Author: shangyi

  • ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ

    ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ

    အိမ်မက် အမျိုးမျိုးရှိပါတယ်။ တစ်ချို့ အိမ်မက်တွေ က ရှေ့မှာ ဖြစ်လာ တော့မယ့် အရာတွေကို နိမိတ် ပြတဲ့ အိမ်မက် မျိုးတွေရှိပါတယ်။ ဒီလို အရာ တွေကို မယုံကြည်တဲ့ လူမျိုးတွေ ရှိကောင်းရှိ နိုင်ပေမယ့် အပြင်မှာ တကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။

    ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက် မျိုးတွေ မက်လေ့ရှိလဲဆိုတာကိုတော့ filipinotimes မှာ အခုလို ဖော်ပြထားပါတယ်။

    နို့ ဒါမှမဟုတ် ပျားရည်

    အိမ်မက်ထဲမှာ နို့ တွေကို မက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့ နိမိတ်ပါ။ ဥပမာ- ပျားအုံကြီးကို ပျားရည် ညှစ်တာမျိုး၊ နွားနို့ညှစ်တာမျိုး၊ နို့တွေက လမ်းတွေပေါ်မှာ ဖုံးလွှမ်းနေတာ မျိုး…အစရှိတဲ့ အိမ်မက် မျိုးပါ။

    ရွှေ နဲ့ လက်ဝတ်ရတနာ

    ရွှေဆိုတာက ချမ်းသာကြွယ်၀ မှုရဲ့ လက္ခာဏာ တစ်ခုပါ။ ကိုယ့်ရဲ့ အိမ်မက် ထဲမှာ ရွှေတွေကို မြင်မက်ရင်လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ ပြေးပါ။

    နောက်တစ်ခုက တော့ အိမ်မက် ထဲမှာ နားကပ်ပန်ရတယ်၊လက်စွပ်တွေ ဝတ်ရတယ်ဆိုပြီး မက်တာမျိုးပါ။ အဲ့လို မက်နေပြီဆိုရင် တော့ မကြာခင် မှာ သင် ဝင်ငွေတော့မှာပါ။ ဥပမာ- အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ ရွှေတုံးတွေ ရှိတဲ့နေရာ ရောက်နေတာမျိုး၊ လက်ဆောင်ရတာမျိုး၊ နားကပ်တွေပန်ရတယ်လို့ အိမ်မက် မက်တာမျိုးပါ။

    နံပါတ်(၈)

    ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှ နိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့ နံပါတ် တွေ လို့ သတ်မှတ်ခံထားရတာပါ။

    ဒါပေမယ့် မြန်မာမှာတော့ (၈) ဂဏန်းက မကောင်းဘူးဆိုတဲ့ အယူအဆ တစ်ချို့တော့ရှိပါတယ်။

    ဒါပေမယ့်လည်း (၈) က ဝင်ငွေ ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ ပြေး အရာတွေထဲက တစ်ခုပါ။ (၈) ဂဏန်းကို မက်ပြီဆိုရင်တော့ သင်မကြာခင် ငွေ ကံ ကောင်းတော့မှာပါ။

    လင်းယုန်

    လင်းယုန်ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ ပြေးနမိတ် အိမ်မက်ပါ။ လင်းယုန်ကတော့ ရဲ ရင့်မှု၊ သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။ ဂရိဒဏ္ဍာရီ မှာဆိုရင် လင်းယုန်က Zeus နတ်ဖုရားရဲ့ ကူညီ ပံ့ပိုးသူ အဖြစ် လက်ခံယုံကြည်ကြပါတယ်။ လင်းယုန်ကို အိမ်မက် မက်ရင် ငွေ ဝင်မယ်၊ ကြံစည်သမျှ အောင်မြင်မယ် ဆိုတဲ့ အယူ ရှိပါတယ်။

    ချီး နဲ့ ငွေ

    ချီးက ရွံ့ စရာ လို့ ထင် ပေမယ့် သူ့ကို အိမ်မက် မက်ရင်တော့ ငွေ ဝင် တတ်ပါတယ်။ ချီးတွင်းထဲကျတာ၊ ချီးပုံ နင်းမိတာ၊ ချီး တွေ ကို တွေ့တာမျိုးတွေ မြင် ရင် မကြာခင်မှာ ငွေ ဝင်တတ်ပါတယ်။

    နောက်တစ်ခုက တော့ ပိုက်ဆံပါ။ ပိုက်ဆံ တွေကို အိမ် မက် ထဲမှာ အပုံလိုက် မက်ရင်လည်း အပြင်မှာပါ ငွေ ဝင်တတ်ပါတယ်။

    ဂျုံ၊စပါး

    ဒါတွေက တော့အ ခြေခံ မရှိမဖြစ် စားသောက်ကုန် လို့ ပြောလို့ရပါတယ်။ ဂျုံ၊ စပါး ဆိုတာ မျိုး က ချမ်းသာခြင်း၊ပျော်ရွှင် မှုကို ကိုယ်စားပြု တဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ ကို အိမ်မက် မက်ရင်လည်း ကံကောင်းတတ်၊ ငွေဝင် တတ်ပါတယ်။

    အကောင်တွေ

    တိရစ္ဆာန်ထဲမှာဆိုရင်တော့ နွား၊ ဆင်တွေ၊ မြင်းတွေကို မက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ ပြေး လက္ခဏာပါ။ ငှက် ဆိုရင် ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြှီးကောက်၊ ကြွက် တို့ ကို မက်ရင်လည်း ငွေ ဝင်တတ်ပါတယ်။

    AUNTYMAY

    (Zawgyi)

    ေငြဝင္ခါနီးၿပီးဆိုရင္ မက္ေလ့ရွိတဲ့ ေရွ႕ေျပးနိမိတ္ အိမ္မက္ေတြ

    အိမ္မက္ အမ်ိဳးမ်ိဳးရွိပါတယ္။ တစ္ခ်ိဳ႕ အိမ္မက္ေတြ က ေရွ႕မွာ ျဖစ္လာ ေတာ့မယ့္ အရာေတြကို နိမိတ္ ျပတဲ့ အိမ္မက္ မ်ိဳးေတြရွိပါတယ္။ ဒီလို အရာ ေတြကို မယုံၾကည္တဲ့ လူမ်ိဳးေတြ ရွိေကာင္းရွိ ႏိုင္ေပမယ့္ အျပင္မွာ တကယ္လည္းျဖစ္ခဲ့၊ ရွိခဲ့တယ္ဆိုတဲ့ သာဓကေတြ အမ်ားႀကီးရွိပါတယ္။

    ပိုက္ဆံဝင္ခါနီးရင္ ဘယ္လိုအိမ္မက္ မ်ိဳးေတြ မက္ေလ့ရွိလဲဆိုတာကိုေတာ့ filipinotimes မွာ အခုလို ေဖာ္ျပထားပါတယ္။

    ႏို႔ ဒါမွမဟုတ္ ပ်ားရည္

    အိမ္မက္ထဲမွာ ႏို႔ ေတြကို မက္တာ ဒါမွမဟုတ္ ပ်ားရည္ကို မက္တာမ်ိဳးက မၾကာခင္မွာ ေငြဝင္ေတာ့မယ္ဆိုတဲ့ နိမိတ္ပါ။ ဥပမာ- ပ်ားအုံႀကီးကို ပ်ားရည္ ညႇစ္တာမ်ိဳး၊ ႏြားႏို႔ညႇစ္တာမ်ိဳး၊ ႏို႔ေတြက လမ္းေတြေပၚမွာ ဖုံးလႊမ္းေနတာ မ်ိဳး…အစရွိတဲ့ အိမ္မက္ မ်ိဳးပါ။

    ေ႐ႊ နဲ႔ လက္ဝတ္ရတနာ

    ေ႐ႊဆိုတာက ခ်မ္းသာႂကြယ္၀ မႈရဲ႕ လကၡာဏာ တစ္ခုပါ။ ကိုယ့္ရဲ႕ အိမ္မက္ ထဲမွာ ေ႐ႊေတြကို ျမင္မက္ရင္လည္း ဒါဟာ မၾကာခင္မွာ ခ်မ္းသာေတာ့မယ္ဆိုတဲ့ ေရွ႕ ေျပးပါ။

    ေနာက္တစ္ခုက ေတာ့ အိမ္မက္ ထဲမွာ နားကပ္ပန္ရတယ္၊လက္စြပ္ေတြ ဝတ္ရတယ္ဆိုၿပီး မက္တာမ်ိဳးပါ။ အဲ့လို မက္ေနၿပီဆိုရင္ ေတာ့ မၾကာခင္ မွာ သင္ ဝင္ေငြေတာ့မွာပါ။ ဥပမာ- အိမ္မက္ထဲမွာ ေ႐ႊေခ်ာင္းေတြ၊ ေ႐ႊတုံးေတြ ရွိတဲ့ေနရာ ေရာက္ေနတာမ်ိဳး၊ လက္ေဆာင္ရတာမ်ိဳး၊ နားကပ္ေတြပန္ရတယ္လို႔ အိမ္မက္ မက္တာမ်ိဳးပါ။

    နံပါတ္(၈)

    ဂဏန္း နံပါတ္ (၈) က တ႐ုတ္နဲ႔ အာရွ ႏိုင္ငံေတြမွာဆိုရင္ ကံေကာင္းေစတဲ့ နံပါတ္ ေတြ လို႔ သတ္မွတ္ခံထားရတာပါ။

    ဒါေပမယ့္ ျမန္မာမွာေတာ့ (၈) ဂဏန္းက မေကာင္းဘူးဆိုတဲ့ အယူအဆ တစ္ခ်ိဳ႕ေတာ့ရွိပါတယ္။

    ဒါေပမယ့္လည္း (၈) က ဝင္ေငြ ခါနီးရင္ ေတြ႕ရတတ္တဲ့ ေရွ႕ ေျပး အရာေတြထဲက တစ္ခုပါ။ (၈) ဂဏန္းကို မက္ၿပီဆိုရင္ေတာ့ သင္မၾကာခင္ ေငြ ကံ ေကာင္းေတာ့မွာပါ။

    လင္းယုန္

    လင္းယုန္ကို မက္တာကလည္း ေငြဝင္မယ့္ ေရွ႕ ေျပးနမိတ္ အိမ္မက္ပါ။ လင္းယုန္ကေတာ့ ရဲ ရင့္မႈ၊ သတၱိရွိမႈ ကို ကိုယ္စား ျပဳတဲ့ တိရစာၦန္ပါ။ ဂရိဒ႑ာရီ မွာဆိုရင္ လင္းယုန္က Zeus နတ္ဖုရားရဲ႕ ကူညီ ပံ့ပိုးသူ အျဖစ္ လက္ခံယုံၾကည္ၾကပါတယ္။ လင္းယုန္ကို အိမ္မက္ မက္ရင္ ေငြ ဝင္မယ္၊ ႀကံစည္သမွ် ေအာင္ျမင္မယ္ ဆိုတဲ့ အယူ ရွိပါတယ္။

    ခ်ီး နဲ႔ ေငြ

    ခ်ီးက ႐ြံ႕ စရာ လို႔ ထင္ ေပမယ့္ သူ႔ကို အိမ္မက္ မက္ရင္ေတာ့ ေငြ ဝင္ တတ္ပါတယ္။ ခ်ီးတြင္းထဲက်တာ၊ ခ်ီးပုံ နင္းမိတာ၊ ခ်ီး ေတြ ကို ေတြ႕တာမ်ိဳးေတြ ျမင္ ရင္ မၾကာခင္မွာ ေငြ ဝင္တတ္ပါတယ္။

    ေနာက္တစ္ခုက ေတာ့ ပိုက္ဆံပါ။ ပိုက္ဆံ ေတြကို အိမ္ မက္ ထဲမွာ အပုံလိုက္ မက္ရင္လည္း အျပင္မွာပါ ေငြ ဝင္တတ္ပါတယ္။

    ဂ်ဳံ၊စပါး

    ဒါေတြက ေတာ့အ ေျခခံ မရွိမျဖစ္ စားေသာက္ကုန္ လို႔ ေျပာလို႔ရပါတယ္။ ဂ်ဳံ၊ စပါး ဆိုတာ မ်ိဳး က ခ်မ္းသာျခင္း၊ေပ်ာ္႐ႊင္ မႈကို ကိုယ္စားျပဳ တဲ့ အရာေတြပါ။ ဒါေၾကာင့္ သူတို႔ ကို အိမ္မက္ မက္ရင္လည္း ကံေကာင္းတတ္၊ ေငြဝင္ တတ္ပါတယ္။

