အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ်
မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ အိမ်ထောင်ရေးအဟောများကို ဖော်ပြလိုက်ပါတယ်နော်။ လူ ၁၀၀ မှာ ၈၀% ထိ မှန်တတ်ပါတယ်။ တွက်နည်း- မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁(ကျား)ဆိုသော အဟော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။
အကြွင်း ၁ (ကျား)=အကြွင်း ၁ ရရှိသော ယောင်္ကျားလေးများသည် များသာအားဖြင့် အိမ်ထောင်တစ်ဆက်ထဲ ကျတတ်ကြပါတယ်။ မိမိဘက်က အိမ်ထောင်ဘက်အပေါ်ကို သည်းခံ၍ ပေါင်းသင်းပေမယ့် အိမ်ထောက်ဘက်က မိမိအပေါ်ကို ကြပ်ကြပ်မကောင်းလျှင်တော့ နောက်အိမ်ထောင် ၂ ဆက် ၃ ဆက်ထပ်ပြုဖို့ အတွက် ဝန်မလေးကြသူများလည်း ဖြစ်ပါတယ်။
အကြွင်း ၁ ( မ )=၁ ကြွင်းသမား မိန်းကလေးများအနေနဲ့ကတော့ များသောအားဖြင့် အိမ်ထောင်ရေး ကံကောင်းတတ်ကြပါတယ်။အိမ်ထောင်ဘက်က တည်ငြိမ်သူ အိမ်ထောင်ရေးကို အလေးထားသူ ဘာသာရေး ကိုင်းရှိုင်းတတ်သူဖြစ်ပါတယ်။ ထို့ကြောင့် သစ္စာရှိရှိ ပေါင်းသင်းရင်ဖြင့် အိမ်ထောင်တစ်ဆက်ထဲနဲ့ သာယာသော အိမ်ထောင်ရေးတစ်ခုကို ရိုးမြေကျ တည်ဆောက်နိုင်ပါတယ်။
အကြွင်း ၂ ( ကျား )=အကြွင်း ၂ ရသော ယောင်္ကျားလေးအများစုဟာ မိမိထက် အစက်ငယ်သော အမျိုးသမီးများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ်။ သို့သော် ငယ်သူနဲ့ ကျခဲ့လျှင် အိမ်ထောင်ရေး ထိမ်းသိမ်းနိုင်ပါစေ အိမ်ထောင်ဆက်များရတတ်ပါတယ်။ အကယ်၍ မိမိထက် အသက်ကြီးသူနဲ့ ကျခဲ့လျှင်တော့ အိမ်ထောင်တဆက်တည်းနဲ့ ပြီးသွားရတတ်ပါတယ်။
အကြွင်း ၂ ( မ )=အကြွင်း ၂ ရရှိသော မိန်းကလေးအများစုကတော့ မရည်ရွယ် မမျှော်လင့်ထားပဲ ရုတ်တရက် အိမ်ထောင်ကျရတတ်ပါတယ်။ ထိုသို့ ကျပြီးခဲ့လျှင်လည်း အိမ်ထောင်ရေးရေရှည် မြဲနိုင်ဖို့ အတွက် ခဲရင်းတတ်ကြပါတယ်။ ထို့ကြောင့် အိမ်ထောင်ရေးကိုအထူးဂရုပြု၍ ခေါင်းအေးအေးထား စဉ်းစားသင့်ပါတယ်။
အကြွင်း ၃ ( ကျား )=အကြွင်း ၃ ရရှိသော ယောင်္ကျားလေးများအနေနဲ့ များသောအားဖြင့် အိမ်ထောင်ဘက်အပေါ်ကို သစ္စာရှိတတ်ကြသူတွေပါ အငယ်အနှောင်း မထားတတ်ကြပဲ အိမ်ထောင်တစ်ခုကို လွယ်လွယ်နဲ့ မပြိုကွဲချင်ကြသူတွေလည်းဖြစ်ပါတယ်။ သို့သော် မိမိဘက်က ကောင်းသော်လည်း မိမိအိမ်ထောင်ဖက်ဘက်ကြောင့် အိမ်ထောင်ရေးမမြဲတတ်ကြသူတွေလည်းဖြစ်ပါတယ်။
