Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: သတင္း

ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုသည့် မြို့နယ်မှာ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ရင်

(Unicode)

ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုသည့် မြို့နယ်မှာ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ရင်

ရန်ကုန်မြို့တော် နယ်နမိတ်အတွင်း စီးနင်းခွင်မပြုသည့် မြို့နယ်တို့၌ ကားနှင့်ဆိုင်ကယ် မတော်တဆမှုဖြစ်ခဲ့သော် ဘယ်လိုအရေးယူမလဲဆိုရင် မေးလာကြတဲ့ ယာဉ်မောင်းတွေ အတော်များလာတာမို့ ထပ်ပြီး ရှင်းလင်းဖြေကြားပါရစေ။ မော်တော်ဆိုင်ကယ်မစီးရနယ်မြေမှာစီးနင်းခဲ့ရင် ဒီလိုမျိုးအရေးယူပါတယ် ဥပမာပေါ့ မစီးရ နယ်မြေမှာ စီးနင်းလို့ နယ်ကျော်လို့ ဆိုင်ကယ်မှာ လိုင်စင်မရှိ without ဖြစ်လို့ စတာတွေနဲ့ သက်ဆိုင်သလို အရေးယူပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင်တော့ သက်ဆိုင်ရာယာဉ်စည်းကမ်း လမ်းစည်းကမ်း ပုဒ်မတို့နဲ့ အရေးယူပါတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့ပဲဖြစ်ဖြစ် ဆိုင်ကယ်နဲ့ လမ်းလျှောက်သူနဲ့ပဲဖြစ်ဖြစ် ယာဉ်/လမ်းစည်းကမ်းချိုဖေါက်တဲ့ ယာဉ်မောင်းကိုပဲ အရေးယူပါတယ်။

ဒီနေရာမှာ အများစု စိတ်ထဲစွဲမှတ်နေတာက မစီးရနယ်မြေမှာ စီးတဲ့ဆိုင်ကယ်သာလျှင် ဘယ်လိုဆိုဆို မှားတာလို့ ပြောကြပါတယ်။ ဒါကိုကျွန်တော်က ဘယ်၍ဘယ်မျှ မည်သို့မည်ပုံရယ်လို့ ဘာမှ ဝင်မဆွေးနွေးလိုပါဘူး။ တစ်ခုပဲ အဲ့ဒီလိုထင်မှတ်ထားပြီး မတော်တဆ ဖြစ်ခဲ့လို့ရှိရင် ထင်မှတ်ထားသလို ဖြစ်မလာဘဲ မိမိအရေးယူခံလိုက်ရမှာကို မဖြစ်စေလိုတာမို့ ဒီလိုတော့ရှိတယ်ဆိုတာလေး ပြောပြခြင်းသာဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်လို့အရေးယူတာကတပိုင်း၊ မစီးရနယ်မှာ စီးလို့အရေးယူမှာက တပိုင်းပါ။ ယာဉ်မောင်းကောင်းတစ်ယောက်အနေဖြင့် ပြောရမယ်ဆိုရင်လဲ ဘယ်ယာဉ် စည်းကမ်းဖေါက်ဖေါက် မိမိစည်းကမ်းလိုက်နာဖို့သာ အဓိကပါ။

Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

(Zawgyi)

ရန္ကုန္ၿမိဳ႕အတြင္း စီးနင္းခြင့္မျပဳသည့္ ၿမိဳ႕နယ္မွာ ကားႏွင့္ဆိုင္ကယ္ မေတာ္တဆျဖစ္ခဲ့ရင္

ရန္ကုန္ၿမိဳ႕ေတာ္ နယ္နမိတ္အတြင္း စီးနင္းခြင္မျပဳသည့္ ၿမိဳ႕နယ္တို႔၌ ကားႏွင့္ဆိုင္ကယ္ မေတာ္တဆမႈျဖစ္ခဲ့ေသာ္ ဘယ္လိုအေရးယူမလဲဆိုရင္ ေမးလာၾကတဲ့ ယာဥ္ေမာင္းေတြ အေတာ္မ်ားလာတာမို႔ ထပ္ၿပီး ရွင္းလင္းေျဖၾကားပါရေစ။ ေမာ္ေတာ္ဆိုင္ကယ္မစီးရနယ္ေျမမွာစီးနင္းခဲ့ရင္ ဒီလိုမ်ိဳးအေရးယူပါတယ္ ဥပမာေပါ့ မစီးရ နယ္ေျမမွာ စီးနင္းလို႔ နယ္ေက်ာ္လို႔ ဆိုင္ကယ္မွာ လိုင္စင္မရွိ without ျဖစ္လို႔ စတာေတြနဲ႔ သက္ဆိုင္သလို အေရးယူပါတယ္။ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ရင္ေတာ့ သက္ဆိုင္ရာယာဥ္စည္းကမ္း လမ္းစည္းကမ္း ပုဒ္မတို႔နဲ႔ အေရးယူပါတယ္။ ဆိုင္ကယ္နဲ႔ ကားနဲ႔ပဲျဖစ္ျဖစ္ ဆိုင္ကယ္နဲ႔ လမ္းေလွ်ာက္သူနဲ႔ပဲျဖစ္ျဖစ္ ယာဥ္/လမ္းစည္းကမ္းခ်ိဳေဖါက္တဲ့ ယာဥ္ေမာင္းကိုပဲ အေရးယူပါတယ္။

ဒီေနရာမွာ အမ်ားစု စိတ္ထဲစြဲမွတ္ေနတာက မစီးရနယ္ေျမမွာ စီးတဲ့ဆိုင္ကယ္သာလွ်င္ ဘယ္လိုဆိုဆို မွားတာလို႔ ေျပာၾကပါတယ္။ ဒါကိုကြၽန္ေတာ္က ဘယ္၍ဘယ္မွ် မည္သို႔မည္ပုံရယ္လို႔ ဘာမွ ဝင္မေဆြးေႏြးလိုပါဘူး။ တစ္ခုပဲ အဲ့ဒီလိုထင္မွတ္ထားၿပီး မေတာ္တဆ ျဖစ္ခဲ့လို႔ရွိရင္ ထင္မွတ္ထားသလို ျဖစ္မလာဘဲ မိမိအေရးယူခံလိုက္ရမွာကို မျဖစ္ေစလိုတာမို႔ ဒီလိုေတာ့ရွိတယ္ဆိုတာေလး ေျပာျပျခင္းသာျဖစ္ပါတယ္။ ယာဥ္တိုက္မႈျဖစ္လို႔အေရးယူတာကတပိုင္း၊ မစီးရနယ္မွာ စီးလို႔အေရးယူမွာက တပိုင္းပါ။ ယာဥ္ေမာင္းေကာင္းတစ္ေယာက္အေနျဖင့္ ေျပာရမယ္ဆိုရင္လဲ ဘယ္ယာဥ္ စည္းကမ္းေဖါက္ေဖါက္ မိမိစည္းကမ္းလိုက္နာဖို႔သာ အဓိကပါ။

Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

အသည်းအဆီဖုံး၊ ဆီးချိူ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြာသီး ကြာစေ့

အသည်းအဆီဖုံး၊ ဆီးချိူ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြာသီး ကြာစေ့

ကြာပန်းပွင့်လို့ ကြာသီးသီးရင် ခူးစားဖြစ်ကြလားရှင့်။ ကြာသီး/ ကြာစေ့ပေါ်ချိန်ဆိုရင် ခူးပြီးရောက်တာတွေ့ရပါတယ်။ အဲလိုရောင်းရင်ကောဝယ်စားဖြစ်ရဲ့လား။ ကြာသီးကို အပေါ်ကအခွံခွာပြီး အထဲကအစေ့ကိုစားရတာဟာ ချိုစိမ့်လေးနဲ့ တမျိုးလေးအရသာရှိပါတယ်။ကြာသီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုသက်သာစေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေလည်း သွေးကျစေဖို့ စားသုံးပေးနိုင်တဲ့အသီးပါ။ ကြာသီး/ကြာစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။

အိပ်မပျော်ခြင်းကို_ကုသပေးတယ် – အိပ်မပျော်တာ မကြာခဏဆိုသလိုနိုးတာဟာ အသက်ကြီးတဲ့သူတွေ၊ အလုပ်များ စိတ်ဖိစီးမှုများသူတွေမှာဖြစ်လေ့ရှိပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ များစွာရှိစေပါတယ်။ ကြာသီးကိုစားပေးတာဟာ အိပ်မပျော်တာကိုကုသပေးပြီး ကောင်းမွန်စွာအိပ်စက်အနားယူစေပါတယ်။

ဆီးချိုလူနာတွေအတွက် – ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေပါတယ်။ အရသာရှိတဲ့သရေစာအဖြစ်စားသုံးပေးနိုင်ပါတယ်။ အိုမင်းရင့်ရောက်မှုကိုတားဆီးပေးခြင်း – ကြာစေ့/ကြာသီးဟာ အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်တဲ့အင်ဇိုင်းဓါတ်တစ်မျိုးပါဝင်ပြီး ပျက်ဆီးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

၀မ်းပျက်ခြင်းကိုကုသပေးခြင်း – အရသာရှိတဲ့ ကြာသီးဟာ ဝမ်းလျှောဝမ်းပျက်တာကို သက်သာစေပါတယ်။

