Author: shangyi

  • အသားမည်းသူတွေ အသုံးပြုလို့မရတဲ့ အလိုလျှောက် ဆပ်ပြာထုတ်စက်

    အင်တာနက် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အလိုလျှောက်ဆပ်ပြာထုတ်စက်ကိုတော့ တစ်ချို့တွေက လူမျိုးရေးခွဲခြားတဲ့၊ သို့မဟုတ် အသားရောင်ခွဲခြားရေးဝါဒီစက်လို့ အမည်ပေးထားကြပါတယ်။ အဆိုပါ စက်ဟာ ရေပိုက်ခေါင်းကဲ့သို့ အောက်မှ လက်ဖြင့် ခံလိုက်ရုံနဲ့ ဆပ်ပြာထွက်ကျလာမည့် ဆင်ဆာစနစ် တပ်ဆင်ပေးထားပါတယ်။

    ဒါပေမယ့် အသားမည်းသူ လက်ဖြန့်တဲ့အခါ ဆပ်ပြာ ထွက်ကျခြင်းမရှိဘဲ၊ အသားဖြူသူ လက်ဖြန့်တဲ့အခါမှာတော့ အလိုလျှောက် ဆပ်ပြာတွေ ထွက်ကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ အဆိုပါ စက်ဟာ အသာရည် မမည်းသူတွေအတွက်တော့ ကောင်းကောင်း အလုပ်လုပ်ပြီး၊ မည်းတဲ့သူတွေအတွက် ဘာတုန့်မြန်မှုမှ မရှိပါဘူး။

    အဆိုပါ စက်ကို Atlanta Marriott မှာ တပ်ဆင်ထားပြီး၊ အာဖရိကန်-အမေရိက ကပြား T.J. Fitzpatrick က သူရဲ့ လူဖြူသူငယ်ချင်း Larry နဲ့အတူ စမ်းသပ်ခဲ့တာပါ။ တစ်ချို့ကတော့ ဟာသသဘောသက်သက်သာ အဆိုပါဗွီဒီယိုကို သဘောပေါက်ကြပေမယ့်၊ လူမည်းတွေနဲ့ ဥရောပရောက် နီဂရိုးတွေကတော့ ဒီစက်ကို အလွန်စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။

    Fitzpatrick ရဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်မှာ ကြည့်ရှုသူ 3 သန်း ကျော်သွားခဲ့ပြီး၊ ဗွီဒီယိုထဲမှာ သူတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ဟက်ဟက်ပတ်ပတ် ရယ်သံကိုပင် ကြားရနိုင်ပါတယ်။ သူက ” ကျနော် ဘာကိုမှ မကျေနပ်စရာ မရှိပါဘူး .. ဒါပေမယ့် ဒီစက်ကတော့ တော်တော်လေး လွန်ပါတယ် … သူက ကျနော့်ကိုကျတော့ ဘာတုန့်ပြန်မှုမှ မပေးဘူးဗျ “လို့ ရေးခဲ့ပါတယ်။

    Fitzpatrick က အဆိုပါ သန့်စင်ခန်းထဲမှာ Soup Dispenser ဆယ်ခုကျော် တပ်ဆင်ထားပြီး၊ စက်အားလုံးကို စမ်းကြည့်ရာမှာလည်း ဒီသဘောပဲလို့ သူက ဆိုပါတယ်။ သူရဲ့ဗွီဒီယိုမှာ မိုက်မိုက်ရိုင်းရိုင်း ကွန်မန့်တွေ လာရောက်မန့်ခဲ့လို့ နောက်ဆုံးမှာ သူက ဗွီဒီကို ဖြုတ်ချခဲ့ရပါတယ်။

    Crd,copy

    video,crd

    <"wp-block-video">

  • မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပဖူးပွင့်စေသောနည်းများ

    ကြက်ဥခွံ

    နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

    ကြက်သွန်နီအခွံ

    ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

    ငှက်ပျောခွံ

    ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။

    (Potassium+Phosphorus+Nitrogen+Magbesium+Potash)

    နွားနို့

    နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

    ဆန်ဆေးရည်

    ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။

    သကြား

    သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

    ရှောက်သီး_သံပရိုသီးအခွံ

    ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

    ဆပ်ပြာရည်

    ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

    အက်စပရင်ဆေးပြား

    အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

    တမာဆီ

    တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

    ဘီယာ

    ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

    ကြက်သွန်ဖြူဥ

    ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

    သားစိမ်းငါးစိမ်းအရည်

    ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

    ပြာ

    ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

    VitaminB1ဆေး

    အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။

    အိုးပြောင်းထားသည့်အပင်များ၊
    ရွှေ့စိုက်ထားသောအပင်များတွင်
    Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။

    Credit… Original writer

  • ကမ္ဘာကျော်ဆယ်လီများရဲ့ တက်တူးမထိုးခင်ကပုံနှင့် တက်တူးထိုးပြီးသွားသောအခါ ကွာခြားသွားသော ဖက်ရှင်စတိုင်လ်

    တက်တူးထိုးခြင်းသည် မိမိခန္ဓာကိုယ်ပေါ်၌ အနုပညာတစ်ရပ်ကို ဖော်ကျူးခြင်းဖြစ်ပါတယ်။ အချို့ကလည်း အမှတ်တရ ဖြစ်သွားအောင် တက်တူးထိုးကြပြီး အချို့ကလည်း မှတ်တိုင်တစ်ခု စိုက်ထူဖို့ရန်အတွက် တက်တူးရေးထိုးလေ့ရှိကြပါတယ်။

    အချို့အနုပညာရှင်များဆိုလည်း အနုပညာလောကထဲ ဝင်ခါစတုန်းက တက်တူး မထိုးထားကြပါဘူး။ နောက်ပိုင်းကျမှ တက်တူးတွေ ထိုးရင်း ထိုးရင်းနဲ့ တစ်ကိုယ်လုံးမှာ တက်တူးတွေ ပြည့်နှက်လာကြပါတယ်။

    ဘယ်အနုပညာရှင်တွေက အနုပညာလောကထဲ ဝင်ခါစမှာ တက်တူးမထိုးထားဘဲနဲ့ နောက်ပိုင်းကျမှ တက်တူးထိုးလာသလဲ။ တက်တူးမထိုးခင်ကနဲ့ ထိုးပြီးသွားတဲ့အခါ ဘာတွေကွာခြားသွားသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

