Author: shangyi

  • မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)

    (Unicode)

    မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)

    မုန်လာဥကို ခပ်ပါးပါးလှီး။ ရေဆေး။ ကြက်သွန်နီ ပါးပါးလှီးထည့်။ သံပုရာရည်များများညှစ်ထည့်၊ ငြုတ်သီးထည့်။ မြေပဲပုစွန်ခြောက် ထောင်းထည့်။ သကြား၊ ဆားထည့်နယ်။ အရသာက ချဉ်ချဉ်စပ်စပ် လတ်လတ်ဆတ်ဆတ်မို့ မုန်လာချဉ်သုပ်ထက် ပိုကောင်း။(အစိမ်းနံ့ မနံပါ) တချို့က ရှတတအရသာနဲ့ အစိမ်းနံ့ပျောက်အောင် ဆားနဲ့ နယ် ၊ရှာလကာရှည်နဲ့နှပ်ကာ အရည်ညှစ်ထုတ်ပြီးမှ သုပ်စားတတ်ကြပါတယ်။

    ကျန်းမာရေး

    ၁။သွေးအားကောင်းစေပါတယ်။

    ၂။အမျှင်ဓာတ်များစွာပါပါတယ်။ဝမ်းချုပ်တာကာကွယ်။

    ၃။နှလုံးထိခိုက်မှုတွေက ကာကွယ်ပေးပါတယ်။

    ၄။သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးပေါင် ထိန်းညှိပေးပါတယ်။

    ၅။ဘီတာမင်စီ များစွာပါလို့ ကိုယ်ခံအား ကောင်းစေပါတယ်။

    ၆။ရေဓာတ်ကိုဖြည့်တင်းပေးပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။

    Credit-Ham Sai

    (Zawgyi)

    မုန္လာဥ အစိမ္းသုပ္ ျပဳလုပ္နည္း (အစားလည္းေဆး ေဆးလည္းအစာ)

    မုန္လာဥကို ခပ္ပါးပါးလွီး။ ေရေဆး။ ၾကက္သြန္နီ ပါးပါးလွီးထည့္။ သံပုရာရည္မ်ားမ်ားညႇစ္ထည့္၊ ျငဳတ္သီးထည့္။ ေျမပဲပုစြန္ေျခာက္ ေထာင္းထည့္။ သၾကား၊ ဆားထည့္နယ္။ အရသာက ခ်ဥ္ခ်ဥ္စပ္စပ္ လတ္လတ္ဆတ္ဆတ္မို႔ မုန္လာခ်ဥ္သုပ္ထက္ ပိုေကာင္း။(အစိမ္းနံ႔ မနံပါ) တခ်ိဳ႕က ရွတတအရသာနဲ႔ အစိမ္းနံ႔ေပ်ာက္ေအာင္ ဆားနဲ႔ နယ္ ၊ရွာလကာရွည္နဲ႔ႏွပ္ကာ အရည္ညႇစ္ထုတ္ၿပီးမွ သုပ္စားတတ္ၾကပါတယ္။

    က်န္းမာေရး

    ၁။ေသြးအားေကာင္းေစပါတယ္။

    ၂။အမွ်င္ဓာတ္မ်ားစြာပါပါတယ္။ဝမ္းခ်ဳပ္တာကာကြယ္။

    ၃။ႏွလုံးထိခိုက္မႈေတြက ကာကြယ္ေပးပါတယ္။

    ၄။ေသြးတိုးသမားေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ေသြးေပါင္ ထိန္းညႇိေပးပါတယ္။

    ၅။ဘီတာမင္စီ မ်ားစြာပါလို႔ ကိုယ္ခံအား ေကာင္းေစပါတယ္။

    ၆။ေရဓာတ္ကိုျဖည့္တင္းေပးၿပီး အေရျပားက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

    Credit-Ham Sai

  • ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ

    (Unicode)

    ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ

    ကဲဗျာ ချစ်မိတ်ဆွေတို့ ဒီတစ်ခါ အလွယ်ဆုံးနည်းလေး ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်းပြောပြချင်တယ်ဗျ။ သုံးနှစ် သုံးမိုး အမြဲကိုက်နေတဲ့ ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်း ခဏပဲ သက်သာတာ။ အကိုက်ပျောက်ဆေး ထိုးလည်း ခဏပဲသက်သာတာ။

    အခုတော့ ခရမ်းသီးကို အရေညှစ်ပြီး ကိုက်တဲ့နေရာကို လိမ်းတာအခုတော့ ပျောက်နေပြီဗျ။ကျွန်တော် ပျောက်သလို ကျွန်တော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ပျောက်စေချင်တဲ့ စေတနာမေတ္တာနဲ့ ဒီဆေးနည်းလေး ပြောပြပါရစေ။

    အရင်ဆုံး ခရမ်းသီးကို လေးစိတ် စိပ်ပါ။ လေးစိတ် စိပ်ပြီးရင်ခရမ်းသီးကို သံပုရာသီးညှစ်သလိုညှစ်ပါ။ ညှစ်လို့ထွက်လာတဲ့ ခရမ်းသီး အရေကို မိတ်ဆွေညောင်းညာ ကိုက်ခဲနေတဲ့နေရာကို လိမ်းပေးပါ။ ခရမ်းသီးရေ လိမ်းတဲ့နေရာကို အဝတ်လေးနဲ့ ခဏစည်းထားပါ။ မကြာခင်မှာ အညောင်းပြေလို့ အကိုက်သက်သာစေပါတယ်ဗျာ။ လက်တွေ့သုံးကြည့်ပါ။

    7ရက်သားသမီးများ ချမ်းသာလို့ ကျမ်းမာကြပါစေခင်ဗျာ။

    Credit-Kyaw Khaing OO

    (Zawgyi)

    ေျခေထာက္ ၃ ႏွစ္ ၃မိုး ကိုက္ခဲခဲ့တာ ဒီနည္းနဲ႔မွ ေပ်ာက္ေတာ့တယ္ဗ်ာ

    ကဲဗ်ာ ခ်စ္မိတ္ေဆြတို႔ ဒီတစ္ခါ အလြယ္ဆုံးနည္းေလး ဝယ္ရလြယ္တဲ့ ျမန္မာေဆးနည္း ခရမ္းသီးေလး အၾကာင္းေျပာျပခ်င္တယ္ဗ်။ သုံးႏွစ္ သုံးမိုး အၿမဲကိုက္ေနတဲ့ ကြၽန္ေတာ္ေျခေထာက္ေလး ေဆးေသာက္လည္း ခဏပဲ သက္သာတာ။ အကိုက္ေပ်ာက္ေဆး ထိုးလည္း ခဏပဲသက္သာတာ။

    အခုေတာ့ ခရမ္းသီးကို အေရညႇစ္ၿပီး ကိုက္တဲ့ေနရာကို လိမ္းတာအခုေတာ့ ေပ်ာက္ေနၿပီဗ်။ကြၽန္ေတာ္ ေပ်ာက္သလို ကြၽန္ေတာ့္လို ခံစားေနရတဲ့ ေဝဒနာရွင္ေတြလည္း ေပ်ာက္ေစခ်င္တဲ့ ေစတနာေမတၱာနဲ႔ ဒီေဆးနည္းေလး ေျပာျပပါရေစ။

    အရင္ဆုံး ခရမ္းသီးကို ေလးစိတ္ စိပ္ပါ။ ေလးစိတ္ စိပ္ၿပီးရင္ခရမ္းသီးကို သံပုရာသီးညႇစ္သလိုညႇစ္ပါ။ ညႇစ္လို႔ထြက္လာတဲ့ ခရမ္းသီး အေရကို မိတ္ေဆြေညာင္းညာ ကိုက္ခဲေနတဲ့ေနရာကို လိမ္းေပးပါ။ ခရမ္းသီးေရ လိမ္းတဲ့ေနရာကို အဝတ္ေလးနဲ႔ ခဏစည္းထားပါ။ မၾကာခင္မွာ အေညာင္းေျပလို႔ အကိုက္သက္သာေစပါတယ္ဗ်ာ။ လက္ေတြ႕သုံးၾကည့္ပါ။

    7ရက္သားသမီးမ်ား ခ်မ္းသာလို႔ က်မ္းမာၾကပါေစခင္ဗ်ာ။

    Credit-Kyaw Khaing OO

  • သစ်တံခါးဆရာတော်၏ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း

    (Unicode)

