Author: shangyi

  • ချွတ်ဆေးတွေ မသုံးပဲ သဘာဝအတိုင်း အဝတ်အထည်တွေကို ဖြူဖွေးနေစေမည့် နည်းလမ်းလေးများ

    ချွတ်ဆေးတွေ မသုံးပဲ သဘာဝအတိုင်းအဝတ်အထည်တွေကို ဖြူဖွေးနေစေမည့် နည်းလမ်းလေးများ

    အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

    အဖြူရောင် အဝတ်အစားတွေဟာ အချိန် ကြာလာတာနဲ့ အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ် အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။

    အစွန်းချွတ်ဆေးတွေဟာ အဝတ် တွေကို ဆွေးမြေ့လာစေပြီး

    အရေပြားကိုလည်း ထိခိုက် စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ကိုဖော်ပြ ပေးချင်ပါတယ်။

    (၁) ရှာလကာရည်ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင်အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို

    ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ် တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။

    ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည် တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေ ကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

    (၂) မုန့်ဖုတ်ဆိုဒါ ဟာ အဝတ်အထည် တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလို မျိုး ပဲ သက်ရောက်မှု ရှိပါတယ်။

    အဝတ်လျှော်တဲ့အခါ အဝတ်လျှော် ဆပ်ပြာနဲ့ အတူ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ထည့်ပြီးမှ လျှော်ဖွပ်ခြင်းက အဝတ်အထည် တွေကို ဘက်တီးရီးယား ကင်းစင်စေနိုင်သလို ပိုမို ဖြူစင်တောက်ပ စေပါတယ်။

    (၃) သံပရာသီးသံပရာသီးဟာ အဝတ်အထည်တွေကို အစွန်းချွတ်ရာမှာ ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

    ရေ ခပ်နွေးနွေးထဲကို သံပရာရည် ထည့်ပြီး အဝတ်အထည် တွေကို နာရီဝက်ခန့် စိမ်ထား ပေးလိုက်ပါ။

    ပြီးရင်တော့ အဝတ်လျှော် ဆပ်ပြာနဲ့ လျှော်ဖွပ်ပေးခြင်းက အဝတ်အထည်တွေကို ပိုမိုဖြူစင်လာစေနိုင်သလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။

    Crd, copy

  • ပေါင်ကြားကို အကြိမ်ပေါင်းများစွာ အကန်ခံနိုင်တဲ့ ကွန်ဖူးဆရာ

    ပေါင်ကြားကို အကြိမ်ပေါင်းများစွာ အကန်ခံနိုင်တဲ့ ကွန်ဖူးဆရာ

    Wei Yaobin လို့ အမည်ရတဲ့ တရုတ်လူမျိုး ကွန်ဖူးဆရာနဲ့ အဖွဲ့ဟာပေါင်ခြံကြားကို မိမိဘာသာ ကျောက်တုံးနဲ့ ထုပြခြင်း၊ ကန်ခိုင်းခြင်း၊ ဧရာမသစ်တုံးကြီးနဲ့ စောင့်ပြခြင်းစတဲ့ ပြကွက်တွေကို အံ့မခန်း ပြသနိုင်ခဲ့ပါတယ်။ ပေါင်ခြံကြားဆိုတာ အမျိုးသားတစ်ယောက်ရဲ့ အသက်ကို အမြန်ဆုံးနှုတ်ယူနိုင်တဲ့ နေရာတစ်ခုဖြစ်ပေမယ့် ကွန်ဖူးဆရာ Wei ကတော့ မျက်နှာတစ်ချက် မပျက်ပါဘူး။

    သစ်တုံးနဲ့ ပေါင်ခြံကျားကို စောင့်ပြတဲ့ ပြကွက်ကို Wei ရဲ့ တပည့်တစ်ယောက်ကပါ ပါဝင် ပြသခဲ့ပြီး၊ ဒီလို ခံနိုင်ရည်ရှိဖို့အတွက် ” သံမဏိပေါင်ခြံကွန်ဖူးသိုင်း”ကို ဆယ်နှစ်လောက် လေ့ကျင့်ဖို့ လိုတယ်လို့ Wei က ရှင်းပြပါတယ်။ သစ်တုံးနဲ့ ပေါင်ခြံကို စောင့်ခြင်းပြကွက် မတိုင်မီ၊ အုတ်ခဲကို သစ်တုံးနဲ့စောင့်ပြခဲ့ပြီး၊ သစ်တုံးရဲ့ ပြင်းအားကို မြင်သာစေခဲ့ပါတယ်။