    အေကာင္ေတြ

    တိရစာၦန္ထဲမွာဆိုရင္ေတာ့ ႏြား၊ ဆင္ေတြ၊ ျမင္းေတြကို မက္တာကလည္း ေငြဝင္မယ္ဆိုတဲ့ ေရွ႕ ေျပး လကၡဏာပါ။ ငွက္ ဆိုရင္ ၾကက္တူေ႐ြး၊ ေႁမြ၊ ပ်ား၊ ကင္းျမႇီးေကာက္၊ ႂကြက္ တို႔ ကို မက္ရင္လည္း ေငြ ဝင္တတ္ပါတယ္။

    AUNTYMAY

  • မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

    မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

    မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတတ်တဲ့ အကြောင်းကို ပုံတွေမှာပဲ ဖြစ်ဖြစ် ဂမ္ဘီရ စာစောင်တွေမှာပဲ ဖြစ်ဖြစ် မြင်ဖူး တွေးဖူးကြမှာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို လူအများက ဂမ္ဘီရ ဆန်ဆန် တွေးတော တတ်ကြပြီး “မြွေထုံကူးသည့် ဖြစ်စဉ်” လို့လည်း ယုံကြည် တတ်ကြပါတယ်။ တကယ်တော့ မြွေတွေ ကိုယ့်အမြှီးကိုယ် ပြန်မြိုတတ်ခြင်းနှင့် ပတ်သက်ပြီး တိတိကျကျ သတ်မှတ်လို့ မရပေမယ့် ဒီလို ဖြစ်စဉ် ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ကတော့ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဇဝေဇဝါ ဖြစ်မှု၊ စိတ်ဖိစီးမှု နှင့် ဆာလောင်မှု များကြောင့် ဒီလို ဖြစ်တောင့် ဖြစ်ခဲ ကိစ္စဖြစ်လာ တတ်ပါတယ်။ အောက်မှာတော့ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်စဉ်ကို ဖြစ်စေတဲ့ အကြောင်းများကို ဖော်ပြပေးသွားမှာပါ။

    မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုရတဲ့ အချက်များမြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတဲ့အချိန်မှာ ဖြစ်လာတဲ့ စက်ဝိုင်းပုံစံကို Ouroboros လို့ခေါ်ပြီး ရှေးခေတ်သင်္ကတတခုဖြစ်တဲ့ ဘဝဖြစ်တည်ခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ ပုံစံအားဖြင့် အပြုသဘောဆောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိပ္ပါယ် အချို့ ရှိတယ်လို့ ပြောကြပေမယ့် မြွေတွေ သူတို့ကိုယ် သူတို့ မြိုကြတာ ပုံမှန်တော့ မဟုတ်ပါဘူး။

    အပူချိန် သွေးအေး သတ္တဝါဖြစ်တဲ့ မြွေတွေဟာ ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန် ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ပြင်ပမှ အကူအညီဖြင့်သာ နွေးထွေးအောင် လုပ်ဆောင်နိုင်ပါတယ်။ အပူချိန် လွန်ကဲခြင်းဟာ စိတ်ရှုပ်ထွေးခြင်းနှင့် စဉ်းစားနိုင်စွမ်း ပျောက်ဆုံးခြင်းတို့ ဖြစ်နိုင်ပြီး ၎င်းတို့ဟာ ကိုယ့်အမြှီးကိုယ် သားကောင်များဟု ထင်ကောင်းထင်နိုင်ပါတယ်။အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ၎င်းတို့၏ ဇီဝဖြစ်ပျက်မှုဟာ မြန်ဆန်လာပြီး ဆာလောင်သည့် ခံစားမှုမျိုး ဖြစ်ပေါ်လာကာ အမြှီးကို မြင်ပါက သားကောင်အမှတ်ဖြင့် ချက်ချင်း စားသောက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဆာလောင်မှုဟာ ဇီဝဖြစ်ပျက်မှု မြန်ဆန်လာလို့ ဖြစ်ပေါ်လာတဲ့ အတုအယောင်ခံစားမှု ဆိုပေမယ့် မြွေတွေကို တခုခု အမြန် စားသုံးဖို့ လို အပ် နေတယ်လို့ တွေးမိစေမှာ ဖြစ်ပါတယ်။

    အရေခွံ လဲခြင်း- မြွေတွေ အရေခွံ လဲတဲ့အခါမှာ မျက်လုံးပေါ်မှ အကြေးခွံ တွေဟာလဲ ကျွတ်ကျလေ့ ရှိပါတယ်။ အရေခွံ လဲနေစဉ်အတွင်းမှာ မကျွတ်သေးတဲ့ မျက်လုံးပေါ်မှ အကြေးခွံဟာ ယာယီအားဖြင့် မျက်စိကို ဖုံးကွယ်စေပြီး အမြင်အာရုံကို လျော့နည်းစေပါတယ်။ ဤအရာဟာလည်း ၎င်းတို့၏ အမြှီးကို အစားအစာထင်ပြီး မှားယွင်း စားသုံးတတ်တဲ့ ဖြစ်စဉ်ကို ဖြစ်စေပါတယ်။

    ဒါ့အပြင် အသက်အရွယ်ကြီးရင်တဲ့ မြွေများဟာ ၎င်းတို့၏ သက်တမ်း ကုန်ဆုံးခါနီးလာရင် ကိုယ့်ကိုယ်ကို မြိုတတ်တယ်ဆိုတဲ့ သီအိုရီတခု ရှိပါသေးတယ်။ အသက်ကြီးပြီး မကျန်းမာလာပါက မြွေများဟာ သူတို့ကိုယ်သူတို့ ကိုက်တာပဲ ဖြစ်စေ၊ အကြောဆွဲသလို လူးလှိမ့်တာမျိုးပဲ ဖြစ်စေ ဖြစ်တတ်ပါတယ်။

    oddlycutepets ရှိ ဆောင်းပါးမှ မှီငြမ်း ရေးသားပါသည်။

    Credit-Original Uploader

    (Zawgyi)

    ေႁမြထုံကူးျခင္း သို႔မဟုတ္ ကိုယ့္အျမႇီးကိုယ္ ျပန္ၿမိဳရျခင္း အေၾကာင္းအရင္း

    ေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳတတ္တဲ့ အေၾကာင္းကို ပုံေတြမွာပဲ ျဖစ္ျဖစ္ ဂမၻီရ စာေစာင္ေတြမွာပဲ ျဖစ္ျဖစ္ ျမင္ဖူး ေတြးဖူးၾကမွာပါ။ မ်ားေသာအားျဖင့္ ဒီျဖစ္စဥ္ကို လူအမ်ားက ဂမၻီရ ဆန္ဆန္ ေတြးေတာ တတ္ၾကၿပီး “ေႁမြထုံကူးသည့္ ျဖစ္စဥ္” လို႔လည္း ယုံၾကည္ တတ္ၾကပါတယ္။ တကယ္ေတာ့ ေႁမြေတြ ကိုယ့္အျမႇီးကိုယ္ ျပန္ၿမိဳတတ္ျခင္းႏွင့္ ပတ္သက္ၿပီး တိတိက်က် သတ္မွတ္လို႔ မရေပမယ့္ ဒီလို ျဖစ္စဥ္ ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ ကေတာ့ အမ်ားႀကီးရွိပါတယ္။ ဥပမာအားျဖင့္ ဇေဝဇဝါ ျဖစ္မႈ၊ စိတ္ဖိစီးမႈ ႏွင့္ ဆာေလာင္မႈ မ်ားေၾကာင့္ ဒီလို ျဖစ္ေတာင့္ ျဖစ္ခဲ ကိစၥျဖစ္လာ တတ္ပါတယ္။ ေအာက္မွာေတာ့ ဒီလို စိတ္ဝင္စားစရာ ေကာင္းတဲ့ ျဖစ္စဥ္ကို ျဖစ္ေစတဲ့ အေၾကာင္းမ်ားကို ေဖာ္ျပေပးသြားမွာပါ။

    ေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳရတဲ့ အခ်က္မ်ားေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳတဲ့အခ်ိန္မွာ ျဖစ္လာတဲ့ စက္ဝိုင္းပုံစံကို Ouroboros လို႔ေခၚၿပီး ေရွးေခတ္သကၤတတခုျဖစ္တဲ့ ဘဝျဖစ္တည္ျခင္း၊ ေသဆုံးျခင္းႏွင့္ ျပန္လည္ေမြးဖြားျခင္းကို ကိုယ္စားျပဳပါတယ္။ ပုံစံအားျဖင့္ အျပဳသေဘာေဆာင္ၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အဓိပၸါယ္ အခ်ိဳ႕ ရွိတယ္လို႔ ေျပာၾကေပမယ့္ ေႁမြေတြ သူတို႔ကိုယ္ သူတို႔ ၿမိဳၾကတာ ပုံမွန္ေတာ့ မဟုတ္ပါဘူး။

    အပူခ်ိန္ ေသြးေအး သတၱဝါျဖစ္တဲ့ ေႁမြေတြဟာ ၎တို႔၏ ခႏၶာကိုယ္အပူခ်ိန္ကို ပုံမွန္ ထိန္းသိမ္းႏိုင္စြမ္းမရွိဘဲ ျပင္ပမွ အကူအညီျဖင့္သာ ေႏြးေထြးေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ အပူခ်ိန္ လြန္ကဲျခင္းဟာ စိတ္ရႈပ္ေထြးျခင္းႏွင့္ စဥ္းစားႏိုင္စြမ္း ေပ်ာက္ဆုံးျခင္းတို႔ ျဖစ္ႏိုင္ၿပီး ၎တို႔ဟာ ကိုယ့္အျမႇီးကိုယ္ သားေကာင္မ်ားဟု ထင္ေကာင္းထင္ႏိုင္ပါတယ္။အပူခ်ိန္ ျမင့္တက္လာျခင္းႏွင့္အတူ ၎တို႔၏ ဇီဝျဖစ္ပ်က္မႈဟာ ျမန္ဆန္လာၿပီး ဆာေလာင္သည့္ ခံစားမႈမ်ိဳး ျဖစ္ေပၚလာကာ အျမႇီးကို ျမင္ပါက သားေကာင္အမွတ္ျဖင့္ ခ်က္ခ်င္း စားေသာက္ဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ဆာေလာင္မႈဟာ ဇီဝျဖစ္ပ်က္မႈ ျမန္ဆန္လာလို႔ ျဖစ္ေပၚလာတဲ့ အတုအေယာင္ခံစားမႈ ဆိုေပမယ့္ ေႁမြေတြကို တခုခု အျမန္ စားသုံးဖို႔ လို အပ္ ေနတယ္လို႔ ေတြးမိေစမွာ ျဖစ္ပါတယ္။

    အေရခြံ လဲျခင္း- ေႁမြေတြ အေရခြံ လဲတဲ့အခါမွာ မ်က္လုံးေပၚမွ အေၾကးခြံ ေတြဟာလဲ ကြၽတ္က်ေလ့ ရွိပါတယ္။ အေရခြံ လဲေနစဥ္အတြင္းမွာ မကြၽတ္ေသးတဲ့ မ်က္လုံးေပၚမွ အေၾကးခြံဟာ ယာယီအားျဖင့္ မ်က္စိကို ဖုံးကြယ္ေစၿပီး အျမင္အာ႐ုံကို ေလ်ာ့နည္းေစပါတယ္။ ဤအရာဟာလည္း ၎တို႔၏ အျမႇီးကို အစားအစာထင္ၿပီး မွားယြင္း စားသုံးတတ္တဲ့ ျဖစ္စဥ္ကို ျဖစ္ေစပါတယ္။