    သစ်တံခါးဆရာတော်၏ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း

    မြန်မာဂမ္ဘီရ လောကီဝိဇ္ဇာဓရ ပညာဖြင့် မြေပိုင်ရှင်၊ အိမ်ပိုင်ရှင် ဖြစ်အောင် ဆောင်ရွက်နည်း

    သစ်တံခါးဆရာတော် ၏ ရေးသား ဖော်ပြချက်အား အဓိဋ္ဌာန် ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ။မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသောစားပွဲမှ ၎င်း တစ်နေရာတွင် သီးသန့်ထား၍သော်၎င်း တစ်ယောက်စာ တစ်ပန်းကန်စာကိုဟင်းအားလုံး စုပုံထည့်ကာ ခက်ရင်း ဇွန်းတပ်ပြီး လက်နှင့်ကိုင်မြှောက်ကာ ” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူ ပြီး ကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ ရဟန္တာပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်များနှင့် သံဃာတော် အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူ ကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်း အပေါင်းအရှင်ကောင်းတို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော် မူကြပါ။သုံးဆောင်တော်မူ ကြပါဟု ” … ပင့်ဖိတ် ၍ အလှုဒါန ပြု့ပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ။ ကပ် လှုထားသော ပန်းကန် (၂) ခုထဲတွင် အချိူ ပွဲပါ စု့ ပုံပြီးကပ်လှုပါ။

    မိမိ ထမင်းစား ပြီးပါက မြတ်ဗုဒ္ဓ နှင့်ရဟန္တာ များ အရိယာဝိဇ္ဇာ ဓမ္မဝိဇ္ဇာ တို့အတွက် အလှုဒါန ပြု့ထားသော ပန်းကန်များကို ကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ မြေပြင်ပေါ် တွင် ဘာမှမခင်းရပါ။သစ္စာပြုကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏။ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီး ပေါ်မှာ စား၊ မြေကြီး ပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့်အတွက် အသင်မြေကြီးသည် ကျေးဇူး ကြီးမားလှပါသည်။

    ဤကဲ့သို့ ကျေးဇူး ကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီး ပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုင်ပါစေ။

    ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ။ သာယာကြပါစေ။ ကျန်းမာကြပါစေ။ ချမ်းချမ်းသာသာ စားသောက်နိုင်ကြပါစေဟုသစ္စာပြု ဆုတောင်းကာ အရင်ကပ်လှုထားသေ ာထမင်းဟင်း ၂ပွဲ၊ ရေ တို့ကို တဝက်စီ ခွဲ၍ မြေကြီးပေါ်ပုံပါ။ အလှုဒါနပြုပါ။ ဆွေတော် မျိူးတော်အပေါင်းနှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။ သုံးဆောင်တော်မူကြပါ ။

    ဤကဲ့သို့ ကုသိုလ် ကောင်းမှုထူးကို ပြုလုပ်ရပါသော ကောင်းကျိုးများကြောင့် ဘုရားတပည့်တော် ( …နာမည်)သည် မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင် သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသားဟု ဆု့တောင်း သစ္စာပြုပါ။ ကျန်တစ်ဝက်ကို မိမိစားပါ။ ရောဂါ ပျောက်ပါစေ။ ကျန်းမာပါစေ။ လာဘ်လာဘ ပွင့်ပါစေ။ ဝင်ငွေ တိုးပါစေဟု ပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။

    Credit-Duwun

    (Zawgyi)

    သစ္တံခါးဆရာေတာ္၏ ေျမပိုင္ရွင္၊ အိမ္ပိုင္ရွင္ျဖစ္ေအာင္ ေဆာင္႐ြက္နည္း

    ျမန္မာဂမၻီရ ေလာကီဝိဇၨာဓရ ပညာျဖင့္ ေျမပိုင္ရွင္၊ အိမ္ပိုင္ရွင္ ျဖစ္ေအာင္ ေဆာင္႐ြက္နည္း

    သစ္တံခါးဆရာေတာ္ ၏ ေရးသား ေဖာ္ျပခ်က္အား အဓိ႒ာန္ က်င့္ေဆာင္ပုံ တင္ျပေပးျခင္းပါ။မိမိမွာ အိမ္ပိုင္ရွင္ ေျမပိုင္ရွင္ ျဖစ္လိုပါက ေန႔စဥ္ေန႔တိုင္း ထမင္းစားေသာက္သည့္အခါ မိမိစားသုံးေနေသာစားပြဲမွ ၎ တစ္ေနရာတြင္ သီးသန႔္ထား၍ေသာ္၎ တစ္ေယာက္စာ တစ္ပန္းကန္စာကိုဟင္းအားလုံး စုပုံထည့္ကာ ခက္ရင္း ဇြန္းတပ္ၿပီး လက္ႏွင့္ကိုင္ေျမႇာက္ကာ ” ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူ ၿပီး ၾကေသာျမတ္ဗုဒၶအဆူဆူတို႔အား တစ္ပြဲ ရဟႏၲာပုဂၢိဳလ္ထူးပုဂၢိဳလ္ ျမတ္မ်ားႏွင့္ သံဃာေတာ္ အေပါင္း အရိယာဝိဇၨာဓမၼဝိဇၨာထြက္ရပ္လမ္း စေရာက္ေတာ္မူ ၾကေသာ ဝိဇၨာထိုရ္သူေတာ္ေကာင္း အေပါင္းအရွင္ေကာင္းတို႔အား ကိုယ္တိုင္ ႂကြေရာက္၍ ဘုန္းေပးေတာ္ မူၾကပါ။သုံးေဆာင္ေတာ္မူ ၾကပါဟု ” … ပင့္ဖိတ္ ၍ အလႈဒါန ျပဳ႕ေပးပါ။ ေသာက္ေတာ္ေရ (သို႔) ေရေႏြး ၾကမ္းတစ္ခြက္စီ ခ်၍ ကပ္လႈေပးပါ။ ကပ္ လႈထားေသာ ပန္းကန္ (၂) ခုထဲတြင္ အခ်ိဴ ပြဲပါ စု႔ ပုံၿပီးကပ္လႈပါ။

    မိမိ ထမင္းစား ၿပီးပါက ျမတ္ဗုဒၶ ႏွင့္ရဟႏၲာ မ်ား အရိယာဝိဇၨာ ဓမၼဝိဇၨာ တို႔အတြက္ အလႈဒါန ျပဳ႕ထားေသာ ပန္းကန္မ်ားကို ကိုင္ၿပီး ေျမႀကီး အလြတ္တစ္ေနရာ ေျမျပင္ေပၚ တြင္ ဘာမွမခင္းရပါ။သစၥာျပဳကာ တပည့္ေတာ္ တစ္ခါမွ မလႉဒါန္းဖူးေသာ အလႈဒါနကို လႈဒါန္းပါ၏။ဘုရားတပည့္ေတာ္သည္ ေျမႀကီးေပၚမွာေန ေျမႀကီး ေပၚမွာ စား၊ ေျမႀကီး ေပၚမွာ က်င္ႀကီး က်င္ငယ္ စြန႔္ကာ ေနထိုင္သည့္အတြက္ အသင္ေျမႀကီးသည္ ေက်းဇူး ႀကီးမားလွပါသည္။

    ဤကဲ့သို႔ ေက်းဇူး ႀကီးမားလွေသာေၾကာင့္ ” ဤ ေျမႀကီးကို ေစာင့္ေရွာက္ေနပါေသာ ” ဝသုႏၵေရ ” ေျမေစာင့္နတ္မင္း ႏွင့္ ေျမႀကီး ေပၚတြင္ရွိၾကကုန္ေသာ ” ပု႐ြတ္ဆိတ္” တီေကာင္ ပိုးေကာင္မႊားေကာင္ အစရွိေသာ သတၱဝါ မွန္သမွ်တို႔သည္ ဘုရားတပည့္ေတာ္ စားသလိုစားႏိုင္ပါေစ။

    ဘုရားတပည့္ေတာ္ ျပည့္ျပည့္ဝဝ စုံစုံလင္လင္ သုံးေဆာင္ရသလို သုံးေဆာင္ရပါေစ။ ေအးခ်မ္းၾကပါေစ။ သာယာၾကပါေစ။ က်န္းမာၾကပါေစ။ ခ်မ္းခ်မ္းသာသာ စားေသာက္ႏိုင္ၾကပါေစဟုသစၥာျပဳ ဆုေတာင္းကာ အရင္ကပ္လႈထားေသ ာထမင္းဟင္း ၂ပြဲ၊ ေရ တို႔ကို တဝက္စီ ခြဲ၍ ေျမႀကီးေပၚပုံပါ။ အလႈဒါနျပဳပါ။ ေဆြေတာ္ မ်ိဴးေတာ္အေပါင္းႏွင့္ ျမင္အပ္ေသာ ပုဂၢိဳလ္ မျမင္အပ္ေသာ ပုဂၢိဳလ္ ” ဝသုႏၵေရ ” နတ္မင္း ႏွင့္ (၃၁) ဘုံသား သတၱဝါမ်ား စားသုံးေတာ္မူၾကပါ။ သုံးေဆာင္ေတာ္မူၾကပါ ။