    အခုအခါမှာ Wei ဟာ Luoyang မြို့မှာ သင်တန်းဖွင့်လှစ်ထားပြီး၊ တပည့်တွေကို လက်ခံကာ ” သံမဏိပေါင်ခြံကွန်ဖူးသိုင်း”ကို သင်ပေးနေပါတယ်။ သူပြခဲ့တဲ့ ပြကွက်ထဲမှာ ပေါင်ခြံကို အားရပါးရ အချက်ပေါင်းများစွာ ကန်ခိုင်းတဲ့ ပြကွက်နဲ့အတူ၊ မိမိဘာသာ ကျောက်တုံးနဲ့ ပေါင်ခြံကို ထုပြတဲ့ ပြကွက်ကလည်း ထူးခြားပါတယ်။

    ဒီကွန်ဖူးပညာဟာ ပန်းသေပန်းညှိုရောဂါသည်တွေအတွက်လည်း ပြန်လည်ကောင်းမွန်စေတယ်လို့ သိရပြီး၊ အချိန်မတိုင်မီ သုတ်လွှတ်ခြင်းနဲ့၊ ပေါင်ခြံကြားကို တိုက်ခိုက်ခံရပါက ခံနိုင်ရည်ရှိစေမယ်လို့လည်း သိရပါတယ်။ Wei က ” ဒီပညာကို လူတိုင်း လက်ခံနိုင်ဖို့ နောက် လူထုကြားမှာ ရေးပန်းစားလာဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ “လို့ ပြောခဲ့ပါတယ်။

    Crd, copying

     

  • ရွှေအတုအစစ် အလွယ် ခွဲခြားနည်း (၄) မျိူး

    ရွှေအတုအစစ် အလွယ် ခွဲခြားနည်း (၄) မျိူး

    ရွှေကိုအတုလားအစစ်လားဆိုတာအမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး ဗဟုသုတရစေရန်မျှဝေပေးလိုက်ပါတယ်ရှင့်..။ သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို ကြည့်ပြီး ခွဲခြားပေးနိုင်ပါတယ်။

    ရေကိုအသုံးပြုစမ်းသပ်ခြင်း ရေဖြည့်ထားတဲ့ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့ အခါစစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့သတ္တုဖြစ်တဲ့ အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာတွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့သိပ်သည်းဆများတဲ့ သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့နစ်မြုပ်သွားနိုင်တာမို့ရေကိုအသုံးပြုစမ်းသပ်တဲ့အခါအထူးသတိပြုရန်လိုအပ်ပါတယ်ရှင့်

    ရှာလကာရည်ကိုအသုံးပြုစမ်းသပ်ခြင်း မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။ စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့ လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။

    အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။ နိုက်ထရစ်အက်စစ်ဖြင့်စမ်းသပ်ခြင်း  ရွှေကို နိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။ ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ဒီနည်းလမ်းလေးတွေကတော ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်ရှင့်။ ရွှေအကြောင်းကို စိတ်ဝင်စားတဲ့ လူကြီးမင်းများအားလုံး ဗဟုသုတ တိုးပွားကြနိုင်ပါစေ။

    Credit – မူရင်း

  • ဂျိုင်းသားမည်းတာကို ပြန်ဖွေးလာစေမယ့် နည်းလမ်း (၃) ခု

    ဂျိုင်းသားမည်းတာကို ပြန်ဖွေးလာစေမယ့် နည်းလမ်း (၃) ခု

    ဂျိုင်းညိုတာကြောင့် သင့်အနေနဲ့ အင်္ကျီလက်ပြတ်ဝတ်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

    ယုံကြည်မှု ရှိရှိ လက်မမြှောက်ရဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျိုင်းမည်းလို့ ကုစားပေးမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

