) ယမ္းက်ဲရင္ေတာ့ ေက်ာက္သား မေကာင္းပါဘူး ။ ( ဒီလိုေက်ာက္မ်ိဳးကို ဝယ္ေရာင္း မလုပ္သင့္ပါဘူး )

    အဓိက ယမ္း (၃) မ်ိဳး ရွိပါတယ္။ ယမ္းလုံး၊ ယမ္းရွည္ နဲ႔ယမ္းျပားပါ။

    ယမ္းလုံး ဆိုတာက-

    ေက်ာက္႐ိုင္းတုံးရဲ႕အခြံ၊ မ်က္ႏွာျပင္မွာ လက္လက္ လက္လက္ေလးေတြက၊ သၾကားပြင့္ ဆားပြင့္ေလးေတြလို ျဖစ္ေနတာပါ။ အဲဒီ ေက်ာက္ဟာ အရည္ေကာင္းပါတယ္။

    ယမ္းရွည္ဆိုတာက-

    ေက်ာက္ရဲ႕မ်က္ႏွာျပင္မွာ အပ္ေခ်ာင္းေလးေတြလို၊ ဟင္းခ်ိဳမႈန႔္ရွည္ရွည္ေလးေတြလို ျမင္ရတာပါ။ အဲဒါမ်ိဳး ေတြ႕ရရင္ေတာ့ အဲဒီေက်ာက္ဟာ အသားေကာင္းပါတယ္။

    ယမ္းျပား ဆိုတာကေတာ့-

    လက္လက္ လက္လက္ ေလးေတြဟာ အရမ္းႀကီး အ႐ြယ္ႀကီးေနမယ္။(ဆားပြင့္၊ သၾကားပြင့္အ႐ြယ္ထက္ ပိုမယ္ ) ဒါဆိုရင္ အရည္ေရာ အသားေရာ မေကာင္းႏိုင္ပါဘူး။

    ယမ္းျပားမွာကို ၃ မ်ိဳး ထပ္ခြဲ ႏိုင္ပါတယ္။

    (၁) ယင္ေထာင္ယမ္း (၂) မာယားယမ္း (၃) ေခြး႐ိုးထိုး ဆိုၿပီးေပါ့/

    ယင္ေထာင္ယမ္း ဆိုတာက-

    လက္လက္ လက္လက္ ေတာက္ေနတဲ့ ယမ္းေပါ့။ ယင္ေကာင္ တစ္ေကာင္ အ႐ြယ္ ခန႔္ရွိပါတယ္။ သူပါရင္ အရည္အသား မေကာင္းဘူး။ ေဈး အမ်ားႀကီး မေပးသင့္ပါဘူး။

    မာယားဆိုတာက-

    ယင္ေကာင္ အ႐ြယ္ထက္ ပိုႀကီးမယ္။ ေရွာင္ရပါမယ္။

    ေခြး႐ိုးထိုး ဆိုတာကေတာ့
    မာယားထက္ အ႐ြယ္ပိုႀကီးတယ္။ သူ႔ကိုေတြ႕ရင္ အဲဒီေက်ာက္ကို ေရွာင္ရပါမယ္။

    ယမ္းဆိုတဲ့ သဘာ၀ဟာ ေက်ာက္စိမ္း အ႐ိုင္းတုံး ( မျဖတ္မွီ ) ရဲ႕အခြံမွာ ျမင္ရတဲ့အတိုင္း ေက်ာက္သားအတြင္းမွာ ရွိတတ္ပါတယ္။ ယမ္းကို ကြၽမ္းက်င္ ပိုင္ႏိုင္မယ္ဆိုရင္၊ ေက်ာက္ကို မခြဲမျဖတ္မွီ.. ျပင္ပ က ၾကည့္႐ုံနဲ႔ပင္၊ အထဲက ေက်ာက္သားေကာင္း မေကာင္း ေဖာက္ထြင္း သိျမင္ႏိုင္မွာ ျဖစ္ပါတယ္။

    ေက်ာက္စိမ္း အ႐ိုင္းတုံး ဝယ္မယ္ဆိုလွ်င္ ေက်ာက္စိမ္းအခြံ အေၾကာင္းေတြကို သိဖို႔လိုအပ္ပါတယ္။ ေက်ာက္စိမ္း အခြံဟာ အဓိကအားျဖင့္ ေရခြံ နဲ႔ ကုန္းခြံ ဆိုၿပီး (၂) မ်ိဳး ရွိပါတယ္။ အခြံရဲ႕အေရာင္ေတြ ေပၚမွာ မူတည္ၿပီး အေသးစိတ္ ကိုလည္း ေရးပါမယ္။

    ေရခြံ = ေက်ာက္စိမ္း ထြက္ရွိရာ ေဒသရွိ ၊ ျမစ္ေခ်ာင္း အင္းအိုင္မ်ားမွ ထြက္ရွိတဲ့ ေက်ာက္ရဲ႕အခြံပါ၊ မ်ားေသာအားျဖင့္ ေရခြံ ပါတဲ့ ေက်ာက္ဟာ အသားေကာင္းပါတယ္။ အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိပါတယ္။ ေျပာင္ေခ်ာေနပါတယ္။

    ကုန္းခြံ = သူကေတာ့ ေတာင္ေတြ၊ ေျမႀကီးေတြ ေအာက္က တူးလို႔ရတဲ့ ေက်ာက္ရဲ႕အခြံေပါ့။ (၁) ေျမမွန္ နဲ႔(၂) ကုေဋေက်ာက္ ဆိုၿပီး ကြဲပါတယ္။

    (၁) ေျမမွန္ = ေက်ာက္စိမ္း ထြက္ရာ ေဒသရွိ ကုန္းေျမ မ်ားမွ တူးေဖာ္ ရရွိပါတယ္။ အခြံ အမ်ိဳးမ်ိဳး ရွိပါတယ္။

    (၂) ကုေဋေက်ာက္ = ေက်ာက္ရဲ႕အခြံ က အခြံမဲ ျဖစ္ပါတယ္။ ေခ်ာ္ကပ္ေနတတ္ပါတယ္။ ေခ်ာ္ကပ္တယ္ ဆိုတာ၊ ကပ္တရာေစး ကပ္ေနသလို၊ အခြံေပၚမွာ မဲမဲေျပာင္ေျပာင္ေလး ေတြပါတာကို ေခ်ာ္ကပ္ တယ္ လို႔ေခၚတာပါ။ ေမာ္ဝမ္းေလး၊ ေမာ္ဝမ္းႀကီး၊ ေမာ္ေမာင္းကုန္းတို႔မွ အဓိက ထြက္ပါတယ္။

    အခြံမ်ားမွာ

    သံေခ်းခြံ = သံထည္ပစၥည္းမ်ား သံေခ်း တက္ေနတဲ့ ပုံသဏၭာန္မ်ိဳး ျဖစ္ေနတာပါ။ ဒီလို အခြံရွိရင္ ေက်ာက္က မ်ိဳးရင့္တတ္ပါတယ္။ အခြံကို ျဖတ္ၾကည့္ရင္ အခြံ ၂ ထပ္ ျဖစ္တတ္တယ္လို႔ သိရပါတယ္။

    ဝါးဖတ္ခြံ = ဝါးဖတ္ အေရာင္ အဆင္းနဲ႔ တူပါတယ္။ ေက်ာက္မ်ိဳးေကာင္းတတ္ပါတယ္။

    သစ္ေတာ္ခြံ (ခ) အာလူးခြံ = သစ္ေတာ္သီး ခြံ အေရာင္ သို႔အာလူးသီး အခြံ အေရာင္ပ၊ သူလည္း မ်ိဳးေကာင္းတတ္ပါတယ္။

    အဂၤေတခြံ = နာမည္အတိုင္း အဂၤေတ အေရာင္ ရွိပါတယ္ ။ ေက်ာက္သားပ်က္တတ္ပါတယ္။ မ်ိဳး မေကာင္းတတ္ပါ။

    ဖြဲႏုခြံ = စပါးခြံ ဖြဲအေရာင္မ်ိဳး ျဖစ္ပါတယ္၊ အခြံက ႏုပါတယ္။ အခြံကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ပြတ္ၾကည့္ရင္ ႏုပါတယ္။

    ( ဒီေနရာမွာ ဝါးဖတ္ခြံ၊ ဖြဲႏုခြံနဲ႔ ဆက္လာမယ့္ ဖြဲလတ္ခြံ၊ ဖြဲၾကမ္းခြံ၊ မုံထုခြံ တို႔ရဲ႕အေရာင္ေတြဟာ၊ စာထဲမွာအရ တူညီႏိုင္တာကို ဖတ္ရႏိုင္ပါတယ္။ ဒါေပမယ့္ အျပင္မွာ တစ္ကယ္လက္ေတြ႕ေက်ာက္ကို မ်က္ျမင္ၾကည့္ရင္ အခြံအေရာင္ မတူညီၾကပါဘူး၊ အခြံရဲ႕မ်က္ႏွာျပင္ကို လက္ေခ်ာင္းေလးေတြနဲ႔ ပြတ္သပ္စမ္းၾကည့္မွ ကြဲျပား သိႏိုင္ပါတယ္ )

    ဖြဲလတ္ခြံ = စပါးခြံ ဖြဲ အေရာင္ပါပဲ။ အခြံကို စမ္းၾကည့္ရင္ အခြံက ၾကမ္းပါတယ္။

    ဖြဲၾကမ္းခြံ = အခြံ အၾကမ္းဆုံးပါ။

    ဒီဖြဲႏု၊ ဖြဲလတ္၊ ဖြဲၾကမ္း သုံးမ်ိဳးလို႔ေျပာေပမယ့္ အေရာင္က အတူတူပါပဲ၊ အခြံကို လက္ေခ်ာင္းေလးေတြ နဲ႔ပြတ္သပ္ စမ္းမွ ကြဲသြားတာပါ။

    ဒီ ၃ မ်ိဳးလုံးဟာ မ်ိဳးရင့္ရင္ ေက်ာက္အရည္ေကာင္း အသားေကာင္း ျဖစ္တတ္ပါတယ္။ မ်ိဳးႏုလွ်င္ေတာ့ အသား မရ တတ္ပါ။

    ဖေယာင္းခြံ = ဖေယာင္းရည္ သုတ္ထားသလို ေျပာင္ေခ်ာေခ်ာ ျဖစ္ပါတယ္။

    မုံထုခြံ = သနပ္ခါး အေရာင္ ရွိပါတယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

    မုံထု ခြံေႂကြ = လက္နဲ႔ကိုင္ၾကည့္လိုက္ရင္ အခြံ အစအနေလးေတြ ပါလာမယ္။ မ်ိဳးေကာင္းတတ္ပါတယ္။

    ခြံၾကမ္း = ကိုင္ၾကည့္ရင္ အလြန္ၾကမ္းတမ္းပါတယ္။

    ခြံထူ = အခြံမွာ သိသိသာသာ ထူေနတတ္ပါတယ္။ အရည္အသား ေကာင္းမေကာင္းနဲ႔ေတာ့ မသက္ဆိုင္ပါ။

    ခြံက်စ္ = အခြံမွာ က်စ္လစ္ သိပ္သည္းလြန္းတတ္ပါတယ္။ အသားပ်က္တတ္ပါတယ္။

    ခြံပ်က္ = ေက်ာက္တစ္တုံးထဲရဲ႕တစ္ေနရာမွာ အခြံတစ္မ်ိဳး၊ အျခားေနရာမွာ အခြံတစ္မ်ိဳး ျဖစ္တာကို ခြံပ်က္ လို႔ေခၚပါတယ္။ အသားပ်က္တတ္ပါတယ္။

    ဒါကေတာ့ အခြံမ်ားရဲ႕သေဘာ သဘာ၀ အေၾကာင္းပါ ။ ေရမေဆး ေက်ာက္ဆိုတာမ်ိဳးကို ဝယ္ေတာ့မယ္ဆိုရင္ ၊ သူ႔ရဲ႕အခြံေလးကို နဲနဲ ပြတ္တိုက္ၾကည့္၊ ပြတ္သပ္ၾကည့္ၿပီးမွ ေသခ်ာ ေလ့လာဝယ္ယူရပါတယ္။ ကြၽန္ေတာ္ သိထား၊ ေလ့လာထားသမွ်ေလးေတြကို ျပန္ေဝမွ် ေပးျခင္းျဖစ္ပါတယ္။ သူငယ္ခ်င္းတို႔လဲ ဒီပို႔စ္ေလး ဖတ္ၿပီး ဗဟုသုတ ရရွိႏိုင္ပါေစလို႔ ဆႏၵျပဳရင္း……

    ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

    Credit–Myanmar Market Economy

    Via : layiepcho

    (Unicode)

