Author: shangyi

  • အကျိုးပြုစေတဲ့ အစားအစာ

    အကျိုးပြုစေတဲ့ အစားအစာ

    အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုလူသားတွေ ပုံမှန်နေ့စဉ်စားသုံးနေကြ အစားအစာတွေမှာ အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။

    (၁) မုန်လာဥ

    မုန်လာဥမှာ ဆိုရင် ဗီတာမင်အေ အများဆုံးပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတွေအတွက် လိုအပ်တဲ့ ဗီတာမင်အေ ပမာဏကို ၂၁၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    (၂) ပန်းသီး

    ပန်းသီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေအပြင်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေပါဝင်ပါတယ်။ ပန်းသီးပုံမှန်စား သုံးပေးမယ်ဆိုရင် မှတ်ဥာဏ်အားနည်းတာ ဆီးချိုသွေးချိုရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    (၃) ငှက်ပျောသီး

    ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပြီး သွေးကင်ကာရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    (၄) ချောကလက်

    ချောကလက်မှာတော့ Antioxidants အဓိကပါဝင်ပါတယ်။ ကိုလက်စထရော ပမာဏကို ထိန်းပေးနိုင်ပြီး

    တွေးခေါ်မှုစွမ်းရည်တွေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ ကိုပါကာကွယ်နိုင်ပါတယ်။

    (၅) ပန်းဂေါ်ဖီ

    ပန်းဂေါ်ဖီ မှာဆိုရင် Antioxidants တွေပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်က အစာချေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။ မှတ်ဥာဏ်အားကောင်းစေပြီး စိတ်ဖိစီးမှု တွေကိုပါ လျော့ချနိုင်ပါတယ်။

    crd;copy

  • ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း

    ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း

    ==================
    ==================

    ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများတဲ့ လေးညှင်းဟာ မွှေးပျံ့စေဖို့ ကူညီပေးပါတယ်။ တရုတ် ဟင်းလျာတွေမှာ အသုံးများပါတယ်။ သူရဲ့ အနံ့စူးစူးဟာ တော်ရုံ အညှီနံ့ကို ပျောက်သြွးစေပါတယ်။ ပုံသဏ္ဍာန်ခပ်သေးသေးနဲ့ လေးညှင်းမှာ ဆေးဖက်ဝင် အာနိသင်နဲ့ အာဟာရတန်ဖိုးကတော့ ခပ်များများပါပဲ။ သူ့မှာ ပရိုတင်းဓာတ်၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက်ဒိုကလိုရစ် အက်စစ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အုပ်စုနဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါသေးတယ်။

    လေးညှင်းရဲ့ မူလဇာစ်မြစ်ကတော့ အင်ဒိုနီးရှားက Maluka ကျွန်းစုတွေပါပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ပါကစ္စတန် တို့မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါတယ်။ လေးညှင်း ကို အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတွေမှာ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး အသားတွေနဲ့ ရောပြီး ချက်ပြုတ်ကြပါတယ်။ အင်ဒိုနီးရှားမှာ Kretek ဆိုတဲ့ စီးကရက်ကတော့ လေးညှင်းနဲ့ လုပ်ထားတဲ့ စီးကရက်ပါ။ သွားတိုက်ဆေး အဖြစ်လည်း ထုတ်ပြီး အသုံးပြုကြပါသေးတယ်။

    လေးညှင်းမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

    ၁။ သွားနာခြင်းနဲ့ သွားကိုက်ခြင်းတို့ကို သက်သာစေပါတယ်။

    လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် နာကျင်ခြင်းနဲ့ အကိုက်အခဲတွေကို သက်သာစေပါတယ်။ သွားကိုက်တဲ့ အခါ လေးညှင်းဆီကို ဂွမ်းနဲ့ တို့ပြီး သွားကိုက်တဲ့ နေရာဖိထားပေးရင် သက်သာပါတယ်။ ခံတွင်း အနံ့ကို မွှေးစေတဲ့ အတွက် ပလုတ်ကျင်းဆေးရည်နဲ့ သွားတိုက်ဆေးတွေ အဖြစ် သုံးကြပါတယ်။ သွားဖုံး ကိုက်ခဲခြင်းနဲ့ နာကျင်ခြင်းတို့ကိုပါ သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

    ၂။ အစာချေစနစ်ကို ကောင်းမွန်စေနိုင်

    လေးညှင်းဟာ အစာချေစနစ်ကို ထောက်ပံ့မှုတွေ ပေးပါတယ်။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ပျို့အန်ချင်တာတွေကို သက်သာစေပါတယ်။ ၀မ်းပျက်ဝမ်းလျှောခြင်းနဲ့ ဗိုက်ကယ်ပြီး အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

    ၃။ ကင်ဆာကို တားဆီးပေး

    အထူးသဖြင့် အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ အဆုတ်ကင်နဲ့ အရေပြားကင်ဆာတို့ကို မဖြစ်စေဖို့ တားဆီးပေးပါတယ်။

    ၄။ ကိုယ်ခံစွမ်းအားကို တိုးစေနိုင်

    သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအား စနစ်ကို ထောက်ပံ့ပေးပါတယ်။

    ၅။ ရောင်ရမ်းမှုကို သက်သာစေနိုင်

    လေးညှင်းဆီကို ကြွက်သားတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရောင်ရမ်းတာ နာကျင်တာတွေ သက်သာစေနိုင်ပါတယ်။

    Credit: mindbodygreen

    ===========

    MyHealth Myanmar

  • ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ

    ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ

    ==================
    ==================

    သင်ဟာ အငန် အလွန်အကျွံစားမိနေပြီလား? တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း အစားအစာတွေဟာ လိုတာထက်ပိုပြီး စားသုံးမိနေပြီဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါလိမ့်မယ်။ စားနေတုန်းမှာတော့ မသိသာပေမယ့် သူများဟင်းတွေ စားလို့ မရတော့ဘူး။ ဘာစားစား အငန်လေး ထပ်ထည့်လိုက်ရမှ အဆင်ပြေသလို ဖြစ်နေပြီ ဆိုရင်တော့ အငန်ကို အလွန်အကျွံ စားမိနေပါပြီ။

    ဆားဟာ အစားအစာတွေကို အရသာရှိစေဖို့ ဖြစ်ပြီး အစာချေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံ ဖြစ်လာပြီဆိုရင်တော့ တားဆီးရပါတော့မယ်။ နေ့စဉ် လူတစ်ယောက်ဟာ လိုအပ်တဲ့ ဆိုဒီယမ် ပမာဏ ရှိပါတယ်။ 3kg လောက် စားပေးရင် လုံလောက်ပါပြီ။ ဒါထက်ပိုပြီး ဆိုဒီယမ်တွေ ရနေရင်တော့ ဆိုးကျိုးတွေ ရှိလာပါပြီ။ အငန်ကိုေ လျှာ့စားမယ်ဆိုရင်တော့ မမှားပါဘူး။

    ဆိုးကျိုးတွေထဲမှာ အဓိက မကောင်းတဲ့ အချက်တွေကို မျှဝေချင်ပါတယ်။

    ၁။ သွေးဖိအား မြင့်တက်

    ဆားကို လိုတာထက် ပိုစားတဲ့ အခါ သွေးဖိအား မြင့်တက်စေနိုင်တဲ့ အချက်က အဆိုးဆုံးပါ။ သွေးရုတ်တရက် တိုးတာတို့ ခေါင်းကိုက်တာတို့ ဖြစ်စေပြီး နှလုံး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ လက္ခဏာ ပိုများပါတယ်။

    ၂။ နှလုံး ကျန်းမာရေး

    အငန် ပိုစားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ နှလုံး ကျန်းမာရေးပါ ရနိုင်ပါတယ်။ သွေးတိုးနဲ့နှလုံးရောဂါဟာ စပ်ဆက်နေတဲ့ သဘောဖြစ်တဲ့ အတွက် နှလုံး ကျန်းမာရေး ကောင်းမွန်စေခြင်းတယ်ဆိုရင်တော့ ဆားကို လိုတာထက် ပိုပြီး မစားမိဖို့ သတိထားသင့်ပါတယ်။

