Author: shangyi

  • စားဖိုမှူးတွေသာ သိတဲ့ လျှို့ဝှက် ထမင်းချက်နည်း(၉)နည်း

    စားဖိုမှူးတွေသာသိတဲ့ လျှို့ဝှက် ထမင်းချက်နည်းနဲ့ ထိန်းသိမ်းနည်း (၉)နည်း

    ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များ

    ကျွန်မတို့ အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါ။ အိမ်ရှင်မ/ထီးများအတွက် ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအဟာရ ဓါတ်တွေပါ မဆုံးရှုံးစေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။

    (၁) ရှာလကာရည်

    ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက်ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့်အပြင် ရာသီဥတု အလွန်ပူပြင်း၍ ထမင်းသိုးခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။

    (၂) ဘီယာ

    ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။ဆန်ဟောင်းချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေးပမာ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။

    (၃) မြေပဲဆီ

    ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်း မရှိပဲ ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။

    (၄) ဆား

    လက်ကျန်ထမင်းကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်းအားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့်အပြင် ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။

    (၅) ဆန်အရက်၊ အရက်ဖြူ

    ထမင်းကြော်ရာတွင် အရက်သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဓါပမာ ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။

    (၆) ရေကျက်အေး

    ထမင်းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

    (၇) ကြက်သွန်မြိတ်

    ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏဖုံးအုပ် ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာဖြစ်ပါတယ်။

    (၈) လက်ဖက်ရည်ကြမ်း

    ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာမက အဟာရလည်း အလွန် ဖြစ်စေပါတယ်။

    (၉) သံလွင်ဆီ

    ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှုကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။ ဆီးချို သမားများ အတွက် အထူးသင့်တော်ပါတယ်။

    အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ကြပါစေ။

    Credit-Original Uploader

    (Zawgyi)

    စားဖိုမႉးေတြသာသိတဲ့ လွ်ိဳ႕ဝွက္ ထမင္းခ်က္နည္းနဲ႔ ထိန္းသိမ္းနည္း (၉)နည္း

    ထမင္းခ်က္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ား

    ကြၽန္မတို႔ အိမ္ရွင္မ / အိမ္ရွင္ထီး မ်ားအတြက္ အသုံးဝင္မဲ့ လက္ေတြ႕အသုံးခ်ႏိုင္တဲ့ ဗဟုသုတပါ။ အိမ္ရွင္မ/ထီးမ်ားအတြက္ ထမင္းခ်က္ရာတြင္ အရသာသာမက က်န္းမာေရးအဟာရ ဓါတ္ေတြပါ မဆုံးရႈံးေစမည့္ နည္းလမ္းလဲ လြယ္ကူေစမည့္ ထမင္းခ်က္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္မ်ားကို စုစည္း ေဖာ္ျပေပးလိုက္ပါသည္။

    (၁) ရွာလကာရည္

    ထမင္းခ်က္ရာတြင္ ရွာလကာရည္ တစ္စက္ ႏွစ္စက္ထည့္ေပး႐ုံျဖင့္ ထမင္းရဲ႕ အနံ႔အရသာကို ပိုမိုထင္ေပၚ ေမႊးပ်ံ႕ေစသည့္အျပင္ ရာသီဥတု အလြန္ပူျပင္း၍ ထမင္းသိုးျခင္းကို ကာကြယ္ ေပးႏိုင္ပါတယ္။

    (၂) ဘီယာ

    ဆန္ေဟာင္းမ်ား အထားၾကာသြားၿပီး ခ်က္ျပဳတ္ရာမွာ အနံ႔ အရသာက ဆန္သစ္ေလာက္ မေကာင္းတဲ့ အခ်ိန္မွာ စိတ္ပူစရာ မလိုပါဘူး။ဆန္ေဟာင္းခ်က္ခ်ိန္မွာ ဘီယာ အနည္းငယ္သာ ထည့္ေပးလိုက္ပါ။ ေပၚဆန္းေမႊးပမာ ေမႊးပ်ံ႕တဲ့ ထမင္းကို ရရွိမွာ ျဖစ္ပါတယ္။

    (၃) ေျမပဲဆီ

    ထမင္းခ်က္ရာမွာ ဆားအနည္းငယ္နဲ႔ ေျမပဲဆီ အနည္းငယ္ ထည့္ၿပီး ေမႊေပးလိုက္ပါ။ ဆန္ဖြာျခင္း မရွိပဲ ခံတြင္းကို ေတြ႕ေစမဲ့ ထမင္း ရရွိမွာပါ။

    (၄) ဆား

    လက္က်န္ထမင္းကို ျပန္ေႏြးရာတြင္ ဆားအနည္းငယ္ ထည့္ေပးျခင္းအားျဖင့္ အနံ႔ဆိုးမ်ားကို ေပ်ာက္ေစမည့္အျပင္ ထမင္းကိုလည္း ႏူးညံ့ေစမွာ ျဖစ္ပါတယ္။

    (၅) ဆန္အရက္၊ အရက္ျဖဴ

    ထမင္းေၾကာ္ရာတြင္ အရက္သုံးေလးစက္ အနည္းငယ္ ထည့္ေၾကာ္ေပးပါက နတ္သုဒၶါပမာ ထမင္းအရသာကို ရရွိေစမွာ ျဖစ္ပါတယ္။အကယ္၍ ထမင္းက်က္တဝက္ မက်က္တဝက္ အေျခေနမ်ိဳးနဲ႔ ေတြ႕ႀကဳံေနပါက ဆန္အရက္ ဇြန္း ၂ ဇြန္းစာထည့္ၿပီး ေႏြးေပးျခင္းျဖင့္ ထမင္းကို လုံးဝ က်က္ေစမွာ ျဖစ္ပါတယ္။

    (၆) ေရက်က္ေအး

    ထမင္းခ်က္ရာတြင္ ေရက်က္ေအးျဖင့္ ခ်က္ေပးပါက ဆန္မွာပါဝင္တဲ့ ဗီတာမင္ B1 ဓါတ္ကို အျပည့္အဝ ရရွိေစမွာ ျဖစ္ပါတယ္။

    (၇) ၾကက္သြန္ၿမိတ္

    ထမင္းတူးသြားပါက ထမင္းၾကားထဲကို ၾကက္သြန္ၿမိတ္ တစ္ပင္ကို ထည့္ၿပီး ခဏဖုံးအုပ္ ထားေပးလိုက္ပါ။ တူးနံ႔မ်ား ယူပစ္သလို ေပ်ာက္သြား ေစမွာျဖစ္ပါတယ္။

    (၈) လက္ဖက္ရည္ၾကမ္း

    ေရေႏြးၾကမ္းကို ထမင္းခ်က္ရာမွာ ထည့္ၿပီး သာမာန္အတိုင္း ထမင္းခ်က္ပါ။ ရရွိလာတဲ့ ထမင္းက အနံ႔အရသာကို ျပည့္စုံေစယုံသာမက အဟာရလည္း အလြန္ ျဖစ္ေစပါတယ္။

    (၉) သံလြင္ဆီ

    ထမင္းခ်က္ရာတြင္ သံလြင္ဆီ အနည္းငယ္ ထည့္ေပးပါက ဆန္ထဲရွိ သၾကားဓါတ္ တိုးျမင့္မႈကို ထိန္းခ်ဳပ္ ႏိုင္ေစသည့္အျပင္ အစာအိမ္ကိုလည္း ဥပါဒ္မျဖစ္ေစပါဘူး။ ဆီးခ်ိဳ သမားမ်ား အတြက္ အထူးသင့္ေတာ္ပါတယ္။

    အရသာျပည့္ဝတဲ့ မိသားစု ထမင္းဝိုင္းေလး ျဖစ္ၾကပါေစ။

    Credit-Original Uploader

  • ရေနဲ့ ဖန်ခွက်တစ်ခွက်ပဲလိုတဲ့ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး

    ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး

    အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။ ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါနော်။

    (၁) မုန်ညင်းဖြူ

    ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။ အရွက်တွေ တဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။

    (၂) ကြက်သွန်နီ

    ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို ထည့်လိုက်ပါ။ ကြက်သွန်မြိတ်တွေ ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

    (၃) ပူစီနံ

    ရေထည့်ထားတဲ့ ဖန်ခွက်ထဲကို ပူစီနံတွေ ထည့်ထားလိုက်ပါ။ အရွက်လေးတွေကို စားသုံးပြီးရင်တောင် ပြန်ပြန်ထွက်လာမှာဖြစ်ပါတယ်။

    (၄) ကျူးလစ်

    ကျူးလစ်ဥလေးကို ရေအနည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထားလိုက်ပါ။ ရက်တွေ ကြာလာတာနဲ့အမျှ အပင်လေးတွေပေါက်ပြီး ပန်းပါပွင့်လာမှာဖြစ်ပါတယ်။

    (၅) ဗေဒါ

    ဗေဒါဥလေးတွေကို ရေအနည်းငယ် ထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ အပင်ပေါက်ပြီး ပန်းလေးတွေ ပွင့်လာမှာဖြစ်ပါတယ်။

    Credit-Em Em

    (Zawgyi)

    ေရနဲ႔ဖန္ခြက္ပဲ ရွိ႐ုံနဲ႔ အိမ္ထဲမွာ အလြယ္တကူစိုက္ပ်ိဳးႏိုင္တဲ့ ပန္းပင္၊ စားပင္ (၅) မ်ိဳး

    အပင္စိုက္ဖို႔ဆိုရင္ ေယဘယ်အားျဖင့္ ေျမေနရာလည္း လိုသလို၊ စနစ္တက် ေရေလာင္း၊ ေပါင္းသင္တာေတြ လုပ္ေပးဖို႔လိုအပ္ပါတယ္။ ဒီလိုဆိုေတာ့ တိုက္ခန္းမွာ ေနတဲ့သူေတြ၊ အလုပ္မ်ားတဲ့သူေတြအေနနဲ႔ အပင္စိုက္ခ်င္ရင္ေတာင္ အဲလိုျပႆနာေလးေတြေၾကာင့္ မစိုက္ျဖစ္ၾကပါဘူး။ ခုေဖာ္ျပေပးမွာကေတာ့ ေရနဲ႔ဖန္ခြက္တစ္ခြက္ ရွိ႐ုံနဲ႔ အလြယ္တကူ စိုက္ပ်ိဳးလို႔ရတဲ့ ပန္းပင္ေတြ၊ စားပင္ေတြပဲျဖစ္ပါတယ္။ ၾကည့္လိုက္ပါေနာ္။