    ကျောက်စိမ်း အကြောင်း သိကောင်းစရာ

    ကျောက်စိမ်းဟာ ကမ္ဘာပေါ်မှာ ၃ နေရာပဲ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံက တက္ကဆက်စ်ပြည်နယ်၊ တရုတ်က ကွမ်ကျိုးပြည်နယ်ရယ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကချင်ပြည်နယ်တို့မှာပါပဲ။ (ကွမ်ကျိုးဟာ မှားနေရင် ပြင်ပေးကြပါ) ဒီ ၃ နေရာမှာပဲ တူးဖော် တွေ့ရှိနိုင်ပါတယ်။ ယနေ့ထိ၊ ဒီ ၃ နေရာကလွဲလို့ တစ်ခြား ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ ဒီ ၃နေရာထဲမှာမှ၊ ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်းကို မြန်မာနိုင်ငံမှာပဲ တူးဖော် ရရှိနိုင်ပါတယ်။ ဆိုလိုချင်တာက ကျန် ၂ နေရာက ထွက်တဲ့ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာဖြစ်ပြီး၊ အရည်အသွေးကျတော့လည်းမြန်မာနိုင်ငံကို မမှီပါဘူး။ ဒါကြောင့်မို့လည်း မြန်မာ့ကျောက်စိမ်းဟာ ကမ္ဘာမှာ နာမည်ကျော်ကြားနေရတာပါ။

    ကျောက်စိမ်းကို ဘယ်နေရာတွေမှာသုံးသလဲ ဆိုရင် ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပုထုခြင်း၊ကျောက်စိမ်း ပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ပိုက်ဆံတတ်နိုင်သူများဟာ ကျောက်စိမ်းကို ပါကေးပြားအရွယ် ထုတ်လုပ်ပြီး နေအိမ်တွေမှာ ပါကေးတွေ ခင်းလာပါတယ်။( ချမ်းသာကြွယ်ဝမှုပေါ့) အိမ်တွေမှာ မီးဆိုင်းတွေကို ကျောက်စိမ်းတွေနဲ့ ထုတ်လုပ်လာတယ်။ ကားတွေထဲက ဖင်ထိုင်ခုံအောက်မှာ ကျောက်စိမ်းလုံးလေးတွေကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ်။ ကျောက်စိမ်းရဲ့ သဘောသဘာဝက အအေးဓာတ် ရှိပါတယ်။ ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့၊ အာရပ်တွေဆီမှာဆိုရင် ကျောက်စိမ်းကုတင်၊ ကျောက်စိမ်းထိုင်ခုံ စသည်ဖြင့် သုံးစွဲကြပါတယ်။

    ကျွန်တော် သိခဲ့ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ်။ သာမန် လမ်းဘေးက ကျောက်တုံးတစ်တုံးနဲ့ကျောက်စိမ်းတုံး (အရိုင်းတုံး)နဲ့၊ ဘယ်လို ခွဲခြားမလဲဆိုရင် ဒီ ယမ်းပါ မပါကို ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျောက်စိမ်းတုံး အရိုင်းတုံးတွေကို နေရောင်အောက်မှာ အနီးကပ် ကြည့်လိုက်မယ်ဆိုရင်၊ လက် လက် လက်လက်နဲ့ လက်နေတဲ့ အမှုန်လေးတွေကို မြင်ရပါမယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင်- စာရွက်အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက် ကလေးတွေ ချလိုက်သလိုပါ။ အစက်လေးတွေပါ လက်နေပါတယ်။ မှောင်တဲ့ နေရာမှာ ဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီးနဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။ ( ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့၊ ရွှေတို့ ငွေတို့ အစရှိသဖြင့် အခြားသတ္တုများ ပါဝင်တဲ့ ကျောက်ရိုင်းတုံးမှာလည်း လက်လက် လက်လက် တောက်နေပေမယ့်၊ ကျောက်စိမ်းနဲ့တော့ တစ်ခြားစီပါ။ ရွှေတို့ ငွေတို့မှာ လက်လက် လက်လက်က သူ့အရောင်အလိုက် တောက်ပါတယ်။ ) အဲဒီ လက်လက် လက်လက် လေးတွေကို ယမ်းလို့ခေါ်ပါတယ်။ ကျောက်စိမ်း အရိုင်းတုံးကို ယမ်းပါဝင်မှု၊ ယင်းပါရှိမှုပုံစံကို ကြည့်ပြီး ကျောက်စိမ်း အရိုင်းတုံးကို အခုလို ခွဲခြားလို့ရပါတယ်။

    ယမ်းချောရင်

    အတွင်းက ကျောက်စိမ်းသား ချောပါမယ်။ ( ဆိုလိုချင်တာ ယမ်းက မှုန်မှုန်လေးတွေနဲ့ စုနေတာပါ ) ယမ်းကြမ်းရင် အတွင်း က အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ ) ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ်၊ ကျောက်သားကောင်းပါမယ်။( လက်လက်လေးတွေ စုနေတာပေါ့ ) ယမ်းကျဲရင်တော့ ကျောက်သား မကောင်းပါဘူး ။ ( ဒီလိုကျောက်မျိုးကို ဝယ်ရောင်း မလုပ်သင့်ပါဘူး )

    အဓိက ယမ်း (၃) မျိုး ရှိပါတယ်။ ယမ်းလုံး၊ ယမ်းရှည် နဲ့ယမ်းပြားပါ။

    ယမ်းလုံး ဆိုတာက-

    ကျောက်ရိုင်းတုံးရဲ့အခွံ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေးတွေက၊ သကြားပွင့် ဆားပွင့်လေးတွေလို ဖြစ်နေတာပါ။ အဲဒီ ကျောက်ဟာ အရည်ကောင်းပါတယ်။

    ယမ်းရှည်ဆိုတာက-

    ကျောက်ရဲ့မျက်နှာပြင်မှာ အပ်ချောင်းလေးတွေလို၊ ဟင်းချိုမှုန့်ရှည်ရှည်လေးတွေလို မြင်ရတာပါ။ အဲဒါမျိုး တွေ့ရရင်တော့ အဲဒီကျောက်ဟာ အသားကောင်းပါတယ်။

    ယမ်းပြား ဆိုတာကတော့-

    လက်လက် လက်လက် လေးတွေဟာ အရမ်းကြီး အရွယ်ကြီးနေမယ်။(ဆားပွင့်၊ သကြားပွင့်အရွယ်ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး။

    ယမ်းပြားမှာကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ်။

    (၁) ယင်ထောင်ယမ်း (၂) မာယားယမ်း (၃) ခွေးရိုးထိုး ဆိုပြီးပေါ့/

    ယင်ထောင်ယမ်း ဆိုတာက-

    လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ်။ သူပါရင် အရည်အသား မကောင်းဘူး။ ဈေး အများကြီး မပေးသင့်ပါဘူး။

    မာယားဆိုတာက-

    ယင်ကောင် အရွယ်ထက် ပိုကြီးမယ်။ ရှောင်ရပါမယ်။

    ခွေးရိုးထိုး ဆိုတာကတော့
    မာယားထက် အရွယ်ပိုကြီးတယ်။ သူ့ကိုတွေ့ရင် အဲဒီကျောက်ကို ရှောင်ရပါမယ်။

    ယမ်းဆိုတဲ့ သဘာဝဟာ ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ့အခွံမှာ မြင်ရတဲ့အတိုင်း ကျောက်သားအတွင်းမှာ ရှိတတ်ပါတယ်။ ယမ်းကို ကျွမ်းကျင် ပိုင်နိုင်မယ်ဆိုရင်၊ ကျောက်ကို မခွဲမဖြတ်မှီ.. ပြင်ပ က ကြည့်ရုံနဲ့ပင်၊ အထဲက ကျောက်သားကောင်း မကောင်း ဖောက်ထွင်း သိမြင်နိုင်မှာ ဖြစ်ပါတယ်။

    ကျောက်စိမ်း အရိုင်းတုံး ဝယ်မယ်ဆိုလျှင် ကျောက်စိမ်းအခွံ အကြောင်းတွေကို သိဖို့လိုအပ်ပါတယ်။ ကျောက်စိမ်း အခွံဟာ အဓိကအားဖြင့် ရေခွံ နဲ့ ကုန်းခွံ ဆိုပြီး (၂) မျိုး ရှိပါတယ်။ အခွံရဲ့အရောင်တွေ ပေါ်မှာ မူတည်ပြီး အသေးစိတ် ကိုလည်း ရေးပါမယ်။

    ရေခွံ = ကျောက်စိမ်း ထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင်များမှ ထွက်ရှိတဲ့ ကျောက်ရဲ့အခွံပါ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ်။ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ပြောင်ချောနေပါတယ်။

    ကုန်းခွံ = သူကတော့ တောင်တွေ၊ မြေကြီးတွေ အောက်က တူးလို့ရတဲ့ ကျောက်ရဲ့အခွံပေါ့။ (၁) မြေမှန် နဲ့(၂) ကုဋေကျောက် ဆိုပြီး ကွဲပါတယ်။

    (၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ်။ အခွံ အမျိုးမျိုး ရှိပါတယ်။

    (၂) ကုဋေကျောက် = ကျောက်ရဲ့အခွံ က အခွံမဲ ဖြစ်ပါတယ်။ ချော်ကပ်နေတတ်ပါတယ်။ ချော်ကပ်တယ် ဆိုတာ၊ ကပ်တရာစေး ကပ်နေသလို၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေပါတာကို ချော်ကပ် တယ် လို့ခေါ်တာပါ။ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းကုန်းတို့မှ အဓိက ထွက်ပါတယ်။

    အခွံများမှာ

    သံချေးခွံ = သံထည်ပစ္စည်းများ သံချေး တက်နေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေတာပါ။ ဒီလို အခွံရှိရင် ကျောက်က မျိုးရင့်တတ်ပါတယ်။ အခွံကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ်တယ်လို့ သိရပါတယ်။

    ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ်။ ကျောက်မျိုးကောင်းတတ်ပါတယ်။

    သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို့အာလူးသီး အခွံ အရောင်ပ၊ သူလည်း မျိုးကောင်းတတ်ပါတယ်။

    အင်္ဂတေခွံ = နာမည်အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သားပျက်တတ်ပါတယ်။ မျိုး မကောင်းတတ်ပါ။

    ဖွဲနုခွံ = စပါးခွံ ဖွဲအရောင်မျိုး ဖြစ်ပါတယ်၊ အခွံက နုပါတယ်။ အခွံကို လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်ကြည့်ရင် နုပါတယ်။

    ( ဒီနေရာမှာ ဝါးဖတ်ခွံ၊ ဖွဲနုခွံနဲ့ ဆက်လာမယ့် ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ တို့ရဲ့အရောင်တွေဟာ၊ စာထဲမှာအရ တူညီနိုင်တာကို ဖတ်ရနိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ တစ်ကယ်လက်တွေ့ကျောက်ကို မျက်မြင်ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး၊ အခွံရဲ့မျက်နှာပြင်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )

    ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင်ပါပဲ။ အခွံကို စမ်းကြည့်ရင် အခွံက ကြမ်းပါတယ်။

    ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ။

    ဒီဖွဲနု၊ ဖွဲလတ်၊ ဖွဲကြမ်း သုံးမျိုးလို့ပြောပေမယ့် အရောင်က အတူတူပါပဲ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ။

    ဒီ ၃ မျိုးလုံးဟာ မျိုးရင့်ရင် ကျောက်အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ်။ မျိုးနုလျှင်တော့ အသား မရ တတ်ပါ။

    ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်။

    မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ်။ မျိုးကောင်းတတ်ပါတယ်။

    မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့်လိုက်ရင် အခွံ အစအနလေးတွေ ပါလာမယ်။ မျိုးကောင်းတတ်ပါတယ်။

    ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်။

    ခွံထူ = အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ်။ အရည်အသား ကောင်းမကောင်းနဲ့တော့ မသက်ဆိုင်ပါ။

    ခွံကျစ် = အခွံမှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ်။ အသားပျက်တတ်ပါတယ်။

    ခွံပျက် = ကျောက်တစ်တုံးထဲရဲ့တစ်နေရာမှာ အခွံတစ်မျိုး၊ အခြားနေရာမှာ အခွံတစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ်။ အသားပျက်တတ်ပါတယ်။

    ဒါကတော့ အခွံများရဲ့သဘော သဘာ၀ အကြောင်းပါ ။ ရေမဆေး ကျောက်ဆိုတာမျိုးကို ဝယ်တော့မယ်ဆိုရင် ၊ သူ့ရဲ့အခွံလေးကို နဲနဲ ပွတ်တိုက်ကြည့်၊ ပွတ်သပ်ကြည့်ပြီးမှ သေချာ လေ့လာဝယ်ယူရပါတယ်။ ကျွန်တော် သိထား၊ လေ့လာထားသမျှလေးတွေကို ပြန်ဝေမျှ ပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ ဒီပို့စ်လေး ဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း……

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    Credit–Myanmar Market Economy

    Via : layiepcho

  • အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ အိမ္မွာ လြယ္လြယ္ေပါင္းတင္နည္း ၅ မ်ိဳး

    (Zawgyi)

    အသားညိဳသူေတြအတြက္ အသားအေရ ၾကည္လင္ေစမယ့္ ေပါင္းတင္နည္း ၅ မ်ိဳး

    အသားျဖဴသူပဲျဖစ္ျဖစ္၊ အသားညိဳသူပဲျဖစ္ျဖစ္ မ်က္ႏွာ အသားအေရ ၾကည္လင္ ဝင္းပေနျခင္းဟာ မိတ္ကပ္လိမ္း၊ ျပင္ဆင္ျခယ္သ ထားျခင္းထက္ ပိုၿပီး ဆြဲေဆာင္မႈ ရွိပါတယ္။ အသားညိဳသူေတြအေနနဲ႔ အသားညိဳတာကို ျဖဴစင္ဝင္းပေအာင္ ျပဳလုပ္ျခင္းထက္ အသားအေရ ၾကည္လင္ေတာက္ပေအာင္ ထိန္းသိမ္းျခင္းက ဆြဲေဆာင္မႈ ပိုမိုရွိေစပါတယ္။ ဒါေၾကာင့္မို႔လို႔ အသားညိဳသူေတြအတြက္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ မ်က္ႏွာေပါင္းတင္နည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) နႏြင္း၊ ပ်ားရည္နဲ႔ သံပုရာ ေပါင္းတင္နည္း

    နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ ၁ ဇြန္းနဲ႔ သံပုရာရည္ အနည္းငယ္တို႔ကို ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာအနံွ႔ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရနဲ႔ ျပန္လည္ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ နႏြင္းဟာ အသားအေရကို ၾကည္လင္ေစၿပီး အမည္းစက္၊ အမာ႐ြတ္ေတြကို ေမွးမွိန္ေစတာေၾကာင့္ အသားအေရကို ၾကည္လင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

    (၂) အာလူးနဲ႔ ေပါင္းတင္နည္း

    အာလူးဟာဆိုရင္လည္း အမည္းစက္နဲ႔ အသားအေရ မညီညာျခင္းကို ေပ်ာက္ကင္းေစႏိုင္တာေၾကာင့္ အာလူးကို ပါးပါးလွီးၿပီး မ်က္ႏွာေပၚမွာ ကပ္ေပးႏိုင္ပါတယ္။ ဒီနည္းလမ္းကို ပုံမွန္ျပဳလုပ္ေပးျခင္းဟာ အသားအေရကို သိသိသာသာ ၾကည္လင္လာေစႏိုင္မွာ ျဖစ္ပါတယ္။

    (၃) ခရမ္းခ်ဥ္သီးနဲ႔ ပ်ားရည္ ေပါင္းတင္နည္း

    ခရမ္းခ်ဥ္သီးတလုံးကို ႀကိတ္ေခ်ၿပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္နာေပၚလိမ္းက်ံေပးပါ။ မိနစ္ ၂၀ ခန႔္ထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာျပန္သစ္ေပးရမွာ ျဖစ္ပါတယ္။

    (၄) ႏြားႏို႔နဲ႔ နႏြင္း ေပါင္းတင္နည္း

    ႏြားႏို႔၊ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္နဲ႔ သံပုရာရည္ အနည္းငယ္တို႔ ေရာစပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာေပၚ လိမ္းက်ံေပးၿပီး မိနစ္ ၂၀ ခန႔္ထားကာ ေရခပ္ေႏြးေႏြးနဲ႔ ျပန္လည္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။

    (၅) ပ်ားရည္နဲ႔ သံပုရာေပါင္းတင္နည္း

    ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာကို သံပုရာရည္ အနည္းငယ္နဲ႔ ေရာစပ္ကာ မ်က္ႏွာအႏွံ႔ လိမ္းက်ံေပးၿပီး ၁၅ မိနစ္ခန႔္ ထားေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ဒီေပါင္းတင္နည္းဟာ အသားအေရကို ၾကည္လင္ဝင္းပေစၿပီး ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြကို ေမွးမွိန္ ေပ်ာက္ကြယ္ေစႏိုင္ပါတယ္။

    Ref. www.stylecraze.com

    Credit-ဟယ္လ္သင္, The Irrawaddy – Burmese Edition

    (Unicode)

    အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ မျိုး

    အသားဖြူသူပဲဖြစ်ဖြစ်၊ အသားညိုသူပဲဖြစ်ဖြစ် မျက်နှာ အသားအရေ ကြည်လင် ဝင်းပနေခြင်းဟာ မိတ်ကပ်လိမ်း၊ ပြင်ဆင်ခြယ်သ ထားခြင်းထက် ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသားညိုသူတွေအနေနဲ့ အသားညိုတာကို ဖြူစင်ဝင်းပအောင် ပြုလုပ်ခြင်းထက် အသားအရေ ကြည်လင်တောက်ပအောင် ထိန်းသိမ်းခြင်းက ဆွဲဆောင်မှု ပိုမိုရှိစေပါတယ်။ ဒါကြောင့်မို့လို့ အသားညိုသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) နနွင်း၊ ပျားရည်နဲ့ သံပုရာ ပေါင်းတင်နည်း

    နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည် ၁ ဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာအနံှ့ လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေနဲ့ ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ နနွင်းဟာ အသားအရေကို ကြည်လင်စေပြီး အမည်းစက်၊ အမာရွတ်တွေကို မှေးမှိန်စေတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေမှာ ဖြစ်ပါတယ်။

    (၂) အာလူးနဲ့ ပေါင်းတင်နည်း

    အာလူးဟာဆိုရင်လည်း အမည်းစက်နဲ့ အသားအရေ မညီညာခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် အာလူးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ အသားအရေကို သိသိသာသာ ကြည်လင်လာစေနိုင်မှာ ဖြစ်ပါတယ်။

    (၃) ခရမ်းချဉ်သီးနဲ့ ပျားရည် ပေါင်းတင်နည်း

    ခရမ်းချဉ်သီးတလုံးကို ကြိတ်ချေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နာပေါ်လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပေးရမှာ ဖြစ်ပါတယ်။

    (၄) နွားနို့နဲ့ နနွင်း ပေါင်းတင်နည်း

    နွားနို့၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်နဲ့ သံပုရာရည် အနည်းငယ်တို့ ရောစပ်ထားတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်ထားကာ ရေခပ်နွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

    (၅) ပျားရည်နဲ့ သံပုရာပေါင်းတင်နည်း

    ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို သံပုရာရည် အနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီပေါင်းတင်နည်းဟာ အသားအရေကို ကြည်လင်ဝင်းပစေပြီး ဝက်ခြံနဲ့ အမာရွတ်တွေကို မှေးမှိန် ပျောက်ကွယ်စေနိုင်ပါတယ်။

    Ref. www.stylecraze.com

    Credit-ဟယ်လ်သင်, The Irrawaddy – Burmese Edition

  • ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုသလဲ ဘယ္ေလာက္ကုန္သလဲ သိလိုသူမ်ားအတြက္

    (Zawgyi)

    ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ ဘာေတြလိုသလဲ ဘယ္ေလာက္ကုန္သလဲ

    ေမာ္ေတာ္ဆိုင္ကယ္ သက္တမ္းတိုးမယ္ဆိုရင္ လိုအပ္တာေတြကေတာ့

    ၁။ အုံနာဘုတ္

    ၂။ ဝွီးတက္ (ယာဥ္မွတ္ပုံတင္သက္ေသခံကဒ္)

    ၃။ အာမခံေပးေဆာင္ၿပီးေၾကာင္းေငြရေျပစာ

    ၄။ လာေရာက္ သက္တမ္းတိုးသူရဲ႕ မွတ္ပုံတင္ (သို႔မဟုတ္) ဓါတ္ပုံပါသည့္ ဝန္ထမ္းကဒ္တို႔ျဖစ္ပါတယ္။

    နယ္ဝင္ေဆာင္႐ြက္လိုတဲ့ ဆိုင္ကယ္ေတြဆိုရင္ေတာ့

    ၁။ အုံနာဘုတ္

    ၂။ ဝွီးတက္ (ယာဥ္မွတ္ပုံတင္သက္ေသခံကဒ္

    ၃။ အုံနာဘုတ္အမည္ပါသူရဲ႕မွတ္ပုံတင္ (သို႔မဟုတ္) ဓါတ္ပုံပါသည့္ဝန္ထမ္းကဒ္

    ၄။ ေက်း႐ြာ/ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ ေနထိုင္ေၾကာင္းေထာက္ခံစာတို႔ျဖစ္ပါတယ္။

    သက္တမ္းတိုးတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ဘယ္ေလာက္ကုန္က်သဆိုတာကေတာ့ save ၿပီး သိမ္းထားႏိုင္ဖို႔ ပုံပါအတိုင္း မွ်ေဝလိုက္ပါတယ္။

    Photo Credit : Thein Ayetun

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ (2.8.2019)

    (Unicode)

    မော်တော်ဆိုင်ကယ် သက်တမ်းတိုးမယ်ဆိုရင် ဘာတွေလိုသလဲ ဘယ်လောက်ကုန်သလဲ

    မော်တော်ဆိုင်ကယ် သက်တမ်းတိုးမယ်ဆိုရင် လိုအပ်တာတွေကတော့

    ၁။ အုံနာဘုတ်

    ၂။ ဝှီးတက် (ယာဉ်မှတ်ပုံတင်သက်သေခံကဒ်)

    ၃။ အာမခံပေးဆောင်ပြီးကြောင်းငွေရပြေစာ

    ၄။ လာရောက် သက်တမ်းတိုးသူရဲ့ မှတ်ပုံတင် (သို့မဟုတ်) ဓါတ်ပုံပါသည့် ဝန်ထမ်းကဒ်တို့ဖြစ်ပါတယ်။

    နယ်ဝင်ဆောင်ရွက်လိုတဲ့ ဆိုင်ကယ်တွေဆိုရင်တော့

    ၁။ အုံနာဘုတ်

    ၂။ ဝှီးတက် (ယာဉ်မှတ်ပုံတင်သက်သေခံကဒ်

    ၃။ အုံနာဘုတ်အမည်ပါသူရဲ့မှတ်ပုံတင် (သို့မဟုတ်) ဓါတ်ပုံပါသည့်ဝန်ထမ်းကဒ်

    ၄။ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ နေထိုင်ကြောင်းထောက်ခံစာတို့ဖြစ်ပါတယ်။

    သက်တမ်းတိုးတဲ့ မော်တော်ဆိုင်ကယ်တွေ ဘယ်လောက်ကုန်ကျသဆိုတာကတော့ save ပြီး သိမ်းထားနိုင်ဖို့ ပုံပါအတိုင်း မျှဝေလိုက်ပါတယ်။

    Photo Credit : Thein Ayetun

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (2.8.2019)

  • ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

    (Zawgyi)

    ကားေရျမဳပ္သြားရင္ လုပ္ေဆာင္ရမယ့္ အခ်က္ (၆) ခ်က္

    မိမိကားကို ပါကင္ထိုးထားၿပီး တစ္ေနရာရာကို သြားေနခ်ိန္ မိုး႐ြာၿပီး လမ္းေရႀကီးလို႔ ကားေရျမဳပ္သြားရင္ ဘာဆက္လုပ္မလဲ။ မိုးေရထဲ ကားေမာင္းေနရင္းနဲ႔ မထင္မွတ္ပဲ ကားစက္ရပ္သြားရင္ ဘယ္လိုဆက္လုပ္မလဲ။ လမ္းက်ပ္ေနလို႔ ကားကို စက္ႏႈိးၿပီးရပ္ထားတုန္း လမ္းေပၚေရေတြတက္ၿပီး ႐ုတ္တရက္ေရႀကီးလာရင္ ဘယ္လိုလုပ္မလဲ။

    ၁။ မိမိကား ဘယ္ေလာက္ထိ ေရျမဳပ္ေနသလဲ ဆိုတာကို စစ္ေဆးပါ။ တကယ္လို႔မ်ား ကားတံခါး ေအာက္ေျခထက္မပိုပဲ ေရျမဳပ္ေနတယ္ဆိုရင္ေတာ့ နံပါတ္ ၄ ကိုသြားပါ။ တကယ္လို႔ ကားေရွ႕ေဘာနက္ဖုံး ထိေရျမဳပ္ေနရင္ေတာ့ ေရက်သြားတဲ့အထိခဏေစာင့္ပါ။ ၿပီးရင္ေလစစ္ကို စစ္ေဆးပါ။ ေလစစ္မွာ ေရစိုေနရင္ေတာ့ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားပါ။

    ၂။ ကားစက္ႏႈိးဖို႔ မႀကိဳးစားပါနဲ႔ – မေတာ္တဆ ကားအင္ဂ်င္ထဲ ေရဝင္ေနရင္ မိမိက ကားစက္ႏႈိးလိုက္တဲ့ အခါ ျပဳျပင္လို႔မရေလာက္ေအာင္ ကားအင္ဂ်င္ ပ်က္စီးသြားပါလိမ့္မယ္။ ေအာက္ပါအခ်က္ေတြကို စစ္ေဆးၿပီး အိုေကတယ္ဆိုမွ စက္ႏႈိးဖို႔စဥ္းစားပါ။ အေကာင္းဆုံးကေတာ့ ကြၽမ္းက်င္စက္ျပင္ တစ္ေယာက္ေယာက္ကို ေခၚၿပီး စစ္ေဆးခိုင္းပါ။

    ၃။ အင္ဂ်င္ဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္တိုင္းတဲ့ တုတ္တံမွာ ေရစက္ေတြေတြ႕ေနရင္ (သို႔မဟုတ္) အင္ဂ်င္ဝိုင္ပမာဏမ်ားလာရင္ ဒါဟာ အင္ဂ်င္ဝိုင္ခြက္ထဲ ေရဝင္တဲ့လကၡဏာပါ။ လုံးဝလုံး၀ စက္မႏႈိးပါနဲ႔။ နီးစပ္ရာ ကားဝပ္ေရွာ့ဆီ ကားကိုဆြဲသြားၿပီး အင္ဂ်င္ဝိုင္ေတြ အကုန္ေဖာက္ထုတ္ပါ။ ၿပီးရင္ အင္ဂ်င္ဝိုင္ခြက္၊ ပလပ္၊ စတာေတြကို သန႔္ရွင္းၿပီး အင္ဂ်င္ထဲမွာ ေရမက်န္ေအာင္ လုပ္ရပါမယ္။

