Author: shangyi

  • စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ။

    (Unicode)

    စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ

    စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ် ဖြစ်ပါသည်။ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှတ်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။

    “အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည် “ ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ် ရေးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်ဖြစ်သော်လည်း ပြဿနာပေါ်ပေါက်၍ အသိသက်သေများကို စစ် ဆေးမေးမြန်းသောအခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။

    အချို့က မိမိရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ် မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ ဖြစ်နေတတ်ကြပါသည်။ အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန်သော်လည်း စာချုပ်ပါ အချက်များကို မသိကြောင်း ပြောပါသည်။

    သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။ အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။ မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။

    စာချုပ်နှင့် ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါ သည်။ ၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သောကြောင့် ဖြစ်ပါသည်။

    စာချုပ်ချုပ်ရာတွင် အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် သို့မဟုတ် ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့် အကူအညီတောင်းဖို့ လိုအပ်ပါသည်။ စာချုပ်ရသည့် ကိစ္စရပ်များကို စာမချုပ်မီ ရှင်းလင်းပြောပြဖို့ လိုအပ်ပါသည်။ စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို အရင်ဖတ်စေခြင်း သို့မဟုတ် ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။

    ကာယံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးပေးသူအား ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသော အခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာ တန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။

    သို့ဖြစ်ရာ စာချုပ် ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။

    ( အညွှန်း- ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၁၁ ) ။

    Credit-DVBLawLab

    (Zawgyi)

    စာခ်ဳပ္ ခ်ဳပ္မည္ဆိုလွ်င္ စာခ်ဳပ္ပါ သက္ေသကိစၥ

    စာခ်ဳပ္မ်ား ခ်ဳပ္ဆိုၾကရာတြင္ အသိသက္ေသသည္ မပါမျဖစ္ ပါရွိရမည့္ ကိစၥရပ္ ျဖစ္ပါသည္။ကတိျပဳသူ၊ ကတိရသူမ်ားအျပင္ အသိသက္ေသမ်ားပါ စာခ်ဳပ္တြင္ ပါဝင္ လက္မွတ္ေရးထိုးၾကရပါသည္။ အဆိုပါ အသိ သက္ေသမ်ားသည္ ကတိျပဳသူ၊ ကတိရသူတို႔၏ ကတိျပဳခ်က္၊သေဘာတူခ်က္၊ အာမခံခ်က္၊ စည္းကမ္းခ်က္ စသည္တို႔ကို အမွတ္တကယ္ သိရွိထားဖို႔ လိုအပ္ပါသည္။

    “ေအာက္ပါ အသိသက္ေသမ်ား ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးခ်ဳပ္ဆိုၾကပါသည္ “ ဟူ၍ စာခ်ဳပ္မ်ားေပၚတြင္ ေဖာ္ျပပါရွိေလ့ရွိၿပီး ႏွစ္ဘက္လက္မွတ္ ေရးထိုးကာ အသိသက္ေသမ်ား ပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကသည္ျဖစ္ေသာ္လည္း ျပႆနာေပၚေပါက္၍ အသိသက္ေသမ်ားကို စစ္ ေဆးေမးျမန္းေသာအခါတြင္မူ သက္ေသအျဖစ္ ေရးထိုးခဲ့ေသာ စာခ်ဳပ္ပါ အခ်က္မ်ားကို ျပန္လည္ ေျပာျပႏိုင္သည့္ အသိသက္ေသမ်ိဳးမွာ အေတာ္ပင္ ရွားပါးတတ္ပါသည္။

    အခ်ိဳ႕က မိမိေရးထိုးခဲ့သည့္ လက္မွတ္ကို ျပန္ၾကည့္ကာ မိမိလက္မွတ္ ဟုတ္ မဟုတ္ မိမိေရးထိုးခဲ့ျခင္း ဟုတ္ မဟုတ္ ဇေဝဇဝါ ျဖစ္ေနတတ္ၾကပါသည္။ အခ်ိဳ႕ကလည္း သက္ေသအျဖစ္ မိမိလက္မွတ္ေရးထိုးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ပါ အခ်က္မ်ားကို မသိေၾကာင္း ေျပာပါသည္။

    သက္ေသအျဖစ္ လက္မွတ္ထိုးဆို၍ ေရးထိုးေပးခဲ့ျခင္းသာ ျဖစ္ပါသည္ဟု အခ်ိဳ႕ကလည္း ဆိုပါသည္။ အခ်ိဳ႕ကမူ စာခ်ဳပ္တြင္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးေပးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ကို မိမိ မဖတ္ၾကည့္ေၾကာင္း သက္ေသအျဖစ္ အကူအညီေပးသည့္အေနျဖင့္ ေရးထိုးေပးခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာဆိုပါသည္။ မိမိကိစၥ မဟုတ္၍ မမွတ္မိဟု ေျပာသူကလည္း ေျပာပါသည္။

    စာခ်ဳပ္ႏွင့္ ပတ္သက္၍ မေသခ်ာ မေရရာေသာ ထြက္ဆိုခ်က္မ်ားကိုသာ ေျပာဆိုၿပီး စာခ်ဳပ္ပါ အခ်က္မ်ားႏွင့္ ပတ္သက္၍ တိတိက်က် မေျပာႏိုင္၊ မေျဖႏိုင္သည္ကို ဆင္ေျခအမ်ိဳးမ်ိဳးေပး ေျဖရွင္းတတ္ၾကပါ သည္။ ၎တို႔အား အျပစ္မဆိုသာဟု ဆိုရပါမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔အေနျဖင့္ လူမႈေရးအရ အကူအညီေပးသည့္ သေဘာျဖင့္ ပါဝင္လာခဲ့ျခင္းေၾကာင့္ ျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။

    စာခ်ဳပ္ခ်ဳပ္ရာတြင္ အမွန္တကယ္ ၾကပ္မတ္ေဆာင္႐ြက္ရမည့္သူမွာ စာခ်ဳပ္ခ်ဳပ္ဆိုေပးသူ အက်ိဳးေဆာင္ သို႔မဟုတ္ ကာယကံရွင္မ်ား ျဖစ္သည္ဟု ဆိုရပါမည္။ ဥစၥာရင္လို ဥစၥာရင္ခဲ သက္ေသမ်ားကို တကူးတကန႔္ အကူအညီေတာင္းဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္ရသည့္ ကိစၥရပ္မ်ားကို စာမခ်ဳပ္မီ ရွင္းလင္းေျပာျပဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္တြင္ လက္မွတ္မေရးထိုးမီ စာခ်ဳပ္ကို အရင္ဖတ္ေစျခင္း သို႔မဟုတ္ ဖတ္ျပျခင္းမ်ား ရွိသင့္သည္ဟု ဆိုရပါမည္။

    ကာယံရွင္မ်ား သေဘာတူ ခ်ဳပ္ဆိုသည့္ အခ်က္မ်ားကို သိရွိသေဘာေပါက္ၿပီးေနာက္ လက္ခံေသာအခါတြင္မွ အသိသက္ေသေနရာတြင္ ပါဝင္ လက္မွတ္ေရးထိုးေစသင့္ပါသည္။ ထို႔ျပင္ အသိသက္ေသအျဖစ္ ပါဝင္လက္မွတ္ေရးထိုးေပးသူအား ထိုက္သင့္ေသာ ခ်ီးျမႇင့္မႈကိုလည္း ျပဳရန္ ဝန္မေလးသင့္ဟု အႀကံျပဳလိုပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္စုံတစ္ရာ ျပႆနာေပၚေပါက္လာေသာ အခါ ႀကဳံႀကိဳက္သက္ေသတစ္ဦး၏ ထြက္ဆိုခ်က္သည္ လြန္စြာ တန္ဖိုးနည္းပါးေသာေၾကာင့္ ျဖစ္ပါသည္။

    သို႔ျဖစ္ရာ စာခ်ဳပ္ ခ်ဳပ္ၿပီဆိုမွျဖင့္ ခ်ဳပ္ရက်ိဳးနပ္ေစရန္ႏွင့္ တိတိက်က် ထိထိမိမိ အေျဖရွိႏိုင္ရန္ ျဖစ္သလို ႀကဳံသလို မလုပ္မိၾကဖို႔၊ မခ်ဳပ္မိၾကဖို႔ တိုက္တြန္းရေပသည္။

    ( အၫႊန္း- ဦးေက်ာ္ေဇယ် ၊ စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ ေဆာင္ရန္ႏွင့္ေရွာင္ရန္မ်ား ၊ စာ ၁၁ ) ။

    Credit-DVBLawLab

  • ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း။

    (Unicode)

    ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း

    ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါ ခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်း ဝေမျှပေးသွားချင်ပါတယ်။

    ပါဝင်ပစ္စည်းများ –

    ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ၊ ဝက်သား သုံးထပ်သား ဝ.၅ ပေါင်၊ မုန်လာဥဖြူ တစ်ဝက်၊ အာလူး ၃ လုံး (အခွံခွာထားပြီး လက်မဝက်ကုဗတုံး တုံးထားပါ)၊ ကြက်သွန်နီ အကြီး ၁ ဥ၊ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်း၊

    အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောထားလိုက်ပါ)၊ နှမ်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)။

    ပြုလုပ်နည်း အဆင့်ဆင့် –

    ၁။ ဝက်သား၊ မုန်လာဥဖြူ၊ အာလူးနှင့် မုန်လာဥနီတို့ကို အရွယ်အစားတူအောင် လက်မဝက်ကုဗတုံးပုံသဏ္ဍာန်ဖြင့် လှီးဖြတ်ထားလိုက်ပါ။

    ၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဝက်သားများထည့်ပြီး ၄ မိနစ်၊  မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင် ပြောင်းသွားပါက ဝက်သားတုံးများကို ဝက်သားအဆီများကို ပန်းကန်ထဲတွင် သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

    ၃။ မုန်လာဥဖြူထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အာလူးနှင့် ကြက်သွန်နီတို့ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

    ၄။ ထို့နောက် ဒယ်အိုးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေ ၅၀၀ မီလီလီတာထည့်ကာ အိုးအဖုံးအုပ်ထားပြီးနောက် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

    ၅။ ဆယ်မိနစ်ပြည့်ပါက အာလူးနှင့် မုန်လာဥတို့ကို အနည်းငယ်ယူပြီး အရသာမြည်းစမ်းကြည့်လိုက်ပါ။ အာလူးနှင့် မုန်လာဥများ ကျက်သွားပါက အာလူးမှုန့်အရည်များ နည်းနည်းချင်းစီ လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။

    ၆။ အာလူးမှုန့်အရည်များ ပျစ်သွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ နှမ်းဆီ ထည့်ကာ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ရရှိလာတဲ့ အာလူး ပဲပိစပ်အနှစ်များကို ခေါက်ဆွဲပေါ် ဆမ်းထည့်လိုက်ပါ။ သခွားသီး အနည်းငယ် ထည့်ပြီးတဲ့နောက်မှာတော့ သမအောင် မွှေပေးလိုက်ပါ။

    ခေါက်ဆွဲနဲ့ တွဲမစားချင်ဘူးဆိုရင်တော့ ထမင်းနဲ့ ရောနယ်ပြီး ပဲထမင်းအဖြစ် စားသုံးနိုင်ပါသေးတယ်။

    Source: maangchi. com

    Credit-MyFood Myanmar

    (Zawgyi)

    ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ပဲေခါက္ဆြဲျပဳလုပ္နည္း

    ေခါက္ဆြဲခ်စ္သူေတြေရာ ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူေတြပါ ခံတြင္းေတြ႕ေစမယ့္ ပဲေခါက္ဆြဲျပဳလုပ္နည္း ေဝမွ်ေပးသြားခ်င္ပါတယ္။

    ပါဝင္ပစၥည္းမ်ား –

    ေခါက္ဆြဲ ပန္းကန္လုံးတစ္လုံးစာ၊ ဝက္သား သုံးထပ္သား ဝ.၅ ေပါင္၊ မုန္လာဥျဖဴ တစ္ဝက္၊ အာလူး ၃ လုံး (အခြံခြာထားၿပီး လက္မဝက္ကုဗတုံး တုံးထားပါ)၊ ၾကက္သြန္နီ အႀကီး ၁ ဥ၊ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္း၊