    ဒါ့အျပင္ အသက္အ႐ြယ္ႀကီးရင္တဲ့ ေႁမြမ်ားဟာ ၎တို႔၏ သက္တမ္း ကုန္ဆုံးခါနီးလာရင္ ကိုယ့္ကိုယ္ကို ၿမိဳတတ္တယ္ဆိုတဲ့ သီအိုရီတခု ရွိပါေသးတယ္။ အသက္ႀကီးၿပီး မက်န္းမာလာပါက ေႁမြမ်ားဟာ သူတို႔ကိုယ္သူတို႔ ကိုက္တာပဲ ျဖစ္ေစ၊ အေၾကာဆြဲသလို လူးလွိမ့္တာမ်ိဳးပဲ ျဖစ္ေစ ျဖစ္တတ္ပါတယ္။

    oddlycutepets ရွိ ေဆာင္းပါးမွ မွီျငမ္း ေရးသားပါသည္။

    Credit-Original Uploader

  • CONFORT ZONE ကနေ ရုန်းထွက်ကြရအောင်

    CONFORT ZONE ကနေ ရုန်းထွက်ကြရအောင်

    Confort Zone ဆိုတာ လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့ အရာတစ်ခုခုအပေါ် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာဖြစ်ပါတယ်။ ဒါကကောင်းလားလို့ မေးလာရင်တော့ ကောင်းလည်းကောင်းပါတယ်။ ဒါပေမယ့် ကောင်းလည်းမကောင်းပါဘူးလို့ ဖြေရပါမှာပါပဲ။ ဘာကြောင့်ပါလဲ။ တစ်ခါတစ်ရံ Confort Zone ဟာ သင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပါပဲ။ ကျွန်တော်တို့တွေဟာ လူသားတွေပါ။ သင်လေ့လာမယ်ဆိုရင် လူသားတွေရဲ့သမိုင်းမှာ အမြဲဆင့်ကဲပြောင်းလဲမှုတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ သမိုင်းတွေထဲမှာ သိပ္ပံပညာရပ်တွေမှာ ဆေးပညာတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ လက်ရှိအနေအထားဟာ ဟိုးအရင် သမိုင်းမတင်ခင်ခေတ်က အခြေအနေနဲ့ လုံးဝကွာခြားနေတာ တွေ့ရမှာပါ။ ဒါဟာ လူသားတစ်ချို့ရဲ့အမြဲလေ့လာစမ်းသပ်မှုတွေ ကိုယ်ကျိုးစွန့်အနစ် နာခံမှုတွေကနေ ရလာတဲ့အသီးအပွင့်တွေလို့လဲ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ဟာလည်း တစ်ခုခုကို စမ်းသပ်လိုက်ဖို့ ဘာကြောင့်များ တွေဝေနေရတာလဲ။ တစ်ကယ်လို့ ဘဝအတွက် တစ်ခုခုတိုးတက်ပြောင်းလဲသွားမယ်ဆိုရင် ဘာအကြောင်းကြောင့် တွန့်ဆုတ်နေရမှာလဲ။ ဒီနေရာမှာ သံသယဆိုတာ ကောင်းကောင်းကြီးကို ဒုက္ခပေးတာပဲ။ တကယ်လို့များဆိုတဲ့ အတွေးဟာ ကျွန်တော်တို့ခေါင်းထဲမှာ ချာချာလည်နေပြီး မစရသေးခင်မှာပဲ နောက်ဆုတ်သွားစေတာပါပဲ။ အကြံပေးချင်တာကတော့ ထလုပ်ချလိုက်ပါ။

    သင် မသေသွားနိုင်ပါဘူး။ အသက်ရှင်နေသရွေ့ အခွင့်အလမ်းပေါင်းများစွာဟာ သင့်ရှေ့စောင့်ကြိုနေပါတယ်။ ဘဝမှာ မရှုံးနိမ့်ဖူးပဲနဲ့တော့ အနိုင်ရခြင်းဆိုတာရဲ့ အရသာအစစ်ကို သင်ဘယ်တော့မှာ ခံစားရမှာမဟုတ်ပါဘူး။ တစ်ကယ်တမ်းလည်း Confort Zone ကို ဖောက်ထွက်ရတာ စိတ်လှုပ်ရှားစရာအရမ်းကောင်းလှပါတယ်။ ကိုယ်လုပ်နေကျအရာတစ်ခုထက်ပိုပြီး ကိုယ်လုပ်နိုင်စွမ်းဆိုတာ ကိုယ့်ကိုယ်ကိုယ် သက် သေပြရတာလောက် စိတ်ကျေနပ်စရာမရှိပါဘူး။ ငါဟာ ဒီထက်ပိုလုပ်နိုင်သားပဲဆိုတဲ့အတွေးဟာ ဘဝရဲ့အတားအဆီးတွေကို ဖြတ်သန်းတဲ့နေရာမှာ သတ္တိတွေ ပိုရှိလာနိုင်စေပါတယ်။ ဒါကြောင့် တစ်ခါလောက်ပဲဖြစ်ဖြစ် Confort Zone ထဲကနေ ဖောက်ထွက်ကြည့်ပါ။ သင့်ကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေကို ဖိနှိပ်မထားပဲ သွားခွင့်ပြုလိုက်ပါ။ ဉပမာ – ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာ ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး စားလိုက်သောက်လိုက်နဲ့ comfort zone ထဲမှာ ပျော်နေခဲ့တယ်။ အိုးထဲကဆန်တွေအားလုံးကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက ထွက်နိုင်မယ့်နည်းလမ်းကို ရှာမရတော့သလို စားစရာလည်းမရှိတော့ပါဘူး။အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊ အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊ စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊ သက်တောင့်သက်တာရှိတဲ့အခြေ အနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့တစ်နေ့မှာ comfort zone လို့ခေါ်တဲ့ ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့ ကျန်ရစ်နေခဲ့ရလိမ့်မယ်။

    Credit: Original Uploader

    (Zawgyi)

    CONFORT ZONE ကေန ႐ုန္းထြက္ၾကရေအာင္

    Confort Zone ဆိုတာ လက္ရွိမိမိေနထိုင္ျဖစ္တည္ေနတဲ့ အရာတစ္ခုခုအေပၚ သို႔မဟုတ္ ျဖစ္စဥ္တစ္ခုခုမွာ ေရာင့္ရဲေနတာျဖစ္ပါတယ္။ ဒါကေကာင္းလားလို႔ ေမးလာရင္ေတာ့ ေကာင္းလည္းေကာင္းပါတယ္။ ဒါေပမယ့္ ေကာင္းလည္းမေကာင္းပါဘူးလို႔ ေျဖရပါမွာပါပဲ။ ဘာေၾကာင့္ပါလဲ။ တစ္ခါတစ္ရံ Confort Zone ဟာ သင့္ကိုေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္လို႔ပါပဲ။ ကြၽန္ေတာ္တို႔ေတြဟာ လူသားေတြပါ။ သင္ေလ့လာမယ္ဆိုရင္ လူသားေတြရဲ႕သမိုင္းမွာ အၿမဲဆင့္ကဲေျပာင္းလဲမႈေတြကို အလြယ္တကူေတြ႕ရွိႏိုင္ပါတယ္။ သမိုင္းေတြထဲမွာ သိပၸံပညာရပ္ေတြမွာ ေဆးပညာေတြမွာ နည္းပညာပိုင္းဆိုင္ရာေတြမွာ အစရွိသျဖင့္ နယ္ပယ္အသီးသီးမွာ လက္ရွိအေနအထားဟာ ဟိုးအရင္ သမိုင္းမတင္ခင္ေခတ္က အေျခအေနနဲ႔ လုံးဝကြာျခားေနတာ ေတြ႕ရမွာပါ။ ဒါဟာ လူသားတစ္ခ်ိဳ႕ရဲ႕အၿမဲေလ့လာစမ္းသပ္မႈေတြ ကိုယ္က်ိဳးစြန႔္အနစ္ နာခံမႈေတြကေန ရလာတဲ့အသီးအပြင့္ေတြလို႔လဲ ေျပာလို႔ရႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ဟာလည္း တစ္ခုခုကို စမ္းသပ္လိုက္ဖို႔ ဘာေၾကာင့္မ်ား ေတြေဝေနရတာလဲ။ တစ္ကယ္လို႔ ဘဝအတြက္ တစ္ခုခုတိုးတက္ေျပာင္းလဲသြားမယ္ဆိုရင္ ဘာအေၾကာင္းေၾကာင့္ တြန႔္ဆုတ္ေနရမွာလဲ။ ဒီေနရာမွာ သံသယဆိုတာ ေကာင္းေကာင္းႀကီးကို ဒုကၡေပးတာပဲ။ တကယ္လို႔မ်ားဆိုတဲ့ အေတြးဟာ ကြၽန္ေတာ္တို႔ေခါင္းထဲမွာ ခ်ာခ်ာလည္ေနၿပီး မစရေသးခင္မွာပဲ ေနာက္ဆုတ္သြားေစတာပါပဲ။ အႀကံေပးခ်င္တာကေတာ့ ထလုပ္ခ်လိုက္ပါ။

    သင္ မေသသြားႏိုင္ပါဘူး။ အသက္ရွင္ေနသေ႐ြ႕ အခြင့္အလမ္းေပါင္းမ်ားစြာဟာ သင့္ေရွ႕ေစာင့္ႀကိဳေနပါတယ္။ ဘဝမွာ မရႈံးနိမ့္ဖူးပဲနဲ႔ေတာ့ အႏိုင္ရျခင္းဆိုတာရဲ႕ အရသာအစစ္ကို သင္ဘယ္ေတာ့မွာ ခံစားရမွာမဟုတ္ပါဘူး။ တစ္ကယ္တမ္းလည္း Confort Zone ကို ေဖာက္ထြက္ရတာ စိတ္လႈပ္ရွားစရာအရမ္းေကာင္းလွပါတယ္။ ကိုယ္လုပ္ေနက်အရာတစ္ခုထက္ပိုၿပီး ကိုယ္လုပ္ႏိုင္စြမ္းဆိုတာ ကိုယ့္ကိုယ္ကိုယ္ သက္ ေသျပရတာေလာက္ စိတ္ေက်နပ္စရာမရွိပါဘူး။ ငါဟာ ဒီထက္ပိုလုပ္ႏိုင္သားပဲဆိုတဲ့အေတြးဟာ ဘဝရဲ႕အတားအဆီးေတြကို ျဖတ္သန္းတဲ့ေနရာမွာ သတၱိေတြ ပိုရွိလာႏိုင္ေစပါတယ္။ ဒါေၾကာင့္ တစ္ခါေလာက္ပဲျဖစ္ျဖစ္ Confort Zone ထဲကေန ေဖာက္ထြက္ၾကည့္ပါ။ သင့္ကိုယ္ထဲမွာရွိတဲ့ စြမ္းအားေတြကို ဖိႏွိပ္မထားပဲ သြားခြင့္ျပဳလိုက္ပါ။ ဉပမာ – ဆန္အျပည့္ရွိေနတဲ့ အိုးထဲကိုေရာက္ေနတဲ့ ႂကြက္ဟာ ဘဝရဲ႕စည္းစိမ္ခ်မ္းသာေတြ အကုန္လုံးကို ရရွိထားတယ္လို႔ သူ႔ကိုယ္သူယူဆၿပီး စားလိုက္ေသာက္လိုက္နဲ႔ comfort zone ထဲမွာ ေပ်ာ္ေနခဲ့တယ္။ အိုးထဲကဆန္ေတြအားလုံးကုန္သြားတဲ့အခါမွာေတာ့ ႂကြက္ဟာအိုးထဲက ထြက္ႏိုင္မယ့္နည္းလမ္းကို ရွာမရေတာ့သလို စားစရာလည္းမရွိေတာ့ပါဘူး။အဲ့ဒီလိုပဲ အ႐ြယ္ရွိတုန္း၊ အင္အားေတြရွိတုန္းမွာ မ႐ုန္းကန္ခဲ့ရင္၊ စိန္ေခၚမႈေတြကို မေက်ာ္ျဖတ္ခဲ့ရင္ ၊ သက္ေတာင့္သက္တာရွိတဲ့အေျခ အေနထဲမွာ ေက်နပ္ေနခဲ့ရင္ ေနာက္က်သြားတဲ့တစ္ေန႔မွာ comfort zone လို႔ေခၚတဲ့ ေထာင္ေခ်ာက္ထဲမွာ ေနာင္တေပါင္းမ်ားစြာနဲ႔ က်န္ရစ္ေနခဲ့ရလိမ့္မယ္။

    Credit: Original Uploader

  • ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း

    ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း

    ဝါးပိုးမျှစ်နုလေးတွေရယ် ဒညင်းသီးရယ် လှိုင်လှိုင်ပေါ်တာနဲ့ တာလပေါ့ ချက်ချင်စိတ် ပေါက်လာလို့ ချက်လိုက်ပါတယ်။ ချက်နည်းလေး ရေးပေးလိုက်တယ်နော်။ တိုင်းရင်းသားတွေချက်တဲ့ တာလပေါ့ ချက်နည်းနဲ့ တူချင်မှတူမှာပါနော်။ ဖြည့်ကြည့်ပါလို့။ လိုအပ်ရင်လည်းဖြည့်စွက်ပေးပါ fri တို့ရေ။

    ပါဝင်ပစ္စည်း-

    ဆန်( သို့) ဆန်ကွဲ-လက်နှစ်ဆုပ်

    မျှစ်-၁၀ ကျပ်သား

    ဒညင်းသီး-၁၀ လုံး

    ကြိုက်နှစ်သက်ရာ ဟင်းရွက်မျိုးစုံ- ဆူးပုပ်၊ ကင်းပုံ၊ ဒန့်ဒလွန်၊ ဂွေးတောက်၊ ပင်စိမ်း

