Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Category: ကျန်းမာရေးဗဟုသုတ

ကျောက်ဖရုံသီးကြိတ်ရည် အစွမ်း

(Unicode)

ကျောက်ဖရုံသီးကြိတ်ရည် အစွမ်း

ကျောက်ဖရုံသီးကြိတ်ရည်ကို တနေ့ ဖန်ခွက် ၁ ခွက်(350 ml ) သောက်ပေးခြင်းအားဖြင့်

အသက် ၅၁ နှစ် အရွယ် အမျိုးသမီး ဆီးချိုရှိပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်ပါတယ်၊ အချိန်တန် အဖျားတက်ပြီး ဗိုက်ထဲအောင့်ပြိးနာနေတယ်။ ပြိးခဲ့တဲ့ ၃ လ ကျော်လောက်က ဝေဒနာပျောက်ရန် မန္တလေး အထူးကုဆေးရုံမှာ သွားရောက်ကုသခဲ့ပါတယ်။ အထူးကု သမားတော် အစုံပါပဲ။ ၂ ကြိမ်ပြ စရိတ် ၁၅ သိန်း ကုန်သွားပါတယ်။ အချိန်တန်ရင် ဗိုက်နာလာပြန်ပြီ၊ အဖျားတက်ပြီ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁ လ ကျော်က ကျောက်ဖရုံသီးကြိတ်ရည် ၁ ဘူး ( 350ml)နေ့တိုင်း ကုသိုလ်ပြုကြိတ်ပေးပြီး သောက်စေခဲ့ရာ ၁ ရက်၊ ၂ ရက်နဲ့ အဆင်ပြေတယ်ဗျာ။ ဗိုက်မနာတော့ဘူး၊ အဖျားမတက်တော့ဘူး ယနေ့အထိပါဘဲ။ ကျောက်ဖရုံသီးကြိတ်ရည်
ဆက်သောက်နေဆဲပါပဲ။ ကျောက်ကပ်မှာရှိနေတဲ့ ကျောက်ကတော့ ကြေမကြေ ပြန်စစ်မှ သိပါ့မယ်။

(အစာသည်လည်းဆေး ၊ ဆေးသည်လည်းအစာ)

အသက် ၇၀ နှစ်အရွယ် အမျိုးသားကတော့ ကျောက်ဖရုံသီးကြိတ်ရည်နဲ့ အရွက်စိမ်း ကြိတ်ရည်ကြောင့် သဲခြေကျောက်၊ကျောက်ကပ်ကျောက် ခွဲစရာမလို ပျောက်သွားပါတယ်။ ကျနော် ၅၅ နှစ် ကျောက်ဖရုံကြိတ်ရည် မသောက်ခင်က ညတိုင်း ဆီး ၂/၃ကြိမ် ထသွားရပါတယ်။ ကျောက်ဖရုံကြိတ်ရည် သောက်ရတဲ့ အကြောင်းရင်းကတော့ ကွမ်းစားတဲ့ ကျနော် ကျောက်ကပ်မှာ ကျောက်တည်မှာ ကြောက်လို့ပါပဲ။ ကျောက်ဖရုံကြိတ်ရည်သောက်ပြီး ၁ လကျော်မှာ ည ဆီးထမသွားရတော့ပါ။ ကျနော်လို ဖြစ်သူ ၂ ဦးရှိတယ်။ good ပြီပေါ့။ လွန်ခဲ့တဲ့ ၅ ရက်က အသက် ၄၃ နှစ်အမျိုးသမိး ဆီး ခဏခဏ သွားချင်တယ်။ ဆီးသွားပြန်တော့လည်း နည်းတယ်။ ဆိးသွားပြီး မကြာဘူး ထပ်သွားချင်တယ်။ ဒါနဲ့ ကျောက်ဖရုံသီးကြိုက်ရည် စမ်းသောက်ကြည့်တာ ၂ ရက်နဲ့ ဆီးပုံမှန်ဖြစ်သွားပြီ ပြောပြလာပါတယ်။ ကျောက်ဖရုံသီးကြိတ်ရည် ဆက်သောက်နေပါတယ်။

အော်ဒါနဲ့ ထပ်ပြောလိုက်ဦးမယ်။ ချွေးထွက်အနံ့ ပြင်းတဲ့သူ ကျောက်ဖရုံကြိတ်ရည် သောက်သင့်တယ်နော်။ ကျောက်ဖရုံသီးက အပုတ်အညစ်အကြေးတွေ စုတ်ယူတယ်ဆိုတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ကွမ်းကြိုက် ကွမ်းမစားရ မနေနိုင်သူတွေ ကျောက်ဖရုံသီး ကြိတ်ရည်က သဲခြေကျောက်/ကျောက်ကပ်ကျောက် ကြေတယ်ဆိုမှတော့ ကျောက်ဖရုံသီးကြိတ်ရည်ကို ဘဝလက်တွဲဖေါ် အဖြစ် တွယ်ဖက်သင့်ပါကြောင်း အကြံပြု မျှဝေလိုက်ပါသည်။ ကျနော်နှင့်အတူ ကျောက်ဖရုံသီးကြိတ်ရည် အတူသောက်နေတာ ၁၁ယောက်ပါပဲ။ ၁၀ ယောက်မှာ ၆ ယောက်က ရောဂါကုသမှုအဖြစ် သောက်ကြပါတယ်။ ကျန် ၅ ယောက်က ကာကွယ်လိုသူတွေအဖြစ် သောက်ကြပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ

Credit-ဦးငွေကြူ မုံရွာ

(Zawgyi)

ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ အစြမ္း

ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ကို တေန႔ ဖန္ခြက္ ၁ ခြက္(350 ml ) ေသာက္ေပးျခင္းအားျဖင့္

အသက္ ၅၁ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး ဆီးခ်ိဳရွိပါတယ္။ ေက်ာက္ကပ္မွာ ေက်ာက္တည္ပါတယ္၊ အခ်ိန္တန္ အဖ်ားတက္ၿပီး ဗိုက္ထဲေအာင့္ၿပိးနာေနတယ္။ ၿပိးခဲ့တဲ့ ၃ လ ေက်ာ္ေလာက္က ေဝဒနာေပ်ာက္ရန္ မႏၲေလး အထူးကုေဆး႐ုံမွာ သြားေရာက္ကုသခဲ့ပါတယ္။ အထူးကု သမားေတာ္ အစုံပါပဲ။ ၂ ႀကိမ္ျပ စရိတ္ ၁၅ သိန္း ကုန္သြားပါတယ္။ အခ်ိန္တန္ရင္ ဗိုက္နာလာျပန္ၿပီ၊ အဖ်ားတက္ၿပီ။ ဒီလိုနဲ႔ လြန္ခဲ့တဲ့ ၁ လ ေက်ာ္က ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ ၁ ဘူး ( 350ml)ေန႔တိုင္း ကုသိုလ္ျပဳႀကိတ္ေပးၿပီး ေသာက္ေစခဲ့ရာ ၁ ရက္၊ ၂ ရက္နဲ႔ အဆင္ေျပတယ္ဗ်ာ။ ဗိုက္မနာေတာ့ဘူး၊ အဖ်ားမတက္ေတာ့ဘူး ယေန႔အထိပါဘဲ။ ေက်ာက္ဖ႐ုံသီးႀကိတ္ရည္
ဆက္ေသာက္ေနဆဲပါပဲ။ ေက်ာက္ကပ္မွာရွိေနတဲ့ ေက်ာက္ကေတာ့ ေၾကမေၾက ျပန္စစ္မွ သိပါ့မယ္။

(အစာသည္လည္းေဆး ၊ ေဆးသည္လည္းအစာ)

အသက္ ၇၀ ႏွစ္အ႐ြယ္ အမ်ိဳးသားကေတာ့ ေက်ာက္ဖ႐ုံသီးႀကိတ္ရည္နဲ႔ အ႐ြက္စိမ္း ႀကိတ္ရည္ေၾကာင့္ သဲေျခေက်ာက္၊ေက်ာက္ကပ္ေက်ာက္ ခြဲစရာမလို ေပ်ာက္သြားပါတယ္။ က်ေနာ္ ၅၅ ႏွစ္ ေက်ာက္ဖ႐ုံႀကိတ္ရည္ မေသာက္ခင္က ညတိုင္း ဆီး ၂/၃ႀကိမ္ ထသြားရပါတယ္။ ေက်ာက္ဖ႐ုံႀကိတ္ရည္ ေသာက္ရတဲ့ အေၾကာင္းရင္းကေတာ့ ကြမ္းစားတဲ့ က်ေနာ္ ေက်ာက္ကပ္မွာ ေက်ာက္တည္မွာ ေၾကာက္လို႔ပါပဲ။ ေက်ာက္ဖ႐ုံႀကိတ္ရည္ေသာက္ၿပီး ၁ လေက်ာ္မွာ ည ဆီးထမသြားရေတာ့ပါ။ က်ေနာ္လို ျဖစ္သူ ၂ ဦးရွိတယ္။ good ၿပီေပါ့။ လြန္ခဲ့တဲ့ ၅ ရက္က အသက္ ၄၃ ႏွစ္အမ်ိဳးသမိး ဆီး ခဏခဏ သြားခ်င္တယ္။ ဆီးသြားျပန္ေတာ့လည္း နည္းတယ္။ ဆိးသြားၿပီး မၾကာဘူး ထပ္သြားခ်င္တယ္။ ဒါနဲ႔ ေက်ာက္ဖ႐ုံသီးႀကိဳက္ရည္ စမ္းေသာက္ၾကည့္တာ ၂ ရက္နဲ႔ ဆီးပုံမွန္ျဖစ္သြားၿပီ ေျပာျပလာပါတယ္။ ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ ဆက္ေသာက္ေနပါတယ္။

ေအာ္ဒါနဲ႔ ထပ္ေျပာလိုက္ဦးမယ္။ ေခြၽးထြက္အနံ႔ ျပင္းတဲ့သူ ေက်ာက္ဖ႐ုံႀကိတ္ရည္ ေသာက္သင့္တယ္ေနာ္။ ေက်ာက္ဖ႐ုံသီးက အပုတ္အညစ္အေၾကးေတြ စုတ္ယူတယ္ဆိုတဲ့ ဂုဏ္သတၱိ ရွိပါတယ္။ ကြမ္းႀကိဳက္ ကြမ္းမစားရ မေနႏိုင္သူေတြ ေက်ာက္ဖ႐ုံသီး ႀကိတ္ရည္က သဲေျခေက်ာက္/ေက်ာက္ကပ္ေက်ာက္ ေၾကတယ္ဆိုမွေတာ့ ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ကို ဘဝလက္တြဲေဖၚ အျဖစ္ တြယ္ဖက္သင့္ပါေၾကာင္း အႀကံျပဳ မွ်ေဝလိုက္ပါသည္။ က်ေနာ္ႏွင့္အတူ ေက်ာက္ဖ႐ုံသီးႀကိတ္ရည္ အတူေသာက္ေနတာ ၁၁ေယာက္ပါပဲ။ ၁၀ ေယာက္မွာ ၆ ေယာက္က ေရာဂါကုသမႈအျဖစ္ ေသာက္ၾကပါတယ္။ က်န္ ၅ ေယာက္က ကာကြယ္လိုသူေတြအျဖစ္ ေသာက္ၾကပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ

Credit-ဦးေငြၾကဴ မုံ႐ြာ

ဆေးဖက်၀င် ကဆစ်သီး

(Unicode)

ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပြွခင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊
ဆီးဆေးနှင့် အကိုက်အခဲပျောက်ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။

အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကိုနံနက်စာတွင် ထည့်စားခြင်းဖြင့်အစာချေဖျက်အားကောင်းစေပြီး၊
အဆာခံကာအလုပ်ကိုပိုမိုလုပ်နိုင်သည်ဟုယုံကြည်ကြသည်။ အညာမှာတော့ ယာခင်းထွက် ကဆစ်သီးကိုအမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။ ကဆစ်သီး အမှည့်ကိုစားလို့ရပါတယ်။

သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီးငပိချက်ဟာလည်းလူကြိုက်များပါတယ်။

ကဆစ်သီးကိုချဉ်ပေါင်ရွက်နဲ့အတူ
ချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်းရောချက်စားကြပါတယ်။ (သမားတော်တိုင်းရင်းဆေး) ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ်
ရောဂါများအတွက် အထူးကောင်းသည်ဟုပြောပါသည်။

(Zawgyi)

ကဆစ္ပင္သည္ ေဆးဘက္ဝင္အပင္မ်ိဳးျဖစ္ကာအသီးတြင္ အခါးမ်ိဳးႏွင့္ အခ်ဥ္မ်ိဳးဟုႏွစ္မ်ိဳးေတြ႕ရၿပီး၊ ေလႁပြခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသည္းေရာင္အသားဝါ၊ ေသြးအားနည္းေရာဂါ၊
ဆီးေဆးႏွင့္ အကိုက္အခဲေပ်ာက္ေဆးမ်ားေဖာ္စပ္ရာတြင္ သုံးသည္ဟုဆိုပါသည္။

အိႏၵိယႏိုင္ငံ ေဒသတခ်ိဳ႕တြင္ ကဆစ္သီးကိုနံနက္စာတြင္ ထည့္စားျခင္းျဖင့္အစာေခ်ဖ်က္အားေကာင္းေစၿပီး၊
အဆာခံကာအလုပ္ကိုပိုမိုလုပ္ႏိုင္သည္ဟုယုံၾကည္ၾကသည္။ အညာမွာေတာ့ ယာခင္းထြက္ ကဆစ္သီးကိုအမ်ိဳးမ်ိဳးျပဳလုပ္ စားသုံးၾကပါတယ္။ ကဆစ္သီး အမွည့္ကိုစားလို႔ရပါတယ္။

သခြားေမႊးသီးနဲ႔ အရသာဆင္ပါတယ္။ ကဆစ္သီးကိုေတာ့ မီးဖုတ္ၿပီး ေထာင္းစားၾကသလို၊ ကဆစ္သီးငပိခ်က္ဟာလည္းလူႀကိဳက္မ်ားပါတယ္။

ကဆစ္သီးကိုခ်ဥ္ေပါင္႐ြက္နဲ႔အတူ
ခ်ဥ္ရည္ဟင္းခ်က္စားၾကသလို၊ အမဲ၊ ဝက္၊ ၾကက္စတဲ့ အသားမ်ားနဲ႔လည္းေရာခ်က္စားၾကပါတယ္။ (သမားေတာ္တိုင္းရင္းေဆး) ကိုယ္တိုင္ စားဘူးသူမ်ားမွ ေသြးတိုး ႏွလုံး ဆီးခ်ိဳ ေက်ာက္ကပ္
ေရာဂါမ်ားအတြက္ အထူးေကာင္းသည္ဟုေျပာပါသည္။

Crd, ဦးျမႀကိဳင္

အပျိုဖော်ဝင်စ မိန်းခလေးငယ်လေးများကို ဖတ်စေချင်ပါတယ်

(Unicode)

အပျိုဖော်ဝင်စ လှသွေးကြွ

အပျိုဖော်ဝင် စငယ်သွေးကြွလှပ ဆိုသောစကားသည် မိန်းခလေးတယောက် အပျိုစဖြစ်စတွင် လှပမူကိုတင်စားထားခြင်းဖြစ်ပါတယ်။ မိန်းခလေးငယ် တစ်ယောက် အပျိုစဖြစ် စသော ကိုယ်ခန္ဓာပြောင်း လဲမူကို သိထားသင့်သော အချက်များကို On Doctor တွင် အမေးများလေ့ရှိ ပါတယ်။

မိဘများအနေဖြင့် လည်းမိမိသမီးငယ် ကို ပြောင်းလဲလာသော လူနေမူပတ်ဝန်းကျင် စိတ်မချ မူကြောင့် အပျိုဖော်ဝင်သည့်အချက် များကို စောစီးစွာ သတိထားသိချင်သော ဆန္ဒကြောင့်မေး ကြပါတယ်။

(1)အပျိုစဖြစ်သောအသက်အရွယ်

မိန်းခလေး တစ်ယောက်အနေဖြင့် အသက် ၈နှစ်မှ ၁၃နှစ်ကြား အပျိုစဖြစ်ပါတယ်။

အဝလွန်သောမိန်းခလေးများ အပျိုစဖြစ်သော အသက်အရွယ်စောလေ့ရှိပြီး ပိန်သော မိန်းခလေးများသည် နောက်ကျလေ့ရှိပါတယ်။

အသက်၁၂နှစ်အရွယ်တွင် ရင်သားဖွံ့ ဖြိုးမူမရှိဘဲ အသက်၁၅နှစ် ထိရာသီလာ ရန်နောက်ကျသည့်အခါ ဆရာဝန် နှင့်သေချာစမ်းသပ် ရန်လိုအပ်ပါတယ်။

(2)ဟော်မုန်းအပြောင်းအလဲ

အပျိုစဖြစ်ချိန် အတွင်းကိုယ်ခန္ဓာမှ ထွက်သေ ာဟော်မုန်းကြောင့် သားဥအိမ်မှ အမျိုးသမီးဟော မုန်းအီစတိုဂျင်ထွက်ပါတယ်။ အဆိုပါဟော်မုန်းကြောင့် တဖြေးဖြေး အပျိုအဖြစ် စတင်ပြောင်းလဲလာပါတယ် ။

ဟော်မုန်းအတက်အကျပေါ် မူတည်ရျ်လည်း အပျိုစဖြစ်စစိတ် အခြေအနေသည်လည်း အပြောင်းအလဲမြန် တတ်ပါတယ်။

(3)ဖွံ့ဖြိုးမူနှင့်ကိုယ်အလေးချိန်တိုးလာခြင်း

မိန်းခလေး အများစုရဲ့ဖွံ့ဖြိုးသည် တရှိန်ထိုးတိုး တက်ပြီး အစောပိုင်းတွင် ယောကျာၤးလေးများ ထက်ပိုမိုမြန်ဆန်ပါတယ် ။ ထို့ကြောင့် အလယ်တန်းကျောင်းတွင် မိန်းခလေးများသည်ယောကျာၤးလေးများထက် အရပ်ပိုရှည်ပါတယ်။

မိန်းခလေးရဲ့ဖွံဖြိုးမူသည် သိသာစွာပြောင်း လဲလာသည်မှာ အဆီများ ၈%မှ ၂၁%ထိတိုး လာသောကြောင့်ပါ။ အဆိုပါအဆီများသည် မျိုးပွားမူ အတွက်နှင့် ရာသီစက်ဝန်းအ တွက်လည်းလိုအပ်ပါတယ်။

(4)ရင်သားဖွံဖြိူးမူ

အပျိုစဖြစ်သည်နှင့် တင်၊ ရင်သားသိသား စွာစတင်ဖွံ့ဖြိုးပြောင်းလဲ လာပါတယ်။ အချို့အမျိုးသမီးများသည် ရင်သားမဖွံ့ ဖြိုးသောကြောင့် စိတ်ပူတတ်ကြ ပါတယ်။ အချို့မူ လျင်မြန်စွာကြီး ထွားသော်လည်း အချို့မူ တဖြေးဖြေး သာအချိန်ကြာကြီး ထွားလာပါတယ် ။ နို့သီးခေါင်း အရောင် နှင့်ဖွံဖြိုးမူ သိသာလာပါလိမ့်မယ်။

(5)ရာသီစက်ဝန်း

ရင်သားဖွံ့ဖြို့မူရှိ လာရာမှ နှစ်အနည်းငယ် အတွင်းပထမဦး ဆုံးရာသီစက်ဝန် းစတင်ဖြစ်ပေါ်ပါတယ် ။ ရာသီလာချိန်သည် ၂ ရက်မှ ၈ ရက်ထိကြာမြင့်တတ်ပြီး ၂၁ ရက်မှ ၃၅ ရက်စက်ဝန်း တပတ်လည်ဖြစ်ပေါ်လေ့ ရှိပါတယ်။

(6)အဖြူဆင်းခြင်း

ဟော်မုန်းပြောင်းလဲ မူများကြောင့် အဖြူဆင်းနိုင် သော်လည်း ပစ်ခြင်း။ ယားခြင်း။ အနံ့ပြင်းခြင်း စသည်တို့ခံစား ရပါကဆရာဝန် နှင့်ပြသရန် လိုအပ်ပါတယ်။

(7)ကိုယ်ခန္ဓာအမွှေးများ

အပျိုစဖြစ် သည်နှင့် ချိုင်းကြား။ မိန်းမကိုယ်တွင် အမွှေးများပေါက် လာပြီးအချို့တွင် အပေါ်နူတ်ခမ်းပေါ်တွင် အနည်းငယ်ပေါက် တတ်ပါတယ် ။ အမွှေးအမျှင် များသည် တဖြေးဖြေး များပြားလာနိုင်ပါ တယ် ။

အကယ်ရျ် မိန်းခလေးများ အနေဖြင့် ဟော်မုန်းမူမမှန်မူကြောင့် ရင်ဘတ်၊ မေးစေ့များပါ ပေါက်လာပါက သေချာဆရာဝန်နဲ့ပြသပါ။

(8)ချွေးထွက်များခြင်း

ဟော်မုန်းပြောင်းလဲမူကြောင့် ကိုယ်ခန္ဓာမှချွေး ထွက်များရျ် အနံ့အသက် မကောင်းခြင်း စသည်တို့ဖြစ်လာတတ်ပါတယ်။ ချိုင်းချွေးနံ့ပျောက်ဆေးစသည်တို့ကို စတင်သုံးစွဲနိုင် ပါတယ်။

(9)ဝက်ခြံပေါက်ခြင်း

ဟော်မုန်းပြောင်း လဲမူများကြောင့် မိန်းခလေးများရဲ့မျက်နှာ တွင် ဝက်ခြံမျိုး စုံပေါက်နိုင် ပါတယ်။ အလှပြင်ပစ္စည်းများသေ ချာစွာရွေးချယ်သုံးစွဲသင့်ပါတယ်။ မသက်သာပါက အရေပြားအထူး ကုဆရာဝန် နှင့်သေချာကုသပါ။

(10)စိတ်လူပ်ရှားခြင်း

အပျိုဖော်ဝင်စ အချိန်တွင် စိတ်ခံစားမူသည် အချိန်နှင့်အမျှပြောင်း လဲတတ်ပြီး ဝမ်းနည်းလွယ်ခြင် း၊ တက်ကြွခြင်း၊ စိတ်ခံစားမူ ပြင်းထန်ခြင်းခြင်း စသည့်အပြောင်း အလဲများခံစား ရနိုင်ပါတယ် ။

Credit- Original Uploader

(Zawgyi)

