Shangyimm

- လူမှုမီဒီယာများနှင့် အင်တာနက်ပေါ်ရှိ စိတ်ဝင်စားစရာ အကြောင်းအရာများကို လူအများ ဖတ်ရှုနိုင်ရန် တဆင့်ပြန်လည် တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ ကူးယူဖော်ပြခံရသော မီဒီယာများနှင့် စာရေးသူများကို လေးစားစွာဖြင့် Credit ပေးပါသည်။ မူရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့ Content များကို shangyimm.com တွင် ကူးယူဖော်ပြခြင်းအား ကန့် ကွက်လိုပါက shangyimm2017@gmail.com သို့ပေးပို့ ကန့် ကွက်နိုင်ပါတယ် ခင်ဗျာ။ လေးစားစွာဖြင့်…

Category: သတင်း

မြန်မာစစ်တပ် ရေရှည်ရပ်တည်ရေး မဖြစ်နိုင်တော့ဘူးလို့ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် ပြော

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က ထွက်ပြေးတဲ့ လူဉီးရေတော်တော်လေးများပျားလာနေတယ်ဆိုတာ

နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အထူးသဖြင့် စစ်တပ်အင်အား သုံးသိန်းရှိတယ်ဆိုတဲ့အထဲကမှ

အခုဆိုရင် နှစ်ထောင်ကျော်လောက် စစ်တပ်ကို စွန်ခွာထွက် ပြေးတဲ့သူတွေရှိလာနေပြီးဆိုတာကိုလဲ

ပြည်သူ့စစ်သား (People’s Soldiers ) facebook လူမှုကွန်ယက်စာမျက်နှာရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ပတ်သက်၍မြန်မာနိုင်ငံ အရပ်သားအစိုးရ လက်ထပ်မှာတုန်းက အရပ်ဖက်

စစ်ဖက် ဆက်ဆံရေးကို လေ့ကျင့်သင်ကြားပေးခဲ့ဖူးသူလဲဖြစ် စစ်ရေးလေ့လာသူ သုံးသပ်သူလဲ ဖြစ်တဲ့

အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က အခုလိုပြောပါတယ်။

“အခုအချိန်မှာ အန်တီတို့အနေနဲ့ လေ့လာ သုံးသပ်ကြည့်ရမယ်ဆိုရင်ပေါ့နော် မြန်မာစစ်တပ်က အခုချိန်မှာ

ကြာရှည် ရပ်တည်နိုင်ဖို့အတွက်က မလွယ်တော့ဘူး ဘာလို့လဲဆိုတော့ CDMတွေလေ တော်တော်များများ

စစ်သားတွေ ထောင်ကျော် CDMကို သွားနေပြီ နောက်တစ်ခု ကြတော့ covidနဲ့ ပတ်သက်ပြီးတော့ ကြတော့လဲ

သူတို့မှာ သေဆုံးတာတွေရှိမယ်နော် ဘာလို့လဲ ကိုဗစ်က သူတို့ မြန်မာနိုင်ငံမှာ ဘယ်လိုမှ မထိန်းနိုင်ဘူး

နောက်တစ်ခုကြတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတယ် တိုက်ပွဲတွေမှာလဲ စစ်သားတွေ ထောင်ကျော်

ကျဆုံးတာတွေရှိနေတယ်။ ဆိုတော့ အခုဆိုရင် CDMကလဲ ပိုပြီးတော့ များလာတယ်။” လို

ဒေါက်တာမီမီတင်းဘတ်က သုံးသပ်ပြောဆိုပါတယ်။

အခုလို မြန်မာစစ်တပ်ဖက်က တိုက်ပွဲတွေမှာ အကျအဆုံးများနေတာ စစ်တပ်ကို စွန့်ခွာထွက်ပြေးသူတွေများနေတာကြောင့်

ပြည်သူလူထုရဲ့ အကူအညီကို မဖြစ်မနေရယူဖို့ လိုအပ်လာနေတဲ့ အခြေအနေကို ပြနေကြောင်းကို ၎င်းက သုံးသပ်ပါတယ်

ပြည်သူလူထုရဲ့ အကူအညီဆိုရာမှာလဲ G-Zလို လူငယ်လေးတွေကလဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့်