    (၁) မုန္ညင္းျဖဴ

    ဖန္ခြက္ထဲကို ေရထည့္လိုက္ၿပီး ပုံမွာျပထားတဲ့အတိုင္း မုန္ညင္းျဖဴရဲ႕ ေအာက္ေျခကို ထည့္ထားလိုက္ပါ။ အ႐ြက္ေတြ တျဖည္းျဖည္း ျပန္ထြက္လာတာကို ေတြ႕ျမင္ရမွာပါ။

    (၂) ၾကက္သြန္နီ

    ဖန္ခြက္ထဲကို ေရထည့္ၿပီး ၾကက္သြန္နီဥ (အနည္းဆုံး ၂လက္မ အျမင့္ ရွိရပါမယ္) ကို ထည့္လိုက္ပါ။ ၾကက္သြန္ၿမိတ္ေတြ ထြက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

    (၃) ပူစီနံ

    ေရထည့္ထားတဲ့ ဖန္ခြက္ထဲကို ပူစီနံေတြ ထည့္ထားလိုက္ပါ။ အ႐ြက္ေလးေတြကို စားသုံးၿပီးရင္ေတာင္ ျပန္ျပန္ထြက္လာမွာျဖစ္ပါတယ္။

    (၄) က်ဴးလစ္

    က်ဴးလစ္ဥေလးကို ေရအနည္းငယ္ ထည့္ထားတဲ့ ဖန္ခြက္ထဲမွာ ထားလိုက္ပါ။ ရက္ေတြ ၾကာလာတာနဲ႔အမွ် အပင္ေလးေတြေပါက္ၿပီး ပန္းပါပြင့္လာမွာျဖစ္ပါတယ္။

    (၅) ေဗဒါ

    ေဗဒါဥေလးေတြကို ေရအနည္းငယ္ ထည့္ထားတဲ့ ဖန္ခြက္ထဲ ထည့္လိုက္ပါ။ ရက္အနည္းငယ္အတြင္းမွာပဲ အပင္ေပါက္ၿပီး ပန္းေလးေတြ ပြင့္လာမွာျဖစ္ပါတယ္။

    Credit-Em Em

  • နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ သပိတ်ကျင်းနယ်ထဲက ကျောက်တွင်းကြီး

    သပိတ်ကျင်းနယ်ထဲက နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ ကျောက်တွင်းကြီး

    ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက်ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။ အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီး နည်းပညာတပ်ရဲ့ ဘေးနားကပါ။ အဲ့ဒီနားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။

    သပိတ်ကျင်းနယ်ထဲကနေ ထွက်တဲ့ ပတ္တမြား၊ နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။ ကျောက်ကြီး နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ ကျောက်ကြီးနည်းပညာတပ်ရဲ့ ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေက ပြောကြတာပါ။ တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။ မုဆိုးတေဟာ သူတို့ရွာရဲ့ အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီး မျက်မဲကြီး ဖြစ်ပါတယ်။ ကျွန်းတွေ ပိတောက်တွေ အရမ်းပေါတယ်။ ယခုချိန်မှာ ကားလမ်းဘေးတစ်ဝိုက်မှာတော့ တောင်ကတုံးတွေပဲ ကျန်တော့တာပါ။ တောလည်ထွက်လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာ မျက်စိလည် လမ်းမှားကြပါတယ်။ လမ်းပျောက်ရှာဖွေရင်းနဲ့ ကျောက်မျက်ရတနာမျိုးစုံတွေ ပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက်ကြတာပါ။ အဲ့ဒီနယ်ဘက်က မုဆိုးတွေဟာ ကျောက်ရတနာ သယံဇာတနယ်မြေမှာ နေသူတွေ ဖြစ်ကြတဲ့အတွက် ကျောက်အကြောင်းတွေကို အတန်သင့် နားလည်တတ်မြောက်ထားကြတာပါ။ မုဆိုးခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ ကျောက်တွေကို ရွေးချယ်ပြီး နေရာဒေသကို မှတ်ထားခဲ့ကာ ရွာကို ပြန်လာကြပါတော့တယ်နော်။ သို့သော်လည်း မုဆိုးတွေဟာ သယ်ယူလာတဲ့ ကျောက်မျက်ရတနာတွေကို သယ်ယူချင်စိတ် မရှိလောက်အောင်ကို လေးလံလာတာပါ။ သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့ အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာ နီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။ မှောင်ရီပျိုးစ အချိန်မှာ သူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။

    နောက်ဆုံးပြန်ရောက်ချိန်မှ သိလိုက်တာဟာ သူတို့မျက်စိလည် လမ်းမှားနေတာက သူတို့ရွာခေါင်းရင်း တောင်ပေါ်မှာပဲ ဖြစ်နေတာပါ။ သူတို့တွေလည်း နောက်တစ်ခါ ပြန်လည်ရှာဖွေရာမှာတော့ မတွေ့ရတော့ပါဘူး။ သူတို့အရင် အဲ့တွင်းကြီးကို ရောက်ဖူးသူတွေ ရှေးလူကြီးတွေပြောပြတာကတော့ အဲ့တွင်းကြီးကို ခွေးနတ်တွေ စောင့်ရှောက်တာပါတဲ့နော်။ တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင် ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။မုဆိုး ခြောက်ယောက်ထဲမှာ ယခုချိန်မှာ တစ်ယောက်ပဲ ကျန်ရှိတော့တာပါ။ ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြား မျိုးစုံ ထွက်နေဆဲဖြစ်ပါတယ်နော်။ လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။ ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်။

    Credit-Original Uploader

    (Zawgyi)

    သပိတ္က်င္းနယ္ထဲက နတ္ေတြဖြတ္ထားတဲ့ ရတနာမ်ိဳးစုံထြက္တဲ့ ေက်ာက္တြင္းႀကီး

    ရတနာတြင္းႀကီးလို႔ ေခၚလိုက္ပါရေစေနာ္။ တကယ္တမ္းကေတာ့ သဘာဝအတိုင္း ျဖစ္တည္ေနတဲ့ လူးတြင္းႀကီးပါ။ အဲ့ဒီအထဲမွာေတာ့ ေက်ာက္မ်က္ရတနာမ်ိဳးစုံ ျပည့္ႏွက္ေနပါတယ္ေနာ္။ အဲ့တြင္းႀကီးက ေက်ာက္ႀကီး႐ြာရဲ႕ အေရွ႕ဘက္မွာ တည္ရွိပါတယ္ေနာ္။ ေက်ာက္ႀကီး႐ြာဆိုတာဟာ ေက်ာက္ႀကီး နည္းပညာတပ္ရဲ႕ ေဘးနားကပါ။ အဲ့ဒီနားက ေဒသတစ္ဝိုက္ဟာ ေ႐ႊ ေငြ သယံဇာတ ေက်ာက္မ်က္ရတနာေတြမ်ားစြာ ထြက္ရွိတဲ့ ရတနာနယ္ေျမျဖစ္ပါတယ္။

    သပိတ္က်င္းနယ္ထဲကေန ထြက္တဲ့ ပတၱျမား၊ နီလာတို႔ဟာ ဝါးျဖဴေတာင္ေက်ာက္လို႔ သိၾကပါသည္။ ေက်ာက္ႀကီး နည္းပညာတပ္ဟာလည္း ယူေရနီယမ္အတြက္ဘဲ တည္ထားတာလို႔ ေျပာၾကတာပါ။ ေက်ာက္ႀကီးနည္းပညာတပ္ရဲ႕ ဝင္ေပါက္က နီလာေက်ာက္ေက်ာႀကီးဟု ေက်ာက္ႀကီး႐ြာရဲ႕ ေရွ႕မွီေနာက္မွီ လူႀကီးေတြက ေျပာၾကတာပါ။ တစ္ေန႔မွာ ေက်ာက္ႀကီး႐ြာကေန မုဆိုးႀကီး ေျခာက္ေယာက္က ေတာလည္ ထြက္လာတာပါ။ မုဆိုးေတဟာ သူတို႔႐ြာရဲ႕ အေရွ႕ဘက္ကို ေတာလိုက္ၾကတာ ျဖစ္ပါတယ္။ အရင္တုန္းက ေက်ာက္ႀကီး႐ြာဆိုတာဟာ ေတာႀကီး မ်က္မဲႀကီး ျဖစ္ပါတယ္။ ကြၽန္းေတြ ပိေတာက္ေတြ အရမ္းေပါတယ္။ ယခုခ်ိန္မွာ ကားလမ္းေဘးတစ္ဝိုက္မွာေတာ့ ေတာင္ကတုံးေတြပဲ က်န္ေတာ့တာပါ။ ေတာလည္ထြက္လာရင္း မုဆိုးႀကီး ေျခာက္ေယာက္ဟာ မ်က္စိလည္ လမ္းမွားၾကပါတယ္။ လမ္းေပ်ာက္ရွာေဖြရင္းနဲ႔ ေက်ာက္မ်က္ရတနာမ်ိဳးစုံေတြ ျပည့္ေနတဲ့ လူးတြင္းႀကီးကို ေတြ႕လိုက္ၾကတာပါ။ အဲ့ဒီနယ္ဘက္က မုဆိုးေတြဟာ ေက်ာက္ရတနာ သယံဇာတနယ္ေျမမွာ ေနသူေတြ ျဖစ္ၾကတဲ့အတြက္ ေက်ာက္အေၾကာင္းေတြကို အတန္သင့္ နားလည္တတ္ေျမာက္ထားၾကတာပါ။ မုဆိုးေျခာက္ေယာက္ဟာလည္း ရတနာတြင္းႀကီးထဲကေန အေကာင္းဆုံးျဖစ္ႏိုင္မဲ့ ေက်ာက္ေတြကို ေ႐ြးခ်ယ္ၿပီး ေနရာေဒသကို မွတ္ထားခဲ့ကာ ႐ြာကို ျပန္လာၾကပါေတာ့တယ္ေနာ္။ သို႔ေသာ္လည္း မုဆိုးေတြဟာ သယ္ယူလာတဲ့ ေက်ာက္မ်က္ရတနာေတြကို သယ္ယူခ်င္စိတ္ မရွိေလာက္ေအာင္ကို ေလးလံလာတာပါ။ သူတို႔ေတြကလည္း ဆက္လက္သယ္ယူဖို႔ အားမရွိေတာ့ပဲ လႊင့္ပစ္ခဲ့ၾကၿပီး ေနာက္ဆုံးမွာ နီလာေက်ာက္တစ္တုံးပဲ က်န္ပါေတာ့တယ္။ ေမွာင္ရီပ်ိဳးစ အခ်ိန္မွာ သူတို႔ေတြရာကို ျပန္ေရာက္လာၾကပါတယ္။

