Author: shangyi

  • လူ ၁ဝဝမှာ ၉၉ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်းအလွဲများ

    (Unicode)

    လူ ၁ဝဝမှာ ၉၉ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်းအလွဲများ

    ==============================

    စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေတွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

    ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအား သွင်းပြီးတိုင်း အားသွင်းကြိုး ကိုဖြုတ်ထားပါ။

    ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အား သွင်းခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။

    ဖုန်းအား၂ဝအောက်ရောက်တာနဲ့ ားပြန်သွင်းတာကဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။

    ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင်လုပ်နေသလိုပါပဲ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေ နိုင်ပါတယ်။

    အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာအားသွင်းကြိုးတွေနဲ့ သွင်းတာကလည်း လုံးဝမကောင်းပါဘူး။

    ဖုန်းကာဗာတပ်ထားရက်အားသွင်းတာက ဖုန်းကို အပူချိန်မြင့်စေတာကြောင့် အားသွင်းချိန်မှာ ကာဗာကိုဖြုတ်ထားပြီးမှ သွင်းပါ။လက်(ပ်)တော့ ၊ ကွန်ပျူတာကနေတဆင့် ဖုန်းအားသွင်းတာက ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး။

    (Zawgyi)

    လူ ၁ဝဝမွာ ၉၉ဦး မွားၾကတဲ့ ဖုန္းအားသြင္းနည္းအလြဲမ်ား

    ==============================

    စာဖတ္သူေတြထဲမွာ ေန႔စဥ္ဖုန္းမသုံးတဲ့သူမရွိဘူးလို႔ထင္ပါတယ္။ ေန႔တိုင္းဖုန္းသုံးၾကတဲ့အခါ တစ္ေန႔ကိုတစ္ႀကိမ္မက ဖုန္းအားသြင္းတတ္ၾကပါတယ္။ဖုန္းအားသြင္းတာနဲ႔ပတ္သက္လို႔ လူတိုင္းလိုလိုလုပ္တတ္ၾကတဲ့ အမွားအယြင္းေလေတြကို သတိထားဆင္ျခင္ႏိုင္ဖို႔ ေဖာ္ျပေပးခ်င္ပါတယ္။

    ဖုန္းအားသြင္းႀကိဳးကို ပလပ္ေပါက္မွာ အၿမဲတပ္ထားျခင္းက အခန္းတြင္းစိုထိုင္းဆနဲ႔ဓာတ္ျပဳၿပီး မီးေလာင္ျခင္းကိုျဖစ္ေစႏိုင္လို႔ ဖုန္းအား သြင္းၿပီးတိုင္း အားသြင္းႀကိဳး ကိုျဖဳတ္ထားပါ။

    ဖုန္းအားကို ၁၀၀ ျပည့္တဲ့အထိသြင္းထားတာက အားကုန္ဖို႔ပိုလြယ္ေစတာေၾကာင့္ ဖုန္းအားသြင္းတဲ့အခါ ၉၈ ေလာက္ျဖစ္ရင္ ျဖဳတ္ထားလိုက္ပါ။ဖုန္းအားကုန္ၿပီးပိတ္သြားတဲ့အထိသုံးျခင္း၊ ဖုန္းအား ၁၀ ေအာက္ေရာက္မွ အား သြင္းျခင္းက ဖုန္းဘကၳရီကိုလြယ္လြယ္ပ်က္ေစပါတယ္။

    ဖုန္းအား၂ဝေအာက္ေရာက္တာနဲ႔ ားျပန္သြင္းတာကဖုန္းဘကၳရီသက္တမ္းကို ပိုၾကာရွည္ေစပါတယ္။

    ဖုန္းကိုတစ္ညလုံးအားသြင္းထားတာက ဖုန္းဘကၳရီ ျမန္ျမန္ပ်က္ေအာင္လုပ္ေနသလိုပါပဲ။ဖုန္းအားသြင္းထားတုန္း ဖုန္းသုံးတာက ဘကၳရီေပါက္ကြဲျခင္းကိုေတာင္ ျဖစ္ေစႏိုင္လို႔ လုံးဝမလုပ္သင့္ပါဘူး။ဖုန္းအား ၂၀ အထက္ရွိေနတဲ့အခါ ဖုန္းအားသြင္းတာကလည္း ဖုန္းကို ျမန္ျမန္ပ်က္ေစ ႏိုင္ပါတယ္။

    ေအာက္ေရာက္မွ ဖုန္းအားသြင္းတာက အသင့္ေတာ္ဆုံးပါ။မူလ အားသြင္းႀကိဳးမဟုတ္ဘဲ ေတြ႕ကရာအားသြင္းႀကိဳးေတြနဲ႔ သြင္းတာကလည္း လုံးဝမေကာင္းပါဘူး။

    ဖုန္းကာဗာတပ္ထားရက္အားသြင္းတာက ဖုန္းကို အပူခ်ိန္ျမင့္ေစတာေၾကာင့္ အားသြင္းခ်ိန္မွာ ကာဗာကိုျဖဳတ္ထားၿပီးမွ သြင္းပါ။လက္(ပ္)ေတာ့ ၊ ကြန္ပ်ဴတာကေနတဆင့္ ဖုန္းအားသြင္းတာက ဖုန္းေၾကာင္ေစတာေၾကာင့္ အဲ့ဒီလို မသြင္းသင့္ပါဘူး။ဖုန္းေၾကာင္ေစတာေၾကာင့္ အဲ့ဒီလို မသြင္းသင့္ပါဘူး။

    Crd,written by PP

  • မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော လေဖြတ်လူမမာများအတွက်ဆေးနည်း

    (Unicode)

    ေလျဖတ္လူနာအတြက္ အုန္းသီးႏွင့္ ထေနာင္းေခါက္

    ေလျဖတ္ေဝဒနာ ခံစားေနရ သူမ်ားအတြက္ ေဆးနည္းေကာင္းတစ္လက္

    ေလျဖတ္ ေဝဒနာ ခံစားေနရသူမ်ားသည္ ပင္ပန္းဆင္းရဲစြာ ခံစားရပါသည္။ ျပဳစုရေသာ မိသားစုမ်ားမွာလဲ အင္မတန္မွ ဒုကၡေရာက္ပါသည္။ သို႔ျဖစ္ပါ၍ ေဆးေဖာ္နည္းေလးမွ်ေဝ လိုက္ပါသည္။

    ေဆးေဖာ္ရန္လိုအပ္ေသာ ပစၥည္းမ်ား-

    ၁။ အုန္းသီးရင့္ရင့္တစ္လုံး

    ၂။ ထေႏွာင္းေခါက္ႏွင့္ ခ်က္ေသာ ေတာအရက္ဦးရည္

    ေဆးေဖာ္နည္းမွာ အုန္းသီး၏ နတ္သမီးေပါက္ အနားကို ဓားႏွင့္ ရွပ္၍ နတ္သမီးေပါက္ကို ေဖာက္ၿပီး အုန္းရည္မ်ား ထုတ္ျပစ္ရပါမည္။ ၎ေနာက္ အရက္ဦးရည္ကို အုန္းသီးထဲတြင္ အျပည့္ထည့္၍ အေပါက္ကို သင့္ေတာ္ရာျဖင့္ လုံေအာင္ျပန္ပိတ္ပါ။ ပိတ္ၿပီးေသာအုန္းသီးကို ေျမႀကီးကို ေတာင္ဝက္ေလာက္တူး၍ (၇)ရက္ တိတိ ျမဳပ္ပါ။ (၇)ရက္ျပည့္လွ်င္ ျပန္ေဖာ္၍ အုန္းသီးထဲမွ အရက္မ်ားျပန္ထုတ္ၿပီး ပုလင္းထဲျပန္ထည့္၍ ေသာက္လို႔ရပါၿပီ။

    ေဆးနည္း အၫႊန္း-

    တစ္ခါေသာက္ လဖက္ရည္ အၾကမ္းပန္းကန္ တစ္လုံး တစ္ေန႔တစ္ႀကိမ္။ ေဆးေသာက္ၿပီးလွ်င္ လူနာ၏ ကိုယ္တြင္းမွာ စိုးစိုးစစ္စစ္ ျဖစ္တတ္ပါသည္။ ဆိုးရိမ္စရာမရွိပါ။ ေဘးထြက္ဆိုးက်ိဳးမရွိပါ။ ထြက္လာေသာ ေခြၽးမ်ားကို သုတ္ျပစ္၍ အဝတ္အသစ္ လဲပါ။ ေလျဖတ္ထားေသာ ေနရာမ်ားကိုလဲ လိမ္းေပး၍ ရပါသည္။

    မွတ္ခ်က္ –

    ၎ေဆးနည္းသည္ မိုးကုတ္ဆရာေတာ္ ဘုရားႀကီး ခ်ီးျမႇင့္ေသာ ေဆးနည္းျဖစ္ပါသည္။အေသးစိတ္သိလိုပါက ေအာက္ပါ ph ကိုဆက္သြယ္၍ေမးႏိုင္ပါသည္။

    Credit-ေအာင္ျမင့္ အကြက္(၄၀၆) တမာကုန္းရပ္

    သံလွ်က္ေမွာ္ အေနာက္ မဟာေအာင္ေျမၿမိဳ႕နယ္ မႏၲေလးၿမိဳ႕ Ph=0943060910

    (Zawgyi)

    လေဖြတ်လူနာအတွက် အုန်းသီးနှင့် ထနောင်းခေါက်

    လေဖြတ်ဝေဒနာ ခံစားနေရ သူများအတွက် ဆေးနည်းကောင်းတစ်လက်

    လေဖြတ် ဝေဒနာ ခံစားနေရသူများသည် ပင်ပန်းဆင်းရဲစွာ ခံစားရပါသည်။ ပြုစုရသော မိသားစုများမှာလဲ အင်မတန်မှ ဒုက္ခရောက်ပါသည်။ သို့ဖြစ်ပါ၍ ဆေးဖော်နည်းလေးမျှဝေ လိုက်ပါသည်။

    ဆေးဖော်ရန်လိုအပ်သော ပစ္စည်းများ-

    ၁။ အုန်းသီးရင့်ရင့်တစ်လုံး

    ၂။ ထနှောင်းခေါက်နှင့် ချက်သော တောအရက်ဦးရည်

    ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှပ်၍ နတ်သမီးပေါက်ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပြစ်ရပါမည်။ ၎င်းနောက် အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့်ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင်ပြန်ပိတ်ပါ။ ပိတ်ပြီးသောအုန်းသီးကို မြေကြီးကို တောင်ဝက်လောက်တူး၍ (၇)ရက် တိတိ မြုပ်ပါ။ (၇)ရက်ပြည့်လျှင် ပြန်ဖော်၍ အုန်းသီးထဲမှ အရက်များပြန်ထုတ်ပြီး ပုလင်းထဲပြန်ထည့်၍ သောက်လို့ရပါပြီ။

