Author: shangyi

  • ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    (Unicode)

    ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ်… ချစ်သူငယ်ချင်း မ KyiSein ရောက်လာ ဆေးဖော်ပေးတာ။

    မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ …. ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့။ ကျေးဇူး မကြည်စိန်။

    မှတ်ချက်။ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့။ ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် … ရှယ်ပဲ။ ဒူးနာနေတဲ့သူလိုမျိုး ခြေထောက်ပိုင်းနာနေတဲ့သူတွေ နေ့တိုင်းလုပ်သင့်ပါသတဲ့ …. လက်တွေ့ကောင်းသွားလို့ မျှဝေပါရစေ။

    ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ်… ချစ်သူငယ်ချင်း မ KyiSein ရောက်လာ ဆေးဖော်ပေးတာ။

    မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ …. ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့။ ကျေးဇူး မကြည်စိန်။

    မှတ်ချက်။ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့။ ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် … ရှယ်ပဲ။ ဒူးနာနေတဲ့သူလိုမျိုး ခြေထောက်ပိုင်းနာနေတဲ့သူတွေ နေ့တိုင်းလုပ်သင့်ပါသတဲ့ …. လက်တွေ့ကောင်းသွားလို့ မျှဝေပါရစေ။

    Credit-Original Uploader

    (Zawgyi)

    ေခါင္းကိုက္သူမ်ား၊ ဒူးနာသူမ်ားအတြက္

    ေခါင္းတအားကိုက္ေနလွ်င္ မသိေသးရင္ မွ်ေဝထားပါ။ ေခါင္းတအားကိုက္လို႔ အိပ္ယာထဲလွဲေနစဥ္… ခ်စ္သူငယ္ခ်င္း မ KyiSein ေရာက္လာ ေဆးေဖာ္ေပးတာ။

    မီးဖိုေခ်ာင္မွာရွိတဲ့ ဂ်င္း၊ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္း၊ င႐ုပ္ကာင္းမႈန႔္၊ ႏွင့္ ဆားမ်ားကို ေရေႏြးပူနဲ႔ေရာၿပီး ဇလုံထဲထည့္ၿပီး ပူေနစဥ္ ေျခဖဝါးကို အေငြ႕ခံ …. ခံႏိုင္ေလာက္တဲ့ အပူကိုေရာက္ရင္ ေျခမ်က္စိထိစိမ္လိုက္ေတာ့ ေခြၽးေတြျပန္ၿပီး ေခါင္းကိုက္တာ သက္သာသြားတယ္။ ခုေတာ့ ကြၽန္မ အလုပ္ထိုင္လုပ္လို႔ ရၿပီေပါ့။ ေက်းဇူး မၾကည္စိန္။

    မွတ္ခ်က္။ မိတ္တလင္၊ ပင္စိမ္းနဲ႔ စပါးလင္ပါရင္ပိုေကာင္းတယ္တဲ့။ ေက်ာက္ခဲပါထည့္စိမ္ၿပီး နင္းႏိုင္ပါတယ္တဲ့။ စိမ္ၿပီးရင္ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ၿပီး ၂ နာရီေလာက္ ေရေအးမထိရဘူး၊ တမံတလင္းေပၚ ေျခဗလာနဲ႔ မနင္းရဘူးတဲ့။ ေရေႏြးပူေလးတစ္ခြက္ပါ မႈတ္ေသာက္လိုက္ … ရွယ္ပဲ။ ဒူးနာေနတဲ့သူလိုမ်ိဳး ေျခေထာက္ပိုင္းနာေနတဲ့သူေတြ ေန႔တိုင္းလုပ္သင့္ပါသတဲ့ …. လက္ေတြ႕ေကာင္းသြားလို႔ မွ်ေဝပါရေစ။

    ေခါင္းကိုက္သူမ်ား၊ ဒူးနာသူမ်ားအတြက္

    ေခါင္းတအားကိုက္ေနလွ်င္ မသိေသးရင္ မွ်ေဝထားပါ။ ေခါင္းတအားကိုက္လို႔ အိပ္ယာထဲလွဲေနစဥ္… ခ်စ္သူငယ္ခ်င္း မ KyiSein ေရာက္လာ ေဆးေဖာ္ေပးတာ။

    မီးဖိုေခ်ာင္မွာရွိတဲ့ ဂ်င္း၊ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္း၊ င႐ုပ္ကာင္းမႈန႔္၊ ႏွင့္ ဆားမ်ားကို ေရေႏြးပူနဲ႔ေရာၿပီး ဇလုံထဲထည့္ၿပီး ပူေနစဥ္ ေျခဖဝါးကို အေငြ႕ခံ …. ခံႏိုင္ေလာက္တဲ့ အပူကိုေရာက္ရင္ ေျခမ်က္စိထိစိမ္လိုက္ေတာ့ ေခြၽးေတြျပန္ၿပီး ေခါင္းကိုက္တာ သက္သာသြားတယ္။ ခုေတာ့ ကြၽန္မ အလုပ္ထိုင္လုပ္လို႔ ရၿပီေပါ့။ ေက်းဇူး မၾကည္စိန္။

    မွတ္ခ်က္။ မိတ္တလင္၊ ပင္စိမ္းနဲ႔ စပါးလင္ပါရင္ပိုေကာင္းတယ္တဲ့။ ေက်ာက္ခဲပါထည့္စိမ္ၿပီး နင္းႏိုင္ပါတယ္တဲ့။ စိမ္ၿပီးရင္ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ၿပီး ၂ နာရီေလာက္ ေရေအးမထိရဘူး၊ တမံတလင္းေပၚ ေျခဗလာနဲ႔ မနင္းရဘူးတဲ့။ ေရေႏြးပူေလးတစ္ခြက္ပါ မႈတ္ေသာက္လိုက္ … ရွယ္ပဲ။ ဒူးနာေနတဲ့သူလိုမ်ိဳး ေျခေထာက္ပိုင္းနာေနတဲ့သူေတြ ေန႔တိုင္းလုပ္သင့္ပါသတဲ့ …. လက္ေတြ႕ေကာင္းသြားလို႔ မွ်ေဝပါရေစ။

    Credit-Original Uploader

  • အစာအိမ်နှင့် ကျောက်ကပ်ကောင်းတဲ့ ဗန်ဒါရွက်

    (Unicode)

    ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။

    ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။

    ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

    တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါ ဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။ သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ်။ ကံကောင်းစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။ ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေ တဖြည်းဖြည်းသက်သာလာတယ်။ အချိန် ၁၀မိနစ်ပါပဲ။ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ ရသွားပီ။ အခုလည်းအိမ်ကသမီး

    ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။ ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထား၊ ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး၊ ဆီးချိူ၊ သွေးချိူရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။ ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ်။ ချောကလက်ထဲမှာ ထည့်သွင်းရောင်းချတယ်။ ၁ ဂရန်ကို ၁၀၀ဒေါ်လာနဲ့ ရောင်းချနေကြတယ်။

    သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိ တန်းပီးကဲ့ရဲ့ အပြစ်တင်တာတွေရှိတယ်။ ကျနော်တို့မြန်မာပြည်မှာတော့ ပေါပေါရလို့ ရောင်းချသူမပြောနဲ့ စားသုံးသူတောင်မရှိဘူး။ ဟုတ်ကဲ့ပါ စာလည်းရှည်သွားပြီ၊ အပိုတွေလည်းပြောမိသွားပြီ။ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