    ငရုပ်ကောင်း-အနည်းငယ်

    ပုဇွန်ငါးပိ(သို့)ငါး ငါးပိ-အနည်းငယ်

    ကြိုက်နှစ်သက်ရာအသား (ကြက် ဝက် ငါး ပုဇွန်)-၁၀ ကျပ်သား

    ပြုလုပ်ပုံ-

    ၁။ ဆန်ကိုရေစိမ်ထားပြီး မညက်တစ်ညက် ထောင်းပါ။ မျှစ်ကို ပါးပါးလှီးပြီး ပြုပ်ပါ (၂/၃ကြိမ်ပြုပ်ပါ တစ်ကြိမ်ပြုပ်ပြီး ရေ သွန်ပြီး နောက်ထပ်ပြုတ်ပါ။ အဆိပ်အတောက် ထွက်သွားပါတယ်။ ဒညင်းသီးကိုလည်း မျှစ်ပြုတ်သလို ပြုတ်ပါ။ ငါး ငါးပိကို ကျိုပြီး အရည်စစ်ထားပါ။

    ၂။ မျှစ်ပြုတ်ပြီး ရေထည့်ပါ။ ဆူလာရင် အသားထည့်ပါ။ ဆန်ထောင်းထည့်ပြီး မွှေပေးပါ။ ဆူပြီး ပွလာရင် ဒညင်းသီး၊ငါးပိရည်ကျိုထည့်၊ ဆားထည့်၊ ဟင်းခတ်မှုန့်ထည့်။ အရသာ စိတ်ကြိုက်ဖြစ်ရင် ဟင်းရွက်စုံခတ်၊ ဆူအောင်တည်၊ ငရုပ်ကောင်းမှုန့် ဖြူးပြီးချပါ ။ ရပါပြီ။ အရမ်းကောင်းတဲ့ တာလပေါ့ဟင်းလေးပါ။

    Credit – lae cooking diary

    (Zawgyi)

    ေဆြမ်ိဳးေမ့သြားမယ့္ တာေလပါ့ခ်က္နည္း

    ဝါးပိုးမွ်စ္ႏုေလးေတြရယ္ ဒညင္းသီးရယ္ လႈိင္လႈိင္ေပၚတာနဲ႔ တာလေပါ့ ခ်က္ခ်င္စိတ္ ေပါက္လာလို႔ ခ်က္လိုက္ပါတယ္။ ခ်က္နည္းေလး ေရးေပးလိုက္တယ္ေနာ္။ တိုင္းရင္းသားေတြခ်က္တဲ့ တာလေပါ့ ခ်က္နည္းနဲ႔ တူခ်င္မွတူမွာပါေနာ္။ ျဖည့္ၾကည့္ပါလို႔။ လိုအပ္ရင္လည္းျဖည့္စြက္ေပးပါ fri တို႔ေရ။

    ပါဝင္ပစၥည္း-

    ဆန္( သို႔) ဆန္ကြဲ-လက္ႏွစ္ဆုပ္

    မွ်စ္-၁၀ က်ပ္သား

    ဒညင္းသီး-၁၀ လုံး

    ႀကိဳက္ႏွစ္သက္ရာ ဟင္း႐ြက္မ်ိဳးစုံ- ဆူးပုပ္၊ ကင္းပုံ၊ ဒန႔္ဒလြန္၊ ေဂြးေတာက္၊ ပင္စိမ္း

    င႐ုပ္ေကာင္း-အနည္းငယ္

    ပုဇြန္ငါးပိ(သို႔)ငါး ငါးပိ-အနည္းငယ္

    ႀကိဳက္ႏွစ္သက္ရာအသား (ၾကက္ ဝက္ ငါး ပုဇြန္)-၁၀ က်ပ္သား

    ျပဳလုပ္ပုံ-

    ၁။ ဆန္ကိုေရစိမ္ထားၿပီး မညက္တစ္ညက္ ေထာင္းပါ။ မွ်စ္ကို ပါးပါးလွီးၿပီး ျပဳပ္ပါ (၂/၃ႀကိမ္ျပဳပ္ပါ တစ္ႀကိမ္ျပဳပ္ၿပီး ေရ သြန္ၿပီး ေနာက္ထပ္ျပဳတ္ပါ။ အဆိပ္အေတာက္ ထြက္သြားပါတယ္။ ဒညင္းသီးကိုလည္း မွ်စ္ျပဳတ္သလို ျပဳတ္ပါ။ ငါး ငါးပိကို က်ိဳၿပီး အရည္စစ္ထားပါ။

    ၂။ မွ်စ္ျပဳတ္ၿပီး ေရထည့္ပါ။ ဆူလာရင္ အသားထည့္ပါ။ ဆန္ေထာင္းထည့္ၿပီး ေမႊေပးပါ။ ဆူၿပီး ပြလာရင္ ဒညင္းသီး၊ငါးပိရည္က်ိဳထည့္၊ ဆားထည့္၊ ဟင္းခတ္မႈန႔္ထည့္။ အရသာ စိတ္ႀကိဳက္ျဖစ္ရင္ ဟင္း႐ြက္စုံခတ္၊ ဆူေအာင္တည္၊ င႐ုပ္ေကာင္းမႈန႔္ ျဖဴးၿပီးခ်ပါ ။ ရပါၿပီ။ အရမ္းေကာင္းတဲ့ တာလေပါ့ဟင္းေလးပါ။

    Credit – lae cooking diary

  • သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက်ရှိနေရင် အမြန်ဆုံး ပြင်လိုက်ပါ

    သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက်ရှိနေရင် အမြန်ဆုံး ပြင်လိုက်ပါ။

    အရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေ ရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကိုလာဘ်တိတ်စေသလို၊ သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်။

    (၁)ရှုပ်ပွနေခြင်း

    သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေ မရှင်းတာ၊ပန်းကန်တွေ မဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။

    (၂)အနံ့အသက်ဆိုးခြင်း

    သင့်အိမ်က လေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊ အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတ ယ်။

    (၃)ပစ္စည်းအပျက်တွေထားခြင်း

    သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အင်္ကျီအပြဲတွေကအစ မထားသင့်ပါဘူး။ ဒီလို မကောင်းတော့တဲ့ အရာတွေကို ဆက်လက် သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။

    (၄)ဘုရားတရား မလုပ်ခြင်း

    သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာတရားကို လေးနက်စွာ ပြုလုပ်သင့်ပါတယ်။ ကျမ်းစာ၊ ဘုရားစာတွေကို အသံထွက်ပြီး ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက် ပြုလုပ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊ လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို နိမ့်စေနိုင်လို့ပါပဲ။

    Em Em

    Credit-AuntyMay

    (Zawgyi)

    သင္ေနတဲ့ အိမ္ (သို႔) အခန္းမွာ ဒီအခ်က္ (၄)ခ်က္ရွိေနရင္ အျမန္ဆုံး ျပင္လိုက္ပါ။

    အရာရာတိုင္း၊ ပစၥည္းတိုင္းမွာ စြမ္းအင္ေတြ ရွိေနပါတယ္။ သင့္အိမ္မွာရွိတဲ့ ပစၥည္းေတြထဲမွာ သင့္အိမ္ကိုလာဘ္တိတ္ေစသလို၊ သင့္ကိုလည္း ဘုန္းကံနိမ့္ေစတဲ့ ပစၥည္းေတြရွိပါတယ္။ ဘာေတြလဲဆိုတာကိုေတာ့ၾကည့္လိုက္ပါေနာ္။

    (၁)ရႈပ္ပြေနျခင္း

    သင့္အိမ္ကို ရႈပ္ပြညစ္ပတ္ေနေအာင္ထားတာ၊ အမႈိက္ေတြ၊ ဖုန္ေတြမရွင္းတာ၊ ပင့္ကူမွ်င္ေတြ မရွင္းတာ၊ပန္းကန္ေတြ မေဆးပဲ ပုံထားတာမ်ိဳး၊ အဝတ္အစားေတြလည္း ေသခ်ာမေခါက္ပဲ ျပန႔္က်ဲရႈပ္ပြေနတာမ်ိဳးေတြ၊ ပစၥည္းေတြက သူ႔ေနရာနဲ႔သူရွိမေနပဲ ရႈပ္ပြ ညစ္ပတ္ေနတာမ်ိဳးေတြက သင့္အိမ္ကို လာဘ္တိတ္ေစသလို၊ ဘုန္းကံနိမ့္ေစပါတယ္။

    (၂)အနံ႔အသက္ဆိုးျခင္း

    သင့္အိမ္က ေလထုကလည္း သင့္အေပၚကို အမ်ားႀကီး သက္ေရာက္ႏိုင္ပါတယ္။ သင့္အိမ္မွာ အနံ႔အသက္ေတြ မေကာင္းတာ၊ အဝတ္အစား မႈိေစာ္ေတြနံေနတာ ဒါမွမဟုတ္ အမႈိက္နံ႔ေတြနဲ႔ တျခားမေကာင္းတဲ့အနံ႔ေတြအားလုံးဟာ သင့္အိမ္ကို လာဘ္တိတ္ေစၿပီး ဘုန္းကံနိမ့္ေစတာေၾကာင့္ သင့္အိမ္ျပတင္းေပါက္ေတြကို ဖြင့္ၿပီး ေလေကာင္းေလသန႔္ ရေအာင္လုပ္တာ၊ အေမႊးနံ႔ေတြ ျဖန္းေပးတာမ်ိဳးေတြကို အၿမဲတမ္း လုပ္ေပးသင့္ပါတ ယ္။

    (၃)ပစၥည္းအပ်က္ေတြထားျခင္း

    သင့္အိမ္မွာ အက္ေနတဲ့မွန္ေတြ၊ က်ိဳးေနတဲ့ ခ်ိတ္ေတြ၊ အက်ႌအၿပဲေတြကအစ မထားသင့္ပါဘူး။ ဒီလို မေကာင္းေတာ့တဲ့ အရာေတြကို ဆက္လက္ သိမ္းထားတာဟာ အိမ္ကို လာဘ္တိတ္ေစတဲ့အျပင္ ဘုန္းကံကိုလည္း နိမ့္ေစႏိုင္လို႔ပါ။

    (၄)ဘုရားတရား မလုပ္ျခင္း

    သင့္အိမ္မွာ သင္ကိုးကြယ္ရာ ဘာသာတရားကို ေလးနက္စြာ ျပဳလုပ္သင့္ပါတယ္။ က်မ္းစာ၊ ဘုရားစာေတြကို အသံထြက္ၿပီး ႐ြတ္ဖတ္တာ၊ ဆုေတာင္းဝတ္ျပဳတာေတြ၊ အိမ္ကို ေကာင္းခ်ီးမဂၤလာေပးျခင္းေတြကို ေန႔စဥ္မပ်က္မကြက္ ျပဳလုပ္ရပါမယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အိမ္ကို မေကာင္းတဲ့ ဝိညာဥ္ဆိုးေတြအျပင္ တျခားေသာ ကံနိမ့္မႈေတြ၊ လာဘ္တိတ္မႈေတြက တံခါးမရွိ၊ ဓားမရွိဝင္လာႏိုင္ၿပီး သင့္ရဲ႕ ဘုန္းကံေတြကို နိမ့္ေစႏိုင္လို႔ပါပဲ။

    Em Em

    Credit-AuntyMay

  • နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း

    နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း

    ၁။ ဒါန ကုသိုလ်

    မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက်ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရားအား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။

    ၂။ ဗုဒ္ဓနုသာတိ ကုသိုလ်

    မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွားလိုက်ပါ။

    အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

    ၃။ မေတ္တာ ကုသိုလ်

    ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြကြည်လင်သလို အဖေနဲ့အမေ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရောရုပ်ပါ အေးမြကြပါစေ။ ဤရေ အေးမြသလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါ့ကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

    ၄။ မရဏာနုဿတိ ကုသိုလ်

    ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွားနိုင်သည်လို့ မရဏာနုသာတိ ပွါးလိုက်ပါ။ ဒါဆို မရဏာနုသာတိကုသိုလ် ဖြစ်သွားပါပြီ။

    ၅။ အသုဘဘာဝနာ ကုသိုလ်

    မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကားလို့ အသုဘ ဘာဝနာပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီ။အသုဘဘာဝနာ ပွားရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့အတွက် ပွားရတာ ပိုပြီး ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်း ပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင်ထားတဲ့အခါ အသုဘပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။

    အသုဘပွားတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

    ကဲ စာဖတ်သူ အပေါင်းတို့ရေ…

    မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ ယူထားလိုက်ပါနော်..။

    (ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ)

    Credit-ဓမ္မ ရတနာ

    (Zawgyi)