    ၄။ ဂီယာဝိုင္ကို စစ္ေဆးပါ – အင္ဂ်င္ဝိုင္ကို စစ္ေဆးသလိုပဲ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ ကို ေရရွိမရွိ စစ္ေဆးပါ။ တခ်ိဳ႕ ဂီယာေဘာက္စ္ေတြမွာ ဂီယာဝိုင္တိုင္းတဲ့ တုတ္တံ မထည့္ထားဘူး။ တကယ္လို႔မ်ား မိမိကားက အဲ့လိုဂီယာေဘာက္စ္ပါရင္ လုံးဝလုံး၀ ဂီယာထိုးျခင္း စက္ႏႈိးျခင္းမလုပ္ပဲ နီးစပ္ရာ ကားဝပ္ေရွာ့ကို ကားဆြဲသြားလိုက္ပါ။

    ၅။ စတီယာရင္ကို စစ္ေဆးပါ – EPS (electronic power steering) ပါတဲ့ ကားေတြ ျပႆနာအျဖစ္မ်ားပါတယ္။လွ်ပ္စစ္ေမာ္တာသုံးၿပီး ပါဝါစတီယာရင္ျဖစ္ေအာင္ လုပ္ထားတဲ့အတြက္ စတီယာရင္အုံကို (အရပ္ေခၚ စတီယာရင္ဂန္း) ေရဝပ္ရင္ပ်က္ပါတယ္။ ႐ိုး႐ိုး ဟိုက္ဒေရာလစ္ဆီသုံးတဲ့ ပါဝါစတီယာရင္ဆိုရင္လည္း စတီယာရင္ဂန္းထဲ ေရစိမ့္သြားရင္ အထဲက ဗားေတြ ပ်က္စီးတတ္ပါတယ္။ ဒါေၾကာင့္ မိမိကားစတီယာရင္ ေလးလာရင္ မေပါ့ပါနဲ႔။

    ၆။ လွ်ပ္စစ္စနစ္ကို စစ္ေဆးပါ – ကားေမာင္းသူတစ္ေယာက္အေနနဲ႔ လွ်ပ္စစ္ပစၥည္းေတြအေၾကာင္း အေသးစိတ္မသိႏိုင္ဘူး။ ဒါေပမဲ့ ႀကိဳးျပတ္တာေတြ၊ ႀကိဳးလြတ္ေနတာေတြ ရွိမရွိကိုေတာ့ စစ္ေဆးရမယ္။ ေရွ႕မီးႀကီး၊ ကားအဲ့ယားကြန္း၊တံခါးဂ်က္၊ အတြင္းခန္းမီး စတာေတြကို စစ္ေဆးပါ။ တစ္ခုခု မသကၤာရင္ ျပေနက် ကားဝပ္ေရွာ့ကို သြားၿပီးစစ္ေဆးခိုင္းပါ။

    ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ ေအာက္ပါအခ်က္ေတြကို ျပဳလုပ္ပါ။ မိမိျပေနက် ကားဝပ္ေရွာ့ရဲ႕ ဖုန္းနံပါတ္ကို မိမိလက္ကိုင္ဖုန္းနဲ႔ ကားထဲမွာ မွတ္ထားပါ။ အခုေဖာ္ျပထားတဲ့ Infographic အေသးစားကို ကားထဲမွာျဖစ္ေစ၊ လက္ကိုင္ဖုန္းထဲမွာ ျဖစ္ေစမွတ္သားထားပါ။ ကားဆြဲတဲ့ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီဖုန္းနံပါတ္ေတြကို မွတ္သားထားပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ မိမိသြားမယ့္ ေနရာရဲ႕ အေျခအေနကို ႀကိဳတင္စုံစမ္းပါ။ အခုဆို ေရဒီယိုကေန တခါတေလ ယာဥ္ေၾကာအေျခအေနေတြေဖာ္ျပေပးတတ္ပါတယ္။

    ကားေရျမဳပ္သြားရင္ ျဖစ္ေပၚလာႏိုင္တဲ့ ျပႆနာေတြက မနည္းဘူး။ ကားေဘးတံခါးေအာက္ေျခေလာက္အထိ ျမဳပ္သြားရင္ေတာင္ အႏၲရာယ္မ်ားတယ္။ ျပန္လည္ျပဳျပင္ရတဲ့ စရိတ္၊ ဝပ္ေရွာ့ထိုးထားရတဲ့ အခ်ိန္ စတဲ့ ဆုံးရွဴံးမႈေတြက ေတာ္ေတာ္ေလး ႀကီးမားတယ္။

    ဒါေၾကာင့္ ကားအသုံးျပဳသူေတြအေနနဲ႔ မလိုအပ္ပဲ ကားကို ေရထဲျဖတ္မေမာင္းပါနဲ႔။ ေရႀကီးေလ့ႀကီးထရွိတဲ့ လမ္းေပၚမွာ မိုး႐ြာေနစဥ္ ကားရပ္မထားခဲ့ပါနဲ႔။

    မိုးတြင္းမွာ အပ်က္အစီးမရွိပဲ ကားကို အသုံးျပဳႏိုင္ၾကပါေစဗ်ာ။

    ကားခ်စ္သူ

    Credit-Original Uploader

    (Unicode)

    ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် (၆) ချက်

    မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

    ၁။ မိမိကား ဘယ်လောက်ထိ ရေမြုပ်နေသလဲ ဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။ ပြီးရင်လေစစ်ကို စစ်ဆေးပါ။ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

    ၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့ – မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင် ပျက်စီးသွားပါလိမ့်မယ်။ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။ အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင် တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

    ၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေဝင်တဲ့လက္ခဏာပါ။ လုံးဝလုံး၀ စက်မနှိုးပါနဲ့။ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေ အကုန်ဖောက်ထုတ်ပါ။ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင် လုပ်ရပါမယ်။

    ၄။ ဂီယာဝိုင်ကို စစ်ဆေးပါ – အင်ဂျင်ဝိုင်ကို စစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိ စစ်ဆေးပါ။ တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ မထည့်ထားဘူး။ တကယ်လို့များ မိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံးဝလုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

    ၅။ စတီယာရင်ကို စစ်ဆေးပါ – EPS (electronic power steering) ပါတဲ့ ကားတွေ ပြဿနာအဖြစ်များပါတယ်။လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင် လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါတယ်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိမိကားစတီယာရင် လေးလာရင် မပေါ့ပါနဲ့။

    ၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ – ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်း အသေးစိတ်မသိနိုင်ဘူး။ ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။ ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေကို စစ်ဆေးပါ။ တစ်ခုခု မသင်္ကာရင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

    ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနဲ့ ကားထဲမှာ မှတ်ထားပါ။ အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။ ကားဆွဲတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

    ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေက မနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။ ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ဝပ်ရှော့ထိုးထားရတဲ့ အချိန် စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေး ကြီးမားတယ်။

    ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။ ရေကြီးလေ့ကြီးထရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

    မိုးတွင်းမှာ အပျက်အစီးမရှိပဲ ကားကို အသုံးပြုနိုင်ကြပါစေဗျာ။

    ကားချစ်သူ

    Credit-Original Uploader

  • အခုေခတ္မွာ ကြက္တိမွန္ေနတဲ့ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ

    (Zawgyi)

    အခုေခတ္မွာ ကြက္တိမွန္ေနတဲ့ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ

    ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ မွန္ပုံကေတာ့ ဒီေန႔ေခတ္ကို ေဘးကေန ထိုင္ၾကည့္ၿပီး ေျပာေနသလား မွတ္ရတယ္ဗ်ာ။ ကြက္တိကို မွန္ေနေတာ့တာပဲ။ အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆိုတာ နိမိတ္ေဆာင္တယ္” ဆိုတဲ့ စကားပုံ ေပၚလာတာ ျဖစ္ရမယ္ဗ်။ ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပုံကေတာ့ ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကို ေအာက္ပါအတိုင္း ေဖာ္ျပ လိုက္ရပါတယ္ ခင္ဗ်ာ။

    တရားကို ေတးဆို၊ အေဖကိုသားကဆဲ ေဆြမ်ိဳးထဲက ဓါးျပတိုက္၊ မိုက္လွ်င္ေသာတာပန္ မေကာင္းႀကံလွ်င္ သမာဓိ၊ ေ႐ႊရွိမွ လူလိမၼာ လိမ္ႏိုင္မွ သစၥာရွင္၊ ပညာရွင္ကို ပယ္၍ထား အခ်စ္ဆုံးက သစၥာပ်က္၊ ႐ိုးသားသူကို အ႐ူးဆို အပ်ိဳငယ္က လင္ေနေစာ၊ အက်ႌပါးနဲ႔ ဥပုသ္သည္ ဇရပ္အလယ္ ကို႔ယို႔ကားယား၊ အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာ အပ်ိဳမျဖစ္ခင္က ရည္းစားထား၊

    ဆင္းရဲသားက သူေဌးေယာင္ေဆာင္ အဝတ္ေျပာင္မွ လူ႐ိုေသ၊ လင္ရွိမယားက အပ်ိဳလုပ္ မသာပို႔ရင္း အပ်ိဳလွည့္၊ အလႉေပးရင္း ထမင္းေရာင္း ဆယ္ႏွစ္သမီးက အိမ္ေထာင္က် ၊ ဆယ္အိမ္ေခါင္းက စိတ္ႀကီးဝင္ ပြဲသဘင္ပါမွ အလႉျဖစ္၊ စာမတတ္သူက တရားျပ ဇာတ္သမားမွ လူေခၚခ်င္၊ သူေတာ္စင္ကို ပယ္၍ထား

    ေႂကြးေပးသူက ကြၽန္နဲ႔တူ၊ ေႂကြးယူသူက သခင္ျဖစ္ မုန႔္ေပးလွ်င္ က်မ္းဂန္တတ္၊ ေ႐ႊကပ္သည့္ဘုရားမွ လူ႐ိုေသ အေဖ အေမက ကြၽန္နဲ႔တူ၊ သားသမီးက သခင္ျဖစ္ ေခတ္ႀကီးကိုေတာ့ အျပစ္ဆို၊ မိမိကိုယ္ေတာ့ အေကာင္းေျပာ ဂံုံးတိုက္လွ်င္ ေက်းဇူးရွင္၊ ေျဖာင့္မတ္လွ်င္ လူမသုံး သီလယူရင္း မ်က္စပစ္ သူေတာ္ေကာင္းတို႔ တရားပ်က္ၾကေလၿပီ။

    ေရွးစာဆို အတိတ္တေဘာင္ ျပန္လည္မွ်ေဝသည္။

    ခရက္ဒစ္–Myint Thein

    (Unicode)

    အခုခေတ်မှာ ကွက်တိမှန်နေတဲ့ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ

    ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ ကွက်တိကို မှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ် ခင်ဗျာ။

    တရားကို တေးဆို၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြတိုက်၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော၊ အင်္ကျီပါးနဲ့ ဥပုသ်သည် ဇရပ်အလယ် ကို့ယို့ကားယား၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား၊

    ဆင်းရဲသားက သူဌေးယောင်ဆောင် အဝတ်ပြောင်မှ လူရိုသေ၊ လင်ရှိမယားက အပျိုလုပ် မသာပို့ရင်း အပျိုလှည့်၊ အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ အလှူဖြစ်၊ စာမတတ်သူက တရားပြ ဇာတ်သမားမှ လူခေါ်ချင်၊ သူတော်စင်ကို ပယ်၍ထား

    ကြွေးပေးသူက ကျွန်နဲ့တူ၊ ကြွေးယူသူက သခင်ဖြစ် မုန့်ပေးလျှင် ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ အဖေ အမေက ကျွန်နဲ့တူ၊ သားသမီးက သခင်ဖြစ် ခေတ်ကြီးကိုတော့ အပြစ်ဆို၊ မိမိကိုယ်တော့ အကောင်းပြော ဂံုံးတိုက်လျှင် ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင် လူမသုံး သီလယူရင်း မျက်စပစ် သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

    ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

    ခရက်ဒစ် – Myint Thein

  • ျမန္​ျပည္​တလႊား ျမိဳ႕ထူးမ်ား (ဗဟုသုတ)

    ျမန္​ျပည္​တလႊား ျမိဳ႕ထူးမ်ား(ဗဟုသုတ)