    Credit – ‎ဆီ မီး ခွက်

    (Zawgyi)

    ဒီေန႔မိသားစုတို႔ကို ေျပာျပခ်င္တဲ့ေဆးနည္းက ဗန္ဒါ႐ြက္ အစြမ္းထက္ပုံအေၾကာင္းပါ။

    ဗန္ဒါ(ဗာဒံ)႐ြက္ ဗာဒံသီးဟာ ေျမျပန႔္ေဒသ ပူအိုက္တဲ့ရာသီဥတုအတြက္ေတာ့ ျမန္ျမန္နဲ႔ လြယ္လြယ္အရိပ္ရလို႔၊ တခ်ိဳ႕ကမိမိအိမ္ၿခံဝင္းမွာ အရိပ္ရေအာင္ စိုက္ၾကတယ္။ ေနရာတိုင္းမွာလည္း အေလ့က် ေပါက္ပါတယ္။ သို႔ေသာ္ ဗန္ဒါပင္ရဲ႕အစြမ္းကိုေတာ့ သိသူနည္းပါးပါတယ္။

    ဗန္ဒါ႐ြက္(ယခုပုံ)မွာျပထားတဲ့အတိုင္း ဗန္ဒါ႐ြက္အရင့္ကို ၃ခြက္၁ခြက္တင္က်ိဴ ပီးေသာက္ေပးျခင္းျဖင့္ အစာအိမ္ေလနာ၊အစာအိမ္ေအာင့္၊ အစာအဆိပ္သင့္၊ ဝမ္းေဖာဝမ္းေရာင္၊ ကိုက္ခဲနာက်င္တာေတြ လက္ေတြ႕ေပ်ာက္တဲ့ေဆးပါ။ ဆန္ျပဳတ္က်ိဴ ေသာက္ေနရသူ အစာအိမ္သမားေတြအတြက္ သဘာဝကေပးတဲ့ ေဆးျဖစ္တယ္။ ဆီးဝမ္းေသြးေလ မကြဲ၊ အထက္ေလဆန္ျဖစ္ေနရင္ က်ိဴေသာက္ ေပ်ာက္တဲ့ေဆးလည္းျဖစ္တယ္။

    တခ်ိဳ႕က ဗန္ဒါ႐ြက္ကို ေနရိပ္မွာလွန္းပီး အမႈန႔္လုပ္ပီး လ်က္ဆားလ်က္သလို စားၾကပါတယ္။ အမႈန႔္လုပ္ေသာက္ႏိူင္ရင္ပိုေကာင္းတယ္။ က်ေနာ္ အရင္က အစာအိမ္ေရာဂါေဝဒနာကို အလူးအလိမ့္ခံစားခဲ့ရတယ္။ ဆန္ျပဳတ္ကို လခ်ီေသာက္ရတယ္။ ဆန္ျပဳတ္ေသာက္တိုင္း မ်က္ရည္က်ခဲ့ရတယ္။ ေဆး႐ုံမွာ ၁လေက်ာ္၂လနီးပါး တက္ေရာက္ကုသဖူးတယ္။စိတ္ဓာတ္ေတြလည္း က်ခဲ့တယ္။ ငါ ဒီေရာဂါနဲ႔ ေသရေတာ့မယ္ဆိုတဲ့ အသိနဲ႔ပါ။ ေသမယ့္ေသရင္ေတာင္ ကိုယ္စားခ်င္တာစားပီး ေသခ်င္တယ္။ ကံေကာင္းစြာနဲ႔ ဗန္ဒါ႐ြက္ရဲ႕အစြမ္းသတၱိကို ျမည္းစမ္းခြင့္ရခဲ့တယ္။ ခ်က္ခ်င္းပဲ လိုက္ရွာခူးတယ္။ အပင္ကမေဝးပါဘူး။ ကိုယ့္အနီးအးနာမွာပဲ အဆင္သင့္ရွိေနခဲ့တယ္။ ၁၀႐ြက္ေလာက္ က်ိဴေသာက္လိုက္တယ္ဆိုရင္ပဲ နာက်င္ကိုက္ခဲေနတာေတြ တျဖည္းျဖည္းသက္သာလာတယ္။ အခ်ိန္ ၁၀မိနစ္ပါပဲ။ ေသာက္ပီးမၾကာဘူးဗိုက္ဆာလာတယ္။ ၾကာဇံဟင္းခါး ၂ပြဲဆက္တိုက္ ေသာက္လိုက္တယ္။ ဗန္ဒါ႐ြက္ျပဳတ္ ထပ္ေသာက္တယ္။ ထမင္းစားတယ္။ ယူပစ္လိုက္သလိုပဲ လုံးဝေကာင္းသြားတယ္။ ဘာမွစားလို႔မရတဲ့လူက စားခ်င္တာစားလို႔ ရသြားပီ။ အခုလည္းအိမ္ကသမီး

    ေက်ာက္ကပ္ေရာင္လို႔ ဗိုက္ႀကီးေဖာင္းကားေနတာ ဗန္ဒါ ႐ြက္၂ရက္ တေန႔၂ခြက္ပဲ တိုက္လိုက္တယ္။ ဒီေန႔၃ရက္ေျမာက္ေန႔မွာပဲ ဗိုက္ႀကီးေဖာင္းကားေနတာ လုံးဝေလ်ာ့သြားလို႔ သမီးလည္း သက္ေတာင့္သက္သာျဖစ္ပီး အရမ္းေပ်ာ္ေနပါတယ္။ ဒူးနာခါးနာေတြအတြက္ အ႐ြက္မႏုမရင့္ကို မီးနဲနဲျပပီး စည္းထား၊ ၾကပ္ထုတ္ထိုးထားေပးရင္လည္း သက္သာေပ်ာက္ကင္းပါတယ္။ ဗန္ဒါေစ့ကေတာ့ ႏွလုံး၊ ဆီးခ်ိဴ၊ ေသြးခ်ိဴေရာဂါသည္ေတြအတြက္ အထူးေကာင္းလို႔ စားေပးသင့္ပါတယ္။ ဗန္ဒါေစ့ကို အေနာက္ႏိုင္ငံေတြမွာ ဧည့္ခံပြဲေတြမွာ အထူးဟင္းလ်ာအျဖစ္ တည္ခင္းပါတယ္။ ေခ်ာကလက္ထဲမွာ ထည့္သြင္းေရာင္းခ်တယ္။ ၁ ဂရန္ကို ၁၀၀ေဒၚလာနဲ႔ ေရာင္းခ်ေနၾကတယ္။

    သိတဲ့သူက ဗန္ဒါေစ့ကို ထုခြဲစားရင္လည္း အေမးအျမန္းမရွိ တန္းပီးကဲ့ရဲ႕ အျပစ္တင္တာေတြရွိတယ္။ က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ေပါေပါရလို႔ ေရာင္းခ်သူမေျပာနဲ႔ စားသုံးသူေတာင္မရွိဘူး။ ဟုတ္ကဲ့ပါ စာလည္းရွည္သြားၿပီ၊ အပိုေတြလည္းေျပာမိသြားၿပီ။ စာကိုဆုံးေအာင္ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။

    Credit – ‎ဆီ မီး ခြက္

  • မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

    (Unicode)

    မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

    လွယ်လွယ်ကူကူနဲ့ မုန့်ကျွဲသည်း လုပ်စားမလား။ ကလေးကော လူကြီးတွေအတွက် သင့်တော်တဲ့ မုန့်လေးပါ။ လွယ်ကူပြီး စားကောင်းတာမို့လက်မလွတ်သင့်ပါဘူး။ လုပ်ကြည့်ရအောင်နော်။

    ပါဝင်သောပစ္စည်းများ

    ၁။ ဆန်စိမ်းမှုန့် – ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း

    ၂။ ကွမ်းယာမှာထည့်တဲ့ စားထုံး (lime stone) – လက်ဖက်ရည်ဇွန်း တဝက်

    ၃။ ရေ – ၁ လီတာ

    ၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းလျက်ရည် – ထမင်းစားဇွန်း ၈ ဇွန်း

    ၆။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

    ၇။ ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

    ၈။ အုံးသီးခြစ်ဖတ်

    ပြုလုပ်နည်း

    ၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင်အနည်းဆုံး ၈ နာရီခန့် ထားပါ။

    ၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။

    (ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)

    ၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတို့ကိုထည့်ရျ် သမအောင်လုပ်ပါ။

    ၄။ ထို့နောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်ရျ် အပူပေးပါ။

    ၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပုံမှာပြထားသလိုပျစ်လာပါလိမ့်မည်။

    ၆။ ပုံမှာပြထားသလိုပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ထို့နောက်အအေးခံပါ။

    ၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍အုန်းသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။

    Credit- Ei Sans Home made Inspiration

    (Zawgyi)

    မုန႔္ကြၽဲသည္း လုပ္နည္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္

    လြယ္လြယ္ကူကူနဲ႔ မုန႔္ကြၽဲသည္း လုပ္စားမလား။ ကေလးေကာ လူႀကီးေတြအတြက္ သင့္ေတာ္တဲ့ မုန႔္ေလးပါ။ လြယ္ကူၿပီး စားေကာင္းတာမို႔လက္မလြတ္သင့္ပါဘူး။ လုပ္ၾကည့္ရေအာင္ေနာ္။

    ပါဝင္ေသာပစၥည္းမ်ား

    ၁။ ဆန္စိမ္းမႈန႔္ – ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း

    ၂။ ကြမ္းယာမွာထည့္တဲ့ စားထုံး (lime stone) – လက္ဖက္ရည္ဇြန္း တဝက္

    ၃။ ေရ – ၁ လီတာ

    ၅။ ေညာင္ေစးက်ေအာင္ႀကိဳထားေသာ ထန္းလ်က္ရည္ – ထမင္းစားဇြန္း ၈ ဇြန္း

    ၆။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ

    ၇။ ဆီ – ထမင္းစားဇြန္း ၂ ဇြန္း

    ၈။ အုံးသီးျခစ္ဖတ္

    ျပဳလုပ္နည္း

    ၁။ ထုံးကို ေရ၁ လီတာထဲထည့္ၿပီး ၾကက္ဥခေလာက္တံျဖင့္နာနာခေလက္ပါ။ ၿပီးရင္အနည္းဆုံး ၈ နာရီခန႔္ ထားပါ။

    ၂။ ထုံးကို ၈ နာရီခန႔္ေရစိမ္ၿပီးရင္ အေပၚထုံးရည္ၾကည္ကို ၇၅၀ မီလီလီတာကို ယူပါ။

    (ထုံးရည္ၾကည္ယူလွ်င္ စိမ္ထားတဲ့ ဇလုံကို ေဘးေစာင္းၿပီး ေရကိုအျခားခြက္ထဲကို ျဖည္းျဖည္းခ်င္းေလာင္းယူပါ။ ထုံးရည္ကို ခပ္ၿပီးမယူရပါ။ ခပ္ၿပီးယူရင္ထုံးေတြပါလာတတ္ပါတယ္။)

    ၃။ ဇလုံတခုထဲမွာ ဆန္စိမ္းမႈန႔္၊ ထုံးရည္ၾကည္ ၇၅၀ မီလီလီတာ၊ ဆား၊ ထန္းလ်က္ရည္၊ ဆီတို႔ကိုထည့္ရ်္ သမေအာင္လုပ္ပါ။

    ၄။ ထို႔ေနာက္ မကပ္တဲ့ အိုးထဲကို ေဖ်ာ္ထားေသာ အရည္မ်ားထည့္ရ်္ အပူေပးပါ။

    ၅။ အပူေပးထားေသာအိုးကို အဆက္မပ်က္ေမႊေပးပါ။ ၁၅ မိနစ္ေလာက္ေမႊၿပီးလွ်င္ ပုံမွာျပထားသလိုပ်စ္လာပါလိမ့္မည္။

    ၆။ ပုံမွာျပထားသလိုပ်စ္လာလွ်င္ ဆီသုတ္ထားေသာ မုန႔္ထည့္အေအးခံမည့္ ထဲကိုထည့္ပါ။ထို႔ေနာက္အေအးခံပါ။

    ၇။ လုံးဝေအးသြားလွ်င္ ႀကိဳက္ႏွစ္သက္သလိုလွီး၍အုန္းသီးျဖဴးၿပီး သုံးေဆာင္ႏိုင္ပါၿပီရွင္။

    Credit- Ei Sans Home made Inspiration

  • အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

    (Unicode)

    အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

    စာရေးသူ HTYT အသဲတွင် အနာငါးခု ဖြစ်နေပြီး ပြည်ပါတည်နေ၍ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ။ အနာမချပ်ပါက ပြည်စုပ်ထုတ်ရမည်ဆိုသော အခြေအနေတွင် ပုံမှန်ဆို ထိုအရွက်လက်တစ်ဆုပ်ခန့်ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်ရမှာကို မကြိုတော့ပဲ မနက် / ည ငါးရွက်ခန့်ကို ဝါးစားပြီး အရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက်ပါတယ်။ ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာက ပြည်မရှိတော့ပဲချောက်ပြီး ကျက်နေပြီ။ ဘာဆေးတွေ သောက်သေးလည်းဟု ဆရာဝန်တောင် အံ့သြပြီး မေးတော့ ထိနံရွက် နဲနဲစားပါတယ်လို့ ပြောလိုက်တယ်လေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့လူဆို မျက်နှာတွေ ခြေခုံတွေ ဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင် တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေ အကုန်ပျောက်တယ်။

    အပင်ဆေးဆိုင်က အကိုတစ်ယောက် လက်ကောက်ဝတ်မှာ အဖုကြိတ်တည်တာ ဆေးခန်းစုံ ဆရာဝန်စုံ အခါခါခွဲပြန်ဖြစ်တာပဲ။ ဆယ်နှစ်ကျော်ခံစားလာရတဲ့ အဲ့ဒီအကြိတ် ထိနံရွက်ကိုထုထောင်း အကြိတ်ပေါ်အုံထားပြီး ပတ်တီး ပါးပါးစည်းထား လုပ်တာ ဆယ့်ငါးရက်လောက် ကြာတော့ သေးပြီးပျောက်သွားတာ အခုထိပြန်မဖြစ်တော့ပါ။ ကင်ဆာဆေးရုံက လူနာတော်တော်များများ ဒီထိနံရွက်ပင်ကို ကြိုသောက်တာ ရောဂါတော်တော်သက်သာလို့ အငှါးကားသမားတွေနဲ့ နယ်ဖက်တွေကို မှာယူကြပါတယ်။ ဒီအပင်က ထိလိုက်တာနဲ့ကို စိမ်းရွှေရွှေနံ့ တော်တော်နံလို့ ကျွန်တော်တို့ ဖက်မှာတော့ ထိနံလို့ လူသိများပါတယ်။ ထိရင်သာ တော်တော်နံတာ ဝါးစားရင်အနံမဆိုးတော့ဘူးဗျ။ ဒါကတော့ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်လို့ ကျန်းမာစေရန် ရည်ရွယ်မျှဝေလိုက်ပါတယ်။ ဟိန်းသူရထွန်း@TYT11363 ၏ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်ပါသည်။ ဤထိနံပင်ခေါ် ပြည့်စုံပင်လိုအပ်ပါက ရန်ကုန်တိုင်း မှော်ဘီမြို့ မြောင်းတကာကျေးရွာတွင် အခမဲ့လာယူနိုင်ပါသည်။