သွေးဖိအားကျစေခြင်း – သွေးတိုးရှိတဲ့သူတွေ စားပေးလို့ရပါတယ်။

ဆီးဆိုင်ရာပြဿနာတွေကိုကုသပေးခြင်း – ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တဲ့အတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။

သွားဖုံးရောဂါ – သွားဖုံးဆိုင်ရာ ပြဿနာတွေအတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် သွားဖုံးနဲ့ဆိုင်ရာ တခြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် – ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သရေစားအဖြစ်စားပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း – အသည်းအဆီဖုံးတာတို့လိုအသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။

ဆီးချိုလူနာတွေအတွက် – ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေပါတယ်။ အရသာရှိတဲ့သရေစာအဖြစ်စားသုံးပေးနိုင်ပါတယ်။

အိုမင်းရင့်ရောက်မှုကိုတားဆီးပေးခြင်း – ကြာစေ့/ကြာသီးဟာ အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်တဲ့အင်ဇိုင်းဓါတ်တစ်မျိုးပါဝင်ပြီး ပျက်ဆီးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

၀မ်းပျက်ခြင်းကိုကုသပေးခြင်း – အရသာရှိတဲ့ ကြာသီးဟာ ဝမ်းလျှောဝမ်းပျက်တာကို သက်သာစေပါတယ်။

သွေးဖိအားကျစေခြင်း – သွေးတိုးရှိတဲ့သူတွေ စားပေးလို့ရပါတယ်။

ဆီးဆိုင်ရာပြဿနာတွေကိုကုသပေးခြင်း – ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တဲ့အတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။

သွားဖုံးရောဂါ – သွားဖုံးဆိုင်ရာ ပြဿနာတွေအတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် သွားဖုံးနဲ့ဆိုင်ရာ တခြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် – ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သရေစားအဖြစ်စားပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း – အသည်းအဆီဖုံးတာတို့လိုအသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။

credit – Original Uploader

(Zawgyi)

အသည္းအဆီဖုံး၊ ဆီးခ်ိဴ ေသြးတိုး၊ ဝမ္းပ်က္ဝမ္းေလွ်ာ စတဲ့ေရာဂါေတြအတြက္ အစြမ္းထက္တဲ့ ၾကာသီး ၾကာေစ့

အသည္းအဆီဖုံး၊ ဆီးခ်ိဴ ေသြးတိုး၊ ဝမ္းပ်က္ဝမ္းေလွ်ာ စတဲ့ေရာဂါေတြအတြက္ အစြမ္းထက္တဲ့ ၾကာသီး ၾကာေစ့

ၾကာပန္းပြင့္လို႔ ၾကာသီးသီးရင္ ခူးစားျဖစ္ၾကလားရွင့္။ ၾကာသီး/ ၾကာေစ့ေပၚခ်ိန္ဆိုရင္ ခူးၿပီးေရာက္တာေတြ႕ရပါတယ္။ အဲလိုေရာင္းရင္ေကာဝယ္စားျဖစ္ရဲ႕လား။ ၾကာသီးကို အေပၚကအခြံခြာၿပီး အထဲကအေစ့ကိုစားရတာဟာ ခ်ိဳစိမ့္ေလးနဲ႔ တမ်ိဳးေလးအရသာရွိပါတယ္။ၾကာသီးမွာ Antioxidant ေတြႂကြယ္ဝစြာပါဝင္ၿပီး ေရာင္ရမ္းမႈကိုသက္သာေစသလို အိုမင္းရင့္ေရာ္မႈကို တားဆီးေပးႏိုင္ပါတယ္။ ေသြးတိုးရွိသူေတြလည္း ေသြးက်ေစဖို႔ စားသုံးေပးႏိုင္တဲ့အသီးပါ။ ၾကာသီး/ၾကာေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ၾကည့္လိုက္ရေအာင္ေနာ္။

အိပ္မေပ်ာ္ျခင္းကို_ကုသေပးတယ္ – အိပ္မေပ်ာ္တာ မၾကာခဏဆိုသလိုႏိုးတာဟာ အသက္ႀကီးတဲ့သူေတြ၊ အလုပ္မ်ား စိတ္ဖိစီးမႈမ်ားသူေတြမွာျဖစ္ေလ့ရွိၿပီး က်န္းမာေရးဆိုင္ရာ ေဘးထြက္ဆိုးက်ိဳးေတြ မ်ားစြာရွိေစပါတယ္။ ၾကာသီးကိုစားေပးတာဟာ အိပ္မေပ်ာ္တာကိုကုသေပးၿပီး ေကာင္းမြန္စြာအိပ္စက္အနားယူေစပါတယ္။

ဆီးခ်ိဳလူနာေတြအတြက္ – ကယ္လိုရီပါဝင္မႈနည္းၿပီး အမွ်င္ဓါတ္ပါဝင္မႈမ်ားတာေၾကာင့္ ေသြးတြင္းသၾကားဓါတ္ပါဝင္မႈကို ေလွ်ာ့က်ေစပါတယ္။ အရသာရွိတဲ့သေရစာအျဖစ္စားသုံးေပးႏိုင္ပါတယ္။ အိုမင္းရင့္ေရာက္မႈကိုတားဆီးေပးျခင္း – ၾကာေစ့/ၾကာသီးဟာ အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးႏိုင္တဲ့အင္ဇိုင္းဓါတ္တစ္မ်ိဳးပါဝင္ၿပီး ပ်က္ဆီးသြားတဲ့ ပ႐ိုတင္းဓါတ္ေတြကို ျပန္လည္ျပဳျပင္ေပးပါတယ္။

၀မ္းပ်က္ျခင္းကိုကုသေပးျခင္း – အရသာရွိတဲ့ ၾကာသီးဟာ ဝမ္းေလွ်ာဝမ္းပ်က္တာကို သက္သာေစပါတယ္။

ေသြးဖိအားက်ေစျခင္း – ေသြးတိုးရွိတဲ့သူေတြ စားေပးလို႔ရပါတယ္။

ဆီးဆိုင္ရာျပႆနာေတြကိုကုသေပးျခင္း – ဆီးလမ္းေၾကာင္းဆိုင္ရာျပႆနာေတြကို ကုသေပးႏိုင္တဲ့အတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။

သြားဖုံးေရာဂါ – သြားဖုံးဆိုင္ရာ ျပႆနာေတြအတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။ ပုံမွန္စားေပးမယ္ဆိုရင္ သြားဖုံးနဲ႔ဆိုင္ရာ တျခားျပႆနာေတြကို ကုသေပးႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ – ပ႐ိုတင္းဓါတ္ႂကြယ္ဝစြာပါဝင္လို႔ အာ႐ုံေၾကာစနစ္နဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြ သေရစားအျဖစ္စားေပးႏိုင္ပါတယ္။

အသည္းကိုက်န္းမာေစျခင္း – အသည္းအဆီဖုံးတာတို႔လိုအသည္းနဲ႔ဆိုင္တဲ့ ျပႆနာေတြကို တားဆီးေပးႏိုင္ပါတယ္။

ဆီးခ်ိဳလူနာေတြအတြက္ – ကယ္လိုရီပါဝင္မႈနည္းၿပီး အမွ်င္ဓါတ္ပါဝင္မႈမ်ားတာေၾကာင့္ ေသြးတြင္းသၾကားဓါတ္ပါဝင္မႈကို ေလွ်ာ့က်ေစပါတယ္။ အရသာရွိတဲ့သေရစာအျဖစ္စားသုံးေပးႏိုင္ပါတယ္။

အိုမင္းရင့္ေရာက္မႈကိုတားဆီးေပးျခင္း – ၾကာေစ့/ၾကာသီးဟာ အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးႏိုင္တဲ့အင္ဇိုင္းဓါတ္တစ္မ်ိဳးပါဝင္ၿပီး ပ်က္ဆီးသြားတဲ့ ပ႐ိုတင္းဓါတ္ေတြကို ျပန္လည္ျပဳျပင္ေပးပါတယ္။

၀မ္းပ်က္ျခင္းကိုကုသေပးျခင္း – အရသာရွိတဲ့ ၾကာသီးဟာ ဝမ္းေလွ်ာဝမ္းပ်က္တာကို သက္သာေစပါတယ္။

ေသြးဖိအားက်ေစျခင္း – ေသြးတိုးရွိတဲ့သူေတြ စားေပးလို႔ရပါတယ္။

ဆီးဆိုင္ရာျပႆနာေတြကိုကုသေပးျခင္း – ဆီးလမ္းေၾကာင္းဆိုင္ရာျပႆနာေတြကို ကုသေပးႏိုင္တဲ့အတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။

သြားဖုံးေရာဂါ – သြားဖုံးဆိုင္ရာ ျပႆနာေတြအတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။ ပုံမွန္စားေပးမယ္ဆိုရင္ သြားဖုံးနဲ႔ဆိုင္ရာ တျခားျပႆနာေတြကို ကုသေပးႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ – ပ႐ိုတင္းဓါတ္ႂကြယ္ဝစြာပါဝင္လို႔ အာ႐ုံေၾကာစနစ္နဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြ သေရစားအျဖစ္စားေပးႏိုင္ပါတယ္။

အသည္းကိုက်န္းမာေစျခင္း – အသည္းအဆီဖုံးတာတို႔လိုအသည္းနဲ႔ဆိုင္တဲ့ ျပႆနာေတြကို တားဆီးေပးႏိုင္ပါတယ္။

credit – Original Uploader

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ခြေဖမိုးရောင်ရမ်းခြင်းနှင့် ရွက်ကျပင်ပေါက်

