Author: shangyi

  • ပိုက်ဆံရှာရာတွင်

    (Unicode)

    ပိုက်ဆံရှာရာတွင်

    ===============

    ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။

    လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

    ပိုက်ဆံသုံးရာတွင်

    သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

    တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့
    iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

    ပိုက်ဆံစုရာတွင်

    သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

    သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကိုမြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။

    စွန့်စားရာတွင်

    ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။

    မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

    ရင်းနီးရာတွင်

    ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲ
    စုပြုံမထည့်ထားပါနဲ့။

    အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ
    အားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

    မျှော်လင့်ရာတွင်

    ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။

    သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကိုလူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။

    (Zawgyi)

    ပိုက္ဆံရွာရာတြင္

    ===============

    ဘယ္ေတာ့မွ ဝင္ေငြတစ္ခုတည္းေပၚမွာမရပ္တည္ပါနဲ႔။အျခားဒုတိယဝင္ေငြဝင္ႏိုင္ေအာင္ ရင္းႏွီးထားပါ။

    လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုထဲကို ေျခစုံပစ္ရပ္တည္ေနရင္ အဲ့ဒိဝင္ေငြရပ္တန္႔သြားတဲ့ေန႔ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ရတတ္ပါတယ္။ ဘဝမွာလည္းအားလုံး ေျဗာင္းဆန္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ဒုတိယဝင္ေငြရႏိုင္မယ့္ နည္းလမ္းကို အၿမဲရွာထားပါ။

    ပိုက္ဆံသုံးရာတြင္

    သင့္မွာမလိုအပ္တဲ့ပစၥည္းေတြဝယ္ပါမ်ားရင္ သင့္မွာလိုအပ္တဲ့ ပစၥည္းေတြ စြန္႔လႊတ္ရတတ္တယ္။

    တစ္ခ်ိဳ႕ေတြက လူသာ မခ်မ္းသာတာပါ။ ကိုင္တဲ့အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြပါခ်ည္းပဲ။ ေရရွည္ကိုမၾကည့္ပဲ ေရတိုပဲ ၾကည့္တတ္တဲ့သူမ်ိဳးေတြပါ။ သူမ်ားလုပ္တာ လိုက္လုပ္ခ်င္တယ္။ ဒါေပမယ့္ သူမ်ားလို သူမခ်မ္းသာေသးဘူးဆိုတာကို ေမ့ေနတတ္ၾကပါတယ္။ကိုယ္ကမခ်မ္းသာေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႔
    iPhone ၿပိဳင္ကိုင္တန္း သြားမကစားပါနဲ႔။ သင္ပဲရႈံးသြားပါလိမ့္မယ္။ မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့အခါ သုံးစရာမရွိျဖစ္တတ္ပါတယ္။

    ပိုက္ဆံစုရာတြင္

    သုံးၿပီးလို႔ ပိုတာကိုမစုပါနဲ႔။ စုၿပီးလို႔ ပိုတာကို သုံးပါ။

    သုံးၿပီးလို႔ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔ မလြယ္ေလာက္ပါဘူး။ ပိုက္ဆံဝင္လာရင္ အရင္ဆုံးသင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။ၿပီးမွ ပိုတာကိုသုံးပါ။ စုဆိုတာကလည္း တစ္သက္လုံးစုဘူးထဲမွာ အဲ့ဒိပိုက္ဆံကို ထားဖို႔ေျပာတာမဟုတ္ပါဘူး။ သင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။ သင့္ရဲ႕ တန္ဖိုးျမင့္ဖို႔ သင့္အရည္အခ်င္းေတြကိုျမႇင့္တင္ရပါမယ္။ အဲ့ဒိလိုလုပ္ဖို႔သင္တန္းေတြတက္ရပါမယ္။ စာအုပ္ေတြဖတ္ရပါမယ္။ အဲ့ဒိအတြက္ သင့္မွာပိုက္ဆံလိုပါတယ္။ အဲ့ဒိစုေငြေတြကို သုံးႏိုင္ပါတယ္။

    စြန္႔စားရာတြင္

    ေရအတိမ္အနက္ကို ေျခ၂ေခ်ာင္းလုံးခ်ၿပီး မစမ္းပါနဲ႔။

    မစြန္႔စားနဲ႔လိုေျပာတ မဟုတ္ပါဘူး။ မစြန္႔စားပဲနဲ႔လည္းမေအာင္ျမင္ႏိုင္ပါဘူး။ ဒါေပမယ့္ စြန္႔စားရာမွာေတာ့ပါးနပ္ဖို႔လိုပါတယ္။ အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကို ရွိသမွ်ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳးမလုပ္ပါနဲ႔။

    ရင္းနီးရာတြင္

    ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့မွျခင္းတစ္ခုထဲ
    စုၿပဳံမထည့္ထားပါနဲ႔။

    အရင္းအႏွီးလုပ္ၿပီဆိုရင္လည္း ရွိသမွ် ပိုက္ဆံေတြ
    အားလုံးကို တစ္ေနရာထဲ စုၿပဳံ မရင္းႏွီးပါနဲ႔။ လုပ္ငန္းဆိုတာ ျမတ္ႏိုင္သလို ရႈံးလည္း ရႈံးႏိုင္ပါတယ္။ အားလုံးကို တစ္ေနရာတည္း စုၿပဳံရင္းႏွီးထားရင္ ရႈံးတဲ့အခါ တစ္ျပားမွ မက်န္ျဖစ္သြားပါလိမ့္မယ္။

    ေမွ်ာ္လင့္ရာတြင္

    ႐ိုးသားျခင္းဆိုတာ ရွားပါးေစ်းႀကီးတဲ့လက္ေဆာင္မြန္တစ္ခုပါ။ ဒါ့ေၾကာင့္ ခပ္ေပါေပါလူေတြဆီက မေမွ်ာ္လင့္ပါနဲ႔။

    သင္႐ိုးသားသလို လူတိုင္း႐ိုသားမယ္လို႔ဘယ္ေတာ့မွအေသအခ်ာ တြက္မထားပါနဲ႔။ ႐ိုးသားမႈဆိုတာ ဒီေခတ္ထဲမွာ ေတာ္ေတာ္ကိုရွားပါးတဲ့ အရာပါ။ ဒါ့ေၾကာင့္ ႐ူး႐ူးမိုက္မိုက္နဲ႔ ဒီတန္ဖိုးႀကီးပစၥည္းကိုလူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႔။

    credit,copy

  • မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိနေသွားချင်ခဲ့ပါတယ်

    နေသွားချင်ခဲ့ပါတယ်

    (Unicode)

    မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်

    ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံးသူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။ သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။

    သူ့ရဲ့နေ့စဉ်ကျန်းမာရေး

    လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။ ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…

    (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်… သူ့အသက်(၅၀)အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန်ညနေ(၃း၁၅)မှာ Wikipedia,Twitterနဲ့ AOL’s instant messengerတို့ဟာ လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

    မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။ ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး
    လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့်.နေ့မအားညမနားလိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။ ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့လိုပါလိမ့်မယ်။

    တကယ်တမ်း သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။ “ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား”စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။ ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာတစ်ခုမဟုတ်ပါဘူး ပိုက်ဆံချည်းပဲချမ်းသာနေပြီး
    စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။

    တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမ ဝယ်လို့မရနိုင်တာပါပဲ။

    Credit-Original Uploader

    (Zawgyi)

    မိုက္ကယ္ဂ်က္ဆင္ဟာ အသက္(၁၅၀)ေလာက္ထိ ေနသြားခ်င္ခဲ့ပါတယ္

    ဒါေၾကာင့္ ဆံဖ်ားကေန ေျခမအဆုံးသူ႔ရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔မိသားစုဆရာဝန္ (၁၂)ေယာက္ထိ သူခန္႔ထားခဲ့တယ္။ သူေန႔စဥ္စားမယ့္ အစားအေသာက္ေတြကိုလည္း ဓာတ္ခြဲခန္းမွ ဂ႐ုတစိုက္စစ္ေဆးၿပီးမွသာ စားေသာက္ေလ့ရွိပါတယ္။

    သူ႔ရဲ႕ေန႔စဥ္က်န္းမာေရး

    ေလ့က်င့္ခန္းမ်ားကို ၾကပ္မတ္ေပးဖို႔ ဝန္ထမ္း(၁၅)ေယာက္ေလာက္ ထပ္မံခန္႔အပ္ထားခဲ့တာပါ။သူ႔ရဲ႕အိပ္ရာမွာ ေအာက္စီဂ်င္ပမာဏကို ထိန္းညႇိေပးႏိုင္တဲ့ နည္းပညာကို အသုံးျပဳထားပါတယ္။ေဆးပညာအရ အစားထိုးလို႔ရႏိုင္တဲ့ ကိုယ္လက္အဂၤါအစိတ္အပိုင္းအမ်ိဳးမ်ိဳးကို လႉဒါန္းမယ့္သူေတြကလည္း တစ္ခုခုဆို မိုက္ကယ္ဂ်က္ဆင္အတြက္ တန္းလႉႏိုင္ဖို႔ အသင့္ရွိေနပါတယ္။ သူတို႔ရဲ႕စားဝတ္ေနေရးကို မိုက္ကယ္ဂ်က္ဆင္ကပဲ ေထာက္ပံ့ေပးထားရတာျဖစ္ပါတယ္။ ဒီလိုအဖက္ဖက္က ဂ႐ုတစိုက္ျပင္ဆင္ထားၿပီးေနာက္ သူဟာ အသက္(၁၅၀)ေလာက္ထိေနသြားႏိုင္မယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ ဒါေပမယ့္ သူ မေအာင္ျမင္ခဲ့ပါဘူး…

    (၂၀၀၉)ခုႏွစ္ ၊ ဇြန္လ (၂၅)ရက္… သူ႔အသက္(၅၀)အ႐ြယ္မွာေတာ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ႏွလုံးဟာ လုံးဝအလုပ္မလုပ္ေတာ့ပါဘူး။ မိသားစုဆရာဝန္(၁၂)ေယာက္အပါအဝင္ အျခားေသာ ဆရာဝန္ႀကီးမ်ားစြာ ဝိုင္းဝန္းႀကိဳးစားခဲ့ၾကေပမယ့္ သူတို႔ဟာ မိုက္ကယ္ဂ်က္ဆင္ကို မကယ္တင္ႏိုင္ခဲ့ၾကဘူး။ (၂၅)ႏွစ္လုံးလုံး ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေျခတစ္လွမ္းေတာင္ မလွမ္းတဲ့သူတစ္ေယာက္ဟာ အသက္(၁၅၀)ျပည့္ေအာင္ေနခ်င္ေပမယ့္ မေနခဲ့ရပါဘူး။ မိုက္ကယ္ဂ်က္ဆင္ရဲ႕စ်ာပနအခမ္းအနားကို လူေပါင္း(၂)သန္းခြဲေလာက္က တိုက္႐ိုက္ၾကည့္ရႈခဲ့ၾကၿပီး ဒါဟာ ယေန႔အခ်ိန္ထိ စံခ်ိန္မွတ္တမ္းတစ္ရပ္အျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ သူကြယ္လြန္တဲ့ (၂၀၀၉)ခုႏွစ္ ၊ ဇြန္လ (၂၅)ရက္ ေဒသစံေတာ္ခ်ိန္ညေန(၃း၁၅)မွာ Wikipedia,Twitterနဲ႔ AOL’s instant messengerတို႔ဟာ လုံးဝျပတ္ေတာက္သြားသည္အထိျဖစ္ခဲ့တယ္။ လူေပါင္းရွစ္သိန္းေလာက္က Googleမွာ မိုက္ကယ္ဂ်က္ဆင္နာမည္ကို တစ္ၿပိဳင္နက္ရွာေဖြခဲ့ၾကတယ္လို႔ မွတ္တမ္းေတြကဆိုပါတယ္။

    မိုက္ကယ္ဂ်က္ဆင္ဟာ ေသျခင္းတရားကိုစိန္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ေသျခင္းတရားကသာ သူ႔ကို ျပန္လည္စိန္ေခၚသြားခဲ့ပါတယ္။ ဒီေန႔ကမာၻမွာေတာ့ ႐ုပ္ဝတၳဳပစၥည္းေတြ အံ့မခန္းတိုးတက္ထြန္းကားေနတာျဖစ္လို႔ ကြၽန္ေတာ္တို႔အားလုံးဟာ အဲဒီေနာက္ကို တေကာက္ေကာက္လိုက္ေနၾကရတယ္။ ဒါကိုမွားတယ္လို႔လည္း ေျပာလို႔မရပါဘူး။ ႐ုပ္ဝတၳဳမ်ားကို ဗဟိုျပဳၿပီး
    လည္ပတ္ေနတဲ့ကမာၻတစ္ခုျဖစ္လာတာေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အဲဒီေနာက္ကိုလိုက္ၾကရမွာပဲ။ ဒါေပမယ့္.ေန႔မအားညမနားလိုက္ေနတာကေရာ အဓိပၸါယ္ရွိပါ့မလား။ ကြၽန္ေတာ္တို႔ဟာ တစ္ပတ္ကိုတစ္ခါေလာက္ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြကို အခ်ိန္ေပးျဖစ္ခဲ့ၾကလို႔လား။ကြၽန္ေတာ္တို႔ဟာ ကိုယ္ရွာထားတဲ့ပိုက္ဆံရဲ႕ ဆယ္ပုံတစ္ပုံေလာက္ကိုေတာင္ ကိုယ့္ကိုေပ်ာ္႐ႊင္ေစမယ့္အရာေတြအတြက္ သုံးျဖစ္ခဲ့ၾကရဲ႕လား။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ကိုယ့္အတြက္ကိုယ္ အခ်ိန္နည္းနည္းေပးဖို႔ ၊ကိုယ့္ေပ်ာ္႐ႊင္မႈအတြက္ ကိုယ္ပိုက္ဆံနည္းနည္းသုံးဖို႔လိုပါလိမ့္မယ္။

    တကယ္တမ္း ေသေသခ်ာခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ပိုင္တာ ဘာမွမရွိပါဘူး။စာ႐ြက္စာတမ္းေတြေပၚမွာ ကြၽန္ေတာ္တို႔နာမည္ ခဏေလးေရးထိုးထားခြင့္ရ႐ုံနဲ႔ ကြၽန္ေတာ္တို႔ဟာ ကိုယ္ပိုင္ၿပီလို႔ အထင္ေရာက္ေနခဲ့ၾကတာပါ။ “ဒါ ငါ့အိမ္ ၊ ဒါ ငါ့ကား”စသျဖင့္ ကြၽန္ေတာ္တို႔ ေႂကြးေၾကာ္လိုက္တိုင္းမွာ ေသျခင္းကၿပဳံးေနလိမ့္မယ္ထင္ပါတယ္။ ခ်မ္းသာေအာင္လုပ္စရာမလိုဘူးလို႔ ကြၽန္ေတာ္ဆိုလိုတာမဟုတ္ပါဘူး။ ဆင္းရဲတာနဲ႔စာရင္ ခ်မ္းသာတာက အဆေပါင္းမ်ားစြာပိုေကာင္းပါတယ္။ ခ်မ္းသာတာက ျပႆနာတစ္ခုမဟုတ္ပါဘူး ပိုက္ဆံခ်ည္းပဲခ်မ္းသာေနၿပီး
    စိတ္မခ်မ္းသာရတာကသာ ျပႆနာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ကိုယ့္ဘဝကို ကိုယ့္စိတ္တိုင္းက်အသုံးခ်ဖို႔လိုပါတယ္။ ဒါမွမဟုတ္ ဘဝက ကိုယ့္ကိုျပန္ၿပီး အသုံးခ်သြားပါလိမ့္မယ္။

    တကယ္ေတာ့ ဘဝမွာေနေပ်ာ္ဖို႔အတြက္ အေရးအႀကီးဆုံးက ေရာင့္ရဲမႈ ၊ ကိုယ့္ဘဝကိုယ္စိတ္ေက်နပ္မႈနဲ႔ စိတ္ေအးခ်မ္းမႈေတြပဲျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ အဲဒီအရာေတြကို ဘယ္မွာမ ဝယ္လို႔မရႏိုင္တာပါပဲ။

    Credit-Original Uploader

  • မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

    (Unicode)

    မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

    ==============================

    ရေတံခွန်ဆိုတာ သဘာဝတရားကပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုပေါ့။ ကံကောင်းစွာနဲ့ မြန်မာပြည်မှာ အရပ်ရပ်မှာ ရေတံခွန်တွေ အများအပြားရှိတာပါပဲ။

    ပုံစံအမျိုးမျိုးဖြစ်ပေါ်နေတဲ့ များပြာစွာသော ရေတံခွန်တွေထဲက အံသြမှင်သက်စရာကောင်းလောက်အောင် လှပထူးခြားတဲ့ ရေတံခွန်အချို့ကို ပြောပြပေးချင်ပါတယ်။