    ေနာက္ဆုံးျပန္ေရာက္ခ်ိန္မွ သိလိုက္တာဟာ သူတို႔မ်က္စိလည္ လမ္းမွားေနတာက သူတို႔႐ြာေခါင္းရင္း ေတာင္ေပၚမွာပဲ ျဖစ္ေနတာပါ။ သူတို႔ေတြလည္း ေနာက္တစ္ခါ ျပန္လည္ရွာေဖြရာမွာေတာ့ မေတြ႕ရေတာ့ပါဘူး။ သူတို႔အရင္ အဲ့တြင္းႀကီးကို ေရာက္ဖူးသူေတြ ေရွးလူႀကီးေတြေျပာျပတာကေတာ့ အဲ့တြင္းႀကီးကို ေခြးနတ္ေတြ ေစာင့္ေရွာက္တာပါတဲ့ေနာ္။ တစ္ေခါက္ ျပန္ေရာက္ခ်င္တယ္ဆိုရင္ ေခြးနတ္ေတြကို ပူေဇာ္ပသရတယ္လို႔ ဆိုပါတယ္။မုဆိုး ေျခာက္ေယာက္ထဲမွာ ယခုခ်ိန္မွာ တစ္ေယာက္ပဲ က်န္ရွိေတာ့တာပါ။ ေက်ာက္ႀကီးနယ္ ေက်ာက္ႀကီး႐ြာဟာလည္း အခုထိ နီလာ ပတၱျမား မ်ိဳးစုံ ထြက္ေနဆဲျဖစ္ပါတယ္ေနာ္။ ေလ့လာခ်င္ရင္ေတာ့ သြားၾကည့္ၾကပါေနာ္။ ဗဟု သုတရေစရန္ ျပန္လည္ မွ်ေဝလိုက္ပါတယ္ေနာ္။

    Credit-Original Uploader

  • ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

    ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ ကရင်လူမျိုးတွေရဲ့ အထွဋ်အမြတ် အံ့ဖွယ်

    ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး။

    ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက် မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ဆင်စွယ်တော်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာ နေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေ။ သူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့က သူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး လာရောက်ယူဆောင်တာတွေ ရှိခဲ့ပါတယ်။ မသူတော်တွေဟာ ဆင်စွယ်တော်ကို ရေခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုပဲ ပြန်လည်လို့ ရောက်ရှိလာတာကတော့ ထူးခြားမှု ဖြစ်စဉ်တရပ် ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။

    သက်သတ်လွတ်စားတဲ့ တလာခုံးတွေ ကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာ လမ်းပန်းခရီး ခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင် အများစုဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်နေကြပါပြီ။ သူတို့ပြောတဲ့စကားကတော့ ပိုးကရင် ဘာသာစကား ဖြစ်ပါတယ်။

    တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာကတော့ မီးပုံပွဲ ပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်။ မီးပုံပူဇော်တဲ့ ပွဲတွေထဲမှာတော့ ကရင်ပြည်နယ် ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာ အထူးထင်ရှား လူသိများပါတယ်။ တလာခုံးဘာသာဝင်တွေကနေ တာဝတိံသာမှာတည်ရှိတဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတော့ ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကို သီးသန့်ရေးသားပါမည်။

    Credit-Original Uploader

    (Zawgyi)

    ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ ကရင္လူမ်ိဳးေတြရဲ႕ အထြဋ္အျမတ္ အံ့ဖြယ္

    ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ တလားခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ အံ့ဖြယ္ဆင္စြယ္ႀကီး။

    ဘယ္သူဘဲယူယူ ဘယ္သူဘဲခိုးခိုး ဘယ္သူဘဲဝွက္ဝွက္ မူလတည္ရွိေနရာကို မပ်က္မကြက္ ျပန္ေရာက္လာတဲ့ ျမတ္ဗုဒၶပုံေတာ္ပါရွိတဲ့ တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ဆင္စြယ္ေတာ္။ ထိုင္း-ျမန္မာနယ္စပ္ ထိုင္းဘက္ျခမ္း တာ့ခ္ခ႐ိုင္ အုန္းဖန္ၿမိဳ႕နယ္အတြင္းက ေလးေတာခိုေက်း႐ြာမွာ ေနထိုင္ၾကတဲ့ တာလခုန္းဘာသာဝင္ေတြ။ သူတို႔႐ြာမွာ အထဋ္အျမတ္ထားကိုးကြယ္တဲ့ ေရွးေဟာင္းဆင္စြယ္ေတာ္ကို မသူေတာ္အခ်ိဳ႕က သူတို႔ပိုင္သလိုလို ဘာလိုလိုနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး လာေရာက္ယူေဆာင္တာေတြ ရွိခဲ့ပါတယ္။ မသူေတာ္ေတြဟာ ဆင္စြယ္ေတာ္ကို ေရျခား ေျမျခားထိတိုင္ေအာင္ ယူေဆာင္သြားတာမ်ိဳးလည္း ရွိခဲ့ပါတယ္။ သို႔ေပမဲ့ အခ်ိန္တန္ေတာ့လည္း မူလတည္ေနရာကိုပဲ ျပန္လည္လို႔ ေရာက္ရွိလာတာကေတာ့ ထူးျခားမႈ ျဖစ္စဥ္တရပ္ ျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕က သုံးသပ္ေျပာဆိုၾကပါတယ္။ သက္သတ္လြတ္စားတဲ့ တလာခုံးေတြ ကိုးကြယ္ၾကတဲ့ ဆင္စြယ္ေတာ္ကို အမ်ားျပည္သူေတြ ျမင္ေတြ႕ရေလေအာင္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။ ေလးေတာခို႐ြာက တလာခုံးဘာသာဝင္ေတြဟာ လမ္းပန္းခရီး ခက္ခဲလွတဲ့ ေတာႀကီးမ်က္မည္းထဲမွာ သီးသန႔္႐ြာတည္ၿပီး ေနထိုင္ၾကတာျဖစ္ပါတယ္။ အခုေတာ့ ေလးေတာခိုမွာေနထိုင္ၾကတဲ့ တလာခုံးဘာသာဝင္ အမ်ားစုဟာ ထိုင္းႏိုင္ငံသားေတြ ျဖစ္ေနၾကပါၿပီ။ သူတို႔ေျပာတဲ့စကားကေတာ့ ပိုးကရင္ ဘာသာစကား ျဖစ္ပါတယ္။ တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြကို လူသိမ်ားေစတာကေတာ့ မီးပုံပြဲ ပူေဇာ္က်င္းပတာဘဲျဖစ္ပါတယ္။ မီးပုံပူေဇာ္တဲ့ ပြဲေတြထဲမွာေတာ့ ကရင္ျပည္နယ္ က်ဳံဒိုးၿမိဳ႕က မီးပုံပူေဇာ္ပြဲဆိုရင္ ထူးျခားတဲ့ဝိေသသေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာ အထူးထင္ရွား လူသိမ်ားပါတယ္။ တလာခုံးဘာသာဝင္ေတြကေန တာဝတႎသာမွာတည္ရွိတဲ့ စူ႒ာမဏိဘုရားကို ရည္စူးၿပီးေတာ့ က်င္းပၾကတဲ့ မီးပုံပူေဇာ္ပြဲအေၾကာင္းကို သီးသန႔္ေရးသားပါမည္။

    Credit-Original Uploader

  • ပန်ထွာဘုရင်မနှင့် ယနေ့အချိန်ထိ မပျယ်သေးသောသူမ၏ ကျိန်စာ

    သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ် ာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ် ချုပ်နေခဲ့သည်။ ( ရာဇဝင်ကျမ်းများအရ “ပြည်” ဟု သုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါ သည်။) ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်း မျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)

    စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။ ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိ ဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊ မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ (ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏ နှမတော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်းအနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေး ဖူးပွင့်ကြသည် ဟုဆိုသည်။

    ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။) ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။ သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။ ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။

    သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။ သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကို မေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။ ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုး ထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။ ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။ နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိစည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက်ထွက်ပြေးသွားခဲ့သည်။

    (ထို့ကြောင့် ပန်ထွာဘုရင်မမှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက် မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရ သေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။ ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ်မှာပင် မြို့ရိုးတံခါးများ ပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။ စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏ သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။ သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာတွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။

    ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။ ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။ သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တစိတ် စီစဉ်ခဲ့သည်။ သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။ ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ (အချို့က သုဿန်မှ အဝတ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပဝါအဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။

    ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသောမျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။ တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏ လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။ ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက်ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။ “ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူ ဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ်တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ” ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။

    (မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည်ဟု ဆိုကြသည်။) ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။

    Credit

    (Zawgyi)