    (Zawgyi)

    အသဲေရာဂါ အသဲမွာအနာျဖစ္တာေတြကို ကိုယ္ေတြ႕ သက္သာေပ်ာက္ကင္းခဲ့တဲ့ ထိနံပင္ အစြမ္း

    စာေရးသူ HTYT အသဲတြင္ အနာငါးခု ျဖစ္ေနၿပီး ျပည္ပါတည္ေန၍ ဆရာဝန္မွ ေဆးဆယ္ရက္ေသာက္ပါ။ အနာမခ်ပ္ပါက ျပည္စုပ္ထုတ္ရမည္ဆိုေသာ အေျခအေနတြင္ ပုံမွန္ဆို ထိုအ႐ြက္လက္တစ္ဆုပ္ခန႔္ကို သုံးခြက္တစ္ခြက္တင္ ႀကိဳေသာက္ရမွာကို မႀကိဳေတာ့ပဲ မနက္ / ည ငါး႐ြက္ခန႔္ကို ဝါးစားၿပီး အ႐ြက္ဖတ္ေတြပါ ေရနဲ႔ေရာေသာက္လိုက္ပါတယ္။ အဂၤလိပ္ေဆးလည္းေသာက္ပါတယ္။ ဆယ္ရက္ျပည္လို႔ ေဆးခန္းသြားျပန္ျပတဲ့အခါ အနာက ျပည္မရွိေတာ့ပဲေခ်ာက္ၿပီး က်က္ေနၿပီ။ ဘာေဆးေတြ ေသာက္ေသးလည္းဟု ဆရာဝန္ေတာင္ အံ့ၾသၿပီး ေမးေတာ့ ထိနံ႐ြက္ နဲနဲစားပါတယ္လို႔ ေျပာလိုက္တယ္ေလ။ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္က အရက္ေတာ္ေတာ္ေသာက္တဲ့လူဆို မ်က္ႏွာေတြ ေျခခုံေတြ ေဖာေရာင္ေနတာ ဒီထိနံပင္အ႐ြက္ကို သုံးခြက္တစ္ခြက္တင္ တစ္ေန႔သုံးခြက္ေသာက္တာ ႏွစ္ရက္နဲ႔ေဖာတာေတြ အကုန္ေပ်ာက္တယ္။

    အပင္ေဆးဆိုင္က အကိုတစ္ေယာက္ လက္ေကာက္ဝတ္မွာ အဖုႀကိတ္တည္တာ ေဆးခန္းစုံ ဆရာဝန္စုံ အခါခါခြဲျပန္ျဖစ္တာပဲ။ ဆယ္ႏွစ္ေက်ာ္ခံစားလာရတဲ့ အဲ့ဒီအႀကိတ္ ထိနံ႐ြက္ကိုထုေထာင္း အႀကိတ္ေပၚအုံထားၿပီး ပတ္တီး ပါးပါးစည္းထား လုပ္တာ ဆယ့္ငါးရက္ေလာက္ ၾကာေတာ့ ေသးၿပီးေပ်ာက္သြားတာ အခုထိျပန္မျဖစ္ေတာ့ပါ။ ကင္ဆာေဆး႐ုံက လူနာေတာ္ေတာ္မ်ားမ်ား ဒီထိနံ႐ြက္ပင္ကို ႀကိဳေသာက္တာ ေရာဂါေတာ္ေတာ္သက္သာလို႔ အငွါးကားသမားေတြနဲ႔ နယ္ဖက္ေတြကို မွာယူၾကပါတယ္။ ဒီအပင္က ထိလိုက္တာနဲ႔ကို စိမ္းေ႐ႊေ႐ႊနံ႔ ေတာ္ေတာ္နံလို႔ ကြၽန္ေတာ္တို႔ ဖက္မွာေတာ့ ထိနံလို႔ လူသိမ်ားပါတယ္။ ထိရင္သာ ေတာ္ေတာ္နံတာ ဝါးစားရင္အနံမဆိုးေတာ့ဘူးဗ်။ ဒါကေတာ့ ကိုယ္ေတြ႕ေဆးတစ္လက္ျဖစ္လို႔ က်န္းမာေစရန္ ရည္႐ြယ္မွ်ေဝလိုက္ပါတယ္။ ဟိန္းသူရထြန္း@TYT11363 ၏ ကိုယ္ေတြ႕ေဆးတစ္လက္ျဖစ္ပါသည္။ ဤထိနံပင္ေခၚ ျပည့္စုံပင္လိုအပ္ပါက ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕ ေျမာင္းတကာေက်း႐ြာတြင္ အခမဲ့လာယူႏိုင္ပါသည္။

  • အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

    (Unicode)

    အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

    ပူတင်းကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

    စတင်ပြုလုပ်ဖို့ မုန်လာဥနီ ၃ လုံးကို အချပ်သေးသေးလေးတွေ ဖြစ်အောင် လှီးပြီး အိုးထဲထည့်ပါ။ အိုးထဲကို ကျိုပြီးသား နွားနို့ ၂ ခွက်ထည့်ပြီး ဆား အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုမီးဖွင့်ပြီး တည်ထားပါ။ ပွက်ပွက်ဆူလာရင် မွှေနေပေးပါ။ ခဏနေရင် မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးပါ။ မုန်လာဥတွေ နူးပြီဆိုရင် မီးပိတ်ပြီး အအေးခံံထားပါ။

    အေးသွားပြီဆိုရင် ကြိတ်စက် (သို့) Blender ထဲထည့်ကြိတ်ပါမယ်။ ရပြီဆိုရင် အိုးထဲပြန်ပြောင်းထည့်ပြီး မီးဖိုမီးဖွင့်တည်ပါ။ သကြား ခွက်တစ်ဝက်စာ၊ နို့မှုန့် ခွက်တစ်ဝက်စာ ထည့်မွှေပါ။ အာဂါးအာဂါးပေါင်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်မွှေပေးပါ။ သေချာမွှေပေးပြီး ပွက်လာပြီဆိုရင်တော့ ထောပတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ကြာကြာမွှေပေးပြီးပြီဆိုရင်တော့ ဘူးထဲပြောင်းထည့်ပြီး ၃ နာရီလောက် ထားထားလိုက်ပါ။ အချိန်ပြည့်ရင်ပန်းကန်ပြားထဲမှောက်ချပြီး ဓားနဲ့လှီးကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်းကို ရရှိသွားပါပြီ။

    Credit-MyFood Myanmar

    (Zawgyi)

    အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္း

    ပူတင္းႀကိဳက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

    စတင္ျပဳလုပ္ဖို႔ မုန္လာဥနီ ၃ လုံးကို အခ်ပ္ေသးေသးေလးေတြ ျဖစ္ေအာင္ လွီးၿပီး အိုးထဲထည့္ပါ။ အိုးထဲကို က်ိဳၿပီးသား ႏြားႏို႔ ၂ ခြက္ထည့္ၿပီး ဆား အနည္းငယ္ထည့္ပါ။ ၿပီးရင္ေတာ့ မီးဖိုမီးဖြင့္ၿပီး တည္ထားပါ။ ပြက္ပြက္ဆူလာရင္ ေမႊေနေပးပါ။ ခဏေနရင္ ေျမပဲ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ၿပီး ေမႊေပးပါ။ မုန္လာဥေတြ ႏူးၿပီဆိုရင္ မီးပိတ္ၿပီး အေအးခံံထားပါ။

    ေအးသြားၿပီဆိုရင္ ႀကိတ္စက္ (သို႔) Blender ထဲထည့္ႀကိတ္ပါမယ္။ ရၿပီဆိုရင္ အိုးထဲျပန္ေျပာင္းထည့္ၿပီး မီးဖိုမီးဖြင့္တည္ပါ။ သၾကား ခြက္တစ္ဝက္စာ၊ ႏို႔မႈန႔္ ခြက္တစ္ဝက္စာ ထည့္ေမႊပါ။ အာဂါးအာဂါးေပါင္ဒါမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာ ထည့္ေမႊေပးပါ။ ေသခ်ာေမႊေပးၿပီး ပြက္လာၿပီဆိုရင္ေတာ့ ေထာပတ္ရည္ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ေမႊပါ။ ၾကာၾကာေမႊေပးၿပီးၿပီဆိုရင္ေတာ့ ဘူးထဲေျပာင္းထည့္ၿပီး ၃ နာရီေလာက္ ထားထားလိုက္ပါ။ အခ်ိန္ျပည့္ရင္ပန္းကန္ျပားထဲေမွာက္ခ်ၿပီး ဓားနဲ႔လွီးကာ စားသုံးႏိုင္ပါၿပီ။ ဒါဆိုရင္ေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္းကို ရရွိသြားပါၿပီ။

    Credit-MyFood Myanmar

  • အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

    (Unicode)

    အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

    အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။တကယ်တော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား။

    သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။

    ပါဝင်ပစ္စည်း-

    -ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ

    -ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    -နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

    ပြုလုပ်နည်း-

    ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုစစ်ချပါ။ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။ နွားနို့နဲ့ ပျားရည်ကို ခုနကချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင်ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။

    ဆေးကြောခြင်း-

    ခုနက ခွက်တစ်လုံးထဲမှာ ထည့်ထားတဲ့ ထမင်းရည်ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာလိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှာသစ်ပါ။ တကယ်လို့ မျက်နှာမှာ ချွဲချွဲလေးဖြစ်နေသေးရင် ရေနဲ့မျက်နှာထပ်သစ်ပါ။ ဆပ်ပြာကိုလုံး၀ မသုံးပါနဲ့။ ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ်လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာ အသေချာပါ။

    Credit-MyFood Myanmar

    (Zawgyi)

    အသားအေရကို ဝင္းမြတ္လွပေစမယ့္ ထမင္း

    အလွျပင္ပစၥည္းေတြကို ကုန္စုံဆိုင္ေတြ အလွျပင္ဆိုင္ေတြမွာ တကူးတက ရွာစရာမလိုပါဘူး။တကယ္ေတာ့ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာ အလွအပ ပစၥည္းေတြပါပဲ။အမ်ိဳးသမီးတိုင္း ႏူးညံ့ၿပီး လွပစိုေျပတဲ့ အသားေရမ်ိဳးကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ပါရဲ႕လား။

    သိပ္ေသခ်ာတာေပါ့။ အသားအေရကိုႏုပ်ိဳ စိုေျပေစဖို႔ ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဒီကေန႔မွာ မွ်ေဝေပးခ်င္ပါတယ္။ အရမ္းကို႐ိုးရွင္းလြယ္ကူတဲ့နည္းလမ္းျဖစ္ၿပီး တကယ္လည္းအက်ိဳးထူးတာမို႔ စာဖတ္သူတို႔အတြက္အဆင္ေျပမွာပါ။

    ပါဝင္ပစၥည္း-

    -ဆန္ စားပြဲတင္ဇြန္း ၃ ဇြန္း ကေန ၄ ဇြန္းထိ

    -ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

    -ႏြားႏို႔ စားပြဲတင္ဇြန္း ၁ ဇြန္း

    ျပဳလုပ္နည္း-

    ဆန္ကိုေရေအးနဲ႔ တည္ၿပီး ခ်က္ပါ။ ဆန္က်က္ၿပီဆိုရင္ မီးဖိုေပၚကခ်ေပးၿပီး ထမင္းကိုစစ္ခ်ပါ။ထမင္းရည္ကို ခြက္တစ္လုံးထဲမွာထည့္ပါ။ ႏြားႏို႔နဲ႔ ပ်ားရည္ကို ခုနကခ်က္ထားတဲ့ ထမင္းထဲထည့္ၿပီး ေသခ်ာေအာင္ေရာေမႊေပးပါ။ အရည္က ပ်စ္ပ်စ္ေလး ျဖစ္လာပါလိမ့္မယ္။ အဲဒါကို မ်က္ႏွာေပၚလိမ္းေပးၿပီး လက္နဲ႔ ေသခ်ာဖိေပးပါ။ မ်က္လုံးေအာက္နားကိုလည္း ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ထိထားပါ။

    ေဆးေၾကာျခင္း-

    ခုနက ခြက္တစ္လုံးထဲမွာ ထည့္ထားတဲ့ ထမင္းရည္ရွိပါတယ္။ တကယ္လို႔ မ်က္ႏွာေပၚမွာလိမ္းထားတဲ့ ထမင္းေတြေျခာက္သြားရင္ ထမင္းရည္နဲ႔ မ်က္ႏွာသစ္ပါ။ တကယ္လို႔ မ်က္ႏွာမွာ ခြၽဲခြၽဲေလးျဖစ္ေနေသးရင္ ေရနဲ႔မ်က္ႏွာထပ္သစ္ပါ။ ဆပ္ျပာကိုလုံး၀ မသုံးပါနဲ႔။ ဒီနည္းလမ္းကို ၁ ပတ္ ၂ႀကိမ္လုပ္ေပး႐ုံနဲ႔ ၄ ပတ္ ၅ ပတ္အတြင္းမွာ သိသာတဲ့ရလဒ္ကို ရရွိလာမွာ အေသခ်ာပါ။

    Credit-MyFood Myanmar

  • နှာရည်ကျ၊ တရှုံ့ရှုံ့ ဖြစ်နေသူများနှင့် အဆုတ်အားကောင်းစေတဲ့ ဆားငွေ့

    (Unicode)