    ဟိုက်ပါရေတံခွန်

    ဟိုက်ပါရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရူးမြို့အနောက်ဘက် ၁၂ မိုင်အကွာ၊ ဟိုက်ပါကျေးရွာမှာ တည်ရှီတာပါ။ ရေတံခွန်က ကြီးမားကျယ်ပြန့်လွန်းလို့ မြစ်အကြီးတစ်ခုအသွင်ဖြစ်နေပါတယ်။ အခြားရေတံခွန်တွေနဲ့မတူတဲ့ ထူးခြားချက်ကတော့ ရေတံခွန်ထဲမှာ အပျော်စီးလှေစီးနိုင်ပြီး ရေတံခွန်ဘေးမှာလည်း tent လေးတွေနဲ့ ညအိပ်စက်အနားယူနိုင်ပါတယ်။ ဒါ့အပြင် ဒေသထွက်ရှမ်းရိုးရာ အစားစာတွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။

    နန့်မွန်ကြီးရေတံခွန်

    နန်မွန့်ကြီးရေတံခွန်ကတော့ နေပြည်တော်အနီးနားက ပေါင်းလောင်မြို့သစ်မှာရှိလို့ သိပ်မဝေးဘဲ နေ့ချင်းပြန်သွားနိုင်တဲ့ခရီးပါ။ ရေတံခွန်အဆင့်ပေါင်း ၅၀ ကျော်ရှိပြီး ရေတွေက သဘာဝအတိုင်းပြာလဲ့နေတာဖြစ်ပါတယ်။ ရေတံခွန်အသွားလမ်းမှာလည်း သာယာတဲ့ ပေါင်းလောင်းဆည်ကြီးကို စက်လှေစီးပြီး ဖြစ်သွားရမှာပါ။

    ဘန်ဘွေ့ကျင်းရေတံခွန်

    ဘန်ဘွေ့ကျင်းရေတံခွန်ကတော့ မြန်မာပြည်မှာ ရေတံခွန်အများဆုံး ပေါ်ထွက်တဲ့ ပြင်ဦးလွင် မြို့မှာ ရှီတာဖြစ်ပါတယ်။ ရေတံခွန်သွားရာလမ်းတစ်လျှောက် လှပတဲ့ရူခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လမ်းခရီးကလည်း တောင်တက်တောင်ဆင်းတွေဖြစ်လို့ သွားလာရအနည်းငယ်ခက်ခဲပါတယ်။

    ကျောက်ဆုံရေတံခွန်

    ကျောက်ဆုံရေတံခွန်ကတော့ တောင်ကြီးခရိုင်ထဲက အင်းတောမြို့နယ်ထဲက ကျောက်ဆုံဆိုတဲ့ ရွာလေးမှာရှိတာဖြစ်လို့ တောင်ကြီးရောက် သွားဖို့ မမေ့စေချင်ဘူး။ ရေတံခွန်အောက်ဆင့်တွေမှာသာ ရေကစားနိုင်ပြီး အပေါ်ဆုံးအဆင့်တွေကတော့ ရေစီးသန့်လိုအဆင်မပြေပါဘူးတဲ့။

    (Zawgyi)

    ျမန္မာျပည္က အလွဆုံးေရတံခြန္ ေလးခု

    ==============================

    ေရတံခြန္ဆိုတာ သဘာဝတရားကေပးတဲ့ လက္ေဆာင္ေတြထဲက တစ္ခုေပါ့။ ကံေကာင္းစြာနဲ႔ ျမန္မာျပည္မွာ အရပ္ရပ္မွာ ေရတံခြန္ေတြ အမ်ားအျပားရွိတာပါပဲ။

    ပုံစံအမ်ိဳးမ်ိဳးျဖစ္ေပၚေနတဲ့ မ်ားျပာစြာေသာ ေရတံခြန္ေတြထဲက အံၾသမွင္သက္စရာေကာင္းေလာက္ေအာင္ လွပထူးျခားတဲ့ ေရတံခြန္အခ်ိဳ႕ကို ေျပာျပေပးခ်င္ပါတယ္။

    ဟိုက္ပါေရတံခြန္

    ဟိုက္ပါေရတံခြန္က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္း႐ူးၿမိဳ႕အေနာက္ဘက္ ၁၂ မိုင္အကြာ၊ ဟိုက္ပါေက်း႐ြာမွာ တည္ရွီတာပါ။ ေရတံခြန္က ႀကီးမားက်ယ္ျပန႔္လြန္းလို႔ ျမစ္အႀကီးတစ္ခုအသြင္ျဖစ္ေနပါတယ္။ အျခားေရတံခြန္ေတြနဲ႔မတူတဲ့ ထူးျခားခ်က္ကေတာ့ ေရတံခြန္ထဲမွာ အေပ်ာ္စီးေလွစီးႏိုင္ၿပီး ေရတံခြန္ေဘးမွာလည္း tent ေလးေတြနဲ႔ ညအိပ္စက္အနားယူႏိုင္ပါတယ္။ ဒါ့အျပင္ ေဒသထြက္ရွမ္း႐ိုးရာ အစားစာေတြကိုလည္း ျမည္းစမ္းႏိုင္ပါေသးတယ္။

    နန႔္မြန္ႀကီးေရတံခြန္

    နန္မြန႔္ႀကီးေရတံခြန္ကေတာ့ ေနျပည္ေတာ္အနီးနားက ေပါင္းေလာင္ၿမိဳ႕သစ္မွာရွိလို႔ သိပ္မေဝးဘဲ ေန႔ခ်င္းျပန္သြားႏိုင္တဲ့ခရီးပါ။ ေရတံခြန္အဆင့္ေပါင္း ၅၀ ေက်ာ္ရွိၿပီး ေရေတြက သဘာဝအတိုင္းျပာလဲ့ေနတာျဖစ္ပါတယ္။ ေရတံခြန္အသြားလမ္းမွာလည္း သာယာတဲ့ ေပါင္းေလာင္းဆည္ႀကီးကို စက္ေလွစီးၿပီး ျဖစ္သြားရမွာပါ။

    ဘန္ေဘြ႕က်င္းေရတံခြန္

    ဘန္ေဘြ႕က်င္းေရတံခြန္ကေတာ့ ျမန္မာျပည္မွာ ေရတံခြန္အမ်ားဆုံး ေပၚထြက္တဲ့ ျပင္ဦးလြင္ ၿမိဳ႕မွာ ရွီတာျဖစ္ပါတယ္။ ေရတံခြန္သြားရာလမ္းတစ္ေလွ်ာက္ လွပတဲ့႐ူခင္းေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ လမ္းခရီးကလည္း ေတာင္တက္ေတာင္ဆင္းေတြျဖစ္လို႔ သြားလာရအနည္းငယ္ခက္ခဲပါတယ္။

    ေက်ာက္ဆုံေရတံခြန္

    ေက်ာက္ဆုံေရတံခြန္ကေတာ့ ေတာင္ႀကီးခ႐ိုင္ထဲက အင္းေတာၿမိဳ႕နယ္ထဲက ေက်ာက္ဆုံဆိုတဲ့ ႐ြာေလးမွာရွိတာျဖစ္လို႔ ေတာင္ႀကီးေရာက္ သြားဖို႔ မေမ့ေစခ်င္ဘူး။ ေရတံခြန္ေအာက္ဆင့္ေတြမွာသာ ေရကစားႏိုင္ၿပီး အေပၚဆုံးအဆင့္ေတြကေတာ့ ေရစီးသန႔္လိုအဆင္မေျပပါဘူးတဲ့။

    Crd, Copying

  • မျက်လုံးအတွက် လေ့ကျင့်ခန်းတွေ

    (Unicode)

    မျက်လုံးအတွက် လေ့ကျင့်ခန်းတွေ

    ========================

    မျက်လုံးနဲ့ သက်ဆိုင်တဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ မျက်လုံးရဲ့ လုပ်ငန်းစဉ်ကို ကောင်းမွန်စေပြီး မျက်စိ အဝေးမှုန်ခြင်း အနီးမှုန်ခြင်းနှင့် အခြားသော မျက်လုံးနှင့်ဆက်နွယ်တဲ့ ရောဂါတွေ ကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြပါတယ်။ သိပ်လည်း မခက်ခဲတဲ့ လေ့ကျင့်ခန်းလေးတွေမို့ ဖော်ပြပေးလိုက်ပါတယ်။

    ၁။ လက်ဖဝါးကိုပွတ်ခြင်း (palming)

    မျက်လုံးကို ပိတ်ထားပြီး သက်တောင့်သက်သာ အသက်ရှုပါ။ သင့်လက်ဖဝါးတွေကို ပူလာအောင် အကြိမ်ကြိမ်ပွတ်တိုက်ပေးပြီး လက်ဖဝါးတွေကို သင့်မျက်ခွံပေါ်တင်လိုက်ပါ။ လက်ဖဝါးက အနွေးဓာတ်ဟာ မျက်လုံးကြွက်သားတွေကိုပြေလျော့စေပါတယ်။ အဲ့ဒီအနွေးဓာတ်ကုန်သွားတဲ့အထိအုပ်ထားပေးပါ။ မျက်လုံးကိုပိတ်ထားမြဲ ပိတ်ထားပြီး လက်ကို ပြန်ဖယ်ပါ။ အနည်းဆုံး ၃ကြိမ်လောက် ထပ်မံ ပြုလုပ်ပေးပါ။

    ၂။ မျက်တောင်ခတ်ခြင်း ( blinking)

    မျက်လုံးကိုဖွင့်ထားပါ။
    ခပ်မြန်မြန် မျက်တောင်ခတ်ခြင်းကို ၁၀ကြိမ်ခန့် ခတ်ပါ။
    ပြီးလျှင်မျက်လုံးကို စက္ကန့် ၂၀ခန့်မှိတ်ထားပြီး အသက်ကို ဖြည်းညင်းစွာရှုပါ။

    ဒီလေ့ကျင့်ခန်းကိုလည်း ၅ကြိမ်ခန့် ပြုလုပ်ပေးပါ။

    ၃။ဘေးဘက်ကြည့်ခြင်း (sideways Viewing)

    ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။ လက်မောင်းကို ပင့်မလိုက်ပြီး လက်မ နှစ်ဘက်ကို အပေါ်ထောင်ပြီး လက်သီးဆုပ်ထားပါ။

    ခေါင်းကို မတ်ထားပြီး အောက်ပါတို့ကို တစ်ခုချင်းစီ ပြုလုပ်ပါ။

    မျက်လုံးအကြည့်ကို

    မျက်ခုံးနှစ်ခုကြား နေရာကို ကြည့်ပါ
    ပြီးလျှင် ဘယ်ဘက်လက်မကို ကြည့်ပါ

    မျက်ခုံး နှစ်ခုကြားနေရာကိုပြန်ကြည့်ပါ
    ညာဘက်လက်မကိုကြည့်ပါ

    မျက်ခုံးနှစ်ခုကြား နေရာကို ကြည့်ပါ
    ဘယ်ဘက်လက်မကို ကြည့်ပါ

    ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ကြိမ်မှ အကြိမ်၂၀ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်း မစခင် အသက်တစ်ကြိမ်ရှုသွင်းပါ။ ဘေးဘက်ကို ကြည့်သောအခါ အသက်ကို ရှုထုတ်ပါ။ အသက်ပြန်ရှုသွင်းပြီးမှ မျက်ခုံးနှစ်ခုကြား ဗဟိုကိုပြန်ကြည့်ပါ။

    ၄ ရှေ့နှင့်ဘေးကိုကြည့်ခြင်း (Front and sideways viewing)

    ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။
    ဘယ်ဘက်လက်သီး ကို ဘယ်ဘက်ဒူးပေါ်ကို တင်ပြီး ဘယ်ဘက်လက်မကိုအပေါ်ထောင်ထားပါ။

    မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပြီး ခေါင်းကို တည့်မတ်စွာထားပါ။ အသက်ကိုရှုထုတ်လိုက်ပြီး သင့်ရဲ့အကြည့်ကို ဘယ်ဘက်လက်မပေါ်မှာထားပါ။

    အသက်ကို ရှုသွင်းလိုက်တဲ့အခါ မျက်လုံးကို ရှေ့တည့်တည့်ပြန်ကြည့်ပါ ( ခေါင်းကို တည့်မတ်စွာ ထားပြီး ) ။

    ညာဘက်လက်မနှင့်လည်း တူညီသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါ

    ပြီးလျှင် မျက်လုံးကို ပိတ်ပြီး အနားယူပါ

    ၅။ မျက်လုံးကို လည်စေသော ကြည့်ခြင်း (rotational viewing)

    ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။

    ဘယ်ဘက်လက်ကို ဘယ်ဒူးပေါ်တွင်တင်ပါ။

    တံတောင်ဆစ်ကို ဖြောင့်ထားပြီး ညာဘက်လက်သီးဆုပ်ကို ညာဘက်ဒူးပေါ်တွင် လက်မကို ထောင်ထားပြီး တင်ပါ ။

    ခေါင်းကိုတည့်မတ်စွာထားပြီး ညာဘက်လက်မကိုကြည့်ပါ။
    ကြည့်နေစဉ် ညာဘက်လက်မကို စက်ဝိုင်းပုံစံဆွဲပါ။ (နာရီလက်တံအတိုင်းတစ်ခါ နှင့် နာရီလက်တံပြောင်းပြန်ပုံစံတစ်ခါ )

    ဘယ်ဘက်လက်မနှင့်လည်း အလားတူလေ့ကျင့်ခန်း ပြုလုပ်ပါ။

    လေ့ကျင့်ခန်းကို ငါးကြိမ်ခန့် ပြုလုပ်ပြီး မျက်လုံးမှိတ် အနားယူပါ။

    ၆။ အပေါ်အောက်ကြည့်ခြင်း ( up and down viewing)

    ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။
    လက်မထောင်ထားသော လက်သီးဆုပ်များကို ဒူးပေါ်တွင်တင်ထားပါ။

    လက်မောင်းကို တဖြောင့်တည်းထားပြီး ညာဘက်လက်မကို ဖြည်းဖြည်းချင်း မ တင်ပါ။ အကြည့်ကို လက်မ၏ရွေ့လျားရာသို့ လိုက်ကြည့်ပါ။ လက်မကို နဂိုနေရာသို့ ပြန်လည်လျှောချသည့်အထိ မျက်လုံးအကြည့်ကို ညာလက်မပေါ်တွင် လိုက်ကြည့်ပါ။ ခေါင်းကိုတည့်မတ်စွာထားပါ။

    လက်မတစ်ဖက်စီနှင့် လေ့ကျင့်ခန်းကို ၅ကြိမ်ခန့် ပြုလုပ်ပေးပါ။

    ခေါင်းနှင့်ကျောရိုးက တဖြောင့်တည်း မတ်ထားရမှာပါ။

    ၇။ နှာခေါင်းကို ငေးကြည့်ခြင်း (preliminary nose gazing )

    တင်ပလ္လင်ခွေထိုင်ပါ။
    ညာဘက်လက်မောင်းကို မလိုက်ပြီး လက်သီးဆုပ်ကာ လက်မကို အပေါ်ထောင်ထားပါ။
    မျက်လုံးက လက်မထိပ်ကိုအာရုံစိုက်ကြည့်နေပါ ။
    ထို့နောက် လက်မောင်းကိုအတွင်းဘက်ကို ကွေးချလိုက်ခြင်းဖြင့် လက်မကို နှာခေါငိးထိပ်ရှိရာသို့ ယူလာပါ။

    နှာခေါင်းထိပ်မှာပဲ အချိန်တစ်ခုထားပြီး မျက်လုံးကလည်း ဆက်လက်ကြည့်နေပါ။
    ထို့နောက် လက်မောင်းကို ပြန်လည်ဆန့်တန်းပါ။

    အနည်းဆုံးငါးကြိမ်ခန့်ပြုလုပ်လို့ရပါတယ်။

    ၈ အနီးအဝေးကြည့်ခြင်း (near and distant viewing )

    မြင်ကွင်းကျယ်တဲ့ ပြတင်းပေါက် နားမှာ ထိုင်ပါ။
    မြင်ကွင်းကိုငေးမောပါ
    ပြီးလျှင် နှာခေါင်းထိပ်ကို အာရုံစိုက်ပြီ း ၅စက္ကန့်မှ ၁၀စက္ကန့်အထိ ကြည့်ပေးပါ
    ၁၀ကြိမ်ခန့်ပြုလုပ်ပေးပါ။

    မျက်လုံးပါဝါကြောင့် မျက်ရိုးကိုက်၊ဇက်ကြောတက်၊
    ခေါင်းအုံခေါင်းကိုက်ပြီး စိတ်ညစ်နေသူများ ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ်
    ရှောက်ရည် (သို့)ရေနွေးဖြင့်သောက်ပေးပါ

    (Zawgyi)

    မ်က္လုံးအတြက္ ေလ့က်င့္ခန္းေတြ

    ========================

    မ်က္လုံးနဲ႔ သက္ဆိုင္တဲ့ ေယာဂေလ့က်င့္ခန္းေတြဟာ မ်က္လုံးရဲ႕ လုပ္ငန္းစဥ္ကို ေကာင္းမြန္ေစၿပီး မ်က္စိ အေဝးမႈန္ျခင္း အနီးမႈန္ျခင္းႏွင့္ အျခားေသာ မ်က္လုံးႏွင့္ဆက္ႏြယ္တဲ့ ေရာဂါေတြ ကို ကာကြယ္ေပးႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာၾကပါတယ္။ သိပ္လည္း မခက္ခဲတဲ့ ေလ့က်င့္ခန္းေလးေတြမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