    ၃။ ရေငတ်ခြင်း

    တစ်ခါတလေ ရေအရမ်းငတ်တယ်လို့ ခံစားရဖူးပါလား? အလိုလို နေရင်း ရေတအားငတ်သလို ခံစားရပြီဆိုရင်တော့ ဆားတွေ အလွန်အကျွံ စားမိထားလို့ပါပဲ။ အငန်ဓာတ်အများကြီး ပါဝင်တဲ့ အစားအစာတွေ ကို စားမိတဲ့ အခါမျိုးမှာလည်း ရေတအား ငတ်တတ်ပါတယ်။ ဒါကြောင့် ဆားအလွန်အကျွံစားမိတယ်လို့ ခံစားနေရရင်တော့ ရိုးရိုးရေ (ရေခဲရေ မဟုတ်)များများ သောက်ပေးပါ။

    ၄။ ဖောရောင်ခြင်းကို ဖြစ်စေနိုင်

    ဆား အလွန်အကျွံစားခြင်းဟာ ကြာရှည်မှာ အန္တာရာယ် ရှိလာနိုင်တဲ့ အချက်တစ်ခုကတော့ ဖောရောင်လာခြင်းပါပဲ။ ကိုယ်ထဲမှာ အရည်ပိုတွေ များပြီး အရေပြားထဲ စိမ့်ဝင်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။ ခြေထောက်၊ လက်နဲ့ ဒူးတွေမှာ ဖောရောင်ပြီး နာကျင်တာတွေ ရှိလာတတ်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင်တော့ ဆား စားခြင်းကို လျှော့ပြီး ရေများများ သောက်ပေးပါ။

    Credit: Zeenews

    ===========

    MyHealth Myanmar

  • အူမကြီး ကင်ဆာဆဲလ်တွေကို ပျောက်ကင်းနိုင်တဲ့ စပျစ်သီး

    အူမကြီး ကင်ဆာဆဲလ်တွေကို ပျောက်ကင်းနိုင်တဲ့ စပျစ်သီး

    ==================
    ==================

    အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါဆိုင်ရာ သုတေသနပြုလုပ်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ Penn State Hershey Cancer Institute က သုတေသနပညာရှင်တွေက အူမကြီ ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေနိုင်တဲ့ လမ်းစကို တွေ့ရှိခဲ့ပါတယ်။

    အူမကြီး ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေနိုင်တဲ့ ကွန်ပေါင်းဖြစ်တဲ့ Resveratrol ကိုတွေ့ရှိခဲ့ပြီး စပျစ်သီးကနေ တွေ့ရှိခဲ့တာပါ။

    အဲ့ဒီ Resveratrol ကွန်ပေါင်းက အူမကြီး ကင်ဆာကို ကုသရာထက် ကာကွယ်ရာမှာ ပိုပြီး အစွမ်းထက်ပါတယ်။

    Penn State Hershey Cancer Institute ရဲ့ အစားအသောက် သိပ္ပံဆိုင်ရာ တွဲဖက် ပါမောက္ခ Jairam K.P. Vanamala က “Resveratrol” ကွန်ပေါင်းနဲ့ စပျစ်သီးစေ့တွေက အူမကြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်ဖို့ အရမ်းအစွမ်းထက်ပါတယ်။ ဒီဓာတ်တွေကလည်း အသက်ရှင်နေတဲ့ ဆဲလ်တွေကို အဆိပ်အတောက်မဖြစ်စေဘူး” လို့ ဆိုပါတယ်။

    အမေရိကန်ပြည်ထောင်စုမှ အူမကြီးကင်ဆာဟာ တတိယ မြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။

    ဒါကြောင့် စပျစ်သီးမှာပါတဲ့ Resveratrol ကွန်ပေါင်းကို ဆေးဝါးတွေမှာ ထည့်သွင်းပြီး အူမကြီး ကင်ဆာ ကို ကာကွယ်ဖို့ စဉ်းစားနေကြပါတယ်။

    အဲ့ဒီအပြင် Resveratrol ကွန်ပေါင်း နဲ့ စပျစ်သီးအစေ့တွေဟာ ကင်ဆာ ဆဲလ်တွေ ဖွံ့ဖြိုးမှုကနေ ထိန်းချုပ်လျှော့ချနိုင်စွမ်းရှိပါတယ်။.

    ဒါကြောင့် စပျစ်သီးကို ပုံမှန် စားပေးခြင်းအားဖြင့် အူမကြီး ကင်ဆာရောဂါကို ကာကွယ် လျှော့ချနိုင်ပါတယ်။

    အခုအချိန်မှာတော့ ကင်ဆာရောဂါကို ပျောက်ကင်း၊ ကာကွယ်နိုင်တဲ့ နည်းလမ်းဆိုပြီး ရာနှုန်းပြည့် မပြောနိုင်ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဖြစ်ပွားနိုင်ချေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီး တွေ့ရှိထားပါတယ်။

    အသားကို နည်းနည်းစားပြီး ဓာတု ဆေးဝါး ကင်းတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားပေးရင် ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

    ===========

    MyHealth Myanmar

  • ရေခဲရေ သောက်ခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီး

    ရေခဲရေ သောက်ခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီး

    ==================
    ==================

    ရေခဲရေဟာ ဒီလို နွေရာသီ အပူကနေ လန်းဆန်းစေပြီး ရေသောက်ခြင်းဟာ ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် ရေခဲရေ အများပြား သောက်သုံးခြင်းဟာ သင်အတွက်တော့ မကောင်းပါဘူး။ ရာသီဥတု ဘယ်လောက်ပူပူ ရေခဲသောက်ခြင်းဟာ ကောင်းတဲ့ အကြံဥာဏ်တော့ မဟုတ်ပါဘူး။ ရေနွေးဟာ သင်ရဲ့ချွေးပေါက်တွေကို ဖွင့်ပေးစေပြီး အသားအရည်ကို ချောမွေ့ပြီး လန်းဆန်းသွားစေတယ်လို့ ခံစား ရမှာပါ။ ရေခဲရေဟာတော့ ချွေးပေါက်တွေကို ပိတ်စေပြီး အသားအရည်ကို တင်းကျပ်စေပါတယ်။ ဒါဘာဖြစ်စေတာလဲ ? ရေခဲရေ သောက်ခြင်းဟာ အစာကြေစနစ်ကို တိုက်ခိုက်စေလို့ပါ။

    အစာ စားချိန်တွေမှာ ရေခဲရေ မသောက်ဖို့ တားမြစ်တဲ့ ဆောင်းပါးတွေကို ဖတ်ဖူးကြမှာပါ။ ဒါပေမယ့်လည်း လူတွေက ဆက်ပြီး ပြုမူနေတုန်းပါပဲ။ အစာ စားချိန်မှာ ရေခဲရေ သောက်ခြင်းဟာ အစာကြေစနစ်ကို အနှောင့်အယှက်ပေးပြီး မကောင်းတဲ့ အဆီတွေကို ကောင်းကောင်းမချေနိုင်တော့ဘဲ တဖြည်းဖြည်း စုပြုံလာတတ်ပါတယ်။ အဲ့မှာပဲ အဆီတွေက ကိုယ်ကို ဒုက္ခပေးတော့ပါပဲ။ အစားအသောက်လျှော့ပြီး ၀ိတ်ချနေပေမယ့် အလေးချိန်မကျတဲ့ အကြောင်းအရာထဲမှာ ရေခဲလည်း ပါဝင်ပါလိမ့်မယ်။

    ရေခဲရေဟာ လူရဲ့ သရက်ရွက်ကို မကောင်းတဲ့ အကျိုးတွေ သက်ရောက်စေပါတယ်။ သရက်ရွက်ဟာ ကိုယ်တွင်း အပူချိန်အတိုင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာတဲ့ သရက်ရွက်ဟာ ခန္ဓ္ဓာကိုယ်အတွက် အဆိုးတွေ မဖြစ်စေဖို့တိုက်ခိုက်ပေးပါတယ်။ ဒါ့အပြင် ရေခဲရေဟာ ဖျားနာခြင်းကို ခုခံပေးတဲ့ စနစ်ကို ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေခဲရေ ရုတ်တရက် သောက်လိုက်ရင် ဖျားနာတာမျိုး ဖြစ်ဖူးကြမှာပါ။ အထူးသဖြင့် ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ ရေခဲရေဟာ လုံးဝ အဆိပ်ပါပဲ။ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်စေပြီး အသက်ဆုံးရှုံးမှုအထိတောင် ဖြစ်စေနိုင်ပါတယ်။