    နှာတရှုံ့ရှုံ့ ဖြစ်နေသူများအတွက် ဆားငွေ့

    ဆားငွေ့ရှုနည်း

    တစ်ဆောင်းတွင်းလုံး နှာစေးနေခဲ့ရင်၊ လူရှေ့သူရှေ့မရှောင် နှာရည်ကျ၊ နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူနဲ့ သက်သာစေနိုင်တဲ့ နည်းလမ်းကတော့ ဆားငွေ့ရှုတဲ့နည်းပါဘဲ။ ငွေမကုန်ပဲ သက်သာစေမဲ့ မီးဖိုချောင်က ဆေးနည်းလေးပါ။ ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာ ပရုပ်ဆီအနည်းငယ် သုပ်လိုက်ပါ။ ပြီးရင် ဆား ဟင်းစားဇွန်းနဲ့၃ဇွန်း ထည့်ပါ။ ဆူပြီးသားရေနွေး သို့မဟုတ် ဓာတ်ဘူးထဲက ရေနွေးပူပူ လောင်းထည့်ပါ။

    တက်လာတဲ့ ဆားအငွေ့ကို ဦးခေါင်းမှာ တဘက်ပုဝါ တစ်ထည်ခြုံပြီး ကြွေပန်းကန်ထဲက တက်လာတဲ့ အငွေ့ကို ရှုပေးပါ။ အငွေ့နှာခေါင်းထဲရောက်အောင် သေချာရှူပေးပါ။ ပင်လယ်ထဲက ဆားငွေ့လေရှုသလိုမျိုး အကျိုးခံစားရပါလိမ့်မယ်။

    ဆားငွေ့ဟာ အဆုတ်ကျန်းမာရေးကို ကောင်းစေပါတယ်။ နှာစေးတဲ့ အရည်ထွက်ကျခြင်းကိုလည်း ထိန်းစေပါတယ်။ လေရှူပြွန်ရောင်ခြင်းကိုလည်း သက်သာစေတဲ့အပြင် ပိုးများ ကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တား ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျနည်းပြီး ဆေးရုံဆေးခန်း သွားစရာမလိုဘဲ ဒီနည်းကို နေ့စဉ်မှန်မှန်ဆောင်ရွက်ခြင်းဖြင့် အဆုတ်အအေးပတ်၊ နှာစေး၊ ထိပ်ကပ်နာဖြစ်ခြင်များမှ ကာကွယ်ပေးနိုင်ကြောင်း တင်ပြလိုက်ပါတယ်။

    လေဖြတ်ပြီး အိပ်ယာထဲ လှဲနေရတဲ့ မိဘများကိုလည်း ဒီနည်းဖြင့် ဆားငွေ့ရှုပေးခြင်းဖြင့် အဆုပ်ပွ၊ ချွဲဆိုက်ခြင်းဘေးမှ ကာကွယ်စေနိုင်ပါတယ်။ လေဖြတ်သူများကို အင်္ဂလိပ်ဆေးတိုက်ရုံနဲ့ ပစ်မထားကြပါနဲ့။ သူတို့ အဆုတ်မပွအောင် ဂရုစိုက်ကြပါ။ ဆားငွေ့ရှုပေးပါ၊ မနက်နေရောင်ခြည်လည်း ပြပေးပါ။

    Credit-ကြည်လွင်မြင့်(မုဒြာ)

    (Zawgyi)

    ႏွာတရႈံ႕ရႈံ႕ ျဖစ္ေနသူမ်ားအတြက္ ဆားေငြ႕

    ဆားေငြ႕ရႈနည္း

    တစ္ေဆာင္းတြင္းလုံး ႏွာေစးေနခဲ့ရင္၊ လူေရွ႕သူေရွ႕မေရွာင္ ႏွာရည္က်၊ ႏွပ္တရႈံ႕ရႈံ႕ျဖစ္ေနခဲ့ရင္အလြယ္တကူနဲ႔ သက္သာေစႏိုင္တဲ့ နည္းလမ္းကေတာ့ ဆားေငြ႕ရႈတဲ့နည္းပါဘဲ။ ေငြမကုန္ပဲ သက္သာေစမဲ့ မီးဖိုေခ်ာင္က ေဆးနည္းေလးပါ။ ျပဳလုပ္ပုံကေတာ့ ဟင္းရည္ေသာက္ေႂကြပန္းကန္လုံးထဲမွာ ပ႐ုပ္ဆီအနည္းငယ္ သုပ္လိုက္ပါ။ ၿပီးရင္ ဆား ဟင္းစားဇြန္းနဲ႔၃ဇြန္း ထည့္ပါ။ ဆူၿပီးသားေရေႏြး သို႔မဟုတ္ ဓာတ္ဘူးထဲက ေရေႏြးပူပူ ေလာင္းထည့္ပါ။

    တက္လာတဲ့ ဆားအေငြ႕ကို ဦးေခါင္းမွ ာတဘက္ပုဝါ တစ္ထည္ၿခဳံၿပီး ေႂကြပန္းကန္ထဲက တက္လာတဲ့ အေငြ႕ကို ရႈေပးပါ။ အေငြ႕ႏွာေခါင္းထဲေရာက္ေအာင္ ေသခ်ာရႉေပးပါ။ ပင္လယ္ထဲက ဆားေငြ႕ေလရႈသလိုမ်ိဳး အက်ိဳးခံစားရပါလိမ့္မယ္။

    ဆားေငြ႕ဟာ အဆုတ္က်န္းမာေရးကို ေကာင္းေစပါတယ္။ ႏွာေစးတဲ့ အရည္ထြက္က်ျခင္းကိုလည္း ထိန္းေစပါတယ္။ ေလရႉႁပြန္ေရာင္ျခင္းကိုလည္း သက္သာေစတဲ့အျပင္ ပိုးမ်ား ကပ္တြယ္ေပါက္ဖြားျခင္းမွလည္းဟန႔္တား ကာကြယ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေငြကုန္ေၾကးက်နည္းၿပီး ေဆး႐ုံေဆးခန္း သြားစရာမလိုဘဲ ဒီနည္းကို ေန႔စဥ္မွန္မွန္ေဆာင္႐ြက္ျခင္းျဖင့္ အဆုတ္အေအးပတ္၊ ႏွာေစး၊ ထိပ္ကပ္နာျဖစ္ျခင္မ်ားမွ ကာကြယ္ေပးႏိုင္ေၾကာင္း တင္ျပလိုက္ပါတယ္။

    ေလျဖတ္ၿပီး အိပ္ယာထဲ လွဲေနရတဲ့ မိဘမ်ားကိုလည္း ဒီနည္းျဖင့္ ဆားေငြ႕ရႈေပးျခင္းျဖင့္ အဆုပ္ပြ၊ ခြၽဲဆိုက္ျခင္းေဘးမွ ကာကြယ္ေစႏိုင္ပါတယ္။ ေလျဖတ္သူမ်ားကို အဂၤလိပ္ေဆးတိုက္႐ုံနဲ႔ ပစ္မထားၾကပါနဲ႔။ သူတို႔ အဆုတ္မပြေအာင္ ဂ႐ုစိုက္ၾကပါ။ ဆားေငြ႕ရႈေပးပါ၊ မနက္ေနေရာင္ျခည္လည္း ျပေပးပါ။

    Credit-ၾကည္လြင္ျမင့္(မုျဒာ)

  • ကြက်များအတွက် ရာသီနာ ကာကွယ်ဖို့ မြန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေး

    (Unicode)