    အာလူးမႈန႔္အရည္ (Potato Starch စားပြဲတင္ဇြန္း ၂ ဇြန္းကို ေရ စားပြဲတင္ဇြန္း ၄ ဇြန္း၊ သၾကားလက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ျဖင့္ သမေအာင္ ေရာေႏွာထားလိုက္ပါ)၊ ႏွမ္းဆီလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သခြားသီး တစ္ဝက္ (အေခ်ာင္းလိုက္ ပါးပါးလွီးထားပါ)။

    ျပဳလုပ္နည္း အဆင့္ဆင့္ –

    ၁။ ဝက္သား၊ မုန္လာဥျဖဴ၊ အာလူးႏွင့္ မုန္လာဥနီတို႔ကို အ႐ြယ္အစားတူေအာင္ လက္မဝက္ကုဗတုံးပုံသ႑ာန္ျဖင့္ လွီးျဖတ္ထားလိုက္ပါ။

    ၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ထို႔ေနာက္ ဝက္သားမ်ားထည့္ၿပီး ၄ မိနစ္၊  မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား ေ႐ႊညိဳေရာင္ ေျပာင္းသြားပါက ဝက္သားတုံးမ်ားကို ဝက္သားအဆီမ်ားကို ပန္းကန္ထဲတြင္ သပ္သပ္ဖယ္ထည့္ထားလိုက္ပါ။

    ၃။ မုန္လာဥျဖဴထည့္ၿပီး ၁ မိနစ္ခန႔္ေၾကာ္ပါ။ ထို႔ေနာက္ အာလူးႏွင့္ ၾကက္သြန္နီတို႔ထည့္ၿပီး ၃ မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။

    ၄။ ထို႔ေနာက္ ဒယ္အိုးထဲသို႔ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ၿပီးေနာက္ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္းထည့္ကာ တစ္မိနစ္ခန႔္ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေရ ၅၀၀ မီလီလီတာထည့္ကာ အိုးအဖုံးအုပ္ထားၿပီးေနာက္ ၁၀ မိနစ္ခန႔္ တည္ထားလိုက္ပါ။

    ၅။ ဆယ္မိနစ္ျပည့္ပါက အာလူးႏွင့္ မုန္လာဥတို႔ကို အနည္းငယ္ယူၿပီး အရသာျမည္းစမ္းၾကည့္လိုက္ပါ။ အာလူးႏွင့္ မုန္လာဥမ်ား က်က္သြားပါက အာလူးမႈန႔္အရည္မ်ား နည္းနည္းခ်င္းစီ ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။

    ၆။ အာလူးမႈန႔္အရည္မ်ား ပ်စ္သြားသည္အထိ ေမႊၿပီးတဲ့ေနာက္မွာေတာ့ ႏွမ္းဆီ ထည့္ကာ မီးဖိုေပၚကခ်လိုက္လို႔ရပါၿပီ။ ရရွိလာတဲ့ အာလူး ပဲပိစပ္အႏွစ္မ်ားကို ေခါက္ဆြဲေပၚ ဆမ္းထည့္လိုက္ပါ။ သခြားသီး အနည္းငယ္ ထည့္ၿပီးတဲ့ေနာက္မွာေတာ့ သမေအာင္ ေမႊေပးလိုက္ပါ။

    ေခါက္ဆြဲနဲ႔ တြဲမစားခ်င္ဘူးဆိုရင္ေတာ့ ထမင္းနဲ႔ ေရာနယ္ၿပီး ပဲထမင္းအျဖစ္ စားသုံးႏိုင္ပါေသးတယ္။

    Source: maangchi. com

    Credit-MyFood Myanmar

  • ငှက်ပျောရွက် အစွမ်းထက်လိုက်ပုံနဲ့ ချောင်းဆိုးရင်ကြပ်၊ ဝမ်းချုပ်၊ ခံတွင်းအနာ၊ ထိခိုက်အနာ၊ ဆီးချို။

    (Unicode)

    သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင်

    ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။

    ချောင်းဆိုးရင်ကြပ်-

    ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

    အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။

    လေပြွန်ရောင်ရမ်းနာ-

    သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းကိုသာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ချောင်းကိုပါ သက်သာစေနိုင်ပါတယ်။ polysaccharides ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။

    ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်စိမ်လို့ ပေါင်းခံရည်ယူပါ။ ပြီးရင်စိမ်ထားတဲ့အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက်အထိသောက်ပေးလို့ရပါတယ်။

    အရေပြား ယားယံတာကို သက်သာစေနိုင်တယ်-

    အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ နာကျင်တာတွေသက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှုသက်သာစေပြီး အသားအရေချောမွေ့လို့ ကျန်းမာတဲ့ အရေပြားတစ်ရှုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ငှက်ပျောရွက်ကိုစင်အောင်ဆေး အရည်ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။

    အနာတွေကို သက်သာစေနိုင်ပါတယ်-

    ထိခိုက်ဒဏ်ရာတွေအတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ allantoin ပါဝင်တဲ့အတွက် အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ငှက်ပျောရွက်ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်းရပါတယ်။

    ခံတွင်းအနာကို သက်သာစေနိုင်တယ်-

    ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင်စားပေးပါ။

    ဝမ်းချုပ်သက်သာစေနိုင်ပါတယ်-

    နာတာရှည်ဝမ်းချုပ်တာကိုသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ ငှက်ပျောရွက်တင် မဟုတ်ပါဘူး။ ဝမ်းမှန်စေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။ ငှက်ပျောရွက်၊ ရှောက်ရွက်ကိုအခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကိုထည့်ပြီး ၅ မိနစ်က နေ ၁၀ မိနစ်လောက်အထိထားပေးပါ။ ဒီအရည်ကိုသောက်သုံးတာက အစာအိမ်နာတာကိုပါသက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်-

    ငှက်ပျောရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။ သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။

    ဆီးချိုသက်သာစေနိုင်တယ်-

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပေးတာက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    ရေးသားသူ Aye Thi Mon

    Credit-Helloဆရာဝန်

    (Zawgyi)

    သင္ထင္မထားတဲ့ ငွက္ေပ်ာ႐ြက္ရဲ႕ အက်ိဳးအာနိသင္

    ငွက္ေပ်ာ႐ြက္က စားစရာတစ္ခုမဟုတ္သလို ေဆးဖက္ဝင္မယ္လို႔လည္း ဘယ္သူမွထင္ထားေလာက္မွာမဟုတ္ပါဘူး။ ထုပ္ပိုးမႈအတြက္ သုံးတာကလြဲလို႔ ငွက္ေပ်ာ႐ြက္ကို စားဖို႔ ဒါမွမဟုတ္ ေဆးဖက္ဝင္တဲ့အရာတစ္ခုအေနနဲ႔ အသုံးျပဳလို႔ရမယ္ရယ္လို႔ ထင္မထားဘူးဟုတ္။

    ေခ်ာင္းဆိုးရင္ၾကပ္-

    ငွက္ေပ်ာ႐ြက္ကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ရင္ၾကပ္ေခ်ာင္းဆိုးသက္သာေစဖို႔အတြက္ အသုံးျပဳခဲ့ၾကတာပါ။ ေလ့လာမႈေတြအရ ငွက္ေပ်ာ႐ြက္ဟာ ကိုယ္ခံအားကိုတိုးေစႏိုင္သလို၊ ေခ်င္းဆိုးသက္သာေစၿပီး နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ အသက္ရႈလမ္းေၾကာင္း အထက္ပိုင္းမွာေရာဂါပိုးေတြ ဝင္ေရာက္ကူးစက္တာကိုလည္း အထိေရာက္ဆုံး သက္သာေစႏိုင္ပါတယ္။

    အေအးမိဖ်ားနာတာကိုျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ ဗိုင္းရပ္စ္ေတြကို တိုက္ဖ်က္ႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ခြၽဲေတြကိုေပ်ာ္ေစႏိုင္ၿပီး လည္ေခ်ာင္း ယားယံျခင္းကို သက္သာေစႏိုင္ပါတယ္။ ငွက္ေပ်ာ႐ြက္ကို အရည္ညႇစ္ၿပီး ေရနဲ႔ေရာလို႔ ၁၀ မိနစ္ေလာက္က်ိဳေပးပါ။ ၿပီးရင္ပ်ားရည္ေလးနဲ႔ေရာၿပီး ေသာက္ေပးလို႔ရပါတယ္။

    ေလႁပြန္ေရာင္ရမ္းနာ-

    သင္မွာ နာတာရွည္ေခ်ာင္းဆိုးေၾကာင့္ ေလႁပြန္ေရာင္ရမ္းနာမ်ားရွိမယ္ဆိုရင္ သဘာဝေဆးအေနနဲ႔ ငွက္ေပ်ာ႐ြက္ကို အသုံးျပဳေပးလို႔ရပါတယ္။ ကူးစက္ေရာဂါပိုးေတြေၾကာင့္ျဖစ္တဲ့ ေလႁပြန္ေရာင္ရမ္းျခင္းကိုသာမကဘဲ ခြၽဲက်ပ္ၿပီး ဆိုးတဲ့ေခ်ာင္းကိုပါ သက္သာေစႏိုင္ပါတယ္။ polysaccharides ျဒပ္ေပါင္းပါဝင္ေနတာေၾကာင့္ ခြၽဲျဖစ္ၿပီး ေခ်ာင္းဆိုးတာကို သက္သာေစႏိုင္ပါတယ္။ ေခ်ာင္းေျခာက္ဆိုးတာကို သက္သာေစႏိုင္ပါတယ္။

    ငွက္ေပ်ာ႐ြက္ကို ေရစင္ေအာင္ေဆးၿပီး ေရေႏြးထဲမွာ ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္စိမ္လို႔ ေပါင္းခံရည္ယူပါ။ ၿပီးရင္စိမ္ထားတဲ့အရည္ကိုေသာက္ေပးပါ။ တစ္ေန႔ကို ၃ ခြက္ေလာက္အထိေသာက္ေပးလို႔ရပါတယ္။

    အေရျပား ယားယံတာကို သက္သာေစႏိုင္တယ္-

    အေရျပားမွာ ေရာင္ရမ္းတာ၊ ယားယံတာ နဲ႔ နာက်င္တာေတြသက္သာေစဖို႔အတြက္လည္း ငွက္ေပ်ာ႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။ ငွက္ေပ်ာ႐ြက္မွာ အေရျပားကို ယားယံမႈသက္သာေစၿပီး အသားအေရေခ်ာေမြ႕လို႔ က်န္းမာတဲ့ အေရျပားတစ္ရႈးေတြကို ျဖစ္ေပၚေစႏိုင္တဲ့ allantoin ျဒပ္ေပါင္းႂကြယ္ဝစြာပါဝင္ေနပါတယ္။ ေနေလာင္ဒဏ္ကေန ကာကြယ္ေပးႏိုင္သလို ဝက္ၿခံေတြကို သက္သာေစႏိုင္ပါတယ္။ အသားအေရကို ၾကည္လင္ေစႏိုင္ပါတယ္။ငွက္ေပ်ာ႐ြက္ကိုစင္ေအာင္ေဆး အရည္ညႇစ္ၿပီး အေရျပားမွာ စြတ္ေပး႐ုံပါ။

    အနာေတြကို သက္သာေစႏိုင္ပါတယ္-

    ထိခိုက္ဒဏ္ရာေတြအတြက္လည္း ငွက္ေပ်ာ႐ြက္ကို အသုံးျပဳေပးလို႔ရပါတယ္။ အနာက်က္ေစႏိုင္တဲ့ အာနိသင္ရွိေနပါတယ္။ allantoin ပါဝင္တဲ့အတြက္ အနာက်က္ေစႏိုင္ၿပီး အေသးစားျပတ္ရွဒဏ္ရာ၊ အနာ၊ ပ်ားတုပ္တာ၊ ပိုးေကာင္ကိုက္တာေတြကို သက္သာေစႏိုင္ပါတယ္။ငွက္ေပ်ာ႐ြက္ႀကိတ္ရည္ကို ပ်ားရည္နဲ႔ေရာစပ္ၿပီး အနာကိုလူးေပးလို႔ရပါတယ္။ ငွက္ေပ်ာ႐ြက္ကို ေရစင္ေအာင္ေဆးေပးၿပီး အနာေပၚမွာ ကပ္ေပးလို႔လည္းရပါတယ္။