    Justin Bieber

    သူ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို ဖန်တီးဖို့အတွက် နာရီပေါင်းများစွာ ကုန်ဆုံးခဲ့ရတဲ့အတွက်ကြောင့် ဘယ်တက်တူးကိုမှ ပြန်ဖျက်သွားမှာမဟုတ်ဘူးလို့ Justin က ပြောပြထားပါတယ်။

    David Beckham

    ဘောလုံးလောကမှာ မသိသူမရှိတဲ့ David Beckham ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ တက်တူးပေါင်း အခု ၄၀ ရှိပါတယ်။

    John Mayer

    သူ့ရဲ့လက်မောင်းတစ်ခုလုံးမှာ တက်တူးတွေနဲ့ ပြည့်နှက်နေပြီး ရင်အုပ်ပေါ်မှာလည်း “77” ၊ ကျောကုန်းပေါ်တွင်  “Life” “Home” ဆိုတဲ့ စကားလုံးများ ရေးထိုးထားတယ်လို့ ပြောပြထားပါတယ်။

    Dwayne The Rock Johnson

    သူ့ပုခုံးပေါ်မှာတော့ သူ့လူမျိုးကို ဂုဏ်ယူဝင့်ကြွားသောအနေဖြင့် ရိုးရာတက်တူးတစ်ခုကို ခပ်ကြီးကြီးရေးထိုးထားတာ တွေ့မြင်ရပါလိမ့်မယ်။

    Harry Styles

    Harry သည်လည်း စစပိုင်းတုန်းကတော့ ရိုးရှင်းတဲ့ ကြယ်တက်တူးတစ်ခုပဲ ထိုးထားတာပါ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း များပြားလာတာဖြစ်ပါတယ်။

    Adam Levine

    Adam ဆီမှာလည်း လက်မောင်းနှစ်ဖက်အပြည့်၊ ကျောကုန်း၊ ရင်အုပ်နှင့် ဝမ်းဗိုက်အပြည့် တက်တူးရေးထိုးထားပါတယ်။

    Zayn Malik

    Zayn သည်လည်း သူ့ရဲ့လက်မောင်းနှစ်ဖက်နှင့် ရင်အုပ်ပေါ်တွင် တက်တူးအပြည့်ရေးထိုးထားတယ်လို့ ပြောကြားထားပါတယ်။

    Ed Sheeran

    သူ့ရဲ့တက်တူးတွေကတော့ ရောင်စုံတက်တူးတွေပဲဖြစ်ပါတယ်။

    Liam Payne

    Liam ကတော့ သူ့ရဲ့အဖွဲ့ဝင်ဟောင်းတွေနဲ့ ယှဉ်ရင် တက်တူးထိုးထားတာနည်းပါတယ်။ ဒါပေမဲ့လည်း စတိုင်လ်ကျနေဆဲပါပဲ။

    Louis Tomlinson

    Louis ကတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ညှပ်ရိုးမှအစ ခြေကျင်းဝတ်အထိ တက်တူးစုစုပေါင်း အခု ၃၀ ထိုးထားပါတယ်။

    Source: Insider.com

    Featured Image Source: Insider.com

  • ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်

    မြေအိုးထမင်း

    ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်။

    တကယ် မြေအိုးထမင်းဆိုတာက ကျေးလက်တောရွာမှာ နေသူတွေအတွက် မဆန်းကြယ်တဲ့ ချက်ပြုတ်နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ရှေးယခင်တည်းက မြေအိုးနဲ့ပဲ ထမင်းဟင်းတွေ ချက်ပြုတ်လာခဲ့ကြပါတယ်။ နောက်ပြီး မြေအိုးနဲ့ချက်ပြုတ်တဲ့ ထမင်းဟင်းက ပိုပြီးအရသာရှိတယ်လို့လဲ ဆိုကြပါတယ်။ အထူးသဖြင့် မီးခိုးနံ့သင်းသင်းလေးနဲ့ ထမင်းဟင်းဟာ စားသောက်တဲ့လူကို နှုတ်မြိန်စေပါတယ်တဲ့။

    တရုတ်မှာတော့ မြေအိုးထမင်းကို ထမင်းသက်သက်၊ ဟင်းသက်သက် မဟုတ်ပဲ တပါတည်းရောပြီး ချက်ပြုတ်လေ့ရှိပါတယ်။ တရုတ်ပြည်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း စားသောက်ပုံချင်းက အခြေခံအားဖြင့် မတူကြပါဘူး။ မြောက်ပိုင်းက ဂျုံကို အဓိကစားသုံးကြပြီး တောင်ပိုင်းက ဆန်ကို အဓိက စားသုံးကြပါတယ်။ ဒါ့ကြောင့် မြေအိုးထမင်း 煲仔飯 bāo zǎi fàn ဟာ တရုတ်ပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဖူကျန့်၊ ကွမ်တုံးတွေရဲ့ ရိုးရာချက်ပြုတ်နည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ မြေအိုးထမင်း ဖြစ်ပေါ်လာပုံကတော့ ရှေးတုန်းက လယ်သမားတွေဟာ တစ်နေကုန် လယ်ထဲမှာပဲ အလုပ်လုပ်ရတဲ့အတွက် ထမင်းနဲ့ ဟင်းကို တကူးတက မချက်ပြုတ်နိုင်ကြပါဘူး။ အဲ့ဒီအတွက် ထမင်းစားချိန်အသင့်ဖြစ်အောင် ဆန်ကိုတစ်ခါတည်း ရေဆေး၊ ဟင်းရွက်၊ အသား၊ ဝက်အူချောင်းတွေကို တခါတည်း လှီးထားကြပါတယ်။ ထမင်းစားချိန်ရောက်တော့မှ မီးမွှေးပြီး မြေအိုးအသေးလေးထဲမှာ ဆန်ထည့်ပြီး ချက်၊ ထမင်းကျက်ခါနီးကျမှ အသီးအရွက်၊ အသားစိမ်း၊ ဝက်အူချောင်းတို့ကို ထည့်ပြီး ရေခမ်းတဲ့အထိ နှပ်ထားလိုက်ပါတယ်။ ပြီးမှ ပဲငံပြာရည်၊ ဆီ၊ ဆားထည့်ပြီး စားသုံးကြပါတယ်။ ဒီကနေ့မှာ လယ်တောစားစရာလေးဟာ ဆိုင်ကြီးတွေမှာပါ တင်ရောင်းရတဲ့ ဟင်းလျာတစ်ခု ဖြစ်လာခဲ့ပါပြီ။