ရွက်ကျပင်ပေါက်အရွက်ကို၊ မီးကင်ပြီး ရောင်နေသော ခြေဖမိုးပေါ် နှမ်းဆီပါးပါး သုတ်၍ အရွက်ခပ်နွေးနွေး အနေအထားမှာ ကပ်ပေးပါ။ ပထမတစ်ရက်နှင့်ပင် ပျောက်သလောက်ရှိ၍ ငါးရက်ခန့် ကပ်ပေးပါက လုံးဝသက်သာပျောက်ကင်းပါသည်။ ရွက်ကျပင်ပေါက်၏ စွမ်းအင် – မြန်မာ့ဆေးကျမ်းများအလိုအရ ၎င်းဆေးပင်သည် အနာများကိုစင် ကြယ်အောင်သုတ်သင်တတ်၏။

အသားနုတက်စေတတ်၏။ သွေးများကို ချုပ်စေ၏။ သွေးကြောငယ်များတွင် များစွာအကျိုးပြု ၏။သွေးကြောငယ်များကို တွန့်ခြင်း၊ ရှူံ့ခြင်းဖြစ်စေတတ်သဖြင့် အရေပြားမှ လည်းကောင်း၊ ဝမ်းသွားရာမှလည်းကောင်း ၊မြင်းသရိုက်ရောဂါမှလည်းကောင်း၊ နှာခေါင်း၊ပါးစပ်၊ ခံတွင်းမှလည်းကောင်း ယိုကျသောသွေးများကို လျှင်မြန်စွာ ချုပ်တည်းစေနိုင်၏။

ရွက်ကျပင်ပေါက်ဖြင့် ကုသနိုင်သောရောဂါများအနက် ယိုစီးကျသောသွေးများကိုရပ်တန့်စေရာတွင် နတ်ဆေးသဖွယ်စွမ်း၏။ ထိခိုက်ရှနာနှင့် သွေးစိမ်းထွက်သောအနာများကို ရွက်ကျပင် ပေါက် မီးကင်၍ကပ်ပေးပါက၊ သွေးများရပ်စဲ၍အနာကျက်လွယ်၏။ ထိခိုက်ရောင်ရမ်းသောဒဏ်ရာများကို မီးကင်၍ကပ်ပေးပါက ရောင်ရမ်းခြင်းကျဆင်း၌ ဒဏ်ရာများသက်သာပျောက် ကင်း ၏။မီးလောင်နာ၊ အဆစ်လွှဲ အကြောထုံးခြင်းများအတွက်၊ အရွက်ကြိတ်ရည် လိမ်းပေးပါက သက်သာပျောက်ကင်း၏။သွေးကျ၍ ခြေဖမိုးရောင်သူများ၊ ဖောရောင်နေသောနေရာကို အရွက်မီးကင်၍ကပ်ပေးပါက အဖောအရောင်ကျ၏။

Credit-(မြန်မာ့ဆေးဖက်ဝင်အပင်များ)

(Zawgyi)

ေျခဖမိုးေရာင္ရမ္းျခင္းႏွင့္ ႐ြက္က်ပင္ေပါက္

႐ြက္က်ပင္ေပါက္အ႐ြက္ကို၊ မီးကင္ၿပီး ေရာင္ေနေသာ ေျခဖမိုးေပၚ ႏွမ္းဆီပါးပါး သုတ္၍ အ႐ြက္ခပ္ေႏြးေႏြး အေနအထားမွာ ကပ္ေပးပါ။ ပထမတစ္ရက္ႏွင့္ပင္ ေပ်ာက္သေလာက္ရွိ၍ ငါးရက္ခန႔္ ကပ္ေပးပါက လုံးဝသက္သာေပ်ာက္ကင္းပါသည္။ ႐ြက္က်ပင္ေပါက္၏ စြမ္းအင္ – ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ ၎ေဆးပင္သည္ အနာမ်ားကိုစင္ ၾကယ္ေအာင္သုတ္သင္တတ္၏။

အသားႏုတက္ေစတတ္၏။ ေသြးမ်ားကို ခ်ဳပ္ေစ၏။ ေသြးေၾကာငယ္မ်ားတြင္ မ်ားစြာအက်ိဳးျပဳ ၏။ေသြးေၾကာငယ္မ်ားကို တြန႔္ျခင္း၊ ရႉံ႔ျခင္းျဖစ္ေစတတ္သျဖင့္ အေရျပားမွ လည္းေကာင္း၊ ဝမ္းသြားရာမွလည္းေကာင္း ၊ျမင္းသ႐ိုက္ေရာဂါမွလည္းေကာင္း၊ ႏွာေခါင္း၊ပါးစပ္၊ ခံတြင္းမွလည္းေကာင္း ယိုက်ေသာေသြးမ်ားကို လွ်င္ျမန္စြာ ခ်ဳပ္တည္းေစႏိုင္၏။

႐ြက္က်ပင္ေပါက္ျဖင့္ ကုသႏိုင္ေသာေရာဂါမ်ားအနက္ ယိုစီးက်ေသာေသြးမ်ားကိုရပ္တန႔္ေစရာတြင္ နတ္ေဆးသဖြယ္စြမ္း၏။ ထိခိုက္ရွနာႏွင့္ ေသြးစိမ္းထြက္ေသာအနာမ်ားကို ႐ြက္က်ပင္ ေပါက္ မီးကင္၍ကပ္ေပးပါက၊ ေသြးမ်ားရပ္စဲ၍အနာက်က္လြယ္၏။ ထိခိုက္ေရာင္ရမ္းေသာဒဏ္ရာမ်ားကို မီးကင္၍ကပ္ေပးပါက ေရာင္ရမ္းျခင္းက်ဆင္း၌ ဒဏ္ရာမ်ားသက္သာေပ်ာက္ ကင္း ၏။မီးေလာင္နာ၊ အဆစ္လႊဲ အေၾကာထုံးျခင္းမ်ားအတြက္၊ အ႐ြက္ႀကိတ္ရည္ လိမ္းေပးပါက သက္သာေပ်ာက္ကင္း၏။ေသြးက်၍ ေျခဖမိုးေရာင္သူမ်ား၊ ေဖာေရာင္ေနေသာေနရာကို အ႐ြက္မီးကင္၍ကပ္ေပးပါက အေဖာအေရာင္က်၏။

Credit-(ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား)

လက်တွေ့သွားရောဂါအတွက် ဆေးတစ်လက်

(Unicode)

လက်တွေ့သွားရောဂါအတွက်ဆေးတစ်လက်

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာ သွားသွေးယိုစိမ့်ခြင်းအတွက် စိတ်ညစ်ဖွယ် ကောင်းအောင် သွားကိုက်၊ သွားနာခြင်းကြုံရ၏။ သွာဆေးခန်း မကြာခဏ သွားရသောကြောင့် သွားဆရာဝန်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင်နေတော့သည်။ ဖြစ်လေတိုင်း အင်္ဂလိပ်ဆေးက စွမ်းပါဘိ။ သွားနုတ်၊သွားဖာ၊ဆေးထိုး ဆေးသောက်ဖြင့် သက်သာပျောက်ကင်းရသည်သာ။
မကြာမီ သွားကိုက်၊သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်းဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခုဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာဖြစ်တော့၏။

မန်ကျည်းစေ့ အရင့်အစေ့(၃၀)ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင်လှော်လိုက်ပြီးမန်ကျည်းစေ့၏ အစေ့ခွံ ယူရ၏။ မန်ကျည်းစေ့ အတွင်းသားအဖြူကို မသုံးရပါ။ မန်ကျည်းစေ့အခွံအကျွမ်းလှော်ကို အမှုန့်ပြု၍ထားပါ။ ထိုနောက် ကျောက်ချဉ်(၁)မတ်သား တိတိကို ခွက်ငယ်တစ်ခုတွင်တင် ၍မီးဖုတ်ပါ။ ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီးကျောက်ချဉ် မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မီးကျွမ်းအလှော် အမှုန့်ထောင်းနှင့်ကျောက်ချဉ် မီးဖုတ်အမှုန့်ကို ရောစပ်၍ လေလုံသော ဗူးငယ်တွင်ထည့်ထားပါ။ သွားနာ၊သွားကိုက်၊ သွားယိုင်၊ သွားဖုံးနာနှင့်သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကို သိပ်ပေးပါ။ အမြန်ဆုံး သက်သာပျောက်ကင်းပါကြောင်း။

ဆေးမြီးတို-၃၆ မြန်မာဆေးမြီးတိုများ

သွားခိုင်စေရန် ကျောက်ချဉ်နှင့်ငရုတ်ကောင်းစေ့ကို ဆတူရောပြီး သံဆုံတွင်ညက်အောင်ထောင်း၍ နံနက်အိပ်ရာထတိုင်း သွားတိုက်ပေးပါ။

လိုသူယူသုံးစေတနာအပြုံးဖြင့်

Credit-ရဲမျိုးသူ(ဗောဓိမြိုင်)

(Zawgyi)

