(Zawgyi)
အသီးအ႐ြက္ေတြ အထားခံတဲ့ နည္းလမ္းမ်ား
သိသေလာက္…စဥ္းစားလို႔ရသေလာက္….. ေရးလိုက္ပါတယ္….လိုတာရွိ ထပ္ျဖည့္ေပးၾကပါရွင္….
ေက်ာက္ဖ႐ုံ /ေ႐ႊဖ႐ုံ စသည္တို႔က…အထားခံဆုံးပါ…ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာ သို႔ ႀကိဳးနဲ႔ဆိုင္းၿပီး..ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲထားပါ….
အာလူး /ကန္စြန္းဥ / ပိန္းဥ စသျဖင့္တို႔ကို…..ေရလုံးဝမထိေစပဲ….ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာ ထားပါ….အလင္းေရာင္မရတဲ့ေနရာ ဆို ပိုအထားခံပါတယ္…အိမ္မွာေတာ့…ႂကြပ္ႂကြပ္အိတ္အမည္းထဲ ထည့္ၿပီး မီးဖိုေခ်ာင္ရဲ႕ ေအးတဲ့ေနရာမွာ ထားပါတယ္…
ၾကက္သြန္နီ ျဖဴ တို႔ကို ေရာမထားပဲ သတ္သတ္စီထားပါ….အပုပ္အနာ ပါတာမ်ား ေသခ်ာေ႐ြးၿပီး…ျဖန႔္ထားလို႔ရရင္ ျဖန႔္ထားၿပီး သိမ္းပါ….
ခရမ္းခ်ဥ္သီး ကို…ေရမေဆးပဲ… ၁…အဝတ္ေျခာက္နဲ႔ ေသခ်ာသုတ္ၿပီး…ဘူးနဲ႔ ေရခဲေသတၱာ ထဲ ထည့္သိမ္းႏိုင္ပါတယ္…၂… အေစ့ထုတ္ ႀကိတ္ကာ…အထုပ္ငယ္မ်ားထုပ္ အခဲခန္းထဲသိမ္းႏိုင္ပါတယ္…၃…ဆီမ်ားမ်ားနဲ႔ အႏွစ္လုပ္ေၾကာ္ကာ ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္..၄…သဲစိုစိုေပၚ ျဖန႔္ခင္းကာ သိမ္းႏိုင္ပါတယ္…၅…အညႇာပါ ပါက…အညႇာမ်ားကို ႀကိဳးနဲ႔ခ်ည္ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲ သိမ္းႏိုင္ပါတယ္….
ဒန႔္ဒလြန္သီးကို….အသားျခစ္ၿပီး အထုပ္ငယ္မ်ား ထုပ္ကာ…အခဲခန္းထဲ သိမ္းႏိုင္ပါတယ္..
ပန္းေဂၚဖီ အျဖဴ အစိမ္းတို႔ကို….ေရေႏြးဆူဆူေဖ်ာကာ….ေရစစ္ၿပီး…အထုပ္ငယ္မ်ားထုပ္ကာ…အခဲခန္းထဲ သိမ္းႏိုင္ပါတယ္….
င႐ုတ္စိမ္းမ်ားကို….၁…. ေရမေဆးပဲ ဘူးနဲ႔ ေရခဲေသတၱာ ထဲ သိမ္းႏိုင္ပါတယ္…. ၂….ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာ…ျဖန႔္က်င္း ထားႏိုင္ပါတယ္… ၃…. ဆား နဲ႔ ဆီ..ပါေလကာထည့္ကာ ျပဳတ္ပါ…ႏူးလာရင္….blender နဲ႔ မညက္တညက္ႀကိတ္ၿပီး အထုပ္ငယ္မ်ားနဲ႔ ေရခဲေသတၱာ ထဲ ထည့္သိမ္းႏိုင္ပါတယ္..
ေဂၚဖီကို အထုပ္လိုက္သိမ္းရင္ ေနရာယူပါမယ္… အျခမ္းမ်ားျခမ္းကာ…plastic wrap နဲ႔ ပိတ္ၿပီး..ေရခဲေသတၱာ ထဲ သိမ္းလို႔ရပါတယ္….