ပူးပေါင်းနေပြီဖြစ်တဲ့အတွက် မလွယ်ကူနိုင်တော့ဘူး စစ်တပ်အနေနဲ့ ပြည်သူလူထုလက်မခံ နိုင်ကြတာတင်မကပဲ

နိုင်ငံတကာရဲ့ လက်ခံပေးနိုင်မှုကိုမရရှိတာကို တွေ့မြင်ရကြောင်း သုံးသပ်ပြောဆိုပါတယ်။

ယခု သတင်းကို VOAမြန်မာမှ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်အား

တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

နေ့ရက်အလိုက် မေတ္တာသုတ်ကို စနစ်တကျ ရွတ်ဖတ်ပူဇော်နည်း

ပုံမှန်ဆိုရင် မေတ္တာသုတ်ကို မနက် (၃)ခေါက် ည (၃)ခေါက် ပူဇော်ပါတယ် အခု အဓိဌာန်တခုအနေနဲ့ ရွတ်မယ့် မေတ္တာသုတ်ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ…။ မေတ္တာသုတ်ရွတ်ပုံ နည်းစနစ် တနင်္ဂနွေဂြိုလ်သက် ၆။ တနင်္လာဂြိုလ်သက် ၁၅။ အင်္ဂါဂြိုလ်သက် ၈။ ဗုဒ္ဓဟူးဂြိုလ်သက် ၁၇။ စနေဂြိုလ်သက် ၁၀။ ကြာသပတေးဂြိုလ်သက် ၁၉။ ရာဟုဂြိုလ်သက် ၁၂။ သောကြာဂြိုလ်သက် ၂၁။ (စုစုပေါင်းဂြိုလ်သက် ၁၀၈)

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-“တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ တနင်္ဂနွေသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”……ဟူ၍ စတင်ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-“တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင်ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- “အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ် သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လယ် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-“ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-“ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- “ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- “သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာသားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- “စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”….ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊ ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။ ၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာနေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။ ၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။ ၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။ ၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လယ် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍ နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟုဂြိုလ်အတွက် ရွတ်ပေးရပါမည်။ ၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ်ခံရပါလိမ့်မည်။ ၆။ မေတ္တာဖြင့် သည်းခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။ ၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်။ ၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ်ခံရပြီးမှသာလျှင် အဆင့်တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကို သောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများမှ မကျရောက်နိူင်တော့ပါ။ (၂) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။ (၃) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။ (၄) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တဈာန်အဆင့်ကိုပင် ရရှိနိူင်ပါသည်။ (၅) ထိုမှတစ်ဆင့် ဝိပဿနာကူး၍ အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာ တရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

Credit to original

တရုတ်က ပေးပို့မယ့် ကာကွယ်ဆေး ၃ သန်းကို မြောက်ကိုရီးယားငြင်းဆန်

တရုတ်နိုင်ငံက ပေးပို့မယ့် Sinovac ကာကွယ်ဆေး ၃သန်းနီးပါးကို မြောက်ကိုရီးယားဘက်က ငြင်းဆန်လိုက်ပါတယ်။ တရုတ်ဘက်က ပေးမယ့် ကာကွယ်ဆေးတွေကို ကာကွယ်ဆေးမရနိုင်တဲ့ အခြားသောတိုင်းပြည်တွေကိုသာ လှူဒါန်းဖို့အတွက်လည်း ပြောဆိုခဲ့တယ်လို့ Unicef ပြောဆိုခွင့်ရသူတစ်ဦးက ပြောကြားခဲ့ကြောင်း Asian News က ဆိုပါတယ်။

Covax အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေးမျှဝေပေးဖို့အတွက် ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ပြုံယမ်းအနေနဲ့ ဇူလိုင်လအတွင်းကလည်း AstraZenca ကာကွယ်ဆေးပေါင်း ၂ သန်းနီးပါးကိုလည်း ငြင်းဆန်ခဲ့ဖူးပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ Sputnik ကာကွယ်ဆေးကူညီဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါသေးတယ်။