    ရေခဲရေဟာ တခြား ကျန်းမာရေး ပြဿနာတွေကိုလည်း နှောင့်ယှက်ပေးပါသေးတယ်။ အထူးသဖြင့် ကလေးတွေကို ရေခဲရေ မတိုက်သင့်ပါဘူး။ ဒါဟာ ရင်ကြပ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ရေခဲရေ တစ်ခွက်သောက်ပြီး ခေါင်းကိုက်စေခြင်းဟာ လူ၁၀၀ မှာ 7.6% ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေခဲရေဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာနဲ့ ဆက်စပ်မှု ရှိပါတယ်။

    ရေခဲရေကို ရာသီဥတု အပူမှာ သောက်သုံးရင် လည်ချောင်းနာတာ ကိုယ်လက်မအီမသာ ဖြစ်တာတွေကို ခံစားစေတတ်ပါတယ်။ ဒါကြောင့် ခဏတာ လန်းဆန်းမှုအတွက်နဲ့ ကျန်းမာရေးကိုတော့ မလဲကြဖို့ သတိပေးပါရစေ။

    Credit: Dailyhealth

    ===========

    MyHealth Myanmar

  • ရှောက်သီးနဲ့ ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်

    • ရှောက်သီးနဲ့ ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်

    ဆောင်းရာသီဝင်လာတာမို့ လူတွေ အအေးမိ၊ချောင်းဆိုးတွေ အဖြစ်များနေပြီဖြစ်ပါတယ်။ အအေးမိချောင်းဆိုး တဲ့အခါ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးတံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေးဝယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ ညွှန်းလိုက်ပါတယ်။

    ချောင်းဆိုးပျောက်ဆေးတွေဟာအလကား၊ပိုက်ဆံဖြုန်းမှုသက်သက်ဖြစ်ပြီး၊ ချောင်းဆိုးပျောက်ဆေးတွေရဲ့ နောက်ကွယ်မှာ ဆေးပညာဆိုင်ရာအထောက်အထားပြစရာကောင်းကောင်းမရှိဘူးလို့ အထွေထွေရောဂါကု ဆရာဝန်များတော်ဝင်ကောလိပ်ရဲ့ ဒုတိယပါမောက္ခ Dr Tim Ballard က အကြံပြုပြောကြားလိုက်ပါတယ်။

    အလားတူစွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာအကြံပေးချက်တွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်မှာလည်း
    “ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ချောင်းဆိုးတာကို အမြန်တိုက်ဖျက်နိုင်တဲ့နည်းလမ်းဆိုတာမရှိသေးပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ပြီးချိန်မှာမှ ချောင်းဆိုးပျောက်သွားမှာ ဖြစ်ပါတယ်။ ချောင်းကြာရှည်ဆိုးရတဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုခုရှိမယ်ဆိုရင်လည်း၊ သီးခြားကုသမှု ခံယူဖို့ လိုပါတယ်”

    “ ကာလတိုချောင်းဆိုးတာကို ကုသဖို့ အလွယ်ကူဆုံးနည်းနဲ့ ကုန်ကျစရိတ်အနည်းဆုံးနည်းကတော့ ပျားရည်နဲ့ ရှောက်သီး အိမ်တွင်းဆေးနည်းပဲဖြစ်ပါတယ်။ ပျားရည်ဟာ ပါးစပ်ထဲက ချွဲ၊သလိပ်တွေကို ထွက်စေတဲ့အမြှေးကို အလွှာပါးတစ်ထပ်အုပ်ပေးကာ ယားယံမှုကိုသက်သာစေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီအမြှေးပါးယားယံမှုကြောင့် ကျွန်တော်တို့ တွေချောင်းဆိုးရတာပါ”

    ပျားရည်နဲ့ ရှောက်သီးဆေးနည်းကတော့ ပျားရည်နဲ့ ရှောက်သီး၊သံပရိုသီးအရည်ကို မတ်ခွက်၊ဒါမှမဟုတ် လက်ဖက်ရည်ခွက်ထဲ ထည့်ပါ။ ရေနွေးနည်းနည်းထည့်ပြီးမွှေကာ သောက်ပေးရတာဖြစ်ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့အရသာအတိုင်း ရေနွေး၊ရှောက်ရည်နဲ့ ပျားရည်တို့ ကို လိုတိုးပိုလျှော့ထည့်နိုင်ပါတယ်။

    ( Ye Wint )
    ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏

    ကျန်းမာရေးဗဟုသုတများရယူဖို့

    ကျန်းမာရေးအတွက်ဆေးတစ်ခွက်

  • ကောင်းကျိုးပြုတဲ့ အဆီဓာတ်

    ကောင်းကျိုးပြုတဲ့ အဆီဓာတ်

    လူ့ခန္ဓာကိုယ်ရှိ ကလာပ်စည်းဆဲတိုင်းမှာ အဆီပါဝင်တယ်။ အဆီဟာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါတွေကို အထိုင်ချအောင်ဆောင်ရွက်ပေးတယ်။ ကလေးငယ်တွေအတွက် ဖွံ့ဖြိုးကြီးထွားစေဖို့ လူကြီးထက်ပိုလိုအပ်တယ်။ အဆီဟာ အနွေးဓာတ်နဲ့စွမ်းအင်ပေးတယ်။

    အဆီဓာတ်ချို့တဲ့ရင် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ချို့တဲ့နိုင်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေက ဗီတာမင် အေ၊ ဒီ၊အီး၊ ကေ တို့ဖြစ်တယ်။ လူတို့ဦး နှောက်ဆဲကလာပ်စည်းတွေဖွံ့ဖြိုးဖို့အတွက် အဆီ ဓာတ် လို တယ်။ အဆီဓာတ်ဟာ အန္တရာယ်ဖြစ်စေတဲ့အစားအသောက်တစ်ခုအဖြစ် အမြဲမရှုမြင်သင့်ပါဘူး။ ခန္ဓာ ကိုယ် တွင်းရှိ အဆီဓာတ်ဟာ အများမှတ်သားထားသလို ဆိုးဝါးတဲ့ဓာတ်သဘာဝတစ်ခုမဟုတ်ဘူး။ ဆိုးရွား တဲ့ အဆီ (LDL)က ကျန်းမာရေးဆိုးဝါးစေနိုင်တယ်။ ခန္ဓာကိုယ် ကျန်းမာစွာနေထိုင်လှုပ်ရှားနိုင်ဖို့ အဆီဓာတ် (HDL) လိုအပ်ပါတယ်။အဆီကို လူတို့ရဲ့အသည်းက ထုတ်လုပ်ပေးပြီး သွေးအတွင်းလှည့် ပတ်စေ တယ်။ ကို လက် စ ထရော ကို ဒုတိယအနေနဲ့ လူတို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ကလည်းရရှိနိုင်ပါတယ်။ အမဲသားနဲ့ကြက်သားက ပိုရရှိနိုင်ပါတယ်။

    လူတို့စားသုံးနေတဲ့အဆီအမျိုးအစားဖြစ်တဲ့ပြည့်ဝဆီမှာ အခန်းအပူချိန်ထဲ ခဲနေတဲ့ပုံသဏ္ဌာန်ရှိအဆီများဖြစ်တဲ့ နို့၊ ထောပတ်၊ ဒိန်ခဲ၊ မာဂျရင်းအသားကရတဲ့အဆီများ၊ အသွင်ပြောင်းဆီ၊ အကြော်ခံဆီတွေပါဝင်ပါတယ်။ မပြည့်ဝဆီ(Unsaturated Fat) မှာတော့တစ်မျိုးတည်း ((Munounsaturated Fat) မျိုးစုံ Polyunsaturated Fat)အိုမီဂါ (၃)၊ အိုမီဂါ(၆) ခွဲထားနိုင် ပါတယ်။