မုန္လာဥနီ/ဥျဖဴ တို႔ကို….အ႐ြက္မပါ ဥခ်ည္းသီးသန႔္….plastic wrap နဲ႔ တစ္ေတာင့္ခ်င္း ပိတ္ ၿပီး ေရခဲေသတၱာထဲ သိမ္းႏိုင္ပါတယ္….
ကိုက္လန္ /ဟင္းႏုနယ္ စတဲ့ အစိမ္း႐ြက္ေတြကိုေတာ့…..ဆီအနည္းငယ္ထည့္ထားတဲ့ ေရဆူဆူထဲ ထည့္ေဖ်ာၿပီး….ေရစစ္ကာ….တစ္ခါစား..အထုပ္ငယ္မ်ား ထုပ္ၿပီး.. အခဲခန္းထဲ ထည့္ထားလို႔ရပါတယ္…..
နံနံ /ပင္စိမ္း စတာေလးေတြက….အၾကာႀကီးမခံသလို….သိမ္းလို႔ရတဲ့နည္းေလးေတြ…ေဝမွ်ခဲ့ၿပီးပါၿပီ….အေကာင္းဆုံး က…မ်ိဳးေစ့မ်ားဝယ္ကာ…ပန္းအိုးနဲ႔ပ်ိဳးထားလို႔ ရပါတယ္ေနာ္….
သံပရာသီး ကို….၁… ဘူးနဲ႔ထည့္…ေရခဲေသတၱာ ထဲ ထည့္ထားပါတယ္…၂…ေျမအိုး ေႂကြအိုး စတဲ့…ေအးၿပီး ေျခာက္ေသြ႕တဲ့…အိုးမ်ားထဲ…ေလလုံေအာင္ ထည့္ထားလို႔လည္း ရပါတယ္….
၃….အသီးမနာေအာင္ အရည္ညႇစ္ၿပီး…ရလာတဲ့ အရည္ကို….ေရခဲခြက္ေလးေတြနဲ႔ အခဲခံ….ခဲလာရင္…ထုတ္ၿပီး… အခဲခန္းထဲ….အိတ္နဲ႔သိမ္းလည္း ရပါတယ္…..
မွ်စ္ ကို ေသခ်ာျပဳတ္ကာ…အၾကာထားစားႏိုင္ပါတယ္…မွ်စ္ျပဳတ္အိုးကို…ေန႔တိုင္း ေရလဲေပးရပါမယ္…အနည္းဆိုရင္ေတာ့…ျပဳတ္ၿပီး…ေရေသခ်ာညႇစ္ကာ ဘူးနဲ႔ထည့္…ေရခဲေသတၱာ ထဲ ထားႏိုင္ပါတယ္…
ပိတ္စြယ္ခ်ဥ္ / ပိႏၷဲကြင္း တို႔ကို ျပန္ျပဳတ္ၿပီး ေရညႇစ္ကာ ဘူးနဲ႔ထည့္ ေရခဲေသတၱာ ထဲ ထည့္ထားႏိုင္ပါတယ္…
ဘူးသီးက…အလုံးလိုက္ဆိုရင္…၁ပတ္ခန႔္ အျပင္မွာ အထားခံပါမယ္….ျခမ္းထား စိတ္ထားရင္ေတာ့….plastic wrap နဲ႔ ေသခ်ာပိတ္ၿပီး ေရခဲေသတၱာ ထဲ ထားပါ…အကယ္၍… အမ်ားႀကီးဆိုရင္ေတာ့….အေခ်ာင္းေလးမ်ား လုပ္ၿပီး ဆားပါေလကာ ျဖဴးကာ ေနလွန္းပါ….လုံးဝေသြ႕ေျခာက္သြားရင္….ဘူးထဲထည့္သိမ္းႏိုင္ပါတယ္…ေရမေျခာက္ရင္….ထည့္မယ့္ဘူးက…ေလမလုံရင္…မႈိတက္ႏိုင္ပါတယ္ေနာ္….
ပဲသီးေတာင့္ / မုန္လာဥ ျဖဴ နီ / ခရမ္းကေစာ့သီး / ပဲပင္ေပါက္ / ေၾကာင္လွ်ာ / ကန္စြန္း႐ိုးနီ စသျဖင့္….ခ်ဥ္ဖတ္လုပ္ကာ…သိမ္းဆည္းႏိုင္ပါတယ္….မုန္ညင္းစိမ္းကို ၾကာမဆိုင္ လုပ္ႏိုင္ပါတယ္….