    ဆေးနည်း အညွှန်း-

    တစ်ခါသောက် လဖက်ရည် အကြမ်းပန်းကန် တစ်လုံး တစ်နေ့တစ်ကြိမ်။ ဆေးသောက်ပြီးလျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုးစစ်စစ် ဖြစ်တတ်ပါသည်။ ဆိုးရိမ်စရာမရှိပါ။ ဘေးထွက်ဆိုးကျိုးမရှိပါ။ ထွက်လာသော ချွေးများကို သုတ်ပြစ်၍ အဝတ်အသစ် လဲပါ။ လေဖြတ်ထားသော နေရာများကိုလဲ လိမ်းပေး၍ ရပါသည်။

    မှတ်ချက် –

    ၎င်းဆေးနည်းသည် မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်းဖြစ်ပါသည်။အသေးစိတ်သိလိုပါက အောက်ပါ ph ကိုဆက်သွယ်၍မေးနိုင်ပါသည်။

    Credit-အောင်မြင့် အကွက်(၄၀၆) တမာကုန်းရပ်

    သံလျှက်မှော် အနောက် မဟာအောင်မြေမြို့နယ် မန္တလေးမြို့ Ph=0943060910

  • ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင်

    (Unicode)

    ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင်

    အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့် မြင့်၏။ ခရမ်းသီးပင် နှင့်တူ၏။ အကိုင်း အခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိ ရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီး အငယ်စား ခန့်ရှိ၏။ အရသာမှာ စပ်၊ ခါး၊ ပူဖြစ်၏။

    ပိုးရောဂါ၊ သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာ၊ နူနာတို့ကို ပျောက်ကင်းစေတတ်၏။ အပင်မှာ နှလုံးကို ကျေးဇူးပြု၏။ အများအားဖြင့် အသီးလုံးများကို ထမင်းဝိုင်းတွင် အတို့အမြှုပ် အဖြစ် စားသုံးကြသလို ချက်၍လည်းစားကြ၏။ သလိပ်ရောဂါ၊ လေရောဂါ၊ ပျို့အန်ခြင်း၊ ယားနာ၊ ပန်းနာ၊ ထိုးအောင့်သော ရောဂါတို့ကို ပျောက်ကင်း စေတတ်သည်။ ခံတွင်းပျက်သူများ ခံတွင်းလိုက်စေ၍ အစာလည်း ဆေး၊ ဆေးလည်းအစာ ဟူသော စကားပုံအတိုင်း ခရမ်းကစော့သီးကို စားသုံးခြင်းဖြင့် ဖော်ပြပါ ဝေဒနာများ ပျောက်ကင်းစေသည်။

    သွားနာ၊ သွားကိုက်၊ သွားကျဉ်ခြင်း များအတွက် ခရမ်းကစော့ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ ၎င်းအမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကို ရှူပေးပါက သွားနှင့် ပတ်သက်သော ရောဂါများကို ပျောက်ကင်း စေသည်။ ။

    Credit-Original Uploader

    (Zawgyi)

    ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစၿပီး သြားက်ဥ္၊ သြားကိုက္၊ ပန္းနာ ေ၀ဒနာမ်ားအတြက္ အစြမ္းထက္ ခရမ္းကေစာ့ပင္

    အပင္အျမင့္မွာ တစ္ေတာင္မွ သုံးေတာင္ခန႔္ ျမင့္၏။ ခရမ္းသီးပင္ ႏွင့္တူ၏။ အကိုင္း အခက္မ်ားတြင္ မာေသာ ဆူးမ်ားရွိ၏။ အ႐ြက္မွာ တစ္လက္မမွ ေျခာက္လက္မအထိ ရွည္၍ တစ္လက္မမွ ေလးလက္မ အထိက်ယ္၏။ အသီးတြင္ အျဖဴစက္ကေလးမ်ားရွိ၍ အသီးမွာ ဆီးျဖဴသီး အငယ္စား ခန႔္ရွိ၏။ အရသာမွာ စပ္၊ ခါး၊ ပူျဖစ္၏။

    ပိုးေရာဂါ၊ သလိပ္ႏွင့္ ေလေဒါသကို ႏိုင္၏။ ယားနာ၊ ႏူနာတို႔ကို ေပ်ာက္ကင္းေစတတ္၏။ အပင္မွာ ႏွလုံးကို ေက်းဇူးျပဳ၏။ အမ်ားအားျဖင့္ အသီးလုံးမ်ားကို ထမင္းဝိုင္းတြင္ အတို႔အျမႇဳပ္ အျဖစ္ စားသုံးၾကသလို ခ်က္၍လည္းစားၾက၏။ သလိပ္ေရာဂါ၊ ေလေရာဂါ၊ ပ်ိဳ႕အန္ျခင္း၊ ယားနာ၊ ပန္းနာ၊ ထိုးေအာင့္ေသာ ေရာဂါတို႔ကို ေပ်ာက္ကင္း ေစတတ္သည္။ ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစ၍ အစာလည္း ေဆး၊ ေဆးလည္းအစာ ဟူေသာ စကားပုံအတိုင္း ခရမ္းကေစာ့သီးကို စားသုံးျခင္းျဖင့္ ေဖာ္ျပပါ ေဝဒနာမ်ား ေပ်ာက္ကင္းေစသည္။

    သြားနာ၊ သြားကိုက္၊ သြားက်ဥ္ျခင္း မ်ားအတြက္ ခရမ္းကေစာ့ အျမစ္ကို ေသြး၍ သိပ္ေပးျခင္း၊ ၎အျမစ္မႈန႔္ကို မႈိင္းတိုက္၍ အခိုးကို ရႉေပးပါက သြားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္း ေစသည္။ ။

    Credit-Original Uploader

  • အဆိပ်ပြေစေသည့် မရှော့ပင်အစွမ်းအံ့မခန်း။

    (Unicode)

    အဆိပ်ပြေစေသည့် မရှော့ပင်

    မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အများဆုံးပေါက်ရောက်သည် – သဘာဝအလျှောက်ပေါက်ရောက်သည်။

    အပင် ပုံသဏ္ဍာန်-

    အပင်ငယ်မျိုး ဖြစ်သည်/ အမြင့် ၁၂ ပေခန့်အထိ မြင့်သည်။ အကိုင်းဖြာသည်။ ပင်စည် ခပ်မွဲမွဲ ညိုခြောက်ခြောက် အရောင်ရှိသည်။

    မရှော့အရွက်အညွှန်း

    ၁။ မူးယစ်တတ်သော အစားအစာကို စားသောက်မိပါက ချက်ခြင်း မရှော့ဆေးရွက်ကို စားပါ။မည်သည့် အစားအစာကိုမဆို အစားမှားမိပါက မရှော့ဆေးရွက်ကို စားသုံးနိုင်သည်။ လူသာမက တိရစ္ဆာန်များ အစားမှားလျှင်လည်း ၎င်းဆေးရွက်ဖြင့် ပျောက်ကင်းသည်။

    ၂။ မူးယစ်စေတတ်သည့် အဆိပ်ဟူသမျှကို ပြေစေပါသည်။ မရှော့ဆေးရွက်ကို စားသုံးပြီး အခြား ဘယဆေးများကို မှီဝဲ သုံးစွဲပါက မည်သည့်ဆေးမှ တန်ခိုး အာနိသင် မရှိတော့ပါ။ အခြား ဘယဆေးများ၏ တန်ခိုးအားလုံးကို ပျက်ပြယ်စေပါသည်။

    ၃။ ပျား၊ ကင်းမြီးကောက် အခြားအဆိပ်ရှိသည့် အကောင်များ ကိုက်မိ ကုတ်မိပါက ချက်ခြင်း ၎င်းဆေးရွက်ကို စားသုံးပါ။ ချက်ခြင်း စားသုံးခြင်းသည် နှလုံးသို့ အဆိပ်မရောက်နိုင်ရန် ကာကွယ်ပေးခြင်းဖြစ်သည်။ အရွက်ကို ဝါးပြီး ဆေးဖတ်နဲ့ အနာပတ်လည် အုပ်ထားပါ။ အနာဝကို မဖုံးမိပါစေနှင့်။

    ၄။ အရိုးအဆစ်ကျိုးပဲ့၍ သွေးမထွက်သော ဒါဏ်ရာရရှိသူအား ၎င်းဆေးရွက်ကို စားစေပါ။အရိုးကို ပြန်ဆက်စေသည်။ မလိမ်းပါနှင့် သွေးမထွက်ပဲ လိမ်းမိပါက သွေးပုပ်ငုတ်၍ အနာရင်းတတ်သည်။ အနာရင်းပြီး အောင့်တတ်ပါသည်။

    ၅။ သွေးထွက်သည့် ဒါဏ်ရာဖြစ်ပါက အရွက်ဆေးကို စားရသည်။ အနာပတ်ပတ်လည်တွင်လည်း ဆေးရွက်ဝါးပြီး အဖတ်နဲ့ အုံထားပါ။(အနာဝ ချန်အုပ်ထားပါ)

    ၆။ အဆိပ်သင့်သောသူအား ဆေးစားပြီး ၅ မိနစ်အတွင်း မသေပါက စိုးရိမ်စရာ မရှိပါ၊ အဆိပ်ပြေမည်။

    သေမည့်လူနာသည် ဆေးတိုက်သည်နှင့် တပြိုင်နက် သေတတ်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အဆိပ်သည် နှလုံးတွင်းသို့ ရောက်ရှိခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ပါသည်။

    ၇။ မူးယစ်စေတတ်သော အစားအစာနှင့် အဆိပ်ဆိုရာတွင် အသီးအနှံများကို စိုက်ပျိုးသည့် ဓာတ်မြေဩဇာ. ဆေးဝါး ခြင်ဆေး ကြွက်သတ်ဆေး အဆိပ်များကိုလည်းပြေစေသည်။ မလိုအပ်ပဲ စားပါက ကိုယ်ခန္ဓာ လေးလံထိုင်းမိူင်းတတ်သည်။

    ဦးသက်နိုင်ဦးအားကျေးဇူးတင်စွာဖြင့်ပါ

    Crdit-မခင်နီဝင်း

    (Zawgyi)

    အဆိပ္ေျပေစသည့္ မေရွာ့ပင္

    ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္တြင္ အမ်ားဆုံးေပါက္ေရာက္သည္ – သဘာဝအေလွ်ာက္ေပါက္ေရာက္သည္။

    အပင္ ပုံသ႑ာန္-

    အပင္ငယ္မ်ိဳး ျဖစ္သည္/ အျမင့္ ၁၂ ေပခန႔္အထိ ျမင့္သည္။ အကိုင္းျဖာသည္။ ပင္စည္ ခပ္မြဲမြဲ ညိဳေျခာက္ေျခာက္ အေရာင္ရွိသည္။

    မေရွာ့အ႐ြက္အၫႊန္း

    ၁။ မူးယစ္တတ္ေသာ အစားအစာကို စားေသာက္မိပါက ခ်က္ျခင္း မေရွာ့ေဆး႐ြက္ကို စားပါ။မည္သည့္ အစားအစာကိုမဆို အစားမွားမိပါက မေရွာ့ေဆး႐ြက္ကို စားသုံးႏိုင္သည္။ လူသာမက တိရစာၦန္မ်ား အစားမွားလွ်င္လည္း ၎ေဆး႐ြက္ျဖင့္ ေပ်ာက္ကင္းသည္။