    သေရေခတၱရာျပည္တြင္ ဒြတၱေပါင္မင္းႀကီး အုပ္စိုးေနစဥ္ ာလအတြင္း ထီးၿပိဳင္နန္းၿပိဳင္အျဖစ္ ဗိႆႏိုးျပည္တြင္ ပန္ထြာဘုရင္မက အုပ္ ခ်ဳပ္ေနခဲ့သည္။ ( ရာဇဝင္က်မ္းမ်ားအရ “ျပည္” ဟု သုံးႏႈန္းရေသာ္လည္း အမွန္မွာ ၿမိဳ႕ျပႏိုင္ငံ ( city-state) အဆင့္မွ်သာျဖစ္ပါ သည္။) ပန္ထြာဘုရင္မသည္ လူသာမန္မဟုတ္ေခ်။ ခမည္းေတာ္မွာ တေကာင္းမင္းႀကီး၏သားေတာ္အရင္း မဟာသမၻ၀ ျဖစ္ၿပီး မယ္ေတာ္မွာ စႏၵမုခိဘီလူးမ ျဖစ္သည္။ ( တေကာင္းမင္းႀကီးက မ်က္မျမင္သမၻဝညီေနာင္ကို ဧရာဝတီျမစ္အတိုင္း ေမွ်ာလိုက္ရာ လမ္းခရီး၌ စႏၵမုခိဘီလူးမက ထမင္းခိုးစားသည့္အခါ သမၻဝညီေနာင္က ရိပ္မိၿပီး သတ္မည္ဟု ဘီလူးမလက္ကို ဆြဲသည္တြင္ ဘီလူးမက မဟာသမၻဝကို တပ္မက္စိတ္ျဖင့္ သာယာမိသည့္အတြက္ ပဋိသေႏၶ ခသည္ဟုဆို၏။ အံ့ဖြယ္ပင္။)

    စႏၵမုခိဘီလူးမသည္ သမီးေလးကို ေမြးၿပီးသည့္အခါ ပ်ဴ႐ြာတစ္႐ြာအနီးရွိ ဆရာရေသ့ထံ ပညာသင္ေစခဲ့သည္။ မိပန္ထြာေလး၏ ထက္ျမက္မႈကို အနီးအပါးရွိ ႐ြာမ်ားကပါ သိရွိလာၿပီးေနာက္ အ႐ြယ္ေရာက္သည့္အခါ သူမကိုသာ ေခါင္းေဆာင္အျဖစ္ တစ္ညီတစ္ၫြတ္တည္း တင္ေျမာက္ခဲ့ၾကသည္။ ပန္ထြာသည္ ထို႐ြာအေပါင္းတို႔ကို စုစည္းကာ ဗိ ႆႏိုးၿမိဳ႕ျပႏိုင္ငံအျဖစ္ က်ဳံး၊ ၿမိဳ႕႐ိုးတို႔ျဖင့္ အကြက္ခ်ကာ ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။ (ပန္ထြာဘုရင္မမွာ အတိတ္ဘဝက ဗိႆႏိုးနတ္မင္း၏ ႏွမေတာ္စပ္ခဲ့သျဖင့္ ဗိႆႏိုးနတ္မင္း၏ ခ်ီးေျမႇာက္မႈျဖင့္ ၿမိဳ႕တည္ခဲ့ရာမွ ဗိႆႏိုးၿမိဳ႕ဟု ေခၚတြင္ခဲ့သည္။ ၿမိဳ႕အတြင္းတြင္ ဗိႆႏိုးနတ္မင္းကို နတ္နန္းျဖင့္ အႀကီးအက်ယ္ ပူေဇာ္ၾကသည္။ နတ္နန္းအနီးရွိ အင္ၾကင္းပင္တို႔မွာ ယေန႔အခ်ိန္ထိ ဆယ့္ႏွစ္ရာသီမေ႐ြး ဖူးပြင့္ၾကသည္ ဟုဆိုသည္။

    ဘုရင္မသည္ ၿမိဳ႕အနီးရွိ ရန္ပယ္ ေခ်ာင္းေရကို စနစ္တက် အသုံးခ်ကာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စီမံခဲ့သည္။စီမံပုံမွာ- ရန္ပယ္ေခ်ာင္း အထက္တြင္ ေရတားတံခါး အဆင့္ဆင့္တည္ေဆာက္ေစၿပီး ဗိႆႏိုးမွ စည္တီးကာ အခ်က္ျပသည္ႏွင့္ ေရတံခါးမ်ားကို ဖြင့္ခ်ေစကာ ၿမိဳ႕ပတ္လည္ကို ေရလႊမ္းမိုးေစျခင္း ျဖစ္သည္။ ( တံခါးမ်ားကို တစ္ဆက္တည္း ဖြင့္ခ်ျခင္းမဟုတ္ဘဲ တစ္ခ်ပ္ၿပီးမွ တစ္ခ်ပ္ အခ်ိန္ယူကာ ဖြင့္ေစျခင္းျဖစ္သျဖင့္ ေၾကာက္မက္ဖြယ္ ေရစီးအားကို ျဖစ္ေပၚေစသည္။) ထိုသို႔ ဗိႆႏိုးတြင္ ဧကရီအျဖစ္ တစ္ထီးတစ္နန္းရပ္တည္ေနစဥ္ သေရေခတၱရာျပည္မွ ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဘုရင္မႏွင့္တကြ ၿမိဳ႕ကိုပါ သိမ္းပိုက္လိုသျဖင့္ အင္အားအလုံးအရင္းျဖင့္ ခ်ီတက္တိုက္ခိုက္လာခဲ့သည္။ သို႔ရာတြင္ ၿမိဳ႕တံခါးကို အလုံပိတ္ထားေသာ ဗိႆႏိုးမွ စည္တီးသံက်ယ္က်ယ္ တစ္ခ်က္သာ ၾကားလိုက္ရၿပီး ခဏအၾကာတြင္ နတ္ဆိုးေအာ္သံကဲ့သို႔ အသံေပးကာ တစ္ဟုန္ထိုးဝင္လာသည့္ ေရလုံးႀကီးေအာက္တြင္ သေရေခတၱရာစစ္သည္တို႔ ဖ႐ိုဖရဲျဖစ္ကုန္ၾကသည္။ ေရေမ်ာသူေမ်ာ ကမ္းတင္သူတင္ ျဖစ္ေနစဥ္ ဗိႆႏိုးဘက္မွ ေလးသည္ေတာ္မ်ားက ေပၚလာသမွ်ေသာ မည္းမည္းျမင္ရာတို႔ကို ျမားျဖင့္ ပစ္သျဖင့္ သေရေခတၱရာရဲမက္မ်ား အထိအရွမ်ားခဲ့ရသည္။ ဒြတၱေပါင္မင္းႀကီးလည္း အံကိုႀကိတ္ကာ ေနာက္ျပန္ဆုတ္ရေတာ့သည္။

    သို႔ေသာ္ ဒြတၱေပါင္မင္းႀကီးသည္ ရန္ပယ္ေခ်ာင္းေရတံခါးမ်ားသည္ စည္သံအေပၚရပ္တည္ေနေၾကာင္း သိသည့္အခါ ထိုစည္ကို ဖ်က္ဆီးရန္ သူလွ်ိဳတစ္ဦးကို ေစလႊတ္ခဲ့သည္။ ထိုသူလွ်ိဳသည္ ရေသ့အျဖစ္ ဗိႆႏိုးျပည္သို႔ ဝင္ေရာက္ၿပီး ပန္ထြာဧကရီ၏ ဆရာရေသ့ထံ ဆည္းကပ္ကာ ယုံၾကည္မႈ ရယူရန္ႀကိဳးစားခဲ့သည္။ သုံးေလးလခန႔္ ၾကာသည့္အခါ သူလွ်ိဳရေသ့က သူ႔တပည့္မ်ားကို ဗိႆႏိုးၿမိဳ႕တြင္းမွ ေ႐ႊ၊ ေငြ၊ ကြၽဲ၊ ႏြားမ်ားကို ခိုးယူေစၿပီး သင့္ရာေနရာတြင္ ဝွက္ထားေစသည္။ ပစၥည္းေပ်ာက္သူက သူလွ်ိဳရေသ့ကို ေမးသည့္အခါမွ ရွိရာေနရာကို အတပ္ေဟာၿပီး ပစၥည္းျပန္ရေစသည္။ထိုအခါ သူလွ်ိဳရေသ့ကို ယုံၾကည္ ဆည္းကပ္သူမ်ား တိုးပြားလာခဲ့သည္။ ဆရာရေသ့ေရာ ပန္ထြာဘုရင္မပါ ထိုသူလွ်ိဳကို ယုံၾကည္လာၿပီးသည့္အခါ ၎က ဗိႆႏိုးကာကြယ္ေရးအတြက္ထားေသာ စည္ေတာ္ႀကီးကို ယခုထက္ပိုမိုအက်ိဳး ထူးေအာင္ ေလာကီအစီအရင္မ်ားျဖင့္ သိဒၶိတင္ေပးလိုေၾကာင္း ေတာင္းဆိုလာခဲ့သည္။ ပန္ထြာဧကရီလည္း ယုံၾကည္ကာ စည္ေတာ္ႀကီးကို သူလွ်ိဳရေသ့ထံ စိတ္ခ်လက္ခ် အပ္ႏွင္းလိုက္သည္။ ေနာက္ေန႔မနက္တြင္မူ နန္းေတာ္ဦးရွိစည္ေတာ္ႀကီးကို အေပါက္ႀကီးႏွစ္ေပါက္ျဖင့္ တုန္လႈပ္ဖြယ္ ေတြ႕ၾကရၿပီး သူလွ်ိဳရေသ့မွာလည္း ေျခရာေပ်ာက္ထြက္ေျပးသြားခဲ့သည္။