    နံနက္ အိပ္ရာထ မ်က္ႏွာသစ္ေနစဥ္ ကုသိုလ္ (၅)မ်ိဳးကို ရေအာင္ယူနည္း

    ၁။ ဒါန ကုသိုလ္

    မနက္အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ ေရဖလားထဲကို ေရထည့္လိုက္ပါ။ မ်က္စိနဲ႔ ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚသို႔ မေျမႇာက္လိုက္ပါနဲ႔ ေမတၱာပို႔တဲ့အခါ အဆင္မေျပမွာ စိုးလို႔ပါ။ လက္ကကိုင္ထားတဲ့ ေရဖလားနဲ႔ ” ျမတ္စြာဘုရားအား မ်က္ႏွာသစ္ေတာ္ေရ ကပ္လႉပါ၏ဘုရား။ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမႇာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား” လို႔ဆိုၿပီး ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ ျဖစ္သြားပါၿပီ။

    ၂။ ဗုဒၶႏုသာတိ ကုသိုလ္

    ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ အသုံးျပဳေနပုံကို စိတ္ႏွလုံးမွာ အာ႐ုံျပဳၿပီး အရဟံကို အနက္(၃)ခုနဲ႔ ပြားလိုက္ပါ။

    အရဟံ – ကိေလသာ ျမဴမႈန္ပင္ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား အရဟံ – ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား အရဟံ – ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမႈကို မျပဳေတာ္မူေသာျမတ္စြာဘုရား ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါၿပီ။

    ၃။ ေမတၱာ ကုသိုလ္

    ၾကည္လင္ေနတဲ့ ေရကိုၾကည့္ၿပီး ဤေရ ေအးျမၾကည္လင္သလို အေဖနဲ႔အေမ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕အလုပ္ရွင္ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ။ ဤေရ ေအးျမသလို သတၱဝါအားလုံး စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ… လို႔ ေမတၱာပို႔လိုက္ပါ။ ဒါဆို ေမတၱာကုသိုလ္ ျဖစ္သြားပါၿပီ။ ဒါ့ေၾကာင့္ ေရဖလားကို အေပၚမေျမႇာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမႇာက္ထားရင္ ေမတၱာပို႔ရတာ အဆင္မေျပပါဘူး။ ေရကိုျမင္တဲ့ေနရာမွာ ေရဖလားကိုထားၿပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။

    ၄။ မရဏာႏုႆတိ ကုသိုလ္

    ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္ရွင္ခဲ့ၿပီး ဝင္ေလမဆုံးခင္ ထြက္ေလ မဆုံးခင္ နံနက္၊ ေန႔ည အခ်ိန္မေ႐ြး ေသသြားႏိုင္သည္လို႔ မရဏာႏုသာတိ ပြါးလိုက္ပါ။ ဒါဆို မရဏာႏုသာတိကုသိုလ္ ျဖစ္သြားပါၿပီ။

    ၅။ အသုဘဘာဝနာ ကုသိုလ္

    မ်က္စိအတြင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ပါးစပ္မွာရွိေနတဲ့အညစ္အေၾကးေတြကို အာ႐ုံျပဳၿပီး ငါ့ရဲ႕ မ်က္ႏွာဟာ စက္ဆုပ္႐ြံရွာဖြယ္ ပါတကားလို႔ အသုဘ ဘာဝနာပြားလိုက္ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ္ ျဖစ္သြားပါၿပီ။အသုဘဘာဝနာ ပြားရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ႕လကၡဏာေတြ ထင္ထင္ရွားရွား ရွိေနတဲ့အတြက္ ပြားရတာ ပိုၿပီး ထင္သာျမင္သာ ရွိပါေသးတယ္။ အျပင္သြားခါနီး ဖီးလိမ္း ျပင္ဆင္ၿပီးတဲ့အခါ လွလွပပ ဝတ္ဆင္ထားတဲ့အခါ အသုဘပြားရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ အဝတ္ေတြနဲ႔ ဖုံးထားတဲ့အတြက္ အသုဘ လကၡဏာေတြက မေပၚပါဘူး။

    အသုဘပြားတာ မနက္ေစာေစာက အဆင္ေျပဆုံးပါပဲ။ အားလုံးၿပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ၿပီးၿပီ ျဖစ္တဲ့အတြက္ ေဆးအျဖစ္ ျပန္စြန႔္ေတာ္မူပါဘုရား လို႔ စြန႔္ၿပီး မ်က္ႏွာသစ္လိုက္ပါ။ ဒါဆို မ်က္ႏွာသစ္ရင္ ကုသိုလ္(၅)မ်ိဳး ရသြားပါၿပီ။

    ကဲ စာဖတ္သူ အေပါင္းတို႔ေရ…

    မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြ ယူထားလိုက္ပါေနာ္..။

    (ရေဝႏြယ္-အင္းမ၏ ရင္ထဲကအရဟံ)

    Credit-ဓမၼ ရတနာ

  • ကြားဖူးနားဝရှိပေမဲ့ သေချာမသိခဲ့တဲ့ “အပ်ပျောက်ရင် ဆင်နဲ့ရှာပါ” ဆိုတဲ့ ဆိုရိုးစကား အဓိပ္ပါယ်

    “အပ်”ပျောက်ရင်”ဆင်”နဲ့ရှာပါ

    ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ။ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံအတွေးလေးနဲ့ တွေးမိခဲ့ဖူးပါတယ်။ “အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား” ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး။ နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့ အမြင်မှန် ရသွားခဲ့ရပါတော့တယ်။

    (အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့ အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်။ တစ်ကယ်တော့”အပ်”ဆိုတာက လူတွေရဲ့ အသုံးအဆောင်တစ်ခုဖြစ်တဲ့အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်ပါဘူး။

    ပညာရှိတွေပြောတဲ့”အပ်”ကတော့ လူတစ်ယောက်အတွက် နေ့စဉ်ကြုံတွေ့ကြရတဲ့ လူမှုကိစ္စတွေ များစွာထဲက မိမိမှာ ပြောစရာကိစ္စရှိလာတဲ့အခါ၊ ပြော”အပ်” မပြော”အပ်”

    သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ၊ သွား”အပ် မသွား”အပ်”

    နေစရာကိစ္စများနဲ့ကြုံတဲ့အခါ၊ နေ”အပ်”မနေ”အပ်”

    မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို”အပ်” မလို”အပ်” အစရှိတဲ့ လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာတွေပါ။ တစ်ခါတရံ မိမိတို့မှာ လုပ်အပ်၊ မလုပ်အပ်၊ သွားအပ်၊ မသွားအပ် စသည်တွေကို ဆုံးဖြတ်ရ ခက်ခဲနေတတ်ပါတယ်။ အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်းအားဖြင့် “အပ်” ပျောက်နေရင် ခုနကပြောတဲ့ “ဆင်”ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့။

    “ဆင်” ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး။ (ယောနိသောမနသီကာရ) နည်းမှန်လမ်းမှန် သင့်တင့်လျှောက်ပတ်တဲ့ တွေးတောမှုလို့ ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကို ဆိုလိုတာပါ။

    “အပ်”ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့၊ ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်နေရင် (ဆင်ခြင်တုံတရား)လေးနဲ့ စဉ်းစားဆုံးဖြတ်ပါ။ (ဆင်ခြင်တုံတရား)ကို ဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးတဲ့ အဓိကအကြောင်းတရားကတော့ (သတိနဲ့ဉာဏ်ပညာ)ပါ။ အဲဒီတရား၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့”အပ်”ကို ရှာဖွေပေးနိုင်မှာပါ။

    ဒါကြောင့်မို့ ပျောက်နေတဲ့”အပ်” ကို ရှာဖွေဖို့ မိမိတို့မှာ”ဆင်” ရှိဖို့လိုပါတယ်။ နည်းမှန်လမ်းမှန် သမာသမတ်ကျကျ စဉ်းစားတွေးခေါ် ချင့်ချိန် သုံးသပ်နိုင်မှု(အခံ) ရှိရပါမယ်။ အဲဒီနည်းမှန်လမ်းမှန်တွေးခေါ် သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ၊ သူတော်ကောင်းမိတ်ဆွေ ရှိရပါမယ်။ ပညာရှိ သူတော်ကောင်းဆရာများထံမှာ ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်ရပါမယ်။ အဲဒီလိုလေ့လာသင်ယူနိုင်အောင်လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော် ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ်။

    ပညာရှိ သူတော်ကောင်းတွေနဲ့အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို ဖြစ်စေပါတယ်။ ဒါကြောင့်မြတ်စွာဘုရားရှင်က”အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်” လို့ (သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ)သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်။ ထို့ကြောင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန်သော ကလျာဏမိတ္တတို့ဖြင့် ပေါင်းမှီဝဲပြီး တစ်ခါတရံ ပျောက်နေတတ်တဲ့ မိမိတို့”အပ်” ကို “ဆင်”စီးပြီးရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါပြုလိုက်ပါကြောင်း။

    Credit-Original Uploader

    (Zawgyi)

    “အပ္”ေပ်ာက္ရင္”ဆင္”နဲ႔ရွာပါ

    ဒီေရွးစကားေလးကို ငယ္စဥ္ထဲက ၾကားဖူးနားဝရွိခဲ့တာၾကာပါၿပီ။ သို႔ေသာ္ျငား အဲဒီစကားကို အရင္တုန္းကေတာ့ သာမန္အေပၚယံအေတြးေလးနဲ႔ ေတြးမိခဲ့ဖူးပါတယ္။ “အပ္ကေလးတစ္ေခ်ာင္းေပ်ာက္တာမ်ား ဆင္စီးၿပီးရွာစရာလား” ဆိုတဲ့အေတြးထက္ပိုၿပီး နက္နက္နဲနဲမေတြးမိ မစဥ္းစားမိခဲ့ဘူး။ ေနာက္တစ္ျဖည္းျဖည္းနဲ႔ စာေပဗဟုသုတေတြ ဖတ္မွတ္ေလ့လာရင္းနဲ႔ အျမင္မွန္ ရသြားခဲ့ရပါေတာ့တယ္။

    (အပ္ေပ်ာက္ရင္ ဆင္နဲ႔ရွာ)ဆိုတဲ့ ေဝါဟာရ စကားေလးဟာ အင္မတန္မွ ေလးနက္ၿပီး အဓိပၸါယ္ျပည့္ဝတဲ့ ပညာရွိ သူေတာ္ေကာင္းတို႔ရဲ႕စကားဆိုတာ မိမိရဲ႕ အသိဉာဏ္မွာ ပြင့္လင္းသြားပါေတာ့တယ္။ တစ္ကယ္ေတာ့”အပ္”ဆိုတာက လူေတြရဲ႕ အသုံးအေဆာင္တစ္ခုျဖစ္တဲ့အဝတ္ခ်ဳပ္တဲ့အပ္ကို ဆိုလိုတာမဟုတ္ပါဘူး။

    ပညာရွိေတြေျပာတဲ့”အပ္”ကေတာ့ လူတစ္ေယာက္အတြက္ ေန႔စဥ္ႀကဳံေတြ႕ၾကရတဲ့ လူမႈကိစၥေတြ မ်ားစြာထဲက မိမိမွာ ေျပာစရာကိစၥရွိလာတဲ့အခါ၊ ေျပာ”အပ္” မေျပာ”အပ္”

    သြားစရာကိစၥ ႀကဳံလာတဲ့အခါမွာ၊ သြား”အပ္ မသြား”အပ္”

    ေနစရာကိစၥမ်ားနဲ႔ႀကဳံတဲ့အခါ၊ ေန”အပ္”မေန”အပ္”

    မိမိတို႔ လိုအင္ဆႏၵရဲ႕ ပါတ္သက္တဲ့အခါ လို”အပ္” မလို”အပ္” အစရွိတဲ့ လူမႈဝန္းက်င္မွာ ေန႔စဥ္ထိေတြ႕ ႀကဳံေတြ႕ေနရတဲ့ “အပ္” ေပါင္းမ်ားစြာေတြပါ။ တစ္ခါတရံ မိမိတို႔မွာ လုပ္အပ္၊ မလုပ္အပ္၊ သြားအပ္၊ မသြားအပ္ စသည္ေတြကို ဆုံးျဖတ္ရ ခက္ခဲေနတတ္ပါတယ္။ အဲဒီလိုအခက္အခဲႀကဳံလာရင္ တစ္နည္းအားျဖင့္ “အပ္” ေပ်ာက္ေနရင္ ခုနကေျပာတဲ့ “ဆင္”ဆိုတဲ့အရာနဲ႔ ရွာရပါမယ္တဲ့။

    “ဆင္” ဆိုတာကလည္း ဆင္ေကာင္ႀကီးကို ဆိုလိုတာမဟုတ္ပါဘူး။ (ေယာနိေသာမနသီကာရ) နည္းမွန္လမ္းမွန္ သင့္တင့္ေလွ်ာက္ပတ္တဲ့ ေတြးေတာမႈလို႔ ေခၚရမယ့္ (ဆင္ျခင္တုံတရား)ကို ဆိုလိုတာပါ။