    ၂။ မူးယစ္ေစတတ္သည့္ အဆိပ္ဟူသမွ်ကို ေျပေစပါသည္။ မေရွာ့ေဆး႐ြက္ကို စားသုံးၿပီး အျခား ဘယေဆးမ်ားကို မွီဝဲ သုံးစြဲပါက မည္သည့္ေဆးမွ တန္ခိုး အာနိသင္ မရွိေတာ့ပါ။ အျခား ဘယေဆးမ်ား၏ တန္ခိုးအားလုံးကို ပ်က္ျပယ္ေစပါသည္။

    ၃။ ပ်ား၊ ကင္းၿမီးေကာက္ အျခားအဆိပ္ရွိသည့္ အေကာင္မ်ား ကိုက္မိ ကုတ္မိပါက ခ်က္ျခင္း ၎ေဆး႐ြက္ကို စားသုံးပါ။ ခ်က္ျခင္း စားသုံးျခင္းသည္ ႏွလုံးသို႔ အဆိပ္မေရာက္ႏိုင္ရန္ ကာကြယ္ေပးျခင္းျဖစ္သည္။ အ႐ြက္ကို ဝါးၿပီး ေဆးဖတ္နဲ႔ အနာပတ္လည္ အုပ္ထားပါ။ အနာဝကို မဖုံးမိပါေစႏွင့္။

    ၄။ အ႐ိုးအဆစ္က်ိဳးပဲ့၍ ေသြးမထြက္ေသာ ဒါဏ္ရာရရွိသူအား ၎ေဆး႐ြက္ကို စားေစပါ။အ႐ိုးကို ျပန္ဆက္ေစသည္။ မလိမ္းပါႏွင့္ ေသြးမထြက္ပဲ လိမ္းမိပါက ေသြးပုပ္ငုတ္၍ အနာရင္းတတ္သည္။ အနာရင္းၿပီး ေအာင့္တတ္ပါသည္။

    ၅။ ေသြးထြက္သည့္ ဒါဏ္ရာျဖစ္ပါက အ႐ြက္ေဆးကို စားရသည္။ အနာပတ္ပတ္လည္တြင္လည္း ေဆး႐ြက္ဝါးၿပီး အဖတ္နဲ႔ အုံထားပါ။(အနာဝ ခ်န္အုပ္ထားပါ)

    ၆။ အဆိပ္သင့္ေသာသူအား ေဆးစားၿပီး ၅ မိနစ္အတြင္း မေသပါက စိုးရိမ္စရာ မရွိပါ၊ အဆိပ္ေျပမည္။

    ေသမည့္လူနာသည္ ေဆးတိုက္သည္ႏွင့္ တၿပိဳင္နက္ ေသတတ္ပါသည္။ ဤကဲ့သို႔ ျဖစ္ရျခင္းမွာ အဆိပ္သည္ ႏွလုံးတြင္းသို႔ ေရာက္ရွိျခင္းေၾကာင့္ ေသဆုံးရျခင္း ျဖစ္ပါသည္။

    ၇။ မူးယစ္ေစတတ္ေသာ အစားအစာႏွင့္ အဆိပ္ဆိုရာတြင္ အသီးအႏွံမ်ားကို စိုက္ပ်ိဳးသည့္ ဓာတ္ေျမဩဇာ. ေဆးဝါး ျခင္ေဆး ႂကြက္သတ္ေဆး အဆိပ္မ်ားကိုလည္းေျပေစသည္။ မလိုအပ္ပဲ စားပါက ကိုယ္ခႏၶာ ေလးလံထိုင္းမိူင္းတတ္သည္။

    ဦးသက္ႏိုင္ဦးအားေက်းဇူးတင္စြာျဖင့္ပါ

    Crdit-မခင္နီဝင္း

  • ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း

    (Unicode)

    ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲ ထည့်ထုပ်ပါ။ ပြီးရင်နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein

    ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲ ထည့်ထုပ်ပါ။ ပြီးရင်နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein

    ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း

    ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲ ထည့်ထုပ်ပါ။ ပြီးရင်နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။

    Credit-Grace Tun Shein

    (Zawgyi)

    ႂကြက္တက္လို႔ ႂကြက္သားနာျခင္း၊ ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာျခင္းတို႔အတြက္ အိမ္တြင္းေဆးနည္း

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ဆားမီးေလွာ္အပူေလးနဲ႔ ၾကပ္ပူထိုးရင္ေပ်ာက္ပါတယ္။ ဆားလက္တဆုပ္ကို အိုးထဲထည့္ေလွာ္ပါ။ အေငြ႕ထြက္ၿပီး ပူလာရင္ အဝတ္ေလးထဲ ထည့္ထုပ္ပါ။ ၿပီးရင္နာတဲ့ေနရာကို ဖိဖိတို႔ေပးပါ။ သက္သာရာကေန ေပ်ာက္ကင္းမွာပါ။ ၃-၄ ရက္ေတာ့ ဇြဲထားလုပ္ေပးပါ။ Credit-Grace Tun Shein

    ႂကြက္တက္လို႔ ႂကြက္သားနာျခင္း၊ ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာျခင္းတို႔အတြက္ အိမ္တြင္းေဆးနည္း

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ဆားမီးေလွာ္အပူေလးနဲ႔ ၾကပ္ပူထိုးရင္ေပ်ာက္ပါတယ္။ ဆားလက္တဆုပ္ကို အိုးထဲထည့္ေလွာ္ပါ။ အေငြ႕ထြက္ၿပီး ပူလာရင္ အဝတ္ေလးထဲ ထည့္ထုပ္ပါ။ ၿပီးရင္နာတဲ့ေနရာကို ဖိဖိတို႔ေပးပါ။ သက္သာရာကေန ေပ်ာက္ကင္းမွာပါ။ ၃-၄ ရက္ေတာ့ ဇြဲထားလုပ္ေပးပါ။ Credit-Grace Tun Shein

    ႂကြက္တက္လို႔ ႂကြက္သားနာျခင္း၊ ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာျခင္းတို႔အတြက္ အိမ္တြင္းေဆးနည္း

    ကိုယ္တြင္းကအ႐ိုးနာ၊ အ႐ြတ္နာ၊ ႂကြက္သားနာ တာေတြကို ဆားမီးေလွာ္အပူေလးနဲ႔ ၾကပ္ပူထိုးရင္ေပ်ာက္ပါတယ္။ ဆားလက္တဆုပ္ကို အိုးထဲထည့္ေလွာ္ပါ။ အေငြ႕ထြက္ၿပီး ပူလာရင္ အဝတ္ေလးထဲ ထည့္ထုပ္ပါ။ ၿပီးရင္နာတဲ့ေနရာကို ဖိဖိတို႔ေပးပါ။ သက္သာရာကေန ေပ်ာက္ကင္းမွာပါ။ ၃-၄ ရက္ေတာ့ ဇြဲထားလုပ္ေပးပါ။

    Credit-Grace Tun Shein

  • သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ

    (Unicode)

    သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ

    ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်း နှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့်လည်း သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

    ကင်မလင်းပင်–

    ကင်မလင်းရွက်သည် သပြေရွက်နှင့်တူ၍ အရောင်မှာ စိမ်းဝါရောနေသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိကြသည်။

    အသုံးပြုပုံ – ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။ သည်းခြေတွင် ကျောက်တည်နေသူများ အပြင် ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေသည်။ လူသား တိုင်း ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာကြပါစေ။

    Credit – စောနွဲ့နေဆိုင် (ပူတာအို)

    (Zawgyi)

    သည္းေျခေက်ာက္ရွိေနတယ္ဆိုရင္ ကင္မလင္း႐ြက္ကိုသာသုံးပါ

    ကင္မလင္း႐ြက္သည္ သည္းေျခမွေက်ာက္ကို သန႔္စင္ေပးႏိုင္စြမ္းရွိသည့္ ေဆးဖက္ဝင္ အပင္တစ္မ်ိဳးျဖစ္သည္။ ေက်ာက္ကပ္ေက်ာက္တည္းျခင္း ႏွင့္ ဆီးအိမ္ေက်ာက္တည္ျခင္းတို႔အတြက္ သံမႏိုင္ေက်ာက္မႏိုင္အ႐ြက္ကို စားသုံးျခင္းျဖင့္ ေက်ာက္မ်ားကို ေခ်ပစ္ႏိုင္သလို ကင္မလင္း႐ြက္ကို စားသုံးျခင္းျဖင့္လည္း သည္းေျခမွေက်ာက္ကို ဖယ္ရွားေပးႏိုင္ပါသည္။

    ကင္မလင္းပင္–

    ကင္မလင္း႐ြက္သည္ သေျပ႐ြက္ႏွင့္တူ၍ အေရာင္မွာ စိမ္းဝါေရာေနသည္။ အစိမ္းေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ အဝါေရာင္သန္းေနသည္။ အ႐ြက္၏အသားသည္ ႏူးညံ့ေန၍ အ႐ြက္ရင့္မ်ားသာလွ်င္ အနည္းငယ္ ၾကမ္းသည္။ မင္းကင္း၊ ေရဦး၊ ဒီပဲယင္း၊ ခ်င္းျပည္နယ္ႏွင့္ ျမန္မာျပည္အႏွံ႔အျပားတြင္ ေပါက္ေရာက္ေလ့ရွိၾကသည္။

    အသုံးျပဳပုံ – ကင္မလင္း႐ြက္ ခပ္သန႔္သန႔္ကို ခ်ဥ္ရည္ခ်က္ေသာက္ျခင္း၊ ျပဳတ္၍ သုပ္စားျခင္း၊ ေရေႏြးေဖ်ာ၍ တို႔စားျခင္း၊ အသား၊ ငါးတို႔ႏွင့္အတူ ခ်က္စားျခင္း၊ အ႐ြက္ႏုမ်ားကို အေျခာက္လွန္း၍ လက္ဖက္ေျခာက္ကဲ့သို႔ ခတ္၍ ေသာက္သုံးျခင္းမ်ား ျပဳလုပ္ႏိုင္သည္။ သည္းေျခတြင္ ေက်ာက္တည္ေနသူမ်ား အျပင္ ေရာဂါမရွိသူမ်ားလည္း ဟင္းအျဖစ္ ခ်က္ျပဳတ္စားသုံးေပးပါက သည္းေျခေက်ာက္သည္ျခင္းမွ ကင္းေဝးေစသည္။ လူသား တိုင္း ေရာဂါကင္းေဝး၍ သက္ရွည္က်န္းမာၾကပါေစ။

    Credit – ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

  • မှိုနတိုပင်၏ အစွမ်းထက် ဆေးဘက်ဝင်အသုံးများ

    (Unicode)