ခရမ္းသီး /မုန္လာဥ ျဖဴ / ပန္းေဂၚဖီ /မွ်စ္ စသည္တို႔ကို….ေနလွန္းၿပီး အေျခာက္ခံ သိမ္းႏိုင္ပါတယ္….ခ်ဥ္ေပါင္ / ကင္ပြန္းခ်ဥ္႐ြက္တို႔ကို….ဆီနည္းနည္းထည့္ ေျခာက္ေနေအာင္ လွိမ့္ပါ…အထုက္ငယ္မ်ားထုပ္ အခဲခန္းထဲ ထည့္ထားႏိုင္ပါတယ္…..
ပဒတ္စာကို ေရေႏြးေဖ်ာ ေရညႇစ္ၿပီး အထုပ္ငယ္မ်ားထုပ္ အခဲထားႏိုင္ပါတယ္….
မႈိက အမ်ိဳးအစားေပၚ မူတည္ၿပီး ၾကာၾကထားရတာ.. ထားမရတာ ရွိတယ္…ေကာက္႐ိုးမႈိ /ေငြႏွင္းမႈိ စသျဖင့္ ေဒသမႈိေတြက…ဆီနဲနဲ နဲ႔ ဘာအရသာမွ မထည့္ပဲ…ေရေျခာက္ေအာင္..လွိမ့္ထားလို႔ရပါတယ္…. Enoki လို korea မႈိေတြက..ေလလုံေအာင္ ထုပ္ထားရင္….ရက္ၾကာၾကာအထားခံတယ္… ေတာင္ပို႔မႈိလို မႈိမ်ိဳးက် ဆီမ်ားမ်ားနဲ႔ အေျခာက္ေၾကာ္ထားရင္…ႏွစ္ေပါက္ခံပါတယ္… ေကာက္႐ိုးမႈိကို အေျခာက္လွိမ့္ၿပီး…ဘူးနဲ႔ခြဲထည့္….အခဲခန္းထဲ သိမ္းလို႔ရပါမယ္……
ပဲအမ်ိဳးမ်ိဳးကို…အမ်ားႀကီး တစ္ခါတည္း သိမ္းထားတာထက္…အထုပ္ငယ္မ်ား..ထုပ္ၿပီး….ေလလုံေအာင္ သိမ္းပါတယ္….. ဝယ္လာၿပီး…ေနျပေပးျခင္း….အမႈန္အမႊားေလ့ ေပးျခင္း…..ပိုးေပါက္အနာအဆာမ်ား သန႔္စင္ေပးၿပီးမွ…သိမ္းပါရွင္….အျခား…အ႐ြက္အသီး စဥ္းစားလို႔ရသမွ် လာျဖည့္ေရးေပးပါဦးမယ္….
Credit-Phyu Thae
(Unicode)
အသီးအရွက်တွေ အထားခံတဲ့ နည်းလမ်းများ
သိသလောက်…စဉ်းစားလို့ရသလောက်….. ရေးလိုက်ပါတယ်….လိုတာရှိ ထပ်ဖြည့်ပေးကြပါရှင်….
ကျောက်ဖရုံ /ရွှေဖရုံ စသည်တို့က…အထားခံဆုံးပါ…အေးပြီး ခြောက်သွေ့တဲ့နေရာ သို့ ကြိုးနဲ့ဆိုင်းပြီး..လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲထားပါ….
အာလူး /ကန်စွန်းဥ / ပိန်းဥ စသဖြင့်တို့ကို…..ရေလုံးဝမထိစေပဲ….ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားပါ….အလင်းရောင်မရတဲ့နေရာ ဆို ပိုအထားခံပါတယ်…အိမ်မှာတော့…ကြွပ်ကြွပ်အိတ်အမည်းထဲ ထည့်ပြီး မီးဖိုချောင်ရဲ့ အေးတဲ့နေရာမှာ ထားပါတယ်…
ကြက်သွန်နီ ဖြူ တို့ကို ရောမထားပဲ သတ်သတ်စီထားပါ….အပုပ်အနာ ပါတာများ သေချာရွေးပြီး…ဖြန့်ထားလို့ရရင် ဖြန့်ထားပြီး သိမ်းပါ….