    ကြက်တွေကို ရောဂါရာသီနာနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ သူများ လာလာမေးရင် ကိုယ်က (ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး) တစ်ခါမှ လမ်းလွဲမပြခဲ့ဘူး။ သူများမေးလည်း အဲ့လိုပဲဖြေသလို ကိုယ်လုပ်လဲ သူများကို ပြောတဲ့အတိုင်းပဲ လုပ်တယ်။ ကြက်မွေးလာတဲ့ 7 နှစ်တောက်လျှောက်မှာ ကိုယ့်ခြံမှာ ကြက်နာကျလို့ တစ်ခြံလုံး ပြောင်ရတဲ့ ဆုံးရှုံးမှုဆိုတာလည်း မရှိခဲ့ဘူး။ ရပ်ကွက် အနီးအနားပတ်လည် ကြက်နာရောဂါဝင်လို့် တစ်ရပ်ကွက်လုံး ပြောင်သွားလည်း ကိုယ့်ခြံက ကြက်ဖလန်းဖလန်းပဲ။ ဘယ် တိမွေးကု/ဘယ်အင်္ဂလိပ်ဆေးမှ မသုံးလို့ အထင်မကြီးရင်ကျော်သွား။ြ မန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေးမို့ အထင်မသေးပါနဲ့။ ဆေးတစ်ထုပ် သောင်းနဲ့ချီပြီး ဝယ်တိုက်ပြီး နောက်ဆုံး ကိုယ့်ကြက်ပစ်လိုက်ရတာသာ အဖတ်တင်တဲ့ ပြသနာတွေ အများစု တွေ့နေရတဲ့ထဲ ကိုယ့်မိတ်ဆွေတွေ မပါဖို့ စေတနာနဲ့ မျှဝေပေးပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်ဖြူ

    ဂျင်း

    ဆနွင်း

    ငရုတ်ကောင်းစေ့အနည်းငယ်

    စပါးလင်

    ရောကာထောင်း၍ တပတ် ၂ကြိမ်ပုံမှန်ပါစေ။ ကြက်နာ၊ ဖျား၊ ချွဲထ၊ သန်ကောင်၊ အူလမ်းကြောင်း ရောဂါများ ကင်းဝေးစေမှာပါ။

    ကြက်မွေးသူ ညီကိုမောင်နှမများ အဆင်ပြေကြပါစေ။

    Credit-ရွှေကြက် ရွှေကြက် တောင်ကြီး 09679494496

    (Zawgyi)

    ၾကက္ေတြကို ေရာဂါရာသီနာနဲ႔ ပတ္သက္ၿပီး ကာကြယ္ဖို႔ သူမ်ား လာလာေမးရင္ ကိုယ္က (ငါေျပာသလိုလုပ္ ငါလုပ္သလိုမလုပ္နဲ႔ဆိုၿပီး) တစ္ခါမွ လမ္းလြဲမျပခဲ့ဘူး။ သူမ်ားေမးလည္း အဲ့လိုပဲေျဖသလို ကိုယ္လုပ္လဲ သူမ်ားကို ေျပာတဲ့အတိုင္းပဲ လုပ္တယ္။ ၾကက္ေမြးလာတဲ့ 7 ႏွစ္ေတာက္ေလွ်ာက္မွာ ကိုယ့္ၿခံမွာ ၾကက္နာက်လို႔ တစ္ၿခံလုံး ေျပာင္ရတဲ့ ဆုံးရႈံးမႈဆိုတာလည္း မရွိခဲ့ဘူး။ ရပ္ကြက္ အနီးအနားပတ္လည္ ၾကက္နာေရာဂါဝင္လို႔္ တစ္ရပ္ကြက္လုံး ေျပာင္သြားလည္း ကိုယ့္ၿခံက ၾကက္ဖလန္းဖလန္းပဲ။ ဘယ္ တိေမြးကု/ဘယ္အဂၤလိပ္ေဆးမွ မသုံးလို႔ အထင္မႀကီးရင္ေက်ာ္သြား။ျ မန႔္မာ့နည္း ျမန္မာ့ဟန္ မီးဖိုေခ်ာင္ေဆးမို႔ အထင္မေသးပါနဲ႔။ ေဆးတစ္ထုပ္ ေသာင္းနဲ႔ခ်ီၿပီး ဝယ္တိုက္ၿပီး ေနာက္ဆုံး ကိုယ့္ၾကက္ပစ္လိုက္ရတာသာ အဖတ္တင္တဲ့ ျပသနာေတြ အမ်ားစု ေတြ႕ေနရတဲ့ထဲ ကိုယ့္မိတ္ေဆြေတြ မပါဖို႔ ေစတနာနဲ႔ မွ်ေဝေပးပါတယ္။

    ၾကက္သြန္နီ

    ၾကက္သြန္ျဖဴ

    ဂ်င္း

    ဆႏြင္း

    င႐ုတ္ေကာင္းေစ့အနည္းငယ္

    စပါးလင္

    ေရာကာေထာင္း၍ တပတ္ ၂ႀကိမ္ပုံမွန္ပါေစ။ ၾကက္နာ၊ ဖ်ား၊ ခြၽဲထ၊ သန္ေကာင္၊ အူလမ္းေၾကာင္း ေရာဂါမ်ား ကင္းေဝးေစမွာပါ။

    ၾကက္ေမြးသူ ညီကိုေမာင္ႏွမမ်ား အဆင္ေျပၾကပါေစ။

    Credit-ေ႐ႊၾကက္ ေ႐ႊၾကက္ ေတာင္ႀကီး 09679494496

  • ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ

    (Unicode)

    ကျောက်ကပ်ကျန်းမာရေးပြဿနာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ပစ်ဖို့အတွက်လုပ်ဆောင်ပေးရတာကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါ။ ဒါကြောင့်ကျောက်ကပ် ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) ပန်းဂေါ်ဖီ

    ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး အူမကြီးကင်ဆာနဲ့ ပန်ကရိယကင်ဆာလို ကင်ဆာရောဂါ တွေ ဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    (၂) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ ဆာလဖာဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း တွေကို လျော့ပါးသက်သာစေနိုင်သလို ကျောက်ကပ်ကျန်းမာရေးပြဿနာနဲ့နှလုံးရောဂါ ဖြစ်ပွားခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

    (၃) နာနတ်သီး

    နာနတ်သီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီနဲ့ Bromelain တို့ ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

    (၄) ဘယ်ရီသီးများ

    ဘယ်ရီသီးမျိုးနွယ်ဝင်တွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးအိတ်ပိုးဝင်တာနဲ့ တခြားသော ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    (၅) သံလွင်ဆီ

    သံလွင်ဆီဟာ တခြားသောဆီတွေလို ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ အဆီဓာတ်တွေ မပါဝင်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာမှာကို စိတ်ပူစရာမလိုသလို ကျောက်ကပ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာ ကြောင့် သံလွင်ဆီကို ဟင်းချက်ဆီအဖြစ် အသုံးပြုတာမျိုးနဲ့ နေ့စဉ်စားသံုံးပေးတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

    Credit-The Irrawaddy-Burmese Edition

    (Zawgyi)

    ေက်ာက္ကပ္က်န္းမာေရးျပႆနာဟာ အျဖစ္မ်ားတဲ့ က်န္းမာေရးျပႆနာေတြထဲက တခုျဖစ္ၿပီး ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို စစ္ထုတ္ၿပီး ဆီးအျဖစ္ စြန႔္ပစ္ဖို႔အတြက္လုပ္ေဆာင္ေပးရတာေၾကာင့္ အေရးႀကီးတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းတခုပါ။ ဒါေၾကာင့္ေက်ာက္ကပ္ က်န္းမာေရးအတြက္ လူတိုင္းစားေပးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) ပန္းေဂၚဖီ