    ဆန႔္​က်င္​ဘက္​ၿမိဳ႕မ်ား

    ၁။ ​ေက်ာက္​ျဖဴ X ​ေက်ာက္​မဲ

    ၂။ မိုး​ေကာင္​း X မိုးနဲ

    ၃။ ​ေတာင္​ႀကီး X ​ေတာင္​ကုတ္​

    ၄။ အလံု X ​ေပါက္​

    ၅။ အျမင္​့ X ​ေျမထဲ

    ၆။ ​ေမၿမိဳ႕ X ​ေမာင္​​ေတာ

    အကၡရာပူးၿမိဳ႕မ်ား

    ၁။ ကိုကိုးကြၽန္​း ၂။ ​ေက်ာက္​ႀကီး ၃။ ​ေက်ာင္​းကုန္​း ၄။ ဂန္႔​႔​ေဂါ ၅။ ဆီဆိုင္​ ၆။ တံတား ၇။ တြံ​ေတး ၈။ ​ေျမာင္​းျမ ၉။ ျမင္​းမူ ၁၀။ မိုးမိတ္​ ၁၁။ မိုး​ေမာက္​ ၁၂။ ​ေမာက္​မယ္​ ၁၃။ တီးတိန္​ ၁၄။ ​ေလာင္​းလံု ၁၅။ လြိဳင္​လင္​ ၁၆။ ဟဲဟိုး ၁၇။ ​ေမၿမိဳ႕

    နာမည္​တစ္​လံုးရိွၿမိဳ႕မ်ား – ၁။ ​ေခ်ာက္​ ၂။ ဂြ ၃။ ​ေဆာ ၄။ ဆြာ ၅။ ​ေပါက္​ ၆။ ​ေပါင္​ ၇။ ျပည္​ ၈။ ျဖဴ း ၉။ ၿမိတ္​ ၁၀။ ၿမိဳင္​ ၁၁။ ​ေျမာင္​ ၁၂။ ​ေရး ၁၃။ လႈိင္​ ​၁၄။ ​ေဝါ ၁၅။ အမ္​း

    ဂဏန္​းသခ်ၤာ ပါတဲ့ၿမိဳ႕မ်ား – ၁။ ထန္​းတစ္​ပင္​ ၂။ ဘုရားသံုးဆူ ၃။ သံုးခြ ၄။ ​ေညာင္​​ေလးပင္​ ၅။ ​ေလးမ်က္​ႏွာ ၅။ ငါးသိုင္​း​ေခ်ာင္​း ၆။ ကိုကိုးကြၽန္​း ၇။ မူဆယ္​ ၈။ သံုးဆယ္​ ၉။ အ​ေထာင္​ ၁၀။ ဗိုလ္​တ​ေထာင္​ ၁၁။ ​ေကာ့​ေသာင္​း

    ဖားၿမိဳ႕မ်ား – ၁။ ဖားကန္​႔ ၂။ ဖား​ေဆာင္​း

    စစ္​ၿမိဳ႕မ်ား – ၁။ စစ္​ကိုင္​း ၂။ စစ္​​ေတြ ၃။ စစ္​​ေတာင္​း

    ဆင္​ၿမိဳ႕မ်ား – ၁။ ဆင္​ဘို ၂။ ဆင္​​ေပါင္​ဝဲ ၃။ ဆင္​ျဖဴကြၽန္​း

    ျမင္​းၿမိဳ႕မ်ား – ၁။ ျမင္​းၿခံ ၂။ ျမင္​းမူ ၃။ ျမင္​းလႊတ္​

    ဆိပ္​ၿမိဳ႕မ်ား – ၁။ ဆိပ္​ကမ္​း ၂။ ဆိပ္​ႀကီးခ​ေနာင္​တို ၃။ ဆိပ္​ျဖဴ

    ခႏၶာကိုယ္​အစိပ္​အပိုင္​းပါတဲ့ၿမိဳ႕ – ၁။ ​ေပါက္​​ေခါင္​း ၂။ ပ်ဥ္​းမနား ၃။ ဝက္​လက္​ ၄။ ဝမ္​းတြင္​း ၅။ ဟားခါး ၆။ ​ေပါင္​ ၇။ ​ေက်ာ (ဂန္​႔​ေဂါခရိုင္​) ၈။ ​ေျမဒူး ၉။ မအူပင္​ ၁၀။ ဆင္​​ေပါင္​ဝဲ ၁၁။ ​ေပါင္​းတလည္​

    တပ္​ၿမိဳ႕မ်ား – ၁။ ဗထူးတပ္​ (ရွမ္​း) ၂။ ရဲမြန္​တပ္​ (ရန္​ကုန္​) ၃။ ဘုရင္​့​ေနာင္​တပ္​ (ကရင္​)
    ၄။ တပ္​ကုန္​း

    အက်ဥ္​းအၾကပ္​ဆံုးၿမိဳ႕ – ၁။ ဝမ္​းတြင္​း

    ႐ြာအမည္​ရိွၿမိဳ႕မ်ား – ၁။ ႐ြာငံ ၂။ မံု႐ြာ ၃။ ႐ြာသစ္​ (မိုးညင္​းခရိုင္​) ၄။ ရွမ္​း႐ြာသစ္​ (ကရင္​)

    ေတာအမည္ရိွ ၿမိဳ႕မ်ား – ၁။ ရွားေတာ ၂။ အင္ေတာ ၃။ ငပုေတာ ၅။ ​ေပါက္​​ေတာ ၆။ ​ေမာင္​​ေတာ

    ​ေရး​အမွန္​ ဖတ္​အသံၿမိဳ႕မ်ား – ၁။ ​ေက်ာက္​ပန္​း​ေတာင္​း ၂။ ငါန္​းဇြန္​ ၃။ တန္​႔ဆည္​ ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ္​ ၇။ ႏြားထိုးႀကီး ၈။ ပုဂံ ၉။ ပုဇြန္​​ေတာင္​ ၁၀။ ပုလဲ ၁၁။ ပုသိမ္​ ၁၂။ ပု​ေလာ ၁၃။ ပဲခူး ၁၄။ ျပည္​ ၁၅။ ဗန္​း​ေမာက္​ ၁၆။ ဗန္​း​ေမာ္​ ၁၇။ ဘားအံ ၁၈။ ၿမိတ္​ ၁၈။ သံလ်င္​

    ပါဠိၿမိဳ႕ – ၁။ ကရသူရိ ၂။ ​ေကတုမတီ ၃။ ​ေကာလိယၿမိဳ႕​ေဟာင္​း ၄။ ​ေစတုတၱရာ ၅။ ​ေဇယ်ဝတီ ၆။ ​ေတာင္​ဥကၠလာ ၇။ ဒကၡိဏသီရိ ၈။ ပုဗၺသီရိ ၉။ မတၱရာ ၁၀။ မိတၳိလာ ၁၁။ ​ေမတၱာ ၁၂။ ​ေမရဥၥရာၿမိဳ႕​ေဟာင္​း ၁၃။ ​ေျမာက္​ဥကၠလာ ၁၄။ လပြတၱာ ၁၅။ ​ေဝသာလီ ၁၆။ သကၠလ ၁၇။ သာ​ေကတ ၁၈။ သာဝတၳိ ၁၉။ သုဝဏၰဝတီ ၂၀။ ဟသၤာတ ၂၁။ ဟံသာဝတီ ၂၂။ အဂၤပူ ၂၃။ အမရပူရ ၂၄။ ဥတၱရသီရိ

    ​ေလာကနဲ႔ ​ေျပာင္​းျပန္​ျဖစ္​တဲ့​ၿမိဳ႕ (က​ေလာ)

    လူႀကီးမဟုတ္​တဲ့ျမိဳ႕ (က​ေလး)

    ငယ္​တံုးက မပိန္​တဲ့ၿမိဳ႕ (က​ေလးဝ)

    မပူပင္​ရတဲ့ၿမိဳ႕ (ကံမ)

    ပူရိွန္​းပူရိွန္​းၿမိဳ႕ (ငရုပ္​​ေကာင္​း)

    ထြက္​​ေပါက္​မရိွ​ေသာၿမိဳ႕ (အလံု)

    ​ေၾကာက္​စရာ ​ေကာင္​း​ေသာၿမိဳ႕ (ဘီလူး)

    မင္းမရိွတဲ့ၿမိဳ႕ (မင္းကင္း၊)

    အခ်မ္​းသာဆံုးၿမိဳ႕ (​ေရႊ​ေတာင္​)

    မ်က္​ႏွာမ်ားတဲ့ၿမိဳ႕ (​ေလးမ်က္​ႏွာ)

    ၾကည္​့​ေပါင္​းရ​ေသာၿမိဳ႕ (သာ​ေပါင္​း)

    မ​ေသ​ေသာၿမိဳ႕ (အမရပူရ)

    ဒဏ္​ရာရိွတဲ့ၿမိဳ႕ (အရာ​ေတာ္​)

    အိမ္​​ေတြ တ​ေရာင္​တည္​း ရိွတဲ့ၿမိဳ႕ (အိမ္​မဲ)

    ​ေခတ္စကားအရ သြက္​လက္​​ေသာၿမိဳ႕ (ဖလမ္​း)

    ဗုိလ္​မ်ားတဲ့ၿမိဳ႕ (ဗိုလ္​တ​ေထာင္​)

    လက္​႐ြံစရာ​ေကာင္​းတဲ့ၿမိဳ႕ (​ေလာက္​ကိုင္​)

    အခိုင္​မာဆံုးၿမိဳ႕ (သံ​ေတာင္​၊ သံ​ေတာင္​ႀကီး)

    မိန္​းမၿမိဳ႕ (​ေမၿမိဳ႕)

    ​ေယာက်္​ား ဘသားၿမိဳ႕ (​ေတာင္​ႀကီး၊ ႁပြန္​တန္​ဆာ)

    မစို​ေျပတဲ့ၿမိဳ႕ (​ေခ်ာက္​၊ မိုးနဲ)

    ႐ြာမလို လာမလိုလိုၿမိဳ႕ (မိုးညိဳ)

    လွသလားလို႔ ​ေမးစရာမလိုတဲ့ၿမိဳ႕ (ၿမိဳ႕လွ)

    တၿမိဳ႕လံုး ခ်ိဳတဲ့ၿမိဳ႕ (ႀကံခင္​း)

    လံုၿခံဳ​ေသာၿမိဳ႕ (​ေက်ာက္​တံခါး)

    ဘုန္​းဘုန္​း​ေတြဆြမ္​းမဝတဲ့ၿမိဳ႕ (သပိတ္​က်ဥ္​း)

    တရုတ္​ႀကီး သူ႔မိန္​းမရဲ႕ ညီမကို​ေခၚတဲ့ၿမိဳ႕ (ဝါးခယ္​မ)

    ႏွာ​ေခါင္​းပိတ္​ရမည္​့ၿမိဳ႕ (​ေပါက္​​ေတာ)

    ဆီ​ေပါတဲ့ၿမိဳ႕ (ဆီဆိုင္​)

    ရန္​မရိွတဲ့ၿမိဳ႕ (ရန္​ကုန္​ ၊ ရန္​ကင္​း)

    အလုပ္​ၾကမ္​းၿမိဳ႕ (​ေက်ာက္​ထု)

    ​ေျဖာင္​့မတ္​​ေသာၿမိဳ႕ (မ​ေကြး)

    အရင္​ဆံုး​ေပၚတဲ့ၿမိဳ႕ (ၿမိဳ႕​ေဟာင္​း)

    ​ေနာက္​ဆံုး​ေပၚတဲ့ၿမိဳ႕ (ၿမိဳ႕သစ္​)

    အသားမဲတဲ့ ဓႏုမရိွတဲ့ၿမိဳ႕ (ဓႏုျဖဴ)

    နာမည္ေျပာင္းျပန္ျဖစ္​တဲ့ ၿမိဳ႕ – ၁။ ​ေညာင္​​ေရႊ X ​ေရႊ​ေညာင္​

    နာမည္တူၿမိဳ႕ –

    မင္းလွ (မေကြးတိုင္း သရက္ခ႐ိုင္၊ အထက္မင္းလွ)

    မင္းလွ(ပဲခူးတိုင္း သာယာဝတီခ႐ိုင္၊ ေအာက္မင္းလွ)

    ထန္​းတပင္​ (ရန္​ကုန္​တိုင္​း)

    ထန္​းတပင္​ (အင္​းစိန္​ခရိုင္​ လႈိင္​ျမစ္​အ​ေရွ႕)

    ထန္​းတပင္​ (ပဲခူးတိုင္​း ​ေတာင္​ငူခရိုင္​)

    ကာၿမိဳ႕မ်ား – ၁။ ကာလိ ၂။ ကာမိုင္​း ၃။ မိုင္​းကာ

    က်ိဳက္​အမည္​ရိွၿမိဳ႕မ်ား – ၁။ က်ိဳကၡမီ ၂။ က်ိဳက္​ဒံု ၃။ က်ိဳက္​ထို ၄။ က်ိဳက္​မ​ေရာ ၅။ က်ိဳက္​လတ္​ ၆။ ဇင္​းက်ိဳက္​

    က်ိဳင္​းၿမိဳ႕မ်ား – ၁။ က်ဳင္​းတံု ၂။ က်ိဳင္​း​ေတာင္​း ၃။ က်ဳိင္​းလပ္​

    ​ေက်ာက္​အမည္​ရိွၿမိဳ႕မ်ား – ၁။ ​ေက်ာက္​ႀကီး ၂။ ​ေက်ာက္​စရစ္​ၿမိဳ႕​ေဟာင္​း ၃။ ​ေက်ာက္​ဆည္​ ၄။ ​ေက်ာက္​တလံုး ၅။ ​ေက်ာက္​တန္​း ၆။ ​ေက်ာက္​​ေတာ္​ ၇။ ​ေက်ာက္​တံတား ၈။ ​ေက်ာက္​တံခါး ၉။ ​ေက်ာက္​ထု ၁၀။ ​ေက်ာက္​ပန္​း​ေတာင္​း ၁၁။ ​ေက်ာက္​ျဖဴ ၁၂။ ​ေက်ာက္​မဲ ၁၃။ ​ေက်ာက္​​ေျမာင္​း