ခရမ်းချဉ်သီး ကို…ရေမဆေးပဲ… ၁…အဝတ်ခြောက်နဲ့ သေချာသုတ်ပြီး…ဘူးနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်…၂… အစေ့ထုတ် ကြိတ်ကာ…အထုပ်ငယ်များထုပ် အခဲခန်းထဲသိမ်းနိုင်ပါတယ်…၃…ဆီများများနဲ့ အနှစ်လုပ်ကြော်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်..၄…သဲစိုစိုပေါ် ဖြန့်ခင်းကာ သိမ်းနိုင်ပါတယ်…၅…အညှာပါ ပါက…အညှာများကို ကြိုးနဲ့ချည်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲ သိမ်းနိုင်ပါတယ်….
ဒန့်ဒလွန်သီးကို….အသားခြစ်ပြီး အထုပ်ငယ်များ ထုပ်ကာ…အခဲခန်းထဲ သိမ်းနိုင်ပါတယ်..
ပန်းဂေါ်ဖီ အဖြူ အစိမ်းတို့ကို….ရေနွေးဆူဆူဖျောကာ….ရေစစ်ပြီး…အထုပ်ငယ်များထုပ်ကာ…အခဲခန်းထဲ သိမ်းနိုင်ပါတယ်….
ငရုတ်စိမ်းများကို….၁…. ရေမဆေးပဲ ဘူးနဲ့ ရေခဲသေတ္တာ ထဲ သိမ်းနိုင်ပါတယ်…. ၂….ခြောက်သွေ့အေးမြတဲ့နေရာမှာ…ဖြန့်ကျင်း ထားနိုင်ပါတယ်… ၃…. ဆား နဲ့ ဆီ..ပါလေကာထည့်ကာ ပြုတ်ပါ…နူးလာရင်….blender နဲ့ မညက်တညက်ကြိတ်ပြီး အထုပ်ငယ်များနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်..
ဂေါ်ဖီကို အထုပ်လိုက်သိမ်းရင် နေရာယူပါမယ်… အခြမ်းများခြမ်းကာ…plastic wrap နဲ့ ပိတ်ပြီး..ရေခဲသေတ္တာ ထဲ သိမ်းလို့ရပါတယ်….
မုန်လာဥနီ/ဥဖြူ တို့ကို….အရွက်မပါ ဥချည်းသီးသန့်….plastic wrap နဲ့ တစ်တောင့်ချင်း ပိတ် ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်….
ကိုက်လန် /ဟင်းနုနယ် စတဲ့ အစိမ်းရွက်တွေကိုတော့…..ဆီအနည်းငယ်ထည့်ထားတဲ့ ရေဆူဆူထဲ ထည့်ဖျောပြီး….ရေစစ်ကာ….တစ်ခါစား..အထုပ်ငယ်များ ထုပ်ပြီး.. အခဲခန်းထဲ ထည့်ထားလို့ရပါတယ်…..
နံနံ /ပင်စိမ်း စတာလေးတွေက….အကြာကြီးမခံသလို….သိမ်းလို့ရတဲ့နည်းလေးတွေ…ဝေမျှခဲ့ပြီးပါပြီ….အကောင်းဆုံး က…မျိုးစေ့များဝယ်ကာ…ပန်းအိုးနဲ့ပျိုးထားလို့ ရပါတယ်နော်….
သံပရာသီး ကို….၁… ဘူးနဲ့ထည့်…ရေခဲသေတ္တာ ထဲ ထည့်ထားပါတယ်…၂…မြေအိုး ကြွေအိုး စတဲ့…အေးပြီး ခြောက်သွေ့တဲ့…အိုးများထဲ…လေလုံအောင် ထည့်ထားလို့လည်း ရပါတယ်….
၃….အသီးမနာအောင် အရည်ညှစ်ပြီး…ရလာတဲ့ အရည်ကို….ရေခဲခွက်လေးတွေနဲ့ အခဲခံ….ခဲလာရင်…ထုတ်ပြီး… အခဲခန်းထဲ….အိတ်နဲ့သိမ်းလည်း ရပါတယ်…..