    ခံတြင္းအနာကို သက္သာေစႏိုင္တယ္-

    ခံတြင္းထဲကအနာေတြ သက္သာေစဖို႔အတြက္လည္း ငွက္ေပ်ာ႐ြက္ကို အသုံးျပဳေပးလို႔ရပါတယ္။ နာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္တဲ့ ငွက္ေပ်ာ႐ြက္က ခံတြင္းအနာေတြကို သိသိသာသာသက္သာေစႏိုင္ပါတယ္။ ငွက္ေပ်ာ႐ြက္ကို အေျခာက္ခံလို႔ အမႈန႔္ႀကိတ္ၿပီး ပ်ားရည္ေလးနဲ႔ေရာလို႔ အစားမစားခင္စားေပးပါ။

    ဝမ္းခ်ဳပ္သက္သာေစႏိုင္ပါတယ္-

    နာတာရွည္ဝမ္းခ်ဳပ္တာကိုသက္သာေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။ ဝမ္းေပ်ာ့ေပ်ာ့သြားေစႏိုင္ပါတယ္။ ငွက္ေပ်ာ႐ြက္တင္ မဟုတ္ပါဘူး။ ဝမ္းမွန္ေစဖို႔အတြက္လည္း စားသုံးေပးလို႔ရပါတယ္။ ငွက္ေပ်ာ႐ြက္ကို ျပဳတ္ၿပီး ျပဳတ္ရည္ကိုေသာက္ေပးပါ။ ငွက္ေပ်ာ႐ြက္၊ ေရွာက္႐ြက္ကိုအေျခာက္ခံလို႔ အမႈန႔္ႀကိတ္ၿပီး ဆတူေရာပါ၊ ေရဆူဆူထဲကို အမႈန႔္ေတြကိုထည့္ၿပီး ၅ မိနစ္က ေန ၁၀ မိနစ္ေလာက္အထိထားေပးပါ။ ဒီအရည္ကိုေသာက္သုံးတာက အစာအိမ္နာတာကိုပါသက္သာေစႏိုင္ပါတယ္။ အစာေျခစနစ္ကိုလည္း က်န္းမာေစႏိုင္ပါတယ္။

    ေသြးတြင္းကိုလက္စထေရာကို က်ေစႏိုင္ပါတယ္-

    ငွက္ေပ်ာ႐ြက္က ေသြးတြင္းကိုလက္စထေရာကို က်ဆင္းေစႏိုင္ပါတယ္။ ေလ့လာမႈတစ္ရပ္အရ ငွက္ေပ်ာ႐ြက္ျပဳတ္ရည္ကို တစ္ေန႔ႏွစ္ႀကိမ္ ပုံမွန္ေသာက္သုံးေပးသူေတြက ေသြးတြင္းကိုလက္စထေရာက်ဆင္းတာကို ေတြ႕ရွိခဲ့ရပါတယ္။ ေသြးတြင္းကိုလက္စထေရာမ်ားသူေတြအတြက္ စားသုံးေပးသင့္တဲ့ သဘာဝေဆးဖက္ဝင္အပင္တစ္မ်ိဳးေပါ့။

    ဆီးခ်ိဳသက္သာေစႏိုင္တယ္-

    ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ ေရမွာေပ်ာ္ဝင္လြယ္တဲ့ အမွ်င္ဓာတ္က ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစႏိုင္သလို ကာဗိုဟိုက္ဒရိတ္စုပ္ယူမႈကိုေလ်ာ့က်ေစႏိုင္ပါတယ္။ အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါရွိသူေတြအေနနဲ႔ ငွက္ေပ်ာ႐ြက္ျပဳတ္ရည္ကို တစ္ေန႔ႏွစ္ႀကိမ္ေသာက္သုံးေပးတာက ေသြးတြင္းသၾကားဓာတ္ကိုက်ဆင္းေစႏိုင္တယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

    ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

    ေရးသားသူ Aye Thi Mon

    Credit-Helloဆရာဝန္

  • ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလား။ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အားလည်းရှိတဲ့ တောင်ပေါ်စာ။

    (Unicode)

    ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလားရှင့်။ ချက်ရတာလည်း လွယ်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အားလည်းရှိတဲ့ တောင်ပေါ်စာလေး တစ်ခုပါ။

    လိုအပ်တဲ့ အရာတွေကတော့-

    ဂေါ်ရာခါးညွန့်

    ရွှေဖရုံသီး

    ဆူးပုတ်

    ခရမ်းချဉ်သီး

    ကြက်သွန်ဖြူ ,ငရုပ်သီးစိမ်း (၃, ၄လုံး)

    ပဲပုတ် (မီးကင်ပြီး ထောင်းထည့်ရန်)

    ဟင်းရွက်တွေကို သင်ထားပြီး ခရမ်းချဉ်သီးနဲ့ ရွှေဖရုံသီးကို လှီးပါ။ ကြက်သွန်ဖြူ , ပဲပုတ်(ထောင်းထားပြီး) , ငရုပ်သီး (တစ်ခြမ်းခွဲ) , ဆား ,ဟင်းချိုမှုန့် တွေ ထည့်ပြီး ရေအနည်းသာ ထည့်ချက်ပါ။ ရွှေဖရုံသီးကို မကျက်တကျက်လေး စားချင်ရင်တော့ မီးဖိုမှ ဖယ်ထုတ်ခါနီး ထည့်ချက်ရင် ရပါတယ်။

    Credit-Teres

    (Zawgyi)

    ရွမ္းဟင္းေပါင္း မစားဖူးတဲ့ လူေတြရွိလားရွင့္။ ခ်က္ရတာလည္း လြယ္တယ္။ က်န္းမာေရးနဲ႕လည္း ညီၫြတ္တယ္။ အားလည္းရွိတဲ့ ေတာင္ေပၚစာေလး တစ္ခုပါ။

    လိုအပ္တဲ့ အရာေတြကေတာ့-

    ေဂၚရာခါးၫြန႔္

    ေ႐ႊဖ႐ုံသီး

    ဆူးပုတ္

    ခရမ္းခ်ဥ္သီး

    ၾကက္သြန္ျဖဴ ,င႐ုပ္သီးစိမ္း (၃, ၄လုံး)

    ပဲပုတ္ (မီးကင္ၿပီး ေထာင္းထည့္ရန္)

    ဟင္း႐ြက္ေတြကို သင္ထားၿပီး ခရမ္းခ်ဥ္သီးနဲ႔ ေ႐ႊဖ႐ုံသီးကို လွီးပါ။ ၾကက္သြန္ျဖဴ , ပဲပုတ္(ေထာင္းထားၿပီး) , င႐ုပ္သီး (တစ္ျခမ္းခြဲ) , ဆား ,ဟင္းခ်ိဳမႈန႔္ ေတြ ထည့္ၿပီး ေရအနည္းသာ ထည့္ခ်က္ပါ။ ေ႐ႊဖ႐ုံသီးကို မက်က္တက်က္ေလး စားခ်င္ရင္ေတာ့ မီးဖိုမွ ဖယ္ထုတ္ခါနီး ထည့္ခ်က္ရင္ ရပါတယ္။

    Credit-Teres

    ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလားရှင့်။ ချက်ရတာလည်း လွယ်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အားလည်းရှိတဲ့ တောင်ပေါ်စာလေး တစ်ခုပါ။

    လိုအပ်တဲ့ အရာတွေကတော့-

    ဂေါ်ရာခါးညွန့်

    ရွှေဖရုံသီး

    ဆူးပုတ်

    ခရမ်းချဉ်သီး

    ကြက်သွန်ဖြူ ,ငရုပ်သီးစိမ်း (၃, ၄လုံး)

    ပဲပုတ် (မီးကင်ပြီး ထောင်းထည့်ရန်)

    ဟင်းရွက်တွေကို သင်ထားပြီး ခရမ်းချဉ်သီးနဲ့ ရွှေဖရုံသီးကို လှီးပါ။ ကြက်သွန်ဖြူ , ပဲပုတ်(ထောင်းထားပြီး) , ငရုပ်သီး (တစ်ခြမ်းခွဲ) , ဆား ,ဟင်းချိုမှုန့် တွေ ထည့်ပြီး ရေအနည်းသာ ထည့်ချက်ပါ။ ရွှေဖရုံသီးကို မကျက်တကျက်လေး စားချင်ရင်တော့ မီးဖိုမှ ဖယ်ထုတ်ခါနီး ထည့်ချက်ရင် ရပါတယ်။

    Credit-Teres

  • တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (25-5-2020 မှ 31-5-2020)။

    (Unicode)

    တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (25-5-2020 မှ 31-5-2020)

    တနင်္ဂနွေသားသမီး

    ငယ်ရွယ်သူများ အထူးစန်းပွင့်မည့်ကာလ ဖြစ်သလို ရုတ်တရက် အိမ်ထောင်ကျတတ်သော ကာလပါ။ လုပ်ငန်းနှင့်ပါတ်သက်၍ မိမိကြံရွယ်ထားသော အကြံအစည်များ အထမြောက် အောင်မြင်ပါလိမ့်မည်။ လက်ရှိလုပ်ငန်းတွင် လက်အောက်ငယ်သား အချင်းချင်း နားလည်မူ လွဲမှားခြင်း၊ ရန်များခြင်းများ ဖြစ်နေတတ်ပါသည်။ ကျန်းမာရေးမှာ ဒူးအဆစ်အမြစ်များ နာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည်။ ထီ- 96ပါသော ထီထိုးပါ။ ယတြာ- ကြံတစ်ညွှန့်နှင့် သပြေ၆ညွှန့်ပူး၍ ဘုရားလှုပေးပါ။

    တနင်္လာသားသမီး

    အတိုက်အခံတွေ အလွန်များနေသော ကာလပါ။ မိမိ၏ အောင်မြင်မူအပေါ်တွင် မနာလိုသူများ၏ တိုက်ခိုက်ခြင်းခံရပါလိမ့်မည်။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ မိမိရဲ့ကြိုးစားမူကို လုံးဝမလျှော့ပါနှင့်။ နှစ်ဆတိုး၍ ထပ်ကြိုးစားပါ။အထူးချွန်ဆုံး အောင်မြင်မူ ရလာဘ်များကို ခံစားရပါလိမ့်မည်။ ကျန်းမာရေးတွင် အာရုံကြောအားနည်းတတ်ပါသည်။ သတိမကြာခဏ မေ့တတ်ပါသည်။ ထီ- 90ပါသောထီကို ထိုးပါ။ ယတြာ သစ်သီး၆မျိူး ဘုရားလှုပေးပါ

    အင်္ဂါသားသမီး

    ကျန်းမာရေး အထူးဂရုပြုရမည့် ကာလပါ။ ရုတ်တရက်ကြီး ခေါင်းတွေ မူးဝေလာတတ်ပါတယ်။ ဒီလိုကာလတွေမှာ အစားမှား ဆေးမှားဖြစ်တတ်လို့ အထူးသတိပြုရပါလိမ့်မည်။ ရပ်ဝေးခရီးမသွားသင့်သော ကာလပါ။အထူးသဖြင့် ရေလမ်းခရီးရှောင်ပါ။ စက်ပစ္စည်းအဟောင်းတွေ အဝင်မခံပါနှင့်။ အကယ်၍ ဝင်လာလျှင်လည်း မကြာခဏပျက်တတ်လို့ စိတ်ညစ်နေရတတ်ပါတယ်။ ငယ်ရွယ်သူများ တနယ်သူနှင့် ချစ်သူရည်းစားဖြစ်တတ်ပါသည်။ ထီ-35ပါသောထီထိုးပါ။ ယတြာ မိမိမွေးနံထောင့်တွင် ပန်းငါးမျိူးလှု၍ ဆုတောင်းပါ။