    ၁။ လက္ဖဝါးကိုပြတ္ျခင္း (palming)

    မ်က္လုံးကို ပိတ္ထားၿပီး သက္ေတာင့္သက္သာ အသက္ရႈပါ။ သင့္လက္ဖဝါးေတြကို ပူလာေအာင္ အႀကိမ္ႀကိမ္ပြတ္တိုက္ေပးၿပီး လက္ဖဝါးေတြကို သင့္မ်က္ခြံေပၚတင္လိုက္ပါ။ လက္ဖဝါးက အေႏြးဓာတ္ဟာ မ်က္လုံးႂကြက္သားေတြကိုေျပေလ်ာ့ေစပါတယ္။ အဲ့ဒီအေႏြးဓာတ္ကုန္သြားတဲ့အထိအုပ္ထားေပးပါ။ မ်က္လုံးကိုပိတ္ထားၿမဲ ပိတ္ထားၿပီး လက္ကို ျပန္ဖယ္ပါ။ အနည္းဆုံး ၃ႀကိမ္ေလာက္ ထပ္မံ ျပဳလုပ္ေပးပါ။

    ၂။ မ်က္ေတာင္ခတ္ျခင္း ( blinking)

    မ်က္လုံးကိုဖြင့္ထားပါ။
    ခပ္ျမန္ျမန္ မ်က္ေတာင္ခတ္ျခင္းကို ၁၀ႀကိမ္ခန္႔ ခတ္ပါ။
    ၿပီးလွ်င္မ်က္လုံးကို စကၠန္႔ ၂၀ခန္႔မွိတ္ထားၿပီး အသက္ကို ျဖည္းညင္းစြာရႈပါ။

    ဒီေလ့က်င့္ခန္းကိုလည္း ၅ႀကိမ္ခန္႔ ျပဳလုပ္ေပးပါ။

    ၃။ေဘးဘက္ၾကည့္ျခင္း (sideways Viewing)

    ေျခေထာက္ကို ေရွ႕ဆင္းခ်ၿပီး ထိုင္ပါ။ လက္ေမာင္းကို ပင့္မလိုက္ၿပီး လက္မ ႏွစ္ဘက္ကို အေပၚေထာင္ၿပီး လက္သီးဆုပ္ထားပါ။

    ေခါင္းကို မတ္ထားၿပီး ေအာက္ပါတို႔ကို တစ္ခုခ်င္းစီ ျပဳလုပ္ပါ။

    မ်က္လုံးအၾကည့္ကို

    မ်က္ခုံးႏွစ္ခုၾကား ေနရာကို ၾကည့္ပါ
    ၿပီးလွ်င္ ဘယ္ဘက္လက္မကို ၾကည့္ပါ

    မ်က္ခုံး ႏွစ္ခုၾကားေနရာကိုျပန္ၾကည့္ပါ
    ညာဘက္လက္မကိုၾကည့္ပါ

    မ်က္ခုံးႏွစ္ခုၾကား ေနရာကို ၾကည့္ပါ
    ဘယ္ဘက္လက္မကို ၾကည့္ပါ

    ဒီေလ့က်င့္ခန္းကိုလည္း ၁၀ႀကိမ္မွ အႀကိမ္၂၀ခန္႔ ျပဳလုပ္ေပးႏိုင္ပါတယ္။

    ေလ့က်င့္ခန္း မစခင္ အသက္တစ္ႀကိမ္ရႈသြင္းပါ။ ေဘးဘက္ကို ၾကည့္ေသာအခါ အသက္ကို ရႈထုတ္ပါ။ အသက္ျပန္ရႈသြင္းၿပီးမွ မ်က္ခုံးႏွစ္ခုၾကား ဗဟိုကိုျပန္ၾကည့္ပါ။

    ၄ ေရွ႕ႏွင့္ေဘးကိုၾကည့္ျခင္း (Front and sideways viewing)

    ေျခေထာက္ကို ေရွ႕ဆင္းခ်ၿပီး ထိုင္ပါ။
    ဘယ္ဘက္လက္သီး ကို ဘယ္ဘက္ဒူးေပၚကို တင္ၿပီး ဘယ္ဘက္လက္မကိုအေပၚေထာင္ထားပါ။

    မ်က္လုံးကို ေရွ႕တည့္တည့္ၾကည့္ၿပီး ေခါင္းကို တည့္မတ္စြာထားပါ။ အသက္ကိုရႈထုတ္လိုက္ၿပီး သင့္ရဲ႕အၾကည့္ကို ဘယ္ဘက္လက္မေပၚမွာထားပါ။

    အသက္ကို ရႈသြင္းလိုက္တဲ့အခါ မ်က္လုံးကို ေရွ႕တည့္တည့္ျပန္ၾကည့္ပါ ( ေခါင္းကို တည့္မတ္စြာ ထားၿပီး ) ။

    ညာဘက္လက္မႏွင့္လည္း တူညီေသာ လုပ္ေဆာင္ခ်က္ကို လုပ္ေဆာင္ပါ

    ၿပီးလွ်င္ မ်က္လုံးကို ပိတ္ၿပီး အနားယူပါ

    ၅။ မ်က္လုံးကို လည္ေစေသာ ၾကည့္ျခင္း (rotational viewing)

    ေျခေထာက္ကို ေရွ႕ဆင္းခ်ၿပီး ထိုင္ပါ။

    ဘယ္ဘက္လက္ကို ဘယ္ဒူးေပၚတြင္တင္ပါ။

    တံေတာင္ဆစ္ကို ေျဖာင့္ထားၿပီး ညာဘက္လက္သီးဆုပ္ကို ညာဘက္ဒူးေပၚတြင္ လက္မကို ေထာင္ထားၿပီး တင္ပါ ။

    ေခါင္းကိုတည့္မတ္စြာထားၿပီး ညာဘက္လက္မကိုၾကည့္ပါ။
    ၾကည့္ေနစဥ္ ညာဘက္လက္မကို စက္ဝိုင္းပုံစံဆြဲပါ။ (နာရီလက္တံအတိုင္းတစ္ခါ ႏွင့္ နာရီလက္တံေျပာင္းျပန္ပုံစံတစ္ခါ )

    ဘယ္ဘက္လက္မႏွင့္လည္း အလားတူေလ့က်င့္ခန္း ျပဳလုပ္ပါ။

    ေလ့က်င့္ခန္းကို ငါးႀကိမ္ခန္႔ ျပဳလုပ္ၿပီး မ်က္လုံးမွိတ္ အနားယူပါ။

    ၆။ အေပၚေအာက္ၾကည့္ျခင္း ( up and down viewing)

    ေျခေထာက္ကို ေရွ႕ဆင္းခ်ၿပီး ထိုင္ပါ။
    လက္မေထာင္ထားေသာ လက္သီးဆုပ္မ်ားကို ဒူးေပၚတြင္တင္ထားပါ။

    လက္ေမာင္းကို တေျဖာင့္တည္းထားၿပီး ညာဘက္လက္မကို ျဖည္းျဖည္းခ်င္း မ တင္ပါ။ အၾကည့္ကို လက္မ၏ေ႐ြ႕လ်ားရာသို႔ လိုက္ၾကည့္ပါ။ လက္မကို နဂိုေနရာသို႔ ျပန္လည္ေလွ်ာခ်သည့္အထိ မ်က္လုံးအၾကည့္ကို ညာလက္မေပၚတြင္ လိုက္ၾကည့္ပါ။ ေခါင္းကိုတည့္မတ္စြာထားပါ။

    လက္မတစ္ဖက္စီႏွင့္ ေလ့က်င့္ခန္းကို ၅ႀကိမ္ခန္႔ ျပဳလုပ္ေပးပါ။

    ေခါင္းႏွင့္ေက်ာ႐ိုးက တေျဖာင့္တည္း မတ္ထားရမွာပါ။

    ၇။ ႏွာေခါင္းကို ေငးၾကည့္ျခင္း (preliminary nose gazing )

    တင္ပလႅင္ေခြထိုင္ပါ။
    ညာဘက္လက္ေမာင္းကို မလိုက္ၿပီး လက္သီးဆုပ္ကာ လက္မကို အေပၚေထာင္ထားပါ။
    မ်က္လုံးက လက္မထိပ္ကိုအာ႐ုံစိုက္ၾကည့္ေနပါ ။
    ထို႔ေနာက္ လက္ေမာင္းကိုအတြင္းဘက္ကို ေကြးခ်လိုက္ျခင္းျဖင့္ လက္မကို ႏွာေခါငိးထိပ္ရွိရာသို႔ ယူလာပါ။

    ႏွာေခါင္းထိပ္မွာပဲ အခ်ိန္တစ္ခုထားၿပီး မ်က္လုံးကလည္း ဆက္လက္ၾကည့္ေနပါ။
    ထို႔ေနာက္ လက္ေမာင္းကို ျပန္လည္ဆန္႔တန္းပါ။

    အနည္းဆုံးငါးႀကိမ္ခန္႔ျပဳလုပ္လို႔ရပါတယ္။

    ၈ အနီးအေဝးၾကည့္ျခင္း (near and distant viewing )

    ျမင္ကြင္းက်ယ္တဲ့ ျပတင္းေပါက္ နားမွာ ထိုင္ပါ။
    ျမင္ကြင္းကိုေငးေမာပါ
    ၿပီးလွ်င္ ႏွာေခါင္းထိပ္ကို အာ႐ုံစိုက္ၿပီ း ၅စကၠန္႔မွ ၁၀စကၠန္႔အထိ ၾကည့္ေပးပါ
    ၁၀ႀကိမ္ခန္႔ျပဳလုပ္ေပးပါ။

    မ်က္လုံးပါဝါေၾကာင့္ မ်က္႐ိုးကိုက္၊ဇက္ေၾကာတက္၊
    ေခါင္းအုံေခါင္းကိုက္ၿပီး စိတ္ညစ္ေနသူမ်ား ေဆးဝိဇၨာ အာ႐ုံေၾကာေဆးကို အစာစားၿပီး ၅ျပား တေန႔၃ႀကိမ္
    ေရွာက္ရည္ (သို႔)ေရေႏြးျဖင့္ေသာက္ေပးပါ

    Crd, Copy

  • အစွန်းတွေချွတ်ကြမယ်

    (Unicode)

    အစွန်းတွေချွတ်ကြမယ်

    ====================

    (အစွန်းတွေချွတ်ပေးနိုင်တဲ့
    နည်းလမ်းပေါင်းစုံ )

    သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ
    အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသဖြစ်နေစရာမလိုတော့ပါဘူးနော်။

    ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

    ၁. နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။

    လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 3

    ၂. မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။

    ၃. ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။

    လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 4

    ၄. မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။

    ၅. အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။

    ၆. သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။

    ၇. ချွေးစွန်းသွားခဲ့ရင် Aspirin ဆေးပြား ၃ပြားကို ရေနွေးနဲ့ရောပြီး အဲ့ဒီ့အရည်ထဲကို တစ်နာရီခန့်စိမ်လိုက်ပါ။

    ၈. အာလူးစွန်းသွားခဲ့ရင် ရှာကာရည်နဲ့ရေကိုရောပြီး အဝတ်စနဲ့တို့ကာ စွန်းသွားတဲ့နေရာကိုပွတ်တိုက်ပေးပါ။

    လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 5

    ၉. ကော်ဖီစွန်းသွားခဲ့ရင် ကြက်ဥအနှစ်၊ ရေနွေးနဲ့ အရက်တို့ကိုရောကာ အဝတ်စနှင့်တို့ပြီး ပွတ်တိုက်ပေးပါ။

    ၁၀. မိတ်ကပ်စွန်းပေသွားခဲ့ရင် Shaving cream နဲ့လျှော်ပေးပါ။

    လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 6

    ၁၁. အဆီတစ်ခုခုစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို Baby ပေါင်ဒါဖြူးပြီး တစ်ည ထားပေးလိုက်ပါ။ နောက်နေ့လျှော်ပေး လိုက်ရုံပါပဲ။

    (Zawgyi)

    အစြန္းေတြခြၽတ္ၾကမယ္

    ====================

    (အစြန္းေတြခြၽတ္ေပးႏိုင္တဲ့
    နည္းလမ္းေပါင္းစုံ )

    သင္အရမ္းႀကိဳက္တဲ့ အဝတ္အစားတစ္ခုခုမွာ
    အေရာင္တစ္ခုခု ဒါမွမဟုတ္ ပစၥည္းတစ္ခုခု စြန္းေပသြားတဲ့အခါ ႏွေျမာတသျဖစ္ေနစရာမလိုေတာ့ပါဘူးေနာ္။

    ဘာျဖစ္လို႔လဲဆိုေတာ့ စြန္းသြားတဲ့အရာအလိုက္ ခြၽတ္နည္းအမ်ိဳးမ်ိဳးရွိေနလို႔ပါ။ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

    ၁. ႏႈတ္ခမ္းနီေပသြားခဲ့ရင္ အဝတ္စနဲ႔ အရက္ကိုတို႔ၿပီး ေပသြားတဲ့ေနရာကို ပြတ္တိုက္ေပးပါ။

    လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 3

    ၂. ျမက္ေပၚမွာထိုင္တာၾကာလို႔ ျမက္ေတြစြန္းသြားရင္ ရွာလကာရည္ထဲကို နာရီဝက္ခန္႔စိမ္ၿပီး ေလွ်ာ္ေပးလိုက္ပါ။

    ၃. ဝိုင္နီေပသြားခဲ့ရင္ ဝိုင္ျဖဴနဲ႔ ျပန္ဖ်က္ေပးႏိုင္ပါတယ္။

    လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 4

    ၄. မွင္စြန္းသြားခဲ့ရင္ ႏြားႏို႔ထဲကို စိမ္လိုက္ပါ။

    ၅. အမဲဆီစြန္းသြားခဲ့ရင္ အဝတ္ေလွ်ာ္တဲ့အထဲ ကိုကာကိုလာ ထည့္ေလွ်ာ္ပါ။

    ၆. ေသြးစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ ေလာင္းေပးပါ။

    ၇. ေခြၽးစြန္းသြားခဲ့ရင္ Aspirin ေဆးျပား ၃ျပားကို ေရေႏြးနဲ႔ေရာၿပီး အဲ့ဒီ့အရည္ထဲကို တစ္နာရီခန္႔စိမ္လိုက္ပါ။

    ၈. အာလူးစြန္းသြားခဲ့ရင္ ရွာကာရည္နဲ႔ေရကိုေရာၿပီး အဝတ္စနဲ႔တို႔ကာ စြန္းသြားတဲ့ေနရာကိုပြတ္တိုက္ေပးပါ။

    လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 5

    ၉. ေကာ္ဖီစြန္းသြားခဲ့ရင္ ၾကက္ဥအႏွစ္၊ ေရေႏြးနဲ႔ အရက္တို႔ကိုေရာကာ အဝတ္စႏွင့္တို႔ၿပီး ပြတ္တိုက္ေပးပါ။

    ၁၀. မိတ္ကပ္စြန္းေပသြားခဲ့ရင္ Shaving cream နဲ႔ေလွ်ာ္ေပးပါ။

    လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 6

    ၁၁. အဆီတစ္ခုခုစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို Baby ေပါင္ဒါျဖဴးၿပီး တစ္ည ထားေပးလိုက္ပါ။ ေနာက္ေန႔ေလွ်ာ္ေပး လိုက္႐ုံပါပဲ။

    Credit: auntymay

  • ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

    (Zawgyi)

    ေၾကာင္ေတြမွာ ဘာေၾကာင့္ႏႈတ္ခမ္းေမြး ရွိတာလဲ

    ===================================

    သင့္ရဲ႕အခ်စ္ေတာ္ ေၾကာင္ကေလးရဲ႕ မ်က္ႏွာနဲ႔ ေျခေထာက္မွာရွိတဲ့ အေမြးမာေတာင့္ေတာင့္ေတြဟာ ေၾကာင္ကေလးရဲ႕ ခ်စ္စရာသြင္ျပင္ကို ျဖစ္ေစတဲ့အျပင္ သူတို႔မွာ တကယ္လုပ္ရတဲ့ တာဝန္ေတြ ရွိပါတယ္။

    ေၾကာင္ႏႈတ္ခမ္းေမြးဟာ GPS၊ ေရဒါစနစ္အျဖစ္ ေၾကာင္ေတြကို ပံ့ပိုးေပးပါတယ္။ ေၾကာင္ႏႈတ္ခမ္းေမြးကို Whisker လို႔ေခၚၿပီး ေၾကာင္ရဲ႕ ခႏၶာကိုယ္မွာရွိေနတဲ့ မာေတာင့္ေတာင့္ ရွည္ရွည္အေမြးအားလုံးကို ဆိုလိုျခင္းျဖစ္ပါတယ္။

    ႏႈတ္ခမ္း တစ္ဝိုက္မွာ အဓိကေပါက္ေလ့ရွိပါတယ္။

    ႏႈတ္ခမ္းေမြးေတြဟာ ေၾကာင္တစ္ေကာင္ရဲ႕ ကမာၻႀကီးအေပၚ အာ႐ုံခံမႈ အတြက္ အလြန္အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။