အပ်ိဳေဖာ္ဝင္စ လွေသြးႂကြ

အပ်ိဳေဖာ္ဝင္ စငယ္ေသြးႂကြလွပ ဆိုေသာစကားသည္ မိန္းခေလးတေယာက္ အပ်ိဳစျဖစ္စတြင္ လွပမူကိုတင္စားထားျခင္းျဖစ္ပါတယ္။ မိန္းခေလးငယ္ တစ္ေယာက္ အပ်ိဳစျဖစ္ စေသာ ကိုယ္ခႏၶာေျပာင္း လဲမူကို သိထားသင့္ေသာ အခ်က္မ်ားကို On Doctor တြင္ အေမးမ်ားေလ့ရွိ ပါတယ္။

မိဘမ်ားအေနျဖင့္ လည္းမိမိသမီးငယ္ ကို ေျပာင္းလဲလာေသာ လူေနမူပတ္ဝန္းက်င္ စိတ္မခ် မူေၾကာင့္ အပ်ိဳေဖာ္ဝင္သည့္အခ်က္ မ်ားကို ေစာစီးစြာ သတိထားသိခ်င္ေသာ ဆႏၵေၾကာင့္ေမး ၾကပါတယ္။

(1)အပ်ိဳစျဖစ္ေသာအသက္အ႐ြယ္

မိန္းခေလး တစ္ေယာက္အေနျဖင့္ အသက္ ၈ႏွစ္မွ ၁၃ႏွစ္ၾကား အပ်ိဳစျဖစ္ပါတယ္။

အဝလြန္ေသာမိန္းခေလးမ်ား အပ်ိဳစျဖစ္ေသာ အသက္အ႐ြယ္ေစာေလ့ရွိၿပီး ပိန္ေသာ မိန္းခေလးမ်ားသည္ ေနာက္က်ေလ့ရွိပါတယ္။

အသက္၁၂ႏွစ္အ႐ြယ္တြင္ ရင္သားဖြံ႕ ၿဖိဳးမူမရွိဘဲ အသက္၁၅ႏွစ္ ထိရာသီလာ ရန္ေနာက္က်သည့္အခါ ဆရာဝန္ ႏွင့္ေသခ်ာစမ္းသပ္ ရန္လိုအပ္ပါတယ္။

(2)ေဟာ္မုန္းအေျပာင္းအလဲ

အပ်ိဳစျဖစ္ခ်ိန္ အတြင္းကိုယ္ခႏၶာမွ ထြက္ေသ ာေဟာ္မုန္းေၾကာင့္ သားဥအိမ္မွ အမ်ိဳးသမီးေဟာ မုန္းအီစတိုဂ်င္ထြက္ပါတယ္။ အဆိုပါေဟာ္မုန္းေၾကာင့္ တေျဖးေျဖး အပ်ိဳအျဖစ္ စတင္ေျပာင္းလဲလာပါတယ္ ။

ေဟာ္မုန္းအတက္အက်ေပၚ မူတည္ရ်္လည္း အပ်ိဳစျဖစ္စစိတ္ အေျခအေနသည္လည္း အေျပာင္းအလဲျမန္ တတ္ပါတယ္။

(3)ဖြံ႕ၿဖိဳးမူႏွင့္ကိုယ္အေလးခ်ိန္တိုးလာျခင္း

မိန္းခေလး အမ်ားစုရဲ႕ဖြံ႕ၿဖိဳးသည္ တရွိန္ထိုးတိုး တက္ၿပီး အေစာပိုင္းတြင္ ေယာက်ာၤးေလးမ်ား ထက္ပိုမိုျမန္ဆန္ပါတယ္ ။ ထို႔ေၾကာင့္ အလယ္တန္းေက်ာင္းတြင္ မိန္းခေလးမ်ားသည္ေယာက်ာၤးေလးမ်ားထက္ အရပ္ပိုရွည္ပါတယ္။

မိန္းခေလးရဲ႕ဖြံၿဖိဳးမူသည္ သိသာစြာေျပာင္း လဲလာသည္မွာ အဆီမ်ား ၈%မွ ၂၁%ထိတိုး လာေသာေၾကာင့္ပါ။ အဆိုပါအဆီမ်ားသည္ မ်ိဳးပြားမူ အတြက္ႏွင့္ ရာသီစက္ဝန္းအ တြက္လည္းလိုအပ္ပါတယ္။

(4)ရင္သားဖြံၿဖိဴးမူ

အပ်ိဳစျဖစ္သည္ႏွင့္ တင္၊ ရင္သားသိသား စြာစတင္ဖြံ႕ၿဖိဳးေျပာင္းလဲ လာပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ ရင္သားမဖြံ႕ ၿဖိဳးေသာေၾကာင့္ စိတ္ပူတတ္ၾက ပါတယ္။ အခ်ိဳ႕မူ လ်င္ျမန္စြာႀကီး ထြားေသာ္လည္း အခ်ိဳ႕မူ တေျဖးေျဖး သာအခ်ိန္ၾကာႀကီး ထြားလာပါတယ္ ။ ႏို႔သီးေခါင္း အေရာင္ ႏွင့္ဖြံၿဖိဳးမူ သိသာလာပါလိမ့္မယ္။

(5)ရာသီစက္ဝန္း

ရင္သားဖြံ႕ၿဖိဳ႕မူရွိ လာရာမွ ႏွစ္အနည္းငယ္ အတြင္းပထမဦး ဆုံးရာသီစက္ဝန္ းစတင္ျဖစ္ေပၚပါတယ္ ။ ရာသီလာခ်ိန္သည္ ၂ ရက္မွ ၈ ရက္ထိၾကာျမင့္တတ္ၿပီး ၂၁ ရက္မွ ၃၅ ရက္စက္ဝန္း တပတ္လည္ျဖစ္ေပၚေလ့ ရွိပါတယ္။

(6)အျဖဴဆင္းျခင္း

ေဟာ္မုန္းေျပာင္းလဲ မူမ်ားေၾကာင့္ အျဖဴဆင္းႏိုင္ ေသာ္လည္း ပစ္ျခင္း။ ယားျခင္း။ အနံ႔ျပင္းျခင္း စသည္တို႔ခံစား ရပါကဆရာဝန္ ႏွင့္ျပသရန္ လိုအပ္ပါတယ္။

(7)ကိုယ္ခႏၶာအေမႊးမ်ား

အပ်ိဳစျဖစ္ သည္ႏွင့္ ခ်ိဳင္းၾကား။ မိန္းမကိုယ္တြင္ အေမႊးမ်ားေပါက္ လာၿပီးအခ်ိဳ႕တြင္ အေပၚႏူတ္ခမ္းေပၚတြင္ အနည္းငယ္ေပါက္ တတ္ပါတယ္ ။ အေမႊးအမွ်င္ မ်ားသည္ တေျဖးေျဖး မ်ားျပားလာႏိုင္ပါ တယ္ ။

အကယ္ရ်္ မိန္းခေလးမ်ား အေနျဖင့္ ေဟာ္မုန္းမူမမွန္မူေၾကာင့္ ရင္ဘတ္၊ ေမးေစ့မ်ားပါ ေပါက္လာပါက ေသခ်ာဆရာဝန္နဲ႔ျပသပါ။

(8)ေခြၽးထြက္မ်ားျခင္း

ေဟာ္မုန္းေျပာင္းလဲမူေၾကာင့္ ကိုယ္ခႏၶာမွေခြၽး ထြက္မ်ားရ်္ အနံ႔အသက္ မေကာင္းျခင္း စသည္တို႔ျဖစ္လာတတ္ပါတယ္။ ခ်ိဳင္းေခြၽးနံ႔ေပ်ာက္ေဆးစသည္တို႔ကို စတင္သုံးစြဲႏိုင္ ပါတယ္။

(9)ဝက္ၿခံေပါက္ျခင္း

ေဟာ္မုန္းေျပာင္း လဲမူမ်ားေၾကာင့္ မိန္းခေလးမ်ားရဲ႕မ်က္ႏွာ တြင္ ဝက္ၿခံမ်ိဳး စုံေပါက္ႏိုင္ ပါတယ္။ အလွျပင္ပစၥည္းမ်ားေသ ခ်ာစြာေ႐ြးခ်ယ္သုံးစြဲသင့္ပါတယ္။ မသက္သာပါက အေရျပားအထူး ကုဆရာဝန္ ႏွင့္ေသခ်ာကုသပါ။

(10)စိတ္လူပ္ရွားျခင္း

အပ်ိဳေဖာ္ဝင္စ အခ်ိန္တြင္ စိတ္ခံစားမူသည္ အခ်ိန္ႏွင့္အမွ်ေျပာင္း လဲတတ္ၿပီး ဝမ္းနည္းလြယ္ျခင္ း၊ တက္ႂကြျခင္း၊ စိတ္ခံစားမူ ျပင္းထန္ျခင္းျခင္း စသည့္အေျပာင္း အလဲမ်ားခံစား ရႏိုင္ပါတယ္ ။

Credit- Original Uploader

ဖုန်းအသုံးများတဲ့ သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေ တဲ့လေ့ကျင့်ခန်းများ

ဖုန်းအသုံးများတဲ့ သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေ တဲ့လေ့ကျင့်ခန်းများ

အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံး အနားမရအောင် ကြည့်နေကြပါတယ်။

screen အလင်းရောင်ကို တောက်လျှောက် ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။

screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့် ပတ်မှုကောင်းစေပီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ် ပေးသင့်တဲ့ မျက်လုံးလေ့ကျင့် ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ

(၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း

screen ကိုကြည့် တာများတဲ့အခါ မျက်တောင် ခတ်တဲ့အကြိမ်အရေ အတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကို ဆက်တိုက်ကြည့်ပြီး တဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်း ညာနေတာ ကိုပြေစေပြီး အမြင်ကြည်လင် စေပါတယ်။

(၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ် ညာလှည့်ခြင်း

ခေါင်းကိုမော့ပြီ းမျက်နှာကျက်ကို ကြည့်ကာ ဦးခေါင်းကို ဘယ်ညာလှည့် ပေးပါ။ အဲ့ဒါကို နှစ်မိနစ် ခန့်လုပ်ပေးပါ ။ ခေါင်းကိုမော့ပြီးမျက်နှာကျက် ကိုကြည့်ကာ ဦးခေါင်းကို ဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။

(၃) ငါးမိနစ်လောက်မျက်စိမှိတ်ထားခြင်း

ဖုန်း ၊ ကွန်ပျူတာ ကိုကြည့်တာကြာ လာတဲ့အခါ မျက်စိကိုမှိတ်ထားပြီး ငါးမိနစ်လောက်နေပေးပါ။ အဲ့ဒါက မျက်စိကို အနားရစေပြီး မျက်စိအား နည်းခြင်းမဖြစ် အောင်ကာကွယ်ပေး ပါတယ်။

(၄) စက္ကန့်အနည်းငယ် လောက်မျက်စိကို တင်းတင်းမှိတ်ထားခြင်း

မျက်စိ အရမ်းညောင်းပြီး တင်းကြပ်နေ တဲ့အခါ မျက်လုံးကို ၂ စက္ကန့်၊ ၃စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်လိုက်ပါ။ ဒါက မျက်လုံးကို အနားရစေပါတယ်။

(၅) မျက်ခုံးတလျှောက်နှိပ်နယ်ပေးခြင်း

screen ကိုကြည့်တာများပြီး မျက်လုံးက ပင်ပန်းလာတဲ့အခါ မျက်စိကို ခဏမှိတ်ထားပြီး မျက်ခုံးတလျှောက်ကို လက်ချောင်း ထိပ်လေးတွေနဲ့ နှိပ်နယ် ပေးလိုက်ပါ။ မျက်လုံးကိုသွေးလှည့် ပတ်မှုကောင်းစေ ပါတယ်။