    ဤကဲ့သို႔ ကုသိုလ္ ေကာင္းမႈထူးကို ျပဳလုပ္ရပါေသာ ေကာင္းက်ိဳးမ်ားေၾကာင့္ ဘုရားတပည့္ေတာ္( …နာမည္)သည္ ေျမပိုင္ရွင္ႀကီး အိမ္ပိုင္ရွင္ သူေ႒းႀကီး မေၾကာင့္မၾက မေတာင္းတရပဲ ျဖစ္ႏိုင္ပါေစ။ အျမန္ျဖစ္၍ ဘာသာအက်ိဴး သာသနာအက်ိဴး သာသနာျပဳႏိုင္ပါေစသားဟု ဆု႔ေတာင္း သစၥာျပဳပါ။ က်န္တစ္ဝက္ကို မိမိစားပါ။ ေရာဂါ ေပ်ာက္ပါေစ။ က်န္းမာပါေစ။ လာဘ္လာဘ ပြင့္ပါေစ။ ဝင္ေငြ တိုးပါေစဟု ေျပာ၍ လက္ေတြ႕ေဆာင္႐ြက္ လက္ေတြ႕အက်ိဴးေပးေသာေၾကာင့္ ေသခ်ာေဆာင္႐ြက္ၿပီး အဓိ႒ာန္ လုပ္ၾကည့္ၾကပါ အစစအရာရာ အဆင္ေျပ၍ ေအာင္ျမင္လာပါလိမ့္မည္။

    Credit-Duwun

  • ၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော်အမြတ်ရခဲ့တဲ့ဖြစ်ရပ်

    (Unicode)

    ၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော်အမြတ်ရခဲ့တဲ့ဖြစ်ရပ်

    =================================

    ဘေထုပ်ရောင်းဝယ်ခြင်းကို နိုင်ငံခြားမှာတော့ thrift shopping လို့ခေါ်ပြီး အဝတ်အစား၊ အသုံးအဆောင်တွေကိုကျရင်တော့ vintage ပစ္စည်းတွေလို့ ခေါ်ပါတယ်။ အမှန်တော့ ဘေထုပ်ဝတ်ခြင်းဟာ ရှက်စရာမကောင်းပါဘူး။ ဟောလိဝုဒ်စတားတွေမှာတောင်မှ vintage အဝတ်အစားအသုံးအဆောင်တွေကို ကြိုက်လွန်းလို့ တမင်ဈေးကြီးပေးဝယ်ကြတဲ့လူတွေရှိပါတယ်။

    Thrift shopping လုပ်တဲ့အခါ နာမည်ကျော် ဇိမ်ခံတံဆိပ်တွေရဲ့ ရှေးတုန်းကထုတ်ခဲ့ပြီး နောက်ပိုင်းမူရင်းဆိုင်တွေမှာတောင် ပြန်ရဖို့မလွယ်ကူတဲ့ ပစ္စည်းဟောင်းတွေ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အသုံးအဆောင်တွေကို ရှာတွေ့နိုင်သလို တန်ကြေးကြီးတဲ့ ပစ္စည်းတွေကိုလည်း ဈေးအရမ်းသက်သာစွာရရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံအချို့မှာတော့ ဘေထုပ်တန်းဆိုတာ သပ်သပ်ရှိပြီး vintage ပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ လူတွေမှတမင်အချိန်ပေးကာ သွားတတ်ကြပါတယ်။

    ဘေထုပ်အကျီၤတွေဝယ်တဲ့အခါ အိပ်ကပ်ထဲမှ ဒေါ်လာတွေပါလာတာမျိုး လက်ဝတ်ရတနာပါလာတာမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အရင်ပိုင်ရှင်က မေ့ပြီးအိတ်ထဲထည့်မိတဲ့အခါ ပြန်ရောင်းတော့ ပစ္စည်တွေကို အကောင်းအတိုင်း ပြန်တွေ့တတ်ပါတယ်။

    မလေးရှားနိုင်ငံမှ အသက် (၂၉) နှစ်အရွယ် Adam Wan ဟာလည်း ဘေထုပ်ထဲမှ ဆုကြေးပေါက်ခဲ့တဲ့ အမျိုးသားတစ်ဦးပါ။ Adam ဟာ Kelantan မှ Kampung Tualang Salak နားမှာ ဘေထုပ်ဆိုင်ဖွင့်ဖို့အတွက် စီစဉ်နေတာပါ။ ဘေထုပ်ဝယ်တဲ့အခါ အထုပ်လိုက်တစ်ခါတည်း ဈေးဖြတ်ဝယ်ရတာမို့ အပေါက်အပြဲအနာအဆာတွေ ပါ,မပါ၊ ပစ္စည်းအကောင်းစားတွေပါ, မပါကတော့ ကိုယ့်ကံနဲ့ဆိုက်ပါတယ်။ Adam ကတော့ (၂၅) ဒေါ်လာပေးကာ ဘေထုပ်နှစ်ထုပ်ကို ဒိုင်ဆီကနေဝယ်လာခဲ့ပါတယ်။

    ဒါပေမဲ့ Adam ကတော့ ပစ္စည်းကောင်းပါတာထက်ကို ပိုပြီးကံကောင်းသွားတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပါတယ်။ သူဝယ်လိုက်တဲ့ ဘေထုပ်ထဲကကုတ်အကျီၤထဲမှာ ပိုက်ဆံအိတ်တစ်အိတ်ကိုရှာတွေ့ခဲ့တာပါ။ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဂျပန်ယန်း (၅) သိန်း (၅) သောင်းကိုရှာတွေ့ခဲ့ပါတယ်။ ယန်း(၅)သိန်း (၅)သောင်းဆိုတာ မလေးရှားရင်းဂစ် (၂) သောင်းနှင့်ညီမျှပြီး ဒေါ်လာ (၄,၈၆၃) ထောင်ကျော်လောက်ရှိပါတယ်။

    ပိုက်ဆံတွေကိုရှာတွေ့တွေ့ချင်း အရမ်းမအံ့သြပေမယ့် ပိုက်ဆံရေပြီးတဲ့ အချိန်မှာတော့ အရမ်းများတဲ့ပမာဏကြောင့် တော်တော်လေးကအံ့သြခဲ့ရပါတယ်။ ပိုက်ဆံအချို့ကိုတော့ မလေးရှားငွေနဲ့ ပြန်လဲလှယ်ကာ စီးပွားရေးအတွက် သုံးသွားမှာဖြစ်ပြီး အနည်းငယ်ကိုတော့ လာဘ်ဆောင်တဲ့အနေနဲ့ သိမ်းထားမယ်လို့ Adam ကဆိုပါတယ်။

    ဒီအကြောင်းကို အများသူငါမုဒိဓာပွားနိုင်အောင် ဓာတ်ပုံနှင့်တကွ Facebook ပေါ်မှာတင်ထားခဲ့ပါတယ်။ လူအများစုကတော့ ပိုက်ဆံရှာတွေ့ခဲ့တဲ့ ကုတ်အကျီၤနဲ့ ပိုက်ဆံထည့်ထားတဲ့ အိတ်တို့ကို ဈေးကြီးပေးဝယ်နေကြပေမယ့် Adam ကတော့ မရောင်းဘဲ သိမ်းထားမှာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    Comment များထဲတွင် Datuk Mohamad Shukri မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး Adam ဟာ ငွေကိုရှာတွေ့ခဲ့တာမှန်ပေမယ့် ထိုငွေများဟာ သူများဟာဖြစ်တာကြောင့်ပိုင်ရှင်ကိုရှာသင့်ကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ပါက ရဲလက်သို့အပ်သင့်ကြောင်း ဝင်ရောက်ပြောထားပါသေးတယ်။