    ဗုဒ္ဓဟူးသားသမီး

    မိမိရစရာရှိသော ငွေကြေးများထဲမှ တစ်ချိူ့တစ်ဝက် ပြန်လည်ရရှိပါမည်။ အနက်ရောင် အသုံးအဆောင်ပစ္စည်းတွေရှောင်ပါ။ အစိမ်းရောင် အသုံးအဆောင်ပစ္စည်းတွေ အကျိူးပေးပါတယ်။ ဘာသာရေးကိစ္စ၊ အလှုအတန်းကိစ္စများတွင် ဝင်ရောက်ကူညီ လုပ်ကိုင်ပေးနေရတတ်သော ကာလပါ။ ထီပေါက်ခြင်း ဆုမဲများပေါက်ခြင်းများ ကြုံရတတ်သော ကာလပါ။ သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းများ ခံစားရတတ်ပါတယ်။ ထီ-67ပါသော ထီထိုးပါ။ ယတြာ-အုန်း၆ညွှန့် သပြေ၆ညွှန့်ပူး၍ ဘုရားလှုပေးပါ။

    ကြာသာပတေးသားသမီး

    နှစ်ကာလရှည်ကြာစွာ လက်တွဲလာသော ချစ်သူများ လက်ထပ်မင်္ဂလာပြုရမည့် ကာလပါ။ မိမိရသင့်ရထိုက်သော အမွေအနှစ်များလည်း ရရှိပါမည်။ လုပ်ငန်းတွင် အတွင်းရန်သူကို အထူးသတိထားပါ။ စာရင်းဇယားများကို အထူးလုံခြုံစွာထားပါ။ အရေးကြီး စာရွက်စာတမ်းတွေ ပျောက်ဆုံးတတ်ပါသည်။ အတွင်းလူ ဒုက္ခပေးတတ်သော ကာလပါ။ ကျန်းမာရေးမှာ မျက်ရိုးမကြာခဏ ကိုက်နေတတ်ပါတယ်။ထီ-45ပါသောထီထိုးပါ။ ယတြာ-ရဟန်းသံဃာတော်များအား ဆပ်ပြာမှုန့် မကြာခဏ လှုဒါန်းပေးပါ။

    သောကြာသားသမီး

    အခက်အခဲမှန်သမျှ ကျော်လွှား၍ အဆင့်မြင့်တက်လမ်းများ ဖန်တီးကြိုးစားနိုင်မည့် ကာလပါ။ ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများမှ အကျိူးအမြတ်များရရှိမည်။ ကျန်းမာရေးတွင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာပိုများပါမည်။ စက်ပစ္စည်းများ မကြာခဏပျက်တတ်ပြီး စက်ပစ္စည်းကိစ္စအတွက် ငွေကုန်ကြေးကျ များပါလိမ့်မည်။ထီ-၃၅ပါသော ထီထိုးပါ။ ယတြာ-သစ်သီး၆မျိူး ဘုရားလှု၍ ဆုတောင်းပါ။

    စနေသားသမီး

    ပုံမှန်ဝင်နေကျ ဝင်ငွေထက်ပိုပြီး ငွေဝင်ကိန်းရှိပါသည်။ အလုပ်မရှိသေးသူများ အလုပ်အကိုင်ရရှိပါမည်။ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမည်။ မိမိအထက်လူကြီးများထံမှ မိမိအတွက် သတင်းကောင်းကြားရပါမည်။ စုပေါင်းဆောင်ရွက်ရသောလုပ်ငန်းများ အထူးအောင်မြင်ပါမည်။ ထီ-၆၅ပါသောထီထိုးပါ။ ယတြာ-နေအိမ်ဘုရားတွင် မာလကာရွက်၁၁ရွက် လှုပေးပါ။

    Credit-ကျော်ဘိုဘိုဟိန်း

    Via-nalonetardiary

    (Zawgyi)

    တစ္ပတ္စာ ခုႏွစ္ရက္သားသမီး ကံၾကမၼာေဟာကိန္း (25-5-2020 မွ 31-5-2020)

    တနဂၤေႏြသားသမီး

    ငယ္႐ြယ္သူမ်ား အထူးစန္းပြင့္မည့္ကာလ ျဖစ္သလို ႐ုတ္တရက္ အိမ္ေထာင္က်တတ္ေသာ ကာလပါ။ လုပ္ငန္းႏွင့္ပါတ္သက္၍ မိမိႀကံ႐ြယ္ထားေသာ အႀကံအစည္မ်ား အထေျမာက္ ေအာင္ျမင္ပါလိမ့္မည္။ လက္ရွိလုပ္ငန္းတြင္ လက္ေအာက္ငယ္သား အခ်င္းခ်င္း နားလည္မူ လြဲမွားျခင္း၊ ရန္မ်ားျခင္းမ်ား ျဖစ္ေနတတ္ပါသည္။ က်န္းမာေရးမွာ ဒူးအဆစ္အျမစ္မ်ား နာ၍ မလႈပ္ခ်င္မကိုင္ခ်င္ ျဖစ္ေနလိမ့္မည္။ ထီ- 96ပါေသာ ထီထိုးပါ။ ယၾတာ- ႀကံတစ္ၫႊန႔္ႏွင့္ သေျပ၆ၫႊန႔္ပူး၍ ဘုရားလႈေပးပါ။

    တနလၤာသားသမီး

    အတိုက္အခံေတြ အလြန္မ်ားေနေသာ ကာလပါ။ မိမိ၏ ေအာင္ျမင္မူအေပၚတြင္ မနာလိုသူမ်ား၏ တိုက္ခိုက္ျခင္းခံရပါလိမ့္မည္။ ဘယ္လိုအေျခအေနပဲ ႀကဳံႀကဳံ မိမိရဲ႕ႀကိဳးစားမူကို လုံးဝမေလွ်ာ့ပါႏွင့္။ ႏွစ္ဆတိုး၍ ထပ္ႀကိဳးစားပါ။အထူးခြၽန္ဆုံး ေအာင္ျမင္မူ ရလာဘ္မ်ားကို ခံစားရပါလိမ့္မည္။ က်န္းမာေရးတြင္ အာ႐ုံေၾကာအားနည္းတတ္ပါသည္။ သတိမၾကာခဏ ေမ့တတ္ပါသည္။ ထီ- 90ပါေသာထီကို ထိုးပါ။ ယၾတာ သစ္သီး၆မ်ိဴး ဘုရားလႈေပးပါ

    အဂၤါသားသမီး

    က်န္းမာေရး အထူးဂ႐ုျပဳရမည့္ ကာလပါ။ ႐ုတ္တရက္ႀကီး ေခါင္းေတြ မူးေဝလာတတ္ပါတယ္။ ဒီလိုကာလေတြမွာ အစားမွား ေဆးမွားျဖစ္တတ္လို႔ အထူးသတိျပဳရပါလိမ့္မည္။ ရပ္ေဝးခရီးမသြားသင့္ေသာ ကာလပါ။အထူးသျဖင့္ ေရလမ္းခရီးေရွာင္ပါ။ စက္ပစၥည္းအေဟာင္းေတြ အဝင္မခံပါႏွင့္။ အကယ္၍ ဝင္လာလွ်င္လည္း မၾကာခဏပ်က္တတ္လို႔ စိတ္ညစ္ေနရတတ္ပါတယ္။ ငယ္႐ြယ္သူမ်ား တနယ္သူႏွင့္ ခ်စ္သူရည္းစားျဖစ္တတ္ပါသည္။ ထီ-35ပါေသာထီထိုးပါ။ ယၾတာ မိမိေမြးနံေထာင့္တြင္ ပန္းငါးမ်ိဴးလႈ၍ ဆုေတာင္းပါ။

    ဗုဒၶဟူးသားသမီး

    မိမိရစရာရွိေသာ ေငြေၾကးမ်ားထဲမွ တစ္ခ်ိဴ႕တစ္ဝက္ ျပန္လည္ရရွိပါမည္။ အနက္ေရာင္ အသုံးအေဆာင္ပစၥည္းေတြေရွာင္ပါ။ အစိမ္းေရာင္ အသုံးအေဆာင္ပစၥည္းေတြ အက်ိဴးေပးပါတယ္။ ဘာသာေရးကိစၥ၊ အလႈအတန္းကိစၥမ်ားတြင္ ဝင္ေရာက္ကူညီ လုပ္ကိုင္ေပးေနရတတ္ေသာ ကာလပါ။ ထီေပါက္ျခင္း ဆုမဲမ်ားေပါက္ျခင္းမ်ား ႀကဳံရတတ္ေသာ ကာလပါ။ သြားကိုက္ျခင္း၊ သြားဖုံးေယာင္ျခင္းမ်ား ခံစားရတတ္ပါတယ္။ ထီ-67ပါေသာ ထီထိုးပါ။ ယၾတာ-အုန္း၆ၫႊန႔္ သေျပ၆ၫႊန႔္ပူး၍ ဘုရားလႈေပးပါ။

    ၾကာသာပေတးသားသမီး

    ႏွစ္ကာလရွည္ၾကာစြာ လက္တြဲလာေသာ ခ်စ္သူမ်ား လက္ထပ္မဂၤလာျပဳရမည့္ ကာလပါ။ မိမိရသင့္ရထိုက္ေသာ အေမြအႏွစ္မ်ားလည္း ရရွိပါမည္။ လုပ္ငန္းတြင္ အတြင္းရန္သူကို အထူးသတိထားပါ။ စာရင္းဇယားမ်ားကို အထူးလုံၿခဳံစြာထားပါ။ အေရးႀကီး စာ႐ြက္စာတမ္းေတြ ေပ်ာက္ဆုံးတတ္ပါသည္။ အတြင္းလူ ဒုကၡေပးတတ္ေသာ ကာလပါ။ က်န္းမာေရးမွာ မ်က္႐ိုးမၾကာခဏ ကိုက္ေနတတ္ပါတယ္။ထီ-45ပါေသာထီထိုးပါ။ ယၾတာ-ရဟန္းသံဃာေတာ္မ်ားအား ဆပ္ျပာမႈန႔္ မၾကာခဏ လႈဒါန္းေပးပါ။

    ေသာၾကာသားသမီး

    အခက္အခဲမွန္သမွ် ေက်ာ္လႊား၍ အဆင့္ျမင့္တက္လမ္းမ်ား ဖန္တီးႀကိဳးစားႏိုင္မည့္ ကာလပါ။ ရင္းႏွီးျမဳပ္ႏွံထားေသာ လုပ္ငန္းမ်ားမွ အက်ိဴးအျမတ္မ်ားရရွိမည္။ က်န္းမာေရးတြင္ လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာပိုမ်ားပါမည္။ စက္ပစၥည္းမ်ား မၾကာခဏပ်က္တတ္ၿပီး စက္ပစၥည္းကိစၥအတြက္ ေငြကုန္ေၾကးက် မ်ားပါလိမ့္မည္။ထီ-၃၅ပါေသာ ထီထိုးပါ။ ယၾတာ-သစ္သီး၆မ်ိဴး ဘုရားလႈ၍ ဆုေတာင္းပါ။

    စေနသားသမီး

    ပုံမွန္ဝင္ေနက် ဝင္ေငြထက္ပိုၿပီး ေငြဝင္ကိန္းရွိပါသည္။ အလုပ္မရွိေသးသူမ်ား အလုပ္အကိုင္ရရွိပါမည္။ ကိုယ္တိုင္အတြက္ေသာ္လည္းေကာင္း၊ မိသားစုအတြက္ေသာ္လည္းေကာင္း၊ က်န္းမာေရးအတြက္ ေငြကုန္ေၾကးက်မ်ားမည္။ မိမိအထက္လူႀကီးမ်ားထံမွ မိမိအတြက္ သတင္းေကာင္းၾကားရပါမည္။ စုေပါင္းေဆာင္႐ြက္ရေသာလုပ္ငန္းမ်ား အထူးေအာင္ျမင္ပါမည္။ထီ-၆၅ပါေသာထီထိုးပါ။ ယၾတာ-ေနအိမ္ဘုရားတြင္ မာလကာ႐ြက္၁၁႐ြက္ လႈေပးပါ။