    (ထို႔ေၾကာင့္ ပန္ထြာဘုရင္မမွာ ရေသ့ရဟန္း အတုအေယာင္မ်ားကို မုန္းတီးၿပီး သူမပိုင္နက္ မဟာၿမိဳင္ေတာအတြင္း၌ ေရာက္လာသမွ် ရ ေသ့ရဟန္းဟူသမွ်၏ သီလသမာဓိကို အစမ္းအသပ္ၾကမ္းသည္ဟု နာမည္ႀကီးေလသည္။ ပန္ထြာဧကရီ အသည္းဆတ္ဆတ္တုန္ ေဒါသထြက္ေနစဥ္မွာပင္ ၿမိဳ႕႐ိုးတံခါးမ်ား ပိတ္သံကို ၾကားရကာ ၿမိဳ႕႐ိုးျပင္ဘက္မွ ဆင္သံ ျမင္းသံမ်ားကိုပါ ၾကားလိုက္ရသည္။ ဒြတၱေပါင္မင္းႀကီး လာေရာက္တိုက္ခိုက္ေပၿပီ။ စည္တီး၍ အသံမထြက္။ အသံမထြက္သည့္အခါ ေရမက်။ ေရမက်သည့္အခါ အင္အားႀကီးမားေသာ ရန္သူ၏ ျပင္းထန္ေသာ တိုက္စစ္ကို ဗိႆႏိုးသားတို႔ အလူးအလဲ ခံၾကရသည္။ မခံႏိုင္သည့္အဆုံးတြင္ ဗိႆႏိုးနန္းဦးသို႔ ဒြတၱေပါင္မင္းႀကီး၏ ဆင္ေတာ္ေရာက္ရွိလာခဲ့သည္။ ဗိႆႏိုးသားတို႔၏ ေသြးစက္မ်ား အေလာင္းမ်ား ျပန႔္က်ဲေနသည္ကို ၾကည့္ကာ ပန္ထြာဧကရီ အံႀကိတ္ထားမိသည္။ သေရေခတၱရာျပည္ဟာ ႀကီးက်ယ္ခမ္းနားလွပါတယ္ အစ္မေတာ္။ ကြၽႏ္ုပ္ႏွင့္အတူ စံျမန္းေစလိုတဲ့ေစတနာ၊ ကြၽႏ္ုပ္ရဲ႕ေမတၱာေတြေၾကာင့္ ပင္ပန္းႀကီးစြာ စစ္ခ်ီခဲ့ရပါတယ္။

    ဒြတၱေပါင္မင္းႀကီး၏စကားတို႔ကို ပန္ထြာဧကရီ မည္သို႔မွ် မတုံ႔ျပန္ခဲ့ေပ။ မိမိက စစ္ရႈံးသူမဟုတ္လား။ စစ္ရႈံးသူပီပီ သူျပဳသမွ် ႏုရေပေတာ့မည္ေလ။ ဤသို႔ျဖင့္ သေရေခတၱရာျပည္သို႔ ဒြတၱေပါင္မင္းႀကီး၏ မိဖုရားအျဖစ္ ပန္ထြာေရာက္ရွိခဲ့သည္။ ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဧကရီကို လြန္စြာျမတ္ႏိုးေတာ္မူသည္ ဆို၏။ သို႔ေသာ္ သားေတာ္တစ္ပါးရသည့္တိုင္ ပန္ထြာဘုရင္မ၏ အမုန္းက မေျပႏိုင္ခဲ့ေပ။ ထို႔ ေၾကာင့္ ဒြတၱေပါင္မင္းႀကီးကို လုပ္ႀကံရန္ အတြင္းလူမ်ားျဖင့္ တိတ္တစိတ္ စီစဥ္ခဲ့သည္။ သို႔ရာတြင္ အတြင္းလူမ်ားက မင္းႀကီးသည္ ဘုန္းႀကီးလြန္းသျဖင့္ တိုက္႐ိုက္လုပ္ႀကံရန္ မလြယ္ေၾကာင္း၊ ဘုန္းနိမ့္ေစရန္ စီစဥ္ၿပီးမွ လုပ္ႀကံေစလိုေၾကာင္း ေလွ်ာက္ၾကသည္။ ထိုအခါ ပန္ထြာဧကရီက မိမိ၏ ထဘီေအာက္နားစ (အခ်ိဳ႕က သုႆန္မွ အဝတ္ဟု ဆိုၾကသည္။) ကိုျဖတ္ကာ မ်က္ႏွာသုတ္ပဝါအျဖစ္ ဆက္သၿပီး ထို႔ေနာက္မွ အဆိပ္ခပ္ထားေသာ ေဖ်ာ္ရည္ကို ဆက္ကပ္ရန္ စီမံခဲ့သည္။

    ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဧကရီဆက္သေသာမ်က္ႏွာသုတ္ပဝါကို အသုံးျပဳလိုက္သည္ႏွင့္ တၿပိဳင္နက္ နဖူးမွ မွဲ႔ရွင္ေတာ္ ကြယ္ေပ်ာက္ျခင္း၊ လွံမ်ား ဓါးမ်ား အေရာင္မထြက္ေတာ့ျခင္းတို႔ ႀကဳံေတြ႕ခဲ့ရသည္။ မင္းႀကီး ဘုန္းနိမ့္သြားေခ်ၿပီ။ တုန္လႈပ္သြားေသာ မင္းႀကီးသည္ ပန္ထြာဧကရီကို နားမလည္ဟန္ျဖင့္ ၾကည့္ေနစဥ္မွာပင္ ပန္ထြာဧကရီက မဲ့ၿပဳံးတစ္ခ်က္ ၿပဳံးျပလိုက္သည္။ မင္းႀကီးသည္ သူမ၏ လက္ခ်က္မွန္း သိသည္ႏွင့္ သူမဆက္သည့္ ေဖ်ာ္ရည္ကိုလည္း မေသာက္ေတာ့ဘဲ အရင္ ျမည္းစမ္းျပရန္ ေတာင္းဆိုခဲ့သည္။ ပန္ထြာဧကရီသည္ လက္ထဲမွ ေဖ်ာ္ရည္ခြက္ကို ေျမႇာက္ကာ ေအာက္ပါက်ိန္စာကို ႐ြတ္ဆိုခဲ့သည္။ “ကြၽႏ္ုပ္သည္ မိမိ၏ ဗိႆႏိုးျပည္ကို တရားသျဖင့္ စီမံအုပ္ခ်ဳပ္ေနသူ ျဖစ္ပါသည္။ ဤသေရေခတၱရာ ဒြတၱေပါင္မင္းက ႏိုင့္ထက္စီးနင္း က်ဴးေက်ာ္သိမ္းပိုက္ခဲ့ပါသည္။ ယခုဘဝတြင္ သူ႔အား သတ္ရန္ ႀကိဳးပမ္းမႈ မေအာင္ျမင္ေတာ့ပါ။ ထို႔ေၾကာင့္ ေနာက္ဘဝမ်ားတြင္သာ လက္စားေခ်ရန္ ႀကိဳးပမ္းပါေတာ့မည္။ ဒြတၱေပါင္မင္းကို ကြၽႏ္ုပ္လက္ျဖင့္ လက္စားမေခ်ရေသးမျခင္း သေရေခတၱရာျပည္အနီးရွိ ေပပင္ငယ္တို႔သည္ ယခုအ႐ြယ္မွ ဆက္လက္ႀကီးထြားျခင္း မရွိဘဲ ရပ္တန႔္ေနပါေစ” ထို႔ေနာက္တြင္မူ လက္ထဲမွ ေဖ်ာ္ရည္ခြက္ကို ေမာ့ကာ ကံေတာ္ကုန္ေလသည္။

    (မူကြဲတြင္ ဒြတၱေပါင္မင္းႀကီးသည္ ဘုန္းကံနိမ့္ပါးသြားေသာ္လဲ ပန္ထြာမိဖုရားအား ခ်စ္ျမတ္ႏိုးလွသျဖင့္ အျပစ္မယူသည္ကို မင္းႀကီး၏ ေမာင္းမမိဖုရားမ်ားက မေက်မနပ္ျဖစ္ကာ အဆိပ္ခတ္ထားေသာ ဝက္ေျမစာဥကို ပန္ထြာမိဖုရားအား ဆက္သၾကရာမွ မိဖုရား အဆိပ္မိကာ နတ္႐ြာစံသည္။ ေသအံ့ဆဲ အခ်ိန္တြင္မွ က်ိန္စာစကားဆိုခဲ့သည္ဟု ဆိုၾကသည္။) ဒြတၱေပါင္မင္းႀကီးလည္း ဘုန္းကံနိမ့္ပါးရသည့္အျပင္ ခ်စ္စြာေသာ မိဖုရား၏အမုန္းက်ိန္စာကိုပါ ၾကားရသည္တြင္ မ်ားစြာ ေၾကကြဲေတာ္မူသည္။ ပန္ထြာဧကရီသည္ ဒြတၱေပါင္မင္းႀကီးကို လက္စားေခ်ရန္ အခြင့္ရေသးဟန္မတူေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ သေရေခတၱရာၿမိဳ႕အနီးမွ ေပပင္ငယ္တို႔သည္ ယေန႔ထက္တိုင္ အပင္ငယ္မ်ား အျဖစ္မွ ဆက္လက္ႀကီးထြားျခင္းမရွိဘဲ ရပ္တည္လ်က္ရွိေသးသည္ ဆို၏။ အမုန္းက်ိန္စာကား အံ့ဖြယ္ပင္။

    Credit

  • လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား

    လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား…?

    ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။

    အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ်လို့ ရည်ညွှန်းပါတယ်။

    ဘီးပေါက်တဲ့အခါမျိုး၊ စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊ Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ်။

    တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် (Helmet) လေးမြင်ပါက ရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။

    တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်။

    Credit-Ko Ngal

    လမ္းေပၚမွာ ဆိုင္ကယ္ဦးထုပ္ ခ်ထားျခင္းရဲ႕ အဓိပၸါယ္ကို သင္သိပါသလား…?