(၆) အနီး၊အဝေးတ လှည့်စီကြည့်ခြင်း

လက်ကို ဆန့်လိုက်ပြီး လက်မကို ထောင်ထားကာ မျက်စိက အဲ့ဒီလက်မကို ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ပြီးတာနဲ့ အဝေးကသစ်ပင် ဒါမှမဟုတ် အရာဝတ္ထုဆီကို အကြည့်လွဲလိုက်ပြီး အဲ့ဒီအရာကိုလည်း ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။

ဒီလိုမျိုး အနီး၊အဝေးတ လှည့်စီကြည့်ပေးခြင်းက မျက်မှန်သမားတွေကို ပါဝါလျော့အောင် ကူညီပေးနိုင်ပါတယ်။

Credit- Original Uploader

(Zawgyi)

ဖုန္းအသုံးမ်ားတဲ့ သူတိုင္းလုပ္ေပးသင့္တဲ့ မ်က္စိအားေကာင္းေစ တဲ့ေလ့က်င့္ခန္းမ်ား

အခုေခတ္မွာ လူတိုင္းလိုလို ဖုန္း၊ကြန္ပ်ဴတာ အသုံးျပဳၾကၿပီး မ်က္စိကို တစ္ခ်ိန္လုံး အနားမရေအာင္ ၾကည့္ေနၾကပါတယ္။

screen အလင္းေရာင္ကို ေတာက္ေလွ်ာက္ ၾကည့္ေနတဲ့အခါ ေရရွည္မွာ မ်က္စိကိုထိခိုက္လာေစပါတယ္။

screen အလင္းေရာင္ အၾကည့္မ်ားလို႔ ပင္ပန္းၿပီး အားနည္းေနတဲ့ မ်က္လုံးေတြကို ေသြးလွည့္ ပတ္မႈေကာင္းေစပီး အျမင္ၾကည္လင္ေစဖို႔ ေန႔စဥ္လုပ္ ေပးသင့္တဲ့ မ်က္လုံးေလ့က်င့္ ခန္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဖုန္းအသုံးမ်ားတဲ့သူတိုင္းလုပ္ေပးသင့္တဲ့မ်က္စိအားေကာင္းေစတဲ့ေလ့က်င့္ခန္းမ်ား

(၁) ႏွစ္မိနစ္မ်က္ေတာင္ခတ္ျခင္း

screen ကိုၾကည့္ တာမ်ားတဲ့အခါ မ်က္ေတာင္ ခတ္တဲ့အႀကိမ္အေရ အတြက္နည္းၿပီး မ်က္လုံးေျခာက္ေသြ႕ျခင္းကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဖုန္း၊ ကြန္ပ်ဴတာကို ဆက္တိုက္ၾကည့္ၿပီး တဲ့အခါ ႏွစ္မိနစ္ေလာက္မ်က္ေတာင္ခတ္ေပးပါ။ မ်က္လုံးေညာင္း ညာေနတာ ကိုေျပေစၿပီး အျမင္ၾကည္လင္ ေစပါတယ္။

(၂) မ်က္ႏွာက်က္ ကိုေမာ့ၾကည့္ၿပီး ဦးေခါင္းဘယ္ ညာလွည့္ျခင္း

ေခါင္းကိုေမာ့ၿပီ းမ်က္ႏွာက်က္ကို ၾကည့္ကာ ဦးေခါင္းကို ဘယ္ညာလွည့္ ေပးပါ။ အဲ့ဒါကို ႏွစ္မိနစ္ ခန႔္လုပ္ေပးပါ ။ ေခါင္းကိုေမာ့ၿပီးမ်က္ႏွာက်က္ ကိုၾကည့္ကာ ဦးေခါင္းကို ဘယ္ညာလွည့္ေပးပါ။ အဲ့ဒါကို ႏွစ္မိနစ္ခန႔္လုပ္ေပးပါ။

(၃) ငါးမိနစ္ေလာက္မ်က္စိမွိတ္ထားျခင္း

ဖုန္း ၊ ကြန္ပ်ဴတာ ကိုၾကည့္တာၾကာ လာတဲ့အခါ မ်က္စိကိုမွိတ္ထားၿပီး ငါးမိနစ္ေလာက္ေနေပးပါ။ အဲ့ဒါက မ်က္စိကို အနားရေစၿပီး မ်က္စိအား နည္းျခင္းမျဖစ္ ေအာင္ကာကြယ္ေပး ပါတယ္။

(၄) စကၠန႔္အနည္းငယ္ ေလာက္မ်က္စိကို တင္းတင္းမွိတ္ထားျခင္း

မ်က္စိ အရမ္းေညာင္းၿပီး တင္းၾကပ္ေန တဲ့အခါ မ်က္လုံးကို ၂ စကၠန႔္၊ ၃စကၠန႔္ေလာက္ တင္းတင္းမွိတ္ထားၿပီး ျပန္ဖြင့္လိုက္ပါ။ ဒါက မ်က္လုံးကို အနားရေစပါတယ္။

(၅) မ်က္ခုံးတေလွ်ာက္ႏွိပ္နယ္ေပးျခင္း

screen ကိုၾကည့္တာမ်ားၿပီး မ်က္လုံးက ပင္ပန္းလာတဲ့အခါ မ်က္စိကို ခဏမွိတ္ထားၿပီး မ်က္ခုံးတေလွ်ာက္ကို လက္ေခ်ာင္း ထိပ္ေလးေတြနဲ႔ ႏွိပ္နယ္ ေပးလိုက္ပါ။ မ်က္လုံးကိုေသြးလွည့္ ပတ္မႈေကာင္းေစ ပါတယ္။

(၆) အနီး၊အေဝးတ လွည့္စီၾကည့္ျခင္း

လက္ကို ဆန႔္လိုက္ၿပီး လက္မကို ေထာင္ထားကာ မ်က္စိက အဲ့ဒီလက္မကို ၅ စကၠန႔္ေလာက္စိုက္ၾကည့္ပါ။ ၿပီးတာနဲ႔ အေဝးကသစ္ပင္ ဒါမွမဟုတ္ အရာဝတၳဳဆီကို အၾကည့္လြဲလိုက္ၿပီး အဲ့ဒီအရာကိုလည္း ၅ စကၠန႔္ေလာက္စိုက္ၾကည့္ပါ။

ဒီလိုမ်ိဳး အနီး၊အေဝးတ လွည့္စီၾကည့္ေပးျခင္းက မ်က္မွန္သမားေတြကို ပါဝါေလ်ာ့ေအာင္ ကူညီေပးႏိုင္ပါတယ္။

Credit- Original Uploader

အဆစ်အမြစ် ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ။

(Unicode)

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ

အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေ ရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့ အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။

အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ

Gluten ဓာတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓာတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာ အိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓာတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို ပိုဖြစ်စေတတ်တာကြောင့် အဆစ်အမြစ်ကိုက်ခဲတဲ့သူတွေ Gluten ဓာတ်များတဲ့ အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ ( ဂျုံ၊ ဘာလီ)

နို့နဲ့နို့ထွက်ပစ္စည်းတွေ

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ casein လို့ခေါ်တဲ့ပရိုတင်းဓာတ်တစ်မျိုးပါပြီး အဲဒီ့ ဓာတ်ဟာ အဆစ်အမြစ်နဲ့ တစ်ရှူးတွေ ရောင်ရမ်းတာကို ပိုဆိုးစေလို့ အဆစ်အမြစ်ရောင်ရမ်းတဲ့သူတွေ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

ပြောင်းဖူးဆီ

ပြောင်းဖူးဆီလိုမျိုး အိုမီဂါ 6 ကြွယ်ဝတဲ့ ဘယ်အစားအသောက်မဆို ရောင်ရမ်းခြင်းကို အားပေးတဲ့အတွက် ပြောင်းဖူးဆီ၊ နေကြာဆီ၊ ကန်နိုလာဆီ၊ ပဲပိစပ်ဆီတွေ ကို ရှောင်စားသင့်ပါတယ်။

ဆီကြော်မုန့်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေ။

ဆီကြော်မုန့်တွေ နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ လျှော့စားတဲ့အခါ ကိုယ်တွင်းရောင်ရမ်းခြင်းတွေ လျော့ကျသွားမယ့်အပြင် သွေးကြောတွေကို ကျန်းမာစေလို့ လုံလောက်တဲ့ အောက်ဆီဂျင်တွေ အပြည့်အဝရကာ ကျန်းမာစေပါတယ်။

ဆား

အငန်ဓာတ်ပြင်းပြင်းနဲ့ အရသာမှုန့်တွေ အများကြီးထည့်ထားတဲ့ အစားအသောက်တွေဟာ စားလို့တော့ကောင်းပေမယ့် အဆစ်အမြစ်ရောင်ရမ်းခြင်းဖြစ်နေတဲ့သူတွေကိုတော့ သူတို့က ဒုက္ခပေးပါတယ်။ ဒါကြောင့် ရောင်ရမ်းခြင်းကို အားပေးတဲ့ အငန်ဓာတ်နဲ့ အရသာမှုန့်တွေကို လျှော့စားဖို့ လိုပါတယ်။ အသင့်စားသရေစာမုန့်တွေ၊ စားသောက်ဆိုင်က စားကောင်းအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေပေါ့။

သကြား

သကြားဟာ cytokine လို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓာတ်တစ်မျိုး ထုတ်ပေးတဲ့ အတွက်ကြောင့် အဆစ်အမြစ်ရောင်တဲ့သူတွေ အချိုလျှော့စားသင့်ပါတယ်။

ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်

ဂျုံမှုန့်၊ အာလူးနဲ့ ဖြူအောင် ချွတ်ထားတဲ့ ဆန်တို့ဟာ glycemic index များတဲ့ အစားအသောက်တွေ ဖြစ်တာကြောင့် အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း အားပေးတဲ့အစားအသောက်တွေပါ။

အရက်နဲ့ ဆေးလိပ်

ထုံးစံအတိုင်း ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဒီ အရက်နဲ့ ဆေးလိပ်ဟာ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့အပြင် အခြား ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေတာကြောင့် ရှောင်သင်တဲ့ ထိပ်ဆုံးက အရာတွေပါ။

Credit-Hellosayarwon

(Zawgyi)

အဆစ္အျမစ္ေရာင္တတ္တဲ့သူေတြ ဒါေတြ ေရွာင္စားပါ

အဆစ္အျမစ္ေတြ ေရာင္ရမ္းနာက်င္ၿပီး လမ္းေတာင္ မေလွ်ာက္ႏိုင္တဲ့သူေတြ ရွိၾကမွာပါ။ ထိခိုက္မိလို႔ပဲ ျဖစ္ျဖစ္၊ ေရာဂါအခံတစ္ခုခုေၾကာင့္ပဲျဖစ္ျဖစ္ လမ္းေတာင္ေကာင္းေကာင္း မေလွ်ာက္ႏိုင္တဲ့ အဆစ္အျမစ္ေတြ ကိုက္ခဲတဲ့ ေဝဒနာကို လူတိုင္း မခံစားခ်င္ၾကပါဘူး။ ဒီလို နာက်င္လြန္းတဲ့ အဆစ္အျမစ္ကိုက္ ေဝဒနာသက္သာေအာင္ ေဆးေတြေသာက္၊ ေလ့က်င့္ခန္းေတြ လုပ္ေနေပမယ့္ အရမ္းႀကီး မသက္သာတဲ့အခါမွာေတာ့ ကိုယ့္စားေနတဲ့ အစားအေသာက္ေတြကို ထည့္စဥ္းစားဖို႔လိုလာပါၿပီ။ အဆစ္အျမစ္ ေရာင္တာကို ပိုဆိုးေစတဲ့ အစားအေသာက္ေတြကို စားေနမိလားေပ့ါ ။