    ၁။ အုန်းဆီ

    အုန်းဆီက အသားဖြူစေတဲ့ သဘာဝ အလှပြင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဂျိုင်းအပြင် တခြား ကိုယ်ဖြူချင်တဲ့ နေရာတွေပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

    အုန်းဆီကို ရေမချိုးခင် ဂျိုင်းအောက် လိမ်းပြီးနောက် ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားရပါမယ်။ ပြီးနောက် ဆေးချပေးရပါမယ်။

    ၂။ မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါ က ဆဲလ်သေတွေကို ကွာကျစေတဲ့ သဘာဝ ချေးချွတ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ အတူ သံပယိုရည်ပါ တွဲသုံးမယ်ဆိုရင် ပိုထိရောက်ပါတယ်။

    သံပယိုရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီးနောက် ဂျိုင်းအောက် လိမ်းပေးရပါမယ်။ ၅ မိနစ်ထားပြီးနောက် ရေဆေးရပါမယ်။

    အသားခြောက်တာမျိုး မဖြစ်အောင် အစိုဓာတ်ထိန်းခရင် လိမ်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးကြိမ်ကနေ လေးကြိမ် ပြုလုပ်နိုင်ပါတယ်။

    ၃။ သံလွင်ဆီ

    သံလွင်ဆီက ဂျိုင်းသားကို မဖြူစေပေမယ့် ဂျိုင်းအတွက် လိုအပ်တဲ့ အစိုဓာတ်ကို လုံလောက်အောင် ဖြည့်တင်းပေးနိုင်ပါတယ်။

    သံလွင်ဆီနဲ့ သကြားအညိုကို ရောပြီး ဂျိုင်းသားကို ပွတ်ပေးရင်တော့ နဂိုကထက် ဂျိုင်းဖြူလာပါလိမ့်မယ်။

    သံလွင်ဆီ နှစ်ဇွန်းလောက်နဲ့ သကြားကို ရောပေးရပါမယ်။ ဒီအရောကို ဂျိုင်းအောက် ၁ မိနစ်ကနေ ၂ မိနစ်လောက် ပွတ်ပြီးနောက် ၅ မိနစ်ကနေ ၁၀ မိနစ် ထားပေးရပါမယ်။

    ပြီးနောက် ရေဆေးချရပါမယ်။

    Credit-Original Uploader

  • တက်တူးထိုးတိုင်း လူမိုက်မဟုတ်ကြောင်း သက်သေပြနေတဲ့ဓာတ်ပုံများ

    တက်တူးထိုးတိုင်း လူမိုက်မဟုတ်ကြောင်း သက်သေပြနေတဲ့ဓာတ်ပုံများ

    ကျွန်တော်တို့လူသားတွေဟာ လူတစ်ယောက်ရဲ့အဆင့်အတန်း ၊ အခြေအနေ တွေကို အပေါ်ယံသာကြည့်ပြီး ခန့်မှန်းတတ်ကြပါတယ်။ နာမည်ကြီး brand တွေ တစ်ကိုယ်လုံး ဆင်ထားလို့ ဒီလူ သူဌေးဖြစ်မယ် ၊ တက်တူးထိုးထားလို့ ဒီလူက လူမိုက် ဖြစ်မယ် စတဲ့ အတွေးတွေကို လွယ်လွယ်တွေးထင်သွားတတ်ကြပါတယ် ။

    သို့ပေမဲ့လည်း ယနေ့ခေတ်မှာတော့ တက်တူးကို အနုပညာတစ်ခုအဖြစ် သတ်မှတ်လာကြပါပြီ ။ တက်တူးဆိုတာ ကိုယ်ဘယ်သူဘယ်ဝါဆိုပြီး ပုံသေသတ်မှတ်ထားတာမရှိသလို တက်တူးကြောင့်လည်း ကိုယ့်ပညာအရည်အချင်းကို ဖုံးကွယ်ထားလို့မရပါဘူး။ ဒီတော့ တက်တူးထိုးတိုင်း လူမိုက်မဟုတ်ကြောင်းကို သက်သေပြနေတဲ့ ရဲ ၊ ဆရာဝန် ၊ ကျောင်းဆရာ စတဲ့ကမ္ဘာကြီးအတွက် ထိပ်တန်းကပါဝင်ကာကွယ်ပေးကြသူတို့ရဲ့ ပုံရိပ်အချို့ကိုပါ ဖော်ပြပေးခဲ့လိုက်ပါတယ်နော် ။

    crd, copy

    photo crd

  • ဘေစင်ပိုက်၊ ရေချိုးခန်းပိုက် ပိတ်နေတဲ့အခါ ကိုယ်တိုင်လုပ်နိုင်တဲ့ အလွယ်ကူဆုံး နည်း(၃) မျိုး

    ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၃) မျိုး

    ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။ ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

    (၁) မုန့်ဖုတ်ဆိုဒါရည်

    လိုအပ်သောပစ္စည်းများ

    မုန့်ဖုတ်ဆိုဒါ ၄ဇွန်း

    ဆား ၂ ဇွန်း

    ရှာလကာရည် ၁ခွက်

    မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်းလိုက်ပါ။ ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။ နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။

    (၂) Asprin

    Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ ရှာလကာရည်တစ်ခွက် လောင်းထည့်လိုက်ပါ။ ခဏအကြာမှာ ရေနွေးဆူဆူကို လောင်းထည့်လိုက်ပါ။ လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။

    (၃) ဆား

    ဆား ၅ဇွန်းလောက်ကို ပိုက်ထဲထည့်လိုက်ပါ။ ပီးရင်တော့ ရေနွေးဆူဆူကို လောင်းလိုက်ပါ။ ရေနွေးပူမလောင်မိဖို့ လက်ကိုသတိထားပါ။လိုအပ်ရင်ထပ်ခါ ထပ်ခါပြုလုပ်ပေးနိုင်ပါတယ်

    Credit-Original Uploader

  • ငွေစုနည်း

    ငွေစုနည်း

    တစ်နေ့ကို ၁၀၀၀ စုရင်
    ၅ နှစ်ပြည့်ရင် သင့်လက်ထဲမှာ
    ၁၈ သိန်း ပိုင်ဆိုင်နေပြီး
    ၁၈သိန်းနဲ့ ကိုယ်ပိုင်စီးပွားရေးတခုကို
    ကောင်းကောင်း ထောင်နိုင်ပြီ

    တစ်နေ့ ၂၀၀၀ စုရင်
    ၅ နှစ်ပြည့်ရင် ၃၆ သိန်း
    အချိန်တိုအတွင်း ရပ်ကွက်ထဲမှာ
    ပိုက်ဆံရှိတဲ့သူစာရင်းထဲ
    ဝင်နေလောက်ပြီ။

    တစ်နေ့ ၃၀၀၀ စုရင်
    ၅ နှစ်ပြည့် သိန်း ၅၀ ကျော်

    ဒါတောင် ဘာလို့ အသက် ၄၀ လောက်ထိ
    သူများလက်အောက်မှာ
    ဝန်ထမ်းလုပ်နေကြလည်း မသိ

    ခေါင်းရှုပ်မခံချင်လို့လား
    ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိလို့လား
    သူများအလုပ် လုပ်နေရတာ ပျော်လို့လား
    မသေချာတဲ့ ၁၀သိန်းထက် သေချာတဲ့ ၂ သိန်းကိုမက်နေတာလား
    မိန်းမနဲ့ကလေးနဲ့ဆိုပြီး လာမလုပ်နဲ့။

    တစ်နေ့ ၁၀၀၀ လေးတောင် မစုနိုင်ဘူးလား
    ၅ နှစ်တောင်ကြာမယ် မပြောနဲ့။
    မင်းမစုလည်း အဲ့ဒီအချိန် ၅ နှစ်က ကုန်သွားမှာပဲလေ..။

    စဉ်းစားစမ်းပါဗျာ
    နောက်လာမယ့် ၅ နှစ်မှာ သူများလက်အောက်မှာ
    လုပ်နေအုံးမလား
    ကိုယ်ပိုင်လုပ်မလား

    ကိုယ့်ဆိုင်ရောင်းကြေးထဲက…အနည်းငယ်
    စ စုကြည့်ပါ

    တလအတွင်း..သင့်အတွေးအခေါ်တွေ
    ပြောင်းလဲလာပါမယ်။

    Crd, Copying

  • သေဆုံးခဲ့တာ နှစ်ပေါင်း ၁၀၀ခန့် ကြာပေမယ့် အသက်ရှင်နေဆဲထင်ရတဲ့ ကလေးငယ်

     