    ဒါဆို ကျွန်တော်တို့အိမ်မှာရော အလွယ်တကူ ချက်မစားနိုင်ဖူးလားဆို စားနိုင်ပါတယ်လို့ပဲ ဖြေပါရစေ​။ မခက်ခဲတဲ့အပြင် အလုပ်မအားလပ်တဲ့လူတွေအနေနဲ့ ထမင်းဟင်းကို တကူးတက ချက်ပြုတ်စရာမလိုပဲ စားသောက်နိုင်ပါတယ်။ မြေအိုးထမင်းဟာ အချိန် ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ရိုးရာနည်းအရတော့ မီးသွေးနဲ့ ချက်ပြုတ်တာက ပိုကောင်းတယ်ဆိုပေမယ့် Gas မီးဖို၊ Oven ထဲထည့်လို့ရတဲ့ အိုးနဲ့ပါ ချက်ပြုတ်နိုင်ပါတယ်တဲ့​။ တရုတ်ဟင်းလျာတွေထဲမှာ အလျင်အမြန်ချက်ပြုတ်နိုင်တဲ့ ဟင်းလျာတွေ၊ နည်းလမ်းတွေ ရှိပါတယ်။ ဒါလေးတွေကို အချိန်ရရင် ရသလိုတင်ပေးသွားပါမယ်။ ကဲ ဒါဆို မြေအိုးထမင်းချက်ပြုတ်နည်းကို ပြောပြပေးပါမယ်။

    ချက်ပြုတ်နည်း

    မချက်ပြုတ်မှီ ဆန်ကိုရေဆေးပြီး မိနစ် ၃၀ ခန့် စိမ်ထားပါ။

    ထို့နောက် ကြက်သား/ ဝက်သားကို အနေတော် အတုံးလေးတွေ တုံးထားပေးပါ။ ဝက်သားနဲ့ ချတ်ပြုတ်မယ်ဆိုရင်တော့ အချိန်ပိုပေးရတာမို့ ထမင်းရေဆူတာနဲ့ ဝက်သားကို ထည့်ရပါလိမ့်မယ်။ အခုတော့ ကြက်သားနဲ့ ချက်တာကိုပဲ အဓိကပြောပြသွားပါ့မယ်။ ကြက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည် ၂ ဇွန်း၊ ခရုဆီ ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှယ်ထားပေးပါ။ ထို့နောက် ကြက်သားထဲ အရသာဝင်စေရန် ၁၀ မိနစ်ခန့် စိမ်ထားပါတယ်။

    ထို့နောက် ပုဇွန်ခြောက်၊ ဝက်အူချောင်း၊ မှို၊ ကြက်သွန်နီဥ၊ ရေနှင့် နှမ်းဆီတို့ကို အသင့်ပြင်ထားပါ။

    အရင်ဦးစွာ မြေအိုးကို အိုးကင်းပူတိုက်ပြီး အတော်အသင့် ပူလာပြီဆိုမှ ရေကို သင့်တော်သလို လောင်းထည့်ပါ။ ဆန်နဲ့ ရေကို ချိန်ညှိပြီး ထည့်ပါ။ ထို့နောက် ရေဆူလာပြီဆိုပါက ပုဇွန်ခြောက်၊ မှို၊ ကြက်သွန်နီဥတို့ကို ထည့်ပါ။

    အကယ်၍ အိမ်တွင် မြေအိုးမရှိပါက ထမင်းပေါင်းအိုးဖြင့်လဲ ချက်ပြုတ်နိုင်ပါတယ်။ ကိုယ်က အခုမှ ချက်ပြုတ်တာဆိုရင်တော့ ထမင်းပေါင်းအိုးနဲ့ ချက်ပြုတ်ဖို့ပဲ အကြံပြုပါတယ်။

    ရေဆူလာပါက ဆန်ကို ထည့်ပါ။ အသားမကျက်မှာစိုးရင်တော့ ဆန်ထည့်ပြီး ပွက်ပွက်ဆူလာသည်နှင့် ကြက်သားကို ထည့်လိုက်ပါ။

    တရုတ်စားသောက်ဆိုင်များတွင်တော့ ရေခမ်းခါနီးမှ ကြက်သားနှင့် ဟင်းအနှစ်များကို ထည့်လေ့ရှိပါတယ်။ ထိုသို့ ချက်ပြုတ်လိုပါက ဆန်ကို ရေနွေးပွက်ပွက်ဆူထဲတွင် အဖုံးဖုံးပြီး ၈ မိနစ် ပြုတ်ထားပါ။

    ၈ မိနစ်ကြာသည့်အခါမှ စောနက ကြက်သားတုံးများကို ထည့်ပြီး မီးအရှိန်ကို အနည်းငယ်လျော့ကာ အဖုံးပြန်ဖုံးထားပါ။

    ၁၀ မိနစ်၊ ၁၅ မိနစ် ဝန်းကျင်တွင် ထမင်းနှင့် ကြက်သား ကျက်သွားပါလိမ့်မယ်။ ကြက်ဥအနှစ်လေးနဲ့ နှယ်စားရတာကို ကြိုက်ရင်တော့ အိုးပေါ်က မချခင်လေးမှာ ကြက်ဥတစ်လုံးကို ထည့်လိုက်ပါ။ ကြက်ဥအကျက်စားချင်ရင်တော့ ကြက်သားထည့်ပြီးတာနဲ့ ကြက်ဥဖောက်ထည့်လိုက်ပါ။