အကြွင်း ၃ ( မ )=အကြွင်း ၃ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် မိမိနဲ့ သဘောထားခြင်း လုံးဝကွဲလွဲတဲ့ အမျိုးသားများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ်။ ကိုယ်က ၃ ဆို သူက ၄ လုပ်တတ်သူများနဲ့ နီးစပ်ရတတ်ပါတယ်။ မျက်နှာချင်းဆိုင်တာနဲ့ တကျက်ကျက် ပုံစံမျိုး ဖြစ်ရတတ်ပါတယ်။ ထို့ကြောင့် ခေါင်းအေးအေးထား၍ သတိပြုဆင်ခြင် စဉ်းစားရွေးချယ်သင့်ပါတယ်။
အကြွင်း၄ ( ကျား )=အကြွင်း ၄ ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသောအားဖြင့် အိမ်ထောင်ရေး ကံကောင်းကြပါတယ်။အိမ်ထောင်ဘက် ဇနီးကောင်းနဲ့ လက်ထပ်ပေါင်းသင်းရတတ်ပါတယ်။ သို့သော် တစ်ခါတစ်ခါ မိန်းမက အေးလွန်းလို့ စိတ်ကုန်စရာတွေ ပါ ပေါ်လာရတတ်ပါတယ်။ မိမိသဘောအကြိုက်ဆောင်သော အိမ်ထောင်ဘက်ကောင်းနဲ့ နီးစပ်ရတတ်ပါတယ်။
အကြွင်း ၄ ( မ )=အကြွင်း ၄ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် အလှအပခုံမင်သော အမျိုးသားများနှင့် နီးစပ်ရတတ်ပါတယ်။ သို့သော် အိမ်ထောင်ရေး သိတတ်နားလည်းသော ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်တစ်ဆက်ထဲပါ။
အကြွင်း ၅ ( ကျား )=အကြွင်း ၅ ရရှိသော အမျိုးသားများအနေဖြင့် များသောအားဖြင့် ချစ်တာက တစ်ယောက် ညားတာကတစ်ယောက်ဖြစ်ရတတ်ပြီး အနေနီးစပ်သူများနဲ့ အိမ်ထောင်ကျရတတ်ပါတယ်။
အကြွင်း ၅ ( မ )=အကြွင်း ၅ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် မိမိထက် အစစအရာအရာရာ မြင့်မားသာလွန်သော အမျိုးသားများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ်။ မိမိဘက်က လိမ္မာပါးနပ်ရင် လိမ္မာပါးနပ်သလို သာယာသော အိမ်ထောင်ရေးတစ်ခု ဖြစ်ပါလိမ့်မယ်။
အကြွင်း ၆ ( ကျား )=အကြွင်း ၆ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသောအားဖြင့် မျက်နှာချင်းဆိုင်မရတဲ့ အိမ်ထောင်ဘက်မျိုးနဲ့ နီးစပ်ရတတ်ပါတယ်။ သို့သော် အိမ်ထောင်ရေးက အနည်းဆုံး ၂ ဆက်ကျရတတ်ပါတယ်။
အကြွင်း ၆ ( မ )=အကြွင်း ၆ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် မိမိထက်အသက်ကြီးသော အမျိုးသားနဲ့ အိမ်ထောင်ကျရတတ်ပါတယ်။ အသက်ကြီးတဲ့ သူနဲ့ ရခဲ့ရင် အိမ်ထောင်တစ်ဆက်ထဲ နဲ့ မြဲရတတ်ပြီး ငယ်တဲ့သူနဲ့ ရရှိခဲ့ရင်တော့အိမ်ထောင်ဆက်များရတတ်ပါတယ်။