လက္ေတြ႕သြားေရာဂါအတြက္ေဆးတစ္လက္

သြားနာ၊သြားကိုက္၊သြားယိုင္၊သြားဖုံးနာ သြားေသြးယိုစိမ့္ျခင္းအတြက္ စိတ္ညစ္ဖြယ္ ေကာင္းေအာင္ သြားကိုက္၊ သြားနာျခင္းႀကဳံရ၏။ သြာေဆးခန္း မၾကာခဏ သြားရေသာေၾကာင့္ သြားဆရာဝန္ႏွင့္ပင္ ေဖာက္သည္ျဖစ္ရကာ ရင္းႏွီးခင္မင္ေနေတာ့သည္။ ျဖစ္ေလတိုင္း အဂၤလိပ္ေဆးက စြမ္းပါဘိ။ သြားႏုတ္၊သြားဖာ၊ေဆးထိုး ေဆးေသာက္ျဖင့္ သက္သာေပ်ာက္ကင္းရသည္သာ။
မၾကာမီ သြားကိုက္၊သြားနာျပန္ျဖစ္ျပန္သည္။ ျမန္မာတိုင္းရင္းေဆးနည္းေလးမ်ားကို အထင္မေသးမိရန္ အေၾကာင္းတစ္ခုဖန္လာသည္။ ထိုသည္က မန္က်ည္းေစ့ခြံႏွင့္ ေက်ာက္ခ်ဥ္သာျဖစ္ေတာ့၏။

မန္က်ည္းေစ့ အရင့္အေစ့(၃၀)ကို ဒယ္အိုးတြင္ထည့္၍ မီးျဖင့္ ကြၽမ္းေအာင္ေလွာ္လိုက္ၿပီးမန္က်ည္းေစ့၏ အေစ့ခြံ ယူရ၏။ မန္က်ည္းေစ့ အတြင္းသားအျဖဴကို မသုံးရပါ။ မန္က်ည္းေစ့အခြံအကြၽမ္းေလွာ္ကို အမႈန႔္ျပဳ၍ထားပါ။ ထိုေနာက္ ေက်ာက္ခ်ဥ္(၁)မတ္သား တိတိကို ခြက္ငယ္တစ္ခုတြင္တင္ ၍မီးဖုတ္ပါ။ ငါးမႈန႔္ေၾကာ္သကဲ့သို႔ ေဖာင္းမို႔တက္လာပါက အေအးခံၿပီးေက်ာက္ခ်ဥ္ မီးဖုတ္ကို အမႈန႔္ျပဳပါ။ မန္က်ည္းေစ့အခြံ မီးကြၽမ္းအေလွာ္ အမႈန႔္ေထာင္းႏွင့္ေက်ာက္ခ်ဥ္ မီးဖုတ္အမႈန႔္ကို ေရာစပ္၍ ေလလုံေသာ ဗူးငယ္တြင္ထည့္ထားပါ။ သြားနာ၊သြားကိုက္၊ သြားယိုင္၊ သြားဖုံးနာႏွင့္သြားေသြးယိုစိမ့္ျခင္းျဖစ္ပါက ထိုေဆးမႈန႔္ကို သိပ္ေပးပါ။ အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေၾကာင္း။

ေဆးၿမီးတို-၃၆ ျမန္မာေဆးၿမီးတိုမ်ား

သြားခိုင္ေစရန္ ေက်ာက္ခ်ဥ္ႏွင့္င႐ုတ္ေကာင္းေစ့ကို ဆတူေရာၿပီး သံဆုံတြင္ညက္ေအာင္ေထာင္း၍ နံနက္အိပ္ရာထတိုင္း သြားတိုက္ေပးပါ။

လိုသူယူသုံးေစတနာအၿပဳံးျဖင့္

Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

အသီးတွေ လှီးဖြတ်ထားတာကြာရင် အာဟာရဓာတ်ဆုံးရှုံးနိုင်လား

(Unicode)

အသီးတွေ လှီးဖြတ်ထားတာကြာရင် အာဟာရဓာတ်ဆုံးရှုံးနိုင်လား

=================================

လူတွေက စားလို့မကုန်လို့ ကျန်နေတဲ့ လှီးဖြတ်ပြီးသား အသီးအနှံတွေကို ရေခဲသေတ္တာထဲထည့်ပြီးသိမ်းထားကာ နောက်ရက်တွေမှစားရင် အာဟာရဓာတ်တွေ ဆုံးရှုံးသွားတယ်လို့ ထင်နေကြပါတယ်။

တကယ်တော့ လှီးဖြတ်ပြီးထုပ်ပိုးထားတဲ့ သစ်သီးဝလံများဟာ ဒီတိုင်းထားရင် ထူးပြီး အာဟာရဓာတ်ဆုံးရှုံးမှုမရှိပါဘူးတဲ့။

လေ့လာသူ သုတေသီတွေက ကီဝီသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီးနဲ့ ဖရဲသီး အလုံးလိုက်တွေရဲ့ အာဟာရဓာတ်ပါဝင်မှုကို ဓာတ်ခွဲမှတ်တမ်းတင်ခဲ့ပါတယ်။

ပြီးတော့ အလုံးလိုက်နဲ့ လှီးဖြတ်ပြီးသားများကို ရေခဲသေတ္တာထဲမှာ (၆) ရက်ကြာ ထားခဲ့ပါတယ်။

(၆) ရက်ကြာပြီးနောက် အလုံးလိုက်အသီးတွေက လှီးဖြတ်ပြီးထားတဲ့ အတုံးများထက် လတ်ဆတ်ပုံပေါက်ပေမဲ့ နှစ်မျိုးစလုံးမှာ လျော့နည်းသွားတဲ့ ဗီတာမင်ဓာတ်များရဲ့ ပမာဏကတော့ အတူတူပဲဖြစ်ပါတယ်တဲ့။

လှီးဖြတ်ထားတဲ့ သစ်သီးတုံးတွေက အာဟာရဓာတ်တန်ဖိုး တကယ်မဆုံးရှုံးမီမှာပဲ အမြင်မှာ ပျက်စီးပုံရပါတယ်လို့ ထိုလေ့လာမှုမှာ ဖော်ပြထားပါတယ်။

(Zawgyi)

အသီးေတြ လွီးျဖတ္ထားတာၾကာရင္ အာဟာရဓာတ္ဆုံးရႈံးႏိုင္လား

=================================

လူေတြက စားလို႔မကုန္လို႔ က်န္ေနတဲ့ လွီးျဖတ္ၿပီးသား အသီးအႏွံေတြကို ေရခဲေသတၱာထဲထည့္ၿပီးသိမ္းထားကာ ေနာက္ရက္ေတြမွစားရင္ အာဟာရဓာတ္ေတြ ဆုံးရႈံးသြားတယ္လို႔ ထင္ေနၾကပါတယ္။

တကယ္ေတာ့ လွီးျဖတ္ၿပီးထုပ္ပိုးထားတဲ့ သစ္သီးဝလံမ်ားဟာ ဒီတိုင္းထားရင္ ထူးၿပီး အာဟာရဓာတ္ဆုံးရႈံးမႈမရွိပါဘူးတဲ့။

ေလ့လာသူ သုေတသီေတြက ကီဝီသီး၊ စေတာ္ဘယ္ရီသီး၊ နာနတ္သီးနဲ႔ ဖရဲသီး အလုံးလိုက္ေတြရဲ႕ အာဟာရဓာတ္ပါဝင္မႈကို ဓာတ္ခြဲမွတ္တမ္းတင္ခဲ့ပါတယ္။

ၿပီးေတာ့ အလုံးလိုက္နဲ႔ လွီးျဖတ္ၿပီးသားမ်ားကို ေရခဲေသတၱာထဲမွာ (၆) ရက္ၾကာ ထားခဲ့ပါတယ္။

(၆) ရက္ၾကာၿပီးေနာက္ အလုံးလိုက္အသီးေတြက လွီးျဖတ္ၿပီးထားတဲ့ အတုံးမ်ားထက္ လတ္ဆတ္ပုံေပါက္ေပမဲ့ ႏွစ္မ်ိဳးစလုံးမွာ ေလ်ာ့နည္းသြားတဲ့ ဗီတာမင္ဓာတ္မ်ားရဲ႕ ပမာဏကေတာ့ အတူတူပဲျဖစ္ပါတယ္တဲ့။

လွီးျဖတ္ထားတဲ့ သစ္သီးတုံးေတြက အာဟာရဓာတ္တန္ဖိုး တကယ္မဆုံးရႈံးမီမွာပဲ အျမင္မွာ ပ်က္စီးပုံရပါတယ္လို႔ ထိုေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။

Credit Health Digest

ကိုက်လန်

(Unicode)

ကိုက်လန်

==========

1. ဆေးဘက်ဝင် အရွက်

ကိုက်လန်မှာ လူကို ဆိုးကျိူးပေးတဲ့ ကယ်လိုရီပမာဏ ပါဝင်မှု နည်းပါတယ်၊ ဒါ့အပြင် အဆီဓာတ် လုံဝမပါလို့ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်လို့လည်းအသားအရေနဲ့ ၀မ်းဗိုက်ပိုင်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

2. အကျိုးပြု သံဓာတ်

အမျိုးသမီးများ လစဉ် ဓမ္မတာလာမှုကြောင့် သံဓာတ်အားနည်းနေတယ်ဆိုရင် ကိုက်လန်ကိုသာ စားသုံးပေးခြင်း

က သဘာဝသံဓာတ်အားတိုးဆေးကြီး ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်လည်း ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်ကြီးမို့ လက်မလွှတ်သင့်ပါဘူး။ ကိုက်လန်မှာ ပါဝင်တဲ့ သံဓာတ်က အသားတွေမှာ ပါတဲ့ သံဓာတ်ထက်ပမာဏပိုများပါတယ်။