    ေၾကာင္ရဲ႕ ႏႈတ္ခမ္းေမြးေတြက ဘယ္လိုအလုပ္လုပ္

    ထူထဲတဲ့ ေၾကာင္ႏႈတ္ခမ္းေမြး တစ္ေခ်ာင္းစီမွာ ေသးငယ္ၿပီး ခံစားမႈ အလြန္ေကာင္းတဲ့ အာ႐ုံေၾကာေတြ ျပည့္ႏွက္ေနပါတယ္။

    ေၾကာင္တစ္ေကာင္အေနနဲ႔ အကြာအေဝး၊ အက်ယ္အဝန္းကို သိရွိဆုံးျဖတ္ရာမွာ ကူညီေပးပါတယ္။

    ဥပမာ – ဒီဘူးထဲကို ဝင္လို႔ ဆံ့ႏိုင္မလား၊ စားပြဲခုံေပၚေရာက္ဖို႔ ဘယ္ေလာက္ထိ ျမင့္ျမင့္ခုန္ဖို႔ လိုသလဲ စတဲ့ ဆုံးျဖတ္ခ်က္ေတြကို ႏႈတ္ခမ္းေမြးရဲ႕ အကူအညီနဲ႔ ျပဳလုပ္ျခင္းျဖစ္ပါတယ္။ ေခ်ာင္တစ္ခုထဲဝင္တဲ့အခါ ကိုယ္နဲ႔ဆံ၊ မဆံ့ကို ႏႈတ္ခမ္းေမြးနဲ႔ တိုင္းတာႏိုင္ပါတယ္။

    ႏႈတ္ခမ္းေမြးဟာ သူ႔ရဲ႕ပတ္ဝန္းက်င္မွာ ဘယ္အရာဝတၳဳ ရွိသလဲဆိုတာကို ေထာက္လွမ္းႏိုင္တဲ့ လက္နက္လည္း ျဖစ္ပါတယ္။

    မ်က္စိမျမင္ရတဲ့ ေၾကာင္ေတြဟာ ႏႈတ္ခမ္းေမြးကို အသုံးျပဳၿပီး အာ႐ုံခံကာ အခန္းတစ္ခန္းထဲမွာ လွည့္လည္ သြားလာႏိုင္ပါတယ္။

    ေၾကာင္ႏႈတ္ခမ္းေမြးရဲ႕ ထိပ္ဆုံးပိုင္းမွာ အာ႐ုံခံအဂၤါတစ္ခုစီ ရွိပါတယ္။ ထိုအာ႐ုံခံအဂၤါက ပတ္ဝန္းက်င္မွာရွိတဲ့ တုန္ခါမႈေတြကို သိရွိၿပီး ေၾကာင္ေတြကို သူတို႔ ဘယ္ေနရာ ေရာက္ေနသလဲဆိုတာ အာ႐ုံခံႏိုင္ေစဖို႔ ကူညီေပးပါတယ္။ သူ႔ရဲ႕ ေဘးမွာ ဘယ္သတၱဝါရွိေနသလဲဆိုတာလည္း သိရွိေစပါတယ္။

    (Unicode)

    ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

    ===================================

    သင့်ရဲ့အချစ်တော် ကြောင်ကလေးရဲ့ မျက်နှာနဲ့ ခြေထောက်မှာရှိတဲ့ အမွေးမာတောင့်တောင့်တွေဟာ ကြောင်ကလေးရဲ့ ချစ်စရာသွင်ပြင်ကို ဖြစ်စေတဲ့အပြင် သူတို့မှာ တကယ်လုပ်ရတဲ့ တာဝန်တွေ ရှိပါတယ်။

    ကြောင်နှုတ်ခမ်းမွေးဟာ GPS၊ ရေဒါစနစ်အဖြစ် ကြောင်တွေကို ပံ့ပိုးပေးပါတယ်။ ကြောင်နှုတ်ခမ်းမွေးကို Whisker လို့ခေါ်ပြီး ကြောင်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ မာတောင့်တောင့် ရှည်ရှည်အမွေးအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

    နှုတ်ခမ်း တစ်ဝိုက်မှာ အဓိကပေါက်လေ့ရှိပါတယ်။

    နှုတ်ခမ်းမွေးတွေဟာ ကြောင်တစ်ကောင်ရဲ့ ကမ္ဘာကြီးအပေါ် အာရုံခံမှု အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

    ကြောင်ရဲ့ နှုတ်ခမ်းမွေးတွေက ဘယ်လိုအလုပ်လုပ်

    ထူထဲတဲ့ ကြောင်နှုတ်ခမ်းမွေး တစ်ချောင်းစီမှာ သေးငယ်ပြီး ခံစားမှု အလွန်ကောင်းတဲ့ အာရုံကြောတွေ ပြည့်နှက်နေပါတယ်။

    ကြောင်တစ်ကောင်အနေနဲ့ အကွာအဝေး၊ အကျယ်အဝန်းကို သိရှိဆုံးဖြတ်ရာမှာ ကူညီပေးပါတယ်။

    ဥပမာ – ဒီဘူးထဲကို ဝင်လို့ ဆံ့နိုင်မလား၊ စားပွဲခုံပေါ်ရောက်ဖို့ ဘယ်လောက်ထိ မြင့်မြင့်ခုန်ဖို့ လိုသလဲ စတဲ့ ဆုံးဖြတ်ချက်တွေကို နှုတ်ခမ်းမွေးရဲ့ အကူအညီနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ချောင်တစ်ခုထဲဝင်တဲ့အခါ ကိုယ်နဲ့ဆံ၊ မဆံ့ကို နှုတ်ခမ်းမွေးနဲ့ တိုင်းတာနိုင်ပါတယ်။

    နှုတ်ခမ်းမွေးဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်အရာဝတ္ထု ရှိသလဲဆိုတာကို ထောက်လှမ်းနိုင်တဲ့ လက်နက်လည်း ဖြစ်ပါတယ်။

    မျက်စိမမြင်ရတဲ့ ကြောင်တွေဟာ နှုတ်ခမ်းမွေးကို အသုံးပြုပြီး အာရုံခံကာ အခန်းတစ်ခန်းထဲမှာ လှည့်လည် သွားလာနိုင်ပါတယ်။

    ကြောင်နှုတ်ခမ်းမွေးရဲ့ ထိပ်ဆုံးပိုင်းမှာ အာရုံခံအင်္ဂါတစ်ခုစီ ရှိပါတယ်။ ထိုအာရုံခံအင်္ဂါက ပတ်ဝန်းကျင်မှာရှိတဲ့ တုန်ခါမှုတွေကို သိရှိပြီး ကြောင်တွေကို သူတို့ ဘယ်နေရာ ရောက်နေသလဲဆိုတာ အာရုံခံနိုင်စေဖို့ ကူညီပေးပါတယ်။ သူ့ရဲ့ ဘေးမှာ ဘယ်သတ္တဝါရှိနေသလဲဆိုတာလည်း သိရှိစေပါတယ်။

    Crd, Healthy Digest

  • ကျွဲနွားများ အင်းဆက်ကင်းစေမည့်နည်းကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

    (Zawgyi)

    ကြၽဲႏြားမ်ား အင္းဆက္ကင္းေစမည့္နည္းကို ဂ်ပန္သိပၸံပညာရွင္မ်ားတီထြင္

    ===================================

    ဂ်ပန္ႏိုင္ငံမွ သိပၸံပညာရွင္မ်ားဟာ ကြၽဲႏြားမ်ားရဲ႕ကိုယ္ေပၚမွာ ျမင္းက်ားမ်ားကဲ့သို႔ အစင္းက်ားမ်ားေရးဆြဲၿပီး ယင္ေကာင္စတဲ့ အင္းဆက္မ်ားကိုက္ခဲမႈ အေရအတြက္ ေလ်ာ့နည္းေစတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

    အိုက္အိခ်ိ စိုက္ပ်ိဳးေရးသုေတသနစင္တာနဲ႔ က်ိဳတိုတကၠသိုလ္တို႔ ပူးေပါင္းၿပီး ယခုေဆာင္႐ြက္ခ်က္မ်ားကို ေလ့လာခဲ့တာျဖစ္ကာ ကြၽဲႏြားမ်ားအေပၚ ျခင္ယင္ကိုက္ခဲမႈ ေလ်ာ့နည္းေစဖို႔ျဖစ္ကာ ထိေရာက္တာကို ေတြ႕ခဲ့ရပါတယ္။

    အနက္ေရာင္ႏြားေတြကိုယ္ေပၚမွာ စမ္းသပ္ဖို႔အတြက္ တစ္ခ်ိဳ႕ကို အျဖဴေရာင္ျခယ္ၿပီး တစ္ခ်ိဳ႕ကိုေတာ့ အနက္ေရာင္မ်ား ျခယ္ၾကည့္ခဲ့ပါတယ္။ တစ္ခါဘာမွမျခယ္ထားတဲ့ အုပ္စုဆိုၿပီး ခြဲျခားၾကည့္ရႈေလ့လာခဲ့ပါတယ္။

    ကြၽဲႏြားေတြကို တိုင္မွာခ်ည္ၿပီး မိနစ္ ၃၀ အတြင္း လာနားတဲ့ယင္ေကာင္ အေရအတြက္ကို ေရတြက္ခဲ့ၾကပါတယ္။ ေရတြက္ျခင္းကိုလည္း အႀကိမ္ႀကိမ္လုပ္ခဲ့ပါတယ္။

    ေဆးမျခယ္ထားတဲ့ ႏြားေတြမွာ ယင္ေကာင္ ၁၂၉ ေကာင္အထိ နားေနတာကို ေတြ႕ခဲ့ရၿပီး၊ အနက္စင္းျခယ္ထားတဲ့ ႏြားေတြမွာ ၁၁၁ ေကာင္ထိ ရွိတာကိုေတြ႕ခဲ့ရပါတယ္။

    ေဆးျခယ္ထားတဲ့ အျဖဴနဲ႔အနက္စင္း ႏြားေတြမွာေတာ့ ၅၅ ေကာင္ေလာက္ပဲ ရွိတာကို ထူးထူးျခားျခား ေတြ႕ရွိခဲ့ရပါတယ္။

    အိုက္အိခ်ိစီရင္စုကေတာ့ ဒီေတြ႕ရွိမႈကို ႀကိဳဆိုလိုက္ၿပီး ဒီေလ့လာမႈကေနမွ ေရာဂါပိုးကူးစက္မႈေတြကို ကာကြယ္သြားႏိုင္မွာျဖစ္သလို အင္းဆက္ကိုက္ခဲမႈေၾကာင့္ ႏြားမ်ားဖိအားႀကဳံေနရမႈေတြလည္း ေလ်ာ့နည္းႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

    အလားတူ ေလ့လာမႈမ်ားျဖင့္လည္း အျခားေသာ ေမြးျမဴေရးမ်ားမွာ ေအာင္ျမင္မႈရမယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာၾကားခဲ့တယ္လို႔ သိရွိရပါတယ္။

    (Unicode)

    ကျွဲနွားများ အင်းဆက်ကင်းစေမည့်နည်းကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

    ===================================

    ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ ကျွဲနွားများရဲ့ကိုယ်ပေါ်မှာ မြင်းကျားများကဲ့သို့ အစင်းကျားများရေးဆွဲပြီး ယင်ကောင်စတဲ့ အင်းဆက်များကိုက်ခဲမှု အရေအတွက် လျော့နည်းစေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    အိုက်အိချိ စိုက်ပျိုးရေးသုတေသနစင်တာနဲ့ ကျိုတိုတက္ကသိုလ်တို့ ပူးပေါင်းပြီး ယခုဆောင်ရွက်ချက်များကို လေ့လာခဲ့တာဖြစ်ကာ ကျွဲနွားများအပေါ် ခြင်ယင်ကိုက်ခဲမှု လျော့နည်းစေဖို့ဖြစ်ကာ ထိရောက်တာကို တွေ့ခဲ့ရပါတယ်။

    အနက်ရောင်နွားတွေကိုယ်ပေါ်မှာ စမ်းသပ်ဖို့အတွက် တစ်ချို့ကို အဖြူရောင်ခြယ်ပြီး တစ်ချို့ကိုတော့ အနက်ရောင်များ ခြယ်ကြည့်ခဲ့ပါတယ်။ တစ်ခါဘာမှမခြယ်ထားတဲ့ အုပ်စုဆိုပြီး ခွဲခြားကြည့်ရှုလေ့လာခဲ့ပါတယ်။

    ကျွဲနွားတွေကို တိုင်မှာချည်ပြီး မိနစ် ၃၀ အတွင်း လာနားတဲ့ယင်ကောင် အရေအတွက်ကို ရေတွက်ခဲ့ကြပါတယ်။ ရေတွက်ခြင်းကိုလည်း အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

    ဆေးမခြယ်ထားတဲ့ နွားတွေမှာ ယင်ကောင် ၁၂၉ ကောင်အထိ နားနေတာကို တွေ့ခဲ့ရပြီး၊ အနက်စင်းခြယ်ထားတဲ့ နွားတွေမှာ ၁၁၁ ကောင်ထိ ရှိတာကိုတွေ့ခဲ့ရပါတယ်။

    ဆေးခြယ်ထားတဲ့ အဖြူနဲ့အနက်စင်း နွားတွေမှာတော့ ၅၅ ကောင်လောက်ပဲ ရှိတာကို ထူးထူးခြားခြား တွေ့ရှိခဲ့ရပါတယ်။

    အိုက်အိချိစီရင်စုကတော့ ဒီတွေ့ရှိမှုကို ကြိုဆိုလိုက်ပြီး ဒီလေ့လာမှုကနေမှ ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်သွားနိုင်မှာဖြစ်သလို အင်းဆက်ကိုက်ခဲမှုကြောင့် နွားများဖိအားကြုံနေရမှုတွေလည်း လျော့နည်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အလားတူ လေ့လာမှုများဖြင့်လည်း အခြားသော မွေးမြူရေးများမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

    Source – AVN

  • ဗေဒါသို့ အမှိုက်ထဲကရွှေ

    (Zawgyi)

    ေဗဒါသို႔ အမႈိက္ထဲကေ႐ႊ

    ===================

    ဗီယက္နာမ္ႏိုင္ငံသည္ ေဗဒါပင္မွ လက္မႈထည္ႏွင့္ပရိေဘာဂ ထုတ္လုပ္သည့္ ထိပ္တန္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေၾကာင္း သိရသည္။

    ထို႔ျပင္ ႏွစ္စဥ္ ဥေရာပႏွင့္အေမရိကသို႔ ေဗဒါထုတ္ကုန္မ်ား တင္ပို႔ျခင္းေၾကာင့္ ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြ ရရွိေနေၾကာင္း သိရသည္။

    ဘဲအုပ္က တစ္ရာႏွစ္ရာ မေဗဒါက တစ္ပင္တည္း

    ဘာေတြလဲဆိုေတာ့ ေဗဒါေပါ့။ သူကေတာ့ ျမန္မာလို ေဗဒါေပါ့။ အဂၤလိပ္ – Water Hyacinth၊ သိပၸံနာမည္နဲ႔ဆိုရင္ Eichornia crassipes လို႔ ေခၚပါတယ္။ အားလုံးသိၾကတဲ့အတိုင္း ေရထဲမွာေနတဲ့ အပင္။ ေရေနပင္ေပါ့။ အရမ္းပြားျမန္ၿပီး ေခ်ာင္း႐ိုးကို ျပည့္ေစႏိုင္တာကလည္း သူ႔ရဲ႕ မေကာင္းတဲ့အခ်က္ေလး တစ္ခ်က္ပါပဲ။ အဲ့မေကာင္းတဲ့အခ်က္ကိုပဲ ယူၿပီးေတာ့ တစ္ခ်က္ခုတ္ နစ္ခ်က္ျပတ္ ဆိုတာေလးကို လိုက္ၾကည့္လိုက္တာေပါ့။

    ျပႆနာ

    ေဗဒါကေတာ့ သမပိုင္းေဒသေတြမွာ အမ်ားဆုံးေတြ႕ရႏိုင္တယ္။ သူက အရမ္းမ်ားလာၿပီဆိုရင္ ေရထဲမွာ သူတို႔ခ်ည္းပဲ။ ခရမ္းေရာင္အပြင့္၊ နဲ႔ အစိမ္းေရာင္အ႐ြက္ေတြခ်ည္းပဲ၊ တက္နင္းမိရင္ေတာင္ ေရထဲ မက်ဘူးလို႔ ထင္ရတဲ့အထိပါပဲ။ အခ်ိန္အၾကာႀကီးထားလိုက္ရင္ သက္တမ္း (၂၀) ကေန (၂၅)ႏွစ္ ေလာက္ေတာင္ၾကာႏိုင္ပါတယ္။

    ေျမေဆြးပုံ ျပဳလုပ္ျခင္း

    ေဗဒါေတြကို ေရထဲကေန ဆယ္ထုတ္လိုက္ရင္ ျမန္ျမန္ေျခာက္လြယ္ပါတယ္။ ႐ိုး႐ိုးေျမေဆြးပုံသလို အဆင့္ေလးေတြကို လိုက္ၾကည့္လိုက္ေတာ့ လြယ္ပါ့။ ေဗဒါေတြဆိုတာကလည္း ေခ်ာင္းထဲမွာ ၾကပ္သိပ္ေနေအာင္ ေပါက္ေနတယ္ဆိုရင္ေတာ့ ေ႐ႊတြင္းႀကီးေပါ့။ အဆင့္ေလးေတြကိုလုပ္ၾကည့္တာေပါ့။