အကြွင်း ၀ ( ကျား )=အကြွင်း ၀ ရရှိသော ယောင်္ကျားလေးများအနေဖြင့် များသော အားဖြင့်အမျိုးကောင်းသမီးများနဲ့ အိမ်ထောင်ပြုရတတ်ပြီး မိမိကိုချစ်လွန်းလို့ သဝန်တိုမှုတွေတော့ ခံရတတ်ပါတယ်။ ဒါကို ချုပ်ချယ်တယ်ထင်ပြီး အိမါထောင်ရေး မသာယာမှုများကြုံတွေ့ရတတ်ပါတယ်။ သတိထားပေးပါ။
အကြွင်း ၀ ( မ )=အကြွင်း ၀ ရရှိသော မိန်းကလေးများအနေဖြင့် များသောအားဖြင့် အိမ်ထောင် ၂ ဆက်ကျရတတ်ပါတယ်။ သို့သော် မိမိအပေါ်မှာ မူတည်ပါတယ် ပထမအိမ်ထောင်အပေါ်ကို လိမ္မာပါးနပ်စွား ပေါင်းသင်းနိုင်မယ်ဆိုရင်တော့ အိမ်ထောင်တဆက်ထဲနဲ့ မိမိကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။အထက်ပါ ဟောချက်များတင်ပြပေးချင်းဖြင့် အိမ်ထောင်မပြုရသေးသော ချစ်သူရည်းစားများအနေဖြင့် သတိပြုသင့်တာ ပြုလို့ရပြီး ရှောင်ကြဉ် စဉ်းစားသင့်တာ ကြိုတင်၍ သိရရှိရလေအောင် မေတ္တာဖြင့် တင်ပြပေးခြင်းဖြစ်ပါတယ်။
Credit-ဆရာခန့်စည်သူဟိဏ်း
(Zawgyi)
အိမ္ေထာင္ဖက္ေကာင္း ဟုတ္မဟုတ္ ကိုယ္တိုင္ တြက္ၾကည့္မယ္
ျမန္မာ့႐ိုးရာ မဟာဘုတ္ ေဗဒင္ပညာမွ အိမ္ေထာင္ေရးအေဟာမ်ားကို ေဖာ္ျပလိုက္ပါတယ္ေနာ္။ လူ ၁၀၀ မွာ ၈၀% ထိ မွန္တတ္ပါတယ္။ တြက္နည္း- မိမိ၏ ျမန္မာေမြးခုႏွစ္ကို ၇ျဖင့္ စား၍ အႂကြင္း ၁ ရေသာ ေယာက်ၤားေလးျဖစ္ပါက အႂကြင္း ၁(က်ား)ဆိုေသာ အေဟာ မိန္းကေလးဆိုပါက အႂကြင္း ၁ (မ) ဆိုတဲ့ အေဟာကိုဖတ္ရႈေလ့လာႏိုင္ပါတယ္။
အႂကြင္း ၁ (က်ား)=အႂကြင္း ၁ ရရွိေသာ ေယာက်ၤားေလးမ်ားသည္ မ်ားသာအားျဖင့္ အိမ္ေထာင္တစ္ဆက္ထဲ က်တတ္ၾကပါတယ္။ မိမိဘက္က အိမ္ေထာင္ဘက္အေပၚကို သည္းခံ၍ ေပါင္းသင္းေပမယ့္ အိမ္ေထာက္ဘက္က မိမိအေပၚကို ၾကပ္ၾကပ္မေကာင္းလွ်င္ေတာ့ ေနာက္အိမ္ေထာင္ ၂ ဆက္ ၃ ဆက္ထပ္ျပဳဖို႔ အတြက္ ဝန္မေလးၾကသူမ်ားလည္း ျဖစ္ပါတယ္။
အႂကြင္း ၁ ( မ )=၁ ႂကြင္းသမား မိန္းကေလးမ်ားအေနနဲ႔ကေတာ့ မ်ားေသာအားျဖင့္ အိမ္ေထာင္ေရး ကံေကာင္းတတ္ၾကပါတယ္။အိမ္ေထာင္ဘက္က တည္ၿငိမ္သူ အိမ္ေထာင္ေရးကို အေလးထားသူ ဘာသာေရး ကိုင္းရႈိင္းတတ္သူျဖစ္ပါတယ္။ ထို႔ေၾကာင့္ သစၥာရွိရွိ ေပါင္းသင္းရင္ျဖင့္ အိမ္ေထာင္တစ္ဆက္ထဲနဲ႔ သာယာေသာ အိမ္ေထာင္ေရးတစ္ခုကို ႐ိုးေျမက် တည္ေဆာက္ႏိုင္ပါတယ္။