    အီတလီနိုင်ငံ၊ ပါလာမို မြို့ ကတ်ပူချင် ခရစ်ယာန်သီလရှင်ကျောင်းရဲ့အောက်မှာရှိတဲ့ မြေအောက်သင်္ချိုင်း ထဲမှာတော့ မံမီပေါင်း ၈၀၀၀ခန့်ဟာ လဲလျောင်းနေပါတယ်။ ကာပူချင် မြေအောက်သင်္ချိုင်းဟာ ဆေးရေစိမ်ထားတဲ့ မံမီတွေကြောင့် လူသိများပါတယ်။ အဲဒီမံမီတွေထဲမှာ ထိမ်းသိမ်းခြင်း နည်းပညာအကောင်းဆုံးလို့ ဆိုရမယ့် မံမီတစ်ခုဟာ လာရောက်ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်လျှက်ရှိပါတယ်။

    အဲဒီမံမီရဲ့ အမည်ကိုတော့ ပါလာမိုရဲ့ အိပ်ပျော်နေတဲ့အလှ(Sleeping Beauty of Palermo) လို့ နာမည်ပေးထားပါတယ်။ သူ့မရဲ့နာမည် အရင်းကတော့ ရိုစီလာလွန်ဘာဒိုပဲ ဖြစ်ပါတယ်။ သူမဟာ အသက်၂နှစ်အရွယ် ၊ ဒီဇင်ဘာ၆ရက် ၁၉၂၀ခုနှစ်တည်းကနမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

    သမီးဖြစ်သူ ရုတ်တရက် သေဆုံးသွားတော့သူမရဲ့အဖေဖြစ်တဲ့ မာရီယို လွန်ဘာဒိုဟာ အလွန်ပဲ ထိခိုက်ကြေကွဲခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သူ့သမီးလေးရဲ့ ရုပ်အလောင်းကို ပုံစံမပျက်ရှိနေအောင် လုပ်ပေးဖို့ အတွက် ဓာတုဗေဒ ပါမောက္ခအဲဖာဒိုဆလာဖီယာ(Alfredo Salafia) ကို တောင်းဆိုခဲ့ပါတယ်။ ဆလာဖီယာကလည်း ကူတတ်ကျွမ်းတဲ့ပညာနဲ့ ကူညီပေးခဲ့ပါတယ်။

    ဆလာဖီယာရဲ့နည်းပညာဟာ အံသြလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အလောင်းနဲ့အတူ မှတ်တမ်းတင်ထားတဲ့စာအရ ဆလာဖီယာရဲ့ ဆေးစိမ်မှုမှာ ဂလစ်ဆရင်း ၊ ဖော်မလင် ၊ ဇင့်ဆာလဖိတ် ၊ ကလိုရိုက် နဲ့ ဆာလဖျူရစ် အက်ဆစ်တွေပါဝင်တယ်လို့ သိရပါတယ်။

    နှစ် ၁၀၀ နီးပါး ဖြတ်ကျော်ခဲ့ပြီးတာတောင် ကလေးငယ်ရဲ့ ရုပ်အလောင်းဟာ သေဆုံးစကပုံသဏ္ဍာန်လိုပဲ ရှိနေဆဲဖြစ်ပါတယ်။ အပြင်ကိုယ်ခန္ဓာတင်မဟုတ်အတွင်းဘက်အင်္ဂါတွေကပါ ပုံစံမပျက်မယွင်းရှိနေသေးတယ်လို့ Xray နဲ့ သူမအလောင်းကို စစ်ဆေးတဲ့အခါ တွေ့ရှိခဲ့ရပါတယ်။

    သူမရဲ့လှပပြီးအပြစ်ကင်းတဲ့မျက်နှာ၊ ဖဲကြိုးပြားနဲ့ချည်ထားတဲ့ ဆံပင်ကောက်ကလေးတွေဟာ လည်း အရင်အတိုင်းရှိနေပါသေးတယ်။