မျှစ် ကို သေချာပြုတ်ကာ…အကြာထားစားနိုင်ပါတယ်…မျှစ်ပြုတ်အိုးကို…နေ့တိုင်း ရေလဲပေးရပါမယ်…အနည်းဆိုရင်တော့…ပြုတ်ပြီး…ရေသေချာညှစ်ကာ ဘူးနဲ့ထည့်…ရေခဲသေတ္တာ ထဲ ထားနိုင်ပါတယ်…
ပိတ်စွယ်ချဉ် / ပိန္နဲကွင်း တို့ကို ပြန်ပြုတ်ပြီး ရေညှစ်ကာ ဘူးနဲ့ထည့် ရေခဲသေတ္တာ ထဲ ထည့်ထားနိုင်ပါတယ်…
ဘူးသီးက…အလုံးလိုက်ဆိုရင်…၁ပတ်ခန့် အပြင်မှာ အထားခံပါမယ်….ခြမ်းထား စိတ်ထားရင်တော့….plastic wrap နဲ့ သေချာပိတ်ပြီး ရေခဲသေတ္တာ ထဲ ထားပါ…အကယ်၍… အများကြီးဆိုရင်တော့….အချောင်းလေးများ လုပ်ပြီး ဆားပါလေကာ ဖြူးကာ နေလှန်းပါ….လုံးဝသွေ့ခြောက်သွားရင်….ဘူးထဲထည့်သိမ်းနိုင်ပါတယ်…ရေမခြောက်ရင်….ထည့်မယ့်ဘူးက…လေမလုံရင်…မှိုတက်နိုင်ပါတယ်နော်….
ပဲသီးတောင့် / မုန်လာဥ ဖြူ နီ / ခရမ်းကစော့သီး / ပဲပင်ပေါက် / ကြောင်လျှာ / ကန်စွန်းရိုးနီ စသဖြင့်….ချဉ်ဖတ်လုပ်ကာ…သိမ်းဆည်းနိုင်ပါတယ်….မုန်ညင်းစိမ်းကို ကြာမဆိုင် လုပ်နိုင်ပါတယ်….
ခရမ်းသီး /မုန်လာဥ ဖြူ / ပန်းဂေါ်ဖီ /မျှစ် စသည်တို့ကို….နေလှန်းပြီး အခြောက်ခံ သိမ်းနိုင်ပါတယ်….ချဉ်ပေါင် / ကင်ပွန်းချဉ်ရွက်တို့ကို….ဆီနည်းနည်းထည့် ခြောက်နေအောင် လှိမ့်ပါ…အထုက်ငယ်များထုပ် အခဲခန်းထဲ ထည့်ထားနိုင်ပါတယ်…..
ပဒတ်စာကို ရေနွေးဖျော ရေညှစ်ပြီး အထုပ်ငယ်များထုပ် အခဲထားနိုင်ပါတယ်….
မှိုက အမျိုးအစားပေါ် မူတည်ပြီး ကြာကြထားရတာ.. ထားမရတာ ရှိတယ်…ကောက်ရိုးမှို /ငွေနှင်းမှို စသဖြင့် ဒေသမှိုတွေက…ဆီနဲနဲ နဲ့ ဘာအရသာမှ မထည့်ပဲ…ရေခြောက်အောင်..လှိမ့်ထားလို့ရပါတယ်…. Enoki လို korea မှိုတွေက..လေလုံအောင် ထုပ်ထားရင်….ရက်ကြာကြာအထားခံတယ်… တောင်ပို့မှိုလို မှိုမျိုးကျ ဆီများများနဲ့ အခြောက်ကြော်ထားရင်…နှစ်ပေါက်ခံပါတယ်… ကောက်ရိုးမှိုကို အခြောက်လှိမ့်ပြီး…ဘူးနဲ့ခွဲထည့်….အခဲခန်းထဲ သိမ်းလို့ရပါမယ်……
ပဲအမျိုးမျိုးကို…အများကြီး တစ်ခါတည်း သိမ်းထားတာထက်…အထုပ်ငယ်များ..ထုပ်ပြီး….လေလုံအောင် သိမ်းပါတယ်….. ဝယ်လာပြီး…နေပြပေးခြင်း….အမှုန်အမွှားလေ့ ပေးခြင်း…..ပိုးပေါက်အနာအဆာများ သန့်စင်ပေးပြီးမှ…သိမ်းပါရှင်….အခြား…အရွက်အသီး စဉ်းစားလို့ရသမျှ လာဖြည့်ရေးပေးပါဦးမယ်….
Credit-Phyu Thae