အဆစ္အျမစ္ကိုက္ျခင္းကို ပိုဆိုးေစတဲ့ အစားအေသာက္ေတြက ဘာေတြလဲ

Gluten ဓာတ္မ်ားတဲ့ အစားအေသာက္ေတြကို အစာအိမ္က ၿဖိဳခြဲလိုက္တဲ့အခါ inflammatory response လို႔ေခၚတဲ့ ေရာင္ရမ္းကို အားေပးတဲ့ ဓာတ္ေတြ၊ ထြက္လာပါတယ္။ အထူးသျဖင့္အစာ အိမ္စုပ္ယူအားေကာင္းတဲ့ လူေတြမွာဆို ဒီဓာတ္ေတြဟာ ခုခံအားကို လႈံ႕ေဆာ္ၿပီး ေရာင္ရမ္းျခင္းကို ပိုျဖစ္ေစတတ္တာေၾကာင့္ အဆစ္အျမစ္ကိုက္ခဲတဲ့သူေတြ Gluten ဓာတ္မ်ားတဲ့ အစား အေသာက္ေတြကို ေရွာင္သင့္ပါတယ္။ ( ဂ်ဳံ၊ ဘာလီ)

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြမွာ casein လို႔ေခၚတဲ့ပ႐ိုတင္းဓာတ္တစ္မ်ိဳးပါၿပီး အဲဒီ့ ဓာတ္ဟာ အဆစ္အျမစ္နဲ႔ တစ္ရႉးေတြ ေရာင္ရမ္းတာကို ပိုဆိုးေစလို႔ အဆစ္အျမစ္ေရာင္ရမ္းတဲ့သူေတြ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ေရွာင္သင့္ပါတယ္။

ေျပာင္းဖူးဆီ

ေျပာင္းဖူးဆီလိုမ်ိဳး အိုမီဂါ 6 ႂကြယ္ဝတဲ့ ဘယ္အစားအေသာက္မဆို ေရာင္ရမ္းျခင္းကို အားေပးတဲ့အတြက္ ေျပာင္းဖူးဆီ၊ ေနၾကာဆီ၊ ကန္ႏိုလာဆီ၊ ပဲပိစပ္ဆီေတြ ကို ေရွာင္စားသင့္ပါတယ္။

ဆီေၾကာ္မုန႔္ေတြ၊ တာရွည္ခံေအာင္လုပ္ထားတဲ့ အစားအေသာက္ေတြ။

ဆီေၾကာ္မုန႔္ေတြ နဲ႔ တာရွည္ခံေအာင္ လုပ္ထားတဲ့ အစားအေသာက္ေတြ ေလွ်ာ့စားတဲ့အခါ ကိုယ္တြင္းေရာင္ရမ္းျခင္းေတြ ေလ်ာ့က်သြားမယ့္အျပင္ ေသြးေၾကာေတြကို က်န္းမာေစလို႔ လုံေလာက္တဲ့ ေအာက္ဆီဂ်င္ေတြ အျပည့္အဝရကာ က်န္းမာေစပါတယ္။

ဆား

အငန္ဓာတ္ျပင္းျပင္းနဲ႔ အရသာမႈန႔္ေတြ အမ်ားႀကီးထည့္ထားတဲ့ အစားအေသာက္ေတြဟာ စားလို႔ေတာ့ေကာင္းေပမယ့္ အဆစ္အျမစ္ေရာင္ရမ္းျခင္းျဖစ္ေနတဲ့သူေတြကိုေတာ့ သူတို႔က ဒုကၡေပးပါတယ္။ ဒါေၾကာင့္ ေရာင္ရမ္းျခင္းကို အားေပးတဲ့ အငန္ဓာတ္နဲ႔ အရသာမႈန႔္ေတြကို ေလွ်ာ့စားဖို႔ လိုပါတယ္။ အသင့္စားသေရစာမုန႔္ေတြ၊ စားေသာက္ဆိုင္က စားေကာင္းေအာင္ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြေပါ့။

သၾကား

သၾကားဟာ cytokine လို႔ေခၚတဲ့ ေရာင္ရမ္းျခင္းကို အားေပးတဲ့ ဓာတ္တစ္မ်ိဳး ထုတ္ေပးတဲ့ အတြက္ေၾကာင့္ အဆစ္အျမစ္ေရာင္တဲ့သူေတြ အခ်ိဳေလွ်ာ့စားသင့္ပါတယ္။

ျပဳျပင္ထားတဲ့ ကာဘိုဟိုက္ဒရိတ္

ဂ်ဳံမႈန႔္၊ အာလူးနဲ႔ ျဖဴေအာင္ ခြၽတ္ထားတဲ့ ဆန္တို႔ဟာ glycemic index မ်ားတဲ့ အစားအေသာက္ေတြ ျဖစ္တာေၾကာင့္ အဝလြန္ျခင္း၊ ဆီးခ်ိဳနဲ႔ ႏွလုံးေရာဂါတို႔ကို ျဖစ္ေစတဲ့အျပင္ ေရာင္ရမ္းျခင္းကိုလည္း အားေပးတဲ့အစားအေသာက္ေတြပါ။

အရက္နဲ႔ ေဆးလိပ္

ထုံးစံအတိုင္း က်န္းမာေရးအတြက္ ဘာေကာင္းက်ိဳးမွ မေပးတဲ့ ဒီ အရက္နဲ႔ ေဆးလိပ္ဟာ ေရာင္ရမ္းျခင္းကို ပိုဆိုးေစတဲ့အျပင္ အျခား က်န္းမာေရး ျပႆနာေတြကိုပါ ျဖစ္ေစတာေၾကာင့္ ေရွာင္သင္တဲ့ ထိပ္ဆုံးက အရာေတြပါ။

Credit-Hellosayarwon

ညဘက်အိပ်နေစဉ် ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း

(Unicode)

ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း

အေးတဲ့အခုလိုရာသီမှာ ပိုပြီးဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြထားတဲ့ ဆောင်းပါးလေး တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အိပ်နေရင်း ခြေထောက် ကြွက်တက်ခြင်း ကြုံဖူးသူတွေဟာ ခံရအတော်ခက်ကြောင်း သိကြပါတယ်။ အင်မတန် နာကျင်ပြီး နေရထိုင်ရ မသက်သာလှပါဘူး။ အိပ်နေချိန်တွေမှာ ခြေထောက်ကြွက်မတက်ရအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြင်ဆင်ထားရင် အဆင်ပြေလှပါပြီ။

အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက်တက်တဲ့ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့နည်းပါ။ အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေ များများလောင်းချပေးရပါမယ်။ အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။

မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက်တက်တာအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။ ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်းခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။ ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။ တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။

တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစားတာကြောင့် ခြေသလုံးကြွက်တက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။ ခြေသလုံးကြွက်တက်တဲ့နေရာကို လာဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေနွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။

Credit – Original Uploader

(Zawgyi)

ညဘက္အိပ္ေနတဲ့အခ်ိန္မွာ ေျခေထာက္ႂကြက္မတက္ေစမယ့္ အိမ္တြင္းနည္း

ေအးတဲ့အခုလိုရာသီမွာ ပိုၿပီးျဖစ္တတ္တဲ့ ေျခေထာက္ႂကြက္တက္တာကို ကာကြယ္ေပးႏိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပထားတဲ့ ေဆာင္းပါးေလး တစ္ခုကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။ အိပ္ေနရင္း ေျခေထာက္ ႂကြက္တက္ျခင္း ႀကဳံဖူးသူေတြဟာ ခံရအေတာ္ခက္ေၾကာင္း သိၾကပါတယ္။ အင္မတန္ နာက်င္ၿပီး ေနရထိုင္ရ မသက္သာလွပါဘူး။ အိပ္ေနခ်ိန္ေတြမွာ ေျခေထာက္ႂကြက္မတက္ရေအာင္ အိမ္တြင္းနည္းေလးေတြနဲ႔ ျပင္ဆင္ထားရင္ အဆင္ေျပလွပါၿပီ။

အိပ္ရာမဝင္ခင္ ႏြားႏို႔ပူပူ တစ္ခြက္ ေသာက္တာက ေျခသလုံးႂကြက္တက္တဲ့ေဝဒနာကို သက္သာေစတဲ့ ထိေရာက္တဲ့နည္းပါ။ အိပ္ရာမဝင္ခင္ ၾကက္သီးေႏြး ေရခ်ိဳးတာက ေျခသလုံးႂကြက္တက္တာကို သက္သာေစတဲ့ နည္းလမ္းေကာင္း တစ္ခုပါ။ ႂကြက္တက္ၿပီး နာက်င္ေနတဲ့ ေျခသလုံးေနရာကို ၾကက္သီးေႏြးေရ မ်ားမ်ားေလာင္းခ်ေပးရပါမယ္။ အိပ္ရာထဲ ရွိေနခ်ိန္မွာ တတ္ႏိုင္သေလာက္ ေျခေထာက္ကို ဆြဲဆန႔္ေပးပါ။ ၿပီးရင္ အဲဒီအေန အထားနဲ႔ နာရီဝက္ခန႔္ ေနေပးပါ။

မတ္တတ္ရပ္ေနစဥ္ ေျခဖေနာင့္ ကို ၾကမ္းျပင္ေပၚ ခ်ထားေပးၿပီး ေျခေခ်ာင္းေတြကို အေပၚကို ေကာ့ထားပါ။ ဒါက ေျခသလုံးႂကြက္တက္တာအတြက္ နည္းလမ္းေကာင္း ျဖစ္ပါတယ္။ ေျခသလုံးႂကြက္တက္ရင္ နံရံေပၚမွာ ေျခေခ်ာင္းေတြ ဖိထားရင္းေျခတံေကာက္ ႂကြက္သားေတြကို ဆြဲဆန႔္ေပးပါ။ ႂကြက္တက္တဲ့ ေျခသလုံးေပၚ ေရေႏြး အိတ္ တင္ေပးတာကလည္း သက္သာ ေစတဲ့ နည္းျဖစ္ပါတယ္။ တစ္ေန႔ ငွက္ေပ်ာသီး ၂-၃လုံးစားပါ။ ဒါဆိုရင္ ပိုတက္စီယမ္စုပ္ယူမႈ ရရွိၿပီး ႂကြက္တက္တာကို သက္သာေစပါတယ္။

တစ္ေန႔ ပ်ားရည္ လက္ဖက္စားဇြန္း ႏွစ္ဇြန္းစားတာေၾကာင့္ ေျခသလုံးႂကြက္တက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ကယ္လ္စီယမ္၊ ပိုတက္စီယမ္နဲ႔ မဂၢ နီဆီယမ္တို႔ မ်ားမ်ား ပါဝင္တဲ့ အစားအ စာေတြကို စားေပးပါ။ ေျခသလုံးႂကြက္တက္တဲ့ေနရာကို လာဗန္ဒါဆီ၊ ယူကလစ္ဆီစတဲ့ မရွိမျဖစ္ဆီ တို႔သုံးၿပီး ႏွိပ္ေပးလိုက္ပါ။ ဒီလိုႏွိပ္ၿပီး ေရေႏြးဆြတ္ထားတဲ့ တဘက္တစ္ထည္နဲ႔ ပတ္ေပးရပါမယ္။