    ဒီရဲ႕သေကၤတဟာ ႏိုင္ငံတကာမွာ ဆိုင္ကယ္ေမာင္းနင္သူေတြ လက္ေတြ႕လိုက္နာ က်င့္သုံးေနတဲ့ Biker Code ျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ I need your help အကူအညီလိုအပ္ေနပါတယ္လို႔ ရည္ၫႊန္းပါတယ္။ ဘီးေပါက္တဲ့အခါမ်ိဳး၊ စက္ခ်ိဳ႕ယြင္းတဲ့အခ်ိန္၊ ဆီကုန္တဲ့အခ်ိန္၊ Accident ျဖစ္တဲ့အခ်ိန္ အစရွိတဲ့ အခါမ်ိဳးေတြမွာ အကူအညီေတာင္းခံလို႔ရပါတယ္။ တစ္ေလွတည္းစီးေနတဲ့ ဆိုင္ကယ္ခရီးသြား မိတ္ေဆြအခ်င္းအခ်င္း လမ္းမေပၚမွာ ဆိုင္ကယ္ဦးထုပ္ (Helmet) ေလးျမင္ပါက ရပ္ၿပီးေတာ့ အကူအညီေပးၾကပါခင္ဗ်ာ။ တစ္ေန႔မဟုတ္တစ္ေန႔ ကိုယ္လည္း အကူအညီ လိုအပ္တဲ့သူျဖစ္လာႏိုင္ပါတယ္။

    Credit-Ko Ngal

    လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား…?

    ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ်လို့ ရည်ညွှန်းပါတယ်။ ဘီးပေါက်တဲ့အခါမျိုး၊ စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊ Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ်။ တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် (Helmet) လေးမြင်ပါက ရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။ တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်။

    Credit-Ko Ngal

  • ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ အခုခေတ်မှာ ကွက်တိမှန်နေပြီ

    ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ကွက်တိကို မှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။

    တရားကို တေးဆို၊ အဖေကိုသားကဆဲ

    ဆွေမျိုးထဲက ဓါးပြတိုက်၊ မိုက်လျှင်သောတာပန်

    မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ

    လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်၍ထား

    အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို

    အပျိုငယ်က လင်နေစော၊ အင်္ကျီပါးနဲ့ ဥပုသ်သည် ဇရပ်အလယ် ကို့ယို့ကားယား၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ

    အပျိုမဖြစ်ခင်က ရည်းစားထား၊ ဆင်းရဲသားက သူဌေးယောင်ဆောင်

    အဝတ်ပြောင်မှ လူရိုသေ၊ လင်ရှိမယားက အပျိုလုပ်

    မသာပို့ရင်း အပျိုလှည့်၊ အလှူပေးရင်း ထမင်းရောင်း

    ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

    ပွဲသဘင်ပါမှ အလှူဖြစ်၊ စာမတတ်သူက တရားပြ

    ဇာတ်သမားမှ လူခေါ်ချင်၊ သူတော်စင်ကို ပယ်၍ထား

    ကြွေးပေးသူက ကျွန်နဲ့တူ၊ ကြွေးယူသူက သခင်ဖြစ်

    မုန့်ပေးလျှင် ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ

    အဖေ အမေက ကျွန်နဲ့တူ၊ သားသမီးက သခင်ဖြစ်

    ခေတ်ကြီးကိုတော့ အပြစ်ဆို၊ မိမိကိုယ်တော့ အကောင်းပြော

    ဂုံံးတိုက်လျှင် ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင် လူမသုံး

    သီလယူရင်း မျက်စပစ် သူတော်ကောင်းတို့တရားပျက်ကြလေပြီ။

    ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

    Credit

    (Zawgyi)

    ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြ မွန္ပုံကေတာ့ ဒီေန႔ေခတ္ကို ေဘးကေန ထိုင္ၾကည့္ၿပီး ေျပာေနသလား မွတ္ရတယ္ဗ်ာ။ကြက္တိကို မွန္ေနေတာ့တာပဲ။ အဲဒါေၾကာင့္ “အတိတ္တေဘာင္ဆိုတာ နိမိတ္ေဆာင္တယ္” ဆိုတဲ့ စကားပုံ ေပၚလာတာ ျဖစ္ရမယ္ဗ်။ေရွးလူႀကီးေတြရဲ႕ အျမင္စူးရွပုံကေတာ့ ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ အတိတ္တေဘာင္ေတြကို ေအာက္ပါအတိုင္း ေဖာ္ျပ လိုက္ရပါတယ္ခင္ဗ်ာ။

    တရားကို ေတးဆို၊ အေဖကိုသားကဆဲ

    ေဆြမ်ိဳးထဲက ဓါးျပတိုက္၊ မိုက္လွ်င္ေသာတာပန္

    မေကာင္းႀကံလွ်င္ သမာဓိ၊ ေ႐ႊရွိမွ လူလိမၼာ

    လိမ္ႏိုင္မွ သစၥာရွင္၊ ပညာရွင္ကို ပယ္၍ထား

    အခ်စ္ဆုံးက သစၥာပ်က္၊ ႐ိုးသားသူကို အ႐ူးဆို

    အပ်ိဳငယ္က လင္ေနေစာ၊ အက်ႌပါးနဲ႔ ဥပုသ္သည္ ဇရပ္အလယ္ ကို႔ယို႔ကားယား၊ အမ်ိဳးသမီးေကာင္းက ပိုက္ဆံရွာ

    အပ်ိဳမျဖစ္ခင္က ရည္းစားထား၊ ဆင္းရဲသားက သူေဌးေယာင္ေဆာင္

    အဝတ္ေျပာင္မွ လူ႐ိုေသ၊ လင္ရွိမယားက အပ်ိဳလုပ္

    မသာပို႔ရင္း အပ်ိဳလွည့္၊ အလႉေပးရင္း ထမင္းေရာင္း

    ဆယ္ႏွစ္သမီးက အိမ္ေထာင္က်၊ ဆယ္အိမ္ေခါင္းက စိတ္ႀကီးဝင္

    ပြဲသဘင္ပါမွ အလႉျဖစ္၊ စာမတတ္သူက တရားျပ

    ဇာတ္သမားမွ လူေခၚခ်င္၊ သူေတာ္စင္ကို ပယ္၍ထား

    ေႂကြးေပးသူက ကြၽန္နဲ႔တူ၊ ေႂကြးယူသူက သခင္ျဖစ္

    မုန႔္ေပးလွ်င္ က်မ္းဂန္တတ္၊ ေ႐ႊကပ္သည့္ဘုရားမွ လူ႐ိုေသ

    အေဖ အေမက ကြၽန္နဲ႔တူ၊ သားသမီးက သခင္ျဖစ္

    ေခတ္ႀကီးကိုေတာ့ အျပစ္ဆို၊ မိမိကိုယ္ေတာ့ အေကာင္းေျပာ

    ဂုံံးတိုက္လွ်င္ ေက်းဇူးရွင္၊ ေျဖာင့္မတ္လွ်င္ လူမသုံး

    သီလယူရင္း မ်က္စပစ္ သူေတာ္ေကာင္းတို႔တရားပ်က္ၾကေလၿပီ။

    ေရွးစာဆို အတိတ္တေဘာင္ ျပန္လည္မွ်ေဝသည္။

    Credit

  • ခရုဟင်းချက်စားရာမှ ခရုထဲက ဒေါ်လာ ၁ဘီလီယံတန် ပုလဲလုံးကြောင့် နေ့ချင်းညချင်း ချမ်းသာခဲ့တဲ့ မိသားစု

    ခရုဟင်းချက်စားရာမှ ခရုထဲက ဒေါ်လာ ၁ဘီလီယံတန် ပုလဲလုံးကြောင့် နေ့ချင်းညချင်း ချမ်းသာခဲ့တဲ့ မိသားစု

    မြန်မာတို့တွင် လှံထမ်းလာတာကိုသာ မြင်ရပြီး ကံထမ်းလာတာကို မမြင်နိုင်ဘူးဆိုတဲ့ စကားပုံတစ်ခုရှိတာ လူတိုင်းကြားဖူးပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်၏ အောင်မြင်လာနိုင်သည့် ကံတရားကို မည်သူမျှ အထင်သေး၍ မရနိုင်ပေ။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၄၄နှစ်အရွယ်ရှိ Mr.Monthian Jansukဆိုသည့် အမျိုးသားတို့မိသားစုဟာ မမြင်နိုင်သည့် ကံတစ်ခုကြောင့်ပင် ဘီလီနာသူဋ္ဌေးကြီး ဖြစ်သွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဈေးထဲမှ ခရုနှင့် ဂုံးကောင်များကို ဘတ်၅၀ဖိုးဝယ်ယူပြီး နေအိမ်တွင် ချက်စားခဲ့တာ ဖြစ်ပါတယ်။

    မိသားစုတစ်ခုလုံး အတူတူ ထမင်းစားနေသည့်အချိန်တွင် သားဖြစ်သူဟာ ခဲတစ်ခုကို ဝါးမီခဲ့သောကြောင့် ထွေးထုတ်ကြည့်ခဲ့ရာမှတော့ ထင်မှတ်မထားတဲ့အရာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ခရုထဲတွင်ပါလာခဲ့တာဟာ အမေရိကန်ဒေါ်လာ ၁ဘီလီယံအထိ တန်ကြေးရှိနေခဲ့သော ပုလဲလုံး ဖြစ်နေခဲ့ပါတယ်။

    Credit-texasnutria

    (Zawgyi)

    ခ႐ုဟင္းခ်က္စားရာမွ ခ႐ုထဲက ေဒၚလာ ၁ဘီလီယံတန္ ပုလဲလုံးေၾကာင့္ ေန႔ခ်င္းညခ်င္း ခ်မ္းသာခဲ့တဲ့ မိသားစု