    Credit-ေက်ာ္ဘိုဘိုဟိန္း

    Via-nalonetardiary

  • အိမ်မှာစားစား၊ စီးပွားဖြစ်ရောင်းရောင်း အသားဆန်ပြုတ်၊ ရိုးရိုးဆန်ပြုတ်၊ အစာအိမ်သမားအတွက် ဆန်ပြုတ် အကောင်းဆုံးလုပ်နည်း။

    (Unicode)

    အသားဆန်ပြုတ်ကို အညှီနံ့ကင်းအောင် ပြုတ်နည်း

    ဆန်ပြုတ်

    အသားဆန်ပြုတ် ပြုတ်မယ်ဆိုရင် အသားညှီနံ့ သက်သာအောင် ဒီနည်းလေးတွေနဲ့ ပြုတ်ကြည့်ပါ။

    ၁။ အရိုးနဲ့ပဲဖြစ်ဖြစ် အသားနဲ့ပဲဖြစ်ဖြစ် ပြုတ်မည်ဆိုလျှင် အသားတွေ အရိုးတွေကို ပြုတ်မယ့် အိုးထဲသို့ ရေနဲ့ သေချာ ဆေးကြော သန့်စင်ပြီး ထည့်ပါ။ ဆားအနည်းငယ် ထည့်ပြီး အိုးထဲမှာ ရေခြောက်သွားပြီး အသားတင်းသည်အထိ အရင်လှိမ့်ပေးပါ။ အသားတွေကို ရေထပ်ထည့်စရာမလိုပါ။သူ့ရေနဲ့သူ ခမ်းသွားပြီး အသားလေးတွေ တင်းပြီး အစိမ်းနံ့ ပျောက်ပြီး မွှေးလာသည် အထိပါ။ ပြီးမှ အသင့်ဆေးထားတဲ့ ဆန်ကို ထည့်ပြီး ရောပြုတ်ပါ။ အဲ့နည်းအတိုင်းပြုတ်ကြည့်ပါ။ အစိမ်းနံ့ အညှီနံ့ အတော်သက်သာပြီး မွှေးနေပါလိမ့်မယ်။

    ၂။ နောက်တနည်းက အရိုးဖြစ်စေ အသားဖြစ်စေ ပြုတ်မယ့်အိုးထဲမှာ ရေနဲ့ သေချာဆေးကြော သန့်စင်ပြီး ထည့်ပါ။ ပြီးရင် ရေကို အသားမြုပ်ရုံံ ထည့်ပြီး သုံးမိနစ်ခန့် တည်ပေးလိုက်ပါ။ အနည်းငယ် ပွက်စပြုပြီး ပွက်ရေအပေါ်မှာ အနည်ဖတ်တွေ တက်လာတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီပထမရေကို အကုန် သွန်ပစ်လိုက်ပါ။ အရိုးနဲ့ အသားကို ရေနဲ့ သေချာ ပြန်သန့်စင် ဆေးကြောပြီးမှ ဒုတိယရေ ထည့်ပြီး ပြန်ပြုတ်ပါ။အသားရဲ့အညှီနံ့ ပိုသက်သာပါလိမ့်မယ်။

    ၃။ နောက်ပြီး ဆန်ပြုတ် ပြုတ်မယ်ဆိုလျှင် သာမန်လူတွေ အတွက်ဆိုလျှင်တော့ ပုံမှန်ဆိုရင် ရှမ်းဆန်အကောင်းစား (သို့) ပေါ်ဆန်းမွှေးအကောင်းစားကို ပိုမိုစေးပျစ်စေရန်အတွက်ကောက်ညှင်းဆန်နဲ့ လေးအချိုးတစ် (၄:၁) စပ်ပြီး ပိုမွှေးအောင် လှော်ပြီးမှ ဖြစ်စေ ဒီအတိုင်း အဖြူထည်ဖြစ်စေ ပြုတ်ကြပါတယ်။

    အစာအိမ်သမားများအတွက် ဆိုလျှင်တော့ ကောက်ညှင်းဆန်ကို မရောပါနဲ့။ ရိုးရိုးပေါ်ဆန်းအကောင်းဆုံးနဲ့သာ အဖြူထည်ပြုတ်ပါ်။

    ၄။ အစာအိမ်သမားများအတွက် ဆန်ပြုတ်ပြုတ်လျှင် ငရုတ်ကောင်းမှုန့်တို့ ဂျင်းတို့ မထည့်ရပါ။ ကြက်သွန်ဖြူ ကြိုက်လျှင် ထည့်နိုင်ပါသည်။ ငရုတ်ကောင်းနဲ့ ချင်းက အပူအစပ်ဆိုတော့ အစာအိမ်နာတာကို အားပေးစေပါတယ်။

    ၅။ ဆန်ပြုတ်ပြုတ်လျှင် အိုးထဲကို ဆန်နဲ့ ရေတခါထဲ အများကြီး ထည့်မပြုတ်ရပါ။ ပုံမှန် ထမင်းပေါင်းအိုးတည်သလိုပဲ ရေကို ထည့်ပြီး တည်ပါ။ ရေခမ်းသွားရင် ရေနွေးလေး ထပ်ဖြည့်ပေးပါ။ ထပ်ခါထပ်ခါ ဖြည့်ပေးပြီး တဖြေးဖြေးပြဲ လာရင် ဇွန်းနဲ့ဖြစ်စေ ကြက်ဥခေါက်တံနဲ့ဖြစ်စေ ဖိပြီး ခေါက်ပြီး ကြေအောင် လိုက်ခြေပေးပါ။ ဒီနည်းက ဆန်စေ့တွေ အမြန်ကျေပြီး ပြဲပြီး ဆန်ပြုတ် အမြန်ကျက်တဲ့နည်းပါ။

    ၆။ ဆန်ပြုတ်ပြုတ်မယ်ဆိုလျှင် ရေနွေးအိုးတစ်လုံးတော့ အရင်တည်ထားပါ။ ရေထည့်ဖို့လိုတိုင်း ရေနွေးကိုသာ ထည့်ပါ။ ရေအေးကို မထည့်ရပါ။

    ၇။ အသားဆန်ပြုတ်ဆိုလျှင် အသားတွေ နူးအိပြဲလျှင် အိုးထဲက ဆယ်ပြီး နုတ်နုတ်စင်းပြီးမှ ပြန်ထည့်ပါ။

    ၈။ နို့ဆန်ပြုတ်ဆိုလျှင်တော့ ဆန်နဲ့ ရေကို အရင်ပြုတ်ပြီးမှ ပျစ်ပျစ်နှစ်နှစ် ကျိုချက်ထားတဲ့ နွားနို့ဖြစ်စေ သန့်ရှင်းလတ်ဆတ်တဲ့ နို့မှုန့်ဖြစ်စေ ထည့်ပြီးမှ အရသာအတွက် သကြားနဲ့ဆားကို ထည့်ပါ။

    ၉။ ပုံမှန်လူတွေဆိုရင်တော့ အသားဆန်ပြုတ်ထဲမှာ ကြက်သွန်နီဖြူ ဆီချက်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊မုန့်ဖက်ခြောက်ကြော်၊ အီကြာကွေး စသဖြင့် ထည့်စားနိုင်ပါတယ်။

    အစာအိမ်သမားများကတော့ ရိုးရိုးအဖြူထည်ပဲစားတာ ပိုသင့်တော်ပါတယ်။

    Credit-

    လှိုင်လှိုင်

    အိမ်ရှင်မ

    (Zawgyi)

    အသားဆန္ျပဳတ္ကို အညႇီနံ႔ကင္းေအာင္ ျပဳတ္နည္း

    ဆန္ျပဳတ္

    အသားဆန္ျပဳတ္ ျပဳတ္မယ္ဆိုရင္ အသားညႇီနံ႔ သက္သာေအာင္ ဒီနည္းေလးေတြနဲ႔ ျပဳတ္ၾကည့္ပါ။

    ၁။ အ႐ိုးနဲ႔ပဲျဖစ္ျဖစ္ အသားနဲ႔ပဲျဖစ္ျဖစ္ ျပဳတ္မည္ဆိုလွ်င္ အသားေတြ အ႐ိုးေတြကို ျပဳတ္မယ့္ အိုးထဲသို႔ ေရနဲ႔ ေသခ်ာ ေဆးေၾကာ သန႔္စင္ၿပီး ထည့္ပါ။ ဆားအနည္းငယ္ ထည့္ၿပီး အိုးထဲမွာ ေရေျခာက္သြားၿပီး အသားတင္းသည္အထိ အရင္လွိမ့္ေပးပါ။ အသားေတြကို ေရထပ္ထည့္စရာမလိုပါ။သူ႔ေရနဲ႔သူ ခမ္းသြားၿပီး အသားေလးေတြ တင္းၿပီး အစိမ္းနံ႔ ေပ်ာက္ၿပီး ေမႊးလာသည္ အထိပါ။ ၿပီးမွ အသင့္ေဆးထားတဲ့ ဆန္ကို ထည့္ၿပီး ေရာျပဳတ္ပါ။ အဲ့နည္းအတိုင္းျပဳတ္ၾကည့္ပါ။ အစိမ္းနံ႔ အညႇီနံ႔ အေတာ္သက္သာၿပီး ေမႊးေနပါလိမ့္မယ္။

    ၂။ ေနာက္တနည္းက အ႐ိုးျဖစ္ေစ အသားျဖစ္ေစ ျပဳတ္မယ့္အိုးထဲမွာ ေရနဲ႔ ေသခ်ာေဆးေၾကာ သန႔္စင္ၿပီး ထည့္ပါ။ ၿပီးရင္ ေရကို အသားျမဳပ္႐ုံံ ထည့္ၿပီး သုံးမိနစ္ခန္႔ တည္ေပးလိုက္ပါ။ အနည္းငယ္ ပြက္စျပဳၿပီး ပြက္ေရအေပၚမွာ အနည္ဖတ္ေတြ တက္လာတာ ေတြ႕ရပါလိမ့္မယ္။ အဲ့ဒီပထမေရကို အကုန္ သြန္ပစ္လိုက္ပါ။ အ႐ိုးနဲ႔ အသားကို ေရနဲ႔ ေသခ်ာ ျပန္သန္႔စင္ ေဆးေၾကာၿပီးမွ ဒုတိယေရ ထည့္ၿပီး ျပန္ျပဳတ္ပါ။အသားရဲ႕အညႇီနံ႔ ပိုသက္သာပါလိမ့္မယ္။

    ၃။ ေနာက္ၿပီး ဆန္ျပဳတ္ ျပဳတ္မယ္ဆိုလွ်င္ သာမန္လူေတြ အတြက္ဆိုလွ်င္ေတာ့ ပုံမွန္ဆိုရင္ ရွမ္းဆန္အေကာင္းစား (သို႔) ေပၚဆန္းေမႊးအေကာင္းစားကို ပိုမိုေစးပ်စ္ေစရန္အတြက္ေကာက္ညႇင္းဆန္နဲ႔ ေလးအခ်ိဳးတစ္ (၄:၁) စပ္ၿပီး ပိုေမႊးေအာင္ ေလွာ္ၿပီးမွ ျဖစ္ေစ ဒီအတိုင္း အျဖဴထည္ျဖစ္ေစ ျပဳတ္ၾကပါတယ္။

    အစာအိမ္သမားမ်ားအတြက္ ဆိုလွ်င္ေတာ့ ေကာက္ညႇင္းဆန္ကို မေရာပါနဲ႔။ ႐ိုး႐ိုးေပၚဆန္းအေကာင္းဆုံးနဲ႔သာ အျဖဴထည္ျပဳတ္ပၚ။

    ၄။ အစာအိမ္သမားမ်ားအတြက္ ဆန္ျပဳတ္ျပဳတ္လွ်င္ င႐ုတ္ေကာင္းမႈန႔္တို႔ ဂ်င္းတို႔ မထည့္ရပါ။ ၾကက္သြန္ျဖဴ ႀကိဳက္လွ်င္ ထည့္ႏိုင္ပါသည္။ င႐ုတ္ေကာင္းနဲ႔ ခ်င္းက အပူအစပ္ဆိုေတာ့ အစာအိမ္နာတာကို အားေပးေစပါတယ္။