Credit – Original Uploader

ပူသောရာသီတွင် ရေချိုးစဉ် ဦးနှောက်သွေးကြောမပြတ်ရလေအောင်

(Unicode)

ရေချိုးတုန်း ဦးနှောက်သွေးကြောပြတ်ခြင်းမှ ကင်းဝေးစေမည့် နည်းလမ်း

လွန်ခဲ့သော ရက်ပိုင်း အတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည်ရာသီဥတု အလွန်ပူသဖြင့် အဲကွန်းဖွင့်ထားသော အခန်းတွင် ညဘက် အိပ်စက်ပြီး နံနက်စောစော အိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်။ရေချိုးနေရင်း တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကို ဖွင့်ပြီး အိမ်ရှေ့ခန်းတွင် ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်သည်။ခင်ပွန်း ဖြစ်သူသည် သူ့ကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာပင် စကားမပြောနိုင် ခေါ်၍မရ လုံးဝ မလှုပ်ရှားတော့ဘဲ အသက်မရှူတော့။ လည်ပင်း သွေးကြောကို စမ်းသပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး ဆေးရုံပို့ရန် ကားစီစဉ်ကြသော်လည်းလုံးဝ မလှုပ်ရှားတော့သဖြင့်အသက်သေဆုံးမှန်း သိရှိကြပြီး ဆေးရုံ မပို့ဖြစ်တော့ဟု ဆိုသည်။ အမှန်မှာ အိပ်ရာထချိန်တွင် အဲကွန်းခန်းမှ ထွက်လာပြီး ရေတန်းချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ။

သေသေချာချာ မေးမြန်းကြည့်မှသိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ်ဖြစ်သည်။ မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ရာထတွင် သေဆုံးရခြင်း ဖြစ်သည်။နံနက်အိပ်ရာ ထပြီးနောက် အိမ်ရှေ့ခန်းတွင်တံ မြက် စည်း လှည်းသန့်ရှင်းရေး လုပ်သည်။ ဘုရားခန်းတွင်လည်းသန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများလဲရန် ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်း ဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်း ဖြစ်လာသဖြင့် ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ရောဂါ၏ အခြေခံ အကြောင်းလည်း ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။ ဆီးချို အထူးကု ဆရာဝန်နှင့်လည်း ပြသည်။ ကုသမှု ခံယူသည်။ ဆီးချိုကျဆေးလည်း သောက်နေသည်။သို့သော် သူ့အားနည်းချက်မှာ အစားမရှောင် အစားအသောက် မဆင်ခြင်ခြင်း ဖြစ်သည်။ စားချင်ရာစားပြီး ဆေးသောက်လိုက်မည်ဟု အတွေးအခေါ်မျိုး သူ့တွင်ရှိသည်။သေဆုံးမည့် နံနက်က အိပ်ရာထ ချိန်တွင် မိမိဘာသာလက်ထိပ် သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။ အိုကေသည်၊ ကောင်းသည်ဟု ဆိုသည်။ သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည်။

အဲကွန်း ဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည်အပူချိန် မတူသည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။ သတိပြုသင့်သည့် အရာဖြစ်သည်။သွေးတိုးသည် တိတ်တဆိတ် လူသတ်သမား အလစ်ချောင်းနေသော လူသတ်သမားဖြစ်သည်။ သတိရှိကြ စေချင်သည်။ သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ရုတ်တရက် သေဆုံးရသူ အများအပြား ရှိသည်။ အချို့ကလည်း ဝေဒနာ မခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတ မဖြစ်ဘဲ ယခုလို သေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်းရှိသည်။

ရေချိုးရင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့် နည်းကို တင်ပြလိုသည်။ ရေမချိုးမီ လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ပါ။ သို့မဟုတ်လမ်းလျှောက်ပါ။ ကြွက်သားနှင့် အာရုံကြောများ တစ်ညလုံး အိပ်ထားသဖြင့်ညောင်းနေသည်ကို လန်းဆန်းစေရန် ဖြစ်သည်။ ပြီးလျှင် ရေမချိုးမီ ရေအေး (ပုံမှန် အေးသောရေ) မတ်ခွက် တစ်ခွက်ခန့် သောက်ပါ။ ဝမ်းအတွင်း အစာအိမ်မှ အပူနှင့် လေပူများ ငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ပူသော ရာသီတွင် သတိပြုလုပ်ဆောင်ကြပါ။

Credit-ကြည်လွင်မြင့် (မုဒြာ)

(Zawgyi)

ေရခ်ိဳးတုန္း ဦးေႏွာက္ေသြးေၾကာျပတ္ျခင္းမွ ကင္းေဝးေစမည့္ နည္းလမ္း

လြန္ခဲ့ေသာ ရက္ပိုင္း အတြင္းက စာေရးသူ၏ လူနာမိတ္ေဆြ အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးသည္ရာသီဥတု အလြန္ပူသျဖင့္ အဲကြန္းဖြင့္ထားေသာ အခန္းတြင္ ညဘက္ အိပ္စက္ၿပီး နံနက္ေစာေစာ အိပ္ရာထခ်ိန္တြင္ ေရခ်ိဳးခန္းဝင္ကာ ေရခ်ိဳးသည္။ေရခ်ိဳးေနရင္း တစ္ကိုယ္လုံး ေလးလံလာသျဖင့္ ေရခ်ိဳးခန္းတံခါးကို ဖြင့္ၿပီး အိမ္ေရွ႕ခန္းတြင္ ရွိေနေသာ ခင္ပြန္းျဖစ္သူကို လွမ္းေခၚသည္။ခင္ပြန္း ျဖစ္သူသည္ သူ႔ကို ေပြ႕ယူၿပီး အိပ္ရာေပၚတြင္ အသာခ်၍ ေရစိုဝတ္မ်ား လဲေပးေနစဥ္မွာပင္ စကားမေျပာႏိုင္ ေခၚ၍မရ လုံးဝ မလႈပ္ရွားေတာ့ဘဲ အသက္မရႉေတာ့။ လည္ပင္း ေသြးေၾကာကို စမ္းသပ္ၾကည့္ရာ ေသြးမတိုး၍ ေမာင္ႏွမေတာ္သူမ်ားကို ဖုန္းဆက္ေခၚလိုက္ရာ ေရာက္လာၿပီး ေဆး႐ုံပို႔ရန္ ကားစီစဥ္ၾကေသာ္လည္းလုံးဝ မလႈပ္ရွားေတာ့သျဖင့္အသက္ေသဆုံးမွန္း သိရွိၾကၿပီး ေဆး႐ုံ မပို႔ျဖစ္ေတာ့ဟု ဆိုသည္။ အမွန္မွာ အိပ္ရာထခ်ိန္တြင္ အဲကြန္းခန္းမွ ထြက္လာၿပီး ေရတန္းခ်ိဳးသျဖင့္ ေသဆုံးျခင္း မဟုတ္ပါ။

ေသေသခ်ာခ်ာ ေမးျမန္းၾကည့္မွသိရသည္မွာ သူတို႔ေနသည္မွာ တိုက္ခန္းအသစ္ျဖစ္သည္။ မေန႔ကမွ ေျပာင္းလာရာ တစ္ညအိပ္ၿပီး နံနက္အိပ္ရာထတြင္ ေသဆုံးရျခင္း ျဖစ္သည္။နံနက္အိပ္ရာ ထၿပီးေနာက္ အိမ္ေရွ႕ခန္းတြင္တံ ျမက္ စည္း လွည္းသန႔္ရွင္းေရး လုပ္သည္။ ဘုရားခန္းတြင္လည္းသန႔္ရွင္းေရး လုပ္သည္။ ေသာက္ေတာ္ေရႏွင့္ ဘုရားပန္းမ်ားလဲရန္ ျပင္ဆင္ၿပီးမွ ေရခ်ိဳးခန္းအတြင္း ဝင္ၿပီး ေရခ်ိဳးသည္။ ေရခ်ိဳးေနရင္းမွ ေနမေကာင္း ျဖစ္လာသျဖင့္ ခင္ပြန္းျဖစ္သူကို လွမ္းေခၚျခင္း ျဖစ္သည္။ ေရာဂါ၏ အေျခခံ အေၾကာင္းလည္း ရွိသည္။ လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က သူ႔တြင္ ဆီးခ်ိဳေရာဂါ ဝင္လာသည္။ ဆီးခ်ိဳ အထူးကု ဆရာဝန္ႏွင့္လည္း ျပသည္။ ကုသမႈ ခံယူသည္။ ဆီးခ်ိဳ က်ေဆးလည္း ေသာက္ေနသည္။သို႔ေသာ္ သူ႔အားနည္းခ်က္မွာ အစားမေရွာင္ အစားအေသာက္ မဆင္ျခင္ျခင္း ျဖစ္သည္။ စားခ်င္ရာစားၿပီး ေဆးေသာက္လိုက္မည္ဟု အေတြးအေခၚမ်ိဳး သူ႔တြင္ရွိသည္။ေသဆုံးမည့္ နံနက္က အိပ္ရာထ ခ်ိန္တြင္ မိမိဘာသာလက္ထိပ္ ေသြးေဖာက္ၿပီး ဆီးခ်ိဳစစ္သည့္ ကိရိယာျဖင့္ စစ္ေဆးသည္။ အိုေကသည္၊ ေကာင္းသည္ဟု ဆိုသည္။ သို႔ေသာ္ သူသတိမထားမိသည္မွာ ေသြးတိုးျဖစ္သည္။

အဲကြန္း ဖြင့္ထားေသာ အေအးခန္းမွ ထြက္လာသူသည္အပူခ်ိန္ မတူသည့္ ျပင္ပသို႔ ေရာက္လာလွ်င္ ေသြးေပါင္တက္လာတတ္သည္။ သတိျပဳသင့္သည့္ အရာျဖစ္သည္။ေသြးတိုးသည္ တိတ္တဆိတ္ လူသတ္သမား အလစ္ေခ်ာင္း ေနေသာ လူသတ္သမားျဖစ္သည္။ သတိရွိၾက ေစခ်င္သည္။ ေသြးတိုး၊ ေလျဖတ္၊ ဦးေႏွာက္ေသြးေၾကာျပတ္၍႐ုတ္တရက္ ေသဆုံးရသူ အမ်ားအျပား ရွိသည္။ အခ်ိဳ႕ကလည္း ေဝဒနာ မခံစားရဘဲ ရက္ရွည္လမ်ား ေလျဖတ္ၿပီး ဒုကၡိတ မျဖစ္ဘဲ ယခုလို ေသသြားရျခင္းကို ေကာင္းသည္ဟု ဆိုၾကသူမ်ားလည္းရွိသည္။