    အဆင့္ (၁) လိုက္ၿပီးေတာ့ ရိတ္သိမ္းတဲ့အဆင့္ပါ။ ဘာခက္လို႔တုန္း၊ ေလွေလးကိုေလွာ္ၿပီး မေဗဒါေတြကို လိုက္ဆည္ေန႐ုံအဆင့္ေလးပါ။

    အဆင့္(၂) (၃) ရက္ေလာက္ကို ေနပူလွမ္းပစ္လိုက္ပါ။

    အဆင့္ (၃) အားရွိပါးရွိသာ ခုတ္ထစ္လိုက္ပါ။ သူက အပြဆိုေတာ့ ခုတ္လို႔ ထစ္လို႔ေကာင္းမွေကာင္း

    အဆင့္ (၄) ၿပီးေတာ့ ေျမေဆြးပုံသလို ျပန္ၿပီးေတာ့ ပုံေပးရမွာျဖစ္ပါတယ္။ ေဗဒါတစ္ထပ္၊ ႏြားေခ်းတစ္ထပ္၊ လႊစာလို အေဆြးေတြကတစ္ထပ္ အထပ္လိုက္ (၃) လႊာေလာက္လုပ္ရင္ ရပါၿပီ။

    အဆင့္ (၅) (၃)လေလာက္ထားရပါမယ္။ ၾကားထဲအဆင့္ေတြမွာ ေျမေဆြးပုံကို အေပၚေအာက္လွန္ေပးတာမ်ိဳး လုပ္ေပးရပါမယ္။

    အဲ့လို အဆင့္ေလးေတြ လိုက္လုပ္ရင္ ကိုယ့္အတြက္ ေျမေဆြးလုပ္ဖို႔ သစ္႐ြက္ေဆြးေတြစုရတဲ့အခ်ိန္လည္း သက္သာပါတယ္။

    ေဗဒါကေနလုပ္ထားတဲ့ေျမေဆြးကို ထည့္ေပးမယ္ဆိုရင္ သူ႔မွာက ႏိုက္ထ႐ိုဂ်င္ပါဝင္မႈမ်ားတာေၾကာင့္ ေျမျပင္ခ်ိန္မွာထည့္ေပးႏိုင္ရင္ အေကာင္းဆုံးျဖစ္ပါတယ္။ ေျမမွာအာဟာရျပည့္ဝေနရင္ ေနာက္ကိုယ္စိုက္တဲ့အပင္ေတြက အာဟာရျပည့္ဝၿပီး အရည္အေသြးျပည့္ဝတဲ့ သီးႏွံေတြကိုထုတ္လုပ္ေပးႏိုင္မွာျဖစ္ပါတယ္။

    ေနာက္တစ္ခုက ေျမဖုံးတာမ်ိဳးလုပ္ေပးလို႔ရပါတယ္၊ သူတို႔ဆီမွာေတာ့ ႏွင္းေပါ့။ ကိုယ္ေတြဆီမွာေတာ့ မိုးေရာ ႏွင္းေရာ ကာကြယ္တဲ့အေနနဲ႔ ေျမဖုံးတာမ်ိဳးလုပ္ေပးႏိုင္ပါတယ္။ ေကာက္႐ိုးလိုမ်ိဳး အစားထိုးၿပီး သုံးႏိုင္တာေပါ့။

    မိုးေဗဒါနဲ႔ ေကာင္းကြက္ေတြေလ

    မိုးေလးတစ္ေျဖာက္ ႏွစ္ေဖ်ာက္ေလာက္က်လိုက္တာနဲ႔တင္ ေရေတြက ေျမာင္းေတြထဲ ျပည့္လာၿပီးေတာ့ ခရမ္းေရာင္ပြင့္ေလးေတြနဲ႔ မေဗဒါေတြက တစ္ပင္ႏွစ္ပင္ကေန ပြားမ်ားလာလိုက္တာ ရွင္းလို႔ေတာင္ မႏိုင္ေတာ့တဲ့အထိပါပဲ။ အေျပာင္ရွင္းဖို႔ဆိုရင္ ပိုက္ဆံေတြအမ်ားႀကီးကုန္ၿပီးမွ ျဖစ္လာတာပါ။ ကဲ အခုေတာ့ ေအာ္ဂဲနစ္ ေျမၾသဇာလုပ္ၿပီးေတာ့ ျပန္သုံးလိုက္တယ္ဆိုရင္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေလ။ အဲ့ဒီ အက်ိဳးေက်းဇူးေတြေၾကာင့္မို႔ Makkason စိမ့္ေတာထဲမွာဆိုရင္ ေဗဒါပင္ေတြကို ေဘာင္ေလးေတြလုပ္ၿပီးေတာ့ စိုက္ၿပီးေတာ့ကို အသုံးခ်ေနၾကတယ္။

    ေရရဲ႕ (၁၀)ရာခိုင္ႏႈန္းကို ေဗဒါပင္ေတြကိုပြားမ်ားယူတယ္။ (၁၅)ေပ၊ ေပ(၆၀) ေဘာင္ႀကီးေတြ လုပ္ၿပီးေတာ့ ေသေသခ်ာခ်ာေလး လုပ္ထားတာပါ။ ဘာလို႔ အဲ့လိုလုပ္လဲ ဆိုေတာ့ ေဗဒါပင္ေတြက ေရထဲကိုစြန႔္ပစ္လိုက္တဲ့ စက္႐ုံထြက္စြန႔္ပစ္ပစၥည္းေတြမွာပါတဲ့ ေၾကးနီနဲ႔ ခဲဓာတ္ေတြကို စုပ္ယူသန႔္ရွင္းေပးပါတယ္။ ေရထဲမွာ ေပ်ာ္ဝင္ေနတဲ့ ျပဒါးနဲ႔ ခဲဓာတ္ေတြကိုလည္း စုပ္ယူၿပီးေတာ့ ေပးႏိုင္ပါေသးတယ္။

    ေဗဒါပင္ေတြဟာဆိုရင္ ေရထဲမွာရွိတဲ့ သတၱဳဓာတ္ေတြနဲ႔ ေအာ္ဂဲနစ္မဟုတ္တဲ့ပစၥည္းေတြကိုလည္း စုပ္ယူေပးႏိုင္ပါေသးတယ္။ ေဗဒါပင္ေလးေတြက ဘယ္လိုအေျခအေန ပတ္ဝန္းက်င္မွာျဖစ္ျဖစ္ ေကာင္းေကာင္းႀကီးထြားႏိုင္ပါတယ္။ ႀကီးတာကလည္းျမန္တယ္။ မေကာင္းတာေတြ စုပ္ယူသန႔္စင္ေပးၿပီးေတာ့ ေအာ္ဂဲနစ္ေျမၾသဇာကိုလည္း ထုတ္လုပ္ေပးႏိုင္ပါတယ္။

    ေျမအသုံးခ်တိုးတက္ေရးဌာနက Mr.Sima Morakul က ေဗဒါပင္ေတြကို ေျမေဆြးလုပ္ၿပီးေတာ့ အပင္ကိုထည့္ေပးရင္ျဖစ္ျဖစ္၊ ေျမကိုထည့္ေပးရင္ျဖစ္ျဖစ္ ေကာင္းက်ိဳးေတြမ်ားႏိုင္တယ္ဆိုတာကို ေတြ႕ခဲ့ပါတယ္။

    ေဗဒါပင္ရဲ႕ ပြားမ်ားျဖာထြက္ေနတဲ့ အျမစ္ေတြဟာ အပင္အာဟာရေတြကို ေကာင္းေကာင္းစုပ္ယူၿပီးေတာ့ ပင္စည္ေတြနဲ႔ အ႐ြက္ေတြမွာ သိုေလွာင္ထားပါတယ္။ အဲ့လို ေဗဒါပင္ေတြကို ေျမေဆြးျပဳလုပ္မယ္ဆိုရင္ တန္ (၃၀) ကိုလုပ္ရင္ ေျမေဆြး (၅.၅) တန္ ျပန္ရမွာပါ။ အဲ့ (၅) တန္ခြဲဆိုတာကလည္း တကယ္ကို ေအာ္ဂဲနစ္ပစၥည္းေတြျဖစ္ၿပီးေတာ့ ေျမႀကီးထဲ ထည့္ေပးရင္ ေျမသားကိုေကာင္းေစပါတယ္။ ဘာေတြေကာင္းလဲဆိုေတာ့ ေျမသားတည္ေဆာက္မႈကို ေကာင္းေစတယ္။ ေလဝင္ေလထြက္ေကာင္းေစတယ္။ ေရစုပ္ယူအားကိုေကာင္းေစတယ္။ ဒါက ေျမႀကီးရဲ႕ ႐ုပ္ဂုဏ္သတၱိကိုေကာင္းေစတာပါ။

    ဓာတ္ဂုဏ္သတၱိကို ေျပာင္းလဲေစတာေတြဆိုရင္ ေျမႀကီးထဲကို အာဟာရဓာတ္ေတြကို ေပါင္းထည့္ေပးတယ္။ ၿပီးေတာ့ တစ္ျဖည္းျဖည္းခ်င္း ျပန္လည္ထုတ္လႊတ္ေပးတယ္။ အဲ့ဒီေတာ့ အပင္ေတြက အာဟာရေတြကို အၿမဲတမ္း ရရွိေစတာေပါ့။ ေျမခ်ဥ္တာ ငန္တာေတြအတြက္လည္း ထည့္လို႔ရတယ္။ အဲ့ေတာ့ ေျမထဲမွာ အက်ိဳးျပဳသက္ရွိေတြက မ်ားလာေရာ၊ အဲ့လို အေကာင္ေလးေတြ မ်ားလာေလေလ၊ စိုက္ပ်ိဳးေျမဟာ ပိုေကာင္းေလေလ ျဖစ္လာေတာ့တာပါပဲ။

    ကဲ အဆုံးသတ္ စကားဆိုရရင္ေတာ့ ေဗဒါပင္နဲ႔ ေျမၾသဇာလုပ္လို႔ရတယ္။ ေျမဖုံးလုပ္လို႔ရတယ္။ အဲ့လိုလုပ္ေပးရင္ ေျမကိုလည္း သန႔္စင္ေစၿပီးေတာ့ ေကာင္းသြားမယ္။ အရမ္းေကာင္းတဲ့အခ်က္ဆိုေတာ့ အက်ိဳးရွိရွိပဲ ျဖတ္သန္းၾကပါစို႔လားလို႔။

    ဆီးခ်ိဳ၊ ေသြးခ်ိဳအတြက္ ေဗဒါပြင့္ေလးေတြရဲ႕ အစြမ္း

    တိုင္းရင္းေဆးပညာဦးစီးဌာန၊ သုေတသနဌာနခြဲမွ ေဗဒါ၏ဆီးခ်ိဳ၊ ေသြးခ်ိဳအေပၚ အာနိသင္သက္ေရာက္မႈကို သိပၸံနည္းက် သုေတသန ျပဳလုပ္ၾကပါသည္။

    ေဗဒါပြင့္ျပဳတ္ရည္ (20)ml/kg သည္ ဂလူကို႔စ္ (.2)g/ kg တိုက္ထားေသာ ယုန္၏ ေသြးထဲသို႔ သၾကားပမာဏကို က်ဆင္းေစေၾကာင္း ေတြ႕ရွိ ရသည္။ ေဗဒါပြင့္ျပဳတ္ရည္ (၅၀)မီလီကို သာမန္ တိုက္ေကြၽးျခင္းျဖင့္ စမ္းသပ္ရာ တိုက္ေကြၽးၿပီး တစ္နာရီအၾကာတြင္ ဆီခ်ိဳ၊ ေသြးခ်ိဳက် အာနိသင္ကို စတင္ေတြ႕ရွိရျခင္း၊ (၂)နာရီခြဲ ၾကာသည္အထိ ေတြ႕ရွိရပါသည္။ ထိုသို႔စမ္းသပ္ခံရသူတို႔၏ ကိုယ္တြင္းအဂၤါမ်ား၊ ထိခိုက္ပ်က္ဆီးမႈ တစ္စုံတစ္ရာ မေတြ႕ရွိ ရပါ။

    အဆိပ္အာနိသင္ရွိ / မရွိ

    ေဗဒါပြင့္ျပဳတ္ရည္မွ ထုတ္ယူရရွိေသာ ေရတြင္ ေပ်ာ္ဝင္ပစၥည္း၏ လက္တေလာ အဆိပ္အာနိသင္ကို ႂကြက္ျဖဴမ်ားႏွင့္ စမ္းသပ္ရာ အဆိပ္အာနိသင္ မေတြ႕ရပါ။

    အသုံးျပဳပုံ

    ေဗဒါကို ျမန္မာႏိုင္ငံတြင္ ဟင္းအျဖစ္ စားသုံး႐ုံမွ်မက ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါမ်ားတြင္လည္း အသုံးျပဳပါသည္။ ေဗဒါပြင့္ကို ျပဳတ္၍လည္းေကာင္း၊ အေျခာက္ခံၿပီး လက္ဖက္ေျခာက္ကဲ့သို႔ ေရေႏြးခတ္၍လည္းေကာင္း၊ အပြင့္ကို ျပဳတ္သုပ္စားျခင္းျဖင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳကို ထိန္းခ်ဳပ္ႏိုင္ပါသည္။

    ဆီးခ်ိဳရွင္တစ္ဦးက က်ဳပ္ကေတာ့ ဆီးခ်ိဳကို ေဆးစစ္ၿပီးထဲက အဂၤလိပ္ေဆးေတြနဲ႔ မကုနိင္ဘူးေလ။ ဒီေတာ့ဘာေဆးမွလည္း မေသာက္ဘူးေပါ့။ ေဗဒါပြင့္ကို အရည္ညႇစ္ၿပီး ေနစဥ္လက္ဖက္ရည္အၾကမ္း ပန္းကန္တစ္လုံး ေသာက္ေပးတယ္။သိပၸံေဆးဝါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူမ်ား၊ ေငြေၾကးအဆင္မေျပသူမ်ားအတြက္ လိုအပ္ပါက ေဗဒါပြင့္ေလးကို အရည္ညႇစ္ေသာက္ေပးၿပီး ဆီးခ်ိဳ၊ ေသြးခ်ိဳကို ကုသႏိုင္ပါေၾကာင္း ေလ့လာမိသမွ် တင္ျပမိပါသည္။

    (Unicode)

    ဗေဒါသို့ အမှိုက်ထဲကရွှေ

    ===================

    ဗီယက်နာမ်နိုင်ငံသည် ဗေဒါပင်မှ လက်မှုထည်နှင့်ပရိဘောဂ ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

    ထို့ပြင် နှစ်စဉ် ဥရောပနှင့်အမေရိကသို့ ဗေဒါထုတ်ကုန်များ တင်ပို့ခြင်းကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေ ရရှိနေကြောင်း သိရသည်။

    ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း

    ဘာတွေလဲဆိုတော့ ဗေဒါပေါ့။ သူကတော့ မြန်မာလို ဗေဒါပေါ့။ အင်္ဂလိပ် – Water Hyacinth၊ သိပ္ပံနာမည်နဲ့ဆိုရင် Eichornia crassipes လို့ ခေါ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရေထဲမှာနေတဲ့ အပင်။ ရေနေပင်ပေါ့။ အရမ်းပွားမြန်ပြီး ချောင်းရိုးကို ပြည့်စေနိုင်တာကလည်း သူ့ရဲ့ မကောင်းတဲ့အချက်လေး တစ်ချက်ပါပဲ။ အဲ့မကောင်းတဲ့အချက်ကိုပဲ ယူပြီးတော့ တစ်ချက်ခုတ် နစ်ချက်ပြတ် ဆိုတာလေးကို လိုက်ကြည့်လိုက်တာပေါ့။

    ပြဿနာ

    ဗေဒါကတော့ သမပိုင်းဒေသတွေမှာ အများဆုံးတွေ့ရနိုင်တယ်။ သူက အရမ်းများလာပြီဆိုရင် ရေထဲမှာ သူတို့ချည်းပဲ။ ခရမ်းရောင်အပွင့်၊ နဲ့ အစိမ်းရောင်အရွက်တွေချည်းပဲ၊ တက်နင်းမိရင်တောင် ရေထဲ မကျဘူးလို့ ထင်ရတဲ့အထိပါပဲ။ အချိန်အကြာကြီးထားလိုက်ရင် သက်တမ်း (၂၀) ကနေ (၂၅)နှစ် လောက်တောင်ကြာနိုင်ပါတယ်။

    မြေဆွေးပုံ ပြုလုပ်ခြင်း

    ဗေဒါတွေကို ရေထဲကနေ ဆယ်ထုတ်လိုက်ရင် မြန်မြန်ခြောက်လွယ်ပါတယ်။ ရိုးရိုးမြေဆွေးပုံသလို အဆင့်လေးတွေကို လိုက်ကြည့်လိုက်တော့ လွယ်ပါ့။ ဗေဒါတွေဆိုတာကလည်း ချောင်းထဲမှာ ကြပ်သိပ်နေအောင် ပေါက်နေတယ်ဆိုရင်တော့ ရွှေတွင်းကြီးပေါ့။ အဆင့်လေးတွေကိုလုပ်ကြည့်တာပေါ့။