    (က) တစ်မျိုးတည်း Munounsaturated Fat) မှာပါဝင်တဲ့အစားအစာမှာသံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ အရွက်ဆီ၊ ပဲပုပ်ဆီတို့ဖြစ်တယ်။(ခ) မျိုးစုံ Polyunsaturated Fat) မှာ နေကြာဆီ ပါဝင်တယ်။(ဂ) အိုမီဂါ(၃)၊ အိုမီဂါ (၆) ပါတဲ့ အစားအသောက်တွေက အဆီထူငါး၊ လျှော်စေ့၊ ပဲပုပ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြား သီးတို့ ပါဝင်တယ်။

    ပြည့်ဝ ဆီတွေကြောင့် ကျန်းမာရေး ဆိုးကျိုးတွေက နှလုံးသွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့လိင်ဟော်မုန်းလျော့နည်းခြင်းတို့ဖြစ်တယ်။ အကြော် ခံဆီကြောင့် နှလုံးသွေးကြောရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရော ဂါတို့ဖြစ်နိုင်တယ်။

    အိုမီဂါ (၃)၊ အိုမီဂါ(၆)မှာ ပါဝင်တဲ့အစာတွေက အဆီထူတဲ့ပင်လယ်ငါး၊ လျှော်စေ့၊ပဲပုပ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားသီးမှ လိုအပ်တဲ့ပမာဏရရှိနိုင်ပါတယ်။ အိုမီဂါ(၃)ချို့တဲ့ပါက နှလုံးသွေးကြောရောဂါ၊ သွေး ယိုစီးခြင်း၊ သွေးမတိတ်ခြင်း စတဲ့ရောဂါတွေရနိုင်ပါတယ်။ထောပတ်မှာ ပြည့်ဝဆီလွန်ကဲစွာပါဝင်ပြီး အဆီထုတ် ထားတဲ့ ထောပတ်က ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ထောပတ်ဟာ အစားအသောက် မှာပါဝင်ရင် အနံ့မွှေးပြီး အရသာကို ထူးထူးကဲကဲပြောင်းလဲစေလို့ အများက နှစ် သက်ကြတယ်။ ထောပတ်ကြောင့် ဆယ်စုနှစ်များစွာ နှလုံးသွေးကြောရောဂါနဲ့ အဝလွန်ခြင်းတို့ဖြစ်နိုင်ပေမယ့်သင့်တင့်စွာစားရင် ကျန်း မာရေးကောင်းပါတယ်။

    ထောပတ်ရဲ့ကျန်းမာရေးကောင်းကျိုးမှာ အဆီမှာပျော်ဝင်တဲ့ဗီတာမင်၊ ဗီတာမင် အေ၊အီး၊ဒီ၊ ကေတို့ပါဝင်တယ်။ ကျန်းမာရေးအတွက် မျှတစွာစားသုံးရင် ဗီတာ မင်အေနဲ့ အီးကို အခြားအစား အသောက် ကလည်း ရရှိနိုင်ပေမယ့် ဗီတာမင်ကေ (Vitamin K2)ကို ရယူနိုင်ဖို့မလွယ်ကူပါ။ ဗီတာမင်ကေရဲ့ ခန္ဓာကိုယ် အတွက် အရေးပါမှုမှာ ကယ်လ်ဆီယမ်အသွင်ပြောင်းခြင်းမှာဖြစ်ပြီး အစားအသောက်ထဲမှာ ဗီတာမင်ကေနည်းရင် နှလုံးသွေးကြောရောဂါ၊ ကင်ဆာနဲ့ အရိုးပွရော ဂါဖြစ်နိုင် တယ်။ သဘာဝနွားမွေးမြူရေး(နို့)ကရတဲ့ထောပတ်ကို သင့်ရုံစားသင့်ပါတယ်။

    ထောပတ်မှာကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ပြည့်ဝဆီတွေပါဝင်တယ်။ လက်ရှိလေ့လာစမ်းသပ်မှုအရ ထောပတ်နဲ့နှလုံးသွေးကြောရောဂါ ဆက်စပ်မှုမရှိလို့ထုတ်ပြန်ထားတယ်။ ပြည့်ဝဆီ၊ မပြည့်ဝဆီတို့က သွေး အတွင်း (HDL-High Density Lipid) ကောင်းတဲ့အဆီတက်စေသလို ဆိုးတဲ့အဆီ LDL-Low Density Lipid)? (SDL-SmallDense Lipid) အနေအထားမှ (LDL) ပမာဏများများပြောင်းပေးနိုင်လို့ ဆိုးရွားတဲ့ အခြေ အနေမျိုး အဝလွန်ခြင်း၊ နှလုံးသွေးကြော ပိတ်ရော ဂါဖြစ် စေတယ်။ထောပတ်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ကိုလက်စထရောတွေ ပါဝင်တယ်။ထောပတ်ဟာ မာဂျရင်းထက် ရုတ်တရက် နှလုံး ရပ်ခြင်း အခြေ အနေကို လျော့ နည်းစေတယ်။ နှလုံးဆိုင်ရာလေ့လာမှုမှာမာဂျရင်းက နှလုံးသွေးကြောရောဂါကိုဖြစ်စေနိုင်ပြီး ထောပတ်နဲ့နှလုံးသွေးကြောရောဂါ ပတ်သက်ခြင်းမရှိလို့ တွေ့ရှိ ထားချက်များ ရှိနေ ပါပြီ။ထော ပတ် ရဲ့ ဗီတာမင်ကေ ပါဝင်မှုများလို့ ယူဆကြတယ်။ ထောပတ်မှာ ဖက်တီးအက်စစ်၊ ဗျူတိုင်ရိတ်အချိုး (Butyrate Ratio3-4%) ပါဝင်လို့ ကောင်းကျိုးရရှိစေပါတယ်။

    ကာဗွန်လေးလုံးပါဝင်တဲ့ ဗျူတိုင်ရိတ်ဟာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိအပူစွမ်းအင်ကို ပိုမိုခြေဖျက်အသုံးပြုနိုင်တာလို့ဆိုပါတယ်။ ဗျူတိုင်ရိတ်တွေက အစားအစာမှာပါဝင်တဲ့ အမျှင်ဓာတ် ဓာတ်ပြု ထုတ်လုပ်ပေးတယ်။ အမျှင်ဓာတ်ကဝမ်းမှန်စေတယ်။ ယင်းက ဆဲကလာပ်စည်းရှိ မိုင်တိုခွန် ဒီရာ ရဲ့လုပ်ဆောင်မှုကောင်းမွန်စေခြင်းနဲ့ သွေးအတွင်းမှ ထရိုင်ဂလစ်ဆလိုက်နဲ့ အင်ဆူလင်များ လျော့ နည်းစေ တယ်။ ဗျူတိုင်ရိတ်ဟာရောင်ရမ်းမှု အခြေအနေကိုကာကွယ်ပေးနိုင်လို့ အစာခြေစနစ်အထောက်အကူပြုတယ်။ထောပတ်မှာ လင်နိုလစ်အက်စစ်ပါဝင်တယ်။ ယင်းက ခန္ဓာကိုယ်ရဲ့ဓာတ်ပြုလုပ်ငန်းမှာပါဝင်လို့ ကိုယ် အလေး ချိန်ကျဆေးအနေနဲ့တရားဝင်ရောင်းချတယ်။