    ကြက်သားကျက်သွားပါက မြေအိုးကို မီးပူပေါ်ကချပြီး ကြက်သွန်မြိတ်၊ ကြာညို့ (ပဲငံပြာရည်အနှစ်) ၂ ဇွန်း၊ နှမ်းဆီ ၁ ဇွန်းထည့်ပြီး ထမင်းနှင့် ဟင်းအနှစ်ကို သမအောင်မွှေလိုက်ပါက အရသာရှိတဲ့ မြေအိုးထမင်းကို ရပါပြီ။ နံနံပင်ကြိုက်တဲ့လူတွေအတွက် နံနံပင်လဲ ထည့်စားလို့ရပါတယ်။

    ကဲ ဒါဆိုရင်တော့ မိမိလက်ရာနဲ့ ကိုက်ညီတဲ့ မြေအိုးထမင်းတစ်ပွဲကို ရရှိလာပါလိမ့်မယ်။ အခုနောက်ပိုင်းမှာတော့ မြေအိုးမြီးရှည်၊ မြေအိုးကြက်ပေါင်း/ကင် စတဲ့ မြေအိုးနဲ့ ဟင်းလျာချက်ပြုတ်နည်းတွေ ပြန်ခေတ်စားလာပါတယ်။ မင်မင်ကတော့ လယ်ကွင်းပြင်လေးထဲမှာ မြေအိုးထမင်းလေး စားရတာကို တော်တော်ကြိုက်တယ်။ ရှမ်းပြည်နယ် ညောင်ရွှေကနေ အင်းထဲကို သွားရတဲ့ လမ်းတစ်လျှောက်မှာ ဒီလိုဆိုင်လေးတွေ တော်တော်များများရှိတယ်။ အခုတော့ အဲ့ဒီဆိုင်လေးတွေကော ဖွင့်သေးရဲ့လားမသိပေမယ့် လွမ်းတော့ လွမ်းမိပါတယ်။ Ex ပါ အပါအဝင်ပေါ့နော့် 

     

    Crd,「天下第一」

  • စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း

    စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း

     

    လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။

    စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

    ရေရှိ / မရှိ

    ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါ

    ကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။

    ရေချို / ရေငန်

    ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါသည်။

    ရေတိမ် / ရေနက်

    ၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

    ကျောက်ဆောင် ရှိ / မရှိ

    ၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။

    သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။

    ရေချို/ရေငန်

    ၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

    (တနည်စမ်းသပ်ပုံမှာ) ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။

    နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင် ရေဝေး-ရေနက်သည်ဟု ခန့်မှန်းသိနိုင်ပါသည်။

    ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

    Credit, Copying

     

  • အပင်တွေအတွက်အရမ်းအသုံးဝင်တဲ့ငှက်ပျောသီးခွံ အပင်အားဆေး

    ငှက်ပျောသီးခွံကို နောက်ဆိုမလွှင့်ပစ်ပါနဲ့

    ကျွန်တော်တို့ ငှက်ပျောသီးကို စားသုံးတဲ့ အခါမှာ ငှက်ပျောခွံ(Banana peel)ကို စွန့်ပစ်လေ့ ရှိတယ်။

    လေ့လာတွေ့ရှိချက်အရ စွန့်ပစ် ငှက်ပျောခွံမှာ
    အပင်များအတွက် မရှိမဖြစ် လိုအပ်သော
    အာဟာရဓာတ်တွေ များပါဝင်နေပါတယ်။

    ငှက်ပျောခွံကို ရေထဲ၌(၃)ရက်ခန့်ကြာသည့်တိုင်အောင် စိမ်ထားပြီး ၎င်းရေကို အပင်တွေအတွက် လောင်းပေးနိုင်သလို၊ငှက်ပျောခွံကို အပင်ခြေ၌ အုံပေးထားရုံဖြင့် အပင် ကျန်းမာရေးအတွက် မရှိမဖြစ် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ် နှင့် မဂ္ဂနီဆီယမ် အဟာရဓာတ်တွေ
    ရရှိမှာ ဖြစ်ပါတယ်။

    နောက်ထပ် ပြောပြချက်တာက အပင်တွေမှာဖြုတ်ပိုး၊ပျပိုး(Aphid)လို့ခေါ်တဲ့ အပင်ကိုဖျက်ဆီးတတ်တဲ့ ပိုးတွေကျရောက်နေပါက ငှက်ပျောခွံကို အပင်၌ ချိတ်ဆွဲထားပါက ကင်းစင် သွားပါလိမ့်မယ်။

    သစ်ခွ နဲ့ နှင်းဆီပင် တွေအတွက် အရမ်းအသုံးဝင်ပါတယ်။

    Vis….SSS စိုက်ပျိုးရေး

  • ဂျပန်တွေက ကြက်မတစ်ကောင်ကို တစ်နေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ

    အောင်မြင်တယ် တစ်နေ့ ၂ လုံးဥတယ် ဘယ်လိုလုပ်သလဲဆိုတော့ တစ်နေ့တာ ၂၄ နာရီကို တစ်နေ့ ၁၂ နာရီ လုပ်လိုက်တယ်။ ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး။ အလုံလုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင်ချထားလိုက်တယ်။

    ကြက်မတွေက တစ်နေ့မိုးချုပ်ပြီထင်ပြီး ဥတစ်လုံး ဥချလိုက်တယ်။ ပြန်ပြီး မိုးလင်း လာသယောင်ယောင် ၆ နာရီ အလင်းရောင်ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင်ချတယ်။ နောက်တစ်နေ့ထင်ပြီး ကြက်မတွေက ဥတစ်လုံး ထပ်ဥတယ်။ ကဲ

    ငယ်ငယ်က (အလိုကြီး အရနည်း) ဆိုပြီး တစ်နေ့ ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေအများကြီးလိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ဥတွေရှာတော့…, တစ်လုံးမှမရတော့တဲ့အကြောင်း သင်ခဲ့ရဖူးတယ်။

    အဲ့ဒီသင်ခန်းစာမှာ ကျွန်တော်တို့ကိုပေးတဲ့ message က လောဘမကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်၊ ဒီအသိကိုပေးတာ။ အမှန်က… ”လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့ အသိကိုပေးရမှာ။

    သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ရသလား… ဆိုရင် ကျွန်တော်တို့အများစုက “မရဘူး” ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့လူတွေ။

    အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှမရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာအကြီးကြီးလုပ်ပေါ့။ ဒါပဲလေ။

    ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ငန်း ဂျပန်တွေကိုပေးလိုက်။ တစ်နေ့တည်း ၂ လုံးဥအောင် သူတို့လုပ်လိုက်လိမ့်မယ်။ အဲ့ဒါပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ပညာ။

    တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် ဈေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တစ်ယောက်နဲ့ interview ထားတာ ကျွန်တော်ဖတ်ခဲ့ဖူးတယ်။

    သူဖြေထားတာက…

    ”ရေမြွေမွေးဖို့ အရှည်တစ်မိုင်ရှိတဲ့ ရေစီးကြောင်းလိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလည်းဗျာ့။ အဲ့တော့ ကျွန်တော့်ရှိတဲ့ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ရေမြောင်းပုံစံ တစ်မိုင်အရှည်ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ, ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့”

    သူလည်း အောင်မြင်သွားတယ်။

    နောက်ပြီးသူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ်ကျွေးတယ်။ ငါး’အတွက် အစာဝယ်မကျွေးဘူး။ ခိုရဲ့ချီးကို ငါးစာပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။

    ခိုက အရင်းပဲရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင်အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာမဟုတ်တဲ့ ပညာတွေပဲ။

    အမေဒေါ်အောင်ဆန်းစုကြည်’ပြောတာ အဲ့ဒါမျိုးတွေနော်။ professional အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ်ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုးပေါ့ဗျာ။

    နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး။ စားဖားတွေမွေးတာ။ နေရာမလိုဘူး ပညာပဲလိုတယ် တိုက်ခန်းနဲ့နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ရတယ်။

    ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကိုစီပြီး အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေမွေးတာ အောင်မြင်တယ်။ ဈေးကောင်းရတယ်။

    နောက်တစ်ခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက် (အများအခေါ်/အိမ်ရှင်မတွေအခေါ် cp ကြက်) ပေါ့ဗျာ။ ကျွန်တော်မွေးတယ်။

    အောင်မြင်အောင် မွေးနိုင်တဲ့နေရာမှာ cp company က ကောင်တွေလာခဲ့ဦး၊ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဆရာပဲ။

    တခြားခြံတွေကတောင် ကျွန်တော့်ဆီမှာ အကြံဉာဏ်လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်/တစ်ခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

    ကျွန်တော်ထင်တာ ”ငါ ဆရာကြီးပဲ။ ငါ စောက်ရမ်းကျွမ်းတယ်”လို့ ဘဝင်မြင့်နေတာ။

    ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလဇာတိဟာ နယ်သာလန်/ဟော်လန် ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့တိုင်းပြည်။

    သူတို့ ဟော်လန်မှာ ဒီ (၄၅)ရက်ကြက် ဘွိုင်လာကြက်တွေကို ဘယ်လိုမွေးနေကြသလဲလို့ Google ကနေ ကျွန်တော်လေ့လာကြည့်တော့… ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအားအကုန်အကျများတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲဆိုတာ သိလိုက်ရတယ်။

    ကျွန်တော်တို့ သိထားတာက ဘွိုင်လာမွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲအမြင့်။ ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ/ခွန်နှစ်ပေအမြင့်။ ခေါင်အထိဆို ၁၆ ပေလောက်အမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံဆောက်ပြီးမှ မွေးလို့ရတယ်ထင်ခဲ့တာ။ မြန်မာတစ်ပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။

    သူတို့ နယ်သာလန်မှာ ဒီအတိုင်းမြေကြီးပြောင်ပေါ်မှာ ဆယ်ပေပတ်လည်ခြံ။ ခါးတိုက်လောက်အမြင့် တာလပတ်အမိုးလေးနဲ့ မွေးနေကြတာ။

    ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီဆိုရင် အဲ့ဒီ ဆယ်ပေပတ်လည်ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ’ရွှေ့လိုက်တယ်။ တဖြည်းဖြည်းနဲ့ပေါ့ ကြက်တွေပါ ပါလာအောင်။ ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။

    ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့။ ဒီနေရာကမြေကြီးညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။ အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား, မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တစ်ကောင် နှစ်ပိဿငါးဆယ်/သုံးပိဿလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

    အဓိကအချက် ကျွန်တော်ပြောမယ်လေ ကျွန်တော်အပါအဝင် မြန်မာပြည်သားအများစုက သမရိုးကျအတွေးအခေါ်၊ သမရိုးကျအယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူးဖြစ်နေတာ။

    ဆန်းဆန်းပြားပြားတွေးခေါ် မြင့်မြင့်မားမားကြံစည်တဲ့ လူတွေကျတော့ လှောင်ပြောင်ကြတယ်။ ရန်ကုန်မြစ် မြို့လည်ရွှေ့မယ်ဆိုတော့ ဝိုင်းဆဲတယ်။ လှောင်ပြောင်တယ်။

    မြစ်ရဲ့ ဟိုဘက်ကမ်းကို ရန်ကုန်မြို့လိုစည်ကားအောင်၊ တိုးတက်အောင် လုပ်လိုက်ရင် ရန်ကုန်မြစ်ဟာ အလိုလို မြို့လည်ခေါင်ရောက်လာမယ်ဆိုတာ ဉာဏ်မမှီတော့ မတွေးခေါ်နိုင်ကြဘူး။

    ဒါကြောင့်… ဦးနှောက်ကို ဘောင်ခတ်မထားကြနဲ့။ ဒီလိုလုပ်မှရတယ်လို့ တရားသေမတွေးနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့အတွေး၊ မြင့်မားတဲ့ အကြံအစည်ကို မလှောင်ပြောင်နဲ့။

    ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရဦးမယ်။

    Swan Htet
    Edit Text & Shared _ အေအန်န်အမ်မ်တီ

    မူရင်းရေးသားသူကို ကျေးဇူးတင်ပါတယ်

  • လူတိုင်းသုံးဖြစ်နေကြတဲ့ Wifi ကို တီထွင်ခဲ့သူ

    Hedy Lamarr လို့ခေါ်တဲ့ အသက် (၃၀) အရွယ်ရှိ အမျိူးသမီးတစ်ဦးဟာ ရုပ်ရှင်ပေါင်းမြောက်မြားစွာမှာ သရုပ်ဆောင်ခဲ့ပြီးတော့ အော်စကာဆု အတွက်လည်း ဆန်ခါတင်စာရင်းတွေ ဝင်ခဲ့ပါတယ်။ Hedy Lamarr မှာ လှပတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင် အရည်အချင်းတွေသာ ရှိရုံမကပဲ နည်းပညာကိုလည်း အလွန်အမင်း စိတ်ဝင်စားခဲ့ပါတယ်။ သူမရဲ့ တီထွင်မှုနဲ့ ကြိုးစားမှုတို့ကြောင့်သာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Wifi တွေ ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။