    မှိုနတိုပင်သည် ရေစပ်စပ်ရှိသောနေရာများတွင် ပေါက်ရောက်ပြီး အရွက်ပုံစံ ထူးခြားသော အပင်လေးများအဖြစ် တွေ့မြင်နိုင်ပါ တယ်၊၊ သေးငယ်သော အရွက်လေးများသည် ရွက်လွာနှစ်ခု ကပ်လျက် မျက်နှာချင်းဆိုင် ထွက်နေတာ တွေ့ရတယ်၊၊ ပျော့ပြီးသေးငယ်သော ရိုးတံလေးများပေါ်တွင် အမြစ်မွားလေးများ ရှိပါတယ်၊၊ ရေတွင်တွားကာပေါက်သော အပင်မျိုး ဖြစ်ပြီး ပုံစံထင်ရှားပြီး လူတိုင်းသိနိူင်သော အပင်လေးများ ဖြစ်ပါတယ်။ မှိုနားတိုပင်ကို အချိုမျိုး နှင့် အချဉ်မျိုး ဆိုပြီး ၂ မျိုးခွဲခြားထားပေမယ့် အပင်ပုံစံမှာ အတူတူပင် ဖြစ်ကြောင်း တွေ့ရပါတယ်

    မှိုနားတို အချိုပင်အား ဆေးဝါး အဖြစ်အသုံးပြုပုံများမှာ-

    (၁) ချာချာလည်အောင် မူးဝေခြင်း

    မှိုနားတို အချိုပင် အရွက်ကို ပြုတ်ကာ အကြမ်းပန်းကန်တလုံးစာတွင် သကြားကိုလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီးသောက်ပါက လေကို အကြောင်းပြု၍ မူးဝေခြင်း ရောဂါကို ပျောက်ကင်းစေပါတယ်၊၊

    (၂) သွေးပုပ်ကျန် ရောဂါ

    မှိုနာတို အပင်ကလေးများ ၁၀ ကျပ်သားခန့်ကို ရှောက်ရည် အကြမ်းပန်းကန် တလုံးစာခန့်နှင့် စိမ်ထားပါ။ (၁)ရက် (၂)ရက် ထားပြီးမှ ဆယ်ယူကာ ကြက်သွန်ဖြူ၊ နှမ်းဆီချက်နှင့် လက်သုပ်သုပ် စားပါက အမျိုးသမီး များ ဓမ္မတာ သွေးပုပ်ကျန် ရောဂါကို သက်သာပျောက်ကင်းစေကြောင်း တွေ့ရပါတယ်၊၊

    (၃) ကလေးများ လေဆန်နာ

    မှိုနားတို အချိုပင်အရွက်ကို ပြုတ်ပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတွင် ဆား ၂ပွင့်ခန့်ခပ်ပြီး တိုက်ကျွေးနိုင်ပါတယ် ။

    (၄) ကလေးများ ရင်ပြည့်ရင်ကယ်ခြင်း

    မှိုနားတိုပင် အချိုရွက်ကို ကွမ်းရွက်၊ နနွင်းမှုန့်တို့ဆတူရောကြိုတ်ကာ မိခင်နို့ရည်နှင့် ဆတူ ရော ပြီး လက်ဖက်ရည်ဇွန်ူး နှင့် (၁) ဇွန်း တိုက်ပေးနိုင်ပါတယ်။

    မှိုနားတို အချဉ်ပင်ရဲ့ အာနိသင်နဲ့ အသုံးပြုပုံ

    အချိုပင်ကဲ့သို့ ပုံစံတူပြီး အရသာမှာ ချဉ်သေ အရသာရှိသည်။ ဆေးဝါးအဖြစ် အသုံးများကြပြီး အဟာရအဖြစ် စားသုံးမှု နည်းပါးကြပါတယ်၊၊ အချဉ်ပင်သည် တိုင်းရင်ဆေးပညာ သဘောအရ ချဉ်သောအရသာရှိ ကာ အေးသည်၊ အပူကို ငြိမ်းစေသည်။ ဝမ်းမီးတောက်စေသည်၊ နှုတ် ခံတွင်း ကိုမြိန်စေသည်။ နှလုံးကို အားပေးသည်။ သွေးကို ချုပ်စေသည်။ အရွတ်ကို ညစ်သော အရည်(သတ္တူရည်)သည် အကြောများကို တွန့်ရှုံ့စေသည်၊။ ချဉ်ပြီး အေးသော သတ္တိရှိကာ စအိုကျခြင်း၊ ပဒိုင်းသီးစားမိကာ မူးဝေခြင်း၊ ရောင်ရမ်းခြင်း၊ အစာမကြေခြင်း၊ သွားဖုံးရောင်ခြင်း၊ ရင်ပတ်နာခြင်းတို့ကို ပျောက်ကင်းစေသည်။ အထူးသဖြင့် မျက်စိရောဂါကို ပိုမို အကျိုးပြုကြောင်း တွေ့ရပါတယ် ။

    ရောဂါဝေဒနာ အလိုက်မှိုနားတို ချဉ်ကို အသုံးပြုပုံများ-

    (၁) စအိုကျ- စအိုလျှော၊ စအိုထွက် ခြင်း

    မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သော အရည်ကို ထောပတ်နှင့် ချက်ပါ။ စအိုတွင်းမှ ထွက်ကျနေသော အူကို လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

    (၂) ပဒိုင်းသီးစားမိပြီး မူးဝေနေသော လူနာကို ပဒိုင်း အဆိပ်ပြေစေရန် ပေးခြင်း

    မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သောအရည်ကို တိုက်ပေးပါက ပဒိုင်း အဆိပ်ပြေစေပြီး မူးဝေနေမှု သက်သာပျောက်ကင်းစေပါတယ်။

    (၃) ရောင်ရမ်းခြင်း

    ထိခိုက်ဒဏ်ရာရကာ ရောင်ရမ်းခြင်း၊ အနာများ ငန်းမန်းလိုက်ကာ ရောင်ရမ်းခြင်းကို မှိုနားတို အချဉ်ရွက်ကို ကြိတ်ပြီး ရောင်သောနေရာကို အုံပေးလျင် အရောင်ကျပြီး သက်သာပျောက်ကင်းစေပါတယ်၊၊

    (၄) အစာမကြေရောဂါနှင့် ဝမ်းကိုက်ရောဂါ

    မှိုနားတို အချဉ်သည် ဝမ်းမီးကို တောက်စေသောကြောင့် ဝမ်းမီးနုံပြီး ဖြစ်တတ်သော အစာမကြေခြင်းနဲ့ ဝမ်းကိုက် ဝမ်းပျက်ခြင်း ရောဂါတွင် အရွက်ကို ကြက်သွန်ဖြူ၊ နှမ်းဆီနှင့် သုပ်စားပါက သက်သာပျောက်ကင်းစေသည်၊၊

    (၅) မျက်စေ့ နာရောဂါ

    မျက်စေ့နာပါက မှိုနားတိုအချဉ်အရွက်ကို ကြိတ်ပြီး ညစ်ရသော အရည်(သတ္တုရည်) ကို မျက်စဉ်းခပ်ပေးနိုင်ကြောင်း တွေ့ရတယ်၊၊ မျက်ကွင်းဆေး အနေနဲ့ဖော်စပ်အသုံးပြုလိုသူတို့အတွက် ဆေးနည်း လက်ဆောင်ပေးလိုက်ပါတယ်၊၊ (၁) ငါးကြင်းသည်းခြေ ။ (၂) ငရံ့သည်းခြေ (၃) မှိုနာတိုချဉ် (၄)နနွင်းစိမ်း အားလုံး ကို အလေးချိန် ဆတူ ရောစပ်ပြီး ကျောက်ချဉ်သွေးရည်နဲ့ကြိတ်ကာ အတောင့်ပြုလုပ် ထားပါ။ ဆေးတောင့်ကို သွေးကာ မျက်စေ့ ဘေးပတ်လည်ကို ကွင်းပေးနိုင်ပါတယ်၊။ မျက်စေ့နာ မျက်စေ့ရောင်ခြင်း ကိုက်ခြင်း အောင့်ခြင်းကို သက်သာပျောက်ကင်းစေသော ဆေးနည်း တခုပါ၊၊ ထိုဆေးတောင့်ကိုပင် အမှုန့်ပြုကာ မီးခဲတွင်ဖြူးပြီး အငွေ့ကို ရှုပေးပါက မျက်စေ့၊ မျက်ရိုး၊ နားထင်၊ ခေါင်းများ ကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

    (၆) သွားဖုံးရောင် ရောဂါ

    မှိုနားတို အချဉ်အရွက်ကို ထောင်းပြီး အရည်ညစ်ကာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အချိုနှင့်အချဉ် အရွက်များကို နေရိပ်တွင် လှမ်းကာ အမှုန့် ပြုပြီး ရောစပ်ကာ သွားဖုံးရောင်သောနေရာကို သိပ်ပေးပါကလဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

    (၇) မန်းဆေးများတွင် ထည့်သွင်းအသုံးပြုခြင်း

    မှိုနားတိုချဉ်သည် အနာငန်းမန်းကို နိုင်သဖြင့် မန်းဆေးများတွင် ထည့်သွင်း ဖော်စပ်ကြပါတယ်၊၊

    (၈) အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း

    အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း ရောဂါတွင်လည်း အသုံးပြုကြပါတယ်၊၊

    (၉) ဆီးချို သွေးချို ရောဂါတွင် အသုံးပြုခြင်း

    ဆီးချိုသွေးချို ရောဂါသည် တိုင်းရင်းဆေးပညာသဘောအရ ဝမ်းမီးပျက်ခြင်းမှ စတင်ကြောင်းတွေ့ရပါတယ်၊၊ မှိုနတိုချဉ်ရဲ့ ဝမ်းမီးတောက် အစာကြေခြင်း သတ္တိကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များကို ဓါတ်စာအဖြစ် ပေးနိုင်ပါတယ်။

    အပင်ရဲ့ပုံစံ ထူးခြားသလို အစာအဟာရ အနေနဲ့သာမက ဆေးဝါးအဖြစ်ပါ သုံးစွဲနိုင်သော မှိုနားတိုပင်ရဲ့ အကြောင်းကို လက်လှမ်းမှီသမျှ စုဆောင်း ရေးသားပါတယ်။ နောက်ထပ်မံ သိရှိပါကလဲ ဖြည့်စွတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊၊

    Credit-ဝင်းသူရညွန့်

    (Zawgyi)