    ၅။ ဆန္ျပဳတ္ျပဳတ္လွ်င္ အိုးထဲကို ဆန္နဲ႔ ေရတခါထဲ အမ်ားႀကီး ထည့္မျပဳတ္ရပါ။ ပုံမွန္ ထမင္းေပါင္းအိုးတည္သလိုပဲ ေရကို ထည့္ၿပီး တည္ပါ။ ေရခမ္းသြားရင္ ေရေႏြးေလး ထပ္ျဖည့္ေပးပါ။ ထပ္ခါထပ္ခါ ျဖည့္ေပးၿပီး တေျဖးေျဖးၿပဲ လာရင္ ဇြန္းနဲ႔ျဖစ္ေစ ၾကက္ဥေခါက္တံနဲ႔ျဖစ္ေစ ဖိၿပီး ေခါက္ၿပီး ေၾကေအာင္ လိုက္ေျခေပးပါ။ ဒီနည္းက ဆန္ေစ့ေတြ အျမန္ေက်ၿပီး ၿပဲၿပီး ဆန္ျပဳတ္ အျမန္က်က္တဲ့နည္းပါ။

    ၆။ ဆန္ျပဳတ္ျပဳတ္မယ္ဆိုလွ်င္ ေရေႏြးအိုးတစ္လုံးေတာ့ အရင္တည္ထားပါ။ ေရထည့္ဖို႔လိုတိုင္း ေရေႏြးကိုသာ ထည့္ပါ။ ေရေအးကို မထည့္ရပါ။

    ၇။ အသားဆန္ျပဳတ္ဆိုလွ်င္ အသားေတြ ႏူးအိၿပဲလွ်င္ အိုးထဲက ဆယ္ၿပီး ႏုတ္ႏုတ္စင္းၿပီးမွ ျပန္ထည့္ပါ။

    ၈။ ႏို႔ဆန္ျပဳတ္ဆိုလွ်င္ေတာ့ ဆန္နဲ႔ ေရကို အရင္ျပဳတ္ၿပီးမွ ပ်စ္ပ်စ္ႏွစ္ႏွစ္ က်ိဳခ်က္ထားတဲ့ ႏြားႏို႔ျဖစ္ေစ သန႔္ရွင္းလတ္ဆတ္တဲ့ ႏို႔မႈန႔္ျဖစ္ေစ ထည့္ၿပီးမွ အရသာအတြက္ သၾကားနဲ႔ဆားကို ထည့္ပါ။

    ၉။ ပုံမွန္လူေတြဆိုရင္ေတာ့ အသားဆန္ျပဳတ္ထဲမွာ ၾကက္သြန္နီျဖဴ ဆီခ်က္၊ င႐ုတ္ေကာင္းမႈန႔္၊ ၾကက္သြန္ၿမိတ္၊မုန႔္ဖက္ေျခာက္ေၾကာ္၊ အီၾကာေကြး စသျဖင့္ ထည့္စားႏိုင္ပါတယ္။

    အစာအိမ္သမားမ်ားကေတာ့ ႐ိုး႐ိုးအျဖဴထည္ပဲစားတာ ပိုသင့္ေတာ္ပါတယ္။

    Credit-

    လႈိင္လႈိင္

    အိမ္ရွင္မ

  • ခြချေးဖြင့် သဘာဝမြေသြဇာ ပြုလုပ်နည်း။

    (Unicode)

    ခြချေးဖြင့် သဘာဝမြေသြဇာ ပြုလုပ်နည်း

    “ဘဒ္ဒဇီဝမြေသြဇာ” ပြုလုပ်နည်း သုံးစွဲနည်း

    ခြချေး ၅ ဘူး။ ဆန် ၁ပြည်ကို ခပ်မာမာလေးချက်ပေးပါ။ ချက်ပြီး အေးသွားသေအခါ ခြချေးနှင့်နယ်ပြီးပုံးတလုံးထဲ ထည့်ပါ။ သုံးရက်သိမ်းထာပါ။ ပြီးရင် ရေ လီတာ ၅၀.ထည့်ဖြည့်ကာ ၇ ရက်ထားပြီး အသုံးပြုလို့ရပါပြီ။ အသုံးပြုရင် နို့ဆီဘူးတစ်ဘူးကို ရေ ၂၀.လီတာဖြင့် မည်သည့် သီးနှံပင်မဆို အသုံးပြုလို့ ရပါပြီ။

    ဟင်းသီးဟင်းရွက် အသုံးပြုမယ်ဆိုရင် ငှက်ပျောပင်နုနု ကဇွန်းရွက် ဗေဒါ အရွက်နုနု တွေ (၂) ပိသာလောက်နဲ့ ရောစပ်စိမ်ပြီး အသုံးပြုလို့ရပါတယ်။ စပါး၊ ကြံ ၊ ပြောင်း၊ စပျစ်၊ ဘူး၊ ဖရုံ၊ သခွား ၊ ဖရဲဆိုရင် ငှက်ပျောဖူးထွက်စ အပင်အူတိုင်နှင့် အဖူးကို ယူ(၂.ကီလို့ခန့်) ထည့်စိမ်ပြီး အသုံးပြုပါ။ ကြက်သွန်၊ အာလူး၊ မြေပဲ၊ ပီနှံဥ၊ ကန်ဇွန်းဥစသည်တို့ကို ငှက်ပျောခေါင်းဖြင့် အသုံးပြုနိုင်ပါသည်။

    ဘဒ္ဒ ဇီဝမြေသြဇာမှာ ပါဝင်တဲ့ သက်ရှိဇီဝများမှာ ထရိုင်ကိုဒမာ ပရိုတိုစိုဝါ မိုင်ကိုလိုင်လာတို့ပဲဖြစ်ကြပါတယ်။ ထရိုင်ကိုဒမာသည် အပင်တွေမှာ ဖြစ်တတ်တဲ့ မှိုအမျိုမျိုးတို့ကိုလည်း ကာကွယ်စေနိုင်ပါသည်။ ပရိုတိုစိုဝါသည် အမှိုက်များကို အလွယ်တကူ ဆွေးမြေ့ရလွယ်ကူစေပါသည်။ မိုင်ကိုလိုင်ဇာသည် အပင်များ အဟာရ ချို့တဲ့ခြင်း အသီးမအောင်ခြင်း အရွက်ဝါခြင်း အရွက်တွန်လိပ်ခြင်း အပင်ကြီးထွားမှု နှေးကွေးခြင်းတို့ကို ကာကွယ်စေနိုင်ပါတယ်။

    “ဘဒ္ဒ ဇီဝမြေသြဇာ”သည် ထပ်ခါထပ်ခါ ပြုလုပ်စရာမလိုပဲ ကုန်ခါနီးပါးဆိုရင် ထမင်း ၁ပြည်ချက် ပြန်ထည့်ပါ။ ရေ.လီတာ၅ဝ. ပြန်ထည့်ပြီး ၇.ရက် ထပ်ထားရင် နောက်ထပ် အသစ် ဘဒ္ဒ ဇီဝမြေသြဇာကို ပြန်လည်ရရှိမှာဖြစ်ပါကြောင်း သတင်ကောင်းပါးအပ်ပါတယ် ခင်ဗျာ။

    မူရင်း ရှာဖွေ တင်ပြသူ “ဘဒ္ဒ ကမ္ဘာ” (ကိုနိူင်လင်း)အား လေးစား ဂုဏ်ယူလျှက်ပါ။

    Credit-ZG

    (Zawgyi)

    ျခေခ်းျဖင့္ သဘာဝေျမၾသဇာ ျပဳလုပ္နည္း

    “ဘဒၵဇီဝေျမၾသဇာ” ျပဳလုပ္နည္း သုံးစြဲနည္း

    ျခေခ်း ၅ ဘူး။ ဆန္ ၁ျပည္ကို ခပ္မာမာေလးခ်က္ေပးပါ။ ခ်က္ၿပီး ေအးသြားေသအခါ ျခေခ်းႏွင့္နယ္ၿပီးပုံးတလုံးထဲ ထည့္ပါ။ သုံးရက္သိမ္းထာပါ။ ၿပီးရင္ ေရ လီတာ ၅၀.ထည့္ျဖည့္ကာ ၇ ရက္ထားၿပီး အသုံးျပဳလို႔ရပါၿပီ။ အသုံးျပဳရင္ ႏို႔ဆီဘူးတစ္ဘူးကို ေရ ၂၀.လီတာျဖင့္ မည္သည့္ သီးႏွံပင္မဆို အသုံးျပဳလို႔ ရပါၿပီ။

    ဟင္းသီးဟင္း႐ြက္ အသုံးျပဳမယ္ဆိုရင္ ငွက္ေပ်ာပင္ႏုႏု ကဇြန္း႐ြက္ ေဗဒါ အ႐ြက္ႏုႏု ေတြ (၂) ပိသာေလာက္နဲ႔ ေရာစပ္စိမ္ၿပီး အသုံးျပဳလို႔ရပါတယ္။ စပါး၊ ႀကံ ၊ ေျပာင္း၊ စပ်စ္၊ ဘူး၊ ဖ႐ုံ၊ သခြား ၊ ဖရဲဆိုရင္ ငွက္ေပ်ာဖူးထြက္စ အပင္အူတိုင္ႏွင့္ အဖူးကို ယူ(၂.ကီလို႔ခန႔္) ထည့္စိမ္ၿပီး အသုံးျပဳပါ။ ၾကက္သြန္၊ အာလူး၊ ေျမပဲ၊ ပီႏွံဥ၊ ကန္ဇြန္းဥစသည္တို႔ကို ငွက္ေပ်ာေခါင္းျဖင့္ အသုံးျပဳႏိုင္ပါသည္။

    ဘဒၵ ဇီဝေျမၾသဇာမွာ ပါဝင္တဲ့ သက္ရွိဇီဝမ်ားမွာ ထ႐ိုင္ကိုဒမာ ပ႐ိုတိုစိုဝါ မိုင္ကိုလိုင္လာတို႔ပဲျဖစ္ၾကပါတယ္။ ထ႐ိုင္ကိုဒမာသည္ အပင္ေတြမွာ ျဖစ္တတ္တဲ့ မႈိအမ်ိဳမ်ိဳးတို႔ကိုလည္း ကာကြယ္ေစႏိုင္ပါသည္။ ပ႐ိုတိုစိုဝါသည္ အမႈိက္မ်ားကို အလြယ္တကူ ေဆြးေျမ့ရလြယ္ကူေစပါသည္။ မိုင္ကိုလိုင္ဇာသည္ အပင္မ်ား အဟာရ ခ်ိဳ႕တဲ့ျခင္း အသီးမေအာင္ျခင္း အ႐ြက္ဝါျခင္း အ႐ြက္တြန္လိပ္ျခင္း အပင္ႀကီးထြားမႈ ေႏွးေကြးျခင္းတို႔ကို ကာကြယ္ေစႏိုင္ပါတယ္။

    “ဘဒၵ ဇီဝေျမၾသဇာ”သည္ ထပ္ခါထပ္ခါ ျပဳလုပ္စရာမလိုပဲ ကုန္ခါနီးပါးဆိုရင္ ထမင္း ၁ျပည္ခ်က္ ျပန္ထည့္ပါ။ ေရ.လီတာ၅ဝ. ျပန္ထည့္ၿပီး ၇.ရက္ ထပ္ထားရင္ ေနာက္ထပ္ အသစ္ ဘဒၵ ဇီဝေျမၾသဇာကို ျပန္လည္ရရွိမွာျဖစ္ပါေၾကာင္း သတင္ေကာင္းပါးအပ္ပါတယ္ ခင္ဗ်ာ။

    မူရင္း ရွာေဖြ တင္ျပသူ “ဘဒၵ ကမာၻ” (ကိုႏိူင္လင္း)အား ေလးစား ဂုဏ္ယူလွ်က္ပါ။

    Credit-ZG

  • နေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ယတြာ။

    (Unicode)

    နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ

    မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေးနှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။

    တနင်္ဂနွေနေ့ဖွားများသည်

    အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။

    တနင်္လာနေ့ဖွားများသည်

    အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။ ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေးရ၏။ သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။

    အင်္ဂါနေ့ဖွားများသည်

    အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။ ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။

    ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်

    အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊၇၂နှစ်၊ ၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။ယတြာအားဖြင့် ယပ်လှူရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။ စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။