WHO ရဲ့ အစီရင်ခံစာအရ သြဂုတ်လ ၁၉ ရက်နေ့အထိ မြောက်ကိုရီးယားဟာ ကိုဗစ်ကူးစက်သူရှိကြောင်း ကြေညာမှုလုံးမရှိသေးတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး မြောက်ကိုရီးယားဟာ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ခဲ့ပြီး သွားလာမှုတွေကိုလည်း ကန့်သတ်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ ပြုံယမ်းဟာ ကြိုတင်ပြင်ဆင်မှုတွေမရှိတာကြောင့် ကာကွယ်ဆေးတွေကို လက်ခံခြင်းမပြုတာလို့ သုံးသပ်ခဲ့ပါတယ်။ ကပ်ရောဂါကို ပူးပေါင်းတုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားဘက်က အဆိုပြုချက်တွေကိုလည်း ပြုံယမ်းက ပယ်ချခဲ့ကာ နိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါလုံးမဖြစ်ပွားမရှိဘူးလို့ တွင်တွင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကတော့ မြောက်ကိုရီးယားဟာ ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ကိုယ်ပိုင်တီထွင်မှုတွေကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လူအစုလိုက်အပြုံလိုက်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လို့ ယုံကြည်ရပြီး ကိုယ်ပိုင်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်နိုင်ဖို့အထိ အားထုတ်နေတာလည်းဖြစ်ပါတယ်။

Crd, The River News

photo crd

ဒု တပ်ချုပ် ရုရှားခရီးစဉ် သီတဂူ ဆရာတော် လိုက်ပါ

အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ ၏ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုရှားနိုင်ငံ ခရီးစဉ်တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိသရ လည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “သီတဂူ ဆရာတော်ကြီးက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ပါသွားတာပါ။ ဟိုမှာလည်း သူ သီတင်းသုံးနေတဲ့ ကျောင်း ရှိပါတယ်။ ကျောင်းတော်ကြီးကလည်း တပ်အပါအဝင် အများကောင်းမှုနဲ့ လှူဒါန်းထားတဲ့ ကျောင်းကြီးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

သီတဂူ ဆရာတော် အနေဖြင့် ယမန်နေ့ စက်တင်ဘာ ၁ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိကာ သီတင်းသုံးလျက်ရှိသည့် ဓာတ်ပုံများအား ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်း က ယနေ့ ထုတ်ပြန်ထားသည်။

သီတဂူ ဆရာတော်သည် အရပ်သား အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်များ၏ မင်းဆရာအဖြစ် နာမည်ကြီးသူဖြစ်ပြီး ယခု ခရီးစဉ်အား မည်သည့်အတွက် လိုက်ပါသွားသည်ကို မသိရှိရပေ။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် စစ်တပ်က ဝင်ရောက် ယှဉ်ပြိုင်နေသည့် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော International Army Game- 2021 ပိတ်ပွဲ အခမ်းအနား တက်ရောက်ရန် ယမန်နေ့ မနက်ပိုင်းက နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှား အရပ်ဘက်၊ စစ် ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Topics: ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း, ရုရှားခရီးစဉ်, သီတဂူ ဆရာတော်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိနေသည့် သီတဂူ ဆရာတော် (ဓာတ်ပုံ- YMBA)

ဂျာမနီလက်ကားကုမ္ပဏီ မက်ထရို မြန်မာပြည်လုပ်ငန်းများ ရပ်ဆိုင်းမည်

လတ်တလော မြန်မာပြည်အခြေအနေသည် မက်ထရို၏ စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း ကုမ္ပဏီဘက်မှ ဆို

METRO Wholesale Myanmar အား ရန်ကုန်မြို့တွင် ၂၀၁၉ မတ်လ ၈ စတင်မိတ်ဆက်ခဲ့သည်

ဂျာမနီနိုင်ငံအခြေစိုက် အစားအသောက်လက်ကားဖြန့်ချိရေးကုမ္ပဏီကြီးဖြစ်သည့် မက်ထရို(Metro)က မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို လာမည့်အောက်တိုဘာအကုန်တွင် အပြီးရပ်ဆိုင်းမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၁) တွင် သတင်းထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းမှုကို ရည်ညွှန်းခြင်းမရှိသော်လည်း အခြေအနေအရပ်ရပ်နှင့် လုပ်ဆောင်နိုင်မည့်အချက်များကို သေချာသုံးသပ်ရာတွင် လတ်တလောအခြေအနေများသည် မက်ထရို၏ စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာယီမဟုတ်ဘဲ အပြီးတိုင်ရပ်ဆိုင်းခြင်းဖြစ်မည်ဟု မက်ထရို၏ ဝယ်ယူသုံးစွဲသူဝန်ဆောင်မှုဌာနက အတည်ပြုပြောဆိုသည်။