    အမှတ်တမဲ့ကြည့်ရင်၂နှစ်အရွယ်ကလေးငယ် အိပ်နေတယ်လို့ပဲ ထင်ရမှာပါ။ သူမရဲ့ ဆေးစိမ်ထားတဲ့ခန္ဓာကိုယ်ကို အဲဒီအချိန်ကတည်းက သင်္ချိုင်းက မှန်ပြားနဲ့အုပ်ထားတဲ့ သစ်သားအခေါင်းထဲမှာ ထားခဲ့ပြီး အခုအချိန်အထိဆိုရင် နှစ်ပေါင်း ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။

    သူမဟာ ကတ်ပူချင်သင်္ချိုင်းမှာ နောက်ဆုံးအနေနဲ့ ထားခွင့်ရှိသူလည်းဖြစ်ပါတယ်။ အထူးဆန်းဆုံးကတော့ အခုထက်တိုင် သူမရဲ့ မျက်လုံးအစုံဟာ များသောအားဖြင့်နေ့ဘက်တွေမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတယ် ဆိုတာပါပဲ။

    ပညာရှင်တွေကတော့ မြေအော်သင်္ချိုင်းဟာ အလင်းရောင်နည်းတဲ့အတွက် ဧည့်သည်တွေရောက်လို့ မီးဖွင့်လိုက်တဲ့အခါ မျက်လုံးကြွက်သားက တုန့်ပြန်ပြီး မျက်တောင်ခတ်ရတာလို့ ဆိုပါတယ်။ အလောင်းကို ဆက်လက်ပြီး မပျက်စီးစေဖို့အတွက် နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ကာကွယ်ပေးထားပါတယ်။

    နှစ်ပေါင်း ဒီလောက်ကြာတာတောင် ပုံမှန်အတိုင်းရှိနေဆဲ ဖြစ်တဲ့အတွက် တချို့ကတော့ အတုအယောင် ဖန်တီးထားတယ်လို့ ထင်ကြပါတယ်။ ဒီလိုထင်ကြသူ အားလုံးရဲ့ အထင်ကို ချေဖျက်ခဲ့သူက ကမ္ဘာကျော် National Geographic မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ သဘာ၀ နဲ့ သိပ္ပံဆိုင်ရာဖြစ်ရပ်တွေကို သုတေသနလုပ်ပြီး ရေးသားတဲ့ ဒီမဂ္ဂဇင်းက ပညာရှင်တွေဟာ ရိုစီလာရဲ့ မံမီ အတွင်းအပြင်ဘက်ကို MIR စစ်ဆေးခဲ့ပြီးနောက် လုံးဝအမှန်အကန်ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

    Crd, Copying

    photo ,crd

  • မွေးရာပါ အသားအရောင်ကြောင့် မိဘတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း ကမ္ဘာကျော်မော်ဒယ်တစ်ဦးဖြစ်လာခဲ့တဲ့ ကောင်မလေး

    မွေးရာပါ အသားအရောင်ကြောင့် မိဘတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း ကမ္ဘာကျော်မော်ဒယ်တစ်ဦးဖြစ်လာခဲ့တဲ့ ကောင်မလေး

    ယခုကောင်မလေးရဲ့ အမည်ကတော့ Xueliဟုသိရပြီး တရုတ်နိုင်ငံတွင် မွေးဖွားခဲ့သူပါတယ်။သူမဟာ အတိတ်က ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့ပေမဲ့ အခုချိန်တွင် အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်နေခဲ့ပါပြီ။

    သူမဟာ မွေးစအရွယ်တည်းကပင် အများနှင့်မတူဘဲ အသားအရည်နှင့် ဆံပင်အရောင်တို့မှာ ကွဲပြားနေတာကြောင့် မိဘတို့ဟာ မိဘမဲ့ဂေဟာသို့ သွားရောက်စွန့်ပစ်ခဲ့ပါတယ်။ထို့နောက် ၃နှစ်အရွယ်တွင် နယ်သာလန်နိုင်ငံမှ လင်မယားတို့ဦး၏ မွေးစားခြင်းကို ခံခဲ့ရပြီး နယ်သာလန်နိုင်ငံတွင်ကြီးပြင်းခဲ့တာဖြစ်ပါတယ်။