    Hedy Lamar ကို (၁၉၁၄) ဩစတြီးယား – ဟန်ဂေရီနိုင်ငံ Vienna မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ နာမည်အရင်းကတော့ Hedwig Eva Maria Kiesler ဖြစ်ပြီး အဖေဟာ ဘဏ်မန်နေဂျာ တစ်ဦးဖြစ်ပြီး အမေကတော့ စန္ဒယားပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အဲဒါကြောင့် သူမဟာ အနုပညာကို အရမ်းဝါသနာပါပြီး ငယ်စဉ်ကတည်းက ဇာတ်လမ်းတွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေထဲမှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပါတယ်။

    အသက် (၁၂) နှစ်အရွယ်မှာတော့ အလှမယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါသေးတယ်။ Hedy ဟာ သူမအဖေနဲ့ လမ်းလျှောက်ရင်း ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို ပြောပြတဲ့အခါမှာတော့ တီထွင်မှုတွေကို ပြုလုပ်ဖို့ ဝါသနာပါလာပါတော့တယ်။

    Kiesler နာမည်ကို ဆက်သုံးပြီးတော့ Hedyဟာ ဥရောပတစ်ခွင်မှာ အနုပညာအလုပ်ကို ဆက်လုပ်နေခဲ့ပါတယ်။ သူမရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကတော့ Ecasty (1933) ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Hedy ဟာ သူ့ထက်အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း အိမ်ထောင်ရေးဟာ မတည်မြဲခဲ့ပါဘူး။

    ၁၉၃၇ မှာတော့ Hedy ဟာ သရုပ်ဆောင် အရည်အချင်းအသစ်တွေကို ရှာဖွေနေတဲ့ MGM ကုမ္ပဏီရဲ့အကြီးအကဲ Louis B. Mayer နဲ့ တွေ့ဆုံခဲ့ပါတယ်။ Hedy ရဲ့ အရည်အချင်းကို အရမ်းသဘောကျပြီးတော့ တစ်ပတ်ကို ဒေါ်လာ (၅၀၀) နဲ့ စာချုပ်ချူပ်ခဲ့ပါတယ်။ Mayer က Hedy ကို Lamarr ဆိုတဲ့ နာမည်ကိုလည်း ပြောင်းစေခဲ့ပါတယ်။ ပြီးတော့ ဟောလိဝုဒ်ကို ပြောင်းရွှေ့စေပြီး နာမည်ကြီး ဒါရိုက်တာများနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

    Lamarr အမည်ပြောင်းပြီး ကျော်ကြားခဲ့တဲ့ ဇာတ်ကားတွေကတော့ Algiers (1938), Boom Town (1940), Come Live With Me (1941), The Conspirators (1944), Her Highness and the Bellboy (1945), Samson and Delilah (1949) တို့ဖြစ်ပြီး The Story of Mankind (1957) နဲ့ Algiers ဇာတ်ကားတို့ဟာ အကယ်ဒမီအတွက် ဆန်ကာတင် ဆုပေါင်းများစွာ ရွေးချယ်ခံခဲ့ရပါတယ်။

    သူမဟာ သရုပ်ဆောင်ဘက်မှာ တစ်ခါတရံ ငြီးငွေ့လာတဲ့အတွက် တီထွင်စမ်းသပ်မှု အချို့ကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ရေဆူဆေးပြားတွေ၊ Howard Hughes ပိုင်တဲ့ လေကြောင်းကုမ္ပဏီအတွက် လေယာဉ်ဒီဇိုင်း ဆွဲပေးတာတွေ စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ လေယာဉ်တွေကို ပိုမိုမြန်ဆန်စေဖို့အတွက် ငှက်နဲ့ ငါးတို့ရဲ့ပုံစံကို နမူနာယူပြီး တီထွင်ခဲ့တယ်လို့ဆိုပါတယ်။

    Lamarr ရဲ့ အကျော်ကြားဆုံး တီထွင်မှုက ကြိမ်နှုန်းဖြင့်ခုန်သောလှိုင်းလို့ခေါ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေငုပ်သင်္ဘောကို တော်ပီဒိုရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ ဒီတီထွင်မှုကို သူမရဲ့ တေးရေးဆရာ၊ စန္ဒယားတီးခတ်တဲ့သူ စတဲ့သူတွေနဲ့ ပေါင်းပြီး တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၄၂ မှာတော့ မူပိုင်ခွင့်ရခဲ့ပေမယ့်လည်း အမေရိကန်ရေတပ်က ခွင့်ပြုပေးခဲ့ခြင်း မရှိပါဘူး။ ၁၉၅၉ မှာ မူပိုင်ခွင့်သက်တမ်း ကုန်သွားပေမယ့်လည်း ဒါဟာ GPS တွေ Bluetooth တွေရဲ့ ရှေ့ပြေးဖြစ်လာခဲ့ပါတယ်။

    ၁၉၉၇ မှာတော့ Electronic Frontier Foundationရဲ့ Pioneer Award ကို ရရှိခဲ့ပါတယ်။ Hedy Lamarr ဟာ အိမ်ထောင် (၆) ကြိမ်ကျပြီးတော့ သားသမီး (၃) ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးနဲ့ ပြတ်ဆဲခဲ့ပြီးတော့ တစ်ကိုယ်တည်းဘဝနဲ့ပဲ ဘဝလက်ကျန် (၃၅) နှစ်ကို ကုန်ဆုံးခဲ့ပါတယ်။

    ၁၉၇၀ ဝန်းကျင်မှာ ဇာတ်လမ်းဇာတ်ညွှန်းတွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ပါတယ်။ သူမဟာ (၁၉၉၇) မှာတော့ ကနေဒါကုမ္ပဏီကနေ လျော်ကြေး (၄၉)% ပေးခဲ့ပါတယ်။ အသက် (၈၅) နှစ်အရွယ် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ သူမကွယ်လွန်ခဲ့ပါတယ်။