ဝယ်ယူသုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်များနှင့် ကုန်ပစ္စည်းပံ့ပိုးသူများကို ကျေးဇူးတင်ကြောင်း၊ ဝန်ထမ်းများကို အကူးအပြောင်းကာလတွင် လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မက်ထရိုသည် ၎င်း၏ ၃၆ ခုမြောက် ရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံတွင် ၂၀၁၉ ၌ တရားဝင် စတင်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ ခေတ်မှီကုန်သိုလှောင်ရုံမှတစ်ဆင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အကျွေးအမွေးဝန်ဆောင်မှုများ၊ လက်ကားလုပ်ငန်းငယ်များနှင့်ရုံးများအတွက် အစားအသောက် ဖြန့်ချိပေးနေခြင်းဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးရာတွင် အစားအသောက်နှင့် အစားအသောက်မဟုတ်သော ထုတ်ကုန် ၃,၀၀၀ ကျော်ကို ဖြန့်ဖြူးရောင်းပေးနေကြောင်း ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မက်ထရိုသည် လယ်သမားများ၏ စိုက်ပျိုးရေးထုတ်ကုန်များကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန်စီစဉ်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ၂၀၁၉ တွင် အမေရိကန်ဒေါ်လာ ၂၀ သန်း ထောက်ပံ့ပေးခဲ့သည်။

မက်ထရိုမြန်မာကို ဂျာမနီအခြေစိုက် မက်ထရိုအုပ်စုနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် Yoma Strategic Holding(YSH) တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့်အခြေအနေကြောင့် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိ ရှိကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျအခြေစိုက် Myanmar Metals Limited (MYL) ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချကာ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာမည်ဖြစ်သည်။

crd, Copying

အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း အောင်လအန်ဆန် ပြော

နောက်ထပ် ထိုးသတ်တော့မယ့် ပွဲတွေ မှာ အောင်လ ဟာ ဆိုရင် မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်တော့ မှာ မဟုတ်တော့ပါဘူး

သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာ လေ့ကျင့်ကွင်း ကို သွားရတာတောင် အတော် လေး အားတင်းပြီးသွားခဲ့ရတယ် လို့ပြောခဲ့ပါတယ်

အခု ဆိုရင်တော့ သူ ဟာ စစ်အာဏာသိမ်း တာကို မကျေ နပ်တဲ့ အနေနဲ့ သူ ပွဲ ထွက် မှာ အမြဲ တမ်း ဖွင့်လာလေ့ ရှိတဲ့ အမဲလိုက် အက သီချင်းကို တောင် မှ မဖွင့်တော့ပါဘူး

ပြီးခဲ့တဲ့ ပွဲမှာ ဆိုရင်လဲ သူ ဟာ မြန်မာနိုင်ငံ အလံ ကိုတောင် မခြုံတော့တာ ကို တွေ့ရမှာပါ

သူဟာ စစ်ကောင်စီ ကို လက်မခံ တဲ့ အနေနဲ့ စစ်ကောင်စီ အုပ်ချုပ်နေ သမျှကာလ ပါတ်လုံး မြန်မာနိုင်ငံ ကိုယ်စားပြု ပြီး ယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့ လဲ ကြားရပါတယ်

ဒါကြောင့် နောက် ယှဉ်ပြိုင်မယ့် ပွဲတွေကို လဲ မြန်မာ နိုင်ငံ ကိုယ်စားပြု မဟုတ်တော့ပဲ အရေးတော်ပုံ အောင်နိုင်မှ သာ မြန်မာ နိုင်ငံ ကိုယ်စားပြု အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဟု လဲ သိရပါတယ်

ဒါကြောင့် ကွျှန်တော် တို့ အားပေးတဲ့ ကွျှန်တော် တို့ ရဲ့ မြန်မာ့ စပါးအုံးကြီး အောင်လအန်ဆိုင်း ကို အားပေးရကျိုး နပ်ရပါတယ်

