Shangyimm

- လူမႈမီဒီယာမ်ားႏွင့္ အင္တာနက္ေပၚရွိ စိတ္၀င္စားစရာ အေၾကာင္းအရာမ်ားကုိ လူအမ်ား ဖတ္ရႈနုိင္ရန္ တဆင့္ျပန္လည္ တင္ဆက္ေပးျခင္းသာ ျဖစ္ပါသည္္။ သုိ႔ပါ၍ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားႏွင့္ စာေရးသူမ်ားကုိ ေလးစားစြာျဖင္႔ Credit ေပးပါသည္။ မူရင္းပိုင္ရွင္မ်ား အေနျဖင့္ မိမိတုိ ့Content မ်ားကုိ shangyimm.com တြင္ ကူးယူေဖာ္ျပျခင္းအား ကန္ ့ကြက္လုိပါက shangyimm2017@gmail.com သို႕ေပးပုိ ့ကန္ ့ကြက္ႏိုင္ပါတယ္ ခင္ဗ်ာ။ ေလးစားစြာျဖင့္…

Author: Shangyi

ထောပတ်သီးဖျော်ရည်သောက်သုံးခြင်းမှ ရရှိနိုင်တဲ့ အံ့မခန်းကောင်းကျိုးများ

ထောပတ်သီးဖျော်ရည်သောက်သုံးခြင်းမှ ရရှိနိုင်တဲ့ အံ့မခန်းကောင်းကျိုးများ

(၁) ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း။

(၂)နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း။

(၃)အမြင်အာရုံကို ကောင်းမွန်စေခြင်း။

(၄)ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေခြင်း။

(၅)သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း။

(၆) ကင်ဆာရောဂါကို မဖြစ်ပွားနိုင်အောင် တားဆီးပေးနိုင်ခြင်း။

(၇)အသားအရေကို ဝင်းလက်တောက်ပစေခြင်း။

ဒါကြောင့် ထောပတ်သီး ဖျော်ရည်ကို သောက်ဖို့တော့လိုပြီနော်။

(Zawgyi)

ေထာပတ္သီးေဖ်ာ္ရည္ေသာက္သုံးျခင္းမွ ရရွိႏိုင္တဲ့ အံ့မခန္းေကာင္းက်ိဳးမ်ား

(၁) ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးႏိုင္ျခင္း။

(၂)ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း။

(၃)အျမင္အာ႐ုံကို ေကာင္းမြန္ေစျခင္း။

(၄)ကိုယ္ခံအားကို ပိုမိုေကာင္းမြန္ေစျခင္း။

(၅)ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ျခင္း။

(၆) ကင္ဆာေရာဂါကို မျဖစ္ပြားႏိုင္ေအာင္ တားဆီးေပးႏိုင္ျခင္း။

(၇)အသားအေရကို ဝင္းလက္ေတာက္ပေစျခင္း။

ဒါေၾကာင့္ ေထာပတ္သီး ေဖ်ာ္ရည္ကို ေသာက္ဖို႔ေတာ့လိုၿပီေနာ္။

Crd,copy

ဆံပင်ကျွတ်ခြင်းနှင့်သွေးအားနည်းခြင်း ဆက်စပ်မှုရှိသလား

ဆံပင်ကျွတ်ခြင်းနှင့်သွေးအားနည်းခြင်း ဆက်စပ်မှုရှိသလား

သွေးအားနည်းခြင်းကအမျိုးသားတွေထက်
အမျိုးသမီးတွေမှာပိုဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ

သွေးအားနည်းခြင်းက ဆံပင်ကျွတ်ခြင်းနှင့်
ဘယ်လိုဆက်နွယ်မှုရှိနေသလဲ

သွေးနီဥတွေလုံလုံလောက်လောက်မရှိတဲ့အခါ ဆံပင်ကျွတ်ပါတယ်

ဘာကြောင့်လဲ

သွေးနီဥတွေကလိုအပ်တဲ့oxygenကိုသယ်ပြီး
ဆံပင်တွေဆီကိုပို့ပေးတာပါအာ့တော့မှဆံပင်တွေကလိုအပ်တဲ့အာဟာရ အောက်ဆီဂျင်တွေရပြီး ကောင်းစွာရှင်သန်ကြီးထွားကြတာပါ

သွေးနီဥထုတ်ဖို့ သံဓါတ်လိုအပ်တယ်သွေးအားနည်းတဲ့အခါသွေးနီဥလဲမထုတ်နိုင်တော့ဘူး

သွေးနီဥမလုံလောက်တဲ့အခါဆံပင်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေလဲ
လုံလောက်စွာမရရှိနိုင်တော့တာမို့ဆံပင်ကျွတ်ခြင်းဆိုတာဖြစ်ပေါ်လာပါတယ်

ကဲဒီလောက်ဆိုရင်သွေးအားနည်းခြင်းနှင့်ဆံပင်ကျွတ်ခြင်းကဘယ်လိုဆက်စပ်မှုရှိနေတယ်ဆိုတာသိလောက်ပြီထင်ပါတယ်နော်

(Zawgyi)

ဆံပင္ကြၽတ္ျခင္းႏွင့္ေသြးအားနည္းျခင္း ဆက္စပ္မႈရွိသလား

ေသြးအားနည္းျခင္းကအမ်ိဳးသားေတြထက္
အမ်ိဳးသမီးေတြမွာပိုျဖစ္တတ္တဲ့ျပႆနာတစ္ခုပါ

ေသြးအားနည္းျခင္းက ဆံပင္ကြၽတ္ျခင္းႏွင့္
ဘယ္လိုဆက္ႏြယ္မႈရွိေနသလဲ

ေသြးနီဥေတြလုံလုံေလာက္ေလာက္မရွိတဲ့အခါ ဆံပင္ကြၽတ္ပါတယ္

ဘာေၾကာင့္လဲ

ေသြးနီဥေတြကလိုအပ္တဲ့oxygenကိုသယ္ၿပီး
ဆံပင္ေတြဆီကိုပို႔ေပးတာပါအာ့ေတာ့မွဆံပင္ေတြကလိုအပ္တဲ့အာဟာရ ေအာက္ဆီဂ်င္ေတြရၿပီး ေကာင္းစြာရွင္သန္ႀကီးထြားၾကတာပါ

ေသြးနီဥထုတ္ဖို႔ သံဓါတ္လိုအပ္တယ္ေသြးအားနည္းတဲ့အခါေသြးနီဥလဲမထုတ္ႏိုင္ေတာ့ဘူး

ေသြးနီဥမလုံေလာက္တဲ့အခါဆံပင္အတြက္လိုအပ္တဲ့အာဟာရဓါတ္ေတြလဲ
လုံေလာက္စြာမရရွိႏိုင္ေတာ့တာမို႔ဆံပင္ကြၽတ္ျခင္းဆိုတာျဖစ္ေပၚလာပါတယ္

ကဲဒီေလာက္ဆိုရင္ေသြးအားနည္းျခင္းႏွင့္ဆံပင္ကြၽတ္ျခင္းကဘယ္လိုဆက္စပ္မႈရွိေနတယ္ဆိုတာသိေလာက္ၿပီထင္ပါတယ္ေနာ္

crd,copy
photo crd

ရှမ်းပဲပုပ် ထောင်းနည်း

ရှမ်းပဲပုပ် ထောင်းနည်း

ပဲပုပ်၃ချပ်(မီးကင်ထားပါ)ကိုင်းခရမ်းချဉ်သီး၂ လုံး(ပြု တ်လဲရ၊မီးကင်လဲရ၊မီးကင်တော့ပိုမွှေးကြက်သွန်ဖြူ ၁ဥ