    Adam ကတော့ ဒီဘေထုပ်ထည်များဟာ ဂျပန်မှတစ်ဆင့်လာတာဖြစ်တဲ့အတွက် မလေးရှားမှ အမည်မသိ၊ နေရာမသိဂျပန်နိုင်ငံမှ လူတစ်ယောက်ကို ရှာဖို့ဆိုတာဘယ်လိုမှ မဖြစ်နို်င်ကြောင်း၊ အခြားဘေထုပ်ရောင်းဝယ်သမားများလည်း ပစ္စည်းများယခုလိုတွေ့တဲ့အခါ မိမိကံထူးလို့တွေ့တယ်ဆိုပြီး ယူဆကြောင်းနဲ့ ရဲလက်အပ်ဖို့ဆိုတာ ဒီပိုက်ဆံတွေနဲ့ အစိုးရနဲ့ နည်းနည်းမှ မသက်ဆိုင်ကြောင်း ပြန်တုန့်ပြန်ထားပါတယ်။

    (Zawgyi)

    ၅ ေဒၚလာရင္းၿပီး ဝယ္ခဲ့တဲ့ေဘထုပ္ကေန ေဒၚလာ ၄ ေထာင္ေက်ာ္အျမတ္ရခဲ့တဲ့ျဖစ္ရပ္

    =================================

    ေဘထုပ္ေရာင္းဝယ္ျခင္းကို ႏိုင္ငံျခားမွာေတာ့ thrift shopping လို႔ေခၚၿပီး အဝတ္အစား၊ အသုံးအေဆာင္ေတြကိုက်ရင္ေတာ့ vintage ပစၥည္းေတြလို႔ ေခၚပါတယ္။ အမွန္ေတာ့ ေဘထုပ္ဝတ္ျခင္းဟာ ရွက္စရာမေကာင္းပါဘူး။ ေဟာလိဝုဒ္စတားေတြမွာေတာင္မွ vintage အဝတ္အစားအသုံးအေဆာင္ေတြကို ႀကိဳက္လြန္းလို႔ တမင္ေဈးႀကီးေပးဝယ္ၾကတဲ့လူေတြရွိပါတယ္။

    Thrift shopping လုပ္တဲ့အခါ နာမည္ေက်ာ္ ဇိမ္ခံတံဆိပ္ေတြရဲ႕ ေရွးတုန္းကထုတ္ခဲ့ၿပီး ေနာက္ပိုင္းမူရင္းဆိုင္ေတြမွာေတာင္ ျပန္ရဖို႔မလြယ္ကူတဲ့ ပစၥည္းေဟာင္းေတြ၊ အကန႔္အသတ္နဲ႔ ထုတ္ထားတဲ့ အသုံးအေဆာင္ေတြကို ရွာေတြ႕ႏိုင္သလို တန္ေၾကးႀကီးတဲ့ ပစၥည္းေတြကိုလည္း ေဈးအရမ္းသက္သာစြာရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံအခ်ိဳ႕မွာေတာ့ ေဘထုပ္တန္းဆိုတာ သပ္သပ္ရွိၿပီး vintage ပစၥည္းေတြကို ႀကိဳက္ႏွစ္သက္တဲ့ လူေတြမွတမင္အခ်ိန္ေပးကာ သြားတတ္ၾကပါတယ္။

    ေဘထုပ္အက်ီေတၤြဝယ္တဲ့အခါ အိပ္ကပ္ထဲမွ ေဒၚလာေတြပါလာတာမ်ိဳး လက္ဝတ္ရတနာပါလာတာမ်ိဳးေတြ ၾကားဖူးၾကမယ္ထင္ပါတယ္။ အရင္ပိုင္ရွင္က ေမ့ၿပီးအိတ္ထဲထည့္မိတဲ့အခါ ျပန္ေရာင္းေတာ့ ပစၥည္ေတြကို အေကာင္းအတိုင္း ျပန္ေတြ႕တတ္ပါတယ္။

    မေလးရွားႏိုင္ငံမွ အသက္ (၂၉) ႏွစ္အ႐ြယ္ Adam Wan ဟာလည္း ေဘထုပ္ထဲမွ ဆုေၾကးေပါက္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးပါ။ Adam ဟာ Kelantan မွ Kampung Tualang Salak နားမွာ ေဘထုပ္ဆိုင္ဖြင့္ဖို႔အတြက္ စီစဥ္ေနတာပါ။ ေဘထုပ္ဝယ္တဲ့အခါ အထုပ္လိုက္တစ္ခါတည္း ေဈးျဖတ္ဝယ္ရတာမို႔ အေပါက္အၿပဲအနာအဆာေတြ ပါ,မပါ၊ ပစၥည္းအေကာင္းစားေတြပါ, မပါကေတာ့ ကိုယ့္ကံနဲ႔ဆိုက္ပါတယ္။ Adam ကေတာ့ (၂၅) ေဒၚလာေပးကာ ေဘထုပ္ႏွစ္ထုပ္ကို ဒိုင္ဆီကေနဝယ္လာခဲ့ပါတယ္။

    ဒါေပမဲ့ Adam ကေတာ့ ပစၥည္းေကာင္းပါတာထက္ကို ပိုၿပီးကံေကာင္းသြားတဲ့ အျဖစ္အပ်က္တစ္ခုကို ႀကဳံခဲ့ရပါတယ္။ သူဝယ္လိုက္တဲ့ ေဘထုပ္ထဲကကုတ္အက်ီထၤဲမွာ ပိုက္ဆံအိတ္တစ္အိတ္ကိုရွာေတြ႕ခဲ့တာပါ။ ပိုက္ဆံအိတ္ကိုဖြင့္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ဂ်ပန္ယန္း (၅) သိန္း (၅) ေသာင္းကိုရွာေတြ႕ခဲ့ပါတယ္။ ယန္း(၅)သိန္း (၅)ေသာင္းဆိုတာ မေလးရွားရင္းဂစ္ (၂) ေသာင္းႏွင့္ညီမွ်ၿပီး ေဒၚလာ (၄,၈၆၃) ေထာင္ေက်ာ္ေလာက္ရွိပါတယ္။

    ပိုက္ဆံေတြကိုရွာေတြ႕ေတြ႕ခ်င္း အရမ္းမအံ့ၾသေပမယ့္ ပိုက္ဆံေရၿပီးတဲ့ အခ်ိန္မွာေတာ့ အရမ္းမ်ားတဲ့ပမာဏေၾကာင့္ ေတာ္ေတာ္ေလးကအံ့ၾသခဲ့ရပါတယ္။ ပိုက္ဆံအခ်ိဳ႕ကိုေတာ့ မေလးရွားေငြနဲ႔ ျပန္လဲလွယ္ကာ စီးပြားေရးအတြက္ သုံးသြားမွာျဖစ္ၿပီး အနည္းငယ္ကိုေတာ့ လာဘ္ေဆာင္တဲ့အေနနဲ႔ သိမ္းထားမယ္လို႔ Adam ကဆိုပါတယ္။

    ဒီအေၾကာင္းကို အမ်ားသူငါမုဒိဓာပြားႏိုင္ေအာင္ ဓာတ္ပုံႏွင့္တကြ Facebook ေပၚမွာတင္ထားခဲ့ပါတယ္။ လူအမ်ားစုကေတာ့ ပိုက္ဆံရွာေတြ႕ခဲ့တဲ့ ကုတ္အက်ီနၤဲ့ ပိုက္ဆံထည့္ထားတဲ့ အိတ္တို႔ကို ေဈးႀကီးေပးဝယ္ေနၾကေပမယ့္ Adam ကေတာ့ မေရာင္းဘဲ သိမ္းထားမွာျဖစ္ေၾကာင္း ျပန္လည္တုန႔္ျပန္ခဲ့ပါတယ္။

    Comment မ်ားထဲတြင္ Datuk Mohamad Shukri မွ ဒီကိစၥနဲ႔ပတ္သတ္ၿပီး Adam ဟာ ေငြကိုရွာေတြ႕ခဲ့တာမွန္ေပမယ့္ ထိုေငြမ်ားဟာ သူမ်ားဟာျဖစ္တာေၾကာင့္ပိုင္ရွင္ကိုရွာသင့္ေၾကာင္းနဲ႔ ပိုင္ရွင္ရွာမေတြ႕ပါက ရဲလက္သို႔အပ္သင့္ေၾကာင္း ဝင္ေရာက္ေျပာထားပါေသးတယ္။