ကိုအောင်လ ပွဲတိုင်း မှာ အောင်မြင်အနိုင်ရပါစေ လို့ ဆုတောင်းလိုက်ပါတယ်

Crd, copy

ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောကြဖို့ စစ်ကောင်စီက သူ့လက်အောက်ကဝန်ထမ်းတွေကို သြဂုတ်လအတွင်း လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အဲဒီညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာလူမျိုးမရှိဘဲ သူတို့ဟာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ သတ္တိရှိရှိထုတ်ဖော်ပြောဆိုကြဖို့၊ လက်နက်ကိုင်ဆောင်ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ထိထိရောက်ရောက်တားဆီးဖို့၊ ရပ်ကွက်အတွင်း လူစိမ်းအဝင်အထွက်ရှိ မရှိနဲ့ ဧည့်စာရင်းစစ်ဆေးဖို့၊ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်သူတွေဟာ Non CDM တွေကို ခြိမ်းခြောက်ဖိနှိပ်တာတွေလုပ်နေလို့ ဖော်ထုတ်အရေးယူဖို့၊ ကိုယ်တိုင် CDM မလုပ်ပေမယ့် CDM ကိုလက်ခံပြီး လက်အောက်ငယ်သားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ဖော်ထုတ်ဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၁၃ ချက်ပါဝင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက်မှာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။

အစည်းအဝေးအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်တွေကို သြဂုတ်လ ၂၀ ရက်မှာ နယ်လုံဝန်ကြီးတွေကနေတဆင့် ဝန်ထမ်းတွေဆီ လျှို့ဝှက်ပေးပို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ဆုကြေးတိုးထားသော်လည်း ရောင်းအားမကောင်းသဖြင့် အောင်ဘာလေထီ ကုန်သည်များ အရှုံးပေါ်

စစ်ကောင်စီက အောင်ဘာလေထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားကောင်းမလာဘဲ ထီကုန်သည်တွေ အရှုံးပေါ်နေပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဘာလေထီစာအုပ်ပေါင်း ၁၂၄,၀၀၀ ကျော်ပဲ ရောင်းချခဲ့ရပြီး အရင်လတွေထက် ရောင်းအားပိုကျလာပါတယ်။

စစ်ကောင်စီက ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။

အရင်လတွေတုန်းက ထီစာအုပ်ပေါင်း ၁၄၀,၀၀၀ ဝန်းကျင်ရောင်းကုန်ခဲ့ပြီး ရှေ့ဆက်အလားအလာမကောင်းဘူးလို့ ထီကုန်သည်တချို့က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ်သိန်း ၅ ထောင်ဆုကိုပဲ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အရှုံးပေါ်နေတဲ့အတွက် ဇူလိုင်လကတည်းက အရောင်းအဝယ်တွေ နားထားတယ်လို့ ထီကုန်သည်တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီပေါ်ပေါက်လာတာ၊ အောင်ဘာလေထီကို ပြည်သူတွေက သပိတ်မှောက်ထားတာ၊ ကိုဗစ်ကြောင့် ရုံးတွေ အလုပ်တွေ ရပ်နားထားရတာကြောင့် အောင်ဘာလေထီရောင်းအား ဆက်လက်ကျဆင်းနေတာလို့ ထီကုန်သည်တစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီက ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေးမယ်လို့ ပြောထားပေမယ့် ရောင်းအားအတက်အကျအခြေအနေကို စက်တင်ဘာလကုန်မှ သိနိုင်မယ်လို့ ထီကုန်သည်တစ်ဦး က ပြောပါတယ်။

နယ်မြို့တွေမှာ ခေါက်ပြန်ကြေးနဲ့ အောင်ဘာလေထီအရောင်းအဝယ်လုပ်သူတချို့ကတော့ ရောင်းမကောင်းတဲ့အတွက် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနက အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ်သိန်း တစ်သောင်းခွဲအထိ ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပုံမှန်ထီမဖွင့်နိုင်တော့ဘဲ ဖွင့်ခဲ့တဲ့ အကြိမ်တွေမှာလည်း သိန်း ၅ ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။

crd, copy

ချစ်ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးရှိပေးနိုင်ပြီး စိတ်တူကိုယ်တူအနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့တယ်ဆိုတဲ့ မင်းမော်ကွန်း