    သူမဟာ ရုပ်ရည်ချောမောလှပရုံသာမက တီထွင်မှုတွေလည်း များစွာပြုလုပ်ခဲ့ပါတယ်။ လူသေသွားပေမယ့်လည်း သူမရဲ့တီထွင်မှုတွေက ယခုထိလူတွေကို အကျိုးပြုနေဆဲပါပဲ။

    Credit,

    Zombie (Lovemedia)

  • မြန့်မာရိုးရာ အိမ်ထောင်ဖက် ရွေးနည်း

    မြန့်မာရိုးရာ အိမ်ထောင်ဖက် ရွေးနည်းတွက်နည်း

    အမျိုးသားနံ နှင့် အမျိုးသမီးနံ နှစ်ခု ပေါင်းရမည်။

    ဥပမာ တနင်္ဂနွေ(၁) +ဗုဒ္ဓဟူး(၄)

    ၁+၄=၅ ဖြစ်သည်

    ရလဒ်ကို ၅ဖြင့် မြောက်ရမည် ၂၅ ရသည်။

    ထို့၂၅ အား ၇ ဖြင့်စားရမည် အကြွင်း ၄ ရပါသည်။

    ထို့နောက် အကြွင်း ၄ ဟောကိန်းအား
    ဖတ်ရမည်ဖြစ်သည်။

    ဟောကိန်း

    ၁ကြွင်း ကြွင်းဧက စွဲမက္ဖွယ် မွဲတတ်တယ် မယိမ်း။

    အလွန်ဆိုးသော အတွဲ ဖြစ်သည်

    ၂ ဦးပေါင်းစည်းက စီးပွား ဖြစ်ထွန်းကိန်းမရှိ၊ ငွေကြေး စုဆောင်း၍ မရ။ ကောင်းကျိုး ဖြစ်ထွန်းခြင်းမရှိပဲ တရိရိနှင့် ဆင်းရဲမွဲတေတတ်သည်။ တူနှစ်ကိုယ် တဲအိုပျက်ဝယ် ဟုသောကိန်းနှင့် အဆုံးသတ်ရမည်။ ကြိုးစားရှာဖွေလေခက်ခဲ ကျပ်တည်းသော အနေထားမျိုးဖြစ်လေ ဟုသာ။

    ၂ကြွင်း ရှိအထင် ဒွိမြင်ကိန်း နှစ်သိန်းလောက်ကြွယ်ရာ။

    အလွန်ကောင်းသော အတွဲဖြစ်သည်။ စီးပွားတက်မည်။ အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ ကြွယ်ဝချမ်းသာခြင်း၊ ပြည့်စုံသာယာခြင်း၊ အခွင့်လမ်း များစွာ ရရှိခြင်းများ ကြုံမည်။ ဝန်ထမ်းများ ရာထူးဂုဏ်ရှိန် ကြီးမားမည်။မွေးဖွားသော သားသမီးများသည်လည်းကြွယ်ဝပြည့်စုံမည်။

    ၃ကြွင်း ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး ဆင်းရဲလိမ့်သာ။

    နှစ်ဦးပေါင်းဖက်၍ ကောင်းသောကျော်ကြားခြင်းများရှိသော်လည်း၊ စီးပွားတွင် ဖြစ်ထွန်းခြင်းမရှိ။ ငွေ မည်မျှဝင်စေ ရသလောက်ပြန်ကုန်မည်။ စီးပွားဖြစ်လိုက် ပြန်ကုန်လိုက်နှင့် ဘဝတူ အချင်းချင်းပင် မိမိက ပိုမို ချို့တဲ့သလိုဖြစ်နေမည်။ အလုပ်စီးပွားတွင် အောက်ကျ သလိုဖြစ်ပြီးမှ တော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊ လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။သားသမီးများအား ပင်ပန်းဆင်းရဲစွာပျိုးထောင် ရမည်။ သားသမီးကောင်းကျိုးကိုဖြင့် ခံစားရမည်။

    ၄ကြွင်း လေးစတု ထင်ရှားစွာ။

    အထူးကောင်းသော မိတ်ဖက်ဖြစ်သည်။ ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှားရှိမည်။ ဘဝတူတန်းတူများကြား အသာစီးရမည်။ လူတမ်းစေ့အထက်ပြည့်စုံစွာနေထိုင်ရမည်။

    တဦးသော်ကောင်း ၊ ၂ဦးလုံးသော်ကောင်း နာမည်ကြီး ၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။မွေးဖွားသော သားသမီးမှလည်း ကျော်ဇောစေ၍အကျိူးပေးမည် ဖြစ်သည်။

    ၅ကြွင်း ကြွက်ဇီဝါ ဆင်းရဲကင်း။

    အလွန်ကောင်းသော မိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်းကင်းစင်၍ ကြွယ်ဝ ပြည့်စုံပြီး သာယာသော မိသားစု ဘဝလေးအား ပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးဂုဏ်ရှိန်မြင့်မားမည်။ အသက်ကြီးလေ စီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်းပေါများမည်။ သားသမီးအကျိုး ခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုး ကြုံရပေမည်။

    ၆ကြွင်း ပြင်ပပူးမင်းက သူဌေးမှန် ငြိမ်းလိမ့်နှစ်တန်။

    နှစ်ဦးပေါင်းဖက်က သူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ ငွေအစုလိုက် ဝင်ခြင်း၊ငွေကြေးစုဆောင်းမှု့များရှိကာ ပေး၍မကုန် လှူ၍မခန်းဖြစ်မည်။ အတွင်းမီး အပြင်မီး ငြိမ်းအေး၍ လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများ ခံစားရမည်။ သားသမီးများ ကောင်းကျိုး ခံစားရမည်။