ငရုတ်အပုတောင့်၂တောင့်ကြော်ထားပါငရုတ်သီး စိမ်း ၃တောင့်မီးကင်ထားပါ အရင်ဆုံးငရုတ်သီးကြော်လေးထည့်ထောင်းပါ

ညက်ရင်ငရုတ်သီးစိမ်းကြက်သွန်ဖြူ၊ဆား၊အရသာအန ည်းငယ်သာထည့်ထောင်းပါပဲပုပ်ထည့်ထောင်းပါ

နောက်ဆုံးမှခရမ်းချဉ်သီးထည့်ထောင်းရင်ရပါပြီရှင်

(Zawgyi)

ရွမ္းပဲပုပ္ ေထာင္းနည္း

ပဲပုပ္၃ခ်ပ္(မီးကင္ထားပါ)ကိုင္းခရမ္းခ်ဥ္သီး၂ လုံး(ျပဳ တ္လဲရ၊မီးကင္လဲရ၊မီးကင္ေတာ့ပိုေမႊးၾကက္သြန္ျဖဴ ၁ဥ

င႐ုတ္အပုေတာင့္၂ေတာင့္ေၾကာ္ထားပါင႐ုတ္သီး စိမ္း ၃ေတာင့္မီးကင္ထားပါ အရင္ဆုံးင႐ုတ္သီးေၾကာ္ေလးထည့္ေထာင္းပါ

ညက္ရင္င႐ုတ္သီးစိမ္းၾကက္သြန္ျဖဴ၊ဆား၊အရသာအန ည္းငယ္သာထည့္ေထာင္းပါပဲပုပ္ထည့္ေထာင္းပါ

ေနာက္ဆုံးမွခရမ္းခ်ဥ္သီးထည့္ေထာင္းရင္ရပါၿပီရွင္

photo crd

Credit ပန္းခေရ

ဆီးချိုရောဂါ ကာကွယ်ကုသရေးမှာ လမ်းလျှောက်ခြင်းရဲ့ အကျိုးရှိပုံ

🇶 ဆီးချိုရောဂါ ကာကွယ်ကုသရေးမှာ လမ်းလျှောက်ခြင်းရဲ့ အကျိုးရှိပုံတွေကို ရှင်းပြပေးပါ။

🇦 ဆီးချိုရောဂါအမှတ်-၂ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းဟာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် နေ့စဉ် လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခဲ့ရင် ဆီးချိုရောဂါ ဖြစ်ပွားမယ့် အလားအလာကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ ဖြစ်နေသူတွေ အနေနဲ့လည်း ဆေးတွေပဲ ထိုင်သောက်နေလို့ကတော့ ဆီးချိုထိန်းချုပ်ရဖို့ သိပ်မလွယ်ပါဘူး။ ဆေးလည်းသောက် လမ်းလည်းလျှောက်ခဲ့ရင် အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းရည် (Insulin sensitivity) ပိုကောင်းလာလို့ သောက်ရတဲ့ဆေးပမာဏကိုလည်း လျော့နည်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ နှလုံးနဲ့သွေးကြောရောဂါ၊ လေဖြတ်ရောဂါတွေကနေ ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတိုင်း နေ့စဉ်မပျက်မကွက် လမ်းလျှောက်ပေးဖို့ တိုက်တွန်းပါရစေ။

(Zawgyi)

🇶 ဆီးခ်ိဳေရာဂါ ကာကြယ္ကုသေရးမွာ လမ္းေလွ်ာက္ျခင္းရဲ႕ အက်ိဳးရွိပုံေတြကို ရွင္းျပေပးပါ။

🇦 ဆီးခ်ိဳေရာဂါအမွတ္-၂ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းေတြထဲမွာ ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္းဟာ နံပါတ္ (၁) ေနရာမွာ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ လမ္းေလွ်ာက္ျခင္း သို႔မဟုတ္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ေပးခဲ့ရင္ ဆီးခ်ိဳေရာဂါ ျဖစ္ပြားမယ့္ အလားအလာကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳေရာဂါ ျဖစ္ေနသူေတြ အေနနဲ႔လည္း ေဆးေတြပဲ ထိုင္ေသာက္ေနလို႔ကေတာ့ ဆီးခ်ိဳထိန္းခ်ဳပ္ရဖို႔ သိပ္မလြယ္ပါဘူး။ ေဆးလည္းေသာက္ လမ္းလည္းေလွ်ာက္ခဲ့ရင္ အင္ဆူလင္ေဟာ္မုန္းရဲ႕ စြမ္းရည္ (Insulin sensitivity) ပိုေကာင္းလာလို႔ ေသာက္ရတဲ့ေဆးပမာဏကိုလည္း ေလ်ာ့နည္းေစတဲ့အျပင္ ေနာက္ဆက္တြဲ ျပႆနာေတြျဖစ္တဲ့ ႏွလုံးနဲ႔ေသြးေၾကာေရာဂါ၊ ေလျဖတ္ေရာဂါေတြကေန ကာကြယ္ေပးရာ ေရာက္ပါတယ္။ ဒါ့ေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူတိုင္း ေန႔စဥ္မပ်က္မကြက္ လမ္းေလွ်ာက္ေပးဖို႔ တိုက္တြန္းပါရေစ။

Crd,ေဒါက္တာခင္ေမာင္လြင္ (FAME)

မိန်းမ မတက်ရတဲ့ ဘုရားများဆိုတာ

မိန်းမ မတက်ရတဲ့ ဘုရားများဆိုတာ

မက္ကဆီကို နိုင်ငံဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ ခရစ်ယာန်များတဲ့ နိုင်ငံ။ အဲဒီ မက္ကဆီကိုက ဗုဒ္ဓဘာသာ ဖြစ်စ လူ (၃၀) လောက် မြန်မာပြည် ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးပြီးတော့ စစ်ကိုင်း ရောက်လာတယ်။ ရောက်လာပြီး ပါချုပ်ဆရာတော် ကျောင်း ရောက်လာပြီးတော့ ကျောင်းစောင့်တွေကို ခွင့်တောင်းတယ်။ “ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်” တဲ့။

ဒါနဲ့ ဆရာတော်ကို နိုင်ငံခြားသားတွေကတွေ့တဲ့အခါ မက္ကဆီကန်သူ အမျိုးသမီး တစ်ယောက်က ဘာမေးတုန်း ဆိုရင် “ဘုရားကြီး ဝင်ပြီး ဖူးတဲ့အခါမှာ (အမျိုးသမီးမဝင်ရ) ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာ တယ်တဲ့။ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြား ဆက်ဆံ သလား” တဲ့။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ထိစပ်နေတဲ့ နေရာ အတော်များများမှာ အဆိုပါ ဆိုင်းပုဒ်နဲ့ စည်းကမ်းလေး တွေ တွေ့ဖူးကြမှာပါ။ ဥပမာ – ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ မှာဆိုရင် “အမျိုးသမီး မတက်ရ” ဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားတာ ရှိတယ်။ ကျိုက်ထီးရိုး ဘုရားမှာ ကျတော့လဲ “တံတားကို အမျိုးသမီး မကူးရ” ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန် Tour Guide တွေ ခဏခဏ ပြဿနာတက်တတ် ကြတယ်။