    Adam ကေတာ့ ဒီေဘထုပ္ထည္မ်ားဟာ ဂ်ပန္မွတစ္ဆင့္လာတာျဖစ္တဲ့အတြက္ မေလးရွားမွ အမည္မသိ၊ ေနရာမသိဂ်ပန္ႏိုင္ငံမွ လူတစ္ေယာက္ကို ရွာဖို႔ဆိုတာဘယ္လိုမွ မျဖစ္ႏို္င္ေၾကာင္း၊ အျခားေဘထုပ္ေရာင္းဝယ္သမားမ်ားလည္း ပစၥည္းမ်ားယခုလိုေတြ႕တဲ့အခါ မိမိကံထူးလို႔ေတြ႕တယ္ဆိုၿပီး ယူဆေၾကာင္းနဲ႔ ရဲလက္အပ္ဖို႔ဆိုတာ ဒီပိုက္ဆံေတြနဲ႔ အစိုးရနဲ႔ နည္းနည္းမွ မသက္ဆိုင္ေၾကာင္း ျပန္တုန႔္ျပန္ထားပါတယ္။

    Crd,copy

  • ဒီ သဘာဝနည်းလမ်းလေးသုံးကတည်းက ဆံပင်မကျွတ်တော့လို့ အတော်ကိုစိတ်ချမ်းသာသွားတာ

    ဒီ သဘာဝနည်းလမ်းလေးသုံးကတည်းက ဆံပင်မကျွတ်တော့လို့ အတော်ကိုစိတ်ချမ်းသာသွားတာ

    ပါဝင်တဲ့ ပစ္စည်းတွေက ရှားဇောင်းလက်ပတ် အတွင်းသား၊ သံ လွင်ဆီ၊ ထောလပတ်ရွက်

    ရှားဇောင်းလက်ပတ် အတွင်းသားကို ခြစ်ယူ ပြီး သံလွင်ဆီနဲ့ ရော မကျို ုခင်မှာ အဖက်တွေကို ကြေအောင်ခေါက်ပါတယ်။ ပြီးမှ သံ လွင်ဆီနဲ့ ရော ကျို အအေး ခဏခံထားေ နပူလှန်းထားတဲ့ ထောလပက် အရွက်တွေကို ငြုပ်ဆုံ သန့်သန့်မှာ အမှုန့်ရတဲ့ အထိ ထောင်း ဗူးအလွတ်ထဲ ခုန အအေးခံထားတဲ့ သံလွင်ဆီကို အရင်ထည့် ပြီးမှ ထောလပက်ရွက်အမှုန့် ထည့်ေ၊ ခါင်းလျော်မယ့်နေ့ အိပ်ယာက နိုးလာတာနဲ့ အဲ့အဆီ ရွှဲနေအောင်လိမ်း လိုက်ပါတယ် (တစ်ရက် ကြို ပြီးလိမ်းလည်းရပါတယ် ခေါင်းတော့စေးကပ်ကပ် ဖြစ်တာပေါ့ နော်)

    အရင်က ဆို နောက်နေ့အိပ်ယာထတာနဲ့ ခေါင်းဘီးချရင် ဆံပင်တွေ အရမ်းကျွတ်တာ။ အခုဆို လုံးဝ မကျွတ်တော့ပါဘူး ရှင်။

    Credit-Original Uploader

    (Zawgyi)

    ဒီ သဘာဝနည္းလမ္းေလးသုံးကတည္းက ဆံပင္မကြၽတ္ေတာ့လို႔ အေတာ္ကိုစိတ္ခ်မ္းသာသြားတာ

    ပါဝင္တဲ့ ပစၥည္းေတြက ရွားေဇာင္းလက္ပတ္ အတြင္းသား၊ သံ လြင္ဆီ၊ ေထာလပတ္႐ြက္

    ရွားေဇာင္းလက္ပတ္ အတြင္းသားကို ျခစ္ယူ ၿပီး သံလြင္ဆီနဲ႔ ေရာ မက်ိဳ ုခင္မွာ အဖက္ေတြကို ေၾကေအာင္ေခါက္ပါတယ္။ ၿပီးမွ သံ လြင္ဆီနဲ႔ ေရာ က်ိဳ အေအး ခဏခံထားေ နပူလွန္းထားတဲ့ ေထာလပက္ အ႐ြက္ေတြကို ျငဳပ္ဆုံ သန႔္သန႔္မွာ အမႈန႔္ရတဲ့ အထိ ေထာင္း ဗူးအလြတ္ထဲ ခုန အေအးခံထားတဲ့ သံလြင္ဆီကို အရင္ထည့္ ၿပီးမွ ေထာလပက္႐ြက္အမႈန႔္ ထည့္ေ၊ ခါင္းေလ်ာ္မယ့္ေန႔ အိပ္ယာက ႏိုးလာတာနဲ႔ အဲ့အဆီ ႐ႊဲေနေအာင္လိမ္း လိုက္ပါတယ္ (တစ္ရက္ ႀကိဳ ၿပီးလိမ္းလည္းရပါတယ္ ေခါင္းေတာ့ေစးကပ္ကပ္ ျဖစ္တာေပါ့ ေနာ္)

    အရင္က ဆို ေနာက္ေန႔အိပ္ယာထတာနဲ႔ ေခါင္းဘီးခ်ရင္ ဆံပင္ေတြ အရမ္းကြၽတ္တာ။ အခုဆို လုံးဝ မကြၽတ္ေတာ့ပါဘူး ရွင္။

    Credit-Original Uploader

  • ကိုယ်တွင်းက အရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း

    (Unicode)

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင် ပျောက်ပါတယ်။

    ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။

    အငွေ့ထွက်ပြီးပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။

    ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။

    သက်သာရာကနေ ပျောက်ကင်းမှာပါ။

    ၃-၄ ရက်တော့ဇွဲထားလုပ်ပေးပါ။

    Credit-Grace Tun Shein

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။ ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။

    Credit-Grace Tun Shein

    (Zawgyi)

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ၃-၄ ရက္အတြင္း သက္သာေစတဲ့နည္း

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာတာေတြကို ဆားမီးေလွာ္အပူေလးနဲ႔ ၾကပ္ပူထိုးရင္ ေပ်ာက္ပါတယ္။

    ဆားလက္တဆုပ္ကို အိုးထဲထည့္ေလွာ္ပါ။

    အေငြ႕ထြက္ၿပီးပူလာရင္ အဝတ္ေလးထဲထည့္ထုပ္ပါ။

    ၿပီးရင္ နာတဲ့ေနရာကို ဖိဖိတို႔ေပးပါ။

    သက္သာရာကေန ေပ်ာက္ကင္းမွာပါ။

    ၃-၄ ရက္ေတာ့ဇြဲထားလုပ္ေပးပါ။

    Credit-Grace Tun Shein

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ၃-၄ ရက္အတြင္း သက္သာေစတဲ့နည္း

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ဆားမီးေလွာ္အပူေလးနဲ႔ ၾကပ္ပူထိုးရင္ေပ်ာက္ပါတယ္။ ဆားလက္တဆုပ္ကို အိုးထဲထည့္ေလွာ္ပါ။ အေငြ႕ထြက္ၿပီး ပူလာရင္ အဝတ္ေလးထဲထည့္ထုပ္ပါ။ ၿပီးရင္ နာတဲ့ေနရာကို ဖိဖိတို႔ေပးပါ။ သက္သာရာကေန ေပ်ာက္ကင္းမွာပါ။၃-၄ ရက္ေတာ့ ဇြဲထားလုပ္ေပးပါ။

    Credit-Grace Tun Shein

  • နှာခေါင်းအမြဲပိတ်ပြီး နှာရည်တာက်လျှောက်ကျနေသူများအတွက်

    (Unicode)

    နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေရင်

    နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေပါတယ်ဆရာ။ နှစ်ခါခွဲဘူးပါတယ်ဆရာ။ ဆရာဝန်အဆိုကတော့ လေအိတ်ကြီး‌တယ်ပြောပါတယ်ဆရာ။ ထိပ်ကပ်နာလို့လည်း ပြောကြပါတယ်။ ဆေးနည်းလေးမျာ းသိလိုပါတယ်။

    နှာခေါင်းပိတ်၊ ထိပ်ကပ်နာ

    ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကိုလက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပါ။ ရေနွေးကြမ်းသောက်သလို တစ်နေကုန်သောက်နေပါ။ မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်ဆေးအမှတ်၄၃ အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူးရှူပေးပါ။