    “အပ္”ေပ်ာက္ေနရင္ တစ္နည္းအားျဖင့္ မိမိမွာ လုပ္အပ္ မလုပ္အပ္နဲ႔၊ ေျပာအပ္ မေျပာအပ္ စသည္ ေဝခြဲရခက္ေနရင္ (ဆင္ျခင္တုံတရား)ေလးနဲ႔ စဥ္းစားဆုံးျဖတ္ပါ။ (ဆင္ျခင္တုံတရား)ကို ျဖစ္ေပၚေစဖို႔ ပံ့ပိုးေပးတဲ့ အဓိကအေၾကာင္းတရားကေတာ့ (သတိနဲ႔ဉာဏ္ပညာ)ပါ။ အဲဒီတရား၂ ပါးကသာ မိမိတို႔ရဲ႕ေပ်ာက္ေနတဲ့”အပ္”ကို ရွာေဖြေပးႏိုင္မွာပါ။

    ဒါေၾကာင့္မို႔ ေပ်ာက္ေနတဲ့”အပ္” ကို ရွာေဖြဖို႔ မိမိတို႔မွာ”ဆင္” ရွိဖို႔လိုပါတယ္။ နည္းမွန္လမ္းမွန္ သမာသမတ္က်က် စဥ္းစားေတြးေခၚ ခ်င့္ခ်ိန္ သုံးသပ္ႏိုင္မႈ(အခံ) ရွိရပါမယ္။ အဲဒီနည္းမွန္လမ္းမွန္ေတြးေခၚ သုံးသပ္ႏိုင္စြမ္းဆိုတဲ့(အခံ)ကို ရရွိဖို႔ရာ မွာမိမိတို႔အေနနဲ႔ (ကလ်ာဏ)မိတ္ေဆြ၊ သူေတာ္ေကာင္းမိတ္ေဆြ ရွိရပါမယ္။ ပညာရွိ သူေတာ္ေကာင္းဆရာမ်ားထံမွာ ေကာင္းျမတ္တဲ့ ေလ့လာသင္ယူမႈေတြ ျပဳလုပ္ရပါမယ္။ အဲဒီလိုေလ့လာသင္ယူႏိုင္ေအာင္လည္း နည္းမွန္လမ္းမွန္ေတြကို လက္ဆင့္ကမ္းေျပာျပ ေဟာျပႏိုင္တဲ့ သူေတာ္ ေကာင္းပညာရွိေတြကို ေပါင္းေဖာ္ ဆည္းကပ္ရပါမယ္။

    ပညာရွိ သူေတာ္ေကာင္းေတြနဲ႔အေဆြခင္ပြန္းျဖစ္ရတာဟာ မိမိတို႔အတြက္ ပစၥဳပၸါန္ဘဝမွာေရာ တမလြန္ဘဝေတြအထိ ေကာင္းက်ိဳးခ်မ္းသာကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ျမတ္စြာဘုရားရွင္က”အေဆြခင္ပြန္းေကာင္းရွိသူဟာ ျမင့္ျမတ္တဲ့စ႐ိုက္လကၡဏာ ျမင့္ျမတ္တဲ့အက်င့္သီလေတြ ျဖစ္ထြန္းေစရန္အတြက္ ၿပီးျပည့္စုံေစတယ္” လို႔ (သဂါထာဝဂၢသံယုတ္ပါဠိကလ်ာဏမိတၱ)သုတ္မွာ ေဟာၾကားေတာ္မူခဲ့ပါတယ္။ ထို႔ေၾကာင့္ ဓမၼမိတ္ေဆြ သူေတာ္ေကာင္းအေပါင္းတို႔မွာလည္း ေကာင္းမြန္ေသာ ကလ်ာဏမိတၱတို႔ျဖင့္ ေပါင္းမွီဝဲၿပီး တစ္ခါတရံ ေပ်ာက္ေနတတ္တဲ့ မိမိတို႔”အပ္” ကို “ဆင္”စီးၿပီးရွာေဖြ ေတြ႕ရွိႏိုင္ၾကပါေစလို႔ ေတာင္းဆုပတၳနာ အခါခါျပဳလိုက္ပါေၾကာင္း။

    Credit-Original Uploader

  • ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူ မှီခဲ့သောပတ္တမြား

    ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူ မှီခဲ့သောပတ္တမြား

    တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံစိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။ အထူးသဖြင့် မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆက်စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ်။ သုဝဏ္ဏ အားကစားရုံ တည်ဆောက်နေစဉ်ကာလ နိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာ စိုက်ပျိုးမယ့် မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကို ထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကို တွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ်။ ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်က ကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကို သဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာ အသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ်။ စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီး စုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက …တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်း ထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကို သေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ်။

    (ကျိုက်ဒေးဝိ သမိုင်း)-ကျိုက်ထီးရိုးဘိုးဘိုးကြီး –

    သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ်။ စေတီတော်ကို ကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါ ဦးသိန်းမောင်ရဲ့ လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိ ကျောက်တစ်လုံးကိုတွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါငါ့ကို ပေးတာဖြစ်မယ်လို့ ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ်။ အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက်ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ (ထိုခေတ်က) ရှစ်ကျပ်ပေးပါတယ်။ မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ်။ ကျောက်ကိုသေချာ စစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ်။ တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးက ဒါ မင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာ ဘုရားတည်နေတယ်။ လပြည့်နေ့ နေ့လည်တစ်နာရီ အရောက်သွား။ အဲသည်ဘုရားမှာ ဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ်။

    ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူမီခဲ့သောပတ္တမြား

    ပတ္တမြားကြီးလာပြီ..ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကို နာခံပြီး ကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး တည်နေတဲ့အချိန်ဖြစ်ပါတယ်။ စေတီတော် တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာ ထီးတော်တင်မင်္ဂလာနဲ့ ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်း ကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက…ဘုရားလေးဆူကို မီခဲ့တဲ့ ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

    အမေကြည်ရဲ့ ပြောကြားချက်ကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလား ဆိုသူတွေလည်းရှိပါတယ် ။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့ အမိန့်ဟာ ဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေ တင်ထားပီးပါပြီ။ ပတ္တမြားကြီး ရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့် ကျပ်နေပါတယ်။ တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီး တစ်ခုကျင်းပနေရာက ဌာပနာတော်သွင်း မင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာ ကျန်ပါတော့တယ်။ လူတွေအားလုံးဟာ ဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကိုတစ်လှည့် ကြည့်ပီး သို့လော သို့လောနဲ့ စောင့်ဆိုင်းနေကြပါတယ်။

    အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ပတ္တမြားကြီး ရောက်လာမယ့် လမ်းကို စောင့်နေရာက ဟောလာပီ ပတ္တမြားကြီး ရောက်လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာ ထည့်သွင်းဖို့ လပြည့်နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ်။ ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့ လူတွေကို ဖြတ်ကျော်ပီး လက်ထဲက ညိုမွဲမွဲ ၉၀ တန်ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ်။ အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့တရိုတသေ လှမ်းယူလိုက်ပီး နေရောင်မှာ ကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲက ကျောက်ကို စုပြုံကြည့်ရင်း သာမန်ကျောက်ခဲလို ဘာမှလည်း မထူးခြားပဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ်။

    အမေကြည်က အပြုံးမပျက်ပဲ ကျောက်ကို ဂွမ်းဆိုင်ပေါ် တင်လိုက်တဲ့အချိန်မှာတော့ …အရောင်အဆင်း မရှိတဲ့ ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာ ရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့ အရောင်တွေ တဖိတ်ဖိတ် တလက်လက် ယှက်ဖြာလာရင်း ဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေ ကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ်။

    ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့ အချိန်မှာ ပြိုးပြိုးပြက်ပြက် အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။ အောင်ပြီ ပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့ အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအား လုံးအောင်ပြီ … အောင်ပြီ … အောင်ပြီ … ဆိုပြီး တခဲနက် ကြွေးကြော်လိုက်ကြပါတော့တယ်။ ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။ တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါ။ ကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ်။ တစ်ခါ တစ်ခေါက် လာရောက်ဖူးမြော်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့ မည်သူ့ကိုမျှ မတိုက်တွန်းပါ။

    Credit – မကြာဖြူ

    (Zawgyi)

    က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ရဲ႕ ထူးျခားတဲ့ နတ္က်ားအေစာင့္နဲ႔ ဘုရားေလးဆူမွီ ခဲ့ေသာပတၱျမား

    တခ်ိဳ႕ေသာအျဖစ္အပ်က္ေတြဟာ တစ္ခါတစ္ရံစိတ္ကူးယဥ္တာထက္ ဆန္းၾကယ္ေနပါတယ္။ အထူးသျဖင့္ မျမင္အပ္တဲ့ ပုဂၢိဳလ္ေတြနဲ႔ဆက္စပ္တဲ့အခါမ်ိဳးမွာ သာမန္အေတြးနဲ႔ ယုံၾကည္လက္ခံဖို႔ အေတာ္ခဲယဥ္းေနတတ္ပါတယ္။ သုဝဏၰ အားကစား႐ုံ တည္ေဆာက္ေနစဥ္ကာလ ႏိုင္ငံျခားပညာရွင္ေတြဟာ အားကစားဝင္းမွာ စိုက္ပ်ိဳးမယ့္ ျမက္အမ်ိဳးအစားရွာေဖြဖို႔ ပဲခူးဘက္ကို ထြက္လာခဲ့ရာက အင္းတိုင္လမ္းဆုံမေရာက္ခင္ ပုံသဏၭာန္ထူးျခားတဲ့ ေစတီေတာ္တစ္ဆူကို ေတြ႕တာနဲ႔ ဝင္ေရာက္ဖူးေျမာ္ၾကပါတယ္။ ရင္ျပင္ေတာ္ကို လွည့္ပတ္ၾကည့္ရာက တနလာေဒၤါင့္က က်ားႏွစ္ေကာင္ကိုေတြ႕တဲ့ခါ တစ္ေကာင္နဲ႔တစ္ေကာင္ ႏႈတ္ခမ္းေမႊးကစ ခြဲျခားမရေအာင္လက္ရာတူညီေနတာကို သေဘာက်ပီး ပညာရွင္ကို လုပ္ငန္းမွာ အသုံးျပဳဖို႔ ေဂါပကအဖြဲ႕ထံ သြားေရာက္စုံစမ္းၾကပါတယ္။ စကားျပန္ကတဆင့္ အက်ိဳးအေၾကာင္းေျပာပီး စုံစမ္းတဲ့အခါမွာ ေဂါပက အဖြဲ႕ဝင္ေတြက …တနလၤာေဒါင့္မွာ က်ားတစ္ေကာင္တည္း ထုလုပ္ထားတာပါလို႔ ရွင္းျပေပမယ့္ ေသခ်ာၾကည့္ပီးစစ္ေဆးခဲ့တဲ့ ႏိုင္ငံျခားသား အဖြဲ႕ကလည္း က်ားႏွစ္ေကာင္ကို ေသခ်ာျမင္ခဲ့တဲ့အေၾကာင္း ျငင္းခုံၾကရင္း ေဂါပကအဖြဲ႕နဲ႔အတူ တနလာေဒၤါင့္ကို ထပ္မံသြားၾကည့္တဲ့အခါမွာေတာ့ အမွန္တကယ္ က်ားတစ္ေကာင္ထဲသာရွိေနတာကို ျမင္ပီး ႏိုင္ငံျခားသားေတြ အံ့ၾသတုံလႈပ္ကုန္ၾကပါတယ္။

    (က်ိဳက္ေဒးဝိ သမိုင္း)-က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီး –

    သကၤန္းကြၽန္းၿမိဳ႕နယ္မွာေနထိုင္တဲ့ ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ တစ္ေန႔မွာ က်ိဳက္ထီး႐ိုးေစတီ သြားေရာက္ဖူးေျမာ္ၾကပါတယ္။ ေစတီေတာ္ကို ကန္ေတာ့ပီး လက္အုပ္ကို ျပန္ႂကြလိုက္တဲ့အခါ ဦးသိန္းေမာင္ရဲ႕ လက္အုပ္ထဲမွာ ခိုးလို႔ခုလုနဲ႔ မာေက်ာေက်ာအရာတစ္ခု ပါလာပါတယ္။ အညိဳေရာင္ခပ္မြဲမြဲနဲ႔ ကြမ္းသီးလုံးခန႔္ရွိ ေက်ာက္တစ္လုံးကိုေတြ႕တာနဲ႔ သူ႔စိတ္ထဲမွာ ဒါငါ့ကို ေပးတာျဖစ္မယ္လို႔ ယူဆပီး ေက်ာက္ကို အိမ္အျပန္ယူလာခဲ့ပါတယ္။ အမွတ္မဲ့ေနရာက တစ္ေန႔မွာေတာ့ သိမ္းထားတဲ့ေက်ာက္ကို မဂိုလမ္းသြားျပၾကည့္တဲ့ခါ (ထိုေခတ္က) ရွစ္က်ပ္ေပးပါတယ္။ မေက်နပ္လို႔ထပ္ပီး ဗိုလ္ခ်ဳပ္ေဈး ေက်ာက္ပြဲစားတန္းကို သြားျပျပန္ပါတယ္။ ေက်ာက္ကိုေသခ်ာ စစ္ေဆးပီး ၉၀ က်ပ္တန္ဖိုးျဖတ္တာနဲ႔မေရာင္းပဲ ျပန္သိမ္းထားလိုက္ပါတယ္။ တစ္ညမွာေတာ့ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးက ဒါ မင္းပစၥည္းမဟုတ္ဘူး အင္းတိုင္လမ္းဆုံနားမွာ ဘုရားတည္ေနတယ္။ လျပည့္ေန႔ ေန႔လည္တစ္နာရီ အေရာက္သြား။ အဲသည္ဘုရားမွာ ဌာပနာထည့္လိုက္လို႔ အိပ္မက္ေပးပါတယ္။