    မႈိနတိုပင္ သည္ ေရစပ္စပ္ရွိေသာေနရာမ်ားတြင္ ေပါက္ေရာက္ၿပီး အ႐ြက္ပုံစံ ထူးျခားေသာ အပင္ေလးမ်ားအျဖစ္ ေတြ႕ျမင္ႏိုင္ပါ တယ္၊၊ ေသးငယ္ေသာ အ႐ြက္ေလးမ်ားသည္ ႐ြက္လြာႏွစ္ခု ကပ္လ်က္ မ်က္ႏွာခ်င္းဆိုင္ ထြက္ေနတာ ေတြ႕ရတယ္၊၊ ေပ်ာ့ၿပီးေသးငယ္ေသာ ႐ိုးတံေလးမ်ားေပၚတြင္ အျမစ္မြားေလးမ်ား ရွိပါတယ္၊၊ ေရတြင္တြားကာေပါက္ေသာ အပင္မ်ိဳး ျဖစ္ၿပီး ပုံစံထင္ရွားၿပီး လူတိုင္းသိႏိူင္ေသာ အပင္ေလးမ်ား ျဖစ္ပါတယ္။ မႈိနားတိုပင္ကို အခ်ိဳမ်ိဳး ႏွင့္ အခ်ဥ္မ်ိဳး ဆိုၿပီး ၂ မ်ိဳးခြဲျခားထားေပမယ့္ အပင္ပုံစံမွာ အတူတူပင္ ျဖစ္ေၾကာင္း ေတြ႕ရပါတယ္

    မႈိနားတို အခ်ိဳပင္အား ေဆးဝါး အျဖစ္အသုံးျပဳပုံမ်ားမွာ-

    (၁) ခ်ာခ်ာလည္ေအာင္ မူးေဝျခင္း

    မႈိနားတို အခ်ိဳပင္ အ႐ြက္ကို ျပဳတ္ကာ အၾကမ္းပန္းကန္တလုံးစာတြင္ သၾကားကိုလက္ဖက္ရည္ဇြန္း တဇြန္းထည့္ၿပီးေသာက္ပါက ေလကို အေၾကာင္းျပဳ၍ မူးေဝျခင္း ေရာဂါကို ေပ်ာက္ကင္းေစပါတယ္၊၊

    (၂) ေသြးပုပ္က်န္ ေရာဂါ

    မႈိနာတို အပင္ကေလးမ်ား ၁၀ က်ပ္သားခန္႔ကို ေရွာက္ရည္ အၾကမ္းပန္းကန္ တလုံးစာခန္႔ႏွင့္ စိမ္ထားပါ။ (၁)ရက္ (၂)ရက္ ထားၿပီးမွ ဆယ္ယူကာ ၾကက္သြန္ျဖဴ၊ ႏွမ္းဆီခ်က္ႏွင့္ လက္သုပ္သုပ္ စားပါက အမ်ိဳးသမီး မ်ား ဓမၼတာ ေသြးပုပ္က်န္ ေရာဂါကို သက္သာေပ်ာက္ကင္းေစေၾကာင္း ေတြ႕ရပါတယ္၊၊

    (၃) ကေလးမ်ား ေလဆန္နာ

    မႈိနားတို အခ်ိဳပင္အ႐ြက္ကို ျပဳတ္ၿပီး လက္ဖက္ရည္ဇြန္း (၁) ဇြန္းစာတြင္ ဆား ၂ပြင့္ခန္႔ခပ္ၿပီး တိုက္ေကြၽးႏိုင္ပါတယ္ ။

    (၄) ကေလးမ်ား ရင္ျပည့္ရင္ကယ္ျခင္း

    မႈိနားတိုပင္ အခ်ိဳ႐ြက္ကို ကြမ္း႐ြက္၊ နႏြင္းမႈန္႔တို႔ဆတူေရာႀကိဳတ္ကာ မိခင္ႏို႔ရည္ႏွင့္ ဆတူ ေရာ ၿပီး လက္ဖက္ရည္ဇြႏ္ူး ႏွင့္ (၁) ဇြန္း တိုက္ေပးႏိုင္ပါတယ္။

    မႈိနားတို အခ်ဥ္ပင္ရဲ႕ အာနိသင္နဲ႔ အသုံးျပဳပုံ

    အခ်ိဳပင္ကဲ့သို႔ ပုံစံတူၿပီး အရသာမွာ ခ်ဥ္ေသ အရသာရွိသည္။ ေဆးဝါးအျဖစ္ အသုံးမ်ားၾကၿပီး အဟာရအျဖစ္ စားသုံးမႈ နည္းပါးၾကပါတယ္၊၊ အခ်ဥ္ပင္သည္ တိုင္းရင္ေဆးပညာ သေဘာအရ ခ်ဥ္ေသာအရသာရွိ ကာ ေအးသည္၊ အပူကို ၿငိမ္းေစသည္။ ဝမ္းမီးေတာက္ေစသည္၊ ႏႈတ္ ခံတြင္း ကိုၿမိန္ေစသည္။ ႏွလုံးကို အားေပးသည္။ ေသြးကို ခ်ဳပ္ေစသည္။ အ႐ြတ္ကို ညစ္ေသာ အရည္(သတၱဴရည္)သည္ အေၾကာမ်ားကို တြန္႔ရႈံ႕ေစသည္၊။ ခ်ဥ္ၿပီး ေအးေသာ သတၱိရွိကာ စအိုက်ျခင္း၊ ပဒိုင္းသီးစားမိကာ မူးေဝျခင္း၊ ေရာင္ရမ္းျခင္း၊ အစာမေၾကျခင္း၊ သြားဖုံးေရာင္ျခင္း၊ ရင္ပတ္နာျခင္းတို႔ကို ေပ်ာက္ကင္းေစသည္။ အထူးသျဖင့္ မ်က္စိေရာဂါကို ပိုမို အက်ိဳးျပဳေၾကာင္း ေတြ႕ရပါတယ္ ။

    ေရာဂါေဝဒနာ အလိုက္မႈိနားတို ခ်ဥ္ကို အသုံးျပဳပုံမ်ား-

    (၁) စအိုက်- စအိုေလွ်ာ၊ စအိုထြက္ ျခင္း

    မႈိနားတို အခ်ဥ္႐ြက္ကို ေထာင္းၿပီး ညစ္ေသာ အရည္ကို ေထာပတ္ႏွင့္ ခ်က္ပါ။ စအိုတြင္းမွ ထြက္က်ေနေသာ အူကို လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္၊၊

    (၂) ပဒိုင္းသီးစားမိၿပီး မူးေဝေနေသာ လူနာကို ပဒိုင္း အဆိပ္ေျပေစရန္ ေပးျခင္း

    မႈိနားတို အခ်ဥ္႐ြက္ကို ေထာင္းၿပီး ညစ္ေသာအရည္ကို တိုက္ေပးပါက ပဒိုင္း အဆိပ္ေျပေစၿပီး မူးေဝေနမႈ သက္သာေပ်ာက္ကင္းေစပါတယ္။

    (၃) ေရာင္ရမ္းျခင္း

    ထိခိုက္ဒဏ္ရာရကာ ေရာင္ရမ္းျခင္း၊ အနာမ်ား ငန္းမန္းလိုက္ကာ ေရာင္ရမ္းျခင္းကို မႈိနားတို အခ်ဥ္႐ြက္ကို ႀကိတ္ၿပီး ေရာင္ေသာေနရာကို အုံေပးလ်င္ အေရာင္က်ၿပီး သက္သာေပ်ာက္ကင္းေစပါတယ္၊၊

    (၄) အစာမေၾကေရာဂါႏွင့္ ဝမ္းကိုက္ေရာဂါ

    မႈိနားတို အခ်ဥ္သည္ ဝမ္းမီးကို ေတာက္ေစေသာေၾကာင့္ ဝမ္းမီးႏုံၿပီး ျဖစ္တတ္ေသာ အစာမေၾကျခင္းနဲ႔ ဝမ္းကိုက္ ဝမ္းပ်က္ျခင္း ေရာဂါတြင္ အ႐ြက္ကို ၾကက္သြန္ျဖဴ၊ ႏွမ္းဆီႏွင့္ သုပ္စားပါက သက္သာေပ်ာက္ကင္းေစသည္၊၊

    (၅) မ်က္ေစ့ နာေရာဂါ

    မ်က္ေစ့နာပါက မႈိနားတိုအခ်ဥ္အ႐ြက္ကို ႀကိတ္ၿပီး ညစ္ရေသာ အရည္(သတၱဳရည္) ကို မ်က္စဥ္းခပ္ေပးႏိုင္ေၾကာင္း ေတြ႕ရတယ္၊၊ မ်က္ကြင္းေဆး အေနနဲ႔ေဖာ္စပ္အသုံးျပဳလိုသူတို႔အတြက္ ေဆးနည္း လက္ေဆာင္ေပးလိုက္ပါတယ္၊၊ (၁) ငါးၾကင္းသည္းေျခ ။ (၂) ငရံ႕သည္းေျခ (၃) မႈိနာတိုခ်ဥ္ (၄)နႏြင္းစိမ္း အားလုံး ကို အေလးခ်ိန္ ဆတူ ေရာစပ္ၿပီး ေက်ာက္ခ်ဥ္ေသြးရည္နဲ႔ႀကိတ္ကာ အေတာင့္ျပဳလုပ္ ထားပါ။ ေဆးေတာင့္ကို ေသြးကာ မ်က္ေစ့ ေဘးပတ္လည္ကို ကြင္းေပးႏိုင္ပါတယ္၊။ မ်က္ေစ့နာ မ်က္ေစ့ေရာင္ျခင္း ကိုက္ျခင္း ေအာင့္ျခင္းကို သက္သာေပ်ာက္ကင္းေစေသာ ေဆးနည္း တခုပါ၊၊ ထိုေဆးေတာင့္ကိုပင္ အမႈန္႔ျပဳကာ မီးခဲတြင္ျဖဴးၿပီး အေငြ႕ကို ရႈေပးပါက မ်က္ေစ့၊ မ်က္႐ိုး၊ နားထင္၊ ေခါင္းမ်ား ကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

    (၆) သြားဖုံးေရာင္ ေရာဂါ

    မႈိနားတို အခ်ဥ္အ႐ြက္ကို ေထာင္းၿပီး အရည္ညစ္ကာ ငုံေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ အခ်ိဳႏွင့္အခ်ဥ္ အ႐ြက္မ်ားကို ေနရိပ္တြင္ လွမ္းကာ အမႈန႔္ ျပဳၿပီး ေရာစပ္ကာ သြားဖုံးေရာင္ေသာေနရာကို သိပ္ေပးပါကလဲ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္၊၊

    (၇) မန္းေဆးမ်ားတြင္ ထည့္သြင္းအသုံးျပဳျခင္း

    မႈိနားတိုခ်ဥ္သည္ အနာငန္းမန္းကို ႏိုင္သျဖင့္ မန္းေဆးမ်ားတြင္ ထည့္သြင္း ေဖာ္စပ္ၾကပါတယ္၊၊

    (၈) အဆုတ္ေလႁပြန္ေရာင္ၿပီး ေခ်ာင္းဆိုးျခင္း

    အဆုတ္ေလႁပြန္ေရာင္ၿပီး ေခ်ာင္းဆိုးျခင္း ေရာဂါတြင္လည္း အသုံးျပဳၾကပါတယ္၊၊

    (၉) ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါတြင္ အသုံးျပဳျခင္း

    ဆီးခ်ိဳေသြးခ်ိဳ ေရာဂါသည္ တိုင္းရင္းေဆးပညာသေဘာအရ ဝမ္းမီးပ်က္ျခင္းမွ စတင္ေၾကာင္းေတြ႕ရပါတယ္၊၊ မႈိနတိုခ်ဥ္ရဲ႕ ဝမ္းမီးေတာက္ အစာေၾကျခင္း သတၱိေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာရွင္မ်ားကို ဓါတ္စာအျဖစ္ ေပးႏိုင္ပါတယ္။