    ထောပတ်ဟာ ကိုယ်အလေးချိန်မတက်စေနိုင်လို့ အဆိုပြုကြသလို နှလုံးသွေးကြောရောဂါနဲ့ အသွင်ပြောင်းရောဂါတွေဖြစ်တဲ့ဆီးချိုအမျိုးအစား(၂) ရောဂါဖြစ်ပွားနှုန်းလျော့ကျစေပါတယ်။ထောပတ်ကို သင့်ရုံစားသုံး သင့် ပါတယ်။ အလွန်အကျွံ အမြောက်အမြားမစားသုံးသင့်ပါဘူး။ သွေးအတွင်းတွေ့ရတဲ့အဆီဟာသာမန်ထက်များရင် သွေးလွှတ်ကြောနံရံမှာအဆီလွှာဖြစ်စေလို့ သွေးလှည့် ပတ်မှု နှေးစေပြီး အဆီလွှာပေါက်ကွဲပါက သွေး လွှတ်ကြောငယ်တွေ ပိတ်ဆို့စေလို့ အရေးပေါ်နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းဖြစ်စေနိုင်ပါတယ်။ ဆိုးတဲ့အဆီဟာ သွေး ကြောမာတောင့်စေခြင်းနဲ့ သွေးကြောပိတ် ဆို့စေနိုင် တယ်။သွေးကြော ကို ကျဉ်းစေနိုင်လို့ နှလုံး၊ ဦးနှောက်နဲ့ ခြေထောက်သွေးကြောပိတ်နိုင်ပါတယ်။ ကောင်းတဲ့ အဆီဟာ ပမာဏများရင်နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောရောဂါတို့ကို ကာကွယ်ပေးနိုင်တယ်။

    ထရိုင်ဂလစ်ဆလိုက်ဟာ သွေးမှာတွေ့ရတဲ့အဆီတစ်မျိုးဖြစ်တယ်။ စားလိုက်တဲ့အစားအသောက်ကပိုနေတဲ့စွမ်းအင် စုဆောင်းပေးထားတယ်။ ထရိုင်ဂလစ် ဆလိုက်က သွေးလွှတ်ကြောနံရံကို မာတောင့်စေခြင်းဖြစ်စေ တယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊အားကစားလှုပ်ရှားမှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနဲ့ ကစီဓာတ်လွန်ကဲစွာစားသုံးခြင်းကြောင့် သွေး အတွင်း ထရိုင်ဂ လစ်ဆ လိုက် များစေနိုင်ပါတယ်။

    အမေရိကန်နှလုံးအဖွဲ့ AHA) က အသက် ၂ဝ ကျော်သူတိုင်း သွေးအတွင်းအဆီပမာဏကိုလေးနှစ်မှခြောက်နှစ်တစ်ခါ စစ်ဆေးသင့်တယ်လို့ဆိုတယ်။ သွေးအတွင်း ကိုလက် စထရောကို မီလီဂရမ်ရာခိုင်နှုန်း mg % နဲ့ပြတတ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အဆီပမာဏကို ဥာဏ်နဲ့ယှဉ်ရွေးချယ်တတ်သင့်တယ်။ ဆရာဝန်က သွေးအတွင်းရှိကိုလက်စထရောစစ်ဆေးခြင်းမှ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို(၂)တို့ ခန့်မှန်းနိုင်တယ်။ ကောင်းကျိုးပြုတဲ့ အဆီဓာတ်အကြောင်း အလျဉ်း သင့်သလို တင်ပြပါဦးမယ်။ ။