3. အကျိုးပြု ဗီတာမင် K

အလွန်ရှားပါတဲ့ ဗီတာမင် K ကို ကိုက်လန်ထဲမှာ အမြောက်အများ တွေ့ရပါတယ်။ ဗီတာမင် K ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးပြီး အရိုးကျန်းမာရေးနဲ့ သွေးကြောပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင်မှတ်ဉာဏ်ချို့ယွင်းခြင်းဆိုတဲ့ အယ်လ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးပတယ်။

4. သဘာဝအစွမ်းထက် ဓာတ်သဘာဝတွေ ပါဝင်တယ်

ကင်ဆာရောဂါမျိူးစုံကို ကာကွယ်ပေးနိုင်တဲ့ carotenoid နဲ့ flavonoid ကဲ့သို့သော သဘာဝဓာတ်တွေ ပါဝင်တာကလည်း ကျန်းမာရေးအတွက် အထူး အကျိုးရှိပါတယ်။

5. နာတာရှည်ရောဂါတွေ အတွက်ကောင်း

ကိုက်လန်မှာ omega-3 fatty acids ရဲ့ RDA 10% ထိ ပါဝင်လို့ ပုံမှန်စားသုံးပါက အဆစ်အမြစ်ယောင် ရောဂါ၊ပန်းနာရောဂါ၊ ကယောင်ခြောက်ခြား ရောဂါတွေကို ပျောက်ကင်းစေပါတယ်။

6. နှလုံးရောဂါကို ကာကွယ်ပေးတယ်

ကိုက်လန်များများ စားပေးပါက နှလုံးရောဂါရှင်တွေအတွက် သက်သာ ပျောက်ကင်းစေပြီး မဖြစ်သေးသူတွေကိုလည်း ကာကွယ်ပေးပါတယ်။ ကိုလက်စထရောဓာတ်ကို လျှော့ချစေနိုင်တဲ့ ဟင်းလျှာဖြစ်ပါတယ်။

7. ကိုက်လန်မှာပါတဲ့ ဗီတာမင် A

အမြင်အာရုံကို ကောင်းမွန်စေတဲ့ ဗီတာမင် A ဟာ အသားအရည်ကိုလည်း ချောမွတ်သန့်စင်စေသလို အဆုတ်ကင်ဆာ၊ သာအိမ်ခေါင်းကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

8. ကိုက်လန်မှာပါတဲ့ ဗီတာမင် C

ဗီတာမင် C ဟာ သွေးဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွက် စွမ်းအားတွေလည်း ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေလို့ ၀ိတ်ကိုလည်း ကျစေပါတယ်။

9. မြင့်မားတဲ့ ကယ်လ်စီယမ်

ကိုက်လန်ရဲ့ ထူးခြားချက်က နွားနို့ထက်ပင် ကယ်လ်စီယမ် ပါဝင်မှု ပိုများပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကိုကောင်းစေပြီး osteoporosis ကိုလည်း ကာကွယ်ပေးပါတယ်။

10. အဆိပ်ဖြေဆေး

ကိုက်လန်မှာ အမျှင်ဓာတ်နဲ ဆာလဖာဓာတ် ပါဝင်လို့ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ၀င်ရောက်မှုကို ကာကွယ်ပေးပြီး အသဲကျန်မာရေးကိုလည်း အထောက်အကူပြုပါတယ်။

(Zawgyi)

ကိုက္လန္

==========

  1. ေဆးဘက္ဝင္ အ႐ြက္

ကိုက္လန္မွာ လူကို ဆိုးက်ိဴးေပးတဲ့ ကယ္လိုရီပမာဏ ပါဝင္မႈ နည္းပါတယ္၊ ဒါ့အျပင္ အဆီဓာတ္ လုံဝမပါလို႔က်န္းမာေရးနဲ႔ ညီၫြတ္ေစပါတယ္။ ေနာက္ၿပီး အမွ်င္ဓာတ္ ႂကြယ္ဝစြာပါဝင္လို႔လည္းအသားအေရနဲ႔ ဝမ္းဗိုက္ပိုင္း က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

  1. အက်ိဳးျပဳ သံဓာတ္

အမ်ိဳးသမီးမ်ား လစဥ္ ဓမၼတာလာမႈေၾကာင့္ သံဓာတ္အားနည္းေနတယ္ဆိုရင္ ကိုက္လန္ကိုသာ စားသုံးေပးျခင္း

က သဘာဝသံဓာတ္အားတိုးေဆးႀကီး ျဖစ္ပါတယ္။ အမ်ိဳးသားေတြအတြက္လည္း ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဓာတ္ႀကီးမို႔ လက္မလႊတ္သင့္ပါဘူး။ ကိုက္လန္မွာ ပါဝင္တဲ့ သံဓာတ္က အသားေတြမွာ ပါတဲ့ သံဓာတ္ထက္ပမာဏပိုမ်ားပါတယ္။

  1. အက်ိဳးျပဳ ဗီတာမင္ K

အလြန္ရွားပါတဲ့ ဗီတာမင္ K ကို ကိုက္လန္ထဲမွာ အေျမာက္အမ်ား ေတြ႕ရပါတယ္။ ဗီတာမင္ K ကင္ဆာေရာဂါမ်ိဳးစုံကို ကာကြယ္ေပးၿပီး အ႐ိုးက်န္းမာေရးနဲ႔ ေသြးေၾကာပိတ္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါအျပင္မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းဆိုတဲ့ အယ္လ္ဇိုင္းမား ေရာဂါကိုလည္း ကာကြယ္ေပးပတယ္။

  1. သဘာဝအစြမ္းထက္ ဓာတ္သဘာဝေတြ ပါဝင္တယ္

ကင္ဆာေရာဂါမ်ိဴးစုံကို ကာကြယ္ေပးႏိုင္တဲ့ carotenoid နဲ႔ flavonoid ကဲ့သို႔ေသာ သဘာဝဓာတ္ေတြ ပါဝင္တာကလည္း က်န္းမာေရးအတြက္ အထူး အက်ိဳးရွိပါတယ္။

  1. နာတာရွည္ေရာဂါေတြ အတြက္ေကာင္း

ကိုက္လန္မွာ omega-3 fatty acids ရဲ႕ RDA 10% ထိ ပါဝင္လို႔ ပုံမွန္စားသုံးပါက အဆစ္အျမစ္ေယာင္ ေရာဂါ၊ပန္းနာေရာဂါ၊ ကေယာင္ေျခာက္ျခား ေရာဂါေတြကို ေပ်ာက္ကင္းေစပါတယ္။

  1. ႏွလုံးေရာဂါကို ကာကြယ္ေပးတယ္

ကိုက္လန္မ်ားမ်ား စားေပးပါက ႏွလုံးေရာဂါရွင္ေတြအတြက္ သက္သာ ေပ်ာက္ကင္းေစၿပီး မျဖစ္ေသးသူေတြကိုလည္း ကာကြယ္ေပးပါတယ္။ ကိုလက္စထေရာဓာတ္ကို ေလွ်ာ့ခ်ေစႏိုင္တဲ့ ဟင္းလွ်ာျဖစ္ပါတယ္။

  1. ကိုက္လန္မွာပါတဲ့ ဗီတာမင္ A

အျမင္အာ႐ုံကို ေကာင္းမြန္ေစတဲ့ ဗီတာမင္ A ဟာ အသားအရည္ကိုလည္း ေခ်ာမြတ္သန႔္စင္ေစသလို အဆုတ္ကင္ဆာ၊ သာအိမ္ေခါင္းကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။

  1. ကိုက္လန္မွာပါတဲ့ ဗီတာမင္ C

ဗီတာမင္ C ဟာ ေသြးဖိအားကို ထိန္းညႇိေပးၿပီး ခႏၶာကိုယ္အတြက္ စြမ္းအားေတြလည္း ေပးပါတယ္။ အစာေျခစနစ္ကို ေကာင္းမြန္ေစလို႔ ဝိတ္ကိုလည္း က်ေစပါတယ္။

  1. ျမင့္မားတဲ့ ကယ္လ္စီယမ္

ကိုက္လန္ရဲ႕ ထူးျခားခ်က္က ႏြားႏို႔ထက္ပင္ ကယ္လ္စီယမ္ ပါဝင္မႈ ပိုမ်ားပါတယ္။ ဒါေၾကာင့္ အ႐ိုးက်န္းမာေရးကိုေကာင္းေစၿပီး osteoporosis ကိုလည္း ကာကြယ္ေပးပါတယ္။

  1. အဆိပ္ေျဖေဆး

ကိုက္လန္မွာ အမွ်င္ဓာတ္နဲ ဆာလဖာဓာတ္ ပါဝင္လို႔ ခႏၶာကိုယ္အတြင္း အဆိပ္အေတာက္ ဝင္ေရာက္မႈကို ကာကြယ္ေပးၿပီး အသဲက်န္မာေရးကိုလည္း အေထာက္အကူျပဳပါတယ္။

Crd original uploader

ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ

(Unicode)

ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ

===================================

ကင်‌ဆာအမျိုးမျိုးကြောင့် ဒေသအသီးသီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ဆေးကုသသူများအနေဖြင့် ကွာရန်တင်းဝင်ရန်အခက်အခဲ ၊ ခရီးစရိတ်အခက်အခဲများကြောင့် နေရပ်သို့မပြန်နိုင်ဘဲ ဆေးရုံကြီး ဝန်းကျင်‌ မှာ နေထိုင်ကြရသလို စားဝတ်နေရေးအခက်အခဲလည်း ကြုံတွေ့နေရပါတယ်။