    အပင္ရဲ႕ပုံစံ ထူးျခားသလို အစာအဟာရ အေနနဲ႔သာမက ေဆးဝါးအျဖစ္ပါ သုံးစြဲႏိုင္ေသာ မႈိနားတိုပင္ရဲ႕ အေၾကာင္းကို လက္လွမ္းမွီသမွ် စုေဆာင္း ေရးသားပါတယ္။ ေနာက္ထပ္မံ သိရွိပါကလဲ ျဖည့္စြတ္ တင္ျပေပးသြားမွာ ျဖစ္ပါတယ္၊၊

    Credit-ဝင္းသူရၫြန္႔

  • အပင်၊ အရွက်အတွက် ထမင်းသိုးအားဆေးရည် ကိုယ်တိုင်လုပ်နည်း

    (Unicode)

    အရွက် အားဆေးရည် ကိုယ်တိုင်လုပ်နည်း

    အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း

    ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ၊ သကြား ထမင်းစားဇွန်း-2 ဇွန်း၊ နို့ချဉ် ၅၀ စီစီ။ ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ။ ထမင်းသိုးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။ စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားလိုက်ပါ။ ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တရစ်ခန့် ချန်ထားပါ။ GAS ထွက်ရန်ဖြစ်ပါတယ်။ ၃ ရက်မြောက်နေ့တွင် ထပ်ပြီးလှုပ်ခါပါ။ အဖုံးကိုတရစ် ချန်၊ ပြန်ပိတ်ပါ။ ၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုး ဂျူလင်စီ ကိုရပါပြီ။

    ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့အရွက်များ အတွက် များစွာ အကျိုးပြုပါတယ်။ N ဒြပ် အများဆုံး ပါဝင်သောကြောင့်ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။ အပင်ထဲ ထည့်ပါက အမြစ်ရှင်သန်ပြီးအစာ စားကောင်းပါတယ်။ အရွက်မှ ဆေးရည်ကိုတိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွားစေပါတယ်။

    ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။ အရွက်ဖျန်းဖို့အတွက်၊ ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း။ အပင်လောင်းရန်အတွက် ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း။

    သီးပင်စားပင်အတွက် ကြက်သွန်နီ အခွံ ဆေးရည်ပြုလုပ်နည်း-

    ကြက်သွန်နီခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါးစတဲ့ အပင်အတွက် လိုအပ်တဲ့ အဟာရဓါတ် များစွာပါဝင်တဲ့အပြင် ကြက်သွန်နီ အခွံ အနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင် တားဆီးပေးစေပါတယ်။ ကြက်သွန်နီခွံခြောက် ၅ ကျပ်သား၊ ရေ ၁ လီတာထည့်၍ ၂၄ နာရီထားပါ။နောက်ထပ် ရေ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။ ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များ သို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါသည်။ ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ် ကျွေးနိုင်ပါသည်။

    Credit-Original Uploader

    (Zawgyi)

    အ႐ြက္ အားေဆးရည္ ကိုယ္တိုင္လုပ္နည္း

    အပင္အ႐ြက္ အတြက္ ထမင္းသိုး ဂ်ဴလင္စီ ေဆးရည္ကိုယ္တိုင္ျပဳလုပ္နည္း

    ထမင္းသိုး ဆန္တစ္ဗူးခ်က္ခန႔္ ၊ သၾကား ထမင္းစားဇြန္း-2 ဇြန္း၊ ႏို႔ခ်ဥ္ ၅၀ စီစီ။ ထမင္းသိုးထဲ ေရ လီတာဝက္ခန႔္ ေလာင္းထည့္ပါ။ ၿပီးေနာက္ ၅ မိနစ္ခန႔္ေမႊေပးပါ။ ထမင္းသိုးမွ အရည္အား လုံး သမသြားပါက ၅ မိနစ္ခန႔္အနည္ထိုင္ေအာင္ ေစာင့္လိုက္ပါ။ အနည္ထိုင္သြားပါက ေရစစ္ျဖင့္ စစ္ယူပါ။ စစ္ယူထားေသာ ထမင္းသိုးေရထဲသို႔ သၾကား ၂ ဇြန္း ႏို႔ခ်ဥ္ဘူး ၅၀ စီစီ ေဖါက္ထည့္ပါ သမသြားေအာင္နဲ႔ သၾကားမ်ား ေပ်ာ္ေအာင္ ေမြပါ။ အားလုံး သမသြားၿပီ ဆိုပါက ေရသန႔္ဘူးလြတ္ထဲထည့္ၿပီး အရိပ္ထဲထားလိုက္ပါ။ ဘူးအဖုံးကိုေတာ့ အလုံမပိတ္ဘဲ တရစ္ခန႔္ ခ်န္ထားပါ။ GAS ထြက္ရန္ျဖစ္ပါတယ္။ ၃ ရက္ေျမာက္ေန႔တြင္ ထပ္ၿပီးလႈပ္ခါပါ။ အဖုံးကိုတရစ္ ခ်န္၊ ျပန္ပိတ္ပါ။ ၇ ရက္ေျမာက္မွာေတာ့ အသင့္သုံး ထမင္းသိုး ဂ်ဴလင္စီ ကိုရပါၿပီ။

    ဒီေဆးရည္သည္ အပင္၏ အျမစ္နဲ႔အ႐ြက္မ်ား အတြက္ မ်ားစြာ အက်ိဳးျပဳပါတယ္။ N ျဒပ္ အမ်ားဆုံး ပါဝင္ေသာေၾကာင့္ဖ်န္းၿပီး သုံးရက္နဲ႔ငါးရက္ၾကာပါက သိသာလာပါလိမ့္မယ္။ အပင္ထဲ ထည့္ပါက အျမစ္ရွင္သန္ၿပီးအစာ စားေကာင္းပါတယ္။ အ႐ြက္မွ ေဆးရည္ကိုတိုက္႐ိုက္ စားသုံးႏိုင္ေသာေၾကာင့္ အ႐ြက္မ်ား သန္မာႀကီးထြားေစပါတယ္။

    ကြမ္းသမားမ်ား အ႐ြက္စား အပင္မ်ား အတြက္ လက္ေတြ႕ ျဖစ္ထြန္းေစပါတယ္။ အ႐ြက္ဖ်န္းဖို႔အတြက္၊ ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၅ ဇြန္း။ အပင္ေလာင္းရန္အတြက္ ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၁၀ ဇြန္း။

    သီးပင္စားပင္အတြက္ ၾကက္သြန္နီ အခြံ ေဆးရည္ျပဳလုပ္နည္း-

    ၾကက္သြန္နီခြံမွာ ကယ္လစီယမ္၊ ပိုတက္စီယမ္၊ မဂၢနီစီယမ္၊ အိုင္႐ြန္း၊ ေကာ့ပါးစတဲ့ အပင္အတြက္ လိုအပ္တဲ့ အဟာရဓါတ္ မ်ားစြာပါဝင္တဲ့အျပင္ ၾကက္သြန္နီ အခြံ အနံ႔ေၾကာင့္ ပိုးေတြကိုလည္း မလာေအာင္ တားဆီးေပးေစပါတယ္။ ၾကက္သြန္နီခြံေျခာက္ ၅ က်ပ္သား၊ ေရ ၁ လီတာထည့္၍ ၂၄ နာရီထားပါ။ေနာက္ထပ္ ေရ၁ လီတာ ထပ္ေရာ၍ ႏွံ႔ေအာင္ေမႊၿပီး အရည္စစ္ အရည္ညႇစ္ယူပါ။ ၾကက္သြန္နီခြံ အားေဆးရည္ကို အပင္မ်ား သို႔ တိုက္႐ိုက္ ပက္ဖ်န္း၍ အသုံးျပဳႏိုင္ပါသည္။ က်န္ရွိေသာ ၾကက္သြန္နီခြံ အားေဆးအနည္အႏွစ္မ်ားကို ေျမႀကီးျဖင့္ေရာ၍ အပင္ေျခတြင္ အစာအျဖစ္ ေကြၽးႏိုင္ပါသည္။

    Credit-Original Uploader

  • ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင်

    (Unicode)

    ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင်

    ဤရောဂါ ဖြစ်ပေါ်သူတို့အနက် အချို့မှာ လက်ချောင်းအဆစ်များ ရောင်တင်း၍ ကောင်းစွာ မဆုပ်ကိုင်နိုင်ခြင်း၊ လက်မောင်းရင်းဆစ်နှင့် တံတောင်ဆစ်တို့ ရောင်တင်း၍ လက်ကောင်းစွာ မမြှောက်နိုင်ခြင်း၊ မကွေး မဆန့်နိုင်ခြင်း၊ ဒူးဆစ်၊ ခြေချင်းဝတ်တို့ ရောင်တင်း၍ ကောင်းစွာမသွားနိုင်ခြင်း၊ မကွေးနိုင် မဆန့် နိုင်သောကြောင့် မထိုင်နိုင်ခြင်း၊ ခြေချောင်းဆစ်များ ရောင်တင်း၍ ဖိနပ်စီး၍ မကောင်းခြင်း၊ အနည်းငယ်လှုပ်ရှားလျှင် မောဟိုက်လွယ်ခြင်း၊ အချို့မှာ ဝမ်းနှင့် ဆီးတို့နည်းခြင်း၊ အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရတတ်သည်။

    ခြေလက် ခေါင်းတုန်ရောဂါ

    အချို့မှာ လေအားယုတ်လျော့၍ ခေါင်းတုန်ခြင်း၊ ခြေတုန်ခြင်း၊ လက်တုန်ခြင်း ဖြစ်တတ်ရာဤသို့ ခြေ လက် စသည်တို့အတွက် ဤဆေးသည် သက်သာစေပါသည်။

    မျက်ခမ်းလှုပ်ရောဂါ

    အညစ်အကြေများ စုဝေးကာ သွေးစီးဆင်းမှု မမှန်မကန် ဖြစ်ခြင်းကြောင့် ဖြစ်လာသော မျက်ခမ်းလှုပ်သူတို့အတွက် ဤဆေးကို လှုပ်နေသောနေရာကို ပါးပါး သုတ်လိမ်းပြီး ကွမ်းရွက် ကပ်ပေးပါ။ တစ်နေ့ သုံးကြိမ် ပြုလုပ်ပေးခြင်းဖြင့် တစ်ရက် နှစ်ရက်အတွင်း ပျောက်ကင်းကြောင်း တွေမြင်ရပါလိမ့်မည်။