    ဒေါင်တာ လွင်သန်း

  • သက်သတ်လွတ်သမားများ အားထားစရာ ပဲပုပ်ဟင်းလျာ

    သက်သတ်လွတ်သမားများ အားထားစရာ ပဲပုပ်ဟင်းလျာ

    မြန်မာပြည်တွင် ပဲပုပ်ကို မည်သည့် သက္ကရာဇ်တွင် စတင်စိုက်ပျိုးခဲ့သည်ကို သီးနှံသမိုင်းတွင် မတွေ့ ရသော်လည်း ဂန္ဓာလရာဇ်ပြည် ရှေးဟောင်း စာပေများတွင် ထိုတိုင်းပြည်၌ ပဲပုပ်ပင်အမြောက်အမြား စိုက်ပျိုး၍ အလွန်အဖိုးထိုက်တန်သော အစားအစာ တစ်ခုအဖြစ် လူတို့ စားသုံးခဲ့ကြောင်း ရေးသားဖော်ပြထားတာကို လေ့လာ မှတ်သား ရပါတယ်။ ပဲပုပ်မှာ အရောင် အသွေးအမျိုးမျိုးရှိရာ အဝါရောင်၊ အညိုရောင်၊ အနက်ရောင်နှင့် အစိမ်းရောင် ရှိသော ပဲမျိုးမှာ လူသိအများဆုံး ဖြစ်ပြီး အထူးသဖြင့် အဝါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှု ပိုပါတယ်။ ပဲပုပ်ကို ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာ တစ်မျိုး ဖြစ်တာကြောင့် ”ရှမ်းရိုးရာအစားအစာ”ဟူ၍ လူသိ များခဲ့သော်လည်း ယနေ့ခေတ်မှာတော့ ရှမ်းတိုင်းရင်းသားများ သာမက တိုင်းရင်းသား လူမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာသော အစားအစာဖြစ်လို့ နေပါပြီ။ ပဲပုပ်အမျိုးမျိုးရှိတဲ့ အနက် ”ရွှေဝါ”ခေါ် ပဲပုပ်မျိုးဟာ ပိုမွှေး ပိုဆိမ့်သော အရသာ ထူးတာကြောင့် ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်မှာ တိုးချဲ့စိုက်ပျိုး ခဲ့ပါတယ်။ ပဲပုပ်ဆိုသည့် အတိုင်း သူ့အမည် နှင့်လိုက်အောင် (မကြိုက်တတ်သူများအတွက်) ပုပ်အဲ့အဲ့ အနံ့ ရှိသော်လည်း၊ ကြိုက်တတ်သူများ အတွက်မူ ထိုအနံ့ကပင် ပဲပုပ်၏ အရည်အသွေး တစ်ရပ်ဖြစ်ပါတယ်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်းထားသော ပဲပုပ်ချပ်အချို သို့မဟုတ် ပဲပုပ်ချပ်အစပ် အဖြစ်လည်းကောင်း၊ ခပ်ပျော့ပျော့ ပဲငပိ အဖြစ် တစ်ဖုံ ဝယ်ယူရရှိနိုင်ပါတယ်။ ပဲပုပ်နှင့် နိုင်ငံတကာပဲပုပ်၏ ဇာတိမှာ တရုတ်၊ မန်ချူးရီးယားနှင့် ဂျပန်တို့ ဖြစ်ကြပြီး ထိုနိုင်ငံများတွင် ရာဇဝင် မပေါ်ခင်ခေတ်ကပင် ပဲပုပ်ကို စိုက်ပျိုး စားသုံးခဲ့ကြပါတယ်။ ပဲပုပ်၏ အာဟာရဓာတ် ပေါကြွယ်ဝပုံကို တစ်စထက်တစ်စ သိရှိ လာကြရာ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာနှင့် နီပေါ စတဲ့နိုင်ငံ တွေမှာပါ စိုက်ပျိုးလျက် ရှိနေကြပါတယ်။ ရှေးယခင်ကမူ တရုတ်နှင့် မန်ချူးရီးယား တို့ဟာ ကမ္ဘာပေါ်မှာ ပဲပုပ်အများဆုံး ထွက်ရှိသော နိုင်ငံများဖြစ်ကြသော်လည်း၊ မျက်မှောက်ခေတ်မှာတော့ အမေရိကန်နိုင်ငံ က ထိုနှစ်နိုင်ငံများ ထက်ပင် ပိုမို၍သာလွန်စွာ ထွက်ရှိနေကြပါပြီ။ ဆန်းစစ်မှုမှတ်တမ်းများအရ ၁၉၅ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု မှ ပဲပုပ်တင်းပေါင်း သန်း ၃ဝဝဝ မျှ ထွက်ရှိ ခဲ့ရာ ထိုခေတ်ကာလ ပေါက်ဈေးနှုန်းအရ မြန်မာငွေ ကုဋေ ၃၅ဝ ခန့်ဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ်ကို နိုင်ငံတကာစားသုံးမှုနှင့် ပတ်သက်၍ ဗဟုသုတတစ်ရပ် အနေဖြင့် ဝေမျှရပါလျှင်- * တရုတ်ပြည်ကြီး၏ ယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိသော မွန်မြတ်သည့် သီးနှံငါးမျိုးတွင် ပဲပုပ်သည် တစ်မျိုး အပါအဝင်ဟု ဆိုထားပါတယ်။ * ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမနီတွင် ပဲပုပ်မှ အာဟာရဖြစ်စေတတ်သည့် ဓာတ်များကို သိပ္ပံနည်းဖြင့် ထုတ်ယူပြီး ဆေးလုံးကလေးများ ကဲ့သို့  ကယ်လိုရီ ၁၅ဝဝ ခန့်ပါရှိသော ရိက္ခာလုံးကလေးများ ပြုလုပ်ကာ”နာဇီရိက္ခာလုံးကလေး” ဟု အမည်ပေး၍ ဂျာမန်စစ်တပ်အတွက် ထုတ်ဝေပေးခဲ့ကြောင်း၊ စစ်သား တစ်ယောက်အဖို့ ၄င်းရိက္ခာလုံးကလေး နှစ်လုံး သို့မဟုတ် သုံးလုံးစားထားလျှင် တစ်နေ့တာလုံး အင်အားမဆုတ်ယုတ်ဘဲ နေနိုင်ကြောင်း သိရပါတယ်။ * ရုရှား-ဂျပန် စစ်ပွဲကြီးတွင်လည်း ဂျပန် စစ်သားများ စစ်မြေပြင်တွင် ခံနိုင်ရည် ရှိရေးအတွက် ဂျပန်အစိုးရက ပဲပုပ်ပင် ကို အများဆုံး အားထားခဲ့ရကြောင်း သိရပါတယ်။ * ပဲပုပ်ကို လူသားတို့အာဟာရသီးနှံအဖြစ်စားသုံးရုံမျှမက အမေရိကန်ပြည်တွင် ပဲပုပ်မှ ဆော့စ်၊ နို့၊ ဒိန်ခဲ၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူးများအပြင် တိရစ္ဆာန်အစား အစာများ သာမက၊ ပဲပုပ်ဆီဖြင့် စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ပလတ်စတစ်၊ ခဲတံ၊ အရောင်တင်ဆီ၊ အလှကုန်ပစ္စည်း အမျိုးမျိုး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊ ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွေးတု၊ သုတ်ဆေး၊ သကြားလုံး စသည်ဖြင့် လူ့အသုံး အဆောင်ပစ္စည်း အမျိုးပေါင်း ၂ဝဝဝ တို့ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ တရုတ်၊ မန်ချူးရီးယားနှင့် ကိုရီးယားနိုင်ငံတို့တွင် ပဲပုပ်ပင်အမြစ်နှင့် အရိုးများကို ထင်း အဖြစ်လည်းကောင်း၊ အရွက်ကို အခြောက် လှန်း၍ ဆေးလိပ် လိပ်သောက်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကြံခင်း များတွင် ပဲပုပ်ဖြင့် မြေသြဇာကောင်း အောင် ပြုပြင် စိုက်ပျိုးကြပါတယ်။ ပဲပုပ်နှင့်ကျန်းမာရေး (၁) ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအားကို တိုးတက်စေသော သံဓာတ်တွေ အလုံအလောက်ပါရှိနေတာကြောင့် သက်သတ်လွတ် စားသူများအတွက် သံဓာတ် ဖြည့်စွက်စာ အဖြစ် အားကိုးထိုက်ပါတယ်။ (၂) ပဲပုပ်တွင်ပါရှိသော အသားဓာတ် (ခေါ်) ပရိုတင်းဓာတ်ဟာ အခြားသော သီးနှံပင်များထဲရှိ ပရိုတင်းဓာတ်မျိုးနှင့် မတူဘဲ သာလွန် ကောင်းမြတ်သော ပထမတန်းစား ပရိုတင်း ဓာတ်ဖြစ်ပါတယ်။ (၃) ပဲပုပ်တွင်ပါရှိသော ပရိုတင်းဓာတ်ဟာ အမဲသား၊ ကြက်ဥနှင့် နွားနို့တို့တွင် ပါရှိသော ပရိုတင်းဓာတ်နှင့် အမျိုးအစား တူညီရုံ မျှမက ပဲပုပ်မှာပရိုတင်း ဓာတ်ပါဝင်မှု ပိုများပါတယ်။ ထူးခြားချက်မှာ ပဲပုပ်တွင် ပါရှိသော ပရိုတင်း ပမာဏများဟာ အမဲသားထက် နှစ်ဆ၊ ကြက်ဥ ထက် သုံးဆ၊ နွားနို့ထက် ၁၁ ဆ ပိုမို ပါဝင်ပါတယ်။ (၄) ပဲပုပ်တွင် ကစီဓာတ်ပါဝင်မှု လွန်စွာနည်းတာကြောင့် အဝလွန်သူများ နှင့် ဆီးလွန် ရောဂါ ရှိသူတွေအတွက် ကောင်းကျိုးပြုပါတယ်။ (၅) ပဲပုပ်က ပိန်သောသူကို ဝဖြိုးစေခြင်း၊ အသားအရေကို အရွယ်တင် နုပျိုစိုပြည်စေခြင်း၊ ဝမ်းချုပ်ရောဂါကို ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့် အကြော များကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ် ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် အစာအိမ်တို့ကို ကျန်းမာစေခြင်း၊ ဗီတာမင်အေ ဓာတ်ကြွယ်ဝ၍ မျက်စိကို အားကောင်းစေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို အားပေးခြင်း စသည်ဖြင့် ကောင်းကျိုး ပြုပါတယ်။ (၆) ပဲပုပ်က အရိုးနှင့် သွားများကို ခိုင်မာ စေခြင်း၊ အရိုးကြီးထွားမှုကို အားပေးခြင်း၊ ကိုယ်ခန္ဓာ ထွားကျိုင်းစေခြင်း တို့ကြောင့် ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ အနေဖြင့် မဖြစ်မနေ ပဲပုပ်စားပေးသင့်ပါတယ်။ (၇) ပဲပုပ်ကို အပူပေး၍ ချက်ပြုတ် ထုတ်လုပ်သော ပဲနို့ဒိန်ခဲကို နွားနို့ဒိန်ခဲနှင့်နှိုင်းယှဉ် ကြည့်ပါက ပဲနို့ဒိန်ခဲက အနံ့အရသာမှာ သာလွန် ကောင်းမွန်ပါတယ်။ ပဲနို့ဒိန်ခဲ ကလည်း နွားနို့ဒိန်ခဲနည်းတူ လူသား တို့၏ အစာအိမ်နှင့် အူလမ်းကြောင်းကို အကျိုးပြုပေးသော ပိုးမွှားကလေးတွေပါ ရှိနေပြီး ထူးခြားချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ၄င်း အကျိုးပြု ပိုးမွှားကလေးတွေ အရွယ်အစား ပိုကြီးကာ ပို၍လည်းအစွမ်း ထက်မြက်ကြောင်း လေ့လာသိရှိပါတယ်။ သက်သတ်လွတ်သမားများ အားထားစရာ ပဲပုပ်ဟင်းလျာများ ပဲပုပ်စေ့ကို သရေစာအဖြစ် အစိမ်းလိုက် ကြော်၍ စားနိုင်သလို၊ ပြုတ်၍လည်း သုပ်စား၊ချက်စား နိုင်ပါတယ်။ သက်သတ်လွတ် ဟင်းလျာ အဖြစ် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ် ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင် စသည်ဖြင့် မိမိ နှစ်သက်ရာ ပုံစံအမျိုးမျိုးတို့ဖြင့် ဖန်တီး စားသောက်လို့ ရပါတယ်။ ကချင်ပြည်နယ် မှာတော့ ပဲပုပ်ကို အမဲသားနဲ့ ရော၍ အစပ် ချက်စားလေ့ ရှိပါတယ်။ ဈေးထဲမှာ တရုတ် ပဲပုပ်နှင့် ပဲပုပ်ချဉ်များကိုလည်း ဝယ်ယူရရှိ နိုင်ပါတယ်။ ပဲပုပ်ကြိုက်တတ်သူများကတော့ ပဲပုပ် ခြောက် ၁ဝ ချပ်လောက်ကို မီးအေးအေးတွင် ဝင်းဝါ လာအောင် ကင်၍ အအေးခံကာ ညက်ညက်ထောင်းပြီးနောက် တာရှည်ခံအောင် ဖန်ပုလင်းဘူးထဲတွင် ထည့်ကာ လိုအပ် သလို အသုံးပြုနိုင်ပါတယ်။ မုန်ညင်းရွက် နှင့် ပဲပုပ်ဟာ လွန်စွာလိုက်ဖက်တာကြောင့် မုန်ညင်းဟင်းချိုထဲမှာ ပဲပုပ်မှုန့်ထည့်ခပ်၍ သောက်သုံးခြင်းဖြင့် အရသာထူးလှပါတယ်။ ဒါ့ပြင် ခရမ်းသီးမီးဖုတ်သုပ် သို့မဟုတ် ခရမ်းချဉ်သီး မီးဖုတ်သုပ်ထဲမှာလည်း ပဲပုပ်ထောင်းမှုန့်ကို ထည့်၍ သက်သတ်လွတ်သုပ်စားခြင်း ဖြင့် ထမင်းမြိန်စေပါတယ်။ (သက်သတ်လွတ် မဟုတ်သော ဟင်းလျာများအတွက်ကတော့ ပဲပုပ်သုံးလျှင် ငပိသုံးရန်မလိုပါ။ ဤအရသာ နှစ်မျိုး ပေါင်းစပ်မိပါက အရသာဓာတ် ပျက်ပြယ်သွားပါတယ်) အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပဲပုပ် သက်သတ်လွတ် ဟင်းလျာများစွာထဲမှ ပဲ၏ အာဟာရဓာတ် နှစ်မျိုးစလုံးကို ဟင်းလျာ တစ်မျိုးတည်းမှာ တစ်ပြိုင်တည်းရရှိနိုင်တဲ့ ”ပဲပုပ်မြေပဲကြော်” ပြုလုပ်နည်းကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။ ပဲပုပ်မြေပဲကြော် ပြုလုပ်ရန်အတွက်- ·
    * မညက်တညက်ထောင်းထားသော ပဲပုပ် ချပ် ငါးချပ်၊ · * မီးကင်ပြီး မှုန့်ညက်အောင်ထောင်း ထားသော ငရုတ်သီးခြောက် ငါးတောင့်၊ ·
    * အခွံချွတ်ပြီးသား မြေပဲဆန်(အစိမ်း) လက်ဖက်ရည်ကြမ်း တစ်ပန်းကန်၊ ·
    * ဆားတော်သင့်ရုံ၊ ·
    * ဆီ ငါးကျပ်သားခန့် စသည်တို့ လိုအပ်ပါတယ်။ · * ပထမဦးစွာ မြေပဲဆန်(အစိမ်း)ကို မကွဲတကွဲ ထောင်း၍ ဆီပူပူတွင် ကြွပ်သည် အထိ ကြော်ပါ။ ·
    * မြေပဲဆန်ကျက်သွားပါက မညက်တညက် ထောင်းထားသော ပဲပုပ်ကို ကြော်ပါ။ ·
    * ငရုတ်သီးခြောက်မှုန့်နှင့် ဆားတို့ကို ထည့်၍ ပဲပုပ်ကြွပ်လာသည်အထိ ကြော်ပါ။ ·
    * ပဲပုပ်ကြွပ်လာပါက မီးဖိုပေါ်မှ ချ၍ အအေးခံပြီး စားသုံးနိုင်ပါပြီ။