    အဆင့် (၁) လိုက်ပြီးတော့ ရိတ်သိမ်းတဲ့အဆင့်ပါ။ ဘာခက်လို့တုန်း၊ လှေလေးကိုလှော်ပြီး မဗေဒါတွေကို လိုက်ဆည်နေရုံအဆင့်လေးပါ။

    အဆင့်(၂) (၃) ရက်လောက်ကို နေပူလှမ်းပစ်လိုက်ပါ။

    အဆင့် (၃) အားရှိပါးရှိသာ ခုတ်ထစ်လိုက်ပါ။ သူက အပွဆိုတော့ ခုတ်လို့ ထစ်လို့ကောင်းမှကောင်း

    အဆင့် (၄) ပြီးတော့ မြေဆွေးပုံသလို ပြန်ပြီးတော့ ပုံပေးရမှာဖြစ်ပါတယ်။ ဗေဒါတစ်ထပ်၊ နွားချေးတစ်ထပ်၊ လွှစာလို အဆွေးတွေကတစ်ထပ် အထပ်လိုက် (၃) လွှာလောက်လုပ်ရင် ရပါပြီ။

    အဆင့် (၅) (၃)လလောက်ထားရပါမယ်။ ကြားထဲအဆင့်တွေမှာ မြေဆွေးပုံကို အပေါ်အောက်လှန်ပေးတာမျိုး လုပ်ပေးရပါမယ်။

    အဲ့လို အဆင့်လေးတွေ လိုက်လုပ်ရင် ကိုယ့်အတွက် မြေဆွေးလုပ်ဖို့ သစ်ရွက်ဆွေးတွေစုရတဲ့အချိန်လည်း သက်သာပါတယ်။

    ဗေဒါကနေလုပ်ထားတဲ့မြေဆွေးကို ထည့်ပေးမယ်ဆိုရင် သူ့မှာက နိုက်ထရိုဂျင်ပါဝင်မှုများတာကြောင့် မြေပြင်ချိန်မှာထည့်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ မြေမှာအာဟာရပြည့်ဝနေရင် နောက်ကိုယ်စိုက်တဲ့အပင်တွေက အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်ဝတဲ့ သီးနှံတွေကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

    နောက်တစ်ခုက မြေဖုံးတာမျိုးလုပ်ပေးလို့ရပါတယ်၊ သူတို့ဆီမှာတော့ နှင်းပေါ့။ ကိုယ်တွေဆီမှာတော့ မိုးရော နှင်းရော ကာကွယ်တဲ့အနေနဲ့ မြေဖုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ကောက်ရိုးလိုမျိုး အစားထိုးပြီး သုံးနိုင်တာပေါ့။

    မိုးဗေဒါနဲ့ ကောင်းကွက်တွေလေ

    မိုးလေးတစ်ဖြောက် နှစ်ဖျောက်လောက်ကျလိုက်တာနဲ့တင် ရေတွေက မြောင်းတွေထဲ ပြည့်လာပြီးတော့ ခရမ်းရောင်ပွင့်လေးတွေနဲ့ မဗေဒါတွေက တစ်ပင်နှစ်ပင်ကနေ ပွားများလာလိုက်တာ ရှင်းလို့တောင် မနိုင်တော့တဲ့အထိပါပဲ။ အပြောင်ရှင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ပြီးမှ ဖြစ်လာတာပါ။ ကဲ အခုတော့ အော်ဂဲနစ် မြေသြဇာလုပ်ပြီးတော့ ပြန်သုံးလိုက်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အဲ့ဒီ အကျိုးကျေးဇူးတွေကြောင့်မို့ Makkason စိမ့်တောထဲမှာဆိုရင် ဗေဒါပင်တွေကို ဘောင်လေးတွေလုပ်ပြီးတော့ စိုက်ပြီးတော့ကို အသုံးချနေကြတယ်။

    ရေရဲ့ (၁၀)ရာခိုင်နှုန်းကို ဗေဒါပင်တွေကိုပွားများယူတယ်။ (၁၅)ပေ၊ ပေ(၆၀) ဘောင်ကြီးတွေ လုပ်ပြီးတော့ သေသေချာချာလေး လုပ်ထားတာပါ။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုတော့ ဗေဒါပင်တွေက ရေထဲကိုစွန့်ပစ်လိုက်တဲ့ စက်ရုံထွက်စွန့်ပစ်ပစ္စည်းတွေမှာပါတဲ့ ကြေးနီနဲ့ ခဲဓာတ်တွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ပြဒါးနဲ့ ခဲဓာတ်တွေကိုလည်း စုပ်ယူပြီးတော့ ပေးနိုင်ပါသေးတယ်။

    ဗေဒါပင်တွေဟာဆိုရင် ရေထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်းတွေကိုလည်း စုပ်ယူပေးနိုင်ပါသေးတယ်။ ဗေဒါပင်လေးတွေက ဘယ်လိုအခြေအနေ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းကောင်းကြီးထွားနိုင်ပါတယ်။ ကြီးတာကလည်းမြန်တယ်။ မကောင်းတာတွေ စုပ်ယူသန့်စင်ပေးပြီးတော့ အော်ဂဲနစ်မြေသြဇာကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

    မြေအသုံးချတိုးတက်ရေးဌာနက Mr.Sima Morakul က ဗေဒါပင်တွေကို မြေဆွေးလုပ်ပြီးတော့ အပင်ကိုထည့်ပေးရင်ဖြစ်ဖြစ်၊ မြေကိုထည့်ပေးရင်ဖြစ်ဖြစ် ကောင်းကျိုးတွေများနိုင်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

    ဗေဒါပင်ရဲ့ ပွားများဖြာထွက်နေတဲ့ အမြစ်တွေဟာ အပင်အာဟာရတွေကို ကောင်းကောင်းစုပ်ယူပြီးတော့ ပင်စည်တွေနဲ့ အရွက်တွေမှာ သိုလှောင်ထားပါတယ်။ အဲ့လို ဗေဒါပင်တွေကို မြေဆွေးပြုလုပ်မယ်ဆိုရင် တန် (၃၀) ကိုလုပ်ရင် မြေဆွေး (၅.၅) တန် ပြန်ရမှာပါ။ အဲ့ (၅) တန်ခွဲဆိုတာကလည်း တကယ်ကို အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပြီးတော့ မြေကြီးထဲ ထည့်ပေးရင် မြေသားကိုကောင်းစေပါတယ်။ ဘာတွေကောင်းလဲဆိုတော့ မြေသားတည်ဆောက်မှုကို ကောင်းစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ ရေစုပ်ယူအားကိုကောင်းစေတယ်။ ဒါက မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိကိုကောင်းစေတာပါ။

    ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေတာတွေဆိုရင် မြေကြီးထဲကို အာဟာရဓာတ်တွေကို ပေါင်းထည့်ပေးတယ်။ ပြီးတော့ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပေးတယ်။ အဲ့ဒီတော့ အပင်တွေက အာဟာရတွေကို အမြဲတမ်း ရရှိစေတာပေါ့။ မြေချဉ်တာ ငန်တာတွေအတွက်လည်း ထည့်လို့ရတယ်။ အဲ့တော့ မြေထဲမှာ အကျိုးပြုသက်ရှိတွေက များလာရော၊ အဲ့လို အကောင်လေးတွေ များလာလေလေ၊ စိုက်ပျိုးမြေဟာ ပိုကောင်းလေလေ ဖြစ်လာတော့တာပါပဲ။

    ကဲ အဆုံးသတ် စကားဆိုရရင်တော့ ဗေဒါပင်နဲ့ မြေသြဇာလုပ်လို့ရတယ်။ မြေဖုံးလုပ်လို့ရတယ်။ အဲ့လိုလုပ်ပေးရင် မြေကိုလည်း သန့်စင်စေပြီးတော့ ကောင်းသွားမယ်။ အရမ်းကောင်းတဲ့အချက်ဆိုတော့ အကျိုးရှိရှိပဲ ဖြတ်သန်းကြပါစို့လားလို့။

    ဆီးချို၊ သွေးချိုအတွက် ဗေဒါပွင့်လေးတွေရဲ့ အစွမ်း

    တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနဌာနခွဲမှ ဗေဒါ၏ဆီးချို၊ သွေးချိုအပေါ် အာနိသင်သက်ရောက်မှုကို သိပ္ပံနည်းကျ သုတေသန ပြုလုပ်ကြပါသည်။

    ဗေဒါပွင့်ပြုတ်ရည် (20)ml/kg သည် ဂလူကို့စ် (.2)g/ kg တိုက်ထားသော ယုန်၏ သွေးထဲသို့ သကြားပမာဏကို ကျဆင်းစေကြောင်း တွေ့ရှိ ရသည်။ ဗေဒါပွင့်ပြုတ်ရည် (၅၀)မီလီကို သာမန် တိုက်ကျွေးခြင်းဖြင့် စမ်းသပ်ရာ တိုက်ကျွေးပြီး တစ်နာရီအကြာတွင် ဆီချို၊ သွေးချိုကျ အာနိသင်ကို စတင်တွေ့ရှိရခြင်း၊ (၂)နာရီခွဲ ကြာသည်အထိ တွေ့ရှိရပါသည်။ ထိုသို့စမ်းသပ်ခံရသူတို့၏ ကိုယ်တွင်းအင်္ဂါများ၊ ထိခိုက်ပျက်ဆီးမှု တစ်စုံတစ်ရာ မတွေ့ရှိ ရပါ။

    အဆိပ်အာနိသင်ရှိ / မရှိ

    ဗေဒါပွင့်ပြုတ်ရည်မှ ထုတ်ယူရရှိသော ရေတွင် ပျော်ဝင်ပစ္စည်း၏ လက်တလော အဆိပ်အာနိသင်ကို ကြွက်ဖြူများနှင့် စမ်းသပ်ရာ အဆိပ်အာနိသင် မတွေ့ရပါ။

    အသုံးပြုပုံ

    ဗေဒါကို မြန်မာနိုင်ငံတွင် ဟင်းအဖြစ် စားသုံးရုံမျှမက ဆီးချို၊ သွေးချို ရောဂါများတွင်လည်း အသုံးပြုပါသည်။ ဗေဒါပွင့်ကို ပြုတ်၍လည်းကောင်း၊ အခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍လည်းကောင်း၊ အပွင့်ကို ပြုတ်သုပ်စားခြင်းဖြင့် ဆီးချို၊ သွေးချိုကို ထိန်းချုပ်နိုင်ပါသည်။

    ဆီးချိုရှင်တစ်ဦးက ကျုပ်ကတော့ ဆီးချိုကို ဆေးစစ်ပြီးထဲက အင်္ဂလိပ်ဆေးတွေနဲ့ မကုနိင်ဘူးလေ။ ဒီတော့ဘာဆေးမှလည်း မသောက်ဘူးပေါ့။ ဗေဒါပွင့်ကို အရည်ညှစ်ပြီး နေစဉ်လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး သောက်ပေးတယ်။သိပ္ပံဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူများ၊ ငွေကြေးအဆင်မပြေသူများအတွက် လိုအပ်ပါက ဗေဒါပွင့်လေးကို အရည်ညှစ်သောက်ပေးပြီး ဆီးချို၊ သွေးချိုကို ကုသနိုင်ပါကြောင်း လေ့လာမိသမျှ တင်ပြမိပါသည်။

    crd,

    Orginal /✍♻ သုတဇုန်ထွန်းလင်း

     

  • ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

    (Zawgyi)

    ညအိပ္ရာမဝင္ခင္တိုင္း ႏြားႏို႔တစ္ခြက္ေသာက္သုံးျခင္းေၾကာင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
    ====================================

    အဟာရျပည့္ဝတဲ့ ႏြားႏို႔ဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး ႀကီးထြားမႈကို အေထာက္အကူျဖစ္ေစတဲ့အတြက္ ကေလးေလးေတြကေနစလို႔ လူႀကီးေတြအထိ ေသာက္သုံးေပးသင့္တဲ့ အရာပါ။ အိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္ေပးတာက မ်ားစြာေသာ အက်ိဳးေက်းဇူးေတြကို ရရွိေစႏိုင္ပါတယ္။

    ေကာင္းမြန္စြာ အိပ္စက္ေစႏိုင္တယ္

    ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တာဟာ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ႏြားႏို႔မွာ tryptophan နဲ႔ melatonin ဓာတ္တို႔ပါဝင္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ေစႏိုင္သလို ႏွစ္ၿခိဳက္စြာ အိပ္စက္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကေန စိတ္ခံစားမႈ ေကာင္းမြန္မႈကို ထုတ္လႊတ္ေပးၿပီး ေအးေဆးသက္သာစြာ အနားယူအိပ္စက္ႏိုင္ေစပါတယ္ေနာ္။

    ဝိတ္က်ေစႏိုင္တယ္

    ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တတ္တဲ့ အေလ့အထဟာ ဝိတ္ကို က်ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဟာ ေကာင္းမြန္စြာ အိပ္မေပ်ာ္ႏိုင္တဲ့အခါ ဝိတ္ပိုတက္ေလ့ရွိပါတယ္။ ေနာက္ၿပီး ႏြားႏို႔က ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညဘက္ ဗိုက္ဆာတဲ့အခ်ိန္မွာ ဝိတ္လည္း မတက္ေစပဲ ေသာက္သုံးဖို႔ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

    ႂကြက္သားေတြကို သန္မာေစတယ္

    ႏြားႏို႔မွာပါဝင္တဲ့ ပ႐ိုတန္းဓာတ္ကို ကစီဓာတ္လို႔ေခၚၿပီး ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္မရာမဝင္ခင္ ႏို႔ေသာက္ျခင္းက ႂကြက္သားေတြကို ပိုသန္မာလာေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက တစ္ခါတစ္ေလမွာ ေလပြတာ၊ ဗိုက္နာတာေတြ အခန္႔မသင့္ရင္ ျဖစ္တတ္လို႔ သန္႔ရွင္းလတ္ဆတ္တဲ့ ႏြားႏို႔ကို ေသာက္သုံးဖို႔ လိုအပ္ပါတယ္ေနာ္။

    ညဘက္ ဗိုက္ဆာတတ္တဲ့ ျပသနာကို ေျဖရွင္းႏိုင္တယ္

    တစ္ခါတစ္ေလမွာ ညစာကို ေစာစားမိတဲ့ ေန႔မ်ိဳးမွာ ညဘက္ ဗိုက္ဆာတာမ်ိဳးေတြ ျဖစ္တတ္ၿပီး ေကာင္းေကာင္းအိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ႏြားႏို႔က အေကာင္းဆုံးပါပဲ။ ႏြားႏို႔မွာ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညအိပ္ရာမဝင္ခင္ ေသာက္ျခင္းက အိပ္စက္ေနခ်ိန္ ဗိုက္ဆာျခင္း ျပသနာကို ေျဖရွင္းၿပီးသား ျဖစ္ေစပါတယ္။

    (Unicode)

    ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
    ====================================

    အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်

    လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။

    ဝိတ်ကျစေနိုင်တယ်

    ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်မှာ ဝိတ်လည်း မတက်စေပဲ သောက်သုံးဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

    ကြွက်သားတွေကို သန်မာစေတယ်

    နွားနို့မှာပါဝင်တဲ့ ပရိုတန်းဓာတ်ကို ကစီဓာတ်လို့ခေါ်ပြီး လေ့လာတွေ့ရှိချက်တွေအရ ညအိပ်မရာမဝင်ခင် နို့သောက်ခြင်းက ကြွက်သားတွေကို ပိုသန်မာလာစေပါတယ်။ ဒါပေမယ့် သတိထားရမှာက တစ်ခါတစ်လေမှာ လေပွတာ၊ ဗိုက်နာတာတွေ အခန့်မသင့်ရင် ဖြစ်တတ်လို့ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

    ညဘက် ဗိုက်ဆာတတ်တဲ့ ပြသနာကို ဖြေရှင်းနိုင်တယ်

    တစ်ခါတစ်လေမှာ ညစာကို စောစားမိတဲ့ နေ့မျိုးမှာ ညဘက် ဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပြီး ကောင်းကောင်းအိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နွားနို့က အကောင်းဆုံးပါပဲ။ နွားနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညအိပ်ရာမဝင်ခင် သောက်ခြင်းက အိပ်စက်နေချိန် ဗိုက်ဆာခြင်း ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

    Crd,Khin

  • ယခုလ ဂျူလိုင်၊ ၂၀၂၀ခုနှစ်အတွက် ခုနှစ်ရက်သားသမီး တစ်လဟောစာတမ်း။

    (Unicode)