ေရခ်ိဳးရင္ ေသြးတိုးၿပီး ဦးေႏွာက္ေသြးေၾကာ မျပတ္ေစရန္ ကာကြယ္ႏိုင္သည့္ နည္းကို တင္ျပလိုသည္။ ေရမခ်ိဳးမီ ေလ့က်င့္ခန္း တစ္ခုခု ျပဳလုပ္ပါ။ သို႔မဟုတ္လမ္းေလွ်ာက္ပါ။ ႂကြက္သားႏွင့္ အာ႐ုံေၾကာမ်ား တစ္ညလုံး အိပ္ထားသျဖင့္ေညာင္းေနသည္ကို လန္းဆန္းေစရန္ ျဖစ္သည္။ ၿပီးလွ်င္ ေရမခ်ိဳးမီ ေရေအး (ပုံမွန္ ေအးေသာေရ) မတ္ခြက္ တစ္ခြက္ခန႔္ ေသာက္ပါ။ ဝမ္းအတြင္း အစာအိမ္မွ အပူႏွင့္ ေလပူမ်ား ၿငိမ္သြားမွ ေရခ်ိဳးလွ်င္ ေသြးေဆာင့္တိုးျခင္းမွ ကာကြယ္ႏိုင္ပါသည္။ ပူေသာ ရာသီတြင္ သတိျပဳလုပ္ေဆာင္ၾကပါ။

Credit-ၾကည္လြင္ျမင့္ (မုျဒာ)

ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

(Unicode)

ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

===============================

လူတိုင်းနီးပါး ရင်ဘတ်ထဲမှာ တင်းကြပ်ပြီးပူနေတဲ့ လက္ခဏာကို ခံစားဖူးကြမှာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်တွေ များလာတဲ့အခါ အစာရေမျိုဆီကို ရောက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကိုအစာခြေရည် အထက်ဆန်ခြင်း

(Gastroesophageal Reflux Disease) လို့ ခေါ်ပါတယ်။ အက်စစ်တွေ များလာပြီဆိုရင် အစားစားပေးဖို့ လိုအပ်လာပါပြီ။ ဒါပေမယ့် သင်စားလိုက်တဲ့အစာဟာ အက်စစ်ပိုထွက်စေပြီး ရင်ပိုပူစေမယ့် အစာမဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒီတစ်ပတ်ဆောင်းပါးလေးမှာ ရင်ပူရင်ဆာဖြစ်စေတဲ့ အစားအစာ(၁၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရက်

အားလုံးသိပြီးဖြစ်တဲ့အတိုင်း အရက်ဟာ ရင်ပူစေပါတယ်။ ဝိုင်နီ၊ ဘီယာစတာတွေဟာ အစာအိမ်ထဲက အက်စစ်ဓာတ်ကို မြင့်တက်စေတဲ့အပြင် အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေတဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၂။ ဆီကြော် အစားအစာများ

ဒီအစားအစာမှာပါဝင်တဲ့ အဆီတွေဟာ အစာခြေဖို့အတွက် ခက်ခဲပါတယ်။ ဒါ့ကြောင့် အက်ဆစ်များများ ပိုထွက်ပေးရပါတယ်။ ဆီကြော်မုန့်တွေကို ရှောင်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အပြင် ရင်ပူစေခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၃။ အပူအစပ်များ

အပူအစပ်တွေကလည်း အက်စစ်ထွက်ခြင်းကို အားပေးပါတယ်။

၄။ ခရမ်းချဉ်သီး

လတ်ဆတ်တဲ့ခရမ်းချဉ်သီးဟာ ကျန်းမာရေးကိုကောင်းစေပါတယ်။ ဒါပေမယ့် သူ့မှာပါတဲ့ အချဉ်ဓာတ်ဟာ အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၅။ လိမ္မော်သီး

အစာမရှိချိန်မှာ နံနက်စာအဖြစ် လိမ္မော်ရည်ကို သောက်မယ်ဆိုရင် အချဉ်ဓာတ်(အက်ဆစ်) များတဲ့အတွက် ရင်ပူခြင်းကို ဆိုးစေပါတယ်။ အလားတူပဲ စပျစ်၊ ပန်းသီး၊ သစ်တော်သီး နှင့် ချဉ်တဲ့အသီးတွေကို မနက်စောစောမှာ မစားသင့်ပါဘူး။

၆။ ပူစီနံ

ပူစီနံမှာပါဝင်တဲ့ဓာတ်ဟာ အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေပါတယ်။

၇။ အမဲသား

အမဲသားမှာပါဝင်တဲ့ အဆီဓာတ်ဟာ အစာခြေဖို့ ခက်ခဲတဲ့အတွက် အက်ဆစ်ကို ပိုမိုထွက်စေပါတယ်။

၈။ ကော်ဖီ

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ရင်ပူခြင်းကို ဆိုးစေပါတယ်။ နေ့စဉ်သောက်ဖို့ မသင့်တော်ပါဘူး။

၉။ ချိစ်

ချိစ်မှာလည်း အစာခြေဖို့ခက်တဲ့ အဆီဓာတ်များပါဝင်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၁၀။ ဆိုဒါ

ဆိုဒါသောက်ခြင်းဟာ အက်ဆစ်ဓာတ်ကို မြင့်စေပါတယ်။ ဆိုဒါမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အစာအိမ်အတွက် ဆိုးကျိုးကို ဖြစ်စေပါတယ်။ သူ့မှာ ပါတဲ့ဂတ်စ်တွေဟာ အစာရေမျိုကို တက်လာတဲ့အခါ ရင်ပူစေပါတယ်။

(Zawgyi)

ရင္ပူရင္ဆာျဖစ္ေစေသာ အစားအစာ (၁၀) မ်ိဳး

===============================

လူတိုင္းနီးပါး ရင္ဘတ္ထဲမွာ တင္းၾကပ္ၿပီးပူေနတဲ့ လကၡဏာကို ခံစားဖူးၾကမွာပါ။ ျဖစ္ရတဲ့အေၾကာင္းကေတာ့ အစာအိမ္ထဲမွာရွိတဲ့ အက္ဆစ္ေတြ မ်ားလာတဲ့အခါ အစာေရမ်ိဳဆီကို ေရာက္လာတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါကိုအစာေျခရည္ အထက္ဆန္ျခင္း

(Gastroesophageal Reflux Disease) လို႔ ေခၚပါတယ္။ အက္စစ္ေတြ မ်ားလာၿပီဆိုရင္ အစားစားေပးဖို႔ လိုအပ္လာပါၿပီ။ ဒါေပမယ့္ သင္စားလိုက္တဲ့အစာဟာ အက္စစ္ပိုထြက္ေစၿပီး ရင္ပိုပူေစမယ့္ အစာမျဖစ္ေစဖို႔ အေရးႀကီးပါတယ္။ ဒီတစ္ပတ္ေဆာင္းပါးေလးမွာ ရင္ပူရင္ဆာျဖစ္ေစတဲ့ အစားအစာ(၁၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အရက္

အားလုံးသိၿပီးျဖစ္တဲ့အတိုင္း အရက္ဟာ ရင္ပူေစပါတယ္။ ဝိုင္နီ၊ ဘီယာစတာေတြဟာ အစာအိမ္ထဲက အက္စစ္ဓာတ္ကို ျမင့္တက္ေစတဲ့အျပင္ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစတဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၂။ ဆီေၾကာ္ အစားအစာမ်ား

ဒီအစားအစာမွာပါဝင္တဲ့ အဆီေတြဟာ အစာေျခဖို႔အတြက္ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ အက္ဆစ္မ်ားမ်ား ပိုထြက္ေပးရပါတယ္။ ဆီေၾကာ္မုန႔္ေတြကို ေရွာင္မယ္ဆိုရင္ က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့အျပင္ ရင္ပူေစျခင္းမွလည္း ကာကြယ္ေပးပါတယ္။

၃။ အပူအစပ္မ်ား

အပူအစပ္ေတြကလည္း အက္စစ္ထြက္ျခင္းကို အားေပးပါတယ္။

၄။ ခရမ္းခ်ဥ္သီး

လတ္ဆတ္တဲ့ခရမ္းခ်ဥ္သီးဟာ က်န္းမာေရးကိုေကာင္းေစပါတယ္။ ဒါေပမယ့္ သူ႔မွာပါတဲ့ အခ်ဥ္ဓာတ္ဟာ အက္ဆစ္ဓာတ္ျဖစ္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၅။ လိေမၼာ္သီး

အစာမရွိခ်ိန္မွာ နံနက္စာအျဖစ္ လိေမၼာ္ရည္ကို ေသာက္မယ္ဆိုရင္ အခ်ဥ္ဓာတ္(အက္ဆစ္) မ်ားတဲ့အတြက္ ရင္ပူျခင္းကို ဆိုးေစပါတယ္။ အလားတူပဲ စပ်စ္၊ ပန္းသီး၊ သစ္ေတာ္သီး ႏွင့္ ခ်ဥ္တဲ့အသီးေတြကို မနက္ေစာေစာမွာ မစားသင့္ပါဘူး။

၆။ ပူစီနံ

ပူစီနံမွာပါဝင္တဲ့ဓာတ္ဟာ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစပါတယ္။

၇။ အမဲသား

အမဲသားမွာပါဝင္တဲ့ အဆီဓာတ္ဟာ အစာေျခဖို႔ ခက္ခဲတဲ့အတြက္ အက္ဆစ္ကို ပိုမိုထြက္ေစပါတယ္။

၈။ ေကာ္ဖီ

ေကာ္ဖီမွာပါတဲ့ ကဖိန္းဓာတ္ဟာ ရင္ပူျခင္းကို ဆိုးေစပါတယ္။ ေန႔စဥ္ေသာက္ဖို႔ မသင့္ေတာ္ပါဘူး။

၉။ ခ်ိစ္

ခ်ိစ္မွာလည္း အစာေျခဖို႔ခက္တဲ့ အဆီဓာတ္မ်ားပါဝင္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၁၀။ ဆိုဒါ

ဆိုဒါေသာက္ျခင္းဟာ အက္ဆစ္ဓာတ္ကို ျမင့္ေစပါတယ္။ ဆိုဒါမွာပါတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဟာ အစာအိမ္အတြက္ ဆိုးက်ိဳးကို ျဖစ္ေစပါတယ္။ သူ႔မွာ ပါတဲ့ဂတ္စ္ေတြဟာ အစာေရမ်ိဳကို တက္လာတဲ့အခါ ရင္ပူေစပါတယ္။

Crd,က်န္းက်န္းမာမာ

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

(Unicode)

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးသော် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပါ

===============================

ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့် လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်။ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်။ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ် နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက် ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့် အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံ ထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချ ပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။ သတိပြုရန် – ငါးရိုးမျက်နေစဉ် လည်ချောင်း အပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ် ပါနှင့်။ သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများ အတွက် ဒီ Post လေးကို Share ပေးနိုင်ကြ ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်း နိုင်ကြပါစေ။

(Zawgyi)

မေတာ္တဆ လည္ေခ်ာင္းမွာ ငါးအ႐ိုးစူးေသာ္ ဒီနည္းလမ္းေလးေတြလုပ္ၾကည့္ပါ

===============================

ငါး အ႐ိုး မ်က္လွ်င္ အေတာ့္ကို ခံစားရ ခက္သည္မွာ အားလုံးလည္း သိၿပီး ျဖစ္မွာပါ။ တစ္ခါတရံ ခဏေလးနဲ႔ ေပ်ာက္သြားေပမယ့္ အခန႔္မသင့္ လွ်င္ ေဆး႐ုံတက္ၿပီး လည္ေခ်ာင္းကေန ခြဲထုတ္ ရတဲ့ အထိ ျဖစ္တတ္ၾကပါတယ္။ဒါ့ေၾကာင့္ ငါးအ႐ိုးမ်က္လွ်င္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ အိမ္တြင္း ကုထုံးေလးမ်ားကို ရသမွ် စုစည္း၍ တင္ေပးလိုက္ပါတယ္။ကိုယ္နဲ႔ အဆင္ေျပရာနည္းကို ျပဳလုပ္ ႏိုင္ၾကပါတယ္။