    သူမရဲ့မျက်လုံးများဟာ အလင်းဒဏ်ကို မခံနိုင်ဘဲ ၁၀ရာခိုင်နှုန်းလောက်သာ မြင်နိုင်စွမ်းရှိတယ်ဟုသိရပါတယ်။ထို့ကြောင့် မော်ဒယ်အဖြစ်ဓာတ်ပုံရိုက်ကူးရာတွင် မျက်လုံးများကို ပိတ်ထားခြင်းဖြစ်ပါတယ်။သို့သော်လည်း သူမ၏ သဘာဝအလှကြောင့်ပင် ကမ္ဘာကျော်သည်အထိ ဖြစ်လာခဲ့ပါပြီ။

    Credit,myay

  • ရှမ်းပြည်က ရှမ်းထမင်းသုပ်ပြုလုပ်နည်း

    ရှမ်းထမင်းသုပ်ပြုလုပ်နည်း

    အားလုံးပဲမင်္ဂလာပါနော်။ ငရုတ်သီးစပ်စပ်လေးနဲ့ ရှမ်းထမင်းလေးသုပ်စားလိုက်ရင် အိမ်ကမိသားစုတွေလည်း ထမင်းစားမြိန်ကြမှာဖြစ်ပါတယ်။ ရှမ်းပြည်ကအစားအစာလွမ်းနေတဲ့ အဝေးက ရှမ်းတိုင်းရင်းသား/သူလေးတွေအတွက်လည်း ရှမ်းထမင်းသုပ်နည်းကို မျှဝေပေးလိုက်ပါတယ်နော်။

    ပါဝင်ပစ္စည်း

    ပြုလုပ်နည်း

    အရင်ဆုံး ထမင်းအိုး တည်ထားတုန်းမှာ ငါးကို အကြေးခွံခွာပြီး ဆားနနွင်းနယ်ပါ။

    ပြီးရင် အတုံးလိုက်လှီးပြီး  ချင်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်တို့နဲ့ ပြုတ်ပေးလိုက်ပါ။ နူးလာရင် အိုးပေါ်ကချပြီး အရိုးနွှင်ပေးလိုက်ပါ။

    ကိုင်းခရမ်းချဉ်သီးတွေကိုလဲ အပေါ်ယံ အခွံ နွမ်းလာအောင် ပြုတ်ပေးပြီး အခွံခွာထားပါ။ ထမင်းကျက်ရင် အိုးပေါ်ကချ၊ ရေငဲှ့ပြီး ဇလုံထဲ အငွေ့တထောင်းထောင်း ထနေတဲ့ ထမင်းတွေ ထည့်လိုက်ပါ။

    ထမင်းပူနေတုန်းလေးမှာ အရိုးနွှင်ပြီးသား ငါးအသားနဲ့ရောနယ်ပေးပါ။ ထမင်းစေ့ ပျောက်တဲ့အထိ စိတ်ရှည်ရှည် နယ်ပါ။

    ပြီးရင် အခွံခွာထားတဲ့ ကိုင်းခရမ်းချဉ်သီးတွေကို ရောထည့်ပြီး ငါးရယ်၊ ထမင်းရယ်၊ ခရမ်းချဉ်သီးရယ်၊ ပဲပုပ်ထောင်းရယ်၊ ဆားလေးနည်းနည်းနဲ့ နှမ်းဆီမွှေးမွှေးထည့်လိုက်ပြီး ထမင်းကို သေချာနယ်ပေးလိုက်ပါ။

    ထမင်းကို စေးကပ်လာအောင်နယ်ပေးပါ။ စေးကပ်လာရင်တော့ မိမိနှစ်သက်သလို ပုံသွင်းပြီး စားသုံးနိုင်ပါတယ်။ အပေါ်ကနေ နံနံပင်နဲ့ မြေပဲကြော်ဖြူးပေးလိုက်ပါ။

    (မြေပဲမပါလည်း ကိစ္စတော့မရှိပါဘူး)

    ကြက်ဥကို မကျက်တကျက်ကြော်လိုက်ပြီး အပေါ်ကအုပ်ပေးကာ စားသုံးပေးနိုင်ပါတယ်။

    ရေနွေးကြမ်းပူပူလေးနဲ့ဆို အတော်ပဲနော်။

    Credit-Original Uploader