ဆိုတော့ အခုလည်း မက္ကဆီကန်က အသစ်စက်စက် ဗုဒ္ဓဘာသာ ဖြစ်ခါစ နိုင်ငံခြားသူ က မကျေနပ် ဘူး။ သူတို့ နိုင်ငံခြားက လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အင်မတန် စူးစမ်းကြတာလေ။ တစ်ခုခု ဆိုရင် တိကျတဲ့ အဖြေမရ မချင်း ဇွတ်ကို မေးနေမှာ။ ခုလဲ ဒီကိစ္စကို မရဘူး။ သူလက်မခံဘူးပေါ့။ သူက ယောက်ျားရှေ့က နေချင်တာ။ အဲ့တော့ ယောက်ျားတွေချည်း တစွက်စွက် ဝင်သွားပြီး မိန်းမသားတွေ မဝင်ရဘူး ဆိုတော့ ဒါက မိန်းမသားတွေကို ဘာသာရေးမှာ သက်သက် နှိမ်တယ်လို့ စိတ်ထဲမှာ ထင်ကြောင်း ပါချုပ် ဆရာတော်ကို လျှောက်တယ်။

ပါချုပ် ဆရာတော် က ဘာပြန်မိန့်သလဲဆိုတော့ – “This is not Buddhism. This is a tradition.” ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့။ ဒါဟာ “tradition” မြန်မာတို့ရဲ့ ဓလေ့ထုံးစံ ခေါ်တယ်လို့ ပြောတော့မှ ကျေနပ် သွားတယ်။

Tour Guide လုပ်တဲ့ လူတွေကိုလည်း ပါချုပ်ဆရာတော်ဟာ တဆက်ထဲမှာလိုက်တယ်။ “မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့။ Guide လုပ်တဲ့လူကို အဲဒီလိုမေးလိုက်လို့ Guide ဖြစ်တဲ့လူက အယောင်ယောင်အမှားမှားနဲ့ အမျိုးသမီးဆိုတာ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အဲဒီလိုတွေ မပြောနဲ့တဲ့။ သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျား တောင် ရှိသေးတယ်တဲ့” ဆရာတော်က မိန့်တယ်။

ဆက်လက်ပြီး ဆရာတော်က – “သီဟိုဠ်မှာဆိုရင် သူတလှည့် ကိုယ်တလှည့် ဝတ်နေတာ။ ထမီရယ် လုံချည်ရယ် ရှိတာ မဟုတ်ပဲ။ ဘာမှ မထူးဘူး။ ခေါင်းအုံးပေါ်လဲ ခြေထောက် တင်တာပဲ အဲဒီလူတွေ။ အဲဒီတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ ရမှာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

သို့သော် ဗမာတွေ အယူအဆနော်။ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ။ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန်စိတ်ဆိုးမယ်။ ဒါက tradition ပဲပေါ့။ ခေါင်းမကိုင်နဲ့ ခေါင်းကိုင်ရင် မကြိုက် ဘူး။ ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ။ အဲဒါ သီဟိုဠ်တွေက ဘာရယ် မဟုတ်ဘူး။ လူကို ချစ်လို့ရှိရင် ခေါင်းကိုင်တယ်။

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့တစ်ဦး tradition တွေက မတူဘူး။ ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး။ ခြေထောက်နဲ့ ပြတယ်။ (ဗမာကျတော့ ဒါ အင်မတန်ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာ မဖြစ်ဘူး။ “ဟာ ဒီကောင် ရိုင်းလှချည်လား” ဆို ရန်ဖြစ်ကြ။ သူကလဲ ဘာရိုင်းမှန်း မသိဘူး။ ရိုင်းလှချည်လားဆို သူ့ကိုယ်သူလဲ ဘာရိုင်းမှန်းမှ မသိတာ။ သူ လုပ်နေကျပဲ ခြေထောက်နဲ့ ပြတယ်လေ။ ဒါ သူ့ ခြေထောက် အားလို့ ခြေထောက်နဲ့ ပြတာပေါ့။ ကိုယ်အားတာ ကိုယ်လုပ်တာ။ လက်နဲ့ ခြေထောက် တူတူပိုင်တာပဲ။

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်။ ယဉ်ကျေးတယ်လို့ ယူဆကြတယ်။အဲဒီလို ယူဆတာ။

သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး။ ဘာလုပ်တုန်း။ ဘုန်းကြီးဘက် ခြေထောက်လေးတွေ ဆင်းပြီး ထိုင်ကြတယ်။ အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်။ အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီး ဘက်ကို ခြေဆင်းထိုင်ကြတယ်။ လက်အုပ်တော့ ချီထားတယ်။ ခြေစုံလက်စုံမိုးတယ် ဆိုတာ အဲဒါ ခေါ်တာ။ ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်။ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်။ ခြေစုံလက်စုံမိုး ဒါ သူတို့ tradition ပဲ။ သွားပြောလို့ မရဘူးလေ။

သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး။ ဗမာကတော့ ခြေထောက်ကို အလွန် ယုတ်ညံ့တယ်။ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး၊ သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး။ နောက်ပစ်ထားရတယ်နော်။ သူတို့ကျတော့ ခြေထောက်နဲ့ ခေါင်း တူတူပဲ။ ဘာမှ မထူးဘူး။

အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်။ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ဝင်ရောက် နေတာ။ ဗုဒ္ဓရဲ့ အဆုံးအမ အစစ်က ခုနက ပြောတဲ့ အတိုင်းပဲ။

ဘယ်အချိန်လုပ်လုပ် ကောင်းတာ လုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ။ ကောင်းကင်က ကြယ်တွေက ကိုယ့် ကိုဘာမှ မတတ်နိုင်ဘူး။ ကောင်းကင် နက္ခတ်တွေက ကိုယ့်ကို ဘာမှ မတတ်နိုင်ဘူး။ ကိုယ် လုပ်သင့် မလုပ်သင့် ကိုယ့်ဟာ ကိုယ်ပဲ နားလည်ရမယ်။ အကုသိုလ် မဖြစ်အောင် လုပ်ရမယ်။ ကုသိုလ် ဖြစ် အောင် သတိဆောင်ရမယ်။ ဒါ မြတ်စွာဘုရားရဲ့အဆုံးအမ အခြေခံပဲ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ် ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ် ကောင်းတယ်။ အကုသိုလ်ဖြစ်တဲ့ အလုပ်မှန်သမျှ မလုပ်ကောင်းဘူး။ ဒီလိုပဲ သတ်မှတ်တယ်။

(Zawgyi)

မိန္းမ မတက္ရတဲ့ ဘုရားမ်ားဆိုတာ

မကၠဆီကို ႏိုင္ငံဆိုတာ အားလုံးသိၾကတဲ့ အတိုင္းပဲ ခရစ္ယာန္မ်ားတဲ့ ႏိုင္ငံ။ အဲဒီ မကၠဆီကိုက ဗုဒၶဘာသာ ျဖစ္စ လူ (၃၀) ေလာက္ ျမန္မာျပည္ ေရာက္လာတယ္။ ေရာက္လာတဲ့အခါက်ေတာ့ မႏၲေလးက မဟာျမတ္မုနိဘုရားႀကီး ဝင္ဖူးၿပီးေတာ့ စစ္ကိုင္း ေရာက္လာတယ္။ ေရာက္လာၿပီး ပါခ်ဳပ္ဆရာေတာ္ ေက်ာင္း ေရာက္လာၿပီးေတာ့ ေက်ာင္းေစာင့္ေတြကို ခြင့္ေတာင္းတယ္။ “ဆရာေတာ္နဲ႔ေတြ႕တုန္း ေမးစရာရွိတာေလး ေမးခ်င္ပါတယ္” တဲ့။