(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလုံးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား ၍ေခတၱမ် ငုံထားပါ။ အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါး႐ိုးမ်ားကို တိုက္စား သြားေပ လိမ့္မည္။

(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ ေပ်ာသီးျဖစ္ျဖစ္ အဆင္ေျပ ပါသည္။

(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါး႐ိုးသည္ အခြၽဲမ်ားႏွင့္ အတူ က်သြားမည္။

(၄) သံပုရာသီး သို႔မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို ေခတၱငုံ ထားပါ။ ၿပီးမွ ေရေသာက္လိုက္ပါ။ ငါး႐ိုးမ်က္ျခင္းေပ်ာက္ကင္းသြားလိမ့္မည္။

(၅) ဇီးျဖဴသီးကို အလုံးလိုက္ ဝါးစားၿပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါး႐ိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ့္မည္။

(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါး႐ိုးကို အျမတ္ေခ်ဖ်က္ေပးႏိုင္ပါသည္။

(၇) သံလြင္ဆီ အနည္းငယ္ခန႔္ကို ေသာက္ပါ။ ငါး႐ိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားမည္။ လည္ေခ်ာင္းနာလည္း ေပ်ာက္မည္။

(၈) လိေမၼာ္ရည္၊ သံပုရာရည္တို႔ကို ေဖ်ာ္ေသာက္ပါ။ ၎တို႔မွာ ပါဝင္သည့္ Citric Acid က ငါး႐ိုးမ်ားကို အျမန္ေက်သြားေစပါသည္။

(၉) ထမင္းပူပူေႏြးေႏြးကို အေနေတာ္ခန႔္ လက္ျဖင့္ဆုပ္လုံး၍ မ်ိဳခ် ပါ။ အာေခါင္တြင္ ကပ္ညႇိေနေသာ ငါးအ႐ိုးမ်ား ေအာက္ကို ထိုးက်သြားပါမည္။

(၁၀) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါဝင္သည့္ အခ်ိဳရည္တို႔ကို ေသာက္ပါ။ ငါး႐ိုးကို အျမန္ေပ်ာ့သြားေစပါသည္။ သတိျပဳရန္ – ငါး႐ိုးမ်က္ေနစဥ္ လည္ေခ်ာင္း အျပင္ဘက္မွ ဖိျခင္း၊ ႏွိပ္နယ္ျခင္းမ်ား မျပဳလုပ္ ပါႏွင့္။ သင့္ပတ္ဝန္းက်င္မွာလည္း ငါး႐ိုးမ်က္၍ ဒုကၡေရာက္သူမ်ား အတြက္ ဒီ Post ေလးကို Share ေပးႏိုင္ၾက ပါတယ္။ အားလုံးပဲ ေဘးအႏၲရာယ္ ကင္းရွင္း ႏိုင္ၾကပါေစ။

credit – မူရင္း

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

(Unicode)

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်

====================================

နားသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ရန်အသိဖြင့် နားကျပ်ဂွမ်းဖြင့် ထိုးသွင်းသန့်ရှင်းခြင်းကို ပြုလုပ်ကြသော ကြောင့် အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကလေး ၃၄ ဦးထက်မနည်း အရေးပေါ်ဆေးကုသမှုခံယူ နေကြရကြောင်း အိုဟိုင်းယိုးပြည်နယ်ရှိ Ohio State University မှ သုတေသီများက သတိပေးချက် ထုတ်ပြန်ထားသည်။

နားကျပ်တဲ့ဂွမ်းတွေက ကြည့်လိုက်ရင် ထိခိုက်မှုမပြုနိုင်ဘူးလို့ထင်ရပါတယ်။ နောက်ပြီး နားသန့်ရှင်းရေး ကို မှန်မှန်လုပ်ရမယ်လို့ လူတွေက ထင်ကြပါတယ်။ တစ်ကယ်တော့ နားထဲကို အဲဒီနားကျပ်တဲ့ဂွမ်းနဲ့ မကြာခဏထိုးသွင်းနေကြတဲ့အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်ဟု သုတေသီ ဒေါက် တာ Kris Jatana က ပြောပြသည်။

တစ်ကယ်တော့ နားမှာ သူ့အလိုအလျောက် သန့်ရှင်းတဲ့စနစ် ပါဝင်ပါတယ်။ နားဖာချေးက အမှိုက်တွေ ကို ဖမ်းယူပြီး နားရဲ့အပြင်ဘက်ကို တွန်းထုတ်ပေးပါတယ်။ နားအတွင်းပိုင်းကို စိုစွတ်ချောမွေ့စေပါတယ်။ မိုက်ခရိုဗက်တီးရီးယားတွေကိုလည်း သုတ်သင်နိုင်တဲ့အစွမ်း ရှိပါတယ်။

နားဖာချေးက နားအပြင်ဘက်ကို ရောက်လာမှ အဝတ်စအစိုလေးနဲ့ အသာအယာပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးရမှာပါ။ နားထဲကို မည်သည့် အရာမှ ထိုးမထည့်တာ အကောင်းဆုံးဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ နားကျပ်သောဂွမ်းကို ၁၉၂၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ သို့သော် ၁၉၇၀ နောက်ပိုင်းတွင် ၎င်းနား ကျပ်ဂွမ်းများ၏ အန္တရာယ်ကို ဆရာဝန်များက သတိပေးလာကြောင်း၊ ၎င်းဂွမ်းချောင်းများသည် နားဖာချေး ကို ပို၍နက်သောနေရာထဲသို့ တွန်းပို့ပေးနိုင်ကြောင်း၊ နားဖာချေးများ နားအတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုမိ၊ခဲမိသွားပြီး နားစည်ပျက်စီးမှုကို ဖြစ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် ထိုးသွင်းချိန်၌ အရှိန်လွန်ပြီး နားစည်ပေါက်သည့်ကလေးများလည်း အများအပြားရှိကြောင်း၊ လွန်ခဲ့သော ၂၁ နှစ်အတွင်း အသက် ၁၈ နှစ်အောက်အရွယ် လူပေါင်း ၂၆၃၀၀၀ ဦးထက်မနည်းသည် နားကျပ်ဂွမ်းကိုအသုံးပြုမိရာမှ နားထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ၎င်းအရေအတွက်သည် တစ်လလျင် ၁၀၀၀ ဦး၊ တစ်ရက်လျင် ၃၄ ဦးနှင့် ညီမျှကြောင်း သိရ သည်။

(Zawgyi)

နားက်ပ္ဂြမ္းက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုျဖစ္ေစႏိုင္

====================================

နားသန္႔ရွင္းေရးကို ပုံမွန္ျပဳလုပ္ရန္အသိျဖင့္ နားက်ပ္ဂြမ္းျဖင့္ ထိုးသြင္းသန္႔ရွင္းျခင္းကို ျပဳလုပ္ၾကေသာ ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေန႔စဥ္ ကေလး ၃၄ ဦးထက္မနည္း အေရးေပၚေဆးကုသမႈခံယူ ေနၾကရေၾကာင္း အိုဟိုင္းယိုးျပည္နယ္ရွိ Ohio State University မွ သုေတသီမ်ားက သတိေပးခ်က္ ထုတ္ျပန္ထားသည္။

နားက်ပ္တဲ့ဂြမ္းေတြက ၾကည့္လိုက္ရင္ ထိခိုက္မႈမျပဳႏိုင္ဘူးလို႔ထင္ရပါတယ္။ ေနာက္ၿပီး နားသန္႔ရွင္းေရး ကို မွန္မွန္လုပ္ရမယ္လို႔ လူေတြက ထင္ၾကပါတယ္။ တစ္ကယ္ေတာ့ နားထဲကို အဲဒီနားက်ပ္တဲ့ဂြမ္းနဲ႔ မၾကာခဏထိုးသြင္းေနၾကတဲ့အတြက္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကိုပိုျဖစ္ေစပါတယ္ဟု သုေတသီ ေဒါက္ တာ Kris Jatana က ေျပာျပသည္။

တစ္ကယ္ေတာ့ နားမွာ သူ႔အလိုအေလ်ာက္ သန္႔ရွင္းတဲ့စနစ္ ပါဝင္ပါတယ္။ နားဖာေခ်းက အမႈိက္ေတြ ကို ဖမ္းယူၿပီး နားရဲ႕အျပင္ဘက္ကို တြန္းထုတ္ေပးပါတယ္။ နားအတြင္းပိုင္းကို စိုစြတ္ေခ်ာေမြ႕ေစပါတယ္။ မိုက္ခ႐ိုဗက္တီးရီးယားေတြကိုလည္း သုတ္သင္ႏိုင္တဲ့အစြမ္း ရွိပါတယ္။

နားဖာေခ်းက နားအျပင္ဘက္ကို ေရာက္လာမွ အဝတ္စအစိုေလးနဲ႔ အသာအယာပြတ္ၿပီး သန္႔ရွင္းေရးလုပ္ေပးရမွာပါ။ နားထဲကို မည္သည့္ အရာမွ ထိုးမထည့္တာ အေကာင္းဆုံးျဖစ္ပါတယ္ ဟု ၎က ဆက္လက္ရွင္းျပသည္။ နားက်ပ္ေသာဂြမ္းကို ၁၉၂၃ ခုႏွစ္က စတင္အသုံးျပဳခဲ့ေၾကာင္း၊ သို႔ေသာ္ ၁၉၇၀ ေနာက္ပိုင္းတြင္ ၎နား က်ပ္ဂြမ္းမ်ား၏ အႏၲရာယ္ကို ဆရာဝန္မ်ားက သတိေပးလာေၾကာင္း၊ ၎ဂြမ္းေခ်ာင္းမ်ားသည္ နားဖာေခ်း ကို ပို၍နက္ေသာေနရာထဲသို႔ တြန္းပို႔ေပးႏိုင္ေၾကာင္း၊ နားဖာေခ်းမ်ား နားအတြင္းပိုင္း နက္ရႈိင္းေသာ ေနရာတြင္ စုမိ၊ခဲမိသြားၿပီး နားစည္ပ်က္စီးမႈကို ျဖစ္ေစႏိုင္ေၾကာင္း သိရသည္။

ထို႔အျပင္ ထိုးသြင္းခ်ိန္၌ အရွိန္လြန္ၿပီး နားစည္ေပါက္သည့္ကေလးမ်ားလည္း အမ်ားအျပားရွိေၾကာင္း၊ လြန္ခဲ့ေသာ ၂၁ ႏွစ္အတြင္း အသက္ ၁၈ ႏွစ္ေအာက္အ႐ြယ္ လူေပါင္း ၂၆၃၀၀၀ ဦးထက္မနည္းသည္ နားက်ပ္ဂြမ္းကိုအသုံးျပဳမိရာမွ နားထိခိုက္ဒဏ္ရာရၿပီး ေဆး႐ုံတက္ေရာက္ကာ ေဆးကုသမႈခံယူခဲ့ရ ေၾကာင္း၊ ၎အေရအတြက္သည္ တစ္လလ်င္ ၁၀၀၀ ဦး၊ တစ္ရက္လ်င္ ၃၄ ဦးႏွင့္ ညီမွ်ေၾကာင္း သိရ သည္။

Crd,က်န္းမာေရး