    တနင်္ဂနွေသားသမီးများအတွက်

    ဤ အချိန်သည် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားရခက်သောကာလ ဖြစ်သည်၊၊ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက် ပြဿနာများ ကြုံရတက်သည်။ အရာရာသတိထား၍ လုပ်ကိုင်မှ တော်ကာကြသည်၊၊ ယခုချိန်မှစ၍ မိမိလုပ်ဆောင်မည့်အရာအားလုံးကို အကွက်ချပီး လုပ်ဆောင်ရန် ကြိုးစားသင့်သည်၊၊ မိမိ၏ ဇွဲ၊ လုံ့လပေါ်မူတည်၍ အောင်မြင်လိမ့်မည်၊၊ စကားအပြောဆို ဆင်ခြင်သတိပြုရပါမည်၊၊ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ…တတ်သော ကာလဖြစ်၍ နှုတ်မထိန်းပါက ကြီးစွာသော ဥပဒ်ဖြစ်တက်သည်၊၊ ငွေများဝင်သောလည်း အဖတ်မတင်တက်ပေ၊၊ အလိုလိုနေရင်း စိတ်အားငယ်တက်သောစိတ်၊ တက်လွယ်ကျလွယ်သောစိတ်ကို အမြန်ဆုံးပြုပြင်ပါလေ။ မိမိ မလုပ်ချင် မဖြစ်ချင်သောကိစ္စကို တစ်စုံတစ်ယောက်မှ အတင်းအကြပ်၊ ဇွတ်လုပ်ခိုင်းချင်းခံရတက်သည်၊၊ လူငယ်လူရွယ်များအနေဖြင့်…မချစ်သင့်သူကို ချစ်ခြင်း၊ အချစ်မှား ဆုံးဖြတ်ချက်မှားခြင်းများကြောင့် မလိုလားအပ်သောပြဿနာများနှင့် ထိပ်တိုက်ကြုံရတက်သည်၊၊ ကျန်းမာရေးအနေဖြင့်…အနေအထိုင် မဆင်ခြင်မှုကြောင့် ရောဂါဝေဒနာများကြရောက် တက်သည်၊၊မျက်စိ၊မျက်နှာ၊မျက်လုံးနဲ့ပက်သတ်ပီး ဂရုစိုက်ရပါမည်၊၊

    တစ်လတာယတြာ- အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက် ၃ခွက် ပူဇော်ပေးပါ။ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများတွင် ရေအိုးစဉ်လှူပေးလိုက်ပါ၊၊

    တနင်္လာသားသမီးများအတွက်

    အိမ်အသစ်ဆောက်မည့်ကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်းများ လုပ်ရကိန်း ရှိပါတယ်။ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ်များ ကူညီစောင့်ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေဝယ်မည့်ကိစ္စ ပျက်တတ်ပါသည်။ အင်္ဂါ၊ စနေသားသမီး / လူမျိုးခြားတစ်ဦးကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။လက်အောက်ငယ်သား ၊ အလုပ်သမားများရှိလျှင် ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း၊ ကား၊ ဖုန်း၊ မြေ ဝင်ကိန်း ရှိပါသည်။ လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ဖြစ်နိုင်လျှင် ဒီတစ်လလုံး စနေ၊ ဗုဒ္ဒဟူးနေ့များတွင် နာရေး လုံး၀ လိုက်မပို့ပါနှင့်။ စနေ၊ ဗုဒ္ဒဟူးနေ့တွင် တောင်အရပ် ခရီး ရှောင်ပါ။အရေးကြီး ကိစ္စသွားလျှင် အစိမ်းရောင်၊ အနက်ရောင် အဝတ်အစား ရှောင်ပါ။

    တစ်လတာယတြာ-သောကြာ်ဂြိုလ်ဒေါင့်ဘုရားတွင် နှင်းဆီပန်း(၁၅)ပွင့်၊ သစ်သီး(၁၅)လုံး ကပ်လှူပူဇော်ပေးပါ၊၊

    အင်္ဂါသားသမီးများအတွက်

    ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ။ စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ချစ်သူနှင့် စကားပြောအဆင်မပြေဖြစ်တတ်သည်။ မထင်မှတ်ဘဲ ခရီးတစ်ခုသွားရတတ်သည်။ ခရီးသွားပြီးပြန် လာလျှင် ညံ့နေသောကံများ ကောင်းသွားတတ်ပါသည်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး စိတ်သောကရောက်ရတတ်ပါသည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ကင်မရာများ ဝင်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင်လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ စပ်တူရှယ်ယာလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းလုပ်သူများ ငွေရေးကြေးရေး စကားပြောရတတ်သည်။ အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။ သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။

    တစ်လတာယတြာ- သက်ကြီးရွယ်အို အင်္ဂါသားသမီးကို ဖနပ်တစ်ရံနှင့် အဖြူရောင် အင်္ကျီတစ်ထည်လှူပေးပါ၊၊

    ဗုဒ္ဓဟူးသားသမီးများအတွက်

    စီးပွားရေးလုပ်ငန်းလုပ်ရာတွင် အနောက်မြောက်ဒေါင့်ကို ရှောင်ပေးရမည်၊၊ ထင်ထင်ရှားရှားအောင်မြင်မည့် ကာလဖြစ်သည်၊၊အကြံအစည်များ အောင်မြင် ဖြစ်ထွန်းလွယ်မည်။ ရဲရဲသာလုပ်ပါ၊၊ တစ်ခုသတိပြုရမှာ…ငွေအသုံးစွဲဆင်ခြင်ပါ၊၊ မကုန်သင့်သည့် နေရာတွင် အကုန်များလိမ်မည်၊၊ မိမိ၏ ကိုယ်ပိုင်အတွေးခေါ်များကို လွတ်လပ်စွာ လုပ်ဆောင်ပါ၊၊ ဝင်ရောက်နှောင့်ယှက်တတ်သူများ ရှိသော်လည်း မိမိကသာအောင်မြင်မှု ရရှိလိမ်မည် တနင်္လာ၊အင်္ဂါ အမည်ရှင်များကို သတိထားပါ၊၊ လူငယ်လူရွယ်များအနေဖြင့် အရှက်တကွဲ အကျိုးနည်းကိန်းကြုံရတက်သည်၊၊ အနေထိုင်ဆင်ခြင်ပါ။ ချစ်သူမရှိလျှင် ချစ်သူရမည်၊၊ ချစ်သူရှိပါက နီးစပ်အဆင်ပြေသွားလိမ့်မည်၊၊ စိတ်ချမ်းမြေ့စရာများနှင့် ပြည့်စုံမည်၊၊ ကျန်းမာရေးအနေဖြင့်…အအေးမိခြင်း၊ချောင်းဆိုးခြင်း၊အဆုတ်ပိုင်းဆိုင်ရာ၊ အကြောအားနည်းခြင်းများ ကြုံရတက်သည်၊၊ (ဒီလထဲတွင် ငွေလိမ်ခံရတက်သည်)

    တစ်လတာယတြာ- မိမိနေအိမ်ဘုရားစဉ်၌ သောက်တော်ရေ(၉)ခွက် ပန်းအနီရောင်(၉)ပွင့် ကပ်လှူပူဇော်ပေးပါ မိမိမွေးနေ့ ဗုဒ္ဓဟူးနေ့တွင်ပူဇော်ပေးရပါမည်၊၊.

    ကြာသပတေးသားသမီးများအတွက်

    စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။ သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူမရှိသူများကတော့ အချစ်သစ်တွေ့မည်၊။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။ အိမ်ထောင်ရှိသူများ၊ အိမ်ထောင် ရေးအဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ ကြုံရကိန်းရှိသည်။ ပညာရေးကံကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများအဆင်ပြေအောင်မြင်ကိန်းရှိပါသည်။ ငွေရေး၊ ကြေးရေးကံကောင်းပါမည်။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီ အထူးဂရုစိုက်ရပါမည်။ အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မပြေဖြစ်တတ်သည်။ အစိုးရနှင့်ပတ်သက်သောလုပ်ငန်းများ အောင်မြင်ကိန်းရှိပါသည်။ ငွေကြေးနှင့်ပတ်သက်သောလုပ်ငန်း၊ စက်ပစ္စည်းနှင့်ပတ်သက်သောလုပ်ငန်းလုပ်သူများ ငွေကြေးကံကောင်းမှုအားနည်းတတ်ပါသည်။

    တစ်လတာယတြာ- မိမိ၏မွေးနေ့ ကြာသပတေးနေ့တွင် ညောင်ပင်မှာ(ရွှေရေ-ငွေရေ)လောင်းပေးလိုက်ပါ။

    သောကြာသားသမီးများအတွက်

    ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်း ၊ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်း လုပ်သူများ အောင်မြင်မှုရမည်။ ထွက်ထားသော ငွေများ ပြန်ဝင် ကိန်း ရှိပါသည်။ ဆွေမျိုးသားချင်း ၊ အကြီးအကဲကြောင့်၊ မိတ်ရင်း ဆွေရင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါသည်။မိမိ မိတ်ဆွေများထဲမှ လူမျိုးခြား (သို့) စနေသားသမီး တစ်ဦး အမှုအခင်းကိစ္စ ပေါ်တတ်ပါသည်။ ငွေကြေး ဝင်သမျှ ငွေထွက်ကိန်း ရှိပါသည်။ ရပ်ဝေးမှာ မိတ်ဆွေဟောင်း အကူညီရတက်သည်။ လုပ်ငန်းအသစ် တိုးချဲ့ ရတတ်ပါသည်။ လုပ်ငန်းသစ်လုပ်ရန် ကြံကြာမှုတွေ ဖြစ်ရတတ်ပါသည်။ သူများ ကိစ္စများကြားမှာ ကြားညှပ်တတ်ပါသည်။ အိမ်ထောင်ရှိသူများ စန်းပွင့်တတ်ပါသည်။ တစ်ခါ တစ်ခါ အိမ်ထောင်ဘက်အပေါ် စိတ်ပျက်ခြင်း ၊ စိတ်အလို မကျခြင်းတို့ ဖြစ်ရတတ်ပါသည်။ ချစ်သူရည်းစားများ အနေနဲ့ ချစ်သူ၏ စားပြီး နားမလည် လုပ်တာမျိုး ခံရတတ်ပါသည်။ ချစ်သူကြောင့် စိတ်ညစ် စိတ်ရှုပ် စိတ်ထိခိုက်ရမည့်လ ဖြစ်ပါသည်။ ချစ်သူကြောင့် ပတ်ဝန်းကျင်တွင် မျက်နှာပျက်၊ မျက်နှာမလှ ဖြစ်ရတတ်ပါသည်။ ချစ်သူသည် မိမိမဟုတ်သော တစ်ခြား ကောင်မလေး တစ်ယောက်နှင့် တွေ့နေသည့် သတင်းကြားရတတ်ပါသည်။ ချစ်သူ စန်းပွင့်လို့ သဝင်တိုခြင်း၊ မခံမရပ်နိုင်ဖြစ်ရခြင်းတို့ ဖြစ်ရမည့်ကိန်း ရှိပါသည်။ ဒီလထဲတွင် ကျန်းမာရေး ကောင်းလိုက် မကောင်းလိုက်ဖြစ်လိမ့်မည်၊၊ (ဒီလထဲတွင် စက်ပစ္စည်း အဝင်မကောင်း၊ မဝယ်ကောင်း)

    တစ်လတာယတြာ- အိမ်ဘုရားမှာ အောင်သပြေ(21)ညွန့် ဖယောင်းတိုင် (21)တိုင် သစ်သီး(21)လုံး ကပ်လှူပူဇော်ပေးပါ။

    စနေ သားသမီးများအတွက်

    ယခုလသည် စီးပွားသိသိသာသာ တိုးတက်အောင်မြင်မည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်ပါသည်။ ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေအဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ အထူးသတိပြုရန် – ကျန်းမာရေး ဂရုစိုက်ပေးပါ။ တုတ်ကွေး၊ အစာအိမ် ၊ လေးဘက်နာဖြစ်လို့ ဆေးခန်း ပြရတတ်ပါသည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် အတွက် စိတ်ညစ်ရတတ်သည်။ မထင်မှတ်ပဲ အမှုအခင်း ပြဿနာနဲ့ ကြုံတွေ့၇တတ်ပါတယ်။ ဒီလ စနေနေ့ ဗုဒ္ဒဟူးနေ့များတွင် နာရေး အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နောက် အိမ်ထောင်ထောင်ရှိသူများ မိမိသောလည်းကောင်း/ အိမ်ထောင်ဘက်သော် လည်းကောင်း စန်းပွင့်ကိန်းရှိပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မိသားစု အကြီးကဲနှင့် စကားပြောရကိန်းရှိပါသည်။ သမီးရည်းစားများ အချစ်ရေး ကံကောင်းနေတတ်ပါသည်။ မကြာခဏ စကားပြောအဆင်မပြေသည်ကလွဲပြီး ကံကောင်းတတ်ပါသည်။ ဖြတ်သွားသောသူများပြန်လာကိန်းလည်းရှိသော ကာလဖြစ်ပါသည်။ ကျန်းမာရေး အနေနဲ့ကတော့ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ အမျိုးသား စန်းပွင့် ကိန်းရှိလို့ သတိထားပါ။

    တစ်လတာယတြာ- စနေဂြိုဟ်နံဘုရားမှာ ပန်းအဝါရောင်(10)ပွင့် ထောပတ်ဆီမီးခွက်(3)ခွက် ပူဇော်ပေးပါ။

    Credit- ဆရာမင်းသုခ 09-440243656

    (Zawgyi)

    တနဂၤေႏြသားသမီးမ်ားအတြက္

    ဤ အခ်ိန္သည္ အမွားအမွန္၊ အေကာင္းအဆိုးကို ခြဲျခားရခက္ေသာကာလ ျဖစ္သည္၊၊ ေရွ႕တိုးရအခက္၊ ေနာက္ဆုတ္ရအခက္ ျပႆနာမ်ား ႀကဳံရတက္သည္။ အရာရာသတိထား၍ လုပ္ကိုင္မွ ေတာ္ကာၾကသည္၊၊ ယခုခ်ိန္မွစ၍ မိမိလုပ္ေဆာင္မည့္အရာအားလုံးကို အကြက္ခ်ပီး လုပ္ေဆာင္ရန္ ႀကိဳးစားသင့္သည္၊၊ မိမိ၏ ဇြဲ၊ လုံ႔လေပၚမူတည္၍ ေအာင္ျမင္လိမ့္မည္၊၊ စကားအေျပာဆို ဆင္ျခင္သတိျပဳရပါမည္၊၊ ႏႈတ္ေၾကာင့္ေသ၊ လက္ေၾကာင့္ေၾက…တတ္ေသာ ကာလျဖစ္၍ ႏႈတ္မထိန္းပါက ႀကီးစြာေသာ ဥပဒ္ျဖစ္တက္သည္၊၊ ေငြမ်ားဝင္ေသာလည္း အဖတ္မတင္တက္ေပ၊၊ အလိုလိုေနရင္း စိတ္အားငယ္တက္ေသာစိတ္၊ တက္လြယ္က်လြယ္ေသာစိတ္ကို အျမန္ဆုံးျပဳျပင္ပါေလ။ မိမိ မလုပ္ခ်င္ မျဖစ္ခ်င္ေသာကိစၥကို တစ္စုံတစ္ေယာက္မွ အတင္းအၾကပ္၊ ဇြတ္လုပ္ခိုင္းခ်င္းခံရတက္သည္၊၊ လူငယ္လူ႐ြယ္မ်ားအေနျဖင့္…မခ်စ္သင့္သူကို ခ်စ္ျခင္း၊ အခ်စ္မွား ဆုံးျဖတ္ခ်က္မွားျခင္းမ်ားေၾကာင့္ မလိုလားအပ္ေသာျပႆနာမ်ားႏွင့္ ထိပ္တိုက္ႀကဳံရတက္သည္၊၊ က်န္းမာေရးအေနျဖင့္…အေနအထိုင္ မဆင္ျခင္မႈေၾကာင့္ ေရာဂါေဝဒနာမ်ားၾကေရာက္ တက္သည္၊၊မ်က္စိ၊မ်က္ႏွာ၊မ်က္လုံးနဲ႔ပက္သတ္ပီး ဂ႐ုစိုက္ရပါမည္၊၊

    တစ္လတာယၾတာ- အိမ္ဘုရားမွာ ေထာပတ္ဆီမီးခြက္ ၃ခြက္ ပူေဇာ္ေပးပါ။ ဘုန္းႀကီးေက်ာင္း၊စာသင္ေက်ာင္းမ်ားတြင္ ေရအိုးစဥ္လႉေပးလိုက္ပါ၊၊