    ​ေတာင္​အမည္​ရိွၿမိဳ႕မ်ား – ၁။ ​ေတာင္​ကုတ္​ ၂။ ​ေတာင္​ႀကီး ၃။ ​ေတာင္​ငူ ၄။ ​ေတာင္​တြင္​းႀကီး ၅။​ေတာင္​ၿပိဳလက္​ဝဲ ၆။ ​ေတာင္​သာ ၇။ ​ေတာင္​ဥကၠလာပ ၈။ ​ေရႊ​ေတာင္​ ၉။ သံ​ေတာင္​ ၁၀။ သံ​ေတာင္​ႀကီး ၁၁။ ဗူးသီး​ေတာင္​ ၁၂။ ရ​ေသ့​ေတာင္​

    စၿမိဳ႕မ်ား – ၁။ စကု ၂။ စလင္​း

    စဥ္​့ၿမိဳ႕မ်ား – ၁။ စဥ္​့ကူး ၂။ စဥ္​့ကိုင္​

    တာၿမိဳ႕မ်ား – ၁။ တာခ်ီလိတ္​ ၂။တာမိုးညဲ ၃။ တာ​ေလ ၄။ တံုတာ ၅။ ပူတာအို ၆။ လပြတၱာ

    တန္​႔ၿမိဳ႕ – ၁။ တန္​႔ယန္​း ၂။ တန္​႔ဆည္​

    နမ္​့ၿမိဳ႕မ်ား – ၁။ နမ္​့ခမ္​း ၂။ နမ္​့စန္​ ၃။ နမ္​့ဆန္​ ၄။ နမ္​့တစ္​

    ​ေနာင္​ၿမိဳ႕မ်ား – ၁။။ ​ေနာင္​ခစ္​ ၂။​ ​ေနာင္​ခ်ိဳ ၃။ ​ေနာင္​တရား ၄။ မိုင္​း​ေနာင္​ ၅။ ​ေနာင္​မြန္​း

    ပင္​ၿမိဳ႕မ်ား – ၁။ ပင္​​ေလာင္​း ၂။ ပင္​လံု ၃။ ပင္​လယ္​ဘူး ၄။ ဟိုပင္​ ၅။ ယင္​းမာပင္​ ​၆။​ေညာင္​​ေလးပင္​ ၇။ ထန္​းတပင္​ ၈။ ဥသ်စ္​ပင္​ ၉။ ​ေအာင္​ပင္​လယ္​ ၁၀။ သနပ္​ပင္​

    ​ေပါင္​းၿမိဳ႕မ်ား – ၁။ ​ေပါင္​းတလည္​ ၂။​ ​ေပါင္​းတည္​ ၃။ သာ​ေပါင္​း

    ပန္​ၿမိဳ႕ – ၁။ ပန္​ဝါ ၂။ ပန္​နန္​းဒင္​ ၃။ ပန္​ခမ္​့ ၄။ ပန္​ယန္​း ၅။ ပန္​လံု ၆။ ပန္​ဝိုင္​ ၇။ မိုင္​းပန္​ ၈။ ပန္​ဆန္​း

    ပန္​းၿမိဳ႕ – ၁။ ပန္​းတ​ေနာ္​ ၂။ ​ေအာင္​ပန္​း ၃။ ​ေက်ာက္​ပန္​း​ေတာင္​း ၄။ ပန္​းပဲတန္​း

    မိုးအမည္ရိွေသာၿမိဳ႕မ်ား – ၁။ မိုးကုတ္ ၂။ မိုးေကာင္း ၃။ မိုးညိဳ ၄။ မိုးညႇင္း ၅။ မိုးနဲ ၆။ မိုးၿဗဲ ၇။ မိုးေမာက္ ၈။ မိုးမိတ္

    ​ေမာ္​ၿမိဳ႕ – ၁။ ​ေမာ္​လၿမိဳင္​ ၂။ ​ေမာ္​လၿမိဳင္​ကြၽန္​း ၃။ ဗန္​း​ေမာ္​ ၄။ ဝိုင္​း​ေမာ္​ ၅။ ​ေမာ္​ထိုက္​ ၆။။ ​ေမာ္​လိုက္​

    ​ေမာက္​ၿမိဳ႕မ်ား – ၁။ ​ေမာက္​မယ္​ ၂။ မိုး​ေမာက္​ ၃။ ဗန္​း​ေမာက္​ ၄။ နတ္​​ေမာက္​

    မင္​းၿမိဳ႕မ်ား – ၁။ မင္​းကင္​း ၂။ မင္​းကြန္​း ၃။ မင္​းတပ္​ ၄။ မင္​းတုန္​း ၅။ မင္​းျပား ၆။ မင္​းဘူး ၇။ မင္​းရဲလွၿမိဳ႕​ေဟာင္​း ၈။ မင္​းလွ

    မိုင္းအမည္ရိွၿမိဳ႕မ်ား

    ၁။ မိုင္းကာ ၂။ မိုင္​းကိုင္​ ၃။ မိုင္​းခတ္​ ၄။ မိုင္းခုတ္​ ၅။ မိုင္​း​ေငါ့ ၆။ မိုင္​းစံ ၇။ မိုင္​းဆတ္​ ၈။ မိုင္​တံု ၉။ မိုင္​း​ေနာင္ ၁၀။ မိုင္းပန္ ၁၁။ မိုင္းပြန္ ၁၆။ မိုင္​း​ေပါက္​ ၁၇။ မိုင္​းပ်ဥ္​း ၁၈။ မိုင္​းဖ်န္​ ၁၉။ မိုင္​းျဖတ္​ ၂၀။ မိုင္​း​ေမာ ၂၁။ မိုင္​းယန္​း ၂၂။ မိုင္​းယု ၂၃။ မိုင္း​ေယာင္​း ၂၄။ မိုင္​းရယ္​ ၂၅။ မိုင္​းရွဴ း ၂၆။ မိုင္​းလား ၂၆။ မိုင္​းလံု ၂၇။ ကာမိုင္း ၂၈။ လမိုင္​း

    ၿမိဳင္​ၿမိဳ႕မ်ား – ၁။ ၿမိဳင္​ ၂။ ​ေမာ္​လၿမိဳင္​ ၃။ ​ေမာ္​လၿမိဳင္​ကြၽန္​း ၄။ ၿမိဳင္​ႀကီးငူ ၅။ ​ေဝါ​ေလၿမိဳင္​

    ​ေရၿမိဳ႕မ်ား – ၁။ ​​ေရၾကည္​ ၂။ ​ေရစႀကိဳ ၃။ ​ေရဇြာ ၄။ ​ေရတာရွည္​ ၅။ ​ေရနံ​ေခ်ာင္​း ၆။ ​ေရျဖဴ ၇။ ​ေရဦး

    ​ေရႊအမည္​ရိွၿမိဳ႕မ်ား – ၁။ ​ေရႊကူ ၂။ ​ေရႊက်င္​ ၃။ ​ေရႊ​ေညာင္​ ၄။ ​ေ႐ႊ​ေပၚကြန္​း ၅။ ​ေ႐ႊျပည္​သာ ၆။ ​ေ႐ႊဘို ၇။ ​​ေ႐ႊ​ေသာင္​ယံ ၈။ ​ေညာင္​​ေရႊ ၉။ ခ်င္​း​ေရႊ​ေဟာ္​

    လားၿမိဳ႕မ်ား – ၁။ လားရိွဴ း ၂။ မိုင္​းလား

    လင္​ၿမိဳ႕မ်ား – ၁။ လြိဳင္​လင္​ ၂။ လင္​​ေဟာ္​ ၃။ ဘုတလင္​

    လြိဳင္​ၿမိဳ႕မ်ား – ၁။ လြိဳင္​​ေကာ္​ ၂။ လိြဳင္​လင္​

    ဟိုၿမိဳ႕မ်ား – ၁။ ဟို​ေတာင္​း ၂။ ဟိုပင္​ ၃။ ဟိုပန္​ ၄။ ဟိုပုံး ၅။ ဟိုမိန္​း

    ဦးတို႔ရဲ႕ၿမိဳ႕မ်ား – ၁။ ခင္​ဦး ၂။ ​​ေခ်ာင္​းဦး ၃။ ​ေညာင္​ဦး ၄။ တံတားဦး ၅။ ဒိုက္​ဦး ၆။ ျပင္​ဦးလြင္​ ၇။ ​ေျမာက္​ဦး ၈။ ေရဦး

    ​ေအာင္​ၿမိဳ႕မ်ား – ၁။ ​ေအာင္​ပန္​း ၂။ ​ေအာင္​လံ ၃။ ျမန္​​ေအာင္​ ၄။ မာန္​​ေအာင္​

    အ​ေကာင္​နာမည္​ပါ​ေသာၿမိဳ႕မ်ား

    ၁။ ဆင္​ဘို ၂။ ဖားကန္​႔ ၃။ ဖား​ေဆာင္​း ၄။ လိပ္​သို ၅။ ဆင္​​ေပါင္​ဝဲ ၆။ ဆင္​ျဖဴကြၽန္​း ၇။ ဆိပ္​ျဖဴ ၈။ ငါန္​းဇြန္​ ၉။ ျမင္​းၿခံ ၁၀။ ျမင္​းလြတ္​ ၁၁။ ပုဇြန္​​ေတာင္​ ၁၂။ မိုင္​းလား ၁၃။ ​ေလာက္​ကိုင္​ ၁၄။ ငသိုင္​း​ေခ်ာင္​း ၁၅။ ဟသၤာတ ၁၆။ က်ိဳင္​းတံု ၁၇။ က်ိဳင္​း​ေတာင္​း ၁၈။ က်ိဳင္​းလပ္​ ၁၉။ ႏြားထိုးႀကီး ၂၀။ ဝက္​လက္​

    ဗဟုသုတအျဖစ္​ ​စုစည္​းတင္​ျပပါတယ္​ အမ်ိဳးတို႔ေရ

    Credit-ဗဟုသုတအျဖစ္သာ= ဆရာညိဳ(မေကြး)

    MyanmarEncyclopaedia

  • ရွမ္းျပည္ရဲ႕ နာမည္ေက်ာ္ တို႕ဟူးေႏြးလုပ္စားနည္း

    (Zawgyi)

    တို႔ဟူးေႏြး

    တို႔ဟူးေႏြးက ရွမ္းျပည္ရဲ႕ မနက္မွာစားတဲ့ မနက္စာ ျဖစ္ပါတယ္။ ရွမ္းျပည္မွာေတာ့ ရွမ္းေခါက္ဆြဲ၊ တို႔ဟူးေႏြး တို႔စားရင္ ေ႐ႊပဲ႐ြက္ေလး ထည့္စားၾကပါတယ္။ ေ႐ႊပဲ႐ြက္မရွိလည္း ေရမုန္ညႇင္း၊ မုန္ညႇင္း႐ြက္ အစ ရွိသျဖင့္ ထည့္စားေလ့ရွိပါတယ္။ ခ်က္နည္းလည္းလြယ္ပါတယ္။

    ပါဝင္ပစၥည္းမ်ား

    ၾကက္သား (သို႔မဟုတ္) ဝက္သား

    တို႔ဟူးမႈန႔္

    ဆန္ဆီးေခါက္ဆြဲ

    အ႐ြက္(ေ႐ႊပဲ႐ြက္ ၊ ေရမုန္ညႇင္း၊ မုန္ညႇင္း႐ြက္)

    ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ

    င႐ုတ္သီးအေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္

    ဆား၊ ဟင္းခတ္မႈန႔္၊ သၾကား

    နံနံပင္၊ ၾကက္သြန္မိတ္၊ ေျမပဲဆံေထာင္း

    ႏွမ္း၊ ပဲငံျပာရည္အၾကည္၊ ၾကာညိဳ႕၊ င႐ုတ္ဆီ

    ၾကက္သြန္ျဖဴ ဆီခ်က္

    ျပဳလုပ္နည္း-

    ၾကက္သို႔မဟုတ္ ဝက္သားကို တို႔ဟူးေႏြးနဲ႔ေရာစားဖို႔ အရင္ဆုံး ဂ်င္း၊ ၾကက္သြန္ျဖဴ၊ နီ၊ င႐ုတ္သီး အေရာင္တင္မႈန႔္၊ နႏြင္း အနည္းေယ္ထည့္ၿပီး ဆီသတ္ပါတယ္။ အရသာအတြက္ေတာ့ အေပါ့အငန္ ခ်ိန္ၿပီးထည့္ႏိုင္ပါတယ္။