အကယ်ဒမီမင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက အမှန်တရားဘက်က‌‌ ‌နေ
ရဲရဲရင့်ရင့်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အခုချိန်မှာ မိမိတို့အိမ်နဲ့ခွဲခွါလာပြီးတောတောင်ထဲမှာ အဆင်ပြေစွာရုန်းကန်နေရတာဖြစ်ပါတယ်။

မင်းမော်ကွန်းက လူချစ်လူခင်ပေါများတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုချိန်မှာ သူ့ကို

ကူညီပေးမယ့်သူတွေရှိနေတာတောင် အကူအညီလက်မခံခဲ့ဘဲ ကိုယ်အားကိုယ်ကိုးပြီး

ကြုံလာသမျှကိုရင်ဆိုင်ဖြေရှင်းနေတာဖြစ်ပါတယ်။

မင်းမော်ကွန်းက တောတောင်ထဲမှာ မျှစ်၊မန်းကျည်းသီး၊မှို၊ငှက်ပျော၊ချဉ်ပေါင်ခင်း

စတဲ့အသီးအနှံတွေစုံလင်တာကြောင့် သူတို့မိသားစုရဲ့စားဝတ်နေရေးအတွက် ဘာမှမလိုကြောင်းကိုရေးသားထားတာဖြစ်ပါတယ်

အသားဟင်းစားချင်ရင်လည်း ငါးတွေကတော့ အခုချိန်မှာအရမ်းပေါလို့ ရှာရလွယ်ပြီး

ရွာထဲအမဲပေါ်၊ဝက်ပေါ်ရင်လည်း အပီအပြင်စားလို့ရသေးတာဖြစ်ပါတယ်။

တချို့တွေဆိုရင် မင်းမော်ကွန်းကို ကြက်တွေလက်ဆောင်လာပေးလို့ မသတ်ရက်ဘဲ

မွေးမြူထားသေးတာကြောင့် ကြက်ဥအတွက်လည်းမပူရတာဖြစ်ပါတယ်။

အခုချိန်မှာ ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးအမြဲရှိပေးနိုင်ပြီး

အနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့သေးတာဖြစ်ပါတယ်။

အဝတ်အစားကောင်းကောင်းမရှိပေမယ့် နှလုံးသားလှတဲ့သူတွေနဲ့တွေ့ခဲ့ရတာကြောင့်မင်းမော်ကွန်းလည်း

ရဲဘော်ရဲဘက်တွေနဲ့အတူ အသက်နဲ့ရင်းပြီး ချစ်ခင်ကြတာဖြစ်ပါတယ်။

မင်းမော်ကွန်းတို့မိသားစုလေးကတော့ တောတောင်ထဲမှာ နေထိုင်ရတဲ့နေ့ရက်တွေကို အကောင်းဆုံးရင်ဆိုင်ပြီး

ရောင့်ရဲတင်းတိမ်စွာနေထိုင်တတ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Kyaw Kyaw Htay Lwin

၃၀ ပြည့်မွေးနေ့မှာ ဆုတောင်းပေးကြသူများရဲ့မေတ္တာများရရှိပီး ချမ်းမြေ့ရပါတယ်

၃၀ ပြည့်မွေးနေ့မှာ ဆုတောင်းပေးကြသူများရဲ့မေတ္တာများရရှိပီး ချမ်းမြေ့ရပါတယ်

ယနေ့မွေးနေ့အဖြစ် ဥပုသ် သီလ ယူဖြစ်ပါတယ်

မသေခင်စပ်ကြား ရှင်သန်ရဦးမယ့်နေ့ရက်တွေကို
အကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့လေ့ကျင့်သင်ကြားနေတုန်းပါ….

ယနေ့အထိ သွန်သင်ပေးတဲ့ မိဘဆရာ မိတ်ဆွေကောင်းတွေရဲ့ကျေးဇူး… အထူးသဖြင့် မေမေ့ကျေးဇူး… စိတ်ချမ်းသာအောင်ထားပေးတဲ့ Ninians တွေ ပရိသတ်တွေရဲ့ကျေးဇူးပါ….

အားလုံးအတွက် စစ်မှန်သော အမှန်တရား ကြီးစိုးရပါစေ….. ကျန်းမာလို့ အမြန်ဆုံးစိတ်ချမ်းသာရပါစေသား ~~~

#30thBirthday

#NiNiKhinZaw