    ပန္းေဂၚဖီမွာ ဗီတာမင္စီ၊ ဗီတာမင္ေက၊ ဗီတာမင္ဘီနဲ႔ အမွ်င္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေက်ာက္ကပ္ က်န္းမာေရးျပႆနာေတြကို ႀကိဳတင္ကာကြယ္ေပးႏိုင္ၿပီး အူမႀကီးကင္ဆာနဲ႔ ပန္ကရိယကင္ဆာလို ကင္ဆာေရာဂါ ေတြ ျဖစ္ပြားျခင္းကေနလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။

    (၂) ၾကက္သြန္ျဖဴ

    ၾကက္သြန္ျဖဴမွာ ဗီတာမင္စီ၊ ဗီတာမင္ B6 နဲ႔ ဆာလဖာဓာတ္တို႔ ပါဝင္တာေၾကာင့္ ကိုယ္တြင္းအဂၤါေရာင္ရမ္းျခင္း ေတြကို ေလ်ာ့ပါးသက္သာေစႏိုင္သလို ေက်ာက္ကပ္က်န္းမာေရးျပႆနာနဲ႔ႏွလုံးေရာဂါ ျဖစ္ပြားျခင္းေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။

    (၃) နာနတ္သီး

    နာနတ္သီးဟာဆိုရင္လည္း အမွ်င္ဓာတ္ႂကြယ္ဝၿပီး ဗီတာမင္စီနဲ႔ Bromelain တို႔ ပါဝင္မႈမ်ားတာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးျပႆနာေတြကို ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

    (၄) ဘယ္ရီသီးမ်ား

    ဘယ္ရီသီးမ်ိဳးႏြယ္ဝင္ေတြျဖစ္တဲ့ စေတာ္ဘယ္ရီ၊ ဘလူးဘယ္ရီသီးေတြမွာ ဓာတ္တိုးဆန႔္က်င္သတၱိေတြ ႂကြယ္ဝစြာပါဝင္ၿပီး ဗီတာမင္စီ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေက်ာက္ကပ္မွာ ေက်ာက္တည္တာ၊ ဆီးအိတ္ပိုးဝင္တာနဲ႔ တျခားေသာ ေက်ာက္ကပ္က်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

    (၅) သံလြင္ဆီ

    သံလြင္ဆီဟာ တျခားေသာဆီေတြလို ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးျဖစ္ေစတဲ့ အဆီဓာတ္ေတြ မပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာမွာကို စိတ္ပူစရာမလိုသလို ေက်ာက္ကပ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစတာ ေၾကာင့္ သံလြင္ဆီကို ဟင္းခ်က္ဆီအျဖစ္ အသုံးျပဳတာမ်ိဳးနဲ႔ ေန႔စဥ္စားသံုံးေပးတာမ်ိဳးေတြကို ျပဳလုပ္သင့္ပါတယ္။

    Credit-The Irrawaddy-Burmese Edition

  • ဆီးချိုရောဂါကို ထိန်းချုပ်ပေးပြီး အရိုးသန်မာ၊ အရွယ်တင်စေတဲ့ ဒန့်ဒလွန်ရွက်

    (Unicode)

    ဆီးချိုရောဂါကို ထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက်

    ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

    အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်လည်း စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

    ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ-

    သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း

    ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

    သွေးကိုသန့်စင်စေခြင်း-

    ဒန့်သလွန်ရွက်ဟာ သွေးကို သန့်စင်စေတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ခြံကိုလည်း ပျောက်ကင်းစေပါတယ်။

    အရိုးကိုသန်မာစေခြင်း-

    ဒန့်သလွန်ရွက်မှာ သံဓါတ်နဲ့ ကယ်ဆီယံဓါတ် ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အမြင်အာရုံတွေကို ကြည်လင်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတာကြောင့်လည်း အရွယ်တင်စေပါတယ်။

    Credit-MyFood Myanmar

    (Zawgyi)

    ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ေပးမယ့္ ဒန႔္ဒလြန္႐ြက္

    ဒန႔္ဒလြန္႐ြက္ကို ေတာင္အာရွမွာ ႏွစ္ေပါင္းမ်ားစြာကတည္းက ေဆးဖက္ဝင္အပင္ တစ္မ်ိဳးအျဖစ္ အသုံးျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ ဒန႔္ဒလြန္႐ြက္မွာ Antioxidant နဲ႔ က်န္းမာေရးကို အေထာက္အကူျပဳေစတဲ့ အက်ိဳးေက်းဇူးေတြ အမ်ားအျပားပါဝင္ေနပါတယ္။ ဒန႔္ဒလြန္႐ြက္ေကာ ဒန႔္ဒလြန္သီးကိုပါ စားသုံးႏိုင္ၿပီး က်န္းမာေရးကိုလည္း မ်ားစြာအေထာက္အကူ ျပဳေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒန႔္ဒလြန္႐ြက္မွာ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။

    အ႐ြက္ကို အစိမ္းလိုက္ အၾကမ္းစားေပးတာဟာ ပိုၿပီးက်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။ ဒါ့အျပင္ ဒန႔္ဒလြန္႐ြက္ကို အေျခာက္လည္း စားသုံးႏိုင္သလို ေရေႏြးၾကမ္းလုပ္ၿပီးလည္း ေသာက္သုံးႏိုင္ပါတယ္။

    ဒန႔္ဒလြန္သီးစားသုံးျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား-

    ေသြးတြင္းသၾကားဓါတ္ကို ထိန္းခ်ဳပ္ေပးျခင္း

    ဒန႔္ဒလြန္႐ြက္ဟာ ဆီးခ်ိဳေရာဂါခံစားေနရသူေတြအတြက္ တကယ္ကိုအကူအညီျဖစ္ပါတယ္။အမ်ိဳးသမီး ၃၀ ကို ဒန႔္ဒလြန္႐ြက္အမႈန႔္ကို ၇ ဂရမ္ေန႔စဥ္စားသုံးၿပီး စမ္းသပ္ပါတယ္။ သၾကားဓါတ္ကို ပါဝင္မႈႏႈန္း ၁၃.၅% ထိ ထိန္းခ်ဳပ္ထားႏိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။

    ေသြးကိုသန႔္စင္ေစျခင္း-

    ဒန႔္သလြန္႐ြက္ဟာ ေသြးကို သန႔္စင္ေစတဲ့အ႐ြက္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ ဝက္ၿခံကိုလည္း ေပ်ာက္ကင္းေစပါတယ္။

    အ႐ိုးကိုသန္မာေစျခင္း-

    ဒန႔္သလြန္႐ြက္မွာ သံဓါတ္နဲ႔ ကယ္ဆီယံဓါတ္ ႂကြယ္ဝစြာပါဝင္လို႔ အ႐ိုးေတြကို သန္မာေစပါတယ္။ ဒါ့အျပင္ အျမင္အာ႐ုံေတြကို ၾကည္လင္ေစၿပီး ကင္ဆာေရာဂါျဖစ္ပြားမႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ A ႂကြယ္ဝတာေၾကာင့္လည္း အ႐ြယ္တင္ေစပါတယ္။

    Credit-MyFood Myanmar