    ကြာသာပတေးနေ့ဖွားတို့သည်

    အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း၊ ငါးသိန်း စသည်ဖြင့် မိမိတို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။ တစ်နေရာတည်းတွင် မပစ်ဘဲငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။

    သောကြာနေ့ဖွားတို့သည်

    အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။ ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။ တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။ ဝေယျာဝစ္စကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့ လှူရ၏။

    စနေနေ့ဖွားတို့သည်

    အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။ ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။ သူတစ်ပါး၏ ဝန်စည်စလွယ်တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။

    ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ်မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။၇ခုစား ၈ခုစား ဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။

    ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ရပါတယ်။ အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေးပေးထားခြင်း ဖြစ်ပါတယ်။

    တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ဒါကို အထူးသတိပြုပါ။ သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး ၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။ (မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)

    Credit-

    လေးစားစွာဖြင့်

    ကိုဖုန်း၊ သုတေသီဝေသာလီမောင်ဖုန်း၊ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

    (Zawgyi)

    ေန႔နံအလိုက္ ကံဇာတာ နိမ့္ပါးေမွးမွိန္တတ္ေသာ အသက္အ႐ြယ္မ်ား

    ေမြးနံအလိုက္ အသက္အ႐ြယ္အလိုက္ ကံဇာတာနိမ့္ပါးတတ္ခ်ိန္မ်ား (ကေလးသူငယ္မ်ားမွာေတာ့ က်န္းမာေရးႏွင့္ ပညာေရး) အားနည္းတတ္ခ်ိန္မ်ားကို အလြယ္တကူ ၾကည့္ရႈသိရွိႏိုင္ၿပီး ဆိုင္ရာယၾတာပိုင္းေလးေတြကိုလည္း ျပဳလုပ္ႏိုင္ေအာင္ တင္ျပေပးလိုက္ပါတယ္။ ျမန္မာ့႐ိုးရာ ေသသဝိဇၨာပညာရပ္အရ သုံးသပ္ တင္ျပေပးထားျခင္း ျဖစ္ပါတယ္ခင္ဗ်ား။

    တနဂၤေႏြေန႔ဖြားမ်ားသည္

    အသက္အားျဖင့္ ၆ႏွစ္၊ ၁၃ႏွစ္၊ ၂၀ႏွစ္၊ ၂၇ႏွစ္၊ ၃၄ႏွစ္၊ ၄၁ႏွစ္၊ ၄၈ႏွစ္၊၅၅ႏွစ္၊ ၆၂ႏွစ္၊ ၆၉ႏွစ္၊၇၆ႏွစ္၊ ၈၃ႏွစ္၊ ၉၀ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္တတ္ပါသည္။ယၾတာအားျဖင့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးႏွင့္ အစာအာဟာရ လႈဒါန္းျခင္း၊ အေဝးရွိ အမ်ိဳးသား အႀကီးအကဲ တစ္ဦးကို ေက်းဇူးျပဳျခင္း၊ ကန္ေတာ့ျခင္း ျပဳေပးရပါသည္။

    တနလၤာေန႔ဖြားမ်ားသည္

    အသက္အားျဖင့္ ၇ႏွစ္၊ ၁၄ႏွစ္၊ ၂၁ႏွစ္၊ ၂၈ႏွစ္၊ ၃၅ႏွစ္၊ ၄၂ႏွစ္၊ ၄၉ႏွစ္ ၊ ၅၆ႏွစ္၊ ၆၃ႏွစ္၊ ၇၀ႏွစ္ ၊၇၇ႏွစ္၊ ၈၄ ႏွစ္၊ ၉၁ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။ ယၾတာအားျဖင့္ ေရအရွင္ (စီးေနေသာ ျမစ္ေရ..ေခ်ာင္းေရ) တြင္ ငါးလႊတ္ေပးရ၏။ သန႔္ရွင္းေရး ကုသိုလ္မ်ား ျပဳေပးရ၏။ က်န္းမာသူျဖစ္လွ်င္ ေသြးလႉေပးျခင္းသည္ အထိေရာက္ဆုံး ယၾတာျဖစ္၏။

    အဂၤါေန႔ဖြားမ်ားသည္

    အသက္အားျဖင့္ ၁ႏွစ္ ၊ ၈ႏွစ္၊ ၁၅ႏွစ္၊ ၂၂ႏွစ္၊ ၂၉ႏွစ္၊ ၃၆ႏွစ္၊ ၄၃ႏွစ္၊ ၅၀ႏွစ္၊ ၅၇ႏွစ္၊ ၆၄ႏွစ္၊၇၁ႏွစ္၊ ၇၈ႏွစ္၊ ၈၅ႏွစ္၊ ၉၂ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။ ယၾတာအားျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေလာင္စာလႉရ၏။ ထင္း/မီးေသြး/မီးခတ္/မီးဖို စသည္ျဖင့္ လႉႏိုင္၏။ နာရီ ျပကၡဒိန္ စသည္တို႔ကို လႉေပးရ၏။

    ဗုဒၶဟူး/ရာဟုေန႔ဖြားမ်ားသည္

    အသက္အားျဖင့္ ၂ႏွစ္၊ ၉ႏွစ္၊ ၁၆ႏွစ္၊ ၂၃ႏွစ္၊ ၃၀ႏွစ္၊ ၃၇ႏွစ္၊ ၄၄ႏွစ္၊ ၅၁ႏွစ္၊ ၅၈ႏွစ္၊ ၆၅ႏွစ္၊၇၂ႏွစ္၊ ၇၉ႏွစ္၊ ၈၆ ႏွစ္ ၊ ၉၃ ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ေမွးမွိန္လြယ္၏။ယၾတာအားျဖင့္ ယပ္လႉရ၏။ ေလပန္ကာ၊ ေလေအးေပးစက္ စသည္လည္း လႉႏိုင္၏။ စိတ္မႏွံ႔သူတို႔ကို ကုသိုလ္ျပဳရ၏။ ဇာတာရွင္ကိုယ္တိုင္လည္း အိပ္ယာ ေျပာင္းအိပ္ရ၏။

    ၾကာသာပေတးေန႔ဖြားတို႔သည္

    အသက္အားျဖင့္ ၃ႏွစ္၊ ၁၀ႏွစ္၊ ၁၇ႏွစ္၊ ၂၄ႏွစ္၊ ၃၁ႏွစ္၊ ၃၈ႏွစ္၊ ၄၅ႏွစ္၊ ၅၂ႏွစ္၊ ၅၉ႏွစ္၊ ၆၆ႏွစ္၊၇၃ႏွစ္၊ ၈၀ႏွစ္၊ ၈၇ႏွစ္၊ ၉၄ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။ယၾတာအားျဖင့္ အဂၤါေန႔တြင္ ဆီဦးေထာပတ္ကို လႉရ၏။ ေငြငါးရာ၊ ငါးေထာင္၊ ငါးေသာင္း၊ ငါးသိန္း စသည္ျဖင့္ မိမိတို႔ တတ္ႏိုင္သမွ်ကို ပံ့သကူ ပစ္ေပးရ၏။ တစ္ေနရာတည္းတြင္ မပစ္ဘဲငါးေနရာခန႔္ ခြဲျဖန႔္ၿပီး ပံ့သကူ ပစ္ရ၏။ သန႔္ရွင္းေရးကုသိုလ္လည္း ျပဳေပးရ၏။

    ေသာၾကာေန႔ဖြားတို႔သည္

    အသက္အားျဖင့္ ၄ႏွစ္၊ ၁၁ႏွစ္၊ ၁၈ႏွစ္၊ ၂၅ႏွစ္၊ ၃၂ႏွစ္၊ ၃၉ႏွစ္၊ ၄၆ႏွစ္၊ ၅၃ႏွစ္၊ ၆၀ႏွစ္၊ ၆၇ႏွစ္၊၇၄ႏွစ္၊ ၈၁ႏွစ္၊ ၈၈ႏွစ္၊ ၉၅ႏွစ္ စေသာ အသက္ပိုင္းတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။ ယၾတာအားျဖင့္ အမႈိက္ပုံး၊ ေထြးခံ စသည္တို႔တြင္ မိမိနာမည္ေရးထိုးၿပီး သံဃာေတာ္ တို႔ကို လႉေပးရ၏။ တတ္ႏိုင္သူမ်ားအဖို႔ (မိမိနာမည္ထိုးၿပီး) ကုဋီေဆာက္လုပ္လႉဒါန္းႏိုင္၏။ ေဝယ်ာဝစၥကုသိုလ္အျဖစ္ ပတ္ဝန္းက်င္ သန႔္ရွင္းေရးကို လည္း ျပဳေပးရ၏။ ေသာ့ လႉရ၏။

    စေနေန႔ဖြားတို႔သည္

    အသက္အားျဖင့္ ၅ႏွစ္၊ ၁၂ႏွစ္၊ ၁၉ႏွစ္၊ ၂၆ႏွစ္၊ ၃၃ႏွစ္၊ ၄၀ႏွစ္၊ ၄၇ႏွစ္၊ ၅၄ႏွစ္၊ ၆၁ႏွစ္၊ ၆၈ႏွစ္၊၇၅ႏွစ္၊ ၈၂ႏွစ္၊ ၈၉ႏွစ္ တို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။ ယၾတာအားျဖင့္ သံဃာစီးဖိနပ္တို႔ကို လႈဒါန္းေပးရ၏။ ကေလးသူငယ္မ်ားကို ဒါနျပဳေပးရ၏။ ေသြးလႉရ၏။ သူတစ္ပါး၏ ဝန္စည္စလြယ္တို႔ကို မိမိမွ ေစတနာျဖင့္ ကူညီထမ္းပိုးေပးရ၏။

    ေဖာ္ျပပါအသက္ပိုင္းေတြကို ေလ့လာၾကည့္ရင္ ၇ ႏွစ္ စက္ဝိုင္းလို လည္ပတ္ေနတဲ့ ကံအားနည္းတတ္ခ်ိန္မ်ားကို သတိျပဳမိၾကလိမ့္မယ္ ထင္ပါတယ္။ မွန္ပါတယ္။ ၇ႏွစ္တစ္ခါ ကြၽန္ေတာ္တို႔ေတြ ျဖတ္သန္းေနၾက ကံအတက္အက် လႈိင္းအေပၚမွာ တြက္ခ်က္ ယူထားျခင္း ျဖစ္ပါတယ္။၇ခုစား ၈ခုစား ေဗဒင္ ဆိုၿပီးေတာ့ အထင္ေတာ့ မေသးလိုက္ၾကပါနဲ႔ ခင္ဗ်ား။

    ေရွးစဥ္က ရွင္ဘုရင္ေတြ စစ္ခ်ီစစ္တိုက္ ထြက္ရာမွာေသာ္မွ ဒီစနစ္ကေလးေတြကို မုခ် အသုံးျပဳခဲ့ရပါတယ္။ အေရးႀကီးလို႔လည္း ကြၽန္ေတာ္ ဒီမွ်အထိ အေသးစိတ္ ေသခ်ာေရးေပးထားျခင္း ျဖစ္ပါတယ္။

    တစ္ခုရွိတာက ဆိုင္ရာေန႔နံအလိုက္ ဆိုင္ရာအသက္ပိုင္းမ်ား ေရာက္တိုင္း မညံ့ပါ။ဒါကို အထူးသတိျပဳပါ။ သို႔ေသာ္ ၁၀ေယာက္မွာ ၅ေယာက္ေလာက္က သိသိသာသာကို ညံ့တတ္ပါတယ္။၃ေယာက္ေလာက္ မသိမသာေလာက္သာ ျဖစ္ႏိုင္ၿပီး ၂ေယာက္ေလာက္ကေတာ့ လုံး၀ လြတ္လြတ္ကင္းကင္း ျဖစ္တတ္ပါတယ္။ (မူလဇာတာ၊ ျဖတ္သန္းဆဲဒသာနဲ႔ အမည္မ်ားအရ ကြာျခားသြားတာ ျဖစ္ပါတယ္။)

    Credit-

    ေလးစားစြာျဖင့္

    ကိုဖုန္း၊ သုေတသီေဝသာလီေမာင္ဖုန္း၊ ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

  • ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း။

    (Unicode)

    ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း

    အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကို ရိုးရိုးပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် ပဲငံပြာရည်နဲ့ ရောပြုတ်ထားတဲ့ ဆေးကြက်ဥအငန် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ကြက်ဥနဲ့ ပဲငံပြာရည်ပဲ လိုအပ်တဲ့အပြင် ပြုလုပ်နည်းက အလွယ်လေးပဲမို့ မိမိအိမ်မှာ အလွယ်တကူပြုတ်စားနိုင်ပါတယ်။

    ပါဝင်ပစ္စည်းများ-

    ကြက်ဥ၄ လုံး၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း။

    ပြုလုပ်နည်း အဆင့်ဆင့်-

    ၁။ ကြက်ဥ ၄ လုံးကို အနှစ် မကျက်တကျက်လေး စားချင်ပါက ၅ မိနစ် ပြုတ်ပါ။ ကြက်ဥအနှစ် ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥပြုတ်များကို ရေခဲရေထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အခွံခွာလိုက်လို့ရပါပြီ။ (ရေခဲရေထဲ ထည့်ထားပါက အခွံခွာရတာ ပိုမိုလွယ်ကူပါတယ်။)

    ၂။ အိုးအသေး တစ်လုံးကို အပူပေးပြီး ပဲငံပြာရည်များ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ပဲငံပြာရည် ဆူလာပါက မီးပိတ်ပြီးနောက် ကြက်ဥပြုတ်များထည့်ကာ ပဲငံပြာရည်များ နှံ့စပ်သွားအောင်လို့ ယောင်းမဖြင့် အသာအယာမွှေပေးလိုက်ပါ။ ဆား အရမ်းငန်တာမျိုး မကြိုက်ဘူးဆိုရင်တော့ တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ မွှေပေးရပါမယ်။ ဆား လေးလေးပင်ပင် စားချင်တယ်ဆိုရင်တော့ ၅ မိနစ်ခန့် မွှေပေးရပါမယ်။

    ၃။ မွှေပြီးသွားရင်တော့ ကြက်ဥရော ပဲငံပြာရည်တွေကိုပါ ခြောက်သွေ့တဲ့ ဖန်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ဖုံးထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။အနည်းဆုံး ၆ နာရီခန့် စိမ်ပြီးသွားတဲ့အခါမှာတော့ ဆေးကြက်ဥအငန်လေး ရရှိသွားပါပြီ။

    Source: Thespruceeats. com

    Credit-MyFood Myanmar

    (Zawgyi)

    ပဲငံျပာရည္ ေဆးၾကက္ဥအငန္ ျပဳလုပ္နည္း

    အားလုံးပဲ မဂၤလာပါ။ ၾကက္ဥကို ႐ိုး႐ိုးျပဳတ္စားရတာ ၿငီးေငြ႕ေနသူမ်ားအတြက္ ပဲငံျပာရည္နဲ႔ ေရာျပဳတ္ထားတဲ့ ေဆးၾကက္ဥအငန္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ပါဝင္ပစၥည္းကလည္း ၾကက္ဥနဲ႔ ပဲငံျပာရည္ပဲ လိုအပ္တဲ့အျပင္ ျပဳလုပ္နည္းက အလြယ္ေလးပဲမို႔ မိမိအိမ္မွာ အလြယ္တကူျပဳတ္စားႏိုင္ပါတယ္။

    ပါဝင္ပစၥည္းမ်ား-

    ၾကက္ဥ၄ လုံး၊ ပဲငံျပာရည္ စားပြဲတင္ဇြန္း ၅ ဇြန္း။

    ျပဳလုပ္နည္း အဆင့္ဆင့္-

    ၁။ ၾကက္ဥ ၄ လုံးကို အႏွစ္ မက်က္တက်က္ေလး စားခ်င္ပါက ၅ မိနစ္ ျပဳတ္ပါ။ ၾကက္ဥအႏွစ္ က်က္ေစခ်င္တယ္ဆိုရင္ေတာ့ ၁၀ မိနစ္ခန႔္ ျပဳတ္ေပးလိုက္ပါ။ ထို႔ေနာက္ ၾကက္ဥျပဳတ္မ်ားကို ေရခဲေရထဲ ထည့္ကာ အေအးခံထားလိုက္ပါ။ ၿပီးရင္ေတာ့ အခြံခြာလိုက္လို႔ရပါၿပီ။ (ေရခဲေရထဲ ထည့္ထားပါက အခြံခြာရတာ ပိုမိုလြယ္ကူပါတယ္။)

    ၂။ အိုးအေသး တစ္လုံးကို အပူေပးၿပီး ပဲငံျပာရည္မ်ား ဆူပြက္လာသည္အထိ တည္ထားလိုက္ပါ။ ပဲငံျပာရည္ ဆူလာပါက မီးပိတ္ၿပီးေနာက္ ၾကက္ဥျပဳတ္မ်ားထည့္ကာ ပဲငံျပာရည္မ်ား ႏွံ႔စပ္သြားေအာင္လို႔ ေယာင္းမျဖင့္ အသာအယာေမႊေပးလိုက္ပါ။ ဆား အရမ္းငန္တာမ်ိဳး မႀကိဳက္ဘူးဆိုရင္ေတာ့ တစ္မိနစ္၊ ႏွစ္မိနစ္ခန႔္သာ ေမႊေပးရပါမယ္။ ဆား ေလးေလးပင္ပင္ စားခ်င္တယ္ဆိုရင္ေတာ့ ၅ မိနစ္ခန႔္ ေမႊေပးရပါမယ္။

    ၃။ ေမႊၿပီးသြားရင္ေတာ့ ၾကက္ဥေရာ ပဲငံျပာရည္ေတြကိုပါ ေျခာက္ေသြ႕တဲ့ ဖန္ပုလင္းထဲထည့္ကာ အဖုံးလုံေအာင္ ဖုံးထားၿပီးေနာက္ ေရခဲေသတၱာထဲ ထည့္သိမ္းထားလိုက္ပါ။အနည္းဆုံး ၆ နာရီခန႔္ စိမ္ၿပီးသြားတဲ့အခါမွာေတာ့ ေဆးၾကက္ဥအငန္ေလး ရရွိသြားပါၿပီ။

    Source: Thespruceeats. com

    Credit-MyFood Myanmar

  • ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား။

    (Unicode)

    ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။ အကျိုးအပစ် ရှိပါသလား။

    ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုဒ်မှာ ခြေနင်း၊ ဖိနပ် စီးထားသောသူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့်မရဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဖိနပ်မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လျှင် ဖိနပ်ချွတ်ဝင်ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ သီးသန့် သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။ ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်ပါဘူး။ ဒါနအကျိုးရတယ်၊ သကစ္စအကျိုး မရပါဘူး။

    သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစား လှူတာကို ပြောတာပါ။ ဒါနအကျိုးကြောင့် ကြွယ်ဝမယ်၊အခြွေအရံ ပေါမယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံကအစ ကိုယ့်ကို မလေးစားဘူးပေါ့။ လူလေးစား မခံရဘူးပေါ့။ ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာ အဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်းကိုရေစက်ချတဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ ကန်တော့ခန်းပြီးတာတောင် သီလမပေးဘူးတဲ့။ ဘာလို့လဲဆိုတော့ ဘကြီးတော်ဟာ ထိခြင်းငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံးခံထားလို့တဲ့။ ခေါင်းအုံးဖယ်ပြီးတာတောင် ရှိခိုးတာ အ ချိုးကျမှ သီလပေးသတဲ့ဗျာ။

    Credit-မင်္ဂလာသတင်းစဉ်

    (Zawgyi)

    ရဟန္းသံဃာကို လႉရင္ ဖိနပ္ခြၽတ္ၿပီးမွ လႉရတယ္လို႔ မိဘဆရာမ်ားက သင္ခဲ့ၾကပါတယ္။ ဖိနပ္မခြၽတ္ပဲ လႉခဲ့ရင္ အလႉေျမာက္ပါသလား။ အက်ိဳးအပစ္ ရွိပါသလား။

    ရဟန္းေတြရဲ႕ ၂၂၇ သြယ္ေသာ သိကၡာပုဒ္မွာ ေျခနင္း၊ ဖိနပ္ စီးထားေသာသူကို တရားမေဟာရဟု ပါရွိပါတယ္။ ဒါေၾကာင့္ အကယ္၍ မိမိမွ ဖိနပ္မခြၽတ္ပဲ လႈဒါန္းရင္ အလႈခံ ရဟန္းမွ တရားေဟာေျပာျခင္လွ်င္ေတာင္မွ ေဟာေျပာခြင့္မရျဖစ္ေနမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ဖိနပ္မစီးသင့္ပါဘူး။ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း ဝင္လွ်င္ ဖိနပ္ခြၽတ္ဝင္ၾကေသာ သေဘာတရားနဲ႔ အတူတူပါပဲ။ သာသနာေတာ္မွာ သီးသန႔္ သတ္မွတ္ (ဖိနပ္ခြၽတ္ရမည္ဟု) ထားတာ မေတြ႕ရွိပါ။ ဖိနပ္မခြၽတ္လည္း အလႉေတာ့ေျမာက္တယ္။ ဒါေပမယ့္ သကၠစၥ မျဖစ္ပါဘူး။ ဒါနအက်ိဳးရတယ္၊ သကစၥအက်ိဳး မရပါဘူး။

    သကၠစၥဆိုတာ ႐ို႐ိုေသေသလႉတာ ေလးေလးစားစား လႉတာကို ေျပာတာပါ။ ဒါနအက်ိဳးေၾကာင့္ ႂကြယ္ဝမယ္၊အေႁခြအရံ ေပါမယ္။ ဒါေပမယ့္ သကၠစၥ မျဖစ္ေတာ့ အေႁခြအရံကအစ ကိုယ့္ကို မေလးစားဘူးေပါ့။ လူေလးစား မခံရဘူးေပါ့။ ဘႀကီးေတာ္မင္းနဲ႔ မယ္ႏုတို႔ဟာ အဖိုး၃သိန္းတန္တဲ့ အုတ္ေက်ာင္းကိုေရစက္ခ်တဲ့ေန႔မွာ ဆရာေတာ္ဦးဗုဓ္ဟာ ကန္ေတာ့ခန္းၿပီးတာေတာင္ သီလမေပးဘူးတဲ့။ ဘာလို႔လဲဆိုေတာ့ ဘႀကီးေတာ္ဟာ ထိျခင္းငါးပါးနဲ႔ မရွိခိုးပဲ ေခါင္းအုံးခံထားလို႔တဲ့။ ေခါင္းအုံးဖယ္ၿပီးတာေတာင္ ရွိခိုးတာ အ ခ်ိဳးက်မွ သီလေပးသတဲ့ဗ်ာ။

    Credit-မဂၤလာသတင္းစဥ္

    ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။ အကျိုးအပစ် ရှိပါသလား။

    ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုဒ်မှာ ခြေနင်း၊ ဖိနပ် စီးထားသောသူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့်မရဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဖိနပ်မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လျှင် ဖိနပ်ချွတ်ဝင်ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ သီးသန့် သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။ ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်ပါဘူး။ ဒါနအကျိုးရတယ်၊ သကစ္စအကျိုး မရပါဘူး။

    သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစား လှူတာကို ပြောတာပါ။ ဒါနအကျိုးကြောင့် ကြွယ်ဝမယ်၊အခြွေအရံ ပေါမယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံကအစ ကိုယ့်ကို မလေးစားဘူးပေါ့။ လူလေးစား မခံရဘူးပေါ့။ ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာ အဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်းကိုရေစက်ချတဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ ကန်တော့ခန်းပြီးတာတောင် သီလမပေးဘူးတဲ့။ ဘာလို့လဲဆိုတော့ ဘကြီးတော်ဟာ ထိခြင်းငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံးခံထားလို့တဲ့။ ခေါင်းအုံးဖယ်ပြီးတာတောင် ရှိခိုးတာ အ ချိုးကျမှ သီလပေးသတဲ့ဗျာ။

    Credit-မင်္ဂလာသတင်းစဉ်