ဒါနဲ႔ ဆရာေတာ္ကို ႏိုင္ငံျခားသားေတြကေတြ႕တဲ့အခါ မကၠဆီကန္သူ အမ်ိဳးသမီး တစ္ေယာက္က ဘာေမးတုန္း ဆိုရင္ “ဘုရားႀကီး ဝင္ၿပီး ဖူးတဲ့အခါမွာ (အမ်ိဳးသမီးမဝင္ရ) ဆိုတဲ့ ဆိုင္းဘုတ္ ေတြ႕လာ တယ္တဲ့။ ဗုဒၶဘာသာက အဲဒီလို ခြဲျခား ဆက္ဆံ သလား” တဲ့။

ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာနဲ႔ ထိစပ္ေနတဲ့ ေနရာ အေတာ္မ်ားမ်ားမွာ အဆိုပါ ဆိုင္းပုဒ္နဲ႔ စည္းကမ္းေလး ေတြ ေတြ႕ဖူးၾကမွာပါ။ ဥပမာ – ေ႐ႊတိဂုံဘုရားရဲ႕ အလယ္ပစၥယံ မွာဆိုရင္ “အမ်ိဳးသမီး မတက္ရ” ဆိုတဲ့ ဆိုင္းဘုတ္ေထာင္ ထားတာ ရွိတယ္။ က်ိဳက္ထီး႐ိုး ဘုရားမွာ က်ေတာ့လဲ “တံတားကို အမ်ိဳးသမီး မကူးရ” ဆိုတာမ်ိဳးေတြ ရွိတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဒီႏိုင္ငံအေၾကာင္း သိပ္မသိတဲ့ ႏိုင္ငံျခားသား ဧည့္သည္ေတြနဲ႔ ဧည့္လမ္းၫႊန္ Tour Guide ေတြ ခဏခဏ ျပႆနာတက္တတ္ ၾကတယ္။

ဆိုေတာ့ အခုလည္း မကၠဆီကန္က အသစ္စက္စက္ ဗုဒၶဘာသာ ျဖစ္ခါစ ႏိုင္ငံျခားသူ က မေက်နပ္ ဘူး။ သူတို႔ ႏိုင္ငံျခားက လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြက အင္မတန္ စူးစမ္းၾကတာေလ။ တစ္ခုခု ဆိုရင္ တိက်တဲ့ အေျဖမရ မခ်င္း ဇြတ္ကို ေမးေနမွာ။ ခုလဲ ဒီကိစၥကို မရဘူး။ သူလက္မခံဘူးေပါ့။ သူက ေယာက္်ားေရွ႕က ေနခ်င္တာ။ အဲ့ေတာ့ ေယာက္်ားေတြခ်ည္း တစြက္စြက္ ဝင္သြားၿပီး မိန္းမသားေတြ မဝင္ရဘူး ဆိုေတာ့ ဒါက မိန္းမသားေတြကို ဘာသာေရးမွာ သက္သက္ ႏွိမ္တယ္လို႔ စိတ္ထဲမွာ ထင္ေၾကာင္း ပါခ်ဳပ္ ဆရာေတာ္ကို ေလွ်ာက္တယ္။

ပါခ်ဳပ္ ဆရာေတာ္ က ဘာျပန္မိန႔္သလဲဆိုေတာ့ – “This is not Buddhism. This is a tradition.” ဒါ ဗုဒၶဘာသာနဲ႔ မဆိုင္ဘူးလို႔။ ဒါဟာ “tradition” ျမန္မာတို႔ရဲ႕ ဓေလ့ထုံးစံ ေခၚတယ္လို႔ ေျပာေတာ့မွ ေက်နပ္ သြားတယ္။

Tour Guide လုပ္တဲ့ လူေတြကိုလည္း ပါခ်ဳပ္ဆရာေတာ္ဟာ တဆက္ထဲမွာလိုက္တယ္။ “မင္းတို႔ ရွည္ရွည္ေဝးေဝးေတြ ေလွ်ာက္မေျပာနဲ႔။ Guide လုပ္တဲ့လူကို အဲဒီလိုေမးလိုက္လို႔ Guide ျဖစ္တဲ့လူက အေယာင္ေယာင္အမွားမွားနဲ႔ အမ်ိဳးသမီးဆိုတာ ဘုရားေရွ႕မွာ မေတာ္လို႔လို႔၊ ထမီေတြနဲ႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ ဆိုၿပီး အဲဒီလိုေတြ မေျပာနဲ႔တဲ့။ သူတို႔ဆီမွာ ထမီ ေခါင္းေပါင္းၿပီး ေရခ်ိဳးတဲ့ ေယာက္်ား ေတာင္ ရွိေသးတယ္တဲ့” ဆရာေတာ္က မိန႔္တယ္။

ဆက္လက္ၿပီး ဆရာေတာ္က – “သီဟိုဠ္မွာဆိုရင္ သူတလွည့္ ကိုယ္တလွည့္ ဝတ္ေနတာ။ ထမီရယ္ လုံခ်ည္ရယ္ ရွိတာ မဟုတ္ပဲ။ ဘာမွ မထူးဘူး။ ေခါင္းအုံးေပၚလဲ ေျခေထာက္ တင္တာပဲ အဲဒီလူေတြ။ အဲဒီေတာ့ ေျခေထာက္က နိမ့္က်ၿပီး ေခါင္းက ျမတ္တယ္လို႔ ဘယ္လိုလုပ္ ေျပာလို႔ ရမွာလဲ။ ခႏၶာကိုယ္တစ္ခုလုံးဟာ တူတူပဲေပါ့။

သို႔ေသာ္ ဗမာေတြ အယူအဆေနာ္။ ေခါင္းရင္းဆိုရင္ အမြန္အျမတ္ ထားတယ္ေလ။ ေခါင္းရင္းကို ေျခေထာက္ထားရင္ အလြန္စိတ္ဆိုးမယ္။ ဒါက tradition ပဲေပါ့။ ေခါင္းမကိုင္နဲ႔ ေခါင္းကိုင္ရင္ မႀကိဳက္ ဘူး။ ထိုင္းေလးေတြဆိုရင္ ေခါင္းသြားကိုင္ရင္ ရန္သူပဲ။ အဲဒါ သီဟိုဠ္ေတြက ဘာရယ္ မဟုတ္ဘူး။ လူကို ခ်စ္လို႔ရွိရင္ ေခါင္းကိုင္တယ္။

အဲဒီလိုမ်ိဳးေတြ တစ္ဦးနဲ႔တစ္ဦး tradition ေတြက မတူဘူး။ ၿပီးေတာ့ သီဟိုဠ္တို႔ Chinese တို႔က တစ္ခုခုျပရင္ လက္နဲ႔ မျပဘူး။ ေျခေထာက္နဲ႔ ျပတယ္။ (ဗမာက်ေတာ့ ဒါ အင္မတန္႐ိုင္းတယ္) ဒါ သူတို႔ tradition ပဲလို႔ ကိုယ္က နားလည္လို႔ရွိရင္ ျပႆနာ မျဖစ္ဘူး။ “ဟာ ဒီေကာင္ ႐ိုင္းလွခ်ည္လား” ဆို ရန္ျဖစ္ၾက။ သူကလဲ ဘာ႐ိုင္းမွန္း မသိဘူး။ ႐ိုင္းလွခ်ည္လားဆို သူ႔ကိုယ္သူလဲ ဘာ႐ိုင္းမွန္းမွ မသိတာ။ သူ လုပ္ေနက်ပဲ ေျခေထာက္နဲ႔ ျပတယ္ေလ။ ဒါ သူ႔ ေျခေထာက္ အားလို႔ ေျခေထာက္နဲ႔ ျပတာေပါ့။ ကိုယ္အားတာ ကိုယ္လုပ္တာ။ လက္နဲ႔ ေျခေထာက္ တူတူပိုင္တာပဲ။