    က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ရဲ႕ ထူးျခားတဲ့ နတ္က်ားအေစာင့္နဲ႔ ဘုရားေလးဆူမီခဲ့ေသာပတၱျမား

    ပတၱျမားႀကီးလာၿပီ..ထိုအခ်ိန္က ပါရမီရွင္ အေမၾကည္ဆိုသူဟာ အထက္ပုဂၢိဳလ္ေတြရဲ႕ ဓါတ္မိန႔္ကို နာခံၿပီး က်ိဳက္ေဒးဝိေစတီေတာ္ကို ဦးစီးပီး တည္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ေစတီေတာ္ တည္ေဆာက္ၿပီးစီးလို႔ လျပည့္ေန႔မွာ ထီးေတာ္တင္မဂၤလာနဲ႔ ဌာပနာေတာ္သြင္းမဂၤလာ တၿပိဳင္တည္း က်င္းပမွာျဖစ္ပီး အထက္ပုဂၢိဳလ္ႀကီးမ်ားက…ဘုရားေလးဆူကို မီခဲ့တဲ့ ပတၱျမားႀကီး ေရာက္လာလိမ့္မယ္လို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။

    အေမၾကည္ရဲ႕ ေျပာၾကားခ်က္ကို မယုံတစ္ဝက္ ယုံတစ္ဝက္နဲ႔ ဟုတ္မွဟုတ္ပါ့မလား ဆိုသူေတြလည္းရွိပါတယ္ ။ ဘယ္လိုပဲထင္ထင္ အထက္ပုဂၢိဳလ္ေတြရဲ႕ အမိန႔္ဟာ ဘယ္ခါမွ မလြဲမွားတဲ့အတြက္ အေမၾကည္က ပတၱျမားႀကီးတင္ဖို႔ ကလာပ္တစ္ခုေပၚမွာ ဆြတ္ဆြတ္ျဖဴတဲ့ ဂြမ္းေတြ တင္ထားပီးပါၿပီ။ ပတၱျမားႀကီး ေရာက္လာမွာတဲ့ဆိုပီး တစ္ဆင့္စကား တစ္ဆင့္နားနဲ႔လာၾကတဲ့သူေတြကလည္း တိုးမေပါက္ေအာင္ျပည့္ က်ပ္ေနပါတယ္။ တေျဖးေျဖးနဲ႔ အစီအစဥ္ေတြ တစ္ခုပီး တစ္ခုက်င္းပေနရာက ဌာပနာေတာ္သြင္း မဂၤလာခ်ိန္ေရာက္ဖို႔ မိနစ္အနည္းငယ္သာ က်န္ပါေတာ့တယ္။ လူေတြအားလုံးဟာ ဂြမ္းဆိုင္ပုံႀကီးကိုတစ္လွည့္ အေမၾကည္ကိုတစ္လွည့္ ၾကည့္ပီး သို႔ေလာ သို႔ေလာနဲ႔ ေစာင့္ဆိုင္းေနၾကပါတယ္။

    အေမၾကည္ကေတာ့ ယုံၾကည္ခ်က္အျပည့္နဲ႔ ပတၱျမားႀကီး ေရာက္လာမယ့္ လမ္းကို ေစာင့္ေနရာက ေဟာလာပီ ပတၱျမားႀကီး ေရာက္လာပါၿပီလို႔ ေႂကြးေၾကာ္လိုက္ပါတယ္။ ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးအိပ္မက္အရ ဌာပနာ ထည့္သြင္းဖို႔ လျပည့္ေန႔မွာ ေက်ာက္ကို ယူေဆာင္လာခဲ့ပါတယ္။ ၾကက္ပ်ံမက် ႀကိတ္ႀကိတ္တိုးေနတဲ့ လူေတြကို ျဖတ္ေက်ာ္ပီး လက္ထဲက ညိဳမြဲမြဲ ၉၀ တန္ေက်ာက္ကို အေမၾကည့္လက္ထဲ အခ်ိန္မီေပးအပ္လိုက္ပါတယ္။ အေမၾကည္က ေက်ာက္ကို လက္ႏွစ္ဘက္နဲ႔တ႐ိုတေသ လွမ္းယူလိုက္ပီး ေနေရာင္မွာ ကိုင္ေျမႇာက္ျပလိုက္တဲ့ခါ လူေတြအားလုံး အေမ့လက္ထဲက ေက်ာက္ကို စုၿပဳံၾကည့္ရင္း သာမန္ေက်ာက္ခဲလို ဘာမွလည္း မထူးျခားပဲ အထင္နဲ႔အျမင္ တက္တက္စင္လြဲေနတာမို႔ စိတ္ပ်က္သြားၾကပါတယ္။

    အေမၾကည္က အၿပဳံးမပ်က္ပဲ ေက်ာက္ကို ဂြမ္းဆိုင္ေပၚ တင္လိုက္တဲ့အခ်ိန္မွာေတာ့ …အေရာင္အဆင္း မရွိတဲ့ ေက်ာက္ခဲဟာ မ်က္လွည့္ျပလိုက္သလို ေနေရာင္ေအာက္မွာ ႐ႊန္းစိုလာပီး တေျဖးေျဖး နီရဲေနတဲ့ အေရာင္ေတြ တဖိတ္ဖိတ္ တလက္လက္ ယွက္ျဖာလာရင္း ဂြမ္းဆိုင္ထုတစ္ခုလုံး အနီေရာင္ေတြ ကူးစက္သြားပီး ပတၱျမားရည္ေတြ စီးက်ေနသလိုခ်င္းခ်င္း နီရဲသြားပါတယ္။

    ပတၱျမားႀကီးရဲ႕အေရာင္ေတြဟာ ေနေရာင္ခတဲ့ အခ်ိန္မွာ ၿပိဳးၿပိဳးျပက္ျပက္ အလင္းတန္းေတြျဖာပီး လူေတြဆီပါ အေရာင္ေတြဟပ္ေနပါေတာ့တယ္။ ေအာင္ၿပီ ပတၱျမားႀကီးကို ဌာပနာသြင္းပီးခ်ိန္မွာေတာ့ အေမၾကည္နဲ႔အတူ ပရိတ္သတ္ႀကီးအား လုံးေအာင္ၿပီ … ေအာင္ၿပီ … ေအာင္ၿပီ … ဆိုၿပီး တခဲနက္ ေႂကြးေၾကာ္လိုက္ၾကပါေတာ့တယ္။ ဘုရားရဲ႕ဘြဲ႕ေတာ္က က်ိဳက္ေဒးဝိ ျဖစ္ပါတယ္။ ေတာ္႐ုံသမာဓိနဲ႔ အဓိဌာန္မဝင္သင့္တဲ့ေနရာပါ။ ကုကၠိဳသစ္ကြင္းပင္တစ္ပင္ရွိပီး နတ္က်ားတစ္ေကာင္ ေစာင့္ေရွာက္ေနပါတယ္။ တစ္ခါ တစ္ေခါက္ လာေရာက္ဖူးေျမာ္ပါလို႔ တိုက္တြန္းလိုက္ပါရေစ။ မုခ္ဦးအဝင္မွာ ကိုယ္တိုင္ က်ားဟိန္းသံၾကားခဲ့ဖူးပါတယ္။ ယုံၾကည္ဖို႔ မည္သူ႔ကိုမွ် မတိုက္တြန္းပါ။

    Credit – မၾကာျဖဴ

  • သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း

    သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း

    အသက် ၁၅ နှစ်

    မိဘရဲ့ ရင်ခွင်ထဲက အပျံ သင်ကာစပဲ ရှိသေးတယ်။ ဘဝအတွက် လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာ၊ ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ။ တချို့က ကံတရားကြောင့်လား ဆင်ခြင်တုံတရား နုသေးလို့လား မသိဘူးတော့ အိမ်ထောင်ကျနေတတ်ကြတယ်။ ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွားလာဖို့ ဆိုတာထက် အသီးမပုပ်အောင် အားတင်းရှင်သန်နေရတတ်တယ်။ မရင့်ကျက်ခင် လောကကြီးအကြောင်းကို မသိခင်၊ မလေ့ကျင့်ရသေးတဲ့ စစ်သားကို စစ်မြေပြင် လွှတ်လိုက်ရသလို ဘယ်က စပစ်ရမှန်း မသိတဲ့ အချိန်ကာလတခုပါ။ အသက် ၁၅ နှစ် ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်တခုလို့ ပြောလို့ရတယ်။

    အသက် ၁၈ နှစ် မှ ၂၀ နှစ်ထိ

    အရွယ်ရောက်ပြီလို့ ပြောလို့တော့ ရပီ။ သက်တမ်းက အရွယ်ရောက်လာတာ မှန်ပေမယ့် လူတော်တော်များများရဲ့ အသိကတော့ အရွယ် မရောက်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျောင်းပညာ မပြီးဆုံးသေးတဲ့ အချိန်ကာလ တခုဖြစ်သလို ပိုက်ဆံကို ကိုယ်တိုင် လူတိုင်း မရှာကြသေးပါဘူး။ မိဘအရိပ် အောက်နေပီး တချို့ဆို ကလေးလုပ်နေကြတုန်း အရွယ်ပါ။

    အသက် ၂၁ နှစ်မှ ၂၅ နှစ်ထိ

    တချို့ဆို ကျောင်းပညာတွေ ပြီးဆုံးပြီး လုပ်ငန်းခွင်ထဲ ရောက်နေချိန်ပါ။ ဘဝအတွေ့အကြုံ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက် ရလာပြီး အမှားအမှန်ကို ခွဲခြားလာနိုင်ချိန်ပါ။ ရင့်ကျက်လာခြင်းရဲ့ ပထမအရွယ်လို့ ဆိုလို့ရပြီး မိဘကျေးဇူး၊ မိဘတန်ဖိုး၊ ငွေကြေးတန်ဖိုး၊ အလုပ်တန်ဖိုး၊ အချိန်တန်ဖိုးတို့ကို နားလည် လက်ခံလာကာ မိဘကျေးဇူး ဆပ်နေချိန်လို့ ပြောလို့ရတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ ဘဝအတွက် plan ချတတ်လာပီး ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်လာနိုင်တဲ့ အတောင်အလက် စုံချိန်လို့ ပြောလို့ ရပါတယ်။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသော လက်ပိုင်ရှင်တွေ အတွက် အကောင်းဆုံးအရွယ် ဖြစ်သော်လည်း အိမ်ထောင်ဦးစီး တချို့ကတော့ မိသားစု အတွက် အဆင်သင့် မဖြစ်သေးတဲ့အချိန် ဖြစ်နေတတ်တယ်။ ယောကျ်ားသားများအတွက် ကြားကာလတခုလို့ ပြောလို့ရပါတယ်။

    အသက်၂၆ နှစ် မှ ၃၀ နှစ် အရွယ်ထိ

    ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ခိုင်မာသော ယုံကြည်ချက်များနှင့် သက်လုံကောင်းသည့် ရင့်ကျက်တဲ့ အရွယ်ပါ။ အကောင်းအဆိုးကို ခွဲခြားလာနိုင်သလို ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း စတဲ့ စိန်ခေါ်မှုတွေကို ပညာသားပါပါ ဖြတ်ကျော်နိုင်ချိန်ပါ။ ပညာရပ် တစ်ခုခုကို အောင်မြင် ကျွမ်းကျင်စွာ တတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ အသားကျနေတဲ့ အချိန် ကာလပါ။ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ စိတ်တည်ငြိမ်မှု၊ ရင့်ကျက်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်မှုတွေ မြင့်မားနေချိန်ပါ။ ယောကျ်ားလေးများနှင့် မိန်းခလေးများ အကုန်လုံး ဘဝသစ်တခု တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေး ပါရစေ။