    ျမန္မာတို႔တြင္ လွံထမ္းလာတာကိုသာ ျမင္ရၿပီး ကံထမ္းလာတာကို မျမင္ႏိုင္ဘူးဆိုတဲ့ စကားပုံတစ္ခုရွိတာ လူတိုင္းၾကားဖူးေပလိမ့္မည္။ လူတစ္ဦးတစ္ေယာက္၏ ေအာင္ျမင္လာႏိုင္သည့္ ကံတရားကို မည္သူမွ် အထင္ေသး၍ မရႏိုင္ေပ။ယခုတြင္လည္း ထိုင္းႏိုင္ငံမွ အသက္၄၄ႏွစ္အ႐ြယ္ရွိ Mr.Monthian Jansukဆိုသည့္ အမ်ိဳးသားတို႔မိသားစုဟာ မျမင္ႏိုင္သည့္ ကံတစ္ခုေၾကာင့္ပင္ ဘီလီနာသူေ႒းႀကီး ျဖစ္သြားခဲ့ပါတယ္။ သူတို႔မိသားစုဟာ ေဈးထဲမွ ခ႐ုႏွင့္ ဂုံးေကာင္မ်ားကို ဘတ္၅၀ဖိုးဝယ္ယူၿပီး ေနအိမ္တြင္ ခ်က္စားခဲ့တာ ျဖစ္ပါတယ္။

    မိသားစုတစ္ခုလုံး အတူတူ ထမင္းစားေနသည့္အခ်ိန္တြင္ သားျဖစ္သူဟာ ခဲတစ္ခုကို ဝါးမီခဲ့ေသာေၾကာင့္ ေထြးထုတ္ၾကည့္ခဲ့ရာမွေတာ့ ထင္မွတ္မထားတဲ့အရာကို ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ ခ႐ုထဲတြင္ပါလာခဲ့တာဟာ အေမရိကန္ေဒၚလာ ၁ဘီလီယံအထိ တန္ေၾကးရွိေနခဲ့ေသာ ပုလဲလုံး ျဖစ္ေနခဲ့ပါတယ္။

    Credit-texasnutria

  • ကံပိတ် လာဘ်ပိတ်နေသူများအတွက် ကံပွင့်လာဘ်ခေါ်နည်း (၉) ချက်

    ကံပိတ်ရခြင်းအကြောင်းကတော့ အလွန်နက်နဲပါတယ်။ လက်ရှိကိုယ့်ရဲ့အပြုအမူ အနေအထိုင် နေအိမ်အခန်းထားသိုမူ့အမှားအယွင်း အသုံးအဆောင်ပစ္စည်းအမှားအယွင်းအခိုက် ဘုန်းကံနိပ်စေမူ့အပြုအမူတွေအပြင် အတိတ်အကုသိုလ်ကံရဲ့အတားအဆီး အစရှိသဖြင့် ဘက်ပေါင်းစုံကနေရှိနေနိူင်ပါတယ်။ အခု ပြောမယ့်နည်းကတော့ အဲဒီအတားအဆီးတွေ ကျော်လွှားပြီး မိမိစိတ် ရှည်ရှည်နဲ့လုပ်နေသမျှကံပိတ်တာတွေတဖြည်းဖြည်းအားနည်းစေပြီးကောင်းကံတွေအကျိုးပေးလာစေမှာပါ။ အခုလုပ်ရမယ့် အရာတွေကို ပြောပြပါမယ်။

    (၁) မိမိပြုခဲ့ဖူးသမျှသော ကုသိုလ်တွေထဲက မှတ်မှတ်ရရဖြစ်ခဲ့ရပြီး ပီတိဖြစ်ခဲ့ရတဲ့ ကုသိုလ်11မျိုးကိုစာရွက်နဲ့ချရေးပြီးပလပ်စတစ်လောင်းထားပါ / နံနက်တိုင်းအိပ်ယာထထချင်း အဲဒီစာရွက်ကိုအစအဆုံးဖတ်ပြီး ကျေနပ်ပီတိဖြစ်ပါစေ အဲဒီစာရွက်ကိုဖတ်ပြီးမှသာ မျက်နှာသစ်သွားတိုက်ပါ။ တကယ်လို့ကိုယ့်မှာမှတ်မှတ် ရရ ကုသိုလ်က ၁၁မျိူး မရှိသေးလည်း ရှိသလောက် ချရေးပါ ပြည့်အောင်ထပ်လှူပါ ထပ်ဖြည့်ရေးပါ။

    (၂) နံနက်တိုင်း ဆဲဆိုတိုင်းထွာခြင်းရှောင်ပါ၊ အကောင်းဆုံးက မေတ္တာသုတ်တရား ဖွင့်ပေးပါ။

    (၃) အိမ်ရှေ့လမ်းမပေါ်ဆန်ကြဲပါ။

    (၄) မျက်နှစ်သစ်နေစဉ် စိတ်ထဲကနေ သတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ လို့ဆုတောင်းပါ။ ဘုရားသောက်တော်ရေကပ်လှူပေးပါ ကပ်လှူနေစဉ် မိမိစိတ်ထဲမှာတကယ့်သက်ရှိထင်ရှားမြတ်စွာဘုရားအားအာရုံပြု၍ကပ်လှူပေးပါ မိမိနူတ်မှလည်း အရဟံ အရဟံ ဟုရွတ်ပေးပါ။

    (၅) သောကြာနံနက်တိုင်းရှင်သီဝလိကိုယ်တော်မြတ်ကြီးအား သီးမွှေးဌက်ပျောသီးကိုအခွံနွှာသကြားဖြူး၍လှူပေးပါ အပတ်တိုင်းလှူပေးပါ။

    (၆) တစ်လနှစ်ကြိမ် မိမိမွေးနံထောင့်မှာသန့်ရှင်းရေးသေချာလုပ်၍ပဌာန်းအကျယ်ရွတ်ပြီးအမျှဝေပါ။

    (၇) အင်္ဂါနေ့ညနေ4:30နှင့်7:30ကြားရောက်တိုင်းငွေ200ကိုလူသွားလမ်းပေါ်လူမသိအောင်ပြစ်ချပါ။

    (၈) လေးလတစ်ကြိမ်အသက်ကြီးရဟန်းတစ်ပါးအားပျားရည်နှင့်ရေစစ်လှူပေးပါ။

    (၉) ညမအိပ်ခင် ဘုရားစင်ရှေ့(သို့မဟုတ်) မိမိအိပ်ယာပေါ်မှနေ၍ ဘုရားရှင်အား အာရုံပြု၍ “ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယခုဘဝယခုအချိန်အထိတိုင်အောင် အနန္တော အနန္တငါးပါးနှင့်ခင်ပွန်းကြီး၁၀ပါးတို့အပေါ် ၌ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်သို့ပြေပျောက်စေရန် တောင်းပန်ကန်တော့ပါသည်၊ မိမိအပေါ်ပြစ်မှားသူတို့ကိုလည်း ခွင့်လွှတ်ပါသည်။ ထို့အပြင် သံသရာနှင့် ယခုဘဝတွင် မိမိကသူတစ်ပါးကိုလည်း ကောင်း သူတစ်ပါးကမိမိအပေါ ကိုလည်းကောင်း ကျိန်ဆိုခဲ့သော ကျိန်စာများရှိပါကလည်း ပြေပျောက်ပါစေဘုရား ဦးသုံးကြိမ်ချကန်တော့ပြီးအိပ်ပါ။ အိပ်နေစဉ် တစ်ခြားဘာအကြောင်းအရာမှမတွေးဘဲ ဘုရားရှင်ရဲ့ပြုံးတော်မူသော မျက်နှာတော်ကိုစိတ်ထဲကအာရုံပြုပြီး အရဟံ အရဟံ ဟုစိတ်ထဲကနေရွတ်ဆိုပြီးအိပ်ပါ။ ယခုရေးပြခဲ့တဲ့ အချက်9 ချကိုသာ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။ ဘယ်လောက် ပဲကံဆိုးကံဆိုး ဘယ်လောက်ပဲကံတွေ ပိတ်ချင်သလောက်ပိတ်နေပါစေ ထူးခြားစွာကံတွေပွင့်လာပြီး ကုသိုလ်ကံတွေအကျိုးပေးလာပါလိမ့်မယ်။နည်းကလွယ်ပါတယ် ယုံယုံကြည်ကြည်နဲ့စွဲစွဲမြဲမြဲလုပ်ဖို့သာလိုပါတယ်။ (၇)ရက် သားသမီးအပေါင်းကံပွင့်လာဘ်ရွှင်အောင်ပွဲဆင်နိူင်ကြပါစေသော်..။

    Credit – ကျော်ဘိုဘိုဟိန်

    (Zawgyi)

    ကံပိတ္ရျခင္းအေၾကာင္းကေတာ့ အလြန္နက္နဲပါတယ္။ လက္ရွိကိုယ့္ရဲ႕အျပဳအမူ အေနအထိုင္ ေနအိမ္အခန္းထားသိုမူ႔အမွားအယြင္း အသုံးအေဆာင္ပစၥည္းအမွားအယြင္းအခိုက္ ဘုန္းကံနိပ္ေစမူ႔အျပဳအမူေတြအျပင္ အတိတ္အကုသိုလ္ကံရဲ႕အတားအဆီး အစရွိသျဖင့္ ဘက္ေပါင္းစုံကေနရွိေနႏိူင္ပါတယ္။ အခု ေျပာမယ့္နည္းကေတာ့ အဲဒီအတားအဆီးေတြ ေက်ာ္လႊားၿပီး မိမိစိတ္ ရွည္ရွည္နဲ႔လုပ္ေနသမွ်ကံပိတ္တာေတြတျဖည္းျဖည္းအားနည္းေစၿပီးေကာင္းကံေတြအက်ိဳးေပးလာေစမွာပါ။ အခုလုပ္ရမယ့္ အရာေတြကို ေျပာျပပါမယ္။

    (၁) မိမိျပဳခဲ့ဖူးသမွ်ေသာ ကုသိုလ္ေတြထဲက မွတ္မွတ္ရရျဖစ္ခဲ့ရၿပီး ပီတိျဖစ္ခဲ့ရတဲ့ ကုသိုလ္11မ်ိဳးကိုစာ႐ြက္နဲ႔ခ်ေရးၿပီးပလပ္စတစ္ေလာင္းထားပါ / နံနက္တိုင္းအိပ္ယာထထခ်င္း အဲဒီစာ႐ြက္ကိုအစအဆုံးဖတ္ၿပီး ေက်နပ္ပီတိျဖစ္ပါေစ အဲဒီစာ႐ြက္ကိုဖတ္ၿပီးမွသာ မ်က္ႏွာသစ္သြားတိုက္ပါ။ တကယ္လို႔ကိုယ့္မွာမွတ္မွတ္ ရရ ကုသိုလ္က ၁၁မ်ိဴး မရွိေသးလည္း ရွိသေလာက္ ခ်ေရးပါ ျပည့္ေအာင္ထပ္လႉပါ ထပ္ျဖည့္ေရးပါ။