    ဆေးနည်း

    ၁။ တောရဲယိုစေ့ – ၅ ကျပ်သား

    ၂။ ဂျင်းတက် – ၁ ကျပ်သား

    ၃။ မုံညှင်းဆီ – ၅ ကျပ်သား

    ဤဆေးသုံးမျိုးကို ဒယ်အိုးတွင် ထည့်ပြီး မီးဖိုပေါ်တင်၍ တောရဲယိုစေ့၊ ဂျင်းတက် တူးအောင်ချက်၊ အအေးခံ၊ ဆီကိုစစ်ယူပြီး ပုလင်းထဲသို့ ထည့်၍ ဆေးအဖြစ် အသုံးပြုနိင်ပါသည်။

    အသုံးပြုပုံ

    အထက်ပါ ရောဂါများဖြစ်ပါက ဖြစ်နေသော နေရာပေါ်သို့ တောရဲယိုဆီကို ပါးပါးသုတ်လိမ်းပြီးကွမ်းရွက်ကို ကပ်ပေးပါက ညလိမ်း၊ မနက် သက်သာလာသည်ကို လက်တွေ့ကုသပျောက်ကင်းကြောင်း တင်ပြလိုက်ရပါသည်။

    Credit-ဦးဝင်းမြင့် (နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ အေလာ စက်ပိုင်း ၀၉၉၇၉၂၉၀၈၆၈)

    (Zawgyi)

    ခႏၶာကိုယ္ရွိ အဆစ္မ်ားကိုက္ျခင္း၊ တင္းျခင္း၊ ေရာင္ျခင္းေၾကာင့္ မထိုင္ႏိုင္ မသြားႏိုင္ျဖစ္လွ်င္

    ဤေရာဂါ ျဖစ္ေပၚသူတို႔အနက္ အခ်ိဳ႕မွာ လက္ေခ်ာင္းအဆစ္မ်ား ေရာင္တင္း၍ ေကာင္းစြာ မဆုပ္ကိုင္ႏိုင္ျခင္း၊ လက္ေမာင္းရင္းဆစ္ႏွင့္ တံေတာင္ဆစ္တို႔ ေရာင္တင္း၍ လက္ေကာင္းစြာ မေျမႇာက္ႏိုင္ျခင္း၊ မေကြး မဆန႔္ႏိုင္ျခင္း၊ ဒူးဆစ္၊ ေျခခ်င္းဝတ္တို႔ ေရာင္တင္း၍ ေကာင္းစြာမသြားႏိုင္ျခင္း၊ မေကြးႏိုင္ မဆန႔္ ႏိုင္ေသာေၾကာင့္ မထိုင္ႏိုင္ျခင္း၊ ေျခေခ်ာင္းဆစ္မ်ား ေရာင္တင္း၍ ဖိနပ္စီး၍ မေကာင္းျခင္း၊ အနည္းငယ္လႈပ္ရွားလွ်င္ ေမာဟိုက္လြယ္ျခင္း၊ အခ်ိဳ႕မွာ ဝမ္းႏွင့္ ဆီးတို႔နည္းျခင္း၊ အိပ္မေပ်ာ္ျခင္း စသည္တို႔ ျဖစ္ေပၚခံစားရတတ္သည္။

    ေျခလက္ ေခါင္းတုန္ေရာဂါ

    အခ်ိဳ႕မွာ ေလအားယုတ္ေလ်ာ့၍ ေခါင္းတုန္ျခင္း၊ ေျခတုန္ျခင္း၊ လက္တုန္ျခင္း ျဖစ္တတ္ရာဤသို႔ ေျခ လက္ စသည္တို႔အတြက္ ဤေဆးသည္ သက္သာေစပါသည္။

    မ်က္ခမ္းလႈပ္ေရာဂါ

    အညစ္အေၾကမ်ား စုေဝးကာ ေသြးစီးဆင္းမႈ မမွန္မကန္ ျဖစ္ျခင္းေၾကာင့္ ျဖစ္လာေသာ မ်က္ခမ္းလႈပ္သူတို႔အတြက္ ဤေဆးကို လႈပ္ေနေသာေနရာကို ပါးပါး သုတ္လိမ္းၿပီး ကြမ္း႐ြက္ ကပ္ေပးပါ။ တစ္ေန႔ သုံးႀကိမ္ ျပဳလုပ္ေပးျခင္းျဖင့္ တစ္ရက္ ႏွစ္ရက္အတြင္း ေပ်ာက္ကင္းေၾကာင္း ေတြျမင္ရပါလိမ့္မည္။

    ေဆးနည္း

    ၁။ ေတာရဲယိုေစ့ – ၅ က်ပ္သား

    ၂။ ဂ်င္းတက္ – ၁ က်ပ္သား

    ၃။ မုံညႇင္းဆီ – ၅ က်ပ္သား

    ဤေဆးသုံးမ်ိဳးကို ဒယ္အိုးတြင္ ထည့္ၿပီး မီးဖိုေပၚတင္၍ ေတာရဲယိုေစ့၊ ဂ်င္းတက္ တူးေအာင္ခ်က္၊ အေအးခံ၊ ဆီကိုစစ္ယူၿပီး ပုလင္းထဲသို႔ ထည့္၍ ေဆးအျဖစ္ အသုံးျပဳနိင္ပါသည္။

    အသုံးျပဳပုံ

    အထက္ပါ ေရာဂါမ်ားျဖစ္ပါက ျဖစ္ေနေသာ ေနရာေပၚသို႔ ေတာရဲယိုဆီကို ပါးပါးသုတ္လိမ္းၿပီးကြမ္း႐ြက္ကို ကပ္ေပးပါက ညလိမ္း၊ မနက္ သက္သာလာသည္ကို လက္ေတြ႕ကုသေပ်ာက္ကင္းေၾကာင္း တင္ျပလိုက္ရပါသည္။

    Credit-ဦးဝင္းျမင့္ (ေနျပည္ေတာ္၊ လယ္ေဝးၿမိဳနယ္၊ ေအလာ စက္ပိုင္း ၀၉၉၇၉၂၉၀၈၆၈)

  • စိုက်ပျိုးရေးအတွက် ငှက်ပျောသီးခွံ လျှို့ဝှက်ချက် ၁၀မျိုး

    (Unicode)

    ငှက်ပျောခွံ အသုံးပြုနည်း လှို့ဝှက်ချက် ၁၀မျိုး

    စိုက်ပျိုးရေး အတွက် ငှက်ပျောသီးခွံ အသုံးဝင်ပုံ (၁၀)မျိုး

    သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါ မကျန် သူ့အရသာလေးနဲ့ သူ ကောင်းလို့ မွန်လို့ စားကြတယ်။ အိမ်နီးနားချင်းတွေကို ဝေကြပါတယ်။ အမယ်..ဦးရှင်ကြီးတင်လို့ စားရတဲ့ မုန့်ဆမ်းနဲ့ ငှက်ပျောသီးလေးဆို ကောင်းလွန်းလို့။ အသီးကပဲ စားကောင်းတာမဟုတ်ပါဘူး။ သူ့အခွံကလည်း အသုံးဝင်တယ်ဆိုတာ သိစေချင်ပါတယ်။ စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။

    (၁) ငှက်ပျောခွံ အရည်

    မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့ လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ ရပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။

    (၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။

    စုထားတဲ့ ငှက်ပျောခွံတွေ ရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

    (၃) မြေဆွေးပုံရင် သုံးလို့ရတယ်။

    အခင်းထဲ တိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေဆွေးပုံပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံတွေပါထည့်ပြီးတော့ မြေဆွေးပြုလုပ်လို့ ရပါတယ်နော်။ ငှက်ပျောခွံနဲ့လုပ်ထားတဲ့ မြေဆွေးတွေ ကောင်းကောင်းဆွေးပြီဆိုရင် ပျိုးဘောင်လုပ်တဲ့ အချိန်မျိုးမှာ၊ အပင်တွေ ပန်းပွင့်တဲ့အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာဟာရတွေ အများကြီးရလာမှာပါ။

    (၄) ငှက်ပျောခွံမှုန့်မြေသြဇာ

    ငှက်ပျောခွံတွေ အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။သတိထားရမှာ တစ်ချက်က အမြစ်ကိုမထိအောင် ထည့်ပေးလိုက်ပါ။ အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ။

    (၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ

    မျိုးစေ့စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေးတွေချ၊ မြေပြန်ဖုံးခဲ့။ အမြစ်လေးတွေ စထွက်တဲ့အချိန်၊ အပင်လေးတွေ ကြီးလာတဲ့အချိန်မျိုးတွေဆို သူက အာဟာရတွေ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးအဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့။

    (၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ

    ငှက်ပျောခွံမှုန့် (၄) ဇွန်း၊ ကြက်ဥခွံ (၃)ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့်ဖြည့်ပြီး အပင်တွေကိုဖျန်းပေးလို့ရပါပြီ။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ။

    (၇) အင်းဆက်တွေ ဖမ်းမယ်။

    ပန်းသီးရှာလကာရည်ထဲကို ငှက်ပျောသီးခွံလေးထည့်ပြီး အင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီးလျော့ချနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အဖုံးပါတဲ့ ကော်ခွက်လေးတွေထဲကို ငှက်ပျောခွံနဲ့ ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ်လည်မှာ အပေါက်လေးတွေ ဖောက်ထား။ အဖုံးလေးပြန်ပိတ်ထား။ အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင်ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့။

    (၈) ပျဆေး

    အပင်ခြေရင်းမှာ ငှက်ပျောခွံအစတွေကို တင်ထားပေးရင် ပျတွေမတက်တော့ပဲ အပင်ကိုကာကွယ်ပြီးသားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်။

    (၉) ပန်းပွင့်ဆေး

    ငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ အများကြီး ကြီးကြီး လှလှ ပွင့်လာမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် ဖုံးလို့ရတဲ့ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီး အဝတ်ကလေးနဲ့ ပိတ်ထား၊ တစ်ပတ်လောက်စောင့်ရပါမယ်။ အမြုပ်ဖြူလေး တွေထလာရင် အဆင်ပြေပါတယ်။ အမြုပ်တွေက မဲနေမယ်။ မှိုတွေတက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကိုလောင်းလို့ရပါတယ်။ အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲ ထည့်ပေးလို့ရပါတယ်။ ကဲ ဘာလိုသေးလဲ?