    မှတ်ချက်။ ချိုသော အရသာ ကြိုက်တတ်သူများအတွက် ဟင်းချိုမှုန့် သို့မဟုတ် သက်သတ် လွတ် dashi ဟင်းခတ်မှုန့် အနည်းငယ်ကို ထည့်၍ အသုံးပြုနိုင်ပါတယ်။ ။

    ပေါက်ပေါက်

  • ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

    ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

    ငါးတွင် အဆီပါဝင်မှု နည်းပါးပြီး အသားဓာတ်(Protein)ပါဝင်မှု မြင့်မားသည်။ ထို့ပြင်အိုမီဂါ ၃ ဖက်တီးအက်စစ် ရရှိနိုင်သည့် အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်သည်။ ငါးကိုပုံမှန် စားသုံးခြင်းဖြင့် ရောဂါအမျိုးမျိုး ဖြစ်ပွား မှုကို လျှော့ချပေးနိုင်သည်။ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာ တစ်မျိုးဖြစ်သည်။ဗီတာမင်၊ သတ္တုဓာတ်နှင့် အဆီဓာတ်ကြွယ်ဝသော အိုမီဂါ ၃ အက်စစ်တို့ပါဝင်သောကြောင့် ကင်ဆာ ရောဂါမှစ၍ နှလုံးရောဂါ၊ စိတ်ကျ ရောဂါနှင့် အဆစ်ရောင် ရောဂါကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်သည်။ဆော်လမွန်ငါး ကဲ့သို့သော အဆီများသည့် ငါးများသည် အဆီဓာတ်ကြွယ်ဝသည့် အိုမီဂါ ၃ အက်စစ်ပါဝင်မှု အမြင့်မား ဆုံးဖြစ်သည်။ ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် လူသားတို့အတွက် ကြောက်စရာ ကောင်းသော ရောဂါများမှ ကာကွယ်ပေးနိုင်သည်။ နှလုံးရောဂါ(Heart Disease) အစားအစာ စံချိန်စံနှုန်း ထိန်းသိမ်းရေး အဖွဲ့အစည်း (Food Standard Agency)က လတ်ဆတ်သောငါး၊ အေးခဲထားသော ငါးနှင့် စည်သွတ် ပင်လယ်စာများကို အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးရန် အကြံပြုထားသည်။ အင်္ဂလန်နိုင်ငံမှ နှလုံးအထူးကု အဖွဲ့ကြီး (British Heart Foundation)မှလည်း အဆီများသော ငါးကို စားသုံးခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးကြောင်း ပြောကြားထားသည်။ ငါးဆီသည် သွေးခဲခြင်းနှင့် နှလုံးရောဂါ ဖောက်ပြီးချိန် ဖြစ်လေ့ရှိသော နှလုံးခုန် မမှန်ခြင်းတို့ကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ငါးကိုအပတ်စဉ် စားသုံးခြင်းဖြင့် သွေးခဲခြင်းကို လျှော့ချပေးနိုင်ပြီး သွေးကြောဆန့်နိုင် ကျုံ့နိုင်မှု၊ သွေးဖိအား လျှော့ချပေးခြင်း၊ သွေးအတွင်း အဆီ လျော့နည်းစေခြင်း၊ ကိုယ်ခန္ဓာအတွက် ကောင်းစေသည့် ကိုလက်စထရောများ တိုးမြင့် စေခြင်းကို အားပေးသည်။ အယ်ဇိုင်းမားရောဂါ(Alzheimer’s) အဆီ ဓာတ်ကြွယ်ဝသော အက်စစ်(Polyunsaturated Fatty Acids)) ပါဝင်သော ငါးများ စားသုံးခြင်းဖြင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်သည်။ လျှော့ချပေးနိုင်သည်။ ပြင်သစ် နိုင်ငံတွင် လူပေါင်း ၂ဝဝဝ ကို စမ်းသပ်ချက်အရ အနည်းဆုံး တစ်ပတ်တစ်ခါ ပင်လယ်စာ စားသော သူများသည် ခုနစ်နှစ်ကြာသည့်အခါ ပင်လယ်စာ လုံးဝ မစားသော သူများထက် သွေးတိုးရောဂါ ဖြစ်ပွားမှု ထင်ရှားစွာ လျော့ကျကြောင်းတွေ့ရသည်။ ကင်ဆာရောဂါ(Cancer) ဆွီဒင်နိုင်ငံတွင် လူပေါင်း ၆ဝဝဝ ကိုနှစ် ၃ဝ လေ့လာချက်အရ ငါး လုံးဝမစားသူများသည် ငါး စားသုံးသူများထက် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းနှစ်ဆ၊ သုံးဆခန့်ပိုနေ ကြောင်းတွေ့ ရှိရ သည်။ ကဏန်းနှင့် ပုစွန်ကဲ့သို့သော အခွံမာများသည် ကင်ဆာရောဂါ ကာကွယ်ပေးသော (Selenium) ပါဝင်နေကြောင်းတွေ့ရသည်။ ငါးတွင် ပါဝင်သည့် အိုမီဂါ ၃ ဖက်တီးအက်စစ်သည် ကင်ဆာရောဂါ အများအပြားကို ရာခိုင်နှုန်း ၃ဝ မှ ၅ဝ ထိ လျှော့ချပေးနိုင်သည်။ အထူးသဖြင့် ခံတွင်း၊ ရင်သား၊သားဥအိမ်နှင့် မျိုးပွား အင်္ဂါများတွင် ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်သည်။ စိတ်ကျရောဂါ(Depression) ငါးစားခြင်းဖြင့် စိတ်ကျရောဂါကို သက်သာစေနိုင်ကြောင်းတွေ့ရသည်။ ထို့ပြင် ငါးတွင်ပါဝင် သည့် အိုမီဂါ ၃ အက်စစ်ဓာတ်သည် ဥာဏ်ရည်ထက်မြက် စေနိုင်သည်။ အဆစ်ရောင်ရောဂါ(Arthritis) ငါးများစွာ စားသုံးသောသူများသည် အဆစ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ နည်းကြောင်း တွေ့ရသည်။ လေ့လာမှုအရ အဆီများသော ငါးများသည် အဆစ်ရောင် ရောဂါ၏ လက္ခဏာ များကို သက်သာစေရန် အကူအညီပေးကြောင်း တွေ့ရသည်။ ပန်းနာရင်ကျပ်(Asthama) ငါးစားသုံးမှု နည်းပါးသော ကလေးငယ်များတွင် ပန်းနာရင်ကျပ် ရောဂါ ပိုမိုဖြစ်ပွား နိုင်ခြေ ရှိသည်။ ဦးနှောက်နှင့်မျက်စိ ငါးတွင်ပါဝင်သည့် အိုမီဂါ ၃ ဖက်တီးအက်စစ်သည် ဦးနှောက်တစ်သျှူးနှင့် မျက်ကြည်လွှာ ကျန်းမာရေးကို ထောက်ပံ့ပေးသည်။ ဆီးချိုရောဂါ(Diabetes) ငါးသည် ဆီးချို ရောဂါရှင်များအတွက် သွေးချိုနှုန်းကို ထိန်းညှိပေးနိုင်သည်။ အမြင်အာရုံ ငါးစားသုံးသည့် မိခင်နို့ကိုစို့သည့် ကလေးငယ်များသည် အမြင်အာရုံ ပိုမိုကောင်းမွန်စေသည်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မိခင်နို့မှတစ်ဆင့် ရရှိစေသောကြောင့် ဖြစ်သည်။ လမစေ့မွေးဖွားခြင်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ငါးစားသုံးပေးခြင်းဖြင့် လမစေ့ဘဲမွေး ဖွားခြင်းကို လျှော့ချပေး သည်။ ငါးကို အပတ်စဉ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပုံမှန် စားသုံးခြင်းဖြင့် ကလေးဘဝတွင် ဖြစ်ပွား တတ်သည့် ပန်းနာရင်ကျပ်ရောဂါမှ အမျိုးသားများတွင် ဖြစ်ပွားတတ်သည့် မျိုးပွားအင်္ဂါ ကင်ဆာတို့အထိ အသက်အရွယ် အလိုက် ရောဂါဖြစ်ပွားမှု လအမျိုးမျိုးကို လျှော့ချ ပေးနိုင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိထားကြသည်။သုံးနှစ်အရွယ်မှစ၍ ငါးများစွာစားသော ကလေးများသည် ၂၃ နှစ်ရောက်သည့်အခါ ငါးမစားသော ကလေး များထက် ရာဇဝတ်မှုမှတ်တမ်းလျော့နည်းကြောင်း တွေ့ရသည်။ စားသုံးသင့်သောငါးများမှာ Cod (ငါးကြီးဆီထုတ်သောငါး) ကဲ့သို့သော အဖြူရောင် ငါးများသည် ပရိုတင်းဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝသည်။ ငါးသေတ္တာ၊ ဆော်လမွန်ငါးနှင့် ငါးကွမ်းရှပ် တို့ကဲ့သို့ အဆီများသော ငါးများ သည် omega-3 fatty acid ကြွယ်ဝစွာ ပါဝင်သည်။ ကဏန်း၊ ပုစွန်နှင့် ယောက်သွားကဲ့သို့ အခွံမာငါးများသည် ကင်ဆာကာကွယ်သော ဆီလီနီယမ် ဓာတ်ပစ္စည်း ပါဝင်သည်။ ဆော်လမွန် ငါးစားသုံးခြင်းအားဖြင့် အရေပြား ပျက်စီးခြင်းနှင့် ပါးရေတွန့်ခြင်းမှ ကာကွယ်နိုင် ကြောင်း သိရသည်။ထို့ပြင် နေ့စဉ် ငါးကြီးဆီ တစ်လုံး သောက်ခြင်းဖြင့် နှလုံးရောဂါဝေဒနာရှင် ၁ဝဝဝဝ ၏ အသက်ကိုနှစ်စဉ် ကယ်တင်နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ အကျိုးကျေးဇူး များပြားလှပြီး ရောဂါအများအပြားကို ကာကွယ်ပေးနိုင်သဖြင့် ငါးကို အပတ်စဉ်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စားသုံးသင့်ပါကြောင်း လေ့လာအကြံပြုရေးသား လိုက်ရပါသည်။

  • နေ့တစ်နေ့ရဲ့ အားအင်တွေ ပြည့်ဝစေဖို့ သစ်ကြမ်းပိုးခေါက် ကော်ဖီ

    နေ့တစ်နေ့ရဲ့ အားအင်တွေ ပြည့်ဝစေဖို့ သစ်ကြမ်းပိုးခေါက် ကော်ဖီ

    ==================
    ==================

    အခုနောက်ပိုင်း လူတွေက ကော်ဖီသောက်သုံးတာတွေ ကျဆင်းလာပြီလို့ဆိုပေမယ့်လည်း အမေရိကန် ၆၀ ရာခိုင်နှုန်းက ကော်ဖီ သောက်သုံးနေပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးက တစ်နှစ်ကို ကော်ဖီခွက်ပေါင်း သန်း ၅၀၀ ကျော်သောက်နေတယ်လို့ ယူဆလို့ရပါတယ်။

    ကော်ဖီ နယ်ပယ်တစ်ခုလုံးက အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ တန်တဲ့ စီးပွားရေးကြီးကို လည်ပတ်နေတာဖြစ်ပါတယ်။

    ကော်ဖီကို မနက်မိုးလင်းလင်းခြင်းမှာ လန်းဆန်းနေအောင် သောက်သုံးကြသလို အားလပ်တဲ့အချိန် အပန်းဖြေဖို့၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရာမှာလည်း သောက်သုံးကြပါတယ်။

    ကော်ဖီက အစာအိမ်ကို ဒုက္ခပေးတတ်ပေမယ့် နေ့တစ်နေ့လုံးကို ပျားတွေလို အလုပ်လုပ်နိုင်ဖို့ကလည်း ကော်ဖီရဲ့ အကူအညီလိုအပ်ပါတယ်။

    ဒါကြောင့် ကော်ဖီရဲ့ ကောင်းကျိုးကိုလည်း ရရှိပြီး ကျန်းမာရေးလည်း မထိခိုက်စေဖို့အတွက် သစ်ကြမ်းပိုးခေါက် ကော်ဖီကို သောက်ကြည့်ရအောင်။

    ပါဝင်ပစ္စည်းများ

    ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း တစ်ဝက်

    သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်

    ဖလာစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

    Vanilla Bean လက်ဖက်ရည်ဇွန်း တစ်ဝက်

    ကြိတ်ထားတဲ့ စွံပလွန် ၁၀ လုံး

    အုန်းနို့ ၂ ခွက်

    ပြုလုပ်နည်း

    ကော်ဖီကို အထက်ပါ အသီးတွေနဲ့ ရောပြီး ကြိတ်ပါ။

    မနက်မိုးလင်းတာနဲ့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ကော်ဖီကို သောက်ပါ။

    ===========

    MyFood Myanmar