“ဒီမှာဆေးလာကုတာ အပတ်တိုင်း ကုရတယ်။ လာတုန်းက လူနာတင်ယာဉ်ကားနဲ့လာကြတာပေါ့။ ပြန်ဖို့တော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပြန်ရမှာလေ။ ကားခက ဈေးကြီးတယ်။ ပြီးတော့ တစ်ခါတလေလည်းမဟုတ်ဘူး။ အပတ်တိုင်းဆိုတော့ အဆင်မပြေဘူးလေ။ အဲ့ဒီတော့ ဒီဆေးရုံဘေးမှာပဲဖြစ်သလိုနေကြရတာပေါ့” လို့ဆေးလာကုသူတစ်ဦးက ‌ပြောပါတယ်။

လက်ရှိအချိန်မှာ ဆေးရုံကြီးဘေး နေထိုင်သူ အများအပြားရှိပြီး စား‌ရေးသောက်ရေးအတွက် နေရပ်မှ ပါလာသမျှကို ထုခွဲရောင်းချနေကြပြီးဖြေရှင်းနေကြရပါတယ်။

တချို့ကတော့ အလှူရှင်များလာရောက်လှူဒါန်းမှုပေါ်မှာ မှီခိုနေရပါတယ်။

(Zawgyi)

ကိုဗစ္ကပ္ၾကား ကင္ဆာေဝဒနာရွင္ေတြရဲ႕ ဒုကၡ

===================================

ကင္‌ဆာအမ်ိဳးမ်ိဳးေၾကာင့္ ေဒသအသီးသီးကေန ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို လာေရာက္ေဆးကုသသူမ်ားအေနျဖင့္ ကြာရန္တင္းဝင္ရန္အခက္အခဲ ၊ ခရီးစရိတ္အခက္အခဲမ်ားေၾကာင့္ ေနရပ္သို႔မျပန္ႏိုင္ဘဲ ေဆး႐ုံႀကီး ဝန္းက်င္‌ မွာ ေနထိုင္ၾကရသလို စားဝတ္ေနေရးအခက္အခဲလည္း ႀကဳံေတြ႕ေနရပါတယ္။

“ဒီမွာေဆးလာကုတာ အပတ္တိုင္း ကုရတယ္။ လာတုန္းက လူနာတင္ယာဥ္ကားနဲ႔လာၾကတာေပါ့။ ျပန္ဖို႔ေတာ့ ကိုယ့္စားရိတ္နဲ႔ ကိုယ္ျပန္ရမွာေလ။ ကားခက ေဈးႀကီးတယ္။ ၿပီးေတာ့ တစ္ခါတေလလည္းမဟုတ္ဘူး။ အပတ္တိုင္းဆိုေတာ့ အဆင္မေျပဘူးေလ။ အဲ့ဒီေတာ့ ဒီေဆး႐ုံေဘးမွာပဲျဖစ္သလိုေနၾကရတာေပါ့” လို႔ေဆးလာကုသူတစ္ဦးက ‌ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ေဆး႐ုံႀကီးေဘး ေနထိုင္သူ အမ်ားအျပားရွိၿပီး စား‌ေရးေသာက္ေရးအတြက္ ေနရပ္မွ ပါလာသမွ်ကို ထုခြဲေရာင္းခ်ေနၾကၿပီးေျဖရွင္းေနၾကရပါတယ္။

တခ်ိဳ႕ကေတာ့ အလႉရွင္မ်ားလာေရာက္လႉဒါန္းမႈေပၚမွာ မွီခိုေနရပါတယ္။

Crd,
ဘီဘီစီျမန္မာပိုင္း
ဓာတ္ပုံ – Nyein Chan Oo / MPA

ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ်

(Unicode)

ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ်

===================================

ပဒိုင်းသီးကို Datura metel/Jimson weed/devil’s trumpet စသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြတယ်။

ဒီအပင်ဟာ သဘာဝအလေ့ကျပေါက်တဲ့အပင်ဖြစ်သည့်အလျောက် တစ်ပင်လုံးဟာ လူနှင့်အခြားသော တိရိစ္ဆာန်တွေကို သေစေနိုင်တဲ့( tropane alkaloids) အဆိပ်ရှိပါတယ်။

အယ်လ်ကာလွိုက်(alkaloid)ဆိုတာက သဘာဝအလျောက်ဖြစ်ပေါ်နေသော အဆိပ်တစ်မျိုးဖြစ်ပြီး သူ့ကို အပင်တွေကနေတဆင့် ထုတ်ယူရရှိပါတယ်။

ဒါ့ကြောင့် ကျွန်တော်အခုဖော်ပြပေးထားတဲ့ ပဒိုင်းသီးမှာ အယ်လ်ကာလွိုက် အဆိပ်များစွာ ရှိပါတယ်။It is prohibited to buy, sell, or cultivate Datura plants. အိန္ဒိယနိုင်ငံမှာဆိုရင် စိုက်ပျိုးခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အတွင်း၌ ပဒိုင်းသီးကို စားသုံးကြခြင်းကြောင့် လူပေါင်း(၂၇၀၀)ကျော်ခန့် အသက်သေဆုံးခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဆုပ်ရင်ဆူးမယ်၊ နမ်းရင်လည်းမူးမယ်၊ စားမိပြန်ရင်လည်းရူးတယ်လို့ ဆိုရိုးစကားလေးရှိပါတယ်။ မှန်ပါတယ်…သို့ပေမဲ့ မှားတာက ဘာလဲဆိုရင် ဒီအပင်ဟာ အဆိပ်ပင် ဘာမျှအသုံးမဝင်ဘူးဟု ယူဆထားတာတွေဟာ အလွန်မှားပါတယ်။

တကယ်တော့ ပဒိုင်းပင်ဟာ သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးထဲမှာပါဝင်ပြီး ပဒိုင်းအစေ့နဲ့အရွက်ဟာ ဆေးဖက်အရမ်းဝင်ပါတယ်။

သူ့အစေ့နဲ့အရွက်ဟာ Datura seeds and leaves are used as antiasthmatic(ပန်းနာ) antispasmodic(ချောင်းဆိုး) တိုက်ဖျက်တဲ့ ဆေးဝါးအဖြစ် အသုံးပြုပြီးတော့ Hypnotic (အိပ်ငွေ့ချခြင်း)နှင့် Narcotic (မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေး)အဖြစ် အသုံးပြုကြပါတယ်။

ခန္ဓာကိုယ် နာကျင်ကိုက်ခိုက်ခဲခြင်း၊ အရိုးအက်ခြင်း၊ အရိုးကျိုးခြင်းများ ဖြစ်ပေါ်ပါကလည်း ပဒိုင်းအရွက်ကို မီးကင်ပြီး ၎င်းနေရာများ၌ ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းပါတယ်။

ဒီအပင်ကနေတဆင့် Hyopscyamine/Atropine နှင့် Scopolamine လို့ခေါ်တဲ့ ဓာတုဆေးဝါး (၃)မျိုးကို ထုတ်ယူရရှိပါသေးတယ်။ Hyopscyamine”ဆိုတဲ့ဆေးက အစာအိမ်၊အူ၊ကျောက်ကပ်နှင့်အစာချေဖျက်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

Atropine “ဆိုတာက ထိုးဆေး(Injection)တစ်မျိုးဖြစ်ပြီး အရေးပေါ် ထိုးသွင်းဆေး တစ်မျိုးပါ။ အဓိကက နှလုံးခုန်မမှန်၊နှလုံးနဲ့သက်ဆိုင်တဲ့ အသက်ကယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Scopolamine”ဆိုတာကလည်း ထိုးဆေးတစ်မျိုးဖြစ်ပြီး မအီမသာဖြစ်ခြင်း၊ အန်ခြင်းနှင့် ဖျားခြင်း၊ နာခြင်းတွေအတွက် ထုတ်လုပ်ထားတဲ့ ဓာတုဆေးတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပဒိုင်းပင်ဟာ (သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး)ဆိုတာ အားလုံးနားလည် သဘောပေါက်သွားပြီးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီထက်အကျယ်တဝင့် ရေးသားဖော်ပြပေးလို့ရပါတယ်…သို့ပေမဲ့ ကျွန်တော်လည်း အချိန်သိပ်မရဘူး မိတ်ဆွေတို့ကိုလည်း စာတွေအများကြီး ပေးမဖတ်ဘူး လိုရင်းနဲ့တိုရှင်း သိသွားဖို့သာ အရေးကြီးပါတယ်။

(Zawgyi)

ပဒိုင္းသီးအေၾကာင္းကို ျပည့္စုံစြာ ထပ္မံေဖာ္ျပေပးခ်င္ပါတယ္

===================================

ပဒိုင္းသီးကို Datura metel/Jimson weed/devil’s trumpet စသည္ျဖင့္ အမ်ိဳးမ်ိဳးေခၚတြင္ၾကတယ္။

ဒီအပင္ဟာ သဘာဝအေလ့က်ေပါက္တဲ့အပင္ျဖစ္သည့္အေလ်ာက္ တစ္ပင္လုံးဟာ လူႏွင့္အျခားေသာ တိရိစာၦန္ေတြကို ေသေစႏိုင္တဲ့( tropane alkaloids) အဆိပ္ရွိပါတယ္။