    တိုးဟူးေႏြး က်ိဳရန္အတြက္ အရင္ဆုံး တို႔ဟူးမႈန႔္ကို နႏြင္းမႈန႔္ အနည္းငယ္ထည့္ၿပီး ေရေအးျဖင့္ ခပ္ပ်စ္ပ်စ္ေလး ေဖ်ာ္ထားရပါမယ္။ တို႔ဟူး က်ိဳမယ့္အိုးထဲကို ေရ ၁လီတာ (တိုဟူးမႈန႔္ ၂၅က်ပ္သား ) ထည့္ၿပီး ဆူလာတဲ့အထိတည္ရပါမယ္။ ဆူလာရင္ေတာ့ ခုဏက ေဖ်ာ္ထားတဲ့ တို႔ဟူးေဖ်ာ္ေရကို ျဖည္းျဖည္းခ်င္း ေလာင္းထည့္ရပါမယ္။ ၿပီးရင္ျဖင့္ အရသာအတြက္ ဆား၊ ဟင္းခတ္မႈန႔္၊ သၾကား အနည္းငယ္ထည့္ၿပီး မီးေအးေအးေလးထားၿပီး အဆက္မျပတ္ ေမႊေပးရပါမယ္။ ကိုယ္လိုခ်င္တဲ့ အေနအထားေရာက္ရင္ျဖင့္ တိုဟူးေႏြးကို စတင္ျပင္ဆင္ႏိုင္ပါၿပီ။

    ဆန္ဆီးေခါက္ဆြဲကို အ႐ြက္ကေလးပါ ထည့္ၿပီး ၁မိနစ္ေလာက္ ေရေႏြးပြက္ပြက္ဆူထဲ ခဏထားၿပီး ျပန္ဆယ္ကာ တိုဟူးေႏြး ျပင္ဆင္မယ့္ ပန္းကန္ထဲထည့္၊ အေပၚကေန တို႔ဟူးေႏြး ေလာင္းထည့္ပါ။နံနံပင္၊ ၾကက္သြန္မိတ္ထည့္၊ ေထာင္းထားတဲ့ ေျမပဲဆံ၊ ႏွမ္းထည့္၊ ခ်က္ထားတဲ့ ၾကက္သားသို႔မဟုတ္ ဝက္သားထည့္ပါ။

    ပဲငံျပာရည္ အၾကည္၊ ၾကာညိဳ႕၊ င႐ုတ္ဆီ၊ င႐ုတ္သီးအေရာင္တင္မႈန႔္ကိုကို ဆီသတ္ထားတဲ့ ဆီတို႔ထည့္ၿပီး အေပၚကေန ၾကက္သြန္ျဖဴ ဆီခ်က္ကေလးျဖဴးၿပီး သုံးေဆာင္ႏိုင္ပါၿပီ။

    Credit-အိမ္ဟင္းေလးတစ္ခြက္

    (Unicode)

    တို့ဟူးနွေး

    တို့ဟူးနွေးက ရှမ်းပြည်ရဲ့ မနက်မှာစားတဲ့ မနက်စာ ဖြစ်ပါတယ်။ ရှမ်းပြည်မှာတော့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး တို့စားရင် ရွှေပဲရွက်လေး ထည့်စားကြပါတယ်။ ရွှေပဲရွက်မရှိလည်း ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်စားလေ့ရှိပါတယ်။ ချက်နည်းလည်းလွယ်ပါတယ်။

    ပါဝင်ပစ္စည်းများ

    ကြက်သား (သို့မဟုတ်) ဝက်သား

    တို့ဟူးမှုန့်

    ဆန်ဆီးခေါက်ဆွဲ

    အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)

    ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

    ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်

    ဆား၊ ဟင်းခတ်မှုန့်၊ သကြား

    နံနံပင်၊ ကြက်သွန်မိတ်၊ မြေပဲဆံထောင်း

    နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ ငရုတ်ဆီ

    ကြက်သွန်ဖြူ ဆီချက်

    ပြုလုပ်နည်း-

    ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်း အနည်းယေ်ထည့်ပြီး ဆီသတ်ပါတယ်။ အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။

    တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားရပါမယ်။ တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။ ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ရပါမယ်။ ပြီးရင်ဖြင့် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြား အနည်းငယ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ် မွှေပေးရပါမယ်။ ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေးကို စတင်ပြင်ဆင်နိုင်ပါပြီ။

    ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲ ခဏထားပြီး ပြန်ဆယ်ကာ တိုဟူးနွေး ပြင်ဆင်မယ့် ပန်းကန်ထဲထည့်၊ အပေါ်ကနေ တို့ဟူးနွေး လောင်းထည့်ပါ။နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့်၊ ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။

    ပဲငံပြာရည် အကြည်၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

    Credit-အိမ်ဟင်းလေးတစ်ခွက်

  • ကားဒက္ဘုတ္ေပၚမွာ အ႐ုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္ပါနဲ႔။ အရမ္းအႏၲရာယ္မ်ားပါတယ္။

    (Zawgyi)

    ကားဒက္ဘုတ္ေပၚမွာ ဘုရားဆင္းတု၊ အ႐ုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္ပါနဲ႔

    ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ အ႐ုပ္ေတြတင္တာ၊ ဘုရားဆင္းတုေတာ္ေတြ တင္ကိုးကြယ္တာ၊ အေမႊးနံ႔ပုလင္းေတြ တင္တာ၊ ဖုန္းတင္တဲ့ စင္ေတြတင္တာ၊ ပန္းအိုးေလးေတြတင္တာ၊ ဖန္စီ္ပစၥည္းအလွအပေတြ ဆင္တာ၊ အေပၚကေန အျခားအစြပ္အအုပ္ေတြ အုပ္တာေတြ ေတာ္ေတာ္ေလးေတြ႕လာရပါတယ္။ ဟိုးတေလာေလးကဆို နတ္႐ုပ္ေတြ ပန္းေတြ၊ ဘုရားဆင္းတုေတာ္ေတြကို ကားဒက္ဘုတ္အျပည့္တင္ၿပီး ကိုးကြယ္ထားတာေတြ မ်ားလာပါတယ္။

    ကားဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ လုံးဝ(လုံးဝ)ကို တင္မထားသင့္ပါဘူး။ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ တင္တယ္ဆိုတာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ဘာေၾကာင့္ ကား ဒက္ဘုတ္ (Dashboard) ေပၚပစၥည္းေတြ မတင္သင့္လဲဆိုရင္ေတာ့ ကားမွာပါဝင္တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက္ကယ္ေလအိတ္ေတြေၾကာင့္ပါပဲ။ အခုေနာက္ပိုင္းေပၚ ေမာ္ဒယ္ျမင့္ ကားေတြမွာ Airbag (ေလအိတ္)ေတြက အနည္းဆုံး ၂ လုံးကေန ၄ လုံး ၆ လုံး ၈ လုံးအစရွိသျဖင့္ ပါဝင္ပါတယ္။ အခုေခတ္ ဘယ္ကားမွာမဆို ကားေရွ.မွာ ထိုင္ေနတဲ့ Driver နဲ. Passenger အတြက္ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ Airbag ၂ ခုေတာ့ အနည္းဆုံးတပ္ဆင္ထားပါတယ္ ။

    Airbag System ဘယ္လို အလုပ္လုပ္သလဲ ?

    Airbag System တခုဘယ္လိုအလုပ္လုပ္သလဲဆိုရင္ အေပၚမွာ ေျပာခဲ့တဲ့ ပစၥည္း အစိတ္အပိုင္းေတြ အကုန္ စုေပါင္းအ လုပ္လုပ္ပါတယ္။ ပထမဆုံး Crash Sensor က ယာဥ္တိုက္မႈျဖစ္တဲ့အခါ တိုက္မႈျဖစ္သြားတဲ့ အရွိန္နဲ.ျပင္းထန္မႈေတြကို တြက္ဆၿပီး Airbag Control Unit ကို သတင္းပို.ပါတယ္ ၊ အဲ့ကေနမွတဆင့္ Airbag အတြင္းပိုင္းက Chemical ပစၥည္းေတြကို Reaction တခု သက္ေရာက္ေစၿပီး ေလအိတ္ေတြကို ေဖာင္းကားပြင့္ထြက္ေစပါတယ္ ။

    ပုံမွန္အားျဖင့္ Crash Sensor ေတြကို Mass-Type Sensor နဲ. Roller -Type Sensor ေတြကို အသုံးမ်ားၾကၿပီး ကားရဲ႕ အေရွ႕ဘန္ဘာတန္းနဲ. ကားအင္ဂ်င္ေတြရဲ႕ ၾကားထဲမွာ တပ္ဆင္ထားေလ့ရွိပါတယ္။ ဒီေလာက္ဆိုရင္ ကား Airbag System တခု ဘယ္လို အလုပ္လုပ္သလဲဆိုတာ အၾကမ္းမ်ဥ္းနားလည္သြားမယ္ထင္ပါတယ္။ ဒီလိုနားလည္သြားမယ္ဆိုရင္ ကားဒက္ဘုတ္ေပၚမွာ ဘာေၾကာင့္ ပစၥည္းေတြ မတင္သင့္လဲဆိုတာ အလိုလို နားလည္သြားေလာက္ပါၿပီ။

    ကားေလအိတ္ေတြ ပြင့္ထြက္လာတယ္ဆိုတာ အမ်ားထင္သလို ေလအိတ္ထဲ ေလေတြေအးေအးေဆးေဆး ဝင္လာတာမ်ိဳး မဟုတ္ပါဘူး။ အႏၲရာယ္ျဖစ္တဲ့အခ်ိန္ အကာအကြယ္ရဖို႔အတြက္ ေလအိတ္ရဲ႕အတြင္းပိုင္းမွာ အရမ္းကို လွ်င္ျမန္တဲ့ အရွိန္နဲ႔ ဓာတုေဗဒေပါက္ကြဲမႈေတြ ျဖစ္စဥ္ေတြျဖစ္ၿပီး ေလအိတ္ေဖာင္းကား ပြင့္ထြက္လာတာမို႔ ကားဒက္ဘုတ္ေပၚမွာ တင္ထားတဲ့ပစၥည္းေတြဟာ ေလအိတ္နဲ.အတူ လြင့္စင္ထြက္ၿပီး ကားအတြင္းပိုင္းမွာရွိတဲ့ လူေတြကို အသက္အႏၲရာယ္ ထိခိုက္သည္အထိ အႏၲရာယ္ေပးႏိုင္ပါတယ္။

    ဒီပစၥည္းေတြက လူေတြကို မထိခိုက္မိဘူးဆိုရင္ေတာင္ ေလအိတ္ပြင့္တဲ့ ျဖစ္စဥ္ကို အေႏွာက္အယွက္ေပးႏိုင္တာမို႔ ယာဥ္တိုက္မႈျဖစ္စဥ္မွာ ကားအတြင္းပိုင္းက လူေတြအတြက္ အကာအကြယ္ေတြေလ်ာ့နည္း သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကားဒက္ဘုတ္ေပၚမွာ အမ်ိဳးမ်ိဳးေသာ ပစၥည္းေတြတင္အသုံးျပဳတာဟာ အလြန္မွားယြင္းၿပီး အႏၲရာယ္မ်ားလွတဲ့ အျပဳအမူ တခုပါ။

    ေနာက္တခ်က္ အထူးသတိေပးမႈအေနနဲ. ေျပာခ်င္တာက ကား Seat Belt ဆိုတဲ့ ထိုင္ခုံခါးပတ္ပါ။ယာဥ္တိုက္မႈျဖစ္စဥ္မွာ အဓိက အကာကြယ္ေပးတာက ထိုင္ခုံခါးပတ္ျဖစ္ပါတယ္။ ကားမွာပါတဲ့ ေလအိတ္မဟုတ္ပါဘူး။ က်ေနာ္အေပၚမွာလည္း ရွင္းျပထားသလို. Airbag System ကို SRS airbag လို႔ေခၚရတဲ့ အေၾကာင္းကလည္း အဲ့ဒါပါပဲ။ အသက္ကယ္ အစီအစဥ္ရဲ႕ အဓိကတာဝန္ကို ထမ္းေဆာင္တာ Airbag မဟုတ္ပါဘူး။ ဒီေကာင္က အရံအေနနဲ႔ တာဝန္ထမ္းေဆာင္တာပါ။

    ကားထိုင္ခုံ ခါးပတ္မပတ္ဘဲ၊ ကားတိုက္မႈျဖစ္လို႔ ေလအိတ္ေတြ ပြင့္တယ္ဆိုရင္ ကားရဲ႕ေ႐ြ႕လ်ားေနတဲ့ အရွိန္နဲ႔ လိုက္ပါ ေနတဲ့ လူကို ႐ုတ္တရက္ ဖမ္းထိန္းခ်ဳပ္ ထားမယ့္ ခါးပတ္မရွိတဲ့ အတြက္ အရွိန္ထိန္းမထားႏိုင္ဘဲ ျပင္းထန္စြာ ပြင့္ထြက္လာတဲ့ ေလအိတ္ေတြနဲ႔ ေစာင့္မိၿပီး ဇက္က်ိဳးတာ၊ နံ႐ိုးေတြက်ိဳးတာေတြ ျဖစ္ႏိုင္ပါတယ္။ က်ေနာ့္ အသိမိတ္ေဆြတေယာက္ ဆိုရင္လည္း အျမန္လမ္းမွာ ကားေမွာက္တာ ေလအိတ္ေတြ ပြင့္ပါလွ်က္ ထိုင္ခုံခါးပတ္ မပတ္မိလို႔ သူ႔ကား ယာဥ္ေမာင္းေရာ၊ သူကိုယ္တိုင္ပါ အသက္ဆုံးရႈံးမႈျဖစ္ခဲ့ဖူးပါတယ္။

    ဒါေၾကာင့္ စာဖတ္သူမိတ္ေဆြေတြအေနနဲ. ကားေမာင္းမယ္၊ ကားစီးမယ္ဆိုရင္

    ၁။ ထိုင္ခုံခါးပတ္ပတ္ၾကပါ။

    ၂။ ကားဒက္ဘုတ္ေပၚမွာ ပစၥည္းေတြတင္တဲ့ အက်င့္ကို စြန္႕လႊတ္ၾကပါ။

    ၃။ အရွိန္တင္ အလြန္အကြၽံ ေမာင္းႏွင္တာမ်ိဳး မလုပ္ဘဲ သတိနဲ႕ ေမာင္းႏွင္ၾကပါ။

    Credit-Aung Myo

    (Unicode)

    ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့

    ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ၊ အမွှေးနံ့ပုလင်းတွေ တင်တာ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ၊ ပန်းအိုးလေးတွေတင်တာ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ၊ အပေါ်ကနေ အခြားအစွပ်အအုပ်တွေ အုပ်တာတွေ တော်တော်လေးတွေ့လာရပါတယ်။ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ၊ ဘုရားဆင်းတုတော်တွေကို ကားဒက်ဘုတ်အပြည့်တင်ပြီး ကိုးကွယ်ထားတာတွေ များလာပါတယ်။

    ကားဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကို တင်မထားသင့်ပါဘူး။ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ တင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ်။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။

    Airbag System ဘယ်လို အလုပ်လုပ်သလဲ ?

    Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ်။ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။

    ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ့ အရှေ့ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ့ ကြားထဲမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်းနားလည်သွားမယ်ထင်ပါတယ်။ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလို နားလည်သွားလောက်ပါပြီ။

    ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေး ဝင်လာတာမျိုး မဟုတ်ပါဘူး။ အန္တရာယ်ဖြစ်တဲ့အချိန် အကာအကွယ်ရဖို့အတွက် လေအိတ်ရဲ့အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ့ ဓာတုဗေဒပေါက်ကွဲမှုတွေ ဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကား ပွင့်ထွက်လာတာမို့ ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူ လွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ် ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။

    ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေလျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ။

    နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ။ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ်။ ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး။ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို. Airbag System ကို SRS airbag လို့ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ။ အသက်ကယ် အစီအစဉ်ရဲ့ အဓိကတာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး။ ဒီကောင်က အရံအနေနဲ့ တာဝန်ထမ်းဆောင်တာပါ။

    ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ၊ ကားတိုက်မှုဖြစ်လို့ လေအိတ်တွေ ပွင့်တယ်ဆိုရင် ကားရဲ့ရွေ့လျားနေတဲ့ အရှိန်နဲ့ လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲ ပြင်းထန်စွာ ပွင့်ထွက်လာတဲ့ လေအိတ်တွေနဲ့ စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ကျနော့် အသိမိတ်ဆွေတယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေ ပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို့ သူ့ကား ယာဉ်မောင်းရော၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ်။

    ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ်၊ ကားစီးမယ်ဆိုရင်

    ၁။ ထိုင်ခုံခါးပတ်ပတ်ကြပါ။

    ၂။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန့်လွှတ်ကြပါ။

    ၃။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ့ မောင်းနှင်ကြပါ။

    Credit-Aung Myo

  •   ၾကက္ေပါင္းျမဴ စြမ္ ရႈးရွဲခ်ဥ္ငန္စပ္ 

    ၾကက္ေပါင္းျမဴ စြမ္ ရႈးရွဲခ်ဥ္ငန္စပ္

    ျပဳလုပ္ရန္အတြက္ ပါဝင္ပစၥည္းမ်ား

    ၁.ၾကက္ေပါင္ႀကီးႀကီး တျခမ္း

    ၂.ျမဴစြပ္ ၂ေခြ

    ၃.င႐ုတ္သီးစိမ္း အနဲငယ္ (စပ္တာေလး),သံပုရာသီး၃လုံး,ၾကက္သြန္ျဖဴ ၅မႊာ

    ၄.ငံျပာရည္,ဗီနီဂါရည္,ဟင္းခ်ိဳမႈန္႔အနဲငယ္

    ၅.ပဲပင္ေပါက္ အနဲငယ္

    “ၾကက္ေပါင္းျမဴစြပ္ရႈးရွဲခ်ဥ္ငန္စပ္”

    ျပဳလုပ္နည္းအဆင့္ဆင့္

    ၁.ၾကက္ေပါင္ျကီးႀကီးတျခမ္းကို အ႐ိုးထုတ္,အေရခြံခြာပီး(ဆိုင္မွာလုပ္ခိုင္းလို႔ရပါတယ္) ေရေျပာင္ေအာင္ေဆး , ဟင္းခ်ိဳမႈန္႔ နဲ႔ ပဲငံျပာရည္အက်ဲအနဲငယ္ထည့္ကာ သမေအာင္ႏွယ္ပီး ေရကို(၂ရည္)ထည့္ပီး ႏူးအိေနေအာင္ျပဳတ္ထားေပးပါ

    ၂.င႐ုတ္သီးစိမ္းေတြက္ိုအရင္ကိုက္ထားပါ ပီးရင္ မေက်မညက္ေလးေထာင္းထားေပးပါ ၾကက္သြန္ျဖဴ ၅မႊာထဲက ၃မႊာကို မေက်မညက္ေလးေထာင္းထားပါ (၂မႊာကိုေတာ့ ပါးပါးေလးေတြ လွီးထားပါ)

    ၃.သံပုရာသီး ၁လုံးကို အကြင္းကြင္း ပါးပါးေလးေတြလွီးထားပါ, ပဲပင္ေပါက္ေတြကို ေရေႏြးပြက္ပြက္ဆူထဲမွာျပဳတ္ထားေပးပါ

    ၄.အကုန္လုံးျပင္ဆင္ထားပုံေလး

    င႐ုတ္သီးအခ်ဥ္ရည္စပီးေဖ်ာ္ပါ့မယ္။

    ၅.ေထာင္းထားတ့ဲ င႐ုတ္သီးေတြထည့္ပါ ဗီနီဂါရည္နဲ႔ငံျပာရည္ဟင္းခတ္ဇြန္း(၁ဇြန္းဆီ)ထည့္ပါ ဟင္းခ်ိဳမႈန္႔လိုသေလာက္ထည့္ပါသံပုရာသီး ၂လုံးကို အရည္ၫွစ္ထည့္ပါ

    ၆.ေနာက္ေတာ့ ၾကက္သြန္ျဖဴေထာင္းထားတာေတြထည့္ပါ ေရေႏြးဟင္းခတ္ဇြန္း၁ဇြန္းထည့္ပါ ပီးရင္ခုနက ျပဳတ္ထားတ့ဲ ပဲပင္ေပါက္ေတြထည့္ပီး သမေအာင္ေမႊထားပါ

    ၇.င႐ုတ္သီးအခ်ဥ္ရည္ရပါပီ

    ၈.ျမဴစြပ္ ၂ေခြကို ျပဳတ္ထားပါ (၂မိနစ္ခန္႔)
    အၾကာႀကီးမျပဳတ္ရပါ ေပ်ာ့စိသြားတတ္သည္

    ၉.ၾကက္သားျပဳတ္ထားတ့ဲ ေဘးမွာ ျမဴစြပ္ေတြကို ထည့္ပါ

    ၁၀.ပီးရင္ ခုနကေဖ်ာ္ထားတ့ဲအခ်ဥ္ရည္ေတြကို ေလာင္းထည့္ပါ (တေနရာထဲကိုမထည့္ဘဲ ဇြန္းေလးနဲ႔ ေနရာအႏွံ႔ ေသခ်ာေလးထည့္ေပးပါ)

    ၁၁.ေနာက္ေတာ့ ခုနကလွီးထားတ့ဲ ၾကက္သြန္ျဖဴ နဲ႔ သံပုရာသီးပါးပါးေလးေတြ ကို အေပၚကေနတ
    င္ပါ

    ၁၂.ကဲ……..အရသာရွိလွတ့ဲ “ၾကက္ေပါင္းျမဴစြပ္ရႈးရွဲခ်ဥ္ငန္စပ္” ေလးကို ႏွယ္ပီးစားသုံးလို႕ရပါပီ

    အရသာကေတာ့ ဘယ္လိုေကာင္းမွန္းကိုမသိတာ ေနမေကာင္းရင္စားရတ့ဲ ျမဴစြပ္အရသာဟာအခုဆိုရင္ အရမ္းကိုေကာင္းတ့ဲ ခ်ဥ္ငန္စပ္ေခါက္ဆဲအိအိေလးအဖစ္ေျပာင္းသြားပီး ေကာင္းမွေကာင္း

    Credit : Zun Pwint Htin
    photo – credit

    (unicode)

    * ကြက်ပေါင်းမြူ စွမ် ရှုးရှဲချဉ်ငန်စပ် *


    “ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်”

    ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ

    ၁.ကြက်ပေါင်ကြီးကြီး တခြမ်း

    ၂.မြူစွပ် ၂ခွေ

    ၃.ငရုတ်သီးစိမ်း အနဲငယ် (စပ်တာလေး),သံပုရာသီး၃လုံး,ကြက်သွန်ဖြူ ၅မွှာ

    ၄.ငံပြာရည်,ဗီနီဂါရည်,ဟင်းချိုမှုန့်အနဲငယ်

    ၅.ပဲပင်ပေါက် အနဲငယ်

    “ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်”

    ပြုလုပ်နည်းအဆင့်ဆင့်

    ၁.ကြက်ပေါင်ကြီးကြီးတခြမ်းကို အရိုးထုတ်,အရေခွံခွာပီး(ဆိုင်မှာလုပ်ခိုင်းလို့ရပါတယ်) ရေပြောင်အောင်ဆေး , ဟင်းချိုမှုန့် နဲ့ ပဲငံပြာရည်အကျဲအနဲငယ်ထည့်ကာ သမအောင်နှယ်ပီး ရေကို(၂ရည်)ထည့်ပီး နူးအိနေအောင်ပြုတ်ထားပေးပါ

    ၂.ငရုတ်သီးစိမ်းတွေကိုအရင်ကိုက်ထားပါ ပီးရင် မကျေမညက်လေးထောင်းထားပေးပါ ကြက်သွန်ဖြူ ၅မွှာထဲက ၃မွှာကို မကျေမညက်လေးထောင်းထားပါ (၂မွှာကိုတော့ ပါးပါးလေးတွေ လှီးထားပါ)

    ၃.သံပုရာသီး ၁လုံးကို အကွင်းကွင်း ပါးပါးလေးတွေလှီးထားပါ, ပဲပင်ပေါက်တွေကို ရေနွေးပွက်ပွက်ဆူထဲမှာပြုတ်ထားပေးပါ

    ၄.အကုန်လုံးပြင်ဆင်ထားပုံလေး

    ငရုတ်သီးအချဉ်ရည်စပီးဖျော်ပါ့မယ်။

    ၅.ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပါ ဗီနီဂါရည်နဲ့ငံပြာရည်ဟင်းခတ်ဇွန်း(၁ဇွန်းဆီ)ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါသံပုရာသီး ၂လုံးကို အရည်ညှစ်ထည့်ပါ

    ၆.နောက်တော့ ကြက်သွန်ဖြူထောင်းထားတာတွေထည့်ပါ ရေနွေးဟင်းခတ်ဇွန်း၁ဇွန်းထည့်ပါ ပီးရင်ခုနက ပြုတ်ထားတဲ့ ပဲပင်ပေါက်တွေထည့်ပီး သမအောင်မွှေထားပါ

    ၇.ငရုတ်သီးအချဉ်ရည်ရပါပီ

    ၈.မြူစွပ် ၂ခွေကို ပြုတ်ထားပါ (၂မိနစ်ခန့်)
    အကြာကြီးမပြုတ်ရပါ ပျော့စိသွားတတ်သည်

    ၉.ကြက်သားပြုတ်ထားတဲ့ ဘေးမှာ မြူစွပ်တွေကို ထည့်ပါ

    ၁၀.ပီးရင် ခုနကဖျော်ထားတဲ့အချဉ်ရည်တွေကို လောင်းထည့်ပါ (တနေရာထဲကိုမထည့်ဘဲ ဇွန်းလေးနဲ့ နေရာအနှံ့ သေချာလေးထည့်ပေးပါ)

    ၁၁.နောက်တော့ ခုနကလှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ သံပုရာသီးပါးပါးလေးတွေ ကို အပေါ်ကနေတ
    င်ပါ

    ၁၂.ကဲ……..အရသာရှိလှတဲ့ “ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်” လေးကို နှယ်ပီးစားသုံးလို့ရပါပီ

    အရသာကတော့ ဘယ်လိုကောင်းမှန်းကိုမသိတာ နေမကောင်းရင်စားရတဲ့ မြူစွပ်အရသာဟာအခုဆိုရင် အရမ်းကိုကောင်းတဲ့ ချဉ်ငန်စပ်ခေါက်ဆဲအိအိလေးအဖစ်ပြောင်းသွားပီး ကောင်းမှကောင်း

    Credit : Zun Pwint Htin
    photo – credit