    ထိပ်ကပ်နာ (နှပ်ပုတ်စော်နံရင်) အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကိုအခြောက်လှန်း မီးရှို့ရှူပေးရင် ပျောက်နိုင်တယ်လို့ အာယုဗေဒဆေးကျမ်းများမှာ ပါပါတယ်။နှပ်ပုတ်စော်နံရင်..သံပရာသီးစိတ်အရည် နှာခေါင်းမော့ ညှစ်ထည့်ပါ။ အစေ့မပါပါစေနဲ့။တစ်နေ့၃ကြိမ် ထည့်ပါ။

    Credit – ကြည်လွင်မြင့်(မုဒြာ)

    (Zawgyi)

    ႏွာေခါင္းက အၿမဲပိတ္ၿပီး ႏွာရည္ကေတာက္ေလွ်ာက္က်ေနရင္

    ႏွာေခါင္းက အၿမဲပိတ္ၿပီး ႏွာရည္ကေတာက္ေလွ်ာက္က်ေနပါတယ္ဆရာ။ ႏွစ္ခါခြဲဘူးပါတယ္ဆရာ။ ဆရာ၀န္အဆိုကေတာ့ ေလအိတ္ႀကီး‌တယ္ေျပာပါတယ္ဆရာ။ ထိပ္ကပ္နာလို႔လည္း ေျပာၾကပါတယ္။ ေဆးနည္းေလးမ်ာ းသိလိုပါတယ္။

    ႏွာေခါင္းပိတ္၊ ထိပ္ကပ္နာ

    ေရရႉပါ။ မ်က္​ႏွာသစ္​ၿပီးေနာက္ ေရကိုလက္ခုပ္နဲ႔ ရႉသြင္းပါ။ ႏွာေခါင္းပိတ္ရင္ ပြင့္တဲ့အေပါက္ကေန ငယ္ထိပ္ေပါက္ေအာင္ ရႉသြင္းပါ။ အက်င့္ရရင္ ရႉသြင္းတတ္လာပါလိမ့္မယ္။ ခ်င္းတက္ပါးပါးလွီး ေရေႏြးမတ္ခြက္တစ္လုံးမွာစိမ္ထားပါ။ ေရေႏြးၾကမ္းေသာက္သလို တစ္ေနကုန္ေသာက္ေနပါ။ မႈိင္းရႉ​ေဆး ရႉေပးပါ။ တိုင္းရင္ေဆးအမွတ္၄၃ အကင္းဆယ္ပါးေဆးမႈန႔္၀ယ္ မီးခဲေပၚျဖဴးရႉေပးပါ။

    ထိပ္​ကပ္​နာ (ႏွပ္ပုတ္ေစာ္နံရင္) အဆင့္ဆိုရင္ေတာ့ မ႐ိုးပင္​​ေခၚ ငျဖဴႀကီးပင္ အ႐ြက္ေတြကိုအေျခာက္လွန္း မီးရႈိ႕ရႉေပးရင္ ေပ်ာက္ႏိုင္တယ္လို႔ အာယုေဗဒေဆးက်မ္းမ်ားမွာ ပါပါတယ္။ႏွပ္ပုတ္ေစာ္နံရင္..သံပရာသီးစိတ္အရည္ ႏွာေခါင္းေမာ့ ညႇစ္ထည့္ပါ။ အေစ့မပါပါေစနဲ႔။တစ္ေန႔၃ႀကိမ္ ထည့္ပါ။

    Credit – ၾကည္လြင္ျမင့္(မုျဒာ)

  • ဆေးဘက်ဝင် ရှားစောင်းလက်ပတ်သုပ်နည်းနှင့် အံ့ဖွယ်အကျိုးများ

    (Unicode)

    ရှားစောင်းလက်ပတ်စားရင် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    ၁။ သွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးခြင်း

    လူနဲ့ တိရစ္ဆာန်တွေမှာ လေ့လာထားတဲ့ လေ့လာမှုတွေမှာ ရှားစောင်းလက်ပတ်စားသုံးခြင်းကသွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးကြောင်း သိရပါတယ်။ သွေးတွင်း သကြားဓာတ်ကို အဓိက ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ရဲ့ sensitivity ကို ကောင်းစေလို့ ဒီအာနိသင်ကို ရရှိတယ်လို့ဆိုပါတယ်။

    ၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း

    ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို တားဆီးပေးတာမို့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။

    ၃။ သွားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

    ရှားစောင်းလက်ပတ်ကို ဖျော်ကာ ပလုတ်ကျင်းခြင်းကသွားချေးကပ်ခြင်းကို လျှော့ချပေးပါတယ်။ ပါးစပ်ထဲက အနာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

    ၄။ မှတ်ဉာဏ်အားကောင်းစေခြင်း

    စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။

    ၅။ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါများခြင်း

    ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါကြွယ်ဝတာမို့ အိုမင်းခြင်းကို တားဆီးနိုင်ပါတယ်။

    ၆။ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း

    ရှားစောင်းလက်ပတ်ဖျော်ရည်ကို အစာသောက်သုံးခြင်းအားဖြင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ လေပွတာ၊ လေချဉ်တက်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က အစားစားချင်စိတ်ကို အားပေးတာမို့ ဝိတ်တက်လိုသူတွေ မကြာခဏ မှီဝဲသင့်ပါတယ်။

    ၇။ ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားပေးခြင်း

    ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ Detox တစ်မျိုးပါပဲ။

    -ရှားစာင်းလက်ပတ်စားသုံးခြင်းရဲ့ ဆိုးကျိုးများ

    ရှားစာင်းလက်ပတ်ကို လှီးလိုက်ရင်ထွက်လာတဲ့ အဝါရောင် အစေးက ဆိုးကျိုးဖြစ်ပေါ်စေတာပါ။ ဒီအဝါရောင်အစေး အနည်းငယ်စားသုံးရုံနဲ့ ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒီအဝါရောင်အစေးတွေက ကြွက်သား ကျုံ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ရှောင်သင့်ပါတယ်။ ကိုယ်ဝန် ပျက်ကျတတ်ပါတယ်။

    ရှားစောင်းလက်ပတ်ကို နေ့စဉ် ကြာရှည်စွာ တရားလွန် စားသုံးတဲ့အခါ အစာအိမ်နာတာ၊ကျောက်ကပ်ထိခိုက်တာ၊ နှလုံးခုန်မမှန်တာ၊ ကြွက်သားအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် နေ့စဉ် အများကြီးမစားသင့်ပါဘူး။ ဆီးချိုဆေး၊ ကျောက်ကပ်ဆေး၊ နှလုံးဆေးတွေ သောက်နေရင် ရှားစောင်းလက်ပတ်ကို အများကြီး မစားသင့်ပါဘူး။ ဆေးရဲ့ ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ အူလှုပ်ရှားလွန် ရောဂါရှိသူ၊ဝမ်းခဏခဏ လျှောတတ်သူတွေကတော့ မစားသင့်ပါဘူး။

    -ရှားစောင်းလက်ပတ်သုပ်နည်း

    ၁။ ရှားစောင်း လက်ပတ် သုပ်ဖို့ မကြီးလွန်းတဲ့ အနေတော် သို့ အသေး ရှားစောင်းလက်ပတ်ကို ရွေးပါ။

    ၂။ ဘေးက ဆူးတွေ သင်(ဖယ်)ပါ။

    ၃။ အခါးသက်သာစေဖို့ ရေသေချာဆေးပါ။ (ရေနွေးနဲ့ ခဏစိမ်လည်း ရပါတယ်)

    ၄။ ပါးပါးလွီးပါ။

    ၅။ နှမ်းဆီ – မြေပဲထောင်း – ခရမ်းချဉ်သီး -ကြက်သွန်နီ-ဆား -အရသာမှုန့်-ပုဇွန်ခြောက်မှုန့် -သံပုရာရည်ညှစ် ထည့်နယ်ကာသုပ်ပါ။

    ၆။ ကြက်သွန်နီ/ဖြူဆီချက် ဖြူးကာ အလှဆင်ပါ။

    ၇။ ကြက်သွန်ဖြူ ခွာထည့်ပါ။

    ၈။ ဆေးဖက်ဝင် အသုပ်တစ်ပွဲကို ရရှိပါပြီ။

    Credit-ဟမ်စိုင်း(ဆေး-မန်း)

    (Zawgyi)

    ရွားေစာင္းလက္ပတ္စားရင္ ရႏိုင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