    (၁၀) အက်ဆစ်ကြိုက်အပင်တွေ

    စတော်ဘယ်ရီတို့လို အက်ဆစ်ကြိုက်တဲ့အပင်တွေ အချဉ်ဓာတ်လေးကြိုက်တဲ့ အပင်တွေကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်းလာမှာပဲဖြစ်ပါတယ်။ ငှက်ပျောခွံကို ရေနဲ့စိမ်ပြီးတော့ ငှက်ပျောခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေဆယ်ပြီး ရေကိုပဲ (၄)ပတ်ကနေ (၆)ပတ်လောက် ထားရမှာပါ။ ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ။

    Credit-Original Uploader

    (Zawgyi)

    ငွက္ေပ်ာခြံ အသုံးျပဳနည္း လႈိ႕ဝွက္ခ်က္ ၁၀မ်ိဳး

    စိုက္ပ်ိဳးေရး အတြက္ ငွက္ေပ်ာသီးခြံ အသုံးဝင္ပုံ (၁၀)မ်ိဳး

    သီးေမႊး၊ ဖီးၾကမ္း၊ ရခိုင္၊ ဝက္မလြတ္ ပြဲထဲက ငွက္ေပ်ာသီးပါ မက်န္ သူ႔အရသာေလးနဲ႔ သူ ေကာင္းလို႔ မြန္လို႔ စားၾကတယ္။ အိမ္နီးနားခ်င္းေတြကို ေဝၾကပါတယ္။ အမယ္..ဦးရွင္ႀကီးတင္လို႔ စားရတဲ့ မုန႔္ဆမ္းနဲ႔ ငွက္ေပ်ာသီးေလးဆို ေကာင္းလြန္းလို႔။ အသီးကပဲ စားေကာင္းတာမဟုတ္ပါဘူး။ သူ႔အခြံကလည္း အသုံးဝင္တယ္ဆိုတာ သိေစခ်င္ပါတယ္။ စားေနၾကတဲ့ ငွက္ေပ်ာသီးခြံကို စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ဘယ္လိုသုံးလို႔ ရေနတယ္ ဆိုတဲ့အေၾကာင္းကို တင္ဆက္ေပးသြားမွာမို႔ ငွက္ေပ်ာသီးေကြၽးၿပီးရင္ အခြံေလးျပန္ေတာင္း ျပန္စုၾကပါ။

    (၁) ငွက္ေပ်ာခြံ အရည္

    ေျမေဆြးအရည္လိုမ်ိဳးပဲ ငွက္ေပ်ာသီးအခြံနဲ႔ လုပ္ထားတဲ့ ငွက္ေပ်ာခြံရည္ဆိုတာကို ႐ြက္ဖ်န္းအားေဆးအျဖစ္ ပက္ဖ်န္းေပးလို႔ရပါတယ္။ အပင္ေတြကို ေလာင္းေပးလို႔ ရပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုတာက်ေတာ့ ေရနဲ႔ (၂) ရက္ (၄၈ နာရီ) ထားၿပီးရင္ အဲ့ငွက္ေပ်ာခြံရည္နဲ႔ အပင္ေတြကို ေလာင္းေပးလို႔ရပါတယ္။ အာဟာရေတြကို ပိုရလာေအာင္ ငွက္ေပ်ာခြံေတြက ကူညီေပးပါတယ္။

    (၂) အပိုင္းအစေလးေတြ ေျမႀကီးထဲ ထည့္ေပးလို႔ရတယ္။

    စုထားတဲ့ ငွက္ေပ်ာခြံေတြ ရွိတယ္ဆိုရင္ ၅ ခ်က္ ၆ ခ်က္ေလာက္ ခုတ္ထစ္ၿပီးေတာ့ စိုက္ထားတဲ့ ၿခံထဲ၊ ဥယ်ာဥ္ထဲကို တိုက္႐ိုက္ထည့္ေပးလို႔ရပါတယ္။ ေျမႀကီးေတာ့ ျပန္ဖုံးေပးခဲ့ဖို႔ လိုအပ္ပါတယ္ေနာ္။ တျဖည္းျဖည္း ေဆြးရင္းနဲ႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။

    (၃) ေျမေဆြးပုံရင္ သုံးလို႔ရတယ္။

    အခင္းထဲ တိုက္႐ိုက္မထည့္ခ်င္ဘူးဆိုရင္ ေျမေဆြးပုံပုံၿပီးေတာ့ သုံးတဲ့ေနရာမွာ ငွက္ေပ်ာခြံေတြပါထည့္ၿပီးေတာ့ ေျမေဆြးျပဳလုပ္လို႔ ရပါတယ္ေနာ္။ ငွက္ေပ်ာခြံနဲ႔လုပ္ထားတဲ့ ေျမေဆြးေတြ ေကာင္းေကာင္းေဆြးၿပီဆိုရင္ ပ်ိဳးေဘာင္လုပ္တဲ့ အခ်ိန္မ်ိဳးမွာ၊ အပင္ေတြ ပန္းပြင့္တဲ့အခ်ိန္မ်ိဳးေတြမွာ သုံးေပးလိုက္ရင္ အပင္ေတြက အာဟာရေတြ အမ်ားႀကီးရလာမွာပါ။

    (၄) ငွက္ေပ်ာခြံမႈန႔္ေျမၾသဇာ

    ငွက္ေပ်ာခြံေတြ အမ်ားႀကီးရွိေနတယ္ဆို ေနေရာင္ေအာက္မွာ အေျခာက္ခံလိုက္ပါ။ေကာင္းေကာင္းေျခာက္သြားရင္ အမႈန႔္ႀကိတ္ၿပီးေတာ့ ေျမႀကီးထဲကို ထည့္ေပးလို႔ရပါတယ္။သတိထားရမွာ တစ္ခ်က္က အျမစ္ကိုမထိေအာင္ ထည့္ေပးလိုက္ပါ။ အိုးေတြမွာဆို ျဖဴးထည့္လိုက္႐ုံပါပဲ။

    (၅) အေစ့စိုက္ရင္ ထည့္ေပးလို႔ရ

    မ်ိဳးေစ့စိုက္မယ္ဆို ငွက္ေပ်ာခြံကို တိုက္႐ိုက္သုံးေပးလို႔ရပါတယ္။ ေျမာင္းေလးတူး၊ ငွက္ေပ်ာခြံေလးေတြခင္း ၿပီးေတာ့ အေစ့ေလးေတြခ်၊ ေျမျပန္ဖုံးခဲ့။ အျမစ္ေလးေတြ စထြက္တဲ့အခ်ိန္၊ အပင္ေလးေတြ ႀကီးလာတဲ့အခ်ိန္မ်ိဳးေတြဆို သူက အာဟာရေတြ ေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္တဲ့ ေျမၾသဇာႀကီးအျဖစ္နဲ႔ အသုံးေတာ္ခံလို႔ေပါ့။

    (၆) ငွက္ေပ်ာခြံ႐ြက္ဖ်န္း ေျမၾသဇာ

    ငွက္ေပ်ာခြံမႈန႔္ (၄) ဇြန္း၊ ၾကက္ဥခြံ (၃)ခုရဲ႕ အမႈန႔္ရယ္၊ အက္ပဆြန္ ဆားတစ္ဇြန္းကို ေရသန႔္ဘူးအ႐ြယ္အစားထဲထည့္ၿပီး ေရအျပည့္ျဖည့္ၿပီး အပင္ေတြကိုဖ်န္းေပးလို႔ရပါၿပီ။ ကယ္လ္စီယမ္၊ မဂၢနီစီယမ္နဲ႔ ပိုတက္စီယမ္ႂကြယ္ဝတဲ့ ႐ြက္ဖ်န္းေျမၾသဇာပါပဲ။

    (၇) အင္းဆက္ေတြ ဖမ္းမယ္။

    ပန္းသီးရွာလကာရည္ထဲကို ငွက္ေပ်ာသီးခြံေလးထည့္ၿပီး အင္းဆက္ေထာင္ေျခာက္ လုပ္လို႔ရပါတယ္။ ၿခံထဲထည့္ထားရင္ မွက္ေတြကို အမ်ားႀကီးေလ်ာ့ခ်ႏိုင္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ အဖုံးပါတဲ့ ေကာ္ခြက္ေလးေတြထဲကို ငွက္ေပ်ာခြံနဲ႔ ပန္းသီးရွာလကာရည္ထည့္၊ ေဘးပတ္ပတ္လည္မွာ အေပါက္ေလးေတြ ေဖာက္ထား။ အဖုံးေလးျပန္ပိတ္ထား။ အဲ့လိုဆို မွက္မ်ိဳးႏြယ္ဝင္ အုပ္စုေတြက ေထာင္ေျခာက္မွာမိၿပီး အပင္ေတြကို ကာကြယ္ႏိုင္တာေပါ့။

    (၈) ပ်ေဆး

    အပင္ေျခရင္းမွာ ငွက္ေပ်ာခြံအစေတြကို တင္ထားေပးရင္ ပ်ေတြမတက္ေတာ့ပဲ အပင္ကိုကာကြယ္ၿပီးသားျဖစ္မွာပါ။ ငွက္ေပ်ာခြံကို ပ်ေတြက မုန္းၾကပါတယ္။

    (၉) ပန္းပြင့္ေဆး

    ငွက္ေပ်ာခြံကို ေရနဲ႔အခ်ဥ္ေဖာက္ၿပီး ပန္းပြင့္တဲ့အပင္ေတြကို ဖ်န္းေပးရင္ ပန္းပြင့္ေတြ အမ်ားႀကီး ႀကီးႀကီး လွလွ ပြင့္လာမွာပါ။ ဘယ္လိုလုပ္ရမလဲဆိုရင္ ဖုံးလို႔ရတဲ့ပုလင္းထဲ ငွက္ေပ်ာခြံထည့္၊ ၿပီးေတာ့ ေရျမဳပ္ေနအာင္ထည့္ၿပီး အဝတ္ကေလးနဲ႔ ပိတ္ထား၊ တစ္ပတ္ေလာက္ေစာင့္ရပါမယ္။ အျမဳပ္ျဖဴေလး ေတြထလာရင္ အဆင္ေျပပါတယ္။ အျမဳပ္ေတြက မဲေနမယ္။ မႈိေတြတက္လာတယ္ဆိုရင္ေတာ့ လႊင့္ပစ္လိုက္ပါ။ အရည္ကိုေလာင္းလို႔ရပါတယ္။ အဖတ္ေတြကိုႀကိတ္ၿပီးေတာ့ ေျမႀကီးထဲ ထည့္ေပးလို႔ရပါတယ္။ ကဲ ဘာလိုေသးလဲ?

    (၁၀) အက္ဆစ္ႀကိဳက္အပင္ေတြ

    စေတာ္ဘယ္ရီတို႔လို အက္ဆစ္ႀကိဳက္တဲ့အပင္ေတြ အခ်ဥ္ဓာတ္ေလးႀကိဳက္တဲ့ အပင္ေတြကို ဖ်န္းေပးရင္ အ႐ြက္ဖားဖားနဲ႔ ပိုသန္စြမ္းလာမွာပဲျဖစ္ပါတယ္။ ငွက္ေပ်ာခြံကို ေရနဲ႔စိမ္ၿပီးေတာ့ ငွက္ေပ်ာခြံရွာလကာရည္ လုပ္ရမွာပါ။ ေရနဲ႔ စိမ္တာတူတူပါပဲ။ တစ္ပတ္ၾကာရင္ အဖတ္ေတြဆယ္ၿပီး ေရကိုပဲ (၄)ပတ္ကေန (၆)ပတ္ေလာက္ ထားရမွာပါ။ ရွာလကာရည္လို အနံ႔ေလးထြက္တယ္။ တူလာၿပီဆိုရင္ ေရနဲ႔ ထပ္ေရာၿပီး အပင္ေလးေတြကို ေလာင္းေပးပါ။

    Credit-Original Uploader