အႂကြင္း ၂ ( က်ား )=အႂကြင္း ၂ ရေသာ ေယာက်ၤားေလးအမ်ားစုဟာ မိမိထက္ အစက္ငယ္ေသာ အမ်ိဳးသမီးမ်ားနဲ႔ အိမ္ေထာင္ျပဳရတတ္ပါတယ္။ သို႔ေသာ္ ငယ္သူနဲ႔ က်ခဲ့လွ်င္ အိမ္ေထာင္ေရး ထိမ္းသိမ္းႏိုင္ပါေစ အိမ္ေထာင္ဆက္မ်ားရတတ္ပါတယ္။ အကယ္၍ မိမိထက္ အသက္ႀကီးသူနဲ႔ က်ခဲ့လွ်င္ေတာ့ အိမ္ေထာင္တဆက္တည္းနဲ႔ ၿပီးသြားရတတ္ပါတယ္။
အႂကြင္း ၂ ( မ )=အႂကြင္း ၂ ရရွိေသာ မိန္းကေလးအမ်ားစုကေတာ့ မရည္႐ြယ္ မေမွ်ာ္လင့္ထားပဲ ႐ုတ္တရက္ အိမ္ေထာင္က်ရတတ္ပါတယ္။ ထိုသို႔ က်ၿပီးခဲ့လွ်င္လည္း အိမ္ေထာင္ေရးေရရွည္ ၿမဲႏိုင္ဖို႔ အတြက္ ခဲရင္းတတ္ၾကပါတယ္။ ထို႔ေၾကာင့္ အိမ္ေထာင္ေရးကိုအထူးဂ႐ုျပဳ၍ ေခါင္းေအးေအးထား စဥ္းစားသင့္ပါတယ္။
အႂကြင္း ၃ ( က်ား )=အႂကြင္း ၃ ရရွိေသာ ေယာက်ၤားေလးမ်ားအေနနဲ႔ မ်ားေသာအားျဖင့္ အိမ္ေထာင္ဘက္အေပၚကို သစၥာရွိတတ္ၾကသူေတြပါ အငယ္အေႏွာင္း မထားတတ္ၾကပဲ အိမ္ေထာင္တစ္ခုကို လြယ္လြယ္နဲ႔ မၿပိဳကြဲခ်င္ၾကသူေတြလည္းျဖစ္ပါတယ္။ သို႔ေသာ္ မိမိဘက္က ေကာင္းေသာ္လည္း မိမိအိမ္ေထာင္ဖက္ဘက္ေၾကာင့္ အိမ္ေထာင္ေရးမၿမဲတတ္ၾကသူေတြလည္းျဖစ္ပါတယ္။
အႂကြင္း ၃ ( မ )=အႂကြင္း ၃ ရရွိေသာ မိန္းကေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ မိမိနဲ႔ သေဘာထားျခင္း လုံးဝကြဲလြဲတဲ့ အမ်ိဳးသားမ်ားနဲ႔ အိမ္ေထာင္ျပဳရတတ္ပါတယ္။ ကိုယ္က ၃ ဆို သူက ၄ လုပ္တတ္သူမ်ားနဲ႔ နီးစပ္ရတတ္ပါတယ္။ မ်က္ႏွာခ်င္းဆိုင္တာနဲ႔ တက်က္က်က္ ပုံစံမ်ိဳး ျဖစ္ရတတ္ပါတယ္။ ထို႔ေၾကာင့္ ေခါင္းေအးေအးထား၍ သတိျပဳဆင္ျခင္ စဥ္းစားေ႐ြးခ်ယ္သင့္ပါတယ္။
အႂကြင္း၄ ( က်ား )=အႂကြင္း ၄ ရရွိေသာ ေယာက်ၤားေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ အိမ္ေထာင္ေရး ကံေကာင္းၾကပါတယ္။အိမ္ေထာင္ဘက္ ဇနီးေကာင္းနဲ႔ လက္ထပ္ေပါင္းသင္းရတတ္ပါတယ္။ သို႔ေသာ္ တစ္ခါတစ္ခါ မိန္းမက ေအးလြန္းလို႔ စိတ္ကုန္စရာေတြ ပါ ေပၚလာရတတ္ပါတယ္။ မိမိသေဘာအႀကိဳက္ေဆာင္ေသာ အိမ္ေထာင္ဘက္ေကာင္းနဲ႔ နီးစပ္ရတတ္ပါတယ္။
အႂကြင္း ၄ ( မ )=အႂကြင္း ၄ ရရွိေသာ မိန္းကေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ အလွအပခုံမင္ေသာ အမ်ိဳးသားမ်ားႏွင့္ နီးစပ္ရတတ္ပါတယ္။ သို႔ေသာ္ အိမ္ေထာင္ေရး သိတတ္နားလည္းေသာ ေယာက်ၤားေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္တစ္ဆက္ထဲပါ။