    ၁။ ေသြးတြင္းသၾကားဓာတ္ ပမာဏကိုေလွ်ာ့ခ်ေပးျခင္း

    လူနဲ႔ တိရစာၦန္ေတြမွာ ေလ့လာထားတဲ့ ေလ့လာမႈေတြမွာ ရွားေစာင္းလက္ပတ္စားသုံးျခင္းကေသြးတြင္းသၾကားဓာတ္ ပမာဏကိုေလွ်ာ့ခ်ေပးေၾကာင္း သိရပါတယ္။ ေသြးတြင္း သၾကားဓာတ္ကို အဓိက ထိန္းခ်ဳပ္ေပးတဲ့ အင္ဆူလင္ရဲ႕ sensitivity ကို ေကာင္းေစလို႔ ဒီအာနိသင္ကို ရရွိတယ္လို႔ဆိုပါတယ္။

    ၂။ ေရာင္ရမ္းမႈကို သက္သာေစျခင္း

    ခႏၶာကိုယ္တြင္းက ေရာင္ရမ္းမႈကို ျဖစ္ေပၚေစတဲ့ အရာေတြကို တားဆီးေပးတာမို႔ အေရာင္က်ေစတဲ့ အာနိသင္ရွိပါတယ္။

    ၃။ သြားက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

    ရွားေစာင္းလက္ပတ္ကို ေဖ်ာ္ကာ ပလုတ္က်င္းျခင္းကသြားေခ်းကပ္ျခင္းကို ေလွ်ာ့ခ်ေပးပါတယ္။ ပါးစပ္ထဲက အနာေတြကို လ်င္ျမန္စြာ သက္သာေစႏိုင္ပါတယ္။

    ၄။ မွတ္ဉာဏ္အားေကာင္းေစျခင္း

    စိတ္ဓာတ္က်ျခင္းကို သက္သာေစၿပီး မွတ္ဉာဏ္အားကို ေကာင္းေစပါတယ္။

    ၅။ ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ ေပါမ်ားျခင္း

    ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ ေပါႂကြယ္ဝတာမို႔ အိုမင္းျခင္းကို တားဆီးႏိုင္ပါတယ္။

    ၆။ အစာအိမ္၊အူလမ္းေၾကာင္း က်န္းမာေရးကို ေကာင္းမြန္ေစျခင္း

    ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကို အစာေသာက္သုံးျခင္းအားျဖင့္ အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္တာ၊ ဝမ္းခ်ဳပ္တာ၊ ေလပြတာ၊ ေလခ်ဥ္တက္တာေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္က အစားစားခ်င္စိတ္ကို အားေပးတာမို႔ ဝိတ္တက္လိုသူေတြ မၾကာခဏ မွီဝဲသင့္ပါတယ္။

    ၇။ ခႏၶာကိုယ္မွအဆိပ္ေတြကို ဖယ္ရွားေပးျခင္း

    ရွားေစာင္းလက္ပတ္က ခႏၶာကိုယ္အတြက္ ေကာင္းမြန္တဲ့ Detox တစ္မ်ိဳးပါပဲ။

    -ရွားစာင္းလက္ပတ္စားသုံးျခင္းရဲ႕ ဆိုးက်ိဳးမ်ား

    ရွားစာင္းလက္ပတ္ကို လွီးလိုက္ရင္ထြက္လာတဲ့ အဝါေရာင္ အေစးက ဆိုးက်ိဳးျဖစ္ေပၚေစတာပါ။ ဒီအဝါေရာင္အေစး အနည္းငယ္စားသုံး႐ုံနဲ႔ ဝမ္းခ်ဳပ္တာကို သက္သာေစပါတယ္။ ဒီအဝါေရာင္အေစးေတြက ႂကြက္သား က်ဳံ႕ျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ ေရွာင္သင့္ပါတယ္။ ကိုယ္ဝန္ ပ်က္က်တတ္ပါတယ္။

    ရွားေစာင္းလက္ပတ္ကို ေန႔စဥ္ ၾကာရွည္စြာ တရားလြန္ စားသုံးတဲ့အခါ အစာအိမ္နာတာ၊ေက်ာက္ကပ္ထိခိုက္တာ၊ ႏွလုံးခုန္မမွန္တာ၊ ႂကြက္သားအားနည္းတာေတြ ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ ေန႔စဥ္ အမ်ားႀကီးမစားသင့္ပါဘူး။ ဆီးခ်ိဳေဆး၊ ေက်ာက္ကပ္ေဆး၊ ႏွလုံးေဆးေတြ ေသာက္ေနရင္ ရွားေစာင္းလက္ပတ္ကို အမ်ားႀကီး မစားသင့္ပါဘူး။ ေဆးရဲ႕ ဆိုးက်ိဳးေတြကို ပိုဆိုးေစပါတယ္။ အူလႈပ္ရွားလြန္ ေရာဂါရွိသူ၊ဝမ္းခဏခဏ ေလွ်ာတတ္သူေတြကေတာ့ မစားသင့္ပါဘူး။

    -ရွားေစာင္းလက္ပတ္သုပ္နည္း

    ၁။ ရွားေစာင္း လက္ပတ္ သုပ္ဖို႔ မႀကီးလြန္းတဲ့ အေနေတာ္ သို႔ အေသး ရွားေစာင္းလက္ပတ္ကို ေ႐ြးပါ။

    ၂။ ေဘးက ဆူးေတြ သင္(ဖယ္)ပါ။

    ၃။ အခါးသက္သာေစဖို႔ ေရေသခ်ာေဆးပါ။ (ေရေႏြးနဲ႔ ခဏစိမ္လည္း ရပါတယ္)

    ၄။ ပါးပါးလြီးပါ။

    ၅။ ႏွမ္းဆီ – ေျမပဲေထာင္း – ခရမ္းခ်ဥ္သီး -ၾကက္သြန္နီ-ဆား -အရသာမႈန႔္-ပုဇြန္ေျခာက္မႈန႔္ -သံပုရာရည္ညႇစ္ ထည့္နယ္ကာသုပ္ပါ။

    ၆။ ၾကက္သြန္နီ/ျဖဴဆီခ်က္ ျဖဴးကာ အလွဆင္ပါ။

    ၇။ ၾကက္သြန္ျဖဴ ခြာထည့္ပါ။

    ၈။ ေဆးဖက္ဝင္ အသုပ္တစ္ပြဲကို ရရွိပါၿပီ။

    Credit-ဟမ္စိုင္း(ေဆး-မန္း)

  • ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲ သွေးပျစ်မှု၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးနှင့် သံပရာသီးအစေ့

    (Unicode)

    သံပုရာသီးတင်မကပါဘူး သံပုရာသီးအစေ့ကပါ ဆေးဖက်ဝင်ပါတယ်။ သံပုရာသီးက အားလုံးသိတဲ့ အတိုင်းပဲ ကယ်ဆီယမ် ဓာတ်အများကြီးပါတာကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် အဆီများတာတွေကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒီလိုသောက်ရုံတင်မကပဲ သံပုရားသီးတွေကို ပါးပါးလေးလှီးပြီး ခန္ဓာကိုယ်အတွင်းပိုင်းက မဲနေတဲ့နေရာတွေကို ဖြူစင်အောင် တိုက်လို့ရပါသေးတယ်။ ဒါကတော့ သံပုရာသီးနဲ့ ပတ်သတ်တဲ့ အကျိုးတွေပေါ့။

    သံပုရာသီးအစေ့ကလည်း ထူးခြားတဲ့ကောင်းကျိုးတွေ ရှိနေပါတယ်။ သံပုရာရည်သောက်တိုင်း သံပုရာသီးစေ့ ထည့်ဖျော်တာဟာ ပိုပြီးဆေးဖက်ဝင်ကာ အဆီကျတယ်လို့ သိရပါတယ်(အစေ့ကိုဝါးပြီးမှတော့မျိုဖို့လိုပါတယ်နော်)။

    နောက်တစ်ခုက သွေးပေါင်ချိန်တတ်၊ သွေးတိုးတတ်တဲ့သူတွေ အတွက်လည်း သံပုရာသီးအစေ့ကို ဝါးစားပေးခြင်းဟာ သွေးတိုးခြင်းကို လျော့ချပေးပြီး သွေးကိုကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲမှု သွေးပျစ်မှု အစရှိတဲ့ ရောဂါတွေကို လည်းတားမြစ်နိုင်ပြီး အသည်းအဆီဖုံးခြင်း နှလုံးသွေးကြောကျဉ်းခြင်းတို့ကိုလည်း ထိရောက်စွာသက်သာစေတဲ့ ဆေးတစ်မျိုးလို့ ဆိုလည်းရပါတယ်။

    Credit – Original Uploader

    (Zawgyi)