    တနလၤာသားသမီးမ်ားအတြက္

    အိမ္အသစ္ေဆာက္မည့္ကိစၥ အဆင္ေျပေအာင္ျမင္မည္။ ရပ္ေဝးမွ သတင္းေကာင္းၾကားရတတ္သည္။ မိတ္ေဆြမ်ား၏ ကူညီမႈရရွိမည္။ စပ္တူ လုပ္ငန္းမ်ား လုပ္ရကိန္း ရွိပါတယ္။ သင္တန္းတက္ရျခင္း ၊ ဆရာသမားလို ပုဂၢိဳလ္မ်ား ကူညီေစာင့္ေရွာက္ျခင္း ခံရတတ္ပါသည္။ ေ႐ႊဝယ္မည့္ကိစၥ ပ်က္တတ္ပါသည္။ အဂၤါ၊ စေနသားသမီး / လူမ်ိဳးျခားတစ္ဦးေၾကာင့္ စိတ္အေႏွာက္အယွက္မ်ား ႀကဳံရတတ္ပါသည္။ လက္ေအာက္ငယ္သား ၊ အလုပ္သမားမ်ားရွိလွ်င္ ထြက္သြားတတ္ပါတယ္။ စက္ပစၥည္း၊ ကား၊ ဖုန္း၊ ေျမ ဝင္ကိန္း ရွိပါသည္။ လုပ္ငန္းရွင္မ်ား ကားအသစ္ ခ်ိန္းျဖစ္တတ္ပါသည္။ ေငြကေတာ့ အဝင္ၾကမ္း အထြက္ၾကမ္း ျဖစ္ေနတတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဘက္ႏွင့္ ပတ္သက္၍ စိတ္ရႈပ္ရတတ္ပါသည္။ ခရီးထြက္မည္ ထြက္မည္ဆိုၿပီး ခရီးရက္ေ႐ႊ႕ရျခင္း ၊ ႀကံၾကာျခင္းမ်ား ႀကဳံရတတ္ပါသည္။ သူမ်ား အမႈအခင္း ျပႆနာမ်ားကို အႀကံေပးေျဖရွင္းေပးရတတ္ပါသည္။ ျဖစ္ႏိုင္လွ်င္ ဒီတစ္လလုံး စေန၊ ဗုဒၵဟူးေန႔မ်ားတြင္ နာေရး လုံး၀ လိုက္မပို႔ပါႏွင့္။ စေန၊ ဗုဒၵဟူးေန႔တြင္ ေတာင္အရပ္ ခရီး ေရွာင္ပါ။အေရးႀကီး ကိစၥသြားလွ်င္ အစိမ္းေရာင္၊ အနက္ေရာင္ အဝတ္အစား ေရွာင္ပါ။

    တစ္လတာယၾတာ-ေသာၾကာ္ၿဂိဳလ္ေဒါင့္ဘုရားတြင္ ႏွင္းဆီပန္း(၁၅)ပြင့္၊ သစ္သီး(၁၅)လုံး ကပ္လႉပူေဇာ္ေပးပါ၊၊

    အဂၤါသားသမီးမ်ားအတြက္

    ေျခ၊ လက္ထိမိခိုက္မိ ျဖတ္တတ္သျဖင့္ ဂ႐ုစိုက္ေပးပါ။ စိတ္ထိခိုက္ျခင္း၊ စိတ္ဓာတ္က်ျခင္းမ်ား တစ္ခါတစ္ရံျဖစ္ေပၚတတ္ပါသည္။ခ်စ္သူႏွင့္ စကားေျပာအဆင္မေျပျဖစ္တတ္သည္။ မထင္မွတ္ဘဲ ခရီးတစ္ခုသြားရတတ္သည္။ ခရီးသြားၿပီးျပန္ လာလွ်င္ ညံ့ေနေသာကံမ်ား ေကာင္းသြားတတ္ပါသည္။ ေျမကိစၥ၊ ဖုန္းကိစၥ၊ အေမြကိစၥ၊ ေငြေရးေၾကးေရးႏွင့္ ပတ္သက္ၿပီး စိတ္ေသာကေရာက္ရတတ္ပါသည္။ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး ေငြအထြက္မ်ားျခင္း၊ ေငြေၾကးေပး စရာရွိသည္ကို မေပးႏိုင္ျခင္းမ်ား ႀကဳံရတတ္ပါသည္။ ကား၊ ကြန္ပ်ဴတာ၊ ကင္မရာမ်ား ဝင္ကိန္း၊ အဆင္ေျပကိန္း ရွိသည္။ အလွျပင္လုပ္ငန္း၊ အႏုပညာလုပ္ငန္း၊ လူထုႏွင့္ပတ္သက္ေသာလုပ္ငန္းမ်ား အဆင္ေျပေအာင္ျမင္ကိန္း ရွိပါသည္။ စပ္တူရွယ္ယာလုပ္ငန္း၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားအလုပ္ျဖစ္ၿပီး ေငြမက်န္ျခင္း၊ ေငြစုမရျခင္း မ်ားႀကဳံရတတ္ပါသည္။ စီးပြားေရးလုပ္ငန္းလုပ္သူမ်ား ေငြေရးေၾကးေရး စကားေျပာရတတ္သည္။ အိမ္ေထာင္ရွိသူမ်ား ဆန္းပြင့္ကိန္းရွိသည္။ ပညာေရးကံမေကာင္းပါ။ သင္တန္းတတ္ရန္ကိစၥမ်ား ပ်က္သြားတတ္ပါသည္။

    တစ္လတာယၾတာ- သက္ႀကီး႐ြယ္အို အဂၤါသားသမီးကို ဖနပ္တစ္ရံႏွင့္ အျဖဴေရာင္ အက်ႌတစ္ထည္လႉေပးပါ၊၊

    ဗုဒၶဟူးသားသမီးမ်ားအတြက္

    စီးပြားေရးလုပ္ငန္းလုပ္ရာတြင္ အေနာက္ေျမာက္ေဒါင့္ကို ေရွာင္ေပးရမည္၊၊ ထင္ထင္ရွားရွားေအာင္ျမင္မည့္ ကာလျဖစ္သည္၊၊အႀကံအစည္မ်ား ေအာင္ျမင္ ျဖစ္ထြန္းလြယ္မည္။ ရဲရဲသာလုပ္ပါ၊၊ တစ္ခုသတိျပဳရမွာ…ေငြအသုံးစြဲဆင္ျခင္ပါ၊၊ မကုန္သင့္သည့္ ေနရာတြင္ အကုန္မ်ားလိမ္မည္၊၊ မိမိ၏ ကိုယ္ပိုင္အေတြးေခၚမ်ားကို လြတ္လပ္စြာ လုပ္ေဆာင္ပါ၊၊ ဝင္ေရာက္ေႏွာင့္ယွက္တတ္သူမ်ား ရွိေသာ္လည္း မိမိကသာေအာင္ျမင္မႈ ရရွိလိမ္မည္ တနလၤာ၊အဂၤါ အမည္ရွင္မ်ားကို သတိထားပါ၊၊ လူငယ္လူ႐ြယ္မ်ားအေနျဖင့္ အရွက္တကြဲ အက်ိဳးနည္းကိန္းႀကဳံရတက္သည္၊၊ အေနထိုင္ဆင္ျခင္ပါ။ ခ်စ္သူမရွိလွ်င္ ခ်စ္သူရမည္၊၊ ခ်စ္သူရွိပါက နီးစပ္အဆင္ေျပသြားလိမ့္မည္၊၊ စိတ္ခ်မ္းေျမ့စရာမ်ားႏွင့္ ျပည့္စုံမည္၊၊ က်န္းမာေရးအေနျဖင့္…အေအးမိျခင္း၊ေခ်ာင္းဆိုးျခင္း၊အဆုတ္ပိုင္းဆိုင္ရာ၊ အေၾကာအားနည္းျခင္းမ်ား ႀကဳံရတက္သည္၊၊ (ဒီလထဲတြင္ ေငြလိမ္ခံရတက္သည္)

    တစ္လတာယၾတာ- မိမိေနအိမ္ဘုရားစဥ္၌ ေသာက္ေတာ္ေရ(၉)ခြက္ ပန္းအနီေရာင္(၉)ပြင့္ ကပ္လႉပူေဇာ္ေပးပါ မိမိေမြးေန႔ ဗုဒၶဟူးေန႔တြင္ပူေဇာ္ေပးရပါမည္၊၊.

    ၾကာသပေတးသားသမီးမ်ားအတြက္

    စိတ္ရႈပ္စရာ၊ စိတ္ပ်က္စရာ၊ စိတ္ဓာတ္က်စရာကိစၥမ်ားႀကဳံတတ္သည္။ သူတစ္ပါး အထင္လႊဲျခင္း၊ မေကာင္းေျပာခ်င္းမ်ား ခံရကိန္းရွိသည္။ ခ်စ္ခင္သူမ်ားႏွင့္မထင္မွတ္သာ အေၾကာင္းအရာမ်ားေၾကာင့္ လမ္းခြဲရကိန္းရွိပါသည္။ တနလၤာ၊ အဂၤါ၊ ဗုဒၶဟူး ခ်စ္သူရွိက မထင္မွတ္ဘဲ အဆင္မေျပျခင္း၊ ပ်က္သြားျခင္းမ်ား ႀကဳံရတတ္ပါသည္။ ခ်စ္သူမရွိသူမ်ားကေတာ့ အခ်စ္သစ္ေတြ႕မည္၊။ မိမိထက္ငယ္႐ြယ္သူမ်ားႏွင့္အဆင္ေျပတတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား၊ အိမ္ေထာင္ ေရးအဆင္မေျပျဖစ္တတ္သည္။ ဆန္းပြင့္ျခင္းတို႔ ႀကဳံရကိန္းရွိသည္။ ပညာေရးကံေကာင္းပါသည္။ သင္တန္းကိစၥ၊ အင္တာဗ်ဴးကိစၥမ်ားအဆင္ေျပေအာင္ျမင္ကိန္းရွိပါသည္။ ေငြေရး၊ ေၾကးေရးကံေကာင္းပါမည္။ အေႂကြးတင္ျခင္း၊ အေႂကြးေပးစရာရွိျခင္းမ်ား ႀကဳံရတတ္ပါသည္။ ေငြေရးေၾကးေရးႏွင့္ ကိစၥႏွင့္ပတ္သက္ၿပီ အထူးဂ႐ုစိုက္ရပါမည္။ အလုပ္အကိုင္မ်ားလည္း အဆင္ေျပမလိုလိုႏွင့္အဆင္မေျပျဖစ္တတ္သည္။ အစိုးရႏွင့္ပတ္သက္ေသာလုပ္ငန္းမ်ား ေအာင္ျမင္ကိန္းရွိပါသည္။ ေငြေၾကးႏွင့္ပတ္သက္ေသာလုပ္ငန္း၊ စက္ပစၥည္းႏွင့္ပတ္သက္ေသာလုပ္ငန္းလုပ္သူမ်ား ေငြေၾကးကံေကာင္းမႈအားနည္းတတ္ပါသည္။

    တစ္လတာယၾတာ- မိမိ၏ေမြးေန႔ ၾကာသပေတးေန႔တြင္ ေညာင္ပင္မွာ(ေ႐ႊေရ-ေငြေရ)ေလာင္းေပးလိုက္ပါ။

    ေသာၾကာသားသမီးမ်ားအတြက္

    ခရီးသြားလုပ္ငန္း ၊ ဟိုတယ္လုပ္ငန္း ၊ သစ္လုပ္ငန္း ၊ ေ႐ႊလုပ္ငန္း လုပ္သူမ်ား ေအာင္ျမင္မႈရမည္။ ထြက္ထားေသာ ေငြမ်ား ျပန္ဝင္ ကိန္း ရွိပါသည္။ ေဆြမ်ိဳးသားခ်င္း ၊ အႀကီးအကဲေၾကာင့္၊ မိတ္ရင္း ေဆြရင္းေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ရတတ္ပါသည္။မိမိ မိတ္ေဆြမ်ားထဲမွ လူမ်ိဳးျခား (သို႔) စေနသားသမီး တစ္ဦး အမႈအခင္းကိစၥ ေပၚတတ္ပါသည္။ ေငြေၾကး ဝင္သမွ် ေငြထြက္ကိန္း ရွိပါသည္။ ရပ္ေဝးမွာ မိတ္ေဆြေဟာင္း အကူညီရတက္သည္။ လုပ္ငန္းအသစ္ တိုးခ်ဲ႕ ရတတ္ပါသည္။ လုပ္ငန္းသစ္လုပ္ရန္ ႀကံၾကာမႈေတြ ျဖစ္ရတတ္ပါသည္။ သူမ်ား ကိစၥမ်ားၾကားမွာ ၾကားညႇပ္တတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား စန္းပြင့္တတ္ပါသည္။ တစ္ခါ တစ္ခါ အိမ္ေထာင္ဘက္အေပၚ စိတ္ပ်က္ျခင္း ၊ စိတ္အလို မက်ျခင္းတို႔ ျဖစ္ရတတ္ပါသည္။ ခ်စ္သူရည္းစားမ်ား အေနနဲ႔ ခ်စ္သူ၏ စားၿပီး နားမလည္ လုပ္တာမ်ိဳး ခံရတတ္ပါသည္။ ခ်စ္သူေၾကာင့္ စိတ္ညစ္ စိတ္ရႈပ္ စိတ္ထိခိုက္ရမည့္လ ျဖစ္ပါသည္။ ခ်စ္သူေၾကာင့္ ပတ္ဝန္းက်င္တြင္ မ်က္ႏွာပ်က္၊ မ်က္ႏွာမလွ ျဖစ္ရတတ္ပါသည္။ ခ်စ္သူသည္ မိမိမဟုတ္ေသာ တစ္ျခား ေကာင္မေလး တစ္ေယာက္ႏွင့္ ေတြ႕ေနသည့္ သတင္းၾကားရတတ္ပါသည္။ ခ်စ္သူ စန္းပြင့္လို႔ သဝင္တိုျခင္း၊ မခံ မရပ္ႏိုင္ျဖစ္ရျခင္းတို႔ ျဖစ္ရမည့္ကိန္း ရွိပါသည္။ ဒီလထဲတြင္ က်န္းမာေရး ေကာင္းလိုက္ မေကာင္းလိုက္ျဖစ္လိမ့္မည္၊၊ (ဒီလထဲတြင္ စက္ပစၥည္း အဝင္မေကာင္း မဝယ္ေကာင္း)

    တစ္လတာယၾတာ- အိမ္ဘုရားမွာ ေအာင္သေျပ(21)ၫြန႔္ ဖေယာင္းတိုင္ (21)တိုင္ သစ္သီး(21)လုံး ကပ္လႉပူေဇာ္ေပးပါ။

    စေန သားသမီးမ်ားအတြက္

    ယခုလသည္ စီးပြားသိသိသာသာ တိုးတက္ေအာင္ျမင္မည္။လုပ္ငန္းမ်ား သိသိသာသာ ေအာင္ျမင္မူရမည္။ ဘုရားဖူးခရီးမ်ား စိတ္ခ်မ္းသာစရာခရီးမ်ား ျပည္တြင္းျပည္ပခရီးမ်ား သြားတတ္ပါသည္။ ဝန္ထမ္းျဖစ္လွ်င္ ရာထူးတက္ျခင္း အေျခအေနအဆင့္အတန္း ျမင့္တက္ျခင္းမ်ားႀကဳံမည္။ သင္တန္းတစ္ခု တက္ရျခင္း ပညာေကာင္း ရျခင္းမ်ား ႀကဳံမည္။ မိတ္ေဆြေကာင္း ဆရာေကာင္မ်ား ေတြ႕မည္။ အဖိုးတန္စက္ပစၥည္မ်ားဝင္မည္။ ေျမကိစၥမ်ား အဆင္ေျပမည္။ ေငြရွာရလြယ္ျခင္း ေငြအဝင္အထြက္ ၾကမ္းျခင္းမ်ားႀကဳံလိမ့္မည္။ ရပ္ေဝးမွစာမ်ား အဆက္အသြယ္မ်ား ရလာမည္။ အထူးသတိျပဳရန္ – က်န္းမာေရး ဂ႐ုစိုက္ေပးပါ။ တုတ္ေကြး၊ အစာအိမ္ ၊ ေလးဘက္နာျဖစ္လို႔ ေဆးခန္း ျပရတတ္ပါသည္။ အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ဖက္ အတြက္ စိတ္ညစ္ရတတ္သည္။ မထင္မွတ္ပဲ အမႈအခင္း ျပႆနာနဲ႔ ႀကဳံေတြ႕၇တတ္ပါတယ္။ ဒီလ စေနေန႔ ဗုဒၵဟူးေန႔မ်ားတြင္ နာေရး အသုဘပို႔ျခင္း မျပဳပါႏွင့္ အထူးသတိျပဳပါ။ ေနာက္ အိမ္ေထာင္ေထာင္ရွိသူမ်ား မိမိေသာလည္းေကာင္း/ အိမ္ေထာင္ဘက္ေသာ္ လည္းေကာင္း စန္းပြင့္ကိန္းရွိပါတယ္။ ထိုကိစၥႏွင့္ပတ္သက္ၿပီး မိသားစု အႀကီးကဲႏွင့္ စကားေျပာရကိန္းရွိပါသည္။ သမီးရည္းစားမ်ား အခ်စ္ေရး ကံေကာင္းေနတတ္ပါသည္။ မၾကာခဏ စကားေျပာအဆင္မေျပသည္ကလြဲၿပီး ကံေကာင္းတတ္ပါသည္။ ျဖတ္သြားေသာသူမ်ားျပန္လာကိန္းလည္းရွိေသာ ကာလျဖစ္ပါသည္။ က်န္းမာေရး အေနနဲ႔ကေတာ့ ႏွလုံးႏွင့္ ပတ္သက္၍ က်န္းမာေရးညံ့ျခင္း။ စပ္တူရွယ္ယာလုပ္ငန္းမ်ား ေပၚလိမ့္မည္။ လုပ္လွ်င္ေအာင္ျမင္မည္။ အမ်ိဳးသား စန္းပြင့္ ကိန္းရွိလို႔ သတိထားပါ။

    တစ္လတာယၾတာ- စေနၿဂိဳဟ္နံဘုရားမွာ ပန္းအဝါေရာင္(10)ပြင့္ ေထာပတ္ဆီမီးခြက္(3)ခြက္ ပူေဇာ္ေပးပါ။

    Credit- ဆရာမင္းသုခ 09-440243656