    ၀ ကြွင်း သုညကျန်လျှင် လုံမမောင်နှံ အို ဆုံးနိုင်မျှလေး။

    အလွန်ဆိုးသော အတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့် စီးပွားဥစ္စာ ရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍ တဖြေးဖြေးကျဆင်းစေတက်သည်။ ဝင်သမျှငွေမှာအဖက္မတင်စေတတ်ပါ၊ အကျိုးမြတ်ရရှိ၍ စီးပွားဖြစ်ထွန်းလာသော်ငြားလည်း တခုမဟုတ်တခု စိတ်သောကရောက်စရာများ ကြုံစေတတ်သည်။

    နိဂုံး

    မိတ်ဆွေအနေဖြင့် ဆိုးသောအတွဲများထဲတွင် ပါဝင်နေပါက၊ စိတ်အနောက်ယှတ်ကြီးစွာဖြစ်ရန်မလိုပဲ ကံ၊ဉာဏ်၊ဝီရိယ၊ သီလ၊သမာဓိ၊ပညာ ၊ ဤ၆ပါးဖြင့်ပြည့်စုံစွာဖြင့် မျက္မေှာက်ဘဝကို ဖြတ်သန်းသော်ဒုက္ခဆင်းရဲကင်းစင်နိုင်ပါကြောင်း

    မှတ်သားဖူးသော ပညာရပ်တခုအား
    တင်ပြပေးခြင်း ဖြစ်ပါသည် ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။

    နေ့နံ နံပတ်တွေ
    တနင်္ဂနွေ ၁
    တနင်္လာ ၂
    အင်္ဂါ ၃
    ဗုဒ္ဓဟူး ၄
    ကြာသာပတေး ၅
    သောကြာ ၆
    စေန ၇ or ဝ
    ရာဟု ၈
    ကိတ် ၉

    Credit : Win Lwin Dicaprio

  • သံချေးတက်ခြင်းမှ ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်ပေးသင့်သလဲ

    မော်တော်ယာဉ်တစ်စီးမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတွေထဲမှာ သံချေးတက်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။

    သံချေးတက်တာဟာ ကားကိုအကြည့်ရဆိုးစေတဲ့အပြင် ဘော်ဒီပဲ့ထွက်တာတွေတောင် ဖြစ်လာနိုင်စေပါတယ်။

    ဒါကြောင့် မိမိရဲ့ကားလေး သံချေးမတက်အောင် ဘာတွေ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

    ကားကို ပုံမှန်ရေဆေးပါ

    ကားကိုလုံးဝညစ်ပတ်ပြီး ကြည့်ရဆိုးလာတဲ့အချိန်ရောက်မှ ရေဆေးတာမျိုးမလုပ်ဘဲ ပုံမှန်တစ်ပတ် တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ရေဆေးပေးသင့်ပါတယ်။

    ဒီလိုကားကို ပုံမှန်ရေဆေးပေးမှ ကားပေါ်မှာကပ်နေတဲ့ သံချေးတက်စေမယ့်အရာတွေကို သံချေးမတက်နိုင်ခင် ကြိုတင်ဖယ်ရှားပြီးသား ဖြစ်သွားကြမှာပါ။

    ရေဝပ်သောနေရာတွင် ကားမရပ်ပါနဲ့

    ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင် ရေမဝပ်တဲ့နေရာမျိုးတွေမှာသာရွေးပြီးရပ်ပါ။ ကုန်းမြင့်ပိုင်းတွေမှာ ကားကိုရပ်တာ စိတ်အချရဆုံးပါ။

    Wax ကို တစ်နှစ်မှာ နှစ်ကြိမ်ခန့် လုပ်ပါ

    ကားကို wax လုပ်တာ ဖရောင်းသွင်းတာဟာ ကားကိုတောက်ပြောင်ပြီး လှပနေစေရုံတင် အကျိုးပြုတာ မဟုတ်ပါဘူး။ ကားဆေးရောင်မှိန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သလို သံချေးတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်နှစ်ကို အနည်းဆုံး၂ကြိမ်ခန့်တော့ waxing လုပ်ပေး သင့်ပါတယ်။

    Rust arrestor အသုံးပြုခြင်း

    ကားမှာ သံချေးနဲနဲစတက်လာတာတွေ့ပေမယ့် ဆိုင်သွားပြီးသံချေးချွတ်ဖို့က အဆင်မပြေသေးဘူးဆိုရင် rust arrestor အသုံးပြုပြီးသံချေး မပျံ့နှံ့အောင် လုပ်ထားလို့ရပါတယ်။ ကားပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူ ရရှိနိုင်သလို အသုံးပြုရလည်း အင်မတန်လွယ်ကူပါတယ်။ rust arrestor ကို စုတ်တံလေးအသုံးပြုပြီး သံချေးတက်နေတဲ့နေရာ တစ်ဝိုက်ကို သုတ်ပေးပါ။ သေချာခြောက် သွားပြီဆိုတော့မှ ထုတ်စီးပါ။ နေရောင်ထဲမှာ ထုတ်ထားရင် မြန်မြန်ခြောက်ပါတယ်။

    သံချေး မပျံ့ခင်ပဲ ကြိုတင် ရှင်းလင်းလိုက်ပါ

    သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင် ထိုနေရာတစ်ဝိုက်မှာ သံချေးတွေ ပျံ့နှံ့လာတတ်ပါတယ်။ ဒီလိုမပျံ့နှံ့သွားခင် ကြိုတင်တွေ့ရှိထားရင် ငွေအကုန်အကျနည်းနည်းနဲ့ သံချေးပြသနာကို ဖြေရှင်းနိုင်ပါတယ်။

    သံချေးကွက် သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်နဲ့

    အချိန်တိုအတွင်း မှာ ဘေးပါတ်ပါတ်လည်ကပါ သံအကောင်းတွေကို သံချေးတွေ ပျံ့နှံ့လာနိုင်တဲ့အတွက်သင့် ကားဘော်ဒီမှာသံချေး ရှိ မရှိ မကြာခဏစစ်ဆေးသင့်ပါတယ်။ ကားဘော်ဒီအပြင်ဘက်က သံချေးတွေကပဲ အရေးကြီးတာမဟုတ်ပါဘူး။ ကားဘော်ဒီ အောက်ပိုင်းမှာ သံချေးတွေတက်လာရင်လည်း ပြသနာကြီးတစ်ခုဖြစ်လို့ ကားတစ်ကားလုံးကိုစစ်ဆေးပါ။

    Credit, automobiledirectory