သို႔ေသာ္ tradition အရ ဒါေတြ ႐ိုင္းစိုင္းတယ္လို႔ ယူဆတယ္။ ယဥ္ေက်းတယ္လို႔ ယူဆၾကတယ္။အဲဒီလို ယူဆတာ။

သီဟိုဠ္ကြၽန္း သြားၾကည့္ရင္ တရားနာၿပီဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြက ဒူးတုပ္ၿပီး မထိုင္ႏိုင္ဘူး။ ဘာလုပ္တုန္း။ ဘုန္းႀကီးဘက္ ေျခေထာက္ေလးေတြ ဆင္းၿပီး ထိုင္ၾကတယ္။ အမ်ိဳးသားေတြက ဒူးေထာင္ေပါင္ကား ထိုင္ၾကတယ္။ အဲေတာ့ အမ်ိဳးသမီးေတြထိုင္တာ ၾကည့္လိုက္လို႔ရွိရင္ ဘုန္းႀကီး ဘက္ကို ေျခဆင္းထိုင္ၾကတယ္။ လက္အုပ္ေတာ့ ခ်ီထားတယ္။ ေျခစုံလက္စုံမိုးတယ္ ဆိုတာ အဲဒါ ေခၚတာ။ ဒါ ဗုဒၶဂယာ သြားတဲ့လူေတြ သီဟိုဠ္အဖြဲ႕ ဘုရားဖူးလာတယ္ဆိုရင္ ေတြ႕လိမ့္မယ္။ ဒီအတိုင္းပဲ ေတြ႕ရတတ္တာပဲေနာ္။ ေျခစုံလက္စုံမိုး ဒါ သူတို႔ tradition ပဲ။ သြားေျပာလို႔ မရဘူးေလ။

သူတို႔မွာ ေျခေထာက္ကို ယုတ္ညံ့တယ္လို႔ မသတ္မွတ္ဘူး။ ဗမာကေတာ့ ေျခေထာက္ကို အလြန္ ယုတ္ညံ့တယ္။ ယုတ္ညံ့သည့္အတြက္ေၾကာင့္ လူႀကီး၊ သူႀကီးေရွ႕ဆိုရင္ ေျခေထာက္ေဖာ္ မထိုင္ရဘူး။ ေနာက္ပစ္ထားရတယ္ေနာ္။ သူတို႔က်ေတာ့ ေျခေထာက္နဲ႔ ေခါင္း တူတူပဲ။ ဘာမွ မထူးဘူး။

ေအး ျမတ္စြာဘုရားရဲ႕ အဆုံးအမ အမွန္ေတြဟာ ဒီ tradition ေတြကေန ခြဲထြက္ဖို႔ လိုအပ္တယ္။ tradition ေတြကေန ခြဲမထြက္ႏိုင္ဘူးဆိုရင္ ဗုဒၶရဲ႕ အဆုံးအမလိုလို ဘာလိုလိုနဲ႔ ေရာေထြး ဝင္ေရာက္ ေနတာ။ ဗုဒၶရဲ႕ အဆုံးအမ အစစ္က ခုနက ေျပာတဲ့ အတိုင္းပဲ။

ဘယ္အခ်ိန္လုပ္လုပ္ ေကာင္းတာ လုပ္ရင္ ေကာင္းတဲ့ နကၡတ္ပဲ။ ေကာင္းကင္က ၾကယ္ေတြက ကိုယ့္ ကိုဘာမွ မတတ္ႏိုင္ဘူး။ ေကာင္းကင္ နကၡတ္ေတြက ကိုယ့္ကို ဘာမွ မတတ္ႏိုင္ဘူး။ ကိုယ္ လုပ္သင့္ မလုပ္သင့္ ကိုယ့္ဟာ ကိုယ္ပဲ နားလည္ရမယ္။ အကုသိုလ္ မျဖစ္ေအာင္ လုပ္ရမယ္။ ကုသိုလ္ ျဖစ္ ေအာင္ သတိေဆာင္ရမယ္။ ဒါ ျမတ္စြာဘုရားရဲ႕အဆုံးအမ အေျခခံပဲ။

ျမတ္စြာဘုရားရဲ႕ အဆုံးအမကို အႏွစ္ခ်ဳပ္ေျပာရမယ္ ဆိုလို႔ရွိရင္ ကုသိုလ္ျဖစ္တဲ့အလုပ္ မွန္သမွ် လုပ္ ေကာင္းတယ္။ အကုသိုလ္ျဖစ္တဲ့ အလုပ္မွန္သမွ် မလုပ္ေကာင္းဘူး။ ဒီလိုပဲ သတ္မွတ္တယ္။”

အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္

ပါေမာကၡခ်ဳပ္ ဆရာေတာ္
ေဒါက္တာ နႏၵမာလာဘိဝံသ

ငါးရက်အတွင်း ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံ သက်သာပျောက်ကင်းစေတဲ့နည်း

ငါးရက်အတွင်း ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံ သက်သာပျောက်ကင်းစေတဲ့နည်း

ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။

စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊ မျက်နာပြရခက်ပါတယ်။

ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။

ဆေးနည်းမှာ

ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။

ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။

သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။

ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။

ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။

(Zawgyi)

ငါးရက္အတြင္း ေပြး၊ညႇင္း၊တင္းတိတ္၊ဝက္ၿခံ သက္သာေပ်ာက္ကင္းေစတဲ့နည္း

ေပြး၊ ညႇင္း၊ တင္းတိတ္၊ ဝက္ၿခံဖု မေပါက္ဖူးတဲ့သူမရွိပါဘူး ေပါက္ဖူးတဲ့ သူေတြပါပဲ။

စိုးရိမ္စရာ ေရာဂါအနာ မဟုတ္ေပမယ့္ မ်က္နာေပၚမွာ အေပါက္မ်ားတဲ့ ေရာဂါေတြျဖစ္လို႔ အလွပ်က္၊ မ်က္နာျပရခက္ပါတယ္။

ငါးရက္အတြင္း သက္သာေပ်ာက္ကင္းေစတဲ့ ျမန္မာ့႐ိုးရာလိမ္ေဆး လိမ္းၾကည့္ပါ။ ေဆးေဖာ္ဖို႔ကလည္း အလြန္လြယ္ကူပါတယ္။

ေဆးနည္းမွာ

ၾကက္သြန္နီဥေသးတစ္လုံးကို အခြံႏြာၿပီး ညက္ေအာင္ေထာင္းပါ။

ၿပီးရင္ ေႂကြပုဂံလုံးထဲ ထည့္ၿပီး သံပရာသီးတစ္လုံးကို အရည္ညစ္ခ်လို႔ ေရာေဖ်ာ္ပါ။

သင့္ရဲ႕ေပြးကြက္၊ ညႇင္းကြက္၊ တင္းတိတ္ကြက္၊ ဝက္ၿခံဖုကို လိမ္းေပးပါ တစ္ေန႔ႏွစ္ႀကိမ္လိမ္းေပးပါ။

ညပိုင္းမွာ မ်က္နာကို ေရေႏြးနဲ႔သန႔္စင္ၿပီး သနပ္ခါးအျမစ္လိမ္းၿပီး အိပ္ပါ။

ငါးရက္ေလာက္ ဆက္တိုက္လုပ္ရင္ သင့္မ်က္နာဟာ ၾကည္လင္ရွင္းသန႔္ၿပီး က်က္သေရရွိစြာ လွပေနပါလိမ့္မယ္။