အယ္လ္ကာလြိဳက္(alkaloid)ဆိုတာက သဘာဝအေလ်ာက္ျဖစ္ေပၚေနေသာ အဆိပ္တစ္မ်ိဳးျဖစ္ၿပီး သူ႔ကို အပင္ေတြကေနတဆင့္ ထုတ္ယူရရွိပါတယ္။

ဒါ့ေၾကာင့္ ကြၽန္ေတာ္အခုေဖာ္ျပေပးထားတဲ့ ပဒိုင္းသီးမွာ အယ္လ္ကာလြိဳက္ အဆိပ္မ်ားစြာ ရွိပါတယ္။It is prohibited to buy, sell, or cultivate Datura plants. အိႏၵိယႏိုင္ငံမွာဆိုရင္ စိုက္ပ်ိဳးျခင္း၊ အေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ားကို တားျမစ္ပိတ္ပင္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၁၉၅၀ ခုႏွစ္ ႏွင့္ ၁၉၆၅ ခုႏွစ္အတြင္း၌ ပဒိုင္းသီးကို စားသုံးၾကျခင္းေၾကာင့္ လူေပါင္း(၂၇၀၀)ေက်ာ္ခန႔္ အသက္ေသဆုံးခဲ့တဲ့ မွတ္တမ္းေတြ ရွိခဲ့ပါတယ္။

ဆုပ္ရင္ဆူးမယ္၊ နမ္းရင္လည္းမူးမယ္၊ စားမိျပန္ရင္လည္း႐ူးတယ္လို႔ ဆို႐ိုးစကားေလးရွိပါတယ္။ မွန္ပါတယ္…သို႔ေပမဲ့ မွားတာက ဘာလဲဆိုရင္ ဒီအပင္ဟာ အဆိပ္ပင္ ဘာမွ်အသုံးမဝင္ဘူးဟု ယူဆထားတာေတြဟာ အလြန္မွားပါတယ္။

တကယ္ေတာ့ ပဒိုင္းပင္ဟာ သဘာဝေဆးဖက္ဝင္ အပင္တစ္မ်ိဳးထဲမွာပါဝင္ၿပီး ပဒိုင္းအေစ့နဲ႔အ႐ြက္ဟာ ေဆးဖက္အရမ္းဝင္ပါတယ္။

သူ႔အေစ့နဲ႔အ႐ြက္ဟာ Datura seeds and leaves are used as antiasthmatic(ပန္းနာ) antispasmodic(ေခ်ာင္းဆိုး) တိုက္ဖ်က္တဲ့ ေဆးဝါးအျဖစ္ အသုံးျပဳၿပီးေတာ့ Hypnotic (အိပ္ေငြ႕ခ်ျခင္း)ႏွင့္ Narcotic (မူးယစ္ေဆး၊ စိတ္ကိုေျပာင္းလဲေစေသာ ေဆး)အျဖစ္ အသုံးျပဳၾကပါတယ္။

ခႏၶာကိုယ္ နာက်င္ကိုက္ခိုက္ခဲျခင္း၊ အ႐ိုးအက္ျခင္း၊ အ႐ိုးက်ိဳးျခင္းမ်ား ျဖစ္ေပၚပါကလည္း ပဒိုင္းအ႐ြက္ကို မီးကင္ၿပီး ၎ေနရာမ်ား၌ ကပ္ေပးထားျခင္းျဖင့္ သက္သာေပ်ာက္ကင္းပါတယ္။

ဒီအပင္ကေနတဆင့္ Hyopscyamine/Atropine ႏွင့္ Scopolamine လို႔ေခၚတဲ့ ဓာတုေဆးဝါး (၃)မ်ိဳးကို ထုတ္ယူရရွိပါေသးတယ္။ Hyopscyamine”ဆိုတဲ့ေဆးက အစာအိမ္၊အူ၊ေက်ာက္ကပ္ႏွင့္အစာေခ်ဖ်က္တဲ့ ေဆးဝါးတစ္မ်ိဳးျဖစ္ပါတယ္။

Atropine “ဆိုတာက ထိုးေဆး(Injection)တစ္မ်ိဳးျဖစ္ၿပီး အေရးေပၚ ထိုးသြင္းေဆး တစ္မ်ိဳးပါ။ အဓိကက ႏွလုံးခုန္မမွန္၊ႏွလုံးနဲ႔သက္ဆိုင္တဲ့ အသက္ကယ္ေဆးတစ္မ်ိဳး ျဖစ္ပါတယ္။ Scopolamine”ဆိုတာကလည္း ထိုးေဆးတစ္မ်ိဳးျဖစ္ၿပီး မအီမသာျဖစ္ျခင္း၊ အန္ျခင္းႏွင့္ ဖ်ားျခင္း၊ နာျခင္းေတြအတြက္ ထုတ္လုပ္ထားတဲ့ ဓာတုေဆးေတြ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ပဒိုင္းပင္ဟာ (သုံးတတ္ရင္ေဆး၊ မသုံးတတ္ရင္ေဘး)ဆိုတာ အားလုံးနားလည္ သေဘာေပါက္သြားၿပီးလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဒီထက္အက်ယ္တဝင့္ ေရးသားေဖာ္ျပေပးလို႔ရပါတယ္…သို႔ေပမဲ့ ကြၽန္ေတာ္လည္း အခ်ိန္သိပ္မရဘူး မိတ္ေဆြတို႔ကိုလည္း စာေတြအမ်ားႀကီး ေပးမဖတ္ဘူး လိုရင္းနဲ႔တိုရွင္း သိသြားဖို႔သာ အေရးႀကီးပါတယ္။

credit,
ေရးသားသူ–Win Min Phyo

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာခွင့်အား ယခုလကုန်တွင် ရပ်ဆိုင်းမည်

(Zawgyi)

ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚတြင္ ကုန္တင္ကားႀကီးမ်ား ယာယီ ျဖတ္သန္းသြားလာခြင့္အား ယခုလကုန္တြင္ ရပ္ဆိုင္းမည္

====================================

ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚတြင္ကုန္တင္ကားႀကီးမ်ား ယာယီ ျဖတ္သန္းသြားလာရန္ ခြင့္ျပဳထားမႈကို ယခုႏိုဝင္ဘာလကုန္တြင္ ရပ္ဆိုင္းေတာ့မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန လမ္းဦးစီးဌာန (ထိန္းသိမ္းေရး)ထံမွသိရသည္။

COVID-19 ေရာဂါျဖစ္ပြားစဥ္ ကာလအတြင္း ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားႏွင့္ ၿမိဳ႕အဝင္အထြက္ကိစၥမ်ား အဆင္ေျပေစရန္အတြက္ ေအာက္တိုဘာ(၅)ရက္မွစတင္၍ အေဝးေျပး ကုန္တင္ယာဥ္မ်ား အားလုံးကို ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚမွ သတ္မွတ္ အျမန္ႏႈန္းအတိုင္း ျဖတ္သန္း ေမာင္းႏွင္ခြင့္ ျပဳေပးခဲ့ၿပီး ယခုႏိုဝင္ဘာလကုန္တြင္ျဖတ္သန္းခြင့္ ျပန္လည္ပိတ္သိမ္းရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္းသိရသည္။

” ေၾကညာခ်က္ ထုတ္ထားေပမယ့္လည္း လကုန္ၿပီးရင္ေတာ့ ကိုဗစ္ အေျခအေနအေပၚေတာ့ မူတည္တယ္ ၁၄ ဘီးေအာက္ေတာ့ယာဥ္ေတြေတာ့ ဆက္ျဖတ္ခြင့္ျပဳေပးမယ့္ သေဘာေပါ့ ” ဟု လမ္းဦးစီးဌာန (ထိန္းသိမ္းေရး) ဒုတိယ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေသာင္းျမင့္ထြန္း က ေျပာသည္။

(၁၄)ဘီးအထက္ ေမာ္ေတာ္ယာဥ္မ်ားကို ႏိုဝင္ဘာ(၃၀)ရက္ ည(၁၂)နာရီမွ စတင္ကာ အျမန္လမ္းေပၚမွ ျဖတ္သန္းသြားလာ ေမာင္းႏွင္ျခင္း ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားၿပီး (၁၄)ဘီးေအာက္ ကုန္တင္ယာဥ္မ်ားကိုမူ ဆက္လက္ျဖတ္သန္း ေမာင္းႏွင္ခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

၁၄ ဘီးႏွင့္အထက္ ကုန္တင္ယာဥ္မ်ားကို က်န္းမာေရးဆိုင္ရာ စံလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ ရန္ကုန္-မႏၲေလး လမ္းေဟာင္းမွ ျပန္လည္ သြားလာေမာင္းႏွင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္မ်ားရွိ စစ္ေဆးေရးဂိတ္မ်ား၌ ကုန္တင္ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားအား သတ္မွတ္ထားသည့္ ၿမိဳ႕ဝင္စစ္ေဆးေရးဂိတ္မ်ားျဖစ္သည့္ ဒဂၤါးေခ်ာင္း၊ ႏွာေပါက္ဝ၊ ဝက္ဝံ၊ သီးကုန္း၊ ကြၽဲတပ္ဆုံ၊ ပခုကၠဴတံတား၊ စဥ့္ကူတိုက္နယ္၊ ေကာင္းမြန္၊ ေပပင္ေလး၊ သဲကြဲ စသည့္ဂိတ္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ရွိမရွိကို Rapid Test Kit ျဖင့္ စစ္ေဆးေပး လ်က္ရွိေၾကာင္းသိရသည္။