    အသက် ၃၁ နှစ်မှ ၄၀ နှစ်ထိ

    အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီး ယူမယ်ဆိုရင် မိဘနှင့် သားသမီး အသက်အရမ်း ကွာခြားသွားတတ်သောကြောင့်သားသမီးတွေ ဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ်ပါတယ်။ ဥပမာ – မိဘက အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင် သားသမီး အသက် ၂၀ မှာ မိဘတွေက အသက် ၅၀ နှစ် ကျော်နေပါပီ။ သားသမီးတွေ အတက်နှင့် မိဘတွေ အရွယ်ကျ ဖြစ်နေတတ်ပါတယ်။

    အိမ်ထောင်ပြုတယ် ဆိုတာက စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှုက ပထမပါ။ ပျော်ရွှင်ရဖို့ ဆိုတာက အဓိက ကျန်းမာသန်စွမ်းပြီး အပေးအယူ မျှတဖို့ အရမ်း အရေးကြီးပါတယ်။ အိမ်ထောင်ရေးမှာ မေတ္တာတရားက အရေးပါတယ် ဆိုပေမယ့် နားလည်မှုနှင့် ယုံကြည်မှုက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီးပါတယ်။ ချစ်တိုင်း မညားတတ်ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင် အပေးအယူနှင့် အပြန်အလှန် တန်ဖိုးထားမှုတွေက ဒုတိယပါ။ ကိုယ်တိုင် ရွေးချယ်ပီးသား အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက ပွင့်လင်းစွာ ဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ သာယာအေးချမ်းသော စံပြ အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.. ။

    Credit-Zenith

    (Zawgyi)

    သင္ အိမ္ေထာင္ျပဳသင့္တဲ့ အသက္အ႐ြယ္အေၾကာင္း

    အသက္ ၁၅ ႏွစ္

    မိဘရဲ႕ ရင္ခြင္ထဲက အပ်ံ သင္ကာစပဲ ရွိေသးတယ္။ ဘဝအတြက္ လိုအပ္တဲ့ အတတ္ပညာ၊ အသိပညာ၊ ဘဝပညာေတြကို စသင္ေနရတဲ့ ပညာရွာခ်ိန္ပါ။ တခ်ိဳ႕က ကံတရားေၾကာင့္လား ဆင္ျခင္တုံတရား ႏုေသးလို႔လား မသိဘူးေတာ့ အိမ္ေထာင္က်ေနတတ္ၾကတယ္။ ဗူးသီးႏုႏု မရင့္ခင္ အေမြးသပ္လိုက္သလို ႀကီးထြားလာဖို႔ ဆိုတာထက္ အသီးမပုပ္ေအာင္ အားတင္းရွင္သန္ေနရတတ္တယ္။ မရင့္က်က္ခင္ ေလာကႀကီးအေၾကာင္းကို မသိခင္၊ မေလ့က်င့္ရေသးတဲ့ စစ္သားကို စစ္ေျမျပင္ လႊတ္လိုက္ရသလို ဘယ္က စပစ္ရမွန္း မသိတဲ့ အခ်ိန္ကာလတခုပါ။ အသက္ ၁၅ ႏွစ္ ဆိုတာ အိမ္ေထာင္ျပဳဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ အ႐ြယ္တခုလို႔ ေျပာလို႔ရတယ္။

    အသက္ ၁၈ ႏွစ္ မွ ၂၀ ႏွစ္ထိ

    အ႐ြယ္ေရာက္ၿပီလို႔ ေျပာလို႔ေတာ့ ရပီ။ သက္တမ္းက အ႐ြယ္ေရာက္လာတာ မွန္ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အသိကေတာ့ အ႐ြယ္ မေရာက္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းပညာ မၿပီးဆုံးေသးတဲ့ အခ်ိန္ကာလ တခုျဖစ္သလို ပိုက္ဆံကို ကိုယ္တိုင္ လူတိုင္း မရွာၾကေသးပါဘူး။ မိဘအရိပ္ ေအာက္ေနပီး တခ်ိဳ႕ဆို ကေလးလုပ္ေနၾကတုန္း အ႐ြယ္ပါ။

    အသက္ ၂၁ ႏွစ္မွ ၂၅ ႏွစ္ထိ

    တခ်ိဳ႕ဆို ေက်ာင္းပညာေတြ ၿပီးဆုံးၿပီး လုပ္ငန္းခြင္ထဲ ေရာက္ေနခ်ိန္ပါ။ ဘဝအေတြ႕အႀကဳံ၊ ႏွလုံသား အေတြ႕အႀကဳံ ရသင့္သေလာက္ ရလာၿပီး အမွားအမွန္ကို ခြဲျခားလာႏိုင္ခ်ိန္ပါ။ ရင့္က်က္လာျခင္းရဲ႕ ပထမအ႐ြယ္လို႔ ဆိုလို႔ရၿပီး မိဘေက်းဇူး၊ မိဘတန္ဖိုး၊ ေငြေၾကးတန္ဖိုး၊ အလုပ္တန္ဖိုး၊ အခ်ိန္တန္ဖိုးတို႔ကို နားလည္ လက္ခံလာကာ မိဘေက်းဇူး ဆပ္ေနခ်ိန္လို႔ ေျပာလို႔ရတယ္။ အိမ္ေထာင္ျပဳမယ္ဆိုရင္လည္း အရမ္းႀကီး မပင္ပန္းေတာ့ဘဲ ဘဝအတြက္ plan ခ်တတ္လာပီး ကိုယ့္ဘဝကို ကိုယ္ကိုယ္တိုင္ ထုဆစ္လာႏိုင္တဲ့ အေတာင္အလက္ စုံခ်ိန္လို႔ ေျပာလို႔ ရပါတယ္။ မ်ိဳးဆက္သစ္ေတြ ေမြးထုတ္ေပးမယ့္ ပုခက္လႊဲေသာ လက္ပိုင္ရွင္ေတြ အတြက္ အေကာင္းဆုံးအ႐ြယ္ ျဖစ္ေသာ္လည္း အိမ္ေထာင္ဦးစီး တခ်ိဳ႕ကေတာ့ မိသားစု အတြက္ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္ ျဖစ္ေနတတ္တယ္။ ေယာက်္ားသားမ်ားအတြက္ ၾကားကာလတခုလို႔ ေျပာလို႔ရပါတယ္။

    အသက္၂၆ ႏွစ္ မွ ၃၀ ႏွစ္ အ႐ြယ္ထိ

    ဘဝသစ္တစ္ခု တည္ေဆာက္ဖို႔ ခိုင္မာေသာ ယုံၾကည္ခ်က္မ်ားႏွင့္ သက္လုံေကာင္းသည့္ ရင့္က်က္တဲ့ အ႐ြယ္ပါ။ အေကာင္းအဆိုးကို ခြဲျခားလာႏိုင္သလို ေပ်ာ္႐ႊင္ျခင္း၊ စိတ္ညစ္ျခင္း စတဲ့ စိန္ေခၚမႈေတြကို ပညာသားပါပါ ျဖတ္ေက်ာ္ႏိုင္ခ်ိန္ပါ။ ပညာရပ္ တစ္ခုခုကို ေအာင္ျမင္ ကြၽမ္းက်င္စြာ တတ္ကြၽမ္းေနပီး လုပ္ငန္းခြင္မွာ အသားက်ေနတဲ့ အခ်ိန္ ကာလပါ။ အိမ္ေထာင္ေရးအတြက္ လိုအပ္တဲ့ စိတ္တည္ၿငိမ္မႈ၊ ရင့္က်က္မႈ၊ နားလည္မႈ၊ ယုံၾကည္မႈ၊ စိန္ေခၚမႈေတြကို ျဖတ္ေက်ာ္ႏိုင္မႈေတြ ျမင့္မားေနခ်ိန္ပါ။ ေယာက်္ားေလးမ်ားႏွင့္ မိန္းခေလးမ်ား အကုန္လုံး ဘဝသစ္တခု တည္ေဆာက္ဖို႔ အေကာင္းဆုံး အခ်ိန္ဟု အႀကံေပး ပါရေစ။

    အသက္ ၃၁ ႏွစ္မွ ၄၀ ႏွစ္ထိ

    အိမ္ေထာင္ျပဳဖို႔ ေကာင္းေသာ္လည္း သားသမီး ယူမယ္ဆိုရင္ မိဘႏွင့္ သားသမီး အသက္အရမ္း ကြာျခားသြားတတ္ေသာေၾကာင့္သားသမီးေတြ ဘဝကို ျပဳစုပ်ိဳးေထာင္ရာမွာ ပင္ပန္းတတ္ပါတယ္။ ဥပမာ – မိဘက အသက္ ၃၀ ေက်ာ္မွ အိမ္ေထာင္ျပဳပီး ကေလးယူရင္ သားသမီး အသက္ ၂၀ မွာ မိဘေတြက အသက္ ၅၀ ႏွစ္ ေက်ာ္ေနပါပီ။ သားသမီးေတြ အတက္ႏွင့္ မိဘေတြ အ႐ြယ္က် ျဖစ္ေနတတ္ပါတယ္။

    အိမ္ေထာင္ျပဳတယ္ ဆိုတာက စားဝတ္ေနေရးက ပထမဆိုေပမယ့္ ေပ်ာ္႐ႊင္မႈက ပထမပါ။ ေပ်ာ္႐ႊင္ရဖို႔ ဆိုတာက အဓိက က်န္းမာသန္စြမ္းၿပီး အေပးအယူ မွ်တဖို႔ အရမ္း အေရးႀကီးပါတယ္။ အိမ္ေထာင္ေရးမွာ ေမတၱာတရားက အေရးပါတယ္ ဆိုေပမယ့္ နားလည္မႈႏွင့္ ယုံၾကည္မႈက ႏွစ္ဖက္စလုံး ညီမွ်ေနဖို႔က ပိုအေရးႀကီးပါတယ္။ ခ်စ္တိုင္း မညားတတ္ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင္ အေပးအယူႏွင့္ အျပန္အလွန္ တန္ဖိုးထားမႈေတြက ဒုတိယပါ။ ကိုယ္တိုင္ ေ႐ြးခ်ယ္ပီးသား အိမ္ေထာင္ဖက္နဲ႔ မယူခင္ကတည္းက ပြင့္လင္းစြာ ေဆြးေႏြးပီး စိတ္တူ ကိုယ္တူ အသြင္တူစြာ သာယာေအးခ်မ္းေသာ စံျပ အိမ္ေထာင္ေရးတစ္ခု တည္ေဆာက္ႏိူင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္.. ။

    Credit-Zenith

  • အိမ်သာဟောင်းတွေကို ပြန်လည်ပြုပြင်ရောင်းချပီး သမီးနှစ်ယောက်ကိုဘွဲ့ရတဲ့ထိ ကျောင်းထားပေးခဲ့တဲ့ ဖခင်

    ဗီယက်နမ်နိုင်ငံ Vo Van Keetခရိုင်တွင် နေထိုင်သော Dac Dungအမည်ရှိ အသက် ၅၈နှစ်အရွယ် ဖခင်တစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဒေသရှိ အိမ်သာဟောင်းတွေကို လိုက်လံစုဆောင်းကာ ဆေးကြောသန့်စင်ပြီးနောက် ပြန်လည်ရောင်းချခဲ့သည်။

    ဖခင်ဖြစ်သူသည် တစ်ချိန်က ထရပ်ကားမောင်းရင်း ကုန်တင်ကုန်ချလုပ်ခဲ့ပြီး အဆင်မပြေတော့၍ အခြားသောအလုပ်ပြောင်းလုပ်ရန် စဉ်းစားခဲ့ရာ အိမ်သာသစ်များကို မဝယ်ယူနိုင်သူများအတွက် အိမ်သာဟောင်းတွေကို ဈေးသက်သာစွာနှင့် ရောင်းချရန် အကြံရခဲ့သည်။

    အစပိုင်းတွင် ညစ်ပေနေသော အိမ်သာဟောင်းကို ပြန်လည်ဆေးကြောဖို့ဆိုတာ လွယ်ကူသောအရာမဟုတ်ပေမယ့် စားဝတ်နေရေး အဆင်ပြေဖို့သာ အဓိကထားပြီး လုပ်ဆောင်ခဲ့ရာ ယခုဆိုရင် နှစ်၂၀ကြာရှိခဲ့ပြီဖြစ်သည်။

    ထိုလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ရာ အိမ်ရှိမိသားစုအားလုံးကိုလည်း အဆင်ပြေပြေထားနိုင်ပြီး သမီး၂ယောက်ကိုလည်း ဘွဲ့ရသည်ထိ အကြွေးမရှိပဲ ထောက်ပံ့ပေးနိုင်ခဲ့သည်။