Credit : ဓမၼစကူးလ္ဆုံရာ

photo – credit

Bone injuries အရိုးထိခိုက်ခြင်း ရှေးဦးသူနာပြု

Bone injuries အရိုးထိခိုက်ခြင်း ရှေးဦးသူနာပြု

အရိုးကျိုးခြင်း အမျိုးအစားများ

၁။ ကျိုးသည့်နေရာသည် ပိတ်နေခြင်း

၂။ ကျိုးသည့်နေရာသည် အပြင်သို့ ပွင့်နေခြင်း

၃။ ကျိုးရုံသာမက အခြားဒဏ်ရာများ ပါနေခြင်း

၄။ ကလေးများတွင် ဖြစ်တတ်သော သစ်စိမ်းချိုးကျိုးခြင်း

လက္ခဏာများ

နာကျင်ခြင်း

လှုပ်ရှားမှုခက်ခြင်း

မလှုပ်နိုင်ခြင်း

ရောင်ခြင်း

သွေးခြည်ဥခြင်း

သွေးထွက်ခြင်း

ဖိလျှင်-ထိလျှင် နာခြင်း

ပုံသဏ္ဌာန် ပြောင်းသွားမည်။

လုပ်ဆောင်ရန်များ

1. သွေးမထွက်ရန်လုပ်ပါ

2. အနာဆေးထည့်ပါ

3. အသက်ရှူမှု စစ်ဆေးပါ

4. လူနာကို နှစ်သိမ့်ပါ

5. တခြားဒဏ်ရာ ရှိ-မရှိစစ်ဆေးပါ

6. ကျိုးသည့်အပိုင်းကို မလှုပ်ရှားအောင်လုပ်ပါ

7. ရေခဲတင်ပေးပါ

8. နှိပ်မပေးရ

9. ခြေထောက်-လက် ကျိုးလျှင် ဆန့်ဆွဲမပေးရ

10. အထိန်းမပါဘဲ မရွှေ့ရ

11. အစားအစာ မပေးသေးပါနှင့်မေ့ဆေးပေးပြီးကုရလျင် အစားမရှိမှ ကောင်းသည်။

12. ဆရာဝန်ပြပါ

အရိုးကျိုးခြင်းနှင့်အတူ အနာ၊ အပေါက် ဖြစ်ခြင်း အရိုးကို မြင်နေရခြင်း၊ ကျည်ဆံ၊ ဗုံးဆံ ဝင်နေခြင်း၊ ရောဂါပိုးဝင် တတ်၍ ဂရုစိုက် ကုသရမည်။

အဘယ်ကြောင့် ငြိမ်အောင်လုပ်ရသနည်း

အရိုးကျိုးလျှင် အရိုးကျိုးသည့်နေရာက အရိုး၏ အချွန်များကြောင့် ဘေးမှ (တစ်ရှူး)များ၊ သွေးကြောများ၊ အာရုံကြောများအား မထိခိုက်စေရန်၊ မလှုပ်နိုင်အောင် လုပ်ပေးရသည်။

ငြိမ်အောင်လုပ်ရန် အသုံးပြုနိုင်သည့်ပစ္စည်းများ

1. Splints (စပလင့်) ခေါ် သစ်သား၊ ဝါး၊ သံပြား၊ သံချောင်း၊ စာအုပ်၊ ဂျပ်ပြား စသည်။

2. Padding ဂျက်ကက်၊ စောင်၊ သက်ရွက်စသည်။

3. Bandages ပတ်တီး၊ အဝတ်စ၊ စောင်စ။

4. Slings အသိုင်း၊ သုံးထောင့်ပုံပတ်တီး။

ဆောင်ရွက်ရန်များ

ဒဏ်ရာအခြေအနေကို စစ်ဆေးပါ

လေဝင်လမ်းကြောင်း၊ အသက်ရှူပုံ၊

ရှော့ခ် ရှိ-မရှိ၊

သွေးထွက်-မထွက်

သတိထားရန်မှာ ကျောရိုး၊ လည်ပင်းရိုးကျိုးသည်ထင်ပါက နေရာက မရွေ့ရ၊

ကျိုးသည်ထင်သည့်နေရာကို ရှာပါ။

တင်းကြပ်နေသည့် အဝတ်များ လျှော့ပေးပါ။

လက်ဝတ် လက်စားများ လိုအပ်လျှင် ချွတ်ပေးပါ။

အသုံးပြုနိုင်သည့် ပစ္စည်းများရှာပါ။

အကောင်းဆုံးဖြင့် ကြပ်စည်းပေးပါ။

စည်းပေးပြီး ၎င်းနေရာ၏အောက်၌ သွေးစီးဆင်းမှုကို စစ်ဆေးပါ။

လိုအပ်လျှင် တင်းတင်းစည်းထားသည်ကို လျှော့ပေးပါ။

အရောင်၊ အပူချိန်စစ်ပါ။

ထုံ နေ-မနေ မေးပါ။

ပွင့်ထွက်ပြီးကျိုးလျှင် အရိုးကို ပြန်သွင်းဖို့ မကြိုးစားရ။

အနာကို ဖုံးပေးပါ

ပုံသဏ္ဌာန်ပြောင်းသွားသည်ကို ပြန်မပြင်ပါနှင့်။

ခြေထောက်၏ ဘေးနှစ်ဖက်က ကြပ်စည်းပါ။

ကျိုးသည့်နေရာ၏ အထက်နှင့် အောက်အထိ ရောက်ပါစေ။

ငြိမ်အောင် ကျိုးသည့်နေရာ၏ အထက်နှင့်အောက်က စည်းပါ။

အထုံးသည် အနာပေါ် မထားရ။ လိုအပ်လျှင် အသိုင်းလုပ်ပေးပါ။

Dislocation အဆစ်လွဲခြင်း

အဆစ်ကို ဖုံးထားသည့် အိတ်ထဲမှ အရိုးက ထွက်သွားခြင်း။

ပုံသဏ္ဌာန် ပြောင်းမည်။

အဆစ် အလုပ် မလုပ်နိုင်တော့။

နာမည်၊ ဖိလျှင် နာမည်။

လှုပ်မရ၊ရောင်မည်။

အရောင်ပြောင်းမည်။

အကူအညီ ရှာပါ။

ပြန်တည့်အောင် မကျိုးစားပါနှင့်၊
ရေခဲ တင်ပေးပါ။

အပြင်က အနာရှိက သန့်ရှင်းဆေး ထည့်ပေးပါ။

အသိုင်း၊ အောက်ခံပြား လုပ်ပေးပါ။

သွေး ထွက်-မထွက် ကြည့်ပါ။

အသက်မရှူပါက (စီ၊ ပီ၊ အာရ်) လုပ်ပါ။

ခြေထောက်ကို မြှောက်ထားပါ။

စောင်ခြုံပေးပါ။

Credit, Dr တင့်ဆွေ

Photo,Credit

ဆေးဖက်ဝင်ဇရစ်

ဆေးဖက်ဝင်ဇရစ်

ကျေးလက်ဟင်းလျာ အစားအစာတို့တွင် နှုတ်မြိန်စေသော ဟင်းလျာထဲ ဇရစ်လည်းပါ၏ ကျေးလက်ဒေသခံတို့အတွက် နှုတ်မြိန်ရုံမျှမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ်မျိုးဖြစ်သည်။ ဇရစ်၏ရုက္ခဗေဒအမည်မှာ Lasia Heterophyllaဖြစ်သည်။

တိုင်းရင်းဆေးအမြင်

မြန်မာတိုင်းရင်းဆေး ဓာတ်သဘောအရ သီတကော တေဇောဓာတ်ဖြစ်သည်။ ချို၊ ဖန်၊ ချွဲ၊ အေးအရသာရှိသည်။ ဂုဏ်အားဖြင့် လည်းပင်းနာ၊ မြင်းသရိုက်နာများကို ပျောက်ကင်းစေသည်။ ဇရစ်ကိုကြော်စား၊ ချက်စား၊ ပြုတ်တို့စား၊ အချဉ်ဟင်း ချက်စား၊ သနပ်လုပ်စားကြသည်။