(Unicode)

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာခွင့်အား ယခုလကုန်တွင် ရပ်ဆိုင်းမည်

====================================

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာရန် ခွင့်ပြုထားမှုကို ယခုနိုဝင်ဘာလကုန်တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန (ထိန်းသိမ်းရေး)ထံမှသိရသည်။

COVID-19 ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများနှင့် မြို့အဝင်အထွက်ကိစ္စများ အဆင်ပြေစေရန်အတွက် အောက်တိုဘာ(၅)ရက်မှစတင်၍ အဝေးပြေး ကုန်တင်ယာဉ်များ အားလုံးကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ သတ်မှတ် အမြန်နှုန်းအတိုင်း ဖြတ်သန်း မောင်းနှင်ခွင့် ပြုပေးခဲ့ပြီး ယခုနိုဝင်ဘာလကုန်တွင်ဖြတ်သန်းခွင့် ပြန်လည်ပိတ်သိမ်းရန် စီစဉ်ခြင်း ဖြစ်ကြောင်းသိရသည်။

” ကြေညာချက် ထုတ်ထားပေမယ့်လည်း လကုန်ပြီးရင်တော့ ကိုဗစ် အခြေအနေအပေါ်တော့ မူတည်တယ် ၁၄ ဘီးအောက်တော့ယာဉ်တွေတော့ ဆက်ဖြတ်ခွင့်ပြုပေးမယ့် သဘောပေါ့ ” ဟု လမ်းဦးစီးဌာန (ထိန်းသိမ်းရေး) ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသောင်းမြင့်ထွန်း က ပြောသည်။

(၁၄)ဘီးအထက် မော်တော်ယာဉ်များကို နိုဝင်ဘာ(၃၀)ရက် ည(၁၂)နာရီမှ စတင်ကာ အမြန်လမ်းပေါ်မှ ဖြတ်သန်းသွားလာ မောင်းနှင်ခြင်း ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး (၁၄)ဘီးအောက် ကုန်တင်ယာဉ်များကိုမူ ဆက်လက်ဖြတ်သန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

၁၄ ဘီးနှင့်အထက် ကုန်တင်ယာဉ်များကို ကျန်းမာရေးဆိုင်ရာ စံလမ်းညွှန်ချက်များနှင့် အညီ ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ပြန်လည် သွားလာမောင်းနှင်ရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စစ်ဆေးရေးဂိတ်များ၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား သတ်မှတ်ထားသည့် မြို့ဝင်စစ်ဆေးရေးဂိတ်များဖြစ်သည့် ဒင်္ဂါးချောင်း၊ နှာပေါက်ဝ၊ ဝက်ဝံ၊ သီးကုန်း၊ ကျွဲတပ်ဆုံ၊ ပခုက္ကူတံတား၊ စဉ့်ကူတိုက်နယ်၊ ကောင်းမွန်၊ ပေပင်လေး၊ သဲကွဲ စသည့်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို Rapid Test Kit ဖြင့် စစ်ဆေးပေး လျက်ရှိကြောင်းသိရသည်။

Crd,copy
မန္တလေး၊ နိုဝင်ဘာ

ဆောင်းတွင်းမှာ ကိုဗစ်ပိုတိုးနိုင်တာကြောင့် မလိုအပ်ပဲအိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်း

(Zawgyi)

ေဆာင္းတြင္းမွာ ကိုဗစ္ပိုတိုးႏိုင္တာေၾကာင့္ မလိုအပ္ပဲအိမ္ျပင္မထြက္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနတိုက္တြန္း

==================================

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္တားဆီးႏိုင္ေရးအတြက္ မလိုအပ္ပဲအိမ္ျပင္မထြက္ဘဲ ေနအိမ္မွာ အတက္ႏိုင္ဆုံးေနၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔တိုက္တြန္းလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲအၿပီး လူစုလူေဝးေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းေတြ ေန႔စဥ္ျပန္ျမင့္လာေနတဲ့အခ်ိန္မွာ အခုလိုတိုက္တြန္းလိုက္တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္အတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေတာ္ေတာ္ေလးေလွ်ာ့က်သြားေပမယ့္ အခုရက္ပိုင္း တေန႔ကို လူနာသစ္ (၁၆၀၀) နီးပါးအထိ ျပန္တိုးလာတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဆာင္းရာသီကူးေျပာင္းခ်ိန္ျဖစ္တာမို႔ ေရာဂါျပန႔္ပြားမႈ ပိုျဖစ္ႏိုင္တယ္လို႔လည္း က်န္းမာေရးဌာနက သတိေပးပါတယ္။

မလိုအပ္ပဲခရီးသြားတာ၊ လူစုလူေဝးေတြလုပ္တာေရွာင္ၾကဖို႔နဲ႔ မျဖစ္မေနအျပင္ထြက္ရရင္ ႏွာေခါင္းစည္းတပ္ဖို႔လည္းဆိုထားပါတယ္။

ေနာက္တစ္ပတ္ ႏွစ္ပတ္အတြင္းမွာ ေရာဂါကူးစက္မႈႏႈန္းေတြ တက္လာႏိုင္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ႏိုဝင္ဘာ (၁၆) ရက္ေန႔က ေျပာၾကားတဲ့ မိန႔္ခြန္းမွာ သတိေပးထားပါတယ္။

ႏိုဝင္ဘာလ (၂၁)ရက္ေန႔ကေန ဒီဇင္ဘာလ(၅) ရက္ေန႔အထိ ေနအိမ္မထြက္ရအမိန႔္ ထုတ္ျပန္ဖို႔ Covid-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးခဲ့ၾကေပမယ့္ ဘယ္တိုင္းေဒသေတြမွာ ဒီအမိန႔္ထုတ္ျပန္မယ္ဆိုတာကို အစိုးရကမေၾကညာေသးပါဘူး။

ဒီဇင္ဘာလထဲမွာ က်ေရာက္မယ့္ ခရစ္စမတ္နဲ႔ ႏွစ္သစ္ကူးပြဲေတာ္ရက္ေတြမွာ လူ ၅၀ ထက္မပိုဘဲ ဘုရားေက်ာင္းေတြမွာ ဝတ္ျပဳ ဆုေတာင္းခြင့္ရွိမယ္လို႔ အဲ့ဒီအစည္းအေဝးမွာေဆြးေႏြးခဲ့ၾကပါတယ္။

ဘုရားပုထိုးေစတီေတြ၊ ဘုန္းႀကီးေက်ာင္းေတြ၊ ဗလီနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ တလေလးႀကိမ္ ဥပုသ္သီလေဆာက္တည္ႏိုင္၊ ဝတ္ျပဳဆုေတာင္းႏိုင္ေပမယ့္ လူ ၃၀ ထက္မပိုရလို႔ သတ္မွတ္ဖို႔ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ေရာဂါကူးစက္ခံရတဲ့သူ စုစုေပါင္း (၇၄၈၈၂) ေယာက္ ရွိသြားၿပီျဖစ္ၿပီးေတာ့ ျပန္လည္သက္သာလာတဲ့သူက စုစုေပါင္း (၅၅၆၃၃) ေယာက္ ရွိပါၿပီ။

(Unicode)

ဆောင်းတွင်းမှာ ကိုဗစ်ပိုတိုးနိုင်တာကြောင့် မလိုအပ်ပဲအိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်း

==================================

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးနိုင်ရေးအတွက် မလိုအပ်ပဲအိမ်ပြင်မထွက်ဘဲ နေအိမ်မှာ အတက်နိုင်ဆုံးနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေ နေ့စဉ်ပြန်မြင့်လာနေတဲ့အချိန်မှာ အခုလိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တော်တော်လေးလျှော့ကျသွားပေမယ့် အခုရက်ပိုင်း တနေ့ကို လူနာသစ် (၁၆၀၀) နီးပါးအထိ ပြန်တိုးလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်းရာသီကူးပြောင်းချိန်ဖြစ်တာမို့ ရောဂါပြန့်ပွားမှု ပိုဖြစ်နိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးပါတယ်။

မလိုအပ်ပဲခရီးသွားတာ၊ လူစုလူဝေးတွေလုပ်တာရှောင်ကြဖို့နဲ့ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ဖို့လည်းဆိုထားပါတယ်။

နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ ရောဂါကူးစက်မှုနှုန်းတွေ တက်လာနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ (၁၆) ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ သတိပေးထားပါတယ်။

နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၅) ရက်နေ့အထိ နေအိမ်မထွက်ရအမိန့် ထုတ်ပြန်ဖို့ Covid-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပေမယ့် ဘယ်တိုင်းဒေသတွေမှာ ဒီအမိန့်ထုတ်ပြန်မယ်ဆိုတာကို အစိုးရကမကြေညာသေးပါဘူး။

ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ရက်တွေမှာ လူ ၅၀ ထက်မပိုဘဲ ဘုရားကျောင်းတွေမှာ ဝတ်ပြု ဆုတောင်းခွင့်ရှိမယ်လို့ အဲ့ဒီအစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်။

ဘုရားပုထိုးစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တလလေးကြိမ် ဥပုသ်သီလဆောက်တည်နိုင်၊ ဝတ်ပြုဆုတောင်းနိုင်ပေမယ့် လူ ၃၀ ထက်မပိုရလို့ သတ်မှတ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၇၄၈၈၂) ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း (၅၅၆၃၃) ယောက် ရှိပါပြီ။

RFA
Photo – AFP