    သံပုရာသီးတင္မကပါဘူး သံပုရာသီးအေစ့ကပါ ေဆးဖက္ဝင္ပါတယ္။ သံပုရာသီးက အားလုံးသိတဲ့ အတိုင္းပဲ ကယ္ဆီယမ္ ဓာတ္အမ်ားႀကီးပါတာေၾကာင့္ က်န္းမာေရးရႈေထာင့္က ၾကည့္ရင္ အဆီမ်ားတာေတြကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ခႏၶာကိုယ္မွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ ေဆးတစ္မ်ိဳးပါပဲ။ ဒီလိုေသာက္႐ုံတင္မကပဲ သံပုရားသီးေတြကို ပါးပါးေလးလွီးၿပီး ခႏၶာကိုယ္အတြင္းပိုင္းက မဲေနတဲ့ေနရာေတြကို ျဖဴစင္ေအာင္ တိုက္လို႔ရပါေသးတယ္။ ဒါကေတာ့ သံပုရာသီးနဲ႔ ပတ္သတ္တဲ့ အက်ိဳးေတြေပါ့။

    သံပုရာသီးအေစ့ကလည္း ထူးျခားတဲ့ေကာင္းက်ိဳးေတြ ရွိေနပါတယ္။ သံပုရာရည္ေသာက္တိုင္း သံပုရာသီးေစ့ ထည့္ေဖ်ာ္တာဟာ ပိုၿပီးေဆးဖက္ဝင္ကာ အဆီက်တယ္လို႔ သိရပါတယ္(အေစ့ကိုဝါးၿပီးမွေတာ့မ်ိဳဖို႔လိုပါတယ္ေနာ္)။

    ေနာက္တစ္ခုက ေသြးေပါင္ခ်ိန္တတ္၊ ေသြးတိုးတတ္တဲ့သူေတြ အတြက္လည္း သံပုရာသီးအေစ့ကို ဝါးစားေပးျခင္းဟာ ေသြးတိုးျခင္းကို ေလ်ာ့ခ်ေပးၿပီး ေသြးကိုေကာင္းမြန္စြာ လည္ပတ္ေစပါတယ္။ ခႏၶာကိုယ္အတြင္းပိုင္း ေသြးခဲမႈ ေသြးပ်စ္မႈ အစရွိတဲ့ ေရာဂါေတြကို လည္းတားျမစ္ႏိုင္ၿပီး အသည္းအဆီဖုံးျခင္း ႏွလုံးေသြးေၾကာက်ဥ္းျခင္းတို႔ကိုလည္း ထိေရာက္စြာသက္သာေစတဲ့ ေဆးတစ္မ်ိဳးလို႔ ဆိုလည္းရပါတယ္။

    Credit – Original Uploader

  • အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ စွယ်တော်ရွက်ဟင်းချို

    (Unicode)

    စွယ်တော်ရွက် အနုလေးတွေ ထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်း ချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်း အရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက် ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်းစားသုံးနိုင်သည်။အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း အကျိုးများ ရရှိစေပါသည်။

    စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်။ ဝမ်းကို ချုပ်စေတက်သည်။ သလိပ်နာ၊ လေနာကို နိုင်၏။ အဝါပွင့်သည် ဖန်၏။ စွယ်တော် အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၍ ပေါက်သော အနာကို နိုင်၏။ နို့ရည်ကို ပွားစေတက်သည်။ စွယ်တော်ပန်းဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း ၊ အသည်းရောင် အသားဝါဖြစ်ခြင်း စသည့်ရောဂါများ ပျောက် သည်။ ခရမ်းရောင်သည် သွေးအညစ်အကြေးကို ပယ်စွန့်၍ မီးယပ်သွေးဆုံးပျောက်သည်။ အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည် ကျန်းမာ စေသည်။ အဆစ်ရောင်ရမ်းခြင်း၊ အဆစ်ကိုက်ခြင်း ဆီအနယ်ကျခြင်းတို့ကို ပျောက်စေသည်။အမြစ်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ ရေငတ်ခြင်းကို ပယ်၍ ထုံကျင်ခြင်းကို ကာကွယ်နိုင်သည်။ စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်း ညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေသော တန်ဖိုးကြီး မားသည့် ဆေးပင်တစ်ပင် ဖြစ်ပါသည်။

    Credit – SayarMyo

    (Zawgyi)

    စြယ္ေတာ္႐ြက္ အႏုေလးေတြ ထြက္တဲ့အခ်ိန္ဆို အ႐ြက္ႏုေလးေတြ ခူးၿပီး ဟင္းခ်ိဳခ်က္ေသာက္ၾကပါတယ္။ စြယ္ေတာ္႐ြက္က ဟင္းခ်ိဳလည္း ခ်က္ေသာက္လို႔ရသလို အ႐ြက္ကိုေရေႏြးေဖ်ာ္ၿပီး ၾကက္သြန္နီပါးပါးလွီးၿပီး ဆီစိမ္းေလးနဲ႔သုပ္စားလို႔လည္း အရမ္းေကာင္းပါတယ္။ ၾကက္သြန္ျဖဴ င႐ုတ္ေကာင္း ပုဇြန္ေျခာက္ေထာင္းထားပါ။ စားႏိုင္သေလာက္ ေရပမာဏထည့္ၿပီး ဆူပြက္လာသည္အထိတည္ပါ။ မွ်င္ငပိအနည္းငယ္ႏွင့္ အေပၚမွ ေထာင္းထားတာမ်ားကို ထည့္ပါ။ ဟင္းအိုးဆူလာရင္ ေခြၽထားေသာ စြယ္ေတာ္႐ြက္မ်ားကို ထည့္ပါ။ အရသာမႈန႔္ ခတ္ပါ။ ဟင္းခ်ိဳအိုး ဆူလာၿပီဆို ရပါၿပီ။ စြယ္ေတာ္႐ြက္ႏုမ်ားကို ဟင္းခ်ိဳခ်က္ေသာက္၍ လည္ေကာင္း ၊ ေၾကာ္ခ်က္ျပဳလုပ္၍ လည္ေကာင္းစားသုံးႏိုင္သည္။အပူၿငိမ္းေစျခင္း အိပ္ေပ်ာ္ေစျခင္း ႏွလုံးကို အားရွိေစျခင္း အက်ိဳးမ်ား ရရွိေစပါသည္။

    စြယ္ေတာ္နီသည္ ေအးဖန္၍ ဝမ္းမီးကို ေတာက္ေစသည္။ ဝမ္းကို ခ်ဳပ္ေစတက္သည္။ သလိပ္နာ၊ ေလနာကို ႏိုင္၏။ အဝါပြင့္သည္ ဖန္၏။ စြယ္ေတာ္ အငယ္မ်ိဳးသည္ ႀတိေဒါသနာ၊ ဦးေခါင္း၍ ေပါက္ေသာ အနာကို ႏိုင္၏။ ႏို႔ရည္ကို ပြားေစတက္သည္။ စြယ္ေတာ္ပန္းျဖဴကို ျပဳတ္ေသာက္ပါက ဆီးနည္းျခင္း ၊ အသည္းေရာင္ အသားဝါျဖစ္ျခင္း စသည့္ေရာဂါမ်ား ေပ်ာက္ သည္။ ခရမ္းေရာင္သည္ ေသြးအညစ္အေၾကးကို ပယ္စြန႔္၍ မီးယပ္ေသြးဆုံးေပ်ာက္သည္။ အၫြန႔္မ်ားကိုျပဳတ္ေသာက္ျခင္းျဖင့္ ေသြးပုပ္ကင္းစင္ၿပီး အသက္ရွည္ က်န္းမာ ေစသည္။ အဆစ္ေရာင္ရမ္းျခင္း၊ အဆစ္ကိုက္ျခင္း ဆီအနယ္က်ျခင္းတို႔ကို ေပ်ာက္ေစသည္။အျမစ္ျပဳတ္ရည္ကို ေသာက္သုံးျခင္းျဖင့္ ဆီးလမ္းေၾကာင္း နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ေစသည္။ ေရငတ္ျခင္းကို ပယ္၍ ထုံက်င္ျခင္းကို ကာကြယ္ႏိုင္သည္။ စြယ္ေတာ္ပင္သည္ ေတေဇာပ်က္၍ ေအာက္ပိုင္း ေညာင္းညာကိုက္ခဲျခင္းကို သက္သာေပ်ာက္ကင္းေစေသာ တန္ဖိုးႀကီး မားသည့္ ေဆးပင္တစ္ပင္ ျဖစ္ပါသည္။

    Credit – SayarMyo