အႂကြင္း ၅ ( က်ား )=အႂကြင္း ၅ ရရွိေသာ အမ်ိဳးသားမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ ခ်စ္တာက တစ္ေယာက္ ညားတာကတစ္ေယာက္ျဖစ္ရတတ္ၿပီး အေနနီးစပ္သူမ်ားနဲ႔ အိမ္ေထာင္က်ရတတ္ပါတယ္။
အႂကြင္း ၅ ( မ )=အႂကြင္း ၅ ရရွိေသာ မိန္းကေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ မိမိထက္ အစစအရာအရာရာ ျမင့္မားသာလြန္ေသာ အမ်ိဳးသားမ်ားနဲ႔ အိမ္ေထာင္ျပဳရတတ္ပါတယ္။ မိမိဘက္က လိမၼာပါးနပ္ရင္ လိမၼာပါးနပ္သလို သာယာေသာ အိမ္ေထာင္ေရးတစ္ခု ျဖစ္ပါလိမ့္မယ္။
အႂကြင္း ၆ ( က်ား )=အႂကြင္း ၆ရရွိေသာ ေယာက်ၤားေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ မ်က္ႏွာခ်င္းဆိုင္မရတဲ့ အိမ္ေထာင္ဘက္မ်ိဳးနဲ႔ နီးစပ္ရတတ္ပါတယ္။ သို႔ေသာ္ အိမ္ေထာင္ေရးက အနည္းဆုံး ၂ ဆက္က်ရတတ္ပါတယ္။
အႂကြင္း ၆ ( မ )=အႂကြင္း ၆ရရွိေသာ မိန္းကေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ မိမိထက္အသက္ႀကီးေသာ အမ်ိဳးသားနဲ႔ အိမ္ေထာင္က်ရတတ္ပါတယ္။ အသက္ႀကီးတဲ့ သူနဲ႔ ရခဲ့ရင္ အိမ္ေထာင္တစ္ဆက္ထဲ နဲ႔ ၿမဲရတတ္ၿပီး ငယ္တဲ့သူနဲ႔ ရရွိခဲ့ရင္ေတာ့အိမ္ေထာင္ဆက္မ်ားရတတ္ပါတယ္။
အႂကြင္း ၀ ( က်ား )=အႂကြင္း ၀ ရရွိေသာ ေယာက်ၤားေလးမ်ားအေနျဖင့္ မ်ားေသာ အားျဖင့္အမ်ိဳးေကာင္းသမီးမ်ားနဲ႔ အိမ္ေထာင္ျပဳရတတ္ၿပီး မိမိကိုခ်စ္လြန္းလို႔ သဝန္တိုမႈေတြေတာ့ ခံရတတ္ပါတယ္။ ဒါကို ခ်ဳပ္ခ်ယ္တယ္ထင္ၿပီး အိမါေထာင္ေရး မသာယာမႈမ်ားႀကဳံေတြ႕ရတတ္ပါတယ္။ သတိထားေပးပါ။
အႂကြင္း ၀ ( မ )=အႂကြင္း ၀ ရရွိေသာ မိန္းကေလးမ်ားအေနျဖင့္ မ်ားေသာအားျဖင့္ အိမ္ေထာင္ ၂ ဆက္က်ရတတ္ပါတယ္။ သို႔ေသာ္ မိမိအေပၚမွာ မူတည္ပါတယ္ ပထမအိမ္ေထာင္အေပၚကို လိမၼာပါးနပ္စြား ေပါင္းသင္းႏိုင္မယ္ဆိုရင္ေတာ့ အိမ္ေထာင္တဆက္ထဲနဲ႔ မိမိကို အရမ္းခ်စ္တဲ့ ခင္ပြန္းေကာင္းတစ္ေယာက္လည္း ျဖစ္ပါလိမ့္မယ္။အထက္ပါ ေဟာခ်က္မ်ားတင္ျပေပးခ်င္းျဖင့္ အိမ္ေထာင္မျပဳရေသးေသာ ခ်စ္သူရည္းစားမ်ားအေနျဖင့္ သတိျပဳသင့္တာ ျပဳလို႔ရၿပီး ေရွာင္ၾကဥ္ စဥ္းစားသင့္တာ ႀကိဳတင္၍ သိရရွိရေလေအာင္ ေမတၱာျဖင့္ တင္ျပေပးျခင္းျဖစ္ပါတယ္။
Credit-ဆရာခန႔္စည္သူဟိဏ္း