    (၂) နံနက္တိုင္း ဆဲဆိုတိုင္းထြာျခင္းေရွာင္ပါ၊ အေကာင္းဆုံးက ေမတၱာသုတ္တရား ဖြင့္ေပးပါ။

    (၃) အိမ္ေရွ႕လမ္းမေပၚဆန္ႀကဲပါ။

    (၄) မ်က္ႏွစ္သစ္ေနစဥ္ စိတ္ထဲကေန သတၱဝါအားလုံးက်န္းမာခ်မ္းသာၾကပါေစ လို႔ဆုေတာင္းပါ။ ဘုရားေသာက္ေတာ္ေရကပ္လႉေပးပါ ကပ္လႉေနစဥ္ မိမိစိတ္ထဲမွာတကယ့္သက္ရွိထင္ရွားျမတ္စြာဘုရားအားအာ႐ုံျပဳ၍ကပ္လႉေပးပါ မိမိႏူတ္မွလည္း အရဟံ အရဟံ ဟု႐ြတ္ေပးပါ။

    (၅) ေသာၾကာနံနက္တိုင္းရွင္သီဝလိကိုယ္ေတာ္ျမတ္ႀကီးအား သီးေမႊးဌက္ေပ်ာသီးကိုအခြံႏႊာသၾကားျဖဴး၍လႉေပးပါ အပတ္တိုင္းလႉေပးပါ။

    (၆) တစ္လႏွစ္ႀကိမ္ မိမိေမြးနံေထာင့္မွာသန႔္ရွင္းေရးေသခ်ာလုပ္၍ပဌာန္းအက်ယ္႐ြတ္ၿပီးအမွ်ေဝပါ။

    (၇) အဂၤါေန႔ညေန4:30ႏွင့္7:30ၾကားေရာက္တိုင္းေငြ200ကိုလူသြားလမ္းေပၚလူမသိေအာင္ျပစ္ခ်ပါ။

    (၈) ေလးလတစ္ႀကိမ္အသက္ႀကီးရဟန္းတစ္ပါးအားပ်ားရည္ႏွင့္ေရစစ္လႉေပးပါ။

    (၉) ညမအိပ္ခင္ ဘုရားစင္ေရွ႕(သို႔မဟုတ္) မိမိအိပ္ယာေပၚမွေန၍ ဘုရားရွင္အား အာ႐ုံျပဳ၍ “ဘုရားတပည့္ေတာ္သည္ သံသရာအစမွစ၍ ယခုဘဝယခုအခ်ိန္အထိတိုင္ေအာင္ အနေႏၲာ အနႏၲငါးပါးႏွင့္ခင္ပြန္းႀကီး၁၀ပါးတို႔အေပၚ ၌ကာယကံ ဝစီကံ မေနာကံတို႔ျဖင့္ ျပစ္မွားမိခဲ့သည္ရွိေသာ္ ထိုအျပစ္သို႔ေျပေပ်ာက္ေစရန္ ေတာင္းပန္ကန္ေတာ့ပါသည္၊ မိမိအေပၚျပစ္မွားသူတို႔ကိုလည္း ခြင့္လႊတ္ပါသည္။ ထို႔အျပင္ သံသရာႏွင့္ ယခုဘဝတြင္ မိမိကသူတစ္ပါးကိုလည္း ေကာင္း သူတစ္ပါးကမိမိအေပါ ကိုလည္းေကာင္း က်ိန္ဆိုခဲ့ေသာ က်ိန္စာမ်ားရွိပါကလည္း ေျပေပ်ာက္ပါေစဘုရား ဦးသုံးႀကိမ္ခ်ကန္ေတာ့ၿပီးအိပ္ပါ။ အိပ္ေနစဥ္ တစ္ျခားဘာအေၾကာင္းအရာမွမေတြးဘဲ ဘုရားရွင္ရဲ႕ၿပဳံးေတာ္မူေသာ မ်က္ႏွာေတာ္ကိုစိတ္ထဲကအာ႐ုံျပဳၿပီး အရဟံ အရဟံ ဟုစိတ္ထဲကေန႐ြတ္ဆိုၿပီးအိပ္ပါ။ ယခုေရးျပခဲ့တဲ့ အခ်က္9 ခ်ကိုသာ ယုံယုံၾကည္ၾကည္လုပ္ၾကည့္ပါ။ ဘယ္ေလာက္ ပဲကံဆိုးကံဆိုး ဘယ္ေလာက္ပဲကံေတြ ပိတ္ခ်င္သေလာက္ပိတ္ေနပါေစ ထူးျခားစြာကံေတြပြင့္လာၿပီး ကုသိုလ္ကံေတြအက်ိဳးေပးလာပါလိမ့္မယ္။နည္းကလြယ္ပါတယ္ ယုံယုံၾကည္ၾကည္နဲ႔စြဲစြဲၿမဲၿမဲလုပ္ဖို႔သာလိုပါတယ္။ (၇)ရက္ သားသမီးအေပါင္းကံပြင့္လာဘ္႐ႊင္ေအာင္ပြဲဆင္ႏိူင္ၾကပါေစေသာ္..။

    Credit – ေက်ာ္ဘိုဘိုဟိန္

  • မြန်မာနိုင်ငံအတွင်းမှာပဲ ရှိပြီး လူသူ အရောက်ပေါက် နည်းတဲ့ ဦးနှောက်ဂူ

    မြန်မာနိုင်ငံအတွင်းမှာပဲ ရှိပြီး လူသူ အရောက်ပေါက် နည်းတဲ့ ဦးနှောက်ဂူ

    မြန်မာနိုင်ငံမှာ လူအများ မသိ၊ မရောက်ဖူးကြတဲ့ နေရာ တစ်ခုကို ပြောပြပြပါရစေ။ မေမြို့ ပိတ်ချင်းမြှောင် လှိုင်ဂူကိုသာ များသောအားဖြင့် ရောက်ဖူးကြပါလိပ်မယ်။

    ခုပြောပြမဲ့ နေရာလေးက ပိတ်ချေးမြောင်နဲ့ သိပ် မဝေးလှတဲ့ နေရာလေးပါ။ စာနှိုက်ဂူ ဟု ခေါ်ဝေါ် ကြသော်လည်း အချို့မှာ ဦးနှောက်များနှင့် တူသောကြောင့် ဦးနှောက်ဂူဟု ခေါ်ကြပါတယ်။ စာနှိုက်ဂူ (ခေါ်) ဦးနှောက်ဂူကို သွားမယ် ဆိုလျှင် မေမြို့ ပြင်ဦးလွင်က ဝက်ဝံရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ပိတ်ချင်းမြှောင် လှိုင်ဂူနဲ့ မနီးမဝေးမှာပဲ ရှိပါတယ်။

    အချို့မှာ လမ်းပြများနှင့် သွားကြပါတယ်။ ပိတ်ချင်းမြှောင် လှိုင်ဂူကိုသာ ရောက်ခဲ့ပြီး ဦးနှောက်ဂူကို မရောက်ခဲ့ကြတဲ့ သူများအတွက် နောက်ခေါက်တွေ ရောက်လို့ရှိရင် သွားကြည့်ကြဖို့ မမေ့နဲ့နော်။

    Credit Photo-San Tint(Tall Thar Gyi)

    (Zawgyi)

    ျမန္မာႏိုင္ငံ အတြင္းမွာပဲ ရွိၿပီး လူသူ အေရာက္ေပါက္ နည္းတဲ့ ဦးေႏွာက္ဂူ

    ျမန္မာႏိုင္ငံမွာ လူအမ်ား မသိ၊ မေရာက္ဖူးၾကတဲ့ ေနရာ တစ္ခုကို ေျပာျပျပပါရေစ။ ေမၿမိဳ႕ ပိတ္ခ်င္းေျမႇာင္ လႈိင္ဂူကိုသာ မ်ားေသာအားျဖင့္ ေရာက္ဖူးၾကပါလိပ္မယ္။

    ခုေျပာျပမဲ့ ေနရာေလးက ပိတ္ေခ်းေျမာင္နဲ႔ သိပ္ မေဝးလွတဲ့ ေနရာေလးပါ။ စာႏႈိက္ဂူ ဟု ေခၚေဝၚ ၾကေသာ္လည္း အခ်ိဳ႕မွာ ဦးေႏွာက္မ်ားႏွင့္ တူေသာေၾကာင့္ ဦးေႏွာက္ဂူဟု ေခၚၾကပါတယ္။ စာႏႈိက္ဂူ (ေခၚ) ဦးေႏွာက္ဂူကို သြားမယ္ ဆိုလွ်င္ ေမၿမိဳ႕ ျပင္ဦးလြင္က ဝက္ဝံ႐ြာရဲ႕ အေရွ႕ဘက္မွာ တည္ရွိပါတယ္။ ပိတ္ခ်င္းေျမႇာင္ လႈိင္ဂူနဲ႔ မနီးမေဝးမွာပဲ ရွိပါတယ္။

    အခ်ိဳ႕မွာ လမ္းျပမ်ားႏွင့္ သြားၾကပါတယ္။ ပိတ္ခ်င္းေျမႇာင္ လႈိင္ဂူကိုသာ ေရာက္ခဲ့ၿပီး ဦးေႏွာက္ဂူကို မေရာက္ခဲ့ၾကတဲ့ သူမ်ားအတြက္ ေနာက္ေခါက္ေတြ ေရာက္လို႔ရွိရင္ သြားၾကည့္ၾကဖို႔ မေမ့နဲ႔ေနာ္။

    Credit Photo-San Tint(Tall Thar Gyi)