အိန္ဒိယဆေးကျမ်းအရ

ဇရစ်မြစ်သည် လည်ချောင်းရောဂါအတွက် ဆေးတစ်လက် ဖြစ်သည်ဆိုသည်။

ဆေးဖက်ဝင်သော ဟင်းလျာများ
ဇရစ်ရွက်နှင့် ငါးကြင်းသား

ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊ လည်ကုတ်ရောဂါ၊ စောင်းရွဲ့သော လေရာဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်ထိုပြင် လေသင်တုန်းဖြတ်ခြင်းနှင့်လည်ချောင်းဆို့သော ရောဂါများကိုလည်း သက်သာစေနိုင်သည်။

ဇရစ်နှင့် ငါးမြင်းရင်သား ထိုဟင်းလျာသည် ချွဲသလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကို သက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။

ဇရစ်နှင့် ပုဇွန်ခြောက်သုပ် ထိုအသုပ်ကို စားပေးခြင်းဖြင့် လည်ချောင်းနာသူကို သက်သာစေပါသည်။

ထိုပြင်ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိုးမျိုးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသောဟင်းသီးဟင်းရွက် အသားငါး ပုဇွန်တို့ဖြင့်ရောနှော၍ ချက်ပြုတ်စားလျက်ရှိသည်။

တိုင်းရင်းဆေးအသုံးများ

(၁) ဇရစ်မြစ်(၅)ကျပ်သား၊ ကုန်းထိကရုံး(၅)ကျပ်သားစီကို အမှုန့်ပြုလျက် ပုလင်းဖြင့် ထည့်ထားပါနေ့စဉ် ဆိတ်နို့စစ် တစ်ခွက်ဖြင့် ဆေးမှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း ထည့်ပြီးသောက်ပေးပါက လိင်ပိုင်းဆိုင်ရာ အင်အားကုန်ခန်း၍ဖြစ်သော ကာမဆန္ဒ အားနည်းခြင်းကို ပြန်လည်ပြည့်ဝစေပါသည်။

(၂) ထိုဆေးမှုန့်ကို နှမ်းဆီစစ်စစ်ဖြင့် ဖျော်ပြီး ကိုယ်ခန္ခာယားယံခြင်း၊ ဝဲနာရောဂါ၊ ဝဲစိုရောဂါ၊ဝဲခြောက်ရောဂါများကို လိမ်းပေးနိုင်သည်

(စာကိုး။ ဆေးသိပ္ပံအမြင်နှင့် သဘာဝကုထုံးများ)

မီးယပ်အဖြူဆင်းခြင်းအတွက်

အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူ ဆင်းခြင်းအတွက် လွယ်ကူပြီးလက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။

အခု ဖော်ပြတဲ့ နည်းလေးတွေကတော့ (၁) ရက် (၂) ရက်စားသုံးရုံနဲ့တော့ မပျောက်ကင်းပါဘူး ဇွဲရှိရှိနဲ့ ရက်ရှည် ၊လရှည် စွဲစားပေးမှ ဝေဒနာ ပျောက်ကင်းစေမှာပါ ။

( ပထမနည်း )

ထမင်းရည်ကို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သလိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ရက်အကန့် အသတ် မရှိပဲ ရက်ရှည် ၊ လရှည်စွဲပြီး ဖြစ်နိုင်ရင်အမြဲပဲ သောက်ပေးရပါမယ် ဇွဲရှိရှိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။

( ဒုတိယနည်း )

ဇရစ်ဖူးလေးတွေကတော့ တစ်စည်းမှ (၅၀) ကျပ်ပဲ ပေးရပြီး ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ဇရစ်ဖူးရဲ့ နုတဲ့ အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။တစ်ခဏ ထားပြီးလျှင် ရေနဲ့ဆေးကြောပြီး ရေညှစ်ပါ ။

ကြက်သွန်နီ ( သို့ ) အဖြူကို ပုဇွန်စို ( သို့ ) ပုဇွန်ခြောက်နဲ့ရော၍ ဆီသတ်ပြီး ဇရစ်ဖူးကို ထည့်၍ ကြော်ချက်ပါ ( အရသာ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်) ဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ စားရပါမယ် တစ်ပတ်လျှင် (၄)ကြိမ်ခန့် အရန်ဟင်းအနေနဲ့ နေ့စဉ် စားပေးနိုင်ရင်တော့အကောင်းဆုံးပါ ဇရစ်ဖူးကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ပြီးတို့စရာ အနေနဲ့လည်း စားပေးနိုင်ပါတယ် လရှည်ခံစားနေရတဲ့ ဝေဒနာ လက်တွေ့ပျောက်ကင်းစေပါတယ် ။

( တတိယနည်း )

ပီလောပီနံပြုတ် ( ကလောပီနံ ) ကို ဆား၊ ဆီ တို့နဲ့ တို့စားပေးပါ ။ဂျစ်နဲ့ ခြစ်ပြီး သကြား၊ အုန်းသီးဖြူးပြီးလည်း စားပေးနိုင်ပါတယ် တစ်ပတ်လျှင် (၄) ကြိမ်ခန့် စားပေးပါ လက်တွေ့ပျောက်ကင်းပါတယ် ။

ဆောင်ရန် ၊ ရှောင်ရန် အနေနဲ့ကတော့
အပူ၊ အစပ်များ အတတ်နိုင်ဆုံး ရှောင်ပါ ၊
သောကဖြစ်စရာ၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ မိမိ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစင်ကြယ်စွာ ထားပါ ရောဂါပိုးမွှား မဝင်ရောက်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ ။

မှတ်ချက် ဒီနည်းလေးတွေကတော့ ကျမနဲ့ မိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။ ဒီလို ဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင်
အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေ

credit-နန္ဒာမြင့်

ဇရစ် ဆေးဖက်ဝင်ပုံနှင့်
ပုဇွန်ချဉ်ပေါင် ဇရစ်ရိုးဟင်းချက်နည်း

ပုဇွန်ချဉ်ပေါင် ဇရစ်ရိုးဟင်း

ပါဝင်ပစ္စည်းများ
ပုဇွန် ၁၅ ကျပ်သား
ချဉ်ပေါင် ၁ စည်း (ခြွေထားပါ)
ဇရစ်ရိုး ၁ စည်း (ခြွေထားပါ)
ပုဇွန်ခြောက်မှုန့် ၁ ဇွန်း
ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
နနွင်းမှုန့် အနည်းငယ်
ငရုတ်သီးစိမ်း ၇/၈ တောင့်
ဆား အနည်းငယ်
ရေ ၂ ခွက် (နို့ ဆီဗူး)

ပြုလုပ်နည်း

ပုဇွန်များကို သန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသည့် ပုဇွန်များကို ဆားနှင့် နနွင်းမှုန့်တို့ ဖြင့် နယ်ထားပါ။

ဒယ်အိုးကို ပူအောင် တည်ပြီး ရေစစ်ထားသည့် ပုဇွန်များကို ထည့်၍ လှော်ပါ။

ပြီးလျင် ပုဇွန်ခြောက်မှုန့် ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းကို ချိုး၍ အိုးထဲ ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။
ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ နွမ်းသွားလျင် ခြွေထားသည့် ဇရစ်ရိုး နှင့် ချဉ်ပေါင်ကို ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။

အားလုံးနူး၍ ရေစပ်စပ် ကျန်ချိန်တွင် အပေါ့အငံမြည်း၍ အနေတော်ဖြစ်လျင် မီးဖိုပေါ်မှ ချ၍ သုံးဆောင်နိုင်ပါပြီ။

မူရင်းရေးသားသူအားလုံးကိုလေးစာစွာcreditပေးပါသည် ။

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး ရဲ့ ကောင်းကျိုးများ

( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးဟာ ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thin Yadanar @ Frances

အာဟာရဖြစ်စေသော ကန်စွန်းဥ

ကန်စွန်းဥသည် နွယ်ပင် ပေါင်းပင်အမျိုးအနွယ်မှ ဆင်းသက်လာပြီး မြန်မာ့သဘောအရဆိုပါလျှင် ကန်စွန်းကြီးမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကန်စွန်းကြီးပင်၏ မြေတွင်းမှ တူးယူရခြင်းဖြစ်သည်။ ကန်စွန်းဥကို သုံးမျိုးသုံးစား ခွဲခြားတွေ့နိုင်ပါသည်။ ကန်စွန်းဥအဖြူ၊ ကန်စွန်းဥအဝါနှင့် ကန်စွန်းဥခရမ်းရောင်တို့ ဖြစ်ပါသည်။ ကန်စွန်းဥတွင် ဗီတာမင်အေ၏ အရင်းအမြစ်ဖြစ်သော ဘီတာကယ်ရိုတင်းဓာတ်များ မြောက်မြားစွာ ပါဝင်ပါသည်။ ကယ်ရိုတင်းဓာတ်များ စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်အေဓာတ်ကို ရရှိမည်ဖြစ်သည်။ နောက်ဓာတ်များမှာ ဗီတာမင်စီဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ကြေးနီဓာတ်၊ ဗီတာမင်ဘီဒြပ်ပေါင်းများဖြစ်သော B1,B2,B6 ဓာတ်များ ပါဝင်ပါသည်။ သတ္တုဓာတ်များတွင် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပါသည်။ ထို့ပြင် သားသမီးဖြစ်ထွန်းခြင်းကိုလည်း အားပေးစေသည်။ နောက်တစ်မျိုးမှာ ရောဂါပြီးစနစ်ကို အားပေးစေ၍ ရောဂါတစ်ခုခုမဖြစ်စေရန် ကာကွယ်ပေးသည်။ ရောဂါဖြစ်လျှင်လည်း ရောဂါသက်သာပျောက်ကင်းရန် ကူညီဆောင်ရွက်ပေးစေသည်။

ကျန်းမာရေး အကျိုးပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သွေးချို၊ ဆီးချိုကျစေခြင်း

ကန်စွန်းဥစားသုံးခြင်းအားဖြင့် သွေးချိုနှုန်းထားကို ကျစေပါသည်။ ကန်စွန်းဥတွင် ဖိုင်ဘာဓာတ်ပါဝင်သည့်အတွက် အမျိုးအစားနံပါတ်တစ် ဆီးချိုရှိသူသည် ဖိုင်ဘာဓာတ်များစွာ လိုအပ်သဖြင့် ကန်စွန်းဥကို များများစားပေးပါက ဆီးချိုကျနိုင်ပါသည်။ နံပါတ်နှစ်အမျိုးအစား ဆီးချိုဝေဒနာရှင်များကမူ သွေးတွင်းသကြားဓာတ် ကျဆင်းပြီး သွေးတွင်းအဆီနှင့် အင်ဆူလင်ကျနိုင်ပါသည်။ အခွံပါသော အလယ်အလတ်ကန်စွန်းဥတစ်လုံးဆိုလျှင် ဖိုင်ဘာဓာတ်ခြောက်ဂရမ်ခန့် ပါဝင်ပါသည်။

သွေးတိုးကို ကျစေခြင်း

ဆားလျှော့စားခြင်းအားဖြင့် သွေးတိုးကျစေခြင်းကို ထောက်ပံ့စေသည်။ သွေးတိုးကျစေရန် ဆားလျှော့စားပြီး ပိုတက်စီယမ်ဓာတ်ပါသော ဟင်းနုနယ်၊ ထောပတ်သီးများကို ပိုမိုစားသုံးပေးရန် လိုအပ်ပါသည်။

ကင်ဆာရောဂါကို ကာကွယ်ခြင်း

လူလတ်ပိုင်းအရွယ်၌ အမျိုးသားများသည် ဘီတာကယ်ရိုတင်းပါဝင်သော အစားအစာအသီးအနှံ ဟင်းသီးဟင်းရွက်များ စားသုံးပေးပါက ပရော့စတိတ်ကင်ဆာကို ကာကွယ်စေနိုင်သည်။ ဘီတာကယ်ရိုတင်းဓာတ်သည် အူမကြီးကင်ဆာကိုပါ ပျောက်ကင်းစေသည်ဟု ဂျပန်လေ့လာသူပညာရှင်များက ပြောကြားသည်။

အစာကြေစေခြင်း

မြင့်မားသော ဖိုင်ဘာဓာတ်ကြောင့် ကန်စွန်းဥသည် အစာကြေညက်စေခြင်းကို ကူညီထောက်ပံ့စေပြီး ဝမ်းမချုပ်စေဘဲ ဝမ်းပုံမှန်သွားစေပြီး အစာကြေစေပါသည်။

သားသမီးရတနာ ထွန်းကားခြင်း

သားသမီးထွန်းကားနိုင်သော အသက်အရွယ်ရှိအမျိုးသမီးတို့သည် သံဓာတ်ပါဝင်သော အသီးအရွက်များနှင့် ဗီတာမင်အေဓာတ်ပါဝင်သော ကန်စွန်းဥကို စားသုံးပေးခြင်းအားဖြင့် မျိုးအောင်စေသည်ဟု ဆိုပါသည်။

ရောင်ရမ်းမှုကို ကျစေခြင်း

ကန်စွန်းဥကဲ့သို့သော စွယ်စုံရအာဟာရတွင် ကိုက်ခဲရောင်ရမ်းမှုကို ကျစေသည်။ ခရမ်းရင့်ရောင် ကန်စွန်းဥသည် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဖရီးရယ်ဒီကယ်များကိုလည်း သုတ်သင်ရှင်းလင်းစေပါသည်။

အမြင်အာရုံကောင်းစေခြင်း

ဗီတာမင်အေကြောင့် တိမ်ဖြစ်ခြင်းကို ကာကွယ်၍ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်စီနှင့် အီးသည် မျက်စိကျန်းမာရေးနှင့် ညံ့ဖျင်းသော ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။

ကန်စွန်းဥသည် ဘီတာကယ်ရိုတင်း၏ အရင်းအမြစ်တစ်ခုဖြစ်သည့်အပြင် တန်ခိုးထက်မြက်သော အင်တီအောက်ဆီးဒင့်လည်း ဖြစ်သည့်အတွက် ရောဂါဘယများ ပျောက်ကင်းစေသည်။ အထူးသဖြင့် ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ကို သက်သာစေပြီး ခန္ဓာကိုယ်ဆုတ်ယုတ်ပျက်ပြားစေခြင်းနှင့် အသက်အရွယ်အိုမင်းခြင်းကို နှောင့်နှေးစေပါသည်။ နေ့စဉ် စားသောက်သည့် အစားအစာများတွင် ဘီတာကယ်ရိုတင်းဓာတ်ကဲ့သို့ အစားအစာများ ပါဝင်စားသုံးပေးခြင်းဖြင့် ရောဂါများ ကင်းဝေးကာကျန်းမာသော လူမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

Credit : ထူးထူးမြတ်
သဘာဝအလှတရားများ